အသက်ဝင်ရောက်မှုကို မလိုက်စားခြင်း၏ အကျိုးဆက်များ
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှာ ကျွန်မနဲ့ တွဲလုပ်ရတဲ့ အစ်မက ရဲတွေ ဖမ်းတာခံလိုက်ရတယ်။ အဲဒီအချိန်တုန်းက ကျွန်မက အသင်းတော်ခေါင်းဆောင်တစ်ယောက်ပါ။ ညီအစ်ကိုမောင်နှမတွေအားလုံးက ကြောက်နေကြပြီး အကူအညီ၊ အထောက်အပံ့တွေလိုနေတာ၊ နောက်ဆက်တွဲအလုပ်ကို ကိုင်တွယ်ဖို့ အရမ်းကို လိုအပ်နေတာတွေကို ကျွန်မ တွေ့တော့ ကျွန်မ တော်တော် စိုးရိမ်မိတယ်။ ကျွန်မက စာအုပ်တွေ ရွှေ့ပြောင်းပေးတာ၊ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေကို မိတ်သဟာယဖွဲ့ပြီး ဖြေရှင်းပေးတာ လူသစ်တွေကို ပံ့ပိုးပေးတာတွေနဲ့ ဆက်တိုက် စပြီး အလုပ်များနေခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မက နေ့တိုင်း မိုးမလင်းခင် အပြင်ထွက်ပြီး ညကျတော့ မအိပ်ခင်မှာ အရမ်းနောက်ကျတဲ့အထိ နေတယ်။ တစ်ခါတလေမှာ အရမ်းပင်ပန်းပေမဲ့ ညီအစ်ကိုမောင်နှမတွေက သူတို့တာဝန်တွေကို ပုံမှန်လုပ်နိုင်အောင်လို့ သူတို့ရဲ့ အခြေအနေတွေကို ပိုကောင်းအောင် ပြောင်းလဲကြတာတွေ၊ စာအုပ်တွေက လုံခြုံမှုရှိတဲ့ အိမ်တစ်အိမ်ဆီကို ချောချောမွေ့မွေ့နဲ့ ပြောင်းရွှေ့သွားတာတွေကို မြင်ရတော့ ကျွန်မ အရမ်းပျော်တယ်။ ပြီးတော့ ကျွန်မက “ဒီလို အန္တရာယ်ရှိတဲ့ အခြေအနေတွေမှာ ငါက ကိစ္စတွေကို ကောင်းကောင်း ကိုင်တွယ်နိုင်တယ်။ အသင်းတော်အလုပ်က ဘာဆုံးရှုံးမှုမှမဖြစ်ဘူး။ ဒီပုံစံနဲ့ ငါဆက်ပြီး ပူးပေါင်းလုပ်ရင် နောက်ဆုံးကျတော့ ဘုရားရဲ့ ကယ်တင်ခြင်းကို သေချာပေါက် ရမှာပဲ” ဆိုပြီး တွေးမိတယ်။ ဒါကို တွေးမိတဲ့အချိန်မှာ ကျွန်မတာဝန်ကို ပိုပြီး အားစိုက်လုပ်တယ်။ မနက်တိုင်း ကျွန်မ နှိုးတဲ့အချိန်မှာ စုဝေးပွဲကို တန်းသွားတယ်။ အလုပ်ကို အကောင်အထည်ဖော်ဖို့ သွားတယ်။ ဒါပေမဲ့ ကျွန်မလုပ်တဲ့အလုပ်က စည်းမျဉ်းတွေနဲ့ ညီမညီဆိုတာအတွက်တော့ ကျွန်မက ဆင်ခြင်သုံးသပ်တာ မရှိသလောက်ပဲ။ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ဖို့ အချိန်နည်းနည်းယူတဲ့အခါမှာတောင် ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေကို ဘုရားနှုတ်ကပတ်တော်ရဲ့ ဘယ်အပိုဒ်က ဖြေရှင်းနိုင်သလဲဆိုတာကိုပဲ တွေးနေပြီး ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ အခြေအနေနဲ့ ယှဉ်ကြည့်တာ တော်တော်ရှားတယ်။ တစ်ခါတလေမှာ ကျွန်မက အလုပ်လုပ်တာကိုပဲ အလေးထားပြီး သမ္မာတရားကို ရှာဖွေတာ၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တာ တော်တော်ရှားတာကို သတိထားမိတယ်။ ဒါပေမဲ့ အလုပ်မှာ တိုးတက်မှုကို တွေ့ရတော့ ဘုရားနှုတ်ကပတ်တော်ကို နည်းနည်းပဲ စားသောက်တာ၊ သမ္မာတရားကို မရှာဖွေတာက အရေးမကြီးဘူး၊ အလုပ်ကို ကောင်းကောင်းလုပ်သရွေ့ လုံလောက်သလိုမျိုး ခံစားမိတယ်။ နောက်ပြီးတော့ အသင်းတော်က လုပ်ဖို့လိုတဲ့ အလုပ်တွေအများကြီးရှိသေးတယ်။ အဲဒါနဲ့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် အလုပ်တွေနဲ့ရှုပ်နေအောင်ပဲ နေလိုက်တယ်။
နောက်ပိုင်းမှာ ညီအစ်မတစ်ယောက်က ကျွန်မနဲ့အတူ တွဲလုပ်ဖို့ ရွေးချယ်ခံရတယ်။ တချို့အလုပ်တွေက သူ့အတွက် အသစ်ဖြစ်နေတော့ အလုပ်တော်တော်များများကို ကျွန်မဘာသာ လုပ်တယ်။ အလုပ်ကို ဆွေးနွေးဖို့အချိန်ရောက်တော့ အဲဒီညီအစ်မက သူကစပြီးမလုပ်တာကို ကျွန်မ သတိထားမိတယ်။ အဲဒါနဲ့ သူ့အပေါ် ကျွန်မက မကောင်းတဲ့အမြင်ရှိနေပြီး သူ့အပေါ် ကျွန်မလေသံက ကြမ်းတယ်။ သူက ကျွန်မကြောင့် စိတ်ကျဉ်းကျပ်နေတာကို ကျွန်မ သတိထားမိပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မကြည့်ခဲ့ဘူး။ ဒါက အရေးကြီးပြဿနာမဟုတ်ဘူး၊ ကျွန်မတာဝန်ထမ်းဆောင်တာ နှောင့်နှေးသွားမှာမဟုတ်ဘူးလို့ ယုံကြည်ခဲ့တယ်။ ကျွန်မမှာ လုပ်စရာအလုပ်တွေ အများကြီးရှိသေးတယ်။ သမ္မာတရားကို ရှာပြီး ကျွန်မအခြေအနေကို ဖြေရှင်းဖို့ ကျွန်မအတွက် အချိန်က ဘယ်မှာရှိမလဲ။ ဒီအပေါ်မှာ ကျွန်မ အချိန်ကုန်ပြီး အလုပ်နှောင့်နှေးသွားရင် ဘယ်လိုလုပ်မလဲ ပေါ့။ ကျွန်မတာဝန်ကို ဖြည့်ဆည်းပြီး ရလဒ်တွေရဖို့က အရေးကြီးဆုံးအရာပဲ။ နောက်ပိုင်းမှာ ကျွန်မက ဆက်ပြီး အလုပ်ရှုပ်နေခဲ့တယ်။ တစ်နေ့မှာ ကျွန်မက သင်းထောက်နှစ်ယောက်နဲ့ အလုပ်အကြောင်းဆွေးနွေးနေတယ်။ သူတို့နှစ်ယောက်လုံးက နှေးတယ်။ သူတို့ထင်မြင်ချက်တွေကို တက်တက်ကြွကြွနဲ့ မပြောဘူး။ အဲဒါနဲ့ ကျွန်မက နည်းနည်း စိတ်လောမိတယ်။ “အလုပ်အကြောင်း ဆွေးနွေးနေတုန်းမှာ ကိုယ့်အမြင်ကို မပြောရင် ဘယ်လိုလုပ်ကောင်းမှာလဲ” ပေါ့။ ပြီးတော့ ကျွန်မ သူတို့ကို အပြစ်တင်တယ်။ “ညီအစ်ကိုတို့ အချိန်တိုင်း ကိုယ့်အမြင်တွေကို တက်တက်ကြွကြွနဲ့ ပြောမပြနိုင်ရင် ဒီအလုပ်ကို ဘယ်လိုဆွေးနွေးကြမှာလဲ” ပေါ့။ ကျွန်မ ပြောပြီးတော့ ညီအစ်ကိုတစ်ယောက်က ခေါင်းငုံ့ပြီး ရှက်တဲ့ ပုံစံရှိတယ်။ အဲဒီအချိန်အတောအတွင်းမှာ ဒီလိုမျိုး ဖြစ်ရပ်တွေ အများကြီးဖြစ်တယ်။ ညီအစ်ကိုတွေက သူတို့အမြင်တွေကို တက်တက်ကြွကြွပြောမပြနိုင်တာကို ကျွန်မ မြင်တာနဲ့ တစ်ပြိုင်နက် ကျွန်မက သူတို့ကို စပြီး အထင်သေးတယ်။ ညီအစ်ကိုတစ်ယောက်က နည်းနည်းအပျက်သဘောဆောင်ပြီးတော့ “ကျွန်တော်က အသက်ကြီးပြီး တုံ့ပြန်မှု နှေးတယ်။ ညီမကို အမီမလိုက်နိုင်ဘူး။ ပြီးတော့ ဒီတာဝန်ကို ကျွန်တော် ကောင်းကောင်းမဖြည့်ဆည်းနိုင်ဘူး” ဆိုပြီးတော့ ပြောတယ်။ တကယ်က ဒီညီအစ်ကိုတွေက ဒီတာဝန်မှာ အသစ်ဖြစ်နေပြီး ဒါကို သူတို့နားမလည်တာ၊ မလုပ်နိုင်တာက သာမန်ပဲဆိုတာ ကျွန်မ သိတယ်။ ကျွန်မ သူတို့ကို အားပေးကူညီခဲ့သင့်တာ။ ဒါပေမဲ့ ကျွန်မလုပ်တာကို ပြောရလောက်အောင် ပြဿနာက ကြီးတယ်လို့ ကျွန်မ မထင်ခဲ့ဘူး။ ကျွန်မက သူတို့ကို ပိုပြီး တောင်းဆိုနေတာမဟုတ်ဘူးလေ။ သူတို့ကို တာဝန်ထမ်းဆောင်တဲ့နေရာမှာ နည်းနည်းပိုပြီး တက်ကြွစေချင်တာပါ။ အဲဒါနဲ့ ဒါကို ဖြေရှင်းဖို့ အလေးမထားခဲ့ဘူး။ ကျွန်မ စဉ်းစားတယ်။ “ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက ခဏလေးနဲ့ ပြောင်းလဲမသွားနိုင်ဘူး။ ငါ့မှာ အချိန်ရှိနေတုန်း အလုပ်မှာရှိတဲ့ ပြသနာတွေကို ဖြေရှင်းသင့်တယ်။ ငါ အလုပ်မလုပ်ရင် ဘယ်လိုလုပ် ရလဒ်တွေ ရနိုင်မှာလဲ” ပေါ့။ ကျွန်မက ကိစ္စတွေကိုပဲ ပြီးအောင်လုပ်ပြီး ဘုရားနှုတ်ကပတ်တော်ဖတ်ဖို့၊ သမ္မာတရားရှာဖို့၊ ပေါ်လာတဲ့ အကြောင်းအရာတွေကနေ သင်ခန်းစာယူဖို့ကို လုံးဝ အလေးမထားခဲ့တာကြောင့် ကျွန်မ စိတ်ထဲမှာ အနှစ်မဲ့နေတယ်။ တစ်ခါတော့ ကျွန်မက ဘုရားနှုတ်ကပတ်တော်စာအုပ်တွေကို ကာကွယ်ဖို့အတွက် အန္တရာယ်ရှိနေတဲ့ မိသားစုတစ်စုကို စီစဉ်ပေးခဲ့တယ်။ အထက်ပိုင်းခေါင်းဆောင်က သိသွားတော့ သူက ကျွန်မကို စည်းမျဉ်းတွေအတိုင်းမလုပ်လို့ ပြုပြင်တယ်။ ကျွန်မက မတရားဘူးလို့ ခံစားရပြီး ဆက်ပြီးငြင်းခုန်တယ်။ ခုခံတယ်။ ခေါင်းဆောင်က ကျွန်မ လက်မခံတာကို မြင်တော့ “ခင်ဗျားက ကိစ္စအတော်များများကို လုပ်ရင်းနဲ့ အလုပ်များနေတယ်။ ဒါပေမဲ့ စည်းမျဉ်းမရှိဘဲ လုပ်တယ်။ ခင်ဗျားက အမြဲတမ်း ကိုယ့်စိတ်ဆန္ဒအတိုင်း၊ အတွေ့အကြုံအတိုင်းလုပ်တယ်။ ဒီလိုလုပ်တာက ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ထိခိုက်လိမ့်မယ်။ နောက်ပြီး ခင်ဗျားက ပြုပြင်တာခံရတဲ့အချိန်မှာ နာခံတဲ့၊ ကြိုးစားအားထုတ်တဲ့ သဘောထားမရှိဘူး။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တာကို လက်တွေ့မလုပ်ဘူး။ ဒီလိုမျိုးနဲ့ တိုးတက်နိုင်ပါ့မလား” ဆိုပြီး ပြောတယ်။ နောက်ပိုင်းမှာ ကျွန်မကိုယ်တိုင်ရဲ့ စွမ်းဆောင်မှုကို ဆင်ခြင်သုံးသပ်ခဲ့တယ်။ ကျွန်မက လျှောက်သွားပြီး အလုပ်တွေလုပ်ဖို့ကို အမြဲတမ်း အလေးထားတာကို သဘောပေါက်သွားတယ်။ ကျွန်မက တကယ်တမ်း ပြောစရာ အသက်ဝင်ရောက်မှုတစ်ခုမှ မရှိဘူး။ ဘုရားရှေ့ကိုလာပြီး ကျွန်မ ဆုတောင်းတယ်။ ကျွန်မရဲ့ ကိုယ်ပိုင်ပြဿနာတွေကို သိမြင်ပြီး ဖြေရှင်းတဲ့နေရာမှာ ကျွန်မကို ဦးဆောင်လမ်းပြဖို့ ဘုရားကို တောင်းလျှောက်တယ်။
ရှာဖွေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ “နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်နှင့် မဆက်စပ်သည့် မည်သည့် အမှုကိုမျှ မလုပ်ဆောင်လေပြီ၊ သူသည် တစ်လျှောက်လုံး စကားပြောပြီးဖြစ်သည်၊ ယနေ့ထက်တိုင် လူကို လမ်းပြရန် နှုတ်ကပတ်တော်များကို တောက်လျှောက် အသုံးပြုပြီးဖြစ်သည်။ စကားပြောနေစဉ်တွင် ဘုရားသခင်သည် သူ့နောက်လိုက်သူများနှင့် သူ၏ ဆက်ဆံရေးကို ထိန်းသိမ်းရန်လည်း နှုတ်ကပတ်တော်များကို အသုံးပြုပြီး ဖြစ်သည်ကလည်းကောင်း၊ ၎င်းတို့ကို လမ်းပြရန် နှုတ်ကပတ်တော်များကို အသုံးပြုပြီးဖြစ်ကာ ဤနှုတ်ကပတ်တော်များသည် ကယ်တင်ခံရရန် ဆန္ဒရှိသူတို့အတွက်၊ သို့မဟုတ် ဘုရားသခင်က ကယ်တင်ရန် ဆန္ဒရှိသူတို့အတွက် အဆုံးစွန် အရေးကြီးသည်ကလည်းကောင်း အမှန်ဖြစ်၏။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်း အဖြစ်မှန်ကို ပြီးမြောက်ရန် ဤနှုတ်ကပတ်တော်များကို အသုံးပြုလိမ့်မည်။ သိသိသာသာပင် ထိုနှုတ်ကပတ်တော်များ၏ ပါဝင်သည့် အကြောင်းအရာ သို့မဟုတ် အရေအတွက်အရ ရှုမြင်သည်ဖြစ်စေ၊ ထိုနှုတ်ကပတ်တော်များက မည်သည့်စကားမျိုးဖြစ်သည်ဖြစ်စေ၊ ယင်းတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ မည်သည့် အစိတ်အပိုင်း ဖြစ်သည်ဖြစ်စေ ထိုစကားများသည် ကယ်တင်ခံရရန် ဆန္ဒရှိသူ တစ်ဦးစီအတွက် အဆုံးစွန် အရေးကြီးပေသည်။ ဘုရားသခင်သည် သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ နောက်ဆုံး အကျိုးတရားကို စွမ်းဆောင်ရရှိရန် ဤစကားများကို အသုံးပြုနေသည်။ လူသားမျိုးနွယ်အဖို့၊ ယနေ့ခေတ် လူသားမျိုးနွယ်ဖြစ်စေ၊ အနာဂတ် လူသားမျိုးနွယ်ဖြစ်စေ ထိုစကားများသည် အဆုံးစွန် အရေးကြီးမှု ပါရှိ၏။ ယင်းမှာ ဘုရားသခင်၏ သဘောထားဖြစ်သည်။ သူ့နှုတ်ကပတ်တော်များ၏ ရည်မှန်းချက်နှင့် အရေးပါမှု ဖြစ်သည်။ ထို့ကြောင့် လူသားမျိုးနွယ်သည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တွင် ပူးပေါင်းဆောင်ရွက်သင့်သည်။ ထိုအရာများကို လျစ်လျူမရှုသင့်ပေ။ သို့ရာတွင် ယင်းမှာ ဘုရားသခင်၌ လူအချို့တို့၏ ယုံကြည်ခြင်း နည်းလမ်းမဟုတ်ပေ။ ဘုရားသခင် မည်သည့်အရာ ပြောဆိုသည်ဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များက ၎င်းတို့နှင့် မည်သည့် ပတ်သက်မှုမျှ မရှိသည့်အလား ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ အလိုရှိသည့်အရာကို လိုက်စားကြဆဲ၊ မိမိတို့ အလိုရှိသည့်အရာကို လုပ်ဆောင်ကြဆဲဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များပေါ် အခြေခံ၍ သမ္မာတရားကို မရှာဖွေကြချေ။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်း မဟုတ်ပေ။ ဘုရားသခင် မည်သည့်အရာ ပြောသည်ဖြစ်စေ အာရုံမစိုက်သူများ၊ မိမိတို့ စိတ်နှလုံးများတွင် ခံယူချက်တစ်ခုသာ ရှိသည့် အခြားသူများ ရှိ၏။ ‘ဘုရားသခင် မည်သည့်အရာ စေခိုင်းသည်ဖြစ်စေ ကျွန်ုပ်တို့ လုပ်ဆောင်မည်။ ဘုရားသခင်က အနောက်အရပ်သို့ သွားရန် ကျွန်ုပ်ကို ပြောလျှင် အနောက်အရပ်သို့ ကျွန်ုပ် သွားမည်။ အရှေ့အရပ်သို့ သွားရန် သူ ပြောလျှင်၊ အရှေ့အရပ်သို့ ကျွန်ုပ် သွားမည်။ ကျွန်ုပ်ကို သူ သေခိုင်းလျှင် ကျွန်ုပ် သေသည်ကို သူ့အား မြင်ခွင့်ပေးမည်’ဟူ၍ ဖြစ်သည်။ သို့ရာတွင် အချက်တစ်ချက်သာ ရှိ၏။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို မသိမှတ်ကြပေ။ ၎င်းတို့က ‘ဘုရားနှုတ်ကပတ်တော် အလွန်များသည်။ ထိုနှုတ်ကပတ်တော်များသည် အနည်းငယ် ပို၍ ရိုးစင်းသင့်ပြီး ငါ့ကို ဘာလုပ်ရမည်ဆိုသည်ကို အတိအကျ ပြောသင့်သည်။ ငါ့ စိတ်နှလုံးတွင် ဘုရားသခင်ကို ငါ ကျိုးနွံနာခံနိုင်ပါသည်’ဟု မိမိတို့ဘာသာ တွေးကြ၏။ နှုတ်ကပတ်တော် မည်မျှ ဘုရားသခင် ပြောဆိုသည်ဖြစ်စေ၊ ထိုသို့သော လူများသည် နောက်ဆုံးတွင် သမ္မာတရားကို နားလည်နိုင်စွမ်းမရှိဘဲ ရှိမြဲ ရှိနေသကဲ့သို့ မိမိတို့၏ အတွေ့အကြုံနှင့် အသိပညာတို့ကို မပြောပြနိုင်မြဲ ရှိကြချေ။ ၎င်းတို့သည် ဝိညာဉ်ရေးရာ နားလည်ခြင်း မရှိသည့် သာမန်လူတစ်ဦးကဲ့သို့ ဖြစ်ကြသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ချစ်ခင်ရသူများဖြစ်သည်ဟု သင်တို့ ထင်ကြသလော။ ထိုသို့သော လူများအပေါ် သနားကရုဏာရှိဖို့ ဘုရားသခင် ဆန္ဒရှိသလော။ (မရှိပါ။) ဧကန်မုချ မရှိပေ။ ထိုသို့သော လူများကို ဘုရားသခင် မနှစ်သက်ပေ။ ဘုရားသခင်က ‘မရေမတွက်နိုင်အောင်များသော နှုတ်ကပတ်တော်များကို ထောင်နှင့်ချီ၍ ငါ ပြောဆိုပြီး ဖြစ်သည်။ မျက်ကန်းဖြစ်သည့် သို့မဟုတ် နားမကြားသည့် တစ်စုံတစ်ဦးကဲ့သို့ သင်သည် ထိုနှုတ်ကပတ်တော်များကို မမြင်ဖူး သို့မဟုတ် မကြားဖူးသည်မှာ အဘယ်သို့ဖြစ်သနည်း။ သင်၏ စိတ်နှလုံးတွင် မည်သည့်အရာအတိအကျကို သင် စဉ်းစားနေသနည်း။ သင်သည် ကောင်းချီးများနှင့် လှပကောင်းမွန်သည့် ခရီးပန်းတိုင်နောက်လိုက်ခြင်းကို စွဲလမ်းသည့် သူတစ်ဦးထက် ဘာမျှမပိုသည်ကို ငါ မြင်သည်။ သင်သည် ပေါလုကဲ့သို့ အလားတူ ရည်မှန်းချက်ပန်းတိုင်များနောက် လိုက်နေသည်။ ငါ၏ စကားများကို သင် နားမထောင်လိုပါက၊ ငါ၏ လမ်းခရီးကို သင် လိုက်လျှောက်ရန် ဆန္ဒမရှိပါက၊ ဘုရားသခင်ကို အဘယ်ကြောင့် သင် ယုံကြည်သနည်း။ သင်သည် ကယ်တင်ခြင်းနောက် လိုက်နေခြင်း မရှိ၊ လှပကောင်းမွန်သည့် ခရီးပန်းတိုင်နှင့် ကောင်းချီးများအတွက် စိတ်ဆန္ဒနောက် သင် လိုက်နေသည်။ ဤသည်မှာ သင် ကြံစည်နေသည့်အရာ ဖြစ်သည့်အတွက် သင့်အတွက် အသင့်တော်ဆုံးသောအရာမှာ အလုပ်လုပ်ပေးသူတစ်ဦး ဖြစ်ခြင်းဖြစ်သည်’ဟု ပြောသည်။ အမှန်တွင် သစ္စာရှိသည့် အလုပ်လုပ်ပေးသူတစ်ဦးဖြစ်ခြင်းသည်လည်း ဘုရားသခင်ကို နာခံခြင်း သရုပ်သကန်တစ်ခု ဖြစ်သော်လည်း ဤသည်မှာ အနိမ့်ဆုံး စံနှုန်းဖြစ်သည်။ သစ္စာစောင့်သိသည့် အလုပ်လုပ်ပေးသူတစ်ဦးအဖြစ် ရှိနေခြင်းသည် ဘာသာတရားမရှိသူတစ်ဦးကဲ့သို့ ထာဝရပြစ်ဒဏ်နှင့် ပျက်စီးခြင်းထဲသို့ ကျဆင်းခြင်းထက် များစွာ သာ၍ ကောင်းသည်။ အထူးသဖြင့် ဘုရားအိမ်တော်သည် အလုပ်လုပ်ပေးသူများအတွက် လိုအပ်ချက်တစ်ခု ရှိပြီး ဘုရားသခင်အတွက် အလုပ်လုပ်ပေးနိုင်ခြင်းကိုလည်း ကောင်းချီးတစ်ခုအဖြစ် မှတ်ယူသည်။ ဤသည်မှာ နတ်ဆိုးမင်းများ၏ လက်ပါးစေများဖြစ်ခြင်းထက် များစွာ သာ၍ ကောင်းသည်၊ နှိုင်းမရအောင် သာ၍ ကောင်း၏။ သို့ရာတွင် ဘုရားသခင်ကို အလုပ်လုပ်ပေးခြင်းသည် ဘုရားသခင်အတွက် အပြည့်အဝ စိတ်ကျေနပ်ဖွယ်ရာ မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်သည် လူများကို ကယ်တင်၊ သန့်စင်စေပြီး စုံလင်စေရန်အလို့ငှာ ဖြစ်သောကြောင့် ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို အလုပ်လုပ်ပေးခြင်းမျှဖြင့် ကျေနပ်ရောင့်ရဲကြပါက ဤသည်မှာ ဘုရားသခင်က လူတို့တွင် အမှုပြုခြင်းအားဖြင့် စွမ်းဆောင်ရရှိရန် ဆန္ဒရှိသည့် ရည်မှန်းချက် မဟုတ်သကဲ့သို့ ဘုရားသခင် မြင်ရန် ဆန္ဒရှိသည့် အကျိုးတရားလည်း မဟုတ်ပေ။ သို့ရာတွင် လူတို့သည် စိတ်ဆန္ဒဖြင့် လောင်မြိုက်ကြသည်။ ၎င်းတို့သည် မိုက်မဲပြီး ကြောင်းကျိုးမမြင်ဖြစ်ကြသည်။ ၎င်းတို့သည် သေးနုပ်သည့် အကျိုးအမြတ်အချို့ဖြင့် ဖမ်းစားခံရ၊ ဝါးမြိုခံရပြီး ဘုရားသခင် မိန့်မြွက်သည့် အဖိုးတန်သော အသက်နှုတ်ကပတ်တော်များကို ပယ်ချကြသည်။ ထိုနှုတ်ကပတ်တော်ကို အလွန်မြတ်နိုးတန်ဖိုးထားဖို့ မပြောနှင့်၊ အလေးအနက်ပင် သဘောမထားနိုင်ပေ။ ဘုရားနှုတ်ကပတ်တော်များကို မဖတ်ရှုခြင်း သို့မဟုတ် သမ္မာတရားကို မြတ်နိုးတန်ဖိုးထားမှု မရှိခြင်းသည် တော်ခြင်းဖြစ်သလော၊ နုံအခြင်းဖြစ်သလော။ လူတို့သည် ဤနည်းဖြင့် ကယ်တင်ခြင်း ရရှိနိုင်ကြသလော။ ဤအရာအားလုံးကို လူတို့ နားလည်သင့်၏။ ၎င်းတို့အနေဖြင့် မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများကို ဘေးဖယ်ကာ သမ္မာတရား လိုက်စားခြင်းကို အာရုံစိုက်လျှင်သာ ကယ်တင်ခြင်း မျှော်လင့်ချက် ရှိကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်) လူတွေက အပေါ်ယံလုပ်ရပ်တွေကိုပဲ အလေးထားတယ်ဆိုပြီး ဘုရားက ဖော်ထုတ်တယ်။ ဘုရားသခင်က ဘယ်လိုပဲ မိတ်သဟာယဖွဲ့ပါစေ လူတွေက ဘုရားနှုတ်ကပတ်တော်အပေါ် စိတ်မဝင်စားတဲ့ သဘောထားကို အမြဲထားကြတယ်။ ပြီးတော့ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ဖို့၊ ဘုရားနှုတ်ကပတ်တော်မှာ သမ္မာတရားကို ရှာဖွေဖို့ အလေးမထားဘူး။ ဘုရားသခင်ကို ဒီလိုမျိုး ယုံကြည်တာက ဘုရားအမှုတော်ကို ကြုံတွေ့တာ လုံးဝ မဟုတ်ဘူး။ ကျွန်မ အပြုအမူကို ဘုရားနှုတ်ကပတ်တော်နဲ့ ယှဉ်ကြည့်ပြီး ကျွန်မက အဲဒီလိုမျိုးပဲဆိုတာကို မြင်ခဲ့တယ်။ အသင်းတော်က ကျွန်မကို ဘာပဲလုပ်ဖို့ ခိုင်းခိုင်း လုပ်မယ်၊ ကျွန်မ ကောင်းကောင်းလုပ်ရင် ဘုရားကို ကျေနပ်စေနိုင်ပြီး ဘုရားက သဘောကျတာခံရမှာပဲလို့ ကျွန်မ တွေးခဲ့တယ်။ ဒါကြောင့် ကျွန်မက တာဝန်ထမ်းဆောင်နေတုန်းမှာ ကိစ္စတွေကိုလုပ်ဖို့ပဲ အလေးထားခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ကို လုံးဝ လျစ်လျူရှုထားခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ကို စားသောက်နေရင် ကျွန်မ တာဝန်ထမ်းဆောင်တာ နှောင့်နှေးလိမ့်မယ်လို့တောင် ခံစားမိခဲ့တယ်။ ဘုရားသခင်က လူတွေကို သမ္မာတရားနဲ့ စိတ်သဘောထားပြောင်းလဲဖို့ လိုက်စားခွင့်ပေးဖို့အတွက် သူ့ရဲ့ နောက်ဆုံးသောကာလအမှုတော်အချိန်အတွင်းမှာ နှုတ်ကပတ်တော်တွေအများကြီး ဖော်ပြပြီးပြီ၊ ဒါမှ နောက်ဆုံးမှာ လူတွေက သမ္မာတရားကို ရရှိပြီး ဘုရားရဲ့ ကယ်တင်ခြင်းကို ရကောင်းရနိုင်မယ်ဆိုတာကို ကျွန်မ သိခဲ့ပါတယ်။ ဒါပေမဲ့ သမ္မာတရားကို ကျွန်မ မချစ်တော့ ကိုယ်ပိုင်အယူအဆတွေ၊ စိတ်ကူးတွေအတိုင်း လိုက်စားနေတုန်းပဲ ဖြစ်ပြီး ဒါဆိုရင် ကိစ္စတွေကို ပြီးအောင်လုပ်ဖို့ လုံလောက်တယ်လို့ ထင်နေခဲ့တယ်။ ဒါကြောင့် သူများတွေနဲ့ ကျွန်မ တွဲလုပ်တဲ့နေရာမှာ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုက ဖွင့်ပြတော့ ဒါကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို မရှာခဲ့ဘူး။ ဘုရားသခင်က သမ္မာတရားကို ဖော်ပြပြီး လူသားတွေမှာရှိတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားမျိုးစုံကို ဖော်ထုတ်တယ်။ ပြီးတော့ သမ္မာတရားကို ကျွန်တော်တို့ နားလည်အောင်လုပ်ဖို့၊ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှားဖို့၊ သန့်စင်ခြင်းခံရဖို့အတွက် ကျွန်တော်တို့ တွေ့ကြုံဖို့ တကယ့်အခြေအနေတွေကို ပြင်ဆင်ပေးတယ်။ ဒါ ဘုရားရဲ့ ချစ်ခြင်းပဲ။ သူက လူတွေကို အလုပ်ကြမ်းလုပ်ပြီး အစေခံတာပဲ လုပ်စေချင်ရင် အခုအခြေအနေအထိ တစ်ဆင့်ချင်းလုပ်ဖို့ လိုမှာမဟုတ်ဘူး။ လူ့ဇာတိခံဖို့၊ သမ္မာတရားကို ဖော်ပြဖို့၊ ဆင်းရဲဒုက္ခတွေအများကြီးခံဖို့ လိုမှာမဟုတ်ဘူး။ ကျွန်မက ဘုရားနှုတ်ကပတ်တော်တွေ အများကြီးဖတ်ပေမဲ့ လူတွေကို ကယ်တင်ဖို့ ဘုရားရဲ့ ရည်ရွယ်ချက်ကို နားမလည်သေးဘူး။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက လုံးဝ မပြောင်းလဲခဲ့ဘူး။ ကျွန်မက အတိအကျကို ဘုရားနှုတ်ကပတ်တော်မှာ ပြောထားတဲ့ လူပြိန်းမျိုးပဲ။ ဒီလိုဆက်သွားနေရင် အလုပ်တွေ ပိုလုပ်ရင်တောင်မှ နောက်ဆုံးမှာ ကျွန်မ ကယ်တင်ခြင်းခံရမှာမဟုတ်ဘူး။ ဒါကို သဘောပေါက်သွားတော့ ဘုရားရှေ့ကို လာပြီး “အနန္တတန်ခိုးရှင်ဘုရားသခင် ကိုယ်တော့်နှုတ်ကပတ်တော်တွေကို ထိတွေ့ခြင်းမှတစ်ဆင့် ဘုရားအပေါ် သမီးရဲ့ ယုံကြည်ခြင်းမှာရှိတဲ့ လိုက်စားမှုအပေါ် မှားနေတဲ့ အမြင်တွေကို နောက်ဆုံးမှာ သမီး သဘောပေါက်ခဲ့ပါတယ်။ သမီးနောင်တရပြီး ပြောင်းလဲချင်စိတ်ရှိပါတယ်။ သမီးရဲ့ မှားနေတဲ့ အမြင်တွေကို စွန့်ရာမှာ၊ ကိုယ်တော့်နှုတ်ကပတ်တော်တွေကို အားထုတ်ရာမှာ၊ သမ္မာတရားကို လိုက်စားပြီး၊ အသက်ဝင်ရောက်မှုကို အာရုံစိုက်ရာမှာ သမီးကို ဦးဆောင်တော်မူပါ” ဆိုပြီး ဆုတောင်းခဲ့ပါတယ်။
နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တယ်။ “ယနေ့ခေတ်တွင်၊ လူအများစုသည် ဤအခြေအနေမျိုးတွင် ရှိကြ၏- ကောင်းချီးမင်္ဂလာများကို ရရှိဖို့ရန်အလို့ငှာ၊ ဘုရားသခင်အတွက် ကျွန်ုပ် မိမိကိုယ်ကိုယ် အသုံးတော်ခံရမည်ဖြစ်ပြီး သူ့အတွက် အဖိုးအခပေးရမည်။ ကောင်းချီးမင်္ဂလာများရရှိဖို့ရန်အလို့ငှာ၊ ဘုရားသခင်အတွက် ကျွန်ုပ် အရာရာ စွန့်လွှတ်ရမည်။ ကျွန်ုပ်ကို ပေးအပ်ထားသည့်အရာကို ကျွန်ုပ် ပြည့်စုံစေရမည်ဖြစ်ပြီး ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် ကောင်းစွာ ဆောင်ရွက်ရမည်ဟူ၍ ဖြစ်သည်။ ဤအခြေအနေကို ကောင်းချီးမင်္ဂလာများ ရရှိဖို့ ရည်ရွယ်ချက်က စိုးမိုးထားလေသည်။ ယင်းမှာ ဘုရားသခင်ထံမှ ဆုလာဘ်များ ရရှိခြင်းနှင့် သရဖူရရှိခြင်းနှင့်ဆိုင်သော ရည်ရွယ်ချက်အတွက်အလို့ငှာ သူ့အတွက် မိမိကိုယ်ကိုယ် လုံးလုံးလျားလျား အသုံးခံခြင်းနှင့်ဆိုင်သော သာဓကတစ်ခု ဖြစ်သည်။ ထိုသို့သော လူတို့သည် မိမိတို့၏ စိတ်နှလုံးများထဲတွင် သမ္မာတရားမရှိကြသကဲ့သို့၊ ၎င်းတို့၏ သိနားလည်မှုမှာ ၎င်းတို့ သွားသည့် နေရာတကာတွင် ၎င်းတို့ ကြွားဝါကြသည့် အနည်းငယ်သော စကားများနှင့် အယူဝါဒများသာ ပါရှိသည်မှာ သေချာပေ၏။ ၎င်းတို့၏ လမ်းကြောင်းသည် ပေါလု၏ လမ်းကြောင်းဖြစ်သည်။ ထိုသို့သောလူတို့၏ ယုံကြည်ခြင်းသည် အတောမသတ်သော အားသွန်ခွန်စိုက် အလုပ် ဆောင်ရွက်ချက် တစ်ခုဖြစ်ပြီး စိတ်ထဲတွင် ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်အပေါ် ၎င်းတို့သစ္စာရှိခြင်းကို ထိုအရာက ပိုမိုသက်သေပြလေဟု ခံစားကြသည်။ ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်က သေချာပေါက် ပိုမိုစိတ်ကျေနပ်မှုရှိလေ ဖြစ်လိမ့်မည်ဖြစ်ပြီး ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သရဖူပေးခံရဖို့ ၎င်းတို့ ပိုမိုထိုက်တန်လေ ဖြစ်လိမ့်မည်ဖြစ်ကာ၊ သာ၍ ကြီးမားသော ကောင်းချီးမင်္ဂလာများကို ၎င်းတို့ ရရှိကြလိမ့်မည်ဟု ခံစားကြလေသည်။ ခရစ်တော်အတွက် ၎င်းတို့ ဆင်းရဲဒုက္ခခံနိုင်လျှင်၊ တရားဟောနိုင်ပြီး အသေခံနိုင်လျှင်၊ ၎င်းတို့၏ ကိုယ်ပိုင်ဘဝများကို ၎င်းတို့ စတေးခံနိုင်လျှင်၊ ၎င်းတို့ကို ဘုရားသခင် ပေးအပ်ထားသည့် တာဝန်များအားလုံးကို ပြည့်စုံစေနိုင်လျှင်၊ ၎င်းတို့သည် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာများ ရရှိသူများဖြစ်ပြီး ၎င်းတို့သည် သရဖူများ အပေးခံရဖို့ သေချာလိမ့်မည်ဟု ၎င်းတို့ တွေးကြလေသည်။ ဤသည်မှာ ပေါလု စိတ်ကူးခဲ့သည့် အရာနှင့် သူ ကြိုးစားခဲ့သည့်အရာ အတိအကျ ဖြစ်သည်။ ဤသည်မှာ သူ လျှောက်လှမ်းခဲ့သည့် တိကျသော လမ်းကြောင်း ဖြစ်ပြီး၊ ပေါလုက ဘုရားသခင်ကို အစေခံရန် အလုပ်လုပ်ခဲ့သည်မှာ ထိုသို့သော အတွေးများ၏ လမ်းညွှန်မှုအောက်တွင် ဖြစ်သည်။ ထို အတွေးများနှင့် ရည်ရွယ်ချက်များက ဆိုးယုတ်သော သဘာဝမှ ပေါ်ပေါက်ပေသည် မဟုတ်လော။ ယင်းမှာ ကမ္ဘာမြေပေါ်တွင်ရှိစဉ် အသိပညာကို လိုက်စားရမည်ဖြစ်ပြီး၊ ယင်းကို ရရှိပြီးသည့်နောက်တွင် လူအုပ်မှ ၎င်းတို့ ထင်ပေါ်နိုင်သည်၊ အရာရှိများ ဖြစ်လာနိုင်ပြီး အဆင့်အတန်း ရှိနိုင်သည်ဟု ယုံကြည်ကြသည့် လောကီလူသားများကဲ့သို့သာ ဖြစ်ပေသည်။ ၎င်းတို့သည် အဆင့်အတန်း ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ ရည်မှန်းချက်များကို ၎င်းတို့ ပြည့်မြောက်စေနိုင်ပြီး ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများနှင့် မိသားစု နေထိုင်မှုစနစ်တို့ကို ကြီးပွားသော အဆင့်တစ်ခုသို့ မီအောင် လုပ်ဆောင်နိုင်သည်ဟု ၎င်းတို့က ထင်ကြသည်။ ဘာသာတရားမရှိသူများအားလုံးသည် ဤလမ်းကြောင်းကို လျှောက်လှမ်းကြသည် မဟုတ်လော။ ဤစာတန်ဆန်သော သဘာဝ၏ ကြီးစိုးခြင်းခံရသူများသည် ၎င်းတို့၏ ယုံကြည်ခြင်းတွင် ပေါလုကဲ့သို့သာ ဖြစ်နိုင်သည်- ၎င်းတို့က တွေးကြသည်။ ‘ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အသုံးတော်ခံဖို့ အရာရာကို ငါ စွန့်ပစ်ရမည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် ငါ သစ္စာစောင့်သိရမည်ဖြစ်ပြီး၊ နောက်ဆုံးတွင် ကြီးမြတ်သော ဆုလာဘ်များနှင့် ကြီးမြတ်သော သရဖူများကို ရရှိလိမ့်မည်။’ ဤသည်မှာ လောကီအရာများကို လိုက်စားကြသည့် လောကီလူတို့၏ သဘောထားအတိုင်း ဖြစ်ပေသည်။ ၎င်းတို့သည် လုံးဝ ကွဲပြားခြင်းမရှိသကဲ့သို့ တူညီသည့် သဘာဝကို ၎င်းတို့ ခံစားရသည်။ လူတို့သည် ဤဆိုးယုတ်သော သဘာဝမျိုး ရှိကြသည့်အခါ၊ အပြင်လောကထဲတွင်၊ ၎င်းတို့သည် အသိပညာ၊ ပညာ၊ ဂုဏ်အဆင့်အတန်းတို့ကို ရရှိရန်နှင့် လူအုပ်မှ ထင်ပေါ်ဖို့ ကြိုးစားကြလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်လျှင် ကြီးမားသော သရဖူများ နှင့် ကြီးမားသော ကောင်းချီးမင်္ဂလာများကို ရရှိဖို့ ၎င်းတို့ ကြိုးစားကြလိမ့်မည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်သည့်အခါတွင် သမ္မာတရားကို မလိုက်စားကြလျှင်၊ ဤလမ်းကြောင်းကို ၎င်းတို့ လျှောက်ဖို့ သေချာသည်။ ဤသည်မှာ မပြောင်းလဲသော အမှန်တရား၊ ယင်းသည် သဘာဝ ဥပဒေသတစ်ခုဖြစ်သည်။ သမ္မာတရားကို မလိုက်စားသည့်လူများ လျှောက်သည့်လမ်းကြောင်းသည် ပေတရု၏ လမ်းကြောင်းကို လုံးလုံး ဆန့်ကျင်သည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း) လူတွေဟာ သူတို့ကိုယ်တိုင်အတွက် ကောင်းချီးတွေနဲ့ ကောင်းတဲ့ရလဒ်နဲ့ ခရီးပန်းတိုင်တစ်ခုကို ရဖို့ ဘုရားအပေါ် သူတို့ရဲ့ ယုံကြည်မှုနဲ့ တာဝန်ထမ်းဆောင်မှုမှာ စွန့်လွှတ်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံကြတယ်လို့ ဘုရားသခင်က ဖော်ထုတ်တယ်။ သူတို့တွေက ကောင်းချီးတွေရဖို့ စိတ်ပါဝင်စားမှုက ထိန်းချုပ်တာကို ခံရတယ်။ ကျွန်မ ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်မမှာ လိုက်စားမှုအပေါ် ဒီလိုအမြင်တွေ အတိအကျကိုရှိတယ်ဆိုတာ တွေ့လိုက်ရတယ်။ အလုပ်နဲ့တာဝန်တွေကို ပိုပြီးလုပ်ရင်၊ ခေါင်းဆောင်က ကျွန်မကို အပ်တဲ့အလုပ်တွေကို ဖြည့်ဆည်းပြီး ရလဒ်တွေရရင် ဘုရားသခင်ရဲ့ လက်ခံမှုကို ရလိမ့်မယ်၊ ကျွန်မလည်း ကောင်းတဲ့ရလဒ်နဲ့ ခရီးပန်းတိုင်ရှိမယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ဒါကြောင့်မို့ ကျွန်မက ကိစ္စတွေကို ပြီးအောင်လုပ်ဖို့ကို စိတ်နှစ်ခဲ့ပြီး နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် အလုပ်ရှုပ်အောင်နေခဲ့တယ်။ တရားဟောတာ၊ အလုပ်လုပ်တာကိုပဲ အလေးပေးတဲ့ ပေါလုကို ကျွန်မတွေးမိတယ်။ သူက ခရီးရှည်သွားခဲ့ပြီး သိသာတဲ့ အဖိုးအခကို ပေးဆပ်ခဲ့တယ်။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့မလုပ်ခဲ့ဘူး။ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက လုံးဝ မပြောင်းလဲခဲ့ဘူး။ ဒါတွေအားလုံးကို လုပ်တဲ့နေရာမှာ သူက သရဖူနဲ့ ဆုလာဘ်တွေရဖို့ မျှော်လင့်ချက်နဲ့ ဘုရားနဲ့ အပေးအယူလုပ်နေတာ သက်သက်ပဲ။ နောက်ဆုံးမှာ သူက သူ့ကိုယ်သူတောင် သက်သေခံပြီး ပြောခဲ့တယ်။ “အသက်ရှင်သည်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား၊ သာ၍အကျိုးရှိ၏။” (ဖိလိပ္ပိ သြဝါဒစာ ၁:၂၁) ဘုရားရဲ့ စိတ်သဘောထားကို သူ ပုန်ကန်ပြစ်မှားခဲ့ပြီး ဘုရားက ဖယ်ရှားပြီး အပြစ်ပေးတာကို ခံရတယ်။ အခု ပြန်ကြည့်ကြည့်တော့ ကျွန်မက ပေါလုရဲ့လမ်းကို လျှောက်နေခဲ့တာပါ။ ကျွန်မရဲ့ ကိုယ်ပိုင်အယူအဆတွေ၊ စိတ်ကူးတွေအပေါ် အမှီပြုပြီး ကျွန်မ အလုပ်တွေပိုလုပ်ပြီး ကျွန်မကို အပ်နှံတဲ့တာဝန်တွေကို ဖြည့်ဆည်းသရွေ့၊ ရလဒ်တွေ ရသရွေ့ နောက်ဆုံးမှာ ဘုရားက ကျွန်မကို ကောင်းတဲ့ခရီးပန်းတိုင်တစ်ခု သေချာပေါက်ပေးမယ်လို့ ယုံကြည်ခဲ့တယ်။ ဒီလိုနဲ့ အလုပ်တွေပြီးဖို့ကိုပဲ ကျွန်မ အလေးထားခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ကို စားသောက်နေရင် ကျွန်မ နှောင့်နှေးလိမ့်မယ်လို့တောင် ခံစားမိတယ်။ ကျွန်မက မာနထောင်လွှားတဲ့ စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ပြခဲ့ပြီး သူများတွေကို ချုပ်ချယ်ခဲ့တယ်။ ဒါပေမဲ့ ဖြေရှင်းဖို့ကို အလေးမထားခဲ့ဘူး။ ကျွန်မက ဘုရားသခင်ဆီက ကောင်းချီးတွေရဖို့အတွက် ကျွန်မရဲ့ အပေါ်ယံအနစ်နာခံမှု၊ အသုံးခံမှုနဲ့ ကျွန်မအလုပ်ရဲ့ ရလဒ်တွေကိုပဲ အလဲအလှယ်လုပ်ချင်ခဲ့တယ်။ ဒါက ဘုရားသခင်ရဲ့ လက်ခံမှုကို ဘယ်လိုရနိုင်မှာလဲ။ အပြင်ပန်းမှာတော့ ကျွန်မက နေ့တိုင်း ဆက်တိုက်အလုပ်လုပ်နေတဲ့ပုံစံရှိပြီး ကိုယ့်တာဝန်မှာ တော်တော်လေးသစ္စာရှိပုံရတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဘုရားကို ကျေနပ်စေဖို့ လုပ်နေတာ၊ အသင်းတော်အလုပ်အတွက် လုပ်နေတာ လုံးဝ မဟုတ်ဘူး။ ဒီအစား ကျွန်မက ကိုယ်ပိုင်ရလဒ်နဲ့ ခရီးပန်းတိုင်အတွက် ကြံစည်နေတာပဲ။ ကျွန်မက ဘုရားသခင်ကို အခွင့်ကောင်းယူပြီး သူနဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေတာပါ။ ဒါက ဘုရားသခင် မုန်းတဲ့အရာပဲ။ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်နှလုံးနဲ့ မသန့်စင်တဲ့ ရည်ရွယ်ချက်တွေနဲ့ ဆက်ပြီး လိုက်စားနေသေးရင်၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက လုံးဝ မပြောင်းလဲရင် နောက်ဆုံးမှာ ဘုရားသခင်က ဖယ်ရှားတာကို သေချာပေါက် ခံရမှာပဲ။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်တယ်။ “ပေတရု အသက်တာထဲတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် မလုပ်ဆောင်သည့် မည်သည့်အရာမဆိုသည် သူ့ကို မသက်မသာ ခံစားရစေသည်။ အကယ်၍ ယင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် မလုပ်ဆောင်ပါက၊ သူသည် နောင်တခံစားရလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ နှလုံးသားကို ကျေနပ်စေရန် သူကြိုးပမ်းနိုင်မည့် သင့်လျော်သော နည်းလမ်းတစ်ခုကို ရှာမည် ဖြစ်သည်။ သူ့ အသက်တာ၏ အသေးငယ်ဆုံးနှင့် အရေးမပါဆုံးသော ရှုထောင့်များ၌ပင်လျှင် သူသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်ရန် မိမိကိုယ်ကို တောင်းဆိုဆဲဖြစ်ခဲ့သည်။ သူ၏ ဟောင်းသော စိတ်သဘောထားနှင့် ပတ်သက်လာသည့်အခါ သူသည် စိုးစဉ်းမျှ အမှားမခံခဲ့ဘဲ၊ သမ္မာတရားထဲသို့ သာ၍ နက်ရှိုင်းစွာ တိုးတက်သွားရန် မိမိကိုယ်ကိုယ် မိမိ သတ်မှတ်ချက်များတွင် သူသည် ယခင်ထက် တင်းကျပ်ခဲ့သည်။...သူ၏ ဘုရားသခင်ကို ယုံကြည်ခြင်းတွင်၊ ပေတရုသည် အရာရာ၌ ဘုရားသခင်ကို ကျေနပ်စေရန် ကြိုးစားခဲ့ပြီး၊ ဘုရားသခင်ထံမှလာသော အရာအားလုံးကို ကျိုးနွံနာခံရန် ကြိုးစားခဲ့သည်။ စိုးစဉ်းမျှ စောဒကတက်ခြင်း မရှိဘဲ၊ သူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအပြင်၊ စစ်ဆေးခြင်း၊ အတိဒုက္ခနှင့် သူ့အသက်တာတွင် ချို့တဲ့မှုများဖြင့် အသက်ရှင်ခြင်းတို့ကို လက်ခံနိုင်ခဲ့သည်၊ ယင်းတို့အထဲမှ မည်သည့်အရာကမျှ သူ၏ ဘုရားသခင်ကို ချစ်သော စိတ်နှလုံးအား မပြောင်းလဲနိုင်ခဲ့ပေ။ ဤသည်မှာ ဘုရားသခင်ကို အဆုံးစွန် ချစ်ခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးနှင့်ဆိုင်သည့် တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်း မဟုတ်လော။ ပြစ်တင်ဆုံးမခြင်း၌ဖြစ်စေ၊ တရားစီရင်ခြင်း၌ ဖြစ်စေ၊ သို့မဟုတ် အတိဒုက္ခ၌ ဖြစ်စေ၊ သင်သည် သေသည်အထိ ကျိုးနွံနာခံခြင်းကို စွမ်းဆောင်ရရှိနိုင်စွမ်း ရှိပြီး၊ ဤသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးက စွမ်းဆောင်ရရှိသင့်သည့် အရာဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်း၏ စင်ကြယ်မှု ဖြစ်သည်။ အကယ်၍ လူသည် ဤမျှ စွမ်းဆောင် ရရှိနိုင်ပါက၊ သူသည် ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး ဖြစ်ပြီး၊ ဖန်ဆင်းရှင်၏ ရည်ရွယ်ချက်များကို ဤအရာထက် သာ၍ အထမြောက်အောင် လုပ်ဆောင်ပေးသည့်အရာ မည်သည့်အရာမျှမရှိချေ။ သင်သည် ဘုရားသခင်အတွက် အလုပ်လုပ်နိုင်သော်လည်း၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း မရှိသကဲ့သို့ ဘုရားသခင်အား အမှန်တကယ် ချစ်နိုင်စွမ်းမရှိဟု စိတ်ကူးကြည့်လော့။ ဤနည်းဖြင့် သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို မဖြည့်ဆည်းမည် သာမက၊ သင်သည် သမ္မာတရားကို မပိုင်ဆိုင်သူ၊ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်စွမ်း မရှိသကဲ့သို့၊ ဘုရားသခင်ကို ပုန်ကန်သောသူတစ်ဦး ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကိုလည်း သင် ခံရမည် ဖြစ်သည်။ ဘုရားသခင်အတွက် အလုပ်လုပ်ရန်သာ သင် အရေးစိုက်ပြီး၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် မိမိကိုယ်ကိုယ် သိရှိခြင်းကို အရေးမစိုက်ပေ။ သင်သည် ဖန်ဆင်းရှင်ကို နားမလည် သို့မဟုတ် မသိသကဲ့သို့၊ ဖန်ဆင်းရှင်ကို ကျိုးနွံနာခံခြင်းဖြစ်စေ၊ ချစ်ခြင်းဖြစ်စေ မရှိချေ။ သင်သည် ဘုရားသခင်အား မွေးရာပါ ပုန်ကန်သူတစ်ဦး ဖြစ်သည်၊ ထို့ကြောင့် ထိုသို့သော လူများသည် ဖန်ဆင်းရှင်၏ နှစ်သက်မြတ်နိုးခြင်းကို မခံရပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) ဘုရားနှုတ်ကပတ်တော်က ပြောတယ်။ ပေတရုက ဘဝမှာ ဘာအသေးအဖွဲကိစ္စတွေကို ကြုံရပါစေ သမ္မာတရားကို ရှာနိုင်ပြီး ဘုရားသခင် ကျေနပ်စေဖို့ အားထုတ်နိုင်တယ် တဲ့။ သူထုတ်ဖော်ပြတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကိုလည်း ချက်ချင်း ဆင်ခြင်သုံးသပ်နိုင်တယ်။ ပြီးတော့ သူအလုပ်လုပ်နေတုန်းမှာ သူ့ရဲ့ ကိုယ်ပိုင်ဝင်ရောက်မှုကို အလေးထားတယ်။ ဘုရားသခင်ရဲ့ စေခိုင်းချက်နဲ့ သူ့ရဲ့ ကိုယ်ပိုင်အသက်ဝင်ရောက်မှုအတွက် ဝန်ထုပ်ဝန်ပိုး ထမ်းရွက်ခဲ့တယ်။ သူလျှောက်ခဲ့တဲ့လမ်းကြောင်းက အောင်မြင်မှုတစ်ခုပဲ။ ဒါပေမဲ့ ကျွန်မက ဟိုသည်ပြေးလွှားပြီး အလုပ်လုပ်တာကိုပဲ အလေးထားတယ်။ သမ္မာတရားရှာဖွေဖို့ အလေးမထားဘူး။ ဖောက်ပြန်ပျက်စီးမှုကို ကျွန်မ ထုတ်ဖော်ပြတော့ ဒီအကြောင်း ဘာမှမစဉ်းစားခဲ့ဘူး။ ဆင်ခြင်သုံးသပ်ပြီး ကိုယ့်ကိုယ်ကိုယ် မသိခဲ့ဘူး။ ဒီနေ့အထိ လုံးဝ မပြောင်းလဲခဲ့ဘူး။ ကျွန်မ လျှောက်တဲ့လမ်းကြောင်းက ကျရှုံးမှုတစ်ခုပဲ။ တကယ်တမ်းက လူတွေဟာ အဖိုးအခပေးဆပ်သင့်ပြီး ဘုရားအတွက် သူတို့ကိုယ်သူတို့ အသုံးခံသင့်တယ်။ ဒါသူတို့ရဲ့ တာဝန်ပဲ။ ဒါက ကျွန်မ စိတ်ကူးသလို အလုပ်ပြီးရုံနဲ့ လုံလောက်တာမျိုုး မဟုတ်ဘူး။ အကြောင်းကိစ္စတွေ ဖြစ်လာတဲ့အခါမှာ သမ္မာတရားကို ရှာဖွေနိုင်တာ၊ တာဝန်ထမ်းဆောင်တဲ့ လုပ်ငန်းစဉ်မှာ ကိုယ့်ရဲ့ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုနဲ့ အားနည်းချက်တွေကို သိဖို့ အလေးထားတာ၊ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေတာ၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ဖို့အတွက် စံသတ်မှတ်ချက်အနေနဲ့ သမ္မာတရားကိုထားတာ၊ ဒါတွေကသာ ဘဝမှာ တိုးတက်မှုဖြစ်စေလိမ့်မယ်။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ခဏလေးနဲ့ မဖြေရှင်းနိုင်ပေမဲ့ အဲဒါကို သိပြီး လမ်းကြောင်းပြောင်းဖို့၊ ဘုရားနှုတ်ကပတ်တော်ကို အခြေခံပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့၊ ကျွန်မ လိုက်နာသင့်တဲ့ စည်းမျဉ်းတွေကို ရှာဖွေဖို့၊ ဘုရားနှုတ်ကပတ်တော်နဲ့အညီ လက်တွေ့လုပ်ဖို့တွေကို အလေးပေးသင့်တယ်။
နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်တယ်။ “သမ္မာတရားကို လိုက်စားသူများသည် ၎င်းတို့၏ တာဝန်ဖြင့် မည်မျှ အလုပ်ရှုပ်နေပါစေ ၎င်းတို့အပေါ်သို့ ကျရောက်သော ပြဿနာများကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေနိုင်ဆဲဖြစ်သည်။ ၎င်းတို့ကြားနာခဲ့သည့် တရားဒေသနာများတွင် မရှင်းလင်းသော အရာများနှင့်ပတ်သက်သည့် မိတ်သဟာယကို ရှာဖွေနိုင်ဆဲဖြစ်သည်။ ပြီးလျှင် ၎င်းတို့ ထမ်းဆောင်ခဲ့သည့်ပုံစံကို ဆင်ခြင်သုံးသပ်ရန်အတွက် ၎င်းတို့၏ စိတ်နှလုံးကို နေ့စဉ် ငြိမ်သက်စေပြီး ဘုရားနှုတ်ကပတ်တော်များကို စဉ်းစားကာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုများကို ကြည့်နိုင်ဆဲဖြစ်သည်။ ဤအရာများမှတစ်ဆင့် ၎င်းတို့သည် အကျိုးအမြတ်များရရှိကြသည်။ ၎င်းတို့၏ တာဝန်များဖြင့် မည်မျှအလုပ်ရှုပ်ပါစေ ၎င်းတို့၏ အသက်ဝင်ရောက်မှုက လုံးဝ အနှောင့်အယှက်မဖြစ်သကဲ့သို့ နှောင့်နှေးခြင်းလည်းမရှိပေ။ သမ္မာတရားအား လိုက်စားသူများသည် ဤသို့ လက်တွေ့လုပ်ဆောင်သည်မှာ ဖြစ်ရိုးဖြစ်စဉ်ပင်ဖြစ်သည်။ သမ္မာတရားကို မချစ်သောသူများသည် ၎င်းတို့၏ တာဝန်ဖြင့် အလုပ်ရှုပ်သည်ဖြစ်စေ၊ မရှုပ်သည်ဖြစ်စေ၊ ၎င်းတို့အပေါ်သို့ မည်သည့်ပြဿနာများ ကျရောက်သည်ဖြစ်စေ သမ္မာတရားကို မရှာဖွေသလို မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိမြင်ရန်အတွက် ဘုရားသခင်ရှေ့တွင် မိမိတို့ကိုယ်ကို ငြိမ်သက်စေလိုစိတ်လည်း မရှိကြပေ။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ တာဝန်တွင် အလုပ်ရှုပ်သည်ဖြစ်စေ၊ အားလပ်နေသည်ဖြစ်စေ သမ္မာတရားကို မလိုက်စားကြပေ။ အမှန်မှာ လူတစ်ယောက်သည် သမ္မာတရားကို လိုက်စားရန် စိတ်ပါဝင်စားမှုရှိလျှင်၊ သမ္မာတရားအား တောင့်တလျှင်၊ အသက်ဝင်ရောက်ခြင်းနှင့် မိမိ၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းတို့၏ ဝန်ထုပ်ဝန်ပိုးကို သယ်ဆောင်လျှင် သူသည် မိမိ၏တာဝန်ဖြင့် မည်သို့အလုပ်ရှုပ်နေပါစေ စိတ်နှလုံးတွင် ဘုရားသခင်နှင့် ပိုမိုနီးကပ်ပြီး ဘုရားသခင်ထံ ဆုတောင်းလိမ့်မည်။ သူသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှုအချို့ကို ရရှိဖို့ သေချာသည်။ သူ၏ ဘဝသည် ရပ်တန့်မှုမရှိဘဲ ကြီးထွားတိုးတက်လိမ့်မည်။ လူတစ်ယောက်သည် သမ္မာတရားကို မချစ်ဘဲ အသက်ဝင်ရောက်ခြင်း၊ သို့မဟုတ် သူ၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း၏ ဝန်ထုပ်ဝန်ပိုးတစ်ခုကိုမျှ မသယ်ဆောင်လျှင်၊ သို့မဟုတ် ဤအရာများကို စိတ်မဝင်စားလျှင် သူသည် မည်သည့်အရာကိုမျှ မရရှိနိုင်ပေ။ လူတစ်ယောက်သည် ဖောက်ပြန်ပျက်စီးခြင်းနှင့် ပတ်သက်ပြီး မည်သည့် ဖွင့်ပြမှုရှိသည်ကို ဆင်ခြင်သုံးသပ်ခြင်းသည် အချိန်မရွေး၊ နေရာမရွေး လုပ်ဆောင်ရမည့်အရာတစ်ခုဖြစ်သည်။ ဥပမာ မိမိ၏တာဝန်ထမ်းဆောင်စဉ်တွင် ဖောက်ပြန်ပျက်စီးမှုကို ဖွင့်ပြလျှင် မိမိ၏ စိတ်နှလုံး၌ ဘုရားသခင်ထံ ဆုတောင်းရမည်။ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ရမည်။ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိမြင်ရမည်။ ယင်းကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေရမည်။ ဤသည်မှာ စိတ်နှလုံးနှင့် သက်ဆိုင်သော ကိစ္စဖြစ်သည်။ လက်ရှိအလုပ်နှင့် သက်ဆိုင်မှုမရှိပေ။ ဤသည်မှာ လုပ်ဆောင်ရန် လွယ်ကူသလော။ ဤသည်မှာ သင်က သမ္မာတရားအား လိုက်စားသူတစ်ယောက်ဟုတ်မဟုတ် အပေါ်တွင် မူတည်သည်။ သမ္မာတရားအား မချစ်သောသူတို့သည် ဘဝ၌ ကြီးထွားတိုးတက်မှုနှင့် သက်ဆိုင်သော ကိစ္စများကို စိတ်မဝင်စားကြပေ။ ဤသို့သောအရာများကို မစဉ်းစားကြပေ။ ဘဝတွင် မိမိတို့ကိုယ်ကို ကြီးထွားတိုးတက်ရန် ကြိုးစားလိုစိတ်ရှိသောသူတို့သည် သမ္မာတရားကို လိုက်စားသောသူများသာဖြစ်သည်။ အမှန်တကယ် တည်ရှိသော ပြဿနာများနှင့် ထိုပြဿနာများအား ဖြေရှင်းရန် သမ္မာတရားအား မည်သို့ရှာဖွေရမည်ကို မကြာခဏ တွေးတောသူများသည် ၎င်းတို့သာဖြစ်သည်။ အမှန်တွင် ပြဿနာများကို ဖြေရှင်းခြင်း ဖြစ်စဉ်နှင့် သမ္မာတရားအား လိုက်စားခြင်းဖြစ်စဉ်သည် တူညီသည်။ မိမိ၏တာဝန်ထမ်းဆောင်စဉ်တွင် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားအား ရှာဖွေခြင်းကို စဉ်ဆက်မပြတ် အာရုံစိုက်ပြီး ဤသို့ လက်တွေ့လုပ်ဆောင်သည့် နှစ်အချို့တွင် ပြဿနာ အတော်များများကို ဖြေရှင်းခဲ့လျှင် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုသည် သေချာပေါက် စံနှုန်းနှင့် ကိုက်ညီသည်။ ဤသို့သောသူတို့တွင် ဖောက်ပြန်ပျက်စီးမှုအား ဖွင့်ပြခြင်းက တိုး၍ လျော့ပါးလာလေသည်။ ပြီးလျှင် ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်းတွင် စစ်မှန်သော အတွေ့အကြုံများစွာကို ရရှိကြသည်။ ဤသို့အားဖြင့် ၎င်းတို့သည် ဘုရားသခင်အတွက် သက်သေခံနိုင်ကြသည်။...လူတစ်ယောက်က သမ္မာတရားအား လိုက်စားခြင်းရှိမရှိသည် ထိုသူက သူ၏တာဝန်နှင့် မည်မျှအလုပ်ရှုပ်သည်၊ သို့မဟုတ် ထိုသူတွင် အချိန်မည်မျှရှိသည်တို့နှင့် မသက်ဆိုင်ပေ။ စိတ်နှလုံး၌ သမ္မာတရားအား ချစ်ခြင်းရှိမရှိအပေါ်တွင် မူတည်သည်။ အမှန်မှာ လူတိုင်းတွင် တူညီသော အချိန်ပေါများမှုရှိသည်။ ကွာခြားချက်မှာ လူတစ်ဦးချင်းစီက အသုံးချသည့်နေရာတွင် တည်ရှိသည်။ သမ္မာတရားအား လိုက်စားရန် အချိန်မရှိဟု ပြောသောသူ မည်သူမဆိုသည် ဇာတိပကတိ သာယာမှုများ၌ ၎င်းတို့၏ အချိန်ကို အသုံးချနေခြင်း၊ သို့မဟုတ် အပြင်ပန်း ကြိုးပမ်းအားထုတ်မှုတစ်ခုခုဖြင့် အလုပ်ရှုပ်နေခြင်းဖြစ်နိုင်သည်။ ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားအား ရှာဖွေခြင်းတွင် အချိန်ကို အသုံးမချပေ။ ဤသည်မှာ ၎င်းတို့၏ လိုက်စားမှုတွင် ပေါ့ဆသောသူတို့၏ ပုံစံဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ အသက်ဝင်ရောက်မှု၏ ကြီးမားသော အမှုကိစ္စကို နှောင့်နှေးစေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၃)) ဘုရားနှုတ်ကပတ်တော်မှာ လက်တွေ့လုပ်ဖို့လမ်းကြောင်းကို ကျွန်မတွေ့သွားတယ်။ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ပြီး ဆင်ခြင်ဖို့ နေ့တိုင်း အချိန်ယူရမယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ရမယ်။ ဒီနေ့ ဘာဖောက်ပြန်ပျက်စီးမှုကို ကျွန်မ ဖွင့်ပြခဲ့တယ်၊ ဘာတွေကို စည်းမျဉ်းမပါဘဲ လုပ်ဆောင်ခဲ့တယ်ဆိုတာ ဆင်ခြင်ရမယ်။ အကျိုးအမြတ်တွေ ရယူနိုင်သရွေ့ ဒါကို အချိန်ကြာကြာလုပ်တာ၊ မလုပ်တာက အရေးမကြီးဘူး။ တာဝန်ထမ်းဆောင်နေတုန်းမှာ ကျွန်မ အလုပ်မရှုပ်တဲ့အချိန်ကျရင် ဘုရားနှုတ်ကပတ်တော်ဖတ်ဖို့ အချိန်နည်းနည်းယူနိုင်တယ်။ အလုပ်ရှုပ်တဲ့အချိန်ကျရင် တာဝန်ထမ်းဆောင်ဖို့ အာရုံစိုက်နိုင်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ပြီး တွေ့ကြုံဖို့ လက်တွေ့ဘဝထဲကို ယူလာနိုင်တယ်။ အရင်တုန်းက ဝိညာဉ်ရေး ဆက်ကပ်ခြင်း၊ ဒါမှမဟုတ် ကျွန်မအခြေအနေကို ဖြေရှင်းဖို့အတွက် ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖွေခြင်းနဲ့ ပတ်သက်ရင် ကျွန်မမှာ အချိန်မရှိဘူးလို့ ငြင်းတယ်။ တကယ်တမ်းတော့ ကျွန်မက တာဝန်ထမ်းဆောင်ရင်း အလုပ်ရှုပ်နေပြီး ဘုရားနှုတ်ကပတ်တော်ဖတ်ဖို့ အချိန်မရတာမဟုတ်ဘူး။ သမ္မာတရားကို မချစ်ဘဲ အလုပ်ပြီးဖို့ပဲ အလေးထားလို့ပါ။ ကျွန်မ တာဝန်နဲ့ အလုပ်ရှုပ်မနေရင်တောင်မှ ကျွန်မက ဘုရားနှုတ်ကပတ်တော်ဖတ်ဖို့၊ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို ရှာဖို့ အာရုံမစိုက်သေးပါဘူး။ လက်တွေ့မှာ ကိုယ့်တာဝန်ကို ထမ်းဆောင်တာနဲ့ အသက်ဝင်ရောက်မှုမှာ ဘာကွာခြားမှုမှမရှိဘူးဆိုတာ ကျွန်မ နားလည်ခဲ့တယ်။ တာဝန်ထမ်းဆောင်နေတုန်းမှာ ကျွန်မတို့က ပြဿနာတွေနဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေတယ်။ ဒါတွေအားလုံးမှာ အသက်ဝင်ရောက်မှု ပါဝင်တယ်။ ကျွန်မတို့ လုပ်သင့်တဲ့အလုပ်ကို လုပ်ရမယ်။ ဒါပေမဲ့ အသက်ဝင်ရောက်မှုကို လျစ်လျူရှုလို့မရဘူး။ အဲဒီနောက်တော့ ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ဖို့၊ သမ္မာတရားကို ရှာဖွေဖို့၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ကို အလေးထားခဲ့တယ်။ အားလပ်တဲ့အချိန်တချို့ကို ကျွန်မ အသုံးချခဲ့တယ်။ ကျွန်မ ပုံမှန်ထမင်းစားနေတဲ့အချိန်၊ လမ်းလျှောက်တဲ့အချိန်၊ အဝတ်လျှော်တဲ့အချိန်မှာလည်း ကျွန်မရဲ့ ကိုယ်ပိုင်အခြေအနေနဲ့ ဘုရားနှုတ်ကပတ်တွေကို ဆင်ခြင်တယ်။ ကျွန်မ လိုက်စားပြီး အားထုတ်ချင်သရွေ့ အချိန်က အမြဲတမ်းရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဆင်ခြင်သုံးသပ်တယ်။ ကျွန်မက ကျွန်မတွဲဖက်တွေကို အမြဲတမ်း အထင်သေးတယ်။ ခဏခဏ တဇောက်ကန်းလုပ်တတ်တယ်။ ဒါက ဘယ်လိုပြဿနာမျိုးလဲ။ ကျွန်မ ဘုရားရှေ့ကို လာဆုတောင်းပြီး ကျွန်မကိုယ်ပိုင်အခြေအနေနဲ့ပတ်သက်ပြီး စားသောက်ဖို့ ဘုရားနှုတ်ကပတ်တော်အပိုဒ်တွေကို တွေ့တယ်။ ကျွန်မရဲ့ တဇောက်ကန်းဖြစ်တဲ့စိတ်ကို မာနထောင်လွှားတဲ့ သဘာဝက ထိန်းချုပ်တယ်ဆိုတာ၊ သူများတွေအပေါ် ကျွန်မ တောင်းဆိုတာတွေက များလွန်းတယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ ကျွန်မနဲ့ တွဲလုပ်ရတဲ့ အစ်ကိုက အသက်ကြီးပြီ။ သူက ဒီတာဝန်ကို အရင်က တစ်ခါမှ မထမ်းဆောင်ဖူးဘူး။ သူ့ တုံ့ပြန်မှုတွေက နည်းနည်းနှေးနေတာဟာ သာမန်ပါပဲ။ ကျွန်မက ကိုယ်ပိုင်စံနှုန်းတွေအတိုင်း သူ့ကို အမြဲတမ်း တောင်းဆိုတယ်။ သူ့ကို လက်မခံတဲ့ လေသံနဲ့ ပြောတယ်။ အကြောင်းအရာတွေကို စဉ်းစားဖို့အတွက် သူ့အမြင်ရှုထောင့်ကို ကျွန်မ မခံယူခဲ့ဘူး။ လူတစ်ဦးချင်းစီရဲ့ မတူညီတဲ့ အခြေအနေတွေအတိုင်း ကိစ္စတွေကို မချဉ်းကပ်ခဲ့ဘူး။ ဒီလိုနဲ့ ကျွန်မက သူများတွေနဲ့ အပြန်အလှန် ဆက်ဆံတဲ့အခါ သူတို့ကို ထိခိုက်နစ်နာပြီး စိတ်ကျဉ်းကျပ်အောင် အမြဲတမ်းလုပ်တယ်။ ကျွန်မက တကယ်ပဲ ကျိုးကြောင်းမသင့်လွန်းတာပါ။ ဒါကို ကျွန်မ သဘောပေါက်သွားတော့ နောက်ဆုံးမှာ ဒီပြဿနာကို တကယ်စပြီး အလေးအနက်ထားခဲ့တယ်။ ကျွန်မတို့ နောက်ပိုင်း အလုပ်ဆွေးနွေးတာတွေမှာ ညီအစ်ကိုတွေက တုံ့ပြန်တာနှေးနေတာကို ကျွန်မမြင်တော့ မှန်မှန်ကန်ကန် ဆက်ဆံနိုင်ပြီး သူတို့ကို ချင့်ချိန်ဖို့ အချိန်နည်းနည်းပေးနိုင်တယ်။ ကိုက်ညီမှုရှိတဲ့ စည်းမျဉ်းတွေကို ကျွန်မတတ်နိုင်သလောက် နည်းနည်းပိုပြီး အသေးစိတ် မိတ်သဟာယပြုနိုင်တယ်။ သူတို့က ကျွန်မကို မေးခွန်းတချို့မေးတဲ့အခါမှာ ကျွန်မက သူတို့ကို စိတ်ရှည်ရှည်နဲ့ မိတ်သဟာယဖွဲ့နိုင်တယ်။ သမ္မာတရားကို အတူရှာပြီး ဝင်ရောက်နိုင်တယ်။ နောက်ပိုင်းမှာ အကြောင်းကိစ္စတွေ ပေါ်လာတော့ ကျွန်မ ထုတ်ဖော်ပြတဲ့ဟာအရာကို ဆန်းစစ်ဖို့ စပြီး အလေးထားခဲ့တယ်။ ကျွန်မမှာ မမှန်ကန်တဲ့ အတွေးတွေ၊ အယူအဆတွေရှိတဲ့အခါ၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ထုတ်ဖော်ပြတဲ့အခါမှာ အဲဒါတွေကို ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအတိုင်း ကိုင်တွယ်မဲ့အစား ဘုရားကို သတိရှိရှိနဲ့ ဆုတောင်းပြီး ဖြေရှင်းဖို့အတွက် ဆက်စပ်မှုရှိတဲ့ သမ္မာတရားတွေကို ရှာတယ်။
နောက်ပိုင်းမှာ ကျွန်မတာဝန်မှာ ထပ်ပြီး အလုပ်ရှုပ်လာတဲ့အချိန်ကာလတစ်ခုရှိခဲ့တယ်။ တချို့ ညီအစ်ကိုမောင်နှမတွေက သူတို့လုပ်ရပ်တွေမှာ စည်းမျဉ်းတွေကို ဆန့်ကျင်ပြီး သူတို့ကို မိတ်သဟာယဖွဲ့ဖို့၊ ဖြေရှင်းပေးဖို့ လိုအပ်လာတယ်။ နောက်ပြီး ဧဝံဂေလိ ဖြန့်ဝေပေးဖို့ လိုအပ်တဲ့ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသူတချို့လည်းရှိတယ်။ ဒီအလုပ်တွေအားလုံး လုပ်ဖို့လိုတာကို ကျွန်မမြင်တော့ ပထမဆုံးတွေးမိတာက အမြန်သွားလုပ်ဖို့ပေါ့။ ဒီအချိန်မှာ အရင်က အလုပ်တွေပြီးဖို့ကိုပဲ ကျွန်မ အမြဲတမ်းဂရုစိုက်ခဲ့တာကို ရုတ်တရက် တွေးမိတယ်။ ကျွန်မ သွားဖို့လိုတဲ့နေရာဆီကို သွားပြီး လုပ်ဖို့လိုတဲ့ဟာကို လုပ်ခဲ့တယ်။ ဒါပေမဲ့ ဘာအကျိုးအမြတ်မှ မရခဲ့ဘူး။ ကျွန်မ ဒီလို ထပ်လုပ်လို့ မဖြစ်ဘူး။ စည်းမျဉ်းတွေကို ရှာဖွေရမယ်။ အဲဒါနဲ့ ကျွန်မ စိတ်လျှော့လိုက်ပြီး ညီအစ်ကိုမောင်နှမတွေရဲ့ သရုပ်သကန်တွေကို ချင့်ချိန်တယ်။ ဘုရားနှုတ်ကပတ်တော်တချို့ကို ရှာပြီး ရလဒ်တွေရဖို့ ဘယ်လို မိတ်သဟာယဖွဲ့ရမယ်ဆိုတာ စဉ်းစားတယ်။ ပြီးတော့ ပြဿနာရဲ့ အနှစ်သာရကို သူတို့သိအောင်လုပ်တယ်။ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသူတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ အဓိကပြဿနာက ဘာလဲဆိုတာကိုလည်း ကျွန်မ သိသွားပြီး ကြိုပြီး အဆင်သင့်ဖြစ်အောင် ဆက်စပ်တဲ့ သမ္မာတရားကို ရှာတယ်။ ဒီရှာဖွေခြင်းကတစ်ဆင့် ကျွန်မအရင်က သဘောမပေါက်ခဲ့တဲ့ သမ္မာတရားစည်းမျဉ်းတချို့ကို နားလည်ခဲ့တယ်။ အကျိုးအမြတ်တချို့ကို ကျွန်မ ရခဲ့ပြီး ကျွန်မတာဝန်မှာ ရလဒ်တချို့ ရခဲ့တယ်။ ဒီအတွေ့အကြုံကတစ်ဆင့် တာဝန်ထမ်းဆောင်နေတုန်းမှာ အသက်ဝင်ရောက်မှုကို အရေးစိုက်ပြီး သမ္မာတရားစည်းမျဉ်းတွေကို ရှာဖွေတာရဲ့ အရေးကြီးပုံကို ကျွန်မ သဘောပေါက်သွားတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။