သင် အလုပ်ခန့်သည့် လူများကို လုံးဝ သံသယမရှိခြင်း၏ အကျိုးဆက်
ရွှင်းချို အမေရိကန်နိုင်ငံ ပြီးခဲ့တဲ့နှစ်က အသင်းတော်ရဲ့ ရေလောင်းခြင်းနဲ့ ဧဝံဂေလိအလုပ်အတွက် ကျွန်မ ကြီးကြပ်ရေးမှူးဖြစ်ခဲ့တယ်။ စခါစဆိုတော့...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မက အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်ကို တာဝန်ယူထားပါတယ်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရေလောင်းသင်းထောက် ညီအစ်ကိုဝမ်ထောင်က ဧဝံဂေလိအလုပ်မှာ ပြဿနာတချို့ရှိနေတယ်လို့ တင်ပြထားကြောင်း ခေါင်းဆောင်က ကျွန်မကို ပြောပါတယ်။ ဧဝံဂေလိ တရားဟောဆရာတချို့က သူတို့အလုပ်မှာ ဝတ်ကျေတမ်းကျေလုပ်နေကြတယ်၊ လူသစ်တွေကို ရေလောင်းဖို့ ရေလောင်းသူတွေဆီ လွှဲပေးလိုက်တဲ့အခါ ဘုရားသခင်ရဲ့အလုပ်နဲ့ပတ်သက်တဲ့ သမ္မာတရားကို ရှင်းရှင်းလင်းလင်း မိတ်သဟာယမပြုပေးသလို၊ သူတို့ရဲ့ အယူအဆတွေကိုလည်း မဖြေရှင်းပေးဘူးတဲ့။ အဲဒါကြောင့် ရေလောင်းခြင်းအလုပ်မှာ အခက်အခဲတွေ အများကြီး ဖြစ်စေတယ်လို့ ပြောတယ်။ ဒါ့အပြင် ဧဝံဂေလိ တရားဟောဆရာတွေက လူသစ်တွေ စုဝေးနိုင်တဲ့ အချိန်တွေကို ရှင်းရှင်းလင်းလင်း မရေးထားဘူး၊ အဲဒါကြောင့် အချိန်မီ စီစဉ်ပေးဖို့ ခက်ခဲပြီး လူသစ်တွေ စုဝေးဖို့ နှောင့်နှေးစေတယ်တဲ့။ ခေါင်းဆောင်က ဒီလိုပြောတာကို ကြားပြီးနောက်မှာ၊ ဒီပြဿနာတွေ ရှိခဲ့မှန်း ကျွန်မ ဝန်ခံပါတယ်၊ ဒါပေမဲ့ ဝမ်ထောင်က ခေါင်းဆောင်ကို တိုက်ရိုက် တင်ပြလိုက်တာကို မြင်တော့ ကျွန်မ လက်ခံဖို့ ခက်ခဲနေခဲ့တယ်။ ဒါတွေက ဧဝံဂေလိ တရားဟောဆရာတွေရဲ့ ပြဿနာတွေဖြစ်ပေမဲ့၊ ဧဝံဂေလိအလုပ်ကို ကျွန်မက တာဝန်ယူထားတာလေ၊ ဒီတော့ ဒီလိုပြဿနာတွေ ပေါ်လာရင် ခေါင်းဆောင်က ကျွန်မကို ဘယ်လိုမြင်မလဲ။ အလုပ်စစ်ဆေးတဲ့အချိန်မှာ ကျွန်မ ဝတ်ကျေတမ်းကျေလုပ်ခဲ့မိမှန်း သဘောပေါက်လိုက်တယ်။ ဧဝံဂေလိ တရားဟောဆရာတွေက ဘယ်လို မိတ်သဟာယပြုပြီး သက်သေခံသလဲ၊ ဒါမှမဟုတ် ဘုရားသခင်ရဲ့အလုပ်နဲ့ပတ်သက်တဲ့ သမ္မာတရားကို လူသစ်တွေ ဘယ်လောက် နားလည်သလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး ဒီအလုပ်အသေးစိတ်အချက်အလက်တွေကို ကျွန်မ သေသေချာချာ မမေးမြန်းခဲ့မိဘူး။ ဒါပေမဲ့ ဒီပြဿနာတွေကို ကျွန်မ ဝန်ခံလိုက်ရင်၊ ကျွန်မက အစွမ်းအစမရှိဘူး၊ တာဝန်မဲ့ပြီး ကိုယ့်တာဝန်တွေမှာ စိတ်မချရဘူးလို့ ခေါင်းဆောင်က ပြောမှာပဲ မဟုတ်လား။ ဒါက ကျွန်မရဲ့ပြဿနာပါလို့ ကျွန်မ ဝန်မခံချင်ခဲ့ဘူး၊ ဒါပေမဲ့ ကျွန်မရဲ့ ဒီအခြေအနေက မှားမှန်း၊ ပြီးတော့ ဘုရားသခင် စီစဉ်ခင်းကျင်းထားတဲ့ ဒီအခြေအနေကို အတိုက်အခံလုပ်နေမိမှန်း ကျွန်မ သိတယ်။ ဒါကြောင့် ကျွန်မ မငြင်းခုံမိဖို့နဲ့ ညီအစ်ကိုရဲ့ ထောက်ပြချက်ကို ကောင်းကောင်း လက်ခံနိုင်ဖို့အတွက် ကျွန်မ စိတ်နှလုံးကို စောင့်ရှောက်ပေးဖို့ ဘုရားသခင်ဆီ တောင်းလျှောက်ပြီး တိတ်တဆိတ် ဆုတောင်းလိုက်တယ်။ ဆုတောင်းပြီးတဲ့နောက်မှာ ကျွန်မနှလုံးသားက နည်းနည်း တည်ငြိမ်သွားတယ်၊ ပြီးတော့ ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာနဲ့ပတ်သက်ပြီး ဧဝံဂေလိ တရားဟောဆရာတွေနဲ့ ကျွန်မ ပြောဆိုဆွေးနွေးခဲ့တယ်။
မကြာခင်မှာပဲ ခေါင်းဆောင်က ကျွန်မကို ထပ်ပြောပါလေရော။ “ဧဝံဂေလိ တရားဟောဆရာတွေနဲ့ပတ်သက်တဲ့ ပြဿနာတွေကို ဝမ်ထောင်က ထပ်တင်ပြထားတယ်၊ တခြား ညီအစ်ကိုမောင်နှမတွေကလည်း ပြဿနာတွေကို တင်ပြနေကြတယ်။ အခု ဧဝံဂေလိ တရားဟောဆရာတွေက သူတို့တာဝန်တွေကို ဘယ်လို ထမ်းဆောင်နေကြလဲ။ ဒီပြဿနာတွေ ပြေလည်သွားပြီလား” တဲ့။ ခေါင်းဆောင်ရဲ့ မေးခွန်းတွေ ကျွန်မဆီ တရစပ် ဝင်လာတာကို ကြားရတော့ ကျွန်မ တကယ်ပဲ စိတ်မကောင်းဖြစ်ရတယ်၊ ပြီးတော့ တွေးမိတယ်၊ “ငါ့မှာ ဝန်တာထားတဲ့စိတ်နဲ့ အလုပ်လုပ်နိုင်စွမ်း မရှိဘူးလို့ ခေါင်းဆောင်က ထင်မှာပဲ၊ မဟုတ်ရင် ဒီပြဿနာတွေက ဘာလို့ အခုထိ မပြေလည်သေးဘဲ နေမှာလဲ။ လူတိုင်း ငါ့အပေါ် အမြင်မကောင်း ဖြစ်နေကြလောက်ပြီ” လို့ပေါ့။ သူ့စာထဲမှာ ဝမ်ထောင် ထပ်ထောက်ပြထားတဲ့ ပြဿနာတွေကို မြင်လိုက်ရတော့၊ ဒီပြဿနာတွေကို သေသေချာချာ ဆန်းစစ်ပြီး ဆင်ခြင်သုံးသပ်ဖို့ စိတ်အေးအေးမထားနိုင်ခဲ့ဘူး။ ကျွန်မ စိတ်နှလုံးထဲမှာ ဆင်ခြေတွေ ဆက်တိုက်ပေးနေမိတယ်၊ ဝမ်ထောင်ကိုတောင် အပြစ်တင်မိတယ်၊ “ရှင်က ဘာလို့ ကျွန်မကို တိုက်ရိုက်ပဲ အကြံမပြုတာလဲ။ ခေါင်းဆောင်ကို ဘာလို့ သွားပြောရတာလဲ။ ပြီးတော့ လူသစ်တွေမှာ မဖြေရှင်းရသေးတဲ့ ဘာသာရေး အယူအဆတွေ ရှိနေရင်၊ အဲဒါတွေကို ဖြေရှင်းဖို့ ရေလောင်းသူတွေကရော မိတ်သဟာယပြုမပေးနိုင်ဘူးလား။ လူသစ်တချို့ရဲ့ စုဝေးချိန်တွေကို ရှင်းရှင်းလင်းလင်း မရေးထားပေမဲ့၊ ရေလောင်းသူတွေသာ ဝန်တာထားတဲ့စိတ် ရှိရင် သူတို့ဘာသာ လူသစ်တွေကို ဆက်သွယ်ပြီး ပိုပြီး နားလည်အောင် လုပ်လို့ ရနိုင်တာပဲလေ။ ဧဝံဂေလိ တရားဟောဆရာတွေကိုပဲ အာရုံစိုက်နေမယ့်အစား ရေလောင်းသူတွေရဲ့ ပြဿနာတွေကို ရှင် ဘာလို့ မဖြေရှင်းတာလဲ” ပေါ့။ တွေးလေလေ ကျွန်မ ပိုပြီး မကျေမနပ်ဖြစ်ပြီး အတိုက်အခံလုပ်ချင်စိတ် ဖြစ်လေလေပဲ၊ ပြီးတော့ ဝမ်ထောင်က ဘာလို့ ကျွန်မတို့ကိုပဲ အပြစ်ရှာနေတာလဲလို့ စဉ်းစားမိတယ်။ သူ့ပြဿနာတွေကို ထောက်ပြပြီး ကျွန်မရဲ့ စိတ်ခံစားချက်တွေကို ဖွင့်ထုတ်ဖို့ စာတစ်စောင် တကယ် ရေးချင်ခဲ့တယ်၊ ဒါပေမဲ့ အဲဒါက သူ့ကို နာကျင်စေမယ်ဆိုတာ ကျွန်မ သိတယ်။ ဒါကြောင့် ကျွန်မရဲ့ စိတ်ခံစားချက်တွေကို မြိုသိပ်ပြီး စာမရေးဖြစ်ခဲ့ဘူး။ ဒီအခြေအနေကို ကျွန်မ ထုတ်ဖော်မိတဲ့အခါ နည်းနည်း ကြောက်သွားပြီး ကျွန်မရဲ့ သဘောထား မမှန်ဘူးလို့ ခံစားလိုက်ရတယ်။ ဒါကြောင့် ကျွန်မရဲ့ အားနည်းချက်တွေကို အင်တင်တင်နဲ့ ဝန်ခံလိုက်တယ်။ အဲဒီလိုလုပ်ပြီး ခေါင်းဆောင်ရဲ့ မျက်လုံးထဲမှာ ကျွန်မရဲ့ ပုံရိပ်ကို ကာကွယ်ချင်ခဲ့တာ။ အဲဒီနောက်ပိုင်းမှာ ကျွန်မတကယ်ပဲ တစ်ချိန်လုံး စိတ်ဓာတ်ကျခဲ့တယ်။ ဒီကိစ္စကနေ ကျွန်မ ဘာမှ မသင်ယူခဲ့ရမှန်း၊ ပြီးတော့ အဲဒီလိုလုပ်တာက ခေါင်းဆောင်ကို လှည့်စားဖို့ ကြိုးစားနေတာဖြစ်မှန်း ကျွန်မ သိခဲ့တယ်။ ဒါတောင်မှ ကျွန်မရဲ့ တွဲဖက်ညီအစ်မတွေရဲ့ ရှေ့မှာ ဝမ်တောင်အပေါ် ကျွန်မရဲ့ အမြင်စောင်းမှုတွေကို ပြောပြနေခဲ့မိတုန်းပဲ။ ကျွန်မရဲ့ စိတ်ထဲရှိသမျှအားလုံးကို ဖွင့်ချခဲ့တာပေါ့။ ဒါက ကျွန်မရဲ့ တွဲဖက်ညီအစ်မတွေကိုလည်း ဝမ်ထောင်အပေါ် အမြင်စောင်းစေခဲ့ပြီး၊ သူက တဇောက်ကန်းပဲ လို့ ပြောအောင် ဖြစ်စေခဲ့တယ်။ ညီအစ်မတွေက ကျွန်မဘက်ကနေ ပြောပေးတာကို ကြားတော့၊ ကျွန်မ ပိုပြီး အားတက်လာတယ်၊ ပြီးတော့ ဝမ်ထောင်ရဲ့ ပြဿနာတွေကို ဆက်တိုက် ပြောဖြစ်ခဲ့တယ်။ ကျွန်မရဲ့ ရည်ရွယ်ချက်က ဒီလမ်းလွဲမှုတွေနဲ့ အမှားတွေ ဖြစ်ပျက်ရတာဟာ ဧဝံဂေလိတရားဟောဆရာတွေရဲ့ ပြဿနာတင် မဟုတ်ဘဲ ဝမ်ထောင်ရဲ့ ပြဿနာလည်း ဖြစ်တယ်၊ ပြီးတော့ ဒီကိစ္စမှာ လူတိုင်း တာဝန်ယူသင့်တယ်ဆိုတာ အားလုံးကိုပြချင်ခဲ့တာ။ အဲဒီလို ပြောပြီးတဲ့နောက်မှာ၊ ကျွန်မ တကယ်ပဲ အပြစ်ရှိသလို ခံစားရတယ်၊ ကျွန်မက လူတွေနဲ့အမှုအရာတွေကို အများကြီးအတွေးလွန်နေခဲ့တာပဲ။ ဒီအပြုအမူကို ကျွန်မ ဘေးဖယ်ထားချင်ပေမဲ့၊ ဒီအခက်အခဲကို မကျော်လွှားနိုင်ခဲ့ဘူး။ နောက်တော့ ကျွန်မ စဉ်းစားမိတယ်၊ အလုပ်ကို တိုးတက်အောင်လုပ်ဖို့ ဝမ်ထောင်က ဧဝံဂေလိအမှုဆောင်တွေရဲ့ ပြဿနာတွေကို တင်ပြခဲ့ပေမဲ့ ကျွန်မကတော့ အတိုက်အခံလုပ်ပြီး ငြင်းခုံနေခဲ့တာ၊ ဒါက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ဆန့်ကျင်နေတယ်လေ။ ဒါကြောင့် ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ ညီအစ်ကိုဝမ်ထောင်က သူ့စာထဲမှာ ပြဿနာတွေကို ထောက်ပြတာက သင့်တော်ပါတယ်၊ ဒါပေမဲ့ သမီးက အတိုက်အခံလုပ်ပြီး ဒီအရာတွေကို လက်ခံဖို့ မလိုလားခဲ့ဘူး၊ ပြီးတော့ ညီအစ်ကိုကိုတောင် အာရုံစိုက်နေခဲ့မိတယ်။ ဘုရားသခင်၊ သမီးရဲ့ ဒီအခြေအနေကို ပြောင်းလဲဖို့ ဆန္ဒရှိပါတယ်၊ ကျေးဇူးပြုပြီး သမီးကို လမ်းပြပေးပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “အပေါ်ယံအားဖြင့် တိုက်ဆိုင်မှုကြောင့် ဖြစ်ပျက်သည်ဟု ထင်ရသော ကိစ္စရပ်တစ်ခုနှင့်ပတ်သက်၍ သင်သည် သင်၏ စိတ်နှလုံးထဲတွင် အောက်ပါအတိုင်း ရှုမြင်ရမည်။ “ဤအရာသည် တိုက်ဆိုင်မှုကြောင့် ဖြစ်ပျက်ခဲ့ခြင်း မဟုတ်ပေ၊ ယင်းကို ဘုရားသခင်က စီစဉ်ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဤကိစ္စရပ် ဖြစ်ပျက်ရသည့် အကြောင်းရင်းတစ်ခုနှင့် ဇာစ်မြစ်တစ်ခု ရှိသည်။ ယင်းမှာ လူတို့ စီစဉ်ဖွဲ့စည်းနိုင်ခဲ့သည့် အရာတစ်ခု မဟုတ်ဘဲ ဘုရားသခင်ထံမှ လာခြင်းဖြစ်သည်” ဟူ၍ ဖြစ်သည်။ သို့ဆိုလျှင် သင်သည် ယင်းကို မည်သို့ ရင်ဆိုင်သင့်သနည်း။ ညည်းညူမှုများ မရှိခြင်း၊ ဆင်ခြေများ မပေးခြင်းနှင့် ကျိုးနွံနာခံနိုင်ခြင်းမျှဖြင့် လုံလောက်သလော။ သင်သည် ဤကိစ္စရပ်တွင် ဘုရားသခင်၏ ရည်ရွယ်ချက်ကို ရှာဖွေသင့်သည်၊ သင် လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားကို ရှာဖွေသင့်သည်၊ ထို့အပြင် ဘုရားသခင် တောင်းဆိုသည့်အရာနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့်အညီ မည်သို့ ပြုမူရမည်ကိုလည်း ရှာဖွေသင့်သည်။” (ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ၊ နေ့တိုင်း ဖြစ်ပျက်သမျှ အရာအားလုံးကို ဘုရားသခင် စီစဉ်ညွှန်ကြားပြီး စီမံတယ်၊ ပြီးတော့ အဲဒီနောက်ကွယ်မှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေ ရှိတယ်ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ တစ်ယောက်ယောက်က အကြံပြုချက်တွေ ပေးနေတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကျွန်မ ပြုပြင်ခံနေရတာပဲဖြစ်ဖြစ်၊ အမှုအရာတွေ ကျွန်မဆီ ကျရောက်လာတဲ့အခါ ကျွန်မမှာ ကျိုးနွံနာခံတဲ့ သဘောထား ထားနိုင်ခြင်း ရှိမရှိ၊ ပြီးတော့ သမ္မာတရားကို ရှာဖွေနိုင်ခြင်း ရှိမရှိဆိုတာကို ကြည့်ဖို့ ရည်ရွယ်ချက်နဲ့ ဘုရားသခင်က ဒီအခြေအနေတွေကို စီစဉ်ပေးတာပါ။ တကယ်လို့ ဒီအရာတွေကို ဘုရားသခင်ဆီကနေ ကျွန်မ လက်မခံဘဲ လူတွေနဲ့ အမှုအရာတွေကိုပဲ ဆက်ပြီး အပြစ်ရှာနေမယ်ဆိုရင်၊ ကျွန်မ ဘာသင်ခန်းစာမှ ရမှာမဟုတ်ဘူး၊ ပြီးတော့ ကျွန်မရဲ့ အခြေအနေက စိတ်မချမ်းမသာဖြစ်ပြီး ထိခိုက်နေဦးမှာပဲ။ ဝမ်ထောင်က ကျွန်မရဲ့ ပြဿနာတွေကို ထောက်ပြတဲ့အခါ၊ သူပြောတာကို ကျွန်မ ငြင်းပယ်ပြီး အတိုက်အခံလုပ်ခဲ့တယ်၊ ပြီးတော့ ပြန်ငြင်းခုံပြီး သူက ကျွန်မတို့ကိုပဲ အပြစ်ရှာနေတယ်လို့ ညည်းညူခဲ့တယ်။ အမှန်တရားကတော့ ကျွန်မက ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အတိုက်အခံလုပ်နေတာ မဟုတ်ဘဲ၊ တကယ်တမ်းကျတော့ ဘုရားသခင်ကို ဆန့်ကျင်ပြီး ဆင်ခြင်တုံတရားမဲ့နေတာ၊ ဒီအခြေအနေတွေကို ကျိုးနွံနာခံဖို့၊ သင်ခန်းစာ ယူဖို့ မလိုလားခဲ့တာ။ ဒါကို သဘောပေါက်ပြီးတဲ့နောက်မှာ၊ ကျွန်မ စိတ်နည်းနည်း ပိုအေးသွားတယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် လေးလေးနက်နက် ဆင်ခြင်သုံးသပ်ပြီး သမ္မာတရားကို ရှာဖွေဖို့ ဆန္ဒရှိနေခဲ့တယ်။
နောက်ပိုင်းမှာ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နောက်ထပ်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “သမ္မာတရားအား မနှစ်သက်ခြင်းဖြစ်သော စိတ်သဘောထားမျိုးသည် အဓိကအားဖြင့် မည်သို့ထင်ရှားသနည်း။ ပြုပြင်ခြင်းကို လက်ခံရန် ငြင်းဆန်ခြင်းတွင် ဖြစ်သည်။ ပြုပြင်ခြင်းကို လက်မခံခြင်းသည် ဤစိတ်သဘောထားမျိုးက ဖော်ပြသည့် အခြေအနေတစ်မျိုးဖြစ်သည်။ ဤလူတို့သည် ပြုပြင်ခြင်းခံရသောအခါ ၎င်းတို့၏ စိတ်နှလုံးတွင် အထူးပင် အတိုက်အခံဖြစ်သည်။ ၎င်းတို့က ‘ထိုအရာကို ငါမကြားချင်။ ထိုအရာကို ငါမကြားချင်’ သို့မဟုတ် ‘အခြားလူများကို အဘယ်ကြောင့် ကိုင်တွယ်ဖြေရှင်းခြင်း မပြုသနည်း။ အဘယ်ကြောင့် ငါ့ကိုသာ ပြုလုပ်နေသနည်း’ ဟု စဉ်းစားကြသည်။ သမ္မာတရားအား မနှစ်သက်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ သမ္မာတရားအား မနှစ်သက်ခြင်းသည် လူတစ်ယောက်က အပြုသဘောဆောင်သောအရာများနှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း၊ ဘုရားသခင် တောင်းဆိုသည့်အရာနှင့်လည်းကောင်း၊ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်လည်းကောင်း သက်ဆိုင်သော မည်သည့်အရာကိုမဆို လုံးဝ စိတ်မဝင်စားသောအခါတွင်ဖြစ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ဤအရာများကို မနှစ်သက်ပေ။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ဤအရာတို့ကို ငြင်းဆန်တွန်းလှန်ကြသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ရိုသေလေးစားခြင်းမရှိဘဲ ဥပေက္ခာပြုကြပြီး ထိုအရာများကို အရေးမကြီးသောအရာအဖြစ် မှတ်ယူကြသည်။ ၎င်းတို့သည် ထိုအရာများအပေါ် ရိုးသားစစ်မှန်ခြင်းမရှိဘဲ ပြီးစလွယ်ပြုလုပ်ကြသည်၊ သို့မဟုတ် ထိုအရာများအတွက် တာဝန်ယူခြင်းမရှိကြပေ။ သမ္မာတရားအား မနှစ်သက်ခြင်းကို အဓိက ဖော်ပြခြင်းသည် သမ္မာတရားကို လူတို့ကြားသောအခါတွင် ငြင်းဆန်တွန်းလှန်ခြင်းမျှသာမဟုတ်ပေ။ သမ္မာတရားက ၎င်းတို့နှင့် မဆိုင်သကဲ့သို့ သမ္မာတရားအား လက်တွေ့လုပ်ဆောင်လိုစိတ်မရှိခြင်း၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန် အချိန်ကျသောအခါ နောက်ဆုတ်ခြင်းတို့လည်း ပါဝင်သည်။...ဤလူတို့၏ စိတ်နှလုံးတွင် ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ကိုလည်းကောင်း၊ အပြုသဘောဆောင်သည်ကိုလည်းကောင်း၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည် လူတို့၏ စိတ်သဘောထားကို ပြောင်းလဲစေနိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များအား ဖြည့်ဆည်းနိုင်စေသည်ကိုလည်းကောင်း ကောင်းစွာသိသည်။ သို့သော် ၎င်းတို့သည် ဤအရာများကို လက်မခံပေ၊ သို့မဟုတ် လက်တွေ့မလုပ်ဆောင်ပေ။ ဤသည်မှာ သမ္မာတရားအား မနှစ်သက်ခြင်းဖြစ်သည်။ သမ္မာတရားအား မနှစ်သက်သည့် စိတ်သဘောထားကို မည်သူတို့တွင် သင်တို့ မြင်ရသနည်း။ (မယုံကြည်သူများတွင် ဖြစ်သည်။) မယုံကြည်သူများသည် သမ္မာတရားကို မနှစ်သက်ကြပေ။ ဤသည်မှာ အလွန်ရှင်းလင်းသည်။ ဘုရားသခင်သည် ထိုသို့သောလူများကို ကယ်တင်ဖို့ မဖြစ်နိုင်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ခြောက်မျိုးကို သိခြင်းကသာ မိမိကိုယ်ကို အမှန်တကယ် သိကျွမ်းခြင်းကို ဆိုလိုသည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ၊ လူတစ်ယောက်က ဘယ်လိုအခြေအနေမျိုးကိုပဲ ရင်ဆိုင်ရပါစေ၊ ဒါမှမဟုတ် သူတို့ဆီမှာ ဘယ်လိုပြဿနာတွေကိုပဲ ထောက်ပြခံရပါစေ၊ တကယ်လို့ သူတို့မှာ ပြဿနာတွေ တကယ်ရှိနေရင်တောင်မှ အမြဲတမ်း အတိုက်အခံလုပ်ပြီး ဆန့်ကျင်နေမယ်၊ လက်ခံဖို့ မလိုလားဘူးဆိုရင်၊ ဒါက သမ္မာတရားကို အလွန်အမင်း မနှစ်မြို့တဲ့ စိတ်သဘောထားကို ထုတ်ဖော်နေတာပဲဆိုတာ ကျွန်မ နားလည်ခဲ့တယ်။ ဒါက မယုံကြည်သူတစ်ယောက် ဖြစ်ခြင်းရဲ့ သရုပ်သကန်ပါပဲ။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့တာကို မယုံကြည်သူတစ်ယောက် ဖြစ်ခြင်းရဲ့ သရုပ်သကန်အနေနဲ့ ဘုရားသခင်က ဘာလို့ သတ်မှတ်တာလဲဆိုတာကို ကျွန်မ မစဉ်းစားဘဲ မနေနိုင်ခဲ့ဘူး။ တကယ်လို့ တစ်ယောက်ယောက်က စိတ်နှလုံးအမှန်နဲ့ ဘုရားသခင်ကို ယုံကြည်ပြီး သူတို့စိတ်နှလုံးထဲမှာ ဘုရားသခင် ရှိမယ်ဆိုရင်၊ ဖြစ်ပျက်သမျှ အရာအားလုံးက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအမံတွေရဲ့ အစိတ်အပိုင်း ဖြစ်တယ်ဆိုတာ သူတို့ ယုံကြည်ကြမှာပဲ၊ ပြီးတော့ သူတို့ ကျိုးနွံနာခံပြီး သင်ခန်းစာယူနိုင်ကြမှာပဲ။ ဒါပေမဲ့၊ မယုံကြည်သူတွေကတော့ ဘုရားသခင်ကို မယုံကြည်ကြသလို ကိုယ်တော်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအမံတွေကိုလည်း မယုံကြည်ကြဘူး။ အမှုအရာတွေ သူတို့ဆီ ဖြစ်လာတဲ့အခါ၊ သူတို့က ပြန်ငြင်းခုံရင် ငြင်းခုံတယ် မဟုတ်ရင် ဆင်ခြေတွေ ရှာကြတယ်၊ သူတို့ ထုတ်ဖော်သမျှက ဘာသာတရား မရှိသူတွေရဲ့ အမြင်တွေချည်းပဲ၊ ပြီးတော့ သူတို့က သမ္မာတရားကို လုံးဝ မရှာဖွေကြဘူး။ ဒါကို တွေးမိတော့ ကျွန်မ တော်တော် ကြောက်သွားတယ်။ ကျွန်မက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို နေ့တိုင်းဖတ်ပြီး ဆုတောင်းနေပေမဲ့၊ အမှုအရာတွေ ဖြစ်တဲ့အခါ၊ အဲဒါတွေကို ဘုရားသခင်ဆီကနေ လက်မခံခဲ့သလို သမ္မာတရားကိုလည်း မရှာဖွေခဲ့ဘူး။ ကျွန်မက ဘုရားသခင်ကို ယုံကြည်တယ်လို့ ပြောရုံသက်သက်ပဲ ရှိပြီး၊ ဘုရားသခင် မပါဘဲ ပြုမူနေတာ မဟုတ်ဘူးလား။ ဒီလိုယုံကြည်ခြင်းမျိုးက ဘုရားသခင်နဲ့ပဲရော ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ရော ဘာမှ မသက်ဆိုင်ပါဘူး။ ကျွန်မက မယုံကြည်သူတစ်ယောက်လိုမျိုးပဲ ပြုမူနေခဲ့တာ မဟုတ်ဘူးလား။ ဒီအခြေအနေက ကြောက်စရာကောင်းလိုက်တာ။ ဝမ်ထောင်က ပြဿနာတွေကို ထောက်ပြတာနဲ့ ကျွန်မ ရင်ဆိုင်ရတဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ ဒါမှမဟုတ် တာဝန်တွေမှာ ကိုယ့်ရဲ့ လမ်းလွဲမှုတွေကို စိစစ်ဖို့အတွက် အဲဒါကို လက်ခံတာနဲ့ မစတင်ခဲ့မှန်း ကျွန်မ ပြန်ဆင်ခြင်မိတယ်။ အဲဒီအစား၊ သူတာဝန်ယူထားတဲ့ ရေလောင်းခြင်းအလုပ်မှာလည်း ပြဿနာတွေ ရှိတယ်လို့ ပြောပြီး ဆင်ခြေတွေကိုပဲ ကျွန်မ ဆက်ရှာနေခဲ့တယ်။ ဝမ်ထောင်က တမင်သက်သက် ကျွန်မကို အခက်တွေ့အောင် လုပ်နေတာ၊ ပြီးတော့ ကျွန်မကို အရှက်ခွဲဖို့ ခေါင်းဆောင်ဆီ ပြဿနာတွေ တင်ပြနေတာလို့တောင် ကျွန်မ ညည်းညူခဲ့တယ်။ ဒီလိုအခြေအနေတွေမှာ ကျွန်မက ဒီအမှုအရာတွေကို ဘုရားသခင်ဆီကနေ လက်မခံဘဲ ပြင်ပအကြောင်းရင်းတွေကိုပဲ ဆက်ရှာနေခဲ့တယ်။ ဒါက ယုံကြည်သူတစ်ယောက်မှာ ရှိသင့်တဲ့ သဘောထား လုံးဝမဟုတ်ဘူး။ ဒါက မယုံကြည်သူ ဒါမှမဟုတ် ဘာသာတရား မရှိသူတစ်ယောက်က အခြေအနေတွေကို ရင်ဆိုင်တဲ့အခါမှာ ရှိတဲ့ သဘောထားမျိုးပဲ။ တကယ်တော့ အရင်တုန်းက ဝမ်ထောင်က ဒီပြဿနာတွေကို ကျွန်မဆီ တင်ပြခဲ့ပေမဲ့၊ ကျွန်မက အချိန်မီ မဖြေရှင်းပေးနိုင်ခဲ့လို့သာ သူက ခေါင်းဆောင်ဆီ တင်ပြခဲ့ရတာ၊ ဒါတောင် ကျွန်မက အတိုက်အခံလုပ်ပြီး လက်မခံခဲ့ဘူး၊ သူက ကျွန်မကို အခက်တွေ့အောင် လုပ်ဖို့ ကြိုးစားနေတာလို့တောင် ပြောခဲ့သေးတယ်။ ကျွန်မ ဘယ်လောက်တောင် ဆင်ခြင်တုံတရားမဲ့မှန်း သဘောပေါက်လိုက်တယ်၊ ပြီးတော့ ဒီအတိုင်းသာ ဆက်သွားရင် နောက်ဆုံးမှာ ဘုရားသခင်က ကျွန်မကို ပစ်ပစ်ခါခါငြင်းပြီး ဖယ်ရှားရှင်းလင်းမှာပဲဆိုတာ သိလိုက်တယ်။ ကြောက်စိတ်ဝင်သွားတော့၊ ကျွန်မရဲ့ ဒီအခြေအနေကို မြန်မြန် ပြင်ဆင်နိုင်ဖို့နဲ့ ဒီပတ်ဝန်းကျင်ကို ရိုးရိုးသားသား ကျိုးနွံနာခံပြီး လက်ခံဖို့၊ သင်ခန်းစာယူနိုင်ဖို့ ကူညီပေးပါလို့ ဘုရားသခင်ဆီ တောင်းလျှောက်ပြီး တိတ်တဆိတ် ဆုတောင်းခဲ့တယ်။
နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “ပြုပြင်ခြင်းအပေါ် အန္တိခရစ်များ၏ သဘောထားစစ်စစ်မှာ လက်ခံဖို့ကိုဖြစ်စေ၊ ဝန်ခံဖို့ကိုဖြစ်စေ ပြင်းပြင်းထန်ထန် ငြင်းဆန်ကြခြင်းဖြစ်သည်။ ၎င်းတို့သည် မကောင်းမှုများကို မည်မျှ လုပ်ဆောင်သည်ဖြစ်စေ၊ ဘုရားအိမ်တော်၏အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောသူတို့၏ အသက်ဝင်ရောက်မှုကို မည်မျှ ထိခိုက်နစ်နာမှုများ ပြုလုပ်သည်ဖြစ်စေ ၎င်းတို့သည် နောင်တ စိုးစဉ်းမျှ မခံစားရသကဲ့သို့ တစ်စုံတစ်ခု အကြွေးတင်သည်ဟုလည်း မခံစားကြရပေ။ ဤအမြင်ရှုထောင့်မှကြည့်ပါက အန္တိခရစ်များ၌ လူ့သဘာဝ ရှိသလော။ လုံးဝ မရှိပေ။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောသူတို့အပေါ် နစ်နာမှုမျိုးစုံ ဖြစ်ပေါ်စေသည်။ ထိခိုက်မှုကို အသင်းတော်၏အလုပ်အပေါ် ဖြစ်ပေါ်စေသည်။ ဘုရားသခင် ရွေးချယ်ထားသောသူတို့သည် ဤအရာကို ရှင်းလင်းစွာ မြင်နိုင်သည်။ ၎င်းတို့သည် အန္တိခရစ်များ၏ ဆက်တိုက်ဖြစ်သော ဒုစရိုက်အမှုများကို မြင်ပြီးဖြစ်သည်။ သို့တိုင်အောင် အန္တိခရစ်များသည် ဤအချက်ကို လက်မခံကြ၊ သို့မဟုတ် အသိအမှတ်မပြုကြပေ။ ၎င်းတို့သည် မှားယွင်းနေသည်၊ သို့မဟုတ် ၎င်းတို့၌ တာဝန်ရှိသည်ကို ဝန်ခံရန် ခေါင်းမာစွာ ငြင်းဆန်ကြသည်။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြောင်းကို ညွှန်ပြနေခြင်း မဟုတ်သလော။ အန္တိခရစ်တို့သည် ဤအတိုင်းအတာအထိ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြပေ၊ မကောင်းသည့်အရာမည်မျှကို ၎င်းတို့ လုပ်ဆောင်ပါစေ ၎င်းတို့သည် ဝန်ခံရန် ခေါင်းမာစွာ ငြင်းဆန်ကြသည်။ အဆုံးထိ အလျှော့မပေးဘဲ ရှိကြသည်။ ဤသည်မှာ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အလုပ်ကို မည်သည့်အခါမျှ အလေးအနက်မထားသည်ကို၊ သို့မဟုတ် သမ္မာတရားအား လက်မခံသည်ကို လုံလောက်စွာ သက်သေပြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ရန် လာကြခြင်းမဟုတ်ပေ။ ၎င်းတို့သည် စာတန်၏ အစေခံများဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ကာ အဖျက်အမှောင့်လုပ်ရန်လာကြသည်။ အန္တိခရစ်များ၏ စိတ်နှလုံးတွင် ဂုဏ်သတင်းနှင့် ဂုဏ်အဆင့်အတန်းသာရှိကြသည်။ ၎င်းတို့က ၎င်းတို့၏ အမှားကို အသိအမှတ်ပြုရမည်ဆိုလျှင် ၎င်းတို့သည် တာဝန်ခံယူမှုကို လက်ခံရမည်၊ ထို့နောက်တွင် ၎င်းတို့၏ ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းသည် အလွန်အမင်း ထိခိုက်ခံရမည်ဟု ယုံကြည်ကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ‘သေသည်အထိ ငြင်းပါ’ ဆိုသည့် သဘောထားတစ်ခုဖြင့် ခုခံသည်။ လူတို့က ၎င်းတို့ကို မည်သို့ ဖော်ထုတ်ပါစေ၊ ပိုင်းခြားစိစစ်ပါစေ ၎င်းတို့က ငြင်းဆန်ရန် အစွမ်းကုန်လုပ်ဆောင်ကြသည်။ ၎င်းတို့၏ ငြင်းဆန်မှုသည် တမင်သက်သက် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အတိုချုပ်အနေဖြင့် တစ်ဖက်တွင် ဤအပြုအမူများသည် အန္တိခရစ်များ၏ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် မုန်းတီးခြင်း သဘာဝအနှစ်သာရကို ထုတ်ဖော်ပြသည်။ အခြားတစ်ဖက်တွင် ယင်းက အန္တိခရစ်များသည် မိမိတို့၏ ကိုယ်ပိုင် အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် အကျိုးစီးပွားများအား မည်မျှ တန်ဖိုးထားသည်ကို ပြပေသည်။ ထိုအတောအတွင်းတွင် အသင်းတော်၏ အလုပ်နှင့် အကျိုးစီးပွားများအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ပမာမထားခြင်းနှင့် တာဝန်မဲ့ခြင်း သဘောထားတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဆင်ခြင်တုံတရားနှင့် အသိစိတ်အားလုံး ကင်းမဲ့ကြသည်။ အန္တိခရစ်များ၏ တာဝန်ကို ခေါင်းရှောင်ခြင်းက ဤပြဿနာများကို သရုပ်ဖော်နေသည် မဟုတ်လော။ တစ်ဖက်တွင် တာဝန်ကိုရှောင်ခြင်းသည် ၎င်းတို့၏ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် မုန်းတီးသည့် သဘာဝအနှစ်သာရကို သက်သေပြသည်။ အခြားတစ်ဖက်တွင် ၎င်းတို့၏ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် လူ့သဘာဝကင်းမဲ့မှုကို ပြသည်။ ၎င်းတို့၏ နှောင့်ယှက်မှုနှင့် မကောင်းမှုလုပ်ဆောင်ခြင်းကြောင့် ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုကို မည်မျှထိခိုက်ပါစေ ၎င်းတို့သည် အပြစ်တင်စိတ် မခံစားရသကဲ့သို့ ဤအရာအားဖြင့် မည်သည့်အခါမျှလည်း စိတ်မကောင်းမဖြစ်နိုင်ကြချေ။ ဤသည်မှာ မည်သည့်သတ္တဝါမျိုး ဖြစ်သနည်း။ ၎င်းတို့အမှား အနည်းငယ်ကို ဝန်ခံခြင်းသည်ပင် ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား အနည်းငယ်ရှိသည်ဟု မှတ်ယူရလိမ့်မည်။ သို့သော်လည်း အန္တိခရစ်များတွင် လူ့သဘာဝ စိုးစဉ်းမျှပင် မရှိချေ။ သို့ဆိုလျှင် ယင်းတို့သည် အဘယ်အရာဖြစ်သည်ဟု သင်တို့ဆိုမည်နည်း။ အန္တိခရစ်များသည် အနှစ်သာရအားဖြင့် နတ်ဆိုးများဖြစ်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကနေ၊ အန္တိခရစ်တွေက သူတို့စိတ်နှလုံးထဲမှာ ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ ထားတယ်၊ ပြီးတော့ တခြားသူတွေရဲ့ လမ်းပြမှုနဲ့ ဖော်ထုတ်မှုတွေကို အတိုက်အခံလုပ်ပြီး ဆန့်ကျင်မှုနဲ့ တုံ့ပြန်ကြတယ်ဆိုတာကို ကျွန်မ တွေ့ခဲ့တယ်။ တခြားသူတွေ ထောက်ပြတဲ့ ပြဿနာတွေက အဖြစ်မှန်တွေ ဖြစ်တယ်၊ ပြီးတော့ အဲဒါတွေက အသင်းတော်ရဲ့ အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို တကယ်ပဲ နစ်နာစေပြီး အန္တရာယ်ဖြစ်စေမှန်း သူတို့ သိနေရင်တောင်မှ၊ သူတို့က လက်ခံဖို့ ငြင်းဆန်နေတုန်းပဲ။ သူတို့က အပြစ်ရှိသလို မခံစားရသလို၊ အပြောင်းအလဲလုပ်ဖို့လည်း မစဉ်းစားကြဘူး။ ဒီလိုလူတွေက စာတန်ရဲ့ အစေခံတွေဖြစ်ပြီး နတ်ဆိုးတွေပဲလို့ ဘုရားသခင်က ပြောတယ်။ ဒီအချိန်အတွင်း ကျွန်မ ထုတ်ဖော်ခဲ့တာတွေကို ဆင်ခြင်သုံးသပ်မိတယ်။ ဝမ်ထောင်က ကျွန်မနဲ့ ဧဝံဂေလိအမှုဆောင်တွေရဲ့ အလုပ် လမ်းလွဲမှုတွေကို ခေါင်းဆောင်ဆီ တင်ပြတာကို မြင်လိုက်ရတဲ့အခါ၊ သူက ကျွန်မကို အရှက်ခွဲဖို့ တမင်သက်သက် လုပ်နေတာလို့ ကျွန်မ ခံစားခဲ့ရတယ်။ ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် ကျွန်မ ဆက်ပြီး ငြင်းခုံပြီး ကိုယ့်ကိုယ်ကိုယ် မှန်ကြောင်း ခုခံကာကွယ်ဖို့ ကြိုးစားခဲ့တယ်၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မှု မရှိခဲ့သလို အလုပ်ထဲက ပြဿနာတွေကိုလည်း မဖြေရှင်းခဲ့ဘူး။ နောက်ပိုင်းမှာ၊ ခေါင်းဆောင်က ဝမ်ထောင် ထောက်ပြတဲ့ ပြဿနာတွေနဲ့ လမ်းလွဲမှုတွေကို အရမ်း လေးလေးနက်နက်ထားတာ မြင်လိုက်ရတော့၊ ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းက ထိခိုက်နေပြီလို့ ခံစားခဲ့ရတယ်၊ ကျွန်မရဲ့ ပြဿနာတွေကို သူထပ်မတင်ပြရဲအောင်လို့ သူ့ကို သင်ခန်းစာပေးပြီး ကိုယ်ရေးကိုယ်တာ မကျေနပ်မှုတွေကို ဖွင့်ထုတ်ဖို့ ဝမ်ထောင်ဆီ စာရေးဖို့ စဉ်းစားခဲ့တယ်။ ကျွန်မရဲ့ တွဲဖက်ညီအစ်မတွေရှေ့မှာလည်း ဝမ်ထောင်ကို အပြစ်တင်ပြီး တရားစီရင်ခဲ့တယ်၊ ကျွန်မရဲ့ တာဝန်ကို ခေါင်းရှောင်ဖို့နဲ့ ညီအစ်မတွေကို ကျွန်မဘက် ပါလာအောင် ဆွဲဆောင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့၊ အထင်မှားစေတဲ့ စကားတွေ ပြောပြီး သူတို့ ဝမ်ထောင်အပေါ် အမြင်စောင်းလာအောင် လုပ်ခဲ့တယ်။ ခေါင်းဆောင်က ကျွန်မကို သတိပေးဖို့ စာရေးတဲ့အခါ၊ ခေါင်းဆောင်ကို လှည့်စားဖို့နဲ့ ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် မလွှဲမရှောင်သာ ကိုယ့်ကိုယ်ကိုယ် သိသလို စကားနည်းနည်း ပြောခဲ့တယ်။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့တဲ့ ကျွန်မရဲ့ စိတ်သဘောထားက ဘယ်လောက်တောင် ဆိုးရွားသလဲဆိုတာ ကျွန်မ တွေ့လိုက်ရတယ်။ ဝမ်ထောင်က ကျွန်မရဲ့ တာဝန်မှာ လမ်းလွဲမှုတွေကို ထောက်ပြတဲ့အခါ၊ ဒါက သူက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို ထည့်စဉ်းစားတယ်၊ တာဝန်ယူတယ်၊ ပြီးတော့ တရားမျှတစိတ် ရှိတယ်ဆိုတဲ့ သဘောပါပဲ။ ဒါပေမဲ့ အဲဒါက ကျွန်မရဲ့ မာနနဲ့ အဆင့်အတန်းကို ထိပါးခဲ့လို့၊ သူ့အကြံပြုချက်တွေကို ကျွန်မ လက်မခံခဲ့ရုံတင်မကဘဲ၊ အမှားနဲ့အမှန်ကိုလည်း ရောထွေးပြီး၊ ကျွန်မရဲ့ တွဲဖက် ညီအစ်မတွေရှေ့မှာ သူ့ကို ဝေဖန်ပြစ်တင်ပြီး အထင်သေးခဲ့တယ်။ ကျွန်မအလုပ်ထဲက လမ်းလွဲမှုတွေကို ဘယ်သူမှ ထောက်ပြတာကို ကျွန်မ ခွင့်မပြုခဲ့ဘူး၊ တကယ်လို့ တစ်ယောက်ယောက်က ထောက်ပြပြီး ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားတွေကို ထိပါးလာရင်၊ ကျွန်မက ဒါကို အသိအမှတ်မပြု၊ လက်မခံရုံတင်မကဘဲ တခြားသူကို ရန်သူတစ်ယောက်လိုလည်း ဝေဖန်မိမှာပါပဲ။ ဒါက မလိုမုန်းထားပြီး သမ္မာတရားကို အလွန်အမင်း မနှစ်မြို့တဲ့ စိတ်သဘောထားကို ထုတ်ဖော်နေတာပါပဲ။ အန္တိခရစ်တွေက တာဝန်ကို ခေါင်းရှောင်တဲ့အခါ၊ အဲဒါက သမ္မာတရားကို လက်မခံတာကို ပြရုံတင်မကဘဲ၊ အသင်းတော်ရဲ့ အလုပ်ကို မထီမဲ့မြင်ပြုပြီး လူ့သဘာဝ ကင်းမဲ့တာကိုပါ ပြတယ်လို့ ဘုရားသခင်က ဖော်ထုတ်ထားပါတယ်။ ဒီတစ်ချိန်လုံး ကျွန်မက ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားတွေကိုပဲ ထည့်စဉ်းစားပြီး အသင်းတော်ရဲ့အလုပ်ကို ထည့်မစဉ်းစားခဲ့တာကို ကျွန်မ တွေးမိတယ်။ ရေလောင်းခြင်းအလုပ်ကို ထိခိုက်စေတာ ဒါမှမဟုတ် လူသစ်တွေရဲ့ စုဝေးပွဲတွေကို နှောင့်နှေးစေတာနဲ့ပတ်သက်ပြီး ကျွန်မ စိတ်မကောင်းဖြစ်တာ၊ အပြစ်ရှိသလို ခံစားရတာမျိုး မရှိခဲ့ဘူး၊ ပြီးတော့ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားတွေအတွက်၊ ကျွန်မက တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး ခံစားချက်မရှိတဲ့သူ၊ လူ့သဘာဝ လုံးဝမရှိတဲ့သူ ဖြစ်လာခဲ့မှန်း ကျွန်မ တွေ့လိုက်ရတယ်။ ဧဝံဂေလိ သင်းထောက်တစ်ယောက်အနေနဲ့၊ ဧဝံဂေလိအလုပ်ကို ပိုကောင်းအောင် မြှင့်တင်ဖို့ ညီအစ်ကိုမောင်နှမတွေရဲ့ ကြီးကြပ်မှုကို ကျွန်မ လက်ခံသင့်ခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက်၊ လမ်းပြမှုရော အကူအညီကိုပါ လက်မခံခဲ့ရုံတင်မကဘဲ၊ ဝမ်ထောင်အပေါ် အမြင်စောင်းလာအောင် ကျွန်မရဲ့တွဲဖက် ညီအစ်မတွေကိုလည်း လှုံ့ဆော်ခဲ့သေးတယ်။ ကျွန်မက အပျက်သဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်နေခဲ့တာဖြစ်ပြီး အသင်းတော်ရဲ့ အကျိုးအတွက် လုပ်ဆောင်နေခဲ့တာ မဟုတ်ပါဘူး။ ကျွန်မသာ ဒါကို မပြောင်းလဲဘူးဆိုရင်တော့ နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ပစ်ပစ်ခါခါ ငြင်းတာကို ခံရမှာပါ။ ဒီအရာတွေကို ဆင်ခြင်သုံးသပ်ရင်း ကျွန်မ တကယ်ပဲ စိတ်ဆင်းရဲခဲ့ရတယ်၊ ပြီးတော့ တာဝန်မှာ ကျွန်မကို ညီအစ်ကိုမောင်နှမတွေက ကြီးကြပ်ပေးတာဟာ ကောင်းတဲ့အရာဖြစ်မှန်း သဘောပေါက်လိုက်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီအရာတွေက ကျွန်မရဲ့ တာဝန်မှာ လမ်းလွဲမှုတွေကို အချိန်မီ ပြင်ဆင်နိုင်ဖို့နဲ့ အသင်းတော်အလုပ်ကို ကောင်းကောင်းလုပ်ဆောင်ဖို့အတွက် ကူညီပေးဖို့ လုပ်တာဖြစ်လို့ပါပဲ။ တကယ်လို့ ဝမ်ထောင်ရဲ့ အကြံပြုချက်တွေကို ကျွန်မသာ စောစောစီးစီး လက်ခံခဲ့ရင်၊ အလုပ်ထဲက အဲဒီပြဿနာတွေဟာ သေချာပေါက် အစောကြီးကတည်းက ပြေလည်သွားပြီးလောက်ပြီ။
နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်ခဲ့တယ်။ “သမ္မာတရားကို သင်ရှာဖွေသောအခါ လူများစွာထံမှ ရှာဖွေသင့်သည်။ တစ်ဦးတလေက ပြောစရာတစ်စုံတစ်ခုရှိလျှင် သင် နားထောင်သင့်ပြီး ထိုသူ၏ စကားများအားလုံးကို အလေးအနက်ထားသင့်သည်။ ထိုသူအား လျစ်လျူရှုခြင်း၊ မသိကျိုးကျွံပြုခြင်းမပြုနှင့်။ အဘယ်ကြောင့်ဆိုသော် သင်၏တာဝန် နယ်ပယ်အတွင်းတွင်ရှိသော အရာများနှင့် သက်ဆိုင်သောကြောင့်ဖြစ်ပြီး ဤအရာကို အလေးအနက် သဘောထားရမည်ဖြစ်သည်။ ဤသည်မှာ မှန်ကန်သော သဘောထား၊ မှန်ကန်သော အခြေအနေဖြစ်သည်။ သင်သည် မှန်ကန်သော အခြေအနေတွင် ရှိသောအခါ သမ္မာတရားအား အလွန်အမင်းမနှစ်မြို့သည့်အပြင် မုန်းတီးသည့် စိတ်သဘောထားကို ထုတ်ဖော်ပြသခြင်းမရှိပေ။ ထို့နောက် ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အစားထိုးပေးလိမ့်မည်။ ဤသည်မှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ သင်သည် ဤနည်းဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောအခါ မည်သည့် အသီးအပွင့်ကို ရရှိမည်နည်း။ (သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြခြင်းကို ခံရမည်။) သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို ရရှိခြင်းသည် ကဏ္ဍတစ်ခုဖြစ်သည်။ တစ်ခါတစ်ရံတွင် အကြောင်းအရာသည် အလွန်ရိုးရှင်းပြီး သင်ကိုယ်တိုင်၏ စိတ်ကို အသုံးပြုခြင်းအားဖြင့် ရရှိနိုင်သည်။ အခြားလူများက ၎င်းတို့၏ အကြံများကို သင့်အား ပေးပြီး သင်က နားလည်ပြီးနောက်တွင် သင်သည် အမှုအရာများကို ပြုပြင်ပြီး စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နိုင်လိမ့်မည်။ ဤသည်မှာ ကိစ္စလေးတစ်ခုဖြစ်သည်ဟု လူတို့က ထင်ကောင်းထင်နိုင်သော်လည်း၊ ဘုရားသခင်အတွက် ကြီးမားသော ကိစ္စဖြစ်သည်။ အဘယ်ကြောင့် ငါ ဤသို့ ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ဤသို့ လက်တွေ့လုပ်ဆောင်သောအခါ ဘုရားသခင်အတွက် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သောသူ၊ သမ္မာတရားကို ချစ်သောသူ၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း မရှိသောသူဖြစ်သည်။ သင်၏ စိတ်နှလုံးအတွင်းသို့ ဘုရားသခင် ကြည့်သောအခါ သူသည် သင်၏ စိတ်သဘောထားကိုလည်း မြင်သည်။ ဤသည်မှာ ကြီးမားသော ကိစ္စဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် သင်သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် သင်၏တာဝန်ကို ထမ်းဆောင်ပြီး ပြုမူဆောင်ရွက်သောအခါ သင်အသက်ရှင်နေထိုင်ပြီး ထုတ်ဖော်သည့်အရာသည် လူတို့ပိုင်ဆိုင်သင့်သည့် သမ္မာတရား လက်တွေ့ကျမှုအားလုံးဖြစ်သည်။ သင်လုပ်ဆောင်သမျှတွင် သင်ပိုင်ဆိုင်သော သဘောထားများ၊ အတွေးများ၊ အခြေအနေများသည် ဘုရားသခင်အတွက် အရေးကြီးဆုံးဖြစ်ပြီး ဘုရားသခင် စိစစ်သောအရာများဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ အသက်ရှင်ခြင်းသည်သာလျှင် အကြင်သူသည် သူနှင့် ပုံမှန်ဆက်ဆံရေးကို ရရှိနိုင်သည်) ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တစ်ပိုဒ်ကနေ၊ ညီအစ်ကိုမောင်နှမတွေက အကြံပြုချက်တွေ ပေးတဲ့အခါ ဒါမှမဟုတ် ကျွန်မကို ပြုပြင်တဲ့အခါ၊ ကျွန်မက ရှာဖွေတဲ့ သဘောထားနဲ့ အရင်ဆုံး နားထောင်သင့်တယ်၊ သူတို့ကို လျစ်လျူရှုတာ၊ ကိုယ့်ဘက်ကနေပဲ ငြင်းခုံတာ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် မှန်တယ်ဆိုပြီး ခုခံကာကွယ်တာမျိုးတွေပဲ လုပ်လို့မဖြစ်ဘူးဆိုတာ ကျွန်မ နားလည်ခဲ့တယ်။ ကျွန်မ တစ်ခုခု နားမလည်ရင်၊ သမ္မာတရားကို လက်ခံတဲ့ သဘောထားနဲ့ ညီအစ်ကိုမောင်နှမတွေဆီကနေ ကျွန်မ ရှာဖွေနိုင်တယ်။ ဒါက သမ္မာတရားကို ချစ်မြတ်နိုးတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ နေ့တိုင်း ဖြစ်ပျက်သမျှ အရာအားလုံးမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက် ရှိတယ်၊ ပြီးတော့ ဘုရားသခင်က ကျွန်မလုပ်တဲ့အရာရဲ့ အမှားအမှန်၊ ကျွန်မတာဝန်မှာ လမ်းလွဲမှုတွေ ရှိမရှိကို ကြည့်တာမဟုတ်ဘဲ၊ သမ္မာတရားအပေါ်နဲ့ ကျွန်မတာဝန်အပေါ် ထားတဲ့ ကျွန်မရဲ့ သဘောထားကိုလည်း ကြည့်ပါတယ်။ ဒါတွေက ဘုရားသခင် မြင်ချင်တဲ့ အရာတွေပဲ။ ဒါကို သဘောပေါက်သွားတော့၊ အဲဒီအချိန်ကစပြီး ဘယ်လိုအခြေအနေမျိုးကိုပဲ ရင်ဆိုင်ရပါစေ၊ တခြားသူတွေက ဘယ်လိုအကြံပြုချက်တွေပဲ ပေးနိုင်ပါစေ၊ ကျွန်မ အရင်ဆုံး လက်ခံပြီး သမ္မာတရားကို ရှာဖွေမယ်လို့ ကိုယ့်ကိုယ်ကိုယ် တိတ်တဆိတ် ပြောလိုက်တယ်။ ကျွန်မ ငြင်းခုံလို့ မဖြစ်တော့ဘူး၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့တဲ့ စိတ်သဘောထားနဲ့ အသက်ရှင်လို့ မဖြစ်တော့ဘူး။
အဲဒီနောက်ရက်တွေမှာ၊ ဧဝံဂေလိအလုပ်အတွက် ကျွန်မ တိုက်ရိုက် တာဝန်ရှိပေမဲ့၊ ဝမ်ထောင် တင်ပြခဲ့တဲ့ ဒီအလုပ်ထဲက ပြဿနာတွေကို ကျွန်မ ဘယ်တုန်းကမှ မဖြေရှင်းခဲ့တာကို ဆက်ပြီး တွေးနေမိတယ်။ ဒါက အဓိကကတော့ ကျွန်မက ကိုယ့်တာဝန်တွေမှာ တကယ်ကို ဝတ်ကျေတမ်းကျေလုပ်ပြီး အရမ်းကို တာဝန်မဲ့ခဲ့လို့ပါပဲ။ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်ခဲ့တယ်။ “လူတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်သည့်အချိန်တွင် ပေါ့ဆပါက သို့မဟုတ် အစဉ်သဖြင့် နားဝေတိမ်တောင် ဖြစ်ပါက ဤသည်မှာ မည်သည့် သဘောထားမျိုးဖြစ်သည်ဟု သင်တို့ ထင်မြင်သနည်း။ ယင်းမှာ ဝတ်ကျေတမ်းကျေပြုခြင်းသာ မဟုတ်လော။ ယင်းမှာ သင်၏ တာဝန်အပေါ် သင်တို့ ထားရှိသည့် သဘောထားဖြစ်သလော။ ဤသည်မှာ အစွမ်းအစနှင့်ဆိုင်သော ပြဿနာလော၊ သို့မဟုတ် စိတ်သဘောထားနှင့်ဆိုင်သော ပြဿနာလော။ ဤအရာနှင့် ပတ်သက်၍ သင်တို့အားလုံး ရှင်းလင်းသင့်၏။ လူတို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါ အဘယ်ကြောင့် ဝတ်ကျေတမ်းကျေသာ ထမ်းဆောင်ကြသနည်း။ ဘုရားသခင်အတွက် အမှုအရာများ လုပ်ဆောင်သည့်အခါ အဘယ်ကြောင့် ၎င်းတို့ သစ္စာစောင့်သိခြင်း မရှိသနည်း။ ၎င်းတို့တွင် ဆင်ခြင်တုံတရား သို့မဟုတ် အသိစိတ်ပင် ရှိကြပါ၏လော။ သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို အမှန်တကယ် ပိုင်ဆိုင်လျှင် အမှုအရာများကို လုပ်ဆောင်သည့်အခါ စိတ်နှလုံး အနည်းငယ် ပိုထည့်လုပ်မည့်အပြင် စေတနာကောင်း၊ တာဝန်ယူမှု၊ အလေးထားမှုတို့ကိုလည်း အနည်းငယ် ပိုထည့်လုပ်လိမ့်မည်ဖြစ်ပြီး လုံ့လပို၍ စိုက်ထုတ်နိုင်လိမ့်မည်ဖြစ်သည်။ သင်သည် လုံ့လပို၍ စိုက်ထုတ်သည့်အခါ သင်ဆောင်ရွက်သည့် တာဝန်၏ ရလဒ်များ တိုးတက်လိမ့်မည်ဖြစ်၏။ သင်၏ ရလဒ်များ ပိုကောင်းလာလိမ့်မည်ဖြစ်ပြီး အခြားလူများနှင့် ဘုရားသခင်နှစ်ဦးလုံးကို သင် ကျေနပ်စေနိုင်လိမ့်မည်။ ထိုအရာကို သင်တို့ စိတ်နှစ်ထားရမည်။ သင်သည် လောကီထဲတွင် အလုပ်လုပ်နေပြီး သင် ကုန်ဆုံးသည့် အချိန်အရ ငွေရှာဖို့သက်သက်ဖြစ်သည့်အလား အာရုံထွေပြား၍ မရပါ။ ထိုသဘောထားမျိုး သင်၌ ရှိပါက သင်သည် ဒုက္ခရောက်လေပြီ။ သင်၏ တာဝန်ကို သင် ကောင်းစွာ ထမ်းဆောင်ဖို့ ဖြစ်နိုင်ဖွယ်မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အသက်ဝင်ရောက်ခြင်းသည် တာဝန် ထမ်းဆောင်ခြင်းဖြင့် စတင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ၊ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့အတွက် အရေးကြီးဆုံးက တာဝန်ယူစိတ်နဲ့ အမှားအမှန်သိစိတ် ရှိဖို့ဖြစ်ပြီး၊ ဒါက လူတစ်ယောက်ရဲ့ လူ့သဘာဝနဲ့ သက်ဆိုင်တယ်ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ လူ့သဘာဝရှိတဲ့ လူတွေက ထောက်ပြချက်တွေနဲ့ အကြံပြုချက်တွေကို ရင်ဆိုင်ရတဲ့အခါ၊ ဒါတွေ ဘယ်သူ့ဆီကပဲ လာပါစေ၊ အသင်းတော်ရဲ့ အကျိုးစီးပွားတွေနဲ့ သက်ဆိုင်နေသရွေ့၊ သူတို့က အလေးအနက်ထားပြီး ပြဿနာတွေကို ထိထိရောက်ရောက် ဖြေရှင်းကြမှာပဲ။ ဒါပေမဲ့၊ လူ့သဘာဝ မရှိတဲ့သူတွေကတော့ သူတို့စိတ်နှလုံးထဲမှာ အဲဒီလို အသိစိတ်မျိုး မရှိဘူး၊ သူတို့က အရာရာကို စိတ်ကြီးဝင်တဲ့ သဘောထားနဲ့ ချဉ်းကပ်တယ်၊ ဘယ်အရာကိုမှ အလေးအနက်မထားဘူး၊ ပြီးတော့ ပြဿနာတွေကို မြန်မြန် ဖြေရှင်းဖို့ မစဉ်းစားဘူး။ ခေါင်းဆောင်နဲ့ ဝမ်ထောင်က ဧဝံဂေလိအလုပ်ထဲက ပြဿနာတွေကို အကြိမ်ကြိမ် ပြောခဲ့တယ်၊ ပြီးတော့ ရေလောင်းခြင်းအလုပ်ကို နှောင့်နှေးမှု မရှိစေဖို့ ဒီအရာတွေကို မြန်မြန် ဖြေရှင်းချင်ခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်မက သိပ်အများကြီး မတွေးခဲ့ဘူး။ မာနထောင်လွှားပြီး စိတ်ကြီးဝင်ခဲ့တယ်၊ ပြီးတော့ ဒီပြဿနာတွေက ဖြေရှင်းရလွယ်တယ်လို့ ခံစားခဲ့ရတယ်၊ ပြီးတော့ အဲဒါတွေကို နှံ့နှံ့စပ်စပ် ဖြေရှင်းဖို့ အားမထုတ်ဘဲ ဧဝံဂေလိ တရားဟောဆရာတွေနဲ့ အပေါ်ယံပဲ ဆွေးနွေးခဲ့တယ်။ ဒါက ပြဿနာတွေကို ဆက်ပြီး ရှိနေစေခဲ့ပြီး အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ အခုတော့ ကျွန်မက ကိုယ့်တာဝန်ကို လျစ်လျူရှုရုံတင်မကဘဲ ကိုယ့်တာဝန်မှာရှိတဲ့ လမ်းလွဲမှုတွေကို ရင်ဆိုင်ဖို့ လိုအပ်တဲ့ သဘောထားမျိုးလည်း ကင်းမဲ့နေခဲ့မှန်း မြင်လိုက်ရတယ်။ ကျွန်မမှာ လူ့သဘာဝ လုံးဝ ကင်းမဲ့နေခဲ့တာပဲ။ အဲဒီအချိန်ကစပြီး၊ ညီအစ်ကိုမောင်နှမတွေ ဘယ်လိုအကြံပြုချက်တွေပဲ တင်ပြလာပါစေ၊ ကျွန်မက လက်ခံတတ်အောင် သင်ယူပြီး အဲဒါတွေကို အချိန်မီ ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေမှာပါ။ ကျွန်မက ဒီအချိန်အတွင်း ထုတ်ဖော်ခဲ့တဲ့ ကိုယ့်ရဲ့စိတ်အခြေအနေနဲ့ သင်ယူခဲ့ရတဲ့ သင်ခန်းစာတွေအကြောင်း ဝမ်ထောင်ဆီကို စာရေးတာနဲ့ စခဲ့တယ်၊ ပြီးတော့ ရေလောင်းသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတာနဲ့ပတ်သက်ပြီး သူနဲ့ ဘုံနားလည်မှုတစ်ခု ရခဲ့တယ်။ ပြီးတော့ ဒီလမ်းလွဲမှုတွေကို ဧဝံဂေလိ တရားဟောဆရာတွေနဲ့အတူ ကျွန်မ စိစစ်ခဲ့တယ်၊ သူတို့အားလုံးရဲ့ တာဝန်တွေမှာ ရှိနေတဲ့ သဘောထားပြဿနာတွေကို ထောက်ပြခဲ့တယ်။ ဒီလို လက်တွေ့လုပ်ဆောင်မှုမျိုး လုပ်ပြီးတဲ့နောက်မှာ၊ အလုပ်ထဲက ပြဿနာတချို့ ပြေလည်သွားပြီး၊ ရေလောင်းသူတွေနဲ့ ကျွန်မတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကလည်း အရင်ကထက် သိသိသာသာ ပိုကောင်းလာခဲ့တယ်။
တစ်ခါမှာ ခေါင်းဆောင်က ကျွန်မ ဆက်ပြီးလိုက်လုပ်နေတဲ့ အလုပ်တွေကို အရေးကြီးတဲ့ အစီအစဉ်အလိုက် ဦးစားမပေးဘူးလို့ ထောက်ပြလာတော့ ကျွန်မ ရင်ထဲမှာ ဒိန်းခနဲ ဖြစ်သွားတယ်။ ကျွန်မ လိုက်လုပ်နေတဲ့ အလုပ်မှာ ထောက်ပြစရာ ပြဿနာတွေ ခဏခဏရှိနေတော့ ကျွန်မ အရှက်ရသလို ခံစားရပြီး ခေါင်းဆောင်က ကျွန်မကို ဘယ်လိုများထင်မလဲလို့ တွေးမိတယ်။ ကျွန်မ နားလည်းရှုပ်သွားတယ်၊ ဘာလို့လဲဆိုတော့ အလုပ်တွေ အကုန်လုံးကို တစ်ခါတည်း လိုက်လုပ်လိုက်ရင် အလုပ်မကြန့်ကြာဘူးလို့ ကျွန်မထင်ထားတာလေ၊ ဒါနဲ့များ ဘာလို့ ကျွန်မရဲ့ပြဿနာကို ထောက်ပြနေရသေးတာလဲပေါ့။ ဒီအချိန်မှာ ကျွန်မ ထပ်ပြီး ငြင်းခုံတော့မယ်ဆိုတာ သဘောပေါက်လိုက်တယ်၊ ဒါကြောင့် ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအတိုင်း မပြုမူမိအောင် စိတ်နှလုံးကို စောင့်ရှောက်ပေးဖို့ ဘုရားသခင်ဆီ တောင်းလျှောက်ပြီး စိတ်နှလုံးထဲမှာ တိတ်တဆိတ် ဆုတောင်းလိုက်တယ်။ ဆုတောင်းပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်၊ “သမ္မာတရားကို သင်နားမလည်သောအခါ တစ်စုံတစ်ဦးက သင့်အား အကြံပြုချက်ပေးပြီး သမ္မာတရားနှင့်အညီ မည်သို့ ပြုမူဆောင်ရွက်ရမည်ကို သင့်အား ပြောလျှင် သင်သည် ရှေးဦးစွာ လက်ခံသင့်ပြီး လူတိုင်းအား ထိုအရာအပေါ်တွင် မိတ်သဟာယပြုစေသင့်သည်။ ပြီးလျှင် ဤလမ်းကြောင်းက မှန်ကန်ခြင်းရှိမရှိ၊ သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီခြင်းရှိမရှိကို ကြည့်သင့်သည်။ သမ္မာတရားနှင့် ကိုက်ညီသည်ဟု အတည်ပြုလျှင် ထိုနည်းအတိုင်း လက်တွေ့လုပ်ဆောင်လော့။ သမ္မာတရားနှင့် မကိုက်ညီဟု သင် ဆုံးဖြတ်လျှင် ထိုနည်းအတိုင်း လက်တွေ့မလုပ်ဆောင်နှင့်။ ထိုမျှ ရိုးရှင်းပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ အသက်ရှင်ခြင်းသည်သာလျှင် အကြင်သူသည် သူနှင့် ပုံမှန်ဆက်ဆံရေးကို ရရှိနိုင်သည်) ဒီအခြေအနေက ဘုရားသခင် စီစဉ်ခင်းကျင်းထားတာပဲ၊ ကျွန်မ ဒါကနေ သင်ခန်းစာယူရမယ်၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအတိုင်း ပြုမူလို့မဖြစ်ဘူး။ ခေါင်းဆောင်က ကျွန်မရဲ့ တာဝန်က လမ်းလွဲမှုတွေကို ထောက်ပြခဲ့တာ၊ ဒါက အလုပ်အတွက် အကျိုးရှိတယ်၊ ဒါကြောင့် ကျွန်မက ဒါကို အရင်ဆုံး လက်ခံရမယ်၊ ဆင်ခြင်သုံးသပ်ပြီး သမ္မာတရားကို ရှာဖွေရမယ်။ ဒီအချက်တွေကို ထည့်စဉ်းစားရင်း၊ ခေါင်းဆောင် ထောက်ပြတဲ့ ပြဿနာတွေက သင့်တော်မှန်း ကျွန်မ တွေ့ခဲ့တယ်၊ ပြီးတော့ အလုပ်အားလုံးကို တစ်ခါတည်း ပြိုင်တူ လိုက်လုပ်နေမယ်ဆိုရင် ညီအစ်ကိုမောင်နှမတွေက သူတို့အလုပ်မှာ အဓိကနဲ့ သာမညကို ခွဲခြားမမြင်ဘဲ ဖြစ်သွားမယ်၊ ပြီးတော့ ဒါက အဓိကအလုပ်တွေကို ပိုပြီး အလွယ်တကူ နှောင့်နှေးစေနိုင်တယ်ဆိုတာကို တွေ့ခဲ့တယ်။ တကယ်လို့ ဦးစားပေးအဆင့်တွေအလိုက် အလုပ်တွေကို စီစဉ်ဖို့၊ အကျိုးသင့်အကြောင်းသင့် လိုက်လုပ်ဖို့နဲ့ အကောင်အထည်ဖော်ဖို့ ခေါင်းဆောင်ရဲ့ အကြံပြုချက်တွေကို ကျွန်မ လိုက်နာမယ်ဆိုရင်၊ ဒါက အလုပ်အတွက် ပိုပြီး အကျိုးရှိမှာပဲ။ အဲဒီနောက်မှာ၊ အလုပ်ကို ဆက်လုပ်ဖို့ ခေါင်းဆောင်ရဲ့ အကြံပြုချက်တွေကို ကျွန်မ လိုက်နာခဲ့တယ်။ ဒီလို လက်တွေ့လုပ်ဆောင်ပြီးတဲ့နောက်မှာ၊ ကျွန်မ အများကြီး ပိုစိတ်အေးသွားတယ်၊ အလုပ်ကလည်း တိုးတက်လာတယ်၊ ပြီးတော့ ဘုရားသခင်ကို တကယ်ပဲ ကျေးဇူးတင်မိတယ်။ နောက်ပိုင်းမှာ၊ တခြား ညီအစ်ကိုမောင်နှမတွေက ကျွန်မတာဝန်ထဲက ပြဿနာတွေကို ထောက်ပြတဲ့အခါမှာလည်း၊ ကျွန်မက အဲဒီပြဿနာတွေကို မှန်မှန်ကန်ကန် သဘောထားနိုင်ခဲ့တယ်။
ဒီအတွေ့အကြုံကနေတစ်ဆင့်၊ ညီအစ်ကိုမောင်နှမတွေရဲ့ လမ်းပြမှုနဲ့ ဖော်ထုတ်မှုတွေက ကျွန်မကို မျက်နှာပျက်စေခဲ့ပေမဲ့၊ ကျွန်မရဲ့ တာဝန်မှာ အားနည်းချက်တွေနဲ့ လိုအပ်ချက်တွေ အများကြီး ရှိနေသေးမှန်း ကျွန်မ တွေ့မြင်နိုင်ခဲ့တယ်။ ဒီအခြေအနေက သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ပြီး အပြုသဘောဆောင်တဲ့အရာတွေကို အတိုက်အခံလုပ်တဲ့ ကျွန်မရဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားကိုလည်း ထုတ်ဖော်ပေးခဲ့တယ်၊ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် သိနားလည်မှုတချို့ ရရှိနိုင်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ လမ်းပြမှုနဲ့ အကူအညီ ရှိတာက တကယ်ကို ကောင်းတဲ့အရာဖြစ်မှန်း ကျွန်မ ခံစားခဲ့ရတယ်၊ ပြီးတော့ ဒါက အလုပ်အတွက်ရော ကျွန်မရဲ့ အသက်ဝင်ရောက်မှုအတွက်ပါ ဘယ်လောက်တောင် အကျိုးရှိသလဲဆိုတာကို သဘောပေါက်သွားတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ရွှင်းချို အမေရိကန်နိုင်ငံ ပြီးခဲ့တဲ့နှစ်က အသင်းတော်ရဲ့ ရေလောင်းခြင်းနဲ့ ဧဝံဂေလိအလုပ်အတွက် ကျွန်မ ကြီးကြပ်ရေးမှူးဖြစ်ခဲ့တယ်။ စခါစဆိုတော့...
လီမင် ဂျာမနီနိုင်ငံ ဖန်ပင်းက ရေလောင်းအဖွဲ့ကို ကျွန်မ စီမံနေချိန်မှာ ကျွန်မအလုပ်ကို တာဝန်ယူခဲ့တဲ့ ခေါင်းဆာင်လေ။ ကျွန်မတို့...
ကျောက်ရွမ် တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယခုအချိန်သည် လူတစ်ဦးစီအတွက် အဆုံးသတ်ခြင်းကို ငါဆုံးဖြတ်သည့်အချိန်ဖြစ်ပြီး...
ဆွန်ယု နယ်သာလန်နိုင်ငံ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက အသင်းတော်ခေါင်းဆောင်အဖြစ် ကျွန်မ စပြီး အစေခံတဲ့အချိန်မှာ ကျွန်မ တွဲဖက်တချို့က...