ခင်တွယ်မှုကို စည်းမျဉ်းထက် ဦးစားမပေးရ

01.04.2023

လင်ရှီး အမေရိကန်နိုင်ငံ

လွန်ခဲ့တဲ့ ခြောက်လလောက်က ရူသီနဲ့ ကျွန်မက အဖွဲ့တစ်ခုမှာ တာဝန်တွေကို ထမ်းဆောင်ကြတယ်။ ရူသီက ရည်မွန်တယ်။ အစွမ်းအစကောင်းရှိတယ်။ တော်တော်ကျွမ်းကျင်မှုရှိတယ်။ အဖွဲ့ထဲမှာ အရမ်းကို တန်ဖိုးထားခံရတယ်။ ဒါပေမဲ့ ကျွန်မကတော့ ဘယ်လိုပဲ ကြည့်ကြည့် စံမမီဘူး။ ကျွန်မတာဝန်မှာ ခဏခဏ ကျရှုံးပြီး ဖော်ထုတ်ခံရတယ်။ ဒါပေမဲ့ ရူသီက ကျွန်မကို တစ်ခါမှ အထင်မသေးဘူး။ မနှိမ်ဘူး။ ကျွန်မကို အမြဲတမ်း နှစ်သိမ့်ပြီး အားပေးတယ်။ သူ့စိတ်ထဲမှာ တစ်ခုခုရှိတဲ့အခါတိုင်းမှာ ကျွန်မဆီလာပြီး ပြောတယ်။ ဒါကြောင့် ကျွန်မက တော်တော်ခံစားမိပြီး သူ့ကို ရင်းနှီးတဲ့သူငယ်ချင်းအဖြစ် မြင်တယ်။ သူ့ စိတ်သဘောထားက အတော်လေးမာနထောင်လွှားတာ၊ အကြံပေးတာတွေကို ကောင်းကောင်းလက်မခံတာကို ကျွန်မ သိပေမဲ့ သူ့အပေါ် ကျွန်မခံစားချက်ကြောင့် ဒီပြဿနာတွေကို သူ့ကိုတစ်ခါမှ ပြောမပြခဲ့ဘူး။ လူတိုင်းက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရှိတာပဲ၊ ဒါက နေ့ချင်းညချင်း ဖြေရှင်းလိုက်လို့ရတဲ့ဟာမဟုတ်ဘူးလို့တောင် ကျွန်မ တွေးမိတယ်။ အချိန်ခဏလောက်အထိ ကျွန်မတာဝန်မှာ ပြဿနာတစ်ခုပြီးတစ်ခုကြုံရတယ်။ ကျွန်မ အပျက်သဘောဆောင်ပြီးတော့ အရှုံးပဲ ပေးလိုက်ချင်တော့တယ်။ ရူသီက ကျွန်မနဲ့ တက်တက်ကြွကြွလက်တွဲပြီး နည်းပညာပိုင်း ပြဿနာတွေကို စိတ်ရှည်ရှည်နဲ့ ကူလုပ်ပေးတယ်။ ကျွန်မတာဝန်မှာ ရလဒ်တချို့ တွေ့လာပြီး နောက်ဆုံးတော့ စိတ်အေးပြီး သက်ပြင်းချနိုင်သွားတယ်။ ဒီအကျပ်အတည်းကာလမှာ ကျွန်မကို ကူညီပေးတော့ ရူသီက ကျွန်မအပေါ် တကယ် ကရုဏာရှိတယ်လို့ ခံစားမိတယ်။ ပြီးတော့ သူ့ကို အရမ်းကျေးဇူးတင်တယ်။ အချိန်နည်းနည်းကြာတော့ သူက ခေါင်းဆောင်ဖြစ်သွားတယ်။ သူ့အတွက် ကျွန်မ တကယ်ပျော်ပြီးတော့ သူ့ကို ခဏခဏ အားပေးတယ်။

တစ်ညနေမှာတော့ ကျွန်မ အိပ်ရာဝင်ဖို့ ပြင်နေတုန်း ရူသီက ကျွန်မဆီကို ရုတ်တရက် စာပို့တယ်။ သူ အထုတ်ခံလိုက်ရတယ်၊ လုံးဝကို ဝမ်းနည်းနေတယ်လို့ ပြောတယ်။ သူနဲ့စကားပြောတော့ သူ့ကို ညီအစ်ကိုမောင်နှမတချို့က တိုင်လိုက်တာလို့ သိရတယ်။ ခေါင်းဆောင်က တိုင်စာရဲ့ အသေးစိတ်ကို သူ့ကို ဖတ်ပြတယ်။ လက်ခံဖို့ တော်တော်ခက်ပြီး အချက်အလက်တွေကို ချဲ့ကားထားတယ်လို့ သူက မြင်တယ် ပေါ့။ ဥပမာ သူက ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို မက်မောတယ်လို့ သူတို့ကပြောတယ်။ ဒါတွေကို သူက တန်ဖိုးထားတယ်ဆိုတာကို ဝန်ခံပေမဲ့ အရမ်းမက်မောတဲ့အထိဖြစ်တယ်ဆိုတာကို သူက ငြင်းတယ်။ သူက လိုက်ဖက်ညီညီနဲ့ ပူးပေါင်းမလုပ်ဘူး၊ လက်တွေ့အလုပ်မလုပ်ဘူး ကိစ္စတွေက သူ့နည်းအတိုင်းမဖြစ်ရင် စိတ်တွေတိုပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်တယ်လို့လည်း တိုင်စာက ပြောထားတယ်။ သူက သူ့တာဝန်မှာ ပြဿနာနည်းနည်းရှိတယ်လို့ ဝန်ခံတယ်။ ဒါပေမဲ့ ဒါတွေလောက် မဆိုးဘူး ပေါ့။ သူ့မကျေနပ်ချက်တွေကို ပြောရင်းနဲ့ သူက မျက်ရည်တွေကျလာတယ်။ ဒီတိုင်စာက သူ့ကို မကောင်းတဲ့သူဖြစ်အောင်လုပ်ထားတာလို့လည်း ပြောတယ်။ သူ့ကိုတိုင်တဲ့သူတွေနဲ့ ဒီကိစ္စကို ကိုင်တွယ်တဲ့ခေါင်းဆောင်ကို သူက အမြင်စောင်းသွားပြီး ခေါင်းဆောင်က တစ်ဖက်ကပြောတာကိုပဲ နားထောင်နေတယ်ဆိုပြီး ထင်တယ်။ သူက ပြောသေးတယ်။ သူက သူ့တာဝန်မှာ ပြဿနာတွေရှိပေမဲ့ သူ့ကို ကူညီဖို့ ဒါတွေကို ဘယ်သူကမှ သူနဲ့ မိတ်သဟာယမဖွဲ့ဘူး၊ သူ့ကို ရုတ်တရက်ကြီးထုတ်လိုက်တာ လုံးဝ မမျှတဘူး တဲ့။ သူက စကားပြောလေလေ၊ မတရားဘူးလို့ ခံစားရလေလေပဲ။ သူ စိတ်ဆင်းရဲနေရတာကို ကြည့်ပြီး ကျွန်မ စိတ်တိုသလိုဖြစ်သွားတယ်။ သူ့ကို နှစ်သိမ့်ပေးရင်းနဲ့ ကျွန်မ စဉ်းစားတယ်။ “တိုင်စာက ပြောထားတာတွေက တကယ် ဒီလောက်ချဲ့ကားထားတာလား။ သူက တကယ်ကို မတရားသဖြင့် အထုတ်ခံလိုက်ရတာလား” ပေါ့။ အဲဒီမှာ ကျွန်မ တော်တော်စိတ်ပူသွားစေတဲ့အရာတစ်ခုကို ရူသီက ရုတ်တရက်ပြောလိုက်တယ်။ သူက ပြောတယ်။ “ကျွန်မ မြင်တာကတော့ ဒီတိုင်စာက ယဉ်ကျေးမှုတော်လှန်ရေးက စွပ်စွဲရှုတ်ချမှုတစ်ခုလိုပဲ။ ကျွန်မကို ဖြုတ်ချပြီး မဟုတ်မမှန်စွပ်စွဲဖို့ စွပ်စွဲချက်တွေအများကြီးကို ကျွန်မအပေါ် ပုံချချင်တာ သက်သက်ပဲ” တဲ့။ ကျွန်မ ရင်ထိတ်သွားတယ်။ သူဒီလိုပြောတာက တစ်မျိုးပဲလို့ ခံစားမိတယ်။ တိုင်ခံရပြီး အထုတ်ခံရတာက အရေးကြီးတဲ့ ပြဿနာပဲ။ ဒါတောင်မှ သူက ကိုယ့်ကိုယ်ကိုယ် သုံးသပ်ကြည့်တာ၊ သမ္မာတရားကို ရှာဖွေတာ၊ သင်ခန်းစာတစ်ခုခုယူတာ လုံးဝ မလုပ်ဘူး။ သူက တိုင်စာနဲ့ ထုတ်တာကို စီစီပီရဲ့ စွပ်စွဲရှုတ်ချတာနဲ့တောင် နှိုင်းယှဉ်လိုက်သေးတယ်။ သူတို့က သူ့ကို အပြစ်ဒဏ်ပေးဖို့ကြိုးစားနေတယ်လို့ သူက ခံစားရတယ်။ ဒီကိစ္စရဲ့ သဘာဝက တော်တော်အရေးကြီးတယ်။ ဒါမျိုးတွေကို မပြောဖို့နဲ့ သူ့ကိုယ်သူ ဆင်ခြင်သုံးသပ်ကြည့်သင့်တယ်ဆိုပြီး ကျွန်မ သူ့ကို အမြန်သတိပေးလိုက်တယ်။

နောက်ပိုင်းတော့ သူနဲ့ တွဲလုပ်တဲ့သူတွေဆီကနေ ကျွန်မ ကြားရတယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူက လက်တွေ့အလုပ်ကို မလုပ်ဘူး၊ ခင်ခင်မင်မင်နဲ့ ပူးပေါင်းမလုပ်ဘူး၊ သူတာဝန်ယူရမယ့်အလုပ်ကို သိပ်အာရုံမစိုက်ဘူးတဲ့။ သူ့ခေါင်းဆောင်က သူ့အလုပ်ကို ဆက်ပြီးစစ်ကြည့်ပြီး ပြဿနာတွေ တွေ့တော့ သူနဲ့ မိတ်သဟာယဖွဲ့ပြီး သူ့ကိုလည်း ကိုင်တွယ်ဖြေရှင်းတယ်။ ဒါတောင်မှ သူက အတိုက်အခံဖြစ်ပြီး လက်မခံဘူး။ အမြဲတမ်း ဆင်ခြေတွေပေးတယ်။ အပြစ်ပုံချတယ်။ ဒါတွေက သူများတွေရဲ့ ပြဿနာတွေလို့ ပြောတယ်။ သူ့တာဝန်တွေကိုတောင် အကုန် စွန့်ပစ်လိုက်တယ်။ ဒီအချက်အလက်တွေကြောင့် တိုင်စာပါ အကြောင်းအရာတွေက မှန်တယ်ဆိုတာ ကျွန်မ သေချာသွားတယ်။ နောက်တော့ တိုင်စာက ယဉ်ကျေးမှုတော်လှန်ရေး လှုပ်ရှားမှုကဏ္ဍတစ်ခုက တိုက်ရိုက်ထွက်လာသလိုမျိုးပဲလို့ ရူသီက ပြောတာကို ကျွန်မ တွေးမိတယ်။ ဒါ ဘယ်လောက်ဆိုးလာပြီလဲဆိုတာ ကျွန်မ သိလိုက်တယ်။ သူက သေချာပေါက်ကို တကယ့်အလုပ်မလုပ်ဘူး။ ခေါင်းဆောင်က သူ့ကို ကိုင်တွယ်ဖြေရှင်းတော့ လက်မခံဘူး။ သူက တကယ်ကို အထုတ်ခံရဖို့ ထိုက်တန်တဲ့ အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်ပဲ။ ဒါပေမဲ့ သူက သူ့ကိုယ်သူ ပြန်မဆင်ခြင်ဘူး။ ပြီးတော့ တရားဝင်ဖြစ်တဲ့ တိုင်စာကို စီစီပီရဲ့ စွပ်စွဲရှုတ်ချတဲ့စာနဲ့ နှိုင်းယှဉ်တယ်။ ဒါက သမ္မာတရားကို ငြင်းဆန်ရုံတင်မဟုတ်ဘူး။ အချက်အလက်တွေကို ပုံဖျက်နေပြီး လက်တွေ့အရှိတရားကို မှားပြီးဖော်ပြနေတာပဲ။ ဒါက အတိုက်အခံလုပ်ပြီး သောင်းကျန်းနေတာပဲ။ ဒါဟာ အပြုသဘောဆောင်တာတွေကို ပုတ်ခတ်စော်ကားတာပဲ။ ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနေတာပဲ။ ကျွန်မ တွေးလေလေ၊ ကြောက်လာလေလေပဲ။ သူ့ စိတ်သဘောထားက ကြမ်းတမ်းတယ်၊ သူက မဆင်ခြင်ဘဲ၊ နောင်တမရဘဲ ဆက်လုပ်နေရင် လူတွေကို ရှင်းလင်းခြင်းနဲ့ပတ်သက်တဲ့ အသင်းတော်စည်းမျဉ်းတွေနဲ့အညီ အထုတ်ခံရမှာပဲလို့ ခံစားမိတယ်။ ကျွန်မ စဉ်းစားတာပေါ့။ သူ့ရဲ့ လက်ရှိအခြေအနေနဲ့ သူ ကျွန်မကို ပြောတာတွေကို ခေါင်းဆောင်ကို ပြောသင့်လား၊ မပြောသင့်ဘူးလားပေါ့။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်။ “ခေါင်းဆောင်က သူ့အခြေအနေအကြောင်းကို သိသွားပြီး ခေါင်းဆောင်အနေနဲ့ သူ့အပြုအမူကို တွဲကြည့်ပြီးတော့ သမ္မာတရားကို လုံးဝ လက်မခံတဲ့ မကောင်းမှုပြုသူတစ်ယောက်လို့ ဆုံးဖြတ်လိုက်ရင် သူက အသင်းတော်ကနေ ဖယ်ထုတ်ပစ်ခံရမှာလား” ပေါ့။ ဒါတွေကို စဉ်းစားမိတော့ ကျွန်မ တော်တော်နေရခက်တယ်။ ဒါက တကယ်ကို ကျွန်မ မြင်ချင်တဲ့ ရလဒ်မျိုးမဟုတ်ဘူး။ ကျွန်မတို့အတူရှိခဲ့တဲ့ အချိန်လေးတွေ၊ သူက ကျွန်မအပေါ် ဘယ်လောက်ကောင်းခဲ့တာတွေ၊ ကျွန်မ သူ့ကို ထပ်ပြီးကူညီနှစ်သိမ့်ပေးဖို့ ကြိုးစားသင့်တယ်ဆိုတာတွေကိုလည်း စဉ်းစားမိတယ်။ သူ ကျွန်မကို ယုံကြည်ပြီးပြောခဲ့တာတွေအကုန်လုံးကို ကျွန်မက ခေါင်းဆောင်ဆီ တိုင်လိုက်တာကို သူ သိရင် သူ တော်တော် ခံစားရမှာပဲ။ သူက ကျွန်မကို ယုံလို့ ဒါတွေကို အရမ်း ပွင့်ပွင့်လင်းလင်း ပြောခဲ့တာ။ သူ့ကို ခေါင်းဆောင်ဆီတိုင်လိုက်ရင် ကျွန်မက တကယ်ကို အကြင်နာတရားမရှိဖြစ်မှာပဲ ပေါ့။ ကျွန်မ ခေါင်းထဲမှာ ဒါကို အပြန်အလှန်စဉ်းစားပြီး ဘာကိုမှ မပြောနိုင်ဘူး။ ဒီလိုလုပ်တာက ကျွန်မ သူငယ်ချင်းကို သစ္စာဖောက်တာဖြစ်မှာပဲ၊ ကျိုးကြောင်းမသင့်တာတောင် ဖြစ်မှာပဲဆိုပြီး ဆက်တိုက် စဉ်းစားနေမိတယ်။ အဲဒါနဲ့ သူ့ပြဿနာကို တခြားဘယ်သူနဲ့မှ မပြောခဲ့ဘူး။ ကျွန်မ အချိန်ရတဲ့အခါတိုင်းမှာ သူ့အခြေအနေသိရဖို့ သူ့ဆီ မက်ဆေ့ချ်ပို့တယ်။ ဒါမှမဟုတ် ဘုရားနှုတ်ကပတ်တော်တချို့ ပို့တယ်။ တတ်နိုင်သမျှ အမြန်ဆုံး သူ့ရဲ့ မမှန်ကန်တဲ့ အခြေအနေကို ပြုပြင်ပြီး သူ့တာဝန်ကို ကောင်းကောင်းထမ်းဆောင်နိုင်ဖို့ ကျွန်မ မျှော်လင့်မိတယ်။ ကျွန်မက ကျွန်မတို့ ဆက်ဆံရေးကို ကာကွယ်နေပေမဲ့ နေလို့မကောင်းဘူး။ သူ့ပြဿနာတွေက တော်တော်ဆိုးတာကို ကျွန်မ သိတာတောင် ဘာမှမပြောခဲ့ဘူး။ ကျွန်မက သူ့ကို ကာကွယ်ပေးနေတာမဟုတ်ဘူးလား။ ကျွန်မ စိတ်ထဲမှာ အကုန်ရှုပ်ထွေးနေတာပေါ့။ ဘာမှမပြောတော့ ကျွန်မ လိပ်ပြာမလုံဖြစ်နေတယ်။ ဒါပေမဲ့ ထုတ်ပြောလိုက်ရင် ရူသီကို စိတ်ပျက်အောင်လုပ်မိမှာပဲလို့ ခံစားမိတယ်။ ဒီကိစ္စတစ်ခုလုံးကြောင့် ကျွန်မ တော်တော်စိတ်ရှုပ်နေပြီးတော့ ဘာလုပ်ရမှန်းမသိဘူး။ အဲဒါနဲ ဘုရားကို ဆုတောင်းတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မကို လမ်းပြပေးပြီး ဘုရားအလိုတော်ကို နားလည်ပြီး လက်တွေ့လုပ်ဖို့ လမ်းကြောင်းရှာတွေ့ခွင့်ပေးဖို့ ဆုတောင်းလိုက်တယ်။

တစ်နေ့တော့ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်တယ်။ “မည်သည့်အရာသည် ကောင်းသောအပြုအမူဖြစ်သည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး သင်၏ စိတ်သဘောထားကို ပြောင်းလဲခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်သည်တို့ကို ပိုင်းခြားသိမြင်ရန် သင်တို့ သင်ယူရမည်။ သင်၏ စိတ်သဘောထားကို ပြောင်းလဲခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားနှုတ်ကပတ်တော်များကို နားထောင်ခြင်း၊ ဘုရားသခင်ကို နာခံခြင်း၊ ဘုရားနှုတ်ကပတ်တော်အတိုင်း အသက်ရှင်ခြင်းတို့ ပါဝင်သည်။ ဤသို့ဆိုလျှင် လူတစ်ယောက်သည် ဘုရားနှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်ပြီး အသက်ရှင်ရန် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဥပမာ အလွန်ရင်းနှီးသော သူငယ်ချင်းကောင်းနှစ်ဦး ရှိသည် ဆိုပါစို့။ ယခင်က ၎င်းတို့သည် အချင်းချင်း ကူညီကြသည်။ ခက်ခဲသောအချိန်များကို အတူတကွ ဖြတ်သန်းကြသည်။ တစ်ယောက်ကို တစ်ယောက် ကယ်တင်ရန် ၎င်းတို့၏ အသက်များကို စွန့်လွှတ်မည်ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သလော။ ဤသည်မှာ ညီရင်းအစ်ကိုတမျှ ရင်းနှီးမှုဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ်ထက် သူများကို ပိုတန်ဖိုးထားခြင်းဖြစ်သည်။ ဤသည်မှာ ကောင်းသောအပြုအမူဖြစ်သည်။ သို့သော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမဟုတ်ပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တောင်းဆိုမှုများနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သည်။ ဘုရားသခင်ကို နာခံပြီး ကျေနပ်စေခြင်းဖြစ်သည်။ ကောင်းသောအပြုအမူသည် ဇာတိပကတိ၏ ဆက်ဆံရေးများကို ဖြည့်ဆည်းခြင်း၊ စိတ်ခံစားချက်ဆိုင်ရာ သံယောဇဉ်များကို ထိန်းသိမ်းခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ညီရင်းအစ်ကိုတမျှ ရင်းနှီးမှု၊ ဆက်ဆံရေးများကို ကာကွယ်ခြင်း၊ တစ်ယောက်နှင့်တစ်ယောက် ကူညီခြင်း၊ သည်းခံခြင်း၊ ကျေနပ်စေခြင်းတို့အားလုံးသည် အတွင်းရေး၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စများဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် လုံးဝမသက်ဆိုင်ပေ။ ဤသို့ဆိုလျှင် ဘုရားသခင်က လူတို့အား အခြားလူများကို မည်သို့ဆက်ဆံရန် တောင်းဆိုသနည်း။ (ကျွန်ုပ်တို့ကို စည်းမျဉ်းများနှင့်အညီ အချင်းချင်းဆက်ဆံရန် ဘုရားသခင်က တောင်းဆိုသည်။ အခြားလူတစ်ယောက်က သမ္မာတရားစည်းမျဉ်းနှင့်မညီသည့် အမှားတစ်ခုခုလုပ်လျှင်၊ ကျွန်ုပ်တို့ကိုယ်တိုင်၏ မိခင်အရင်း၊ သို့မဟုတ် ဖခင်အရင်းဖြစ်လျှင်ပင် သူတို့ပြောသည်ကို နားထောင်၍မရပေ။ သမ္မာတရားစည်းမျဉ်းများကို ဖက်တွယ်ထားပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရမည်။) (ညီအစ်ကိုမောင်နှမများကို တစ်ယောက်နှင့်တစ်ယောက် ကူညီကြဖို့ ဘုရားသခင်က တောင်းဆိုသည်။ အခြားလူတစ်ယောက်က ပြဿနာတစ်ခုရှိသည်ကို ကျွန်ုပ်တို့မြင်လျှင် ထောက်ပြရမည်။ မိတ်သဟာယဖွဲ့ရမည်။ ဖြေရှင်းရန်အတွက် သမ္မာတရားစည်းမျဉ်းများကို အတူတကွရှာဖွေရမည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့်သာ ကျွန်ုပ်တို့က ၎င်းတို့ကို အမှန်တကယ် ကူညီနေခြင်းဖြစ်သည်။) လူတို့၏ ဆက်ဆံရေးက မည်သို့ဖြစ်စေ ဘုရားသခင်သည် အချင်းချင်းအပေါ် လူတို့၏ အပြုအမူကို သမ္မာတရားစည်းမျဉ်းများ၏ အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်စေလိုသည်။ ဤအခြေခံသဘောတရားများမှလွဲ၍ အဘယ်အရာကိုမျှ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် ထည့်တွက်၍ မရပေ။ ဥပမာအနေဖြင့် လူတစ်ဦးသည် အသင်းတော်အလုပ်ကို ထိခိုက်ကာ လူတိုင်း ဝေဖန်ထောက်ပြပြီး ကန့်ကွက်သည့် အရာတစ်ခုကို လုပ်မိသည်။ သူ့မိတ်ဆွေက ‘သူအမှားတစ်ခုပြုလုပ်ရုံနှင့် သူ့ကို သင် ဖော်ထုတ်ဖို့မလိုအပ်ပေ။ ကျွန်ုပ်သည် သူ၏မိတ်ဆွေဖြစ်သည်။ ဦးစွာ ကျွန်ုပ် သူ့အပေါ် နားလည်ရမည်၊ သူ့အပေါ် ကျွန်ုပ် သည်းခံပြီး ကူညီရမည်။ သင်တို့လုပ်သကဲ့သို့ ကျွန်ုပ် သူ့အား ဝေဖန်ထောက်ပြ၍ မရပေ။ သူ့ကို ကျွန်ုပ် နှစ်သိမ့်ရမည်၊ မနာကျင်စေဘဲ ထိုအမှားသည် အရေးမကြီးဟု ကျွန်ုပ် သူ့အား ပြောမည်ဖြစ်သည်။ သင်တို့ထဲမှ တစ်ဦးတစ်လေသည် သူ့အားဝေဖန်ထောက်ပြပြီး ထပ်၍ အခက်အခဲဖြစ်စေလျှင်၊ သင်တို့ ကျွန်ုပ်နှင့် ရင်ဆိုင်ရမည်။ သင်တို့ထဲမှ တစ်ဦးမျှ ကျွန်ုပ်ထက်ပို၍ သူနှင့် မရင်းနှီးပေ။ ကျွန်ုပ်တို့သည် ရင်းနှီးသော မိတ်ဆွေများဖြစ်ကြသည်။ မိတ်ဆွေတို့သည် တစ်ဦးကိုတစ်ဦး စောင့်ရှောက်ကြသည်၊ ပြီးလျှင် လိုအပ်လျှင် သူ့အတွက် ကျွန်ုပ် ရပ်တည်ပေးမည်’ဟု ပြောသည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သလော။ (မဟုတ်ပေ၊ ဤသည်မှာ အသက်ရှင်ခြင်းအတွက် အတွေးအမြင်တစ်ခုဖြစ်ပါသည်။) ဤလူ၏ စိတ်နေစိတ်ထားသည် နောက်ထပ်အယူအဆဆိုင်ရာ အခြေခံအုတ်မြစ်ပေါ်တွင်လည်း အခြေခံနေသည်။ ၎င်းတို့က ‘ကျွန်ုပ်၏ မိတ်ဆွေသည် ကျွန်ုပ်ဘဝ၌ အခက်ခဲဆုံး၊ အနာကျင်ဆုံးအချိန်အတောအတွင်းတွင် ကျွန်ုပ်ကို ကူညီခဲ့သည်။ အခြားလူတိုင်းက ကျွန်ုပ်ကို စွန့်ပစ်ခဲ့ကြပြီး သူသာ ကျွန်ုပ်ကို စောင့်ရှောက်ပြီး ကူညီခဲ့သည်။ ယခုသူ ဒုက္ခရောက်နေပြီး သူ့ကိုကူညီဖို့မှာ ကျွန်ုပ်အလှည့်ဖြစ်သည်— ဤသည်မှာ အသိစိတ်ရှိခြင်းနှင့် လူ့သဘာဝရှိခြင်း ဟူသည့် အဓိပ္ပာယ်ပင်ဖြစ်သည်ဟု ကျွန်ုပ်ခံစားရသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ ဤအသိစိတ်ပမာဏ သေးသေးလေးမျှပင် မရှိပါက သင့်ကိုယ်သင် အဘယ်သို့လျှင် လူသားဟု ခေါ်နိုင်သနည်း။ ယင်းမှာ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့ကို အနှစ်မဲ့သောစကားများ မဖြစ်စေသလော’ ဟု ယုံကြည်ကြသည်။ ဤစကားများသည် မှန်သည့်အလားထင်ရသည်။ လူအများစုက ၎င်းတို့ကို အရှိအတိုင်းမသိနိုင်ကြပေ— ယင်းတို့ကိုပြောသည့်သူ၊ သူ၏လုပ်ရပ်များသည် သမ္မာတရားမှ ထွက်ပေါ်လာသည်ဟု ထင်မှတ်သည့်သူပင် မသိနိုင်ပေ။ သို့ရာတွင် သူ၏လုပ်ရပ်များသည် မှန်ကန်သလော။ စင်စစ်အားဖြင့် မမှန်ကန်ချေ။ သေချာကြည့်လော့၊ ပြီးလျှင် သူပြောသည့် စကားတိုင်းသည် လူ့ကျင့်ဝတ်၊ အကျင့်စာရိတ္တဆိုင်ရာရှုထောင့်နှင့် အသိစိတ်တို့မှ ပေါက်ဖွားလာသည်။ လူသား၏ လူ့ကျင့်ဝတ်အတိုင်းအတာအရ၊ ဤလူသည် တာဝန်သိပြီး စိတ်ထက်သန်သည်။ သူ၏မိတ်ဆွေအတွက် ဤကဲ့သို့ ရပ်တည်ပေးခြင်းသည် သူ့ကို လူကောင်းတစ်ဦးဖြစ်စေသည်။ သို့သော် ဤ‘လူကောင်း’၏ နောက်ကွယ်တွင် မည်သည့်စိတ်သဘောထားနှင့် အနှစ်သာရကွယ်ဝှက်နေသည်ကို သိကြသလော။ သူသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူမဟုတ်ပေ။ ရှေးဦးစွာ တစ်ခုခုဖြစ်ပျက်သောအခါတွင် သူသည် အခြေအနေကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ မကြည့်ရှုပေ။ ဘုရားနှုတ်ကပတ်တော်ထဲရှိ သမ္မာတရားကို မရှာဖွေပေ။ ထိုအစား မယုံကြည်သူများ၏ ကိုယ်ကျင့်တရား၊ ကျင့်ဝတ်နှင့် ဘဝနီတိများနှင့်အညီ အကြောင်းအရာကို ကြည့်ရှုရန် ရွေးချယ်သည်။ သူသည် စာတန်၏ မိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများကို သမ္မာတရားအဖြစ် မှတ်ယူပြီး ဘုရားနှုတ်ကပတ်တော်များကို ဘေးဖယ်ထားသည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် သူသည် သမ္မာတရားကို လှောင်ပြောင်နေပြီး ဘုရားနှုတ်ကပတ်တော်တွင် ပြောထားသည့်အရာကို လျစ်လျူရှုနေသည်။ ဤသည်မှာ သူသည် သမ္မာတရားကို မချစ်သည်ကို ပြသည်။ သူသည် သမ္မာတရားကို ဆိုးယုတ်သော ဘဝနီတိများ၊ အယူအဆများ၊ ကျင့်ဝတ်များ၊ လူ၏ ကိုယ်ကျင့်တရားတို့နှင့် အစားထိုးပြီး ဆိုးယုတ်သော အတွေးအခေါ်များနှင့်အညီ လုပ်ဆောင်သည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်ပြီး ဘုရားအလိုတော်ကို ကျေနပ်စေခြင်းဖြစ်သည်၊ ဖြောင့်မတ်သည့် ပြုမူလုပ်ဆောင်နည်းဖြစ်သည်ဟူ၍ပင် သူက ယုံကြည်မှုရှိရှိနှင့် ပြောဆိုသည်။ သူသည် သမ္မာတရားကို ချိုးဖောက်ရန် ဤဖြောင့်မတ်ခြင်းအယောင်ဆောင်မှုကို အသုံးပြုနေခြင်းသာမဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပြုအမူကောင်းဟူသည်မှာ မိမိ၏စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ဟု မဆိုလိုပေ) ဘုရားနှုတ်ကပတ်တော်က ကျွန်မ အခြေအနေကို အတိအကျ ဖွင့်ပြတယ်။ အရင်သုံးလေးရက်က ကျွန်မ အတွေးတွေကို ပြန်ဆင်ခြင်ကြည့်တယ်။ ရူသီက သမ္မာတရားကို လက်မခံဘူး၊ အပျက်သဘောနဲ့ မုသားတွေကို ခိုးကြောင်ခိုးဝှက်နဲ့ ဖြန့်နေတယ်ဆိုတာ ကျွန်မ သိပေမဲ့ ကျွန်မက သူ့ကို ကာကွယ်ပေးပြီး မတိုင်ခဲ့ဘူး။ ဒါတွေအားလုံးက “ကိုယ့်သူငယ်ချင်းအတွက် ကိုယ့်ကိုယ်ကိုယ် အနစ်နာခံတယ်” ဆိုတာမျိုး ဆိုးယုတ်တဲ့ အယူအဆတွေရဲ့ လွှမ်းမိုးတာကို ခံရပြီး ကိုယ့်အပြုအမူမှာ ခင်တွယ်မှုနဲ့ သဒ္ဓါတရားကို ဦးစားပေးတာက လူ့ကျင့်ဝတ်နဲ့ညီတယ်လို့ ထင်တာကြောင့်ပဲ။ ကျွန်မက မယုံကြည်သူဖြစ်နေတုန်းက တီဗီတွေ၊ ဇာတ်လမ်းတွေမှာ သူငယ်ချင်းတွေအပေါ် လုံးဝ စိတ်နှစ်တဲ့ ဇာတ်ကောင်တွေအကုန်လုံးကို မြင်ပြီး အရမ်း လေးစားခဲ့တယ်။ ဒါက တည်ကြည်မှုဖြစ်ပြီးတော့ တကယ့်လူကောင်းတစ်ယောက်ဖြစ်ဖို့ နည်းလမ်းပဲလို့ ခံစားမိတယ်။ သူတို့တွေက ကျွန်မရဲ့ စံပြတွေဖြစ်ခဲ့တယ်။ ကျွန်မက သစ္စာရှိမှုနဲ့ ရဲဘော်ရဲဘက်ဆက်ဆံရေးကို တန်ဖိုးထားတဲ့သူဖြစ်မယ်၊ သူများတွေက ကျွန်မအပေါ် ကြင်နာရင် သူတို့ကို ကျွန်မက နှစ်ဆပြန်ပေးဆပ်ရမယ်၊ သူတို့စိတ်ပျက်စေမယ့်အရာတစ်ခုကိုမှ လုံးဝ လုပ်လို့မဖြစ်ဘူး မဟုတ်ရင် ကျွန်မက ကျိုးကြောင်းမသင့်ဖြစ်ပြီး အထင်သေးခံရမယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြောခဲ့တယ်။ ယုံကြည်သူဖြစ်လာပြီးတဲ့နောက်မှာ ဒီလိုအတွေးမျိုးတွေက ကျွန်မဆီမှာ ကျန်နေတာပေါ့။ တစ်ယောက်ယောက်က ကျွန်မအပေါ် ကောင်းတယ်၊ တစ်ခုခုကို ဂရုစိုက်ပေးတယ်ဆိုရင် ကျွန်မက စိတ်ထဲမှာ ထားထားတယ်။ ဘာအခက်အခဲ၊ ပြဿနာကိုပဲ သူကြုံရပါစေ ကျွန်မက သူ့ကို အမြဲတမ်း ကူညီတယ်။ ကျွန်မတို့ ဆက်ဆံရေးကို ထိခိုက်ဖို့ ဘာကိုမှ လုံးဝ မလုပ်ဘူး။ ကျွန်မက ဒီ “ကိုယ်ကျင့်တရား” ဆိုတာတွေ ချည်နှောင်တာ ခံထားရတာကြောင့်ပေါ့။ ရူသီက ပြဿနာတွေရှိတယ်၊ သူ့ကို တိုင်ပြီးတော့ စည်းမျဉ်းတွေကို ထိန်းသိမ်းသင့်တယ်ဆိုတာ ကျွန်မ သိပေမဲ့ သမ္မာတရားကို လက်တွေ့လုပ်ဖို့ ခြေလှမ်းကို မလှမ်းနိုင်ဘူး ဖြစ်နေတယ်။ သူက ကျွန်မကို ယုံယုံကြည်ကြည်နဲ့ ပြောခဲ့တာကို ကျွန်မက ထုတ်ပြောလိုက်ရင် သူ တော်တော်စိတ်ပျက်သွားမှာပဲလို့ ကျွန်မ တွေးနေမိတယ်။ ဒီဆိုးယုတ်တဲ့ အတွေးအခေါ်တွေက ကျွန်မကို ထိန်းချုပ်ထားတယ်။ အမှန်နဲ့ အမှားကို မခွဲခြားနိုင်အောင်လုပ်တယ်။ စည်းမျဉ်းနဲ့လုံးဝ မညီအောင်လုပ်တယ်။ ကျွန်မ ဆင်ခြင်ကြည့်လေလေ၊ ကျွန်မက တကယ်ကို ဘယ်လောက်မိုက်မဲပြီး ရှုပ်ထွေးနေလဲဆိုတာ မြင်လေလေပဲ။ ဘုရားကို ကျွန်မ ယုံကြည်ပြီး ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပေမဲ့ ကျွန်မမှာ ကိစ္စတွေဖြစ်တဲ့အခါမှာ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေကို အားကိုးနေတုန်းပဲ။ ကျွန်မက တကယ်ကို သနားစရာကောင်းတယ်ဆိုတာ၊ သမ္မာတရားရဲ့ စစ်မှန်မှု တစ်ခုမှ မရှိဘူးဆိုတာ နောက်ဆုံးမှာ ကျွန်မ မြင်သွားတယ်။

ကျွန်မ ဘုရားနှုတ်ကပတ်တော်ကို ဆက်ဖတ်တယ်။ “သမ္မာတရားကို မချစ်သောသူများ၏ အထဲတွင် ကောင်းမြတ်ခြင်း မည်သို့ရှိနိုင်မည်နည်း။ ဇာတိပကတိကိုသာ ချစ်သောသူများ၏အထဲတွင် ဖြောင့်မတ်ခြင်း မည်သို့ရှိနိုင်မည်နည်း။ ဖြောင့်မတ်ခြင်းနှင့် ကောင်းခြင်းတို့ကို သမ္မာတရားထံ ရည်ညွှန်းခြင်းအားဖြင့်သာ ပြောကြသည် မဟုတ်လော။ ယင်းတို့ကို ဘုရားသခင်အား စိတ်နှလုံးအကြွင်းမဲ့ ချစ်သောသူများအတွက် သီးသန့်ထားသည် မဟုတ်လော။ သမ္မာတရားကို မချစ်သောသူနှင့် ပုပ်ပျက်သော အလောင်းကောင်များသာ ဖြစ်သောသူ- ဤလူများအားလုံးတို့သည် ဆိုးယုတ်ခြင်းကို လက်သင့်ခံထားကြသည် မဟုတ်လော။ သမ္မာတရားဖြင့် အသက်ရှင် မနေထိုင်နိုင်သောသူများ အားလုံးသည် သမ္မာတရား၏ ရန်သူများဖြစ်ကြသည် မဟုတ်လော။ ထိုသို့ဆိုပါက သင်တို့ရော အဘယ်သို့ရှိသနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်စေခြင်းခံရပြီးသူများသာလျှင် အဓိပ္ပာယ်ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည်)သင်သည် သင်၏ဆွေမျိုးများ၊ မိတ်ဆွေများ၊ ဇနီး (သို့မဟုတ် ခင်ပွန်း)၊ သားသမီးများနှင့် မိဘများအပေါ် အထူး ဖော်ရွေရင်းနှီး၍ အစဉ်သစ္စာရှိပြီး၊ သူတစ်ပါးအပေါ် မည်သည့်အခါမျှ အခွင့်အရေးမယူခြင်းတို့ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အကယ်၍ သင်သည် ခရစ်တော်နှင့် သဟဇာတမဖြစ်ပါက၊ သင်သည် သူနှင့် လိုက်လျောညီထွေစွာ အပြန်အလှန်မတုံ့လှယ်နိုင်ပါက၊ သင်သည် သင်၏အိမ်နီးချင်းများ သက်သာရာရစေရန် မိမိပိုင်ဆိုင်သမျှကို သုံးစွဲခြင်း သို့မဟုတ် သင့်အဖ၊ အမိနှင့် အိမ်သူအိမ်သားများကို စေ့စပ်စွာစောင့်ရှောက်ခြင်းတို့ ပြုလုပ်ပေးလျှင်ပင် သင်သည် ဆိုးယုတ်သည့်အပြင် ကောက်ကျစ်စဉ်းလဲသောလှည့်စားမှုနှင့် ပြည့်နေသေးသောသူဟု ငါဆိုမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်) တကယ့်ဖြောင့်မတ်ခြင်းနဲ့ ကောင်းခြင်းက ဘယ်သူ့အပေါ်မှ သစ္စာရှိခြင်းမဟုတ်ဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်ဖတ်ပြီး ကျွန်မ နားလည်သွားတယ်။ သူငယ်ချင်းအပေါ်၊ မိသားစုဝင်အပေါ် ဘယ်လောက်ပဲ အခင်အမင်မပျက်ပါစေ၊ သစ္စာရှိပါစေ ဒါမှမဟုတ် သူများတွေက ကိုယ့်ကို ဘယ်လောက်ပဲ ကောင်းတယ်လို့ပြောပါစေ၊ လူ့အဖွဲ့အစည်းက ချီးမွမ်းနေပါစေ ဖြောင့်မတ်တယ်၊ ကောင်းတယ်လို့ မပြောနိုင်ဘူး။ တကယ့်ဖြောင့်မတ်ခြင်းနဲ့ ကောင်းခြင်းက သမ္မာတရားကို ရည်ညွှန်းပြီးတော့ပဲ ပြောတယ်။ ဒါတွေက သမ္မာတရားနဲ့ ညီတဲ့အရာတွေပဲ။ ကိုယ့်အပေါ်မှာ ကိစ္စတွေဖြစ်တဲ့အခါ သမ္မာတရားကို လက်တွေ့လုပ်ဖို့ အရည်အချင်း၊ ဘုရားနှုတ်ကပတ်တော်နဲ့အညီ လုပ်တာ စည်းမျဉ်းတွေကို ထိန်းသိမ်းပြီး ခံစားချက်တွေကို ဘေးဖယ်တာ၊ အသင်းတော်အလုပ်ကို ကာကွယ်တာက ဖြောင့်မတ်ခြင်းနဲ့ သမ္မာတရားကို ချစ်ခြင်းကို ဖော်ပြတာဖြစ်ပြီး ဘုရားရဲ့ လက်ခံမှုကို ရရှိလိမ့်မယ်။ ကျမ်းစာထဲမှာ အရေးပါတဲ့အချိန်မှာ လောတက သတင်းစကားပေးသူနှစ်ယောက်ရဲ့ လုံခြုံရေးအတွက် သူ့ သမီးနှစ်ယောက်နဲ့ လဲလှယ်ခဲ့ပြီး ဒီအပြုအမူကို ဘုရားသခင်က ဖြောင့်မတ်တယ်လို့ မှတ်ယူတာကို ကျွန်မ တွေးမိတယ်။ ဘုရားသခင်ရဲ့ စေခိုင်းချက်ကို လက်ခံရရှိပြီး နောဧက သင်္ဘောကြီးကို ဆောက်ဖို့ နှစ် ၁၀၀ ကျော်အချိန်ကုန်ခဲ့ပြီး အဲဒီအချိန်မှာ သူက ဒုက္ခတွေ၊ အသေရဖျက်တာတွေ၊ ဝေဖန်အပြစ်တင်တာတွေ အများကြီး ကြုံတွေ့ရတာတောင် ဘုရားနှုတ်ကပတ်တော်ကို အလေးထားပြီး ဘုရားရဲ့ စေခိုင်းချက်ကို ပြီးအောင်လုပ်နိုင်သေးတာကို ကျွန်မ တွေးမိတယ်။ ဒါ ဖြောင့်မတ်ခြင်းပဲ။ ဘုရားအလိုတော်ကို လုပ်ဆောင်ခြင်းအားဖြင့် ဘုရားနှုတ်ကပတ်တော်နဲ့အညီ အပြည့်အဝ လက်တွေ့လုပ်နိုင်တယ်၊ ဒုက္ခက ဘယ်လိုပဲ ဖြစ်ပါစေ၊ အသက်ကို စွန့်လွှတ်ရမယ်ဆိုရင်တောင် ဘုရားရဲ့ စေခိုင်းချက်ကို ပြီးအောင်လုပ်ပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကို ကာကွယ်နိုင်သေးတယ်ဆိုတာ ကျွန်မ နားလည်သွားတယ်။ ဒါကိုပဲ ဖြောင့်မတ်ခြင်းနဲ့ ကောင်းခြင်းလို့ ခေါ်နိုင်တာပါ။ သူများတွေနဲ့ ကျွန်မ ဆက်ဆံရေးနဲ့ ခင်တွယ်မှုတွေကို ကျွန်မ အမြဲတမ်း ကာကွယ်ခဲ့တယ်။ ရူသီက အပျက်သဘောနဲ့ မုသားတွေကို တိတ်တိတ်လေး ဖြန့်နေတယ်ဆိုတာ ကျွန်မ သိတာတောင် သူ့ကို မတိုင်ခဲ့ဘူး။ အသင်းတော်အလုပ် ထိခိုက်တာတောင်မှ ကျွန်မက သူ့အပေါ်ခင်တွယ်မှုကို ဦးစားပေးပြီး သူ့ကို ကာပေးခဲ့တယ် ကျွန်မ ခံစားချက်တွေကို ရှေ့တန်းတင်ပြီး သမ္မာတရားကို ချိုးဖောက်ခဲ့တယ်။ ဒါက ဘယ်လိုပုံစံနဲ့ ဖြောင့်မတ်ပြီး ကောင်းနေတာလဲ။ အခြေခံအားဖြင့် ကျွန်မက ဘုရားသခင်ကို အာခံနေပြီး ဘုရားရှုတ်ချတာကို ခံခဲ့ရတယ်။ ဒီလို တွေးမိပြီး ကျွန်မပြဿနာက အရေးကြီးတာကို သတိထားမိလိုက်တယ်။ ကျွန်မ စိတ်နှလုံးက ကြောက်ရွံ့မှုတွေ လွှမ်းမိုးသွားတယ်။ စိတ်ခံစားချက်ကို အခြေခံပြီး ဆက်လုပ်နေလို့ မဖြစ်တော့ဘူး။ သမ္မာတရားနဲ့ စည်းမျဉ်းတွေကို လိုက်နာပြီး ရူသီကို တိုင်ရမယ်။ အဲဒါနဲ့ ရူသီရဲ့ ပြဿနာကို အဖြစ်မှန်အတိုင်း ရေးပြီး ခေါင်းဆောင်ဆီ ပို့လိုက်တယ်။

သိပ်မကြာခင်မှာပဲ ခေါင်းဆောင်က ကျွန်မကို ပြောတယ်။ “ရူသီရဲ့ ပြဿနာတွေက တော်တော်ဆိုးတယ်။ သူအထုတ်ခံရပြီးကတည်းက သူက ဘာဆင်ခြင်သုံးသပ်မှုမှ မလုပ်ဘူး။ မနာခံတာ၊ မခံနိုင်တာတွေ ဆက်ဖြစ်တယ်။ အယူအဆတွေ၊ အပျက်သဘောတွေကို ဆက်ဖြန့်တယ်။ အပြုသဘောဆောင်ပြီး မနေဘူး။ သူ့ပြဿနာတွေကို ထပ်ပြီး ဖော်ထုတ်ရမယ်။ ဒီပြဿနာတွေက အရေးကြီးတာကို သူ သဘောမပေါက်ရင် အပျက်သဘောတွေ ဆက်ဖြန့်ပြီး အသင်းတော်အသက်တာကို တော်တော် နှောင့်ယှက်နိုင်တယ်” တဲ့။ ခေါင်းဆောင်က ကျွန်မကို ဒီကိစ္စမှာ ဝင်ပါဖို့လည်း ပြောတယ်။ ကျွန်မ ရုတ်တရက်ကြီး စိတ်လှုပ်ရှားသွားပြီး စိတ်ရှုပ်ထွေးလာပြန်တယ်။ “ရူသီရဲ့ ပြဿနာတွေကို ဖော်ထုတ်ဖို့ ဒီမိတ်သဟာယကို လူတွေအများကြီးရှေ့မှာ လုပ်မယ်ဆိုရင် သူက ငါ့ကို ဘယ်လိုထင်မလဲ။ ငါ့ကို မုန်းမှာလား။ စိတ်နာမှာလား။ ငါက သူစကားပြောလို့မရတဲ့သူတစ်ယောက်လို့ထင်ပြီး ငါ့ကို လျစ်လျူရှုမှာလား” ပေါ့။ သူ ဖော်ထုတ်ခံရတဲ့ မြင်ကွင်းကို ကျွန်မ မြင်ယောင်မကြည့်ရဲဘူး။ ထွက်ပဲ ပြေးလိုက်ချင်တယ်။ ခေါင်းဆောင်က ကျွန်မ တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေတာကို မြင်ပြီး ပြောတယ်။ “အစ်မက သက်သောင့်သက်သာမရှိဘူးဆိုရင် မတက်လို့ ရပါတယ်။ စဉ်းစားကြည့်ကြည့်ပေါ့” တဲ့။ ကျွန်မ ဘာမှမပြောခဲ့လိုက်ဘူး။ အဲဒီနောက်တော့ တော်တော်စိတ်မအေးနိုင်ဖြစ်ပြီး တွေးမိတယ်။ “ငါ ဘာလို့ ရူသီကို ရင်ဆိုင်ရမှာကို အရမ်းကြောက်နေတာလဲ။ သူ့ကို ဖော်ထုတ်ဖို့ ဘာလို့ သတ္တိမရှိတာလဲ။ ငါက စိတ်ခံစားချက်တွေနဲ့ အသက်ရှင်နေပြီး ငါ့ဆက်ဆံရေးတွေကို ကာကွယ်နေချင်တုန်းပဲ” ပေါ့။ ဒါကို သဘောပေါက်ပြီး ကျွန်မ အရမ်းအပြစ်ရှိသလိုခံစားရပြီး ဘုရားကို ဆုတောင်းလိုက်တယ်။ “ဘုရားသခင် သမီးကို ကူညီတော်မူပါ။ စာတန်ရဲ့ မှောင်မိုက်လွှမ်းမိုးမှုကနေ လွတ်မြောက်နိုင်အောင် အစွမ်းသတိတပေးတော်မူပါ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ချင်ပါတယ်” ဆိုပြီးတော့။

ဆုတောင်းပြီးတော့ ကျွန်မ အခြေအနေနဲ့ ဆက်စပ်တဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ဖတ်တယ်။ “သမ္မာတရားသည် သင့်တွင် အသက်ဖြစ်လာပြီးသည်နှင့် သင်သည် ဘုရားသခင်အပေါ် ပြစ်မှားစော်ကားသော၊ ဘုရားသခင်အား မကြောက်ရွံ့သော၊ မိမိ၏တာဝန်ထမ်းဆောင်ရာတွင် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုသော၊ သို့မဟုတ် အသင်းတော်အလုပ်ကို ကြားဝင်စွက်ဖက်သောသူကို သတိပြုမိသောအခါ သင်သည် သမ္မာတရားစည်းမျဉ်းနှင့်အညီ တုံ့ပြန်လိမ့်မည်။ ထိုသူအား လိုအပ်သလို ခွဲခြားပြီး ဖော်ထုတ်နိုင်လိမ့်မည်။ သမ္မာတရားသည် သင်၏ အသက် ဖြစ်မလာသေးသကဲ့သို့ သင်သည် သင်၏ စာတန်ဆန်သော စိတ်သဘောထားအတွင်းတွင် အသက်ရှင်ဆဲဖြစ်ပါက၊ အသင်းတော်အလုပ်ကို တုံ့ဆိုင်းမှုနှင့် အနှောင့်အယှက်များ ဖြစ်စေသည့် ဆိုးယုတ်သော လူများနှင့် နတ်ဆိုးများကို သင် ရှာဖွေတွေ့ရှိသည့်အခါ၊ သင်သည်မသိကျိုးကျွန်ပြုလိမ့်မည်ဖြစ်ပြီး ဂရုစိုက်လိမ့်မည်မဟုတ်။ လိပ်ပြာလုံစွာဖြင့် ယင်းတို့ကို သင် ဘေးဖယ်ထားလိုက်လိမ့်မည်ဖြစ်သည်။ အသင်းတော်အလုပ်ကို အနှောင့်အယှက်ဖြစ်စေနေသည့် သူတစ်ဦးမျှ သင်နှင့် မည်သည့်ပတ်သက်မှုမျှ မရှိဟုပင် သင် တွေးလိမ့်မည်။ အသင်းတော်၏အလုပ်နှင့် ဘုရားအိမ်တော်၏အကျိုးစီးပွားတို့ မည်မျှ ထိခိုက်ပါစေ၊ သင် ဂရုမစိုက်၊ ကြားဝင်စွက်ဖက်ခြင်း မရှိပေ၊ သို့မဟုတ် အပြစ်ရှိသည်ဟု မခံစားရပေ— ယင်းက သင့်အား အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရား မရှိသူတစ်ဦး၊ မယုံကြည်သူတစ်ဦး၊ အစေခံသူတစ်ဦး ဖြစ်စေသည်။ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်သည့်အရာကို စားကာ၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် အရာကို သောက်ပြီး ဘုရားသခင်ထံမှ လာသည့်အရာများအားလုံးကို မွေ့လျော်သော်လည်း ဘုရားအိမ်တော်၏ အကျိုးစီးပွားအပေါ် မည်သည့်ထိခိုက်ခြင်းကမျှ သင်နှင့်ဆက်နွှယ်ခြင်း မရှိဟု ခံစားရသည်— ယင်းက သင့်အား ကျွေးသောလက်ကို ကိုက်သည့် သစ္စာဖောက်တစ်ဦး ဖြစ်စေသည်။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်ပါက၊ သင်သည် လူပင် ဟုတ်ပါ၏လော။ ယင်းက အသင်းတော်ထဲသို့ အယုံသွင်း၍ ချဉ်းကပ်လာသည့် နတ်ဆိုးတစ်ကောင်ဖြစ်သည်။ သင်သည် ဘုရားသခင်၌ ယုံကြည်မှုရှိဟန်ဆောင်သည်၊ ရွေးချယ်ခံထားရသူ တစ်ဦးအဖြစ် ဟန်ဆောင်ပြီး ဘုရားသခင်၏ အိမ်တော်၌ ကပ်ပါးရပ်ပါး လုပ်လိုသည်။ သင်သည် လူသားတစ်ဦး၏ ဘဝကို ရှင်သန်မနေဘဲ၊ ရှင်းလင်းစွာပင် မယုံကြည်သူများထဲမှ တစ်ဦးဖြစ်သည်။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတစ်ဦးဖြစ်လျှင်၊ သင် သမ္မာတရားနှင့် အသက် မရရှိသေးလျှင်ပင်၊ အနည်းဆုံးအနေဖြင့် သင်သည် ဘုရားသခင်၏ဘက်မှ စကားပြောကာ ပြုမူလိမ့်မည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ထိခိုက်နေသည်ကို သင်မြင်သည့်အခါ၊ အနည်းဆုံးအနေဖြင့် သင်သည် အကြောင်းမဲ့သက်သက် ရပ်နေမည် မဟုတ်ပေ။ သင် မသိကျိုးကျွန်ပြုလိုသည့်ဆန္ဒရှိသည့်အခါတွင်၊ သင်သည် အပြစ်ရှိသည်ဟု ခံစားရမည် ဖြစ်ပြီး၊ အနေရခက်လိမ့်မည်၊ ပြီးလျှင် ‘ဘုရားသခင့်အိမ်တော်၏ အကျိုးစီးပွားများ မထိခိုက်စေရန်နှင့် အသင်းတော်အသက်တာ အနှောင့်အယှက် မဖြစ်စေဖို့အလို့ငှာ၊ ငါ ဤနေရာတွင် ထိုင်ပြီး မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ နေ၍မရချေ၊ ငါ ထရပ်ပြီး တစ်စုံတစ်ခု ပြောရမည်၊ ငါတာဝန်ယူရမည်။ ဤဆိုးယုတ်သော အပြုအမူကို ငါ ထုတ်ဖော်ရမည်၊ ငါ တားရမည်’ ဟု သင့်ကိုယ်သင် ပြောလိမ့်မည်။ သမ္မာတရားက သင်၏ အသက်ဖြစ်လာလျှင်၊ သင်၌ ဤသတ္တိနှင့် သန္နိဋ္ဌာန် ရှိပြီး ကိစ္စရပ်ကို လုံးဝ သိနားလည်နိုင်စွမ်း ရှိလိမ့်မည်သာမက၊ ဘုရားသခင်၏အမှုနှင့် သူ၏အိမ်တော် အကျိုးစီးပွားများအတွက် ယူသင့်သည့် တာဝန်ကိုလည်း သင် ဖြည့်ဆည်းလိမ့်မည် ဖြစ်ပြီး ထိုသို့ဖြင့် သင်၏ တာဝန်သည် ကျေပွန်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို အမှန်တကယ် နာခံသည့်သူများသာလျှင် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးရှိပေသည်)အသင်းတော်တွင်၊ ငါ့အတွက် သင်၏ သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်လော့၊ သမ္မာတရားကို ထိန်းသိမ်းလော့။ အမှန်သည် အမှန်၊ အမှားသည် အမှား ဖြစ်၏။ အဖြူနှင့် အမည်းကို ရောထွေးခြင်း မရှိနှင့်။ သင်သည် စာတန်နှင့် တိုက်ပွဲဖြစ်လိမ့်မည် ဖြစ်ပြီး ၎င်းကို အဘယ်သောအခါမျှ တစ်ဖန် မထကြွစေဖို့အလို့ငှာ အလျှင်း နှိမ်နင်းရမည်။ ငါ၏ သက်သေခံချက်ကို ကာကွယ်ရန်အတွက် သင်၌ ရှိသမျှအရာရာကို ပေးရမည်။ ဤအရာသည် သင်တို့ အပြုအမူများ၏ ရည်မှန်းချက် ပန်းတိုင်ဖြစ်ရလိမ့်မည်- ဤအရာကို မမေ့လျော့နှင့်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၄၁)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ စိတ်ထဲမှာ အရမ်းခံစားရပြီး အရမ်းရှက်မိတယ်။ ကျွန်မရဲ့ လတ်တလော အပြုအမူကို တွေးကြည့်တယ်။ ကျွန်မက ဘုရားသခင်ဖော်ထုတ်တဲ့သူမျိုးပဲ။ သစ္စာဖောက်တဘ်။ အသင်းတော်အလုပ်ကို မကာကွယ်ဘူး။ သမ္မာတရားကို စွန့်ပစ်တယ်။ ရူသီက အထုတ်ခံရပြီးတဲ့နောက်မှာ တကယ် မဆင်ခြင်ဘူး၊ နောင်တမရဘူးဆိုတာ သူ့ကို တိုင်ခဲ့တဲ့သူတွေကိုတောင် သူက မုန်းတယ်ဆိုတာကို ကျွန်မ သိတယ်။ သူက အယူအဆတွေ ဖြန့်နေတယ်။ အပျက်သဘောဆောင်ပြီး အတိုက်အခံဖြစ်တယ်ဆိုတာ ကျွန်မ သိတယ်။ သမ္မာတရားကို စိတ်ကုန်ပြီး မုန်းတီးတဲ့သဘာဝကို သူက ဖော်ထုတ်နေပြီ။ အနှစ်သာရမှာ သူက မကောင်းမှုပြုသူတစ်ယောက်ပဲ။ ဘုရားအလိုတော်ကို အလေးထားပြီး ဖြောင့်မတ်ခြင်းတစ်ခုခုရှိတဲ့သူက ဒီအပြုအမူမျိုးကို မြင်ရင် အသင်းတော်အလုပ်ကို ကာကွယ်ပြီး စာတန်ရဲ့လုပ်ရပ်တွေကို တားဆီးဖို့ ရပ်တည်မှာပဲ။ အသင်းတော်ရဲ့ အသက်တာနဲ့ အလုပ်ကို နှောင့်ယှက်ခွင့်ပေးမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မ ကိုယ်တွေ့သိထားတာတောင်မှ တွန့်ဆုတ်နေပြီး ချီတုံချတုံဖြစ်နေတယ်။ ရူသီကို မဖော်ထုတ်ရဲဘူး။ ကျွန်မတို့မှာရှိတဲ့ ခင်တွယ်မှုတွေထိခိုက်မှာကို ကြောက်တယ်။ ဒီအရေးကြီးတဲ့အချိန်မှာ အသင်းတော်အလုပ်ကို ထည့်မစဉ်းစားဘူး။ သမ္မာတရားကို မရှာဖွေဘူး။ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေကို ဆက်ပြီး အရေးစိုက်တယ်။ ချစ်ခြင်းနဲ့ ခင်တွယ်ခြင်းကို နတ်ဆိုးနဲ့အတူတွဲဖက်ပြီး ဦးစားပေးတယ်။ မကောင်းမှုပြုသူတစ်ယောက်ကို ကာကွယ်ပေးပြီး နတ်ဆိုးဘက်မှာ နေတယ်။ ကျွန်မရဲ့ ဒီအပြုအမူရဲ့ အနှစ်သာရက ဆိုးယုတ်ပါတယ်။ သမ္မာတရားရှေ့မှာ ကျွန်မရဲ့ လုပ်ရပ်အားလုံးက တကယ်ကို ပြစ်တင်ရှုချထိုက်ပါတယ်။ ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်လေလေ၊ ကျွန်မပြဿနာကို ရှင်းရှင်းလင်းလင်း မြင်ရလေလေပဲ။ ဘုရားသခင်က သူ့အိမ်ကို လာဖို့ ကျွန်မကို ရွေးချယ်ခဲ့တာ၊ ကျွန်မကို ဆက်တိုက်လမ်းပြပြီး အားဖြည့်ပေးခဲ့တာတွေကိုလည်း ကျွန်မ တွေးမိတယ်။ သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခံရဖို့ ဘုရားက ကျွန်မကို အခွင့်အရေးပေးခဲ့တယ်။ ဒါပေမဲ့ အရေးကြီးတဲ့အချိန်မှာ ကျွန်မက ဘုရားအလိုတော်ကို အလေးမထားဘဲ စာတန်ကို ကာကွယ်ဖို့ ရွေးချယ်ခဲ့တယ်။ ကျွန်မက ဘုရားကို အယုံသွင်းပြီးမှ လိမ်လည်ပြီး သစ္စာဖောက်နေတာပဲ။ ဘုရားကို တကယ်ကို စိတ်ပျက်စေခဲ့တယ်။ ကျွန်မ ခံစားချက်တွေကို ဦးစားပေးနေလို့၊ ကျွန်မ ဆက်ဆံရေးတွေကို ကာကွယ်ပေးနေလို့ မဖြစ်တော့ဘူး။ လူတွေစိတ်ဆိုးလည်း အရေးမကြီးပါဘူး။ သမ္မာတရားကို ချိုးဖောက်ပြီး ဘုရားကို ပုန်ကန်ပြစ်မှားတာက လုံးဝ လူ့သဘာဝကင်းမဲ့တာပဲ။ ဘုရားနှုတ်ကပတ်တော်က ပြောတာကို ကျွန်မ သတိရတယ်။ “လူတို့နှင့် သင်၏ ဆက်ဆံရေးသည် ဇာတိထဲ၌ မဟုတ်ဘဲ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအုတ်မြစ်ပေါ်တွင် တည်ထောင်ထားပေသည်။ ဇာတိကူးလူးဆက်ဆံမှု လုံးဝနီးပါးမရှိသော်လည်း စိတ်ဝိညာဉ်၌ မိတ်သဟာယဖွဲ့မှု၊ အပြန်အလှန်မေတ္တာ၊ အပြန်အလှန်နှစ်သိမ့်မှုနှင့် အချင်းချင်း ထောက်ပံ့ပေးမှုတို့ ရှိသည်။ ၎င်းတို့အလုံးစုံကို ဘုရားသခင်ကို ကျေနပ်စေသောစိတ်နှလုံးကို အခြေခံ၍ လုပ်ဆောင်ခြင်းဖြစ်၏။ ယင်းဆက်ဆံရေးများကို လူသား၏ အသက်ရှင်ရေးအတွက် သဘောတရားခံယူချက်ပေါ်တွင် အားထားခြင်းဖြင့် ထိန်းသိမ်းထားသည် မဟုတ်ဘဲ၊ ၎င်းတို့သည် ဘုရားသခင်အတွက် ဝန်ကိုထမ်းရင်း အလွန်သဘာဝကျစွာ ဖြစ်ထွန်းလာခြင်းဖြစ်သည်။ ၎င်းသည် လူလုပ်အားထုတ်မှုများ မလိုအပ်ပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အခြေခံစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ရန်သာ လိုအပ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏) အပြန်အလှန်ဆက်ဆံရေးတွေကို လောကီအတွေးအခေါ်တွေနဲ့မလုပ်သင့်ဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကြောင့် ကျွန်မ နားလည်သွားတယ်။ အဲဒီထက် လူတွေက ဘုရားနှုတ်ကပတ်တော်အတိုင်း အသက်ရှင်သင့်တယ်။ အသက်ဝင်ရောက်မှုအကြောင်းတွေကို နှစ်ဦးနှစ်ဖက် မိတ်သဟာယဖွဲ့ပြီး တစ်ယောက်နဲ့ တစ်ယောက် ကူညီ ပံ့ပိုးသင့်တယ်။ တခြားလူတွေက စည်းမျဉ်းတွေကို ချိုးဖောက်တဲ့အခါ၊ လမ်းမှားလျှောက်တဲ့အခါမှာ မိတ်သဟာယဖွဲ့တာ၊ ကူညီတာ၊ ကြီးကြပ်တာ၊ သတိပေးတာတွေ လုပ်နိုင်သင့်တယ်။ အသင်းတော်အလုပ်ကို နှောင့်ယှက်သူတွေကို ဖော်ထုတ်ပြီး တားဆီးနိုင်သင့်တယ်။ လူတွေက ဒီစည်းမျဉ်းတွေကို အခြေခံပြီး အပြန်အလှန်ဆက်ဆံသင့်တယ်။ ရူသီရဲ့ ပြဿနာတွေကို ရင်ဆိုင်ရတဲ့အခါ ကျွန်မက သူ့အပေါ် ကျွန်မခံစားချက်တွေနဲ့ သစ္စာရှိမှုကို ဦးစားပေးခဲ့တယ်။ ဒါက ဆင်ခြင်တုံတရားမရှိဘူး။ သမ္မာတရားနဲ့ မညီဘူး။ ဒါတွေက မယုံကြည်သူတစ်ယောက်ရဲ့ လုပ်ရပ်တွေပဲ။ ကျွန်မ စိတ်ရှုပ်ထွေးတာတွေ မဖြစ်တော့ဘဲ သမ္မာတရားကို လက်တွေ့လုပ်ဖို့ သတ္တိရှိခဲ့တယ်။

ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မ ဆက်ဖတ်တယ်။ “သူငယ်ချင်းတွေအတွက် ကိုယ့်ကိုယ်ကိုယ် အနစ်နာခံခြင်း” လိုမျိုး ရိုးရာယဉ်ကျေးမှု အယူအဆတွေရဲ့ ထိခိုက်မှုတွေကို ဖော်ထုတ်ထားတယ်။ ကျွန်မ စိတ်နှလုံးက တော်တော်ပိုပြီး လင်းလက်သွားတာပေါ့။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဤမျှညစ်ညမ်းသောမြေတွင် မွေးဖွားလာလျက်၊ လူသားသည် လူ့အဖွဲ့အစည်း၏ ပြင်းထန်စွာ ထိခိုက်ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးဖြစ်သည်၊ သူသည် ရှေးဆန်သော လူ့ကျင့်ဝတ်များ၏ လွှမ်းမိုးခြင်းခံရပြီးဖြစ်ကာ ‘အဆင့်မြင့် ပညာသင်ကျောင်းများ’ တွင် သင်ယူခဲ့ပြီးဖြစ်သည်။ ခေတ်နောက်ကျသော စဉ်းစားတွေးတောခြင်း၊ ဖောက်ပြန်ပျက်စီးသော အကျင့်စာရိတ္တ၊ ဘဝနှင့်ပတ်သက်သည့် နုံချာသော အမြင်ရှုထောင့်၊ အသက်ရှင်သန်ခြင်းအတွက် စက်ဆုပ်ဖွယ် အတွေးအခေါ်၊ လုံးဝဥဿုံ တန်ဖိုးမရှိသော တည်ရှိမှု၊ စာရိတ္တပျက်ပြားသော အသက်ရှင်နေထိုင်ပုံနှင့် ဓလေ့စရိုက်များ- ဤအရာများအားလုံးသည် လူ့စိတ်နှလုံး အတွင်းသို့ ပြင်းပြင်းထန်ထန် ကျူးကျော်ဝင်ရောက်ကာ လူသား၏ အသိစိတ်ကို ပြင်းထန်စွာ အားလျော့စေခဲ့၍ တိုက်ခိုက်ခဲ့သည်။ အကျိုးဆက်အနေဖြင့် လူသားသည် ဘုရားသခင်နှင့် ဝေးသည်ထက် ဝေးသွားသည့်အပြင် သူ့ကို ယခင်ကထက် ပိုမို ဆန့်ကျင်လာသည်။ လူ့စိတ်သဘောထားသည် တစ်နေ့ပြီးတစ်နေ့ ပိုမို ဆိုးယုတ်လာကာ ဘုရားသခင်အတွက် မည်သည့်အရာကိုမဆို လိုလိုလားလား စွန့်လွှတ်လိုသည့်သူနှင့် ဘုရားသခင်ကို လိုလိုလားလား နာခံလိုစိတ်ရှိသူ တစ်ဦးတလေမျှ မရှိသည့်အပြင် ဘုရားသခင်၏ ပေါ်ထွန်းမှုကို လိုလိုလားလား ရှာဖွေလိုသော ဆန္ဒရှိသူလည်း တစ်ဦးတလေမျှ မရှိပေ။ ထိုအစား လူသားသည် ရွှံ့မြေထဲ၌ ဇာတိပကတိ၏ ဖောက်ပြန်ပျက်စီးခြင်းထံ မိမိကိုယ်ကိုယ် လုံးလုံးပေးအပ်ထားလျက်၊ စာတန်၏ အုပ်စိုးမှုအောက်တွင် မည်သည့်အရာကိုမှ လုပ်ဆောင်ခြင်းမရှိဘဲ အပျော်အပါးကို လိုက်စားပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်)စာတန်သည် လူတို့ကို ရိုးရာယဉ်ကျေးမှု သို့မဟုတ် အယူသီးသော ပုဂ္ဂိုလ်များနှင့်သက်ဆိုင်သော နက်ရှိုင်းသည့် အထင်ကြီးမှုများ ကျန်ရစ်စေလျက် ရိုးရာပုံပြင်များစွာ သို့မဟုတ် သမိုင်းစာအုပ်များထဲတွင် မြင်ရသည့် ဇာတ်လမ်းများကို လုပ်ကြံဖန်တီး ထားလေသည်။ ဥပမာအားဖြင့်၊ တရုတ်ပြည်တွင် ‘ပင်လယ်ကို ဖြတ်သော မသေမျိုးရှစ်ဦး’၊ ‘အနောက်ဘက်သို့ ခရီး’၊ ‘ကျောက်စိမ်း ဧကရာဇ်’၊ ‘နဂါးဘုရင်ကို အောင်နိုင်သော နီကျား’ နှင့် ‘နတ်ဘုရားတို့၏ အာဏာအပ်နှင်းပွဲ’ တို့ ရှိ၏။ ဤအရာတို့သည် လူ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်လာပြီ မဟုတ်လော။ သင်တို့ထဲမှ အချို့သည် အသေးစိတ် အားလုံးကို သိပင် မသိသော်ငြား၊ ယေဘုယျ ဇာတ်လမ်းများကို သင်တို့ သိကြလိမ့်ဦးမည်ဖြစ်ပြီး သင်တို့ မမေ့နိုင်ဖို့အလို့ငှာ သင်၏နှလုံးသားနှင့် သင်၏စိတ်ထဲတွင် ကပ်ငြိနေသည်မှာ ဤယေဘုယျ အကြောင်းအရာဖြစ်ပေသည်။ ဤအရာတို့သည် စာတန်က လူသားအတွက် အချိန်ကြာမြင့်စွာ ကတည်းက ပြင်ဆင်ထားခဲ့သည့် အမျိုးမျိုးသော အယူအဆများ သို့မဟုတ် ဒဏ္ဍာရီများ ဖြစ်ပြီး၊ ယင်းသည် မတူသောအချိန်များတွင် ဖြန့်ဖြူးထားပြီးဖြစ်ပေသည်။ ဤအရာတို့သည် လူတို့၏ ဝိညာဉ်များကို တိုက်ရိုက် ထိခိုက်စေကာ တိုက်စားပစ်ပြီး၊ ဖမ်းစားခြင်းတစ်ခုပြီး တစ်ခုအောက်တွင် လူတို့ကို ထားလေ၏။ ဆိုလိုသည်မှာ ထိုသို့သော ရိုးရာယဉ်ကျေးမှု၊ ပုံပြင်များ သို့မဟုတ် အယူသီးသော အရာတို့ကို သင် လက်ခံပြီးသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် သင်၏ စိတ်ထဲတွင် အခြေခိုင်သွားသည် နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် သင်၏ နှလုံးသားထဲတွင် ၎င်းတို့ ကပ်ငြိသည်နှင့်တစ်ပြိုင်နက်၊ ယင်းမှာ သင်သည် ညှို့ယူဖမ်းစား ခံထားရသည့်အလား ဖြစ်သည်- သင်သည် ဤယဉ်ကျေးမှုဆိုင်ရာ အဆောင်အယောင် အဆင်တန်ဆာများ၊ ဤအယူအဆများနှင့် ရိုးရာဇာတ်လမ်းပုံပြင်တို့အားဖြင့် ရုန်းမထွက်သာအောင်မိနေပြီး လွှမ်းမိုးခံလာရလေသည်။ ၎င်းတို့သည် သင်၏ဘဝ၊ သင်၏ ဘဝပေါ် အမြင်နှင့် အမှုအရာများအပေါ် သင်၏ ဝေဖန်ပိုင်းခြားမှုကို လွှမ်းမိုး၏။ ထို့ထက်ပို၍ အသက်တာ၏ စစ်မှန်သောလမ်းခရီးအတွက် သင်၏ လိုက်စားမှုကို ၎င်းတို့က လွှမ်းမိုးလေသည်။ ဤသည်မှာ ဧကန်အမှန် ဆိုးယုတ်သော မန္တန်တစ်ခုဖြစ်၏။ သင် ကြိုးစားနိုင်သမျှ ကြိုးစားလော့၊ ၎င်းတို့ကို ခါချမရနိုင်ပေ။ ၎င်းတို့ကို သင်ခုတ်ဖြတ် ပစ်သော်ငြား၊ ခုတ်လှဲမရနိုင်ပေ၊ သင်သည် ၎င်းတို့ကို ရိုက်နှက် သော်ငြား၊ ၎င်းတို့ကို အနိုင်မရနိုင်အောင်ရှိ၏။ ထို့အပြင် လူတို့သည် ဤသို့သော မန္တန်အောက်တွင် အမှုမဲ့အမှတ်မဲ့ဖြင့် ထားရှိခံရပြီးနောက်၊ ၎င်းတို့၏ နှလုံးသားများထဲတွင် စာတန်၏ပုံရိပ်ကို မွေးမြူရင်း စာတန်အား အမှုမဲ့အမှတ်မဲ့ဖြင့် စတင်ကိုးကွယ်ကြ လေသည်။ တစ်နည်းဆိုရသော်၊ ၎င်းတို့သည် စာတန်အား ၎င်းတို့အတွက် ကိုးကွယ်ပြီး ကြည်ညို လေးစားရမည့် အရာတစ်ခုဖြစ်သည့် ၎င်းတို့၏ ရုပ်တုအဖြစ် တည်ထောင်ကာ၊ ဘုရားသခင်အဖြစ် မှတ်ယူသည်အထိပင် လုပ်ဆောင်ကြလေသည်။ ဤအရာတို့သည် လူတို့၏ စကားများနှင့် လုပ်ဆောင်ချက်များကို ထိန်းချုပ်လျက်၊ ၎င်းတို့၏ နှလုံးသားများ ထဲတွင် အမှုမဲ့အမှတ်မဲ့ ရှိနေကြ၏။ ထို့အပြင်၊ သင်သည် ဤပုံပြင်များနှင့် ဒဏ္ဍာရီများကို မှားယွင်းသည်ဟု ကနဦးတွင် မှတ်ယူသော်လည်း၊ ထို့နောက် သင်သည် ၎င်းတို့ကို အမှန်တကယ် ရှိသော လူပုဂ္ဂိုလ်များဖြစ်စေရင်းနှင့် စစ်မှန်သော အရာများအဖြစ် ပြောင်းလဲစေရင်း ဤဇာတ်လမ်း ပုံပြင်များ၏တည်ရှိမှုကို အမှုမဲ့အမှတ်မဲ့ဖြင့် သင်အသိအမှတ်ပြုလေသည်။ သင် သတိမမူမိခြင်းတွင်၊ သင်သည် ဤအယူအဆများ နှင့် ဤအရာများ၏ တည်ရှိမှုကို မသိစိတ်၏ စေ့ဆော်မှုအရ လက်ခံလေသည်။ သင်သည် နတ်ဆိုးများ၊ စာတန်နှင့် ရုပ်တုများကိုလည်း သင်၏ အိမ်နှင့် သင်၏ နှလုံးသားထဲသို့ မသိစိတ်၏ စေ့ဆော်မှုအရ လက်ခံမိလေသည်- ဤသည်မှာ ဧကန်အမှန် မန္တန်တစ်ခုဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီး ကျွန်မ နားလည်သွားတယ်။ ရှေးသူတော်စင်တွ၊ ပညာရှိတွေဆိုတဲ့သူတွေက လက်ဆင့်ကမ်းပေးခဲ့တဲ့ စကားတွေ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လွှမ်းမိုးခဲ့တဲ့ ဂန္တဝင်ပုံပြင်တွေထဲမှာပါတဲ့ အယူအဆတွေအားလုံးက စာတန်ဆီကလာတာပဲ။ စာတန်က လူသားမျိုးနွယ်ကို ထိန်းချုပ်ဖို့ ဒီစကားတွေ၊ အယူအဆတွေကို အသုံးပြုခဲ့တယ်။ ဒီစိတ်ကူးတွေက လူရဲ့ စိတ်နှလုံးထဲမှာ တော်တော်အမြစ်တွယ်နေပြီ။ ပြီးတော့ သူတို့လွှမ်းမိုးမှုက လေးနက်တယ်။ လူတွေက သူတို့သူငယ်ချင်းတွေအတွက် အနစ်နာခံသင့်တယ်ဆိုတဲ့ အယူအဆလိုမျိုးပေါ့။ အပြင်ပန်းမှာ ဒါက သစ္စာရှိခြင်းကို တန်ဖိုးထားတယ်ဆိုပြီး ဂုဏ်ပြုကြတယ်။ သူငယ်ချင်းတစ်ယောက်အတွက် အသက်စွန့်တာက မြင့်မြတ်တဲ့အရာတစ်ခုလိုမျိုးပေါ့။ လူတွေက ဒီလိုအယူအဆမျိုးကို လက်ခံလိုက်တာနဲ့ သူတို့သူငယ်ချင်းတွေလုပ်တာက မှားသည်၊ မှန်သည်ဖြစ်စေ ကူညီရတယ်။ သူတို့ကိုကူညီဖို့ ကိုယ့်အသက်ကို စွန့်စားရတဲ့အထိတောင် လုပ်ရတယ်။ ဒါက စည်းမျဉ်းနဲ့မညီဘူး။ အမှန်နဲ့ အမှားကို မခွဲခြားဘူး။ သူတို့သူငယ်ချင်းက အမှားတစ်ခုခုလုပ်ရင်တောင် ကာကွယ်ပေးရတယ်။ သူတို့အသက်ကို စွန့်ရတဲ့အထိတောင်ပေါ့။ ဒါကို ဖြောင့်မတ်ပြီး သစ္စာရှိတယ်လို့ မြင်ကြတယ်။ လက်တွေ့မှာတော့ ဒါက ဆင်ခြင်တုံတရားမဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ပြုမူဖို့အတွက် စိတ်ထက်သန်မှုကို အားကိုးတာပဲ။ သစ္စာရှိခြင်းကို တန်ဖိုးထားတာကို မြင့်မြတ်တဲ့အရာတစ်ခုအဖြစ် ကျွန်မ မထင်တော့ဘူး။ အဲဒီထက် ဒီလိုစိတ်ထားမျိုးရှိတဲ့သူတွေက ဝမ်းနည်းစရာ၊ သနားစရာကောင်းတယ်လို့ ခံစားမိတယ်။ သူတို့ဘဝတွေက တန်ဖိုးမရှိဘူး။ သူတို့သေတာက အဓိပ္ပာယ်မရှိဘူး။ ဒီဟာကြောင့် ကျွန်မ တော်တော်နစ်နာခံတာကို တွေးမိတယ်။ ကျွန်မရဲ့ အပြန်အလှန်ခင်တွယ်မှုတွေကို ကာကွယ်ဖို့အတွက် သိသိကြီးနဲ့ သမ္မာတရားကို လက်တွေ့မလုပ်ခဲ့ဘူး။ ကျွန်မက သစ္စာရှိနေတာ၊ လူ့သဘာဝကောင်းရှိတယ်လို့တောင် ထင်ခဲ့တယ်။ တကယ်ကို ဘယ်လောက် မိုက်မဲသလဲ။ စာတန်က အထင်ကြီးတဲ့ ဒီအယူအဆတွေက အဆိပ်တွေပဲ။ ဒါတွေကြောင့် အမှန်နဲ့အမှားကို ကျွန်မ မသေချာတော့ဘူး။ အပြုသဘောဆောင်တာနဲ့ အပျက်သဘောဆောင်တာတွေရဲ့ ကွာခြားချက်ကို မပြောနိုင်တော့ဘူး။ ကျွန်မ စိတ်ကို ကျဉ်းမြောင်းစေပြီး ပုံပျက်စေတယ်။ သာမန် အပြန်အလှန် ဆက်ဆံရေးတွေမရှိအောင် တားဆီးတယ်။ ဘုရားနှုတ်ကပတ်တော်က ပြောတာကို ကျွန်မ သတိရတယ်။ “လူသား၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပေါ်ပေါက်ခြင်းကို ဖြစ်စေသည့် အရင်းအမြစ်မှာ စာတန်၏ လှည့်စားခြင်း၊ ဖောက်ပြန်ပျက်စီးစေခြင်းနှင့် အဆိပ်တို့ဖြစ်ကြသည်။ လူသားသည် စာတန်၏ ကန့်သတ်ခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံနေခဲ့ရပြီးဖြစ်ကာ၊ သူ၏ စဉ်းစားတွေးခေါ်မှု၊ အကျင့်စာရိတ္တ၊ ထိုးထွင်းသိမြင်မှုနှင့် အသိစိတ်တို့အပေါ် စာတန် ဒုက္ခပေးသည့် လွန်ကဲစွာ ဘေးသင့်စေမှုတို့ကို ခံရသည်။ ယင်းမှာ လူသား၏ ဤအခြေခံကျသော အရာများသည် စာတန်၏ ဖျက်ဆီးခြင်းကိုခံရပြီးဖြစ်ကာ၊ ၎င်းတို့သည် ဘုရားသခင်က နဂိုမူလတွင် ဖန်ဆင်းထားခဲ့ပုံနှင့် လုံးဝမတူကြသဖြင့်သာ လူသားသည် ဘုရားသခင်ကို ဆန့်ကျင်ကာ သမ္မာတရားကို လက်မခံနိုင်ခြင်း အတိအကျပင် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မပြောင်းလဲသော စိတ်သဘောထား ရှိခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်) အရင်တုန်းက ကျွန်မက စာတန်ဖျက်ဆီးတာကို တော်တော်ခံထားရပြီး လူ့သဘာဝအားလုံး မရှိတော့ဘူးလို့ သီအိုရီအရပဲ ဝန်ခံခဲ့တယ်။ ဒါပေမဲ့ လူသားရဲ့ နက်နဲတဲ့ ဖောက်ပြန်ပျက်စီးမှုက ဘယ်နေရာမှာ ပြသလဲဆိုတာ တကယ် နားမလည်ခဲ့ဘူး။ အခု ဒါကို နည်းနည်းပိုနားလည်သွားပြီ။ စာတန်ရဲ့ အဆိပ်တွေနဲ့ ရိုးရာယဉ်ကျေးမှုအယူအဆတွေအားလုံးက လူသားရဲ့ သဘာဝဖြစ်နေပြီ။ အဲဒါတွေက လူရဲ့ အတွေးတွေကို နင်းချေပြီး ပုံပျက်စေခဲ့တယ်။ လူက သူ့ရဲ့ သာမန်လူ့သဘာဝနဲ့ အတွေးတွေ ပျောက်ဆုံးသွားတယ်။ သူ့အတွေးတွေအားလုံးက ဘုရားကို အာခံပြီး သမ္မာတရားကို ချိုးဖောက်တယ်။ ဒီလောကီအတွေးအခေါ်တွေ၊ ဆိုးယုတ်တဲ့ အဆိပ်တွေ၊ ရိုးရာယဉ်ကျေးမှုရဲ့ အနှစ်သာရတွေကို ယူပြီး တစ်ခုချင်း စိစစ်လေ့လာတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်က သူ့ရဲ့ ကယ်တင်ခြင်းအမှုမှာ ဖော်ပြတဲ့ သမ္မာတရားတွေမရှိရင် ဒါတွေကို ကျွန်မ ဘယ်လိုနားလည်လာမလဲ။ ဆက်ပြီးတော့ ပျက်စီးပြီး စာတန်က ထိခိုက်တာကိုပဲ ခံရမှာပဲ။ ဘုရားနှုတ်ကပတ်တော်ကပဲ သမ္မာရားဖြစ်တယ်၊ ဘုရားနှုတ်ကပတ်တော်ကသာ လူတွေကို ပြောင်းလဲပြီး ကယ်တင်နိုင်တယ်လို့ပဲ ကျွန်မ ပိုပြီး ခံစားမိတယ်။ ဘုရားနှုတ်ကပတ်တော်က အရမ်း တန်ဖိုးရှိပါတယ်။ ရိုးရာယဉ်ကျေးမှုနဲ့ ဒီဆိုးယုတ်တဲ့ အတွေးအခေါ်တွေက လူတွေကို ဖျက်ဆီးပြီး ထိခိုက်စေတယ်။ ဘုရားနှုတ်ကပတ်တော်မှာ သမ္မာတရားကို ရှာခြင်းအားဖြင့် ဘုရားနှုတ်ကပတ်တော်နဲ့အညီ အမှုကိစ္စတွေကို မြင်ပြီး ဆောင်ရွက်ခြင်းအားဖြင့်သာ လူတစ်ယောက်ရဲ့ အသိစိတ်နဲ့ လူ့သဘာဝက ပိုပြီးတော့ အမြဲတမ်း ပုံမှန်ဖြစ်လာမှာပဲ။

သုံးလေးရက်ကြာတော့ ခေါင်းဆောင်က ရူသီကို ဖိတ်လိုက်တယ်။ ကျွန်မက သံသယရှိမနေဘဲနဲ့ သူ့မှာ ကျွန်မတွေ့ရတဲ့ ပြဿနာတွေအားလုံးကို ပြောလိုက်တယ်။ သူ့ကို ဖော်ထုတ်တဲ့အခါမှာ ကျွန်မ စိတ်ငြိမ်သွားတယ်။ ဒါကိုလုပ်တာက သမ္မာတရားနဲ့ စည်းမျဉ်းနဲ့ညီတယ်ဆိုတာ ကျွန်မ သိတယ်။ ပြီးတဲ့အခါမှာ သူက ကျွန်မကို ဘာပဲထင်ထင်၊ ဒါမှမဟုတ် ကျွန်မကို လုံးဝ ပြန်မတွေ့ချင်တော့ဘူးဆိုရင် ကျွန်မက သမ္မာတရားကို လက်တွေ့လုပ်တာကြောင့် ငြိမ်သက်ခြင်းရှိပြီး ကျွန်မလုပ်ရပ်တွေကို လုံးဝ နောင်တရမှာမဟုတ်ဘူး။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အလိမ်အညာစကားလုံးများ၏နောက်ကွယ်တွင် မည်သည့်အရာများ ရှိနေသနည်း

ဟယ်ဇေမြို့၊ ရှန်ဒုန်းနယ်မှ ရှောင်ကျင်း ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်မတို့ကို ရိုးသားပြီး အမှန်အတိုင်း တိတိကျကျ ပြောဖို့ မိန့်တော်မူသည်ကို...

ကြမ်းတမ်းသောလမ်း ခေါင်းဆောင်အတုအယောင်တစ်ယောက်ကို တိုင်ကြားခြင်း

လီမင် အမေရိကန်နိုင်ငံ ၂၀၁၉ ဇူလှိုင်လမှာ ကျွန်မကို ညီအစ်ကိုမောင်နှမတွေက အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးချယ်ကြတယ်။ ကျွန်မနဲ့အတူ တွဲလုပ်မယ့်သူက...

ချစ်ခင်တွယ်တာမှုက သင့်စိတ်ကို မဖုံးလွှမ်းပါစေနှင့်

ရှင်းကျင့် တရုတ်နိုင်ငံ ၂၀၁၅ ခုနှစ် ဇွန်လတုန်းကပါ။ ကျွန်မက ဧဝံဂေလိသင်းထောက်အနေနဲ့ အစေခံဖို့ အသင်းတော်တစ်ခုကို သွားရတယ်။ လိကျီဆိုတဲ့...

ကျွန်ုပ် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ပုံ

ရှင်ချွင်း တောင်ကိုရီးယားနိုင်ငံ ၂၀၁၉ နှစ်ကုန်မှာ၊ ကျွန်မ အသင်းတော်မှာ ဗီဒီယိုအလုပ်ကို ကြီးကြပ်ရတယ်။ အဲဒီတုန်းက အရမ်းစိတ်ဖိစီးခဲ့ရတယ်။...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။