ဘုရားနှုတ်ကပတ်တော်များကို အခြေခံ၍ လူတို့ကို ပိုင်းခြားသိမြင်ခြင်း

17.10.2024

အခုရက်ပိုင်းမှာ ကျွန်မကို ကြီးကြပ်တဲ့သူဖြစ်တဲ့ မင်းဂျေးဆီကနေ ကျွန်မကြားရတယ်။ လီပင်းက သမ္မာတရားကို လက်မခံဘူး၊ လူတွေ၊ ကိစ္စတွေကို အရမ်းစိစစ်လွန်းပြီး အသင်းတော်အသက်တာကို နှောင့်ယှက်တယ်၊ ညီအစ်ကိုမောင်နှမတွေက သူနဲ့ မိတ်သဟာယပြုပြီး ကူညီပေမဲ့ သူက လမ်းကြောင်းမပြောင်းသေးဘူးတဲ့။ မင်ဂျေးက လီပင်းအကြောင်း ဆန်းစစ်ချက်တစ်ခု ကျွန်မကို ရေးခိုင်းတယ်။ ကျွန်မ နည်းနည်း အံ့ဩသွားတယ်။ လီပင်းက ဒီအဆင့်ကို ရောက်မယ်လို့ ကျွန်မ မမျှော်လင့်ခဲ့ဘူး။ အစမှာ၊ လက်ခံဖို့ ကျွန်မအတွက် ခက်ခဲခဲ့တယ်။ လီပင်းရဲ့ မိသားစုက သခင့်ကို မျိုးဆက်နဲ့ချီ ယုံကြည်နေခဲ့ကြတာလေ။ သူက ဆယ်ကျော်သက်အရွယ်မှာ အသင်းတော်ထဲမှာ သခင့်ကို အစေခံခဲ့ပြီး၊ ဘုရားအမှုတော်ရဲ့ ဒီအဆင့်ကို နှစ်နှစ်ဆယ်ကျော် လက်ခံခဲ့ပြီးပြီ။ အခု သူက အသက် ၅၀ နည်းနည်းကျော်နေပြီးတော့အိမ်ထောင်မကျသေးဘူး။ သူ့ကိုယ်သူ စွန့်လွှတ်ပြီး အသုံးခံတာ၊ ချုပ်တည်းတာ ကျင့်သုံးပြီး ဆင်းရဲဒုက္ခကို သည်းခံတာတွေက ဘုရားကို စစ်မှန်တဲ့ ယုံကြည်ခြင်းနဲ့ တူတယ်။ အခု၊ လူတွေ၊ ကိစ္စတွေကို သူက အလွန်အကျွံ စိစစ်တာကို အခြေခံပြီး သူ့ကို မယုံကြည်သူအနေနဲ့ သတ်မှတ်တာ ခံရတယ်။ ဒါက နည်းနည်း ပြင်းထန်လွန်းမနေဘူးလား။ အရင်က လီပင်းနဲ့ ကျွန်မ ဆက်ဆံခဲ့ရတဲ့ အချိန်ကို ပြန်တွေးကြည့်တဲ့အခါ၊ သူ့ရဲ့ လူ့သဘာဝက မကောင်းတဲ့ပုံမပေါ်ခဲ့ဘူး။ ပြဿနာတွ ပေါ်တဲ့အခါ အမှားအမှန်နဲ့ပတ်သက်လို့ သူ ငြင်းခုံတာပဲရှိခဲ့တယ်။ ဒီလိုလူတွေကို အသင်းတော်ထဲမှာ နေပြီး အလုပ်လုပ်ရဖို့ အခွင့်အရေးပေးသင့်တယ်မဟုတ်လား။ နောက်ပိုင်းမှာ လီပင်းရဲ့ မပြောင်းလဲတဲ့ အပြုအမူကို အခြေခံပြီး သူဟာ မယုံကြည်သူလို့ သတ်မှတ်ထားပြီးသားဖြစ်တယ်လို့ မင်ဂျေးပြောတာ ကြားရတယ်။ ကျွန်မက လီပင်းအကြောင်းကို ဘာကြောင့်မသိနိုင်သလဲဆိုတာကို မြင်အောင် ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်ဖို့လည်း သူက အသိပေးပြီး ဒါကို ဖြေရှင်းဖို့ သမ္မာတရားကိုရှာဖို့ ပြောတယ်။

နောက်ပိုင်းမှာ ကိုယ့်ရဲ့ ကြိုးစားမှုနဲ့ ဒီပြဿနာကို သတိရှိရှိ ဖြေရှင်းပြီး၊ လီပင်းနဲ့ ကျွန်မ ဆက်ဆံခဲ့ကြတဲ့ အချိန်တွေအားလုံးကို ပြန်တွေးခဲ့တယ်။ ၂၀၁၉ မှာ၊ လီပင်းနဲ့ ကျွန်မက ကျွန်မတို့တာဝန်ကို လုပ်ဖို့ အတူတွဲဖက်ခဲ့ကြတယ်။ အဲဒီတုန်းက၊ ကျွန်မတို့ အဖွဲ့ထဲက ညီအစ်မတစ်ယောက်ဖြစ်တဲ့ ယင်စင်းက လီပင်းနဲ့ အတူ ကောင်းကောင်း မလုပ်ခဲ့ဘူး။ ယင်စင်းက အဲဒါနဲ့ပတ်သက်လို့ လီပင်းနဲ့ စကားပြောချင်ခဲ့ပေမဲ့ လီပင်းက လက်မခံခဲ့ဘူး။ ယင်စင်းက အတော်ကလေး အပျက်သဘောဆောင်လာပြီး၊ ခေါင်းဆောင်က သူနဲ့ လီပင်းရဲ့ အခြေအနေတွေကို မေးတော့ နှစ်ယောက်လုံးက အတူတွဲပြီး ကောင်းကောင်း မလုပ်ကြဘူးလို့ ယင်စင်းက မှန်မှန်ကန်ကန် ပြောခဲ့တယ်။ ယင်စင်း ဒီလိုပြောတာက သူ့ရဲ့ ဂုဏ်သတင်းကို ထိခိုက်တယ်လို့ လီပင်း တွေးခဲ့ပြီး၊ ယင်စင်းအပေါ် ပြင်းပြင်းထန်ထန် မလိုမုန်းထားစိတ်ရှိလာခဲ့တယ်။ နောက်ပိုင်းမှာ၊ သူက အဖြစ်မှန်တွေကို မလိမ့်တစ်ပတ်လုပ်ပြီး၊ ယင်စင်းက အဖွဲ့ကနေ သူ့ကို ထုတ်ဖို့ ကြိုးစားတဲ့အနေနဲ့ သူ့အပေါ် မကျေနပ်ချက်ကို တမင်တိုင်တာလို့ပြောခဲ့တယ်။ စုဝေးပွဲမတိုင်ခင်မှာ၊ ကျွန်မတို့ အခြေအနေတွေနဲ့ပတ်သက်လို့ အရင်ဆွေးနွေးပြီးတော့ အဲဒီအခြေအနေတွေအရ ဘုရားနှုတ်ကပတ်တော်တွေကို အာရုံစိုက်ဖတ်တာ လုပ်ဖို့ ယင်စင်းက အကြံပေးတယ်။ လီပင်းက ယီစင်းအနေနဲ့ သူ့ကို ပစ်မှတ်ထားနေပြီး အသက်ဝင်ရောက်မှုကို သူ လုံလုံလောက်လောက် အာရုံမစိုက်ဘူးဆိုပြီး ပြောနေတာပဲလို့တွေးခဲ့တယ်။ ဒါကြောင့် သူက အဲဒီအတွက် အချိန်မလောက်ဘူးလို့ ဒေါသတကြီး ပြောတယ်။ ပြီးတော့ ပြန်ဆန်းစစ်တဲ့ အစည်းအဝေးလည်း ရှိတယ်။ အဲဒီမှာ ယင်စင်းက အသင်းတော်အလုပ်ရဲ့ ရလဒ်တွေက လတ်တလော ကျနေတယ်လို့ ပြောပြီး၊ ဒါရဲ့နောက်ကွယ်က အကြောင်းရင်းတွေကို ရှာဖို့ ကျွန်မတို့အားလုံးကို အသိပေးတယ်။ ထပ်ပြီး လီပင်းက ဒါဟာ သူနဲ့ပတ်သက်တာပဲလို့ တွေးပြီး၊ စိတ်မြန်လက်မြန် ပြောလိုက်တယ်။ “ကျွန်မ မတော်ဘူးလို့ ထင်ရင်၊ အထက်လူကြီးဆီ ကျွန်မကို တိုင်ပြီး ပြောင်းရွှေ့ခိုင်းလိုက်ပါ”တဲ့။ သူနဲ့ ကျွန်မတို့ အချိန်ယူ မိတ်သဟာယပြုပြီး၊ အလုပ်ကိစ္စကို ပုံမှန် မဆွေးနွေးနိုင်ခဲ့ကြဘူး။ အဲဒီအချိန်မှာ၊ ညီအစ်မ လျူဝန်က အဖွဲ့ထဲဝင်တာ မကြာသေးသလို၊ သူ့အလုပ်မှာ အခက်အခဲနဲ့ ပြဿနာတွေ ပေါ်လာတဲ့အခါ၊ သူက ခဏခဏ ယင်စင်းနဲ့ တိုင်ပင်တယ်။ လျူဝန်က ယင်စင်းကကို အထင်ကြီးတာကို လီပင်းက မြင်တယ်။ ဒီတော့ လီပင်းက လျူဝန်ဆီမှာ ယင်စင်းက သူ့ကို သိမ်းသွင်းဖို့ လျို့ဝှက်တဲ့ နည်းလမ်းတချို့ကို သုံးနေတယ်လို့ မျက်နှာချင်းဆိုင်ပြောပြီး ယင်စင်းကို ဖယ်ကြဉ်ဖို့ ပြောတယ်။ လျူဝန်က ဒါကို ကြားတော့ အရမ်းဒေါသထွက်ပြီး စငိုတယ်။ လီပင်းနဲ့အတူ အလုပ်လုပ်ဖို့ မလွယ်ဘူးလို့ သူခံစားရပြီး သူ့တာဝန်ကို ဒီနေရာမှာ မလုပ်ချင်တော့ဘူး။ လီပင်းက သူ့ကိုယ်သူ မသုံးသပ်ခဲ့ရုံမက၊ လျူဝန် ထွက်သွားချင်ရင် သူ့သဘောပဲလို့တောင် ပြောတယ်။ တစ်ခါတလေ၊ အခန်းထဲမှာ အလုပ်ကိစ္စ ကျွန်မတို့ အတူဆွေးနွေးကြပြီး၊ လီပင်းက သင်္ကာမကင်းဖြစ်တယ်။ သူ့နောက်ကွယ်မှာ သူ့ရဲ့ မကောင်းကြောင်းကို ပြောနေကြတယ်လို့ ထင်တယ်။ ဒါကြောင့် သူက အဖွဲ့ထဲက ညီအစ်မတွေနဲ့ ခဏခဏ သဘောထားကွဲလွဲတယ်။ အမှန်တော့၊ သူ့ရဲ့ ဒီအခြေအနေတွေက ဆက်ဖြစ်နေတာ အတော်ကြာပြီ။ ကျွန်မတို့ရဲ့ ကြီးကြပ်ရေးမှူးက သူနဲ့ မိတ်သဟာယပြုပြီး အကြိမ်အများကြီး ကူညီခဲ့ပေမဲ့ သူက လုံးဝ မပြောင်းလဲဘူး။ အဲဒီအချိန်တုန်းက ကျွန်မက အဖွဲထဲကို ဝင်ခါစရှိသေးတယ်။ ကျွန်မ သူနဲ့ မိတ်သဟာယပြုပြီး သူ့အနေနဲ့ သမ္မာတရားရှာတာနဲ့ သင်ခန်းစာတွေ သင်ယူတာကို အာရုံစိုက်သင့်တယ်လို့ ပြောခဲ့ပေမဲ့၊ အမှန်အမှားကို သူ ငြင်းခုံပြီး၊ သူ့ကိုယ်သူအတွက် ဆင်ခြေတွေ ပေးခဲ့တယ်။ ကျွန်မ အရမ်းစိတ်ရှုပ်သွားတယ်။ ဘုရားကို သူ ယုံကြည်ခဲ့တာ နှစ်ချီနေပြီလေ။ ဒါဆို ဘာလို့ သူ့ဆီ ကိစ္စတွေ ဖြစ်တဲ့အခါ ဘုရားဆီကလာသမျှကို လက်မခံဘဲ အဲဒီအစား၊ အပြင်ပန်း အကြောင်းပြချက်တွေကို အမြဲ ရှာရတာလဲ၊ လူတွေနဲ့ ကိစ္စတွေကို အလွန်အကျွံ စိစစ်နေရတာလဲ။ နောက်တော့ ကျွန်မ တွေးမိတယ်။ “ခုချိန်မှာ သူ မကောင်းတဲ့ အခြေအနေမှာ ရှိနေတာပဲဖြစ်မှာပါ။ ငါတို့ သူ့ကို ပိုမိတ်သဟာယပြုပြီး ကူညီရင်၊ သူ့အခြေအနေကို သူ ပြောင်းလဲပြီး၊ လူတွေနဲ့ ကိစ္စတွေကို အရမ်းကြီး အလွန်အကျွံ စိစစ်မှာ မဟုတ်ပါဘူး”လို့ပေါ့။ နောက်ပိုင်းမှာ၊ လီပင်းနဲ့ ယင်စင်းတို့က အတူကောင်းကောင်း အလုပ်မလုပ်ကြလို့၊ ကျွန်မတို့ရဲ့ ကြီးကြပ်ရေးမှူးက ကျွန်မနဲ့ လီပင်းကို တစ်ဖွဲ့တည်းထားတယ်။ အစမှာ၊ ယင်စင်းနဲ့ ခွဲနေရပြီးတဲ့နောက်မှာ လီပင်းက သူ့ကို သိပ်အများကြီး အာရုံစိုက်ဦးမယ်လို့ ကျွန်မ မထင်ခဲ့ဘူး။ ဒါပေမဲ့ ယင်စင်းအကြောင်း ကျွန်မ ပြောတဲ့အခါတိုင်းမှာ၊ လီပင်းက သူနဲ့ဆက်စပ်တဲ့ ကိစ္စတွေကို နောက်တစ်ခါထပ်ဖော်ပြီး အသေးစိတ် ပြန်ပြောပြတယ်။ သူ့စကားတွေက ယင်စင်းနဲ့ပတ်သက်တဲ့ သွယ်ဝိုက် ဝေဖန်မှုတွေနဲ့ ပြည့်နေခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ အနှစ်သာရကို ကျွန်မ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ဘူး။ ပြီးတော့ သူက ဒါကို ခဏလောက်ပဲ မကျော်ဖြတ်နိုင်တာပါ၊ အချိန်ကြာလာတာနဲ့ ဒါကို သူ မေ့ကောင်းမေ့နိုင်သွားမှာပါလို့ ထင်ခဲ့တယ်။ နောက်ပိုင်းမှာ လီပင်းက သူ့တာဝန်ကို လုပ်ဖို့ တခြားအဖွဲ့ဆီ ပြောင်းရွှေ့ခံခဲ့ရတယ်။ ညီအစ်ကို မောင်နှမတွေက သူ ဒီလိုပြုမူနေတုန်းပဲ၊ သူ့မာနကို တစ်ခုခုက ထိပါးတဲ့အခါတိုင်းမှာ၊ မပြီးနိုင်မဆုံးနိုင်အောင် ရေးကြီးခွင့်ကျယ် လုပ်ပြီး၊ တခြားလူတွေနဲ့အတူ ကောင်းကောင်း အလုပ်မလုပ်နိုင်ဘူးလို့ သတင်းပို့ကြတယ်။ တခြားလူတွေရဲ့ အခြေအနေတွေကိုလည်း သူ လွှမ်းမိုးပြီး အဖွဲ့ရဲ့အလုပ်ကို နှောင့်နှေးစေတယ်တဲ့။ ကျွန်မတို့ ကြီးကြပ်ရေးမှူးက သူနဲ့ အကြိမ်အများကြီး မိတ်သဟာယပြုပြီး သမ္မာတရား ရှာဖွေတာနဲ့ သင်ခန်းစာယူတာတွေကို အာရုံစိုက်ဖို့ ပြောပေမဲ့၊ သူက ဒါကို လုံးဝ လက်မခံခဲ့သလို၊ သူ့ကိုယ်သူ ခုခံပြောဆိုတဲ့နေရာမှာ မလျှော့တမ်းလုပ်တယ်။ အလုပ်ကို အနှောင့်အယှက်တွေနဲ့ အဖျက်အမှောင့်တွေ ဖြစ်စေခဲ့တယ်။ သူ အထုတ်မခံရခင်အချိန်ထိ၊ အမှန်အမှားကို သူ ငြင်းခုံနေတုန်းပဲဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် သိအောင် မကြိုးစားဘူး။

နောက်ပိုင်းမှာ ညီအစ်ကို မောင်နှမတွေက သူ့ရဲ့ အပြုအမူတချို့နဲ့ ပတ်သက်လို့ ပြောကြတာကို ကြားရတယ်။ လူတွေနဲ့ ကိစ္စတွေကို အလွန်အကျွံ စိစစ်လွန်းတဲ့ သူ့အပြုအမူက တကယ်ကို သိသာတယ်။ သူက လူတွေကို စိတ်ကျဉ်းကျပ်အောင်လုပ်ရုံတင်မကဘဲ အသင်းတော်အလုပ်ကိုလည်း နှောင့်ယှက်တယ်။ ကျွန်မ တွေးမိတယ်၊ “အဲဒီလို အပြုအမူတွေကို ဘုရားက ဘယ်လို အမျိုးအစားခွဲလဲ”လို့ပေါ့။ ဒီပြဿနာနဲ့ပတ်သက်လို့ ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ ဖတ်တယ်။ “လူအချို့သည် ၎င်းတို့အပေါ်တွင် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါတိုင်းတွင် မလိုအပ်ဘဲ ငြင်းခုံပြီး အကျိုးမရှိသောအရာများကို လုပ်ဆောင်သည်မှာ ဆိုးယုတ်ခြင်းမရှိသလော။ ဤသည်မှာ ကြီးမားသော ပြဿနာဖြစ်သည်။ စိတ်ရှင်းလင်းသောလူတို့သည် ဤအမှားကို ပြုလုပ်မည်မဟုတ်ပေ။ သို့သော် အဓိပ္ပာယ်မရှိသောသူများသည် ဤကဲ့သို့ဖြစ်ကြသည်။ ၎င်းတို့က အခြားလူများသည် ၎င်းတို့ကို အခက်အခဲဖြစ်အောင်ပြုလုပ်သည်၊ အခြားလူများသည် ၎င်းတို့ကို တမင်ရည်ရွယ်၍ ခက်ခဲအောင်ပြုလုပ်သည်ဟု အစဉ်သဖြင့် စိတ်ကူးထင်မြင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အခြားလူများကို အစဉ် ရန်မူကြသည်။ ဤသည်မှာ လမ်းလွဲခြင်းမဟုတ်လော။ ၎င်းတို့သည် သမ္မာတရားနှင့် ပတ်သက်သောအခါတွင် အားစိုက်ထုတ်ခြင်းမရှိ။ ၎င်းတို့တွင် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ အရေးမကြီးသောအရာများကို အငြင်းပွားရန် နှစ်သက်ကြပြီး ရှင်းပြရန် တောင်းဆိုကြသည်။ သိက္ခာဆည်ရန် ကြိုးစားကြသည်။ ပြီးလျှင် ဤကိစ္စရပ်များကို ချဉ်းကပ်ရန်အတွက် လူသား၏ ဖြေရှင်းချက်များကို အစဉ် အသုံးပြုကြသည်။ ဤသည်မှာ အသက်ဝင်ရောက်မှုအတွက် အကြီးမားဆုံး အဟန့်အတားဖြစ်သည်။ သင်သည် ဘုရားသခင်ကို ဤသို့ ယုံကြည်လျှင်၊ သို့မဟုတ် ဤသို့ လက်တွေ့လုပ်ဆောင်လျှင် သင်သည် ဘုရားသခင်ရှေ့သို့ မည်သည့်အခါမျှ မလာရောက်သောကြောင့် သမ္မာတရားကို မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်ပေ။ သင်သည် ဘုရားသခင်က သင့်အတွက် ပြင်ဆင်ပေးသည့် အရာအားလုံးကို လက်ခံရရှိရန် ဘုရားသခင်ရှေ့သို့ မည်သည့်အခါမျှ မလာသကဲ့သို့ ဤအရာအားလုံးကို ချဉ်းကပ်ရန်အတွက် သမ္မာတရားကို အသုံးမပြုပေ။ ထိုအစား သင်သည် အမှုအရာများကို ချဉ်းကပ်ရန် လူသား၏ ဖြေရှင်းချက်များကို အသုံးပြုသည်။ ထို့ကြောင့် ဘုရားသခင်၏ အမြင်တွင် သင်သည် သူထံမှ အလွန်ဝေးကွာသည်အထိ လမ်းလွဲသွားပြီဖြစ်သည်။ သင်၏ စိတ်နှလုံးသည် သူထံမှ လမ်းလွဲသွားရုံမကဘဲ သင်၏ ဖြစ်တည်မှုတစ်ခုလုံးက သူ၏ မျက်မှောက်တော်တွင် အသက်မရှင်ပေ။ ဤသည်မှာ အမှုအရာများကို အစဉ်သဖြင့် အလွန်အကျွံ စိစစ်ပြီး မလိုအပ်ဘဲ ငြင်းခုံမှုများပြုသူတို့ကို ဘုရားသခင် မြင်သည့်ပုံစံဖြစ်သည်။...ငါ သင်တို့ကို ပြောသည်။ ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်သည် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ ပြင်ပအမှုကိစ္စများကို ကိုင်တွယ်သည်ဖြစ်စေ၊ ဘုရားအိမ်တော်၏ အမျိုးမျိုးသော အလုပ်၊ သို့မဟုတ် နယ်ပယ်များနှင့် ဆက်စပ်သောတာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ဘုရားသခင်ရှေ့သို့ ကြိမ်ဖန်များစွာ မလာလျှင်လည်းကောင်း၊ ဘုရားသခင်၏ မျက်မှောက်တော်တွင် အသက်မရှင်လျှင်လည်းကောင်း၊ ဘုရားသခင်၏ စိစစ်မှုကို လက်မခံရဲလျှင်လည်းကောင်း၊ ဘုရားသခင်ထံမှ သမ္မာတရားကို မရှာဖွေလျှင်လည်းကောင်း သူသည် ယုံကြည်ခြင်း မရှိသူတစ်ယောက်ဖြစ်သည်။ ၎င်းတို့သည် ဘာသာမဲ့မရှိသူတစ်ယောက်နှင့် မကွာခြားပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ အသက်ရှင်ခြင်းသည်သာလျှင် အကြင်သူသည် သူနှင့် ပုံမှန်ဆက်ဆံရေးကို ရရှိနိုင်သည်)ကျော်ကြားမှု၊ အကျိုးအမြတ်၊ သို့မဟုတ် ဂုဏ်သတင်းတို့ ပါဝင်သည့်ကိစ္စတရပ်အတွက် မည်သူက မှန်ပြီး မည်သူက မှားသည်၊ မည်သူက သာလွန်ပြီး မည်သူက နိမ့်ကျသည်ဆိုသည်တို့အပေါ် ရှင်းအောင်လုပ်ဖို့ကို သူတို့ မရမကတောင်းဆိုကြပြီး အချက်တစ်ချက်ကို သက်သေပြရန်ကိုပင် သူတို့ မဖြစ်မနေ ငြင်းခုံရမည်ဖြစ်သည်။ အခြားသူများသည် ယင်းကို မကြားချင်ကြပေ။ ‘သင်မည်သည့်အရာ ပြောနေသည်ကို ရှင်းအောင်ပြောပေးနိုင်သလော။ ရိုးရိုးစင်းစင်းပြောနိုင်သလော။ အဘယ်ကြောင့် သင်သည် အလွန်ပင် ပေါ့တန်နေရသနည်း’ ဟု လူများက ပြောသည်။ သူတို့၏အတွေးများသည် အလွန်ရှုပ်ယှက်ခတ်ပြီး ရှုပ်ထွေးခက်ခဲလွန်း၍ ဉာဏ်မမီပေ။ ပြီးလျှင် သူတို့သည် ငုပ်နေသောပြဿနာများကို သဘောမပေါက်နိုင်ဘဲ ထိုကဲ့သို့အလွန်ခြေကုန်လက်ပန်းကျစေသည့်အသက်တာတစ်ခုတွင် ရှင်သန်နေထိုင်ကြသည်။ သမ္မာတရားကို သူတို့ အဘယ်ကြောင့် မရှာဖွေနိုင်ပြီး မရိုးသားနိုင်ရသနည်း။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ မရိုးသားချင်ကြသောကြောင့်ဖြစ်သည်။ သို့ဆိုလျှင် သူတို့သည် ဘဝတွင် မည်သည့်အရာကို မှီခိုအားထားကြသနည်း။ (လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အတွေးအခေါ်များနှင့် လူသားတို့၏နည်းလမ်းများအတွက် အတွေးအခေါ်အယူအဆများအပေါ် ဖြစ်ပါသည်။) ပြုမူဆောင်ရွက်ဖို့ လူသားတို့၏နည်းစနစ်များအပေါ် မှီခိုခြင်းသည် လူတစ်ဦးအား လှောင်ပြောင်ခံရပြီး အဆုံးသတ်လျှင်သတ်၊ သို့မဟုတ် မိမိ၏အကျည်းတန်ရုပ်ဆိုးသည့်ဘက်ကို ထုတ်ဖော်ပြမိပြီး အဆုံးသတ်လျှင်သတ်သည့် ရလဒ်များဆီသို့ ဦးတည်၍သွားလေ့ရှိသည်။ ထို့ကြောင့် ပို၍ သေချာစွာ စစ်ဆေးကြည့်လျှင် ၎င်းတို့၏ လုပ်ရပ်များ၊ ၎င်းတို့ တစ်နေကုန် အချိန်ကုန်ခံလုပ်ဆောင်သောအရာများအားလုံးသည် ၎င်းတို့၏ ကိုယ်ပိုင်သိက္ခာ၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် မာန်မာနတို့ဖြင့် ဆက်နွှယ်နေသည်။ ၎င်းတို့သည် ပင့်ကူအိမ်ထဲတွင် အသက်ရှင်နေသကဲ့သို့ဖြစ်သည်။ ၎င်းတို့သည် အရာရာအတွက် ကျိုးကြောင်းသင့်ရှင်းပြရသည်၊ သို့မဟုတ် ဆင်ခြေများပေးကြသည်။ ၎င်းတို့အကျိုးအတွက် အစဉ် စကားပြောကြသည်။ ၎င်းတို့ အတွေးက ရှုပ်ထွေးပွေလီသည်။ အဓိပ္ပာယ်မရှိသောအရာများစွာကို ပြောဆိုကြသည်။ ၎င်းတို့၏ စကားများသည် အလွန် ရှုပ်ထွေးသည်။ မည်သည့်အရာက မှန်သည်၊ မှားသည်ကို အစဉ် ငြင်းခုံနေကြသည်။ ဤသည်မှာ အဆုံးမရှိပေ။ ၎င်းတို့က ဂုဏ်သိက္ခာရရှိဖို့ မကြိုးစားနေလျှင် ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် ယှဉ်ပြိုင်နေကြသည်။ ဤအရာများအတွက် အသက်မရှင်သည့်အချိန် မည်သည့်အခါမျှ မရှိပေ။ အဆုံးစွန် အကျိုးဆက်မှာ အဘယ်နည်း။ ၎င်းတို့သည် ဂုဏ်သိက္ခာကို ရရှိကောင်းရရှိနိုင်သော်လည်း၊ လူတိုင်းက ၎င်းတို့ကို စိတ်ပျက်ပြီး စိတ်ကုန်ကြသည်။ ၎င်းတို့သည် သမ္မာတရား စစ်မှန်မှုကင်းမဲ့ကြောင်း၊ ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်သောသူမဟုတ်ကြောင်းကို လူများက ထိုးထွင်းသိမြင်ကာ သဘောပေါက်ကြပြီးဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ သို့မဟုတ် အခြားညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ပြုပြင်ဖို့ စကားလုံး အနည်းငယ်သုံးသည့်အခါတွင် ၎င်းတို့က ခေါင်းမာစွာဖြင့် လက်ခံရန်ငြင်းဆန်ကြသည်။ ကျိုးကြောင်းသင့်ရှင်းပြရန်၊ သို့မဟုတ် ဆင်ခြေပေးရန် မလျှော့တမ်းကြိုးစားကြသည်။ လွှဲချရန် ကြိုးစားကြသည်။ စုဝေးပွဲပြုလုပ်စဉ်အချိန်အတောအတွင်းတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ခုခံကာကွယ်ကြပြီး ငြင်းခုံမှုများကို စတင်လုပ်ဆောင်ကြသည်။ ဘုရားသခင် ရွေးချယ်ထားသောသူများအကြားတွင် ပြဿနာဖြစ်အောင် ဆွပေးသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့က ‘ငါ့ထံတွင် ကျိုးကြောင်းပြပြောဆိုရန်ပင် နေရာတစ်ရာမျှ အမှန်တကယ် မရှိသလော’ဟု စဉ်းစားနေကြသည်။ ဤသည်မှာ မည်သည့်လူအမျိုးအစားနည်း။ ဤသည်မှာ သမ္မာတရားကို ချစ်သောသူဖြစ်သလော။ ဘုရားသခင်ကို ယုံကြည်သောသူဖြစ်သလော။ တစ်စုံတစ်ယောက်က ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် မကိုက်ညီသည့်အရာတစ်ခု ပြောသည်ကို ၎င်းတို့ကြားသောအခါတွင် ၎င်းတို့က အစဉ်သဖြင့် ငြင်းခုံလိုပြီး ရှင်းပြချက်ကို တောင်းဆိုကြသည်။ မည်သူကမှန်သည်၊ မည်သူကမှားသည်ဆိုသည့်အပေါ်တွင် စကားများကြသည်။ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေကြသကဲ့သို့ ယင်းကို သမ္မာတရားစည်းမျဉ်းများနှင့်အညီ သဘောမထားကြပေ။ ကိစ္စတစ်ခုသည် မည်မျှရိုးရှင်းပါစေ ၎င်းတို့က အလွန်ရှုပ်ထွေးအောင် ပြုလုပ်သည်။ ၎င်းတို့သည် ပြဿနာရှာခြင်းသာဖြစ်သည်။ ၎င်းတို့သည် အလွန်ပင်ပန်းရဖို့ ထိုက်တန်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကနေ တွေ့ခဲ့ရတာက လူတွေနဲ့ ကိစ္စတွေကို အလွန်အကျွံ စိစစ်တဲ့သူတွေက အရာရာပေါ် ဘုရားသခင်က အချုပ်အခြာအာဏာ စွဲကိုင်တယ်ဆိုတာနဲ့ သူတို့ရဲ့ နေ့စဉ် အခြေအနေတွေကို ဘုရားက စီစဉ်တယ်ဆိုတာကို အယူဝါဒအရ အသိအမှတ်ပြုကြတယ်။ ဒါပေမဲ့ ဒီတကယ့်အခြေအနေတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ဘုရားဆီကနေ အဲဒါတွေကို လက်မခံကြသလို၊ သမ္မာတရားကို မရှာဖွေကြဘုး၊ သင်ခန်းစာမယူကြဘူးဆိုတာပဲ။ အဲဒီအစား၊ တစ်ယောက်ယောက်က သူတို့အတွက် ကိစ္စတွေကို ခက်ခဲအောင် လုပ်နေတယ်လို့ ယုံကြတယ်။ ပြီးတော့ သူတို့မာနနဲ့ ဂုဏ်သတင်းကို အဖတ်ဆယ်ဖို့ မပြီးနိုင်မဆုံးနိုင်အောင် ရေးကြီးခွင့်ကျယ်လုပ်ရပြီးတော့ အမှန်အမှားတွေကို အမြဲ ငြင်းခုံကြတယ်။ တခြားလူတွေဆီနဲ့ အသင်းတော်အလုပ်ဆီ သူတို့ ဖြစ်စေတာက အနှောင့်အယှက်တွေပဲ။ အဲဒီလိုလူတွေရဲ့ အနှစ်သာရက မယုံကြည်သူတွေရဲ့ အနှစ်သာရဖြစ်ပါတယ်။ ဥပမာအနေနဲ့ လီပင်းကို ကြည့်။ ယင်စင်းနဲ့ သူ တွဲလုပ်ရတုန်းက၊ သူတို့နှစ်ယောက် အတူကောင်းကောင်း အလုပ်မလုပ်ခဲ့ဘဲ ဒီဟာကြောင့် သူတို့တာဝန်ကို ထိခိုက်နေတာက သိသာတယ်။ ယင်စင်းက အကူအညီ ရှာဖို့ မျှော်လင့်ချက်နဲ့ အခြေအနေမှန်ကို ခေါင်းဆောင်ဆီ သတင်းပို့ခဲ့ပေမဲ့၊ ဒါကို လီပင်းက ဘုရားဆီကနေ လက်မခံခဲ့ဘူး။ အဲဒီအစား၊ ယီစင်းက သူ့အပေါ် မကျေနပ်ချက်တွေ တိုင်တယ်လို့ တွေးခဲ့တယ်။ အဲဒီနောက်မှာ၊ သူက ယင်စင်းကို အမြဲ သေချာစောင့်ကြည့်ခဲ့တယ်။ စုဝေးတဲ့အခါ ဒါမှမဟုတ် အလုပ်ဆွေးနွေးတဲ့အခါ၊ ယင်စင်းက ပြဿနာတချို့ ထောက်ပြရင်၊ ကျိုးကြောင်းသင့်တဲ့ အကြံပြုချက်ပေးရင် အဲဒါကို လီပင်းက မှန်မှန်ကန်ကန် မချဉ်းကပ်ဘူး၊ အဲဒီအစား ယင်စင်းက သူ့ကို ပစ်မှတ်ထားနေတယ်လို့ ယုံခဲ့ပြီး၊ အဲဒီလိုနဲ့ ယင်စင်းကို တမင် ဆန့်ကျင်နေခဲ့တယ်။ သူမတော်ဘူးလို့ ကျွန်မတို့ ထင်ရင်၊ သူ့ကို တခြားတာဝန်ဆီ ပြောင်းရွှေ့ခိုင်းဖို့ ခေါင်းဆောင်ဆီ ပြောသင့်တယ်လို့ ပြောပြီး ပြဿနာကိုတောင် တမင်ဖြစ်အောင်လုပ်ခဲ့တယ်။ ဒါတွေအားလုံးက ကျွန်မတို့ကို စိတ်ကျဉ်းကျပ်စေပြီး အသင်းတော် အသက်တာနဲ့ အသင်းတော်အလုပ်ကို ထိခိုက်ခဲ့တယ်။ လျူဝန်က အဖွဲ့ထဲဝင်ခါစပဲရှိသေးသလို၊ စည်းမျဉ်းတွေ၊ အတတ်ပညာ ကျွမ်းကျင်မှုတွေနဲ့ မရင်းနှီးဘူး။ ဒါကြောင့် သူက ယင်စင်းနဲ့ သွားဆွေးနွေးတယ်။ လျူဝန်က သူ့ကို အထင်သေးပြီး ယင်စင်းဖက်မှာ နေတယ်၊ သူ့ကို ဖယ်ကြဉ်နေတယ်လို့ လီပင်းက မယုံသင်္ကာဖြစ်ခဲ့တယ်။ ညီအစ်မတွေက အလုပ်ကို အတူတူ ပုံမှန်အတိုင်း ဆွေးနွေးနေချိန်မှာ၊ လူတိုင်းက သူ့နောက်ကွယ်မှာ သူ့ကို ဝေဖန်နေတယ်လို့ လီပင်းက မယုံသင်္ကာဖြစ်ပြန်တယ်။ လူတွေအပေါ် တမင် အာဃာတထားပြီး သူတို့နဲ့ ကောင်းကောင်းမဆက်ဆံဘူး။ ဒီဟာကြောင့် လူတွေက သူတို့တာဝန်တွေကို ပုံမှန် မလုပ်နိုင်တော့ဘူး။ တကယ်တော့ ဒါတွေအားလုံးက အတော့်ကို သာမန်ဖြစ်ပြီး ရိုးရှင်းပါတယ်။ သာမန်လူတွေက နည်းနည်း စဉ်းစားကြည့်လိုက်ရင် နားလည်နိုင်တဲ့ အရာတွေပါ။ ဒါပေမဲ့ သူ့က လူတွေနဲ့ ကိစ္စတွေကို အလွန်အကျွံ စိစစ်ပြီး၊ အားလုံး ရှုပ်ထွေးကုန်အောင်လုပ်တယ်။ သူ့အတွေးတွေက အရမ်း ခက်ခဲရှုပ်ထွေးတယ်။ နောက်ပိုင်းမှာ၊ လူတိုင်းက ဘုရားနှုတ်ကပတ်တော်တွေကို မိတ်သဟာယပြုပြီး သူ့ကို ကူညီကြတယ်။ ဒါပေမဲ့ သူက ရှာဖွေဖို့ ဘာရည်ရွယ်ချက်မှ လုံးဝ မပြခဲ့ဘူး။ အဲဒီအစား၊ ဆင်ခြေတွေ ပေးပြီး၊ သူ့ကိုယ်သူ ကာပြောတယ်။ သူ့ဆိုလိုချက်ကို သက်သေပြဖို့ ကြိုးစားရင်းနဲ့ အမှန်အမှားအပေါ် ငြင်းခုံတယ်။

အရင်တုန်းက၊ လူတွေနဲ့ ကိစ္စတွေကို သူ အလွန်အကျွံ စိစစ်တာက ယာယီ မကောင်းတဲ့ အခြေအနေတစ်ခုလို့ ကျွန်မ အမြဲ ထင်ခဲ့တာ။ အခု မြင်လိုက်ရတာက ယာယီ ဖောက်ပြန်ပျက်စီးတဲ့ ထုတ်ဖော်ပြချက်ရှိတာနဲ့ မယုံကြည်သူရဲ့ အနှစ်သာရရှိတာက မတူတဲ့ အရာနှစ်ခုဆိုတာပါပဲ။ အဲဒါက လူတချို့မှာ လူတွေနဲ့ ကိစ္စတွေကို အလွန်အကျွံ စိစစ်လွန်းတဲ့ သရုပ်သကန်တွေ ရှိတဲ့ပုံစံနဲ့ တူပေမဲ့၊ သူတို့က သတ်သတ်မှတ်မှတ်ဖြစ်တဲ့ ကိစ္စနည်းနည်းနဲ့ပတ်သက်လို့ ဘုရားရဲ့ ရည်ရွယ်ချက်ကို ခဏတာ နားမလည်နိုင်ရုံ ဖြစ်ကြတာပါ။ ဒါမှမဟုတ် သိက္ခာဆယ်ဖို့ ဆင်ခြေတွေပေးပြီး ကိုယ့်ကိုယ်ကိုယ် ကာပြောကြတာ။ ဒါပေမဲ့ ဆုတောင်းခြင်းနဲ့ ရှာဖွေခြင်း ဒါမှမဟုတ် ညီအစ်ကို မောင်နှမတွေရဲ့ မိတ်သဟာယနဲ့ အကူအညီတွေကို အသုံးပြုပြီးတော့ ဘုရားရဲ့ ရည်ရွယ်ချက်ကို သူတို့ နားလည်လာကြပြီး သိပ်အများကြီး မစိစစ်ကြတော့ဘူး။ ဒီလိုလူတွေက သမ္မာတရားကို လက်ခံကြပြီး မယုံကြည်သူတွေရဲ့ အနှစ်သာရ မရှိကြဘူး။ တစ်ဖက်မှာတော့၊ မယုံကြည်သူတွေ ဖြစ်ကြတဲ့ လူတွေက သူတို့ဆီ ဘာပဲဖြစ်ပျက်ပါစေ ဘုရားဆီကနေ ဘာကိုမှ လက်မခံကြဘူး။ တခြားလူတွေက အလွယ်တကူ နားလည်နိုင်တဲ့ အရမ်းသေးငယ်တဲ့ ကိစ္စတစ်ခုဖြစ်ရင်တောင် သူတို့က လူတွေ၊ ကိစ္စတွေကို အမြဲစိစစ်ကြပြီး ညီအစ်ကို မောင်နှမတွေဆီက မိတ်သဟာယနဲ့ အကူအညီကို လက်မခံနိုင်ကြဘူး။ ဒါက သမ္မာတရားကို ပင်ကိုအားဖြင့် သူတို့ မနှစ်မြို့ကြသလို၊ ကိစ္စတွေကို ယုတ္တိမရှိတဲ့ပုံစံနဲ့ သဘောပေါက်ကြတာကို ထုတ်ဖော်ပြတယ်။ လီပင်းရဲ့ အပြုအမူကို ပြန်တွေးကြည့်တဲ့အခါ၊ ဒါက ပြီးခဲ့တဲ့ နှစ်နှစ် သုံးနှစ်တုန်းက ယင်စင်းနဲ့ သူ တွဲလုပ်ခဲ့ချိန်က ဖြစ်ခဲ့ပုံ အတိအကျပဲ။ နောက်တော့၊ သူနဲ့ ယင်စင်း ကွဲသွားခဲ့တယ်။ အပေါ်ယံမှာတော့ အမှန်နဲ့အမှားအပေါ် သူ အရမ်းသိသိသာသာ ငြင်းခုံတဲ့ပုံမပေါ်ပေမဲ့၊ ယင်စင်းအကြောင်း ပြောတဲ့အခါတိုင်းမှာ၊ အမှန်နဲ့ အမှားကို သူ ထပ်ပြီး စငြင်းခုံပြန်တယ်။ သူက ဒါကို လုံးဝ လက်မလွှတ်ခဲ့တာ သိသာတယ်။ ဘယ်သူနဲ့ သူ တွဲလုပ်ရပါစေ၊ တစ်ခုခုက သူ့မာန၊ အဆင့်အတန်းနဲ့ ပါဝင်ပတ်သက်တဲ့အခါတိုင်းမှာ၊ မပြီးနိုင်မဆုံးနိုင် ငြင်းခုံတယ်။ လူတွေကို အနှောင့်အယှက်တွေပဲ ဖြစ်စေတယ်။ အဲဒီနောက် နှစ်အတော်များများ ကုန်သွားပြီး ဒါက သူ ဖြစ်တဲ့ပုံစံဖြစ်နေတုန်းပဲ။ နောင်တနဲ့ အပြောင်းအလဲ ဘာဆိုဘာမှ မရှိဘူး။ သူ့ရဲ့ အနှစ်သာရက လူတွေနဲ့ ကိစ္စတွေကို အလွန်အကျွံ စိစစ်တဲ့ မယုံကြည်သူရဲ့ အနှစ်သာရပဲ။

အရင်က၊ လီပင်းအနေနဲ့ ပေးကမ်းစွန့်ကြဲပြီး လူတွေကို ကူညီပြီးတော့ စိတ်ထက်သန်ပုံပေါ်တဲ့အတွက်၊ သူ့ကိုယ်သူ စွန့်လွှတ်ပြီး အသုံးခံနိုင်တဲ့အတွက် ဒါက သူ့မှာ လူ့သဘာဝကောင်းရှိတဲ့ သဘောပဲ၊ သူ့အနေနဲ့ နောက်ထပ် အခွင့်အရေး ရသင့်တယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မ သဘောပေါက်သွားတယ်။ လူ့သဘာဝ အကောင်း၊ အဆိုးကြားမှာ ဘယ်လို ပိုင်းခြားသိမြင်ရမယ်ဆိုတာ ကျွန်မ မသိခဲ့မှန်းကိုပေါ့။ နောက်တော့၊ ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တချို့ ဖတ်ခဲ့တယ်။ ဘုရားသခင်က ပြောသည် “လူတို့အပေါ်တွင် မတူညီသောအရာများ ဖြစ်ပျက်သည့်အခါ ၎င်းတို့တွင် ကောင်းသော လူ့သဘာဝနှင့် ဆိုးသော လူ့သဘာဝကြား ကွာခြားမှုကိုပြသော သရုပ်သကန်မျိုးစုံရှိကြသည်။ ဤသို့ဆိုလျှင် လူ့သဘာဝကို တိုင်းတာသော စံများမှာ အဘယ်နည်း။ လူတစ်ယောက်သည် မည်သည့်လူအမျိုးအစား ဖြစ်သည်နှင့် ၎င်းတို့ ကယ်တင်ခံရနိုင်ခြင်းရှိမရှိကို မည်သို့ တိုင်းတာသင့်သနည်း။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရားကို ချစ်ခြင်းရှိမရှိ၊ သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်သည်။ လူတို့အားလုံးသည် ၎င်းတို့အထဲ၌ အယူအဆများ၊ ပုန်ကန်မှုများရှိကြသည်။ ၎င်းတို့အားလုံးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိကြသည်။ ထို့ကြောင့် ဘုရားသခင် တောင်းဆိုသောအရာသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများနှင့် ကွဲလွဲနေသည့်အချိန်များကို ကြုံတွေ့ရမည်ဖြစ်ပြီး ၎င်းတို့သည် ရွေးချယ်မှုတစ်ခု ပြုရမည်။ ဤအရာများသည် ၎င်းတို့အားလုံး မကြာခဏ ကြုံတွေ့မည့်အရာများဖြစ်သည်။ မည်သူကမျှ ဤအရာတို့ကို မရှောင်ကြဉ်နိုင်ပေ။ လူတိုင်းသည် ဘုရားသခင်ကို အဓိပ္ပာယ်ကောက်လွဲပြီး ဘုရားသခင်အပေါ် အယူအဆများရှိသည့်အချိန်၊ သို့မဟုတ် သူနှင့်ပတ်သက်သည့် မကျေနပ်ချက်များရှိပြီး အတိုက်အခံလုပ်သည့်အချိန် သို့မဟုတ် သူ့အပေါ် ပုန်ကန်သည့် အချိန်များလည်း ရှိလိမ့်မည်။ သို့သော် လူတို့သည် သမ္မာတရားအပေါ် မတူညီသော သဘောထားများရှိသောကြောင့် ၎င်းတို့ ချဉ်းကပ်သည့်နည်းလမ်းသည် ကွဲပြားသည်။ လူအချို့သည် ၎င်းတို့၏ အယူအဆများကို မည်သည့်အခါမျှ မပြောဆိုပေ။ သို့သော် သမ္မာတရားကို ရှာဖွေပြီး ထိုအယူအဆများကို ၎င်းတို့ဘာသာ ဖြေရှင်းကြသည်။ ထိုအယူအဆများကို အဘယ်ကြောင့် ၎င်းတို့က မပြောကြသနည်း။ (၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသည်။) မှန်ပေသည်။ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသည်။ ယင်းတို့ကို ထုတ်ဖော်ပြောဆိုခြင်းသည် အပျက်သဘောဆောင်သော သက်ရောက်မှုရှိမည်ကို ကြောက်ရွံ့ကြပြီး အခြားမည်သူ့ကိုမျှ သက်ရောက်မှုမရှိဘဲ ၎င်းတို့ စိတ်နှလုံးတွင် ဤအရာကို ဖြေရှင်းဖို့ကိုသာ ကြိုးစားကြသည်။ အလားတူအခြေအနေတွင်ရှိသော အခြားလူများကို ၎င်းတို့ တွေ့ကြုံသောအခါ ၎င်းတို့ကို ကူညီရန် မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံများကို အသုံးပြုကြသည်။ ဤသည်မှာ ကြင်နာမှုရှိခြင်း ဖြစ်သည်။ ကြင်နာမှုရှိသော လူတို့သည် အခြားလူများအပေါ် ချစ်ခင်ကြသည်။ သူတစ်ပါးတို့၏ အခက်အခဲများကို ကူညီဖြေရှင်းပေးရန် လိုလားကြသည်။ ၎င်းတို့သည် အမှုအရာများကို လုပ်ဆောင်ပြီး သူတစ်ပါးတို့ကို ကူညီသောအခါ စည်းမျဉ်းများရှိကြသည်။ ၎င်းတို့သည် သူတစ်ပါးတို့ အကျိုးပြုရန်အတွက် ပြဿနာများကို ကူညီဖြေရှင်းပေးကြပြီး သူတစ်ပါးတို့အတွက် အကျိုးမဖြစ်သော မည်သည့်အရာကိုမျှ ၎င်းတို့ မပြောကြပေ။ ဤသည်မှာ ချစ်ခြင်းဖြစ်သည်။ ဤသို့သောလူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိပြီး ၎င်းတို့၏ လုပ်ရပ်များသည် စည်းမျဉ်းနှင့်ညီကာ ဉာဏ်ပညာရှိသည်။ ဤအရာတို့သည် လူတို့၏ လူ့သဘာဝက ကောင်းသည်၊ မကောင်းသည်ကို တိုင်းတာသော စံများဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်အပေါ် လူသားထားရှိသင့်သည့် သဘောထား) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်သွားတယ်။ လူ့သဘာဝကောင်းရှိတဲ့လူတွေက သမ္မာတရားကို ချစ်တယ်၊ သမ္မာတရားကို လက်ခံဖို့ လိုလားပြီး ကြင်နာတတ်တဲ့ နှလုံးသားတွေ ရှိတယ်ဆိုတာပဲ။ အဲဒီလိုလူတွေက တခြားလူတွေနဲ့ ပေါင်းသင်းတဲ့အခါ၊ သူတပါးကို စာနာနိုင်ကြသလို၊ တခြားလူတွေကို တည်ဆောက်ပေးဖို့ ဘယ်လို ပြောဆို၊ ပြုမူရမယ်ဆိုတာကို စဉ်းစားနိုင်ကြတယ်။ ဘုရားနဲ့ပတ်သက်လို့ အယူအဆတွေရှိရင်၊ ဒါမှမဟုတ် လူတွေပေါ် မလိုမုန်းထားစိတ်ဖြစ်ရင်၊ အဲဒါတွေကို မဆင်မခြင် မဖွင့်ထုတ်ကြဘူး။ အဲဒါထက် ဒါတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာနိုင်ကြတယ်။ လူတွေအတွက် အကျိုးမရှိတဲ့အရာတွေကို သူတို့ မပြောကြဘူး။ ဒီလိုလူမျိုးတွေမှာ ဘုရားကို ကြောက်တဲ့စိတ်နှလုံးရှိပြီး သူတို့စကားနဲ့ လုပ်ရပ်တွေမှာ စည်းမျဉ်းတွေ ရှိကြတယ်။ ဒီလူတွေက လူ့သဘာဝကောင်းရှိတဲ့ လူတွေပဲ။ ဘုရားနှုတ်ကပတ်တော်တွေကို အခြေခံပြီး ဒါကို လီပင်းရဲ့ အပြုအမူတွေနဲ့ ယှဉ်ကြည့်တဲ့အခါ၊ တစ်ခုခုက သူ့ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်း ပါဝင်ပတ်သက်တဲ့အခါတိုင်းမှာ၊ သူက သူ့ရဲ့ မကျေနပ်ချက်ကို ဖွင့်ထုတ်တယ်။ သူ့စကားတွေက ညီအစ်ကို မောင်နှမတွေကို ထိခိုက်မလား၊ မထိခိုက်ဘူးလား ဒါမှမဟုတ် အဲဒီစကားတွေက ဘာအကျိုးဆက်တွေ ဖြစ်စေနိုင်တယ်ဆိုတာကို မစဉ်းစားဘူး။ သူ့ပြဿနာတွေကို တခြားလူတွေက ထောက်ပြတဲ့အခါ၊ လုံးဝ လက်ခံခဲ့သလို၊ နောက်ပိုင်းမှာ အဲဒါကို စွဲနေပြီး လက်မလွှတ်ဘူး။ လီပင်းက ဘုရားကို အနှစ် ၂၀ ကျော် ယုံကြည်ခဲ့တယ်။ ဒီအရာတစ်ခုကိုမှ သူ တကယ် နားမလည်ခဲ့ဘူးလား။ အရင်တုန်းက၊ သူ့ရဲ့ အပြင်ပန်းတွေကိုပဲ ကျွန်မ ကြည့်ခဲ့တယ်။ သူက ဘုရားကို ယုံကြည်တာ ကြာပြီ၊ လူတွေပေါ် ကြင်နာတတ်တယ်၊ သူ့ကိုယ်သူ စွန့်လွှတ်ပြီး အသုံးခံနိုင်သလို၊ မကြာမကြာ ပေးကမ်းစွန့်ကြဲပြီး လူတွေကို ကူညီတယ်ဆိုတော့၊ သူ့မှာ ကောင်းတဲ့ လူ့သဘာဝရှိရမယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ဒါပေမဲ့ လူတွေက သူ့ပြဿနာတွေကို တကယ် ထောက်ပြပြီး သူနဲ့ မိတ်သဟာယပြုတဲ့အခါ၊ သူ လုံးဝ လက်မခံတဲ့အပြင်၊ ကိစ္စတွေကို ပြောင်းလဲပြီး တခြားလူတွေကို တိုက်ခိုက်ဝေဖန်တယ်။ ဒါက တကယ် လူ့သဘာဝကောင်း မဟုတ်ဘူး။

ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်ခြင်းကတစ်ဆင့်၊ လီပင်းရဲ့ လူ့သဘာဝနဲ့ သူ့ရဲ့ ယုံကြည်ခြင်းမရှိတဲ့ အပြုအမူတွေပေါ် ချင့်ချိန်နိုင်စွမ်းတချို့ ကျွန်မ ရခဲ့တယ်။ ဒါပေမဲ့ ဆယ်စုနှစ်ချီ ဘုရားသခင်ကို သူ ယုံကြည်ခဲ့ပြီး သူ့ကိုယ်သူ စွန့်လွှတ်၊ အသုံးခံနိုင်သလို ဆင်းရဲဒုက္ခခံနိုင်ပုံနဲ့ အခု သူက ဖယ်ရှားခံရတော့မဲ့ပုံကို တွေးမိတဲ့အခါ၊ သူ့အတွက် ကျွန်မ နည်းနည်း စာနာစိတ် ဖြစ်မိတယ်။ နောက်တော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ကျွန်မ ဖတ်ရတယ်။ “လူအချို့က ‘လူတစ်ဦးက နေ့တိုင်း ဘုရားနှုတ်ကပတ်တော်များကို စားသောက်ပြီး သမ္မာတရားအကြောင်း မိတ်သဟာယပြုပါက၊ ၎င်း၏ တာဝန်ကို ပုံမှန် လုပ်ဆောင်နိုင်ပါက၊ အသင်းတော် စီစဉ်ပေးသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ပြီး အတားအဆီး၊ သို့မဟုတ် အနှောင့်အယှက် လုံးဝ မဖြစ်စေပါက၊ ပြီးလျှင် သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်သည့်အချိန်များ ရှိကောင်း ရှိနိုင်သော်လည်း သတိရှိရှိဖြစ်စေ၊ ရည်ရွယ်ချက်ဖြင့်ဖြစ်စေ ထိုသို့ မလုပ်ဆောင်ကြပါက ဤအရာက ၎င်းသည် သမ္မာတရား လိုက်စားနေသည်ကို ထင်ရှားစေသည် မဟုတ်လော’ ဟု ပြောကြ၏။ ဤသည်မှာ မေးခွန်းကောင်းဖြစ်သည်။ လူများစွာတွင် ဤအတွေးအခေါ် ရှိ၏။ ရှေးဦးစွာ လူတစ်ယောက်သည် ဤသို့ တစ်သမတ်တည်း လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် သမ္မာတရားကို နားလည်ပြီး ရသွားနိုင်ခြင်း ရှိမရှိကို သင်သဘောပေါက်ရမည်။ သင်တို့၏ အတွေးကို ဝေမျှပြောပြလော့။ (ဤသို့သော လက်တွေ့လုပ်ဆောင်မှုသည် အားလုံး မှန်ကန်သော်ငြားလည်း ဘာသာရေး ထုံးတမ်းဓလေ့နှင့် ပို၍ ဆင်တူပုံရ၏။ ယင်းက စည်းကမ်းလိုက်နာခြင်း ဖြစ်ပါသည်။ သမ္မာတရားကို နားလည်အောင်ဖြစ်စေ၊ ရရှိအောင်ဖြစ်စေ မလုပ်ပေးနိုင်ပါ။) ဤသို့ဆိုလျှင် ဤအပြုအမူများသည် စင်စစ်အားဖြင့် မည်သည့်အမျိုးအစားဖြစ်သနည်း။ (ယင်းတို့သည် အပေါ်ယံဆန်သည့် အပြုအမူကောင်းများ ဖြစ်ပါသည်။) ဤအဖြေကို ငါနှစ်သက်၏။ ထိုအရာများသည် လူတစ်ဦးက ဘုရားသခင်ကို ယုံကြည်လာပြီးသည့်နောက်တွင် ကောင်းမွန်ပြီး အပြုသဘောဆောင်သော သွန်သင်မှုများ၏ ဩဇာလွှမ်းမိုးခြင်းကို ခံရပြီးသည်နှင့်တစ်ပြိုင်နက် ထိုလူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့၏ အခြေခံအုတ်မြစ်မှ ထွက်ပေါ်လာသော အပြုအမူကောင်းများမျှသာ ဖြစ်သည်။ သို့သော် ထိုအရာများသည် သမ္မာတရားကို လိုက်စားခြင်း ဖြစ်ဖို့ ဝေးစွ၊ အပြုအမူကောင်းများဆိုသည်ထက် မပိုပေ။ ဤသို့ဆိုလျှင် ဤအပြုအမူကောင်းများ၏ ဇာစ်မြစ်မှာ အဘယ်နည်း။ မည်သည့်အရာက ဤအပြုအမူများကို ဖြစ်ပေါ်စေသနည်း။ ဤအပြုအမူများသည် လူတစ်ဦး၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၊ ၎င်းတို့၏ ကိုယ်ကျင့်တရား၊ ဘုရားသခင်အား ယုံကြည်ခြင်းအပေါ် ၎င်းတို့၏ နှစ်သက်လက်ခံသော ခံစားချက်များ၊ ၎င်းတို့၏ မိမိကိုယ်ကို ချုပ်တည်းမှုများမှ ထွက်ပေါ်လာသည်။ ယင်းတို့သည် အပြုအမူကောင်းများဖြစ်သည့်တိုင် သမ္မာတရားနှင့် ဆက်စပ်မှုမရှိသလို ယင်းတို့က တူညီသောအရာ သေချာပေါက် မဟုတ်ချေ။ အပြုအမူကောင်းရှိခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် မတူပေ။ လူတစ်ဦးသည် ကောင်းစွာ ပြုမူလျှင် သူသည် ဘုရားသခင်၏ ထောက်ခံမှုကို ရရှိသည်ဟု မဆိုလိုချေ။ အပြုအမူကောင်းများနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် မတူညီသောအရာနှစ်ခု ဖြစ်သည်။ အချင်းချင်း ဆက်စပ်မှုမရှိ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ သတ်မှတ်ချက်ဖြစ်ပြီး ဘုရား၏ ရည်ရွယ်ချက်များနှင့် အလုံးစုံ ကိုက်ညီသည်။ အပြုအမူကောင်းကမူ လူ့စိတ်ဆန္ဒမှလာပြီး ယင်းနှင့်အတူ လူ့ရည်ရွယ်ချက်များနှင့် အရင်းခံအကြောင်းများ ပါဝင်သည်။ ယင်းသည် လူသားက ကောင်းသည်ဟု မှတ်ယူသောအရာတစ်ခု ဖြစ်၏။ အပြုအမူကောင်းများသည် မကောင်းသောလုပ်ရပ်များ မဟုတ်သော်လည်း သမ္မာတရား စည်းမျဉ်းများကို ဆန့်ကျင်ပြီး သမ္မာတရားနှင့် လုံးဝမသက်ဆိုင်ပေ။ ဤအပြုအမူများသည် မည်မျှကောင်းမွန်သည်ဖြစ်စေ၊ လူ့အယူအဆများ၊ စိတ်ကူးများနှင့် မည်မျှကိုက်ညီသည်ဖြစ်စေ သမ္မာတရားနှင့် ဆက်စပ်မှုမရှိ။ ထို့ကြောင့် မည်သည့်အပြုအမူကောင်းပမာဏကမျှ ဘုရားသခင်၏ ထောက်ခံမှုကို မရနိုင်ပေ။ အပြုအမူကောင်းကို ဤသို့ သတ်မှတ်ထားသည် ဖြစ်၍ အပြုအမူကောင်းများက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သိသိသာသာကို ဆက်နွှယ်မှု မရှိပေ။ လူတို့သည် မိမိတို့၏ အပြုအမူအတိုင်း အမျိုးအစားများ ခွဲခြားခံရမည်ဆိုပါက အလွန်ဆုံးအနေဖြင့် အပြုအမူကောင်းများသည် သစ္စာစောင့်သိသည့် အလုပ်လုပ်ပေးသူများ၏ လုပ်ရပ်များထက် ဘာမျှ ပိုမည်မဟုတ်ပေ။ ယင်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ သို့မဟုတ် ဘုရားသခင်ကို စစ်မှန်သော ကျိုးနွံနာခံမှုနှင့် လုံးဝ ဆက်နွှယ်မှု မရှိပေ။ ယင်းတို့သည် အပြုအမူအမျိုးအစားတစ်ခုမျှသာဖြစ်ပြီး လူတို့၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု၊ သမ္မာတရားကို ၎င်းတို့၏ ကျိုးနွံနာခံခြင်းနှင့် လက်ခံခြင်း၊ ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ကြဉ်ခြင်း၊ သို့မဟုတ် သမ္မာတရား အမှန်တကယ် ပါဝင်သည့် အခြားလက်တွေ့ကျသော လက္ခဏာရပ်တစ်ခုခုနှင့် လုံးဝ ဆက်စပ်မှုမရှိပေ။ ထို့ကြောင့် ထိုသို့ဖြစ်လျှင် ယင်းတို့ကို အဘယ်ကြောင့် အပြုအမူကောင်းများဟု ခေါ်ရသနည်း။ ရှင်းပြချက်မှာ အောက်ပါအတိုင်းဖြစ်ပြီး ပင်ကိုအားဖြင့် ယင်းမှာ ဤမေးခွန်း၏ အနှစ်သာရနှင့် သက်ဆိုင်သော ရှင်းပြချက်တစ်ခုလည်း ဖြစ်သည်။ ယင်းမှာ ဤအပြုအမူများသည် လူတို့၏ အယူအဆများ၊ နှစ်သက်မှုများ၊ သဘောဆန္ဒနှင့် မိမိတို့ကိုယ်ပိုင် လှုံ့ဆော်အားထုတ်မှုများမှသာ အရင်းခံသောကြောင့် ဖြစ်သည်။ ယင်းတို့သည် သမ္မာတရား၊ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံခြင်းအားဖြင့် မိမိကိုယ်ကိုယ် အစစ်အမှန် သိမြင်ခြင်းကို ရရှိခြင်းနှင့်အတူ ဖြစ်ပေါ်လာသော နောင်တရခြင်း သရုပ်သကန်များမဟုတ်သကဲ့သို့ ဘုရားသခင်ကို နာခံရန် လူတို့ကြိုးစားသည့်အခါ ဖြစ်ပေါ်လာသော သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် အပြုအမူများ၊ သို့မဟုတ် လုပ်ရပ်များလည်း မဟုတ်ပေ။ ဤအရာကို သင်နားလည်သလော။ ဆိုလိုသည်မှာ ဤအပြုအမူကောင်းများသည် မည်သည့်ပုံစံဖြင့်မဆို လူတစ်ဦး၏ စိတ်သဘောထား ပြောင်းလဲခြင်းနှင့် မပတ်သက်ချေ၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ကြုံတွေ့ခြင်းမှ ရလာသောအရာနှင့် မပတ်သက်ချေ၊ သို့မဟုတ် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိလာခြင်းမှ ဖြစ်ပေါ်သော စစ်မှန်သည့် နောင်တနှင့် မပတ်သက်ချေ။ ယင်းတို့သည် ဘုရားသခင်နှင့် သမ္မာတရားအပေါ် လူသား၏ စစ်မှန်သော နာခံခြင်းနှင့် သေချာပေါက် မဆက်နွှယ်ပေ။ ဘုရားသခင်အပေါ် ကြောက်ရွံ့ပြီး ချစ်သော စိတ်နှလုံး ရှိခြင်းနှင့် ပို၍ပင် မပတ်သက်သေးချေ။ အပြုအမူကောင်းများသည် ဤအရာများနှင့် လုံးဝ မသက်ဆိုင်ပေ။ ယင်းတို့သည် လူသားထံမှ လာသောအရာမျှသာ ဖြစ်သည်။ လူသားက ကောင်းသည်ဟု မြင်သောအရာသာ ဖြစ်သည်။ သို့တိုင်အောင် ဤအပြုအမူကောင်းများကို လူတစ်ဦးက သမ္မာတရားအား လက်တွေ့လုပ်ဆောင်သည့် လက္ခဏာအဖြစ် မြင်သော လူများစွာ ရှိကြသည်။ ဤသည်မှာ ကြီးလေးသော အမှားတစ်ခုဖြစ်၏။ အဓိပ္ပာယ်မရှိသော အမြင်နှင့် နားလည်မှုဖြစ်သည်။ ဤအပြုအမူကောင်းများသည် ဘာသာရေး ဟိတ်ဟန်ပြခြင်းသာ ဖြစ်ပြီး ဝတ်ကျေတမ်းကျေပြုခြင်းသာ ဖြစ်သည်။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် လုံးဝ ဆက်နွှယ်မှု မရှိပေ။ ဘုရားသခင်က ထိုအရာတို့ကို ချက်ချင်း ရှုတ်ချချင်မှ ရှုတ်ချမည်ဖြစ်သော်လည်း လုံးဝ လက်ခံခြင်း မရှိပေ။ ယင်းမှာ သေချာ၏။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁)) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆရင်းနဲ့ နားလည်သွားတာက သခင်ဘုရားကို လီပင်းက ၁၀နှစ်ကျော် ယုံကြည်ခဲ့တာ၊ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို အနှစ် ၂၀ ကျော် လက်ခံခဲ့တာ၊ ဒီကာလအတွင်းမှာ သူ့ကိုယ်သူ စိတ်ထက်ထက်သန်သန် အမြဲ အသုံးခံတာ၊ သူ့မိသားစုကို စွန့်လွှတ်ပြီး သူ့ရဲ့ အသက်မွေးအလုပ်ကို စွန့်တာတွေက၊ သူ့ရဲ့ အပေါ်ယံ စိတ်ထက်သန်မှုနဲ့ အပြုအမူကောင်းတွေရဲ့ ဥပမာတွေ သက်သက်ဖြစ်တယ်ဆိုတာပါပဲ။ အဲဒါတွေက သမ္မာတရားကို လက်တွေ့လုပ်တဲ့ စံနှုန်းတွေကို မမီဘူး။ ဘုရားကို ယုံကြည်ပြီးတဲ့နောက်မှာ၊ လူအတော်များများက အပြုအမူကောင်းတချို့ကို ပြကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ သဘာဝက သမ္မာတရားကို မချစ်တဲ့ သဘာဝဆိုတော့၊ ပြီးတော့ သူတို့က ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမမှုကို လက်မခံနိုင်တော့ သူတို့ရဲ့ အသက် စိတ်သဘောထားက ဘုရားကို နှစ်ချီယုံကြည်ပြီးတာတောင် လုံးဝ မပြောင်းလဲဘူး။ အဲဒီလိုလူတွေက နောက်ဆုံးမှာ ဘုရားရဲ့ စွန့်ပစ်ပြီး ရှင်းလင်းတာခံရဦးမှာပဲ။ အပြုအမူကောင်းကို ပြတာက သမ္မာတရားကို လက်တွေ့လုပ်နေတယ်လို့ မဆိုလိုဘူး။ လူတစ်ယောက်က အပြုအမူကောင်းကို ပြရုံပြပေမဲ့ သမ္မာတရားကို လုံးဝ လက်မခံ၊ လက်တွေ့မလုပ်ရင်၊ အဲဒီလိုလူက ဘယ်အချိန်မဆို၊ ဘယ်နေရာမဆို ဘုရားကို အတိုက်အခံလုပ်နိုင်စွမ်းရှိတယ်။ အဲဒါက ဘာသာတရားထဲမှာ၊ အလုပ်ကြိုးစားပြီး သူတို့ကိုယ်သူတို့ စွန့်လွှတ်အသုံးခံရင်းနဲ့ သခင့်ကို တစ်သက်တာ ယုံကြည်တဲ့ လူတွေအများကြီး ရှိသလိုပေါ့။ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်တဲ့ နောက်ဆုံးသော ကာလ ခရစ်တော်က အမှုပြုဖို့၊ သမ္မာတရားကို ဖော်ပြပြီး လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကြွလာတဲ့အခါ၊ သူတို့က သူ့ကို ရှုတ်ချ၊ အတိုက်အခံလုပ်ပြီး ငြင်းပယ်ကြတယ်။ သူ ဖော်ပြတဲ့ သမ္မာတရားကို လျစ်လျူရှုကြတယ်။ သူတို့က အပြုအမူကောင်း ဘယ်လောက်ပဲ ပြပါစေ၊ ဘုရားက အသိအမှတ်မပြုဘူး။ ဘုရားကို အတိုက်အခံလုပ်တဲ့လူတွေအနေနဲ့ သူတို့ကို ရှုတ်ချတယ်။ ဗိမာန်တော်ထဲမှာ ယေဟောဝါဘုရားသခင်ကို အစေခံပြီး၊ ဟောပြော၊ အလုပ်လုပ်ဖို့ ပင်လယ်နဲ့ ကုန်းမြေအနှံ့ ခရီးသွားခဲ့ကြတဲ့ ဖာရိရှဲတွေကို ကျွန်မ တွေးမိတယ်။ တခြားလူတွေရဲ့ အမြင်မှာ၊ သူတို့ရဲ့ အပြုအမူက အရမ်းကောင်းပြီး ဘာအပြစ်မှတောင် ရှာလို့မတွေ့နိုင်ဘူး။ ဒါပေမဲ့ သခင်ယေရှုက အမှုပြုဖို့ ပေါ်ထွန်းတဲ့အခါမှာ၊ သူတို့က သူ့ကို အတိုက်အခံလုပ်တယ်၊ ရှုတ်ချပြီး သူ့ကို ကားစင်တောင်တင်သတ်ခဲ့ကြတယ်။ သူတို့ရဲ့ သဘာဝ အနှစ်သာရက သမ္မာတရားနဲ့ ဘုရားကို မုန်းတဲ့ သဘာဝအနှစ်သာရပဲ။ သခင်ယေရှုက သူတို့ကို မြွေရဲ့ အမျိုးအနေနဲ့ ရှုတ်ချခဲ့ပြီး၊ နောက်ဆုံးမှာ သူတို့အားလုံးက ဘုရားရဲ့ အပြစ်ပေး၊ ကျိန်ဆဲတာကို ခံခဲ့ရတယ်။ ဒါကနေ ကျွန်မ မြင်ရတာက၊ လူတွေရဲ့ အပြင်ပန်း အပြုအမူကောင်းကိုပဲ ကြည့်ပြီး၊ သမ္မာတရားအပေါ် သူတို့ရဲ့ သဘောထားကို မသိမြင်တာက အထင်အမြင်မှားဖို့ အရမ်းလွယ်တယ်ဆိုတာပဲ။

နောက်တော့ ကျွန်မ တွေးမိတယ်။ “ဒါဆို၊ လီပင်းလို မယုံကြည်သူတွေအနေနဲ့ ထုတ်ဖော်ခံရတဲ့ လူတွေကို ဘယ်လို အတိအကျ သဘောထားသင့်လဲ။ ဘယ်လူတွေက အသင်းတော်မှာ အလုပ်လုပ်ဖို့ ရှိနေလို့ရပြီး ဘယ်သူတွေက ဖယ်ရှားခံရသင့်လဲ။ ဒါက ဘယ်စည်းမျဉ်းတွေ ပါဝင်နေလဲ”လို့ပေါ့။ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မ ဖတ်ရတယ်။ “၎င်းတို့သည် မယုံကြည်သူများ၊ ဘာသာတရားမရှိသူများဖြစ်သည့်တိုင် အလုပ်လုပ်ပေးရန် လိုလားပြီး နာခံနိုင်ကာ ကျိုးနွံနာခံနိုင်ပါက သမ္မာတရားကို ၎င်းတို့ မလိုက်စားလျှင်ပင် ၎င်းတို့ကို ဒုက္ခမပေးနှင့်၊ ပြီးလျှင် ရှင်းလင်းပစ်ခြင်း မပြုနှင့်။ ထိုအစား ၎င်းတို့အားဆက်အလုပ်လုပ်ပေးရန် ခွင့်ပြုပြီး ၎င်းတို့ကို သင် ကူညီနိုင်ပါက ကူညီလော့။ အလုပ်လုပ်ပေးရန်ပင် ၎င်းတို့ ဆန္ဒမရှိသကဲ့သို့ ပေါ့ပေါ့ဆဆ ဖြစ်လာပြီး မကောင်းသည့် လုပ်ရပ်များကို ကျူးလွန်လာကြပါက လိုအပ်သည့် အရာမှန်သမျှကို ငါတို့ လုပ်ဆောင်ပြီးဖြစ်သည်။ ၎င်းတို့ ထွက်သွားလိုပါက ထွက်သွားခွင့်ပေးလော့၊ ပြီးလျှင် ၎င်းတို့ သွားပြီးသည့်အခါ သတိရလွမ်းဆွတ်ခြင်း မရှိနှင့်။ ၎င်းတို့သည် ထွက်သွားသင့်သည့် အချိန် ရောက်နေခြင်းဖြစ်ကာ ထိုသို့သောလူများသည် မယုံကြည်သူများဖြစ်သည့်အတွက် သင်၏ သနားခြင်းနှင့် မထိုက်တန်ပေ။ သာ၍ သနားဖွယ်ဖြစ်သည်မှာ အလွန့်အလွန် မိုက်မဲသည့်၊ မိမိတို့ကို မောင်းထုတ်သည့်သူများအပေါ် ကိုယ်ရေးကိုယ်တာ ခံစားချက်များ အမြဲ ရှိကြသည့်၊ ၎င်းတို့ကို အမြဲ သတိရကြသည့်၊ ၎င်းတို့ကိုယ်စား ပြောပေးကြသည့်၊ ၎င်းတို့၏ အကျိုးစီးပွားအတွက် ခုခံပေးကြပြီး ၎င်းတို့အတွက် ငိုယိုပြီး ဆုတောင်းကာ အသနားပင်ခံကြသည့် လူအချို့ ရှိကြခြင်း ဖြစ်သည်။ ဤလူများ လုပ်ဆောင်ကြသည့်အရာနှင့်ပတ်သက်၍ သင်တို့ မည်သည့်အရာကို စဉ်းစားမိကြသနည်း။ (အလွန် မိုက်မဲပါသည်။) အဘယ်သို့ မိုက်မဲသနည်း။ (ထွက်သွားကြသူများသည် မယုံကြည်သူများဖြစ်သည်၊ ၎င်းတို့သည် သမ္မာတရားကို လက်ခံခြင်း မရှိကြ၊ တကယ်ကို ဆုတောင်းပေးထိုက်ခြင်း မရှိကြသလို သတိရထိုက်ခြင်း မရှိကြပါ။ ဘုရားသခင်က အခွင့်အရေးများပေးသည့် သူများနှင့် ကယ်တင်ခံရမည့် မျှော်လင့်ချက်ရှိသူတို့သည်သာ အခြားသူများ၏ မျက်ရည်များ၊ ဆုတောင်းချက်များနှင့် ထိုက်တန်ပေသည်။ တစ်စုံတစ်ဦးသည် မယုံကြည်သူများ၊ သို့မဟုတ် နတ်ဆိုးများအတွက် ဆုတောင်းပါက သူတို့သည် အလွန်မိုက်မဲပြီး မသိနားမလည်ကြပါ။) သွင်ပြင်လက္ခဏာတစ်ခုမှာ ၎င်းတို့သည် ဘုရားသခင်ရှိသည်ကို အမှန်တကယ် မယုံကြည်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မယုံကြည်သူများဖြစ်၏။ အခြားသော သွင်ပြင်လက္ခဏာမှာ ဤလူများ၏ သဘာဝ အနှစ်သာရသည် ဘာသာတရားမရှိသူတစ်ဦး၏ သဘာဝ အနှစ်သာရ ဖြစ်သည်။ ဤနေရာတွင် သွယ်ဝိုက်ညွှန်းဆိုသည့် အဓိပ္ပာယ်မှာ အဘယ်နည်း။ ၎င်းတို့သည် လူများ လုံးဝ မဟုတ်ကြဘဲ ၎င်းတို့၏ သဘာဝ အနှစ်သာရသည် နတ်ဆိုးတစ်ကောင်၊ စာတန်၏ သဘာဝ အနှစ်သာရဖြစ်ကာ ဤလူများသည် ဘုရားသခင်ကို ဆန့်ကျင်ကြခြင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ သဘာဝ အနှစ်သာရနှင့် စပ်လျဉ်း၍ အမှုအရာများ ဖြစ်ပုံဖြစ်သည်။ သို့တိုင် အခြားသော သွင်ပြင်လက္ခဏာတစ်ခုရှိပြီး ထိုသွင်ပြင်လက္ခဏာမှာ ဘုရားသခင်သည် နတ်ဆိုးများကို မဟုတ်ဘဲ လူများကို ရွေးချယ်ခြင်းဖြစ်သည်။ ထို့ကြောင့် ငါ့ကို ပြောလော့၊ ဤနတ်ဆိုးများသည် ဘုရားသခင် ရွေးချယ်ထားသည့် လူများဖြစ်သလော၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ ရွေးချယ်ခြင်းခံရကြသလော။ (မဟုတ်ပါ။) ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသည့် လူများ မဟုတ်ပေ။ ထို့ကြောင့် သင်သည် ဤလူများနှင့် စိတ်ခံစားမှုဆိုင်ရာ တွယ်ငြိခြင်း အမြဲရှိပြီး ၎င်းတို့ သွားသည်ကို ဝမ်းနည်းမိပါက ထိုအရာက သင့်ကို မိုက်မဲသူတစ်ဦး ဖြစ်စေသည် မဟုတ်လော။ ယင်းက သင့်အား ဘုရားသခင်ကို ဆန့်ကျင်စေသည် မဟုတ်လော။ စစ်မှန်သည့် ညီအစ်ကို မောင်နှမများအပေါ် နက်ရှိုင်းသည့် ခံစားချက်များမရှိဘဲ ဤနတ်ဆိုးများအတွက် နက်ရှိုင်းသည့် ခံစားချက်များ ထားရှိပါက သင်သည် မည်သည့်အရာ ဖြစ်ပါသနည်း။ အနည်းဆုံးအနေဖြင့် သင်သည် နားဝေတိမ်တောင်ဖြစ်နေ၏၊ လူများကို ဘုရားနှုတ်ကပတ်တော်များအတိုင်း သင် ရှုမြင်ခြင်း မရှိပေ။ သင်သည် မှန်ကန်သည့် ရှုထောင့်ဖြင့် ကျင့်ကြံပြုမူခြင်း မရှိသေးသကဲ့သို့ စည်းမျဉ်းဖြင့် ကိစ္စရပ်များကို ကိုင်တွယ်ခြင်း မရှိပေ။ သင်သည် နားဝေတိမ်တောင်ဖြစ်နေသည့် လူတစ်ဦး ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄)) မယုံကြည်သူတွေအနေနဲ့ ထုတ်ဖော်ပြခံရတဲ့ လူတွေကို သဘောထားရမဲ့ပုံစံနဲ့ စပ်လျဉ်းပြီး၊ ဘုရားက အရမ်းကို ရှင်းရှင်းလင်းလင်း ပြောတယ်။ သူတို့ နာခံတတ်ရင်၊ ကျိုးနွံနာခံပြီး အလုပ်လုပ်လိုစိတ်ရှိရင်၊ သူတို့က သမ္မာတရားကို မလိုက်စားရင်တောင်၊ အနှောင့်အယှက်တွေ၊ အဖျက်အမှောင့်တွေ မဖြစ်စေသရွေ့ သူတို့အနေနဲ့ ဆက်အလုပ်လုပ်နေလို့ရတယ်။ သူတို့က ကောင်းကောင်း အလုပ်မလုပ်ရင်၊ ဝတ်ကျေတမ်းကျေဖြစ်လာရင် ဒါမှမဟုတ် မကောင်းမှုလုပ်ပြီး အသင်းတော် အလုပ်ကို နှောင့်ယှက်ရင် ဒါမှမဟုတ် အဖျက်အမှောင့်လုပ်ရင်၊ သူတို့ကို ညီအစ်ကို မောင်နှမတွေက ဖော်ထုတ်ပြီး ပြုပြင်တဲ့အခါ လက်မခံ၊ နောင်တမရဘဲ သူတို့တာဝန်ကို လုပ်တဲ့အခါအကျိုးတရားထက် ဆုံးရှုံးတာတွေ ပိုဖြစ်စေရင်၊ သူတို့က ရှင်းလင်းခံရသင့်တယ်။ ဘုရားက လူကို ကယ်တင်ပြီး လူ့အသိစိတ်က အခြေခံတစ်ခု ရှိသင့်တယ်။ လူတစ်ယောက်က သမ္မာတရားကို မလိုက်စားရင်၊ အနည်းဆုံးအနေနဲ့၊ အနှောင့်အယှက်တွေ၊ အဖျက်အမှောင့်တွေ မဖြစ်စေသင့်ဘူး။ မကောင်းမှုပြုနိုင်စွမ်းရှိပြီး၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို နှောင့်ယှက်ဖျက်ဆီးနိုင်စွမ်းရှိတဲ့သူတိုင်းရဲ့ အနှစ်သာရက နတ်ဆိုးတွေနဲ့ စာတန်ရဲ့ အနှစ်သာရပဲ။ အဲဒီလိုလူတွေက အသင်းတော်ထဲမှာ နေရင်တောင်၊ ရည်ရွယ်ချက် ဖြည့်ဆည်းမှာ မဟုတ်ဘူး။ သူတို့ကို ရှင်းလင်းပစ်ဖို့ လိုအပ်တယ်။ ဒါကို လီပင်းရဲ့ အပြုအမူနဲ့ ကျွန်မ ယှဉ်ကြည့်တယ်။ သူက ဘုရားကို နှစ်အတော်များများ ယုံကြည်ခဲ့ပြီး၊ သူ့ဆီ ကိစ္စတွေ ဖြစ်ပြီးတဲ့နောက်မှာ၊ သူက သမ္မာတရားကို မရှာခဲ့သလို၊ လူတွေနဲ့ ကိစ္စတွေကို ဆက်တိုက် အလွန်အကျွံ စိစစ်တယ်။ ညီအစ်ကို မောင်နှမတွေနဲ့ အသင်းတော် အလုပ်ကို နှောင့်ယှက်တယ်။ ညီအစ်ကို မောင်နှမတွေက သူနဲ့ မိတ်သဟာယပြုပြီး၊ သူ့ကို အကြိမ်တော်တော်များများ ကူညီခဲ့ပေမဲ့၊ သူက နည်းနည်းမှ မနိုးထဘူး၊ နောင်တမရခဲ့ဘူး။ သူ့ရဲ့ သဘာဝ အနှစ်သာရက သမ္မာတရားကို မနှစ်မြို့ဘဲ မုန်းတီးတဲ့ အနှစ်သာရပဲ။ ပြီးတော့ သူက ဖော်ထုတ်ခံရတဲ့ မယုံကြည်သူပဲ။ လီပင်းက အသင်းတော်ကနေ လုံးဝ ရှင်းလင်းခံရတာဟာ ဘုရားရဲ့ ဖြောင့်မတ်ခြင်းကို လုံးဝ ထုတ်ဖော်ပြမှာပဲ။ အရင်တုန်းက၊ လီပင်းကို ဝေဖန်တာနဲ့ ပတ်သက်လာတဲ့အခါ၊ ဘုရားနှုတ်ကပတ်တော်တွေပေါ် အခြေခံပြီး သူ့ကို ကျွန်မ မဝေဖန်ခဲ့ဘဲ၊ ကိုယ့်ကိုယ်ပိုင် အယူအဆတွေနဲ့ စိတ်ကူးတွေပေါ်ပဲ အခြေခံခဲ့တယ်။ သူ့ကိုယ်သူ စွန့်လွှတ်၊ အသုံးခံနိုင်တဲ့အတွက်၊ ဆင်းရဲဒုက္ခကို သည်းညည်းခံနိုင်တဲ့အတွက်၊ သူ့ကိုယ်သူ ချုပ်ထိန်းပြီး၊ အပြုအမူကောင်းတချို့ ပြနိုင်တဲ့အတွက်၊ ဘုရားသခင်ကို စစ်မှန်တဲ့ယုံကြည်ခြင်းရှိတဲ့ သူတစ်ယောက်လို့ ကျွန်မ ထင်ခဲ့တယ်။ ဒါကြောင့် ကျွန်မရဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ သူ့ကို အသင်းတော်မှာ ကျွန်မ ရှိနေစေချင်ခဲ့တယ်။ ကျွန်မ တကယ်ကို မျက်ကန်းဖြစ်ခဲ့တာပဲ။ အပြုအမူကောင်းပြတဲ့သူတိုင်းက ဘုရားကို စစ်မှန်တဲ့ ယုံကြည်ခြင်းရှိတယ်လို့ ဘုရားက လုံးဝ မပြောခဲ့ဘူး။ ဘုရားက လူတွေကို သူတို့ရဲ့ သဘာဝ အနှစ်သာရနဲ့ သမ္မာတရားအပေါ် သူတို့ရဲ့ သဘောထားအပြင်၊ တစ်လျှောက်လုံး သူတို့ လျှောက်ခဲ့ကြတဲ့ လမ်းကြောင်းတွေကို အခြေခံပြီး တိုင်းတာတယ်။ ဘုရားရဲ့ အမှုတော်က လူတွေကို သူတို့အမျိုးအစားအလိုက် ခွဲခြားတဲ့ နောက်ဆုံးအဆင့်ကို ရောက်နှင့်နေပြီ။ သမ္မာတရားကို ချစ်ပြီး လက်ခံနိုင်တဲ့လူတွေ၊ အဲဒီသမ္မာတရားကို မနှစ်မြို့ဘဲ မုန်းတဲ့လူတွေ၊ ဂျုံစပါးဖြစ်တဲ့လူတွေနဲ့ တောပင်တွေဖြစ်တဲ့လူတွေ သူတို့အားလုံးကို ဘုရားက ထုတ်ဖော်ပြတော့မှာ။ သမ္မာတရားကို မနှစ်မြို့ဘဲ မုန်းတီးတဲ့ အဲဒီမယုံကြည်သူတွေ၊ ဆိုးယုတ်တဲ့လူတွေနဲ့ အန္တိခရစ်တွေအားလုံးက ဘုရားရဲ့ ရှင်းလင်းပစ်တာကို ခံရလိမ့်မယ်။ အခု၊ မယုံကြည်သူတစ်ယောက်အနေနဲ့ ထုတ်ဖော်ခံရတဲ့ လီပင်းအတွက် စာနာစိတ်ကို ကျွန်မ ခံစားနိုင်နေတုန်းပဲ။ ကျွန်မက ဘုရားကို ဆန့်ကျင်ရပ်တည်နေပြီး အတိုက်အခံလုပ်နေတာ မဟုတ်လား။ ကျွန်မ တကယ်ကို မိုက်မဲလွန်းတာပဲ။ ကျွန်မစိတ်နှလုံးမှာ သူ့ကို ပိုင်းခြားသိမြင်ပြီး ငြင်းပယ်သင့်တယ်။ ပြီးတော့ ဘုရားအိမ်တော်ရဲ့ အလုပ်ကို စောင့်ရှောက်ဖို့ မယုံကြည်သူဖြစ်တဲ့ သူ့အပြုအမူကို အသင်းတော်ဆီ ချက်ချင်း အသိပေးသင့်တယ်။ ကျွန်မ နားဝေတိမ်တောင်ဖြစ်လို့ မရတော့ဘူး။

အဲဒီနောက် မကြာခင်မှာ၊ မယုံကြည်သူဖြစ်တဲ့ လီပင်းရဲ့ အပြုအမူကို အသင်းတော်ဆီ ကျွန်မ အသိပေးခဲ့ပြီး၊ သိပ်မကြာခင် သူ ဖယ်ရှားခံခဲ့ရတယ်။ လီပင်း ဖယ်ရှားခံရတဲ့ ဒီဖြစ်စဉ်ကို တွေ့ကြုံရတဲ့အခါ၊ ယုံကြည်ခြင်းမရှိသူတွေအပေါ် ချင့်ချိန်နိုင်စွမ်းတချို့အပြင်၊ ကျွန်မထဲက မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်တွေအပေါ် သိနားလည်မှုတချို့လည်း ရခဲ့တယ်။ တစ်ယောက်ယောက်က အပြုအမူကောင်းတချို့ ပြလို့သက်သက်နဲ့ ဘုရားကို စစ်မှန်တဲ့ ယုံကြည်ခြင်းရှိတာ မဟုတ်မှန်း ကျွန်မ နားလည်ခဲ့တယ်။ တစ်ယောက်ယောက်က သမ္မာတရားကို မချစ်၊ လက်မခံရင်၊ အနှေးနဲ့အမြန် သူတို့ ထုတ်ဖော်ခံရပြီး ဖယ်ရှားခံရမှာပဲ။ လူတွေကို ဘုရားနှုတ်ကပတ်တော်တွေပေါ် အခြေခံပြီး ပိုင်းခြားသိမြင်တာကသာ မှန်ကန်တာကို ကျွန်မ မြင်ခဲ့တယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဖို့ မည်သည့်အရာက ကျွန်မကို ပိတ်ပင်ခဲ့သနည်း

စုအိုက် အီတလီနိုင်ငံ ညီမက ဂရတ်ဖစ်ဒီဇိုင်းအလုပ်လုပ်ဖို့ အသင်းတော်က တခြားလူတချို့နဲ့ တွဲရတယ်။ တစ်နေ့တော့ ခေါင်းဆောင်က ညီမကို ပြောတယ်။...

သက်သာမှုကို တပ်မက်ခြင်းသည် မည်သည့်အရာကိုမျှ မရရှိစေပါ

ရှောင်ရွေ့ ဆွီဒင်နိုင်ငံ အရင်နှစ် ဇူလိုင်လတုန်းက ဗီဒီယိုအလုပ်ကို ကျွန်မ ဦးဆောင်ရတယ်။ အစပိုင်းမှာ ညီအစ်ကိုမောင်နှမတွေရဲ့အလုပ်ကို ကျွန်မ...

ကျွန်တော့်ခံစားချက်တွေက ကျွန်တော့်ရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ဖုံးအုပ်သွားခဲ့တယ်

ကျိုးမင် တရုတ်နိုင်ငံ နေကောင်းရဲ့လား။ ဟီကျွမ် ငါ မင်းစာကို ရတယ်။ ငါတို့ကလေးတွေက အသင်းတော်ကနေ ရှင်းလင်းပစ်ခံရတယ်လို့ မင်းစာထဲမှာ ပြောထားတယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။