ခေါင်းဆောင်တစ်ဦး မဖြစ်လိုခြင်း၏ နောက်ကွယ်တွင် မည်သည့်အရာ ကွယ်ဝှက်နေသနည်း

24.12.2025

ပက်ထရီရှာ၊ တောင်ကိုရီးယားနိုင်ငံ

၂၀၂၄ ခုနှစ်၊ မေလအစပိုင်းမှာ ကျွန်မက အသင်းတော်မှာ အကတာဝန်ကို ထမ်းဆောင်နေခဲ့တယ်။ တစ်ညနေမှာ ခရိုင်ခေါင်းဆောင်က ကျွန်မကို အသင်းတော်ခေါင်းဆောင်တစ်ဦးအနေနဲ့ ရွေးကောက်တင်မြှောက်လိုက်တယ်လို့ အကြောင်းကြားလာတယ်။ ဒီသတင်းကိုကြားတော့ ကျွန်မ ရင်တွေတဒုန်းဒုန်း ခုန်သွားတယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ညီအစ်ကိုမောင်နှမတွေက ငါ့ကို ခေါင်းဆောင်အနေနဲ့ ဘယ်လိုလုပ်ပြီး ရွေးလိုက်ကြတာလဲ။ ငါ့မှာ သမ္မာတရား လက်တွေ့ကျမှုတွေ ဘာတစ်ခုမှ မရှိဘူး၊ ငါ့ရဲ့အစွမ်းအစကလည်း ညံ့ဖျင်းတယ်၊ ပြီးတော့ ငါ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကလည်း ဆိုးရွားတယ်။ ငါ့တာဝန်တွေမှာ အကြိမ်ကြိမ် ကျရှုံးပြီး လဲကျခဲ့တာ။ ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်ကို ဘယ်လိုများ ထမ်းဆောင်နိုင်မှာလဲ။ ဒီတာဝန်ကို ထမ်းဆောင်တယ်ဆိုတာ ဖော်ထုတ်ပြီး ဖယ်ရှားရှင်းလင်းခံရဖို့ စောင့်နေရုံသက်သက်ပဲ မဟုတ်ဘူးလား။ အထူးသဖြင့် ဓမ္မတေးနဲ့ အကအလုပ်က အရမ်းအရေးကြီးတော့ ငါ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ဆိုရင် တစ်နေ့နေ့မှာ အမှုအရာတွေကို အနှောင့်အယှက်ပေးပြီး အဖျက်အမှောင့်လုပ်မိသွားနိုင်တယ်။ အဲဒီအခါကျရင် အထက်အဆင့်ခေါင်းဆောင်တွေရဲ့ ပြုပြင်တာကို ခံရနိုင်တယ်၊ ဒါမှမဟုတ် ဖြုတ်ချခံရတာမျိုးတောင် ဖြစ်နိုင်တယ်။ အဲဒီလိုဆိုရင် ငါ လုံးလုံးလျားလျား ပျက်စီးပြီး ငါ့ယုံကြည်ခြင်းလမ်းခရီး ဆုံးသွားမှာ မဟုတ်ဘူးလား” ပေါ့။ ဒီလိုတွေးလိုက်ရုံနဲ့တင် ကျွန်မစိတ်နှလုံးထဲမှာ အရမ်းကို လေးလံသွားတယ်။ ဘုရားသခင်က ဒီတာဝန်ကိုသုံးပြီး ကျွန်မကို ဖယ်ရှားရှင်းလင်းတော့မလားလို့တောင် သံသယဝင်မိခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းပြီး ဆင့်ခေါ်ခဲ့တယ်၊ ကျွန်မရဲ့စိတ်နှလုံးကို ငြိမ်သက်အောင် စောင့်ရှောက်ပေးဖို့နဲ့ ကိုယ်တော့်ရဲ့ ရည်ရွယ်ချက်ကို နားလည်အောင် ကူညီပေးဖို့ တောင်းလျှောက်ခဲ့တယ်။ ဆုတောင်းရင်းနဲ့ ကျွန်မ သဘောပေါက်လာတာက နေ့တိုင်းကြုံတွေ့ရတဲ့ လူတွေ၊ ဖြစ်ရပ်တွေ၊ အမှုအရာတွေအားလုံးဟာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်မှုတွေထဲမှာ ပါဝင်ပြီး မတော်တဆ ဖြစ်လာတာတွေ မဟုတ်ဘူးဆိုတာပါပဲ။ ဘုရားသခင်က ကျွန်မရဲ့ အစွမ်းအစနဲ့ ဝိညာဉ်ရင့်ကျက်မှုကို ကောင်းကောင်းသိတယ်။ ဒီတာဝန်ကို ကျွန်မအပေါ် ကျရောက်ခွင့်ပြုတယ်ဆိုတာက ကျွန်မရှာဖွေပြီး ဝင်ရောက်ရမယ့် သမ္မာတရားတစ်ခုခု ရှိနေရမယ်။ ဒါကြောင့် ကျွန်မ အရင်ဆုံး လက်ခံပြီး ကျိုးနွံနာခံရမယ်၊ ငြင်းပယ်တာ၊ ဒါမှမဟုတ် အတိုက်အခံလုပ်တာမျိုး မလုပ်ရဘူး။ မဟုတ်ရင် ကျွန်မဟာ ဆင်ခြင်တုံတရား လုံးဝမရှိ ဖြစ်သွားမှာပဲ။ ဆုတောင်းပြီးတဲ့နောက်မှာ ခေါင်းဆောင်တာဝန်ကို ကျွန်မ မရှောင်လွှဲတော့ပေမဲ့ ကျွန်မရဲ့စိတ်နှလုံးက ကျောက်တုံးကြီးတစ်ခု ဖိထားသလို လေးလံနေတုန်းပဲ၊ ပြီးတော့ နာကျင်မှုနဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နေခဲ့တယ်။

နောက်တစ်နေ့ ဝတ်ပြုနေတုန်းမှာ ကျွန်မ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုနှစ်ခုကို ကြည့်ခဲ့ပြီး အဲဒီထဲမှာ ကိုးကားထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ စိတ်နှလုံးကို ဖမ်းစားလိုက်တယ်။ ဘုရားသခင်က ပြောသည် “လူအချို့က ‘ဦးဆောင်သူမည်သူမဆို မိုက်မဲပြီး မသိနားမလည်ကြသည့်အပြင် ကိုယ့်ဒုက္ခကိုယ်ရှာနေကြသည်။ အဘယ့်ကြောင့်ဆိုသော် ခေါင်းဆောင်တစ်ဦးအဖြစ် ထမ်းဆောင်ခြင်းအားဖြင့် လူတို့သည် ဘုရားသခင်မြင်တွေ့အောင် ဖောက်ပြန်ပျက်စီးခြင်းကို မလွှဲသာမရှောင်သာ ထုတ်ဖော်ကြ၍ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ဤအလုပ်ကို မလုပ်ခဲ့လျှင် ဖောက်ပြန်ပျက်စီးခြင်း မြောက်မြားစွာ ထုတ်ဖော်ခံရမည်လော’ ဟု ထင်ကြသည်။ အဓိပ္ပာယ်မဲ့သော စိတ်ကူးပါတကား။ အကယ်၍ သင်သည် ခေါင်းဆောင်တစ်ဦးအဖြစ် မထမ်းဆောင်လျှင် ဖောက်ပြန်ပျက်စီးခြင်းကို သင်မထုတ်ဖော်ဘဲ နေမည်လော။ ခေါင်းဆောင်တစ်ဦးဖြစ်ခြင်း ဟူသည်မှာ သင်သည် ဖောက်ပြန်ပျက်စီးခြင်း လျှော့‌ပေါ့၍ ပြသလျှင်ပင် ကယ်တင်ခြင်းကို သင်ရရှိပြီးပြီဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်လော။ ဤဆွေးနွေးချက်အရ ခေါင်းဆောင်များအဖြစ် အစေမခံသောသူတို့ အားလုံးသည် ဆက်လက်ရှင်သန်ပြီး ကယ်တင်ခြင်းခံရနိုင်သူများ ဖြစ်ကြသလော။ ဤစကားသည် ရယ်ဖွယ်ကောင်းလွန်းသည် မဟုတ်လော။ ခေါင်းဆောင်များအဖြစ် အစေခံသော လူတို့သည် ဘုရားသခင်ရွေးကောက်ထားသော လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ရန်နှင့် ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံရန်အတွက် လမ်းပြကြသည်။ ဤသတ်မှတ်ချက်နှင့် စံချိန်စံညွှန်းသည် မြင့်မားသောကြောင့် ခေါင်းဆောင်များသည် ပထမဆုံးအနေဖြင့် လေ့ကျင့်မှုကို အစပြုသောအခါ ဖောက်ပြန်ပျက်စီးသော အခြေအနေအချို့ကို ထုတ်ဖော်ကြမည်မှာ မလွဲပေ။ ဤသည်မှာ ပုံမှန်ဖြစ်ပြီး ဘုရားသခင်က ယင်းကို ပြစ်တင်ရှုတ်ချခြင်း မပြုပေ။ သို့သော် ဘုရားသခင်သည် ယင်းကို ပြစ်တင်ရှုတ်ချခြင်း မပြုသည်သာမက သူသည် ဤလူတို့ကို ဉာဏ်ပွင့်စေခြင်း၊ အလင်းပေးခြင်းနှင့် လမ်းပြခြင်းကိုလည်း ပြုလုပ်ပြီး ၎င်းတို့အပေါ် အပိုဝန်ထုပ်ဝန်ပိုးများ တင်ပေးသည်။ ၎င်းတို့သည် ဘုရားသခင်၏ လမ်းပြခြင်းနှင့် အလုပ်ကို ကျိုးနွံနာခံနိုင်သရွေ့ အသက်တာ၌ သာမန်လူတို့ထက် ပို၍မြန်မြန်ဆန်ဆန် တိုးတက်ကြမည် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောလူများ ဖြစ်လျှင် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းခံရသည့် လမ်းကြောင်းပေါ် အစပျိုးနိုင်လေသည်။ ဤသည်မှာ ဘုရားသခင် ကောင်းချီးအပေးဆုံးအရာ ဖြစ်၏။ လူအချို့က ဤအရာကို မမြင်နိုင်ကြဘဲ အမှန်တရားများကို လွဲချော်ကြသည်။ လူ၏ သိနားလည်မှုအရ ခေါင်းဆောင်တစ်ဦးသည် အဘယ်မျှပြောင်းလဲသည်ဖြစ်စေ ဘုရားသခင် ဂရုစိုက်မည်မဟုတ်ချေ။ သူသည် ခေါင်းဆောင်များနှင့် အမှုဆောင်များက ဖောက်ပြန်ပျက်စီးခြင်း အဘယ်မျှ ထုတ်ဖော်သည်ကိုသာ ကြည့်မည်ဖြစ်ပြီး ဤအရာအပေါ်မူတည်၍သာ ၎င်းတို့ကို ပြစ်တင်ရှုတ်ချမည် ဖြစ်သည်။ ထို့ပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များ မဟုတ်သောသူတို့အတွက်မူ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးခြင်း အနည်းငယ်ကိုသာ ထုတ်ဖော်သောကြောင့် ၎င်းတို့ မပြောင်းလဲလျှင်ပင် ဘုရားသခင်က ထိုသူတို့ကို ပြစ်တင်ရှုတ်ချမည် မဟုတ်ပေ ဟူ၍ဖြစ်သည်။ ဤသည်မှာ အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ယင်းသည် ဘုရားသခင်အပေါ် ပြစ်မှားစော်ကားခြင်း မဟုတ်လော။ သင်သည် ဘုရားသခင်ကို သင့်စိတ်နှလုံးထဲတွင် အလွန် ပြင်းထန်စွာ ခုခံလျှင် သင်သည် ကယ်တင်ခြင်းခံရနိုင်မည်လော။ သင်သည် ကယ်တင်ခြင်းခံရနိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူတို့၏ အဆုံးသတ်များကို ၎င်းတို့၌ သမ္မာတရားနှင့် စစ်မှန်သော သက်သေခံချက် ရှိမရှိအပေါ် အဓိကအားဖြင့် အခြေခံ၍ အဆုံးအဖြတ်ပေးကာ ယင်းမှာ ၎င်းတို့သည် သမ္မာတရားလိုက်စားသော လူများဟုတ်မဟုတ်အပေါ် အဓိကအားဖြင့် မူတည်၏။ ၎င်းတို့သည် သမ္မာတရားကို အမှန်တကယ် လိုက်စားပြီး ပြစ်မှားခြင်းတစ်ခု ကျူးလွန်သည့်အတွက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း ခံရပြီးနောက် အမှန်တကယ် နောင်တရနိုင်ပါက ဘုရားသခင်အား ပြစ်မှားစော်ကားသည့် စကားများ ပြောဆိုခြင်း သို့မဟုတ် အရာများ ပြုလုပ်ခြင်း မရှိသရွေ့ ၎င်းတို့သည် သေချာပေါက် ကယ်တင်ခြင်းကို ရရှိနိုင်စွမ်းရှိမည်။ သင်တို့၏ စိတ်ကူးစိတ်သန်းများအရ အဆုံးတိုင်အောင် ဘုရားသခင်နောက်လိုက်သော သာမန်ယုံကြည်သူများအားလုံး ကယ်တင်ခြင်းရရှိနိုင်ပြီး ခေါင်းဆောင်များအဖြစ် အစေခံသူတို့အားလုံး ဖယ်ရှားရှင်းလင်းခြင်းခံရမည်ဖြစ်သည်။ အကယ်၍ သင်တို့သည် ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ တောင်းဆိုခံရလျှင် ယင်းကို မလုပ်ဆောင်ခြင်းသည် အဆင်ပြေမည် မဟုတ်ကြောင်း၊ ခေါင်းဆောင်တစ်ဦးအဖြစ် အစေခံဖို့ဆိုလျှင် ဖောက်ပြန်ပျက်စီးခြင်းကို မရည်ရွယ်ဘဲ သင် ထုတ်ဖော်မိမည်ဖြစ်ကြောင်း၊ ထို့ပြင် ယင်းမှာ သင့်ကိုယ်သင် ခေါင်းဖြတ်စက်ဖြင့် ကွပ်မျက်ခံခြင်းနှင့်ပင် တူမည်ဟု သင်တို့ထင်မိမည်။ ဤအရာအားလုံးမှာ ဘုရားသခင်နှင့်ပတ်သက်၍ သင်တို့၏ အထင်မြင်လွဲမှားခြင်းများကြောင့် ဖြစ်ရသည်မဟုတ်လော။ အကယ်၍ လူတို့၏ အဆုံးသတ်များကို ၎င်းတို့ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးခြင်းအပေါ် အခြေခံ၍ အဆုံးအဖြတ် ပေးလျှင် မည်သူမျှ ကယ်တင်ခံမည်မဟုတ်ချေ။ ဤသည်မှာ မှန်ကန်ပါက ဘုရားသခင်အနေဖြင့် ကယ်တင်ခြင်းအလုပ် လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်က မည်သည့်အရာ ဖြစ်တော့မည်နည်း။ ဤသည်မှာ တကယ်ကို စစ်မှန်လျှင် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းက မည်သည့်နေရာ၌ ရှိတော့မည်နည်း။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားကို မြင်တွေ့နိုင်မည်မဟုတ်ချေ။ ထို့အတွက်ကြောင့် သင်တို့အားလုံးသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထင်မြင်လွဲမှားသွားပြီဖြစ်ကာ ယင်းက သင်တို့၌ ဘုရားသခင်နှင့် ပတ်သက်၍ စစ်မှန်သော သိနားလည်မှုမရှိကြောင်း ပြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မအခြေအနေရဲ့ အမှန်တရားကို အတိအကျဖော်ထုတ်ခဲ့တယ်၊ နောက်ဆုံးမှာ ကျွန်မရဲ့စိတ်နှလုံးထဲမှာ ဘုရားသခင်နဲ့ပတ်သက်တဲ့ အယူအဆတွေ၊ စိတ်ကူးတွေနဲ့ နားလည်မှုလွဲမှားခြင်းတွေကို ကွယ်ဝှက်ထားမှန်း ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မထင်ခဲ့တာက ဘုရားသခင်ရဲ့ အိမ်တော်မှာ ခေါင်းဆောင်တစ်ယောက် မဟုတ်ရင် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ပြတာတွေ နည်းမယ်၊ အထက်အဆင့်ခေါင်းဆောင်တွေရဲ့ ပြုပြင်တာကိုလည်း ခံရတာနည်းမယ်၊ ဒီလိုနည်းနဲ့ ဘုရားသခင်ကို ယုံကြည်တာက ပိုလုံခြုံပြီး ကယ်တင်ခြင်းရဖို့ မျှော်လင့်ချက်က ပိုကြီးမားမယ်ပေါ့။ ဒါပေမဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ရတာက သမ္မာတရား စည်းမျဉ်းတွေ အများကြီးပါဝင်တယ်၊ တာဝန်က ပိုကြီးတယ်၊ ပြီးတော့ သမ္မာတရား လက်တွေ့ကျမှုတွေ မရှိဘဲနဲ့ဆိုရင် ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြမိမှာက ရှောင်လွှဲလို့မရဘူး၊ ပြီးတော့ ဘုရားအိမ်တော်ရဲ့ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်တဲ့အရာတွေ လုပ်မိဖို့များပြီး ထုတ်ဖော်ခံရ၊ ဖယ်ရှားရှင်းလင်းခံရမှာပဲလေ။ ဒီအယူအဆတွေဟာ ကိုယ်တော့်ကို နားလည်မှုလွဲတာ၊ ကိုယ်တော့်အပေါ် ပြစ်မှားစော်ကားတာတောင် ဖြစ်တယ်လို့ ဘုရားသခင်က မိန့်ဆိုထားတာကို ကျွန်မတွေ့လိုက်ရတယ်။ ကျွန်မ တုန်လှုပ်သွားပြီး နည်းနည်းကြောက်သွားတယ်။ ဒီအယူအဆတွေရဲ့ သဘောသဘာဝက ဘယ်လောက်ပြင်းထန်တယ်ဆိုတာကို ကျွန်မ သဘောမပေါက်ခဲ့ဘူး။ ဒီအမြင်က ဘယ်လိုများ တကယ်ကို ယုတ္တိမရှိလိုက်လဲဆိုတာကို ကျွန်မ စပြီး ဆင်ခြင်သုံးသပ်မိတယ်။ ခေါင်းဆောင်တချို့ အမှားတွေလုပ်ပြီး အသင်းတော်အလုပ်ကို ဆိုးဆိုးရွားရွား အနှောင့်အယှက်ပေး၊ အဖျက်အမှောင့်လုပ်လို့ ဖြုတ်ချခံရတာ၊ ရှင်းလင်းပစ်တာ၊ ဒါမှမဟုတ် နှင်ထုတ်ခံရတာတွေကို ကျွန်မ တွေ့ခဲ့တယ်။ ဒါကြောင့် ခေါင်းဆောင်တစ်ယောက်ဖြစ်ရတာက အရမ်းအန္တရာယ်များတယ်၊ အမှားတစ်ခုလုပ်မိတာနဲ့ ဖြုတ်ချခံရမယ်၊ ဒါမှမဟုတ် ဖယ်ရှားရှင်းလင်းခံရမယ်လို့ ကျွန်မထင်ခဲ့တာပေါ့။ ဒါပေမဲ့ လူတွေကို ဖြုတ်ချတာနဲ့ပတ်သက်တဲ့ ဘုရားအိမ်တော်ရဲ့ စည်းမျဉ်းတွေကို ကျွန်မ ဘယ်တုန်းကမှ မရှာဖွေခဲ့ဘူး။ တကယ်တော့ ဘုရားအိမ်တော်မှာ ခေါင်းဆောင်တစ်ယောက်ကို ဖြုတ်ချတယ်ဆိုတာ ခဏတာ အပြုအမူ ဒါမှမဟုတ် ဖြစ်ရပ်တစ်ခုတည်းက စွမ်းဆောင်ရည်ကို အခြေခံတာမဟုတ်ဘဲ သူတို့ရဲ့ တစ်သမတ်တည်း လိုက်စားမှုနဲ့ သူတို့လိုက်လျှောက်တဲ့ လမ်းကြောင်းကိုသာ အခြေခံတာပါ။ အသင်းတော်က ဖြုတ်ချခံခဲ့ရတဲ့ ခေါင်းဆောင်တစ်ယောက်နဲ့ ကြီးကြပ်ရေးမှူးနှစ်ယောက်အကြောင်းကို ကျွန်မ စဉ်းစားမိတယ်။ သတ်မှတ်တာဝန်တစ်ခုကို မအောင်မြင်လို့၊ စည်းမျဉ်းတွေ ချိုးဖောက်ပြီး အလုပ်ကို အဖျက်အမှောင့်လုပ်၊ နှောင့်နှေးစေလို့ ဖြုတ်ချခံရတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းတော့ သူတို့ဟာ ပုံမှန်အားဖြင့် သမ္မာတရားကို လိုက်စားဖို့ အာရုံမစိုက်ဘဲ တာဝန်တွေမှာ စည်းမျဉ်းတွေ မရှာဖွေဘဲ အချိန်အကြာကြီး ထင်ရာစိုင်းခဲ့ကြတယ်။ အကျိုးဆက်အနေနဲ့ အသင်းတော်အလုပ်ကို အနှောင့်အယှက်ပေး၊ အဖျက်အမှောင့်လုပ်ခဲ့ပြီး နောင်တလည်းမရခဲ့ကြဘူး။ ဒါကြောင့် သူတို့ ဖြုတ်ချခံခဲ့ရတာပါ။ ကျွန်မက သူတို့ရဲ့ ကျရှုံးမှုရဲ့ အရင်းခံအကြောင်းတရားကို ဘယ်တုန်းကမှ မစူးစမ်းခဲ့ဘူး။ သူတို့ အမှားတစ်ခုတည်း လုပ်လိုက်တာနဲ့ ဖြုတ်ချခံရတာကိုပဲ မြင်ပြီး ဘုရားသခင်ကို နားလည်မှုလွဲပြီး သတိထားရှောင်လာတယ်။ ဒါက လုံးဝကို လွဲချော်နေတာ မဟုတ်ဘူးလား။ ဒါ့အပြင် ကျွန်မရဲ့ အယူအဆတွေထဲမှာ၊ တစ်ယောက်ယောက်က ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြတယ်၊ ပြစ်မှားတယ်၊ ဒါမှမဟုတ် တာဝန်မှာ ထုတ်ဖော်ခံရပြီး ဖြုတ်ချခံရတယ်ဆိုရင် ဘုရားသခင်ရဲ့ ထာဝရအပြစ်စီရင်ခြင်းကို ခံရပြီး ကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက် မရှိတော့ဘူးလို့ ထင်ခဲ့တယ်။ ဒါလည်း ကျွန်မရဲ့ မှားယွင်းတဲ့ နားလည်မှုတစ်ခုပါပဲ။ တကယ်တော့ ကျွန်မကိုယ်တိုင်နဲ့ ညီအစ်ကိုမောင်နှမအများကြီးရဲ့ အတွေ့အကြုံတွေကို အသေးစိတ်ပြန်စဉ်းစားကြည့်တဲ့အခါ၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ထုတ်ဖော်ပြလို့ ဖော်ထုတ်ခံရ၊ ပြစ်တင်ရှုတ်ချခံရ၊ ဒါမှမဟုတ် ဖြုတ်ချခံရတာတွေကိုတောင် စဉ်းစားကြည့်တဲ့အခါ၊ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံခံစားရာမှာ လိုအပ်တဲ့ အဆင့်တွေဖြစ်မှန်း ကျွန်မသိခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်က ဒီအကြောင်းကြောင့် ကျွန်မတို့ကို စွန့်ပစ်ခဲ့တာမဟုတ်ဘဲ နောင်တရပြီး ပြောင်းလဲဖို့ အခွင့်အရေးတွေ ပေးခဲ့တယ်။ ကိုယ်တော်က ကိုယ်တော့်နှုတ်ကပတ်တော်တွေကိုသုံးပြီး ကျွန်မတို့ကို ဉာဏ်ပွင့်စေပြီး လမ်းပြခဲ့တယ်၊ ကျွန်မတို့ရဲ့ အတွေးအမြင်တွေကို တဖြည်းဖြည်း ပြောင်းလဲစေပြီး၊ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို တဖြည်းဖြည်း ဖယ်ရှားနိုင်စေခဲ့တယ်။ ဒီအကျိုးကျေးဇူးတွေအားလုံးဟာ ကျရှုံးခြင်းနဲ့ ထုတ်ဖော်ခံရတာကို တွေ့ကြုံခံစားခြင်းကနေတစ်ဆင့် ရရှိခဲ့တာပါ။ ကိုယ့်တာဝန်မှာ ထုတ်ဖော်ခံရတယ်ဆိုတာ ဖယ်ရှားရှင်းလင်းခံရတာမဟုတ်ဘဲ သမ္မာတရားကို ရဖို့အခွင့်အရေးတစ်ခုသာ ဖြစ်တယ်ဆိုတာကို ကျွန်မ မြင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ သဘာဝကိုက သမ္မာတရားကို မချစ်ဘူး၊ ဒုက္ခမခံချင်ဘူး။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို လက်မခံချင်ဘဲ သာမန်ယုံကြည်သူတစ်ယောက်အနေနဲ့ အေးအေးချမ်းချမ်း နေချင်ခဲ့တယ်။ ဒီလိုနည်းနဲ့ဆိုရင် ကြီးကြီးမားမား ကျရှုံးမှုတွေ၊ ထုတ်ဖော်ခံရတာတွေကို ရှောင်နိုင်ပြီး ဒုက္ခခံရတာ၊ စစ်ဆေးခံရတာတွေကနေ လွတ်မြောက်ပြီး ဒီလိုနဲ့ ကယ်တင်ခြင်းခံရနိုင်မယ်လို့ ထင်ခဲ့တာပေါ့။ ဒါပေမဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို မတွေ့ကြုံရဘဲနဲ့ လူတစ်ယောက်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖယ်ရှားလို့မရဘူး၊ သူတို့ရဲ့ အမြင်တွေ၊ လုပ်ရပ်တွေ၊ အပြုအမူတွေအားလုံးဟာ သမ္မာတရားနဲ့ ဆန့်ကျင်ဘက်မှာ ရှိနေဦးမယ်ဆိုတာကို ကျွန်မ သဘောမပေါက်ခဲ့ဘူး။ ဒီလိုအခြေအနေမှာ အဲဒီလိုလူတစ်ယောက်က ဘယ်လိုလုပ် ကယ်တင်ခြင်းခံရနိုင်မှာလဲ။ ကျွန်မဟာ သမ္မာတရားကို နားမလည်၊ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို မသိဘဲ ကိုယ့်ရဲ့ အယူအဆတွေ၊ စိတ်ကူးတွေထဲမှာပဲ အသက်ရှင်နေခဲ့မှန်း ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မရဲ့ အမြင်တွေဟာ လုံးဝကို ယုတ္တိမရှိဘဲ မှားယွင်းနေခဲ့တယ်။ ဘုရားသခင်က လူတစ်ယောက်ရဲ့ အဆုံးသတ်ကို ဆုံးဖြတ်တဲ့အခါ သူဘယ်လောက် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ပြခဲ့သလဲ၊ အတိတ်မှာ ပြစ်မှားခြင်းတွေ ဘယ်လောက်ကျုးလွန်ခဲ့သလဲဆိုတာကို အခြေခံပြီး မဆုံးဖြတ်ဘဲ၊ သူဟာ သမ္မာတရားကို လိုက်စားသလား၊ တကယ် နောင်တရရဲ့လား ဆိုတာကို ကြည့်ပြီး ဆုံးဖြတ်တာပါ။ လူတစ်ယောက်က ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြပြီးတဲ့နောက် သမ္မာတရားကို လိုက်စားပြီး တကယ့်နောင်တကို ရရင် ဘုရားသခင်က သူ့ကို ကယ်တင်ခြင်းခံရဖို့ အခွင့်အရေး ပေးနေတုန်းပါပဲ။ ဒါပေမဲ့ ကျွန်မက ကျွန်မရဲ့ တာဝန်တွေမှာ အတိတ်က ပြစ်မှားခဲ့တာတွေအတွက် စိုးရိမ်နေခဲ့တယ်၊ အခုလည်း သမ္မာတရားကို နားမလည်လို့ ဖောက်ပြန်ပျက်စီးမှုတွေ အများကြီး ထုတ်ဖော်မိနေတုန်းပဲ။ ဒါကြောင့် ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မရဲ့ တာဝန်မှာ သတိမထားမိရင် ပြဿနာတွေ ပေါ်လာမှာကို ကြောက်နေခဲ့တယ်၊ အဲဒီအခါမှာ ကျွန်မဟာ ဘုရားသခင်ရဲ့ စက်ဆုပ်ခြင်းနဲ့ ဖယ်ရှားရှင်းလင်းခြင်းကို ခံရမှာပဲ။ ကျွန်မဟာ ကိုယ်တော်ရဲ့ ဖြောင့်မတ်ခြင်းကို ကိုယ့်ရဲ့ ကျဉ်းမြောင်းပြီး သေးသိမ်တဲ့ အမြင်တွေနဲ့ တကယ်ပဲ တိုင်းတာခဲ့မိတာပါပဲ။

လူတွေရဲ့ တာဝန်ယူရမှာကို ကြောက်တဲ့ စိတ်အကြောင်း ဖော်ထုတ်ထားတဲ့ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူအချို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် တာဝန်ခံယူရမည်ကို ကြောက်ရွံ့ကြသည်။ အသင်းတော်က ၎င်းတို့ကို အလုပ်တစ်ခုလုပ်ရန် ပေးသောအခါ ၎င်းတို့သည် ထိုအလုပ်အတွက် ၎င်းတို့ တာဝန်ခံဖို့ လိုအပ်ခြင်းရှိမရှိကို ရှေးဦးစွာ ထည့်စဉ်းစားကြသည်။ တာဝန်ခံဖို့ လိုအပ်လျှင် ၎င်းတို့က အလုပ်ကို လက်ခံမည်မဟုတ်ပေ။ တာဝန်တစ်ခုကို ထမ်းဆောင်ရန်အတွက် ၎င်းတို့၏ သတ်မှတ်ချက်များမှာ ပထမအနေဖြင့် ပေါ့ပေါ့ပါးပါးအလုပ်ဖြစ်ရမည်။ ဒုတိယအနေဖြင့် အလုပ်ရှုပ်ခြင်း၊ သို့မဟုတ် ပင်ပန်းခြင်းမရှိရပေ။ တတိယအနေဖြင့် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့အနေဖြင့် မည်သည့်တာဝန်ကိုမျှ ခံယူခြင်းမရှိရပေ။ ဤသည်မှာ ၎င်းတို့တာဝန်ယူဆောင်ရွက်မည့် တစ်ခုတည်းသော တာဝန်အမျိုးအစားဖြစ်သည်။ ဤသည်မှာ မည်သို့သော လူစားမျိုးဖြစ်သနည်း။ စဉ်းလဲသော၊ လှည့်စားသောသူ မဟုတ်သလော။ ထိုသူသည် အနည်းဆုံးသော တာဝန် ပမာဏကိုပင် တာဝန်မခံလိုပေ။ သစ်ရွက်များက သစ်ပင်ပေါ်မှ ကြွေကျလာသောအခါ သူ့ခေါင်းကွဲသွားမည်ကိုပင် သူကြောက်နေသည်။ ဤသို့သောသူတစ်ယောက်သည် မည်သည့်တာဝန်ကို ထမ်းဆောင်နိုင်သနည်း။ သူ့အား ဘုရားအိမ်တော်တွင် မည်သို့ အသုံးချ၍ ရနိုင်သနည်း။ ဘုရားအိမ်တော်၏ အလုပ်သည် စာတန်အား ရင်ဆိုင်တိုက်ခိုက်ခြင်းအမှုအပြင် နိုင်ငံတော် ဧဝံဂေလိတရားဟောခြင်းနှင့်လည်း သက်ဆိုင်သည်။ မည်သည့်တာဝန်က တာဝန်ခံယူခြင်း မလိုအပ်သနည်း။ ခေါင်းဆောင်ဖြစ်ခြင်းသည် တာဝန်ခံရသည်ဟု သင်တို့ ဆိုမည်လော။ ၎င်းတို့၏ တာဝန်များသည် ပို၍ပင် မကြီးသလော။ ၎င်းတို့သည် ပို၍ပင် တာဝန်မခံယူရသလော။ သင်သည် ဧဝံဂေလိတရားဟောခြင်း၊ သက်သေခံခြင်း၊ ဗီဒီယိုများ ပြုလုပ်ခြင်းတို့ကဲ့သို့သော အရာများကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်အလုပ်ကို သင်လုပ်ဆောင်သည်ဖြစ်စေ ထိုအလုပ်က သမ္မာတရား စည်းမျဉ်းများနှင့် သက်ဆိုင်နေသရွေ့ ထိုအလုပ်တွင် တာဝန်ဝတ္တရားများ တွဲပါနေသည်။ သင်၏ တာဝန်ထမ်းဆောင်ခြင်းက စည်းမျဉ်းနှင့်မညီလျှင် ဘုရားအိမ်တော်၏ အလုပ်ကို ထိခိုက်မည်။ သင်သည် တာဝန်ခံယူရန် ကြောက်ရွံ့လျှင် မည်သည့်တာဝန်ကိုမျှ ထမ်းဆောင်၍မရပေ။ မိမိ၏ တာဝန်ထမ်းဆောင်ခြင်း၌ တာဝန်ယူရန် ကြောက်ရွံ့သောသူသည် သတ္တိနည်းသောသူဖြစ်သလော၊ သို့မဟုတ် ၎င်းတို့၏ စိတ်သဘောထားနှင့်ပတ်သက်၍ ပြဿနာတစ်ခုရှိသလော။ ကွာခြားချက်ကို သင် ပြောနိုင်ရမည်။ အမှန်က ဤသည်မှာ သတ္တိနည်းသည့် ပြဿနာတစ်ခုမဟုတ်ပေ။ ထိုသူသည် ချမ်းသာကြွယ်ဝမှုနောက်သို့ လိုက်လျှင်၊ သို့မဟုတ် မိမိကိုယ်ကျိုးစီးပွားတစ်ခုအတွက် လုပ်ဆောင်နေလျှင် အဘယ်သို့ အလွန်ရဲရင့်နိုင်ရသနည်း။ မည်သည့်စွန့်စားမှုကိုမဆို ၎င်းတို့ ပြုလုပ်လိမ့်မည်။ သို့သော် အသင်းတော်အတွက်၊ ဘုရားအိမ်တော်အတွက် အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည့်အခါ လုံးဝ စွန့်စားမှုမပြုလုပ်ပေ။ ဤသို့သော လူတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်။ အားလုံးထဲတွင် သစ္စာအမဲ့ဆုံး ဖြစ်သည်။ တာဝန်ထမ်းဆောင်ခြင်းတွင် တာဝန်မခံယူသူ မည်သူမဆိုသည် ၎င်းတို့၏ သစ္စာစောင့်သိမှုနှင့်ပတ်သက်၍ မပြောနှင့်၊ ဘုရားသခင်ကို အနည်းငယ်မျှပင် ရိုးသားစစ်မှန်ခြင်းမရှိ။ မည်သို့သော သူမျိုးသည် တာဝန်ခံယူရဲသနည်း။ မည်သို့သောသူမျိုးသည် လေးသောဝန်ကို ထမ်းရန် သတ္တိရှိသနည်း။ အရေးကြီးဆုံးဖြစ်သော၊ အရေးပါဆုံးဖြစ်သောအလုပ်ကို မြင်သောအခါ ဘုရားအိမ်တော်၏ အလုပ်တွင် အရေးပါဆုံးသော အချိန်အခိုက်အတန့်၌ ဦးဆောင်ပြီး ရှေ့သို့ ရဲရင့်စွာသွားသောသူ၊ ကြီးလေးသော တာဝန်ကို ခံယူပြီး ကြီးစွာသော ဒုက္ခဆင်းရဲကို ခံယူရန် မကြောက်သောသူဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် သစ္စာရှိသူတစ်ယောက်၊ ခရစ်တော်၏ စစ်သားကောင်းတစ်ယောက် ဖြစ်သည်။ ၎င်းတို့၏ တာဝန်ကို ယူရန် ကြောက်သောသူတိုင်းက ထိုသို့ဖြစ်ခြင်းသည် သမ္မာတရားကို နားမလည်သောကြောင့်ဖြစ်သည်မှာ မှန်ပါသလား။ မမှန်ပါ။ ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝတွင်ရှိသော ပြဿနာဖြစ်သည်။ ၎င်းတို့တွင် တရားမျှတမှု၊ သို့မဟုတ် တာဝန်ခံယူမှုအသိစိတ်မရှိပေ။ ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသောသူများ ဖြစ်သည်။ ဘုရားသခင်အပေါ် ရိုးသားစစ်မှန်သော ယုံကြည်သူများမဟုတ်ပေ။ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို အနည်းငယ်မျှပင် လက်မခံပေ။ ဤအကြောင်းပြချက်ကြောင့် ၎င်းတို့သည် ကယ်တင်ခြင်း မခံရနိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်မှုကို မြင်တော့ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ ပြင်းပြင်းထန်ထန် သောကရောက်ခဲ့ရတယ်။ ခေါင်းဆောင်တစ်ယောက်ဖြစ်ရမှာကို ကျွန်မကြောက်တာဟာ တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်တဲ့ စိတ်သဘောထားရဲ့ ချုပ်ကိုင်မှုကို ခံနေရလို့မှန်း ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မက “အသာစံပြီး အနာမခံ” ဆိုတဲ့ စည်းမျဉ်းကို လိုက်နာခဲ့တယ်၊ ဘုရားသခင်ဆီက ကောင်းချီးမင်္ဂလာတွေကို လက်ခံချင်ပေမဲ့ ကြီးမားတဲ့ စွန့်စားမှုတွေကို မယူချင်ခဲ့ဘူး။ အနှစ်သာရအနေနဲ့ ဒါဟာ ကလိမ်ကကျစ်ကျပြီး လှည့်ဖြားတတ်တဲ့သူတစ်ယောက်ရဲ့ အပြုအမူပါပဲ။ အကတာဝန်က ကျွန်မရဲ့ ကိုယ်ပိုင် စိတ်ဝင်စားမှုတွေ၊ ဝါသနာတွေနဲ့ ကိုက်ညီရုံတင်မကဘဲ၊ ဒီတာဝန်ကို ကျွန်မ ထမ်းဆောင်မှုကနေလည်း ရလဒ်တွေ ထွက်ပေါ်ခဲ့တယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။ ကျွန်မက အဓိကကြီးကြပ်ရေးမှူးမဟုတ်ဘူး၊ ကြီးမားတဲ့ တာဝန်တွေကိုလည်း မထမ်းဆောင်ရဘူး၊ ဒီလိုနည်းနဲ့ဆိုရင် အသင်းတော်မှာ ကျွန်မရဲ့တာဝန်တွေကို လုံလုံခြုံခြုံ ထမ်းဆောင်ရင်း ကယ်တင်ခြင်းရဖို့ မျှော်လင့်ချက်ရှိနိုင်မယ်လို့ ခံစားခဲ့ရတယ်။ ခေါင်းဆောင်အနေနဲ့ ရွေးချယ်ခံရပြီးတဲ့နောက်မှာတော့ ကျွန်မဟာ မုန်တိုင်းရဲ့ဗဟိုချက်ထဲကို တွန်းပို့ခံလိုက်ရသလို၊ ဘယ်အချိန်မဆို တိမ်းမှောက်နိုင်တဲ့ အန္တရာယ်နဲ့ အမြဲရင်ဆိုင်နေရသလို ခံစားရလို့ ဒီတာဝန်ကနေ ထွက်ပြေးပြီး ငြင်းဆန်ချင်ခဲ့တယ်။ ကျွန်မရဲ့ အယူအဆတွေထဲမှာ၊ မထင်မရှား တာဝန်တစ်ခုကို ထမ်းဆောင်ပြီး ထင်ထင်ပေါ်ပေါ်မနေတာ၊ ကြီးမားတဲ့ တာဝန်တွေမယူတာက အလုံခြုံဆုံးရွေးစရာဖြစ်ပြီး အဆုံးထိ လိုက်လျှောက်နေသမျှ ကယ်တင်ခြင်းမျှော်လင့်ချက် ရှိလိမ့်မယ်လို့ ထင်ခဲ့တာပေါ့။ ဒါပေမဲ့ ဘုရားသခင်က မိန့်ဆိုတယ်၊ ဒီလိုလူစားမျိုးဟာ တာဝန်ယူရမှာကို ကြောက်တယ်၊ သူတို့ရဲ့ လူ့သဘာဝမှာ ပြဿနာရှိတယ်၊ ကိုယ်တော့်ကို အမှန်တကယ် မယုံကြည်ဘူး၊ ဒါတစ်ခုတည်းနဲ့ကို သူတို့ ကယ်တင်ခြင်းမခံရနိုင်ဘူးတဲ့။ နောက်ဆုံးမှာ ကျွန်မရဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေဟာ သမ္မာတရားနဲ့ ဆန့်ကျင်နေမှန်း ကျွန်မ မြင်ခဲ့ရတယ်။ ကျွန်မ စပြီးတွေးဆမိတယ်၊ “တာဝန်ကို ရှောင်လွှဲတဲ့သူတွေဟာ လူ့သဘာဝ ဆိုးသွမ်းပြီး သမ္မာတရားကို လုံးဝ လက်မခံတဲ့သူတွေလို့ ဘုရားသခင်က ဘာကြောင့် မိန့်ဆိုတာလဲ” ပေါ့။ ဘုရားအိမ်တော်မှာ တာဝန်ထမ်းဆောင်ရာမှာ ကျွန်မဟာ “အနာမခံဘဲ အသာစံ” ဆိုတဲ့ စည်းမျဉ်းကို အမြဲလိုက်နာခဲ့တယ်။ ကျွန်မလုပ်တဲ့အရာတိုင်း၊ ရင်ဆိုင်ရတဲ့ တာဝန်တိုင်းမှာ တစ်ခုခုက ကျွန်မအတွက် အကျိုးရှိမရှိကို အရင်ဆုံး ချိန်ဆတယ်၊ အကျိုးရှိရင်လုပ်တယ်၊ မရှိရင် မလုပ်ချင်ဘူး။ အဲဒါက ဘုရားအိမ်တော်ရဲ့ အလုပ်နဲ့ အကျိုးစီးပွားတွေနဲ့ သက်ဆိုင်မှန်း သိရင်တောင်မှ ကျွန်မက အဲဒီဝန်ကို ထမ်းဖို့ ဆန္ဒမရှိခဲ့ဘူး။ ကျွန်မက ဘယ်လိုလုပ်ပြီး ဘုရားသခင်ရဲ့ စိတ်တော်နဲ့ တညီတညွတ်တည်း ဖြစ်ခဲ့လို့လဲ။ ဒါဟာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့ လူတစ်ယောက်ရဲ့ အပြုအမူ မဟုတ်ဘူးလား။ ဒီနေ့ ဘုရားသခင်က လူတွေကို အရာအားလုံး အခမဲ့ထောက်ပံ့ပေးတယ်၊ သမ္မာတရားကို အခမဲ့ပေးတယ်၊ လူတွေက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဖန်ဆင်းခံတွေအနေနဲ့ သူတို့ရဲ့ တာဝန်တွေကို ကောင်းကောင်းဖြည့်ဆည်းဖို့ အရိုးခံစိတ်နှလုံးကို အသုံးပြုနိုင်မယ်လို့ မျှော်လင့်တယ်။ ဒါပေမဲ့ ကျွန်မက ဘုရားသခင်ကို နှစ်တွေအများကြီး ယုံကြည်ခဲ့ပြီး ကိုယ်တော်ရဲ့ ထောက်ပံ့မှုတွေ ဒီလောက်များများကို ခံစားခဲ့ရပေမဲ့ ကိုယ်တော့်ကျေးဇူးကို ပြန်ဆပ်ဖို့ လုံးဝမသိခဲ့ဘူး။ အဲဒီအစား ဘုရားသခင်ကို သတိထားရှောင်နေခဲ့တယ်၊ ကိုယ်တော့်ကို ချင့်ချိန်တွက်ချက်နေခဲ့ပြီး ကိုယ့်ရဲ့ အနာဂတ်နဲ့ အရှုံးအမြတ်အတွက်ပဲ စဉ်းစားစီစဉ်နေခဲ့တယ်။ ဘယ်လိုနည်းနဲ့ ကျွန်မက ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခဲ့တာလဲ။ ကျွန်မဟာ တစ်ကိုယ်ကောင်းဆန်ပြီး ကလိမ်ကကျစ်ကျတဲ့ မယုံကြည်သူတစ်ယောက်ပဲ မဟုတ်ဘူးလား။ ဒီလိုစိတ်နေသဘောထား၊ ဒီလို ယုံကြည်ခြင်းအပေါ်ထားတဲ့ အမြင်တွေနဲ့ဆိုရင် ဘုရားသခင်က ကျွန်မကို ဘယ်လိုလုပ် မစက်ဆုပ်ဘဲ နေနိုင်မှာလဲ။ ဒါနဲ့ ကျွန်မ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သမီးဟာ တကယ်ကို လှည့်ဖြားတတ်ပြီး ကောက်ကျစ်ဆိုးယုတ်တယ်ဆိုတာကို သမီးမြင်ပါပြီ။ သမီးဟာ ကိုယ့်ရဲ့ အယူအဆတွေ၊ စိတ်ကူးတွေ၊ နားလည်မှုလွဲမှားခြင်းတွေနဲ့ သံသယတွေထဲမှာ အသက်မရှင်ချင်တော့ပါဘူး။ သမီးရဲ့ စိတ်နှလုံးကို ကိုယ်တော့်ဆီ ပေးအပ်ချင်ပါတယ်၊ ပြီးတော့ သမီးရဲ့ အသိတရားကို အားကိုးပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ချင်ပါတယ်။ ကျေးဇူးပြုပြီး သမီးကို ကူညီလမ်းပြတော်မူပါ” လို့ပေါ့။

အဲဒီနောက်မှာ နောက်ထပ် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတစ်ခုမှာ ကိုးကားထားတဲ့ ဘုရားနှုတ်ကပတ်တော် နောက်ထပ်နှစ်ပိုဒ်ကို ကျွန်မ တွေ့ခဲ့ပြီး လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းတစ်ခုကို ကျွန်မ တွေ့ရှိခဲ့တယ်။ ဘုရားသခင်က ပြောသည် “ရိုးသားသောလူတစ်ယောက်၏ သရုပ်သကန်များက မည်သည်တို့နည်း။ ပထမအချက်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်များအကြောင်း သံသယမရှိခြင်းဖြစ်သည်။ ၎င်းသည် ရိုးသားသော လူတစ်ယောက်၏ သရုပ်သကန်များအနက်မှ တစ်ခုဖြစ်သည်။ ဤသည်မှလွဲ၍ အရေးအကြီးဆုံး သရုပ်သကန်မှာ ကိစ္စအားလုံးတွင် သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ အရေးအပါဆုံးဖြစ်သည်။ သင်သည် ရိုးသားသည်ဟု ဆိုသော်လည်း အစဉ်သဖြင့် ဘုရားနှုတ်ကပတ်တော်ကို စိတ်ထဲတွင် မထားဘဲ သင် အလိုရှိသမျှကို လုပ်ဆောင်သည်။ ဤသည်မှာ ရိုးသားသူတစ်ယောက်ဖြစ်ကြောင်း သရုပ်သကန် ဖြစ်သလော။ သင်က ‘ငါ့အစွမ်းအစက ညံ့သော်လည်း ငါ့ထံတွင် ရိုးသားသည့် စိတ်နှလုံးရှိသည်’ ဟု ဆိုသည်။ သို့တိုင်အောင် တာဝန်တစ်ခုသည် သင့်အပေါ်သို့ ကျရောက်သောအခါ ဒုက္ခခံရမည်ကိုလည်းကောင်း၊ သင်သည် ကောင်းစွာ မလုပ်ဆောင်လျှင် တာဝန်ခံရမည်ကိုလည်းကောင်း ကြောက်သည်။ ထို့ကြောင့် သင်၏တာဝန်ကို ရှောင်ရန်အတွက် ဆင်ခြေများပေးသည်။ သို့မဟုတ် အခြားလူတစ်ယောက်ကို လုပ်ဆောင်ဖို့ အကြံပြုသည်။ ဤသည်မှာ ရိုးသားသူတစ်ယောက် ဖြစ်ကြောင်း သရုပ်သကန်ဖြစ်သလော။ မဖြစ်သည်မှာ သိသာထင်ရှား၏။ ဤသို့ဆိုလျှင် ရိုးသားသူတစ်ယောက်က မည်သို့ ပြုမူသင့်သနည်း။ ဘုရားသခင်၏ အစီအစဉ်များကို နာခံသင့်သည်။ မိမိထမ်းဆောင်ရမည့် တာဝန်တွင် သစ္စာစောင့်သိခြင်းရှိရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းဖို့ ကြိုးပမ်းရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး)သင်၏ အစွမ်းအစက မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ၊ သမ္မာတရားကို သင်နားလည်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မည်သို့ပင်ဆိုစေ သင်သည် ဤသဘောထားရှိရမည်။ ‘ဒီအလုပ်ကို ငါ့ကို ပေးထားတဲ့အတွက် ငါ အလေးအနက် သဘောထားရမယ်။ ငါ့ရဲ့ အရေးကိစ္စအဖြစ် မှတ်ယူပြီး ကောင်းကောင်းလုပ်ဆောင်ဖို့ ငါ့ရဲ့ စိတ်နှလုံးနဲ့ အင်အားရှိသမျှကို အသုံးပြုရမယ်။ လုံးဝ ကောင်းကောင်း လုပ်နိုင်မလားဆိုတာကတော့ အာမခံနိုင်တယ်လို့ ယူဆလို့ မဖြစ်ဘူး။ ဒါပေမဲ့ ငါ့သဘောထားကတော့ ကောင်းကောင်းပြီးဖို့အတွက် အကောင်းဆုံးလုပ်မယ်။ အဲဒါနဲ့ ပတ်သက်လို့ ဝတ်ကျေတမ်းကျေဆန်တာမျိုး သေချာပေါက် ဖြစ်မှာမဟုတ်ဘူး။ အလုပ်မှာ ပြဿနာတစ်ခုဖြစ်လာရင် တာဝန်ယူသင့်တယ်။ အဲဒီကနေ သေချာပေါက် သင်ခန်းစာယူပြီး ငါ့တာဝန်ကို ကောင်းကောင်းထမ်းဆောင်ရမယ်’ဟူ၍ ဖြစ်သည်။ ဤသည်မှာ မှန်ကန်သော သဘောထားဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈)) ဘုရားနှုတ်ကပတ်တော် ဒီနှစ်ပိုဒ်ကို ဖတ်ပြီးနောက်မှာ ဘုရားသခင်က လူ့စိတ်နှလုံးရဲ့ အတွင်းအကျဆုံးကို အမှန်တကယ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး လူတွေရဲ့လိုအပ်ချက်တွေကို ကောင်းကောင်း နားလည်တယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။ ကျွန်မကို ခေါင်းဆောင်အနေနဲ့ ရွေးချယ်လိုက်တယ်လို့ ကြားလိုက်တဲ့အခါမှာ စိတ်ထဲကို ဆင်ခြေနှစ်ခု အမြန် ဝင်လာတယ်၊ “ငါ့မှာ အစွမ်းအစညံ့တယ်၊ ခေါင်းဆောင်တစ်ယောက်အနေနဲ့ နေ့တိုင်း လူတွေ၊ ဖြစ်ရပ်တွေ၊ အမှုအရာတွေ အများကြီးနဲ့ ရင်ဆိုင်ရမှာ၊ ဖြေရှင်းရမယ့် ပြဿနာတွေလည်း အများကြီးရှိမှာ။ ငါ ဒါကို လုံးဝ မကိုင်တွယ်နိုင်တာ သေချာတယ်။ ဒုတိယအနေနဲ့ ငါက သမ္မာတရားကို နားမလည်ဘူး၊ ကိစ္စတွေကို ထွင်းဖောက်မမြင်နိုင်ဘူး၊ ဒီတော့ ညီအစ်ကိုမောင်နှမတွေကို ခေါင်းဆောင်ဖို့ ဘယ်လိုလုပ် အရည်အချင်း ပြည့်မီမှာလဲ” ပေါ့။ အစပိုင်းမှာတော့ ကိုယ့်အတွေးက တော်တော်လေး ကျိုးကြောင်းဆီလျော်တယ်၊ ဒါက ကိုယ့်ကိုယ်ကိုယ် သတိပြုမိတာကို ပြတာပဲလို့ ခံစားခဲ့ရပေမဲ့ အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဖတ်ခဲ့တယ်၊ “သင်၏ အစွမ်းအစက မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ၊ သမ္မာတရားကို သင်နားလည်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မည်သို့ပင်ဆိုစေ သင်သည် ဤသဘောထားရှိရမည်။ ‘ဒီအလုပ်ကို ငါ့ကို ပေးထားတဲ့အတွက် ငါ အလေးအနက် သဘောထားရမယ်။ ငါ့ရဲ့ အရေးကိစ္စအဖြစ် မှတ်ယူပြီး ကောင်းကောင်းလုပ်ဆောင်ဖို့ ငါ့ရဲ့ စိတ်နှလုံးနဲ့ အင်အားရှိသမျှကို အသုံးပြုရမယ်။...’ ဤသည်မှာ မှန်ကန်သော သဘောထားဖြစ်သည်။” ဒါကိုဖတ်ပြီးနောက်မှာ ကျွန်မ ရုတ်တရက် စကားလုံးတွေ ပျောက်သွားတယ်။ ဒီဆင်ခြေနှစ်ခုက ကျွန်မအတွက်တော့ တော်တော်လေး ခိုင်လုံတယ်လို့ ထင်ခဲ့ရပေမဲ့ ဘုရားသခင်က ဒါတွေကို ဆင်ခြေတွေ၊ အခက်အခဲတွေလို့ မမြင်ဘူး၊ ဒါတွေက ကျွန်မရဲ့ တာဝန်ကို လက်ခံဖို့ အတားအဆီး ပိုလို့တောင် မဖြစ်သင့်ဘူး။ ဘုရားသခင်က ကျွန်မကို မျက်နှာချင်းဆိုင်၊ ရင်းရင်းနှီးနှီး သတိပေးနေသလိုပဲ ကျွန်မ ခံစားခဲ့ရတယ်။ ဘုရားသခင်က ကျွန်မရဲ့ အစွမ်းအစက ဘယ်လိုရှိတယ်၊ သမ္မာတရား ဘယ်လောက်နားလည်တယ်ဆိုတာကို မကြည့်ဘူး။ ကိုယ်တော်က ကျွန်မတို့ တာဝန်တွေမှာ လုံ့လဝီရိယရှိပြီး တာဝန်ယူစိတ်ရှိဖို့၊ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ရာမှာ စိတ်နှလုံးအကြွင်းမဲ့နဲ့ အစွမ်းကုန် အားထုတ်ဖို့ပဲ တောင်းဆိုတယ်။ ကျွန်မရဲ့ စိတ်နှလုံးဟာ ပြင်းပြင်းထန်ထန် တို့ထိခံခဲ့ရပြီး ကိုယ့်တာဝန်ကနေ ထွက်ပြေးဖို့၊ ငြင်းဆန်ဖို့ ဘာဆင်ခြေမှ မရှိတော့ဘူးလို့ ခံစားခဲ့ရတယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်က ကျွန်မအတွက် ခက်ခဲပေမဲ့ ဘုရားနှုတ်ကပတ်တော်အတိုင်း ရိုးသားပြီး လက်ခံခြင်း၊ ကျိုးနွံနာခံခြင်းကနေ စတင်ဖို့ ကျွန်မ ဆန္ဒရှိခဲ့တယ်။

အဲဒီနောက်မှာ ညီအစ်မနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အလုပ်စလုပ်ခဲ့တယ်၊ ကျွန်မက အကအဖွဲ့ရဲ့ အလုပ်ကို အဓိကတာဝန်ယူပြီး ဓမ္မတေး၊ ရိုက်ကူးရေးနဲ့ အထွေထွေအလုပ်တွေလို တခြားလုပ်ငန်းဆောင်တာတွေကိုတော့ သူက အဓိကကိုင်တွယ်ခဲ့တယ်။ အဲဒီအချိန်က ကျွန်မတာဝန်ယူထားတဲ့ အကအဖွဲ့တစ်ခုက နှစ်လကြာအောင် ဘာအစီအစဉ်မှ မထုတ်လုပ်နိုင်ခဲ့ဘူး။ အစပိုင်းမှာ ကျွန်မ နည်းနည်း စိတ်လှုပ်ရှားပြီး အလုပ်ကို မကိုင်တွယ်နိုင်မှာကို ကြောက်ခဲ့တယ်။ ကျွန်မ ဆက်တိုက် ဆုတောင်းပြီး ဘုရားသခင်ကို လျှောက်တင်ခဲ့တယ်၊ ကျွန်မရဲ့ တာဝန်ကို ထမ်းဆောင်နိုင်ဖို့ ယုံကြည်ခြင်းနဲ့ ကျိုးနွံနာခံလိုစိတ်ကို ပေးသနားဖို့ ကိုယ်တော့်ကို တောင်းလျှောက်ခဲ့တယ်။ ကျွန်မရဲ့ ဆုတောင်းချက်တွေထဲမှာ အစောပိုင်းက ဖတ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်က စကားစုနှစ်ခုကို သတိရခဲ့တယ်၊ တစ်ခုက “အပြုသဘောဆောင်ပြီး တက်ကြွစွာ” ဖြစ်ပြီး နောက်တစ်ခုက “တတ်နိုင်သမျှ အကောင်းဆုံး” ဆိုတာပါပဲ။ ဒါဟာ ဘုရားသခင်ရဲ့ ဉာဏ်ပွင့်စေခြင်းနဲ့ လမ်းပြခြင်းဖြစ်ပြီး ကိုယ့်တာဝန်အပေါ် အပြုသဘောဆောင်ပြီး တက်ကြွတဲ့ သဘောထား ထားသင့်တယ်ဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မရဲ့ အစွမ်းအစက ညံ့ဖျင်းလို့ သမ္မာတရားကို နားမလည်ဘူး၊ ပြီးတော့ ပြဿနာအများကြီးကို မတွေ့နိုင်၊ မဖြေရှင်းနိုင်ခဲ့ဘူး၊ ဒါက သမ္မာတရားကို ရှာဖွေဖို့ ဘုရားသခင်ကို ပိုပြီး အားကိုးရမယ်၊ ပြီးတော့ ကျွန်မ စဉ်းစားနိုင်တာနဲ့ ကျွန်မ လုပ်နိုင်စွမ်းရှိတာကို အစွမ်းကုန် အရင်လုပ်သင့်တာကို ဆိုလိုတယ်။ အဲဒီနောက်မှာ နေ့တိုင်း ကျွန်မရဲ့ အခြေအနေနဲ့ အခက်အခဲတွေကို ဘုရားသခင်ဆီ အပ်နှံခဲ့ပြီး ဝန်တာထားတဲ့စိတ်နဲ့ အဖွဲ့ထဲက ညီအစ်မတွေရဲ့ အခြေအနေကို အာရုံစိုက်ခဲ့တယ်။ ပြဿနာတွေတွေ့ရင် သက်ဆိုင်ရာ စည်းမျဉ်းတွေကို ရှာပြီး သူတို့နဲ့အတူ မိတ်သဟာယဖွဲ့ပြီး ဝင်ရောက်ခဲ့တယ်၊ အစီအစဉ် စီစဉ်ရာမှာ အခက်အခဲတွေကြုံရင် သူတို့နဲ့အတူ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို မိတ်သဟာယဖွဲ့ပြီး စည်းမျဉ်းတွေအတိုင်း ဖြေရှင်းနည်းတွေကို ရှာဖွေဖို့ ကြိုးစားခဲ့တယ်။ တဖြည်းဖြည်းနဲ့ အစီအစဉ်က တိုးတက်လာခဲ့တယ်။ နေ့တိုင်းဟာ ပြည့်စုံပြီး တည်ငြိမ်တယ်လို့ ခံစားရတယ်။ ကျွန်မရဲ့ စိတ်နှလုံးဟာ ဘုရားသခင်နဲ့ တဖြည်းဖြည်း ပိုနီးကပ်လာပြီး ဘုရားသခင်နဲ့ ကျွန်မကြားက နားလည်မှုလွဲမှားခြင်းတွေ၊ အတားအဆီးတွေလည်း အများကြီး လျော့ကျသွားတယ်။ ရင်ကို ပိနေတဲ့ ဝန်ထုပ်ဝန်ပိုးကြီးလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်။ အကအဖွဲ့ကလည်း တစ်လအတွင်းမှာ အစီအစဉ်တစ်ခု ထုတ်လုပ်နိုင်ခဲ့ပြီး အွန်လိုင်းပေါ် တင်နိုင်ခဲ့တယ်၊ ခေါင်းဆောင်တွေရဲ့ ချီးကျူးမှုကိုလည်း ရခဲ့တယ်။ ကျွန်မ ဘုရားသခင်ကို အရမ်းကျေးဇူးတင်မိတယ်။

ဒါပေမဲ့ မထင်မှတ်ဘဲ သုံးလလောက်ကြာတော့ ကျွန်မရဲ့ ညီအစ်မက အယောင်ဆောင်ခေါင်းဆောင်ရဲ့ မှားယွင်းတဲ့ စီစဉ်မှုတွေကို မျက်စိမှိတ် လိုက်နာခဲ့လို့ ဖြုတ်ချခံခဲ့ရတယ်။ ဒါကြောင့် ဓမ္မတေး အသံသွင်းတဲ့အလုပ်က သုံးလေးရက် ရပ်ဆိုင်းသွားပြီး အလုပ်ကို ပြင်းပြင်းထန်ထန် နှောင့်ယှက်ပြီး အဟန့်အတားဖြစ်စေခဲ့တယ်။ ဒါ့အပြင် အထက်အဆင့်ခေါင်းဆောင်တွေက သူ့ရဲ့ အစွမ်းအစညံ့ဖျင်းမှုကြောင့် တကယ့်အလုပ်ကို မလုပ်နိုင်ဘူးဆိုတာကို တွေ့ရှိခဲ့ကြတယ်။ ဒီအကြောင်းကို ကြားလိုက်တဲ့အခါ ကျွန်မရဲ့ ရင်တွေက ထပ်ပြီး တဒုန်းဒုန်း ခုန်လာပြန်တယ်၊ ပြီးတော့ တွေးမိတယ်၊ “သွားပြီ၊ ငါ့ညီအစ်မ ဖြုတ်ချခံရတော့ အသင်းတော်က အလုပ်အားလုံးကို ငါတစ်ယောက်တည်း တာဝန်ယူထမ်းဆောင်ရတော့မယ်။ ငါ့ရဲ့ အစွမ်းအစနဲ့ အလုပ်လုပ်နိုင်စွမ်းကလည်း သိပ်မကောင်းဘူး။ ငါ့ညီအစ်မ သူ့တာဝန်မှာ ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေအကြောင်း ငါ ကြားခဲ့ပေမဲ့၊ သူ့ရဲ့ ဒီအမှားတွေကို ငါ မမြင်ခဲ့ဘူး။ ငါသာ သူ့နေရာမှာဆိုရင် အလုပ်ကို နှောင့်နှေးစေမှာပဲ၊ ဒီနေ့ ဖြုတ်ချခံရမယ့်သူက ငါဖြစ်နေမှာပဲ။ ငါ့ရဲ့ အစွမ်းအစနဲ့ ကိစ္စတွေကို ရှုမြင်နိုင်စွမ်းနဲ့ဆိုရင် ဒီတာဝန်ကနေ အနှေးနဲ့အမြန် ဖြုတ်ချခံရမှာပဲ မဟုတ်ဘူးလား။ မကောင်းမှုကြီးကြီးမားမား မကျူးလွန်ခင်မှာ အမြန်ဆုံး နှုတ်ထွက်ပြီး ဘေးကင်းကင်းနဲ့ နောက်ဆုတ်လိုက်တာက ပိုကောင်းမယ်” လို့ပေါ့။ ဒါပေမဲ့ ဒီလိုတွေးလိုက်တဲ့အခါမှာ ကျွန်မ အပြစ်ရှိတယ်လို့ ခံစားရတယ်၊ “ငါ အမြဲတမ်း နုတ်ထွက်ချင်နေတာပဲ၊ ဒါက ငါ ဘုရားသခင်ကို ကျိုးနွံနာခံမှုမရှိဘဲ ငါ့တာဝန်အပေါ် သစ္စာစောင့်သိမှုမရှိတာကို ပြနေတယ်။ ငါသာ နှုတ်ထွက်ပြီး တာဝန်ကို စွန့်လွှတ်လိုက်ရင် အလုပ်က နှောင့်နှေးသွားမှာ မဟုတ်ဘူးလား။ ငါနှုတ်ထွက်လိုက်ရင် ငါ့ဝန်တာ လျော့သွားမှာဆိုပေမဲ့ ဘုရားအိမ်တော်ရဲ့ အလုပ်အပေါ်မှာတော့ တာဝန်မဲ့ရာကျမှာပေါ့” လို့ပေါ့။ ဒီအရာတွေကို တွေးပြီးတဲ့နောက်မှာ ကျွန်မ မနှုတ်ထွက်ရဲတော့ဘူး။ ကျွန်မ ဘုရားသခင်ဆီကို ဆုတောင်းခဲ့တယ်၊ ကျွန်မရဲ့ စိတ်နှလုံးကို ကာကွယ်စောင့်ရှောက်ပေးဖို့၊ သမ္မာတရားကို နားလည်အောင် ဉာဏ်ပွင့်စေပြီး လမ်းပြပေးဖို့၊ ပြီးတော့ ဒီအခြေအနေကို တွေ့ကြုံခံစားနိုင်ဖို့ လိုအပ်တဲ့ ယုံကြည်ခြင်းကို ပေးသနားဖို့ တောင်းလျှောက်ခဲ့တယ်။

ဘုရားသခင် စီစဉ်ပေးတဲ့ အခြေအနေက တော်တော်လေး အံ့ဩဖို့ကောင်းတယ်။ အဲဒီညနေမှာပဲ ကျွန်မတို့ တရုတ်နိုင်ငံကနေ ပေးပို့လိုက်တဲ့ စာတစ်စောင်ကို လက်ခံရရှိခဲ့တယ်။ စာထဲမှာဖော်ပြထားတာက တရုတ်နိုင်ငံမှာ အဆင်းနီတဲ့ နဂါးကြီးက ဘုရားသခင်ကို ယုံကြည်တဲ့သူတွေကို အရူးအမူး ဖမ်းဆီးနေတယ်၊ ညီအစ်ကိုမောင်နှမတွေက ပုန်းရှောင်ရင်းနဲ့ပဲ သူတို့ရဲ့တာဝန်တွေကို ထမ်းဆောင်နိုင်တယ်၊ ဧည့်ခံတဲ့နေအိမ်တွေကိုလည်း ခဏခဏ ပြောင်းရွှေ့နေရတယ်တဲ့။ စာက နိုင်ငံခြားကို ရောက်နေတဲ့ ညီအစ်ကိုမောင်နှမတွေကို သူတို့ရရှိထားတဲ့ တာဝန်ထမ်းဆောင်ခွင့်ကို တန်ဖိုးထားဖို့၊ သူတို့ရဲ့တာဝန်တွေကို ကောင်းကောင်းဖြည့်ဆည်းဖို့လည်း တိုက်တွန်းထားတယ်။ စာထဲမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကိုလည်း ကိုးကားထားတယ်။ ဘုရားသခင်က ပြောသည် “ကောင်းချီးမင်္ဂလာများကို တစ်ရက် နှစ်ရက်အတွင်း မရရှိနိုင်ပေ။ ယင်းတို့ကို အဖိုးအခများစွာမှတစ်ဆင့် ရရှိရမည်ဖြစ်သည်။ ယင်းမှာ၊ သင်တို့သည် စစ်ဆေးခြင်း ကြုံရပြီးဖြစ်သည့် ချစ်ခြင်းမေတ္တာတစ်ခုကို ပိုင်ဆိုင်ရမည်၊ ကြီးမားသောယုံကြည်ခြင်းကို သင်တို့ ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ သင်တို့ ကြိုးပမ်းရရှိဖို့ ဘုရားသခင် တောင်းဆိုသည့် သမ္မာတရားများစွာ ရှိရမည်ဟု ဆိုလိုပေသည်။ ထို့အပြင်၊ သင်တို့သည် ချိုးနှိမ်ခြင်းကိုမခံဘဲ သို့မဟုတ် တိမ်းရှောင်ခြင်း မရှိဘဲ၊ တရားမျှတမှုဘက်သို့ လှည့်ရမည် ဖြစ်ပြီး၊ ဘုရားသခင်ကို ချစ်သော သေသည်အထိ မပြောင်းလဲသည့် စိတ်နှလုံး ရှိရမည်ဖြစ်သည်။ သင့်၌ စိတ်ပိုင်းဖြတ်ချက် ရှိရမည်၊ သင်တို့၏ အသက်စိတ်သဘောထား၌ ပြောင်းလဲမှုများ ဖြစ်ပေါ်ရမည်၊ သင်တို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ကုစားရမည်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများ အားလုံးကို ညည်းညူခြင်းမပြုဘဲ လက်ခံရမည်ဖြစ်ပြီး၊ သေသည်အထိ သင်တို့ ကျိုးနွံနာခံရမည်ဖြစ်သည်။ ဤသည်မှာ သင်တို့ ရရှိသင့်သည့်အရာဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်၏အမှု နောက်ဆုံးရည်မှန်းချက်ဖြစ်ပြီး၊ ဤလူစုကို ဘုရားသခင် တောင်းဆိုသည့်အရာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော) စာကိုဖတ်ပြီးတဲ့နောက်မှာ ကျွန်မ အရမ်းကို ရှက်မိတယ်။ တရုတ်နိုင်ငံက ညီအစ်ကိုမောင်နှမတွေဟာ သူတို့ရဲ့အသက်ကို စွန့်စားပြီး သူတို့ရဲ့တာဝန်တွေကို စွဲကိုင်ထားကြတုန်းပဲ။ နိုင်ငံရပ်ခြားက ညီအစ်ကိုမောင်နှမတွေကို သူတို့ရဲ့တာဝန်တွေကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်ဖို့တောင် စာရေးပြီး အားပေးခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်မကရော။ ငါက အဆင်းနီသော နဂါးကြီးရဲ့ ဖမ်းဆီးနှိပ်စက်မှုတွေကနေ ကင်းလွတ်ပြီး သက်သောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်မှာ တာဝန်ထမ်းဆောင်နိုင်ခဲ့တယ်၊ ဒါပေမဲ့ ကိုယ့်တာဝန်မှာ အခက်အခဲနဲ့ ဖိအားနည်းနည်းလေး ရင်ဆိုင်ရုံနဲ့ ထွက်ပြေးပြီး စွန့်လွှတ်ချင်ခဲ့တယ်။ ဒါက ကျွန်မကို သူရဲဘောကြောင်သူတစ်ယောက် ဖြစ်စေတာ မဟုတ်ဘူးလား။ ကျွန်မရဲ့ သတ္တိက ဘယ်မှာလဲ။ ကျွန်မရဲ့ သက်သေခံချက်က ဘယ်မှာလဲ။ ဘုရားသခင်ကို ယုံကြည်ပြီး လိုက်လျှောက်ဖို့ဆိုရင် စစ်ဆေးခြင်းကို တွေ့ကြုံခံစားရမယ်၊ ဒုက္ခခံဖို့ စိတ်ပိုင်းဖြတ်မှု ရှိရမယ်၊ ပိုအရေးကြီးတာက သမ္မာတရားကို လိုက်စားရမယ်၊ အသက်စိတ်သဘောထားမှာ ပြောင်းလဲမှုတစ်ခုကို တွေ့ကြုံရမယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုအားလုံးကို လက်ခံပြီး ကျိုးနွံနာခံရမယ်လို့ ဘုရားသခင်က မိန့်ဆိုထားတယ်။ ဘုရားသခင်က ကျွန်မကို စကားလုံးတိုင်းနဲ့ တောင်းဆိုနေတယ်လို့ ခံစားခဲ့ရတယ်။ ဒါတွေဟာ ဒီအချိန်မှာ ကျွန်မ လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်သင့်တဲ့ သမ္မာတရားတွေပဲ၊ ကျွန်မသာ နှုတ်ထွက်လိုက်ရင် ဒီသမ္မာတရားတွေထဲက တစ်ခုမှ ကျွန်မ လက်တွေ့လုပ်ဆောင်ဖြစ်မှာ မဟုတ်ဘူး။ ဒါက ဘုရားသခင်ကို စိတ်ပျက်ပြီး စက်ဆုပ်စေမှာ မဟုတ်ဘူးလား။ နောက်တစ်နေ့မှာ အကအဖွဲ့ ခေါင်းဆောင်တစ်ယောက်က တခြားသူတွေနဲ့ သဟဇာတဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်လို့မရလို့ နုတ်ထွက်ချင်ခဲ့တယ်။ သူနဲ့ မိတ်သဟာယဖွဲ့တဲ့အခါမှာ ကျွန်မက ကိုယ့်ရဲ့ အားနည်းချက်တွေနဲ့ အခက်အခဲတွေကို ဖွင့်ဟပြောပြခဲ့ပြီး ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရင်းနဲ့ ကျွန်မရဲ့စိတ်နှလုံးဟာ တဖြည်းဖြည်း တို့ထိခံခဲ့ရတယ်။ တာဝန်တွေဟာ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ဖြစ်ပြီး ရှောင်လွှဲလို့မရတဲ့ ဝတ္တရားတွေဖြစ်မှန်း ကျွန်မ သဘောပေါက်ခဲ့တယ်။ ဘယ်လောက်ပဲ နာကျင်ခက်ခဲပါစေ၊ ကိုယ့်တာဝန်ကို ငြင်းဆန်လို့မရဘူး၊ ဘုရားသခင်ရဲ့ စိတ်နှလုံးကို နာကျင်စေလို့မရဘူး။

အဲဒီနောက်မှာ ကျွန်မရဲ့ အခြေအနေနဲ့ တကယ်ကိုက်ညီပြီး ကျွန်မကို အများကြီး အထောက်အကူပြုခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ ဘုရားသခင်က ပြောသည် “လူတို့သည် ဘုရားသခင်နှင့် မိမိတို့၏ တာဝန်များအပေါ် ရိုးသားသော စိတ်နှလုံးဖြင့် ချဉ်းကပ်ရမည်။ ရိုးသားသော စိတ်နှလုံးရှိလျှင် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော လူများဖြစ်လိမ့်မည်။ ရိုးသားသော စိတ်နှလုံးရှိသော လူများသည် ဘုရားသခင်အပေါ်တွင် မည်သို့သော သဘောထားမျိုးရှိသနည်း။ အနည်းဆုံးအနေဖြင့် ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးရှိကြသည်။ ၎င်းတို့သည် ကောင်းချီးများအကြောင်း သို့မဟုတ် ကံဆိုးခြင်းများအကြောင်း မမေးမြန်းပေ။ အခြေအနေများနှင့်ပတ်သက်၍ မည်သည့်အရာမျှ မပြောပေ။ ၎င်းတို့သည် ဘုရားစီစဉ်ညွှန်ကြားခြင်း၏ ပြုသမျှကို ခံကြသည်။ ဤသူတို့သည် ရိုးသားသောစိတ်နှလုံးရှိသည့်လူများ ဖြစ်ကြသည်။ ဘုရားသခင်နှင့်ပတ်သက်၍ အစဉ်သံသယရှိသောသူ၊ ဘုရားသခင်အား အစဉ် ကြည့်ရှုစစ်ဆေးနေသောသူ၊ ဘုရားသခင်နှင့် အပေးအယူတစ်ခုပြုလုပ်ရန် အစဉ်ကြိုးစားနေသောသူများသည် ရိုးသားသော စိတ်နှလုံး ရှိသည့်လူများ ဖြစ်သလော။ (မဟုတ်ပါ။) ဤသို့သောလူများ၏ စိတ်နှလုံးအတွင်းတွင် မည်သည့်အရာ တည်ရှိသနည်း။ လှည့်စားတတ်ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်မှုဖြစ်သည်။ ၎င်းတို့သည် အစဉ်သဖြင့် ကြည့်ရှုစစ်ဆေးနေသည်။ ၎င်းတို့ ကြည့်ရှုစစ်ဆေးသည့်အရာမှာ မည်သည့်အရာဖြစ်သနည်း။ (လူတို့အပေါ် ဘုရားသခင်၏ သဘောထားဖြစ်သည်။) ၎င်းတို့သည် လူတို့အပေါ် ဘုရားသခင်၏ သဘောထားကို အစဉ် ကြည့်ရှုစစ်ဆေးနေသည်။ ဤသည်မှာ မည်သည့်ပြဿနာ ဖြစ်သနည်း။ အဘယ်ကြောင့် ဤအရာကို ၎င်းတို့ ကြည့်ရှုစစ်ဆေးသနည်း။ ၎င်းတို့၏ မရှိမဖြစ်သော အကျိုးစီးပွား ပါဝင်နေသောကြောင့်ဖြစ်သည်။...မိမိတို့၏ရှေ့ရေး၊ ကံကြမ္မာများနှင့် ကိုယ်ပိုင် အကျိုးစီးပွားများကို အထူးသဖြင့် တန်ဖိုးထားသော လူတို့သည် ဘုရားသခင်၏ အမှုတော်အား ၎င်းတို့၏ရှေ့ရေးနှင့် ကံကြမ္မာများအတွက် အကျိုးပြုမပြုကိုလည်းကောင်း၊ ၎င်းတို့ကို ကောင်းချီးများ ရစေခြင်း ရှိမရှိကိုလည်းကောင်း အမြဲတမ်း စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြ၏။ အဆုံးသတ်၌ ၎င်းတို့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း၏ ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့လုပ်ဆောင်သမျှသည် ဘုရားသခင်ကို ပုန်ကန်ပြီး ဆန့်ကျင်ခြင်းဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ဆက်လက် ထမ်းဆောင်သောအခါတွင်ပင် ဝတ်ကျေတမ်းကျေ ဖြစ်စွာဖြင့် အပျက်သဘောဆောင်သော စိတ်ခံစားချက် အခြေအနေတစ်ခုဖြင့် လုပ်ဆောင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် မည်သို့ အခွင့်အရေးယူရမည်၊ ပြီးလျှင် ရှုံးနိမ့်သည့်ဘက်တွင်မရှိရန် မည်သို့နေရမည်တို့ကို အစဉ် စဉ်းစားနေကြသည်။ ဤအရာတို့သည် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်သောအခါ ၎င်းတို့၏ ရည်ရွယ်ချက်များဖြစ်သည်။ ဤတွင် ၎င်းတို့သည် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ကြိုးစားနေခြင်းဖြစ်သည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားနည်း။ လှည့်ဖြားတတ်ခြင်းဖြစ်သည်။ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခုဖြစ်သည်။ ဤသည်မှာ သာမန် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု မဟုတ်တော့ပေ။ ကောက်ကျစ်ဆိုးယုတ်ခြင်းသို့ မြင့်တက်သွားပြီဖြစ်သည်။ လူတစ်ဦး၏ စိတ်နှလုံးတွင် ဤသို့သော ကောက်ကျစ်ဆိုးယုတ်သည့် စိတ်သဘောထားမျိုးရှိသည့်အခါ ဤသည်မှာ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း ဖြစ်သည်။ ဤပြဿနာနှင့် ပတ်သက်၍သင်ရှင်းလင်းစွာ သိသင့်သည်။ လူတို့သည် ဘုရားသခင်ကို အစဉ် ကြည့်ရှုစစ်ဆေးပြီး ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သောအခါ အပေးအယူများပြုလုပ်ရန် အစဉ်ကြိုးစားလျှင်၊ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို မှန်ကန်စွာ ထမ်းဆောင်နိုင်သလော။ လုံးဝ မထမ်းဆောင်နိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို မိမိတို့၏ စိတ်နှလုံးဖြင့်လည်းကောင်း၊ ရိုးသားမှုဖြင့်လည်းကောင်း မကိုးကွယ်ပေ။ ၎င်းတို့တွင် ရိုးသားသော စိတ်နှလုံးမရှိပေ။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်လျက်ဖြင့် ကြည့်ရှုနေကြသည်။ အစဉ်သဖြင့် တွန့်ဆုတ်နေကြသည်။ ရလဒ်မှာ အဘယ်နည်း။ ဘုရားသခင်သည် ၎င်းတို့တွင် အလုပ်မလုပ်ပေ။ ၎င်းတို့သည် ကမောက်ကမဖြစ်စေကာ စိတ်ရှုပ်ထွေးလာသည်။ ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများကို နားမလည်ကြပေ။ ၎င်းတို့၏ ကိုယ်ပိုင် လိုအင်ဆန္ဒအတိုင်း လုပ်ဆောင်ကာ အစဉ်သဖြင့် လွဲချော်ကြသည်။ ၎င်းတို့သည် အဘယ်ကြောင့် အစဉ်သဖြင့် လွဲချော်ကြသနည်း။ ၎င်းတို့၏ စိတ်နှလုံးသည် ရှင်းလင်းပြတ်သားမှု အလွန်ကင်းမဲ့သောကြောင့်ဖြစ်သည်။ ၎င်းတို့ထံ အကြောင်းအရာများ ဖြစ်ပျက်သောအခါ မိမိတို့ကိုယ်ကို မသုံးသပ်ကြပေ၊ သို့မဟုတ် ဖြေရှင်းချက်ရှာရန်အတွက် သမ္မာတရားကို မရှာဖွေကြသကဲ့သို့၊ ၎င်းတို့၏ ကိုယ်ပိုင် နှစ်သက်မှုများနှင့်အညီ မိမိတို့၏ ဆန္ဒရှိသည့်အတိုင်း အမှုကိစ္စများကို မလျှော့တမ်းလုပ်ဆောင်ကြသည်။ ဤအရာ၏ရလဒ်မှာ ၎င်းတို့၏ တာဝန်ကိုထမ်းဆောင်သောအခါ အစဉ်သဖြင့် လွဲချော်ကြသည်။ ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို လုံးဝ မစဉ်းစားသကဲ့သို့ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကိုလည်း မစဉ်းစားပေ။ ၎င်းတို့သည် အစဉ်သဖြင့် မိမိတို့၏ ကိုယ်ပိုင်အကျိုးအတွက် အစဉ် လျှို့ဝှက်ကြံစည်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများ၊ မာနနှင့် ဂုဏ်အဆင့်အတန်းအတွက် အစဉ် စီစဉ်ကြပြီး မိမိတို့၏တာဝန်များကို ညံ့ဖျင်းစွာထမ်းဆောင်ရုံတင်မကဘဲ အသင်းတော်၏ အလုပ်ကို ၎င်းတို့ နှောင့်နှေးပြီး ထိခိုက်စေသည်။ ဤသည်မှာ လမ်းလွဲခြင်းနှင့် မိမိတို့၏ တာဝန်များကို လျစ်လျူရှုခြင်း မဟုတ်လော။ တစ်စုံတစ်ယောက်သည် မိမိတာဝန်ကို ထမ်းဆောင်သောအခါတွင် အစဉ်သဖြင့် မိမိ၏ အကျိုးစီးပွားနှင့် မျှော်လင့်ချက်များအတွက် စီစဉ်နေလျှင်၊ အသင်းတော်အလုပ်အတွက်၊ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားအတွက် မစဉ်းစားလျှင် ဤသည်မှာ တာဝန်ထမ်းဆောင်ခြင်း မဟုတ်ပေ။ ဤသည်မှာ ကိုယ့်အကျိုးစီးပွားကိုယ် ရှာဖွေခြင်း ဖြစ်သည်။ ယင်းမှာ မိမိ၏ အကျိုးအမြတ်အတွက် လုပ်ဆောင်ခြင်းနှင့် မိမိကောင်းချီးများရရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသို့ဖြင့် မိမိ၏ တာဝန်ထမ်းဆောင်ခြင်းနောက်ကွယ်ရှိ သဘောသဘာဝက ပြောင်းလဲသွားသည်။ ဤသည်မှာ ဘုရားသခင်နှင့် အပေးအယူ လုပ်ခြင်းသာ ဖြစ်သလို မိမိ၏ ကိုယ်ပိုင်ပန်းတိုင်များကို ရရှိရန်အတွက် မိမိ၏ တာဝန်ထမ်းဆောင်ခြင်းအား အသုံးပြုလိုခြင်းသာဖြစ်သည်။ ဤသို့လုပ်ဆောင်သည့်ပုံစံသည် ဘုရားအိမ်တော်၏ အလုပ်အား အနှောင့်အယှက်ဖြစ်စေဖို့ အလွန်ပင် ဖြစ်နိုင်ချေရှိသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်) ဘုရားသခင်က “၎င်းတို့သည် ကောင်းချီးများအကြောင်း သို့မဟုတ် ကံဆိုးခြင်းများအကြောင်း မမေးမြန်းပေ။ အခြေအနေများနှင့်ပတ်သက်၍ မည်သည့်အရာမျှ မပြောပေ။ ၎င်းတို့သည် ဘုရားစီစဉ်ညွှန်ကြားခြင်း၏ ပြုသမျှကို ခံကြသည်။ ဤသူတို့သည် ရိုးသားသောစိတ်နှလုံးရှိသည့်လူများ ဖြစ်ကြသည်။” လို့ မိန့်ဆိုထားပါတယ်။ ဒီစကားလုံးတွေက ကျွန်မရဲ့ နှလုံးသားကို တကယ်ပဲ ထိမှန်သွားတယ်။ ဘုရားသခင်က လူတွေကို ကောင်းချီးမင်္ဂလာတွေ၊ ကံဆိုးမိုးမှောင်ကျမှုတွေကို မစဉ်းစားဖို့ တောင်းဆိုပေမဲ့ ကျွန်မကတော့ ကိုယ်ကောင်းချီးခံရမလား၊ ကံဆိုးမိုးမှောင်ကျမှုကို ခံစားရမလားဆိုတာကို အရမ်းကို အရေးထားခဲ့တယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်နေတုန်းမှာ အလုပ်ကို အနှောင့်အယှက်ပေး၊ အဖျက်အမှောင့်လုပ်မယ့် မကောင်းမှုတစ်ခုခုကို လုပ်မိမှာ၊ ကိုယ့်နောက်မှာ အစွန်းအထင်းတွေနဲ့ ပြစ်မှားခြင်းတွေ ကျန်ခဲ့မှာ၊ ပြီးတော့ ဘုရားသခင်ရဲ့ ပြစ်တင်ရှုတ်ချခြင်းနဲ့ ဖယ်ရှားရှင်းလင်းခြင်းကို ခံရမှာနဲ့၊ အဆုံးမှာ ကယ်တင်ခြင်းမခံရရုံတင်မကဘဲ ကံဆိုးမိုးမှောင်ကျမှုရဲ့ သားကောင်ဖြစ်သွားမှာကိုပါ ကြောက်ခဲ့တယ်။ အရင်က ခရိုင်ခေါင်းဆောင်သုံးယောက်ထဲက နှစ်ယောက်ဟာ သူတို့ရဲ့တာဝန်တွေမှာ သမ္မာတရား စည်းမျဉ်းတွေကို မရှာဖွေဘဲ ကိုယ်ထင်ရာစိုင်းလုပ်ခဲ့လို့၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ဆိုးဆိုးရွားရွား အနှောင့်အယှက်ပေး၊ အဖျက်အမှောင့်လုပ်ပြီး ဖြုတ်ချခံခဲ့ရတယ်ဆိုတာ သိလိုက်ရတဲ့အခါ ဒီခံစားချက်က ပိုပြီး ပြင်းထန်လာခဲ့တယ်။ အခု ကျွန်မရဲ့ညီအစ်မလည်း ဖြုတ်ချခံရတော့၊ လူတစ်ယောက်ဟာ သမ္မာတရားကို နားမလည်ရင်၊ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံးမရှိရင် ခေါင်းဆောင်တာဝန်ကို ထမ်းဆောင်ရတာက တကယ်ကို မတည်ငြိမ်ဘူး၊ အလွယ်တကူ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရနိုင်တယ်၊ ပြီးတော့ လူတစ်ယောက်ရဲ့ အနာဂတ် အဆုံးသတ်၊ ဒါမှမဟုတ် ပန်းတိုင်က ဘာဖြစ်မယ်ဆိုတာ မသေချာဘူးလို့ ကျွန်မ ခံစားခဲ့ရတယ်။ ကိုယ့်ရဲ့အနာဂတ်နဲ့ ပန်းတိုင်ကို လုံခြုံအောင်လုပ်ချင်လို့ အမှားတွေမလုပ်ခင်မှာ နှုတ်ထွက်ပြီး ဘေးကင်းကင်းနဲ့ နောက်ဆုတ်သွားဖို့ စီစဉ်ခဲ့တာပေါ့။ ဒါဟာ တကယ်တော့ လှည့်ဖြားတတ်ပြီး ကောက်ကျစ်ဆိုးယုတ်တဲ့ စိတ်သဘောထားနဲ့ ကိုယ်တော့်ကို ဆန့်ကျင်တိုက်ခိုက်နေတာပဲလို့ ဘုရားသခင်က ဖော်ထုတ်ခဲ့တယ်။ အဲဒီအခါမှ ကျွန်မ သဘောပေါက်လိုက်တာက အမြဲတမ်း ကိုယ့်ရဲ့ အကျိုးစီးပွားနဲ့ အနာဂတ်အတွက်ပဲ စီစဉ်နေတာ၊ အသင်းတော်ရဲ့ အလုပ် ဒါမှမဟုတ် ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို လုံးဝမထောက်ထားတာက၊ ကိုယ့်တာဝန်ကို ထမ်းဆောင်နေတာမဟုတ်ဘူးဆိုတာပါပဲ။ ဒါက ဘုရားသခင်ကို လှည့်စားဖို့ ကြိုးစားပြီး ကိုယ်တော့်ကို ဆန့်ကျင်နေတာပဲ။ ဒီလိုစိတ်နေသဘောထား၊ ဒီလိုအခြေအနေနဲ့ တာဝန်ထမ်းဆောင်နေရင်၊ ကျွန်မက ခေါင်းဆောင်အနေနဲ့ မထမ်းဆောင်ဘဲ အပြင်ပန်းမှာ အမှားတွေ မလုပ်ခဲ့ရင်တောင် ကျွန်မရဲ့ စိတ်နှလုံးက ဘုရားသခင်ကို တွက်ချက်ပြီး ဆန့်ကျင်နေတာပဲ။ ဒါဟာ မကောင်းမှုတစ်ခုဖြစ်ပြီး ဘုရားသခင်ရဲ့ စက်ဆုပ်ခြင်းနဲ့ ပြစ်တင်ရှုတ်ချခြင်းကို ခံရမှာပဲ။ ဘုရားသခင်က ကျွန်မကို ရှင်းလင်းတဲ့ လမ်းကြောင်းတစ်ခုကို ပြခဲ့တယ်၊ အဲဒါကတော့ ရိုးသားသော စိတ်နှလုံးရှိတဲ့သူတစ်ယောက် ဖြစ်ဖို့၊ ကောင်းချီးမင်္ဂလာတွေ၊ ကံဆိုးမိုးမှောင်ကျမှုတွေကို မမေးမြန်းဖို့၊ အခြေအနေတွေကို မပြောဆိုဖို့၊ ပြီးတော့ ဘုရားစီစဉ်ညွှန်ကြားမှုရဲ့ ပြုသမျှကို ခံယူဖို့ပါပဲ။ ဘုရားအိမ်တော်က ကျွန်မကို မဖြုတ်ချ၊ မဖယ်ရှားရှင်းလင်းသေးတဲ့အတွက် ကျွန်မက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုတွေကို ကျိုးနွံနာခံပြီး ကိုယ့်တာဝန်ကို ခိုင်ခိုင်မာမာ စွဲကိုင်ထားရမယ်၊ ကျွန်မ ထမ်းဆောင်သင့်တဲ့ တာဝန်တွေကို အစွမ်းကုန် ထမ်းဆောင်ရမယ်။

နောက်တစ်နေ့မှာ ကျွန်မ အထက်အဆင့်ခေါင်းဆောင်တွေဆီကို စာတစ်စောင်ရေးခဲ့တယ်၊ ဒါပေမဲ့ နှုတ်ထွက်တဲ့အကြောင်းကို မပြောခဲ့ဘူး။ အဲဒီအစား ဓမ္မတေးအလုပ် နှောင့်နှေးတဲ့အတွက် ကျွန်မ ယူသင့်တဲ့ တာဝန်ကို လက်ခံခဲ့ပြီး ခေါင်းဆောင်တွေဆီမှာ ဝန်ခံခဲ့တယ်၊ ဘုရားအိမ်တော်က စီစဉ်မှုတွေကို ကျိုးနွံနာခံလိုပါတယ်လို့ ပြောခဲ့တယ်။ စာရေးပြီးတဲ့နောက်မှာ ကျွန်မစိတ်ထဲမှာ အေးချမ်းပြီး တည်ငြိမ်သွားတယ်၊ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုကို လက်ခံဖို့လည်း ဆန္ဒရှိသွားတယ်။ အထက်အဆင့်ခေါင်းဆောင်တွေက ကျွန်မကို ပြုပြင်တာ၊ ဖြုတ်ချတာလုပ်ရင် ကျွန်မ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ပြီး တာဝန်ယူမယ်။ ကျွန်မကို မဖြုတ်ချဘူးဆိုရင် ကိုယ့်တာဝန်ကို စွဲကိုင်ပြီး ကိုယ့်ဝတ္တရားတွေကို ကောင်းကောင်း ဖြည့်ဆည်းမယ်။ ကျွန်မ အံ့ဩသွားတာက အထက်အဆင့်ခေါင်းဆောင်တွေဟာ စာကိုဖတ်ပြီးတဲ့နောက် ကျွန်မကို မဖြုတ်ချဘဲ ကိုယ့်တာဝန်မှာ ဆက်ပြီး လေ့ကျင့်ခွင့်ပြုခဲ့တယ်။ ဒီအရာကို တွေ့ကြုံခံစားတော့ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ပိုပြီး နားလည်လာတယ်လို့ ကျွန်မ ခံစားရတယ်၊ ပြီးတော့ ဘုရားသခင် တန်ဖိုးထားတာက လူတစ်ယောက်ရဲ့ စိတ်နှလုံးက သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိရယ်၊ ပြီးတော့ ကိုယ်တော့်အပေါ် ရိုးသားပြီး ရိုးရှင်းနိုင်တာမျိုး ရှိမရှိနဲ့ ကိုယ့်ရဲ့ အကျိုးစီးပွား ဒါမှမဟုတ် အနာဂတ်ကို မစဉ်းစား မစီစဉ်ဘဲ၊ အဲဒီအစား ဘုရားသခင်ရဲ့ အိမ်တော်အလုပ်ကို စဉ်းစားတာမျိုး ရှိမရှိ ဖြစ်တယ်ဆိုတာကို ကျွန်မ သဘောပေါက်လာတယ်။ လူတစ်ယောက်ရဲ့ ရည်ရွယ်ချက်တွေ မှန်ကန်တယ်ဆိုရင် သူတို့ တစ်ခါတလေ မိုက်မဲတဲ့အရာတွေ လုပ်မိရင်တောင် ဘုရားသခင်က ဒီအရာတွေကို အမှတ်မထားဘူး၊ အဲဒီအစား သူတို့ရဲ့တာဝန်တွေကို ထမ်းဆောင်ဖို့နဲ့ သူတို့ရဲ့ အားနည်းချက်တွေကို ပြင်ဆင်ဖို့ အခွင့်အရေးပေးတယ်။ ခဏကြာတော့ အသင်းတော်က ခေါင်းဆောင်အသစ် မရွေးချယ်ရသေးလို့ အသင်းတော်ရဲ့ အလုပ်ကို ဆက်လုပ်ဖို့ ဘုရားသခင်ကို ဆုတောင်းပြီး အားကိုးခဲ့တယ်။ ပြဿနာတွေရှိလာတိုင်း ဖြေရှင်းဖို့ ညီအစ်ကိုမောင်နှမတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ကျွန်မတွေ့ရှိခဲ့တာက ကျွန်မ တက်တက်ကြွကြွ တာဝန်ယူလိုစိတ်ရှိပြီး အလုပ်အပေါ်မှာ ပိုဂရုထားပြီး ပိုပြီး စဉ်းစားကြံဆတဲ့အခါမှာ အသင်းတော်အလုပ်အတွက် ကျွန်မရဲ့ ဝန်တာထားတဲ့စိတ်နဲ့ တာဝန်ယူစိတ်၊ ကိစ္စတွေကို ရှုမြင်နိုင်စွမ်းနဲ့ အလုပ်လုပ်နိုင်စွမ်းတွေ အားလုံးဟာ မသိလိုက်ဘဲနဲ့ တိုးတက်လာခဲ့တယ်။ ကျွန်မ အရင်ကထက် ပိုတော်လာသလိုပဲ။ အလုပ်လုပ်ရတာက ကျွန်မ စိတ်ကူးထားသလောက် မခက်ခဲဘူး၊ ပြီးတော့ ဒီရလဒ်တွေဟာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကြောင့် ရရှိခဲ့မှန်း ကျွန်မသိခဲ့တယ်။ ဘုရားသခင်က ကိုယ်တော့်အလုပ်ကို ကာကွယ်စောင့်ရှောက်ပြီး လူက ပူးပေါင်းဆောင်ရွက်ရုံသက်သက်ပဲဆိုတာကို ကျွန်မ တကယ်ပဲ တွေ့ကြုံခံစားခဲ့ရတယ်။ ဘုရားသခင်က လူတွေအပေါ်မှာ သူတို့မထမ်းနိုင်တဲ့ ဝန်တွေကို မတင်ဘူး၊ ဘုရားသခင်အပေါ် ကျွန်မရဲ့ ယုံကြည်ခြင်းလည်း ကြီးထွားလာခဲ့တယ်။ နောက်ပိုင်းမှာ အသင်းတော်က ခေါင်းဆောင်အသစ်တစ်ယောက်ကို ရွေးချယ်ခဲ့ပြီး အသင်းတော်ရဲ့ နောက်ဆက်တွဲအလုပ်ကို လုပ်ရာမှာ သူနဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။

ဒီလပိုင်းတွေမှာ ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်တော့ ဘုရားသခင်ရဲ့ ကြင်နာမှုနဲ့ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို ကျွန်မ ခံစားခဲ့ရတယ်၊ ပြီးတော့ ဘုရားသခင်အပေါ်ထားတဲ့ ကျွန်မရဲ့ အယူအဆတွေ၊ စိတ်ကူးတွေ၊ နားလည်မှုလွဲမှားခြင်းတချို့နဲ့ သတိထားတာမျိုးကို စွန့်လွှတ်ခဲ့တယ်။ ပိုပြီးတော့ ကျွန်မ တွေ့ကြုံခံစားခဲ့ရတာက ဘုရားသခင်က ကျွန်မကို ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ခွင့်ပေးတာဟာ ကျွန်မကို အခက်အခဲဖြစ်စေဖို့ ဒါမှမဟုတ် ထုတ်ဖော်ဖို့မဟုတ်ဘဲ ယုံကြည်ခြင်းအပေါ်ထားတဲ့ ကျွန်မရဲ့ မှားယွင်းတဲ့ အမြင်တွေကို ပြုပြင်ဖို့နဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သန့်စင်ဖို့ ဖြစ်တယ်ဆိုတာပါပဲ။ ဒါဟာ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ဘယ်လိုကာကွယ်ရမလဲ၊ အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေအတွက် အကျိုးရှိတဲ့နည်းလမ်းနဲ့ အရာရာကို ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို ပိုပြီး ထောက်ထားစာနာတတ်အောင်၊ ပိုပြီး စဉ်းစားတတ်အောင် ကျွန်မကို တွန်းအားပေးဖို့ပါပဲ။ ဒါ့အပြင် ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေနဲ့ သူတို့ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲတွေ၊ ပြဿနာတွေနဲ့ပတ်သက်ပြီး ကျွန်မ သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေခဲ့တယ်၊ ပြဿနာတွေကို သမ္မာတရားနဲ့ ဖြေရှင်းရာမှာ လေ့ကျင့်ခဲ့တယ်၊ မသိလိုက်ဘဲနဲ့ ကျွန်မရဲ့ ထိုးထွင်းသိမြင်မှုနဲ့ ဝိညာဉ်ရင့်ကျက်မှုက နည်းနည်း တိုးတက်လာခဲ့တယ်။ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ ကျွန်မရဲ့ လေ့ကျင့်မှုဟာ တကယ်ပဲ ဘုရားသခင်က ကျွန်မကို စုံလင်အောင်ပြုလုပ်ပေးနေတာဖြစ်ပြီး ဒါဟာ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာပဲလို့ ကျွန်မ ခံစားခဲ့ရတယ်။ ဒီတာဝန်ကို စတင်ထမ်းဆောင်ခဲ့တဲ့အချိန်ကို ပြန်စဉ်းစားကြည့်တဲ့အခါ ကျွန်မ တကယ်ကို သတ္တိမရှိဘဲ ကြောက်နေခဲ့တယ်။ ဘုရားသခင်က ကျွန်မကို ဖယ်ရှားရှင်းလင်းဖို့ ဒီတာဝန်ကို အသုံးပြုနေတယ်လို့တောင် နားလည်မှုလွဲခဲ့တယ်။ ကျွန်မဟာ အမှားနဲ့အမှန်၊ အဖြူနဲ့အမည်းကိုတောင် တကယ်ပဲ မခွဲခြားနိုင်ခဲ့ဘူး။ ကျွန်မမှာ လုံးဝကို ဆင်ခြင်တုံတရားမရှိခဲ့ဘူး။ အခုတော့ ကျွန်မ ခေါင်းဆောင်တစ်ယောက်ဖြစ်ရမှာကို မကြောက်တော့ဘူး။ ရှေ့ဆက်ပြီး ဘာပဲတွေ့ကြုံရပါစေ၊ ဘာပဲရင်ဆိုင်ရပါစေ၊ သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ဖို့၊ ကိုယ်ထမ်းဆောင်သင့်တဲ့ တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းဖို့ပဲ အာရုံစိုက်သွားမှာပါ။ ကျွန်မ ရရှိခဲ့တဲ့ ဒီ ပြောင်းလဲမှုနဲ့ ဝင်ရောက်မှုနည်းနည်းက ဘုရားနှုတ်ကပတ်တော် လမ်းပြမှုရဲ့ ရလဒ်တွေချည်းပါပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကြီးကြပ်မှုကို ကျွန်တော် လက်မခံရသည့် အကြောင်းပြချက်

ဖာဖီးရပ့်စ် အာဖရိကတိုက် ကျွန်တော်က အသင်းတော်မှာ လူသစ်တွေကို တစ်နှစ်ကျော် ရေလောင်းနေခဲ့ပါတယ်။ ကျွန်တော်တာဝန်ထမ်းဆောင်တဲ့တစ်လျှောက်မှာ...

တာဝန်ထမ်းဆောင်ခြင်းသည် ဝါရင့်ခြင်းနှင့် မသက်ဆိုင်ပါ

ရှန့်ကျင့် တောင်ကိုရီးယားနိုင်ငံ ကျွန်တော်က ဓမ္မသီချင်းတွေ အသံသွင်းတဲ့နေရာမှာ သုံးလေးနှစ်လောက်ထိ ပါဝင်ခဲ့ပါတယ်။ ကျွန်တော်က ဘုရားကို...

ဘုရားအပေါ် မှီခိုခြင်းက အကြီးမားဆုံးသော ဉာဏ်ပညာဖြစ်၏

မာဟုန် တရုတ်နိုင်ငံ ၂၀၁၁ ခုနှစ်ရဲ့ ဆောင်းဦးရာသီမှာ၊ ဖန်မင်းဆိုတဲ့ ရွာသူတစ်ယောက်နဲ့ ဆုံခဲ့တယ်။ သူက လူ့သဘာဝကောင်းရှိပြီး အရမ်းကြင်နာတတ်တယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။