ကြင်နာမှုအား ပြန်လည်ပေးဆပ်ခြင်းအပေါ် ဆင်ခြင်သုံးသပ်ခြင်း
အရင် သုံးလေးလတုန်းက ကျွန်တော်လည်း ဒီလိုမျိုး ကြုံတွေ့ခဲ့ဖူးတယ်။ ကျွန်တော့်ရဲ့ ဇာတိမြို့အသင်းတော်ကနေ စာတစ်စောင်ရတယ်။ ကျန်းဟွာဆိုတဲ့ အစ်မတစ်ယောက်ကို အကဲဖြတ်ပေးခိုင်းတာ။ စာမှာ ပြောတာက သူက အသင်းတော်အသက်တာကို နှောင့်ယှက်နေတယ်၊ လူတွေကို အချင်းချင်း ယှဉ်ပြိုင်ခိုင်းပြီး အုပ်စုတွေဖွဲ့တယ်တဲ့။ ခေါင်းဆောင်က ကြိုးစားပြီး သုံးလေးကြိမ် မိတ်သဟာယဖွဲ့ပေမဲ့ ထိရောက်မှုမရှိဘူး။ သူက ခေါင်းဆောင်ရဲ့ အမှားတွေကို ထောက်ပြပြီး ပြန် တိုက်ခိုက်တယ်။ အသင်းတော်က ကျန်းဟွာကို နှင်ထုတ်ဖို့လိုတဲ့ အချက်အလက်တွေ ပြင်ဆင်နေပြီး သူ့အပေါ် အကဲဖြတ်ချက်တစ်ခုကို ကျွန်တော့်ကို ရေးခိုင်းတယ်။ စာကို ကျွန်တော်မြင်တော့ ဒီတစ်ခါတော့ ကျန်းဟွာ နှင်ထုတ်ခံရဖို့များတယ်ဆိုတာ သဘောပေါက်လိုက်တယ်။ ဘာလို့လဲဆိုရင် သူက ဒီလိုအပြုအမူကို တောက်လျှောက်လုပ်နေပြီး မပြောင်းလဲသေးလို့ပေါ့။ ဒါက တော်တော်ဆိုးတဲ့ အခြေအနေပဲ။ ကျန်းဟွာနှင်ထုတ်ခံရတာကို ကျွန်တော် စိတ်ကူးကြည့်တော့ ကျွန်တော် သိပ်စိတ်မကြည်ဘူး။ အရင်တုန်းက သူက ကျွန်တော့်ကို ရာထူးတိုးပေးခဲ့ပြီး စောင့်ရှောက်ဖို့ အမြဲတမ်း ကြိုးစားခဲ့တာလေ။ သူ မကောင်းမှုလုပ်တာတွေကို ဖော်ထုတ်တာက ကျွန်တော်ဆိုတာ သူသိသွားရင် ကျွန်တော့်ကို သူ ဘယ်လိုထင်မလဲ။ ကျွန်တော်က ကျေးဇူးမသိတတ်ဘူး၊ အကြင်နာတရားမရှိဘူးလို့ ပြောမှာလား ပေါ့။ ဒါကို စဉ်းစားရင်းနဲ့ ဒီကိစ္စကို ကျွန်တော် ရှောင်လိုက်ချင်တယ်။ ဖြစ်ချင်တော့ ကျွန်တော်က တခြားလုပ်စရာတွေရှိတော့ သုံးလေးရက်လောက် ဒါကို ရွှေ့ဆိုင်းထားလိုက်တယ်။
ဒီပြဿနာက ကျွန်တော့်ခေါင်းထဲမှာ ဆက်ရှိနေခဲ့တယ်။ အရင်ဆယ်နှစ်တုန်းက အကြောင်းအရာတစ်ခုကို ကျွန်တော် သတိရတယ်။ အဲဒီတုန်းက ကျန်းဟွာက အသင်းတော်ခေါင်းဆောင်။ ကျွန်တော့်ကို စာသားအခြေခံတဲ့ အလုပ်လုပ်ဖို့ ရာထူးတိုးပေးတယ်။ ပိုပြီး လေ့ကျင့်လို့ ရအောင်ပေါ့။ ကျွန်တော်က ခဏခဏ ရာထူးတိုးခံရပြီး တာဝန်ထမ်းဆောင်ဖို့ မြို့ပြင်ကို သွားရတယ်။ စာအခြေခံတဲ့အလုပ်ကို ဆက်ပြီးလုပ်နိုင်တာက အရင်နှစ်တွေတစ်လျှောက်လုံးမှာ သူက ကျွန်တော့်ကို ရာထူးတိုးပေးတာနဲ့ဆိုင်တယ်လို့ ထင်ခဲ့တယ်။ ခေါင်းဆောင်အဖြစ် သူလုပ်တဲ့နှစ်တွေအတောအတွင်း သူပေးတဲ့ မိတ်သဟာယ၊ အကူအညီ၊ အထောက်အပံ့တွေကို ကျွန်တော် တွေးမိတယ်။ ကျွန်တော်တို့က အလွယ်တကူနဲ့ကို အဆင်ပြေခဲ့သလို၊ သူက နေ့စဉ်ဘဝမှာ ကျွန်တော်တို့ကို ကောင်းကောင်းဂရုစိုက်တယ်။ သူက ကျွန်တော်တို့ကို လက်ခံဖို့ ပိုအဆင်ပြေတဲ့အိမ်တွေကို စီစဉ်ရုံမကဘူး။ ကျွန်တော်တို့က အဝတ်အစားတွေ၊ နေ့စဉ်လိုအပ်တာတွေသိပ်မရှိတော့ရင် အဲဒါတွေကို ကျွန်တော်တို့ဆီကို ချက်ချင်းယူလာပေးတယ်။ ကျွန်တော်တို့အတွက် စုဝေးပွဲတစ်ခုကို သူ ကျင်းပပေးတဲ့တစ်ခေါက်ကို ကျွန်တော် မှတ်မိသေးတယ်။ ကျွန်တော်က အသည်းရောဂါရှိတာကို သူကြားရပြီး ဆေးကုတဲ့ အစ်ကိုတစ်ယောက်ကို ဆက်သွယ်တယ်။ အသည်းဆေးပုလင်းတစ်ဒါဇင်ကို ကျွန်တော့်ကို အခမဲ့ပေးတယ်။ ဒီဟာကြောင့် ကျွန်တော် တော်တော်ခံစားမိခဲ့တယ်။ ကျွန်တော့်မိသားစုကလွဲပြီး ကျွန်တော့်ရောဂါအတွက် ဘယ်သူမှ ဒီလိုအရေးစိုက်မပြဘူးလေ။ သူက ကျွန်တော့်ကို အသိအမှတ်ပြုပြီး တန်ဖိုးထားတယ်လို့ ကျွန်တော် အမြဲတမ်းခံစားရတယ်။ ဒီအတွက်လည်း အမြဲတမ်း ကျေးဇူးတင်မိတယ်။ ဒီတော့ ကျန်းဟွာကို အကဲဖြတ်ချက်ရေးဖို့အခိုင်းခံရတော့ မခံနိုင်လောက်အောင် အနေခက်လုနီးပါးဖြစ်တာပေါ့။ သူ့မှာ မကောင်းမှုတွေ တစ်သီတစ်တန်းရှိထားမှန်း ကျွန်တော် သိလို့လေ။ အဲဒါတွေ ဖော်ထုတ်ခံရရင် ရလဒ်အနေနဲ့ သူ နှင်ထုတ်ခံရမှာပဲ။ ခေါင်းဆောင်အနေနဲ့ သူက တာဝန်ပျက်ကွက်ပြီး မဆင်မခြင်လုပ်တော့ အသင်းတော်အလုပ်ကို အရမ်းထိခိုက်တယ်။ သူက ခေါင်းဆောင်ရာထူးကနေ အထုတ်ခံရပြီးတော့ ဧဝံဂေလိသွားဟောပေမဲ့ အန္တိခရစ်တွေနောက်ကို စလိုက်တယ်။ ခေါင်းဆောင်ရာထူးရဖို့ သူကြိုးစားတဲ့အနေနဲ့ ခေါင်းဆောင်တွေကို အယောင်ဆောင်ခေါင်းဆောင်တွေဖြစ်တယ်ဆိုပြီး စွပ်စွဲရှုတ်ချတယ်။ ရလဒ်အနေနဲ့ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေက သူတို့တာဝန်ကို မလုပ်နိုင်ဘူး။ အသင်းတော်အလုပ်က အရမ်း အနှောင့်အယှက်ဖြစ်သွားတယ်။ သူ့အစ်မက မကောင်းတဲ့သူတစ်ယောက်ပဲ။ သူ နှင်ထုတ်ခံရတော့ ကျန်းဟွာက မကျေနပ်ဘဲ သူ့ကို ခုခံကာကွယ်တယ်။ အယူအဆတွေဖြန့်ပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်တယ်။ ကျန်းဟွာက ဘာလို့ မဟုတ်တဲ့လူတွေကို အမြဲတမ်းပံ့ပိုးသလဲဆိုတာ ကျွန်တော် တွေးမိတယ်။ နောက်တော့ ဘုရားနှုတ်ကပတ်တော်ကို ကျွန်တော် စဉ်းစားမိတယ်။ “အသင်းတော်၌ရှိသော လူများစွာတို့သည် ထိုးထွင်းသိမြင်မှု မရှိကြပေ။ လှည့်ဖြားမှု တစ်ခုခု ဖြစ်သောအခါ သူတို့သည် စာတန်ဘက်က မမျှော်လင့်ဘဲ ရပ်တည်ကြသည်။ သူတို့သည် စာတန်၏အစေအပါးများဟု အခေါ်ခံ ရသောအခါ သာ၍ပင် စိတ်ဆိုးကြသည်။ ၎င်းတို့ ပိုင်းခြားသိမြင်မှုမရှိဟု လူတို့ ပြောကောင်း ပြောနိုင်သော်လည်း၊ ၎င်းတို့သည် သမ္မာတရား မရှိသည့်ဘက်တွင် အမြဲရပ်တည်ကြသည်၊ အရေးကြီးသည့်အချိန်တွင် သမ္မာတရားဘက်၌ ၎င်းတို့ ဘယ်သောအခါမျှ မရပ်တည်ကြ၊ သမ္မာတရားအတွက် ဘယ်သောအခါမျှ ရပ်တည်ခြင်းမရှိသလို၊ ချေပပြောဆိုခြင်းလည်း မရှိကြချေ။ ၎င်းတို့သည် အမှန်တကယ်ပင် ပိုင်းခြားသိမြင်မှု ကင်းမဲ့ကြပါသလော။ ၎င်းတို့သည် အဘယ်ကြောင့် စာတန်၏ဘက်တွင် မမျှော်လင့်ဘဲ ရပ်တည်မိကြသနည်း။ သမ္မာတရားကို အားပေးသည့်အနေဖြင့် မျှတကာ အကျိုးသင့် အကြောင်းသင့်ရှိသော စကားတစ်လုံးပင် အဘယ်ကြောင့် မည်သည့်အခါမျှ မပြောကြသနည်း။ ၎င်းတို့၏တဒင်္ဂ စိတ်ရှုပ်ထွေးမှု၏ အကျိုးဆက်အနေဖြင့် ဤအခြေအနေ အမှန်တကယ် ဖြစ်ပေါ်ခဲ့ပြီလော။ လူတို့သည် ပိုင်းခြားသိမြင်မှု နည်းလေလေ သမ္မာတရားဘက်၌ ရပ်တည်ဖို့ရန် မတတ်နိုင်လေလေ ဖြစ်သည်။ ဤအရာက မည်သည်ကို ပြသနည်း။ ပိုင်းခြားသိမြင်မှု မရှိသောသူများသည် မကောင်းမှု ချစ်မြတ်နိုးကြောင်းကို ပြသည် မဟုတ်လော။ ၎င်းတို့သည် စာတန်၏ သစ္စာရှိသော သားသမီးများဖြစ်သည်ကို ပြသည်မဟုတ်လော။ ၎င်းတို့သည် အဘယ်ကြောင့် စာတန်ဘက်၌ အမြဲရပ်တည်နိုင်ပြီး စာတန်နှင့် စိတ်တူကိုယ်တူ ရှိကြသနည်း။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် အပြုအမူတိုင်း၊ ပြီးလျှင် ၎င်းတို့၏ မျက်နှာအမူအရာများ အားလုံးသည် ၎င်းတို့သည် သမ္မာတရားကို ချစ်သောသူမျိုးထဲက မဟုတ်ဘဲ ယင်းထက် သမ္မာတရားကို ရွံရှာမုန်းတီးသော လူများဖြစ်သည်ကို သက်သေပြဖို့ လုံလောက်ပေသည်။ စာတန်ဘက်တွင် ၎င်းတို့ ရပ်တည်နိုင်ခြင်းက၊ စာတန်အတွက် တိုက်ခိုက်ပေးရင်း မိမိတို့၏ ဘဝများကုန်ဆုံးသည့် ထိုသေးနုပ်သော နတ်ဆိုးများကို စာတန်က အမှန်တကယ် ချစ်မြတ်နိုးသည်ကို သက်သေပြရန် လုံလောက်ပေသည်။ ဤအချက်များ အားလုံးက အလွန်ပင် ရှင်းလင်းလှသည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်) ဘုရားနှုတ်ကပတ်တော်ရဲ့ ဖွင့်ပြခြင်းကတစ်ဆင့်၊ ပြီးတော့ ကျန်းဟွာရဲ့ အရင်က မကောင်းမှုတွေနဲ့ လက်ရှိအပြုအမူကို ဘုရားနှုတ်ကပတ်တော်နဲ့ ယှဉ်ကြည့်တော့ သူက စာတန်ဘက်ကနေ အမြဲတမ်းနေပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်နေမှန်း ကျွန်တော် မြင်သွားတယ်။ သူက တကယ်ကို စာတန်ရဲ့ လက်ပါးစေဖြစ်တယ်၊ အသင်းတော်အလုပ်ကို နှောင့်ယှက်တဲ့ မကောင်းမှုပြုသူဖြစ်တယ်ဆိုတာ ကျွန်တော် နားလည်သွားတယ်။ ကျွန်တော်က ကျန်းဟွာရဲ့ မကောင်းမှုတွေအားလုံးကို ဖော်ထုတ်လိုက်ရင် အသင်းတော်ရဲ့ စည်းမျဉ်းတွေအရ သူ သေချာပေါက် ရှင်းလင်းပစ်ခံရမှာပဲ။ ဒါဆိုရင် သူက ဘုရားအိမ်တော်မှာ လုပ်ဖို့ နေရာမရှိဖြစ်ပြီး ကယ်တင်ခြင်းရဖို့ အခွင့်အရေးရှိမှာမဟုတ်တော့ဘူး။ သူက လူလတ်ပိုင်းရောက်နေပြီးတော့ အိမ်ထောင်လည်း မ့ပြုရသေးဘူး။ သူ နှင်ထုတ်ခံရရင် သွားဖို့ နေရာတစ်ခုခုရှိပါ့မလားပေါ့။ သူ ကျွန်တော့်ကိုပေးတဲ့ ဂရုစိုက်မှုနဲ့ ရာထူးတိုးပေးတာတွေကို စဉ်းစားမိတော့ ကျွန်တော် အကျပ်ရိုက်နေတယ်။ အကဲဖြတ်ချက်ရေးရင် သူက မကောင်းတဲ့အပြုအမူကြောင့် နှင်ထုတ်ခံရဖို့များတယ်။ မရေးရင် ကျွန်တော်က အသင်းတော်အလုပ်ကို ကာကွယ်နေတာ၊ ဘုရားကို သစ္စာရှိနေတာ မဟုတ်ဘူး။ ဒါကို တွေးရင်းနဲ့ ကျွန်တော် လျှော့ပေါ့ပေးဖို့ စဉ်းစားလိုက်တယ်။ နှစ်တွေကြာနေပြီးတော့ ကျွန်တော့် မှတ်ဉာဏ်က သိပ်မကောင်းဘူး။ အသေးစိတ်အချက်တော်တော်များများကို ကျွန်တော် မေ့သွားပြီဆိုတော့ အရမ်းအားစိုက်ပြီး ပြန်စဉ်းစားကြည့်ဖို့က အသုံးမဝင်ဘူး။ သိသာတဲ့ဟာတွေကိုပဲ အမြန်ရေးလိုက်ပြီး ထားလိုက်တော့မယ်ပေါ့။ ဒီလိုတွေးမိတော့ ကျွန်တော် စိတ်နှလုံးထဲမှာ အပြစ်တင်စိတ် ခံစားရတယ်။ ဒါက သစ္စာဖောက်တာ၊ လှည့်စားတာမဟုတ်ဘူးလား။ အခုက ဘုရားအမှုတော်မှာ နောက်ဆုံးအဆင့် ထုတ်ဖော်ခြင်းဖြစ်တယ်။ လူတွေကို သူတို့အမျိုးအစားအလိုက် ခွဲတဲ့အချိန်ဖြစ်တယ်။ မကောင်းမှုပြုသူတွေ၊ အန္တိခရစ်တွေ၊ မယုံကြည်သူတွေ၊ ဝိညာဉ်ဆိုးတွေ ရှင်းလင်းပစ်ခံရမှသာ အသင်းတော်က သန့်စင်ပြီး အသင်းတော်အလုပ်ကို ချောမွေ့စွာဆောင်ရွက်နိုင်မှာ။ ကျန်းဟွာက ဆိုးယုတ်တယ်ဆိုတာ ကျွန်တော် ကောင်းကောင်းသိပေမဲ့ သူ့ကို မဖော်ထုတ်ချင်ခဲ့ဘူး။ သူ့ကို ကာကွယ်ပေးချင်တယ်။ ဖုံးကွယ်ပေးချင်တယ်။ ဒါက စာတန်ဘက်မှာနေပြီး ဘုရားကို အာခံတာဖြစ်မှာပဲ။ ဒါကို သဘောပေါက်ပြီး ကျွန်တော် လန့်သွားတယ်။ သူ့လုပ်ရပ်တွေအကုန်လုံးကို ပြန်မှတ်မိဖို့ ကြိုးစားပြီး ခေါင်းဆောင်အတွက် အဲဒါတွေကို ချရေးလိုက်တယ်။
ပို့ပြီးသွားတော့ ကျွန်တော် နည်းနည်းပို စိတ်အေးသွားတယ်။ ဒါပေမဲ့ ဝမ်းနည်းတဲ့ ခံစားချက်က ရှိနေတုန်းပဲ။ ကျွန်တော်က တစ်ရက်ကျရင် ဇာတိမြို့ကို ပြန်သွားပြီး ကျန်းဟွာက သူ့မကောင်းမှုတွေကို ထုတ်ဖော်တာ ကျွန်တော်ပဲဆိုတာ သိသွားရင် ကျွန်တော်က ချစ်ခြင်းမေတ္တာမရှိဘူး၊ ကျေးဇူးမသိတတ်ဘူးလို့ ကျွန်တော့်ကို ပြောမှာလား ပေါ့။ ရက်တွေ ကြာတဲ့အထိ ဒါကို စဉ်းစားမိတဲ့အခါ တစ်ခုခုအမှားလုပ်ခဲ့သလို ခံစားရတယ်။ ကျွန်တော် တွေးနေမိတယ်။ မကောင်းမှုပြုသူတွေကို ဖော်ထုတ်ပြီး တိုင်တာက ဘုရားအလိုတော်ဖြစ်ပြီး ဘုရားသခင်ရွေးချယ်ထားသူတွေအားလုံးရဲ့ တာဝန်ပဲဆိုတာ ငါသိတယ်။ ဒါဆို ဘာလို့ အရမ်းဝမ်းနည်းပြီး သူ့ကို ဖော်ထုတ်ချင်စိတ်မရှိရတာလဲ။ ငါက သူ့အပေါ် တစ်ခုခုအကြွေးတင်နေသလို ဘာလို့ ခံစားရတာလဲ။ ဆင်ခြင်သုံးသပ်ကြည့်ရင်းနဲ့ ဘုရားသခင်က လူသားမျိုးနွယ်ရဲ့ ကိုယ်ကျင့်တရားတွေကို စိစစ်တဲ့အခါ ကြင်နာမှုတွေကို ပြန်ပေးဆပ်တဲ့ အကြောင်းအရာအကြောင်း ပြောထားတာကို ကျွန်တော် အမှတ်ရမိတယ်။ အဲဒါနဲ့ ဘုရားနှုတ်ကပတ်တော်ကို ကျွန်တော် စဖတ်တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “‘လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်သင့်သည်’ ဆိုသည့် အယူအဆသည် တရုတ်ရိုးရာယဉ်ကျေးမှုတွင် လူတစ်ယောက်က ကိုယ်ကျင့်တရားရှိသည်၊ မရှိသည်ကို အကဲဖြတ်သည့် အကောင်းဆုံးသော စံသတ်မှတ်ချက်တစ်ခုဖြစ်သည်။ လူတစ်ယောက်က ကောင်းသော၊ သို့မဟုတ် ဆိုးသော လူ့သဘာဝရှိသလော၊ မွန်မြတ်ခြင်းရှိမရှိ ဆိုသည်ကို အကဲဖြတ်သောအခါ စံအမှတ်တစ်ခုမှာ သူရရှိသော အခွင့်အရေး၊ သို့မဟုတ် အကူအညီကို ပြန်လည်ပေးဆပ်ခြင်းရှိမရှိ၊ ‘လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်သင့်သည်’ ဆိုသည်ကို ကျင့်သုံးသောသူဟုတ်မဟုတ်ဟူ၍ ဖြစ်သည်။ တရုတ်ရိုးရာယဉ်ကျေးမှုအတွင်းတွင်၊ ဧကန်အမှန် လူသားရိုးရာယဉ်ကျေးမှုတစ်ခုလုံးအတွင်းတွင် လူတို့သည် ဤအရာကို သူတော်ကောင်းတရား၏ အရေးကြီးသောအတိုင်းအတာအဖြစ် မှတ်ယူကြသည်။ လူတစ်ယောက်က ‘လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်သင့်သည်’ ဆိုသည်ကို မကျင့်သုံးလျှင် ထိုသူသည် ကျေးဇူးမသိတတ်သူဖြစ်ပြီး အသိစိတ်ကင်းမဲ့ကာ ပေါင်းသင်းဆက်ဆံရန် မထိုက်တန်ဟု ယူဆကြသည်။ ၎င်းတို့ကို အားလုံးက အထင်အမြင်သေးသည်။ ပစ်ပယ်သည်၊ သို့မဟုတ် ငြင်းဆန်ကြသည်။ အခြားတစ်ဖက်တွင် လူတစ်ယောက်က ‘လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်သင့်သည်’ ဆိုသည်ကို ကျင့်သုံးလျှင်၊ ထိုသူသည် ကျေးဇူးသိတတ်ပြီး တတ်နိုင်သမျှ နည်းလမ်းတိုင်းဖြင့် အခွင့်အရေးနှင့် အကူအညီကို ပြန်ပေးလျှင် ထိုသူကို အသိစိတ်နှင့် လူ့သဘာဝရှိသည့်သူအဖြစ် မှတ်ယူသည်။ တစ်စုံတစ်ယောက်က အခြားလူတစ်ယောက်ထံမှ အကျိုးအမြတ်၊ သို့မဟုတ် အကူအညီတစ်ခုကို လက်ခံရရှိသော်လည်း ပြန်လည်မပေးဆပ်လျှင်၊ သို့မဟုတ် ရိုးရှင်းသည့် ‘ကျေးဇူးတင်ပါတယ်။’ ဟူသည့်စကားဖြင့် အနည်းငယ် ကျေးဇူးသိတတ်မှုကို ဖော်ပြပြီး ထို့ထက် မည်သည့်အရာမျှမပိုလျှင် အခြားလူက မည်သို့ ထင်မည်နည်း။ စိတ်အနှောင့်အယှက် ဖြစ်ကောင်းဖြစ်မည်လော။ ထိုသူက ‘ဒီလူက ကူညီပေးဖို့ မတန်ဘူး။ လူကောင်းမဟုတ်ဘူး။ ငါက သူ့ကို အများကြီးကူညီပြီး သူက ဒီလိုတုံ့ပြန်တာဆိုရင် သူက အသိတရား၊ ဒါမှမဟုတ် လူ့သဘာဝမရှိဘူး။ ပေါင်းဖို့ မတန်ဘူး’ ဟူ၍ စဉ်းစားကောင်း စဉ်းစားမည်လော။ ထိုသူသည် ဤသို့သောလူစားမျိုးနှင့် တဖန် ကြုံတွေ့လျှင် ထိုသူကို ကူညီဦးမည်လော။ အနည်းဆုံးအနေဖြင့် ကူညီလိုစိတ်ရှိမည်မဟုတ်ပေ။ သင်တို့သည် အလားတူ အခြေအနေများတွင် အမှန်တကယ် ကူညီသင့်သည်၊ မကူညီသင့်သည်ကို တွေးတောမည်မဟုတ်လော။ သင်၏ ယခင်အတွေ့အကြုံမှ သင်သိလိုက်ရသော သင်ခန်းစာသည် ‘ငါ ဘယ်သူကိုမဆို ကူညီပေးလိုက်လို့မဖြစ်ဘူး။ “လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်သင့်သည်” ဆိုတာကို နားလည်ရမယ်။ သူတို့က ငါ ပေးတဲ့အကူအညီအတွက် ပြန်ပေးဆပ်မှာမဟုတ်တဲ့ ကျေးဇူးမသိတတ်တဲ့သူမျိုးဆိုရင် မကူညီတာကောင်းတယ်’ ဟူ၍ ဖြစ်ပေမည်။ ထိုကိစ္စတွင် သင်တို့၏ အမြင်မှာ ထိုသို့ဖြစ်မည်မဟုတ်လော။ (ဟုတ်ပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ (၇)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတော့ ကျွန်တော် အရမ်းဝမ်းနည်းပြီး သူ့အပေါ် တစ်ခုခုအကြွေးတင်သလိုခံစားနေရတဲ့အကြောင်းရင်းကို တွေ့သွားတယ်။ ကြင်နာမှုကို ပြန်ပေးဆပ်ရတဲ့ ကိုယ်ကျင့်တရားစည်းမျဉ်းရဲ့ လှည့်စားတာ၊ အဆိပ်ခတ်တာကို ကျွန်တော် ခံနေခဲ့ရတာပဲ။ ကျွန်တော့် ကလေးဘဝတစ်လျှောက်မှာ ကျွန်တော့်မိဘတွေ၊ လူကြီးတွေ၊ ရွာသွားတွေ စကားပြောနေတဲ့အချိန်မှာ “ကြင်နာမှုကို ပြန်ပေးဆပ်တယ်” ဆိုတဲ့စကားက သူတို့စကားတွေထဲမှာ ခဏခဏပါတယ်။ အကူအညီရတဲ့ တစ်ယောက်ယောက်က နောက်ပိုင်းကျတော့ အကူအညီပြန်ပေးပုံကို သူတို့ကြားတဲ့အခါ အဲဒီလူကို ချီးမွမ်းကြတယ်။ ကောင်းတယ်၊ အသိတရားရှိတယ်၊ မိတ်ဆွေဖွဲ့ထိုက်တယ်လို့ ပြောကြတယ်။ အဲဒီလိုလူတွေကို အထင်ကြီးလေးစားကြတယ်။ အဲဒီလိုလူတွေကို မြင်တဲ့အခါမှာ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ကြတယ်။ ဒါပေမဲ့ တစ်ယောက်ယောက်က အကူအညီပြန်မပေးရင် သူနဲ့ မပတ်သက်ချင်ကြဘူး။ ဒီလိုလူတွေကို ကျေးဇူးမသိတတ်ဘူး၊ အသိစိတ်နဲ့ လူ့သဘာဝမရှိဘူးဆိုပြီး ကြိတ်ပြီး တံဆိပ်ကပ်ကြတယ်။ လုံးဝ နှုတ်မဆက်ဘူး။ ကျွန်တော့်ရဲ့ ကလေးဘဝပတ်ဝန်းကျင်က ဒီလိုတန်ဖိုးမျိုးတွေထဲမှာ နှစ်မြုပ်နေပြီး ကြင်နာမှုကို ပြန်ပေးဆပ်တဲ့ အယူအဆကို အမြဲတမ်း ကျင့်သုံးဖို့ ကြိုးစားခဲ့တယ်။ ကျွန်တော့်ကို ကူညီခဲ့တဲ့သူ၊ ကျွန်တော့်မိသားစုကို ကူညီခဲ့တဲ့သူတိုင်းကို ကျွန်တော် မှတ်မိပြီး သူတို့ကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်ပေးဆပ်ရတယ်။ အဲဒီအချိန်မှာ မဖြစ်နိုင်ရင် တတ်နိုင်တဲ့အချိန်ကို စောင့်ပြီးတော့ နောက်ကျမှ ပြန်ပေးဆပ်ရတယ်။ ဒါက မြင့်မြတ်တဲ့၊ အသိတရားရှိတဲ့၊ ဖြောင့်မတ်တဲ့သူတစ်ယောက်လုပ်သင့်တဲ့ နည်းလမ်းနဲ့ တူတယ်လေ။ ဒီဟာကြောင့် ကျွန်တော့်အနားကလူတွေရဲ့ မျက်နှာသာပေးတာကိုရခဲ့တယ်။ ဒါပေမဲ့ ကျန်းဟွာကျတော့ သူ ရာထူးတိုးပေးတာတွေ၊ အရေးစိုက်တာ၊ ကူညီတာတွေအားလုံးကို ကျွန်တော် ပြန်မပေးဆပ်ဘူးလို့ ခံစားမိတယ်။ သူ့မကောင်းမှုတွေကိုတောင် ကျွန်တော် ဖော်ထုတ်ခဲ့တယ်။ ကျွန်တော် အပြစ်ရှိတဲ့စိတ်ဖြစ်ပြီး ကျေးဇူးမသိတတ်သလို ခံစားခဲ့ရတယ်။ ဒီအယူအဆတွေက ကျွန်တော့်ကို ဖမ်းစားထားဆဲဖြစ်နေတော့ မကောင်းတဲ့လူတွေ၊ မယုံကြည်သူတွေက အသင်းတော်အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ တာဝန်တွေကို နှောင့်ယှက်တာတွေပဲလုပ်နိုင်တယ်ဆိုတာ ကျွန်တော် သိပေမဲ့ သူ့မကောင်းမှုတွေကို ဖော်ထုတ်ချင်စိတ်မရှိ ဖြစ်နေတုန်းပဲ။ ကြင်နာမှုကို ပြန်ပေးဆပ်တဲ့ အယူအဆကြောင့် ကျွန်တော် တော်တော် လှည့်စားခံရပြီး ကန့်သတ်ခံခဲ့ရတယ်။
အဲဒီအချိန်မှာပဲ ကျွန်တော် နောက်ထပ် ဘုရားနှုတ်ကပတ်တော်ကို ဖတ်တယ်။ “‘လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်ရမည်’ ဆိုသည့်အရာကဲ့သို့သော ကိုယ့်ကျင့်တရားအပြုအမူအပေါ် ထုတ်ပြန်ချက်များသည် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်အနေဖြင့်၊ လူသားမျိုးနွယ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ၎င်းတို့၏ တာဝန်သည် အတိအကျ မည်သည့်အရာဖြစ်သည်ကို လူတို့ကို မပြောပြပေ။ ထိုအစား လူတို့ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အခြေအနေ၊ သို့မဟုတ် ဆက်စပ်အကြောင်းအရာက မည်သို့ရှိသည်ဖြစ်စေ ဤအရာများသည် လူတို့အား နည်းလမ်းတစ်ခုဖြင့် ပြုမူစဉ်းစားရန် ချည်နှောင်သော၊ သို့မဟုတ် ဖိအားပေးသော နည်းလမ်းတစ်ခုဖြစ်သည်။ ရှေးတရုတ်ပြည်တွင် ဤသို့သော ဥပမာများစွာရှိသည်။ ဥပမာ ဆာလောင်နေသော သူတောင်းစား ကောင်လေးတစ်ယောက်ကို မိသားစုတစ်စုက ယူဆောင်ပြီး ကျွေးမွေးသည်။ အဝတ်ဆင်ပေးသည်။ ကိုယ်ခံပညာများ လေ့ကျင့်ပေးပြီး၊ အသိပညာမျိုးစုံကို သင်ကြားပေးသည်။ သူကြီးလာသည်အထိ စောင့်ပြီးနောက် သူ့အား ဝင်ငွေအရင်းအမြစ်အဖြစ် စ၍ အသုံးပြုသည်။ မကောင်းမှုလုပ်ရန်၊ လူများအား သတ်ရန်၊ သူမလုပ်လိုသည့်အရာများကို လုပ်ရန် စေလွှတ်သည်။ သူလက်ခံရရှိသည့် အကူအညီများအရ သူ၏ ဇာတ်လမ်းကို ကြည့်လျှင် သူ ကယ်တင်ခံရခြင်းသည် ကောင်းသည့်အရာဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် သူ့အား လုပ်ဆောင်ရန် အတင်းခိုင်းစေသည့်အရာကို ထည့်တွက်လျှင် ဤသည်မှာ အမှန်တကယ်တွင် ကောင်းသလော၊ ဆိုးသလော။ (ဆိုးသည်။) သို့သော် ‘လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်ရမည်’ ကဲ့သို့သော ရိုးရာယဉ်ကျေးမှု၏ သတ်မှတ်ချက်အောက်တွင် လူတို့သည် ဤအရာကို မခွဲခြားနိုင်ပေ။ အပေါ်ယံတွင် ထိုကလေးသည် မကောင်းမှုများကို လုပ်ဆောင်ပြီး လူတို့အား ထိခိုက်ခြင်း၊ လူသတ်သမားဖြစ်ခြင်း၊ လူအများစုက လုပ်ဆောင်ရန် ဆန္ဒရှိမည်မဟုတ်သည့်အရာများကို လုပ်ဆောင်ရန်မှလွဲ၍ ရွေးချယ်စရာမရှိသည့် ပုံစံရှိသည်။ သို့သော် သူ၏ အရှင်သခင်၏ အမိန့်အရ မကောင်းသောအရာများကို ပြုလုပ်ပြီး သတ်ဖြတ်ရန် လိုလားမှုသည် စိတ်အတွင်း၌ သူ၏ ကြင်နာမှုအတွက် ပြန်ပေးဆပ်ရန် ဆန္ဒမှ လာသည်မဟုတ်လော။ အထူးသဖြင့် ‘လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်ရမည်’ ကဲ့သို့သော တရုတ်ရိုးရာ ယဉ်ကျေးမှု၏ သတ်မှတ်ချက်ကြောင့် လူတို့သည် ဤအယူအဆများ၏ လွှမ်းမိုးထိန်းချုပ်ခြင်းကို မဖြစ်မနေခံရသည်။ လူတို့ပြုမူပုံ၊ ဤလုပ်ရပ်များနောက်ရှိ ရည်ရွယ်ချက်နှင့် အရင်းခံကြောင်းများသည်လည်း ဤအရာများ၏ ချုပ်ချယ်ခြင်းကို ခံရသည်။ ထိုကလေးသည် ထိုအခြေအနေသို့ အပို့ခံရသောအခါ သူ၏ ပထမဆုံးအတွေးသည် မည်သည့်အရာ ဖြစ်မည်နည်း။ ‘ငါ့ကို ဒီမိသားစုက ကယ်တင်ခဲ့တယ်။ သူတို့က ငါ့အပေါ် ကောင်းတယ်။ ငါ ကျေးဇူးမသိတတ်လို့မဖြစ်ဘူး။ သူတို့ ကြင်နာမှုကို ပြန်ပေးဆပ်ရမယ်။ ငါ သူတို့ကို အသက်ကြွေး တင်ထားတယ်။ ဒါကြောင့် ငါ့အသက်ကို သူတို့အတွက် အပ်နှံရမယ်။ သူတို့ငါ့ကို ခိုင်းတာမှန်သမျှကို လုပ်သင့်တယ်။ မကောင်းမှုလုပ်ပြီး လူတွေကို သတ်ဖို့ဆိုရင်တောင်မှပေါ့။ မှန်သလား၊ မှားသလားဆိုတာ စဉ်းစားလို့မရဘူး။ သူတို့ကြင်နာမှုကိုပဲ ပြန်ပေးဆပ်ရမယ်။ ဒီလိုမလုပ်ရင် ငါက ဘယ်လိုလူမျိုးဖြစ်မှာလဲ’ဟူ၍ ဖြစ်သည်။ ရလဒ်အနေဖြင့် ထိုမိသားစုက သူ့အား တစ်စုံတစ်ယောက်ကို သတ်စေလိုသည့်၊ သို့မဟုတ် မှားယွင်းသည့်အရာတစ်ခုကို လုပ်စေလိုသည့် အချိန်တိုင်းတွင် သူက တုံ့ဆိုင်းခြင်း၊ သို့မဟုတ် သံသယတစ်ခုမျှ မရှိဘဲ လုပ်ဆောင်သည်။ သူ၏ ပြုမူဆောင်ရွက်မှုများ၊ ပြန်လှန်မေးခွန်းမထုတ်သည့် နာခံမှုအားလုံးတို့သည် ‘လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်ရမည်’ ဆိုသည့် အယူအဆ၏ အမိန့်ပေးခြင်းကို ခံရသည်မဟုတ်လော။ သူသည် ထိုကိုယ်ကျင့်တရားနီတိကို ဖြည့်ဆည်းနေခြင်းမဟုတ်သလော။ (ဟုတ်သည်။) ဤဥပမာမှ မည်သည့်အရာကို သင်ရရှိသနည်း။ ‘လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်သင့်သည်’ ဆိုသည်မှာ ကောင်းသည့်အရာဟုတ်သလော၊ မဟုတ်သလော။ (မဟုတ်ပါ။ ထိုအရာတွင် စည်းမျဉ်းမရှိပါ။) အမှန်တကယ်တွင် ကြင်နာမှုကို ပြန်လည်ပေးဆပ်သောသူတွင် စည်းမျဉ်းတစ်ခုရှိသည်။ အတိအကျပြောရသော်၊ ‘လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်သင့်သည်’ ဟူ၍ ဖြစ်သည်။ တစ်စုံတစ်ယောက်က သင့်ကို ကြင်နာမှုပြုလျှင် အပြန်အလှန်အနေဖြင့် သင်သည် ဤသို့ လုပ်ဆောင်ရမည်။ သင်သည် ဤသို့လုပ်ဆောင်ရန် ပျက်ကွက်လျှင် သင်က လူသားမဟုတ်ပေ။ ဤအတွက် သင်က ရှုတ်ချခံရလျှင် သင်ပြောနိုင်သည့်အရာ တစ်ခုမျှမရှိပေ။ ‘ညောင်စေ့လောက် ကျေးဇူးပြုခံရလျှင် ညောင်ပင်ကြီးလောက် ပြန်ဆပ်သင့်သည်’ ဟူသော ဆိုရိုးစကားရှိသည်။ သို့သော် ဤဖြစ်ရပ်တွင် ထိုကလေးက ဘဝကို ကယ်တင်ပေးသော ကြင်နာမှုကို လက်ခံရရှိခဲ့သည်။ အပြန်အလှန်အနေဖြင့် ဘဝဖြင့် ပြန်ပေးဆပ်ရသည်။ ကြင်နာမှုကို ပြန်ပေးဆပ်သည့် အကန့်အသတ်၊ သို့မဟုတ် စည်းမျဉ်းများကို သူမသိပေ။ သူ၏ အသက်ကို ဤမိသားစုကပေးထားသည်ဟု သူယုံကြည်သည်။ ထို့ကြောင့် အပြန်အလှန်အနေဖြင့် သူ၏ အသက်ကို ၎င်းတို့ထံ ဆက်ကပ်အပ်နှံရပြီး၊ လူသတ်ခြင်း၊ သို့မဟုတ် အခြားမကောင်းမှုများ အပါအဝင်သူ့အပေါ် ၎င်းတို့ တောင်းဆိုသမျှကို လုပ်ဆောင်ရသည်။ ကြင်နာမှုကို ပြန်ပေးဆပ်သည့် ဤနည်းလမ်းသည် စည်းမျဉ်း၊ သို့မဟုတ် ကန့်သတ်ချက်မရှိပေ။ သူသည် သားရဲတစ်ကောင်ကို အားပေးကူညီခဲ့ပြီး ထိုသို့လုပ်ဆောင်ရာတွင် သူ့ကိုယ်သူ ပျက်စီးစေခဲ့သည်။ ကြင်နာခြင်းကို ဤသို့ ပြန်ပေးဆပ်ခြင်းမှာ သူ့အတွက် မှန်ကန်သလော။ မည်သို့ မှန်ကန်မည်နည်း။ ယင်းသည် မိုက်မဲပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ (၇)) ကြင်နာမှုကို ပြန်ပေးဆပ်တဲ့ သူတောင်းစားဥပမာကတစ်ဆင့် ကြင်နာမှုကို ပြန်ပေးဆပ်တာက ကျွန်တော်တို့ကို အဆိပ်ခတ်ဖို့ ရည်ရွယ်တဲ့ ဆိုးယုတ်တဲ့ အတွေးမှားတစ်ခုပဲဆိုတာ ကျွန်တော် မြင်ခဲ့တယ်။ ကြင်နာမှုကို ပြန်ပေးဆပ်တဲ့အယူအဆက ကျွန်တော်တို့ ဝိညာဉ်ကို ကန့်သတ်ရုံတင်မကဘူး။ ကျွန်တော်တို့ အတွေးတွေကိုလည်း ပုံပျက်စေတယ်။ လူတွေကြားက သာမန်အကူအညီကို စိတ်ထဲမှာ ထားပြီး ပြန်ပေးဆပ်ရမဲ့ ကျေးဇူးအကြွေးအဖြစ် ပြောင်းလိုက်တယ်။ အသိစိတ်နဲ့ လူ့သဘာဝမရှိဘူးလို့ သတ်မှတ်မခံရအောင်ပေါ့။ ဒီလှည့်စားပြီး အဆိပ်ရှိတဲ့ ကိုယ်ကျင့်တရားကြောင့် လူဘယ်နှစ်ယောက်က သင့်တော်တဲ့ ပြုမူဆောင်ရွက်မှုကို မသိတော့သလဲ။ ဘယ်သူက ကူညီပေးသည်ဖြစ်စေ၊ မကောင်းမှုပြုသူ၊ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေရှိသူဆိုရင်တောင် အကျိုးခံစားရတဲ့သူ ဘယ်သူမဆိုက သူတို့ရဲ့ ဖြစ်တည်မှုအားလုံးနဲ့ ပြန်ပေးဆပ်ရမယ်။ လူသတ်ပြီး၊ တခြားဆိုးယုတ်မှုတွေဖြစ်တဲ့ အထိတောင်ပေါ့။ ဒါကြောင့် ကြင်နာမှုကို ပြန်ပေးဆပ်တဲ့ ကိုယ်ကျင့်တရားက တကယ်ကို လူတွေကို အဆိပ်ခတ်တယ်ဆိုတာ ကျွန်တော် သဘောပေါက်သွားတယ်။ ခေါင်းဆောင်တွေကို တိုက်ခိုက်ပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်တဲ့ ကျန်းဟွာကို ကျွန်တော် တွေးကြည့်တော့ ခေါင်းဆောင်တွေက အကဲဖြတ်ခိုင်းတဲ့ ရည်ရွယ်ချက်က ကျန်းဟွာကို နှင်ထုတ်ဖို့၊ မနှင်ထုတ်ဖို့ကို အကဲဖြတ်ဖို့အတွက် ကျန်းဟွာက ပုံမှန် ဘယ်လိုပြုမူတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်ဖို့ဖြစ်တယ်ဆိုတာ ကျွန်တော် သိတယ်။ ဒါပေမဲ့ “ကြင်နာမှုကို ပြန်ပေးဆပ်ခြင်း” ဆိုတာရဲ့ လှည့်စားမှုနဲ့ လွှမ်းမိုးမှုအောက်မှာ ကျွန်တော့်ကို ရာထူးတိုးပေးပြီး ဂရုစိုက်တဲ့ ကျန်းဟွာနဲ့ သူ့အကူအညီတွေအကုန်လုံးကို တွေးမိရုံနဲ့ သူ့မကောင်းမှုတွေကို ကျွန်တော် ဖုံးကွယ်ချင်သွားတယ်။ ကောင်းမှုနဲ့ မကောင်းမှု၊ အဖြူနဲ့အမဲကြား ကွာခြားချက်ကို ခွဲခြားဖို့ ကျွန်တော် အရမ်းကို ဇဝေဇဝါဖြစ်သွားခဲ့တယ်။ ဒီအချိန်မှာ ကြင်နာမှုတွေကို ပြန်ပေးဆပ်ခြင်းအယူအဆနဲ့ပတ်သက်တဲ့ တချို့ကိစ္စတွေကို သိလာနိုင်ခဲ့တယ်။ ဒါက အပြုသဘောဆောင်တဲ့အရာမဟုတ်ဘဲ လူတွေကို လှည့်စားပြီး ဖောက်ပြန်ဖျက်ဆီးဖို့ စာတန်အသုံးပြုတဲ့ အတွေးမှားတစ်ခုပဲဆိုတာ ကျွန်တော် မြင်နိုင်ခဲ့တယ်။ ကျွန်တော် ဒါနဲ့ အသက်မရှင်သင့်ဘူး၊ ပြုမူဆောင်ရွက်မှု စည်းမျဉ်းအဖြစ် မယူသင့်ဘူးဆိုတာ ကျွန်တော် သိခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်တော် ဘုရားနှုတ်ကပတ်တော်ထဲမှာ ထပ်ဖတ်တယ်။ “‘လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်သင့်သည်’ ဆိုသည့် ရိုးရာယဉ်ကျေးမှုအယူအဆကို ပိုင်းခြားသိမြင်ဖို့ လိုသည်။ အရေးကြီးဆုံးအပိုင်းမှာ ‘ကြင်နာမှု’ ဆိုသည့် စကားဖြစ်သည်။ ဤကြင်နာမှုကို မည်သို့ ရှုမြင်သင့်သနည်း။ ထိုအရာက ‘ကြင်နာခြင်း’၏ မည်သည့်ရှုထောင့်နှင့် သဘာဝကို ရည်ညွှန်းသနည်း။ ‘လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်သင့်သည်’ ဆိုသည့်အရာ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သမ္မာတရားကို လိုက်စားသောမည်သူမဆိုအတွက် ဤမေးခွန်းများကို အဖြေရှာရန် မုချလိုအပ်သည်။ လူသား၏ အယူအဆများအရ ‘ကြင်နာခြင်း’ ဆိုသည်မှာ အဘယ်နည်း။ သာ၍သေးငယ်သောအဆင့်တွင် ကြင်နာခြင်းသည် သင်ဒုက္ခရောက်သောအခါ တစ်စုံတစ်ယောက်က ကူညီခြင်းဖြစ်သည်။ ဥပမာ သင် ဆာလောင်နေသောအခါတွင် တစ်စုံတစ်ယောက်က သင့်အား ထမင်းတစ်ဇလုံပေးခြင်း၊ သို့မဟုတ် သင် ရေအလွန်ငတ်နေသောအချိန်တွင် ရေတစ်ဘူးပေးခြင်း၊ သို့မဟုတ် သင်လဲကျပြီး ပြန်မထနိုင်သောအခါတွင် သင့်အား ထနိုင်ရန် ကူညီပေးခြင်းတို့ဖြစ်သည်။ ဤအရာများအားလုံးက ကြင်နာခြင်း အပြုအမူများဖြစ်သည်။ ကြီးမားသော ကြင်နာခြင်းအပြုအမူမှာ စိုးရိမ်ဖွယ်ကောင်းသော အကျပ်အတည်း၌ သင်ရှိနေသောအခါတွင် တစ်စုံတစ်ယောက်က သင့်အား ကယ်တင်ခြင်းဖြစ်သည်။ ဤသည်မှာ အသက် ကယ်သော ကြင်နာခြင်းဖြစ်သည်၊ သို့မဟုတ် သင်သည် သေနိုင်လောက်သည့် အန္တရာယ်ကျရောက်နေသောအခါတွင် တစ်စုံတစ်ယောက်က သင့်အား သေခြင်းကို ရှောင်နိုင်ရန် ကူညီပေးခြင်း၊ အခြေခံအားဖြင့် သင့်အသက်ကို ကယ်တင်ပေးခြင်းဖြစ်သည်။ ဤအရာများသည် လူတို့က ‘ကြင်နာမှု’ အဖြစ် မြင်သော အရာအချို့ဖြစ်သည်။ ထိုကြင်နာခြင်းမျိုးသည် သေးနုပ်သော၊ ရုပ်ဝတ္ထုဆန်သော အကူအညီတိုင်းထက် သာလွန်သည်။ ဤသည်မှာ ငွေကြေး၊ သို့မဟုတ် ရုပ်ဝတ္ထုများနှင့် တိုင်းတာ၍မရသော ကြီးမြတ်သည့် ကြင်နာခြင်းဖြစ်သည်။ ထိုအရာကို လက်ခံရရှိသောသူတို့သည် ကျေးဇူးတင်စကားအနည်းငယ်မျှဖြင့် ဖော်ပြရန် မဖြစ်နိုင်သော ကျေးဇူးတင်ရှိခြင်းမျိုးကို ခံစားရသည်။ သို့သော် လူတို့အနေဖြင့် ဤနည်းဖြင့် ကြင်နာခြင်းကို တိုင်းတာခြင်းသည် တိကျမှန်ကန်သလော။ (မတိကျပါ။) အဘယ်ကြောင့် ထိုသို့ဖြစ်သနည်း။ (ဤတိုင်းတာမှုသည် ရိုးရာယဉ်ကျေးမှု၏ စံနှုန်းများတွင် အခြေခံထားသောကြောင့်ဖြစ်သည်။) ဤသည်မှာ သီအိုရီနှင့် အယူဝါဒကို အခြေခံသော အဖြေဖြစ်ပြီး၊ မှန်သည့်ပုံစံရှိနိုင်သော်လည်း ထိုကိစ္စ၏ အနှစ်သာရသို့ မရောက်ရှိပေ။ ဤသို့ဆိုလျှင် ဤအရာကို လက်တွေ့ကျသည့် အသုံးအနှုန်းဖြင့် မည်သို့ရှင်းပြ၍ရနိုင်သနည်း။ ထိုအကြောင်းကို သေချာ စဉ်းစားလော့။ မကြာသေးခင်က လူတစ်ဦးသည် သူ၏ ပိုက်ဆံအိတ်ကျပြီး သတိမထားမိသည့် အွန်လိုင်းဗီဒီယိုတစ်ခုအကြောင်းကို ငါ ကြားရသည်။ ပိုက်ဆံအိတ်ကို ထိုသူ့နောက်လိုက်သော ခွေးငယ်တစ်ကောင်က ကောက်ယူလိုက်ပြီး ထိုလူက ဤအရာကို မြင်သောအခါ ခွေးအား သူ၏ ပိုက်ဆံအိတ်ကို ခိုးသည့်အတွက် ရိုက်သည်။ အဓိပ္ပာယ်မဲ့သည်မဟုတ်လော။ ထိုလူသည် ခွေးလောက် ကိုယ်ကျင့်တရားမရှိပေ။ ခွေး၏ လုပ်ရပ်များသည် လူသား၏ ကိုယ်ကျင့်တရားစံနှုန်းများနှင့် လုံးဝ ကိုက်ညီသည်။ လူသားက ‘ပိုက်ဆံအိတ်ကျခဲ့တယ်’ ဟု အော်ခေါ်မည်ဖြစ်သော်လည်း၊ ခွေးက စကားမပြောနိုင်သောကြောင့် ပိုက်ဆံအိတ်ကို တိတ်တဆိတ်ကောက်ယူပြီး ထိုလူနောက်သို့ ပြေးလိုက်သွားသည်။ ဤသို့ဆိုလျှင် ခွေးတစ်ကောင်သည် ရိုးရာယဉ်ကျေးမှုက အားပေးသော အပြုအမူကောင်းအချို့ကို လုပ်ဆောင်နိုင်လျှင် ဤအရာက လူသားများနှင့် ပတ်သက်ပြီး မည်သည့်အရာကို ပြောသနည်း။ လူသားများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားဖြင့် မွေးဖွားလာသည်။ ထို့ကြောင့် ၎င်းတို့အားလုံးသည် ဤအရာများကို ပို၍ လုပ်ဆောင်နိုင်စွမ်းရှိသည်။ တစ်စုံတစ်ယောက်က အသိစိတ်ရှိသရွေ့ ဤတာဝန်နှင့် ဝတ္တရားမျိုးကို ဖြည့်ဆည်းနိုင်သည်။ ၎င်းတို့ကို အလုပ်ကြိုးစားလုပ်စေရန်၊ သို့မဟုတ် အဖိုးအခပေးဆပ်စေရန် သင့်ကို မလိုအပ်ပေ။ အားစိုက်မှုအနည်းငယ်သာ လိုအပ်ပြီး အကူအညီဖြစ်သည့်အရာ၊ အခြားလူများအတွက် အကျိုးရှိသည့်အရာတစ်ခုကို လုပ်ဆောင်ခြင်းနှင့်သာ ဆိုင်သည်။ သို့သော် ဤလုပ်ဆောင်မှု၏ သဘောသဘာဝကို ‘ကြင်နာမှု’ အဖြစ် အမှန်တကယ် အသိအမှတ်ပြုသလော။ ကြင်နာမှုပြုခြင်း အဆင့်သို့ ရောက်သလော။ (မရောက်ပါ။) မရောက်သောကြောင့် လူတို့က ပြန်လည်ပေးဆပ်ရန် ပြောဖို့ လိုအပ်သလော။ လိုအပ်မည်မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ (၇)) ဘုရားနှုတ်ကပတ်တော်ကို ကျွန်တော် ဆင်ခြင်ရင်းနဲ့ ကျွန်တော့်စိတ်နှလုံးက ဉာဏ်အလင်းပွင့်သွားတယ်။ ဘုရားသခင်က ပြောသည်- “အရေးကြီးဆုံးအပိုင်းမှာ ‘ကြင်နာမှု’ ဆိုသည့် စကားဖြစ်သည်။ ဤကြင်နာမှုကို မည်သို့ ရှုမြင်သင့်သနည်း။” “ကြင်နာမှု”ရဲ့ အယူအဆကို ဘယ်လိုမြင်ရမယ်ဆိုတာ အဖြေရှာနိုင်သရွေ့ ကျွန်တော် သမ္မာတရားကို မြင်ပြီး အဲဒါရဲ့ လှည့်စားတာ၊ ထိန်းချုပ်တာကို ခံရတော့မှာမဟုတ်ဘူး။ အဲဒါနဲ့ ကျွန်တော် သေချာစဉ်းစားတယ်။ ကျန်းဟွာက ကျွန်တော့်ကို အဓိကနည်းလမ်းနှစ်ခုနဲ့ ကြင်နာမှုပြတယ်လို့ ကျွန်တော် ယုံကြည်တယ်။ ပထမက သူ ကျွန်တော့်ကို ရာထူးတိုးပေးတယ်။ ဒုတိယက သူ ခေါင်းဆောင်ဖြစ်နေတုန်းမှာ အစ်ကိုတစ်ယောက်ကို ကျွန်တော့်ဆီ ဆေးပေးခိုင်းခဲ့တယ်။ ဒါဆို ဒါတွေက အမှန်တကယ် ကြင်နာမှုတွေလား။ တကယ်တမ်းမှာ တစ်ယောက်ယောက်က ဖျားတဲ့အခါ၊ အခက်အခဲတချို့ ရင်ဆိုင်ရတဲ့အခါ နည်းနည်းသက်သာဖို့အတွက် ကူညီပေးတာက သာမန်အပြုအမူပဲ။ သာမန်အသိပါပဲ။ ဒါပေမဲ့ ပြန်ပေးဆပ်ရမယ့် အထူးကြင်နာမှုက မပါသလောက်ပဲ။ ကျန်းဟွာက ကျွန်တော့်ရဲ့ အသည်းရောဂါအကြောင်းသိသွားပြီး အဲဒီအစ်ကိုကို ကျွန်တော့်ကို ဆေးပေးခိုင်းတော့ ဒါကို တကယ်တော့ သူ့ရဲ့တာဝန်အဖြစ် မြင်နိုင်တယ်။ အသိစိတ်ရှိတဲ့ ကျိုးကြောင်းသင့်တဲ့ သူတွေအားလုံးမှာရှိတဲ့အရာအဖြစ် မြင်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်က သူ့အကူအညီကို အလေးအနက်ခံယူပြီး ပြန်ပေးဆပ်ရမယ့် အထူးကြင်နာမှုအဖြစ် တံဆိပ်ကပ်ခဲ့တယ်။ သူ့မကောင်းမှုတွေကို ဖုံးပြီး အသင်းတော်မှာသူ့ကို ထားဖို့တောင် ကြိုးစားခဲ့တယ်။ သူ့ကြင်နာမှုကို ဒီနည်းနဲ့ ပြန်ပေးဆပ်တော့ ကျွန်တော်က ကိုယ်ကျိုးအတွက် အသင်းတော်ရဲ့ အကျိုးကို စတေးနေတာမဟုတ်ဘူးလား။ ကျွန်တော် လုံးဝကို ဇဝေဇဝါဖြစ်သွားတယ်။
ကျန်းဟွာက ကျွန်တော့်ကို ရာထူးတိုးပေးတာကရော အထူးကြင်နာမှုအဖြစ် အကျုံးဝင်သလား တွေးမိတယ်။ ဘုရားနှုတ်ကပတ်တော်ထဲက ဒါကို ကျွန်တော် တွေးမိတယ်။ “ဤပြဿနာကို သင်တို့ ရိပ်စားမိရမည်။ အချိန်ကာလက မည်သည့်အရာဖြစ်စေ၊ မည်သည့်အလုပ်အဆင့်ကို ပြီးမြောက်သည်ဖြစ်စေ ဘုရားသခင်သည် ပူးပေါင်းဆောင်ရွက်ရန် လူအချို့ကို အစဉ်လိုအပ်သည်။ ဤလူများကို ဘုရားသခင်၏ အမှုတွင် ပူးပေါင်းဆောင်ရွက်ရန်၊ သို့မဟုတ် ဧဝံဂေလိဖြန့်ဝေခြင်းတွင် ပါဝင်ရန် ဘုရားသခင်က ကြိုတင်သတ်မှတ်ပြီးဖြစ်သည်။...ယခုအချိန်တွင် ဘုရားအိမ်တော်၌ တာဝန်ထမ်းဆောင်နေသော သင်တို့တွင် မည်သူက ဤနေရာသို့ မတော်တဆ ရောက်လာသနည်း။ မည်သည့်နောက်ခံမှ သင်တို့လာသည်ဖြစ်စေ သင်တို့ တာဝန်ထမ်းဆောင်နေခြင်းမှာ မတော်တဆဖြစ်ခြင်းမဟုတ်ပေ။ ဤတာဝန်များသည် ကြုံသလိုရွေးထားသော ယုံကြည်သူများအားဖြင့် မလုပ်ဆောင်နိုင်ပေ။ ခေတ်ကာလများမတိုင်မီတွင် ဘုရားသခင်က ဤအရာများကို ကြိုတင်သတ်မှတ်ပြီးဖြစ်သည်။ တစ်စုံတစ်ခုကို ကြိုတင်သတ်မှတ်ပြီးဖြစ်သည်ဆိုသည်မှာ မည်သည့်အဓိပ္ပာယ်ဖြစ်သနည်း။ အသေးစိတ်အချက်များက အဘယ်နည်း။ ယင်းမှာ ဘုရားသခင်သည် သူ၏ စီမံခန့်ခွဲမှုအစီအစဉ်တစ်ခုလုံးတွင်အချိန်ကြာမြင့်စွာကပင် သင် လူသားလောကအကြားသို့ အကြိမ်မည်မျှ လာရောက်မည်၊ နောက်ဆုံးသောကာလတွင် သင်သည် မည်သည့်အမျိုးအနွယ်နှင့် မည်သည့် မိသားစုထဲတွင် မွေးဖွားမည်၊ ဤမိသားစု၏ ငွေကြေးအခြေအနေ မည်သို့ရှိမည်၊ သင်သည် ယောကျ်ား သို့မဟုတ် မိန်းမ ဖြစ်မဖြစ်၊ သင်၏ အားသာချက်များမှာ မည်သည့်အရာများ ဖြစ်သည်၊ သင်သည် မည်သည့်ပညာအရည်အချင်းအဆင့်ရှိမည်၊ သင်သည် မည်မျှ ရှင်းလင်းစွာ ပြောဆိုနိုင်မည်၊ သင်၏အရည်အချင်းများမှာ မည်သည့်အရာဖြစ်မည်၊ သင်သည် မည်သည့်အရွယ်၌ ဘုရားသခင်၏အိမ်တော်သို့ လာရောက်ပြီး သင်၏တာဝန်အား ထမ်းဆောင်မည်နှင့်၊ သင်သည် မည်သည့်အချိန်တွင် မည်သည့်တာဝန်အား ထမ်းဆောင်ရမည်ကို စီစဉ်ခဲ့သည်ဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ ဘုရားသခင်သည် အချိန်ကြာမြင့်စွာကပင် သင့်အတွက် အဆင့်တိုင်းအား စီမံထားခဲ့သည်။ သင် မမွေးဖွားခင်ကပင်၊ သင်သည် သင်၏ရှေးလွန်ခဲ့သော ဘဝများစွာကပင် လူတို့ကြားလာခဲ့သောအခါ၊ ဤနောက်ဆုံးအဆင့် အတောအတွင်းတွင် မည်သည့်တာဝန်အား သင် ထမ်းဆောင်ရမည်ကို ဘုရားသခင်သည် ကြိုတင်စီစဉ်ပေးထားပြီး ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ဆင်ခြင်လေလေ၊ ရှင်းလင်းလာလေလေပဲ။ ကျွန်တော့်ရဲ့ စာအခြေခံတဲ့အလုပ်က ကျန်းဟွာ ရာထူးတိုးပေးတာကြောင့် ဖြစ်ပုံရပေမဲ့၊ အရာရာကို စီစဉ်နေတာက ဘုရားသခင်ပါ။ တဖြည်းဖြည်းချင်းနဲ့ ဒီနေရာကို ရောက်အောင် ကျွန်တော့်ကို ဦးဆောင်တာက သူပဲ။ ဘုရားအိမ်တော်က ဒီအလုပ်ကို မပိုင်ဆိုင်ရင် ဒီတာဝန်ကို ကျွန်တော် ထမ်းဆောင်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ဒါတွေအားလုံးက ဘုရားရဲ့ လုပ်ဆောင်မှု ရလဒ်အနေနဲ့ ဖြစ်ခဲ့တာ မဟုတ်ဘူးလား။ ကျွန်တော် ကျေးဇူးတင်ပြီး ကျေးဇူးသိသင့်တာက ဘုရားသခင်ပဲ။ ဒါတောင်မှ ကျွန်တော်က ကျန်းဟွာကို ဒီအကူအညီရဲ့ အရင်းအမြစ်အဖြစ် သတ်မှတ်ခဲ့ပြီး ဒီအတွက် သူ့ကို ပြန်ပေးဆပ်ချင်ခဲ့တယ်။ ဘုရားရဲ့ ကျေးဇူးတော်ကို မမြင်နိုင်ဘဲ လူရဲ့ ကျေးဇူးကိုပဲ မြင်ခဲ့တယ်။ ကျွန်တော်က တကယ်ကို မျက်ကန်းဖြစ်တယ်၊ မသိနားမလည်ဘူး၊ ဆင်ခြင်တုံတရားမရှိသလို မိုက်မဲပါတယ်။ ကျန်းဟွာရဲ့ အသင်းတော်ခေါင်းဆောင်တာဝန်က ဘုရားအိမ်တော်ရဲ့ အလုပ်လိုအပ်ချက်တွေနဲ့အညီ လူတွေကို လေ့ကျင့်ပြီး ရာထူးတိုးပေးဖို့ပဲ။ ဒီကြင်နာမှုက တခြားလူလုပ်တယ်လို့ မမှတ်ယူဘဲ အစ်ကိုဘုရားကို ကျေးဇူးတင်ခဲ့သင့်တယ်။ ကျွန်တော် ဒါကို နားလည်သွားတာနဲ့ စိတ်သက်သာသွားတယ်။ သူ့အတွက် ကျွန်တော် ဆယ်နှစ်ကျော်ခံစားမိတဲ့ ကျေးဇူး၊ ကျွန်တော့်အပေါ် အသိအမှတ်ပြုတဲ့အတွက် ကျွန်တော် ခံစားရတဲ့ ကျေးဇူးတင်မှု သူ့ကို ပြန်လည်ပေးဆပ်ဖို့ ကျွန်တော့်ရဲ့ ဆန္ဒတွေအားလုံးက ပျောက်သွားတယ်။ သူ့ရဲ့ မကောင်းမှုကို ဖော်ထုတ်တဲ့အတွက် သူ့ကို အကြွေးတင်၊ ဝမ်းနည်းသလို မခံစားရတော့ဘူး။ ကျေးဇူးမသိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာကလည်း ပျောက်သွားတယ်။ ပြီးတော့ ကျွန်တော်တို့ကြားမှာ ဘယ်ကြင်နာမှုကိုမဆို မေးခွန်းထုတ်စရာမရှိတော့ဘူး။ ဘုရားသခင် ပြောသလိုပဲ။ “ငါ့အတွက် ဤ ‘ကြင်နာမှု’မျိုး မရှိသကဲ့သို့၊ သင်တို့အတွက်လည်း ထိုသို့ဖြစ်ရန် ငါမျှော်လင့်သည်။ ဤသို့ဆိုလျှင် မည်သို့ သင်စဉ်းစားသင့်သနည်း။ ရိုးရှင်းစွာဖြင့် ယင်းကို ဝတ္တရားတစ်ခု၊ တာဝန်တစ်ခု၊ ပင်ကို လူသားဗီဇတစ်ခုအဖြစ် မှတ်ယူလော့။ လူသားအနေဖြင့် ထိုအရာကို သင်၏ တာဝန်၊ ဝတ္တရားအဖြစ် မှတ်ယူပြီး အစွမ်းရှိသမျှဖြင့် လုပ်ဆောင်သင့်သည်။ ထိုမျှသာဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ (၇)) ဘုရားနှုတ်ကပတ်တော်တွေက ကြင်နာမှုကို ပြန်ပေးဖို့လိုအပ်နေတဲ့ ချည်နှောင်မှုကနေ ကျွန်တော့်ကို လွတ်မြောက်စေပြီး ဒီကိစ္စတွေအပေါ် ကျွန်တော့်အမြင်ကို ပြုပြင်ပေးခဲ့တယ်။ ကျွန်တော် သူ့ကို အရမ်းကျေးဇူးတင်တယ်။
အဲဒါနဲ့ ဒီကိစ္စက ပြီးသွားပြီလို့ ကျွန်တော် ထင်တာပေါ့။ ဒါပေမဲ့ အရင် သုံးလေးရက်လောက်က ကျွန်တော့်ဇာတိမြို့ အသင်းတော်က ကျွန်တော့်ဆီ စာထပ်ရေးတယ်။ ကျန်းဟွာရဲ့အပြုအမူနဲ့ ဖြစ်တဲ့အကြိမ်ရေနဲ့ နေရာတွေကိုပါ ရှင်းရှင်းလင်းလင်း ချရေးခိုင်းတယ်။ သူက အန္တိခရစ်တွေနဲ့ မကောင်းတဲ့လူတွေအတွက် ရပ်တည်ပြီး မကောင်းမှုလုပ်ဖို့ အန္တိခရစ်တွေနောက်လိုက်တဲ့အချိန်တွေပေါ့။ ဒီလိုသက်သေမရှိဘဲနဲ့ သူ့ကို နှင်ထုတ်ဖို့ ဖြစ်နိုင်မှာမဟုတ်ဘူး။ ကျွန်တော် စာကိုရပြီးတော့ နည်းနည်း စိတ်မအေးနိုင်ဖြစ်နေတုန်းပဲ။ ကျွန်တော်က ဒါကိုရေးရင် ကျန်းဟွာက သေချာပေါက် နှင်ထုတ်ခံရမှာပဲ။ သူက ကျွန်တော့်အပေါ် တော်တော်ကောင်းခဲ့တာ။ ဒီလိုလုပ်လိုက်ရင် ကျွန်တော်က...ဒါပေမဲ့ ကျွန်တော် အမြန် အသိတရားရလိုက်တယ်။ ကြင်နာမှုတွေကိုပြန်ပေးဆပ်တဲ့ ဆိုးယုတ်တဲ့ စည်းမျဉ်းကြောင့် ဒီလိုဖြစ်နေတာပဲ။ ဒီအယူအဆကို လျစ်လျူရှုပြီး ဘုရားနှုတ်ကပတ်တော်နဲ့အညီ လက်တွေ့လုပ်ရမယ်။ ဘုရားနှုတ်ကပတ်တော်က ဒီလိုပြောတာကို ကျွန်တော် သတိရတယ်။ “လူတို့သည် အခြားသူများကို အဘယ်အခြေခံသဘောတရားဖြင့် ဆက်ဆံဖို့ ဘုရားနှုတ်ကပတ်တော်များက တောင်းဆိုထားသနည်း။ ဘုရားသခင် ချစ်သည့်အရာကို ချစ်ပြီး ဘုရားသခင် မုန်းသည့်အရာကို မုန်းလော့။ ဤသည်မှာ လိုက်နာစောင့်ထိန်းသင့်သည့် အခြေခံသဘောတရားဖြစ်သည်။ သမ္မာတရား လိုက်စားပြီး သူ၏အလိုတော်ကို နာခံနိုင်သည့်သူများကို ဘုရားသခင်ချစ်သည်။ ငါတို့ချစ်သင့်သည့် လူများလည်း ရှိသည်။ ဘုရားသခင်၏အလိုတော်ကို မနာခံနိုင်သည့်၊ ဘုရားသခင်ကို မုန်းတီးပြီး ဆန့်ကျင်ပုန်ကန်သည့်သူများ— ဤလူများကို ဘုရားသခင်က စက်ဆုပ်ရွံရှာသကဲ့သို့၊ ငါတို့သည်လည်း ၎င်းတို့ကို စက်ဆုပ်ရွံရှာသင့်သည်။ ဤသည်မှာ ဘုရားသခင်က လူသားကို တောင်းဆိုသည့်အရာဖြစ်သည်။...ကျေးဇူးတော်ခေတ်အတွင်း တစ်ချိန်က သခင်ယေရှု ပြောခဲ့သည်မှာ ‘ကိုယ်တော်က ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၏။’ (ရှင်မဿဲခရစ်ဝင် ၁၂:၄၈) ‘ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့အဘ၏အလိုတော်ကို ဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်သတည်းဟု မိန့်တော်မူ၏။’ (ရှင်မဿဲခရစ်ဝင် ၁၂:၅၀) ထိုနှုတ်ကပတ်တော်များသည် ယခင်ကျေးဇူးတော်ခေတ်အတွင်း၌ ရှိနှင့်ပြီးဖြစ်ကာ ယခုဆိုလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ပို၍ပင် ရှင်းလင်းနေသည်။ ‘ဘုရားသခင် ချစ်မြတ်နိုးရာများကို ချစ်မြတ်နိုးပြီး၊ ကိုယ်တော် ရွံမုန်းသောအရာများကို ရွံမုန်းလော့။’ ယင်းနှုတ်ကပတ်တော်များသည် တိုတိုနှင့်လိုရင်းကိုပြောခြင်း။...” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ကိုယ်ပိုင်လွဲမှားသောအမြင်များကို သတိပြုခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) ဘုရားနှုတ်ကပတ်တော်က တော်တော်ရှင်းတယ်။ လူတွေကို စည်းမျဉ်းနဲ့အညီ ဆက်ဆံရမယ်။ ဘုရားချစ်တာကို ချစ်ပြီး ဘုရားမုန်းတီးတာကို မုန်းရမယ်။ သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်တဲ့သူတွေက ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေဖြစ်ပြီး ချစ်ခြင်းနဲ့ ဆက်ဆံသင့်တယ်။ သမ္မာတရားကို မလိုက်စား၊ လုံးဝ လက်တွေ့မလုပ်တဲ့ အသင်းတော်အလုပ်ကို နှောင့်ယှက်တဲ့ မကောင်းမှုကိုတောင် ကျူးလွန်တဲ့သူတွေက ညီအစ်ကိုမောင်နှမတွေမဟုတ်ဘဲ စာတန်ရဲ့ လက်ပါးစေတွေ၊ ဆိုးယုတ်တဲ့လူတွေပဲ။ သူတို့တွေကို ဖော်ထုတ်၊ ပိုင်းခြားသိမြင်ဖို့၊ အသင်းတော်ကနေ ရှင်းလင်းပစ်ဖို့ လိုတယ်။ ဒါကသာ ဘုရားအလိုတော်နဲ့ ကိုက်ညီပါတယ်။ ဒါကို နားလည်ပြီးတဲ့နောက်မှာ ကျွန်တော် တွန့်ဆုတ်မနေတော့ဘူး။ ကျွန်တော်အစောပိုင်းက ပေးခဲ့တဲ့ စာရွက်စာတမ်းတွေနဲ့ သေချာပြန်အမှတ်ရပြီးတော့ သူ့မကောင်းမှုတွေကို ရှင်းပြဖို့ ပြင်ဆင်ခဲ့တယ်။ ကျွန်တော့်ပြန်စာကို ပို့ပြီးတော့ ကျွန်တော် အေးချမ်းပြီး စိတ်အေးသွားတယ်။ ကျွန်တော် နောက်ဆုံးမှာ ကြင်နာမှုကို ပြန်ပေးဆပ်ခြင်းအယူအဆရဲ့ ချည်နှောင်မှုတွေကနေ လွတ်မြောက်သွားပြီး ကျွန်တော့် စိတ်နှလုံးက သက်သာရာရသွားတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။