တိုင်ရမလား မတိုင်ရဘူးလား

28.02.2021

ယန်ရီး တရုတ်နိုင်ငံ

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင်တို့၏ ကံကြမ္မာအတွက် ဘုရားသခင်၏ လက်သင့်ခံမှုကို သင်တို့ရှာဖွေသင့်သည်။ ဆိုလိုသည်မှာ သင်တို့သည် ဘုရားအိမ်တော်၏ အိမ်တော်သားတစ်ယောက်ဖြစ်သည်ကို အသိအမှတ် ပြုသဖြင့်၊ သင်တို့သည် ဘုရားသခင်ထံသို့ စိတ်နှလုံး တည်ငြိမ်အေးချမ်းခြင်းကို ယူဆောင် လာသင့်ပြီး အရာရာတွင် ဘုရားသခင်ကို စိတ်ကျေနပ်စေသင့်သည်။ တစ်နည်းအားဖြင့် သင်၏ လုပ်ရပ်များ၌ ကိုယ်ကျင့်တရား ကောင်းကာ၊ ထိုလုပ်ရပ်များတွင် သမ္မာတရားနှင့် လိုက်လျောညီထွေ နေသင့်သည်။ အကယ်၍ ဤသည်မှာ သင်၏ လုပ်ဆောင် နိုင်စွမ်းထက်ကျော်လွန်ပါက၊ သင်သည် ဘုရားသခင်၏ ရွံမုန်းခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရကာ လူတိုင်း၏ ပစ်ပယ်ခြင်းကို ခံရလိမ့်မည်။ ထိုကဲ့သို့ အကျပ်အတည်းနှင့် သင် ရင်ဆိုင်တွေ့ပါက၊ သင့်ကို ဘုရားသခင်၏ အိမ်တော်ထဲတွင် ထည့်သွင်းစဉ်းစား၍ မရနိုင်တော့ပေ။ ဤသည်မှာ ဘုရားသခင်၏ လက်သင့်ခံမှုကို မရရှိခြင်း၏ အဓိပ္ပာယ် အတိအကျဖြစ်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်) ဘုရားသခင်က ကျွန်မတို့ကို စည်းကမ်းတကျနှင့် သမ္မာတရားနှင့်အညီ လုပ်ဆောင်စေလိုပါသည်။ ယင်းက ယုံကြည်သူများအနေနှင့် ကျွန်မတို့၏ တာဝန်လည်း ဖြစ်ပါသည်။ ဤကဲ့သို့ စံနှုန်းများနှင့် မနေပါက၊ ဘုရားသခင်၏အသိအမှတ်ပြုမှုကို ရမည်မဟုတ်ပါ။ ယခင်က ကျွန်မ၏ ဖောက်ပြန်ပျက်စီးသည့်သဘောထားကြောင့်၊ ကျွန်မအမြဲတမ်း ဆုတ်ယုတ်နေခဲ့သည်။ စည်းနှင့်ကမ်းနှင့် မပြောဆို မလုပ်ဆောင်ခဲ့ပါ။ ကျွန်မ အသင်းတော်ခေါင်းဆောင် သို့မဟုတ် အမှုဆောင် အယောင်ဆောင်သည့် သူများကိုတွေ့တိုင်း မဖော်ထုတ်ရဲ၊ မတိုင်ရဲခဲ့ဘဲ၊ ယင်းက ဘုရားသခင့်အိမ်တော်၏ အမှုတော်ကို နှောင့်နှေးစေခဲ့ပါသည်။ ကိစ္စများ လုပ်ဆောင်သည့် နေရာမှာ စည်းကမ်းနှင့်လုပ်ဖို့ မည်မျှ အရေးကြီးသည်ကို အတွေ့အကြုံများမှတစ်ဆင့် သင်ကြားခဲ့ရပြီးဖြစ်သည်။

ကျွန်မတို့ အသင်းတော်ခေါင်းဆောင်က မနှစ်က နွေရာသီက အဖွဲ့လိုက်အနေနှင့် ခေါင်းဆောင်ကိုကူညီဖို့ တည်းဖြတ်ဖို့ တာဝန်ကို ပေးခဲ့ပါသည်။ လွန်ခဲ့သည့် ၃ လ က ကျွန်မ တာဝန်မှ ရုတ်သိမ်းခံထားရ့သောကြောင့်၊ နောက်ထပ် အခွင့်အရေး ပေးသည့်အတွက် ဘုရားသခင်ကို နှလုံးသားထဲမှ ကျေးဇူးတင် ခဲ့ပါသည်။ ဤအခွင့်အရေးကို တကယ်တန်ဖိုးထားခဲ့ပြီး ဤအလုပ်ကို တာဝန်ယူသည့် နေရာမှာ ဘုရားသခင်ကို အားကိုးချင်ခဲ့ပါသည်။ အသင်းခေါင်းဆောင်က ကျွန်မကို အသင်းတော်၏ အလုပ်နှင့်ပတ်သက်ပြီး အသေးစိတ်ရှင်းပြသည်။ သူတို့မှာ စာများကို တည်းဖြတ်ဖို့ လူမလုံလောက်သည်ကို သိခဲ့ရပါသည်။ ဤအရာက တကယ့်ကို သူတို့၏ တိုးတက်မှု အခြေအနေအပေါ် ထိခိုက်ခဲ့သည်။ ကျွန်မလည်း ထိုတာဝန်နှင့် မည်သူက အကိုက်ညီဆုံးဖြစ်သည်ကို ဆွေးနွေးနိုင်ဖို့အတွက်၊ ညီအစ်ကိုမောင်နှမ အနည်းငယ်ကို အကြံပြုခဲ့သည်။ သို့ရာတွင် သူက “လောစရာမလိုပါဘူး။ အေးဆေးလုပ်ကြတာပေါ့။ အရင်ဆုံး မှတ်တမ်းနည်းနည်းကို တည်းဖြတ်လိုက်၊ ပြီးရင် ကြည့်ကြည့်တာပေါ့။” ဟု ပြန်ပြောလေသည်။ သူမည်မျှ မပူပန်တတ်သည်ကို မြင်လိုက်ရသောကြောင့်၊ ကျွန်မတကယ် လန့်သွားသည်။ အဖွဲ့ထဲမှာ သမ္မာတရားနားလည်ပြီး အရည်အချင်းကောင်း ရှိသည့်လူက သိပ်မရှိပါ။ ပြီးလျှင် ယင်းက အမှုတော်အပေါ် ထိခိုက်နေသည်။ “အေးဆေးလုပ်ပါ” ဟု သူ မည်သို့များ ပြောထွက်သနည်း။ တာဝန်မဲ့ရာ မကျလွန်းပါလား။ ကျွန်မ သူနှင့်စကားပြောဖို့ လိုလာပြီဟု ခံစားခဲ့ရသော်လည်း၊ နောက်တော့ “သူက တာဝန်ခံပဲလေ။ သူက ဒီတာဝန်ကို လုပ်နေတာ ငါ့ထက်လည်း ကြာပြီးတော့၊ စည်းမျဉ်း စည်းကမ်းတွေကို ပိုပြီး နားလည်မှာပေါ့။ ဘယ်လိုစီမံရမလဲဆိုတာ သူကောင်းကောင်းသိမှာပါ။ ငါက အဖွဲ့ထဲအခုမှ ရောက်တာဆိုတော့၊ အားလုံးက ငါ့အတွက် အသစ်လိုပဲလေ။ ငါသာ လွှတ်ခနဲပြောလိုက်မိရင် ငါက အရမ်းလောပြီးတော့ ဘောင်ကျော်သွားပြီလို့များ ပြောမလား။ ထားလိုက်ပါ ငါစောင့်ကြည့်လိုက်ပါဦးမယ်။” ဟု တွေးမိသည်။

သိပ်မကြာမီတွင် သူက အဖွဲ့ဝင်များကို လေ့ကျင့်ပေးသည့်နေရာမှာ တကယ်ကို ပေါ့လျော့ပြီး၊ လူများကို တာဝန်ပေးသည့်နေရာမှာ စည်းကမ်းမရှိသည်ကို သိခဲ့ရသည်။ ညီအစ်ကိုမောင်နှမ အချို့ကတော့ တာဝန်တစ်ခုခုကို လုပ်နေကြပြီး၊ အခြေအနေ အားလုံးအပေါ် ခြုံငုံပြီး တစ်ဦးချင်း၏ အားသာချက် သို့မဟုတ် သူတို့ မည်သည့်တာဝန်မျိုးနှင့် သင့်တော်သည်ကို စိုးစဉ်းမျှပင် မစဉ်းစားမိကြပါ။ သူက ကြုံရာကျပန်း လုပ်ရသည်။ သူတို့ကို အခြားအဖွဲ့မှာ တာဝန်ပေးခဲ့သည်။ ဤအရာက ဘုရားသခင့်အိမ်တော်၏ အမှုတော်ကို ထိခိုက်စေပြီး တိုးတက်မှုကို နှေးကွေးစေပါသည်။ သူ၏ စီမံမှုများက စည်းမရှိကမ်းမရှိနှင့် မသင့်တော်ပါဟု ပြောခဲ့သော်လည်း၊ မည်သို့ပင်ဖြစ်စေ သူက ဆက်လုပ်နေခဲ့ပါသည်။ ကျွန်မလည်း သူလုပ်နေသည့် သဘောသဘာဝကို ဖော်ပြပြီး အသေးစိတ် စစ်ဆေးဖို့ သူနှင့် မိတ်သဟာယဖွဲ့ချင်ခဲ့ပါသည်။ သို့ရာတွင် နောက်တော့ ကျွန်မက၊ “ငါက အဖွဲ့ထဲမှာ လူသစ်ပဲ။ ငါသာ ဆက်တိုက်ကြီး အကြံပေးနေမယ်ဆိုရင်၊ ငါက အရမ်းထိန်းချုပ်ချင်ပြီးတော့ မတွေးခေါ်တတ်ဘူးလို့များ ပြောမလား။” ဟု စဉ်းစားမိသည်။ ယင်းကို ကျွန်မ တွေးမိသည့်အခါ၊ ကျွန်မလည်း ထပ်၍ မပြောရဲခဲ့ပါ။

သိပ်မကြာမီတွင် အသင်းတော်ခေါင်းဆောင်က ကျွန်မကို အဖွဲ့ခေါင်းဆောင်နှင့် အလုပ်လုပ်ရသည်မှာ အဆင်ပြေခြင်း ရှိမရှိ၊ စာများကို တည်းဖြတ်ဖို့လူ ရှာတွေ့ခြင်း ရှိမရှိ မေးသည့်စာ ပို့ခဲ့ပါသည်။ ကျွန်မ အနည်းငယ် စိတ်ပူသွားသည်။ မည်သို့ ပြန်ပြောရမှန်း မသိခဲ့ပါ။ အဖွဲ့ခေါင်းဆောင်က လက်တွေ့ကျကျ မလုပ်ပါဟု ကျွန်မက အသင်းတော်ခေါင်းဆောင်ကို ပြောလိုက်သည်ကို၊ အဖွဲ့ခေါင်းဆောင်သိသွားခဲ့ပါက၊ မည်သို့များ အတူတူဆက်လုပ်၍ ရနိုင်တော့မည်နည်း။ ယင်းထက်ပိုသည်မှာ အဖွဲ့ထဲက အခြားလူများက သူ့အပေါ် မည်သို့ထင်သည်ကို ကျွန်မမသိပါ။ ကျွန်မထင်တာများ မှားနေခဲ့ပါက၊ အသင်းတော် ခေါင်းဆောင်က ကျွန်မကို တစ်ဖက်သတ် တွေးသည်၊ ဇီဇာကြောင်သည်ဟုများ ပြောမလား။ သို့ရာတွင် မပြောပြန်ပါက ကျွန်မက မရိုးသားသကဲ့သို့၊ ဘုရားသခင့်အိမ်တော်၏ အဖွဲ့အစည်းကို ကာကွယ်ရာမရောက်ဟု ခံစားရမည် ဖြစ်သည်။ တော်တော်လေး စဉ်းစားပြီးသည့်နောက်မှာတော့ ကျွန်မလည်း အခြားသူများ သူ့အပေါ်အမြင်ကို အရင်ဆုံး သိအောင်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါသည်။ စာကိုမူ နောက်မှပြန်၍ရသည်။

တစ်ရက်တွင် စုဝေးပွဲမှာ ကျွန်မ အစ်ကိုယန်းနှင့် တွေ့ခဲ့ပါသည်။ သူက အဖွဲ့ထဲရောက်သည်မှာ လနှင့်ချီရှိနေပြီး၊ အဖွဲ့ခေါင်းဆောင်က မည်သည့်အခါကမျှ သိပ်ပြီး တာဝန်ယူမှု မရှိပါဟု ပြောပါသည်။ အလုပ်နှင့်ပတ်သက်ပြီး မပြောပါ။ အချိန်မီမပြီးဘဲ၊ ညီအစ်ကိုမောင်နှမများကို လမ်းမပြပါ၊ စည်းကမ်းနှင့်အညီနေဖို့ မကူညီပါ။ လူများကို အချိန်မီ တာဝန်မပေးခဲ့သည့် အလျင်လိုသည့် စာရွက်စာတမ်းများလည်း ရှိနေပြီး၊ အခြားသူများက ဤပြဿနာများကို ဆွေးနွေး လာသည့်အခါ၊ သူက တကယ့်ကို ဂရုမစိုက်ပါ။ မိမိကိုယ်ကိုယ် သိပြီး ဆင်ခြင်နည်းနှင့် ပြဿနာကြုံတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်နည်းများကို စုဝေးပွဲများမှာ သူ မိတ်သဟာယဖွဲ့သည်ကို သိပ်မကြားရပါ။ အယူဝါဒအချို့ကိုသာ ဇွတ်ပြောနေတော့သည်ဟု အစ်ကိုယန်းက ပြောပါသည်။ အဖွဲ့ခေါင်းဆောင်သည် စကားပြောချိုသော်လည်း၊ မည်သည့်အလုပ်တစ်ခုမျှ ဖြစ်ဖြစ်မြောက်မြောက် လုပ်ခဲ့ခြင်း မရှိပါဟု သူက ပြောသည်။ ကျွန်မလည်း “ကြည့်ရတာ အဖွဲ့ခေါင်းဆောင်က ဘာလက်တွေ့အလုပ်မှမလုပ်ဘဲနဲ့ ဖြစ်သလို လုပ်နေတာနဲ့တူတယ်။ သမ္မာတရားကို ဒါမှမဟုတ် တခြားလူတွေ အကြံပေးချက်တွေကိုလည်း လက်မခံဘူး။ အဲဒါက ခေါင်းဆောင် အတုအယောင်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ပဲ မဟုတ်ဘူးလား။ ဘုရားသခင့်အိမ်တော်အတွက် ဒီလောက်အရေးကြီးတဲ့ တာဝန်ရှိတဲ့ ကိစ္စကို ဒီလိုသာ ဆက်လုပ်နေမယ်ဆိုရင်၊ ဘုရားသခင့်အိမ်တော်ရဲ့ အမှုတော်ကို တကယ်ပဲ ထိခိုက်လာနိုင်တာပဲ။” ဟု မိမိဘာသာ တွေးမိသည်။ သို့နှင့် ဤပြဿနာက တော်တော်ကြီးပြီး ကျွန်မ နှောင့်နှေးမနေဘဲ၊ အသင်းတော်ခေါင်းဆောင် တစ်ယာက်ကို ပြောပြသင့်သည်ကို သဘောပေါက်လိုက်သည်။ သို့ရာတွင် နောက်တော့ “ငါသာ ဒီကိစ္စကို တိုင်လိုက်ပြီး သူက လူစားမထိုးခံရဘူးဆိုရင်၊ သူက ကိစ္စတွေကို ခက်ခဲအောင် ဒါမှမဟုတ် ငါ့ကို တာဝန်ကနေ ရုတ်သိမ်းပစ်တဲ့အထိ လုပ်နိုင်တယ်။ ငါက ၃ လ လုံးလုံး ဝတ်ပြုပြီး ကိုယ့်ဘာသာကိုယ် ဆန်းစစ်နေခဲ့တာပဲ။ ဒီတာဝန်မှာ မပါဝင်ခဲ့ရတာတောင် ကြာပြီ။ ငါ့ကိုသာ ထုတ်လိုက်ပြီဆိုရင် နောက်တာဝန်တစ်ခုအတွက် ကြိုးစားခွင့်ရပါဦးမလား။ ရှေးကပြောခဲ့တဲ့ စကားရှိတာပဲ ‘အထောင်ဆုံးသံချောင်းသည် ရိုက်ထည့်ခံရ၏’ ငါ တစ်ခွန်းမှမပြောသင့်ဘူး။ တခြားတစ်ယောက် တိုင်တဲ့အထိစောင့်ပြီးမှ ဝင်ပြောလိုက်တော့မယ်။ ဒီလိုမှပဲ ငါကြားမညပ်မှာ။” ဟု ကျွန်မ တွေးမိလိုက်သည်။

ကျွန်မ မျက်ကွယ်ပြုပြီး ဖြစ်သလို နေချင်ခဲ့သော်လည်း၊ ဘုရားသခင်က ကျွန်မတို့နှလုံးသားထဲကို မြင်နိုင်သည်။ အိမ်ပြန်သည့် လမ်းမှာလည်း တကယ့်ကို မသက်မသာသည့် ခံစားချက်ကြီး ရှိနေခဲ့ပါသည်။ ကျွန်မ၏ ဆင်ခြင်တုံတရားက ကျွန်မကို နှိပ်စက်ခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်မကို အမျက်ထွက်နေသည်ဟု ခံစားခဲ့ရပါသည်။ ဘုရားသခင်ကို ဆုတောင်းပြီး ကျွန်မမိမိကိုယ်ကိုယ် သိနိုင်အောင် အလင်းပြပေးဖို့ တောင်းဆိုခဲ့ပါသည်။ ဆုတောင်း ပြီးသည့်နောက်မှာတော့ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို စဉ်းစားမိပါသည် “သင်တို့အားလုံးက ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အရေးထားကာ၊ အသင်းတော်၏ သက်သေခံချက်ကို ကာကွယ်ပြောဆိုမည်ဟု ပြောကြသော်လည်း၊ သင်တို့ထဲမှ မည်သူသည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် အရေးထားခဲ့ကြပြီနည်း။ သင့်ကိုယ်သင် မေးလော့- သင်သည် ဘုရားသခင်၏ ဝန်ထုပ် ဝန်ပိုးကို ထည့်သွင်းစဉ်းစားမှု ပြသပြီးသော သူတစ်စုံတစ်ဦးလော။ ဘုရားသခင်အတွက် ဖြောင့်မတ်ခြင်းတရားကို သင်လက်တွေ့ လုပ်ဆောင်နိုင်သလော။ ငါ့အတွက် သင်ထရပ်ကာ ပြောဆိုနိုင်သလော။ သင်သည် သမ္မာတရားကို တည်ကြည်ခိုင်မာစွာ လက်တွေ့လုပ်ဆောင် နိုင်သလော။ စာတန်၏ လုပ်ရပ်အားလုံးကို ဆန့်ကျင်တိုက်ခိုက် ရလောက်အောင် သင်သည် ရဲရင့်သလော။ သင်သည် သင်၏ စိတ်ခံစားမှုများကို ဘေးဖယ်ကာ၊ ငါ၏ သမ္မာတရားအတွက် စာတန်ကို ဖော်ထုတ်ပေးနိုင်မည်လော။ သင့်အထဲတွင် ငါ၏ ရည်ရွယ်ချက်များ ပြည့်စုံစေခွင့် သင် ပေးနိုင်သလော။ အရေးအပါဆုံးသော အခိုက်အတန့်များတွင် သင်၏နှလုံးသားကို သင် ဆက်ကပ်ပြီးပြီလော။ သင်သည် ငါ၏အလိုကို လုပ်ဆောင်သောသူ တစ်စုံတစ်ဦးလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) ယင်းနှင့်ပတ်သက်ပြီး ကျွန်မ မည်သည့်တုံ့ပြန်စရာမျှ မရှိခဲ့ပါ။ ကျွန်မတကယ် စိတ်ပျက်ခဲ့ပါသည်။ ကျွန်မက အမြဲတမ်း ဘုရားသခင်၏အလိုကို စဉ်းစားဖို့နှင့် အသင်းတော်၏ အမှုကို တစိုက်မတ်မတ်လုပ်ဖို့ အမြဲ ပြောခဲ့သော်လည်း၊ သမ္မာတရားကို ချိုးဖောက်ပြီး ဘုရားသခင့် အိမ်တော်ကို ထိခိုက်စေမည့် အဖြစ်မျိုး တကယ် ဖြစ်လာသည့်အခါမှာ၊ ကျွန်မ၏ ကိုယ်ပိုင် အကျိုးစီးပွားကိုသာ ဆုပ်ကိုင်ထားခဲ့ပါသည်။ အဖွဲ့ခေါင်းဆောင်က အမှုတော်မှာ ပေါ့လျော့ပြီးလက်တွေ့ မည်သည့်အရာမျှမလုပ်ဘဲ၊ အသင်းတော်၏ အလုပ်ကို ထိခိုက်နေပြီး၊ အသင်းတော် ခေါင်းဆောင်ကို ပြောသင့်သည့်ဟု သိခဲ့ပါသည်။ သို့ရာတွင် သူကျွန်မကို လက်စားချေမည်ဖြစ်စေ၊ တာဝန်ကို လက်လွှတ်လိုက်ရမည်ကို ဖြစ်စေ ကြောက်ပြီး၊ မိမိကိုယ်ကိုယ်သာ ကာကွယ်ခဲ့ပါသည်။ အရေးကြီးသည့်အချိန်မှာ ကြောက်ပြီး တွန့်ဆုတ်ခဲ့သည်၊ ဖြစ်နေသည့်အရာများကို မသိချင်ယောင်ဆောင်ပြီး မျက်ကွယ်ပြုခဲ့ပါသည်။ ဘုရားသခင့်အိမ်တော်၏ အကျိုးစီးပွားကို ကျွန်မ နည်းနည်းလေးမျှ မထိန်းသိမ်းခဲ့ပါ။ အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး လူသားဆန်မှု သို့မဟုတ် အသိစိတ် မရှိတော့ဘဲ ရွံစရာကောင်းခဲ့ပါသည်။

အိမ်ပြန်ရောက်သည့်အခါမှာ ရှာဖွေလိုစိတ်နှင့် ဘုရားသခင်ထံမှာ “ဘယ်အရာက တကယ်တမ်း ကျွန်မကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်မှု မရှိစေတာ၊ အသင်းတော်ရဲ့ အလုပ်ကို မထိန်းသိမ်းစေနိုင်တာပါလဲ။” ဟု ဆုတောင်းခဲ့ပါသည်။ နောက်တော့ ဘုရားသခင့် နှုတ်ကပတ်တော်ထဲက ဤအပိုဒ်လေး ဖတ်ခဲ့ပါသည်။ “လူအများစုသည် သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိကြသော်လည်း၊ များသောအားဖြင့် ၎င်းတို့သည် ထိုသို့ လုပ်ဆောင်ရန် ဆုံးဖြတ်ချက်နှင့် စိတ်ဆန္ဒ ရှိရုံမျှရှိကြလေသည်။ ၎င်းတို့အတွင်းတွင် သမ္မာတရားနှင့်ဆိုင်သော အသက် မပိုင်ဆိုင်ကြ။ အကျိုးဆက်အနေဖြင့်၊ ဆိုးယုတ်သော အင်အားစုများကို ၎င်းတို့ အမှတ်မထင်တွေ့ရသည့်အခါ သို့မဟုတ် ကောက်ကျစ်စဉ်းလဲပြီး ဆိုးသွမ်းသော လူတို့က ဒုစရိုက်မှုများ ကျူးလွန်နေသည် သို့မဟုတ် ခေါင်းဆောင် အတုအယောင်များနှင့် အန္တိခရစ်တို့က အခြေခံသဘောတရားများကို ချိုးဖောက်သည့် နည်းလမ်းဖြင့် အမှုအရာများ လုပ်ဆောင်နေကြ၍ ထိုသို့ဖြင့် ဘုရားသခင်၏အိမ်တော်၏ အမှုကို ဆုံးရှုံးမှုများဖြစ်စေပြီး ဘုရားသခင်ရွေးကောက်ထားသူတို့ကို အန္တရာယ်ဖြစ်စေသည်ကို ကြုံရသည့်အခါ၊ ၎င်းတို့သည် ထရပ်ပြီး ထုတ်ပြောဖို့သတ္တိ မရှိတော့ပေ။ သင်တို့ သတ္တိမရှိသည့်အချိန်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်တို့ ကြောက်တတ်သည် သို့မဟုတ် စိတ်ထဲရှိသမျှ မဖော်ပြတတ်ဟု ဆိုလိုသလော။ သို့မဟုတ် သင်က စေ့စေ့စပ်စပ် နားလည်ခြင်းမရှိသောကြောင့် ဖြစ်သလော။ ဤအရာများထဲမှ မည်သည့်အရာမျှ မဟုတ်ပေ။ ယင်းမှာ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစား အချို့၏ ထိန်းချုပ်ခြင်းကို ခံရနေခြင်း ဖြစ်သည်။ ဤစိတ်သဘောထားများထဲမှ တစ်ခုမှာ ကလိမ်ကကျစ်အပြုအမူ ဖြစ်သည်။ သင်က၊ ‘ကျွန်ုပ် ထုတ်ပြောလိုက်လျှင်၊ ကျွန်ုပ်ကို မည်သို့ အကျိုးပြုမည်နည်း။ ကျွန်ုပ် ထုတ်ပြောလိုက်ပြီး တစ်စုံတစ်ဦးကို သဘောမကျဖြစ်စေပါက၊ အနာဂတ်တွင် ကျွန်ုပ်တို့ မည်သို့ အဆင်ပြေမည်နည်း’ ဟု တွေးရင်း၊ သင့်ကိုယ်သင် ဦးစွာပထမ စဉ်းစားလေသည်။ ဤသည်မှာ ကလိမ်ကကျစ် စိတ်နေစိတ်ထားဖြစ်၏၊ မှန်သည်လော။ ဤသည်မှာ ကလိမ်ကကျစ် စိတ်သဘောထား၏ အကျိုးဆက်မဟုတ်လော။...သင်၏ စာတန်ဆန်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သင့်ကို ထိန်းချုပ်နေ၏။ သင်၏နှုတ်သည် သင်မလှုပ်ရှားလိုသော်လည်း လှုပ်ရှားနေသည်။ ရိုးသားသော စကားများကို သင် ဖွင့်ဟလိုလျှင်ပင်၊ သင်သည် ၎င်းတို့ကို ပြောရန် မတတ်နိုင်သကဲ့သို့ စိုးရွံ့ခြင်းလည်းဖြစ်လေသည်။ သင် လုပ်ဆောင်သင့်သည့်အရာများ၊ သင် ပြောသင့်သည့်အရာများနှင့် သင် ယူသင့်သည့်တာဝန်တို့၏ တစ်သောင်းပုံ တစ်ပုံပင် သင် မလုပ်ဆောင်နိုင်ပေ။ သင်၏လက်များနှင့် ခြေများသည် သင်၏ စာတန်ဆန်ကာ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား၏ ချည်နှောင်ခြင်းကို ခံရကြ၏။ သင်သည် ကြီးကြပ်ကွပ်ကဲရန် အခွင့်အာဏာ လုံးဝ မရှိပေ။ သင်၏ ဆိုးယုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မည်သို့ စကားပြောဆိုရမည်ကို သင့်အား ပြောသည်၊ ထို့ကြောင့် ထိုနည်းလမ်းဖြင့် သင် ပြောဆိုသည်၊ မည်သည့်အရာ လုပ်ဆောင်ရမည်ကို သင့်အား ပြောပြီး၊ ထို့ကြောင့် ယင်းကို သင် လုပ်ဆောင်၏။...သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မဆိုထားနှင့်၊ သမ္မာတရားကို ရှာဖွေခြင်းပင်မရှိဘဲ၊ သင်၏ စိတ်ပိုင်းဖြတ်ချက်များကို တိုးမြှင့်ရင်း၊ စိတ်ဆုံးဖြတ်ချက်များကို ပြုလုပ်ရင်းနှင့် ကျမ်းသစ္စာများ ကျိန်ဆိုရင်း၊ ဆုတောင်းမြဲ ဆုတောင်းနေသည်။ ထို့ကြောင့် ဤအရာများအားလုံးမှ မည်သည့်အရာ ဖြစ်လာပြီနည်း။ သင်သည် မှန်ပါ့သမားဖြစ်နေဆဲ ဖြစ်သည်- ‘ကျွန်ုပ် မည်သူ့ကိုမျှ ရန်စမည်မဟုတ်သကဲ့သို့၊ မည်သူ့ကိုမျှ စိတ်အနှောင့်အယှက် ပေးမည်မဟုတ်။ ကိစ္စတစ်ခု ငါနှင့်မဆိုင်လျှင်၊ ငါ ဝေးဝေးနေမည်။ ငါနှင့် မည်သို့မျှ မသက်ဆိုင်သည့် အရာများနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ ငါ ပြောမည်မဟုတ်သည့်အပြင်၊ ဤအရာသည် ခြွင်းချက်မရှိ ဖြစ်သည်။ မည်သည့်အရာမဆိုက ငါ၏ အကျိုးစီးပွားများ၊ ငါ၏မာန၊ သို့မဟုတ် ငါ၏ မိမိကိုယ်ကိုယ် လေးစားမှုကို ထိခိုက်စေပါက၊ ငါသည် မည်သို့မျှ အရေးထားမည် မဟုတ်ဆဲရှိမည် ဖြစ်ပြီး၊ ထိုအရာအားလုံးကို သတိရှိရှိ ချဉ်းကပ်မည်ဖြစ်သည်။ ငါ မဆင်မခြင် ပြုရမည်မဟုတ်။ ထောင်ထွက်သည့် သံချောင်းက ဦးစွာပထမ ထိုးနှက်ခံရတတ်၏၊ ငါသည် ဤမျှမိုက်မဲခြင်း မရှိ။’ သင်သည် ဆိုးသွမ်းမှု၊ ကလိမ်ကကျစ်ကျခြင်း၊ တင်းမာခြင်းနှင့် သမ္မာတရားကို စက်ဆုပ်ခြင်းနှင့်ဆိုင်သော သင်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ ရှိနေ၏။ ၎င်းတို့သည် သင့်ကို ဖျက်ဆီးနေပြီး မျောက်ဘုရင် ဝတ်ဆင်ခဲ့သည့် ရွှေကွင်းထက်ပင် သင့်အတွက် ခံရပ်ရန် သာ၍ ခက်ခဲစေပြီဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထိန်းချုပ်မှုအောက်တွင် အသက်ရှင်ခြင်းသည် အလွန် ခြေကုန်လက်ပန်းကျစရာဖြစ်ပြီး ဒုက္ခကြီးလှပေသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်”) ဘုရားသခင်၏နှုတ်ကပတ်တော်များက ကျွန်မ၏ ကောက်ကျစ်မှုနှင့် ဆိုးယုတ်သည့် စာတန် စိတ်သဘောထား အကြောင်း အရမ်းကို တိတိကျကျ ဖော်ပြခဲ့ပါသည်။ ကျွန်မက ပထမဆုံး အဖွဲ့ထဲမှာ လူမရှိသည်ကို ပြောပြီး၊ အဖွဲ့ခေါင်းဆောင်က လုံးဝကို အပူအပင်မရှိဘဲ၊ တာဝန်မယူသည်ကို သိခဲ့ရသောကြောင့်၊ ယင်းက အသင်းတော်၏ အလုပ်အပေါ် သက်ရောက်မှုရှိနိုင်သည်ကို ကောင်းကောင်း သိခဲ့ပါသည်။ သို့ရာတွင် သူက ကျွန်မကို စည်းကျော်နေပြီဟု ပြောပြီး သဘောမကျတော့မည်ကို ကြောက်သောကြောင့်၊ မည်သည့်အရာမျှ ထပ်မပြောရဲခဲ့ပါ။ နောက်တော့ သူက စည်းမရှိကမ်းမရှိ လူများကို လျှောက်ပြောင်းနေသည်ကို မြင်လိုက်ရသည်၊ တစ်ခုအတွက်တစ်ခု အစားထိုးပြီး အလုပ်ကို ထိခိုက်စေသည်ကို မြင်ခဲ့ရပါသည်။ ကျွန်မက နည်းနည်းလေး ပြောပြလိုက်သေးသည်။ သို့ရာတွင် ဖော့ပဲပြောခဲ့လိုက်သည်။ ယင်းကနေ မည်သည့်ရလဒ်မျှ ရမလာသည်ကို ကျွန်မ သိသော်လည်း၊ သူ့ကို ကိုင်တွယ်ဖြေရှင်းဖို့၊ ဖော်ထုတ်ဖို့ ကြောက်နေခဲ့သည်။ အစ်ကိုယန်းက သူ့အကြောင်းများ ထပ်ပြောပြတော့လည်း၊ သူက လက်တွေ့အလုပ်များကို မလုပ်ဘဲ၊ သမ္မာတရားကို လက်မခံသည်ကို သူသည် အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်ဖြစ်သည်ကို ကျွန်မ သံသယ မရှိပါ။ ပြီးလျှင် အသင်းတော်ခေါင်းဆောင်ကို ချက်ချင်း တိုင်ခဲ့သင့်သည်။ သို့ရာတွင် သူက ကျွန်မတာဝန်ကို ကျွန်မထံမှ ရုတ်သိမ်းသွားမည်ကို ကြောက်သောကြောင့်၊ ကျွန်မ၏ရာထူးနှင့် တက်လမ်းကို ကာကွယ်ဖို့အတွက်နှင့် အမြှီးကုပ်ပြီး ပြေးခဲ့ရပါသည်။ ကျွန်မက အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး မရိုးသားခဲ့ခြင်း ဖြစ်သည်။ သူ့ပြဿနာတစ်ခုကို မြင်သည့်အခါတိုင်း၊ သူ့ကို မဖော်ထုတ်ရဲပါ။ အသင်းတော် ခေါင်းဆောင်ကို မတိုင်ရဲခဲ့ပါ။ ရလဒ်အနေနှင့် ဘုရားသခင့်အိမ်တော်၏ အမှုတော်က နှောင့်ယှက်ခံခဲ့ရပါသည်။ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏၊” “အထောင်ဆုံးသံချောင်းသည် ရိုက်ထည့်ခံရ၏၊” “ခွန်အားကြီးသူကမှန်၏၊” နှင့် “ခရိုင်ရုံးမှ အရာရှိသည် နယ်ခံအရာရှိကဲ့သို့ လူများကို အမိန့်မပေးနိုင်။” တို့ကဲ့သို့ စာတန်၏အဆိပ်တရားများနှင့် ကျွန်မ နေခဲ့ခြင်း ဖြစ်သည်။ ကျွန်မ၏အမြင်ကလည်း လုံးဝ အဓိပ္ပာယ်မရှိဘဲ၊ ပို၍ တစ်ဖို့တည်းကြည့်ပြီး မရိုးမသား ဖြစ်လာပါသည်။ မိမိကိုယ်ကိုယ် ကာကွယ်ပြီး လုပ်သမျှတိုင်းကို ဝိုက်ပြီးလုပ်ခဲ့ပါသည်။ ကြုံလာတိုင်း ကိုယ့်ရပ်တည်ချက်များကိုသာ ကာကွယ်ပြီး ဖြစ်လာသည့် ပြဿနာတိုင်းအတွက် တာဝန်ယူရမည်ကို ကြောက်ခဲ့ပါသည်။ ဆုံးရှုံးခြင်းကို တွေးမိရုံနှင့်တင် မခံနိုင်ခဲ့ပါ။ မှန်သည့်စကားတစ်ခွန်းကို ထုတ်ပြောဖို့၊ တကယ်ဖြစ်နေသည့် အရာများကို အမှန်အတိုင်းပြောဖို့ အရမ်းခက်ခဲခဲ့ပါသည်။ ခေါင်းဆောင် အတုအယောင်ကို ဖော်ထုတ်ဖို့ တိုင်ကြားဖို့ သတ္တိမရှိခဲ့ပါ။ စိတ်ရောကိုယ်ပါ ထိုကဲ့သို့စာတန်၏ စိတ်သဘောထားများနှင့် အဆိပ်တရားများ၏ ခိုင်ခိုင်မာမာ ချည်နှောင်ထိန်းချုပ်ခြင်းကိုခံခဲ့ရပါသည်။ အမှန်အတိုင်း မပြောနိုင်ခဲ့ဘဲ၊ ဖြောင့်မတ်မှု လုံးဝမရှိတော့ပါ။ ယင်းက အသက်ရှင်နေထိုင်ဖို့ သူရဲဘောကြောင်သည့် နည်းလမ်း ဖြစ်ပါသည်။ ထိုစာတန်၏ အဆိပ်တရားများက မည်မျှ အဓိပ္ပာယ်မရှိလိုက်သနည်း၊ ထိုအဆိပ်တရားများနှင့် နေသည့်အခါ၊ ကျွန်မလုပ်သမျှက သမ္မာတရားနှင့်ဆန့်ကျင်ပြီး ဘုရားသခင်ကို ပုန်ကန်နေသည်ကို တကယ့်ကို ကိုယ်တွေ့ကြုံခဲ့ရခြင်း ဖြစ်သည်။ လုံးဝကို လူသားဆန်မှုမရှိခဲ့ပါ။

ထိုအချိနတွင်ပင်၊ အသင်းတော်က အလုပ်စီမံမှုတစ်ခုကို ထုတ်ပြန်ခဲ့သည်။ လက်တွေ့ကျသည့် အလုပ်ကို မလုပ်သည့် မကောင်းမှုပြုသူများ၊ အန္တိခရစ်များ သို့မဟုတ် ခေါင်းဆောင် အတုအယောင်များ၊ အမှုဆောင်များကို တွေ့ရှိခဲ့ပါက၊ ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် သူတို့ကို တိုင်ကြားရမည်ဟု ကျွန်မတို့ကို ထပ်ပြောပါသည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသည့်လူတိုင်း၏ တာဝန်ဖြစ်ပါသည်။ ဘုရားအိမ်တော်၏ ထိုကဲ့သို့အပ်ချက်များ ကျွန်မရှေ့ကို ရောက်လာသည့်အခါ၊ ကျွန်မ အရမ်းတုန်လှုပ်ခဲ့ပါသည်။ အဖွဲ့ထဲမှာ ခေါင်းဆောင် အတုအယောင် ရှိနေမှန်း ကောင်းစွာ သိထားသော်လည်း၊ မတိုင်ရဲခဲ့ပါ။ ဘုရားသခင်၏ ရွေးချယ်ခံအဖြစ် ကျွန်မ မည်သို့ ထိုက်တန်မည်နည်း။ ကျွန်မအခြေအနေနှင့် ကိုက်ညီမည့် ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ကို ရှာကြည့်လိုက်တော့၊ ဤအပိုဒ်ကို သွားတွေ့ပါသည်။ “ခေါင်းဆောင် သို့မဟုတ် အလုပ်သမားတစ်ဦးကို ဆက်ဆံပုံနှင့်ပတ်သက်၍ လူတို့၌ ရှိသင့်သည့် သဘောထားမှာ အဘယ်နည်း။ သူ လုပ်ဆောင်သည့်အရာ မှန်ပါက၊ သူ့ကို သင် နာခံနိုင်သည်။ သူ လုပ်ဆောင်သည့်အရာ မှားယွင်းပါက၊ သူ့ကို သင် ဖော်ထုတ်နိုင်ပြီး၊ ဆန့်ကျင်ခြင်းပင်ပြုကာ ကွဲပြားသော အယူအဆကို တင်ပြနိုင်သည်။ သူသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်သည့်အပြင်၊ အတုအယောင် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အန္တိခရစ်တစ်ဦးအဖြစ် ထုတ်ဖော်ပြခံရပါက၊ သူ၏ ခေါင်းဆောင်မှုကို သင် ငြင်းနိုင်ပြီး၊ သင်သည်လည်း သူ့အကြောင်း တိုင်ကြားကာ သူ့ကို ဖော်ထုတ်နိုင်သည်။ သို့သော်၊ ဘုရားသခင် ရွေးကောက်ထားသော လူအချို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့၊ အထူးသဖြင့် သူရဲဘောကြောင်ကြ၏၊ ထို့ကြောင့် မည်သည့်အရာကိုမျှ ၎င်းတို့ မလုပ်ဆောင်ဝံ့ကြချေ။ ၎င်းတို့က၊ ‘ခေါင်းဆောင်က ကျွန်ုပ်ကို ထုတ်လိုက်ပါက၊ ကျွန်ုပ် အဆုံးသတ်ပြီ။ သူက အယောက်တိုင်းအား ကျွန်ုပ်ကို ဖော်ထုတ်စေပါက သို့မဟုတ် ကျွန်ုပ်ကို ပစ်ပယ်စေပါက၊ ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်နိုင်တော့မည် မဟုတ်။ အသင်းတော်ကို ကျွန်ုပ် စွန့်ခွာပါက၊ ဘုရားသခင်က ကျွန်ုပ်ကို လိုချင်မည်မဟုတ်သလို ကျွန်ုပ်ကို ကယ်တင်မည်မဟုတ်ပါ။ အသင်းတော်သည် ဘုရားသခင်ကို ကိုယ်စားပြုပါသည်’ ဟု ပြောကြသည်။ ဤသို့တွေးတောပုံများသည် ထိုသို့သောလူ၏ အမှုအရာများကိုသဘောထားပုံအပေါ် သက်ရောက်မှုရှိသည် မဟုတ်လော။ ခေါင်းဆောင်က သင့်ကို နှင်ထုတ်ပါက၊ သင် ကယ်တင်ခြင်း မခံရနိုင်တော့သည်မှာ အမှန်တကယ် မှန်နိုင်ပါမည်လော။ သင်၏ ကယ်တင်ခြင်းနှင့်ဆိုင်သော စဉ်းစားရမည့် အကြောင်းအရာသည် သင်၏ ခေါင်းဆောင်၏ သင့်အပေါ်သဘောထားအပေါ် တည်မှီသလော။ များလှစွာသော လူတို့သည် ထိုသို့သော အကြောက်တရား အတိုင်းအတာတစ်ခု အဘယ်ကြောင့် ရှိကြသနည်း။ ခေါင်းဆောင် အတုအယောင် သို့မဟုတ် အန္တိခရစ်တစ်ဦး ဖြစ်သူက သင့်ကို ခြိမ်းခြောက်သည်နှင့်တစ်ပြိုင်နက် ယင်းကို သင်က အထက်သို့ အကြောင်းမကြားဝံ့သည့်အပြင်၊ ထိုအချိန်မှစ၍ သင်သည် ခေါင်းဆောင်နှင့် တစ်စိတ်တည်းဖြစ်လိမ့်မည်ဟု အာမခံပါက၊ သင်သည် ကျဉ်းထဲကျပ်ထဲကျပြီ မဟုတ်လော။ ဤသည်မှာ သမ္မာတရား ရှာဖွေသော လူစားမျိုးလော။ သင်သည် စာတန်ဆန်သော အန္တိခရစ်များက ကျူးလွန်နိုင်သည့်အရာ ဖြစ်သည့် ထိုသို့သော ယုတ်မာသည့် အပြုအမူကို မဖော်ထုတ်ဝံ့သည်သာမက၊ ဆန့်ကျင်ဘက်အနေဖြင့်၊ ထိုအန္တိခရစ်များကို နာခံပြီး ၎င်းတို့၏ စကားများကို သမ္မာတရားအဖြစ်ပင်ခံယူပြီး ယင်းတို့ကို သင် နာခံလေသည်။ ဤသည်မှာ မိုက်မဲမှု၏ စံနမူနာ ဖြစ်သည် မဟုတ်လော။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၁)”) ဘုရားသခင်၏ ထိုနှုတ်ကပတ်တော်များကိုဖတ်ပြီး ကျွန်မနှလုံးသားမှာ အလင်းရလာခဲ့ပါသည်။ ကျွန်မက အဖွဲ့ခေါင်းဆောင်ကို တိုင်ဖို့ကြောက်နေသည်မှာ၊ အဓိကမှာ ကျွန်မသူ့ကို စိတ်ဆိုးအောင်လုပ်မိပါက၊ ကျွန်မကို ခက်ခဲအောင်လုပ်မည် သို့မဟုတ် ကျွန်မတာဝန်ကို ဆုံးရှုံးရမည်ကို ကြောက်နေသောကြောင့် ဖြစ်သည်။ ယင်းမှာ သူက ကျွန်မ၏တာဝန် သို့မဟုတ် ကျွန်မ၏ကံကြမ္မာကို အဆုံးအဖြတ် ပေးနိုင်သည့်အလား ဖြစ်သည်။ ထိုကဲ့သို့ထင်မိသည်မှာ တကယ်ကို အဓိပ္ပာယ်မရှိခြင်း ဖြစ်သည်။ ကျွန်မ ဖယ်ထုတ်ခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ သို့မဟုတ် ကျွန်မ၏ကံတရားက ဘုရားသခင်၏လက်တော်ထဲတွင် ရှိသည်။ မည်သည့်လူသားကမျှ မဆုံးဖြတ်ပေးနိုင်ပါ။ ခေါင်းဆောင် အတုအယောင်များနှင့် အန္တိခရစ်များက ယင်းကို မထိန်းချုပ်နိုင်ပါ။ ဘုရားသခင်၏ အိမ်တော်က ကမ္ဘာကြီးကဲ့သို့ မဟုတ်ပါ။ ဤနေရာတွင် သမ္မာတရားနှင့် ဖြောင့်မတ်မှုက အာဏာရှိပါသည်။ ခေါင်းဆောင်အတုအယောင်များနှင့် အန္တိခရစ်များအတွက် ဘုရားသခင့်အိမ်တော်မှာ ခြေချစရာနေရာ မရနိုင်ပါ။ အချိန်တစ်ခုအထိ အာဏာရနေနိုင်သော်လည်း၊ နောက်ဆုံးမှာတော့ ဖော်ထုတ်ပြီး ထုတ်ပယ်ခံရမည်သာ ဖြစ်သည်။ အသင်းတော်က အရင်ကလည်း ခေါင်းဆောင် အတုအယောင်နှင့် အန္တိခရစ်အချို့ကို ထုတ်ပယ်ခဲ့ခြင်းရှိပါသည်။ ယင်းကို တကယ် ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသော်လည်း၊ ကျွန်မတို့ထဲမှာ ထိုကဲ့သို့ လူတစ်ယောက် ပေါ်လာပြီး၊ ဘုရားသခင့်အိမ်တော်၏ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် တိုင်ဖို့လိုလာသည့်အခါ၊ ကျွန်မ နောက်တွန့် နေခဲ့ပါသည်။ စာတန်၏ အခိုင်းအစေငယ်တစ်ယောက် အဖြစ် ပိုနေချင်ခဲ့ပါသည်။ ကျွန်မက အရမ်းကို အားနည်းပြီး သူရဲဘောကြောင်ခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို နားမလည်ခဲ့ဘဲ၊ ဘုရားသခင်က အရာရာကို မြင်နိုင်ပြီး အုပ်စိုးသည်ကို တကယ်ကို မမြင်နိုင်ခဲ့ပါ။ လူတစ်ယောက်ကို စိတ်ဆိုးအောင် လုပ်မိမည်ကို ကြောက်ပြီး ဘုရားသခင်ကို စိတ်ဆိုးအောင်လုပ်မိမည်ကို မကြောက်ခဲ့မိပါ။ ဤအရာက မည်သို့များ ကျွန်မ နှလုံးသားထဲမှာ ဘုရားသခင်အတွက် နေရာရှိခြင်း ဖြစ်နိုင်မည်နည်း။

နောက်တော့လည်း ဘုရားသခင်နှုတ်ကပတ်တော်ထဲက နောက်တစ်ပိုဒ်ကို ဖတ်ခဲ့ပါသည်။ “အကယ်၍ အသင်းတော် တစ်ခုတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိသူ တစ်ဦးမျှ မရှိပါက၊ ထို့အပြင် ဘုရားသခင်အတွက် သက်သေခံနိုင်သောသူ တစ်ဦးမျှ မရှိပါက၊ ထိုအသင်းတော်ကို လုံးဝ သီးခြားဖြစ်သွားစေရမည်ဖြစ်ပြီး အခြားအသင်းတော်များနှင့် ထိုအသင်းတော်၏ ချိတ်ဆက်မှုများ ဖြတ်တောက်ရမည်။ ဤသည်ကို ‘သေခြင်းကို မြေမြှုပ်ခြင်း’ ဟုခေါ်သည်၊ ယင်းသည် စာတန်ကိုနှင်ထုတ်ခြင်းကို ဆိုလိုသည်။ အကယ်၍ အသင်းတော်တွင် ဒေသခံ ဗိုလ်ကျသူအချို့ ပါရှိပြီး ၎င်းတို့နောက်သို့ ချင့်ချိန်နိုင်စွမ်း လုံးဝကင်းမဲ့သည့် ‘ယင်ကောင်ငယ်များ’ လိုက်ပါက၊ ထို့အပြင် အသင်းသားများသည် သမ္မာတရားကို မြင်ပြီးနောက်တွင်ပင် ဤဗိုလ်ကျသူများ၏ အနှောင်အဖွဲ့များနှင့် ကြိုးကိုင်ခြယ်လှယ်မှုတို့ကို ငြင်းပယ်နိုင်စွမ်းမရှိသေးပါက၊ ထိုမိုက်မဲသူများ အားလုံးသည် အဆုံးတွင် သုတ်သင်ဖယ်ရှင်း ခံရမည်ဖြစ်သည်။ ဤယင်ကောင်ငယ်များသည် မည်သည့် ဆိုးရွားသောအရာကိုမျှ မလုပ်ခဲ့ သော်ငြားလည်း၊ ၎င်းတို့သည် ပို၍ပင် လှည့်ဖြားတတ်ကာ၊ ပို၍ပင် ပါးနပ်ပြီး တိမ်းရှောင်တတ်၍၊ ဤကဲ့သို့သော လူတိုင်းသည် သုတ်သင်ဖယ်ရှင်း ခံရမည်ဖြစ်သည်။ တစ်ဦးတစ်ယောက်မျှ ကြွင်းကျန်ရစ်မည် မဟုတ်။ စာတန်နှင့်သက်ဆိုင်သော သူများသည် စာတန်ထံ ပြန်သွားကြ ရမည်ဖြစ်သော်လည်း၊ ဘုရားသခင်နှင့် သက်ဆိုင်သော လူများကမူ သမ္မာတရားကို ဧကန်အမှန်ပင် ရှာဖို့ကြိုးစား ကြလိမ့်မည်။ ဤအရာကို သူတို့၏ သဘာဝဗီဇများအရ သတ်မှတ်ပိုင်းခြားထားခြင်း ဖြစ်သည်။ စာတန်နောက်ကို လိုက်သောသူမှန်သမျှ ပျက်စီးပါလေစေ။ ထိုကဲ့သို့သော လူများကို မည်သည့်သနားခြင်းမျှ ပြသမည် မဟုတ်ပေ။ သမ္မာတရားကို ရှာသော သူများအား ထောက်ပံ့မှုများ ရရှိစေလော့၊ ပြီးလျှင်သူတို့၏စိတ်နှလုံးများ တင်းတိမ်ရောင့်ရဲသည်အထိ ဘုရားသခင်၏နှုတ်ကပတ်တော်တွင် နှစ်သက် ပျော်မွေ့ကြပါစေ။ ဘုရားသခင်သည် ဖြောင့်မတ်၏။ သူသည် မည်သူကိုမျှ မျက်နှာမလိုက်။ အကယ်၍ သင်သည် နတ်ဆိုးတစ်ကောင် ဖြစ်ပါက သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ရန် သင် မတတ်စွမ်းနိုင်ပေ။ အကယ်၍ သင်သည် သမ္မာတရားကို ရှာဖွေသော သူတစ်ယောက်ဆိုပါက၊ စာတန်၏ ဖမ်းချုပ်ထားခြင်းကို ဧကန်အမှန် သင်ခံရမည် မဟုတ်ပေ။ ဤသည်ကား ယုံမှားဖွယ်ရာ လုံး၀မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်) ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ပြီးမှ ကျွန်မလည်း တကယ့်ကို ဘုရားသခင်၏ သန့်ရှင်း၊ ဖြောင့်မတ်ပြီး၊ ပုန်ကန်ပြစ်မှားမရနိုင်သည့် စိတ်သဘောထားကို ခံစားမိခဲ့ပါသည်။ ဘုရားသခင့်အိမ်တော်၏ အမှုကို ပျက်စီးအောင်လုပ်ပြီး ဘုရားသခင် ရွေးချယ်ထားသည့်သူများကို ထိခိုက်အောင်လုပ်သည့် အန္တိခရစ်နှင့် အယောင်ဆောင် ခေါင်းဆောင်များကို၊ ဘုရားသခင်က ချမ်းသာပေးမည် မဟုတ်ပါ။ ဘုရားသခင်က သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သူများ၊ ထိုကဲ့သို့လူများ ပေါ်လာသည့်အခါ၊ ဘုရားသခင့်အိမ်တော်၏ အဖွဲ့အစည်းကို မကာကွယ်သူများကိုလည်း မုန်းပါသည်။ သူတို့ နောင်တမရပါက အားလုံးက နောက်ဆုံးမှာ ပယ်ရှားခံရပြီး အပြစ်ဒဏ်ပေးခံရမည် ဖြစ်သည်။ အဖွဲ့ခေါင်းဆောင်က ခေါင်းဆောင် အတုအယောင် ဖြစ်သည်ကို သိသော်လည်း၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်း သို့မဟုတ် သူ့ကိုတိုင်ဖို့ သတ္တိမရှိခဲ့ပုံများကို ပြန်စဉ်းစားမိခဲ့ပါသည်။ ယင်းတို့အားလုံးက ကျွန်မ၏ အကျိုးစီးပွားအတွက်ကြောင့် ဖြစ်ခဲ့ရခြင်း ဖြစ်သည်။ အချိန်နှင့်အမျှ စာတန်ကို ဦးညွှတ်ခဲ့ရသည်၊ စာတန်ဘက်မှာနေပြီး ဘုရားသခင့်အိမ်တော်၏ အမှုတော်ကို စတေးကာ ထိုခေါင်းဆောင်အတုအယောင်ကို ကာကွယ်ပြီး လွှတ်ထားပေးခဲ့သည်။ ကျွန်မက သူလုပ်နေသည့် ဆိုးယုတ်မှုများမှာ တစ်စိတ်တစ်ပိုင်း ပါဝင်နေခဲ့သည်။ ဘုရားသခင်ပေးသည့် သမ္မာတရားကို ခံစားပြီး၊ ဘုရားသခင်၏ စားပွဲပေါ်မှယူကာ စားသောက်နေခဲ့သော်လည်း၊ စာတန်က ဘုရားသခင့်အိမ်တော်ထဲမှာ နှောင့်ယှက်နေသည့် အရေးကြီးသည့် အချိန်ရောက်သည့်အခါ၊ ဘုရားသခင့်အိမ်တော်၏ အကျိုးစီးပွားကို မကာကွယ်နိုင်ခဲ့ပါ။ ထိုအစား ကျွန်မကို ကျွေးသည့်လက်ကို ပြန်ကိုက်ပြီး ရန်သူကို မျက်နှာသာ ပေးခဲ့ပါသည်။ ဤအရာက ဘုရားသခင်ကို သစ္စာဖောက်ခြင်း ဖြစ်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပစ်မှားခဲ့ခြင်း ဖြစ်ပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်သည့်၊ “စာတန်နောက်ကို လိုက်သောသူမှန်သမျှ ပျက်စီးပါလေစေ။” ကိုတွေးမိပြီး ကျွန်မတကယ် ကြောက်သွားခဲ့ပါသည်။ ကျွန်မသာ နောင်တမရခဲ့ပါက၊ သေချာပေါက် ခေါင်းဆောင် အတုအယောင်နှင့်အတူ ဘုရားသခင်၏ ပယ်ရှားခြင်းကို ခံရမည် ဖြစ်သည်။ ခေါင်းဆောင်အတုအယောင်ကို တိုင်ဖို့ ပျက်ကွက်ခဲ့သည့် ပြင်းထန်သည့်အကျိုးဆက်နှင့် သဘောတရားကို ကျွန်မမြင်ခဲ့ပြီး၊ မိမိကိုယ်ကိုလည်း အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းခဲ့သည့်အတွက် တကယ့်ကို မုန်းတီးခဲ့ပါသည်။ ဘုရားသခင့်အိမ်တော်၏ အကျိုးစီးပွားကို လုံးဝ မကာကွယ်ခဲ့ပါ။ လူသားဆန်မှု လုံးဝကို မရှိခဲ့ခြင်း ဖြစ်သည်။ ကျွန်မနောက်တော့ ဘုရားသခင့်ရှေ့မှောက်မှာ “ဘုရားသခင်၊ ကျွန်မက အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး မရိုးသားခဲ့ပါဘူး။ အသင်းတော်မှာ ခေါင်းဆောင်အတုအယောင် တစ်ယောက်ကို တွေ့ခဲ့တာတောင်မှ၊ တစ်ခါမှ မတိုင်ခဲ့သလို မထုတ်ဖော်ခဲ့ပါဘူး။ သူ့ကို ဖုံးကွယ်ပေးထားပြီး ချမ်းသာခွင့်ပေးထားခဲ့ပြီး၊ ကျွန်မရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက်နဲ့ စာတန်ရဲ့ အစေအပါးအဖြစ် လုပ်ဆောင်ခဲ့မိပါတယ်။ ကျွန်မက အပြစ်ဒဏ် ပေးခံရသင့်ပါတယ်။ ဘုရားသခင်၊ ကျွန်မ အဲဒီလိုဘယ်တော့မှ မလုပ်တော့ပါဘူး။ ကျွန်မ နောင်တရချင်ပါတယ်။ ကျွန်မ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်အောင်၊ ခေါင်းဆောင် အတုအယောင်ကို၊ ဖော်ထုတ် တိုင်ကြားနိုင်အောင်နဲ့ အသင်းတော်ရဲ့အလုပ်ကို ထိန်းသိမ်းနိုင်အောင် ခွန်အားပေးပါ။” ဟု ဆုတောင်းခဲ့ပါသည်။

နောက်နေ့တွင် ကျွန်မဝတ်ပြုနေစဉ် ဘုရားသခင့် နှုတ်ကပတ်တော်ထဲက ဤသည်တို့ကို ဖတ်ခဲ့ပါသည်။ “သင်၏ အတွေးများနှင့် အယူအဆများအား မည်သို့ ခွဲခြမ်းစိစစ်ရမည်ကို သင်သည် သင်ယူရမည်။ သင် လုပ်ဆောင်နေသည့် မှားယွင်းသော မည်သည့်အရာကိုမဆို၊ ပြီးလျှင် ဘုရားသခင် နှစ်သက်လိမ့်မည် မဟုတ်သည့် သင်၏ မည်သည့်အပြုအမူများကိုမဆို သင် ချက်ချင်း ပြောင်းပြန်လှန်ပစ်ပြီး ပြုပြင်နိုင်သင့်ပေသည်။ ထိုအရာများကို ပြုပြင်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ သင့်အတွင်းရှိ စာတန်နှင့်သက်ဆိုင်သော အရာများကို ငြင်းပယ်ပြီး ၎င်းတို့ကို သမ္မာတရားနှင့် အစားထိုးနေစဉ်တွင်၊ သမ္မာတရားကို လက်ခံပြီး စတင် နားလည်သဘောပေါက်ဖို့ ဖြစ်သည်။ ကလိမ်ကကျစ်ကျခြင်းနှင့် လှည့်ဖြားခြင်းတို့ကဲ့သို့သော သင်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများအပေါ် သင် မှီခိုခဲ့လေ့ရှိသော်လည်း၊ ယခု သင် မှီခိုခြင်း မရှိတော့ပေ။ ယခုတွင်၊ အမှုအရာများကို သင် လုပ်ဆောင်သည့်အခါ၊ ရိုးသား၊ ဖြူစင်ပြီး ပွင့်လင်းသော သဘောထားများ၊ အခြေအနေများနှင့် စိတ်သဘောထားများအပေါ် သင် မှီခိုလေသည်။...သမ္မာတရားက သင်၏ အသက်ဖြစ်လာသည်နှင့်တစ်ပြိုင်နက်၊ တစ်စုံတစ်ဦးက ဘုရားသခင်ကို ပြစ်မှားစော်ကားပါက၊ သူ့ကို ကြောက်ရွံ့ခြင်း မရှိပါက၊ သူ၏ တာဝန်ကို ဖြည့်ဆည်းရာတွင် ဝတ်ကျေတမ်းကျေဖြစ်ပြီး ဟန်ဆောင်လုပ်ပြရုံသာ လုပ်ပြပါက၊ သို့မဟုတ် ဘုရားသခင်၏အိမ်တော်၏ အမှုကို နှောင့်ယှက်ခြင်းများ၊ အတားအဆီးများ ဖြစ်စေပါက၊ ဤအရာကို မြင်သည့်အခါ သင်သည် သိမြင်သင့်သည့်အရာကို သိမြင်ကာ၊ ဖော်ထုတ်သင့်သည့်အရာကို ဖော်ထုတ်ခြင်းဖြင့် သမ္မာတရား၏ အခြေခံသဘောတရားများနှင့်အညီ ထိုအရာကို ချဉ်းကပ်နိုင်လိမ့်မည် ဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်”) ဘုရားသခင့် နှုတ်ကပတ်တော်များက၊ ယုံကြည်မှု၏ အခြေခံအကျဆုံး လိုအပ်ချက်က၊ ရိုးသားသည့် နှလုံးသားရှိခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင့်အိမ်တော်၏ အကျိုးစီးပွားကို ကာကွယ်ခြင်းနှင့် အရာရာကို စည်းကမ်းနှင့်လုပ်ဆောင်ခြင်းတို့ ဖြစ်သည်ကို ပြသခဲ့ပါသည်။ သို့မှသာဲ ဘုရားသခင်အတွက် ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်သည်။ ကျွန်မလည်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ကျွန်မတို့၏ အဖွဲ့ခေါင်း​ဆောင်ကို စည်းကမ်းနှင့်အညီ တိုင်ခဲ့သင့်သည်ကို သိခဲ့ပါသည်။ ထို့ကြောင့် သူလုပ်ခဲ့သည့်အရာများ အားလုံးကို မှန်မှန်ကန်ကန်နှင့် အသေးစိတ် ရေးပြီး၊ အသင်းတော်ခေါင်းဆောင်ထံ ပေးခဲ့ပါသည်။ အားလုံးကို သက်သေပြခဲ့ပြီးသည့် နောက်မှာ၊ အသင်းတော်ခေါင်းဆောင်က အဖွဲ့ခေါင်းဆောင်သည် တာဝန်ကို သတိမထားဘဲလုပ်ပြီး မည်သည့်အရာမျှ လက်တွေ့ မလုပ်ခဲ့ကြောင်း အတည်ပြုခဲ့ပါသည်။ သူက ခေါင်းဆောင် အတုအယောင် စင်စစ်ဖြစ်ပြီး၊ တာဝန်မှ ရုတ်သိမ်းခြင်း ခံခဲ့ရပါသည်။ ယင်းကို ကျွန်မသိရသည့်အချိန်မှာ ကျွန်မ ငြိမ်းချမ်းမှုကို ခံစားခဲ့ရပါသည်။ ထိုအတွေ့အကြုံက ကျွန်မကို ဘုရားသခင်က မည်မျှပင် ဖြောင့်မတ်သည်၊ ပြီးလျှင် ဘုရားသခင်၏ အိမ်တော်မှာ ခရစ်တော်နှင့် သမ္မာတရားကသာ ကြီးစိုးသည်ကို ပြသခဲ့ပါသည်။ လူတစ်ယောက်၏ ရာထူးက မည်မျှကြီးနေပါစေ၊ မည်မျှဝါရင့်နေပါစေ၊ ထိုလူက သမ္မာတရားနှင့် ဘုရားသခင့်နှုတ်ကပတ်တော်များကို နာခံရမည် ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိသည့်လူများက ဘုရားသခင့်အိမ်တော်မှာ ခိုင်မာစွာ ရပ်တည်နိုင်မည်မဟုတ်ပါ။ နောက်ဆုံးမှာ ပယ်ရှားခြင်းကို ခံရမည် ဖြစ်သည်။ ရိုးသားသည့်လူဖြစ်မှ၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်မှ၊ ပြီးလျှင် အရာရာကို စည်းကမ်းနှင့်အညီ လုပ်ဆောင်မှ၊ ဘုရားသခင်၏အလိုတော်နှင့် ကိုက်ညီပြီး ဘုရားသခင်၏အသိအမှတ်ပြုမှုကို ရရှိမည် ဖြစ်ပါသည်။ ဤအရာများက လူတစ်ယောက်ကို တိုင်ရသည့် အတွေ့အကြုံမှ ကျွန်မသင်ယူခဲ့ခြင်း ဖြစ်သည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မကောင်းမှုပြုသူအား ထုတ်ပယ်ခြင်းမှ လေ့လာသင်ယူခြင်း

စုန်းယိ နယ်သာလန်နိုင်ငံ ဒီနှစ် မတ်လမှာ ခေါင်းဆောင်ပိုင်းတာဝန်တစ်ခုကို ကျွန်မ ယူခဲ့တယ်။ ကြီးကြပ်သူနဲ့ ကျွန်မ တွေ့တဲ့အခါမှာ တချို့...

ချုပ်နှောင်ခံရခြင်း

လီမော့ တရုတ်နိုင်ငံ ၂၀၀၄ ခုနှစ်မှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့ပြီး၊ သိပ်မကြာခင်မှာ၊ ဧဝံဂေလိ...

ကျွန်မ၏ ရာထူးဂုဏ်ဒြပ် အား ဆုံးရှုံး ပြီးနောက်

ဟူမင်း၊ ဟိုင်နန်စီရင်စု ခေါင်းဆောင် နေရာကို အခြားလူတစ်ယောက်ဖြင့် အစားထိုး ခန့်အပ် ခြင်း ခံရသော သူတစ်ဦး တစ်ယောက် ကိုတွေ့မြင်ရသည့်အပြင်၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။