မှန်ကန်သည့် ရွေးချယ်မှု
ရွှင်ယိ တရုတ်နိုင်ငံ ကျွန်တော်က ဝေးလံခေါင်သီတဲ့ တောင်ပေါ်ရွာမှာ မျိုးဆက်အတော်များများ လယ်သမားဖြစ်ကြတဲ့ မိသားစုတစ်စုကနေ မွေးလာခဲ့တယ်။...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၁ ခုနှစ်မှာ ကျွန်မက အသင်းတော်မှာ လူသစ်တွေကို ရေလောင်းပေးခဲ့တယ်။ ကျွန်မက တာဝန်ကို ဝတ်ကျေတမ်းကျေလုပ်လို့ လူသစ်အတော်များများက စုဝေးပွဲတွေကို ပုံမှန်မတက်ကြဘူး။ ဒါ့အပြင် ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကြောင့် တခြားသူတွေက ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အခါ အမြဲ ဘောင်ခတ်ခံရသလို ခံစားရခဲ့တယ်။ ဒါကြောင့် ခေါင်းဆောင်တွေက ကျွန်မကို အဲဒီတာဝန်ကနေ ဖြုတ်ချပြီးတော့ အထွေထွေကိစ္စတွေကို ကိုင်တွယ်ဖို့ တာဝန်ပြန်ချပေးခဲ့တယ်။ ဒီသတင်းကို ကြားတော့ ကျွန်မ အရမ်းကို စိတ်ဆင်းရဲသွားတယ်။ ဘုရားသခင်ကို ယုံကြည်လာတာ ဆယ်နှစ်ကျော်ပြီဆိုတာရယ်၊ ကိုယ့်ရဲ့ ပညာရေးကို စွန့်လွှတ်ပြီးတဲ့နောက်မှာလည်း အသင်းတော်မှာပဲ တောက်လျှောက် တာဝန်ထမ်းဆောင်လာခဲ့တာကို တွေးမိတယ်။ ဒါ့အပြင် ကိုယ်က နိုင်ငံခြားဘာသာစကားကို နည်းနည်းပါးပါး သိတဲ့အတွက် တခြားညီအစ်ကိုမောင်နှမတွေထက် ပိုတော်တယ်လို့ အမြဲ ခံစားခဲ့ရတယ်။ နိုင်ငံတော် ဧဝံဂေလိတရား ဖြန့်ဝေဖို့ ဒီလိုအရေးကြီးတဲ့ အခိုက်အတန့်မှာ ကျွန်မ ဖြုတ်ချခံရပြီးတော့ သိပ်အရေးမပါတဲ့ အထွေထွေကိစ္စတွေကို ကိုင်တွယ်ရတဲ့ တာဝန် အပြောင်းခံရလိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ခဲ့ဘူး။ ဒီဖြုတ်ချခံရခြင်းက ကျွန်မကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းတဲ့ ဘုရားသခင်ရဲ့ နည်းလမ်းများ ဖြစ်နိုင်မလားပေါ့။ ဒီလိုတွေးမိတော့ စိတ်ပျက်ခြင်း၊ နာကျင်ခြင်းနဲ့ စိုးရိမ်ကြောင့်ကြခြင်းတွေ ရောပြွမ်းတဲ့စိတ်က ကျွန်မကို လွှမ်းမိုးသွားတယ်။ စိတ်နှလုံးထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြောလိုက်တယ်၊ “အနာဂတ်မှာ ထပ်ပြီး ဖြုတ်ချခံရတာတွေဖြစ်စေမဲ့ ပြဿနာတစ်ခုခုကို ရှောင်ဖို့ ငါ့တာဝန်တွေကို သတိကြီးကြီးနဲ့ စေ့စေ့စပ်စပ် ထမ်းဆောင်ရမယ်။ မဟုတ်ရင်တော့ ကယ်တင်ခြင်းရဖို့ မျှော်လင့်ချက်အကုန်လုံး တကယ်ကို ဆုံးရှုံးသွားနိုင်တယ်” လို့ပေါ့။
အချိန်အတန်ကြာတော့၊ ညီအစ်ကိုမောင်နှမတချို့က သူတို့တာဝန်တွေမှာ ရလဒ်မကောင်းလို့ တာဝန်ကနေ ဖြုတ်ချခံလိုက်ရတယ်လို့ ကျွန်မကြားမိတယ်။ ကျွန်မ ရုတ်တရက် စိုးရိမ်သောကရောက်ပြီး “ငါ အခုတလော ငါ့တာဝန်တွေကို ဘယ်လိုထမ်းဆောင်နေလဲ။ ငါလည်း ဖြုတ်ချခံရမဲ့ အန္တရာယ်ရှိနေပြီလား” လို့ တွေးမိတယ်။ ကျွန်မရဲ့ တာဝန်တွေမှာ ဘာပြဿနာတွေ ရှိနေနိုင်သေးလဲ၊ ကြီးကြပ်ရေးမှူးက ကျွန်မအပေါ် ဘယ်လိုသဘောထားလဲ၊ ပြီးတော့ ကျွန်မ ဖြုတ်ချခံရမဲ့ အရိပ်အယောင် တစ်ခုတလေများ ရှိခဲ့လားဆိုတာကို အမြန်ဆုံး စပြီး စဉ်းစားတော့တာပဲ။ ကိုယ့်တာဝန်တွေမှာ ပြဿနာတချို့ရှိနေပြီး ရလဒ်တွေကလည်း သိပ်မကောင်းတာကို တွေ့လိုက်ရတဲ့အခါ အရမ်းကို ရတက်မအေးဖြစ်သွားတယ်၊ “တစ်နေ့မှာ ကြီးကြပ်ရေးမှူးက ငါ့ကို ဖြုတ်ချမှာလား။ နောက်တစ်ခါသာ ဖြုတ်ချခံရရင် ငါ လုံးဝကို ဖယ်ရှားရှင်းလင်းခံရနိုင်တယ်” လို့ တွေးရင်းပေါ့။ အဲဒီအချိန်အတောအတွင်းမှာ ကျွန်မ အမှားတစ်ခုတစ်လေ လုပ်မိမှာကို ကြောက်ရင်းနဲ့ ကိုယ့်တာဝန်တွေကို သတိကြီးကြီးထားပြီး ထမ်းဆောင်ခဲ့တယ်။ တစ်ခါတလေ ကြီးကြပ်ရေးမှူးက ကျွန်မဆီ စာပို့တဲ့အခါ သူ ကျွန်မကို ဖြုတ်ချဖို့ စီစဉ်နေတာ ဖြစ်နိုင်တယ်လို့ စိုးရိမ်မိတယ်။ ကျွန်မကို ကျောက်တုံးကြီးတစ်တုံးက ဖိထားသလိုမျိုး အရမ်းကို ဖိနှိပ်မှုခံစားရင်းနဲ့ သတိထားကာကွယ်ပြီး သံသယဝင်နေတဲ့ အခြေအနေမှာ အသက်ရှင်ခဲ့ရတယ်။
တစ်နေ့ စုဝေးပွဲတစ်ခုမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်ရပြီး၊ အဲဒါက ကျွန်မရဲ့အခြေအနေအပေါ် သိနားလည်မှုတစ်ခုခု ပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူအချို့သည် ဘုရားအိမ်တော်က လူများကို မျှတစွာ ဆက်ဆံနိုင်ကြောင်းကို မယုံကြည်ကြပေ။ သူ၏အိမ်တော်တွင် ဘုရားသခင် အုပ်ချုပ်ကြောင်းနှင့် ထိုနေရာတွင် သမ္မာတရားအုပ်စိုးကြောင်းကို ၎င်းတို့ မယုံကြည်ကြပေ။ လူတစ်ယောက်သည် မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ၊ ပြဿနာတစ်ခုတက်လာလျှင် ဘုရားအိမ်တော်သည် ထိုလူကို ချက်ချင်း ကိုင်တွယ်လိမ့်မည်ဖြစ်ကြောင်း၊ ထိုတာဝန်ကို ထမ်းဆောင်ဖို့ သူ၏အခွင့်အရေးကို ဖြုတ်ချကာ သူ့ကို အခြားသို့ပို့လိမ့်မည် သို့မဟုတ် အသင်းတော်မှပင် သူ့ကို ရှင်းထုတ်ပစ်နိုင်ကြောင်းတို့ကို ၎င်းတို့က ယုံကြည်ကြသည်။ ထိုသည်က အမှန်တကယ် ကိစ္စများ အလုပ်လုပ်သည့်ပုံလော။ ကျိန်းသေမဟုတ်ပေ။ ဘုရားအိမ်တော်သည် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လူတိုင်းကို ဆက်ဆံသည်။ ဘုရားသခင်သည် လူတိုင်းအပေါ် ဆက်ဆံရာတွင် ဖြောင့်မတ်သည်။ ဘုရားသည် ဖြစ်ရပ်တစ်ခုတွင် လူတစ်ယောက်၏ ပြုမူပုံပြုမူနည်း တစ်ခုတည်းကိုသာ မကြည့်ပေ။ လူတစ်ဦး၏သဘာဝအနှစ်သာရ၊ ထိုသူ၏ရည်ရွယ်ချက်များ၊ ထိုသူ၏သဘောထားတို့ကို သူကြည့်သည်။ ပြီးလျှင် သူသည် လူတစ်ဦး အမှားလုပ်မိသောအခါ သူ့ကိုယ်သူ ပြန်လည်ဆင်ခြင်သုံးသပ်နိုင်ခြင်းရှိမရှိ၊ နောင်တရရှိခြင်းရှိမရှိနှင့် ထိုလူသည် ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေခံ၍ ပြဿနာ၏ အနှစ်သာရကို ထိုးဖောက်သိမြင်နိုင်ခြင်းရှိမရှိ၊ သမ္မာတရားကို နားလည်လာနိုင်ခြင်းရှိမရှိ၊ မိမိကိုယ်ကို မုန်းတီးခြင်း ရှိမရှိနှင့် အစစ်အမှန် နောင်တရခြင်းရှိမရှိတို့ကို အထူးသဖြင့် သူကြည့်သည်။...သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားကို လုံးဝ လက်မခံဘဲ ထုတ်ဖော်ခံရခြင်းနှင့် ဖယ်ရှားရှင်းလင်းခံရခြင်းကို အစဉ်ကြောက်ရွံ့နေလျှင် သင်၏ ဤအကြောက်တရားသည် လူ့ရည်ရွယ်ချက်နှင့် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားဖြင့် စွန်းထင်းနေသည်။ သံသယ၊ သတိထားကာကွယ်မှုနှင့် မှားယွင်းသော အယူအဆတို့ဖြင့် စွန်းထင်းနေသည်။ ဤအရာများထဲမှ မည်သည့်အရာကမျှ လူတစ်ယောက်၌ ရှိသင့်သည့် သဘောထားများမဟုတ်ပေ။ သင်၏ အကြောက်တရားနှင့် ဘုရားအပေါ် သင်၏ အထင်လွဲမှုများကိုပါ ဖြေရှင်းခြင်းအားဖြင့် စတင်ရမည်။ ဘုရားသခင်အပေါ် လူတစ်ယောက်၏ နားလည်မှုလွဲခြင်းက မည်သို့ ဖြစ်ပေါ်လာသနည်း။ လူတစ်ယောက်အတွက် အမှုကိစ္စများက အဆင်ပြေနေသည့်အချိန်တွင် သူသည် ဘုရားသခင်ကို သေချာပေါက် နားလည်မှုမလွဲပေ။ ဘုရားသခင်က ကောင်းမြတ်သည်၊ ဂုဏ်သရေရှိသည်၊ ဘုရားသခင်သည် ဖြောင့်မတ်သည်၊ ဘုရားသခင်သည် သနားကရုဏာနှင့်ပြည့်ကာ ချစ်ခင်တတ်သည်၊ ဘုရားသခင်သည် သူလုပ်ဆောင်သမျှ၌ မှန်ကန်သည်ဟု ယုံကြည်သည်။ သို့ရာတွင် ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီသော အရာတစ်ခုကို ရင်ဆိုင်ရသောအခါ ၎င်းတို့က ‘ဘုရားသခင် သိပ်ဖြောင့်မတ်ပုံမရဘူး။ အနည်းဆုံးတော့ ဒီကိစ္စမှာ သိပ်မဖြောင့်မတ်ဘူး’ ဟူ၍ စဉ်းစားကြသည်။ ဤသည်မှာ နားလည်မှုလွဲခြင်း မဟုတ်သလော။ ဘုရားသခင်က မဖြောင့်မတ်သည်မှာ အဘယ်သို့ဖြစ်သနည်း။ ဤနားလည်မှုလွဲခြင်းအား ဖြစ်ပေါ်စေသောအရာမှာ အဘယ်နည်း။ ဘုရားသခင်က မဖြောင့်မတ်ဟူသော သင်၏ ထင်မြင်ချက်နှင့် နားလည်မှုကို ဖြစ်ပေါ်စေသောအရာသည် မည်သည့်အရာနည်း။ မည်သည့်အရာဖြစ်သည်ကို သင် သေချာပေါက် ပြောနိုင်သလော။ မည်သည့်စာကြောင်းဖြစ်သနည်း။ မည်သည့်ကိစ္စဖြစ်သနည်း။ မည်သည့်အခြေအနေဖြစ်သနည်း။ လူတိုင်းက ဤအရာကို အဖြေရှာနိုင်ပြီး သင် မှန်ကန်ကြောင်း ပြနိုင်ခြင်းရှိမရှိ ကြည့်ရန် ထိုအရာကို ပြောလော့။ လူတစ်ယောက်သည် ဘုရားသခင်ကို နားလည်မှုလွဲသောအခါ၊ သို့မဟုတ် သူ၏ အယူအဆများနှင့် မကိုက်ညီသောအရာတစ်ခုကို ရင်ဆိုင်ရသောအခါ သူ့တွင် မည်သည့်သဘောထား ရှိသင့်သနည်း။ (သမ္မာတရားနှင့် ကျိုးနွံနာခံခြင်းကို ရှာဖွေခြင်းတစ်ခု ရှိသင့်သည်။) အရင်ဦးဆုံး ကျိုးနွံနာခံပြီး စဉ်းစားသင့်သည်။ ‘ငါနားမလည်ပေမဲ့ ဒါက ဘုရားသခင် လုပ်ပြီးတဲ့အရာဖြစ်ပြီး လူက စိစစ်သင့်တဲ့အရာ မဟုတ်တာကြောင့် ငါ ကျိုးနွံနာခံရမယ်။ ဒါ့အပြင် ဘုရားနှုတ်ကပတ်တော်က သမ္မာတရားဖြစ်လို့ ဘုရားနှုတ်ကပတ်တော်၊ ဒါမှမဟုတ် ဘုရားအမှုတော်ကို သံသယဝင်လို့မရဘူး’ဟူ၍ ဖြစ်သည်။ ဤသည်မှာ လူတစ်ယောက်ရှိသင့်သည့် သဘောထားမဟုတ်သလော။ ဤသဘောထားဖြင့် သင်၏ နားလည်မှုလွဲခြင်းသည် ပြဿနာတစ်ခု ဖြစ်စေဦးမည်လော။ (ဖြစ်စေမည်မဟုတ်ပါ။) သင်၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်မည်မဟုတ်၊ သို့မဟုတ် နှောင့်ယှက်မည်မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားသခင် ဖော်ပြထားတဲ့အတိုင်း ကျွန်မက တကယ်ကို ဖြစ်နေခဲ့တာပဲ။ ကိုယ့်တာဝန်မှာ အမှားလုပ်မိတဲ့အခါ ဖြတ်ချခံရမှာကို အမြဲကြောက်နေခဲ့တယ်။ ဒါဟာ ဘုရားသခင်အပေါ် ကျွန်မရဲ့ သတိထားကာကွယ်တတ်တဲ့စိတ်နဲ့ နားလည်မှုလွဲမှားခြင်းကြောင့်ဖြစ်ပြီး ဘုရားသခင်ရဲ့ အိမ်တော်မှာ လူတွေကို ဖြုတ်ချခြင်းရဲ့ နောက်ကွယ်က စည်းမျဉ်းတွေကို နားမလည်တာ၊ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို မသိတာကြောင့်ပဲ။ ကိုယ့်တာဝန်ကို ထမ်းဆောင်ရာမှာ ပြဿနာတချို့၊ အမှားတချို့ရှိနေသရွေ့၊ ဒါမှမဟုတ် အချိန်ကာလတစ်ခုအထိ ရလဒ်မကောင်းဘူးဆိုရင် ဖြုတ်ချခံရမှာပဲလို့ ကျွန်မ ထင်ခဲ့တယ်။ ဒါဟာ ဘာသာတရားမရှိသူတွေရဲ့ လောကမှာ အလုပ်လုပ်သလိုပဲ၊ အမှားလုပ်ရင် အပြစ်ဖော်ဆုံးမခံရတယ်၊ ဖြုတ်ချခံရနိုင်တယ်၊ ဒါကြောင့် ကိုယ့်ရာထူးကို ထိန်းထားနိုင်ဖို့ အရမ်းကို သတိထားရတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ အိမ်တော်မှာတော့ ဘုရားသခင်က လူတွေကို နောင်တရဖို့ အခွင့်အရေးကို တတ်နိုင်သမျှ အများဆုံးပေးတယ်၊ ပြီးတော့ လူတွေကို ဖြုတ်ချတာကလည်း စည်းမျဉ်းတွေအပေါ် အခြေခံတယ်။ လူတစ်ယောက်က သူ့တာဝန်မှာ အမှားသေးသေးလေးတစ်ခု လုပ်မိလို့ဖြစ်ဖြစ်၊ အချိန်တိုအတွင်း ရလဒ်မကောင်းလို့ဖြစ်ဖြစ် ဖြုတ်ချလိုက်တာမျိုး မဟုတ်ဘူး။ အဲဒါထက် လူတစ်ယောက်ရဲ့ တသမတ်တည်းရှိတဲ့ လုပ်ဆောင်မှုနဲ့ သဘာဝ အနှစ်သာရကို ပြည့်ပြည့်စုံစုံ အကဲဖြတ်မှုအပေါ် အခြေခံပါတယ်၊ အထူးသဖြင့် အမှားလုပ်ပြီးနောက်မှာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိနိုင်မလား၊ စစ်မှန်တဲ့ နောင်တကို ပြသနိုင်မလား ဆိုတာကိုပေါ့။ ဥပမာအနေနဲ့ ကျွန်မ လူသစ်တွေကို ရေလောင်းပေးတဲ့ တာဝန်ကို ထမ်းဆောင်နေတုန်းက၊ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကြောင့် တခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အခါ သူတို့ကို အမြဲတမ်း ဘောင်ခတ်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက ဒီပြဿနာကို ကျွန်မကို ထောက်ပြခဲ့ကြပြီးပြီ။ ဒါပေမဲ့ ကျွန်မက ခဏလောက်ပဲ စိတ်မကောင်းဖြစ်ပြီးတော့ နောက်ပိုင်းမှာ ကိုယ့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ အာရုံမစိုက်ခဲ့ဘူး။ ဒါ့အပြင် လူသစ်တွေကို ရေလောင်းပေးတဲ့အခါမှာလည်း ကျွန်မက ဝတ်ကျေတမ်းကျေနဲ့ အပေါ်ယံအလုပ်ပဲ လုပ်ခဲ့တယ်။ လူသစ်တွေ အခက်အခဲရှိလို့ စုဝေးပွဲ ပုံမှန်မတက်နိုင်တဲ့အခါ ကျွန်မ ကူညီထောက်ပံ့မှုမပေးခဲ့ဘူး။ အလုပ်ကို အနှစ်ချုပ်ပြီး လူသစ်တွေ အများကြီး ပုံမှန်မတက်တာကို တွေ့တဲ့အခါမှာလည်း ခဏလောက်ပဲ စိတ်မကောင်းဖြစ်ပြီး နောက်ပိုင်းမှာ ဒီပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားအားထုတ်မှု မရှိခဲ့ပြန်ဘူး။ အသင်းတော်က ကျွန်မရဲ့ တသမတ်တည်းရှိတဲ့ လုပ်ဆောင်မှုကို အခြေခံပြီး ကျွန်မကို ဖြုတ်ချလိုက်ပေမဲ့ ကျွန်မရဲ့ တာဝန်ထမ်းဆောင်ခွင့်ကိုတော့ မရုပ်သိမ်းခဲ့ဘူး၊ အဲဒီအစား အထွေထွေကိစ္စ တာဝန် ထမ်းဆောင်ဖို့ တာဝန်ပြောင်းပေးပြီး နောင်တရဖို့ အခွင့်အရေးပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းမွန်မွန် ဆင်ခြင်သုံးသပ်ပြီး နားမလည်ခဲ့ဘဲ ဘုရားသခင်အပေါ် ဆက်သတိထားကာကွယ်ပြီး နားလည်မှုလွဲခဲ့တယ်။ ကျွန်မ တကယ်ကို လှည့်ဖြားတတ်လွန်းခဲ့တယ်။ အခု အထွေထွေကိစ္စ တာဝန်ကို ထမ်းဆောင်ရာမှာ ပြဿနာနဲ့ လမ်းလွဲမှုတချို့ ရှိနေပေမဲ့ ကြီးကြပ်ရေးမှူးက ဒါကို သိသွားပြီးတဲ့နောက်မှာ ကျွန်မကို အကြံဉာဏ်တချို့ပေးတာ၊ ဒါမှမဟုတ် စည်းမျဉ်းတွေကို မိတ်သဟာယဖွဲ့ပေးတာတွေ လုပ်ခဲ့တယ်။ ဒီအကြံပြုချက်တွေကို ကျွန်မ လိုက်နာခဲ့ချိန်မှာ၊ တာဝန်ထဲက ပြဿနာတွေ ပြေလည်သွားပြီး အသင်းတော်ကလည်း ဒါတွေကြောင့် ကျွန်မကို ဖြုတ်ချခဲ့တာမဟုတ်ဘူး။ ဘုရားသခင်ရဲ့ အိမ်တော်မှာ လူတွေကို ဖြုတ်ချတာက တကယ်ကို စည်းမျဉ်းတွေအတိုင်း လုပ်ဆောင်တယ်ဆိုတာကို ကျွန်မ မြင်ခဲ့ရတယ်။ ပြီးတော့ ကျွန်မရဲ့ သတိထားကာကွယ်တတ်တဲ့စိတ်နဲ့ နားလည်မှုလွဲမှားခြင်းက တကယ်တော့ ကိုယ့်ကိုယ်ကိုယ် လှည့်စားတာ၊ ကိုယ့်ကိုယ်ကိုယ် ဘောင်ခတ်တာပဲ ဖြစ်နေမှန်း ကျွန်မ မြင်ခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်မ ဆက်ပြီး တွေးဆကြည့်တော့ ကိုယ့်ရဲ့ သတိထားကာကွယ်တတ်တဲ့စိတ်နဲ့ နားလည်မှုလွဲမှားခြင်းကို ဖြေရှင်းတာအပြင်၊ ကျွန်မတာဝန်မှာ အမှားလုပ်မိရင် အဖြုတ်ချခံရမှာ ကြောက်တဲ့စိတ်ကိုလည်း ဖြေရှင်းဖို့ လိုတယ်ဆိုတာကို သဘောပေါက်ခဲ့တယ်။ ကျွန်မ တွေးဆမိတယ်၊ “ငါ ဘာလို့ ကြောက်နေခဲ့တာလဲ” ဆိုပြီးတော့ပေါ့။ ဒီပြဿနာနဲ့ပတ်သက်ပြီး ဘုရားသခင်ဆီမှာ ကျွန်မ ဆုတောင်းပြီး ရှာဖွေခဲ့တယ်။ တစ်နေ့၊ ကျွန်မ ဝတ်ပြုနေတုန်း ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်လိုက်ရတယ်။ “အချို့သောလူများသည် ခေါင်းဆောင်တစ်ယောက်အဖြစ် စစ်မှန်သော တာဝန်တစ်ခုမျှ မလုပ်ဆောင်ခြင်း၊ သို့မဟုတ် ဂုဏ်အဆင့်အတန်း၏ အကျိုးအမြတ်များကို အငမ်းမရဖြစ်ခြင်းကြောင့် ထုတ်ပယ်ခံရခြင်းကဲ့သို့သော ကျရှုံးမှုအချို့ကို အတိတ်တွင် တွေ့ကြုံခဲ့ကြ၏။ အကြိမ်အနည်းငယ်မျှ ထုတ်ပယ်ခံရပြီးသည့်နောက်တွင် ၎င်းတို့ထဲမှ အချို့သည် အစစ်အမှန် ပြောင်းလဲခြင်း အနည်းငယ်ကို အမှန်ပင် ကြုံကြရ၏၊ သို့ဖြစ်ရာ ထုတ်ပယ်ခံရခြင်းသည် လူများအတွက် ကောင်းသောအရာလော၊ သို့မဟုတ် ဆိုးသောအရာလော။ (ကောင်းသောအရာ ဖြစ်ပါသည်။) လူများသည် ပထမဆုံးအကြိမ် တာဝန်မှ ထုတ်ပယ်ခံရသည့် အချိန်၌ ကောင်းကင်ကြီး ပြိုကျနေသကဲ့သို့ ခံစားမိကြ၏။ ၎င်းတို့၏ စိတ်နှလုံးများ ကွဲကြေသွားသလိုပင် ဖြစ်သည်။ ၎င်းတို့သည် မိမိကိုယ်ကို မထိန်းနိုင်တော့သည့်အပြင် မည်သည့် လမ်းကြောင်းသို့ ဝင်ရောက်ရမည်ကိုလည်း မသိကြပေ။ သို့သော် ထိုအတွေ့အကြုံ နောက်ပိုင်းတွင်မူ ‘ယင်းမှာ ထိုမျှ ကြီးမားသည့် ကိစ္စကြီးလည်း မဟုတ်ခဲ့ပါ။ ငါ၏ဝိညာဉ်ရင့်သန်မှုက ယခင်က အဘယ်ကြောင့် နည်းလွန်းခဲ့သနည်း။ ငါသည် အဘယ်သို့များ အများကြီး မရင့်ကျက်နိုင်ခဲ့ရသနည်း’ ဟူ၍ ၎င်းတို့က တွေးကြ၏။ ၎င်းတို့အနေဖြင့် အသက်တာတွင် တိုးတက်မှု ရှိခဲ့ပြီဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ သမ္မာတရားနှင့် လူသားအပေါ် ဘုရားသခင်၏ ကယ်တင်ခြင်း ရည်ရွယ်ချက်တို့ကို အနည်းငယ် နားလည်ခဲ့ကြပြီဖြစ်ကြောင်းတို့ကို ဤအရာက သက်သေပြ၏။ ဤသည်မှာ ဘုရားသခင်၏အမှုတော်ကို တွေ့ကြုံရခြင်း ဖြစ်စဉ်ပင် ဖြစ်သည်။ သူ၏အမှုတော်တွင် ဘုရားသခင် အသုံးပြုသော ဤနည်းလမ်းများကို သင်သည် နာခံ၊ လက်ခံရမည်။ ထိုနည်းလမ်းများမှာ သင့်အား အမြဲမပြတ် ပြုပြင်ခြင်း၊ သို့မဟုတ် သင့်အပေါ် သုံးသပ်ချက်များ ချမှတ်ခြင်း၊ သင့်အား အလားအလာမရှိဟု ပြောဆိုခြင်း၊ သင်သည် ကယ်တင်ခံရမည့် လူတစ်ယောက် မဟုတ်ဟု ပြောဆိုခြင်း၊ ထို့အပြင် သင့်အား ပြစ်တင်ရှုတ်ချ၍ ကျိန်ဆဲခြင်းတို့ ဖြစ်သည်။ သင်သည် အပျက်သဘောဆောင်ခြင်းကို ခံစားကောင်း ခံစားရနိုင်သည်။ သို့သော် သမ္မာတရားကို ရှာဖွေခြင်း၊ မိမိကိုယ်ကို ဆင်ခြင်ခြင်းနှင့် မိမိကိုယ်ကို သိခြင်းတို့ဖြင့် သင်သည် များမကြာမီ ပြန်ထူထောင်လာနိုင်ပြီး ဘုရားသခင်နောက် လိုက်လျှောက်၍ သင်၏ တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်လာနိုင်လိမ့်မည်။ ဤသည်မှာ အသက်၌ ကြီးထွားခြင်းဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်။ ထို့ကြောင့် ထုတ်ပယ်ခံရခြင်းကို ပို၍ တွေ့ကြုံရခြင်းသည် ကောင်းသလော၊ သို့မဟုတ် ဆိုးသလော။ သူ၏ အမှုတော်တွင် ဘုရားသခင် အသုံးပြုသော ဤနည်းလမ်းမှာ မှန်ကန်သလော။ (မှန်ကန်ပါသည်။) သို့ရာတွင် လူများသည် တစ်ခါတစ်ရံ၌ ဤအဖြစ်ကို အသိအမှတ်မပြုသည့်အပြင် လက်မခံနိုင်ကြချေ။ အထူးသဖြင့် ထုတ်ပယ်ခြင်းကို ပထမဆုံး တွေ့ကြုံရသည့်အခါ ၎င်းတို့အနေဖြင့် မမျှမတ ဆက်ဆံခံနေရသည်ဟု ခံစားမိကြ၏၊ ၎င်းတို့သည် ဤ အကျပ်အတည်းကို မကျော်လွှားနိုင်ကြဘဲ၊ ဘုရားသခင်အား အမြဲတစေ အကျိုးအကြောင်းပြ ပြောဆိုကာ စောဒကတက်နေကြ၏။ ၎င်းတို့သည် အဘယ်ကြောင့် မကျော်လွှားနိုင်ကြသနည်း။ ၎င်းတို့သည် ဘုရားသခင်နှင့် သမ္မာတရားကို ပြဿနာ ရှာနေခြင်းကြောင့်လော။ လူများသည် သမ္မာတရားကို နားမလည်သောကြောင့်လည်းကောင်း၊ မိမိကိုယ်မိမိ မည်သို့ ဆင်ခြင်ရမှန်း မသိသောကြောင့်လည်းကောင်း၊ ၎င်းတို့အတွင်းမှ ပြဿနာများကို မရှာဖွေသောကြောင့်လည်းကောင်း ဖြစ်၏။ ၎င်းတို့သည် ၎င်းတို့စိတ်နှလုံးများအတွင်း နာခံရန် ငြင်းဆိုကြပြီး ထုတ်ပယ်ခြင်း ခံရသည့်အခါ ဘုရားသခင်ကို စတင်၍ အကဲစမ်းလာကြတော့သည်။ ၎င်းတို့သည် ထုတ်ပယ်ခံရခြင်းဟူသော အမှန်တရားကို လက်မခံနိုင်ကြဘဲ မကျေမချမ်းဖြစ်မှုများ ပြည့်နှက်ကုန်သည်။ ဤအချိန်၌ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ ပြင်းထန်လွန်း၏၊ သို့သော် နောင်တွင် ယင်းအကြောင်းကိစ္စအား ပြန်ကြည့်မိကြသည့်အခါ ၎င်းတို့အနေဖြင့် ထုတ်ပယ်ခံရသည်မှာ မှန်ကန်ကြောင်းကို ၎င်းတို့ မြင်နိုင်ကြ၏။ ယင်းသည် နောက်ဆုံးတွင် ၎င်းတို့အား အသက်တာတွင် တိုးတက်မှုအနည်းငယ် ဖြစ်မြောက်စေဖို့ ထောက်ကူပေးခဲ့သည့် ကောင်းသောအရာတစ်ခု ဖြစ်နေခဲ့သည်။ ၎င်းတို့သည် အနာဂတ်တွင် ထုတ်ပယ်ခံရခြင်းကို ထပ်မံ ရင်ဆိုင်ရသည့်အခါ ဤနည်းအတိုင်း အကဲစမ်းကြဦးမည်လော။ (အခေါက်တိုင်းတွင် အကဲစမ်းခြင်း နည်းသည်ထက် နည်းလာပါသည်။) ဤအရာသည် တရွေ့ရွေ့ တိုးတက် ကောင်းမွန်လာခြင်းမှာ ပုံမှန်ပင်ဖြစ်၏။ မည်သည့်အရာမျှ မပြောင်းလဲလျှင် ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြကြောင်းနှင့် ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြကြောင်းကို ဤသည်က သက်သေပြ၏။ ထို့နောက် ၎င်းတို့သည် လုံးလုံးလျားလျား ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံကြရကာ ကယ်တင်ခြင်းကို ရရှိရန်လည်း မဖြစ်နိုင်ချေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ အရမ်းကို တို့ထိခံခဲ့ရတယ်။ ဖြုတ်ချခံရတာကို တွေ့ကြုံရပါစေ၊ ဒါမှမဟုတ် ကယ်တင်မခံရနိုင်တဲ့သူအဖြစ် သတ်မှတ်ခံရပါစေ၊ ဒါကို ဘုရားသခင်ဆီကနေ ကျွန်မတို့ လက်ခံသင့်တယ်။ တကယ်လို့ ကျွန်မတို့က ကျိုးနွံနာခံပြီး၊ သမ္မာတရားကိုရှာဖွေ၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိနိုင်မယ်ဆိုရင် ကိုယ့်အသက်တာက တိုးတက်လာမှာဖြစ်ပြီး ဒါက ကောင်းတဲ့အရာပဲလေ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မှု မရှိဘဲ အကြောင်းပြချက်တွေပေးပြီး ညည်းညူနေမယ်ဆိုရင်တော့ တကယ်ကို ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမှာပဲ။ ရေလောင်းခြင်းတာဝန်ကနေ ဖြုတ်ချခံရတုန်းက အချိန်ကို ဆင်ခြင်သုံးသပ်ကြည့်တော့ အရမ်းနာကျင်ခဲ့ရပေမဲ့ ဒါက ကျွန်မကို နိုးထစေခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး နားလည်ဖို့ ကျွန်မကို တွန်းအားပေးခဲ့တယ်၊ ပြီးတော့ ကိုယ့်တာဝန်မှာ ဝတ်ကျေတမ်းကျေလုပ်တာနဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားအပေါ်မှာ နားလည်မှုတချို့ ရရှိခဲ့တယ်။ အရင်တုန်းက လူသစ်တွေ စုဝေးပွဲ ပုံမှန်မတက်တာကို တွေ့တဲ့အခါ သူတို့ရဲ့အခက်အခဲတွေကို နားလည်ပေးပြီး သူတို့ပြဿနာတွေကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်တွေ ရှာပေးရတာက ဒုက္ခများလွန်းတယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့် ဒီပြဿနာတွေကို ဖြေရှင်းဖို့ တာဝန်သိသိနဲ့ အနစ်နာခံပြီး မလုပ်ချင်ခဲ့ဘူး၊ လူမြင်ကောင်းစေမယ့် ရိုးရှင်းတဲ့ အလုပ်လေးတွေပဲ လုပ်ချင်ခဲ့တယ်။ ဖြုတ်ချခံရပြီးတဲ့နောက်မှာမှ ကျွန်မဟာ အရမ်း ပျင်းရိပြီး ဇာတိပကတိရဲ့ သက်သာမှုကို မွေ့လျော်နေခဲ့တယ်ဆိုတာကို သဘောပေါက်ခဲ့တယ်။ ဒီလို ပေါ့ပျက်ပျက်နိုင်တဲ့ သဘာဝနဲ့ တာဝန်ထမ်းဆောင်နေတာဟာ ကျွန်မကို အခြေခံအားဖြင့် မယုံကြည်ရတဲ့သူ ဖြစ်စေခဲ့မှန်း ကျွန်မ မြင်ခဲ့တယ်။ အခု အထွေထွေကိစ္စ တာဝန်တွေကို ထမ်းဆောင်တဲ့အခါမှာတော့ ကိုယ့်တာဝန်တွေကို လက်တွေ့ကျကျ ဘယ်လိုထမ်းဆောင်မလဲဆိုတာကို စပြီး တွေးဆလာခဲ့တယ်။ ကိုယ့်ရဲ့ အလုပ်လုပ်နိုင်စွမ်းက ဘယ်လိုပဲဖြစ်နေပါစေ၊ စိတ်နှလုံးအကြွင်းမဲ့နဲ့ အစွမ်းကုန်လုပ်ဆောင်ဖို့ပဲ အာရုံစိုက်ခဲ့တယ်။ တစ်ခါတလေ ပင်ပန်းပေမဲ့ စိတ်နှလုံးထဲမှာတော့ တည်ငြိမ်အေးချမ်းခဲ့တယ်။ ဒါ့အပြင် အရင်တုန်းက အစွမ်းအစညံ့ဖျင်းတဲ့ ဒါမှမဟုတ် လုပ်ငန်းပိုင်းဆိုင်ရာ စွမ်းရည်အားနည်းတဲ့ ညီအစ်ကိုမောင်နှမတွေကို ကျွန်မ အမြဲ အထင်သေးခဲ့တယ်။ အလုပ်ကိစ္စ ဆွေးနွေးတဲ့အခါ ကျွန်မရဲ့ အပြောအဆိုက မာထန်တော့ သူတို့ကို ဘောင်ခတ်ခံရစေသလိုဖြစ်ပြီး ထိခိုက်နစ်နာစေခဲ့တယ်။ ဖြုတ်ချခံရပြီးတဲ့နောက်မှာတော့ ကျွန်မ စိတ်ကိုတည်ငြိမ်အောင်ထားပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်လာတယ်။ တခြားသူတွေကို အထင်သေးတာဟာ ကိုယ့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကြောင့်ပဲဆိုတာကို သဘောပေါက်ခဲ့တယ်။ နောက်ပိုင်းမှာ အရင်က ကျွန်မအထင်သေးခဲ့တဲ့ ညီအစ်ကိုမောင်နှမတွေကို ပြန်တွေ့တဲ့အခါ သူတို့ဆီမှာ အားသာချက်နဲ့ ကောင်းကွက်တွေ အများကြီးရှိတာကို ကျွန်မ တွေ့ခဲ့ရတယ်။ အခု ညီအစ်ကိုမောင်နှမတွေက ကျွန်မရဲ့ ပြဿနာနဲ့ အားနည်းချက်တွေကို ထောက်ပြတဲ့အခါ ကျွန်မ လက်ခံနိုင်ခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိနိုင်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေလည်း ကျွန်မကြောင့် ဘောင်ခတ်မခံရတော့ဘူး။ ဒါက ကျွန်မကို ဘာမြင်စေခဲ့လဲဆိုတော့ တာဝန်ပြောင်းတာနဲ့ ဖြုတ်ချခံရတာက ဘယ်သူ့ကိုမှ ထုတ်ဖော်ဖို့၊ ဖယ်ရှားရှင်းလင်းဖို့ ရည်ရွယ်တာ မဟုတ်ဘူးဆိုတာပါပဲ။ ကျွန်မဟာ စာတန်ရဲ့ နက်နက်ရှိုင်းရှိုင်း ဖျက်ဆီးတာကို ခံထားရပြီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ အများကြီးရှိနေတော့ ကိုယ့်တာဝန်ကို ထမ်းဆောင်ရင်း ကျရှုံးမှုနဲ့ ထုတ်ဖော်မှုတွေ အများကြီးကို ကျွန်မအနေနဲ့ တွေ့ကြုံဖို့ လိုခဲ့တယ်။ တကယ်လို့ ကျွန်မက သမ္မာတရားကိုရှာဖွေ၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး စိတ်ရင်းမှန်နဲ့ နောင်တရနိုင်မယ်ဆိုရင် ဒါဟာ ကျွန်မအတွက် ကောင်းတဲ့အရာတစ်ခုဖြစ်ပြီး ကျွန်မရဲ့ စိတ်သဘောထား အပြောင်းအလဲအတွက် အချိုးအကွေ့တစ်ခု ဖြစ်လာမှာပဲ။ ဒါပေမဲ့ ကျွန်မက ကိုယ့်တာဝန်ထဲက ကျရှုံးမှုနဲ့ ထုတ်ဖော်မှုတွေကို မှန်မှန်ကန်ကန် သဘောမထားနိုင်ခဲ့ဘူး။ စိတ်ကိုတည်ငြိမ်အောင်ထားပြီး သမ္မာတရားကို ကောင်းကောင်းရှာဖွေ၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တာကို မလုပ်နိုင်ခဲ့ဘူး။ အဲဒီအစား ကိုယ့်ရဲ့ နောက်ဆုံးပန်းတိုင်နဲ့ အဆုံးသတ်အတွက်ပဲ အမြဲတမ်း အစီအစဉ်ဆွဲပြီး စိုးရိမ်နေခဲ့တယ်၊ အဲဒါကြောင့်ပဲ ကျွန်မက အပျက်သဘောဆောင်ပြီး နာကျင်ခဲ့ရတာ။ ကျွန်မဟာ ဘုရားသခင် စီစဉ်တဲ့ ပတ်ဝန်းကျင်တွေအပေါ် အတိုက်အခံလုပ်စိတ်တွေနဲ့ ပြည့်နေခဲ့တယ်။ ကျွန်မသာ နောင်တမရဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် တကယ်ကို ဖျက်ဆီးမိမှာပဲ။ အခု ကျွန်မလုပ်ရမှာက ဘုရားသခင်စီစဉ်ထားတဲ့ ပတ်ဝန်းကျင်တွေကို လက်ခံပြီး ကျိုးနွံနာခံဖို့၊ သမ္မာတရားကိုရှာဖွေပြီး ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ အားနည်းချက်တွေကို ဆင်ခြင်သုံးသပ်ပြီး သိဖို့၊ သင်ခန်းစာတွေယူဖို့နဲ့ ကိုယ့်ရဲ့ အသက်ဝင်ရောက်မှုမှာ တိုးတက်မှုရှိအောင် လုပ်ဖို့ပဲ။ ဒီလိုနားလည်သွားတော့ ကျွန်မရဲ့ စိတ်နှလုံးက ပိုပြီးတော့ အေးချမ်းသွားတယ်။
လပိုင်းလောက်ကြာတော့ အသင်းတော်က ကျွန်မကို လူသစ်တွေကို ရေလောင်းပေးဖို့ တာဝန်ပြန်ပြောင်းပေးခဲ့တယ်။ ဒီတာဝန်ကို ထမ်းဆောင်ဖို့ နောက်တစ်ခါ အခွင့်အရေးရလိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ခဲ့ဘူး၊ စိတ်ထဲမှာ မဖော်ပြနိုင်တဲ့ ခံစားချက်တစ်ခုဖြစ်ပေါ်လာပြီး ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်။ အချိန်တစ်ုခကြာတော့ လူသစ်တွေကို ရေလောင်းပေးရာမှာ အခက်အခဲတချို့နဲ့ ကျွန်မ ကြုံခဲ့ရတယ်။ သူတို့ထဲက တချို့က အရမ်းအလုပ်များတယ်၊ တချို့က နေမကောင်းဖြစ်ခဲ့ပြီး တချို့ကလည်း ဘုရားသခင်ရဲ့ အမှုတော်အပေါ် အယူအဆတွေရှိနေတော့ စုဝေးပွဲတွေကို မတက်ကြတော့ဘူး။ သိသာထင်ရှားတဲ့ ရလဒ်တွေ တစ်ခုမှမတွေ့ရဘဲ သူတို့ကို အချိန်အတိုင်းအတာတစ်ခုအထိ ရေလောင်းပြီး ထောက်ပံ့ပြီးတဲ့နောက်မှာ ကျွန်မ အရမ်းစိုးရိမ်သောကဖြစ်လာတယ်၊ “ဒီပြဿနာတွေကို ငါ အမြန်မဖြေရှင်းနိုင်ရင် ငါ ဖြုတ်ချခံရတော့မှာလား။ ကပ်ဘေးတွေက ပိုပိုပြီး ပြင်းထန်လာနေသလို ဘုရားသခင်ရဲ့ အမှုတော်ကလည်း အဆုံးသတ်ခါနီးပြီ။ ဒီလို အရေးကြီးတဲ့အချိန်မှာသာ ငါ အဖြုတ်ခံရရင် ကယ်တင်ခြင်းကို ရနိုင်ပါဦးမလား” လို့ပေါ့။ ဒီအတွေးတွေက ကျွန်မကို အရမ်း စိတ်ဆင်းရဲစေခဲ့တယ်။ ကြီးကြပ်ရေးမှူးက ကျွန်မအလုပ်ကို လာစစ်တဲ့အခါ ဒီပြဿနာတွေကို ပိုပြီးဇွဲရှိရှိနဲ့ အမြန်ဆုံးဖြေရှင်းဖို့ ကျွန်မကို သတိပေးခဲ့တယ်။ ကျွန်မ အရမ်းကို စိတ်ဓာတ်ကျသွားတယ်၊ “ငါ အခုတလော ကြိုးစားနေတာပဲ၊ ဒါပေမဲ့ ဘာလို့ ရလဒ်က မတိုးတက်သေးတာလဲ။ ငါ့တာဝန်မှာသာ ဆက်ပြီး ထိရောက်မှုမရှိရင် ငါ အဖြုတ်ခံရနိုင်တယ်။ ငါ့ကို တာဝန်အသစ်တစ်ခု ပေးလိုက်ရင် အစကနေ ပြန်သင်ရဦးမယ်။ အဲဒီမှာလည်း ဆက်ပြီး ထိထိရောက်ရောက်မရှိလို့၊ နောက်တစ်ခါ အဖြုတ်ခံရရင် ဘယ်လိုလုပ်မလဲ။ အဲဒါဆိုရင် ငါ လုံးဝကို ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမှာပဲ” လို့ပေါ့။ ကျွန်မ ပိုပြီး တွေးလေလေ ပိုပြီး စိတ်မချမ်းမသာ ဖြစ်လာလေလေပဲ၊ ခေါင်းက မကြည်မလင်ဖြစ်ပြီး လေးလံနေခဲ့တယ်။ လူသစ်တွေ စုဝေးပွဲ ပုံမှန်မတက်တာကို တွေ့တဲ့အခါ သူတို့ကို ဆက်ပြီး လိုက်ကြည့်ဖို့တောင် စိတ်မပါတော့ဘူး။ စိတ်နှလုံးထဲမှာတောင် နည်းနည်းညည်းညူမိခဲ့တယ်။ “ငါ အခုတလော ဒီလောက်ကြိုးစားနေတာကို ဘုရားသခင်က ငါ့ကို ဘာလို့ လမ်းမပြတာလဲ။ ငါ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဘာမှထူးခြားလာပုံမရဘူး။ ဒီပြဿနာတွေက ဖြေရှင်းရတာ လွယ်တာမှမဟုတ်တာ၊ ဒီလောက်ကြိုးစားပြီးတဲ့နောက်မှာလည်း အဖြုတ်ချခံရနိုင်သေးတာပဲ” လို့ပေါ့။ အဲဒီအချိန်တုန်းက ကျွန်မ အရမ်းကို အပျက်သဘောဆောင်နေပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ အားမမွေးနိုင်ခဲ့ဘူး။ နောက်ပိုင်းမှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စပြီး ဆင်ခြင်သုံးသပ်ခဲ့တယ်၊ “ဘာလို့ ကိစ္စတစ်ခုခုဖြစ်လာတာနဲ့ ငါက အမြဲတမ်း အဖြုတ်ခံရမှာကို စိုးရိမ်နေရတာလဲ” ပေါ့။ ကောင်းချီးမင်္ဂလာရလိုတဲ့ ရည်ရွယ်ချက်က ကျွန်မကို တွန်းအားပေးနေမှန်း သဘောပေါက်ခဲ့တယ်၊ ဒါကြောင့် စားသောက်ဖို့ ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ရှာခဲ့တယ်။
တစ်နေ့မှာ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်ရတယ်။ “အန္တိခရစ်တစ်ဦးသည် ဘုရားသခင်၏ အိမ်တော်၌ အဆင့်အတန်းနှင့် အာဏာရှိသောအခါ၊ နေရာတိုင်းတွင် အခွင့်ကောင်းယူပြီး သူ အမြတ်ထုတ်နိုင်သောအခါ၊ လူတို့က သူ့ကို ကြည်ညိုပြီး မြှောက်ပင့်သောအခါ၊ ကောင်းချီးများနှင့် ဆုလာဘ်များ၊ လှပသော ခရီးပန်းတိုင်တို့အားလုံးသည် လက်လှမ်းမီနိုင်ပုံရသည်ဟု သူ ထင်သောအခါ၊ ထိုအခါ အပေါ်ယံတွင် သူသည် ဘုရားသခင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လူသားမျိုးနွယ်အပေါ် သူ၏ ကတိတော်များ၊ ဘုရားသခင်၏ အိမ်တော်၏ အလုပ်နှင့် အလားအလာများကို ယုံကြည်ခြင်းဖြင့် ပြည့်လျှံနေပုံရသည်။ သို့ရာတွင် သူသည် ပြုပြင်ခြင်းခံရသည်နှင့်တစ်ပြိုင်နက်၊ သူ၏ ကောင်းချီးများအတွက် လိုအင်ဆန္ဒက ခြိမ်းခြောက်ခံရသောအခါ၊ သူသည် ဘုရားသခင်အပေါ် သံသယများနှင့် အထင်လွဲမှားမှုများ ဖြစ်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းတွင် သူ၏ အမြင်အားဖြင့် ပေါများသော ယုံကြည်ခြင်းသည် ပျောက်ကွယ်သွားပြီး မည်သည့်နေရာတွင်မျှ ရှာမတွေ့နိုင်တော့ပေ။ သူသည် လမ်းလျှောက်ရန် သို့မဟုတ် စကားပြောရန်အတွက်ပင် စွမ်းအင်မရှိသလောက် ဖြစ်သွားသည်။ သူသည် မိမိ၏ တာဝန်ကိုထမ်းဆောင်ရာ၌ စိတ်ဝင်စားမှု ပျောက်ဆုံးပြီး စိတ်အားထက်သန်မှု၊ ချစ်ခြင်းမေတ္တာနှင့် ယုံကြည်ခြင်းအားလုံးကို ဆုံးရှုံးသည်။ သူ၌ရှိသော စေတနာအနည်းငယ်ကို သူ ဆုံးရှုံးခဲ့ပြီးဖြစ်ကာ သူနှင့် စကားပြောသူ မည်သူ့ကိုမျှ ဂရုမစိုက်တော့ပေ။ သူသည် ချက်ချင်းပင် လုံးဝကွဲပြားသော လူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည်။ သူသည် ဖော်ထုတ်ခြင်းခံရသည် မဟုတ်လော။ ထိုသို့သောလူတစ်ဦးသည် ကောင်းချီးခံစားရရန် မိမိ၏ မျှော်လင့်ချက်များကို ဆက်လက်စွဲကိုင်ထားသောအခါ သူသည် အကန့်အသတ်မဲ့ အားအင်ရှိပုံရသည်၊ ဘုရားသခင်အပေါ် သစ္စာစောင့်သိပုံရလေသည်။ သူသည် စောစောထပြီး ညဉ့်နက်သည်အထိ အလုပ်လုပ်နိုင်ကာ ဆင်းရဲဒုက္ခခံနိုင်ပြီး အဖိုးအခကို ပေးဆပ်နိုင်စွမ်းရှိသည်။ သို့သော် သူ ကောင်းချီးခံစားရမည့် မျှော်လင့်ချက် ပျောက်ဆုံးသွားသောအခါ လေလျော့သွားသော ဘောလုံးကဲ့သို့ ဖြစ်နေသည်။ သူက မိမိ၏ အစီအစဉ်များကို ပြောင်းလဲလိုသည်၊ အခြားလမ်းကြောင်းတစ်ခုကို ရှာလိုပြီး ဘုရားသခင်အပေါ် မိမိ၏ ယုံကြည်ခြင်းကို စွန့်လွှတ်လိုသည်။ သူသည် ဘုရားသခင်အပေါ် စိတ်ဓာတ်ကျပြီး စိတ်ပျက်ကာ မကျေနပ်ချက်များဖြင့် ပြည့်နေသည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားပြီး ချစ်မြတ်နိုးသောသူတစ်ဦး၊ လူ့သဘာဝနှင့် တည်ကြည်မှုရှိသောသူတစ်ဦးနှင့်ဆိုင်သည့် ထုတ်ဖော်ပြသခြင်းလော။ (မဟုတ်ပါ။) ၎င်းတို့သည် အန္တရာယ်၌ ရှိနေကြပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂- အဆင့်အတန်းနှင့် သို့မဟုတ် ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်) “အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အစီအစဉ်များကို မည်သည့်အခါမျှ မနာခံကြပေ။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့ကို ၎င်းတို့၏ ကောင်းချီးရရှိရန် မျှော်လင့်ချက်နှင့် အနာဂတ် ပန်းတိုင်တို့ဖြင့် နီးကပ်စွာ ချိတ်ဆက်ထားကြသည်။ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်း ဆုံးရှုံးသွားသည်နှင့် ကောင်းချီးများ၊ ဆုလာဘ်များရရှိရန် မျှော်လင့်ချက်မရှိတော့သကဲ့သို့ပင်ဖြစ်သည်။ ဤအရာများက ၎င်းတို့၏ အသက်ကို ဆုံးရှုံးရသကဲ့သို့ ခံစားရသည်။ ၎င်းတို့က ‘ငါသည် ဂရုစိုက်ရမည်။ ပေါ့ဆ၍ မရပေ။ ဘုရားအိမ်တော်၊ ညီအစ်ကိုမောင်နှမများ၊ ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ဘုရားသခင်ကိုပင် အားကိုး၍မရပေ။ ၎င်းတို့ထဲမှ မည်သူ့ကိုမျှ ငါ ယုံကြည်၍မရပေ။ သင် အားအကိုးနိုင်ဆုံးသောသူနှင့် ယုံကြည်ရန် အထိုက်တန်ဆုံးသောသူမှာ သင်ကိုယ်တိုင်ဖြစ်သည်။ သင်သည် သင့်ကိုယ်သင်အတွက် အစီအစဉ်များ မပြုလုပ်နေလျှင် သင့်အား မည်သူက ဂရုစိုက်မည်နည်း။ သင်၏ အနာဂတ်ကို မည်သူက ထည့်စဉ်းစားမည်နည်း။ ကောင်းချီးများအား သင်လက်ခံရရှိခြင်းရှိမည်၊ မရှိမည်ကို မည်သူက ထည့်စဉ်းစားမည်နည်း။ ထို့ကြောင့် ငါသည် ငါ၏အကျိုးအတွက် အစီအစဉ်များနှင့် တွက်ချက်မှုများကို သေချာလုပ်ဆောင်ရမည်။ အမှားများပြုလုပ်၍မရ၊ သို့မဟုတ် အနည်းငယ်မျှပင် ပေါ့ဆ၍ မရပေ။ မဟုတ်လျှင် တစ်စုံတစ်ယောက်က ငါ့အပေါ် အခွင့်အရေးယူဖို့ ကြိုးစားလျှင် မည်သည့်အရာကို ငါလုပ်ဆောင်ရမည်နည်း’ ဟု တွေးကြသည်။ ထို့ကြောင့် ၎င်းတို့သည် တစ်စုံတစ်ယောက်က ၎င်းတို့အား ပိုင်းခြားသိမြင်မည်၊ သို့မဟုတ် ရိပ်စားမိမည်ကိုလည်းကောင်း၊ ဤသို့ဖြင့် ၎င်းတို့သည် ထုတ်ပယ်ခံရပြီး ၎င်းတို့၏ ကောင်းချီးရရှိဖို့အိပ်မက်က ပျက်စီးသွားမည်ကိုလည်းကောင်း ကြောက်ရွံ့လျက် ဘုရားအိမ်တော်၏ ခေါင်းဆောင်များနှင့် အမှုဆောင်များကို သတိထားကာကွယ်ကြသည်။ ၎င်းတို့သည် ကောင်းချီးများ ရရှိရန် မျှော်လင့်ချက်ကို ထားရှိဖို့အလို့ငှာ မိမိတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ထိန်းသိမ်းရမည်ဟု ထင်ကြသည်။ ကောင်းချီးခံစားရခြင်းသည် ကောင်းကင်ဘုံထက်ကြီးမြတ်သည်၊ အသက်ထက် ပိုကြီးမြတ်သည်၊ သမ္မာတရားကို လိုက်စားခြင်း၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း၊ သို့မဟုတ် တစ်ကိုယ်ရေ ကယ်တင်ခြင်းထက်ပို၍ အရေးကြီးသည်၊ မိမိတာဝန်ကို ကောင်းစွာလုပ်ဆောင်ခြင်း၊ စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်းထက် ပို၍အရေးကြီးသည်ဟု အန္တိခရစ်တစ်ယောက်က မြင်သည်။ ၎င်းတို့သည် စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်း၊ မိမိတို့တာဝန်ကို ကောင်းစွာထမ်းဆောင်ပြီး ကယ်တင်ခံရခြင်းသည် ပြောဆိုဖို့ပင် သို့မဟုတ် မှတ်ချက်ပေးဖို့ပင် ထိုက်တန်မှုသိပ်မရှိသည့် သေးနုပ်သောအရာများဖြစ်သည်ဟု ထင်မြင်သော်လည်း၊ ကောင်းချီးရရှိခြင်းကမူ ၎င်းတို့၏ တစ်ဘဝလုံးတွင် မည်သည့်အခါမျှ မေ့၍မရနိုင်သော တစ်ခုတည်းသောအရာဖြစ်သည်။ မည်သည့်အရာကို ၎င်းတို့ ကြုံတွေ့ရသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ ၎င်းတို့သည် ယင်းကို ကောင်းချီးခံစားရခြင်းနှင့် ဆက်စပ်ပြီး အလွန်အမင်း သတိထားပြီး အာရုံစိုက်ကြသည်။ ပြီးလျှင် အစဉ်သဖြင့် မိမိတို့ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခု ထားထားကြသည်။...လူတစ်ယောက်က ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရမရဆိုသည်မှာ မည်သည့်တာဝန်ကို သူထမ်းဆောင်သည်ဆိုသည့်အပေါ်တွင် အခြေမခံဘဲ သမ္မာတရားကို ပိုင်ဆိုင်သလော၊ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသလော၊ သစ္စာရှိသလောဆိုသည်တို့အပေါ်တွင် အခြေခံသည်။ ဤအရာများက အရေးကြီးဆုံးအရာများဖြစ်သည်။ လူများအတွက် ဘုရားသခင်၏ ကယ်တင်ခြင်း အချိန်ကာလအတောအတွင်းတွင် ၎င်းတို့သည် စမ်းသပ်မှုများစွာကို ခံရမည်။ အထူးသဖြင့် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုတွင် ကျရှုံးမှုနှင့် အလှည့်အပြောင်းများစွာကို ဖြတ်သန်းရမည်ဖြစ်သော်လည်း အဆုံးတွင် ၎င်းတို့သည် သမ္မာတရားကို နားလည်ပြီး ဘုရားသခင်အား အမှန်တကယ် ကျိုးနွံနာခံလျှင် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိသောသူဖြစ်လိမ့်မည်။ အန္တိခရစ်များသည် မိမိတို့၏တာဝန်ခန့်အပ်မှုကို ပြုပြင်ခံရခြင်း အမှုကိစ္စ၌ သမ္မာတရားကို နားမလည်၊ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း လုံးဝမရှိသည်ကို မြင်နိုင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂- အဆင့်အတန်းနှင့် သို့မဟုတ် ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်) ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်မှုကနေတစ်ဆင့် ကျွန်မ မြင်ခဲ့ရတာက အန္တိခရစ်တွေဟာ သူတို့တာဝန်တွေမှာ တာဝန်ပြောင်းတာ ဒါမှမဟုတ် အဖြုတ်ခံရတာကို မှန်မှန်ကန်ကန် မချဉ်းကပ်နိုင်တဲ့အကြောင်းရင်းက သူတို့ဟာ ကောင်းချီးရဖို့အတွက်ပဲ တာဝန်ထမ်းဆောင်တာ၊ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားတာဖြစ်ပြီး သမ္မာတရားရဖို့ ဒါမှမဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံဖို့ မဟုတ်ဘူးဆိုတာပါပဲ။ ဒါကြောင့် ကိစ္စတစ်ခုခုမှားသွားတဲ့အခါ၊ ဒါမှမဟုတ် သူတို့တာဝန်တွေ ပြောင်းခံရတဲ့အခါ၊ ဒါမှမဟုတ် ဖြုတ်ချခံရတဲ့အခါမှာ သူတို့က ဒါကို ကောင်းချီးရခြင်းနဲ့ အမြဲတမ်း ဆက်စပ်တွေးကြတယ်။ ကောင်းချီးရဖို့ မျှော်လင့်ချက်မရှိတော့ဘူးလို့ မြင်တဲ့အခါ သူတို့ဟာ စိတ်ဓာတ်ကျ၊ စိတ်ပျက်ပြီး မကျေမချမ်းဖြစ်တာတွေနဲ့ ပြည့်လာတယ်၊ တာဝန်ထမ်းဆောင်ဖို့ စိတ်အားထက်သန်မှု ပျောက်ဆုံးသွားပြီး ဘုရားသခင်ကို ယုံကြည်လိုစိတ်တောင် ပျောက်ဆုံးသွားကြတယ်။ ကျွန်မမှာလည်း ဒီအန္တိခရစ်တွေရဲ့ သရုပ်သကန်တွေ ရှိခဲ့တယ်။ ကျွန်မရဲ့ တာဝန်တွေ အဆင်ပြေနေပြီး ကောင်းချီးရဖို့ မျှော်လင့်ချက်ရှိတယ်လို့ ခံစားရတဲ့အခါ ပညာရေးကို ကျွန်မ စွန့်လွှတ်နိုင်တယ်၊ တာဝန်အတွက် ဒုက္ခခံပြီး အဖိုးအခပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မတာဝန်တွေမှာ မကောင်းတဲ့ ရလဒ်တွေရပြီး ဖြတ်ချခံရမဲ့ အန္တရာယ်ရှိလာတဲ့အခါမှာတော့ ကောင်းချီးရဖို့ ကျွန်မရဲ့ မျှော်လင့်ချက်တွေ ပျက်စီးသွားပြီလို့ ခံစားခဲ့ရတယ်။ အကျိုးဆက်အနေနဲ့ ကျွန်မဟာ စိတ်ဓာတ်ကျလာတယ်၊ စိတ်ပျက်လာတယ်၊ အပျက်သဘောဆောင်ပြီး ခိုကပ်လာခဲ့တဲ့အပြင်၊ ပြီးတော့ တာဝန်တွေကို လုံးဝ တခြားလူတစ်ယောက်လို ထမ်းဆောင်ခဲ့တယ်။ တကယ်တော့ ဖြုတ်ချခံရတာ၊ ဒါမှမဟုတ် တာဝန်မှာ ပြဿနာပေါ်လာလို့ ထောက်ပြတာ၊ ပြုပြင်တာကို ခံရတာက လုံးဝ ပုံမှန်ပါပဲ။ ဒါပေမဲ့ ကျွန်မကတော့ “ငါ ဖြုတ်ချခံရတော့မှာလား။ နောက်တစ်ခါသာ ဖြတ်ချခံရရင် ငါ လုံးဝကို ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမှာ မဟုတ်ဘူးလား။ အဲဒါဆိုရင် ကောင်းကင်နိုင်ငံတော်ထဲဝင်ပြီး ကယ်တင်ခြင်းရဖို့ ငါ့မှာ အခွင့်အရေး သိပ်ရှိတော့မှာ မဟုတ်ဘူး” ဆိုပြီး အဆက်မပြတ် စိုးရိမ်နေခဲ့တယ်။ ကျွန်မက ကိုယ့်တာဝန် ထမ်းဆောင်တာကို အပေးအယူတစ်ခုအနေနဲ့ ပြောင်းလဲပစ်ခဲ့တယ်၊ ကိုယ့်ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ၊ အသုံးခံမှုတွေနဲ့ အလုပ်ရဲ့ရလဒ်တွေကို ကောင်းကင်နိုင်ငံတော်ရဲ့ ကောင်းချီးနဲ့ လဲလှယ်ဖို့ ကြိုးစားခဲ့တယ်။ ဒါဟာ ပေါလုနဲ့ တစ်ပုံစံတည်းပဲ။ သူက သမ္မာတရားရဖို့မဟုတ်ဘဲ ဆုလာဘ်နဲ့ ကောင်းချီးတွေရဖို့အတွက်ချည်းပဲ ဧဝံဂေလိ ဟောပြောခဲ့တယ်။ သူ ဒီလိုပြောနိုင်တဲ့အတိုင်းအတာထိပေါ့။ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေဩဝါဒစာဒုတိယစောင် ၄:၇-၈) ဆိုလိုရင်းကတော့ သူဟာ သူ့တာဝန်ကို ထမ်းဆောင်ရာမှာ အဖိုးအခကြီးကြီးမားမား ပေးဆပ်ခဲ့ပြီးပြီ၊ ဘုရားသခင်က သူ့ကို ဆုလာဘ်နဲ့ ကောင်းချီးတွေ ပေးရမယ်၊ မဟုတ်ရင် သူက ဘုရားသခင်နဲ့ ငြင်းခုံပြီး ဆန့်ကျင်မယ်ဆိုတဲ့ သဘောပဲ။ ကျွန်မက ပေါလုလျှောက်ခဲ့တဲ့ လမ်းကြောင်းအတိုင်းပဲ လျှောက်နေခဲ့တာ မဟုတ်ဘူးလား။ ကောင်းချီးရဖို့အတွက် ကျွန်မ အဖိုးအခပေးဖို့ လိုလားနေခဲ့တယ်။ ဒါပေမဲ့ ကောင်းချီးမရနိုင်တော့ဘူးလို့ ခံစားရတဲ့အခါမှာတော့ ကျွန်မဟာ အပျက်သဘောဆောင်ပြီး ခိုကပ်ပျင်းရိလာတယ်၊ ဘုရားသခင်က လမ်းမပြဘူးလို့တောင် ညည်းညူခဲ့တယ်။ ဒါဟာ ဘုရားသခင်ကို တိတ်တဆိတ် ဆန့်ကျင်နေတာ မဟုတ်ဘူးလား။ ဒီလိုတွေးမိတော့ အရမ်းကို ကြောက်သွားတယ်၊ ကောင်းချီးရဖို့သက်သက်နဲ့ တာဝန်ထမ်းဆောင်ပြီး ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားတာဟာ အရမ်း အန္တရာယ်များတယ်ဆိုတာကို သဘောပေါက်ခဲ့တယ်။ ဒါဟာ ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ လမ်းကြောင်းပဲလေ။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်ရတယ်။ “ကောင်းချီးခံစားရခြင်းသည် လူတို့လိုက်စားရန်အတွက် သင့်တင့်လျောက်ပတ်သည့် ရည်မှန်းချက်တစ်ခု မဟုတ်သောကြောင့် အဘယ်အရာက သင့်တင့်လျောက်ပတ်သည့် ရည်မှန်းချက်တစ်ခု ဖြစ်သနည်း။ သမ္မာတရားကို လိုက်စားခြင်း၊ စိတ်သဘောထားပြောင်းလဲမှုများကို လိုက်စားခြင်း၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများဖြင့် အစီအစဉ်များအားလုံးကို ကျိုးနွံနာခံနိုင်ခြင်း၊ ဤအရာတို့သည် လူတို့ လိုက်စားသင့်သည့် ရည်မှန်းချက်များဖြစ်သည်။ ဥပမာအားဖြင့် ပြုပြင်ခံရခြင်းက သင့်ကို အယူအဆများ၊ နားလည်မှုလွဲခြင်းများဖြစ်စေပြီး သင်သည် ကျိုးနွံနာခံခြင်းကို မလုပ်ဆောင်နိုင် ဖြစ်လာသည်ဆိုပါစို့။ အဘယ့်ကြောင့် မကျိုးနွံမနာခံနိုင်သနည်း။ အဘယ်ကြောင့်ဆိုသော် ကောင်းချီးခံစားရဖို့ဖြစ်သည့် သင်၏ ခရီးပန်းတိုင်၊ သို့မဟုတ် အိပ်မက်ကို ခက်ခဲသွားစေသည်ဟု သင် ခံစားရခြင်းကြောင့်ဖြစ်သည်။ သင်သည် အပျက်သဘောဆောင်လာပြီး စိတ်မကောင်းဖြစ်လာသည်။ ပြီးလျှင် သင်၏တာဝန်ကို စွန့်လွှတ်လိုသည်။ ဤအရာအတွက် အကြောင်းပြချက်မှာ အဘယ်နည်း။ သင်၏ အားထုတ်လိုက်စားမှုတွင် ပြဿနာတစ်ခုရှိသည်။ ဤသို့ဆိုလျှင် ဤအရာကို မည်သို့ ဖြေရှင်းသင့်သနည်း။ ဤမှားယွင်းသော စိတ်ကူးများကို သင် ချက်ချင်းစွန့်ပစ်ရန်၊ သင်၏ ဖောက်ပြန်ပျက်စီးသောစိတ်သဘောထား၏ ပြဿနာကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ချက်ချင်းရှာဖွေရန် အလွန်အရေးကြီးသည်။ သင်သည် မိမိကိုယ်ကို ‘ငါ နုတ်ထွက်၍မဖြစ်။ ဖန်ဆင်းခံတစ်ဦး ထမ်းဆောင်သင့်သည့် တာဝန်ကို ငါ ကောင်းစွာထမ်းဆောင်ရဦးမည်ဖြစ်ပြီး ကောင်းချီးခံစားရဖို့ ငါ၏ ဆန္ဒကို ဘေးချထားရမည်’ ဟူ၍ ပြောသင့်သည်။ သင်သည် ကောင်းချီးခံစားရဖို့ ဆန္ဒကို စွန့်လွှတ်ပြီး သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို လျှောက်သောအခါတွင် သင်၏ ပခုံး၌ ဝန်တစ်ခုပေါ့သွားသည်။ သင်သည် အပျက်သဘောဆောင်နိုင်စွမ်း ရှိဦးမည်လော။ သင် အပျက်သဘောဆောင်သည့် အချိန်များရှိဆဲဖြစ်သော်လည်း သင်က ဤအရာကို သင့်အား ဘောင်ခတ်ခွင့်မပြုဘဲ သင်၏ စိတ်နှလုံးတွင် ဆက်လက်၍ ဆုတောင်းကာ ကြိုးစားသည်။ သင်၏ လိုက်စားမှု ရည်မှန်းချက်ကို ကောင်းချီးခံရခြင်းနှင့် ခရီးပန်းတိုင်တစ်ခုထားရှိခြင်းမှ သမ္မာတရား လိုက်စားခြင်းအဖြစ်သို့ ပြောင်းလဲပြီး ‘သမ္မာတရားကို လိုက်စားခြင်းသည် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ဖြစ်သည်။ ယနေ့တွင် သမ္မာတရားအချို့ကို နားလည်ရန်အတွက် ပိုကောင်းသော အကျိုးတရားမရှိ။ ဤသည်မှာ အားလုံးထဲတွင် အကြီးမြတ်ဆုံးကောင်းချီးဖြစ်သည်။ ဘုရားသခင်က ငါ့အား အလိုမရှိလျှင်ပင်၊ ငါသည် ကောင်းမွန်သော ခရီးပန်းတိုင်မရှိဘဲ ငါ၏ ကောင်းချီးခံစားရဖို့ မျှော်လင့်ချက်များ ကြေမွသွားခဲ့လျှင်ပင် ငါ၏တာဝန်ကို မှန်မှန်ကန်ကန် ထမ်းဆောင်ဦးမည်။ ငါ ထိုသို့လုပ်ဆောင်ရန် ဝတ္တရားရှိသည်။ ငါ၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ထမ်းဆောင်ရာတွင် မည်သည့်အကြောင်းပြချက်ကိုမျှ ထိခိုက်ခွင့်ပေးမည် မဟုတ်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ငါ ဖြစ်မြောက်အောင်မြင်အောင် လုပ်ဆောင်ရာတွင် ထိခိုက်ခွင့်ပေးမည် မဟုတ်။ ဤသည်မှာ ငါပြုမူနေထိုင်သည့် စည်းမျဉ်းဖြစ်သည်’ ဟူ၍ သင် စဉ်းစားသည်။ ဤတွင် သင်သည် ဇာတိပကတိ၏ ဘောင်ခတ်မှုများကို ကျော်လွန်ပြီးဖြစ်သည်မဟုတ်လော။ အချို့က ‘ကောင်းပြီ၊ ငါ အပျက်သဘောဆောင်နေသေးလျှင် အဘယ်သို့ လုပ်ရမည်နည်း’ဟု ဆိုကောင်းဆိုနိုင်သည်။ သို့ဆိုလျှင် ယင်းကို ဖြေရှင်းရန် သမ္မာတရားကို တစ်ဖန်ရှာဖွေလော့။ အပျက်သဘောဆောင်ခြင်းထဲသို့ အကြိမ်မည်မျှ သင် ကျရောက်ပါစေ ယင်းကို ဖြေရှင်းရန် သမ္မာတရားကိုသာ သင် ရှာဖွေမြဲ ရှာဖွေပြီး သမ္မာတရားအတွက် ကြိုးပမ်းမြဲ ကြိုးပမ်းပါက သင်၏ အပျက်သဘောဆောင်ခြင်းမှ တဖြည်းဖြည်း သင် လွတ်လာလိမ့်မည် ဖြစ်သည်။ တစ်နေ့တွင် သင်သည် ကောင်းချီးများရရှိရန် စိတ်ဆန္ဒမရှိဟု ခံစားရလိမ့်မည်ဖြစ်ပြီး သင်၏ ခရီးပန်းတိုင်နှင့် ရလဒ်များ၏ ဘောင်ခတ်ခြင်းကို မခံရတော့သကဲ့သို့ ဤအရာများဖြင့် အသက်မရှင်ဘဲ သင်သည် ပိုမို အေးဆေးကာ ပိုမိုလွတ်လပ်သည်ကို သင် ခံစားရလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အသက်ဝင်ရောက်မှု ရရှိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်၏) “ယောဘသည် ဘုရားသခင်နှင့် အပေးအယူစကားများ မပြောခဲ့သကဲ့သို့၊ ဘုရားသခင်အပေါ် တောင်းခံချက်များနှင့် တောင်းဆိုချက်များ မပြုလုပ်ခဲ့ပေ။ ဘုရားသခင်၏နာမကို သူ၏ချီးမွမ်းခြင်းသည် အရာခပ်သိမ်းကို အုပ်စိုးခြင်းထဲက ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးနှင့် ဩဇာအာဏာကြောင့် ဖြစ်ခဲ့ပြီး၊ ယင်းသည် ကောင်းချီးမင်္ဂလာများကို သူရခဲ့ခြင်း ရှိမရှိ သို့မဟုတ် ဘေးဒုက္ခ ဆိုက်ရောက်သည်ကို ခံခဲ့ရခြင်း ရှိမရှိဆိုသည့်အပေါ် မမူတည်ခဲ့ပေ။ ဘုရားသခင်သည် လူတို့အား ကောင်းချီးပေးသည် ဖြစ်စေ၊ ၎င်းတို့အပေါ် ဘေးဒုက္ခ ကျရောက်စေသည်ဖြစ်စေ၊ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာသည် ပြောင်းလဲလိမ့်မည် မဟုတ်သကဲ့သို့ ထိုသို့ဖြင့်၊ လူတစ်ဦး၏ အခြေအနေများကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ နာမကို ချီးမွမ်းသင့်သည်ဟု သူ ယုံကြည်ခဲ့သည်။ လူသားသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားရသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် ဖြစ်ပြီး လူသားအပေါ် ဘေးဒုက္ခ ကျရောက်သည့်အခါတွင်လည်း ယင်းမှာ ဘုရားသခင်၏ အချုပ်အခြာ အာဏာကြောင့် ဖြစ်ပေသည်။ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာသည် လူသားနှင့်ပတ်သက်သည့် အရာရာတိုင်းအပေါ် အုပ်စိုးပြီး ပြင်ဆင်၏။ လူသား ကံကြမ္မာ၏ မတည်တံ့ခြင်းများမှာ ဘုရားသခင်၏ တန်ခိုးနှင့် ဩဇာအာဏာတို့၏ သရုပ်သကန်များ ဖြစ်ကြပြီး၊ တစ်ဦးတစ်ယောက်၏ အမြင်ကို ပဓာနမထားဘဲ၊ ဘုရားသခင်၏ နာမကို ချီးမွမ်းသင့်ပေသည်။ ဤသည်မှာ ယောဘသည် သူ၏ အသက်တာ နှစ်ကာလများအတွင်းတွင် တွေ့ကြုံခံစားခဲ့ပြီး သိရှိလာခဲ့သည့် အရာ ဖြစ်သည်။ ယောဘ၏ အတွေးများနှင့် လုပ်ရပ်အားလုံးသည် ဘုရားသခင်၏ နားသို့ရောက်ရှိခဲ့ပြီး ဘုရားသခင်ရှေ့သို့ ရောက်ရှိခဲ့ကာ ဘုရားသခင်က အရေးကြီးသည်ဟု မြင်ခဲ့သည်။ ဘုရားသခင်သည် ယောဘ၏ ဤအသိပညာကို မြတ်နိုးခဲ့ပြီး ထိုသို့သော စိတ်နှလုံး တစ်ခုရှိခြင်းအတွက် ယောဘကို တန်ဖိုးထားခဲ့သည်။ ဤစိတ်နှလုံးသည် ဘုရားသခင်၏ အမိန့်ကို အမြဲတစေ စောင့်ဆိုင်းခဲ့ပြီး နေရာအားလုံးနှင့် မည်သည့်အချိန် သို့မဟုတ် မည်သည့်နေရာတွင်ဖြစ်စေ ယင်းသည် သူ့အပေါ် ကျရောက်သည့် အရာမှန်သမျှကို လက်ခံကြိုဆိုခဲ့သည်။ ယောဘသည် ဘုရားသခင်အပေါ် မည်သည့်တောင်းဆိုချက်မျှ မပြုခဲ့ပေ။ မိမိကိုယ်ကိုယ် သူတောင်းဆိုခဲ့သည်မှာ ဘုရားသခင်ထံမှလာသော အစီအစဉ်အားလုံးကို စောင့်ဆိုင်းရန်၊ လက်ခံရန်၊ ရင်ဆိုင်ရန်နှင့် ကျိုးနွံနာခံရန်ဖြစ်သည်။ ဤသည်မှာ သူ၏တာဝန်ဖြစ်သည်ဟု ယောဘယုံကြည်ခဲ့ပြီး ယင်းမှာ ဘုရားသခင် အလိုရှိခဲ့သောအရာ အတိအကျ ဖြစ်ခဲ့ပေသည်။...အကြောင်းမှာ ယောဘ၏ စိတ်နှလုံးသည် ဖြူစင်ခဲ့ပြီး ဘုရားသခင်ထံမှ မကွယ်ဝှက်ခဲ့သကဲ့သို့၊ သူ၏လူ့သဘာဝသည် ရိုးသားပြီး ကြင်နာစိတ်ရှိကာ တရားမျှတမှုနှင့် အပြုသဘောဆောင်သော အရာကို နှစ်သက်ခဲ့သောကြောင့် ဖြစ်သည်။ ထိုသို့သော စိတ်နှလုံးနှင့် လူ့သဘာဝကို ပိုင်ဆိုင်ထားခဲ့သော ဤကဲ့သို့ လူသားတစ်ဦးတည်းသာ ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်နိုင်ပြီး ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်နိုင်စွမ်းရှိခဲ့ပေသည်။ ထိုသို့သော လူသား တစ်ဦးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို မြင်နိုင်မည်ဖြစ်သည်၊ သူ၏ ကြဇာအာဏာနှင့် တန်ခိုးကို မြင်နိုင်မည်ဖြစ်ပြီး သူ၏ အချုပ်အခြာ အာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်းအား စွမ်းဆောင် ရရှိနိုင်ခဲ့ပေသည်။ ဤကဲ့သို့သော လူသားတစ်ဦးတည်းသာ ဘုရားသခင်၏နာမကို အမှန်တကယ် ချီးမွမ်းနိုင်ခဲ့ပေသည်။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် သူသည် ဘုရားသခင်က သူ့အား ကောင်းချီးပေးမည် မပေးမည် သို့မဟုတ် သူ့အပေါ် ဘေးဒုက္ခ ရောက်စေမည် မရောက်စေမည်ကို မကြည့်ခဲ့သောကြောင့် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် အရာရာတိုင်းသည် ဘုရားသခင်၏ လက်တော်ဖြင့် ထိန်းချုပ်ခံရပြီး လူသားအတွက် စိုးရိမ်ဖို့ဆိုသည်မှာ မိုက်မဲမှု၊ မသိနားမလည်မှုနှင့် အသိစိတ် ကင်းမဲ့မှုအပြင် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သက်ဆိုင်သည့် အမှန်တရားအပေါ် သံသယဖြစ်ခြင်းနှင့် ဘုရားသခင်အား မကြောက်ရွံ့ခြင်းတို့၏ လက္ခဏာရပ်တစ်ခု ဖြစ်သည်။ ယောဘ၏ အသိပညာမှာ ဘုရားသခင် အလိုရှိခဲ့သော အရာ အတိအကျ ဖြစ်ခဲ့ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) ဘုရားနှုတ်ကပတ်တော်တွေက အရမ်းလက်တွေ့ကျပြီး ကျွန်မကို လက်တွေ့ကျင့်သုံးရမယ့် လမ်းကြောင်းတစ်ခုကို ပြပေးခဲ့တယ်။ အခြေအနေတွေနဲ့ ရင်ဆိုင်ရပြီး ကောင်းချီးရဖို့ မျှော်လင့်ချက်တွေ တစ်စစီပြိုကွဲသွားပြီလို့ ကျွန်မ ခံစားရတဲ့အခါ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းသင့်တယ်၊ ကောင်းချီးရလိုတဲ့ စိတ်ကို စွန့်လွှတ်သင့်တယ်၊ ပြီးတော့ ကိုယ်တော့်အပေါ်ထားတဲ့ ကိုယ့်ရဲ့တောင်းဆိုချက်တွေကို ဘေးဖယ်ထားသင့်တယ်။ နောက်ဆုံးမှာ ကျွန်မ ကောင်းချီးမရဘဲ ကယ်တင်ခြင်းမခံရနိုင်ရင်တောင်၊ ကိုယ့်တာဝန်ကို ဆက်လက်ထိန်းသိမ်းပြီး သမ္မာတရားကို လိုက်စားရမယ်၊ ပြီးတော့ ဘုရားသခင် စီစဉ်ညွှန်ကြားတဲ့ ပတ်ဝန်းကျင်တွေကို ကျိုးနွံနာခံတဲ့ သဘောထားနဲ့ တွေ့ကြုံခံစားရမယ်။ ဒီလိုနည်းနဲ့ဆိုရင် ကောင်းချီးရလိုတဲ့စိတ်က ကျွန်မကို ဘောင်ခတ်နိုင်တော့မှာ မဟုတ်ဘူး။ ယောဘလိုပဲပေါ့၊ သူက ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ မကြိုးစားခဲ့ဘူး၊ ကိုယ်တော့်အပေါ် ဘာတောင်းဆိုမှုမှ မရှိခဲ့ဘူး။ စမ်းသပ်မှုတွေ သူ့အပေါ် ကျရောက်လာတဲ့အခါ သူ့ရဲ့ဥစ္စာပစ္စည်းတွေ၊ သားသမီးတွေ အကုန်လုံးကို ဆုံးရှုံးခဲ့တယ်၊ တစ်ကိုယ်လုံးမှာတောင် အနာစိမ်းတွေ ပေါက်ခဲ့ပေမဲ့ ဘုရားသခင်ကို မညည်းညူခဲ့ဘူး။ လူတွေရဲ့ အသက်တွေက ဘုရားသခင်ရဲ့ လက်ထဲမှာရှိပြီး လူတစ်ယောက်ဟာ အဆင့်တိုင်းမှာ ဘယ်လိုပတ်ဝန်းကျင်တွေကို တွေ့ကြုံရမလဲဆိုတာ ဘုရားသခင်က ကြိုတင်သတ်မှတ်ပြီး စီစဉ်ထားတယ်ဆိုတာကို သူ နားလည်ခဲ့တယ်။ ဒါကြောင့် ယောဘဟာ ဘုရားသခင် စီစဉ်သမျှအရာအားလုံးကို ရိုးသားပြီး ကျိုးနွံနာခံတဲ့ သဘောထားနဲ့ အမြဲတမ်း ရင်ဆိုင်နိုင်ခဲ့တယ်။ ယောဘနဲ့ ယှဉ်လိုက်ရင် ကျွန်မက အများကြီး စံမမီဖြစ်ခဲ့တယ်။ ကျွန်မက ဘုရားသခင်နဲ့ အမြဲတမ်း အပေးအယူလုပ်ဖို့ ကြိုးစားတယ်၊ အဖြုတ်ခံရရင် ကယ်တင်ခြင်းမရမှာ၊ ကောင်းချီးမရမှာကို အဆက်မပြတ် စိုးရိမ်နေခဲ့တယ်။ ဘုရားသခင်ကို ဒီဟာ၊ ဟိုဟာလုပ်ပါလို့ အမြဲတောင်းဆိုနေပြီး ကိုယ့်ကိုယ်ကိုယ် ကိုယ်တော့်ဆီမှာ အပ်နှံလိုက်ဖို့ စိတ်မသက်မသာဖြစ်ခဲ့တယ်။ လက်တွေ့မှာတော့ ကျွန်မ ဘယ်နေရာကိုသွားရမလဲ၊ ဘယ်တာဝန်ကို ထမ်းဆောင်ရမလဲ၊ ဘယ်အချိန်မှာ စမ်းသပ်မှုတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကို ဘုရားသခင်က စီစဉ်ပြီးသားဖြစ်တယ်။ လူတွေ တွေ့ကြုံရတဲ့ ပတ်ဝန်းကျင်တွေက အရေးမကြီးဘူး၊ အဓိကက သူတို့လျှောက်လှမ်းတဲ့ လမ်းကြောင်းပဲ။ သူတို့ ကယ်တင်ခြင်းခံရမလား ဒါမှမဟုတ် ဖယ်ရှားရှင်းလင်းခံရမလားဆိုတာက သူတို့ကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်တွေကြောင့် ဖြစ်တာမဟုတ်ဘူး။ တကယ်လို့ ကျွန်မက ဘုရားသခင်နဲ့ အမြဲတမ်း အပေးအယူလုပ်ဖို့ ကြိုးစားပြီး ကောင်းချီးတွေကိုပဲ ရှာဖွေခဲ့မယ်၊ ဒါပေမဲ့ နောက်ဆုံးမှာ ကျွန်မရဲ့ စိတ်သဘောထား လုံးဝ မပြောင်းလဲဘူးဆိုရင် ကျွန်မ ဖြုတ်ချမခံရရင်တောင်မှ ဖယ်ရှားရှင်းလင်းခံရဦးမှာပဲ။ တကယ်လို့ ကျွန်မက သမ္မာတရားကို လိုက်စားတဲ့ လမ်းကြောင်းကို လျှောက်လှမ်းပြီး ကျရှုံးမှုနဲ့ ထုတ်ဖော်မှုတွေကို ရင်ဆိုင်ရတဲ့အခါမှာ သမ္မာတရားကိုရှာဖွေ၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်နိုင်မယ်၊ ပြီးတော့ ကိုယ့်ရဲ့ အသက်စိတ်သဘောထားမှာ အပြောင်းအလဲတွေ ရှိလာမယ်ဆိုရင်တော့ နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ကျွန်မ ရရှိမှာပဲ။ ဒီအရာတွေကို နားလည်သွားတော့ ဝန်ထုပ်ကြီးတစ်ခုကို ချလိုက်ရသလို ခံစားလိုက်ရပြီး စိတ်ထဲမှာ ငြိမ်းချမ်းပြီး ပေါ့ပါးသွားတယ်။ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီး တာဝန်ထမ်းဆောင်နေရင်း ဖြုတ်ချခံရမှာကို အမြဲစိုးရိမ်ခဲ့လို့ အပျက်သဘောဆောင်တဲ့ အခြေအနေဖြစ်ပြီး တာဝန်မှာ မတက်မကြွဖြစ်ခဲ့ပါတယ်။ ဘုရားသခင်၊ သမီး မှားသွားပါတယ်။ ကောင်းချီးလား ကံဆိုးခြင်းလားဆိုတာကို စိတ်မဝင်စားဘဲ သမီး ယောဘကို အတုယူပြီး အခြေအနေတိုင်းမှာ သမ္မာတရားကိုရှာဖွေဖို့နဲ့ဘုရားသခင်ကို ကျိုးနွံနာခံဖို့၊ ပြီးတော့ ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းဖို့ လိုပါတယ်” လို့ပေါ့။
အချိန်နည်းနည်းကြာတော့ လူသစ်တချို့က စုဝေးပွဲတွေကို ပုံမှန်မတက်ကြသေးဘူး။ ကျွန်မ စိုးရိမ်လာပြီး ဖြုတ်ချခံရမှာကို ကြောက်လာတော့ အခြေအနေကို ကျိုးနွံလက်ခံနိုင်အောင် လမ်းပြပေးဖို့ ဘုရားသခင်ရှေ့မှောက်ကို အမြန်သွားပြီး ဆုတောင်းခဲ့တယ်။ ကျွန်မ ဖြုတ်ချခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ၊ ကျွန်မလုပ်ရမှာက ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေဖို့ပဲ။ ဆုတောင်းပြီးတဲ့နောက်မှာ စိတ်က အများကြီး ပိုတည်ငြိမ်သွားတယ်။ ကျွန်မ စပြီး တွေးဆခဲ့တယ်၊ လူသစ်တွေကို ရေလောင်းပေးရာမှာ ဒီလိုရလဒ်မကောင်းတဲ့ ပြဿနာက ဘယ်ကနေ အရင်းခံလာသလဲဆိုတာကိုပေါ့။ တခြားညီအစ်ကိုမောင်နှမတွေနဲ့ ဆွေးနွေးရင်း ကျွန်မရဲ့ လမ်းလွဲမှုတွေကို ရှာဖွေတွေ့ရှိခဲ့တယ်။ စုဝေးပွဲ ပုံမှန်မတက်တဲ့ လူသစ်တွေနဲ့ပတ်သက်ပြီး ကျွန်မက သူတို့နဲ့ စုဝေးပွဲရဲ့ အရေးကြီးပုံကို ခဏပဲ မိတ်သဟာယဖွဲ့တယ်၊ သူတို့ကို တိုက်တွန်းတယ်၊ ပြီးတော့ သူတို့အခက်အခဲတွေအတွက် ဆုတောင်းပေးခဲ့တယ်။ အကျိုးဆက်အနေနဲ့ လူသစ်တချို့က စုဝေးပွဲတစ်ခါနှစ်ခါလောက် တက်ပြီးရင် ပုံမှန်မတက်ကြတော့ပြန်ဘူး။ အဓိကပြဿနာက ကျွန်မက ပြဿနာရဲ့ အရင်းအမြစ်နဲ့ အဓိကအချက်ကို နားမလည်တာပဲ။ ဒီပြဿနာကို ဖြေရှင်းဖို့ ကျွန်မဟာ ကိုယ့်တာဝန်တွေကို စည်းမျဉ်းတွေအတိုင်း ထမ်းဆောင်တတ်ဖို့ လိုအပ်တယ်။ တစ်နည်းနဲ့ပြောရရင် အသင်းတော်အသက်တာရဲ့ အရည်အသွေးကို ကျွန်မ မြှင့်တင်ပေးရမယ်။ ညီအစ်ကိုမောင်နှမတွေက အသင်းတော်အသက်တာကနေတစ်ဆင့် ပျော်မွေ့မှုနဲ့ ထောက်ပံ့မှုကိုရရှိတဲ့အခါ သူတို့က စုဝေးပွဲတွေကို တက်ချင်စိတ် သူ့အလိုလိုရှိလာမှာပဲ။ နောက်တစ်ဖက်မှာတော့ လူအမျိုးအစားအမျိုးမျိုးကို ပိုင်းခြားသိမြင်အောင် သင်ယူဖို့ လိုအပ်တယ်။ သမ္မာတရားကို လိုက်စားတဲ့ လူသစ်တွေနဲ့ပတ်သက်လို့ သူတို့ကို ရေလောင်းတာ အာရုံစိုက်ဖို့ လိုတယ်။ ဘုရားနှုတ်ကပတ်တော်နဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို နားလည်အောင် ကူညီပေးရမယ်။ သူတို့အနေနဲ့ အခက်အခဲအမျိုးမျိုးကို ကျော်လွှားပြီး စုဝေးပွဲတွေကို တက်ဖို့နဲ့ သူတို့တာဝန်တွေကို ပုံမှန် ထမ်းဆောင်ဖို့အတွက် ဒါက လိုအပ်တယ်။ သမ္မာတရားကို မလိုက်စားဘဲ စုဝေးပွဲတွေကို စိတ်မဝင်စားတဲ့သူတွေနဲ့ပတ်သက်ပြီး သူတို့က မယုံကြည်သူတွေအနေနဲ့ အတည်ပြုခံရမယ်ဆိုရင်တော့ အချည်းနှီးအလုပ်ကို ဆက်လုပ်တာထက် သူတို့ကို လက်လျှော့လိုက်ဖို့ လိုတယ်။ ဒီအရာတွေကို နားလည်သွားပြီးတဲ့နောက်မှာ ကျွန်မဟာ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ဖို့ ဦးတည်ချက်တစ်ခု ရသွားတယ်။ နောက်ပိုင်းမှာ ရေလောင်းသူတွေအတွက် စည်းမျဉ်းတွေ အတူတကွ လေ့လာဖို့ ကျွန်မ စီစဉ်ခဲ့တယ်။ အသင်းတော်အသက်တာရဲ့ အရည်အသွေးကို ဘယ်လိုမြှင့်တင်မလဲဆိုတာကို ကျွန်မတို့ မိတ်သဟာယဖွဲ့ကြတယ်၊ ပြီးတော့ သူတို့ကလည်း ထိရောက်တဲ့နည်းလမ်းတွေကို အချင်းချင်း မျှေဝကြတယ်။ အချိန်ကာလတစ်ခုကြာတော့ အသင်းတော်အသက်တာက တိုးတက်လာခဲ့တယ်။ ခုချိန် ကျွန်မတာဝန်တွေမှာ ကောင်းတဲ့ရလဒ်တွေ တစ်ခါတလေ မရသေးပေမဲ့ ကျွန်မ ဖြုတ်ချခံရမလားဆိုတာကို မစိုးရိမ်တော့ဘူး။ အဲဒီအစား ကြုံတွေ့ရတဲ့ အခြေအနေတွေကို ကျိုးနွံနာခံတဲ့ သဘောထားနဲ့ ရင်ဆိုင်တယ်၊ သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေတယ်၊ ပြီးတော့ ကိုယ့်တာဝန်တွေကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်ဖို့ ကြိုးစားတယ်။ ဒီလိုလုပ်တော့ စိတ်နှလုံးထဲမှာ အရမ်းကို တည်ငြိမ်အေးချမ်းရတယ်။ ဘုရားသခင်ရဲ့ လမ်းပြမှုအတွက် ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ရွှင်ယိ တရုတ်နိုင်ငံ ကျွန်တော်က ဝေးလံခေါင်သီတဲ့ တောင်ပေါ်ရွာမှာ မျိုးဆက်အတော်များများ လယ်သမားဖြစ်ကြတဲ့ မိသားစုတစ်စုကနေ မွေးလာခဲ့တယ်။...
၂၀၀၂ ခုနှစ်ရဲ့ နှောင်းပိုင်းကာလ ရက်တစ်ရက်မှာ၊ ကျွန်တော့်တာဝန်ကို ထမ်းဆောင်နေတုန်း ရုတ်တရက် ရဲအဖမ်းခံလိုက်ရတယ်။ သူတို့က ကျွန်တော့်ကို...
ဘိုင်ကျင့် ပြင်သစ်နိုင်ငံ ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ အသင်းတော် ခေါင်းဆောင်အနေနဲ့ ကျွန်မ စလုပ်တယ်။ ဧဝံဂေလိအလုပ်ကို ကြီးကြပ်တဲ့ လီလီယန်နဲ့ ကျွန်မ...
မီဟွေ့ တရုတ်နိုင်ငံ ၂၀၂၁မှာ ကျွန်မက အသင်းတော်မှာ ရေလောင်းအလုပ်ကို ဦးဆောင်ရပါတယ်။ အဲဒီအချိန်ကာလမှာ ကျွန်မတို့ ခေါင်းဆောင်က...