အန္တရာယ်နှင့် ဒုက္ခများကြားတွင် ကျွန်မ ရွေးချယ်ခဲ့ပုံ

20.05.2026

ရှန်ရီ၊ တရုတ်နိုင်ငံ

၂၀၂၃ ခုနှစ်၊ ဧပြီလကုန်ပိုင်းတုန်းက တုန်းချန်က အသင်းတော်တချို့မှာ အကြီးအကျယ် ဖမ်းဆီးနှိမ်နင်းမှုတွေ ကြုံခဲ့ရတယ်။ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေနဲ့ ညီအစ်ကိုမောင်နှမ အများကြီး အဖမ်းခံလိုက်ရတယ်လို့ ကျွန်မ ကြားတယ်။ အဲဒီအချိန်မှာ အထက်ခေါင်းဆောင်တွေက ကျွန်မကို နောက်ဆက်တွဲ အလုပ်တွေ ကိုင်တွယ်ဖို့ တောင်းဆိုတဲ့ စာတစ်စောင် ပို့လာခဲ့ပါတယ်။ စာကို ဖတ်ပြီးတဲ့အခါ ဝမ်းလည်းဝမ်းသာသလို၊ စိတ်လည်းလှုပ်ရှားမိတယ်။ ဝမ်းသာရတာက ဒီတာဝန်ဟာ ဘုရားသခင်ရဲ့ ချီးမြှောက်မှု ဖြစ်လို့ပါပဲ။ ဘုရားသခင်ကို ယုံကြည်တာ နှစ်တွေအများကြီး ကြာပေမဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်း မထမ်းဆောင်ခဲ့ဘူး။ မကြာသေးခင်ကမှ အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့လို့ ကျွန်မ ဖြုတ်ချခံထားရတာ၊ ပြီးတော့ ကျွန်မရဲ့ လုပ်ရပ်တွေက ပြစ်မှားခြင်းတွေကို ဖြစ်စေခဲ့တာလေ။ ဒါပေမဲ့ ဘုရားသခင်က ကျွန်မရဲ့ ပြစ်မှားခြင်းတွေအတိုင်း မဆက်ဆံဘဲ ဒီလောက်အရေးကြီးတဲ့ တာဝန်ကို ထမ်းဆောင်ဖို့ အခွင့်အရေး ပေးခဲ့တယ်။ ကျွန်မ အရမ်းကျေးဇူးတင်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုလားခဲ့တယ်။ ဒါပေမဲ့ ဒီအသင်းတော်တွေကနေ ညီအစ်ကိုမောင်နှမတွေ အများကြီး အဖမ်းခံထားရတာကို တွေးမိတော့ ချွေးစေးတွေ ထိန်းမနိုင်သိမ်းမရ ထွက်လာတယ်။ လွန်ခဲ့တဲ့ သုံးလေးနှစ်အတွင်းမှာ စီစီပီ ရဲတွေက တုန်းချန်တစ်ဝိုက်မှာ ညီအစ်ကိုမောင်နှမတွေကို အကြိမ်ကြိမ် ဖမ်းဆီးခဲ့တာ၊ မြို့ထဲမှာလည်း နေရာတိုင်းလိုလိုမှာ ကြည်လင်ပြတ်သားတဲ့ စောင့်ကြည့်ကင်မရာတွေ တပ်ထားတယ်။ အခုချက်ချင်း နောက်ဆက်တွဲအလုပ်ကို သွားကိုင်တွယ်ရမယ်ဆိုတာ သတ်ကွင်းထဲ ဝင်သလိုပဲလို့ ခံစားရတယ်။ နောက်ပြီး နောက်ဆက်တွဲ အလုပ်တွေကို ကိုင်တွယ်တာမှာ အလှူငွေတွေနဲ့ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို ရွှေ့ပြောင်းဖို့ ပါဝင်နေတယ်လေ၊ ကျွန်မသာ အဖမ်းခံရရင် ရဲတွေက ဘယ်လိုများ ညှဉ်းဆဲမလဲဆိုတာ မတွေးရဲစရာပဲ။ ညီအစ်ကိုတစ်ယောက်ဆိုရင် ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို သယ်ယူပို့ဆောင်လို့ဆိုပြီး ရဲတွေ ရိုက်သတ်တာခံလိုက်ရတယ်၊ နောက်ပြီး ကျွန်မ အဖမ်းခံရရင် အသက်ရှင်မလား၊ သေမလားဆိုတာ မသိနိုင်တဲ့အတွက် ကျွန်မ စိုးရိမ်ခဲ့တယ်။ ကျွန်မ တွေးမိတယ်၊ “ငါသာသေသွားရင် ကယ်တင်ခံရဖို့ ဖြစ်နိုင်ပါဦးမလား” လို့ပေါ့။ ဒါပေမဲ့ တာဝန်ကနေ ခေါင်းရှောင်တာက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီမှာမဟုတ်ဘူးလို့ တွေးမိပြီး ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ “အို ဘုရားသခင်၊ ဒီလောက် အရေးကြီးတဲ့ တာဝန်ကို ထမ်းဆောင်နိုင်တာဟာ ကိုယ်တော်ရဲ့ ချီးမြှောက်မှုပါ၊ ဒါပေမဲ့ သမီး သတ္တိနည်းပြီး အဖမ်းခံရမှာ ကြောက်နေပါတယ်။ သမီးကို ယုံကြည်ခြင်း ပေးသနားတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ စိတ်နှလုံး နည်းနည်း ငြိမ်သက်သွားတယ်။ အဖမ်းခံလိုက်ရတဲ့ ညီအစ်ကိုမောင်နှမ အများကြီးအကြောင်းနဲ့ အရေးတကြီး ကိုင်တွယ်ဖို့လိုတဲ့ နောက်ဆက်တွဲအလုပ်တွေအကြောင်းကို တွေးမိတယ်။ အသင်းတော်ရဲ့ အခြေအနေနဲ့ ကျွန်မက တော်တော်လေး ရင်းနှီးကျွမ်းဝင်တယ်လေ။ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလို့ မဖြစ်ဘူး၊ ကိုယ့်လုံခြုံရေးတစ်ခုတည်းကိုပဲ တွေးလို့ မဖြစ်ဘူး။ ကျွန်မ အစွမ်းကုန် ကြိုးစားရမယ်၊ ဒီနောက်ဆက်တွဲအလုပ်ကို ကောင်းကောင်း ကိုင်တွယ်ဖို့ ဘုရားသခင်ကို ဆုတောင်းပြီး အားကိုးရမယ်ပေါ့။

နောက်တစ်ရက် ညနေခင်းမှာ ညီအစ်မတစ်ယောက်နဲ့ ကျွန်မ တွေ့တော့ သူကပြောတယ်၊ ဒီတစ်ခါ နှိမ်နင်းမှုမှာ တုန်းချန်က ညီအစ်ကိုမောင်နှမ တစ်ရာကျော် အဖမ်းခံလိုက်ရတယ်၊ ပြီးတော့ အိမ်ဆယ်အိမ်ကျော်ကနေ စာအုပ်တွေကို နေရာရွှေ့ပြောင်းဖို့ လိုနေတယ်တဲ့။ ကျွန်မ တွေးမိတယ်၊ “ညီအစ်ကိုမောင်နှမတွေ ဒီလောက်အများကြီး အဖမ်းခံထားရတာ၊ နောက်ဆက်တွဲအလုပ်ကို ချက်ချင်းကြီး ပြီးအောင်ကိုင်တွယ်ဖို့ မဖြစ်နိုင်ဘူး။ ပူးပေါင်းဆောင်ရွက်ဖို့ ညီအစ်ကိုမောင်နှမတွေကို ရှာဖို့လိုဦးမယ်၊ ဒါပေမဲ့ ဘယ်သူတွေ အဖမ်းခံထားရလဲ၊ ဘယ်သူတွေ စောင့်ကြည့်ခံနေရလဲဆိုတာ ငါ မသိဘူး။ ငါတို့က ထင်ထင်ပေါ်ပေါ်ဖြစ်နေပြီး ရဲတွေက အမှောင်ထဲမှာ ပုန်းနေတာ။ မြို့ထဲနေရာတိုင်းမှာလည်း စောင့်ကြည့်ကင်မရာတွေ ရှိနေတာ၊ ဒီမှာ ကြာကြာနေရင် ငါတို့လည်း အနှေးနဲ့အမြန် အဖမ်းခံရမှာပဲ” လို့ပေါ့။ အဲဒီညက အိပ်ရာထဲလှဲနေပေမဲ့ လုံးဝ အိပ်မပျော်နိုင်ခဲ့ဘူး။ ပူးပေါင်းဆောင်ရွက်ဖို့ ဘယ်ညီအစ်ကိုမောင်နှမတွေကို ရှာလို့ရမလဲဆိုတာ တွေးကြည့်ရင်း ခေါင်းရှုပ်နေခဲ့တယ်၊ နောက်ပြီး နောက်ဆက်တွဲ အလုပ်တွေကို အမြန်ဆုံး ပြီးအောင် ကိုင်တွယ်ပြီး ဒီကနေ ထွက်သွားချင်ခဲ့တာပါ။ ညီအစ်ကိုမောင်နှမ အများကြီးက အန္တရာယ်ရှိနေတော့ စာအုပ်တွေသိမ်းထားတဲ့ အိမ်တွေကို ရှာတဲ့အခါ အခက်အခဲတွေ အများကြီး ကြုံရတယ်၊ အလုပ်တိုးတက်မှုက အရမ်းနှေးခဲ့တယ်။ ကျွန်မ စိတ်အရမ်းကျပ်တည်းတယ်၊ ဒီတိုင်းသာ ဆက်သွားနေရင် အနှေးနဲ့အမြန် ကျွန်မ အဖမ်းခံရမှာ သေချာတယ်လို့ ခံစားရတယ်။ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခကို မပြောနဲ့ဦး၊ ကျွန်မသာ နှိပ်စက်ညှဉ်းပန်းတာကို မခံနိုင်ဘဲ ယုဒတစ်ယောက် ဖြစ်သွားရင် ကျွန်မရဲ့ ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ ပန်းတိုင်ကို ဆုံးရှုံးရမှာ။ ဒီအရာတွေအားလုံးကို တွေးမိတော့ ကျွန်မ တကယ် အားနည်းသွားပြီး ဒီတာဝန်က ခက်ခဲလွန်းတယ်လို့ တွေးမိတယ်။ ဒါကြောင့် ကျွန်မရဲ့ အခြေအနေအကြောင်း ဘုရားသခင်ကို ပြောပြပြီး ကျိုးနွံနာခံတတ်အောင် လမ်းပြပေးဖို့ တောင်းလျှောက်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်ရတယ်။ “သင်သည် စစ်မှန်သည့် ယုံကြည်ခြင်း ကင်းမဲ့ပါက အချိန်ကာလ၏ စမ်းသပ်မှု သို့မဟုတ် ပတ်ဝန်းကျင်၏ စမ်းသပ်မှုကို ခံနိုင်လိမ့်မည် မဟုတ်။ သင့်ကို ဘုရားသခင်ပေးသည့် စစ်ဆေးမှုကို သင် မခံနိုင်ပါက ဘုရားသခင်က သင့်ကို စကားပြောလိမ့်မည် မဟုတ်၊ သို့မဟုတ် သင့်ထံ ပေါ်ထွန်းလိမ့်မည် မဟုတ်။ သင့်အနေဖြင့် သူ၏ တည်ရှိခြင်းကို ယုံကြည်ခြင်း ရှိမရှိ၊ သူ၏ တည်ရှိခြင်းကို သင် အသိအမှတ်ပြုခြင်း ရှိမရှိဆိုသည်နှင့် သင်၏ စိတ်နှလုံးတွင် စစ်မှန်သည့် ယုံကြည်ခြင်း ရှိမရှိဆိုသည်ကို ဘုရားသခင် မြင်လိုသည်။ ဤသည်မှာ လူတို့၏ စိတ်နှလုံးထဲ နက်ရှိုင်းရာကို ဘုရားသခင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပုံဖြစ်သည်။ ကောင်းကင်နှင့် မြေကြီးကြားတွင် အသက်ရှင်နေထိုင်သည့် လူများသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသလော။ အားလုံး ဘုရားလက်ထဲတွင် ရှိကြ၏။ ဤသည်မှာ အတိအကျဖြစ်သည့်ပုံစံ ဖြစ်သည်။ သင့်အနေဖြင့် တောထဲတွင် သို့မဟုတ် လကမ္ဘာပေါ်တွင် ရှိမရှိ ဆိုသည်မှာ အရေးမကြီးပေ၊ သင်သည် ဘုရားသခင်၏ လက်ထဲတွင် ရှိပေသည်။ ယင်းမှာ ဖြစ်သည့်ပုံစံဖြစ်သည်။ ဘုရားသခင်သည် သင့်ထံ ပေါ်ထွန်းခြင်းမရှိခဲ့ပါက ဘုရားသခင်၏ တည်ရှိခြင်းနှင့် အချုပ်အခြာအာဏာကို သင် မည်သို့ မြင်နိုင်သနည်း။ သင်သည် ‘ဘုရားသခင် တည်ရှိပြီး အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိသည်’ဟူသည့် သမ္မာတရားကို သင်၏ စိတ်နှလုံးတွင် အမြစ်တွယ်ပြီး မည်သည့်အခါမျှ ပျောက်ကွယ်မသွားအောင် မည်သို့ ခွင့်ပေးနိုင်သနည်း။ သင်သည် ဤအဆိုကို အဘယ်သို့ သင်၏ အသက်၊ သင့်ဘဝ၏ တွန်းအားနှင့် သင့်ကို အသက်ဆက်ရှင်ခွင့်ပေးသည့် ယုံကြည်ကိုးစားမှုနှင့် ခွန်အား ဖြစ်စေနိုင်သနည်း။ (ဆုတောင်းရန်ဖြစ်ပါသည်။) ယင်းမှာ လက်တွေ့ကျပေသည်။ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းဖြစ်သည်။ သင်၏ အခက်ခဲဆုံးအချိန်တွင်၊ ဘုရားသခင်ကို သင် ခံစားရနိုင်ခြင်း အနည်းဆုံးအချိန်တွင်၊ သင်အနာကျင်ဆုံးနှင့် အထီးကျန်ဆုံးဟု ခံစားရသည့်အချိန်တွင်၊ သင်သည် ဘုရားသခင်ထံမှ ဝေးကွာနေသည့်အလား ခံစားရသည့်အချိန်တွင် အရာအားလုံးထက်ပို၍ သင် လုပ်ဆောင်သင့်သည့် အရာတစ်ခုမှာ အဘယ်နည်း။ ဘုရားသခင်ကို အော်ခေါ်ရန် ဖြစ်သည်။ ဘုရားသခင်ကို အော်ခေါ်ခြင်းက သင့်ကို ခွန်အားပေးသည်။ ဘုရားသခင်ကို အော်ခေါ်ခြင်းက သင့်အား သူ၏တည်ရှိခြင်းကို ခံစားရစေသည်။ ဘုရားသခင်ကို အော်ခေါ်ခြင်းက ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင့်အား ခံစားရစေသည်။ ဘုရားသခင်ကို သင် အော်ခေါ်သည့်အခါ ဘုရားသခင်ထံ သင် ဆုတောင်းပြီး သင်၏အသက်ကို ဘုရားသခင်၏ လက်ထဲထည့်သောအခါ ဘုရားသခင်သည် သင်၏ ဘေးတွင်ရှိနေကာ သူသည် သင့်အား မစွန့်ပစ်ထားကြောင်း သင်ခံစားရမည်ဖြစ်သည်။ ဘုရားသခင်က သင့်အား မစွန့်ပစ်ထားကြောင်း သင်ခံစားရသည့်အခါတွင်၊ သူသည် သင်၏ ဘေးတွင် ရှိနေသည်ဟု သင်အမှန်တကယ် ခံစားရသည့်အခါတွင် သင်၏ ယုံကြည်ကိုးစားခြင်းက ကြီးထွားလာမည်လော။ သင့်ထံ၌ စစ်မှန်သော ယုံကြည်ကိုးစားခြင်း ရှိသည့်အခါတွင် ယင်းသည် အချိန်ကာလအလျောက် အားပျော့သွားပြီး ပျောက်ကွယ်သွားမလော။ လုံးဝ မဟုတ်ပေ။ ယခုတွင် ယုံကြည်ကိုးစားခြင်းနှင့်ဆိုင်သည့် ပြဿနာ ပြေလည်သွားပြီလော။ လူတို့သည် ကျမ်းစာကိုင်ကာ ကျမ်းချက်များကို လုံးစေ့ ပတ်စေ့ တစ်သဝေမတိမ်း အာဂုံဆောင်ရုံဖြင့် စစ်မှန်သည့် ယုံကြည်ကိုးစားမှုကို ပိုင်ဆိုင်နိုင်သလော။ သင့်အနေဖြင့် ဤပြဿနာကို ဖြေရှင်းရန် ဘုရားသခင်ထံ ဆုတောင်းကာ ဘုရားသခင်အပေါ် မှီခိုအားကိုးရဦးမည် ဖြစ်သည်။ မောရှေသည် တောထဲတွင် ထိုအနှစ်လေးဆယ်ကို မည်သို့ ဖြတ်ကျော်ခဲ့သနည်း။ ထိုအချိန်တွင် ကျမ်းစာမရှိသကဲ့သို့ သူ့အနီးအနားတွင် လူအနည်းငယ်သာ ရှိခဲ့သည်။ သူနှင့်အတူ သိုးများသာ ရှိခဲ့သည်။ မောရှေသည် ဘုရားသခင်၏ ဦးဆောင်လမ်းပြမှုကို မုချခံခဲ့ရသည်။ ဘုရားသခင်က သူ့ကို မည်သို့ ဦးဆောင်လမ်းပြခဲ့သည်၊ သူ့ထံ ဘုရားသခင် ပေါ်ထွန်းခဲ့ခြင်း ရှိမရှိ၊ သူ့ကို ဘုရားသခင် စကားပြောခဲ့ခြင်း ရှိမရှိ၊ သို့မဟုတ် ဘုရားသခင်က မောရှေအား အဘယ်ကြောင့် တောထဲတွင် အနှစ်လေးဆယ် အသက်ရှင်နေထိုင်စေခဲ့သည်ဆိုသည်ကို သိနားလည်ခွင့်ပေးခဲ့ခြင်း ရှိမရှိဆိုသည်ကို ကျမ်းစာက မှတ်တမ်းမတင်သော်လည်း မောရှေက တောထဲတွင် အနှစ်လေးဆယ်ကြာ အမှန်တကယ် အသက်ရှင်ကျန်ရစ်ခဲ့သည်မှာ ငြင်းမရနိုင်သည့် အမှန်တရားတစ်ခု ဖြစ်သည်။ ဤအချက်ကို မည်သူမျှ မငြင်းနိုင်ပေ။ မိမိစိတ်နှလုံးတွင် ရှိသည့်အရာကို မျှဝေရန် အနီးအနားတွင် မည်သူမျှမရှိဘဲနှင့် တောထဲတွင် အနှစ်လေးဆယ်ကြာ သူ မည်သို့ အသက်ရှင်နိုင်ခဲ့သနည်း။ စစ်မှန်သည့် ယုံကြည်ခြင်းမရှိဘဲနှင့် ဤသည်မှာ မည်သူ့အတွက်မျှ ဖြစ်နိုင်မည်မဟုတ်ပေ။ ယင်းမှာ ထူးဆန်းသောတန်ခိုး ဖြစ်ပေမည်။ ဤကိစ္စရပ်ကို လူတို့က မည်မျှ အချိန်ယူတွေးဆသည်ဖြစ်စေ၊ ဤအရာ လုံးဝ ဖြစ်နိုင်မည်မဟုတ်ဟု ၎င်းတို့ ခံစားကြရသည်။ ထိုအရာသည် လူသား အယူအဆများ၊ စိတ်ကူးများနှင့် ကွဲလွဲလွန်းပေသည်။ သို့ရာတွင် ဤသည်မှာ ဒဏ္ဍာရီတစ်ခု မဟုတ်၊ စိတ်ကူးယဉ် ပုံပြင်တစ်ခု မဟုတ်၊ စစ်မှန်သည့်၊ ပြောင်းလဲမရနိုင်သကဲ့သို့ ငြင်းမရနိုင်သည့် အမှန်တရားတစ်ခု ဖြစ်သည်။ ဤအမှန်တရား တည်ရှိခြင်းက လူတို့ကို မည်သည့်အရာ ပြသသနည်း။ သင့်ထံတွင် ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ခြင်း ရှိပါက ထွက်သက်တစ်ခုပင် ရှိသရွေ့ ဘုရားသခင်က သင့်ကို စွန့်ပစ်လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ တည်ရှိခြင်းနှင့်ဆိုင်သည့် အမှန်တရား ဖြစ်သည်။ သင်သည် ထိုသို့သော စစ်မှန်သည့် ယုံကြည်ကိုးစားမှုနှင့် ဘုရားသခင်နှင့်ဆိုင်သည့် ထိုသို့သော မှန်ကန်သည့် သိနားလည်မှုရှိပါက သင်၏ ယုံကြည်ကိုးစားခြင်းက အတော်အတန် ကြီးမားပေသည်။ သင့်ကိုယ်သင် မည်သည့် ပတ်ဝန်းကျင်မျိုးတွင် တွေ့ရှိရသည်ဖြစ်စေ၊ ဤပတ်ဝန်းကျင်တွင် အချိန်မည်မျှကြာ သင် ရှိနေသည်ဖြစ်စေ သင်၏ ယုံကြည်ကိုးစားမှုက လျော့ပါးသွားလိမ့်မည် မဟုတ်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ စစ်မှန်စွာ ကျိုးနွံနာခံခြင်းဖြင့်သာလျှင် စစ်မှန်သော ယုံကြည်မှု ရှိနိုင်သည်) စစ်မှန်တဲ့ ယုံကြည်ခြင်းဟာ အချိန်ကာလနဲ့ ပတ်ဝန်းကျင်ရဲ့ စမ်းသပ်မှုတွေကို ခံနိုင်ရည်ရှိတယ်လို့ ဘုရားသခင်က ပြောထားတယ်။ တုန်းချန်ကို မလာခင်တုန်းက ဒါကိုကြုံတွေ့ရဖို့ ဘုရားသခင်ကို အားကိုးမယ်လို့ ကျွန်မ ပြောခဲ့တာကို သတိရမိတယ်၊ ဒါပေမဲ့ အခြေအနေတွေ ဘယ်လောက်တောင် ဆိုးရွားနေလဲဆိုတာနဲ့ အလုပ်က တိုးတက်မှုမရှိဘူးဆိုတာကို မြင်လိုက်ရတဲ့အခါ ဘုရားသခင်အပေါ် ယုံကြည်ခြင်း ပျောက်ဆုံးသွားပြီး ဒီမှာ အကြာကြီးနေရင် အဖမ်းခံရမှာကို ကြောက်နေခဲ့တယ်။ ကျွန်မ ကိုယ့်လုံခြုံရေးကိုပဲ အမြဲတွေးနေခဲ့တာ။ တောကန္တာရထဲမှာ နှစ်ပေါင်း ၄၀ လုံးလုံး နေခဲ့တဲ့ မောရှေအကြောင်းကို ကျွန်မ တွေးမိတယ်။ အဲဒီမှာ လူသူကင်းမဲ့ပြီး နေထိုင်ရတဲ့ အခြေအနေတွေက အရမ်းကြမ်းတမ်းပေမဲ့ သူက ဘုရားသခင်ကို အားကိုးပြီး အသက်ဆက်ရှင်ခဲ့တယ်။ အဲဒီ အနှစ် ၄၀ အတွင်းမှာ လူသားနဲ့ဆိုင်တဲ့ အရာအားလုံးဟာ ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတယ်ဆိုတာကို မောရှေ တကယ် တွေ့ကြုံခဲ့ရပြီး သူ့ရဲ့ ယုံကြည်ခြင်းနဲ့ ဇွဲလုံ့လတွေကို စုံလင်အောင်ပြုတာ ခံခဲ့ရတယ်။ ဒီနေ့ ဒီလိုအခြေအနေမျိုး ကြုံတွေ့ရတာကိုလည်း ဘုရားသခင်က ခွင့်ပြုထားတာပဲ၊ ပြီးတော့ ကျွန်မရဲ့ ယုံကြည်ခြင်းကို စုံလင်စေဖို့ ဒီအခြေအနေ ဖြစ်လာရတာ၊ ကျွန်မ သတ္တိနည်းပြီး ကြောက်နေလို့ မဖြစ်တော့ဘူး။ မောရှေကို အတုယူပြီး ဒါကို ကြုံတွေ့ဖို့ ဘုရားသခင်ကို အားကိုးရမယ်၊ အဖမ်းခံရသည်ဖြစ်စေ၊ အဖမ်းမခံရသည်ဖြစ်စေ ဘုရားသခင်ရဲ့ အစီအစဉ်တွေနဲ့ စီစဉ်ညွှန်ကြားမှုတွေကို ကျွန်မ ကျိုးနွံနာခံရမယ်။

နောက်ပိုင်းမှာ စာအုပ်တွေ လုံလုံခြုံခြုံ သိမ်းဆည်းဖို့ အိမ်တွေအကြောင်း ပိုသိရအောင် မူရင်းအသင်းတော်ခေါင်းဆောင် လီကျိန်းကို စွန့်စားပြီး ရှာခဲ့ကြတယ်။ လီကျိန်းနဲ့ တွေ့ပြီးတဲ့နောက်မှာ ရဲတွေက သူ့အိမ်ကို ရောက်သွားတယ်ဆိုတာနဲ့ အနီးအနားက ညီအစ်ကိုမောင်နှမတွေရဲ့ အိမ်တချို့ ဝင်စီးခံရတယ်ဆိုတာ ကျွန်မ သိလိုက်ရတဲ့အပြင် ရဲတွေက စာအုပ်တွေသိမ်းထားတဲ့ တခြားအိမ်တစ်အိမ်ကိုလည်း ရောက်သွားတယ်ဆိုတာကို သိလိုက်ရတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ စောင့်ရှောက်မှုကြောင့် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် စာအုပ်တွေ အသိမ်းမခံလိုက်ရဘူး။ ဒါပေမဲ့ ရဲတွေ ပြန်သွားပြီးတဲ့နောက်မှာ စာအုပ်တွေ ထိန်းသိမ်းပေးထားတဲ့ ညီအစ်မရဲ့ ယောကျ်ား၊ ဘာသာတရားမရှိသူက စာအုပ်တွေကို မြန်မြန်ရွှေ့ဖို့ သူ့ကို အတင်းအကျပ်ပြောပြီး၊ ဘုရားသခင်ကို ယုံကြည်တဲ့သူတစ်ယောက်ယောက် သူတို့အိမ်ကို လာတာထပ်တွေ့ရင် ရဲတိုင်မယ်လို့ပြောပြီး နှိပ်စက်ညှဉ်းဆဲတယ်။ အဲဒီညီအစ်မအိမ်မှာ သိမ်းထားတဲ့ စာအုပ်တွေကို မြန်မြန်ရွှေ့ရမယ်လို့ ကျွန်မ တွေးမိတယ်၊ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ်၊ “ရဲတွေက ဒီအိမ်ကို ရောက်ပြီးပြီ၊ ညီအစ်မရဲ့ ဘာသာတရားမရှိတဲ့ ယောကျ်ားကလည်း ရဲတိုင်မယ်လို့ ပြောထားတာ။ ငါသာ အဲဒီကိုသွားရင် သတ်ကွင်းထဲ ဝင်သွားသလို ဖြစ်မနေဘူးလား။ တကယ်လို့များ ငါ အဖမ်းခံလိုက်ရရင် ရဲတွေက ငါ့ကို ရိုက်သတ်မှာ မဟုတ်ဘူးလား။ ရိုက်သတ်မခံရရင်တောင် ထောင်ဒဏ်အကြီးအကျယ် ချမှတ်ခံရဦးမှာ။ ဒါပေမဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် စာအုပ်တွေကို မြန်မြန်ရွှေ့ဖို့ လိုတယ်၊ ငါသေမှာကြောက်လို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် စာအုပ်တွေကို အဆင်းနီတဲ့ နဂါးကြီးက သိမ်းသွားလိုက်ရင် အဲဒီအခါကျရင် ငါ ပြစ်မှားမိခဲ့မှာပဲ” လို့ပေါ့။ ကျွန်မကို ယုံကြည်ခြင်းပေးဖို့ ဘုရားသခင်ဆီ စိတ်နှလုံးထဲကနေ တောင်းလျှောက်ရင်း တိတ်တဆိတ် ဆုတောင်းလိုက်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်၊ “သင်သည် ဤအရာ၊ ထိုအရာတို့ကို ကြောက်ရွံ့ခြင်း မရှိအပ်။ မည်မျှများပြားသော အခက်အခဲများနှင့် အန္တရာယ်များ သင်ရင်ဆိုင်ရစေကာမူ ငါ၏ အလိုတော်ကို အတားအဆီးမရှိ ဆောင်ရွက်နိုင်ဖို့အလို့ငှာ သင်သည် မည်သည့် အဟန့်အတားမျှဖြင့် ပိတ်ဆို့ခံရခြင်းမရှိဘဲ ငါ၏ရှေ့မှောက်၌ ဆက်လက်၍ တည်ငြိမ်စွာနေနိုင်သင့်သည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။...သင်သည် အားလုံးကို ခါးစည်းခံရမည်။ ငါ့အတွက် အရာအားလုံးကို စွန့်လွှတ်ရန်နှင့် သင့်ခွန်အား ရှိသမျှဖြင့် ငါ့နောက် လိုက်ရန် သင်သည် အဆင်သင့်ဖြစ်နေရမည် ဖြစ်ပြီး မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ရန် အဆင်သင့်ဖြစ်နေရမည်။ ယခုအချိန်သည် သင့်ကို ငါစမ်းသပ်မည့် အချိန်ဖြစ်သည်။ သင်၏ သစ္စာစောင့်သိမှုကို ငါ့အား သင်ဆက်ကပ်မည်လော။ သင်သည် လမ်းဆုံးအထိ သစ္စာရှိစွာ ငါ့နောက် လိုက်နိုင်သလော။ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်၏ ကျောထောက်နောက်ခံအဖြစ် ငါရှိနေသဖြင့် အဘယ်သူသည် ဤလမ်းကို တစ်ကြိမ်တစ်ခါမျှ ပိတ်ဆို့နိုင်မည်နည်း။ ဤအရာကို အမှတ်ရလော့။ အမှတ်ရလော့။ အရာခပ်သိမ်းတွင် ငါ၏ ရည်ရွယ်ချက်ကောင်းများ ပါဝင်ပြီး အရာခပ်သိမ်းသည် ငါ၏ စိစစ်မှုအောက်တွင် ရှိသည်။ သင် ပြောသမျှနှင့် လုပ်သမျှအားလုံးတွင် ငါ၏နှုတ်ကပတ်တော်ကို သင် လိုက်လျှောက်နိုင်သလော။ မီးဖြင့် စမ်းသပ်မှုများ သင့်အပေါ် ရောက်လာသောအခါ သင်သည် ဒူးထောက်ကာ ဟစ်ခေါ်မည်လော။ သို့မဟုတ် ရှေ့ဆက်နိုင်စွမ်းမရှိဘဲ တွန့်ဆုတ်မည်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားတွေ ပေးခဲ့တယ်။ ဘုရားသခင်က ကျွန်မရဲ့ အမှီသဟဲ ဖြစ်နေမှတော့ ကျွန်မမှာ ဘာကြောက်စရာရှိလို့လဲ။ ကျွန်မအသက်က ဘုရားသခင်လက်ထဲမှာပါ၊ အဖမ်းခံရ၊မခံရဆိုတာက ဘုရားသခင်အပေါ်မှာပဲ မူတည်တယ်။ ကျွန်မ လုပ်ရမှာက ကိုယ့်လုပ်တဲ့အရာတွေမှာ စိတ်နှလုံးသွင်းပြီး လုပ်ဖို့လိုတာကို လုပ်ဖို့ပဲ။ ကျန်တာကို ဘုရားသခင်လက်ထဲ အပ်နှံလိုက်မယ်။ အဲဒီနောက်မှာ ညီအစ်မရဲ့ ယောကျ်ား အိမ်မှာမရှိတဲ့အချိန် စာအုပ်တွေကို ရွှေ့ဖို့ ကျွန်မတို့ တိုင်ပင်ခဲ့ကြတယ်။ အဲဒီနေ့မှာ ညီအစ်မရဲ့ ယောကျ်ား အပြင်ထွက်သွားတော့ စာအုပ်တွေသိမ်းထားတဲ့ အိမ်ဆီကို ကျွန်မတို့ အမြန်သွားခဲ့ကြတယ်၊ ဒါပေမဲ့ မထင်မှတ်ဘဲ ညီအစ်မနဲ့ စကားနည်းနည်းတောင် မပြောရသေးခင် သူ့ယောကျ်ား ပြန်ရောက်လာတယ်။ ကျွန်မ တော်တော်လေး စိတ်လှုပ်ရှားသွားပြီး ကျွန်မတို့ကို လမ်းပြဖို့ ဘုရားသခင်ဆီ တိတ်တဆိတ် ဆုတောင်းလိုက်တယ်။ ညီအစ်မရဲ့ ယောကျ်ားကို ကျွန်မကပဲ ဦးအောင် နှုတ်ဆက်လိုက်တယ်၊ အံ့သြစရာကောင်းတာက သူက ကျွန်မတို့ကို မတိုင်ရုံမကဘဲ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် စာအုပ်တွေကို ရွှေ့ဖို့လည်း ကူညီပေးခဲ့တယ်။ ဒီလိုနဲ့ ပထမဆုံး စာအုပ်သိမ်းတဲ့အိမ်က စာအုပ်တွေကို လုံလုံခြုံခြုံနဲ့ ရွှေ့ပြောင်းခဲ့တယ်။ ဒီအတွေ့အကြုံကြောင့် ဘုရားသခင်ရဲ့ လမ်းပြမှုကို ကျွန်မ ခံစားမိပြီး ဘုရားသခင်အပေါ် ကျွန်မရဲ့ ယုံကြည်ခြင်း နည်းနည်း တိုးလာခဲ့တယ်။

နောက်တော့ အခြေအနေစုံစမ်းဖို့ ဒုတိယမြောက် စာအုပ်သိမ်းဆည်းတဲ့အိမ်ကို ကျွန်မ သွားခဲ့တယ်။ ရဲတွေက ဒီနေရာကိုလည်း ဝင်ရောက်စီးနင်းခဲ့ပေမဲ့ ကံကောင်းတာက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် စာအုပ်တွေကို သူတို့ မတွေ့ခဲ့ဘူး။ ရဲတွေက ထပ်ရှာဖို့ ပြန်လာမှာကို စိုးရိမ်လို့ စာအုပ်တွေကို အမြန်ဆုံး ရွှေ့ချင်ခဲ့ကြတယ်။ ဒါပေမဲ့ ဒီနေရာနားမှာ ကင်မရာသုံးလေးလုံး ရှိနေပြီး တစ်လုံးဆိုရင် ညီအစ်မရဲ့ အိမ်တံခါးရှေ့မှာပေါ့။ ပြီးတော့ ညီအစ်မအိမ်က လမ်းကြားတစ်ခုရဲ့ အဆုံးမှာရှိပြီး ဘယ်လမ်းကြားကလာလာ ကင်မရာတွေက ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ ကျွန်မ တော်တော်လေး စိတ်လှုပ်ရှားသွားပြီး တွေးမိတယ်၊ “နေရာတိုင်းမှာ ကင်မရာတွေချည်းပဲ၊ ဒီညီအစ်မအိမ်ဘက် လမ်းကြားထဲ ဝင်သွားရင် လမ်းပိတ်ထဲ ဝင်မိသွားမှာ။ လူတစ်ယောက် ဝင်သွားရင်တောင် လွတ်ဖို့ခက်တာ၊ စာအုပ်တွေရွှေ့ရင် ပြန်ထွက်ဖို့ ပိုပြီးတော့တောင် မခက်ဘူးလား။ အဆင်းနီတဲ့ နဂါးကြီးက တွေ့သွားရင် လွတ်ဖို့လမ်းရှိတော့ဘူး” လို့ပေါ့။ အဲဒီအချိန်မှာ ကျွန်မ နောင်တရသလို ခံစားလိုက်ရပြီး တွေးမိတယ်၊ “ငါ ဘာလို့များ ဒီနေရာကို လာကြည့်မိတာလဲ။ အခုတော့ စာအုပ်တွေရွှေ့တဲ့ကိစ္စက ငါ့ခေါင်းပေါ် ရောက်လာတော့မယ်” လို့ပေါ့။ ကျွန်မ စိုးရိမ်ပြီး ကြောက်လန့်နေခဲ့တယ်၊ ပတ်ဝန်းကျင်ကို သေချာထပ်ကြည့်ဖို့ စိတ်မပါတော့ဘူး။ တစ်ခဏလေးတောင် ဆက်မနေရဲတော့ဘဲ အဲဒီကနေ အမြန်ထွက်လာခဲ့တယ်။ အိမ်ရောက်တော့ ကျွန်မမြင်ခဲ့တာတွေကို ခေါင်းဆောင်ကို အမှန်အတိုင်း ပြောပြလိုက်တယ်၊ လက်ရှိအခြေအနေအရ စာအုပ်တွေကို ရွှေ့ဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ သဘောမျိုး ပြောပြလိုက်တယ်။ ဒါပေမဲ့ အံ့သြစရာကောင်းတာက ခေါင်းဆောင်က အဲဒီ စာအုပ်သိမ်းဆည်းတဲ့အိမ်ကို ရောက်ဖူးတယ်၊ သူကပြောတယ်၊ “ညီအစ်မအိမ်ဘေးက လမ်းကြားက လမ်းပိတ် မဟုတ်ဘူး။ ကင်မရာတွေ မမြင်ရဘဲ ဝင်သွားလို့ရတဲ့ ဘေးလမ်းလေး တစ်လမ်းရှိတယ်” တဲ့။ ဒါကို ကြားတော့ ကျွန်မ နည်းနည်း ရှက်သလိုလို ခံစားလိုက်ရတယ်။ တကယ်တမ်းကျတော့ ညီအစ်မအိမ်က လမ်းပိတ်ထဲမှာ မဟုတ်ဘူး။ ကျွန်မ တွေးမိတယ်၊ “ငါ ကိုယ်တိုင် အဲဒီနေရာကို သွားကြည့်ခဲ့တာပဲ၊ လမ်းကြားထဲကနေ ထွက်လို့ရတဲ့ လူသွားလမ်းလေး ရှိတာကို ဘာလို့ သတိမထားမိခဲ့တာလဲ” လို့ပေါ့။ ပြန်တွေးကြည့်လိုက်တော့ ကင်မရာတွေကို ကြောက်နေခဲ့ပြီး သတ္တိနည်းပြီး ကြောက်လန့်နေခဲ့လို့ လမ်းကြားထဲထိ ဝင်ပြီး သေချာစစ်ဆေးဖို့ စိတ်မပါခဲ့မှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ ဒီလိုအခြေအနေမျိုးနဲ့ဆိုရင် ဒီအလုပ်ကို ကျွန်မ ကောင်းကောင်းလုပ်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သဘောပေါက်လိုက်တော့ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ “အို ဘုရားသခင်၊ နေရာတိုင်းမှာ ကင်မရာတွေ မြင်လိုက်ရတော့ သမီး သတ္တိနည်းပြီး ကြောက်လန့်သွားမိပါတယ်၊ အဖမ်းခံရမှာ၊ ဒုက္ခခံရမှာကိုပဲ အမြဲ ကြောက်နေမိတယ်။ အို ဘုရားသခင်၊ ကိုယ့်ကိုယ်ကိုယ် သိမြင်ပြီး သင်ခန်းစာယူနိုင်ဖို့ သမီးကို ဉာဏ်အလင်းပေးပြီး လမ်းပြတော်မူပါ” လို့ပေါ့။

အဲဒီနောက်မှာ ကျွန်မရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖွေခဲ့တယ်။ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်ရတယ်၊ “၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးကို စဉ်းစားခြင်းအပြင် အချို့သော အန္တိခရစ်များက မည်သည့်အရာကိုပါ စဉ်းစားကြသနည်း။ ၎င်းတို့က ‘ယခုအခါတွင် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်သည် သဘောကျစရာ မကောင်းပါ။ ထို့ကြောင့် ကျွန်ုပ်တို့၏ မျက်နှာများပြခြင်းကိုလည်းကောင်း၊ ဧဝံဂေလိတရားဟောခြင်းကိုလည်းကောင်း လျှော့ကြစို့။ ထိုသို့ဖြင့် ကျွန်ုပ်တို့သည် အဖမ်းခံရမည့် အလားအလာနည်းပြီး အသင်းတော်၏ အလုပ် ဖျက်ဆီးခံရမည် မဟုတ်ပါ။ အဖမ်းခံရမည်ကို ကျွန်ုပ်တို့ ရှောင်ရှားလျှင် ယုဒအဖြစ် ပြောင်းသွားမည်မဟုတ်ဘဲ ထို့နောက်တွင် အနာဂတ်၌ ကျွန်ုပ်တို့ ဆက်လက်၍ တည်ရှိနေနိုင်မည် မဟုတ်လော’ဟု ပြောကြသည်။ ညီအစ်ကို မောင်နှမများကို အထင်အမြင်မှားစေရန် ထိုသို့သော ဆင်ခြေများကို အသုံးပြုသည့် အန္တိခရစ်များ ရှိသည် မဟုတ်လော။ အချို့သော အန္တိခရစ်များသည် သေခြင်းတရားကို အလွန် ကြောက်ရွံ့ကြပြီး ရှက်ဖွယ်ကောင်းသော ဖြစ်တည်မှုများကို အချိန်ဆွဲကြသည်။...ဘုရားသခင်က လူတို့၏ ဘေးကင်းရေးကို ကာကွယ်ပေးနိုင်ကြောင်း ၎င်းတို့ မယုံကြည်ကြသကဲ့သို့ ဘုရားသခင်အတွက် အသုံးခံရန် မိမိကိုယ်ကို ရည်စူးအပ်နှံခြင်းသည် သမ္မာတရားအတွက် မိမိကိုယ်ကို ဆက်ကပ်ခြင်း ဖြစ်ကြောင်းနှင့် ထိုအရာသည် ဘုရားသခင် အသိအမှတ်ပြုသည့် အရာတစ်ခုဖြစ်ကြောင်းတို့ကို ၎င်းတို့ သေချာပေါက် မယုံကြည်ကြပေ။ ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်ကို ၎င်းတို့ မကြောက်ရွံ့ ကြပေ။ စာတန်နှင့် ဆိုးယုတ်သော နိုင်ငံရေး ပါတီများကိုသာ ကြောက်ကြသည်။ ဘုရားသခင်၏ တည်ရှိခြင်းကို ၎င်းတို့ မယုံကြည်ကြ။ အရာရာက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို မယုံကြည်ကြသကဲ့သို့ သူ့အတွက်လည်းကောင်း၊ သူ၏ လမ်းခရီးကို လိုက်လျှောက်ခြင်းနှင့် သူ၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးစေခြင်းအတွက်လည်းကောင်း အရာရာကို အသုံးခံသည့် လူတစ်ဦးအား ဘုရားသခင် အသိအမှတ်ပြုလိမ့်မည် ဖြစ်သည်ကို သေချာပေါက် မယုံကြည်ကြပေ။ ဤအရာတစ်ခုကိုမျှ ၎င်းတို့ မယုံကြည်ကြပေ။ မည်သည့်အရာကို ၎င်းတို့ ယုံကြည်ကြသနည်း။ ၎င်းတို့အနေဖြင့် အဆင်းနီသော နဂါးကြီး၏ လက်ထဲသို့ ကျရောက်သွားလျှင် မကောင်းသည့် အဆုံးသတ်တစ်ခု တွေ့ကြုံရမည် ဖြစ်ကြောင်း၊ ၎င်းတို့ ပြစ်ဒဏ်ချမှတ်ခံရနိုင်မည့် သို့မဟုတ် ၎င်းတို့၏ အသက်များပင် ဆုံးရှုံးမည့် အန္တရာယ်ရှိနိုင်ကြောင်းကို ယုံကြည်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးကိုသာ စဉ်းစားကြပြီး အသင်းတော်၏ အလုပ်ကို မစဉ်းစားကြချေ။ ဤလူများသည် မယုံကြည်သူများဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ကျမ်းစာက မည်သည့်အရာ ပြောသနည်း။ ‘ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။’ (ရှင်မဿဲခရစ်ဝင် ၁၀:၃၉) ဤစကားများကို ၎င်းတို့ ယုံကြည်ကြသလော။ (မယုံကြည်ကြပါ။) မိမိတို့တာဝန်ကို လုပ်ဆောင်စဉ် စွန့်စားရန် စေခိုင်းခြင်းခံရလျှင် မိမိတို့ကိုယ်ကို ပုန်းကွယ်ကာ ၎င်းတို့အား မည်သူမျှ မြင်ခွင့်မပေးရန် ဆန္ဒရှိကြလိမ့်မည် ဖြစ်သည်။ ကိုယ်ပျောက်သောသူ ဖြစ်ချင်ကြလိမ့်မည်။ ဤသည်မှာ ၎င်းတို့ ကြောက်ရွံ့သည့်အတိုင်းအတာ ဖြစ်သည်။ ဘုရားသခင်သည် လူ၏ အထောက်အပံ့ဖြစ်သည်ကြောင်း၊ အရာရာက ဘုရားသခင်၏ လက်ထဲတွင် ရှိကြောင်း၊ တစ်စုံတစ်ရာ မှားယွင်းလျှင် သို့မဟုတ် ၎င်းတို့ အမှန်တကယ် အဖမ်းခံရလျှင် ထိုအရာကို ဘုရားသခင်က ခွင့်ပြုထားခြင်းဖြစ်ကြောင်းနှင့် လူတို့အနေဖြင့် ကျိုးနွံနာခံသည့် စိတ်နှလုံးများရှိသင့်ကြောင်းတို့ကို ၎င်းတို့က မယုံကြည်ကြပေ။ ဤလူများသည် ဤစိတ်နှလုံးများ၊ ဤသိနားလည်မှု သို့မဟုတ် ဤပြင်ဆင်မှုတို့ မရှိကြချေ။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကြသလော။ (မယုံကြည်ကြပါ။) ဤသရုပ်သကန်၏ အနှစ်သာရမှာ မယုံကြည်သူတစ်ဦး၏ အနှစ်သာရ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ ပကတိအတိုင်းပင် ဖြစ်၏။ ဤကဲ့သို့သော လူများသည် ထူးထူးခြားခြား ကြောက်တတ်ကြသည်၊ အလွန်အမင်း ကြောက်လန့်ပြီး ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခခံစားရခြင်းနှင့် ၎င်းတို့ထံ မကောင်းသောအရာ တစ်စုံတစ်ခု ဖြစ်ပျက်ခြင်းကို ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် ဂနာမငြိမ်သော ငှက်ကလေးများလောက် ကြောက်လန့်လာပြီး မိမိတို့၏ အလုပ်ကို မထမ်းဆောင်နိုင်ကြတော့ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂))အန္တိခရစ်များသည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းကြသည်။ ၎င်းတို့၌ ဘုရားသခင်အပေါ် သစ္စာရှိဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်းမရှိကြပေ။ ၎င်းတို့သည် ပြဿနာတစ်ခုကို ကြုံရသည့်အခါ မိမိကိုယ်ကိုသာ ကာကွယ်ပြီး ဘေးဆီးရန်ကာကြသည်။ ၎င်းတို့အတွက်မူ မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးထက် မည်သည့်အရာမျှ သာ၍ အရေးမကြီးချေ။ ၎င်းတို့ အသက်ရှင်နိုင်ပြီး အဖမ်းမခံရသရွေ့ အသင်းတော်၏ အလုပ်အဖို့ မည်မျှ ဘေးဖြစ်စေသည်ကို ၎င်းတို့ ဂရုမစိုက်ကြချေ။ ဤလူများသည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်သည်၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ သို့မဟုတ် အသင်းတော်အတွက် လုံးဝ မစဉ်းစားကြပေ၊ ၎င်းတို့က မိမိတို့၏ ဘေးကင်းလုံခြုံမှုအတွက်သာ စဉ်းစားကြသည်။ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) အန္တိခရစ်တွေဟာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတယ်၊ ဘုရားသခင်အပေါ် သစ္စာစောင့်သိမှု ကင်းမဲ့တယ်၊ အရာအားလုံးဟာ ဘုရားသခင်လက်ထဲမှာ ရှိတယ်ဆိုတာ မယုံကြည်ကြဘူး၊ ပြီးတော့ အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားကိုပဲ ထည့်တွက်ပြီး ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို လုံးဝ အလေးမထားဘူးလို့ ဘုရားသခင်က ဖော်ထုတ်ထားတယ်။ အဲဒါက ကျွန်မ ရောက်နေတဲ့ အခြေအနေပဲ။ စာအုပ်တွေသိမ်းထားတဲ့ အိမ်တွေကို ရဲတွေ ဝင်ရောက်စီးနင်းပြီးပြီဆိုတာ ကျွန်မ သိတယ်၊ စာအုပ်တွေကို အမြန်ဆုံး ရွှေ့ပြောင်းရမယ်ဆိုတာလည်း သိတယ်၊ ဒါပေမဲ့ ဒီအိမ်တစ်ဝိုက်မှာ အရာအားလုံးကို စောင့်ကြည့်နေတဲ့ ကင်မရာတချို့ ရှိတာကို မြင်လိုက်ရတဲ့အခါ အဖမ်းခံရမှာကြောက်ပြီး ထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့ ကျွန်မ နေခဲ့ရတယ်၊ ပတ်ဝန်းကျင်ကို သေချာစစ်ဆေးဖို့တောင် စိတ်မပါခဲ့ဘူး။ အခြေအနေလာကြည့်မိတာကိုတောင် နောင်တရခဲ့သေးတယ်။ အဖြစ်မှန်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်မက ကိုယ့်လုံခြုံရေးအတွက်ပဲ စိုးရိမ်နေပြီး စာအုပ်တွေကို ဘယ်လို လုံလုံခြုံခြုံနဲ့ ရွှေ့ပြောင်းမလဲဆိုတာကို လုံးဝ မစဉ်းစားခဲ့ဘူး၊ ကျွန်မ မဖမ်းခံရဖို့ကပဲ အရေးကြီးဆုံးကိစ္စ ဖြစ်နေသလိုမျိုးပေါ့။ ကျွန်မက အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းနေခဲ့တယ်၊ အန္တိခရစ် စိတ်သဘောထားကို ကျွန်မ ထုတ်ဖော်ခဲ့တာပဲ။ ဒီနှစ်တွေတစ်လျှောက်လုံး တရုတ်ပြည်မှာ ဘုရားသခင် အလုပ်လုပ်ခဲ့ပုံကို ကျွန်မ ပြန်တွေးမိတယ်။ စီစီပီက ခရစ်တော်ကို လိုက်လံဖမ်းဆီးတယ်၊ ခရစ်ယာန်တွေကို ညှဉ်းပန်းနှိပ်စက်တယ်၊ ပြီးတော့ ဘုရားသခင်အတွက် ပူဇော်သက္ကာတွေကို လုယူတယ်။ ဒါပေမဲ့ ညီအစ်ကိုမောင်နှမ အများကြီးက ဒီလိုဆိုးရွားတဲ့ အခြေအနေမျိုးမှာတောင် သူတို့ရဲ့လုံခြုံရေးကို ထည့်မစဉ်းစားခဲ့ကြဘူး။ သူတို့ရဲ့ သေရေးရှင်ရေး ကိစ္စတွေကို ဂရုမစိုက်ဘဲ အသင်းတော်ရဲ့အလုပ်ကို ကာကွယ်ဖို့ သူတို့ရဲ့ တာဝန်တွေကို စောင့်ထိန်းနိုင်ခဲ့ကြတယ်၊ ဘုရားသခင် ကျေနပ်ဖို့ သူတို့ရဲ့ တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းခဲ့ပြီး ဘုရားသခင်အတွက် အားကောင်းတဲ့ သက်သေခံချက်ကို သက်သေခံခဲ့ကြတယ်။ ကိုယ့်ကိုယ်ကိုယ် နောက်တစ်ခါ ပြန်တွေးကြည့်လိုက်တော့ ကျွန်မက သူရဲဘောကြောင်တဲ့သူ သက်သက်ပဲ၊ လေးကြိုးသံကြားတာနဲ့ လန့်နေတဲ့ ငှက်တစ်ကောင်လိုပဲ၊ ဝိညာဉ်ရင့်ကျက်မှု လုံးဝမရှိဘူးဆိုတာ တွေ့လိုက်ရတယ်။ ကျွန်မ အရမ်းရှက်မိတယ်၊ ကိုယ့်ကိုယ်ကိုယ် အူလှိုက်သည်းလှိုက် မုန်းတီးမိတယ်၊ ဒီလို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့ပုံစံနဲ့ ဆက်မနေချင်တော့ဘူး။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် စာအုပ်တွေကို အမြန်ဆုံး ရွှေ့ပြောင်းဖို့ ကျွန်မ ဆန္ဒရှိသွားပြီ။

နောက်တစ်နေ့မှာ စာအုပ်တွေ ဘယ်လိုရွှေ့မလဲဆိုတာ တိုင်ပင်ဖို့ စာအုပ်ထိန်းသိမ်းတဲ့ ညီအစ်မဆီ ကျွန်မတို့ သွားခဲ့တယ်။ မမျှော်လင့်ဘဲ ညီအစ်မရဲ့သား၊ ယုံကြည်သူမဟုတ်တဲ့သူက ကူညီပေးဖို့ လိုလားနေခဲ့တယ်၊ သူက အပေါ်ထပ်က စာအုပ်တွေကိုတောင် သူ့ကားထဲကို ရွှေ့ပေးပြီး သယ်ပေးခဲ့တယ်။ ဒီလိုနဲ့ အဲဒီအိမ်က စာအုပ်တွေကို လုံလုံခြုံခြုံနဲ့ ရွှေ့ပြောင်းခဲ့တယ်။ ဘုရားသခင် ကိုယ်တိုင်က သူ့အလုပ်ကို ထိန်းသိမ်းတယ်ဆိုတာ ကျွန်မ နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရတယ်၊ ပြီးတော့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သန့်စင်ပြီး ပြောင်းလဲစေဖို့၊ ဘုရားသခင်ရဲ့ အလုပ်ကို လက်တွေ့ကြုံတွေ့ပြီး သူ့ရဲ့လုပ်ဆောင်ချက်တွေကို နားလည်စေဖို့ ဘုရားသခင်က ဒီလိုအခြေအနေမျိုး စီစဉ်ပေးခဲ့တာလို့ ခံစားမိတယ်။ ကျွန်မ ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပြီး ချီးမွမ်းခဲ့တယ်။

နောက်တော့ ကျွန်မ တွေးဆမိတယ်၊ “ငါက အဖမ်းခံရမှာ၊ ရိုက်သတ်ခံရမှာကိုပဲ အမြဲ စိုးရိမ်နေတာ၊ ဒီပြဿနာကို ဘယ်လိုဖြေရှင်းသင့်လဲ” လို့ပေါ့။ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ပြန်သတိရမိတယ်။ “သခင်ယေရှု၏ ထိုတပည့်တော်များသည် မည်သို့ သေဆုံးကြသနည်း။ တပည့်တော်များကြားတွင် မသေမချင်း ကျောက်တုံးဖြင့် ထုသတ်ခံခဲ့ရသူများ၊ မြင်းနောက်မှ ကြိုးဖြင့် ဆွဲခံရသူများ၊ ဇောက်ထိုးမိုးမျှော် ကားစင်တင်ခံရသူများ၊ မြင်းငါးကောင်ဖြင့် ကိုယ်လက်အင်္ဂါများကို တစ်စစီ ဆွဲဖျက်ခံရသူများ ရှိကြသည်။ သေဆုံးခြင်း ပုံစံအမျိုးမျိုးသည် သူတို့အပေါ် ကျရောက်ခဲ့သည်။ သူတို့၏ သေဆုံးခြင်းအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ သူတို့သည် မတော်မတရားမှု တစ်စုံတစ်ရာကို ပြုလုပ်ခဲ့ကြပြီးနောက် ဥပဒေအရ ကွပ်မျက်ခံခဲ့ကြရခြင်းလော။ မဟုတ်ပေ၊ သူတို့သည် သခင်၏ ဧဝံဂေလိတရားကို ဖြန့်ချိခဲ့ကြသော်လည်း လောကကြီးသည် ယင်းကို လက်မခံခဲ့ကြဘဲ ယင်းအစား သူတို့ကို ရှုတ်ချခြင်း၊ ရိုက်နှက်ခြင်း၊ ဆဲဆိုခြင်းများ ပြုလုပ်ခဲ့ကြပြီး သူတို့ကို သေသည်အထိပင် ပြုလုပ်ခဲ့ကြသည်၊၊ ယင်းမှာ ၎င်းတို့ မာတုရဖြစ်ခဲ့သည့် ပုံစံဖြစ်သည်။ ထိုမာတုရများ၏ နောက်ဆုံး အဆုံးသတ်ကို မပြောကြစို့နှင့် သို့မဟုတ် ၎င်းတို့၏ အပြုအမူနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ ဆုံးဖြတ်သတ်မှတ်ခြင်းကို မပြောကြစို့နှင့်၊ သို့ရာတွင် ဤသည်ကို မေးလော့၊ ၎င်းတို့သည် အဆုံးသတ်ကို ရောက်သည့်အခါ၊ ၎င်းတို့၏ အသက်တာများတွင် အဆုံးသတ်ကို ၎င်းတို့ကြုံရသည့် ပုံစံများသည် လူသားတို့၏ အယူအဆများနှင့် ကိုက်ညီသလော။ (မကိုက်ညီပေ။) လူသားအယူအဆများ၏ အမြင်ရှုထောင့်မှ၊ ၎င်းတို့သည် ဘုရားသခင်၏အမှုတော်ကို ဖြန့်ချိဖို့ ထိုမျှကြီးမားသော အဖိုးအခကို ပေးခဲ့ကြသော်လည်း နောက်ဆုံးတွင် စာတန်၏ အသေသတ်ခြင်းကို ခံခဲ့ကြရသည်။ ဤသည်မှာ လူသားများ၏ အယူအဆများနှင့် မကိုက်ညီသော်လည်း၊ ဤသည်မှာ ၎င်းတို့၌ ဖြစ်ပျက်ခဲ့သည့်အရာ အတိအကျပင် ဖြစ်သည်။ ယင်းမှာ ဘုရားသခင် ခွင့်ပြုခဲ့သည့် အရာပင်ဖြစ်သည်။ ဤအရာ၌ မည်သည့်သမ္မာတရားကို ရှာတွေ့နိုင်သနည်း။ ဘုရားသခင်က ၎င်းတို့အား ဤနည်းဖြင့် သေခွင့်ပြုခြင်းသည် သူ၏ကျိန်စာနှင့် ပြစ်တင်ရှုတ်ချခြင်းလော၊ သို့မဟုတ် သူ၏အစီအစဉ်နှင့် ကောင်းချီးမင်္ဂလာလော။ ယင်းမှာ တစ်ခုမျှမဟုတ်ပေ။ ယင်းမှာ အဘယ်နည်း။ ယခု လူများသည် ၎င်းတို့၏ သေခြင်းတရားများကို စိတ်နှလုံးပူဆွေးခြင်းများဖြင့် ဆင်ခြင်သုံးသပ်ကြသော်လည်း ယင်းမှာ အမှုအရာများ ဖြစ်ပျက်ခဲ့သည့် ပုံစံပင် ဖြစ်လေသည်။ ဘုရားသခင်ကို ယုံကြည်ခဲ့သည့်သူများသည် ထိုနည်းဖြင့် သေဆုံးခဲ့ကြသည့် ဤအရာကို မည်သို့ ရှင်းပြရမည်နည်း။ ဤအကြောင်းအရာကို ငါတို့ ဖော်ပြသည့်အခါ၊ သင်တို့က ၎င်းတို့၏ နေရာတွင် ကိုယ်ချင်းစာကြည့်သည်။ သို့ဆိုလျှင် သင်တို့၏စိတ်နှလုံးများသည် ဝမ်းနည်းပြီး ဖုံးကွယ်နေသည့် နာကျင်မှုတစ်ခုကို သင်တို့ခံစားရသလော။ သင်က ‘ဤလူများသည် ဘုရားသခင်၏ ဧဝံဂေလိတရားကို ဖြန့်ချိဖို့ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခဲ့ကြပြီး လူကောင်းများအဖြစ် မှတ်ယူသင့်သောကြောင့်၊ ၎င်းတို့သည် ထိုသို့သော အဆုံးသတ်တစ်ခုနှင့် ထိုသို့သော ရလဒ်တစ်ခုသို့ အဘယ့်ကြောင့် ရောက်နိုင်ကြသနည်း’ ဟု တွေးသည်။ အမှန်တကယ်တွင် ဤသည်မှာ ၎င်းတို့၏ ခန္ဓာကိုယ်များ သေဆုံးပြီး ကွယ်လွန်သွားသည့်ပုံစံ ဖြစ်သည်။ ဤသည်မှာ လူ့လောကမှ ၎င်းတို့ ထွက်ခွာသွားသည့် ပုံစံဖြစ်သည်၊ သို့ရာတွင် ယင်းက ၎င်းတို့၏ အဆုံးသတ်နှင့် တူညီသည်ဟု မဆိုလိုပေ။ ၎င်းတို့၏ သေခြင်းတရားနှင့် ထွက်ခွာခြင်းတို့၏ ပုံစံများမှာ မည်သို့ဖြစ်ပါစေ၊ ယင်းတို့က မည်သို့ဖြစ်ပျက်ခဲ့ပါစေ၊ ဘုရားသခင်က ထိုအသက်များ၏၊ ထိုဖန်ဆင်းခံသတ္တဝါများ၏ နောက်ဆုံး အဆုံးသတ်များကို သတ်မှတ်ခဲ့သည့်ပုံစံ မဟုတ်ပေ။ ဤသည်မှာ သင် မဖြစ်မနေ ရှင်းလင်းစွာ တွေ့ရမည့်အရာ တစ်စုံတစ်ခုဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် ဤသည်မှာ ၎င်းတို့က ဤလောကကို ပြစ်တင်ရှုတ်ချခဲ့ကြပြီး ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံခဲ့ကြသည့် ပုံစံအတိအကျပင် ဖြစ်သည်။ဤဖန်ဆင်းခံ သတ္တဝါများက ၎င်းတို့၏ အဖိုးအတန်ဆုံးသော အသက်များကို အသုံးပြုခဲ့သည်။ ၎င်းတို့က ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့၊ ဘုရားသခင်၏ကြီးမြတ်သော တန်ခိုးကို သက်သေခံဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် မှန်ကန်ကြောင်း၊ သခင်ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း၊ သူသည် သခင်နှင့် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်ကြောင်းတို့ကို စာတန်နှင့် လောကတို့အား ကြေညာဖို့ ၎င်းတို့အသက်၏နောက်ဆုံးအခိုက်အတန့်ကို အသုံးပြုခဲ့ကြသည်။ ၎င်းတို့ အသက်များ၏ နောက်ဆုံး အခိုက်အတန့်အထိတွင်ပင် ၎င်းတို့သည် သခင်ယေရှု၏ နာမတော်ကို မည်သည့်အခါမျှ မငြင်းပယ်ခဲ့ပေ၊ ဤသည်မှာ ဤလောကအပေါ် တရားစီရင်ခြင်းပုံစံတစ်မျိုး မဟုတ်သလော။ ၎င်းတို့က လောကကြီးကို ကြေညာဖို့၊ သခင်ယေရှုသည် သခင်ဖြစ်ကြောင်း၊ သခင်ယေရှုသည် ခရစ်တော် ဖြစ်ကြောင်း၊ သူသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်ကြောင်း၊ လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူပြုလုပ်ခဲ့သည့် ရွေးနုတ်ခြင်းအမှုတော်သည် ဤလူသားမျိုးနွယ် တစ်ရပ်လုံးကို ဆက်လက် ရှင်သန်ခွင့်ပြုကြောင်း၊ ဤအချက်သည် ထာဝစဉ် မပြောင်းလဲနိုင်ကြောင်းတို့ကို လူသားတို့အား သက်သေပြဖို့ ၎င်းတို့၏အသက်များကို အသုံးပြုခဲ့သည်။ သခင်ယေရှု၏ ဧဝံဂေလိတရားကို ဖြန့်ချိခြင်းအတွက် မာတုရဖြစ်ခဲ့ကြသူများသည် သူတို့၏ တာဝန်ကို မည်သည့်အတိုင်းအတာအထိ ထမ်းဆောင်ခဲ့ကြသနည်း။ယင်းက အဆုံးစွန်အတိုင်းအတာအထိ ဖြစ်ခဲ့သလော။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဧဝံဂေလိတရားဟောခြင်းသည် ယုံကြည်သူများအားလုံး ကောင်းမွန်စွာ ဖြည့်ဆည်းရမည့် တာဝန်ဖြစ်သည်) သခင်ယေရှုရဲ့ တပည့်တော်တွေဟာ ဧဝံဂေလိတရားကို ဖြန့်ချိတဲ့အချိန်မှာ ရောမအစိုးရနဲ့ ဘာသာရေးအသိုင်းအဝိုင်းရဲ့ ညှဉ်းပန်းနှိပ်စက်တာကို ခံခဲ့ရတယ်။ ဒါပေမဲ့ စာတန်ရဲ့ အင်အားစုတွေက သူတို့ကို ဘယ်လောက်ပဲ ညှဉ်းပန်းနှိပ်စက်ပါစေ၊ သူတို့က ဘုရားသခင်ရဲ့ အလုပ်ကို ဆက်ပြီး ဖြန့်ချိတယ်၊ သက်သေခံတယ်။ စာတန်ကို အရှုံးပေးမယ့်အစား သူတို့ရဲ့ ကိုယ်ပိုင်အသက်ကို စတေးဖို့ ရွေးချယ်ခဲ့ကြတယ်။ တချို့က ခဲနဲ့ပေါက်သတ်ခံရတယ်၊ တချို့က မြင်းနောက်မှာ ကြိုးနဲ့ချည်ပြီး အဆွဲခံရလို့ သေဆုံးခဲ့တယ်၊ တခြားသူတွေကျတော့ ကားစင်တင် အသတ်ခံခဲ့ရတယ်။ သူတို့က သူတို့ရဲ့အသက်နဲ့ ဘုရားသခင်အတွက် အားကောင်းတဲ့ သက်သေခံချက်ကို ခံခဲ့ကြတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်တွေ သေဆုံးသွားပေမဲ့ သူတို့ရဲ့ ဝိညာဉ်တွေက ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတယ်။ သူတို့ရဲ့ သက်သေခံချက်ကို တွေးမိတော့ ကျွန်မ အရမ်းရှက်မိပြီး နက်နက်ရှိုင်းရှိုင်း တို့ထိခံစားသွားရတယ်။ ဘုရားသခင်က နောက်ဆုံးသောကာလမှာ အလုပ်လုပ်ဖို့ ကြွလာပြီး သမ္မာတရား အများကြီးကို ဖော်ပြခဲ့တယ်၊ သမ္မာတရားတွေနဲ့ နက်နဲရာ အားလုံးကို ကျွန်မတို့အတွက် ဖွင့်ပြခဲ့တယ်။ ကျွန်မ ဘုရားသခင်နောက်လိုက်တာ နှစ်တွေအများကြီး ကြာပြီ၊ ဘုရားနှုတ်ကပတ်တော်ရဲ့ ရေလောင်းပေးမှုနဲ့ ထောက်ပံ့မှုကို ခံစားခဲ့ရပေမဲ့ ဘုရားသခင်အတွက် သက်သေမခံနိုင်ခဲ့ဘူး။ အဆင်းနီတဲ့ နဂါးကြီးရဲ့ အရူးအမူး ညှဉ်းပန်းနှိပ်စက်မှုတွေကြားမှာ အဖမ်းခံရပြီး ရိုက်သတ်ခံရမှာကိုပဲ ကျွန်မ စိုးရိမ်နေခဲ့တယ်၊ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အကျိုးစီးပွားအတွက်ပဲ အမြဲ တွက်ချက်နေခဲ့ပြီး ဘုရားသခင်အပေါ် သစ္စာစောင့်သိမှု လုံးဝမရှိခဲ့ဘူး။ ခေတ်အဆက်ဆက်က သူတော်စင်တွေနဲ့ ကျွန်မ ဘယ်လိုမှ နှိုင်းယှဉ်လို့မရဘူး၊ ဘုရားသခင်ရဲ့ နောက်လိုက်တစ်ယောက်ဖြစ်ဖို့ မထိုက်တန်ဘူး။ လူတစ်ယောက်ရဲ့ သေရေးရှင်ရေးက ဘုရားသခင် လက်ထဲမှာပါ၊ သူ့ရဲ့ တာဝန်ပေးစေခိုင်းချက်ကို ကောင်းကောင်း ဖြည့်ဆည်းဖို့ အသက်စွန့်တဲ့သူတွေကို ဘုရားသခင်က အသိအမှတ်ပြုတယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းပြမှုအောက်မှာ အဖမ်းခံရမှာကြောက်တဲ့စိတ်ရဲ့ ဘောင်ခတ်မှုကို ကျွန်မ မခံရတော့ဘူး၊ ပြီးတော့ ကြီးမားတဲ့ လွတ်မြောက်မှုကို ခံစားလိုက်ရတယ်။ ဒီနောက်ပိုင်းမှာ ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်မ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး စာအုပ်သိမ်းဆည်းတဲ့ အိမ်ဆယ်အိမ်ကျော်က စာအုပ်တွေအားလုံးကို လုံလုံခြုံခြုံ ရွှေ့ပြောင်းခဲ့တယ်။

နိုဝင်ဘာလ အစောပိုင်းမှာ ကျွန်မတာဝန်ကျတဲ့ ခရိုင်ခေါင်းဆောင်တွေဆီက စာတစ်စောင် ရခဲ့တယ်၊ အသင်းတော်နှစ်ခုက လူသုံးဆယ်ကျော် ရဲအဖမ်းခံလိုက်ရပြီး အသင်းတော်ခေါင်းဆောင် သုံးယောက် ပျောက်ဆုံးနေတယ်တဲ့။ သူတို့က ကျွန်မကို နောက်ဆက်တွဲအလုပ်တွေကို သွားပြီး စီစဉ်ဆောင်ရွက်ခိုင်းတယ်။ ကျွန်မ နည်းနည်းတော့ မလိုလားသလို ခံစားရတယ်၊ စဉ်းစားမိတာက “ဘာလို့ ငါ့ကိုပဲ ထပ်သွားခိုင်းနေရတာလဲ။ တကယ်ပဲ တခြားသွားနိုင်မယ့်သူ မရှိတော့ဘူးလား” လို့ တွေးမိတာပေါ့။ ဒါပေမဲ့ နောက်တော့ စိတ်ကို ငြိမ်ငြိမ်ထားပြီး ပြန်စဉ်းစားလိုက်တယ်။ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေနဲ့ ညီအစ်ကိုမောင်နှမ အများကြီး အဖမ်းခံထားရတော့ သင့်တော်တဲ့သူ ရှာဖို့က တကယ်ခက်တယ်လေ။ ပြီးတော့ အဲဒီက အသင်းတော်တွေနဲ့ ငါက တော်တော်လေး ရင်းနှီးတာဆိုတော့ သွားဖို့ အသင့်တော်ဆုံးလူက ငါပဲ။ ဒီတာဝန်ကို ငါ ခေါင်းရှောင်လို့ မဖြစ်ဘူး။ ဒါပေမဲ့ တကယ်တမ်း ပူးပေါင်းဆောင်ရွက်နေတဲ့ အချိန်မှာတော့ ကျွန်မ တော်တော်လေး သတ္တိနည်းနေတုန်းပဲ၊ ဒါကြောင့် ကျွန်မကို လမ်းပြပေးဖို့ ဘုရားသခင်ဆီ တောင်းလျှောက်ပြီး ဆုတောင်းလိုက်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်၊ “စာတန်က မည်မျှပင် ‘အလွန့်အလွန် အာဏာရှိ’ ပါစေ၊ မည်မျှပင် ရဲတင်းပြီး ရည်မှန်းချက် ကြီးမားပါစေ၊ ထိခိုက်မှုများ ပေးနိုင်သော ၎င်း၏အစွမ်းက မည်မျှပင်ကြီးမားပါစေ၊ လူသားကို ၎င်း၏ ဖောက်ပြန်ပျက်စီးစေနိုင်စွမ်းနှင့် မျှားခေါ်နိုင်စွမ်းတို့က မည်မျှပင် ကျယ်ပြန့်ပါစေ၊ လူသားကို ၎င်းခြိမ်းခြောက်သည့် ပရိယာယ်များနှင့် လှည့်ကွက်များက မည်မျှပါးနပ်နေပါစေ၊ ၎င်းဖြစ်တည်နေသည့် ပုံစံက မည်မျှပင် မဆုံးနိုင်အောင် ပြောင်းလဲ၍ရနေပါစေ စာတန်သည် သက်ရှိအရာတစ်ခုကို တစ်ခါမျှ မဖန်ဆင်းနိုင်ခဲ့ပေ။ အရာအားလုံးဖြစ်တည်မှုအတွက် နိယာမများ၊ သို့မဟုတ် စည်းမျဉ်းတို့ကို တစ်ခါမျှ ၎င်းမချပေးနိုင်ခဲ့ပေ။ သို့မဟုတ် သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ မည်သည့်အရာဝတ္ထုကိုမျှ ၎င်း အုပ်စိုးပြီး အချုပ်အခြာအာဏာ ကိုင်စွဲနိုင်စွမ်း တစ်ခါမျှ မရှိခဲ့ပေ။ စကြဝဠာနှင့် မိုးမျက်နှာကြက်အတွင်းတွင် စာတန်ထံမှ ပေါက်ဖွားလာသည့်၊ သို့မဟုတ် ၎င်းကြောင့် ဖြစ်တည်နေသည့် လူပုဂ္ဂိုလ်တစ်ယောက်တလေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုတလေမျှ မရှိပေ။ လူတစ်ဦးမျှ သို့မဟုတ် အရာဝတ္ထုတစ်ခုမျှ ၎င်း၏ အချုပ်အခြာအာဏာအောက်တွင်ဖြစ်စေ၊ ၎င်း၏ အုပ်စိုးခံရခြင်းဖြစ်စေ မရှိချေ။ ဆန့်ကျင်ဘက်အနေနှင့် ၎င်းသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နေရရုံသာမကဘဲ ဘုရားသခင်၏ အမိန့်များနှင့် ခိုင်းစေမှုများအားလုံးကို ကျိုးနွံနာခံရသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ စာတန်သည် ကုန်းမြေပေါ်မှ ရေတစ်စက်၊ သို့မဟုတ် သဲတစ်ပွင့်ကိုပင် အလွယ်တကူ မထိနိုင်ပေ။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကိုမဆိုထားနှင့်၊ စာတန်သည် ကုန်းမြေပေါ်က ပုရွက်ဆိတ်များကိုပင်လျှင် ထိပါးပိုင်ခွင့်မရှိပေ။ ဘုရားသခင်၏ အမြင်တွင် စာတန်သည် တောင်ပေါ်က နှင်းပန်းများ၊ လေထဲတွင် ပျံနေသည့်ငှက်များ၊ ပင်လယ်ထဲက ငါးများနှင့် ကမ္ဘာမြေကြီးပေါ်က လောက်များထက် နိမ့်ကျသည်။ အရာအားလုံးထဲတွင် ၎င်း၏ကဏ္ဍသည် အရာအားလုံးကို အစေခံရန်၊ လူသားမျိုးနွယ်အတွက် အစေခံရန်နှင့် ဘုရားသခင်၏အမှုနှင့် သူ၏စီမံခန့်ခွဲမှု အစီအစဉ်တို့ကို အစေခံရန်ဖြစ်သည်။ ၎င်း၏သဘာဝက မည်မျှပင် မလိုမုန်းထားတတ်ပါစေ၊ ၎င်း၏အနှစ်သာရက မည်မျှပင် ကောက်ကျစ်ဆိုးယုတ်ပါစေ ၎င်းလုပ်နိုင်သည့် တစ်ခုတည်းသောအရာက ဘုရားသခင်အတွက် အစေခံမှုပေးခြင်းဟူသည့် ၎င်း၏ တာဝန်ကို ကျေပွန်စွာ လိုက်နာရန်နှင့် အဖြည့်ခံတစ်ဦးအနေဖြင့် ကောင်းမွန်စွာ အစေခံရန် ဖြစ်၏။ ယင်းမှာ စာတန်၏ အခြေအမြစ်နှင့် မူလနေရာဖြစ်သည်။ သူ၏ အနှစ်သာရသည် အသက်နှင့် ဆက်စပ်မှုမရှိပေ။ တန်ခိုးနှင့် ဆက်စပ်မှုမရှိပေ။ သြဇာအာဏာနှင့် ဆက်စပ်မှုမရှိပေ။ ၎င်းသည် ဘုရားသခင်၏ လက်ထဲမှ ကစားစရာတစ်ခုမျှသာဖြစ်သည်။ အစေခံမှုအတွက် ဘုရားသခင် အသုံးချသည့် စက်ယန္တရားတစ်လုံးသာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) စာတန်ဟာ ဘုရားသခင်ရဲ့ အလုပ်အတွက် အစေခံဖို့ အသုံးပြုခံရတဲ့ တန်ဆာပလာတစ်ခုပဲလို့ ဘုရားသခင်က ပြောထားတယ်။ စာတန်က ဘယ်လောက်ပဲ ရန်လိုပါစေ၊ သူ့သဘာဝက ဘယ်လောက်ပဲ ကောက်ကျစ်ဆိုးယုတ်ပါစေ၊ ဘုရားသခင် ခွင့်မပြုရင် စာတန်က ကျွန်မတို့ရဲ့ ဆံပင်တစ်မျှင်ကိုတောင် မထိရဲဘူး။ တကယ်လို့ ဘုရားသခင်က ကျွန်မကို အဖမ်းခံရဖို့ ခွင့်ပြုတယ်ဆိုရင် ဘုရားသခင်ရဲ့ အစီအစဉ်တွေနဲ့ စီစဉ်ညွှန်ကြားမှုတွေကို ကျွန်မ ကျိုးနွံနာခံသင့်တယ်၊ သခင်ယေရှုရဲ့ တပည့်တော်တွေကို အတုယူပြီး ကိုယ့်အသက်ကို စွန့်လွှတ်သင်တယ်။ ဒါပေမဲ့ အခု ကျွန်မ အဖမ်းမခံရသေးတဲ့အတွက် နောက်ဆက်တွဲအလုပ်ကို ကောင်းကောင်း လုပ်ဆောင်သင့်တယ်။ ဒီမှာ ကျွန်မတို့ ပူးပေါင်းဆောင်ရွက်လာတာ ကြာပြီ၊ အခြေအနေက တကယ်ဆိုးရွားပေမဲ့ စာအုပ်တချို့ကို လုံလုံခြုံခြုံ ရွှေ့ပြောင်းနိုင်ခဲ့တယ်ဆိုတာ ကျွန်မ တွေးမိတယ်။ ဒါတွေအားလုံးက ဘုရားသခင် ကျွန်မတို့ကို တစ်ဆင့်ပြီးတစ်ဆင့် လမ်းပြခဲ့တာပါ၊ ပြီးတော့ ဒါက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ ကာကွယ်မှုပါပဲ။ ဒါကို သိထားတော့ ဒီအခြေအနေကို ကြုံတွေ့ဖို့အတွက် ဘုရားသခင်ကို အားကိုးဖို့ ကျွန်မ ဆန္ဒရှိခဲ့တယ်။

နောက်ပိုင်းမှာ ခေါင်းဆောင်နှစ်ယောက်က အဖမ်းခံရပြီးတဲ့နောက်မှာ ယုဒတွေ ဖြစ်သွားပြီး၊ အသင်းတော်က ညီအစ်ကိုမောင်နှမတွေ အားလုံးနဲ့ စာအုပ်သိမ်းဆည်းတဲ့ အိမ်အားလုံးကို သူတို့ သစ္စာဖောက်ခဲ့ကြတယ်လို့ ကျွန်မ သိလိုက်ရတယ်။ စာအုပ်သိမ်းဆည်းတဲ့ အိမ်သုံးအိမ်က ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် စာအုပ်တွေကို ရဲတွေ သိမ်းဆည်းသွားတယ်၊ နောက်အိမ်တစ်အိမ်ကို ရဲတွေ လာရှာတဲ့အချိန်မှာ ဘာစာအုပ်မှ မတွေ့ခဲ့ဘူး၊ ပြီးတော့ ညီအစ်ကိုမောင်နှမတွေက ညချင်းပြီး စာအုပ်တွေကို ရွှေ့လိုက်ကြတယ်။ ဒါပေမဲ့ အဲဒီအချိန်ကစပြီး ဒီစာအုပ်သိမ်းဆည်းတဲ့အိမ်ကို ရဲတွေက စောင့်ကြည့်နေတာ။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို နှိမ်နင်းဖို့ လွတ်လမ်းမရှိတဲ့ ထောင်ချောက် ဆင်ထားပြီးပြီလို့လည်း ရဲတွေက ခြိမ်းခြောက်တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် စာအုပ်တွေကို ရဲတွေ ရှာမတွေ့ခဲ့တဲ့ နောက်ထပ် စာအုပ်သိမ်းဆည်းတဲ့အိမ် တစ်အိမ် ရှိသေးတယ်၊ အဲဒီက စာအုပ်တွေကိုလည်း မြန်မြန်ရွှေ့ဖို့ လိုနေတယ်။ ဒီလို စိုးရိမ်ရတဲ့ အခြေအနေမျိုးကို ရင်ဆိုင်ရတဲ့အခါ ကျွန်မ နည်းနည်း ကြောက်သွားမိတယ်၊ တွေးမိတာက “အဖမ်းခံရတဲ့သူတွေနဲ့ ငါက ခဏခဏ အဆက်အသွယ်လုပ်ခဲ့တာ၊ ရဲတွေက ငါ့ကို အချိန်မရွေး ပစ်မှတ်ထားနိုင်တယ်၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် စာအုပ်တွေကို ရွှေ့ဖို့သွားရင်းနဲ့ ငါ အဖမ်းခံရမလား” လို့ပေါ့။ ကျွန်မ နောက်ဆုတ်ချင်သလို ခံစားလာရတယ်။ ဒါပေမဲ့ ကျွန်မရဲ့ အခြေအနေ မှားနေမှန်း သိတာကြောင့် ဘုရားသခင်ဆီ ဆက်ပြီး ဆုတောင်းခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်၊ “ယုံကြည်ခြင်းသည် သစ်တစ်လုံးထိုးတံတားကဲ့သို့ ဖြစ်သည်။ အသက်ကို ဖက်တွယ်ထားပြီး သေခြင်းတရားကို ကြောက်ရွံ့သော သူတို့သည် ယင်းတံတားကို ဖြတ်ကူးရာတွင် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း မိမိတို့၏ အသက်ကို ပေးရန် အသင့်ရှိသော သူတို့သည် ခြေမြဲကာ စိုးရိမ်မှုကင်းလျက် ဖြတ်ကူးနိုင်ကြ၏။ လူတို့သည် တွန့်ဆုတ်ခြင်းနှင့် ကြောက်ရွံ့သော အတွေးများ သိုထားပါက၊ ယင်းမှာ စာတန်သည် ၎င်းတို့ကို လှည့်စားပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်ထဲသို့ ဝင်ရောက်ဖို့ ယုံကြည်ခြင်း တံတားအား ငါတို့ ဖြတ်ကူးမည်စိုးသောကြောင့်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆))ဘုရားသခင်က သင့်အပေါ် မည်သည့်အရာ တောင်းဆိုသည်ဖြစ်စေ၊ ယင်းအပေါ် အစွမ်းကုန် သင် အလုပ်လုပ်ရန်သာ လိုအပ်ပြီး၊ သင်သည် အဆုံး၌ ဘုရားသခင်၏ ရှေ့မှောက်သို့ လာနိုင်လိမ့်မည်ဖြစ်ပြီး သူ့အား သင်၏ အဆုံးစွန် ဆည်းကပ်မှုကို ပေးနိုင်လိမ့်မည်ဟု ငါမျှော်လင့်သည်။ ဘုရားသခင်သည် သူ၏ ပလ္လင်ထက်တွင် ထိုင်နေရင်း သူ၏ကျေနပ်နှစ်သက်သော အပြုံးကို သင် မြင်နိုင်သရွေ့၊ ဤအခိုက်အတန့်သည် သတ်မှတ်ထားသည့် သင်၏ သေဆုံးခြင်းအချိန်ဖြစ်လျှင်ပင်၊ သင်၏မျက်လုံးများပိတ်စဉ် သင်သည် ရယ်ကာ ပြုံးနိုင်သင့်ပေသည်။ ကမ္ဘာမြေကြီးပေါ်ရှိ သင်၏ အချိန်ကာလ အတောအတွင်းတွင်၊ သင်သည် ဘုရားသခင်အတွက် သင်၏နောက်ဆုံး တာဝန်ကို လုပ်ဆောင်ရမည်။ အတိတ်တွင် ပေတရုသည် ဘုရားသခင်အတွက် ဇောက်ထိုး ကားစင်တင်ခံခဲ့ရသည်။ သို့သော် သင်သည် အဆုံး၌ ဘုရားသခင်ကို စိတ်ကျေနပ်စေသင့်ပြီး ဘုရားသခင်အတွက် သင်၏အင်အားအလုံးစုံကို သုံးသင့်သည်။ ဘုရားသခင်၏ ကိုယ်စား ဖန်ဆင်းခံတစ်ဦးသည် မည်သည့်အရာ လုပ်ဆောင်နိုင်သနည်း။ ထို့ကြောင့် သူ ဆန္ဒရှိသည်အတိုင်း သင့်ကို စီစဉ်ညွှန်ကြားရန်အတွက် သင်သည် ဘုရားသခင်ထံ သင့်ကိုယ်သင် ကြိုတင်၍ ပေးအပ်သင့်သည်။ ယင်းက ဘုရားသခင်အား ပျော်ရွှင်စေပြီး ကျေနပ်စေသရွေ့၊ သင်နှင့်ပတ်သက်၍ သူ ဆန္ဒရှိသည်အတိုင်း လုပ်ဆောင်ပါလေ့စေ။ လူသားများသည် စောဒကတက်သည့် စကားများ ပြောဆိုရန် မည်သည့်အခွင့်ရှိသနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို ထုတ်ဖော်ချက်များ၊ အခန်း (၄၁)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို လှုံ့ဆော်ပေးခဲ့တယ်။ ပေတရုနဲ့ ကျွန်မ မယှဉ်နိုင်ပေမဲ့ သူ့ကို နမူနာယူရမယ်၊ ဘုရားသခင် အလိုရှိသလို ကျွန်မအတွက် အရာအားလုံးကို စီစဉ်ညွှန်ကြားခွင့် ပေးရမယ်။ ကိုယ့်အသက်ကို စွန့်စားပြီး စာအုပ်တွေကို ရွှေ့ပြောင်းရမယ်။ အဲဒီနောက်မှာ ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်မ စာအုပ်တွေကို လုံလုံခြုံခြုံ ရွှေ့ပြောင်းခဲ့တယ်။

ဒီအတွေ့အကြုံကနေတစ်ဆင့် ဘုရားသခင်ရဲ့ ဩဇာအာဏာ၊ သူ့ရဲ့ အနန္တတန်ခိုးနဲ့ ဉာဏ်ပညာကို ကျွန်မ တကယ် နားလည်သဘောပေါက်ခဲ့ပြီး ဘုရားသခင်အပေါ် ကျွန်မရဲ့ ယုံကြည်ခြင်းလည်း တိုးလာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့ သဘာဝကို ကျွန်မ သိမြင်လာခဲ့ရတယ်။ ဒီအသိတရားတွေနဲ့ အကျိုးကျေးဇူးတွေဟာ သက်တောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်မှာဆိုရင် ကျွန်မ ရနိုင်မှာ မဟုတ်တဲ့အရာတွေပါ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

လူသစ်တွေကို လေ့ကျင့်ပေးရင်း ကျွန်တော် ထုတ်ဖော်ခံရတယ်

ရှောင်ဇောင် ဂရိနိုင်ငံ နိုင်ငံတော်ဧဝံဂေလိတရား ပျံ့နှံ့လာတာနဲ့အမျှ၊ ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ကို စုံစမ်းတဲ့လူတွေက တစ်နေ့တခြား...

ကျွန်ုပ်၏ ကံကြမ္မာနှင့်ပတ်သက်၍ နောက်တစ်ဖန် လုံးဝ ညည်းညူမည်မဟုတ်ပါ

ကြီးပြင်းလာတော့ ကျွန်မရဲ့ မိသားစုက အတော်ဆင်းရဲခဲ့တယ်။ အခြေခံလိုအပ်တွေအတွက် ဘယ်တော့မှ မသေချာခဲ့ဘူး။ ကျွန်မတို့ကို ကျွေးမွေးဖို့ အမေက...

အလွယ်လမ်းလိုက်ခြင်းက တာဝန်များကို ပျက်စီးစေခြင်း

လူကျင်း၊ တရုတ်ပြည်၂၀၂၃ သြဂုတ်လမှာ ကျွန်မက လင်းမူနဲ့ စာနှင့်ပတ်သက်တဲ့တာဝန်တွေမှာ စပြီး ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ လင်းမူက ဒီတာဝန်ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။