ကြီးကြပ်မှုကို အတိုက်အခံပြုပြီးနောက် ဆင်ခြင်သုံးသပ်ခြင်း
မီဟွေ့ တရုတ်နိုင်ငံ ၂၀၂၁မှာ ကျွန်မက အသင်းတော်မှာ ရေလောင်းအလုပ်ကို ဦးဆောင်ရပါတယ်။ အဲဒီအချိန်ကာလမှာ ကျွန်မတို့ ခေါင်းဆောင်က...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၁၉၉၅ ခုနှစ်မှာ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးဟာ သခင်ယေရှုကို ယုံကြည်ခဲ့ကြပြီး နှစ်နှစ်ကြာတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ကြတယ်။ ကျွန်တော့်ဘဝတစ်သက်တာမှာ သခင် ကြွလာတာကို ကြိုဆိုနိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ ကျွန်တော် အရမ်းကို ပျော်ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ဧဝံဂေလိတရားကို စဟောပြောပြီး တာဝန်ထမ်းဆောင်ခဲ့တယ်။ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ၊ ကျွန်တော် ဘယ်တော့မှ အချိန်မဆွဲခဲ့ပါဘူး။ အဲဒီတုန်းက ကျွန်တော် တကယ်ကို စိတ်အားထက်သန်ခဲ့တာပါ။ ကျွန်တော့်ရဲ့ ဘာသာတရားမရှိတဲ့ မိသားစုဝင်တွေက ဆန့်ကျင်ပြီး ဟန့်တားခဲ့ပေမဲ့လည်း ဒုက္ခခံနေရတယ်လို့ ကျွန်တော် မခံစားခဲ့ရပါဘူး။
အချိန်တွေက တရိပ်ရိပ်ကုန်ဆုံးသွားပြီးတော့ မျက်စိတစ်မှိတ်အတွင်းမှာပဲ နှစ်ဆယ့်ခုနစ်နှစ် ကြာသွားပြီး ကျွန်တော်လည်း အသက်ခြောက်ဆယ် ဖြစ်လာခဲ့တယ်။ ကျွန်တော့်ခန္ဓာကိုယ်က အရင်ကလောက် မကောင်းတော့ဘူးဆိုတာ ထင်ထင်ရှားရှား သိသာလာတယ်၊ မှတ်ဉာဏ်ကလည်း တော်တော်ကို ဆိုးလာတယ်။ အကြောင်းအရာတွေကို ပြောပြီးတာနဲ့ ချက်ချင်း မေ့သွားတယ်။ တစ်ခါတလေဆို သတိမေ့တတ်တယ်။ မျက်စိကလည်း ခွဲစိတ်ထားတာ နှစ်ခါရှိပြီဆိုတော့ ကွန်ပျူတာကို အကြာကြီးကြည့်လိုက်ရင် မျက်လုံးကနာပြီး မျက်ရည်တွေကျလာတတ်တယ်၊ ညဘက်ဆို အမြင်တွေက ဝါးတားတားဖြစ်လာရော။ တစ်ခါတလေ လမ်းလျှောက်နေရင်းနဲ့ ကိုယ့်ကိုယ်ကိုယ်တောင် မသိလိုက်ဘဲ ခန္ဓာကိုယ်က ညာဘက်ကို ယိုင်ယိုင်သွားတယ်။ တည့်တည့်လျှောက်ဖို့ ကြိုးစားပေမဲ့လည်း မထိန်းနိုင်ဘဲ ညာဘက်ကို ယိုင်ယိုင်သွားတယ်။ ကျွန်တော်လည်း ကိုယ်တစ်ခြမ်းများ သေသွားမလားလို့ စိုးရိမ်မိတယ်။ နောက်ပိုင်းကျတော့ အနားယူချိန်ကို သေသေချာချာ စီစဉ်တယ်၊ နေ့တိုင်း လေ့ကျင့်ခန်းလုပ်တယ်၊ ညီအစ်ကိုတစ်ယောက်ကလည်း ကိုယ်ကာယလေ့ကျင့်ခန်းနဲ့ ကုသပေးတယ်။ ခဏကြာတော့ ကျန်းမာရေးက တိုးတက်လာပေမဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်ချင်တဲ့ဆန္ဒကို ခွန်အားက မလိုက်နိုင်ဘူးလို့ ခံစားနေရတုန်းပဲ။ လူငယ်တွေက သူတို့ရဲ့ အဓိကအလုပ်ကို ကောင်းကောင်းလုပ်ရင်းနဲ့ တခြားတာဝန်တွေကိုပါ တွဲလုပ်နေကြတာကို ကျွန်တော်မြင်ရတယ်။ သူတို့နဲ့ယှဉ်ရင် ကျွန်တော့်အလုပ်က သိပ်မများပေမဲ့ ကျွန်တော့်အတွက်တော့ တော်တော်ခက်ခဲပင်ပန်းနေသလို ခံစားရတယ်။ အဲဒီအခါကျမှ ကိုယ်တကယ် အသက်ကြီးနေပြီဆိုတာကို သဘောပေါက်သွားတော့တယ်။ ကိုယ်က အသုံးမကျတဲ့လူတစ်ယောက်လို ဖြစ်လာပြီး ကောင်းကောင်း အားမထုတ်နိုင်တော့ဘူး၊ ကိုယ့်တာဝန်ကို ထမ်းဆောင်ခွင့်တောင် ဆုံးရှုံးရနိုင်တယ်လို့ ခံစားခဲ့ရတယ်။ မျက်စိက ပိုဆိုးသွားရင် ဘုရားနှုတ်ကပတ်တော်တွေကိုတောင် မဖတ်နိုင်မှာကိုလည်း စိတ်ပူခဲ့တယ်။ အဲဒီအခါကျရင် ကယ်တင်ခြင်းရဖို့ အခွင့်အရေးရော ရှိပါဦးမလား။ ဒီအကြောင်းတွေ တွေးမိတော့ ကျွန်တော့်စိတ်နှလုံးထဲမှာ ဝမ်းနည်းသလိုလို ဖြစ်လာတယ်။ တာဝန်ကို ထမ်းဆောင်နေသေးပေမဲ့ တကယ်တမ်းမှာတော့ အပျက်သဘောဆောင်ပြီး လေးကန်ထိုင်းမှိုင်းတဲ့ အခြေအနေထဲကို ကျသွားခဲ့တယ်။ စက်ရုပ်တစ်ရုပ်လိုပဲ ဝတ်ကျေတမ်းကျေ တာဝန်ထမ်းဆောင်နေခဲ့တယ်၊ တစ်ခါတလေဆို ကွန်ပျူတာရှေ့မှာ တာဝန်ထမ်းဆောင်နေရင်းနဲ့ အိပ်ပျော်သွားတယ်။ ဒီလိုနဲ့ပဲ တစ်ရက်ပြီးတစ်ရက်ကို ဖြစ်သလို ကုန်ဆုံးခဲ့တယ်။ တစ်ခါတလေကျရင် ဘုရားသခင်ကိုတောင် နားလည်မှုလွဲပြီး “ဧဝံဂေလိတရားက ဒီလောက်တောင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့အချိန်ကျမှ ငါက ဘာလို့ အသုံးမကျတဲ့လူ ဖြစ်လာရတာလဲ။ ငါသာ နောက်ဆယ်စုနှစ် နည်းနည်းလောက် နေပြီးမှ မွေးလာခဲ့ရင် သိပ်ကောင်းမှာပဲ။ ငါက ဘုရားသခင် ကယ်တင်မဲ့သူမဟုတ်ဘဲ အစေခံတစ်ယောက်သက်သက်ပဲ ဖြစ်ပုံရတယ်။” ဆိုပြီး တွေးမိတယ်။ ဒီလိုတွေးလေလေ၊ ကျွန်တော် ပိုပြီး စိတ်ဓာတ်ကျလာလေပဲ၊ တာဝန်ထမ်းဆောင်ဖို့လည်း စိတ်မပါတော့ဘူး။ ညီအစ်ကိုမောင်နှမတချို့က ကျွန်တော့်ကိုတွေ့တော့ မေးကြတယ်၊ “ဘာများဖြစ်လို့လဲ။ ခင်ဗျား အရင်ကနဲ့မတူဘူးနော်။ တာဝန်ထမ်းဆောင်ချင်တဲ့ စိတ်အားထက်သန်မှုတွေ ဘယ်ရောက်သွားတာလဲ” တဲ့။ ကျွန်တော်လည်း အားငယ်စွာနဲ့ ပြန်ဖြေလိုက်တယ်၊ “အခု အသက်ကြီးပြီလေ၊ အရင်ကနဲ့ ဘယ်တူတော့မလဲ” ပေါ့။ အဲဒီအချိန်တုန်းက ကျွန်တော်က အပျက်သဘောဆောင်တဲ့ အခြေအနေမှာပဲ အမြဲနေခဲ့ပြီး ဘာကြောင့်မှန်းလဲ အဖြေရှာမတွေ့ခဲ့ဘူး။
ကျွန်တော် အရမ်းနာကျင်ခံစားနေရတဲ့အချိန်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကြားခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ညီအစ်ကို မောင်နှမများထဲတွင် အသက် ၆၀ မှ ၈၀ သို့မဟုတ် ၉၀ ခန့်ထိရှိပြီး၊ မိမိတို့၏ အိုမင်းသည့် အသက်အရွယ်ကြောင့် အချို့သော အခက်အခဲများလည်း တွေ့ကြုံကြရသည့် သက်ကြီးရွယ်အိုများလည်း ရှိသည်။ ၎င်းတို့၏ အသက်အရွယ် ထိုသို့ဖြစ်စေကာမူ၊ ၎င်းတို့၏ အတွေးအခေါ်သည် သေချာပေါက် မှန်ကန်ခြင်း သို့မဟုတ် ယုတ္တိတန်ခြင်း သိပ်မရှိသကဲ့သို့၊ ၎င်းတို့၏ စိတ်ကူးများနှင့် အမြင်များသည် သမ္မာတရားနှင့် သေချာပေါက် ကိုက်ညီခြင်း မရှိပေ။ ဤသက်ကြီးရွယ်အိုများသည် အလားတူ ပြဿနာများသာ ရှိကြပြီး၊ ၎င်းတို့က၊ ‘ငါ့ ကျန်းမာရေး သိပ်မကောင်းတော့သကဲ့သို့ မည်သည့်တာဝန်ကို ငါ ထမ်းဆောင်နိုင်သည်နှင့်ပတ်သက်၍ အကန့်အသတ်ရှိသည်။ ဤသေးငယ်သည့် တာဝန်ကိုသာ ငါ ထမ်းဆောင်လျှင်၊ ဘုရားသခင်က ငါ့ကို သတိရပါမည်လား။ တစ်ခါတစ်ရံတွင် ငါ နာဖျားတတ်ပြီး ငါ့ကို စောင့်ရှောက်ဖို့ တစ်စုံတစ်ဦး လိုအပ်သည်။ ငါ့ကို စောင့်ရှောက်ရန် မည်သူမျှ မရှိသည့်အခါ၊ ငါ့တာဝန်ကို ငါ ထမ်းဆောင်နိုင်ခြင်း မရှိပါ။ ထို့ကြောင့် မည်သည့်အရာကို ငါ လုပ်ဆောင်နိုင်သနည်း။ ငါသည် အိုမင်းပြီး၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်သည့်အခါ ထိုနှုတ်ကပတ်တော်များကို မမှတ်မိနိုင်သကဲ့သို့ သမ္မာတရားကို နားလည်ရန် ငါ့အတွက် ခက်ခဲသည်။ သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုနေချိန်တွင်၊ ကမောက်ကမဖြစ်ပြီး ယုတ္တိမရှိသော ပုံစံဖြင့် ငါ စကားပြောပြီး ဝေမျှထိုက်သည့် မည်သည့် အတွေ့အကြုံမျှ မရှိပါ။ ငါသည် အိုမင်းပြီဖြစ်ပြီး၊ လုံလောက်သည့် အားအင်မရှိပါ။ ငါ့အမြင်အာရုံသည် သိပ်မကောင်းသကဲ့သို့ ငါ မသန်မာတော့ပါ။ အရာရာသည် ငါ့အတွက် ခက်ခဲ၏။ ငါ့တာဝန်ကို ငါ မထမ်းဆောင်နိုင်ရုံမက၊ အမှုအရာများကို ငါ အလွယ်တကူ မေ့ပြီး၊ တလွဲဖြစ်စေသည်။ တစ်ခါတစ်ရံ ငါ စိတ်ရှုပ်ထွေးပြီး အသင်းတော်နှင့် ငါ၏ ညီအစ်ကို မောင်နှမများအတွက် ပြဿနာများဖြစ်စေသည်။ ငါသည် ကယ်တင်ခြင်း ရရှိလိုပြီး သမ္မာတရားကို လိုက်စားလိုသော်လည်း၊ အလွန်ခက်ခဲသည်။ မည်သည့်အရာကို ငါ လုပ်နိုင်သနည်း’ဟု အမြဲ စိုးရိမ်ပူပန်ကြလေသည်။ ဤအရာများကို ၎င်းတို့ တွေးသည့်အခါ၊ ‘ဘုရားသခင်ကို ငါ ဤအသက်အရွယ်တွင်သာ စတင် ယုံကြည်လာခဲ့သည်မှာ အဘယ်သို့ ဖြစ်ရသနည်း။ မိမိတို့ အသက် ၂၀ နှင့် ၃၀ ခန့်အရွယ်တွင် ရှိကြသူများ သို့မဟုတ် မိမိတို့ အသက် ၄၀၊ ၅၀ ခန့်အရွယ်တွင်ရှိသူများနှင့်ပင် ငါ အဘယ်သို့ မတူရသနည်း။ အလွန်အိုမင်းသည့် ယခုအချိန်တွင်သာ ဘုရားသခင်၏ အမှုတော်ကို ငါ အဘယ်သို့ အမှတ်မထင် ကြုံလာရသနည်း။ ငါ့ ကံကြမ္မာ ဆိုးခြင်းတော့ မဟုတ်ပါ။ အနည်းဆုံးအနေဖြင့် ဘုရားသခင်၏ အမှုတော်ကို ယခု ငါ ကြုံရပြီဖြစ်သည်။ ငါ့ ကံကြမ္မာ ကောင်းမွန်ပြီး၊ ဘုရားသခင်က ငါ့ကို သနားကြင်နာလေပြီ။ ငါ ပျော်ရွှင်ချမ်းမြေ့ခြင်းမရှိသည့်အရာ တစ်ခုသာရှိပြီး ထိုအရာမှာ ငါ အိုမင်းလွန်းခြင်း ဖြစ်သည်။ ငါ့ မှတ်ဉာဏ် သိပ်မကောင်းသကဲ့သို့၊ ငါ့ ကျန်းမာရေးလည်း ထိုမျှမကောင်းပါ။ သို့သော် ငါ့မှာ ခိုင်ခံ့ပြီး မယိမ်းယိုင်သည့် အတွင်းခွန်အား ရှိပါသည်။ ငါ့ ခန္ဓာကိုယ်က ငါ့ကို မနာခံတော့ခြင်းသာဖြစ်ပြီး၊ စုဝေးပွဲများတွင် အတန်ငယ် နားထောင်ပြီးနောက် ငါ အိပ်ငိုက်သွားသည်။ တစ်ခါတစ်ရံ ငါ ဆုတောင်းဖို့ မျက်လုံးများမှိတ်ပြီးနောက် အိမ်မောကျသွားကာ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ချိန်တွင် ငါ့စိတ်က ပျံ့လွင့်နေသည်။ အနည်းငယ်မျှ ဖတ်ပြီးနောက်တွင်၊ ငါ အိပ်ငိုက်သွားပြီး၊ တစ်မှေးအိပ်မိကာ နှုတ်ကပတ်တော်များကို သဘောမပေါက်ပါ။ ငါ မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ ထိုသို့သော လက်တွေ့ကျသည့် အခက်အခဲများဖြင့်၊ သမ္မာတရားကို ငါ လိုက်စားပြီး နားလည်နိုင်သေးပါသလား။ နားမလည်နိုင်လျှင်၊ သမ္မာတရား စည်းမျဉ်းများအတိုင်း ငါ လက်တွေ့လုပ်ဆောင်နိုင်ခြင်းမရှိလျှင်၊ ငါ၏ ယုံကြည်မှုအားလုံးသည် အချည်းနှီးဖြစ်မည် မဟုတ်ပါလား။ ကယ်တင်ခြင်း ရရှိရန် ငါ ပျက်ကွက်မည်မဟုတ်ပါလား။ မည်သည့်အရာကို ငါ လုပ်ဆောင်နိုင်သနည်း။ ငါ အလွန် စိုးရိမ်မိသည်။...’...ဤသက်ကြီးရွယ်အိုများသည် ၎င်းတို့၏ အသက်အရွယ်ကြောင့်၊ နက်ရှိုင်းသည့် စိတ်ဖိစီးမှု၊ ပူပန်သောကနှင့် စိုးရိမ်မှုထဲသို့ ကျဆင်းကြသည်။ အခက်အခဲ၊ အနှောင့်အယှက်၊ ဆင်းရဲဒုက္ခ သို့မဟုတ် အတားအဆီးအချို့ကို ၎င်းတို့ ကြုံရသည့်အချိန်တိုင်းတွင်၊ မိမိတို့၏ အသက်အရွယ်ကို ၎င်းတို့ အပြစ်တင်ကြပြီး၊ မိမိတို့ကိုယ်ကိုပင် မုန်းတီးကာ မိမိတို့ကိုယ်ကို သဘောမကျကြပေ။ သို့ရာတွင် မည်သို့ပင်ဖြစ်စေ အကြောင်းမထူး၊ ဖြေရှင်းချက် မရှိသကဲ့သို့ ရှေ့ဆက်ရမည့်လမ်း မရှိကြချေ။ ၎င်းတို့တွင် အမှန်တကယ် ရှေ့ဆက်ရမည့်လမ်း မရှိခြင်းများ ဖြစ်နိုင်မည်လော။ ဖြေရှင်းချက် တစ်ခုတလေ ရှိပါသလော။ (သက်ကြီးရွယ်အိုများသည်လည်း မိမိတို့တာဝန်များကို မိမိတို့ တတ်နိုင်သလောက် ထမ်းဆောင်သင့်ပါသည်။) သက်ကြီးရွယ်အိုများက ၎င်းတို့ တတ်နိုင်သလောက် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းမှာ လက်ခံနိုင်စရာဖြစ်သည်မဟုတ်လော။ သက်ကြီးရွယ်အိုများသည် မိမိတို့၏ အသက်အရွယ်ကြောင့် သမ္မာတရားကို မလိုက်စားနိုင်တော့သည်လော။ သမ္မာတရားကို ၎င်းတို့ နားလည်နိုင်စွမ်း မရှိသလော။ (နားလည်နိုင်စွမ်း ရှိကြပါသည်။) သက်ကြီးရွယ်အိုများသည် သမ္မာတရားကို နားလည်နိုင်ကြသလော။ ၎င်းတို့သည် အချို့ကို နားလည်နိုင်ကြပြီး၊ ငယ်ရွယ်သည့် လူများပင်လည်း အားလုံးကို နားမလည်နိုင်ကြချေ။ သက်ကြီးရွယ်အိုများသည် ၎င်းတို့ မရှင်းမလင်းဖြစ်ကြကြောင်း၊ ၎င်းတို့ မှတ်ဉာဏ်မကောင်းကြောင်းနှင့် ထို့ကြောင့် သမ္မာတရားကို ၎င်းတို့ နားမလည်နိုင်ကြောင်း ယုံကြည်လျက်၊ အမြဲ နားလည်မှုလွဲခြင်းတစ်ခုရှိကြသည်။ ၎င်းတို့ မှန်ကန်ပါသလော။ (မမှန်ပါ။) ငယ်ရွယ်သောလူများသည် သက်ကြီးရွယ်အိုများထက် သာ၍ များစွာ အားအင်ရှိကြပြီး၊ ရုပ်ပိုင်းအရ သာ၍ သန်မာကြသော်လည်း၊ အမှန်တွင် ၎င်းတို့၏ နားလည်၊ သဘောပေါက်ပြီး သိနိုင်စွမ်းသည် သက်ကြီးရွယ်အိုများနှင့် အတူတူပင် ဖြစ်သည်။ သက်ကြီးရွယ်အိုများသည်လည်း တစ်ချိန်က ငယ်ရွယ်ခဲ့ကြသည် မဟုတ်လော။ ၎င်းတို့သည် မွေးရာပါ အိုမင်းကြခြင်း မဟုတ်သကဲ့သို့၊ ငယ်ရွယ်သည့်လူများသည်လည်း တစ်နေ့တွင် အားလုံး အိုမင်းသွားကြမည်ဖြစ်သည်။ သက်ကြီးရွယ်အိုများက ၎င်းတို့ အိုမင်းကြသောကြောင့်၊ ရုပ်ပိုင်းအရ အားနည်းပြီး နေထိုင်မကောင်းသကဲ့သို့ မကောင်းသည့် မှတ်ဉာဏ်များ ရှိကြသောကြောင့် ငယ်ရွယ်သော လူများနှင့် ကွာခြားကြသည်ဟု အမြဲ တွေးမနေရပေ။ အမှန်တွင်၊ ကွာခြားမှုမရှိ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော်ကို နားထောင်ပြီးတဲ့နောက်မှာ လူတစ်ယောက်က ငယ်ရွယ်ရာကနေ အိုမင်းလာတာဟာ ပုံမှန်ပုံစံတစ်ခုပဲဆိုတာကို ကျွန်တော်နားလည်သွားတယ်။ လူတိုင်းဟာ ငယ်ရွယ်ချိန်နဲ့ အသက်ကြီးချိန်ကို ဖြတ်သန်းရတာချည်းပဲ၊ ဒါပေမဲ့ ဘုရားသခင်ရဲ့ အမြင်မှာတော့ လူငယ်နဲ့လူကြီးက အတူတူပါပဲ။ လူငယ်တွေက လူကြီးတွေထက် စိတ်ခွန်အားနဲ့ ကာယခွန်အား ပိုရှိကြတာသက်သက်ပါပဲ။ ဒါပေမဲ့ လူတွေရဲ့ နားလည်နိုင်စွမ်းနဲ့ သဘောပေါက်နိုင်စွမ်းကတော့ အတူတူပါပဲ။ ဘုရားသခင်ဟာ လူငယ်တွေကို မျက်နှာသာမပေးသလို သက်ကြီးရွယ်အိုတွေကိုလည်း မထီမဲ့မြင် မပြုပါဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ ဘုရားရဲ့ ရည်ရွယ်ချက်ကို မရှင်းလင်းဘဲ ဘုရားကိုတောင် အထင်လွဲခဲ့တယ်။ ကျွန်တော်က အသက်ကြီးပြီ၊ ကျန်းမာရေးမကောင်းဘူး၊ မျက်စိလည်းမကောင်းတော့ဘူးဆိုတော့ ငယ်ငယ်ကလို အားနဲ့မာန်နဲ့ တာဝန်မထမ်းဆောင်နိုင်တော့ဘူး၊ အဲဒီတော့ ကယ်တင်ခြင်းလည်း ရနိုင်မှာမဟုတ်တော့ဘူးလို့ ထင်ခဲ့တယ်လေ။ ဧဝံဂေလိတရားပြန့်ပွားနေတဲ့ ဒီအဆင့်ရောက်မှ ကျွန်တော့်ကို အသက်ကြီးစေတဲ့အတွက် ဘုရားသခင်ကိုတောင် ကျွန်တော် မကျေမနပ်ပြောခဲ့သေးတယ်။ ကျွန်တော် တကယ်ကို အဆင်အခြင်မဲ့ခဲ့တာပဲ။ ဒီလိုလွဲချော်တဲ့ အတွေးအခေါ်တွေက ကျွန်တော့်ကို နှောင့်ယှက်ခဲ့တယ်၊ ကျွန်တော့်ကို အပျက်သဘောဆောင်စေတယ်၊ သမ္မာတရားကို မလိုက်စားတော့ဘဲ နေ့ရက်တွေကို ဖြစ်သလို ကုန်ဆုံးစေခဲ့တယ်။ ကျွန်တော် လုပ်နေသင့်တဲ့ အခြေခံကျတဲ့အရာတွေ၊ ဒါမှမဟုတ် ကျွန်တော် လုပ်နိုင်တဲ့အရာတွေကိုတောင် လုပ်မနေခဲ့ဘူး။ ဘုရားသခင်က ပြောခဲ့တယ်၊ သက်ကြီးရွယ်အိုတွေဟာ သူတို့တတ်နိုင်သလောက် အကောင်းဆုံး တာဝန်ထမ်းဆောင်နိုင်တယ် တဲ့။ တကယ်တော့ သက်ကြီးရွယ်အိုတွေအတွက် သင့်တော်တဲ့ တာဝန်တွေအများကြီးရှိပါတယ်၊ ညီအစ်ကိုမောင်နှမတွေကို ဧည့်ခံတာ၊ ဧဝံဂေလိတရားဟောပြောတာ၊ လူသစ်တွေကို ရေလောင်းပေးတာ၊ တရားဒေသနာတွေ ရေးတာတို့လိုပေါ့။ လူတစ်ယောက်ကသာ တာဝန်ထမ်းဆောင်ချင်စိတ်၊ ဘုရားသခင်ကို ကျေနပ်စေချင်စိတ်ရှိမယ်ဆိုရင် လုပ်ဆောင်သင့်တဲ့ တာဝန်တွေက အများကြီးပါပဲ။ ကျွန်တော် အသက်ကြီးပေမဲ့လည်း အသင်းတော်က ကျွန်တော့်ကို တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးတွေ ပေးထားတုန်းပဲလေ။ အွန်လိုင်းပေါ်ကနေ ဧဝံဂေလိတရား ဟောပြောလို့ရတယ်၊ လူသစ်တွေကိုလည်း ဧဝံဂေလိတရားဟောပြောတတ်အောင် ပျိုးထောင်ပေးလို့ရတယ်။ ကျွန်တော်လုပ်နိုင်တဲ့ တာဝန်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်က လူငယ်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် အမြဲနှိုင်းယှဉ်နေခဲ့လို့ လက်ရှိတာဝန်ကို စိတ်တည်ငြိမ်အောင်ထားပြီး ကောင်းကောင်းမလုပ်နိုင်ခဲ့တာပါ။ အခုစဉ်းစားကြည့်တော့ ကျွန်တော့်ရဲ့ ပြဿနာတွေ၊ အခက်အခဲတွေက ဖြေရှင်းလို့ရနိုင်တယ်ဆိုတာကို တွေ့ခဲ့ရတယ်။ မှတ်ဉာဏ်မကောင်းတော့ ရေးမှတ်ထားလို့ရတယ်။ ကွန်ပျူတာအကြာကြီးကြည့်လို့ မျက်စိမသက်သာရင်လည်း သင့်တော်သလို အနားယူပြီး မျက်စိလေ့ကျင့်ခန်းလုပ်လို့ရတယ်။ မျက်စိညောင်းတာ သက်သာအောင် ရေနွေးအိတ်ကပ်တာလည်း လုပ်လို့ရတယ်။ ဒါတွေကို သဘောပေါက်တော့ ကျွန်တော့်အသက်အရွယ်က ကျွန်တော့်အပေါ် သက်ရောက်မှုမရှိတော့ဘူး။ ကိုယ်တတ်နိုင်သလောက် ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ချင်တဲ့စိတ် ဖြစ်လာတယ်။
အဲဒီနောက်မှာ ကျွန်တော် စဉ်းစားမိတယ်၊ “ဘာဖြစ်လို့ ငယ်ငယ်တုန်းက တာဝန်တွေ ဘယ်လောက်ပဲခက်ခက်၊ ဘယ်လောက်ပဲပင်ပန်းပင်ပန်း အမြဲတမ်း ခွန်အားအပြည့်ရှိခဲ့ပြီးတော့၊ အခု အသက်ကြီးပြီး ကျန်းမာရေးမကောင်းတဲ့အခါ၊ ကိုယ်အများကြီး မလုပ်နိုင်တော့ဘူးလို့ ခံစားရတဲ့အခါကျမှ မလှုပ်မယှက်ဖြစ်ပြီး အပျက်သဘောဆောင်သွားရတာလဲ” ပေါ့။ အဲဒီအချိန်မှာ အရင်ကဖတ်ဖူးတဲ့ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်တော် ပြန်သတိရသွားတယ်။ ဘုရားသခင်က ပြောသည် “ဤတွင် ယခင်က အမည်မဖော်နိုင်ခဲ့သည့် ပြဿနာတစ်ရပ်ကို ငါတို့ ရှာဖွေ တွေ့ရှိပေသည်။ လူသား၏ ဘုရားသခင်နှင့် ဆက်ဆံရေးမှာ ပကတိ မိမိ၏ကိုယ်ကျိုးစီးပွားတစ်ခုမျှသာ ဖြစ်ပေသည်။ ယင်းသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိသူနှင့် ပေးသူတို့အကြား ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ရှင်းရှင်းပြောပါက၊ အလုပ်သမားတစ်ဦးနှင့် အလုပ်ရှင်တစ်ဦးတို့အကြား ဆက်ဆံရေးဖြစ်၏။ အလုပ်သမားသည် အလုပ်ရှင် ချပေးသော ဆုလာဘ်များကို လက်ခံရရှိရန်သာ အလုပ်ကြိုးစားလုပ်သည်။ ထိုသို့သော ဆက်ဆံရေးတစ်ရပ်တွင် ချစ်ခင်ခြင်းမရှိပေ၊ အကျိုးစီးပွားကို အရင်းခံသော ဆက်ဆံရေးတစ်ခု၊ အပေးအယူသာ ရှိသည်။ ချစ်ခြင်း သို့မဟုတ် အချစ်ခံရခြင်းမရှိ၊ ပေးကမ်းစွန့်ကြဲခြင်းနှင့် သနားကရုဏာသာ ရှိသည်။ နားလည်မှုမရှိ၊ ခိုကိုးရာမဲ့သော၊ မျိုသိပ်ထားသော နာကြည်းမှုနှင့် လှည့်ဖြားခြင်းသာ ရှိသည်။ ရင်းနှီးမှုမရှိ၊ ဖြတ်သန်းမရနိုင်သည့် ကွာဟချက်သာ ရှိသည်။ အမှုအရာများက ဤအဆင့်သို့ ရောက်ပြီးဖြစ်သဖြင့်၊ မည်သူသည် ထိုသို့သော လမ်းကြောင်းတစ်ခုကို ပြောင်းပြန် လှည့်နိုင်မည်နည်း။ ဤဆက်ဆံရေးက မည်မျှ ကြောက်မက်ဖွယ်ဖြစ်လာပြီး ဖြစ်သည်ကို လူမည်မျှက အမှန်တကယ် နားလည်နိုင်စွမ်းရှိသနည်း။ လူများသည် ကောင်းချီးမင်္ဂလာခံစားရခြင်း၏ ဝမ်းမြောက်မှုတွင် မိမိတို့ကိုယ်ကိုယ် နှစ်မြုပ်ထားသည့်အခါ၊ ဘုရားသခင်နှင့် ထိုသို့သော ဆက်ဆံရေးက မည်မျှရှက်ဖွယ်ကောင်းပြီး မြင်မကောင်း ရှုမကောင်း ဖြစ်သည်ကို မည်သူမျှ စိတ်မကူးနိုင်ဟု ငါယုံကြည်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်) “လူတို့သည် ကောင်းချီးခံစားရရန်၊ ဆုလာဘ်ချီးမြှင့်ခြင်းခံရရန်၊ ဆုသရဖူရရှိရန်အတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ လူတိုင်း၏ စိတ်နှလုံးတွင် ဤအရာ တည်ရှိသည်မဟုတ်လော။ ဤအရာတည်ရှိသည်မှာ အမှန်တရားဖြစ်သည်။ ထိုအကြောင်းကို လူတို့က မကြာခဏ မပြောကြသော်လည်း၊ ကောင်းချီးများရရန် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ဆန္ဒကိုပင် ဖုံးကွယ်သော်လည်း လူတို့၏ စိတ်နှလုံးအတွင်းတွင်ရှိသော ဤဆန္ဒနှင့် ရည်ရွယ်ချက်သည် အစဉ် ပြောင်းလဲ၍ မရနိုင်ပေ။ လူတို့သည် ဝိညာဉ်ရေးရာ သဘောတရားများကို မည်မျှ နားလည်သည်ဖြစ်စေ၊ အတွေ့အကြုံဆိုင်ရာ အသိပညာ မည်မျှရှိသည်ဖြစ်စေ၊ မည်သည့်တာဝန်ကို ထမ်းဆောင်နိုင်သည်ဖြစ်စေ၊ မည်မျှ ဒုက္ခခံနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ အဖိုးအခ ပေးဆပ်နိုင်သည်ဖြစ်စေ၊ ၎င်းတို့စိတ်နှလုံး အတွင်းနက်နက်ထဲတွင် ကွယ်ဝှက်နေသော ကောင်းချီးရလိုသည့် စိတ်ဓာတ်လှုံ့ဆော်မှုကို မည်သည့်အခါမျှ လက်မလွှတ်နိုင်ဘဲ အစေခံရာတွင် အစဉ်သဖြင့် တိတ်ဆိတ်စွာ အားသွန်ခွန်စိုက်လုပ်ဆောင်သည်။ ဤသည်မှာ လူတို့၏ စိတ်နှလုံးအတွင်းထဲရှိ အနက်ဆုံးနေရာတွင် မြုပ်နှံထားသောအရာ မဟုတ်လော။ ကောင်းချီးမင်္ဂလာများ ရရှိဖို့ဖြစ်သည့် ဤလှုံ့ဆော်မှုမရှိလျှင် သင်တို့သည် မည်သို့ခံစားရမည်နည်း။ မည်သည့်သဘောထားနှင့် တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်နောက် လိုက်မည်နည်း။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဖုံးကွယ်နေသော ကောင်းချီးရရှိဖို့ဖြစ်သည့် ဤစိတ်ဓာတ်လှုံ့ဆော်မှုကို ဖယ်ရှားပစ်လိုက်လျှင် လူတို့သည် မည်သည့်အရာ ဖြစ်လာမည်နည်း။ လူများစွာက အပျက်သဘောဆောင်လာခြင်း ဖြစ်နိုင်သည်။ အချို့မှာ မိမိတို့၏တာဝန်များတွင် စိတ်အားလျော့လာမည်။ ၎င်းတို့၏ ဝိညာဉ်က ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည့်အလား ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် စိတ်ဝင်စားမှု ပျောက်သွားပေမည်။ ၎င်းတို့၏ စိတ်နှလုံးက ဆွဲယူခံခဲ့ရပြီးသည့် ပုံပေါ်နေမည်။ ဤအတွက်ကြောင့် ကောင်းချီးရရန် စိတ်ဓာတ်လှုံ့ဆော်မှုသည် လူတို့၏ စိတ်နှလုံးတွင် နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်နေသည့်အရာ ဖြစ်သည်ဟု ငါပြောရခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အသက်တာ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု) ဘုရားသခင်ရဲ့ ဖော်ထုတ်တဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော် အရမ်းကို ရှက်မိသွားတယ်။ ကျွန်တော် ဘုရားသခင်ကို ယုံကြည်ပြီး စွန့်လွှတ်အနစ်နာခံခဲ့တာတွေဟာ ကိုယ်တော့်ကောင်းချီးတွေကို ရဖို့သက်သက်ပါပဲလား။ ငယ်ငယ်တုန်းကဆို ကျွန်တော် ဧဝံဂေလိတရားကို တက်တက်ကြွကြွ ဟောပြောနိုင်ခဲ့တယ်၊ ဘုရားသခင်အတွက် ကိုယ့်ကိုယ်ကိုယ် အသုံးခံဖို့လည်း ဆန္ဒရှိခဲ့တယ်၊ ဘယ်လောက်ပဲနာကျင်ပင်ပန်းပါစေ ဘယ်တော့မှ မညည်းညူခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်ထင်ခဲ့တာက ကောင်းမှုတွေပြင်ဆင်ထားဖို့အတွက် အလုပ်များများလုပ်၊ ဧဝံဂေလိတရားများများဟောသရွေ့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကိုခံရပြီး ကောင်းချီးတွေရလိမ့်မယ်ပေါ့။ မျက်စိတစ်မှိတ်အတွင်းမှာပဲ အနှစ်နှစ်ဆယ်ကျော် ကြာသွားခဲ့ပြီး အခု အသက်ကြီးပြီး ကျန်းမာရေးမကောင်းတဲ့အခါ၊ ကျွန်တော်လုပ်နိုင်တဲ့ တာဝန်နယ်ပယ်ကလည်း အကန့်အသတ်နဲ့ ဖြစ်လာတယ်။ အဲဒီတော့ ကောင်းချီးတွေမရနိုင်တော့ဘူး၊ ကယ်တင်ခြင်းလည်း မရနိုင်တော့ဘူးလို့ ကျွန်တော်ထင်ခဲ့တာပေါ့။ ကောင်းချီးရဖို့ မျှော်လင့်ချက် ပျက်စီးသွားတာကို မြင်လိုက်ရတဲ့အခါ ကျွန်တော် စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် လက်လျှော့လိုက်တယ်။ လုပ်သင့်လုပ်ထိုက်တာတွေ၊ လုပ်နိုင်တာတွေကိုတောင် မလုပ်ချင်ခဲ့ဘူး။ အရင်ကရှိခဲ့တဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာဆိုတာတွေ အကုန်လုံး ပျောက်ကွယ်သွားတယ်။ ဘုရားသခင်ကို ယုံကြည်တာက အဓိပ္ပာယ်မရှိတော့ဘူးလို့တောင် ခံစားခဲ့ရတယ်။ ကျွန်တော့်စိတ်နှလုံးထဲမှာ ဘုရားသခင်အပေါ် အထင်လွဲမှုတွေ၊ မကျေနပ်မှုတွေနဲ့ ပြည့်နေခဲ့တယ်။ ကျွန်တော့်ရဲ့ ဘုရားကိုယုံကြည်ခြင်းဟာ ကောင်းချီးတွေအတွက်ပဲဖြစ်ပြီး၊ ကျွန်တော်ပေးဆပ်ခဲ့တဲ့ အဖိုးအခက ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေခဲ့တာပဲဆိုတာကို ကျွန်တော် သဘောပေါက်သွားတယ်။ ကျွန်တော့်ပတ်ဝန်းကျင်က သက်ကြီးရွယ်အို ညီအစ်ကိုမောင်နှမတွေ အများကြီးကို တွေးမိတယ်။ တချို့ဆို ကျွန်တော့်ထက်တောင် ကြီးတယ်။ သူတို့အားလုံးက တိတ်တဆိတ်နဲ့ သူတို့တတ်နိုင်သလောက် တာဝန်ကို ထမ်းဆောင်နေကြတာပဲ။ ကျွန်တော်ကရော ဘာလို့ သူတို့လိုမလုပ်နိုင်ရမှာလဲ။ ကျွန်တော်က စိုးရိမ်သောကတွေနဲ့ပဲ အမြဲတမ်းအသက်ရှင်နေပြီး၊ ရရှိနိုင်တဲ့ သမ္မာတရားတွေကိုလည်း လုံးဝမရှာဖွေခဲ့ဘူး။ ကျွန်တော်က ပျက်စီးခြင်းကို မလှုပ်မယှက်နဲ့ ထိုင်စောင့်နေတာသက်သက်ပဲ မဟုတ်ဘူးလား။ စာတန်ဟာ ကျွန်တော့်ကို နှောင့်ယှက်ဖို့အတွက် ကျွန်တော့်ရဲ့ အသက်ကြီးတာ၊ ကျန်းမာရေးမကောင်းတာ၊ မှတ်ဉာဏ်မကောင်းတာ၊ မျက်စိမှုန်တာလိုမျိုး အခက်အခဲအမျိုးမျိုးကို အသုံးချနေခဲ့တာပဲ။ ကျွန်တော် ဘုရားသခင်အပေါ် ယုံကြည်ခြင်းပျောက်ပြီး သမ္မာတရားကို လိုက်စားဖို့ ကျွန်တော့် အခွင့်အရေးကို စွန့်လွှတ်သွားအောင် မျှော်လင့်ပြီးတော့ပေါ့။ စာတန်ရဲ့ လှည့်ကွက်တွေထဲကို ကျွန်တော် သက်ဆင်းလို့ မဖြစ်တော့ဘူး။ ဘုရားရဲ့ ချစ်ခြင်းကို ပြန်ပေးဆပ်ဖို့ ကျွန်တော့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ရမယ်။
နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တချို့ကို ကျွန်တော်ဖတ်ခဲ့ရတယ်။ “သင်တို့ ခေတ်နောက်ကျန်နေသည် သို့မဟုတ် အရည်အချင်း ညံ့ဖျင်းသည်ဟု ငါပြောသည် မပြောသည်မှာ အရေးမကြီးပေ။ ဤအရာအားလုံးမှာ အမှန်တရားဖြစ်၏။ ငါ ဤသို့ပြောဆိုခြင်းမှာ ငါသည် သင်တို့ကို ကယ်တင်ရန် လိုလားခြင်းမရှိဖို့ မဆိုထားနှင့်၊ သင့်ကို စွန့်ပစ်ရန် ငါရည်ရွယ်သည်၊ ငါသည် သင်တို့၌ မျှော်လင့်ချက် ကုန်ဆုံးသည်ကို သက်သေမပြပေ။ ယနေ့တွင် ငါသည် သင်တို့၏ ကယ်တင်ခြင်းအမှုကို လုပ်ဆောင်ရန် ကြွလာပြီဖြစ်သည်၊ ဆိုလိုသည်မှာ ငါ လုပ်ဆောင်သည့်အမှုသည် ကယ်တင်ခြင်းအမှု၏ အဆက် ဖြစ်ပေသည်။ လူတိုင်း စုံလင်စေခြင်း ခံရမည့် အခွင့်အရေးရှိ၏။ သင်သည် လိုလားခြင်းရှိမှသာ၊ သင်သည် လိုက်စားရှာဖွေခြင်းရှိမှသာ၊ အဆုံးတွင် သင်သည် ဤရလဒ်ကို ရရှိနိုင်လိမ့်မည် ဖြစ်ပြီး၊ သင်တို့ထဲမှ တစ်ဦးမျှ စွန့်ပစ်ခံရမည် မဟုတ်ပေ။ သင်သည် အရည်အချင်းညံ့ဖျင်းပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏ သတ်မှတ်ချက်များသည် သင်၏ညံ့ဖျင်းသည့် အရည်အချင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် အရည်အချင်းမြင့်မားပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏မြင့်မားသည့် အရည်အချင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် မသိနားမလည်ဖြစ်ကာ စာမတတ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏ စာမတတ်ခြင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် စာတတ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင် စာတတ်မြောက်သည့် အချက်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် သက်ကြီးရွယ်အို တစ်ဦးဖြစ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏ အသက်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် ဧည့်ဝတ်ပျူငှာနိုင်စွမ်း ရှိပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် ဤတတ်စွမ်းနိုင်မှုနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် ဧည့်ဝတ်ပျူငှာမှုမပေးနိုင်ဘဲ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းဖြစ်စေ၊ အသင်းတော်ကို စောင့်ရှောက်ခြင်းဖြစ်စေ၊ အခြားသော အထွေထွေအရေးကိစ္စများကို အာရုံစိုက်လုပ်ဆောင်ခြင်း ဖြစ်စေ၊ တာဝန်တချို့ကိုသာ လုပ်ဆောင်နိုင်သည်ဟု သင်ဆိုပါက သင့်ကို ငါ၏စုံလင်စေခြင်းသည် သင်ဆောင်ရွက်သည့် တာဝန်နှင့်အညီ ဖြစ်လိမ့်မည်။ သစ္စာစောင့်သိခြင်း၊ တကယ့်အဆုံးထိ ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်ကို အဆုံးစွန် ချစ်ခြင်းရှိဖို့ ကြိုးစားခြင်းသည် သင် ဖြစ်မြောက်ရမည့်အရာ ဖြစ်ပြီး၊ ဤအရာသုံးခုထက် သာ၍ ကောင်းမွန်သော လက်တွေ့လုပ်ဆောင်မှုများ မရှိပေ။ နောက်ဆုံးတွင် လူသားသည် ဤအရာသုံးခုကို ရရှိရန်လိုအပ်ပြီး၊ ၎င်းတို့ကို ရရှိနိုင်ပါက စုံလင်စေခြင်းခံရလိမ့်မည်ဖြစ်သည်။ သို့ရာတွင်၊ အရေးကြီးဆုံးမှာ သင်သည် အမှန်တကယ် လိုက်စားရှာဖွေရမည်၊ သင်သည် ရှေ့သို့နှင့် အထက်သို့ တက်ကြွစွာ တက်လှမ်းရမည်ဖြစ်ပြီး၊ ယင်းနှင့်ပတ်သက်၍ မတုန်မလှုပ် မနေရ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏ပုံမှန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း) “သင်၏ အစွမ်းအစ၊ အသက်အရွယ်၊ သို့မဟုတ် ဘုရားသခင်ကို သင်ယုံကြည်ခဲ့သည့် နှစ်ကာလအရေအတွက် မည်မျှဖြစ်စေ လူတစ်ဦးချင်းစီနှင့်ပတ်သက်ပါက သင်သည် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းအတွက် အားထုတ်မှုများပြုသင့်ပေသည်။ သင်သည် ဓမ္မဓိဋ္ဌာန်ကျသော မည်သည့် ဆင်ခြေများကိုမျှ အလေးမထားသင့်ပေ။ သင်သည် သမ္မာတရားကို အကြွင်းမဲ့ လိုက်စားသင့်၏။ ဖြစ်သလို မနေနှင့်။ သင်သည် သမ္မာတရား လိုက်စားခြင်းကို သင်၏ အသက်တာတွင် ကြီးမားသည့် ကိစ္စတစ်ခုအဖြစ် ခံယူပြီး ယင်းအတွက် ကြိုးစားမှုနှင့် သင်၏ အားထုတ်မှုများ ပြုသည်ဆိုပါစို့၊ ပြီးလျှင် အဆုံး၌ သင် အလိုရှိသလောက် သမ္မာတရားကို မရရှိနိုင်၊ မဆိုက်ရောက်နိုင်ခဲ့ပေ။ သို့သော် ဘုရားသခင်က သမ္မာတရား လိုက်စားမှုအပေါ် သင်၏ သဘောထားနှင့် သင်၏ရိုးသားစစ်မှန်မှုတို့ကို ထောက်ရှု၍ သင့်တင့်လျောက်ပတ်သော ခရီးပန်းတိုင်တစ်ခုကို သူပေးမည်ဟု ပြောပါက ယင်းမှာ ကောင်းလိုက်မည့် ဖြစ်ခြင်းပါတကား။ ယခုအခါတွင်မူ သင်၏ ခရီးပန်းတိုင်၊ သို့မဟုတ် အဆုံးသတ်က မည်သည့်အရာဖြစ်လိမ့်မည်ဆိုသည်ကိုဖြစ်စေ၊ မည်သည့်အရာ ဖြစ်ပျက်လိမ့်မည်ဆိုသည်နှင့် အနာဂတ်တွင် မည်သည့်အရာ ဖြစ်မည်ကိုဖြစ်စေ၊ ကပ်ဘေးကို သင် ရှောင်ရှားနိုင်ကာ သေမည် ဟုတ်မဟုတ်ဟူသည်ကိုဖြစ်စေ အာရုံမစိုက်နှင့်။ ဤအရာများကို မတွေးနှင့်၊ သို့မဟုတ် ဤအရာများနှင့် စပ်လျဉ်း၍ တောင်းဆိုမှုများ မပြုနှင့်။ ဘုရားနှုတ်ကပတ်တော်များနှင့် တောင်းဆိုချက်များကို အာရုံစိုက်ပြီး သမ္မာတရားကို လိုက်စားလာကာ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်၍ ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်အောင် ဆောင်ရွက်လော့၊ ပြီးလျှင် ဘုရားသခင်၏ အနှစ်ခြောက်ထောင် စောင့်ဆိုင်းခဲ့ရခြင်းကိုလည်းကောင်း၊ သူ၏ အနှစ်ခြောက်ထောင် မျှော်လင့်စောင့်စားခဲ့ရခြင်းကိုလည်းကောင်း စိတ်ပျက်အောင် လုပ်ခြင်းမှ ရှောင်ကြဉ်လော့။ ဘုရားသခင်ကို နှစ်သိမ့်မှုအချို့ ပေးလော့။ သူ့အား သင့်ထဲတွင် မျှော်လင့်ချက်အချို့ကို မြင်ခွင့်ပေးပြီး သူ၏ ဆန္ဒများ သင့်အထဲ၌ အကောင်အထည် ဖော်ခွင့်ပေးလော့။ ငါ့ကို ပြောလော့၊ ထိုသို့ သင်လုပ်ဆောင်ခဲ့ပါက ဘုရားသခင်သည် သင့်ကို မတရားသဖြင့် ဆက်ဆံမည်လော။ ဧကန်မဟုတ်ပေ။ အဆုံးသတ် ရလဒ်များသည် သင်က ဆန္ဒရှိခဲ့မည့်အရာကဲ့သို့ မဟုတ်လျှင်ပင် သင်သည် ဖန်ဆင်းခံတစ်ဦးအနေဖြင့် ထိုအမှန်တရားကို မည်သို့ သဘောထားပြုမူသင့်သနည်း။ သင်သည် မည်သည့် ကိုယ်ရေးကိုယ်တာ ရည်မှန်းချက်တစ်ခုမျှမရှိဘဲ အရာခပ်သိမ်းတွင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံသင့်ပေသည်။ ဤသည်မှာ ဖန်ဆင်းခံများ ခံယူသင့်သည့် ရှုထောင့်အမြင် မဟုတ်လော။ (ဟုတ်ပါသည်။) ဤစိတ်ဓာတ်ရှိခြင်းက မှန်ကန်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ လူတို့သည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း) ဘုရားသခင်ရဲ့ နှလုံးသားကလာတဲ့ စကားတွေက ကျွန်တော့်နှလုံးသားကို တော်တော်လေး နွေးထွေးစေပြီး လှုပ်ရှားစေခဲ့တယ်။ မိခင်တစ်ယောက်က သူ့ရင်သွေးကို ရင်ဖွင့်ပြောနေသလိုမျိုး ခံစားခဲ့ရတယ်။ ဒီနေ့ ဘုရားသခင်ရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်တွေဟာ လူတွေကို ကယ်တင်ဖို့နဲ့ စုံလင်စေဖို့ပဲဆိုတာကို ဒါက ကျွန်တော့်ကို နားလည်စေခဲ့တယ်။ အသက်အရွယ်၊ အစွမ်းအစ၊ ဒါမှမဟုတ် ပညာအရည်အချင်းတွေ ဘယ်လိုပဲဖြစ်စေ၊ ဘယ်အသက်အရွယ်အပိုင်းအခြားမှာပဲရှိရှိ၊ ဘယ်လိုမိသားစုနောက်ခံကပဲ လာလာ၊ ဘုရားသခင်က လူတိုင်းကို စုံလင်စေဖို့ အခွင့်အရေးပေးတယ်။ ဘုရားသခင်က ဘယ်သူ့ကိုမှ မျက်နှာသာမပေးဘူး။ ဘုရားသခင်ဟာ လူတစ်ယောက်ချင်းစီရဲ့ အစွမ်းအစအလိုက် တောင်းဆိုပြီး သူတို့နဲ့သင့်တော်တဲ့ တာဝန်တွေကို စီစဉ်ပေးတယ်။ လူတွေကသာ သူတို့ရဲ့ သက်ဆိုင်ရာနေရာတွေမှာ တာဝန်ကိုကောင်းကောင်းထမ်းဆောင်ပြီး သစ္စာစောင့်သိခြင်းနဲ့ ကျိုးနွံနာခံခြင်းကို ရရှိနိုင်မယ်ဆိုရင် ဒါဟာ ဘုရားသခင်မြင်ချင်တဲ့အရာပဲ။ ဘုရားနှုတ်ကပတ်တော်တွေက ကိုယ်တော့်အပေါ်ထားတဲ့ ကျွန်တော့်ရဲ့ အထင်လွဲမှားမှုတွေကို ဖယ်ရှားပေးခဲ့ပြီး လက်တွေ့လုပ်ဆောင်ရမဲ့ လမ်းကြောင်းကို ပြပေးခဲ့တယ်၊ ကျွန်တော့်ရင်ထဲမှာ အရမ်းကို ပေါ့ပါးသွားသလို ခံစားလိုက်ရတယ်။ အခုဆိုရင် ကျွန်တော် အသက်ကြီးတာ၊ ကျန်းမာရေးမကောင်းတာ၊ မှတ်ဉာဏ်ကျဆင်းတာတွေအတွက် မစိုးရိမ်တော့ဘူး။ ကောင်းတဲ့အဆုံးသတ်၊ ဒါမှမဟုတ် ပန်းတိုင်ရှိမလားဆိုတာကိုလည်း ကျွန်တော် တွေးတောမနေတော့ဘူး။ အဲဒီအစား၊ ကျွန်တော်တတ်နိုင်သလောက် လက်ရှိတာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့နဲ့ ကျွန်တော့်တာဝန်တွေမှာ ကျွန်တော် နားလည်တဲ့ သမ္မာတရားတွေကို လက်တွေ့လုပ်ဆောင်ဖို့ပဲ အာရုံစိုက်တော့တယ်။ ဒီလိုရရှိမှုတွေအတွက် ဘုရားသခင်ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
မီဟွေ့ တရုတ်နိုင်ငံ ၂၀၂၁မှာ ကျွန်မက အသင်းတော်မှာ ရေလောင်းအလုပ်ကို ဦးဆောင်ရပါတယ်။ အဲဒီအချိန်ကာလမှာ ကျွန်မတို့ ခေါင်းဆောင်က...
ကျွန်မ ငယ်ငယ်တုန်းက အရမ်း ရှက်တတ်တယ်၊ ပြီးတော့ ဧည့်သည်တွေ လာလည်တိုင်း မိဘတွေရဲ့ နောက်ကွယ်မှာ ပုန်းနေခဲ့တယ်၊ မိဘတွေက သူတို့ကို ဦးလေး၊...
၂၀၂၁ ခုနှစ် ဧပြီလမှာ၊ ကျွန်မက အဝေးကို ရောက်နေရာကနေ ကျွန်မရဲ့ နဂို အသင်းတော်ဆီကို ပြန်လာပြီး လျူမင်းနဲ့ တွေ့ခဲ့တယ်။ လျူမင်းက အရင်တုန်းက...
ကျွန်တော်က အသင်းတော်မှာ ရေလောင်းအဖွဲ့ခေါင်းဆောင်တစ်ယောက်ပါ။ အရည်အသွေးပြည့်မီပြီး အရည်အချင်းရှိတဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်ချင်တဲ့ ဘယ်သူမဆို...