ကျွန်မ၏ အနာဂတ်နှင့်ပတ်သက်၍ မည်သည့်အခါမျှ ညည်းညူတော့မည် မဟုတ်ပါ

05.06.2024

ကျွန်မက သာမန်လယ်သမားမိသားစုမှာ မွေးဖွားခဲ့တာပါ။ စားဝတ်နေရေးဖူလုံဖို့ ကျွန်မမိဘတွေက ကောက်ပဲသီးနှံစိုက်ပျိုးရေးကို အမှီပြုခဲ့ရတယ်။ ကျွန်မတို့ရွာက ချမ်းသာတဲ့ အိမ်ထောင်စုတစ်စုမှာ အိမ်လှလှကြီးတစ်လုံး ရှိတယ်။ အဲဒီအိမ်က ကလေးတွေက အဝတ်ကောင်း၊ အစားကောင်းတွေ ခဏခဏ ဝတ်ရ၊ စားရတယ်။ ကျွန်မ သူတို့ကို အတော်လေး အားကျတယ်။ ကျွန်မ စာကောင်းကောင်း လုပ်ရမယ်၊ နောင်မှာ တက္ကသိုလ်ကောင်းကောင်းတစ်ခု တက်ပြီး အလုပ်ကောင်းကောင်း တစ်ခုရှာမယ်လို့ တွေးမိတယ်။ အဲဒီလိုနဲ့ ကျွန်မ လူတွေထဲမှာ ထင်ပေါ်ပြီး တခြားလူတွေက ကျွန်မကို အထင်ကြီးပြီး အားကျကြမှာပဲပေါ့။ ဒါပေမဲ့ ကျွန်မရဲ့ အထက်တန်း ပထမနှစ်အတွင်းမှာ၊ အရေပြားလေးဘက်နာရောဂါ ရတယ်။ အဲဒါက ကုမရတဲ့ လေးဘက်နာ သိုင်းရွိုက်ရောဂါတစ်ခုဖြစ်ပါတယ်။ တစ်သက်လုံး ဆေးသောက်နေရမှာ။ အဲဒီတုန်းက ကျွန်မ အရမ်းစိတ်ဓာတ်ကျပြီး၊ ဒီရောဂါ ဘာလို့ရလဲ မသိခဲ့ဘူး။ စာလေ့လာဖို့ အစွမ်းကုန် အားစိုက်ထုတ်ခဲ့တယ်။ အတန်းထဲမှာ ခဏခဏဆိုသလို ကျွန်မအမှတ်တွေက အတော်ဆုံးစာရင်းဝင်တယ်လေ။ အကောင်းဆုံး တက္ကသိုလ်ကို တက်နိုင်ခဲ့မယ်ဆိုရင်၊ ကျွန်မရဲ့ ကံကြမ္မာကို အသစ်ပြန်ရေးလို့ရတယ်လို့ တွေးခဲ့တယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ၊ တက္ကသိုလ်ဝင်ခွင့်စားမေးပွဲ ဖြေဖို့ ရက်နှစ်ဆယ်ဝန်းကျင်လောက်မှာ အဖျားက လျော့မသွားလို့ ဆေးကုဖို့ ဆေးရုံတက်ခဲ့ရတယ်။ အဲဒါက စာမေးပွဲမှာ ကျွန်မရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်ခဲ့တယ်။ နောက်ဆုံးမှာ အကောင်းဆုံး တက္ကသိုလ်ကို ကျွန်မ မတက်ခဲ့ရဘဲ သာမန် အသက်မွေးမှု ကောလိပ်တစ်ခုကိုပဲ တက်ခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မရဲ့ ကံကြမ္မာကို ကျွန်မ အလျှော့မပေးချင်ခဲ့ဘူး။ အဲဒီကောလိပ်ကို ဝင်ပြီးတဲ့နောက်မှာ၊ တက္ကသိုလ်တစ်ခု ဝင်ခွင့်စာမေးပွဲအတွက် အကြိုပြင်ဆင်တဲ့ အတန်းအတွက် စာရင်းသွင်းခဲ့တယ်။ ဒါပေမဲ့ အတန်းကို နှစ်ဝက်ပဲတက်ရသေးတယ်၊ ကျွန်မရောဂါက ပိုဆိုးသွားခဲ့တယ်။ ခဏခဏ အဖျားငွေ့ငွေ့လေး ရှိနေတယ်။ ကျွန်မရဲ့ လက်ဆစ်ခြေဆစ်တွေက ရောင်ပြီး ကိုက်ခဲနေတယ်။ လှေကားတက်ရတာတောင် ခက်တယ်။ ကိုယ့်ဓာတ်ဘူးကိုတောင် ဟိုဟိုဒီဒီ ယူမသွားနိုင်တဲ့ အချိန်တွေရှိခဲ့တယ်။ နောက်ဆုံးမှာ၊ ကျွန်မ ကျောင်းထွက်ပြီး အိမ်ပြန်ဖို့ကလွဲလို့ ရွေးစရာမရှိခဲ့ဘူး။ ကျွန်မနဲ့ ရွယ်တူ တခြားသူငယ်ချင်းတွေက ကျန်းမာကြပြီး အိပ်မက်တွေ အောင်မြင်ဖြစ်မြောက်ဖို့အတွက် အလုပ်လုပ်နေကြတယ်။ ကျွန်မ ကောင်းကင်ကိုကြည့်ပြီး “ကံတရားက ဘာဖြစ်လို့ ငါ့အပေါ် အရမ်းကို မတရားတာလဲ။ ဘာလို့ ငါက အဲဒီလို ခက်ခဲတဲ့ အခြေအနေကို ရင်ဆိုင်နေရတာလဲ”လို့ တွေးရင်းနဲ့ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ဘူး။ ကျွန်မက ခဏခဏဆိုသလို ရှိသမျှလူတိုင်းနဲ့ အရာရာတိုင်းကို အပြစ်တင်တယ်။ တစ်ခါတလေ သေဖို့တောင် တွေးမိတယ်။ ဒါပေမဲ့ ကိုယ့်အတွက် ကိုယ့်မိဘတွေ အလုပ်များနေတာကို မြင်တော့ အဲဒီအတွေးတွေကို အကောင်အထည် မဖော်ရက်ခဲ့ဘူး။ ကုန်သွားတဲ့ရက်တွေကို အားကိုးရာမဲ့ ရေတွက်နေရုံပဲ ကျွန်မ တတ်နိုင်ခဲ့တယ်။

နောက်ပိုင်းမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ ကျွန်မရဲ့ ကျန်းမာရေးက အတော်လေး သက်သာလာပြီး ကျွန်မရဲ့ဘဝကို ပုံမှန်အတိုင်း အသက်ရှင်နိုင်ခဲ့တယ်။ ခေါင်းဆောင်က ဗီဒီယိုတွေလုပ်ဖို့ ကျွန်မအတွက် စီစဉ်ပေးတယ်လေ။ အဲဒီတုန်းက ကျွန်မ အတော် စိတ်ထက်သန်ခဲ့ပြီး ဗီဒီယို ထုတ်လုပ်ရေးကို တက်တက်ကြွကြွ လေ့လာခဲ့တာပေါ့။ နောက်ပိုင်းမှာ ကြီးကြပ်ရေးမှူး နေရာကို ကျွန်မ ရာထူးတိုးသွားပြီး အရမ်းပျော်ခဲ့ရတယ်။ ကိုယ့်တာဝန်ကို လုပ်တဲ့အခါ ကျွန်မ ပိုလို့တောင် တက်ကြွလာတာ။ တစ်ခါတလေ အဖျားငွေ့ငွေ့ ရှိတတ်ပေမဲ့ ကိုယ့်တာဝန်ကို ပေပြီးလုပ်ခဲ့တယ်။ နောက်ပိုင်းမှာ၊ ကျွန်မရဲ့ ကျန်းမာရေး အခြေအနေကို ထောက်ထားတဲ့အနေနဲ့၊ အိမ်ပြန်ပြီး အိမ်မှာပဲ ကိုယ်တတ်နိုင်သမျှ ဘာတာဝန်ပဲဖြစ်ဖြစ် လုပ်ရအောင် ခေါင်းဆောင်က ကျွန်မအတွက် စီစဉ်ပေးတယ်။ နည်းနည်း လမ်းပျောက်သွားသလို ကျွန်မ ခံစားလိုက်ရတယ်။ ကျွန်မဟာ လေ့ကျင့်ပျိုးထောင်ပေးတာကို ခံရဖို့ အခွင့်အရေး လုံးဝ မရှိတော့မဲ့ပုံပဲဆိုပြီး တွေးမိတယ်။ “အဲဒါတွေအားလုံးက ဒီရောဂါဆိုးကြောင့်ပဲ မဟုတ်လား။ ငါ့ကံကိုက တကယ်ကို မကောင်းတာပါ” လို့ပေါ့။ အဲဒီနောက်မှာ အသင်းတော်မှာ စာနဲ့ပတ်သက်တဲ့တာဝန်ကို ကျွန်မ ထမ်းဆောင်ခဲ့တယ်။ မကြာခဏ ကျွန်မ တွေးမိတယ်။ “စာနဲ့ပတ်သက်တဲ့ တာဝန်တွေကိုပဲ ငါ လုပ်နေတာ။ ငါ မထင်ပေါ်နိုင်ဘူး၊ အာရုံစိုက်တာခံရမှာ မဟုတ်ဘူး”လို့ပေါ့။ ကျွန်မ အရမ်း စိတ်ဓာတ်ကျသွားတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို မိတ်သဟာယပြု​ပြီး ပြဿနာတွေကို ဖြေရှင်းဖို့ ခေါင်းဆောင်တွေက စုဝေးပွဲ နေရာအမျိုးမျိုးကို သွားကြတာ မြင်ရတော့၊ အတော်လေး အထင်ကြီးစရာဖြစ်ပြီး အောင်မြင်တယ်လို့ ထင်ရတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “သမ္မာတရားကိုသာ ငါ နည်းနည်း ပိုသိပြီး ညီအစ်ကို မောင်နှမတွေရဲ့ အခြေအနေတွေနဲ့ပတ်သက်တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့ရင်၊ လူတိုင်းက ငါ့ကိုလည်း​ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ရွေးမယ်ထင်တယ်”လို့ပေါ့။ ဒါကြောင့်၊ စုဝေးဖို့ ကျွန်မ သွားတိုင်းမှာ၊ ညီအစ်ကို မောင်နှမတွေရဲ့ အခြေအနေတွေကို ကျွန်မ အာရုံစိုက်တယ်။ ကျွန်မ အိမ်ပြန်သွားတော့၊ ဘုရားနှုတ်ကပတ်တော်တချို့ကို ရှာပြီးတော့၊ စုဝေးပွဲ နောက်တစ်ခုမှာ ဒီနှုတ်ကပတ်တော်တွေကို ညီအစ်ကို မောင်နှမတွေနဲ့ မိတ်သဟာယပြုတယ်။ ကိုယ့်မိတ်သဟာယကို လူတိုင်းက သေချာနားထောင်တာကို မြင်ရတော့ ကျွန်မ အရမ်းပျော်နေတာ အသိသာကြီး။ အရာရာက မှန်ကန်တဲ့ လမ်းကြောင်းကို ဦးတည်နေချိန်မှာပဲ၊ စုဝေးပွဲတစ်ခုကို သွားတဲ့လမ်းမှာ ကျွန်မ စက်ဘီးမှောက်သွားတယ်။ ကျွန်မ ခြေထောက် အရမ်းနာပြီး လမ်းမလျှောက်နိုင်ခဲ့ဘူး။ ပြန်သက်သာဖို့ အိမ်မှာ နေခဲ့ရတယ်။ “ခုတလော ငါ့တာဝန်မှာ ငါ အတော်လေး တက်ကြွခဲ့တာ။ ဘာလို့ ဒါမျိုး ရုတ်တရက်ကြီး ဖြစ်ရတာလဲ။ ဘာလို့ ငါ အရမ်း ကံဆိုးရတာလဲ”လို့ တွေးရင်းနဲ့ ကျွန်မ အရမ်းစိတ်ရှုပ်ထွေးသွားတယ်။ ကျွန်မကို ပိုလို့တောင် စိတ်ပျက်စေခဲ့တာကတော့၊ အသင်းတော်က မကြာခင် ရွေးကောက်ပွဲ လုပ်တော့မှာလေ။ ကျွန်မ အရွေးခံရနိုင်တယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ ခေါင်းဆောင်က ကျွန်မကို ပြောတယ်။ “ခေါင်းဆောင်တွေက အသင်းတော်အလုပ်အားလုံးကို ကြီးကြပ်ရတယ်။ အစ်မက ကျန်းမာရေးချို့တဲ့တာကို ထည့်စဉ်းစားတဲ့အခါ၊ အစ်မ ချုံးချုံးကျသွားမှာ စိုးတယ်။ စာနဲ့ပတ်သက်တဲ့ တာဝန်တွေကိုပဲ စွဲစွဲမြဲမြဲ လုပ်တာ အစ်မအတွက် ပိုကောင်းတယ်”တဲ့။ ခေါင်းဆောင်ပြောတာကို နားထောင်ရင်းနဲ့၊ ကျွန်မအပေါ် ရေအေးတစ်ပုံး လောင်းချခံလိုက်ရသလို ခံစားရပြီး၊ ကျွန်မနှလုံးသားက အေးတိအေးစက်ဖြစ်သွားတယ်။ မြင်ရသလောက်တော့ ကျွန်မဟာ ခေါင်းဆောင်ဖြစ်ဖို့ ကံကို ပါလာပုံမရဘူး။ နောက်ပိုင်းမှာ၊ စုဝေးပွဲတွေကို ကျွန်မ သွားတော့၊ အရင်ကရှိခဲ့တဲ့ တက်ကြွမှု မရှိတော့ဘူး။ ညီအစ်ကို မောင်နှမတွေရဲ့ ပြဿနာတွေကို ဆင်ခြင်ဖို့ ကျွန်မ အားမထုတ်ချင်ဘူး။ အဲဒီတုန်းက အသစ်ရွေးထားတဲ့ ခေါင်းဆောင် ချန်ဖန်က ကျွန်မနဲ့ သက်တူရွယ်တူဖြစ်ပြီး သူ့ကို ကျွန်မ တကယ် အားကျခဲ့တယ်။ သူက ကျန်းမာရေးကောင်းပြီး၊ ခေါင်းဆောင်အနေနဲ့ အရွေးခံရပေမဲ့၊ ကျွန်မကတော့ စာနဲ့ပတ်သက်တဲ့ တာဝန်နည်းနည်းပဲ လုပ်နိုင်တယ်။ “ဘုရားအတွက် ငါ ဝီရိယရှိရှိ ကိုယ့်ကိုယ်ကိုယ် အသုံးခံချင်တာ။ ငါ့ကျမှ ဘာလို့ ဒါမျိုး အားနည်းတဲ့ ခန္ဓာကိုယ် ရရတာလဲ။ စိတ်သွားတိုင်း ကိုယ်မပါဘူး။ ငါ့ကံကိုက တကယ်ကို မကောင်းတာပဲ” လို့ တွေးရင်းနဲ့ စိတ်ထဲမှာ ညည်းမိတယ်။ လမ်းပျောက်သလို ခံစားရပြီး ကျွန်မ တွေးမိတယ်၊ “ငါ ခေါင်းဆောင် မဖြစ်နိုင်ပေမဲ့၊ ငါ့ရဲ့ စာနဲ့ပတ်သက်တဲ့ တာဝန်တွေမှာ အောင်မြင်မှုတချို့ ရရင် ညီအစ်ကို မောင်နှမတွေက ငါ့ကို အထင်ကြီးကြဦးမှာပဲ မဟုတ်လား”လို့ပေါ့။ ဒီစိတ်နဲ့၊ စာမူတွေကို ကျွန်မ ထက်ထက်သန်သန် စစ်ဆေးတယ်။ ဒါပေမဲ့ နှစ်အကုန်မှာ၊ ကျွန်မ ခြေထောက် အရမ်းနာလွန်းလို့ လမ်းမလျှောက်နိုင်တော့ဘူး။ လက်စသတ်တော့ အဲဒါက အရိုးတစ်သျှူးတွေ ပျက်စီးတဲ့ရောဂါ ဖြစ်နေတယ်။ အဲဒီနောက် မကြာခင်မှာ အသင်းတော်မှာ အဖမ်းအဆီးတွေ ရှိပြီး ညီအစ်ကိုမောင်နှမတွေကို ဆက်သွယ်ဖို့ ကျွန်မ အပြင်မထွက်နိုင်ခဲ့ဘူး။ “ဘယ်လိုဖြစ်ပြီး အဲဒီလို ဆိုးတဲ့ကံကြမ္မာကို ငါ ရင်ဆိုင်ရတာလဲ။ အရင်တုန်းက၊ ကိုယ့်ကံကြမ္မာကို ပြောင်းလဲဖို့ စာလေ့လာတာကို ငါ မှီခိုချင်ခဲ့ပေမဲ့ စီစဉ်ထားသလို မဖြစ်လာခဲ့ဘူး။ ဘုရားကို ယုံကြည်ပြီးတဲ့နောက်မှာ ကံကောင်းလာနိုင်လောက်ရဲ့လို့ ထင်ခဲ့ပေမဲ့ ကိစ္စတွေက ငါ့အတွက်တော့ အဆင်ကို ပြေမလာသေးဘူး။ အခုလောလောဆယ်မှာ ငါ့ရောဂါက ပြင်းထန်ပြီး အန္တရာယ်များတဲ့ အခြေအနေတွေကြောင့် ငါ့တာဝန်ကို ငါ မလုပ်နိုင်ဘူး။ ငါ ထင်ပေါ်မဲ့နေ့ ဘယ်တော့မှာ ရောက်လာမှာ မဟုတ်ပါဘူး။ ငါ့ ကံကြမ္မာက ဒုက္ခခံစားဖို့ပါပဲ”လို့ တွေးရင်းနဲ့ ကျွန်မ အရမ်းစိတ်ဓာတ်ကျသွားတယ်။ ကျွန်မမှာ တစ်နေ့လုံး ငိုကြီးချက်မနဲ့ ဘယ်လိုရှေ့ဆက် အသက်ရှင်ရမှန်း မသိခဲ့ဘူး။ အဲဒီတုန်းက ကျွန်မ ဆောင်းပါတွေရေးလို့ရတာပဲလို့လည်း အတွေးပေါက်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ ကံကြမ္မာနဲ့ ကျွန်မရဲ့ လိုက်စားမှုအားလုံး အလဟဿဖြစ်မဲ့ပုံကို တွေးမိတာနဲ့ ရေးချင်စိတ်မရှိတော့ဘဲ တစ်နေ့လုံး စိတ်ဓာတ်ကျရိုးရိုးနဲ့ အချိန်ကုန်ခဲ့တယ်။

တစ်နေ့၊ အနီးအနားမှာ နေတဲ့ ညီအစ်မတစ်ယောက်က ဘုရားနှုတ်ကပတ်တော်တချို့ ယူလာတယ်။ ဘုရားကို ကျွန်မ အရမ်းကျေးဇူးတင်ပြီး ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကိုယ်တော့် ကရုဏာအတွက် ကျေးဇူးတင်ပါတယ်။ ဒီအတောအတွင်းမှာ၊ စိတ်ဓာတ်ကျတဲ့ အခြေအနေမှာ ကျွန်မ အသက်ရှင်နေခဲ့ပါတယ်။ ကျွန်မ ကံမကောင်းဘူးလို့ တွေးနေခဲ့လို့၊ သမ္မာတရားကို ကျွန်မ မရှာခဲ့ဘူး၊ သင်ခန်းစာမယူခဲ့ဘူး။ ဘုရားသခင် ကျွန်မ အရမ်းပုန်ကန်မိပါတယ်”လို့ပေါ့။ နောက်ပိုင်းမှာ၊ ကျွန်မ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ဖတ်ပြီး ကိုယ့်အခြေအနေကို နည်းနည်း နားလည်သွားခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “စိတ်ဓာတ်ကျခြင်းနှင့်ဆိုင်သည့် အပျက်သဘောဆောင်သော စိတ်ခံစားမှု ဖြစ်ပေါ်ခြင်းအတွက် ဖြစ်ကြောင်းရင်းမြစ်မှာ လူတိုင်းအတွက် ကွဲပြားပေသည်။ လူတစ်ဦး၏ စိတ်ဓာတ်ကျခြင်း စိတ်ခံစားချက်တစ်မျိုးသည် မိမိတို့ကိုယ်ပိုင် ဆိုးရွားသည့် ကံကြမ္မာကို အတောမသတ်သော ယုံကြည်မှုမှ ဖြစ်ပေါ်နိုင်သည်။ ဤသည်မှာ အကြောင်းတရားတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့ ငယ်ရွယ်ချိန်တွင် ကျေးလက်ဒေသ၊ သို့မဟုတ် ဆင်းရဲနွမ်းပါးသည့် ဒေသတစ်ခုတွင် ၎င်းတို့ နေထိုင်ခဲ့ကြ၏။ ၎င်းတို့၏ မိသားစုသည် ဥစ္စာဓန ကြွယ်ဝချမ်းသာခြင်း မရှိကြသကဲ့သို့ ရိုးရှင်းသည့် ပရိဘောဂများမှလွဲ၍ သိပ်အဖိုးတန်သည့်အရာ တစ်ခုမျှ မရှိကြပေ။ ၎င်းတို့တွင် အဝတ်အထည်တစ်စုံ၊ သို့မဟုတ် နှစ်စုံလောက်သာ ရှိပြီး အပေါက်များပေါက်နေလျှင်ပင် ဝတ်ရသည်အထိ ဖြစ်သည်။ အများအားဖြင့် အဆင့်အတန်းရှိသည့် စားကောင်းသောက်ဖွယ်များကို လုံးဝ မစားနိုင်ခဲ့ကြဘဲ ထိုအစား အသားစားရန် နှစ်သစ်ကူး၊ သို့မဟုတ် အခါကြီးရက်ကြီးများကို စောင့်ဆိုင်းခဲ့ကြရသည်။ တစ်ခါတစ်ရံ ၎င်းတို့ ဆာလောင်ငတ်မွတ်ကြပြီး နွေးနွေးထွေးထွေး နေရန် ဝတ်ဖို့ အလုံအလောက်မရှိကြသကဲ့သို့ အသားများ တစ်ဇလုံအပြည့် စားရခြင်းဟူသည်မှာ စိတ်ကူးယဉ်အိပ်မက်တစ်ခု ဖြစ်ပြီး သစ်သီးတစ်လုံး စားရဖို့ ရှာတွေ့ခြင်းသည်ပင် ခက်ခဲပေသည်။ ထိုသို့သော ပတ်ဝန်းကျင်တစ်ခုတွင် အသက်ရှင်ရင်း မြို့ကြီးပြကြီးတွင် အသက်ရှင်နေထိုင်ကြသည့်၊ မိဘများက ဥစ္စာဓနပေါကြွယ်ဝသည့်၊ မိမိတို့ စားလိုသည့် မည်သည့်အရာကိုမဆို စားနိုင်ပြီး ဝတ်လိုသည့် မည်သည့်အရာကိုမဆို ဝတ်နိုင်သည့်၊ ၎င်းတို့ အလိုရှိသည့် မည်သည့်အရာကိုမဆို ချက်ချင်းရကာ အမှုအရာများနှင့် ပတ်သက်၍ နှံ့စပ်သည့် အခြားသူများနှင့် ၎င်းတို့ ကွဲပြားခြားနားသည်ဟု ခံစားကြရလေသည်။ ၎င်းတို့က ‘၎င်းတို့သည် ထိုသို့ ကံကောင်းကြသည်။ အဘယ်ကြောင့် ငါ၏ ကံ အလွန်ဆိုးရပါသနည်း’ဟု တွေးကြ၏။ ၎င်းတို့သည် လူအုပ်ထဲမှ အမြဲ ထင်ပေါ်လိုကာ မိမိတို့ ကံကြမ္မာကို ပြောင်းလဲလိုကြသည်။ သို့ရာတွင် လူတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲရန်မှာ မလွယ်ကူချေ။ အကြင်သူသည် ထိုသို့သော အခြေအနေတစ်ခုတွင် မွေးဖွားလာသည့်အခါ ၎င်းတို့ ကြိုးစားကောင်း ကြိုးစားနိုင်သော်လည်း မိမိတို့ ကံကို မည်မျှ ၎င်းတို့ ပြောင်းလဲနိုင်ကြသနည်း၊ ပြီးလျှင် ထိုကံကို မည်မျှ သာ၍ ကောင်းအောင် လုပ်နိုင်ကြသနည်း။ ၎င်းတို့ အရွယ်ရောက်လာသည့်နောက်တွင် လူမှုအဖွဲ့အစည်းထဲတွင် ၎င်းတို့ သွားသည့် နေရာတိုင်းတွင် အတားအဆီးများ၏ ပိတ်ပင်ခြင်း ခံရသည်။ သွားသည့် နေရာတိုင်းတွင် အနိုင်ကျင့်ခံရကြသောကြောင့် ၎င်းတို့ အလွန် ကံအကြောင်းမလှဟု အမြဲ ခံစားကြသည်။ ၎င်းတို့က ‘အဘယ်ကြောင့် ငါ အလွန် ကံမကောင်းရသနည်း။ အဘယ်ကြောင့် ခက်ထန်သည့်လူများနှင့် ငါအမြဲ ဆုံရသနည်း။ ကလေးအရွယ်ဖြစ်ခဲ့ချိန်တွင် ဘဝက ခက်ခဲခဲ့ပြီး ထိုသို့သာ ဖြစ်နေခဲ့သည်။ ယခုတွင် ငါ အရွယ်ရောက်ပြီ၊ ဘဝက အလွန် ဆိုးရွားနေဆဲဖြစ်သည်။ ငါလုပ်နိုင်သည့်အရာကို အမြဲ ပြသလိုသော်လည်း အခွင့်အရေး လုံးဝ မရခဲ့ပါ။ မည်သည့်အခါတွင်မျှ အခွင့်အရေးမရခဲ့လျှင်လည်း ရှိပါစေတော့။ ငါ အလုပ်ကြိုးစားလုပ်ပြီး ကောင်းမွန်သည့် ဘဝကို အသက်ရှင်ရန် လုံလောက်သည့် ငွေကိုသာ ရှာလိုက်ချင်သည်။ ထိုသို့ပင် အဘယ်ကြောင့် ငါ မလုပ်နိုင်ရသနည်း။ ကောင်းမွန်သည့် ဘဝတစ်ခုကို အသက်ရှင်နေထိုင်ခြင်းသည် အဘယ်သို့ အလွန် ခက်ခဲရပါသနည်း။ အခြားလူတိုင်းထက် သာလွန်သည့် ဘဝတစ်ခုကို ငါ အသက်ရှင်ဖို့ မလိုပါ။ အနည်းဆုံးအနေဖြင့် မြို့ကြီးပြကြီးတွင် နေထိုင်သူတစ်ဦး၏ ဘဝတွင် အသက်ရှင်လိုပြီး လူတို့၏ အထင်သေးခြင်း မခံချင်သကဲ့သို့ ဒုတိယ၊ သို့မဟုတ် တတိယတန်းစား နိုင်ငံသား မဖြစ်လိုပါ။ အနည်းဆုံးအနေဖြင့် လူတို့သည် ငါ့ကို ခေါ်သောအခါ၊ “ဟေ့ ခင်ဗျား၊ ဒီကိုလာ”ဟု အော်မည်မဟုတ်ပါ။ အနည်းဆုံးအနေဖြင့် ငါ့ကို နာမည်တပ်၍ ခေါ်မည်ဖြစ်ပြီး လေးစားစွာ ခေါ်ဆိုမည်ဖြစ်သည်။ သို့ရာတွင် ငါ့မှာမူ လေးစားစွာ ခေါ်ဆိုခြင်းပင် မခံရပေ။ အဘယ်ကြောင့် ငါ၏ ကံကြမ္မာသည် အလွန် ရက်စက်ရသနည်း။ မည်သည့်အချိန်တွင် အဆုံးသတ်လိမ့်မည်နည်း’ဟု တွေးလိမ့်မည်။ ထိုသို့သော လူတစ်ဦးသည် ဘုရားသခင်ကို မယုံကြည်သည့်အခါ ထိုကံကြမ္မာကို ရက်စက်သည်ဟု မှတ်ယူကြသည်။ ဘုရားသခင်ကို ၎င်းတို့ စတင်ယုံကြည်ပြီး ဤသည်မှာ စစ်မှန်သော လမ်းခရီးဖြစ်ကြောင်း မြင်လာကြသည့်နောက်တွင် ၎င်းတို့က ‘ယခင်က ဆင်းရဲဒုက္ခအားလုံး ထိုက်တန်ပါသည်။ အားလုံးကို ဘုရားသခင်က စီစဉ်ညွှန်ကြားပြီး လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကာ ဘုရားသခင်က ကောင်းစွာ လုပ်ဆောင်ခဲ့သည်။ ထိုသို့ ငါဆင်းရဲဒုက္ခမခံစားခဲ့ရပါက ဘုရားသခင်ကို ငါ ယုံကြည်လာမည် မဟုတ်ပါ။ ယခု ဘုရားသခင်ကို ငါ ယုံကြည်သဖြင့် သမ္မာတရားကို ငါ လက်ခံနိုင်လျှင် ငါ၏ ကံကြမ္မာသည် ပိုကောင်းသွားဖို့ ပြောင်းလဲသင့်ပါသည်။ ယခုတွင် ငါသည် ညီအစ်ကို မောင်နှမများနှင့်အတူ အသင်းတော်တွင် တန်းတူညီသော ဘဝကို အသက်ရှင်နိုင်ပြီး လူတို့က ငါ့ကို “ညီအစ်ကို”၊ သို့မဟုတ် “ညီအစ်မ”ဟု ခေါ်ကြပြီး ငါ့ကို လေးစားစွာ ခေါ်ဆိုကြသည်။ ယခု ငါသည် အခြားသူများ၏ လေးစားမှုကို ရရှိသည့် ခံစားချက်ကို မွေ့လျော်ခံစားရသည်’ဟု စဉ်းစားကြသည်။ ၎င်းတို့၏ ကံကြမ္မာ ပြောင်းလဲပြီးဖြစ်သည့်အလား ထင်ရပြီး ၎င်းတို့အနေဖြင့် ဆင်းရဲဒုက္ခမခံစားရတော့သကဲ့သို့ မကောင်းသည့် ကံမရှိတော့ဟု ထင်ရသည်။ ဘုရားသခင်ကို ၎င်းတို့ စတင်ယုံကြည်ပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားအိမ်တော်တွင် မိမိတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့ မိမိတို့၏ စိတ်ဆုံးဖြတ်ချက်ကို ချမှတ်ကြသည်။ အခက်အခဲကို သည်းညည်းခံလာနိုင်ပြီး အလုပ်ကြိုးစားနိုင်ကြသည်၊ မည်သည့် ကိစ္စတွင်မဆို အခြားမည်သူမဆိုထက် သာ၍ သည်းညည်းခံနိုင်ကြပြီး လူအများစု၏ လက်ခံမှုနှင့် လေးစားသမှုကို ရရှိရန် ကြိုးပမ်းကြသည်။ ၎င်းတို့သည် အသင်းတော် ခေါင်းဆောင်တစ်ဦး၊ ကြီးကြပ်သည့် တစ်စုံတစ်ဦး၊ သို့မဟုတ် အဖွဲ့ခေါင်းဆောင်တစ်ဦးအဖြစ်ပင် အရွေးချယ်ခံရနိုင်သည်ဟု တွေးထင်ကြပြီး ထို့နောက်တွင် ၎င်းတို့သည် မိမိတို့၏ ဘိုးဘေးများနှင့် မိသားစုကို ဂုဏ်ပြုနေကြမည် မဟုတ်ပါလော။ ထို့နောက်တွင် ၎င်းတို့က မိမိတို့၏ ကံကြမ္မာကို ပြောင်းလဲကြပြီး ဖြစ်မည် မဟုတ်လော။ သို့ရာတွင် လက်တွေ့အရှိတရားက မိမိတို့ ဆန္ဒများအတိုင်း အတော်လေး ဖြစ်မြောက်လာခြင်းမရှိသကဲ့သို့ ၎င်းတို့ စိတ်ပျက်အားလျော့လာကြပြီး ‘ဘုရားသခင်ကို ငါနှစ်ချီယုံကြည်ပြီးဖြစ်ကာ ငါ၏ ညီအစ်ကို မောင်နှမများနှင့် ငါအလွန် အဆင်ပြေသော်လည်း ခေါင်းဆောင်တစ်ဦး၊ ကြီးကြပ်သည့် တစ်စုံတစ်ဦး၊ သို့မဟုတ် အဖွဲ့ခေါင်းဆောင်တစ်ဦး ရွေးချယ်ဖို့ ဖြစ်လာသည့်အခါတိုင်း အဘယ်သို့ ငါ၏ အလှည့် လုံးဝ မဖြစ်ရသနည်း။ ငါ အလွန်ရိုးရှင်းပုံရသောကြောင့်လား၊ သို့မဟုတ် လုံလောက်အောင် ကောင်းစွာ ထမ်းဆောင်ခြင်းမရှိသေးသကဲ့သို့ ငါ့ကို မည်သူမျှ သတိမထားမိသေးသောကြောင့်လား။ မဲပေးကြသည့်အခါတိုင်း ငါ မျှော်လင့်ချက် အနည်းငယ် ရှိနိုင်ပြီး အဖွဲ့ခေါင်းဆောင်တစ်ဦးအဖြစ် အရွေးခံရမည်ဆိုလျှင်ပင် ငါဝမ်းသာမည်ဖြစ်သည်။ ဘုရားသခင်ကို ပြန်ပေးဆပ်ရန် စိတ်ထက်သန်မှု အပြည့် ရှိသော်လည်း မဲဆန္ဒပေး၍ ငါ လုံးဝ ချန်ထားခံရသည့်အခါတိုင်း ငါ စိတ်သာပျက်သွားရသည်။ ယင်းနှင့်ပတ်သက်၍ အဘယ်သို့ဖြစ်ပါသနည်း။ ငါသည် သာမညောင်ညလူတစ်ဦး၊ သာမန်လူတစ်ဦး၊ ငါ့တစ်ဘဝလုံး မထူးခြားသည့် တစ်စုံတစ်ဦးသာ အမှန်တကယ် ဖြစ်နိုင်သည်များ ဖြစ်နိုင်မည်လော။ ငါ၏ ကလေးဘဝ၊ ငါ၏ ငယ်ရွယ်သည့် အချိန်နှင့် သက်လတ်ပိုင်းနှစ်ကာလများကို ပြန်ကြည့်သည့်အခါ ငါနင်းလျှောက်ပြီးဖြစ်သည့် ဤလမ်းကြောင်းသည် အမြဲ အလွန် သာမညောင်ညဖြစ်ခဲ့ပြီး မှတ်သားဖွယ် တစ်ခုမျှ မလုပ်ဆောင်ခဲ့သေးပါ။ ငါ့ထံတွင် မည်သည့် ရည်မှန်းချက်မျှ မရှိခြင်း၊ သို့မဟုတ် ငါ၏ အစွမ်းအစက အလွန် ချို့တဲ့လွန်းခြင်း မဟုတ်သကဲ့သို့ လုံလောက်သည့် အားထုတ်မှု မစိုက်ထုတ်ခြင်း၊ သို့မဟုတ် အခက်အခဲကို ငါ သည်းညည်းမခံနိုင်ခြင်း မဟုတ်ပါ။ ငါ့ထံတွင် ဆန္ဒပြင်းပြမှုများနှင့် ပန်းတိုင်များ ရှိပြီး ငါရည်မှန်းချက်ရှိသည်ဟုပင် ပြော၍ ရသည်။ ထို့ကြောင့် လူအုပ်မှ ငါ လုံးဝ မထင်ပေါ်နိုင်သည်မှာ အဘယ်ကြောင့်နည်း။ နောက်ဆုံး စိစစ်ချက်တွင် ငါ၌ မကောင်းသည့် ကံတစ်ခုရှိပြီး ဆင်းရဲဒုက္ခခံစားခြင်းအတွက် ငါ ကံဇာတာပါကာ ဤသည်မှာ ငါ့အတွက် အမှုအရာများကို ဘုရားသခင် စီစဉ်ပြီးဖြစ်သည့်ပုံ ဖြစ်သည်’ဟု တွေးကြလေသည်။ ထိုအရာကို ၎င်းတို့ တဝဲလည်လည် တွေးလေ၊ ၎င်းတို့၏ ကံကြမ္မာ ဆိုးရွားသည်ဟု တွေးလေ ဖြစ်သည်။...၎င်းတို့ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ ထိုအရာကို ၎င်းတို့၏ကံ မကောင်းခြင်းအဖြစ် အမြဲ မှတ်ယူကြသည်။ ၎င်းတို့သည် မကောင်းသည့် ကံရှိခြင်းနှင့်ဆိုင်သည့် ဤစိတ်ကူးထဲသို့ စဉ်ဆက်မပြတ် အားထုတ်ကြသည်။ ထိုအရာအပေါ် သာ၍ နက်ရှိုင်းသည့် သိနားလည်မှုနှင့် သဘောပေါက်ခြင်း ရှိရန် ကြိုးပမ်းကြပြီး ထိုအရာကို မိမိတို့ စိတ်များတွင် ပြန်ပြောင်းတွေးသည့်အခါ ၎င်းတို့၏ စိတ်ခံစားမှုများသည် ယခင်ထက် သာ၍ စိတ်ဓာတ်ကျလာသည်။ မိမိတို့ တာဝန်ကို ထမ်းဆောင်ရာတွင် အသေးစား အမှားတစ်ခု ၎င်းတို့ ပြုမိသည့်အခါတွင် ၎င်းတို့က ‘အို၊ ထိုသို့သော မကောင်းသည့်ကံ ရှိနေချိန်တွင် ငါ့တာဝန်ကို ငါအဘယ်သို့ ကောင်းစွာ လုပ်နိုင်မည်နည်း’ဟု တွေးကြသည်။ စုဝေးပွဲများတွင် ၎င်းတို့၏ ညီအစ်ကို မောင်နှမများက မိတ်သဟာယပြုပေးကြပြီး အမှုအရာများကို ၎င်းတို့ အဖန်ဖန် တွေးကြသော်လည်း နားမလည်ကြသကဲ့သို့ ‘အို ထိုသို့သော မကာင်းသည့်ကံရှိနေချိန်တွင် အမှုအရာများကို ငါ အဘယ်သို့ နားလည်နိုင်မည်နည်း’ဟု တွေးကြသည်။ ၎င်းတို့ထက် စကားပြောကောင်းသည့်သူ၊ ၎င်းတို့ထက် သာ၍ ရှင်းလင်းပြီး သာ၍ အလင်းပေးသည့်နည်းလမ်းဖြင့် မိမိတို့၏ သိနားလည်မှုကို ရှင်းပြသည့် တစ်စုံတစ်ဦးကို ၎င်းတို့ တွေ့သည့်အခါတိုင်းတွင် သာ၍ပင် စိတ်ဓာတ်ကျသွားကြသည်။ အခက်အခဲများကို သည်းညည်းခံနိုင်ပြီး အဖိုးအခပေးနိုင်သည့်သူ၊ မိမိတို့တာဝန်ကို ထမ်းဆောင်ရာတွင် ရလဒ်များ မြင်တွေ့သည့်သူ၊ မိမိတို့ ညီအစ်ကို မောင်နှမများ၏ လက်ခံမှုကို ရရှိပြီး ရာထူးတိုးခြင်းခံရသူ တစ်စုံတစ်ဦးကို ၎င်းတို့ မြင်သည့်အခါ ၎င်းတို့၏ စိတ်နှလုံးတွင် မပျော်မရွှင်ဖြစ်ကြသည်။ တစ်စုံတစ်ဦးက ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်လာသည်ကို ၎င်းတို့ မြင်သည့်အခါ သာ၍ပင် စိတ်ဓာတ်ကျကြပြီး သီဆိုပြီး ကခုန်ရာတွင် ၎င်းတို့ထက် တော်သည့် တစ်စုံတစ်ဦးကို ၎င်းတို့ မြင်ပြီး ထိုလူထက် သာ၍ နိမ့်ကျသည်ဟု ၎င်းတို့ ခံစားရသည့်အခါ ၎င်းတို့ စိတ်ဓာတ်ကျကြသည်။ မည်သည့် လူများ၊ အဖြစ်အပျက်များ၊ သို့မဟုတ် အမှုအရာများကို ၎င်းတို့ ကြုံရသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် အခြေအနေများကိုမဆို ၎င်းတို့ အမှတ်မထင် တွေ့ကြုံသည်ဖြစ်စေ၊ ဤစိတ်ဓာတ်ကျသည့် စိတ်ခံစားချက်များဖြင့် ထိုအရာများကို အမြဲ တုံ့ပြန်ကြသည်။ ၎င်းတို့ အဝတ်အစားထက် အနည်းငယ် သာ၍ကောင်းသည့် အဝတ်အစားများကို ဝတ်ဆင်သည့်သူ၊ သို့မဟုတ် ဆံပင်ပုံစံ အနည်းငယ် ပိုကောင်းသည့် တစ်စုံတစ်ဦးကို မြင်သည့်အခါတွင်ပင် ၎င်းတို့ အမြဲ ဝမ်းနည်းပြီး နောက်ဆုံးတွင် ထိုစိတ်ဓာတ်ကျသည့် စိတ်ခံစားမှုဆီသို့ ပြန်ရောက်သွားသည်အထိ ၎င်းတို့၏ စိတ်နှလုံးတွင် မနာလိုမှုနှင့် အားကျမှုတို့ ဖြစ်ပေါ်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂))အဆုံးတွင် ၎င်းတို့က မိမိတို့ကိုယ်ကို မကောင်းသည့် ကံရှိသည်ဟု အမြဲ ယုံကြည်ကြသောကြောင့် စိတ်ပျက်လက်ပျက်ဖြစ်သွားကြသည်၊ မည်သည့် စစ်မှန်သည့် ရည်ရွယ်ချက်မျှ မရှိဘဲ အသက်ရှင်ကြပြီး သေခြင်းအတွက် စောင့်ဆိုင်းလျက် အစာစားရုံ၊ အိပ်ရုံသာ ရှိကြသည်။ ထိုသို့ဖြင့် ၎င်းတို့သည် သမ္မာတရား လိုက်စားခြင်း၊ မိမိတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း၊ ကယ်တင်ခြင်းကို ရယူခြင်းနှင့် ဘုရားသခင်၏ အခြား ထိုသို့သော သတ်မှတ်ချက်များကို တိုး၍ စိတ်ဝင်စားမှု ကင်းမဲ့လာကြသကဲ့သို့ ဤအရာများကို သာ၍ သာ၍ တွန်းလှန်ကာ ငြင်းပယ်ကြလေသည်။ ၎င်းတို့၏ မကောင်းသည့် ကံကို ထုံးစံအတိုင်း သမ္မာတရား မလိုက်စားခြင်းနှင့် ကယ်တင်ခြင်း ရယူရန် မတတ်နိုင်ခြင်းတို့အတွက် အကြောင်းပြချက်အဖြစ် ၎င်းတို့ သဘောထားကြလေသည်။ ၎င်းတို့သည် မိမိတို့ ကြုံရသည့် အခြေအနေများတွင် မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ သို့မဟုတ် အပျက်သဘောဆောင်သော စိတ်ခံစားမှုများအား စိတ်ဖြာလေ့လာဆွေးနွေးကာ ထိုသို့ဖြင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိရှိလာကာ ဖြေရှင်းခြင်း မရှိကြဘဲ ထို့ထက် ၎င်းတို့၏ စိတ်ဓာတ်ကျခြင်း ခံစားချက်များထဲသို့ သာ၍ပင်နက်အောင် ကျဆင်းဖို့ ၎င်းတို့တွင် အကျိုးဆက်ဖြစ်ပေါ်စေရင်း မကောင်းသည့် ကံရှိခြင်းအပေါ် ၎င်းတို့၏ အမြင်ကို ၎င်းတို့ ကြုံဆုံကာ တွေ့ကြုံခံစားရသည့် လူ၊ အဖြစ်အပျက်နှင့် အမှုအရာတိုင်းအား တုံ့ပြန်ပုံတွင် အသုံးပြုကြလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရား ဖော်ထုတ်ခဲ့တာက ကျွန်မရဲ့ အခြေအနေ အတိအကျပဲ။ ကျွန်မမှာ ဆိုးရွားပြီး ရက်စက်တဲ့ ကံပါလာတယ်လို့ အမြဲထင်ခဲ့မိတာ။ ဒါကြောင့်ပဲ စိတ်ဓာတ်ကျတဲ့ စိတ်ခံစားချက်နဲ့ ကျွန်မ ခဏခဏ အသက်ရှင်ခဲ့တယ်။ ကျွန်မ ငယ်ငယ်တုန်းက သာမန် မိသားစုမှာ မွေးလာခဲ့မှန်း သဘောပေါက်လို့ ကိုယ့်ကံကြမ္မာကို ပြောင်းလဲဖို့ ပညာသင်ယူတာကို အားထားချင်ခဲ့တယ်။ ဒါပေမဲ့ ကံမကောင်းချင်တော့ ဆယ်တန်းနှစ်မှာပဲ အရေပြားလေးဘက်နာဖြစ်လာတယ်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲ မဖြေခင်မှာပဲ ကျွန်မရောဂါ ပြန်ထတော့၊ အကောင်းဆုံး တက္ကသိုလ်တစ်ခုကို ကျွန်မ မတက်နိုင်ခဲ့ဘူး။ နောက်ပိုင်းမှာ၊ ကျွန်မရဲ့ ဆိုးဝါးတဲ့ ကျန်းမာရေး အခြေအနေကြောင့် ကျောင်းထွက်ပြီး အိမ်ပြန်ခဲ့ရတယ်။ ကျွန်မရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ ပညာကို အားကိုးလို့မရတာကို မြင်တော့၊ ကျွန်မရဲ့ ရင်ထဲမှာ အင်မတန်ကို စိတ်ဆင်းရဲရပြီး ကံကြမ္မာက ကိုယ့်အပေါ် မတရားလိုက်တာလို့ ခဏခဏ ညည်းခဲ့မိတယ်။ ဘုရားကို ယုံကြည်ပြီးတဲ့နောက် လူမမြင်ကွယ်ရာမှာ စာနဲ့ပတ်သက်တဲ့ တာဝန်တွေကို စိတ်မပါဘဲ လုပ်နေရပေမဲ့ ကျွန်မက ညီအစ်ကို မောင်နှမတွေရဲ့ ပြဿနာတွေကို တက်တက်ကြွကြွ ဖြေရှင်းရင်းနဲ့ ခေါင်းဆောင်လုပ်ဖို့ အရွေးခံချင်ခဲ့တယ်။ ဒါပေမဲ့၊ ကျွန်မရဲ့ ကျန်းမာရေး အခြေအနေကို ထည့်တွက်ပြီး ညီအစ်ကို မောင်နှမတွေက ကျွန်မကို မရွေးခဲ့ကြဘူး။ ကံကြမ္မာဆိုးတစ်ခုကို ကျွန်မ ရင်ဆိုင်ရတယ်လို့ ပိုလို့တောင် ကျွန်မ ခံစားခဲ့ရပြီး၊ စုဝေးပွဲတွေမှာ အရင်လို မတက်ကြွတော့ဘူး။ ကျွန်မရဲ့ အခြေအနေအရ၊ အသင်းတော်က ကျွန်မရဲ့ အိမ်ရှင် မိသားစုအိမ်မှာ နေပြီး စာမူတွေကို စစ်ဆေးဖို့ ကျွန်မအတွက် စီစဉ်ပေးခဲ့တယ်။ ကျွန်မက အောင်မြင်မှုတချို့ကို ဖန်တီးပြီး ကိုယ့်ကို လူတွေ အထင်ကြီးအောင် လုပ်ချင်နေတုန်းပဲ။ ဒါပေမဲ့ ကျွန်မရဲ့ ကျန်းမာရေး အခြေအနေက မမျှော်လင့်ဘဲ ပိုဆိုးလာပြီး အရိုးတစ်သျှူးတွေ ပျက်စီးတဲ့ ရောဂါကြောင့် ကိုယ့်တာဝန်ကို လုပ်ဖို့ အပြင်မထွက်နိုင်ခဲ့ဘူး။ ကျွန်မ ပိုလို့တောင် စိတ်ဓာတ်ကျလာတယ်။ ကျွန်မမှာ မုဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို ဖြစ်နေပြီလို့ တွေးမိတယ်။ စိတ်ဓာတ်ကျတဲ့ စိတ်ခံစားမှုနဲ့ အသက်ရှင်ပြီး ကိုယ့်ကိုယ်ကိုယ် လက်လျှော့လိုက်တယ်။ သမ္မာတရားလည်း မလိုက်စားချင်တော့ဘူး။ ဆောင်းပါတွေကိုတောင် မရေးချင်တော့ဘူး။ ကျွန်မရဲ့ ကံကိုက ဆိုးရွားနေတော့ ဆက်လိုက်စားနေလို့လည်း အဓိပ္ပာယ်ရှိမှာမဟုတ်ဘူးလို့ ယုံကြည်ခဲ့တယ်။ ကိစ္စတွေအပေါ် ကျွန်မရဲ့ အမြင်က ဘုရားကို မယုံကြည်သူတွေနဲ့ အတူတူပဲ။ ဒုက္ခနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်မ ကံဆိုးတယ်လို့ ကောက်ချက်ချပြီး လုပ်သမျှတိုင်းမှာ ကံကြမ္မာကို တွန်းလှန်ချင်ခဲ့တယ်။ တွန်းလှန်လို့မရတဲ့အခါမှာ ကိုယ့်ကံကိုက ဆိုးပါတယ်ဆိုပြီး ညည်းညူခဲ့တယ်။ ဘုရားသခင်ကို ကျွန်မနှစ်ချီ ယုံကြည်ခဲ့ပေမဲ့ သူ့ကို စစ်မှန်တဲ့ ကျိုးနွံနာခံမှု မရှိခဲ့ဘူး။ စိတ်ဓာတ်ကျပြီး ဘုရားကို အပြစ်တင်တဲ့ အခြေအနေမှာပဲ အသက်ရှင်နေရင်းနဲ့ ကိုယ့်ပြဿနာကိုယ် ဖြေရှင်းဖို့ သမ္မာတရား ရှာရကောင်းမှန်းတော့ မသိခဲ့ဘူး။ ကျွန်မကိုယ်ကျွန်မ ဘုရားကို ယုံကြည်သူလို့ ဘယ်လိုခေါ်လို့ရမှာလဲ။

နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော် နောက်ထပ် နှစ်ပိုဒ်ဖတ်ပြီး၊ ကောင်းတဲ့ကံ၊ ဆိုးတဲ့ကံ ဆိုတာမျိုး မရှိမှန်း သိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ လူတစ်ဦး၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အစီအစဉ်ကို လူ၏ အမြင်များ၊ သို့မဟုတ် ဗေဒင်ဆရာ၏ အမြင်များဖြင့် ရှုမြင်ရမည်၊ သို့မဟုတ် အကဲဖြတ်ရမည်မဟုတ်သကဲ့သို့ ထိုလူက မိမိ တစ်သက်တာတွင် ကြွယ်ဝမှုနှင့် ဂုဏ်အသရေမည်မျှ မွေ့လျော်သည်၊ သို့မဟုတ် ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခ တွေ့ကြုံခံစားရသည်၊ သို့မဟုတ် ရှေ့ရေးများ၊ ကျော်ကြားမှုနှင့် ဥစ္စာဓနတို့အတွက် ၎င်းတို့ လိုက်စားရာတွင် မည်မျှ အောင်မြင်သည်ဆိုသည်တို့အရ အကဲဖြတ်ရန်လည်း မဟုတ်ပေ။ သို့တိုင် ဤသည်မှာ ၎င်းတို့တွင် မကောင်းသည့်ကံရှိသည်ဟု ပြောသောသူတို့ ပြုမိသည့် ဆိုးရွားသော အမှား အတိအကျဖြစ်သည့်အပြင် လူအများစုက အသုံးပြုသည့် တစ်ဦးတစ်ယောက်၏ ကံကြမ္မာကို အကဲဖြတ်သော နည်းလမ်းတစ်ခုလည်း ဖြစ်ပေသည်။ လူအများစုသည် မိမိတို့ကိုယ်ပိုင် ကံကြမ္မာကို မည်သို့ အကဲဖြတ်ကြသနည်း။ လောကီလူတို့သည် လူတစ်ဦး ကံကြမ္မာ ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကို မည်သို့ အကဲဖြတ်ကြသနည်း။ အဓိကအားဖြင့် ထိုလူ၏ဘဝ အဆင်ပြေချောမွေ့ခြင်း ရှိမရှိ၊ ကြွယ်ဝခြင်းနှင့် ဂုဏ်အသရေကို ၎င်းတို့ မွေ့လျော်ခံစားနိုင်ခြင်း ရှိမရှိ၊ အခြားသူများထက် သာလွန်သည့် ဘဝနေထိုင်မှုပုံစံကို ၎င်းတို့ အသက်ရှင်နိုင်ခြင်း ရှိမရှိ၊ ၎င်းတို့ မည်မျှ ဆင်းရဲဒုက္ခခံပြီး ၎င်းတို့၏ တစ်သက်တာအတွင်းတွင် မွေ့လျော်ခံစားရန် မည်မျှရှိကြသည်၊ ၎င်းတို့ အချိန်မည်မျှကြာ အသက်ရှင်ကြသည်၊ မည်သည့် အသက်မွေးမှုလုပ်ငန်း ရှိကြသည်၊ ၎င်းတို့၏ ဘဝသည် အလုပ်ကို ပင်ပန်းကြီးစွာလုပ်ကိုင်ရခြင်းဖြင့် ပြည့်နေခြင်း၊ သို့မဟုတ် သက်သောင့်သက်သာဖြစ်ပြီး လွယ်ကူခြင်း ရှိမရှိဆိုသည်တို့အပေါ် ၎င်းတို့ အခြေပြုကြလေသည်။ လူတစ်ဦး၏ ကံကြမ္မာ ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကို အကဲဖြတ်ရန် ဤအရာများနှင့် နောက်ထပ်အရာများကို ၎င်းတို့ အသုံးပြုကြလေသည်။ သင်တို့သည်လည်း ဤကဲ့သို့ပင် အကဲဖြတ်ကြသည် မဟုတ်လော။ (အကဲဖြတ်ပါသည်။) သို့ဆိုလျှင် သင်တို့ အကြိုက်မဟုတ်သည့် တစ်စုံတစ်ရာကို သင်တို့အများစု ကြုံရသည့်အခါ၊ ခက်ခဲသည့်အချိန်များ ရှိသည့်အခါ၊ သို့မဟုတ် သာလွန်သည့် ဘဝနေထိုင်မှု ပုံစံတစ်ခုကို သင် မွေ့လျော်ခံစားနိုင်ခြင်း မရှိသည့်အခါ သင့်ထံတွင် မကောင်းသည့် ကံရှိသည်ဟု သင်တွေးမိလိမ့်မည်ဖြစ်ပြီး စိတ်ဓာတ်ကျခြင်းထဲသို့ ကျဆင်းသွားလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂))ဘုရားသခင်သည် လူတို့၏ ကံကြမ္မာများကို အချိန်ကြာမြင့်စွာက ကြိုတင်စီမံခဲ့ပြီး ထိုအရာများသည် ပြောင်းလဲမရပေ။ ဤ ‘ကောင်းသော ကံ’ နှင့် ‘ဆိုးသောကံ’တို့သည် လူတစ်ဦးနှင့်တစ်ဦး မတူကြသကဲ့သို့ ထိုအရာများသည် ပတ်ဝန်းကျင်၊ လူတို့ ခံစားပုံနှင့် ၎င်းတို့ လိုက်စားသည့်အရာတို့အပေါ် မူတည်လေသည်။ ထို့ကြောင့် တစ်ဦးတစ်ယောက်၏ ကံကြမ္မာသည် ကောင်းလည်း မကောင်းသကဲ့သို့ ဆိုးလည်းမဆိုးရခြင်း ဖြစ်သည်။ သင့်အနေဖြင့် အလွန်ခက်ခဲသည့် ဘဝကို ရှင်သန်ကောင်း ရှင်သန်နိုင်သော်လည်း ‘ငါသည် ချမ်းသာကြွယ်ဝပြီး သက်သောင့်သက်သာရှိသော ဘဝကို အသက်ရှင်ဖို့ မျှော်လင့်နေခြင်း မဟုတ်ပါ။ စားစရာနှင့် ဝတ်စရာ လုံလုံလောက်လောက် ရှိရုံဖြင့် ငါ ပျော်ရွှင်ချမ်းမြေ့ပါသည်။ လူတိုင်းသည် မိမိတို့ တစ်သက်တာအတွင်းတွင် ဆင်းရဲဒုက္ခခံစားရပါသည်။ လောကီလူတို့က “မိုးရွာနေခြင်းမရှိပါက သက်တံကို သင် မမြင်နိုင်ပါ”ဟု ဆိုကြသည်။ ထို့ကြောင့် ဆင်းရဲဒုက္ခခံစားရခြင်းတွင် တန်ဖိုးရှိလေသည်။ ဤသည်မှာ သိပ်မဆိုးပါ၊ ပြီးလျှင် ငါ၏ ကံဇာတာသည် မဆိုးပါ။ အထက်ကောင်းကင်က ငါ့ကို စိတ်ဆင်းရဲမှုအချို့၊ စမ်းသပ်မှုများအချို့နှင့် အတိဒုက္ခများကို ပေးပြီးဖြစ်သည်။ ယင်းမှာ သူသည် ငါ့ကို အထင်ကြီးသောကြောင့် ဖြစ်သည်။ ဤသည်မှာ ကောင်းသည့် ကံဇာတာ ဖြစ်ပါသည်’ဟု တွေးကောင်းတွေးပေမည်။ ဆင်းရဲဒုက္ခခံစားရခြင်းသည် မကောင်းသည့်အရာတစ်ခု ဖြစ်ကြောင်း၊ ၎င်းတို့သည် မကောင်းသည့် ကံဇာတာတစ်ခု ရှိသည့်သဘောဖြစ်ကြောင်းနှင့် ဆင်းရဲဒုက္ခခံစားရခြင်း မရှိသည့်၊ ကိုယ်စိတ်ချမ်းသာပြီး စိတ်အေးလက်အေးဖြစ်သည့် ဘဝတစ်ခုသည်သာ ၎င်းတို့တွင် ကောင်းမွန်သည့် ကံဇာတာတစ်ခုရှိသည့် သဘောဖြစ်ကြောင်း လူအချို့က တွေးထင်ကြသည်။ မယုံကြည်သူများက ဤအရာကို ‘အယူအဆနှင့်ဆိုင်သည့် ကိစ္စတစ်ခု’ဟု ခေါ်ဆိုကြသည်။ ဘုရားသခင်ကို ယုံကြည်သူတို့သည် ဤ‘ကံဇာတာ’နှင့်ဆိုင်သည့် ကိစ္စကို မည်သို့ မှတ်ယူကြသနည်း။ ကျွန်ုပ်တို့သည် ‘ကောင်းသည့် ကံ’၊ သို့မဟုတ် ‘ဆိုးသည့် ကံ’တစ်ခု ရှိခြင်းအကြောင်း ပြောကြသလော။ (မပြောကြပါ။) ဤသို့သော အရာများကို ကျွန်ုပ်တို့ မပြောကြပါ။ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် ကောင်းသော ကံတစ်ခုရှိသည်ဆိုပါစို့။ ထို့နောက်တွင် သင်၏ ယုံကြည်မှု၌ မှန်ကန်သည့် လမ်းကြောင်း မလျှောက်လျှင်၊ သင် အပြစ်ပေးခံရ၊ ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရလျှင် သင်သည် ကောင်းသည့် ကံရှိသည်ဟု ဆိုလိုသလော၊ မကောင်းသည့် ကံရှိသည်ဟု ဆိုလိုသလော။ ဘုရားသခင်ကို သင် မယုံကြည်ပါက သင်သည် တကယ်ကို ဖော်ထုတ်မခံရနိုင်ပေ၊ သို့မဟုတ် ဖယ်ရှားမခံရနိုင်ပေ။ မယုံကြည်သူများနှင့် ဘာသာရေးသမားများသည် လူတို့ကို ဖော်ထုတ်ခြင်းအကြောင်း၊ သို့မဟုတ် လူတို့ကို ပိုင်းခြားသိမြင်ခြင်းအကြောင်း မပြောကြသကဲ့သို့ လူတို့ ရှင်းလင်းခံရသည့်အကြောင်း၊ သို့မဟုတ် ဖယ်ရှားခံရသည့်အကြောင်းလည်း မပြောကြချေ။ ထိုအရာမှာ လူတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်နိုင်သည့်အခါ ကောင်းသည့် ကံတစ်ခုရှိသည်ဟု ဆိုလိုခြင်း ဖြစ်လောက်သော်လည်း အဆုံးတွင် ၎င်းတို့ အပြစ်ပေးခံရပါက ၎င်းတို့တွင် မကောင်းသည့်ကံရှိသည်ဟု ဆိုလိုသလော။ အချိန်တစ်မိနစ်တွင် ၎င်းတို့၏ ကံဇာတာသည် ကောင်းမွန်၏၊ နောက်တစ်မိနစ်တွင် ၎င်းတို့၏ ကံဇာတာ ဆိုးသွားသည်။ ထို့ကြောင့် ယင်းမှာ မည်သည့်အရာ ဖြစ်ပါသနည်း။ ယင်းမှာ တစ်စုံတစ်ဦးသည် ကောင်းသည့် ကံဇာတာ ရှိမရှိကို အကဲဖြတ်၍ရသည့် တစ်စုံတစ်ရာ မဟုတ်၊ လူတို့သည် ဤကိစ္စရပ်ကို အကဲဖြတ်၍မရပေ။ အားလုံးကို ဘုရားသခင်က လုပ်ဆောင်ထားခြင်း ဖြစ်ပြီး ဘုရားသခင် စီစဉ်သမျှတိုင်းသည် ကောင်းမွန်၏။ လူတစ်ဦးစီတိုင်း၏ ကံကြမ္မာလမ်းကြောင်း၊ သို့မဟုတ် ၎င်းတို့ ကြုံရသည့် ပတ်ဝန်းကျင်၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများ၊ ပြီးလျှင် မိမိတို့၏ ဘဝအသက်တာများအတွင်း တွေ့ကြုံရသည့် ဘဝလမ်းကြောင်းသည် အားလုံး ကွဲပြားခြင်းသာ ဖြစ်သည်။ ဤအရာများသည် လူတစ်ဦးမှတစ်ဦးသို့ ကွဲပြားခြားနားလေသည်။ လူတစ်ဦးစီတိုင်း၏ အသက်ရှင်မှု ပတ်ဝန်းကျင်နှင့် ၎င်းတို့ ကြီးပြင်းသည့် ပတ်ဝန်းကျင်နှစ်ခုလုံးသည် ၎င်းတို့အတွက် ဘုရားသခင် စီမံထားခြင်းဖြစ်ပြီး အားလုံး ကွဲပြားလေသည်။ မိမိတို့ အသက်တာများအတွင်း လူတစ်ဦးစီတိုင်း ကြုံရသည့် အရာများသည် အားလုံး ကွဲပြား၏။ ကောင်းသည့်ကံ၊ သို့မဟုတ် ဆိုးသည့်ကံဟု ခေါ်ဆိုသည့်အရာ မရှိပေ။ အားလုံးကို ဘုရားသခင် စီစဉ်ပြီး အားလုံးကို ဘုရားသခင် လုပ်ဆောင်ခြင်း ဖြစ်သည်။ ကိစ္စရပ် အားလုံးကို ဘုရားသခင် လုပ်ဆောင်ခြင်းဖြစ်သည်ဟူသည့် ရှုထောင့်အမြင်မှ ငါတို့ မှတ်ယူပါက ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် ကောင်းမွန်ပြီး မှန်ကန်ပေသည်။ လူတို့၏ နှစ်ခြိုက်ခြင်းများ၊ ခံစားချက်များ၊ ရွေးချယ်မှုများနှင့် ဆိုင်သည့် ရှုထောင့်အမြင်မှ လူအချို့သည် ကျော်ကြားမှုနှင့် ဥစ္စာဓန၊ နာမည်ဂုဏ်သတင်းတစ်ခုကို ရရှိဖို့ ရွေးချယ်လျက်၊ သက်သောင့်သက်သာရှိသည့် ဘဝကို အသက်ရှင်ရန်၊ လောကတွင် ချမ်းသာကြွယ်ဝခြင်း ရှိပြီး အဘက်ဘက်က ပြည့်စုံသော ဘဝကို အသက်ရှင်ရန် ရွေးချယ်ကြခြင်းသာ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် ကောင်းသည့် ကံရှိခြင်းဖြစ်ကြောင်းနှင့် တစ်သက်တာ သာမညောင်ည ဖြစ်ခြင်းနှင့် မအောင်မြင်ခြင်း၊ လူမှုအဖွဲ့အစည်း၏ အောက်ခြေတွင် အမြဲ အသက်ရှင်ခြင်းသည် မကောင်းသည့် ကံဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤသည်မှာ လောကီအရာများကို လိုက်စားရင်းနှင့် လောကတွင် အသက်ရှင်ရန် ကြိုးစားရင်း မယုံကြည်သူများနှင့် လောကီလူတို့၏ အမှုအရာများအပေါ် ရှုမြင်ပုံဖြစ်ပြီး ဤသည်မှာ ကောင်းသည့် ကံနှင့် မကောင်းသည့်ကံဆိုင်ရာ စိတ်ကူး ဖြစ်ပေါ်ပုံဖြစ်သည်။ ကောင်းသည့်ကံနှင့် မကောင်းသည့်ကံဆိုင်ရာ စိတ်ကူးသည် လူသားများ၏ ကျဉ်းမြောင်းသည့် သိနားလည်မှုနှင့် ကံကြမ္မာအပေါ် အပေါ်ယံ အသိအမြင်မှ၊ ပြီးလျှင် ၎င်းတို့ မည်မျှ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခခံရသည်ဆိုသည်နှင့် ပျော်ရွှင်မှု၊ ကျော်ကြားမှုနှင့် ဥစ္စာဓန မည်မျှ ၎င်းတို့ ရရှိသည်စသည်တို့အပေါ် လူတို့၏ အကဲဖြတ်မှုများမှ ဖြစ်ပေါ်ခြင်းသာ ဖြစ်သည်။ အမှန်တွင် ထိုအရာကို လူ၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ စီစဉ်မှုနှင့် အချုပ်အခြာအာဏာ ရှုထောင့်အမြင်မှ ကြည့်ပါက ကောင်းသည့် ကံ၊ သို့မဟုတ် ဆိုးသည့်ကံနှင့်ဆိုင်သည့် ထိုသို့သော အဓိပ္ပာယ်ကောက်ယူချက်များ မရှိပေ။ ဤသည်မှာ တိကျမှန်ကန်သည် မဟုတ်လော။ (မှန်ကန်ပါသည်။) လူ၏ ကံကြမ္မာကို ဘုရားသခင်၏ အချုပ်အခြာအာဏာ ရှုထောင့်အမြင်မှ မှတ်ယူပါက ဘုရားသခင် လုပ်ဆောင်သမျှသည် ကောင်းမွန်ပြီး ထိုအရာမှာ လူတစ်ဦးစီတိုင်း လိုအပ်သည့် အရာ ဖြစ်သည်။ ဤသည်မှာ အတိတ်နှင့် ပစ္စုပ္ပန် ဘဝများတွင် အကြောင်းနှင့် အကျိုး ပါဝင်သောကြောင့် ထိုအရာများကို ဘုရားသခင် စီမံထားခြင်းဖြစ်သည်။ ထိုအရာများအပေါ် ဘုရားသခင်က အချုပ်အခြာအာဏာ စွဲကိုင်ပြီး ထိုအရာများကို ဘုရားသခင် ကြံစည်ကာ စီစဉ်ခြင်း ဖြစ်သည်။ လူသားမျိုးနွယ်၌ ရွေးချယ်စရာ မရှိပေ။ ဤရှုထောင့်အမြင်မှ ထိုအရာကို ငါတို့ ကြည့်ပါက လူတို့သည် မိမိတို့ကိုယ်ပိုင် ကံကြမ္မာကို ကောင်းမည်၊ ဆိုးမည်ဟု အကဲမဖြတ်သင့်ပေ၊ ဟုတ်ပါသလော။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့၊ နောက်ဆုံးမှာ သဘောပေါက်လိုက်တယ်။ ဘုရားရဲ့ ရှုထောင့်အမြင်ကနေကြည့်ရင် ကောင်းတဲ့ကံ ဆိုးတဲ့ကံ ဆိုတာမျိုး မရှိဘူး။ ဘုရားလုပ်သမျှအားလုံးက ကောင်းတယ်။ ဘုရားက လူတစ်ယောက်စီရဲ့ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲပြီး စီစဉ်တယ်။ သူတို့ရဲ့ ကံကြမ္မာ အဆိုး၊ အကောင်းကို အကဲဖြတ်ဖို့အတွက် လူတွေရဲ့ စံနှုန်းက တစ်သက်တာမှာ ဘယ်လောက် ဆင်းရဲဒုက္ခခံခဲ့ရတယ်၊ ဂုဏ်အသရေနဲ့ ချမ်းသာကြွယ်ဝမှု ဘယ်လောက် မွေ့လျာ်ခဲ့ရပြီး၊ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အနာဂတ် ရှေ့ရေးတွေကို လိုက်စားရာမှာ သူတို့ ဘယ်လောက် အောင်မြင်တယ်ဆိုတဲ့အပေါ် အခြေခံတယ်။ ဒါက လူရဲ့ သွေးသား နှစ်သက်မှုနဲ့ဆိုင်တဲ့ ရှုထောင့်အမြင်ကနေ လာတာဖြစ်ပြီး၊ ဘုရားရည်ရွယ်ချက်နဲ့ လုံးဝ မကိုက်ဘူး။ ကျွန်မ ဒီလို ယုံကြည်ခဲ့ဖူးတယ်။ ကျန်းမာရေး ကောင်းတဲ့သူတွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို စွမ်းဆောင်ရရှိနိုင်ပြီး၊ ဂုဏ်အသရေနဲ့ ချမ်းသာကြွယ်ဝမှုကို မွေ့လျော်ခံစားရသူတွေက ကံကောင်းကြတဲ့သူတွေ ဖြစ်ပေမဲ့ ရောဂါရှိတဲ့သူ၊ ဆင်းဆင်းရဲရဲ အသက်ရှင်ရတဲ့သူနဲ့ တစ်ဘဝလုံး ဘယ်သူကမှ အထင်မကြီးဘဲ သာမန်ဘဝနဲ့ ရှင်သန်ကျော်ဖြတ်ရတဲ့သူတွေဟာ ကံဆိုးတဲ့သူတွေပဲလို့ ကျွန်မ ထင်ခဲ့တယ်။ ဒါကြောင့်၊ ကျွန်မက ရောဂါဖိစီးတာကို အမြဲခံခဲ့ရတဲ့အတွက်၊ ပြီးတော့ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အနာဂတ် ရှေ့ရေးတွေကို လိုက်စားချင်ပေမဲ့ လုံးဝ မအောင်မြင်ခဲ့တဲ့အတွက်၊ ကိုယ့်ကံက မကောင်းဘူးလို့ တွေးခဲ့တယ်။ ကိစ္စတွေအပေါ် ကျွန်မရဲ့ အမြင်က ဘာသာတရားမရှိသူတွေနဲ့ အတူတူပဲ။ မယုံကြည်သူတွေရဲ့ အမြင်ပဲ။ လူတချို့က ကျန်းမာရေး ကောင်းတယ်။ သူတို့ တစ်ဘဝလုံး ငွေ၊ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းအတွက် မလျှော့တမ်းကြိုးစားပြီး အချိန်ကုန်ကြတယ်။ သူတို့ဆန္ဒတွေ ပြည့်သွားရင်တောင်၊ အသက်ရှင်ခြင်းရဲ့ တန်ဖိုး၊ အဓိပ္ပာယ်ကို မသိကြဘူး။ တခြားလူတွေက စိတ်လှုပ်ရှားစရာမျိုးစုံ ရှာနေတုန်းမှာ၊ လူတချို့ကတော့ သူတို့နေ့ရက်တွေကို အနှစ်မဲ့ ကုန်ဆုံးကြတယ်။ တချို့က ကိုယ့်ကိုယ်ကိုယ် စိတ်အလိုလိုက်နေကြတုန်းမှာ၊ တခြားလူတွေက ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး ဘဝကို အဆုံးသတ်ဖို့တောင် ရွေးကြတယ်။ ဒီလူတွေရဲ့ ကံကြမ္မာတွေက သိပ်ကောင်းကြသလား။ သူတို့ တကယ်ပဲ ပျော်ရွှင်၊ ဝမ်းမြောက်ကြရဲ့လား။ ညီအစ်ကို မောင်နှမတချို့က သာမန်မိသားစုတွေကနေ လာပြီး၊ ဘုရားအိမ်တော်မှာ ခေါင်းဆောင် ဒါမှမဟုတ် ကြီးကြပ်ရေးမှူးဖြစ်ဖို့ ရာထူးမတိုးကြပေမဲ့ ခုထက်ထိ ကိုယ့်တာဝန်တွေကိုယ် လုပ်ပြီး သမ္မာတရား တချို့ကို နားလည်ကြတယ်လို့ ကျွန်မ တွေးမိတယ်။ သူတို့ထဲက တချို့က ဘုရားကို သက်သေခံတဲ့ ဆောင်းပါးတွေကိုတောင် ရေးကြတယ်။ သူတို့ကံကြမ္မာက မဆိုးပါဘူး။ ကျွန်မက ရောဂါရဲ့ ညှဉ်းဆဲတာခံခဲ့ရပေမဲ့၊ ဒါကြောင့်ပဲ ဘုရားဆီ မကြာခဏ ဆုတောင်းခဲ့ပြီး၊ ကျွန်မစိတ်နှလုံးက သူ့ကို မရှောင်ဖယ်ရဲခဲ့ဘူး။ ဒါ့အပြင်၊ ဒီနှစ်တွေထဲမှာ၊ စာနဲ့ပတ်သက်တဲ့ ကျွန်မရဲ့ တာဝန်တွေကနေ သမ္မာတရားတချို့ကို ကျွန်မ နားလည်လာခဲ့တယ်။ ဒီအရာအားလုံးက ကျွန်မရဲ့ အသက်ဝင်ရောက်မှုအတွက် အကျိုးရှိတယ်။ ပြီးတော့ ကျွန်မရဲ့ သဘာဝက အရမ်းမာနထောင်လွှားပြီး ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ကျွန်မရဲ့အလိုဆန္ဒက အတော် အားကောင်းခဲ့တယ်။ ဒီ‌တော့ အဲဒီရာထူးဂုဏ်ကြီးတဲ့ တာဝန်တွေကို လုပ်ဖို့ ရာထူးတိုးမခံရတာက ကျွန်မကို ဘုရားရဲ့ ကွယ်ကာတဲ့နည်းလမ်းပါပဲ။ ပိုအရေးကြီးတဲ့အရာကတော့ ကျွန်မ ဒီရောဂါ မရခဲ့ရင်၊ ဒီလောကမှာ ငွေ၊ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို ကျွန်မ သေချာပေါက် စိတ်နှလုံးအကြွင်းမဲ့ လိုက်စားခဲ့မိမှာပဲ။ စာတန်ရဲ့ တန်ခိုးအောက်မှာ အသက်ရှင်နေမိမယ်၊ သူဒုက္ခပေးပြီး လှည့်စားတာကို ခံရမှာ၊ သူထိန်းချုပ်တာကို လုံးဝ ခံခဲ့ရမှာပဲ။ ပြီးတော့ ဘုရားရဲ့ နောက်ဆုံးသော ကာလ ကယ်တင်ခြင်းကို ရခဲ့မှာ မဟုတ်ဘူး။ အမှန်တော့ ဒီရောဂါကနေ ကျွန်မ အကျိုးအများကြီး ရခဲ့တာပါ။ ဒါပေမဲ့ ကျွန်မကိုက ကံဆိုးတာပါလို့ အမြဲ ညည်းခဲ့တယ်။ ကောင်းချီးမင်္ဂလာက ကျွန်မ အနီးအနားမှာ တစ်ချိန်လုံး ရှိနေခဲ့ပြီး၊ ကျွန်မ မသိခဲ့ဘူး။ ဒီလို ပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်။ “အချို့သော လူတို့သည် နာမကျန်းဖြစ်ခြင်းကြောင့် ဘုရားသခင်ကို စတင်ယုံကြည် လာကြသည်။ ဤနာမကျန်းဖြစ်ခြင်းမှာ သင့်အတွက် ဘုရားသခင်၏ ကျေးဇူးတော် ဖြစ်သည်။ ထိုအရာမရှိဘဲ သင်သည် ဘုရားသခင်ကို ယုံကြည်လာမည် မဟုတ်ပေ၊ ထို့ပြင် သင်သည် ဘုရားသခင်ကို မယုံကြည်ခဲ့ပါက၊ ဤအထိ ရောက်လာခဲ့လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ဤကျေးဇူးတော်ပင်လျှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်) အခု၊ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ကိုယ်တွေ့ ကြုံလိုက်ရပြီ။ ကျွန်မရဲ့ ရောဂါကြောင့် ကံဆိုးရပါတယ်လို့ ကျွန်မ ညည်းတော့မှာ မဟုတ်ဘူး။

ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ပိုဖတ်တယ်။ “၎င်းတို့တွင် မကောင်းသည့် ကံ ရှိသည်ဟု အမြဲတစေ ပြောဆိုသော လူတို့၏ အတွေးများနှင့် အမြင်များသည် မှန်ကန်ခြင်း၊ သို့မဟုတ် မှားယွင်းခြင်း ရှိမရှိဆိုသည်ကို သင်တို့ နားလည်ပြီလော။ (မှားပါသည်။) ဤလူများသည် အစွန်းရောက်ဝါဒတွင် နွံနစ်လာသောကြောင့် စိတ်ဓာတ်ကျသည့် ခံစားမှုကို တွေ့ကြုံကြရသည်မှာ သိသာထင်ရှားပေသည်။...၎င်းတို့သည် ကိစ္စရပ်များနှင့် လူတို့အား ဤအစွန်းရောက်ပြီး မမှန်ကန်သည့် ရှုထောင့်အမြင်မှ မှတ်ယူတတ်ကြသည်။ ထိုသို့ဖြင့် ဤအပျက်သဘောဆောင်သည့် စိတ်ခံစားမှု၏ သက်ရောက်မှုနှင့် လွှမ်းမိုးမှုအောက်တွင် ထပ်တလဲလဲ အသက်ရှင်နေကြသည်၊ လူများနှင့် အမှုအရာများကို ရှုမြင်ပြီး ကျင့်ကြံပြုမူကာ ဆောင်ရွက်နေကြလေသည်။ အဆုံးတွင် ၎င်းတို့ မည်သို့ အသက်ရှင်သည်ဖြစ်စေ အလွန် မောပန်းပုံရကြသည်မှာ ဘုရားသခင်ကို မိမိတို့၏ ယုံကြည်မှုနှင့် သမ္မာတရား လိုက်စားမှုအတွက် စိတ်ထက်သန်မှု မစုစည်းနိုင်တော့အောင် ဖြစ်ကြလေသည်။ မိမိတို့ ဘဝကို အသက်ရှင်ရန် မည်သို့ ၎င်းတို့ ရွေးချယ်ကြသည်ဖြစ်စေ၊ ၎င်းတို့သည် မိမိတို့တာဝန်ကို အပြုသဘောဆောင်စွာ၊ သို့မဟုတ် တက်ကြွစွာ ထမ်းဆောင်နိုင်ခြင်း မရှိကြသကဲ့သို့ ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ကြလင့်ကစား သမ္မာတရားကို လိုက်စားရန်၊ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ရန် မဆိုထားနှင့်၊ မိမိတို့တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့နှင့် ဉာဏ်ရှိသမျှဖြင့် ထမ်းဆောင်ခြင်း၊ သို့မဟုတ် မိမိတို့တာဝန်ကို စိတ်ကျေနပ်ဖွယ် ထမ်းဆောင်ခြင်းအား မည်သည့်အခါမျှ အာရုံမစိုက်ကြသည်မှာ အမှန်ဖြစ်၏။ ဤသည်မှာ အဘယ်ကြောင့်နည်း။ နောက်ဆုံး စိစစ်မှုအရ ၎င်းတို့တွင် မကောင်းသည့် ကံရှိသည်ဟု အမြဲ တွေးထင်ကြသောကြောင့် ဖြစ်ပြီး ဤအရာက ၎င်းတို့အား အကြီးအကျယ် စိတ်ဓာတ်ကျသည့် စိတ်ခံစားချက်များရှိစေသည်။ ၎င်းတို့သည် မိမိတို့အလုပ်၊ တာဝန်များနှင့် ဝတ္တရားများကို ဆက်ကပ်သင့်သည့် သစ္စာစောင့်သိမှုအား ဆက်ကပ်ရန် စိတ်ပိုင်းဖြတ်မှု၊ သို့မဟုတ် ဇွဲတစ်ခုတလေ မဆိုထားနှင့်၊ မည်သည့် သက်ဝင်လှုပ်ရှားမှုမျှ မရှိဘဲ၊ အပြုသဘောဆောင်သည့်၊ သို့မဟုတ် အကောင်းမြင်သည့် အပြုအမူတစ်ခုမျှ ထုတ်ဖော်ပြခြင်းမရှိဘဲ လမ်းလျှောက်နေသည့် အလောင်းကောင်တစ်ကောင်ကဲ့သို့ လုံးဝ စိတ်ပျက်အားငယ်ကာ အစွမ်းမဲ့လာကြလေသည်။ ထိုထက် ၎င်းတို့သည် နေ့ရက်ကာလများကို ရောက်တတ်ရာရာနှင့် နားဝေတိမ်တောင်ဖြစ်စွာ အမှုမဲ့အမှတ်မဲ့ ဖြတ်ကျော်လျက် ပေါ့ဆသည့် သဘောထားတစ်ခုနှင့်အတူ တစ်နေ့ပြီးတစ်နေ့ အင်တင်တင်ဖြင့် ရုန်းကန်ကြလေသည်။ ၎င်းတို့ အချိန်မည်မျှကြာအောင် တော်စွလျော်စွ ကြုံရာကျပန်း နေကြလိမ့်မည်ကို ၎င်းတို့ မသိကြ။ အဆုံးတွင် အားကိုးအားထားမရှိဘဲ ‘အို၊ တတ်နိုင်သရွေ့ ငါ တော်စွလျော်စွ ဆက်နေလိုက်မည်။ တစ်နေ့ ငါ ဆက်မနေနိုင်တော့သကဲ့သို့ အသင်းတော်က ငါ့ကို နှင်ထုတ်ကာ ဖယ်ရှားလိုလျှင် သူတို့ ငါ့ကို ဖယ်ရှားလိုက်သင့်သည်။ ထိုအရာမှာ ငါ့မှာ မကောင်းသည့်ကံ ရှိသောကြောင့် ဖြစ်သည်’ဟု ဆိုလျက် မိမိတို့ကိုယ်ကို သတိပေးဖို့သာ ရှိတော့သည်။ သင်တို့ မြင်သလော၊ ၎င်းတို့ ပြောသည့်အရာပင်လျှင် အလွန် အရှုံးပေးရာကျ၏။ ဤစိတ်ဓာတ်ကျခြင်း စိတ်ခံစားမှုသည် ရိုးရှင်းသည့် စိတ်အခြေအနေတစ်ခုသာ မဟုတ်ဘဲ သာ၍ အရေးကြီးသည်မှာ ထိုစိတ်ခံစားမှုတွင် လူတို့၏ အတွေးများ၊ စိတ်နှလုံးများနှင့် ၎င်းတို့၏ လိုက်စားမှုအပေါ် အကြီးအကျယ် ဖျက်ဆီးတတ်သော သက်ရောက်မှုတစ်ခု ရှိလေသည်။ သင်သည် သင်၏ စိတ်ဓာတ်ကျသည့် စိတ်ခံစားချက်ကို အချိန်မီပြီး မြန်ဆန်သည့် ပုံစံဖြင့် မပြောင်းလဲနိုင်ပါက ယင်းက သင်၏ တစ်ဘဝလုံးကို ထိခိုက်လိမ့်မည်သာမက သင်၏ အသက်ကိုလည်း ဖျက်ဆီးကာ သင့်ကို သေခြင်းသို့ ပို့လိမ့်မည် ဖြစ်သည်။ ဘုရားသခင်ကို သင်ယုံကြည်လျှင်ပင် သမ္မာတရားကို ရရှိနိုင်မည်မဟုတ်သကဲ့သို့ ကယ်တင်ခြင်းကို ရယူနိုင်မည်မဟုတ်။ အဆုံးတွင် သင်ပျက်စီးဆုံးရှုံးလိမ့်မည်။ ထို့ကြောင့် မိမိတို့၏ ကံကြမ္မာ ဆိုးသည်ဟု ယုံကြည်သောသူတို့သည် ယခုတွင် အသိတရား ရှိသင့်ကြပေသည်။ ၎င်းတို့၏ ကံကြမ္မာ ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကို အမြဲ ကြည့်ခြင်း၊ ကံကြမ္မာတစ်မျိုးမျိုးကို အမြဲ လိုက်စားခြင်း၊ မိမိတို့ ကံကြမ္မာနှင့်ပတ်သက်၍ အမြဲ စိုးရိမ်ခြင်းဟူသည်တို့မှာ ကောင်းသည့်အရာတစ်ခု မဟုတ်ပေ။ သင်၏ ကံကြမ္မာကို အမြဲ အလေးအနက် သဘောထားလျက် နှောင့်ယှက်မှု၊ သို့မဟုတ် စိတ်ပျက်ခြင်း အနည်းငယ် သင်ကြုံရသည့်အခါ၊ သို့မဟုတ် ကျရှုံးမှု၊ ဆုတ်ဆိုင်းမှုများ၊ သို့မဟုတ် အရှက်ရခြင်းများဖြစ်လာသည့်အခါ ထိုအရာမှာ သင်၏ ကိုယ်ပိုင် မကောင်းသည့် ကံကြမ္မာနှင့် သင့်ကိုယ်ပိုင် ဆိုးရွားသည့်ကံကြောင့်ဖြစ်သည်ဟု သင် အလျင်အမြန် ယုံကြည်လာသည်။ ထို့ကြောင့် သင်သည် မကောင်းသည့် ကံကြမ္မာရှိသည့် တစ်စုံတစ်ဦးဖြစ်ကြောင်း၊ အခြားလူများကဲ့သို့ ကောင်းသည့် ကံကြမ္မာမရှိကြောင်း မိမိကိုယ်ကို ထပ်တလဲလဲ အသိပေးပြီး စိတ်ဓာတ်ကျခြင်းနှင့်ဆိုင်သော အပျက်သဘောဆောင်သော စိတ်ခံစားမှု၏ ဝန်းရံ၊ ချည်နှောင်ကာ ဖမ်းမိခြင်းခံရလျက် ထိုအရာမှ မလွတ်မြောက်နိုင်ဘဲ စိတ်ဓာတ်ကျခြင်းထဲ ထပ်တလဲလဲ နှစ်မြှုပ်သွားလေသည်။ ဤသည်မှာ ဖြစ်ပျက်ရန် အလွန် ထိတ်လန့်ဖွယ်ရာဖြစ်ပြီး အန္တရာယ်များပေသည်။ ဤစိတ်ဓာတ်ကျခြင်း စိတ်ခံစားမှုက သင့်ကို သာ၍ မာနထောင်လွှားလာရန်၊ သို့မဟုတ် လှည့်ဖြားတတ်လာရန် မဖြစ်စေနိုင်သော်လည်း၊ သို့မဟုတ် သင့်အား ဆိုးယုတ်မှု၊ သို့မဟုတ် ခေါင်းမာမှု၊ သို့မဟုတ် ထိုသို့သော အခြားဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ထုတ်ဖော်ပြစေခြင်း မရှိနိုင်သော်လည်း သင့်အနေဖြင့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ပြပြီး ဘုရားသခင်ကို အာခံသည့် အဆင့်၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုကို သင်ထုတ်ဖော်ပြပြီး သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်သည့် အဆင့်၊ သို့မဟုတ် နှောင့်ယှက်မှုများနှင့် ဆူပူမှုများကို သင် ဖြစ်စေသည့်အဆင့်၊ သို့မဟုတ် မကောင်းသည့် လုပ်ဆောင်ချက်များ လုပ်ဆောင်သည့်အဆင့်သို့ မရောက်နိုင်သော်လည်း အနှစ်သာရအရ ဤစိတ်ဓာတ်ကျခြင်း စိတ်ခံစားမှုသည် လက်တွေ့အရှိတရားနှင့် ပတ်သက်၍ လူတို့၏ စိတ်မကျေနပ်မှုနှင့်ဆိုင်သော အဆိုးရွားဆုံး သရုပ်သကန်တစ်ခု ဖြစ်သည်။ အနှစ်သာရအနေဖြင့် လက်တွေ့အရှိတရားနှင့် ပတ်သက်၍ စိတ်မကျေနပ်မှုနှင့်ဆိုင်သော ဤသရုပ်သကန်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို စိတ်မကျေနပ်မှုတစ်ခုလည်း ဖြစ်၏။ ပြီးလျှင် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို စိတ်မကျေနပ်ခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ ထိုအရာများသည် ဧကန်မုချ အလွန် ဆိုးရွားပြီး အနည်းဆုံးအနေဖြင့် သင့်ကို ဘုရားသခင်အား ပုန်ကန်ကာ အာခံစေလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့် ထောက်ပံ့ပေးကမ်းမှုများကို လက်မခံနိုင်ဖြစ်စေကာ ဘုရားသခင်၏ သွန်သင်ချက်များ၊ တိုက်တွန်းမှုများ၊ အသိပေးချက်များနှင့် သတိပေးချက်များတို့ကို နားမလည်နိုင်ဖြစ်စေ၍ ကြားနာဖို့ရန် မလိုမလားဖြစ်စေလိမ့်မည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) အဆိုးမြင်ဝါဒနဲ့ စိတ်ဓာတ်ကျခြင်းရဲ့ အပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုမှာ အမြဲ ပိတ်မိတဲ့ အကျိုးဆက်တွေက ပြင်းထန်မှန်း ဘုရားနှုတ်ကပတ်တော်တွေကြောင့် ကျွန်မ နားလည်သွားတယ်။ အဲဒါက လူတွေကို သူတို့မှာ ဖြစ်တဲ့ အရာတွေအပေါ် မှန်မှန်ကန်ကန် အလေးထားလို့မရအောင် လုပ်ရုံတင်မကဘူး၊ သူတို့တာဝန်ကို လုပ်ဖို့၊ သမ္မာတရားကို လိုက်စားဖို့ကိုလည်း စိတ်မဝင်မစားအောင် လုပ်တယ်၊ ပြီးတော့ သူတို့ဟာ ကယ်တင်ခံရမဲ့ သူတို့ရဲ့ အခွင့်အရေး ဆုံးရှုံးရတာနဲ့ပဲ အဆုံးသတ်တာပေါ့။ ပိုလို့တောင်ဆိုးတာကတော့ ဒီလို စိတ်ဓာတ်ကျတဲ့ စိတ်ခံစားမှုမျိုးက လက်တွေ့အရှိတရားကိုပဲဖြစ်ဖြစ်၊ ဘုရားရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကိုပဲဖြစ်ဖြစ် မကျေမနပ်ဖြစ်တာပဲ။ အဲဒါရဲ့ အနှစ်သာရက ဘုရားကို စောဒကတက်ပြီး သူ့ကို တိတ်တဆိတ် ပုန်ကန်တတ်တဲ့ အနှစ်သာရပဲ။ ဒါရဲ့ သဘာဝက အရမ်းဆိုးရွားတယ်။ ကျွန်မရဲ့ ရောဂါ ပြန်ထလာလို့ ကျွန်မရဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲရမှတ်က ထိခိုက်ခဲ့ပြီး ရောဂါကြောင့် ကျွန်မလည်း ကျောင်းထွက်ပြီး အိမ်ပြန်ခဲ့ရတယ်။ ဒါကြောင့် လူတိုင်းနဲ့ အရာရာတိုင်းကို ကျွန်မ အပြစ်တင်ပြီး အရမ်း စိတ်ဆင်းရဲခဲ့ရတယ်။ ဘုရားကို ယုံကြည်ပြီးတဲ့နောက်မှာ ရောဂါကြောင့် ကျွန်မဟာ ရာထူးတိုးမခံရဘူး၊ လေ့ကျင့်ပြင်ဆင်ပေးတာလည်း မခံခဲ့ရပါဘူး။ ဒီခန္ဓာကိုယ်ကို ပေးတဲ့အတွက် ဘုရားကို ကျွန်မ အပြစ်တင်ပြီး ကံဆိုးရလေခြင်းလို့ အမြဲတွေးခဲ့တယ်။ ကျွန်မတာဝန်ကို လုပ်နေတုန်းမှာလည်း တက်တက်ကြွကြွ ပူးပေါင်းလုပ်ဖို့ ဆန္ဒမရှိဘဲ ဝတ်ကျေတမ်းကျေလုပ်ခဲ့တယ်။ ကျွန်မဟာ ကံဆိုးတယ်ဆိုတဲ့ ဒီလွဲမှားတဲ့ အမြင်ထဲမှာပဲ အမြဲပိတ်မိနေခဲ့ပြီး ပိုပို စိတ်ဓာတ်ကျလာတယ်။ ဘုရားကို အမြဲ ညည်းညူပြီး အထင်လွဲတယ်။ ကျွန်မ လမ်းကြောင်းမပြောင်းခဲ့ရင် နောက်ဆုံးမှာ ဘုရားသခင်ကို အာခံမိလို့ ကယ်တင်ခြင်းခံရမဲ့ ကိုယ့်အခွင့်အရေးကိုပဲ ဆုံးရှုံးရမှာ။ ဒီလို လွဲမှားတဲ့ အတွေးနဲ့ အမြင်မျိုးက အရမ်း အဆိပ်ရှိတယ်။ လူတွေကို သူတို့အပေါ် ကျရောက်တဲ့ ကိစ္စရပ်တွေကို ကျိုးနွံနာခံတဲ့ သဘောထားမရှိဘဲ ရင်ဆိုင်အောင် လုပ်တယ်။ နောက်ဆုံးမှာ စာတန်က အရူးလုပ်ပြီး ဒုက္ခပေးတာကိုပဲ သူတို့ ခံရနိုင်တယ်။ ဒါကို သဘောပေါက်တော့၊ ဘုရားဆီ ကျွန်မ ဆုတောင်းတယ်။ “ဘုရားသခင်၊ ကျွန်မဟာ ကံဆိုးလိုက်လေခြင်းလို့ အမြဲညည်းခဲ့ပြီး ဒီအပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်ထဲမှာ အသက်ရှင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်မက ကိုယ်တော့်ကို တိတ်တဆိတ် ပုန်ကန်ခဲ့ပါတယ်။ ကိုယ်တော့်ကို အာခံနေခဲ့မိပါတယ်။ ဘုရားသခင်၊ ဒီလို ကျွန်မ ဆက်မလုပ်ချင်ပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို လမ်းပြပါ”လို့ပေါ့။

အဲဒီနောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး ကိုယ့်ကံကြမ္မာကို ဘယ်လို မှန်မှန်ကန်ကန် သဘောထားရမယ်ဆိုတာကို သိသွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ကံကြမ္မာအပေါ် မည်သည့်သဘောထားကို လူတို့ ရှိသင့်ကြသနည်း။ သင်သည် ဖန်ဆင်းရှင်၏ အစီအစဉ်များကို လိုက်နာသင့်သည်၊ ဤအရာခပ်သိမ်းအပေါ် ဖန်ဆင်းရှင်၏ အစီအစဉ်များရှိ သူ၏ ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်တို့ကို တက်ကြွစွာနှင့် အစွမ်းကုန် ရှာဖွေသင့်ပြီး သမ္မာတရားအပေါ် သိနားလည်မှု ရရှိသင့်သည်၊ သင့်အတွက် ဘုရားသခင် စီစဉ်ထားသည့် ဤဘဝတွင် သင်၏ အကြီးမားဆုံး လုပ်ငန်းဆောင်တာများကို ဆောင်ရွက်သင့်သည်၊ အဖန်ဆင်းခံတစ်ဦး၏ အလုပ်များ၊ တာဝန်များနှင့် ဝတ္တရာများကို ထမ်းဆောင်သင့်ပြီး ဖန်ဆင်းရှင်က သင်နှင့်ပတ်သက်၍ ကျေနပ်အားရပြီး သင့်ကို အောက်မေ့သတိရသည်အထိ သင်၏ ဘဝကို သာ၍ အဓိပ္ပာယ်ရှိစေပြီး သာ၍ တန်ဖိုးရှိစေသင့်ပေသည်။ သာ၍ပင် ကောင်းမည့်အရာမှာ သင်၏ ရှာဖွေခြင်းနှင့် အားသွန်ခွန်စိုက် အားထုတ်မှုမှတစ်ဆင့် ကယ်တင်ခြင်း ရယူရန်ဖြစ်သည်မှာ အမှန်ဖြစ်၏။ ဤသည်မှာ အကောင်းဆုံးသော ရလဒ်ဖြစ်ပေမည်။ မည်သို့ဆိုစေ ကံကြမ္မာနှင့် စပ်လျဉ်း၍ အဖန်ဆင်းခံ လူသားမျိုးနွယ်က ရှိသင့်သည့် အသင့်လျော်ဆုံးသော သဘောထားမှာ အကြောင်းမဲ့ အကဲဖြတ်ပြီး အဓိပ္ပာယ်သတ်မှတ်သည့်၊ သို့မဟုတ် ထိုအရာကို ကိုင်တွယ်ဖြေရှင်းရန် အစွန်းရောက်သော နည်းစနစ်များကို အသုံးပြုသည့် သဘောထား မဟုတ်ပေ။ လူတို့အနေဖြင့် များစွာပို၍ပင် မိမိတို့၏ ကံကြမ္မာကို ခုခံရန်၊ ရွေးချယ်ရန်၊ သို့မဟုတ် ပြောင်းလဲရန် မကြိုးစားသင့်ဘဲ ထို့ထက် ထိုအရာကို အသိအမှတ်ပြုရန် မိမိတို့ စိတ်နှလုံးကို အသုံးပြုသင့်ပြီး ထိုကံကြမ္မာကို အပြုသဘောဆောင်စွာ ရင်မဆိုင်မီတွင် ရှာဖွေ၊ လေ့လာစူစမ်းပြီး လိုက်နာသင့်ကြပေသည်။ နောက်ဆုံးတွင် ဘဝ၌ ဘုရားသခင်က သင့်အတွက် ချမှတ်ထားသည့် အသက်ရှင်ခြင်း ပတ်ဝန်းကျင်နှင့် ခရီးစဉ်တွင် ဘုရားသခင် သင့်ကို သွန်သင်သည့် ပြုမူခြင်းနည်းလမ်းကို သင် ရှာဖွေသင့်သည်၊ သင့်ကို လျှောက်လှမ်းရန် ဘုရားသခင် တောင်းဆိုသည့် လမ်းကြောင်းကို ရှာဖွေသင့်ပြီး ဤနည်းဖြင့် သင့်အတွက် ဘုရားသခင် စီစဉ်ပြီးဖြစ်သည့် ကံကြမ္မာကို တွေ့ကြုံသင့်ကာ အဆုံးတွင် သင်သည် ကောင်းချီးခံစားရလိမ့်မည်။ သင့်အတွက် ဖန်ဆင်းရှင်က စီစဉ်ထားသည့် ကံကြမ္မာကို သင် ဤနည်းဖြင့် တွေ့ကြုံသည့်အခါ သင် ခံစားရလာသည့် အရာမှာ ပူဆွေးခြင်း၊ ဝမ်းနည်းခြင်း၊ မျက်ရည်များ၊ နာကျင်မှု၊ စိတ်ပျက်ခြင်းနှင့် ကျရှုံးမှုများသာမက သာ၍ အရေးကြီးသည်မှာ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းနှင့် နှစ်သိမ့်ခြင်းအပြင် သင့်အပေါ် ဘုရားသခင် ပေးသနားသည့် သမ္မာတရား၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကိုလည်း သင် တွေ့ကြုံခံစားရလိမ့်မည်။ ထို့အပြင် သင်၏ ဘဝလမ်းကြောင်းတစ်လျှောက် သင်လမ်းပျောက်လာသည့်အခါ၊ စိတ်ပျက်ခြင်းနှင့် ကျရှုံးမှုတို့ဖြင့် သင် ရင်ဆိုင်ရပြီး ရွေးချယ်ရမည့်အရာတစ်ခု ရှိသည့်အခါ ဖန်ဆင်းရှင်၏ လမ်းပြမှုကို သင် တွေ့ကြုံလိမ့်မည်ဖြစ်ပြီး အဆုံးတွင် သင်သည် အဓိပ္ပာယ်အရှိဆုံးသော ဘဝကို မည်သို့ အသက်ရှင်ရမည်ဆိုသည်နှင့်သက်ဆိုင်သည့် သိနားလည်မှု၊ အတွေ့အကြုံနှင့် အသိအမှတ်ပြုခြင်းတို့ကို ရရှိလိမ့်မည်။ ထို့နောက် ဘဝတွင် သင်သည် မည်သည့်အခါတွင်မျှ နောက်တစ်ဖန် လမ်းပျောက်တော့မည်မဟုတ်။ စဉ်ဆက်မပြတ် ပူပန်သောကရောက်သည့် အခြေအနေတစ်ခုတွင် သင် တစ်ဖန် ရှိမည်မဟုတ်သကဲ့သို့ သင်၏ ကံ ဆိုးသည်ဟု သင်ခံစားရသောကြောင့် စိတ်ဓာတ်ကျသည့် ခံစားမှုများထဲသို့ ကျဆင်းရန်မဆိုထားနှင့်၊ မကောင်းသည့် ကံရှိခြင်းအကြောင်းကို သင် တစ်ဖန် တစ်ကြိမ်တစ်ခါမျှ ညည်းတွားမည် မဟုတ်ပေ။ သင်သည် ဤသဘောထားရှိပြီး သင့်အတွက် ဖန်ဆင်းရှင်က စီစဉ်ထားပြီးဖြစ်သည့် ကံကြမ္မာကို ရင်ဆိုင်ရန် ဤနည်းလမ်းကို အသုံးပြုပါက သင်၏ လူ့သဘာဝသည် သာ၍ ပုံမှန် ဖြစ်လာလိမ့်မည်ဖြစ်၍ ပုံမှန် လူ့သဘာဝရှိလာလိမ့်မည်ဖြစ်ပြီး ပုံမှန် လူ့သဘာဝနှင့်ဆိုင်သည့် အမှုအရာများကို ရှုမြင်ရမည့်ပုံအပေါ် အတွေး၊ အမြင်များနှင့် စည်းမျဉ်းများ ရှိလာလိမ့်မည်သာမက၊ ဘဝ၏ အဓိပ္ပာယ်အပေါ် မယုံကြည်သူများက မည်သည့်အခါတွင်မျှ ရှိလိမ့်မည်မဟုတ်သည့် အမြင်များနှင့် သိနားလည်မှုတို့ကိုလည်း ရှိလာလိမ့်မည်မှာ အမှန်ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရားနှုတ်ကပတ်တော်တွေကနေ နားလည်ခဲ့တယ်။ ဘုရားက ကျွန်မတို့အတွက် ဘယ်ကံကြမ္မာမျိုးကို စီစဉ်ပေးပါစေ၊ သူ့ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ ကြိုတင်စီစဉ်မှုတွေကို ကျွန်မ အမြဲ ကျိုးနွံနာခံသင့်တယ်ဆိုတာကိုပေါ့။ ဒါက ဖန်ဆင်းခံတွေ ပိုင်ဆိုင်သင့်တဲ့ အသိစိတ်ပဲ။ ကျွန်မ ကံကြမ္မာ ဘယ်လိုပဲဖြစ်ပါစေ၊ အရေးအကြီးဆုံးက သမ္မာတရားကို ကျွန်မတို့ လိုက်စားနိုင်တာ၊ ဖန်ဆင်းခံအနေနဲ့ ကျွန်မတို့တာဝန်ကို ဖြည့်ဆည်းနိုင်ပြီး၊ တန်ဖိုးနဲ့ အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုကို အသက်ရှင်နေထိုင်နိုင်တာပဲ။ ယောဘနဲ့ ပတ်သက်ပြီးတော့၊ ဘုရားက သူ့ကို အစောပိုင်းမှာ တောင်ပုံရာပုံ ခြံမွေးတိရစ္ဆာန်တွေ၊ ဥစ္စာပစ္စည်းကြွယ်ဝမှု၊ လှပတဲ့ သားသမီးတွေနဲ့ ကောင်းချီးပေးတဲ့အခါ သူ့ကံက ကောင်းလိုက်တာလို့ လူတွေက ထင်ခဲ့ကြတယ်။ ဒါပေမဲ့ ယောဘက ဒါတွေကို မွေ့လျော်စရာတွေလို့ မမြင်ခဲ့ဘူး။ ဘုရားကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်တဲ့ လမ်းကြောင်းကို လျှောက်ဖို့ပဲ အာရုံစိုက်ခဲ့တယ်။ နောက်ပိုင်းမှာ၊ စမ်းသပ်မှုတွေကို သူ ရင်ဆိုင်ခဲ့ရတယ်။ သူ့ပိုင်ဆိုင်မှုအားလုံး တစ်ညတည်းနဲ့ ပျောက်သွားတယ်၊ သူ့သားသမီးတွေ သေတယ်။ ပြီးတော့ သူ့တစ်ကိုယ်လုံးကလည်း အနာစိမ်းတွေနဲ့ ဖုံးသွားတယ်။ လူတွေရဲ့ အမြင်မှာ၊ သူ အရမ်းကံဆိုးခဲ့တယ်ပေါ့။ ဒါပေမဲ့ ယောဘက သူ့ကို ဖြစ်တဲ့အရာတွေကို လူရဲ့ ရှုထောင့်ကနေ မကြည့်ခဲ့ဘူး။ ပုန်ကန်တာမျိုး၊ အာခံတာမျိုးလည်းမလုပ်ခဲ့ဘူး။ အဲဒါတွေလုပ်မဲ့အစား ဘုရားဆီကနေ အမှုအရာတွေကို လက်ခံခဲ့တယ်၊ ဘုရားရဲ့ ရည်ရွယ်ချက်ကို ရှာပြီး၊ သူ့ရဲ့ သန့်ရှင်းတဲ့ နာမကို ချီးမြှောက်ခဲ့တယ်။ နောက်ဆုံးမှာ သူ့ရဲ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တယ်။ ဘုရားသခင်က ယောဘဆီ သူ့ကိုယ်သူ အထင်အရှားပြခဲ့ပြီး ယောဘက သူ့ကို မြင်ခဲ့တယ်။ ယောဘရဲ့ စိတ်နှလုံးက ငြိမ်သက်၊ ဝမ်းမြောက်ခြင်း ရခဲ့သလို၊ နောက်ဆုံး နေ့ရက်ကာလနဲ့ ပြည့်စုံချိန်မှာ သူ သေဆုံးခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ ကံကြမ္မာနဲ့ ပတ်သက်တဲ့အခါ၊ ကျွန်မက အမြဲ ပြောင်းလဲချင်ခဲ့ပြီး လွတ်မြောက်ဖို့ ကြိုးစားချင်ခဲ့တယ်။ လုံ့လဝီရိယရှိရှိ မရှာဖွေခဲ့ဘူး၊ ဒါမှမဟုတ် အဲဒါကို အပြုသဘောနဲ့ ရင်မဆိုင်ခဲ့ဘူး။ ဒါကြောင့် မခံနိုင်အောင် စိတ်ဆင်းရဲပြီး ကျွန်မ အသက်ရှင်ခဲ့တယ်။ ဒီလိုပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်။ “ဤနာကျင်မှုကို မည်သည့်အရာက ဖြစ်စေသနည်း။ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့်လော သို့မဟုတ် လူတစ်ယောက်က ကံမကောင်းစွာနှင့် မွေးဖွားလာသောကြောင့် ဖြစ်သလော။ သိသာစွာပင် တစ်ခုမျှ မမှန်ကန်ပေ။ တကယ့်အကြောင်းရင်းက လူတို့ လျှောက်ကြသည့် လမ်းကြောင်းများ၊ ၎င်းတို့ဘဝကို အသက်ရှင်နေထိုင်ဖို့ လူတို့ရွေးချယ်သည့် နည်းလမ်းများ ကြောင့်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ကျွန်မရဲ့ လိုက်စားမှု လမ်းကြောင်းမှာ ပြဿနာ ရှိနေခဲ့လို့ ကျွန်မ အရမ်းစိတ်ဆင်းရဲခဲ့မှန်းကို သတိပြုမိလိုက်တယ်။ ဘုရားကို မယုံကြည်ခင်က ကိုယ့်ရဲ့ ကံကြမ္မာကို ပြောင်းလဲရအောင် ပညာကို ကျွန်မ အားကိုးချင်ခဲ့တယ်။ လူအုပ်ထဲမှာ ထင်ပေါ်ဖို့၊ သက်သောင့်သက်သာ ဖြစ်ပြီး ကြွယ်ဝတဲ့ ဘဝတစ်ခုနဲ့ အသက်ရှင်ဖို့ ကျွန်မ လိုက်စားခဲ့တယ်။ ဘုရားကို ယုံကြည်ပြီးတဲ့နောက်၊ ကျွန်မတာဝန်မှာ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကျွန်မ လိုက်စားနေတုန်းပဲ။ တခြားလူတွေရဲ့ အထင်ကြီးလေးစားတာကို ခံချင်တုန်းပဲ။ ကျွန်မရဲ့ ရောဂါကြောင့် ကိုယ့်ဆန္ဒတွေ မပြည့်တဲ့အခါမှာ ကံဆိုးလိုက်လေခြင်းလို့ ညည်းညူပြီး စိတ်ဓာတ်ကျတဲ့ စိတ်ခံစားမှုနဲ့ အသက်ရှင်ခဲ့တယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ကျွန်မရဲ့ အလိုဆန္ဒက အရမ်းအားကောင်းခဲ့တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မမေးဘဲ မနေနိုင်ဘူး။ “ကိုယ့်မှာ ဂုဏ်သတင်းတို့၊ အဆင့်အတန်းတို့ရှိရုံနဲ့ ကိုယ်ဟာ တကယ်ကို ကံကောင်းပြီး အသက်ရှင်ရတာ တန်ဖိုးရှိသွားရောလား” လို့ပေါ့။ လူအတော်များများကို အသင်းတော်က ထုတ်ဖော်ပြပြီး ဖယ်ရှားရှင်းလင်းခဲ့ပုံကို ကျွန်မ တွေးမိတယ်။ လူတချို့က ခေါင်းဆောင်တာဝန်တွေ လုပ်ဖို့ ရာထူးတိုးတာ ခံရပေမဲ့၊ သူတို့ထဲက တချို့က ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ခေါင်းမာမာနဲ့ လိုက်စားပြီး ညီအစ်ကို မောင်နှမတွေရဲ့ အနီးအနားမှာ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်၊ သက်သေခံရင်းနဲ့ သမ္မာတရားကို မလိုက်စားခဲ့ကြဘူး။ ပြုပြင်ပေးတာကို သူတို့ လက်မခံကြဘဲ နောက်ဆုံးမှာ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံခဲ့ရတယ်။ လူတွေက သမ္မာတရားကို မလိုက်စားရင်၊ ပြီးတော့ သူတို့တာဝန်ကို အသိတရားရှိရှိ လက်တွေ့ကျတဲ့ သဘောထားနဲ့ မလုပ်ခဲ့ရင်၊ လူအများကြီးက သူတို့ကို အထင်ကြီးပြီး ရာထူးတိုးတာ၊ လေ့ကျင့်ပြင်ဆင်ပေးတာတွေ ခံရရင်တောင်၊ ဘုရား အသိအမှတ်ပြုတာကို သူတို့ ရမှာ မဟုတ်ဘူး။ နောက်ဆုံးမှာလည်း ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမှာပဲဆိုတာကို ကျွန်မ မြင်ခဲ့တယ်။ အစမှာ ကျွန်မရဲ့ ရောဂါကြောင့် ဘုရားကို ကျွန်မ စယုံကြည်ခဲ့ပုံကို တွေးမိတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ထောက်ပံ့မှုကို ကျွန်မ ခံစားခဲ့ရပြီး သမ္မာတရားတချို့ကို နားလည်လာခဲ့တယ်။ ကျွန်မ နေမကောင်းဖြစ်ပြီး အပျက်သဘောနဲ့ အသက်ရှင်တဲ့အခါတိုင်း၊ ကျွန်မကို ဉာဏ်အလင်းပေး၊ လမ်းပြပြီး ရှေ့ဆက် အသက်ရှင်ခွင့်ပေးဖို့ ဘုရားက သူ့နှုတ်ကပတ်တော်တွေကို သုံးခဲ့တယ်။ ဘုရားက ကျွန်မကို တကယ် အများကြီးပေးခဲ့တာပါ။ ဒါပေမဲ့ သူ့မေတ္တာကို ပြန်ဆပ်ဖို့နဲ့ ကျွန်မတာဝန်ကို အသိတရားရှိရှိ လက်တွေ့ကျတဲ့ သဘောထားနဲ့ စွဲစွဲမြဲမြဲလုပ်ဖို့ ကျွန်မ မတွေးခဲ့ဘူး။ ကျွန်မ တောင့်တသမျှကတော့ ကျွန်မကိုယ်ပိုင် ဂုဏ်သတင်းနဲ့ အဆင့်အတန်းဖြစ်ခဲ့ပြီး ဘုရားအပေါ် ကျွန်မ မရိုးသားမစစ်မှန်ခဲ့ဘူး။ ကျွန်မ တကယ်ကို အရမ်း ပုန်ကန်ခဲ့တာပဲ။ ကျွန်မ မနေနိုင်ဘဲ နောင်တမျက်ရည်တွေကျပြီး ဘုရားဆီ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကျွန်မ အရမ်းပုန်ကန်ခဲ့ပါတယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကျွန်မ အမြဲ လိုက်စားခဲ့ပြီး မှန်ကန်တဲ့ လမ်းကြောင်းကို မလျှောက်ရသေးပါဘူး။ ကိုယ်တော်ရဲ့ ရွေးချယ်မှုနဲ့ ကျွန်မ တကယ် မတန်ခဲ့ဘူး။ ဘုရားသခင်၊ ကျွန်မတာဝန်ကို အသိတရားရှိရှိ လက်တွေ့ကျတဲ့ သဘောထားနဲ့ လုပ်ပြီးတော့ ကိုယ်တော့်ကို မှန်မှန်ကန်ကန် ယုံကြည်ပြီး ကျိုးနွံနာခံဖို့ပဲ ကျွန်မလိုချင်ပါတယ်”လို့ပေါ့။ ဒီလောက် နားလည်သွားတဲ့အခါ၊ ကျွန်မ စိတ်ဓာတ်မကျတော့ဘူး။

အဲဒီအချိန်အတောအတွင်းမှာ၊ ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေနဲ့ မဆက်သွယ်နိုင်ခဲ့ဘူး။ ဒါကြောင့် နေ့တိုင်း ဘုရားဆီ ဆုတောင်းပြီး သူနဲ့ ပိုရင်းနှီးအောင်လုပ်တယ်၊ တရားဒေသနာတွေကို ရေးတာ လေ့ကျင့်ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေကို စွဲစွဲမြဲမြဲ ဖတ်ခဲ့တယ်။ တစ်ခါတလေ ကျွန်မ ကျန်းမာရေး နည်းနည်း ပိုဆိုးလာပြီး ကျွန်မရဲ့ အရိုးအဆစ်တွေ ကိုက်ခဲလွန်းလို့ နည်းနည်းပါးပါးတောင် မလှုပ်နိုင်ဘူး၊ မတ်တပ်တောင် မရပ်နိုင်ခဲ့ဘူး။ အမှုမဲ့အမှတ်မဲ့ဆိုသလို ကျွန်မ နည်းနည်း စိတ်ဖိစီးလာတယ်။ အထူးသဖြင့် ညီအစ်ကို မောင်နှမတွေ သီချင်းဆို၊ ကခုန်ပြီး ဘုရားကို ချီးမွမ်းကြတဲ့ ဗီဒီယိုတွေကို မြင်တဲ့အခါမှာပေါ့။ ကျွန်မက၊ “အဲဒီညီအစ်ကို မောင်နှမတွေက ကျန်းမာကြတယ်၊ သီချင်းဆို၊ ကခုန်ပြီး ဘုရားကို ချီးမွမ်းနိုင်ကြတယ်။ အဲဒါ ကောင်းလိုက်တာ။ ငါ့မှာတော့ မတ်တတ်တောင် မရပ်နိုင်ဘူး” လို့ တွေးပြီး အရမ်းကို အားကျမိတယ်။ ကျွန်မရဲ့ အခြေအနေ မမှန်တာကို ကျွန်မ သဘောပေါက်လိုက်ပြီး၊ ကျွန်မရဲ့ စိတ်နှလုံးကို ကွယ်ကာပေးဖို့ တောင်းလျှောက်ပြီး ဘုရားဆီ တိတ်တဆိတ် ဆုတောင်းခဲ့တယ်။ ဒီလိုပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မတွေးမိတယ်။ “လုပ်ငန်းဆောင်တာများသည် မတူပေ။ ကိုယ်တစ်ခုတည်းရှိ၏။ အသီးသီးက မိမိ၏ တာဝန်ကို လုပ်ဆောင်သည်၊ အသီးသီးက မိမိ၏ နေရာတွင်ရှိပြီး အကောင်းဆုံးလုပ်ဆောင်နေပြီး- မီးပွင့်တစ်ခုစီအတွက် ပြိုးပြိုးပြက်ပြက် အလင်းရောင်တစ်ခု ရှိသည်- အသက်တာ၌ ရင့်ကျက်မှုကို ရှာဖွေနေကြ၏။ ထိုသို့ဖြင့် ငါသည် စိတ်ကျေနပ်ခြင်း ရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၁)) ဘုရားက လူတစ်ဦးစီအတွက် မတူတဲ့တာဝန် စီစဉ်ပေးတယ်။ အဲဒီညီအစ်ကို မောင်နှမတွေက ဘုရားကို သီဆို၊ ကခုန်၊ ချီးမွမ်းကြပြီး၊ ကျွန်မက စာနဲ့ပတ်သက်တဲ့ တာဝန်တွေကို လုပ်ပြီး ဘုရားကို သက်သေခံတယ်။ တာဝန်တစ်ခုစီက သူ့လုပ်ငန်းဆောင်တာနဲ့သူ ရှိတယ်လေ။ ကိုယ့်တာဝန်တွေကို အစွမ်းကုန် လုပ်သရွေ့ ဘုရားက အသိအမှတ်ပြုမှာပဲ။ ဒါကို တွေးမိတဲ့နောက်မှာ၊ ကျွန်မ စိတ်နှလုံးက အများကြီး ပိုလွတ်မြောက်သွားတယ်။ ကျွန်မကံဆိုးတယ်လို့ မထင်တော့ဘူး။ ဘုရားရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကိုပဲ ကျိုးနွံနာခံချင်တယ်၊ သမ္မာတရားကို မှန်မှန်ကန်ကန် လိုက်စားပြီး ကျွန်မတာဝန်ကို ကောင်းကောင်း လုပ်ချင်တယ်။ ကျွန်မဟာ ကံဆိုးတယ်ဆိုတဲ့ ဒီလွဲမှားတဲ့အမြင်ကနေ ကျွန်မ ထွက်လာနိုင်တာက ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုသက်သက်ကြောင့်ပါပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အဆင့်အတန်း၏ အချုပ်အနှောင်များကို စွန့်ပစ်လိုက်ပြီးနောက်တွင် များစွာပို၍ ပေါ့ပါးသည်ကို ကျွန်တော် ခံစားရသည်

လျန်ကျီ၊ အန်းဟွေစီရင်စု ကျွန်တော့် နာမည် လျန်ကျီဖြစ်ပြီး နောက်ဆုံးသော ကာလ ဘုရားသခင်၏ ကယ်တင်ခြင်းကို လွန်ခဲ့သော ခြောက်နှစ်က ကျွန်တော်...

နောက်ဆုံးတွင် ကျွန်မ တာဝန်ကို မည်သို့ဖြည့်ဆည်းရမည်ကို ကျွန်မ သိပြီ

ရှင်းချန် အီတလီနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူသည် တဖြည်းဖြည်း ပြောင်းလဲသည်မှာ သူ၏တာဝန်ကို လုပ်ဆောင်ခြင်း...

မိမိတာဝန်တွင် မည်သို့ ပူးပေါင်းလုပ်ဆောင်ရမှန်း ကျွန်မ အခု သိပါပြီ

၂၀၁၉ နိုဝင်ဘာလတုန်းကပါ။ ကျွန်မက အစ်မကျိုးနဲ့အတူ ခေါင်းဆောင်ပိုင်းတာဝန်တွေ လုပ်နေတာ။ အလုပ်ကို ပိုကောင်းအောင်၊ ပိုပြီး ထိထိရောက်ရောက်...

ရိုးသားသောသူတစ်ယောက်ဖြစ်ဖို့ တိုက်ပွဲ

ဝေ့ကျွန်း တရုတ်နိုင်ငံလွန်ခဲ့သည့် သုံးလေးနှစ်က အသုံးအဆောင်ပစ္စည်း ပြုပြင်သည့် ဆိုင်တစ်ဆိုင် ဖွင့်ခဲ့ပါသည်။ သမ္မာအာဇီဝကျသည့် အလုပ်တစ်ခုကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။