ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် မိမိကိုယ်ကိုယ် သိရှိခြင်း
ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ပြောပါတယ်- “နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၂ ခုနှစ်တုန်းက ခရိုင် ဆုံးဖြတ်ချက်ချတဲ့အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ကျွန်မ ရွေးကောက်တင်မြှောက်ခဲ့ပြီး အသင်းတော်တချို့ရဲ့ အလုပ်အတွက် တာဝန်ယူခဲ့ရတယ်။ ကျွန်မက မော်ဝီဘာသာစကားနဲ့ တရုတ်စကားကို ပြောတတ်တော့ ညီအစ်ကိုမောင်နှမတွေကို ဘာသာပြန်ရာမှာ ခဏခဏ ကူညီပေးခဲ့ရပြီး အသင်းတော်ရဲ့အလုပ်ကို လိုက်လုပ်ဖို့ အချိန်အများကြီး မရှိခဲ့ဘူး။ ကျွန်မ စိတ်အရမ်းပူခဲ့တယ်။ အသင်းတော်ခေါင်းဆောင်တချို့က အခုမှ လေ့ကျင့်နေကြတုန်းဆိုတော့ သူတို့အလုပ်ကို ဘယ်လိုလုပ်ရမလဲဆိုတာ မသိကြဘူးလေ။ ကျွန်မသာ အသင်းတော်ခေါင်းဆောင်တွေကို အမြန်ဆုံး ပျိုးထောင်မပေးဘူးဆိုရင် အလုပ်အများစုကို ကျွန်မတစ်ယောက်တည်း လုပ်ရမှာ၊ အဲဒါဆိုရင် အရမ်းအလုပ်များပြီး ပင်ပန်းမှာပဲ။ ကျွန်မ စိတ်ထဲမှာ တော်တော် အတိုက်အခံဖြစ်ခဲ့တယ်။ တစ်ယောက်ယောက်က ကျွန်မကို ဘာသာပြန်ခိုင်းတိုင်း၊ ကျွန်မတာဝန်ယူထားတဲ့ အသင်းတော်တွေရဲ့အလုပ်နဲ့ မပတ်သက်ဘူးဆိုရင် ကျွန်မ သူတို့ကို လျစ်လျူရှုချင်ခဲ့တယ်။
၂၀၂၂ ခုနှစ်အကုန်မှာ ခရိုင်ဆုံးဖြတ်ချက်ချအဖွဲ့ရဲ့ ခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင် ရာထူးနေရာတွေအတွက် ရွေးကောက်ပွဲလုပ်ဖို့ ရှိခဲ့တယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ့မှာ ဒီအသင်းတော်တွေရဲ့အလုပ်အတွက် တာဝန်ယူရတာနဲ့တင် အလုပ်တွေက အများကြီးရှိနေပြီ။ ငါသာ အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရရင် တာဝန်ယူရမယ့် နယ်ပယ်က ပိုကျယ်လာပြီး ပိုပြီးတော့တောင် အလုပ် ရှုပ်လာမှာ မဟုတ်ဘူးလား။ ငါသာ အရွေးမခံရရင် ကောင်းမှာပဲ။ ဒါဆိုရင် ငါ သိပ်ပြီး စိတ်ပူစရာမလိုတော့ဘူး၊ ငါ့ရဲ့ ဇာတိပကတိက ဒီလောက်ကြီး ပင်ပန်းမှာမဟုတ်တော့ဘူး” လို့ပေါ့။ ဒါပေမဲ့ မဲတွေကို ကြေညာတဲ့အခါမှာတော့ ကျွန်မကို ခရိုင်ဆုံးဖြတ်ချက်ချအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြတယ်။ ကျွန်မ မြန်မြန်ဆန်ဆန်ပဲ ဆင်ခြေတွေပေးတာပေါ့။ “ကျွန်မက ဝန်တာထားတဲ့စိတ် မရှိတဲ့လူတစ်ယောက်ပါ။ ကျွန်မက ပျင်းတယ်၊ တကယ့်အလုပ်လည်း မလုပ်ပါဘူး။ ပြီးတော့ တော်တော်လေးလည်း လှည့်ဖြားတတ်ပါတယ်” လို့ပေါ့။ ကျွန်မ ဘယ်လိုလှည့်ဖြားတတ်တယ်ဆိုတာကို ဥပမာတွေတောင် ပေးလိုက်သေးတယ်။ အဲဒီနောက် ကျွန်မ ဆက်ပြောတယ်၊ “ကျွန်မက ငယ်သေးတော့ မတည်ငြိမ်သေးဘူး၊ အဖွဲ့ခေါင်းဆောင်လုပ်ဖို့ မသင့်တော်ပါဘူး။ တခြားညီအစ်ကိုမောင်နှမတစ်ယောက်ယောက်ကိုပဲ လုပ်ခိုင်းလိုက်ပါ” လို့ပေါ့။ အစ်မတစ်ယောက်က ပြောတယ်၊ “အစ်မ တာဝန်ကိုတောင် မထမ်းဆောင်ရသေးဘူး၊ အခုတည်းက စပြီးအလျှော့ပေးနေပြီ။ ဇာတိပကတိရဲ့ ဘောင်ခတ်ချုပ်နှောင်တာကို ခံနေရပြီ” တဲ့။ ဒီစကားကိုကြားတော့ ကျွန်မ ရင်ထဲ စူးသွားတယ်။ စုဝေးပြီးတဲ့နောက်မှာ ကျွန်မ စိတ်ထဲမှာ အရမ်းကို မချမ်းမသာဖြစ်ခဲ့ရတယ်။ တာဝန်တွေကို ခေါင်းရှောင်တာဟာ ဘုရားသခင်ကို ပုန်ကန်တာပဲ၊ သူ့အပေါ်မှာ ကျိုးနွံနာခံတဲ့စိတ်နှလုံး မရှိတာပဲဆိုတာကို ကျွန်မသိတယ်။ အဲဒီနောက်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခဲ့တယ်။ ကျွန်မ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို သတိရသွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ရိုးသားသောသူတစ်ဦး၏ အရေးအကြီးဆုံး သရုပ်သကန်မှာ ကိစ္စအားလုံးတွင် သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ အရေးအပါဆုံးဖြစ်သည်။ သင်သည် ရိုးသားသည်ဟု ဆိုသော်လည်း အစဉ်သဖြင့် ဘုရားနှုတ်ကပတ်တော်ကို စိတ်ထဲတွင် မထားဘဲ သင် အလိုရှိသမျှကို လုပ်ဆောင်သည်။ ဤသည်မှာ ရိုးသားသူတစ်ယောက်ဖြစ်ကြောင်း သရုပ်သကန် ဖြစ်သလော။ သင်က ‘ငါ့အစွမ်းအစက ညံ့သော်လည်း ငါ့ထံတွင် ရိုးသားသည့် စိတ်နှလုံးရှိသည်’ ဟု ဆိုသည်။ သို့တိုင်အောင် တာဝန်တစ်ခုသည် သင့်အပေါ်သို့ ကျရောက်သောအခါ ဒုက္ခခံရမည်ကိုလည်းကောင်း၊ သင်သည် ကောင်းစွာ မလုပ်ဆောင်လျှင် တာဝန်ခံရမည်ကိုလည်းကောင်း ကြောက်သည်။ ထို့ကြောင့် သင်၏တာဝန်ကို ရှောင်ရန်အတွက် ဆင်ခြေများပေးသည်။ သို့မဟုတ် အခြားလူတစ်ယောက်ကို လုပ်ဆောင်ဖို့ အကြံပြုသည်။ ဤသည်မှာ ရိုးသားသူတစ်ယောက် ဖြစ်ကြောင်း သရုပ်သကန်ဖြစ်သလော။ မဖြစ်သည်မှာ သိသာထင်ရှား၏။ ဤသို့ဆိုလျှင် ရိုးသားသူတစ်ယောက်က မည်သို့ ပြုမူသင့်သနည်း။ ဘုရားသခင်၏ အစီအစဉ်များကို နာခံသင့်သည်။ မိမိထမ်းဆောင်ရမည့် တာဝန်တွင် သစ္စာစောင့်သိခြင်းရှိရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းဖို့ ကြိုးပမ်းရမည်။ ဤအရာသည် နည်းလမ်းအချို့ဖြင့် သူ့ဘာသာသူ ပေါ်လွင်ထင်ရှားလေသည်။ တစ်ခုမှာ ရိုးသားသော နှလုံးသားတစ်ခုဖြင့် မိမိတာဝန်ကို လက်ခံခြင်း၊ သင်၏ ဇာတိပကတိ အကျိုးစီးပွားများကို မစဉ်းစားခြင်း၊ ဤအရာနှင့်ပတ်သက်ပြီး စိတ်မပါ့တပါ မဖြစ်ခြင်း၊ သို့မဟုတ် သင်၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် ကြံစည်မှုမရှိခြင်းဖြစ်သည်။ ယင်းတို့သည် ရိုးသားမှု၏ သရုပ်သကန်များဖြစ်သည်။ အခြားတစ်ခုမှာ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း၌ စိတ်နှလုံး အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ ထည့်ထားခြင်း၊ အမှုအရာများကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို ကျေနပ်စေရန်အတွက် သင်၏တာဝန်အပေါ် သင်၏ စိတ်နှလုံးနှင့် ချစ်ခြင်းကို မြုပ်နှံခြင်းတို့ဖြစ်သည်။ ဤအရာတို့သည် ရိုးသားသူတစ်ယောက်က မိမိတာဝန်ကို ထမ်းဆောင်စဉ်တွင် ရှိသင့်သည့် သရုပ်သကန်များဖြစ်သည်။ သင်သည် မည်သည့်အရာလုပ်ဆောင်ရမည်ကို နားလည်ပြီး သိသော်လည်း ယင်းကို သင်မလုပ်ဆောင်လျှင် သင်သည် သင်၏ တာဝန်တွင် စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ ထည့်နေခြင်း မဟုတ်ပေ။ ထိုအစား သင်သည် မရိုးသားဘဲ အချောင်ခိုရန် နည်းလမ်းများ ရှာနေခြင်းဖြစ်သည်။ မိမိတို့၏တာဝန်များကို ဤနည်းလမ်းဖြင့် ထမ်းဆောင်ကြသောသူများသည် ရိုးသားကြသလော။ လုံးဝ မရိုးသားပေ။ ဘုရားသခင်က ဤသို့သောစိတ်မချရသလို လှည့်စားတတ်သည့်သူများကို အသုံးမပြုပေ။ ၎င်းတို့ကို ဖယ်ရှားရှင်းလင်းရမည်။ ဘုရားသခင်သည် တာဝန်များကို ထမ်းဆောင်ရန် ရိုးသားသောလူများကိုသာ အသုံးပြုသည်။ သစ္စာစောင့်သိသော အလုပ်လုပ်ပေးသူများသည်ပင် ရိုးသားရမည်။ အစဉ်သဖြင့် ဝတ်ကျေတမ်းကျေလုပ်ကာ ဉာဏ်များပြီး အချောင်ခိုရန် နည်းလမ်းများကို အမြဲရှာနေသော သူများအားလုံးသည် လှည့်စားတတ်ကြသည်။ ပြီးလျှင် ၎င်းတို့အားလုံးသည် မကောင်းဆိုးဝါးများဖြစ်သည်။ ၎င်းတို့ထဲမှ မည်သူကမျှ ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ကြပေ။ ၎င်းတို့အားလုံးသည် ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်။ လူအချို့က ‘ရိုးသားသောလူတစ်ဦး ဖြစ်ခြင်းသည် အမှန်တရားကို ပြောပြီး မုသား မပြောခြင်းသာ ဖြစ်သည်။ ရိုးသားသူတစ်ဦး ဖြစ်ရန်မှာ လွယ်ကူပေသည်၊ တကယ်ပင်ဖြစ်သည်’ ဟု ထင်ကြသည်။ ဤခံယူချက်ကို သင်မည်သို့ထင်မြင်သနည်း။ ရိုးသားသူတစ်ဦး ဖြစ်ခြင်းသည် အတိုင်းအတာ အလွန်ပင် ကျဉ်းမြောင်းသလော။ လုံးဝ မဟုတ်ပေ။ သင်သည် သင်၏ စိတ်နှလုံးကို ထုတ်ဖော်ပြီး ဘုရားသခင်ကို ပေးရမည် ဖြစ်သည်။ ဤသည်မှာ ရိုးသားသောလူတစ်ဦး ရှိသင့်သည့် သဘောထားဖြစ်သည်။ ထိုအကြောင်းကြောင့် ရိုးသားသည့်နှလုံးသားတစ်ခုသည် အလွန် အဖိုးတန်လေသည်။ ဤအရာက မည်သည်ကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ ရိုးသားသောစိတ်နှလုံးသည် သင်၏ အပြုအမူကို ထိန်းချုပ်နိုင်ပြီး သင်၏အခြေအနေကို ပြောင်းလဲနိုင်သည်ဟုဖြစ်သည်။ ယင်းက သင့်အား မှန်ကန်သော ရွေးချယ်မှုများပြုစေပြီး ဘုရားသခင်ကို နာခံနိုင်စေကာ သူ၏ လက်ခံမှုရစေသည်။ ဤကဲ့သို့သော စိတ်နှလုံးတစ်ခုသည် အမှန်တကယ်ကို အဖိုးတန်လေသည်။ သင့်တွင် ဤကဲ့သို့ရိုးသားသော စိတ်နှလုံးတစ်ခုရှိပါက ဤသည်မှာ သင်နေထိုင်သင့်သည့် အခြေအနေ၊ သင်ပြုမူနေထိုင်သင့်သည့်ပုံနှင့် သင့်ကိုယ်သင် ထုတ်ဖော်ပြသင့်သည့်ပုံ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မမြင်ခဲ့ရတာက ရိုးသားတဲ့လူတစ်ယောက်ဟာ ဘယ်လိုတာဝန်မျိုးပဲကျရောက်လာပါစေ၊ အဲဒါက သူ့အတွက် အကျိုးရှိရှိမရှိရှိ၊ သူ့ရဲ့ ဇာတိပကတိက ဘယ်လောက်ပဲ ဒုက္ခခံရပါစေ၊ ရိုးသားတဲ့စိတ်နှလုံးနဲ့ လက်ခံမှာပဲ။ အဲဒီနောက်မှာ ကိုယ်ကျိုးစီးပွားကို ထည့်မစဉ်းစားဘဲ ဘုရားသခင်ကို ဘယ်လိုကျေနပ်စေမလဲဆိုတာကိုပဲ တွေးပြီး သူတို့လုပ်နိုင်သမျှအရာအားလုံးကို အစွမ်းကုန် လုပ်ဆောင်ကြတယ်။ ဒီလိုလူမျိုးကသာ ဘုရားသခင်ချစ်တဲ့ ရိုးသားတဲ့လူဖြစ်တယ်။ ကျွန်မက ဒုက္ခမခံချင်၊ အဖိုးအခမပေးဆပ်ချင်လို့ ရွေးကောက်ပွဲကနေ ကိုယ့်ကိုယ်ကိုယ်ဖယ်ထုတ်ပြီး ထွက်ပြေးချင်ခဲ့တယ်။ အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးကောက်ခံရပြီးတဲ့နောက်မှာ ဒါက အရမ်းအရေးကြီးတဲ့ တာဝန်တစ်ခုမှန်း၊ အလုပ်တာဝန်တွေအများကြီးကို ကျွန်မ တာဝန်ယူရမယ်မှန်း သိလို့ ကျွန်မ ဒီတာဝန်ကို ထမ်းဆောင်ချင်စိတ် မရှိခဲ့ဘူး။ ပြီးတော့ ဒီတာဝန်ကို ကောင်းကောင်းထမ်းဆောင်နိုင်ဖို့အတွက် ကျွန်မရဲ့ ဇာတိပကတိက ဒုက္ခတွေအများကြီးခံရမှာဖြစ်ပြီး စိတ်ပူစရာတွေလဲ အများကြီးရှိလာမယ်။ အဲဒီတာဝန်ကို ခေါင်းရှောင်ဖို့ ကြိုးစားခဲ့တယ်၊ ကိုယ့်ရဲ့ ငယ်ရွယ်မှု၊ တည်ငြိမ်မှုမရှိတာနဲ့ လှည့်ဖြားတတ်တဲ့ စိတ်သဘောထားတွေကို ဆင်ခြေအဖြစ်သုံးပြီး၊ အဖွဲ့ခေါင်းဆောင်လုပ်ဖို့ မသင့်တော်ဘူးလို့ပြောရင်းပေါ့။ ဘုရားသခင်ရဲ့ အိမ်တော်က ကျွန်မကို အချိန်အကြာကြီး ပျိုးထောင်ပေးခဲ့ပေမဲ့ အရေးကြီးတဲ့အချိန်ကျတော့ ကျွန်မက ကိုယ့်တာဝန်ကို ခေါင်းရှောင်ခဲ့တယ်။ ကျွန်မမှာ တကယ်ကို အသိစိတ်နဲ့ ဆင်ခြင်တုံတရား တစ်စက်မှ မရှိခဲ့ဘူး။ ကျွန်မက တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်လိုက်တာ။ ဖန်ဆင်းခံတစ်ဦးအနေနဲ့ ကျွန်မ ထမ်းဆောင်သင့်တဲ့ တာဝန်ကိုတောင် မထမ်းဆောင်ချင်ခဲ့ဘူး။ ဒီလိုမျိုး အသက်ရှင်နေတာက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။ ဒီအချိန်မှာ ဓမ္မတေးတစ်ပုဒ်ထဲက စာသားတချို့ကို ကျွန်မ သတိရလိုက်တယ်။ “လူတို့သည် ဘုရားသခင်ကို အနည်းငယ်မျှပင် နှစ်သိမ့်မှု မပေးကြသကဲ့သို့ ဤနေ့ထိတိုင် လူသားမျိုးနွယ်ထံမှ စစ်မှန်သော ချစ်ခြင်းမေတ္တာကို သူ မရရှိသေးပေ။” ကျွန်မ မျက်ရည်တွေကျလာတယ်၊ ဒါနဲ့ အဲဒီဘုရားနှုတ်ကပတ်တော် ဓမ္မတေးကို ကျွန်မ ရှာလိုက်တယ်။
လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ မှန်ကန်ကာ စစ်မှန်သည်
၁ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် လူ့ဇာတိ၌ သူ ပြုသည့် အမှု၊ လူတို့ကို ကိုယ်တိုင်ကိုယ်ကျ ကယ်တင်ခြင်း၊ လူတို့နှင့် တေ့တေ့ဆိုင်ဆိုင် စကားပြောခြင်းနှင့် ၎င်းတို့နှင့်အတူ နီးကပ်စွာ အသက်ရှင်ခြင်းတို့တွင် အဓိက ထင်ရှားပေသည်။ အနည်းငယ်မျှ အလှမ်းဝေးခြင်းမရှိသကဲ့သို့ ဟန်ဆောင်မှု မရှိ။ စစ်မှန်ပေ၏။ လူသားမျိုးနွယ်အပေါ် သူ၏ ကယ်တင်ခြင်း ထိုသို့ဖြစ်သည်မှာ သူသည် လူ့ဇာတိခံယူနိုင်ခဲ့ပြီး လောကတွင် လူသားများနှင့် စိတ်မချမ်းမြေ့စရာ နှစ်ကာလများကို ကုန်ဆုံးနိုင်ခြင်းသည် လူသားမျိုးနွယ်အတွက် သူ၏ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာကြောင့်သာ ဖြစ်ပေသည်။
၂ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အကြွင်းမဲ့ဖြစ်ပြီး တောင်းဆိုချက်များ မပြုပေ။ အပြန်အလှန်အနေဖြင့် ၎င်းတို့ထံမှ မည်သည့်အရာကို သူ ရရှိနိုင်သနည်း။ လူတို့သည် ဘုရားသခင်အပေါ် အေးစက်စက်နိုင်၏။ အဘယ်သူသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောထားနိုင်သနည်း။ လူတို့သည် ဘုရားသခင်ကို အနည်းငယ်မျှပင် နှစ်သိမ့်မှု မပေးကြသကဲ့သို့ ဤနေ့ထိတိုင် လူသားမျိုးနွယ်ထံမှ စစ်မှန်သော ချစ်ခြင်းမေတ္တာကို သူ မရရှိသေးပေ။ ဘုရားသခင်သည် ကိုယ်ကျိုးမငဲ့စွာဖြင့် ပေးမြဲပေးကာ ကိုယ်ကျိုးမငဲ့စွာဖြင့် ထောက်ပံ့မြဲထောက်ပံ့နေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို သင်သိသလော
ဓမ္မတေးကို နားထောင်ပြီးတဲ့နောက်မှာ ကျွန်မ အရမ်းကို စိတ်နှလုံး တို့ထိခံစားရပြီး နည်းနည်း အပြစ်ရှိသလို ခံစားမိတယ်။ ကျွန်မ မျက်ရည်တွေကို မထိန်းနိုင်ခဲ့ဘူး။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာက အရမ်းကို စစ်မှန်ပြီး လက်တွေ့ကျတယ်။ ဘုရားသခင်က အရမ်း မြင့်မြတ်ပြီး သန့်ရှင်းကြီးမြတ်လှပေမဲ့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် ကိုယ်တိုင် လူ့ဇာတိခံပြီး လူ့လောကကို ကြွလာခဲ့တယ်၊ ဖောက်ပြန်ပျက်စီးနေတဲ့ လူသားတွေနဲ့အတူ အသက်ရှင်ခဲ့တယ်၊ လူတွေကို ထောက်ပံ့ဖို့နဲ့ ဦးဆောင်လမ်းပြဖို့ သမ္မာတရားကို ဖော်ပြခဲ့တယ်၊ ပြီးတော့ လူတွေကို စစ်ဆေးဖို့နဲ့ သန့်စင်ဖို့ ပတ်ဝန်းကျင်အမျိုးမျိုးကို ဖန်တီးပေးခဲ့တယ်။ ဘုရားသခင်က လူသားအပေါ်မှာ စိတ်နှလုံးအကြွင်းမဲ့ ထားရှိတယ်။ ကျွန်မကတော့ ကိုယ့်တာဝန်ကို ထမ်းဆောင်ရာမှာ ဝန်ထုပ်ဝန်ပိုးကြီးကြီးမားမားကို မထမ်းဆောင်ချင်ခဲ့ဘဲ အဖိုးအခနည်းနည်းလေးတောင် မပေးချင်၊ အသေးအဖွဲ ဒုက္ခလေးတောင် မခံချင်ခဲ့ဘူး။ ကျွန်မ ဘုရားသခင်ကို အရမ်းအကြွေးတင်သလို ခံစားရတယ်။ ဘုရားသခင်က ကျွန်မကို အများကြီးပေးခဲ့ပေမဲ့ ကျွန်မက ကိုယ်တော့်ရဲ့ ရည်ရွယ်ချက်ကို အလေးမထားခဲ့ဘဲ ကိုယ့်အကျိုးစီးပွားကိုပဲ ထည့်စဉ်းစားခဲ့တယ်၊ ဇာတိပကတိ ဒုက္ခရောက်မှာစိုးလို့ ကိုယ့်တာဝန်ကို ခေါင်းရှောင်ခဲ့တယ်။ ကျွန်မက တကယ်ကို အသိစိတ် လုံးဝ ကင်းမဲ့နေခဲ့တာပဲ။
ကျွန်မ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မည်သည့် တာဝန်မျိုးကို သင် ထမ်းဆောင်ပြီး မည်သည့် စေခိုင်းချက်မျိုးကို ဘုရားသခင်ထံမှ သင်လက်ခံသည်ဖြစ်စေ၊ သင့်အပေါ် သူ၏ သတ်မှတ်ချက်များ မပြောင်းလဲပေ။ ဘုရားသခင်၏ သတ်မှတ်ချက်များကို သင်နားလည်ပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်သည် သင့်ဘေးတွင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင် နားလည်သည့်အတိုင်း သူ၏ သတ်မှတ်ချက်များနှင့်အညီ သင်သည် လက်တွေ့လုပ်ဆောင်ရမည်၊ သင်၏ တာဝန်ကို ထမ်းဆောင်ကာ သင့်အပေါ် ဘုရားသခင်၏ စေခိုင်းချက်ကို ပြီးမြောက်ရမည်ဖြစ်သည်။ ဤသို့ဖြင့်သာ သင်သည် ဘုရားသခင် ယုံကြည်စိတ်ချရသည့်၊ စံနှုန်းပြည့်မီပြီး ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် ထိုက်တန်သည့်သူ၊ အရာခပ်သိမ်း၏ အရှင်သခင်တစ်ဦး ဧကန်အမှန် ဖြစ်လာနိုင်ပေသည်။...ဘုရားနှုတ်ကပတ်တော်များနှင့် တောင်းဆိုချက်များကို အာရုံစိုက်ပြီး သမ္မာတရားကို လိုက်စားလာကာ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်၍ ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်အောင် ဆောင်ရွက်လော့၊ ပြီးလျှင် ဘုရားသခင်၏ အနှစ်ခြောက်ထောင် စောင့်ဆိုင်းခဲ့ရခြင်းကိုလည်းကောင်း၊ သူ၏ အနှစ်ခြောက်ထောင် မျှော်လင့်စောင့်စားခဲ့ရခြင်းကိုလည်းကောင်း စိတ်ပျက်အောင် လုပ်ခြင်းမှ ရှောင်ကြဉ်လော့။ ဘုရားသခင်ကို နှစ်သိမ့်မှုအချို့ ပေးလော့။ သူ့အား သင့်ထဲတွင် မျှော်လင့်ချက်အချို့ကို မြင်ခွင့်ပေးပြီး သူ၏ ဆန္ဒများ သင့်အထဲ၌ အကောင်အထည် ဖော်ခွင့်ပေးလော့။ ငါ့ကို ပြောလော့၊ ထိုသို့ သင်လုပ်ဆောင်ခဲ့ပါက ဘုရားသခင်သည် သင့်ကို မတရားသဖြင့် ဆက်ဆံမည်လော။ ဧကန်မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ လူတို့သည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မတို့တွေ သမ္မာတရားကို လိုက်စားဖို့၊ ကိုယ့်တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်ဖို့၊ ဘုရားသခင်ကို ကျိုးနွံနာခံဖို့၊ ကိုယ့်စိတ်နှလုံးကို ဘုရားသခင်ဆီ အပ်နှံဖို့၊ ကိုယ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ဖို့၊ ပြီးတော့ စံချိန်မီတဲ့ ဖန်ဆင်းခံတွေ ဖြစ်လာဖို့က ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ဖြစ်မှန်း ကျွန်မ ခံစားမိခဲ့တယ်။ ဒါက ဘုရားသခင် အမြင်ချင်ဆုံးအရာပဲ။ ကျွန်မ ခရိုင် ဆုံးဖြတ်ချက်ချအဖွဲ့ ခေါင်းဆောင်အဖြစ် ရွေးကောက်ခံရတုန်းက ဘုရားသခင်ရဲ့ မျှော်လင့်ချက်က ကျွန်မကို တာဝန်ထမ်းဆောင်ရင်း သမ္မာတရားရှာဖွေစေဖို့၊ ပြီးတော့ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားနဲ့ပတ်သက်ပြီး မိတ်သဟာယဖွဲ့တာကို လက်တွေ့လုပ်ဆောင်စေဖို့ပဲ။ ဒါ့အပြင် အလုပ်ကို အလေးအနက်ထားပြီး တာဝန်တွေကို ထမ်းရွက်ဖို့၊ နောက်ဆုံးမှာ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်နိုင်ပြီး သမ္မာတရားကို ရရှိဖို့၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ခံရဖို့ပဲ။ ဒါကို နားလည်သွားတဲ့အခါ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြင်းပြင်းထန်ထန် အပြစ်တင်မိတယ်။ ဘုရားသခင်ပေးခဲ့တဲ့ အခွင့်အရေးကို တန်ဖိုးမထားဘဲ ကိုယ့်တာဝန်ကို လက်မခံခဲ့မိတာကို နောင်တရတယ်။ ဘုရားသခင်က ကျွန်မကို နောက်ထပ်အခွင့်အရေးတစ်ခု ထပ်ပေးပါစေလို့ ဘယ်လောက်တောင် မျှော်လင့်ခဲ့လိုက်သလဲ။ နောက်တစ်ခေါက် အခွင့်အရေးသာရရင် ကျွန်မ သေချာပေါက် ကျိုးနွံနာခံမယ်၊ ဒီလိုမျိုး ဘုရားသခင်ကို ဘယ်တော့မှ ပုန်ကန်တော့မှာ မဟုတ်ဘူးလို့ စိတ်ပိုင်းဖြတ်လိုက်တယ်။ ဒါကြောင့် ကျွန်မ ဘုရားသခင်ဆီကို ဆုတောင်းလိုက်တယ်၊ “အို ချစ်ရပါသော ဘုရားသခင်၊ ကိုယ်တော့်ရဲ့ စီစဉ်မှုအားလုံးကို သမီး ကျိုးနွံနာခံဖို့ ဆန္ဒရှိပါတယ်။ နောင်မှာ ဘယ်လိုတာဝန်မျိုးပဲဖြစ်ဖြစ် သမီး လက်ခံပြီး ကောင်းကောင်းထမ်းဆောင်သွားဖို့ ဆန္ဒရှိပါတယ်” လို့ပေါ့။ နောက်ပိုင်းမှာ အထက်ပိုင်းခေါင်းဆောင်တွေက ကျွန်မ နုတ်ထွက်တာကို သဘောမတူဘဲ အဖွဲ့ခေါင်းဆောင်အဖြစ် ဆက်လုပ်ခိုင်းခဲ့တယ်။ ကျွန်မ အရမ်းပျော်သွားတယ်။ ဘုရားသခင်က ကျွန်မရဲ့ စိတ်နှလုံးကို သိပြီး နောက်ထပ်အခွင့်အရေးတစ်ခု ပေးခဲ့တာပဲ၊ ကျွန်မ ဒါကို တန်ဖိုးထားရမယ်။ အဲဒီနောက်မှာ ကျွန်မ စပြီး အလုပ်တွေကို တက်တက်ကြွကြွ လိုက်လုပ်ခဲ့တယ်၊ ညတိုင်း စုဝေးပွဲတွေပြီးတဲ့အခါမှာ ဆုံးဖြတ်ချက်ချတဲ့အဖွဲ့က ညီအစ်ကိုမောင်နှမတွေနဲ့ အလုပ်ထဲက ပြဿနာတွေကို အကျဉ်းချုံး သုံးသပ်ခဲ့တယ်။ တစ်ခါတလေ အလုပ်တွေများပြီး ဇာတိပကတိက နည်းနည်းပင်ပန်းပေမဲ့ အရင်တုန်းကလိုမျိုး ကိုယ့်တာဝန်ကို ခေါင်းမရှောင်ခဲ့တော့ဘူး။
၂၀၂၃ ခုနှစ်မှာ အသင်းတော်တချို့ကို ပြန်လည်ဖွဲ့စည်းရမှာဖြစ်လို့ ခေါင်းဆောင်တွေနဲ့ သင်းထောက်တွေကို ရွေးကောက်ပွဲလုပ်ရတော့ ကျွန်မရဲ့ အလုပ်ပမာဏက အများကြီး တိုးလာခဲ့တယ်။ နေ့တိုင်းလိုလို အရမ်း ညဉ့်နက်တဲ့အထိ အလုပ်များခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မ ဒါက အရမ်းကို ဒုက္ခများပြီး ပင်ပန်းလွန်းတယ်လို့ ခံစားမိတယ်။ မကြာခင်မှာပဲ အသင်းတော်က ရွေးကောက်ပွဲအသစ်တစ်ခု ကျင်းပခဲ့တယ်၊ ကျွန်မလည်း ဒီအခွင့်အရေးကို အသုံးချပြီး ခရိုင် ဆုံးဖြတ်ချက်ချတဲ့အဖွဲ့က ရာထူးကို စွန့်လွှတ်ပြီး ပိုပေါ့ပါးတဲ့ တာဝန်တစ်ခုကို ထမ်းဆောင်ချင်ခဲ့တယ်။ ဒီအချိန်မှာ ကျွန်မက ကိုယ့်ရဲ့ ဇာတိပကတိကို ပြန်ပြီး အလေးထားချင်နေပြီဆိုတာကို သဘောပေါက်လိုက်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်အောင် လမ်းပြပေးဖို့ ကျွန်မရဲ့စိတ်နှလုံးထဲကနေ ဘုရားသခင်ကို တိုင်တည်ခဲ့တယ်။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးနှစ်ပုဒ်က ကျွန်မစိတ်ထဲကို ဝင်လာခဲ့တယ်။
ဘုရားသခင်၏စကားနာခံ လိုက်နာနိုင်သူတို့ကို ဘုရားသခင်တန်ဖိုးထား
ဘုရားသခင်အဖို့၊ လူတစ်ယောက် ကြီးမြတ်သည်ဖြစ်စေ သို့မဟုတ် အရေးမပါသည်ဖြစ်စေ၊ ၎င်းတို့အနေဖြင့် သူ့ကို နားထောင်နိုင်သရွေ့၊ သူ၏ညွှန်ကြားချက်များနှင့် သူ ပေးအပ်သည့်အရာကို ကျိုးနွံနာခံနိုင်သရွေ့၊ ပြီးလျှင် သူ၏အလိုနှင့် သူ၏အစီအစဉ်တို့ ချောမွေ့စွာ ဖြည့်ဆည်းနိုင်ရန်အလို့ငှာ သူ၏အမှု၊ သူ၏အလိုနှင့် သူ၏ အစီအစဉ်တို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သရွေ့၊ ထိုလုပ်ရပ်သည် သူ၏ အမှတ်ရခြင်းနှင့် ကောင်းချီးမင်္ဂလာကို ရရှိဖို့ ထိုက်တန်ပေသည်။ ဘုရားသခင်သည် ထိုသို့သောလူများကို တန်ဖိုးထားသည်။ ၎င်းတို့၏ လုပ်ဆောင်ချက်များကို သူ မြတ်နိုးတန်ဖိုးထားပြီး ဤစိတ်ရင်းအမှန်နှင့် သူ့အပေါ် ၎င်းတို့ ပြသည့် ဤစိတ်နှလုံးကို သူ မြတ်နိုးတန်ဖိုးထားသည်။ ဤသည်မှာ ဘုရားသခင်၏ သဘောထား ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)
လူ့နှလုံးသားကိုဘုရားအဓိကကြည့်
ဘုရားသခင်က ၎င်းတို့ကို ပေးအပ်သည့်အရာကို လူတစ်ဦးက လက်ခံလိုက်သည့်အခါ၊ ၎င်းတို့၏ လုပ်ရပ်များက ကောင်းသည် ဆိုးသည်၊ ပြီးလျှင် ထိုလူက ကျိုးနွံနာခံသည် မနာခံသည်၊ ထိုလူက ဘုရားသခင်၏ရည်ရွယ်ချက်များကို ဖြည့်ဆည်းပေးသည် မဖြည့်ဆည်းပေးသည်ဆိုသည်နှင့် ၎င်းတို့ လုပ်ဆောင်သည့် အရာသည် စံမီသည် မမီသည်ကို အကဲဖြတ်ခြင်းအတွက် ဘုရားသခင်ထံတွင် စံနှုန်းတစ်ခုရှိပေသည်။ ဘုရားသခင် ဂရုစိုက်သည့်အရာမှာ လူ၏စိတ်နှလုံး ဖြစ်သည်၊ အပေါ်ယံက ၎င်းတို့၏ လုပ်ရပ်များမဟုတ်ပေ။ ၎င်းတို့ မည်သို့လုပ်ဆောင်သည်ကို ပဓာနမထားဘဲ၊ တစ်စုံတစ်ရာကို ၎င်းတို့လုပ်ဆောင်သရွေ့၊ ဘုရားသခင်က တစ်စုံတစ်ဦးကို ကောင်းချီး ပေးသင့်သည် ဆိုသည်မှာ မမှန်ပေ။ ဤသည်မှာ ဘုရားသခင်နှင့် ပတ်သက်၍ လူတို့ရှိကြသည့် နားလည်မှုလွဲခြင်းတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် အမှုအရာများ၏ အဆုံးသတ် ရလဒ်ကိုသာ ကြည့်သည်မဟုတ်ဘဲ၊ အမှုအရာများ တိုးတက်မှု ဖြစ်စဉ်အတွင်း၌ လူတစ်ဦး၏စိတ်နှလုံးက မည်သို့ရှိပြီး လူတစ်ဦး၏သဘောထားက မည်သို့ရှိသည် ဆိုသည်တို့အပေါ် သာ၍အလေးပေးကာ၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ကျိုးနွံနာခံမှု၊ အရေးထားမှုနှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ဆန္ဒတို့ ရှိမရှိ ဆိုသည်ကိုလည်း ကြည့်ရှုလေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)
ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို တကယ်ကို တို့ထိခဲ့တယ်၊ အထူးသဖြင့် ကျွန်မဖတ်လိုက်ရတဲ့အချိန်မှာပေါ့။ “ဘုရားသခင်သည် အမှုအရာများ၏ အဆုံးသတ် ရလဒ်ကိုသာ ကြည့်သည်မဟုတ်ဘဲ၊ အမှုအရာများ တိုးတက်မှု ဖြစ်စဉ်အတွင်း၌ လူတစ်ဦး၏စိတ်နှလုံးက မည်သို့ရှိပြီး လူတစ်ဦး၏သဘောထားက မည်သို့ရှိသည် ဆိုသည်တို့အပေါ် သာ၍အလေးပေးကာ၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ကျိုးနွံနာခံမှု၊ အရေးထားမှုနှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ဆန္ဒတို့ ရှိမရှိ ဆိုသည်ကိုလည်း ကြည့်ရှုလေသည်။” ဘုရားသခင် ဂရုစိုက်တာက လူ့စိတ်နှလုံးပဲဆိုတာကို ကျွန်မ နားလည်သွားတယ်။ အရာအားလုံး ဖြစ်ပျက်လာတဲ့အခါမှာ ဘုရားသခင် မြင်ချင်တာက လူတွေရဲ့စိတ်နှလုံးက ဘုရားသခင်အပေါ် ကျိုးနွံနာခံတတ်ပြီး အလေးထားတတ်သလား၊ ဘုရားသခင်ကို ကျေနပ်စေဖို့အတွက် ကိုယ်ကျိုးစီးပွားတွေကို စွန့်လွှတ်နိုင်သလား ဆိုတာပဲ။ အရေးကြီးတဲ့အလုပ် ကျွန်မအပေါ် ကျရောက်လာတိုင်း၊ ဒါမှမဟုတ် ရွေးကောက်ပွဲတွေကို ရင်ဆိုင်ရတိုင်းမှာ ကျွန်မက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ဘယ်လိုကျေနပ်စေမလဲဆိုတာ မတွေးခဲ့ဘဲ၊ ဇာတိပကတိရဲ့ ဒုက္ခဝေဒနာကို ဘယ်လိုရှောင်ရှားမလဲ၊ တာဝန်ကို ဘယ်လိုနည်းနည်းပဲ ယူရမလဲဆိုတာကိုပဲ တွေးခဲ့တယ်။ ကျွန်မက အသိတရား အရမ်းကင်းမဲ့တာ၊ အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့လိုက်တာ။ အခု အသင်းတော်က ရွေးကောက်ပွဲအသစ်တွေ ကျင်းပနေပြီ၊ ကျွန်မ အနည်းဆုံးတော့ ကျိုးနွံနာခံတဲ့သဘောထား ရှိရမယ်။ ကျွန်မသာ ရွေးကောက်ခံရရင် ဒါက ဘုရားသခင်က ကျွန်မကို ချီးမြှောက်တာပဲ။ ရွေးကောက်မခံရရင်လည်း ကျွန်မအတွက် သင်ယူရမယ့် သင်ခန်းစာတွေ ရှိမှာပဲ။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကျွန်မ ကျိုးနွံနာခံသင့်တယ်။ ဒီလိုတွေးလိုက်တဲ့အခါ ကျွန်မရဲ့စိတ်နှလုံးက တော်တော်ငြိမ်သက်သွားပြီး ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တယ်။ နောက်ဆုံးမှာတော့ ကျွန်မက ခရိုင် ဆုံးဖြတ်ချက်ချတဲ့အဖွဲ့ဝင်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ကျွန်မရဲ့စိတ်နှလုံးကလည်း ကျိုးနွံနာခံနိုင်ခဲ့ပါတယ်။
နောက်ပိုင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့ပြီး ဘာဖြစ်လို့ ကျွန်မက ဇာတိပကတိကို အမြဲတမ်းအလေးထားပြီး ကိုယ့်တာဝန်ကို ခေါင်းရှောင်ခဲ့တယ်ဆိုတာကို နားလည်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဇာတိပကတိနှင့် စပ်လျဉ်း၍ သင်သည် ယင်းဇာတိပကတိပေါ်သို့ ပိုမိုတိမ်းညွတ်လေ၊ ယင်းသည် အလိုလောဘ ပိုမိုကြီးမားလာလေ ဖြစ်လိမ့်မည်။ ဇာတိပကတိသည် ဒုက္ခဝေဒနာကို အနည်းငယ် ခံစားရသည်မှာ သင့်လျော်ပေသည်။ ဒုက္ခဝေဒနာကို အနည်းငယ် ခါးစည်းခံကြသူများသည် မှန်ကန်သည့် လမ်းကြောင်းကို လျှောက်လှမ်းကြမည်ဖြစ်ပြီး ကောင်းမွန်သင့်လျော်သည့် အလုပ်ကို လုပ်ကိုင်ဆောင်ရွက်ကြလိမ့်မည်။ အကယ်၍ ဇာတိပကတိသည် ဒုက္ခဝေဒနာကို မခံစားဘဲ သာယာမှု၊ သက်သောင့်သက်သာရှိမှုကိုသာ မွေ့လျော်နေပြီး သာယာသည့် ပတ်ဝန်းကျင် အသိုက်အမြုံအတွင်း၌ ကြီးပြင်းလာပါက လူများသည် မည်သည့်အရာကိုမျှ အောင်မြင်ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည် မဟုတ်သည့်အပြင် သမ္မာတရားကိုလည်း တကယ်ကို မရရှိနိုင်ပါ။ အကယ်၍ လူများသည် သဘာဝ ဘေးအန္တရာယ်များ၊ လူသားတို့ဖန်တီးသည့် ကပ်ဘေးများနှင့် တွေ့ကြုံရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် အသိစိတ် ကင်းမဲ့သွားပြီး ဆင်ခြင်တုံတရားမဲ့စွာ ပြုမူကြလိမ့်မည်။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် တစ်စထက်တစ်စ တိုး၍သာ အကျင့်စာရိတ္တ ပျက်ပြားလာကြလိမ့်မည်။ ယင်းအတွက် သာဓက အများအပြားရှိပါသလား။ ဘာသာတရားမရှိသူများ၏ လောကတွင် ထင်ပေါ်ကျော်ကြားမှု မရှိမီက ဆင်းရဲဒုက္ခကို ခါးစည်းခံရန်နှင့် ၎င်းတို့၏အလုပ်တွင် စိတ်ရောကိုယ်ပါ ရည်စူးအပ်နှံရန် လိုလိုလားလား ရှိခဲ့ကြသော အဆိုတော်များနှင့် ရုပ်ရှင်သရုပ်ဆောင်များစွာ ရှိသည်ကို သင်မြင်တွေ့နိုင်သည်။ သို့သော် ၎င်းတို့သည် ထင်ပေါ်ကျော်ကြားမှု ရှိလာပြီး ငွေကြေးအမြောက်အမြား ရရှိလာသည့်အခါ မှန်ကန်သည့် လမ်းကြောင်းပေါ်တွင် မလျှောက်လှမ်းကြတော့ပါ။ ၎င်းတို့အနက် အချို့သည် မူးယစ်ဆေးဝါး သုံးစွဲကြပြီး အချို့မှာ မိမိကိုယ်ကို သေကြောင်းကြံစည်ကြသည့်အတွက် ၎င်းတို့၏ ဘဝများမှာ စောစီးစွာ အဆုံးသတ်ခဲ့ကြရသည်။ ယင်းသို့ဖြစ်စေသည့် အကြောင်းတရားမှာ အဘယ်နည်း။ ၎င်းတို့၏ ရုပ်ဝတ္ထုပစ္စည်းများအပေါ်၌ သာယာမှုမှာ အလွန်အကျွံဖြစ်သည့်အပြင် ၎င်းတို့သည် အလွန်အမင်း သက်သောင့်သက်သာရှိပြီး ပိုမိုကြီးမားသည့် ပျော်ရွှင်ချမ်းသာသုခ၊ သို့မဟုတ် ပိုမိုကြီးမားသည့် စိတ်လှုပ်ရှားမှုမျိုးကို မည်သို့ရရှိအောင် လုပ်ဆောင်ရမည်ကို ၎င်းတို့မသိရှိကြတော့ပါ။ ၎င်းတို့အနက် အချို့သည် ပိုမိုမြင့်မားသည့် စိတ်လှုပ်ရှားမှုနှင့် သာယာမှုကို ရှာဖွေရင်း မူးယစ်ဆေးဝါးကို အားကိုးကြပြီး အချိန်ကြာလာသည်နှင့်အမျှ မူးယစ်ဆေးဝါးကို ဖြတ်နိုင်ခြင်း မရှိတော့ပေ။ အချို့သည် မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲမှုကြောင့် အသက်ဆုံးရှုံးကြရပြီး အခြားသူများမှာ ယင်းမှ လွတ်မြောက်ဖို့နည်းလမ်းကို မသိရှိကြဘဲ နောက်ဆုံးတွင် မိမိကိုယ်ကို အဆုံးစီရင်ကြသည်။ ယင်းကဲ့သို့သော သာဓက အများအပြား ရှိပါသည်။ သင်မည်မျှကောင်းစွာ စားသည်ဖြစ်စေ၊ မည်မျှကောင်းစွာ ဝတ်ဆင်သည်ဖြစ်စေ၊ မည်မျှကောင်းစွာ နေထိုင်သည်ဖြစ်စေ၊ ပျော်ရွှင်နှစ်သက်မှုကို သင်မည်မျှ ခံစားသည်ဖြစ်စေ၊ သင့်ဘဝသည် မည်မျှ သက်သောင့်သက်သာ ရှိသည်ဖြစ်စေ၊ သင့်လိုအင်များ မည်မျှ အလုံးစုံ ပြည့်ဝနေသည်ဖြစ်စေ အဆုံးတွင် ယင်းတို့မှာ အနှစ်မဲ့ခြင်းအပေါ် အနှစ်မဲ့ခြင်းသာဆင့်လျက် ရလဒ်မှာ ပျက်စီးခြင်းသာ ဖြစ်သည်။ ဘာသာတရားမရှိသူများ လိုက်စားကြသည့် ယင်းပျော်ရွှင်မှုသည် စစ်မှန်သော ပျော်ရွှင်မှု ဟုတ်သလော။ အမှန်တွင် ယင်းမှာ ပျော်ရွှင်မှုမဟုတ်။ ယင်းမှာ လူသား၏ စိတ်ကူးဖြစ်သည်။ ယင်းမှာ အကျင့်စာရိတ္တပျက်စီးမှု ပုံစံတစ်ခုဖြစ်သည်။ ယင်းမှာ လူတို့၏ အကျင့်စာရိတ္တပျက်စီးလာသည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။ လူများ လိုက်စားကြသည့် ပျော်ရွှင်မှုဟု ဆိုလေသောအရာမှာ အတုအယောင် ဖြစ်သည်။ ယင်းမှာ အမှန်အားဖြင့် ဒုက္ခဆင်းရဲဖြစ်သည်။ ယင်းမှာ လူအများ လိုက်စားသင့်သည့် ပန်းတိုင်တစ်ခု မဟုတ်သလို အသက်ရှင်ခြင်း၏ တန်ဖိုးတည်ရာ နေရာလည်း မဟုတ်ပါ။ စာတန်က လူများအား ဖျက်ဆီးသည့် လုပ်ဆောင်ပုံများနှင့် နည်းလမ်းများအနက် အချို့သည် ၎င်းတို့အား ဇာတိပကတိ၏ စိတ်ကျေနပ်မှုနှင့် တဏှာရာဂတို့တွင် ပျော်မွေ့မှုတို့ကို ပန်းတိုင်အဖြစ် ရှာဖွေစေသည်။ ဤနည်းအားဖြင့် စာတန်သည် လူများကို ထုံထိုင်းသွားစေသည်၊ လူများကို သွေးဆောင်သည်၊ လူများကို ဖောက်ပြန်ပျက်စီးစေသည်၊ ထိုအရာမှာ ပျော်ရွှင်မှုဟု ခံစားရအောင် လုပ်ဆောင်သည်၊ ထို့ပြင် ၎င်းတို့အား ယင်းကို ပန်းတိုင်အဖြစ် လိုက်လံရှာဖွေစေသည်။ လူများက ထိုအရာများကို ရရှိခြင်းသည် ပျော်ရွှင်မှုကို ရရှိခြင်းဟု ယုံကြည်ကြသည်။ ထို့ကြောင့် လူများသည် ယင်းပန်းတိုင်ကို လိုက်စားရန် ဦးတည်လျက် ၎င်းတို့ရှိသမျှ အစွမ်းဖြင့် လုပ်ဆောင်ကြတော့သည်။ ထို့နောက် ထိုအရာကို ၎င်းတို့ရရှိပြီးနောက် ၎င်းတို့ခံစားရသည်မှာ ပျော်ရွှင်မှု မဟုတ်ဘဲ အနှစ်မဲ့ခြင်းနှင့် စိတ်ဆင်းရဲခြင်းတို့သာ ဖြစ်သည်။ ဤအချက်က ၎င်းမှာ မှန်ကန်သည့် လမ်းကြောင်းမဟုတ်ဘဲ သေခြင်းတရားသို့ သွားရာလမ်း ဖြစ်ကြောင်း သက်သေပြနေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့တာက ကျွန်မ သက်သောင့်သက်သာဖြစ်မှုကို အမြဲတမ်း တောင့်တခဲ့တဲ့အကြောင်းရင်းက ကျွန်မရဲ့ အတွေးအမြင်တွေမှာ ပြဿနာရှိနေလို့ပဲ။ ငယ်ငယ်ကတည်းက ကျွန်မကို လူ့အဖွဲ့အစည်းနဲ့ မိသားစုက ပြင်းပြင်းထန်ထန် လွှမ်းမိုးပြီး ပုံသွင်းခဲ့လို့ ဇာတိပကတိရဲ့ သက်သောင့်သက်သာဖြစ်မှုကို လိုက်စားတာက ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်လုပ်တာပဲလို့ ယုံကြည်ခဲ့တယ်။ လူတွေပြောတာကို ကျွန်မ ခဏခဏကြားရတယ်၊ “လူဆိုတာ ကိုယ့်အတွက်ကိုယ် အသက်ရှင်ရမယ်၊ ကိုယ့်ဇာတိပကတိကို သက်သောင့်သက်သာနဲ့ အေးအေးဆေးဆေးဖြစ်အောင် ထားရမယ်။ သူများအတွက် အသက်မရှင်သင့်ဘူး။ အဲဒါမှ လူလည်ဖြစ်မှာ” တဲ့။ ကျွန်မမိဘတွေကလဲ မကြာခဏပြောတယ်၊ “ငါတို့ ဘာပဲလုပ်လုပ်၊ ဒုက္ခမခံရ၊ မပင်ပန်းရဘဲ သက်သောင့်သက်သာရှိတဲ့ ဘဝကို ခံစားဖို့ပဲ။ အသက်ရှင်နေရတဲ့ ရည်ရွယ်ချက်က ဘဝကို ပျော်ပျော်ရွှင်ရွှင်နေဖို့ မဟုတ်ဘူးလား” တဲ့။ တဖြည်းဖြည်းနဲ့ ဒီမှားယွင်းတဲ့ အမြင်တွေကို ကျွန်မ လက်ခံခဲ့တယ်။ ဒါတွေက ကျွန်မ ပြုမူကျင့်ကြံတဲ့ စည်းမျဉ်းတွေနဲ့ ကျွန်မရဲ့ လိုက်စားမှု ပန်းတိုင်တွေ ဖြစ်လာခဲ့တယ်။ ကျောင်းတက်တုန်းက ကျွန်မက လွယ်ကူတဲ့အရာတွေကိုပဲ သင်ချင်ခဲ့တယ်။ ဦးနှောက်သုံးရတဲ့ ဘယ်အရာကိုမှ မသင်ချင်ခဲ့ဘူး။ ဥပမာ၊ သင်္ချာလိုမျိုး စိတ်ပိုင်းဆိုင်ရာအရ စိန်ခေါ်မှုရှိတယ်လို့ ကျွန်မ ထင်တဲ့ ဘာသာရပ်တွေကို သင်ယူဖို့ ကျွန်မ အရမ်းကို ဝန်လေးခဲ့တယ်။ ဘုရားသခင်ကို စတင်ယုံကြည်ပြီးတဲ့နောက်မှာ အသင်းတော်မှာ တာဝန်တွေထမ်းဆောင်ခဲ့ပေမဲ့ ဇာတိပကတိရဲ့ သက်သောင့်သက်သာဖြစ်မှုကို လိုက်စားနေတုန်းပဲ။ ကိုယ့်တာဝန်မှာ ဝန်ထုပ်ဝန်ပိုးကြီးကို မထမ်းချင်ခဲ့ဘူး၊ စိတ်ပိုင်းဆိုင်ရာအားထုတ်မှု ဒါမှမဟုတ် ဇာတိပကတိ ဒုက္ခဝေဒနာပါဝင်တဲ့ တာဝန်တွေကို မလုပ်ချင်ခဲ့ဘူး။ လွယ်ကူပြီး ပေါ့ပါးတဲ့ တာဝန်တွေကိုပဲ လုပ်ချင်ခဲ့တယ်။ ခက်ခဲတဲ့တာဝန်တွေ ဒါမှမဟုတ် အလုပ်ပမာဏများတဲ့ တာဝန်တွေ ကျရောက်လာတာနဲ့ ကျွန်မ ခေါင်းရှောင်ချင်တော့တာပဲ။ ဥပမာ၊ ပထမအကြိမ် ခရိုင် ဆုံးဖြတ်ချက်ချတဲ့အဖွဲ့ ခေါင်းဆောင်အဖြစ် ရွေးကောက်ခံရတုန်းကပေါ့၊ အဖွဲ့ခေါင်းဆောင်ဖြစ်ရင် အလုပ်တွေအများကြီး တာဝန်ယူရမှာနဲ့ ကိုယ်ခန္ဓာပင်ပန်းမှာကို စိုးလို့ ဆင်ခြေတွေအများကြီးပေးခဲ့တယ်၊ ပြီးတော့ လူတိုင်းက ကျွန်မကို အဖွဲ့ခေါင်းဆောင်မလုပ်ဖို့ သဘောတူအောင်လို့ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးမှုတွေနဲ့ ချို့တဲ့မှုတွေကို တမင်တကာ ထုတ်ပြောခဲ့တယ်။ နောက်တစ်ခေါက် ရွေးကောက်ပွဲမှာလည်း ကျွန်မက ကိုယ့်ရဲ့ ဇာတိပကတိကိုပဲ ထည့်စဉ်းစားခဲ့ပြီး ဆုံးဖြတ်ချက်ချတဲ့အဖွဲ့က ရာထူးကနေတောင် နုတ်ထွက်ချင်ခဲ့တယ်။ ကျွန်မက ကိုယ့်ရဲ့ ဇာတိပကတိ အကျိုးစီးပွားတွေကိုပဲ တွေးခဲ့တယ်၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ဘယ်တော့မှ အလေးမထားခဲ့ဘူး၊ ပြီးတော့ ကိုယ့်ဇာတိပကတိ ဒုက္ခမရောက်အောင် ကိုယ့်တာဝန်ကို အမြဲတမ်း ခေါင်းရှောင်ခဲ့တယ်။ ဒီအပြုအမူက ဘုရားသခင်ကို ပုန်ကန်ပြီး ဘုရားသခင်ကို သစ္စာဖောက်တဲ့ အပြုအမူပဲ။ ကျွန်မသာ နောင်တမရဘူးဆိုရင် နောက်ဆုံးမှာ ကျွန်မ သမ္မာတရားကို ရမှာမဟုတ်သလို ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကိုလည်း ပြောင်းလဲနိုင်မှာ မဟုတ်ဘူး၊ ကပ်ဘေးထဲကို ကျရောက်ပြီး ဖျက်ဆီးခံရရုံပဲ ရှိတော့မယ်။ ဘုရားသခင်ပြောခဲ့သလိုပဲ။ “စာတန်က လူများအား ဖျက်ဆီးသည့် လုပ်ဆောင်ပုံများနှင့် နည်းလမ်းများအနက် အချို့သည် ၎င်းတို့အား ဇာတိပကတိ၏ စိတ်ကျေနပ်မှုနှင့် တဏှာရာဂတို့တွင် ပျော်မွေ့မှုတို့ကို ပန်းတိုင်အဖြစ် ရှာဖွေစေသည်။ ဤနည်းအားဖြင့် စာတန်သည် လူများကို ထုံထိုင်းသွားစေသည်၊ လူများကို သွေးဆောင်သည်၊ လူများကို ဖောက်ပြန်ပျက်စီးစေသည်၊ ထိုအရာမှာ ပျော်ရွှင်မှုဟု ခံစားရအောင် လုပ်ဆောင်သည်၊ ထို့ပြင် ၎င်းတို့အား ယင်းကို ပန်းတိုင်အဖြစ် လိုက်လံရှာဖွေစေသည်။ လူများက ထိုအရာများကို ရရှိခြင်းသည် ပျော်ရွှင်မှုကို ရရှိခြင်းဟု ယုံကြည်ကြသည်။ ထို့ကြောင့် လူများသည် ယင်းပန်းတိုင်ကို လိုက်စားရန် ဦးတည်လျက် ၎င်းတို့ရှိသမျှ အစွမ်းဖြင့် လုပ်ဆောင်ကြတော့သည်။ ထို့နောက် ထိုအရာကို ၎င်းတို့ရရှိပြီးနောက် ၎င်းတို့ခံစားရသည်မှာ ပျော်ရွှင်မှု မဟုတ်ဘဲ အနှစ်မဲ့ခြင်းနှင့် စိတ်ဆင်းရဲခြင်းတို့သာ ဖြစ်သည်။ ဤအချက်က ၎င်းမှာ မှန်ကန်သည့် လမ်းကြောင်းမဟုတ်ဘဲ သေခြင်းတရားသို့ သွားရာလမ်း ဖြစ်ကြောင်း သက်သေပြနေသည်။” စာတန်က ဇာတိပကတိရဲ့ သက်သောင့်သက်သာဖြစ်မှုကို လိုက်စားခြင်းနဲ့ လူတွေကို သွေးဆောင်ပြီး ဖောက်ပြန်ပျက်စီးစေတယ်၊ ဇာတိပကတိကို ကျေနပ်အောင်လုပ်ခြင်းကသာ ပျော်ရွှင်မှုကို ယူဆောင်လာနိုင်တယ်လို့ သူတို့ကို ယုံကြည်စေတယ်။ တကယ်တော့ လူတစ်ယောက်က ဘယ်လောက်ပဲ သက်သောင့်သက်သာရှိနေပါစေ၊ ဇာတိပကတိကို ဘယ်လိုပဲ ပျော်မွေ့နေပါစေ၊ သူတို့ရဲ့ စိတ်နှလုံး အတွင်းထဲမှာတော့ ဗလာဖြစ်ပြီး ဆင်းရဲဒုက္ခရောက်နေတုန်းပဲ။ ကျွန်မက ဇာတိပကတိရဲ့ သက်သောင့်သက်သာဖြစ်မှုကို အမြဲလိုက်စားခဲ့ပြီး အလုပ်ပမာဏများတဲ့ တာဝန်တွေကို မလုပ်ချင်ခဲ့ဘူး။ ဒီလိုလုပ်ရင် အနားယူဖို့ ဒါမှမဟုတ် ကျွန်မကြိုက်တဲ့အရာတွေကို လုပ်ဖို့ အချိန်ပိုရမယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ကိုယ့်တာဝန်ကို ခေါင်းရှောင်ပြီးတဲ့နောက်မှာ ကျွန်မရဲ့စိတ်နှလုံးက တည်ငြိမ်မှုမရှိခဲ့ဘဲ၊ အဲဒီအစား နက်ရှိုင်းတဲ့ ဆင်းရဲဒုက္ခနဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်းထဲကို ကျရောက်သွားခဲ့တယ်။ ဒီခံစားချက်ကို စကားလုံးတွေနဲ့ ဖော်ပြလို့မရပါဘူး။ ဘုရားသခင်ကို ပုန်ကန်ခဲ့တဲ့အတွက် ကိုယ်တော်ရဲ့ မျက်မှောက်တော်ကို ဆုံးရှုံးသွားခဲ့တယ်ဆိုတာ ကျွန်မသိတယ်။ ဇာတိပကတိရဲ့ သက်သောင့်သက်သာဖြစ်မှုကို လိုက်စားတာက မှန်ကန်တဲ့လမ်းကြောင်းမဟုတ်ဘူး၊ အဲဒါက လူတွေကို ပိုပိုပြီး ယုတ်ညံ့လာစေပြီး ဘုရားသခင်ကို ပိုပိုပြီး အတိုက်အခံလုပ်စေမှာပဲဆိုတာကို ကျွန်မ တွေ့ကြုံခဲ့ရတယ်။
၂၀၂၄ ခုနှစ်၊ ဧပြီလမှာ အလုပ်လိုအပ်ချက်ကြောင့် ကျွန်မတာဝန်ယူထားတဲ့ နယ်က တရားဟောဆရာမတစ်ယောက်ကို တခြားနေရာမှာ တာဝန်ထမ်းဆောင်ဖို့ ပြောင်းရွှေ့ခဲ့တယ်။ သူတာဝန်ယူခဲ့တဲ့အလုပ်ကို ကျွန်မ ယာယီလိုက်လုပ်ပေးရမှာဖြစ်လို့ နည်းနည်းစိုးရိမ်သွားတယ်။ လုပ်စရာအလုပ်တွေက ဒီလောက်များတာ၊ အရမ်း ပင်ပန်းမှာပဲ။ ကျွန်မက ကိုယ့်ရဲ့ ဇာတိပကတိကို ပြန်ပြီးအလေးထားချင်နေပြီဆိုတာကို သဘောပေါက်လိုက်ပြီး၊ ကျိုးနွံနာခံနိုင်ဖို့အတွက် ကျွန်မကို လမ်းပြပေးပါလို့ ဘုရားသခင်ဆီကို တိတ်တဆိတ် ဆုတောင်းခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပြီး လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခုကို တွေ့ရှိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အရွယ်ရောက်သူတိုင်းသည် ဆင်းရဲဒုက္ခများ၊ နာမကျန်းမှုများနှင့် အမျိုးမျိုးသော အခက်အခဲများပင်ဖြစ်သော ဖိအားများကို မည်မျှ ရင်ဆိုင်ရပါစေ အရွယ်ရောက်သူတစ်ယောက်၏ တာဝန်များကို တာဝန်ယူ ထမ်းရွက်ရမည်။ ဤအရာများသည် လူတိုင်း ကြုံတွေ့ပြီး ခံယူသင့်သည့် အရာများဖြစ်သည်။ ဤအရာများသည် ပုံမှန်လူတစ်ယောက်၏ ဘဝ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သင်သည် ဖိအားကို မခံနိုင်လျှင်၊ ဆင်းရဲဒုက္ခကို ကြံ့ကြံ့မခံနိုင်လျှင်၊ သို့မဟုတ် ထိုးနှက်မှုများကို မခံနိုင်လျှင် ယင်းက သင်၌ ဇွဲလုံ့လ သို့မဟုတ် စိတ်ပိုင်းဖြတ်ချက် မရှိကြောင်းနှင့် သင်သည် အလွန် ပျော့ညံ့ပြီး အသုံးမကျကြောင်း ဆိုလိုသည်။ လူတိုင်းသည် လူ့အဖွဲ့အစည်း၌ဖြစ်စေ၊ ဘုရားအိမ်တော်၌ဖြစ်စေ မိမိတို့၏ အသက်တာတွင် ဤဆင်းရဲဒုက္ခကို ခံနိုင်ရမည်။ ဤသည်မှာ အရွယ်ရောက်ပြီးသူတိုင်း ခံယူသင့်သော တာဝန်ဝတ္တရားဖြစ်သည်၊ ၎င်းတို့ ထမ်းပိုးသင့်သော ဝန်ထုပ်ဖြစ်ပြီး မည်သူမျှ ရှောင်လွှဲ၍မရပေ။ သင်သည် ယင်းကို ရှောင်တိမ်းရန်လည်း မကြိုးစားသင့်ပေ။ သင်သည် ဤဆင်းရဲဒုက္ခအားလုံးမှ အစဉ်သဖြင့် ရုန်းထွက်လိုလျှင် သို့မဟုတ် လွတ်မြောက်လိုလျှင် သင်၏ ဖိနှိပ်ချုပ်ချယ်သော စိတ်ခံစားချက်များ ထွက်ပေါ်လာမည်ဖြစ်ပြီး ယင်းတို့သည် သင့်ကို ထာဝစဉ် ရစ်ပတ်ချည်နှောင်လိမ့်မည်။ သို့သော် သင်သည် ဤအရာအားလုံးကို ကောင်းစွာ သဘောပေါက်နားလည်ပြီး လက်ခံနိုင်လျှင် ပြီးလျှင် ယင်းကို သင်၏ ဘဝနှင့် ဖြစ်တည်မှု၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်လျှင် ဤပြဿနာများကြောင့် သင်သည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ ဖြစ်ပေါ်လာတော့မည် မဟုတ်ပေ။ တစ်ဖက်တွင် သင်သည် အရွယ်ရောက်ပြီးသူများ ရှိသင့်ပြီး တာဝန်ယူထမ်းဆောင်သင့်သော တာဝန်များနှင့် ဝတ္တရားများကို ထမ်းပိုးရန် သင်ယူရမည်။ အခြားတစ်ဖက်တွင် သင်သည် ပုံမှန်လူ့သဘာဝဖြင့် သင်၏ နေထိုင်မှုနှင့် အလုပ်လုပ်သည့် ပတ်ဝန်းကျင်တွင် အခြားသူများနှင့် သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ရန် သင်ယူသင့်သည်။ သင်နှစ်သက်သလိုသာ မလုပ်ဆောင်နှင့်။ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ အရွယ်ရောက်ပြီးသူတစ်ဦးအနေဖြင့် သင်ဖြည့်ဆည်းသင့်သော အလုပ်နှင့် ဝတ္တရားများနှင့် တာဝန်များကို ပိုမိုကောင်းမွန်စွာ ပြီးမြောက်စေရန် ဖြစ်သည်။ သင်သည် မည်သည့်အလုပ်ကိုပင် သို့မဟုတ် မည်သည့်တာဝန်ကိုပင် လုပ်ဆောင်ပါစေ၊ အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါ၊ စာတန်၏ စွမ်းအားများ၏ နှောင့်ယှက်မှုများနှင့် ပျက်စီးမှုများနှင့် ရင်ဆိုင်ရသည့်အခါ သင်သည် ဆုံးရှုံးမှုများကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ရမည်ဖြစ်ပြီး ဤသို့ဖြင့် သင်၏အလုပ်နှင့် တာဝန်၏ရလဒ်များ ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။ ဤသည်မှာ စိတ်ပိုင်းဖြတ်ချက်ရှိသူတစ်ဦး ရရှိသင့်သည့်အရာ ဖြစ်သည်။ သင်သည် ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်ပါက အလုပ်လုပ်သည့်အခါ ဤအရာကို ပြီးမြောက်အောင် လုပ်ဆောင်သင့်သည်။ အလုပ်ဖိအားနှင့်ပတ်သက်လျှင် ယင်းသည် အထက်မှဖြစ်စေ၊ ဘုရားအိမ်တော်မှဖြစ်စေ၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများက သင့်အပေါ် ပေးသော ဖိအားဖြစ်စေ ယင်းသည် သင်ခံယူသင့်သည့်အရာ ဖြစ်သည်။ သင်က ‘ဖိအားကြောင့် ကျွန်ုပ် ဤအရာကို လုပ်တော့မည် မဟုတ်ပါ။ ကျွန်ုပ်က ဘုရားအိမ်တော်တွင် မိမိ၏တာဝန်ထမ်းဆောင်ပြီး အလုပ်လုပ်ရာ၌ နားနားနေနေရှိမှု၊ အေးဆေးသက်သာရှိမှု၊ ပျော်ရွှင်မှုနှင့် သက်သာခြင်းတို့ကိုသာ ရှာနေခြင်းဖြစ်သည်’ ဟု ပြော၍မရပေ။ ဤသည်မှာ အလုပ်ဖြစ်မည်မဟုတ်၊ ပြီးလျှင် ဤသည်မှာ ပုံမှန်အရွယ်ရောက်ပြီးသူတစ်ဦး ပိုင်ဆိုင်သင့်သည့် အတွေးမဟုတ်ပေ၊ ဘုရားအိမ်တော်သည် သင် သက်သာခြင်းတွင် အလိုလိုက်နေရန် နေရာတစ်ခုမဟုတ်ပေ။ လူတိုင်းသည် မိမိတို့၏ ဘဝနှင့် အလုပ်တွင် ဖိအားနှင့် စွန့်စားမှု ပမာဏတစ်ခုကို ယူကြရသည်။ မည်သည့်အလုပ်တွင်မဆို အထူးသဖြင့် ဘုရားအိမ်တော်တွင် သင်၏ တာဝန်ကို ထမ်းဆောင်ရာ၌ သင်သည် အကောင်းဆုံးသော ရလဒ်များအတွက် ကြိုးစားသင့်သည်။ ကျယ်ပြန့်သော အတိုင်းအတာအရ ဤသည်မှာ ဘုရားသခင်၏ သွန်သင်ချက်နှင့် တောင်းဆိုချက်ဖြစ်သည်။ သေးငယ်သော အတိုင်းအတာအရ ဤသည်မှာ လူတိုင်း၏ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ချက်များတွင် ပိုင်ဆိုင်သင့်သည့် သဘောထား၊ ရှုမြင်ပုံ၊ စံနှုန်းနှင့် စည်းမျဉ်းတို့ဖြစ်သည်။ သင်သည် ဘုရားအိမ်တော်တွင် တာဝန်တစ်ခုကို ထမ်းဆောင်သည့်အခါ ဘုရားအိမ်တော်၏ ပြဋ္ဌာန်းချက်များနှင့် စနစ်များကို လိုက်နာရန် သင်ယူရမည်ဖြစ်ပြီး ကောင်းမွန်စွာ ပြုမူနေထိုင်သည့်နည်းလမ်းဖြင့် ကျင့်ကြံနေထိုင်လျက် စည်းမျဉ်းများကို လိုက်နာရန် သင်ယူရမည်။ ဤသည်မှာ ကိုယ်ပိုင်ကျင့်ကြံပြုမူခြင်းတွင် မရှိမဖြစ်သော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မတို့ လူကြီးတွေအနေနဲ့ ဘုရားသခင်ရဲ့အိမ်တော်မှာပဲဖြစ်ဖြစ်၊ ဘာသာတရားမရှိသူတွေရဲ့ လောကမှာပဲဖြစ်ဖြစ် ကိုယ်ပိုင်တာဝန်တွေနဲ့ ဝတ္တရားတွေ ရှိတယ်ဆိုတာကို နားလည်သွားတယ်။ ဒါက ပုံမှန်လူတစ်ယောက်အနေနဲ့ ထမ်းဆောင်သင့်တဲ့အရာပဲ။ တာဝန်ထမ်းဆောင်တဲ့အချိန်မှာ ဇာတိပကတိက ဒုက္ခခံရ၊ အဖိုးအခပေးဆပ်ရပြီး ဖိအားတချို့ကို ခံနိုင်ရည်ရှိရပေမဲ့ ဒါတွေအားလုံးက လူကြီးတစ်ယောက်အနေနဲ့ ထမ်းဆောင်ရမယ့် တာဝန်တွေပဲ။ ကျွန်မ ဒုက္ခခံရမှာကို မကြောက်နိုင်ဘူး၊ တာဝန်တွေက ခက်ခဲတယ်လို့ မြင်တဲ့အခါမှာလည်း ခေါင်းရှောင်လို့မဖြစ်ဘူး။ အဲဒီလိုလုပ်တာက အသိစိတ်နဲ့ လူ့သဘာဝ အရမ်း ကင်းမဲ့ရာ ကျတယ်။ ဒါကြောင့် ကျွန်မက ဇာတိပကတိကို ပုန်ကန်ဖို့ ဘုရားသခင်ဆီကို အသိစိတ်ရှိရှိ ဆုတောင်းခဲ့ပြီး တဖြည်းဖြည်းနဲ့ ကျိုးနွံနာခံနိုင်လာခဲ့တယ်။
ဒီအတွေ့အကြုံကတစ်ဆင့် ကျွန်မ နားလည်ခဲ့တာက အသင်းတော်မှာ အလုပ်တွေတာဝန်ယူတဲ့အခါ ဇာတိပကတိက ဒုက္ခခံရပြီး ပင်ပန်းတယ်လို့ ခံစားရပေမဲ့ ကျွန်မ အများကြီးရရှိခဲ့တယ် ဆိုတာပါပဲ။ အမှုအရာတွေ ကျရောက်လာတဲ့အခါ သမ္မာတရားစည်းမျဉ်းတွေကို ရှာဖွေရမယ်ဆိုတာကို သိလာခဲ့တယ်၊ ပြီးတော့ ကျွန်မရဲ့ လူ့သဘာဝကလည်း အများကြီး ရင့်ကျက်လာခဲ့တယ်၊ အစပိုင်းမှာ အမြဲတမ်း သူများတွေကို အားကိုးရာကနေ အခု လွတ်လွတ်လပ်လပ် အလုပ်လုပ်တတ်လာခဲ့ပြီ။ ညီအစ်ကိုမောင်နှမတွေမှာ အခက်အခဲတွေ၊ အယူအဆတွေရှိတဲ့အခါမှာလည်း သူတို့ကို မိတ်သဟာယဖွဲ့ပြီး ဖြေရှင်းပေးဖို့ သက်ဆိုင်ရာသမ္မာတရားတွေကို ကျွန်မ ရှာတတ်လာခဲ့ပြီ။ အရင်ကထက် အလုပ်ပမာဏ ပိုများပေမဲ့ ကျွန်မ ရရှိပြီး ဆည်းပူးခဲ့တာတွေကလည်း အများကြီးပဲ။ ဒါတွေအားလုံးက ဘုရားသခင်ရဲ့ အထူးကျေးဇူးတော်ပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ပြောပါတယ်- “နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...
ကမ္ဘောဒီးယားနိုင်ငံမှ နာရှ်၁၉၉၅ ခုနှစ်မှာ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးဟာ သခင်ယေရှုကို ယုံကြည်ခဲ့ကြပြီး နှစ်နှစ်ကြာတော့ အနန္တတန်ခိုးရှင်...
စူးရှမ်း ဂျပန်နိုင်ငံ အသင်းတော်ခေါင်းဆောင်အနေနဲ့ ကျွန်မ စ အစေခံချိန်မှာ ချန်းက ကျွန်မတို့အသင်းတော်အလုပ်အတွက် တာဝန်ယူရတယ်။ ကျွန်မတို့က...
ရှင်းလျန် ဂျာမနီနိုင်ငံ ရေလောင်းတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင်အနေနဲ့ ကျွန်မ စအစေခံချိန်မှာ၊ အဲဒီတာဝန်မှာရှိတဲ့ ညီအစ်ကို မောင်နှမတွေက ပြဿနာတွေ...