ဘဝမှာရှိတဲ့ အသေးအဖွဲကိစ္စတွေဟာလည်း သင်ယူစရာ အခွင့်အလမ်းတွေ ဖြစ်ပါတယ်

20.08.2025

ချင်းရှင်း၊ တရုတ်ပြည်

အချိန်ကာလတစ်ခုကြာတဲ့အထိ တရုတ်ကွန်မြူနစ်ပါတီက လိုက်ဖမ်းတာကိုရှောင်ဖို့ ကျွန်မက ဧည့်ခံအိမ်တစ်အိမ်မှာ ပုန်းပြီး တာဝန်ထမ်းဆောင်ခဲ့ရတယ်။ တစ်နေ့မှာ ကြီးကြပ်ရေးမှူးက အစည်းအဝေးကနေ ပြန်လာပြီးနောက် လူတွေကို ပိုင်းခြားသိမြင်ခြင်းနဲ့ပတ်သက်တဲ့ သမ္မာတရား စည်းမျဉ်းတချို့ကို မိတ်သဟာယဖွဲ့ခဲ့တယ်။ အဲဒီအခါ ကျွန်မစိတ်နှလုံးထဲမှာ မနာလိုဖြစ်မိပြီးတော့ တွေးမိတယ်၊ “အပြင်ထွက်ပြီး တာဝန်ထမ်းဆောင်လို့ရတာက ပိုကောင်းသေးတယ်။ အစည်းအဝေးတွေ ပိုတက်နိုင်မယ်၊ သမ္မာတရားတွေ ပိုရနိုင်မယ်၊ ပြီးတော့ သမ္မာတရားထဲကို ပိုမြန်မြန် ဝင်ရောက်နိုင်မှာပဲ။ အပြင်မထွက်ရဘဲ တစ်နေကုန် စာနဲ့ပတ်သက်တဲ့ တာဝန်ကိုလုပ်ရတဲ့ငါ့လိုမဟုတ်ဘူး။ လက်ရှိ ကျွန်မအလုပ်တွေကလွဲရင် ဧည့်ခံမိသားစုက ဇနီးမောင်နှံရယ် သူတို့ခွေးလေးရယ်နဲ့ပဲ ပြောဆိုဆက်ဆံရတယ်။ ကျွန်မရဲ့ ပေါင်းသင်းဆက်ဆံရေးအသိုင်းအဝိုင်းကလည်း သိပ်ကျဉ်းတော့ လူတွေကို မတွေ့ရသလောက်ပါပဲ။ ကိုယ့်ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြဖို့ အခြေအနေတောင်မရှိဘူး။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုသိနိုင်မှာလဲ။ နောက်ထပ်သမ္မာတရားတွေကို ဘယ်လို ရနိုင်မှာလဲ” ပေါ့။ အဲဒီအချိန်မှာ ကျွန်မတွေးမိတယ်၊ “ဘုရားသခင်က လူတွေရဲ့အဆုံးသတ်ကို သူတို့မှာ သမ္မာတရားရှိမရှိပေါ်မူတည်ပြီး ဆုံးဖြတ်တာပဲ။ ငါသာ နောက်ဆုံးမှာ သမ္မာတရားမရခဲ့ရင်၊ ငါ့စိတ်သဘောထားကလည်း မပြောင်းလဲခဲ့ရင် ကယ်တင်ခြင်းခံရနိုင်ပါ့မလား” ပေါ့။ ဒါကိုတွေးမိတော့ စာနဲ့ပတ်သက်တဲ့ တာဝန်ကို ကျွန်မ နောက်ထပ် မထမ်းဆောင်ချင်တော့ဘူး။ လူတွေနဲ့ ပိုပြီးထိတွေ့ဆက်ဆံရတဲ့၊ အစည်းအဝေးတွေ ပိုတက်ရတဲ့ တာဝန်တစ်ခု ခန့်ပေးဖို့ ကြီးကြပ်ရေးမှူးကို ပြောချင်သွားတယ်။ နောက်တော့လည်း ဒါက ဆင်ခြင်တုံတရားမရှိဘူးလို့ ကျွန်မခံစားရတယ်။ လူတွေကို တာဝန်ချပေးတာက သူတို့ရဲ့ အစွမ်းအစတွေနဲ့ အားသာချက်တွေကို ဘက်စုံထည့်တွက်ပြီး စီစဉ်ပေးတာလေ။ လုပ်ရမဲ့တာဝန်ကို ရွေးချယ်နေတာက နာခံမှုမရှိတာပဲ။ ကျွန်မ ကွန်ပျူတာကို စိုက်ကြည့်ရင်း ဟိုလိုတွေးလိုက်၊ ဒီလိုတွေးလိုက်နဲ့ စိတ်ကို မတည်ငြိမ်နိုင်ခဲ့ဘူး။

နောက်တစ်နေ့ နေ့လယ်မှာ ကြီးကြပ်ရေးမှူး နောက်အစည်းအဝေးတစ်ခုအတွက် ထွက်သွားတာကိုမြင်တော့ ကျွန်မ တော်တော်လေး မနာလိုဖြစ်မိပြီး တွေးမိတယ်၊ “ကြီးကြပ်ရေးမှူးလုပ်ရတာ တော်တော်ကောင်းတာပဲ။ ခေါင်းဆောင်တွေနဲ့ ခဏခဏတွေ့ပြီး သမ္မာတရားတွေအများကြီး နားလည်ရရုံတင်မကဘူး၊ မတူတဲ့အဖွဲ့တွေမှာ သမ္မာတရားနဲ့ ပြဿနာဖြေရှင်းတာကိုလည်း လေ့ကျင့်နိုင်ကြတယ်။ နေ့တိုင်း ရရှိမှုတွေရှိတော့၊ သူတို့အသက်တာဟာလည်း အရမ်းကို မြန်မြန်ဆန်ဆန်ပဲတိုးတက်ကြတယ်။ ငါ့တာဝန်က အိမ်ထဲမှာပဲနေရတော့ လုံခြုံတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အစည်းအဝေးတွေနည်းတော့ သမ္မာတရားကို ဘယ်လိုရနိုင်မှာလဲ” ပေါ့။ ကျွန်မ မကျေမနပ်ဖြစ်လာပြီး ဒီတာဝန်ကို ဆက်မလုပ်ချင်တော့ဘူး။ ဒါပေမဲ့ ကြီးကြပ်ရေးမှူးက စာနဲ့ပတ်သက်တဲ့ တာဝန်ထမ်းဆောင်သူတွေ ရှာရခက်တဲ့အကြောင်း ပြောခဲ့တာကို ကျွန်မပြန်တွေးမိတယ်။ ငါသာ ဒီတာဝန်ကို မလုပ်ချင်ဘူးလို့ ပြောလိုက်ရင် ဒါက အသင်းတော်အတွက် အခက်အခဲ ဖန်တီးနေတာ မဟုတ်ဘူးလား။ အဲဒီတော့ ဆက်ပြီးလုပ်နေရုံပဲရှိတယ်။ ကျွန်မ အလုပ်ကို ဆက်လုပ်နေပေမဲ့ စိတ်ထဲမှာတော့ ဝန်တာစိတ် လုံးဝမရှိခဲ့ဘူး။ နောက်နှစ်ရက်လောက်မှာ ကျွန်မကွန်ပျူတာက ခဏခဏဖောက်လာတယ်၊ ပြီးတော့ ကျွန်မတာဝန်အပေါ် စိတ်မနှစ်ထားတာနဲ့ပေါင်းပြီး အလုပ်က နှောင့်နှေးသွားတယ်။ ကြီးကြပ်ရေးမှူးက ကျွန်မကို ပြင်ပ အကြောင်းရင်းတွေကိုပဲ မရှာဘဲ ကိုယ့်အခြေအနေကို ဆင်ခြင်သုံးသပ်ဖို့ သတိပေးတယ်။ ဒီလိုနဲ့ ကြီးကြပ်ရေးမှူးကို ကျွန်မ အခုတလော ထုတ်ဖော်ပြခဲ့တာတွေ ဝေမျှလိုက်တယ်။ ကြီးကြပ်ရေးမှူးက မေးတယ်၊ “အစ်မရဲ့အခြေအနေကိုဖြေရှင်းဖို့ သမ္မာတရားကို ရှာခဲ့လား။ ကိုယ်ထုတ်ဖော်ထားတဲ့ ဖောက်ပြန်ပျက်စီးမှုကိုဖြေရှင်းဖို့ သမ္မာတရားကို အစ်မ မရှာဘူး။ ကိုယ့်ရှေ့မှာတင်ရှိနေတဲ့ သင်ခန်းစာကို အစ်မ မသင်ယူဘူး။ တာဝန်ပြောင်းလိုက်ရင် သင်ခန်းစာယူတတ်သွားမယ်လို့ အစ်မထင်နေတာလား”ပေါ့။ ကြီးကြပ်ရေးမှူးရဲ့ စကားတွေက ကျွန်မကို ဆွံ့အသွားစေခဲ့တယ်။ သူပြောတာတွေက တကယ်ပဲ မှန်နေခဲ့တယ်။ ကျွန်မဟာ လက်ထဲကအမှုအရာတွေကနေ သင်ခန်းစာယူဖို့၊ ပြီးတော့ ကိုယ့်ဖောက်ပြန်ပျက်စီးမှုကိုဖြေရှင်းဖို့ သမ္မာတရားကိုရှာဖို့ အာရုံစိုက်သင့်တယ်။

နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မဖတ်ခဲ့တယ်။ “ဘုရားနှုတ်ကပတ်တော်များအတွင်းတွင် ရှိသည်မှာ လူတို့ ပိုင်ဆိုင်ဖို့ လိုအပ်သော သမ္မာတရားများ၊ လူသားမျိုးနွယ်အတွက် အကျိုးအပြုဆုံးနှင့် အထောက်အကူအဖြစ်ဆုံးသော အရာများ၊ သင်တို့၏ခန္ဓာကိုယ်က လိုအပ်သော အားဆေးနှင့် အစာအာဟာရ၊ လူတို့၏ ပုံမှန်လူ့သဘာဝကို ပြန်လည်ထိန်းသိမ်းရန် ကူညီပေးသည့်အရာများနှင့် လူတို့အနေဖြင့် ပြင်ဆင်ထားသင့်သည့် သမ္မာတရားများဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တို့ လက်တွေ့လုပ်ဆောင်လေလေ၊ သင်တို့၏ အသက်တာ လျင်မြန်စွာ ပွင့်လန်းလာလေဖြစ်ပြီး သမ္မာတရားသည် ရှင်းလင်းလာလေလေ ဖြစ်သည်။ သင်တို့၏ ဝိညာဉ်အသက်တာ ကြီးထွားလာသည်နှင့်အမျှ သင်သည် ဝိညာဉ်ရေးရာနယ်ပယ်၏ အရာများကို သာ၍ရှင်းလင်းစွာ မြင်ပြီး စာတန်အပေါ် တွန်းလှန်ရန် ခွန်အား ရှိလေလေ ဖြစ်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တို့ လက်တွေ့လုပ်ဆောင်သည့်အခါ သင်တို့ နားမလည်သော သမ္မာတရား အများအပြားသည် ရှင်းလင်းလာပေလိမ့်မည်။ လူအများစုသည် ဘုရားသခင့် နှုတ်ကပတ်တော်၏ စာသားများကို နားလည်ရုံမျှနှင့် ကျေနပ်ကြပြီး ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း အတွေ့အကြုံကို နက်ရှိုင်းစေခြင်းထက် မိမိတို့ကိုယ်ကိုယ် အယူဝါဒများ တပ်ဆင်ထားရန်သာ အလေးထားကြ၏။ သို့ရာတွင် ယင်းမှာ ဖာရိရှဲများ၏ နည်းလမ်းပင် မဟုတ်ပါလော။ ၎င်းတို့သည် ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့် “ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက်ဖြစ်သည်” ဟူသော စကားရပ်၏ စစ်မှန်မှုကို ရရှိနိုင်မည်လော။ လူတစ်ဦး၏ အသက်တာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရုံမျှဖြင့်သာ မကြီးထွားနိုင်ဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်သည့်အခါမှသာ ကြီးထွားလေသည်။ အသက်နှင့် ဝိညာဉ်အသက်တာ ရရှိရန် ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားလည်ရန်သာ လိုသည်ဟု သင်ယုံကြည်ပါက၊ သင်၏နားလည်မှုသည် ချို့ယွင်းချက်ရှိနေသည်။ သင်သည်သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောအခါတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အမှန်တကယ် နားလည်ပြီး၊ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာလျှင် ၎င်းကိုနားလည်နိုင်သည်” ဆိုခြင်းကို သင်နားလည်ရမည်။ ယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီးနောက်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိသည်ဟုသာ ဆိုနိုင်သော်လည်း၊ သင်သည် ၎င်းကိုနားလည်သည်ဟု မဆိုနိုင်ပေ။ အချို့က သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်မီတွင် ဦးစွာ သမ္မာတရားကို နားလည်ရမည်ဖြစ်သည်ဟု ဆိုသော်လည်း၊ ယင်းမှာ တစ်စိတ်တစ်ပိုင်းသာ မှန်ပြီး၊ လုံးဝတိကျမှု မရှိသည်ကား သေချာပေသည်။ သမ္မာတရားတစ်ရပ်ကို သင်မသိသေးမီတွင်၊ သင်သည် သမ္မာတရားကို မတွေ့ကြုံရသေးပေ။ တရားဒေသနာ တစ်ခုတွင် သင်ကြားရသော အရာကို သင်နားလည်သည်ဟူသော ခံစားချက်မှာ စစ်မှန်စွာနားလည်ခြင်း မဟုတ်ပေ။ ယင်းမှာ သမ္မာတရား၏ တိုက်ရိုက်စကားလုံးများကို ပိုင်ဆိုင်ခြင်းမျှသာ ဖြစ်ပြီး၊ ၎င်းအထဲရှိ စစ်မှန်သည့် အဓိပ္ပာယ်ကို နားလည်ခြင်းနှင့် မတူညီပေ။ သမ္မာတရားကို အပေါ်ယံသာ နားလည်ခြင်းက ယင်းကို သင်အမှန်တကယ် နားလည်သည် သို့မဟုတ် သိသည်ဟု အဓိပ္ပာယ် မသက်ရောက်ပေ။ သမ္မာတရား၏ အဓိပ္ပာယ်အမှန်ကား ယင်းကို တွေ့ကြုံခြင်းမှ လာသည်။ ထို့ကြောင့် သင်သည် သမ္မာတရားကို တွေ့ကြုံမှသာ ယင်းကို သင်နားလည်နိုင်ပြီး၊ ထိုအခါမှသာ ယင်း၏ဖုံးကွယ်နေသည့် အစိတ်အပိုင်းများကို သင် နားလည်သဘောပေါက်နိုင်မည် ဖြစ်သည်။ သင်၏အတွေ့အကြုံကို နက်နဲစေခြင်းကသာ သမ္မာတရား၏ ဂယက်အနက်ကို နားလည်သဘောပေါက်ရန်နှင့် သမ္မာတရား၏ အနှစ်သာရကို နားလည်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကိုသင်နားလည်သွားသည်နှင့် သင်သည် ၎င်းကိုလက်တွေ့လုပ်ဆောင်သင့်သည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကို နားလည်စေခဲ့တာက၊ သမ္မာတရားကို အမှန်တကယ်နားလည်ဖို့ လက်တွေ့ဘဝမှာ လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ဖို့လိုအပ်ပြီး၊ လက်တွေ့လုပ်ဆောင်ဖို့ အာရုံစိုက်တဲ့သူတွေသာ သမ္မာတရားရဲ့ အနှစ်သာရကို နားလည်နိုင်တယ်ဆိုတာပါပဲ။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရုံ ဒါမှမဟုတ် တခြားသူတွေရဲ့ မိတ်သဟာယကို နားထောင်ရုံသက်သက်နဲ့ လက်တွေ့လုပ်ဆောင်ဖို့၊ ဝင်ရောက်ဖို့ အာရုံမစိုက်ဘူးဆိုရင်၊ အယူဝါဒတွေကိုပဲ နားလည်နိုင်ပြီး သမ္မာတရားကို အမှန်တကယ် နားလည်မှာမဟုတ်ပါဘူး။ အရင်က ကျွန်မသိခဲ့တဲ့ ခေါင်းဆောင်နှစ်ယောက်အကြောင်း စဉ်းစားမိတယ်။ သူတို့ဟာ မိုးလင်းကနေ မိုးချုပ်အထိ အလုပ်လုပ်ပြီး ညီအစ်ကိုမောင်နှမတွေနဲ့ နေရာတကာမှာ အစည်းအဝေးလုပ်၊ မိတ်သဟာယဖွဲ့ကြတယ်။ ဘုရားနှုတ်ကပတ်တော်တွေကိုလည်း အများကြီးဖတ်သလို၊ အထက်ခေါင်းဆောင်တွေနဲ့လည်း မရေမတွက်နိုင်တဲ့ အစည်းအဝေးတွေ တက်ခဲ့ကြတယ်။ သူတို့ဟာ စကားလုံးတွေနဲ့ အယူဝါဒတွေ အများကြီးနားလည်ခဲ့ပေမဲ့ ကိုယ်တိုင်ထုတ်ဖော်ပြတဲ့ ဖောက်ပြန်ပျက်စီးမှုကို ဆန်းစစ်ဖို့ ဒါမှမဟုတ် ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ဖို့ အာရုံမစိုက်ခဲ့ကြဘူး။ ခေါင်းဆောင်တစ်ယောက်ကဆိုရင် အမြဲတမ်း ကိုယ့်ကိုယ်ကိုယ်ချီးမြှောက်ပြီး သက်သေခံတယ်၊ ညီအစ်ကိုမောင်နှမတွေကို သူ့ရှေ့မှောက်ကို ဆောင်ကြဉ်းပြီး နောက်ဆုံးမှာ အန္တိခရစ်ဖြစ်လာခဲ့တယ်။ နောက်ခေါင်းဆောင်တစ်ယောက်ကတော့ အဆင့်အတန်းကို စွဲလမ်းတယ်၊ သူ့ကို မကျိုးနွံမနာခံသူ ဒါမှမဟုတ် အကြံပေးတဲ့ ဘယ်သူ့ကိုမဆို ညှဉ်းပန်းနှိပ်စက်ပြီး နောက်ဆုံးမှာ သူ့ရဲ့မကောင်းမှုပေါင်းများစွာကြောင့် အသင်းတော်ကနေ ထုတ်ပယ်ခံခဲ့ရတယ်။ ဒါပေမဲ့ ညီအစ်ကိုမောင်နှမတချို့ကတော့ လူအများအာရုံစိုက်ခြင်းမခံရတဲ့၊ တခြားသူတွေနဲ့ ထိတွေ့မှုအကန့်အသတ်ရှိတဲ့ တာဝန်တွေ ရှိကြပေမဲ့ သူတို့ဟာ ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိကျွမ်းဖို့ အာရုံစိုက်ခဲ့ကြတယ်၊ အချိန်ကြာလာတာနဲ့အမျှ သူတို့ရဲ့အသက်တာတွေ တိုးတက်လာခဲ့တယ်။ တချို့ဆိုရင် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးတွေတောင် ရေးခဲ့ကြတယ်။ ကျေးဇူးတော်ခေတ်တုန်းက ပေတရုအကြောင်းကိုလည်း ကျွန်မစဉ်းစားမိတယ်။ သူဟာ သခင်ယေရှုရဲ့ တရားဒေသနာတွေ အများကြီး ကြားနာခဲ့ရပေမဲ့ ကြားနာရရုံနဲ့ သူမကျေနပ်ခဲ့ဘူး။ သူဟာ သခင့်နှုတ်ကပတ်တော်တွေကို ခဏခဏ ဆင်ခြင်သုံးသပ်ပြီး နေ့စဉ်အသက်တာမှာ လက်တွေ့လုပ်ဆောင်ဖို့ အာရုံစိုက်ခဲ့တယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြမှုကို သူရရှိခဲ့တယ်၊ ဒီလိုနည်းနဲ့ တဖြည်းဖြည်းချင်း တွေ့ကြုံခံစားရင်း သမ္မာတရားက သူ့အသက်တာဖြစ်လာခဲ့ပြီး၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၊ ကြောက်ရွံ့ခြင်း၊ ချစ်ခြင်းဆိုတဲ့ လက်တွေ့စစ်မှန်မှုကို သူရရှိခဲ့တယ်။ အဲဒီလိုပဲ အခုဆိုရင် ကျွန်မက ဘုရားနှုတ်ကပတ်တော်တွေ အများကြီးနဲ့ အသက်ဝင်ရောက်မှုဆိုင်ရာ တရားဒေသနာတွေနဲ့ မိတ်သဟာယဖွဲ့တာ အများကြီးကိုလည်း နားထောင်ခဲ့ပြီးပြီ။ ဒါပေမဲ့ ကျွန်မက သမ္မာတရားကို မလိုက်စားခဲ့လို့၊ အမှုကိစ္စတွေကြုံလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ အာရုံမစိုက်ခဲ့လို့၊ နောက်ပြီး အလုပ်လုပ်နေတုန်းမှာ သမ္မာတရားကို လိုက်စားတာ မရှိသလောက်နည်းခဲ့လို့၊ ကျွန်မရဲ့ ရရှိမှုတွေက အနည်းဆုံးဖြစ်ခဲ့တယ်။ ဒီကနေ ကျွန်မမြင်လိုက်ရတာက လူတစ်ယောက်ဟာ ဘယ်လောက်ပဲ နားလည်နေပါစေ၊ အယူဝါဒတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်တပ်ဆင်ဖို့ပဲ အာရုံစိုက်နေရင် ဒါဟာ သမ္မာတရားကို နားလည်တယ်လို့ အဓိပ္ပါယ်မရပါဘူး။ အရင်က ဘုရားသခင်ကို ကျိုးနွံနာခံခြင်းရဲ့ သမ္မာတရားအကြောင်း ခဏခဏဖတ်ခဲ့တာကို ကျွန်မတွေးမိတယ်။ အခြေအနေအားလုံးမှာ ကိုယ့်တာဝန်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရမယ်၊ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ စီမံခင်းကျင်းမှုတွေကို ကျိုးနွံနာခံရမယ်ဆိုတာ နားလည်ခဲ့တယ်၊ ဒါပေမဲ့ ဘုရားသခင် စီစဉ်တဲ့ ပတ်ဝန်းကျင်က ကျွန်မအယူအဆတွေနဲ့ မကိုက်ညီတဲ့အခါမှာတော့ ကျွန်မမှာ ကျိုးနွံနာခံခြင်း လက်တွေ့ကျမှမရှိခဲ့တာကို မြင်ခဲ့ရတယ်။ ဒီတာဝန်က ကိုယ့်လိုအင်ဆန္ဒတွေနဲ့ မကိုက်ညီဘူးလို့ တွေးပြီး အဲဒီအပေါ်မှာ အတိုက်အခံလုပ်စိတ်ဖြစ်ပြီး ကျိုးနွံနာခံဖို့ဆန္ဒမရှိခဲ့ဘူး။ ဘယ်လောက်ပဲ မိတ်သဟာယတွေအများကြီး ကျွန်မ နားထောင်ခဲ့ပါစေ၊ ဒါက ကျွန်မ သမ္မာတရားကို နားလည်ပြီ၊ ဒါမှမဟုတ် ရရှိခဲ့ပြီလို့ မဆိုလိုဘူးဆိုတာ ကျွန်မမြင်လိုက်ရတယ်။ ကျွန်မနားလည်ခဲ့တာတွေက စကားလုံးတွေနဲ့ အယူဝါဒတွေသက်သက်ပဲ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ အာရုံမစိုက်ဘူးဆိုရင် အဲဒါကို အမှန်တကယ် မရရှိနိုင်သေးသလို၊ ကျွန်မရဲ့အသက်စိတ်သဘောထားကလည်း ပြောင်းလဲနိုင်မှာမဟုတ်ဘူး။

ကျွန်မရဲ့အခြေအနေပေါ်မူတည်ပြီး ဆက်လိုက်စားခဲ့တော့ ဒီလိုပြောတဲ့ ဘုရားနှုတ်ကပတ်တော်ကို တွေ့ခဲ့တယ်။ “ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အသွင်ပြောင်းလဲခြင်းသည် နေ့ချင်းညချင်း ဖြစ်မလာပေ။ လူတစ်ဦးသည် ကိစ္စရပ်တိုင်းတွင် မိမိကိုယ်ကို အမြဲမပြတ် ဆင်ခြင်သုံးသပ်ပြီး ဆန်းစစ်နေရမည်။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများကို ဆန်းစစ်ရမည်၊ မိမိကိုယ်ကို နားလည်ရန် ကြိုးစားပြီး သမ္မာတရားအား လက်တွေ့ကျင့်သုံးသည့် လမ်းကြောင်းကို ရှာဖွေရမည်ဖြစ်သည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန် နည်းလမ်းဖြစ်သည်။ နေ့စဉ်အသက်တာ၌ ၎င်းတို့ဘာသာ ထုတ်ဖော်နေသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဆင်ခြင်သုံးသပ်ပြီး ဖော်ထုတ်စစ်ဆေးရန်၊ သမ္မာတရားအပေါ် မိမိ၏နားလည်မှုကို အခြေခံ၍ စိစစ်ခြင်းနှင့် ပိုင်းခြားသိမြင်ခြင်းတို့ကို လက်တွေ့လုပ်ဆောင်ရန်နှင့် ဖြည်းဖြည်းချင်း ဖြတ်ကျော်ရန် လိုအပ်သည်၊ သို့မှသာ လူတစ်ဦးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး မိမိ၏ လုပ်ဆောင်ချက်များ အားလုံးကို သမ္မာတရားနှင့် ညီညွတ်စေနိုင်မည်ဖြစ်သည်။ ထိုကဲ့သို့သော လိုက်စားမှု၊ လက်တွေ့လုပ်ဆောင်မှုနှင့် မိမိကိုယ်ကို သိနားလည်မှုတို့အားဖြင့် ဤဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ခြင်းများသည် စတင်လျော့နည်းလာကာ နောက်ဆုံးတွင် သူ၏စိတ်သဘောထား ပြောင်းလဲလာမည်ဟု မျှော်လင့်ချက်ရှိသည်။ ဤသည်မှာ လမ်းကြောင်းပင်ဖြစ်သည်။ လူတစ်ဦး၏ စိတ်သဘောထားကို ပြုပြင်ပြောင်းလဲခြင်းသည် ၎င်းတို့၏ဘဝတွင် ကြီးထွားတိုးတက်မှုကိစ္စဖြစ်သည်။ သူသည် သမ္မာတရားကို နားလည်သဘောပေါက်ပြီး လက်တွေ့လုပ်ဆောင်ရမည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ သူသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ အကယ်၍ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် အပြုအမူတိုင်းနှင့် စကားလုံးတိုင်းတွင် ယင်းဘာသာ ထုတ်ဖော်လာသည့်အထိ ဆက်လက်၍ ယင်းဘာသာ အစဉ်အမြဲ ထုတ်ဖော်နေပါက ယင်းမှာ သူ၏စိတ်သဘောထား မပြောင်းလဲသေးဟု ဆိုလိုခြင်းဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ဆက်စပ်သည့် မည်သည့်ကိစ္စရပ်ကိုမဆို အလေးအနက် စိစစ်ပြီး စစ်ဆေးဖော်ထုတ်သင့်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ မူလဇာစ်မြစ်တို့ကို ဖော်ထုတ်ပြီး ဖြေရှင်းနိုင်ဖို့အတွက် သမ္မာတရားကို ရှာဖွေသင့်သည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပြဿနာကို အပြီးသတ် ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဤလမ်းကြောင်းကို သင်တွေ့ရှိပြီးသည်နှင့်တစ်ပြိုင်နက် သင်၏ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခုဖြစ်လာရန် မျှော်လင့်ချက်ရှိပေသည်။ ဤအရာများသည် ပေါ့တန်သောကိစ္စရပ်များ မဟုတ်ပေ။ ယင်းတို့သည် လက်တွေ့ဘဝနှင့် ဆက်စပ်သည်။ သော့ချက်မှာ လူအယောက်တိုင်းသည် သမ္မာတရား စစ်မှန်မှုများရရှိအောင် စိတ်နှလုံးအကြွင်းမဲ့ ဝီရိယရှိရှိ အားထုတ်ကြိုးပမ်းနိုင်ခြင်း ရှိမရှိနှင့် သမ္မာတရားကို သူတို့ လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိ ဟူသည့်အပေါ်၌ တည်မှီသည်။ သူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သရွေ့ သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စတင်၍ ဖြည်းဖြည်းချင်း ဖယ်ရှားနိုင်သည်။ ထို့နောက်တွင် ၎င်းတို့သည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ ကျင့်ကြံပြုမူနိုင်သည်။ တစ်နည်းအားဖြင့် ဆိုသော် ၎င်းတို့သည် မိမိတို့၏ နေရာနှင့်အညီ ကျင့်ကြံပြုမူနိုင်လေသည်။ မိမိတို့၏နေရာကို ရှာဖွေတွေ့ရှိခြင်း၊ ဖန်ဆင်းခံတစ်ဦးအဖြစ် မိမိတို့၏ အခန်းကဏ္ဍတွင် အခိုင်အမာရပ်တည်ခြင်းနှင့် ဘုရားသခင်ကို အမှန်တကယ် ကိုးကွယ်ပြီး ကျိုးနွံနာခံသူဖြစ်လာခြင်းအားဖြင့် ထိုသူတို့သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရမည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် စည်းမျဉ်းများ) ဘုရားနှုတ်ကပတ်တော်တွေမှာ ရှင်းရှင်းလင်းလင်းပဲ ပြောထားတာက၊ လူရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက နေ့တိုင်းထုတ်ဖော်ပြနေတယ်။ အမှုကိစ္စတိုင်းမှာ၊ ပြောဆိုတဲ့ စကားတိုင်းမှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ မှားယွင်းတဲ့ အတွေးအမြင်တွေ၊ အယူအဆတွေ ရောပါနေနိုင်တယ်။ ဒီပြဿနာတွေကို သိရှိပြီး ဖြေရှင်းဖို့ လူတွေဟာ သမ္မာတရားကို ရှာဖွေဖို့လိုတယ်။ နောက်ဆုံးမှာ သမ္မာတရားကို ရပြီး စိတ်သဘောထားပြောင်းလဲမှုကို ရရှိနိုင်မလားဆိုတာက လူတစ်ယောက်ဟာ သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်သလားဆိုတဲ့အပေါ်မှာ မူတည်တယ်။ လူတွေနဲ့များများထိတွေ့လေ ဖောက်ပြန်ပျက်စီးမှု များများထုတ်ဖော်လေ မဟုတ်သလို၊ အပြင်မထွက်ဘဲ လူနည်းနည်းနဲ့ ထိတွေ့လို့ ဖောက်ပြန်ပျက်စီးမှု နည်းနည်းပဲ ထုတ်ဖော်တယ်ဆိုတာ မဟုတ်ပါဘူး။ ဒါက ကျွန်မရဲ့ ကိုယ်ပိုင်အယူအဆနဲ့ စိတ်ကူးသက်သက်ပဲ။ တကယ်တမ်းမှာတော့ လူတစ်ယောက်ဟာ တခြားသူတွေနဲ့ ထိတွေ့ဆက်ဆံမှုနည်းတဲ့ တာဝန်တစ်ခု ရှိရင်တောင်မှ၊ ကိုယ့်အသက်ဝင်ရောက်မှုအတွက် ဝန်တာစိတ်ရှိသရွေ့၊ ကြုံတွေ့ရတဲ့ အမှုအရာတိုင်းမှာ ထုတ်ဖော်ပြတဲ့ ကိုယ့်အမြင်တွေ၊ အတွေးတွေကို သတိထားပြီး ဂရုတစိုက်ဆန်းစစ်သရွေ့၊ ပြီးတော့ တွေ့ရှိတဲ့ ဘယ်ဖောက်ပြန်ပျက်စီးမှုကိုမဆို ဖြေရှင်းဖို့ သမ္မာတရားကို အချိန်မီရှာဖွေသရွေ့ သူတို့ဟာ သမ္မာတရားကို ရရှိနိုင်ပြီး အပြောင်းအလဲကို တွေ့ကြုံခံစားနိုင်ဦးမှာပါပဲ။ ကျွန်မကိုယ်ကျွန်မ စဉ်းစားကြည့်တော့၊ ကျွန်မရဲ့ လက်ရှိတာဝန်ဟာ လူတွေနဲ့ ထိတွေ့ဆက်ဆံမှုနည်းပေမဲ့ အလုပ်ထဲမှာ ဖောက်ပြန်ပျက်စီးမှုတွေ အများကြီး ထုတ်ဖော်ပြခဲ့တုန်းပါပဲ။ တစ်ခါတလေကျတော့ အလုပ်များပြီး ညဉ့်နက်တဲ့အထိလုပ်ဖို့ လိုအပ်တဲ့အခါ၊ ကျွန်မရဲ့အသေးစားမျက်စိပြဿနာလေးကြောင့် မျက်စိတွေကို အလွန်အကျွံသုံးမိမှာ စိတ်ပူပြီး၊ မျက်စိတွေ ပျက်သွားရင် တာဝန်ဆက်မထမ်းဆောင်နိုင်ဘဲ ကယ်တင်ခြင်းမခံရမှာကို ကြောက်ခဲ့တာပေါ့။ ဒါကြောင့် ခိုကပ်ပျင်းရိပြီး အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ တခြားအချိန်တွေမှာဆိုရင် ကျွန်မတာဝန်မှာ ဝတ်ကျေတမ်းကျေလုပ်တယ်၊ အလုပ်ရဲ့အသေးစိတ်အချက်အလက်တွေကို မစစ်ဆေးဘဲနေတော့ ပြန်လုပ်ရတာတွေဖြစ်ပြီး အလုပ်တိုးတက်မှုကို နှောင့်နှေးစေခဲ့တယ်။ ကျွန်မရဲ့ အကျင့်မကောင်းတဲ့သဘာဝက စိုးရိမ်ရတယ်ဆိုတာကို ကျွန်မမြင်ခဲ့တယ်။ အရင်တုန်းက နေ့တိုင်းလူတွေနဲ့တွေ့ပြီး အစည်းအဝေးတက်ရတဲ့ တာဝန်တစ်ခု ရှိခဲ့တုန်းကလည်း ဖောက်ပြန်ပျက်စီးမှုတွေ အများကြီးထုတ်ဖော်ပြခဲ့ပေမဲ့၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ကို ရှောင်ဖို့အတွက် ဆင်ခြေအနေနဲ့ တာဝန်တွေနဲ့ အလုပ်ရှုပ်တာကို အသုံးချပြီး ကိုယ့်ဖောက်ပြန်ပျက်စီးမှုကိုဖြေရှင်းဖို့ သမ္မာတရားကို လိုက်စားတာ မရှိသလောက်ပဲ။ အတွေ့အကြုံအများကြီး ဖြတ်သန်းခဲ့ရပြီး ဖောက်ပြန်ပျက်စီးမှုလည်း အများကြီးထုတ်ဖော်ပြခဲ့ပေမဲ့ သမ္မာတရားကိုတော့ သိပ်မရခဲ့ဘူး။ အခု စာနဲ့ပတ်သက်တဲ့ တာဝန်ကိုထမ်းဆောင်ရင်း နေ့တိုင်း အလုပ်ပြီးဖို့ပဲ အာရုံစိုက်နေပြီး ကိုယ့်ဖောက်ပြန်ပျက်စီးမှုကို ဆင်ခြင်သုံးသပ်ဖို့ ဘုရားရှေ့မှောက်ကို ရောက်လာတာ မရှိသလောက်ပဲ။ တာဝန်ထမ်းဆောင်တာကလွဲရင် ကျွန်မစိတ်က မကြာခဏဆိုသလို လစ်ဟာနေတဲ့အခြေအနေမှာရှိတယ်၊ ဒါမှမဟုတ် ဇာတိပကတိရဲ့သာယာမှု၊ မိသားစုရဲ့ချစ်ခင်တွယ်တာမှု၊ ကျော်ကြားမှုနဲ့ အဆင့်အတန်း စတဲ့ သမ္မာတရားနဲ့မသက်ဆိုင်တဲ့အရာတွေကို တွေးနေတတ်တယ်။ ကျွန်မအသက်ဝင်ရောက်မှုမှာ ဘာတိုးတက်မှုမှ မရှိခဲ့ဘူး။ သမ္မာတရားရရှိခြင်းဟာ လူတစ်ယောက်ထမ်းဆောင်တဲ့ တာဝန်အပေါ်မှာ မမူတည်ဘူးဆိုတာ ကျွန်မမြင်လိုက်ရတယ်။ အဓိကက သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ အာရုံစိုက်သလား၊ ထုတ်ဖော်ပြတဲ့ ဖောက်ပြန်ပျက်စီးမှုကိုဖြေရှင်းဖို့ အလေးအနက်ထားပြီး အားထုတ်ကြိုးပမ်းသလားဆိုတဲ့အပေါ်မှာ မူတည်တယ်။ သူတို့သာ သမ္မာတရားကို မလိုက်စားဘူး၊ ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်မသုံးသပ်ဘူးဆိုရင် ကြီးကြပ်ရေးမှူးဖြစ်လာရင်တောင် သမ္မာတရားကိုရမှာမဟုတ်သလို ကယ်တင်ခြင်းလည်း မခံရနိုင်ဘူး။ ဒီအချက်အလက်တွေရင်ဆိုင်ရတော့၊ ကျွန်မရဲ့အမြင်တွေက ဘယ်လောက်တောင် အဓိပ္ပါယ်မဲ့ပြီး မှားယွင်းလိုက်သလဲဆိုတာကို မြင်ခဲ့ရတယ်။ ကျွန်မက သမ္မာတရားကိုနားမလည်ခဲ့လို့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်ရှုထောင့်တွေနဲ့ အရာရာကို ကြည့်ခဲ့တယ်၊ ဒီတာဝန်ကို စွန့်ပစ်ဖို့ အမြဲတမ်းကြိုးစားပြီး ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီမံခင်းကျင်းမှုတွေကို မကျိုးနွံမနာခံချင်ခဲ့ဘူး။ ကျွန်မတာဝန်ကိုလည်း စိတ်မပါ့တပါနဲ့လုပ်ခဲ့တယ်၊ ဒီလိုသာ ဆက်သွားရင် အလုပ်လည်း နှောင့်နှေး၊ ဘုရားသခင်လည်း ကျွန်မကို စက်ဆုပ်ရွံရှာဖို့သာ ရှိမှာပဲ။ သမ္မာတရားကိုလိုက်စားတဲ့အခါ မှန်ကန်တဲ့ အတွေးအခေါ်နဲ့ အမြင်တွေရှိဖို့က သိပ်ကိုအရေးကြီးတယ်ဆိုတာကို ကျွန်မသဘောပေါက်သွားတယ်။ ဒါတွေကိုနားလည်သွားတော့ ကျွန်မတာဝန်နဲ့ပတ်သက်ပြီး ဇီဇာမကြောင်တော့ဘဲ၊ တာဝန်ထမ်းဆောင်ဖို့ လက်ရှိအခွင့်အရေးကို ဆုပ်ကိုင်ထားဖို့ ဆန္ဒရှိလာတယ်၊ အမှုကိစ္စတွေကြုံလာတဲ့အခါ ကိုယ့်အတွေးအခေါ်နဲ့ အမြင်တွေကို ဂရုတစိုက်သတိထားပြီး ဒါတွေကို ဖြေရှင်းဖို့ သမ္မာတရားကို အချိန်မီလိုက်စားခဲ့တယ်။

ကိုယ့်ကိုယ်ကိုယ်ဆင်ခြင်သုံးသပ်ရင်းနဲ့၊ ကျွန်မရဲ့ လက်ရှိတာဝန်ကို ကျိုးနွံနာခံပြီး မထမ်းဆောင်နိုင်တာက ကျွန်မရဲ့မှားယွင်းတဲ့အမြင်တွေကြောင့်သာမကဘဲ ကောင်းချီးမင်္ဂလာရချင်တဲ့ ကျွန်မရဲ့လိုအင်ဆန္ဒကြောင့်လည်း ဖြစ်တယ်ဆိုတာကို သဘောပေါက်ခဲ့တယ်။ ဒီတာဝန်ကိုထမ်းဆောင်တာက သမ္မာတရားနည်းနည်းပဲရမယ်၊ ဒါကြောင့် ကောင်းချီးရဖို့မျှော်လင့်ချက်ကလည်း မရေရာဘူးလို့ ကျွန်မထင်ခဲ့တယ်၊ ဒါကြောင့် ဒီတာဝန်ကို မထမ်းဆောင်ချင်ခဲ့တာ။ ဘုရားသခင်ကိုယုံကြည်ပြီး တာဝန်တွေထမ်းဆောင်ရာမှာ ကျွန်မရဲ့ရည်ရွယ်ချက်က မှားနေခဲ့တယ်ဆိုတာကို ကျွန်မမြင်ခဲ့ရတယ်။ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မဖတ်ခဲ့တယ်။ “လူတို့သည် ကောင်းချီးခံစားရရန်၊ ဆုလာဘ်ချီးမြှင့်ခြင်းခံရရန်၊ ဆုသရဖူရရှိရန်အတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ လူတိုင်း၏ စိတ်နှလုံးတွင် ဤအရာ တည်ရှိသည်မဟုတ်လော။ ဤအရာတည်ရှိသည်မှာ အမှန်တရားဖြစ်သည်။ ထိုအကြောင်းကို လူတို့က မကြာခဏ မပြောကြသော်လည်း၊ ကောင်းချီးများရရန် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ဆန္ဒကိုပင် ဖုံးကွယ်သော်လည်း လူတို့၏ စိတ်နှလုံးအတွင်းတွင်ရှိသော ဤဆန္ဒနှင့် ရည်ရွယ်ချက်သည် အစဉ် ပြောင်းလဲ၍ မရနိုင်ပေ။ လူတို့သည် ဝိညာဉ်ရေးရာ သဘောတရားများကို မည်မျှ နားလည်သည်ဖြစ်စေ၊ အတွေ့အကြုံဆိုင်ရာ အသိပညာ မည်မျှရှိသည်ဖြစ်စေ၊ မည်သည့်တာဝန်ကို ထမ်းဆောင်နိုင်သည်ဖြစ်စေ၊ မည်မျှ ဒုက္ခခံနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ အဖိုးအခ ပေးဆပ်နိုင်သည်ဖြစ်စေ၊ ၎င်းတို့စိတ်နှလုံး အတွင်းနက်နက်ထဲတွင် ကွယ်ဝှက်နေသော ကောင်းချီးရလိုသည့် စိတ်ဓာတ်လှုံ့ဆော်မှုကို မည်သည့်အခါမျှ လက်မလွှတ်နိုင်ဘဲ အစေခံရာတွင် အစဉ်သဖြင့် တိတ်ဆိတ်စွာ အားသွန်ခွန်စိုက်လုပ်ဆောင်သည်။ ဤသည်မှာ လူတို့၏ စိတ်နှလုံးအတွင်းထဲရှိ အနက်ဆုံးနေရာတွင် မြုပ်နှံထားသောအရာ မဟုတ်လော။ ကောင်းချီးမင်္ဂလာများ ရရှိဖို့ဖြစ်သည့် ဤလှုံ့ဆော်မှုမရှိလျှင် သင်တို့သည် မည်သို့ခံစားရမည်နည်း။ မည်သည့်သဘောထားနှင့် တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်နောက် လိုက်မည်နည်း။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဖုံးကွယ်နေသော ကောင်းချီးရရှိဖို့ဖြစ်သည့် ဤစိတ်ဓာတ်လှုံ့ဆော်မှုကို ဖယ်ရှားပစ်လိုက်လျှင် လူတို့သည် မည်သည့်အရာ ဖြစ်လာမည်နည်း။ လူများစွာက အပျက်သဘောဆောင်လာခြင်း ဖြစ်နိုင်သည်။ အချို့မှာ မိမိတို့၏တာဝန်များတွင် စိတ်အားလျော့လာမည်။ ၎င်းတို့၏ ဝိညာဉ်က ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည့်အလား ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် စိတ်ဝင်စားမှု ပျောက်သွားပေမည်။ ၎င်းတို့၏ စိတ်နှလုံးက ဆွဲယူခံခဲ့ရပြီးသည့် ပုံပေါ်နေမည်။ ဤအတွက်ကြောင့် ကောင်းချီးရရန် စိတ်ဓာတ်လှုံ့ဆော်မှုသည် လူတို့၏ စိတ်နှလုံးတွင် နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်နေသည့်အရာ ဖြစ်သည်ဟု ငါပြောရခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘဝ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့အခြေအနေကို ဖော်ထုတ်ခဲ့တယ်။ ဘုရားသခင်ကိုယုံကြည်ခြင်း၊ အရာရာကိုစွန့်လွှတ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ်အသုံးခံခြင်းနဲ့ ကြိုးစားလုပ်ဆောင်ခြင်းတို့မှာ ကျွန်မရဲ့ရည်ရွယ်ချက်က ကောင်းချီးမင်္ဂလာရဖို့သက်သက်ပဲ ဖြစ်ခဲ့တယ်။ ကောင်းချီးမင်္ဂလာမရနိုင်ဘူးဆိုရင် ကျွန်မတာဝန်ကိုထမ်းဆောင်ဖို့ စိတ်ပါဝင်စားမှုပျောက်ဆုံးပြီး အရာရာတိုင်းအတွက် စိတ်အားထက်သန်မှုမရှိတော့ဘူး။ ဘုရားသခင်ကို စတင်ယုံကြည်ခဲ့တဲ့အချိန်ကစပြီး ကျွန်မဟာ တာဝန်ထမ်းဆောင်ရာမှာ အမြဲတမ်းစိတ်အားထက်သန်ခဲ့တယ်၊ ကိုယ့်အလုပ်နဲ့ အိမ်ထောင်ရေးကို စွန့်လွှတ်ခဲ့ပြီး တာဝန်မှာ ဒုက္ခခံပြီး အဖိုးအခပေးဖို့ ဆန္ဒရှိခဲ့တယ်။ ဒီစာနဲ့ပတ်သက်တဲ့ တာဝန်ကို ကျွန်မကို ခန့်အပ်လိုက်တဲ့အခါ၊ ဒီတာဝန်ဟာ အပြင်စည်းဝေးပွဲတွေနည်းပြီး သမ္မာတရားရဖို့ အခွင့်အရေးနည်းတယ်လို့ ကျွန်မထင်ခဲ့တယ်၊ ဒါက ကျွန်မရဲ့ကယ်တင်ခြင်းကို အဟန့်အတားဖြစ်စေမှာပဲ။ ဒါကြောင့် ကြီးကြပ်ရေးမှူးက ကျွန်မကို တခြားတာဝန်တစ်ခုပြောင်းပေးတာ လိုချင်ခဲ့ပြီး၊ ကျွန်မကိုခန့်အပ်တဲ့ တာဝန်က မသင့်တော်ဘူးလို့လည်း မကျေမနပ်ပြောခဲ့တယ်။ ကျွန်မတာဝန်ထမ်းဆောင်ရာမှာ ဝတ်ကျေတမ်းကျေဖြစ်လာတယ်၊ ပျင်းရိပြီး အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ တာဝန်ထမ်းဆောင်ရာမှာ ကျွန်မရဲ့စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ ကောင်းချီးမင်္ဂလာရချင်တဲ့ ကျွန်မရဲ့လိုအင်ဆန္ဒကြောင့် ဖြစ်တယ်ဆိုတာကို ကျွန်မ မြင်လိုက်ရတယ်။ ကျွန်မရဲ့ယုံကြည်ခြင်းမှာ ကိုယ့်အကျိုးစီးပွားကိုပဲ ထည့်စဉ်းစားပြီး၊ ကိုယ့်တာဝန်ကို ကောင်းချီးမင်္ဂလာရဖို့ နည်းလမ်းတစ်ခုအဖြစ် သဘောထားခဲ့တယ်။ တာဝန်တစ်ခုက ကောင်းချီးမင်္ဂလာရဖို့ အကျိုးရှိတယ်လို့ထင်ရင် အဲဒါကိုလုပ်ဖို့ တက်တက်ကြွကြွရှိတယ်၊ မထင်ရရင်တော့ အပျက်သဘောဆောင်ပြီး အတိုက်အခံလုပ်စိတ်ဖြစ်လာတယ်။ ကျွန်မဟာ ဘုရားသခင်ကို ကျိုးနွံနာခံပြီး စိတ်ကျေနပ်စေဖို့ လိုက်စားနေတာမဟုတ်သလို၊ ဖန်ဆင်းခံတစ်ယောက်ရဲ့တာဝန်ကို ထမ်းဆောင်နေတာလည်း မဟုတ်ဘူး၊ ဘုရားသခင်အပေါ် ရိုးသားတဲ့စိတ်လည်း မရှိဘူး။ ဒီလိုနည်းနဲ့ လိုက်စားနေရင် ဘုရားသခင်ရဲ့ စက်ဆုပ်ရွံရှာမှုကိုသာ ရရှိပြီး နောက်ဆုံးမှာ ကိုယ်တော် ဖယ်ရှားရှင်းလင်းတာကို ခံရမှာပဲ။ ကျွန်မဟာ အသင်းတော်ရဲ့ စီစဉ်ခန့်ခွဲမှုတွေကို နာခံပြီး၊ ကိုယ့်တာဝန်တွေကို ကြိုးကြိုးစားစားနဲ့ အသိတရားရှိရှိ ထမ်းဆောင်သင့်တယ်၊ အမှုအရာအားလုံးမှာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သင်ခန်းစာယူဖို့ အာရုံစိုက်သင့်တယ်၊ ပြီးတော့ စိတ်သဘောထားပြောင်းလဲမှုကို လိုက်စားသင့်တယ်။

နောက်ရက်တွေမှာတော့ ကျွန်မကြုံတွေ့ရတဲ့အရာတွေကနေ သင်ခန်းစာယူဖို့ အာရုံစိုက်ခဲ့တယ်။ ဧည့်ခံအိမ်က ညီအစ်ကိုဟာ သူ့တာဝန်ကိုထမ်းဆောင်ရာမှာ စိတ်အားထက်သန်ပေမဲ့ အသက်ဝင်ရောက်မှုအပေါ် သိပ်အာရုံမစိုက်ဘူး။ အရင်တုန်းက ကျွန်မဟာ သူ့ကို ကောင်းတဲ့စိတ်နဲ့ကူညီခဲ့တယ်၊ ဖြစ်ခဲ့တဲ့အရာတွေကနေတစ်ဆင့် သူ့အကြောင်းသူသင်ယူဖို့ အမြဲတမ်းကြိုးစားခိုင်းတော့ သူက အတိုက်အခံလုပ်ပြီး ရွံရှာစိတ်ဖြစ်လာခဲ့တယ်။ ကျွန်မ မတရားခံရသလိုခံစားခဲ့ရတယ်။ ကိုယ့်ရဲ့ကောင်းတဲ့ရည်ရွယ်ချက်တွေက ဘာလို့အသိအမှတ်မပြုခံရတာလဲလို့ တွေးရင်းပေါ့။ ဆင်ခြင်သုံးသပ်ခြင်းကနေ ကျွန်မသဘောပေါက်ခဲ့တာက၊ ကျွန်မမှာ မာနထောင်လွှားတဲ့စိတ်သဘောထားရှိပြီး တခြားသူတွေကို ကျွန်မစကား အတင်းအကျပ်နားထောင်ခိုင်းခဲ့တယ်ဆိုတာပါပဲ။ နောက်ပြီး တခြားသူတွေကို ကူညီရာမှာလည်း ကျွန်မမှာ စည်းမျဉ်းမရှိခဲ့ဘူး။ နောက်ပိုင်းမှာ ကျွန်မက “အခြားသူများကို မေတ္တာဖြင့် ကူညီခြင်း၏ အခြေခံသဘောတရားများ” ကိုဖတ်ပြီးတဲ့အခါ၊ တခြားသူတွေကိုကူညီတာဟာ အနည်းဆုံးတော့ သူတို့ကို အဆီးအတားမဖြစ်စေဘဲ အကျိုးဖြစ်ထွန်းစေသင့်တယ်ဆိုတာကို နားလည်ခဲ့ပြီး၊ လူတွေကို သူတို့ရဲ့ဝိညာဉ်ရင့်ကျက်မှုအလိုက်ဆက်ဆံသင့်တယ်၊ ကျွန်မအမြင်တွေကိုသူတို့လက်ခံအောင် အတင်းအကျပ်မလုပ်ဘဲ စိတ်ရှည်ရှည်နဲ့ ဖော်ဖော်ရွေရွေ ညွှန်ပြသင့်တယ်ဆိုတာကို နားလည်ခဲ့တယ်။ နောက်ပြီး အရင်တစ်ချိန်တုန်းက ညီအစ်ကိုမောင်နှမတွေ အများကြီး ဧဝံဂေလိတရားဟောဖို့ မြို့ကနေထွက်သွားခဲ့ကြတယ်။ ကျွန်မက အကြောင်းရင်းတချို့ကြောင့် မသွားနိုင်ခဲ့တော့ စိတ်ထဲမှာ သိပ်ကိုအပျက်သဘောဆောင်ပြီး စိတ်ဓာတ်ကျခဲ့တယ်၊ ကျွန်မကို ဒီလိုဖြစ်စေဖို့ ဘာလို့ ဘုရားသခင်က ခွင့်ပြုခဲ့တာလဲလို့ မကျေမနပ်ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မက သမ္မာတရားကိုရှာဖို့ အာရုံစိုက်ခဲ့တယ်၊ ဘုရားနှုတ်ကပတ်တော်တွေကိုဖတ်၊ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ပြီး၊ ကျွန်မရဲ့မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့အမြင်တွေနဲ့ ကောင်းချီးရှာတဲ့ရည်ရွယ်ချက်ကို အသိအမှတ်ပြုမိခဲ့တယ်။ မြို့ပြင်ထွက်ပြီး တာဝန်ထမ်းဆောင်တာက လက်တွေ့လုပ်ဆောင်ဖို့အခွင့်အရေးပိုများတယ်၊ ဒါကြောင့် သမ္မာတရားနဲ့ ကယ်တင်ခြင်းရဖို့ မျှော်လင့်ချက်ပိုကြီးတယ်လို့ ကျွန်မထင်ခဲ့တယ်။ ဒီပန်းတိုင်ကို မရောက်တဲ့အခါ ကျွန်မ အပျက်သဘောဆောင်ပြီး မကျေမနပ်ဖြစ်ခဲ့တယ်။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ဖန်ဆင်းရှင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ စီမံခင်းကျင်းမှုတွေကို ကျိုးနွံနာခံသင့်တယ်ဆိုတာကို ကျွန်မသဘောပေါက်ခဲ့တယ်၊ ပြီးတော့ လူတစ်ယောက် သမ္မာတရားကိုရနိုင် မရနိုင်ဆိုတာဟာ သမ္မာတရားအတွက် ကြိုးစားအားထုတ်ပြီး အဖိုးအခပေးလား မပေးလားမှာ မူတည်ပြီး သူဘယ်နေရာမှာ တာဝန်ထမ်းဆောင်သလဲဆိုတဲ့အပေါ်မှာ မမူတည်ဘူးဆိုတာ နားလည်ခဲ့တယ်။ ကျွန်မဟာ ကိုယ့်တာဝန်ကို စွဲစွဲမြဲမြဲဆုပ်ကိုင်ထားသင့်တယ်။ လက်ရှိပတ်ဝန်းကျင်မှာ သမ္မာတရားကိုလိုက်စားပြီး သင်ခန်းစာယူသင့်တယ်၊ ပြီးတော့ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်သင့်တယ်။ ဒါက ကျွန်မလိုက်စားသင့်တဲ့အရာပဲ။

ဒီအတောအတွင်းက ကျွန်မရဲ့အတွေ့အကြုံတွေကို ဆင်ခြင်သုံးသပ်ရင်း၊ ဘုရားသခင်ကိုယုံကြည်ခြင်းမှာ သမ္မာတရားရနိုင်မလားဆိုတာက လူတစ်ယောက် ဘာတာဝန်ထမ်းဆောင်သလဲဆိုတဲ့အပေါ်မှာ မမူတည်ဘဲ၊ သူတို့ သမ္မာတရားကိုချစ်မချစ်နဲ့ လက်တွေ့လုပ်ဆောင်မှုရှိမရှိဆိုတာမှာ မူတည်မှန်း နားလည်ခဲ့တယ်။ နေ့စဉ် ပေါ်ပေါက်တဲ့အရာတွေမှာ အလေးအနက်ထားပြီး၊ ကိုယ့်ဖောက်ပြန်ပျက်စီးမှုကို ဆင်ခြင်သုံးသပ်ပြီး ဖြေရှင်းဖို့ သမ္မာတရားကိုလိုက်စားဖို့ အာရုံစိုက်မယ်၊ စိတ်သဘောထားပြောင်းလဲမှုအပေါ် အားထုတ်ကြိုးပမ်းတယ်ဆိုရင် နေ့တိုင်း အကျိုးကျေးဇူးတချို့ ရရှိမှာပဲ။ အခုတော့ ကျွန်မ ဒီစာနဲ့ပတ်သက်တဲ့ တာဝန်ကိုထမ်းဆောင်ဖို့ အတိုက်အခံမလုပ်တော့ဘဲ ကျိုးနွံနာခံနိုင်သွားပြီ။ ဒီတာဝန်ကိုလည်း တန်ဖိုးထားပြီး သမ္မာတရားကိုလိုက်စားရာမှာလည်း အားထုတ်ကြိုးပမ်းဖို့ ဆန္ဒရှိနေပါပြီ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မ၏ အနာဂတ်နှင့်ပတ်သက်၍ မည်သည့်အခါမျှ ညည်းညူတော့မည် မဟုတ်ပါ

ကျွန်မက သာမန်လယ်သမားမိသားစုမှာ မွေးဖွားခဲ့တာပါ။ စားဝတ်နေရေးဖူလုံဖို့ ကျွန်မမိဘတွေက ကောက်ပဲသီးနှံစိုက်ပျိုးရေးကို အမှီပြုခဲ့ရတယ်။...

ခေါင်းဆောင်ပိုင်းက ဖမ်းဆီးခံရပြီးနောက် ယုဒအဖြစ်သို့ ပြောင်းလဲခြင်း

၂၀၁၈၊ ဇူလိုင်လ လေးရက်နေ့မှာ ကျွန်မနဲ့တွဲလုပ်တဲ့ ခေါင်းဆောင်က နောက်ယောင်ခံလိုက်ခံရပြီး အဖမ်းခံလိုက်ရတယ်။ ဒီသတင်းကို ကျွန်မ ကြားတော့ တော်တော်...

အဆင်မပြေတာတွေ ကြုံရတဲ့အခါ တကယ်ကံဆိုးတာလား

၂၀၂၃ခုနှစ်၊ ဧပြီလတုန်းက ကျွန်မဟာ အသင်းတော်မှာ ဧဝံဂေလိအလုပ်အတွက် တာဝန်ယူခဲ့ပါတယ်။ အချိန်တစ်ခု ကြာပြီးတဲ့နောက်မှာ ခေါင်းဆောင်က ကျွန်မတို့နဲ့...

ရိုးသားသော တိုင်ကြားမှုကြောင့် ဖိနှိပ်ခြင်းကို ရင်ဆိုင်ရခြင်း

လီမင် ဂျာမနီနိုင်ငံ ဖန်ပင်းက ရေလောင်းအဖွဲ့ကို ကျွန်မ စီမံနေချိန်မှာ ကျွန်မအလုပ်ကို တာဝန်ယူခဲ့တဲ့ ခေါင်းဆာင်လေ။ ကျွန်မတို့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။