ဧဝံဂေလိ ဖြန့်ဝေခြင်းက ကျွန်မရဲ့ ယိမ်းယိုင်ခြင်းမရှိတဲ့ တာဝန်ပါ

05.06.2024

ကျွန်မက ကျေးလက်ဒေသမှာ ညီအစ်ကိုမောင်နှမ ရှစ်ယောက်နဲ့အတူ ကြီးပြင်းခဲ့တာပါ။ ကျွန်မအမေရဲ့ ကျန်းမာရေးက မကောင်းဘူး။ သူက လမ်းမလျှောက်နိုင်ဘူး။ ကျွန်မအဖေကကျတော့ အိမ်ကို မစောင့်ရှောက်ဘူး။ ပိုက်ဆံလည်း လုံးဝ မရှာဘူး။ လယ်အလုပ်လုပ်ပြီးတော့ပဲ ကျွန်မတို့က ဝမ်းစာရှာလို့ရတယ်။ ကျွန်မတို့အနီးအနားက လူတိုင်းက ကျွန်မအမေနဲ့ အဖေကို အရည်အချင်းမရှိလို့ လှောင်ရယ်ကြတယ်။ ကျွန်မတို့ ဆွေမျိုးတွေကတောင်မှ ကျွန်မတို့ကို အထင်သေးပြီး ကျွန်မတို့နဲ့ တစ်ခုခုပတ်သက်ဖို့ လုံးဝ ငြင်းဆန်ကြတယ်။ အချိန်ကြာလာတော့ ကျွန်မက ဒီမိသားစုမှာ နေနေရတဲ့အတွက် လူမှုအဆင့်အတန်းက နိမ့်ပြီး အောက်ခြေလူတန်းစားတစ်ယောက်ပဲလို့ ကျွန်မ ခံစားရတယ်။ အပြင်ထွက်ရင်တောင် ကျွန်မက တခြားလူတွေနဲ့ အပြန်အလှန် စကားမပြောရဲဘူး။ ကျွန်မ အိမ်ထောင်ကျပြီးတော့ ကျွန်မ အမျိုးသားက သာမန်အလုပ်ကြမ်းသမားတစ်ယောက်ပဲ။ သူနဲ့ သက်တူရွယ်တူတွေအားလုံးက သူ့ထက်ပိုပြီး အလားအလာကောင်းတယ်။ သူတို့က ကျွန်မတို့ကို မြင်တိုင်း ဟိတ်ကြီးဟန်ကြီးနဲ့နေတယ်။ တစ်ခါတလေမှာ သူတို့က ကျွန်မတို့ကို ထေ့ငေါ့ပြီး စကားပြောတယ်။ ဒါမှမဟုတ် ဆူတောင်ဆူတယ်။ ကျွန်မအတွက်က တော်တော်ခက်ခဲပြီး ကိုယ့်ကိုယ်ကိုယ်လည်း အထင်သေးမိတယ်။ ပြောချင်တာက ဘုရားကို ကျွန်မ ယုံကြည်ပြီး ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တဲ့အချိန်ကျမှ ကျွန်မရဲ့ မှားနေတဲ့ အမြင်တွေကို သိမြင်လာပြီး ကျွန်မ စိတ်နှလုံးက လွတ်မြောက်သွားတယ်။

၂၀၂၁ ခုနှစ်မှာ ကျွန်မ စပြီးတော့ ဧဝံဂေလိ ဖြန့်ဝေတယ်။ နောက်ပိုင်းမှာ အထက်လူကြီးတွေ၊ ဒါမှမဟုတ် မန်နေဂျာတွေဖြစ်တဲ့ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိတဲ့သူတချို့ကို ကျွန်မ တွေ့တယ်။ သူတို့တွေအားလုံးက ဂုဏ်၊ အဆင့်အတန်းနည်းနည်းရှိကြတယ်။ ကျွန်မ စိတ်ကျဉ်းကျပ်သွားတာပေါ့။ ကျွန်မစဉ်းစားမိတယ်။ ငါ့မိသားစု အခြေအနေက ဆင်းရဲတယ်၊ ငါ့မှာ အသိပညာ၊ ဒါမှမဟုတ် ဂုဏ်မရှိဘူး၊ ဂုဏ်နဲ့ အဆင့်အတန်းမြင့်တဲ့ ဒီလူတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ငါ အဆင့်မမီဘူးလို့ပေါ့။ ဒါပေမဲ့ ဒါက ကျွန်မတာဝန်ဖြစ်တယ်၊ ရွှေ့ဆိုင်းလိုက်လို့မရဘူးဆိုတာ ကျွန်မ သဘောပေါက်ခဲ့တယ်။ အဲဒါနဲ့ ဘုရားကို ဆုတောင်းပြီး ကျွန်မ လုပ်ချင်စိတ်ရှိပါတယ်လို့ ပြောခဲ့တယ်။

တစ်ခါတော့ ကျွန်မက အမျိုးသမီး အထက်လူကြီးတစ်ယောက်ကို ဧဝံဂေလိ ဖြန့်ဖို့ ပြင်ဆင်နေတာ။ ကျွန်မက အလုပ်ကြမ်းသမားတစ်ယောက်ဖြစ်တာကို သူ သိသွားတော့ သူက ခပ်ပြတ်ပြတ် ငြင်းပြီး “သူ့ကို ဒီနေရာမလာစေနဲ့။ ငါက အဆင့်အတန်း၊ ဂုဏ်သိက္ခာရှိတဲ့လူတွေကိုပဲ တွေ့တာ” ဆိုပြီး ပြောတယ်။ ဒီစကားတွေကို ကျွန်မကြားတော့ ကျွန်မ တော်တော်အခံရခက်ပြီး “ငါ့ဂုဏ်နဲ့ အဆင့်အတန်းက နိမ့်ကျတယ်။ ငါက ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိတဲ့သူတစ်ယောက်ကိုတောင် တွေ့ဖို့ မထိုက်တန်ပါဘူး။ ဧဝံဂေလိကို ဘယ်လိုဖြန့်လို့ရမှာလဲ။ ငါသာ ဂုဏ်နဲ့ အဆင့်အတန်းနည်းနည်းရှိရင်၊ ငါ့မိသားစုနောက်ခံကသာ နည်းနည်းပိုကောင်းရင် တခြားလူတွေက ငါ့ကို ဒီလို အထင်သေးချင်မှ သေးမှာပေါ့” ဆိုပြီး တွေးမိတယ်။ ဒီလိုတွေးမိတော့ သူ့ကို ကျွန်မ ဧဝံဂေလိ ဖြန့်ဝေချင်စိတ် အရမ်းရှိမနေခဲ့ဘူး။ ကျွန်မ နေခဲ့ဖူးတဲ့နေရာကို ပြန်သွားချင်တယ်။ အဲဒီမှာရှိတဲ့လူတော်တော်များများက အပြင်မှာ အလုပ်လုပ်တဲ့ အလုပ်ကြမ်းသမားတွေပဲ။ သူတို့ဂုဏ်နဲ့ အဆင့်အတန်းက ကျွန်မနဲ့ အတူတူလောက်ပဲ။ သူတို့က ကျွန်မကို အထင်မသေးကြဘူး။ ကျွန်မ ခေါင်းဆောင်ကိုပြောလိုက်တယ်။ ဒီမှာ ဧဝံဂေလိ ဖြန့်ရတာ ခက်တယ်၊ ဒီကလူတွေက ငွေနဲ့ ဩဇာအရှိန်အဝါရှိတယ်၊ ကျွန်မကကျတော့ အပြင်မှာလုပ်တဲ့ အလုပ်ကြမ်းသမားတစ်ယောက်ပဲဆိုတော့ သူတို့နဲ့ ချိတ်ဆက်ဖို့က ကျွန်မအတွက် ခက်တယ်၊ ပြီးတော့ ကပ်ရောဂါကလည်း ဆိုးပြီး ကျွန်မ ပူးပေါင်းလုပ်ဖို့က မဖြစ်နိုင်ဘူး ပေါ့။ ခေါင်းဆောင်က သဘောတူတယ်။ ကျွန်မ ပြန်လာပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဘာမှ ဆင်ခြင်သုံးသပ်မကြည့်ခဲ့ဘူး။ ဒီတော့ ဒီကိစ္စက ပြီးမသွားဘဲရှိနေတာပေါ့။

၂၀၂၂ခုနှစ် နွေရာသီမှာ ရှင်းလင်းပစ်ခံခဲ့ရတဲ့သူတစ်ယောက်က ကျွန်မကို ဘာသာရေးဂိုဏ်းတစ်ခုဆီက ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိတဲ့သူတစ်ယောက် ပေးတယ်။ ရှင်းလင်းပစ်ခံခဲ့ရတဲ့သူကို ကျွန်မတွေ့တော့ ကျွန်မက သန့်စင်ခြင်းမခံရသေးဘဲ ကျွန်မအဝတ်အစားကလည်း ရိုးရှင်းတယ်လို့ သူက ထင်တယ်။ အဲဒါနဲ့ သူက ကျွန်မကို မေးတယ်။ “နင် ဧဝံဂေလိ ဖြန့်နိုင်လား။ ကျမ်းစာကို နားလည်လား” တဲ့။ အဲဒီတုန်းက ကျွန်မက သူပြောတာရဲ့ အဓိပ္ပာယ်ကို သဘောမပေါက်ဘူး။ အဲဒါနဲ့ ကျွန်မက သူ့ကို အမှန်အတိုင်း ပြောလိုက်တယ်။ “ကျွန်မက ဘာသာရေးသမားတွေကို ဧဝံဂေလိ ဖြန့်ခဲ့ပါတယ်။ ကျမ်းစာကိုလည်း နည်းနည်း နားလည်ပါတယ်”ပေါ့။ သူက ဆက်ပြောတယ်။ “ငါက နင့်ကို အထင်သေးတာမဟုတ်ပါဘူး။ ဧဝံဂေလိလက်ခံဖို့ အလားအလာရှိတဲ့သူက အထင်သေးတာပါ။ သူ့မိသားစုအခြေအနေက ကောင်းပြီးတော့ သူ့ဂုဏ်နဲ့ အဆင့်အတန်းက မြင့်တယ်” တဲ့။ အဲဒီတုန်းက ဒါကို ကျွန်မ တော်တော်အခံရခက်တယ်။ “ငါက သင့်တော်အောင်၊ ချောင်ချောင်ချိချိ ဝတ်ဆင်ထားတာပါ။ အဝတ်အကောင်းစားကိုပဲ မဝတ်ထားတာပါ။ ဒါကြောင့်မို့ သူက ငါ့ကို အထင်သေးတာ။ သူကသာ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသူဆိုရင် သူက ငါ့ကို သေချာပေါက် အထင်သေးမှာပဲ။ ငါ့ဂုဏ်နဲ့ အဆင့်အတန်းက အဆင့်မမီပါဘူး။ ဧဝံဂေလိ ဖြန့်ဝေဖို့ ခက်မှာပဲ” ဆိုပြီး တွေးမိတယ်။ ကျွန်မမှာ ကောင်းတဲ့နောက်ခံရှိရင် ကျွန်မရဲ့ ဂုဏ်နဲ့ အဆင့်အတန်းက နည်းနည်းပိုမြင့်ရင်၊ ငွေနဲ့ ဩဇာရှိရင် ဧဝံဂေလိ ဖြန့်ဝေတာက သေချာပေါက် ဒီလောက်ခက်မှာမဟုတ်ဘူး ပေါ့။ ကျွန်မက တော်တော်လေး စိတ်ဓာတ်ကျနေတယ်။ အဲဒါနဲ့ ဘုရားကို ဆုတောင်းရှာဖွေပြီး ကျွန်မ သင်ခန်းစာယူနိုင်အောင် ကျွန်မကို လမ်းပြဖို့ ဘုရားကို တောင်းလျှောက်တယ်။ ရှာဖွေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ “လူတစ်ဦးသည် ဧဝံဂေလိဖြန့်ဝေနေစဉ် ထိုသို့သော လှောင်ပြောင်သရော်မှု၊ ပြက်ရယ်ပြုခြင်း၊ အထင်သေးသည့် အကြည့်များနှင့် အသရေဖျက်ခြင်းတို့ကို မကြာခဏ ကြုံတွေ့ရမည် သို့မဟုတ် သူ့ကိုယ်သူ အန္တရာယ်ရှိသော အခြေအနေများထဲ၌ပင် မိမိကိုယ်ကို တွေ့ရလိမ့်မည်။ သာဓကအားဖြင့် ညီအစ်ကို မောင်နှမအချို့သည် ဆိုးယုတ်သောလူတို့၏ လူသိရှင်ကြား စွပ်စွဲရှုတ်ချခြင်း သို့မဟုတ် အဓမ္မခေါ်ဆောင်သွားခြင်း ခံရပြီး အခြားသူများမှာမူ ရဲများထံ အတိုင်ခံရကာ ထိုသူတို့မှာ အစိုးရထံ လွှဲပြောင်းအပ်နှံခြင်းခံရလေသည်။ အချို့မှာ အဖမ်းခံရပြီး အကျဉ်းချခံရစဉ် အခြားသူများမှာ သေသည်အထိပင် အရိုက်ခံရကောင်း ခံရမည်ဖြစ်သည်။ ဤအရာအားလုံးမှာ ဖြစ်ပျက်နေသော အရာများပင်ဖြစ်၏။ သို့သော် ယခုအခါတွင် ဤအရာများအကြောင်းကို ငါတို့ သိလာသဖြင့် ဧဝံဂေလိဖြန့်ဝေခြင်းအလုပ်အပေါ် ငါတို့၏ သဘောထားကို ပြောင်းသင့်သလော။ (မပြောင်းသင့်ပါ။) ဧဝံဂေလိဖြန့်ဝေခြင်းသည် လူတိုင်း၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ မည်သည့်အချိန်၌မဆို၊ ငါတို့ကြားသည့်အရာ၊ သို့မဟုတ် မြင်သည့်အရာက မည်သည့်အရာဖြစ်စေ၊ သို့မဟုတ် မည်သည့်ဆက်ဆံမှုမျိုးကို ငါတို့ကြုံတွေ့သည်ဖြစ်စေ ဧဝံဂေလိဖြန့်ဝေခြင်း ဟူသည့် ဤတာဝန်ကို ငါတို့ အမြဲတမ်း ထိန်းသိမ်းရမည်။ မည်သည့်အခြေအနေ၌ဖြစ်စေ ငါတို့သည် အပျက်သဘောဆောင်ခြင်း သို့မဟုတ် အားနည်းချက်ကြောင့် ဤတာဝန်ကို စွန့်လွှတ်၍မရပေ။ ဧဝံဂေလိဖြန့်ဝေရမည့် တာဝန်သည် ချောမွေ့သောခရီး မဟုတ်ဘဲ အန္တရာယ်နှင့် အတိပြီး၏။ သင်တို့သည် ဧဝံဂေလိဖြန့်ဝေသောအခါ ကောင်းကင်တမန်များ၊ သို့မဟုတ် ဂြိုဟ်သားများ၊ သို့မဟုတ် စက်ရုပ်များကို ရင်ဆိုင်ရမည် မဟုတ်ပေ။ သင်တို့သည် ဆိုးယုတ်ပြီး ဖောက်ပြန်ပျက်စီးသော လူသားများ၊ အသက်ရှိသော နတ်ဆိုးများ၊ လူ့တိရစ္ဆာန်များကိုသာ ရင်ဆိုင်ရမည်ဖြစ်ပြီး ၎င်းတို့အားလုံးသည် ဆိုးယုတ်သော ဤနေရာ၊ ဆိုးယုတ်သော ဤကမ္ဘာ၌ ရှင်သန်နေသည့်၊ စာတန်၏ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးခြင်းကို ခံထားရသော လူသားများဖြစ်ကြပြီး ဘုရားသခင်ကို ခုခံကြသည်။ ထို့ကြောင့် ဧဝံဂေလိဖြန့်ဝေခြင်း လုပ်ငန်းစဉ်၌ တွေ့နေကျ ဖြစ်စဉ်များဖြစ်သည့် အသေးအဖွဲမျှသော အသရေဖျက်မှု၊ အထင်သေးသည့် အကြည့်များနှင့် နားလည်မှုလွဲမှားခြင်းများကို မဆိုနှင့်၊ အန္တရာယ်မျိုးပေါင်းစုံ ရှိနေသည်မှာ အသေအချာပင် ဖြစ်သည်။ အကယ်၍ သင်သည် ဧဝံဂေလိဖြန့်ဝေခြင်းကို တာဝန်တစ်ခုအဖြစ်၊ ဝတ္တရားတစ်ခုအဖြစ်သာမက သင်၏တာဝန်အဖြစ် အမှန်တကယ် သဘောထားပါက သင်သည် ဤအရာများကို မှန်ကန်စွာ သဘောထားနိုင်ပြီး ယင်းတို့ကို မှန်ကန်စွာပင် ကိုင်တွယ်နိုင်မည် ဖြစ်သည်။ သင်သည် တာဝန်နှင့် ဝတ္တရားကို စွန့်လွှတ်မည် မဟုတ်သကဲ့သို့ သင်သည် ဤအရာများကြောင့် ဧဝံဂေလိဖြန့်ဝေပြီး ဘုရားသခင်အား သက်သေခံမည့် သင်၏ နဂိုမူလ ရည်ရွယ်ချက်မှ လမ်းလွဲသွားမည် မဟုတ်သည့်အပြင် ဤသည်မှာ သင့်တာဝန်ဖြစ်သည့်အတွက် ဤတာဝန်ကို မည်သည့်အခါမျှ ဘေးဖယ်ထားမည် မဟုတ်ပေ။ ဤတာဝန်ကို မည်ကဲ့သို့ နားလည်သင့်သနည်း။ ယင်းသည် လူ့ဘဝ၏ တန်ဖိုးနှင့် အခြေခံဝတ္တရား ဖြစ်၏။ နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် သတင်းကောင်းနှင့် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် ဧဝံဂေလိတရားအား ဖြန့်ဝေခြင်းသည် လူ့ဘဝ၏တန်ဖိုးပင် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ကျင့်ဝတ်သိက္ခာအရ ယုံကြည်သူများအားလုံး မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုဖြစ်သည်) ဘုရားနှုတ်ကပတ်တော်က ကျွန်မတို့ကို ပြောတာက ဧဝံဂေလိ ဖြန့်ဝေတဲ့ လမ်းကြောင်းမှာ သရော်တာ၊ လှောင်တာ၊ ပြောင်တာ၊ အရှက်ခွဲတာတွေခံရတာက သာမန်ပဲ။ ဘာကြောင့်လဲဆိုရင် ဧဝံဂေလိ ဖြန့်ဝေရင်းနဲ့ ကျွန်မတို့ ရင်ဆိုင်ရတဲ့သူတွေအားလုံးက စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေခြင်းခံထားရတဲ့ လူသားတွေဖြစ်လို့ပဲ။ ဒါပေမဲ့ ဘယ်လိုအခြေအနေ၊ အခက်အခဲတွေကို ကြုံရပါစေ ကျွန်မတို့က ဧဝံဂေလိ ဖြန့်ဝေဖို့အတွက် ဒီတာဝန်ကို ထိန်းသိမ်းထားရမယ်။ အရင်တုန်းက ကျွန်မက ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိတဲ့သူက ကျွန်မကို မတွေ့ချင်ဘူးဆိုတာကို သိသွားတော့ ကျွန်မရဲ့ ဂုဏ်နဲ့ အဆင့်အတန်းက သူ့ကို လိုက်မမီတဲ့အတွက်၊ ပြီးတော့ သူက ကျွန်မကို အထင်သေးပြီး အရှက်ရအောင်လုပ်မှာဖြစ်တဲ့အတွက် ကျွန်မ သူ့ကို ဧဝံဂေလိ မဖြန့်တာကောင်းမယ်၊ ဒါဆိုရင် အရှက်မရတော့ဘူးဆိုပြီး ခံစားမိတယ်။ ဒီနေ့နဲ့ အတူတူပဲ။ ကျွန်မ အဝတ်အစားတွေက သာမန်ပဲ။ ကျွန်မမှာ ဘာဂုဏ်၊ ဘာအဆင့်အတန်းမှ မရှိဘူး။ တခြားလူတွေက ကျွန်မကို အထင်သေးကြတယ်။ ပြီးတော့ ကျွန်မက ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိတဲ့သူကို ဧဝံဂေလိ ဖြန့်ရင် သူက ကျွန်မကို အထင်သေးပြီး အရှက်ရအောင် လုပ်မှာပဲလို့ ခံစားမိတယ်။ အဲဒါနဲ့ ကျွန်မသိက္ခာနဲ့ မာနက မကောင်းတဲ့ဘက်ကနေ ထိခိုက်နိုင်တာကို ကြောက်ပြီး စပြီး နောက်ဆုတ်လိုက်တယ်။ ကျွန်မရဲ့ ဆင်းရဲတဲ့နောက်ခံကို အပြစ်ဖို့လိုက်တယ်။ ဒါက အချည်းနှီးဖြစ်တယ်ဆိုတာ ပြဿနာဖြစ်အောင်လုပ်နေတာက ဂုဏ်သတင်းနဲ့ အဆင့်အတန်းလိုချင်တဲ့ ကျွန်မရဲ့ ဆန္ဒပဲဆိုတာ ကျွန်မ သဘောမပေါက်ခဲ့ဘူး။ ဧဝံဂေလိ ဖြန့်ဝေတာကြောင့် စာတန်ဆန်တဲ့ အစိုးရက ဖမ်းဆီးတာ၊ နှိပ်စက်တာခံရတဲ့ အဲဒီ ညီအစ်ကိုမောင်နှမတွေအကြောင်းကို ကျွန်မ တွေးမိတယ်။ သူတို့တွေက ဆင်းရဲဒုက္ခတွေအများကြီးကို တောင့်ခံရတယ်။ တချို့ဆိုရင် အသက်တောင် ဆုံးရှုံးလုနီးပါးပဲ။ ဒါပေမဲ့ သူတို့က ဘုရားကို အမှီပြုနိုင်ပြီး သူတို့ရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာရပ်တည်နိုင်တယ်။ သူတို့တွေ ထောင်ကထွက်လာတော့ ဧဝံဂေလိ ဖြန့်ပြီး ဘုရားကို သက်သေခံတုန်းပဲ။ သူတို့နဲ့ ယှဉ်ကြည့်ရင် ကျွန်မ ဆင်းရဲဒုက္ခတွေက ဘာမှမဟုတ်ဘူး။ ကျွန်မက နည်းနည်းလောက် သိက္ခာကျသွားတာနဲ့ ဧဝံဂေလိ ဖြန့်ချင်စိတ်မရှိတော့ဘူး။ ကျွန်မက ကိုယ့်တာဝန်ကို ရိုးရိုးသားသား လုပ်နေတာမဟုတ်ဘူး၊ ကျွန်မမှာ သက်သေခံချက် လုံးဝမရှိဘူးဆိုတာ သိလိုက်ရတယ်။ ဘုရားသခင်က သူ့ကို ရိုးသားစွာယုံကြည်ပြီး သူ့ရဲ့ ပေါ်ထွန်းမှုကို ရှာဖွေတဲ့သူတွေကို ကယ်တင်ဖို့ နောက်ဆုံးသောကာလမှာ သူ့အမှုတော်ကာလအတွင်းမှာ နှုတ်ကပတ်တော်ကို သန်းနဲ့ချီပြီး ဖော်ပြပြီးပြီ။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်မက ဘုရားအလိုတော်ကို ထောက်ထားသင့်ပြီး ဧဝံဂေလိ ဖြန့်ဝေသင့်တယ်။ ဘုရားအတွက် သက်သေခံသင့်တယ်။ လူတွေကို ဘုရားအသံတော်ကြားခွင့်ပေးပြီး ဘုရားရဲ့ ပေါ်ထွန်းမှုကို မြင်ခွင့်ပေးသင့်တယ်။ ဒါက တရားအမျှတဆုံးအရာဖြစ်ပြီး ကျွန်မရဲ့ တာဝန်နဲ့ ဝတ္တရားပဲ။ ကျွန်မတို့က ဒီအချိန်ကာလအတွင်းမှာ ဆင်းရဲဒုက္ခတချို့ကို ခံရပြီး အရှက်ရနိုင်ပေမဲ့ ဒါတွေအားလုံးက တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတယ်။ အခု ဘုရားအလိုတော်ကို ကျွန်မ နားလည်သွားပြီဆိုတော့ လွတ်မြောက်ချင်စိတ်၊ နောက်ဆုတ်ချင်စိတ်မရှိတော့ဘူး။ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိတဲ့သူက ကျွန်မကို ဘယ်လိုပဲ အထင်သေးပါစေ၊ အရှက်ရအောင် လုပ်ပါစေ ကျွန်မရဲ့ ကိုယ်ပိုင်သိက္ခာကို လက်လွှတ်ပြီး တာဝန်ကို ဖြည့်ဆည်းသင့်တယ်။ တစ်ချိန်တည်းမှာပဲ လူသားမျိုးနွယ်က စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးတဲ့နောက်မှာ သူတို့က လူတစ်ယောက်ရဲ့ အပြင်ပန်းကိုပဲ၊ ဂုဏ်နဲ့ အဆင့်အတန်းရှိမရှိကိုပဲ ကြည့်တယ်၊ ရှိတယ်ဆိုရင် လူတွေက သူ့ကို အထင်ကြီးလေးစားကြတယ်၊ ဒါပေမဲ့ ဂုဏ်နဲ့ အဆင့်အတန်း၊ ငွေနဲ့ ဩဇာမရှိရင် သူတို့က အထင်သေးခံရတယ်ဆိုတာကိုလည်း ကျွန်မ သဘောပေါက်သွားတယ်။ ဒါတွေအားလုံးက စာတန်က လူသားမျိုးနွယ်ကို ဖျက်ဆီးခြင်းကြောင့် ဖြစ်တာပါ။ ရှင်းလင်းပစ်ခံခဲ့ရတဲ့သူနဲ့ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိတဲ့သူက ကျွန်မရဲ့ ဂုဏ်နဲ့ အဆင့်အတန်းကြောင့် ကျွန်မကို အထင်သေးကြတာပဲ။ ဒါက သာမန်ပဲ။ ဒါကို ကျွန်မ သဘောပေါက်တော့ ကျွန်မရဲ့ အခြေအနေက တစ်မျိုးပြောင်းသွားတယ်။ နောက်ပိုင်းမှာ ရှင်းလင်းပစ်ခံရတဲ့သူနဲ့ ကျွန်မ ထပ်ဆက်သွယ်ပြီးတော့ သူကလည်း ပူးပေါင်းလုပ်ချင်စိတ်ရှိတယ်။ ကျွန်မ သူနဲ့ ဆက်သွယ်ခဲ့ပြီး သူ့မှာ တော်တော်အဓိပ္ပာယ်မရှိတဲ့ နားလည်မှုတွေရှိတယ်၊ အထူးသဖြင့် သူ့ကိုယ်ပိုင်အယူအဆတွေ၊ စိတ်ကူးတွေကို ဖက်တွယ်ထားတယ်ဆိုတာ ကျွန်မ တွေ့လိုက်ရတယ်။ ကျွန်မတို့ လက်လျှော့လိုက်ရတယ်။ ဒါပေမဲ့ ဒီအခြေအနေတွေကတစ်ဆင့် ကျွန်မ အသိပညာနည်းနည်းရသွားတယ်။ ဒါက ဘုရားရဲ့ ချစ်ခြင်းပဲ။

နောက်တော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်ပြီး ကျွန်မကိုယ်ပိုင်အခြေအနေနဲ့ပတ်သက်တဲ့ အသိပညာနည်းနည်း ရသွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်၏ ပင်ကိုလက္ခဏာ၊ သို့မဟုတ် အဆင့်အတန်းသည် မည်သို့ပင်ဖြစ်စေ ဘုရားသခင်က ကြိုတင်စီမံထားခြင်းဖြစ်သည်။ ဘုရားသခင်က သင့်အတွက် မည်သို့သော မိသားစု၊ သို့မဟုတ် မိသားစုနောက်ခံမျိုးကို ကြိုတင်စီမံထားပါစေ ယင်းထံမှ သင်အမွေဆက်ခံသည့် ပင်ကိုလက္ခဏာသည် ရှက်ဖွယ်ကောင်းခြင်း မဟုတ်သကဲ့သို့ ဂုဏ်ယူဖွယ်ရှိခြင်းလည်း မဟုတ်ပေ။ သင်၏ ပင်ကိုလက္ခဏာအား သင်သဘောထားသည့် ပုံစံအတွက် စည်းမျဉ်းကို ဂုဏ်နှင့် အရှက်၏ စည်းမျဉ်းအပေါ် အခြေမခံသင့်ပေ။ ဘုရားသခင်က သင့်အား မည်သို့သော မိသားစုမျိုးထဲ ထည့်ပေးသည်ဖြစ်စေ၊ သင့်အား မည်သို့သောမိသားစုမျိုးမှ လာစေသည်ဖြစ်စေ သင်သည် ဘုရားရှေ့တွင် ပင်ကိုလက္ခဏာတစ်ခုသာရှိသည်။ ယင်းမှာ ဖန်ဆင်းခံတစ်ယောက်၏ ပင်ကိုလက္ခဏာ ဖြစ်သည်။ ဘုရားရှေ့တွင် သင်သည် ဖန်ဆင်းခံတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အမြင်တွင် သင်သည် လူ့အဖွဲ့အစည်း၌ မတူညီသော ပင်ကိုလက္ခဏာနှင့် လူမှုအဆင့်အတန်းရှိသော မည်သူမဆိုနှင့် ညီမျှသည်။ သင်တို့အားလုံးသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင်များဖြစ်ပြီး သင်တို့အားလုံးသည် ဘုရားသခင် ကယ်တင်လိုသောသူများ ဖြစ်သည်။ ပြီးလျှင် ဘုရားရှေ့တွင် သင်တို့အားလုံးသည် ဖန်ဆင်းခံများအနေဖြင့် သင်တို့၏ တာဝန်များကို ထမ်းဆောင်ရန် တူညီသောအခွင့်အလမ်း ရှိသည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ပြင် သင်တို့အားလုံးသည် သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းကိုရယူရန် တူညီသော အခွင့်အလမ်းရှိသည်။ ဤအဆင့်တွင် ဘုရားသခင်က သင့်အားပေးအပ်သည့် ဖန်ဆင်းခံ၏ ပင်ကိုလက္ခဏာအရ သင်၏ ပင်ကိုလက္ခဏာကို အထင်မကြီးသင့်သကဲ့သို့ အထင်လည်း မသေးသင့်ပေ။ ထိုအစား သင်သည် ဘုရားသခင်ထံမှလာသော ဖန်ဆင်းခံတစ်ဦး၏ ပင်ကိုလက္ခဏာဖြစ်သည့် သင်၏ ပင်ကိုလက္ခဏာကို မှန်ကန်စွာ သဘောထားသင့်သည်။ ပြီးလျှင် မည်သူနှင့်မဆို တန်းတူညီစွာ သဟဇာတဖြစ်စွာဖြင့် အဆင်ပြေနိုင်ပြီး ဘုရားသခင်က လူတို့ကို သွန်သင်ပြီး ဆိုဆုံးမသည့် စည်းမျဉ်းများနှင့်အညီ အဆင်ပြေစွာ ဆက်ဆံနိုင်သင့်သည်။ အခြားလူများ၏ လူမှုအဆင့်အတန်း၊ သို့မဟုတ် လူမှုပင်ကိုလက္ခဏာက မည်သို့ဖြစ်စေ၊ သင်၏ ကိုယ်ပိုင်လူမှုအဆင့်အတန်း၊ သို့မဟုတ် လူမှုပင်ကိုလက္ခဏာက မည်သို့ဖြစ်စေ ဘုရားအိမ်တော်သို့ လာပြီး ဘုရားရှေ့သို့ လာသူမည်သူမဆိုသည် ပင်ကိုလက္ခဏာတစ်ခုသာရှိသည်။ ယင်းမှာ ဖန်ဆင်းခံတစ်ယောက်၏ ပင်ကိုလက္ခဏာဖြစ်သည်။ ထို့ကြောင့် နိမ့်ကျသော လူမှုအဆင့်အတန်းနှင့် ပင်ကိုလက္ခဏာ ရှိသူတို့သည် နိမ့်ကျသည်ဟု မခံစားရသင့်ပေ။ သင့်တွင် ပင်ကိုစွမ်းရည်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင်၏ အစွမ်းအစက မည်မျှမြင့်မားသည်ဖြစ်စေ၊ သင့်၌ အရည်အချင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင်၏ လူမှုအဆင့်အတန်းကို လက်လွှတ်သင့်သည်။ လူတို့အား ၎င်းတို့၏ မိသားစုနောက်ခံနှင့် မိသားစုသမိုင်းကို အခြေခံပြီး ၎င်းတို့အား ဂုဏ်ရှိသည်၊ သို့မဟုတ် နိမ့်ကျသည်ဟု အဆင့်အတန်းခွဲပြီး အုပ်စုခွဲသည့်၊ သို့မဟုတ် အမျိုးအစားခွဲသည့် အယူအဆ၊ သို့မဟုတ် အမြင်များကိုလည်း သင် လက်လွှတ်သင့်သည်။ သင်၏ ကိုယ်ပိုင်နိမ့်ကျသော လူမှုပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကြောင့် နိမ့်ကျခြင်းကို မခံစားရသင့်ပေ။ သင့်မိသားစုနောက်ခံသည် အလွန်အစွမ်းထက်ခြင်းနှင့် အံ့မခန်းဖြစ်ခြင်း မရှိသော်လည်း၊ သင်အမွေဆက်ခံခဲ့သော အဆင့်အတန်းက နိမ့်ကျသော်လည်း ဘုရားသခင်က သင့်အား စွန့်ပစ်ခြင်းမရှိသည်ကို သင် ဝမ်းမြောက်သင့်သည်။ ဘုရားသခင်သည် နိမ့်ကျသောလူတို့အား နွားချေးနှင့် ဖုန်သဲတို့ထံမှ မြှင့်တင်ပေးသည်။ ပြီးလျှင် အခြားလူများနှင့် တစ်ပုံစံတည်းဖြစ်သော ဖန်ဆင်းခံတစ်ဦး ပင်ကိုလက္ခဏာကို သင့်အား ပေးသည်။ ဘုရားအိမ်တော်နှင့် ဘုရားရှေ့တွင် သင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းသည် ဘုရားသခင် ရွေးချယ်ခြင်းခံရသော အခြားသော လူများအားလုံးနှင့် တန်းတူညီမျှသည်။ သင်သည် ဤအရာကို သဘောပေါက်သည်နှင့် သင်၏ နိမ့်ကျမှု အစွဲအလမ်းကို လက်လွှတ်သင့်ပြီး ယင်းအား ဖက်တွယ်ထားခြင်းကို ရပ်တန့်သင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၃)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတော့ ကျွန်မ တော်တော်တို့ထိခြင်းခံရတယ်။ အရင်တုန်းက ကျွန်မက လူမှုအဆင့်အတန်းနဲ့ ကောင်းတဲ့မိသားစုအခြေအနေတွေရှိတဲ့သူတွေမှာ မြင့်မြတ်တဲ့ အဆင့်အတန်းရှိတယ်၊ သူတို့က အထက်တန်းစားလူတွေထဲမှာပါတယ်၊ ဂုဏ်နဲ့ အဆင့်အတန်းမရှိတဲ့သူတွေက ယုတ်ညံ့ပြီး အဆင့်နိမ့်တယ်လို့ ထင်ခဲ့တာ။ ဒီအမြင်က သမ္မာတရားနဲ့ မညီဘူး။ ကျွန်မ ငယ်ငယ်ကတည်းက ကျွန်မမိသားစု အခြေအနေတွေက ဆင်းရဲတယ်။ ကျွန်မမှာ ကောင်းတဲ့ပညာရေးမရှိဘူး၊ ဘာကျွမ်းကျင်မှုကိုမှ မသင်ယူခဲ့ဘူး။ ကျွန်မရဲ့ ကလေးဘဝ၊ လူကြီးဘဝတစ်လျှောက်မှာ သူများတွေက အထင်သေးတာကို ခံခဲ့ရတယ်။ အိမ်ထောင်ကျပြီးတော့ ကျွန်မ အမျိုးသားကလည်း ဆင်းရဲပြီး ဘာလူမှုအဆင့်အတန်းမှ မရှိတော့ ကျွန်မရဲ့ ဂုဏ်နဲ့ အဆင့်အတန်းက နိမ့်လွန်းတယ်လို့ ခံစားရပြီး အရမ်းကို နိမ့်ကျတယ်လို့ ခံစားမိတယ်။ ပြီးတော့ ဂုဏ်နဲ့ အဆင့်အတန်းရှိတဲ့သူတွေကို ကျွန်မ တော်တော်လေးအားကျပြီး ကြည်ညိုလေးစားတယ်။ ဘုရားသခင်ကို ကျွန်မ ယုံကြည်ပြီးတဲ့နောက်မှာ ကျွန်မက အလုပ်ကြမ်းသမားတစ်ယောက်ဖြစ်တာကြောင့် ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိတဲ့သူက ကျွန်မကို ဧဝံဂေလိ ဖြန့်ခွင့်မပေးဘူး။ အဲဒါကြောင့် ကျွန်မ ပိုပြီးတော့တောင် စိတ်ကျဉ်းကျပ်သွားတယ်။ ကျွန်မနောက်ခံက ဆင်းရဲတယ်၊ ကျွန်မ အဆင့်အတန်းက နိမ့်ကျတယ်၊ သူများတွေက အရှက်ရအောင် လုပ်တာပဲ ခံရမယ်၊ ပြီးတော့ ဧဝံဂေလိ ဖြန့်ဖို့ ခက်မယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ဒါကြောင့် ကျွန်မက လွတ်မြောက်ပြီး နုတ်ထွက်ဖို့ ဆန္ဒရှိခဲ့တယ်။ တကယ်တော့ ဘုရားရဲ့ အမြင်မှာ လူတိုင်းက ဖန်ဆင်းခံပဲ။ လူတိုင်းမှာ တူညီတဲ့ ဂုဏ်နဲ့ အဆင့်အတန်းရှိတယ်။ အမြင့်နဲ့ အနိမ့်ကြား ခြားနားမှုမရှိဘူး။ လူသားတွေက မိသားစုနောက်ခံနဲ့ လူမှုအဆင့်အတန်းကို အခြေခံပြီး သူတို့ကိုယ်သူတို့ မတူတဲ့ အတန်းအစားတွေမှာ ထားကြတာ။ ဒါပေမဲ့ ဘုရားက လူတိုင်းကို မျှမျှတတ ဆက်ဆံတယ်။ လူတွေက သူတို့ကို ဘုရားသခင် ကယ်တင်ဖို့အတွက် သမ္မာတရားကို လက်ခံဖို့ပဲ လိုအပ်တယ်။ ကျွန်မက ဖန်ဆင်းခံတစ်ယောက်ပဲ။ ဒါကြောင့် ကျွန်မတာဝန်ကို ဖြည့်ဆည်းသင့်တယ်။ ဂုဏ်နဲ့ အဆင့်အတန်းကြောင့် စိတ်မကျဉ်းကျပ်သင့်ဘူး။

နောက်တော့ ညီအစ်ကိုတစ်ယောက်က ကျွန်မကို ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ပြတယ်။ ကျွန်မလည်း အဲဒီဟာကြောင့် တော်တော်လေး တို့ထိခြင်းခံခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “စဉ်းစားကြည့်ပါ။ လူသား၏တန်ဖိုး၊ လူမှုရေးအဆင့်အတန်းနှင့် မိသားစုနောက်ကြောင်းရာဇဝင်တို့ကို သင်တို့ မည်ကဲ့သို့ ချဉ်းကပ်သင့်သနည်း။ သင့်တွင် ရှိသင့်သောမှန်ကန်သည့်သဘောထားမှာ အဘယ်နည်း။ ပထမဦးစွာ ဤကိစ္စနှင့်ပတ်သက်၍ ဘုရားသခင်က မည်သို့ ချဉ်းကပ်သည်ကို သူ၏နှုတ်ကပတ်တော်များမှ သင်မြင်သင့်သည်။ ဤနည်းလမ်းအားဖြင့်သာ သမ္မာတရားကို သင်နားလည်လာလိမ့်မည်ဖြစ်ပြီး သမ္မာတရားကို ဆန့်ကျင်သည့်မည်သည့်အရာကိုမဆို မလုပ်တော့မည်ဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင်က တစ်စုံတစ်ယောက်၏မိသားစုနောက်ကြောင်းရာဇဝင်၊ လူမှုရေးအဆင့်အတန်း၊ သူရရှိထားသည့်ပညာရေးနှင့် လူ့အသိုင်းအဝိုင်းတွင် ပိုင်ဆိုင်သည့်ချမ်းသာကြွယ်ဝမှုတို့ကို မည်သို့သဘောထားသနည်း။ အကယ်၍ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များအပေါ် အခြေခံ၍ ကိစ္စများကို မရှုမြင်ပါက၊ ဘုရားသခင်၏ဘက်တွင် မရပ်တည်နိုင်ဘဲ ဘုရားသခင်ထံမှအရာများကို လက်မခံနိုင်ပါက၊ ထိုအခါတွင် ကိစ္စများကို သင်မြင်သည့်နည်းလမ်းသည် ဘုရားသခင်ရည်ရွယ်ထားသည့်အရာမှ အသေအချာပင် လုံးဝ ကွဲပြားခြားနားနေလိမ့်မည်။ အကယ်၍ ကွဲပြားခြားနားမှုများများစားစား မရှိဘဲ ကွာဟချက်အနည်းငယ်မျှသာရှိပါက၊ ထိုအခါတွင် ယင်းသည် ပြဿနာတခု မဟုတ်ချေ။ အကယ်၍ ကိစ္စများကို သင်မြင်သည့်နည်းလမ်းသည် ဘုရားသခင်ရည်ရွယ်ထားသည့်အရာနှင့် လုံးဝ ဆန့်ကျင်နေပါက၊ ထိုအခါတွင် ၎င်းသည် သမ္မာတရားနှင့် သဘောကွဲလွဲနေသည်။ ဘုရားသခင်နှင့်စပ်လျဉ်း၍မူ လူများအား မည်သည်ကို သူပေးသည်နှင့် မည်မျှများများ သူပေးသည်ဆိုသည်တို့မှာ သူ့အပေါ်တွင် မူတည်သည်။ ထို့အပြင် လူ့အသိုင်းအဝိုင်းအတွင်း၌ လူများတွင် ရှိကြသည့်အဆင့်အတန်းမှာလည်း ဘုရားသခင်က စီမံပေးထားခြင်းဖြစ်ပြီး လူများက သူတို့ကိုယ်တိုင် အခက်အခဲကြားမှ ကြံဖန်ကြိုးစားခြင်း လုံးဝ မဟုတ်ပါ။ အကယ်၍ ဘုရားသခင်က တစ်စုံတစ်ယောက်အား နာကျင်မှုနှင့် ဆင်းရဲခေါင်းပါးမှုတို့ကို ခံစားစေပါက ယင်းက သူတို့တွင် ကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက်မရှိဟု ဆိုလိုသလော။ အကယ်၍ သူတို့သည် အဖိုးတန်မှုနည်းပါးပြီး လူမှုအသိုင်းအဝိုင်းရှိ ရာထူးဂုဏ်သိန် နိမ့်ပါးပါက ဘုရားသခင်က သူတို့ကိုကယ်တင်ခြင်းမရှိမည်လော။ အကယ်၍ သူတို့တွင် လူ့အသိုင်းအဝိုင်း၌ နိမ့်ပါးသောအဆင့်အတန်းတခုရှိပါက ထိုအခါတွင် ဘုရားသခင်၏အမြင်တွင် သူတို့သည် အဆင့်အတန်းနိမ့်ပါးနေသလော။ သေချာပေါက် မဟုတ်ပါ။ ဤသည်က မည်သည့်အပေါ် မူတည်သနည်း။ ဤလူလျှောက်သောလမ်းကြောင်း၊ သူလိုက်စားသည့်အရာနှင့် သမ္မာတရားနှင့် ဘုရားသခင်အပေါ်ထားသောသူ၏သဘောထားတို့အပေါ်တွင် မူတည်ပါသည်။ အကယ်၍ တစ်စုံတစ်ယောက်၏လူမှုရေးအဆင့်အတန်းက အလွန်နိမ့်ပါးခြင်း၊ သူ၏မိသားစုသည် အလွန်ဆင်းရဲသည့်အပြင် သူ့တွင် နိမ့်ပါးသည့်ပညာရေးအဆင့်အတန်းတခုရှိခြင်းတို့ ရှိသည့်တိုင် သူသည် လက်တွေ့ဘဝနှင့် နီးစပ်သည့်အပြုအမူဖြင့် ဘုရားသခင်အပေါ် ယုံကြည်သည့်အပြင် သမ္မာတရားနှင့် အပြုသဘောဆောင်သည့်အရာများကို ချစ်ပါက ထိုအခါတွင် ဘုရားသခင်၏အမြင်တွင် သူသည် အဖိုးတန်မှု မြင့်သလော သို့မဟုတ် နိမ့်သလော၊ သူသည် အဖိုးထိုက်တန်သလော သို့မဟုတ် တန်ဖိုးရှိသလော၊ တန်ဖိုးမဲ့သလော။ သူသည် အဖိုးထိုက်တန်ပါသည်။ ဤရှုထောင့်အမြင်မှ ကြည့်ပါက တစုံတယောက်၏အဖိုးထိုက်တန်မှုသည် မြင့်သည်ဖြစ်စေ သို့မဟုတ် နိမ့်သည်ဖြစ်စေ၊ မြင့်မြတ်သည်ဖြစ်စေ သို့မဟုတ် နိမ့်ပါးသည်ဖြစ်စေ မည်သည့်အပေါ်တွင် မူတည်သနည်း။ ယင်းသည် ဘုရားသခင်က သင့်ကို မြင်သည့်ပုံအပေါ်တွင် မူတည်သည်။ အကယ်၍ ဘုရားသခင်က သင့်ကို သမ္မာတရားလိုက်စားသူတစ်စုံတစ်ယောက်အဖြစ် မြင်ပါက ထိုအခါတွင် သင့်တွင် အဖိုးထိုက်တန်မှုရှိပြီး သင်သည် တန်ဖိုးရှိသည်။ သင်သည် တန်ဖိုးရှိသော တန်ဆာတစ်ခုဖြစ်သည်။ အကယ်၍ ဘုရားသခင်က သင်သည် သမ္မာတရားကို မလိုက်စားဘဲ သူ့အပေါ် သင့်ကိုယ်သင် ရိုးသားဖြောင့်မတ်စွာ အသုံးမခံဟု မြင်ပါက ထိုအခါတွင် သင်သည် အဖိုးမထိုက်တန်ဘဲ တန်ဖိုးမရှိပေ။ သင်သည် နိမ့်ကျသည့် တန်ဆာတစ်ခုဖြစ်လေသည်။ သင်မည်မျှ အဆင့်မြင့်စွာပညာတတ်ပါစေ သို့မဟုတ် လူ့အသိုင်းအဝိုင်းတွင် သင်၏အဆင့်အတန်းမည်မျှမြင့်မားနေပါစေ၊ အကယ်၍ သင်သည် သမ္မာတရားကို မလိုက်စား သို့မဟုတ် နားမလည်ပါက ထိုအခါတွင် သင်၏အဖိုးထိုက်တန်မှုသည် မည်သည့်အခါမှ မြင့်မားနိုင်မည်မဟုတ်ချေ။ လူများစွာက သင့်ကို ထောက်ခံလျှင်တောင်မှ၊ သင့်ကို ချီးမွမ်းလျှင်တောင်မှ၊ မြတ်နိုးလျှင်တောင်မှ သင်သည် အထင်သေးဖွယ်ဖြစ်သော စိတ်ပျက်ဖွယ်လူတဦးသာဖြစ်နေဦးမည်။ သို့ဆိုလျှင် ဘုရားသခင်သည် လူများကို ဤနည်းဖြင့် အဘယ်ကြောင့် မြင်သနည်း။ ထိုကဲ့သို့သော ‘မြင့်မြတ်သော’၊ လူ့အသိုင်းအဝိုင်းတွင် ထိုကဲ့သို့သောမြင့်မားသောအဆင့်အတန်းတခုရှိသည့်၊ လူပေါင်းများစွာက သူ့ကို ချီးမွမ်း၍ လေးစားအားကျရသည့်၊ သူ၏အလွန်မြင့်မားသော ဩဇာတိက္ကမရှိသည့် လူတယောက်ကို အဘယ်ကြောင့် ဘုရားသခင်က နိမ့်ကျသူအဖြစ် မြင်ရသနည်း။ လူများကို ဘုရားသခင်မြင်သည့်ပုံသည် အဘယ်ကြောင့် အခြားသူများကို လူများက မြင်သည့်အမြင်များနှင့် လုံးဝဥဿုံ ဆန့်ကျင်ဘက်ဖြစ်နေရသနည်း။ ဘုရားသခင်က ရည်ရွယ်ချက်ရှိရှိ လူများနှင့် သူ့ကိုယ်သူ အတိုက်အခံလုပ်နေခြင်းလော။ လုံးဝ မဟုတ်ပါ။ အကြောင်းမှာ ဘုရားသခင်သည် သမ္မာတရားဖြစ်သောကြောင့်၊ ဘုရားသခင်သည် ဖြောင့်မတ်ခြင်းဖြစ်သောကြောင့်ဖြစ်သည်။ လူသားမှာမူ ဖောက်ပြန်ပျက်စီးပြီး သမ္မာတရား သို့မဟုတ် ဖြောင့်မတ်ခြင်းမရှိပေ။ ထို့အပြင် ဘုရားသခင်သည် လူသားကို သူ၏ကိုယ်ပိုင်စံနှုန်းဖြင့် တိုင်းတာသည့်အပြင် လူသားကို တိုင်းတာသည့် သူ၏စံနှုန်းသည် သမ္မာတရားဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၁)) လူတွေ မွေးဖွားတဲ့ နေရာတွေ၊ မိသားစုတွေအားလုံးကို ဘုရားသခင်က စီမံတယ်၊ လူသားတွေ ရွေးချယ်နိုင်တဲ့အရာ မဟုတ်ဘူး၊ ဒါကြောင့် လူတွေက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို နာခံသင့်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်သွားတယ်။ ဘုရားသခင်က လူတွေရဲ့ အဆင့်အတန်း၊ ဒါမှမဟုတ် ပညာရေးကို မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ မကြည့်ဘူး။ လူတွေက သမ္မာတရားစည်းမျဉ်းနဲ့အညီ သူ့နှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်နိုင်သလားဆိုတာကို သူကြည့်တယ်။ လူတစ်ယောက်က လူမှုအဆင့်အတန်းမြင့်ပြီး သူ့မိသားစုနောက်ခံက ကောင်းပေမဲ့ သမ္မာတရားကို မလိုက်စားရင်၊ လက်မခံရင် ဘုရားက သူ့ကို ကယ်မှာမဟုတ်ဘူး။ လူတစ်ယောက်က အသိပညာ၊ အဆင့်အတန်းမရှိပေမဲ့ အပြုသဘောဆောင်တာတွေကို ချစ်တယ်၊ သမ္မာတရားကို လက်ခံနိုင်တယ်၊ ဘုရားနှုတ်ကပတ်တော်နဲ့အညီ ပြုမူနိုင်တယ်ဆိုရင် ဘုရားက သူ့ကို တန်ဖိုးထားမှာပဲ။ ဘုရားက လူတွေရဲ့ စိတ်နှလုံးနဲ့ သမ္မာတရားအပေါ် သူတို့သဘောထားကို ကြည့်တယ်။ လူတစ်ယောက်ရဲ့ လူမှုအဆင့်အတန်းက ဘယ်လောက်မြင့်နိုင်ပါစေ သူက ဘုရားရှေ့ကို လာနိုင်ရင်၊ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်နိုင်ရင်၊ ဘုရားကို သိဖို့အတွက် အားထုတ်ရင်၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ဖြည့်ဆည်းရင် သူက ဘုရားရဲ့ အမြင်မှာ မြင့်မြတ်တယ်။ ဘုရားရှေ့ကို မလာတဲ့သူတွေအားလုံးက နိမ့်ကျပြီး တန်ဖိုးမရှိဘူး။ ကျွန်မက ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ပြီးတော့ ဘုရားသခင်က ချီးမြှင့်ခြင်းကို ခံရနိုင်ပြီး သူ့ကျေးဇူးတော်ကို ရရှိနိုင်တဲ့အတွက် ကျွန်မရဲ့ ကိုယ်ပိုင်တာဝန်ကို ဖြည့်ဆည်းဖို့အတွက် ဘုရားက ပေးတဲ့အခွင့်အလမ်းကို တန်ဖိုးထားသင့်တယ်။

နောက်ပိုင်းမှာ တခြားဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ “သင်၏မိသားစုက ဂုဏ်ကျက်သရေကို သယ်ဆောင်သည်ဖြစ်စေ၊ အရှက်တရားကို သယ်ဆောင်သည်ဖြစ်စေ၊ သို့မဟုတ် သင့်မိသားစုမှ သင်ဆက်ခံသည့် ကိုယ်ပိုင်လက္ခဏာနှင့် လူမှုအဆင့်အတန်းသည် မြင့်မြတ်သည်ဖြစ်စေ၊ အညတရဖြစ်သည်ဖြစ်စေ သင်၏ အမြင်တွင် ဤမိသားစုသည် ဤထက်မပိုပေ။ ယင်းသည် သမ္မာတရားကို သင်နားလည်နိုင်ခြင်းရှိမရှိ၊ သမ္မာတရားကို သင်လိုက်စားနိုင်ခြင်းရှိမရှိ၊ သို့မဟုတ် သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းပေါ်တွင် သင် စတင်လျှောက်လှမ်းနိုင်ခြင်းရှိမရှိတို့ကို အဆုံးအဖြတ်မပေးပေ။ ထို့ကြောင့် လူတို့သည် ယင်းကို အလွန်အရေးကြီးသော အမှုကိစ္စတစ်ခုအဖြစ် မမှတ်ယူသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ယင်းသည် လူတစ်ယောက်၏ ကံကြမ္မာကို အဆုံးအဖြတ် မပေးသကဲ့သို့ လူတစ်ယောက်၏ အနာဂတ်ကိုလည်း အဆုံးအဖြတ် မပေးသောကြောင့် ဖြစ်သည်။ လူတစ်ယောက် လျှောက်သည့်လမ်းကြောင်းကို ပို၍ပင် အဆုံးအဖြတ်မပေးပေ။ သင့်မိသားစုထံမှ သင်အမွေဆက်ခံသည့် ကိုယ်ပိုင်လက္ခဏာသည် သင်၏ ကိုယ်ပိုင်ခံစားချက်များနှင့် အခြားသူများအကြား သဘောထားအမြင်များကိုသာ အဆုံးအဖြတ်ပေးနိုင်သည်။ သင့်မိသားစုမှ သင်အမွေဆက်ခံသည့် ကိုယ်ပိုင်လက္ခဏာသည် သင် စက်ဆုပ်ရွံရှာသည့် အရာတစ်ခုဖြစ်စေ၊ ကြွားဝါဖို့ ထိုက်တန်သည့်အရာတစ်ခုဖြစ်စေ ယင်းက သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းပေါ်တွင် သင် စတင် လျှောက်လှမ်းနိုင်ခြင်း ရှိမည်၊ မရှိမည်ကို အဆုံးအဖြတ်မပေးနိုင်ပေ။ ထို့ကြောင့် သမ္မာတရားအား လိုက်စားခြင်းနှင့် ပတ်သက်လျှင် သင့်မိသားစုထံမှ မည်သည့် ကိုယ်ပိုင်လက္ခဏာ၊ သို့မဟုတ် လူမှုအဆင့်အတန်းမျိုးအား သင်အမွေဆက်ခံသည်မှာ အရေးမပါပေ။ သင်အမွေဆက်ခံရသည့် ကိုယ်ပိုင်လက္ခဏာသည် သင့်အား သာလွန်မှုရှိပြီး ဂုဏ်ရှိသည်ဟု ခံစားရစေလျှင်ပင် ထုတ်ပြောရန် မထိုက်တန်ပေ။ သို့မဟုတ် ယင်းသည် သင့်အား အရှက်ရခြင်း၊ နိမ့်ကျခြင်း၊ မိမိကိုယ်ကို တန်ဖိုးမထားခြင်းတို့ဖြစ်သော ခံစားချက်များကို ပေးလျှင် သမ္မာတရားအား သင်လိုက်စားခြင်းကို ထိခိုက်မည်မဟုတ်ပေ။ ဤသို့မဟုတ်သလော။ (ဟုတ်ပါသည်။) သမ္မာတရားအား သင်လိုက်စားခြင်းကို အနည်းငယ်မျှပင် ထိခိုက်မည်မဟုတ်သကဲ့သို့ ဘုရားရှေ့ရှိ ဖန်ဆင်းခံတစ်ယောက်အဖြစ် သင်၏ ကိုယ်ပိုင်လက္ခဏာကိုလည်း ထိခိုက်မည်မဟုတ်ပေ။ ဤအရာနှင့် ပြောင်းပြန်ပင်ဖြစ်သည်မှာ သင့်မိသားစုထံမှ မည်သည့်ကိုယ်ပိုင်လက္ခဏာနှင့် လူမှုအဆင့်အတန်းကို သင်အမွေဆက်ခံသည်ဖြစ်စေ ဘုရားသခင်၏ အမြင်တွင် လူတိုင်း၌ ကယ်တင်ခြင်းခံရရန်၊ တူညီသော အဆင့်အတန်းနှင့် ကိုယ်ပိုင်လက္ခဏာဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ပြီး သမ္မာတရားကိုလိုက်စားရန် တူညီသော အခွင့်အလမ်းရှိသည်။ သင့်မိသားစုထံမှ သင်အမွေဆက်ခံသော ကိုယ်ပိုင်လက္ခဏာသည် ဂုဏ်ယူထိုက်သည်ဖြစ်စေ၊ ရှက်ဖွယ်ဖြစ်စေ သင်၏ လူ့သဘာဝကို အဆုံးအဖြတ်မပေးသကဲ့သို့ သင်လျှောက်သော လမ်းကြောင်းကိုလည်း အဆုံးအဖြတ်မပေးပေ။ သို့ရာတွင် သင်သည် ယင်းကို အလွန်အရေးထားလျှင်၊ သင်၏ဘဝနှင့် ဖြစ်တည်မှု၏ မရှိမဖြစ်အစိတ်အပိုင်းအဖြစ် မှတ်ယူလျှင် သင်သည် ယင်းကို တင်းကျပ်စွာ စွဲကိုင်ထားပြီး လုံးဝ လက်လွှတ်မည်မဟုတ်ဘဲ ယင်းကို ဂုဏ်ယူလိမ့်မည်။ သင့်မိသားစုမှ သင်ဆက်ခံသည့် ကိုယ်ပိုင်လက္ခဏာသည် မြင့်မြတ်လျှင် သင်သည် ယင်းကို အရင်းအနှီးတစ်မျိုးအဖြစ် မှတ်ယူလိမ့်မည်။ သင့်မိသားစုမှ သင်အမွေဆက်ခံသော ကိုယ်ပိုင်လက္ခဏာသည် နိမ့်ကျလျှင်မူ သင်သည် ယင်းကို ရှက်ဖွယ်ကောင်းသောအရာအဖြစ် မှတ်ယူလိမ့်မည်။ သင့်မိသားစုမှ သင်ဆက်ခံသော ကိုယ်ပိုင်လက္ခဏာသည် မြင့်မြတ်သည်၊ ဂုဏ်ကျက်သရေ ရှိသည်ဖြစ်စေ သို့မဟုတ် ရှက်ဖွယ်ကောင်းသည်ဖြစ်စေ ယင်းသည် သင်၏ တစ်ကိုယ်ရေနားလည်မှုသာဖြစ်သလို သင်၏ ဖောက်ပြန်ပျက်စီးသော လူ့သဘာဝ၏ ရှုထောင့်မှနေ၍ ပြဿနာကို ကြည့်ခြင်း၏ ရလဒ်မျှသာဖြစ်သည်။ ယင်းသည် သင်၏ ကိုယ်ပိုင်ခံစားချက်၊ သိမြင်မှု၊ နားလည်မှုသာဖြစ်ပြီး သမ္မာတရားနှင့် မညီသကဲ့သို့ သမ္မာတရားနှင့် သက်ဆိုင်ခြင်းလည်းမရှိပေ။ ယင်းသည် သမ္မာတရားအား သင်လိုက်စားခြင်းအတွက် အရင်းအနှီးမဟုတ်သကဲ့သို့ သမ္မာတရားအား သင်လိုက်စားခြင်းအတွက် အတားအဆီးတစ်ခုလည်း မဟုတ်သည်မှာ မှန်သည်။ သင်၏ လူမှုအဆင့်အတန်းသည် မြင့်မြတ်ပြီး အမြင့်၌ရှိလျှင် ဤသည်မှာ သင်၏ ကယ်တင်ခြင်းအတွက် အရင်းအနှီးဖြစ်သည်ဟု မဆိုလိုပေ။ သင်၏ လူမှုအဆင့်အတန်းသည် နိမ့်ကျပြီး အညတရဖြစ်လျှင် ကယ်တင်ခြင်းကို သင်လိုက်စားခြင်းအပေါ် အတားအဆီးဖြစ်ဖို့ မဆိုထားနှင့် သမ္မာတရားအား သင်လိုက်စားခြင်းအတွက် အတားအဆီးဖြစ်သည်ဟုပင် မဆိုလိုပေ။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၂)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ မိသားစုနဲ့ လူမှုအဆင့်အတန်းက လူတွေ ဘုရားသခင်ကို ယုံကြည်တာ၊ သမ္မာတရား လိုက်စားတာ၊ ကယ်တင်ခြင်း လက်ခံရရှိတာနဲ့ ဘာမှမဆိုင်ဘူးဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ နောက်ပြီးတော့ ဧဝံဂေလိ ဖြန့်ဝေတာက ကိုယ့်ဂုဏ်နဲ့ အဆင့်အတန်းနဲ့ ဘာမှမဆိုင်ဘဲ ကိုယ့်ရဲ့တာဝန်အပေါ် ကိုယ့်သဘောထားနဲ့ သက်ဆိုင်တယ်။ ဧဝံဂေလိ ဖြန့်နေတုန်းမှာ ဘုရားအမှုတော်ကို ရှင်းရှင်းလင်းလင်း မိတ်သဟာယဖွဲ့ပြီး သက်သေခံနိုင်သလား၊ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိတဲ့သူတွေက ဘုရားကို အမှန်တကယ်ယုံကြည်သလားဆိုတာနဲ့လည်း သက်ဆိုင်တယ်။ ဘာကြောင့်လဲဆိုရင် ဘုရားကို အမှန်တကယ် ယုံကြည်တဲ့သူတွေကသာ ဘုရားရဲ့ သိုးတွေဖြစ်ပြီး သူတို့တွေကသာ ဘုရားအသံကို ကြားနိုင်၊ နားလည်နိုင်လို့ပဲ။ ဧဝံဂေလိ ရုပ်ရှင်တစ်ခုမှာ ဂုဏ်နဲ့ အဆင့်အတန်းတော်တော်လေးမြင့်တဲ့ ကက်သလစ်ဘုန်းကြီးတစ်ပါးဖြစ်တဲ့ ညီအစ်ကိုတစ်ယောက်အကြောင်း ကျွန်မ တွေးမိတယ်။ ညီအစ်ကိုမောင်နှမတွေက သူ့ကို ဧဝံဂေလိ ဖြန့်တော့ သူတို့ရဲ့ ဂုဏ်နဲ့ အဆင့်အတန်းက ဘာတွေလဲဆိုတာကို သူမကြည့်ဘဲ ဘုရားနှုတ်ကပတ်တော်ကို ကြားပြီး ရှာဖွေစူးစမ်းလိုစိတ်ရှိခဲ့တယ်။ ဒါဟာ ဘုရားအသံဖြစ်တယ်လို့ သူဆုံးဖြတ်ပြီး လက်ခံခဲ့တယ်။ အဲဒီစစ်မှန်တဲ့ ယုံကြည်သူတွေ ကြားချင်တာက ဘုရားနှုတ်ကပတ်တော်နဲ့ သမ္မာတရား ဖြစ်တယ်ဆိုတာ ကျွန်မ တွေ့ရတယ်။ ကျွန်မရဲ့ နိမ့်ကျတဲ့ ဂုဏ်နဲ့ အဆင့်အတန်းကြောင့် ခဏခဏ စိတ်ကျဉ်းကျပ်နေရတဲ့ အကြောင်းရင်းက ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားအတွက် နေရာမရှိသလို ကိစ္စတွေကို ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံပြီး မကြည့်ခဲ့လို့ပဲ။ ဒီအချိန်မှာ ကျွန်မ နားလည်သွားတာက ကျွန်မဟာ ဖန်ဆင်းခံတစ်ယောက်ဖြစ်တယ်၊ ဧဝံဂေလိဖြန့်ဝေတာက ကျွန်မရဲ့တာဝန်၊ ဝတ္တရားဖြစ်တယ် ဆိုတာပဲ။ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိတဲ့သူတစ်ယောက်ရဲ့ ဂုဏ်နဲ့ အဆင့်အတန်းက မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ သူတို့အားလုံးက ဘုရားရဲ့ ကယ်တင်ခြင်းကို လိုအပ်နေတဲ့ ဖောက်ပြန်ပျက်စီးတဲ့ လူတွေပဲ။ ကျွန်မတာဝန်က ဘုရားသခင်ပြောတဲ့၊ လုပ်တဲ့အရာကို သက်သေခံဖို့ပဲ။ သူတို့ လက်ခံနိုင်၊ မခံနိုင်တာကတော့ သူတို့ဟာ ဘုရားရဲ့သိုးတွေဟုတ်မဟုတ်ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဟုတ်တယ်ဆိုရင် သူတို့က ဘုရားအသံကို အလိုလိုကြားပြီး နားလည်နိုင်မှာပါ။

၂၀၂၃ခုနှစ်၊ ဩဂုတ်လမှာ ညီအစ်မတစ်ယောက်က ကျွန်မကို ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိတဲ့သူတစ်ယောက်ဆီကို ဧဝံဂေလိ ဖြန့်ပေးဖို့ ပြောတယ်။ ဒီ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိတဲ့သူရဲ့ မိသားစုက ချမ်းသာပြီး ဩဇာလွှမ်းမိုးတာ၊ သူ့မိသားစုထဲက တစ်ယောက်က စစ်တပ်အရာရှိတစ်ဦးဖြစ်တာတွေကို ကျွန်မ သိတော့ ပထမဆုံး တွေးမိတာက ကျွန်မရဲ့ ကိုယ်ပိုင်ဂုဏ်နဲ့ အဆင့်အတန်းက နိမ့်ကျတယ်၊ ကျွန်မတို့ကြားမှာ အလှမ်းဝေးလွန်းတယ်၊ ကျွန်မ ပူးပေါင်းမလုပ်နိုင်ဘူးဆိုတာပဲ။ သူက ကျွန်မကို အထင်သေးပြီး ကျွန်မသက်သေခံတာကို နားထောင်ချင်စိတ်မရှိရင် ဘယ်လိုလုပ်မလဲ။ ကျွန်မ လှောင်ခံရပြီး အထင်သေးခံရတုန်းက ခံစားချက်ကို တွေးမိတယ်။ အဲဒါနဲ့ ဂုဏ်မြင့်တဲ့သူတွေနဲ့ ကျွန်မ တကယ်ကို ထိတွေ့ဆက်ဆံဖို့ ဆန္ဒမရှိခဲ့ဘူး။ နောက်တော့ ဒီ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်။ “သို့ဆိုလျှင် ဘုရားသခင်က တစ်စုံတစ်ယောက်၏မိသားစုနောက်ကြောင်းရာဇဝင်၊ လူမှုရေးအဆင့်အတန်း၊ သူရရှိထားသည့်ပညာရေးနှင့် လူ့အသိုင်းအဝိုင်းတွင် ပိုင်ဆိုင်သည့်ချမ်းသာကြွယ်ဝမှုတို့ကို မည်သို့သဘောထားသနည်း။ အကယ်၍ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များအပေါ် အခြေခံ၍ ကိစ္စများကို မရှုမြင်ပါက၊ ဘုရားသခင်၏ဘက်တွင် မရပ်တည်နိုင်ဘဲ ဘုရားသခင်ထံမှအရာများကို လက်မခံနိုင်ပါက၊ ထိုအခါတွင် ကိစ္စများကို သင်မြင်သည့်နည်းလမ်းသည် ဘုရားသခင်ရည်ရွယ်ထားသည့်အရာမှ အသေအချာပင် လုံးဝ ကွဲပြားခြားနားနေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၁)) ကျွန်မက ဂုဏ်နဲ့ အဆင့်အတန်းကြောင့် စိတ်ကျဉ်းကျပ်နေတုန်းပဲဆိုတာ၊ အမှုကိစ္စတွေကို ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံပြီး ရှုမြင်သင့်တယ်ဆိုတာ သဘောပေါက်သွားတယ်။ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသူရဲ့ ဂုဏ်နဲ့ အဆင့်အတန်းက ဘယ်လောက်မြင့်နိုင်ပါစေ ဘုရားရဲ့ အမြင်မှာ ကျွန်မတို့အားလုံးက ဖန်ဆင်းခံတွေပဲ။ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက အားလုံးအတူတူပဲ။ ပြီးတော့ ကျွန်မတို့အားလုံး ဘုရားရဲ့ ကယ်တင်ခြင်းကို လိုအပ်တယ်။ ကျွန်မက ဘုရားကို အမှီပြုပြီး အကောင်းဆုံး ပူးပေါင်းဆောင်ရွက်ဖို့ပဲ လိုတာပါ။ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိတဲ့သူက ဧဝံဂေလိကို လက်ခံနိုင်၊ မခံနိုင်ဆိုတာက ဘုရားလက်ထဲမှာပါ။ ဒါကို တွေးမိတော့ ကျွန်မ စိတ်မကျဉ်းကျပ်တော့ဘူး။ နောက်ပိုင်းမှာ ဒီဧဝံဂေလိ လက်ခံသူကို ကျွန်မ ဧဝံဂေလိ ဖြန့်ဝေဖို့သွားတော့ ကျွန်မ အရမ်းအေးချမ်းတယ်။ သူ့ကို ဘယ်လို စည်းရုံးရမယ်ဆိုတာပဲ တွေးတယ်။ သူက ကျွန်မတို့ကို အရမ်းကို ဧည့်ဝတ်ကျေစွာနဲ့ ကြိုဆိုမယ်လို့ ဘယ်သူထင်မှာလဲ။ ကျွန်မ သူ့ကို အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြပြီး သူ့ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို မိတ်သဟာယဖွဲ့ပြီး သက်သေခံတယ်။ သူက နားထောင်ပြီး နားလည်နိုင်ခဲ့တယ်။ ကျွန်မက လေးကြိမ်မြောက် မိတ်သဟာယဖွဲ့တဲ့အချိန်မှာ သူက “အစ်မ အစ်မတရားဟောတာကို နားထောင်ရတာ ကျွန်မ ကြိုက်တယ်။ ကျွန်မအိမ်ကို အစ်မနေ့တိုင်းလာဖို့ ကြိုဆိုပါတယ်။ အစ်မက စုဝေးပွဲအတွက် လူတွေခေါ်လာရင် ကျွန်မအိမ် ငါးထပ်ကို လာပါ။ ကျွန်မ အစ်မကို အခုပဲ လိုက်ပြပေးမယ်” ဆိုပြီးတော့ ပြောတယ်။ သူက ကျွန်မကို အေးတိအေးစက် မဆက်ဆံရုံတင်မကဘဲ ဘုရားအမှုတော်ကိုတောင် စူးစမ်းချင်စိတ်ရှိတယ်။ ကျွန်မ တော်တော်ကို စိတ်ထဲမှာ ခံစားရတယ်။ ဘုရားကို စစ်မှန်စွာ ယုံကြည်သူတွေက ဘုရားနှုတ်ကပတ်တော်နဲ့ သမ္မာတရားကို ကြားတယ်ဆိုတာ၊ ရလဒ်တွေရဖို့အတွက် ကျွန်မတို့က သူတို့အတွက် ဘုရားအမှုတော်ကို ရှင်းရှင်းလင်းလင်း မိတ်သဟာယဖွဲ့ပြီး သက်သေခံဖို့ပဲ လိုတယ်ဆိုတာ ကျွန်မ တွေ့ခဲ့ရတယ်။ သူတို့တွေက ဘုရားရဲ့ သိုးတွေဆိုရင် ဘုရားအသံကို ကြားပြီး နားလည်နိုင်တယ်။ ဘုရားရှေ့ကို လာနိုင်တယ်။ လူ့အဖွဲ့အစည်းမှာ သူတို့ရဲ့ ဂုဏ်နဲ့ အဆင့်အတန်းက ဘာဖြစ်နိုင်တယ်ဆိုတာ အရေးမပါဘူး။ နောက်ပိုင်းမှာ ကျွန်မ ဧဝံဂေလိ ဖြန့်နေတုန်း ဂုဏ်နဲ့ အဆင့်အတန်းမြင့်တဲ့ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသူတွေနဲ့ ကျွန်မ ကြုံရတယ်။ သူတို့တွေက ဧဝံဂေလိ ဖြန့်ဝေနိုင်သူတွေလားဆိုတာကို ဘုရားနှုတ်ကပတ်တော်နဲ့ စည်းမျဉ်းတွေအပေါ် အခြေခံပြီး ကျွန်မ အကဲဖြတ်တယ်။ သူတို့တွေက ဘုရားကို အမှန်တကယ် ယုံကြည်သူဖြစ်ရင် ကျွန်မက စိတ်ပါလက်ပါနဲ့ ပူးပေါင်းလုပ်ပြီး ဘုရားအမှုတော်ကို မိတ်သဟာယဖွဲ့တယ်။ သက်သေခံတယ်။ ဂုဏ်နဲ့ အဆင့်အတန်းကြောင့် ကျွန်မ စိတ်မကျဉ်းကျပ်တော့ဘူး။ ကျွန်မ စိတ်နှလုံးက လွတ်မြောက်သွားတယ်။ ကျေးဇူးတော်ပါပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဒီလေ့လာသင်ယူမှုတွေကို ကျွန်တော် ဆက်မလုပ်တော့ပါဘူး

သီဝေ အိန္ဒိယနိုင်ငံ ကျွန်တော်က ခရစ်ယာန်မိသားစုတစ်ခုမှာ မွေးခဲ့တာပါ။ မိဘတွေက လယ်သမားတွေ။ ကျွန်တော်တို့မိသားစုက စပါးနဲ့ ဟင်းသီးဟင်းရွက်...

အသည်းကင်ဆာရရှိခြင်းမှ သင်ယူရရှိခဲ့သည့် သင်ခန်းစာများ

လီယွန် တရုတ်နိုင်ငံ ကျွန်တော် ခရစ်ယာန်ဖြစ်ပြီးသည့်နောက်မှာ တရုတ်ကွန်မြူနစ်ပါတီက ဖမ်းသည်ကို သုံးလေးကြိမ်လောက် ခံရသော်လည်း၊ သခင့်ကို...

အယောင်ဆောင်ခေါင်းဆောင်ကို ကာကွယ်ပေးခြင်း၏ အကျိုးဆက်

လီရန် တရုတ်နိုင်ငံ ၂၀၂၀၊ အောက်တိုဘာလကုန်ခါနီးမှာပေါ့။ ကျွန်မက လက်တွေ့အလုပ်မလုပ်တဲ့အတွက် ခေါင်းဆောင်ရာထူးကနေ အထုတ်ခံရတယ်။ ကျွန်မရဲ့...

သက်သာခြင်းကို တပ်မက်ခြင်းက ကျွန်မကို ပျက်စီးခြင်းသို့ ရောက်လုနီးပါးဖြစ်စေခဲ့သည်

ဘိုင်ချူး တောင်ကိုရီးယားနိုင်ငံ ကျွန်မက ၂၀၁၉ခုနှစ်မှာ အသင်းတော်ရဲ့ ဗီဒီယိုအလုပ်အတွက် တာဝန်ယူရပြီး အသင်းတော်ခေါင်းဆောင်အဖြစ်လည်း အစေခံရတယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။