မှားယွင်းသော ခေါင်းဆောင်ကို ရွေးချယ်ပြီးနောက် ဆင်ခြင်စဉ်းစားခြင်း

04.06.2022

ရှန့်ရွှင် တရုတ်နိုင်ငံ

အရင်အောက်တိုဘာလတုန်းက ကျွန်မနဲ့ ကျွန်မရဲ့ တွဲဖက်အမှုဆောင်တွေက အသင်းတော်တချို့ရဲ့ အလုပ်ကို စုံစမ်းစစ်ဆေးနေတဲ့အချိန်မှာ ချန်နန်အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်၊ ရေလောင်းအလုပ်နဲ့ တခြားအလုပ်တွေက ရပ်တန့်နေတာကို တွေ့ရတယ်။ ကျွန်မ တော်တော်အံ့သြသွားတယ်။ ကျွန်မ စဉ်းစားတယ်။ “လွန်ခဲ့တဲ့နှစ်လတုန်းက အစ်မလီကို ဒီမှာ အသင်းတော်ခေါင်းဆောင်လုပ်ဖို့ ရွှေ့ပြောင်းပေးခဲ့တာ။ အလုပ်က ဘာလို့ မတိုးတက်သေးတာလဲ” ပေါ့။ အဲဒါနဲ့ ကျွန်မရဲ့ အလုပ်ဖော် အစ်မရှူက အလုပ်အကြောင်းကို သိအောင်လုပ်ပြီး ပြဿနာတွေကိုဖြေရှင်းဖို့ အဲဒီကို သွားတယ်။ သုံးလေးရက်ကြာတော့ အစ်မရှူက စာရေးတယ်။ “အစ်မလီက ကျော်ကြားမှုနဲ့ ဂုဏ်နောက်ကို လိုက်နေတာ နှစ်လကျော်ခဲ့ပြီ။ သူ့တာဝန်မှာ အမြန်အောင်မြင်အောင် ကြိုးစားတယ်။ အလုပ်က မထိရောက်တာကို သူတွေ့တဲ့အခါ ပြဿနာတွေကို ဖြေရှင်းပြီး သူများတွေကို ကူဖို့အတွက် သမ္မာတရားအပေါ် မိတ်သဟာယပြုရမယ့်အစား လက်လွတ်စပယ်ကိုင်တွယ်ဖြေရှင်းပြီး ဆူတယ်။ သူတို့က အစွမ်းအစနည်းပြီး တာဝန်မယူကြဘူးလို့ပြောတယ်။ သူက လက်တွေ့မှာ အသင်းတော်ရဲ့ ဘယ်အလုပ်ကိုမှ မကွပ်ကဲဘူး၊ မကြီးကြပ်ဘူး။ အသင်းတော်အလုပ်ရဲ့ နယ်ပယ်တော်တော်များများက ရပ်သွားတဲ့သဘောပေါ့” တဲ့။ စာကိုဖတ်ပြီးတော့ ကျွန်မ အံ့အားသင့်သွားပြီး တွေးမိတယ်။ “အစ်မလီက တခြားအသင်းတော်တွေကို ဦးဆောင်တဲ့အခါမှာ ပုံရိပ်နဲ့ ဂုဏ်အဆင့်အတန်းနောက်ကိုလိုက်တယ်။ သူများတွေက သူ့ကိုဘယ်လိုမြင်ကြလဲဆိုတာ တွေးရင်းနဲ့ သူအချိန်ကုန်နေတယ်။ သူများတွေ သူ့ကို မလေးစားရင် အပျက်သဘောဆောင်ပြီး သူ့တာဝန်ကို အာရုံမစိုက်နိုင်ဘူး။ ဒါဟာ အသင်းတော်တွေရဲ့ ပြဿနာအများကြီးကို မဖြေရှင်းရသေးဘူးဆိုတဲ့ သဘောပဲ။ ဒီပြဿနာနဲ့ပတ်သက်ပြီး သူ့ကို ခဏခဏ မိတ်သဟာယဖွဲ့ပြီး ကူညီဖို့ ကြိုးစားခဲ့တာပဲ။ ကျော်ကြားမှုနဲ့ ဂုဏ်နောက်လိုက်တဲ့ အန္တိခရစ်လမ်းကြောင်းကို လျှောက်လို့ သူ့ကို ဖော်ထုတ်ခဲ့ပြီးပြီ။ အဲဒီအချိန်မှာတော့ သူက ဝန်ခံခဲ့ပြီး နောင်တရဖို့ လိုလားကြောင်း ဖော်ပြတယ်။ နောက်ကျတော့ သူ့အလုပ်ကို အစီအစဉ်၊ ပန်းတိုင်တချို့ထားပြီး လုပ်နိုင်ခဲ့တယ်။ သူက ချန်နန်အသင်းတော်ကို ပြောင်းရွေ့ပြီးတဲ့နောက်မှာ ပြဿနာက ဘာလို့ ပြန်ဖြစ်လာတာလဲ” ပေါ့။ ဒီအချိန်မှာ အစ်မလီက အရင်က ခေါင်းဆောင်နေရာကနေ နှစ်ကြိမ်ထုတ်ခံခဲ့ရဖူးပြီး နှစ်ကြိမ်လုံးက ကျော်ကြားမှုနဲ့ ဂုဏ်နောက်လိုက်ပြီး လက်တွေ့အလုပ်မလုပ်လို့ ဖြစ်ရတာကို သတိရမိတယ်။ သူက သူ့ကိုယ်သူ နည်းနည်းသိမြင်ပြီး နောင်တရဖို့ လိုလားတာကို ပြပေမဲ့ အခု သူက ဒါတွေကို ခေါင်းမာမာနဲ့ လိုက်စားနေတုန်းပဲ။ နောင်တမရသလို၊ လုံးဝ မပြောင်းလဲသေးဘူး။ “အယောင်ဆောင်သော ခေါင်းဆောင်များနှင့် အမှုတော်ဆော်များကို ခွဲခြားခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ” ထဲမှာ ပြောထားတာကို ကျွန်မ စဉ်းစားမိတယ်။ “ရာထူးအဆင့်အတန်း၊ နာမည်ဂုဏ်သတင်းနှင့် အကျိုးအမြတ်အတွက်သာ အလုပ်လုပ်သူများ၊ သမ္မာတရားကို မလိုက်စား၊ သမ္မာတရား စစ်မှန်မှုကို မပိုင်ဆိုင်သူများအားလုံးသည် အယောင်ဆောင် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ ဖြစ်ကြသည်။” (သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀) အစ်မလီရဲ့ အပြောင်းအလဲမရှိတဲ့ အပြုအမူကို ကြည့်ရင် သူက ကျော်ကြားမှုနဲ့ ဂုဏ်အဆင့်အတန်းနောက်ကိုပဲလိုက်ပြီး လက်တွေ့အလုပ်မလုပ်တဲ့ အယောင်ဆောင်ခေါင်းဆောင်ဖြစ်နိုင်ခြေရှိတယ်။

ဒါပေမဲ့ ဒီတစ်ခါတော့ အစ်မလီကို ခေါင်းဆောင်အဖြစ် ကျွန်မ အကြံပေးထောက်ခံခဲ့တယ်။ အဲဒီတုန်းက ကျော်ကြားမှုနဲ့ ဂုဏ်အဆင့်အတန်းကို သူလိုက်စားပြီး လက်တွေ့အလုပ်မလုပ်တဲ့ အပေါ်မှာ နည်းနည်းနားလည်တာကို သူဖော်ပြခဲ့တယ်။ အဲဒါကြောင့် သူက သမ္မာတရားကို လက်ခံနိုင်ပြီး စစ်မှန်တဲ့နောင်တရခဲ့တယ်လို့ ကျွန်မ ထင်ခဲ့တာ။ ဒါ့အပြင်ကို သူက စကားပြောကောင်းပြီး အလုပ်မှာ အရည်အချင်းတချို့ပြတယ်။ အဲဒါနဲ့ကျွန်မ သူ့ကို ထောက်ခံပေးလိုက်တယ်။ အခု သူက တကယ်ပဲ အယောင်ဆောင်ခေါင်းဆောင်ဖြစ်တဲ့အတွက် အထုတ်ခံရရင် လူတိုင်းက ကျွန်မက လူတွေကို စည်းမျဉ်းမပါဘဲ ရွေးတယ်၊ ခေါင်းဆောင်ဖြစ်တာ နှစ်အများကြီးကြာတာတောင် ကိုယ့်ကိုယ်ကိုယ် အမှန်တကယ်သိခြင်းနဲ့ ကြောင်သူတော်ဆန်တဲ့အသိကြား မခွဲခြားနိုင်သေးဘူးလို့ ပြောမှာပေါ့။ ကျွန်မက သမ္မာတရားမလိုက်စားတဲ့သူကို ခေါင်းဆောင်အဖြစ် ထောက်ခံခဲ့လို့ ကျွန်မက သမ္မာတရားစစ်မှန်မှုမရှိဘူး၊ လူတွေကို မပိုင်းခြားနိုင်ဘူးလို့ ကိုယ့်တွဲဖက်အမှုဆောင်ကလည်း ထင်မယ်။ ဒီတော့ ညီအစ်ကိုမောင်နှမတွေရဲ့ စိတ်နှလုံးထဲမှာ ကိုယ့်ကောင်းတဲ့ပုံရိပ်ကို ဆုံးရှုံးရမှာမဟုတ်လား။ ဒါကို စဉ်းစားမိတော့ အမှန်တရားတွေကို ရင်မဆိုင်ချင်ခဲ့ဘူး။ အစ်မရှူက အစ်မလီကို ပိုပြီးကူညီပြီးတော့ သူ့အခြေအနေကို ပြောင်းလဲပစ်နိုင်ဖို့ မျှော်လင့်ခဲ့တယ်။ ဒီလိုဆိုရင် သူ အထုတ်ခံရမှာမဟုတ်ဘူး။ ပြီးတော့ ကျွန်မဂုဏ်အဆင့်အတန်းနဲ့ ပုံရိပ်ကိုလည်း ထိန်းသိမ်းမိလိမ့်မယ်။ အဲဒါနဲ့ အစ်မလီကို ပိုပြီးကူညီပေးဖို့ အစ်မရှူကို အကြံပြုရအောင် ကျွန်မရဲ့ တွဲဖက်အမှုဆောင်တွေနဲ့ ဒါကို ဆွေးနွေးခဲ့ပါတယ်။ အစ်မလီက သူ့အခြေအနေကို ပြောင်းလဲနိုင်ရင် တကယ့်အလုပ်တချို့ကို လုပ်နိုင်ဦးမှာပဲ။ ပြီးတော့ ကျွန်မ တွဲဖက်အမှုဆောင်တွေက ဒါကို သဘောတူခဲ့တယ်။ အဲဒီနောက်မှာ အစ်မရှူ အကြောင်းပြန်တာကို ကျွန်မ နေ့တိုင်း စိတ်ပူပူနဲ့ စောင့်နေခဲ့ပြီး အစ်မလီရဲ့ အခြေအနေက ပြောင်းလဲသွားပြီလား တွေးမိတယ်။ ကျွန်မ တော်တော်စိတ်လှုပ်ရှားပြီး စိတ်ပူနေခဲ့တာပေါ့။ သူက သူ့အခြေအနေမပြောင်းလဲလို့ အထုတ်ခံရရင် ကျွန်မပုံရိပ်ကိုထိခိုက်မှာကို ကြောက်ခဲ့တယ်။ သုံးလေးရက်ကြာတော့ အစ်မရှူက စာပြန်ရေးတယ်။ “အစ်မလီက ချန်နန်အသင်းတော်မှာ နှစ်လကြာရှိနေပြီ။ တာဝန်တွေ တိုးတက်ဖို့ပဲ သူ တိုက်တွန်းပြီး ပြဿနာတွေဖြေရှင်းဖို့ သမ္မာတရားကို မိတ်သဟာယမဖွဲ့ဘူး။ သူက လုံးဝ လက်တွေ့အလုပ်မလုပ်ဘူး။ ရလဒ်အနေနဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေက မပြေလည်သေးဘူး” တဲ့။ သူက အစ်မလီရဲ့ ပြဿနာနဲ့ပတ်သက်ပြီး ခဏခဏ မိတ်သဟာယဖွဲ့ပြီး ကူညီပေးခဲ့တယ်၊ ဒါပေမဲ့ အစ်မလီက ပုံရိပ်၊ အဆင့်အတန်းနဲ့ သူများတွေက သူ့ကိုဘယ်လိုမြင်လဲဆိုတာကို အရေးထားနေတုန်းပဲလို့ ပြောတယ်။ သူက နောင်တရတဲ့ သဘောထားလုံးဝကိုမရှိတာ။ စာကိုဖတ်ပြီးတဲ့နောက် ကျွန်မ ပျာသွားတယ်။ အစ်မလီရဲ့ အပြုအမူကို ကြည့်ရင် သူက လက်တွေ့အလုပ်မလုပ်ဘဲ ကျော်ကြားမှုနဲ့ ဂုဏ်နောက်ပဲလိုက်တဲ့ အယောင်ဆောင်ခေါင်းဆောင်ပဲ။ သူ့ကို လူစားလဲရမယ်။ ဒါပေမဲ့ ကျွန်မတွဲဖက်အမှုဆောင်တွေကို ကျွန်မပြောဖို့လုပ်တဲ့အချိန်မှာ စကားလုံးတွေကို မျိုသိပ်ထားလိုက်တယ်။ ကျွန်မစဉ်းစားတယ်။ “ငါက အစ်မလီကို ရွေးခဲ့တာ။ အဲဒီအချိန်တုန်းက အစ်မလီက အရင်တုန်းက အထုတ်ခံခဲ့ရပေမဲ့ သူ့ကိုယ်သူ သိမြင်မှုနည်းနည်းရှိတယ်၊ သူက သမ္မာတရားကို လိုက်စားတဲ့သူတစ်ယောက်ဖြစ်တယ်လို့ ငါ့ရဲ့ တွဲဖက်အမှုဆောင်တွေကို ငါပြောခဲ့တယ်။ အဲဒီအခါကျမှ ငါ့တွဲဖက်အမှုဆောင်တွေက အစ်မလီကို ရွေးဖို့ သဘောတူခဲ့တယ်။ အခုသူက အယောင်ဆောင်ခေါင်းဆောင်ဖြစ်တယ်၊ သမ္မာတရားကို လိုက်စားတဲ့သူမဟုတ်ဘူး၊ ထုတ်ပစ်ဖို့လိုတယ်လို့ ငါက သူတို့ကိုပြောရင် ကိုယ့်ကိုယ်ကိုယ် အမြင်မကောင်းအောင် လုပ်နေတာမဟုတ် လား ပေါ့။ နောက်ပြီးတော့ ငါက ပိုင်းခြားသိမြင်မှုမရှိဘဲ သမ္မာတရားမလိုက်စားသူကို ခေါင်းဆောင်အဖြစ်ရွေးခဲ့လို့ အသင်းတော်အလုပ်ကို အရမ်းထိခိုက်စေခဲ့တော့ ငါကလည်း တကယ့်အလုပ်ကို မလုပ်နိုင်တဲ့ အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်လို့ ထင်မှာမဟုတ်ဘူးလားပေါ့။ သူတို့ကို ငါ့ကိုထုတ်လိုက်ရင် အရမ်းကို ရှက်ဖို့ကောင်းမှာပဲ။ ဘုရားကို ငါ နှစ်တွေအများကြီး ယုံကြည်ခဲ့တယ်။ အဆုံးမှာ အယောင်ဆောင်ခေါင်းဆောင်ဖြစ်ပြီး အထုတ်ခံရမယ်” ပေါ့။ ဒီလိုတွေးပြီးတော့ စိတ်ဆင်းရဲမိတယ်။ အဲဒါနဲ့ အစ်မလီကို ထုတ်ဖို့ အကြံမပေးချင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်မက မပြောရင် အပြစ်ရှိသလို ခံစားရမယ်။ အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်က တစ်ရက် အုပ်ချုပ်ရင် ဘုရားအိမ်တော်ရဲ့အလုပ်က နစ်နာမယ်။ ပြီးတော့ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ပေးနေတာမဖြစ်တော့ဘူး။ ကျွန်မ ပြောသင့်မပြောသင့်ကို ကိုယ့်ကိုယ်ကိုယ် ငြင်းခုံနေရတယ်။ စိတ်ဆင်းရဲနေရင်းနဲ့ ဘုရားကို ကျွန်မ ဆုတောင်းလိုက်တယ်။ “ဘုရားသခင် သမီး ပိုင်းခြားသိမြင်မှု ကင်းမဲ့ပါတယ်။ အစ်မလီကို ခေါင်းဆောင်အဖြစ် အကြံပြုတာက ဘုရားအိမ်တော်ရဲ့အလုပ်ကို အရမ်းထိခိုက်နစ်နာစေပါတယ်။ အခု အစ်မလီက အယောင်ဆောင်ခေါင်းဆောင်ဆိုတာ သမီး သိပါပြီ။ ဒါပေမဲ့ သမီးရဲ့ ပုံရိပ်နဲ့ အဆင့်အတန်းကို ထိန်းသိမ်းချင်ပါတယ်။ ဒါကြောင့် သမီးမပြောချင်ပါဘူး။ ဘုရားသခင်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကို ကာကွယ်ရာမှာ သမီးကို လမ်းပြတော်မူပါ” ဆိုပြီးတော့။ နောက်တစ်နေ့ ဝတ်ပြုနေတုန်း ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ဖတ်ခဲ့တယ်။ “ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့်၊ သင်တို့၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် ပြဿနာများ ဖြစ်ပေါ်သည့်အခါ သင်သည် ၎င်းတို့ကို လျစ်လျူရှုနိုင်ခြေရှိသည်။ ပြီးလျှင် တာဝန်ကို ရှောင်ရန်အတွက် အမျိုးမျိုးသော မူမမှန်သော အကြောင်းပြချက်နှင့် ဆင်ခြေများပင် ရှာနိုင်သည်။ သင်ဖြေရှင်းနိုင်စွမ်းရှိပြီး မဖြေရှင်းသည့် ပြဿနာအချို့ ရှိကာ ထိုပြဿနာများသည် သင်နှင့် လုံးဝ မသက်ဆိုင်သည့်အလား၊ သင်၏ အထက်လူကြီးများထံသို့ သင်မတင်ပြသည့် သင်မဖြေရှင်းနိုင်သည့် ပြဿနာများလည်းရှိသည်။ ဤသည်မှာ သင်၏ တာဝန်ကို တမင်ပျက်ကွက်ခြင်းမဟုတ်သလော။ ဤနည်းဖြင့် အသင်းတော်အလုပ်ကို ကိုင်တွယ်ခြင်းသည် လုပ်ဆောင်ရန် ကောင်းသောအရာတစ်ခုဖြစ်သလော၊ သို့မဟုတ် လုပ်ဆောင်ရန် မိုက်မဲသောအရာဖြစ်သလော။ (မိုက်မဲသည်။) ဤသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မြွေများမဟုတ်သလော။ ၎င်းတို့သည် တာဝန်သိစိတ် တစ်ခုတစ်လေ လုံးဝ မကင်းမဲ့သလော။ ၎င်းတို့ရှေ့တွင်ရှိသော ပြဿနာများကို လျစ်လျူရှုသောအခါ ဤသည်မှာ ၎င်းတို့သည် အကြင်နာကင်းမဲ့ပြီး သစ္စာဖောက်သည်ကို မပြသလော။ သစ္စာဖောက်သောလူများသည် အားလုံးထဲတွင် အမိုက်မဲဆုံးလူများဖြစ်သည်။သင်သည် ရိုးသားသောသူတစ်ယောက်ဖြစ်ရမည်။ ပြဿနာများကို ရင်ဆိုင်သည့်အခါ တာဝန်ခံယူစိတ်ရှိရမည်။ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေဖို့နည်းလမ်းများကို ရှာရမည်။ သစ္စာဖောက်သောသူမဖြစ်စေနှင့်။ ပြဿနာများပေါ်ပေါက်သောအခါ သင်သည် တာဝန်ကိုရှောင်ပြီး လက်ရှောင်လျှင် မယုံကြည်သူများကပင် သင့်ကို ရှုတ်ချလိမ့်မည်။ ဘုရားသခင်၏ အိမ်တော်က ရှုတ်ချလိမ့်မည်မဟုတ်ဟု စိတ်ကူးထင်မြင်သလော။ ဘုရားသခင်ရွေးချယ်ထားသောသူတို့သည် ဤသို့သောအပြုအမူကို စက်ဆုပ်ရွံရှာပြီး ငြင်းပယ်သည်။ ဘုရားသခင်က ရိုးသားသောသူတို့ကို ချစ်သည်။ သို့သော် လှည့်စားပြီး ဉာဏ်များသောသူတို့ကို မုန်းတီးသည်။ သင်သည် သစ္စာဖောက်သောသူအဖြစ် ပြုမူလုပ်ဆောင်ပြီး လှည့်စားမှုများပြုရန် ကြိုးစားလျှင် ဘုရားသခင်က သင့်ကို မမုန်းဘဲနေမည်လော။ ဘုရားအိမ်တော်က သင့်ကို သက်သက် လွတ်ပေးလိမ့်မည်လော။ အနှေးနှင့် အမြန် သင်သည် တာဝန်ခံရမည်ဖြစ်သည်။ ဘုရားသခင်က ရိုးသားသောသူတို့ကို နှစ်သက်ပြီး သစ္စာမရှိသောသူတို့ကို မနှစ်သက်ပေ။ ဤအရာကို လူတိုင်း ရှင်းလင်းစွာ နားလည်သင့်ပြီး ရှုပ်ထွေးပြီး မိုက်မဲသောအရာများလုပ်ဆောင်ခြင်းကို ရပ်တန့်သင့်သည်။ ယာယီ မသိနားမလည်ခြင်းက နားလည်ပေး၍ရသည်။ သို့သော် သမ္မာတရားကို လက်ခံရန် လုံးဝ ငြင်းဆန်ခြင်းသည် ပြောင်းလဲရန်အတွက် ခေါင်းမာသော ငြင်းဆန်မှုဖြစ်သည်။ ရိုးသားသောသူတို့သည် တာဝန်ခံယူနိုင်သည်။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်များ၊ ဆုံးရှုံးမှုများကို ထည့်မစဉ်းစားဘဲ ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားများကို ကာကွယ်ပေးသည်။ ၎င်းတို့တွင် တစ်ချက်ကြည့်ရုံမျှဖြင့် အောက်ခြေကိုမြင်နိုင်သော ကြည်လင်သည့် ရေဇလုံတစ်ခုကဲ့သို့ ကြင်နာပြီး ရိုးသားသော နှလုံးသားများရှိသည်။ ၎င်းတို့၏ လုပ်ရပ်များတွင်လည်း ပွင့်လင်းမြင်သာမှုရှိသည်။ လှည့်စားသောသူသည် အစဉ်သဖြင့် လှည့်ကွက်များပြုလုပ်သည်။ အစဉ်သဖြင့် အမှုအရာများကို ဖုံးဖိဖာထေးသည်။ ဖုံးကွယ်သည်။ မည်သူမျှ ၎င်းတို့ကို မရိပ်စားမိရန်အတွက် မိမိတို့ကိုယ်ကို တင်းကျပ်စွာ ဖုံးကွယ်ထားသည်။ သင်၏ အတွင်းပိုင်း အတွေးများကို လူတို့က မရိပ်စားမိနိုင်ပေ။ သို့သော် ဘုရားသခင်က သင့်စိတ်နှလုံးထဲရှိ အနက်ရှိုင်းဆုံးအရာကို မြင်နိုင်သည်။ သင်က မရိုးသားသောသူဖြစ်သည်ကိုလည်းကောင်း၊ ဉာဏ်များသည်ကိုလည်းကောင်း၊ သမ္မာတရားကို လုံးဝ လက်မခံသည်ကိုလည်းကောင်း၊ သင်သည် ဘုရားသခင်အား အစဉ်သဖြင့် လှည့်စားဖို့ ကြိုးစားနေသည်ကိုလည်းကောင်း၊ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံသို့ လွှဲပြောင်းမပေးသည်ကိုလည်းကောင်း ဘုရားသခင်က မြင်လျှင် ဘုရားသခင်သည် သင့်ကို ချစ်မည်မဟုတ်ပေ။ သူသည် သင့်ကို မုန်းတီးပြီး စွန့်ပစ်လိမ့်မည်။(အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတော့ ကျွန်မ နားလည်သွားတယ်။ ရိုးရှင်းပြီး ရိုးသားတဲ့သူတွေ၊ အမှားကိုဝန်ခံပြီး ပြုပြင်ဖို့ သတ္တိရှိသူတွေကို ဘုရားသခင်က နှစ်သက်တယ်။ ကိုယ့်တာဝန်မှာ အမှားလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကြိုးစားရင်၊ ဝန်မခံရဲရင် ခေါင်းရှောင်ပြီး ဖုံးကွယ်ဖို့ ဆင်ခြေတွေရှာရင် အဲဒါ ကလိမ်ကျတဲ့သူ၊ ဘုရား ရွံရှာ၊ မုန်းတီးတဲ့သူပဲ။ ကျွန်မက တော်တော် ကလိမ်ကျတဲ့လူဆိုးတစ်ယောက်ဆိုတာ သဘောပေါက်ခဲ့တယ်။ ပိုင်းခြားသိမြင်မှုမရှိဘူး။ ဒါကြောင့် သမ္မာတရားကို မလိုက်စားတဲ့သူကို ခေါင်းဆောင်အဖြစ် ရွေးခဲ့ပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကို အရမ်းထိခိုက်စေခဲ့တယ်။ ဒါက ပြစ်မှားမှုဖြစ်နေပြီ။ ပြင်ဆင်ချက်တွေကို ကျွန်မ လုပ်သင့်ပါတယ်။ ဒါပေမဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ စိတ်ထဲက ကျွန်မ ပုံရိပ်ကို ထိန်းသိမ်းဖို့အတွက် အယောင်ဆောင်ခေါင်းဆောင် အုပ်ချုပ်တဲ့နေ့တိုင်းမှာ အသင်းတော်အလုပ် ထိခိုက်တာကို သိနေရက်နဲ့ ဘုရားမိသားစုရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ အယောင်ဆောင်ခေါင်းဆောင်ကို ကျွန်မ မထုတ်ခဲ့ဘူး။ အမှားတွေတစ်ခုပြီးတစ်ခုလုပ်ပြီး ဒါတွေကို တမင်သက်သက်ဖုံးကွယ်ချင်ခဲ့တယ်။ ကျွန်မ တော်တော်အပြစ်ရှိသလို ခံစားမိတယ်။ ဘုရားက ကျွန်မတို့ကို သမ္မာတရားအများကြီးနဲ့ ပံ့ပိုးပေးခဲ့တယ်။ ဘုရားအိမ်တော်က ကျွန်မကို နှစ်တွေအများကြီး ပျိုးထောင်ပေးခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီး တာဝန်ကို ရှောင်ဖို့အတွက် အယောင်ဆောင်ခေါင်းဆောင်က ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်ယှက်တာကို ကြည့်နေခဲ့တယ်။ ကျွန်မက လူသားလို့ခေါ်ဖို့အတွက်ကို အရမ်းတစ်ကိုယ်ကောင်းဆန်၊ စက်ဆုပ်စရာကောင်းပြီး လှည့်စားလွန်းပါတယ်။ စိတ်ထဲမှာ ဒီလိုတွေးပြီး ကျွန်မရဲ့ တွဲဖက်အမှုဆောင်တွေနဲ့တွေ့ဖို့ အမြန်သွားပြီး ပြောလိုက်တယ်။ “အစ်မလီက ကျော်ကြားမှုနဲ့ အဆင့်အတန်းနောက်လိုက်ဖို့ပဲ ဂရုစိုက်ပြီး လက်တွေ့အလုပ်ကို မလုပ်ဘူး။ သူက အလုပ်ကို တော်တော်ကို ထိခိုက်နေတယ်။ သူက အယောင်ဆောင်ခေါင်းဆောင်ပါပဲ။ ချက်ချင်း ထုတ်ပစ်ရပါမယ်” ပေါ့။ မိတ်သဟာယပြီးတဲ့နောက်မှာ အစ်မလီက အယောင်ဆောင်ခေါင်းဆောင်ဆိုတာကို တွဲဖက်အမှုဆောင်ကလည်း အတည်ပြုခဲ့တယ်။ မကြာခင်မှာ သူ အစားထိုးခံခဲ့ရတယ်။

အဲဒီနောက်မှာ ဒီတစ်ခါ ကျွန်မ ဖော်ထုတ်ပြီး သိခဲ့ရတာနဲ့ပတ်သက်ပြီး တွဲဖက်အမှုဆောင်တွေကို ဖွင့်ပြောခဲ့တယ်။ လူမှားရွေးတဲ့အတွက်ဆိုပြီး ကျွန်မကို အပြစ်မတင်ကြဘူး။ ပြီးတော့ လူတွေကို ရွေးချယ်တဲ့နေရာမှာ ကျွန်မတို့ရဲ့ လမ်းလွဲမှုတွေနဲ့ အမှားတွေကို အနှစ်ချုပ်လိုက်တယ်။ ဒီမိတ်သဟာယကတစ်ဆင့် ကျွန်မက အဓိကအားဖြင့် ကိုယ့်ကိုယ်ကိုယ် စစ်မှန်စွာနားလည်မှုအပြင် သမ္မာတရားကို အမှန်တကယ်လိုက်စားပြီး ချစ်တဲ့လူတွေကိုပါ မသိမြင်နိုင်တာကြောင့်၊ ဒီတစ်ကြိမ်မှာ လူမှားရွေးခဲ့တယ်ဆိုတာ ကျွန်မ မြင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျွန်မကို ပိုနားလည်အောင် ကူညီပေးတဲ့ ဒီအကြောင်းပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်အပိုင်းတွေကို ဖတ်ပါတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူတစ်ယောက်သည် သမ္မာတရားကို ချစ်ခြင်းရှိမရှိကို မည်သို့ ခွဲခြားသိမြင်နိုင်သနည်း။ တစ်ဖက်တွင် ဤလူသည် ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံပြီး မိမိကိုယ်မိမိ သိလာနိုင်ခြင်းရှိမရှိကို ကြည့်ရမည်။ ဘုရားနှုတ်ကပတ်တော်မှတစ်ဆင့် မိမိကိုယ်ကို သိနိုင်လျှင် ၎င်းသည် သမ္မာတရားကို ချစ်သောသူဖြစ်သည်။ အခြားတစ်ဖက်တွင် ၎င်းတို့သည် သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်နိုင်ခြင်းရှိမရှိကို ကြည့်ရမည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လျှင် ၎င်းတို့သည် ဘုရားသခင်၏အမှုကို နာခံနိုင်သောသူများဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို အသိအမှတ်ပြုရုံသာရှိပြီး မည်သည့်အခါမျှ လက်မခံလျှင်၊ သို့မဟုတ် လက်တွေ့မလုပ်ဆောင်လျှင် ‘သမ္မာတရားအားလုံးကို နားလည်သည်။ သို့သော် လက်တွေ့မလုပ်ဆောင်နိုင်။’ ဟု လူအချို့က ပြောသည့်အတိုင်းဆိုလျှင်၊ ၎င်းတို့သည် သမ္မာတရားကို ချစ်သောသူမဟုတ်သည်ကို သက်သေပြသည်။ လူအချို့က ဘုရားနှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ကြောင်းနှင့်၊ သူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိကြောင်း ဝန်ခံကြပြီး ၎င်းတို့သည် နောင်တရပြီး မိမိတို့ကိုယ်ကို အသစ်ဖြစ်ရန် လိုလားလျက်ရှိသည်ဟုလည်း ဆိုသည်။ သို့သော် ထို့နောက်တွင် လုံးဝ ပြောင်းလဲခြင်းမရှိပေ။ ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များသည် ယခင်ကကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့သည် ကိုယ့်အကြောင်း ပြောသောအခါ ဟာသတစ်ခုကိုပြောသကဲ့သို့၊ သို့မဟုတ် ဆောင်ပုဒ်တစ်ခုကို ရွတ်သကဲ့သို့ဖြစ်သည်။ ၎င်းတို့သည် မုန်းတီးခြင်းနှင့် ရွံရှာခြင်းသဘောထားတစ်ခုဖြင့်၊ သို့မဟုတ် နောင်တနှင့် အသိပညာသဘောထားတစ်ခုဖြင့် စိတ်နှလုံးအတွင်းမှ ၎င်းတို့၏ လှည့်စားမှုကို ဖော်ထုတ်ခြင်းမရှိပေ။ ထိုအစား ၎င်းတို့သည် လုပ်ရိုးလုပ်စဉ်များကို ပါဝင်လုပ်ကိုင်နေပြီး ဖွင့်ပြောသည့်ပုံစံ ဟန်ဆောင်နေကြသည်။ ဤသည်မှာ သမ္မာတရားကို စစ်မှန်စွာ လက်ခံသောသူတစ်ယောက်မဟုတ်ပေ။ ဤလူတို့သည် မိမိတို့ကိုယ်ကို သိခြင်းအကြောင်း ပြောကြသောအခါ၊ ၎င်းတို့သည် ဟန်ဆောင်လုပ်ပြပြီး ဝိညာဉ်ရေးရာပြည့်ဝယောင်ဆောင်နေကြသည်။ ၎င်းတို့က ‘အခြားလူတိုင်းက ဖွင့်ပြောပြီး သူတို့၏ ကိုယ်ပိုင်လှည့်စားမှုကို စိစစ်ကြသည်။ ငါက တစ်ခုခုမပြောလျှင် ကိုယ့်ကိုယ်ကိုယ် အရှက်ရမိစေလိမ့်မည်။ ထို့ကြောင့် ဟန်ဆောင်လုပ်ပြလိုက်လျှင် ကောင်းမည်။’ ဟူ၍ စဉ်းစားကြသည်။ ထို့နောက်တွင် ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်လှည့်စားမှုကို ဇာတ်လမ်းဆန်ဆန်ပုံစံဖြင့် ဖော်ပြလျက် အလွန်အမင်း လေးနက်သည့်ပုံစံအဖြစ် ဖွဲ့နွဲ့ပြောဆိုကြသည်။ ၎င်းတို့၏ မိမိကိုယ်ကိုသိမြင်မှုသည် အထူးလေးနက်သိမ်မွေ့ပုံရသည်။ ကြားရသောသူတိုင်းက ၎င်းတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ်သိမြင်သည်ဟု ခံစားရသည်၊ ထို့နောက် ချက်ချင်းပင် ၎င်းတို့ကို အားကျလျက်ကြည့်ရှုကြသောကြောင့်၊ ဂုဏ်ကျက်သရေရှိသကဲ့သို့၊ မိမိတို့ကိုယ်ကို ရောင်ခြည်တော်စက်ဝန်းဖြင့် ဆင်မြန်းပြီးသကဲ့သို့ ၎င်းတို့က ခံစားကြရသည်။ ဟန်ဆောင်လုပ်ပြခြင်းအပြင်၊ ၎င်းတို့၏ အယောင်ဆောင်မှုနှင့် လှည့်စားခြင်းတို့မှ ရရှိသော ဤမိမိကိုယ်ကိုသိသည့် ပုံစံသည် အခြားလူတို့ကို လုံးဝ အမြင်မှားစေသည်။ ၎င်းတို့သည် ဤသို့လုပ်ဆောင်သောအခါ ၎င်းတို့အသိစိတ်က စိတ်သက်သာရာရနိုင်သလော။ ဤသည်မှာ ပြောင်ပြောင်တင်းတင်း လှည့်စားခြင်းမဟုတ်လော။...၎င်းတို့သည် ဤသို့လုပ်ဆောင်သောအခါ အပြစ်ရှိခြင်းကို မခံစားရပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုဟန်ဆောင်ပြီး လှည့်စားပြီးနောက်တွင် ၎င်းတို့၏ အသိစိတ်သည် မသက်မသာမဖြစ်ပေ။ ဘုရားသခင်ကို ပုန်ကန်ပြီး လှည့်စားပြီးနောက်တွင် ၎င်းတို့သည် မည်သည့်အရာကိုမျှ မခံစားရပေ။ ၎င်းတို့၏ အမှားကို ဝန်ခံရန် ဘုရားသခင်ကို ဆုမတောင်းပေ။ ဤသို့သောလူတို့သည် စိတ်နှလုံးမာကျောသည်မဟုတ်လော။ ၎င်းတို့က အပြစ်ရှိသည်ဟု မခံစားရလျှင် နောင်တကို အစဉ် ခံစားရနိုင်သလော။ မည်သည့်အပြစ်ရှိသောစိတ်ကိုမျှ မခံစားနိုင်သူသည် နောင်တရနိုင်သေးသလော။ နောင်တမရနိုင်သောစိတ်နှလုံးဖြင့်လူတစ်ယောက်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဇာတိပကတိ အကျိုးစီးပွားများကို စွန့်ပစ်နိုင်သလော။ မစွန့်ပစ်နိုင်ပါ။ နောင်တရရန် ဆန္ဒမျှပင်မရှိဘဲ မိမိကိုယ်ကို သိမြင်မှုအကြောင်းပြောခြင်းသည် အဓိပ္ပာယ်မမဲ့သလော။ ဤသည်မှာ အယောင်ဆောင်ပြီး လှည့်စားခြင်းသက်သက်မဟုတ်လော။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင့်ကိုယ်သင် သိရှိသည့်အခါမှသာ သမ္မာတရားကို သင်ရှာဖွေလိုက်စားနိုင်သည်”)လူတစ်ယောက်သည် သမ္မာတရားကို လိုက်စားခြင်းရှိမရှိ သင် မည်သို့ သိမြင်နိုင်သနည်း။ လူတစ်ယောက်သည် သမ္မာတရားကို လိုက်စားသောသူဟုတ်မဟုတ် သင် မည်သို့ အကဲဖြတ်နိုင်သနည်း။ ဘုရားသခင်ကို ခုနစ်နှစ်၊ ရှစ်နှစ်ကြာ ယုံကြည်ခဲ့သောသူတစ်ယောက်ရှိသည်ဆိုပါစို့။ ထိုသူသည် အယူဝါဒစကားများစွာကို ပြောဆိုကောင်းပြောဆိုနိုင်သည်။ ပါးစပ်တွင် ဝိညာဉ်ရေးရာဝေါဟာရများ ပြည့်ကောင်းပြည့်နေနိုင်သည်။ သူတစ်ပါးတို့ကို မကြာခဏ ကူညီကောင်းကူညီနိုင်သည်။ အလွန်ပင် စိတ်အားထက်သန်သည့်ပုံစံ ရှိကောင်းရှိနေနိုင်သည်။ အရာဝတ္ထုများကို စွန့်လွှတ်ကောင်း စွန့်လွှတ်နိုင်သည်။ သူ၏ တာဝန်များကို အလွန်တက်ကြွထက်သန်စွာ ထမ်းဆောင်ကောင်း ထမ်းဆောင်နိုင်သည်။ သို့တိုင်အောင် ထိုသူသည် အသက်စိတ်သဘောထား ပြောင်းလဲဖို့ မဆိုထားနှင့်၊ သမ္မာတရားများစွာကို လက်တွေ့မလုပ်ဆောင်နိုင်ဘဲ အသက်ဝင်ရောက်မှုနှင့်သက်ဆိုင်သည့် တကယ့်အတွေ့အကြုံများကို မဆွေးနွေးနိုင်ပေ။ ဤသို့သောလူတစ်ယောက်သည် သမ္မာတရားကိုမလိုက်စားဟု အသေအချာဆိုနိုင်သည်။ လူတစ်ယောက်သည် သမ္မာတရားကို စစ်မှန်စွာ ချစ်လျှင် အမှုအရာများကို ကြုံတွေ့လျက် အချိန်တစ်ခုကြာပြီးနောက်တွင် သူ၏ နားလည်မှုနှင့်ပတ်သက်ပြီး ပြောဆိုနိုင်လိမ့်မည်။ အနည်းဆုံးအနေဖြင့် အချို့အရာများတွင် စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်နိုင်လိမ့်မည်။ ထိုသူသည် အသက်ဝင်ရောက်မှု၏ အတွေ့အကြုံအချို့ရှိလိမ့်မည်။ အနည်းဆုံးအနေဖြင့် အပြုအမူပြောင်းလဲမှုအချို့ကို ပြသလိမ့်မည်။ သမ္မာတရားကို လိုက်စားသောသူတို့သည် အစဉ်တိုးတက်နေသော ဝိညာဉ်ဆိုင်ရာ အခြေအနေတစ်ခုရှိသည်။ ဘုရားသခင်အပေါ် ၎င်းတို့ ယုံကြည်မှုသည် တဖြည်းဖြည်းချင်း တိုးပွားနေသည်။ ၎င်းတို့ ဖော်ထုတ်သည့်အရာနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့်စိတ်သဘောထားများအပေါ် နားလည်မှုအချို့ရှိသည်။ ၎င်းတို့သည် ဘုရားသခင်က လူတို့ကို ကယ်တင်ရန် မည်သို့အလုပ်လုပ်သည်နှင့်ပတ်သက်ပြီး ကိုယ်ပိုင်အတွေ့အကြုံနှင့် စစ်မှန်သည့် ထိုးထွင်းအမြင်ရှိသည်။ ဤအရာများအားလုံးသည် ၎င်းတို့အထဲတွင် တဖြည်းဖြည်းချင်း မြင့်တက်လာသည်။ လူတစ်ယောက်တွင် ဤသရုပ်သကန်များကို သင်မြင်လျှင် ဤသည်မှာ သမ္မာတရားကို လိုက်စားသောသူဖြစ်သည်ကို သင် သေချာပေါက် သိနိုင်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရား၏စစ်မှန်မှုဆိုသည်မှာ အဘယ်နည်း။”)

လူတစ်ယောက်က သမ္မာတရားကို အမှန်တကယ် လိုက်စားခြင်းရှိမရှိဆိုတာကို အကဲဖြတ်ဖို့ သူတို့ပြောတာပဲ ကြည့်လို့မရဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ သိခဲ့ရပါတယ်။ အရေးကြီးတာက သမ္မာတရားကို သူတို့ လက်ခံနိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်ခြင်းရှိမရှိ အချိန်တစ်ခုကြာပြီးနောက် စစ်မှန်တဲ့နောင်တကို ရပြီး ပြောင်းလဲနိုင်ခြင်းရှိမရှိပဲ။ သမ္မာတရားကိုလိုက်စားတဲ့သူတွေက ကျရှုံးမှုတွေ၊ အတားအဆီးတွေကို တွေ့ကြုံတဲ့အခါမှာ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်မှုကို သူတို့ လက်ခံနိုင်တယ်။ အဲဒီကနေတစ်ဆင့် သူတို့ကိုယ်သူတို့ ဆင်ခြင်နိုင်တယ်။ အကြောင်းကိစ္စတွေကို လုပ်ဖို့အတွက် သူတို့ရဲ့ ရည်ရွယ်ချက်တွေကို စိစစ် ဖော်ထုတ်နိုင်တယ်။ သူတို့စိတ်နှလုံးထဲက သူတို့ရဲ့ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအတွက် စစ်မှန်တဲ့မုန်းတီးမှု ဖြစ်ပေါ်နိုင်တယ်။ သူတို့ရဲ့ ပြစ်မှားမှုတွေအတွက် တကယ့်နောင်တကို ခံစားရနိုင်တယ်။ ဒီလိုနည်းနဲ့ နောက်တစ်ခါထပ်ဖြစ်တဲ့အခါ သူတို့ကိုယ်သူတို့ စွန့်ပစ်နိုင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်တယ်။ အချိန်ကြာတာနဲ့အမျှ ဘဝမှာ ကြီးထွားတိုးတက်ပြီး သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေမှာ အပြောင်းအလဲတချို့မြင်ရတယ်။ ဒါကို အစ်မလီရဲ့ အပြုအမူနဲ့ ယှဉ်ကြည့်ရင် သူက အပြင်ပန်းမှာ ရိုးသားတဲ့ပုံစံပေါ်တယ်။ ကိုင်တွယ်ဖြေရှင်းတာ၊ သတိပေးတာ၊ လူစားလဲတာ ခံရတဲ့အခါ သူ့ခေါင်းကို ညိတ်ပြီး ဝန်ခံတယ်။ ဂုဏ်အဆင့်အတန်းနောက်လိုက်တယ်၊ ဘုရားအိမ်တော်ရဲ့အလုပ်ကို မကာကွယ်ဘူး၊ လူ့သဘာဝကင်းမဲ့တယ် ဝင်ရောက်မှုရဖို့ သူ မျှော်လင့်တယ်လို့ ပြောတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူ့ဂုဏ်သတင်းနဲ့ အဆင့်အတန်း ပါဝင်နေသရွေ့ သူ့ကိုယ်သူမစွန့်လွှတ်ဘဲ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့ဘူး။ ညီအစ်ကိုမောင်နှမတွေကိုတောင် ဆူငေါက်တယ်။ ဒါကြောင့် ဘုရားအိမ်တော်ရဲ့အလုပ်ကို ထိခိုက်စေတယ်။ သူ့ကိုယ်သူ လုံးဝ မဆင်ခြင်ဘဲ မလှုပ်မယှက်နေခဲ့တယ်။ သူကိုယ်တိုင်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့သဘာဝနဲ့ သူ့ရဲကျရှုံးမှုအရင်းအမြစ်နဲ့ပတ်သက်ပြီး အယူအဆမရှိဘဲ စစ်မှန်တဲ့နောင်တလည်းမရှိတာကို ကျွန်မ မြင်ခဲ့ပါတယ်။ သူပြောတဲ့နားလည်မှုက သူကူးယူထားတဲ့ စကားတွေဖြစ်တဲ့ စိတ်ရှုပ်ထွေးစေဖို့ ထင်ယောင်ထင်မှားတစ်ခုပဲ။ လူတစ်ယောက်က သမ္မာတရားကို အမှန်တကယ် လိုက်စားပြီး လူ့သဘာဝရှိတယ်ဆိရင် သူတို့က အသင်းတော်အလုပ်ကို အရမ်းထိခိုက်နစ်နာစေခဲ့တာကို မြင်တဲ့အခါမှာ သူတို့ဟာ အပြစ်ရှိသလို ခံစားရပြီး ကိုယ့်ကိုယ်ကိုယ် မုန်းတီးမယ်။ သူတို့ကိုယ်ပိုင် အကျိုးစီးပွားတွေကို ထည့်မစဉ်းစားတော့ဘူး။ သူတို့ရဲ့ ပြစ်မှားမှုတွေကို ဘယ်လို ဖာထေးရမယ်၊ လက်တွေ့အလုပ်ကို ဘယ်လိုလုပ်ပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကို ပိုပြီး မထိခိုက်အောင်ကာကွယ်မယ်ဆိုတာကို စဉ်းစားလိမ့်မယ်။ အစ်မလီဆီမှာ ဒီအပြုအမူတစ်ခုမှ မတွေ့ရဘူး။ သူဟာ သမ္မာတရားကိုလက်ခံပြီး လိုက်စားတဲ့သူလုံးဝမဟုတ်ဘူးဆိုတာ ဒီအချက်အလက်က ပြပါတယ်။ သူ့ကို ရွေးချယ်တဲ့နေရာမှာ သူ့ကို သမ္မာတရားစည်းမျဉ်းနဲ့အညီ ကျွန်မ အကဲမဖြတ်ခဲ့ဘူး။ ကိုယ်ပိုင်စိတ်ကူးနဲ့ အယူအဆတွေကိုပဲ အသုံးပြုခဲ့တယ်။ သူ့ရဲ့ အပြင်ပန်းကောင်းမှုတွေနဲ့ အယူဝါဒဆိုင်ရာနားလည်မှုကိုပဲ ကြည့်ပြီး သူက အပြောင်းအလဲတချို့ရခဲ့တယ်လို့ ကျွန်မ ယူဆခဲ့တယ်။ ရလဒ်ကတော့ လူအရွေးမှားပြီး သုံးခဲ့မိတာပဲ။ ဒါကြောင့် အသင်းတော်အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ဘဝတွေကို ထိခိုက်စေတာပဲ။ ဒါတွေက သမ္မာတရားစည်းမျဉ်းတွေကို ရှာဖွေဖို့ ကျွန်မ ပျက်ကွက်ခဲ့တဲ့ အကျိုးဆက်တွေပဲ။

နောက်ပိုင်းမှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်ကြည့်တယ်။ သူက အယောင်ဆောင်ခေါင်းဆောင်ပဲဆိုတာ ကျွန်မ ရှင်းရှင်းလင်းလင်း သိမြင်ခဲ့တယ်။ လူအရွေးမှားသွားတယ်ဆိုတာ ကျွန်မ သဘောပေါက်ခဲ့ပါတယ်။ ဒီတော့ ကျွန်မက ဘာလို့ ဖုံးကွယ်ချင်ပြီး သူ့ကို အခွင့်အရေးပေးချင်သေးတာလဲ။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်ပြီး ဒါကို နည်းနည်းနားလည်လာခဲ့တယ်။ “အန္တိခရစ်တစ်ယောက်သည် မှားယွင်းသည့်အရာများကို မည်မျှလုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်မှားယွင်းသည့်အရာမျိုးကို လုပ်ဆောင်သည်ဖြစ်စေ၊ ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများကို ခိုးယူခြင်းဖြစ်စေ၊ ဖြုန်းတီးခြင်းဖြစ်စေ၊ သို့မဟုတ် အလွဲသုံးစားလုပ်ခြင်းဖြစ်စေ၊ ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ဖျက်ဆီးခြင်းဖြစ်စေ၊ သို့မဟုတ် အသင်းတော်အလုပ်ကို ရှုပ်ထွေးအောင်လုပ်ပြီး ဘုရားသခင်၏ အမျက်ဒေါသကို ဆွသည်ဖြစ်စေ ၎င်းတို့သည် အစဉ်သဖြင့် စိတ်တည်ငြိမ်အေးဆေးပြီး ပူပင်မှုမရှိပေ။ အန္တိခရစ်တစ်ယောက်သည် မည်သည့်မကောင်းမှုမျိုးကို လုပ်ဆောင်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်အကျိုးဆက်များကို ဖြစ်ပေါ်စေသည်ဖြစ်စေ မိမိတို့၏ အပြစ်များကို အမြန်ဆုံးဝန်ချပြီး နောင်တရရန် ဘုရားသခင်ရှေ့သို့ လုံးဝ မလာပေ။ ၎င်းတို့သည် ၎င်းတို့၏ မှားယွင်းလုပ်ဆောင်မှုများကို ဝန်ခံရန်၊ ၎င်းတို့၏ ပြစ်မှားမှုများကို သိရှိလာရန်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုကို ဝန်ခံပြီး ၎င်းတို့၏ မကောင်းမှုများကို နောင်တရရန်အတွက် မိမိတို့ကိုယ်ကို ဖွင့်ဟပြီး ဖွင့်ပြောသည့် သဘောထားတစ်ခုဖြင့် ညီအစ်ကိုမောင်နှမများရှေ့ကို မည်သည့်အခါမျှ မလာပေ။ ထိုအစား ၎င်းတို့၏ ကိုယ်ပိုင်သိက္ခာနှင့် အဆင့်အတန်းကို ပြန်လည်ရရှိရန်အတွက် တာဝန်ကိုရှောင်ပြီး အပြစ်ကို သူတစ်ပါးတို့အပေါ် ပုံချရန် အမျိုးမျိုးသော ဆင်ခြေများကို ရှာဖွေဖို့ ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ ၎င်းတို့ ဂရုစိုက်သည့်အရာမှာ အသင်းတော်၏ အလုပ်မဟုတ်ဘဲ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ထိခိုက်ခြင်း၊ သက်ရောက်ခြင်းရှိမရှိပင်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ပြစ်မှားမှုများကြောင့် ဘုရားအိမ်တော်တွင် ဖြစ်ပွားသော ဆုံးရှုံးမှုများအတွက် ဖာထေးရန် နည်းလမ်းများကို စဉ်းစားတွေးတောခြင်းမရှိသကဲ့သို့ ဘုရားသခင်အပေါ် တင်ရှိသည့် အကြွေးများကိုလည်း ပေးဆပ်ရန် မကြိုးစားပေ။ ဆိုလိုသည်မှာ ၎င်းတို့သည် မှားယွင်းသည့်အရာတစ်ခုခုကို လုပ်နိုင်စွမ်းရှိကြောင်း၊ သို့မဟုတ် အမှားတစ်ခုလုပ်ခဲ့ကြောင်း မည်သည့်အခါမျှ ဝန်မခံပေ။ အန္တိခရစ်များ၏ စိတ်နှလုံးတွင် အမှားများကို ကိုယ်ကစ၍ဝန်ခံခြင်းနှင့် ဖြစ်ရပ်မှန်ကို အမှန်အတိုင်း ဖြစ်ကြောင်းကုန်စင်ပြောခြင်းတို့သည် မိုက်မဲခြင်းနှင့် အရည်အချင်းမရှိခြင်းဖြစ်သည်။ ၎င်းတို့၏ မကောင်းမှုများကို လူသိသွားပြီး ဖော်ထုတ်ခံရလျှင် အန္တိခရစ်များသည် ခဏတာပေါ့ဆသည့်အမှားတစ်ခုကိုသာ ဝန်ခံမည်ဖြစ်ပြီး တာဝန်ဝတ္တရားများကို ၎င်းတို့ကိုယ်တိုင် တမင်ပျက်ကွက်သည်ကို မည်သည့်အခါမျှ ဝန်ခံမည်မဟုတ်ပေ။ ပြီးလျှင် ၎င်းတို့၏ မှတ်တမ်းမှ အစွန်းအထင်းကို ဖယ်ရှားရန်အတွက် အခြားတစ်ယောက်အပေါ်သို့ တာဝန်ကို ပုံချဖို့ ကြိုးစားလိမ့်မည်။ ဤသို့သောအချိန်မျိုးတွင် အန္တိခရစ်များသည် ဘုရားအိမ်တော်အပေါ် ဖြစ်ပွားသည့် ထိခိုက်မှုကို ပြုပြင်ဖို့နည်းလမ်း၊ ၎င်းတို့၏ အမှားများကို ဝန်ခံရန် ဘုရားသခင်ရွေးချယ်ထားသောလူတို့ကို ဖွင့်ပြောဖို့နည်းလမ်း၊ သို့မဟုတ် ဖြစ်ပျက်ခဲ့သည့်အရာကို ဖြစ်ကြောင်းကုန်စင် ပြောပြဖို့နည်းလမ်းတို့ကို အရေးမစိုက်ပေ။ ၎င်းတို့သည် ကြီးသည့်ပြဿနာကို ငယ်အောင်၊ ငယ်သည့်ပြဿနာကို ပပျောက်အောင် နည်းလမ်းများရှာခြင်းကို အရေးစိုက်ကြသည်။ သူတစ်ပါးတို့က ၎င်းတို့ကို နားလည်ပြီး ကြင်နာသနားလာအောင်ပြုလုပ်ရန် ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းပြချက်များကို ပေးကြသည်။ ၎င်းတို့သည် အထက်မှ တာဝန်ခံခိုင်းခြင်း၊ ထုတ်ပယ်ခြင်း၊ သို့မဟုတ် စွဲချက်တင်ခြင်းကို မည်သည့်အခါမျှ မခံရဖို့အလို့ငှာ၊ အခြားလူများ၏ အမြင်တွင် ၎င်းတို့၏ ဂုဏ်သတင်းများကို ပြန်လည်ရရှိစေရန်၊ ၎င်းတို့အပေါ်တွင်ရှိသော ၎င်းတို့၏ ပြစ်မှားမှုများ၏ အပျက်သဘောဆောင်သော လွှမ်းမိုးမှုကို နည်းနိုင်သမျှနည်းအောင်လုပ်ရန်၊ အထက်က ၎င်းတို့အပေါ်တွင် မည်သည့်အခါမျှ မကောင်းသောအမြင်မရှိအောင် သေချာပြုလုပ်ရန်အတွက် အစွမ်းကုန် ကြိုးစားကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများ မထိခိုက်စေဖို့အတွက် ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ပြန်လည်ရရှိစေရန် အန္တိခရစ်များသည် မည်သည့်ဒုက္ခပမာဏကိုမဆို ခံရန် လိုလားကြသည်။ ပြီးလျှင် မည်သည့်အခက်အခဲကိုမဆို ဖြေရှင်းရန် အကောင်းဆုံး ကြိုးစားလိမ့်မည်။ ၎င်းတို့၏ ပြစ်မှားမှု၊ သို့မဟုတ် အမှား၏ တကယ့်အစမှနေ၍ အန္တိခရစ်များသည် ၎င်းတို့လုပ်ဆောင်သည့် မှားယွင်းသောအရာများအတွက် မည်သည့်တာဝန်ခံယူမှုကိုမဆို ထားရှိရန် လုံးဝ မည်သည့်ရည်ရွယ်ချက်မျှမရှိပေ။ ၎င်းတို့လုပ်ဆောင်သည့် မှားယွင်းသောအရာများနောက်ကွယ်ရှိ အရင်းခံအကြောင်းများ၊ ရည်ရွယ်ချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အသိအမှတ်ပြုရန်၊ မိတ်သဟာယဖွဲ့ရန်၊ ဖော်ထုတ်ရန် သို့မဟုတ် စိစစ်ရန် ရည်ရွယ်ချက်လုံးဝ မရှိပေ။ အသင်းတော်အလုပ်အပေါ်သို့ ၎င်းတို့ ဖြစ်စေသည့် ထိခိုက်မှုနှင့် ဘုရားသခင်ရွေးချယ်ထားသောလူတို့၏ အသက်ဝင်ရောက်မှုအပေါ် ဖြစ်စေသော နစ်နာမှုအတွက် ဖာထေးလုပ်ဆောင်ပေးရန် သေချာပေါက် မည်သည့်ရည်ရွယ်ချက်မျှ မရှိပေ။ ထို့ကြောင့် အကြောင်းအရာကို မည်သည့်ရှုထောင့်ဖြင့် ကြည့်ပါစေ အန္တိခရစ်များသည် မိမိတို့၏ မှားယွင်းလုပ်ဆောင်မှုများကို မည်သည့်အခါမျှ ဝန်မခံဘဲ၊ မည်သည့်အခါမျှ နောင်တမရသောလူများဖြစ်ကြသည်။ အန္တိခရစ်များသည် ရွေးနုတ်ကယ်တင်ရန် မျှော်လင့်ချက်လုံးဝမရှိတော့အောင် အရှက်မဲ့ပြီး အရေထူသည်။ ၎င်းတို့သည် အသက်ရှင်နေသော စာတန်များမှလွဲ၍ အခြားမဟုတ်ပေ။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို လက်မခံသကဲ့သို့ အမှားတစ်စုံတစ်ခုကို ကျူးလွန်မိသည့်အခါ နောင်တရခြင်း သဘောထားလည်း မရှိကြ...”) အန္တိခရစ်တွေဟာ အမှားလုပ်တဲ့အခါ ဘယ်တော့မှ ဝန်မခံသလို ဘုရားကို ဝန်ချပြီး နောင်တလည်းမရတာကို ဘုရားနှုတ်ကပတ်တော်က ဖွင့်ပြတယ်။ အဲဒီအစား သူများတွေရဲ့ စိတ်နှလုံးထဲက သူတို့ပုံရိပ်ကို ဘယ်လိုထိန်းသိမ်းမွမ်းမံရမယ်ဆိုတာ၊ သူတို့ရာထူးကို ဘယ်လို ခိုင်မာအောင်လုပ်ရမယ်ဆိုတာ တွေးကြတယ်။ ကျွန်မရဲ့ ကိုယ်ပိုင်အပြုအမူက အန္တိခရစ်နဲ့အတူတူပဲဆိုတာ ကျွန်မ မြင်ခဲ့ပါတယ်။ လူရွေးချယ်တာလိုမျိုး အရေးကြီးတဲ့တာဝန်တစ်ခုမှာ သမ္မာတရားကို ကျွန်မ မရှာဖွေခဲ့ဘဲ အယောင်ဆောင်ခေါင်းဆောင်ကို ရွေးချယ်ခဲ့ပါတယ်။ ဒီလိုနဲ့ ဘုရားအိမ်တော်ရဲ့အလုပ်နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို ထိခိုက်စေခဲ့တယ်။ ကျွန်မ ပြစ်မှားခဲ့တယ်။ ဘုရားထံမှာ နောင်တရသင့်ပြီး အစ်မလီကို ထုတ်သင့်တယ်။ ကျွန်မရဲ့ အမှားတွေနဲ့ ချို့ယွင်းချက်တွေကို ဖာထေးဖို့အတွက် သင့်တော်တဲ့သူကို အမြန် ရွေးချယ်သင့်တယ်။ ဒါပေမဲ့ အစ်မလီရဲ့ ပြဿနာတွေအကြောင်း ကိုယ့်တွဲဖက်အမှုဆောင်တွေကို အမှန်အတိုင်းပြောပြရင် ကျွန်မက သမ္မာတရားမရှိဘူး၊ အစွမ်းအစနည်းတယ်၊ လက်တွေ့အလုပ် မလုပ်နိုင်ဘူးဆိုတာ သူတို့ ရှင်းရှင်းလင်းလင်း မြင်ပြီး ကျွန်မကို ထုတ်ပစ်မှာကို စိုးရိမ်ခဲ့ပါတယ်။ ကျွန်မရဲ့ ပုံရိပ်နဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ခဲ့တယ်။ ကျွန်မရဲ့ ကျရှုံးမှုတွေနဲ့ အားနည်းချက်တွေကို ဝန်မခံရဲခဲ့ဘူး။ အစ်မလီကို သူ့အခြေအနေပြောင်းလဲအောင် ကျွန်မရဲ့ လက်တွဲဖက်က ကူညီနိုင်ဖို့ မျှော်လင့်ပြီး ကျွန်မအမှားတွေကို နောက်ထပ်အမှားတွေနဲ့ ဖုံးခဲ့တယ်။ ဒီနည်းနဲ့ဆိုရင် သူ ထုတ်ခံရမှာမဟုတ်ဘူး၊ ကျွန်မ အဆင့်အတန်းနဲ့ ပုံရိပ်လည်းကို ထိန်းသိမ်းမယ်ပေါ့။ ကျွန်မရဲ့ တစ်ကိုယ်ရေအကျိုးစီးပွားတွေကို ဖြည့်ဆည်းဖို့အတွက် ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို အလေးမထားခဲ့ဘူး။ အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်ကို ကျွန်မ လိုက်လျောပြီး ဖုံးကွယ်ပေးခဲ့တယ်။ အနှစ်သာရအားဖြင့် ကျွန်မက ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်ယှက်ဖျက်ဆီးဖို့ စာတန်ရဲ့ ကြံရာပါအဖြစ် ပြုမူခဲ့တယ်။ ဒါက ဘုရားသခင်ရဲ့ စိတ်သဘောထားကို အရမ်းပဲ ပုန်ကန်ပြစ်မှားခဲ့ပါတယ်။ ဒါကို စဉ်းစားရင်းနဲ့ ကျွန်မ အပြစ်ရှိသလိုခံစားရပြီး နောင်တရတယ်။ ဘုရားအိမ်တော်မှာ ကျွန်မက အရေးကြီးတာဝန်တစ်ခုရှိတာဟာ ဘုရားရဲ့ ထူးခြားတဲ့ ချီးမြှောက်မှုဖြစ်တယ်။ ဒါပေမဲ့ ဘုရားရဲ့ ကျေးဇူးတော်ကို ကျွန်မ ပြန်မဆပ်ခဲ့ဘူး။ အရေးပါတဲ့အချိန်မှာ ကျွန်မက ကိုယ်ပိုင်အကျိုးစီးပွားတွေကို ထည့်စဉ်းစားပြီး ဘုရားအိမ်တော်ကို လျစ်လျူရှုခဲ့တယ်။ ဒါက အယောင်ဆောင်ခေါင်းဆောင်နဲ့ အန္တိခရစ်တစ်ယောက်ရဲ့ သရုပ်သကန်မဟုတ်ဘူးလား။ အန္တိခရစ်တွေက သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ အဆင့်အတန်းအတွက်ပဲ လုပ်တာ၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေအတွက် အရေးမစိုက်တာကို ကျွန်မ တွေးမိတယ်။ အန္တိခရစ်လမ်းကြောင်းကို ကျွန်မ လျှောက်နေတာပါ။ ကျွန်မက နောင်တမရရင် အန္တိခရစ်တွေလိုပဲ သေချာပေါက် ထုတ်ဖော်ခံရပြီး ဖယ်ရှားခံရမှာပါ။

နောက်ပိုင်းမှာ ကျွန်မ စဉ်းစားဆင်ခြင်ကြည့်ခဲ့တယ်။ ကျွန်မက တခြားမှားယွင်းနေတဲ့ အမြင်ကို စွဲကိုင်ထားလို့ အယောင်ဆောင်ခေါင်းဆောင်ကို အခွင့်အရေးတစ်ခုပြီးတစ်ခုပေးခဲ့တယ်။ ကျွန်မက သူ့ကို သေချာမိတ်သဟာယဖွဲ့ရင် နောက်ဆုံးမှာ ပြောင်းလဲသွားမယ်ဆိုပြီးတော့ပေါ့။ နောက်ပိုင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ဖတ်ပြီး ဒီမှားယွင်းတဲ့အမြင်အပေါ် ပိုင်းခြားသိမြင်မှုတချို့ရခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်အတွက် လက်မခံနိုင်သော အပြုအမူတစ်ခုရှိသောအခါ၌ မည်သူကလုပ်ဆောင်သည်ဖြစ်စေ အယောင်ဆောင်ခေါင်းဆောင်က အပြစ်ကျူးလွန်သူကို ဝတ်ကျေတမ်းကျေ ကိုင်တွယ်ဖြေရှင်းပြီး အနည်းငယ် သတိပေးခြင်း၊ တွန်းအားပေးခြင်းများ ပြုလုပ်ပြီးသည်နှင့် ၎င်းတို့အလုပ်က ပြီးဆုံးပြီဖြစ်ကာ၊ ပြဿနာကို ဖြေရှင်းပြီးဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ သို့သော် ဤသည်မှာ စာတန်၏ တွေးခေါ်ပုံသက်သက်သာဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များသည် မယုံကြည်သူများ၊ မကောင်းမှုပြုသူများနှင့် အန္တိခရစ်များကို ချက်ချင်းရှင်းလင်းရန် သိသိသာသာကို ပျက်ကွက်ကြသည်။ သို့သော် ၎င်းတို့က ‘ငါသည် သူတို့နှင့် ဘုရားနှုတ်ကပတ်တော်အပေါ် မိတ်သဟာယဖွဲ့ခဲ့သည်။ သူတို့အားလုံးက သူတို့လုပ်ခဲ့သည့်အရာကို ဝန်ခံပြီး နောင်တရကြသည်။ သူတို့အားလုံး ငိုယိုကြပြီး သူတို့သည် သေချာပေါက် နောင်တရကာ သူတို့၏ ကိုယ်ပိုင်နိုင်ငံတော်ကို တည်ထောင်ဖို့ မကြိုးစားတော့ပါဟု ပြောကြသည်။’ ဟူ၍ ပြန်လှန်ချေပကြသည်။ ဤသည်မှာ ကလေးတစ်ယောက်က လူကြီးလုပ်တမ်းကစားနေသည်နှင့် မတူသလော။ ၎င်းတို့သည် မိမိတို့ကိုယ်ကို လှည့်စားနေခြင်းသက်သက် ဖြစ်သလော။ ဤမယုံကြည်သူများ၊ မကောင်းမှုပြုသူများနှင့် အန္တိခရစ်များအားလုံးသည် သမ္မာတရားကို စိတ်ကုန်သောသူများဖြစ်သည်။ မည်သူကမျှ သမ္မာတရားကို လုံးဝ လက်မခံပေ။ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်း၏ ပစ်မှတ်များမဟုတ်ပေ။ သို့သော် အယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားသခင်မုန်းတီးပြီး စက်ဆုပ်ရွံရှာသော ဤ မယုံကြည်သူများ၊ မကောင်းမှုပြုသူများနှင့် အန္တိခရစ်များကို ဘုရားသခင် ရွေးချယ်ထားသောလူများအဖြစ် ဆက်ဆံပြီး ၎င်းတို့ကို ချစ်ခင်စွာ ကူညီဖို့ ကြိုးစားသည်။ ဤတွင် ပြဿနာ၏ အနှစ်သာရမှာ အဘယ်နည်း။ ဤလူများကို ရှင်းရှင်းလင်းလင်း မြင်ရန် တားဆီးနေသည့် မိုက်မဲမှုနှင့် မသိနားမလည်မှုဖြစ်သလော၊ သို့မဟုတ် ၎င်းတို့ကို စော်ကားမိမည်ကို စိုးသောကြောင့် ၎င်းတို့ကို ကျေနပ်စေဖို့ ကြိုးစားနေခြင်းလော။ အကြောင်းပြချက်က မည်သို့ဖြစ်စေ အရေးအကြီးဆုံးမှာ အယောင်ဆောင်ခေါင်းဆောင်များသည် လက်တွေ့အလုပ်ကို မလုပ်ပေ။ ၎င်းတို့သည် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခြင်းခံရသောအခါ သမ္မာတရားကို လက်မခံကြပေ။ ၎င်းတို့၏ အမှားများကို ဝန်မခံကြပေ။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များက မည်သည့်သမ္မာတရားစစ်မှန်မှုကိုမျှ လုံးဝ မပိုင်ဆိုင်သည်ကို ပြဖို့ လုံလောက်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့်အညီ မလုပ်ဆောင်ပေ။ အထူးသဖြင့် အသင်းတော်မှ လူများကို ရှင်းထုတ်သည့်အလုပ်နယ်ပယ်နှင့်ပတ်သက်လျှင် ၎င်းတို့သည် ဖြစ်သလိုလုပ်ဆောင်ရန် ကြိုးစားကြသည်။ သိသာသော မကောင်းမှုပြုသူအနည်းငယ်ကို ရှင်းလင်းထုတ်ပြီး ဟန်ဆောင်လုပ်ပြကြသည်။ ဖော်ထုတ်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရသောအခါတွင် တာဝန်ကိုရှောင်ပြီး မိမိတို့အတွက် ငြင်းခုံဖို့ အမျိုးမျိုးသော ဆင်ခြေများကိုပင် ရှာကြသည်။ ထို့ကြောင့် လက်တွေ့အလုပ်ကိုမလုပ်သော အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်သည် ဘုရားအလိုတော်ကို ဆောင်ရွက်ခြင်း မရှိစေရန် အနှောင့်အယှက်ပေးသော အတားအဆီးတစ်ခုဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များ လုပ်ဆောင်သောအရာများသည် အဓိပ္ပာယ်ကင်းမဲ့ပြီး တန်ဖိုးမရှိပေ။ အသင်းတော်တွင် ဖြစ်ပေါ်သော အမျိုးမျိုးသော ပြဿနာများကို ၎င်းတို့ မည်သည့်အခါမျှ မဖြေရှင်းကြပေ။ ၎င်းတို့က ရှောင်သာရှောင်လိုက်ကြသည်။ ဤအတွက်ကြောင့် ဘုရားအိမ်တော်၏ အလုပ်၏ ပုံမှန်တိုးတက်မှုကို နှောင့်နှေးစေရုံမကဘဲ ဘုရားသခင်ရွေးချယ်ထားသောလူတို့၏ အသက်ဝင်ရောက်မှုကိုပါ ထိခိုက်စေသည်။ မသေချာသော အချိန်ကာလများတွင် အယောင်ဆောင်ခေါင်းဆောင်များသည် ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ဖျက်ဆီးပြီး မယုံကြည်သူများ၊ မကောင်းမှုပြုသူများ၊ အန္တိခရစ်များအတွက် အကာအကွယ်တစ်ခုအဖြစ် ပြုမူသည်။ ဝိညာဉ်ရေးရာစစ်ပွဲ၏ အရေးပါသော အခိုက်အတန့်တွင် ဘုရားသခင်ကို အာခံပြီး လှည့်စားရန် စာတန်၏ ဘက်မှ ရပ်တည်သည်။ ဤသည်မှာ ဘုရားသခင်ပေါ် သစ္စာဖောက်ခြင်း၏ သရုပ်သကန် မဟုတ်သလော။ အယောင်ဆောင်ခေါင်းဆောင်များ၏ အမြင်တွင် ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောသူများမဟုတ်သည်မှာ ရှင်းလင်းသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ နားမလည်ပေ။ ၎င်းတို့သည် ခေါင်းဆောင်မှုအလုပ်ကို လုပ်ဆောင်ရန် လုံးဝ အရည်အသွေးမပြည့်မီပေ။(အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း) ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ရင်းနဲ့ ကျွန်မ ရှက်မိတယ်။ ကျွန်မက သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး သူတို့က လက်ခံတယ်၊ သူတို့အမှားကို ဝန်ခံတယ်လို့ပြောသရွေ့ ဘယ်သူမဆို ပြောင်းလဲနိုင်တယ်လို့ ယုံကြည်ခဲ့ပါတယ်။ လူတွေကို သူတို့ရဲ့ အနှစ်သာရအတိုင်း မမြင်ခဲ့ဘူး။ ကျွန်မက ခံစားမှုနဲ့ အမြင်ကင်းမဲ့ခဲ့တာပါ။ အစ်မလီကို ကျွန်မ စတွေ့တုန်းကဆို အဆင့်အတန်းကို သူ့ရဲ့လိုက်စားမှုနဲ့ သူလျှောက်တဲ့လမ်းကြောင်းရဲ့ သဘာဝကို ဖော်ထုတ်ပြီး စိစစ်ခဲ့တယ်။ သူက နားလည်မှုတချို့နဲ့ နောင်တရချင်တယ်လို့ပြောပြတာ ကျွန်မ ကြားရတော့ ကျွန်မ မိတ်သဟာယက ရလဒ်တွေ ရလာပြီး သူက ပြောင်းလဲလိမ့်မယ်လို့ ခံစားမိခဲ့တယ်။ အဲဒါနဲ့ သူ့ကို ခေါင်းဆောင်နေရာကို ရာထူးတိုးပေးခဲ့တယ်။ အချိန်နည်းနည်းကြာတော့ အစ်မလီက ပုံရိပ်နဲ့ အဆင့်အတန်းကိုပဲ အရေးစိုက်နေပြီး လက်တွေ့အလုပ်ကို မလုပ်ပြန်ဘူး။ သူ့ကို ကျွန်မ ဖော်ထုတ်ပြီး မိတ်သဟာယဖွဲ့ပြီးနောက်မှာ သူ့ရဲ့ ရိုးသားတဲ့သဘောထားနဲ့ နောင်ရချင်တဲ့ဆန္ဒကို ဖော်ပြတာကို မြင်တော့ သူက ပြောင်းလဲလိမ့်မယ်လို့ ကျွန်မ ထပ်ပြီး ယုံကြည်ခဲ့တယ်။ အမှန်တော့ အစ်မလီက ကျော်ကြားမှုနဲ့ ဂုဏ်ကို အမြဲလိုက်စားပြီး လက်တွေ့အလုပ်ကို မလုပ်ဘူး။ သူက လုံးဝ နောင်တမရဘူး၊ မပြောင်းလဲဘူး။ ဟိုးအရင်ကတည်းက သူက အယောင်ဆောင်ခေါင်းဆောင်ဖြစ်တယ်ဆိုတာ ပြနေတာပါ။ ဒါပေမဲ့ ကျွန်မက သူ့ကို ဆက်ပြီး မိတ်သဟာယဖွဲ့ပြီး အခွင့်အရေးပေးတယ်။ ကျွန်မက တကယ်ပဲ အရမ်းကို မျက်ကန်းဖြစ်ပြီး မသိနားမလည်ခဲ့တာပါ။ တကယ်တော့ သမ္မာတရားကို မိတ်သဟာယဖွဲ့တာက ပံ့ပိုးတဲ့နေရာမှာပဲရှိတာပါ။ လူတွေပြောင်းလဲနိုင်လားဆိုတာ သမ္မာတရားကို သူတို့ လိုက်စားနိုင်လားဆိုတဲ့အပေါ် အများဆုံး မူတည်တယ်။ သမ္မာတရားကို အမှန်တကယ် လိုက်စားပြီး လက်ခံသူတွေအတွက် တခြားလူတွေရဲ့ မိတ်သဟာယ၊ အကူအညီ၊ လမ်းပြမှုနဲ့ ကိုင်တွယ်ဖြေရှင်းမှုက သူတို့ကို သမ္မာတရားနဲ့အညီ ဆင်ခြင်ပြီး ကိုယ့်ကိုယ်ကိုယ်သိဖို့၊ နောင်တရဖို့၊ ပြောင်းလဲဖို့ ကူညီပေးနိုင်တယ်။ သမ္မာတရားကို လက်မခံတဲ့သူတွေနဲ့ စိတ်ကုန်တဲ့သူတွေက ဘယ်လောက်ပဲ မိတ်သဟာယဖွဲ့ပါစေ သမ္မာတရားကို လုံးဝ လက်ခံမှာမဟုတ်သလို သမ္မာတရားကို အခြေခံပြီး ကိုယ့်ကိုယ်ကိုယ်သိပြီး မုန်းတီးမှာမဟုတ်ဘူး။ ဒါကြောင့် သူတို့အတွက် ပြောင်းလဲဖို့က မဖြစ်နိုင်ဘူး။ လူအမျိုးအစားတစ်ခုစီကို ဘုရားနှုတ်ကပတ်တော်နဲ့ သမ္မာတရားနဲ့အညီ ကျွန်မ မဆက်ဆံခဲ့ဘူး။ ကျွန်မရဲ့ ကိုယ်ပိုင်စိတ်ကူးထင်မြင်မှုအပေါ် အခြေခံပြီး စည်းမျဉ်းတွေကို မစဉ်းမစားနဲ့ မာနကြီးကြီးနဲ့ အသုံးချခဲ့တယ်။ ရလဒ်အနေနဲ့ အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်ကို ကျွန်မ ကာပေးခဲ့ပြီး ဘုရားအိမ်တော်ရဲ့ အလုပ်ကို နှောင့်ယှက်ခဲ့တယ်။ ကျွန်မက စာတန်ရဲ့နေရာကနေ လုံးဝ ပါဝင်လုပ်ဆောင်နေတာပဲ။ ကျွန်မ စဉ်းစားဆင်ခြင်ရင်းနဲ့ ဘုရားဆီမှာ ဝန်ချပြီး နောင်တရခဲ့ပါတယ်။ “ဘုရားသခင် သမီးရဲ့ မှားယွင်းတဲ့အမြင်တွေကို ပြောင်းလဲချင်ပါတယ်။ သမ္မာတရားကို ရှာဖွေပြီး တာဝန်မှာ စည်းမျှဉ်းတွေနဲ့အညီ လုပ်ဆောင်ချင်ပါတယ်” ပေါ့။

နောက်ပိုင်းမှာ အလုပ်ကို စုံစမ်းစစ်ဆေးဖို့ အသင်းတော်တစ်ခုဆီကို ကျွန်မ သွားတယ်။ အသင်းတော်ခေါင်းဆောင်ဖြစ်တဲ့ အစ်ကိုရှန်က သူ့တာဝန်မှာ မထုံတက်တေးနဲ့ တာဝန်ယူမှုမရှိဘူးလို့ ညီအစ်ကိုမောင်နှမတွေက တိုင်ကြတယ်။ အစည်းအဝေးတွေမှာ သူများတွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားအပေါ်မှာ မိတ်သဟာယမဖွဲ့ဘူး။ အသင်းတော်အလုပ်က မထိရောက်ဘူး။ ဒါပေမဲ့ သူက တကယ်တမ်းဘာကိုမှ ကွပ်ကဲ၊ ကြီးကြပ်တာမရှိဘူး။ ဘာလက်တွေ့အလုပ်ကိုမှ မလုပ်ဘူး။ သူများတွေက သူ့ကို အကြံပြုချက်တွေပေးတော့ သူက လက်မခံဘူး။ သူက ငြင်းဆန်ဖို့ ဆင်ခြေအမျိုးမျိုးပေးတယ်။ တစ်ခါတလေမှာ သူက ဘာလို့ “ကိုယ့်ပြဿနာကိုယ် ဆင်ခြင်မကြည့်တာလဲ” ဆိုပြီး ပြောတယ်။ ဒါတွေအားလုံးက သူများတွေကို စိတ်ကျဉ်းကျပ်စေတယ်။ သူက လူတွေအပေါ် ဇီဇာကြောင်ပြီး နိုင်ကွက်ရှာတာလည်း လုပ်ချင်တယ်။ စည်းမျဉ်းတွေအရ အစ်ကိုရှန်က အယောင်ဆောင်ခေါင်းဆောင်ဖြစ်ပြီး အထုတ်ခံရမှာပါ။ အစ်ကိုရှန်းရဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး ဘယ်လိုထင်လဲဆိုတာကို သင်းထောက်တွေကို ကျွန်မ မေးတယ်။ သူတို့ကပြောတယ်။ “အစ်ကိုရှန်းက တာဝန်ခံယူမှုမရှိဘူး။ ဒါပေမဲ့ သူနဲ့မိတ်သဟာယပြုပြီးတဲ့အချိန်တိုင်းမှာ သူ့ကိုယ်သူနားလည်မှုကို ပြတယ်။ သူက နောင်တရပြီး ပြောင်းလဲချင်တယ်လို့ပြောတယ်။ ကျွန်တော်တို့သူ့ကိုကူညီပြီး ဘာဆက်ဖြစ်မလဲ ကြည့်ချင်တယ်” တဲ့။ ဒါကိုကြားတော့ ကျွန်မ စဉ်းစားတယ်။ “အစ်ကိုရှန်းရဲ့ အပြုအမူအရဆိုရင် သူက အယောင်ဆောင်ခေါင်းဆောင်ပဲ၊ လူစားလဲရမယ်။ ဒီလိုမဟုတ်ရင် ဘုရားအိမ်တော်ရဲ့အလုပ် ထိခိုက်ခံရမယ်။ ဒါပေမဲ့ သင်းထောက်က သဘောမတူဘူးဆိုတော့ ငါမှားတာဖြစ်နေမလား ပေါ့။ အစ်ကိုရှန်းကို ဖယ်ထုတ်ဖို့ ငါက ဆက်ပြောရင် ငါမှားသွားရင် ငါ့ကို ဘယ်လိုထင်ကြမလဲ။ ငါက နှစ်တွေအများကြီး တာဝန်ထမ်းဆောင်ခဲ့ပြီး လူတွေကို မခွဲခြားနိုင်သေးဘူးလို့ ပြောကြမှာလား” ပေါ့။ ကျွန်မက ပုံရိပ်နဲ့ ဂုဏ်အဆင့်အတန်းကို စဉ်းစားနေပြန်ပြီဆိုတာ သိလိုက်တယ်။ အဲဒါနဲ့ ကိုယ့်ကိုယ်ကိုယ် စွန့်ပစ်ရာမှာ ကူညီပေးဖို့ ဆုတောင်းတယ်။ အစ်ကိုရှန်က စကားပြောတတ်ဆိုတတ်တယ်ဆိုတဲ့အချက်ကိုပဲ သင်းထောက်တွေက ကြည့်နေတယ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ သူတို့က အစ်ကိုရှန်ကို ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံပြီး အကဲဖြတ်နေတာမဟုတ်ဘူး။ ကျွန်မက သမ္မာတရားနဲ့ ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံပြီး မပိုင်းခြားတာကြောင့် အရင်က လူမှားရွေးခဲ့တယ်။ ဒီတစ်ခါမှာ ကျွန်မ သင်ခန်းစာသင်ယူရမယ်။ လူတိုင်းနဲ့ သမ္မာတရားကို ရှာဖွေရမယ်။ ဘုရားနှုတ်ကပတ်တော်အရ အယောင်ဆောင်ခေါင်းဆောင်တွေကို အကဲဖြတ်ရမယ်။ ဒါက တစ်ခုတည်းသော တိကျမှန်ကန်တဲ့လုပ်ဆောင်နည်းပဲ။

နောက်တော့ အယောင်ဆောင်ခေါင်းဆောင်တွေကို သိမြင်ခြင်းနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေ့တယ်။ “လူတစ်ယောက်သည် အယောင်ဆောင်ခေါင်းဆောင်ဟုတ်မဟုတ်ကို ပိုင်းခြားသိမြင်ခြင်းသည် ထိုသူ၏ မျက်နှာကိုကြည့်ပြီး မျက်နှာအသွင်အပြင်တို့က ကောင်းမွန်သည်၊ ဆိုးယုတ်သည်ကိုကြည့်ရှုရန် မိမိမျက်လုံးများကို အသုံးပြုပြီး လုပ်ဆောင်ရခြင်းမဟုတ်သကဲ့သို့၊ အပြင်ပန်းတွင် ထိုသူသည် မည်မျှ ဒုက္ခခံသည့်ပုံစံရှိသည်၊ သို့မဟုတ် မည်မျှ လှည့်လည်သွားလာပြီးဖြစ်သည်တို့ကို ကြည့်ခြင်းအားဖြင့် လုပ်ဆောင်ခြင်းလည်းမဟုတ်ပေ။ ထိုအစား ၎င်းတို့သည် မိမိတို့တာဝန်များကို ခေါင်းဆောင်အနေဖြင့် ဖြည့်ဆည်းခြင်းရှိမရှိ၊ လက်တွေ့ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနိုင်ခြင်းရှိမရှိတို့ကို သင်ကြည့်ရမည်။ ဤသည်မှာ ထိုကိစ္စကို အကဲဖြတ်ရန် တစ်ခုတည်းသော တိကျမှန်ကန်သည့် စံနှုန်းဖြစ်သည်။ ဤသည်မှာ လူတစ်ယောက်သည် အယောင်ဆောင်ခေါင်းဆောင်ဟုတ်မဟုတ်ကို စိစစ်သည့်၊ ပိုင်းခြားသိမြင်သည့်၊ ဆုံးဖြတ်သည့်စည်းမျဉ်းဖြစ်သည်။ ဤနည်းအားဖြင့်သာ အကဲဖြတ်ခြင်းသည် တရားမျှတနိုင်သည်။ စည်းမျဉ်းများနှင့် ကိုက်ညီနိုင်သည်။ သမ္မာတရားနှင့် ညီပြီး လူတိုင်းအပေါ် မျှတနိုင်သည်။ လူတစ်ယောက်ကို အယောင်ဆောင်ခေါင်းဆောင်၊ သို့မဟုတ် အယောင်ဆောင်အမှုဆောင်အဖြစ် စရိုက်လက္ခဏာဖော်ပြခြင်းကို လုံလောက်သည့် အချက်အလက်များအပေါ်တွင် အခြေခံရမည်။ ယာယီဖောက်ပြန်ပျက်စီးမှုကို အခြေပြုချက်အဖြစ် အသုံးပြုနိုင်ဖို့ မဆိုထားနှင့်၊ ဖြစ်ရပ်၊ သို့မဟုတ် ပြစ်မှားမှုတစ်ခု၊ နှစ်ခုအပေါ်တွင်ပင် အခြေမခံရပေ။ လူတစ်ယောက်ကို စရိုက်လက္ခဏာဖော်ပြရန် တစ်ခုတည်းသော တိကျမှန်ကန်သည့်စံနှုန်းများမှာ ထိုသူသည် လက်တွေ့အလုပ်ကို လုပ်ဆောင်နိုင်ပြီး ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနိုင်ခြင်းရှိမရှိ၊ ထို့အပြင် ထိုသူသည် မှန်ကန်သောသူ ဟုတ်မဟုတ်၊ သမ္မာတရားကို ချစ်ပြီး ဘုရားသခင်ကို နာခံနိုင်သောသူဟုတ်မဟုတ်၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုနှင့် ဉာဏ်အလင်းဖွင့်ပြမှုကို ပိုင်ဆိုင်ခြင်း ရှိမရှိတို့ဖြစ်သည်။ ဤအချက်အလက်များကို အခြေခံခြင်းအားဖြင့်သာ လူတစ်ယောက်ကို အယောင်ဆောင်ခေါင်းဆောင်၊ သို့မဟုတ် အယောင်ဆောင်အမှုဆောင်အဖြစ် မှန်ကန်စွာ စရိုက်လက္ခဏာဖော်ပြနိုင်သည်။ ဤအချက်အလက်များသည် လူတစ်ယောက်က အယောင်ဆောင်ခေါင်းဆောင်၊ သို့မဟုတ် အယောင်ဆောင်အမှုဆောင် ဟုတ်မဟုတ်ကို အကဲဖြတ်ပြီး ဆုံးဖြတ်ခြင်းအတွက် စံနှုန်းများနှင့် စည်းမျဉ်းများဖြစ်သည်။(အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း) ဒီအပိုဒ်ကို ကျွန်မတို့အတူတူ မိတ်သဟာယဖွဲ့ပြီး အယောင်ဆောင်ခေါင်းဆောင်တွေကို အကဲဖြတ်ပြီး သိမြင်ပုံကို သိသွားခဲ့တယ်။ သူတို့စကားတွေက ဘယ်လောက်ကြားကောင်းတယ်ဆိုတာပဲ ကြည့်ရမှာမဟုတ်ဘူး။ အဓိကက လက်တွေ့အလုပ်ကိုလုပ်နိုင်ပြီး သမ္မာတရားနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မလားဆိုတာပဲ။ ပြီးတော့ သမ္မာတရားကို လက်ခံနိုင်သလား၊ လိုက်စားနိုင်သလား၊ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ်သိပြီး အမှန်တကယ် နောင်တရပြီး ပြောင်းလဲနိုင်သလားဆိုတာရောပဲ။ အစ်ကိုရှန်းကို အကဲဖြတ်ဖို့ ဒီစည်းမျဉ်းတွေကို ကျွန်မတို့ အသုံးပြုခဲ့တယ်။ သူက ဆက်တိုက် တာဝန်မယူခဲ့သလို ဘာလက်တွေ့အလုပ်မှမလုပ်ဘူး။ ညီအစ်ကိုမောင်နှမတွေက သူ့ကို ခဏခဏ မိတ်သဟာယပြုပြီး ကူညီပေးတယ်။ ဒါပေမဲ့ သူက လုံးဝ လက်မခံဘူး။ သူ့ကိုယ်သူ မဆင်ခြင်ဘူး။ ပြီးတော့ သူက သူများတွေကု စွပ်စွဲပြီး လူတိုင်းကို စိတ်ကျဉ်းကျပ်အောင်လုပ်တယ်။ သူက ဘာလက်တွေ့အလုပ်မှမလုပ်ဘူး၊ သမ္မာတရားကို မလိုက်စားဘူးဆိုတာ ကျွန်မတို့ မြင်ခဲ့တယ်။ ဒါကြောင့် သူက အယောင်ဆောင်ခေါင်းဆောင်ဖြစ်ပြီး ထုတ်ပယ်ရမယ်။ ဒါကို ကြားပြီးတော့ ညီအစ်ကိုမောင်နှမတွေက သူတို့ကိုယ်သူတို့ အပြစ်တင်ပြီး ပြောတယ်။ “သူတို့ ပိုင်းခြားအကဲဖြတ်ဖို့ ကျွန်တော်တို့က ဘုရားနှုတ်ကပတ်တော်ကို မသုံးဘူး။ သူ မျက်နှာပန်းပြတဲ့ အယောင်ဆောင်ပုံရိပ်နဲ့ လှည့်စားတာ ခံလိုက်ရတယ်။ ဘုရားအိမ်တော်ရဲ့ အလုပ်ကို နှောင့်ယှက်တဲ့ အယောင်ဆောင်ခေါင်းဆောင်အတွက် အကာအကွယ်လုပ်ပေးမိလုနီးပါးဖြစ်ခဲ့တယ်” တဲ့။ အခု သူတို့က အယောင်ဆောင်ခေါင်းဆောင်တွေအပေါ် ရိပ်စားမှုရှိတာကိုမြင်ရတော့ ကျွန်မ တော်တော်စိတ်သက်သာရာရသွားတယ်။ ပြီးတော့ အစ်ကိုရှန်ကို ကျွန်မတို့ ချက်ချင်းပဲ ထုတ်လိုက်တယ်။

ဒီအတွေ့အကြုံပြီးတဲ့နောက်မှာ အယူအဆတွေအရ လူတွေကို သုံးတာက သူများတွေရော ကိုယ့်ကိုယ်ကိုယ်ပါ တကယ်တမ်း ထိခိုက်နေတယ်ဆိုတာ ကျွန်မ မြင်ခဲ့ပါတယ်။ ဒါက ဘုရားမိသားစုရဲ့ အလုပ်ကို ထိခိုက်ရုံမကဘဲ ကိုယ့်ကိုလည်း ပြစ်မှားမိစေတယ်။ အခုကစပြီး ကျွန်မတာဝန်မှာ သမ္မာတရားနဲ့ စည်းမျဉ်းတွေကို ပိုရှာဖွေဖို့၊ ဘုရားနှုတ်ကပတ်တော်အတိုင်း ကိစ္စတွေကို ကြည့်ဖို့ မျှော်လင့်ပါတယ်။ ကျွန်မ နားမလည်တဲ့နေရာမှာ ကျွန်မပုံရိပ်နဲ့ ဂုဏ်အဆင့်အတန်းကို လက်လွှတ်ပြီး ညီအစ်ကိုမောင်နှမတွေနဲ့ ပိုပြီး မိတ်သဟာယဖွဲ့ဖို့၊ ကိုယ့်အားနည်းချက်တွေကို ဖာထေးပြီး ဘုရားအိမ်တော်ရဲ့ အလုပ်ကို ထိန်းသိမ်းဖို့ ဆန္ဒရှိပါတယ်။ ကျေးဇူးတော်ပါပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မမှန်သည့်လူကို အသုံးပြုမိပြီးနောက် သုံးသပ်ဆင်ခြင်မှုများ

ရှောင်ဖန် တရုတ်နိုင်ငံ ၂၀၂၀ခုနှစ် နွေရာသီမှာ၊ အသင်းတော်ရဲ့ စာအလုပ်ကို ကျွန်မ ကြီးကြပ်ခဲ့ရတယ်။ တစ်နေ့၊ ယန်ကန်က စကားလုံးတွေနဲ့ ပတ်သက်လို့...

လူကောင်းတစ်ဦးဖြစ်ခြင်း၏ အဓိပ္ပာယ်မှာ မည်သည့်အရာဖြစ်သည်ကို နားလည်ခြင်း

ရဲရင်း မြန်မာနိုင်ငံ ကျွန်မ ငယ်ငယ်တည်းက ကျွန်မမိဘတွေက သူများတွေကို မျှတဖို့၊ ယုတ္တိတန်ဖို့၊ ကြင်နာဖို့၊ သူများအခက်အခဲတွေကို နားလည်ဖို့နဲ့...

မာနထောင်လွှားမှုကို ဖြေရှင်းရန် နည်းလမ်းတစ်ခုရှိသည်

ရှောင်ချင်၊ ဟေနန်စီရင်စု ကျွန်မသည် မာနထောင်လွှားတတ်သော သဘောရှိသည့် လူတစ်ဦးဖြစ်ခဲ့သည်။ အခြားသူများထက် ကျွန်မ ပိုတော်သည်ဟု အမြဲတွေးထင်ရင်း...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။