ကိုင်တွယ်ဖြေရှင်းခံရပြီးနောက် ဆင်ခြင်သုံးသပ်ခြင်း
ကျွန်မ ဒီနှစ် ဇွန်လမှာ ခေါင်းဆောင်တစ်ယောက်အဖြစ် စပြီး အစေခံခဲ့တယ်။ မကောင်းမှုပြုသူတွေ၊ မယုံကြည်သူတွေနဲ့ အန္တိခရစ်တွေကို အသင်းတော်ကနေ...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၁ ခုနှစ်မှာ အသင်းတော်ခေါင်းဆောင်အဖြစ် ကျွန်မ ရွေးချယ်ခံခဲ့ရတယ်။ အရင်က တာဝန်တစ်မျိုးပဲရှိတဲ့ အလုပ်ကိုပဲ အမြဲတမ်းလုပ်ခဲ့ရတော့ အသင်းတော်အလုပ် အားလုံးနဲ့ ကျွန်မ သိပ်မရင်းနှီးခဲ့ဘူး။ ဒါကြောင့် ကောင်းကောင်းမလုပ်နိုင်ရင် အဖြုတ်ခံရပြီး တော်တော် အရှက်ကွဲမှာကို စိုးရိမ်ခဲ့တယ်။ ဒါပေမဲ့ “အဆင့်တိုင်းမှာ ကိုယ်လုပ်တဲ့ ဘယ်တာဝန်မဆို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားတာပဲ၊ ညီအစ်ကိုမောင်နှမတွေက ငါ့ကို ခေါင်းဆောင်အဖြစ် ရွေးလိုက်တာက ငါလုပ်နိုင်တယ်လို့ သူတို့ထင်လို့လား” ဆိုပြီး တွေးမိတယ်။ ဒါနဲ့ လက်ခံပြီး လေ့ကျင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ပိုင်းမှာ ကျွန်မနဲ့ တွဲလုပ်တဲ့ ညီအစ်မ ကျိုးယွင်နဲ့ အလုပ်တွေခွဲတဲ့အခါ ကျွန်မ နည်းနည်းကျွမ်းကျင်တဲ့ အလုပ်တချို့ကို ရွေးလိုက်ပြီး ကြိုးစားလုပ်ရင် ကောင်းကောင်းလုပ်နိုင်မှာပါလို့ တွေးခဲ့တယ်။ မကြာခင်မှာ အလုပ်ကို အနှစ်ချုပ်ရမဲ့အချိန်ရောက်လာပြီး အလုပ်ရဲ့ အသေးစိတ်အချက်အလက်တော်တော်များများကို ကျွန်မ သဘောမပေါက်မှန်း သိလိုက်ရတယ်။ ရှေ့ဆက်ပြီး အလုပ်ကို ပိုတိတိကျကျ ကိုင်တွယ်ချင်ခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်း လုပ်ကြည့်တဲ့အခါ ကျွန်မထင်ထားသလောက် မလွယ်ကူဘဲ ပြဿနာတွေ၊ အခက်အခဲတွေ အများကြီးရှိပြီး ဘယ်ကစရမှန်းတောင် မသိခဲ့ဘူး။ ကျွန်မ တွေးမိတယ် “ငါ ဒီတာဝန်ထမ်းဆောင်နေတာ နှစ်လနီးပါးရှိပြီ၊ ကောင်းကောင်းမလုပ်ရသေးတဲ့ အလုပ်တွေ အများကြီး ကျန်နေတုန်းပဲ။ ဒီတာဝန်ကို ကိုင်တွယ်ဖို့ အလုပ်လုပ်နိုင်စွမ်း မရှိဘူးလို့ အထက်ခေါင်းဆောင်က ပြောမလား” ပေါ့။ တွေးလေ စိတ်ဖိစီးလေဖြစ်ပြီး တာဝန်တစ်မျိုးပဲရှိတဲ့အလုပ်ကိုပဲ ပြောင်းလုပ်ဖို့ အထက်ခေါင်းဆောင်ကို ပြောချင်လာတယ်။ အနည်းဆုံးတော့ ဒီလိုဆိုရင် ကျွန်မ အရည်အချင်းမရှိတဲ့ပုံ ပေါက်မှာ မဟုတ်ဘူးလေ။ ဒါနဲ့ ခေါင်းဆောင်ကို ကျွန်မ ပြောလိုက်တယ်။ “ကျွန်မအစွမ်းအစက ညံ့တယ်လို့ ခံစားရတယ်၊ ပြီးတော့ အသင်းတော်အလုပ်ကို ဦးဆောင်ဖို့ မသင့်တော်ပါဘူး။ တာဝန်တစ်မျိုးပဲရှိတဲ့အလုပ်ကိုပဲ ပြောင်းလုပ်ချင်ပါတယ်” ပေါ့။ ခေါင်းဆောင်က “အလုပ်စလုပ်ကာစမှာ ဖိအားရှိတာ ပုံမှန်ပါပဲ၊ ခဏလောက် လေ့ကျင့်ပြီးရင် အဆင်ပြေသွားမှာပါ” တဲ့။ ခေါင်းဆောင် ဒီလိုပြောတာကြားတော့ ကျွန်မ တွေးမိတယ်။ “ဒါဆိုရင် ငါသိပ်မလေ့ကျင့်ရသေးလို့ ဒီလိုဖြစ်တာပေါ့။ နောက်ထပ် ခဏလောက် လေ့ကျင့်ပြီး နည်းနည်းလောက် ကြိုးစားလိုက်ရင် အလုပ်ကို ကောင်းကောင်းလုပ်နိုင်မလား” ပေါ့။ အဲဒီနောက်ပိုင်း ကျွန်မတာဝန်မှာ ဆက်ပြီးအာရုံစိုက်လုပ်ရင်း နားမလည်တာတစ်ခုခုကို ကျွန်မ ကြုံရတိုင်း ကျိုးယွင်ဆီကနေ သင်ယူခဲ့တယ်။ တဖြည်းဖြည်းနဲ့ အလုပ်တချို့ကို သဘောပေါက်လာတယ်။
၂၀၂၂ ဇွန်လမှာ ကျိုးယွင်က တခြားတာဝန်ကို ပြောင်းသွားပြီး အသင်းတော်အလုပ်ကို ကျွန်မနဲ့ အသစ်ရွေးကောက်ခံရတဲ့ ခေါင်းဆောင် ညီအစ်မ ဝူဖန်တို့က လွှဲယူလိုက်တယ်။ ဒါပေမဲ့ ကျိုးယွင် တာဝန်ယူခဲ့တဲ့ အလုပ်နဲ့ ကျွန်မက သိပ်မရင်းနှီးဘူး၊ ပြီးတော့ အဲဒီအချိန်က ဝူဖန်က နေမကောင်းဖြစ်နေတော့ အလုပ်အများစုက ကျွန်မပခုံးပေါ် ရောက်လာပြီး ဖိအားအများကြီး ခံစားရတယ်။ ကျွန်မမှာ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ အများကြီး လိုအပ်နေတော့ စုဝေးပွဲတွေမှာ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတချို့ကို ဖြေရှင်းဖို့လောက်ပဲ မိတ်သဟာယပြုပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ အလုပ်မှာ ပေါ်လာတဲ့ ပြဿနာတွေနဲ့ လမ်းလွဲနေတာတွေကိုတော့ မဖြေရှင်းပေးခဲ့ဘူး။ တစ်ခါတော့ ကျွန်မ စုဝေးပွဲတက်တဲ့အခါ ညီအစ်ကိုမောင်နှမတွေက ပြောကြတယ်။ “ကျိုးယွင်က စုဝေးပွဲကိုလာတုန်းကဆိုရင် ကျွန်တော်တို့အလုပ်မှာ တစ်ခုခုရှေ့မဆက်နိုင်ဘဲ ဖြစ်နေတိုင်း သူက အကြောင်းရင်းတွေကို ရှာပြီး ပြဿနာတွေကို ဖြေရှင်းပေးတယ်။ ဒါပေမဲ့ အစ်မလာတော့ အခြေအနေတွေကိုပဲ ဖြေရှင်းပေးပြီး ကျွန်တော်တို့အလုပ်ကို သုံးသပ်ဖို့၊ အနှစ်ချုပ်ဖို့ ကူညီပေးတာသိပ်မရှိဘူး။ ကျွန်တော်တို့ အလုပ်လုပ်တာ မကောင်းတော့ ကျွန်တော်တို့ အခြေအနေတွေကို ထိခိုက်တာကြောင့် အခက်အခဲတွေကို ရင်ဆိုင်နေရတာပါ” တဲ့။ ပြီးတော့ ညီအစ်ကိုမောင်နှမတွေက “ကျွန်ုပ် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ပုံ” ဆိုတဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုကို ကြည့်ဖို့ ကျွန်မကို အကြံပြုကြတယ်။ ကျွန်မ တွေးမိတယ် “ငါက ကျိုးယွင်လောက် မတော်ဘူးလို့ သူတို့ပြောကြတယ်၊ ငါ့မှာ ဘာအလုပ်လုပ်နိုင်စွမ်းမှမရှိဘူးလို့ သူတို့ထင်ပြီး ငါ့အကြောင်းကို သိလာကြတာများလား။ သူတို့ ငါ့ကို တိုင်မှာလား။ အခုတစ်လော အသင်းတော်အလုပ်အားလုံးရဲ့ ရလဒ်တွေက သိပ်မကောင်းလှဘူး၊ တကယ်လို့ ငါသာ အတိုင်ကြားခံလိုက်ရပြီး အထက်ခေါင်းဆောင်က အလုပ်ကို လာစစ်ဆေးရင် ငါ့အစွမ်းအစက ညံ့တယ်၊ ဒီလောက်ကြာတာတောင် အလုပ်ကို မကိုင်တွယ်နိုင်သေးဘူးလို့ သူသေချာပေါက် ပြောမှာပဲ။ ငါ အတိုင်ကြားခံရပြီး အဖြုတ်ခံရတဲ့အဆင့်ထိ ရောက်သွားရင် တော်တော် ရှက်စရာကောင်းမှာ။ ငါ့ဘာသာ ကြိုပြီး အပြစ်ကိုဝန်ခံပြီး နုတ်ထွက်လိုက်တာ ပိုကောင်းမယ်၊ အဲဒါဆိုရင် အနည်းဆုံးတော့ ငါက ကိုယ့်ကိုယ်ကိုယ် သတိပြုမိတယ်ဆိုတာ ပြရာရောက်တယ်” ပေါ့။ အဲဒီအချိန်အတောအတွင်းမှာ အပြစ်ကိုဝန်ခံပြီး နုတ်ထွက်ဖို့ အတွေးက ရံဖန်ရံခါ ဝင်လာတတ်တယ်။ တစ်နေ့ကျတော့ ဝူဖန်နဲ့ အထက်ခေါင်းဆောင်တို့က ကျွန်မအလုပ်မှာ လမ်းလွဲနေတာတချို့အကြောင်း ဆွေးနွေးနေတာကို မတော်တဆ ကြားလိုက်ရတယ်။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “ငါ့မှာ အစွမ်းအစနဲ့ အလုပ်လုပ်နိုင်စွမ်း မရှိဘူးလို့ သူတို့လည်း ထင်နေကြတာလား” ပေါ့။ ပြီးတော့ ဒီရက်ပိုင်း အလုပ်က ဘာရလဒ်မှ မထွက်တာတွေ၊ ညီအစ်ကိုမောင်နှမတွေက ကျွန်မအကြောင်း ပြောထားတာတွေကို တွေးမိပြီး နုတ်ထွက်စာ ရေးလိုက်တယ်။
စာပို့ပြီးတဲ့နောက်မှာ ကျွန်မ စိတ်မအေးနိုင်ဘူး။ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းပြီး ကျွန်မနုတ်ထွက်တာက စည်းမျဉ်းတွေနဲ့ ကိုက်ညီမှုရှိမရှိ ရှာဖွေခဲ့တယ်။ နောက်ပိုင်းကျတော့ “တာဝန်ယူခြင်းနှင့် နှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ” ထဲမှာ ဒီလိုရေးထားတာကို ဖတ်ရတယ်။ “(၁) သမ္မာတရားကို လက်မခံသည့်၊ လက်တွေ့ကျသည့် အလုပ်ကို မလုပ်နိုင်သကဲ့သို့ အချိန်တချို့ကြာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိသည့် မည်သည့် အယောင်ဆောင် ခေါင်းဆောင် သို့မဟုတ် အမှုတော်ဆောင်မဆို တာဝန်ယူပြီး နုတ်ထွက်ရမည်။ (၂) အထက်မှ ဦးဆောင်ခြင်းနှင့် ထိန်းကျောင်းခြင်း ခံရသည့် ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို တားဆီးရင်း၊ အလုပ် အစီအစဉ်များ သို့မဟုတ် တရားဒေသနာများနှင့် မိတ်သဟာယတို့ကို ထုတ်ပြန်ဖို့ သို့မဟုတ် အကောင်အထည်ဖော်ဖို့ ငြင်းဆန်သောသူ မည်သူမဆိုသည် တာဝန်ယူပြီး နုတ်ထွက်ရမည်။ (၃) ဘုရားသခင့် အိမ်တော်၏ အလုပ်နှင့် သူ ရွေးချယ်ထားသော လူတို့ကို ကြီးမားသည့် ဆုံးရှုံးမှုနှင့် ဘေးဒုက္ခကို ခံစားစေရင်း၊ အလုပ်အစီအစဉ်များကို လမ်းညွှန်ချက်ကို မနာခံသူ မည်သူမဆို တာဝန်ယူပြီးနုတ်ထွက်ရမည်။” (သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀၊ ၆၅။ တာဝန်ယူခြင်းနှင့် နှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများ) ခေါင်းဆောင်တွေ၊ အမှုဆောင်တွေအနေနဲ့ အပြစ်ကို ဝန်ခံပြီး နုတ်ထွက်ဖို့ စည်းမျဉ်းရှိတယ်ဆိုတာ ကျွန်မ တွေ့လိုက်တယ်။ တကယ့်အလုပ်ကို မလုပ်နိုင်တဲ့၊ အလုပ်အစီအစဉ်တွေကို အကောင်အထည်မဖော်တဲ့၊ ဒါမှမဟုတ် အလုပ်ကို တားဆီးတဲ့၊ ဘုရားအိမ်တော်ရဲ့ အလုပ်အပေါ် ဆုံးရှုံးမှု ကြီးကြီးမားမားဖြစ်စေတဲ့ အဲဒီခေါင်းဆောင်တွေ၊ အမှုဆောင်တွေက အပြစ်ကိုဝန်ခံပြီး နုတ်ထွက်ရပါမယ်။ စည်းမျဉ်းတွေနဲ့အညီ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်တဲ့အခါ ခေါင်းဆောင်တာဝန် ထမ်းဆောင်နေစဉ်မှာ ရလဒ်တွေက နည်းနည်းညံ့ပေမဲ့ အလုပ်တိုးတက်မှုကို ကျွန်မ မနှောင့်နှေးစေခဲ့သလို မဟန့်တားခဲ့ဘူးဆိုတာ တွေ့ရတယ်၊ ပြီးတော့ တကယ့်အလုပ်ကို လုံးဝ မလုပ်နိုင်တာမျိုးလည်း မဟုတ်ဘူး။ ရေလောင်းတဲ့အလုပ် ဟန့်တားခံရတုန်းကလိုမျိုးပေါ့၊ ကျွန်မ ရှာဖွေပြီး မိတ်သဟာယပြုပေးတာကနေတစ်ဆင့် ရေလောင်းခံရတဲ့ လူသစ်တွေရဲ့ အခြေအနေတွေက နည်းနည်းတိုးတက်လာပြီး သူတို့ရဲ့ တာဝန်တွေကို အစွမ်းကုန် စပြီးလုပ်လာကြတယ်။ တစ်ခါတလေကျရင် ပြဿနာတွေကို ကျွန်မ မသိမြင်နိုင်တာကြောင့် အလုပ်ကို အကောင်အထည်ဖော်ရာမှာ ကောင်းကောင်းမလုပ်နိုင်တာ၊ ဒါမှမဟုတ် လမ်းလွဲတာတွေ ဖြစ်တတ်တယ်။ ဒါပေမဲ့ သက်ဆိုင်ရာ စည်းမျဉ်းတွေကို ရှာဖွေပြီး အခြေအနေတွေကို ကျွန်မ ပြောင်းလဲနိုင်ခဲ့တယ်။ ပြီးတော့ အသင်းတော်အလုပ်ကို ကျွန်မ အဖျက်အမှောင့်မလုပ်ခဲ့သလို မနှောင့်ယှက်ခဲ့ပါဘူး။ အဲဒီအပြင် ကျွန်မက အရင်တုန်းက ခေါင်းဆောင်၊ အမှုဆောင် မလုပ်ဖူးတော့ တာဝန်အမျိုးမျိုးမှာပါဝင်တဲ့ စည်းမျဉ်းတွေကို နားမလည်ခဲ့ဘူး၊ ဒါပေမဲ့ လေ့လာသင်ယူပြီး လေ့ကျင့်တာကနေတစ်ဆင့် စည်းမျဉ်းတချို့ကို တဖြည်းဖြည်း နားလည်လာပြီး ပြဿနာတချို့ကို ခွဲခြားသိမြင်နိုင်ခဲ့တယ်။ ကျွန်မရဲ့ ဖြေရှင်းနည်းတွေက နှံ့စပ်မှုမရှိပေမဲ့ တကယ့်အလုပ်ကို လုံးဝမလုပ်နိုင်တာမျိုးတော့ မဟုတ်ပါဘူး။ စည်းမျဉ်းတွေအရ ဆုံးဖြတ်မယ်ဆိုရင် အပြစ်ကိုဝန်ခံပြီး နုတ်ထွက်ရမဲ့ အဆင့်ထိ ကျွန်မ မရောက်သေးမှန်း တွေ့လိုက်ရတယ်။ ဒါကြောင့် “ဒီကိစ္စတွေကို ရင်ဆိုင်ရတဲ့အခါ ဘာလို့ သမ္မာတရားကို မရှာဖွေဘဲ၊ ဒါမှမဟုတ် ငါ့အလုပ်မှာ ရလဒ်မထွက်တဲ့ အကြောင်းရင်းတွေကို အနှစ်ချုပ်မကြည့ဘဲ အပြစ်ကိုဝန်ခံပြီး နုတ်ထွက်ဖို့ လိုတယ်လို့ ခံစားရတာလဲ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးရင်း ရှာဖွေပြီး ဆင်ခြင်မိတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်။ “သမ္မာတရားကို ရှာဖွေရမည့်အစား လူအများစုတွင် ၎င်းတို့၏ ကိုယ်ပိုင်သေးနုပ်သော လုပ်ငန်းစဉ်များရှိသည်။ ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများ၊ ဂုဏ်သိက္ခာ၊ အခြားသူများ၏ စိတ်ထဲတွင် ၎င်းတို့ရှိနေသည့် နေရာ သို့မဟုတ် အဆင့်အတန်းတို့သည် ၎င်းတို့အတွက် အလွန်အရေးကြီးသည်။ ၎င်းတို့ မြတ်နိုးသည်မှာ ဤအရာများသာ ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို လုံးဝ လက်မလွတ်စတမ်း ဖက်တွယ်ထားကြပြီး ၎င်းတို့၏ အသက်စင်စစ်တမျှ မှတ်ယူကြသည်။ ၎င်းတို့ကို ဘုရားသခင်က မည်သို့မြင်သည်၊ သို့မဟုတ် သဘောထားသည်မှာ သာမည အရေးကြီးသောအရာ ဖြစ်သည်။ အချိန်တစ်ခဏတွင် ၎င်းတို့သည် ယင်းကို လျစ်လျူရှုကြသည်။ အချိန်တစ်ခဏတွင် ၎င်းတို့သည် အဖွဲ့၏ အကြီးအကဲဖြစ်ခြင်းရှိမရှိ၊ အခြားလူတို့သည် ၎င်းတို့ကို အထင်ကြီးလေးစားပြီး ၎င်းတို့၏ စကားများသည် ဩဇာလွှမ်းမိုးနိုင်ခြင်း ရှိမရှိတို့ကိုသာ ထည့်တွက်စဉ်းစားသည်။ ၎င်းတို့ ဦးစွာအလေးထားသည့်ကိစ္စမှာ ထိုရာထူးကို နေရာယူရန်ဖြစ်သည်။ ၎င်းတို့သည် အဖွဲ့တစ်ခုတွင် ရှိသောအခါ လူအားလုံးနီးပါးက ဤအဆင့်အတန်းမျိုး၊ ဤအခွင့်အလမ်းမျိုးကို ရှာဖွေကြသည်။ ၎င်းတို့က အလွန်ပါရမီရှိပါက၊ အကြီးဆုံးသောသူဖြစ်ချင်ကြသည်မှာ အမှန်ဖြစ်၏။ ၎င်းတို့သည် အလယ်အလတ် အရည်အချင်းရှိလျှင် အဖွဲ့ထဲက ပိုမြင့်သော နေရာတွင် ရှိချင်ကြဆဲဖြစ်သည်။ ၎င်းတို့သည် အဖွဲ့တွင် နိမ့်သည့်နေရာ၌ရှိပြီး ပုံမှန်အစွမ်းအစနှင့် အရည်အချင်းရှိလျှင် ၎င်းတို့သည်သူတစ်ပါးက ၎င်းတို့အား အထင်ကြီး လေးစားသည်ကိုလည်း လိုချင်ကြလိမ့်မည်၊ မိမိတို့ကို အခြားသူများ အထင်သေးစေချင်ကြမည် မဟုတ်ပေ။ ဤလူတို့၏ ဂုဏ်သိက္ခာသည် ၎င်းတို့ သတ်မှတ်ထားသည့် စံနှုန်းဖြစ်သည်။ ဤအရာတို့ကို ၎င်းတို့က ကိုင်စွဲထားရသည်။ ၎င်းတို့တွင် သမာဓိမရှိနိုင်ကြသည့်အပြင် ဘုရားသခင်၏ နှစ်သက်သဘောကျမှု သို့မဟုတ် လက်ခံမှုကိုလည်း ၎င်းတို့မပိုင်ဆိုင်နိုင်ကြပေ။ သို့သော် ၎င်းတို့သည် အခြားသူများကြားတွင် ၎င်းတို့ရရှိဖို့ ကြိုးပမ်းထားသည့် အလေးထားခံရမှုကိုဖြစ်စေ၊ အဆင့်အတန်းကိုဖြစ်စေ၊ အထင်ကြီးမှုကိုဖြစ်စေ လုံးဝဥဿုံ အဆုံးရှုံးမခံနိုင်ကြ။ ဤသည်မှာ စာတန်၏ စိတ်သဘောထားပင် ဖြစ်သည်။ သို့ရာတွင် လူတို့သည် ဤအရာကို သတိမပြုမိကြပေ။ ၎င်းတို့သည် အဆုံးထိ ဤသိက္ခာ တစ်ပိုင်းတစ်စကို ဖက်တွယ်ထားရမည်ဆိုသည်မှာ ၎င်းတို့၏ ယုံကြည်မှုဖြစ်သည်။ ဤအချည်းနှီးဖြစ်ပြီး အပေါ်ယံဖြစ်သော အရာများကို အပြည့်အဝ စွန့်လွှတ်ပြီး ဘေးဖယ်လိုက်သည့်အခါမှသာ ၎င်းတို့သည် စစ်မှန်သော လူတစ်ဦးဖြစ်လာမည်ကို ၎င်းတို့ သတိမပြုမိကြပေ။ လူတစ်ဦးသည် စွန့်ပစ်သင့်သည့် ဤအရာများကို အသက်ကဲ့သို့ ကာကွယ်စောင့်ရှောက်နေလျှင် သူ့ဘဝကား ဆုံးပြီဖြစ်သည်။ မည်သည့်အရာကို ဆုံးရှုံးရတော့မည်ကို ၎င်းတို့ မသိကြပေ။ ထို့ကြောင့် ၎င်းတို့ ပြုမူဆောင်ရွက်သောအခါတွင် တစ်စုံတစ်ခုကို အစဉ်သဖြင့် ပြန်စွဲကိုင်ထားသည်။ မိမိတို့၏ ကိုယ်ပိုင်ဂုဏ်နှင့် အဆင့်အတန်းကို ကာကွယ်ရန် အစဉ် ကြိုးစားကြသည်။ ၎င်းတို့ကိုယ်တိုင်၏ ရည်ရွယ်ချက်ပန်းတိုင်များအတွက်သာ ပြောဆိုလျက် ၎င်းတို့၏ ကိုယ်ပိုင်အတုအယောင်ကာကွယ်မှုအတွက် ဤအရာတို့ကို ဦးစားပေးကြသည်။ ၎င်းတို့လုပ်သမျှ အရာရာတိုင်းသည် ၎င်းတို့ကိုယ်တိုင်အတွက်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) သိက္ခာနဲ့ အဆင့်အတန်းကို အသက်ထက် ပိုတန်ဖိုးထားတာက စာတန်ဆန်တဲ့ စိတ်သဘောထားကို ထုတ်ဖော်ပြနေတယ်လို့ ဘုရားသခင်က ဖွင့်ပြထားတယ်။ ပြန်ပြီးဆင်ခြင်သုံးသပ်ကြည့်လိုက်တော့ ကျွန်မနုတ်ထွက်ချင်ရတဲ့ အကြောင်းရင်းက အဓိကအနေနဲ့ ကျွန်မရဲ့ သိက္ခာနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ဖြစ်ပြီး အဆင့်အတန်းကို ကျွန်မ အလွန်အကျွံ စိုးရိမ်နေခဲ့လို့ပဲဆိုတာ သဘောပေါက်လိုက်တယ်။ အလုပ်က ထိရောက်မှုမရှိတဲ့အခါ၊ ပြီးတော့ ကျွန်မအလုပ်မှာ လမ်းလွဲနေတာတွေ၊ ပြဿနာတွေကို ညီအစ်ကိုမောင်နှမတွေ ထောက်ပြတဲ့အခါ ကျွန်မက ခေါင်းဆောင်တုတစ်ယောက်ပါ၊ နေရာသာယူထားပြီး တကယ့်အလုပ်ကို မလုပ်ဘူးလို့ သူတို့ပြောကြမှာကို ကျွန်မ ကြောက်ခဲ့တယ်။ သူများတွေ ကျွန်မကို အထင်သေးမှာ၊ ဒါမှမဟုတ် ကျွန်မက အသုံးမကျဘူးလို့ ပြောမှာကို မလိုလားခဲ့ဘူး။ ဒါကြောင့် သိက္ခာနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ ကျွန်မ လုံးဝ ဆုတ်ခွာချင်ခဲ့တယ်၊ ဒီလိုဆိုရင် ညီအစ်ကိုမောင်နှမတွေက အနည်းဆုံးတော့ ကျွန်မမှာ ကိုယ့်ကိုယ်ကိုယ် နည်းနည်း သတိထားမိသေးတယ်လို့ မြင်ကြမယ် ပေါ့။ ဒီနည်းနဲ့ ကျွန်မရဲ့ နောက်ဆုံးကျန်တဲ့ သိက္ခာကို ထိန်းသိမ်းချင်ခဲ့တာ။ တကယ်တော့ ညီအစ်ကိုမောင်နှမတွေ ထောက်ပြတဲ့ ကျွန်မတာဝန်က လမ်းလွဲတာတွေနဲ့ အားနည်းချက်တွေက အမှန်တရားတွေပါပဲ။ သူတို့က ကျွန်မကို ကူညီပေးနေသလို အသင်းတော်အလုပ်ကိုလည်း ကာကွယ်ပေးနေကြတာ၊ ဒါပေမဲ့ ကျွန်မက အပြုသဘောနဲ့ လက်မခံခဲ့ဘူး။ အဲဒီအစား ကျွန်မရဲ့ အစွမ်းအစက ညံ့ပြီး အလုပ်လုပ်နိုင်စွမ်း မရှိဘူးလို့ သူတို့ထင်နေကြတယ်ဆိုပြီး ကျွန်မ တွေးထင်ခဲ့တယ်။ တကယ့်အလုပ်ကို မလုပ်နိုင်တဲ့ ခေါင်းဆောင်တုပါလို့ သူတို့ပြောကြမှာကို၊ ပြီးတော့ ဒါက ကျွန်မ နောက်တစ်ခါ မျက်နှာမပြရဲအောင် ဖြစ်စေမှာကို ကျွန်မ ပိုတောင် ကြောက်နေခဲ့တယ်။ ဒါကြောင့် မျက်နှာပျက်ပြီး အဆင့်အတန်း ဆုံးရှုံးရတာထက်စာရင် နုတ်ထွက်ဖို့ ပိုလိုလားခဲ့တယ်။ ကျွန်မအလုပ်ရဲ့ ရလဒ်တွေ ညံ့တာက ကျွန်မရဲ့ အလုပ်လုပ်နိုင်စွမ်း အားနည်းတာနဲ့ သက်ဆိုင်နေပေမဲ့ ဒါက ကျွန်မ နုတ်ထွက်ချင်ရတဲ့ အဓိကအကြောင်းရင်း မဟုတ်ပါဘူး။ အဓိကအကြောင်းရင်းကတော့ ကျွန်မ အလုပ်ကို ကောင်းကောင်းမလုပ်ခဲ့ဘူး၊ ညီအစ်ကိုမောင်နှမတွေရှေ့မှာ မျက်နှာပျက်ခဲ့ရတယ်လို့ မြင်မိလို့ပါပဲ။ ဒါကြောင့် သူများတွေရဲ့ စိတ်နှလုံးထဲမှာ ကျွန်မရဲ့ ပုံရိပ်နဲ့ အဆင့်အတန်းကို ဆုံးရှုံးရမဲ့အစား ကိုယ့်တာဝန်တွေနဲ့ ဝတ္တရားတွေကို စွန့်လွှတ်ဖို့ ပိုလိုလားခဲ့တယ်။ တာဝန်တွေနဲ့ သမ္မာတရားထက် ကျွန်မရဲ့ သိက္ခာကို ပိုတန်ဖိုးထားမှန်း၊ ပြီးတော့ ကျွန်မရဲ့ ဒီအခြေအနေကို မပြောင်းလဲရင် အဆုံးမှာ ဘာမှရလိုက်မှာ မဟုတ်မှန်း ကျွန်မ သဘောပေါက်လိုက်တယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်ခဲ့တယ်။ “ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို သင် မည်သို့ သဘောထားပြုမူသင့်သည်မှာ အလွန်အရေးကြီးပေသည်။ ဤသည်မှာ အလွန်ကြီးလေးသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ ဘုရားသခင်က သင့်ကို အပ်နှံသည့်အရာကို သင် မပြီးမြောက်နိုင်ပါက သင်သည် ကိုယ်တော်၏ မျက်မှောက်တော်တွင် အသက်ရှင်ရန် မထိုက်တန်သည့်အပြင် သင့်အား အပြစ်ဒဏ်ပေးခြင်းကို လက်ခံသင့်သည်။ လူသားများက ဘုရားသခင် ၎င်းတို့အား အပ်နှံသော တာဝန်ပေးစေခိုင်းချက်များကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းသည် လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတပေသည်။ ဤသည်မှာ လူ၏ အမြင့်ဆုံးသော တာဝန်ဖြစ်ပြီး သူ၏ အသက်နှင့်ပင် ထပ်တူအရေးကြီးသည်။ သင်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို ပေါ့ပေါ့တန်တန် သဘောထားပါက ဤသည်မှာ ဘုရားသခင်ကို အဆိုးရွားဆုံး သစ္စာဖောက်ခြင်းပင် ဖြစ်သည်။ ဤသို့ဖြင့် သင်သည် ယုဒထက် ပို၍ ကြေကွဲဝမ်းနည်းဖွယ်ကောင်းပြီး ကျိန်ခြင်းခံရထိုက်ပေသည်။ လူတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို မည်သို့ သဘောထားပြုမူရမည်ကို နှံ့စပ်သေချာသော နားလည်သဘောပေါက်မှု ရှိရမည်ဖြစ်ပြီး အနည်းဆုံးအနေဖြင့် ဘုရားသခင်က လူကို တာဝန်ပေးစေခိုင်းချက်များ အပ်နှံခြင်းသည် လူကို သူ၏ ချီးမြှောက်ခြင်းဖြစ်ကာ လူကို သူ အထူးကျေးဇူးပြုခြင်းဖြစ်ပြီး ယင်းမှာ ဘုန်းအသရေအရှိဆုံးသော အမှုအရာလည်း ဖြစ်ကြောင်းကို ၎င်းတို့သည် နားလည်ရမည်။ ပြီးလျှင် မိမိ၏ အသက်ပင် အပါအဝင် အခြားအရာအားလုံးကို စွန့်လွှတ်နိုင်သော်လည်း ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကိုမူ ပြီးမြောက်အောင် လုပ်ဆောင်ရမည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း) ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ခါတလဲလဲ ဆင်ခြင်မိတယ်။ ဒီနှုတ်ကပတ်တော်တွေမှာ တရားစီရင်ခြင်းတွေ ပါဝင်ပြီး ကျွန်မ စိတ်ဆင်းရဲရသလို အပြစ်ရှိသလို ခံစားခဲ့ရတယ်။ ကျွန်မရဲ့ သိက္ခာနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် ကျွန်မက အပြစ်ကိုဝန်ခံပြီး နုတ်ထွက်ခဲ့တယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် သတိပြုမိခြင်း ရှိတယ်လို့တောင် ကျွန်မ ထင်ခဲ့သေးတယ်၊ ဒါပေမဲ့ ဘုရားသခင်ရဲ့ မျက်မှောက်မှာတော့ ဒါရဲ့ သဘာဝက သစ္စာဖောက်ခြင်း ဖြစ်နေတယ်။ အသင်းတော်အလုပ်ကို ကာကွယ်ဖို့၊ တစ်ချိန်တည်းမှာပဲ သမ္မာတရားရဲ့ ကဏ္ဍအသီးသီးထဲ ဝင်ရောက်တာကို လေ့ကျင့်ဖို့အတွက် ခေါင်းဆောင်ဖြစ်လာမဲ့ အခွင့်အရေးကို အသင်းတော်က ကျွန်မကို ပေးခဲ့တာပါ။ ဒါက ဘုရားသခင် ကျွန်မကို ချီးမြှောက်တာဖြစ်သလို သူ ကျွန်မအပေါ် ထားရှိတဲ့ ဝန်တာလည်း ဖြစ်ပါတယ်။ ကျွန်မမှာ လူ့သဘာဝနဲ့ ဆင်ခြင်တုံတရား နည်းနည်းလောက် ရှိမယ်ဆိုရင်၊ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံး ရှိမယ်ဆိုရင် ကျွန်မ နုတ်ထွက်ချင်မှာ မဟုတ်သလို ဘုရားသခင်ကို သစ္စာဖောက်ချင်မှာ မဟုတ်ပါဘူး။ အလုပ်က ဘယ်လောက်ပဲ ခက်ခဲပါစေ ကျွန်မ ဆုတောင်းပြီး ဘုရားသခင်ကို မှီခိုအားထားမှာပါ၊ ကိုယ့်အစွမ်းအစရှိသရွေ့ တာဝန်တွေကို ဖြည့်ဆည်းဖို့ အကောင်းဆုံး ကြိုးစားမှာပါ၊ ပြီးတော့ အနည်းဆုံး အသင်းတော်အလုပ်ကို အထိခိုက်ခံမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မတာဝန်မှာ အခက်အခဲတွေ ကြုံရပြီး အလုပ်ထိခိုက်တဲ့အခါ အသင်းတော်အလုပ်ကို ကာကွယ်ဖို့ ပျက်ကွက်ရုံတင်မကဘဲ နောက်တွန့်ခဲ့တယ်။ ဝူဖန်က ခေါင်းဆောင်ဖြစ်တာ မကြာသေးလို့ အလုပ်နဲ့ မရင်းနှီးတာ၊ အသင်းတော်အလုပ်မှာ မဖြေရှင်းရသေးတဲ့ ပြဿနာတွေ အများကြီး ရှိနေသေးတာကို ကောင်းကောင်းသိလျက်နဲ့ ကျွန်မက နုတ်ထွက်ဖို့ ရွေးချယ်ခဲ့တယ်။ ကျွန်မရဲ့ အသိစိတ်က အလုပ်မလုပ်တော့မှန်း တွေ့လိုက်ရတယ်။ ဒါကို သဘောပေါက်ပြီးတော့ ကျွန်မ နောင်တရပြီး ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ သမီးရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအတိုင်း ဆက်ပြီး အသက်မရှင်ချင်တော့ပါဘူး။ သမီးတာဝန်မှာ ဘယ်လိုအခက်အခဲမျိုးပဲ ကြုံရပါစေ နုတ်ထွက်ဖို့ ဆန္ဒမရှိတော့ပါဘူး၊ ဒီတာဝန်ကို ထမ်းဆောင်နိုင်စွမ်း ရှိနေသရွေ့ ကိုယ်တော့်ကို မှီခိုပြီး ကောင်းကောင်းလုပ်ဆောင်သွားဖို့ ဆန္ဒရှိပါတယ်” ပေါ့။
အဲဒီနောက်မှာ ကျွန်မရဲ့ အားနည်းချက်တွေအပေါ် အခြေခံပြီး ဖြေရှင်းနည်းတွေကို စရှာဖွေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တယ်။ “ခေါင်းဆောင်တစ်ယောက်အနေဖြင့် အလုပ်များကို စီစဉ်ပေး၍ ပြီးသွားပြီးနောက်တွင် အလုပ်၏ တိုးတက်မှုကို နောက်ဆက်တွဲ လိုက်လုပ်ရမည် ဖြစ်သည်။ သင်သည် ဤအလုပ်နယ်ပယ်ကို မရင်းနှီးလျှင်ပင်၊ ဤကိစ္စနှင့်ပတ်သက်ပြီး မည်သည့်သိမြင်မှုမျှ မရှိလျှင်ပင် ထိုအလုပ်ကို လုပ်ဆောင်ရန် နည်းလမ်းရှာနိုင်သည်။ စိစစ်မှုကို ဆောင်ရွက်ပြီး အကြံပြုချက်များပေးရန် ယင်းကို အမှန်တကယ် နားလည်သဘောပေါက်သော၊ အဆိုပါ အတတ်ပညာကို နားလည်သောသူတစ်ဦးကို သင်ရှာဖွေနိုင်သည်။ သူတို့၏ အကြံပြုချက်များမှ သင့်တင့်လျောက်ပတ်သော စည်းမျဉ်းများကို သင် ရှာဖွေဖော်ထုတ်နိုင်သည်။ ဤသို့ဖြင့် သင်သည် အလုပ်ကို နောက်ဆက်တွဲ လိုက်လုပ်နိုင်လိမ့်မည်။ အဆိုပါ အတတ်ပညာနှင့် သင် ရင်းနှီးခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ယင်းကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ အနည်းဆုံးအနေဖြင့် သင်သည် ထိုအလုပ်ကို ဦးစီးဆောင်ရွက်ရမည်၊ နောက်ဆက်တွဲ လိုက်လုပ်ရမည်ဖြစ်ပြီး ယင်း၏ တိုးတက်မှုနှင့်ပတ်သက်၍ အဆက်မပြတ် စုံစမ်းခြင်းနှင့် မေးခွန်းများ မေးခြင်းတို့ကို ပြုလုပ်ရမည်။ ထိုသို့သော ကိစ္စများကို နားလည်သဘောပေါက်မှုအား သင်ထိန်းသိမ်းထားရမည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။ ယင်းသည် သင့်အလုပ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၄)) ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေဟာ လက်တွေ့ကျတဲ့အလုပ်ကို ဘယ်လိုလုပ်သင့်တယ်ဆိုတာနဲ့ပတ်သက်ပြီး လက်တွေ့လုပ်ဆောင်ရမဲ့ လမ်းကြောင်းအတိအကျကို ဘုရားသခင်က မိတ်သဟာယပြုပေးထားပါတယ်။ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေဟာ အလုပ်မှာ တကယ်ပါဝင်ဖို့၊ ညီအစ်ကိုမောင်နှမတွေရဲ့ အလုပ်က ဘာလို့ ထိရောက်မှုမရှိတာလဲဆိုတဲ့ အကြောင်းရင်းတွေကို စစ်ဆေးဖို့၊ ဖြေရှင်းနည်းတွေရဖို့ ဆွေးနွေးမှုတွေမှာ ပါဝင်ဖို့ လိုအပ်ပါတယ်၊ အလုပ်ကို အကောင်အထည်ဖော်ရုံသက်သက်၊ ဒါမှမဟုတ် သူတို့တွေ့တဲ့ ပြဿနာတွေအပေါ် ရိုးရိုးရှင်းရှင်း မိတ်သဟာယပြုပေးရုံနဲ့ ပြီးပြီလို့ မှတ်ယူလို့ မရပါဘူး။ ဒီပြဿနာတွေရဲ့ နောက်ကွယ်က အကြောင်းရင်းတွေကို ခွဲခြားသိမြင်ဖို့နဲ့ အသေးစိတ် နောက်ဆက်တွဲလုပ်ဖို့လည်း လိုပါတယ်။ တကယ်လို့ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေနဲ့ဆိုင်တဲ့ ပြဿနာဆိုရင် အဲဒါကို ဖြေရှင်းဖို့ သမ္မာတရားကို တကယ် မိတ်သဟာယပြုပေးရပါမယ်၊ တကယ်လို့ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ပြဿနာဆိုရင် ဖြေရှင်းနည်းတွေ ရှာတွေ့ဖို့ ညီအစ်ကိုမောင်နှမတွေနဲ့အတူ အနှစ်ချုပ်ပြီး လေ့လာသင်ယူဖို့ လိုပါတယ်။ အရင်တုန်းကတော့ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေနဲ့ ပတ်သက်တဲ့အလုပ်ကို ကျွန်မ နားမလည်ဘူးလို့ ထင်ပြီး ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေကို ဖြေရှင်းဖို့ မိတ်သဟာယပြုပေးရုံနဲ့ လုံလောက်ပြီလို့ ထင်ခဲ့တာ။ ဒါပေမဲ့ အခြေအနေတွေကို မိတ်သဟာယပြုပေးရုံနဲ့ တကယ့် ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး၊ အလုပ်ကလည်း ဘာရလဒ်မှ ထွက်လာမှာမဟုတ်ဘူးဆိုတော့ အဲဒါက လမ်းလွဲနေမှန်း အခုမှ သဘောပေါက်လာတယ်။ ဒါက ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေအနေနဲ့ ဖြေရှင်းနည်းတွေရှာဖို့ ညီအစ်ကိုမောင်နှမတွေနဲ့ ညီညီညွတ်ညွတ် အလုပ်လုပ်ဖို့၊ ဆီလျော်တဲ့ စည်းမျဉ်းတွေကို ရှာဖွေပြီး မိတ်သဟာယပြုဖို့နဲ့ အတူတကွ ဝင်ရောက်ဖို့ လိုအပ်ပါတယ်။ ဒါတွေကို နားလည်သွားတော့ ကျွန်မအခြေအနေ တိုးတက်လာတယ်။ နောက်သုံးလေးရက်မှာ အထက်ခေါင်းဆောင်ကလည်း မိတ်သဟာယပြုပေးပြီး ကူညီပေးခဲ့တယ်၊ နောက်ဆုံးမှာ အသင်းတော်က ကျွန်မနုတ်ထွက်တာကို လက်မခံခဲ့ပါဘူး။ ကျွန်မက အရမ်းပုန်ကန်ခဲ့ပေမဲ့ ဘုရားအိမ်တော်က ကျွန်မကို အခွင့်အရေးပေးထားတုန်းပဲဆိုတာ တွေ့လိုက်ရတော့ ဘုရားသခင်ကို အရမ်းအကြွေးတင်သလို ခံစားရပြီး တာဝန်တွေအပေါ်ထားတဲ့ အရင်က သဘောထားကို ပြောင်းလဲဖို့နဲ့ အလုပ်ကို ကောင်းကောင်းစလုပ်ဖို့ ဆန္ဒရှိခဲ့တယ်။ အဲဒီနောက်ပိုင်း အလုပ်မှာ ပြဿနာတွေ ပေါ်လာတဲ့အခါ ညီအစ်ကိုမောင်နှမတွေနဲ့ ဆွေးနွေးပြီး ဆက်သွယ်ပြောဆိုတယ်၊ တကယ်လို့ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ပြဿနာဆိုရင် ညီအစ်ကိုမောင်နှမတွေဆီက အကြံဉာဏ်တွေ တောင်းခံပြီး ရှာဖွေတယ်၊ ပြီးတော့ တာဝန်မှာရှိတဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး လေ့လာသင်ယူဖို့ စည်းမျဉ်းတွေနဲ့ ဆီလျော်တဲ့ အတတ်ပညာပိုင်းဆိုင်ရာ ဗဟုသုတတွေကိုလည်း တကယ်ရှာဖွေခဲ့တယ်။ ခဏကြာတော့ ညီအစ်ကိုမောင်နှမတွေ သူတို့တာဝန်မှာ ရတဲ့ရလဒ်တွေက အတော်အတန် တိုးတက်လာတယ်။
နောက်ပိုင်းမှာ ညီအစ်ကိုမောင်နှမတွေနဲ့ မိတ်သဟာယပြုခြင်းအားဖြင့် ကျွန်မနုတ်ထွက်ချင်ရတဲ့ အကြောင်းရင်းတွေကို ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်လာတယ်။ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်တယ်။ “လူတို့သည် မိမိတို့ကိုယ်ကို အလွန်စုံလင်သည် အလွန်ဂုဏ်ရှိသည်၊ အလွန်မြင့်မြတ်သည် သို့မဟုတ် အခြားသူများနှင့် အလွန်ကွဲပြားခြားနားသည်ဟု မတွေးထင်သင့်ပေ။ ဤအရာအားလုံးသည် လူသား၏ မာနထောင်လွှားသော စိတ်သဘောထားနှင့် မသိနားမလည်ခြင်းတို့အားဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ မိမိကိုယ်ကို အများနှင့်မတူဟု အစဉ်တွေးထင်ခြင်းဟူသည်မှာ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုက ဖြစ်စေသည်။ မိမိတို့၏ အားနည်းချက်များကို ဘယ်သောအခါမျှ လက်မခံနိုင်ခြင်းနှင့် မိမိတို့၏ အမှားများနှင့် ကျရှုံးမှုများကို ဘယ်သောအခါမျှ ရင်မဆိုင်နိုင်ခြင်းသည် မာနထောင်လွှားသော စိတ်သဘောထားမှ အရင်းခံ၏။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ကျင့်ကြံပြုမူခြင်းတွင် လမ်းပြသင့်သည့် စည်းမျဉ်းများ) “မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူသောလူတို့သည် မကြာခဏ ဤသို့ဖြစ်ကြ၏။ ဖြေရှင်းချက်များအတွက် စိတ်မရှည်မဖြစ်ဖို့ ဘုရားသခင်က ပြောသည်။ သမ္မာတရားကို ရှာဖွေပြီး စည်းမျဉ်းများဖြင့် ပြုမူဆောင်ရွက်ရန် သူ ပြောသော်လည်း မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူသောလူတို့သည် ဘုရားသခင်၏ ဤတောင်းဆိုချက်များကို သေချာစွာ စဉ်းစားခြင်း မရှိချေ။ ထိုအစား ဟုန်းခနဲဖြစ်သော ခွန်အားနှင့် အားအင်ဖြင့် အမှုအရာများကို ပြီးမြောက်ရန်၊ သပ်ရပ်ပြီး လှပသည့် နည်းလမ်းဖြင့် အမှုအရာများကို လုပ်ဆောင်ရန်နှင့် မျက်တောင်တစ်ခတ်တွင် အခြားလူတိုင်းထက် သာလွန်ရန် မရမက ကြိုးစားကြလေသည်။ ၎င်းတို့သည် မဟာလူသားများ ဖြစ်လိုကြပြီး သာမန်လူသားဖြစ်ရန် ငြင်းပယ်ကြသည်။ ဤသည်မှာ လူအတွက် ဘုရားသခင် စီစဉ်ထားသည့် သဘာဝနည်းဥပဒေသများနှင့် ဆန့်ကျင်နေသည် မဟုတ်ပါလား။ (ဟုတ်ပါသည်။) ၎င်းတို့သည် သာမန်လူများ မဟုတ်သည်မှာ သိသာထင်ရှားပေသည်။ ပုံမှန် လူ့သဘာဝ ကင်းမဲ့ကြပြီး အလွန် မာနထောင်လွှားကြသည်။ ပုံမှန်လူသဘာဝနယ်ပယ်အတွင်းရှိ လူသားမျိုးနွယ်အတွက် ဘုရားသခင် ပြင်ဆင်သတ်မှတ်သည့် တောင်းဆိုချက်များကို အလေးမထားကြချေ။ ပုံမှန် လူ့သဘာဝရှိသူများက ရယူနိုင်သည့် လူသားမျိုးနွယ်အတွက် ဘုရားသခင် စီစဉ်ထားသော စံနှုန်းများကို ၎င်းတို့ အလေးမထားကြချေ။ ထို့ကြောင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ၎င်းတို့ မထီမဲ့မြင်ပြုပြီး ‘ဘုရားသခင်၏ တောင်းဆိုချက်များက အလွန်နိမ့်ကျသည်။ ဘုရားသခင်ကို ယုံကြည်သူများသည် အဘယ်သို့ သာမန် လူများဖြစ်နိုင်မည်နည်း။ သူတို့သည် သာမန်ထက် ထူးကဲသောသူများ၊ သာမန်လူများထက် ကျော်လွန်ပြီး သာလွန်သောသူများ ဖြစ်ရမည်။ သူတို့သည် ကြီးမြတ်ပြီး ကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်ရမည်’ဟု တွေးကြသည်။ ဘုရားနှုတ်ကပတ်တော်များက မှန်ကန်ပြီး သမ္မာတရား ဖြစ်သော်လည်း ထူးခြားမှုမရှိသကဲ့သို့ သာမန်ဖြစ်လွန်းသည်ဟု တွေးလျက် ဘုရားနှုတ်ကပတ်တော်များကို အလေးမထားကြပေ။ ထို့ကြောင့် သူ၏ နှုတ်ကပတ်တော်များကို လျစ်လျူရှုပြီး အထင်သေးကြလေသည်။ သို့ရာတွင် လူတို့ လိုက်နာပြီး လက်တွေ့လုပ်ဆောင်သင့်သည့် စည်းမျဉ်းများနှင့် လမ်းကြောင်းများကို ဘုရားသခင် ညွှန်ပြသည်မှာ အတိအကျအားဖြင့် မဟာလူသားနှင့် ကြီးမြတ်သည့် ပုဂ္ဂိုလ်တို့က အလွန်မထီမဲ့မြင်ပြုသည့် ဤပုံမှန်ဖြစ်ပြီး သာမန်ဖြစ်သော စကားများဖြင့် ဖြစ်၏။ ဘုရားနှုတ်ကပတ်တော်များက အလွန် ရိုးသားစစ်မှန်သည်၊ ဓမ္မဓိဋ္ဌာန်ကျပြီး လက်တွေ့ကျသည်။ လူတို့အပေါ် မြင့်မားသည့် တောင်းဆိုချက်များ လုံးဝ မထားပေ။ ထိုနှုတ်ကပတ်တော်များသည် လူတို့ နားလည်နိုင်ပြီး လုပ်ဆောင်နိုင်သင့်သည့် အရာအားလုံး ဖြစ်သည်။ လူတို့အနေဖြင့် ပုံမှန် ဆင်ခြင်တုံတရားရှိသရွေ့ ၎င်းတို့အနေဖြင့် စိတ်ကူးယဉ်ရန် မကြိုးစားသင့်သကဲ့သို့ ထိုအစား ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေစိတ်ထားဖြင့် လက်ခံသင့်သည်၊ မိမိတို့တာဝန်များကို ကောင်းစွာ ထမ်းဆောင်သင့်သည်၊ ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်သင့်ပြီး သမ္မာတရားကို မိမိတို့ အပြုအမူနှင့် လုပ်ဆောင်ချက်များ၏ စည်းမျဉ်းအဖြစ် သဘောထားသင့်သည်။ ၎င်းတို့အနေဖြင့် အလွန်အကျွံ ရည်မှန်းချက်မကြီးသင့်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ နုတ်ထွက်ချင်တဲ့ဆန္ဒက ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကြောင့်ဆိုတာ သဘောပေါက်လိုက်တယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် သာမန်လူတစ်ယောက်ရဲ့ နေရာမှာ မထားဘဲ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းခဲ့တာ။ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ခေါင်းဆောင်အဖြစ် ရွေးလိုက်တာက လူတိုင်း ကျွန်မကို အကောင်းမြင်ကြတယ်လို့ ညွှန်ပြနေတယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့် ကိုယ်အရည်အချင်းရှိတယ်ဆိုတာ သက်သေပြဖို့နဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ ချီးကျူးတာကို ခံရဖို့ တာဝန်တွေကို ကောင်းကောင်းလုပ်ချင်ခဲ့တယ်။ ဒါပေမဲ့ မအောင်မြင်တဲ့အခါ ကျွန်မရဲ့ အားနည်းချက်တွေနဲ့ လိုအပ်ချက်တွေကို ထိပ်တိုက် ရင်မဆိုင်နိုင်ခဲ့ဘူး။ ကိုယ့်ကျရှုံးမှုတွေကို မှန်မှန်ကန်ကန် ရင်ဆိုင်ဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်ခဲ့ဘူး။ ခေါင်းဆောင်စဖြစ်တုန်းက သူများတွေ ကျွန်မကို လေးစားအားကျအောင် လုပ်နိုင်ဖို့ အလုပ်မှာ ထူးချွန်ချင်ခဲ့တာ၊ ဒါပေမဲ့ ခဏကြာတော့ စည်းမျဉ်းတွေကို အပြည့်အဝ သဘောမပေါက်သေးဘဲ အလုပ်မှာ ပြဿနာတွေ ဆက်တိုက်ပေါ်လာခဲ့တယ်။ ဒါကြောင့် ကျွန်မ လုံးဝကို မလုံလောက်နေသလို ခံစားရတယ်။ အထူးသဖြင့် ကျိုးယွင် တာဝန်ပြောင်းသွားပြီးတဲ့နောက်မှာ အလုပ်တွေအများကြီး လုပ်နေပေမဲ့ ကျွန်မအလုပ်မှာ ပြဿနာတွေ၊ လမ်းလွဲနေတာတွေနဲ့ ပြည့်နေတုန်းပဲဆိုတာ တွေ့လိုက်ရတယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်မအလုပ်ကို အသိအမှတ်မပြုရုံတင်မကဘဲ ခေါင်းဆောင်တွေကတောင် ကျွန်မအလုပ်မှာ လမ်းလွဲနေတာတွေ၊ ပြဿနာတွေကို ထောက်ပြကြတယ်။ ကျွန်မမှာ အလုပ်လုပ်နိုင်စွမ်းနဲ့ အစွမ်းအစ လိုအပ်နေတယ်လို့ ခံစားရတာကြောင့် လက်မြှောက်အရှုံးပေးပြီး နုတ်ထွက်ဖို့ ကြိုးစားခဲ့တယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းပြီး ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်တာဝန်တွေမှာ ကျရှုံးတာတွေ၊ လမ်းလွဲတာတွေ ရှိလို့မဖြစ်ဘူး၊ မဟုတ်ရင် ခေါင်းဆောင်တာဝန်တွေကို ထမ်းဆောင်နေတာ မဟုတ်ဘဲ ပြဿနာရှာနေတာ၊ ဆင်ခြင်တုံတရား ကင်းမဲ့တာလို့ ထင်ခဲ့တယ်ဆိုတာကို ကျွန်မ တွေ့ခဲ့ရပါတယ်။ သာမန်လူတစ်ယောက်မှာ အားနည်းချက်တွေ၊ တာဝန်မှာ မအောင်မြင်နိုင်တဲ့အရာတွေ ရှိတာက ရှောင်လွှဲမရပါဘူး၊ ဒါက ဘုရားသခင်ရဲ့ အမြင်မှာ လုံးဝ ပုံမှန်ပါပဲ။ ဘာကြောင့်လဲဆိုရင် လူသားတွေက ပုံမှန်လူတွေသာဖြစ်ပြီး ဘုရားသခင် သတ်မှတ်ထားတဲ့ ပုံမှန်လူ့သဘာဝရဲ့ နယ်ပယ်ကို မကျော်နိုင်တာကြောင့်ပါ။ အရင်က ကျွန်မဟာ တာဝန်တစ်မျိုးတည်းရှိတဲ့ အလုပ်ကိုပဲ လုပ်ခဲ့ပြီး အသင်းတော်အလုပ် အားလုံးနဲ့ မပတ်သက်ခဲ့ပါဘူး။ အဲဒီအပြင် ကျွန်မရဲ့ သာမန်အစွမ်းအစနဲ့ ပေါင်းလိုက်တော့ အသင်းတော်တာဝန်အမျိုးမျိုးအတွက် စည်းမျဉ်းတွေထဲ ဝင်ရောက်ဖို့ နှေးကွေးခဲ့တယ်၊ ဒါကြောင့် ကျွန်မတာဝန်တွေမှာ လမ်းလွဲတာတွေ၊ အားနည်းချက်တွေ ပေါ်လာတာ ပုံမှန်ပါပဲ။ ညီအစ်ကိုမောင်နှမတွေက ဒါတွေကို ထောက်ပြတဲ့အခါ ဒါက ကျွန်မ စည်းမျဉ်းတွေထဲ ဝင်ရောက်သင့်တဲ့ အချိန် အတိအကျပဲ၊ ဒါပေမဲ့ ကျွန်မက မှန်မှန်ကန်ကန် သဘောမထားနိုင်ခဲ့ဘူး။ ကျွန်မအလုပ်မှာ ပြဿနာတွေ၊ လမ်းလွဲတာတွေ ပေါ်လာတိုင်း ဒါတွေက ကျွန်မရဲ့ အလုပ်လုပ်နိုင်စွမ်းကို ငြင်းပယ်ခြင်းဖြစ်တယ်လို့ မြင်ခဲ့တယ်။ ဒီအပြုအမူတွေကို ပြန်သုံးသပ်ကြည့်လိုက်တော့ ကျွန်မဟာ တကယ်ပဲ မာနထောင်လွှားပြီး မသိနားမလည်ဘဲ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းခဲ့မှန်း သဘောပေါက်လိုက်တယ်။ ကျွန်မရဲ့ အဆိုးဝါးဆုံး အားနည်းချက်ကတော့ အရမ်း မာနထောင်လွှားနေတာပါပဲ၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် မသိခဲ့ဘူး။ ညီအစ်ကိုမောင်နှမတွေက လမ်းပြပေးပေမဲ့ ကျွန်မ လက်မခံခဲ့ဘူး၊ ကိုယ့်ကိုယ်ကိုယ် သာမန်လူတစ်ယောက်အနေနဲ့ လုံးဝ သဘောမထားခဲ့ဘူး။ ကျွန်မမှာ ဆင်ခြင်တုံတရား လုံးဝ ကင်းမဲ့နေခဲ့တာကို တွေ့လိုက်ရတယ်။
အချိန်ခဏလောက် ကြာပြီးတဲ့နောက်မှာ ကျွန်မ တာဝန်ယူလုပ်တဲ့ ဗီဒီယိုရလဒ်တွေက သိပ်မကောင်းဘူးဖြစ်နေတော့ အထက်ခေါင်းဆောင်က ပြဿနာတချို့ကို ထောက်ပြတယ်။ အလုပ်မှာ ဖော်ထုတ်ခံရတဲ့ ပြဿနာတွေကို ကျွန်မမြင်တော့ ကိုယ့်ဘာသာ တွေးမိတယ် “ခေါင်းဆောင်က ငါ့ကို ဘယ်လိုထင်မလဲ။ ငါက စည်းမျဉ်းတွေနဲ့အညီ အလုပ်ကို မကြီးကြပ်နိုင်ဘူး၊ တကယ့်အလုပ်ကို မလုပ်ဘူးလို့ သူ သေချာပေါက် ပြောမှာပဲ” ပေါ့။ ဒါပေမဲ့ ကျွန်မ သိပ်ပြီး စိတ်မကျဉ်းကျပ်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ခေါင်းဆောင်က ကျွန်မတာဝန်မှာရှိတဲ့ အားနည်းချက်တွေ၊ လိုအပ်ချက်တွေကို ထောက်ပြပေးတာဟာ ကျွန်မ တာဝန်ကောင်းကောင်းထမ်းဆောင်နိုင်ဖို့ အကူအညီတစ်ခုပဲဆိုတာ နားလည်ခဲ့လို့ ဒီကိစ္စတွေကို မှန်မှန်ကန်ကန် ချဉ်းကပ်နိုင်ခဲ့တယ်။ အဲဒီနောက်ပိုင်း ခေါင်းဆောင် ထောက်ပြတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်မဟာ ဆက်စပ်မှုရှိတဲ့ နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတတွေကို အတူတူလေ့လာခဲ့ကြတယ်၊ ပြီးတော့ ဗီဒီယိုမှာရှိတဲ့ ပြဿနာတွေကို တကယ် ခွဲခြမ်းစိတ်ဖြာပြီး အနှစ်ချုပ်ခဲ့ကြတယ်။ ဒီလိုမျိုး အမှန်တကယ် ပူးပေါင်းဆောင်ရွက်မှုက အလုပ်မှာရှိတဲ့ ပြဿနာတချို့နဲ့ လမ်းလွဲနေတာတွေကို ပြုပြင်ဖို့ ကူညီပေးခဲ့ပြီး ညီအစ်ကိုမောင်နှမတွေလည်း သူတို့တာဝန်တွေမှာ ဦးတည်ချက်တချို့ ရလာခဲ့ကြတယ်။ ဒီအတွေ့အကြုံကနေတစ်ဆင့် အခက်အခဲတွေကို ရှောင်လွှဲတာက ပြဿနာဖြေရှင်းနည်း မဟုတ်ဘူးဆိုတာ၊ သမ္မာတရားကို ရှာဖွေပြီး စည်းမျဉ်းတွေကို သဘောပေါက်အောင် သင်ယူဖို့က အရေးကြီးတယ်ဆိုတာ၊ ပြီးတော့ စည်းမျဉ်းတွေနဲ့အညီ တာဝန်ထမ်းဆောင်မှသာ အလုပ်က ရလဒ်ထွက်မယ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ အခု ကျွန်မ စိတ်သက်သာရာရသွားပြီ၊ ဘုရားသခင်ရဲ့ လမ်းပြမှုအတွက် ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ကျွန်မ ဒီနှစ် ဇွန်လမှာ ခေါင်းဆောင်တစ်ယောက်အဖြစ် စပြီး အစေခံခဲ့တယ်။ မကောင်းမှုပြုသူတွေ၊ မယုံကြည်သူတွေနဲ့ အန္တိခရစ်တွေကို အသင်းတော်ကနေ...
ဉယားဒီ ပြင်သစ်နိုင်ငံ ၂၀၂၁ ခုနှစ်မှာ အသင်းတော် ခေါင်းဆောင်အနေနဲ့ ကျွန်မ အရွေးခံခဲ့ရတယ်။ ရေလောင်းတဲ့အလုပ်နဲ့ ပတ်သက်လို့ ကျွန်မ အတန်ကြာ...
ယုံကျစ် ကိုးရီးယားနိုင်ငံ အရင်မတ်လတုန်းက အသင်းတော်ရဲ့ ဗီဒီယိုအလုပ်ကို ကျွန်တော် ဦးဆောင်ရတယ်။ ဒီတာဝန်မှာ ကျွန်တော်က လူသစ်ဆိုတော့...
ကျင့်ခေါက် အမေရိကန်နိုင်ငံ၂၀၂၀ ခုနှစ် နွေရာသီမှာ အစ်မဝမ်နဲ့ ကျွန်မက အဆင့်မီ ဗီဒီယိုတွေကို ဆေးရောင်ခွဲဖို့ အတူလုပ်ကြတယ်။ ကျွန်မက...