ကျွန်မ၏ အနာဂတ်နှင့်ပတ်သက်၍ မည်သည့်အခါမျှ ညည်းညူတော့မည် မဟုတ်ပါ
ကျွန်မက သာမန်လယ်သမားမိသားစုမှာ မွေးဖွားခဲ့တာပါ။ စားဝတ်နေရေးဖူလုံဖို့ ကျွန်မမိဘတွေက ကောက်ပဲသီးနှံစိုက်ပျိုးရေးကို အမှီပြုခဲ့ရတယ်။...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လတုန်းက အသင်းတော်မှာ ရေလောင်းခြင်းအလုပ်ကို ကျွန်မ တာဝန်ယူခဲ့တယ်။ တစ်နေ့ကျတော့ ခေါင်းဆောင်က ကျွန်မကို ပြောတယ်၊ ညီအစ်ကိုမောင်နှမတချို့က ကျွန်မအကြောင်း တင်ပြထားတယ်တဲ့။ မစုဝေးခင်မှာ လူသစ်တွေရဲ့ အခြေအနေတွေ၊ အခက်အခဲတွေကို ကျွန်မက မစူးစမ်းဘူး၊ စုဝေးပွဲ မိတ်သဟာယက တကယ့်ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး ဆိုပြီးတော့ပေါ့။ ပြီးတော့ လူသစ်တချို့ မစုဝေးတာကိုလည်း ဘာဖြစ်လို့လဲဆိုတာ အချိန်မီ မမေးမြန်းဘူး၊ စုံစမ်းတာ မရှိဘူးလို့ တင်ပြထားကြတယ်။ ကျွန်မ ဘာမှပြန်မပြောပေမဲ့ စိတ်နှလုံးထဲမှာတော့ ပြန်ငြင်းနေမိတယ်။ “တချို့လူသစ်တွေရဲ့ အခြေအနေကို ငါ ကြိုမေးပါတယ်၊ စုံစမ်းပါတယ်၊ သူတို့က စာပြန်မဖြေလို့ သူတို့ဘာဖြစ်နေလဲ ငါမသိတာပါ။ ပြီးတော့ တချို့လူသစ်တွေ မစုဝေးတာကို တစ်ခါတလေ ငါ သတိမထားမိပေမဲ့လည်း နောက်ပိုင်း သူတို့ ပုံမှန်ပြန်တက်လာတာပဲ၊ ဘာများ အရေးကြီးလို့လဲ” ပေါ့။ ပြဿနာတွေကို တင်ပြတဲ့ ညီအစ်ကိုမောင်နှမတွေကို ကျွန်မ မကျေမနပ် ဖြစ်မိတယ်။ တွေးမိတာက “ဒီကိစ္စတွေကို မတင်ပြခင် ငါ့ကို အရင်လာပြောပြီး အခြေအနေနဲ့အကြောင်းအရာကို မေးလို့ရတာပဲ။ ငါ လက်မခံရင် ခေါင်းဆောင်ဆီ သွားတင်ပြနိုင်တာပဲ။ အခုတော့ ဘာမှမပြောဘဲ ခေါင်းဆောင်ဆီ တန်းတင်ပြလိုက်တော့ ခေါင်းဆောင်က ငါ့ကို ဘယ်လိုမြင်မလဲ။ အကြံပြုချက်တွေ၊ သမ္မာတရားကို ငါ လက်မခံဘူးလို့ သူ ထင်မသွားဘူးလား” လို့ပေါ့။ ဒီအတွေးတွေကြောင့် ကျွန်မ စိတ်ပျက်မိတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ အကြံပြုချက်တွေက ကိုယ့်တာဝန်အတွက် အထောက်အကူဖြစ်မှန်း၊ အရင်လက်ခံ၊ ကိုယ့်ကိုယ်ကိုယ်သိပြီး ဆင်ခြင်သုံးသပ်သင့်မှန်း၊ ပြန်မငြင်းဘဲ ကိုယ့်အတွက်ကိုယ် ဆင်ခြေမပေးသင့်မှန်း သိပေမဲ့ ကိုယ့်မာနနဲ့ အဆင့်အတန်း ထိခိုက်မှာကို တွေးမိတော့ အခြေအနေကိုရင်ဆိုင်ဖို့ အင်တင်တင်ဖြစ်သွားတယ်။
နောက်တော့ စိတ်ငြိမ်သွားပြီး ညီအစ်ကိုမောင်နှမတွေ တင်ပြတဲ့ကိစ္စတွေကို ဆင်ခြင်သုံးသပ်ကြည့်တော့ အပြောင်းအလဲလုပ်ဖို့ တကယ်လိုအပ်မှန်း သဘောပေါက်လိုက်တယ်။ ဒါနဲ့ အဖွဲ့ထဲမှာ စာပို့ပြီးတော့ ကျွန်မမှာရှိတဲ့ ပြဿနာတွေကို ထောက်ပြပေးဖို့ လူတိုင်းကို ပြောလိုက်တယ်။ မကြာခင်မှာပဲ ညီအစ်ကို ဂျေဒင်က သူမြင်တဲ့ ပြဿနာတချို့ကို ထောက်ပြပြီး အကြံပြုချက်လည်း နည်းနည်းပေးတယ်။ သူပြောတာတွေက ခေါင်းဆောင်ပြောတာနဲ့ တူနေတော့ ကျွန်မ သံသယဝင်သွားတယ်။ “ငါ့အကြောင်း ခေါင်းဆောင်ကို တင်ပြတာ သူပဲ နေမှာ။ မဟုတ်ရင် ဘာလို့ ဒီလောက်တူတဲ့ စကားတွေကို ပြောမှာလဲ” ပေါ့။ ဒီလိုတွေးမိပြီးတော့ သူတင်ပြတဲ့ ပြဿနာတွေနဲ့ အကြံပြုချက်တွေကို အမှန်အတိုင်း သဘောထားဖို့ ခက်ခဲသွားပြီး တစ်ချက်ချင်းစီ ပြန်ချေပမိတယ်။ အဲဒီနောက် သူက အဖွဲ့ထဲမှာ စာပြန်ပို့တယ်။ “အကြံပြုချက်တွေ ပေးနိုင်တယ်၊ ဘယ်ပြဿနာပဲမဆို ပြောလို့ရတယ်လို့ အစ်မပဲ ပြောပြီးတော့၊ အခု ကျွန်တော်တို့ ပြောပြန်တော့လည်း ဘာလို့ ဆင်ခြေတွေပဲ ပေးပြီး ရှာဖွေချင်စိတ်၊ လက်ခံချင်စိတ် မရှိရတာလဲ” တဲ့။ ညီအစ်ကိုမောင်နှမတွေ အများကြီးရှေ့မှာ သူ ကျွန်မကို ဖော်ထုတ်လိုက်တော့ ကျွန်မ တော်တော် အရှက်ရသွားတယ်။ သူ့အပေါ် အမြင်စောင်းလာပြီး တွေးမိတယ်။ “နင် ငါ့ကို သိက္ခာဆည်ခွင့် လုံးဝမပေးပါလား။ ငါ့ပြဿနာတွေကို ခေါင်းဆောင်ဆီ တိတ်တဆိတ် တင်ပြရုံမကဘူး၊ အခု လူအများကြီးရှေ့မှာ အကြံပြုပြီး ငါ့ကို ဖော်ထုတ်တယ်ပေါ့။ ငါ ရှေ့လျှောက် ဘယ်လိုမျက်နှာပြရမလဲ။ ဒီကိစ္စပြီးရင် ညီအစ်ကိုမောင်နှမတွေကို ငါ ဘယ်လိုရင်ဆိုင်ရမလဲ။ ငါ့မှာ ပြဿနာရှိရင် သီးသန့်လာပြောလို့ မရနိုင်ဘူးလား။ ဘာလို့ လူအများကြီးရှေ့မှာ ငါ့ကို ဖွင့်ချရတာလဲ။ လူတိုင်းရှေ့မှာ ငါ့ကို အရှက်ခွဲဖို့၊ သိက္ခာချဖို့ တမင်သက်သက် လုပ်နေတာလား။ နင် ငါ့ကို သက်သက်မဲ့ ဒုက္ခပေးဖို့ ကြိုးစားနေတယ်ဆိုတာ ရှင်းနေတာပဲ။ ငါ့အကြောင်းသိအောင် မပြရင် နင် ငါ့ကို အနိုင်ကျင့်လို့ရတယ် ထင်နေမှာ” လို့ပေါ့။ ကျွန်မစိတ်နှလုံးထဲမှာ မလိုမုန်းထားတဲ့ အတွေးတောင် ဝင်လာတယ်။ “ရေလောင်းခြင်းအလုပ်ကို ငါ တာဝန်ယူထားတာ။ ငါ့ကိုသိက္ခာဆည်ခွင့်မပေးဘဲ ဒီလိုဆက်လုပ်နေရင် အကြောင်းပြချက်တစ်ခုရှာပြီး လူသစ်တွေကို ရေလောင်းတာကနေ နင့်ကို ရပ်ခိုင်းပစ်မယ်။ မဟုတ်ရင် ငါ့အပေါ်ထားတဲ့ လူတွေရဲ့အမြင်ကို နင် ဖျက်ဆီးပစ်မှာပဲ” လို့ပေါ့။ ဒီအတွေး ဝင်လာတဲ့အချိန်မှာ ကျွန်မ ရင်ထိတ်သွားပြီး တွေးမိတယ်။ “ငါ ဘယ်လိုလုပ် ဒီလောက် မလိုမုန်းထားတဲ့ အတွေးမျိုး တွေးမိရတာလဲ။ ဒါ သူများတွေကို တိုက်ခိုက်ပြီး လက်စားချေတာ မဟုတ်ဘူးလား” ပေါ့။ ကျွန်မ နည်းနည်း ကြောက်သွားတာနဲ့ ဘုရားသခင်ဆီ တိုးတိုးလေး ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ သမီးရဲ့ စိတ်နှလုံး တည်ငြိမ်စေဖို့၊ လှုပ်ဆောင်မှုတွေမှာ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနောက် မလိုက်မိစေဖို့ သမီးရဲ့ စိတ်နှလုံးကို စောင့်ရှောက်ပေးတော်မူပါ။ ဒီအခြေအနေကို ကျော်ဖြတ်နိုင်အောင် လမ်းပြပေးတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက် ဂျေဒင်ရဲ့ အကြံပြုချက်တွေကို သဘောတူကြောင်း ညီအစ်ကိုမောင်နှမ သုံးလေးယောက်က အဖွဲ့ထဲမှာ စာပို့တာကို တွေ့လိုက်တယ်။ ကျွန်မဆီ ရောက်လာတဲ့ ဒီအခြေအနေမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက် ရှိနေတယ်ဆိုတာကို နောက်ဆုံးမှာ ကျွန်မ သဘောပေါက်လိုက်တယ်။ အရင်ဆုံး ကျွန်မ လက်ခံပြီး ကျိုးနွံနာခံရမယ်၊ သမ္မာတရားကို ရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ရမယ်၊ သင်ခန်းစာယူရမယ်ပေါ့။
အဲဒီလိုနဲ့ တစ်နေ့ကျတော့ ဝတ်ပြုနေတုန်း ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်တယ်။ “လူတစ်ယောက်ကို ပြုပြင်ခံရခြင်းဖြစ်စေသည့် အခြေအနေများက မည်သို့ရှိသည်ဖြစ်စေ ယင်းအပေါ်တွင် အရေးအပါဆုံးသဘောထားက မည်သည့်အရာနည်း။ ရှေးဦးစွာ ယင်းကို လက်ခံရမည်။ သင့်ကို မည်သူက ပြုပြင်နေသည်ဖြစ်စေ၊ မည်သည့်အကြောင်းပြချက်ဖြစ်စေ၊ ကြမ်းတမ်းသည့်ပုံစံ ရှိသည်ဖြစ်စေ၊ လေသံနှင့် စကားအသုံးအနှုန်းက မည်သို့ဖြစ်စေ ယင်းကို လက်ခံသင့်သည်။ ထို့နောက်တွင် မည်သည့်အရာကို သင် မှားယွင်းစွာ လုပ်ဆောင်ခဲ့ကြောင်း၊ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင်ထုတ်ဖော်ခဲ့ကြောင်းနှင့် သမ္မာတရားစည်းမျဉ်းများနှင့်အညီ သင်ဆောင်ရွက်ခဲ့ခြင်းရှိမရှိတို့ကို သင် သိမှတ်သင့်သည်။ ပထမဆုံးအနေဖြင့် ဤသည်မှာ သင်ထားရှိသင့်သည့် သဘောထားဖြစ်သည်။ ဤသို့သော သဘောထားတစ်ခုကို အန္တိခရစ်များက ပိုင်ဆိုင်သလော။ မပိုင်ဆိုင်ပေ။ အစမှ အဆုံးအထိ ၎င်းတို့ ပွင့်လင်းစွာ ဖော်ပြသောသဘောထားသည် အတိုက်အခံလုပ်ခြင်းနှင့် ရွံရှာစက်ဆုပ်ခြင်း သဘောထားဖြစ်သည်။ ဤသို့သော သဘောထားတစ်ခုဖြင့် ၎င်းတို့သည် ဘုရားရှေ့တွင် ငြိမ်သက်ပြီး ပြုပြင်ခြင်းကို နှိမ့်ချစွာ လက်ခံနိုင်သလော။ မဟုတ်ပေ၊ ၎င်းတို့ လက်မခံနိုင်ပေ။ ဤသို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်မည်နည်း။ ရှေးဦးစွာ ၎င်းတို့သည် လူတို့၏ နားလည်ခြင်းနှင့် ခွင့်လွှတ်ခြင်းကို ရယူဖို့ မျှော်လင့်ချက်များဖြင့် ၎င်းတို့လုပ်ဆောင်ခဲ့သော အမှားများ၊ ၎င်းတို့ ထုတ်ဖော်ခဲ့သော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို ခုခံကာကွယ်ပြီး ငြင်းခုံလျက်ဖြင့် မှန်ကန်ကြောင်း ကျိုးကြောင်းပြပြောဆိုမှုများပြုလုပ်ပြီး အတင်းအဓမ္မငြင်းခုံလိမ့်မည်။ ဤနည်းအားဖြင့် ၎င်းတို့ကို ပြုပြင်သော စကားများကို ၎င်းတို့ လက်ခံရန်၊ သို့မဟုတ် မည်သည့်တာဝန်ကိုမျှ ခံယူဖို့ မလိုအပ်စေရန်ဖြစ်သည်။ ပြုပြင်ခံရခြင်းကို ရင်ဆိုင်ရသောအခါ ၎င်းတို့သည် မည်သည့်သဘောထားကို ထုတ်ဖော်ပြသနည်း။ ‘ငါသည် အပြစ်မပြုခဲ့ပါ။ မည်သည့်မှားယွင်းမှုကိုမျှ မလုပ်ဆောင်ခဲ့ပါ။ အမှားလုပ်မိလျှင် အကြောင်းပြချက်ရှိသည်။ ငါသည် တမင်ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပေ။ ယင်းအတွက် တာဝန်မခံရသင့်ပေ။ အနည်းငယ်သော အမှားများကို မည်သူကများ မပြုလုပ်သနည်း’ ဟူ၍ ဖြစ်သည်။ ဤပြောဆိုချက်များနှင့် စကားစုများကို ၎င်းတို့က မလွတ်တမ်း အသုံးချသော်လည်း ၎င်းတို့သည် သမ္မာတရားကို မရှာဖွေသကဲ့သို့ ၎င်းတို့ပြုပြီးဖြစ်သည့် အမှားများကို၊ သို့မဟုတ် ၎င်းတို့ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ၎င်းတို့ အသိအမှတ်မပြုပေ။ ပြီးလျှင် ၎င်းတို့သည် မကောင်းမှုပြုလုပ်ရာတွင် မိမိတို့၏ ရည်ရွယ်ချက်နှင့် ပန်းတိုင်တို့က မည်သည့်အရာဖြစ်ကြောင်း သေချာပေါက် အသိအမှတ်မပြုကြပေ။ ၎င်းတို့ လုပ်ခဲ့သည့် အမှားများသည် မည်မျှသိသာထင်ရှားပါစေ၊ မည်မျှကြီးမားသည့် ဆုံးရှုံးမှုကို ၎င်းတို့ ဖြစ်စေခဲ့ပြီး ဖြစ်ပါစေ ဤအရာများကို ၎င်းတို့ လျစ်လျူရှုထားကြသည်။ ၎င်းတို့သည် စိုးစဉ်းမျှ ဝမ်းနည်းခြင်း သို့မဟုတ် အပြစ်ရှိသည့်စိတ်ဖြစ်ခြင်း မရှိကြဘဲ ၎င်းတို့၏ အသိစိတ်သည် အပြစ်တင်စိတ်ကို လုံးဝ မခံစားကြရပေ။ ထိုအစား ၎င်းတို့သည် မိမိတို့အစွမ်းရှိသမျှဖြင့် ကျိုးကြောင်းပြချက်ပေးပြီး စကားစစ်ထိုးကြကာ ‘လူတိုင်းတွင် ကျိုးကြောင်းခိုင်လုံသော အမြင်ရှုထောင့်တစ်ခု ရှိကြသည်။ လူတိုင်းတွင် အကြောင်းပြချက်ရှိသည်။ မည်သူက ပို၍ စကားပြောကောင်းသည်က အဓိကဖြစ်သည်။ ကျွန်ုပ်၏ ကျိုးကြောင်းပြချက်နှင့် ရှင်းပြချက်ကို လူအများစု လက်ခံအောင် လုပ်နိုင်လျှင် ကျွန်ုပ်နိုင်သည်။ သင်ပြောသည့် သမ္မာတရားများမှာ သမ္မာတရားမဟုတ်။ သင်၏ အချက်အလက်များကလည်း မခိုင်လုံပေ။ သင်က ကျွန်ုပ်ကို ရှုတ်ချချင်သလော။ မဖြစ်နိုင်ပေ’ ဟူ၍ စဉ်းစားကြသည်။ အန္တိခရစ်တစ်ယောက်သည် ပြုပြင်ခံရသောအခါတွင် သူ၏ စိတ်နှလုံးနှင့် ဝိညာဉ်အတွင်းပိုင်း၌ အကြွင်းမဲ့၊ ပြတ်ပြတ်သားသား အတိုက်အခံဖြစ်ပြီး ရွံရှာစက်ဆုပ်ပြီး ငြင်းပယ်သည်။ သူ၏ သဘောထားက ‘မည်သည့်အရာကို သင်ပြောစရာရှိသည်ဖြစ်စေ၊ သင်သည် မည်မျှမှန်ကန်နေသည်ဖြစ်စေ ငါလက်ခံမည်မဟုတ်။ ဝန်ခံမည်မဟုတ်။ ငါ၏အမှားမဟုတ်’ ဟူ၍ ဖြစ်သည်။ အမှန်တရားများက သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မည်မျှပေါ်လွင်စေသည်ဖြစ်စေ ၎င်းတို့က အသိအမှတ်မပြုပေ၊ လက်မခံပေ။ ဆက်လက်၍ အာခံပြီး ခုခံကြသည်။ သူတစ်ပါးတို့က မည်သို့ပြောပါစေ ၎င်းတို့က လက်မခံဘဲ၊ ဝန်မခံဘဲ ‘မည်သူက မည်သူ့ကို နိုင်အောင်ပြောနိုင်သည်ကို ကြည့်ကြစို့။ မည်သူက ပို၍ စကားပြောကောင်းသည်ကို ကြည့်ကြစို့။’ ဟူ၍ စဉ်းစားကြသည်။ ဤသည်မှာ ပြုပြင်ခံရခြင်းကို အန္တိခရစ်များ သဘောထားပြုမူသော သဘောထားအမျိုးအစားတစ်ခု ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၈)) “ဤအရာနှင့်ပတ်သက်၍ အန္တိခရစ်တို့၏ သဘောထားနှင့် အမျိုးမျိုးသော သရုပ်သကန်များအပြင် ဤအခြေအနေမှ ထွက်ပေါ်လာသော ၎င်းတို့၏ အတွေးအခေါ်များ၊ ရှုထောင့်အမြင်များ၊ စိတ်ကူးများနှင့် ထိုသို့သောအရာများအားလုံးသည် သာမန်လူတစ်ဦး၏အရာများနှင့် ကွဲပြားပါသည်။ အန္တိခရစ်တစ်ဦးသည် ပြုပြင်ခံရသောအခါ သူလုပ်ဆောင်သည့် ပထမဆုံးသောအရာမှာ သူ၏ စိတ်နှလုံးအတွင်းထဲတွင် အတိုက်အခံဖြစ်ပြီး ငြင်းပယ်ခြင်းဖြစ်သည်။ သူသည် တွန်းလှန်တိုက်ခိုက်၏။ အဘယ်ကြောင့်နည်း။ ဤသည်မှာ အန္တိခရစ်များသည် ၎င်းတို့၏ တကယ့်သဘာဝအနှစ်သာရအရ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ မုန်းတီးသောကြောင့်၊ သမ္မာတရားကို လုံးဝ လက်မခံသောကြောင့်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂- အဆင့်အတန်းနှင့် သို့မဟုတ် ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆရင်းနဲ့ ကျွန်မ နောက်ဆုံးမှာ သဘောပေါက်သွားတယ်။ သမ္မာတရားကို လိုက်စားတဲ့သူတစ်ယောက်ဟာ ပြုပြင်ခံရတဲ့အခါ ပြုပြင်တဲ့သူရဲ့ သဘောထား၊ လေသံက ဘယ်လိုပဲရှိပါစေ၊ ဒီပြုပြင်မှုက ဘယ်လိုအခြေအနေ၊ ဘယ်လိုနောက်ခံမှာပဲဖြစ်ပါစေ သူတို့က အရင်ဆုံး လက်ခံနိုင်တယ်။ ဘယ်နေရာမှာ စည်းမျဉ်းတွေကို ချိုးဖောက်မိလဲ၊ ဘယ်လို ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ထုတ်ဖော်မိလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေနိုင်တယ်။ ဒါပေမဲ့ အန္တိခရစ်တွေကျတော့ သမ္မာတရားကို အနှစ်သာရအရ ဆိုးဆိုးရွားရွား မနှစ်မြို့ဘဲ မုန်းတီးကြတယ်။ သူများတွေက သူတို့ကို ပြုပြင်ပြီး လမ်းပြပေးတဲ့အခါ ဒီအရာတွေကို အတိုက်အခံလုပ်ပြီး ငြင်းပယ်ချင်တဲ့ စိတ်တွေ ဖြစ်ပေါ်လာတတ်ကြပါတယ်။ ပြဿနာတွေက သိသာနေပြီး အလုပ်မှာ ဆုံးရှုံးမှုတွေ ဖြစ်နေပြီဆိုရင်တောင် သူတို့အမှားဖြစ်ကြောင်း ဝန်မခံကြသေးဘူး။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့၊ အပြစ်လွတ်အောင်လုပ်ဖို့ အကြောင်းပြချက်တွေ၊ ဆင်ခြေတွေ အမျိုးမျိုး ရှာကြတယ်။ ပြုပြင်ခံရတုန်းက ကျွန်မရဲ့ သဘောထားနဲ့ အပြုအမူကို ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်မ ထုတ်ဖော်ခဲ့တဲ့ စိတ်သဘောထားက တကယ်တော့ အန္တိခရစ်တစ်ယောက်ရဲ့ စိတ်သဘောထားနဲ့ အတူတူပဲဆိုတာ သဘောပေါက်လိုက်တယ်။ ညီအစ်ကိုမောင်နှမတွေက အကြံပြုချက်တွေ ပေးတဲ့အခါ ကျွန်မ ချက်ချင်း လက်မခံဘူး၊ ကိုယ့်ပြဿနာတွေ၊ လမ်းလွဲတာတွေကို ဆင်ခြင်သုံးသပ်တာ၊ ပြန်လည်စစ်ဆေးတာ မလုပ်ဘူး။ အဲဒီအစား ကျွန်မက အတိုက်အခံဖြစ်ပြီး မကျေမနပ်ဖြစ်တယ်။ ပြန်ငြင်းဖို့၊ ကိုယ့်ကိုယ်ကိုယ် မှန်ကန်ကြောင်းပြဖို့ အကြောင်းပြချက်တွေ၊ ဆင်ခြေတွေ အမျိုးမျိုးပေးခဲ့တယ်။ ဒီကိစ္စမှာ ကျွန်မက သမ္မာတရားကို လက်မခံဘဲ အဲဒီအစား သမ္မာတရားကို ဆိုးဆိုးရွားရွား မနှစ်မြို့နေခဲ့တာသက်သက်ပဲ။ တကယ်တော့ သေချာစဉ်းစားပြီး ဆင်ခြင်သုံးသပ်ကြည့်လိုက်တော့ ညီအစ်ကိုမောင်နှမတွေ ထောက်ပြတဲ့ကိစ္စတွေက အားလုံး အမှန်တွေချည်းပါပဲ။ ဘာအကြောင်းပြချက်ပဲရှိရှိ လူသစ်တွေကို ကောင်းကောင်း ရေမလောင်းနိုင်ရင် ဒါ ကျွန်မတာဝန်မှာ တာဝန်မဲ့ခဲ့တယ်လို့ ဆိုလိုတာပါပဲ။ ဒါ့အပြင် လူသစ်တွေ စုဝေးပွဲတွေကို မလာတာ ဘာကြောင့်လဲဆိုတာကို ကျွန်မ အချိန်မီ မမေးမြန်းဘူး၊ မစုံစမ်းဘူးလို့ ညီအစ်ကိုမောင်နှမတွေ တင်ပြတဲ့အခါမှာတောင် ကျွန်မ ဆင်ခြေတွေတောင် ပေးခဲ့သေးတယ်။ လူသစ်တွေက တစ်ခါတလေပဲ ပျက်တာပါ၊ နောက်ပိုင်း ပုံမှန်ပြန်တက်လာမှာပါ၊ ဒါကြောင့် ကိစ္စကြီးမဟုတ်ပါဘူးလို့ တွေးခဲ့တာလေ။ တကယ်တမ်းကျတော့ ရေလောင်းသူတစ်ယောက်အနေနဲ့ လူသစ်တွေ စုဝေးပွဲ မလာတာကို မသိဘူး၊ သူတို့ကို နောက်ဆက်တွဲလိုက်မကြည့်ခဲ့ဘူး၊ အချိန်မီ မစုံစမ်းခဲ့ဘူး။ အဲဒါကိုယ်တိုင်က ပေါ့လျော့မှုဖြစ်ပြီး ကျွန်မ ဝတ်ကျေတမ်းကျေ လုပ်ခဲ့မှန်း ပြနေတာပဲ။ ဒါပေမဲ့ ညီအစ်ကိုမောင်နှမတွေ ထောက်ပြတဲ့ ပြဿနာတွေနဲ့ အကြံပြုချက်တွေကို ကျွန်မက အကြောင်းပြချက်၊ ဆင်ခြေအမျိုးမျိုးနဲ့ ငြင်းပြီး ပြန်လှန်ငြင်းခုံခဲ့တယ်။ အပေါ်ယံကြည့်ရင် ဒါက ပြဿနာကြီးမဟုတ်သလို ထင်ရပေမဲ့၊ ဒါက ကိုယ့်တာဝန်အပေါ်ထားတဲ့ ကျွန်မရဲ့ သဘောထားနဲ့ သက်ဆိုင်သလို၊ သမ္မာတရားနဲ့ ဘုရားသခင်အပေါ်ထားတဲ့ ကျွန်မရဲ့ သဘောထားကိုလည်း ထုတ်ဖော်ခဲ့ပါတယ်။ ဒါကို ဆင်ခြင်သုံးသပ်ကြည့်တော့မှ ဒီပြဿနာရဲ့ သဘောသဘာဝက ဘယ်လောက်ပြင်းထန်မှန်း ကျွန်မ သဘောပေါက်သွားတယ်။ ဒီအခြေအနေသာ ကျွန်မအပေါ် မရောက်လာရင် ကိုယ့်ကိုယ်ကိုယ် လုံးဝ ဆင်ခြင်သုံးသပ်မိမှာ မဟုတ်ဘူး။ သမ္မာတရားကို ဆိုးဆိုးရွားရွား မနှစ်မြို့တဲ့ ကျွန်မရဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားကိုလည်း အသိအမှတ်ပြုမိမှာ မဟုတ်ဘူး။ ဒီအတိုင်းသာ ဆက်သွားရင် ကျွန်မဟာ ဘုရားသခင်ရဲ့ ပစ်ပစ်ခါခါငြင်းတာ၊ ဖယ်ရှားရှင်းလင်းတာ ခံရတာနဲ့ပဲ ဇာတ်သိမ်းသွားမှာပဲ။
ဆင်ခြင်သုံးသပ်ရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်ဖြစ်တယ်။ “အန္တိခရစ်များသည် ပြုပြင်ခံရခြင်းကိစ္စနှင့် ပတ်သက်လျှင် လက်မခံနိုင်ကြပေ။ ၎င်းတို့ လက်မခံနိုင်ရသည့် အကြောင်းပြချက်များရှိသည်။ အဓိကတစ်ခုမှာ ၎င်းတို့သည် ပြုပြင်ခံရသောအခါတွင် မျက်နှာငယ်ရသည်၊ ၎င်းတို့၏ ဂုဏ်သတင်း၊ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို ဆုံးရှုံးရသည်၊ လူတိုင်း၏ ရှေ့တွင် ၎င်းတို့သည် ခေါင်းမဖော်နိုင်အောင် ဖြစ်သွားသည်ဟု ခံစားရခြင်းဖြစ်သည်။ ဤအရာများသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် သက်ရောက်မှုတစ်ခု ရှိသောကြောင့် ၎င်းတို့သည် ပြုပြင်ခံရခြင်းကို လက်ခံရန် ခက်ခဲသည်ဟု မြင်ကြသည်။ ၎င်းတို့ကို ပြုပြင်သူ မည်သူမဆိုသည် ၎င်းတို့အား အာဃာတဖြင့် ရန်လုပ်နေခြင်းဖြစ်ပြီး ၎င်းတို့၏ ရန်သူဖြစ်သည်ဟု ၎င်းတို့က ခံစားကြသည်။ ဤသည်မှာ ပြုပြင်ခြင်းခံရသောအခါတွင် အန္တိခရစ်တို့၏ စိတ်ထားဖြစ်သည်။ ဤအရာသည် အသေအချာပင်ဖြစ်သည်ဟု မှတ်ယူနိုင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၈)) “အန္တိခရစ်များသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို အလွန်နှစ်သက်ကြသည်။ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ အသက်သွေးကြော ဖြစ်သည်။ ဘဝက ဂုဏ်သတင်းနှင့် အဆင့်အတန်းမရှိဘဲ အဓိပ္ပာယ်မဲ့သည်ဟု ခံစားရပြီး ဂုဏ်သတင်းနှင့် အဆင့်အတန်းမရှိဘဲ တစ်ခုတလေကို လုပ်ဆောင်ရန် အားအင်မဲ့ကြသည်။ အန္တိခရစ်တို့အတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းနှစ်ခုလုံးသည် ၎င်းတို့၏ တစ်ကိုယ်ရေ အကျိုးစီးပွားများနှင့် အတွင်းကျကျ ဆက်နွှယ်သည်။ ယင်းတို့သည် ၎င်းတို့၏ ပျော့ကွက်ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များ လုပ်ဆောင်သမျှတိုင်းသည် အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ကို ဗဟိုပြုလေသည်။ ဤအရာများအတွက် မဟုတ်လျှင် မည်သည့်အလုပ်ကိုမျှ ၎င်းတို့ လုံးဝ လုပ်ဆောင်ကြမည် မဟုတ်ပေ။ အန္တိခရစ်များတွင် အဆင့်အတန်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၎င်းတို့ အပြင်းအထန် ကြိုးပမ်းနေသည့် ရည်မှန်းချက်၊ ၎င်းတို့ အားထုတ်နေသည့် ဦးတည်ချက်မှာ ဂုဏ်သတင်းနှင့် အဆင့်အတန်းတည်းဟူသော ဤအရာများနှစ်ခုအတွက် ဖြစ်သည်။...၎င်းတို့က အဖိုးအခပေးသည့်အခါ အဘယ်ကြောင့် ၎င်းတို့ အဖိုးအခပေးသည်ကို ကြည့်လော့။ ကိစ္စရပ်တစ်ခုကို ၎င်းတို့ ကြိုးစားပမ်းစား ငြင်းခုံဆွေးနွေးကြသည့်အခါ ထိုအရာကို အဘယ်ကြောင့် ၎င်းတို့ ငြင်းခုံဆွေးနွေးကြသည်ကို ကြည့်လော့။ လူတစ်ဦးကို ၎င်းတို့ ဆွေးနွေးသည့်အခါ၊ သို့မဟုတ် ရှုတ်ချကြသည့်အခါ ၎င်းတို့တွင် မည်သည့် ကြံရွယ်ချက်နှင့် ရည်မှန်းချက် ရှိသည်ကို ကြည့်လော့။ တစ်စုံတစ်ရာနှင့်ပတ်သက်၍ ၎င်းတို့ စိတ်မကောင်းဖြစ်သည့်အခါ၊ သို့မဟုတ် ဒေါသထွက်သည့်အခါ မည်သည့် စိတ်သဘောထားအား ၎င်းတို့ ထုတ်ဖော်ပြသည်ကို ကြည့်လော့။ လူတို့သည် လူတို့၏ စိတ်နှလုံးအတွင်းကို မမြင်နိုင်ကြသော်လည်း ဘုရားသခင်က မြင်နိုင်သည်။ လူတို့ စိတ်နှလုံးများ၏ အတွင်းကို ဘုရားသခင် ကြည့်သည့်အခါ လူတို့ ပြောဆို၊ လုပ်ဆောင်သည့်အရာ၏ အနှစ်သာရကို အကဲဖြတ်ရန် ဘုရားသခင်က မည်သည့်အရာအား အသုံးပြုသနည်း။ ထိုအရာကို အကဲဖြတ်ရန် သူက သမ္မာတရားကို အသုံးပြုသည်။ လူ၏ အမြင်တွင် မိမိ၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်ခြင်းသည် သင့်တင့်လျောက်ပတ်ပေသည်။ ထို့ကြောင့် ထိုအရာကို ဘုရားသခင်၏ အမြင်တွင် အန္တိခရစ်များ၏ ထုတ်ဖော်ပြချက်နှင့် အမူအရာများ အဖြစ်လည်းကောင်း၊ အန္တိခရစ်များ၏ အနှစ်သာရအဖြစ်လည်းကောင်း အဘယ်ကြောင့် သရုပ်ဖော်ခြင်းခံရသနည်း။ ဤသည်မှာ အန္တိခရစ်များ လုပ်ဆောင်သမျှတိုင်းအတွက် တွန်းအားနှင့် လှုံ့ဆော်သောအရာအပေါ် အခြေခံသည်။ ဘုရားသခင်က ၎င်းတို့ လုပ်ဆောင်သည့်အရာအတွက် တွန်းအားနှင့် စိတ်လှုံ့ဆော်မှုတို့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး အဆုံးတွင် ၎င်းတို့ လုပ်ဆောင်သမျှတိုင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအတွက် ဖြစ်ရန် မဆိုထားနှင့်၊ ၎င်းတို့၏ တာဝန်ကို လုပ်ဆောင်ခြင်းအတွက် ဖြစ်ခြင်းထက် ၎င်းတို့၏ တစ်ကိုယ်ရေ ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် ဖြစ်သည်ကို ဆုံးဖြတ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) ဘုရားနှုတ်ကပတ်တော်တွေကနေ အန္တိခရစ်တွေက ပြုပြင်ခံရတာကို ဘာလို့ လက်မခံနိုင်လဲဆိုတဲ့ အကြောင်းရင်းကို ကျွန်မ နားလည်လိုက်တယ်။ သူတို့ရဲ့ အနှစ်သာရက သမ္မာတရားကို မုန်းတီးပြီး ဆိုးဆိုးရွားရွား မနှစ်မြို့တာအပြင် နောက်ထပ် အဓိကအကြောင်းရင်းတစ်ခု ရှိသေးတယ်။ အဲဒါကတော့ သူတို့ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို သူတို့ရဲ့ စိတ်နှလုံးထဲက တခြားအရာအားလုံးထက် ပိုပြီး အရေးကြီးတယ်လို့ သတ်မှတ်ကြလို့ပါပဲ။ အန္တိခရစ်တွေက သူတို့ရဲ့ ပြဿနာတွေကို ထောက်ပြတဲ့သူ၊ ဒါမှမဟုတ် သူတို့ကို ပြုပြင်တဲ့သူတိုင်းဟာ သူတို့ကို ဒုက္ခပေးဖို့၊ သိက္ခာချဖို့နဲ့ သူတို့ရဲ့ မာနနဲ့ အဆင့်အတန်းကို ထိခိုက်စေဖို့ ကြိုးစားနေတာလို့ ခံစားရတတ်ကြပါတယ်။ သူတို့ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် အန္တိခရစ်တွေက မရပ်မနား အတိုက်အခံလုပ်ပြီး ဆန့်ကျင်ကြတယ်၊ သူတို့လည်း ပြုပြင်တဲ့သူတွေကို ရန်သူလိုတောင် သဘောထားကြတယ်။ ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်မမှာလည်း ဒီလိုအမြင်မျိုး ရှိနေတာကို တွေ့လိုက်တယ်။ အစတုန်းက ညီအစ်ကိုမောင်နှမတွေက ကျွန်မပြဿနာတွေကို ခေါင်းဆောင်ဆီ တင်ပြတယ်ဆိုတာ သိရတော့ သူတို့က ခေါင်းဆောင်ဆီမှာ ကျွန်မရဲ့ ပြဿနာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖော်ထုတ်ဖို့ ကြိုးစားနေတာ၊ ကျွန်မ သိက္ခာကျအောင်၊ အခက်တွေ့အောင် လုပ်နေတာလို့ ခံစားခဲ့တယ်။ ကျွန်မမှာရှိတဲ့ ပြဿနာတွေကို တွေ့ရင် ကျွန်မကို အရင်လာပြောသင့်တယ်၊ သီးသန့်လာပြီး ထောက်ပြသင့်တယ်၊ ကျွန်မ လက်မခံမှ ခေါင်းဆောင်ဆီ သွားတင်ပြတာက သင့်တော်မယ်လို့ ကျွန်မ ထင်ခဲ့တယ်။ တကယ်တော့ ကျွန်မသာ အကြံပြုချက်တွေနဲ့ သမ္မာတရားကို တကယ်လက်ခံတဲ့သူဆိုရင် သူတို့ ဘယ်လိုအခြေအနေ၊ ဘယ်လိုနည်းလမ်းနဲ့ တင်ပြလဲဆိုတာကို ဂရုစိုက်မှာ မဟုတ်ဘူး။ အဲဒီအစား ဘယ်လိုပြဿနာတွေ တင်ပြထားလဲ၊ ငါ ဘယ်လိုပြောင်းလဲပြီး တိုးတက်အောင်လုပ်သင့်လဲ ဆိုတာကိုပဲ ဂရုစိုက်မိမှာပါ။ အဲဒီလိုအတွေးတွေ ဝင်ခဲ့တာက ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ချင်လို့၊ ခေါင်းဆောင်ရဲ့ မျက်စိထဲမှာ အထင်ကြီးခံရတာကို ထိန်းသိမ်းချင်လို့ပဲ။ ဂျေဒင်က အကြံပြုချက်တွေပေးပြီး ညီအစ်ကိုမောင်နှမတွေရှေ့မှာ ကျွန်မကို ဖော်ထုတ်လိုက်တော့ ကျွန်မ ပိုပြီးတော့တောင် လက်မခံနိုင်ဖြစ်ခဲ့တယ်။ လူတိုင်းရှေ့မှာ ကျွန်မကို အရှက်ခွဲဖို့၊ မျက်နှာပျက်အောင်လုပ်ဖို့ သူ ဒီလိုလုပ်နေတာ၊ လူတွေ ကျွန်မအပေါ်ထားတဲ့ ပုံရိပ်ကောင်းကို ဒါက အကြီးအကျယ် ထိခိုက်စေမှာပဲလို့ ကျွန်မ ထင်ခဲ့တယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုချင်တဲ့လိုအင်ဆန္ဒကြောင့် ကိုယ့်ဂုဏ်သိက္ခာကို ပြန်ဆယ်ဖို့ သူ့အကြံပြုချက်တွေကို သွယ်ဝိုက်ပြီး ပြန်တုံ့ပြန်ခဲ့တယ်။ ကျွန်မမှာ မလိုမုန်းထားတဲ့ အတွေးတွေတောင် ရှိခဲ့သေးတယ်။ သူ့ကို ဖိနှိပ်ဖို့၊ ရေလောင်းခြင်းအလုပ်မှာ မပါဝင်နိုင်အောင် တားဆီးဖို့အတွက် ကျွန်မရဲ့ အာဏာနဲ့ ရာထူးကို သုံးချင်ခဲ့တယ်။ ကျွန်မက ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို တကယ်ပဲ လွန်လွန်ကဲကဲ ဂရုစိုက်နေမှန်း၊ ကျွန်မ ပြောသမျှ၊ လုပ်သမျှရဲ့ နောက်ကွယ်က အခြေခံအကြောင်းရင်းက ကိုယ့်မာနနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ဖြစ်နေမှန်း၊ လူတွေကို ဖိနှိပ်ချင်စိတ်တောင် ရှိနေမှန်း သဘောပေါက်လိုက်တယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားတာက မှန်ကန်တဲ့လမ်းကြောင်း မဟုတ်ဘဲ အဲဒါက ဘုရားသခင်ကို ဆန့်ကျင်တာဆီပဲ ဦးတည်စေမယ်ဆိုတာ ကျွန်မ မြင်သွားတယ်။
နောက်ပိုင်းမှာ မလိုမုန်းထားတဲ့ အတွေးတွေကတစ်ဆင့် ကျွန်မ ထုတ်ဖော်ခဲ့တဲ့ စိတ်သဘောထားကို ဆင်ခြင်သုံးသပ်ကြည့်ရင်း ကျွန်မကို အရမ်းတို့ထိခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်မိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဝေဖန်ထိုးနှက်ခြင်းနှင့် လက်တုံ့ပြန်ခြင်းသည် မလိုမုန်းထားသော စာတန်ဆန်သည့် သဘာဝမှလာသည့် လုပ်ရပ်နှင့် ထုတ်ဖော်ခြင်း အမျိုးအစားတစ်ခုဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစားတစ်ခုလည်း ဖြစ်သည်။ လူတို့က ဤသို့စဉ်းစားကြ၏။ ‘ကျွန်ုပ်အပေါ် သင်မကြင်နာလျှင် သင့်အပေါ် ကျွန်ုပ်တရားသဖြင့် ပြုမူမည် မဟုတ်။ ကျွန်ုပ်ကို သိက္ခာနှင့် သင်မဆက်ဆံလျှင် ကျွန်ုပ်သည်လည်း သင့်ကို အဘယ်ကြောင့် သိက္ခာနှင့် ဆက်ဆံရမည်နည်း’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ အဘယ်သို့သော စဉ်းစားပုံမျိုးနည်း။ ယင်းသည် လက်တုံ့ပြန်တတ်သော စဉ်းစားနည်းမဟုတ်သလော။ သာမန်လူတစ်ယောက်၏ အမြင်များတွင် ဤသည်မှာ ခိုင်လုံသော ရှုထောင့်အမြင် မဟုတ်လော။ ယင်းက ယုတ္တိမရှိသလော။ ‘တိုက်ခိုက်မခံရလျှင် ကျွန်ုပ်တို့ တိုက်ခိုက်မည်မဟုတ်ပါ။ ကျွန်ုပ်တို့ တိုက်ခိုက်ခံရလျှင် တန်ပြန်တိုက်ခိုက်မည်မှာ သေချာ၏’၊ ပြီးလျှင် ‘သင်လုပ်သည့်အတိုင်း ပြန်ခံရခြင်းဖြစ်သည်’ ဤကဲ့သို့သော အရာတို့ကို ဘာသာတရားမရှိသူများက မကြာခဏ ပြောဆိုကြသည်။ ၎င်းတို့အကြားတွင် ဤအရာအားလုံးတို့သည် ခိုင်လုံပြီး လူ့အယူအဆများနှင့် လုံးလုံးကိုက်ညီသော အကြောင်းပြချက်များ ဖြစ်၏။ သို့တိုင်အောင် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို လိုက်စားသူတို့သည် ဤစကားများကို အဘယ်သို့ ရှုမြင်သင့်သနည်း။ ဤအယူအဆများမှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် မမှန်ကန်သနည်း။ ယင်းတို့ကို မည်သို့ ပိုင်းခြားသိမြင်သင့်သနည်း။ ဤအရာတို့သည် မည်သည့်နေရာမှ လာသနည်း။ (စာတန်ထံမှ လာပါသည်။) ၎င်းတို့သည် စာတန်ထံမှ လာ၏၊ ဤအရာကို သံသယဖြစ်စရာ မရှိပေ။ စာတန်၏ မည်သည့်စိတ်သဘောထားမှ ယင်းတို့လာသနည်း။ စာတန်၏ မလိုမုန်းထားသော သဘာဝမှ လာသည်။ ယင်းတို့တွင် အဆိပ်ပါဝင်သည်။ ယင်းတို့တွင် စာတန်၏ မလိုမုန်းထားမှုနှင့် အကျည်းတန်မှုအားလုံးပါသည့် သရုပ်မှန်ပါဝင်သည်။ ယင်းတို့တွင် ဤသဘာဝ အနှစ်သာရမျိုး ပါဝင်သည်။ ထိုသဘာဝ အနှစ်သာရမျိုးတွင် ပါဝင်သော အမြင်ရှုထောင့်များ၊ အတွေးများ၊ ထုတ်ဖော်မှုများ၊ စကားများအပြင် လုပ်ရပ်များ၏ ဝိသေသလက္ခဏာမှာ အဘယ်နည်း။ လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်မှာ သေချာ၏။ စာတန်၏ စိတ်သဘောထား ဖြစ်သည်။ ဤဆိုးယုတ်သောအရာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ကိုက်ညီသလော။ သမ္မာတရားနှင့် ကိုက်ညီသလော။ ယင်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အခြေပြုထားချက်ရှိသလော။ (မရှိပါ။) ယင်းတို့သည် ဘုရားသခင်၏ နောက်တော်သို့ လိုက်သူများ လုပ်ဆောင်သင့်သည့်အရာ ဟုတ်သလော။ ၎င်းတို့ပိုင်ဆိုင်သင့်သည့် အတွေးအမြင်များ ဟုတ်သလော။ ဤအတွေးများနှင့် ဆောင်ရွက်ပုံနည်းလမ်းတို့သည် သမ္မာတရားနှင့် ကိုက်ညီကြပါသလော။ (မကိုက်ညီပါ။)” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းမှသာလျှင် စစ်မှန်သော ပြောင်းလဲခြင်းကို ဖြစ်စေနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ သဘောပေါက်လိုက်တယ်။ တိုက်ခိုက်ချင်၊ လက်စားချေချင်တဲ့ ကျွန်မရဲ့ အတွေးတွေဟာ “တိုက်ခိုက်မခံရလျှင် ကျွန်ုပ် တိုက်ခိုက်မည်မဟုတ်ပါ။ ကျွန်ုပ် တိုက်ခိုက်ခံရလျှင် တန်ပြန်တိုက်ခိုက်မည်မှာ သေချာ၏” တို့၊ “သူတို့ဖော်သည့်ဆေး သူတို့ကို ပြန်သောက်ခိုင်း” တို့လို စာတန်ဆန်တဲ့ အဆိပ်အတောက်တွေကြောင့် ဖြစ်လာတာပါ။ ညီအစ်ကိုမောင်နှမတွေရှေ့မှာ ဂျေဒင်က ကျွန်မပြဿနာတွေကို ဖွင့်ချတာက ကျွန်မကို သိက္ခာဆည်ခွင့်မပေးတာ၊ ကျွန်မအပေါ် မကြင်နာတာလို့ ကျွန်မ ထင်ခဲ့တယ်။ ကျွန်မလည်း သူ့ကို မကောင်းပြန်လုပ်လို့ရတယ်ဆိုတဲ့ သဘောပေါ့။ ကျွန်မဘယ်လိုလူလဲဆိုတာ မပြရင် သူ ကျွန်မကို အနိုင်ကျင့်လို့ရတယ် ထင်နေမှာလို့တောင် ခံစားခဲ့ရတယ်၊ ဒါကြောင့် နောင်ကျရင် သူ့ကို ရေလောင်းခြင်းအလုပ်မှာ မပါခိုင်းတော့ဘူးလို့ တွေးခဲ့ပါတယ်။ အဲဒီအခါကျမှ သူ ကျွန်မကို ဘယ်လို ပြုပြင်ဦးမလဲဆိုတာ ကြည့်ကြမယ်လို့ပေါ့။ အဲဒီတုန်းက ဒီအတွေးတွေ၊ ရည်ရွယ်ချက်တွေကို ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်မက တကယ်ပဲ မလိုမုန်းထားပြီး ကြောက်စရာကောင်းမှန်း မြင်လိုက်ရတယ်။ ဂျေဒင်က ကျွန်မပြဿနာတွေကို ခေါင်းဆောင်ဆီ တင်ပြတာက အလုပ်အပေါ် တာဝန်သိစိတ်ရှိလို့၊ အသင်းတော်အလုပ်ကို ကာကွယ်နေလို့ပါ။ ပြီးတော့ အကြံပြုချက်ပေးဖို့ အဖွဲ့ထဲမှာ ကျွန်မ စာပို့တုန်းကလည်း ဂျေဒင်က တက်တက်ကြွကြွနဲ့ သူ့အတွေးတွေ၊ အမြင်တွေကို မျှဝေခဲ့တယ်။ ဒါက သူ့မှာ ဝန်တာထားတဲ့စိတ် ရှိတာကို ပြနေတာပါ။ ဒါပေမဲ့ ကျွန်မကတော့ သူက ကျွန်မကို တမင်သက်သက် ဒုက္ခပေးနေတယ်လို့ ခံစားပြီး ပြန်ငြင်းဖို့၊ ကိုယ့်ကိုယ်ကိုယ် မှန်ကန်ကြောင်းပြဖို့တောင် ကြိုးစားခဲ့တယ်။ ကျွန်မရဲ့ ပြဿနာတွေကို သူ ဖော်ထုတ်တာက အချက်အလက်ခိုင်လုံပြီး လုံးဝ သင့်တော်ပါတယ်။ ပြီးတော့ ဒါတွေကို တိုက်ရိုက် ထုတ်ပြောတာဟာ ကျွန်မရဲ့ တာဝန်တွေမှာ အထောက်အကူဖြစ်စေတယ်။ ကျွန်မကို အရှက်ခွဲဖို့ ရည်ရွယ်ချက် လုံးဝ မရှိပါဘူး။ ဒါ့အပြင် ညီအစ်ကိုမောင်နှမတွေအချင်းချင်း အကြံပြုတာ၊ ပြုပြင်တာတွေက ကြင်နာတာ၊ မကြင်နာတာနဲ့ မဆိုင်ပါဘူး။ ဒီအချက်ကို နားလည်တဲ့နေရာမှာ ကျွန်မက မယုံကြည်သူတွေနဲ့ အတူတူပဲ ဖြစ်နေတယ်။ အရင်တုန်းကတော့ ကျွန်မမှာ လူ့သဘာဝကောင်းရှိတယ်၊ အန္တိခရစ်တစ်ယောက်လိုမျိုး သူများတွေကို ဖိနှိပ်တာ၊ ညှဉ်းပန်းနှိပ်စက်တာမျိုး လုပ်မှာမဟုတ်ဘူးလို့ ထင်ခဲ့တာ။ ဒါပေမဲ့ အဖြစ်မှန်တွေ ဖော်ထုတ်လိုက်တော့မှ ကျွန်မရဲ့ သဘာဝက တကယ်ပဲ မလိုမုန်းထားမှန်း မြင်လိုက်ရတယ်။ အရင်က ဒီလိုကိစ္စမျိုး ကျွန်မ မလုပ်ခဲ့ဖူးတာက အခြေအနေမပေးလို့ပါ၊ ဒါပေမဲ့ တချို့အခြေအနေတွေမှာ ဒီလို မလိုမုန်းထားတဲ့ အတွေးတွေကို ကျွန်မ သဘာဝအတိုင်း ထုတ်ဖော်မိနိုင်ပါတယ်။ ဒါက ကျွန်မ သဘာဝရဲ့ ထုတ်ဖော်မှုပါပဲ။ အဲဒီအချိန်မှာ ပြုပြင်ခံရတာက တကယ် ကောင်းမှန်း ကျွန်မ နောက်ဆုံးမှာ သဘောပေါက်လိုက်တယ်။ မဟုတ်ရင် ကျွန်မထဲမှာရှိတဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်တွေနဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားတွေကို ဘယ်တော့မှ အသိအမှတ်ပြုမိမှာ မဟုတ်သလို၊ ပြန်ပြင်ဖို့၊ ပြောင်းလဲဖို့လည်း နည်းလမ်းရှိမှာ မဟုတ်ဘူး။ ကျွန်မ ဘုရားသခင်ကို အရမ်းကျေးဇူးတင်ပြီး ဘုရားရှေ့မှာ သွားဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်၊ သမီးက သမ္မာတရားကို မနှစ်မြို့ရုံတင်မကဘဲ သမီးရဲ့ သဘာဝကလည်း မလိုမုန်းထားမှန်း သမီး မြင်ပါပြီ။ ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် အကြံပြုချက်ပေးတဲ့ ညီအစ်ကိုမောင်နှမတွေကို တိုက်ခိုက်ပြီး လက်စားချေချင်စိတ်တောင် ရှိခဲ့တယ်။ သမီးမှာ လူ့သဘာဝ ကင်းမဲ့နေပြီး ယုံကြည်သူတစ်ယောက်လို့ ခေါ်ဖို့တောင် မထိုက်တန်မှန်း သမီး မြင်ပါပြီ။ အို ဘုရားသခင်၊ သမီး နောင်တရပြီး ပြောင်းလဲဖို့ ဆန္ဒရှိပါတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ အကြံပြုချက်တွေကို လက်ခံတတ်အောင် သင်ယူဖို့အတွက် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းကို တွေ့အောင် လမ်းပြပေးတော်မူပါ” လို့ပေါ့။
ဝတ်ပြုနေတုန်း ကျွန်မရဲ့ ပြဿနာတွေနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖွေဖတ်ရှုရင်း လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းကို တွေ့လိုက်တယ်။ ဘုရားသခင်က ပြောသည် “သမ္မာတရားကို သင်နားမလည်သောအခါ တစ်စုံတစ်ဦးက သင့်အား အကြံပြုချက်ပေးပြီး သမ္မာတရားနှင့်အညီ မည်သို့ ပြုမူဆောင်ရွက်ရမည်ကို သင့်အား ပြောလျှင် သင်သည် ရှေးဦးစွာ လက်ခံသင့်ပြီး လူတိုင်းအား ထိုအရာအပေါ်တွင် မိတ်သဟာယပြုစေသင့်သည်။ ပြီးလျှင် ဤလမ်းကြောင်းက မှန်ကန်ခြင်းရှိမရှိ၊ သမ္မာတရားစည်းမျဉ်းများနှင့် ညီခြင်းရှိမရှိကို ကြည့်သင့်သည်။ သမ္မာတရားနှင့် ကိုက်ညီသည်ဟု အတည်ပြုလျှင် ထိုနည်းအတိုင်း လက်တွေ့လုပ်ဆောင်လော့။ သမ္မာတရားနှင့် မကိုက်ညီဟု သင် ဆုံးဖြတ်လျှင် ထိုနည်းအတိုင်း လက်တွေ့မလုပ်ဆောင်နှင့်။ ထိုမျှ ရိုးရှင်းပေသည်။ သမ္မာတရားကို သင်ရှာဖွေသောအခါ လူများစွာထံမှ ရှာဖွေသင့်သည်။ တစ်ဦးတလေက ပြောစရာတစ်စုံတစ်ခုရှိလျှင် သင် နားထောင်သင့်ပြီး ထိုသူ၏ စကားများအားလုံးကို အလေးအနက်ထားသင့်သည်။ ထိုသူအား လျစ်လျူရှုခြင်း၊ မသိကျိုးကျွန်ပြုခြင်းမပြုနှင့်။ အဘယ်ကြောင့်ဆိုသော် သင်၏တာဝန် နယ်ပယ်အတွင်းတွင်ရှိသော အရာများနှင့် သက်ဆိုင်ပြီး ဤအရာကို အလေးအနက် သဘောထားရမည်ဖြစ်သောကြောင့်ဖြစ်သည်။ ဤသည်မှာ မှန်ကန်သော သဘောထား၊ မှန်ကန်သော စိတ်အခြေအနေဖြစ်သည်။ သင်သည် မှန်ကန်သော အခြေအနေတွင် ရှိသောအခါ သမ္မာတရားအား အလွန်အမင်းမနှစ်မြို့သကဲ့သို့ မုန်းတီးသည့် စိတ်သဘောထားကို ထုတ်ဖော်ပြသခြင်းမရှိပေ။ ထို့နောက် ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အစားထိုးပေးလိမ့်မည်။ ဤသည်မှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ သင်သည် ဤနည်းဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောအခါ မည်သည့် အသီးအပွင့်ကို ရရှိမည်နည်း။ (သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြခြင်းကို ခံရမည်။) သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို ရရှိခြင်းသည် ကဏ္ဍတစ်ခုဖြစ်သည်။ တစ်ခါတစ်ရံတွင် အကြောင်းအရာသည် အလွန်ရိုးရှင်းပြီး သင်ကိုယ်တိုင်၏ စိတ်ကို အသုံးပြုခြင်းအားဖြင့် ရရှိနိုင်သည်။ အခြားလူများက ၎င်းတို့၏ အကြံများကို သင့်အား ပေးပြီး သင်က နားလည်ပြီးနောက်တွင် သင်သည် အမှုအရာများကို ပြုပြင်ပြီး စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နိုင်လိမ့်မည်။ ဤသည်မှာ ရိုးရှင်းသော ကိစ္စတစ်ခုဖြစ်သည်ဟု လူတို့က ထင်ကောင်းထင်နိုင်သော်လည်း၊ ဘုရားသခင်အတွက် ကြီးမားသော ကိစ္စဖြစ်သည်။ အဘယ်ကြောင့် ငါ ဤသို့ ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ဤသို့ လက်တွေ့လုပ်ဆောင်သောအခါ ဘုရားသခင်အတွက် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သောသူ၊ သမ္မာတရားကို ချစ်သောသူ၊ သမ္မာတရားကို မနှစ်မြို့ခြင်း မရှိသောသူဖြစ်သည်။ သင်၏ စိတ်နှလုံးအတွင်းသို့ ဘုရားသခင် ကြည့်သောအခါ သူသည် သင်၏ စိတ်သဘောထားကိုလည်း မြင်သည်။ ဤသည်မှာ ကြီးမြတ်သော ကိစ္စဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် သင်သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် သင်၏တာဝန်ကို ထမ်းဆောင်ပြီး ပြုမူဆောင်ရွက်သောအခါ သင်အသက်ရှင်နေထိုင်ပြီး ထုတ်ဖော်သည့်အရာသည် လူတို့ပိုင်ဆိုင်သင့်သည့် သမ္မာတရား၏ စစ်မှန်မှုအားလုံးဖြစ်သည်။ သင်လုပ်ဆောင်သမျှတွင် သင်ပိုင်ဆိုင်သော သဘောထားများ၊ အတွေးများ၊ အခြေအနေများသည် ဘုရားသခင်အတွက် အရေးကြီးဆုံးဖြစ်ပြီး ဘုရားသခင် စိစစ်သောအရာများဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ အသက်ရှင်ခြင်းသည်သာလျှင် အကြင်သူသည် သူနှင့် ပုံမှန်ဆက်ဆံရေးကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းတစ်ခု ပြသခဲ့ပါတယ်၊ အဲဒါက သူများတွေရဲ့ အကြံပြုချက်တွေကို အလေးထားဖို့၊ ဘယ်သူကပဲ ပြောပြော၊ အဲဒီအချိန်မှာ ကျွန်မ နားလည်သည်ဖြစ်စေ၊ မလည်သည်ဖြစ်စေ၊ ကိုယ့်အလိုနဲ့ ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ လျစ်လျူမရှုရဘူး၊ ပစ်ပယ်တာ၊ အထင်သေးတာဆို ပိုလို့တောင် မလုပ်ရဘူး။ ဒီအကြံပြုချက်တွေကို အရင်ဆုံး လက်ခံပြီး လူတိုင်းနဲ့ မိတ်သဟာယဖွဲ့ဖို့ ရှာဖွေရမယ်။ သမ္မာတရား စည်းမျဉ်းတွေနဲ့ ကိုက်ညီတာကို လက်ခံပြီး လက်တွေ့လုပ်ဆောင်ရမယ်၊ မကိုက်ညီတာကိုတော့ လက်မခံရဘူး။ ဒီဖြစ်စဉ်အတွင်းမှာ အရေးကြီးဆုံးက သမ္မာတရားကို မနှစ်မြို့တာ၊ စိတ်နှလုံးမာကျောတာ၊ မာနထောင်လွှားတာဆိုတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ အသက်မရှင်ဘဲ သူများတွေရဲ့ အကြံပြုချက်တွေကို ရှာဖွေတဲ့ သဘောထားနဲ့ ဆက်ဆံဖို့ပါပဲ။ နောက်ပိုင်းမှာ ညီအစ်ကိုမောင်နှမတွေ တင်ပြတဲ့ ပြဿနာတွေ၊ အကြံပြုချက်တချို့ကို ကျွန်မရဲ့ အလုပ်ဖော်တွေနဲ့ ဆွေးနွေးပြီး တစ်ခုချင်းစီ ဖြေရှင်းခဲ့တယ်။ ဒီလို လက်တွေ့လုပ်ဆောင်ပြီးတဲ့နောက် ရေလောင်းခြင်းအလုပ်ရဲ့ ရလဒ်တွေက အရင်ကထက် အများကြီး ပိုကောင်းလာတယ်။ ဂျေဒင်အပေါ် ကျွန်မထားတဲ့ အာဃာတတွေလဲ ပျောက်သွားမှန်း တွေ့လိုက်ရတယ်။ ကျွန်မ ဘုရားသခင်ကို အကြီးအကျယ် ကျေးဇူးတင်မိတယ်။
နောက်ပိုင်းမှာ “ငါ့ပြဿနာတွေကို ထောက်ပြတဲ့ ညီအစ်ကိုမောင်နှမတွေအပေါ် ဘယ်လိုသဘောထားမျိုး ထားသင့်လဲ” လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်တယ်။ ရှာဖွေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တယ်။ “သင့်အား မှန်မှန်ကန်ကန် ပြောဆိုနိုင်သောသူတို့နှင့် သင်နီးစပ်အောင် လုပ်ဆောင်ရမည်။ သင့်ဘေးတွင် ဤသို့သောသူများ ရှိခြင်းသည် သင့်အတွက် ကြီးစွာသော အကျိုးကျေးဇူးရှိသည်။ အထူးသဖြင့် သင့်၌ ပြဿနာတစ်ခုရှိသည်ကို တွေ့ရှိသောအခါတွင် သင့်အား အပြစ်တင်ရန်၊ သင့်အား ဖော်ထုတ်ရန် သတ္တိရှိသော ထိုကဲ့သို့သောလူကောင်းများကို သင့်အနီးတွင် ထားရှိခြင်းသည် သင့်အား လမ်းမလွဲစေရန် တားဆီးနိုင်သည်။ သင်၏ အဆင့်အတန်းက မည်သို့ရှိသည်ကို ၎င်းတို့ ဂရုမစိုက်ပေ။ ပြီးလျှင် သမ္မာတရားစည်းမျဉ်းများနှင့် ဆန့်ကျင်သည့်အရာတစ်ခုအား သင်လုပ်ဆောင်ပြီးသည်ကို ၎င်းတို့တွေ့ရှိသည်နှင့် လိုအပ်လျှင် ၎င်းတို့သည် သင့်အား အပြစ်တင်ပြီး ဖော်ထုတ်လိမ့်မည်။ ဤသို့သောသူများသည်သာ ဖြောင့်မှန်သောလူများ၊ တရားမျှတစိတ် ရှိသောလူများဖြစ်သည်။ ထို့အပြင် ၎င်းတို့က သင့်အား မည်သို့ ဖော်ထုတ်ပြီး အပြစ်တင်ပါစေ အားလုံးက သင့်အတွက် အထောက်အကူဖြစ်ပြီး အားလုံးက သင့်အား ကြီးကြပ်ခြင်းနှင့် ရှေ့သို့ တွန်းတင်ခြင်းတို့သာ ဖြစ်သည်။ သင်သည် ဤသို့သောလူများနှင့် နီးစပ်အောင် လုပ်ဆောင်ရမည်။ သင့်အနီး၌ ဤသို့သောသူများရှိပြီး သင့်အား ကူညီခြင်းအားဖြင့် သင်သည် အတော်အတန်ပင် ပို၍ ဘေးကင်းလာသည်။ ဤသည်မှာ ဘုရားသခင်၏ ကွယ်ကာမှုရှိခြင်းဆိုသည့်အရာ ဖြစ်သည်။ နေ့စဉ် သင်၏နံဘေး၌ သမ္မာတရားကို နားလည်ပြီး စည်းမျဉ်းများကို ထိန်းသိမ်းသောသူများ ရှိနေပြီး သင့်အား ကြီးကြပ်ပေးနေခြင်းသည် သင့်တာဝန်နှင့် အလုပ်ကို ကောင်းစွာလုပ်ဆောင်ခြင်းအတွက် အလွန်အကျိုးဖြစ်စေသည်။ သင့်ကို ဖော်လံဖားပြီး မြှောက်ပင့်သည့် လှည့်ဖြားတတ်သော၊ မရိုးဖြောင့်သော လူတို့ကို သင်၏ လက်ထောက်များအဖြစ် လုံးဝ မထားရပေ။ ဤကဲ့သို့သောလူတို့ သင်ထံတွင် ကပ်တွယ်နေခြင်းသည် သင့်အပေါ် နံဟောင်နေသော ယင်ကောင်များ ပျံဝဲနေခြင်းနှင့် တူ၏။ သင်သည် ဗက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး အမြောက်အမြားနှင့် ထိတွေ့တော့မည်ဖြစ်၏။ ထိုသို့သောလူတို့သည် သင့်ကို နှောင့်ယှက်ပြီး သင့်အလုပ်ကို ထိခိုက်စေတတ်သည်။ ထိုသူတို့က သင့်ကို စုံစမ်းသွေးဆောင်ခြင်းထဲသို့ လဲကျစေပြီး လမ်းလွဲစေနိုင်သည့်အပြင် သင့်အား ကံဆိုးခြင်းနှင့် ဘေးဒုက္ခ ပေးနိုင်သည်။ ထိုသူတို့မှနေ၍ ဝေးလေကောင်းလေ ရှောင်ကြဉ်ရမည် ဖြစ်ကာ သူတို့၌ မယုံကြည်သူများ၏ အနှစ်သာရရှိသည်ကို သင် ပိုင်းခြားသိမြင်နိုင်ပြီး သူတို့ကို အသင်းတော်မှနေ၍ ရှင်းလင်းပစ်နိုင်လျှင် သာ၍ပင် ကောင်းသေး၏။...သင်သည် အန္တိခရစ်လမ်းကြောင်းကို ကောင်းစွာ ရှောင်ကြဉ်လိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် သမ္မာတရားအား ချစ်သောသူများ၊ ဖြောင့်မှန်သောသူများနှင့် နီးစပ်ရန်၊ သင်၏ ပြဿနာများအား ထောက်ပြနိုင်သောသူများ၊ သင့်ပြဿနာများအား တွေ့ရှိသောအခါ၌ သင့်အား မှန်မှန်ကန်ကန် ပြောဆိုပြီး အပြစ်တင်နိုင်သောသူများ၊ အထူးသဖြင့် သင့်ပြဿနာများအား တွေ့ရှိသောအခါ သင့်အား ပြုပြင်နိုင်သောသူများဖြင့် နီးစပ်ရန် စတင်လုပ်ဆောင်သင့်သည်။ ဤသူတို့မှာ သင့်အတွက် အကျိုးအရှိဆုံးသူများ ဖြစ်ပြီး ၎င်းတို့ကို သင်ချစ်မြတ်နိုးသင့်သည်။ ဤသို့သော လူကောင်းများကို သင်ပယ်ပြီး ဖယ်ရှားလျှင် ဘုရားသခင်၏ ကွယ်ကာမှုကို သင်ဆုံးရှုံးရမည်။ ပြီးလျှင် ကပ်ဘေးများက တဖြည်းဖြည်းချင်းဖြင့် သင့်ထံသို့ လာလိမ့်မည်။ လူကောင်းများနှင့် သမ္မာတရားကို နားလည်သောသူများဖြင့် နီးစပ်အောင် လုပ်ဆောင်ခြင်းအားဖြင့် သင့်တွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ရှိလိမ့်မည်။ ပြီးလျှင် သင်သည် ကပ်ဘေးကို ရှောင်နိုင်လိမ့်မည်။ ယုတ်မာသောလူများ၊ အရှက်မဲ့သောလူများ၊ သင့်အား မြှောက်ပင့်သောလူများဖြင့် နီးစပ်အောင် လုပ်ဆောင်ခြင်းအားဖြင့် သင်သည် အန္တရာယ်ကျရောက်လိမ့်မည်။ သင်သည် အလွယ်တကူ လိမ်လည်ခြင်းနှင့် လှည့်စားခြင်းတို့ကို ခံရမည်သာမကဘဲ ကပ်ဘေးက သင့်အပေါ်သို့ အချိန်မရွေး ရောက်လာနိုင်သည်။ မည်သို့သောသူမျိုးက သင့်အား အကျိုးအဖြစ်စေနိုင်ဆုံးဖြစ်သည်ကို သင်သိရမည်။ သင့်အား အကျိုးအဖြစ်စေနိုင်ဆုံးမှာ မှားသောအရာတစ်ခုခုကို သင်လုပ်ဆောင်သောအခါ၊ သို့မဟုတ် သင့်ကိုယ်သင် ဂုဏ်တင်ချီးကျူးပြီးကာ သက်သေခံ၍ သူတစ်ပါးတို့ကို လှည့်စားသောအခါတွင် သင့်အား သတိပေးနိုင်သောသူများ ဖြစ်လေသည်။ ဤသို့သောလူများနှင့် နီးစပ်အောင် လုပ်ဆောင်ခြင်းသည် လျှောက်လှမ်းရန်အတွက် မှန်ကန်သော လမ်းကြောင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်လိုက်တယ်။ ကိုယ့်တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်ဖို့ဆိုရင် သမ္မာတရားကို ရဲရဲဝံ့ဝံ့ပြောတဲ့သူတွေ၊ တရားမျှတစိတ် ရှိတဲ့သူတွေဆီ တက်တက်ကြွကြွ ချဉ်းကပ်ဖို့ လိုတယ်။ ဘာလို့လဲဆိုတော့ သူတို့က အဆင့်အတန်း၊ အာဏာ၊ ဒါမှမဟုတ် လူမှုရေး ခံစားချက်တွေကို ထည့်မစဉ်းစားဘူး။ သူတို့က မြင်တာကို ပြောတယ်၊ လိုအပ်ရင် လူတွေကို ဖော်ထုတ်တယ်၊ ပြုပြင်တယ်။ ကျွန်မဘေးနားမှာ ဒီလိုလူမျိုးတွေ ရှိတာက တာဝန်တွေမှာ ကျွန်မကို ကြီးကြပ်ပြီး သတိပေးနိုင်ရုံတင်မကဘူး၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကိုလည်း ချုပ်ထိန်းပေးတယ်။ ကျွန်မမှာ မာနထောင်လွှားတဲ့ စိတ်သဘောထား ရှိပြီး အမြဲတမ်း ကိုယ့်သဘောအတိုင်းပဲ လုပ်ခဲ့တယ်။ ကိုယ်ပဲမှန်တယ်လို့ အမြဲထင်ပြီး စည်းမျဉ်းတွေကို ရှာဖွေဖို့ အာရုံမစိုက်ခဲ့ဘူး။ ကျွန်မဘေးနားမှာ ဒီလို ညီအစ်ကိုမောင်နှမတွေ ရှိရင် စည်းမျဉ်းနဲ့မညီတာ လုပ်မိတဲ့အခါ သူတို့က ကျွန်မကို တည့်မတ်ပေးနိုင်တယ်၊ ဖော်ထုတ်ပေးနိုင်တယ်။ ဒါက ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့၊ သမ္မာတရားကို ရှာဖွေဖို့ တွန်းအားဖြစ်စေတယ်။ အမှားမလုပ်မိအောင်၊ လမ်းကြောင်းမှားပေါ် မလျှောက်မိအောင် ရှောင်ရှားဖို့နဲ့ ကိုယ့်သဘာဝကို ပိုရှင်းရှင်းလင်းလင်း မြင်ဖို့လည်း ကူညီပေးမှာပဲ။ ဒါက ကိုယ့်တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်ဖို့ အထောက်အကူ ဖြစ်စေမှာပါ။ အသင်းတော်အလုပ်ကို ကာကွယ်ပေးနိုင်တဲ့၊ ဂျေဒင်လိုမျိုးပေါ့။ သူမြင်တဲ့ ပြဿနာမှန်သမျှကို တိုက်ရိုက်ထုတ်ပြောပြီး ထောက်ပြပေးတဲ့သူမျိုး။ သူပြောတာတွေက တစ်ခါတလေ ကျွန်မကို အရှက်ရစေပေမဲ့ ကျွန်မတာဝန်အတွက် အထောက်အကူဖြစ်စေတယ်။ ဒီလိုလူမျိုးတွေနဲ့ ကျွန်မ ပိုပြီး ထိတွေ့ဆက်ဆံသင့်တယ်၊ ကျွန်မကို ပိုပြီး ကြီးကြပ်ခွင့်၊ သတိပေးခွင့် ပေးသင့်တယ်။ အခု ပြန်စဉ်းစားကြည့်လိုက်ရင် ဘုရားစီစဉ်ပေးတဲ့ ဒီအခြေအနေက တကယ် ကောင်းမှန်း သဘောပေါက်လိုက်တယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ အကြံပြုချက်တွေနဲ့ ပြုပြင်တာကို လက်ခံတာက ကျွန်မတာဝန်မှာ လမ်းလွဲမှုတချို့ကို ပြန်တည့်မတ်နိုင်ရုံတင်မကဘဲ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကိုလည်း နားလည်မှုတချို့ ရရှိခဲ့တယ်။ ဘုရားသခင်ကို ကျွန်မ စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ကျွန်မက သာမန်လယ်သမားမိသားစုမှာ မွေးဖွားခဲ့တာပါ။ စားဝတ်နေရေးဖူလုံဖို့ ကျွန်မမိဘတွေက ကောက်ပဲသီးနှံစိုက်ပျိုးရေးကို အမှီပြုခဲ့ရတယ်။...
ရှောင်လျန် အီတလီနိုင်ငံ ကျွန်မကို အလေးနက်ဆုံး ခံစားမိစေတဲ့ အတွေ့အကြုံက ၂၀၂၁ခုနှစ်၊ ဧပြီလမှာ ဖြစ်ခဲ့တာပါ။ ရာဖေးလ်ဆိုတဲ့...
ဂျက်စီကာ ဖိလစ်ပိုင်နိုင်ငံ ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။...
တရုတ်ပြည်မှ လင်ဖန်း၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှာ ဝမ်ချီနဲ့ပတ်သက်ပြီး သုံးသပ်ချက်တစ်ခုရေးဖို့ အထက်ခေါင်းဆောင်က ကျွန်မဆီ စာပို့လာတယ်။ စာရရချင်း...