သင့်မြတ်သော ပူးပေါင်းဆောင်ရွက်ခြင်းသို့ ကျွန်မ၏ ခက်ခဲသည့် လမ်းကြောင်း
ရှင်းချန် တရုတ်နိုင်ငံ ၂၀၂၀ခုနှစ်၊ ဇူလိုင်လမှာ ကျွန်မက အသင်းတော်ခေါင်းဆောင်တစ်ယောက်အဖြစ် အရွေးခံရတယ်။ ပြီးတော့ အစ်မချန်းနဲ့အတူ...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၃ ခုနှစ်၊ ဧပြီလမှာ အသင်းတော်မှာ ရေလောင်းသင်းထောက်တစ်ယောက်အနေနဲ့ ကျွန်တော် အစေခံနေခဲ့တယ်။ အဲဒီအချိန်တုန်းက တာဝန်ထမ်းဆောင်နေတဲ့ ညီအစ်ကိုမောင်နှမတွေအများကြီး စီစီပီရဲ့ ဖမ်းဆီးတာ ခံခဲ့ရပြီး အသင်းတော်အလုပ်က ရပ်တန့်သွားခဲ့တယ်။ နောက်ဆက်တွဲအလုပ်တွေကို လုပ်ဖို့ ညီအစ်ကိုမောင်နှမ နည်းနည်းနဲ့ ကျွန်တော် ပူးပေါင်းဆောင်ရွက်နေခဲ့ပေမဲ့၊ တိုးတက်မှုက အရမ်းနှေးနေတုန်းပဲ။ အချိန်နည်းနည်းကြာတော့၊ အစ်မချန်ဖိန်က အသင်းတော် ခေါင်းဆောင်အနေနဲ့ အရွေးခံခဲ့ရတယ်။ ပြီးတော့ ကျွန်တော် တွေးမိတာပေါ့။ “ဒါ အရမ်းကောင်းတယ်၊ ခေါင်းဆောင်တစ်ယောက်နဲ့ဆိုရင်၊ အလုပ်က အရမ်းကို မြန်မြန် တိုးတက်မှာပဲ” လို့ပေါ့။
တစ်နေ့မှာ၊ တရားဟောဆရာမ အစ်မဆုကျင်းနဲ့ပတ်သက်တဲ့ အကဲဖြတ်ချက်တွေ ရေးပေးဖို့ အထက်ခေါင်းဆောင်တွေက ကျွန်မတို့ကို စာရေးပြီး တောင်းဆိုလာတယ်။ ဆုကျင်းက ကျွန်တော်တို့ အသင်းတော်က အလုပ်အတွက် တာဝန်ရှိသူဖြစ်လို့၊ ကျွန်တော်တို့အားလုံး သူ့ကို ကောင်းကောင်းသိကြတယ်။ ဒါပေမဲ့ ချန်ဖိန်က ဘာမှရေးဖို့ မလိုလားဘူး။ ဆုကျင်းကို ကောင်းကောင်းမသိဘူးလို့တောင် သူ ပြောတယ်။ ကျွန်တော် ဇဝေဇဝါဖြစ်သွားပြီး တွေးမိတယ်။ “ချန်ဖိန် ဘာဖြစ်နေတာလဲ။ အရင်က ဆုကျင်းနဲ့ သူ အတော်လေး ထိတွေ့ဆက်ဆံဖူးတာပဲ။ ဒီတော့ ဆုကျင်းနဲ့ ထိတွေ့ဆက်ဆံရာကနေ သူရတဲ့ သိနားလည်မှုကိုအခြေခံပြီး ဓမ္မဓိဋ္ဌာန်ကျကျ သူ အကဲဖြတ်ပေးနိုင်မှာပဲလေ။ ဘာလို့ သူ ဘာမှမရေးချင်ရတာလဲ” လို့ပေါ့။ ရက်နည်းနည်းကြာတော့၊ ချန်ဖိန်နဲ့ ကျွန်တော် တွေ့ပြီး၊ သူက ကျွန်တော့်ကို ပြောတယ်။ “အဲဒီနေ့က ဆုကျင်းရဲ့ အကဲဖြတ်ချက်ကို ကျွန်မ ဘာလို့ မရေးချင်ခဲ့လဲဆိုတာ ရှင် သိလား။ ဆုကျင်းကို ဘယ်တာဝန် ပေးဖို့ ခေါင်းဆောင်တွေ ရည်ရွယ်ထားလဲတော့ ကျွန်မ မသိဘူး။ ဒါပေမဲ့ ဆုကျင်းက သင့်တော်တဲ့လူတစ်ယောက်လို့ ကျွန်မမထင်ဘူး” တဲ့။ ကျွန်တော် အသေးစိတ် ထပ်မေးကြည့်တော့၊ ချန်ဖိန်က ဒေါသတကြီး ပြောတယ်။ “ရှင် မသိလို့ပါ၊ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဆုကျင်း အစေခံနေတုန်းက၊ တကယ့်အလုပ်တစ်ခုမှ မလုပ်ခဲ့ဘူး။ တစ်ခါတုန်းက၊ အန္တိခရစ်တစ်ယောက်ကို နှင်ထုတ်ဖို့ အချက်အလက်တွေကို ကျွန်မတို့ ပင်ပင်ပန်းပန်း ပြင်ဆင်ခဲ့ပေမဲ့၊ ဆုကျင်းက ဘာအကြောင်းပြချက်မှ မပေးဘဲ လုပ်ငန်းစဉ်ကို ရပ်လိုက်တယ်လေ။ အဲဒီလူက အသင်းတော်မှာ အကြီးအကျယ် ရှုပ်ထွေးအောင် လုပ်ခဲ့ပေမဲ့၊ သူ့အကြောင်း အချက်အလက်တွေ စုစည်းတာကို ဆုကျင်းက ခွင့်မပြုခဲ့ဘူး။ ဒါက အသင်းတော်ရဲ့ သန့်စင်ခြင်းအလုပ်ကို တားဆီးနေတာ မဟုတ်ဘူးလား။ သူက အယောင်ဆောင် ခေါင်းဆောင်တစ်ယောက် မဟုတ်လား” တဲ့။ သူပြောတာ ကျွန်တော် မယုံမှာစိုးလို့၊ အရင်က သန့်စင်ခြင်းအလုပ်ကို သူလုပ်ဖူးပြီး လူတွေအပေါ် ပိုင်းခြားသိမြင်မှုနည်းနည်း ရှိခဲ့တယ်လို့တောင် ချန်ဖိန်က ကြွားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် နားလည်ထားသလောက်တော့ ဆုကျင်းက ချန်ဖိန် ပြောသလို လူစားမျိုး မဟုတ်ဘူး။ ချန်ဖိန်နဲ့ ဆုကျင်းကြားမှာ ပုဂ္ဂိုလ်ရေး အငြိုးအတေးတချို့ရှိမယ်လို့ ကျွန်တော် ရေးတေးတေး ခံစားမိတယ်။ မဟုတ်ရင်၊ ဆုကျင်းအပေါ် ချန်ဖိန်က ဘာလို့ ဒီလောက် ပြင်းပြင်းထန်ထန် အမြင်စောင်းနေမှာလဲ။ ဒါပေမဲ့ ဘာဖြစ်ခဲ့မှန်း ကျွန်တော် မသိတော့၊ ဘာမှ မပြောခဲ့ဘူး။ ချန်ဖိန်က ဆက်ပြောတယ်။ “အခုတလော၊ အသင်းတော်ထဲက ပြဿနာတွေကို ဆုကျင်းဆီ ကျွန်မ တင်ပြနေပေမဲ့၊ သူက တုံ့ပြန်တာမရှိဘူး။ တရားဟောဆရာမတစ်ယောက်အနေနဲ့၊ သူက လက်တွေ့ကျတဲ့ ပြဿနာတွေကို မဖြေရှင်းပေးဘူး” တဲ့။ ချန်ဖိန် ပြောတာတချို့က လက်တွေ့အရှိတရားနဲ့ မကိုက်ညီဘူးလို့ ခံစားရလို့ ဒါကို ကြားတော့ ကျွန်တော် နည်းနည်း အံ့ဩသွားတယ်။ ကျွန်တော်က ဆုကျင်းနဲ့ တစ်နှစ်ကျော် ပူးပေါင်းဆောင်ရွက်ဖူးတယ်။ သူ့အစွမ်းက နည်းနည်း နိမ့်ပေမဲ့၊ တကယ့်အလုပ်တချို့ကို လုပ်နိုင်ပါသေးတယ်။ နောက်ပြီး၊ ချန်ဖိန်က ပြဿနာတွေကို တင်ပြတုန်းက ကျွန်တော် ရှိနေခဲ့တာ။ အဲဒီအချိန်မှာ ဆုကျင်းက ဖြေရှင်းနည်း မတွေ့ခဲ့ပေမဲ့၊ လူတိုင်းနဲ့ ဆက်ဆွေးနွေးပြီး ဖြေရှင်းချက်တွေ ရှာဖွေခဲ့သလို၊ တကယ့် ပြဿနာတချို့ကို ဖြေရှင်းပေးခဲ့တယ်။ ဆုကျင်းက တကယ့်အလုပ် ဘာတစ်ခုမှ မလုပ်ဘူးလို့ ချန်ဖိန် ပြောသလိုမျိုး မဟုတ်ပါဘူး။ ခဏကြာတော့၊ ချန်ဖိန်က ကျွန်တော့်ကို စမ်းတဲ့သဘောနဲ့ မေးတယ်။ “ကျွန်မအမြင်တွေက လုံးဝမှန်ချင်မှမှန်မှာပါ။ ရှင်က ဆုကျင်းကို သိတာကြာပြီဆိုတော့၊ သူ့ကို ပိုနားလည်မှာပေါ့။ ရှင် ဘယ်လိုထင်လဲ” တဲ့။ ဒါနဲ့ ဆုကျင်းရဲ့ အားသာချက်တွေရော အားနည်းချက်တွေပါ ကျွန်တော် ပြောပြလိုက်တယ်။ ဆုကျင်းရဲ့ အားနည်းချက်တွေကို ကျွန်တော် ပြောတဲ့အခါ၊ ချန်ဖိန်က အရမ်းကျေနပ်ပုံရပေမဲ့၊ ဆုကျင်းရဲ့ အားသာချက်တွေကို ကျွန်တော် ပြောတဲ့အခါကျတော့၊ ချန်ဖိန်က ဝမ်းမသာတဲ့ပုံဖြစ်ပြီး နားမထောင်ချင်ခဲ့ဘူး။ နောက်ဆုံးတော့၊ သူက မပြောချင်ပြောချင်နဲ့ ပြောတယ်။ “ကျွန်မ သူ့ကို အမြင်စောင်းနေတာ ဖြစ်ရင်ဖြစ်မှာ” တဲ့။ အဲဒီနောက်ပိုင်း၊ ချန်ဖိန်က ကျွန်တော့်ကို အဲဒီကိစ္စ ထပ်မပြောတော့ဘူး။ ချန်ဖိန်က ဆုကျင်းကို အမြင်စောင်းနေတယ်လို့ ကျွန်တော် ခံစားရတယ်။ ပြီးတော့ ကျွန်တော့်ကို ဒီအကြောင်းတွေ ပြောတုန်းက ဆုကျင်းကို ကွယ်ရာမှာ ဝေဖန်နေပြီး သွေးခွဲဖို့ ကြိုးစားနေပုံရတယ်။ ကျွန်တော် တွေးမိတယ်။ “ဒါကို ဖြေရှင်းပေးဖို့ အထက်ခေါင်းဆောင်တွေဆီ ငါ တိုင်သင့်လား။ မဟုတ်ရင်၊ သူတို့ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်မှု မရှိတာက အလုပ်ကို ထိခိုက်မှာပဲ” လို့ပေါ့။ ဒါပေမဲ့ ပြီးတော့ ကျွန်တော် တွေးမိပြန်တယ်။ “အခြေအနေကို ငါ အပြည့်အဝ နားလည်တာ မဟုတ်ဘူး။ ငါသာ ဒါကို တိုင်လိုက်လို့ ချန်ဖိန် သိသွားရင်၊ ငါ့ကို ဖော်ကောင်လုပ်တဲ့လူလို့ စွပ်စွဲပြီး ငါ့ကို အခက်တွေ့အောင် လုပ်မလား” လို့ပေါ့။ ဒီအတွေးနဲ့၊ ကျွန်တော် မတိုင်ရဲခဲ့ဘူး။
ရက်နည်းနည်းကြာတော့၊ တခြားအသင်းတော်တစ်ခုက ခေါင်းဆောင် ဝူရှင်းဆီ ဆုကျင်းနဲ့ပတ်သက်တဲ့ သူ့ရဲ့ အမြင်စောင်းတာတွေကို ချန်ဖိန်က စကားဖြန့်တယ်။ ပြီးတော့ ဆုကျင်းက အယောင်ဆောင် အမှုဆောင်ပါလို့ ပြောပြီး ဧဝံဂေလိသင်းထောက် လီယွင်ကိုတောင် ဆွဲထည့်လိုက်သေးတယ်။ ကျွန်တော် နည်းနည်း အံ့ဩသွားပြီး တွေးမိတယ်။ “လီယွင်က ဘယ်လိုလုပ်ပြီး ဒီကိစ္စထဲ ပါလာရတာလဲ။ အခု သူက ချန်ဖိန်ဘက် ပါနေပြီ။ ဒါက အသေးအမွှား ကိစ္စတစ်ခု ဟုတ်ပုံမရဘူးပဲ။ အထက်ခေါင်းဆောင်တွေဆီ ငါ ချက်ချင်း တိုင်မှဖြစ်မယ်။ မဟုတ်ရင်၊ အသင်းတော်အလုပ်က ကမောက်ကမဖြစ်ကုန်မှာပဲ” လို့ပေါ့။ ဒါပေမဲ့ ကျွန်တော် စိုးရိမ်လည်းစိုးရိမ်မိတယ်၊ “ချန်ဖိန်က ငါ့အလုပ်ကို တာဝန်ယူထားတာ။ သူ့ပြဿနာတွေကို ငါ တိုင်လို့ သူသိသွားရင်၊ ငါ့ကို ဖိနှိပ်မလား၊ ညှဉ်းပန်းမလား” လို့ပေါ့။ ဒါကို တွေးမိပြီး၊ ကျွန်တော် နည်းနည်း ကြောက်သွားလို့ မတိုင်ရဲခဲ့ဘူး။
ရက်နည်းနည်းကြာတော့၊ သန့်စင်ခြင်းအလုပ်ကို တာဝန်ယူထားတဲ့ အစ်မတန်ချွန်းက ကျွန်တော့်ဆီ စာရေးလာတယ်။ ဆုကျင်းနဲ့ပတ်သက်တဲ့ သူ့ရဲ့ အမြင်စောင်းမှုတွေကို ချန်ဖိန်က သူ့ဆီလည်း ဖြန့်တယ်တဲ့။ ပြီးတော့ ဆုကျင်းနဲ့ ကောင်းကောင်း ပူးပေါင်းဆောင်ရွက်လို့ မရဘူး၊ ဆုကျင်းက သူ့ကို ပေးတဲ့ အကြံပြုချက် ဘာတစ်ခုမှ လက်မခံဘူးလို့ ချန်ဖိန်က ပြောတယ်တဲ့။ ဆုကျင်းရဲ့ တစ်လျှောက်လုံး အပြုအမူက ဘယ်လိုလဲဆိုတာ စုံစမ်းပေးဖို့တောင် ချန်ဖိန်က တန်ချွန်းကို ခိုင်းလိုက်သေးတယ်။ ကျွန်တော် အရမ်းအံ့ဩသွားတယ်။ အစတုန်းကတော့ ချန်ဖိန်က ဆုကျင်းအပေါ် ပုဂ္ဂိုလ်ရေး အမြင်စောင်းရှိရုံပဲလို့ ကျွန်တော် ထင်ခဲ့တာ။ ဒါပေမဲ့ ဒီကိစ္စတွေကို သိပြီးတဲ့နောက်မှာတော့၊ ဒီကိစ္စက သိပ်မရိုးရှင်းဘူးဆိုတာ ကျွန်တော် သဘောပေါက်လိုက်တယ်။ ချန်ဖိန်က ရည်ရွယ်ချက်ရှိရှိနဲ့ အုပ်စုဖွဲ့ပြီးတော့ ရှုပ်ထွေးအောင် လုပ်ဖို့ ကြိုးစားနေတာပဲ။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် အမှတ်မထင် တွေ့ခဲ့တယ်။ “လူတစ်ဦးကို ထင်ရာမြင်ရာ ပြစ်တင်ရှုတ်ချခြင်း၊ သမုတ်ခြင်းနှင့် ညှဉ်းပန်းခြင်း ဖြစ်စဉ်သည် အသင်းတော်တိုင်းတွင် မကြာခဏ ဖြစ်ပေါ်တတ်သည်။ ဥပမာအားဖြင့် အချို့လူများသည် ခေါင်းဆောင်တစ်ဦးဦး သို့မဟုတ် အမှုဆောင်တစ်ဦးဦးအပေါ် အာဃာတထားကြပြီး လက်စားချေရန်အလို့ငှာ သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်းတည်းဟူသော အကြောင်းပြချက်ဖြင့် ၎င်းတို့ကို ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးလျက် ၎င်းတို့၏ နောက်ကွယ်တွင် ၎င်းတို့အကြောင်းကို မှတ်ချက်များ ပေးကြလေသည်။ ထိုသို့သော လုပ်ရပ်များ၏ နောက်ကွယ်တွင်ရှိသည့် ကြံရွယ်ချက်နှင့် ရည်ရွယ်ချက်များက မှားယွင်းပေသည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဘုရားသခင်အတွက် သက်သေခံရန်နှင့် အခြားသူများကို အကျိုးပြုရန် သမ္မာတရားကို အမှန်တကယ် မိတ်သဟာယဖွဲ့နေခြင်းဖြစ်ပါက ထိုသူသည် မိမိ၏ ကိုယ်ပိုင် စစ်မှန်သော အတွေ့အကြုံများကို မိတ်သဟာယဖွဲ့သင့်ပြီး မိမိကိုယ်ကို စိတ်ဖြာလေ့လာဆွေးနွေးကာ သိရှိခြင်းဖြင့် အခြားသူများအတွက် အကျိုးကျေးဇူးဖြစ်စေသင့်သည်။ ထိုသို့သော လက်တွေ့လုပ်ဆောင်ခြင်းသည် ပိုကောင်းသောရလဒ်များကို ဖြစ်ထွန်းစေပြီး ဘုရားသခင် ရွေးချယ်ထားသောလူများက ယင်းကို အသိအမှတ်ပြုကြလိမ့်မည်။ အကယ်၍ တစ်စုံတစ်ဦး၏ မိတ်သဟာယဖွဲ့ခြင်းသည် အခြားသူတစ်ဦးကို ထိုးနှက်တိုက်ခိုက်ရန် သို့မဟုတ် လက်စားချေရန် ကြိုးပမ်းခြင်းဖြင့် ထိုသူကို ဖော်ထုတ်၊ တိုက်ခိုက်ကာ သေးသိမ်စေလျှင် ထိုမိတ်သဟာယဖွဲ့ခြင်း၏ ကြံရွယ်ချက်က မှားယွင်းပေသည်၊ ယင်းသည် တရားနည်းလမ်းမကျ ဖြစ်သည်၊ ဘုရားသခင်က စက်ဆုပ်ရွံရှာပြီး ညီအစ်ကိုမောင်နှမများအတွက် တည်ဆောက်စရာလည်း မဖြစ်ပေ။ အကယ်၍ တစ်စုံတစ်ဦး၏ ကြံရွယ်ချက်သည် အခြားသူများကို ပြစ်တင်ရှုတ်ချရန် သို့မဟုတ် ညှဉ်းပန်းရန် ဖြစ်ပါက ၎င်းသည် ဆိုးယုတ်သောသူတစ်ဦးဖြစ်ပြီး မကောင်းမှုကို ပြုနေခြင်းဖြစ်သည်။ ဆိုးယုတ်သောလူများနှင့် ပတ်သက်လာသည့်အခါ ဘုရားသခင် ရွေးချယ်ထားသော လူများအားလုံးက ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသင့်သည်။ အကယ်၍ တစ်စုံတစ်ဦးက လူတို့ကို တမင်တကာ ထိုးနှက်တိုက်ခိုက်ခြင်း၊ ဖော်ထုတ်ခြင်း သို့မဟုတ် သေးသိမ်စေခြင်း ပြုပါက ၎င်းတို့ကို မေတ္တာဖြင့် ကူညီသင့်သည်၊ မိတ်သဟာယဖွဲ့ပြီး စိတ်ဖြာလေ့လာဆွေးနွေးသင့်သည် သို့မဟုတ် ပြုပြင်သင့်ပေသည်။ အကယ်၍ ၎င်းသည် သမ္မာတရားကို လက်မခံနိုင်သည့်အပြင် မိမိကိုယ်ကို ပြုပြင်ရန် ခေါင်းမာစွာ ငြင်းဆန်ပါက ဤသည်မှာ လုံးဝ ကွဲပြားသော ကိစ္စရပ်တစ်ခုဖြစ်သည်။ အခြားသူများကို မကြာခဏ ထင်ရာမြင်ရာ ပြစ်တင်ရှုတ်ချခြင်း၊ သမုတ်ခြင်းနှင့် ညှဉ်းပန်းခြင်းတို့ကို ပြုသည့် ဆိုးယုတ်သောလူများနှင့် ပတ်သက်လာသည့်အခါ လူတိုင်းက ၎င်းတို့ကို ပိုင်းခြားသိမြင်ဖို့ သင်ယူနိုင်ကြရန်အလို့ငှာ ၎င်းတို့ကို စေ့စေ့စပ်စပ် ဖော်ထုတ်သင့်ပြီး ထို့နောက်တွင် ၎င်းတို့ကို ချုပ်ချယ်ကန့်သတ်ခြင်း သို့မဟုတ် အသင်းတော်မှ နှင်ထုတ်ခြင်း ပြုသင့်သည်။ ထိုသို့သောလူများသည် အသင်းတော်အသက်တာနှင့် အသင်းတော်အလုပ်ကို နှောင့်ယှက်သောကြောင့်လည်းကောင်း၊ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေပြီး အသင်းတော်အပေါ် ကမောက်ကမ အခြေအနေများ ဖြစ်စေနိုင်ချေ ရှိသောကြောင့်လည်းကောင်း ဤသည်မှာ မဖြစ်မနေလုပ်ဆောင်ရန် လိုအပ်သည်။...ဤလူတို့၏ အပြုအမူသည် အသင်းတော်အသက်တာကို ထိခိုက်မှု ရှိစေရုံသာမက အသင်းတော်တွင် ပဋိပက္ခကိုလည်း ဖြစ်ပေါ်စေသည်။ ယင်းသည် အသင်းတော်၏ အလုပ်တစ်ခုလုံးနှင့် ဧဝံဂေလိတရား ဖြန့်ဝေခြင်းကိုပင် သက်ရောက်မှုရှိနိုင်သည်။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤလူစားမျိုးကို သတိပေးရန် လိုအပ်ပြီး ၎င်းတို့ကို ချုပ်ချယ်ကန့်သတ်ကာ ကိုင်တွယ်ရန်လည်း လိုအပ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၅)) ဘုရားနှုတ်ကပတ်တော်တွေက အရမ်းရှင်းလင်းပါတယ်။ တခြားသူတွေကို ထင်ရာမြင်ရာ ဝေဖန်ပြီး ရှုတ်ချတာက မကောင်းမှုလုပ်တာပါပဲ။ အဲဒါက အသင်းတော်အလုပ်ကို နှောင့်ယှက်တာဖြစ်ပြီး ဒီလိုလုပ်တဲ့လူတွေကို ချက်ချင်း ကန့်သတ်ရမယ်။ လတ်တလော အဖြစ်အပျက်တွေကို ဆင်ခြင်သုံးသပ်ပြီး ကျွန်တော် တွေးမိတယ်။ “ဆုကျင်းမှာ ပြဿနာတချို့ ရှိပေမဲ့၊ တကယ့်အလုပ်တချို့ကို သူ လုပ်နိုင်ပါသေးတယ်။ ဒါဆို ဘာလို့ ချန်ဖိန်က သူ့အပြစ်တွေ၊ ပြဿနာတွေကိုပဲ တရားသေ စွဲကိုင်နေရတာလဲ။ ဆုကျင်း မသင့်တော်တာတစ်ခုခု လုပ်နေတာကို ချန်ဖိန် မြင်ရင်၊ သူ့ကို ထောက်ပြတာဖြစ်ဖြစ်၊ အထက်ခေါင်းဆောင်ဆီ တိုင်တာဖြစ်ဖြစ် လုပ်လို့ရနိုင်တာပဲလေ။ ဘာလို့ ချန်ဖိန်က ဒီအကြောင်းတွေကို ငါ့ကို လာပြောနေရတာလဲ။ ပြီးတော့ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဆုကျင်းအပေါ်ထားတဲ့ သူ့ရဲ့ အငြိုးအတေးတွေကိုတောင် ဘာလို့ ဖွင့်ချနေရတာလဲ။ ဒါ သွေးခွဲနေတာ မဟုတ်ဘူးလား။ ဒါ ဆုကျင်းကို သေးသိမ်အောင်လုပ်နေတာ မဟုတ်ဘူးလား။ နောက်ပြီးတော့၊ သူက ငါ့ရှေ့မှာ ဆုကျင်းကို ဝေဖန်ရုံတင်မကဘဲ၊ တခြားအသင်းတော်က ခေါင်းဆောင်နဲ့ ဧဝံဂေလိသင်းထောက်ကို ဆွဲထည့်ဖို့လည်း ကြိုးစားနေတယ်။ သန့်စင်ခြင်းအလုပ်ကို တာဝန်ယူထားတဲ့ ညီအစ်မဆီကိုတောင် ဖြန့်နေသေးတယ်။ ချန်ဖိန် လုပ်နေတာက အသင်းတော်အလုပ်ကို ကာကွယ်ဖို့ မဟုတ်တာ သေချာသလို၊ ဆုကျင်းကို ကူညီဖို့လည်း မဟုတ်ပါဘူး။ သူက ဆုကျင်းကို ဖြုတ်ချဖို့အတွက် ဆုကျင်းကို ဝေဖန်ပြီး ဖယ်ကြဉ်တဲ့နေရာမှာ လူတွေ သူ့ဘက်ပါအောင် ရည်ရွယ်ချက်နဲ့ အုပ်စုဖွဲ့ပြီး ပရမ်းပတာအခြေအနေကို လှုံ့ဆော်ဖို့ ကြိုးစားနေတာပဲ” လို့ပေါ့။ ဒီအတွေးတွေကြောင့် ကျွန်တော် စိုးရိမ်သွားတယ်။ “အသင်းတော်က စီစီပီရဲ့ နှိမ်နင်းမှုကို ခံရခါစရှိသေးတယ်။ ညီအစ်ကိုမောင်နှမ အများကြီး ပုံမှန် အသင်းတော်အသက်တာနဲ့ ရှင်သန်လို့မရဘူး၊ ပြီးတော့ အသင်းတော်အလုပ်အားလုံးက ပြန်လည်နာလန်ထူစပဲ ရှိသေးတယ်။ ဒီအချိန်မှာ ပရမ်းပတာ ဖြစ်ရင်၊ အသင်းတော်အလုပ်ရော ညီအစ်ကိုမောင်နှမတွေရဲ့ အသက်တာတွေပါ အကြီးအကျယ် ထိခိုက်ခံစားရမှာပဲ” လို့ပေါ့။ ဒီကိစ္စကို တိုင်ကြားတဲ့ စာတစ်စောင် ရေးဖို့ ကျွန်တော် စဉ်းစားခဲ့တယ်။ ဒါပေမဲ့ ရေးခါနီးကျတော့၊ ကျွန်တော် တုံ့ဆိုင်းသွားပြန်တယ်။ “ချန်ဖိန်က ငါ့အလုပ်ကို တာဝန်ယူထားတာ။ ငါ စာရေးလိုက်တာကို သူသိသွားရင်၊ ငါ့ကို တိုက်ခိုက်ပြီး ဖယ်ထုတ်မလား။ ငါ့ကို အခက်တွေ့အောင် လုပ်မလား။ ဒါမှမဟုတ် ငါ့ကို ညှဉ်းပန်းဖို့၊ နှင်ထုတ်ဖို့ ငါ့အပြစ်တွေကို သူ အမိအရအသုံးချတာတောင် လုပ်မလား။ အဲဒီလိုဖြစ်ရင်၊ ကယ်တင်ခံရမဲ့ ငါ့ရဲ့အခွင့်အရေး ပျက်စီးသွားမှာ မဟုတ်လား” လို့ တွေးမိတယ်။ ဒီအတွေးကြောင့် ကျွန်တော် ကြောက်သွားပြီး ကိုယ့်ကိုယ်ကိုယ် ပြောမိတယ်။ “သူများအိမ်တံစက်မြိတ်အောက်နေရရင် ခေါင်းငုံ့ရစမြဲပဲလေ။ ချန်ဖိန်က ငါ့အလုပ်အတွက် တာဝန်ရှိသူပဲ။ ငါ သူ့ကို စိတ်အနှောင့်အယှက်ပေးမိပြီး သူက ငါ့ကို ညှဉ်းဆဲရင်၊ ဘယ်သူသိမှာလဲ။ ဘယ်သူ ငါ့ကို ကူညီမှာလဲ။ ထားလိုက်ပါတော့၊ ဝင်မပါတာ ပိုကောင်းပါတယ်။ မဟုတ်ရင် ကိုယ့်ဒုက္ခကိုယ်ရှာမိမယ်” လို့ပေါ့။ ဒါနဲ့ ဒီကိစ္စကို မတိုင်ဘဲ ကျွန်တော် ဆက်နေလိုက်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ၊ ကျွန်တော့်စိတ်ထဲ တောက်လျှောက် လိပ်ပြာမလုံ ဖြစ်နေခဲ့တယ်။
တစ်နေ့ ဝတ်ပြုနေတုန်း၊ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် တွေ့လိုက်ရတယ်။ “သင်တို့အားလုံးက ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အရေးထားကာ၊ အသင်းတော်၏ သက်သေခံချက်ကို စောင့်ထိန်းမည်ဟု ပြောကြသော်လည်း၊ သင်တို့ထဲမှ မည်သူသည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် အရေးထားခဲ့ကြပြီနည်း။ သင့်ကိုယ်သင် မေးလော့။ သင်သည် ဘုရားသခင်၏ ဝန်ထုပ် ဝန်ပိုးကို ထည့်သွင်းစဉ်းစားမှု ပြသသော သူတစ်စုံတစ်ဦးလော။ ဘုရားသခင်အတွက် ဖြောင့်မတ်ခြင်းတရားကို သင်လက်တွေ့ လုပ်ဆောင်နိုင်သလော။ ငါ့အတွက် သင်ထရပ်ကာ ပြောဆိုနိုင်သလော။ သင်သည် သမ္မာတရားကို တည်ကြည်ခိုင်မာစွာ လက်တွေ့လုပ်ဆောင် နိုင်သလော။ စာတန်၏ လုပ်ရပ်အားလုံးကို ဆန့်ကျင်တိုက်ခိုက်ရလောက်အောင် သင်သည် ရဲရင့်သလော။ သင်သည် သင်၏ ခံစားချက်များကို ဘေးဖယ်ကာ ငါ၏ သမ္မာတရားအတွက် စာတန်ကို ဖော်ထုတ်ပေးနိုင်မည်လော။ သင့်အထဲတွင် ငါ၏ ရည်ရွယ်ချက်ကို ဖြည့်ဆည်းဖို့အတွက် လုပ်ဆောင်ခွင့် သင် ပေးနိုင်သလော။ အရေးပါသော အခိုက်အတန့်များတွင် သင်၏နှလုံးသားကို သင် ပူဇော်ဆက်ကပ်ပြီးပြီလော။ သင်သည် ငါ၏အလိုတော်ကို လိုက်လျှောက်သောသူတစ်ဦးလော။ ဤမေးခွန်းများကို သင့်ကိုယ်သင် မကြာခဏ မေးပြီး ၎င်းတို့နှင့်ပတ်သက်၍ မကြာခဏ စဉ်းစားလော့။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) “လူတစ်ယောက်၏ စိတ်သည် စက်ထက်ပို၍ လျင်မြန်ဆဲဖြစ်သည်။ သူသည် မည်သို့ ကျင့်သားရအောင်လုပ်ဆောင်ရမည်ကို သိသည်။ အခြေအနေများကို ကြုံတွေ့သောအခါ၌ မည်သည့်လုပ်ဆောင်မှုများက သူ၏ကိုယ်ကျိုးကို ပံ့ပိုးပေးပြီး မည်သည့်လုပ်ဆောင်မှုများက မပံ့ပိုးသည်ကို သိသည်။ ပြီးလျှင် သူသည် နည်းလမ်းတိုင်းကို လိုသလို လျင်မြန်စွာ အသုံးချနိုင်သည်။ အကျိုးဆက်အနေဖြင့် အချို့သောအရာများကို သင်ရင်ဆိုင်ရသည့် အချိန်တိုင်းတွင် ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှုအနည်းငယ်သည် ခိုင်မာစွာ ရပ်တည်ရန် မတတ်နိုင်ပေ။ သင်သည် ဘုရားသခင်အပေါ် ကောက်ကျစ်စွာ ပြုမူလုပ်ဆောင်သည်။ ဘုရားသခင်အား ဆန့်ကျင်၍ နည်းဗျူဟာများကို ပါဝင်လုပ်ဆောင်ပြီး လှည့်ကွက်များ ကစားသည်။ ဤသည်မှာ ဘုရားသခင်အပေါ် သင်၏ စစ်မှန်သော ယုံကြည်မှုကင်းမဲ့ခြင်းကို ဖွင့်ပြသည်။ ဘုရားသခင်သည် ယုံကြည်ဖို့ မထိုက်တန်ဟုလည်းကောင်း၊ သူသည်သင့်အား ကာကွယ်နိုင်လောက်မည်မဟုတ်၊ သို့မဟုတ် သင်၏ ဘေးကင်းလုံခြုံမှုကို သေချာစေမည်မဟုတ်ဟုလည်းကောင်း၊ ဘုရားသခင်က သင့်အား သေခွင့်ပင် ပေးကောင်းပေးနိုင်သည်ဟုလည်းကောင်း သင်ထင်သည်။ ဘုရားသခင်က စိတ်မချရဟုလည်းကောင်း၊ သင့်ကိုယ်သင်အားကိုးမှသာ သေချာနိုင်သည်ဟုလည်းကောင်း သင် ခံစားရသည်။ အဆုံးတွင် မည်သည့်အရာ ဖြစ်ပျက်သနည်း။ မည်သည့်အခြေအနေ၊ သို့မဟုတ် အမှုကိစ္စများကို သင်ရင်ဆိုင်ရသည်ဖြစ်စေ ယင်းတို့ကို ဤနည်းလမ်း၊ နည်းဗျူဟာနှင့် မဟာဗျူဟာများအား အသုံးပြုပြီး သင်ချဉ်းကပ်သည်။ ပြီးလျှင် သင်သည် ဘုရားသခင်အတွက် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ မရပ်တည်နိုင်ပေ။ မည်သို့သော အခြေအနေများတွင်မဆို သင်သည် စံနှုန်းပြည့်မီသော ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်နိုင်စွမ်းမရှိ၊ ဘဏ္ဍာစိုးတစ်ဦး၏ အရည်အသွေးများ သို့မဟုတ် လုပ်ဆောင်ချက်များကို ပြသနိုင်စွမ်းမရှိ၊ သစ္စာစောင့်သိမှုကို ပြသနိုင်စွမ်းမရှိသဖြင့် သင်၏ သက်သေခံချက်ကို ဆုံးရှုံးသည်။ သင် ရင်ဆိုင်ရသော ကိစ္စရပ်များ မည်မျှပင်များပြားစေကာမူ သင်သည် ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်းအားဖြင့် သင်၏ သစ္စာစောင့်သိမှုကို ပြသရန်နှင့် သင်၏ တာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ပျက်ကွက်သည်။ ထို့ကြောင့် နောက်ဆုံးရလဒ်မှာ သင် မည်သည့်အရာမျှ မရရှိခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်ရဲ့ အခြေအနေအတိအကျကို ဖော်ထုတ်လိုက်တယ်။ ကိစ္စတွေ အဆင်ချောနေတုန်းတော့၊ ဘုရားသခင်က အရာအားလုံးအပေါ် အချုပ်အခြာအာဏာ ရှိပြီး ကျွန်တော့် ကံကြမ္မာက ဘုရားလက်ထဲမှာ ရှိပါတယ်လို့ ကျွန်တော် ကြွေးကြော်ခဲ့တယ်။ ဒါပေမဲ့ ချန်ဖိန်က အုပ်စုဖွဲ့ပြီး ပရမ်းပတာဖြစ်အောင် လှုံ့ဆော်ဖို့ ကြိုးစားနေတာကို မြင်တဲ့အခါ၊ အမြန်ဖြေရှင်းနိုင်အောင် အထက်ခေါင်းဆောင်တွေဆီ တိုင်သင့်မှန်း ကျွန်တော် သိခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်အပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်း ကင်းမဲ့ပြီး ကျွန်တော့်စိတ်နှလုံးက စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နေခဲ့တယ်။ ကျွန်တော် သူ့ကို တိုင်တာ ချန်ဖိန် သိသွားရင်၊ ကျွန်တော့်ကို ညှဉ်းပန်းပြီး လက်တုံ့ပြန်ဖို့ အခွင့်အရေးရှာမှာ၊ ပြီးတော့ ကျွန်တော် နှင်ထုတ်ခံရအောင်တောင် သူလုပ်လိုက်မှာကို ကြောက်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့၊ ချန်ဖိန်ရဲ့ ပြဿနာတွေကို ကျွန်တော် မတိုင်ခဲ့ဘူး။ ဘုရားကို ယုံကြည်ပါတယ်လို့ အခိုင်အမာ ပြောပေမဲ့ သူ့ရဲ့ အချုပ်အခြာအာဏာကို ကျွန်တော် မယုံကြည်ခဲ့ဘူး။ ကျွန်တော့် ကံကြမ္မာက ခေါင်းဆောင်တွေလက်ထဲမှာ ရှိတယ်ဆိုတာနဲ့ ခေါင်းဆောင်တစ်ယောက်က ကျွန်တော့်ကို ညှဉ်းပန်းရင်၊ ဘုရားသခင်က ကျွန်တော့်ကို ကာကွယ်ပေးမပေး မသေချာဘူးလို့တောင် ယုံကြည်ခဲ့တယ်။ ဒီအမြင်က မယုံကြည်သူတစ်ယောက်ရဲ့ အမြင်နဲ့ ဘာကွာလို့လဲ။ ပြဿနာရဲ့ သဘာဝကို ကျွန်တော် ရှင်းရှင်းလင်းလင်း မြင်ခဲ့ပေမဲ့ တိုင်လိုစိတ်မရှိခဲ့ဘူး။ ခေါင်းဆောင်က ကျွန်တော့်ကို တိုက်ခိုက်ပြီး ဖယ်ကြဉ်မှာကြောက်လို့ ကျွန်တော့်ကိုယ်ကျိုးစီးပွားတွေကိုပဲ အမြဲ ကာကွယ်နေခဲ့တယ်။ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ကျွန်တော် လုံးဝ မကာကွယ်ခဲ့ဘူး။ ကျွန်တော် အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာဖြစ်ခဲ့တာပဲ။
နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့တယ်။ “သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ဂုဏ်သိက္ခာ၊ ဂုဏ်သတင်း၊ အဆင့်အတန်းတို့အတွက် ဆင်ခြင်စဉ်းစားခြင်း မပြုနှင့်၊ ထို့ပြင် ကိုယ့်ကိုယ်ကျိုးစီးပွားအတွက် ဆင်ခြင်စဉ်းစားခြင်း မပြုနှင့်။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ရှေ့တန်းတင်၍ ဆင်ခြင်စဉ်းစားရမည်ဖြစ်ပြီး ယင်းကို သင်၏ ဦးစားပေးအဖြစ် ထားရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် အလေးထားသင့်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာစောင့်သိခြင်းရှိမရှိ၊ သင်၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းရှိမရှိ၊ အစွမ်းကုန် လုပ်ဆောင်ခြင်းရှိမရှိ၊ သင်၏ တာဝန်နှင့် အသင်းတော်၏ အလုပ်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် စဉ်းစားခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ရှေ့တန်းတင်၍ ချင့်ချိန်စဉ်းစားရမည်။ ဤအရာများကို သင် စဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးပြီး နားလည်အောင် ကြံဆလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှာ၊ ကျွန်တော် အရမ်းရှက်မိတယ်။ လူတွေအပေါ် ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေက မမြင့်မားပါဘူး။ တစ်ခုခုဖြစ်တဲ့အခါ၊ လူတွေက ကိုယ်တော်ရဲ့ အိမ်တော်အကျိုးစီးပွားကို ကာကွယ်ပြီး သူတို့တတ်နိုင်သမျှ အကောင်းဆုံး တာဝန်ထမ်းဆောင်နိုင်ဖို့ပဲ ကိုယ်တော် မျှော်လင့်ရှာတာပါ။ ဒီလိုဆိုရင် ဘုရားသခင် စိတ်ကျေနပ်မှာပဲ။ ချန်ဖိန်က သူများတွေကို သေးသိမ်အောင်လုပ်တာ၊ အသင်းတော်ကို နှောင့်ယှက်ပြီး ပရမ်းပတာဖြစ်အောင် လှုံ့ဆော်တာတွေကို ကျွန်တော် အတည်ပြုပြီးသားဖြစ်သလို၊ ဒီပြဿနာကို ချက်ချင်း မဖြေရှင်းရင်၊ အသင်းတော်အလုပ်ကို အကြီးအကျယ် အဟန့်အတားဖြစ်မယ်ဆိုတာလည်း ကျွန်တော် သိခဲ့တယ်။ ဒါပေမဲ့ ညှဉ်းပန်းခံရမှာ ကြောက်လို့၊ ကျွန်တော် တိုင်ဖို့ ဆန္ဒမရှိခဲ့ဘူး။ အဲဒီအစား၊ ဒီကိစ္စကို ကျွန်တော် ရှောင်ပြီး လျစ်လျူရှုဖို့ ရွေးချယ်ခဲ့တယ်။ ကျွန်တော့်ရဲ့ အသိစိတ်နဲ့ ဆင်ခြင်တုံတရားက ဘယ်မှာလဲ။ ကျွန်တော့်သဘောထားက စာတန်ကို အသင်းတော်အလုပ် နှောင့်ယှက်ခွင့်ပေးနေတာဖြစ်ပြီး၊ ဒါက ဘုရားသခင်ကို သစ္စာဖောက်တာပဲ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကျွန်တော် မကြိုးစားလို့ မဖြစ်တော့ဘူး။ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ကျွန်တော် ဦးစားပေးရမယ်။ ဘုရားသခင်က ဖြောင့်မတ်ပြီး၊ ဘုရားအိမ်တော်မှာ သမ္မာတရား အုပ်စိုးတယ်။ ကျွန်တော်သာ ဒီကိစ္စကို မှန်မှန်ကန်ကန် တိုင်မယ်ဆိုရင်၊ ချန်ဖိန်က ကျွန်တော့်ကို ဘာမှလုပ်လို့မရပါဘူး။ ကျွန်တော် ညှဉ်းပန်းခံရပြီး ဖိနှိပ်ခံရရင်တောင်၊ ဒါက ကျွန်တော် ကြုံတွေ့သင့်တဲ့အရာဖြစ်ပြီး သင်ယူဖို့လိုတဲ့ သင်ခန်းစာတစ်ခု ရှိမှာပဲလေ။ ညီအစ်ကိုမောင်နှမတချို့ရဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တွေကိုလည်း ကျွန်တော် ဖတ်ခဲ့တယ်။ အန္တိခရစ်တွေ၊ ဆိုးယုတ်တဲ့ လူတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ သူတို့ထဲက တချို့က ညှဉ်းပန်းခံရမှာ စိုးရိမ်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကြိုးစားတဲ့အခြေအနေထဲ အစပိုင်းမှာ ရောက်သွားကြတယ်။ ဒါပေမဲ့ ဆုတောင်း၊ ရှာဖွေတာကနေတစ်ဆင့် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်ပြီးနောက်မှာ၊ ဒီအန္တိခရစ်တွေနဲ့ ဆိုးယုတ်တဲ့လူတွေရဲ့ ဒုစရိုက်အမှုတွေကို သူတို့ တိုင်ခဲ့ကြတယ်။ စုံစမ်းစစ်ဆေးပြီး အတည်ပြုပြီးတဲ့နောက်မှာတော့၊ ဒီအန္တိခရစ်တွေနဲ့ ဆိုးယုတ်တဲ့လူတွေက နောက်ဆုံးမှာ နှင်ထုတ်ခံရပြီး၊ အသင်းတော်အလုပ်က ပုံမှန်ပြန်ဖြစ်သွားတယ်။ သူတို့ရဲ့ သက်သေခံချက်တွေကို ဖတ်ပြီးတဲ့နောက်မှာ၊ ကျွန်တော် အများကြီး အားရှိသွားတယ်။ ကျွန်တော် တွေးမိတယ်။ “ဒီကိစ္စကို တိုင်ဖို့ ဘုရားသခင်ကို ငါ အားကိုးရမယ်။ အဲဒါမှ အထက်ခေါင်းဆောင်တွေက အခြေအနေကို နားလည်ပြီး၊ ဒီပရမ်းပတာ အခြေအနေကို အမြန်ဆုံးဖြေရှင်းဖို့ တစ်ယောက်ယောက်ကို စီစဉ်ပေးနိုင်မယ်။ ပြီးတော့ အသင်းတော်အလုပ်ရဲ့ ပုံမှန် ဖွဲ့စည်းပုံစနစ်ကို ပြန်ထိန်းသိမ်းနိုင်မယ်။ ဒါက ငါ့တာဝန်နဲ့ ဝတ္တရားဖြစ်လို့ ငါ ရှောင်လွှဲလို့မရဘူး” လို့ပေါ့။ ဒါကြောင့် ဖြစ်ပျက်ခဲ့သမျှ အားလုံးကို ကျွန်တော် ချရေးပြီး အထက်ခေါင်းဆောင်တွေဆီ တိုင်စာ ပို့လိုက်တယ်။ ဒီလို လက်တွေ့လုပ်ဆောင်လိုက်တော့၊ ကျွန်တော် စိတ်အေးချမ်းသွားတယ်။
နောက်ပိုင်းမှာ ကျွန်တော် ဆင်ခြင်သုံးသပ်မိတယ်။ “ချန်ဖိန် အုပ်စုဖွဲ့ဖို့ ကြိုးစားနေတာကို ဖော်ထုတ်ဖို့၊ တိုင်ကြားဖို့ ငါ ဘာလို့ သတ္တိမရှိခဲ့တာလဲ။ ဒါရဲ့ နောက်ကွယ်က အကြောင်းရင်းက ဘာလဲ” လို့ပေါ့။ တစ်နေ့မှာ၊ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်ခဲ့တယ်။ “ဤသို့ဆိုလျှင် သင်တို့သည် ဆိုးယုတ်သောလူများအား ကိုင်တွယ်ပြီး ရင်ဆိုင်နိုင်စွမ်းမရှိခြင်း၏ အရင်းအမြစ်မှာ အဘယ်နည်း။ သင်တို့၏ ပင်ကိုအားဖြင့် သူရဲဘောကြောင်ခြင်း၊ တွန့်ဆုတ်ခြင်း၊ ပြဿနာကို ကြောက်တတ်ခြင်း ဖြစ်သလော။ ဤသည်မှာ အကြောင်းရင်း မဟုတ်သကဲ့သို့ ပြဿနာ၏ အနှစ်သာရလည်း မဟုတ်။ ပြဿနာ၏ အနှစ်သာရမှာ လူတို့သည် ဘုရားသခင်အပေါ် သစ္စာမရှိခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကာကွယ်သည်။ ၎င်းတို့ကိုယ်တိုင်ဘေးကင်းလုံခြုံမှု၊ ၎င်းတို့၏ ဂုဏ်သိက္ခာ၊ ၎င်းတို့၏ အဆင့်အတန်းနှင့် ၎င်းတို့၏ လွတ်မြောက်ရာလမ်းတို့ကို ကာကွယ်သည်။ ၎င်းတို့၏ သစ္စာမရှိခြင်းသည် ၎င်းတို့က အစဉ်သဖြင့် မိမိတို့ကိုယ်ကို ကာကွယ်ပြီး တစ်စုံတစ်ခုကို ရင်ဆိုင်ရသောအခါတိုင်းတွင် လိပ်က သူ၏အခွံထဲသို့ ပြန်ဝင်သကဲ့သို့ နောက်ဆုတ်ခြင်း၊ ခေါင်းကို အပြင်သို့ ပြန်မထုတ်မီတွင် ကိစ္စများပြီးသွားသည်အထိ စောင့်ခြင်း၌ ပေါ်လွင်သည်။ ၎င်းတို့သည် မည်သည့်အရာနှင့် ကြုံရသည်ဖြစ်စေ အစဉ်သဖြင့် သတိထားနေကြသည်။ စိတ်သောက၊ စိုးရိမ်မှုနှင့် ပူပန်မှုများစွာရှိသည်။ အသင်းတော်၏အလုပ်ကို ရပ်တည်ပြီး မခုခံနိုင်ပေ။ ဤတွင် ပြဿနာသည် အဘယ်နည်း။ ယုံကြည်ခြင်း ကင်းမဲ့မှုမဟုတ်သလော။ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းမရှိ။ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ရှိသည်ဟု သင် မယုံကြည်။ ပြီးလျှင် သင်၏အသက်နှင့် သင်နှင့်ပတ်သက်သော အရာရာတိုင်းသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်ကို သင်မယုံကြည်ပေ။ ‘ဘုရားသခင်၏ ခွင့်ပြုချက်မရှိဘဲ စာတန်သည် သင့်ကိုယ်ခန္ဓာပေါ်မှ အမွေးတစ်မျှင်ကိုပင် မထိရဲပေ’ ဟု ဘုရားသခင် ပြောသည့်အရာကို သင်မယုံကြည်ပေ။ သင်သည် အချက်အလက်များကို အကဲဖြတ်ရန် ကိုယ့်မျက်စိကိုယ် အားကိုး၏။ သင်သည် သင်၏ ကိုယ်ပိုင်တွက်ချက်မှုများအပေါ် အခြေခံပြီး အကဲဖြတ်ကာ အချိန်တိုင်း သင့်ကိုယ်သင် ကာကွယ်နေသည်။ လူတစ်ယောက်၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ဟု သင် မယုံကြည်ပေ။ သင်သည် စာတန်ကို ကြောက်သည်။ ဆိုးယုတ်သော အင်အားစုများနှင့် ဆိုးယုတ်သောလူများကို ကြောက်သည်။ ဤသည်မှာ ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း မရှိခြင်းပင် မဟုတ်လော။ (ဟုတ်ပါသည်။) အဘယ်ကြောင့် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း မရှိရသနည်း။ ယင်းမှာ လူတို့၏ အတွေ့အကြုံများက အလွန်ပေါ့တန်ပြီး ၎င်းတို့ နားလည်သော သမ္မာတရားများက ၎င်းတို့ကို ဤအမှုအရာများကို ထိုးထွင်းသိမြင်ခွင့် ပြုရန် အလွန်နည်းပါးသောကြောင့်လော၊ သို့မဟုတ် အဘယ်အရာကြောင့်နည်း။ ယင်းမှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်လည်း သက်ဆိုင်သည် မဟုတ်လော။ ယင်းမှာ လူတို့သည် အလွန် လှည့်ဖြားတတ်သောကြောင့် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် အမှုအရာမည်မျှကို ကြုံတွေ့ရသည်ဖြစ်စေ၊ ၎င်းတို့ရှေ့တွင် အချက်အလက်မည်မျှကို ထားရှိသည်ဖြစ်စေ၊ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်မှုဖြစ်သည်ကိုလည်းကောင်း၊ လူတစ်ယောက်၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်ကိုလည်းကောင်း မယုံကြည်ပေ။ ဤသည်မှာ တစ်ချက်ဖြစ်သည်။ အခြားသော ကြီးမားသည့် ပြဿနာမှာ လူတို့သည် မိမိတို့ကိုယ်ကို အလွန် ချစ်မြတ်နိုးခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အတွက်လည်းကောင်း၊ ဘုရားအမှုတော်အတွက်လည်းကောင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများအတွက်လည်းကောင်း၊ ဘုရားသခင်၏ အမည်နာမအတွက်လည်းကောင်း၊ ဘုရားသခင်၏ ဘုန်းတော်အတွက်လည်းကောင်း မည်သည့်အဖိုးအခမျှ ပေးဆပ်လိုစိတ် မရှိ၊ သို့မဟုတ် အနစ်နာခံလိုစိတ် မရှိပေ။ ၎င်းတို့သည် အန္တရာယ်အနည်းဆုံးသော အရာတစ်ခုမျှကိုပင် လုပ်ဆောင်လိုစိတ်မရှိ။ လူတို့သည် မိမိတို့ကိုယ်ကို အလွန်အမင်း ချစ်မြတ်နိုးခြင်း ဖြစ်သည်။ လူတို့သည် သေခြင်းတရား၊ အရှက်ရခြင်း၊ ဆိုးယုတ်သောလူများ၏ ပိတ်ဆို့ခံရခြင်း၊ မည်သည့်အကျပ်အတည်းမျိုးမဆိုသို့ ကျရောက်ခြင်းတို့ကို ကြောက်သောကြောင့် ၎င်းတို့သည် မည်သည့်အန္တရာယ်ရှိသော အခြေအနေသို့မဆို မဝင်ရောက်စေရန် ကြိုးပမ်းလျက် ၎င်းတို့၏ ကိုယ်ပိုင်ဇာတိပကတိကို ထိန်းသိမ်းဖို့ အစွမ်းကုန် လုပ်ဆောင်ကြသည်။ တစ်ဖက်တွင် လူတို့အားလုံးသည် အလွန်ဉာဏ်များသည်ဆိုသည်ကို ဤအပြုအမူက ပြသသည်။ အခြားတစ်ဖက်တွင် ၎င်းတို့၏ မိမိရှင်သန်မှုအတွက် ကြိုးပမ်းခြင်းနှင့် တစ်ကိုယ်ကောင်းဆန်မှုကို ဖွင့်ပြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)) ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်ချက်ကနေ၊ ကျွန်တော် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ခဲ့တာ၊ အသင်းတော်အလုပ်ကို မကာကွယ်နိုင်ခဲ့တာတွေရဲ့ အဓိကအကြောင်းရင်းက ကျွန်တော့်သဘာဝက တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်လို့ဖြစ်မှန်း နားလည်လိုက်တယ်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတာနဲ့ “အသိတရားရှိသော လူများသည် မိမိကိုယ်ကို ကာကွယ်ရာတွင် တော်၍ အပြစ်တင်ခံရမှုမှ လွတ်မြောက်ရန်သာ ကြိုးစားသည်” ဆိုတဲ့ စာတန်ရဲ့ အဆိပ်အတောက်တွေက ကျွန်တော့်ကို ထိန်းချုပ်လာခဲ့တာပဲ။ ဒါကြောင့် ကိစ္စတွေ ဖြစ်လာတဲ့အခါ၊ ကျွန်တော့် အကျိုးစီးပွားတွေ ထိခိုက်မလားဆိုတာကို ကျွန်တော် ပထမဆုံး စဉ်းစားခဲ့တယ်။ ကျွန်တော့်အတွက် အကျိုးရှိမယ့် ကိစ္စတွေကိုတော့ ကျွန်တော် လိုလိုလားလား လုပ်ချင်တယ်။ ဒါပေမဲ့ တစ်ခုခုက ကျွန်တော့် အကျိုးစီးပွားကို ထိခိုက်မယ်၊ ဒါမှမဟုတ် ကျွန်တော့် လုံခြုံရေးကို အန္တရာယ်ဖြစ်စေမယ်ဆိုရင်၊ အဲဒါက အသင်းတော်အလုပ်ကို ကာကွယ်ပေးမယ်ဆိုရင်တောင်၊ ကျွန်တော် လုပ်မှာမဟုတ်ဘူး။ ချန်ဖိန်က အုပ်စုဖွဲ့ပြီး ရှုပ်ထွေးအောင် လုပ်ဖို့ ကြိုးစားနေတာကို၊ ဒါကို ချက်ချင်း မဖြေရှင်းရင် အသင်းတော်အလုပ်ကို အကြီးအကျယ် အနှောင့်အယှက်ပေးပြီး အဟန့်အတားဖြစ်မယ်ဆိုတာတွေကို ကျွန်တော် ကောင်းကောင်း သိခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်မှာ ကြောက်ရွံ့စိတ်တွေနဲ့ အမြဲပြည့်နေခဲ့တယ်။ ဒီကိစ္စကို တိုင်ပြီးရင်၊ ချန်ဖိန်က ကျွန်တော့်ကို လက်တုံ့ပြန်မှာ၊ ညှဉ်းပန်းမှာ၊ ဒါမှမဟုတ် ကျွန်တော့်ကို နှင်ထုတ်ခံရအောင်တောင် လုပ်မှာကို စိုးရိမ်ခဲ့တယ်။ ဒါကြောင့် မတိုင်ရဲခဲ့ဘဲ လိပ်ခွံထဲခေါင်းဝှက်ထားတဲ့လိပ်လို လုပ်ခဲ့မိတယ်။ ဘုရားသခင်အပေါ် ကျွန်တော့်မှာ ဘာစစ်မှန်တဲ့ ယုံကြည်ခြင်းမှ မရှိခဲ့ဘူး။ ကျွန်တော်က တော်တော်ကို သတ္တိကြောင်ခဲ့တဲ့လူပဲ။ ဘုရားသခင်ကို ကျွန်တော် နှစ်အတော်များများ ယုံကြည်ခဲ့ပြီးပြီဖြစ်သလို သူက ကျွန်တော့်ကို ချီးမြှောက်ခဲ့လို့ အသင်းတော်မှာ တာဝန်တွေကို ကျွန်တော် ထမ်းဆောင်နေရတာပါ။ ကျွန်တော့်အတွက် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ပါ။ ဒါပေမဲ့ ချန်ဖိန်က အုပ်စုဖွဲ့ပြီး ပရမ်းပတာဖြစ်အောင် လုပ်ဖို့ ကြိုးစားတဲ့အပြင် ဒါက အသင်းတော်အလုပ် တန့်သွားအောင် ခြိမ်းခြောက်နေတဲ့အခါ၊ ကိုယ်ကျိုးစီးပွားကိုပဲ ကျွန်တော် စဉ်းစားခဲ့တယ်။ ကျွန်တော် အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်လိုက်တာ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့၊ ကျွန်တော် နားလည်ထားတဲ့ သမ္မာတရားကိုတောင် လက်တွေ့မလုပ်ဆောင်ချင်ခဲ့ဘူး။ ဒီလိုပုံစံနဲ့ ကျွန်တော်က ယုတ်ညံ့တဲ့ဖြစ်တည်မှုတစ်ခုကို နေထိုင်နေခဲ့တာ မဟုတ်လား။ ဒါကိုသာ ကျွန်တော် မပြောင်းလဲရင်၊ ဘုရားသခင်ရဲ့ ပစ်ပစ်ခါခါငြင်းပြီး ဖယ်ရှားရှင်းလင်းတာကို ကျွန်တော် သေချာပေါက် ခံရမှာပဲ။ အထူးသဖြင့် အသင်းတော်က စီစီပီရဲ့ နှိမ်နင်းမှုကို ခံရခါစရှိသေးပြီး၊ အလုပ်ရဲ့ကဏ္ဍအမျိုးမျိုးက ပြန်ကောင်းမလာသေးတော့၊ နောက်ထပ် ပရမ်းပတာ အခြေအနေတစ်ခု ဖြစ်လာရင်၊ အသင်းတော်အလုပ် နှောင့်ယှက်ခံရရုံတင်မက၊ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကလည်း ပိုကြီးမားတဲ့ ဆုံးရှုံးမှုတွေကို ခံစားရမှာပဲ။ ဒါကို တွေးမိပြီး၊ ကျွန်တော် မျက်ရည်မထိန်းနိုင်ခဲ့ဘူး။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြောလိုက်တယ်။ “ဘုရားသခင်ကို ငါ ထပ်ပြီး စိတ်ပျက်အောင် လုပ်လို့မဖြစ်တော့ဘူး။ အသင်းတော်အလုပ်ကို ကာကွယ်ဖို့ ငါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမယ်။ ပြီးတော့ ဒီပြဿနာကို အမြန်ဆုံး ဖြေရှင်းရမယ်” လို့ပေါ့။
နောက်ပိုင်းမှာ၊ အခြေအနေကို စစ်ဆေးပြီး အတည်ပြုဖို့ အထက်ခေါင်းဆောင်တွေနဲ့ ကျွန်တော် ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ စုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာ၊ ချန်ဖိန်က ၂၀၁၂ ကတည်းက ဆုကျင်းအပေါ် အငြိုးအတေး ထားခဲ့တာကို ကျွန်တော်တို့ တွေ့ရှိခဲ့တယ်။ အဲဒီအချိန်တုန်းက၊ ဆုကျင်းက ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့တယ်။ အဆင့်အတန်းကို မက်မောတဲ့ ချန်ဖိန်က ခေါင်းဆောင် ဖြစ်ချင်လို့ ဆုကျင်းကို ကြိုးစားပြီး ဖြုတ်ချဖို့ တခြားသူတွေနဲ့ အုပ်စုဖွဲ့ခဲ့တယ်။ ဒါပေမဲ့ သူတို့အစီအစဉ်တွေ မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်းမှာ၊ ချန်ဖိန် ဖြုတ်ချခံရတယ်။ ဒါပေမဲ့ သူက ဆုကျင်းအပေါ် အမြဲ အငြိုးအတေး ထားခဲ့ပြီး၊ သူ့အပြစ်တွေကို အမိအရ အသုံးချဖို့ အမြဲ ကြိုးစားခဲ့တယ်။ ဆုကျင်းအပေါ် ချန်ဖိန်ရဲ့ စွပ်စွဲချက်အများစုက အခြေအမြစ် မရှိပါဘူး။ အရာအားလုံးကို အကဲဖြတ်ပြီးတဲ့နောက်မှာ၊ ဆုကျင်းက တကယ့်အလုပ်ကို မလုပ်တာ မဟုတ်ဘဲ၊ ချန်ဖိန်က ဆုကျင်းရဲ့ အပြစ်တွေကို အမြဲ အမိအရ အသုံးချပြီး ပုံကြီးချဲ့နေခဲ့တာ၊ ဆုကျင်းကို ဖယ်ထုတ်ဖို့ လူတွေကို ပိုပြီး ဆွဲထည့်ဖို့တောင် ကြိုးစားနေခဲ့တာတွေက သိသာထင်ရှားသွားတယ်။ ချန်ဖိန်က အန္တိခရစ်ရဲ့ ဆိုးရွားတဲ့ စိတ်သဘောထားကို ထုတ်ပြသမိခဲ့လို့ ဖြုတ်ချခံရတယ်။ အထက်ခေါင်းဆောင်တွေက သူ့လုပ်ရပ်တွေရဲ့ သဘာဝနဲ့ အန္တရာယ်ကို စိတ်ဖြာလေ့လာပြီး သတိပေးချက် ထုတ်ပြန်ခဲ့တယ်။ မိတ်သဟာယပြုတာနဲ့ ပိုင်းခြားသိမြင်တာကနေတစ်ဆင့်၊ ဧဝံဂေလိသင်းထောက် လီယွင်က ချန်ဖိန်ရဲ့ ကြိုးကိုင်တာကို သူ ခံခဲ့ရမှန်း သဘောပေါက်သွားတယ်။ သူက အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့မှန်းလည်း သဘောပေါက်သွားပြီး၊ နောက်ပိုင်းမှာ နောင်တရတဲ့စာတစ်စောင် ရေးခဲ့တယ်။ စည်းမျဉ်းတွေအပေါ် အခြေခံပြီး၊ အသင်းတော်က လီယွင်ကို နောင်တရဖို့ အခွင့်အရေးပေးခဲ့ပြီး အသင်းတော်မှာ ဆက်ထားခဲ့တယ်။
ဒီကိစ္စကို ဖြတ်သန်းပြီးတဲ့နောက်မှာ၊ ကျွန်တော့် စိတ်နှလုံးထဲကနေ တကယ် ခံစားခဲ့ရတာက ဘုရားအိမ်တော်မှာ သမ္မာတရား အုပ်စိုးပြီး၊ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားက ပုန်ကန်ပြစ်မှားလို့ မရဘူးဆိုတာပါပဲ။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘဲ အတိုက်အခံလုပ်တဲ့၊ အရမ်းမနှစ်မြို့တဲ့ အန္တိခရစ်တွေနဲ့ ဆိုးယုတ်တဲ့လူတွေ အားလုံးဟာ နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ထုတ်ဖော်တာနဲ့ ဖယ်ရှားရှင်းလင်းတာကို ခံရမှာပဲ။ သမ္မာတရားကို နားလည်ဖို့နဲ့ တရားမျှတစိတ် ရှိဖို့က အရေးကြီးမှန်းလည်း ကျွန်တော် မြင်ခဲ့ရတယ်။ အသင်းတော်ထဲက ဆိုးယုတ်တဲ့လူတွေနဲ့ အန္တိခရစ်တွေကို အချိန်မီ မဖော်ထုတ်ဘူး၊ မတိုင်ကြားဘူးဆိုရင်၊ အသင်းတော်အလုပ်က ဆိုးဆိုးရွားရွား နှောင့်ယှက်ခံရရုံတင်မက၊ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်တိုးတက်မှုလည်း ဟန့်တားခံရမယ်။ ဒီ တကယ့်အခြေအနေကတစ်ဆင့်၊ ကျွန်တော် ဘယ်လောက် ဖောက်ပြန်ပျက်စီးပြီး ချို့တဲ့ခဲ့လဲ၊ ဘယ်လောက်တောင် တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်တယ်ဆိုတာတွေကို မြင်ခဲ့ရတယ်။ တစ်ချိန်တည်းမှာပဲ၊ ဒီကိစ္စက ကျွန်တော့်ကို ပိုင်းခြားသိမြင်မှုတချို့ ရရှိဖို့ ကူညီပေးခဲ့တယ်။ ဘုရားသခင်ကို ကျွန်တော် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ရှင်းချန် တရုတ်နိုင်ငံ ၂၀၂၀ခုနှစ်၊ ဇူလိုင်လမှာ ကျွန်မက အသင်းတော်ခေါင်းဆောင်တစ်ယောက်အဖြစ် အရွေးခံရတယ်။ ပြီးတော့ အစ်မချန်းနဲ့အတူ...
မူလတန်းကျောင်းမှာတုန်းက၊ ကျွန်မရဲ့ အမှတ်တွေကညံ့တယ် ဒါပေမယ့် ကျွန်မက ငယ်သေးတော့ ရှက်လည်းမရှက်ခဲ့မိဘူး။ ဒါပေမယ့် အလယ်တန်းကျောင်းတက်တုန်းက၊...
ဇောင်းလု နယ်သာလန်နိုင်ငံ ၂၀၂၁၊ မတ်လမှာ ကျွန်မခေါင်းဆောင်က ကျွန်မအတွက် အသင်းတော်တစ်ခုရဲ့ ဧဝံဂေလိအလုပ်အတွက် ဦးဆောင်ဖို့ စီစဉ်ပေးတယ်။ သတင်းကို...
ကျွန်တော်၏ မိတ်ဆွေများ၊ မိသားစုနှင့် အိမ်နီးချင်များနှင့် အပြန်အလှန် ဆက်ဆံရေးများတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံရေးများကို ထိန်းသိမ်းရာ၌...