ဧဝံဂေလိဖြန့်ဝေခြင်း လမ်းကြမ်း (၁)

28.08.2023

မြန်မာနိုင်ငံ အမ်းရှင်း

ကျွန်မက မြန်မာကပါ။ ၂၀၁၉ခုနှစ် မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ ဘုရားက ကျွန်မတို့ကို လှပတဲ့ ခရီးပန်းတိုင်တစ်ခုဆီ ခေါ်ဆောင်ရင်းနဲ့ လူသားကို စာတန်ရဲ့ စွမ်းအားကနေ အပြည့်အဝ ကယ်တင်ဖို့ နောက်ဆုံးသော ကာလမှာ သူ့ရဲ့ တရားစီရင်ခြင်း အမှုကို ဆောင်ရွက်တယ်လို့ ဘုရားနှုတ်ကပတ်တော်ကနေ သိရတယ်။ ဘုရားရဲ့ ကယ်တင်ခြင်းအတွက် အရမ်းကျေးဇူးတင်မိတယ်။ အဲဒီကတည်းက အသင်းတော်မှာ ဧဝံဂေလိကို ကျွန်မ ဖြန့်နေခဲ့တာပါ။ စုဝေးပွဲမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်တယ်။ “ငါ၏နောက်ဆုံးအလုပ်သည် လူသားကို အပြစ်ပေးရန်အတွက်သာ မဟုတ်ဘဲ၊ လူသား၏ ပန်းတိုင်ကို စီစဉ်ရန် အတွက်လည်းဖြစ်၏။ ထိုထက်မက ယင်းသည် ငါ၏ ပြုမူလုပ်ဆောင်ချက်များကို လူအားလုံး အသိအမှတ်ပြုရန်အလို့ငှာ ဖြစ်သည်။ ငါပြုလုပ်ခဲ့သည့် အမှုအရာအားလုံးသည် မှန်ကန်ကြောင်းနှင့် ငါပြုလုပ်ခဲ့သည့် အမှုအရာ အားလုံးသည် ငါ၏ စိတ်သဘောထားကို ဖော်ပြခြင်းဖြစ်ကြောင်း လူခပ်သိမ်းတို့အား ငါသိစေလို၏။ လူသားမျိုးနွယ်ကို မွေးဖွားခဲ့သည့်အရာသည် လူသား၏လုပ်ဆောင်ချက် မဟုတ်၊ သဘာဝကြောင့် သာ၍ပင်မဟုတ်ဘဲ ဖန်ဆင်းခြင်းတွင် သက်ရှိအရာတိုင်းကို အာဟာရပေးသည်မှာ ငါ ဖြစ်သည်။ ငါမရှိလျှင် လူသားမျိုးနွယ်သည် ပျက်စီးခြင်းသို့သာ ရောက်ပြီး ကပ်ဘေးများစွာ၏ဒုက္ခကို ခံစားရလိမ့်မည်။ လှပသည့်နေနှင့်လ သို့မဟုတ် စိမ်းလန်းစိုပြေသည့် ကမ္ဘာမြေကို မည်သည့်လူသားမျှ နောက်ထပ် မြင်တွေ့ရလိမ့်မည် မဟုတ်ပေ။ လူသားမျိုးနွယ်သည် အလွန်အေးစက်သော ညများနှင့် ရှောင်လွှဲမရသည့် သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့်ဝှမ်းနှင့်သာ ကြုံတွေ့ရလိမ့်မည်။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော ကယ်တင်ရာဖြစ်၏။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော မျှော်လင့်ရာ ဖြစ်သည်သာမက၊ ငါသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ တည်ရှိခြင်းအတွက် တည်မှီရာဖြစ်သည်။ ငါမရှိလျှင် လူသားမျိုးနွယ်သည် ချက်ချင်း လုံးဝဥဿုံရပ်တန့်သွားမည်။ ငါ့ကို မည်သူမျှ အလေးမစိုက်သော်လည်း၊ ငါမရှိလျှင် လူသားမျိုးနွယ်သည် ရုတ်တရက် ဖြစ်ပွားသည့် ကပ်ဘေးဒဏ်ခံရပြီး တစ္ဆေအမျိုးမျိုးတို့၏ ဖဝါးအောက် နင်းချေခြင်းခံရလိမ့်မည်။ အခြားမည်သူမျှ မပြုနိုင်သည့်အမှုကို ငါပြုခဲ့ပြီဖြစ်ပြီး လူသားသည် ငါ့ကို အချို့သော ကောင်းမှုများဖြင့် ကျေးဇူးပြန်ဆပ်ရန်သာ ငါမျှော်လင့်သည်။ ငါ့ကို ကျေးဇူးဆပ်နိုင်သူတို့မှာ အလွန်နည်းပါးသော်လည်း၊ ငါသည် ဤလူ့လောကတွင် ငါ၏ခရီးကို အဆုံးသတ်ပြီး ငါ၏ဖွင့်လှစ်ပြခြင်းအမှု၏ နောက်တစ်ဆင့်ကို စတင်ဦးမည် ဖြစ်သည်၊ အကြောင်းမူကား ဤနှစ်ပေါင်းများစွာ လူသားအကြား ငါ၏ခေါက်တုံ့ခေါက်ပြန် အပူတပြင်း လုပ်ဆောင်မှုသည် အကျိုးဖြစ်ထွန်းပြီးဖြစ်၍ ငါသည် အလွန်ကျေနပ်၏။ ငါအရေးစိုက်သည်မှာ လူအရေအတွက် မဟုတ်ဘဲ၊ သူတို့၏ ကောင်းမှုများသာ ဖြစ်၏။ မည်သို့ပင်ဖြစ်စေကာမူ သင်တို့ကိုယ်တိုင်၏ ပန်းတိုင်အတွက် ကောင်းမှုများအလုံအလောက် သင်တို့ပြင်ဆင်မည်ဟု ငါမျှော်လင့်၏။ ထိုအခါ ငါကျေနပ်လိမ့်မည်။ သို့မဟုတ်ပါက သင်တို့ အပေါ်ကျရောက်လာမည့် ဘေးအန္တရာယ်ကို သင်တို့တစ်ဦးမျှ ရှောင်နိုင်မည် မဟုတ်။ ဤဘေးဒုက္ခသည် ငါ့ထံမှစတင်၍ ငါစီစဉ်ညွှန်ကြားခြင်း ဖြစ်သည်မှာ မှန်ပေသည်။ ငါ၏အမြင်၌ သင်တို့သည် ကောင်းမွန်ပုံ မပေါက်လျှင် သင်တို့သည် ဘေးဒုက္ခခံစားရခြင်းမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဘုရားနှုတ်ကပတ်တော် ဖတ်ရာကတစ်ဆင့် ကျွန်မ အရမ်း ခွန်အားရတယ်။ ကပ်ဘေးတွေက ကြီးသထက်ကြီးနေပြီး ဘုရားရဲ့ ပေါ်ထွန်ခြင်းကို တောင့်တကြသူ အတော်များများက သူ့အသံကို မကြားရသေးတော့၊ သူ့ရဲ့ နောက်ဆုံးသော ကာလ ကယ်တင်ခြင်းကို လက်မခံရသေးတော့ ကျွန်မ ပူပန်ပြီး စိတ်စောနေမိတယ်။ ဒါကြောင့် ပိုများတဲ့ လူတွေဆီ သူ့ရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိ ဖြန့်ရာမှာ လမ်းပြဖို့ ဘုရားဆီ တောင်းလျှောက်ရင်း ဆုတောင်းခဲ့တယ်။

၂၀၂၂ ခုနှစ် ဇူလိုင်လ အစောပိုင်းမှာ ရွာတစ်ရွာကို ဧဝံဂေလိ ဖြန့်ဖို့ ညီအစ်ကို မောင်နှမတချို့နဲ့ သွားခဲ့ကြတယ်။ အဲဒီနေရာမှာ တရားဟောတဲ့အတွက် ညီအစ်ကိုတစ်ယောက် အတိုင်ခံရပြီး အဖမ်းခံခဲ့ရပြီးပြီ။ ဒါကြောင့် ရွာသူကြီးက စီရင်စု အစိုးရအစည်းအဝေးကနေ ပြန်လာတိုင်း ရွာသားတွေကို ဘာသာရေးမလုပ်ဖို့ ပြောတယ်။ ယုံကြည်သူတစ်ယောက်ယောက် မိသွားရင် ဒဏ်ငွေအများကြီး ဆောင်ရမယ်၊ မဟုတ်ရင် အဖမ်းတောင်ခံရမှာ။ ဒါကြောင့် ကျွန်မတို့ ဟောတာကို ဘယ်သူမှ နားမထောင်ရဲကြဘူး။ သူတို့ နားမထောင်ခင် ရွာသူကြီးနဲ့ ကျွန်မတို့ စကားပြောသင့်တယ်လို့ ပြောကြတယ်။ ကျွန်မက အပြင်လူလေ။ ကျွန်မနဲ့ ဧဝံဂေလိ ဖြန့်သူတွေ အားလုံးက အနီးအနား ရွာတွေကဖြစ်ပြီး ရွာသူကြီးကို ကျွန်မတို့ မသိကြဘူး။ ဒေသခံတွေကလည်း သူ့ကို တွေ့ဖို့ ကျွန်မတို့ကို ခေါ်သွားမှာ မဟုတ်ဘူး။ ဒီအခက်အခဲတွေကို ဘယ်လိုဖြေရှင်းရမှန်း မသိခဲ့ကြဘူး။ ပြီးတော့ အချိန်မရွေး အတိုင်ခံရပြီး အဖမ်းခံရမဲ့ အန္တရာယ်ကလည်း ရှိနေတယ်။ လမ်းပြဖို့ ဘုရားဆီ တောင်းလျှောက်ရင်းနဲ့ ကျွန်မ ဆုတောင်းခဲ့တယ်။ စုဝေးပွဲမှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မတို့ ဖတ်ကြတယ်။ “အရာရာသည် ဘုရားသခင်၏ လက်၌ရှိပြီး လူသားများသည် သူနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရုံမျှ လုပ်ဆောင်နေကြခြင်း ဖြစ်သည်ကို သင် ယုံကြည်ခြင်း ရှိရမည်။ သင်၏ စိတ်နှလုံး စစ်မှန်ရိုးသားပါက၊ ဘုရားသခင်သည် မြင်လိမ့်မည်ဖြစ်ပြီး အခက်အခဲများကို မခက်ခဲစေတော့ဘဲလျက်၊ သင့်အတွက် လမ်းကြောင်းများအားလုံး ဖွင့်ပေးလိမ့်မည်။ ဤသည်မှာ သင် ရှိရမည့် ယုံကြည်ခြင်း ဖြစ်သည်။ ထို့ကြောင့် သင်၏ အစွမ်းအစအားလုံးကို သင် အသုံးပြုပြီး အင်တိုက်အားတိုက် ကြိုးစားဆောင်ရွက်သရွေ့ သင်တို့၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် သင်တို့သည် မည်သည့်အရာနှင့် ပတ်သက်၍မျှ စိုးရိမ်ဖို့ မလိုအပ်ပေ။ ဘုရားသခင်သည် အမှုအရာများကို သင့်အတွက် ခက်ခဲစေလိမ့်မည် မဟုတ် သို့မဟုတ် သင် မတတ်စွမ်းနိုင်သည့်အရာကို သင့်အား အတင်းအကျပ် လုပ်ဆောင်စေလိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်း၌ အရေးအကြီးဆုံးသောအရာမှာ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သူ၏နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေက ယုံကြည်ခြင်းနဲ့ ခွန်အားပေးတယ်လေ။ ဧဝံဂေလိဖြန့်တာ ဘယ်လိုပဲ ခက်ခဲပါစေ၊ အစိုးရက ကျွန်မတို့ကို ဘယ်လိုပဲ ဖိနှိပ်ပါစေ ရွာသူကြီးကို ကျွန်မ တွေ့လို့ရရ မရရ၊ အတိုင်ခံရပြီး အဖမ်းခံရခြင်း ရှိမရှိဆိုတာ ဘုရားလက်ထဲမှာ လုံးလုံးလျားလျား ရှိတယ်။ ဧဝံဂေလိ ဖြန့်ဝေတာက ဘုရားညွှန်ကြားချက်၊ ဘုရား ပြီးစီးစေချင်တဲ့ အရာတစ်ခုပဲ။ အဲဒါကို အစိုးရက ဖိနှိပ်ပြီး ရွာသူကြီးက ဟန့်တားရင်တောင် ဘုရားနိုင်ငံတော် ဧဝံဂေလိတရား ကျယ်ပြန့်တာကို သူတို့ တားဆီးနိုင်မှာ မဟုတ်ဘူး။ ဘုရားရဲ့သိုးတွေ သူ့ဆီ ပြန်သွားကြတာကို သူတို့ တားနိုင်မှာ မဟုတ်ဘူး။ အလုပ်မှာ ကျွန်မတို့အစွမ်းကုန် ကြိုးစားသရွေ့ ဘုရားက လမ်းပြပြီး ကျွန်မတို့အတွက် လမ်းကြောင်းတစ်ခု ဖွင့်ပေးမယ်ဆိုတာ သိခဲ့တယ်။ ဘုရားအလိုတော်ကို နားလည်လိုက်တာနဲ့ အားလုံးက ဧဝံဂေလိ ဖြန့်ဖို့ ယုံကြည်ချက် ရှိသွားကြတာပေါ့။ အနီးအနားရွာက ညီအစ်ကိုတစ်ယောက်က ရွာသူကြီးနဲ့ အမျိုးတော်နေခဲ့တယ်။ နောက်နေ့မှာ ရွာသူကြီးနဲ့ တွေ့ဖို့ ကျွန်မတို့ကို သူ ခေါ်သွားမယ်တဲ့။ အဲဒီညနေမှာ ကျွန်မတို့ ရွာကိုပြန်ရောက်ပြီး လူ့သဘာဝကောင်းရှိကြတဲ့ ဒေသခံတချို့ကို တရားသွားဟောကြတယ်။ ကျွန်မတို့ မိတ်သဟာယပြုနေရင်းနဲ့ မမျှော်လင့်ဘဲ လက်ထောက်ရွာသူကြီးနဲ့ ဘဏ္ဍာရေးမှူးက ပေါ်လာကြပြီး နည်းနည်း နားထောင်ပြီးတော့ ထွက်သွားကြတယ်။ ရွာသားတစ်ယောက်က ပြောတယ်၊ “ခင်ဗျားတို့ ဧဝံဂေလိ ဟောနေကြလား သူတို့ လာကြည့်ကြတာ။ ကျွန်တော်တို့ ထပ်ပြီး နားမထောင်သင့်တော့ဘူး။ အရင်ဆုံး ရွာသူကြီးနဲ့ သွားစကားပြောပါ။ သူ သဘောတူရင်း ထပ်နားထောင်မယ်”တဲ့။ ထွက်သွားဖို့ကလွဲလို့ ကျွန်မတို့မှာ ရွေးစရာမရှိခဲ့ဘူး။ အိမ်ပြန်ရောက်တော့ ကျွန်မ တော်တော် စိတ်ဓာတ်ကျမိတယ်။ ကျွန်မတို့ ဧဝံဂေလိ ဝေမျှနေတာကို လက်ထောက်ရွာသူကြီးက သိတယ်။ သူသာ တားဆီးရင် ရွာသားတွေက စစ်မှန်တဲ့ လမ်းခရီးကို တကယ် စုံစမ်းတော့မှာမဟုတ်ဘူး။ ပြီးတော့ အရင်က အဲဒီညီအစ်ကို အဖမ်းခံရတုန်းက ဘဏ္ဍာရေးမှူး တိုင်းကြားရာကနေ ဖြစ်ခဲ့တာလေ။ ကိုယ်တိုင် အဖမ်းခံရမှာကိုလည်း စိုးရိမ်ရင်းနဲ့ ရွာသူကြီးဆီ သွားစကားမပြောချင်ခဲ့ဘူး။ ကျွန်မရဲ့ အခြေအနေကို ကြီးကြပ်ရေးမှူးက သိသွားပြီး ကျွန်မကို မိတ်သဟာယပြုတယ်။ “အဲဒီအခြေအနေမျိုးနဲ့ ရင်ဆိုင်ရတော့ ငါတို့ နောက်ပြန်ဆုတ်လို့မရဘူး။ အဲဒီအခွင့်အရေးကို သူတို့နဲ့ ဧဝံဂေလိ ဝေမျှဖို့ ငါတို့ သုံးရမယ်။ ငါတို့တာဝန်တွေကို ဖြည့်ဆည်းသရွေ့ ဧဝံဂေလိကို သူတို့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ကျွန်မတို့ လိပ်ပြာသန့်မှာပဲ”တဲ့။ အဲဒီအချိန်မှာပဲ အရင်က ဖတ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို တွေးမိတယ်။ “ဧဝံဂေလိ ဖြန့်ဝေရာတွင် သင်၏တာဝန်ကို ဖြည့်ဆည်းပြီး သင် ဧဝံဂေလိဖြန့်ဝေသည့်သူတိုင်းကို စိတ်ပါလက်ပါ ကိုင်တွယ်ဖြေရှင်းရမည်။ ဘုရားသခင်သည် လူများကို ဖြစ်နိုင်သမျှ အကြီးမားဆုံး အတိုင်းအတာအထိ ကယ်တင်ပြီး၊ သင်သည် ဘုရားသခင်၏ အလိုတော်ကို အလေးဂရုပြုမည်။ စစ်မှန်သော လမ်းခရီးကို ရှာဖွေပြီး ဆင်ခြင်စဉ်းစားနေသည့် မည်သူ့ကိုမျှ ပေါ့ပေါ့တန်တန် လျစ်လျူမရှုရပေ။...မှန်သောလမ်းကို ၎င်းတို့သုံးသပ်ဆင်ခြင်နိုင်ပြီး သမ္မာတရားကို ရှာဖွေနိုင်သရွေ့ ၎င်းတို့ကို ဘုရားနှုတ်ကပတ်တော်များ ပို၍ ဖတ်ပြကာ သမ္မာတရားကို ပို၍ မိတ်သဟာယဖွဲ့ပေးရန်၊ ဘုရားသခင်၏ အမှုတော်ကို သက်သေခံပြီး ၎င်းတို့၏ အယူအဆများနှင့် မေးခွန်းများကို ဖြေရှင်းပေးရန် တတ်နိုင်သမျှ လုပ်ဆောင်သင့်သည်။ ဤနည်းအားဖြင့် ၎င်းတို့ကို ရရှိနိုင်ပြီး ဘုရားသခင်ရှေ့သို့ ခေါ်ဆောင်လာနိုင်ရန်အတွက်ဖြစ်သည်။ ဤသည်မှာ ဧဝံဂေလိဖြန့်ဝေခြင်း စည်းမျဉ်းများနှင့် ညီသောအရာဖြစ်၏။ သို့ဖြစ်လျှင် ၎င်းတို့ကို မည်သို့ရရှိနိုင်သနည်း။ ၎င်းတို့နှင့် ထိတွေ့ဆက်ဆံခြင်း ဖြစ်စဉ်တွင်၊ ဤပုဂ္ဂိုလ်သည် အစွမ်းအစကောင်းမွန်ပြီး လူ့သဘာဝကောင်းမွန်ကြောင်း သင် သေချာအောင် လေ့လာစိစစ်ပါက၊ သင့်တာဝန်ကို ဖြည့်ဆည်းရန် တတ်နိုင်သမျှ လုပ်ဆောင်ရမည်။ သင်သည် အဖိုးအခအချို့ ပေးဆပ်ရမည်ဖြစ်ပြီး အချို့သောနည်းလမ်းများနှင့် နည်းစနစ်များကို အသုံးပြုရမည်။ ၎င်းတို့ကို ရရှိဖို့ဖြစ်သရွေ့၊ မည်သည့်နည်းလမ်းများနှင့် နည်းစနစ်များကို သင် အသုံးပြုပါစေ အရေးမကြီးပေ။ အချုပ်အားဖြင့်ဆိုရသော် ၎င်းတို့ကို ရရှိရန်အလို့ငှာ သင့်တာဝန်ကို ဖြည့်ဆည်းရမည်၊ ချစ်ခြင်းမေတ္တာကို အသုံးပြုကာ အရာရာကို အစွမ်းကုန် လုပ်ဆောင်ရမည်ဖြစ်သည်။ သင်နားလည်သဘောပေါက်သည့် သမ္မာတရားအားလုံးကို မိတ်သဟာယပြုပြီး သင်လုပ်ဆောင်သင့်သည့် အရာအားလုံးကို လုပ်ဆောင်ရမည်ဖြစ်သည်။ ဤလူကို မရရှိခဲ့လျှင်ပင် သင်သည် လိပ်ပြာလုံသောစိတ်ဖြင့် ကျန်ရစ်လိမ့်မည်ဖြစ်သည်။ ဤသည်မှာ သင်လုပ်ဆောင်နိုင်သည့်အရာနှင့် လုပ်သင့်သည့်အရာအားလုံးကို လုပ်ဆောင်ခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ကျင့်ဝတ်သိက္ခာအရ ယုံကြည်သူများအားလုံး မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုဖြစ်သည်) တရားဟောနေချိန်မှာ လိပ်ပြာသန့်ဖို့ ကျွန်မတို့တာဝန်တွေကို ဖြည့်ဆည်းရမယ်လို့ ဘုရားနှုတ်ကပတ်တော်တွေက ပြောတယ်။ အဟောခံရတဲ့သူက စည်းမျဉ်းတွေနဲ့ ကိုက်ညီသရွေ့ ဖြစ်နိုင်တဲ့ ဘယ်နည်းနဲ့ဆို သူတို့ကို ဧဝံဂေလိ ဝေမျှသင့်တယ်။ ရွာသားတွေက စစ်မှန်တဲ့ လမ်းခရီးကို စုံစမ်းစစ်ဆေးဖို့ စိတ်ဝင်စားကြတယ်။ ဒဏ်ငွေဆောင်ရမှာ၊ အဖမ်းခံရမှာ ကြောက်ပြီး သူတို့ နားမထောင်ကြတာက အစိုးရရဲ့ ဖိနှိပ်မှုကြောင့်ပဲ ဖြစ်တယ်။ ကျွန်မတာဝန်ကို ကျွန်မ ဖြည့်ဆည်းပြီး သူတို့ရဲ့ ပြဿနာ၊ အခက်အခဲတွေကို ဖြေရှင်းပေးရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ပိုမိတ်သဟာယပြုသင့်တယ်။ ရွာသူကြီးက ဘုရားနှုတ်ကပတ်တော်ကို နားထောင်ဖို့ အသင့်ရှိပြီး သဘောကောင်းတယ်ဆိုရင် သူ့ကို တရားဟောဖို့ အစွမ်းကုန် ကြိုးစားသင့်တယ်။ အဲဒါက ကျွန်မတာဝန်ကို တကယ် ဖြည့်ဆည်းနေတာ ဖြစ်မှာပဲ။ ဒါပေမဲ့ အတိုင်ခံရပြီး အဖမ်းခံရမှာ ကြောက်လို့ ဧဝံဂေလိ မဝေမျှခဲ့ရင် ဘုရားကို ကျွန်မ အကြွေးတင်မှာ။ ဘုရားအလိုတော်ကို နားလည်လိုက်တာနဲ့ ရွာသူကြီးကို စကားပြောပြီး ရွာသားတွေကို တရားဟောဖို့ ယုံကြည်စိတ်ချမှု ရှိသွားတယ်။

နောက်နေ့မှာ အဲဒီညီအစ်ကိုက ကျွန်မတို့ကို သူကြီးအိမ်ကို ခေါ်သွားတယ်။ လက်ထောက်ရွာသူကြီးနဲ့ ဘဏ္ဍာရေးမှူးတွေလည်း အဲဒီမှာ ရှိနေကြတယ်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ဖြစ်တဲ့ ဘုရားရဲ့ အမှုတော် အဆင့်သုံးဆင့်နဲ့ ပတ်သက်လို့ အခု ကျွန်မတို့က နောက်ဆုံးသော ကာလမှာ ရှိပြီး အနန္တတန်ခိုးရှင် ဘုရားသခင်က ကြွလာတဲ့ ကယ်တင်ရှင် ဖြစ်တဲ့အကြောင်း ကျွန်မတို့ မိတ်သဟာယပြုခဲ့ကြတယ်။ သူက လူကို သန့်စင်၊ ကယ်တင်ဖို့ သမ္မာတရား ဖော်ပြပြီး တရားစီရင်ခြင်း အမှု ပြုနေတယ်။ ကပ်ဘေးတွေတစ်လျှောက် ဘုရားရဲ့ ကွယ်ကာခြင်းခံရပြီး သူ့နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ သူ့ရဲ့ တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းကို ကျွန်မတို့ လက်ခံရမယ်ပေါ့။ ရွာသူကြီးက စိတ်ဝင်စားသွားပြီး စုံစမ်းစစ်ဆေးချင်ခဲ့တယ်။ ဒါပေမဲ့ လက်ထောက် ရွာသူကြီးရော၊ ဘဏ္ဍာရေးမှူးကပါ အပေါက်ဆိုးတယ်။ သူတို့က ပြောတယ်။ “အစိုးရစကားကို ငါတို့ နားထောင်နေရတာ။ သူတို့က ဘာသာရေး ယုံကြည်မှုတွေကို ခွင့်မပြုလို့ ငါတို့ ယုံကြည်လို့မရဘူး။ မဟုတ်ရင် ငါတို့ အဖမ်းခံရမှာ”တဲ့။ သူတို့ရပ်တည်ချက်မှာ တကယ် ခိုင်မာနေတာ တွေ့တော့ သူတို့ကို ဘုရားဆီ အပ်နှံပြီး ဘုရားကို ဦးဆောင်ပေးဖို့ တောင်းလျှောက်ရင်း ကျွန်မ ဆုတောင်းတယ်။ အဲဒီနောက် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်တယ်။ “သင်၏နိုင်ငံသည် လတ်တလောတွင် ချမ်းသာကြွယ်ဝကောင်း ကြွယ်ဝနေနိုင်သည်၊ သို့သော် သင်၏ပြည်သူများကို ဘုရားသခင်ထံမှ လမ်းလွဲသွားရန် သင်ခွင့်ပြုပါက၊ သင်၏နိုင်ငံသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို တိုး၍တိုး၍ ဆုံးရှုံးသည်ကို မိမိဘာသာ တွေ့ရလိမ့်မည်။ သင့်နိုင်ငံ၏ လူ့ယဉ်ကျေးမှုအဖွဲ့အစည်းသည်လည်း ခြေဖဝါးအောက်တွင် တိုး၍တိုး၍ ချနင်းခံရလိမ့်မည်ဖြစ်ပြီး မကြာမီတွင် လူတို့သည် ဘုရားသခင်ကို ထကြွဆန့်ကျင်ပြီး ကောင်းကင်ဘုံကို ကျိန်ဆဲလာကြလိမ့်မည်။ ထိုသို့ဖြင့် လူသားမသိလိုက်ဘဲနှင့်၊ နိုင်ငံတစ်ခု၏ ကံကြမ္မာသည် ပျက်စီးဆုံးရှုံးသွားလိမ့်မည်။ ဘုရားသခင်သည် ဘုရားသခင်၏ကျိန်ခြင်းခံထားရသော ထိုနိုင်ငံများကို ကိုင်တွယ်ဖြေရှင်းရန် အင်အားကြီးနိုင်ငံများကို ပေါ်ထွန်းစေလိမ့်မည် ဖြစ်ပြီး ယင်းတို့ကို ကမ္ဘာမြေမျက်နှာပြင်ပေါ်မှ ဖယ်ရှားခြင်းပင် ပြုနိုင်သည်။ နိုင်ငံတစ်ခု သို့မဟုတ် လူမျိုးတစ်မျိုး၏ ပေါ်ထွန်းခြင်းနှင့် ကျဆုံးခြင်းသည် ထိုနိုင်ငံ၏ အုပ်ချုပ်သူများက ဘုရားသခင်ကို ကိုးကွယ်ခြင်း ရှိမရှိဆိုသည်နှင့် ၎င်းတို့၏ ပြည်သူများကို ဘုရားသခင်နှင့် သာ၍နီးကပ်စေပြီး ဘုရားသခင်ကို ကိုးကွယ်စေခြင်း ရှိမရှိ ဆိုသည့်အပေါ် အခြေခံသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်) ပြီးတော့ ကျွန်မ မိတ်သဟာယပြုတယ်။ “အခု အစိုးရက ယုံကြည်ခြင်းကို ခွင့်မပြုသလို ဘုရားကိုတောင် ဆန့်ကျင်တယ်။ ရှင်တို့က သူတို့စကား နားထောင်ပြီး မယုံကြည်ရဲကြဘူး။ ဘယ်သူက လူတွေကို တကယ် ကယ်တင်နိုင်တာလဲ။ ဘုရားလား၊ အစိုးရလား။ ကပ်ရောဂါက ဒီခေတ်မှာ ဆိုးသထက်ဆိုးလာနေတယ်။ ဆင်းရဲ၊ ချမ်းသာ၊ အင်အားကြီးပါစေ၊ အင်အားနည်းပါစေ လူသားတွေက ကပ်ဘေးနဲ့ ရင်ဆိုင်ရတဲ့အခါ အရေးမပါကြဘူး။ ဘယ်သူကမှ ကျွန်မတို့ကို စာတန်ရဲ့ တန်ခိုးကနေ မကယ်နိုင်ဘူး၊ ကပ်ဘေးတစ်လျှောက် မကာကွယ်ပေးနိုင်ဘူး။ ဘုရားကပဲ ကယ်တင်နိုင်တာ။ ဘုရားက လူကို ကယ်တင်ဖို့ သမ္မာတရား ဖော်ပြပြီး အမှုပြုရင်းနဲ့ နောက်ဆုံးသော ကာလမှာ လူ့ဇာတိခံပြီ။ ဒါက တစ်သက်မှာ တစ်ခါပဲရတဲ့ အခွင့်အရေးပဲ။ ရှင်တို့အားလုံးက ဒီရွာမှာ လူကြီးတွေချည်းပဲ။ ရွာသားတွေရဲ့ ကံကြမ္မာက သူတို့ကို ရှင်တို့ ဦးဆောင်ပုံပေါ် မူတည်တယ်။ သူတို့ကို ဘုရားကို ကိုးကွယ်ဖို့ မဦးဆောင်ဘဲ ဆန့်ကျင်ဖို့ ဦးဆောင်ရင် ဒီရွာက ပျက်စီးကိန်းကြုံမှာပဲ။ လူတိုင်းရဲ့ ကံကြမ္မာက ရှင်တို့အားလုံးကြောင့် ပျက်စီးသွားမှာပဲ”လို့ပေါ့။ အဲဒီအခါ ရွာသူကြီးက ပြောတယ်။ “လူတွေရဲ့ ကံကြမ္မာတွေက ဘုရားလက်ထဲမှာဆိုတာ ကျွန်တော် ယုံသလို ရွာသားတွေကို ဘုရားကို ယုံကြည်ဖို့ ဦးဆောင်လမ်းပြချင်ပါတယ်”တဲ့။ ဘဏ္ဍာရေးမှူးက ပြောတယ်။ “ယုံကြည်ခြင်းရှိတာ ကောင်းမှန်း သိပါတယ်။ ဒါပေမဲ့ အစိုးရကို မလိုက်နာရင် အဖမ်း ခံရမှာ။ ငါတို့ ဘာမှမတတ်နိုင်ဘူး”တဲ့။ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မတို့ ဖတ်ပြလိုက်တယ်။ “ဘုရားသခင် ရယူရန် အလိုရှိသည့်အရာကို မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့် တန်ခိုးအာဏာကမျှ မတားဆီးနိုင်သည်ကို ငါတို့ယုံကြည်သည်။ ဘုရားသခင်၏ အမှုကို နှောင့်ယှက်သူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆန့်ကျင်ကာ ဘုရားသခင်၏ အကြံအစည်ကို နှောင့်ယှက်ပြီး ထိခိုက်စေသူများသည် နောက်ဆုံးတွင် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံရကြလိမ့်မည်။ ဘုရားသခင်၏ အမှုကို အာခံဖီဆန်သူသည် ငရဲသို့ ပို့ခံရလိမ့်မည်။ ဘုရားသခင်၏ အမှုကို အာခံဖီဆန်သော မည်သည့်နိုင်ငံမဆိုသည် ဖျက်ဆီးခြင်းကိုခံရလိမ့်မည်။ ဘုရားသခင်၏ အမှုကို ဆန့်ကျင်ရန် ထကြွသည့် မည်သည့် လူမျိုးမဆိုသည် ဤကမ္ဘာမြေမှ ဖယ်ရှားခံရလိမ့်မည်ဖြစ်ပြီး အပြီးတိုင် ကွယ်ပျောက်သွားလိမ့်မည်။ လူမျိုးအားလုံး၊ နိုင်ငံအားလုံးနှင့် စက်မှုလုပ်ငန်း အားလုံး၏ လူများကို ဘုရားသခင်၏ အသံအား နားထောင်ရန်၊ ဘုရားသခင်၏ အမှုကို ရှုစားရန်နှင့် လူသားမျိုးနွယ်၏ ကံကြမ္မာကို အာရုံစိုက်ရန်၊ ဘုရားသခင်ကို အသန့်ရှင်းဆုံး၊ ဂုဏ်အသရေ အရှိဆုံး၊ အမြင့်မားဆုံးနှင့် လူသားမျိုးနွယ်အလယ် တစ်ခုတည်းသော ကိုးကွယ်ဆည်းကပ်ရာ ဖြစ်စေဖို့အလို့ငှာနှင့် အာဗြဟံ၏ သားစဉ်မြေးဆက်များက ယေဟောဝါ၏ ကတိတော်များအောက်၌ အသက်ရှင်ခဲ့ကြသကဲ့သို့ပင်၊ ပြီးလျှင် ပထမဦးစွာ ဘုရားသခင် ဖန်ဆင်းခဲ့သော အာဒံနှင့်ဧဝတို့က ဧဒင်ဥယျာဉ်ထဲတွင် အသက်ရှင် ခဲ့သကဲ့သို့ပင်၊ လူသားမျိုးနွယ် တစ်ရပ်လုံးအား ဘုရားသခင်၏ ကောင်းချီးမင်္ဂလာအောက်၌ အသက်ရှင်ခွင့်ပေးရန် ငါ တိုက်တွန်း၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်) ကျွန်မ မိတ်သဟာယပြုတယ်။ “ဘုရားရဲ့ စိတ်သဘောထားက ဘယ်လူသားရဲ့ ပုန်ကန်ပြစ်မှားမှုကိုမှ သည်းမခံဘူး။ သူ့အမှုတော်ကို ဆန့်ကျင်သူအားလုံးကို သူ အပြစ်ပေးမှာ။ အဲဒါ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားဖြစ်ပြီး ဘယ်သူမှ မလွတ်နိုင်ဘူး။ ကပ်ဘေးတွေက ဆက်တိုးပွားနေတယ်။ အဲဒါက လူသားမျိုးနွယ်အတွက် ဘုရားရဲ့ သတိပေးချက်အပြင် အပြစ်ပေးမှုပဲ။ တရုတ်နိုင်ငံက ဝင်ချွမ်ငလျင်လိုပေါ့။ အဲဒီက လူတွေက ဘုရားကို မကိုးကွယ်ကြဘူးလေ။ သူတို့ကို ညီအစ်ကို မောင်နှမတွေက ဧဝံဂေလိ ဝေမျှခဲ့ကြတယ်။ ဒါပေမဲ့ သူတို့က လက်မခံခဲ့ကြဘူး။ ညီအစ်ကို မောင်နှမတွေကိုတောင် စော်ကားပြီး ဘုရားကို ပြစ်မှားခဲ့ကြတယ်။ ငလျင်လှုပ်တော့ သူတို့အားလုံး ငိုကြွေးပြီး အံသွားခဲကြိတ်ကြပေမဲ့ နောင်တရတာ အရမ်းနောက်ကျသွားခဲ့တယ်။ မြန်မာက ဝပြည်နယ် တောင်ပိုင်းလည်း ဘုရားရဲ့ အမှုတော်ကို ဆန့်ကျင်တယ်။ ယုံကြည်သူတွေကို အစိုးရက မကြာခဏ ဖမ်းပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံတာ ခွင့်မပြုဘူး။ ဒီဇွန်လမှာ အဲဒီမှာ ရေကြီးပြီး အိမ်အတော်များများ ပါသွားတယ်။ ကပ်ဘေးကြီးတွေက ကျွန်မတို့ပေါ် ရောက်မလာသေးလို့ ဒါဟာ နောင်တရဖို့ ဘုရားက ကျွန်မတို့ကို အခွင့်အရေးတွေ ပေးနေတာပဲ။ ကပ်ဘေးတွေ ရောက်လာရင် နောင်တတွေ အရမ်းနောက်ကျသွားမယ်။ တခြားလူတွေကို စော်ကားတာ လုံးဝ ကိစ္စမရှိပေမဲ့ ဘုရားကို ခုခံတဲ့ အကျိုးဆက်တွေက ဆိုးရွားလိမ့်မယ်။ အရင်က ဘုရားကို ဆန့်ကျင်တာတွေ ကျွန်မတို့အားလုံး လုပ်ခဲ့ကြပေမဲ့ ဘုရားဆီမှာ နောင်တရလို့ စစ်မှန်တဲ့ လမ်းခရီးကို စုံစမ်းပြီး ဘုရားဘက်လှည့်အောင် ရွာသားတွေကို ဦးဆောင်လမ်းပြသရွေ့ ဘုရားက ကရုဏာထားပြီး ခွင့်လွှတ်မှာပဲ”လို့ပေါ့။ ကျွန်မ မိတ်သဟာယပြီးသွားတော့ ဘဏ္ဍာရေးမှူးရဲ့ သဘောထားက နည်းနည်း ပျော့လာသလို ထင်ရတယ်။ သူကြီးနဲ့ တခြားလူတွေအားလုံးက ရွာသားတွေကို ဧဝံဂေလိ ဝေမျှခွင့်ပေးဖို့ ကျွန်မတို့ကို သဘောတူကြတယ်။ နောက်နေ့မနက်မှာ ရွာသားတွေအားလုံးကို ကျွန်မတို့ ခေါ်ပြီး ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်နဲ့ ပတ်သက်တဲ့ သက်သေခံချက်ကို ပေးတယ်။ ၁၀ ရက်ကျော် မိတ်သဟာယပြုပြီးတဲ့နောက်မှာ သူကြီးနဲ့ လက်ထောက်သူကြီးအပါအဝင် ရွာထဲက လူ ၄၀ ကျော်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံခဲ့ကြတယ်။ စုဝေးပွဲတွေမှာ ထက်ထက်သန်သန် ပါဝင်ပြီး တခြားလူတွေကို တရားဒေသနာတွေ လာနားထောင်ခိုင်းပြီးတော့ ဘုရားနှုတ်ကပတ်တော်ကို သူတို့ တောင့်တကြတယ်။ နောက်ပိုင်းမှာ ညီအစ်ကို မောင်နှမတွေ အတူ ပူးပေါင်းပြီး ကြိုးစားအလုပ်လုပ်လိုက်တော့ မြန်မာရွာသားတော်တော်များများ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံခဲ့ကြတယ်။

ဧဝံဂေလိ ဖြန့်လို့ ကျွန်မ သုံးလေးကြိမ် အတိုင်ခံခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ ယုံကြည်တာကို ဇာတိမြို့က လူအများစုက သိကြပြီး ရဲတွေက ကျွန်မကို နေရာတိုင်းမှာ လိုက်ရှာနေကြတယ်။ ကျွန်မက အိမ်မှာမရှိတော့ ကျွန်မမိဘအိမ်ကို သူတို့သွားပြီး မယုံကြည်သူဖြစ်တဲ့ ကျွန်မအမေကို ဖမ်းပြီး ချုပ်ထားလိုက်ကြတယ်။ ကျွန်မ ဒေါသထွက်မိတယ်။ ကျွန်မရဲ့ ယုံကြည်ခြင်းက မှန်ကန်ပြီး သင့်တော်သလို ဧဝံဂေလိ ဝေမျှတာကလည်း လုပ်သင့်တဲ့အရာပဲလေ။ ကျွန်မရဲ့ ယုံကြည်ခြင်းကြောင့် အစိုးရက ကျွန်မကို နေရာတကာ လိုက်ရှာနေခဲ့သလို ကျွန်မကို မမိမချင်း ကျွန်မအမေကို လွှတ်မှာမဟုတ်ဘူးတဲ့။ တရားမျှတမှုက ဘယ်မှာလဲ။ ကျွန်မအမေ အဖမ်းခံရတာ ကျွန်မရဲ့ ယုံကြည်ချက်ကြောင့်လို့ပြောပြီး မိသားစုက ကျွန်မကို နားမလည်ခဲ့ကြဘူး။ ကျွန်မကို ဖုန်းဆက်ပြီး အကြင်နာမဲ့တယ်လို့ စွပ်စွဲကြတယ်။ ကျွန်မကိုယ်ကျွန်မ ရဲလက်အပ်သင့်တယ်လို့တောင် အစ်ကိုနဲ့အစ်မက ပြောကြတယ်။ ကျွန်မ စိတ်ဆင်းရဲပြီး ကျွန်မအမေ ဒုက္ခခံရမှာကို စိုးရိမ်ခဲ့တယ်။ ဧဝံဂေလိကို ဆက်ဝေမျှနေခဲ့ပေမဲ့ အရင်လောက် မတက်ကြွတော့ဘူး။ နာကျင်မှုနဲ့ ဘုရားဆီ ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်၊ ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုက အရမ်းနည်းပါတယ်။ ကျွန်မအမေ အဖမ်းခံရပြီး မိသားစုက နာလည်မှုမရှိပါဘူး။ ကျွန်မတကယ် စိတ်ဆင်းရဲပါတယ်။ ကျေးဇူးပြုပြီး ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင် ကျွန်မကို ယုံကြည်ခြင်း ပေးပါ”ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ခဲ့တယ်။ “သင်တို့အကြားတွင် ဥပဒေ၏ အကာအကွယ်ပေးခြင်းခံရသည့် လူတစ်ဦးမျှမရှိပေ- ယင်းအစား၊ သင်တို့သည် ဥပဒေ၏ ဒဏ်ခတ်အရေးယူခြင်းကို ခံကြရ၏။ သာ၍ ခက်ခဲသည်မှာ လူတို့သည် သင်တို့ကို နားမလည်ကြပေ- သင်တို့၏ ဆွေမျိုးများ၊ သင်တို့၏ မိဘများ၊ သင်တို့၏ မိတ်ဆွေများ သို့မဟုတ် သင်တို့၏ လုပ်ဖော်ကိုင်ဖက်များ ဖြစ်စေ၊ ၎င်းတို့ထဲမှ မည်သူမျှ သင်တို့ကို နားမလည်ကြပေ။ ဘုရားသခင်က သင်တို့ကို ‘စွန့်ပစ်’ သည့်အခါတွင်၊ ကမ္ဘာမြေပေါ်တွင် ဆက်လက် အသက်ရှင်ရန် သင်တို့အတွက် မဖြစ်နိုင်ပေ၊ သို့သော်ငြားလည်း လူတို့သည် ဘုရားသခင်နှင့် ဝေးကွာ၍မနေနိုင်ကြပေ၊ ယင်းမှာ လူတို့ကို ဘုရားသခင် သိမ်းပိုက်ခြင်းနှင့်ဆိုင်သော အရေးပါမှုဖြစ်ပြီး၊ ဘုရားသခင်၏ ဘုန်းအသရေ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ အရှိုက်ကို တကယ် ထိတယ်။ ယုံကြည်သူတွေအနနဲ့ ဧဝံဂေလိ ဝေမျှပြီး ဘဝမှာ မှန်တဲ့ လမ်းကြောင်းလျှောက်တာက ဒီလောကမှာ အဖြောင့်မတ်ဆုံးအရာပဲ။ ဒါပေမဲ့ ဘုရားကိုဆန့်ကျင်တဲ့ နိုင်ငံတွေမှာ ယုံကြည်သူတွေက ဥပဒေရေးရာ ကာကွယ်မှု မရတဲ့အပြင် ရှုတ်ချပြီး အဖမ်းခံရသလို သူတို့ရဲ့ မိသားစုဝင်တွေတောင် အမှုပတ်ကြရတယ်။ အစိုးရပြောတာက ဆေးမှောင်ခိုတွေနဲ့ လူသတ်သမားတွေကို လွတ်ငြိမ်းချမ်းသာပေးလို့ရတယ်။ ယုံကြည်သူတွေကိုပဲ လွတ်ငြိမ်းချမ်းသာပေးလို့မရတာတဲ့။ ပြီးတော့ ယုံကြည်သူတစ်ယောက် အမိခံလိုက်ရတာနဲ့ ဒဏ်ငွေပေးရတယ်၊ ထောင်ချခံရတယ်၊ ဒါမှမဟုတ် အလုပ်သမားအနေနဲ့ အရာရှိတစ်ယောက်ဆီ အပို့ခံရတယ်။ ယုံကြည်သူတွေက လူလို လုံးဝ မဆက်ဆံခံရဘူး။ ဒါက အင်မတန် မှောင်မိုက်၊ ဆိုးယုတ်တဲ့ နိုင်ငံပဲ။ ဘုရားကို ဆန့်ကျင်တဲ့ ခေတ်သစ် သောဒုံမြို့ပဲ။ ဒီခေတ်မှာ ယုံကြည်သူဖြစ်တာ၊ ဘုရားနောက်လိုက်တာက နှိပ်စက်ခံရမဲ့သဘောပဲ။ ဒါပေမဲ့ ဘုရားအလိုတော်ကို ကျွန်မ နားလည်ခဲ့တယ်။ ကျွန်မအနေနဲ့ စာတန်ကို ငြင်းပယ်၊ စွန့်လွှတ်‌ပြီး ဘုရားဘက်ကို တကယ်လှည့်နိုင်အောင်လို့ ဘုရားကို ဆန့်ကျင်တဲ့ အစိုးရရဲ့ ဆိုးယုတ်တဲ့ အနှစ်သာရအပေါ် ချင့်ချိန်နိုင်စွမ်း ရရှိခွင့်ပေးနေရင်းနဲ့ ဘုရားက ကျွန်မရဲ့ ယုံကြည်ခြင်းကို စုံလင်စေဖို့ အဲဒီအခက်အခဲတွေကို သုံးနေခဲ့တာပဲ။ ဘုရားအလိုတော်ကို နားလည်တာနဲ့ အဲဒီလောက် ဆိုးဆိုးရွားရွား မခံစားမိတော့ဘူး။ ဘုရားပေါ် မှီခိုပြီး ဧဝံဂေလိ ဆက်ဝေမျှဖို့ အသင့်ဖြစ်ခဲ့တယ်။

နောက်ပိုင်းမှာ ယုံကြည်သူအသစ်တွေကို ခေါ်ပြီး ဘုရားအမှုတော်ကို သိပြီး သူ့အလိုတော်ကို နားလည်အောင် ကူညီပေးဖို့ ဘုရားနှုတ်ကပတ်တော်တွေနဲ့ ပတ်သက်လို့ မိတ်သဟာယပေးခဲ့တယ်။ ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းတစ်ပုဒ်ကို ကျွန်မတို့ အတူနားထောင်ခဲ့တယ်။ “ဆုံးရှုံးတဲ့အချိန်ကို ဘယ်တော့မှပြန်မရ။” “နိုးထလော့၊ ညီအစ်ကိုတို့။ နိုးထလော့၊ ညီအစ်မတို့။ ငါ၏နေ့ရက်သည် ကြန့်ကြာလိမ့်မည်မဟုတ်။ အချိန်သည် အသက်ဖြစ်ပြီး၊ အချိန်ကို ပြန်လည် မလွှတ်တမ်း အသုံးချဖို့ဆိုသည်မှာ အသက်ကို ကယ်တင်ဖို့ဖြစ်၏။ အချိန်သည် အလှမ်းမဝေးလှပေ။ အကယ်၍ သင်တို့သည် ကောလိပ် ဝင်ခွင့်စာမေးပွဲ ကျရှုံး ပါက၊ သင်တို့ ကြိုက်နှစ်သက်သလောက် အကြိမ်များစွာ လေ့လာပြီး ပြန်ဖြေနိုင်သည်။ သို့သော် ငါ၏နေ့ရက်သည် နောက်ထပ် ကြန့်ကြာခြင်းကို သည်းခံလိမ့်မည်မဟုတ်။ အမှတ်ရကြလော့။ အမှတ်ရကြလော့။ ငါသည် သင်တို့ကို ဤကောင်းမြတ်သော နှုတ်ကပတ်တော်များဖြင့် တိုက်တွန်း၏။ ကမ္ဘာကြီး၏ နိဂုံးသည် သင်တို့၏မျက်စိရှေ့တွင် ဖွင့်ဟကာ ကြီးမားသော ဘေးဒုက္ခတို့သည် ရုတ်ခြည်းနီးကပ် လာကြ၏။ မည်သည့်အရာ သာ၍ အရေးကြီးသနည်း- သင်တို့၏ အသက်တာလော သို့မဟုတ် သင်တို့၏အိပ်စက်ခြင်း၊ သင်တို့၏အစားအသောက်နှင့် အဝတ်အစားတို့လော။ ဤအရာများကို ချိန်ဆရန် သင့်အတွက် အချိန်ကျရောက်လာလေပြီ။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) ဓမ္မသီချင်းကို နားထောင်ပြီးတဲ့နောက်မှာ ကျွန်မ မိတ်သဟာယပြုခဲ့တယ်။ “စာတန်ရဲ့ အင်အားစုတွေ ပြိုလဲပြီး နောက်ထပ် ဖိနှိပ်မှု မရှိတော့တာနဲ့ ယုံကြည်မယ်လို့ တချို့က ပြောပေမဲ့ အဲဒီအခါ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ဖြစ်တဲ့ ဘုရားအမှုတော် ပြီးသွားတော့မှာဖြစ်ပြီး ဘုရားရဲ့ ကယ်တင်ခြင်းရဖို့ ကျွန်မတို့ရဲ့ အခွင့်အရေး လုံးလုံး ဆုံးရှုံးသွားကြမှာ။ အစိုးရရဲ့ ကန့်သတ်မှုကို ကျွန်မတို့ ခံရပြီး သူတို့က မယုံကြည်ခိုင်းလို့ ကျွန်မတို့က မယုံကြည်ရဲဘူးဆိုရင် အဲဒီအစား အစိုးရက ကျွန်မတို့ကို ကယ်တင်နိုင်လို့လား။ ဘယ်ကယ်တင်နိုင်ပါ့မလဲ။ ဘုရားပဲ ကယ်နိုင်တာ။ သူတို့ပြောတာ နားထောင်ပြီး မယုံကြည်ရင် နောက်ဆုံးသောကာလမှာ ဘုရားရဲ့ ကယ်တင်ခြင်းကို ကျွန်မတို့ ဆုံးရှုံးသွားမှာ။ ဘုရားအမှုတော် အဆုံးသတ်တဲ့အခါ အစိုးရနဲ့အတူ ကျွန်မတို့ ပျက်စီးသွားကြရမှာပဲ။ ကျွန်မတို့ရဲ့ ယုံကြည်ခြင်းကြောင့် အစိုးရရဲ့ ဖိနှိပ်မှုနဲ့ အဖမ်းအဆီးတွေကနေ ကျွန်မတို့ ဒုက္ခခံရပေမဲ့ ဒီဆင်းရဲဒုက္ခက တန်ဖိုးရှိတယ်။ ဘုရားရဲ့ ကယ်တင်ခြင်း ရချင်ရင် ကျွန်မတို့ အဖိုးအခပေးရမယ်။ ပြီးတော့ ဘုရားက အရာရာအပေါ် အုပ်စိုးလို့ ကျွန်မတို့ အဖမ်းခံရခြင်း ရှိမရှိက သူ့လက်ထဲမှာ လုံးလုံး ရှိတယ်။ ကျွန်မတို့ အဖမ်းခံရရင် အဲဒါ ဘုရားရဲ့ ခွင့်ပြုချက်နဲ့ပဲ။ သူ့ကို ကျွန်မတို့ ကျိုးနွံနာခံပြီး သင်ခန်းစာယူသင့်တယ်”လို့ပေါ့။ ပြီးတော့ နောက်ထပ် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ကျွန်မ ဖတ်ခဲ့ကြတယ်။ “‘အောင်မြင်သောသူများ’ အဖြစ် ဘုရားသခင် ရည်ညွှန်းသောသူများမှာ စာတန်၏ လွှမ်းမိုးမှုအောက်နှင့် စာတန်၏ ဝိုင်းထားခြင်းခံရချိန်၊ ဆိုလိုသည်မှာ အမှောင်အင်အားများ အလယ်တွင် မိမိတို့ကိုယ်ကိုယ် တွေ့ရချိန်တွင် သက်သေရပ်တည်နိုင်ကြဆဲ ဖြစ်ပြီး ဘုရားသခင်၌ မိမိတို့၏ယုံကြည်စိတ်ချမှုနှင့် ကိုးကွယ် ဆက်ကပ်မှုတို့ကို ထိန်းသိမ်းနိုင်ကြဆဲ ဖြစ်သောသူများ ဖြစ်သည်။ သင်သည် မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏ ရှေ့မှောက်တွင် ဖြူစင်သော စိတ်နှလုံးကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပြီး ဘုရားသခင်အတွက် သင်၏ ရိုးသားစစ်မှန်သော ချစ်ခြင်းမေတ္တာကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပါက၊ သင်သည် ဘုရားသခင်၏ ရှေ့တွင် သက်သေရပ်တည်နေခြင်း ဖြစ်ပြီး ဤသည်မှာ ဘုရားသခင်က ‘အောင်မြင်သောသူ’ တစ်ဦး ဖြစ်ခြင်းအဖြစ် ရည်ညွှန်းသော အရာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ထံ သင်၏ကိုးကွယ်ဆည်းကပ်ခြင်းကို ထိန်းသိမ်းသင့်သည်)ဘုရားသခင်သည် လူသားကို သူကယ်တင်သည့်အချိန်တွင် စာတန်ကို မဖျက်ဆီးရသည့်အကြောင်းအရင်းမှာ လူသားများကို စာတန်က မည်သို့ ဖျက်ဆီးခဲ့ကြောင်း၊ လူသားများကို ဖျက်ဆီးခဲ့သည့် အတိုင်းအတာနှင့် ဘုရားသခင်က လူသားတို့ကို မည်သို့ သန့်စင်ပြီး ကယ်တင်ကြောင်းတို့ကို လူသားများ ရှင်းလင်းစွာ မြင်နိုင်ဖို့ဖြစ်သည်ကို သင်သည် ယခုအခါ သိမြင်သင့်ပေသည်။ အဆုံးတွင် လူတို့သည် သမ္မာတရားကို နားလည်ပြီး စာတန်၏ စက်ဆုပ်ဖွယ် အမူအရာကို ရှင်းရှင်းလင်းလင်းမြင်ပြီး၊ ၎င်းတို့ကို စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းနှင့်သက်ဆိုင်သော ကြောက်စရာကောင်းသော အပြစ်တရားကို ရှုမြင်ပြီးသည့်အခါတွင် ဘုရားသခင်သည် စာတန်ကို ဖျက်ဆီးကာ လူတို့အား သူ၏ ဖြောင့်မတ်ခြင်းကို ပြလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ကျွန်မ မိတ်သဟာယပြုတယ်။ “ဘုရားက အစိုးရရဲ့ ဖိနှိပ်မှုနဲ့ အဖမ်းအဆီးတွေကို ခွင့်ပြုတာဖြစ်တယ်။ ဒါက ကျွန်မတို့ ဘုရားကို တကယ် ယုံကြည်လား၊ ယုံကြည်ချက် ရှိမရှိဆိုတာကို စစ်ဆေးနေတာ။ ဒီဖိနှိပ်မှုနဲ့ အခက်အခဲကတစ်ဆင့် ကျွန်မတို့ ယုံကြည်ခြင်းကို ထိန်းသိမ်းနိုင်ပြီး၊ အပျက်သဘောဆောင်ပြီးနောက်မတွန့်ဘဲ၊ ဘုရားကို သစ္စာမဖောက်ဘဲ အဲဒီအစား ဘုရားနောက် ဆက်လိုက်၊ စုဝေးပြီး ဧဝံဂေလိ ဝေမျှရင် အဲဒါက သက်သေခံချက်ရှိတာဖြစ်ပြီး စာတန်က အရှက်ရ၊ ရှုံးနှိမ့်မှာပဲ။ အဲဒီဆင်းရဲဒုက္ခက တန်ဖိုးရှိတယ်။ ဘာလို့ ဘုရားက စာတန်ကို ခုပဲ မဖျက်ဆီးလိုက်တာလဲ။ အဲဒါက ကျွန်မတို့ကို အကောင်းနဲ့ အဆိုးလည်း သိစေရင်းနဲ့ အောင်မြင်သူတစ်စုကို စုံလင်စေဖို့ နည်းလမ်းတစ်ခုအနေနဲ့ စာတန်ကို သုံးဖို့ဖြစ်တယ်။ လူတွေကို ကယ်တင်ဖို့ ဘုရားအမှုပြုပုံနဲ့ စာတန်က လူတွေကို ဖောက်ပြန်ပျက်စီးစေပြီး ထိခိုက်စေပုံကိုလည်း မြင်နိုင်တယ်။ အဲဒီလိုနဲ့ တစ်နေ့ စာတန်ကို ဘုရားက ဖျက်ဆီးတဲ့အခါ ဘုရားဖြောင့်မတ်ပုံကို ကျွန်မတို့ မြင်မယ်။ ဘုရားက စာတန်ကို ဒီအတိုင်း တိုက်ရိုက် ချေမှုန်းလိုက်ရင် စာတန်အပေါ် ကျွန်မတို့ ချင့်ချိန်နိုင်စွမ်းရှိမှာ မဟုတ်သလို မုန်းပြီး စွန့်လွှတ်မှာ မဟုတ်ဘူး။ ဘုရားကိုဆန့်ကျင်တဲ့ စာတန်ရဲ့ အစိုးရတွေလိုပေါ့။ သူတို့က ဟန်ဆောင်ပြီး လှည့်ဖြားရာမှာ တကယ် တော်ကြတယ်။ ကောင်းမှုတချို့ သူတို့ လုပ်ပုံရတဲ့အခါ လူတွေ သူတို့ကို ကြည်ညိုကြဖို့သက်သက်ပါပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ နောက်ဆုံးသောကာလမှာ ပေါ်ထွန်းပြီး အမှုပြုနေတယ်။ အဲဒီအစိုးရတွေရဲ့ မကောင်းဆိုးဝါးဆန်တဲ့ ဘုရားကိုဆန့်ကျင်တဲ့ အနှစ်သာရကို သူ ဖော်ထုတ်ပြီးပြီ။ သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ငြင်းပယ်ပြီး ရှုတ်ချကြတယ်။ ပြီးတော့ သူ့ရဲ့ ယုံကြည်သူတွေကို ဖမ်းတယ်၊ ဒဏ်ငွေရိုက်ပြီး စီရင်ချက်ချလို့ ထောင်ချတယ်။ သူတို့က လူတွေ သူ့ကို ကိုးကွယ်အောင်လုပ်ပြီး ဘုရားကို ယုံကြည်ခွင့်နဲ့ နောက်လိုက်ခွင့်မပေးတဲ့ နတ်ဆိုး စာတန်လိုပါပဲ။ နောက်ဆုံးမှာ ငရဲထဲကို အားလုံး ကျဆင်းမှာဖြစ်ပြီး စာတန်နဲ့အတူ အပြစ်ပေးခံရမှာ”လို့ပေါ့။ မိတ်သဟာယပြီးတဲ့နောက်မှာ လူသစ်တွေက ချင့်ချိန်နိုင်စွမ်းနဲ့ ယုံကြည်ခြင်း ရှိသွားကြပြီး အားလုံးက စုဝေးပွဲမှာ တက်တက်ကြွကြွ ပါဝင်ကြတယ်။ ကျွန်မ တကယ် ဝမ်းသာသွားတယ်။

အဲဒီနောက်မှာ အဲဒီ ယုံကြည်သူသစ်တွေက သူတို့ရဲ့ ချစ်ရသူတွေကို တရားဒေသနာတွေ နားထောင်ဖို့ ခေါ်လာကြတယ်။ ရက်နည်းနည်းအကြာမှာ အဲဒီရွာကနေ လူ ၈၀ ကျော်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလအမှုတော်ကို လက်ခံခဲ့ကြတယ်။ ဘုရားရဲ့ ဉာဏ်ပညာကို စာတန်ရဲ့ လှည့်ကွက်တွေပေါ် အခြေခံပြီး ကျင့်သုံးသွားတာကို ကျွန်မ မြင်ခဲ့ရတယ်။ ဧဝံဂေလိအလုပ်ကို တားဆီးဖို့ ကျွန်မတို့ စိတ်ပျက်ပြီး စိတ်မချမ်းမသာဖြစ်အောင် စာတန်က လှည့်ကွက်မျိုးစုံ သုံးပေမဲ့ ဘုရားနှုတ်ကပတ်တော်က ယုံကြည်ခြင်းနဲ့ ခွန်အားပေးတယ်။ ဧဝံဂေလိ ဝေမျှရာမှာ ကျွန်မတို့ အစွမ်းကုန်လုပ်ပြီး ဘုရားရဲ့ လမ်းပြမှုနဲ့ ကောင်းချီးတွေကို မြင်ခဲ့တယ်။ ဘုရားကို ကျွန်မ တကယ် ကျေးဇူးတင်မိတယ်။ ဘယ်လူသားကမှ ဘုရား ပြည့်စုံစေချင်တဲ့အရာကို တားဆီးလို့မရတာကို ကျွန်မ မြင်ခဲ့ပြီး၊ ဧဝံဂေလိ ဝေမျှဖို့အတွက် ပိုလို့တောင် ယုံကြည်ခြင်း ရရှိခဲ့တယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

လူသစ်တွေကို လေ့ကျင့်ပေးရင်း ကျွန်တော် ထုတ်ဖော်ခံရတယ်

ရှောင်ဇောင် ဂရိနိုင်ငံ နိုင်ငံတော်ဧဝံဂေလိတရား ပျံ့နှံ့လာတာနဲ့အမျှ၊ ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ကို စုံစမ်းတဲ့လူတွေက တစ်နေ့တခြား...

မနာလိုခြင်းက သင့်ကို လွှမ်းမိုးမသွားစေနှင့်

လီဖန်း တရုတ်နိုင်ငံ ကျွန်မက ၂၀၁၇ နွေရာသီမှာ အသင်းတော်ခေါင်းဆောင်အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ အလုပ်လိုအပ်ချက်တွေကြောင့် အထက်ခေါင်းဆောင်က...

ယုံကြည်သူတစ်ဦးက သူ၏ အသက်အရွယ်ကြီးရင့်သည့် နှစ်ကာလများတွင် ရင်ဆိုင်ရသည့် အခက်အခဲများ

ကျန့်ချီ တရုတ်နိုင်ငံ ၂၀၀၇ ခုနှစ် ဆောင်းဦးရာသီမှာ ကျွန်တော့်မိန်းမနဲ့ ကျွန်တော်က ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ကြတယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။