ကြွားဝါခြင်း၏ အရှက်မဲ့မှု
ဝမ်ရှင်းဖင် တရုတ်နိုင်ငံ၂၀၂၀ ခုနှစ်၊ မတ်လမှာ အသင်းတော်သစ်ကို ကျွန်မပြောင်းတယ်။ အရင်အသင်းတော်မှာ ကျွန်မက ခေါင်ဆောင်တစ်ယောက်ဖြစ်ပြီး ညီအစ်ကို...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့ ည ၁၀ နာရီ နည်းနည်းကျော်ချိန်မှာ၊ ခေါင်းဆောင်ဆီက စာတစ်စောင် ကျွန်မလက်ခံရရှိခဲ့တယ်၊ ကျွန်မရဲ့ဇာတိမြို့က အသင်းတော်က ညီအစ်ကိုမောင်နှမလေးယောက် အဖမ်းခံလိုက်ရတယ်လို့ ဆိုပါတယ်။ ဒီရင်းနှီးနေတဲ့ နာမည်တွေကိုမြင်တော့ ကျွန်မရင်ထဲမှာ ထူးထူးကဲကဲ လေးလံသွားတယ်။ အဲဒီညီအစ်မတွေထဲက တစ်ယောက်က ကျွန်မနဲ့အတူ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး၊ ကျွန်မတို့နှစ်ယောက်လုံးကို ရဲကဖုန်းနဲ့ စုံစမ်းစစ်ဆေးခဲ့ဖူးတယ်။ သူ့အဖမ်းခံရတာက ကျွန်မကိုပါ ငြိစွန်းစေနိုင်မလား။ ကျွန်မ နည်းနည်းကြောက်သွားတယ်။ နောက်တော့ နောက်ထပ်ညီအစ်ကိုမောင်နှမငါးယောက် အဖမ်းခံရတယ်လို့ ကျွန်မကြားခဲ့ရပြီး၊ သူတို့ထဲကနှစ်ယောက်က အသင်းတော်ခေါင်းဆောင်တွေ ဖြစ်ကြတယ်။ ၂၁ ရက်နေ့ မွန်းလွဲပိုင်းမှာ၊ ခေါင်းဆောင်ဆီက နောက်ထပ်စာတစ်စောင် ကျွန်မလက်ခံရရှိခဲ့တယ်၊ သူတို့က ကျွန်မရဲ့ဇာတိမြို့က အသင်းတော်နဲ့ အဆက်အသွယ်ပြတ်သွားပြီလို့ ဆိုပြီး၊ အခြေအနေကိုနားလည်ဖို့ ကျွန်မပြန်သွားနိုင်မလားလို့ မေးခဲ့တယ်၊ သိုလှောင်ထားတဲ့ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေ အန္တရာယ်ရှိမရှိ စစ်ဆေးဖို့နဲ့ ရွှေ့ပြောင်းလို့ရမလားဆိုတာ ကြည့်ဖို့ပေါ့။ စာဖတ်ပြီးတဲ့နောက်မှာ ကျွန်မ အရမ်းပဲ စိုးရိမ်သွားတယ်။ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို ရဲတွေသိမ်းသွားရင် ဆုံးရှုံးမှုက ကြီးမားမှာလေ။ ဒါပေမဲ့ ကျွန်မက မြို့ခံအသင်းတော်ကနေ ထွက်ခွာခဲ့တာ ဆယ်နှစ်ရှိပြီဖြစ်ပြီး စာအုပ်တွေ ဘယ်မှာသိုလှောင်ထားလဲဆိုတာ ကျွန်မမသိဘူး။ ရုတ်တရက် အသင်းတော်မှာ အမြဲရှိနေခဲ့ပြီး အခြေအနေကို သိလောက်မယ့် ကျွန်မအမေအကြောင်း တွေးမိလိုက်တယ်။ ဒါပေမဲ့ အဲဒီနောက်မှာ ကျွန်မရင်ထဲမှာ တစ်ကိုယ်ကောင်းဆန်တဲ့အတွေးတစ်ခု ပေါ်လာတယ်၊ “ကျွန်မအမေက စာအုပ်တွေထားတဲ့အိမ်ကို ရှာနိုင်တယ်လို့ ကျွန်မပြောလိုက်ရင်၊ ခေါင်းဆောင်က ကျွန်မ ပြန်သွားဖို့ သေချာပေါက် စီစဉ်တော့မှာပဲ။ အခု ကွန်မြူနစ်ပါတီရဲ့ ဖြိုခွင်းမှုက အရမ်းပြင်းထန်နေတာ၊ ဒီအချိန်မှာ ကျွန်မပြန်သွားရင် ဒါရှေ့တန်းစစ်မြေပြင်ကို တည့်တည့်လျှောက်သွားတာနဲ့ အတူတူပဲ မဟုတ်ဘူးလား။ ငါသာ အဖမ်းခံရပြီး ထောင်ကျသွားရင် ညှဉ်းပန်းနှိပ်စက်တာကို ခံနိုင်ရည်ရှိပါ့မလား။ အဖမ်းခံရပြီးနောက်မှာ ရဲတွေရဲ့ နှိပ်စက်ညှဉ်းပန်းတာခံရတဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ မြင်ကွင်းတွေကို စဉ်းစားမိရုံနဲ့ ကြောက်နေမိပြီ။ ငါ ဒီမှာပဲ နေလိုက်တာ ပိုကောင်းပါတယ်။ ပြန်သွားရင် အရမ်းအန္တရာယ်များတယ်”ပေါ့။ ဒီလိုတွေးမိတော့ ခေါင်းဆောင်ကို ပြန်သွားဖို့သဘောတူတဲ့အကြောင်း ချက်ချင်းပြန်မပြောခဲ့ဘူး။ ဒါပေမဲ့ နောက်တော့ ဒီနှစ်တွေတစ်လျှောက်မှာ၊ ဘုရားသခင်အတွက် ဘာမှသိပ်မလုပ်ပေးခဲ့ဘဲနဲ့ ဘုရားသခင်ရဲ့ကျေးဇူးတော်တွေနဲ့ သမ္မာတရားထောက်ပံ့မှုအများကြီး၊ ကျွန်မ မွေ့လျော်ခံစားခဲ့ရတာကို တွေးမိတယ်။ အထူးသဖြင့် အခုချိန်မှာ ကျွန်မရဲ့တာဝန်ထမ်းဆောင်ရာမှာ အားထုတ်မှုတွေက အသီးအပွင့်များများ မရခဲ့ဘဲ၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအတိုင်း မကြာခဏ အသက်ရှင်နေခဲ့တယ်။ ကျွန်မ ဘုရားသခင်ကို အကြွေးတင်နေတာတွေက များလွန်းနေပါပြီ။ အခု ကျွန်မဇာတိမြို့က အသင်းတော်က ညီအစ်ကိုမောင်နှမတွေအများကြီး အဖမ်းခံရပြီး အဆက်အသွယ်ပြတ်သွားတာနဲ့၊ ကျွန်မ ဒီအတိုင်းပဲ ရပ်ပြီးကြည့်မနေနိုင်ဘူး၊ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို အဆင်းနီတဲ့ နဂါးကြီး သိမ်းသွားတာကိုလည်း ခွင့်မပြုနိုင်ဘူး။ အဲဒီအချိန်မှာ ဓမ္မသီချင်းစာသားတစ်ကြောင်းက ကျွန်မစိတ်ထဲ ပေါ်လာတယ်၊ “ဘုရားသခင်အပေါ် ငါတို့သစ္စာစောင့်သိကြောင်း ပြသချိန်ရောက်ပြီ၊ ကိုယ်တော်ကို သက်သေခံဖို့ ငါတို့ ဆင်းရဲဒုက္ခခံရမည်။” အန္တရာယ်နဲ့အခက်အခဲကာလတွေမှာ ဘုရားသခင်မိသားစုရဲ့ အကျိုးစီးပွားတွေကို ကျွန်မ ဦးစားပေးနိုင်ဖို့ ဘုရားသခင်က မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မပြန်သွားရင် အဖမ်းခံရမှာကြောက်ခဲ့ပြီး ကျွန်မရဲ့ကိုယ်ပိုင်အကျိုးစီးပွားတွေကိုပဲ တွေးနေခဲ့တယ်။ ဘုရားသခင်အပေါ်မှာ သစ္စာစောင့်သိမှု တစ်စက်မှမရှိဘဲ၊ ကျွန်မ အရမ်းတစ်ကိုယ်ကောင်းဆန်လွန်းတယ်။ အသင်းတော်က နှိပ်စက်ညှဉ်းပန်းမှုနဲ့ အခက်အခဲကို ရင်ဆိုင်ရချိန်မှာ ကျွန်မက ကိုယ်လွတ်ရုန်းဖို့ပဲ ကြိုးစားနေခဲ့တာ။ ကျွန်မ တကယ်ကို အသိစိတ်မရှိလိုက်တာ။ အသင်းတော်အလုပ်က ကျွန်မကိုလိုအပ်ချိန်မှာ အခု ကျွန်မ မရပ်တည်ခဲ့ရင်၊ နောက်ပိုင်းမှာ သေချာပေါက် အပြစ်ရှိသလိုခံစားရပြီး အကြီးအကျယ်နောင်တရမှာပဲ။ ကျွန်မ ဆက်ပြီး သူရဲဘော မကြောင်ချင်တော့ဘူး။ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို ကာကွယ်ဖို့ ကျွန်မ အစွမ်းကုန်လုပ်ရမယ်။ ဒါကို သဘောပေါက်ပြီးတဲ့နောက်မှာ၊ ခေါင်းဆောင်ဆီကို အမြန်စာပြန်ရေးခဲ့တယ်၊ ကျွန်မပြန်သွားပြီး အခြေအနေကိုနားလည်ဖို့ ကျွန်မအမေကိုရှာနိုင်တယ်ဆိုတဲ့အကြောင်း သူ့ကိုပြောပြတာပေါ့။
နောက်ပိုင်းမှာ ခေါင်းဆောင်က ကျွန်မကိုလာတွေ့ပြီး ကျွန်မဇာတိမြို့ကိုပြန်ရောက်တာနဲ့ ဘာလုပ်ရမလဲဆိုတာကို အသေးစိတ် ကျွန်မနဲ့ မိတ်သဟာယပြုခဲ့တယ်။ ကျွန်မပြန်သွားပြီးတဲ့အခါမှာ အသင်းတော်က ညီအစ်ကိုမောင်နှမတွေကို ဒါမှမဟုတ် ကျွန်မအမေကို တိုက်ရိုက်အဆက်အသွယ်မလုပ်ဖို့ သူက ထပ်ခါထပ်ခါ တိုက်တွန်းခဲ့တယ်၊ ရဲစောင့်ကြည့်မှုအောက်မှာ သူတို့ ရှိမရှိ အသေအချာမသိဘူးလေ။ ကျွန်မအမေ အန္တရာယ်ကင်းရဲ့လားဆိုတာကို အရင်ဆုံးစုံစမ်းပြီးမှ သူနဲ့တွေ့ပြီး ဘုရားနှုတ်ကပတ်တော် စာအုပ်တွေအကြောင်း ဆွေးနွေးဖို့လည်း ပြောခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မ စိတ်လှုပ်ရှားသလို ကြောက်လည်းကြောက်နေခဲ့တယ်။ ကျွန်မ ရဲဖမ်းခံရမှာကို ကြောက်တယ်၊ ပြီးတော့ စိတ်လှုပ်ရှားနေခဲ့တယ်၊ ဘာလို့လဲဆိုတော့ ကျွန်မ ဒီလိုအခြေအနေမျိုးကို တစ်ခါမှမကိုင်တွယ်ဖူးတာရယ်၊ ကောင်းကောင်းလုပ်နိုင်ပါ့မလားဆိုတာ မသိခဲ့တာကြောင့်ရယ်ပါ။ ခေါင်းဆောင်ထွက်သွားပြီးတဲ့နောက်မှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို အမြန်ဖတ်ခဲ့တယ်။ ဘုရားသခင်က ပြောသည် “သင်သည် ဤအရာ ထိုအရာတို့ကို ကြောက်ရွံ့ခြင်း မရှိအပ်။ မည်မျှများပြားသော အခက်အခဲများနှင့် အန္တရာယ်များ သင်ရင်ဆိုင်ရစေကာမူ၊ ငါ၏ အလိုကို မပိတ်ဆီးဘဲ ဆောင်ရွက်နိုင်ဖို့အလို့ငှာ၊ သင်သည် မည်သည့် အဟန့်အတားမျှဖြင့် ပိတ်ဆို့ခံရခြင်းမရှိဘဲ ငါ၏ရှေ့၌ ဆက်လက်တည်ငြိမ်နေသင့်သည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။...သင်သည် အားလုံးကို ခါးစည်းခံရမည်။ ငါ့အတွက် အရာအားလုံးကို စွန့်လွှတ်ရန်နှင့် သင့်ခွန်အား ရှိသမျှဖြင့် ငါ့နောက် လိုက်ရန် သင်သည် အဆင်သင့်ဖြစ်နေရမည် ဖြစ်ပြီး မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ရန် အဆင်သင့်ဖြစ်နေရမည်။ ယခုအချိန်သည် သင့်ကို ငါစစ်ဆေးမည့် အချိန်ဖြစ်သည်။ သင်၏ သစ္စာစောင့်သိမှုကို ငါ့အား သင်ဆက်ကပ်မည်လော။ သင်သည် လမ်းဆုံးအထိ သစ္စာရှိစွာ ငါ့နောက် လိုက်နိုင်သလော။ ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါ၏မစခြင်းဖြင့်၊ အဘယ်သူသည် ဤလမ်းကို တစ်ကြိမ်တစ်ခါမျှ ပိတ်ဆို့နိုင်မည်နည်း။ ဤအရာကို သတိရလော့။ သတိရလော့။ အရာခပ်သိမ်းတွင် ငါ၏ ရည်ရွယ်ချက်ကောင်းများ ပါဝင်ပြီး အရာခပ်သိမ်းသည် ငါ၏ စိစစ်မှုအောက်တွင် ရှိသည်။ သင် ပြောသမျှနှင့် လုပ်သမျှအားလုံးတွင် ငါ၏နှုတ်ကပတ်တော်ကို သင် လိုက်လျှောက်နိုင်သလော။ မီးဖြင့် စမ်းသပ်မှုများ သင့်အပေါ် ရောက်လာသောအခါ၊ သင်သည် ဒူးထောက်ကာ ဟစ်ခေါ်မည်လော။ သို့မဟုတ် ရှေ့ဆက်နိုင်စွမ်းမရှိဘဲ တွန့်ဆုတ်မည်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)) ဒီလိုဖော်ပြထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မဖတ်တဲ့အခါမှာ၊ “ယခုအချိန်သည် သင့်ကို ငါစစ်ဆေးမည့် အချိန်ဖြစ်သည်။ သင်၏ သစ္စာစောင့်သိမှုကို ငါ့အား သင်ဆက်ကပ်မည်လော။” “မီးဖြင့် စမ်းသပ်မှုများ သင့်အပေါ် ရောက်လာသောအခါ၊ သင်သည် ဒူးထောက်ကာ ဟစ်ခေါ်မည်လော။ သို့မဟုတ် ရှေ့ဆက်နိုင်စွမ်းမရှိဘဲ တွန့်ဆုတ်မည်လော။” ဘုရားသခင်က ကျွန်မကို ရှင်းရှင်းလင်းလင်း ပြောနေသလိုမျိုး ခံစားခဲ့ရတယ်၊ အခုကြုံနေရတဲ့အခြေအနေတွေကို ကိုယ်တော်က ပြင်ဆင်ပေးထားတာဖြစ်ပြီး ဒါက ကျွန်မအတွက် စမ်းသပ်မှုတစ်ခုဆိုတာကိုပေါ့။ ကျွန်မနှလုံးသားကို ဘုရားသခင်က စိစစ်နေတယ်လို့ ခံစားခဲ့ရတယ်၊ နှိပ်စက်ညှဉ်းပန်းမှုနဲ့ အခက်အခဲတွေကြားမှာ ကျွန်မရဲ့ကိုယ်ပိုင်အကျိုးစီးပွားတွေကို ဦးစားပေးပြီး ကြောက်ရွံ့တွန့်ဆုတ်သွားမလား၊ ဒါမှမဟုတ် ဘုရားသခင်အိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ဦးစားပေးပြီး ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို ဘေးကင်းကင်းနဲ့ ရွှေ့ပြောင်းမလားဆိုတာကို ကြည့်နေခဲ့တာပေါ့။ ကျွန်မ ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ ဘုရားသခင်က မျှော်လင့်နေတယ်လို့လည်း ကျွန်မခံစားခဲ့ရတယ်။ ကျွန်မ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို စိတ်မပျက်စေချင်သလို၊ အသက်ရှင်ကျန်ရစ်ဖို့ပဲကြိုးစားတဲ့ သူရဲဘောကြောင်သူတစ်ယောက်လည်း မဖြစ်ချင်ဘူး၊ ဒါကြောင့် ကျွန်မ အမြန်ဒူးထောက်ပြီး ဘုရားသခင်ကို ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ သမီးရဲ့ဝိညာဉ်ရင့်ကျက်မှုက သေးငယ်လွန်းပါတယ်၊ ဒီလိုအခြေအနေမျိုးကို တစ်ခါမှမကြုံဖူးပါဘူး၊ ဒီတာဝန်ကို ကောင်းကောင်းမလုပ်နိုင်မှာကို ကြောက်ပြီး အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ဘုရားသခင်၊ သမီးရဲ့စိတ်နှလုံးကို တည်ငြိမ်အောင် ကူညီလမ်းပြပေးတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ကျွန်မ အများကြီး ပိုတည်ငြိမ်သွားတယ်။
ကျွန်မဇာတိမြို့ကိုရောက်တဲ့အချိန်မှာ ည ၈ နာရီကျော်သွားပြီ။ လမ်းပေါ်မှာလမ်းလျှောက်နေရင်း၊ ကျွန်မ စိတ်တထင့်ထင့်ဖြစ်နေခဲ့တယ်၊ ညီအစ်ကိုမောင်နှမတွေ ဘယ်လိုနေကြလဲ၊ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေ ဘေးကင်းရဲ့လား၊ ကျွန်မအပေါ် အန္တရာယ်တစ်ခုခု ကျရောက်လာမလားဆိုတာ မသိရဘူးလေ။ ကျွန်မစိတ်နှလုံးကို တည်ငြိမ်အောင် ကူညီပေးဖို့ ဘုရားသခင်ကို စိတ်နှလုံးထဲကနေ အဆက်မပြတ် တောင်းခံခဲ့တယ်။ ကျွန်မမောင်လေးရဲ့ တံခါးကိုရောက်တဲ့အခါ၊ ကျွန်မ တွန့်ဆုတ်သွားတယ်၊ ကျွန်မမောင်က ဘုရားသခင်အပေါ် ကျွန်မရဲ့ယုံကြည်မှုကို ဆန့်ကျင်တာ သိတယ်လေ။ ကျွန်မအဖေ နာမကျန်းဖြစ်ပြီး ဆုံးသွားတုန်းက ကျွန်မပြန်မသွားခဲ့ဘူး၊ သူက ကိုယ်တိုင်ပဲ “ဒီနေ့ကစပြီး နင်က ငါ့အစ်မမဟုတ်တော့ဘူး” လို့ ပြောခဲ့တယ်။ သူ ကျွန်မကို ကူညီမလားဆိုတာ ကျွန်မမသိခဲ့ဘူး။ ကျွန်မနှလုံးသားက ထပ်ပြီးတင်းမာလာပြီး၊ စင်္ကြံမှာ မိနစ်အတော်ကြာ ရပ်နေခဲ့ပြီး အထဲဝင်ဖို့မရဲခဲ့ဘူး။ ကျွန်မ စိတ်နှလုံးထဲမှာ တိတ်တဆိတ်ဆုတောင်းခဲ့တယ်၊ ကျွန်မ တဖြည်းဖြည်းနဲ့ ပိုတည်ငြိမ်လာပြီး တံခါးခေါက်ဖို့ သတ္တိရလာခဲ့တယ်။ အံ့ဩစရာပဲ၊ ကျွန်မမောင်က ရန်လိုစိတ်တစ်စက်မှ မပြခဲ့ဘူး။ ကျွန်မအမေ လောလောဆယ် ဘေးကင်းတယ်ဆိုတာကိုလည်း သူ့ဆီကနေတစ်ဆင့် သိခဲ့ရတယ်။ ညီအစ်ကိုမောင်နှမတွေ အဖမ်းခံရတဲ့နေ့မှာ သူက တိုက်တိုက်ဆိုင်ဆိုင် နေရာအသစ်ကို ပြောင်းနေခဲ့ပြီး၊ အခု အသင်းတော်မှာ ဘယ်သူကမှ သူဘယ်မှာနေလဲဆိုတာ မသိကြဘူး။ ကျွန်မ အမေကိုတွေ့ဖို့ အမြန်သွားခဲ့တယ်။ ကျွန်မစဉ်းစားမိတယ်၊ “ငါ့အမေက သူ့အရင်အိမ်မှာ ခုနစ်နှစ်လောက်နေခဲ့တာ၊ အသင်းတော်က ညီအစ်ကိုမောင်နှမတိုင်း သူ့နေရာကိုသိကြတယ်။ ရဲတွေအတွက် သူ့ကိုရှာဖို့ သိပ်လွယ်မှာပဲ၊ သူပြောင်းသွားတာ ကံကောင်းလို့ပဲ၊ မဟုတ်ရင် ငါသူ့ကို ဆက်သွယ်လို့ရမှာမဟုတ်ဘူး။ ငါ့အမေ ကြိုပြီးပြောင်းရွှေ့သွားတာက ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ စီမံခန့်ခွဲမှု မဟုတ်ဘူးလား” လို့ပေါ့။ အဲဒီအချိန်မှာ ကျွန်မရဲ့ဝိညာဉ်ရင့်ကျက်မှုက သေးငယ်လွန်းပြီး ဘုရားသခင်အပေါ်မှာ ယုံကြည်ခြင်း တစ်စက်မှမရှိဘူးလို့ ခံစားခဲ့ရတယ်။ အစတုန်းက ကျွန်မပြန်မလာရဲခဲ့ဘူး၊ အဖမ်းခံရမှာကြောက်ပြီး၊ စာအုပ်တွေ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့အိမ်ကို ရှာမတွေ့မှာကို ကြောက်ခဲ့တယ်။ အခုတော့ ဘုရားသခင်က အရာအားလုံးကို စီစဉ်ပေးထားပြီးသားမှန်း ကျွန်မမြင်ခဲ့ရတယ်။ ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာကိုမြင်တော့ ကျွန်မ ယုံကြည်ခြင်းရလာခဲ့တယ်။ ကျွန်မအမေက ပြောတယ်၊ လွန်ခဲ့တဲ့နှစ်နှစ်က ဘုရားနှုတ်ကပတ်တော် စာအုပ်တွေထားတဲ့အိမ်လေးလုံးကို သူသိခဲ့ပေမဲ့၊ အခု အပြောင်းအလဲတစ်ခုခုရှိမရှိ သူ မသိဘူးတဲ့။ လီဟန်နာမည်နဲ့ ညီအစ်မတစ်ယောက်က ဒီကိစ္စကို တာဝန်ယူထားပြီး၊ သူ့ဆီကနေ သတင်းအချက်အလက်ယူတာက ပိုတိကျပါတယ်။ နောက်ပြီး လီဟန်က မိတ်ဆက်ပေးရင် စာအုပ်တွေ လုံလုံခြုံခြုံထိန်းသိမ်းစောင့်ရှောက်သူတွေက ကျွန်မတို့ကို ယုံကြည်မှာပဲ။ ကျွန်မစဉ်းစားမိတယ်၊ “လီဟန်ရဲ့အိမ်က ဆိုင်တစ်ဆိုင်ဖြစ်ပြီး၊ အဖမ်းခံရတဲ့လူအကုန်လုံးနီးပါး သူ့အိမ်ကိုသိတယ်။ သူသာ ရဲစောင့်ကြည့်မှုအောက်မှာရှိနေရင်၊ ငါနဲ့ငါ့အမေလည်း အဖမ်းခံရမှာမဟုတ်ဘူးလား”ပေါ့။ အဲဒီရဲအရာရှိတွေက လူတွေကို ဒုက္ခပေးတဲ့ နတ်ဆိုးတွေပဲ။ အဖမ်းခံရတဲ့ ညီအစ်ကိုမောင်နှမတချို့က ရေနွေးပူလောင်ခံရတယ်၊ တချို့က ကိုယ်တုံးလုံး အဝတ်အစားတွေ အချွတ်ခံရပြီး တစ်ကိုယ်လုံး လျှပ်စစ်တုတ်တွေနဲ့ ရှော့ရိုက်ခံရတယ်၊ တချို့က လက်ထိပ်ခတ်ပြီး ဇောက်ထိုးဆွဲခံရတယ်။ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့မြင်ကွင်းတွေကို စဉ်းစားမိရုံနဲ့ ကျွန်မတစ်ကိုယ်လုံး တုန်သွားတယ်။ ကျွန်မစဉ်းစားမိတယ်၊ “ငါသာ အဖမ်းခံရရင်၊ ငါလည်း ဒီလိုညှဉ်းပန်းနှိပ်စက်မှုကို ခံရမှာမဟုတ်ဘူးလား။ သူတို့က ငါ့ကိုသေနတ်နဲ့ပစ်သတ်ပြီး မြန်မြန်ဆန်ဆန်လုပ်ပေးလိုက်ရင် ကောင်းမှာပဲ၊ ဒါဆို ငါ သိပ်ဒုက္ခမခံရဘဲ သေသွားမယ်။ ငါ အာဇာနည်တစ်ယောက်ဖြစ်ပြီး၊ ငါ့စိတ်ဝိညာဉ်လည်း ကယ်တင်ခြင်းရနိုင်လောက်တယ်။ ဒါပေမဲ့ ဒီနတ်ဆိုးတွေက ကောက်ကျစ်စဉ်းလဲပြီး ဆိုးယုတ်ကြတယ်။ သူတို့က အဖမ်းခံရတဲ့ ညီအစ်ကိုမောင်နှမတွေကို ဘုရားသခင်ကိုငြင်းပယ်ဖို့နဲ့ အသင်းတော်ခေါင်းဆောင်တွေနဲ့ အသင်းတော်ရဲ့ဘဏ္ဏာငွေကို သစ္စာဖောက်ဖို့ အတင်းအကျပ်ခိုင်းတယ်။ ညီအစ်ကိုမောင်နှမတွေက မပြောဘဲငြင်းဆန်ရင်၊ သူတို့ဟာ ညှဉ်းပန်းနှိပ်စက်မှုအမျိုးမျိုး ခံရတယ်။ ဆက်ပြီးမပြောသေးရင်၊ သူတို့ဟာ ထောင်ချခံရပြီး အကျဉ်းသားတွေ ညှဉ်းပန်းတာခံရတယ်။ ရဲတွေက ဆိုးယုတ်တဲ့နည်းလမ်းအမျိုးမျိုးကိုသုံးတယ်၊ လူတွေဟာ မသေနိုင်၊ မရှင်နိုင်နဲ့ တကယ်ကို ကမ္ဘာပေါ်က ငရဲနဲ့တူအောင်လုပ်ပြီး၊ ဝေဒနာပြင်းထန်တဲ့ညှဉ်းပန်းမှုကို ခံစားရတာ။ ငါ့ဘဝမှာ ဒုက္ခသိပ်မခံစားခဲ့ရဘူး၊ ပုံမှန် ခေါင်းကိုက်တာ၊ ဖျားတာလေးဖြစ်ရင်တောင် တော်တော်မခံမရပ်နိုင်ဖြစ်တာ။ ဒီလိုလူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ဘယ်လိုခံနိုင်မှာလဲ။ ငါ့အမေကလည်း အသက်ကြီးနေပြီ၊ သူသာအဖမ်းခံရရင်၊ မသေရင်တောင် ဆိုးဆိုးရွားရွား ခံစားရမှာပဲ”ဆိုပြီးတော့ပေါ့။ ဒီလိုတွေးမိတော့ ကျွန်မအမေကိုပြောလိုက်တယ်၊ “လီဟန်သာ ရဲစောင့်ကြည့်တာခံနေရရင်၊ သမီးတို့လည်း အဖမ်းခံရနိုင်တယ်။ သမီး လီဟန်ကို မဆက်သွယ်သင့်ဘူးထင်တယ်”လို့ပေါ့။ ဒီစကားကိုကြားတော့ ကျွန်မအမေလည်း ကိစ္စကို ဆက်ပြီးမတွန်းတော့ဘူး။
ကျွန်မတို့ ဒါကိုဆွေးနွေးပြီးတဲ့အခါ ညဉ့်နက်ပြီးနေပြီ၊ အိပ်ရာထဲလှဲနေပေမဲ့ ကျွန်မ အိပ်မပျော်နိုင်ဘဲ၊ စဉ်းစားနေမိတယ်၊ “ငါ့အမေက စာအုပ်တွေဘယ်မှာထားလဲဆိုတာ အတိအကျမသိဘူး၊ ပြီးတော့ ငါတို့က ဗြုန်းစားကြီးသွားလိုက်ရင်၊ လုံလုံခြုံခြုံသိမ်းထားတဲ့ မိသားစုတွေက ငါတို့ကို စာအုပ်တွေ လွယ်လွယ်ကူကူပေးပါ့မလား။ လီဟန်နဲ့ဆက်သွယ်တာက ပိုပြီးစိတ်ချရလိမ့်မယ်”ဆိုပြီးတော့ပါ။ လီဟန်ကိုဆက်သွယ်ဖို့ အင်တင်တင်ဖြစ်နေတာက ကျွန်မကို လာငြိစွန်းမှာကြောက်ပြီး ကိုယ့်အကျိုးစီးပွားတွေကို ကာကွယ်နေတာပဲဆိုတာ ကျွန်မသဘောပေါက်သွားတယ်၊ ဒါကြောင့် ကိုယ့်အခြေအနေကိုဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်တွေကို အမြန်ရှာဖွေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ထဲက ဒီအပိုဒ်ကို ကျွန်မဖတ်ခဲ့တယ်၊ “အန္တိခရစ်များသည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းကြသည်။ ၎င်းတို့၌ ဘုရားသခင်အပေါ် သစ္စာရှိဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်းမရှိကြပေ။ ၎င်းတို့သည် ပြဿနာတစ်ခုကို ကြုံရသည့်အခါ မိမိကိုယ်ကိုသာ ကာကွယ်ပြီး ဘေးဆီးရန်ကာကြသည်။ ၎င်းတို့အတွက်မူ မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးထက် မည်သည့်အရာမျှ သာ၍ အရေးမကြီးချေ။ ၎င်းတို့ အသက်ရှင်နိုင်ပြီး အဖမ်းမခံရသရွေ့ အသင်းတော်၏ အလုပ်အဖို့ မည်မျှ ဘေးဖြစ်စေသည်ကို ၎င်းတို့ ဂရုမစိုက်ကြချေ။ ဤလူများသည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်သည်၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ သို့မဟုတ် အသင်းတော်အတွက် လုံးဝ မစဉ်းစားကြပေ၊ ၎င်းတို့က မိမိတို့၏ ဘေးကင်းလုံခြုံမှုအတွက်သာ စဉ်းစားကြသည်။ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။ ထို့ကြောင့် ထိုသို့သော အရာများသည် ဘုရားသခင်အပေါ် သစ္စာစောင့်သိသည့် သူများနှင့် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်မှုရှိသည့်သူများထံ ဖြစ်ပေါ်သည့်အခါ ၎င်းတို့က ယင်းတို့ကို မည်သို့ ကိုင်တွယ်သနည်း။ ၎င်းတို့ လုပ်ဆောင်သည့်အရာသည် အန္တိခရစ်တို့ လုပ်ဆောင်သည့်အရာနှင့် အဘယ်သို့ ခြားနားသနည်း။ (ဘုရားသခင်ကို သစ္စာစောင့်သိသူများထံ ထိုသို့သော အရာများ ကျရောက်သည့်အခါ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စောင့်ရှောက်ရန်၊ ဘုရားသခင်၏ ပူဇော်သက္ကာများကို ဆုံးရှုံးမှုများအား ကာကွယ်ရန် ၎င်းတို့ နည်းလမ်းတစ်ခုခု စဉ်းစားကြလိမ့်မည်ဖြစ်ပြီး ဆုံးရှုံးမှုများ နည်းပါးစေရန် ခေါင်းဆောင်များနှင့် အမှုဆောင်များအပြင် ညီအစ်ကို မောင်နှမများအတွက် လိုအပ်သည့် အစီအစဉ်များကို ပြုလုပ်ကြလိမ့်မည်။ ထိုအချိန်အတောအတွင်းတွင် အန္တိခရစ်များမှာမူ ၎င်းတို့ ကာကွယ်ခြင်းခံရဖို့ ဦးစွာပထမ သေချာအောင် လုပ်ကြသည်။ ၎င်းတို့သည် အသင်းတော်၏ အလုပ် သို့မဟုတ် ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသူများ၏ ဘေးကင်းလုံခြုံမှုနှင့်ပတ်သက်၍ မပူပန်ကြပေ။ အသင်းတော်က အဖမ်းအဆီးများ ရင်ဆိုင်ရသည့်အခါ၊ အကျိုးဆက်အနေဖြင့် အသင်းတော်အလုပ်က ဆုံးရှုံးမှုများ ဖြစ်ပေါ်ရသည်။) အန္တိခရစ်များသည် အသင်းတော်၏ အလုပ်နှင့် ဘုရားသခင်၏ အလှူငွေများကို စွန့်ပစ်ကြပြီး၊ နောက်ဆက်တွဲကိစ္စကို ကိုင်တွယ်ရန် လူတို့အတွက် မစီစဉ်ပေးကြပေ။ ဤသည်မှာ အဆင်းနီသော နဂါးကြီးအား ဘုရားသခင်၏ ပူဇော်သက္ကာများနှင့် သူ၏ ရွေးချယ်ခြင်းခံရသည့် လူတို့ကို ဖမ်းဆီးခွင့်ပေးခြင်းနှင့် တူသည်။ ဤသည်မှာ ဘုရားသခင်၏ ပူဇော်သက္ကာများနှင့် သူ၏ ရွေးချယ်ထားသောလူတို့အပေါ် သွယ်ဝိုက်သောနည်းဖြင့် သစ္စာဖောက်ဖျက်ခြင်း ဖြစ်သည် မဟုတ်လော။ ဘုရားသခင်ကို သစ္စာစောင့်သိသည့်သူများက ပတ်ဝန်းကျင်တစ်ခုသည် အန္တရာယ် ရှိသည်ကို ရှင်းလင်းစွာ သိသည့်အခါတွင် ၎င်းတို့ကိုယ်တိုင် မဆုတ်ခွာမီ နောက်ဆက်တွဲ အခြေအနေကို ကိုင်တွယ်သည့် အလုပ်ကို လုပ်ဖို့ လိုလားဆဲဖြစ်ကာ ဘုရားအိမ်တော်ကို ဆုံးရှုံးမှုများ အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးကို ဦးစားမပေးကြပေ။ ငါ့ကိုပြောလော့၊ အဆင်းနီသောနဂါးကြီး၏ ဤကောက်ကျစ်ဆိုးယုတ်သောနိုင်ငံတွင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းတွင် အန္တရာယ်လုံးဝ မရှိဟု မည်သူက သေချာစေနိုင်သနည်း။ မည်သည့်တာဝန်ကို တာဝန်ယူဆောင်ရွက်ပါစေ ယင်းက အန္တရာယ်အချို့ ပါဝင်သည်။ သို့တိုင် တာဝန်ထမ်းဆောင်ခြင်းသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းထားခြင်းဖြစ်ပြီး ဘုရားသခင်၏ နောက်လိုက်စဉ်တွင် မိမိ၏တာဝန် ထမ်းဆောင်ခြင်းနှင့် ပတ်သက်သည့် အန္တရာယ်ကို ခံယူရမည် ဖြစ်သည်။ အကြင်သူသည် ဉာဏ်ပညာကို အသုံးပြုသင့်ပြီး မိမိ၏ဘေးကင်းလုံခြုံရေးကို သေချာစေဖို့ ချိန်ဆရန် လိုအပ်သော်လည်း မိမိ၏ ကိုယ်ရေးကိုယ်တာ ဘေးကင်းလုံခြုံရေးကို ဦးစားမပေးသင့်ပေ။ ထိုသူသည် ဘုရားအိမ်တော်၏အလုပ်နှင့် ဧဝံဂေလိဖြန့်ဝေခြင်းကို ဦးစားပေးလျက် ဘုရားရည်ရွယ်ချက်များကို အလေးထားသင့်သည်။ မိမိအတွက် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်ခြင်းသည် အရေးအကြီးဆုံး အရာဖြစ်ပြီး ဦးစားပေးဖြစ်သည်။ အန္တိခရစ်များသည် မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးကိုသာ အဓိက ဦးစားပေးကြသည်။ အခြားမည်သည့်အရာမျှ ၎င်းတို့နှင့် မသက်ဆိုင်ဟု ၎င်းတို့ တွေးထင်ကြသည်။ အခြားသူတစ်ဦးကို တစ်စုံတစ်ခုဖြစ်သည့်အခါ၊ ထိုသူ မည်သူဖြစ်နိုင်ပါစေ ၎င်းတို့ ဂရုမစိုက်ကြချေ။ အန္တိခရစ်များ ကိုယ်တိုင် မည်သည့်ဆိုးရွားသည့်အရာမျှ မဖြစ်သရွေ့၊ ၎င်းတို့ စိတ်အေးလက်အေး ဖြစ်ကြသည်။ ၎င်းတို့၌ သစ္စာစောင့်သိခြင်း တစ်စက်မျှ မရှိပေ၊ ယင်းကို အန္တိခရစ်များ၏ သဘာဝ အနှစ်သာရက ဆုံးဖြတ်ပေး၏။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို တရားစီရင်နေတယ်လို့ထင်ပြီး ကျွန်မ အကြီးအကျယ် စိတ်ဆင်းရဲပြီး စိတ်မကောင်းဖြစ်ခဲ့တယ်။ ကျွန်မထုတ်ဖော်ခဲ့တဲ့ စိတ်သဘောထားက အန္တိခရစ်တွေရဲ့ စိတ်သဘောထားနဲ့ တစ်ထပ်တည်းကျနေခဲ့တယ်။ အန္တိခရစ်တွေဟာ အန္တရာယ်နဲ့အခက်အခဲကို ရင်ဆိုင်ရချိန်မှာ သူတို့ရဲ့ကိုယ်ပိုင်လုံခြုံရေးနဲ့၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်ရမလဲဆိုတာကိုပဲ စဉ်းစားကြတယ်၊ ဘုရားသခင်အပေါ် ဘာသစ္စာစောင့်သိမှုမှမပြဘဲ ဘုရားသခင်မိသားစုရဲ့ အကျိုးစီးပွားနဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ လုံခြုံရေးကို လျစ်လျူရှုကြတယ်။ သူတို့ဟာ အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းကြတယ်။ အခု အသင်းတော်က ဖမ်းဆီးမှုတွေကို ရင်ဆိုင်နေရချိန်မှာ၊ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို ကာကွယ်တာက ဒီအန္တရာယ်ရှိတဲ့အချိန်မှာ အရေးကြီးဆုံးတာဝန်ဖြစ်ပြီး၊ ဒါက အသိစိတ်နဲ့လူ့သဘာဝရှိတဲ့ ဘယ်သူမဆို လုပ်သင့်တဲ့အရာတစ်ခု ဖြစ်ခဲ့တယ်။ ဒီအရေးကြီးတဲ့အဆင့်မှာ ကျွန်မက ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ပဲ တွေးနေခဲ့ပြီး၊ စာအုပ်တွေကို ဘယ်လို ဘေးကင်းကင်းနဲ့ လုံလုံခြုံခြုံ ရွှေ့ပြောင်းမလဲဆိုတာကို မစဉ်းစားခဲ့ဘူး။ ဘုရားအပေါ်ထားတဲ့ ကျွန်မရဲ့သစ္စာစောင့်သိမှုက ဘယ်မှာလဲ။ ကျွန်မသာ ဗြုန်းစားကြီးလုပ်လိုက်ရင်၊ ထိန်းသိမ်းစောင့်ရှောက်တဲ့အိမ်တွေကို ရှာမတွေ့ရင်၊ ဒါမှမဟုတ် သူတို့က စာအုပ်တွေကို ကျွန်မတို့ဆီမပေးရင်၊ စာအုပ်တွေရွှေ့ပြောင်းတာကို နှောင့်နှေးစေလိမ့်မယ်။ အချိန်မီမရွှေ့ပြောင်းလို့ ဒီစာအုပ်တွေကို ရဲတွေသိမ်းသွားရင်၊ ကျွန်မမှာ တာဝန်ရှိမှာပဲ။ ဘုရားနှုတ်ကပတ်တော်တွေဟာ လူ့အသက်တာအတွက် အာဟာရဖြစ်တယ်။ သမ္မာတရားကိုနားလည်ဖို့၊ ကိုယ့်ကိုယ်ကိုယ်သိဖို့၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ရှားဖို့ ကယ်တင်ခြင်းကိုရရှိဖို့အတွက်၊ ဘုရားနှုတ်ကပတ်တော်တွေမရှိဘဲ မလုပ်နိုင်ပါဘူး။ ဘုရားနှုတ်ကပတ်တော်တွေဟာ လူ့အသက်ထက်တောင် ပိုအရေးကြီးတယ်။ ညီအစ်ကိုမောင်နှမတွေဟာ ဘုရားနှုတ်ကပတ်တော်တွေကို အသင်းတော်ဆီပို့ဆောင်ဖို့ သူတို့အသက်ကို စွန့်စားကြတယ်။ ဒါမှ ဒါတွေကို လူတွေပိုပြီးဖတ်နိုင်ဖို့၊ သမ္မာတရားကိုနားလည်ပြီး ဘုရားသခင်ရဲ့ကယ်တင်ခြင်းကို ရရှိနိုင်ဖို့ပေါ့။ ဘုရားသခင်ကို စိတ်ရင်းမှန်နဲ့ယုံကြည်တဲ့သူတွေဟာ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကိုကာကွယ်ဖို့ သူတို့အသက်ကို သေချာပေါက် စွန့်စားကြမှာပဲ၊ ဒါပေမဲ့ ဒီအရေးကြီးတဲ့အချိန်မှာ ကျွန်မက ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ပဲ တွေးနေခဲ့တယ်။ ကျွန်မ စဉ်းစားလေလေ၊ ကိုယ့်ကိုယ်ကိုယ် လူ့သဘာဝ လုံးဝမရှိဘူးလို့ ခံစားလာရလေပဲ။ ပေတရုအကြောင်းကိုလည်း ကျွန်မစဉ်းစားမိတယ်၊ သူက သခင့်အတွက် အလုပ်လုပ်ပြီး အသင်းတော်ကို ထိန်းကျောင်းရင်းနဲ့ ဆင်းရဲဒုက္ခအများကြီး ခံစားခဲ့ပြီး ထောင်ချတာတောင်ခံခဲ့ရတယ်။ ရောမဧကရာဇ်က ခရစ်ယာန်တွေကို နောက်ဆုံးနှိပ်စက်ညှဉ်းပန်းချိန်မှာ ပေတရုက မြို့ကနေ ရှောင်တိမ်းပြီးသားပါ။ အဲဒီအချိန်မှာ သခင်ယေရှုက သူ့ကို ကိုယ်ထင်ရှားပြတဲ့အခါ၊ သခင်ယေရှုက သူ့ကို လက်ဝါးကပ်တိုင်မှာ အသေခံစေချင်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်မှန်း သူနားလည်ခဲ့တယ်၊ ဒါကြောင့် သူကျိုးနွံနာခံပြီး ရောမမြို့ကိုပြန်သွားခဲ့တယ်၊ နောက်ဆုံးတော့ အဲဒီမှာ သူဟာ လက်ဝါးကပ်တိုင်မှာ ဇောက်ထိုး အဆုံးစီရင်ခံရပြီး ဘုရားသခင်ကို အဆုံးစွန်ချစ်ခြင်းရဲ့ သက်သေခံချက်ကို ပေးခဲ့တယ်။ ကျွန်မကတော့ ပေတရုနဲ့ နှိုင်းယှဉ်လို့မရပေမဲ့၊ အသင်းတော်က ဒီအလုပ်ကို ကျွန်မကို ယုံကြည်ပြီး တာဝန်ပေးစေခိုင်းခဲ့တယ်၊ ဒါက ကျွန်မရဲ့တာဝန်နဲ့ဝတ္တရားပဲ။ ကျွန်မ ဘုရားသခင်ကို သစ္စာစောင့်သိသင့်တယ်၊ ဘုရားရဲ့အိမ်တော်ရဲ့အကျိုးစီးပွားကို ဦးစားပေးသင့်တယ်၊ ကျွန်မတတ်နိုင်သမျှ နည်းလမ်းတိုင်းနဲ့ အလုပ်ကိုလုပ်ဆောင်သင့်ပြီး၊ ကျွန်မရဲ့အကောင်းဆုံးကြိုးစားအားထုတ်မှုကို ပေးသင့်တယ်။ ဒါကိုသဘောပေါက်တော့ ကျွန်မ နောင်တရပြီး ဘုရားသခင်ကို ဆုတောင်းခဲ့တယ်။
နောက်တစ်နေ့မနက်စောစောမှာ၊ လီဟန်နဲ့ဆက်သွယ်ဖို့ ညီအစ်မတစ်ယောက်ကို ကျွန်မဆက်သွယ်ခဲ့ပြီး၊ သူ့ကိုတွေ့ဖို့ စီစဉ်ခဲ့တယ်။ လီဟန်က ကျွန်မတို့ကိုတွေ့တော့ စိုးရိမ်တကြီးပြောတယ်၊ “အဖမ်းခံရတဲ့လူတွေထဲက တစ်ယောက်က ယုဒဖြစ်သွားပြီ။ အခု ထိန်းသိမ်းစောင့်ရှောက်တဲ့မိသားစုက ညီအစ်မတစ်ယောက် အဖမ်းခံလိုက်ရပြီ၊ တခြားမိသားစုတွေလည်း အန္တရာယ်ရှိနေတယ်။ ရှင်တို့ အမြန်လာပြီး စာအုပ်တွေရွှေ့ပေးနိုင်ဖို့ ကျွန်မတို့ မျှော်လင့်နေတာ” တဲ့။ လီဟန်ရဲ့စကားကိုကြားတော့၊ အခြေအနေရဲ့ကြီးလေးမှုကို ကျွန်မသဘောပေါက်ပြီး ပိုပြီးတော့တောင် စိုးရိမ်သွားတယ်။ တခြားထိန်းသိမ်းစောင့်ရှောက်တဲ့အိမ်တွေကို ရွေးထုတ်ဖို့ လီဟန်နဲ့အတူ ကျွန်မအမြန်သွားခဲ့တယ်။ လမ်းမှာ ကျွန်မတို့ အရမ်းသတိထားတယ်၊ ပတ်ဝန်းကျင်ကို အဆက်မပြတ်လေ့လာကြည့်ရှုနေပြီး၊ စိတ်နှလုံးထဲမှာလည်း အဆက်မပြတ် ဆုတောင်းနေခဲ့တယ်။ မိသားစုတွေကို ရွေးထုတ်ပြီးတဲ့နောက်မှာ၊ စာအုပ်တွေကို လာရွှေ့ပြောင်းဖို့ ကားတစ်စီး ကျွန်မစီစဉ်ခဲ့တယ်။ အံ့ဩစရာပဲ၊ အဝေးပြေးလမ်းမပေါ်ရောက်တာနဲ့ ရဲစစ်ဆေးမှုတွေက အရမ်းတင်းကျပ်တာကို ကျွန်မတို့တွေ့ခဲ့ရတယ်။ ကားတစ်စီးကို မိနစ်အတော်ကြာစစ်ဆေးပြီးမှ ဖြတ်သွားလို့ရတယ်။ အနီးအနားမှာလည်း ယာဉ်အသွားအလာထိန်းသိမ်းနေတဲ့ ယာဉ်ထိန်းရဲအရာရှိအတော်များများ ရှိနေပါတယ်။ ဒီအခြေအနေကိုမြင်တော့ ကျွန်မ ထပ်ပြီး စိတ်လှုပ်ရှားလာတယ်။ ကျွန်မတို့သာ အဖမ်းခံရရင်၊ စာအုပ်တွေရွှေ့ပြောင်းနိုင်မှာမဟုတ်ဘူး။ ကျွန်မ စိတ်ထဲမှာ ဘုရားသခင်ကို အဆက်မပြတ် ဆုတောင်းခဲ့တယ်။ ဒီလိုဆိုထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မတွေးမိတယ်။ “သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျား၊ ပြောင်းလဲကာ အသစ်ပြန်ဖြစ်ပြီး ကွယ်ပျောက်သွားမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးအပေါ် ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲသည့်ပုံစံဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) အမှန်စင်စစ်၊ သက်ရှိရော သက်မဲ့ပါ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီမံမှုအောက်မှာရှိပြီး၊ ဘုရားသခင်ကိုမယုံကြည်တဲ့သူတွေရဲ့ အတွေးအခေါ်တွေနဲ့ စိတ်ကူးတွေကလည်း ကိုယ်တော်ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်။ ဒီနေ့ ကျွန်မတို့ ချောချောမွေ့မွေ့ဖြတ်သန်းနိုင်မလားဆိုတာက ဘုရားသခင်ရဲ့လက်ထဲမှာရှိပြီး၊ ကျွန်မ ယုံကြည်ခြင်းရှိဖို့လိုတယ်။ အဲဒီအချိန်မှာ စစ်ဆေးဖို့ ကျွန်မတို့ကား အရပ်ခံလိုက်ရတယ်။ အံ့ဩစရာပဲ၊ စစ်ဆေးတဲ့သူက ကားမောင်းတဲ့ညီအစ်ကိုကိုသိပြီး မစစ်ဆေးဘဲ ကျွန်မတို့ကို ဖြတ်သွားခွင့်ပြုခဲ့တယ်။ ကျွန်မ ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှုကို တွေ့လိုက်ရတယ်။
နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ရင်း တွေးမိတယ်၊ “ငါ ဘာလို့အဖမ်းခံရမှာကို ဒီလောက်ကြောက်နေရတာလဲ။ ဒီပြဿနာကို ငါမဖြေရှင်းရင်၊ ဘယ်အချိန်မှာ ငါလဲကျသွားနိုင်မလဲဆိုတာ ပြောလို့မရဘူး”လို့ပေါ့။ ဘုရားနှုတ်ကပတ်တော်ထဲက ဒီအပိုဒ်ကို ကျွန်မတွေ့ခဲ့တယ်။ “သမ္မာတရားအတွက် ဒုက္ခကို သင် မဖြစ်မနေခံစားရမည်၊ သင်သည် သမ္မာတရားအတွက် သင့်ကိုယ်သင် မဖြစ်မနေ စွန့်လွှတ်ရမည်။ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင် မဖြစ်မနေခံရမည်၊ ပြီးလျှင် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် မဖြစ်မနေ ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ မိသားစု သဟဇာတဖြစ်ခြင်းကို ပျော်မွေ့ခြင်းအတွက် သမ္မာတရားကို သင်လွှင့်မပစ်ရ၊ ခဏတာ ပျော်ရွှင်မှု အတွက် တစ်သက်တာ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုကို သင် အဆုံးရှုံးမခံရ။ လှပပြီး ကောင်းမွန်သောအရာအားလုံးကို သင် လိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။ ထိုသို့သော အောက်တန်းကျပြီး လောကီဆန်သော အသက်တာကို သင်နေထိုင်ကာ လိုက်စားရန် မည်သည့်ပန်းတိုင်မျှ မရှိပါက သင်၏ အသက်တာကို ဖြုန်းတီးနေခြင်း မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွှတ်သင့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။ ဤကဲ့သို့သော လူများသည် တည်ကြည်မှု သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့၏ တည်ရှိခြင်းတွင် အဓိပ္ပာယ် မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ၊ ကျွန်မသဘောပေါက်ခဲ့တာက၊ သမ္မာတရားအတွက် ဆင်းရဲဒုက္ခခံရခြင်းဟာ အဖိုးတန်ဆုံးအရာဖြစ်တယ်ဆိုတာကိုပါ။ အခက်အခဲတွေကနေတစ်ဆင့်သာ သမ္မာတရားကို ရရှိနိုင်တယ်။ ဥပမာအနေနဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံခဲ့ရတဲ့ ညီအစ်ကိုမောင်နှမတွေကိုကြည့်ပါ။ သူတို့ဟာ ညှဉ်းပန်းနှိပ်စက်မှုနဲ့ လူမဆန်တဲ့ညှဉ်းပန်းမှုကို ကြုံတွေ့ခဲ့ရပေမဲ့၊ သူတို့က ကွန်မြူနစ်ပါတီရဲ့ ရုပ်ဆိုးတဲ့မျက်နှာနဲ့ ဆိုးယုတ်တဲ့အနှစ်သာရကို စစ်မှန်တဲ့နားလည်မှုနဲ့ မုန်းတီးမှုတွေ ဖွံ့ဖြိုးလာခဲ့ပြီး၊ ဘုရားသခင်နောက်ကိုလိုက်ရာမှာ သူတို့ရဲ့စိတ်နှလုံးတွေက ပိုပြီးခိုင်မာလာခဲ့တယ်။ ညီအစ်ကိုမောင်နှမတချို့ဟာ သေခါနီးအချိန်မှာ ဘုရားသခင်ကို ဟစ်ခေါ်ခဲ့ပြီး ကိုယ်တော်ရဲ့အံ့ဩဖို့ကောင်းတဲ့ကာကွယ်စောင့်ရှောက်မှုကို မျက်မြင်တွေ့ခဲ့ရတယ်၊ ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာကို စစ်မှန်တဲ့နားလည်မှုရရှိပြီး စစ်မှန်တဲ့ယုံကြည်ခြင်း ဖွံ့ဖြိုးလာခဲ့တယ်။ သူတို့ဟာ အကြီးအကျယ်ဆင်းရဲဒုက္ခခံခဲ့ရပေမဲ့၊ သူတို့က စာတန်အပေါ် အောင်ပွဲခံခဲ့တဲ့ သက်သေခံချက်တွေကို ပေးခဲ့ကြတယ်။ ဒီအရာအားလုံးကို သက်သောင့်သက်သာရှိတဲ့ပတ်ဝန်းကျင်မှာ ရရှိနိုင်မှာမဟုတ်ဘူး၊ သူတို့ရဲ့ဆင်းရဲဒုက္ခက ထူးထူးခြားခြား အဓိပ္ပာယ်ရှိခဲ့တယ်။ ကျွန်မက သမ္မာတရားကိုနားမလည်ခဲ့သလို၊ ဆင်းရဲဒုက္ခရဲ့တန်ဖိုးနဲ့ အရေးပါမှုကိုလည်း မသိခဲ့ဘူး၊ ဇာတိပကတိရဲ့ဆင်းရဲဒုက္ခကို အမြဲကြောက်ရွံ့ပြီး ဘုရားသခင်က ကျွန်မအတွက်ပြင်ဆင်ပေးခဲ့တဲ့ ပတ်ဝန်းကျင်တွေကို ရှောင်ရှားခဲ့တယ်။ ဒါဟာ ကျွန်မဘက်က မျက်ကန်းမှုနဲ့ မသိနားမလည်မှု မဟုတ်ဘူးလား။ ဘုရားနှုတ်ကပတ်တော်ထဲက ဒီအပိုဒ်ကိုလည်း ကျွန်မစဉ်းစားမိတယ်။ “ငါတို့၏ဖြစ်တည်မှုအလုံးစုံသည် ဘုရားသခင်ထံမှလာပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် တည်ရှိသည့်အတွက်၊ လူသားမျိုးနွယ်ဝင်များနှင့် ဘုရားတရားကိုင်းရှိုင်းသော ခရစ်ယာန်များ အနေဖြင့် ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းခြင်းအတွက် ငါတို့၏ စိတ်နှင့် ခန္ဓာများကို ဆက်ကပ်ပူဇော်ရန်မှာ ငါတို့အားလုံး၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ အကယ်၍ ငါတို့၏စိတ်နှင့် ခန္ဓာတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် ဆက်ကပ်ထားခြင်း မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်၏ တရားမျှတသော အကြောင်းတရားအတွက် မဟုတ်ပါက၊ ငါတို့၏ ဝိညာဉ်များသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် မာတုရဖြစ်ခဲ့ကြသူများ၏ ရှေ့မှောက်တွင် အရှက်ရလိမ့်မည် ဖြစ်ပြီး၊ ငါတို့ကို အရာရာ ထောက်ပံ့ပေးပြီးဖြစ်သည့် ဘုရားသခင်အတွက် များစွာသာ၍ မထိုက်တန်ဟု ခံစားရလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲသည်) ကျွန်မရဲ့အသက်ကို ဘုရားသခင်က ပေးသနားခဲ့တာ။ ကိုယ်တော့်ရှေ့မှောက်ကို ကျွန်မကိုခေါ်ဆောင်ခဲ့ပြီး သမ္မာတရားကိုလိုက်စားပြီး ကယ်တင်ခြင်းကိုလက်ခံရရှိဖို့ အခွင့်အရေးပေးခဲ့တာက ဘုရားသခင်ပဲ။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိတဲ့သူတစ်ယောက်အနေနဲ့ ကျွန်မ ဘုရားသခင်အတွက် အသက်ရှင်သင့်တယ်။ ဒီနေ့ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို ရွှေ့ပြောင်းတာက ကျွန်မရဲ့တာဝန်ပဲ။ ကျွန်မသာ တကယ်အဖမ်းခံရပြီး ကိုယ်ခန္ဓာဆင်းရဲဒုက္ခခံရရင်တောင်၊ ကျွန်မရဲ့တာဝန်ကို ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းရမယ်။ သမိုင်းတစ်လျှောက်မှာ ဘုရားသခင်ကိုသက်သေခံဖို့အတွက် နှိပ်စက်ညှဉ်းပန်းခံရပြီး အာဇာနည်ဖြစ်ခဲ့ကြတဲ့ သန့်ရှင်းသူတွေကို ကျွန်မစဉ်းစားမိတယ်။ ပေတရုက ဘုရားသခင်အတွက် ဇောက်ထိုး လက်ဝါးကပ်တိုင်မှာ အသေခံခဲ့ရတယ်၊ သတေဖန်က ကျောက်ခဲနဲ့ ပေါက်သတ်ခံရတယ်၊ တချို့က ဓားနဲ့အသတ်ခံရတယ်၊ လွှနဲ့ထက်ပိုင်းဖြတ်ခံရတယ်၊ ဒါမှမဟုတ် ဆီပူအိုးထဲအကြော်ခံရတယ်၊ တချို့က မြင်းငါးစီးနဲ့ ကိုယ်လက်အင်္ဂါတွေကို ဆွဲဖြဲခံခဲ့ရတယ်။ သူတို့အားလုံးဟာ လူသားမျိုးနွယ်ရဲ့ တရားမျှတတဲ့အရေးအတွက် သူတို့ကိုယ်သူတို့ ဆက်ကပ်ခဲ့ကြတယ်၊ ဒါကို ဘုရားသခင်က အမှတ်ရပြီး ဒါဟာ ဘုန်းအသရေရှိတဲ့အမှုတစ်ခု ဖြစ်တယ်။ ဒီနေ့ ကျွန်မသာ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေရွှေ့ပြောင်းလို့ အဖမ်းခံရပြီး ထောင်ကျခဲ့ရင် ဒါဟာ ဖြောင့်မတ်ခြင်းအတွက် ဆင်းရဲဒုက္ခခံရတာပဲဖြစ်လိမ့်မယ်။ ဒါကိုသဘောပေါက်တော့၊ ကျွန်မရဲ့ ဇာတိပကတိကို ပုန်ကန်ဖို့ စိတ်ပိုင်းဖြတ်ခဲ့ပြီး ဒီတာဝန်မှာ ကျွန်မရဲ့အစွမ်းကုန်လုပ်ဆောင်ဖို့ ဆန္ဒရှိခဲ့တယ်။
နောက်ပိုင်းမှာ၊ ကျွန်မသိခဲ့ရတာက၊ အဖမ်းခံရတဲ့သူတွေထဲက တစ်ယောက်က ယုဒဖြစ်သွားပြီး ညီအစ်ကိုမောင်နှမတွေကိုဖမ်းဆီးရာမှာ ရဲတွေကို ဦးဆောင်နေတယ်ဆိုတာပါ။ အဖမ်းခံရတဲ့လူအရေအတွက်က တစ်ဆယ့်ကိုးယောက်အထိ တိုးလာခဲ့ပြီး၊ ရဲတွေလက်ထဲမှာ စာရင်းတစ်ခုရှိပြီး၊ လူတွေကို ယုဒ ရွေးထုတ်ဖို့ ဓာတ်ပုံတွေသုံးနေခဲ့တယ်။ ဒီညီအစ်ကိုမောင်နှမတွေ အမြန်ပုန်းရှောင်ဖို့လိုတယ်။ ဒီလိုသတင်းကိုကြားတော့ ကျွန်မစဉ်းစားမိတယ်၊ “အခြေအနေက အရမ်းပြင်းထန်လာပြီ၊ ငါထင်ထားတာထက်တောင် ဆိုးနေပြီ။ အခု ငါသာ စာအုပ်တွေရွှေ့ပြောင်းဖို့သွားရင်၊ အဖမ်းခံရဖို့များတယ်။ ရဲတွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုကို ငါခံနိုင်ရည်ရှိပါ့မလား”ပေါ့။ ကျွန်မ နောက်တစ်ကြိမ် တွန့်ဆုတ်ပြီး ကြောက်ရွံ့နေမှန်း ကျွန်မသိတယ်၊ ဒါကြောင့် အမြန်ဒူးထောက်ပြီးဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ အသင်းတော်ရဲ့အခြေအနေအကြောင်းကြားရတာက သမီးကို ထပ်ပြီးကြောက်ရွံ့စေခဲ့ပြန်ပါပြီ။ သမီး အဖမ်းခံရပြီး ကိုယ်ခန္ဓာဆင်းရဲဒုက္ခခံရမှာကို ကြောက်ပါတယ်။ ဘုရားသခင်၊ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းတဲ့ သမီးရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအတိုင်း အသက်မရှင်ဘဲ ဒီတာဝန်ကိုပြီးမြောက်ဖို့ သမီးကို လမ်းပြဦးဆောင်ပေးတော်မူပါ”လို့ပေါ့။ အဲဒီအချိန်မှာ၊ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မပြန်သတိရလိုက်တယ်။ “ယေရုရှလင်သို့ သွားရာလမ်း၌ ယေရှုသည် သူ၏နှလုံးသားထဲတွင် ဓားတစ်ချောင်းဖြင့် မွှေနေသကဲ့သို့၊ မချိမဆံ့ သောကဝေဒနာကို ခံစားခဲ့ရသည်။ သို့သော် သူသည် သူ့စကားကို ပြန်ရုပ်သိမ်းရန် အနည်းငယ်မျှသော ရည်ရွယ်ချက်ပင် မရှိခဲ့ပေ။ တန်ခိုးကြီးမားသော အင်အားတစ်ခုက သူ ကားစင်တင် ကွပ်မျက်ခံရမည့် နေရာသို့ လှမ်းချီရန် သူ့အား အစဉ်တွန်းအားပေးခဲ့သည်။ နောက်ဆုံးတွင် သူသည် လက်ဝါးကားတိုင်၌ သံမှိုစွဲရိုက်ခံခဲ့ရပြီး အပြစ်ရှိသော ဇာတိပကတိ အသွင်သဏ္ဌာန်ဆောင်ခဲ့ကာ လူသားမျိုးနွယ်အား ရွေးနုတ်ခြင်းအမှုတော်ကို ပြီးဆုံးစေခဲ့၏။ သူသည် သေခြင်းနှင့် မရဏနိုင်ငံ၏ ချုပ်နှောင်မှုများမှ လွတ်မြောက်ခဲ့သည်။ သေခြင်း၊ ငရဲနှင့် မရဏနိုင်ငံတို့သည် သူ၏ရှေ့တွင် ၎င်းတို့၏တန်ခိုး ဆုံးရှုံးခဲ့ပြီး သူ၏နှိမ်နင်းခြင်းကို ခံခဲ့ကြရသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ အစေခံနည်း) သခင်ယေရှု ဂေါလဂေါသကို လက်ဝါးကပ်တိုင်ထမ်းသွားချိန်မှာ၊ ကိုယ်တော်ဟာ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံခဲ့ရတယ်၊ ကိုယ်တော်ရဲ့ခန္တာကိုယ်ဟာ ဒဏ်ရာဒဏ်ချက်တွေရခဲ့တယ်၊ မျက်နှာတစ်ခုလုံး သွေးတွေနဲ့ ဖုံးလွှမ်းနေခဲ့ပြီး အကြီးအကျယ်ဆင်းရဲဒုက္ခခံခဲ့ရတယ်။ ဒါပေမဲ့ ကိုယ်တော်ဟာ နောင်တရတဲ့ လက္ခဏာတစ်စက်မှ မပြခဲ့ဘူး။ လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ဖို့၊ ကိုယ်တော်ဟာ ဒီဆင်းရဲဒုက္ခတွေကို ဆန္ဒရှိရှိခံယူခဲ့ပြီး လက်ဝါးကပ်တိုင်မှာ အဆုံးစီရင်ခံခဲ့တယ်။ အဆုံးမှာ၊ ကိုယ်တော်ဟာ စာတန်ကို အောင်နိုင်ခဲ့ပြီး လူသားထုတစ်ရပ်လုံးကို ရွေးနုတ်ခြင်းအမှုကို ပြီးမြောက်စေခဲ့တယ်။ သခင်ယေရှုဟာ လက်ဝါးကပ်တိုင်တင်ခံရခြင်းအတွက် လိုအပ်တဲ့ ကြီးမားလှတဲ့ဆင်းရဲဒုက္ခကို အပြည့်အဝသိရှိလျက်နဲ့ နောက်မဆုတ်ခဲ့ဘူး။ ကိုယ်တော်တိုင် ဆင်းရဲဒုက္ခခံရမယ်ဆိုရင်တောင်၊ လူသားမျိုးနွယ်ကို အပြစ်ကနေ ကယ်တင်လိမ့်မယ်။ ဒီအကြောင်းကိုစဉ်းစားရင်း ကျွန်မ နက်နက်ရှိုင်းရှိုင်း စိတ်အားတက်ကြွသွားတယ်။ နောက်တော့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ရင်း၊ အန္တရာယ်နဲ့ဆင်းရဲဒုက္ခကို ရင်ဆိုင်ရတိုင်း ကျွန်မက နောက်ဆုတ်နေခဲ့ပြီး၊ ကျွန်မရဲ့အပြုအမူက ယုတ်ညံ့ပြီး စက်ဆုပ်ဖွယ်ကောင်းလိုက်တာလို့ ကျွန်မသဘောပေါက်ခဲ့တယ်။ ဒီနေ့ ကျွန်မရင်ဆိုင်နေရတဲ့အခြေအနေကလည်း စမ်းသပ်မှုတစ်ခုပဲ၊ ဒီအရေးကြီးတဲ့အချိန်မှာ ဘုရားသခင်ကို သစ္စာစောင့်သိဖို့ ရွေးချယ်မလား၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် သစ္စာစောင့်သိဖို့ ရွေးချယ်မလားဆိုတာကို ဆုံးဖြတ်နေခဲ့တာပဲ။ ကျွန်မ ဒီထက်ပိုပြီး တစ်ကိုယ်ကောင်းမဆန်နိုင်တော့သလို၊ ကိုယ့်ဇာတိပကတိကိုပဲ ထည့်မစဉ်းစားနိုင်တော့ဘူး၊ ကျွန်မက သခင်ယေရှုရဲ့ နမူနာကို လိုက်လျှောက်ရမယ်၊ အဖမ်းခံရတာ၊ ထောင်ကျတာ၊ ဒါမှမဟုတ် သေတဲ့အထိ ညှဉ်းပန်းနှိပ်စက်ခံရမယ်ဆိုရင်တောင်၊ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို ကျွန်မ ရွှေ့ပြောင်းရမယ်။ ဘုရားသခင်ကို တစ်ကြိမ်လောက် စိတ်ကျေနပ်စေနိုင်ရင်တောင် တန်ပါတယ်။ ဒီလိုတွေးလိုက်တဲ့အခါ၊ တစ်ကိုယ်လုံးမှာ ခွန်အားတွေ တလိပ်လိပ်တက်လာသလို ခံစားလိုက်ရပြီး၊ ဒီအလုပ်ကိုလုပ်ဆောင်ဖို့ စိတ်အားထက်သန်လာခဲ့တယ်။ ဒါတွေအားလုံးကို ဘုရားသခင်က ပေးသနားခဲ့မှန်း ကျွန်မသိပြီး၊ အကြီးအကျယ်ကျေးဇူးတင်ခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်မတို့ အိမ်သုံးလုံးကနေ စာအုပ်တွေကို ဘေးကင်းကင်းနဲ့ ရွှေ့ပြောင်းခဲ့တယ်။ စတုတ္ထအိမ်ကနေ စာအုပ်တွေရွှေ့ပြောင်းတဲ့အချိန်မှာတော့ သန်းခေါင်ကျော်နေပြီ။ အိမ်နီးချင်းအိမ်မှာ အသံကြားတိုင်း အဆက်မပြတ်ဟောင်တဲ့ ခွေးနှစ်ကောင်ရှိပါတယ်။ အိမ်နီးချင်းတွေက ကျွန်မတို့ကိုတွေ့ပြီး ရဲခေါ်မှာကို ကြောက်ပြီး၊ စိတ်လှုပ်ရှားလွန်းလို့ နှလုံးတုန်ခဲ့ရတယ်။ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားသခင်ကို အဆက်မပြတ် ဟစ်ခေါ်ခဲ့တယ်။ စိတ်သက်သာရာရစွာနဲ့ပဲ၊ ကားပေါ်တင်ပြီးတဲ့အခါ အိမ်နီးချင်းတွေ ထွက်မလာခဲ့ဘူး။ ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှုကိုတွေ့တော့ ကိုယ်တော်ကို ထက်ထက်သန်သန် ကျေးဇူးတင်ခဲ့တယ်။ ဒီလိုနဲ့၊ ကျွန်မတို့ ထိန်းသိမ်းစောင့်ရှောက်တဲ့အိမ်လေးလုံးကနေ စာအုပ်တွေကို ဘာအဖြစ်အပျက်မှမရှိဘဲ အောင်အောင်မြင်မြင်၊ ဘေးကင်းကင်းနဲ့ ရွှေ့ပြောင်းခဲ့ကြတယ်။ အပြန်လမ်းမှာ ကျွန်မတို့ရဲ့အတွေ့အကြုံတွေကို ဝေမျှခဲ့ကြပြီး၊ ကျွန်မတို့ခံစားခဲ့ရတဲ့ ပျော်ရွှင်ကြည်နူးတဲ့စိတ်ကတော့ ပြောမပြတတ်အောင်ပါပဲ။
ဒီအတွေ့အကြုံကနေတစ်ဆင့်၊ ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာကို နားလည်သဘောပေါက်မှုတချို့ ရရှိခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေ အဖမ်းခံရတဲ့နေ့မှာ ကျွန်မအမေက အိမ်ပြောင်းခဲ့တာကနေ၊ အခြေအနေကို ကျွန်မနားလည်အောင် ကျွန်မမောင် ကူညီပြီး စစ်ဆေးရေးဂိတ်တွေကို ကျွန်မတို့ ချောချောမွေ့မွေ့ ဖြတ်သန်းနိုင်ခဲ့တာအထိ၊ ဒါတွေအားလုံးဟာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီမံမှုအောက်မှာ ရှိနေခဲ့တာပဲ။ ဒီတစ်ကြိမ် စာအုပ်တွေကို ဘေးကင်းကင်း ရွှေ့ပြောင်းနိုင်ခဲ့တာက လုံးဝကို ဘုရားသခင်ရဲ့ လမ်းပြမှုကြောင့်ပဲ။ ဘုရားနှုတ်ကပတ်တော်ရဲ့ ဉာဏ်အလင်းပေးမှုနဲ့ ဘုရားသခင်ပေးသနားတဲ့ခွန်အားသာမရှိရင်၊ ကျွန်မရဲ့ဇာတိပကတိကို ပုန်ကန်နိုင်မှာမဟုတ်သလို၊ ဒီအလုပ်ကိုလုပ်ဆောင်ဖို့ ယုံကြည်ခြင်းလည်းရှိမှာမဟုတ်ဘူး။ ဒါတွေအားလုံးဟာ ဘုရားနှုတ်ကပတ်တော်တွေရဲ့ အကျိုးသက်ရောက်မှုတွေပဲ ဖြစ်တယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ဝမ်ရှင်းဖင် တရုတ်နိုင်ငံ၂၀၂၀ ခုနှစ်၊ မတ်လမှာ အသင်းတော်သစ်ကို ကျွန်မပြောင်းတယ်။ အရင်အသင်းတော်မှာ ကျွန်မက ခေါင်ဆောင်တစ်ယောက်ဖြစ်ပြီး ညီအစ်ကို...
ရီနင် တရုတ်နိုင်ငံ သိပ်မကြာသေးတဲ့အချိန်က အသင်းတော်ရဲ့ အလုပ်တချို့ကို ကြီးကြပ်ဖို့ အသင်းတော် ခေါင်းဆောင်အနေနဲ့ ကျွန်မ အရွေးခံခဲ့ရတယ်။...
ရှမ်းရီ ဂျပန်နိုင်ငံ တစ်ခါတုန်းက ကျွန်မတို့အလုပ်ကို အနှစ်ချုပ်တော့ ကျွန်မတို့ရဲ့ ဧဝံဂေလိအလုပ်က အဲဒီလအစပိုင်းမှာ သိပ်အဆင်မပြေဘူးလို့...
ထုံရှင်း ကိုးရီးယားနိုင်ငံ၂၀၂၁ ခုနှစ် အောက်တိုဘာမှာ၊ ဗီဒီယို ကြီးကြပ်တဲ့အလုပ်ကို ကျွန်မလုပ်နေခဲ့တာ။ အစ်ကို လီယိုနဲ့ အစ်မ ကလယ်ရာတို့နဲ့...