ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းခံရခြင်းမှ ကျွန်ုပ် ရရှိခဲ့သည့်အရာ
ဝေရံ အီတလီနိုင်ငံ ၂၀၁၈ ခုနှစ် နိုဝင်ဘာမှာ ဗီဒီယိုအလုပ်ကို ကျွန်မ စကြီးကြပ်တယ်။ အလုပ်ပမာဏများလို့ နေ့တိုင်း တုန်လှုပ်နေခဲ့ရတယ်။...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့မှာ ကျွန်မက လူသစ်တချို့ကို ရေလောင်းပေးပြီး အိမ်ပြန်ရောက်ခါစပဲ ရှိသေးတယ်၊ အထက်ခေါင်းဆောင် လီချင်က ကျွန်မဆီကို အလောတကြီး ရောက်လာပြီး ပြောတယ်၊ “ရှုကွမ်းအသင်းတော်က လူသစ်တွေ အများကြီး ရဲအဖမ်းခံလိုက်ရတယ်၊ အသင်းတော်ခေါင်းဆောင်တွေနဲ့ သင်းထောက်တွေကိုတောင် သူတို့ ဖမ်းသွားကြတယ်။ အနီးအနားက အသင်းတော်နှစ်ခုက ညီအစ်ကိုမောင်နှမ အတော်များများလည်း အဖမ်းခံလိုက်ရတယ်။ အခု လူသစ်တွေကို အရေးတကြီး ရေလောင်းပေးပြီး ထောက်ပံ့ဖို့ လိုအပ်နေတယ်၊ မဟုတ်ရင် သူတို့ ဒီလိုဆိုးရွားတဲ့ ပတ်ဝန်းကျင်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ ခက်လိမ့်မယ်။ အစ်မက သူတို့ကို အရင်က ရေလောင်းပေးခဲ့ဖူးတော့ ဒီလူသစ်တွေကို အစ်မပဲ သွားထောက်ပံ့ပေးစေချင်တယ်” တဲ့။ ခေါင်းဆောင် ဒီလိုပြောတာကိုကြားတော့ ဒီအလုပ်က အရမ်းအရေးကြီးမှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ်၊ “ငါ ရှုကွမ်းအသင်းတော်ကနေ ပြန်ရောက်တာ နှစ်ရက်ပဲ ရှိသေးတယ်၊ နောက်နေ့မှာပဲ ညီအစ်ကိုမောင်နှမတွေ အများကြီး အဖမ်းခံလိုက်ရတာ။ ပြီးတော့ သူတို့အားလုံးက ငါ့ကို သိကြတယ်ဆိုတော့ ဒီအချိန်မှာ လူသစ်တွေကို ရေလောင်းပေးဖို့ သွားတာက အရမ်းကို အန္တရာယ်များလွန်းတယ်လေ။ နေရာတိုင်းမှာ စောင့်ကြည့်ကင်မရာတွေ ရှိနေတာ။ တစ်ယောက်ယောက်ကများ ငါ့ကို သစ္စာဖောက်လိုက်ရင်၊ ရဲတွေက စောင့်ကြည့်ကင်မရာ မှတ်တမ်းကိုသုံးပြီး ငါ့ကို လာဖမ်းရင် ဘယ်လိုလုပ်မလဲ။ ငါ အရင်ကတည်းက နှစ်ခါ အဖမ်းခံခဲ့ရပြီးပြီ၊ နောက်တစ်ခါ ထပ်အဖမ်းခံရရင် ရဲတွေက ငါ့ကို သေတဲ့အထိ ညှဉ်းဆဲမှာ သေချာသလောက်ပဲ။ ငါသာ ရိုက်သတ်ခံရရင်၊ ကယ်တင်ခြင်းရဖို့ ငါ့အခွင့်အရေး လုံးဝကို ဆုံးရှုံးသွားမှာပဲ” လို့ပေါ့။ ကျွန်မစိတ်ထဲမှာ နည်းနည်းတော့ ကြောက်သွားတာပေါ့။ ဒါနဲ့ အရင်က ထုတ်ပယ်ခံခဲ့ရတဲ့ ရေလောင်းတဲ့သူတစ်ယောက်ကိုပဲ ဒီလူသစ်တွေကို အရင်သွားပြီး ပံ့ပိုးခိုင်းဖို့တွေးမိတယ်။ ဒါပေမဲ့ ဒီညီအစ်မက သူ့တာဝန်မှာ ဝန်တာထားတဲ့စိတ် မရှိဘူး၊ တကယ့် ပြဿနာတွေကိုလည်း မဖြေရှင်းဘူးလေ၊ သူ့ကို သွားခိုင်းဖို့ကျတော့လည်း ကျွန်မစိတ်ထဲမှာ မအေးဘူး။ စိုးရိမ်သောကရောက်ပြီး တွေဝေနေရင်းနဲ့ ကျွန်မ တွေးမိတယ်၊ “ရဲတွေကလည်း ဘုရားသခင်ရဲ့ လက်ထဲမှာပဲ မဟုတ်ဘူးလား။ ငါ အဖမ်းခံရမလား၊ မခံရဘူးလားဆိုတာ ရဲတွေအပေါ် မူတည်တာမဟုတ်ဘူး။ ငါ အသင်းတော်ကို မသွားဘဲနဲ့တောင် ကြောက်လန့်နေရင် ဘယ်လိုလုပ်ပြီး သက်သေခံချက်တစ်ခုတလေ ရှိတော့မှာလဲ” လို့ပေါ့။ ကျွန်မကို စောင့်ရှောက်ဖို့နဲ့ ယုံကြည်ခြင်းနဲ့ ခွန်အားတွေ ပေးသနားဖို့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့တယ်၊ ပြီးတော့ လူသစ်တွေကို ရေလောင်းပေးဖို့ ကျွန်မ သွားခဲ့တယ်။
ဒါပေမဲ့ ခဏကြာတော့၊ နောက်ထပ် လူသစ် တချို့အဖမ်းခံလိုက်ရပြီးတော့ ရဲတွေက ကျွန်မနဲ့ တခြားညီအစ်မနှစ်ယောက်ရဲ့ စောင့်ကြည့်ကင်မရာက ရတဲ့ဓာတ်ပုံတွေကိုသုံးပြီး လူသစ်တွေကို ကျွန်မတို့ကို ဖော်ထုတ်ခိုင်းနေကြတယ်ဆိုတာ ကျွန်မ သိလိုက်ရတယ်။ ကျွန်မ ပိုလို့တောင် ကြောက်လာပြီး တွေးမိတယ်၊ “လွန်ခဲ့တဲ့ သုံးလေးနှစ်တုန်းက ငါ အဖမ်းခံခဲ့ရဖူးတယ်၊ အမျိုးသားလုံခြုံရေးတပ်ဖွဲ့က ရဲတွေအားလုံးက ငါ့ကို သိကြတယ်။ ငါသာ နောက်တစ်ခါ အဖမ်းခံရရင်၊ သူတို့ ငါ့ကို လုံးဝ ပေးလွှတ်မှာ မဟုတ်ဘူး” လို့ပေါ့။ ညီအစ်ကိုမောင်နှမတချို့ ရဲတွေရဲ့ လက်ထဲမှာ ရက်ရက်စက်စက် ရိုက်သတ်ခံခဲ့ရတာတွေ၊ ကျွန်မကိုယ်တိုင်လည်း တစ်ခါက ရဲတွေရဲ့ ညှဉ်းဆဲမှုကြောင့် သေလုနီးပါး ဖြစ်ခဲ့ရတာတွေကို ပြန်တွေးမိတော့၊ ကျွန်မ တွေးမိတယ်၊ “ငါသာ အဖမ်းခံရပြီး တကယ် ရိုက်သတ်ခံရရင်၊ ငါ့ရဲ့ ယုံကြည်ခဲ့တဲ့ နှစ်တွေက အဆုံးသတ်သွားမှာ မဟုတ်ဘူးလား” လို့ပေါ့။ ဒီအကြောင်းကို တွေးလေလေ၊ ကျွန်မ ပိုပြီး စိုးရိမ်လာလေပဲ၊ ပြီးတော့ ညဘက်တွေမှာ အိပ်မပျော်နိုင်တော့ဘူး။ လူသစ်တွေကို ရေလောင်းပေးဖို့ ခေါင်းဆောင်ကို တခြားတစ်ယောက်ယောက်ပဲ ရှာစေချင်ခဲ့တယ်။ ဒါပေမဲ့ အသင်းတော်ခေါင်းဆောင်တွေ၊ အမှုဆောင်တွေနဲ့ ရေလောင်းတဲ့သူ အများစုက ရဲဖမ်းခံထားရလို့ လောလောဆယ်မှာ သင့်တော်တဲ့ တခြားလူ ရှာမရခဲ့ဘူး။ အဲဒီနောက်ပိုင်းမှာ လူသစ်တွေကို ကျွန်မ ရေဆက်လောင်းပေးခဲ့ပေမဲ့ ကျွန်မက ကြောက်စိတ်၊ တုန်လှုပ်စိတ်တွေနဲ့ အသက်ရှင်နေခဲ့ပြီး စုဝေးပွဲတွေမှာလည်း ဝတ်ကျေတမ်းကျေပဲ လုပ်နေခဲ့တာ။ စုဝေးပွဲ ကြာလေ၊ အန္တရာယ်များလာလေပဲလို့ ကြောက်ပြီးတော့ ဘုရားနှုတ်ကပတ်တော် နည်းနည်းဖတ်လိုက်တိုင်း အမြန်ဆုံး ပြန်ချင်နေခဲ့တယ်။ အဲဒီအချိန်တုန်းက လူသစ်တချို့က အဖမ်းခံရမှာကို ကြောက်နေကြပြီး သူတို့ရဲ့ အခြေအနေတွေက မကောင်းဘူး၊ ကျွန်မကလည်း စကားခဏပဲ ပြောပြီး စုဝေးပွဲကို ကတိုက်ကရိုက် အဆုံးသတ်လိုက်တယ်။ နောက်ပိုင်းကျတော့၊ ယုံကြည်သူအသစ်တွေရဲ့ ပြဿနာတွေ မပြေလည်သေးတာကို ပြန်တွေးမိပြီး ကျွန်မမှာ အပြစ်ရှိသလို ခံစားရတယ်၊ လူသစ်တွေက အပျက်သဘောဆောင်ပြီး အားနည်းသွားမှာ၊ ဒါမှမဟုတ် စီစီပီရဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကြောင့် အထင်အမြင်မှားပြီး ထွက်သွားကြမှာကို ကျွန်မ စိုးရိမ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မ တွေးမိသေးတယ်၊ ကျွန်မမှာ စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေ၊ ဓာတ်ပုံတွေ ရဲတွေဆီမှာ ရှိနေပေမဲ့၊ ကျွန်မနောက်ကို လိုက်နေတာမျိုး မတွေ့မိသေးဘူး၊ လုံခြုံရေးကို ဂရုစိုက်ပြီး ပုံပန်းသဏ္ဌာန်ပြောင်းလိုက်ရင် စုဝေးပွဲတွေကို သွားတက်လို့ ရနိုင်သေးတာပဲလို့ပေါ့။ ဒီလို အရေးကြီးတဲ့ အချိန်မှာ ကျွန်မက ကိုယ့်လုံခြုံရေးကိုပဲ ထည့်စဉ်းစားပြီး ယုံကြည်သူအသစ်တွေ ရပ်တည်နိုင်မလား၊ မလားဆိုတာကို လျစ်လျူရှုထားလိုက်ရင် ကျွန်မမှာ လူ့သဘာဝကော ရှိဦးမှာတဲ့လား။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ အဲဒီမှာ ပြောထားတာက၊ “စကြဝဠာတွင် ဖြစ်ပေါ်သော အရာရာတိုင်းတွင်၊ ငါ အဆုံးအဖြတ်မပေးသောအရာ တစ်ခုမျှ မရှိချေ။ ငါ့လက်ထဲတွင်မရှိသည့်အရာ တစ်စုံတစ်ရာ ရှိသလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁)) ဟုတ်တယ်၊ ဘုရားသခင်က အနန္တတန်ခိုးရှင်ပဲ၊ အဆင်းနီသော နဂါးကြီးက ဘယ်လောက်ပဲ ဆိုးယုတ်ပြီး သောင်းကျန်းနေပါစေ၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို ကျော်လွန်လို့ မရနိုင်ဘူး။ ဘုရားသခင်ရဲ့ ခွင့်ပြုချက်မရှိဘဲ ရဲတွေက ကျွန်မကို ဖမ်းလို့မရဘူး။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားတွေ ပေးခဲ့တယ်၊ ဒါကြောင့် ကျွန်မက လူသစ်တွေကို ဆက်ပြီး ရေလောင်းပေးခဲ့တယ်။
နောက်ပိုင်းမှာ အလုပ်လိုအပ်ချက်ကြောင့် ရေလောင်းခြင်းအလုပ်ကို တာဝန်ယူဖို့ ကျွန်မ ရှင်းရှန်းအသင်းတော်ကို သွားခဲ့တယ်။ ဒါပေမဲ့ ကျွန်မ မမျှော်လင့်ထားခဲ့တာက ရှင်းရှန်းအသင်းတော်ကို ကျွန်မရောက်ပြီး မကြာခင်မှာပဲ အသင်းတော်ခေါင်းဆောင်တွေ ရဲအဖမ်းခံလိုက်ရတာပါပဲ။ ဒီအသင်းတော်မှာလည်း ရဲတွေက လူတွေကို စဖမ်းနေပြီဆိုတာကို မြင်တော့၊ ကျွန်မက ထိတ်လန့်ကြောက်ရွံ့စိတ်တွေနဲ့ ပြည့်နေခဲ့ပြီး လူသစ်တွေကို သွားပြီး ရေလောင်းမပေးချင်ခဲ့ဘူး။ ဒါပေမဲ့ ဒီအသင်းတော်က လူသစ်တွေက ပုံမှန်စုဝေးပွဲကို အခုမှ စလုပ်ကြတာ၊ အသင်းတော်ခေါင်းဆောင်တွေကလည်း အဖမ်းခံလိုက်ရပြီ။ လူသစ်တွေ ရေလောင်းပေးသူမရှိဘဲ သူတို့ရဲ့အသက်တာတွေ ဒုက္ခရောက်နေတာကို ကျွန်မ ဒီအတိုင်း ကြည့်မနေနိုင်ဘူးလေ။ ကျွန်မစိတ်နှလုံးထဲမှာ ဗလောင်ဆူနေခဲ့တယ်၊ ဒါနဲ့ ဘုရားသခင်ရှေ့မှာ ဒူးထောက်ပြီး ဆုတောင်းခဲ့တယ်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်၊ လူသစ်တွေ အများကြီး ရေလောင်းပေးမှုနဲ့ ပံ့ပိုးမှုကို လိုအပ်နေပါတယ်၊ ဒါပေမဲ့ သမီးက အဖမ်းခံရမှာကြောက်ပြီး သွားဖို့ သတ္တိမရှိဖြစ်နေပါတယ်။ သမီးကို ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိ ပေးသနားတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ကျွန်မကို တော်တော်လေးတို့ထိခဲ့တဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတစ်ခုကို ကျွန်မ ကြည့်ခဲ့တယ်။ အဲဒီညီအစ်မက ရဲတွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုနဲ့ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုနှစ်မျိုးလုံးနဲ့ ရင်ဆိုင်ရချိန်မှာ အားနည်းပြီး အပျက်သဘောဆောင်ခဲ့ပေမဲ့၊ အသင်းတော်ရဲ့ နောက်ဆက်တွဲအလုပ်တွေကို ကောင်းကောင်းမွန်မွန် စီစဉ်ဆောင်ရွက်ဖို့ ဘုရားသခင်ကို အားကိုးနိုင်ခဲ့တယ်၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို ဘေးကင်းလုံခြုံစွာနဲ့ နေရာပြောင်းရွှေ့နိုင်ခဲ့တယ်။ နှိပ်စက်ညှဉ်းပန်းမှုနဲ့ အခက်အခဲတွေကြားထဲမှာ ဒီညီအစ်မက သူ့တာဝန်ကို ထိန်းသိမ်းနိုင်တာကို မြင်တော့ ကျွန်မ အရမ်းကို ရှက်မိတယ်၊ အထူးသဖြင့် ဗီဒီယိုထဲမှာ ပြတဲ့ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို အရမ်းခွန်အားရစေခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ငါ လိုအင်ဆန္ဒရှိသည်မှာ ယခု သင်၏သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံမှု၊ ယခု သင်၏ ချစ်ခြင်းမေတ္တာနှင့် သက်သေခံချက်တို့ ဖြစ်သည်။ လက်ရှိတွင် သက်သေခံချက်က အဘယ်အရာဖြစ်သည်၊ ချစ်ခြင်းမေတ္တာက အဘယ်အရာဖြစ်သည်ကို သင်မသိလျှင်ပင် ငါ့ထံ သင်၏ အရာအားလုံးကို ယူဆောင်လာသင့်ပြီး သင်၌ တစ်ခုတည်းသော ရတနာများဖြစ်သည့် သင်၏ သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံခြင်းကို ငါ့ထံ လွှဲအပ်သင့်ပေသည်။ လူသားကို ငါ၏ လုံးဝ သိမ်းပိုက်ခြင်း သက်သေခံချက်ကဲ့သို့၊ စာတန်ကို ငါ၏ အောင်နိုင်ခြင်းနှင့်ဆိုင်သော သက်သေခံချက်သည် လူသား၏ သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံမှုအတွင်းတွင် တည်ရှိသည်ကို သင် သိသင့်သည်။ ငါ၌ သင့်ယုံကြည်ခြင်းနှင့်ဆိုင်သော တာဝန်မှာ ငါ့အဖို့ သက်သေခံရန်၊ ငါ့ကို သစ္စာစောင့်သိရန်နှင့် အခြားမည်သူ့ကိုမျှ သစ္စာမစောင့်သိရန်၊ ပြီးလျှင် အဆုံးတိုင်အောင် ကျိုးနွံနာခံရန် ဖြစ်သည်။ ငါ့အမှု၏ နောက်တစ်ဆင့်ကို ငါ မစတင်မီ၊ သင်သည် ငါ့အဖို့ မည်သို့ သက်သေခံလိမ့်မည်နည်း။ ငါ့ကို သင် မည်သို့သစ္စာရှိကာ ကျိုးနွံနာခံမည်နည်း။ သင်၏သစ္စာစောင့်သိမှုအားလုံးကို သင်၏ အလုပ်တာဝန်အဖို့ သင် ဆက်ကပ်ပါသလော သို့မဟုတ် တကယ်ကို လက်လျှော့လိမ့်မည်လော။ ယင်းထက် သင်သည် (သေသည်ဖြစ်စေ၊ ပျက်စီးခြင်း ဖြစ်စေ) ငါ၏စီမံခန့်ခွဲမှုတိုင်းကို ကျိုးနွံနာခံလိုမည်လော သို့မဟုတ် ငါ၏ ပြစ်တင်ဆုံးမမှုကို ရှောင်ရှားရန် လမ်းတစ်ဝက်တွင် ထွက်ပြေးလိုလိမ့်မည်လော။ သင်သည် ငါ့အဖို့ သက်သေခံရန်နှင့် ငါ့ကို သစ္စာစောင့်သိကာ ကျိုးနွံနာခံရန်အလို့ငှာ သင့်ကိုငါ ပြစ်တင်ဆုံးမပေသည်။ ထို့အပြင် လက်ရှိ ပြစ်တင်ဆုံးမခြင်းသည် ငါ၏အမှု၏ နောက်အဆင့်ကို ဖွင့်ပြရန်နှင့် အမှုကို ပိတ်ဆီးထားခြင်း မရှိဘဲ တိုးတက်စေရန် ဖြစ်သည်။ ထို့ကြောင့် သင်သည် အမြော်အမြင် ရှိရန်နှင့် သင်၏ ဘဝဖြစ်စေ၊ သင်၏ တည်ရှိခြင်းနှင့်ဆိုင်သည့် အရေးပါမှုကို ဖြစ်စေ တန်ဖိုးမဲ့သည့် သဲကဲ့သို့ သဘောမထားရန် ငါတိုက်တွန်း၏။ ငါ၏လာမည့်အမှုသည် မည်သည့်အရာ ဖြစ်လိမ့်မည်ကို သင် အတိအကျသိနိုင်ပါသလော။ လာမည့် နေ့ရက်များတွင် ငါ အလုပ်ကို မည်သို့လုပ်ဆောင်မည်ဆိုသည်နှင့် ငါ၏အမှု မည်သို့ ဖွင့်ဟမည်ကို သင်သိပါသလော။ သင်သည် ငါ၏အမှုနှင့်ဆိုင်သည့် သင့်အတွေ့အကြုံ၏ အရေးပါမှုနှင့် ထိုထက်မက ငါ၌ သင်၏ ယုံကြည်ခြင်း အရေးပါမှုကို သိသင့်သည်။...ထို့ကြောင့် သင့်ကို ငါပြောရဦးမည်။ ငါ၏အမှုအဖို့ သင်၏အသက်ကို ပေးသင့်သည်၊ ထို့အပြင် ငါ၏ ဘုန်းအသရေအဖို့ သင့်ကိုယ်သင် ဆက်ကပ်သင့်သည်။ ငါ့အဖို့ သက်သေခံရန် သင့်ကို ငါ တမ်းတခဲ့သည်မှာ ကြာပြီဖြစ်ပြီး ငါ၏ဧဝံဂေလိတရားကို ဖြန့်ရန် သင့်ကို ငါ တမ်းတခဲ့သည်မှာ သာ၍ ကြာမြင့်ပြီ ဖြစ်သည်။ ငါ၏ စိတ်နှလုံး၌ ရှိသည့်အရာကို သင် နားလည်သင့်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့အခါ ကျွန်မစိတ်ထဲမှာ အရမ်းကို တို့ထိခံစားရတယ်၊ အထူးသဖြင့် ဘုရားသခင်က “ယင်းထက် သင်သည် (သေသည်ဖြစ်စေ၊ ပျက်စီးခြင်း ဖြစ်စေ) ငါ၏စီမံခန့်ခွဲမှုတိုင်းကို ကျိုးနွံနာခံလိုမည်လော သို့မဟုတ် ငါ၏ ပြစ်တင်ဆုံးမမှုကို ရှောင်ရှားရန် လမ်းတစ်ဝက်တွင် ထွက်ပြေးလိုလိမ့်မည်လော။” ဆိုပြီးပြောတဲ့အခါ ကျွန်မမှာ အသိစိတ် အထူးကင်းမဲ့နေပြီး တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတယ်လို့ ခံစားလိုက်ရတယ်။ စီစီပီရဲ့ ထိန်းမနိုင်သိမ်းမရ ဖမ်းဆီးမှုတွေ၊ နှိပ်စက်မှုတွေကို အသင်းတော်က ခံနေရချိန်မှာ၊ ဒီလူသစ်တွေက ရူပါရုံနဲ့ပတ်သက်တဲ့ သမ္မာတရားတွေ ကင်းမဲ့နေတယ်၊ ဒီလိုဆိုးရွားတဲ့ ပတ်ဝန်းကျင်နဲ့ စီစီပီရဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့တွေ အပျက်သဘောဆောင်ဖို့၊ အားနည်းဖို့၊ ဒါမှမဟုတ် အထင်အမြင်မှားဖို့၊ ယုံကြည်ခြင်းကနေ နောက်ဆုတ်သွားဖို့အထိတောင် လွယ်ကူမှာပဲဆိုတာ ကျွန်မ ရှင်းရှင်းလင်းလင်း သိခဲ့တယ်။ လူသစ်တွေ သမ္မာတရားကို နားလည်ပြီး ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင် လူသစ်တွေကို ရေလောင်းပေးတဲ့အလုပ်ကို ကျွန်မ တာဝန်ယူခဲ့ရမှာ။ ဒါပေမဲ့ ကိုယ်တိုင်အဖမ်းခံရမှာ ကြောက်တဲ့စိတ်ကြောင့် ဒီအရေးကြီးတဲ့အချိန်မှာ လူသစ်တွေကို ရေလောင်းပေးတဲ့အလုပ်ကို ကျွန်မ တွန်းထုတ်ပြီး ထွက်ပြေးချင်ခဲ့တယ်၊ အထူးသဖြင့် ရဲတွေဆီမှာ ကျွန်မရဲ့ဓာတ်ပုံရှိမှန်း သိလိုက်ရတဲ့နောက်မှာ ကျွန်မ ပိုလို့တောင် ကြောက်သွားခဲ့တယ်။ ရဲတွေဖမ်းပြီး ရိုက်သတ်ခံရမှာကို၊ အနာဂတ်မှာ ကောင်းတဲ့အဆုံးသတ်နဲ့ ပန်းတိုင် မရှိမှာကို ကျွန်မ ကြောက်ခဲ့တယ်။ ဒါကြောင့် လူသစ်တွေကို ပံ့ပိုးပေးမယ့်သူ တစ်ယောက်မှ မရှိမှန်း ရှင်းရှင်းလင်းလင်း သိနေပေမဲ့လည်း သူတို့ကို ရေလောင်းပေးဖို့ ကျွန်မ မသွားချင်ခဲ့ဘူး။ နောက်ပိုင်းမှာ ကျွန်မ သွားခဲ့ပေမဲ့လည်း ဝတ်ကျေတမ်းကျေနဲ့ ဖြစ်သလိုပဲ လုပ်ခဲ့တာ၊ စုဝေးပွဲကို အမြန်ဆုံးပြီးအောင်လုပ်ပြီး ထွက်သွားချင်ခဲ့တာ။ ကိုယ့်အပြုအမူတွေကို ဆင်ခြင်သုံးသပ်ကြည့်တော့၊ ဘုရားသခင်အပေါ်မှာ စစ်မှန်တဲ့ယုံကြည်ခြင်း ဒါမှမဟုတ် ကျိုးနွံနာခံခြင်း တစ်စက်မှ မရှိခဲ့ဘူး၊ ကိုယ့်လုံခြုံရေးကိုပဲ အလေးထားခဲ့တာကို ကျွန်မ သဘောပေါက်သွားတယ်။ အန္တရာယ်အငွေ့အသက်လေး နည်းနည်းရလိုက်တာနဲ့ ကိုယ့်တာဝန်ကို စွန့်ပစ်ပြီး လမ်းခုလတ်မှာတင် ထွက်ပြေးချင်ခဲ့တာ။ ဘုရားသခင်အပေါ်မှာ ကျွန်မ ဘယ်လိုပုံစံနဲ့ ယုံကြည်ခြင်းတစ်ခုတလေ ရှိခဲ့သလဲ။ ကျွန်မရဲ့ သစ္စာစောင့်သိခြင်းနဲ့ ကျိုးနွံနာခံခြင်းက ဘယ်မှာလဲ။ ကျွန်မရဲ့ သက်သေခံချက်က ဘယ်မှာလဲ။ ဒါက ဘုရားသခင်ကို သစ္စာဖောက်ခြင်းရဲ့ သရုပ်သကန်ပဲ။ ကျွန်မ စိတ်ဆင်းရဲပြီး အပြစ်ရှိသလို ခံစားရတယ်၊ ဒီလောက် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့၊ သစ္စာစောင့်သိခြင်း တစ်စက်မှ မရှိတဲ့ ကိုယ့်ကိုယ်ကိုယ် မုန်းတီးမိတယ်။ တစ်ချိန်တည်းမှာပဲ၊ အဖမ်းအဆီးတွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ ဘုရားသခင်ကို အားကိုးရမယ်၊ ကိုယ့်စိတ်နှလုံးကို အပ်နှံရမယ်၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံရမယ်၊ ကိုယ့်အသက်ကို စတေးရမယ်ဆိုရင်တောင် ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ရမယ်ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ ဒီလိုသဘောပေါက်လိုက်တော့၊ ကျွန်မစိတ်ထဲမှာ ခွန်အားတွေ တစ်ရှိန်ထိုးတက်လာသလို ခံစားလိုက်ရပြီး အဖမ်းခံရမှာကို မကြောက်တော့ဘူး။ ပြီးတော့ လူသစ်တွေဆီ အမြန်သွားပြီး သူတို့နဲ့ ဘုရားနှုတ်ကပတ်တော်တွေကို မိတ်သဟာယပြုခဲ့တယ်၊ သူတို့ ဒီလိုပတ်ဝန်းကျင်မျိုးကို တွေ့ကြုံခံစားဖို့ ယုံကြည်ခြင်းရှိလာအောင် ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ ဉာဏ်ပညာကို သူတို့ နားလည်အောင် ကူညီပေးခဲ့တယ်။
အဲဒီနောက်မှာ ကျွန်မ တွေးမိတယ်၊ “ညီအစ်ကိုမောင်နှမတွေ အဖမ်းခံရတယ်လို့ ကြားလိုက်တိုင်း ဘာလို့ ကျွန်မစိတ်ထဲမှာ ကြောက်ပြီး ကိုယ့်ကိုယ်ကိုယ်ပဲ ကာကွယ်ချင်နေရတာလဲ။ အဲဒီရဲ့ အရင်းခံအကြောင်းရင်းက ဘာလဲ” လို့ပေါ့။ ဒီကိစ္စနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ရှာပြီး ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “တရုတ်ပြည်မတွင် ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည်မှာ အန္တရာယ်များသော ပတ်ဝန်းကျင်တွင် အသက်ရှင်ခြင်းဟု ဆိုလိုသည်။ ဘုရားသခင်နောက်လိုက်သည့် လူတိုင်း အဆင်းနီသော နဂါးကြီး၏ အဖမ်းခံရမည့်၊ စီရင်ချက်ချခံရပြီး ရက်စက်သော ညှဉ်းပန်းနှိပ်စက်မှုကို ခံရမည့် အန္တရာယ်ကို နေ့စဉ် ရင်ဆိုင်ရသည်။ အန္တိခရစ်များသည် ခြွင်းချက်မဟုတ်ပေ။ ဘုရားအိမ်တော်တွင် ၎င်းတို့သည် အန္တိခရစ်များအဖြစ် သရုပ်ဖော်ခြင်းခံရနိုင်သော်လည်း ဘာသာရေးလောကနှင့် မဟာမိတ်ပြုသည့် အဆင်းနီသော နဂါးကြီးကမူ ဘုရားသခင်၏ အသင်းတော်နှင့် သူ ရွေးချယ်ထားသော လူတို့ကို ဖိနှိပ်ရန်နှင့် ညှဉ်းပန်းနှိပ်စက်ရန် စဉ်ဆက်မပြတ် အစွမ်းကုန် လုပ်ဆောင်နေပြီး အန္တိခရစ်များသည်လည်း မိမိတို့ကိုယ်ကို ထိုသို့သော အခြေအနေတစ်ခုတွင် ရှိသည်ကို တွေ့ရှိရကာ အဖမ်းခံရမည့် ခြိမ်းခြောက်မှုမှ လွတ်ကင်းခြင်းမရှိပေ။ ထို့ကြောင့် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးနှင့်ဆိုင်သည့် ပြဿနာကို ၎င်းတို့ မကြာခဏ ကြုံရမည်ဖြစ်သည်။ ဤအရာက အန္တိခရစ်များအနေဖြင့် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးအား မည်သို့ကိုင်တွယ်သည်ဟူသည့် မေးခွန်းကို ထည့်သွင်းစဉ်းစားသည်။ ဤကဏ္ဍခွဲအတွက် ငါတို့သည် အန္တိခရစ်များက ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးအပေါ် ထားရှိသည့် သဘောထားအကြောင်းကို အဓိက မိတ်သဟာယပြုနေကြခြင်း ဖြစ်သည်။ ကောင်းပြီ၊ ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ (၎င်းတို့သည် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးကို ကာကွယ်ရန် အစွမ်းကုန် လုပ်ဆောင်ကြပါသည်။) အန္တိခရစ်များသည် ၎င်းတို့၏ ဘေးကင်းမှုကို ကာကွယ်ရန်အတွက် အစွမ်းကုန် လုပ်ဆောင်ကြသည်။ ၎င်းတို့က မိမိတို့ကိုယ်ကို ထင်မြင်သည်မှာ ‘ငါ၏ လုံခြုံမှုကို အပြည့်အဝ သေချာအောင်လုပ်ဆောင်ရမည်။ မည်သူက အဖမ်းခံရသည်ဖြစ်စေ ငါမဖြစ်ရ’ ဟူ၍ ဖြစ်သည်။...နေရာတစ်ခုက လုံခြုံလျှင် အန္တိခရစ်များသည် အလုပ်လုပ်ရန် ထိုနေရာကို ရွေးချယ်လိမ့်မည်။ ပြီးလျှင် ၎င်းတို့၏ ကြီးမားသော ‘တာဝန်သိစိတ်’နှင့် ‘သစ္စာစောင့်သိခြင်း’ တို့ကို ပြစားလျက် အမှန်ပင် အလွန်တက်ကြွပြီး အပြုသဘောဆောင်သည့် ပုံစံရှိလိမ့်မည်။ အချို့သောအလုပ်သည် စွန့်စားရခြင်း ပါဝင်ပြီးထိခိုက်မှုဖြစ်ဖွယ်ရှိပါက၊ လုပ်ဆောင်သူသည် အဆင်းနီသော နဂါးကြီး၏ တွေ့ရှိခံရဖွယ်ရှိပါက ၎င်းတို့သည် ဆင်ခြေများပေးပြီး ငြင်းဆန်ကာ ယင်းမှ ထွက်ပြေးဖို့ အခွင့်အရေးရှာကြသည်။ အန္တရာယ်ရှိသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် အန္တရာယ်၏ အရိပ်အယောင်ရှိသည်နှင့်တစ်ပြိုင်နက် ညီအစ်ကို မောင်နှမများကို ဂရုစိုက်ခြင်းမရှိဘဲ ကိုယ်လွတ်ရုန်းပြီး မိမိတို့တာဝန်ကို စွန့်ပစ်မည့်နည်းလမ်းများ တွေးကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အန္တရာယ်မှ လွတ်စေဖို့သာ ဂရုစိုက်ကြသည်။ စိတ်နှလုံးတွင် ၎င်းတို့ ပြင်ဆင်ထားနှင့်ပြီး ဖြစ်နိုင်သည်။ အန္တရာယ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အသင်းတော်အလုပ် မည်သို့ဖြစ်နေသည်၊ သို့မဟုတ် ယင်းက ဘုရားအိမ်တော်၏ အကျိုးစီးပွားများအား မည်သည့် ဆုံးရှုံးမှုရောက်စေမည်၊ သို့မဟုတ် ညီအစ်ကို မောင်နှမများ၏ ဘေးကင်းလုံခြုံမှုကို ဂရုမစိုက်ဘဲ ၎င်းတို့ လုပ်နေသည့် အလုပ်ကို ချက်ချင်း ရပ်ဆိုင်းလိုက်ကြသည်။ ၎င်းတို့အဖို့ အရေးကြီးသည်မှာ ထွက်ပြေးဖို့ ဖြစ်သည်။ မိမိတို့ကိုယ်ကို ကာကွယ်မည့် အစီအစဉ်၊ ‘ဝှက်ဖဲ’ပင် ရှိကြသည်။ ၎င်းတို့အပေါ် အန္တရာယ် ကျရောက်သည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် ၎င်းတို့ အဖမ်းခံရသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ ကိုယ်ပိုင် ဘေးကင်းလုံခြုံရေးကို ထိန်းသိမ်းဖို့ ရှိသမျှသော တာဝန်ဝတ္တရားမှ မိမိတို့ကိုယ်ကို ရှင်းလင်းစေပြီး လွတ်ငြိမ်းခွင့်ပေးလျက် ၎င်းတို့ သိသမျှကို ပြောကြလေတော့သည်။ ဤသည်မှာ ၎င်းတို့၌ အသင့်ရှိသော အစီအစဉ်ဖြစ်လေသည်။ ဤလူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် နှိပ်စက်ခံရရန်လိုလားခြင်း မရှိကြချေ။ အဖမ်းခံရမည်ကိုလည်းကောင်း၊ ညှဉ်းဆဲခံရပြီး စီရင်ချက်ချခံရမည်ကိုလည်းကောင်း ၎င်းတို့ စိုးရွံ့ကြသည်။ အမှန်မှာ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံး၌ စာတန်ကို မလွန်ဆန်နိုင်ဖြစ်ကြသည်မှာ ကြာပြီဖြစ်သည်။ စာတန်အစိုးရ၏ တန်ခိုးအာဏာကို ၎င်းတို့ ကြောက်လန့်ကြပြီး ၎င်းတို့အပေါ် ကျရောက်မည့် ညှဉ်းဆဲမှုနှင့် ပြင်းထန်သော စစ်ကြောမေးမြန်းမှုကဲ့သို့သော အရာများကို သာ၍ပင် ကြောက်ကြသေးသည်။ ထို့ကြောင့် အန္တိခရစ်တို့နှင့် ပတ်သက်၍ အားလုံး အဆင်ပြေချောမွေ့နေပြီး ၎င်းတို့၏ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်ခြင်းမရှိ၊ သို့မဟုတ် ယင်းနှင့် ပတ်သက်၍ ပြဿနာမရှိသကဲ့သို့ မည်သည့်ဘေးမျှ ဖြစ်နိုင်ခြေ မရှိပါက ၎င်းတို့သည် မိမိတို့၏ စိတ်ထက်သန်မှု၊ ‘သစ္စာစောင့်သိခြင်း’နှင့် မိမိတို့၏ ပိုင်ဆိုင်မှုများကိုပင် ပေးကောင်းပေးနိုင်ကြပေမည်။ သို့သော် အခြေအနေများက ဆိုးရွားပြီး ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် မိမိတို့၏ တာဝန်လုပ်ဆောင်ခြင်းအတွက် ၎င်းတို့အချိန်မရွေး အဖမ်းခံရနိုင်ပါက ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုက မိမိတို့၏ အရာရှိရာထူးမှ ဖြုတ်ခြင်းခံရနိုင်ပါက၊ သို့မဟုတ် ၎င်းတို့နှင့် ရင်းနှီးသူများ၏ စွန့်ပစ်ခြင်းခံရကောင်း ခံရနိုင်စေမည်ဆိုပါက ၎င်းတို့သည် ဧဝံဂေလိ ဟောကာ ဘုရားသခင်ကို သက်သေခံခြင်းမရှိသကဲ့သို့ မိမိတို့တာဝန်ကို လုပ်ဆောင်ခြင်းမရှိဘဲ အထူးသတိထားကြလိမ့်မည် ဖြစ်သည်။ ဆင်းရဲဒုက္ခ အရိပ်လက္ခဏာ အနည်းငယ်မျှရှိသည့်အခါ ဝေးဝေးကို ရှောင်ကြလေတော့သည်။ ဆင်းရဲဒုက္ခ အရိပ်လက္ခဏာ အနည်းငယ်မျှရှိသည့်အခါ မိမိတို့ ဆက်လုံခြုံပြီး ဘေးကင်းစေရန်အလို့ငှာ ၎င်းတို့၏ ဘုရားနှုတ်ကပတ်တော် စာအုပ်များနှင့် ဘုရားသခင်၌ ယုံကြည်မှုနှင့် ဆက်နွှယ်သည့် မည်သည့်အရာကိုမဆို အသင်းတော်ထံ ချက်ချင်း ပြန်ပို့လိုကြသည်။ ၎င်းတို့သည် အန္တရာယ်များသည် မဟုတ်လော။ အဖမ်းခံရပါက ၎င်းတို့သည် ယုဒဖြစ်လာကြမည် မဟုတ်လော။ အန္တိခရစ်တို့သည် အလွန်အန္တရာယ်များပြီး အချိန်မရွေး ယုဒဖြစ်လာနိုင်ပေသည်။ ဘုရားသခင်ကို သစ္စာဖောက်ဖို့ ဖြစ်နိုင်ခြေ အမြဲရှိသည်။ ထို့အပြင် ၎င်းတို့သည် အဆုံးစွန် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းကြသည်။ ဤအရာကို အန္တိခရစ်၏ သဘာဝအနှစ်သာရအားဖြင့် ဆုံးဖြတ်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) ဘုရားသခင်က အန္တိခရစ်တွေရဲ့ သဘာဝဟာ အထူးတစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတယ်လို့ ဖော်ထုတ်ထားတယ်။ သူတို့ တာဝန်ထမ်းဆောင်တဲ့နေရာတွေမှာ ဘေးကင်းပြီး အန္တရာယ်မရှိရင် အန္တိခရစ်တွေက အရမ်းတက်ကြွပြီး အရမ်းတာဝန်သိတဲ့ပုံ ပေါ်ပေမဲ့၊ ပတ်ဝန်းကျင်က ကြမ်းတမ်းလာတာနဲ့ သူတို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲ ဂရုစိုက်ကြပြီး အသင်းတော်အလုပ် ဒါမှမဟုတ် ညီအစ်ကိုမောင်နှမတွေရဲ့ ဘေးကင်းလုံခြုံမှုကို လုံးဝ ဂရုမစိုက်ကြတော့ဘူး။ ကျွန်မကလည်း အဲဒီလိုပဲ ပြုမူခဲ့တာပဲ။ အသင်းတော်က အဖမ်းအဆီးတွေနဲ့ မကြုံရသေးခင်တုန်းက ကျွန်မက အရမ်းတက်ကြွပြီး အားကြိုးမာန်တက် ရှိခဲ့တယ်၊ အလုပ်များတဲ့အချိန်တွေမှာဆိုရင် အစားမစားဘဲနဲ့တောင် လူသစ်တွေကို ရေသွားလောင်းပေးခဲ့တယ်။ ဒါပေမဲ့ အသင်းတော်က အကြီးအကျယ် ဖမ်းဆီးမှုတွေနဲ့ ရင်ဆိုင်ရပြီး ခေါင်းဆောင်တွေနဲ့ ရေလောင်းတဲ့သူတွေအားလုံး အဖမ်းခံလိုက်ရလို့ ကျွန်မက လူသစ်တွေကို ရေလောင်းပေးဖို့ လိုအပ်လာတဲ့အခါ၊ ကျွန်မ နောက်ဆုတ်ပြီး တွန့်ဆုတ်သွားခဲ့တယ်၊ ရဲတွေဖမ်းပြီး သေတဲ့အထိ ညှဉ်းဆဲခံရမှာကို ကြောက်ပြီးတော့ ကောင်းတဲ့အဆုံးသတ် ဒါမှမဟုတ် ပန်းတိုင်မရှိဘဲ ကျန်ခဲ့မှာကို ကြောက်ခဲ့တယ်။ ဒါကြောင့် လူသစ်တွေကို ကျွန်မ ရေ သွားလောင်းမပေးချင်ခဲ့ဘူး၊ ဖြုတ်ချခံခဲ့ရတဲ့ ရေလောင်းတဲ့သူက တာဝန်မသိတတ်မှန်း ကျွန်မရှင်းရှင်းလင်းလင်း သိနေပေမဲ့ ဒီအရေးကြီးတဲ့အချိန်မှာ လူသစ်တွေကို သူ့ဆီ တွန်းပို့ပြီး ကိုယ်လွတ်ရုန်းဖို့ ကျွန်မ ကြိုးစားခဲ့တုန်းပဲ။ ကျွန်မက ကိုယ့်လုံခြုံရေးကို အရာအားလုံးထက် ပိုတန်ဖိုးထားခဲ့ပြီး အသင်းတော်အလုပ် ထိခိုက်မလား၊ လူသစ်တွေ ခိုင်ခိုင်မာမာရပ်တည်နိုင်မလားဆိုတာကို လုံးဝ ဂရုမစိုက်ခဲ့ဘူး။ ကျွန်မဟာ တကယ်ကို လူ့သဘာဝနဲ့ အသိစိတ် ကင်းမဲ့နေပြီး၊ ကျွန်မ ဖော်ထုတ်ခဲ့တဲ့ စိတ်သဘောထားက အန္တိခရစ်တစ်ယောက်လိုပဲ တော်တော်ကိုတစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတယ်ဆိုတာ ကျွန်မ မြင်ခဲ့ရတယ်။ အရေးကြီးတဲ့အချိန်တွေမှာ ကျွန်မအနေနဲ့ နောင်တမရဘဲ ကိုယ့်တာဝန်ကို စွန့်ပစ်နေပြီးတော့ စစ်ပြေးတစ်ယောက်လို ပြုမူနေဦးမယ်ဆိုရင် နောက်ဆုံးမှာ ကျွန်မ ဖယ်ရှားရှင်းလင်းခြင်း ခံရမှာပဲ။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ပြီး သေခြင်းတရားကို ကြောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး နားလည်မှုတချို့ ရခဲ့ပြီး ဒါကို ဘယ်လိုသဘောထားရမယ်ဆိုတာကိုလည်း သိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သခင်ယေရှု၏ ထိုတပည့်တော်များသည် မည်သို့ သေဆုံးကြသနည်း။ တပည့်တော်များကြားတွင် မသေမချင်း ကျောက်တုံးဖြင့် ထုသတ်ခံခဲ့ရသူများ၊ မြင်းနောက်မှ ကြိုးဖြင့် ဆွဲခံရသူများ၊ ဇောက်ထိုးမိုးမျှော် ကားစင်တင်ခံရသူများ၊ မြင်းငါးကောင်ဖြင့် ကိုယ်လက်အင်္ဂါများကို တစ်စစီ ဆွဲဖျက်ခံရသူများ ရှိကြသည်။ သေခြင်းတရားမျိုးစုံသည် ၎င်းတို့ပေါ် ကျရောက်ခဲ့သည်။ ၎င်းတို့၏ သေခြင်းတရားများအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့သည် ၎င်းတို့၏ ပြစ်မှုများအတွက် ဥပဒေနှင့်လျော်ညီစွာ ကွပ်မျက်ခံရခြင်းလော။ မဟုတ်ပေ၊ ၎င်းတို့သည် သခင်၏ ဧဝံဂေလိကို ဖြန့်ဝေပြီး ကမ္ဘာသူကမ္ဘာသားများ၏ ငြင်းပယ်ခြင်းကို ခံရသောကြောင့် ပြစ်တင်ရှုတ်ချခြင်း၊ ရိုက်နှက်ခြင်း၊ ဆူပူကြိမ်းမောင်းခြင်းနှင့် အသေသတ်ခြင်းတို့ကို ခံခဲ့ရသည်။ ယင်းမှာ ၎င်းတို့ မာတုရဖြစ်ခဲ့သည့် ပုံစံဖြစ်သည်။ ထိုမာတုရများ၏ နောက်ဆုံး အဆုံးသတ်ကို မပြောကြစို့နှင့် သို့မဟုတ် ၎င်းတို့၏ အပြုအမူနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ ဆုံးဖြတ်သတ်မှတ်ခြင်းကို မပြောကြစို့နှင့်၊ သို့ရာတွင် ဤသည်ကို မေးလော့၊ ၎င်းတို့သည် အဆုံးသတ်ကို ရောက်သည့်အခါ၊ ၎င်းတို့၏ အသက်တာများတွင် အဆုံးသတ်ကို ၎င်းတို့ကြုံရသည့် ပုံစံများသည် လူသားတို့၏ အယူအဆများနှင့် ကိုက်ညီသလော။ (မကိုက်ညီပေ။) လူသားအယူအဆများ၏ အမြင်ရှုထောင့်မှ၊ ၎င်းတို့သည် ဘုရားသခင်၏အမှုတော်ကို ဖြန့်ချိဖို့ ထိုမျှကြီးမားသော အဖိုးအခကို ပေးခဲ့ကြသော်လည်း နောက်ဆုံးတွင် စာတန်၏ အသေသတ်ခြင်းကို ခံခဲ့ကြရသည်။ ဤသည်မှာ လူသားများ၏ အယူအဆများနှင့် မကိုက်ညီသော်လည်း၊ ဤသည်မှာ ၎င်းတို့၌ ဖြစ်ပျက်ခဲ့သည့်အရာ အတိအကျပင် ဖြစ်သည်။ ယင်းမှာ ဘုရားသခင် ခွင့်ပြုခဲ့သည့် အရာပင်ဖြစ်သည်။...အမှန်တကယ်တွင် ဤသည်မှာ ၎င်းတို့၏ ခန္ဓာကိုယ်များ သေဆုံးပြီး ကွယ်လွန်သွားသည့်ပုံစံ ဖြစ်သည်။ ဤသည်မှာ လူ့လောကမှ ၎င်းတို့ ထွက်ခွာသွားသည့် ပုံစံဖြစ်သည်၊ သို့ရာတွင် ယင်းက ၎င်းတို့၏ အဆုံးသတ်နှင့် တူညီသည်ဟု မဆိုလိုပေ။ ၎င်းတို့၏ သေခြင်းတရားနှင့် ထွက်ခွာခြင်းတို့၏ နည်းလမ်းများမှာ မည်သို့ဖြစ်ပါစေ၊ ယင်းတို့က မည်သို့ဖြစ်ပျက်ခဲ့ပါစေ၊ ဘုရားသခင်က ထိုအသက်များ၏၊ ထိုဖန်ဆင်းခံသတ္တဝါများ၏ နောက်ဆုံး အဆုံးသတ်များကို သတ်မှတ်ခဲ့သည့်ပုံစံ မဟုတ်ပေ။ ဤသည်မှာ သင် မဖြစ်မနေ ရှင်းလင်းစွာ တွေ့ရမည့်အရာ တစ်စုံတစ်ခုဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့က ဤလောကကို ပြစ်တင်ရှုတ်ချဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့ ဤနည်းလမ်းများကို အတိအကျအားဖြင့် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဤဖန်ဆင်းခံ သတ္တဝါများက ၎င်းတို့၏ အဖိုးအတန်ဆုံးသော အသက်များကို အသုံးပြုခဲ့သည်။ ၎င်းတို့က ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့၊ ဘုရားသခင်၏ကြီးမြတ်သော တန်ခိုးကို သက်သေခံဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် မှန်ကန်ကြောင်း၊ သခင်ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း၊ သူသည် သခင်နှင့် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်ကြောင်းတို့ကို စာတန်နှင့် လောကတို့အား ကြေညာဖို့ ၎င်းတို့အသက်၏နောက်ဆုံးအခိုက်အတန့်ကို အသုံးပြုခဲ့ကြသည်။ ၎င်းတို့ အသက်များ၏ နောက်ဆုံး အခိုက်အတန့်အထိတွင်ပင် ၎င်းတို့သည် သခင်ယေရှု၏ နာမတော်ကို မည်သည့်အခါမျှ မငြင်းပယ်ခဲ့ပေ၊ ဤသည်မှာ ဤလောကအပေါ် တရားစီရင်ခြင်းပုံစံတစ်မျိုး မဟုတ်သလော။ ၎င်းတို့က လောကကြီးကို ကြေညာဖို့၊ သခင်ယေရှုသည် သခင်ဖြစ်သည်၊ သခင်ယေရှုသည် ခရစ်တော် ဖြစ်သည်၊ သူသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်သည်၊ လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူပြုလုပ်ခဲ့သည့် ရွေးနုတ်ခြင်းအမှုတော်သည် ဤလူသားမျိုးနွယ် တစ်ရပ်လုံးကို ဆက်လက် ရှင်သန်ခွင့်ပြုကြောင်းကို လူသားတို့အား အတည်ပြုဖို့ ၎င်းတို့၏အသက်များကို အသုံးပြုခဲ့သည်။ ဤအဖြစ်မှန်သည် ထာဝရမပြောင်းလဲပေ။ သခင်ယေရှု၏ ဧဝံဂေလိတရားကို ဖြန့်ချိခြင်းအတွက် မာတုရဖြစ်ခဲ့သောသူတို့သည် ၎င်းတို့၏တာဝန်ကို မည်သည့်အတိုင်းအတာအထိ ထမ်းဆောင်ခဲ့သနည်း။ ယင်းက အဆုံးစွန်အတိုင်းအတာအထိ ဖြစ်ခဲ့သလော။ အဆုံးစွန်အတိုင်းအတာကို မည်သို့ထင်ရှားစေခဲ့သနည်း။ (၎င်းတို့က ၎င်းတို့၏ အသက်များကို ပူဇော်ဆက်ကပ်ကြသည်။) မှန်ပေသည်၊ ၎င်းတို့သည် ၎င်းတို့၏အသက်များဖြင့် အဖိုးအခကို ပေးဆပ်ခဲ့သည်။ မိသားစု၊ ကြွယ်ဝခြင်းနှင့် ဤအသက်တာ၏ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုများသည် အပြင်ပန်းအရာများသာ ဖြစ်သည်။ ကိုယ်နှင့်ဆက်စပ်သည့် တစ်ခုတည်းသော အရာမှာ အသက်ဖြစ်သည်။ အသက်ရှင်သည့် လူတိုင်းအတွက် အသက်သည် တန်ဖိုးအထားထိုက်ဆုံးသော အရာ၊ အဖိုးတန်ဆုံးသော အရာဖြစ်ပြီး ဖြစ်ချင်တော့ ဤလူများသည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းနှင့်ပတ်သက်၍ အတည်ပြုချက် အနေဖြင့်လည်းကောင်း၊ သက်သေခံချက် အနေဖြင့်လည်းကောင်း ၎င်းတို့၏ အဖိုးအတန်ဆုံး ပိုင်ဆိုင်မှုဖြစ်သည့် အသက်ကို ပူဇော်ဆက်ကပ်နိုင်ခဲ့ကြသည်။ ၎င်းတို့ သေဆုံးသည့် နေ့ရက်အထိ ၎င်းတို့သည် ဘုရားသခင်၏နာမတော်ကို မငြင်းပယ်ခဲ့ကြသကဲ့သို့ ဘုရားသခင်၏ အမှုတော်ကိုလည်း မငြင်းပယ်ခဲ့ကြဘဲ ဤအဖြစ်မှန် တည်ရှိမှုအတွက် သက်သေခံဖို့ ၎င်းတို့အသက်၏ နောက်ဆုံးအခိုက်အတန့်များကို အသုံးပြုခဲ့ကြသည်။ ဤသည်မှာ အမြင့်မားဆုံး သက်သေခံသည့် ပုံစံမဟုတ်လော။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ထမ်းဆောင်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်သည်။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်း ဆိုသည့်အရာဖြစ်သည်။ စာတန်က ၎င်းတို့ကို ခြိမ်းခြောက်ပြီး ခြောက်လှန့်ကာ အဆုံး၌ စာတန်သည် သူတို့၏ အသက်ကို အဖိုးအခ ပေးစေသည့်အခါတွင်ပင် ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို မစွန့်ပစ်ခဲ့ပေ။ ဤသည်မှာ တစ်စုံတစ်ဦး၏ တာဝန်ကို အဆုံးစွန်သော အတိုင်းအတာအထိ ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းဖြစ်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဧဝံဂေလိတရားဟောခြင်းသည် ယုံကြည်သူများအားလုံး ကောင်းမွန်စွာ ဖြည့်ဆည်းရမည့် တာဝန်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ရင်း ကျွန်မစိတ်ထဲမှာ အရမ်းကို တို့ထိခံစားရတယ်။ ခေတ်အဆက်ဆက်မှာ ဘုရားသခင်ရဲ့ ဧဝံဂေလိတရားကို ဖြန့်ခဲ့တဲ့ သူတော်စင်တွေဟာ အာဏာပိုင်တွေရဲ့ နှိပ်စက်မှုကို ခံခဲ့ရတာ ကျွန်မ မြင်ခဲ့ရတယ်။ တချို့က မြင်းတွေနဲ့ဆွဲပြီး အသတ်ခံခဲ့ရတယ်၊ တချို့က ခဲနဲ့ပေါက်သတ်ခံခဲ့ရတယ်၊ တခြားသူတွေကျတော့ ဇောက်ထိုးကားတိုင်တင်ခံခဲ့ရတယ်။ ဒါပေမဲ့ သေခြင်းတရားရဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်ရချိန်မှာ သူတို့က အမှောင်ရဲ့ လွှမ်းမိုးမှုနဲ့ ဘောင်ခတ်မခံခဲ့ကြရဘူး၊ သေတဲ့အထိ သူတို့ရဲ့တာဝန်ကို စွဲကိုင်ထားခဲ့ကြတယ်၊ ဘုရားသခင်ရဲ့နာမကို မငြင်းပယ်ခဲ့သလို ကိုယ်တော့်ကိုလည်း သစ္စာမဖောက်ခဲ့ဘူး၊ သူတို့ရဲ့အသက်ကိုသုံးပြီး ဘုရားသခင်အတွက် လှပပြီး အံ့ချီးစရာကောင်းတဲ့ သက်သေခံချက်ကို ခံခဲ့ကြတယ်။ သူတို့ရဲ့သေခြင်းတွေက တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိခဲ့တယ်။ လူ့မျက်စိနဲ့ကြည့်ရင် သူတို့ရဲ့ ရုပ်ခန္ဓာက သေဆုံးသွားခဲ့ပေမဲ့ သူတို့က ဖြောင့်မတ်ခြင်းအတွက် နှိပ်စက်ခံခဲ့ရတာဖြစ်ပြီး ဘုရားသခင်က သူတို့ကို ချီးကျူးပြီး အမှတ်ရတယ်။ ကျွန်မက နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့အမှုကို လက်ခံနိုင်ခဲ့ပြီး ဖန်ဆင်းခံတစ်ဦးရဲ့ တာဝန်ကို ထမ်းဆောင်နိုင်ခဲ့တာဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ပဲလို့ ကျွန်မ တွေးမိတယ်။ ဖန်ဆင်းခံတစ်ဦးအနေနဲ့ ကျွန်မက ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပြန်ဆပ်ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ရမယ်။ ဘုရားသခင်က ကျွန်မကို ရဲဖမ်းခံရဖို့ ခွင့်ပြုခဲ့ရင်၊ အဲဒါကလည်း ကျွန်မကို ဘုရားသခင်အတွက် သက်သေခံဖို့ အခွင့်အရေးပေးတာပဲ။ ကျွန်မသာ ရဲတွေရဲ့ နှိပ်စက်မှုကြောင့် တကယ်သေဆုံးသွားခဲ့ရင်တောင် အဲဒါက ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့ပဲ ဖြစ်မှာ။ ကျွန်မရဲ့အသက်ကို ဘုရားသခင်က ပေးထားတာဖြစ်လို့ ဘုရားသခင်အတွက် ကျွန်မရဲ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ရမယ်၊ ကျွန်မ ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ဘုရားသခင်ကို ကျွန်မအပေါ် စီစဉ်ညွှန်ကြားခွင့်ပေးပြီး ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံသင့်တယ်။ ပြောင်းပြန်အနေနဲ့၊ ကျွန်မသာ ကိုယ့်အသက်ကို ချစ်မြတ်နိုးပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခဲ့မယ်၊ အရေးကြီးတဲ့အချိန်တွေမှာ ကိုယ့်တာဝန်ကို မထမ်းဆောင်ဘဲ ယုံကြည်သူအသစ်တွေကို မထောက်ပံ့ဘူး၊ ရေမလောင်းဘူးဆိုရင် ဘုရားသခင်ရှေ့မှာ ပြစ်မှားခြင်းတစ်ခုကို ကျွန်မ ချန်ရစ်ပြီး နောင်တရဖို့ သိပ်နောက်ကျသွားမှာပဲ။ ကျွန်မရဲ့ ဇာတိပကတိက မသေဆုံးနိုင်ပေမဲ့၊ ဘုရားသခင်က ကျွန်မကို သက်သေခံချက် ဆုံးရှုံးပြီး သူ့ကို သစ္စာဖောက်တဲ့သူအဖြစ် မြင်မှာဖြစ်သလို၊ ကျွန်မက လမ်းလျှောက်နေတဲ့ အလောင်းကောင်လိုပဲ အသက်ရှင်နေရမှာ။ ဒီလိုနားလည်လိုက်တော့၊ ကျွန်မရဲ့စိတ်နှလုံးဟာ သေခြင်းတရားရဲ့ ဘောင်ခတ်မှုကနေ လွတ်မြောက်သွားခဲ့တယ်။
တစ်ညနေမှာတော့၊ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ အဲဒီမှာ ပြောထားတာက၊ “စာတန်က ဘုရားသခင်၏ သြဇာအာဏာကို မည်သည့်အခါမျှ မကျော်လွန်ရဲသည့်အပြင် ဘုရားသခင်၏ အမိန့်များနှင့် အထူးမိန့်ကြားချက်များကို သေချာနားထောင်ပြီး နာခံခဲ့သည်။ ၎င်းတို့ကို မည်သည့်အခါမျှ သူမဖီဆန်ဝံ့ပေ။ ထို့ပြင် ဘုရားသခင်၏ အမိန့်များကိုလည်း ထင်သလို မပြောင်းလဲဝံ့ပေ။ ဤအရာတို့သည် ဘုရားသခင်က စာတန်အတွက် ချမှတ်ထားသည့် အကန့်အသတ်များဖြစ်သည်။ ထို့ကြောင့် စာတန်က ဤအကန့်အသတ်များကို မည်သည့်အခါမျှ မကျော်ဖြတ်ရဲပေ။ ဤသည်မှာ ဘုရားသခင့်သြဇာအာဏာ၏ တန်ခိုးအစွမ်း မဟုတ်ပေလော။ ဤသည်မှာ ဘုရားသခင့်သြဇာအာဏာ၏ သက်သေခံခြင်းတစ်ခု မဟုတ်ပေလော။ ဘုရားသခင်အပေါ် မည်သို့ပြုမူရမည်၊ ဘုရားသခင်ကို မည်သို့မြင်ရမည်ဆိုသည်နှင့်ပတ်သက်၍ စာတန်၌ လူသားမျိုးနွယ်ထက် ပိုရှင်းလင်းသည့် နားလည်မှုရှိသည်။ ထို့ကြောင့် ဝိညာဉ်ရေးရာနယ်ပယ်တွင် စာတန်က ဘုရားသခင်၏ သြဇာအာဏာနှင့် ဂုဏ်ဒြပ်ကို အလွန်ရှင်းရှင်းလင်းလင်းမြင်ပြီး ဘုရားသခင့်သြဇာအာဏာ၏ တန်ခိုးအစွမ်းနှင့် သူ၏သြဇာအာဏာနောက်က အခြေခံမူများကို လေးလေးနက်နက် စာတန်သဘောပေါက်သည်။ ဤအရာများကို စာတန်သည် လုံဂဝလျစ်လျူမရှုရဲသကဲ့သို့ မည်သည့်နည်းနှင့်မျှ မချိုးဖောက်ရဲပေ၊ သို့မဟုတ် ဘုရားသခင်၏ သြဇာအာဏာကို ကျော်လွန်သည့်အရာ တစ်ခုမျှ မလုပ်ရဲပေ။ ဘုရားသခင်၏ အမျက်ဒေါသကို မည်သည့်နည်းလမ်းနှင့်မျှ သူစိန်မခေါ်ရဲပေ။ စာတန်၏သဘာဝမှာ ဆိုးယုတ်ပြီး မာနထောင်လွှားသော်လည်း သူသည် ဘုရားသခင်က သူ့အတွက် ချမှတ်ထားသည့် နယ်နိမိတ်များနှင့် အကန့်အသတ်များကို တစ်ခါမျှ မဖြတ်ကျော်ရဲပေ။ နှစ်သန်းပေါင်းများစွာအကြာထိ ဤနယ်နိမိတ်များကို တိတိကျကျ သူလိုက်နာခဲ့သည်။ ဘုရားသခင်ပေးအပ်သည့် ခိုင်းစေမှုနှင့် အမိန့်တိုင်းကို သူလိုက်နာပြီး မည်သည့်အခါမျှ ဘောင်မကျော်ဝံ့ခဲ့ပေ။ စာတန်သည် အန္တရာယ်ရှိသော်လည်း ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်ထက် သူက ပိုပါးနပ်သည်။ ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို သူသိပြီး သူ၏ ကိုယ်ပိုင်နယ်နိမိတ်များကို သူသိသည်။ စာတန်၏ ‘ကျိုးနွံနာခံသည့်’ အပြုအမူများမှတစ်ဆင့် ဘုရားသခင်၏သြဇာအာဏာနှင့် တန်ခိုးတို့သည် စာတန်ကျော်လွန်၍မရနိုင်သည့် ကောင်းကင်ဘုံနှင့်ဆိုင်သော အမိန့်ထုတ်ပြန်ချက်များဖြစ်ကြောင်းကို မြင်နိုင်ပြီး၊ ဘုရားသခင်၏ အတုမရှိခြင်းနှင့် သြဇာအာဏာ အတိအကျကြောင့်သာ အရာအားလုံးသည် အစီအစဉ်တကျ ပြောင်းလဲပြီး ပွားများခြင်းဖြစ်ကြောင်း၊ ဤအမိန့်ကို နှောင့်ယှက်နိုင်သည့် လူပုဂ္ဂိုလ်၊ သို့မဟုတ် အရာဝတ္ထုတို့မရှိဘဲ၊ ထို့ပြင် ဤနိယာမကို ပြောင်းလဲနိုင်သည့် လူပုဂ္ဂိုလ်၊ သို့မဟုတ် အရာဝတ္ထုတို့မရှိဘဲ ဘုရားသခင်တည်ထောင်ထားသည့် လမ်းကြောင်းအတွင်း၌ လူသားတို့ အသက်ရှင်ပြီး မျိုးပွားနိုင်ခြင်းဖြစ်ကြောင်း မြင်နိုင်သည်။ အကြောင်းမှာ သူတို့အားလုံးသည် ဖန်ဆင်းရှင်၏လက်မှလာပြီး ဖန်ဆင်းရှင်၏ စီမံခြင်းနှင့် သြဇာအာဏာမှ လာသည့်အတွက်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ဘုရားသခင်ရဲ့ သြဇာအာဏာနဲ့ ကြီးမားတဲ့တန်ခိုးကို ကျွန်မ မြင်ခဲ့ရတယ်။ အရာအားလုံးနဲ့ ဖြစ်ရပ်အားလုံးဟာ ဘုရားသခင်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်၊ အဆင်းနီသော နဂါးကြီးက ဘယ်လောက်ပဲ သောင်းကျန်းနေပါစေ၊ ဘုရားသခင် သတ်မှတ်ထားတဲ့ နယ်နိမိတ်နဲ့ ကန့်သတ်ချက်တွေကို ကျော်လွန်လို့ မရတဲ့အတွက် ဘုရားသခင်ရဲ့ ခွင့်ပြုချက်မရှိဘဲ ကျွန်မတို့ကို သူ့သဘောအတိုင်း ဖမ်းဝံ့မှာ မဟုတ်ဘူး။ ဒါဟာ ဘုရားသခင်ရဲ့ အတုမရှိတဲ့ သြဇာအာဏာပဲ။ မောရှေက ဣသရေလလူမျိုးတွေကို အဲဂုတ္တုပြည်ကနေ ဦးဆောင်ခေါ်ထုတ်လာခဲ့ပုံကို ကျွန်မ တွေးမိတယ်၊ ရှေ့မှာ ပင်လယ်နီ၊ နောက်မှာ ဖာရောဘုရင်ရဲ့ စစ်တပ်နဲ့ပေါ့။ လူ့စိတ်ကူးထဲမှာတော့ ဣသရေလလူမျိုးတွေ လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ရပေမဲ့၊ သူတို့ အကျပ်အတည်းရောက်နေချိန်မှာ ဘုရားသခင်က ပင်လယ်နီကို နှစ်ပိုင်းခွဲပြီး ခြောက်သွေ့တဲ့မြေ ဖြစ်စေခဲ့တယ်၊ ဣသရေလလူမျိုးတွေ ဘေးကင်းစွာ ဖြတ်ကူးသွားခဲ့ပြီး အဲဂုတ္တုစစ်တပ်တစ်တပ်လုံးကတော့ ရေထဲမှာ နစ်မြုပ်သွားခဲ့တယ်။ ဘုရားသခင်ရဲ့ သြဇာအာဏာနဲ့ ကြီးမားတဲ့ တန်ခိုးကို ကျွန်မ မြင်ခဲ့ရတယ်၊ ပြီးတော့ ဣသရေလလူမျိုးတွေကို လွတ်မြောက်ရာလမ်းကို ပေးခဲ့တာဟာ ဘုရားသခင်ဖြစ်ပြီး ကိုယ်တော်အတွက် ခက်ခဲတဲ့အရာ ဘာမှမရှိဘူးဆိုတာကိုလည်း ကျွန်မ မြင်ခဲ့ရတယ်။ နှိပ်စက်ညှဉ်းပန်းမှုနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရချိန်မှာလည်း ဘုရားသခင်က ကျွန်မရဲ့ယုံကြည်ခြင်းကို စုံလင်စေဖို့ အဆင်းနီသော နဂါးကြီးကို ဝန်ဆောင်မှုပေးတဲ့အရာအဖြစ် အသုံးပြုနေခဲ့တာပဲ၊ အခြေအနေ ဘယ်လောက်ပဲ အန္တရာယ်များပါစေ၊ ကျွန်မက ဘုရားသခင်ကို အားကိုးပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ရမယ်။
နှစ်လကြာပြီးတဲ့နောက်မှာ ယုဒတစ်ယောက်ရဲ့ သစ္စာဖောက်မှုကြောင့် ပတ်ဝန်းကျင်က ပိုပိုပြီး ဆိုးရွားလာခဲ့တယ်၊ လူတစ်ရာနီးပါး အဖမ်းခံခဲ့ရတယ်။ အဖမ်းခံရပြီး ပြန်လွတ်လာတဲ့သူတွေဆီကနေ ရဲတွေက ကျွန်မ ဘယ်နေရာမှာရှိသလဲဆိုတာကို အကြိမ်ကြိမ် မေးခဲ့တယ်လို့ ကျွန်မ သိခဲ့ရတယ်။ ကျွန်မက အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးချယ်ခံထားရတော့ တကယ်အဖမ်းခံရရင် ရဲတွေက ကျွန်မကို ညှဉ်းဆဲမှာ သေချာတယ်လို့ ကျွန်မ တွေးမိတယ်။ ကျွန်မသာ မခံနိုင်ဘဲ ရိုက်သတ်ခံခဲ့ရရင်၊ ဘုရားသခင်ကို ယုံကြည်ခဲ့တဲ့ ကျွန်မရဲ့နှစ်တွေက အဆုံးသတ်သွားမှာ မဟုတ်ဘူးလားလို့ ကျွန်မ တွေးမိတယ်။ ဒီလိုတွေးလိုက်တဲ့အခါ၊ ကျွန်မက ကိုယ့်အသက်ကို တွယ်တာနေတုန်းပဲဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ ဒါနဲ့ ကျွန်မရဲ့စိတ်နှလုံးကို စောင့်ရှောက်ပေးဖို့ ဘုရားသခင်ဆီ ကျွန်မ တောင်းလျှောက်ခဲ့တယ်။ “ကျွန်တော့်ရဲ့ ဇာတ်လမ်း၊ ကျွန်တော်တို့ရဲ့ ဇာတ်လမ်း” ဆိုတဲ့ ရုပ်ရှင်ကို ကျွန်မ သတိရပြီး အမြန်ဖွင့်ကြည့်လိုက်တယ်။ ညီအစ်ကိုတွေက ဘုရားနှုတ်ကပတ်တော်တွေကို လက်ဆင့်ကမ်းပေးခဲ့လို့ ရဲတွေရဲ့ ညှဉ်းဆဲမှုကို ခံခဲ့ရပေမဲ့၊ သူတို့က စာတန်ရှေ့မှာ ဒူးထောက်အရှုံးပေးမယ့်အစား သေဖို့ကိုပဲ ရွေးချယ်ခဲ့ကြတာ ကျွန်မ မြင်ခဲ့ရတယ်။ အထူးသဖြင့် နောက်ဆုံးမှာ သူတို့က “ကတိခံဝန်ချက်သုံးမျိုး” ကို လက်မှတ်ထိုးပြီး ဘုရားသခင်ကို သစ္စာဖောက်မယ့်အစား သေဖို့ကိုပဲ ရွေးချယ်ခဲ့ကြပြီး ခိုင်မာပြီး အံ့ချီးဖို့ကောင်းတဲ့ သက်သေခံချက်ကို ခံခဲ့ကြတယ်။ ကျွန်မ အရမ်းကို ခွန်အားရသွားခဲ့တယ်၊ တစ်နေ့မှာ ကျွန်မသာ တကယ် ရဲအဖမ်းခံရရင်၊ ရုပ်ရှင်ထဲက ညီအစ်ကိုမောင်နှမတွေလိုပဲ သေရမယ်ဆိုရင်တောင် စာတန်ကို အလျှော့ပေးဖို့ ငြင်းဆန်ပြီး ဘုရားသခင်ရဲ့ စိတ်နှလုံးကို နှစ်သိမ့်စေဖို့ လှပတဲ့ သက်သေခံချက်ကို ပေးမယ်လို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ ဒီနောက်မှာတော့ ကျွန်မက လူသစ်တွေကို သမ္မာတရားကို အမှန်တကယ်မိတ်သဟာယပြုပေးခဲ့တယ်၊ စာတန်ရဲ့ အကြံအစည်တွေကို သူတို့ သိမြင်အောင် ကူညီပေးခဲ့တယ်၊ တဖြည်းဖြည်းနဲ့ လူသစ်တချို့ စုဝေးပွဲတွေကို ပုံမှန် တက်နိုင်လာခဲ့ကြတယ်။
အဆင်းနီသော နဂါးကြီးရဲ့ ဖမ်းဆီးမှုတွေ၊ နှိပ်စက်မှုတွေကို တွေ့ကြုံခံစားရတာက ကျွန်မရဲ့ စစ်မှန်တဲ့ ဝိညာဉ်ရင့်ကျက်မှုအပြင် ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားကိုပါ ထုတ်ဖော်ခဲ့တယ်။ ဒါက ကျွန်မကို ကိုယ့်ကိုယ်ကိုယ် ပိုနားလည်စေခဲ့တယ်၊ ပြီးတော့ အဖမ်းအဆီးတွေ၊ နှိပ်စက်မှုတွေဟာ ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့ဖြစ်ပြီး၊ ဘုရားသခင်က ဒီအရာတွေကိုသုံးပြီး ကျွန်မတို့ရဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာကို စုံလင်စေတယ်ဆိုတာကိုလည်း ကျွန်မ နားလည်ခဲ့တယ်။ အနာဂတ်မှာ ဒီထက်ပိုကြီးတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ၊ အခက်အခဲတွေကို ကျွန်မ ကြုံတွေ့ရဦးမယ်ဆိုတာ ကျွန်မ သိတယ်၊ ဒါပေမဲ့ အရာအားလုံးက ဘုရားသခင်ရဲ့ လက်ထဲမှာပဲ ရှိတယ်လို့ ကျွန်မ ယုံကြည်တယ်၊ ဘာပဲဖြစ်ဖြစ်၊ ဖန်ဆင်းခံတစ်ဦးအနေနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ပြီး ဘုရားသခင်အတွက် သက်သေခံသွားမှာပါ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ဝေရံ အီတလီနိုင်ငံ ၂၀၁၈ ခုနှစ် နိုဝင်ဘာမှာ ဗီဒီယိုအလုပ်ကို ကျွန်မ စကြီးကြပ်တယ်။ အလုပ်ပမာဏများလို့ နေ့တိုင်း တုန်လှုပ်နေခဲ့ရတယ်။...
ကျွန်မငယ်ငယ်တုန်းက အမေက ကျွန်မကို ခဏခဏပြောတယ်။ “သူများတွေနဲ့ ဆက်ဆံတဲ့အခါ သတိရှိရမယ်။ မအနဲ့။ စိတ်ထဲပေါ်လာတာမှန်သမျှကို မပြောနဲ့။...
အန်ရှန်း၊ တရုတ်ပြည်၂၀၂၀ ပြည့်နှစ်၊ မတ်လမှာ ကျွန်မအမေ့ဆီက စာတစ်စောင် လက်ခံရရှိခဲ့တယ်။ အသင်းတော်ကနေ ဆိုးယုတ်သောသူတစ်ယောက်အနေနဲ့ သူ...
ချမ်းမို တောင်ကိုရီးယားနိုင်ငံ ဘုရားကို နှစ်ချီယုံကြည်ပြီးတဲ့နောက်မှာ၊ သမ္မာတရားကို လက်ခံတဲ့လူတွေကို ဘုရားနှစ်သက်တာ မူအရသိခဲ့တယ်။...