ကြွယ်ဝသော ဂုဏ်ပြုညစာစားပွဲတစ်ပွဲကို ကျွန်မ မွေ့လျော်ခဲ့သည်

10.09.2019

ချင်ဝေ၊ ဇီကျင်းစီရင်စု

၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေနှင့် ၂၆ ရက်နေ့များသည် ကျွန်မအတွက် မမေ့နိုင်သော နေ့ များဖြစ်သည်။ ကျွန်မတို့၏ နယ်မှာ ပြည်နယ်ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များမှာ အဆင်းနီတဲ့နဂါးကြီး၏ ဖမ်းဆီးခြင်းကို ခံရခြင်းနှင့်အတူ ကြီးမားသည့် အဖြစ်အပျက်ကြီးတစ်ခုကို တွေ့ကြုံခဲ့ရသည်။ ကျွန်မတို့ထဲမှ အနည်းစုသာ ဘေးမသီရန်မခ လွတ်မြောက်ခဲ့ကြပါသည်။ ကျွန်မတို့၏ နှလုံးသားထဲမှာ ကျေးဇူးတရား များနှင့် ပြည့်နေပြီး ဆက်လုပ်ရမည့် အလုပ်မှာ ကောင်းကောင်း ပူးပေါင်းလုပ်ဆောင်ကြမည်ဟု လျှို့ဝှက်သစ္စာစကားတစ်ခွန်းကို ဘုရားသခင်ထံ ဆိုဖြစ်ခဲ့ကြသည်။ နောက်တော့ နောက်ဆက်တွဲ ကိစ္စဝိစ္စတွေကို ကျွန်မတို့ ကပျာကယာ စတင်ဆောင်ရွက်ကြပါတော့သည်။ တစ်လနီးပါးကြာပြီးသည့်နောက်တွင် စီစဉ်ဆောင်ရွက်မှုတွေ ပြီးစီးဖို့ နီးကပ်လာနေခဲ့သည်။ ယင်းလမှာ ပူပြင်းသောလတစ်လဖြစ်သည်။ ခန္ဓာကိုယ်မှာ ကျွန်မတို့ ဝေဒနာခံစားနေရသော်လည်း အဆင်းနီသောနဂါးကြီး၏ ရှေ့တည့်တည့် တွင် အလုပ်များ ချောချောမွေ့မွေ့ ဖြစ်နေ၍ ကျွန်မတို့ ရင်ထဲတွင်တော့ ကျေနပ်မှုအပြည့်နှင့်ဖြစ်သည်။ အလုပ်တွေ ပြီးမြောက်သွားချိန်တွင် ဤအလုပ်ကို ကောင်းကောင်း စီစဉ်ဆောင်ရွက်နိုင်ခဲ့သည့် ကျွန်မမှာ အင်မတန် တော်ပါလားဟု တွေးမိပြီး ကိုယ့်ကိုယ်ကိုယ် အမှတ်တမဲ့ အကျေနပ်ကြီး ကျေနပ်နေမိသည်။ ကျွန်မ တကယ် လုပ်နိုင်စွမ်းရှိ တဲ့သူပါလားပေါ့လေ။ ထိုအချိန်မှာပင် ဘုရားသခင်က ကျွန်မအပေါ် သူ၏ ဆုံးမပြစ်တင်ခြင်းနှင့် တရားစီရင်ခြင်းတို့ကို ချမှတ်လာပါတော့သည်။

တစ်ခုသော ညနေခင်းတွင် ကျွန်မတို့ညီအစ်မ အတော်များများ စကားပြောဆိုနေကြသည်။ ညီအစ်မတစ်ယောက်က ဘယ်သူ့ဆီကို ကျွန်မစာရေးသင့်ကြောင်း အကြံပြုပြီး အလုပ်နည်းနည်း လုပ်ခိုင်းရင်း နောက်ဆုံးစကားတစ်ခွန်း ထပ်ပြောလိုက်သည်။ “အပြင်ပန်း အလုပ်တွေနဲ့ ကိုယ့်ဘာသာ အလုပ်ရှုပ်မနေနဲ့ဦး၊ အခုအချိန်က ပုန်းကွယ်ပြီး၊ ဝိညာဉ်ရေးရာ ဝတ်ပြုကိုးကွယ်မှုတွေ ဆက်လုပ်ဖို့ အချိန်ဖြစ်တယ် ဝိညာဉ်ရေးရာ ဝတ်ပြုကိုးကွယ်မှုတွေနဲ့ အသက်တာထဲကို ဝင်ရောက်ဖို့ အာရုံစိုက်ထားပါ ဟူ၍ ဖြစ်သည်။” ဤစကားများကို ကျွန်မကြားကြားချင်းပဲ “စာတွေရေးရမည်၊ အလုပ်လုပ်ရမည်ဆိုသော အရာများကို ကျွန်မနှလုံးသားက ပစ်ပယ်လိုက်ပါသည်။ ဝိညာဉ်တွင်း သက်ဝင်ယုံကြည်မှုတွေအတွက် အချိန် အဘယ်မှာရှိသနည်း။ ရှင်က ဤနေရာကို ရောက်လာသောသူဖြစ်ပြီး ကျွန်မက နယ်ခံဖြစ်သည်။ ရှင်အပြင်ထွက်ပြီး အလုပ်မလုပ်ရစေဖို့ ကျွန်မက ရှင့်ကို အကာအကွယ်ပေး ထားခြင်းဖြစ်သည်၊ ယခုတော့ ကျွန်မကို ရှင် ဝေဖန်နေသည်။ ရှင်ကဲ့သို့ ကျွန်မ တစ်နေကုန်တစ်နေခန်း အိမ်တွင်းအောင်းပြီး ဝိညာဉ်တွင်း သက်ဝင်ယုံကြည်မှုတွေကိုချည်း ထိုင်လုပ်နေလျင် အဘယ်သူသည် သွားပြီး အလုပ်လုပ်မည်နည်း။ အလုပ်ခိုင်းသည့်အခါ အလုပ်ဝန်ထုတ် ဝန်ပိုးကို ထည့်တွက်ဖို့လို၏။ ကျွန်မကို သွန်သင်ဆုံးမမှုများမလုပ်မီ အခြေအနေကို သုံးသပ်ဖို့လိုသည်။” နောက်တစ်နေ့မနက်တွင် အားလုံး စားသောက်ရင်း ဘုရား၏နှုတ်ကပတ်တော်များကို ဆွေးနွေးနေကြသည်။ သို့သော် အစားအသောက်တွင် မပျော်တော့ပဲ ကျွန်မ၏ အာရုံထွေပြားနေခဲ့၏။ ညီအစ်မများအားလုံးက ဘုရား၏ နှုတ်ကပတ်တော်များအပေါ် သူတို့ နားလည်မှုတွေအကြောင်း ပြောဆိုနေကြစဉ်တွင်ကျွန်မကတော့ ငြိမ်ချက်သားကောင်း နေပါသည်။ နောက်တော့ ထိုအစ်မက ကျွန်မကို “ညီမက ဘာလို့ ဝင်မပြောတာလဲ” ဟု မေးသည်။ “ကျွန်မ ဘာမှ နားမလည်လို့လေ” ဟု ကျွန်မက စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။ အစ်မက “ညီမသိပ်အဆင်မပြေဘူး ထင်တယ်” ဟု ဆက်ပြောလာသည်။ ကျွန်မက မစဉ်းစားပဲ “ဘာပြဿနာမှ မရှိပါဘူး” ဟု ပြန်ပြောလိုက်သည် အမှန်တော့ ကျွန်မ၏အတွေးများက ပေါက်ကွဲထွက်ဖို့ တာစူနေပြီဖြစ်သည်။ နောက်ဆုံး ကျွန်မ ထိန်းမထားနိုင်တော့သည့်အဆုံးမှာ ကျွန်မ စိတ်ထဲ အနှောင့်အယှက်ဖြစ်နေသည့်အရာကို သူ့ကို ပြောပြလိုက်သည်။ ထိုအစ်မက နားထောင်ပြီး သူမ ထင်တိုင်းကြဲလိုက်မိကြောင်းနှင့် သူ့သဘောနှင့်သူ ကျွန်မကို အလုပ်မခိုင်းခဲ့သင့်ကြောင်း ချက်ချင်း ဝန်ခံပါသည်။ သို့သော်ကျွန်မ၏ အတိုက်အခံလုပ်ခြင်းကို ဖယ်ရှားဖို့ ဤမျှနှင့်မလုံလောက်ခဲ့ပါ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ဤကာလအတွင်း ကျွန်မ၏ အလုပ်အားလုံးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်ဟု ကျွန်မ ခံစားမိသည်။ ကျွန်မ အဆင်မပြေဘူးဟု သူမ မပြောခဲ့သင့်ပါ။ ကျွန်မတို့အနားက ဒေသခေါင်းဆောင်များက မည်သို့ တွေးကြလိမ့်မည်နည်း။ ထို့နောက်တွင် အစ်မက စကားဆက်သည်မှာ “ညီမက ကိုယ်တိုင် ဝင်ရောက်မှုအတွက် အချိန်မရှိပဲ အလုပ်သာ မဲလုပ်နေရင် ညီမ ဆုတ်ယုတ်ကျဆင်းမှာကို ကျွန်မ တွေးပူမိလို့ပါ…” ဟူ၍ ဖြစ်သည်။ သူမ စကားဆက်လေလေ ကျွန်မ ငြင်းဆန်လေလေဖြစ်သည်။ ရှင်က ကျွန်မကို ဆုတ်ယုတ်ကျဆင်းတယ် တဲ့လား။ ကျွန်မ အရမ်းကောင်းတဲ့ အခြေအနေထဲမှာ ရှိနေတယ်လို့ ထင်တာပဲ။ ကျွန်မ ဆုတ်ယုတ်ကျဆင်းသွားမှာမဟုတ်ဘူးဟု တွေးနေမိသည်။ သူမ၏ ဆွေးနွေးမှုကိုကျွန်မ တကယ့်ကို သဘောမတူနိုင်ခဲ့ပါ။ မနက်စာစားပြီးနောက် ကျွန်မ အလုပ်လုပ်ဖို့ အပြင်ထွက်ခဲ့ပါသည်။ စိတ်ညစ်ညစ်နှင့် တွေးနေမိသည်မှာ ခေါင်းဆောင်အဖြစ်ကနေ ကျွန်မ ထွက်မယ်၊ လုပ်ရိုးလုပ်စဉ် အလုပ်တစ်ချို့ကို လုပ်ပြီးတာနဲ့ တော်ပြီ ဟူ၍ ဖြစ်သည်။သူမက ကျွန်မကို ဆုတ်ယုတ်ကျဆင်းပြီး အသက်တာထဲသို့ မဝင်ရောက်ဘူးဟု ဆိုရလျင် တခြားသူတွေကို ကျွန်မ မည်ကဲ့သို့ ဦးဆောင်မည်နည်း။ ပိုပြီး တွေးလေလေ ကျွန်မ ပိုပြီး စိတ်ဓာတ်ကျလေလေ ဖြစ်သည်။ စိတ်ထဲမှာတော့ ဤအလုပ်များ ပြီးသည်နှင့် ကျွန်မ အလုပ်မှ နားတော့မည်ဟု တွေးနေမိသည်။ ထို့နောက်တွင်ဖျားနာနေသကဲ့သို့ ကျွန်မ ခန္ဓာကိုယ်တစ်ခုလုံး အားအင်ချိနဲ့သလို ခံစားလာရသည်။ ကျွန်မ အခြေအနေ မဟန်တော့သည်ကို နားလည်လိုက်သည်။ အိမ်အပြန်တွင် ဘုရားသခင်ရှေ့တော်မှောက် ကျွန်မ ရောက်ရှိပြီး၊ ”အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်ုပ်ဟာ အရမ်းမာနထောင်လွှားပြီး တစွတ်ထိုး လုပ်တတ်သူပါ။ ကျွန်ုပ်ဟာ သမ္မာတရားကို မမြတ်နိုးတတ်ခဲ့ပါဘူး။ ကိုယ်တော်ရဲ့ ပြစ်တင်ဆုံးမမှုနဲ့ တရားစီရင်ခြင်း၊ ကိုယ်တော်ရဲ့ ကျွန်န်ုပ်အပေါ် ရိုက်နှက်ဆုံးမမှုနဲ့ ပြုပြင်ခြင်းတွေကို လက်မခံနိုင်ခဲ့ပါဘူး။ ကိုယ်တော်ဟာ ကျွန်ုပ်ကို ကူညီပြီး ကျွန်ုပ်၏ နှလုံးသားနှင့် စိတ်ဓာတ်ကို ကာကွယ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကိုယ်တော်ရဲ့ အမှုတော်ဆီ ဆက်ကပ်အပ်နှံနိုင်အောင်၊ ကျွန်ုပ်ကိုယ်ကျွန်ုပ် ရိုးသားစွာ ဆန်းစစ်တတ်အောင်၊ ပြီးတော့ ကျွန်ုပ်ကိုယ်ကျွန်ုပ် အမှန်တကယ် နားလည်တတ်အောင် ကိုယ်တော်က စွမ်းဆောင်ပေးမယ်လို့ ကျွန်ုပ် မျှော်လင့်ပါတယ်” ဟု ဆုတောင်းခဲ့ပါသည်။ နောက်ပိုင်းတွင် အောက်ပါနှုတ်ကပတ်တော်များကို ကျွန်မ မြင်တွေ့ခဲ့ရပါသည်။ “မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းနှင့် ကိုယ့်ကိုကိုယ်သိခြင်း သော့ချက်မှာ ဤသို့ဖြစ်သည်- အချို့သော ကဏ္ဍများတွင် သင်ကောင်းစွာပြုခဲ့ပြီးသည် သို့မဟုတ် မှန်ကန်သောအရာကို ပြုလုပ်ခဲ့ပြီးသည်ဟု သင်ပို၍ခံစားရလေ၊ ထို့ပြင် သင်သည် ဘုရားသခင်၏ အလိုတော်ကို ကျေနပ်စေနိုင်သည် သို့မဟုတ် အချို့သောကဏ္ဍများတွင် ကြွားဝါ၍ရသည်ဟု ပိုထင်လေဆိုလျှင် ထိုကဏ္ဍများ၌ သင့်ကိုယ်သင်သိရန် ပို၍ထိုက်တန်ပြီး သင်၌ မည်သည့်မစင်ကြယ်မှုများ ရှိကြောင်းကိုသိရန် ၎င်းတို့ကို နက်နဲစွာတူးဖော်ရန်လည်းကောင်း၊ သင့်အထဲရှိ မည်သည့်အရာများသည် ဘုရားသခင်၏အလိုတော်ကို ကျေနပ်စေနိုင်ခြင်း မရှိကြောင်းကို ကြည့်ရန် ပို၍ထိုက်တန်လေ ဖြစ်သည်။…ပေါလုနှင့်ပတ်သက်သော ဤအဖြစ်အပျက်သည် ဘုရားသခင်၌ ယုံကြည်သောသူတိုင်းအတွက် သတိပေးချက်တစ်ခုအဖြစ် အသုံးဝင်သည်၊ ယင်းမှာ ကျွန်ုပ်တို့သည် အထူးသဖြင့် ကောင်းစွာပြုလုပ်ပြီးပြီဟု ခံစားရသည့်အခါ သို့မဟုတ် ကျွန်ုပ်တို့သည် အချို့သောအရာ၌ အထူးသဖြင့် အထုံပါရမီရှိသည်ဟု ယုံကြည်သည့်အခါ သို့မဟုတ် အချို့သောအရာ၌ ကျွန်ုပ်တို့သည် ပြောင်းလဲရန် သို့မဟုတ် ကိုင်တွယ်ခံခြင်းခံရရန် မလိုအပ်ကြောင်း ထင်ရသည့်အခါ ကျွန်ုပ်တို့သည် ထိုအရာ၌ မိမိကိုယ်ကိုယ် ဆင်ခြင်ရန်နှင့် ပို၍သိနားလည်ရန် ကြိုးပမ်းသင့်လေသည်၊ ဤသည်မှာ အရေးပါလှသည်။ ဤသည်မှာ သင်တို့ကိုယ်တိုင်၏ ကဏ္ဍများ၌ ဘုရားသခင်ကို ဆန့်ကျင်သည့်အရာတစ်ခုခု အမှန်တကယ်ပါရှိသည် မပါရှိသည်ကို သိမြင်ဖို့အလို့ငှာ ကောင်းမြတ်သည်ဟု သင် ယုံကြည်သည့် ကဏ္ဍများကို သင် ဧကန်မုချ တူးဖော်ခြင်း၊ အာရုံစိုက်ခြင်း သို့မဟုတ် ခွဲခြမ်းလေ့လာခြင်း မပြုခဲ့သေးခြင်းကြောင့်ပင် ဖြစ်ပါသည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏လွဲမှားသောအယူအဆကြောင့် ပေါ်ပေါက်သည့်အမြင်များကို သတိပြုခြင်းဖြင့်သာ သင့်ကိုယ်သင် သိနိုင်မည်”) ဘုရားသခင်၏နှုတ်ကပတ်တော်များက တောက်ပသည့် ကြေးမုံပြင်လို ကျွန်မ၏ နှလုံးသားကို ထင်ဟပ်စေပါသည်။ ကျွန်မတို့ မည်သည့်နေရာတွင် ကောင်းကောင်းလုပ်ဆောင်သည်၊ မည်သည့် နေရာတွင် မှန်မှန်ကန်ကန်လုပ်ဆောင်သည်ဟု ထင်သည်ကို သိရှိနားလည်ခြင်းအားဖြင့်ကျွန်မတို့ကိုယ်ကိုယ် နားလည်စေပြီး ကျွန်မတို့ကို စီမံကိုင်တွယ်စရာမလိုအပ်ဟု ထင်သည့် ထိုသွင်ပြင် လက္ခဏာများတွင် ပိုပြီး ကျွန်မတို့ကိုယ်ကိုယ် နားလည်စေဖို့ ဘုရားသခင်က ကျွန်မတို့ကို တောင်းဆိုထားပါသည်။ ယင်းအချိန်ကို တွေးမိသည့်အခါ ကျွန်မကဝန်ထုပ်ဝန်ပိုးတစ်ခုကို သယ်ယူနေခဲ့သည်ကို မြင်လိုက်ရသည်။ ကျွန်မ၏ အလုပ်က အကျိုးရလဒ်တွေကို ပြနေပြီး ပင်မအလုပ်တွေကို ကျွန်မ ကောင်းစွာ ကိုင်တွယ်ဆောင်ရွက်ခဲ့သည်။ ကျွန်မစိတ်ထဲမှာတော့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေပြီး ဤအရာအားလုံးက အပြုသဘောဆောင်ကာ ရှင်သန်နိုးကြားသည့် ဝင်ရောက်မှုတွေဖြစ်သလို ကျွန်မ၏ အခြေအနေလည်း အင်မတန် ကောင်းမွန်သည်ဟု ထင်နေခဲ့သည်။ ထို့ကြောင့် ဘုရားသခင် ရှေ့တော်မှောက် ကျွန်မ လာရောက်ပြီး ကျွန်မကိုယ်ကျွန်မ ဆန်းစစ်မှု မပြုခဲခြင်းဖြစ်သည်။ ယနေ့၊ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ ဉာဏ်အလင်းပေးခြင်း ကျေးဇူးတော်ကြောင့် ထိုအချိန်က ကျွန်မအလုပ်ကို ကောင်းကောင်း လုပ်နေသော်လည်း ကျွန်မ၏ မာနထောင်လွှားသည့် သဘာဝက ထိန်းမနိုင်သိမ်းမရ ဖြစ်နေခဲ့သည်ဟု ကျွန်မ နားလည်ခဲ့ပါသည်။ ကျွန်မအလုပ်၏ အကျိုးတရားများမှာ ကျွန်မ၏ ကြိုးပမ်းအားထုတ်မှုများကြောင့်ဖြစ်ပြီး ကျွန်မက စွမ်းဆောင်ရည်ပြည့်ဝသည့် အမှုတော်ဆောင်တစ်ဦးဆိုပြီး တွေးမိခဲ့သည်။ ကျွန်မကိုယ်ကျွန်မ လုံးဝ အကျေနပ်ကြီး ကျေနပ်နေခဲ့သည်။ တကယ်တော့ ထိုအချိန်ကို ပြန်တွေးလိုက်သောအခါ ကျွန်မမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ဦးဆောင်မှုနှင့် ကာကွယ်မှုအောက်တွင် ကျွန်မ လုပ်နိုင်သည့်အရာများကို လုပ်ဆောင်နေခဲ့ခြင်းဖြစ်သော်လည်း အလုပ်လုပ်နေစဉ်အတွင်း သမ္မာတရားကို ကျွန်မ မရှာဖွေခဲ့ဟု ယခု ကျွန်မ သဘောပေါက်လိုက်ပါသည်။ အသက်တာထဲသို့ ကျွန်မ မဝင်ရောက်ခဲ့သလို ကျွန်မကိုယ်ကျွန်မပဲဖြစ်ဖြစ်၊ ဘုရားသခင်ကိုပဲ ဖြစ်ဖြစ် ကာလအတန်ကြာ နားမလည်ခဲ့ပါ။ ဘုရားသခင်၏ အမှုတော်အပေါ် ကျွန်မ၏ အတွေ့အကြုံကလည်း သမ္မာတရား၏ သွင်ပြင်လက္ခဏာတစ်ရပ်ရပ်ကို ပိုမိုရှင်းလင်းနားလည်အောင် မဆောင်ရွက်ပေးခဲ့ပါ။ ဆန့်ကျင်ဘက်အနေဖြင့် ကျွန်မသည် ဘယ်သူ့စကားမျှ နားမဝင်တော့သည်အထိ မာနထောင်လွှားခဲ့ပေသည်။ ဘုရားသခင်၏ ကြီးမားသောအမှုတော်၌ ကျွန်မ၏ နေရာကွက်ကွက် လေးတစ်ခု ရဖို့ ဘုရားသခင်၏ ဘုန်းအသရေတော်ကို ခိုးယူခဲ့မိသည်။ ယင်းကဲ့သို့ကျွန်မ ထုတ်ဖော််ပြခဲ့သည့် နတ်ဆိုးစရိုက်က ကျွန်မကို အပြစ်ကျူးလွန်သူအဖြစ် သမုတ်လောက်အောင် သူ့အတွက် လုံလောက်ခဲ့သည်။ သို့သော် ယင်းအစ်မဆီကတစ်ဆင့် ယနေ့ဝိညာဉ်တွင်း သက်ဝင်ယုံကြည်မှုတွေကို အလေးထားပြီး စိတ်ဓာတ် အောက်တန်းကျမှုကို ရှောင်ရှားနိုင်အောင် ဘုရားသခင်က ကျွန်မကို သတိပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် ကျွန်မကို ယင်းကို လက်သင့်မခံခဲ့သေးပါ။ အမှန်ပင် ကျွန်မသည် အမှားနှင့် အမှန်ကို ခွဲခြားမသိခဲ့သလို ကျွန်မကိုယ်ကျွန်မ လွန်စွာ မသိနားမလည်ခဲ့ပါ။ တစ်ချိန်တည်းမှာပင် ကျွန်မကြောက်လန့်စရာ အခြေအနေထဲ ရောက်နေသည်ဟု ခံစားခဲ့ရသည်။ အကယ်၍ ကျွန်မ၏ အခြေအနေကို ထောက်ပြပြီး ဘုရားသခင်ထံ အမြန်ပြန်လာစေဖို့ ဘုရားသခင်ကသာ ယင်းအစ်မကို မနှိုးဆော်ခဲ့လျင်် ကျွန်မမှာ ဆုတ်ယုတ်ကျဆင်းခြင်း၌ ဆက်လက်အသက်ရှင်နေရမည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို ဆုံးရှုံးသွားပြီဆိုသည်ကိုလည်း သတိပြုမိမည်မဟုတ်ပဲ နောက်ဆုံးတွင် ဘုရားသခင်အပေါ် အင်မတန်ဆိုးဝါးသည့် စော်ကားမှုတစ်ခုခုကို ကျူးလွန်မိမည် ဖြစ်သည်။ နောင်တရဖို့ အလွန်နောက်ကျသွားမည်ကို ကျွန်မ တွေးကြောက်မိပါသည်။ ဤအချိန်တွင် အနာဂတ်လမ်းခရီးမှာ ကျွန်မကို ကာကွယ်ဖို့ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ရိုက်နှက်ဆုံးမှုတို့ကို ကျွန်မ မည်မျှ ဆိုးဆိုးဝါးဝါး လိုအပ်နေခဲ့သည်ကို သိမြင်လိုက်ရပါတော့သည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခံရခြင်းနှင့် ရိုက်နှက်ဆုံးမခံရခြင်းနည်းလမ်းတို့က ကျွန်မကို အရှက်ရစေခဲ့ပြီး အခက်အခဲတစ်ခုဟု ခံစားရသော်လည်း ဤသည်မှာ ဘုရားသခင်၏ ကယ်တင်ခြင်းဖြစ်ပေသည်။ ကျွန်မသည် ဘုရားသခင်ထံမှ ဤအမှုတော်မျိုးကို ပိုပြီး ခံယူချင်ပါသည်။

ဤပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို နဖူးတွေ့ဒူးတွေ့ ကြုံရပြီးသည့်နောက်တွင် ကျွန်မ၏ အခြေအနေ ပြောင်းလဲသွားခဲ့သည်။ ကျွန်မ၏အပြုအမူနှင့် အမူအကျင့်တို့ကပိုပြီး ခပ်လျှိုလျှို ဖြစ်လာခဲ့ပြီး လူသားများ၏ အယူအဆများနှင့် ဆီလျော်ကိုက်ညီမှု မရှိသောဘုရားသခင်၏ အမှုတော်ကို ကျွန်မ အနည်းငယ် နားလည်ခဲ့ရသည်။ သို့သော်မကြာမီမှာ ဘုရားသခင်၏ အခြားသော ထုတ်ဖော်ပြခြင်း ကျေးဇူးကြောင့် ကျွန်မ၏ နားလည်မှုက တိမ်လွန်းသည်ဟု တစ်ဖန် သိမြင်ခဲ့ပါသည်။

သြဂုတ်လအစောပိုင်းတွင် ဤနယ်မှာ အလုပ်လုပ်ဖို့ ကျွန်မ ရာထူးတိုးခြင်းခံခဲ့ရ၏။ ထိုအချိန်တွင် ကျွန်မ သိပ်ပျော်ရွှင်မြူးကြွပြီး စိတ်ထဲက လျှို့ဝှက်သစ္စာဆိုမိသည်။ ဘုရားသခင်။ ကိုယ်တော့်၏ ရာထူးတိုးမြှင့်ပေးမှုနှင့် ကျွန်ုပ်ကို ဒီလို ကြီးမားသည့် အမှုတော်ကို ထမ်းရွက်ခွင့်ပေးသည့်အတွက် ကျေးဇူးတင်ပါသည်။ ကျွန်ုပ်အပေါ် ကိုယ်တော့်၏ယုံကြည်မှုကို မပျက်စီးစေလိုပါ။ ကျွန်ုပ် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အတတ်နိုင်ဆုံး ဆောင်ရွက်သွားချင်ပါသည်။ ကိုယ်တော်ကလည်း ကျွန်ုပ်ကို လမ်းညွှန်ဦးဆောင်ပေးမည်ဟု မျှော်လင့် ပါသည်။ သို့ဖြင့် ရှုပ်ထွေးများပြားလှသော အလုပ်အချိန်ဇယားထဲ ကျွန်မ ခြေစုံပစ်ဝင်ရောက်ခဲ့ပါသည်။ နေ့စဉ်နေ့တိုင်း ကျွန်မ တုန့်ပြန် ဆောင်ရွက်ရသည့် ညီအစ်ကို မောင်နှမများ တင်ပြသည့်ပြဿနာများ အားလုံးနှင့် ရင်ဆိုင်ရပြီး တစ်ခုချင်းစီအတွက် လမ်းညွှန်ချက်ပေး ရပါသည်။ မနက်အာရုံတက် ချိန်အထိ၊ ကျွန်မ မကြာမကြာ ညည့်နက်ထိ နေရတတ်သော်လည်း ကျွန်မ ပျော်နေမိသည်။ တစ်ခါတစ်ရံ ကျွန်မ နားမလည်သော အခြေအနေတစ်ခုပဲဖြစ်ဖြစ်၊ မရှင်းလင်းသော အခြေအနေပဲဖြစ်ဖြစ် မမျှော်လင့်ပဲ တွေ့ရှိရတတ်သည်။ ကျွန်မ ဘုရားသခင်ထံ ဆုတောင်းပြီး ဦးဆောင်လမ်းညွှန်မှုကို တွေ့မြင်ရကာ အလုပ် ရှောရှောရှူရှူ ပြီးစီးသွားတတ်လေသည်။ အမှတ်တမဲ့ဆိုသလို ကျွန်မ တစ်ဖန် မာနထောင်လွှားလာခဲ့ပြန်ကာ ကျွန်မစိတ်ထဲမှာ၊ ငါ သိပ်တော်တာပဲ၊ ငါက လုပ်နိုင်စွမ်းရှိတဲ့ အမှုတော်ဆောင်ပဲ ဟု တွေးနေမိသည်။ တစ်နေ့မှာ အခက်အခဲအတော်များများကို ကျွန်မ မမျှော်လင့်ပဲ ကြုံခဲ့ရသည်။ ထို့ကြောင့် ကျွန်မ ဆုတောင်းပြီး ကျွန်မစိတ်ကို ရှင်းလင်းအောင် မည်သို့လုပ်ရမည်၊ ဤအလုပ်ကို မည်သို့ စီမံပြီး ကိုင်တွယ်ရမည်ဆိုသည်တို့မှာ တဖြည်းဖြည်း ကျွန်မစိတ်ထဲတွင် ပိုမို ရှင်းလင်းလာခဲ့သည်။ ထို့ကြောင့် ကျွန်မ၏ ခေါင်းဆောင်ထံ ဤအကြံပြုချက်ကို စာရေးအကြောင်းကြားပြီး ဖြစ်နိုင်၊ မဖြစ်နိုင် မေးမြန်းလိုက်သည်။ ကျွန်မ ဝန်ထုပ်ဝန်ပိုးတစ်ခု ယူခဲ့ပြီး ကျွန်မက စွမ်းဆောင်ရည်ပြည့်ဝသော အမှုတော်ဆောင်တစ်ယောက် ဖြစ်သည်ဆိုသည်ကို ခေါင်းဆောင်က သေချာသိခဲ့သည်ပဲဟု ကျွန်မ စာရေးနေစဉ် တွေးနေခဲ့သည်။ သူတို့ဆီက ချီးကျူးမှုကို မျှော်လင့်ရင်း ပြန်စာကို ကျွန်မ စောင့်မျှော်နေခဲ့သည်။ နောက်ရက် အနည်းငယ်အကြာမှာ ပြန်စာကို ကျွန်မ ပျော်ရွှင်ဖွယ် ရလာခဲ့သည်။ သို့သော် စာကို ဖွင့်ဖတ်ကြည့်သောအခါ ကျွန်မ စိတ်ထဲ အလွန်ခံစားလိုက်ရသည်။ ခေါင်းဆောင်က ကျွန်မကို မချီးကျူးခဲ့ရုံမက ပြန်စာမှာ ကျွန်မကို ပြုပြင်ခြင်းနှင့် ရိုက်နှက်ဆုံးမခြင်းတို့ဖြင့် ပြည့်နေခဲ့ပြီး “ခင်ဗျား ဒီလို လုပ်တာ စည်းကမ်းမဲ့တာပဲ။ အခု တရုတ်ကွန်မြူနစ်ပါတီက ဘုရားသခင်ရွေးချယ်ထားတဲ့ သူတွေကို ကသုတ်ကရက်နဲ့ လိုက်ပြီးဖမ်းဆီးနေတယ်။ ဘုရားသခင်ရဲ့ မိသားစုဟာ အခုအခါမှာ အဆင့်အားလုံးက ခေါင်းဆောင်တွေကို ပုန်းနေရင်းနဲ့ ဝိညာဉ်ရေးရာ ဝတ်ပြုကိုးကွယ်မှုတွေ ပြုလုပ်ဖို့ လိုအပ်နေတယ်၊ ဒါ့ကြောင့် ဒီပုံစံအတိုင်းသာ ခင်ဗျား ဆက်သွားမယ်ဆိုရင် ဘုရားသခင်ရဲ့ အမှုတော်ကို အနှောင့်အယှက် ဖြစ်စေမှာပဲ။ အောက်ခြေ ခေါင်းဆောင်တွေက သူတို့အလုပ်ကို သူတို့ကိုယ်တိုင် ကိုင်တွယ်နိုင်ရင် ကိုင်တွယ်ပါစေ။ အဲလိုမှမဟုတ်ရင် ဘေးဖယ်ထားလိုက်ပေါ့။ ဝိညာဉ်တွင်း သက်ဝင်ယုံကြည်မှုတွေကို အကောင်အထည်ဖော်တာတွေနဲ့ ဆောင်းပါးရေးတာတွေကို ခင်ဗျား အပူတပြင်း ဆက်ပြီး လုပ်သင့်တယ်…” ဟု ဆိုထားလေသည်။ ထိုစာကို ဖတ်ပြီးသည့် နောက်တွင်၊ ကျွန်မသည် အလွန့်အလွန် မတရားဆက်ဆံခံရသည်ဟု ခံစားမိသည်။ “ခေါင်းဆောင်တွေက ဒီလိုဘာလို့ဖြစ်နေရတာလဲ။ ညီအစ်ကိုမောင်နှမတွေ မှာ အခက်အခဲတွေ ရှိနေပေမဲ့လည်း သူတို့က အဲဒါတွေကို ဖြေရှင်းဖို့ ဘာမှမလုပ်ကြဘူး။ ပြီးတော့ ငါက စည်းကမ်းမဲ့တယ်လို့တောင် သူတို့က ပြောလိုက်သေးတယ်။ ငါတို့နယ်မှာ ကိစ္စတစ်ခုခု ဖြစ်ခဲ့ပြီး ငါတို့အလုပ်အားလုံးကို ကစဉ့်ကလျား ဖြစ်စေခဲ့တယ်။ ပစ်ထားခဲ့တာပဲ။ ကျွန်မတို့ အစီအစဉ်တကျလုပ်ဆောင်ဖို့ မလိုဘူးလား။ အောက်ခြေခေါင်းဆောင်တွေ ကို သူတို့အလုပ် သူတို့ဘာသာ ကိုင်တွယ်ခိုင်းလိုက်ရင်၊ ငါတို့က ဒီအခက်အခဲတွေ အားလုံးကို နားပိတ်ထားလိုက်ရမှာလား။” ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ဖို့ လုံးဝ ပျက်ကွက်ခဲ့ပြီး ကျွန်မ၏ အိမ်ရှင် အစ်မထံ စောဒကတက်ခဲ့မှုအပေါ် သိပ်ဝမ်းနည်းစိတ်ပျက်ခဲ့ရပြီး- “ကျွန်မ အလုပ်ကနေ ထွက်မယ်၊ အလုပ်က မထွက်ရင် ကျွန်မ ဘုရားသခင်ရဲ့ အလုပ်ကို နှောင့်ယှက်နေဆဲ ဖြစ်လိမ့်မယ်။ ဘယ်သူမှ ကျေးဇူးမတင်တဲ့နောက်တော့ ဘာဖြစ်လို့ ကိုယ့်ကိုကိုယ် အပင်ပန်းခံနေရတော့မှာလဲ” ဟုပင် တွေးခဲ့မိသည်။

နောက်နေ့တွင် ဘုရားသခင်ရှေ့တော်မှောက် ကျွန်မ လာပြီးကျွန်မ ထုတ်ဖော်ခံခဲ့သည့်အရာကို ဆန်းစစ်ခဲ့ပါသည်။ ပြုပြင်ခံရခြင်းနှင့် ရိုက်နှက်ဆုံးမခံရခြင်းတို့ကို ငြင်းဆန်ခြင်းက သမ္မာတရားကို မမြတ်နိုးတတ်ခြင်းကို ပြသရာရောက်ပြီး သမ္မာတရားကို မမြတ်နိုးတတ်သူများသည် မကောင်းသောသဘာဝ ရှိသူများ ဖြစ်သည်ကို ဒေသနာတရားများတွင်မည်သို့ဆိုထားသည်ကို တွေးနေမိခဲ့သည်။ ဒါကြောင့် “ပြုပြင်ခြင်းနှင့် ရိုက်နှက်ဆုံးမခြင်းတို့ကို ခံယူနည်း” ကို ကျွန်မ သတိထားပြီး ဖတ်ကြည့်သောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အောက်ပါအတိုင်း မြင်တွေ့ခဲ့ရပါသည်- “လူအချို့သည် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ခံပြီးနောက်တွင် မတုန်မလှုပ်ဖြစ်သွားကြသည်၊ သူတို့သည် သူတို့၏ တာဝန်များကို ဆောင်ရွက်ရန် အားအင်အကုန်လုံး ကုန်ဆုံးပြီး အဆုံး၌ သူတို့၏ သစ္စာစောင့်သိမှုလည်း ကုန်ဆုံးလေ၏။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ၎င်းမှာ သူတို့၏ လုပ်ဆောင်ချက်များ၏ အနှစ်သာရကို သတိထားရှိမှု ကင်းမဲ့ခြင်းကြောင့် တစ်စိတ်တစ်ဒေသ ဖြစ်၍၊ ဤအရာက ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းအား ကျိုးနွံနာခံမှု မရှိနိုင်ခြင်းကို ဖြစ်ပေါ်စေသည်။ ဤအရာကို မာနထောင်လွှားပြီး စိတ်ကြီးဝင်ကာ သမ္မာတရားအတွက် ချစ်ခြင်းမေတ္တာမရှိသည့် ၎င်းတို့၏ သဘာဝအားဖြင့် ဆုံးဖြတ်ထားပေသည်။ ၎င်းမှာ ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်း၏ အရေးပါမှုမှာ အဘယ်အရာ ဖြစ်သည်ကို သူတို့ မသိနားမလည်သေးခြင်းကြောင့်လည်း တစ်စိတ်တစ်ဒေသ ဖြစ်သည်။ လူတို့အားလုံးက ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းဆိုသည်မှာ သူတို့၏ ရလဒ်များသည် သတ်မှတ်ပြီးဖြစ်သည်ဟု ယုံကြည်ကြသည်။ အကျိုးဆက်အနေဖြင့် အကယ်၍ သူတို့က ဘုရားသခင်အား သစ္စာစောင့်သိမှု အနည်းငယ်ကို ပိုင်ဆိုင်ပါက ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို မခံရသင့် ဟူ၍လည်းကောင်း၊ အကယ်၍ သူတို့ ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရပါက၊ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ဖြောင့်မတ်ခြင်းကို ညွှန်ပြခြင်း မရှိဟူ၍လည်းကောင်း လွဲမှားစွာ ယုံကြည်ကြသည်။ ထိုကဲ့သို့သော နားလည်မှုမှားခြင်းက လူများစွာတို့ကို ဘုရားသခင်အား ‘သစ္စာစောင့်သိမှု’ မရှိဘဲ နေဝံ့စေသည်။ အမှန်မှာမူ အဆုံးတွင်၊ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် သူတို့သည် လွန်စွာ လိမ်လည်လှည့်ဖြားသောကြောင့် ဖြစ်သည်၊ သူတို့သည် ဒုက္ခဆင်းရဲကို မခံလိုကြပေ။ လူတို့သည် ကောင်းချီးမင်္ဂလာများကို အလွယ်နည်းဖြင့်သာ ရယူလိုကြသည်။ လူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို သတိမမူမိကြချေ။ ယင်းမှာ သူသည် ဖြောင့်မတ်သောအရာ တစ်စုံတစ်ခုကိုမျှ မလုပ်ဆောင်ရသေးသောကြောင့် သို့မဟုတ် သူက ဖြောင့်မတ်သောအရာ တစ်စုံတစ်ခုကိုမျှ ပြုလုပ်နေခြင်း မဟုတ်သောကြောင့် မဟုတ်ချေ။ ယင်းက ဘုရားသခင် ပြုသောအရာကို ဖြောင့်မတ်သည်ဟု လူတို့က မည်သည့်အခါမျှ မယုံကြည်ကြသောကြောင့်သာ ဖြစ်သည်။ လူသား၏ အမြင်တွင် ဘုရားသခင်၏အမှုတော်သည် ၎င်းတို့၏ အလိုဆန္ဒများနှင့် မကိုက်ညီပါက သို့မဟုတ် သူတို့မျှော်မှန်းခဲ့သည့်အရာနှင့် ထပ်တူမကျပါက သူသည် မဖြောင့်မတ်ဟူ၍ဖြစ်သည်။ သို့သော်လည်း လူတို့သည် မိမိတို့၏ လုပ်ဆောင်ချက်များမှာ မသင့်လျော်ဘဲ သမ္မာတရားနှင့် မကိုက်ညီသည့်အပြင် သူတို့၏ လုပ်ဆောင်ချက်များက ဘုရားသခင်အား ဆန့်ကျင်ကြောင်းကိုလည်း မည်သည့်အခါမျှ သဘောမပေါက်ကြချေ။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူတို့၏ရလဒ်များကို ၎င်းတို့၏ ဆောင်ရွက်ချက်အားဖြင့် ဘုရားသခင် အဆုံးအဖြတ်ပေးခြင်းအထဲမှ အဓိပ္ပာယ်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ အတွင်းပိုင်း စစ်မှန်မှုကို လှစ်ဟဖော်ပြခဲ့သည်။ ကျွန်မ လုပ်ခဲ့သည့်အရာ၏သဘောသဘာဝကို ကျွန်မက နားမလည်ခဲ့သောကြောင့် ပြုပြင်ခြင်းနှင့် ရိုက်နှက်ဆုံးမခြင်းတို့ကို လက်မခံခဲ့ခြင်းဖြစ်သည်။ ကျွန်မ လုပ်ခဲ့သည့်အရာ၌ ဘာအမှားအယွင်းမှမရှိဟု ကျွန်မ ထင်ထားခဲ့သည်၊ သို့သော် ကျွန်မ၏အလုပ်နှင့် တာဝန်ထမ်းဆောင်မှုတို့က လုပ်ငန်းအစီအစဉ်မှ ကာလအတန်ကြာ သွေဖီနေခဲ့၏၊ သို့တိုင် ကျွန်မကတော့ သက်ဝင်ယုံကြည်မှုအပြည့် ရှိနေသည်ဟု တွေးခဲ့မိသည်။ ခေါင်းဆောင်များနှင့် အလုပ်သမားများသည် အခြေခံအုတ်မြစ်ဖြစ်ပြီး၊ အရေးကြီးသော အလုပ်များကို ဦးဆောင်သင့်သည် ဆိုသည့် လုပ်ငန်းအစီအစဉ်ထဲတွင ပြောလေ့ရှိပုံကို ကျွန်မ တွေးမိပါသည်။ သို့သော် ကျွန်မအမြင်မှာ အောက်ခြေက တက်လာသည့် မေးခွန်းအားလုံးက မည်မျှ ကြီးမားသည့် ပြဿနာဖြစ်နေပါစေ ညွှန်ကြားချက်နှင့် အဖြေတွေရရှိစေရမည် ဟူ၍ ဖြစ်သည်။ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းလိုက်မှသာ ဝိညာဉ်တွင်း သက်ဝင်ယုံကြည်မှုတွေကို ကျွန်မ တည်ငြိမ်စွာ ဆောင်ရွက်နိုင်ပါမည်။ အမှန်တရားများကို ရင်ဆိုင်ရသည့်အခါ လုပ်ငန်းအစီအစဉ်ကို ကျွန်မ အပြည့်အဝ ခြွင်းချက်မရှိ နာခံခြင်းမရှိသည်ကို တွေ့မြင်ရသည်။ ကျွန်မမှာ မစွန့်ပယ်နိုင်သည့် စိုးရိမ်ပူပန်မှုများ ဗုံးဗောလအော ရှိနေပြီး ဆင်ခြင်တုံတရား ကင်းမဲ့လောက် သည်အထိ ကျွန်မ မာနထောင်လွှားခဲ့ပါသည်။ ဘုရားသခင်ဟာ ခေါင်းဆောင်တစ်ဦးကို အသုံးပြုပြီး သူ့အလိုတော်နှင့် မကိုက်ညီသော ကျွန်မ၏ အတွင်းထဲက အမှုအရာများကို ကိုင်တွယ်ဖြေရှင်းစေခဲ့သည်။ ဘုရားသခင်နှင့် သူ့အလိုတော်ကို ဖီဆန်ပြီး သစ္စာဖောက်ချင်သည့် ကျွန်မ၏ သဘာဝကို နားလည်သဘောပေါက်စေဖို့ ဖြစ်သည်။ ယခုအခြေအနေက ဆိုးကျိုးပေးနေပါသည်။ ဝိညာဉ်တွင်း သက်ဝင်ယုံကြည်မှုများနှင့် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်မှုတို့က အဓိကကျသင့်ပြီး အလုပ်တစ်ခုတည်းကိုသာကျွန်မ အာရုံစိုက် မနေသင့်ပါ။ သို့သော်ကျွန်မ လုပ်ငန်းဆောင်တာများ၏ သဘောသဘာဝက လုပ်ငန်းအစီအစဉ်နှင့် ဖီလာကန်လန့် ဖြစ်နေပြီး ဘုရားသခင်အပေါ် ဆန့်ကျင်ဖီဆန်မှု ဖြစ်စေခဲ့သည်ကို ကျွန်မ နားမလည်ခဲ့ပါ။ အမှန် နှင့်အမှားကို ကျွန်မ စွဲနေခဲ့သည်။ စိတ်ဝိညာဉ်ကို ကျွန်မ နားမလည်ခဲ့သလို ဘုရားသခင်ကိုလည်း နားမလည်ခဲ့ပါ။ ထို့နောက် တရားဒေသနာထဲမှ စကားများကို ကျွန်မ ပြန်သတိရလာသည်။ “ဘယ်သူ၊ ဘယ်ခေါင်းဆောင်၊ ဘယ်အမှုတော်ဆောင်က ကျွန်တော့်ကို ပြုပြင်ပြီး ရိုက်နှက်ဆုံးမ တာလုပ်လုပ် အရေးမကြီးဘူး။ အဲဒါက အချက်အလက်တွေနဲ့ လုံးဝ ကိုက်ညီမှုရှိ၊ မရှိဆိုတာလည်း အရေးမကြီးဘူး။ အချက်အလက်တွေနဲ့ တစ်စိတ်တစ်ပိုင်း ကိုက်ညီမှုရှိတယ်ဆိုရင် ကျွန်တော် လက်ခံနာယူတယ်။ အချက်အလက်တွေနဲ့ တစ်စိတ်တစ်ပိုင်း ကိုက်ညီသရွေ့ အဲဒါကို အပြည့်အဝ လက်ခံတယ်။ ကျွန်တော် သူတပါးကို ဆင်ခြေတွေ ပေးမနေဘူး။ အဲဒီသွန်သင်ဆုံးမမှုရဲ့ တစ်ချို့ကိုပဲ လက်ခံပြီး ကျန်တာတွေကို လက်မခံဘူးလို့လည်း မပြောဘူး။ ကျွန်တော် ဆင်ခြေတွေ မပေးပါဘူး။ ဒီအရာတွေက ဘုရားသခင်ရဲ့ အမှုတော်ကို ထမ်းရွက်တဲ့တစ်ဦးတစ်ယောက်ရဲ့ ဖော်ပြချက်တွေပဲလေ။ ခင်ဗျားအနေနဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ ဘုရားရဲ့ အမှုတော်ကို ဒီပုံစံအတိုင်း မနာခံဘူးဆိုရင် သမ္မာတရားကိုရဖို့ ခင်ဗျား ခက်ခဲလိမ့်မယ်။ ဘုရားသခင့်နှုတ်ကပတ်တော်တွေရဲ့ စစ်မှန်မှုထဲကို ဝင်ရောက်ဖို့ဆိုတာ ခင်ဗျားအတွက် ခက်ခဲလိမ့်မယ်။” (အသက်တာထဲ ဝင်ရောက်မှုအကြောင်း တရားဒေသနာနှင့် မိတ်သဟာယ (၁) ပါ “ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို မှီဝဲစားသောက်ခြင်းမှ အကျိုးရလဒ် ရရှိနည်း”) ဟုတ်ပါသည်။ခေါင်းဆောင်၏စကားများက အခြေအနေနှင့် လုံးဝ မကိုက်ညီလျင်ပင် ထိုစကားများကို ကျွန်မ ကျွိူးနွံစွာ လက်ခံခဲ့သင့်ပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ၏ တာဝန်ဖြည့်ဆည်းမှုက လုပ်ငန်းအစီအစဉ်နှင့် ကာလအတန်ကြာ သွေဖည်နေခဲ့ပါသည်။ ကျွန်မအနေနှင့် ကျိုးနွံစွာ လက်ခံပြီး ပြောင်းလဲဖို့ ပိုပြီးတောမမြန်ခဲ့သင့်ဘူးလား။ နောက်ပိုင်းတွင်၊ ကျွန်မ၏ အခြေအနေ နည်းနည်း ပိုကောင်းပြီး တည်ငြိမ်လာသောအခါ ဝိညာဉ်တွင်း သက်ဝင်ယုံကြည်မှုများကို ဆောင်ရွက်ဖို့၊ ဆောင်းပါးများ ရေးသားခြင်းကိုလေ့ကျင့်ဖို့အတွက် ဘုရားသခင်ကိုယ်တော်တိုင် ဘုရားသခင်၏ အမှုတော်ကို ကာကွယ်နေပြီး နှောင့်နှေးကြန့်ကြာမှုမရှိပဲ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေ သည်ကိုကျွန်မ မြင်တွေ့ခဲ့ရသည်။

ဤပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်း၊ ပြုပြင်ခြင်းနှင့် ရိုက်နှက်ဆုံးမခြင်း အခြေအနေနှစ်ရပ်ဟာ အခက်အခဲများ ဖြစ်ခဲ့သော်လည်း ကျွန်မကိုယ်ကျွန်မ ပိုပြီး နားလည်လာစေခဲ့သည့်အပြင် ကျွန်မ၏ အခြေအနေကိုလည်း လျင်မြန်စွာ ပြောင်းလဲစေခဲ့ပါသည်။ နောက်ပိုင်းတွင် ဘုရားသခင်၏ အောက်ပါ နှုတ်ကပတ်တော်များကို မြင်တွေ့ခဲ့ရသည်- “သူ၏ အနှစ်သာရက ကောင်းမွန်သည်။ သူသည် လှပမှုနှင့် ကောင်းမွန်မှုအားလုံးအပြင် ချစ်ခြင်းမေတ္တာ အားလုံး၏ ဖော်ပြချက်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်၏ အနှစ်သာရမှာ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို နာခံခြင်းဖြစ်သည်)သင်သူ့ကို ချစ်လာကောင်း ချစ်လာစေရန်နှင့် ဇာတိပကတိ၏ အနှစ်သာရကို သင်သိကောင်း သိနိုင်စေရန် သူသည် သင့်ကို ကျိန်ဆဲခြင်းဖြစ်သည်။ သင်နိုးကြားကောင်း နိုးကြားလာစေရန်၊ သင့်အထဲမှ အားနည်းချက်များကို သင်သိစေရန်နှင့် လူသား၏ အကြွင်းမဲ့ မထိုက်တန်မှုကို သင်သိစေရန် သင့်ကို သူပြစ်တင်ဆုံးမခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် ဘုရားသခင်၏ ကျိန်ဆိုခြင်းများ၊ တရားစီရင်ခြင်းများ အပြင်၊ သူ၏ဘုန်းအာနုဘော်နှင့် အမျက်ဒေါသ အားလုံးတို့သည် လူသားကို စုံလင်စေရန်အတွက်ဖြစ်သည်။ ယနေ့ ဘုရားသခင် လုပ်ဆောင်သည့် အရာများ အားလုံးနှင့် သင်တို့အတွင်း၌ သူထင်ရှားပေါ်လွင်စေသည့် ဖြောင့်မတ်သော စိတ်သဘောထား အားလုံးသည် လူသားကို စုံလင်စေရန် ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ထိုကဲ့သို့ပင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်) ကျွန်မ သက်ပြင်းချရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ပါ။ ဟုတ်ပါသည်။ ဘုရားသခင်သည် အလှတရားနှင့် ကောင်းမြတ်မှု အားလုံး၏ ဖော်ကျူးချက်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရက အလှတရားနှင့် ကောင်းမြတ်မှုပင်ဖြစ်သည်။ သူ၏ အနှစ်သာရမှာ မေတ္တာတရားပင် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ထံမှ လာသမျှသော အရာရာတိုင်းက ကောင်းမြတ်ပြီး လှပပါသည်။ တရားစီရင်ခြင်းပဲဖြစ်ဖြစ်၊ ပြစ်တင်ဆုံးမမှုပဲဖြစ်ဖြစ်၊ ကျွန်မတို့ပတ်ဝန်းကျင်က လူတွေ၊ အဖြစ်အပျက်တွေ၊ အရာဝတ္ထုတွေကို အသုံးပြုပြီး ကျွန်မတို့ကို ပြုပြင်ပြီး ရိုက်နှက်ဆုံးမခြင်းပဲဖြစ်ဖြစ် လူသား၏ ဇာတိပကတိအပေါ်အခက်အခဲ၊ သို့မဟုတ် ထိုးနှက်တိုက်ခိုက်မှုလိုမျိုး ခံစားရသော်လည်း ဘုရားသခင် လုပ်ဆောင်သည့်အရာမှာ ကျွန်မတို့ဘဝကို ကောင်းကျိုးပြုစေ သည့်အတွက် ဤအရာအားလုံးသည် ကယ်တင်ခြင်း မေတ္တာတရား တွေချည်း ဖြစ်ပါသည်။ သို့သော် ဘုရားသခင်ကိုသော်လည်းကောင်း၊ ဘုရားသခင်၏ အမှုတော်ကိုသော်လည်းကောင်း၊ ကျွန်မ နားမလည်ခဲ့သလို ဘုရားသခင်၏ ကောင်းမြတ်သော ရည်ရွယ်ချက်တွေကိုလည်း မတွေ့မမြင်ခဲ့ပါ။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှု၊ပြုပြင်ခြင်းနှင့် ရိုက်နှက်ဆုံးမခြင်းတို့ကို ရင်ဆိုင်ကြုံတွေ့ ရသည့်အခါ လူများက ကျွန်မကို ဒုက္ခပေးနေသကဲ့သို့ ဘုရားသခင်ထံက ဤအရာကို လက်သင့်မခံနိုင်ဘဲ အလုပ်က ထွက်မည်ဟုခြိမ်းခြောက်ပြီး ကျွန်မ ဖီဆန်ခဲ့သည်။ ဘုရားသခင်၏ ထုတ်ဖော်ပြခြင်းနှစ်ခုမှတဆင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နှစ်ပေါင်းများစွာ မှီဝဲစားသောက်မှု၊ တရားဒေသနာများစွာ နာကြားခြင်းတို့ ပြုလုပ်ခဲ့သော်လည်း တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခံရခြင်းနှင့် ရိုက်နှက်ဆုံးမခြင်းတို့ကို ကြုံတွေ့ရသောအခါ ဖီဆန်ချင်သည့် စိတ်ထားက အားကြီးသည့် အတွက် လုံးဝ ငြင်းပယ်ခဲ့သည်ဟု ကျွန်မ မြင်တွေ့ခဲ့ရပါသည်။ ဘုရားသခင်အပေါ် တစ်ချိန်လုံး ယုံကြည်ခဲ့သော်လည်း ကျွန်မ၏ စိတ်သဘောထား မပြောင်းလဲခဲ့ပါ၊ စာတန်၏ သဘာဝကနက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့သလို ဘုရားသခင်အပေါ် ဖီလာကန့်လန့်လုပ်ပြီး သစ္စာဖောက်လိုသော သဘောထားမျိုး ရှိနေသည်ကို ကျွန်မ သိမြင်နိုင်ခဲ့သည်။ ရုတ်တရက် ကျွန်မအနေနှင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှု၊ ပြုပြင်ခြင်းနှင့် ရိုက်နှက်ဆုံးမခြင်းတို့ကို လိုအပ်သည်ကို သိနားလည်လိုက်ရပါသည်။ ဘုရားသခင်၏ ဤအလုပ်မျိုး မရှိပါပဲ ကျွန်မ၏ ပကတိစရိုက်ကို မြင်မှာမဟုတ်သလို ကျွန်မကိုယ်ကျွန်မလည်း အမှန်တကယ် နားလည်မည်မဟုတ်ပါ။ ထို့အတူ ကျွန်မ၏အတွင်း၌ စာတန်၏ သဘာဝ မည်မျှနက်ရှိုင်းစွာ အမြစ်တွယ်နေသည်ကိုလည်း ကျွန်မ နားလည်မည်မဟုတ်ပါ။ ယခုမှသာဘုရားသခင်က အကျင့်စာရိတ္တ ပျက်ပြားနေသောလူသားများမှာ သူ့ရန်သူ ဖြစ်သည်၊ ကျွန်မတို့တွေက စာတန်နတ်ဆိုး၏ အဆက်အနွယ်များ ဖြစ်သည်ဟု အဘယ်ကြောင့် ပြောခဲ့သည်ကို ကျွန်မ နားလည်ခဲ့ပါတော့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆင်ခြင်သုံးသပ် ကြည့်လိုက်သောအခါ ကျွန်မနှလုံးသား ဉာဏ်အလင်းရလာခဲ့သည်။ ဘုရားသခင်က သူ့ အမှုတော်များကို တွေ့ကြုံခံစားဖို့၊ သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ဖြစ်စေပြီး ဘဝလမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းနိုင်ဖို့ ဦးဆောင်ပေးရင်း ကျွန်မအတွက် သူ မည်သို့ဂရုတစိုက် စီစဉ်ပေးထားသည်ဆိုသည်ကို ကျွန်မ သိမြင်လာပါသည်။ ဘုရားသခင်က ကျွန်မကို ပြုစုပျိုးထောင်ပြီး ကျွန်မအပေါ် ကြင်နာစွာ ပြုမူဆက်ဆံပါသည်။ လူသားများအတွက် ဘုရားသခင် ဆောင်ရွက်သမျှက ချစ်ခြင်းမေတ္တာဖြစ်သည်ကို ကျွန်မ သိမြင်နားလည်လာခဲ့သည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှု၊ ပြုပြင်ခြင်းနှင့် ရိုက်နှက်ဆုံးမခြင်းတို့သည် လူသားများ၏ အကြီးမားဆုံး လိုအပ်ချက်များဖြစ်ပြီး အကောင်းဆုံးသော ကယ်တင်ခြင်းပင် ဖြစ်ပါတော့သည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အဘယ်ကြောင့် စည်းမျဉ်းများကို ကျွန်ုပ် မလိုက်နာနိုင်ရသနည်း

ဘိုင်ကျင့် ပြင်သစ်နိုင်ငံ ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ အသင်းတော် ခေါင်းဆောင်အနေနဲ့ ကျွန်မ စလုပ်တယ်။ ဧဝံဂေလိအလုပ်ကို ကြီးကြပ်တဲ့ လီလီယန်နဲ့ ကျွန်မ...

မနာလိုစိတ်အတွက် ကုထုံးတစ်ခု

ရွှင်းချုံ တရုတ်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူ၏ဇာတိပကတိသည် စာတန်နှင့်သက်ဆိုင်ပြီး၊ ပုန်ကန်လိုသော စိတ်သဘောထားများနှင့်...

လက်စားချေမှု အရယူပြီးနောက် နိုးထခြင်း

ကျွန်မ အသင်းတော်မှာ ခေါင်းဆောင်အဖြစ် ခဏတာ အစေခံခဲ့တယ်။ ဧဝံဂေလိ သင်းထောက်ဖြစ်တဲ့ အစ်မကျန်းက သူ့တာဝန်အတွက် ဝန်တာထားပြီး တကယ်ကို တက်ကြွခဲ့တယ်။...

ဂုဏ်အဆင့်အတန်းကို လိုချင်သည့် ဆန္ဒ ဗွေဖောက်လာသောအခါ

ရှင်းရိ တရုတ်နိုင်ငံ ၂၀၂၀ခုနှစ် ဇူလိုင်လမှာ ကျွန်မက အစ်ကိုကျောက်နဲ့ အစ်မလီတို့နဲ့အတူ ရေလောင်းအလုပ်ကို ကိုင်တွယ်နေတာပါ။ သူတို့တွေက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။