သင်းအုပ်ဆရာတစ်ယောက်အား တရားဟောခြင်း ပုံပြင်

01.04.2023

လီကျစ် တရုတ်နိုင်ငံ

ဒီနှစ် ဧပြီလ တစ်ညနေမှာ ခေါင်းဆောင်က ကျွန်မကို ရုတ်တရက်ပြောတယ်။ ယုံကြည်လာတာ နှစ်ငါးဆယ်ကျော်ရှိတဲ့ အသက်ကြီးတဲ့ သင်းအုပ်ဆရာတစ်ယောက်က ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို စုံစမ်းချင်တယ်တဲ့။ အဲဒါ ကောင်ဂျာရွာက သင်းအုပ်ဆရာဆောင်ပေါ့။ ကျွန်မက သူ့ဆီသွားပြီး သက်သေခံရမယ်ပေါ့။ ခေါင်းဆောင်က ပြောတယ်။ သင်းအုပ်ဆရာဆောင်က နိုင်ငံတော်တော်များများမှ တရားဟောခဲ့တယ်။ သူ့ယုံကြည်မှုအတွက် စီစီပီက ထောင်ကျတဲ့အခါမှာတောင် ဘုရားကို မစွန့်လွှတ်ခဲ့ဘူး။ သူက သခင့်ကို တကယ်ယုံကြည်တယ် တဲ့။ ဒါတွေအားလုံးကို ကျွန်မ ကြားရတော့ ကျွန်မ ဧဝံဂေလိဖြန့်ဝေနေတုန်းမှာ တွေ့ခဲ့တဲ့ သင်းအုပ်ဆရာတွေ၊ အကြီးအကဲတွေအများကြီးကို ပြန်အမှတ်ရမိတယ်။ အများစုက ကျမ်းစာထဲက စကားတွေနဲ့ ဘာသာရေးအယူအဆတွေကို ဖက်တွယ်ထားတယ်။ ဘုရားအသံကို မှတ်မိဖို့၊ သမ္မာတရားကို လက်ခံဖို့က သူတို့အတွက် ခက်တယ်။ ပြီးတော့ သူတို့ရဲ့ အဆင့်အတန်းနဲ့ ဝင်ငွေကို တော်တော်တန်ဖိုးထားတာ။ လူတချို့က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကြားပြီး ဒါတွေက သမ္မာတရားဖြစ်တယ်ဆိုတာ အသိအမှတ်ပြုတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်မခံဘူး။ ဒီအသက်ကြီးကြီး သင်းအုပ်ဆရာက သမ္မာတရားကို တကယ်လက်ခံနိုင်ပါ့မလား။ ဒါမှမဟုတ် သူက သူများတွေလိုပဲ သူ့ရဲ့ ဘာသာရေးအယူအဆတွေကို ခေါင်းမာမာနဲ့ ဖက်တွယ်မှာလားပေါ့။ ကျွန်မလည်း တော်တော် စိတ်လှုပ်ရှားနေတာ။ ကျွန်မက တခြားတာဝန်တစ်ခုမှာ သုံးလေးနှစ်လောက်ရှိနေတာ။ ဧဝံဂေလိမဖြန့်တာ နည်းနည်းကြာပြီ။ အခုကျတော့ ကျမ်းစာအသိပညာနဲ့ ဘာသာရေးအယူအဆတွေအများကြီးရှိတဲ့ ဒီအသက်ကြီးတဲ့ သင်းအုပ်ဆရာကို ရုတ်တရက် ရင်ဆိုင်ရမယ်။ ကျွန်မက သမ္မာတရားကို ရှင်းရှင်းလင်းလင်း မိတ်သဟာယမဖွဲ့ဘဲ သူ့ဘာသာရေးအယူအဆတွေကို ဖြေရှင်းဖို့ မတတ်နိုင်ခဲ့ရင် ကျွန်မတာဝန်မှာ ကျရှုံးသွားမှာလားပေါ့။ နောက်တော့ ဘုရားနှုတ်ကပတ်တော်တွေကို တွေးမိတယ်။ “တစ်စုံတစ်ရာကို ပကတိမျက်စိဖြင့် မမြင်နိုင်သည့်အခါ လူတို့၏ယုံကြည်ခြင်း လိုအပ်ပြီး သင်၏ကိုယ်ပိုင် အယူအဆများကို သင်လက်မလွှတ်နိုင်သည့်အခါ သင်၏ယုံကြည်ခြင်း လိုအပ်သည်။ သင်သည် ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ ရှင်းလင်းမှုမရှိသည့်အခါ သင့်အား တောင်းဆိုသောအရာမှာ ယုံကြည်ခြင်း ရှိရန်နှင့် ခိုင်ခံ့သောရပ်တည်ချက်ရှိပြီး သက်သေရပ်တည်ရန် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်)သန့်ရှင်းသောဝိညာဉ်တော်သည် ဤအခြေခံသဘောတရားအားဖြင့် အမှုပြု၏- လူတို့၏ ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့်၊ ၎င်းတို့ တက်ကြွစွာ ဆုတောင်းခြင်း၊ ဘုရားသခင်ကို ရှာဖွေခြင်းနှင့် ဘုရားသခင်ထံသို့ တိုးဝင်ချဉ်းကပ်ခြင်း တို့မှတစ်ဆင့်၊ ရလဒ်များကို ရရှိနိုင်ပြီး ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံရကာ အလင်းပေးခြင်း ခံရနိုင်ပေသည်။ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်က တစ်ဖက်သတ် လုပ်ဆောင်သည် သို့မဟုတ် လူသားက တစ်ဖက်သတ် လုပ်ဆောင်သည် မဟုတ်ပေ။ နှစ်ဦးလုံးသည် မရှိမဖြစ်ဖြစ်ပြီး၊ လူတို့က ပူးပေါင်းဆောင်ရွက်လေလေ၊ ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်သက်ဆိုင်သည့် စံချိန်စံနှုန်းများကို ရရှိရန် အားထုတ်လေလေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်က သာ၍ ကြီးမားလေလေ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့အရှိတရားကို သိရှိပုံ) ဟုတ်တယ်။ ဒီ ဧဝံဂေလိလက်ခံဖို့ အလားအလာရှိတဲ့သူကို တွေ့ဆုံရတာက ဘုရားရဲ့ အစီအစဉ်ပဲ။ အရင်က ကျွန်မက သင်းအုပ်ဆရာတွေ၊ အကြီးအကဲတွေနဲ့ ဧဝံဂေလိ မျှဝေတဲ့နေရာမှာ ကျရှုံးခဲ့ပေမဲ့ သူတို့အားလုံးကို ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်မခံနိုင်ဘူးလို့ တံဆိပ်ကပ်လို့မရဘူး။ ဘုရားအပေါ်မှာ ယုံကြည်ခြင်းရှိရမယ်။ ပူးပေါင်းလုပ်ကိုင်ပြီး တကယ် အဖိုးအခပေးဆပ်ရမယ်။ ဘုရားရဲ့သိုးတွေက ဘုရားအသံကို ကြားပါတယ်။ သူက သမ္မာတရားကို တောင့်တသရွေ့၊ လမ်းမှန်ကို စုံစမ်းချင်စိတ်ရှိသရွေ့ သူ့ကို ဘုရားရဲ့ နောက်ဆုံးသောကာလအအမှုတော်ကို သက်သေခံဖို့က ကျွန်မတာဝန်ပဲ။ မျှော်လင့်ချက်ရေးရေးလေးပဲရှိရင်တောင် ကျွန်မ လက်လျှော့လို့မဖြစ်ဘူး။ ကျွန်မတာဝန်က ဘုရားကို အမှီပြုပြီး ချစ်ခြင်း၊ စိတ်ရှည်ခြင်းနဲ့ မိတ်သဟာယဖွဲ့ဖို့ပဲ။ ဒါဆိုရင် ကျွန်မမှာ အကြွေးတွေ၊ နောင်တတွေရှိမှာမဟုတ်ဘူး။ နောက်ဆုံးတော့ ဒီအတွေးတွေကြောင့် ကျွန်မ ယုံကြည်ခြင်းရှိသွားတယ်။

ဆရာဆောင်ကို ကျွန်မ မြင်တော့ သခင်ပြန်ကြွလာခြင်းနဲ့ပတ်သက်ပြီး သူ့အတွေးအမြင်ကို မေးလိုက်တယ်။ သူက လေးလေးနက်နက်ပြောတယ်။ “အရင်နှစ်နှစ်ဆယ်ကျော်တုန်းက တချို့လူတွေက ကျွန်တော့်ကို သုံးလေးခါလောက် ဧဝံဂေလိဟောတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်၊ သမ္မာတရားကိုဖော်ပြပြီး နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်နေတယ်လို့ သက်သေခံကြတယ်။ သူတို့ကပြောတယ်။ သမ္မာကျမ်းစာက ဘုရားရဲ့ အရင်က နှုတ်ကပတ်တော်တွေနဲ့ အမှုတော်ကို မှတ်တမ်းတင်ထားတယ်၊ အခု သခင်ယေရှုပြန်ကြွလာခဲ့ပြီး နှုတ်ကပတ်တော်အသစ်တွေကို ဖော်ပြခဲ့တယ်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အသစ်တွေကို ဖတ်ပြီး ဒါတွေကို တကယ်လက်ခံမှသာ သမ္မာတရားကို ကျွန်တော် နားလည်နိုင်ပြီး ဘုရားရဲ့ ကယ်တင်ခြင်းကို ခံရမယ်တဲ့။ ဒါကို ကြားရတော့ ကျွန်တော် လက်မခံနိုင်ဘူး။ ပေါလုက ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ ‘ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍’ (တိမောသေ ဩဝါဒစာ ဒုတိယစောင် ၃:၁၆) တဲ့။ ဒါက ကျမ်းစာဟာ ဘုရားနှုတ်ကပတ်တော်ဖြစ်တယ်။ ခရစ်ယာန်တွေရဲ့ ကျမ်းရင်းဖြစ်တယ်။ ငြင်းလို့မရဘူးဆိုတဲ့ သဘောပဲ။ ကောင်းကင်နဲ့ မြေကြီးက ပြီးဆုံးသွားမယ်။ ဘုရားနှုတ်ကပတ်တော်က ကျန်ရှိနေမယ်။ ဒါကြောင့် ယုံကြည်သူတွေက ကျမ်းစာကို တစ်ချိန်လုံးဖတ်ပြီး လိုက်နာရမယ်။ သူတို့ မှားနေတယ်လို့ ကျွန်တော် ယုံကြည်ပြီး သူတို့ မိတ်သဟာယကို မလိုချင်တော့ဘူး” တဲ့။ ကျွန်မ သူ့ကို ပြောလိုက်တယ်။ “ဆရာဆောင်၊ ဆရာက ဘာကြောင့်ဒီလိုထင်တယ်ဆိုတာ ကျွန်မ နားလည်နိုင်ပါတယ်။ ဘာသာရေးလောကက လူအများစုက ပေါလုပြောတာကို အခြေခံပြီးတော့ ကျမ်းစာထဲက စကားတွေအားလုံးက ဘုရားနှုတ်ကပတ်တော်တွေလို့ ဆုံးဖြတ်ကြတယ်။ ဒါပေမဲ့ ဒီဖော်ပြချက်က အမှန်တရားနဲ့ တကယ်ကိုက်ညီရဲ့လား။” ပေါ့။ ဆရာဆောင်က ပြန်ပြောတယ်။ “ကိုက်ညီတာပေါ့။” တဲ့။ ကျွန်မက ပြောလိုက်တယ်။ “ကျမ်းစာတစ်ခုလုံးက ဘုရားနှုတ်ကပတ်တော်ဟုတ်မဟုတ်ဆိုတာနဲ့ပတ်သက်ပြီး တိကျတဲ့အဖြေကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ဟိုးအရင်ကတည်းက ပေးခဲ့ပါတယ်။ ဒီနှုတ်ကပတ်တော်တွေကို အခုဖတ်ကြည့်မလား” ပေါ့။ သူက လေးနက်နေတဲ့ပုံစံရှိပြီး တွန့်ဆုတ်နေပြီးမှ ခေါင်းညိတ်လိုက်တယ်။ “ကျွန်တော်တို့က ဒီမှာရောက်နေပြီဆိုတော့ ဖတ်လိုက်တာကောင်းပါတယ်” တဲ့။ အဲဒါနဲ့ သူ့ကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ဖတ်ပြလိုက်တယ်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယနေ့ခေတ်တွင် လူတို့က သမ္မာကျမ်းစာသည် ဘုရားသခင် ဖြစ်သည်၊ ဘုရားသခင်သည်လည်း သမ္မာကျမ်းစာ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် သမ္မာကျမ်းစာထဲမှ စကားလုံးများသည်သာ ဘုရားသခင်ပြောကြားခဲ့သည့် စကားလုံးများ ဖြစ်ကြပြီး ထိုစကားလုံးများအားလုံးကို ဘုရားသခင် ပြောခဲ့သည်ဟုလည်း ယုံကြည်ကြသည်။ ဘုရားသခင်ကို ယုံကြည်ကြသည့် သူများသည် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများထဲက ကျမ်းပေါင်း ခြောက်ဆယ့်ခြောက်ကျမ်းကို လူများက ရေးခဲ့ကြသော်လည်း ထိုကျမ်းအားလုံးကို ဘုရားသခင်က မှုတ်သွင်းတော်မူခြင်းအားဖြင့် ပေးအပ်ခဲ့ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ မိန့်မြွက်ချက်များနှင့်ဆိုင်သော မှတ်တမ်းတစ်ခု ဖြစ်သည်ဟုပင်လျှင် ယူဆကြသည်။ ဤသည်မှာ လူတို့၏ မှားယွင်းသော သဘောပေါက်နားလည်မှုဖြစ်ပြီး အချက်အလက်များနှင့် လုံးဝ ကိုက်ညီခြင်း မရှိကြပါ။ အမှန်တွင် အနာဂတ္တိကျမ်းများမှအပ ဓမ္မဟောင်းကျမ်းထဲမှ ကျမ်းအများစုသည် သမိုင်းမှတ်တမ်းများ ဖြစ်သည်။ ဓမ္မသစ်ကျမ်းထဲမှ သြဝါဒစာအချို့သည် လူတို့၏ ဘဝအတွေ့အကြုံများမှ လာခြင်းဖြစ်ပြီး တစ်ချို့မှာ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမူကြောင့် လာခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ပေါလု၏ စာများသည် လူတစ်ဦး၏ လုပ်ဆောင်ချက်မှ ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့ အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကြောင့် ပေါ်ပေါက်လာသော ရလဒ် ဖြစ်ကာ အသင်းတော်များအတွက် ရေးခဲ့သော စာများဖြစ်ပြီး အသင်းတော်မှ ညီအစ်ကိုမောင်နှမများကို နှိုးဆော်အားပေးသော စကားများ ဖြစ်သည်။ ထိုစကားများသည် သန့်ရှင်းသောဝိညာဉ်တော်က ပြောသောစကားများ မဟုတ်ပါ— ပေါလုသည် သန့်ရှင်းသောဝိညာဉ်တော်၏ ကိုယ်စား မပြောနိုင်သကဲ့သို့ သူသည် ယောဟန် ရှုမြင်ခဲ့ရသော ရူပါရုံများကို မြင်ခဲ့ဖို့ရန်ဝေးစွ၊ ပရောဖက်တစ်ဦးပင် မဟုတ်ခဲ့ပါ။ ပေါလုရေးခဲ့သော သြဝါဒစာများသည် ဧဖက်မြို့၊ ကောရိန္သုမြို့၊ ဂလာတိပြည်နှင့် အခြားသော အသင်းတော်များအတွက် ရေးသောစာများ ဖြစ်သည်။ သို့ဖြစ်၍ ဓမ္မသစ်ကျမ်းထဲရှိ ပေါလု၏ သြဝါဒစာများသည် အသင်းတော်များအတွက် ပေါလုရေးခဲ့သော သြဝါဒစာများသာဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ စေ့ဆော်ချက်များလည်း မဟုတ်သကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်ရိုက် မိန့်မြွက်ချက်များလည်း မဟုတ်ပေ။ သူအလုပ်လုပ်နေစဉ် ကာလ၌ အသင်းတော်များအတွက် ရေးသားပေးခဲ့သော နှိုးဆော်သည့် စကားများ၊ နှစ်သိမ့်အားပေးသည့် စကားများသာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ထိုအချိန်က ပေါလု၏ လုပ်ဆောင်မှု အများအပြားကို မှတ်တမ်းတင်ထားသည့် မှတ်တမ်းလည်း ဖြစ်သည်။ ၎င်းတို့သည် ထိုအချိန်က အသင်းတော်များ၏ ညီအစ်ကိုမောင်နှမများသည် သူ၏ အကြံပေးချက်များကို လိုက်လျှောက်ပြီး သခင်ယေရှု၏ နောင်တတရားလမ်းခရီးကို လိုက်နာကြဖို့အလို့ငှာ သခင်၌ ညီအစ်ကိုမောင်နှမများ အားလုံးအတွက် ရေးသားခဲ့ခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃)) “သမ္မာကျမ်းစာထဲရှိသည့် အရာတိုင်းသည် ဘုရားသခင် ကိုယ်တိုင် ပြောခဲ့သည့် စကားလုံးများကို မှတ်တမ်းတင်ထားခြင်း မဟုတ်ပါ။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ ယခင်အမှု အဆင့်နှစ်ဆင့်အကြောင်းကို ရေးမှတ်ထားခြင်းသာဖြစ်ပြီး၊ ၎င်းတို့အနက် တစ်ပိုင်းမှာ ပရောဖက်များ၏ အနာဂတ္တိ ဟောကြားချက်များကို ရေးထားသည့် မှတ်တမ်းဖြစ်ပြီး၊ နောက်တစ်ပိုင်းမှာ ခေတ်အဆက်ဆက်၌ ဘုရားသခင် အသုံးပြုခဲ့သည့် လူများက အတွေ့အကြုံများနှင့် အသိပညာတို့ကို ရေးထားခြင်းဖြစ်သည်။ လူ၏ အတွေ့အကြုံများသည် လူ၏ အယူအဆများ၊ အသိပညာများနှင့် စွန်းထင်းနေကြပါသည်၊ ယင်းကို ရှောင်ရှား၍ မရနိုင်ပါ။ သမ္မာကျမ်းစာ၏ ကျမ်းအများအပြားသည် လူ၏ ခံယူချက်များ၊ ပုဂ္ဂိုလ်စွဲ သို့မဟုတ် အယူစွဲဖြင့် ဘက်လိုက်ပြီး ရှုမြင်သည့် လူ၏သဘောများ၊ လူ၏ အဓိပ္ပာယ်မရှိသည့် သဘောပေါက်နားလည်မှုများ ဖြစ်ကြသည်။ မှန်ပါသည်၊ စကားလုံးအများစုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှု၏ ရလဒ်ဖြစ်ပြီး ၎င်းတို့သည် မှန်ကန်သည့် သိနားလည်မှုများ ဖြစ်ကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရား၏ လုံးဝတိကျသော ထုတ်ဖောပြခြင်းများဖြစ်သည်ဟု ပြော၍ မရနိုင်သေးပါ။ အချို့သော အရာများနှင့်ပတ်သက်လျှင် ၎င်းတို့၏ အမြင်များသည် ကိုယ်ပိုင် အတွေ့အကြုံမှ လာသောအသိ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုသာ ဖြစ်သည်။ ပရောဖက်များ၏ အနာဂတ္တိဟောကြားချက်များသည် ဘုရားသခင် ကိုယ်တိုင် ညွှန်ကြားပေးခဲ့သော အရာများ ဖြစ်သည်။ ဟေရှာယ၊ ဒံယေလ၊ ဧဇရ၊ ယေရမိနှင့် ယေဇကျေလတို့၏ ပရောဖက်ပြုချက်များသည် သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်ရိုက် ညွှန်ကြားချက်မှလာပေသည်၊ ဤလူတို့သည် မြင်သောသူများ ဖြစ်ခဲ့ကြပြီး၊ ပရောဖက်ပြုသည့် ဝိညာဉ်ကို ရရှိထားကြကာ သူတို့အားလုံးသည် ဓမ္မဟောင်းကျမ်း၏ ပရောဖက်များ ဖြစ်သည်။ ပညတ်တော်ခေတ် အတွင်း၌ ယေဟောဝါ၏ နှိုးဆော်မှုကို ရရှိခဲ့ကြသော ဤသူတို့သည် ယေဟောဝါက တိုက်ရိုက် ညွှန်ကြားသည့် ပရောဖက်ပြုချက် အများအပြားကို ဟောခဲ့ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃))

ဘုရားနှုတ်ကပတ်တော်ကို ဖတ်နေတုန်းမှာ ဆရာဆောင်က အာရုံစိုက်ပြီးနားထောင်တယ်။ တစ်ခါတလေမှာ ခေါင်းညိတ်တယ်။ ဖတ်ပြီးတော့ ကျွန်မက မိတ်သဟာယဖွဲ့တယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အရမ်းရှင်းပါတယ်။ ကျမ်းစာက အရင်က ဘုရားရဲ့အမှုတော်နှစ်ဆင့်ကိုပဲ မှတ်တမ်းတင်ထားတာပါ။ ယေဟောဝါဘုရားသခင်နဲ့ သခင်ယေရှုရဲ့ စကားတွေ ပရောဖက်တွေက ပြောတဲ့ ဘုရားရဲ့စကားတွေကလွဲပြီး ကျန်တာတွေက သမိုင်းမှတ်တမ်းတွေနဲ့ လူသားရဲ့ အတွေ့အအကြုံတွေပဲ။ ကျမ်းစာမှာ ဘုရားနှုတ်ကပတ်တော်တင်မကဘူး။ လူနဲ့ စာတန်ရဲ့ စကားတွေလည်း ပါတယ်။ ဒါတွေကို ကျွန်မတို့ ခွဲခြားသိရမယ်။ ရောထွေးလို့မရဘူး။ ဓမ္မဟောင်းကျမ်းမှာ ဟေရှာယ၊ ဧလိယ၊ ယေဇကျေလတို့လိုမျိုး ပရောဖက်တွေရဲ့ ပရောဖက်ပြုချက်တွေကို မှတ်တမ်းတင်ထားသလိုမျိုးပေါ့။ သူတို့စကားတွေရှေ့မှာ ‘ယေဟောဝါက ဤသို့ပြောသည်’၊ ‘ယေဟောဝါက ပြောသည်’ ဆိုတာမျိုးကို အမြဲတမ်းပြောတယ်။ သူတို့က ဘုရားနှုတ်ကပတ်တော်ကို တိုက်ရိုက်သယ်ဆောင်ပေးနေတယ်ဆိုတာကို သက်သေပြတယ်။ ဒါပေမဲ့ ဩဝါဒစာတွေက လူသား အတွေ့အကြုံ၊ လူသားက မှတ်တမ်းတင်ထားတာတွေပဲ။ ပေါလုရဲ့စကားလိုမျိုး အသင်းတော်များထံသို့ စာတွေက သူ့ကိုယ်ပိုင် အတွေ့အကြုံနဲ့နားလည်မှုတွေပဲ။ အဲဒီတုန်းက ညီအစ်ကိုမောင်နှမတွေက ပေါလုရဲ့စာတွေကို ရတဲ့အခါ ‘ပေါလုဆီက စာတစ်စောင်လာတယ်’လို့ ပြောတယ်။ ‘ဘုရားနှုတ်ကပတ်တော်တွေ ရောက်ပြီ’လို့ ဘယ်တော့မှ မပြောဘူးမဟုတ်လား။ ဒီတော့ ဩဝါဒစာတွေကို ဘုရားနှုတ်ကပတ်တော်လို့ ပြောလို့မရဘူး။ ကျမ်းစာထဲက လူနဲ့ စာတန်ရဲ့ စကားတွေကို ဘုရားနှုတ်ကပတ်တော်တွေလို့ ပြောတာက ဒါ ပုတ်ခတ်စော်ကားတာမဟုတ်ဘူးလား။ ဒါဆို ကျမ်းစာတစ်ခုလုံးကို ဘုရားသခင်က မှုတ်သွင်းတယ်၊ အားလုံးက ဘုရားနှုတ်ကပတ်တော်ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုက အခြေခံကျကျကို မမှန်ဘူးဆိုတဲ့ သဘောပေါ့။”

ကျွန်မ ပြောပြီးသွားတော့ သူက အံ့ဩမှင်သက်သွားတယ်။ သူက စိတ်လှုပ်ရှားရင်းနဲ့ ပြောတယ်။ “ကျွန်တော့်ရဲ့ သီအိုလိုဂျီဆရာက ပြောပြတာကို မှတ်မိသေးတယ်။ ကျမ်းစာထဲက အကုန်လုံးက ဘုရားသခင်က မှုတ်သွင်းထားတာ။ ဘုရားနှုတ်ကပတ်တော်ပဲ တဲ့။ ဒီနှစ်တွေအားလုံးမှာ ကျွန်တော်တို့ ဒီလိုပဲ ပြောခဲ့ကြတာ။ ပေါလုက ဒါနဲ့ပတ်သက်ပြီး မှားနိုင်ပါ့မလား” တဲ့။ သူက ဒီလိုမေးတာကို ကြားရတော့ ကျွန်မ ရင်တုန်သွားတယ်။ သူက တစ်လျှောက်လုံး ခေါင်းညိတ်နေတာကို တွေ့ပြီး သူ နားလည်တယ်လို့ ကျွန်မ ထင်ထားတာ။ ဒါပေမဲ့ သူက လုံးဝ နားမလည်ဘူး။ သင်းအုပ်ဆရာဆောင်က အဲဒီတခြားဘာသာရေးခေါင်းဆောင်တွေလိုပဲလား။ ဘုရားနှုတ်ကပတ်တော်တွေကို နားမလည်နိုင်ဘူးလား။ ဒါပေမဲ့ နောက်တော့ ကျွန်မ စဉ်းစားတယ်။ “ဒီသင်းအုပ်ဆရာကြီးက ဘာသာရေးအယူအဆတွေကို ဆယ်စုနှစ်တွေကြာအောင် ဖက်တွယ်ထားတာ။ ဒါတွေကို အလွယ်တကူနဲ့ ဘေးဖယ်နိုင်ပါ့မလား။ ငါ စိတ်ရှည်ရှည်နဲ့ မိတ်သဟာယဖွဲ့ရမယ်” ပေါ့။ နောက်တော့ ကျွန်မက ပြောတယ်။ “အခုလောလောဆယ် ပေါလုက မှန်သလား၊ မှားသလားဆိုတာကို မစိုးရိမ်ပါနဲ့ဦး။ အချက်အလက်တွေကို ကြည့်ကြည့်ကြတာပေါ့။ ဆရာဆောင် ကျမ်းစာကို ဘယ်လိုဖွဲ့စည်းထားတယ်ဆိုတာ ဆရာသိမှာပေါ့။ ပေါလုက ၂ တိမောသေကို သခင် ပြန်ကြွပြီးနောက် ဘယ်နှစ်နှစ်နေမှ ရေးတာလဲ” ပေါ့။ သူက နှေးမနေဘဲ နှစ်ခြောက်ဆယ်ကျော်ပြီးမှ လို့ပြောတယ်။ “ပြီးတော့ သခင်ပြန်ကြွပြီးနောက် ဘယ်နှစ်နှစ်နေမှ ဓမ္မသစ်ကျမ်းကို ရေးခဲ့တာလဲ။” နှစ်သုံးရာကျော်ကြာပြီးမှလို့ သူက ပြောတယ်။ အဲဒါနဲ့ ကျွန်မက ပြောတယ်။ “အခု စဉ်းစားကြည့်ရအောင်။ ပေါလုက ၂ တိမောသေကို ရေးတော့ ဓမ္မသစ်ကျမ်းရှိနေပြီလား။” လန့်ပြီးတော့ သူကပြောတယ်။ “မရှိသေးဘူး” တဲ့။ ကျွန်မက ဆက်ပြောတယ်။ “မရှိဘူးဆိုရင် ‘ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍’ ဆိုတဲ့ ပေါလုစကားတွေက ဓမ္မသစ်ကျမ်းရောပါသလား” ပေါ့။ သူ မျက်လုံးတွေက ကျယ်သွားပြီး ပြောတယ်။ “ကျွန်တော် နားလည်ပြီ။ ပေါလုရဲ့စကားတွေက ဓမ္မသစ်ကျမ်းမပါနိုင်ဘူး။ သခင့်ကျေးဇူးပဲ။ အရင်က ဒါကို ဘယ်လိုလုပ် မစဉ်းစားခဲ့တာလဲ။ ယုံကြည်ခဲ့တဲ့ ဒီနှစ်တွေအားလုံးမှာ ကျမ်းစာရှိသမျှက ဘုရားသခင် မှုတ်သွင်းပြီးတော့ ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်တွေဖြစ်တယ်လို အမြဲတမ်း ယုံကြည်ခဲ့ပြီး ဒါကို နေရာတကာမှာ ဟောခဲ့တယ်။ ဒီဖော်ပြချက်ရဲ့ အမှန်တရားကို တစ်ခါမှ မေးခွန်းမထုတ်ခဲ့ဘူး။ ဒီမိတ်သဟာယကနေ ကျွန်တော် အခုနားလည်သွားပြီ။ ကျမ်းစာမှာ ဘုရားနှုတ်ကပတ်တော်တွေပဲ ပါတာမဟုတ်ဘူး။ ကျွန်တော့်ရဲ့ ဆယ်စုနှစ်တွေကြာပြီဖြစ်တဲ့ အယူအဆတွေကို ပြန်ပြင်ရမယ်။ ကျေးဇူးတော်ပဲ” တဲ့။ သင်းအုပ်ဆရာဆောင်ရဲ့ အယူအဆ ပြေလည်သွားတာကို တွေ့ရတော့ သူ့ကို ဧဝံဂေလိဟောရတာကို ကျွန်မ ပိုပြီး ယုံကြည်မှုရှိလာတယ်။

အဲဒါနဲ့ ကျွန်မ သူနဲ့ မိတ်သဟာယဖွဲ့တယ်။ “ဘုရားသခင်က နောက်ဆုံးသောကာလမှာ သူ့ရဲ့တရားစီရင်ခြင်းအမှုကို လုပ်ဖို့ လူ့ဇာတိခံပြီး သမ္မာတရားနှုတ်ကပတ်တော်တွေကို သန်းချီပြီး ဖော်ပြနေပါတယ်။ ကျမ်းစာရဲ့ နက်နဲမှုတွေကို ဖွင့်ပြရုံတင်မကဘဲ သူ့ရဲ့ နှစ် ၆၀၀၀ စီမံခန့်ခွဲမှုအစီအစဉ်ရဲ့ နက်နဲမှုတွေကိုလည်း ဖွင့်ပြတယ်။ သူ့အမှုတော်ရဲ့ အဆင့်သုံးဆင့်၊ သူ့ရဲ့ အမည်နာမတွေနဲ့ သူ့ရဲ့လူ့ဇာတိခံယူခြင်းရဲ့ နက်နဲမှုတွေလိုမျိုးပေါ့။ အနန္တတန်ခိုးရှင် ဘုရားသခင်က စာတန်ကြောင့်ဖြစ်တဲ့ လူသားရဲ့ ဖောက်ပြန်ပျက်စီးမှုရဲ့ အမှန်တရား၊ ဘုရားအပေါ် အာခံတဲ့ လူရဲ့ ဆိုးယုတ်တဲ့ သဘာဝနဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားအမျိုးမျိုးကိုလည်း ဖွင့်ပြတယ်။ ပြီးတော့ အပြစ်ကနေ လွတ်မြောက်ပြီး သူ့ရဲ့ ကယ်တင်ခြင်းကို ခံရဖို့အတွက် လမ်းကိုလည်း ကျွန်မတို့အတွက် ညွှန်ပြခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ဖော်ပြတဲ့ ဒီသမ္မာတရားတွေက အသင်းတော်တွေအတွက် သန့်ရှင်းသောဝိညာဉ်တော်ရဲ့ စကားတွေဖြစ်ပြီး နောက်ဆုံးသောကာလမှာ ဘုရားသခင်က လူသားမျိုးနွယ်ကိုပေးတဲ့ ထာဝရအသက်လမ်းဖြစ်ပါတယ်။ ပြီးတော့ ကယ်တင်ခံရပြီး ဘုရားရဲ့နိုင်ငံတော်ကိုဝင်ဖို့ တစ်ခုတည်းသောနည်းလမ်းလည်းဖြစ်တယ်” ပေါ့။ သူက လက်ခံတယ်။ ဒါပေမဲ့ ဘုရားသခင်က နောက်ဆုံးသောကာလမှာ အမျိုးသမီးအနေနဲ့ လူ့ဇာတိခံတာနဲ့ ပတ်သက်ပြီး အယူအဆတွေ ရှိနေတုန်းပဲ။ သူက ကျွန်မကို ပြောတယ်။ “ညီမ ကျွန်တော် အခု အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်း၊ သန့်စင်ခြင်းအမှုကို လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ သခင်ယေရှုက အမျိုးသမီးအနေနဲ့ လူ့ဇာတိခံတာကို ညီမ ဘယ်လို သက်သေခံနိုင်တာလဲ။ အရင်တစ်ခေါက်က သူကြွလာတုန်းက သူက အမျိုးသားပဲ။ ပြီးတော့ ကျမ်းစာက သူ့ကို ‘သားတော်’အဖြစ် ခဏခဏ ပြောတယ်။ ဒီတော့ သူ ပြန်ကြွလာတဲ့အခါ အမျိုးသားဖြစ်ရမယ်။ ဘယ်လိုလုပ် အမျိုးသမီးဖြစ်တာလဲ။ ကျွန်တော့်အတွက် မယုံနိုင်စရာပဲ။ ဒါကို ကျွန်တော့်ကို နည်းနည်း မိတ်သဟာယဖွဲ့ပေးနိုင်မလား” တဲ့။ ကျွန်မက ပြောတယ်။ “နှစ်ထောင်ချီတဲ့အထိ ယုံကြည်သူတွေအားလုံးက ထင်ကြတယ်။ သခင်ယေရှုက ယောက်ျားအဖြစ် ကြွလာတော့ ယောက်ျားအနေနဲ့ သေချာပါက် ပြန်ကြွလာမယ်။ မိန်းမအနေနဲ့ မဟုတ်တာ သေချာတယ် ပေါ့။ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်က နောက်ဆုံးသောကာလမှာ မိန်းမအဖြစ် လူ့ဇာတိခံတယ်။ လူတော်တော်များများက ဒါကို လက်ခံဖို့ အခက်အခဲဖြစ်ကြတယ်။ ဒါပေမဲ့ တစ်ခုခုအပေါ်မှာ လူတွေက အယူအဆတွေရှိလေလေ၊ ရှာတွေ့ဖို့အတွက် အမှန်တရားတွေရှိလေလေပဲဆိုတာ ကျွန်မတို့ နားလည်ရမယ်။ ကျမ်းစာထဲမှာ သခင်ယေရှုပြန်ကြွလာတာကို ပရောဖက်ပြုတဲ့အခါမှာ ‘လူသား’၊ ‘လူသားသည် ကြွလာတော်မူလတံ့’၊ ‘လူသားကြွလာသတည်း’၊ ‘လူသားသည် မိမိနေ့ရက်၌’ ဆိုပြီး အမြဲတမ်း ပြောတယ်။ ဒီ ‘လူသား’ဆိုတာ ဘာကို ဆိုလိုတာလဲ။ ဒါကို ပြောတဲ့အခါမှာ လူသားကနေ မွေးတဲ့သူ၊ သာမန်လူ့သဘာဝရှိသူကို ဆိုလိုတာပါ။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေပေါ့။ ဒါဆို ဒီ ‘လူသား’ဆိုတဲ့ စကားကို သခင်ယေရှုက ဘာလို့ ထပ်ခါထပ်ခါ အသားပေးပြောခဲ့တာလဲ။ နောက်ဆုံးသောကာလမှာ ဘုရားသခင်က ထင်ရှားပြီး အလုပ်လုပ်ဖို့အတွက် လူသားအနေနဲ့ လူ့ဇာတိခံ ပြန်ကြွလာမယ်လို့ ကျွန်မတို့ကို ပြောနေတာပါ။ ဒါပေမဲ့ နောက်ဆုံးသောကာလမှာ လူသားက အမျိုးသားဖြစ်မလား၊ အမျိုးသမီးဖြစ်မလားဆိုတာကို သခင်က လုံးဝ မပြောခဲ့ဘူး။ ဒီတော့ လူတွေက ဘယ်လိုလုပ် ဒီဆုံးဖြတ်ချက်ကို ချနိုင်တာလဲ။ ကမ္ဘာဦးကျမ်း အခန်းကြီး ၁၊ အငယ် ၂၇ ကို အားလုံးသိကြတယ်။ ‘ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကို ဖန်ဆင်းပြီးလျှင်။’ ဒီမှာ အစအဦးမှာ ဘုရားသခင်က သူ့ပုံရိပ်နဲ့အညီ ယောက်ျားနဲ့ မိန်းမကို ဖန်ဆင်းတယ်ဆိုတာ ကျွန်မတို့ မြင်နိုင်တယ်။ ဘုရားသခင်ကို ယောက်ျားလို့ ကျွန်မတို့ သတ်မှတ်ရင် ဘုရားသခင်က သူ့ပုံရိပ်နဲ့အညီ မိန်းမကိုလည်း ဖန်ဆင်းတာကို ဘယ်လိုရှင်းပြနိုင်မလဲ။ ဒီတော့ ကျွန်မတို့ရဲ့ ကိုယ်ပိုင်အယူအဆတွေ၊ စိတ်ကူးတွေကို အခြေခံပြီး ဘုရားကို ဘောင်ခတ်လို့ မရပါဘူး” ပေါ့။ နောက်တော့ ဆရာဆောင်ကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အပိုဒ်နည်းနည်း ဖတ်ပြလိုက်တယ်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်လုပ်ဆောင်ခဲ့သည့် အမှုအဆင့်အသီးသီးတို့၌ ၎င်းတို့၏ကိုယ်ပိုင် လက်တွေ့ကျသော အဓိပ္ပာယ်ရှိသည်။ ထိုစဉ်အချိန်က ယေရှုကြွလာခဲ့သောအခါ၊ သူသည် အမျိုးသားတစ်ဦး ပုံစံဖြင့် လာခဲ့ပြီး၊ ယခုတစ်ကြိမ် ဘုရားသခင် ကြွလာသောအခါမူ သူ၏ပုံစံသည် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဤအရာမှ အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးလုံးကို ဘုရားသခင်၏ ဖန်ဆင်းခြင်းသည် သူ၏အမှု၌ အသုံးပြုနိုင်သည်ကို သင်မြင်နိုင်သည်၊ ထို့ပြင် သူ့ထံတွင် ကျားမခွဲခြားခြင်း မရှိပေ။ သူ၏ဝိညာဉ်တော် ကြွလာသည့်အခါတွင် သူ့အနေဖြင့် သူနှစ်သက်သည့် မည်သည့်ဇာတိခန္ဓာကိုမဆို ခံယူနိုင်ပြီး သူ့ကို ကိုယ်စားပြုနိုင်သည့် ဇာတိခန္ဓာကို ခံယူနိုင်ပေသည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ဘုရားသခင်ခံယူသော ဇာတိခန္ဓာဖြစ်နေသရွေ့၊ ယင်းသည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည်။ အကယ်၍ ယေရှုကြွလာခဲ့သည့် အချိန်တွင် သူ့အနေဖြင့် အမျိုးသမီးအသွင်နှင့် ပေါ်လာခဲ့ပါလျှင်၊ တစ်နည်းအားဖြင့် အကယ်၍ သားယောက်ျားမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်သော သမီးမိန်းကလေးဖြစ်ခဲ့လျှင် အမှု၏ထိုအဆင့်သည် ထပ်တူညီစွာ ပြီးပြည့်စုံခဲ့မည်ပင် ဖြစ်သည်။ အကယ်၍ ထိုကဲ့သို့သာ ဖြစ်ခဲ့မည်ဆိုပါက၊ အမှု၏ ယခုလက်ရှိအဆင့်ကို အမျိုးသားက ပြီးမြောက်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး၊ အမှုသည်လည်း ထပ်တူညီစွာပင် ပြီးမြောက်လာမည်ဖြစ်သည်။ အဆင့်တစ်ခုချင်းစီတွင် လုပ်ဆောင်ခဲ့သော အမှုသည် ယင်း၏ အရေးပါမှုရှိလေသည်။ မည်သည့်အဆင့်၏ အမှုကမျှ ထပ်ကျော့မပြန်သကဲ့သို့ အခြားအဆင့်တစ်ခုနှင့်လည်း ကွဲပြားဆန့်ကျင်ခြင်း မရှိချေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်)လိင်သတ်မှတ်ချက်တွင်၊ တစ်ဦးသည် အမျိုးသားဖြစ်ပြီး၊ အခြားတစ်ဦးမှာ အမျိုးသမီး ဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်သည် ပြီးပြည့်စုံသွားပြီ ဖြစ်ပြီး၊ ၎င်းသည် ဘုရားသခင်နှင့် ပတ်သက်သည့် လူသားများ၏ အယူအဆများကို ပပျောက်စေသည်၊ ဘုရားသခင်သည် အမျိုးသားရော၊ အမျိုးသမီးပါ နှစ်မျိုးစလုံးဖြစ်နိုင်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်သည် အနှစ်သာရအားဖြင့် လိင်သတ်မှတ်ချက် မရှိပေ။ သူသည် ယောက်ျားနှင့် မိန်းမ နှစ်မျိုးစလုံးကို ဖန်ဆင်းခဲ့ပြီး၊ သူ့အတွက် လိင်သတ်မှတ်ချက် မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ)ဘုရားသခင်သည် ယောက်ျားတစ်ဦး အဖြစ်သာ လူ့ဇာတိ ခံယူလာခဲ့ပါက၊ လူများသည် သူ့ကို ယောက်ျားအဖြစ်၊ လူယောက်ျားများ၏ ဘုရားသခင်အဖြစ်၊ သတ်မှတ်လိုက်ကြမည် ဖြစ်ပြီး၊ သူ့ကို မိန်းမများ၏ ဘုရားသခင်အဖြစ် မည်သည့်အခါမျှ ယုံကြည်မည် မဟုတ်ပေ။ ထိုအခါ ယောက်ျားများက ဘုရားသခင်ကို ယောက်ျားများကဲ့သို့ တူညီသော လိင်ရှိသည်၊ ဘုရားသခင်သည် ယောက်ျားများ၏ ခေါင်းဆောင်ဖြစ်သည်ဟု ယူဆကြပေမည်- သို့သော် မိန်းမများနှင့်သက်ဆိုင်၍ မည်သည့်အရာ ဖြစ်သနည်း။ ယင်းသည် မမျှတပေ။ ယင်းသည် ဦးစားပေးဆက်ဆံမှု ဖြစ်သည် မဟုတ်လော။ ဤကိစ္စရပ်သည် မှန်ကန်ပါက၊ ဘုရားသခင် ကယ်တင်သော သူအားလုံးတို့သည် သူကဲ့သို့ ယောက်ျားများသာ ဖြစ်မည်ဖြစ်ပြီး၊ မိန်းမတစ်ဦးတစ်ယောက်မျှ ကယ်တင်ခံရမည် မဟုတ်ပေ။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ချိန်တွင်၊ သူသည် အာဒံကို ဖန်ဆင်းခဲ့ပြီး ဧဝကို ဖန်ဆင်းခဲ့သည်။ သူသည် အာဒံ တစ်ဦးတည်းကိုသာ မဖန်ဆင်းခဲ့ဘဲ၊ ယောက်ျားနှင့် မိန်းမနှစ်ဦးလုံးကို သူ၏ သဏ္ဌာန်အတိုင်း ပြုလုပ်ခဲ့သည်။ ဘုရားသခင်သည် ယောက်ျားများ၏ ဘုရားသခင်သာ မဟုတ်— မိန်းမများ၏ ဘုရားသခင်လည်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃))

ကျွန်မ ဆက်ပြီးတော့ မိတ်သဟာယဖွဲ့တယ်။ “အစအဦးမှာ ဘုရားသခင်က သူ့ပုံရိပ်နဲ့အညီ ယောက်ျားနဲ့ မိန်းမကို ဖန်ဆင်းခဲ့တာကို ကျွန်မတို့အားလုံးသိတယ်။ ဒီတော့ ပုံမှန်ဆိုရင် ဘုရားသခင်က ယောက်ျားအဖြစ်ရော မိန်းမအဖြစ်ပါ လူ့ဇာတိခံနိုင်တယ်။ ဘုရားသခင်က ယောက်ျားအဖြစ် နှစ်ကြိမ် လူ့ဇာတိခံရင် လူသားတွေက သူ့ကို ဘောင်ခတ်နိုင်တယ်။ ဘုရားက ယောက်ျားအဖြစ်ပဲ လူ့ဇာတိခံနိုင်တယ်။ မိန်းမအဖြစ် လူ့ဇာတိမခံနိုင်ဘူး သူက ယောက်ျားတွေရဲ့ ဘုရားဖြစ်တယ်၊ မိန်းမတွေရဲ့ ဘုရားမဟုတ်ဘူးလို့ ယုံကြည်ကြနိုင်တယ်။ ဒါ သူ့ကို တော်တော်ကို နားလည်မှုလွဲတာမဟုတ်ဘူးလား။ ဒါဟာ အမျိုးသမီးတွေကို အမြဲတမ်း ခွဲခြားဆက်ဆံတဲ့ သဘောဖြစ်သွားမှာပဲ။ အမျိုးသမီးတွေအတွက် တော်တော် မမျှတဘူးဖြစ်သွားမှာ။ ဘုရားသခင်က ဖြောင့်မတ်တယ်။ ဒါကြောင့် သူက အရင်ဆုံး ယောက်ျားအဖြစ် လူ့ဇာတိခံတယ်။ ပြီးတော့ နောက်ဆုံးသောကာလမှာ မိန်းမအဖြစ် လူ့ဇာတိခံတယ်။ ဒါက အရမ်း အဓိပ္ပာယ်ရှိတယ်။ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ပြည့်စုံအောင် ပြပေးတယ်။ ဘုရားက ယောက်ျားနဲ့ မိန်းမကို ညီတူညီမျှ ဆက်ဆံတယ်ဆိုတာကို ပြတယ်။ ဒါက ယောက်ျားနဲ့ မိန်းမကို သူ ဖန်ဆင်းတဲ့ အဓိပ္ပာယ်ကို ပြည့်စုံစေတယ်။ တကယ်တော့ ဘုရားက ယောက်ျားအဖြစ်၊ မိန်းမအဖြစ် လူ့ဇာတိခံတာက အရေးမကြီးဘူး။ ဒီလူက သမ္မာတရားကို ဖော်ပြနိုင်သရွေ့၊ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုကို ပြုနိုင်သရွေ့ ဘုရားကို ကိုယ်စားပြုနိုင်တယ်။ လူ့ဇာတိခံဘုရားကိုယ်တိုင် ဖြစ်တယ်။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင် ကြွလာပြီ။ သူက လူကို သန့်စင်ပြီး ကယ်တင်တဲ့ သမ္မာတရားတွေ အားလုံးကို ဖော်ပြနေပြီး သူ့ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို ပြုနေတယ်။ နိုင်ငံတော်ခေတ်ကို စတင်နေပြီး ကျေးဇူးတော်ခေတ်ကို အဆုံးသတ်နေတယ်။ ဒါက အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ လူ့ဇာတိခံဘုရားသခင်ဖြစ်ပြီး ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်ဆိုတာ ခိုင်ခိုင်မာမာ သက်သေပြပါတယ်။”

ဒီအချိန်မှာဆရာဆောင်က ကျွန်မကို တော်တော် အလေးအနက်ပြောတယ်။ “ညီမ၊ ညီမပြောသမျှက ကျိုးကြောင်းသင့်တယ်။ ကျွန်တော် မချေပနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော် သိပ်ပြီး အဖြေရှာလို့မရနိုင်တာတစ်ခုရှိနေသေးတယ်။ ကမ္ဘာဦးကျမ်း ၃:၁၆ မှာ ဘုရားသခင်က ပြောသည်- ‘ကိုယ့်ခင်ပွန်း၏ အလိုသို့လိုက်၍ သူ၏အုပ်စိုးခြင်းကိုလည်း ခံရမည်။’ ပြီးတော့ ကောရိန္တုဩဝါဒစာ ပထမစောင် ၁၁:၃ မှာ ‘မိန်းမ၏ ခေါင်းကား ယောက်ျားဖြစ်သည်ကို၎င်း’ ဆိုပြီး ပြောတယ်။ မိန်းမက ဖောက်ပြန်ပျက်စီးခြင်းရဲ့ အရင်းအမြစ်ဖြစ်ပြီး ယောက်ျားရဲ့ အုပ်စိုးမှုကို ခံရတယ်ဆိုတာ ဒီစာတွေကနေ မြင်နိုင်တယ်။ ဒါဆို သခင်က ဘယ်လိုလုပ် အမျိုးသမီးအဖြစ် ပြန်လာနိုင်တာလဲ” တဲ့။ ဆရာဆောင်ရဲ့ စကားတွေကို နားထောင်ပြီး ကျွန်မ တွေးတယ်။ “ဘုရားနှုတ်ကပတ်တော်တွေ အများကြီးဖတ်ပြပြီးပြီ။ အများကြီး မိတ်သဟာယဖွဲ့ပြီးပြီ။ ဒါတောင် ဘုရားကို ယောက်ျားအဖြစ် ဘောင်ခတ်နေတုန်းပဲ။ မိန်းမအဖြစ် လူ့ဇာတိခံတဲ့အချက်ကို လက်မခံနိုင်ဘူး။ ကိုယ့်အယူအဆတွေကို လွယ်လွယ်နဲ့ ဘေးမဖယ်နိုင်တဲ့ပုံပဲ” ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မ စဉ်းစားတယ်။ “သူ့အယူအဆတွေက ကျမ်းစာကို သူနားလည်တာတွေက လွဲနေတာကြောင့်ပဲ။ အမှန်ကို သူနားလည်ရင် ဒီအယူအဆတွေက ပျောက်သွားလိမ့်မယ်။” ကျွန်မက သူ့ကို ပြောလိုက်တယ်။ “ဆရာဆောင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ပြောပြီးပြီ။ သူပြောတာကို ကြည့်ကြည့်ရအောင်။”

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အတိတ်ကာလများက ယောက်ျားသည် မိန်းမ၏ဦးခေါင်းဖြစ်ရမည်ဟု ပြောခဲ့သောအချိန်တွင် ထိုစကားသည် မြွေ၏လှည့်ဖြားခြင်းကို ခံခဲ့ရသည့် အာဒံနှင့် ဧဝကို ရည်ညွှန်းပြောခဲ့ခြင်းဖြစ်ပြီး ကမ္ဘာဦးအစက ယေဟောဝါဖန်ဆင်းခဲ့သည့် လူယောက်ျားနှင့် လူမိန်းမကို ပြောခြင်းမဟုတ်ပေ။ မှန်ပေသည်၊ အမျိုးသားများသည် သူ၏မိသားစုကို ကျွေးမွေးထောက်ပံ့ရသကဲ့သို့ပင် အမျိုးသမီးများသည်လည်း သူတို့၏ အမျိုးသားများကို နာခံ၍ ချစ်ခင်ကြင်နာရမည် ဖြစ်သည်။ ဤအရာတို့မှာ လူသားမျိုးနွယ်က ကမ္ဘာကြီးပေါ်ရှိ သူတို့၏အသက်တာများတွင် လိုက်နာရမည့် ယေဟောဝါချမှတ်ထားသော စီရင်ထုံးဖွဲ့ချက်များနှင့် ဥပဒေသများပင်ဖြစ်သည်။ ယေဟောဝါသည် လူမိန်းမကို ‘ကိုယ့်ခင်ပွန်း၏ အလိုသို့လိုက်၍ သူ၏အုပ်စိုးခြင်းကိုလည်း ခံရမည်’ ဟုပြောခဲ့သည်။ ထိုကဲ့သို့ သူပြောဆိုခဲ့သည်မှာ လူသားမျိုးနွယ်သည် (လူယောက်ျားနှင့် လူမိန်းမနှစ်ဦးလုံးကို ဆိုလိုသည်) ယေဟောဝါ၏ အုပ်စိုးမှုအောက်တွင် သာမန်အသက်တာဖြင့် အသက်ရှင်နိုင်ရန်ဖြစ်ပြီး ထိုသို့အားဖြင့် လူသားမျိုးနွယ်၏ အသက်တာများသည် ဖွဲ့စည်းတည်ဆောက်မှု ရှိနေရန်နှင့် သူတို့၏ သင့်လျော်ကောင်းမွန်သည့် စနစ်ကျနမှုမှ မကျဆင်းသွားရန်ဖြစ်သည်။ ထို့ကြောင့် ယေဟောဝါသည် ယောက်ျားနှင့် မိန်းမတို့ မည်သို့လုပ်ဆောင်ရမည်ဆိုသည်နှင့်ပတ်သက်၍ သင့်လျော်သည့် စည်းမျဉ်းဥပဒေများကို ချမှတ်ပေးခဲ့သည်၊ သို့သော်လည်း ဤအရာသည် လောကကမ္ဘာပေါ်တွင် အသက်ရှင်နေထိုင်ကြသည့် ဖန်ဆင်းခံသတ္တဝါများအတွက်သာဖြစ်ပြီး ဘုရားသခင်ခံယူသော ဇာတိခန္ဓာနှင့် သက်ဆိုင်ခြင်း လုံးဝမရှိချေ။ ဘုရားသခင်သည် သူဖန်ဆင်းထားသော အရာများနှင့် အဘယ်ကဲ့သို့ တူညီနေနိုင်မည်နည်း။ သူ၏နှုတ်ကပတ်တော်များသည် သူဖန်ဆင်းခဲ့သည့် လူသတ္တဝါများကိုသာ ရည်ညွှန်းထားခြင်းဖြစ်သည်၊ လူသားမျိုးနွယ်တို့အနေဖြင့် ပုံမှန်အသက်တာများကို ရှင်သန်နေထိုင်နိုင်ရန်အလို့ငှာ ယောက်ျားမိန်းမတို့အတွက် စည်းမျဉ်းများကို ဘုရားသခင်ထူထောင်ပေးခဲ့ခြင်းဖြစ်သည်။ အစအဦး၌ ယေဟောဝါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သောအခါ၊ သူသည် လူနှစ်မျိုးကို ဖန်ဆင်းခဲ့သည်၊ ထိုနှစ်မျိုးမှာ အမျိုးသားနှင့် အမျိုးသမီးပင်ဖြစ်သည်၊ ထို့ကြောင့် သူခံယူသည့် ဇာတိခန္ဓာများလည်း အမျိုးသားနှင့် အမျိုးသမီးဟူ၍ ကွဲပြားသည်။ သူ့အနေဖြင့် သူ၏အမှုကို အာဒံနှင့် ဧဝတို့ကိုပြောခဲ့သည့် သူ၏နှုတ်ကပတ်တော်များအပေါ်တွင်မူတည်၍ ဆုံးဖြတ်ခဲ့ခြင်း မဟုတ်ပေ။ နှစ်ကြိမ်နှစ်ခါ လူ့ဇာတိကိုခံယူခြင်းသည် လူသားမျိုးနွယ်ကို ရှေးဦးစွာ သူဖန်ဆင်းခဲ့စဉ်အချိန်က သူ၏အတွေးနှင့်အညီပင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော်၊ ဘုရားသခင်သည် သူ၏နှစ်ကြိမ်လူ့ဇာတိခံယူသည့်အမှုကို အမျိုးသားနှင့် အမျိုးသမီးတို့အပေါ် အခြေခံ၍ ထိုသူတို့ ဖောက်ပြန်ဖျက်ဆီးခြင်း မခံရမီ ပြီးပြည့်စုံအောင် လုပ်ခဲ့ခြင်းဖြစ်သည်။...ယေဟောဝါသည် နှစ်ကြိမ်တိုင်တိုင် လူ့ဇာတိကို ခံယူစဉ်တွင် သူ့ဇာတိခန္ဓာ၏ မိန်းမဖြစ်ခြင်း၊ ယောက်ျားဖြစ်ခြင်းတို့သည် မြွေ၏လှည့်ဖြားခြင်းကို မခံရသည့် ယောက်ျား၊ မိန်းမတို့နှင့်သာ သက်ဆိုင်သည်။ မြွေ၏လှည့်ဖြားခြင်းကို မခံရသည့် လူယောက်ျားနှင့် မိန်းမတို့နှင့်အညီ နှစ်ကြိမ်တိုင် သူလူ့ဇာတိခံယူခဲ့ခြင်းဖြစ်သည်။ ယေရှု၏ လူယောက်ျားဖြစ်ခြင်းသည် မြွေ၏လှည့်ဖြားခြင်းကို ခံခဲ့ရသည့် အာဒံနှင့် တူညီနေသည်ဟု မထင်နှင့်။ လူယောက်ျားဖြစ်ခြင်းနှစ်ခုတို့သည် လုံးဝပတ်သက်ခြင်း မရှိသကဲ့သို့ ထိုသူနှစ်ဦးသည် လုံးဝခြားနားသည့် သဘာဝဗီဇနှစ်ခုရှိသည့် အမျိုးသားများဖြစ်ကြသည်။ ယေရှု၏ လူယောက်ျားဖြစ်ခြင်းမှာ သူသည် အမျိုးသမီးများအားလုံး၏ ဦးခေါင်းဖြစ်သော်လည်း အမျိုးသားများအားလုံး၏ ဦးခေါင်းမဟုတ်သည်ကို သက်သေပြခြင်းမျိုး မဟုတ်သည်မှာ သေချာသည် မဟုတ်လော။ သူသည် ယုဒလူမျိုးအားလုံးတို့၏ (အမျိုးသား၊ အမျိုးသမီး အားလုံးအပါအဝင်) ရှင်ဘုရင်မဟုတ်လော။ သူသည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်တော်မူသည်၊ သူသည် မိန်းမအပေါင်းတို့၏ ဦးခေါင်းသာလျှင်မဟုတ်ဘဲ ယောက်ျားသားများ အားလုံးတို့၏ ဦးခေါင်းလည်းဖြစ်သည်။ သူသည် ဖန်ဆင်းခံသတ္တဝါများအားလုံးတို့၏ အရှင်သခင် ဖြစ်သကဲ့သို့ ထိုအရာများအားလုံးတို့၏ ဦးခေါင်းလည်းဖြစ်သည်။ ယေရှု၏ ယောက်ျားဖြစ်မှုသည် မိန်းမအားလုံးတို့၏ ဦးခေါင်းဖြစ်ခြင်း၏ အမှတ်အသားဖြစ်ကြောင်း သင်အဘယ်ကဲ့သို့ သတ်မှတ်နိုင်သနည်း။ ထိုအရာသည် ဘုရားသခင်ကို ပြစ်မှားခြင်းပင် ဖြစ်မည်မဟုတ်လော။ ယေရှုသည် ဖောက်ပြန်ဖျက်ဆီးခြင်း မခံရသည့် လူယောက်ျားတစ်ဦးပင် ဖြစ်သည်။ သူသည် ဘုရားသခင်ဖြစ်သည်၊ သူသည် ခရစ်တော်ဖြစ်ကာ၊ သူသည် အရှင်သခင်ဖြစ်သည်။ ထိုသူသည် မည်ကဲ့သို့သောနည်းဖြင့် ဖောက်ပြန်ဖျက်ဆီးခြင်း ခံရသည့် အာဒံနှင့် တူနိုင်ပါမည်နည်း။ ယေရှုသည် ဘုရားသခင်၏ အသန့်ရှင်းဆုံးသော ဝိညာဉ်တော်မှ ဝတ်ဆင်ထားသည့် ဇာတိခန္ဓာပင်ဖြစ်သည်။ သူသည် အာဒံ၏ လူယောက်ျားဖြစ်မှုကို ပိုင်ဆိုင်ထားသည့် ဘုရားသခင်ဖြစ်သည်ဟု သင့်အနေဖြင့် အဘယ်ကဲ့သို့ ပြောနိုင်သနည်း။ ထိုသို့ဆိုပါက၊ ဘုရားသခင်၏ လုပ်ဆောင်မှု အားလုံးသည် မှားယွင်းနေလိမ့်မည် မဟုတ်လော။ ယေဟောဝါသည် မြွေ၏လှည့်ဖြားခြင်းကို ခံခဲ့ရသည့် အာဒံ၏ ယောက်ျားဖြစ်မှုနှင့် ဖွဲ့စည်းထားသော ယေရှု၏အထဲသို့ ပေါင်းစပ်ခဲ့ပြီးဖြစ်မည်လော။ လက်ရှိကာလ၏ လူ့ဇာတိခံယူခြင်းသည် ယေရှုနှင့် လိင်အမျိုးအစား ကွဲပြားသော်လည်း သဘောသဘာဝအရ ယေရှုနှင့်တူညီသည့် လူ့ဇာတိခံယူသော ဘုရားသခင်အမှု၏ အခြားသော သာဓကတစ်ခုပင် မဟုတ်လော။ မိန်းမသည် မြွေ၏လှည့်ဖြားခြင်းကို ပထမဦးဆုံး ခံခဲ့ရသည့်သူဖြစ်သောကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် အမျိုးသမီး မဖြစ်နိုင်ပါဟု သင့်အနေဖြင့် ပြောရဲသေးသလော။ မိန်းမသည် မသန့်ရှင်းဆုံးသောအရာနှင့် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း အရင်းအမြစ်ဖြစ်သည့်အတွက် ဘုရားသခင်သည် အမျိုးသမီးအဖြစ် လူ့ဇာတိခံယူရန် လုံးဝမဖြစ်နိုင်ဟု သင်ပြောရဲသေးသလော။ ‘မိန်းမတို့သည် ယောက်ျားများကို အမြဲတမ်းနာခံရမည်ဖြစ်ပြီး သူတို့သည် ဘုရားသခင်ကို တိုက်ရိုက်ကိုယ်စားပြုခြင်း၊ သို့မဟုတ် ထင်ရှားဖော်ပြခြင်းမျိုး မည်သည့်အခါမျှ မလုပ်ရ’ ဟု သင်သည် ဆက်လက်၍ ပြောဝံ့သေးသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်)

ကျွန်မ ဆက်ပြောတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ ကျွန်မတို့ မြင်နိုင်တယ်။ ‘ကိုယ့်ခင်ပွန်း၏ အလိုသို့လိုက်၍ သူ၏အုပ်စိုးခြင်းကိုလည်း ခံရမည်၊’ လို့ ဘုရားက မိန်းမကို ပြောတဲ့အခါမှာ ဒါက ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်အတွက် သူ့ရဲ့ သတ်မှတ်ချက်နဲ့ ကန့်သတ်ချက်ပဲ။ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်က ယေဟောဝါဘုရားသခင်ရဲ့ အုပ်စိုးမှုအောက်မှာ စနစ်တကျ နေနိုင်ဖို့အတွက်ပေါ့။ ဒီသတ်မှတ်ချက်က လူ့ဇာတိခံဘုရားသခင်နဲ့ ဘာမှမသက်ဆိုင်ဘူး။ ဓမ္မဟောင်းကျမ်းထဲက ယေဟောဝါဘုရားသခင်က လူကို ဥပုသ်နေ့ကိုစောင့်ထိန်းဖို့ အမိန့်ပေးတုန်းကလိုပေါ့။ ဒါက ဘုရားက လူကို တောင်းဆိုတဲ့အရာပဲ။ လူက ဒါကို သခင်ယေရှုကို တောင်းဆိုလို့မရဘူး။ သခင်ယေရှုပြောခဲ့သလိုပဲ။ ‘ထိုမှတပါး ဥပုသ်နေ့သည် လူအဘို့ဖြစ်၏။ လူသည် ဥပုသ်နေ့အဘို့ ဖြစ်သည်မဟုတ်။ သို့ဖြစ်၍ လူသားသည်ဥပုသ်နေ့ကိုပင် အစိုးရသည်ဟု မိန့်တော်မူ၏။(ရှင်မာကုခရစ်ဝင် ၂:၂၇-၂၈) ဒီတော့ ကျမ်းစာက ‘ကိုယ့်ခင်ပွန်း၏ အလိုသို့လိုက်၍ သူ၏အုပ်စိုးခြင်းကိုလည်း ခံရမည်၊’ (ကမ္ဘာဦးကျမ်း ၃:၁၆) ‘မိန်းမ၏ ခေါင်းကား ယောက်ျားဖြစ်သည်ကို၎င်း၊’ (ကောရိန္သု ဩဝါဒစာ ပဌမစောင် ၁၁:၃) ဆိုပြီး ပြောပေမဲ့ ဒါတွေက လူ့ဇာတိခံဘုရားသခင်နဲ့ လုံးဝ မသက်ဆိုင်ဘူး။ ဘုရားသခင်က ယောက်ျားအဖြစ်၊ မိန်းမအဖြစ် လူ့ဇာတိခံသည်ဖြစ်စေ အမြဲတမ်း သူ့ရဲ့ ဝိညာဉ်က လွှမ်းခြုံထားတဲ့ အသွေးအသားပဲ။ အမြဲတမ်း ဘုရားကိုယ်တော်တိုင်ပဲ။ လူက ဘုရားကို မိန်းမ မဖြစ်နိုင်ဘဲ ယောက်ျားအဖြစ် ဘောင်ခတ်ဖို့ ဒီစကားတွေကို သုံးရင်၊ နောက်ဆုံးသောကာလ လူ့ဇာတိခံဘုရားကို ငြင်းဆန်ရင် ဒါက လူ့ဇာတိခံဘုရားကို ဖောက်ပြန်ပျက်စီးတဲ့လူသားနဲ့ အမျိုးအစားအတူတူလို့ သတ်မှတ်တာမဟုတ်ဘူးလား။ ဒါက ဘုရားကို ပုတ်ခတ်စော်ကားတာမဟုတ်ဘူးလား” ပေါ့။ သင်းအုပ်ဆရာက ကျွန်မပြောတာကို နားထောင်ပြီးတော့ အံ့ဩမှင်သက်သွားတယ်။ သူက လုံးဝ အလေးအနက်ပြောတယ်။ “ညီမ၊ သခင်က အသွေးအသားနဲ့ ကြွလာတာဆိုတော့ လူသားက မွေးဖွားပြီး လိင်ရှိရမယ်။ သူက ဒီတစ်ကြိမ်မှာ မိန်းမအဖြစ် လူ့ဇာတိခံတာကို ကျွန်တော် ရုတ်တရက် လက်မခံနိုင်နေဘူး။ ကျွန်တော့်ကို ဉာဏ်အလင်းဖွင့်ပြဖို့အတွက် ဆုတောင်းပြီး သခင့်ကို တောင်းခံဖို့ လိုတယ်” တဲ့။ သင်းအုပ်ဆရာက ဒီလိုပြောတော့ ကျွန်မ နည်းနည်းစိုးရိမ်ပြီး ပဟေဠိဖြစ်သွားတယ်။ ကျွန်မက အများကြီး မိတ်သဟာယဖွဲ့ပြီးပြီ။ ဘာလို့ သူက သူ့အယူအဆတွေကို ဘေးချမထားနိုင်သေးတာလဲ။ ဘာဖြစ်နေတာလဲပေါ့။ သူက ဘုရားနှုတ်ကပတ်တော်ကို နားမလည်နိုင်ဘူးလား။ ဘုရားရဲ့ သိုးတစ်ကောင်မဟုတ်ဘူးလား။ ကျွန်မ သူနဲ့ ဆက်ပြီး စကားပြောသင့်လား။ ဒီကနေ ဘာသင်ခန်းစာကို ကျွန်မ ယူရမလဲ ပေါ့။ ကျွန်မ စိတ်နှလုံးထဲကနေ ဘုရားကို ဆုတောင်းတယ်။

အဲဒီနောက်တော့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ အမှတ်ရတယ်။ “ဧဝံဂေလိ ဖြန့်ဝေရာတွင် သင်၏တာဝန်ကို ဖြည့်ဆည်းပြီး သင် ဧဝံဂေလိဖြန့်ဝေသည့်သူတိုင်းကို စိတ်ပါလက်ပါ ကိုင်တွယ်ဖြေရှင်းရမည်။ ဘုရားသခင်သည် လူများကို ဖြစ်နိုင်သမျှ အကြီးမားဆုံး အတိုင်းအတာအထိ ကယ်တင်ပြီး၊ သင်သည် ဘုရားသခင်၏ အလိုတော်ကို အလေးဂရုပြုမည်။ စစ်မှန်သော လမ်းခရီးကို ရှာဖွေပြီး ဆင်ခြင်စဉ်းစားနေသည့် မည်သူ့ကိုမျှ ပေါ့ပေါ့တန်တန် လျစ်လျူမရှုရပေ။...မှန်သောလမ်းကို သုံးသပ်ဆင်ခြင်နေသည့် လူအချို့သည် နားလည်နိုင်စွမ်းရှိပြီး အစွမ်းအစ ကြီးကြသော်လည်း မာနထောင်လွှားကာ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်၍ ဘာသာရေးအယူအဆများကို တစ်သဝေမတိမ်း လိုက်နာကြ၏။ ထို့ကြောင့် ဤအရာကို ကူညီဖြေရှင်းပေးရန် ချစ်ခြင်းနှင့် စိတ်ရှည်သည်းခံခြင်းဖြင့် သမ္မာတရားအကြောင်းကို ၎င်းတို့အား မိတ်သဟာယပြုပေးသင့်သည်။ မည်သို့မိတ်သဟာယပြုပေးသည်ဖြစ်စေ သမ္မာတရားကို ၎င်းတို့လက်မခံဘဲ ရှိနေမှသာလျှင် လက်လျှော့သင့်သည်။ တတ်နိုင်သမျှနှင့် လုပ်သင့်သည့်အရာအားလုံးကို လုပ်ထားပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ကျင့်ဝတ်သိက္ခာအရ ယုံကြည်သူများအားလုံး မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ စိုးရိမ်နေတဲ့ စိတ်နှလုံးကို ငြိမ်သက်စေခဲ့တယ်။ ဘုရားသခင်က ကျွန်မတို့ကို ဧဝံဂေလိလက်ခံဖို့ အလားအလာရှိသူတွေအပေါ် ချစ်ခင်စိတ်ရှည်ဖို့ တောင်းဆိုပါတယ်။ အဆုံးမှာ သူတို့က ဧဝံဂေလိကို လက်ခံမခံက အရေးမကြီးဘူး။ ကျွန်မတို့ တတ်နိုင်သမျှကို လုပ်ပြီးသွားမှာပဲ။ ကျွန်မက ဆရာဆောင်နဲ့ ဧဝံဂေလိမျှဝေတဲ့အခါမှာ ကျွန်မလုပ်သင့်တာအားလုံးကို မလုပ်ရသေးဘူးဆိုတာ သဘောပေါက်သွားတယ်။ ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေနဲ့ ကျွန်မ မညီသေးဘူး။ သူက ကျမ်းစာကို ဖက်တွယ်နေတာ၊ သူ့စိတ်ကို မပြောင်းနိုင်သေးတာတွေကို မြင်ပြီး သူက သမ္မာတရားကို ဘယ်တော့မှ ရမှာမဟုတ်ဘူးလို့ ကျွန်မ ထင်ခဲ့တယ်။ သူက ဘုရားသခင်က မိန်းမအဖြစ် လူ့ဇာတိခံတဲ့အပေါ်မှာ အယူအဆတွေရှိနေပြီး ကျွန်မ မိတ်သဟာယကို ချက်ချင်းနားမလည်ဘူး။ အဲဒါနဲ့ ကျွန်မက တစ်ခါ စိတ်မရှည်တော့ပြန်ဘူး။ ကျွန်မက ဆရာဆောင်အပေါ် အမြင်စောင်းသွားတယ်။ သင်းအုပ်ဆရာတွေက ဘုရားရဲ့အသံကို လွယ်လွယ်ကူကူနဲ့ မသိမြင်နိုင်ဘူးလို့ ထင်ခဲ့တယ်။ သူက ကျော်လွှားလို့မရတဲ့ အယူအဆတစ်ခုရှိတာနဲ့ ကျွန်မက သူ့ကို ဘောင်ခတ်လိုက်ပြီး သူ့ကို လက်တောင်လျှော့လိုက်ချင်တယ်။ ဘုရားသခင်က ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ အပင်ပန်းခံ အားစိုက်ထုတ်တာ၊ ကျွန်မတို့ကို အာဟာရဖြစ်စေဖို့ နှုတ်ကပတ်တော်တွေအများကြီးဖော်ပြတာကို ကျွန်မ တွေးမိတယ်။ ကျွန်မတို့ကို သမ္မာတရားကို နားလည်အောင် ကူပေးဖို့ သူက ကျွန်မတို့နဲ့ မိတ်သဟာယဖွဲ့တယ်။ သမ္မာတရားတစ်ခုစီကို အပြန်အလှန် ရှင်းပြတယ်။ ပုံပြင်တွေ၊ တင်စားမှုတွေနဲ့ ထောင့်ပေါင်းစုံကနေ ပြောတယ်။ လုံလောက်တဲ့ အသေးစိတ်အချက်တွေပေးပြီး ရှင်းလင်းအောင်ပေါ့။ လူသားမျိုးနွယ်အတွက် ဘုရားရဲ့ ချစ်ခြင်းနဲ့ ကျွန်မတို့အတွက် သူ အသုံးခံခဲ့တာက အရမ်းကြီးမားပြီး စကားနဲ့တောင် ဖော်ပြလို့မရဘူးဆိုတာ ကျွန်မ မြင်ခဲ့တယ်။ ဒါပေမဲ့ ဧဝံဂေလိမျှဝေဖို့ ကျွန်မတာဝန်မှာ အခက်အခဲကို ရှောင်ဖယ်ပြီး ဆရာဆောင်ကို လက်လျှော့ချင်ခဲ့တယ်။ ကျွန်မရဲ့ ချစ်ခြင်းနှလုံးသားက ဘယ်မှာလဲ။ ကျွန်မတာဝန်ကို ဘယ်လိုလုပ် အခုလိုမျိုး ထမ်းဆောင်နိုင်မှာလဲ။ ဆရာဆောင်က ချက်ချင်း ပြောင်းလဲမလာပေမဲ့ ကျွန်မ စိတ်မရှည်လို့မရဘူး။ သူ့ကို ချစ်ခြင်းနဲ့ ဆက်ဆံရမယ်။ သူ နားမလည်ရင် မိတ်သဟာယဖွဲ့ဖို့ အချိန်ကို ပိုသုံးရမယ်။ ဘုရားကို ဆုတောင်းပြီး အားကိုးရမယ်။ သင်းအုပ်ဆရာကို ဉာဏ်အလင်းဖွင့်ပေးဖို့ ဆုတောင်းရမယ်။

ဒီလိုစဉ်းစားရင်းနဲ့ ကျွန်မ ဆရာဆောင်နဲ့ ဆက်ပြီး မိတ်သဟာယဖွဲ့တယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မတို့ ယုံကြည်တဲ့အခါမှာ သူဖော်ပြတဲ့ သမ္မာတရားကို ကျွန်မတို့ ယုံကြည်တယ်။ ဘုရားသခင်ရဲ့ လူ့ဇာတိခံယူခြင်းက ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ သူက သမ္မာတရားကို ဖော်ပြသရွေ့၊ လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်နိုင်သရွေ့ သူက ဘုရားကိုယ်တိုင်ပဲ။ သူ့ကို ယုံကြည်ပြီး လက်ခံရမယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က နှစ်သုံးဆယ်ကျော် အလုပ်လုပ်နေခဲ့ပြီး နှုတ်ကပတ်တော်သန်းချီပြီး ဖော်ပြခဲ့တယ်။ လူသားမျိုးနွယ်ကို အပြစ်ကနေ ဖယ်ရှားပေးမယ့် သမ္မာတရားတွေကို သူ ဖော်ထုတ်ခဲ့ပြီး ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ယူဆောင်ပေးတယ်။ ဘာသာတရားတွေ၊ ဂိုဏ်းဂဏတွေအားလုံးမှာရှိတဲ့ ဘုရားသခင်ပေါ်ထွန်းဖို့ တောင့်တတဲ့သူ တော်တော်များများက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေမှာ ဘုရားအသံကို သိမြင်ပြီး ဘုရားဘက်ကို ဦးလှည့်ကြတယ်။ ဒီလူတွေအားလုံးက ပညာရှိ သတို့သမီးတွေပဲ။ သူတို့က ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို ကြုံတွေ့ကြတယ်။ သူတို့ကိုယ်တိုင်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းရဲ့ အမှန်တရားကို မြင်ကြတယ်။ နောင်တရပြီး ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်ကြတယ်။ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားက ပုန်ကန်ပြစ်မှားမှုကို သည်းမခံဘူးဆိုတာကို သဘောပေါက်ပြီး ဘုရားကို ကြောက်ရွံ့လာကြတယ်။ အမှန်တကယ် နောင်တရကြတယ်။ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက တဖြည်းဖြည်းချင်း ပြောင်းလဲသွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ကပ်ဘေးတွေမတိုင်ခင်မှာ အောင်မြင်သူအုပ်စုတစ်ခုကို လုပ်ခဲ့တယ်။ သူတို့တွေက ဗျာဒိတ်ကျမ်းမှာ ပရောဖက်ပြုထားတဲ့ ပထမဆုံး အသီးအပွင့်တွေပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ စာတန်ကို အောင်မြင်တဲ့ ဘုရားသခင်ရွေးချယ်ထားသူတွေရဲ့ သက်သေခံချက်တွေကို ဟိုးအရင်ကတည်းက အွန်လိုင်းမှာ တင်ခဲ့ပြီး ကယ်တင်ရှင်ပြန်ကြွလာပြီဆိုတာကို လူသားမျိုးနွယ်အားလုံးကို သက်သေခံခဲ့တယ်။ အခုဆို နိုင်ငံအားလုံးမှာ လမ်းမှန်ကို စူးစမ်းတဲ့လူတွေ ပိုပိုများလာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်က လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်တဲ့ ဘုရားရဲ့ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ကို အဆုံးသတ်ပြီး ကျွန်မတို့ကို စာတန်ရဲ့ အုပ်စိုးမှုကနေ အပြည့်အဝ ကယ်တင်ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ လုပ်ဆောင်မှုကနေ ပြီးမြောက်တဲ့အရာရာတိုင်းက အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ လူ့ဇာတိခံဘုရားဖြစ်တယ်၊ ဆိုလိုတာကတော့ ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်တယ်ဆိုတာကို ခိုင်ခိုင်မာမာ သက်သေပြတယ်။ ဒါက အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုဖြစ်သလားဆိုတာ ဆုံးဖြတ်ဖို့ လိင်အမျိုးအစားအပေါ်ပဲ အခြေခံပြီး လုပ်လို့မရဘူးဆိုတဲ့ သဘောပဲ။ သူက သမ္မာတရားကို ဖော်ပြနိုင်ပြီး လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုကို လုပ်နိုင်သလား။ ဒါက အဓိကအချက်ပဲ” ပေါ့။ ဒီအချိန်မှာ ဆရာဆောင်က အလေးအနက်ပြောတယ်။ “ညီမ၊ ညီမရဲ့ မိတ်သဟာယကို ကျွန်တော် နားလည်နိုင်ပါတယ်။ တစ်ယောက်ယောက်က သမ္မာတရားကို ဖော်ပြပြီး ကယ်တင်ခြင်းအမှုကို ပြုနိုင်ရင် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ သူက လူ့ဇာတိခံဘုရားသခင်ပဲ။ အခု ကျွန်တော့် စိတ်နှလုံးက လင်းလက်သွားပါပြီ” တဲ့။

အဲဒီနောက်တော့ ဆရာဆောင်က နောက်ထပ် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အများကြီး ဖတ်ပြီး သူ့အယူအဆတွေက ပြေလည်သွားတယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံသွားတယ်။

ဧဝံဂေလိမျှဝေတဲ့ ဒီအတွေ့အကြုံကတစ်ဆင့် ဘုရားသခင်ရဲ့ အမှုတော်ကို ဘုရားကိုယ်တိုင်ပဲ အားလုံးလုပ်တယ်ဆိုတာ မြင်သွားတယ်။ သင်းအုပ်ဆရာဖြစ်စေ၊ အကြီးအကဲဖြစ်စေ ကျမ်းစာ အသိပညာ၊ သီအိုလိုဂျီသင်ယူမှု၊ ဘာသာရေးအယူအဆတွေက ဘယ်လိုရှိသည်ဖြစ်စေ သူတို့အားလုံးက သမ္မာတရားရှေ့မှာ အစွမ်းမရှိပါဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို သူတို့နားလည်နိုင်သရွေ့၊ နည်းနည်းပါးပါး လက်ခံတတ်ပြီး သမ္မာတရားကို ရှာဖွေချင်စိတ်ရှိသရွေ့ ဘုရားနှုတ်ကပတ်တော်ထဲမှာ အဖြေတွေကို သူတို့အားလုံး ရှာနိုင်တယ်။ နောက်ဆုံးကျရင် နှုတ်ကပတ်တော်တွေက အောင်နိုင်ခြင်းကို ခံရမှာပဲ။ သင်းအုပဆရာဆောင်နဲ့ ကျွန်မ ဧဝံဂေလိမျှဝေတဲ့အခါမှာ သင်းအုပ်ဆရာတွေ၊ အကြီးအကဲတွေက သမ္မာတရားကို လက်ခံဖို့ ခက်မယ်လို့ ထင်ခဲ့တယ်။ အဲဒါနဲ့ ကျွန်မက ဆရာဆောင်အပေါ် အမြင်စောင်းနေခဲ့တယ်။ သူနဲ့ ဧဝံဂေလိမျှဝေနေတုန်းမှာ သူက အယူအဆတွေကို ဖက်တွယ်နေတာကို မြင်ရတော့ သူက ဘုရားအသံကို နားမလည်နိုင်ဘူးလို့ ကျွန်မက ဆုံးဖြတ်ပြီး သူ့ကို လက်လျှော့လိုက်လုနီးပါးဖြစ်သွားတယ်။ ကျေးဇူးတော်ပဲ။ ဘုရားနှုတ်ကပတ်တော်က ကျွန်မကို လမ်းပြခဲ့ပြီး ကျွန်မ ကိုယ့်ကိုယ်ကိုယ် နားလည်ပြီး တာဝန်ကို ပြီးအောင်လုပ်နိုင်ခဲ့တယ်။

နောက်ပိုင်းမှာ အယူအဆတွေရှိတဲ့ ဧဝံဂေလိလက်ခံဖို့ အလားအလာရှိသူတွေကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာကို ရှင်းပြပေးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ “စစ်မှန်သော လမ်းခရီးကို ဆင်ခြင်စဉ်းစားနေသူတစ်ဦးက မေးခွန်း တစ်ခုကို ထပ်တလဲလဲ မေးလျှင် သင်သည် မည်သို့ တုံ့ပြန်သင့်သနည်း။ ၎င်းတို့နားလည်ပြီး ထပ်မမေးတော့သည်အထိ ၎င်းတို့ကို ဖြေကြားဖို့ အချိန်ယူပြီး ဒုက္ခခံရခြင်းကို သင်စိတ်အနှောင့်အယှက်မဖြစ်သင့်ဘဲ သူတို့၏ မေးခွန်းနှင့်ပတ်သက်၍ ရှင်းလင်းစွာ မိတ်သဟာယပြုဖို့ နည်းလမ်းရှာသင့်သည်။ အချိန်ယူပြီး ဒုက္ခခံရခြင်းကို စိတ်အနှောင့်အယှက် မဖြစ်သင့်ပေ။ သို့ဆိုလျှင် သင်သည် သင်၏တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံးသည် လိပ်ပြာလုံလိမ့်မည်။ ပို၍အရေးကြီးသည်မှာ ဤတာဝန်၊ ဤဝတ္တရားသည် သင့်ကို ဘုရားသခင်က တာဝန်ပေးစေခိုင်းထားခြင်း ဖြစ်သောကြောင့် သင်သည် ဤကိစ္စ၌ ဘုရားသခင်အပေါ် အပြစ်ရှိသောစိတ် ကင်းလိမ့်မည် ဖြစ်သည်။ သင်လုပ်သမျှအရာအားလုံးကို ဘုရားသခင်ရှေ့မှောက်တွင် လုပ်ဆောင်ထားပြီး ဘုရားသခင်ကို ရင်ဆိုင်၍ လုပ်ဆောင်ထားသည့်အခါ၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ချိန်ဆကြည့်သည့်အခါ၊ သမ္မာတရား အခြေခံသဘောတရားများအတိုင်း လုပ်ဆောင်ထားသည့်အခါ သင်၏လက်တွေ့လုပ်ဆောင်မှုသည် သမ္မာတရားနှင့်လည်းကောင်း၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်လည်းကောင်း လုံးလုံး ကိုက်ညီလိမ့်မည်။ ဤနည်းအားဖြင့် သင်လုပ်ဆောင်သမျှနှင့် ပြောဆိုသမျှသည် လူများအဖို့ အကျိုးရှိစေပြီး ၎င်းတို့က ဤသည်ကို ထောက်ခံကာ အလွယ်တကူ လက်ခံကြလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ကျင့်ဝတ်သိက္ခာအရ ယုံကြည်သူများအားလုံး မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်သွားတယ်။ သူတို့ပြဿနာတွေ၊ ဘာသာရေးအယူအဆတွေက ဘယ်လိုပဲဖြစ်ပါစေ၊ လမ်းမှန်ကို စူးစမ်းနေတဲ့သူတွေက လူ့သဘာဝကောင်းရှိရင်၊ သမ္မာတရားကို တောင့်တရင်၊ ဘုရားနှုတ်ကပတ်တော်ကို နားလည်နိုင်ရင် သူတို့ကို လက်လျှော့ဖို့ မပြောနဲ့။ သူတို့ကို အမြင်တောင်မစောင်းသင့်ဘူး၊ တစ်ဖက်သတ် ဘောင်မခတ်သင့်ဘူး။ အဲဒီအစား ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်သင့်တယ်။ “၎င်းတို့ကို ဖြေကြားဖို့ အချိန်ယူပြီး ဒုက္ခခံရခြင်းကို သင်စိတ်အနှောင့်အယှက်မဖြစ်သင့်ဘဲ သူတို့၏ မေးခွန်းနှင့်ပတ်သက်၍ ရှင်းလင်းစွာ မိတ်သဟာယပြုဖို့ နည်းလမ်းရှာသင့်သည်၊” ကျွန်မတို့ အသိစိတ် ရှင်းသွားတဲ့အထိ ကျွန်မတို့နားလည်တဲ့ သမ္မာတရားကို သူတို့ကို တတ်နိုင်သလောက် မိတ်သဟာယဖွဲ့သင့်တယ်။ ဒါကလည်း ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်မရဲ့ တာဝန်ပဲ။ နောင်တစ်ချိန်မှာ ကျွန်မ ကြုံရတဲ့ ဧဝံဂေလိလက်ခံဖို့ အလားအလာရှိသူတွေက ဘယ်လိုပဲဖြစ်ပါစေ သူတို့မှာ လူ့သဘာဝကောင်းရှိပြီး ဘုရားနှုတ်ကပတ်တော်ကို နားလည်ရင် သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး ဘုရားအတွက် သက်သေခံဖို့အတွက် အကောင်းဆုံးလုပ်ချင်စိတ်ရှိနေခဲ့တယ်။ ဒီလိုဆိုရင် ဘုရားပေါ်ထွန်းခြင်းကို အမှန်တကယ်တောင့်တတဲ့သူတွေက ဘုရားဆီကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်သွားနိုင်ပြီး သခင်ပြန်ကြွလာတာကို ကြိုဆိုနိုင်တာပေါ့။ ကျေးဇူးတော်ပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မရဲ့ရွေးချယ်မှု

၂၀၁၂ မတ်လတုန်းက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို ကျွန်မအမေက ကျွန်မကိုမျှဝေခဲ့တယ် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို...

မာနထောင်လွှားသည့် စိတ်သဘောထားကို ပြောင်းလဲ၍မရနိုင်ဟု မည်သူ ပြောသနည်း

ကျောက်ဖန် တရုတ်နိုင်ငံဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူတို့သည် မိမိတို့ကိုယ်တိုင်၏ စိတ်သဘောထားများကို မပြောင်းလဲနိုင်ကြပေ။...

ဘုရားသခင်ကို သက်သေခံခြင်းသည် တာဝန်ကို အမှန်တကယ် လုပ်ဆောင်ခြင်း ဖြစ်သည်

ရှင်းရွေ တောင်ကိုရီးယားနိုင်ငံ ခုတစ်လောမှာ လူသစ်တွေရဲ့ အတွေ့အကြုံ သက်သေခံချက် ဗီဒီယိုတချို့ကို ကျွန်မ မြင်ပြီး အရမ်းတို့ထိခံခဲ့ရတယ်။...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။