တာဝန်ထမ်းဆောင်ခြင်းသည် ဝါရင့်ခြင်းနှင့် မသက်ဆိုင်ပါ

11.09.2022

ရှန့်ကျင့် တောင်ကိုရီးယားနိုင်ငံ

ကျွန်တော်က ဓမ္မသီချင်းတွေ အသံသွင်းတဲ့နေရာမှာ သုံးလေးနှစ်လောက်ထိ ပါဝင်ခဲ့ပါတယ်။ ကျွန်တော်က ဘုရားကို ယုံကြည်တာ အတော်လေးကြာခဲ့ပြီဆိုတော့ တချို့ညီအစ်ကိုမောင်နှမတွေက ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းအပေါ် ကျွန်တော့်ရဲ့ နားလည်မှုကို မိတ်သဟာယဖွဲ့ပေးခိုင်းဖို့ သီချင်းတွေ အသံမသွင်းခင်မှာ ကျွန်တော့်ဆီကို လာကြတယ်။ တစ်ခါတလေမှာ အဖွဲ့ခေါင်းဆောင်က အသက်ငယ်တဲ့ ညီအစ်ကိုမောင်နှမတွေကို ကျွန်တော်နဲ့ ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယဖွဲ့ဖို့ပြောတယ်။ အချိန်ကြာလာတော့ ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယဖွဲ့တဲ့ ကိစ္စမှာ ကျွန်တော်က ညီအစ်ကိုမောင်နှမတွေနဲ့ အဖွဲ့ခေါင်းဆောင်ရဲ့ လက်ခံမှုကို ရလာတာကို တွေ့ရတယ်။ ကျွန်တော် အရမ်းပျော်တာပေါ့။ ကျွန်တော်သီချင်းဆိုတာက အဆိုးဆုံးဖြစ်ပေမဲ့ ဘုရားနှုတ်ကပတ်တော်ကို ကျွန်တော် နားလည်တာက ညီအစ်ကိုမောင်နှမတွေကြားမှာ အကောင်းဆုံးပဲ။ ညီအစ်ကိုမောင်နှမတွေက အထင်ကြီးတာကို ခံရဖို့ သူတို့က ကျွန်တော့်ကို ဓမ္မသီချင်းအပေါ် ကျွန်တော့်နားလည်မှုကို မျှဝေဖို့ပြောတဲ့အခါတိုင်းမှာ ကျွန်တော်က အကြောင်းအရာတွေကို ကြိုပြီး ချင့်ချိန်စဉ်းစားတယ်။ ကိုးကားဖို့အတွက် သီချင်းစာသားတွေနဲ့ ဆက်စပ်နေတဲ့ မိတ်သဟာယနဲ့ ဗီဒီယိုတချို့ကိုလည်း တွေ့တယ်။ ဒီနည်းနဲ့ ကျွန်တော့်မိတ်သဟာယအပေါ် နားလည်မှုက သူများတွေထက် ပိုမြင့်နိုင်တယ်။ ပြီးတော့လည်း လူတိုင်းရဲ့ လက်ခံနိုင်စွမ်းအားက အကန့်အသတ်နဲ့ရှိတယ်၊ ကျွန်တော်တို့နားလည်တဲ့အရာအပေါ်မှာပဲ ကျွန်တော်တို့အားလုံး မိတ်သဟာယဖွဲ့သင့်တယ်လို့ ကျွန်တော် ပြောခဲ့ပေမဲ့ သူများတွေက မိတ်သဟာယဖွဲ့တဲ့အခါမှာ ကျွန်တော်က လုံးဝ ဂရုတစိုက် နားမထောင်ဘူး။ အဲဒီအစား သူများတွေထက်ပိုပြီး တမူထူးခြားတဲ့ နားလည်မှုကို ဘယ်လိုမျှဝေနိုင်မလဲဆိုတာကိုပဲ ကျွန်တော် တွေးတယ်။ တစ်ခါတလေမှာ ကျွန်တော်က ညီအစ်ကိုမောင်နှတွေကို အရင် မိတ်သဟာယဖွဲ့ဖို့ ပြောတယ်။ ပြီးတော့ သူတို့မိတ်သဟာယပြီးသွားတဲ့အခါ ကျွန်တော်က အားနည်းချက်တွေကို ထောက်ပြပြီး ဒီသီချင်းရဲ့ စာသားတွေကို ကျွန်တော် ဘယ်လိုနားလည်တယ်ဆိုတာကို ပြောပြလိုက်တယ်။ ကျွန်တော် ပြောပြီးသွားတော့ တချို့ညီအစ်ကိုမောင်နှမတွေက ပျော်ပျော်ရွှင်ရွှင်နဲ့ ပြောတယ်။ “အစ်ကို့မိတ်သဟာယက ကျွန်တော်တို့အတွက် အရမ်း အထောက်အကူဖြစ်တယ်” တဲ့။ တခြားလူတွေကပြောတယ်။ “ကျွန်တော်က အတွေ့အကြုံနည်းပြီး ဘုရားနှုတ်ကပတ်တော်ကို နည်းနည်းပဲနားလည်တာ။ နောက်ကျရင် ကျွန်တော် အသံသွင်းရတဲ့ သီချင်းတိုင်း မတိုင်ခင်မှာ အစ်ကို့ကို မိတ်သဟာယဖွဲ့ခိုင်းရမယ်” တဲ့။ ဒါတွေကို ကြားပြီးတော့ ကျွန်တော်က သူများတွေကို အမှီမပြုဖို့၊ ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ဖို့အတွက် အားထုတ်ရဦးမယ်လို့ သူတို့ကို သတိပေးခဲ့ပေမဲ့၊ ကျွန်တော့်စိတ်နှလုံးထဲမှာ ကိုယ်တိုင်သတိမထားမိဘဲ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားနေတယ်။

အန္တိခရစ်တွေကို ပိုင်းခြားသိမြင်ခြင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ မိတ်သဟာယဖွဲ့တဲ့ စုဝေးပွဲတွေလည်းရှိတယ်။ ညီအစ်ကိုမောင်နှမတချို့က ကျွန်တော့်ကိုပြောတယ်။ “အစ်ကို၊ အန္တိခရစ်တွေကို ထုတ်ဖော်ပြတဲ့ ဘုရားနှုတ်ကပတ်တော်ကို ကျွန်တော်တို့နားလည်တာက တော်တော်နည်းတယ်။ လက်တွေ့အခြေအနေကို အခြေခံပြီး ကျွန်တော်တို့ မရိပ်စားမိနိုင်ဘူး။ ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့ မိတ်သဟာယဖွဲ့ပေးပါ” တဲ့။ အဲဒီလိုအချိန်တွေမှာ ကျွန်တော်က နည်းနည်းလေးပဲ သိတာပါလို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော့်စိတ်နှလုံးထဲမှာတော့ သာလွန်တဲ့စိတ်ကို ခံစားနေရတုန်းပဲ။ ကျွန်တော်က ဘုရားကို ယုံကြည်တာ ကြာခဲ့ပြီ၊ လူတွေအများကြီးကို တွေ့ခဲ့ပြီး အများကြီး တွေ့ကြုံခဲ့ရတယ်၊ ဒါကြောင့် ညီအစ်ကိုမောင်နှမတွေထက်ပိုပြီး ဘုရားနှုတ်ကပတ်တော်ကို နားလည်မှုရှိတယ်လို့ ကျွန်တော် ခံစားမိတယ်။ အဲဒီနောက်မှာ ကျွန်တော် အရင်တုန်းက ကြားဖူးတဲ့ လူတွေကို လှည့်စားတဲ့ အန္တိခရစ်တွေရဲ့ ဖြစ်ရပ်တွေကို ကျွန်တော် မိတ်သဟာယပြုတယ်။ လူတိုင်းက အာရုံစိုက်ပြီးနားထောင်နေတာကို တွေ့ရတော့ တန်ဖိုးထားခံရတဲ့ ခံစားချက်ကို ကျွန်တော် တော်တော်သဘောကျတယ်။ ညီအစ်ကိုမောင်နှမတချို့က ဓမ္မသီချင်းစာသားတွေရဲ့ အဓိပ္ပာယ်ကို ဆင်ခြင်ကြည့်တာ သိပ်မရှိဘဲ ကျွန်တော့် မိတ်သဟာယကိုပဲ စောင့်နေတယ်ဆိုတာကို တဖြည်းဖြည်းနဲ့ ကျွန်တော် တွေ့လာရတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်က တော်တော်ထုံထိုင်းတာ။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ကို မသိခဲ့ဘူး။ ဒါက မသင့်တော်ဘူးဆိုတဲ့ မရေမရာခံစားချက်ပဲ ကျွန်တော် ရှိနေခဲ့တယ်။ ကျွန်တော် မိတ်သဟာယဖွဲ့တာက ဘုရားနှုတ်ကပတ်တော်ကို ကျွန်တော် နားလည်တဲ့ပုံစံပဲ၊ ညီအစ်ကိုမောင်နှမတွေအတွက် အထောက်အကူဖြစ်တယ်၊ ဒီတော့ ပြဿနာမဖြစ်လောက်ပါဘူးလို့တောင် ကျွန်တော် တွေးမိတယ်။ အဲဒါနဲ့ ဒါကို သိပ်မစဉ်းစားခဲ့ဘူး။ အဲဒီလိုနဲ့ ကျွန်တော် မသိလိုက်ခင်မှာပဲ ကိုယ့်ကိုယ်ကိုယ် အထက်မှာ ထားလိုက်တယ်။

တစ်ခါတုန်းက အသံမသွင်းခင်မှာ ညီမတစ်ယောက်က ကျွန်တော့်ကိုပြောတယ်။ “အစ်ကို၊ ဒီဓမ္မသီချင်းနဲ့ ဆက်စပ်တဲ့ ကျမ်းစာဇာတ်လမ်းတစ်ခုကို ပြောပြပါ” တဲ့။ ဇာတ်လမ်းကို ပိုပြီး ကွက်ကွက်ကွင်းကွင်းမြင်အောင်လို့ ကျွန်တော်က စကားပြောတဲ့အခါမှာ ယေဟောဝါဘုရားသခင်ရဲ့ စကားတွေရဲ့ လေသံကို အတုခိုးပြီးပြောတယ်။ ကျွန်တော် စကားနည်းနည်းပြောပြီးတာနဲ့ တော်တော် အနေရခက်သွားတယ်။ ကျွန်တော် တွေးမိတယ်။ “ဘုရားသခင်ရဲ့ စကားတွေရဲ့ လေသံကို အတုခိုးတာ ငါ့အတွက် မသင့်တော်ဘူးလား” ပေါ့။ ဒါပေမဲ့လည်း ကျွန်တော်က လူတွေကို အသံသွင်းတဲ့အခြေအနေကို ရောက်အောင် ကူညီပေးဖို့ ဒီလိုလုပ်နေတာ။ ဒီတော့ ပြဿနာရှိတယ်လို့ မထင်ခဲ့ဘူး။ ဒါပေမဲ့ နည်းနည်းလောက် စကားပြောပြီးတော့ အဲဒီညီမက ကျွန်တော့်ကိုပြောတယ်။ “အစ်ကို၊ အစ်ကိုပြောတာ ညီမ အိပ်ချင်လာပြီ” တဲ့။ သူဒီလိုပြောတာကို ကြားတော့ ကျွန်တော် မျက်နှာမှာ ပူထူသွားတယ်။ ကျွန်တော် စကားပြောတာ ချက်ချင်းရပ်လိုက်တယ်။ အဲဒီအချိန်မှာ လူတိုင်းက အကောင်းဆုံး အခြေအနေမှာရှိမနေတော့ အသံသွင်းတဲ့အရည်အသွေးက တော်တော်ညံ့တယ်။ ဒါပေမဲ့ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ကြည့်ခဲ့ဘူး။ အဲဒီညနေ နောက်ပိုင်းမှာ ကျွန်တော့် အစာအိမ်က ရုတ်တရက် အခြေအနေဆိုးလာတယ်။ ဆေးသောက်ပြီးတာတောင် ကျွန်တော့်အစာအိမ်က တစ်ခါတလေ နာနေတုန်းပဲ။ ညသန်းခေါင် နှစ်နာရီလောက်မှာ ကျွန်တော့်အစာအိမ်မှာ ရုတ်တရက် အရမ်းနာလာတယ်။ တော်တော်နာတော့ အိပ်ရာပေါ်မှာ လူးလှိမ့်နေရတယ်။ ကျွန်တော်က အချိန်မရွေးသေတော့မလို ခံစားမိတယ်။ ဒီအချိန်မှာ ကျွန်တော့်စိတ်ထဲမှာ ဘုရားနှုတ်ကပတ်တော်တွေကို ရှင်းရှင်းလင်းလင်း စဉ်းစားမိတယ်။ “သို့သော် ပြင်းထန်သော နာမကျန်းမှု တစ်ခုတလေကြောင့်၊ သင်သည် အနာရောဂါ၏ ထိုးနှက်မှုကို ခံရသည့်အခါ၊ ရုတ်တရက် ဘဝက မခံမရပ်နိုင် ဖြစ်လာသည့်အခါ၊ ထိုသို့ ခံစားရခြင်းမျိုး၊ သို့မဟုတ် အနာရောဂါမျိုးသည် မတော်တဆ ဖြစ်ပျက်ခြင်း မဟုတ်ချေ။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ ဘုရားသခင်အား ယုံကြည်ခြင်းတွင် သမ္မာတရားကို ရရှိခြင်းသည် အရေးပါဆုံးဖြစ်၏) ဘုရားနှုတ်ကပတ်တော်ရဲ့ သတိပေးချက်ကတစ်ဆင့် ဒီရောဂါ ရုတ်တရက်စဖြစ်လာတာက မတော်တဆဖြစ်တာမဟုတ်ဘဲ ဘုရားရဲ့ ခွင့်ပြုချက်နဲ့ ဖြစ်တယ်ဆိုတာ ကျွန်တော် သဘောပေါက်သွားတယ်။ အဲဒါနဲ့ ကျွန်တော် လတ်တလောအဖြစ်ဆုံးအချိန်က ဖော်ထုတ်ခဲ့တဲ့အရာကို ဆင်ခြင်ကြည့်ခဲ့တယ်။ အသံမသွင်းခင်မှာ ကျွန်တော်က ကျမ်းစာဇာတ်လမ်းကို ပိုပြီးထင်ထင်ရှားရှားဖြစ်အောင်ပြောပြပြီး ညီအစ်ကိုမောင်နှမတွေ ကျွန်တော့်ကို အထင်ကြီးလေးစားအောင်လုပ်ဖို့အတွက် ဘုရားရဲ့ လေသံကို တမင်သက်သက် အတုခိုးခဲ့တာကို သတိထားမိတယ်။ ကျွန်တော့်လုပ်ရပ်တွေကို ကျွန်တော် အံ့အားသင့်သွားတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် တွေးမိတယ်။ “ဘုရားသခင်၏ သက်သေခံချက်ကို သင် ရိုသေလေးမြတ် သင့်သည်။ သင်သည် ဘုရားသခင်၏ အမှုနှင့် သူ၏နှုတ်မှ နှုတ်ကပတ်တော်များကို လျစ်လျူမရှုသင့်ပေ။ သင်သည် ဘုရားသခင်၏ မိန့်မြွက်ချက်များ၏ သဘောသွားနှင့် ရည်မှန်းချက်များကို မတုပရ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခေတ်သစ်၏ ပညတ်တော်များ)ဘုရားသခင်က သင့်အတွက် ချမှတ်ထားသော နယ်နိမိတ်များကို ကျူးကျော်ခြင်းအား ရှောင်ရှားဖို့ သင်၏ ခြေလှမ်းများကို စောင့်ကြပ်သင့်သည်။ သင်သည် ကျုးကျော်မိပါက၊ ဤအရာက သင့်ကို ဘုရားသခင်၏ နေရာတွင် ရပ်တည်စေလိမ့်မည် ဖြစ်ပြီး၊ စိတ်ကြီးဝင်ပြီး ဟိတ်ဟန်များသော စကားများကို ဆိုစေလိမ့်မည်ဖြစ်ပြီး၊ ထိုသို့ဖြင့် ဘုရားသခင်၏ စက်ဆုပ်ခြင်းကို သင် ခံရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခေတ်သစ်၏ ပညတ်တော်များ) ဒါကို စဉ်းစားရင်းနဲ့ ကျွန်တော် အရမ်းကြောက်သွားတယ်။ ဘုရားသခင်က ကျွန်တော်တို့ကို ကိုယ့်နေရာမှာ ရပ်တည်ဖို့၊ ကျွန်တော်တို့ရဲ့ လျှာကို သတိထားဖို့၊ ဘုရားရဲ့ နှုတ်ထွက်စကားတွေရဲ့ လေသံကို လုံးဝ အတုမခိုးဖို့၊ မဟုတ်ရင် ဘုရားရဲ့ စက်ဆုပ်ရွံရှာခြင်းကို ခံရမယ်ဆိုတာ ဟိုးအရင်ကတည်းက သတိပေးခဲ့တယ်။ ဒါတောင်မှပဲ ကျွန်တော်က လူတွေ ကျွန်တော့်ကို အထင်ကြီးလေးစားအောင်လုပ်ဖို့အတွက် ဘုရားရဲ့ လေသံကို အတုခိုးခဲ့တယ်။ ဒီလိုလုပ်တော့ ကျွန်တော်က ဘုရားရဲ့နေရာမှာ ရပ်နေတာမဟုတ်ဘူးလား။ ဒါက ဘုရားသခင်ရဲ့ စိတ်သဘောထားကို အရမ်းကို ပုန်ကန်ပြစ်မှားတဲ့အရာတစ်ခုပဲ။ ဒီအချိန်ကျမှ ဒါဟာ ကျွန်တော့်အတွက် ဘုရားသခင်ရဲ့ ပဲ့ပြင်ဆုံးမမှုဆိုတာ ကျွန်တော် သဘောပေါက်သွားတယ်။ ကျွန်တော် ဘုရားကို အမြန်ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ကျွန်တော်က အရမ်း အရှက်မဲ့ပါတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ လေးစားမှုကို ရဖို့အတွက် ကြွားဝါဖို့ ကိုယ်တော်ရဲ့ လေသံကို တကယ်ပဲ အတုခိုးခဲ့ပါတယ်။ ကျွန်တော်ဟာ အရမ်းမာနထောင်လွှားပြီး အသိစိတ်အားလုံး ပျောက်ဆုံးခဲ့ပါတယ်။ ဘုရားသခင်၊ ကျွန်တော် နောင်တရချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သိရာမှာ ကျွန်တော့်ကို ဦးဆောင်ဖို့ ကိုယ်တော်ကို တောင်းလျှောက်ပါတယ်။” ကျွန်တော် ဆက်ပြီး ဆင်ခြင်တယ်၊ ဆုတောင်းတယ်။ ဘုရားနဲ့ ရှာဖွေတယ်။ ကျွန်တော် မသိလိုက်ခင်မှာပဲ ကျွန်တော့် ဝေဒနာက နည်းနည်း သက်သာသွားတယ်။

အဲဒီနောက်မှာ ကျွန်တော် တွေးမိတယ်။ ဒီလိုဟာမျိုးကို ကျွန်တော် ဘယ်လိုများလုပ်နိုင်တာလဲ ပေါ့။ ကျွန်တော် ဆင်ခြင်သုံးသပ်ရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယခုအခါတွင် သင်တို့သည် အလွန်ကြီးမားသော ပြဿနာတစ်ခုကို ရင်ဆိုင်ရသည်။ အဘယ်ပြဿနာဖြစ်သနည်း။ သင်တို့သည် အယူဝါဒအနည်းငယ်ကို ဟောကြားနိုင်စွမ်းရှိသောကြောင့်၊ ဝိညာဉ်ရေးရာစကားအချို့ကို နားလည်သဘောပေါက်ခြင်းရှိသောကြောင့်၊ မိမိကိုယ်ကို သိခြင်းနှင့်ပတ်သက်ပြီး သင်တို့၏ အတွေ့အကြုံအနည်းငယ်ကို ပြောဆိုနိုင်သောကြောင့် သင်တို့သည် သမ္မာတရားကို နားလည်သည်၊ ဘုရားသခင်အပေါ် သင်တို့၏ ယုံကြည်ခြင်းသည် အဆင့်တစ်ခုသို့ရောက်နေပြီ၊ သင်တို့သည် လူအများစု၏ အထက်တွင်ရှိသည်ဟု ထင်နေခြင်းဖြစ်သည်။ သို့သော် အမှန်တကယ်တွင် သင်တို့သည် သမ္မာတရား၏ စစ်မှန်မှုသို့ မဝင်ရောက်ရသေးပေ။ သင်တို့အတွက် ကူညီပံ့ပိုးပေးမည့်လူများမရှိဘဲ၊ သမ္မာတရားကို သင်တို့ထံ မိတ်သဟာယဖွဲ့ပေးပြီး လမ်းပြပေးမည့်သူများမရှိဘဲ၊ သင်တို့သည် လုံးဝရပ်တန့်သွားပြီး အပျော်အပါး၌ ပို၍ မွေ့လျော်လာလိမ့်မည်။ သင်တို့သည် ဘုရားသခင်အား သက်သေခံခြင်းအမှုကို တာဝန်ယူလုပ်ဆောင်နိုင်စွမ်းမရှိပေ။ သင်တို့သည် ဘုရားသခင်၏ စေခိုင်းချက်ကို မပြီးမြောက်နိုင်ကြပေ။ သို့တိုင်အောင် အတွင်းတွင် သင်တို့သည် မိမိကိုယ်ကို အထင်ကြီးဆဲဖြစ်သည်။ သင်တို့သည် လူအများစုထက်ပို၍ နားလည်သည်ဟု ထင်သည်။ သို့သော် အမှန်တကယ်တွင် သင်တို့သည် ဝိညာဉ်ရင့်ကျက်မှု ကင်းမဲ့သည်။ သမ္မာတရား၏ စစ်မှန်မှုသို့ မဝင်ရောက်ရသေးပေ။ စကားလုံးနှင့် အယူဝါဒစကားစုအနည်းငယ်ကို နားလည်နိုင်ရုံမျှဖြင့် တိုး၍ မာနထောင်လွှားလာသည်။ လူတို့သည် ဤအခြေအနေသို့ ဝင်ရောက်သည်နှင့်တစ်ပြိုင်နက်၊ သမ္မာတရားကို ၎င်းတို့ ရရှိပြီးဖြစ်သည်ဟု ထင်မြင်ပြီး ကိုယ့်ကိုယ်ကိုယ် အားရကျေနပ်လာသောအခါတွင် ၎င်းတို့သည် မည်သို့သောအန္တရာယ်မျိုးတွင် ကျရောက်နေသနည်း။ လက်ခံယုံကြည်လောက်သော အယောင်ဆောင်ခေါင်းဆောင်၊ သို့မဟုတ် အန္တိခရစ်တစ်ဦးသည် အမှန်တကယ် ပေါ်လာလျှင် သင်တို့သည် ဧကန်မုချ အယုံသွင်းခံရပြီး ၎င်းတို့နောက်သို့စ၍ လိုက်မည်ဖြစ်သည်။ ဤသည်မှာ အန္တရာယ်ရှိသည်မဟုတ်လော။ သင်တို့သည် မာနထောင်လွှားတတ်၊ စိတ်ကြီးဝင်တတ်ပြီး မိမိဘာသာ အားရကျေနပ်တတ်သည်။ ဤဖြစ်ရပ်တွင် သင်တို့သည် ဘုရားသခင်ထံမှ သွေဖည်မည်မဟုတ်လော။ ဘုရားသခင်အား ကျောခိုင်းပြီး သင်၏ ကိုယ်ပိုင်လမ်းကြောင်းအတိုင်း သွားမည်မဟုတ်လော။ သမ္မာတရား၏ စစ်မှန်ခြင်းမရှိဘဲ သင်တို့သည် ဘုရားသခင်အား သက်သေခံနိုင်မည်မဟုတ်ပေ။ မိမိကိုယ်ကိုသာ သက်သေခံပြီး ကြွားလုံးထုတ်လိမ့်မည်ဖြစ်သည်။ ဤသို့ဆိုလျှင် သင်တို့သည်လည်း အန္တရာယ်ကျရောက်လိမ့်မည်မဟုတ်လော။...သင်တို့သည် သင်တို့တာဝန်များကို နှစ်အနည်းငယ်ကြာထမ်းဆောင်ပြီးဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် သင်တို့၏ အသက်သို့ဝင်ရောက်မှုတွင် သိသာမြင်သာသော တိုးတက်မှုမရှိသေးပေ။ အပေါ်ယံအယူဝါဒအနည်းငယ်ကိုနားလည်ခြင်းသာရှိသည်။ ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို အမှန်တကယ် သိမြင်မှုမရှိ။ ပြောဆိုရန် အသိအမြင်များမရှိပေ။ ဤသည်မှာ ယခုအခါ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုဖြစ်လျှင် သင်တို့သည် မည်သည့်အရာကို လုပ်ဆောင်နိုင်ခြေရှိမည်နည်း။ သင်တို့တွင် မည်သည့် ဖောက်ပြန်ပျက်စီးမှု ဖွင့်ပြခြင်းရှိမည်နည်း။ (မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့ဖြစ်ပါသည်။) သင်တို့၏ မာနထောင်လွှားမှုနှင့် စိတ်ကြီးဝင်မှုသည် ပြင်းထန်လာမည်လော၊ သို့မဟုတ် မပြောင်းမလဲဘဲ ကျန်ရှိနေမည်လော။ (ပြင်းထန်လာမည်။) အဘယ်ကြောင့် ပြင်းထန်လာမည်နည်း။ (ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို အလွန်ပင် အရည်အသွေးပြည့်မီသည်ဟု ထင်မည်ဖြစ်သောကြောင့်ဖြစ်သည်။) အလွန်ပင် အရည်အသွေးပြည့်မီသောသူများက မိမိတို့ကိုယ်ကို ယုံကြည်ပုံသည် မည်သည့်အရာပေါ်တွင် အခြေခံသနည်း။ တာဝန်တစ်ခုခုကို ၎င်းတို့ထမ်းဆောင်သည်မှာ နှစ်မည်မျှကြာသည်၊ အတွေ့အကြုံမည်မျှကို ၎င်းတို့ရရှိပြီးဖြစ်သည်တို့အပေါ်တွင် အခြေခံသည်မဟုတ်လော။ ဤသို့ဖြစ်လျက် သင်တို့သည် ဝါရင့်ခြင်းနှင့်ပတ်သက်ပြီး တဖြည်းဖြည်းချင်း စတင်စဉ်းစားလာမည်မဟုတ်လော။ ဥပမာအားဖြင့် ညီအစ်ကိုတစ်ယောက်သည် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ခဲ့ပြီး တာဝန်တစ်ခုကို အချိန်အတော်ကြာထမ်းဆောင်ခဲ့သည်။ ထို့ကြောင့် ဤတာဝန်အကြောင်းပြောဆိုရန် သူသည် အရည်အချင်းအပြည့်မီဆုံးဖြစ်သည်။ ညီအစ်မတစ်ယောက်သည် ဤသို့ရောက်သည်မှာ မကြာသေးပေ။ သူမသည် အစွမ်းအစနည်းငယ်ရှိသော်လည်း ဤတာဝန်ကို ထမ်းဆောင်ရာတွင် အတွေ့အကြုံမရှိပေ။ ဘုရားသခင်ကို ယုံကြည်သည်မှာ မကြာသေးပေ။ ထို့ကြောင့် သူမသည် ပြောဆိုရန် အရည်အချင်း မပြည့်မီဆုံးဖြစ်သည်။ ပြောဆိုရန် အရည်အချင်းအပြည့်မီဆုံးသူက မိမိကိုယ်ကို စဉ်းစားသည်။ ‘ငါသည် ဝါရင့်သောကြောင့် ငါ၏တာဝန်ကို ထမ်းဆောင်ခြင်းသည် စံမီသည့် သဘောဖြစ်သည်။ ငါ၏ အားထုတ်လိုက်စားမှုသည် ထိပ်ဆုံးသို့ ရောက်ရှိပြီးဖြစ်သည်။ ငါ ကြိုးပမ်းသင့်သည့်၊ ဝင်ရောက်သင့်သည့်အရာမရှိပေ။ ဤတာဝန်ကို ငါ ကောင်းစွာ ထမ်းဆောင်ပြီးဖြစ်သည်။ ငါသည် ဤအလုပ်ကို အနည်းနှင့်အများ ပြီးမြောက်ပြီးဖြစ်သည်။ ဘုရားသခင်သည် ကျေနပ်သင့်သည်။’ ဟူ၍ ဖြစ်သည်။ ဤသို့ဖြင့် ၎င်းတို့သည် မိမိတို့ဘာသာ အားရကျေနပ်လာသည်။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရား၏ စစ်မှန်မှုသို့ ဝင်ရောက်ပြီးဖြစ်သည်ဟု ညွှန်ပြသလော။ ၎င်းတို့သည် မည်သည့်တိုးတက်မှုမျှ ပြုလုပ်ခြင်းမရှိတော့ပေ။ ၎င်းတို့သည် သမ္မာတရား၊ သို့မဟုတ် အသက်ကို မရရှိသေးပေ။ သို့တိုင်အောင် ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်အမင်း အရည်အချင်းပြည့်မီသည်ဟု ထင်မြင်ကြသည်။ ဝါရင့်သည့်ပုံစံဖြင့် ပြောဆိုကြသည်။ ဘုရားသခင်၏ ဆုလာဘ်ကို စောင့်မျှော်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားတစ်ခုကို ဖွင့်ပြခြင်းမဟုတ်လော။ လူတို့သည် ‘အလွန်အမင်း အရည်အချင်းပြည့်မီခြင်း’ မရှိသောအခါ ၎င်းတို့သည် သတိထားရမည်ကို သိသည်။ အမှားများမပြုလုပ်ရန် မိမိတို့ကိုယ်ကို သတိပေးကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်အမင်း အရည်အချင်းပြည့်မီသည်ဟု ယုံကြည်သည်နှင့် မာနထောင်လွှားလာသည်။ မိမိတို့ကိုယ်ကို စတင်၍ အထင်ကြီးလာကြသည်။ မိမိတို့ဘာသာ အားရကျေနပ်တတ်ကြသည်။ ဤသို့သောအချိန်များတွင် ၎င်းတို့သည် ပေါလု ပြုလုပ်ခဲ့သကဲ့သို့ ဘုရားသခင်ထံမှ ဆုလာဘ်များနှင့် သရဖူကို တောင်းဆိုနိုင်ခြေမရှိသလော။ (ရှိပါသည်။) လူသားနှင့် ဘုရားသခင်ကြား ဆက်ဆံရေးမှာ အဘယ်သို့နည်း။ ဤသည်မှာ ဖန်ဆင်းရှင်နှင့် ဖန်ဆင်းခံများကြား ဆက်ဆံရေးမဟုတ်ပေ။ ဤသည်မှာ အပေးအယူဆက်ဆံရေးထက် မပိုပေ။ ဤသို့ဖြစ်သောအခါ လူတို့တွင် ဘုရားသခင်နှင့် ဆက်ဆံရေးမရှိပေ။ ဘုရားသခင်သည် ၎င်းတို့ထံမှ သူ၏ မျက်နှာကို ကွယ်ဝှက်နိုင်ခြေရှိသည်။ ဤသည်မှာ အန္တရာယ်ရှိသော လက္ခဏာဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဖြင့်သာ ကယ်တင်ခြင်းလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်သည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အခြေအနေနဲ့ ယှဉ်ကြည့်တယ်။ ဓမ္မသီချင်းအဖွဲ့မှာ ကျွန်တော့်တာဝန်ကို စတင်ပြီးတဲ့နောက်မှာ ဘုရားသခင်ကို ယုံကြည်တာ သိပ်မကြာသေးတဲ့ ကျွန်တော့်အနားက ညီအစ်ကိုမောင်နှမတွေကို မြင်တဲ့အခါမှာ ကျွန်တော်က ဝါရင့်တယ်လို့ မသိမသာ ခံစားမိလာတယ်။ ကျွန်တော်က ဘုရားကို ယုံကြည်ခဲ့တာ အတော်လေးကြာနေပြီ၊ ဒါကြောင့် ကျွန်တော့်က အဖွဲ့မှာ ဝါရင့်တယ်လို့ ခံစားမိတယ်။ အဲဒါနဲ့ ကိုယ့်ကိုယ်ကိုယ့် အဆင့်မြင့်တဲ့နေရာမှာ ထားလိုက်တယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်တော် ဆက်ဆံတဲ့အခါတိုင်းမှာ ကျွန်တော်က အတွေ့အကြုံပိုရှိတယ်၊ သူတို့ထက်ပိုပြီး ဝါရင့်တယ်လို့ အမြဲတမ်း ခံစားမိတယ်။ သီချင်းစာသားတွေအပေါ် ကျွန်တော်တို့ရဲ့ နားလည်မှုကို မိတ်သဟာယဖွဲ့တဲ့အခါ သူတို့က အတွေ့အကြုံနည်းတယ်၊ ဘုရားနှုတ်ကပတ်တော်အပေါ် နားလည်မှုနည်းတယ်၊ သူတို့ရဲ့ မိတ်သဟာယမှာ အလင်းနဲ့ နားလည်မှုသိပ်မရှိဘူးလို့ ကျွန်တော်က ဆုံးဖြတ်ပြီးသွားပြီ။ ဒီတော့ သူတို့မိတ်သဟာယဖွဲ့တဲ့အခါမှာ ကျွန်တော်က ဘယ်တော့မှ ဂရုတစိုက်နားမထောင်ဘူး။ ကျွန်တော်က ညီအစ်ကိုမောင်နှမတွေကို အမြဲတမ်း အရင်ဆုံး မိတ်သဟာယဖွဲ့ခိုင်းတယ်။ နောက်တော့မှ သူတို့သတိမထားမိတဲ့ နားလည်မှုတချို့ကို ကျွန်တော်ကပြောပြတယ်။ ဒါကြောင့် ကျွန်တော်က တခြားလူတိုင်းထက် သာတဲ့ပုံစံပေါက်နေတာပေါ့။ ကျွန်တော့်မှာရှိခဲ့တဲ့ ဒီအတွေးတွေကနေ ကျွန်တော့်သဘာဝက အရမ်းမာနထောင်လွှားလွန်းတယ်ဆိုတာကို မြင်ခဲ့ပါတယ်။ ဘုရားကို ကျွန်တော်ယုံကြည်တဲ့နှစ်တွေနဲ့ တရားဒေသနာနားထောင်တာတွေကို အရင်းအနှီးအဖြစ် မှတ်ယူပြီး ကြွားဝါဖို့အတွက် အသုံးပြုခဲ့တယ်။ လုံးဝ အပြစ်ရှိသလို မခံစားရဘူး။ ကျွန်တော်က တကယ်ကို မရှက်တတ်ခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်အပေါ် ကျွန်တော့်ရဲ့ နားလည်မှုနည်းနည်းလေးကို ဘယ်လိုပြောနိုင်တယ်ဆိုတာကို တွေးမိတယ်။ ဒါက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းဖွင့်ပြမှုကြောင့်မဟုတ်ဘူးလား။ ဒါပေမဲ့ ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံရမယ့်အစား ဘုရားသခင်ရဲ့ ဂုဏ်ကျက်သရေကို ခိုးယူဖို့ ကြိုးစားခဲ့ပြီး ကျွန်တော်ကြွားဝါဖို့အတွက် အရင်းအနှီးအဖြစ် သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုကို အသုံးပြုခဲ့တယ်။ ကျွန်တော်က တကယ်ကို အရှက်မဲ့ခဲ့ပါတယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် တွေးမိတယ်။ “သမ္မာတရားသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အသက် ဖြစ်၏။ ယင်းသည် သူ၏စိတ်သဘောထား၊ သူ၏ အနှစ်သာရနှင့် ပြီးလျှင် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့ကို ကိုယ်စားပြုသည်။ သင်၌ အချို့သော အတွေ့အကြုံနှင့် အသိပညာ ရှိခြင်းအားဖြင့်၊ ဤနည်းဖြင့် သင်၌ သမ္မာတရားရှိသည်ဟု ပြောလျှင်၊ သင်သည် သန့်ရှင်းခြင်းကို စွမ်းဆောင်ရရှိပြီးဖြစ်သလော။ သင်သည် ဖောက်ပြန်ပျက်စီးခြင်းကို အဘယ်ကြောင့် ပြနေသေးသနည်း။ သင်သည် အဘယ်ကြောင့် မတူညီသောလူအမျိုးအစားများကြားတွင် ခွဲခြားသိမြင်နိုင်ခြင်း မရှိရသနည်း။ သင်သည် အဘယ်ကြောင့် ဘုရားသခင်ကို သက်သေမခံနိုင်ရသနည်း။ သင်သည် သမ္မာတရားအချို့ကို နားလည်လျှင်ပင်၊ ဘုရားသခင်ကို သင် ကိုယ်စားပြုနိုင်သလော။ ဘုရားသခင်၏ စိတ်သဘောထားအားဖြင့် သင်အသက်ရှင်နေထိုင်နိုင်သလော။ သမ္မာတရား၏ သွင်ပြင်လက္ခဏာ အချို့နှင့်စပ်လျဉ်း၍ သင်၌ အတွေ့အကြုံ၊ အသိပညာနှင့် အလင်းအချို့ ရှိကောင်းရှိနိုင်သည်၊ သို့သော် လူများကို သင်ထောက်ပံ့ပေးနိုင်သည့်အရာသည် အလွန်အမင်းနည်းပါးပြီး အချိန်ကြာမြင့်စွာ မတည်တံ့နိုင်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်၏နားလည်မှုနှင့် သင်ရရှိပြီးဖြစ်သည့် အလင်းတို့က သမ္မာတရား၏ အနှစ်သာရကို ကိုယ်စားမပြုသောကြောင့်ဖြစ်သည်၊ ပြီးလျှင် ယင်းက သမ္မာတရား တစ်ခုလုံးကို ကိုယ်စားမပြုပေ။ ယင်းက သမ္မာတရား၏ ဘက်တစ်ဖက်၊ သို့မဟုတ် သေးငယ်သော သွင်ပြင်လက္ခဏာကိုသာ ကိုယ်စားပြုသည်။ ယင်းက လူသားများသာ စွမ်းဆောင်ရရှိနိုင်သည့် အဆင့်ဖြစ်သည်။ ပြီးလျှင် ယင်းသည် သမ္မာတရား၏ အနှစ်သာရမှ ဝေးကွာနေဆဲဖြစ်သည်။ ဤအလင်းအနည်းငယ်၊ ဉာဏ်အလင်းပေးခြင်း၊ အတွေ့အကြုံနှင့် အသိပညာအနည်းငယ်သည် သမ္မာတရား၏ နေရာကို မည်သည့်အခါမျှ မယူနိုင်ပေ။ လူများအားလုံးက သမ္မာတရားတစ်ခုကို တွေ့ကြုံပြီး ၎င်းတို့၏ အတွေ့အကြုံများနှင့် အသိပညာများ အားလုံးပေါင်းလိုက်လျှင်ပင်၊ ဤသမ္မာတရား၏ စာကြောင်းတစ်ကြောင်းတည်း၏ အလုံးစုံနှင့် အနှစ်သာရကိုပင် လက်လှမ်းမီမည် မဟုတ်ချေ။...လူအချို့က ဘုရားသခင်၏ နှုတ်ကပတ်တော်၏ စာအရ အဓိပ္ပာယ်ကို နားလည်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၌ သမ္မာတရား ရှိသည်ဟု ပြောကြသည်။ ဤအရာမှာ အဓိပ္ပာယ်မမဲ့သလော။ အလင်းနှင့် အသိပညာတို့နှင့်ပတ်သက်လျှင် နက်ရှိုင်းသည့် အကြောင်းအရာတစ်ခု ရှိသည်။ ယုံကြည်မှု တစ်သက်တာ၌ လူတစ်ယောက် ဝင်ရောက်နိုင်သည့် သမ္မာတရား၏ လက်တွေ့အရှိတရားသည် နည်းပါးလေသည်။ ထို့ကြောင့် သင်သည် အသိပညာနှင့် အလင်းအချို့ ပိုင်ဆိုင်ရုံမျှဖြင့် သင်သည် သမ္မာတရား၏ လက်တွေ့အရှိတရား ပိုင်ဆိုင်သည်ဟု အဓိပ္ပာယ်မရပေ။ ဤအလင်းနှင့် အသိပညာတို့၌ သမ္မာတရား၏ အနှစ်သာရ ပါဝင်ပတ်သက်ခြင်း ရှိမရှိကို သင် အဓိက ကြည့်ရမည်။ ဤသည်မှာ အရေးအကြီးဆုံး အရာဖြစ်သည်။ လူအချို့က အနည်းငယ် ရှင်းပြနိုင်သည့်အခါ၊ သို့မဟုတ် အပေါ်ယံ နားလည်မှုအချို့ပေးနိုင်သည့်အခါ သမ္မာတရားကို ပိုင်ဆိုင်သည်ဟု ခံစားကြရသည်။ ဤအရာက ၎င်းတို့ကို ပျော်ရွှင်စေသဖြင့် ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီဟု ဘဝင်ခိုက်ကာ၊ စိတ်ကြီးဝင်လာကြသည်။ အမှန်မှာမူ ၎င်းတို့သည် သမ္မာတရား၏ လက်တွေ့အရှိတရားသို့ ဝင်ရောက်ခြင်းမှ ဝေးကွာနေဆဲဖြစ်သည်။ လူများသည် မည်သည့် သမ္မာတရားကို ပိုင်ဆိုင်နိုင်သနည်း။ သမ္မာတရားရှိသည့်လူများသည် အချိန်မရွေး၊ နေရာမရွေး လဲပြိုကျနိုင်သလော။ လူများ၌ သမ္မာတရား ရှိသည့်အခါတွင် ၎င်းတို့သည် ဘုရားသခင်ကို အဘယ်သို့လျှင် အာခံပြီး သစ္စာဖောက်နိုင်သေးသနည်း။ သင်၌ သမ္မာတရားရှိကြောင်း သင် အခိုင်အမာပြောဆိုကာ၊ ယင်းက သင့်အတွင်းတွင် ခရစ်တော်၏ အသက်ရှိကြောင်းကို သက်သေပြလျှင်၊ ယင်းမှာ ဆိုးရွားလှပေသည်။ သင်သည် သခင်ဖြစ်လာပြီလော၊ သင်သည် ခရစ်တော် ဖြစ်လာပြီလော။ ဤသည်မှာ အဓိပ္ပာယ်မဲ့သော ပြောဆိုချက်ဖြစ်ပြီး လူများက ကောက်ချက်ချသည့်အရာ လုံးလုံးဖြစ်ပေသည်။ ယင်း၌ လူ့အယူအဆများနှင့် စိတ်ကူးများ ပါဝင်သည်။ ပြီးလျှင် ဘုရားသခင်အတွက် ယုတ္တိတန်သော ရပ်တည်ချက် မဟုတ်ချေ။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်က ရှင်းလင်းလွန်းပါတယ်။ လူတစ်ယောက်က သမ္မာတရားအပေါ် အသိအမြင်နည်းနည်းရှိရင်တောင် သူ့ရဲ့ တစ်ကိုယ်ရေ အတွေ့အကြုံကိုပဲ ကိုယ်စားပြုတယ်။ လူတွေရဲ့ ဘဝတွေအတွက် ပံ့ပိုးမပေးနိုင်ဘူး။ သမ္မာတရားကို လုံးဝ အစားမထိုးနိုင်ဘူး။ သမ္မာတရားနဲ့ ရင်ဆိုင်ရတဲ့အခါ လူသားရဲ့ အသိပညာနည်းနည်းက ပင်လယ်ထဲက ရေတစ်စက်လောက်ပါပဲ။ အရေးကိုမပါတာပါ။ သန့်ရှင်းသောဝိညာဉ်တော်ဆီက သမ္မာတရားနဲ့ ဉာဏ်အလင်းဖွင့်ပြမှုကို ဖော်ပြဖို့ ဘုရားသခင်မရှိဘဲ သမ္မာတရားကို ကျွန်တော်တို့ လုံးဝ သိမှာမဟုတ်ဘူး။ သမ္မာတရားအပေါ် လက်တွေ့နားလည်မှုရှိဖို့ဆိုတာ ပိုပြီး မဖြစ်နိုင်ဘူး။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်တော် နည်းနည်းနားလည်တာက စုဝေးပွဲတွေမှာ သူများတွေဆီက မိတ်သဟာယနဲ့ အတွေ့အကြုံတွေအများကြီးကို ကျွန်တော် ကြားခဲ့တာကြောင့်ပဲ။ တခြားလူတွေရဲ့ မိတ်သဟာယကို နားထောင်ပြီး အယူဝါဒတချို့ကို ကျွန်တော် သင်ယူခဲ့တယ်။ ကျွန်တော့် မိတ်သဟာယက ဉာဏ်အလင်းဖွင့်ပြမှု နည်းနည်းရှိရင်တောင် သမ္မာတရားကို လက်တွေ့လုပ်ပြီး ဘုရားနှုတ်ကပတ်တော်ကို တွေ့ကြုံခြင်းကနေ ရခဲ့တဲ့ တကယ့်အသိပညာမဟုတ်ဘူး။ ကျွန်တော် သင်ယူခဲ့တဲ့တခြားစကားလုံးတွေ သက်သက်ပါပဲ။ ဒါတောင်မှ ကျွန်တော်က ကြွားဝါဖို့အတွက် ဒါတွေကို အရင်းအနှီးအဖြစ် အသုံးပြုတယ်။ ညီအစ်ကိုမောင်နှမတွေရှေ့မှာ အရှက်မရှိ ကြွားပြောတယ်။ အထင်ကြီးလေးစားခံရတဲ့ ခံစားချက်ကို နှစ်သက်ခဲ့တယ်။ ကျွန်တော်က လုံးဝ ကို ကျိုးကြောင်းမသင့်တာပါ။ ဘုရားသခင်ကို ကျွန်တော် ယုံကြည်ခဲ့တာ တော်တော်ကြာပြီ။ ဒါပေမဲ့ ကျွန်တော်က ဘယ်သမ္မာတရားကိုမှ လက်တွေ့မလုပ်သလောက်ပဲ။ ဘုရားနှုတ်ကပတ်တော်ကို အပေါ်ယံ နည်းနည်းနားလည်တာနဲ့ ရောင့်ရဲနေခဲ့တယ်။ ဒါကို အရင်းအနှီးအဖြစ်တောင် မှတ်ယူခဲ့တယ်။ ကျွန်တော်က သူများတွေထက် ပိုနားလည်ပြီး ဘုရားနှုတ်ကပတ်တော်ကို ပိုပြီး သိမြင်မှုရှိတယ်လို့ ထင်ပြီးတော့ပေါ့။ ဒါပေမဲ့ တကယ်တမ်းတော့ ကျွန်တော်က ကိုယ့်ရဲ့ အသက်ဝင်ရောက်မှုနဲ့ သမ္မာတရားလိုက်စားမှုမှာ ရပ်တန့်နေတာပါ။ ကျွန်တော်က တော်တော်ကို မသိနားမလည်ခဲ့တာပဲ။

တစ်နေ့မှာ ကျွန်တော် ဝတ်ပြုကိုးကွယ်နေတုန်းမှာ အန္တိခရစ်တွေကို ဖော်ထုတ်ပြတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်တယ်။ အဲဒါက ကိုယ့်ကိုယ်ကိုယ် နည်းနည်းပိုပြီး နားလည်အောင် ကူညီပေးခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “အန္တိခရစ်များ၏ အပြုအမူနှင့်သက်ဆိုင်သည့် အနှစ်သာရသည် ရာထူးအဆင့်အတန်း ရှိခြင်း၊ လူများကို သိမ်းသွင်းစည်းရုံးခြင်းနှင့် လူများကို ၎င်းတို့နောက်လိုက်စေပြီး ကြည်ညိုစေခြင်းတို့နှင့်ပတ်သက်သည့် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိဖို့ နည်းလမ်းများနှင့် နည်းစနစ်များကို အစဉ်အသုံးပြုဖို့ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် ၎င်းတို့သည် လူသားမျိုးနွယ်နှင့်ပတ်သက်၍ ဘုရားသခင်နှင့် တမင်သက်သက် ယှဉ်ပြိုင်နေခြင်း မဟုတ်သည်မှာ ဖြစ်နိုင်သည်၊ သို့ရာတွင် တစ်ခုတော့ သေချာပေသည်။ ၎င်းတို့သည် လူသားများအတွက် ဘုရားသခင်နှင့် မယှဉ်ပြိုင်သည့်အခါတွင်ပင်၊ လူများအလယ်တွင် ရာထူးအဆင့်အတန်းနှင့် တန်ခိုးအာဏာတို့ကို ရရှိဖို့ ဆန္ဒရှိဆဲဖြစ်သည်။ ၎င်းတို့သည် ရာထူးအဆင့်အတန်းအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်နေသည်ကို ၎င်းတို့သဘောပေါက်သည့် နေ့ရက်အချိန် ရောက်လာပြီး၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို အနည်းငယ် ချုပ်တည်းလျှင်ပင်၊ ၎င်းတို့သည် အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို လိုက်စားရန် အမျိုးမျိုးသော နည်းလမ်းများကို အသုံးချဆဲဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့သည် သူတစ်ပါးတို့၏ လက်ခံမှုနှင့် လေးစားမှုကို ရယူခြင်းအားဖြင့် တရားဝင်ဖြစ်သော ဂုဏ်အဆင့်အတန်းကို ရယူလိမ့်မည်မှာ ၎င်းတို့အတွက် ရှင်းလင်းသည်။ တိုတိုပြောရလျှင်၊ အန္တိခရစ်များလုပ်ဆောင်သမျှတိုင်းက တာဝန်များထမ်းဆောင်ခြင်း ပါဝင်သည့်ပုံစံရှိသော်လည်း အကျိုးဆက်က လူတို့ကို လိမ်လည်လှည့်စားရန်၊ ၎င်းတို့ကို လူများက ကိုးကွယ်နာခံရန်ဖြစ်သည်။ ဤအခြေအနေတွင် ဤသို့၎င်းတို့တာဝန်ကို ထမ်းဆောင်ခြင်းသည် မိမိတို့ကိုယ်ကိုယ် ချီးမြှောက်သက်သေခံခြင်းဖြစ်သည်။ လူတို့ကို ထိန်းချုပ်ရန်၊ အသင်းတော်တွင် ဂုဏ်အဆင့်အတန်းနှင့် အာဏာကိုရရှိရန် ဖြစ်သော ၎င်းတို့၏ ရည်မှန်းချက်သည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ ဤသည်မှာ လုံးဝ အန္တိခရစ်တစ်ယောက်သာဖြစ်သည်။ ဘုရားသခင်သည် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သို့မဟုတ် လုပ်ဆောင်သည်ဖြစ်စေ၊ ပြီးလျှင် လူများကို သူမည်သည့်အရာ တောင်းဆိုသည်ဖြစ်စေ၊ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သတ်မှတ်ချက်တို့နှင့် လိုက်လျောညီထွေဖြစ်သည့် နည်းလမ်းတစ်ခုဖြင့် ၎င်းတို့လုပ်ဆောင်သင့်သည့်အရာကို မလုပ်ဆောင်ပေ၊ သို့မဟုတ် ၎င်းတို့၏ တာဝန်များကို မဖြည့်ဆည်းပေ၊ သူ၏မိန့်မြွက်ချက်များနှင့် သမ္မာတရား ၏ အဓိပ္ပာယ်အနည်းငယ်ကို နားလည်သဘောပေါက်ခြင်း၏ ရလဒ်တစ်ခုအနေဖြင့် တန်ခိုးအာဏာနှင့် ရာထူးအဆင့်အတန်းကို ၎င်းတို့၏ လိုက်စားခြင်းကိုလည်း ၎င်းတို့မစွန့်ပယ်ပေ။ ၎င်းတို့၏ ရည်မှန်းချက်နှင့် ဆန္ဒများက ကျန်ရှိနေဆဲဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများကို နေရာယူပြီး ၎င်းတို့၏ အလုံးစုံကို ထိန်းချုပ်ဆဲဖြစ်ကာ ၎င်းတို့၏ အပြုအမူနှင့် အတွေးများကို ညွှန်ကြားသည်။ ၎င်းတို့လျှောက်သည့်လမ်းကြောင်းကို ဆုံးဖြတ်သည်။ ဤသည်မှာ အမှန်တကယ် အန္တိခရစ်တစ်ယောက်ဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၃)၊ အချက် ၅- ၎င်းတို့သည် လူတို့ကို လှည့်စားကာ၊ သိမ်းသွင်းစည်းရုံး၍ ခြိမ်းခြောက်ပြီး ထိန်းချုပ်လေ၏) ဘုရားနှုတ်ကပတ်တော်က ဖွင့်ပြတာကနေ အန္တိခရစ်လုပ်ဆောင်တဲ့အရာတွေရဲ့ အနှစ်သာရနဲ့ပတ်သက်တဲ့ အသိပညာနဲ့ ပိုင်းခြားသိမြင်မှုတချို့ကို ကျွန်တော် ရခဲ့တယ်။ အန္တိခရစ်တွေက ဘယ်လောက် စိတ်ထက်ထက်သန်သန်နဲ့ အလုပ်လုပ်၊ အသုံးခံပြီး ဒုက္ခခံပါစေ၊ ပေးဆပ်ပါစေ ညီအစ်ကိုမောင်နှမတွေကို ချစ်ခြင်းနဲ့ ကူညီပါစေ သူတို့ရဲ့ ရည်ရွယ်ချက်တွေက အမြဲတမ်း အတူတူပဲ။ သူတို့လုပ်သမျှက လူတွေကို သူတို့ကို လေးစားကိုးကွယ်အောင်လုပ်ဖို့ဖြစ်တဲ့ သူတို့ရဲ့ ပန်းတိုင်ကို ရဖို့ နည်းလမ်းအနေနဲ့ ညီအစ်ကိုမောင်နှမတွေက မျက်နှာသာပေးတာကို ရဖို့ပဲ။ သူတို့က ကြွားဝါဖို့အတွက် နည်းလမ်းအမျိုးမျိုး သုံးတယ်။ ဒီနည်းနဲ့ သူများတွေက သတိမထားမိဘဲ လူတွေကို သူတို့ရှေ့ကို ခေါ်ဆောင်တယ်။ အန္တိခရစ်တွေလုပ်တဲ့အရာရဲ့ အနှစ်သာရက ကောင်းကင်တမန်မင်းနဲ့ အတူတူပဲ။ သူတို့က အမြဲတမ်း မြင့်တဲ့နေရာတစ်ခုရှိချင်ပြီး လူတွေနဲ့ အဆင့်အတန်းအတွက် ဘုရားနဲ့ ယှဉ်ပြိုင်ချင်တယ်။ အဆင့်အတန်းနဲ့ သြဇာအာဏာအတွက် သူတို့ရည်မှန်းချက်က လုံးဝ မပြောင်းလဲဘူး။ ကျွန်တော်က ကျွန်တော်ကိုယ်တိုင်ရဲ့လုပ်ရပ်တွေကို စဉ်းစားဖို့ အန္တိခရစ်တွေရဲ့ ဒီဖော်ပြမှုတွေကို အသုံးပြုတယ်။ ကျွန်တော်က လူတွေရဖို့အတွက် ဘုရားနဲ့ ယှဉ်ပြိုင်ဖို့ မရည်ရွယ်ပေမဲ့ သူများတွေနဲ့ မိတ်သဟာယဖွဲ့တဲ့အခါမှာ သူများတွေ ကျွန်တော့်ကို အထင်ကြီးကိုးကွယ်ဖို့အတွက် ဘယ်လိုမိတ်သဟာယဖွဲ့ရမယ်ဆိုတာ အမြဲတမ်း စဉ်းစားတယ်။ ဘုရားနှုတ်ကပတ်တော်ကို နားလည်ဖို့ သူတို့ အခက်တွေ့နေတဲ့အချိန်မှာတောင် သူတို့ကို ကျွန်တော့်ဆီ လာစေချင်တယ်။ ဒီပန်းတိုင်ကို ရဖို့အတွက် တိတ်တဆိတ်နဲ့ ဓမ္မသီချင်းစာသားတွေကို နားလည်ဖို့ အများကြီး အားစိုက်ခဲ့တယ်။ ကျွန်တော်က ဘုရားကို ချီးမြှောက်တာ၊ သက်သေခံတာမလုပ်သလို ညီအစ်ကိုမောင်နှမတွေကို ဘုရားကို အမှီပြုဖို့ ဦးမဆောင်တဲ့အတွက် သူတို့ စိတ်နှလုံးတွေက ဘုရားနဲ့ အမြဲတမ်းဝေးနေတယ်။ စာသားတွေကို ချင့်ချိန်စဉ်းစားဖို့ ဘုရားကို အားမကိုးတော့ဘူး။ အဲဒီအစား ကျွန်တော့်မိတ်သဟာယကို သူတို့ စောင့်ကြတယ်။ ကျွန်တော်က လူတိုင်းကို ကျွန်တော့်ရှေ့ကို ခေါ်နေတာပဲမဟုတ်ဘူးလား။ ကျွန်တော်က အန္တိခရစ်လမ်းကြောင်းကို လျှောက်နေခဲ့တာပါ။ နှစ်တွေအများကြီး ယုံကြည်ပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော်အပေါ် နည်းနည်းနားလည်တာကို ဆွေးနွေးနိုင်ပေမဲ့ ကျွန်တော့် အသက်စိတ်သဘောထားက လုံးဝ မပြောင်းလဲဘူး။ အပြင်ပန်းမှာ ကျွန်တော်က လူတွေနဲ့ အဆင့်အတန်းအတွက် ဘုရားနဲ့ ပြောင်ပြောင်တင်းတင်း မယှဉ်ပြိုင်ရဲဘူး။ ဒါပေမဲ့ ကျွန်တော့်စိတ်နှလုံးထဲမှာ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားမှုကို လုံးဝ လက်မလျှော့ဘူး။ သင့်တော်တဲ့ ပတ်ဝန်းကျင်မှာ ကျွန်တော်က လူတွေ ကျွန်တော့်ကို အထင်ကြီးလေးစားအောင်လုပ်ဖို့ မသိစိတ်ကနေ ကြွားဝါတယ်။ ကျွန်တော်က အရမ်းသနားဖို့ကောင်းတယ်။ ဘုရားကို နှစ်တွေအများကြီးယုံကြည်ပြီးတဲ့နောက်မှာ အယူဝါဒတွေကိုပဲ ပြောနိုင်ပြီး ဘာစစ်မှန်မှုမှ မပိုင်ဆိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်က တော်တယ်လို့ မာနကြီးပြီး ထင်နေတုန်းပဲ။ ကိုယ့်ကိုယ်ကိုယ် လုံးဝ မသိခဲ့တာပါ။ ကျွန်တော့်အနားက ညီငယ်၊ ညီမငယ်တွေအကြောင်း စဉ်းစားမိတယ်။ တချို့က ဘုရားသခင်ကို ယုံကြည်တာမကြာသေးဘဲ ဘုရားနှုတ်ကပတ်တော်ကို နားလည်မှုက နည်းသေးပေမဲ့ သူတို့က စိတ်ထက်ထက်သန်သန်နဲ့ လိုက်စားကြတယ်။ ဘုရားနှုတ်ကပတ်တော်ကို သူတို့ နားလည်တာနဲ့ သူတို့အသက်တာမှာ ချက်ချင်းလက်တွေ့လုပ်နိုင်ပြီး ဝင်ရောက်နိုင်တယ်။ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖော်ပြတဲ့အခါမှာ ဒါတွေကို ဖြေရှင်းဖို့ သမ္မာတရားကို အမြန်ရှာဖွေနိုင်ကြတယ်။ သူတို့နဲ့ ကိုယ့်ကိုယ်ကိုယ် ယှဉ်ကြည့်လေလေ၊ ရှက်မိလေလေပဲ။ ကျွန်တော်က ဘာနဲ့မှ မညီမျှဘူး။ ဒါတောင်မှ ညီအစ်ကိုမောင်နှမတွေရှေ့မှာ ကျွန်တော့်ရဲ့ ဝါရင့်မှုကို အမြဲတမ်း ကြွားဝါတယ်။ ကျွန်တော်က တကယ်ကို အရှက်မဲ့လွန်းပါတယ်။ ဒီတစ်ခါမှာ ဘုရားသခင်က ကျွန်တော့်ကို သတိပေးပြီး ပဲ့ပြင်ဆုံးမဖို့အတွက် နေမကောင်းတာကို အသုံးမပြုခဲ့ရင် သတိတောင်မထားမိဘဲနဲ့ ဘုရားကို အာခံတဲ့ လမ်းကြောင်းကို လျှောက်နေမှာပဲ။

နောက်ပိုင်းမှာ ကျွန်တော် ဘုရားနှုတ်ကပတ်တော်အပိုဒ်တချို့ဖတ်တယ်။ “ဖန်ဆင်းခံတစ်ခုအနေနှင့် လူသားသည် သူ၏ကိုယ်ပိုင်အနေအထားကို ထိန်းသိမ်းပြီး အသိဉာဏ်ရှိရှိပြုမူရမည်။ ဖန်ဆင်းရှင်က တာဝန်ပေးစေခိုင်းထားသည့်အရာကို တာဝန်သိတတ်စွာနှင့် စောင့်ရှောက်ရမည်။ စည်းကျော်၍ မလုပ်ရ၊ သို့မဟုတ် မိမိတတ်နိုင်သည့် နယ်ပယ်ထက် ကျော်၍မလုပ်ရ၊ သို့မဟုတ် ဘုရားသခင် စက်ဆုပ်သည့် အရာများကို မလုပ်ရ။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန်၊ သို့မဟုတ် အခြားလူများထက်ကျော်လွန်ရန် မလုပ်ရသကဲ့သို့ ဘုရားဖြစ်အောင်လည်း မကြိုးစားရ။ ဤသည်မှာ လူတို့ဆန္ဒမပြုသင့်သည့် အရာဖြစ်သည်။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက အဓိပ္ပာယ်မရှိပေ။ ဘုရားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက ပို၍ပင် ဆိုးဝါးသည်။ ဤသည်မှာ ရွံ့ရှာစက်ဆုပ်ဖွယ်ဖြစ်ပြီး ယုတ်ညံ့၏။ ချီးကျူးထိုက်ပြီး အရာအားလုံးထက် ဖန်ဆင်းခံတို့ စွဲကိုင်ထားသင့်သည့် အရာမှာ စစ်မှန်သည့် ဖန်ဆင်းခံဖြစ်ရန်ဖြစ်၏။ ဤသည်မှာ လူအားလုံး လိုက်လျှောက်သင့်သည့် တစ်ခုတည်းသော ပန်းတိုင်ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၁)၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) “ဤသည်မှာ အသင်းတော်တွင် သင်၌ရှိရမည့် သွင်ပြင်အခြေအနေမျိုး ဖြစ်သည်- လူတိုင်းက သမ္မာတရားကို အာရုံစိုက်ပြီး ယင်းကို ကြိုးပမ်းရရှိဖို့ အားထုတ်ကြသည်။ လူများသည် မည်မျှ ကြီးသည် ငယ်သည်က အရေးမကြီးပေ၊ သို့မဟုတ် ၎င်းတို့သည် ဝါရင့်ယုံကြည်သူများ ဟုတ်မဟုတ်ကလည်း အရေးမကြီးသကဲ့သို့၊ ၎င်းတို့၌ မြင့်မားသော အစွမ်းအစရှိခြင်း၊ သို့မဟုတ် ညံ့ဖျင်းသော အစွမ်းအစရှိခြင်းကလည်း အရေးမကြီးပေ။ ဤအရာများသည် အရေးမကြီးပေ။ သမ္မာတရားရှေ့တွင် လူတိုင်းက တန်းတူဖြစ်သည်။ သင်ကြည့်ရမည့်အရာများမှာ မည်သူက မှန်ကန်စွာ၊ သမ္မာတရားနှင့် ကိုက်ညီစွာ စကားပြောကြောင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မည်သူက စဉ်းစားကြောင်း၊ ဘုရားအိမ်တော်၏အလုပ်၌ မည်သူက အကြီးမားဆုံးသော ဝန်ကို ထမ်းကြောင်း၊ မည်သူက သမ္မာတရားကို ပို၍ရှင်းလင်းစွာ နားလည်ကြောင်း၊ မည်သူက ဖြောင့်မတ်ခြင်း အသိစိတ်ကို မျှဝေကြောင်းနှင့် မည်သူက အဖိုးအခပေးဆပ်ဖို့ လိုလားကြောင်းတို့ဖြစ်သည်။ ထိုသို့သောလူများသည် ၎င်းတို့၏ ညီအစ်ကို မောင်နှမများ၏ ထောက်ပံ့ခြင်းခံရသင့်ပြီး ဩဘာပေးခြင်း ခံရသင့်သည်။ သမ္မာတရားကို လိုက်စားခြင်းမှ လာသည့် ဤအကျင့်သိက္ခာရှိသော သွင်ပြင်အခြေအနေသည် အသင်းတော်အတွင်း၌ ပျံ့နှံ့ရမည်ဖြစ်သည်။ ဤနည်းဖြင့် သင်၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိလိမ့်မည် ဖြစ်ပြီး ဘုရားသခင်က ကောင်းကြီးမင်္ဂလာများနှင့် လမ်းညွှန်ချက်တို့ကို ပေးအပ်လိမ့်မည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ စိတ်နှလုံးနှင့် ဝိညာဉ် အကြွင်းမဲ့ဖြင့် မိမိ၏တာဝန်ကို ထမ်းဆောင်သည့်သူသာလျှင် ဘုရားသခင်ကို ချစ်သည့်သူဖြစ်သည်) ဘုရားသခင်က ကျွန်တော်တို့ကို ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲပြီး ဖန်ဆင်းခံတွေအနေနဲ့ ကိုယ့်တာဝန်တွေကို လက်တွေ့ကျတဲ့နည်းနဲ့ ထမ်းဆောင်ဖို့ အလိုရှိတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် နားလည်ခဲ့တယ်။ ဒါက လူတွေမှာရှိသင့်တဲ့ လိုက်စားမှုဖြစ်ပြီး လူတွေ ပိုင်ဆိုင်သင့်တဲ့ ဆင်ခြင်တုံတရားပဲ။ ကျွန်တော့်ရဲ့ ဝါရင့်မှုကို ကြွားမပြောသင့်ပါဘူး။ ဘုရားသခင်ကို ကျွန်တော် ယုံကြည်တာ ဘယ်လောက်ကြာပြီးပါစေ၊ အသင်းတော်မှာ တာဝန်တွေ ဘယ်လောက်ထမ်းဆောင်ခဲ့ပါစေ ကျွန်တော့်မှာ အတွေ့အကြုံနဲ့ ဘုရားနှုတ်ကပတ်တော်ကို သိမြင်မှု ဘယ်လောက်ရှိပါစေ ကျွန်တော်က အမြဲတမ်း ဖန်ဆင်းခံ ဖြစ်နေမှာပဲ။ ညီအစ်ကိုမောင်နှမတွေနဲ့ တန်းတူ တာဝန်ထမ်းဆောင်ပြီး သမ္မာတရားကို လိုက်စားသင့်တယ်။ ဒါက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အလုပ်ကို လက်ခံရရှိဖို့ တစ်ခုတည်းသောနည်းလမ်းပဲ။

ဘုရားအလိုတော်ကို ကျွန်တော် နားလည်တာနဲ့ နောင်ကျရင် ကျွန်တော် လျှောက်သင့်တဲ့လမ်းကြောင်းနဲ့ပတ်သက်ပြီး ဦးတည်ချက် တချို့ရှိလာတယ်။ အဲဒီနောက်မှာ စာသားတွေအပေါ်မှာ၊ ညီအစ်ကိုမောင်နှမတွေနဲ့ စုဝေးပွဲတွေမှာ ကျွန်တော် မိတ်သဟာယဖွဲ့တဲ့အခါ ကျွန်တော် မဆင်မခြင်နဲ့ မကြွားဝါတော့ဘူး။ လူတိုင်းရဲ့ မိတ်သဟာယကို အာရုံစိုက်ပြီး နားထောင်တယ်။ တချို့တွေက သူတို့ရဲ့ အတွေ့အကြုံနဲ့ အသိပညာကိုပြောရာမှာ ပြသတဲ့ ကျွန်တော် နားမလည်တဲ့ အလင်းနဲ့ ဉာဏ်အလင်းဖွင့်ပြမှုတွေကိုရှိတာကို ကျွန်တော် တွေ့ရတယ်။ ဒီဟာကြောင့် ကျွန်တော် ပိုပြီးတော့တောင် ရှက်မိတယ်။ အရင်တုန်းက ကျွန်တော့်မိတ်သဟာယက အလေးနက်ဆုံးလို့ ကျွန်တော် အမြဲတမ်းထင်တာ။ ဒါပေမဲ့ အခုတော့ ကျွန်တော်က မိတ်သဟာယမှာ ညီအစ်ကိုမောင်နှမတွေထက် ဘာမှပိုမသာဘူးဆိုတာ မြင်ခဲ့တယ်။ ကျွန်တော်က မာနထောင်လွှားလွန်းပြီး ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေခဲ့တာ။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း အတော်ဆုံးလို့ ထင်တယ်။ ကိုယ့်ရဲ့ အတိုင်းအတာကို ကိုယ်မသိခဲ့ဘူး။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်နေရာမှာ ရပ်ရမယ်၊ သူများတွေရဲ့ မိတ်သဟာယကို ပိုနားထောင်ရမယ်၊ ဘုရားသခင်ဆီက ဉာဏ်အလင်းဖွင့်ပြမှုနဲ့ အလင်းကို လက်ခံဖို့ သင်ယူရမယ်ဆိုတာကို သိခဲ့ပါတယ်။ ဒါကသာ ကျွန်တော် တိုးတက်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ။

နောက်တော့ တစ်နေ့လည်မှာ အစ်ကိုတစ်ယောက်က ကျွန်တော့်ကို ရုတ်တရက် စာတစ်စောင်ပို့တယ်။ ဓမ္မသီချင်းနှစ်ပုဒ်ရဲ့ စာသားအပေး ကျွန်တော့်နားလည်မှုကို ဝေမျှဖို့ ပြောထားတယ်။ ဒါပေမဲ့ အချိန်က နည်းနည်း မြန်သွားတော့ ကျွန်တော် ကြိုပြီး အဖြေရှာဖို့ အချိန်မရဘူး။ ကျွန်တော် အရမ်းစိတ်ပူသွားတယ်။ “ငါ မကောင်းမကန်း မိတ်သဟာယပြုလိုက်ရင် ငါ့အစ်ကိုက ဘယ်လိုထင်မလဲ ပေါ့။” ဒီအချိန်မှာပဲ ကျွန်တော်က လူတွေကို ကျွန်တော့်ကို အထင်ကြီးလေးစားအောင်လုပ်ဖို့ ဘုရားနှုတ်ကပတ်တော်အပေါ် မိတ်သဟာယဖွဲ့တာကို ထပ်ပြီး အသုံးပြုချင်နေတယ်ဆိုတာ ရုတ်တရက် သဘောပေါက်သွားတယ်။ အဲဒါနဲ့ ဘုရားကို အမြန်ဆုတောင်းပြီး ကျွန်တော့်ရဲ့ မှားယွင်းတဲ့ ရည်ရွယ်ချက်တွေကို စွန့်ပစ်ချင်တယ်လို့ ပြောလိုက်တယ်။ အဲဒီနောက်မှာ ကျွန်တော့်အစ်ကိုကို ပြောလိုက်တယ်။ “ကျွန်တော်လည်း ဒီဓမ္မသီချင်းနှစ်ပုဒ်ကို အားလုံး နားမလည်ဘူး။ ဒီတော့ ကျွန်တော် သိပ်မသိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အတူတူ မိတ်သဟာယဖွဲ့နိုင်ပါတယ်” ပေါ့။ ကျွန်တော့်စိတ်ကို မှန်ကန်တဲ့ဦးတည်ချက်မှာထားတဲ့အခါ ဘုရားရဲ့ လမ်းပြမှုကို မြင်ရတယ်။ ကျွန်တော့်အစ်ကိုရဲ့ မိတ်သဟာယကနေ ခွန်အားတချို့ရခဲ့တယ်။ သူ့မိတ်သဟာယကို အခြေခံပြီး ကျွန်တော့်ရဲ့ ကိုယ်ပိုင်အသိအမြင်တွေအကြောင်း နည်းနည်းပြောခဲ့တယ်။ ဒီနည်းနဲ့ ကျွန်တော်တို့ အချင်းချင်း ဖြည့်စွက်ပေးကြတယ်။ မိတ်သဟာယဖွဲ့ရင်းနဲ့ ကျွန်တော်တို့ စိတ်နှလုံးက ပိုပြီး လင်းလက်လာတယ်။

ကျွန်တော်တို့က မကြွားဝါတဲ့အခါမှာ ညီအစ်ကိုမောင်နှမတွေနဲ့ တန်းတူညီမျှနေပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့တဲ့အခါ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အလုပ်ကို ရရှိပြီး ကျွန်တော်တို့ စိတ်နှလုံးက လွတ်မြောက်ပြီး သက်သာတယ်ဆိုတာကို ကျွန်တော် တကယ် ကြုံတွေ့ခဲ့ရတယ်။ ကျေးဇူးတော်ပါပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို တိုင်ကြားခြင်း ဇာတ်လမ်းတစ်ပုဒ်

လျိုယန် တောင်ကိုရီးယားနိုင်ငံ ၂၀၁၀ ခုနှစ်မှာ၊ ကျွန်မက အသင်းတော်မှာ စာတည်းဖြတ်တဲ့ တာဝန်ကို လုပ်နေခဲ့တယ်။ အသင်းတော်...

အလုပ်ထုတ်ခံရခြင်းမှ ကျွန်မ သင်ယူရရှိခဲ့သည့်အရာ

ကျိန်းယိ အမေရိကန်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူတို့သည် မိမိတို့ကိုယ်တိုင်၏ စိတ်သဘောထားများကို မပြောင်းလဲနိုင်ကြပေ။...

ဘုရားသခင်အတွက် အစေခံခြင်းအမှု လုပ်ဆောင်ရန် ကျွန်တော် ကံကောင်းပါသည်

ကမ်းရွှေ တောင်ကိုရီးယားနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူသားကို ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းသည် မည်သည့်အရာအားဖြင့်...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။