ကျွန်ုပ် အပြောအဆိုမတတ်၍ ဖြစ်လာသော သိမ်ငယ်စိတ်ကို ကျွန်ုပ် ခံစားရတော့မည် မဟုတ်ပါ
ငယ်ငယ်ကတည်းက ကျွန်မက တော်တော်လေး တသီးတသန့်နေတတ်ပြီး ကိုယ်ပြောချင်တာကို ကောင်းကောင်းမပြောတတ်ဘူး။ လူစိမ်းတွေနဲ့ ဆက်ဆံတဲ့အခါမှာ စကားပြောဖို့...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၃ ခုနှစ်၊ ဧပြီလမှာ အမျိုးသမီးသရုပ်ဆောင်တာဝန်ကို ကျွန်မ ပြန်ထမ်းဆောင်ခဲ့တယ်။ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတွေ ရိုက်ကူးရာမှာ အဓိကပါဝင်ခဲ့ပြီး ဘုရားသခင်ရဲ့ ကျေးဇူးတော်အတွက် ကျွန်မ တကယ်ဝမ်းမြောက်ပြီး ကျေးဇူးတင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မစိတ်ထဲမှာ စိုးရိမ်မှုတချို့လည်း ရှိခဲ့ပြီး တွေးမိတယ်၊ “ငါ သရုပ်ဆောင်တာဝန်မထမ်းဆောင်တာ တစ်နှစ်ကျော်ပြီ၊ အခုလက်ရှိအခြေအနေနဲ့ ဒီတာဝန်ကို ကောင်းကောင်းလုပ်နိုင်ပါ့မလားဆိုတာ မသေချာဘူး” ပေါ့။ ကျွန်မ တကယ် စိုးရိမ်ပူပန်ခဲ့ပြီး ရက်အတော်ကြာ ကောင်းကောင်း အိပ်မပျော်ခဲ့ဘူး။ မထင်မှတ်ဘဲနဲ့၊ ကျွန်မ ပြောပြရမဲ့ ပထမဆုံး အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးထဲက ဇာတ်ကောင်ရဲ့ အခြေအနေက ကျွန်မနဲ့ တော်တော်လေး ဆင်တူနေခဲ့တယ်။ အဲဒီထဲက ကောက်နုတ်ထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို တော်တော်လေး တို့ထိခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်စဉ်းစားပြီး ဇာတ်ကောင်ရဲ့ စိတ်ထားနဲ့ ကျွန်မစိတ်ထားကို နှိုင်းယှဉ်ကြည့်တာက ကျွန်မရင်ကို တကယ်ပဲ ထိမှန်စေခဲ့တယ်။ အဲဒီညီအစ်မက ဘုရားသခင်ကို မှီခိုအားထားပြီး သင်ခန်းစာတွေ ယူပြီးတဲ့နောက်မှာ လွတ်လပ်ပေါ့ပါးသွားတယ်၊ ကျွန်မလည်း ရှေ့ဆက်ရမဲ့လမ်းကို တွေ့သွားသလို ခံစားလိုက်ရတယ်။ ကျွန်မ ကိုယ်တိုင်သတိမထားမိလိုက်ဘဲ ကျွန်မက သိပ်ပြီး စိတ်ဆင်းရဲတာ၊ စိုးရိမ်တာတွေ မရှိတော့ဘဲ မကြာခင်မှာပဲ ရိုက်ကူးရေး ပြီးသွားခဲ့တယ်။ ဘုရားသခင်ရဲ့ လမ်းပြမှုအတွက် ကျွန်မ သိပ်ကျေးဇူးတင်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု တဖြည်းဖြည်း ပြန်ရလာတယ်။ နောက်ပိုင်း ရိုက်ကူးရေးတွေမှာ အရင်လောက် စိတ်မလှုပ်ရှားတော့ဘူး။ မကြာခင်မှာပဲ နောက်ထပ် ဗီဒီယိုနှစ်ခု ရိုက်ကူးခဲ့တယ်။ ပြီးတော့ ကျွန်မ သဘောပေါက်လိုက်တာက ကျွန်မမှာသာ မှန်ကန်တဲ့ ရည်ရွယ်ချက်ရှိပြီး ကိုယ့်တာဝန်ကို ဆက်ကပ်ထားသရွေ့၊ ဘုရားသခင်က ဉာဏ်အလင်းပေးပြီး လမ်းပြပေးမယ်ဆိုတာပါပဲ။ ဒါပေမဲ့ ကျွန်မ မတွေးဘဲ မနေနိုင်ခဲ့ဘူး၊ “အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုသုံးခုတောင် ဒီလောက်မြန်မြန် ရိုက်ပြီးပြီဆိုတော့၊ ငါ တော်တော် စွမ်းဆောင်နိုင်ပုံရတယ်” ပေါ့။
အရင်တုန်းက ရုပ်ရှင်တွေ၊ ပြဇာတ်တွေ၊ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေနဲ့ သံပြိုင်သီဆိုမှုတွေမှာ ကျွန်မ ပါဝင်ခဲ့တာကို ညီအစ်ကို မောင်နှမတချို့က သတိပြုမိပြီး ကျွန်မကို ဝါရင့်သရုပ်ဆောင်တစ်ယောက်လို့ ယူဆကြတယ်။ ဒါကြောင့် သူတို့က သရုပ်ဆောင်တာနဲ့ပတ်သက်ပြီး ကျွန်မကို မေးခွန်းတွေ စမေးလာကြတော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တော်တော်လေး ကျေနပ်နေခဲ့တယ်။ ကျွန်မမှာ အားနည်းချက်တွေ အများကြီးရှိမှန်း ကျွန်မသိပေမဲ့၊ ကျွန်မလို “ဝါရင့်သရုပ်ဆောင်” တစ်ယောက်တောင်မှ တစ်ခါတလေ အခက်အခဲတွေနဲ့ နေထိုင်ရတယ်ဆိုတာကို တခြားသူတွေ မသိကြဘူးလေ။ ဥပမာအနေနဲ့၊ ပထမဆုံး အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးကို ပြောပြတုန်းက ကျွန်မ စိတ်လှုပ်ရှားပြီး စိုးရိမ်ပူပန်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မ တွေးမိတာက ကျွန်မတို့ ပထမဆုံးအကြိမ် တွေ့ဆုံကြတာဖြစ်လို့၊ ကျွန်မအပေါ် လူတိုင်းက အကောင်းမြင်နေတာကို မဖျက်ဆီးသင့်ဘူးပေါ့။ ဒါကြောင့် ကျွန်မရဲ့ အားနည်းချက်တွေကို ထုတ်မပြောဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်မက စပြီး တက်တက်ကြွကြွနဲ့ မပြီးနိုင်မဆုံးနိုင် ပြောဆိုပြီး လက်ဟန်ခြေဟန်တွေနဲ့ ပြောတာပေါ့။ အထူးသဖြင့် “ကောင်းကင်နိုင်ငံတော်သီချင်း ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ” ဆိုတဲ့ အကြီးစား သံပြိုင်သီချင်းသီဆိုတင်ဆက်မှုကို ရိုက်ကူးရေးအကြောင်း စပြောတဲ့အခါ၊ ကျွန်မက “သံပြိုင်သီဆိုတဲ့ သရုပ်ဆောင်တွေ အားလုံးကို စိစစ်ရွေးချယ်ထားတာ၊ ပြီးတော့ ပူပြင်းတဲ့အပူဒဏ်နဲ့ ခါးသီးတဲ့အအေးဒဏ်တွေကြားမှာ လနဲ့ချီပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်မှုတွေကို သူတို့ ခံယူခဲ့ရတာ” လို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောခဲ့တယ်။ ဒါကိုကြားပြီးတဲ့နောက်မှာ ညီအစ်ကို မောင်နှမတွေအားလုံးက လေးစားအားကျမှုတွေနဲ့ ပြည့်သွားကြတယ်။ ကျွန်မက “သရုပ်ဆောင် ၃၀၀ ကျော်ထဲမှာ၊ ကျွန်မက အသက်အကြီးဆုံးပဲ” လို့လည်း ကြွားလိုက်သေးတယ်။ ညီအစ်ကို မောင်နှမတွေဆီက လေးစားအားကျတဲ့ အကြည့်တွေကို ကျွန်မ သာယာပြီး နှစ်သက်နေမိတယ်။ တစ်ခါတုန်းက၊ ရိုက်ကူးရေးတစ်ခုမှာ သရုပ်ဆောင်တစ်ယောက် အခက်အခဲကြုံနေရလို့ သူ့ရဲ့ သရုပ်ဆောင်မှုကို ကူပြီး စီစဉ်ညွှန်ကြားပေးဖို့ ကျွန်မကို တောင်းဆိုလာတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “သူတို့ရှေ့မှာ ငါ နည်းနည်းလောက် စွမ်းရည်ပြလိုက်မယ်။ တကယ်တမ်းတော့လည်း သူတို့ ငါ့ကို အထင်သေးလို့မဖြစ်ဘူးလေ” ပေါ့။ ပြီးတော့ ဇာတ်ဝင်ခန်းတစ်ခုကို ကျွန်မ စဉ်းစားလိုက်တယ်၊ စိတ်ခံစားချက်တွေ အားလုံးက ကျွန်မဆီကနေ စီးဆင်းထွက်လာတာပေါ့။ သူတို့အားလုံးက ကျွန်မကို လေးစားအားကျတဲ့အကြည့်နဲ့ ကြည့်ပြီး “အစ်မက ဘယ်လို သရုပ်ဆောင်ရမလဲဆိုတာ တကယ်သိတာပဲ။ အံ့မခန်းပဲ” လို့ ပြောကြတယ်။ ဘုရားသခင်ရဲ့ လမ်းပြမှုပါလို့ ကျွန်မ ပြောလိုက်ပေမဲ့၊ စိတ်ထဲမှာတော့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်မယူဘဲ မနေနိုင်ခဲ့ဘူး၊ တခြားလူတွေထက် ကျွန်မက ပိုတော်ပြီး ပိုအတွေ့အကြုံရှိတယ်လို့ တွေးနေမိတာ။ နောက်တစ်ခါကျတော့၊ ဒါရိုက်တာက ညီအစ်မ တယ်ရီကို အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးတစ်ပုဒ် ဘယ်လို ပြောပြရမလဲဆိုတာ သင်ပြပေးနေပြီး ကျွန်မကို ကူညီခိုင်းတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “ငါ့မှာလည်း အစွမ်းအစရှိတယ်ဆိုတာ သူတို့မြင်အောင် ပြဿနာတချို့ကို ငါ ထောက်ပြမှဖြစ်မယ်” ပေါ့။ အဲဒီညီအစ်မ ပြောပြီးတာနဲ့၊ ဒါရိုက်တာ တစ်ခုခုပြောမှာကိုတောင် မစောင့်တော့ဘဲ၊ ကျွန်မရဲ့ ဝေဖန်ထောက်ပြချက်ကို ပေးဖို့ ချက်ချင်း ဝင်ပြောလိုက်တယ်။ ညီအစ်မက သဘောတူကြောင်း ခေါင်းညိတ်ပြတာကို မြင်တော့၊ ပြဿနာတွေကို သိမြင်နိုင်စွမ်းရှိတယ်လို့ ကျွန်မ ခံစားလိုက်ရတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ကျွန်မမှာလည်း အရင်က အားနည်းချက်တွေ အများကြီးရှိခဲ့ကြောင်း၊ ပြီးတော့ ဇာတ်ကောင်ရဲ့ ခံစားချက်တွေနဲ့ အခြေအနေတွေကို တစ်စပြီးတစ်စ ခွဲခြမ်းစိတ်ဖြာပြီး နားလည်နိုင်အောင် ဒါရိုက်တာက ကျွန်မကို ထပ်ခါတလဲလဲ ကူညီပေးခဲ့လို့သာ နောက်ဆုံးမှာ ဒီအရာတွေကို အခုလို တိတိကျကျ ဖော်ပြနိုင်ခဲ့တာဖြစ်ကြောင်း အဲဒီညီအစ်မကို ပြောပြချင်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်မ ပြန်တွေးမိတယ်၊ “သူတို့က ငါ့ကို အထင်ကြီးပြီးသားလေ၊ ဒီတော့ အဲဒါကို ပြောလိုက်လို့ ငါ့မှာ အားနည်းချက်တွေ ဒီလောက်များမှန်း သူတို့သိသွားရင်၊ ငါ့ကို ဘယ်လိုထင်ကြမလဲ။ ထားလိုက်ပါတော့။ ဘာမှမပြောတာပဲ ကောင်းပါတယ်” ပေါ့။ မန်ဒရင်းစကားသံ မပီတဲ့ ညီအစ်မတစ်ယောက်လည်း ရှိသေးတယ်၊ သူ့ကို ပြင်ပေးဖို့ ကျွန်မ အလေးထား လုပ်ခဲ့တယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “သူသာ မြန်မြန် တိုးတက်လာရင်၊ ငါက တော်တဲ့ နည်းပြတစ်ယောက်ဖြစ်ကြောင်း သက်သေပြရာမရောက်ဘူးလား” ပေါ့။ ဒါကြောင့် အချိန်အခါကိုတောင် ထည့်မတွက်ဘဲ သူ့ကို ကျွန်မ အမြဲတမ်း ပြင်ပေးနေတော့ အဲဒီညီအစ်မခမျာ စိတ်ကျဉ်းကျပ်ပြီး ကျွန်မရှေ့မှာ စကားပြောဖို့ ကြောက်လာတယ်။ တစ်ခါတလေကျတော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် သတိထားမိပြီး တွေးမိတယ်၊ “ငါက ဒီမှာ အစွမ်းပြနေတာများလား။ ဒါက နည်းနည်း မသင့်တော်ဘူးလား” ပေါ့။ ပြီးတော့ ပြန်တွေးမိပြန်ရော၊ “ငါပြောနေတာတွေက အမှန်တရားပဲဟာ၊ ကိစ္စမရှိပါဘူးလေ၊ ဟုတ်တယ်မလား” ပေါ့။ ဒီလိုနဲ့ပဲ ကျွန်မ ဖြစ်သလို လုပ်လိုက်တယ်။ ဒါပေမဲ့ ကျွန်မက ဆက်တိုက် ကိုယ့်ကိုယ်ကိုယ် ပြစားပြီး အစွမ်းပြနေတုန်းမှာပဲ၊ ကျွန်မကို ထုတ်ဖော်ဖို့ ဘုရားသခင်က အခြေအနေတွေ စီစဉ်ပေးခဲ့တယ်။
တစ်ခါတော့ တော်တော်ရှည်ပြီး စကားပြောခန်းတွေအများကြီးပါတဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးတစ်ခုကို ကျွန်မ လက်ခံရရှိခဲ့တယ်။ ဒါပေမဲ့ ရိုက်ကူးရေးအချိန်ဇယားက အရမ်းကပ်နေလို့၊ ပြင်ဆင်ဖို့ အချိန်နည်းနည်းပဲ ကျွန်မ ရခဲ့တယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “စကားပြောခန်းတွေ ပြောတဲ့နေရာမှာ ငါက တော်တော်ကျွမ်းကျင်တာပဲ၊ ဇာတ်လမ်းကို ကွက်ကွက်ကွင်းကွင်းဖြစ်အောင် ပြောပြနိုင်သရွေ့၊ ဒါက ထူးခြားပြောင်မြောက်မှာဖြစ်ပြီး လူတွေက ငါ့ကို အထင်ကြီးလေးစားကြမှာ။ နောက်ပြီး နောက်ဆုံးရိုက်ခဲ့တဲ့ ဗီဒီယိုနည်းနည်းကလည်း တော်တော်ချောမွေ့ခဲ့တာပဲ၊ ပြင်ဆင်ချိန် သိပ်မရှိတာက ပြဿနာမဖြစ်လောက်ပါဘူး” ပေါ့။ ဒါနဲ့ ကျွန်မရဲ့ ပြောစကားတွေကို အလွတ်ကျက်ပြီး ပြောပုံဆိုပုံကို နည်းနည်းလေ့ကျင့်တယ်၊ ပြီးတော့ ညီအစ်ကို မောင်နှမတွေနဲ့ တစ်ရက်လောက်ပဲ တိုက်ကြည့်ပြီး ရိုက်ကူးဖို့ ပြင်ဆင်လိုက်တယ်။ တကယ်တမ်းတော့၊ ကျွန်မ အပြည့်အဝ မပြင်ဆင်ရသေးဘူး၊ ရိုက်ကူးရေးကို နောက်ထပ် ရက်နည်းနည်းလောက် ရွှေ့ဆိုင်းဖို့ ဒါရိုက်တာကို အကြံပြုချင်ပေမဲ့၊ ဝါရင့်သရုပ်ဆောင် ဖြစ်နေတာတောင်၊ ပြင်ဆင်ဖို့ ဒီလောက်ကြာနေတုန်းလား လို့ လူတွေ ပြောကြမှာကို ကျွန်မ စိုးရိမ်ခဲ့တယ်။ ပြီးတော့ တခြားသူတွေ ကျွန်မကို အထင်သေးမှာ ကြောက်လို့ ရိုက်ကွင်းထဲကို အလျင်စလို ဝင်သွားခဲ့တယ်။ ရိုက်ကူးရေး ပြီးသွားတဲ့အခါ၊ ပြန်ပြင်ဖို့လိုတဲ့ နေရာတွေ အများကြီး ရှိနေတယ်။ ပြီးတော့ အဓိကဇာတ်ကောင်က ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား ထုတ်ဖော်တာကို သရုပ်ဆောင်တဲ့အချိန်မှာ ကျွန်မရဲ့ သရုပ်ဆောင်မှုက နည်းနည်း ပိုလွန်းအားကြီးနေပြီး၊ ဇာတ်ကောင်ကို အပျက်သဘောဆောင်တဲ့ ဇာတ်ကောင်လို ဖြစ်သွားစေတယ်။ ကျွန်မ ဆွံ့အသွားပြီး စိတ်လေးလံသွားတယ်။ ကျွန်မ တွေးမိတယ်၊ “ဘယ်လိုဖြစ်ပြီး ဒီလောက်ကြီးလေးတဲ့ ပြဿနာ ဖြစ်ရတာလဲ။ ဒါကို ပြင်လို့မရရင်၊ ပြန်ရိုက်ရတော့မယ်၊ အဲဒါဆိုရင် ရိုက်ကူးရေး အချိန်ဇယားက နှောင့်နှေးသွားမှာ။ ငါက အဖျက်အမှောင့်လုပ်တာနဲ့ နှောင့်ယှက်တာ ဖြစ်မသွားဘူးလား” ပေါ့။ ကျွန်မ ကြောက်လာပြီး ဘုရားသခင်ဆီ ချက်ချင်း ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ သမီး အမှားကြီးတစ်ခု လုပ်မိပါပြီ။ ကျေးဇူးပြုပြီး သမီးကို ရိုက်နှက်ဆုံးမပေးပါ။ သမီး နောင်တရချင်စိတ်ရှိပြီး အမှားကို ပြင်ဆင်ဖို့ အစွမ်းကုန် ကြိုးစားပါ့မယ်” ပေါ့။ အဲဒီနောက်တော့ လူတိုင်းနဲ့အတူပူးပေါင်းပြီး ဗီဒီယိုကို ငါးကြိမ်တိုင်တိုင် ပြန်ကြည့်၊ ပြန်ပြင်ခဲ့ပြီး နောက်ဆုံးတော့ ပြဿနာက ပြေလည်သွားတယ်။ ပြီးတဲ့နောက်မှာ၊ ကျွန်မ ပြန်ဆင်ခြင်မိတယ်၊ “ငါ့မှာ ဘာလို့ ဒီလောက်ကြီးလေးတဲ့ ပြဿနာ ဖြစ်ရတာလဲ။ ဒါက အတိအကျ ဘာကြောင့်ဖြစ်ရတာလဲ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးတယ်။ ကိုယ့်ကိုယ်ကိုယ် သိမြင်ဖို့ ဉာဏ်အလင်းပေးပြီး လမ်းပြပေးဖို့လည်း ဘုရားသခင်ကို ဆုတောင်းခဲ့တယ်။
ကျွန်မ ဘုရားဝတ်ပြုတဲ့အချိန်မှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်တယ်။ “ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း၊ မိမိတို့ကိုယ်ကို ဝါကြွားခြင်း၊ လူအများ အထင်ကြီးပြီး ကိုးကွယ်အောင် ကြိုးစားခြင်းဟူသည့် ဤအရာတို့ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ ဤသည်မှာ လူများသည် ၎င်းတို့၏ စာတန်ဆန်သော သဘာဝများ၏အုပ်စိုးခြင်းကို ခံရသောအခါ အလိုအလျောက် တုံ့ပြန်ကြသည့် ပုံစံဖြစ်ပြီး ယင်းက ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ် တစ်ရပ်လုံးအဖို့ ဖြစ်လေ့ရှိသည်။ လူများသည် ပုံမှန်အားဖြင့် မည်သို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသနည်း။ ၎င်းတို့သည် လူအများအား ၎င်းတို့ကို အထင်ကြီးပြီး ကိုးကွယ်စေရန် လုပ်ဆောင်ဖို့ဖြစ်သည့် ထိုရည်မှန်းချက်ကို မည်သို့စွမ်းဆောင်ရရှိသနည်း။ ၎င်းတို့သည် အလုပ်မည်မျှ လုပ်ဆောင်ပြီးဖြစ်ကြောင်း၊ ၎င်းတို့ မည်မျှဒုက္ခခံစားပြီး ဖြစ်ကြောင်း၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်မျှ အသုံးခံပြီး ဖြစ်ကြောင်းနှင့်၊ အဖိုးအခမည်မျှကို ပေးဆပ်ပြီး ဖြစ်ကြောင်းတို့ကို သက်သေခံကြသည်။ သူတို့သည် လူတို့၏ စိတ်နှလုံးများတွင် ပို၍ မြင့်မားပြီး ခိုင်မာကာ လုံခြုံသော နေရာတစ်ခုကို ရရှိရန်အလို့ငှာ မိမိတို့၏ အရင်းအနှီးကို ထုတ်ဖော်ပြောဆိုခြင်းဖြင့် မိမိကိုယ်ကို ချီးမြှောက်ကြပြီး ထိုသို့ဖြင့် လူအများက သူတို့ကို တန်ဖိုးထား၊ အထင်ကြီး၊ မနာလိုဖြစ်စေရန်၊ ထို့ပြင် ကိုးကွယ်သည်အထိ ကိုးစားကာ သူတို့နောက်သို့ လိုက်လာစေရန် ဖြစ်ပေသည်။ လူတို့သည် ဤဦးတည်ချက်ကို ရရှိရန် လူတို့သည် အပေါ်ယံတွင် ဘုရားသခင်ကို သက်သေခံသည့်အရာများစွာကို လုပ်ဆောင်ကြသော်လည်း အခြေခံအားဖြင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်။ ထိုနည်းအားဖြင့် ပြုမူဆောင်ရွက်ခြင်းဖြင့် ၎င်းတို့သည် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သလော။ ၎င်းတို့သည် ဆင်ခြင်တုံတရားနယ်ပယ်ကို ကျော်လွန်သွားကြပြီး အရှက်မရှိကြ။ ၎င်းတို့သည် ဘုရားသခင်အတွက် ၎င်းတို့ လုပ်ဆောင်သည့်အရာနှင့် သူ့အတွက် ၎င်းတို့မည်မျှ ဒုက္ခခံစားပြီး ဖြစ်သည်တို့ကို မရှက်မကြောက် သက်သေခံကြသည်။ ၎င်းတို့သည် ၎င်းတို့၏ဆုကျေးဇူးများ၊ ပင်ကိုစွမ်းရည်၊ အတွေ့အကြုံ အထူးကျွမ်းကျင်မှုများ၊ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် ၎င်းတို့၏ပါးနပ်သော နည်းစနစ်များ၊ လူများကို လှည့်စားဖို့ ၎င်းတို့အသုံးပြုသည့် နည်းလမ်းများ စသည်တို့ကိုပင် ကြွားလုံးထုတ်သည်။ ၎င်းတို့၏ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံရန် သူတို့၏ နည်းလမ်းများအနက် တစ်ခုမှာ မိမိကိုယ်ကို ထုတ်ဖော်ကြွားဝါကာ အခြားသူများကို နှိမ့်ချခြင်း ဖြစ်သည်။ ထို့ပြင် သူတို့သည် မိမိတို့၏ အားနည်းချက်များ၊ ချို့ယွင်းချက်များနှင့် လိုအပ်နေမှုများကို လူတို့ထံမှ ဖုံးကွယ်ထားပြီး မိမိတို့၏ ထူးချွန်ပြောင်မြောက်မှုများကိုသာ အစဉ်ပြသခြင်းဖြင့် မိမိကိုယ်ကို အယောင်ဆောင်၍ အလှဆင်ကြသည်။ သူတို့သည် အပျက်သဘောဆောင်သော ခံစားချက်များ ဖြစ်ပေါ်လာသည့်အခါတွင်ပင် အခြားသူများကို ပြောပြရန် မဝံ့ကြသည့်အပြင် သူတို့နှင့် ပွင့်ပွင့်လင်းလင်း ဖွင့်ဟ၍ မိတ်သဟာယဖွဲ့ရန်လည်း သတ္တိမရှိကြချေ။ ၎င်းတို့ တစ်စုံတစ်ခု အမှားပြုလုပ်သည့်အခါ၊ ယင်းကို ဖုံးထားဖို့နှင့် ထိမ်ချန်ကွယ်ဝှက်ထားဖို့ အစွမ်းကုန် ကြိုးစားကြသည်။ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့် ကာလတွင် ၎င်းတို့ကြောင့် အသင်းတော်၏ အလုပ်အပေါ် ဖြစ်ပေါ်စေခဲ့သည့် ထိခိုက်နစ်နာမှုကို ၎င်းတို့ မည်သည့်အခါမျှ မပြောပြပေ။ ၎င်းတို့က အသေးစား ဖြည့်ဆည်းမှုအချို့ကို ပြုလုပ်ပြီးသည့်အခါ သို့မဟုတ် အောင်မြင်မှုလေးအချို့ စွမ်းဆောင်ရရှိပြီးသည့်အခါ ယင်းကို အလျင်အမြန် ကြွားဝါကြသည်။ ၎င်းတို့သည် မည်မျှစွမ်းဆောင်နိုင်သည်၊ ၎င်းတို့၏အစွမ်းအစ မည်မျှမြင့်မားသည်၊ ၎င်းတို့သည် မည်မျှထူးခြားသည်၊ ပြီးလျှင် ၎င်းတို့သည် သာမန်လူများထက် မည်မျှတော်သည်တို့ကို တစ်ကမ္ဘာလုံးကို အသိပေးဖို့ အသည်းအသန်ဖြစ်ကြသည်။ ဤသည်တို့မှာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း နည်းလမ်းများ မဟုတ်သလော။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောလူတစ်ယောက်က လုပ်ဆောင်သော အရာတစ်ခုဟုတ်သလော။ မဟုတ်ပေ။ ထို့ကြောင့် လူများက ဤသည်ကို လုပ်ဆောင်သည့်အခါ မည်သည့်စိတ်သဘောထားကို ပုံမှန်အားဖြင့် ထုတ်ဖော်ပြသနည်း။ မာနထောင်လွှားခြင်း ဖြစ်သည်။ ဤသည်မှာ ဖွင့်ပြသော အဓိက စိတ်သဘောထားများထဲမှ တစ်ခုဖြစ်သည်၊ ထို့နောက်တွင် လှည့်စားတတ်ခြင်းပါရှိကာ၊ ယင်းနောက်တွင် အခြားလူများက ၎င်းတို့ကို အလွန်တန်ဖိုးထားစေဖို့ ဖြစ်နိုင်သည့်အရာမှန်သမျှကို အစွမ်းကုန် လုပ်ဆောင်ခြင်း ပါဝင်ပေသည်။ ၎င်းတို့၏ စကားများသည် စဉ်းလဲသော ကြံရွယ်ချက်များနှင့် အကြံအစည်များ ပါဝင်နေပြီး မိမိတို့ကိုယ်ကို ကြွားဝါနေသည့်တိုင် ၎င်းတို့သည် ဤအချက်ကို ဖုံးကွယ်ချင်ကြသည်။ ၎င်းတို့ ပြောသည့်အရာ၏ ရလဒ်မှာ ၎င်းတို့သည် အခြားသူများထက် သာလွန်ပြီး မည်သူမျှ ၎င်းတို့နှင့် တန်းတူမဟုတ်ကြောင်း၊ အခြားလူတိုင်းသည် ၎င်းတို့ထက် နိမ့်ပါးကြောင်းကို လူများအား ခံစားစေမြဲ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်) လူတွေက ကိုယ့်ကိုယ်ကိုယ် ဂုဏတ်တင်ပြီး ထုတ်ဖော်ပြရတဲ့ ရည်ရွယ်ချက်နဲ့ အကြောင်းရင်းခံဟာ တခြားသူတွေရဲ့ အထင်ကြီးလေးစားတာနဲ့ ကိုးကွယ်တာကို ခံချင်လို့၊ ပြီးတော့ လူတွေရဲ့ စိတ်နှလုံးထဲမှာ နေရာတစ်ခု ရချင်လို့ဖြစ်ကြောင်း ဘုရားသခင်က ဖော်ထုတ်ထားပါတယ်။ ကျွန်မရဲ့ မကြာသေးခင်က အပြုအမူက ဘုရားသခင် ဖော်ပြထားတာနဲ့ တစ်ထပ်တည်း ကျနေခဲ့တယ်။ ကျွန်မတာဝန်မှာ ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေမခံခဲ့ဘဲ၊ တခြားသူတွေရဲ့ အထင်ကြီးလေးစားတာကို ရဖို့ ဆက်တိုက် အစွမ်းပြနေခဲ့တာပါ။ လူတိုင်းနဲ့ မိတ်သဟာယပြုတဲ့အခါ၊ ကျွန်မက “ဝါရင့်သရုပ်ဆောင်” တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ဖော်ပြီး ချီးမြှောက်ခဲ့တယ်။ အရင်ရိုက်ကူးရေးတွေတုန်းက အခက်အခဲတွေကို ကျော်လွှားဖို့ နည်းလမ်းတွေ ရှာတွေ့ခဲ့ပုံ၊ လေ့ကျင့်တုန်းက ဆင်းရဲဒုက္ခတွေကို သည်းခံခဲ့ပုံ၊ ဇာတ်ကားဘယ်နှကား ရိုက်ခဲ့ပြီး အဲဒါတွေက ဘယ်လောက်ထိရောက်မှုရှိခဲ့ပုံ စတာတွေကို ကြွားဝါခဲ့တယ်။ အထူးသဖြင့် “ကောင်းကင်နိုင်ငံတော်သီချင်း ဘုရားသခင်ရဲ့နိုင်ငံတော် မြေကြီးပေါ် ရောက်လာ” ဆိုတဲ့ ကြီးကျယ်ခမ်းနားတဲ့ သံပြိုင်သီဆိုမှု ရိုက်ကူးရေးအကြောင်း ပြောတဲ့အခါ၊ ကျွန်မက အသက်အကြီးဆုံးဖြစ်တယ်ဆိုတဲ့အချက်ကို အရမ်းအလေးထား ပြောခဲ့တယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် အခြေခိုင်အောင်လုပ်ဖို့၊ အထင်ကြီးလေးစားခံရဖို့၊ ပြီးတော့ လူတွေရဲ့ စိတ်နှလုံးထဲမှာ နေရာတစ်ခု ရဖို့ ရည်ရွယ်တာကြောင့်ပေါ့။ ရိုက်ကူးရေးလုပ်တုန်းက တခြားသရုပ်ဆောင်တွေ အခက်အခဲကြုံနေတာကို မြင်တဲ့အခါ၊ သူတို့ စစ်မှန်တဲ့ ခံစားချက်တွေကို ဖော်ပြနိုင်အောင် လမ်းပြပေးဖို့အတွက် ဇာတ်ကောင်ရဲ့ အခြေအနေကို ခွဲခြမ်းစိတ်ဖြာရာမှာ ကျွန်မ မကူညီပေးခဲ့ပါဘူး။ အဲဒီအစား၊ ကျွန်မရဲ့ သရုပ်ဆောင်စွမ်းရည်က သူတို့ထက် ပိုကောင်းကြောင်း အစွမ်းခဲ့တယ်။ တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါ၊ ကျွန်မရဲ့ အပြုသဘောဆောင်တဲ့ ဝင်ရောက်မှုအကြောင်းကိုပဲ အမြဲပြောခဲ့တယ်။ ကျွန်မ ထုတ်ဖော်ပြသခဲ့တဲ့ ဖောက်ပြန်ပျက်စီးမှုအကြောင်း များများပြောမိရင်၊ တခြားသူတွေ ကျွန်မကို အထင်သေးသွားမှာ ကြောက်လို့လေ။ ဒါကြောင့် ကျွန်မရဲ့ အပျက်သဘောဆောင်တာနဲ့ ဖောက်ပြန်ပျက်စီးမှုတွေကို စကားနည်းနည်းလေးနဲ့ ပါးပါးလေးပဲ ဖြတ်ပြောခဲ့တယ်။ တကယ်တမ်းတော့၊ တရုတ်ပြည်ကနေ ထွက်လာပြီးမှ သရုပ်ဆောင်တာဝန်အတွက် လေ့ကျင့်မှုတွေကို ကျွန်မ စလုပ်ခဲ့တာပါ။ ရိုက်ကူးရေး စလုပ်တုန်းက၊ အခက်အခဲတွေ အများကြီး ကြုံခဲ့ရပြီး ဘယ်လိုဖြေရှင်းရမလဲဆိုတာ မသိခဲ့ဘူး။ ဇာတ်ကောင်ရဲ့ ခံစားချက်တွေကို နားမလည်နိုင်တာ ခဏခဏဖြစ်ပြီး၊ သရုပ်ဆောင်တဲ့အခါ ပိုလွန်းတာ၊ လိုနေတာ၊ ဒါမှမဟုတ် ခံစားချက်တွေကို မဖော်ပြနိုင်တာတွေ ဖြစ်ခဲ့တယ်။ ကျွန်မစိတ်ထဲမှာ အရမ်းနာကျင်ရပြီး မရေမတွက်နိုင်အောင် ငိုကြွေးခဲ့ရပါတယ်။ အခု အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယို ရိုက်ကူးတုန်းကလိုပါပဲ။ ကျွန်မ မရိုက်ကူးတာ ကြာပြီဖြစ်လို့၊ ပထမဆုံး အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးကို လက်ခံရရှိတဲ့အခါ၊ ကျွန်မ အရမ်းစိတ်လှုပ်ရှားပြီး လေးငါးညလောက်အိပ်မပျော်နိုင်ခဲ့ဘူး။ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဆင်းရဲမှုတွေနဲ့ နေထိုင်ခဲ့ရတယ်။ ဆုတောင်းပြီး ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်မှသာ ဒါကို ဖြည်းဖြည်းချင်း ဖြေရှင်းနိုင်ခဲ့တာပါ။ ဒါပေမဲ့ တခြားသူတွေရဲ့ စိတ်နှလုံးထဲမှာ ကျွန်မအပေါ် အကောင်းမြင်နေတာက မရှိတော့မှာ ကြောက်လို့၊ ဒါကို တမင်တကာ ဖုံးကွယ်ထားပြီး ထုတ်မပြောခဲ့ဘူး။ အဲဒီအစား၊ ညီအစ်ကို မောင်နှမတွေ ကျွန်မကို အထင်ကြီးလေးစားလာအောင် ကျွန်မရဲ့ ကောင်းတဲ့ဘက်ခြမ်းကိုပဲ အစွမ်းပြခဲ့တယ်။ ဒီလိုလုပ်တာက ဘုရားသခင်ကို သက်သေခံနေတာ မဟုတ်ဘဲ၊ ကိုယ့်ကိုယ်ကိုယ် ဘုန်းထင်ရှားစေပြီး ကိုယ့်ခေါင်းကိုကိုယ် သရဖူဆောင်းနေတာပါ။ ကျွန်မစိတ်ထဲမှာ စက်ဆုပ်စရာကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့၊ လူတွေရဲ့ စိတ်နှလုံးထဲမှာ နေရာလိုချင်လို့ ကိုယ့်ကိုယ်ကိုယ် အစွမ်းပြီး ချီးမြှောက်ခဲ့တယ်။ ကျွန်မ တကယ်ကို အရှက်မရှိခဲ့တာပါ။
အဲဒီနောက် နောက်ထပ်ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “အချို့သောလူတို့သည် ပေါလုကို အထူးသဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ၎င်းတို့သည် အပြင်ထွက်၍ မိန့်ခွန်းများပြောခြင်းနှင့် အလုပ်လုပ်ခြင်းကို နှစ်သက်ကြသည်၊ စုဝေးပွဲများ ကျင်းပခြင်းနှင့် တရားဟောခြင်းကို နှစ်သက်ကြပြီး လူတို့အား ၎င်းတို့စကားကို နားထောင်အောင်လုပ်ခြင်း၊ ၎င်းတို့ကို ပုဂ္ဂိုလ်ရေးကိုးကွယ်အောင် လုပ်ခြင်းနှင့် ၎င်းတို့ကို ဝန်းရံအောင်လုပ်ခြင်းတို့ကို နှစ်သက်ကြသည်။ ၎င်းတို့သည် အခြားသူများ၏ စိတ်နှလုံးထဲတွင် နေရာတစ်ခု ရယူခြင်းကို နှစ်သက်ကြပြီး ၎င်းတို့ တင်ပြသည့် ပုံရိပ်ကို အခြားသူများက အာရုံစိုက်ခြင်းကို နှစ်သက်ကြသည်။ ဤသရုပ်သကန်များမှ ၎င်းတို့၏ သဘာဝကို ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးကြစို့။ ၎င်းတို့၏ သဘာဝသည် အဘယ်အရာဖြစ်သနည်း။ ၎င်းတို့သည် ဤသရုပ်သကန်များကို အမှန်တကယ် ပြသပါက ၎င်းတို့သည် မာနထောင်လွှားပြီး စိတ်ကြီးဝင်သောသူများ ဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ ဝတ်ပြုကိုးကွယ်ခြင်းမရှိကြောင်းနှင့် ၎င်းတို့သည် မြင့်မားသော အဆင့်အတန်းကို လိုက်စားပြီး အခြားသူများအပေါ် သြဇာအာဏာ ရှိလိုကာ ထိုသူတို့ကို ပိုင်ဆိုင်လိုပြီး ထိုသူတို့၏ စိတ်နှလုံးထဲတွင် နေရာတစ်ခု ရယူလိုကြောင်းတို့ကို သက်သေပြရန် လုံလောက်သည်။ ဤသည်မှာ စာတန်နှင့်သက်ဆိုင်သော စံပြပုံရိပ် ဖြစ်သည်။ ၎င်းတို့၏ သဘာဝနှင့်ပတ်သက်၍ အထူးသဖြင့် ထင်ရှားသော အသွင်အပြင်များမှာ ၎င်းတို့သည် မာနထောင်လွှား၍ စိတ်ကြီးဝင်ကြသည်၊ ဘုရားသခင်ကို မကိုးကွယ်ကြဘဲ အခြားသူများကို ၎င်းတို့အား ကိုးကွယ်လာစေရန် ကြိုးပမ်းကြခြင်းဖြစ်သည်။ ထိုသို့သော သရုပ်သကန်များက သင့်ကို ၎င်းတို့၏ သဘာဝထဲသို့ အလွန်ရှင်းလင်းစွာ ထိုးထွင်းသိမြင်စေနိုင်ပါသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း) ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်မှုကတစ်ဆင့်၊ ကျွန်မ အမြဲတမ်း အစွမ်းပြပြီး ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်နေတာတွေဟာ လူတွေရဲ့ စိတ်နှလုံးထဲမှာရှိတဲ့ ဘုရားသခင်ရဲ့ နေရာကို လုယူဖို့ ကြိုးစားတဲ့ မာနထောင်လွှားတဲ့ သဘာဝက တွန်းအားပေးလိုက်တာဖြစ်ကြောင်း ကျွန်မ နားလည်လာတယ်။ အဲဒီလိုလုပ်တာက ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ ပေါလုရဲ့ လမ်းစဉ်ကို ကျွန်မ လျှောက်လှမ်းနေတဲ့သဘောပဲ။ တရုတ်ပြည်ကနေ ထွက်လာပြီးကတည်းက သရုပ်ဆောင်တာဝန်ကို ကျွန်မ ဘယ်လိုထမ်းဆောင်ခဲ့တယ်ဆိုတာ ပြန်ဆင်ခြင်မိတယ်။ ဗီဒီယိုတချို့ ရိုက်ကူးပြီး တာဝန်မှာ ရလဒ်တချို့ ရလာတဲ့အခါ၊ ဒီအရာတွေကို အရင်းအနှီးအဖြစ် သဘောထားပြီး တခြားသူတွေရှေ့မှာ ခဏခဏ အစွမ်းပြခဲ့တယ်၊ အရှက်မရှိ ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ပြသခဲ့တယ်။ ပေါလုရဲ့ လမ်းစဉ်ကို ကျွန်မ လျှောက်လှမ်းနေပြီဆိုတာ သဘောပေါက်လိုက်တယ်။ အရင်တုန်းကတော့၊ လူတစ်ယောက်က ကိုယ့်အောင်မြင်မှုတွေကို အစွမ်းပြပြီး တခြားသူတွေရဲ့ ချီးမွမ်းတာခံရတာ ပုံမှန်ပဲလို့ ကျွန်မ ထင်ခဲ့တာ။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်နဲ့ ယှဉ်ကြည့်လိုက်တော့ ဒါက မာနထောင်လွှားတဲ့ သဘာဝကို ပြသနေကြောင်း၊ ပြီးတော့ လူတွေရဲ့ စိတ်နှလုံးထဲမှာ နေရာယူချင်ပြီး အထင်ကြီးလေးစားတာကို ခံချင်တဲ့ ဆန္ဒဖြစ်ကြောင်း ကျွန်မ မြင်လာရတယ်။ ပေါလုဟာ သူ့စိတ်သဘောထားမှာ အထူးသဖြင့် မာနထောင်လွှားခဲ့တယ်။ ဘုရားသခင်က သူ့ကို ဆုကျေးဇူးတွေ ပေးခဲ့ပေမဲ့၊ သူ့အလုပ်မှာ သခင်ယေရှုကို ချီးမြှောက်တာ၊ သက်သေခံတာ တစ်ခါမှ မလုပ်ခဲ့ဘူး။ အဲဒီအစား၊ လူတွေ သူ့ကို အထင်ကြီးလေးစားပြီး ကိုးကွယ်လာအောင် ဆွဲဆောင်ဖို့ ရည်ရွယ်ချက်နဲ့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ဂုဏ်တင်ပြီး အစွမ်းပြခဲ့တယ်။ နောက်ဆုံးမှာတော့၊ သူဟာ ခရစ်တော်ဖြစ်လာဖို့နဲ့ လူတွေရဲ့ စိတ်နှလုံးထဲက ဘုရားသခင်ရဲ့ နေရာကို ယူဖို့ မာနထောင်လွှားစွာ ကြိုးပမ်းခဲ့တယ်။ ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ အန္တိခရစ် လမ်းစဉ်ကို လျှောက်လှမ်းခဲ့ပြီး ဘုရားသခင်ရဲ့ အပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ရတယ်။ တကယ်တမ်းတော့၊ ဘုရားသခင်အိမ်တော်မှာ ကိုယ့်တာဝန်ကို ထမ်းဆောင်တာဟာ ဘုရားသခင်ရဲ့ လမ်းပြမှုနဲ့ ခွဲခြားလို့မရပါဘူး။ ကျွန်မတို့ တာဝန်ထမ်းဆောင်တာဟာ ကိုယ့်တာဝန်နဲ့ ဝတ္တရားတွေကို ဖြည့်ဆည်းနေတာ သက်သက်ပါပဲ။ ပြီးတော့ ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်တွေ၊ ဆန္ဒတွေ မရှိဘဲ ဘုရားသခင်ကို သက်သေခံပြီး ဘုန်းထင်ရှားစေသင့်ပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ မာနထောင်လွှားတဲ့ သဘာဝက တွန်းအားပေးလိုက်တော့၊ ကျွန်မက ကိုယ့်နေရာကိုကိုယ် မသိတော့ဘဲ ဗီဒီယိုနည်းနည်း ရိုက်ကူးပြီး အတွေ့အကြုံတချို့ ရထားတဲ့အတွက် ဒီအရာတွေကို အရင်းအနှီးအဖြစ်သုံးပြီး ကိုယ့်ကိုယ်ကိုယ် အစွမ်းပြနိုင်တယ်၊ ကြွားဝါနိုင်တယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ ဘုန်းတော်ကို ခိုးယူနိုင်တယ်လို့ တွေးခဲ့မိတယ်။ ဒီနေရာမှာ ကျွန်မက ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ လမ်းစဉ်ကို လျှောက်လှမ်းနေခဲ့တာပါ။ ကျွန်မမှာ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံး ဘယ်မှာရှိလို့လဲ။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်က ဒီလို ပြောထားတာကို ကျွန်မ ဖတ်ခဲ့ရတယ်။ “ဘုရားသခင်၏ အမှုတော်ကို သင် နားမလည်သောကြောင့် သူနှင့်ပတ်သက်၍ အယူအဆများ သင့်ထံတွင် ရှိလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိလိမ့်မည် မဟုတ်။ သင်၏ လေသံပြောင်းသွားလိမ့်မည်၊ သင်၏ စိတ်သဘောထားက မာနထောင်လွှားလာလိမ့်မည်ဖြစ်ပြီး အဆုံးတွင် သင်သည် မိမိကိုယ်ကို တဖြည်းဖြည်း ချီးမြှောက်လာကာ သက်သေခံလိမ့်မည် ဖြစ်သည်။ ဤသည်မှာ လူ၏ ဆုတ်ယုတ်ခြင်း ဖြစ်စဉ်ဖြစ်ပြီး ယင်းမှာ သမ္မာတရား မလိုက်စားသဖြင့် လုံးလုံးလျားလျား ဖြစ်ပေါ်ရခြင်းဖြစ်ပေသည်။ အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်သောသူတိုင်းသည် မိမိတို့ကိုယ်ကို ချီးမြှောက်ကာ သက်သေခံကြသည်၊ အချိန်ပြည့် မိမိတို့ကိုယ်ကို အားပေးအားမြှောက်ပြုကာ ကြွားဝါကြပြီး ဘုရားသခင်နှင့်ပတ်သက်၍ လုံးဝ ဂရုမစိုက်ကြချေ။ ငါ ပြောဆိုနေသည့် ဤအရာများကို သင်တို့ တွေ့ကြုံပြီးပြီလော။ လူများစွာတို့သည် ဤအရာ၊ ထိုအရာကို ၎င်းတို့ မည်မျှ ဒုက္ခခံရကြောင်း၊ ၎င်းတို့ မည်သို့ အလုပ်လုပ်ကြောင်း၊ ဘုရားသခင်က ၎င်းတို့ကို မည်သို့ တန်ဖိုးထားကာ ထိုသို့သော အလုပ်အချို့ကို ပေးအပ်ကြောင်းနှင့် ၎င်းတို့ မည်သည့်အရာနှင့်တူသည်ဟူသည်တို့ကို ပြောဆိုရင်း နောက်ဆုံးတွင် လူအချို့က ၎င်းတို့မှာ ဘုရားသခင်ဖြစ်သည်ဟု စတင်တွေးထင်လာနိုင်မည့်အထိတိုင် စကားပြောစဉ်တွင် ထူးခြားသော အသံနေအသံထားများကို တမင် အသုံးပြုကာ ဟန်ပန်အမူအရာအချို့ကို ဟန်ဆောင်လုပ်ပြလျက် မိမိတို့ကိုယ်ကို တစိုက်မတ်မတ် သက်သေခံကြသည်။ ဤအဆင့်ထိ ရောက်ရှိသောသူတို့ကို သန့်ရှင်းသော ဝိညာဉ်တော်က အချိန်ကြာမြင့်စွာကတည်းက စွန့်ပစ်ပြီးဖြစ်ကာ ၎င်းတို့သည် ရှင်းလင်းခြင်း၊ သို့မဟုတ် နှင်ထုတ်ခြင်း ခံရမည့်အစား ယခုထိတိုင် အစေခံမှုပြုရန် ချန်ထားခြင်းခံရသော်ငြားလည်း ၎င်းတို့၏ ကံကြမ္မာသည် သတ်မှတ်ထားနှင့်ပြီးဖြစ်ကာ ၎င်းတို့၏ အပြစ်ဒဏ်အတွက် ၎င်းတို့ စောင့်ဆိုင်းနေကြခြင်းသာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ၊ လူတွေဟာ သူတို့စိတ်နှလုံးထဲမှာ ဘုရားသခင်အတွက် နေရာမရှိဘဲ အမြဲတမ်း အစွမ်းပြပြီး ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်နေရင် သူတို့ဟာ အောက်ကိုသက်ဆင်းတဲ့လမ်းကို လျှောက်နေတာဖြစ်ကြောင်း၊ ဒါကို ဘုရားသခင်က စက်ဆုပ်ရွံရှာကြောင်း၊ ပြီးတော့ ဒါက နောက်ဆုံးမှာ အပြစ်ဒဏ်ပေးခြင်းဆီကိုပဲ ဦးတည်နိုင်ကြောင်း ကျွန်မ သဘောပေါက်လာတယ်။ ကျွန်မရဲ့ အပြုအမူကို ပြန်ဆင်ခြင်မိပြီး၊ ကျွန်မ အရမ်းကြောက်သွားတယ်။ ဒီ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယို ရိုက်ကူးနေတဲ့အချိန်မှာ ကျွန်မလုပ်ခဲ့တဲ့ ဒီအမှားကြီးက ဒီကာလအတွင်း ကျွန်မတာဝန်မှာရှိတဲ့ မမှန်ကန်တဲ့ ရည်ရွယ်ချက်တွေကနေ မြစ်ဖျားခံတာပါ။ ကျွန်မရဲ့ မာနထောင်လွှားမှုနဲ့ စိတ်ကြီးဝင်မှုကြောင့် ကျွန်မက အစွမ်းပြချင်စိတ်ပြင်းပြခဲ့တယ်။ လူတွေ ကျွန်မကို အထင်ကြီးလေးစားအောင် ဘယ်လို ထင်ပေါ်အောင်လုပ်ရမလဲဆိုတာကိုပဲ အမြဲတွေးနေခဲ့တာကြောင့် ကျွန်မက စည်းမျဉ်းတွေကို ဘေးဖယ်ထားမိခဲ့တယ်။ ကျွန်မရဲ့ စိတ်နှလုံးမှာ ဘုရားသခင်အတွက် နေရာမရှိတော့ဘူး။ တခြားသူတွေရဲ့ အထင်ကြီးလေးစားတာကို ရဖို့ ကျွန်မ အမြဲတမ်း အစွမ်းပြနေခဲ့တယ်။ ကျွန်မရဲ့ မာန်မာနကို ဖြည့်ဆည်းပေးနေသလို ထင်ရတာပေါ့။ ဒါပေမဲ့ တကယ်တမ်းကျတော့၊ ကျွန်မရဲ့ စိတ်နှလုံးက ဘုရားသခင်နဲ့ အရင်ကထက် ပိုပိုဝေးကွာလာပြီး ကိုယ်တော်ရဲ့ လမ်းပြမှုကို မခံစားရတော့ဘူး။ ကျွန်မ တာဝန်ထမ်းဆောင်မှုဟာ အမှားတွေချည်းပဲ ဖြစ်နေပြီး၊ အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ ဒီအတိုင်းသာ ကျွန်မ ဆက်သွားနေရင်၊ သေချာပေါက် ဘုရားသခင်ရဲ့ စက်ဆုပ်ရွံရှာတာနဲ့ ဖယ်ရှားရှင်းလင်းတာကို ခံရမှာပါ။ ဒီအမှားကတစ်ဆင့်၊ ကျွန်မ ထုတ်ဖော်ခံလိုက်ရပြီး ဒီအောက်ကိုသက်ဆင်းတဲ့လမ်းကို ဆက်မလျှောက်အောင် အချိန်မီ တားဆီးခံလိုက်ရတယ်။ ဒါဟာ ဘုရားသခင်ရဲ့ မေတ္တာနဲ့ ကျွန်မကို ကယ်တင်တဲ့ နည်းလမ်းပါပဲ။ နောက်တစ်ခါ ဘယ်တော့မှ အစွမ်းမပြတော့ဘူးလို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။
ကျွန်မ ဘုရားဝတ်ပြုတဲ့အချိန်မှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ခဲ့ပါတယ်။ “ဘုရားသခင်သည် သာမန်လူတစ်ဦးအဖြစ် လူ့ဇာတိခံယူသည်။ ယင်းမှာ ဘုရားသခင်သည် အရာခပ်သိမ်းအထက် မြင့်မြတ်သော ပုံသဏ္ဌာန်၊ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့မှ မိမိကိုယ်ကို နှိမ့်ချပြီး လုံးဝသာမန်လူတစ်ဦး ဖြစ်လာခြင်းကို ဆိုလိုသည်။ သူသည် သာမန်လူတစ်ဦး ဖြစ်လာသောအခါ ထင်ရှားကျော်ကြားပြီး ချမ်းသာသော မိသားစုတွင် မွေးဖွားရန် သူ မရွေးချယ်ခဲ့ပေ။ သူ၏ မွေးဖွားရာနောက်ခံသည် အလွန်သာမန်ဖြစ်ပြီး နုံချာသည်ပင် ဖြစ်သည်။ အကယ်၍ ငါတို့သည် ဤကိစ္စရပ်ကို သာမန်လူတစ်ဦး၏ ရှုထောင့်မှ၊ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် လူ့သဘာဝရှိသော တစ်စုံတစ်ဦး၏ ရှုထောင့်မှ ကြည့်မည်ဆိုလျှင် ဘုရားသခင် လုပ်ဆောင်သမျှအားလုံးက လူတို့၏ ရိုသေလေးစားခြင်းနှင့် ချစ်မြတ်နိုးခြင်းတို့ကို ခံထိုက်သည်။ လူတို့သည် ယင်းကို မည်သို့ ဆက်ဆံသင့်သနည်း။ (ရိုသေလေးစားခြင်းဖြင့် ဖြစ်ပါသည်။) ဘုရားသခင်နောက်သို့ လိုက်သော သာမန်နှင့် ပုံမှန်လူတစ်ဦးသည် ဘုရားသခင်က မြင့်မြတ်သော အဆင့်အတန်းမှ အထူးသာမန်ဖြစ်သော လူတစ်ဦးအဖြစ်သို့ မိမိကိုယ်ကို နှိမ့်ချသည့်အချက်အတွက် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို ချီးမွမ်းသင့်သည်။ ဘုရားသခင်၏ နှိမ့်ချမှုနှင့် ကွယ်ဝှက်မှုသည် အလွန် ချစ်ခင်နှစ်လိုဖွယ်ကောင်းလှသည်။ ဤသည်မှာ မည်သည့် ဖောက်ပြန်ပျက်စီးသောလူကမျှ သို့မဟုတ် မည်သည့် နတ်ဆိုးများနှင့် စာတန်ကမျှ မစွမ်းဆောင်နိုင်သည့်အရာ ဖြစ်သည်။...ဘုရားသခင်ကိုယ်တိုင် လူ့ဇာတိခံယူပြီး လူသားမျိုးနွယ်၏ အထင်လွဲမှားမှုများအပြင် ၎င်းတို့၏ ပြက်ရယ်ပြုခြင်း၊ အသရေဖျက်ခြင်းနှင့် ပြစ်မှားစော်ကားခြင်းတို့ကို ခါးစည်းခံရသည်။ သူသည် မိမိကိုယ်ကို နှိမ့်ချပြီး သာမန်လူတစ်ဦး ဖြစ်လာသည်၊ အသွင်အပြင်၌ မြင့်မြတ်ခြင်းမရှိ၊ အထူးပါရမီများ မရှိသကဲ့သို့ နက်နဲသော အသိပညာ သို့မဟုတ် ပညာအရည်အသွေးလည်း သေချာပေါက် မရှိပေ။ အဘယ်ရည်ရွယ်ချက်အတွက်နည်း။ သူ ရွေးချယ်ထားပြီး ကယ်တင်ရန် ရည်ရွယ်ထားသော လူတို့ထံသို့ ဤပင်ကိုလက္ခဏာနှင့်လည်းကောင်း၊ ၎င်းတို့အတွက် အလွယ်ကူဆုံး ချဉ်းကပ်၍ရနိုင်မည့် လူ့သဘာဝဆိုင်ရာ အသွင်အပြင်ဖြင့်လည်းကောင်း ချဉ်းကပ်ရန်အလို့ငှာ ဖြစ်သည်။ ဘုရားသခင် ပြုလုပ်သော ဤအရာအားလုံးသည် သူ ပေးဆပ်ခဲ့သော အဖိုးအခ ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) အခြားတစ်ဦးတလေက ဤအရာကို လုပ်ဆောင်နိုင်မည်လော။ မည်သူမျှ လုပ်ဆောင်နိုင်မည်မဟုတ်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ မသိမသာ ဒုက္ခပေးပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၃)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို လုံးဝ အရှက်ရစေခဲ့တယ်။ ဘုရားသခင်ဟာ ဖန်ဆင်းရှင် ဖြစ်တယ်၊ ကိုယ်တော်မှာ အာဏာနဲ့ တန်ခိုးရှိပြီး အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိတယ်။ ဒါပေမဲ့ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကိုယ်တော်တိုင် လူဇာတိခံခဲ့တယ်၊ သာမန်လူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး လူသားမျိုးနွယ်ကြားမှာ နေထိုင်တယ်။ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ရဲ့ ပုန်ကန်မှုနဲ့ အာခံမှုကို တိတ်တဆိတ် သည်းခံခဲ့တယ်။ လူသားမျိုးနွယ်အတွက် ကိုယ်တော် ဘယ်လောက် အဖိုးအခပေးဆပ်ခဲ့တယ်ဆိုတာကို ဘုရားသခင် ဘယ်တော့မှ ကြွားလုံးမထုတ်ဘူး၊ မကြွားဝါဘူး။ အဲဒီအစား၊ လူတွေကြားမှာ နှိမ့်ချပြီး ပုန်းကွယ်နေခဲ့တယ်၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သမ္မာတရားတွေကို ဖော်ပြတယ်။ ဒါက ဖောက်ပြန်ပျက်စီးတဲ့ လူသား ဘယ်သူမှ ဘယ်တော့မှ မစွမ်းဆောင်နိုင်တဲ့အရာပါပဲ။ ဘုရားသခင်ရဲ့ သန့်ရှင်း၊ လှပပြီး ကောင်းမြတ်တဲ့ အနှစ်သာရကို ကျွန်မ မြင်ခဲ့ရတယ်၊ ပြီးတော့ ကိုယ်တော်ရဲ့ စိတ်သဘောထားမှာ မာနထောင်လွှားမှု အရိပ်အယောင်တောင် မရှိပါဘူး။ ကျွန်မကတော့ စာတန်က ဖောက်ပြန်ပျက်စီးအောင်လုပ်တာကို တော်တော်လေးခံထားရပြီး ကျွန်မတာဝန်မှာ ရလဒ်တချို့ ရလာတဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် ဘာမှမဟုတ်မှန်း မသိတော့ဘဲ မာနထောင်လွှားပြီး စိတ်ကြီးဝင်ပြီး အစွမ်းပြနေခဲ့တာပါ။ တကယ်တမ်းကျတော့၊ ကျွန်မရဲ့ အစွမ်းအစက သာမန်ပါပဲ၊ အသက်ကလည်း ကြီးနေပြီ၊ အသက် ဝင်ရောက်မှုကလည်း ညံ့ဖျင်းပြီး၊ ဘာ ဆုကျေးဇူး၊ ဘာကျွမ်းကျင်မှုမှ မရှိပါဘူး။ ဒါကြောင့် သရုပ်ဆောင်တစ်ယောက် ဖြစ်လာဖို့ဆိုတာ ကျွန်မ ဘယ်တုန်းကမှ အိပ်မက်မမက်ခဲ့ဖူးပါဘူး။ အသင်းတော်ထဲမှာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ လေ့ကျင့်ဖို့၊ ဘုရားသခင်ကို သက်သေခံတဲ့ ဗီဒီယိုတွေ ရိုက်ကူးဖို့ အခွင့်အရေးပေးပြီး ဘုရားသခင်က ကျွန်မကို မြှောက်စားခဲ့တာပါ။ ဒါက ကျွန်မလို အသုံးမကျတဲ့သူတစ်ယောက်ကို တစ်ခုခု အသုံးဝင်တဲ့သူ ဖြစ်လာစေခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ မေတ္တာကို ပြန်ပေးဆပ်ဖို့နဲ့ ကိုယ်တော်ကို သက်သေခံဖို့ ကျွန်မ ပျက်ကွက်ခဲ့တယ်။ အဲဒီအစား၊ ကိုယ့်ကိုယ်ကိုယ် ထူးခြားတဲ့သူ၊ အရင်းအနှီးရှိတဲ့သူလို့ မြင်ခဲ့တယ်။ ဗီဒီယို နည်းနည်းရိုက်ပြီးတဲ့နောက်မှာ၊ ကျွန်မရဲ့ လမ်းလျှောက်ပုံ၊ စကားပြောပုံတွေတောင် ပြောင်းလဲသွားတယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ထူးခြားတယ်လို့ ထင်ပြီး၊ တခြားသူတွေရဲ့ အထင်ကြီးလေးစားတာကို ရဖို့အတွက် အခွင့်အရေးရတိုင်း အစွမ်းပြပြီး ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ခဲ့တယ်။ ကျွန်မ တကယ်ကို ယုတ်ညံ့တယ်၊ စက်ဆုပ်ဖွယ်ကောင်းတယ်၊ လူ့သဘာဝ လုံးဝ ကင်းမဲ့ခဲ့ပါတယ်။ ကျွန်မ လုံးဝကို အရှက်မရှိခဲ့ပါဘူး။ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သမီး အမြဲတမ်း အစွမ်းပြပြီး ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်နေမိပါတယ်၊ ပြီးတော့ သမီးမှာ ဆင်ခြင်တုံတရား တကယ်ကို ကင်းမဲ့နေခဲ့ပါတယ်။ သမီး ဘယ်လောက်တောင် ညံ့ဖျင်းပြီး သနားစရာကောင်းတယ်ဆိုတာ အခု တကယ်မြင်ပါပြီ။ ကိုယ်တော်မရှိရင် သမီး ဘာမှမလုပ်နိုင်မှန်း အခု သဘောပေါက်ပါပြီ။ ဘုရားသခင်၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖယ်ရှားနိုင်အောင် သမီးကို လမ်းပြပေးပါ” ပေါ့။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “ဘုရားသခင်အတွက် သက်သေခံသောအခါတွင် ဘုရားသခင် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမပုံ၊ လူတို့ကို စစ်ဆေးရန်နှင့် သူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် မည်သည့်စမ်းသပ်မှုများအား သူအသုံးပြုသည့် အကြောင်းတို့ကို အဓိက ပြောသင့်သည်။ သင်တို့၏ အတွေ့အကြုံထဲတွင် ဖောက်ပြန်ပျက်စီးခြင်း မည်မျှ ထုတ်ဖော်ထားကြောင်း၊ သင်တို့ အဘယ်မျှ ဒုက္ခခံခဲ့ပြီးဖြစ်ကြောင်း၊ ဘုရားသခင်ကို ခုခံဖို့ သင်တို့ အမှုကိစ္စမည်မျှ ပြုလုပ်ပြီးကြောင်းကိုလည်းကောင်း ပြောသင့်သည်၊ သင်တို့၌ ဘုရားသခင်၏အမှုအပေါ် စစ်မှန်သောသိခြင်း အဘယ်မျှ ရှိကြောင်းနှင့် ဘုရားသခင်အတွက် အဘယ်သို့ သက်သေခံပြီး သူ၏ချစ်ခြင်းမေတ္တာကို အဘယ်သို့ ပြန်ပေးဆပ်သင့်ကြောင်းတို့ကိုလည်း ပြောသင့်သည်။ သင်တို့သည် ရိုးရှင်းသောပုံစံဖြင့် ပြောလျက် ပို၍ အနှစ်သာရရှိရှိ ပြောသင့်သည်။ အနှစ်သာရမဲ့သော သီအိုရီများအကြောင်းကို မပြောလေနှင့်။ ပိုမို၍ လက်တွေ့ကျအောင် ပြောလော့။ နှလုံးသားထဲမှ စကားပြောလော့။ ဤသည်မှာ အမှုကိစ္စများကို သင်တွေ့ကြုံသင့်ပုံ ဖြစ်သည်။ ဝါကြွားရန် အားထုတ်သည့်အနေဖြင့် လေးနက်ဟန်ရှိသော၊ အနှစ်သာရမဲ့သော သီအိုရီများနှင့် မိမိကိုယ်ကို မပြင်ဆင်လေနှင့်။ ဤသို့ပြုခြင်းက သင်တို့ကို အတော်ပင် စိတ်ကြီးဝင်ပြီး အသိတရားမဲ့ဟန် ပေါ်စေမည်။ သင်သည် သင်၏ တကယ့် အတွေ့အကြုံမှ စစ်မှန်သောအရာများအကြောင်းကို ပို၍ပြောသင့်ပြီး စိတ်နှလုံးထဲမှ ပို၍ စကားပြောသင့်သည်။ ဤသည်မှာ အခြားသူများအတွက် အကျိုးပြုဆုံးဖြစ်ပြီး သူတို့တွေ့မြင်ရန် အသင့်လျော်ဆုံးဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်) “သို့ဆိုလျှင် မည်သည့် ပြုမူလုပ်ဆောင်နည်းသည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း မဟုတ်သနည်း။ အကယ်၍ သင်သည် အကြောင်းအရာတစ်ခုခုနှင့် ပတ်သက်၍ ကြွားလုံးထုတ်ပြီး မိမိကိုယ်ကို သက်သေခံပါက လူအချို့အား သင့်ကို အထင်ကြီးပြီး ကိုးကွယ်အောင် လုပ်ခြင်းဟူသည့် ရလဒ်ကို စွမ်းဆောင်ရရှိမည် ဖြစ်သည်။ သို့သော် သင်သည် ထိုတူညီသော အကြောင်းအရာနှင့် ပတ်သက်၍ မိမိကိုယ်ကို ဖော်ထုတ်ပြပြီး သင်၏ ကိုယ့်ကိုယ်ကိုယ် သိကျွမ်းခြင်းကို ဝေမျှလျှင် ဤအရာ၏ သဘာဝမှာ ကွဲပြား၏။ ဤသည်မှာ မမှန်ကန်သလော။ မိမိ၏ ကိုယ့်ကိုယ်ကိုယ် သိကျွမ်းခြင်းအကြောင်း ပြောပြဖို့အတွက် မိမိကိုယ်ကို ဖော်ထုတ်ပြခြင်းသည် သာမန်လူ့သဘာဝက ပိုင်ဆိုင်ထားရမည့် အရာတစ်ခုဖြစ်၏။ ယင်းသည် အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်၏။ အကယ်၍ သင်သည် မိမိကိုယ်ကို အမှန်တကယ် သိနားလည်ပြီး မိမိ၏အခြေအနေအကြောင်း မှန်ကန်စွာ၊ စစ်မှန်စွာနှင့် တိကျစွာ ပြောပြလျှင်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လုံးလုံးလျားလျား အခြေခံသည့် အသိပညာအကြောင်း ပြောပြလျှင်၊ သင့်အား နားထောင်သောသူတို့သည် တည်ဆောက်ပေးခြင်း ခံရပြီး ယင်းမှနေ၍ အကျိုးဖြစ်လျှင်၊ ထို့ပြင် ဘုရားသခင်၏ အလုပ်ကို သက်သေခံပြီး သူ့ကို ဘုန်းတော်ထင်ရှားစေလျှင် ယင်းသည် ဘုရားသခင်အား သက်သေခံနေခြင်း ဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ၊ ဘုရားသခင်ကို သက်သေခံတာဟာ အဓိကအားဖြင့် ကိုယ်တော်ရဲ့ အမှုတော်အကြောင်းနဲ့ လူတွေအပေါ် ကိုယ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းရဲ့ အကျိုးသက်ရောက်မှုတွေအကြောင်း သက်သေခံတာဖြစ်ကြောင်း ကျွန်မ နားလည်လာတယ်။ ကိုယ့်တာဝန်ထမ်းဆောင်တဲ့ တစ်လျှောက်မှာ ထုတ်ဖော်ခဲ့တဲ့ ဖောက်ပြန်ပျက်စီးမှုတွေ၊ ကိုယ့်မှာ ဘယ်လို မမှန်ကန်တဲ့ ရည်ရွယ်ချက်တွေ ရှိပြီး ဘုရားသခင်ကို ဘယ်လို ပုန်ကန်တယ်ဆိုတာတွေ၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် ဘယ်လို ပြန်ဆင်ခြင်သုံးသပ်ပြီး နောက်ဆုံးမှာ ဘယ်လို နောင်တရပြီး ပြောင်းလဲတယ်ဆိုတာတွေကို ဖော်ထုတ်ဖို့လည်း လိုအပ်ပါတယ်။ ဒါမှ လူတွေက ဘုရားသခင်ရဲ့ စိတ်သဘောထားကို နားလည်ပြီး ကိုယ်တော်ကို ကျိုးနွံနာခံနိုင်မှာပါ။ တခြားသူတွေနဲ့ ကျွန်မ မိတ်သဟာယပြုတဲ့အခါ၊ ရိုက်ကူးရေးလုပ်တုန်းက ကျွန်မ ထုတ်ဖော်ခဲ့တဲ့ အပျက်သဘောဆောင်မှုနဲ့ အားနည်းချက်တွေကို မျှဝေသင့်ပါတယ်။ ဒါမှ ဘုရားသခင်ရဲ့ လမ်းပြမှုမပါဘဲ ကျွန်မ ဘာမှမလုပ်နိုင်ကြောင်းနဲ့ ဘုန်းတော်အားလုံးကို ဘုရားသခင်ဆီ ပေးအပ်သင့်ကြောင်း လူတိုင်း မြင်နိုင်မှာပါ။ ဒါက ဘုရားသခင်ကို စစ်မှန်စွာ သက်သေခံခြင်းပါပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဖွင့်ချဖို့ သတ္တိမွေးပြီး၊ “ဝါရင့်သရုပ်ဆောင်” တစ်ယောက်အနေနဲ့ ကျွန်မရဲ့ တခြားဘက်ခြမ်းအကြောင်း လူတိုင်းကို ဖွင့်ဟပြောပြခဲ့တယ်၊ “တကယ်တမ်းကျတော့၊ ကျွန်မရဲ့ အစွမ်းအစက တော်တော်ညံ့ပါတယ်၊ ကျွန်မပါဝင်ခဲ့တဲ့ ရိုက်ကူးရေး တော်တော်များများမှာ ကျရှုံးမှုတွေ၊ အဆင်မပြေမှုတွေ ကြုံခဲ့ရပါတယ်။ ဆုတောင်းပြီး ဘုရားသခင်ကို မှီခိုအားထားမှသာ ခံစားချက်ကို ရှာတွေ့ခဲ့တာပါ။ ဒီလို သရုပ်ဆောင်နိုင်ဖို့အတွက် ဒါရိုက်တာရဲ့ အများကြီး လမ်းပြပေးမှုနဲ့ အချိန်အကြာကြီး လေ့ကျင့်မှုတွေလည်း လိုအပ်ခဲ့ပါတယ်။ ကျွန်မက ပိုလွန်းပြီး အလွန်အကျွံ သရုပ်ဆောင်တာတွေကြောင့် ပြန်ရိုက်ကူးရတာတွေ ဖြစ်ခဲ့တယ်၊ တခြားအရာတွေအပြင်၊ တစ်ခါတလေ ကျွန်မရဲ့ အခြေအနေ မကောင်းတာကြောင့် တိကျတဲ့ သရုပ်ဖော်မှုကို မလုပ်နိုင်ခဲ့ပါဘူး” ပေါ့။ ဒါတွေကို ကျွန်မ ဖွင့်ဟပြောပြပြီးတဲ့နောက်မှာ၊ ကျွန်မ တည်ငြိမ်ပြီး စိတ်သက်သာရာရသွားတယ်။ ကိုယ့်ကိုယ်ကိုယ် အထင်မကြီးတော့ဘူး၊ ပြီးတော့ ညီအစ်ကို မောင်နှမတွေနဲ့ ဆက်ဆံရေး ပိုရင်းနှီးလာတယ်။ အထူးသဖြင့် ဒီရိုက်ကူးရေးမှာ၊ ကျွန်မ အမှားကြီးတစ်ခု လုပ်မိတဲ့အချိန်တုန်းက၊ ဒါကို တစ်စပြီးတစ်စ ပြန်ပြင်ဖို့ ညီအစ်ကို မောင်နှမတွေရဲ့ စိတ်ရှည်ရှည် ကူညီပေးမှုကသာ ဒီဗီဒီယိုကို ပြီးမြောက်အောင် ဖြစ်နိုင်စေခဲ့တာပါ။ ဗီဒီယိုတစ်ခုစီဟာ ဘုရားသခင်ရဲ့ လမ်းပြမှုအောက်မှာ ညီအစ်ကို မောင်နှမတွေအကြား သဟဇာတဖြစ်တဲ့ ပူးပေါင်းဆောင်ရွက်မှုရဲ့ ရလဒ်ဖြစ်ကြောင်း၊ ပြီးတော့ ကျွန်မ ပါဝင်ကူညီခဲ့တာက သေးငယ်တဲ့ အစိတ်အပိုင်းလေးသာ ဖြစ်ကြောင်း ကျွန်မ သဘောပေါက်လိုက်တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် လုံးဝ မပြောပလောက်တဲ့သူလို့ ခံစားလိုက်ရတယ်။ နောက်ပိုင်းမှာ၊ နောက်ထပ် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတစ်ခု မရိုက်ကူးခင်၊ ဘုရားသခင်ရဲ့ လမ်းပြမှုကို တောင်းခံပြီး ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ ကျွန်မရဲ့ တွဲဖက်ညီအစ်မဖြစ်တဲ့ လင်းဂျဲကိုလည်း ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုအကြောင်း ဖွင့်ဟပြောပြခဲ့ပြီး၊ ကျွန်မ နောက်တစ်ကြိမ် ကြွားဝါပြီး စကားပြောတာ၊ အစွမ်းပြတာမျိုး လုပ်မိရင် သတိပေးဖို့နဲ့ ကျွန်မကို ကြီးကြပ်ပေးဖို့ အကူအညီတောင်းခဲ့တယ်။ ဒါရိုက်တာနဲ့အတူ၊ ကျွန်မရဲ့ ပြဿနာတွေကိုလည်း အနှစ်ချုပ်ပြီး၊ ထပ်ခါတလဲလဲ လေ့ကျင့်နိုင်ဖို့နဲ့ ပြုပြင်နိုင်ဖို့အတွက် ကျွန်မ အမြဲမှားလေ့ရှိတဲ့ ပြဿနာတွေကို တစ်ခုချင်းစီ စာရင်းပြုစုခဲ့တယ်။ ဒီနည်းနဲ့ တာဝန်ထမ်းဆောင်ရတာ ကျွန်မစိတ်ထဲမှာ ပိုပြီး အေးချမ်းတည်ငြိမ်ခဲ့ပါတယ်။
နောက်ပိုင်းမှာ ရုပ်ရှင်တစ်ခုရဲ့ အရေးကြီးတဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ ကျွန်မ ပါဝင်ခဲ့တယ်။ ဒီဇာတ်ကောင်က အရင်က ကျွန်မ သရုပ်ဆောင်ဖူးတဲ့ ဇာတ်ကောင်တွေနဲ့ အရမ်းကွာခြားတယ်။ ကျွန်မ တွေးမိတာက၊ ဒီဇာတ်ကောင်ကိုသာ ငါ ကောင်းကောင်း သရုပ်ဆောင်နိုင်ရင်၊ ငါ့ရဲ့ သရုပ်ဆောင်မှုမှာ ထိုးဖောက်မှုတစ်ခု ရမှာဖြစ်ပြီး၊ ညီအစ်ကို မောင်နှမတွေက ငါ့ကို သေချာပေါက် အထင်ကြီးလေးစားကြမှာပဲ ပေါ့။ ဒီအတွေး ပေါ်လာတဲ့အခါ၊ ကျွန်မ နောက်ထပ် အစွမ်းပြဖို့ ကြိုးစားနေမိမှန်း သတိထားမိလိုက်တယ်။ ကျွန်မရဲ့ မမှန်ကန်တဲ့ ရည်ရွယ်ချက်တွေကို ပုန်ကန်နိုင်အောင် လမ်းပြပေးဖို့ ဘုရားသခင်ကို ချက်ချင်း ဆုတောင်းခဲ့တော့ ကျွန်မရဲ့ စိတ်နှလုံး တဖြည်းဖြည်း တည်ငြိမ်သွားတယ်။ ဇာတ်ညွှန်းကို ပြန်ဆင်ခြင်သုံးသပ်ကြည့်တဲ့အခါ၊ ဒီအပိုင်းမှာ ကျွန်မ အတွေ့အကြုံမရှိသေးကြောင်းနဲ့ ဇာတ်ကောင်ကို ကောင်းကောင်း နားမလည်နိုင်သေးကြောင်း သဘောပေါက်လိုက်တယ်။ ဒါကြောင့် အကူအညီတောင်းဖို့ ညီအစ်ကို မောင်နှမတွေဆီ စာပို့လိုက်တယ်၊ “ကျွန်မ အခက်အခဲဖြစ်နေလို့ အကူအညီလိုနေပါတယ်။ ဒီဇာတ်ကောင် ပီပြင်ဖို့ အများကြီး လိုနေသေးပြီး မှန်ကန်တဲ့ အခြေအနေကို ရှာမတွေ့သေးပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို ကူညီပေးကြပါ” ပေါ့။ စာပို့လိုက်တဲ့အချိန်မှာပဲ၊ စိတ်ထဲမှာ အရမ်းပေါ့ပါးသွားတယ်။ နောက်ပိုင်းမှာ ညီအစ်ကို မောင်နှမတွေက စိတ်ရှည်ရှည်နဲ့ လမ်းပြကူညီပေးပြီး၊ ရှေ့ဆက်ရမဲ့ လမ်းကြောင်းနဲ့ ဦးတည်ချက်တချို့ ပေးခဲ့ကြတယ်။
အခုဆိုရင် အစွမ်းပြချင်တဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအပေါ် နားလည်မှုတချို့ ရှိလာပါပြီ။ တာဝန်ထမ်းဆောင်ဖို့ ဘုရားသခင် ကျွန်မကို ပေးထားတဲ့ အခွင့်အရေးဟာ အစွမ်းပြဖို့ မဟုတ်ဘဲ၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သိမြင်ပြီး ဖြေရှင်းဖို့၊ ပြီးတော့ တာဝန်ထမ်းဆောင်ရင်း သမ္မာတရားနဲ့ အသက် ဝင်ရောက်မှုကို လုံ့လဝီရိယရှိရှိ လိုက်စားဖို့ဖြစ်ကြောင်း ကျွန်မ သဘောပေါက်လာတယ်။ ဒီအကျိုးအမြတ်တွေနဲ့ သိနားလည်မှုတွေအားလုံးဟာ ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းပြမှု ရလဒ်တွေပါပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ငယ်ငယ်ကတည်းက ကျွန်မက တော်တော်လေး တသီးတသန့်နေတတ်ပြီး ကိုယ်ပြောချင်တာကို ကောင်းကောင်းမပြောတတ်ဘူး။ လူစိမ်းတွေနဲ့ ဆက်ဆံတဲ့အခါမှာ စကားပြောဖို့...
ဂျွိုင်း ဖိလစ်ပိုင်နိုင်ငံဒီနေ့ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်က ဂျွိုင်းလို့အမည်ရပါတယ်။ သူက ဖိလစ်ပိုင်က ညီမတစ်ယောက်ပါ။ အရင်တုန်းက သူက လူတွေကို...
ကန်းရှောင် တရုတ်နိုင်ငံပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ၊ ကျွန်မတာဝန်ကနေ ထုတ်ပယ်ခံရတဲ့နောက် တခြားအသင်းတော်တစ်ခုဆီ ကျွန်မ လွှဲပြောင်းခံခဲ့ရတယ်။...
ဂျော ဂျီဟန် တရုတ်ပြည် ကျွန်မတို့ ဘဝတစ်လျှောက် ခရီးသွားစဉ်၊ ကျွန်မတို့ တစ်ယောက်တိုင်းသည် ကျွန်မတို့၏ မှတ်ဉာဏ်တွင် ကမ္မည်းထိုးထားပြီး၊ လုံးဝ...