ဆုတောင်းခြင်း၏ တန်ခိုး- မျှော်လင့်ချက်ပျက်သုဉ်းခြင်း အလယ်တွင် အံ့ဖွယ်နမိတ်လက္ခဏာတစ်ခုကို မျက်မြင်တွေ့ရခြင်း
ဂျော ဂျီဟန် တရုတ်ပြည် ကျွန်မတို့ ဘဝတစ်လျှောက် ခရီးသွားစဉ်၊ ကျွန်မတို့ တစ်ယောက်တိုင်းသည် ကျွန်မတို့၏ မှတ်ဉာဏ်တွင် ကမ္မည်းထိုးထားပြီး၊ လုံးဝ...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၃ သြဂုတ်လမှာ ကျွန်မက လင်းမူနဲ့ စာနှင့်ပတ်သက်တဲ့တာဝန်တွေမှာ စပြီး ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ လင်းမူက ဒီတာဝန်ကို ထမ်းဆောင်တာကြာပြီ၊ အစွမ်းအစကောင်းရှိပြီး စည်းမျဉ်းတွေကို နောကျေနေခဲ့တာ။ ကျွန်မကတော့ လူသစ်ဖြစ်ပြီး စည်းမျဉ်းတွေ၊ အတတ်ပညာပိုင်း ကျွမ်းကျင်မှုတွေနဲ့ မရင်းနှီးတော့ စည်းမျဉ်းတွေကို အမြန်သဘောပေါက်ဖို့၊ ကိုယ့်တာဝန်ကို ယူဖို့ လင်းမူဆီကနေ ပိုသင်ယူသင့်တယ်လို့ တွေးမိတယ်။ အစတုန်းကတော့ အတတ်ပညာပိုင်း ကျွမ်းကျင်မှုတွေနဲ့ စည်းမျဉ်းတွေကို လေ့လာဖို့ ကျွန်မ အားစိုက်ခဲ့တယ်။ ကျွန်မ စီစဉ်ထားတဲ့ အချက်အလက်တွေ လိုအပ်ချက်ရှိရင် ပိုကောင်းအောင်ကူညီဖို့ လင်းမူကို ပြောတယ်။ နောက်ပိုင်းကျတော့ ကျွန်မအတွက် နည်းနည်း ရှုပ်ထွေးတယ်လို့ ထင်ရတဲ့ ပြဿနာတွေကို သူက မြန်မြန်ဆန်ဆန်ပဲ ဖြည့်စွက်ပြီး ပြီးအောင်လုပ်ပေးတယ်။ ကျွန်မ နည်းနည်း အားကျမိပေမဲ့ စိတ်သက်သာရာရသွားပြီးတော့ နောင်မှာ အခက်အခဲတွေကြုံရင် သူက ကူညီဖြေရှင်းပေးနိုင်မှာပဲလို့ တွေးမိတယ်။ အဲဒါဆိုရင် အချက်အလက်တွေ၊ စည်းမျဉ်းတွေကို ရှာဖို့ ကျွန်မ အချိန်ပေးစရာလိုမှာ မဟုတ်ဘူး။ အချိန်ကုန် လူပန်း သက်သာမယ်။ ကျွန်မအတွက် အရာရာ ပိုလွယ်ကူသွားမှာပေါ့။ တဖြည်းဖြည်းနဲ့ အချိန်ပိုပေးပြီး သေချာစဉ်းစားဖို့လိုတဲ့ ခက်ခဲတဲ့ပြဿနာတွေ ကြုံရတဲ့အခါ ဖြေရှင်းဖို့အတွက် လင်းမူဆီကိုပဲ ကျွန်မ လှည့်ပါတော့တယ်။ ဒါက ပြဿနာဖြေရှင်းတဲ့ ကျွန်မရဲ့ နည်းလမ်းဖြစ်လာတယ်။ လင်းမူက ကျွန်မကို သုံးလေးခေါက် ထောက်ပြတယ်။ ကျွန်မ စီစဉ်ထားတဲ့ အချက်အလက်တွေကို သူ ပြန်စစ်တိုင်း အချိန်အများကြီးကုန်တယ်၊ တချို့ပြဿနာတွေက ရှင်းရှင်းလင်းလင်း မဖော်ပြထားဘူး၊ ပြီးတော့ ကျွန်မရေးတဲ့အရာအပေါ် ပိုပြီးစဉ်းစားသင့်တယ်ဆိုပြီးတော့ပေါ့။ ကျွန်မ နည်းနည်း အပြစ်ရှိသလို ခံစားရပေမဲ့ ပြီးတော့ တွေးမိပြန်တယ်။ “လင်းမူက ငါ့ထက် အစွမ်းအစ ပိုရှိတယ်၊ စည်းမျဉ်းတွေကို ပိုနားလည်တယ်။ ဒီပြဿနာတွေကို သူက မြန်မြန် ပြင်နိုင်တာပဲ။ လုပ်နိုင်စွမ်းရှိတဲ့လူကို အလုပ်ပိုလုပ်ခိုင်းလိုက်တာပေါ့” လို့လေ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တာမျိုး မရှိခဲ့ဘူး။
တစ်နေ့မှာ လင်းမူက အလုပ်များနေပြီး ကျွန်မရေးထားတဲ့ လုပ်ငန်းဆိုင်ရာ ဆက်သွယ်ရေးစာကို ပြန်စစ်ဖို့ အချိန်မရဘူး။ ကိုယ့်ဘာသာ သေချာပြန်စစ်ဖို့ သူက ပြောတယ်။ ကျွန်မ အသေအချာ မရှင်းပြထားတဲ့ အပိုင်းနှစ်ပိုင်းရှိတာကို သတိထားမိလိုက်တယ်။ ရေးတုန်းက ဒါကို ကျွန်မ သတိပြုမိပေမဲ့ ခဏလောက် စဉ်းစားပြီးတဲ့နောက် ပိုကောင်းတဲ့ အကြံဉာဏ် မထွက်လာတော့ လင်းမူ နောက်ပိုင်းမှာ ပြင်ဖို့၊ မွမ်းမံဖို့အတွက် ဒီအတိုင်း ချန်ထားလိုက်တာကို သတိရတယ်။ အခု အဲဒီအကြောင်း စဉ်းစားမိတော့ လင်းမူသာ ပြန်စစ်ဖို့ အချိန်မရဘဲ ပြဿနာရှိတဲ့စာကို တိုက်ရိုက်ပို့လိုက်မိရင် ဘယ်လိုလုပ်မလဲ။ ညီအစ်ကိုမောင်နှမတွေအတွက် မနှစ်မြို့စရာဖြစ်မှာ မဟုတ်လား။ ဆိုးရွားတဲ့ ကိစ္စတွေမှာဆိုရင် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်တာတောင် ဖြစ်စေနိုင်တယ်။ ကျွန်မ နည်းနည်းကြောက်သွားပြီး ကိုယ့်ကိုယ်ကိုယ် ပြောလိုက်တယ်။ “နောင်မှာ ငါ ရှင်းရှင်းလင်းလင်း မမြင်နိုင်တာတစ်ခုခု ကြုံရရင် လင်းမူနဲ့ ဆွေးနွေးသင့်တယ်။ ပြီးတော့ အဖြေရှာပြီးမှ ဆက်လုပ်သင့်တယ်။ ငါ လွယ်တဲ့လမ်းကို ရွေးပြီး ပြဿနာတွေကို သူများဆီ ဒီအတိုင်း ပုံချထားလို့ မရဘူး” လို့ပေါ့။ အဲဒီနောက်မှာ ဘာလို့ ပြဿနာတွေကို သူများဆီ အမြဲ တွန်းပို့ချင်နေရတာလဲဆိုတာကို ကျွန်မ စပြီး ဆင်ခြင်သုံးသပ်တယ်။ ပြီးတော့ ကျွန်မအခြေအနေနဲ့ တကယ်ကို ကိုက်ညီတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်လိုက်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “တာဝန်တစ်ခုထမ်းဆောင်သောအခါတွင် လူတို့သည် ပေါ့ပါးသောအလုပ်၊ ပင်ပန်းခြင်း မရှိသောအလုပ်နှင့် အပြင်တွင် ရာသီဥတုဒဏ်ခံရခြင်း မပါဝင်သောအလုပ်ကို အစဉ် ရွေးချယ်ကြသည်။ ဤသည်မှာ လွယ်ကူသော အလုပ်များကို ရွေးခြင်းနှင့် ခက်ခဲသော အလုပ်များကို ခေါင်းရှောင်ခြင်း ဖြစ်ပြီး ဇာတိပကတိ သက်သာမှုများကို တပ်မက်ခြင်း၏ သရုပ်သကန် ဖြစ်သည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (သူတို့၏ တာဝန်က အနည်းငယ် ခက်ခဲသောအခါ၊ အနည်းငယ် ပင်ပန်းသောအခါ၊ အဖိုးအခပေးဆပ်ခြင်း ပါဝင်သောအခါ အစဉ်သဖြင့် ညည်းညူခြင်း ဖြစ်ပါသည်။) (အစားအစာနှင့် အဝတ်အစားအပြင် ဇာတိပကတိ၏ သာယာမှုများကို စိတ်ရောက်နေခြင်း ဖြစ်ပါသည်။) ဤအရာအားလုံးသည် ဇာတိပကတိ သက်သာမှုကို တပ်မက်ခြင်း၏ သရုပ်သကန်များ ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် အလုပ်တာဝန်တစ်ခုက ပင်ပန်းခက်ခဲလွန်းသည်၊ သို့မဟုတ် အန္တရာယ်များသည်ဟု မြင်သည့်အခါ အခြားလူတစ်ဦးအပေါ် လွှဲပေးလိုက်သည်။ ၎င်းတို့ကိုယ်တိုင်ကမူ အေးအေးဆေးဆေး အလုပ်ကိုသာ လုပ်ပြီး ၎င်းတို့သည် အစွမ်းအစ ညံ့ဖျင်းကြောင်း၊ အလုပ် လုပ်နိုင်စွမ်း ကင်းမဲ့ကြောင်းနှင့် ဤအလုပ်တာဝန်ကို တာဝန်ယူထမ်းရွက်နိုင်ခြင်း မရှိကြောင်း ပြောဆိုလျက် ဆင်ခြေများပေးကြသည်။ အမှန်မှာမူ ၎င်းတို့သည် ဇာတိပကတိ၏ သက်သာမှုများကို မက်မောသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့် တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ဆင်းရဲဒုက္ခခံလိုစိတ် မရှိကြပေ။...အသင်းတော်၏ အလုပ်သည် မည်မျှပင် များပြားစေကာမူ သို့မဟုတ် ၎င်းတို့၏ တာဝန်များ မည်မျှပင် များပြားစေကာမူ ၎င်းတို့၏ နေ့စဉ်ဘဝ အမူအကျင့်နှင့် သာမန်အနေအထားသည် မည်သည့်အခါမျှ ပျက်ပြားသွားခြင်း မရှိပေ။ ၎င်းတို့၏ ဇာတိပကတိဆိုင်ရာ ဘဝများ၏ အသေးအဖွဲကိစ္စတစ်ခုခုနှင့်ပတ်သက်လာသောအခါ ၎င်းတို့သည် လုံးဝ မပေါ့ဆကြဘဲ ဤအရာများကို ပြီးပြည့်စုံအောင် စီစဉ်ကြပြီး ဤကိစ္စနှင့်ပတ်သက်၍ အလွန် တင်းကျပ်၍ အလေးအနက်ထားကြသည်။ သို့ရာတွင် ဘုရားသခင်၏ အိမ်တော်အလုပ်နှင့်ပတ်သက်လာသောအခါ ကိစ္စသည် မည်မျှပင် ကြီးမားစေကာမူ၊ ညီအစ်ကိုမောင်နှမများ၏ လုံခြုံရေးနှင့်ပင် သက်ဆိုင်နေစေကာမူ ၎င်းတို့သည် ယင်းကို ပေါ့ပေါ့ဆဆသာ ကိုင်တွယ်ဖြေရှင်းကြသည်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် ပါဝင်သော ထိုအရာများကိုပင်၊ သို့မဟုတ် ၎င်းတို့ ထမ်းဆောင်သင့်သည့် တာဝန်ကိုပင် ဂရုမစိုက်ပေ။ ၎င်းတို့သည် လုံးဝ တာဝန်ယူခြင်းမရှိပေ။ ဤသည်မှာ ဇာတိပကတိ သက်သာမှုများကို မွေ့လျော်ခံစားခြင်း မဟုတ်လော။ ဇာတိပကတိ သက်သာမှုကို မွေ့လျော်ခံစားသော လူများသည် တာဝန်တစ်ခု ထမ်းဆောင်ဖို့အတွက် သင့်တော်သည့် လူများ ဖြစ်သလော။ လူတစ်ဦးက မိမိ၏တာဝန် ထမ်းဆောင်ခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာကို ထုတ်ပြောလျှင်ပြောချင်း သို့မဟုတ် အဖိုးအခပေးခြင်းနှင့် ဒုက္ခခံခြင်းအကြောင်း ပြောလျှင်ပြောချင်း ၎င်းတို့သည် မိမိတို့၏ခေါင်းများကို မပြတ်ခါကြပေသည်။ ၎င်းတို့၌ အခက်အခဲများစွာ ရှိသည်၊ ၎င်းတို့သည် စောဒကအပြည့်ရှိကြပြီး အပျက်သဘောဆောင်ခြင်းနှင့် ပြည့်နေကြသည်။ ထိုသို့သော လူများသည် အသုံးမကျပေ၊ ၎င်းတို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်ဖို့ အရည်အချင်းမပြည့်မီသဖြင့် ဖယ်ရှားရှင်းလင်းခြင်း ခံရသင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂)) ဘုရားနှုတ်ကပတ်တော် ဖော်ထုတ်ထားတာက ကျွန်မအခြေအနေ အတိအကျပါပဲ။ ကိုယ့်တာဝန်တွေကို ထမ်းဆောင်တဲ့အခါ ပိုလွယ်ပြီး ပိုအဆင်ပြေတဲ့ အလုပ်တွေကို ကျွန်မ ပိုကြိုက်တယ်။ ပိုခက်ခဲတဲ့ ပြဿနာတွေကိုတော့ သူများတွေ ကိုင်တွယ်ဖို့ အမြဲ ချန်ထားခဲ့တယ်။ ဒါက ဇာတိပကတိ သက်သာမှုကို မက်မောခြင်းရဲ့ သရုပ်သကန်တစ်ခုပါပဲ။ စာရေးတဲ့အခါ တုံ့ပြန်ဖို့ ပိုရိုးရှင်းတဲ့ ပြဿနာတွေကို ရွေးချင်တယ်။ ပြဿနာတစ်ခုက ပိုရှုပ်ထွေးရင် အရမ်းဒုက္ခများတယ်လို့ မြင်ပြီး မတုံ့ပြန်ချင်ဘူး။ အဲဒီလို ပြဿနာမျိုးကို တုံ့ပြန်ရင်တောင်မှ ပြဿနာကို ရှင်းလင်းအောင် ဘယ်လို မိတ်သဟာယပြုရမလဲဆိုတာ စဉ်းစားဖို့ အားမစိုက်ဘူး။ ဒီလိုအရာတွေကို ရှင်းရှင်းလင်းလင်း မပြောပြနိုင်ဘူးဆိုတဲ့ ဆင်ခြေပေးပြီး လင်းမူ ကိုင်တွယ်ဖို့အတွက် ခက်တဲ့ပြဿနာတွေကို အမြဲ ချန်ထားခဲ့တယ်။ တကယ်တမ်းကျတော့ ကျွန်မက အားသိပ်မစိုက်ချင်တာ၊ ကိုယ့်တာဝန်မှာ ဒုက္ခသိပ်မခံချင်တာဖြစ်ပြီး ဇာတိပကတိ သက်သာမှုကို မက်မောနေခဲ့တာပါ။ ကိုယ့်အခြေအနေနဲ့ပတ်သက်ပြီး အသိပညာတချို့ ရသွားပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုယ် ပုန်ကန်ပြီး ဘုရားသခင်ဆီ နောင်တရဖို့ ဆန္ဒရှိကြောင်း ဖော်ပြရင်း ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်မရဲ့ ရင်ထဲကို အရမ်းထိသွားစေတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်လိုက်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူအချို့သည် မည်သည့်အလုပ်ကို လုပ်သည်ဖြစ်စေ၊ မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ စွမ်းရည်သတ္တိ မရှိပေ။ ယင်းကို မထမ်းရွက်နိုင်ပေ။ ပြီးလျှင် ၎င်းတို့သည် လူတစ်ယောက် ဖြည့်ဆည်းသင့်သည့် မည်သည့်တာဝန်ကိုမဆို၊ မည်သည့်ဝတ္တရားကိုမဆို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်စွမ်းမရှိပေ။ ၎င်းတို့သည် အမှိုက်သရိုက် မဟုတ်လော။ ၎င်းတို့ကို လူသားဟု ခေါ်ထိုက်သေးသလော။ ခြွင်းချက်အနေဖြင့် ငနုံ၊ ငအ၊ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများနှင့် ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများမှလွဲ၍ မိမိတို့၏ တာဝန်များကို မထမ်းဆောင်သင့်သော၊ မိမိတို့၏ ဝတ္တရားများကို ကောင်းမွန်စွာ မဖြည့်ဆည်းသင့်သော အသက်ရှင်သူ တစ်ဦးတလေရှိသလော။ သို့သော် ဤသို့သောသူမျိုးသည် အစဉ်စိတ်မချရဘဲ အချောင်ခိုသည်။ ပြီးလျှင် မိမိတာဝန်တို့ကို ကောင်းမွန်စွာ မဖြည့်ဆည်းလိုပေ။ သွယ်ဝိုက်ညွှန်းဆိုသည်မှာ ၎င်းတို့သည် သင့်လျော်သောလူသားတစ်ဦး မဖြစ်လိုပေ။ ဘုရားသခင်က ၎င်းတို့ကို လူသားတစ်ဦးဖြစ်ရန် အခွင့်အလမ်းပေးခဲ့သည်။ အစွမ်းအစနှင့် ဆုကျေးဇူးများပေးခဲ့သည်။ သို့တိုင်အောင် ဤအရာတို့ကို မိမိတို့၏တာဝန် ထမ်းဆောင်ခြင်း၌ ၎င်းတို့ အသုံးမပြုနိုင်ပေ။ ၎င်းတို့သည် မည်သည့်အရာကိုမျှ မလုပ်ဆောင်ဘဲ အချိန်တိုင်း ပျော်ရွှင်မှုကို အလွန်ခံစားလိုသည်။ ဤသို့သောသူတစ်ဦးသည် လူသားဟု ခေါ်ခံရရန် သင့်တော်သလော။ မည်သည့်အလုပ်ကို ၎င်းတို့အား ပေးသည်ဖြစ်စေ၊ အရေးကြီးသည်ဖြစ်စေ၊ သာမန်ဖြစ်သည်ဖြစ်စေ၊ ခက်ခဲသည်ဖြစ်စေ၊ ရိုးရှင်းသည်ဖြစ်စေ ၎င်းတို့သည် အစဉ် ဝတ်ကျေတမ်းကျေဆန်ပြီး စိတ်မချရကာ အချောင်ခိုကြသည်။ ပြဿနာများဖြစ်ပေါ်သောအခါ ၎င်းတို့၏တာဝန်ကို အခြားလူများဆီသို့ တွန်းပို့ဖို့ ကြိုးစားပြီး တာဝန်ယူခြင်းမရှိပေ။ ပြီးလျှင် ၎င်းတို့၏ ကပ်ပါးရပ်ပါးဘဝများကို ဆက်လက်အသက်ရှင်လိုသည်။ ၎င်းတို့သည် အသုံးမဝင်သော အမှိုက်များ မဟုတ်လော။ လူ့အဖွဲ့အစည်းတွင် ငွေရှာရန် မည်သူက မိမိကိုယ်ကို မမှီခိုရသနည်း။ လူတစ်ဦးသည် အရွယ်ရောက်သည်နှင့် ကိုယ့်ဝမ်းစာကိုယ် ရှာရမည်။ သူ၏ မိဘများက ၎င်းတို့၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီး ဖြစ်သည်။ သူ၏မိဘများက သူ့အား ထောက်ပံ့လိုစိတ်ရှိလျှင်ပင် သူသည် ယင်းနှင့်ပတ်သက်ပြီး စိတ်အေးလိမ့်မည်မဟုတ်။ သူ၏မိဘများသည် သူ့ကို ပျိုးထောင်သည့်တာဝန်ကို ပြီးဆုံးသွားပြီဖြစ်သည်ကိုလည်းကောင်း၊ သူသည် ကျန်းမာသန်စွမ်းသော အရွယ်ရောက်သူတစ်ဦးဖြစ်ပြီး အမှီအခိုကင်းစွာ အသက်ရှင်နိုင်သင့်သည်ကိုလည်းကောင်း သဘောပေါက်နိုင်အပ်သည်။ ဤသည်မှာ အရွယ်ရောက်သူတစ်ဦးတွင် အနည်းဆုံးရှိသင့်သည့် ဆင်ခြင်တုံတရားမဟုတ်လော။ တစ်စုံတစ်ယောက်က အမှန်ပင် ဆင်ခြင်တုံတရားရှိလျှင် သူ၏မိဘများထံ ဆက်လက်၍ ကပ်စားနေဖို့ မဖြစ်နိုင်ပေ။ သူသည် အခြားလူများက လှောင်ပြောင်မည်ကိုဖြစ်စေ၊ သူ သိက္ခာကျမည်ကိုဖြစ်စေ ကြောက်ရွံ့လိမ့်မည်။ ထို့ကြောင့် သက်သာခြင်းကို ခုံမင်နှစ်သက်ပြီး အလုပ်ကိုမုန်းတီးသောသူသည် ဆင်ခြင်တုံတရားရှိသလော။ (မရှိပါ။) ၎င်းတို့သည် အစဉ်သဖြင့် တစ်စုံတစ်ခုကို အလကား လိုချင်သည်။ မည်သည့်တာဝန်ကိုမျှ ကောင်းမွန်စွာ ဖြည့်ဆည်းလိုခြင်း လုံးဝ မရှိဘဲ ချိုချဉ်များက ကောင်းကင်မှ ကြွေကျပြီး ၎င်းတို့၏ ပါးစပ်ထဲသို့ ကျရောက်စေလိုသည်။ ၎င်းတို့သည် အစဉ်သဖြင့် တစ်ရက်တွင် သုံးနပ်ကောင်းကောင်း စားလိုသည်။ တစ်စုံတစ်ယောက်အား ၎င်းတို့ကို အစဉ် လိုလေသေးမရှိ ပြုစုပေးစေလိုသည်။ ပြီးလျှင် အလုပ် တစ်စက်မျှ မလုပ်ဘဲ အစားအသောက်ကောင်းတို့ကို မွေ့လျော်လိုသည်။ ဤသည်မှာ ကပ်ပါးကောင်တစ်ကောင်၏ စိတ်နေစိတ်ထားမဟုတ်လော။ ကပ်ပါးကောင်ဖြစ်သော လူတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသလော။ သမာဓိနှင့် ဂုဏ်သိက္ခာရှိသလော။ လုံးဝမရှိ။ ၎င်းတို့အားလုံးသည် ကပ်စားသည့် အသုံးမကျသောလူများ ဖြစ်ကြသည်။ အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားမရှိသော သားရဲတိရစ္ဆာန်များဖြစ်ကြသည်။ ၎င်းတို့ထဲမှ မည်သူမျှ ဘုရားအိမ်တော်တွင် ကျန်ရှိနေဖို့ မသင့်တော်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈)) တာဝန်မသိတဲ့သူတွေ၊ ကလိမ်ကကျစ်ကျပြီး ခိုကပ်တဲ့သူတွေမှာ တည်ကြည်မှု ဒါမှမဟုတ် သိက္ခာမရှိဘူးဆိုတဲ့ အဖြစ်မှန်ကို ဘုရားသခင်က ဖော်ထုတ်ထားတယ်။ အဲဒီလိုလူတွေက ဘုရားအိမ်တော်က ကပ်ပါးကောင်တွေနဲ့ အမှိုက်သရိုက်တွေပါပဲ။ သူတို့က ဘာအကျိုးမှ မပြုတဲ့အတွက် ဘုရားသခင် ဖယ်ရှားရှင်းလင်းမယ့် လူစားမျိုးတွေ ဖြစ်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို တွေးတောဆင်ခြင်ရင်း ကျွန်မ နည်းနည်း စိတ်မကောင်းဖြစ်မိတယ်။ အခက်အခဲတွေ ကြုံရတဲ့အခါ ကျွန်မက သေချာစဉ်းစားဖို့ အားမစိုက်ချင်ဘဲ လင်းမူကိုပဲ အမြဲ အားကိုးခဲ့တယ်။ ပြဿနာတွေကို တုံ့ပြန်တဲ့အခါမှာတောင် ကျွန်မရဲ့ ရှင်းပြချက်တချို့က ရှင်းလင်းမှုမရှိမှန်း သိပေမဲ့ အချိန်ယူပြီး သေချာ စဉ်းစားရမဲ့အစား လင်းမူ ပိုကောင်းအောင်လုပ်ဖို့ပဲ ဒီအတိုင်း ထားလိုက်တယ်။ ဒီပြဿနာတွေကို သူထောက်ပြပြီးတာတောင် ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တာမျိုး မရှိခဲ့ဘူး။ အဲဒီအစား သူက ပိုကောင်းတဲ့ အစွမ်းအစရှိတယ်၊ ပိုလုပ်နိုင်စွမ်းရှိတဲ့ သူတွေက အလုပ်ပိုလုပ်သင့်တယ်ဆိုတဲ့ အတွေးနဲ့ ကိုယ့်လုပ်ရပ်တွေကို မှန်ကြောင်းရှင်းချက်ထုတ်ရင်း သူ့ကိုပဲ ဆက်ပြီး အားကိုးခဲ့တယ်။ ကျွန်မက တာဝန်မှာ ကလိမ်ကကျစ်ကျပြီး ခိုကပ်နေခဲ့မှန်း၊ အမြဲ အချောင်လိုချင်နေမှန်း သတိပြုမိလိုက်တယ်။ ကိုယ့်အလုပ်ပြီးဖို့ သူများတွေကို အားကိုးပြီး ကိုယ်ထမ်းရမယ့် တာဝန်ကို ပျက်ကွက်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ ရေလောင်းပေးမှုနဲ့ ထောက်ပံ့မှုကို နှစ်ပေါင်းများစွာ ခံစားခဲ့ရပြီးတာတောင် ကျွန်မက တာဝန်တွေမှာ ဝတ်ကျေတမ်းကျေလုပ်ပြီး ခိုကပ်နေတုန်းပဲ။ ကျွန်မ ထမ်းဆောင်သင့်တဲ့ တာဝန်တွေကို မထမ်းဆောင်နိုင်ခဲ့ဘူး။ ကျွန်မက လုံးဝ အသုံးမကျဘဲ တည်ကြည်မှုနဲ့ သိက္ခာ လုံးဝ ကင်းမဲ့နေတာ မဟုတ်ဘူးလား။ ဒါက ကလေးတစ်ယောက် အရွယ်ရောက်လာတဲ့အထိ ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး ပြုစုပျိုးထောင်ခဲ့တဲ့ မိဘတွေနဲ့ တူတယ်။ ဒါပေမဲ့ ကလေးက ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်သင့်တဲ့အချိန်မှာ အခက်အခဲအမျိုးမျိုးကို ဆင်ခြေအနေနဲ့ပေးပြီး ကိုယ့်ဘာသာ ရှာဖွေစားသောက်ဖို့ အလုပ်မလုပ်ချင်ဘဲ မိဘတွေကိုပဲ ဆက်ပြီး မှီခိုနေသလိုမျိုးပေါ့။ ဒါက မိဘတွေကို ဘယ်လို ခံစားရစေမလဲ။ စာနှင့်ပတ်သက်တဲ့ တာဝန်တွေ ပေးအပ်ခံရတဲ့အတွက် ဒီအခွင့်အရေးကို ကျွန်မ တန်ဖိုးထားသင့်တယ်။ အတတ်ပညာပိုင်း ကျွမ်းကျင်မှုတွေနဲ့ စည်းမျဉ်းတွေကို လေ့လာဖို့ ပိုအားစိုက်သင့်တယ်။ ပြီးတော့ စည်းမျဉ်းတွေကို စောစောစီးစီး နားလည်သဘောပေါက်ပြီး ကိုယ့်တာဝန်တွေကို ကိုယ်ယူနိုင်ဖို့အတွက် နားမလည်တဲ့အရာတွေကို လင်းမူဆီကနေ လမ်းပြမှု ရှာဖွေသင့်တယ်။ ဒါပေမဲ့ ကျွန်မက ဦးနှောက်သုံးဖို့ အမြဲ ငြင်းဆန်ပြီး အဲဒီအစား သူများတွေကိုပဲ အားကိုးဖို့ ရွေးချယ်ခဲ့တယ်။ ကိုယ့်တာဝန်တွေအပေါ်ထားတဲ့ ကျွန်မရဲ့ ဒီသဘောထားက ဘုရားသခင်အတွက် စက်ဆုပ်ရွံရှာစရာကောင်းတယ်။ ကျွန်မသာ ကိုယ့်ပုံစံတွေကို မပြောင်းလဲရင် အဆုံးမှာ လုံးဝ အသုံးမကျတဲ့သူ ဖြစ်သွားလိမ့်မယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်ရတယ်။ “လူအချို့သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းတွင် မည်သည့်ဆင်းရဲဒုက္ခကိုမျှ ခါးစည်းခံရန် လိုလားခြင်းမရှိဘဲ ပြဿနာတစ်ခုကို ၎င်းတို့ ကြုံတွေ့ရသည့်အခါတိုင်းတွင် ယင်းမှာ အလွန်ခက်ခဲကြောင်း ညည်းညူကြပြီး အဖိုးအခပေးရန် ငြင်းဆန်ကြသည်။ ယင်းမှာ အဘယ် သဘောထားမျိုးဖြစ်သနည်း။ ယင်းသည် ဝတ်ကျေတမ်းကျေဖြစ်သော သဘောထားမျိုးဖြစ်သည်။ သင်သည် မိမိ၏တာဝန်ကို ဝတ်ကျေတမ်းကျေဖြစ်စွာ ထမ်းဆောင်ပြီး မထီမဲ့မြင် သဘောထားဖြင့် ချဉ်းကပ်လျှင် ရလဒ်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ သင် ကောင်းမွန်စွာ ထမ်းဆောင်နိုင်စွမ်းရှိသည့် တာဝန်တစ်ခုတွင်ပင် သင်သည် ကောင်းမွန်စွာ လုပ်ဆောင်ရန် ပျက်ကွက်လိမ့်မည်၊ သင်၏ တာဝန်ထမ်းဆောင်မှုသည် စံနှုန်းပြည့်မီလိမ့်မည် မဟုတ်သကဲ့သို့ မိမိတာဝန်အပေါ် ထားရှိသည့် သင်၏ သဘောထားကို ဘုရားသခင် အလွန်ပင် ကျေနပ်အားရမှု မရှိဖြစ်လိမ့်မည်။ သင်သည် ဘုရားသခင်ထံ ဆုတောင်းနိုင်ပြီး သမ္မာတရားကို ရှာဖွေနိုင်ခဲ့လျှင်၊ စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်နိုင်ခဲ့လျှင်၊ ဤနည်းအားဖြင့် သင် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်လျှင် ဘုရားသခင်က သင့်အတွက် အရာအားလုံးကို ကြိုတင်ပြင်ဆင်ပြီး ဖြစ်လိမ့်မည်။ ဤသို့ဖြင့် အမှုကိစ္စများကို သင် ကိုင်တွယ်သောအခါတွင် အရာရာတိုင်းက အဆင်ပြေချောမွေ့လိမ့်မည်ဖြစ်ပြီး ရလဒ်ကောင်းများ ဖြစ်ထွန်းလိမ့်မည်။ သင့်အနေဖြင့် ခွန်အားပမာဏများစွာ စိုက်ထုတ်ဖို့ လိုအပ်မည် မဟုတ်ပေ။ သင်သည် ပူးပေါင်းဆောင်ရွက်ဖို့ အစွမ်းကုန် ကြိုးစားသည့်အခါတွင် ဘုရားသခင်သည် သင့်အတွက် အရာရာ စီစဉ်နှင့်ပြီး ဖြစ်လိမ့်မည်။ သင်သည် စိတ်မချရဘဲ အချောင်ခိုပါက၊ သင်၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ အာရုံစိုက် ထမ်းဆောင်ခြင်း မရှိဘဲ အစဉ်သဖြင့် လမ်းလွဲပါက ဘုရားသခင်သည် သင့်ထဲ၌ အလုပ်လုပ်လိမ့်မည် မဟုတ်ချေ။ သင်သည် ဤအခွင့်အရေးကို ဆုံးရှုံးရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ‘သင်သည် ညံ့ဖျင်းပေသည်။ သင့်ကို ငါအသုံးမပြုနိုင်။ ဘေးထွက်ရပ်လော့။ သင်သည် ဉာဏ်များပြီး အချောင်ခိုရသည်ကို နှစ်သက်သည် မဟုတ်လော။ ပျင်းရိခြင်းနှင့် ကိုယ်စိတ်ချမ်းသာမှုတွင် ပျော်မွေ့ရခြင်းကို သင် နှစ်သက်သည် မဟုတ်လော။ ကဲ ထိုသို့ဆိုလျှင် ကိုယ်စိတ်ချမ်းသာမှုတွင် အစဉ်ထာဝရ ပျော်မွေ့လော့’ ဟု ဆိုလိမ့်မည်။ ဘုရားသခင်သည် ဤကျေးဇူးတော်နှင့် အခွင့်အရေးကို အခြားသူတစ်ဦးအား ပေးလိမ့်မည်။ သင်တို့ မည်သို့သဘောရသနည်း။ ဤသည်မှာ ဆုံးရှုံးမှုတစ်ခုလော၊ သို့မဟုတ် အကျိုးအမြတ်တစ်ခုလော။ (ဆုံးရှုံးမှုတစ်ခု ဖြစ်ပါသည်။) ယင်းမှာ ဧရာမ ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို တွေးတောဆင်ခြင်ရင်း ကျွန်မ သဘောပေါက်လိုက်တယ်။ ကျွန်မတို့ရဲ့ တာဝန်တွေမှာ အခက်အခဲတွေ ကြုံရတဲ့အခါ ကိုယ့်တာဝန်တွေမှာ စိတ်နှလုံးအကြွင်းမဲ့ ထားတဲ့အပြင် အဖိုးအခပေးဖို့ ဆန္ဒရှိပြီး သမ္မာတရားကို ရှာဖွေရင် ဘုရားသခင်က ဉာဏ်ပွင့်စေပြီး လမ်းပြပါလိမ့်မယ်။ ဒီလုပ်နည်းကိုင်နည်းကို ကျွန်မတို့ ပိုကျင့်သုံးလေလေ ရှေ့လျှောက်လမ်းကြောင်းက ပိုရှင်းလင်းလေလေဖြစ်ပြီး ကျွန်မတို့ရဲ့ အတွေးတွေက ပိုကြည်လင်လာလိမ့်မယ်။ ဒါပေမဲ့ အခက်အခဲတွေ ကြုံရပြီး သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေဖို့ အားမစိုက်ဘဲ အမြဲတမ်း ခိုကပ်နေရင် အဆုံးမှာ ကျွန်မတို့ ဘာမှရမှာမဟုတ်သလို ဘယ်တာဝန်ကိုမှ ကောင်းကောင်းလုပ်နိုင်မှာ မဟုတ်ဘူး။ နောက်ဆုံးကျရင် ခိုကပ်တဲ့အတွက် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမယ်။ ကိုယ့်တာဝန်တွေ ထမ်းဆောင်ခွင့် ဆုံးရှုံးသွားလိမ့်မယ်။ ပြန်စဉ်းစားကြည့်ရင် ဒီတာဝန်ကို စထမ်းဆောင်တုန်းက ကျွန်မ အများကြီး စဉ်းစားပြီး အားစိုက်ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ လင်းမူက စည်းမျဉ်းတချို့ကို ပိုင်နိုင်ပြီး သူ့အလုပ်က ပိုတွင်ကျယ်တာကို တွေ့တော့ ကျွန်မ သက်သောင့်သက်သာနေလို့ရအောင် ခက်တဲ့အလုပ်တွေကို သူ့ဆီ ပုံပေးခဲ့တယ်။ တကယ်တော့ အလွယ်လမ်းလိုက်တာက ကျွန်မကို ဒုက္ခမခံရအောင်၊ မပင်ပန်းအောင် လုပ်ပေးနိုင်ခဲ့ပေမဲ့ အတတ်ပညာပိုင်း ကျွမ်းကျင်မှုတွေနဲ့ စည်းမျဉ်းတွေကို နားလည်ရာမှာ ကျွန်မ ဘာမှ တိုးတက်မှုမရှိခဲ့ဘူး။ သူများတွေအတွက် ဝန်ထုပ်ဝန်ပိုးတောင် ဖြစ်လာခဲ့တယ်။ ဒီအတိုင်းသာ ဆက်သွားရင် နောက်ဆုံးမှာ ကျွန်မက ဘုရားသခင်ရဲ့ ရွံရှာပြီး ဖယ်ရှားရှင်းလင်းတာကို ခံရရုံပဲ ရှိတော့မယ်။ ဒါက သခင်ယေရှုရဲ့ စကားတွေကို သတိရစေတယ်။ “အကြင်သူသည် ရတတ်၏။ ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှါ ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၁၃:၁၂) ဘုရားသခင်က ဖြောင့်မတ်တယ်။ လူတစ်ယောက်က သူ့တာဝန်တွေမှာ အားစိုက်ဖို့၊ သမ္မာတရားရှာဖို့နဲ့ အဖိုးအခပေးဖို့ ဆန္ဒရှိသရွေ့ ဘုရားသခင်ရဲ့ ဉာဏ်ပွင့်စေခြင်းနဲ့ လမ်းပြခြင်းကို ရရှိလိမ့်မယ်။ သူတို့ ပိုလုပ်လေလေ သူတို့လမ်းကြောင်းက ပိုရှင်းလင်းလေလေဖြစ်ပြီး သူတို့စိတ်က ပိုကြည်လင်လေလေ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်တာဝန်တွေမှာ ကလိမ်ကကျစ်ကျပြီး ခိုကပ်နေခဲ့တယ်။ အဖိုးအခ မပေးချင်ခဲ့ဘူး။ သူများတွေကို အားကိုးတာက အချိန်ကုန်သက်သာပြီး လူမပင်ပန်းဘူး၊ အားသိပ်မစိုက်ဘဲ အလုပ်ပြီးနိုင်တယ်လို့ ယုံကြည်ပြီး အလုပ်တွေကို သူများဆီ အမြဲ တွန်းပို့ခဲ့တယ်။ ဒီလိုလုပ်တာက ပါးနပ်တာလို့ ကျွန်မ ထင်ခဲ့ပေမဲ့ အဆုံးကျတော့ သမ္မာတရား ဘာမှမရခဲ့သလို ဘာပြဿနာကိုမှ မဖြေရှင်းနိုင်ခဲ့ဘူး။ ဒါက ကိုယ့်ကိုယ်ကိုယ် လှည့်စားတာပါပဲ။ အဲဒီအတွက် ကျွန်မ ဆုံးရှုံးမှုကြီးကြီးမားမား ခံစားခဲ့ရတယ်။ ကျွန်မ တော်တော် မိုက်မဲခဲ့တာပဲ။ ဒါတွေအားလုံးကို သတိပြုမိလိုက်တော့ ကျွန်မ ကြောက်သွားပြီး ဘုရားသခင်ရှေ့မှောက်မှာ နောင်တရဖို့၊ ရိုးသားတဲ့ စိတ်နှလုံးနဲ့ ကိုယ့်တာဝန်ကို လုံ့လဝီရိယရှိရှိ ထမ်းဆောင်ဖို့ ဆန္ဒရှိခဲ့တယ်။
အဲဒီနောက်မှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်တယ်။ “အသင်းတော်က သင့်အတွက် အလုပ်တစ်ခုကို စီစဉ်ပေးသည် ဆိုပါစို့။ ပြီးရင် သင်က ‘အဲဒီအလုပ်က ငါ့ကို အာရုံစိုက်မှု ရရှိခွင့်ပေးတဲ့အလုပ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အဲဒါကို ငါ့အတွက် ပေးထားပြီးပြီဖြစ်တဲ့အတွက် ငါ ကောင်းကောင်းမွန်မွန် လုပ်ပြီး ဒီတာဝန်ကို ငါ ထမ်းရွက်မယ်။ ငါက ဧည့်ခံတာကို လုပ်ဖို့ စီစဉ်ပေးတာခံရရင် အဲဒါကို ကောင်းကောင်းမွန်မွန် လုပ်ဖို့ ငါ အစွမ်းကုန် ကြိုးစားမယ်။ ညီအစ်ကိုမောင်နှမတွေကို ငါ ကောင်းကောင်းမွန်မွန် စောင့်ရှောက်မယ်၊ ပြီးတော့ လူတိုင်း ဘေးကင်းရေးအတွက် သေချာအောင် အစွမ်းကုန် လုပ်မယ်။ ဧဝံဂေလိ ဟောကြားဖို့ စီစဉ်ပေးတာ ခံရရင် ကိုယ့်ကိုယ်ကိုယ် သမ္မာတရားနဲ့ ပြင်ဆင်ပြီး ဧဝံဂေလိကို မေတ္တာနဲ့ ကောင်းကောင်းမွန်မွန် ဟောကြားတဲ့အပြင် ကိုယ့်တာဝန်ကို ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းမယ်။ ငါက နိုင်ငံခြားဘာသာစကား သင်ယူဖို့ စီစဉ်ပေးတာ ခံရရင် အဲဒါကို စိတ်နှလုံးအကြွင်းမဲ့ လေ့လာပြီး ကြိုးစားမယ်၊ နိုင်ငံခြားသားတွေဆီမှာ ဘုရားသခင်နဲ့ပတ်သက်ပြီး သက်သေခံနိုင်ဖို့အတွက် တစ်နှစ် ဒါမှမဟုတ် နှစ်နှစ် အတွင်းမှာ အဲဒါကို အမြန်ဆုံး ကျွမ်းကျင်လာအောင် ကြိုးစားမယ်။ သက်သေခံချက်ဆောင်းပါးတွေရေးဖို့ ငါ့ကို တောင်းဆိုရင် အဲဒီလိုဖို့အတွက် တာဝန်သိသိနဲ့ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်မယ်၊ ကိစ္စတွေကို သမ္မာတရာစည်းမျဉ်းတွေနဲ့အညီ ရှုမြင်မယ်။ ပြီးတော့ ဘာသာစကားအကြောင်း သင်ယူမယ်။ လှပတဲ့ စကားပြေတွေနဲ့ ဆောင်းပါးတွေကို ငါ မရေးကောင်းမရေးနိုင်ပေမဲ့ အနည်းဆုံးတော့ ငါ့ရဲ့ အတွေ့အကြုံတွေနဲ့ ဆိုင်တဲ့ သက်သေခံချက်ကို ရှင်းရှင်းလင်းလင်း ဆွေးနွေးပြောဆိုနိုင်မှာပဲ။ သမ္မာတရားအကြောင်းကို နားလည်နိုင်အောင် မိတ်သဟာယဖွဲ့နိုင်မယ်။ ဘုရားသခင်ကို စစ်မှန်တဲ့ သက်သေကို ခံနိုင်မယ်။ ဒီလိုနဲ့ လူတွေက ငါ့ဆောင်းပါးတွေကို ဖတ်လို့ တည်ဆောက်စရာဖြစ်ပြီး အကျိုးဖြစ်ကြမယ်။ အသင်းတော်က ငါ့ကို ဘာအလုပ်မျိုးပဲ ချပေးပါစေ ငါ့ရဲ့ စိတ်နှလုံး၊ အားအင်ရှိသမျှနဲ့ တာဝန်ယူဆောင်ရွက်မယ်။ ငါနားမလည်တာ တစ်ခုခုရှိရင်၊ ပြဿနာတစ်ခုဖြစ်လာရင် ဘုရားသခင်ဆီကို ဆုတောင်းမယ်၊ သမ္မာတရားကို ရှာမယ်။ သမ္မာတရား စည်းမျဉ်းတွေနဲ့အညီ ပြဿနာတွေကို ဖြေရှင်းပြီး အလုပ်ကို ကောင်းကောင်းလုပ်မယ်။ ငါ့တာဝန်က ဘာပဲဖြစ်ပါစေ ကောင်းကောင်းထမ်းဆောင်ပြီး ဘုရားကို ကျေနပ်စေဖို့ အရာရာကို အသုံးပြုမယ်။ ငါစွမ်းဆောင်နိုင်တဲ့ ဘယ်အရာမဆိုအတွက် ငါခံယူသင့်တဲ့ တာဝန်တွေအားလုံးကို တာဝန်ယူဖို့ အကောင်းဆုံးလုပ်မယ်။ အနည်းဆုံးအနေနဲ့ ငါ့ရဲ့ အသိစိတ်၊ ဆင်ခြင်တုံတရားကို ဆန့်ကျင်မှာမဟုတ်ဘူး။ ဝတ်ကျေတမ်းကျေမလုပ်ဘူး။ စိတ်မချရအောင် မနေဘဲ မခိုကပ်ဘူး၊ ဒါမှမဟုတ် သူများတွေ အလုပ်ကြိုးစားပြီး ရထားတဲ့ အသီးအပွင့်တွေကို မမွေ့လျော်ဘူး။ ငါလုပ်တဲ့ ဘယ်အရာကမှ အသိစိတ်ရဲ့ စံနှုန်းထက် နိမ့်ကျမှာမဟုတ်ဘူး’ ဟူ၍ ပြောသည်ဆိုပါစို့။ ဤသည်မှာ လူသားကျင့်ကြံပြုမူမှု၏ အနည်းဆုံးစံနှုန်းဖြစ်သည်။ ဤသို့သောပုံစံဖြင့် တာဝန်ထမ်းဆောင်သောသူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ရှိသောသူအဖြစ် အရည်အချင်းပြည့်မီနိုင်သည်။ သင်သည် အနည်းဆုံးအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် လိပ်ပြာလုံရမည်။ အနည်းဆုံးအနေဖြင့် သင်၏ တစ်ရက် ထမင်းသုံးနပ်ဖြင့် ထိုက်တန်ရမည်ဖြစ်ပြီး ကပ်ပါးရပ်ပါး မလုပ်ရ။ ဤသည်မှာ တာဝန်သိစိတ်ရှိခြင်းဟု ခေါ်သည်။ သင်၏ အစွမ်းအစက မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ၊ သမ္မာတရားကို သင်နားလည်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မည်သို့ပင်ဆိုစေ သင်သည် ဤသဘောထားရှိရမည်။ ‘ဒီအလုပ်ကို ငါ့ကို ပေးထားတဲ့အတွက် ငါ အလေးအနက် သဘောထားရမယ်။ ငါ့ရဲ့ အရေးကိစ္စအဖြစ် မှတ်ယူပြီး ကောင်းကောင်းလုပ်ဆောင်ဖို့ ငါ့ရဲ့ စိတ်နှလုံးနဲ့ အင်အားရှိသမျှကို အသုံးပြုရမယ်။ လုံးဝ ကောင်းကောင်း လုပ်နိုင်မလားဆိုတာကတော့ အာမခံနိုင်တယ်လို့ ယူဆလို့ မဖြစ်ဘူး။ ဒါပေမဲ့ ငါ့သဘောထားကတော့ ကောင်းကောင်းပြီးဖို့အတွက် အကောင်းဆုံးလုပ်မယ်။ အဲဒါနဲ့ ပတ်သက်လို့ ဝတ်ကျေတမ်းကျေဆန်တာမျိုး သေချာပေါက် ဖြစ်မှာမဟုတ်ဘူး။ အလုပ်မှာ ပြဿနာတစ်ခုဖြစ်လာရင် တာဝန်ယူသင့်တယ်။ အဲဒီကနေ သေချာပေါက် သင်ခန်းစာယူပြီး ငါ့တာဝန်ကို ကောင်းကောင်းထမ်းဆောင်ရမယ်’ဟူ၍ ဖြစ်သည်။ ဤသည်မှာ မှန်ကန်သော သဘောထားဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈)) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်လာတာက ကိုယ့်တာဝန်တွေမှာ ဘယ်လိုအခက်အခဲတွေ၊ ပြဿနာတွေပဲ ကြုံရပါစေ စိတ်ရင်းမှန်နဲ့ ဆုတောင်းသင့်တယ်၊ ဘုရားသခင်ကို မှီခိုပြီး စည်းမျဉ်းတွေကို ရှာဖွေသင့်တယ်။ အလုပ်တွေကို ထိထိရောက်ရောက် ပြီးမြောက်ဖို့အတွက် အစွမ်းကုန် အားထုတ်ပြီး ကိုယ်လုပ်နိုင်တာ၊ လုပ်သင့်တာမှန်သမျှ လုပ်ရမယ်။ ဝတ်ကျေတမ်းကျေမလုပ်သင့်ဘူး၊ ကလိမ်ကကျစ်ကျမလုပ်သင့်ဘူး၊ ဒါမှမဟုတ် မခိုကပ်သင့်ဘူး။ ကိုယ့်တာဝန်တွေအပေါ် ဒီလိုသဘောထားမျိုးထားတာက ဘုရားသခင်ကို ကျေနပ်စေပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်တော့ ကိုယ့်တာဝန်မှာ အခက်အခဲတွေ၊ ပြဿနာတွေ ကြုံရတဲ့အခါ ဘုရားသခင်ကို မှီခိုပြီး သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေမယ့်အစား ကျွန်မက လင်းမူကိုပဲ အမြဲ အားကိုးပြီး သူ့လုပ်အားရဲ့ အသီးအပွင့်တွေကို ခံစားနေခဲ့တာကို သတိပြုမိလိုက်တယ်။ စိတ်နှလုံးအကြွင်းမဲ့နဲ့ အစွမ်းကုန် အားထုတ်ဖို့ နေနေသာသာ၊ အနည်းဆုံး လုပ်သင့်တာကိုတောင် ကျွန်မ လုပ်ဖို့ ပျက်ကွက်ခဲ့တယ်။ ဒါက ဘုရားအိမ်တော်မှာ ကပ်ပါးရပ်ပါး ဖြစ်နေတာနဲ့ အတူတူပါပဲ။ ဒါကြောင့် ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းပြီး နောင်တရခဲ့တယ်။ စည်းမျဉ်းတွေကို ပိုရှာဖွေဖို့၊ အခက်အခဲတွေ ဒါမှမဟုတ် နားမလည်တဲ့အရာတွေကို သေချာစဉ်းစားဖို့ ပိုအားစိုက်ချင်ကြောင်း ပြောပြခဲ့တယ်။ ပြီးတော့ တကယ် မဖြေရှင်းနိုင်မှသာ လင်းမူရဲ့ အကူအညီကို တောင်းတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ နောက်ပိုင်းအလုပ်တွေမှာ ကိုယ့်တာဝန်အပေါ်ထားတဲ့ ကျွန်မသဘောထားကို ခဏခဏ ပြန်ဆန်းစစ်တယ်။ ခက်ခဲတဲ့အလုပ်တွေ ကြုံရပြီး ထွက်ပြေးချင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် သတိရှိရှိ ပုန်ကန်တယ်။ စိတ်ကိုငြိမ်အောင်ထားပြီး ဘုရားသခင်ဆီ ဆုတောင်းတယ်၊ အဲဒီအရာတွေကို လုံ့လဝီရိယရှိရှိ သေချာစဉ်းစားတယ်။ သူများဆီ တွန်းပို့ဖို့ပဲ ကျွန်မ မတွေးတော့ဘူး။ တစ်ခါတုန်းက လင်းမူနဲ့ ကျွန်မ ပြဿနာအများကြီးရှိတဲ့ စာရွက်စာတမ်းတစ်ခုကို ပြန်စစ်ခဲ့တယ်။ ကျွန်မတို့အနေဖြင့် သက်ဆိုင်ရာ စည်းမျဉ်းတွေကို ရှာဖွေဖို့၊ အရာရာကို သေချာစွာ စဉ်းစားဖို့နဲ့ ပြဿနာအားလုံးကို မှတ်သားဖို့ လိုအပ်ခဲ့တာ။ လင်းမူကိုပဲ ကိုင်တွယ်စေချင်ခဲ့တာ။ ဒါပေမဲ့ မထင်မှတ်ဘဲနဲ့ သူက ကျွန်မကို လုပ်ဖို့ အကြံပြုပါလေရော။ မစဉ်းစားဘဲ ကျွန်မ ပြန်ပြောလိုက်မိတယ်။ “အစ်မက ကျွန်မကို လုပ်စေချင်တာလား” လို့လေ။ ဒါကို ပြောလိုက်ပြီးတာနဲ့ ကျွန်မ ထပ်ပြီး ခိုကပ်ဖို့ ကြိုးစားနေမှန်း သတိပြုမိလိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် ပုန်ကန်ဖို့ ဘုရားသခင်ဆီ ချက်ချင်း ဆုတောင်းလိုက်တယ်။ ဒီအလုပ်ကို သူများဆီ တွန်းပို့မယ့်အစား စိတ်နှလုံးအကြွင်းမဲ့ ပူးပေါင်းဆောင်ရွက်ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းချင်ကြောင်း ပြောပြလိုက်တယ်။ အဲဒါနဲ့ လုပ်ဖို့ ကျွန်မ သဘောတူလိုက်တယ်။ အလုပ်လုပ်နေတုန်းမှာ ဘုရားသခင်ကို ဆုတောင်းပြီး အားကိုးတယ်။ စည်းမျဉ်းတွေကို ချင့်ချိန်စဉ်းစားဖို့ အာရုံစိုက်တယ်။ အချိန်ပိုကြာပေမဲ့ ရှေ့ဆက်ရမယ့် လမ်းကြောင်းတစ်ခုကို ကျွန်မ တွေ့ခဲ့တယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်ရာမှာ ကိုယ့်အစွမ်းရှိသမျှ ထုတ်သုံးပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းခဲ့တဲ့အတွက် ကျွန်မ စိတ်သက်သာရာရခဲ့တယ်။
ဒီအတွေ့အကြုံကနေတစ်ဆင့် ကျွန်မကို လင်းမူနဲ့အတူ အလုပ်လုပ်ဖို့ စီစဉ်ပေးတာဟာ ဘုရားသခင်ရဲ့ စေတနာပါမှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ အထူးသဖြင့် သူက ကျွန်မထက် အစွမ်းအစ ပိုရှိပြီး စည်းမျဉ်းတချို့ကို နားလည်တဲ့အတွက် ကျွန်မ နားမလည်တာ တစ်ခုခုကြုံရရင် သူ့ကို မေးပြီး သင်ယူနိုင်တယ်။ ဆိုလိုတာက သူက စည်းမျဉ်းတွေကို ပိုနားလည်သဘောပေါက်အောင် ကျွန်မကို ကူညီပေးနိုင်တယ်၊ အဲဒါက ကျွန်မရဲ့ အားနည်းချက်တွေကို ဖြည့်ဆည်းပေးခဲ့တာပဲ။ ဇာတိပကတိ သက်သာမှုကိုပဲ အမြဲရှာဖွေပြီး ပြဿနာတွေအားလုံး သူ့ဆီ ဒီအတိုင်း တွန်းပို့နေရင် ကျွန်မ ဘာမှ တတ်လာမှာမဟုတ်ဘူး၊ ဘာမှလည်း တိုးတက်မှာမဟုတ်ဘူး။ အခုတော့ ပြဿနာတွေ ကြုံရတဲ့အခါ လင်းမူဆီ ချက်ချင်း မတွန်းပို့တော့ဘူး။ အဲဒီအစား သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေဖို့ အာရုံစိုက်ပြီး ကိုယ့်စိတ်နှလုံးနဲ့ အရင်ချဉ်းကပ်တယ်။ တကယ် အဖြေမရှာနိုင်တဲ့အခါမှပဲ သူနဲ့ ဆွေးနွေးတော့တယ်။ ဒီလိုနည်းနဲ့ ကိုယ့်တာဝန်ထမ်းဆောင်တာက ကျွန်မကို စိတ်ပိုအေးရစေပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ဂျော ဂျီဟန် တရုတ်ပြည် ကျွန်မတို့ ဘဝတစ်လျှောက် ခရီးသွားစဉ်၊ ကျွန်မတို့ တစ်ယောက်တိုင်းသည် ကျွန်မတို့၏ မှတ်ဉာဏ်တွင် ကမ္မည်းထိုးထားပြီး၊ လုံးဝ...
ကူနီရန်၊ တရုတ်နိုင်ငံအရင်တုန်းက ကျွန်မ အသင်းတော်မှာ သီးသန့်အလုပ်တစ်ခုကို လုပ်ခဲ့တယ်။ အလုပ်ပမာဏက မများဘူး၊ အတော်လေး လွယ်ကူတော့ ဒီလို...
ရှမ်းရီ ဂျပန်နိုင်ငံ တစ်ခါတုန်းက ကျွန်မတို့အလုပ်ကို အနှစ်ချုပ်တော့ ကျွန်မတို့ရဲ့ ဧဝံဂေလိအလုပ်က အဲဒီလအစပိုင်းမှာ သိပ်အဆင်မပြေဘူးလို့...
ပြီးခဲ့တဲ့တစ်ချိန်တုန်းက၊ အဖွဲ့ခေါင်းဆောင် အစ်မလီက ဝမ်မေကို ရေလောင်းသူအနေနဲ့ အဆိုပြုခဲ့တယ်။ သူ့လူ့သဘာဝက တော်တော်ညံ့တယ်လို့ ကျွန်မ...