ရှောင်လွှဲမရသော တာဝန်
ဂလတာ ဖိလစ်ပိုင်နိုင်ငံ ၂၀၂၀၊ စက်တင်ဘာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ အဲဒီနောက်မှာ...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ငယ်ငယ်ကတည်းက ကျွန်မရဲ့ တုံ့ပြန်မှုနဲ့ နားလည်နိုင်စွမ်းတွေက တော်တော်လေး နှေးကွေးတယ်။ ကျောင်းတက်တုန်းက ဆရာမတွေက ရှုပ်ထွေးတဲ့မေးခွန်းတချို့ မေးတဲ့အခါ မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်စွမ်းမရှိဘဲ ခဏခဏ အဖြေမှားတတ်တယ်။ ဒါကြောင့် ကျွန်မရဲ့အတန်းဖော်တွေက ကျွန်မကို ခဏခဏ လှောင်ကြပြီး ဆရာမတွေကလည်း ကျွန်မကို တုံးတယ်လို့ ပြောကြတယ်။ အဲဒီအချိန်ကစပြီး ကျွန်မက ရွယ်တူတွေထဲမှာ အညံ့ဆုံးပဲလို့ ခံစားခဲ့ရတယ်။ ဆရာမတွေက ကျွန်မတို့လို စာညံ့တဲ့ကျောင်းသားတွေ ကြီးလာရင် သူများဆီမှာ အလုပ်လုပ်တာ ဒါမှမဟုတ် တောင်သူလယ်သမားလုပ်တာပဲ လုပ်နိုင်မယ်၊ စာတော်တဲ့သူတွေကတော့ ခေါင်းဆောင်တွေ၊ မန်နေဂျာတွေ ဖြစ်နိုင်တယ်လို့လည်း ပြောကြတယ်။ ဒီစကားတွေက ကျွန်မကို တော်တော်ထိခိုက်စေခဲ့တယ်။ ကျွန်မဟာ ပိုပိုပြီးတော့ အရှက်အကြောက်ကြီးလာတယ်၊ စကားမပြောချင်တော့ဘူး၊ လူတွေနဲ့ ပေါင်းသင်းဆက်ဆံဖို့လည်း ကြောက်လာတယ်။
၂၀၀၆ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ စုဝေးပွဲတွေ စတက်တဲ့အချိန်မှာ လူတွေလှောင်မှာကြောက်လို့ မိတ်သဟာယမပြုရဲခဲ့ဘူး။ အချိန်အများစုမှာ ကျွန်မက နောက်ဆုံးမှပဲ ဝေမျှတယ်။ ဒါပေမဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို အထင်မသေးကြဘဲ အဲဒီအစား ပိုပြီးမိတ်သဟာယပြုဖို့ အားပေးကြတာကို ကျွန်မတွေ့လိုက်ရတော့ စိတ်နှလုံးထဲမှာ ဘောင်ခတ်ခံထားရသလို မခံစားရတော့ဘူး။ နောက်ပိုင်းမှာ ကျွန်မ တာဝန်တွေ ထမ်းဆောင်ခွင့်ရခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ တုံ့ပြန်မှုနှေးတာနဲ့ အစွမ်းအစညံ့ဖျင်းတာတွေကြောင့် အမြဲတမ်း သိမ်ငယ်နေခဲ့ပြီး တာဝန်ထမ်းဆောင်တဲ့အခါမှာ ကျွန်မရဲ့အခြေအနေက ခဏခဏ ထိခိုက်မှုရှိခဲ့တယ်။ အစပိုင်းမှာတော့ ကျွန်မက ရုပ်ပုံပိုင်းဆိုင်ရာ တာဝန်ကို ထမ်းဆောင်ခဲ့တယ်။ ကျွန်မနဲ့တွဲဖက်တဲ့ ညီအစ်မတွေနဲ့ ရုပ်ပုံတွေအကြောင်း ဆွေးနွေးတဲ့အခါတိုင်း သူတို့က ရုပ်ပုံတွေမှာရှိတဲ့ ပြဿနာတွေကို မြန်မြန်ဆန်ဆန်ပဲ ထောက်ပြနိုင်ကြပြီး ပြင်ဆင်ဖို့ အကြံပြုချက်တွေ ပေးနိုင်ကြတယ်။ ကျွန်မရဲ့တုံ့ပြန်မှုကတော့ ပိုနှေးပြီး ပြဿနာမတွေ့ခင် အကြိမ်တော်တော်များများ ကြည့်ရတယ်။ တစ်ခါတလေ ရုပ်ပုံတွေဖန်တီးဖို့ စိတ်ကူးစိတ်သန်းတွေ ရှာဖွေကြတဲ့အခါ ကိုယ့်အမြင်နဲ့ အတွေးအခေါ်တွေကို ကျွန်မလည်း ပြောချင်မိတယ်။ ဒါပေမဲ့ ကိုယ့်မှာ အစွမ်းအစညံ့ဖျင်းပြီး အဓိကကျတဲ့ပြဿနာတွေကို မထောက်ပြနိုင်ဘူး၊ ဒါကြောင့် ကျွန်မ ဘာပဲပြောပြော သိပ်အသုံးဝင်မှာ မဟုတ်သလို၊ တစ်ခုခုမှားပြောမိရင် မျက်နှာပါပျက်ရမှာပဲလို့ ခံစားခဲ့ရတယ်။ ဒါကြောင့် ကျွန်မအမြင်တွေကို ပေးခဲတယ်။
တစ်ခါက ကျွန်မနဲ့တွဲဖက်တဲ့ ညီအစ်မတစ်ယောက်က ရုပ်ပုံတစ်ပုံကို ပြန်လုပ်ဖို့လို၊ မလို ကျွန်မကို အကဲဖြတ်ခိုင်းတယ်။ ကျွန်မ ကြည့်ပြီးတဲ့နောက်မှာတော့ ရုပ်ပုံရဲ့ အသွင်အပြင်အထူးပြုချက်က တော်တော်ကောင်းတယ်၊ ပြန်လုပ်ဖို့ မလိုဘူးလို့ ခံစားမိတယ်။ ဒါပေမဲ့ အဲဒီနောက်မှာ ကိုယ့်မှာ အစွမ်းအစညံ့ဖျင်းပြီး ပြဿနာတွေကို တိတိကျကျ မထောက်ပြနိုင်လောက်ဘူးဆိုတာကို ပြန်တွေးမိပြီး အဖွဲ့ခေါင်းဆောင်ကို တစ်ချက်ကြည့်ခိုင်းလိုက်တယ်။ နောက်ဆုံးတော့ အဖွဲ့ခေါင်းဆောင်ရဲ့အမြင်က ကျွန်မနဲ့မတူဘဲ ရုပ်ပုံရဲ့ အယူအဆပိုင်းမှာ ပြဿနာနည်းနည်းရှိလို့ ပြန်လုပ်ဖို့လိုတယ်လို့ ထင်ခဲ့တယ်။ ကျွန်မလည်း ကိုယ့်အမြင်ကို ပြောပြချင်ခဲ့ပေမဲ့ စိတ်ထဲမှာ တွေးလိုက်တယ်၊ “အဖွဲ့ခေါင်းဆောင်က အစွမ်းအစကောင်းတယ်၊ စည်းမျဉ်းတွေအများကြီးကိုလည်း သဘောပေါက်ကျွမ်းကျင်တယ်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုမှာလည်း ငါ့ထက်သာတယ်။ ငါက ငယ်ငယ်ကတည်းက တုံးတာ၊ နားလည်နိုင်စွမ်းလည်းမကောင်းဘူး။ ဒီရုပ်ပုံကို ငါပဲ မှားအကဲဖြတ်မိတာ ဖြစ်လောက်မယ်။ ငါ ဇွတ်မတောင်းဆိုတော့ပါဘူး။ ငါ့အစွမ်းအစက ညံ့ဖျင်းနေတာပဲ။ ဒီအပေါ်မှာမှ သူများအကြံပြုချက်ကို လက်မခံဘူးဆိုရင် ပိုပြီးတော့တောင် ရှက်စရာကောင်းသွားလိမ့်မယ်။ ထားလိုက်ပါတော့၊ အဖွဲ့ခေါင်းဆောင်ရဲ့အကြံပြုချက်အတိုင်းပဲ ရုပ်ပုံကို ပြန်လုပ်လိုက်တော့မယ်” လို့ပေါ့။ မမျှော်လင့်ဘဲ နောက်တစ်နေ့မှာ ကြီးကြပ်ရေးမှူးက ရုပ်ပုံရဲ့ အယူအဆက သင့်တော်တယ်၊ ပြန်လုပ်ဖို့မလိုဘူးလို့ ပြောတယ်။ သူက သက်ဆိုင်ရာစည်းမျဉ်းတွေကိုလည်း ရှာပြီး ကျွန်မတို့ရဲ့လမ်းလွဲမှုတွေကို ထောက်ပြခဲ့တယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ အဲဒီအချိန်တုန်းက ကြီးကြပ်ရေးမှူးရှာတွေ့တဲ့ စည်းမျဉ်းတွေအကြောင်းကို ငါလည်း တွေးမိသားပဲလို့ပေါ့။ အဲဒီတုန်းကသာ ငါ ဇွတ်ပြောခဲ့ရင် ပိုကောင်းမှာပဲပေါ့။ ကျွန်မရဲ့တွဲဖက်က အဲဒီရုပ်ပုံကို ပြင်ဆင်ဖို့ အချိန်အကြာကြီးသုံးခဲ့ရပေမဲ့ နောက်ဆုံးတော့ ဒါတွေအားလုံးဟာ အလဟဿအာစိုက်ထုတ်မှု ဖြစ်သွားတယ်၊ တခြားအလုပ်တွေကိုတောင် နှောင့်နှေးစေခဲ့တယ်။ စိတ်ထဲမှာ နည်းနည်း မသက်မသာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်၊ ဒါပေမဲ့ အဲဒီနောက်မှာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တာမျိုးတော့ မလုပ်ခဲ့ဘူး။ နောက်တစ်ခါ ကျွန်မ ရုပ်ပုံတစ်ပုံကို စစ်ဆေးနေတုန်း အကြိမ်တော်တော်များများ ကြည့်ပြီးတဲ့နောက်မှာ အသွင်အပြင်လုပ်ဆောင်ချက်က သင့်တော်တယ်၊ နည်းနည်းပဲ ပြင်ဖို့လိုတယ်လို့ ခံစားမိတယ်။ ဒါပေမဲ့ ညီအစ်မတော်တော်များများက ဒီရုပ်ပုံကို ကြည့်ပြီးတော့ သူတို့က ဒါဖော်ပြတဲ့ အဓိကအကြောင်းအရာက မရှင်းဘူး၊ တန်ဖိုးမရှိဘူးလို့ ပြောကြတယ်။ စိတ်ထဲမှာတော့ သူတို့အမြင်ကို ကျွန်မလက်မခံဘဲ ကိုယ့်အမြင်ကို ပြောပြချင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီနောက်မှာ ကျွန်မ တွေးမိတယ်၊ “သူတို့က အစွမ်းအစပိုကောင်းတယ်၊ ငါ့ထက်စည်းမျဉ်းတွေကို ပိုနားလည်သဘောပေါက်တယ်၊ ပြီးတော့ ပြဿနာတွေကို ငါ့ထက်ပိုနက်နက်နဲနဲ မြင်တယ်။ ငါက ငယ်ငယ်ကတည်းက တုံးပြီး အစွမ်းအစလည်းညံ့ဖျင်းတော့ ငါပဲ မှားကြည့်မိတာနေမှာပါ” လို့ပေါ့။ ကျွန်မ နည်းနည်း အပျက်သဘောဆောင်သလိုလည်း ခံစားခဲ့ရတယ်၊ “တခြားလူတွေအားလုံးက ပြဿနာတွေ၊ ချို့ယွင်းချက်တွေကို ထောက်ပြနိုင်ကြပေမဲ့ ငါကတော့ အကြိမ်ကြိမ်ကြည့်တာတောင် ပြဿနာမမြင်ဘူး။ ငါ့အစွမ်းအစက တကယ်ကို ညံ့ဖျင်းလွန်းပါလား။ ဒီတာဝန်ထမ်းဆောင်ဖို့ ငါ တကယ်မသင့်တော်တော့ဘူးနဲ့တူတယ်” လို့ပေါ့။ မမျှော်လင့်ဘဲ ကြီးကြပ်ရေးမှူးက ဒီရုပ်ပုံကိုကြည့်ပြီး နည်းနည်းပြင်လိုက်ရင် သုံးလို့ရတယ်လို့ ပြောခဲ့တယ်။ အဲဒီအခါကျမှ အဲဒီတုန်းက ဇွတ်မပြောခဲ့မိတာကို ကျွန်မ နောင်တရသွားတယ်။ နောက်ပိုင်းမှာ ကြီးကြပ်ရေးမှူးက ကျွန်မကို မေးတယ်၊ “ဘာလို့ ကိုယ့်ရဲ့အမြင်ရှုထောင့်အတိုင်း ခိုင်ခိုင်မာမာ မရပ်တည်ခဲ့ရတာလဲ။ တန်ဖိုးရှိတဲ့ ရုပ်ပုံတစ်ပုံက အလဟဿဖြစ်တော့မလို့ပဲ။ ကိုယ့်အမြင်က မှန်တယ်လို့ထင်ရင် ကိုယ့်ထင်မြင်ချက်ကို ဝေမျှပြီး လူတိုင်းနဲ့ ဆွေးနွေးပါ။ တစ်ခုခုမှားပြောမိရင်တောင်မှ၊ နောက်ပိုင်းမှာ ပြင်လိုက်လို့ ရပါတယ်” တဲ့။ ကြီးကြပ်ရေးမှူးရဲ့စကားကိုကြားတော့ ကျွန်မစိတ်ထဲမှာ တော်တော် မကောင်းဖြစ်သွားတယ်။ ဒါပေမဲ့ ကျွန်မက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ တင်းတင်းကျပ်ကျပ် ချည်နှောင်တာကို ခံနေရတော့ နောက်ပိုင်း အခြေအနေတွေကြုံလာတဲ့အခါမှာလည်း ကိုယ့်အမြင်အတိုင်း ခိုင်ခိုင်မာမာ မရပ်တည်ရဲခဲ့ဘူး။ ကျွန်မက အပျက်သဘောဆောင်တဲ့ အခြေအနေမှာ အမြဲတမ်း အသက်ရှင်နေခဲ့ပြီး တာဝန်ကို ထမ်းဆောင်ရာမှာ ကျွန်မ့အမြင်တွေကို ဖော်ပြဖို့ ဘယ်တော့မှ မလိုလားခဲ့တဲ့အတွက်၊ အချိန်အကြာကြီး ဘာတိုးတက်မှုမှ မရှိဘဲ နောက်ဆုံးမှာ ဖြုတ်ချခံခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မယ့်အစား၊ အဲဒါက ကိုယ့်မှာ အစွမ်းအစညံ့ဖျင်းတယ်ဆိုတာကို ပိုပြီးတော့တောင် အတည်ပြုပေးလိုက်သလိုပါပဲ။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှာ အသင်းတော်က ကျွန်မကို အထွေထွေကိစ္စရပ်များဆိုင်ရာ တာဝန်ကို ထမ်းဆောင်ဖို့ စီစဉ်ပေးခဲ့တယ်။ ကျွန်မနဲ့တွဲဖက်တဲ့ညီအစ်မက ပညာအရည်အချင်းသိပ်မရှိပေမဲ့ တုံ့ပြန်မှုမြန်တယ်၊ ဘာသင်သင် မြန်တယ်၊ တာဝန်ထမ်းဆောင်ရာမှာလည်း ကျွန်မထက် ပိုပြီးတော့ ထိရောက်မှုရှိတာကို ကျွန်မတွေ့ရတယ်။ သူနဲ့တွဲဖက်တဲ့အခါမှာလည်း ကျွန်မက ကိုယ့်အမြင်တွေကို တက်တက်ကြွကြွ ပြောမထွက်ရဲခဲ့ဘူး။ တစ်ခါတလေ ကျွန်မ အင်တင်တင်နဲ့ စကားနည်းနည်းပြောလိုက်ပေမဲ့ ညီအစ်မက မတူတဲ့အမြင်တစ်ခုကို တင်ပြလိုက်တာနဲ့ ကျွန်မက ကိုယ့်အမြင်ကို ဘာမှထပ်မစဉ်းစားဘဲ စွန့်ပစ်လိုက်တယ်။ ညီအစ်မရဲ့ရှေ့မှာ ကျွန်မ အမြဲတမ်း ကြောက်ရွံ့ပြီး စမ်းတဝါးဝါးဖြစ်နေခဲ့တယ် သူက ကျွန်မကို ဘာမှနားမလည်ဘဲ လျှောက်ပြောလျှောက်လုပ်တယ်လို့ ပြောမှာကြောက်လို့ တာဝန်ထမ်းဆောင်ရာမှာ အရမ်းကိုပဲ မတက်မကြွဖြစ်ခဲ့တယ်။
ကျွန်မ ခဏခဏ တွေးမိတယ်၊ “ငါ ဘာလို့ ဒီလောက်တောင် သနားစရာကောင်းပြီး ပင်ပန်းတဲ့ဘဝနဲ့ အသက်ရှင်နေရတာလဲ” လို့ပေါ့။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလရောက်မှပဲ သိမ်ငယ်ခြင်းခံစားချက်တွေကို ဖြေရှင်းခြင်းနဲ့ပတ်သက်တဲ့ ဘုရားရဲ့မိတ်သဟာယကို ဖတ်မိတဲ့အခါ ကိုယ့်အခြေအနေကို နည်းနည်း နားလည်လာခဲ့တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ကျွန်မ ဖတ်ခဲ့တယ်။ “အပေါ်ယံအားဖြင့် သိမ်ငယ်မှုသည် လူတို့တွင် ထင်ရှားသည့် စိတ်ခံစားမှုတစ်ခု ဖြစ်သည်။ သို့သော် အမှန်တွင် ထိုအရာ၏ ဖြစ်ကြောင်းရင်းမြစ်မှာ လူတို့ အသက်ရှင်နေထိုင်သည့် ဤလူမှုအဖွဲ့အစည်း၊ လူသားမျိုးနွယ်နှင့် ပတ်ဝန်းကျင်တို့ ဖြစ်သည်။ လူတို့၏ ကိုယ်ပိုင် ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းပြချက်များကလည်း ယင်းကို ဖြစ်ပေါ်စေသည်။ လူမှုအဖွဲ့အစည်းနှင့် လူသားမျိုးနွယ်သည် စာတန်ထံမှလာသည်မှာ သိသာထင်ရှားပေသည်။ ဆိုးယုတ်သူတစ်ဦး၏ တန်ခိုးအာဏာအောက်တွင် လူသားမျိုးနွယ်အားလုံး တည်သောကြောင့် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နက်ရှိုင်းစွာ ခံခဲ့ရပြီး မည်သူကမျှ နောက်မျိုးဆက်ကို သမ္မာတရားနှင့်အညီ၊ သို့မဟုတ် ဘုရားသခင်၏ သွန်သင်ချက်များနှင့်အညီ တကယ့်ကို မသွန်သင်နိုင်ဘဲ ထိုထက် စာတန်ထံမှ လာသည့် အရာများနှင့်အညီ သွန်သင်ကြလေသည်။ ထို့ကြောင့် နောက်မျိုးဆက်နှင့် လူသားမျိုးနွယ်ကို စာတန်နှင့်သက်ဆိုင်သည့် အမှုအရာများအား သွန်သင်ပေးခြင်း အကျိုးဆက်မှာ လူတို့၏ စိတ်သဘောထားများနှင့် အနှစ်သာရကို ဖောက်ပြန်ပျက်စီးစေခြင်းအပြင် လူတို့တွင် အပျက်သဘောဆောင်သော စိတ်ခံစားမှုများ ဖြစ်ပေါ်စေခြင်း ဖြစ်သည်။...ဥပမာအနေဖြင့် သိမ်ငယ်မှု ခံစားချက်ကို ကြည့်ကြစို့။ သင်၏ မိဘများ၊ ဆရာများ၊ သင်၏ လူကြီးသူမများနှင့် သင့်အနီးအနားရှိ အခြားသူအားလုံးတွင် သင်၏ အစွမ်းအစ၊ လူ့သဘာဝနှင့် ပင်ကိုအရည်အသွေးတို့အပေါ် လက်တွေ့မကျသည့် အကဲဖြတ်ချက်တစ်ခုရှိပြီး နောက်ဆုံးတွင် ဤအရာက သင့်ကို လုပ်ဆောင်သည်မှာ သင့်ကို ဝေဖန်ထိုးနှက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ချုပ်ထိန်းခြင်း၊ ကန့်သတ်ခြင်းနှင့် ချည်နှောင်ခြင်းဖြစ်သည်။ နောက်ဆုံးတွင် ခုခံရန် သင် နောက်ထပ် မည်သို့မျှ ခွန်အားမရှိသည့်အခါ မိမိအနေဖြင့် သင့်တော်လှသည်ဟု မယုံကြည်သော်ငြားလည်း စော်ကားမှုများနှင့် အရှက်ရစေခြင်းတို့ကို တိတ်ဆိတ်စွာ လက်ခံရသည့်၊ ဤမမျှတ၊ မတရားသော လက်တွေ့အရှိတရားမျိုးကို တိတ်ဆိတ်စွာ လက်ခံရသည့် ဘဝကို ရွေးချယ်ခြင်းမှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။ ဤလက်တွေ့အရှိတရားကို သင်လက်ခံသည့်အခါ သင့်အထဲတွင် နောက်ဆုံး ဖြစ်ပေါ်သည့် ခံစားမှုများမှာ ပျော်ရွှင်သည့်၊ စိတ်ကျေနပ်သည့်၊ အပြုသဘောဆောင်သည့်၊ သို့မဟုတ် တိုးတက်မှုရှိသော စိတ်ခံစားမှုတစ်ခု မဟုတ်ချေ။ သင်သည် လူ့ဘဝအတွက် တိကျပြီး မှန်ကန်သည့် ရည်မှန်းချက်များကို လိုက်စားရန်မဆိုထားနှင့်၊ သာ၍များပြားသော စိတ်လှုံ့ဆော်မှုနှင့် ဦးတည်ချက်တို့ဖြင့် အသက်ရှင်ခြင်းမရှိဘဲ ထို့ထက် သင့်အထဲတွင် နက်နဲသည့် သိမ်ငယ်မှု ခံစားချက်တစ်ခု ဖြစ်ပေါ်လေသည်။ ဤစိတ်ခံစားမှု သင့်အထဲတွင် ဖြစ်ပေါ်သည့်အခါ ခိုကိုးရာမဲ့သည်ဟုသင် ခံစားရသည်။ အမြင်တစ်ခု သင် ဖော်ပြရန် လိုအပ်သည့် ပြဿနာတစ်ခုကို သင် ကြုံရသည့်အခါ သင်၏ အတွင်းကျကျ စိတ်နှလုံးတွင် သင် ပြောလိုသည့် အရာနှင့် သင်ဖော်ပြရန် ဆန္ဒရှိသည့် အမြင်ကို အကြိမ်မည်မျှ သင်စဉ်းစားလိမ့်မည်မှာ မည်သူသိမည်နည်း။ သို့တိုင် သင်သည် ထိုအရာကို မိမိဘာသာပင် ထုတ်မပြောနိုင်ဘဲ ရှိနေဆဲ ဖြစ်သည်။ သင် စွဲကိုင်ခဲ့သည့် အလားတူ အမြင်ကို တစ်စုံတစ်ဦးက ဖော်ပြသည့်အခါ သင်သည် အခြားသူများထက် သာ၍ ညံ့ခြင်းမရှိဟူသည့် အတည်ပြုချက်၊ ခံယူချက်တစ်ခု သင့်စိတ်နှလုံးထဲတွင် သင့်ကိုယ်သင် ခံစားခွင့်ပေးလိုက်သည်။ သို့ရာတွင် အလားတူ အခြေအနေ တစ်ဖန် ဖြစ်ပျက်သည့်အခါ သင်က ‘ငါသည် သာမန်ကာလျှံကာ စကားမပြောနိုင်ပါ၊ မည်သည့်အရာကိုမျှ စိတ်မြန်လက်မြန် မလုပ်နိုင်ပါ၊ သို့မဟုတ် မိမိကိုယ်ကို အဟားခံရသူ ဖြစ်စေ၍ မရပါ။ ငါသည် မတော်ပါ၊ နုံအပါသည်၊ မိုက်မဲပါသည်၊ ငါသည် လူအတစ်ယာက်ဖြစ်ပါသည်။ စကားမပြောဘဲ မည်သို့ ပုန်းကွယ်ပြီး နားထောင်ရုံမျှ နားထောင်ရမည်ကို ကျွန်ုပ် သင်ယူရမည်’ဟု မိမိကိုယ်ကို သင်ပြောနေဆဲ ဖြစ်သည်။ ဤအရာမှ ကျွန်ုပ်တို့ မြင်နိုင်သည်မှာ သိမ်ငယ်မှု ခံစားချက်ဖြစ်ပေါ်သည့် အချိန်မှစ၍ လူတစ်ဦး၏ အတွင်းကျကျ စိတ်နှလုံးတွင် နက်ရှိုင်းစွာ အမြစ်တွယ်လာသည့်အချိန်ထိ ထိုသူသည် မိမိအပေါ် ဘုရားသခင် ပေးသနားခဲ့သည့် မိမိ၏ လွတ်လပ်သော အလိုဆန္ဒနှင့် သဘာဝကျသော လုပ်ပိုင်ခွင့်များ ပိတ်ပင်ခံရသည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသူသည် ဤအရာများကို ခံစားခွင့်မရဘဲ ပိတ်ပင်ခံထားရပြီး ဖြစ်သည်။ မည်သူက ဤအရာများကို ထိုသူအား ခံစားခွင့်မပေးဘဲ ပိတ်ပင်ထားပါသနည်း။ သင်သည် အသေအချာ ပြောနိုင်ခြင်း မရှိသည် မဟုတ်လော။ သင်တို့ထဲမှ မည်သူမျှ သေချာမပြောနိုင်ကြပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဤဖြစ်စဉ်တစ်ခုလုံး တစ်လျှောက်တွင် သင်သည် ခံရသူမျှသာမဟုတ်ဘဲ ပြစ်မှုကျူးလွန်သူလည်း ဖြစ်သောကြောင့် ဖြစ်သည်။ သင်သည် အခြားသူတို့၏ သားကောင်ဖြစ်ပြီး သင်ကိုယ်တိုင်၏ သားကောင်လည်း ဖြစ်သည်။ အဘယ်ကြောင့်နည်း။ သင့်အထဲတွင် ဖြစ်ပေါ်သည့် သိမ်ငယ်မှုအတွက် အကြောင်းရင်းတစ်ခုမှာ သင်၏ ကိုယ်ပိုင် ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းပြချက်များမှ လာသည်ဟု ယခုတင် ငါ ပြောခဲ့သည်။ သင်သည် မိမိကိုယ်ကို သိသောအသိ စတင်ရှိလာသည့်အတွက် အဖြစ်အပျက်များနှင့် အမှုအရာများကို အကဲဖြတ်ခြင်းအတွက် သင်၏ အခြေခံအကြောင်းရင်း၏ ရင်းမြစ်က စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းတွင် ရှိပြီး လူမှုအဖွဲ့အစည်းနှင့် လူသားမျိုးနွယ်တို့က ဤအမြင်များကို သင့်အထဲတွင် သွတ်သွင်းထားခြင်းဖြစ်ကာ ဘုရားသခင်က သင့်ကို သွန်သင်ထားခြင်း မဟုတ်ပေ။ ထို့ကြောင့် သင်၏ သိမ်ငယ်မှု ခံစားချက်များသည် မည်သည့်အချိန်တွင်၊ သို့မဟုတ် မည်သည့် ဆက်စပ်အကြောင်းအရာတွင် ဖြစ်ပေါ်ခဲ့သည်ဖြစ်စေ၊ သင်၏ သိမ်ငယ်မှု ခံစားချက်များ ဖြစ်ပေါ်ပြီးသည့် အတိုင်းအတာက မည်သည့်အရာဖြစ်စေ သင်သည် ဤခံစားချက်များ၏ ချည်နှောင်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို အကူအညီမဲ့စွာ ခံရပြီး သင့်အနီးဝန်းကျင်ရှိ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို သင်၏ ချဉ်းကပ်မှုတွင် စာတန်က သင့်အထဲတွင် သွတ်သွင်းထားသည့် ဤနည်းလမ်းများကို သင် အသုံးပြုလေသည်။ သိမ်ငယ်မှု ခံစားချက်များကို သင်၏ စိတ်နှလုံးတွင် နက်ရှိုင်းစွာ သွတ်သွင်းထားသည့်အခါ ထိုအရာများက သင့်အပေါ် နက်နဲသည့် သက်ရောက်မှုရှိသည်သာမက လူများနှင့် အမှုအရာများအပေါ် သင်၏ အမြင်များ၊ ပြီးလျှင် သင်၏ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ချက်များအပေါ်လည်း စိုးမိုးလေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁)) ဘုရားသခင်က လူတွေရဲ့အခြေအနေကို တကယ်ကို နားလည်တာပဲ။ ကျွန်မရဲ့အပြုအမူက အဲဒီအတိုင်း တစ်ပုံစံတည်းပဲ။ ငယ်ငယ်ကတည်းက လူကြီးဖြစ်တဲ့အထိ၊ ကျွန်မက ကိုယ့်ကိုယ်ကိုယ် တုံ့ပြန်မှုနှေးတယ်၊ တုံးတယ်၊ အစွမ်းအစညံ့ဖျင်းတယ်လို့ ခံစားခဲ့ရတော့ အမြင်တွေမပြောရဲဘူး၊ အမြဲတမ်း နောက်ဆုတ်တယ်၊ ပြီးတော့ အမှားလုပ်မိမှာကို အမြဲကြောက်ခဲ့တယ်။ ကျောင်းတက်တုန်းက နားလည်နိုင်စွမ်းညံ့ဖျင်းပြီး တုံ့ပြန်မှုနှေးလို့၊ ပြီးတော့ ကျွန်မထက်ပိုတော်တဲ့ အတန်းဖော်တွေလို ချက်ချင်းနားမလည်တတ်လို့၊ ဆရာတွေရဲ့အကဲဖြတ်မှုထဲမှာ ကျွန်မက တုံးအ၊ မိုက်မဲတဲ့သူတစ်ယောက်ပေါ့။ ဆရာတွေရဲ့ သရော်လှောင်ပြောင်မှုတွေနဲ့ အတန်းဖော်တွေရဲ့ ကဲ့ရဲ့ပြက်ရယ်ပြုမှုတွေက ကျွန်မကို အရမ်းသိမ်ငယ်စေခဲ့တယ်။ ဘုရားသခင်ကို စပြီးယုံကြည်ပြီး တာဝန်ထမ်းဆောင်တဲ့နောက်မှာ ဉာဏ်ထက်မြက်တဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ ထိတွေ့ရတဲ့အခါတိုင်း၊ ဒီလိုလူမျိုးတွေက အစွမ်းအစကောင်းတယ်၊ ဘုရားသခင်ကလည်း သူတို့ကို သေချာပေါက် သဘောကျမှာပဲလို့ ကျွန်မ တွေးခဲ့တယ်။ ဆန့်ကျင်ဘက်အနေနဲ့ ကျွန်မက ဉာဏ်ထိုင်းလို့ ကိုယ့်အစွမ်းအစက ညံ့ဖျင်းတယ်လို့ ယုံကြည်ခဲ့တယ်။ ကျွန်မက အပျက်သဘောဆောင်တဲ့ အခြေအနေမှာ အမြဲတမ်းအသက်ရှင်ခဲ့ပြီး တာဝန်ထမ်းဆောင်ရာမှာလည်း အရမ်းကိုပဲ မတက်မကြွဖြစ်ခဲ့တယ်။ အချိန်အများစုမှာ ကျွန်မ ကိုယ့်အမြင်ကို မပြောရဲခဲ့ဘူး၊ တစ်ခါတလေ ပြောမိလို့ တစ်စုံတစ်ယောက်က ကန့်ကွက်လာတဲ့အခါမှာလည်း၊ သူတို့နဲ့ လုံးလုံးလျားလျား သဘောမတူရင်တောင်မှ ကိုယ့်ရဲ့သိမ်ငယ်စိတ်တွေကြောင့် ကိုယ့်အတွေးအခေါ်တွေကို သူတို့နဲ့ ဆွေးနွေးဖို့ မဝံ့ရဲခဲ့ဘူး။ တခြားညီအစ်မတွေက ဉာဏ်ကောင်းပြီး အစွမ်းအစကောင်းတယ်၊ ဒါကြောင့် သူတို့က အရာရာကို ငါ့ထက်ပိုပြီး တိတိကျကျ မြင်ကြမှာပဲလို့ တွေးပြီး၊ ကိုယ့်အတွေးအခေါ်အားလုံးကို ပယ်ချခဲ့တယ်။ ဒီအပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုက မမြင်နိုင်တဲ့ ကြိုးတစ်ချောင်းလိုပဲ၊ ကျွန်မကို တင်းတင်းကျပ်ကျပ် ချည်နှောင်ထားပြီး ကျွန်မမှာရှိတဲ့ အမြင်တွေကို မဖော်ပြရဲအောင် ဖြစ်စေခဲ့တယ်။ ကျွန်မက သိမ်ငယ်စိတ်တွေရဲ့ ထိန်းချုပ်မှုကို လိုလိုချင်ချင် ခံယူနေခဲ့တယ်၊ အရမ်းကိုသနားစရာကောင်းတဲ့ ဘဝနဲ့ အသက်ရှင်နေခဲ့ပြီး၊ ကိုယ်တတ်နိုင်တဲ့အရာတွေကိုတောင် မလုပ်နိုင်ခဲ့ဘူး။ နောက်ဆုံးတော့ ကျွန်မ တာဝန်ကို ကောင်းကောင်းမထမ်းဆောင်နိုင်ခဲ့ဘဲ ဖြုတ်ချခံခဲ့ရတယ်။ ဒီအပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုက ကျွန်မကို ဒီလောက်ကြီးမားတဲ့ ထိခိုက်မှုတွေ ပေးခဲ့တာပဲ။
ကျွန်မ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ထပ်ဖတ်ခဲ့တယ်။ “သိမ်ငယ်မှုဖြစ်စေ၊ အခြားသော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်ဖြစ်စေ သင်သည် ဤခံစားမှုကို ဖြစ်ပေါ်စေသည့် အဓိပ္ပာယ်ကောက်ခြင်းများအပေါ် မှန်ကန်သည့် သိနားလည်မှု ရှိထားသင့်သည်။ ပထမဦးစွာ ထိုအဓိပ္ပာယ်ကောက်ချက်များသည် မမှန်ကန်ကြောင်းနှင့် သင်၏ အစွမ်းအစ၊ ပါရမီနှင့် စပ်လျဉ်း၍ ဖြစ်စေ၊ သင်၏ ကိုယ်ကျင့်စရိုက်နှင့် စပ်လျဉ်း၍ ဖြစ်စေ သင်နှင့်ပတ်သက်၍ ထိုအရာများက ပြုလုပ်သည့် အကဲဖြတ်ချက်များနှင့် ကောက်ချက်များသည် အမြဲ မှားယွင်းကြောင်း သင် နားလည်သင့်သည်။ ထို့ကြောင့် သင့်ကိုယ်သင် မည်သို့ မှန်ကန်တိကျစွာ အကဲဖြတ်ပြီး သိမြင်ကာ သိမ်ငယ်သော စိတ်ခံစားချက်မှ ရုန်းထွက်လွတ်မြောက်နိုင်မည်နည်း။ မိမိကိုယ်ကို သိကျွမ်းခြင်း၊ သင်၏ လူ့သဘာဝ၊ အစွမ်းအစနှင့် ပါရမီတို့က မည်ကဲ့သို့ရှိပြီး မည်သည့် အားသာချက်များ သင်၌ ရှိသည်ဆိုသည်တို့ကို သိရှိအောင်လုပ်ခြင်းအတွက် အခြေခံအုတ်မြစ်အဖြစ် ဘုရားနှုတ်ကပတ်တော်များကို သင် ခံယူသင့်သည်။ ဥပမာအားဖြင့် သင်သည် သီချင်းဆိုခြင်းကို နှစ်သက်လေ့ရှိပြီး ကောင်းစွာ သီဆိုသော်လည်း သင်သည် ဂီတသံစဉ် အတက်အကျ ခွဲခြားနိုင်စွမ်း မရှိကြောင်းနှင့် သင်၏ သီဆိုခြင်းသည် ကီးမကိုက်ကြောင်း ပြောလျက် သင့်ကို လူအချို့က ဝေဖန်မြဲဝေဖန်ကာ သေးသိမ်စေသောကြောင့် ယခု သင်သည် ကောင်းစွာ သီချင်းဆိုနိုင်ခြင်းမရှိဟု ခံစားရပြီး အခြားသူများရှေ့တွင် ထိုသို့မလုပ်ဆောင်ဝံ့တော့ဟု ဆိုပါစို့။ ထိုလောကီဆန်သည့်လူစု၊ ထိုနားဝေတိမ်တောင်ဖြစ်သော လူများနှင့် သာမညောင်ည လူများက သင်နှင့်ပတ်သက်၍ မှန်ကန်တိကျမှုမရှိသော အကဲဖြတ်ချက်များနှင့် ဝေဖန်သုံးသပ်မှုများကို ပြုလုပ်သောကြောင့် သင်၏ လူ့သဘာဝက ရထိုက်သည့် လုပ်ပိုင်ခွင့်များသည် လျော့ကျကာ သင်၏ ပါရမီသည် ချုပ်ထိန်းခြင်း ခံခဲ့ရသည်။ အကျိုးဆက်အနေဖြင့် သင်သည် သီချင်းတစ်ပုဒ်ကိုပင် မဆိုဝံ့သကဲ့သို့ မိမိတစ်ဦးတည်း ရှိသည့်အခါတွင်သာ သင်သည် သီချင်းအော်ဆိုပြီး လက်လွှတ်ဖို့ သတ္တိရှိလေသည်။ ယေဘုယျအားဖြင့် သင်သည် ဆိုးဆိုးရွားရွား သိုသိပ်ချုပ်တည်းထားသောကြောင့် သင်တစ်ဦးတည်း မဟုတ်သည့်အခါ သီချင်း မဆိုဝံ့ချေ။ တစ်ဦးတည်း ရှိသည့်အခါတွင်သာ သင်သည် ကျယ်ကျယ်နှင့် ကြည်လင်စွာ သီချင်းဆိုနိုင်သည့်အချိန်ကို မွေ့လျော်ရင်း သီချင်း ဆိုဝံ့ပြီး ယင်းမှာ ကောင်းလိုက်သည့်၊ လွတ်မြောက်လိုက်သည့် အချိန်ပါတကား။ ထိုသို့ ဖြစ်သည် မဟုတ်လော။ သင့်ကို လူတို့လုပ်ဆောင်သည့် ထိခိုက်နစ်နာမှုကြောင့်၊ သင် အမှန်တကယ် လုပ်ဆောင်နိုင်သည့်အရာက မည်သည့်အရာ ဖြစ်သည်၊ မည်သည့်အရာတွင် သင် တော်ပြီး မည်သည့်အရာတွင် မတော်သည်ဆိုသည်တို့ကို သင် ရှင်းလင်းစွာ မသိ၊ မမြင်နိုင်ချေ။ ဤအခြေအနေမျိုးတွင် သင်သည် မှန်ကန်သည့် အကဲဖြတ်မှု ပြုလုပ်ပြီး ဘုရားနှုတ်ကပတ်တော်များအတိုင်း သင့်ကိုယ်သင် မှန်မှန်ကန်ကန် နှိုင်းဆချင့်ချိန်ရမည်ဖြစ်သည်။ သင် သိရှိပြီးသည့်အရာနှင့် သင်၏ အားသာချက်များ တည်ရှိသည့်နေရာကို သင် သတ်မှတ်သင့်ပြီး သင် လုပ်နိုင်သည့် မည်သည့်အရာကိုမဆို သွား၍ လုပ်ဆောင်သင့်သည်။ သင် မလုပ်နိုင်သည့် အရာများ၊ သင်၏ အားနည်းချက်များနှင့် ချို့တဲ့ခြင်းများအတွက်မူ ထိုအရာများကို သင် ဆင်ခြင်သုံးသပ်ကာ သိသင့်ပြီး သင်၏ အစွမ်းအစက မည်သည့်အရာနှင့်တူသည်ဆိုသည်ကိုလည်းကောင်း ထိုအရာက ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကိုလည်းကောင်း မှန်ကန်တိကျစွာ အကဲဖြတ်ပြီး သိရှိသင့်သည်။ သင်၏ ကိုယ်ပိုင် ပြဿနာများအပေါ် နားမလည်နိုင်လျှင်ဖြစ်စေ၊ ရှင်းလင်းသည့် သိမြင်မှု မရရှိနိုင်လျှင်ဖြစ်စေ သင့်အနီးအနားရှိ သိနားလည်မှုရှိသည့်လူများကို သင့်အပေါ် အကဲဖြတ်ချက်ပြုလုပ်ရန် တောင်းဆိုသင့်သည်။ ၎င်းတို့ ပြောဆိုသည့်အရာ မှန်ကန်တိကျခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင့်အဖို့ ကိုးကားရန် အနည်းဆုံးအနေဖြင့် တစ်စုံတစ်ခုကို သင့်အား ပေးမည်ဖြစ်ပြီး မိမိကိုယ်ကို အခြေခံကျသော အကဲဖြတ်ချက် သို့မဟုတ် သရုပ်ဖော်ခြင်းတစ်ခု ရရှိဖို့ သင့်ကို ထောက်ကူပေးမည်ဖြစ်သည်။ ထိုအခါ သင်သည် သိမ်ငယ်သော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်နှင့်ဆိုင်သော ပဓာနကျသည့် ပြဿနာကို ဖြေရှင်းနိုင်ပြီး ထိုအရာများမှ တဖြည်းဖြည်း လွတ်လာလိမ့်မည်။ သိမ်ငယ်သော စိတ်ခံစားချက်ကို ပိုင်းခြားသိမြင်နိုင်ကာ ယင်းကို သတိပြုမိကာ သမ္မာတရားကို ရှာဖွေပါက ယင်းကို ဖြေရှင်းရန် လွယ်ကူ၏။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁)) နှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျောင်းတုန်းက ဆရာတွေရဲ့ ကျွန်မအပေါ်အကဲဖြတ်မှုက မတိကျဘူး၊ ကိုယ့်ကိုယ်ကိုယ် အကဲဖြတ်မှုကလည်း ဓမ္မဓိဋ္ဌာန်မကျဘူးဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ ကိုယ့်ရဲ့သိမ်ငယ်စိတ်တွေကို ဖြေရှင်းဖို့အတွက်၊ ကိုယ့်ကိုယ်ကိုယ် တိကျတဲ့အကဲဖြတ်မှုတစ်ခု ရှိရမယ်၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့အညီ ကိုယ့်ကိုယ်ကိုယ် တိုင်းတာရမယ်၊ ပြီးတော့ ကိုယ့်ပတ်ဝန်းကျင်က ညီအစ်ကိုမောင်နှမတွေရဲ့ ကိုယ့်အပေါ် အကဲဖြတ်မှုတွေ၊ အမြင်တွေကို နားထောင်ရမယ်။ ဒီလိုနည်းနဲ့ လက်တွေ့လုပ်ဆောင်မှသာ တိကျမှာပါ။ ဒါကြောင့် ကျွန်မနဲ့တွဲဖက်တဲ့ ညီအစ်မကို ကျွန်မကို အကဲဖြတ်ပေးဖို့ တောင်းဆိုခဲ့တယ်။ သူက ပြောတယ်၊ “တကယ်တော့လေ၊ အစ်မပြောသလောက် အစ်မက မဆိုးပါဘူး။ အစ်မက ပြဿနာတချို့ကိုလည်း နားလည်နိုင်တယ်၊ ပြီးတော့ အစ်မမှာရှိတဲ့ အမြင်ရှုထောင့်တွေ၊ အကြံပြုချက်တချို့တလေကလည်း အသုံးဝင်ပါတယ်။ တစ်ခါတလေ အစ်မကို ဘာကြောင့် ဒီအမြင်ရှုထောင့် ဆုပ်ကိုင်ထားတာလဲလို့ ကျွန်မမေးတဲ့အခါ အစ်မမှားတယ်လို့ ပြောနေတာမဟုတ်ဘူး။ အဲဒီအစား အစ်မက ဘယ်စည်းမျဉ်းတွေအရ ဒီလိုပြောတာလဲဆိုတာကိုပဲ သိချင်တာပါ။ ဒါပေမဲ့ အစ်မက အကြိမ်တိုင်း ကိုယ့်ကိုယ်ကိုယ် ပယ်ချလိုက်တာပဲ။ နောင်မှာ အစ်မရဲ့အမြင်ရှုထောင့်က စည်းမျဉ်းနဲ့ ကိုက်ညီတယ်လို့ထင်ရင်၊ အစ်မ ပြောထွက်ရမယ်၊ ပြီးတော့ လူတိုင်းနဲ့ မိတ်သဟာယပြုပြီး ဆွေးနွေးရမယ်။ ဒါကလည်း တာဝန်အပေါ်မှာ တာဝန်ယူမှုရှိတာပဲ” တဲ့။ နောက်ပိုင်းမှာ တာဝန်ထမ်းဆောင်နေတုန်း ကိုယ့်အမြင်တွေကို ပြောထွက်အောင် ကျွန်မ လေ့ကျင့်ခဲ့တယ်။ ကျွန်မပေးတဲ့ အကြံပြုချက်အများစုကို ကျွန်မရဲ့တွဲဖက်က လက်ခံနိုင်ခဲ့တယ်။ ညီအစ်မက အထွေထွေကိစ္စရပ်များဆိုင်ရာအလုပ်ကို လုပ်တဲ့နေရာမှာ ကျွန်မထက်ပိုမြန်ပေမဲ့၊ ညီအစ်ကိုမောင်နှမတွေနဲ့ မိတ်သဟာယဖွဲ့ဖို့ စာရေးဖို့လိုတဲ့ကိစ္စတွေရှိလာတဲ့အခါ သူက အဲဒါကို မကျွမ်းကျင်ဘူးလို့ပြောပြီး ကျွန်မကို ပိုလုပ်ခိုင်းတယ်။ ဘုရားသခင်ဆီ ဆုတောင်းပြီး သက်ဆိုင်ရာသမ္မာတရားတွေကို ရှာဖွေဆင်ခြင်ခြင်းအားဖြင့်၊ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတချို့ကို ဖြေရှင်းရာမှာ ကျွန်မလည်း ကူညီပေးနိုင်ခဲ့တယ်။ အဲဒီအခိုက်အတန့်မှာ ကျွန်မက လုံးဝအသုံးမကျတဲ့သူတစ်ယောက် မဟုတ်ဘူးလို့ ခံစားလိုက်ရတယ်- ကျွန်မ သမ္မာတရားကို နားလည်နိုင်တာပဲ၊ တခြားသူတွေထက် ကျွန်မရဲ့တုံ့ပြန်မှုက ပိုနှေးပေမဲ့၊ ဖြည်းဖြည်းချင်း ဆင်ခြင်သုံးသပ်ခြင်းအားဖြင့် စည်းမျဉ်းတချို့ကိုလည်း နားလည်နိုင်တယ်၊ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတချို့ကိုလည်း ရှာတွေ့နိုင်တာပဲလေ။ အဲဒီနောက်ပိုင်း တာဝန်တွေထမ်းဆောင်တဲ့အခါ ကျွန်မစိတ်နှလုံးက အရင်ကလို မွန်းကျပ်မနေတော့ဘူး။
၂၀၂၃ ခုနှစ်၊ မေလမှာ ခေါင်းဆောင်တွေက ကျွန်မကို အနုပညာအဖွဲ့ရဲ့ ကြီးကြပ်ရေးမှူးလုပ်ခိုင်းခဲ့တယ်။ ကျွန်မ အရမ်းစိတ်လှုပ်ရှားသွားတယ်၊ ကိုယ့်ရဲ့ညံ့ဖျင်းတဲ့ အစွမ်းအစနဲ့ ကြီးကြပ်ရေးမှူးတစ်ယောက်ရဲ့တာဝန်ကို ငါ တကယ်ဖြည့်ဆည်းနိုင်ပါ့မလားပေါ့။ ကျွန်မ ငြင်းချင်ခဲ့ပေမဲ့၊ ဒီတာဝန်ကိုထမ်းဆောင်ရတဲ့အထဲမှာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်မှုတွေ ပါဝင်တယ်လို့ တွေးမိတော့ လက်ခံလိုက်တယ်။ ခဏလောက် လေ့ကျင့်သင်ကြားမှုခံယူပြီးတဲ့နောက်မှာ၊ ကျွန်မနဲ့တွဲဖက်တဲ့ ညီအစ်မနှစ်ယောက်က ဉာဏ်ထက်မြက်ပြီး အစွမ်းအစကောင်းရုံတင်မကဘူး၊ အလုပ်လုပ်နိုင်စွမ်းလည်း အားကောင်းတာကို ကျွန်မ တွေ့ရတယ်။ ညီအစ်မတွေက ကျွန်မရဲ့တုံ့ပြန်မှုနှေးတာကို အထင်သေးကြမှာကို ကျွန်မ စပြီးစိုးရိမ်လာတယ်။ ကျွန်မက ကြီးကြပ်ရေးမှူးတစ်ယောက်ရဲ့ အခန်းကဏ္ဍကနေ မလုပ်ဆောင်နိုင်ဘူး၊ ခေါင်းငုံ့ပြီးတော့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ပဲ နေတာက ပိုကောင်းလိမ့်မယ်လို့ ခံစားခဲ့ရတယ်။ အဲဒီလိုဆိုရင် ကျွန်မက သိပ်ဆိုးတဲ့ပုံ ပေါက်မှာမဟုတ်ဘူးပေါ့။ ဒါကို ကျွန်မ ပိုတွေးလေလေ၊ ကျွန်မ ပိုပြီးတော့ အပျက်သဘောဆောင်လာလေလေပဲ။ ကျွန်မ့တာဝန်တွေကို ထမ်းဆောင်ရာမှာလဲ ကျွန်မ အရမ်းကို မတက်မကြွဖြစ်ခဲ့တယ်။ ခေါင်းဆောင်တွေက အစွမ်းအစကောင်းတဲ့သူတစ်ယောက်နဲ့ ကျွန်မကို အစားထိုးဖို့ စီစဉ်ပေးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့၊ ကိုယ်က အရည်အချင်းမမီဘူး၊ အစွမ်းအစညံ့ဖျင်းတယ်လို့ ကျွန်မ အမြဲပြောခဲ့တယ်။ ဒီလို အပျက်သဘောဆောင်ပြီး မတက်မကြွဖြစ်တဲ့ အခြေအနေမှာ အသက်ရှင်နေရတာ စိတ်ထဲမှာ တော်တော်မသက်မသာဖြစ်ခဲ့ရတယ်။ အလုပ်တွေ ဘယ်လောက်များနေလဲဆိုတာကို ကျွန်မတွေးမိပေမဲ့ ကျွန်မက မတက်မကြွဖြစ်နေတုန်းပဲ၊ တိုးတက်ဖို့လည်း မကြိုးစားခဲ့ဘူး။ ဒါက ဘုရားအိမ်တော်ရဲ့ အလုပ်ကို ကာကွယ်စောင့်ရှောက်တာ မဟုတ်ဘူးလေ။ ဒီအပျက်သဘောဆောင်ပြီး မတက်မကြွဖြစ်တဲ့ အခြေအနေကို ငါ အမြန်ဆုံးပြောင်းလဲပစ်မှဖြစ်မယ်ပေါ့။
နောက်ပိုင်းမှာ ကျွန်မ ဆင်ခြင်သုံးသပ်မိတယ်။ ငယ်ငယ်ကတည်းက လူကြီးဖြစ်တဲ့အထိ၊ ကျွန်မရဲ့တုံ့ပြန်မှုနှေးတာက ကိုယ့်အစွမ်းအစ ညံ့ဖျင်းတာကို ဆိုလိုတယ်လို့ အမြဲယုံကြည်ခဲ့တယ်၊ အဲဒါကြောင့်ပဲ တာဝန်ထမ်းဆောင်ရာမှာ အမြဲတမ်း မတက်မကြွဖြစ်ပြီး အပျက်သဘောဆောင်ခဲ့တာပေါ့။ ဒီလိုနည်းနဲ့ အရာရာကို တိုင်းတာခြင်းက သမ္မာတရားနဲ့ ကိုက်ညီရဲ့လား။ ကျွန်မ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ခဲ့တယ်။ “လူတို့၏ အစွမ်းအစများကို ငါတို့ မည်သို့ တိုင်းတာကြသနည်း။ ဤအရာကို လုပ်ဆောင်ရန် သင့်လျော်သည့် နည်းလမ်းမှာ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားနှင့် သမ္မာတရားကို ၎င်းတို့ သဘောပေါက်နားလည်နိုင်ခြင်း ရှိမရှိ ဟူသည်တို့ကို ကြည့်ခြင်းအားဖြင့် ဖြစ်သည်။ လူအချို့သည် အထူးပြုပညာအချို့ကို အလွန်မြန်ဆန်စွာ သင်ယူနိုင်ကြသော်လည်း သမ္မာတရားကို ကြားသည့်အခါ ၎င်းတို့ မရှင်းမလင်း ဖြစ်လာကာ ငိုက်မြည်းသွားကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့သည် နားဝေတိမ်တောင် ဖြစ်လာကြသည်၊ ၎င်းတို့ ကြားသည့်မည်သည့်အရာကိုမျှ နားမဝင်သကဲ့သို့ ကြားနေသည့်အရာကို နားလည်းမလည်ကြပေ။ ယင်းမှာ ညံ့ဖျင်းသည့် အစွမ်းအစ ဟူသည့်အရာဖြစ်သည်။ လူအချို့နှင့်ပတ်သက်၍ ၎င်းတို့တွင် ညံ့ဖျင်းသည့် အစွမ်းအစ ရှိကြောင်းကို ၎င်းတို့အား သင် ပြောပြသည့်အခါ လက်မခံကြပေ။ အလွန် ပညာတတ်ပြီး နှံ့စပ်ခြင်းက ၎င်းတို့အနေဖြင့် အစွမ်းအစကောင်း ရှိသည့်သဘော ဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ကောင်းမွန်သည့် ပညာရေးက မြင့်မားသည့် အစွမ်းအစကို ပြသသလော။ မပြသပေ။ လူတို့၏ အစွမ်းအစကို မည်သို့ တိုင်းတာသင့်သနည်း။ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို ၎င်းတို့ သဘောပေါက်နားလည်သည့် ပမာဏပေါ် အခြေခံ၍ တိုင်းတာသင့်ပေသည်။ ဤသည်မှာ ထိုအရာကို လုပ်ဆောင်ခြင်းနှင့်ဆိုင်၍ အတိကျအမှန်ကန်ဆုံးသော နည်းလမ်းဖြစ်သည်။ လူအချို့သည် ကျလောက်အောင် အပြောကောင်းကြသည်၊ ဉာဏ်ထက်ကြပြီး အခြားလူတို့ကို ကိုင်တွယ်ရာတွင် အထူးသဖြင့် ကျွမ်းကျင်ကြသည်။ သို့သော် တရားဒေသနာများကို နားထောင်ကြသည့်အခါ မည်သည့်အရာကိုမျှ ၎င်းတို့ လုံးဝ နားမလည်နိုင်ကြသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ ယင်းတို့ကို သဘောပေါက်နားလည်ခြင်း မရှိကြချေ။ ၎င်းတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အကြောင်းကို ၎င်းတို့ ပြောဆိုသည့်အခါ လူသစ်လေးများသာ ဖြစ်သည်ကို မိမိတို့ကိုယ်ကို ထုတ်ဖော်ကာ ၎င်းတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိကြောင်း အခြားသူတို့အား ထင်မြင်စေလျက် စကားများနှင့် အယူဝါဒများကို အမြဲ ပြောဆိုကြလေသည်။ ဤလူများသည် ညံ့ဖျင်းသည့် အစွမ်းအစရှိသည့် လူများ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းရန် အရေးကြီးဆုံးဖြစ်သည်) ပညာတတ်ခြင်း၊ ဉာဏ်ထက်မြက်ခြင်းနဲ့ စကားပြောကောင်းခြင်းတို့က လူတစ်ယောက်မှာ အရည်အချင်းကောင်းတယ်လို့ မဆိုလိုဘူးဆိုတာကို တွေ့ရတယ်။ ဘုရားသခင်က လူတွေရဲ့အစွမ်းအစကို သူတို့ရဲ့ပညာရေးအဆင့်အတန်း ဒါမှမဟုတ် သူတို့ဉာဏ်ရဲ့အမြန်နှုန်းကို ကြည့်ပြီး တိုင်းတာတာမဟုတ်ဘဲ၊ အဓိကအားဖြင့် သူတို့က သမ္မာတရားကို ဘယ်အတိုင်းအတာအထိ နားလည်သဘောပေါက်ပြီး လက်ခံသလဲဆိုတာကို ကြည့်ပြီး တိုင်းတာတာပါ။ အစွမ်းအစကောင်းတဲ့သူတွေက ဘုရားနှုတ်ကပတ်တော်အပေါ်မှာ စင်ကြယ်တဲ့ နားလည်သဘောပေါက်မှုနဲ့ သိနားလည်မှုရှိကြတယ်။ သူတို့က ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးတဲ့ သဘာဝတွေကို ဆင်ခြင်သုံးသပ်ပြီး နားလည်နိုင်တယ်၊ ပြီးတော့ ပြဿနာတွေ၊ အခက်အခဲတွေကြုံလာတဲ့အခါမှာ ဘုရားနှုတ်ကပတ်တော်ထဲကနေ တိကျတဲ့ လက်တွေ့လုပ်ဆောင်မှုစည်းမျဉ်းတွေကို ရှာတွေ့နိုင်တယ်။ အစွမ်းအစညံ့ဖျင်းတဲ့သူတွေကတော့ သမ္မာတရားကို နားမလည်နိုင်ဘူး၊ ဘုရားနှုတ်ကပတ်တော်နဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ် မသိနိုင်ဘူး။ သူတို့ အမှုအရာတွေ ကြုံတဲ့အခါမှာလည်း လက်တွေ့လုပ်ဆောင်မှုစည်းမျဉ်းတွေကို ရှာမတွေ့နိုင်ဘဲ အယူဝါဒတွေကိုပဲ ရွတ်ထုတ်တတ်ပြီး စည်းမျဉ်းစည်းကမ်းတွေကိုပဲ လိုက်နာစောင့်ထိန်းနိုင်တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဒီစကားနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ အချိန်အများစုမှာ ဘုရားနှုတ်ကပတ်တော်အပေါ် ကျွန်မရဲ့နားလည်သဘောပေါက်မှုက လွဲချော်နေတာမျိုး မဟုတ်ဘူး၊ ကျွန်မက ပြဿနာတချို့အပေါ်မှာ ပိုပြီး တိမ်တဲ့ နားလည်မှု ရှိရုံပဲဖြစ်ပြီး၊ အစွမ်းအစကောင်းတဲ့သူတွေလို မြန်မြန်ဆန်ဆန် နားလည်သဘောပေါက်တာမျိုး၊ နက်နက်နဲနဲ နားလည်တာမျိုး မဟုတ်ဘူးဆိုတာကို ကျွန်မတွေ့ရတယ်။ ဒါပေမဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို အဲဒါတွေ မိတ်သဟာယဖွဲ့ပေးတဲ့အခါမှာတော့ ကျွန်မ နားလည်နိုင်ခဲ့တယ်။ ကျွန်မရဲ့အစွမ်းအစက သမ္မာတရားကို နားမလည်နိုင်လောက်အောင်အထိ မဆိုးပါဘူး၊ သာမန်အဆင့်လို့ သတ်မှတ်လို့ရပါတယ်။ အခု ကျွန်မက ကြီးကြပ်ရေးမှူးတာဝန်ကို ထမ်းဆောင်နေတာဖြစ်ပြီး၊ စည်းမျဉ်းတချို့ကို သိပ်နားမလည်သေးတာ၊ ချို့ယွင်းချက်တချို့ရှိတာတွေ မှန်ပေမဲ့၊ ကျွန်မနဲ့တွဲဖက်တဲ့ ညီအစ်မတွေက အစွမ်းအစပိုကောင်းတော့၊ သူတို့နဲ့အတူတူ အလုပ်လုပ်ပြီး တာဝန်တချို့ကို ကျွန်မ ထမ်းဆောင်နိုင်ပါသေးတယ်။ အတိတ်တုန်းက လူတစ်ယောက်ရဲ့အစွမ်းအစကို တိုင်းတာတဲ့ စည်းမျဉ်းတွေကို ကျွန်မ နားမလည်ခဲ့ဘဲ၊ ကိုယ် ဘယ်လောက်တုံ့ပြန်မှုနှေးလဲဆိုတာကို မြင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် အစွမ်းအစညံ့ဖျင်းတယ်လို့ သတ်မှတ်ချက်ချခဲ့တယ်။ ကျွန်မက အပျက်သဘောဆောင်တဲ့ အခြေအနေမှာ အသက်ရှင်ခဲ့ပြီး အထက်ကို တက်လှမ်းဖို့ မကြိုးစားချင်ခဲ့ဘူး။ ဘုရားသခင်ရဲ့ ဉာဏ်အလင်းနဲ့ ဦးဆောင်မှုကို မရနိုင်ခဲ့ရုံတင်မကဘူး၊ အလုပ်ကိုလည်း နှောင့်နှေးစေခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မာတရားကို ကျွန်မ နားလည်သွားတာနဲ့၊ ကိုယ့်အစွမ်းအစကို မှန်မှန်ကန်ကန် သဘောထားနိုင်ပြီး ကိုယ့်ရဲ့ချို့ယွင်းချက်တွေကိုလည်း အကျိုးသင့်အကြောင်းသင့် ရင်ဆိုင်နိုင်ခဲ့ပြီ။
နောက်ပိုင်းမှာ ကျွန်မ ဆင်ခြင်စဉ်းစားခဲ့တယ်၊ “ငါက ငယ်ငယ်ကတည်းက ဒီလောက်တောင် သိမ်ငယ်ခဲ့ရတာ။ အမှုအရာတွေအပေါ် မှားယွင်းတဲ့ ရှုမြင်ပုံတချို့ကလွဲရင် ငါ့မှာ ဘယ်လို ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ရှိနေသေးလဲ” လို့ပေါ့။ ကျွန်မ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ခဲ့တယ်။ “မိမိတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို အန္တိခရစ်များ၏ ချစ်မြတ်နိုးခြင်းက သာမန်လူများထက် လွန်ကဲပြီး ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားအနှစ်သာရအတွင်း ရှိသည့်အရာတစ်ခု ဖြစ်သည်။ ယင်းက ခဏတာ စိတ်ဝင်စားမှုတစ်ခု မဟုတ်သကဲ့သို့ ၎င်းတို့ပတ်ဝန်းကျင်၏ ယာယီ အကျိုးသက်ရောက်မှုလည်း မဟုတ်ပေ။ ယင်းက ၎င်းတို့၏အသက်၊ ၎င်းတို့၏အရိုးအတွင်းရှိ အရာတစ်ခုဖြစ်သောကြောင့် ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ ဤအရာမှာ အန္တိခရစ်များလုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက်စဉ်းစားသည့် အချက်သည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်၊ အခြားမည်သည့်အရာမျှ မဟုတ်ဟု ဆိုလိုပေသည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့၏ အသက်ဖြစ်သည့်အပြင် ၎င်းတို့အသက်တာတစ်လျှောက် ၎င်းတို့ လိုက်စားသည့် ပန်းတိုင်ဖြစ်သည်။ ၎င်းတို့လုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက် စဉ်းစားသည့်အချက်က ‘ငါ၏အဆင့်အတန်းက ဘာဖြစ်သွားမည်နည်း။ ငါ၏ဂုဏ်သတင်းကရော ဘာဖြစ်သွားမည်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းက ငါ့ကို ကောင်းသော ဂုဏ်သတင်းရစေမည်လော။ ယင်းက လူများ၏စိတ်များထဲရှိ ငါ၏အဆင့်အတန်းကို မြှင့်တင်ပေးမည်လော’ ဖြစ်၏။ ယင်းမှာ ၎င်းတို့ ပထမဆုံးတွေးသည့် အရာဖြစ်သည်၊ ယင်းက ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ ရှိခြင်း၏ လုံလောက်သော သက်သေဖြစ်ပြီး ဤအကြောင်းကြောင့်ပင် ၎င်းတို့သည် အမှုအရာများကို ဤနည်းဖြင့် စဉ်းစားကြခြင်း ဖြစ်သည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့အတွက် မရှိလည်း နေနိုင်သည့် အပြင်ပန်းအရာများဖြစ်ရန် မဆိုထားနှင့်၊ အပိုဆောင်း လိုအပ်ချက်တစ်ခု မဟုတ်ဟု ဆိုနိုင်ပေသည်။ ယင်းတို့သည် အန္တိခရစ်တို့ သဘာဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်၊ ယင်းတို့က ၎င်းတို့၏အရိုးများ၊ ၎င်းတို့၏ သွေးများထဲတွင် ရှိနေသည်၊ ယင်းတို့က ၎င်းတို့အတွက် မွေးရာပါ ဖြစ်သည်။ အန္တိခရစ်များက ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထား မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများ၊ ၎င်းတို့၏ နေ့စဉ် အခြေအနေ၊ ၎င်းတို့စွမ်းဆောင်ရရှိဖို့ နေ့စဉ် လိုက်စားသည့် အရာတို့နှင့် အတွင်းကျကျ ဆက်နွှယ်နေသည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို ၎င်းတို့ လိုက်စားပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့ဘဝ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသောအဆင့်အတန်းရှိခြင်းကို ဗဟိုပြုထားသည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော ရုပ်သွင်နှင့် အနှစ်သာရတို့ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) ဘုရားသခင်က အန္တိခရစ်တွေဟာ သူတို့ရဲ့ဘဝပန်းတိုင်အဖြစ် နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားတယ်လို့ ဖော်ထုတ်ထားတယ်။ အခြေအနေအားလုံးမှာ သူတို့စဉ်းစားတဲ့ တစ်ခုတည်းသောအရာက သူတို့ရဲ့ကိုယ်ပိုင် နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းပဲ။ ကိုယ့်အပြုအမူကို ကြည့်လိုက်တဲ့အခါ အန္တိခရစ်တစ်ယောက်ရဲ့ အပြုအမူနဲ့ တစ်ပုံစံတည်းတူနေတာကို ကျွန်မ တွေ့လိုက်ရတယ်။ ကျွန်မက ကိုယ့်ရဲ့နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အထူးတလည် တန်ဖိုးထားခဲ့တယ်။ ငယ်ငယ်ကတည်းက ကျွန်မက တုံ့ပြန်မှုနှေးတယ်၊ နားလည်နိုင်စွမ်းလည်း ညံ့ဖျင်းတယ်။ ဒါကြောင့် အဖြေမှားတွေဖြေမိပြီး အတန်းဖော်တွေရဲ့ လှောင်ပြောင်တာကို ခံခဲ့ရတယ်။ အဲဒီနောက်မှာ ကျွန်မ မေးခွန်းတွေ မဖြေချင်တော့ဘူး။ တခြားတစ်ခုခု မှားပြောမိရင် အထင်သေးခံရမှာကို ကြောက်ခဲ့တယ်။ ဘုရားသခင်ကို စတင်ယုံကြည်ပြီး တာဝန်တွေထမ်းဆောင်တဲ့နောက်မှာလည်း ကျွန်မက အရင်အတိုင်းပါပဲ။ ကျွန်မ့တာဝန်မှာ လွဲချော်မှုတချို့ ဖြစ်ပြီး တခြားသူတွေက ထောက်ပြတဲ့အခါ၊ ကိုယ့်အစွမ်းအစက ညံ့ဖျင်းတယ်လို့ ခံစားခဲ့ရတယ်၊ နောက်တစ်ခါ တာဝန်တွေထမ်းဆောင်တဲ့အခါမှာလည်း ကိုယ့်အမြင်တွေကို မဖော်ပြချင်တော့ဘဲ ကိုယ့်တာဝန်ကိုတောင် ရှောင်ချင်ခဲ့တယ်။ ကြီးကြပ်ရေးမှူးတာဝန်ကို ထမ်းဆောင်တဲ့အခါမှာလည်း၊ ကိုယ့်ရဲ့တုံ့ပြန်မှုနဲ့ အလုပ်လုပ်နိုင်စွမ်းက တွဲဖက်တဲ့ညီအစ်မတွေလောက်မကောင်းတာကို တွေ့ရတော့ ခေါင်းဆောင်တွေ ကျွန်မကို ဖြုတ်စေချင်ခဲ့တယ်။ တကယ်တော့ ကျွန်မက ကိုယ့်မာနကို ကာကွယ်နေခဲ့တာပါ၊ ခေါင်းဆောင်တွေက အလုပ်ရဲ့ရလဒ်တွေကနေတစ်ဆင့် ကျွန်မက ညီအစ်မတွေလောက် ကဏ္ဍအားလုံးမှာ မတော်ဘူးလို့ သဘောပေါက်ပြီး ထိုးထွင်းမြင်သွားမှာကို စိုးရိမ်ခဲ့တာပါ။ ကျွန်မ နေ့တိုင်းစဉ်းစားနေခဲ့တာအားလုံးက နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းပဲဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မထမ်းဆောင်နေတဲ့တာဝန်က ကိုယ့်ရဲ့နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ထိပါးလာတဲ့အခါမှာ ကျွန်မက အပျက်သဘောဆောင်ပြီး ခိုကပ်လိုက်တာ၊ ဒါမှမဟုတ် ထွက်ပြေးပြီး သစ္စာဖောက်ဖို့ စဉ်းစားလိုက်တာပဲ။ အဲဒါက အသင်းတော်ရဲ့အလုပ်ကို နှောင့်နှေးစေရင်တောင်မှ ကျွန်မ ဂရုမစိုက်ခဲ့ဘူး။ ကျွန်မဟာ အန္တိခရစ်တွေရဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေခဲ့တာပဲ။
နောက်ပိုင်းမှာ ကျွန်မ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ထပ်ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သမ္မာတရားကို လိုက်စားခြင်းကို မည်သည့်ရှုထောင့်မှ သင်ကြည့်သည်ဖြစ်စေ ယင်းသည် အရေးအကြီးဆုံးအရာ ဖြစ်သည်။ လူ့သဘာဝ၏ချို့ယွင်းချက်များနှင့် ပျော့ကွက်များကို သင်ရှောင်ရှားနိုင်သော်လည်း သင်သည် သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်းကို မည်သည့်အခါမျှ ရှောင်လွှဲနိုင်မည်မဟုတ်ချေ။ သင်၏လူ့သဘာဝက မည်မျှပြီးပြည့်စုံနေနိုင်သည်ဖြစ်စေ၊ မြင့်မြတ်နေနိုင်သည်ဖြစ်စေ၊ အခြားလူများထက် သင့်တွင် ပို၍နည်းပါးသောအပြစ်အနာအဆာများနှင့် ချို့ယွင်းချက်များ ရှိကောင်းရှိနိုင်ပြီး ပို၍များသောခွန်အားများကို ပိုင်ဆိုင်သည်ဖြစ်စေ၊ ဤသည်မှာ သင်သည် သမ္မာတရားကို နားလည်သည်ဟု မညွှန်ပြသကဲ့သို့ ယင်းက သင်၏သမ္မာတရားလိုက်စားခြင်းကိုလည်း အစားမထိုးနိုင်ချေ။ ယင်းနှင့်ပြောင်းပြန်အနေဖြင့် အကယ်၍ သင်သည် သမ္မာတရားကို လိုက်စားပါက၊ သမ္မာတရားအကြောင်း များစွာ နားလည်ပြီး ယင်းနှင့်ပတ်သက်၍ လုံလောက်စွာ နက်နက်ရှိုင်းရှိုင်းနှင့် လက်တွေ့ကျကျ နားလည်မှုရှိပါက သင်၏လူ့သဘာဝရှိ ချို့ယွင်းချက်များနှင့် ပြဿနာများ အမြောက်အမြားကို ဤအရာက ထေမိစေလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) သမ္မာတရားကို လိုက်စားခြင်းက လူရဲ့ချို့တဲ့ချက် အများကြီးကို ဖြည့်ဆည်းပေးနိုင်တယ်လို့ ဘုရားသခင်က ဆိုထားတယ်။ ဥပမာအနေနဲ့ ကျွန်မရဲ့အစွမ်းအစက သိပ်မကောင်းဘူး၊ အကြောင်းအရာတွေကြုံလာတဲ့အခါမှာ တခြားသူတွေထက် ပိုပြီးတုံ့ပြန်မှုနှေးတယ်။ ဒါတွေက ပင်ကိုယ်ချို့ယွင်းချက်တွေဖြစ်ပြီး ပြောင်းလဲလို့မရဘူး။ ဒါပေမဲ့ ကျွန်မရဲ့အလုပ်ရလဒ်တွေမကောင်းခဲ့ရတဲ့ အကြောင်းရင်းတွေက လူ့သဘာဝရဲ့ချို့ယွင်းချက်တွေအပြင်၊ အဓိကအားဖြင့် ကျွန်မက သမ္မာတရားကို နားမလည်တာနဲ့ စည်းမျဉ်းတွေကို သဘောမပေါက်တာကြောင့်ပဲ။ ကျွန်မနားမလည်တဲ့ ပြဿနာတွေအပေါ်မှာ သမ္မာတရားစည်းမျဉ်းကို ပိုပြီးရှာဖွေနိုင်မယ်၊ ကိုယ့်မာနကို လွှတ်ချပြီး ညီအစ်ကိုမောင်နှမတွေနဲ့ မိတ်သဟာယဖွဲ့ ဆွေးနွေးနိုင်မယ်ဆိုရင်၊ သမ္မာတရားတွေကို ပိုပြီးနားလည်နိုင်မှာပဲ။ ဒါက ကိုယ့်တာဝန်အတွက်လည်း အကျိုးရှိမှာပါ။ ဒါကိုနားလည်သွားတဲ့အခါမှာ ကြီးကြပ်ရေးမှူးတာဝန်ထမ်းဆောင်ခြင်းကနေ ရှောင်လွှဲဖို့ ကျွန်မ မကြိုးစားတော့ဘူး၊ အဲဒီနောက်မှာလည်း တက်တက်ကြွကြွနဲ့ အလုပ်လုပ်နိုင်ခဲ့တယ်။
တစ်ခါက ကျွန်မတို့ ရုပ်ပုံဖန်တီးခြင်းနဲ့ပတ်သက်တဲ့ နောက်ဆုံးစည်းမျဉ်းတွေကို မိတ်သဟာယဖွဲ့ကြတုန်းက၊ ညီအစ်ကိုမောင်နှမတွေကို ဆွေးနွေးပြီး အကောင်အထည်ဖော်ဖို့ စာတစ်စောင်ရေးဖို့လိုခဲ့တယ်။ ကျွန်မတွေးမိတယ်၊ “ဒါက ကြီးကြပ်ရေးမှူးဖြစ်လာပြီးတဲ့နောက်မှာ ဒီလောက်အရေးကြီးတဲ့စာကို ပထမဆုံးအကြိမ် ရေးဖို့လိုတာပဲ။ ငါသာ ကောင်းကောင်းမရေးနိုင်ဘဲ လွဲချော်မှုတွေရှိခဲ့ရင် ဘယ်လိုလုပ်မလဲ” လို့ပေါ့။ ကျွန်မ တော်တော်စိတ်လှုပ်ရှားခဲ့တယ်။ ကိုယ်က သိမ်ငယ်စိတ်တွေနဲ့ ပြန်အသက်ရှင်နေပြန်ပြီဆိုတာကို သဘောပေါက်လိုက်တော့ စိတ်နေစိတ်ထားကို ညှိဖို့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ ကျွန်မ ကျယ်ကျယ်ပြန့်ပြန့် မရေးနိုင်တောင်မှ၊ အရင်ဆုံး တက်တက်ကြွကြွနဲ့ အလုပ်လုပ်သင့်တယ်၊ နောက်မှ ညီအစ်မတွေက ဘယ်လိုချို့တဲ့ချက်မဆို ဖြည့်စွက်ပေးနိုင်တယ်လေ။ နောက်ပိုင်းမှာ ကျွန်မ စိတ်တည်ငြိမ်သွားပြီး ရေးနေရင်းနဲ့ စဉ်းစားခဲ့တယ်။ ရေးနေတုန်းမှာ ဘုရားသခင်ရဲ့လမ်းပြမှုကို ခံစားနိုင်ခဲ့ပြီး စည်းမျဉ်းတချို့ဆိုရင် အဲဒီအကြောင်း မိတ်သဟာယဖွဲ့ခဲ့တုန်းကထက်တောင် ပိုပြီးရှင်းလင်းလာခဲ့တယ်။ ကိုယ့်စိတ်နှလုံးကို တာဝန်ထဲမှာ မြှုပ်နှံထားတဲ့အခါ ဘုရားသခင်က ဉာဏ်အလင်းပေးပြီး ဦးဆောင်တယ်ဆိုတာကို ကျွန်မ တွေ့ကြုံခံစားခဲ့ရတယ်။
အခု ကျွန်မ ကြီးကြပ်ရေးမှူးတာဝန်ကို ထမ်းဆောင်လာတာ တစ်နှစ်ကျော်ပြီ။ မူလက ကျွန်မရဲ့တွဲဖက်ဖြစ်တဲ့ ညီအစ်မရဲ့ တာဝန်တွေကို ပြန်လည်ခန့်အပ်လိုက်တော့ ညီအစ်မ လီယွဲ့က ကျွန်မနဲ့အတူ တွဲဖက်လုပ်ဆောင်ဖို့ ရောက်လာတယ်။ လီယွဲ့က ကျွန်မ ရုပ်ပုံပိုင်းဆိုင်ရာတာဝန်တွေ ထမ်းဆောင်တုန်းက ကျွန်မရဲ့ အဖွဲ့ခေါင်းဆောင်ဟောင်း ဖြစ်ခဲ့တယ်။ အရင်တုန်းက ကျွန်မ ဘယ်လောက်ဆိုးခဲ့လဲ၊ လီယွဲ့ဥ ကျွန်မကို ဘယ်လောက်နားလည်လဲဆိုတာကို ကျွန်မတွေးမိတယ်။ ဒီတစ်ခါ အတူတူတွဲဖက်လုပ်တဲ့အခါ သူက ငါ့ကို ဘယ်လိုမြင်မလဲပေါ့။ ကိုယ့်မာနကို ထည့်မစဉ်းစားသင့်ဘူးဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ အရင်တုန်းက ကျွန်မမှာ ဘယ်လိုချို့တဲ့ချက်တွေပဲရှိရှိ၊ ဒါမှမဟုတ် အခုလက်ရှိ တွဲဖက်လုပ်ဆောင်နေတဲ့ကာလအတွင်းမှာ ဘယ်လိုအားနည်းချက်တွေပဲ ထုတ်ဖော်ခံရပါစေ၊ အဲဒါတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ရမယ်။ အဲဒီနောက်မှာ ကျွန်မက လီယွဲ့ကို အလုပ်ရဲ့လုပ်ငန်းစဉ်ကို တက်တက်ကြွကြွနဲ့ မိတ်ဆက်ပေးခဲ့တယ်၊ အလုပ်အကြောင်းဆွေးနွေးတဲ့အခါမှာလည်း ကိုယ့်အမြင်တွေကို တက်တက်ကြွကြွနဲ့ ဖော်ပြခဲ့တယ်။ ဒီကာလအတွင်းမှာ လီယွဲ့နဲ့ ကျွန်မ သဘောထားမတိုက်ဆိုင်တဲ့အခါမှာလည်း ကျွန်မက ကိုယ့်အတွေးအခေါ်တွေကို ပြောထွက်ခဲ့တယ်။ ကိုယ့်အမြင်တချို့ လက်ခံကျင့်သုံးတာခံခဲ့ရပြီး တချို့ကတော့ မသင့်တော်ခဲ့ဘူး။ ဒီအမြင်တွေကို လက်ခံသည်ဖြစ်စေ၊ မခံသည်ဖြစ်စေ၊ မိတ်သဟာယဖွဲ့ခြင်းအားဖြင့် စည်းမျဉ်းတချို့ကို ကျွန်မ နားလည်နိုင်ခဲ့တယ်။ တစ်နေ့မှာ လီယွဲ့က ပြောတယ်၊ “အရင်တုန်းက တို့တွေ အတူတူအလုပ်လုပ်တုန်းက အစ်မက ဘာအမြင်မှမပြောဘဲ ကိုယ့်အလုပ်ကိုယ်ပဲ လုပ်ခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ခါ အစ်မနဲ့ တွဲဖက်လုပ်တဲ့အခါမှာတော့ အစ်မ တော်တော်ပြောင်းလဲလာတာကို တွေ့ရတယ်” တဲ့။ သူ့စကားကိုကြားတော့ ကျွန်မစိတ်ထဲမှာ တော်တော်လေး တို့ထိခံစားလိုက်ရတယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ ဦးဆောင်မှုသာမရှိခဲ့ရင် သိမ်ငယ်စိတ်တွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကနေ ကျွန်မ ဘယ်တော့မှ လွတ်မြောက်နိုင်မှာမဟုတ်ဘူး၊ အခု ကျွန်မ တာဝန်ထမ်းဆောင်နေသလိုမျိုး တက်တက်ကြွကြွနဲ့ ဘယ်တော့မှ တာဝန်ထမ်းဆောင်နိုင်မှာ မဟုတ်ဘူး။ ဒါတွေအားလုံးဟာ ဘုရားနှုတ်ကပတ်တော်တွေက ရရှိစေတဲ့ ရလဒ်တွေပါပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ဂလတာ ဖိလစ်ပိုင်နိုင်ငံ ၂၀၂၀၊ စက်တင်ဘာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ အဲဒီနောက်မှာ...
မော့ဝင် စပိန်နိုင်ငံ၂၀၁၈ခုနှစ်တွင် ကျွန်တော်က အသင်းတော်မှာ ဧဝံဂေလိတရား ဟောဖို့ တာဝန်ယူထားရသည့်အချိန်ဖြစ်ပြီး နောက်ပိုင်းမှာ ထိုတာဝန်အတွက်...
ရှိတမ်း အမေရိကန်နိုင်ငံ ၂၀၂၁ခုနှစ်၊ ဧပြီလမှာ ကျွန်မက ချန်ရွီနဲ့ တခြားအစ်မသုံးလေးယောက်နဲ့အတူ အိမ်တစ်အိမ်မှာနေတယ်။ အစပိုင်းမှာ ချန်ရွီက...
လင်းဖိန် တရုတ်နိုင်ငံ ၂၀၂၀ ဇူလိုင်လမှာ၊ အသင်းတော် အတော်များများရဲ့ အလုပ်ကို ကြီးကြပ်ရင်းနဲ့ ခေါင်းဆောင်အနေနဲ့ ကျွန်တော်အစေခံခဲ့တယ်။...