အသင်းတော်အလုပ်ကို ကာကွယ်ခြင်းက ကျွန်မ၏ တာဝန်ဖြစ်သည်

04.06.2022

ယီးရွှင် ဂျပန်နိုင်ငံ

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ အသင်းတော်က ခေါင်းဆောင်သစ်ရွေးကောက်ဖို့ လိုအပ်ခဲ့တယ်။ တစ်နေ့မှာ၊ ခေါင်းဆောင်တွေက၊ “အစ်မလျူကို ရာထူးတိုးပေးသင့်တယ်။ လာမယ့် အစည်းအဝေးမှာ အစ်မလျူနဲ့ဆိုင်တဲ့ အတွင်းလူ အကဲဖြတ်ချက်တွေကို ဖတ်ကြမယ်၊ အဲဒီနောက်မှာ ညီအစ်ကို မောင်နှမတွေက မဲပေးလို့ရမယ်” လို့ ပြောတာကို နားစွန်နားဖျား ကြားမိတယ်။ သတင်းကိုကြားတော့၊ ကျွန်မ အရမ်းအံ့ဩသွားပြီး တွေးမိတယ်၊ “အစ်မလျူ ဟုတ်လား။ သူက ကျော်ကြားမှုနဲ့ အဆင့်အတန်းအတွက် အာသီသ အားကောင်းတယ်။ အရင်က၊ သူ့ရဲ့ တွဲဖက် အစ်မချင်ကို မနာလိုဖြစ်လို့ အစ်မချင်ကို သူက လူသိရှင်ကြား သေးသိမ်စေပြီး ဝေဖန်ခဲ့တာလေ။ အကျိုးဆက်အနေနဲ့၊ ညီအစ်ကို မောင်နှမတွေက အစ်မချင်ကို မကျေမနပ်ဖြစ်ကြပြီး သူ့အလုပ်ကို အားမပေးခဲ့ကြဘူး၊ အဲဒါက အသင်းတော်အလုပ်ကို နှောင့်ယှက်ခဲ့တယ်။ ခေါင်းဆောင်တွေက သူ့ကို အကြိမ်တော်တော်များများ မိတ်သဟာယပြုခဲ့ပေမဲ့ သူ မပြောင်းလဲခဲ့ဘူး။ နောက်ဆုံးမှာ သူ အထုတ်ခံခဲ့ရတာလေ။ အဲဒီလောက် ကြီးလေးတဲ့ ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းတာတွေနောက်မှာ၊ သူက ကိုယ့်ကိုယ်ကိုယ် မသုံးသပ်သေးဘူး၊ ဘာမှမဖြစ်ခဲ့သလို ပြုံးမြဲပြုံးနေခဲ့တယ်။ ပြီးတော့ သူ့ကိုယ်သူ နားလည်တာ၊ မုန်းမိတာ မရှိခဲ့ဘူး။ အဲဒီနောက်မှာ သမ္မာတရားကို ရှာဖွေခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ခြင်းတွေအပေါ် အာရုံမစိုက်တာကို ထောက်ရင်၊ သူ့လိုလူတစ်ယောက်က ဘယ်လိုလုပ် ခေါင်ဆောင်ဖြစ်ဖို့ သင့်တော်မှာလဲ။ အသင်းတော်ခေါင်းဆောင်ကို ရွေးချယ်တာက ကြီးမားတဲ့ ကိစ္စတစ်ခုပဲ။ အသင်းတော် ခေါင်းဆောင်တစ်ယောက် ကောင်းတယ်၊ မကောင်းဘူးဆိုတာက အသင်းတော်ထဲက ဘုရားရွေးချယ်ထားသူ အားလုံးရဲ့ အသက်ဝင်ရောက်မှုကို အကျိုးသက်ရောက်မှုရှိတယ် လို့ပေါ့။ အသင်းတော်ခေါင်းဆောင်က သမ္မာတရား လိုက်စားမှုကို အာရုံမစိုက်ရင်၊ ညီအစ်ကို မောင်နှမတွေကို သမ္မာတရား စစ်မှန်မှုတွေထဲ ဘယ်လို ဦးဆောင်နိုင်မှာလဲ။ အစ်မလျူက တကယ်ပဲ သင့်တော်တဲ့ ခေါင်းဆောင်တစ်ယောက်လား ပေါ့။” ဒါပေမဲ့ နောက်တော့ တွေးမိတယ်။ “သူနဲ့ အဆက်အသွယ်မရှိတာ နှစ်နှစ်နီးပါးရှိပြီလေ။ သူ အခု နောင်တရပြီး ပြောင်းလဲသွားတာများ ဖြစ်နိုင်မလား။ ခေါင်းဆောင် ရွေးချယ်ခြင်းနဲ့ဆိုင်တဲ့ စည်းမျဉ်းတွေက အရင်က အပြစ်အတွက် ထုတ်ပယ်ခံခဲ့ရတဲ့ ခေါင်းဆောင်တွေဟာ စစ်မှန်တဲ့ နောင်တပြပြီး လက်တွေ့အလုပ်လုပ်နိုင်ရင် ရွေးချယ်လို့ ရသေးတယ်ဆိုပြီး ဖော်ပြထားတယ်။ တခြားလူတွေကို ငါဘောင်ခတ်လို့မရသလို၊ သူတို့ ပြောင်းလဲနိုင်တယ်ဆိုပြီး၊ ရှုမြင်ဖို့ လိုတယ်။ အစ်မလျူကို ခေါင်းဆောင်တွေက ရာထူးတိုးပေးချင်တယ်ဆိုရင် သူ နောင်တရပြီး ပြောင်းလဲသွားတာ ဖြစ်ရမယ်။ ခါတိုင်း ခေါင်းဆောင်တွေက စည်းမျဉ်းတွေအတိုင်း ကိစ္စတွေကို အကဲဖြတ်ပြီး ကိုင်တွယ်နေကျပဲလေ” လို့ပေါ့။ အဲဒီနောက်မှာ၊ အဲဒီအကြောင်း သိပ်မတွေးဖြစ်တော့ဘူး။

ရက်နည်းနည်းကြာပြီးတဲ့နောက်မှာ၊ စည်းဝေးရမယ့် အချိန်ရောက်လာတယ်။ ခေါင်းဆောင်တွေကို ရွေးချယ်ခြင်းနဲ့ဆိုင်တဲ့ စည်းမျဉ်းတွေအကြောင်း ခေါင်းဆောင်တွေက ကျွန်မတို့ကို မိတ်သဟာယပြုပြီး၊ အစ်မလျူနဲ့ဆိုင်တဲ့ အတွင်းကျကျ အကဲဖြတ်ချက်တွေကို ဖတ်ပြတယ်။ သမ္မာတရားကို သူ ကောင်းကောင်း လက်မခံသလို၊ သူ့တာဝန်မှာ အားလုံးကို တာဝန်မယူဘူးလို့ ညီအစ်ကို မောင်နှမတချို့က မှတ်ချက်ပေးတာ ကြားရတော့ ကျွန်မ နည်းနည်း စိတ်ပျက်မိတယ်။ ကျွန်မ တွေးမိတယ်၊ “အစ်မလျူက သမ္မာတရားကို လက်မခံရင်၊ သူ့ကို ဘယ်လိုလုပ် ခေါင်းဆောင်လုပ်လို့ရမှာလဲ” လို့ပေါ့။ အဲဒါက နည်းနည်း စိတ်မသက်မသာ ဖြစ်စေတယ်။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်၊ “ခဏနေရင်၊ သူ့ရဲ့ ပုံမှန်အပြုအမူနဲ့ဆိုင်တဲ့ ခြုံငုံသုံးသပ်ချက်ကို ပေးပြီး၊ သူ့ရဲ့ အရင်က အပြစ်ကို သုံးသပ်ပြီး သူ့ကိုယ်သူ နားလည်ခဲ့ပုံကို ပြောပြမှာပါ၊ ဟုတ်တယ်နော်” လို့ပေါ့။ ဒါပေမဲ့ ခေါင်းဆောင်တွေက လုံးဝ မပြောခဲ့ကြဘူး။ နောက်ဆုံးမှာ၊ အစ်မလျူရဲ့ ရာထူးတိုးတာနဲ့ ပတ်သက်လို့ ထင်မြင်ချက်တစ်ခုခု ရှိလားလို့ လူတိုင်းကို သူတို့မေးကြတယ်။ လူတိုင်းက နှုတ်ဆိတ်ကြတယ်။ ဘယ်သူမှ မဖြေကြဘူး။ ကျွန်မအတွေးတွေကို သိခွင့်ပေးချင်ခဲ့ပေမဲ့၊ ခေါင်းဆောင်တွေက အကဲဖြတ်ချက်တွေ ဖတ်ခဲ့ပြီးပြီ၊ စည်းမျဉ်းတွေနဲ့ပတ်သက်လို့ မိတ်သဟာပြုခဲ့ပြီးပြီလေ၊ သူတို့က အစ်မလျူနဲ့ပတ်သက်လို့ မမှန်တာ ဘာမှ မခံစားခဲ့ရဘူး။ ဒီအဆင့်မှာ သံသယတွေကို ဖော်ထုတ်လိုက်ရင်၊ ဒါက ခေါင်းဆောင်တွေကို လူသိရှင်ကြား စိတ်အနှောင့်အယှက်ဖြစ်စေမှာ မဟုတ်လား။ အဲဒီနောက်မှာ ခေါင်းဆောင်တွေက ကျွန်မကို ဘယ်လိုကြည့်ကြမလဲ။ ကျွန်မက ပြဿနာတွေကို တမင်ဖန်တီးနေပြီး သူတို့အတွက် ခက်ခဲအောင် လုပ်နေတယ်လို့ ထင်ကြမလား။ သူ့ကို ဆန့်ကျင်နေတယ်လို့ ထင်ကြမလား။ ခေါင်းဆောင်တွေကို ကျွန်မ စိတ်ဆိုးစေချင်ခဲ့ဘူး။ လတ်တလောမှာ ကျွန်မက ထုတ်ပယ်ခံခဲ့ရတာလေ။ အဲဒီနောက်မှာ ကန့်ကွက်ချက် ထုတ်ဖော်လိုက်ရင်၊ အငြင်းပွားစရာတွေ ဆွပေးနေပြီး ခေါင်းဆောင်ရာထူးအတွက် ပြိုင်ဆိုင်ဖို့ တခြားလူတွေရဲ့ အမှားကို အသုံးချတယ်လို့ လူတိုင်းက ထင်ကြမလား။ ထားလိုက်ပါ။ အရမ်းဒုက္ခများလွန်းတယ်လို့ တွေးမိတယ်။ တခြားဘယ်သူကမှ ဘာကိုမှ မပြောရင်၊ ကျွန်မလည်း မပြောသင့်ပါဘူးလေပေါ့။ ဒါ့အပြင်၊ ခေါင်းဆောင်တစ်ယောက်ကို ရထူးတိုးတာက သေးငယ်တဲ့ကိစ္စ မဟုတ်ဘူး။ စည်းမျဉ်းတွေအတိုင်း ခေါင်းဆောင်မှုကို အကဲဖြတ်ပြီး အကောင်းဆုံးလူကို ရွေးသင့်တယ်။ ဒီတော့ ကိုယ့်စကားတွေကို ကျွန်မ မျိုချလိုက်တယ်။ အစည်းအဝေးပြီးသွားတဲ့နောက်၊ ကျွန်မ နည်းနည်း စိတ်မသက်မသာဖြစ်ပေမဲ့ ပြီးနှင့်ပြီးသားပဲလေ။ “ဆုံးဖြတ်နှင့်ပြီးသားပဲ။ သူက မသင့်တော်ရင်၊ အစားထိုးခံရမှာပါ” လို့ ပြောရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ရုံ တတ်နိုင်ခဲ့တယ်။ အဲဒီအကြောင်းကို နောက်ထပ် မတွေးတော့သလို၊ အဲဒီကိစ္စက ကုန်လွန်သွားတယ်။

တစ်နေ့မှာ၊ ညီအစ်မ နှစ်ယောက်၊ သုံးယောက်က ဒါကို ကျွန်မဆီ ပြောပြပြီး၊ အစ်မလျူက သူ့ရဲ့ အတိတ်က အပြစ်တွေအပေါ် တကယ့်အသိနဲ့ နောင်တ ရှိမရှိဆိုတာနဲ့ပတ်သက်လို့ နည်းနည်း သံသယဖြစ်မိတယ်လို့လည်း ပြောကြတယ်။ အစ်မလျူက ဖယ်ရှားခံရပြီး အစားထိုးခံခဲ့ရချိန်မှာ သူ့ကိုယ်ပိုင် အပြစ်တွေကို အသိမရှိခဲ့ဘူး၊ မသုံးသပ်ခဲ့သလို၊ သမ္မာတရား ရှာဖွေသူ ဟုတ်ခဲ့ပုံမရဘူးလို့လည်း ဆွေးနွေးရာမှာ ပြောပြခဲ့ကြတယ်။ သမ္မာတရားကို လိုက်စား၊ ရှာဖွေခြင်းအပေါ် သူ အာရုံမစိုက်ခဲ့ရင်၊ သမ္မာတရားကို နားလည်ပြီး သမ္မာတရားရဲ့ စစ်မှန်မှုတွေထဲ ဝင်ရောက်အောင် တခြားလူတွေကို ဘယ်လိုဦးဆောင်နိုင်မှာလဲ။ ဆွေးနွေးချက်က ကျွန်မကို ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် တွေးမိစေခဲ့တယ်။ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ ဖြစ်သည့်လူများ၏ ကဏ္ဍ အရေးပါလာခြင်းကို ဖြစ်စေသည့် အကြောင်းရင်းမှာ အဘယ်နည်း၊ ပြီးလျှင် ယင်းတို့သည် မည်သို့ ပေါ်ပေါက်လာသနည်း။ ကြီးမားသော အတိုင်းအတာတစ်ခုတွင် ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်အတွက် လိုအပ်သည်။ သေးငယ်သော အတိုင်းအတာတစ်ခုတွင် ၎င်းတို့ကို အသင်းတော်၏အလုပ်အတွက် လိုအပ်သည်၊ ဘုရားသခင် ရွေးချယ်ထားသောသူများက ၎င်းတို့ကို လိုအပ်သည်။...ခေါင်းဆောင်များနှင့် အမှုဆောင်များနှင့် ကျန်ရှိသော ဘုရားသခင်ရွေးချယ်ထားသောသူတို့ကြား ကွာခြားချက်မှာ ၎င်းတို့ထမ်းဆောင်သည့် တာဝန်များရှိ အထူးပင်ကိုလက္ခဏာ တစ်ခုသာဖြစ်သည်။ ဤအထူးပင်ကိုလက္ခဏာသည် အဓိကအားဖြင့် ၎င်းတို့၏ ခေါင်းဆောင်ကဏ္ဍများတွင် ပြသည်။ ဥပမာအနေဖြင့် အသင်းတော်က လူမည်မျှရှိပါစေ၊ ခေါင်းဆောင်သည် ဦးသျှောင် ဖြစ်သည်။ သို့ဆိုလျှင် ဤခေါင်းဆောင်သည် အသင်းသားများအကြား မည်သည့်အခန်းကဏ္ဍတွင် ပါဝင် ဆောင်ရွက်သနည်း။ ၎င်းတို့သည် အသင်းတော်ရှိ ရွေးချယ်ခံထားရသောသူများအားလုံးကို ဦးဆောင်ပါသည်။ သို့ဆိုလျှင် ၎င်းတို့သည် အသင်းတော်တစ်ခုလုံးအပေါ် အဘယ်သက်ရောက်မှု ရှိသနည်း။ ဤခေါင်းဆောင်သည် မှားယွင်းသော လမ်းကြောင်းကို လျှောက်မိလျှင်၊ အသင်းတော်ရှိ ဘုရားသခင် ရွေးချယ်ထားရသောသူများသည် မှားယွင်းသော လမ်းကြောင်းတွင် ခေါင်းဆောင် နောက်သို့ လိုက်ကြပေလိမ့်မည်။ ယင်းက ၎င်းတို့အားလုံးပေါ်တွင် ကြီးမားသော သက်ရောက်မှု ရှိလိမ့်မည်။ ပေါလုကို နမူနာကြည့်လော။ သူသည် ၎င်းတည်ထောင်ခဲ့သော အသင်းတော်များစွာနှင့် ဘုရားသခင် ရွေးချယ်ထားသောသူများကို ဦးဆောင်ခဲ့သည်။ ပေါလု လမ်းလွဲသွားသည့်အချိန်တွင်၊ သူဦးဆောင်ခဲ့သည့် အသင်းတော်များနှင့် လူများသည်လည်း လမ်းလွဲသွားကြပေသည်။ ထို့ကြောင့် ခေါင်းဆောင်များ လမ်းလွဲကြသည့်အခါ၊ ၎င်းတို့တစ်ဦးတည်းအပေါ်သာ သက်ရောက်မှုရှိသည် မဟုတ်ဘဲ၊ ၎င်းတို့ဦးဆောင်သည့် အသင်းတော်များနှင့် ဘုရားသခင် ရွေးချယ်ထားသူများကိုလည်း အကျိုးသက်ရောက်မှုရှိပေသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “လူတို့ကို စည်းရုံးရန် ၎င်းတို့ကြိုးစားကြသည်”) ဘုရားနှုတ်ကပတ်တော်ကို ချင့်ချိန်ရင်းနဲ့၊ ကျွန်မစိတ်နှလုံးက လေးလံသွားခဲ့တယ်။ အသင်းတော်ခေါင်းဆောင်ဆိုတာ အသင်းတော် တစ်ခုလုံးရဲ့ ခေါင်းလေ။ အသင်းတော် ခေါင်းဆောင် ကောင်း၊ မကောင်းဆိုတာက အသင်းတော်တစ်ခုလုံးက သမ္မာတရားကို နားလည်ပြီး ဘုရားရဲ့ ကယ်တင်ခံရနိုင်ခြင်း ရှိမရှိဆိုတာနဲ့ တိုက်ရိုက်ဆက်နွှယ်တယ်။ သမ္မာတရား လိုက်စားသူက ခေါင်းဆောင်အနေနဲ့ အရွေးခံရရင်၊ သူ့ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုအတွက် တာဝန်ယူနိုင်တယ်၊ သူတို့ရဲ့ အသက်ဝင်ရောက်မှုထဲက ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို သုံးနိုင်တယ်၊ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်ခြင်းနဲ့ဆိုင်တဲ့ ကိုယ်ပိုင်အသိကို မိတ်သဟာယပြုနိုင်ပြီး၊ သမ္မာတရား စစ်မှန်မှုတွေထဲကို တဖြည်းဖြည်း လမ်းပြ၊ ဦးဆောင်သွားနိုင်တယ်။ သမ္မာတရားမလိုက်စားသူကို ခေါင်းဆောင်အနေနဲ့ ရွေးမိရင်၊ သူတို့ကိုယ်တိုင်က သမ္မာတရားကို လက်တွေ့မလုပ်လို့၊ ညီအစ်ကို မောင်နှမတွေကို သမ္မာတရားထဲ မဦးဆောင်နိုင်ဘူး။ လူတွေကို ရှုပ်ထွေးပြီး ပိတ်လှောင်ဖို့ ကျမ်းဟောင်းတရားတွေကိုပဲ ပြောနိုင်တယ်။ အဲဒီလိုနဲ့ ဘုရားရွေးချယ်ထားသူတွေက ထိခိုက်ခံရပြီး ပျက်စီးကြတာ မဟုတ်လား။ အစ်မလျူကို သမ္မာတရား မလိုက်စားသူအနေနဲ့ ကျွန်မတို့ သရုပ်မဖော်နိုင်ကြသေးပေမဲ့၊ အတွင်းကျကျ အကဲဖြတ်ချက်တွေနဲ့ သူ့ရဲ့ အရင်အပြုအမူအပေါ် အခြေခံပြီး၊ လက်ရှိအချိန်မှာ သူဟာ အသင်းတော် ခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်ဘူးလေ။ ဒီအချိန်မှာ ခေါင်းဆောင်အနေနဲ့ သူ ရာထူးတိုးခံခဲ့ရရင်၊ ဘုရားရွေချယ်ထားသူတွေ ဒါမှမဟုတ် အသင်းတော်အလုပ်အတွက် ကောင်းမှာ မဟုတ်ဘူး။

အဲဒီညမှာ၊ ညီအစ်မ အနည်းငယ်နဲ့ ကျွန်မက ကျွန်မတို့အတွေးတွေနဲ့ ပူပန်မှုတွေကို သူတို့နဲ့ မျှဝေဖို့ ခေါင်းဆောင်တွေကို ဆက်သွယ်ခဲ့ကြတယ်။ ခေါင်းဆောင်တွေက အသေးစိတ် ပြန်စစ်ဆေးဖို့နဲ့ အခြေအနေအရ ကိစ္စတွေကို ပြန်အကဲဖြတ်ဖို့ ကတိပေးခဲ့ကြတယ်။ မကြာခင်မှာပဲ၊ အစ်မလျူရဲ့ တကယ့်အပြုအမူအပေါ် အသေးစိတ် စစ်ဆေးချက်နဲ့ သူ့အပေါ် အတွင်းလူတွေရဲ့အကဲဖြတ်ချက်ကတစ်ဆင့်၊ အစ်မလျူက သူ့ရဲ့ အရင်က အပြစ်တွေအပေါ် တကယ့်သိနားလည်မှု မရှိခဲ့မှန်း၊ ကိစ္စတွေ ဖြစ်တဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်တာ မရှိသလို၊ သမ္မာတရားကို လက်ခံဖို့ အခက်တွေ့မှန်းကို ခေါင်းဆောင်တွေက မြင်သွားကြတယ်။ ခေါင်းဆောင်တွေက၊ “ညီအစ်မလျူရဲ့ တကယ့်အခြေအနေကို အရင်က ကျွန်မတို့ မသိခဲ့ကြဘူး။ သူ့တာဝန်မှာ သူက ထိရောက်တာကို မြင်တော့၊ သူ နောင်တရခဲ့ပြီလို့ပဲ တွေးလိုက်တာ။ အခု၊ ကျွန်မတို့ သိလိုက်တဲ့ အရာကနေ၊ ညီအစ်မလျူက တကယ်ကို ခေါင်းဆောင် မဖြစ်သင့်မှန် မြင်ရတယ်” လို့ ပြောကြတယ်။ ဒီရလဒ်ကို ကျွန်မ ကြားတော့၊ ကျွန်မရဲ့ ခံစားချက်ကို ဖော်မပြနိုင်အောင် ဖြစ်ခဲ့တယ်။ ကျွန်မရဲ့ သံသယတွေကို အချိန်မီ မဖော်ပြတဲ့အတွက် နောင်တရမိတယ်။ ပိုပြီးစောစော ကျွန်မ တင်ပြခဲ့ပြီး၊ အစ်မလျူကို သူ့ရဲ့ တကယ့် အခြေအနေအတိုင်း လူတိုင်းက အကဲဖြတ်ခဲ့ကြရင်၊ ဒီပြဿနာတွေက ပေါ်ပေါက်မှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို စိတ်ဆိုးစေမိမှာနဲ့ တခြားလူတွေက ကျွန်မ ခေါင်းဆောင်ဖြစ်ချင်လို့ ပြဿနာ ဖြစ်စေတာလို့ တလွဲထင်ကြမှာကို ကြောက်ခဲ့တယ်။ နောက်ဆုံးမှာ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သူရဲဘောကြောင်သူလို ကျွန်မ နောက်တွန့်ခဲ့တယ်။ သမ္မာတရားကို ကျွန်မ လုံးဝ လက်တွေ့မလုပ်သလို၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို မကာကွယ်ခဲ့ဘူး။ ကျွန်မ တွေးသမျှနဲ့ ကာကွယ်ခဲ့သမျှက ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားတွေပဲ။ အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာပဲ။

နောက်ပိုင်းမှာ၊ ကျွန်မအခြေအနေနဲ့ ဆက်နွှယ်တဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ကြည့်ခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူတို့သည် ၎င်းတို့အလုပ်အပေါ် တာဝန်ယူမှုမရှိသောအခါတွင် ယင်းသည် မည်သည့်စိတ်သဘောထားဖြစ်သနည်း။ စာတန်၏ စိတ်သဘောထားဖြစ်သည်။ ကောက်ကျစ်သော စိတ်သဘောထားဖြစ်သည်။ အသက်ရှင်သန်ဖို့အတွက် လူသား၏ အတွေးအခေါ်များထဲတွင် အပေါ်လွင်ဆုံးဖြစ်သောအချက်သည် ဉာဏ်နီဉာဏ်နက်များခြင်းပင်ဖြစ်၏။ လူတို့သည် ၎င်းတို့ဉာဏ်နီဉာဏ်နက်မများလျှင် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်မည်မဟုတ်ဘဲ အခြားသူများအား စိတ်မကျေမနပ်ဖြစ်စေတတ်သောသူဖြစ်မည်ဟု တွေးထင်ကြ၏။ ၎င်းတို့သည် မည်သူ့ကိုမှ မနာကျင်စေဘဲ သို့မဟုတ် ‌စိတ်မကျေမနပ်မဖြစ်စေဘဲ အတော်အသင့် ဉာဏ်နီဉာဏ်နက်များရမည်၊ ထိုသို့အားဖြင့် သူတို့ကိုယ်သူတို့ လုံခြုံအောင် ထိန်းသိမ်းကြကာ သူတို့၏ အသက်မွေးဝမ်းကျောင်းအား ကာကွယ်ကြပြီး လူထုကြားတွင် ခိုင်ခံ့သောအခြေကုပ် ရယူနိုင်ကြသည်ဟု သူတို့ထင်မှတ်ကြ၏။ ဤသည်မှာ မယုံကြည်သူများ၏လောကထဲ၌ လူတို့၏ပြုမူပုံဖြစ်၏။ အဘယ်ကြောင့် သင်သည် ဘုရားသခင်၏ အိမ်တော်တွင် ဤနည်းဖြင့် ပြုမူနေသေးသနည်း။ ဘုရားသခင့်အိမ်တော်၏အကျိုးကို ထိခိုက်နစ်နာစေသော တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိဖို့ရန် သင်သည် ဘာမျှမပြောပေ ဤသည်မှာ ‘ဤအကြောင်းအရာအား အခြားသူ တစ်စုံတစ်ယောက်ပြောလိုလျှင် သူတို့ကိုပြောစေပါ။ ကျွန်ုပ်ပြောမည်မဟုတ်။ မည့်သူ့ကိုမျှ ကျွန်ုပ်စိတ်ပျက်စေမည်မဟုတ် သို့မဟုတ် ကျွန်ုပ်လည်စင်းမခံလိုပါ’ ဆိုသည့် သဘောဖြစ်သည်။ ဤအရာသည် ဉာဏ်နီဉာဏ်နက်များခြင်းနှင့် တာဝန်မဲ့ခြင်းပင်ဖြစ်ပြီး ၎င်းကဲ့သို့သောလူတို့သည် မယုံကြည်ရပေ။...သမ္မာတရားကို ချစ်ပြီး သမ္မာတရား စစ်မှန်မှုကိုပိုင်ဆိုင်သော သူတို့သည်သာ ဘုရားအိမ်တော်၏ အလုပ်နှင့် ရွေးချယ်ထားသော သူတို့က လိုအပ်သောအခါ ရှေ့ထွက်လုပ်ဆောင်နိုင်သည်။ ၎င်းတို့သည်သာ ဘုရားသခင်ကို သက်သေခံပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့ရန် ရဲရင့်စွာဖြင့် ထရပ်ကာ တာဝန်ကို မဖြစ်မနေလုပ်ဆောင်နိုင်သည်၊ ဘုရားသခင်ရွေးချယ်ထားသောသူတို့ကို လမ်းမှန်ပေါ်သို့ ခေါ်ဆောင်ပေးကာ ဘုရားသခင်၏အလုပ်အပေါ် နာခံမှုကို ၎င်းတို့အား ရရှိစေသည်။ ဤသည်သာ တာဝန်သိသည့် သဘောထားဖြစ်ပြီး ဘုရားအလိုတော်ကို ဂရုစိုက်ခြင်းနှင့်ဆိုင်သည့် သရုပ်သကန် ဖြစ်သည်။ သင်တို့သည် ဤသဘောထားအား မပိုင်ဆိုင်ကြလျှင် သင်တို့ကိုင်တွယ်သည့် အကြောင်းအရာများ၌ ပေါ့ပေါ့ဆဆကိုင်တွယ်ခြင်းမှလွဲ၍ သင်တို့၌ဘာမျှမရှိကြ။ ထို့နောက် ‘ငါသည် ငါ၏ကိုယ်ပိုင်တာဝန် အတိုင်းအတာအတွင်းသာ ငါလုပ်မည်။ တစ်ခြားအရာအားလုံးအား ငါဂရုမစိုက်။ အကယ်၍ ငါ့အား သင်တစ်စုံတစ်ခုတောင်းဆိုပါက ငါ့စိတ်ကြည်လင်သည့်အချိန်တွင် သင့်ကိုငါအဖြေပေးမည်။ သို့မဟုတ်လျှင် ငါအဖြေပေးမည်မဟုတ်’ ဟူ၌သင်ထင်မှတ်၏။ ထိုသို့ဆိုလျှင် ဤအရာသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအမျိုးအစားတစ်ခုဖြစ်သည်မဟုတ်လော။ လူတစ်ယောက်သည် လူတစ်ယောက်၏ကိုယ်ပိုင်အနေအထား၊ ဂုဏ်သတင်း၊ အကျိုး ကိုသာကာကွယ်ခြင်းနှင့် လူတစ်ယောက်၏ကိုယ်ပိုင်အကျိုးနှင့်သက်ဆိုင်သည့် ကိစ္စများကိုသာကာကွယ်ခြင်းဖြင့် တရားမျှတခြင်းကို ကာကွယ်နေသလော။ အပြုသဘောဆောင်သည့်အရာများကို သူတို့ကာကွယ်ကြသလော။ ဤ သဘောထားသေးသိမ်ခြင်း၊ အတ္တကြီးခြင်းတို့နောက်ကွယ်တွင် သမ္မာတရားကို စိတ်ကုန်သော စိတ်သဘောထားရှိသည်။ သင်တို့အများစုသည် ဤအပြုအမူမျိုးကိုမကြာခဏဖော်ပြလေ့ရှိပြီး ဘုရားသခင့်မိသားစု၏ အကျိုးကျေးဇူးနှင့်သက်ဆိုင်သော တစ်စုံတရာကိုသင်တို့ကြုံတွေ့ရသည့်အခါတွင် သင်တို့သည် မလိမ့်တပတ်လုပ်ကာ ‘ငါမမြင်ခဲ့ဘူး’ သို့မဟုတ် ‘ငါမသိဘူး’၊ သို့မဟုတ် ‘ငါမကြားခဲ့ဘူး’ ဟုဆိုသည်။ သင်သည် အမှန်တကယ် သတိမထားမိသည်ဖြစ်စေ၊ ဟန်ဆောင်နေခြင်းသာဖြစ်စေ အရေးကြီးဆုံးသောအချိန်တွင် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးကို သင် ထုတ်ဖော််ပြလျှင် သင်သည် ဘုရားသခင်ကို အမှန်တကယ်ယုံကြည်သူ ဟုတ်မဟုတ်ဆိုသည်ကို ပြောရန် ခက်ခဲသည်။ ငါ့အတွက်မူ သင်သည် မိမိ၏ ယုံကြည်မှုတွင် မရှင်းမလင်းဖြစ်နေသောသူ၊ သို့မဟုတ် မယုံကြည်သူတစ်ယောက်ပင်ဖြစ်သည်။ သမ္မာတရားကိုချစ်သောသူ လုံးဝ မဟုတ်ပေ။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မစိတ်နှလုံးကို ထိုးဖောက်သွားတယ်။ သူတို့တာဝန်တွေမှာ တာဝန်မဲ့တဲ့ လူတွေဟာ ဉာဏ်များတဲ့ စိတ်သဘောထား ရှိကြတယ်လို့ ဘုရားက ထုတ်ဖော်ပြတယ်။ “ဉာဏ်များတယ်” ဆိုတဲ့ စကားကို ကျွန်မ တွေ့တဲ့အခါ၊ စာတန်ရဲ့ လှည့်ဖြားတဲ့ စကားတွေနဲ့ လုပ်ဆောင်ချက်တွေကို တွေးမိတယ်။ ဒါက ကျွန်မရဲ့ အခြေအနေ ထင်ရှားပုံနဲ့ ကျွန်မရဲ့ စိတ်သဘေားထား ဖြစ်ခဲ့တဲ့အရာပဲ။ ကျွန်မက ဉာဏ်များပြီး လှည့်ဖြားတတ်သလို၊ ဘုရားအပေါ် ရိုးသားစစ်မှန်မှု မရှိခဲ့ဘူး။ အစ်မလျူရဲ့ ရွေးကောက်ပွဲ ကိစ္စမှာ၊ ကိစ္စအပေါ် ရှင်းလင်းပြတ်သားမှု၊ ချင့်ချိန်နိုင်စွမ်း ကျွန်မ လုံးဝ မကင်းမဲ့ခဲ့ဘူး။ ခေါင်းဆောင်အဖြစ် အစ်မလျူ ရာထူးတိုးမှုနဲ့ပတ်သက်လို့ ကန့်ကွက်ချက်နဲ့ သံသယတွေ သိသိသာသာ ရှိခဲ့ပြီး၊ မမှန်တဲ့ ခေါင်းဆောင်ကို ရွေးမိရင် အသင်းတော်နဲ့ ဘုရားရွေးချယ်ထားသူတွေကို ဖြစ်ပေါ်စေတဲ့ အန္တရာယ်ကို ကျွန်မ ရှင်းရှင်းလင်းလင်း နားလည်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ ဉာဏ်များပြီး လှည့်ဖြားတတ်တဲ့ သဘာဝကြောင့်၊ ထုတ်ပြောတာက ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို စိတ်ဆိုးစေမိမှာ ကြောက်ခဲ့တယ်။ ပြီးတော့ ကျွန်မခေါင်းဆောင် ဖြစ်ချင်တယ်လို့ တခြားလူတွေက ထင်ပြီး ကျွန်မအပေါ် မကောင်းတဲ့ ထင်မြင်ချက်ရှိမှာလည်း စိုးရိမ်ခဲ့တယ်။ ကိုယ့်ကိုယ်ပိုင် နာမည်ဂုဏ်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့၊ ကိုယ့်ကိုယ်ကိုယ် ကာဖို့၊ ဘယ်သူမှ စိတ်မဆိုရအောင်လို့ လျစ်လျူရှုလိုက်ပြီး လူ့အကြိုက်လိုက်သူ ဖြစ်လိုက်ဖို့ပဲ ရွေးခဲ့တယ်။ ဘုရားကို နည်းနည်းမှ ကြောက်ရွံ့မှု မရှိခဲ့ဘူး။ ဘုရားအိမ်တော်ရဲ့ အလုပ်ကို အရမ်းပဲ သာမန်ကာလျှံကာနဲ့ တာဝန်မဲ့စွာ သဘောထားခဲ့တယ်။ ဦးဆောင်တဲ့အလုပ်နဲ့ အစ်မလျူက ကိုက်လားဆိုတာကို အဲဒီအချိန်မှာ ကျွန်မ မသေချာခဲ့ပေမဲ့၊ ကျွန်မ မေးမြန်းပြီး ပိုအသေးစိတ်ကျတဲ့ အချက်အလက်တွေကို စစ်ဆေးလို့ရတယ်လေ။ ကျွန်မရဲ့ မေးခွန်းတွေက ကန့်ကွက်ချက်တွေ ဖြစ်မှာမဟုတ်သလို၊ ခေါင်းဆောင်တွေအတွက် တမင် ခက်ခဲအောင် လုပ်နေတာလည်း ဖြစ်မှာ မဟုတ်ဘူး၊ အချက်အလက်တွေကို စစ်ဆေးပြီး စည်းမျဉ်းတွေအတိုင်း ရွေးကောက်ပွဲတွေကို ကာကွယ်တာပဲလေ။ အစ်မလျူကို ပိုစောစော ကျွန်မ စစ်ဆေးမိခဲ့ပြီး၊ အတိတ်က အပြစ်တွေကို သူ မဆင်ခြင်ခဲ့မှန်း၊ သမ္မာတရားကို လက်မခံသေးသလို၊ ခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်မှန်း သိခဲ့ရင်၊ အချိန်မီ တားခဲ့သင့်တာ။ အဲဒီလိုလုပ်တာက ကိုယ့်ကိုယ်ကိုယ်အတွက်အပြင်၊ အသင်းတော် အလုပ်နဲ့ ဘုရားရွေးချယ်ထားတဲ့သူတွေရဲ့ အသက်တာတွေကို တာဝန်ယူတာ ဖြစ်မှာပဲ။ ဒါပေမဲ့ အသင်းတော် ရွေးကောက်ပွဲတွေလောက် အရေးပါတဲ့ ကိစ္စတစ်မှာ၊ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားတွေကိုပဲ ကျွန်မ စဉ်းစားခဲ့တယ်။ ဘုရားအိမ်တော်ရဲ့ အလုပ်ကို လုံးဝ မကာကွယ်ခဲ့ဘူး။ ကျွန်မမှာ တကယ်ကို အသိစိတ်၊ ဆင်ခြင်တုံတရား မရှိခဲ့သလို၊ သဘာဝအားဖြင့် သမ္မာတရားချစ်စိတ် မရှိခဲ့ဘူး။ ဘုရားကို နှစ်ချီယုံကြည်ပြီးတဲ့နောက်မှာ၊ “တစ်စုံတစ်ရာ မှားယွင်းသည်ကို သိသည့်အခါ၊ နည်းနည်းပြောသည်က ပိုကောင်း၏”ဆိုတာနဲ့ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏” ဆိုတာတွေလို ဆိုးယုတ်တဲ့ အဆိပ်တွေနဲ့ အသက်ရှင်နေတုန်းပဲ။ ကျွန်မရဲ့ စည်းမျဉ်းက အမြဲ “ကိုယ်ကျိုးစီးပွားနဲ့ ကိုယ်အကျိုးရှိခြင်း”ဖြစ်ခဲ့တယ်။ ကျွန်မက တစ်ကိုယ်ကောင်းဆန်၊ စက်ဆုပ်စရာ၊ ဉာဏ်များ၊ လှည့်ဖြားတတ်ခဲ့ပြီး မရိုးသားတဲ့ အတွေးတွေ ရှိခဲ့တယ်။ ဒီဆိုးယုတ်တဲ့ ဆင်ခြင်တွေးခေါ်မှုစနစ်ကို လိုက်လျှောက်ခြင်းအားဖြင့်၊ ဘယ်သူကိုမှ စိတ်အနှောင့်အယှက် ဖြစ်စမှာမဟုတ်သလို၊ လူအုပ်ထဲမှာ ကိုယ့်နေရာကို ဘေးကင်းစေနိုင်မယ်လို့ ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ ဘုရားက ကျွန်မရဲ့ လုပ်ဆောင်ချက်နဲ့ လုပ်ရပ်တွေကို စောင့်ကြည့်လေ့လာပြီး၊ ကျွန်မရဲ့ အပြုအမှုက ကျွန်မအပေါ် ဘုရားကို စက်ဆုပ်ပြီး ရှုပ်ချစေခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အယောင်ဆောင် ခေါင်းဆောင်တွေကို ဘယ်လို သိမြင်ရမယ်၊ အသင်းတော် ခေါင်းဆောင်ကောင်းတွေကို ရွေးချယ်ခြင်းရဲ့ အရေးပါမှု၊ အသင်းတော် ခေါင်းဆောင်မှုရဲ့ အလုပ်တာဝန်တွေနဲ့ တခြား သမ္မာတရား သွင်ပြင်လက္ခဏာ အများကြီးကို ဘုရားက ကျွန်မတို့ကို ဒုက္ခသုက္ခခံပြီး မိတ်သဟာယပြုခဲ့ပုံကို ကျွန်မ တွေးမိတယ်။ လူတွေနဲ့ ကိစ္စတွေကို သိမြင်အောင် သင်ယူခွင့်ပေးဖို့နဲ့ အသင်းတော် အသက်တာကို ကျွန်မတို့အားလုံး ပိုထိန်းသိမ်းပြီး အသင်းတော် အလုပ်ကို ကာကွယ်နိုင်အောင်လို့ ဘုရားက အဲဒီလို လုပ်ခဲ့တာပဲ။ ဒါပေမဲ့ တရား‌ဒေသနာ အများကြီး ကြားပြီးတဲ့နောက်မှာ၊ ဘုရားစကားတွေကို ကျွန်မ နှလုံးမသွင်းခဲ့ဘူး။ ကိစ္စတွေ ဖြစ်ပျက်တော့၊ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေနဲ့ အသက်ရှင်ဆဲဖြစ်ပြီး သမ္မာတရားကို လက်တွေ့မလုပ်နိုင်ခဲ့ဘူး။ ဒါကိုတွေးမိတော့၊ အရမ်း နောင်တရပြီး အပြစ်ရှိသလို ခံစားရတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်။ “အသင်းတော်၏အလုပ်နှင့် ဘုရားအိမ်တော်၏အကျိုးစီးပွားတို့ မည်မျှ ထိခိုက်ပါစေ၊ သင် ဂရုမစိုက်၊ ကြားဝင်စွက်ဖက်ခြင်း မရှိပေ၊ သို့မဟုတ် အပြစ်ရှိသည်ဟု မခံစားရပေ— ယင်းက သင့်အား အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရား မရှိသူတစ်ဦး၊ မယုံကြည်သူတစ်ဦး၊ အစေခံသူတစ်ဦး ဖြစ်စေသည်။ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်သည့်အရာကို စားကာ၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် အရာကို သောက်ပြီး ဘုရားသခင်ထံမှ လာသည့်အရာများအားလုံးကို မွေ့လျော်သော်လည်း ဘုရားအိမ်တော်၏ အကျိုးစီးပွားအပေါ် မည်သည့်ထိခိုက်ခြင်းကမျှ သင်နှင့်ဆက်နွှယ်ခြင်း မရှိဟု ခံစားရသည်— ယင်းက သင့်အား ကျွေးသောလက်ကို ကိုက်သည့် သစ္စာဖောက်တစ်ဦး ဖြစ်စေသည်။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်ပါက၊ သင်သည် လူပင် ဟုတ်ပါ၏လော။ သင်သည် အသင်းတော်ထဲသို့ အယုံသွင်း၍ ချဉ်းကပ်လာသည့် နတ်ဆိုးတစ်ကောင်သာ ဖြစ်သည်။ သင်သည် ဘုရားသခင်၌ ယုံကြည်မှုရှိဟန်ဆောင်သည်၊ ရွေးချယ်ခံထားရသူ တစ်ဦးအဖြစ် ဟန်ဆောင်ပြီး ဘုရားသခင်၏ အိမ်တော်၌ ကပ်ပါးရပ်ပါး လုပ်လိုသည်။ သင်သည် လူသားတစ်ဦး၏ ဘဝကို ရှင်သန်မနေဘဲ၊ ရှင်းလင်းစွာပင် မယုံကြည်သူများထဲမှ တစ်ဦးဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်”) ဘုရားနှုတ်ကပတ်တော်ကနေ၊ တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ်ကျိုးစီးပွားရှိတဲ့ ကျွန်မလို လူတွေကို သူ့ရဲ့ မုန်းတီးမှုနဲ့ စက်ဆုပ်မှုကို ခံစားရတယ်။ ကျွန်မလုပ်ခဲ့တဲ့ အရာအတွက်လည်း နက်ရှိုင်းတဲ့ နောင်တခံစားရတယ်။ ဘုရားက လုံးဝ မှန်ပါတယ်။ ကျွန်မက ဘုရားအိမ်တော်ထဲက ကပ်ပါးရပ်ပါးတစ်ယောက်ပါပဲ။ နှစ်နဲ့ချီ ဘုရားကို ယုံကြည်ခဲ့ပြီး ဘုရားနှုတ်ကပတ်တော်ရဲ့ ရေလောင်း၊ ထောက်ပံ့တာကို မွေ့လျော်ခဲ့ပေမဲ့၊ ကျွန်မ စိတ်နှလုံးမှာ ဘုရားအတွက် နေရာမရှိခဲ့သလို၊ ဘုရားနဲ့ တစ်စိတ်တစ်ဝမ်းတည်း လုံးဝ မရှိခဲ့ဘူး။ အရေးကြီးတဲ့ အချိန်မှာ၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ကျွန်မ မကာကွယ်နိုင်ခဲ့ဘူး။ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပြဿနာတစ်ခုရှိမှန်း ကျွန်မ ရှင်းရှင်းလင်းလင်း သိခဲ့ပေမဲ့၊ အမှန်တရားပြောဖို့ သတ္တိတောင် မရှိခဲ့ဘူး။ သူက မှားသွားရင် တကယ်ကို ထုတ်ပယ်ခံရနိုင်တယ်လို့ပဲ စာနာထောက်ထားမှုမရှိဘဲ ယုံကြည်ခဲ့တယ်။ ဒါက ဘုရားကို ယုံကြည်သူတစ်ယောက် ရှိသင့်တဲ့ သဘောထားလား။ ကျွန်မက မယုံကြည်သူ၊ ယုံကြည်မှုမရှိတဲ့သူ တစ်ယောက်ပဲ မဟုတ်လား။ ဘုရားရွေးချယ်သူတွေထဲက စစ်မှန်တဲ့ အဖွဲ့ဝင်က ဘုရားအိမ်တော်ရဲ့ အရေးကိစ္စတွေကို သူ့ကိုယ်ပိုင်လို တစ်ချိန်လုံး သဘောထားသလို၊ ဘုရားဖက်မှာ ရပ်တည်ပြီး ဘုရားအိမ်တော်ရဲ့ အလုပ်ကို အကာအကွယ်ပေးနိုင်တယ်။ ဒါပေမဲ့ ဘုရားအိမ်တော်သားတစ်ယောက်လို ကျွန်မ ကိုယ့်ကိုယ်ကိုယ် မထိန်းသိမ်းခဲ့ဘူး။ အသင်းတော်အလုပ်နဲ့ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ဂရုမစိုက်ခဲ့ဘူး။ ပြဿနာတစ်ခုကို သတိထားမိတော့၊ အဲဒီအကြောင်း မမေးခဲ့ဘူး။ ဘုရားကို ယုံကြည်သူတစ်ယောက်ရဲ့ အခြေခံ တာဝန်တွေကိုတောင် မဖြည့်ဆည်းနိုင်ခဲ့ဘူး။ ဘုရားက အဲဒီလိုယုံကြည်ခြင်းကို ဘယ်လို တစ်ခါမှ အသိအမှတ်ပြုနိုင်မှာလဲ။ ဒါကိုတွေးမိတော့၊ ကျွန်မ နှလုံးကြေကွဲပြီး မျက်ရည်တွေ အလိုလို စီးကျလာတယ်။ အသိစိတ်၊ ဆင်ခြင်တုံတရား မရှိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းမိတယ်။ မျက်လုံးတွေမှာ မျက်ရည်တွေနဲ့ ကျွန်မ ဘုရားကို ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်။ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေတာကို အရမ်း ခံရပါတယ်။ ကိုယ်ကျိုးစီးပွားတွေကိုပဲ စဉ်းစားပြီး ဘုရားအိမ်တော်ရဲ့ အလုပ်ကို ကျွန်မ မထိန်းသိမ်းနိုင်ပါဘူး။ အဲဒါက ကျွန်မကို ရွေးကောက်ပွဲအလုပ်အပေါ် တားဆီးစေခဲ့တယ်။ အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာပါ။ ဘုရားသခင်၊ ကျွန်မ နောင်တရချင်ပါတယ်” လို့ပေါ့။

နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရတယ်။ “သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်အဆင့်အတန်း၊ ဂုဏ်၊ သို့မဟုတ် ဂုဏ်သတင်းကို မစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကိုလည်း ထည့်သွင်းမစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားသခင်၏အိမ်တော်၏အကျိုးများကို စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားသင့်ပြီး၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ အဆုံးစွန် သစ္စာရှိခြင်းရှိမရှိ၊ သင်၏ တာဝန်များကို ဖြည့်ဆည်းခြင်းရှိမရှိ၊ အစွမ်းကုန်လုပ်ဆောင်ခြင်းရှိမရှိ၊ သင်၏ တာဝန်နှင့် ဘုရားအိမ်တော်၏ အမှုကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဆင်ခြင်ခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် ထည့်သွင်းစဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးပြီး တွက်ဆလော့၊ ပြီးလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။ သင်၏အစွမ်းအစ ညံ့ဖျင်းပါက၊ သင်၏အတွေ့အကြုံ ပေါ့တန်ပါက သို့မဟုတ် သင်၏ အလုပ်တွင် မကျွမ်းကျင်ပါက၊ သင်၏အလုပ်၌ အမှားအယွင်းများ သို့မဟုတ် အပြစ်အနာအဆာများ အချို့ ရှိကောင်းရှိနိုင်ပြီး၊ ရလဒ်များမှာလည်း အလွန်ကောင်းချင်မှ ကောင်းပေမည်- သို့သော် သင်သည် သင်၏ အကောင်းဆုံး အားထုတ်မှုကို ပေးပြီးဖြစ်ပေလိမ့်မည်။ သင် လုပ်ဆောင်သမျှ၌ သင်၏ ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို စဉ်းစားခြင်းမရှိ သို့မဟုတ် သင်၏အကျိုးကို မကာကွယ်သကဲ့သို့၊ ထိုသို့ပြုမည့်အစား ဘုရားသခင်၏အိမ်တော်၏ အလုပ်နှင့်အကျိုးစီးပွားတို့ကို စဉ်ဆက်မပြတ် ထည့်သွင်းစဉ်းစားသည်။ သင်သည် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း မရှိကောင်း မရှိနိုင်သော်လည်း၊ သင်၏စိတ်နှလုံးသည် ပြုပြင်ပြီးဖြစ်သည်။ ထို့ထက်ပိုပြီးလျှင် သင်၏တာဝန်ရှိ ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေနိုင်ပါက၊ သင်၏တာဝန်သည် စံနှုန်းပြည့်မီပြီး သင်သည် သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည်။ ဤသည်မှာ သက်သေခံခြင်း ဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”)ဘုရားသခင်၏အလုပ်အတွက် အကျိုးဖြစ်သောအရာရာတိုင်းကိုလုပ်ဆောင်ပြီး ဘုရားအလုပ်၏ အကျိုးစီးပွားများကို ထိခိုက်နစ်နာစေသော မည်သည့်အရာကိုမျှ မလုပ်ဆောင်နှင့်။ ဘုရားသခင်၏ အမည်နာမ၊ ဘုရားသခင်၏ သက်သေခံချက်နှင့် ဘုရားသခင်၏ အလုပ်ကို ခုခံကာကွယ်လော့။ ဘုရားအိမ်တော်၏ အကျိုးစီးပွားနှင့် ဆက်နွှယ်သည့် မည်သည့်အရာကိုမဆို၊ သို့မဟုတ် ဘုရားအိမ်တော်၏ အလုပ်နှင့် ဘုရားသခင်၏ နာမတော်တို့နှင့် သက်ဆိုင်သည့် မည်သည့်အရာကိုမဆို သင်သည် ထိန်းသိမ်းသင့်ပြီး တာဝန်ယူသင့်သည်။ သင်တို့အယောက်စီတိုင်းတွင် ဤတာဝန်၊ ဤဝတ္တရားရှိပြီး ယင်းမှာ သင်တို့လုပ်ဆောင်သင့်သည့် အရာဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များအကြောင်း စကားပြောခြင်း”) ဘုရားနှုတ်ကပတ်တော်က လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ပေးခဲ့တယ်။ ကိစ္စတွေ ဖြစ်တဲ့အခါ၊ ကိုယ့်ရဲ့ အဆင့်အတန်းနဲ့ ပုံရိပ်ကို ကျွန်မ လက်လွှတ်သင့်တယ်၊ အသင်းတော် အလုပ်နဲ့ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ဦးစားပေးပြီး ကိုယ့်တာဝန်ကို ဖြည့်ဆည်းသင့်တယ်။ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေ ထိခိုက်တာကို မြင်တဲ့အခါ၊ စည်းမျဉ်းတွေနဲ့ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ထိန်းသိမ်းပြီး လူတွေကို စိတ်အနှောင့်အယှက်ပေးမိမှာကို မကြောက်သင့်ဘူး။ တချို့အရာတွေကို ရှင်းရှင်း မမြင်နိုင်ရင်တောင်၊ သမ္မာတရားကို ရှာပြီး လက်တွေ့လုပ်တာကို အာရုံစိုက်သင့်သလို၊ အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်သင့်တယ်။ ဒီခေါင်းဆောင်ရဲ့ ရာထူးတိုးခြင်းလိုပဲ၊ ကိစ္စတွေကို ကျွန်မ ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး၊ မသေချာနိုင်ဘူးလေ၊ ဒီတော့ ကျွန်မ ထုတ်ပြောသင့်တယ်၊ ရှာဖွေပြီး ညီအစ်ကို မောင်နှမတွေနဲ့ စစ်ဆေးမေးမြန်းသင့်တယ်။ တခြားလူတွေ၊ ခေါင်းဆောင်တွေ တွေးတာကို ကျွန်မ ဂရုမစိုက်ခဲ့သင့်ဘူး။ ဘုရားဘက်ကို လှည့်ပြီး သူ့ရဲ့ စိစစ်မှုကို လက်ခံခဲ့သင့်တယ်။ မှန်ကန်တဲ့ ရည်ရွယ်ချက်တွေနဲ့၊ ဘုရားအိမ်တော်ရဲ့ အလုပ်နဲ့ ညီအစ်ကို မောင်နှမတွေရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ခြင်းအပေါ် ဘယ်သူကမှ ကျွန်မကို ဝေဖန်၊ ရှုတ်ချမှာ မဟုတ်ဘူး။ ဒီအရာတွေကို နားလည်လိုက်တာနဲ့ ကျွန်မ နည်းနည်း လွတ်မြောက်သွားတယ်။

နောက်ပိုင်းမှာ၊ ညီအစ်မတွေနဲ့ ကျွန်မ မိတ်သဟာပြုပြီး ရှာဖွေခဲ့သလို၊ နောက်ထပ် မမှန်တဲ့ အမြင်တစ်ခု ကျွန်မ ကိုင်စွဲထားမှန်း တွေ့ရတယ်။ ကျွန်မခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်အမျိုးမျိုးက စည်းမျဉ်းတွေအတိုင်း လုပ်ထားတာဖြစ်ပြီး ကျွန်မ မမေးမြန်းသင့်ဘူးလို့ တွေးခဲ့တာ။ ကျွန်မ သဘောမတူရင်၊ သူတို့အတွက် ကိစ္စတွေကို ခက်ခဲအောင် တမင် လုပ်နေတာ၊ သူတို့ကို စိတ်အနှောင့်အယှက်ပေးပြီး အတိုက်အခံလုပ်နေတာပဲပေါ့။ တကယ်တော့ ကျွန်မအမြင်က သမ္မာတရားနဲ့ လုံးဝ မကိုက်ခဲ့ဘူး။ ကိုယ့်ရဲ့ စိတ်ကူးအပေါ် လုံးဝ အခြေခံထားတာပဲ။ ကျွန်မရဲ့ ဝတ်ပြုဆုတောင်းခြင်းအတွင်းမှာ၊ ခေါင်းဆောင်နဲ့ အမှုဆောင်တွေအပေါ် မှန်ကန်တဲ့ စည်းမျဉ်းတွေကို သွန်သင်ပေးခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အသင်းတော်ရှိ တစ်စုံတစ်ယောက်သည် ခေါင်းဆောင်ဖြစ်ရန်အတွက် ရာထူးတိုးမြှင့်ခံရပြီး ပျိုးထောင်ခံရသည့်အခါတွင် ထိုသူသည် အရိုးရှင်းဆုံးသော အဓိပ္ပာယ်ဖြင့် ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခံရခြင်းသာဖြစ်သည်။ ယင်းမှာ ထိုသူသည် အရည်အသွေးပြည့်မှီသော ခေါင်းဆောင်တစ်ယောက်၊ သို့မဟုတ် ကျွမ်းကျင်မှုရှိသောသူတစ်ယောက် ဖြစ်နှင့်ပြီးဖြစ်ကြောင်း၊ ထိုသူသည် ခေါင်းဆောင်တစ်ယောက်၏ အလုပ်ကို တာဝန်ယူဆောင်ရွက်နိုင်စွမ်း ရှိနေပြီဖြစ်ပြီး တကယ့်အလုပ်ကို လုပ်ဆောင်နိုင်ကြောင်း အဓိပ္ပာယ်မသက်ရောက်ပေ။ ဤကဲ့သို့ မဟုတ်ပေ။ တစ်စုံတစ်ယောက်သည် ခေါင်းဆောင်ဖြစ်ရန်အတွက် ရာထူးတိုးမြှင့်ခံရပြီး ပျိုးထောင်ခံရသည့်အခါတွင် ထိုသူသည် လူအများစု ရှင်းရှင်းလင်းလင်း မမြင်သည့် အရာတစ်စုံတစ်ခုကို အနည်းဆုံးအနေဖြင့် ပိုင်ဆိုင်ရမည် ဖြစ်သည်။ လူအချို့သည် မိမိတို့၏ စိတ်ကူးများကို အားကိုးရင်း၊ ရာထူးတိုးခံရပြီး ပျိုးထောင်ခြင်းခံရသည့်သူများကို အထင်ကြီးကြသည်၊ သို့ရာတွင် ဤသည်မှာ အမှားတစ်ခုဖြစ်သည်။ ၎င်းတို့သည် နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးဖြစ်ပါစေ၊ ရာထူးတိုးခြင်း ခံရသည့်သူများသည် သမ္မာတရား၏ လက်တွေ့အရှိတရားကို အမှန်တကယ် ပိုင်ဆိုင်သလော။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်နိုင်သလော။ သေချာပေါက် လုပ်ဆောင်နိုင်ခြင်းမျိုး မဟုတ်ပေ။ ၎င်းတို့၌ တာဝန်ယူစိတ်တစ်ခု ပိုင်ဆိုင်သလော။ ၎င်းတို့၌ သန္နိဋ္ဌာန် ရှိသလော။ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သလော။ အရေးကိစ္စတစ်ခုကို ကြုံတွေ့ရသည့်အခါတွင် ၎င်းတို့သည် သမ္မာတရားကို ရှာဖွေနိုင်သလော။ ဤအရာအားလုံးတို့ကို မသိရှိရပေ။...ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခြင်းခံရသောသူတို့အပေါ် လူတို့သည် ကြီးမားသော မျှော်လင့်ချက်များ၊ သို့မဟုတ် လက်တွေ့မကျသော တောင်းဆိုမှုများ မထားရှိရပေ။ ဤသည်မှာ ကျိုးကြောင်းသင့်လျော်မှု ရှိမည်မဟုတ်၊ ၎င်းတို့အပေါ် မတရားရာလည်း ကျပေမည်။ သင်တို့သည် ၎င်းတို့၏ အလုပ်ကို စောင့်ကြည့်စစ်ဆေးနိုင်သည်။ ပြီးလျှင် ၎င်းတို့၏ အလုပ်လမ်းကြောင်းတွင် အခြေခံသဘောတရားများကို ချိုးဖောက်သည့် ပြဿနာများ၊ သို့မဟုတ် အမှုကိစ္စများကို သင် ရှာဖွေတွေ့ရှိလျှင် ဤကိစ္စများကို ဖြေရှင်းရန်အတွက် ပြဿနာကို ထုတ်ဖော်ပြောဆိုပြီး သမ္မာတရားကို ရှာဖွေနိုင်သည်။ သင်မလုပ်သင့်သည့်အရာမှာ ၎င်းတို့ကို အကဲဖြတ်ခြင်း၊ ရှုတ်ချခြင်း၊ တိုက်ခိုက်ခြင်း၊ သို့မဟုတ် ကြဉ်ခြင်းတို့ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ပျိုးထောင်ခြင်းကာလတွင် ရှိနေသောသူများ ဖြစ်နေ၍ ၎င်းတို့ကို စုံလင်သောလူများအဖြစ်၊ သို့မဟုတ် သမ္မာတရား၏ စစ်မှန်မှုကို ပိုင်ဆိုင်သောသူများအဖြစ် ရှုမြင်ရန် မဆိုထားနှင့်၊ စုံလင်အောင် ပြုခြင်းခံရပြီးဖြစ်သောသူများအနေဖြင့်ပင် မရှုမြင်သင့်ပေ။ ၎င်းတို့သည် သင်တို့ကဲ့သို့ပင်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ကို လေ့ကျင့်ပေးသည့် အချိန်ဖြစ်သည်။ ခြားနားချက်မှာ ၎င်းတို့သည် သာမန်လူတို့ထက်ပိုသော အလုပ်နှင့် တာဝန်ဝတ္တရားများကို တာဝန်ယူဆောင်ရွက်ရခြင်း ဖြစ်သည်။ ပိုမိုများပြားသောအလုပ်ကို လုပ်ဆောင်ရန် ၎င်းတို့တွင် တာဝန်ဝတ္တရားရှိသည်။ ၎င်းတို့သည် သာမန်လူတို့ထက် ပို၍ ကြီးမားသော အဖိုးအခကိုပေးဆပ်ရသည်၊ ပိုမိုများပြားသော ဆင်းရဲဒုက္ခကို ခံစားရသည်၊ နာကျင်မှုကို ပို၍ ခံယူရသည်၊ ပြဿနာများကို ပို၍ ဖြေရှင်းရသည်၊ ပို၍များပြားသော လူတို့၏ ဝေဖန်ပြစ်တင်ခြင်းကို သည်းခံရသည်၊ ထို့ပြင် ပြောစရာမလိုသည်မှာ ၎င်းတို့သည် ပို၍ အားစိုက်ထုတ်ရသည်၊ အိပ်ချိန် ပို၍ လျော့နည်းသည်၊ အစားအစာကောင်းများကို ပို၍ လျှော့စားရသည်။ စကားစမြည်ပြောခြင်းကို ပို၍ လျှော့ရပေသည်။ ဤသည်မှာ ၎င်းတို့နှင့် ပတ်သက်ပြီး ထူးခြားသည့်အရာဖြစ်သည်။ ဤအရာမှလွဲ၍ ၎င်းတို့သည် အခြားလူတိုင်းနှင့် တူညီသည်။ ဤသို့ ငါပြောဆိုရာ၌ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားအိမ်တော်ရှိ အရည်အချင်းရှိသူအမျိုးမျိုးကို ရာထူးတိုးမြှင့်ပေးခြင်း၊ ပျိုးထောင်ခြင်းတို့ကို မှန်ကန်စွာ ကိုင်တွယ်ရမည်၊ ဤသူတို့အပေါ်တွင် တောင်းဆိုမှုများ မပြင်းထန်ရဟု လူတိုင်းကို ပြောပြရန်ဖြစ်သည်။ ပြောစရာမလိုသည်မှာ ၎င်းတို့အပေါ် လူတို့၏ ထင်မြင်ချက်များသည် လက်တွေ့မကျခြင်းလည်း မဖြစ်ရပေ။ ၎င်းတို့ကို အလွန်အမင်း ကျေးဇူးတင်ခြင်း၊ သို့မဟုတ် အလွန်အမင်း ရိုသေလေးစားခြင်းမှာ မိုက်မဲသည်၊ ပြီးလျှင် ၎င်းတို့အပေါ် သင်၏ တောင်းဆိုမှုများ ပြင်းထန်ခြင်းသည်လည်း လူသားမဆန်ပေ၊ သို့မဟုတ် လက်တွေ့မကျပေ။ ဤသို့ဆိုလျှင် ၎င်းတို့အပေါ် ပြုမူရန် ကျိုးကြောင်းအသင့်ဆုံးနည်းလမ်းမှာ အဘယ်နည်း။ ၎င်းတို့ကို သာမန်လူများအဖြစ် မှတ်ယူရန်ဖြစ်သည်။ ရှာဖွေရန် လိုအပ်သည့် ပြဿနာတစ်ခုရှိသည့်အခါတွင် ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ပြီး တစ်ယောက်၏ အားသာချက်ကို တစ်ယောက်သင်ယူရန်၊ အချင်းချင်း ဖြည့်စွက်ပေးရန်ဖြစ်သည်။ ထို့အပြင် ခေါင်းဆောင်များ၊ အမှုဆောင်များသည် တကယ့်အလုပ်ကို လုပ်ဆောင်ခြင်းရှိမရှိ၊ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုခြင်းရှိမရှိကို စောင့်ကြည့်ရန်မှာ လူတိုင်း၏ တာဝန်ဖြစ်သည်။ ဤအရာတို့သည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်က စံချိန်မီခြင်းရှိမရှိဆိုသည်ကို တိုင်းတာရန် စံနှုန်းများ၊ စည်းမျဉ်းများဖြစ်သည်။(အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း) ဘုရားနှုတ်ကပတ်တော်တွေက သိပ်ရှင်းတယ်။ အသင်းတော် ခေါင်းဆောင်တွေကို ဘုရားရွေးချယ်ထားသူတွေထဲကနေ ရွေးကောက်ပြီး ပျိုးထောင်ရတာပဲ။ သူတို့က စုံလင်တဲ့ လူတွေမဟုတ်သလို အားလုံးက လက်တွေ့လုပ်ဆောင်နေကြတုန်းပဲ။ သမ္မာတရား လိုက်စားခြင်းနဲ့ စိတ်သဘောထား ပြောင်းလဲခြင်း ဖြစ်စဉ်မှာ ရှိကြတုန်းပဲ။ သူတို့အလုပ်ထဲက သွေဖည်မှုတွေနဲ့ အမှားတွေက ရှောင်လွဲလို့မရဘူး။ ဒါကို ဘုရားရွေးချယ်ထားသူတွေက မှန်မှန်ကန်ကန် ဆက်ဆံပေးရမှာဖြစ်ပြီး၊ သူတို့အလုပ်ကို ကြီးကြပ်ပြီး ကာကွယ်ပေးဖို့ တာဝန်ရှိတယ်။ အသင်းတော် ခေါင်းဆောင်တွေ လုပ်တဲ့အရာက အလုပ်အတွက် မသင့်တော်၊ ထိခိုက်နစ်နာစရာဖြစ်ရင်၊ ဘုရားရွေးချယ်ထားသူက ပြဿနာကို ထုတ်ဖော်ပြီး အသင်းတော်အလုပ်ကို ပြီးစီးစေဖို့ ခေါင်းဆောင်တွေနဲ့ ပူးပေါင်းလုပ်သင့်တယ်။ ဒါက ဘုရားရွေးချယ်ထားသူတွေ ထမ်းဆောင်သင့်တဲ့ တာဝန်လည်း ဖြစ်တယ်။ ခေါင်းဆောင်တစ်ယောက်ကို ရွေးတဲ့အခါတိုင်းမှာ၊ ဘာကြောင့် အတွင်းလူ အကဲဖြတ်ချက်တွေ အများကြီး ကျွန်မတို့ဖတ်ကြလဲ၊ ပြီးတော့ ဘုရားရွေးချယ်ထားသူတွေက မဲပေးဖို့ ဘာလို့လိုအပ်လဲ။ ဘာလို့လဲဆိုတော့ ဘုရားရွေးချယ်ထားသူတွေက အမှန်တရားတွေကို သိလို့ပဲ။ ဘုရားရွေးချယ်ထားသူတွေရဲ့ ပူးပေါင်းလုပ်ဆောင်ခြင်း မရှိဘဲနဲ့၊ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေရဲ့ အကဲဖြတ်ချက်က မှားတတ်တယ်။ ဘုရားရွေးချယ်ထားသူအများစုက ဝန်တာထားပြီး သူတို့တာဝန်တွေကို ဖြည့်ဆည်းကြတဲ့အခါမှပဲ၊ ခေါင်းဆောင်တွေရဲ့ ရွေးကောက်ပွဲက အတော် မှန်ကန်တိကျပြီး စည်းမျဉ်းတွေနဲ့ ကိုက်ညီနိုင်တယ်။ ဒါပေမဲ့ ကျွန်မက အမှန်းတရားတွေအတိုင်း ကိစ္စတွေကို မမြင်ခဲ့ဘူး။ ကိုယ့်အယူအဆအပေါ် အခြေခံပြီး၊ ခေါင်းဆောင်တွေရဲ့ အယူအဆနဲ့ ဆုံးဖြတ်ချက်တွေကို စည်းမျဉ်းတွေအတိုင်း လုပ်ထားပြီး၊ ပြဿနာရှိမှာ မဟုတ်ဘူးလို့ ထင်ခဲ့တယ်။ ကျွန်မ အမြင်က လုံးဝ အဓိပ္ပာယ်မရှိခဲ့တာပဲ။ ခေါင်းဆောင်တွေကို အထင်ကြီးလွန်းခဲ့တာ။ စည်မျဉ်းတစ်ခုမှမရှိဘဲ သူတို့ကို ကြောင်းကျိုးမမြင် နားထောင်ပြီး နာခံခဲ့တယ်။ ဒါက အရမ်းကို မိုက်မဲ့ပြီး မသိနားမလည်ခဲ့တာ။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာပဲ အသင်းတော် ခေါင်းဆောင်တွေကို မှန်မှန်ကန်ကန် ဆက်ဆံရမဲ့ပုံကို ကျွန်မ သိခဲ့တာပါ။ သူတို့ကို ကြောင်းကျိုးမမြင် နားထောင်ပြီး နာမခံသင့်ဘူး။ သူတို့လုပ်တာ မှန်ပြီး သမ္မာတရား စည်းမျဉ်းတွေနဲ့ ကိုက်ရင်၊ ကျွန်မ လက်ခံပြီး နာခံသင့်တယ်။ ဒါက လူ၊ ခေါင်းဆောင်တစ်ယောက်ကို နာခံတာ မဟုတ်ဘူး၊ သမ္မာတရားကို နာခံတာ။ သူတို့ ပြောတဲ့အရာ၊ လုပ်တဲ့အရာက သမ္မာတရား စည်းမျဉ်းတွေနဲ့ မကိုက်ရင်၊ ဘယ်ခေါင်းဆောင်အဆင့် ဖြစ်ပါစေ၊ အဲဒါကို ကျွန်မ ငြင်းပယ်သင့်တယ်၊ နာခံဖို့ ငြင်းသင့်တယ်၊ စိတ်နှလုံး ဖွင့်ဟသင့်တယ်၊ ပြဿနာကို အားလုံး နားလည်တဲ့အထိ တခြားလူတွေနဲ့ မိတ်သဟာယပြုပြီး စူးစမ်းစစ်ဆေးသင့်တယ်။ ဒါက အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်တာပဲ။ လူတိုင်းက သမ္မာတရားရဲ့ စည်းမျဉ်းတွေကို အလေးအနက် သဘောထားနိုင်ရင်၊ ခေါင်းဆောင်တွေနဲ့ လက်ဖက်ညီညီ ပူးပေါင်းဆောင်ရွက်ပြီး ကိုယ့်တာဝန်တွေကို ဖြည့်ဆည်းနိုင်ရင်၊ အသင်းတော်အလုပ်နဲ့ ဘုရားရွေးချယ်ထားသူတွေရဲ့ အသင်းတော်အသက်တာဟာ သေချာပြီး ထိန်းသိမ်းခံရမှာဖြစ်တယ်။ ကျွန်မလို လူတိုင်းက တူညီတဲ့အမြင် ကိုင်စွဲပြီး၊ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို မမြင်မကန်း အထင်ကြီးရင်၊ ပြဿနာအားလုံးကို ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေဆီ ချန်ထားလိုက်ရင်၊ ခေါင်းဆောင်တွေရဲ့ ရွေးကောက်ပွဲတွေလို အရေးကြီးတဲ့ ကိစ္စတွေကိုတောင် ဂရုမစိုက်ရင်၊ ခေါင်းဆောင်တွေ ပြောတဲ့အတိုင်း အတိအကျ လက်တွေ့လုပ်ရင်၊ ကိုယ့်တာဝန်တွေကို မဖြည့်ဆည်းရင်၊ ကိစ္စတွေကို စောင့်ကြည့်ဖို့ ခေါင်းဆောင်တွေနဲ့ ပူးပေါင်းမလုပ်ဆောင်သလို၊ ကိစ္စတွေက သိသိသာသာ မသင့်တော်မှန်းကို သိတဲ့အချိန်မှာ မရှာဖွေ၊ ထုတ်မပြောရင်၊ သူတို့ ကိုယ်ပိုင် တာဝန်တွေကို ဆုံးရှုံးမှာသာမက၊ မမှန်တဲ့ ခေါင်းဆောင်တွေကို ရွေးမိဖို့လည်း အလားအလာရှိတယ်။ ဒါက အသင်းတော်အလုပ်နဲ့ ညီအစ်ကို မောင်နှမတွေဆီကို ထိခိုက်နစ်နာမှုနဲ့ ပျက်စီးခြင်းကိုပဲ ယူဆောင်ပေးမှာ။ တစ်ချိန်တည်းမှာပဲ၊ ကျွန်မ သင်ယူလိုက်ရတာက ကျွန်မနားမလည်တဲ့အရာတွေမှာ၊ မေးခွန်းကို ရှင်းရှင်းလင်းလင်း နားလည်တဲ့အထိ ဘုရားကို ကြောက်တဲ့စိတ်နှလုံးနဲ့ သမ္မာတရား ရှာသင့်တယ်ဆိုတာပဲ။ ကျွန်မတို့ ရည်ရွယ်ချက် မှန်သရွေ့၊ အသင်းတော်ရဲ့ အလုပ်ကို ကာကွယ်ဖို့ ခေါင်းဆောင်တွေနဲ့ ကျွန်မတို့ သဘောမတူကြရင်တောင်၊ ခေါင်းဆောင်တွေကို အဟန့်အတားဖြစ်စေတာ၊ ဆန့်ကျင်နေတာ မဟုတ်ဘူး၊ သမ္မာတရားကို မှန်မှန်ကန်ကန် ရှာဖွေပြီး ပြဿနာကို စူးစမ်းစစ်ဆေးနေကြတာဖြစ်တဲ့အပြင်၊ ဘုရားအိမ်တော်ရဲ့ အလုပ်နဲ့ အကျိုးစီးပွားတွေကို ကာကွယ်နေကြတာပါ။ ခေါင်းဆောင်က မှန်ကန်တဲ့လူဆိုရင်၊ သမ္မာတရားကို လက်ခံနိုင်မှာဖြစ်ပြီး အဲဒါကြောင့် ဘယ်သူ့ကိုမှ ဖိနှိပ်မှာ မဟုတ်ဘူး။ မတူကွဲပြားတဲ့ အယူအဆတွေကြောင့် ခေါင်းဆောင်က တခြားလူတွေကို ဖိနှိပ်ရင်၊ ဒါက ခေါင်းဆောင်ဟာ သမ္မာတရားကို လက်မခံမှန်း သက်သေပြတယ်။ အဲဒါက ချင့်ချိန်နိုင်စွမ်း ဖြစ်ပေါ်စေဖို့ ကျွန်မတို့ကိုလည်း ကူညီနိုင်တယ်။ ဒါတွေကို သဘောပေါက်လိုက်တာနဲ့၊ ကျွန်မ စိတ်နှလုံးက လင်းလက်ပြီး လွတ်မြောက်သွားတယ်။ ခေါင်းဆောင်တွေနဲ့ ဘယ်လို ပူးပေါင်းလုပ်ဆောင်ပြီး အသင်းတော်အလုပ်ကို ကာကွယ်ရမယ်ဆိုတာ အခု ကျွန်မ သိသွားတယ်။

တစ်ခါ၊ ညီအစ်ကို မောင်နှမတွေက အစ်မလီဟာ အထူးသဖြင့် တစ်ကိုယ်ကောင်းဆန်ပြီး လောဘကြီးသလို၊ သူ့ညီအစ်ကို မောင်နှမတွေအပေါ် မကြာခဏ အခွင့်အရေးယူပြီး ကိစ္စတွေ ခိုင်းတယ်လို့ ညီအစ်ကို မောင်နှမတွေက တိုင်ကြား၊ ဖော်ထုတ်ကြတယ်။ သူဟာ စက်ဆုပ်စရာဖြစ်ပြီး မကောင်းတဲ့ လွှမ်းမိုးမှုတစ်ခုလို လူတွေက မြင်ခဲ့ကြတယ်။ စည်းမျဉ်းတွေအရ၊ သူ့ကို ရှင်းထုတ်သင့်တယ်လေ။ တိုင်ကြားချက်ကို ခေါင်းဆောင်တွေက စစ်ဆေးပြီး မှန်ကြောင်း အတည်ပြုပြီးတဲ့နောက်မှာ၊ မှန်တယ်လို့ သတ်မှတ်လိုက်ကြတယ်၊ ဒါပေမဲ့ ခေါင်းဆောင်တွေက သူဟာ ဧဝံဂေလိအလုပ်မှာ ထိရောက်ပြီး သူ့တာဝန်ကို ဆက်ထမ်းဆောင်လို့ရတယ်လို့ ပြောကြတယ်။ ဒါကို ကျွန်မ ကြားတော့၊ သူ့ရဲ့ တာဝန်မှာ အစ်မလီရဲ့ အရင်အပြုအမူတချို့ကို တွေးမိတယ်။ သူ့မှာက ရက်စက်တဲ့ သဘောထားရှိတယ်၊ ကိစ္စတွေကို ထင်ရာမြင်ရာလုပ်တတ်ပြီး ဆုံးဖြတ်ပိုင်ခွင့်ရှိဖို့ တောင်းဆိုတယ်။ သူ့ပြဿနာတွေကို တစ်ယောက်ယောက် ထောက်ပြရင်၊ အဲဒီလူတွေကို သူက လက်တုန့်ပြန်ပြီး အပြစ်ပေးသလို၊ သမ္မာတရားကို လုံးဝ လက်မခံခဲ့ဘူး။ နောက်ဆုံးမှာ သူ အထုတ်ခံခဲ့ရတယ်။ အဲဒီအချိန်မှာတောင်၊ လီက နောင်တမရခဲ့ဘူး၊ လောကကြီးတုန်းပဲ။ ပြီးတော့ မကြာခဏ ညီအစ်ကို မောင်နှမတွေကို ကိစ္စတွေအတွက် ခိုင်းတုန်းပဲ။ စည်းမျဉ်းတွေအရ၊ သူက ရှင်းထုတ်ခံရဖို့အတွက် ပစ်မှတ်တစ်ခု ဖြစ်ခဲ့တာ။ ဒါပေမဲ့ ကျွန်မမှာ ပူပန်စရာတချို့ရှိတုန်းပဲ။ သူ့ရဲ့ လူ့သဘာဝက ဆိုးယုတ်တယ်၊ သူက ယုတ်မာပြီး လောဘကြီးသလို၊ အသင်းတော်ထဲမှာ ဆက်ရှိနေရင်၊ ပိုများတဲ့ မကောင်းမှုကို ကျုးလွန်ပြီး ဧဝံဂေလိအလုပ်ကို နှောင့်ယှက်မှာပဲ။ အလုပ်အပေါ် အကြီးစား ထိခိုက်မှုရှိတာနဲ့ ကိုင်တွယ်ဖို့ထိ ကျွန်မတို့ စောင့်ရင်၊ အရမ်းနောက်ကျသွားမှာ မဟုတ်လား။ “ဒီအကြောင်းကို ခေါင်းဆောင်တွေဆီ ပြောပြသင့်တယ်မဟုတ်လား”လို့ တွေးခဲ့တယ်။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်၊ “ခေါင်းဆောင်တွေက စည်းမျဉ်းတွေအတိုင်း အကဲဖြတ်ပြီး စောင့်ကြည့်နိုင်တယ်။ အခု ငါက တစ်ခုခု ပြောလိုက်ရင်၊ သူတို့ ငါ့ကို ဘယ်လိုမြင်ကြမလဲ။ သူတို့ အစီအစဉ်တွေနဲ့ပတ်သက်လို့ ငါ့မှာ ပြဿနာရှိတယ်လို့ ထင်ကြမလား။ တခြားဘယ်သူကမှ ဘာမှ မပြောကြတော့ ထားလိုက်ပါ၊ ငါလည်းမပြောတော့ပါဘူးလေ”ပေါ့။ ဒီလိုတွေးလိုက်တော့၊ စိတ်မသက်မသာ ခံစားရတယ်။ သိပ်မကြာသေးခင်က ကျွန်မရဲ့ အတွေ့အကြုံကို သတိရပြီး ကိုယ်ကျိုးစီးပွားတွေကို ကျွန်မ ပြန်ကာကွယ်နေမိမှန်း သဘောပေါက်လိုက်တယ်။ ဒါကြောင့် တခြားလူတွေ ဘယ်လိုပဲ မြင်ပါစေ၊ မှန်ကန်တဲ့ ရည်ရွယ်ချက်တွေရှိဖို့၊ ဘုရားရဲ့ စိစစ်မှုကို လက်ခံပြီး အသင်းတော် အလုပ်ကို ကာကွယ်ဖို့ ဆန္ဒရှိတယ်လို့ ပြောဖို့ ဘုရားဆီ တိတ်တဆိတ် ဆုတောင်းခဲ့တယ်။ ဒါကြောင့် ကျွန်မရဲ့ ပူပန်မှုတွေကို ဖော်ပြပြီး လူတိုင်းနဲ့ ကျွန်မ ရှာဖွေခဲ့တယ်။ ကျွန်မပြီးသွားတော့၊ တခြား ညီအစ်ကို မောင်နှမတွေကလည်း အကြံပြုချက်တချို့ ပေးခဲ့ကြတယ်။ နောက်ပိုင်းမှာ၊ ခေါင်းဆောင်တွေက စုံစမ်းစစ်ဆေးပြီး လီဟာ အသင်းတော်ထဲမှာ ဆက်ရှိမနေသင့်မှန်း ဆုံးဖြတ်ခဲ့ကြလို့၊ သူဟာ စည်းမျဉ်းတွေအတိုင်း အသင်းတော်ကနေ ဖယ်ရှားခံခဲ့ရတယ်။ အဲဒီလို ကိုင်တွယ်ပုံကို မြင်တော့ ကျွန်မ အရမ်းကို လုံခြုံဘေးကင်းသလို ခံစားရတယ်။ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေနဲ့ အသက်မရှင်ဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာက တကယ့်လူလိုဖြစ်ပြီး သိက္ခာနဲ့ အသက်ရှင်ဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်မှန်း တွေ့ခဲ့တယ်။ ဘုရားကျေးဇူးတော်ပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သေးငယ်သည့်ကိစ္စတစ်ခုမှ သင်ယူရသည့် သင်ခန်းစာတစ်ခု

ပြီးခဲ့တဲ့တစ်ချိန်တုန်းက၊ အဖွဲ့ခေါင်းဆောင် အစ်မလီက ဝမ်မေကို ရေလောင်းသူအနေနဲ့ အဆိုပြုခဲ့တယ်။ သူ့လူ့သဘာဝက တော်တော်ညံ့တယ်လို့ ကျွန်မ...

မာနထောင်လွှားခြင်းကို ဖြေရှင်းခြင်းဖြင့် လူသားပုံသဏ္ဌာန်တစ်ခုကို ရယူနိုင်သည်

ကျန်းရှင်း အမေရိကန်နိုင်ငံ၂၀၁၇ခုနှစ် မတ်လတွင်၊ ဗီဒီယိုပိုစတာများနှင့် ပုံများအတွက် အဓိကထား၍ အသင်းတော်အတွက် ဂရပ်ဖစ် ဒီဇိုင်းအလုပ်ကို ကျွန်မ...

လှည့်စားခြင်းနှင့် သံသယဝင်ခြင်းသည် ဒုက္ခကိုသာ သယ်ဆောင်လာသည်

ကျန်ဟန် ဂရိနိုင်ငံ ကျွန်မက အသင်းတော်က ဗီဒီယိုထုတ်လုပ်ရေးသင်တန်းမှာ ဆက်တိုက်ရှိနေခဲ့တာ။ နောက်တော့ ၂၀၂၀ခုနှစ်၊ ဇွန်လရဲ့ နေ့တစ်နေ့မှာ...

မကျန်းမာမှုကို နောက်တစ်ဖန်ရင်ဆိုင်ခြင်း

ယန်ယိ တရုတ်နိုင်ငံ ၁၉၉၅ ခုနှစ်မှာ သခင်ယေရှုကို ကျွန်မစပြီး ယုံကြည်ခဲ့တယ်။ ယုံကြည်သူတစ်ယောက်ဖြစ်ပြီးနောက်မှာ ကျွန်မကို နှစ်တွေကြာတဲ့အထိ...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။