လူသစ်တွေကို လေ့ကျင့်ပေးရင်း ကျွန်တော် ထုတ်ဖော်ခံရတယ်

11.09.2022

ရှောင်ဇောင် ဂရိနိုင်ငံ

နိုင်ငံတော်ဧဝံဂေလိတရား ပျံ့နှံ့လာတာနဲ့အမျှ၊ ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ကို စုံစမ်းတဲ့လူတွေက တစ်နေ့တခြား ပိုများလာတယ်ဗျ။ ဒီတော့ ဧဝံဂေလိ ဟောပြောဖို့နဲ့ လူသစ်တွေကို ရေလောင်းဖို့အတွက် လူတွေ ပိုပြီးလိုလာတယ်။ အရေးကြီးဆုံးက လူသစ်တွေထဲမှာ အရည်အချင်းကောင်းတဲ့သူတွေကို လေ့ကျင့်ပေးဖို့ပဲ၊ ဒါမှ သူတို့လည်း တာဝန်ကိုယ်စီ ယူနိုင်ကြမယ်။ အချိန်တစ်ခုလောက် ကြာတော့၊ လူသစ်တွေကို လေ့ကျင့်ပေးရတာ ထင်သလောက် မလွယ်မှန်း တွေ့လာရော။ ဒီလူသစ်တွေက ဘာမှမသိတဲ့ မွေးကင်းစ ကလေးတွေလိုပဲ။ သူတို့တာဝန်ကို လုပ်တတ်အောင် သင်ယူတဲ့အချိန်မှာ သေချာညွှန်ပြပေးဖို့ လိုတယ်။ စည်းဝေးပွဲတွေမှာ ပါမယ့် အကြောင်းအရာကို သူတို့အတွက် နေ့တိုင်း ကြိုပြီး ဆွေးနွေးပေးရတယ်။ စည်းဝေးပွဲတွေကို ဘယ်လိုလုပ်ရတယ်ဆိုတာလည်း သင်ပေးဖို့ လိုပြန်ရော။ သူတို့တွေ စည်းဝေးပွဲ လုပ်နေပြီဆို၊ ကျွန်တော်က အခြေအနေကို စောင့်ကြည့်ရတယ်။ ပြောဆိုတာတွေ မြန်လွန်းနေရင်၊ ဖြည်းဖြည်းပြောဖို့ သူတို့ကို သတိပေးရတယ်။ မဟုတ်ရင် တချို့လူတွေက နားလည်မှာမဟုတ်ဘူးလေ။ သူတို့ ပြောဆိုတာတွေ နှေးလွန်းရင်လည်း၊ အချိန်ကို ညှိတတ်ဖို့ သတိပေးရသေးတာ။ အဲဒါတွေအပြင် သူတို့ကြုံရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာလည်း သင်ပေးရသေးတယ်၊ ဒါမှ သူတို့မှာ ရေလောင်းပေးဖို့ တာဝန်ရှိလာမယ့် ညီအစ်ကိုမောင်နှမတွေအနေနဲ့လည်း၊ ပုံမှန်အတိုင်း စည်းဝေးပြီး ဘုရားနှုတ်ကပတ်တော်ကို ဖတ်နိုင်ကြမယ်။ စစ်မှန်တဲ့လမ်းမှာ အခြေခံအုတ်မြစ်တစ်ခုကို မြန်မြန် ချနိုင်ကြမယ်။ ဒီ ပျိုးထောင်ပေးတဲ့လူသစ်တွေမှာ ပြဿနာအမျိုးမျိုး ရှိပြီဆိုရင်၊ ကျွန်တော်က သူတို့အခြေအနေကို စောင့်ကြည့်ပြီး၊ အခက်အခဲတွေကို ဘယ်လိုကြံ့ကြံ့ခံမလဲဆိုတာကို သူတို့နဲ့ မိတ်သဟာယ လုပ်ပေးရတယ်။ အဲဒါမှ သူတို့အခြေအနေလည်း မထိခိုက်ဘူး၊ တာဝန်တွေကိုလည်း ပုံမှန်အတိုင်း လုပ်နိုင်ကြမှာ။

အချိန်တစ်ခုလောက် ကြာတော့၊ လူသစ်တွေကို လေ့ကျင့်ပေးရတာ ပင်ပန်းခက်ခဲတယ်လို့ ထင်လာမိရော။ ကျွန်တော်က အဖွဲ့ခေါင်းဆောင်ဆိုတော့၊ အဖွဲ့ရဲ့ ရှိသမျှအလုပ်အားလုံးကို တာဝန်ယူရတဲ့အပြင်၊ ဘုရားရဲ့အမှုတော်ကို လက်ခံပြီးခါစ တချို့လူတွေကိုလည်း ရေလောင်းပေးရသေးတယ်။ ဒီအလုပ်တွေက အချိန်ရော အားထုတ်မှုရော အများကြီး လိုတယ်လေ။ ဒါပေမဲ့ အခုကျတော့ ကျွန်တော့်အချိန်တွေ၊ ခွန်အားတွေ အများစုက လူသစ်တွေကို လေ့ကျင့်ပေးရင်း ကုန်သွားတာ။ ပြီးတော့ အချိန်တွေ တစ်နေ့ပြီးတစ်နေ့ ကုန်လာရင်းနဲ့၊ ကျွန်တော် ရေလောင်းပေးတဲ့ လူတွေထဲက တချို့က စည်းဝေးပွဲတွေကို မလာကြပြန်ဘူး။ ဒီတော့ အဲဒီလူတွေကို မိတ်သဟာယနဲ့ အထောက်အပံ့ ပေးဖို့ ကျွန်တော်ပဲ ဒိုင်ခံ လိုက်ရှာရတာ။ ဒီဟာကြောင့် ကျွန်တော် တော်တော် သောကဖြစ်ရတယ်။ လူသစ်တွေကို လေ့ကျင့်ပေးရတာ အချိန်ကုန်လွန်းတယ်၊ ကျွန်တော့်ရေလောင်းတဲ့ ရလဒ်ကိုလည်း ထိခိုက်တယ်ဆိုပြီး ညည်းမိတာပေါ့။ တစ်လကြာတော့ ကျွန်တော့်အဖွဲ့မှာ အလုပ်လုပ်တာ ကျွန်တော်က အညံ့ဆုံးဖြစ်လာရော။ ဒါက တော်တော် ရှက်ဖို့ကောင်းတာ။ တစ်ခါကျတော့ စည်းဝေးပွဲတစ်ခုမှာ၊ ကျွန်တော့်ခေါင်းဆောင်က ကျွန်တော့်ရေလောင်းတဲ့အလုပ်ကို ထိရောက်မှုမရှိဘူးဆိုပြီး လူတွေအများကြီးရှေ့မှာ ပြောရော။ ကျွန်တော်လည်း ရှက်လွန်းလို့ ထွက်ပြေးချင်စိတ် ပေါက်သွားတာ။ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ကျွန်တော် ရေလောင်းတာက အဖွဲ့ထဲက တခြားသူတွေလောက် ထိရောက်မှုမရှိဘူးဆိုရင်၊ လူတွေက ကျွန်တော့်ကို ဘယ်လိုထင်ကြမလဲ။ ဒီအချက်ကို ကျွန်တော် လက်မခံနိုင်ခဲ့ဘူး။ တော်တော် စိတ်ပျက်ခဲ့မိတယ်။ လူသစ်တွေကို ပျိုးထောင်ပေးရတဲ့ ကိုယ့်အလုပ်ကိုတောင် စပြီး စိတ်ကုန်လာတယ်။ ငါ့ခွန်အားတွေအားလုံးကို ငါ ရေလောင်းပေးတဲ့ ညီအစ်ကိုမောင်နှမတွေအတွက်သာ သုံးခွင့်ရခဲ့မယ်ဆိုရင်၊ ငါ့အနေနဲ့ အဖွဲ့ထဲမှာ အညံ့ဆုံးလူ ဖြစ်ချင်မှဖြစ်မှာဆိုပြီး စဉ်းစားမိတယ်။ လူသစ်တွေကို ပျိုးထောင်ပေးတဲ့ အကျိုးရလဒ်တွေဆိုတာ ချက်ချင်း မမြင်နိုင်ဘူးလေ။ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေနဲ့ တခြား ညီအစ်ကိုမောင်နှမတွေက ကျွန်တော် ပေးတဲ့ အဖိုးအခကို မမြင်ကြဘူးပေါ့။ ဒါတွေကို စဉ်းစားမိတဲ့အချိန်မှာ ကျွန်တော် မွန်းကျပ်သွားတယ်။ လူသစ်တွေကို ပျိုးထောင်ပေးဖို့ စိတ်ထက်သန်မှုကလည်း ရုတ်တရက် ပျောက်သွားရော။ လူသစ်တွေကို လေ့ကျင့်ပေးရတာ ဝန်ထုပ်ဝန်ပိုးပဲလို့တောင် ထင်မိသွားတာ။ အဲဒီအချိန်မှာ ကျွန်တော် လေ့ကျင့်ပေးတဲ့ လူသစ်တော်တော်များများက တခြားလူတွေကို သူတို့ဘာသာ ရေလောင်းပေးနိုင်နေပြီ။ တကယ်လို့ သူတို့တွေက ဘုရားအမှုတော်ကို လက်ခံပြီးခါစ ညီအစ်ကိုမောင်နှမတချို့ကို ရေလောင်းပေးတဲ့တာဝန် ယူမယ်ဆိုရင်၊ သူတို့အလုပ်ကို နောက်ဆက်တွဲ စစ်ဆေးတဲ့အနေနဲ့ ကျွန်တော်ကလည်း ရေလောင်းတဲ့အလုပ်မှာ သူတို့ကို ကူညီရလိမ့်မယ်။ ကျွန်တော် အလုပ်တွေ ပိုလုပ်ရလိမ့်မယ်။ ပြီးတော့ အလုပ်ရဲ့ရလဒ်တွေအတွက်လည်း ကျွန်တော်က ချီးကျူးခံရမှာ မဟုတ်ဘူး။ ကျွန်တော်လည်း စဉ်းစားရင်းနဲ့ စပြီး တွက်ချက်တော့တာပဲ၊ “ဒါဆိုရင် ငါက သူတို့ကို သူတို့ဘာသာ ရေလောင်းခွင့် မပေးတော့ဘူး။ ငါနဲ့ပဲ တွဲပြီး လုပ်ခိုင်းမယ်၊ ငါ တာဝန်ယူရတဲ့ ညီအစ်ကိုမောင်နှမတွေကို ငါပဲ ရေလောင်းမယ်။ ဒါဆို ငါလည်း မပူပန်ရတော့ဘူး၊ ငါ့အလုပ်ရလဒ်တွေလည်း တိုးတက်မယ်၊ ငါလည်း မျက်နှာပန်းလှမယ်” ပေါ့။ ဒါပေမဲ့ အဲဒီအချိန်မှာ ကိုယ့်နာမည်နဲ့ အဆင့်အတန်းအတွက်ပဲ ကျွန်တော် စဉ်းစားမိတယ်။ ဒီစိတ်ကူးမှာ ဘာမှားနေတယ်ဆိုတာ သဘောမပေါက်ခဲ့ဘူး။ ဒီလိုနဲ့ တစ်ရက်မှာ ကျွန်တော် ဘုရားဝတ်ပြုနေတုန်း၊ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်နှစ်ခုကို ဖတ်မိတော့မှ၊ ကိုယ့်အခြေအနေကို နည်းနည်း အသိတရား ရသွားတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူတစ်ဦး၏အကျင့်များကို ကောင်းသည် ဆိုးသည်ဟူ၍ အကဲဖြတ်သော စံနှုန်းမှာအဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် ၎င်းတို့၏အတွေးများ၊ ဖော်ပြချက်များနှင့် အပြုအမူများ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရား စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်ခြင်းအကြောင်း သက်သေခံချက် ရှိမရှိအပေါ် မူတည်၏။ အကယ်၍ သင်၌ ဤစစ်မှန်မှု မရှိပါက၊ သို့မဟုတ် ဤအရာအတိုင်း အသက်ရှင်နေထိုင်ခြင်းမရှိပါက၊ သင်သည် မကောင်းမှုပြုသူဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိ။ ဘုရားသခင်က ဒုစရိုက်ပြုသူများကို အဘယ်သို့ မြင်သနည်း။ သင့်အတွေးများနှင့် အပြင်ပန်းအပြုအမူများက ဘုရားသခင်အတွက် သက်သေမခံသကဲ့သို့ ယင်းတို့က စာတန်အား အရှက်ကွဲစေခြင်း သို့မဟုတ် စာတန်အား အနိုင်ယူခြင်းလည်း မပြုချေ၊ ထို့အစား ဘုရားသခင်ကို သူတို့ အရှက်ရစေပြီး၊ ဘုရားသခင်ကို အရှက်ရစေသည့် လက္ခဏာများနှင့် ပွထနေသည်။ သင်သည် ဘုရားသခင်အတွက် သက်သေခံနေခြင်း မရှိ၊ ဘုရားသခင်အဘို့ မိမိကိုယ်ကို အသုံးခံနေခြင်း မရှိသကဲ့သို့ ဘုရားသခင်အတွက် သင်၏ တာဝန်နှင့် ဝတ္တရားတို့ကို ဖြည့်ဆည်းနေခြင်းလည်း မရှိပါပေ၊ ထိုအစား သင့်ကိုယ်ပိုင်အကျိုးအတွက် သင်ပြုမူနေသည်။ ‘သင့်ကိုယ်ပိုင်အကျိုးအတွက်’ ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အတိအကျဆိုလျှင် စာတန်အတွက်ကို ဆိုလိုသည်။ ထို့ကြောင့် နောက်ဆုံးတွင် ဘုရားသခင်က ‘အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ’ ဟု ဆိုလိမ့်မည်။ ဘုရားသခင်၏ အမြင်တွင် ကောင်းမှုများကို သင် မပြုလုပ်သေးဘဲ၊ တကယ်တမ်းတွင် သင့်အမူအကျင့်မှာ ဆိုးယုတ်မှုသို့ ပြောင်းသွားပြီဖြစ်သည်။ ဘုရားသခင်၏ လက်ခံမှုကို မရရှိနိုင်မည့်အပြင် သင်သည် စီရင်ခြင်းခံရလိမ့်မည်။ ဘုရားသခင်၌ ထိုသို့သော ယုံကြည်မှု ရှိသည့်သူတစ်ဦးသည် အဘယ်အရာကို ရရှိဖို့ ကြိုးစားသနည်း။ ထိုသို့သော ယုံကြည်မှုသည် အဆုံး၌ အချည်းနှီးဖြစ်မည် မဟုတ်လော။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာလွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်)မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းနေသည့်သူများ အားလုံးအတွက်မူ၊ သမ္မာတရားကို ၎င်းတို့၏နားလည်ခြင်းသည် မည်မျှ နက်နဲပါစေ၊ သို့မဟုတ် မည်မျှပေါ့တန်ပါစေ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ အရိုးရှင်းဆုံး လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းမှာ အရာအားလုံး၌ ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားများကို တွေးဖို့ရန်နှင့် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများ၊ တစ်ဦးချင်းစီ၏ ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များ၊ မာနနှင့် ဂုဏ်အဆင့်အတန်းတို့ကို လက်လွှတ်ဖို့ ဖြစ်သည်။ ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားများကို ဦးစားပေးလော့— ဤသည်မှာ အနည်းဆုံး လုပ်ဆောင်သင့်သည့် အရာဖြစ်၏။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာလွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့မှ ကျွန်တော် နားလည်သွားတယ်၊ ဘုရားက လူတွေကို သူတို့ ဘယ်လောက် ဆင်းရဲဒုက္ခခံတယ်၊ ဘယ်လိုအဖိုးအခ ပေးတယ်၊ ဒါမှမဟုတ် သူတို့တာဝန်မှာ ဘယ်လောက် အကျိုးပြုတယ်ဆိုတာကို အခြေခံပြီး အကဲဖြတ်တာ မဟုတ်ဘူး။ လူတွေဟာ သူတို့တာဝန်တွေကို ဆောင်ရွက်တဲ့နေရာမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သလား၊ အမှုကိစ္စတွေမှာ သူတို့ရဲ့ရည်ရွယ်ချက်နဲ့ စမှတ်တွေက ဘုရားအိမ်တော်ရဲ့အကျိုးကို ကာကွယ်ပေးသလား၊ ပြီးတော့ သူတို့က ဘုရားကို သက်သေခံဖို့၊ ကျေနပ်စေဖို့ ကြိုးစားသလားဆိုတာကို ဘုရားက ကြည့်တာပါ။ ကိုယ့်တာဝန်မှာ ကိုယ့်ရည်ရွယ်ချက်က ထင်ပေါ်ဖို့၊ ကိုယ့်ကိုယ်ကိုယ် အမြင်လှစေဖို့ဆိုရင်၊ ဘယ်လောက်ပဲ ဆင်းရဲဒုက္ခခံခံ၊ ဘုရားက သဘောကျမှာ မဟုတ်ဘူး၊ မကောင်းမှုပြုတဲ့လူလို့ပဲ ပြစ်တင်ရှုတ်ချလိမ့်မယ်။ လူသစ်တွေကို ပျိုးထောင်တာက ဘုရားရဲ့အိမ်တော်မှာ အရေးကြီးတဲ့အလုပ် ဖြစ်မှန်း ကျွန်တော် သိတာပေါ့။ အဲဒါက ရေလောင်းတဲ့လူအင်အား ရှားပါးတာကို ဖြေရှင်းပေးနိုင်တယ်၊ လူသစ်တွေလည်း တာဝန်ကိုယ်စီ ယူကြတာတွေ၊ သူတို့ကိုယ်သူတို့ သမ္မာတရားနဲ့ အားဖြည့်တာတွေ၊ ဘုရားရဲ့အမှုတော်ကို တွေ့ကြုံခံစားမိအောင် သင်ယူတာတွေ ဖြစ်လာနိုင်တယ်။ အဲဒီလိုနဲ့ အသက်တာမှာ သူတို့တွေ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးနိုင်မယ်။ ဒါပေမဲ့ ကျွန်တော်က ဘုရားအလိုတော်ကို အလေးမထားခဲ့ဘူး၊ လူသစ်တွေရဲ့အသက်တာတွေအပေါ် တာဝန်မဲ့ခဲ့တယ်။ ကိုယ့်အလုပ်ရဲ့အကျိုးဆက်၊ ကိုယ့်ပုံရိပ်နဲ့ ကိုယ့်အဆင့်အတန်းကိုပဲ ထည့်စဉ်းစားခဲ့တာ။ လူသစ်တွေကို လေ့ကျင့်ပေးဖို့ဆိုတဲ့ အဖိုးအခကို မပေးချင်ခဲ့ဘူးလေ။ ကျွန်တော်က တစ်ကိုယ်ကောင်းဆန်လွန်းပြီး ရွံစရာကောင်းခဲ့တာပါ။ ကျွန်တော်က ကိုယ့်တာဝန်ကို လုပ်နေတာလို့ ပြောနိုင်ပါ့မလား။ ကျွန်တော် လုပ်နေတာတွေက ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းနောက်ကို လိုက်နေတာ။ မကောင်းတာ လုပ်နေခဲ့တာ။

နောက်တော့ ဘုရားရဲ့နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုကို ဖတ်မိပြန်ရော၊ “အန္တိခရစ်တို့သည် သမ္မာတရားစည်းမျဉ်းများ၊ ဘုရားသခင်၏ စေခိုင်းချက်များနှင့် ဘုရားအိမ်တော်၏ အလုပ်၊ သို့မဟုတ် ၎င်းတို့ရင်ဆိုင်ရသည့်အရာများကို မည်သို့ကိုင်တွယ်ရမည်ဆိုသည်ကို အလေးအနက် စဉ်းစားကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို မည်သို့ဖြည့်ဆည်းရမည်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်ခြင်းမှ မည်သို့ထိန်းသိမ်းကာကွယ်ရမည်၊ ဘုရားသခင်ကို မည်သို့ ကျေနပ်စေရမည်၊ သို့မဟုတ် ညီအစ်ကိုမောင်နှမတို့အား မည်သို့ အကျိုးဖြစ်စေရမည်တို့ကို မစဉ်းစားပေ။ ဤအရာတို့သည် ၎င်းတို့ ထည့်စဉ်းစားသည့် အရာများမဟုတ်ပေ။ အန္တိခရစ်များသည် မည်သည့်အရာကို ထည့်စဉ်းစားသနည်း။ ၎င်းတို့၏ ကိုယ်ပိုင် အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ ထိခိုက်ခြင်းရှိမရှိနှင့် ၎င်းတို့၏ ဂုဏ်သိက္ခာ နိမ့်ကျခြင်းရှိမရှိတို့ဖြစ်သည်။ သမ္မာတရားစည်းမျဉ်းများအတိုင်း တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်းသည် အသင်းတော်အလုပနှင့် ညီအစ်ကိုမောင်နှမများအတွက် အကျိုးရှိစေသော်လည်း ၎င်းတို့၏ ဂုဏ်သတင်းကို ထိခိုက်စေပြီး လူများစွာတို့အား ၎င်းတို့၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုကို နားလည်သဘောပေါက်မိစေပြီး ၎င်းတို့တွင် မည်သည့်သဘာဝနှင့် အနှစ်သာရမျိုး ရှိသည်ကိုသိစေလျှင် ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများအရ သေချာပေါက် လုပ်ဆောင်မည်မဟုတ်ပေ။ လက်တွေ့အလုပ်ကို လုပ်ဆောင်ခြင်းသည် ၎င်းတို့ကို လူများက ပို၍ အထင်ကြီးစေလျှင် လေးစားစေလျှင်၊ အားကျစေလျှင်၊ သို့မဟုတ် ၎င်းတို့၏ စကားများအား သြဇာအာဏာကို သယ်ဆောင်စေပြီး ပိုများသော လူတို့အား ၎င်းတို့ကို နာခံကြစေလျှင် ထိုနည်းအတိုင်းလုပ်ဆောင်ရန် ရွေးချယ်ကြလိမ့်မည်။ ဤသို့မဟုတ်လျှင် ၎င်းတို့သည် ဘုရားအိမ်တော်၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားခြင်းကြောင့် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို လျစ်လျူရှုရန် ရွေးချယ်ခြင်းကို မည်သည့်အခါမျှ ပြုလုပ်လိမ့်မည်မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝနှင့် အနှစ်သာရဖြစ်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်မဟုတ်လော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၃)၊ အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၃)) အန္တိခရစ်တွေဆိုတာ တစ်ကိုယ်ကောင်းဆန်လွန်းတယ်၊ ရွံစရာကောင်းတယ်လို့ ဘုရားရဲ့နှုတ်ကပတ်တော်က ဖော်ပြတာပါ။ သူတို့က အသင်းတော်ရဲ့အလုပ်ကိုဖြစ်ဖြစ်၊ တခြားသူတွေရဲ့ အသက်ဝင်ရောက်မှုကိုဖြစ်ဖြစ်၊ ထည့်မစဉ်းစားဘဲနဲ့ သူတို့ကိုယ်ကျိုးအတွက်ပဲ ဦးစားပေးကြတယ်။ သူတို့ကိုယ်ပိုင်အကျိုးကိုပဲ စဉ်းစားကြတာ။ ကျွန်တော်လည်း ကိုယ်လုပ်ခဲ့တာတွေကို ဆင်ခြင်ကြည့်တော့၊ အန္တိခရစ်တစ်ယောက်နဲ့ တူနေတယ်ဆိုတာ သဘောပေါက်သွားတယ်။ လူသစ်တွေကို ပျိုးထောင်တာက ဧဝံဂေလိတရား ဖြန့်ဝေရာမှာ အရေးကြီးမှန်း ကျွန်တော် သိတာပေါ့။ ဒါပေမဲ့ လူသစ်တွေကို လေ့ကျင့်ပေးရတာ အချိန်ကုန်ပြီး တန်ရာတန်ကြေး ပေးရမှန်း မြင်မိတဲ့အချိန်မှာ၊ ကိုယ့်အကျိုးအတွက်ဆိုတာတွေပဲ ကျွန်တော့်စိတ်ထဲမှာ ရှိတော့တယ်။ လူသစ်တွေကို လေ့ကျင့်ပေးရတာ အချိန်ကုန်လွန်းတယ်၊ ကိုယ့်တခြားအလုပ်ရဲ့ နောက်ဆက်တွဲ အလုပ်တွေကိုလည်း နှောင့်နှေးစေတယ်၊ ကိုယ့်ကို အကျိုးယုတ်စေတယ်၊ ကိုယ့်ပုံရိပ်ကို ထိခိုက်တယ်ဆိုပြီး ထင်ခဲ့တာ။ ဒါက မတရားဘူးလို့လည်း ထင်ခဲ့မိတယ်။ လူသစ်တွေကို ပျိုးထောင်ရတဲ့အလုပ်မှာ ကိုယ့်မကျေနပ်ချက်တွေကို ထွက်ပေါက်ရှာမိတယ်။ သူတို့တာဝန်သူတို့လုပ်နိုင်တဲ့ လူသစ်တွေကိုတောင် ကျွန်တော်က ကိုယ့်အလုပ်ရလဒ်တွေ တိုးတက်အောင်၊ ကိုယ့်အတွက် မျက်နှာပန်းလှအောင်ဆိုပြီး ကျွန်တော့်အလုပ်မှာ ဝိုင်းလုပ်ခိုင်းခဲ့တယ်။ ကျွန်တော်က တစ်ကိုယ်ကောင်းဆန်တယ်၊ ရွံဖို့ကောင်းတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်ရဲ့ ထုတ်ဖော်ပြမှုတွေ၊ စိစစ်ပြတာတွေကနေ မြင်သွားတာ။ ကျွန်တော်က လူသစ်တွေကို ပျိုးထောင်တယ်ဆိုတာ ဘုရား ကျေနပ်စေဖို့၊ ဘုရားအိမ်တော်ရဲ့အလုပ်ကို ထိန်းသိမ်းဖို့ မဟုတ်ဘူး။ ကိုယ့်ရာထူးကို ထိန်းသိမ်းဖို့အတွက် လုပ်တာ။ ဒါက ဘုရားကို ခုခံနေတဲ့ လမ်းကြောင်းပဲလေ။ ကျွန်တော်လည်း ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့မှ အဲဒါကို သဘောပေါက်ခဲ့တာပါ။ အဲဒီနောက်မှ ဘုရားဆီမှာ နောင်တရဖို့ ဆုတောင်းမိတာ။ ကျွန်တော့်အနေနဲ့ နာခံချင်ပါတယ်၊ လူသစ်တွေကို ပျိုးထောင်ဖို့ အလုပ်ကြိုးစားချင်ပါတယ်ပေါ့။ နောက်တော့ ကျွန်တော်လည်း တချို့လူသစ်တွေကို သူတို့ဘာသာ ရေလောင်းတဲ့အလုပ် လုပ်ကြဖို့ ပြောလိုက်တယ်။ သူတို့လည်း ပျော်ကြတယ်၊ ဘုရားသခင်ကိုလည်း ကျေးဇူးတင်ကြတယ်။ သူတို့က ဘာပြောလဲဆိုတော့၊ ဒီတာဝန်မှာ အခက်အခဲတွေအများကြီး ရှိမယ်ဆိုတာ သိတယ်၊ ဒါပေမဲ့ ဘုရားကို အားကိုးပြီး သူတို့တာဝန်ကို လုပ်ကြဖို့ ပြင်ဆင်ထားတယ်တဲ့။ ဘုရားက သူတို့အခက်အခဲတွေအားလုံးကို ကူပြီး ဖြေရှင်းပေးမယ်လို့ ယုံကြည်တယ်တဲ့။ လူသစ်တွေက သူတို့တာဝန်အပေါ် ကြိုပြီးအသင့်ရှိနေတဲ့ သဘောထားတွေကို မြင်ရတာ ကျွန်တော်လည်း တော်တော် အားတက်သွားတယ်။ သူတို့ကို စည်းဝေးပွဲတွေ လုပ်တတ်အောင် သင်ပေးရုံလောက်နဲ့ ကျွန်တော် မကျေနပ်တော့ဘူး။ သူတို့ရေလောင်းတဲ့အလုပ်ကို ပိုကောင်းအောင် ကျွန်တော် အမှန်တကယ် ကူညီချင်သွားတာ။ ဘုရားအမှုတော်ကို လက်ခံပြီးခါစ လူတွေကို ဘယ်လို ပိုကောင်းအောင် ရေလောင်းပေးမလဲဆိုတာ သူတို့ကို သင်ပေးဖို့၊ ကျွန်တော်က အဲဒါနဲ့ပတ်သက်တဲ့ စိတ်ကူးကောင်းလေးတွေကို ရေးချပြီး သူတို့နဲ့ ဆွေးနွေးတယ်။ စည်းဝေးပွဲတစ်ခု ပြီးသွားတိုင်း၊ ကျွန်တော် သတိထားမိတဲ့ ပြဿနာတွေကို အကျဉ်းချုပ်ပြီး မိတ်သဟာယ ပေးတယ်။ တစ်ခါတလေ သူတို့ရေလောင်းတဲ့အလုပ်မှာ အခက်အခဲတွေ ရှိပြီဆိုလည်း၊ ကျွန်တော်ပဲ ကူပြီး ဖြေရှင်းပေးလိုက်တယ်။ လူသစ်တွေကို ပျိုးထောင်ပေးရတာကိုလည်း ကျွန်တော် မဆန့်ကျင်မိတော့ဘူး၊ အများကြီး မညည်းတော့ဘူး။ သူတို့ကို ကူညီပေးရတာ ဒုက္ခများလွန်းတယ်လို့လည်း မထင်တော့ဘူး။ အဲဒီအစား ဒါက ငါ ကောင်းအောင်လုပ်သင့်တဲ့ ငါ့တာဝန်နဲ့ ငါ့အလုပ်ပဲဆိုပြီး ခံစားမိသွားတယ်။

ဒါပေမဲ့၊ ဒီ လူသစ်တွေထဲမှာ၊ အန်နာဆိုတဲ့ ညီမတစ်ယောက် ရှိတယ်ဗျ။ သူ့တာဝန်ကို ကြိုးကြိုးစားစား လုပ်လေ့မရှိဘူး။ တစ်ခါတလေ အလုပ်တစ်ခုကို လုပ်မယ်လို့ ကတိပေးပြီးရင်၊ သူ့မှာ အဲဒီအတွက် လိုအပ်တဲ့ပေးဆပ်မှုဆိုတာ မရှိဘူး။ လတစ်ဝက်ကျော် အချိန်ကုန်သွားလည်း၊ သူ တာဝန်ယူထားတဲ့ လူသစ်တွေက အခြေခံ သမ္မာတရားတွေကို နားမလည်ကြသေးဘူး။ ဥပမာ ဘုရားရဲ့လူ့ဇာတိခံယူခြင်းတို့၊ အမှုတော်ရဲ့ အဆင့်သုံးဆင့်အကြောင်းတွေပေါ့။ တချို့ဆို စည်းဝေးပွဲတွေတောင် မလာကြတော့ဘူး။ ဒါနဲ့ ကျွန်တော်က သူတို့ကို ပံ့ပိုးပေးဖို့ အန်နာကို တိုက်တွန်းတယ်။ ဒါပေမဲ့ တစ်ခါတလေ အန်နာကို ဆက်သွယ်လို့တောင် မရဘူး၊ အဲဒီအလုပ်ကို ကျွန်တော်ကိုယ်တိုင်ပဲ လုပ်လိုက်ရရော။ ကျွန်တော်လည်း အန်နာကို နည်းနည်း မနှစ်သက်သလို ဖြစ်မိတယ်။ သူက အလုပ်ကို တကယ်မလုပ်ဘူး၊ ကျွန်တော့်ကို နှောင့်နှေးအောင် လုပ်နေသလိုပဲ။ ကျွန်တော့်မှာ ကိုယ့်တာဝန်နဲ့တင် အလုပ်များနေပြီ။ အခု သူ့အတွက် ပြဿနာတွေပါ ရှင်းပေးရမယ်။ ကျွန်တော်က တာဝန်နှစ်ခု လုပ်နေရသလို ဖြစ်သွားတာ။ ပိုပြီး ပူပန်ရတယ်၊ ပိုပြီး အားထုတ်ရတယ်။ သူ့ကို မလေ့ကျင့်ပေးဘဲထားတာမျိုး၊ ပိုတော်တဲ့ လူတစ်ယောက်ကို လေ့ကျင့်ပေးဖို့ ရှာလိုက်တာမျိုးကမှ ကျွန်တော့်အတွက် ပိုပြီး အဆင်ပြေဦးမယ်။ အဲဒါဆို ကျွန်တော်လည်း သောကများရမှာ မဟုတ်ဘူး။ ညီမအန်နာကို ပျိုးထောင်ပေးတာ လက်လျှော့လိုက်တော့မယ်ဆိုပြီး စိတ်ကူးနေတုန်းမှာ၊ ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်လောက်က ဖတ်မိတဲ့ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်ကို ကျွန်တော် သတိရသွားတယ်။ “တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် အချောင်သမားတို့က သင့်ထံ၌ ပေါ်ပေါက်ပြီး ထိုအရာကို သင် သဘောပေါက်သည့်အခါ၊ သင်သည် ဤအရာကို ကိုင်တွယ်ဖို့အလို့ငှာ ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေသင့်သည်။ သင် ဦးစွာ သတိပြုမိသင့်သည့်အရာမှာ အနှစ်သာရအနေဖြင့် ဤသို့ပြုမူဆောင်ရွက်ခြင်းသည် သမ္မာတရား၏ စည်းမျဉ်းများကို ချိုးဖောက်နေခြင်းဖြစ်သည်။ ယင်းက အသင်းတော် အလုပ်ကို ထိခိုက်စေသည်။ ယင်းက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် အပြုအမူ ဖြစ်သည်။ သာမန်လူများ လုပ်ဆောင်နေသင့်သည့် အရာမဟုတ်ပေ။ သင်သည် သင်၏ ကိုယ်ကျိုးစီးပွားများနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းတို့ကို ဘေးဖယ်သင့်ပြီး အသင်းတော်အလုပ်အကြောင်း တွေးသင့်သည်။ ယင်းမှာ ဘုရားသခင် အလိုရှိတော်မူသည့်အရာ ဖြစ်သည်။ ဆုတောင်းခြင်းမှတစ်ဆင့် သင့်ကိုယ်သင် ဆင်ခြင်ပြီးသည့်နောက်တွင် ထိုသို့ ပြုမူဆောင်ရွက်ခြင်းသည် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသည်ကို သင် အမှန်တကယ် သဘောပေါက်လျှင်၊ သင်၏ ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်ခြင်းကို ဘေးဖယ်ရခြင်းသည် လွယ်ကူလိမ့်မည်။ သင်၏ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် အချောင်သမားဝါဒတို့ကို သင်ဘေးဖယ်သည့်အခါ၊ သင်သည် စဉ်းစားချင့်ချိန်တတ်လိမ့်မည်၊ သင်သည် ငြိမ်းချမ်းပြီး ဝမ်းမြောက်လိမ့်မည်။ ပြုမူနေထိုင်ပုံအတွက် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသင့်ကြောင်း၊ သင်သည် အသင်းတော် အလုပ်ကို တွေးတောသင့်ကြောင်း၊ အလွန် တစ်ကိုယ်ကောင်းဆန်ကာ၊ စက်ဆုပ်ဖွယ်ကောင်းပြီး အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရား အလွန် ကင်းမဲ့နေသည့် သင်၏ ကိုယ်ကျိုးစီးပွားများကို အစွဲအလမ်းမကြီးသင့်ကြောင်းတို့ကို သင် ခံစားရလိမ့်မည်။ ကိုယ်ကျိုးမငဲ့စွာ ပြုမူဆောင်ရွက်ခြင်း၊ အသင်းတော်အလုပ်ကို တွေးတောခြင်းနှင့် ဘုရားသခင်ကို ကျေနပ်စေသည့်အရာကိုသာ လုပ်ဆောင်ခြင်းတို့သည် ဖြောင့်မတ်ပြီး ဂုဏ်သိက္ခာရှိသည်။ ပြီးလျှင် သင်၏ တည်ရှိခြင်း၌ တန်ဖိုး ရှိစေလိမ့်မည်။ ကမ္ဘာပေါ်တွင် ဤသို့ အသက်ရှင်ခြင်းက သင်သည် ပွင့်လင်းရိုးသားနေကြောင်း၊ သင်သည် သာမန်လူ့သဘာဝနှင့် လူသား၏ စစ်မှန်သော ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နေကြောင်းနှင့် သင်၌ ရှင်းလင်းသော အသိစိတ်ရှိရုံသာမက၊ သင့်အပေါ် ဘုရားသခင် နှင်းအပ်ထားသော အရာများအားလုံးနှင့်လည်း ထိုက်တန်ကြောင်း သင်ခံစားရလိမ့်မည်။ သင်သည် ဤကဲ့သို့ ပို၍အသက်ရှင်လေ၊ ပို၍ စဉ်းစားချင့်ချိန်တတ်လေ ဖြစ်ပြီး ပို၍ ငြိမ်းချမ်းကာ ဝမ်းမြောက်လိမ့်မည်၊ ပို၍ထက်မြက်သည်ဟု သင်ခံစားရလေ ဖြစ်မည်။ ထိုသို့ဆိုသော် သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်ကန်သောလမ်းကြောင်းပေါ် ခြေချထားပြီးဖြစ်မည် မဟုတ်လော။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ရာတွင် မိမိသည် သမ္မာတရားကို ရရှိနိုင်သည်) ရှင်းလင်းတဲ့ လက်တွေ့လုပ်ဆောင်မှု လမ်းတစ်ခုကို ဘုရားနှုတ်ကပတ်တော်က ညွှန်ပြလိုက်တာပါ။ ကျွန်တော်တို့က ဘုရားအိမ်တော်ရဲ့အကျိုးကို ကာကွယ်ဖို့ ကိုယ်ကျိုးတွေကို စွန့်လွှတ်ရမယ်၊ အသိတရားနဲ့ယှဉ်တဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်ရမယ်။ ညီမအန်နာက ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံထားတာ နှစ်လပဲရှိသေးတယ်။ သူက သမ္မာတရားကို နားမလည်ခဲ့ဘူး၊ သူ့တာဝန်မှာ ဝတ္တရားမဲ့တယ်။ ဒါကြောင့် ကိုယ့်တာဝန်ကို လုပ်ဆောင်ခြင်းရဲ့ အဓိပ္ပာယ်ကို သူ နားလည်အောင်၊ ရေလောင်းတဲ့အလုပ်ကို သေချာလုပ်တတ်အောင် ကူညီပေးဖို့၊ ကျွန်တော်က ချစ်ခြင်းမေတ္တာနဲ့ ပိုပြီး မိတ်သဟာယ ပေးသင့်တယ်။ ဒါက ကျွန်တော့်တာဝန်ပဲလေ။ ဒါပေမဲ့ သူ့အားနည်းချက်တွေကို မြင်မိတဲ့အချိန်မှာ ကျွန်တော်က ချစ်ခြင်းမေတ္တာတို့ သည်းခံမှုတို့ မရှိတဲ့အပြင်၊ ဒုက္ခပေးတယ်လို့ မြင်ပြီး သူ့ကို လက်လျှော့ချင်မိသွားတာ။ ကျွန်တော်က တကယ်ကို စာနာမှု မရှိခဲ့တာ။ နောက်တော့ ဘုရားနှုတ်ကပတ်တော်ထဲက ဆက်နွှယ်တဲ့အပိုင်းတွေကို ရှာပြီး၊ အန်နာကို မိတ်သဟာယ ပေးတယ်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတော့ သူ နားလည်သွားတာတွေကို ရေးပြတာ တော်တော် ကောင်းတယ်။ သူက ဘာပြောလဲဆိုတော့၊ “ဟိုအရင်တုန်းက ကျွန်မဟာ ကိုယ့်တာဝန်ကို ဖိဖိစီးစီးမရှိ၊ တာဝန်သိစိတ် မရှိဘဲ လုပ်ခဲ့တာပါ။ ကျွန်မအနေနဲ့ ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးစ လူတွေကို ကိုယ့်မိတ်ဆွေတွေအဖြစ် မြင်ဖို့လိုတယ်။ ဘုရားနှုတ်ကပတ်တော်ကို သူတို့အတွက် ရှင်းရှင်းလင်းလင်း၊ ကြင်ကြင်နာနာ ဟောပြောပေးဖို့ လိုတယ်။ ကယ်တင်ခြင်းကို ရဖို့အတွက် ကျွန်မတို့က ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံကြတယ်ဆိုတာ ပြပေးဖို့လိုတယ်။ ကျွန်မအနေနဲ့ သူတို့နေရာကို ဝင်ကြည့်ပြီး၊ သူတို့အခက်အခဲတွေကို နားလည်ရမယ်။ တာဝန်သိရမယ်၊ ကိုယ် လုပ်ဆောင်တဲ့တာဝန်ကို ချစ်ရမယ်” တဲ့။ အဲဒီနောက်မှာ ညီမအန်နာက သူ့တာဝန်ကို ဆောင်ရွက်ဖို့ ပိုပြီး အားစိုက်ထုတ်လာတယ်။ တစ်ညတော့ သန်းခေါင်ကျော်အချိန်ကြီး၊ သူ ဘာလို့ မအိပ်သေးတာလဲလို့ ကျွန်တော်လည်း မေးမိရော။ သူက ဘယ်သူတွေ စည်းဝေးပွဲကို မလာဘူးလဲဆိုတာ စစ်နေတာတဲ့။ ဒါမှ မနက်ဖြန် သူတို့ကို မိတ်သဟာယ ပေးလို့ရမယ်တဲ့။ တခြားညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေကိုလည်း သူက ပြောပြတယ်။ စကားပြောနေတုန်း သူ ချောင်းဆိုးပြီး နှာခေါင်းပိတ်နေတဲ့ အသံတွေ ကြားရတော့၊ ကျွန်တော်လည်း အအေးမိနေတာလား မေးတာပေါ့။ သူနဲ့ သူ့မိသားစုက ကိုရိုနာဗိုင်းရတ် ဖြစ်ပြီး ကုသမှုခံနေရတုန်းပဲလို့ သူက ပြောပြတယ်။ တစ်ခါတလေ သူ့အနေနဲ့ နေရထိုင်ရတာ မသက်သာပေမဲ့၊ သူ့တာဝန်ကို ဘေးဖယ်မထားချင်ဘူး၊ ရောဂါသက်သာဖို့လည်း ဘုရားကိုပဲ အားကိုးမယ်တဲ့။ သူက ကျွန်တော့်ကို ငိုရင်းနဲ့ ပြောသွားတယ်၊ သူ့ကို ယုံကြည်ခြင်းပေးတဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေသာ မရှိရင်၊ သူ ပြိုလဲသွားနိုင်တယ်တဲ့။ သူ့မှာ ဒီတာဝန်အတွက် စိတ်အားထက်သန်မှုသာ မရှိခဲ့ရင်၊ ဝေဒနာကြားမှာ သေချင်သေသွားနိုင်တယ်၊ ဒါပေမဲ့ ဘုရားက သူ့ကို ကာကွယ်ပေးခဲ့တယ်ပေါ့။ သူ့မိတ်သဟာယကို ကြားရတော့ ကျွန်တော် ငိုမိတယ်။ သူ့အတွေ့အကြုံကိုလည်း လှိုက်လှိုက်လှဲလှဲ ခံစားရတယ်။ လူသစ်တွေကို ပျိုးထောင်ပေးတာ တော်တော် အဓိပ္ပာယ်ရှိတာပဲဆိုပြီး လေးလေးနက်နက် နားလည်သွားတယ်။ ညီမအန်နာက တော်တော် မကျန်းမမာဖြစ်နေပေမဲ့၊ အရှုံးမပေးခဲ့ဘူး။ အဲဒီအစား သူ့တာဝန်ကို လုပ်ဖို့အတွက် ဘုရားကို အားကိုးဖို့ ပိုပြီး ယုံကြည်မှုရှိခဲ့တာ။ ဒါက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက် ရလဒ်ပဲဆိုတာ ကျွန်တော် သိသွားတယ်။ တစ်ပတ်အကြာမှာ သူ လုံးဝ ပြန်ကောင်းသွားတယ်ဗျ။ ဒီသတင်းကို ကြားရတော့ ကျွန်တော် ဘုရားကို တော်တော် ကျေးဇူးတင်မိတယ်။ တစ်ချိန်တည်းမှာ ကိုယ် တစ်ကိုယ်ကောင်းဆန်တာတွေ၊ ရွံဖို့ကောင်းတာတွေကို ရှက်မိတယ်။ ကျွန်တော်က ကိုယ့်အကျိုးအတွက်ပဲ အမြဲ စဉ်းစားခဲ့တာကိုး။ ညီမအန်နာကို သူ့တာဝန် ဆောင်ရွက်ခွင့်မရအောင် လုပ်မိလုနီးပါး ဖြစ်ခဲ့တာ။

နောက်တော့ အသင်းတော်က လေ့ကျင့်ပေးဖို့ လူသစ်နှစ်ယောက်ကို ကျွန်တော့်အတွက် စီစဉ်ပေးတယ်။ ပထမတော့ သူတို့ကို ကူညီပေးရတာကို ကျွန်တော် တော်တော် အာရုံစိုက်တယ်။ ဒါပေမဲ့ နောက်တော့ ကျွန်တော် တာဝန်ယူရတဲ့ အလုပ်ရဲ့ရလဒ်တွေက မတိုးတက်လာနိုင်ခဲ့ဘူးဆိုတာ မြင်သွားရော။ ဒီလူသစ်နှစ်ယောက်ကို ကောင်းကောင်း လေ့ကျင့်ပေးဖို့ဆိုတာ အလုပ်တွေအများကြီး လုပ်ရဦးမယ်လို့လည်း တွေးမိတယ်။ အဲဒါက အချိန်တွေ၊ အားထုတ်မှုတွေ အများကြီး လိုမှာလေ။ ကျွန်တော်လည်း ထပ်ပြီး မစဉ်းစားဘဲ မနေနိုင်တော့ဘူး၊ “အခုဆို ငါက လူသစ်တချို့တလေကို ပျိုးထောင်ပေးခဲ့ပြီးပြီ။ ငါ့မှာ လောလောဆယ် တာဝန်ရှိနေတဲ့ ညီအစ်ကိုမောင်နှမတွေကို ရေလောင်းဖို့လည်း ကြိုးစားပမ်းစား လုပ်ရတယ်။ မဟုတ်ရင် ငါ့အလုပ်က ထိရောက်မှာမဟုတ်ဘူး။ အဲဒီကျရင် ငါ့ညီအစ်ကိုမောင်နှမတွေက ဘယ်လိုထင်ကြမှာလဲ” ပေါ့။ ဒါနဲ့ ကျွန်တော်က ဒီလူသစ်နှစ်ယောက်ကို ပျိုးထောင်ဖို့ သူများဆီ လွှဲပေးလိုက်ရော။ လူသစ်နှစ်ယောက်ကို လွှဲပေးပြီး သုံးရက်တောင် မပြည့်သေးခင်မှာ မမျှော်လင့်ဘဲ၊ သူတို့က တချို့အကြောင်းရင်းတွေကြောင့် သူတို့တာဝန်တွေကို ဆက်မလုပ်နိုင်တော့ဘူး။ ကျွန်တော် ပိုပြီးတော့ စိတ်မကောင်းဖြစ်ခဲ့ရသေးတယ်၊ ကျွန်တော် ပျိုးထောင်ပေးနေတဲ့ အစ်မဂျင်နီဆိုတာက သူ့ဘာသာသီးခြား ရေလောင်းနိုင်တော့မှာ။ ဒါပေမဲ့ သူက ရုတ်တရက် အဖွဲ့ထဲက ထွက်ပြီး၊ ကျွန်တော့်ကို ဘလော့ခ်သွားတယ်။ ကျွန်တော်လည်း နောက်မှ သိရတာပါ။ အစ်မဂျင်နီက သူ့အိမ်တွင်းရေး အခက်အခဲတွေကြောင့် အဖွဲ့ကနေ ထွက်သွားတာ။ သူ့သားက မကျန်းမာတော့၊ သူက ဆရာဝန်ဆီ သွားပြချင်တယ်လေ။ အဲဒီအချိန်တစ်လျှောက်လုံး သူ တော်တော် စိတ်အားငယ်ခဲ့တာ။ ဒါပေမဲ့ ကျွန်တော်က သူ့အခက်အခဲတွေကို နားမလည်ဘူး၊ မပံ့ပိုးခဲ့ဘူး။ သူ ကျွန်တော့်ကို စကားပြောချင်တဲ့ အချိန်မှာတောင်၊ အလုပ်များနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ကို မသိချင်ယောင်ဆောင်ခဲ့မိတယ်။ အကျိုးဆက်အနေနဲ့ သူ့အခက်အခဲတွေကို အချိန်မီ မဖြေရှင်းမိဘူး။ ဒါနဲ့ သူလည်း ဘာမှမထူးသလို ဖြစ်လာပြီး နုတ်ထွက်သွားတာ။ ဒီလို ရုတ်တရက် ဖြစ်လာတာတွေကို ရင်ဆိုင်လိုက်ရတော့၊ ကျွန်တော့်စိတ်ထဲမှာ အနှစ်သာရမဲ့သွားတယ်၊ ရင်ထဲမှာလည်း နာကျင်တာပေါ့။ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ကြိုးစားပြီး၊ ဘုရားဆီ ဆုတောင်းတယ်။ ကိုယ်တော့်အလိုကို နားလည်အောင်၊ သင်ခန်းစာတွေကို သင်ယူမိအောင် လမ်းပြပေးဖို့ တောင်းလျှောက်တယ်။

နောက်တော့ ကျွန်တော့်အခြေအနေအကြောင်း စကားပြောကြရင်း၊ ကျွန်တော့်ခေါင်းဆောင်က ဘုရားနှုတ်ကပတ်တော် ကျမ်းတစ်ပိုဒ် ပို့ပေးတယ်။ “တစ်စုံတစ်ဦးက ၎င်းသည် သမ္မာတရားကို ချစ်ကြောင်းနှင့် ၎င်းသည် သမ္မာတရားကို လိုက်စားကြောင်း ပြောသော်လည်း၊ အနှစ်သာရအားဖြင့် ၎င်းတို့လိုက်စားသည့် ပန်းတိုင်သည် ဂုဏ်အဆင့်အတန်း ရဖို့၊ မိမိကိုယ်ကို ထင်ပေါ်ဂုဏ်တက်စေဖို့၊ ကြွားဝါဖို့၊ လူများက ၎င်းကို အထင်ကြီးစေဖို့၊ မိမိ၏တစ်ကိုယ်ရေ အကျိုးစီးပွားကို ရရှိဖို့ဖြစ်ပြီး ၎င်း၏တာဝန်ကို ထမ်းဆောင်ခြင်းသည် ဘုရားသခင်ကို နာခံဖို့ဖြစ်စေ၊ စိတ်ကျေနပ်စေဖို့ဖြစ်စေ မဟုတ်ဘဲ၊ ထိုအစား ဂုဏ်သိက္ခာနှင့် ဂုဏ်အဆင့်အတန်းကို ရရှိဖို့ ဖြစ်ပါက ၎င်း၏လိုက်စားမှုသည် လျော်ကန်ခြင်းမရှိပေ။ ထိုသို့ဖြစ်၍ အသင်းတော်၏အလုပ်နှင့်ပတ်သက်ပါက ၎င်းတို့ ၏ လုပ်ရပ်များသည် အဟန့်အတားတစ်ခုဖြစ်သလော၊ သို့မဟုတ် ၎င်းတို့သည် ရှေ့ဆက်တိုးတက်ဖို့ ကူညီပေးသလော။ ၎င်းတို့သည် အဟန့်အတားဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့သည် ရှေ့ဆက်တိုးတက်အောင် မလုပ်ပေ။ အသင်းတော်၏ အလုပ်ကို လုပ်ဆောင်သည့် အောင်လံတံခွန် လွှင့်သော်လည်း မိမိတို့၏ကိုယ်ပိုင် သိက္ခာနှင့် ဂုဏ်အဆင့်အတန်းကို လိုက်စားကာ၊ မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို လုပ်ဆောင်ပြီး၊ မိမိတို့၏ကိုယ်ပိုင် အုပ်စုလေး၊ မိမိတို့၏ကိုယ်ပိုင် နိုင်ငံလေးကို ဖန်တီးသူအချို့— ဤလူအမျိုးအစားသည် မိမိ၏တာဝန်ကို ထမ်းဆောင်နေခြင်းလော။ ၎င်းတို့ လုပ်သမျှ အလုပ်အားလုံးသည် အသင်းတော်၏အလုပ်ကို အထူးသဖြင့် အဆက်ပြတ်စေကာ၊ နှောင့်ယှက်ပြီး၊ ထိခိုက်စေသည်။ အဆင့်အတန်းနှင့် သိက္ခာတို့ကို ၎င်းတို့ လိုက်စားခြင်း၏ အကျိုးဆက်မှာ အဘယ်နည်း။ ပထမဦးစွာ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောသူများက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ပုံနှင့် သမ္မာတရားကို နားလည်ပုံကို ထိခိုက်သည်။ ၎င်းတို့၏ အသက်ဝင်ရောက်မှုကို တားဆီးသည်။ ယင်းက ၎င်းတို့အား ဘုရားသခင်ကို ယုံကြည်ခြင်း၌ မှန်ကန်သော လမ်းကြောင်းသို့ ဝင်ရောက်ခြင်းမှ တားဆီးပြီး လမ်းမှားသို့ ဆိုက်ရောက်စေသည်— ယင်းသည် ရွေးချယ်ခံရသူများကို ဘေးဖြစ်စေပြီး ၎င်းတို့အား ပျက်စီးစေသည်။ ပြီးလျှင် ယင်းက အဆုံးတွင် အသင်းတော်၏ အလုပ်ကို အဘယ်အရာ ဖြစ်စေသနည်း။ ဖြိုဖျက်ခြင်း၊ နှောင့်ယှက်ခြင်းနှင့် အဟန့်အတားတို့ ဖြစ်စေသည်။ ဤသည်မှာ လူတို့၏ ကျော်ကြားမှုနှင့် ဂုဏ်အဆင့်အတန်းနောက်သို့ လိုက်ခြင်းမှ ဖြစ်ပေါ်လာသော အကျိုးဆက်ဖြစ်သည်။ ၎င်းတို့သည် တာဝန်ကို ဤနည်းလမ်းဖြင့် ထမ်းဆောင်သည့်အခါ၊ ဤအရာကို အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်ခြင်းအဖြစ် မသတ်မှတ်နိုင်သလော။ လူများ မိမိတို့၏ဂုဏ်အဆင့်အတန်းနှင့် ဩဇာတိက္ကမတို့ကို ဘေးဖယ်ထားဖို့ ဘုရားသခင်က တောင်းဆိုသည့်အခါ၊ သူသည် လူများ၏လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ပိတ်ပင်နေခြင်း မဟုတ်ချေ။ ယင်းထက် ဂုဏ်အဆင့်အတန်းနှင့် ဩဇာတိက္ကမတို့ကို လိုက်စားစဉ်တွင် အသင်းတော်၏ အလုပ်ကို ထိခိုက်နစ်နာစေကြသောကြောင့် ဖြစ်သည်၊ ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုကို အနှောင့်အယှက် ပေးကြပြီးလျှင် အခြားလူများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန် စားသောက်ခြင်းနှင့် သမ္မာတရားကို နားလည်ခြင်းအပေါ် ဩဇာလွှမ်းမိုးမှုတစ်ခုပင် ရှိကာ၊ ထိုသို့ဖြင့် ဘုရားသခင်၏ကယ်တင်ခြင်းကို ရရှိခြင်းအပေါ် ဩဇာလွှမ်းမိုးမှု ရှိလေသည်။ ပို၍ပင် စိုးရိမ်ရသောအရာမှာ လူတို့က မိမိတို့၏ကိုယ်ပိုင် ဩဇာတိက္ကမနှင့် ဂုဏ်အဆင့်အတန်းတို့နောက် လိုက်သောအခါ ထိုသို့သော အပြုအမူနှင့် လုပ်ရပ်များကို ဘုရားသခင့်အမှုတော်၏ ပုံမှန်တိုးတက်မှုအား အဆုံးစွန် အတိုင်းအတာအထိ ထိခိုက်နစ်နာစေပြီး တားဆီးပိတ်ပင်ရာနှင့် သူရွေးချယ်ထားသော လူတို့အလယ်တွင် ဘုရားသခင်၏ အလိုတော်အား ပုံမှန်လုပ်ဆောင်ခြင်းမှ ဟန့်တားရာ၌ စာတန်နှင့်အတူ ပူးပေါင်းနေခြင်းအဖြစ် လက္ခဏာဖော်ပြနိုင်ပေသည်။ ၎င်းတို့သည် ဘုရားသခင်ကို တမင်တကာ ဆန့်ကျင်ပြီး သဘောထားကွဲလွဲကြောင်း ထုတ်ဖော်ပြောဆိုနေခြင်း ဖြစ်သည်။ ဤသည်မှာ ဂုဏ်အဆင့်အတန်းနှင့် ဩဇာတိက္ကမတို့နောက် လိုက်သည့် လူများ၏ သဘာဝ ဖြစ်လေသည်။ တစ်နည်းအားဖြင့်ဆိုသော်၊ လူများက မိမိတို့၏ကိုယ်ပိုင် အကျိုးစီးပွားများကို လိုက်စားခြင်းနှင့် ပတ်သက်သည့် ပြဿနာမှာ ၎င်းတို့ လိုက်စားသည့် ပန်းတိုင်များသည် စာတန်၏ပန်းတိုင်များ ဖြစ်နေခြင်းပင် ဖြစ်သည်— ယင်းတို့သည် ယုတ်မာပြီး မတရားသည့်ပန်းတိုင်များ ဖြစ်သည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၃)၊ အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၁)) ကျွန်တော်တို့က ဂုဏ်အဆင့်အတန်းနောက် လိုက်ပြီဆိုရင်၊ ကျွန်တော်တို့ရည်ရွယ်ချက်တွေ၊ စမှတ်တွေအားလုံးက ဘုရားကို ဆန့်ကျင်နေတယ်။ စာတန်ဆီက လာတာတွေပေါ့။ ကျွန်တော်တို့ လုပ်တာတွေက အသင်းတော်ရဲ့အလုပ်ကို တားဆီးနှောင့်ယှက်ဖို့ ဖြစ်နေတယ်။ ဒါတွေအားလုံးက မကောင်းမှုပဲ။ ကျွန်တော်ဆို လူသစ်တွေ ပျိုးထောင်တဲ့နေရာမှာ လှည့်ကွက်တွေ အကြိမ်ကြိမ် သုံးခဲ့မိမှန်း နားလည်သွားတယ်။ အချိန်နဲ့ အားထုတ်မှု လိုလာပြီဆိုတဲ့အခါတိုင်း၊ ကျွန်တော်က ကိုယ် ထင်ပေါ်နိုင်မယ့်အလုပ်ကိုပဲ အမြဲ ရွေးခဲ့တာ။ ကျွန်တော် ပျိုးထောင်ပေးနေတဲ့ လူသစ်တွေကိုတောင် သူများတွေဆီ လက်လွှဲပစ်တာမျိုး လုပ်ခဲ့တာ။ ဒီလိုလုပ်တာ ဆိုးကျိုးတွေ များမှန်းလည်း ကျွန်တော် သိတယ်။ လူသစ်တွေကို လက်လွှဲတယ်ဆိုတာ နောက်ထပ်လေ့ကျင့်ပေးသူက သူတို့အကြောင်းနဲ့ သူတို့အခြေအနေတွေကို သိအောင် လုပ်ရသေးတာ။ လူသစ်တွေကလည်း လေ့ကျင့်ပေးသူအသစ် ရပြီဆိုရင်၊ နေသားတကျ မဖြစ်နိုင်တာမျိုး၊ အပြောင်းအလဲတွေကို အမီမလိုက်နိုင်တာမျိုး ဖြစ်တတ်တယ်။ ဒါပေမဲ့ ကျွန်တော်က သူတို့ရဲ့ လက်တွေ့အခြေအနေတွေကို မစဉ်းစားဘူး။ သူတို့ခံစားချက်တွေကိုလည်း လုံးဝ ထည့်မတွက်ဘူး။ ကိုယ့်ဂုဏ်အဆင့်အတန်းအတွက်၊ ကိုယ့်အလုပ် ပိုပြီး ထိထိရောက်ရောက်ဖြစ်ဖို့ အချိန်ပိုတွေ ထွက်လာအောင်ဆိုပြီး၊ လူသစ်တွေကို မရမက မောင်းထုတ်ခဲ့တာ။ ကျွန်တော်က တော်တော် အသည်းမာခဲ့တာပဲ။ အထူးသဖြင့် အစ်မဂျင်နီရဲ့ကိစ္စမှာဆို၊ သူက ဒုက္ခတွေရောက်၊ စိတ်ဓာတ်တွေကျပြီး၊ ကျွန်တော့်ကို အကူအညီ တောင်းချင်တဲ့အချိန်မှာ၊ ကျွန်တော်က လုံးဝ ဂရုမစိုက်ခဲ့ဘူးလေ။ ကျွန်တော့်အပြုအမူကြောင့် အဲဒီအစ်မခမျာ တော်တော် ဝမ်းနည်းပက်လက် ဖြစ်သွားရှာတယ်။ အဲဒီအကြောင်းကို စဉ်းစားကြည့်လေလေ ကိုယ့်ကိုယ်ကိုယ် ပိုပြီး မုန်းလေပဲ။ ကိုယ့်ကိုယ်ကိုယ် ရိုက်ပစ်လိုက်ချင်တာ။ အမှန်အတိုင်း ထုတ်ဖော်ပြတာကို ခံလိုက်ရတော့မှ၊ နေရာတိုင်းမှာ ကိုယ်ကျိုးအတွက်ပဲ စဉ်းစားခဲ့တာတွေ၊ ဂုဏ်အဆင့်အတန်းနောက် လိုက်ခဲ့တာတွေကို ကျွန်တော် မြင်သွားတာ။ ကျွန်တော်က လူသစ်တွေ ပျိုးထောင်ပေးတဲ့အလုပ်ကို နှောင့်နှေးစေရုံမကဘူး၊ ကျွန်တော့်ကြောင့် လူသစ်တစ်ယောက် နုတ်ထွက်ပြီး၊ သူ့အတွက် ကယ်တင်ခံရမယ့် အခွင့်အရေးလည်း ပျက်စီးသွားတယ်။ ကျွန်တော်က မကောင်းတာ လုပ်ခဲ့တာပဲ။ ဒါက ပြစ်မှားခြင်းတစ်ခုပဲ။ တော်တော် အပြစ်ရှိသလို ခံစားခဲ့ရတယ်။ ကျွန်တော်လည်း ရက်တော်တော်ကြာတဲ့အထိ အဲဒီလူသစ်ကို အကြိမ်ကြိမ် ဖုန်းဆက်တယ်၊ စာပို့တယ်။ သူ့ကို ပြန်ရှာပြီး၊ ကျွန်တော် တကယ် တောင်းပန်ချင်ခဲ့တာ။ ဒါပေမဲ့ ထိခိုက်သွားတာကို ပြန်မပြင်နိုင်တော့ဘူး။ ကျွန်တော် နောင်တ အကြီးအကျယ်ရတယ်။ ကိုယ့်ကြိုးစားအားထုတ်မှု အမြင်တွေက ရွံစရာပဲလို့ မြင်သွားတယ်။

ကျွန်တော်လည်း ပျက်စီးတဲ့ ကိုယ့်စိတ်သဘောထားကို ဖြေရှင်းဖို့၊ အရင်လို ပြန်မဖြစ်ဖို့ဆိုပြီး၊ ဘုရားနှုတ်ကပတ်တော်ထဲက ဆိုင်ရာအပိုင်းတွေကို စားသောက်ဖို့ ရှာကြည့်တယ်။ ဘုရားနှုတ်ကပတ်တော်ထဲမှာ ကျွန်တော် ဖတ်မိတာက၊ “လူအများစုသည် ၎င်းတို့က သမ္မာတရားကို ပျော်ရွှင်စွာ လိုက်စားသည်ဟု ဆိုသော်လည်း ယင်းကို လက်တွေ့လုပ်ဆောင်သောအချိန်၊ သို့မဟုတ် ယင်းအတွက် အဖိုးအခ ပေးဆပ်ရသောအချိန် ရောက်သောအခါ အချို့လူများက လက်လျှော့လိုက်ကြသည်။ ဤသည်မှာ အနှစ်သာရအားဖြင့် သစ္စာဖောက်ခြင်းဖြစ်သည်။ အချိန်အခိုက်အတန့်တစ်ခုသည် အရေးပါလေလေ၊ ဇာတိပကတိ အကျိုးစီးပွားများကို စွန့်လွှတ်ပြီး ပကာသနနှင့် ဂုဏ်တို့ကို ဘေးဖယ်ထားဖို့ သင် လိုအပ်လေလေဖြစ်သည်။ သင်သည် ဤသို့ မလုပ်ဆောင်နိုင်လျှင် သမ္မာတရားကို မရရှိနိုင်ပေ။ ဤသည်မှာ သင်သည် ဘုရားသခင်အပေါ် မနာခံသည်ကို ပြသည်။ အခိုက်အတန့်တစ်ခုသည် အရေးပါလေလေ၊ လူတို့သည် ကျိုးနွံနာခံနိုင်လေလေ ဖြစ်ပြီး၊ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးများ၊ ဘဝင်မြင့်ခြင်း၊ မာနတို့ကို လက်လွှတ်နိုင်လေလေ ဖြစ်ကာ ၎င်းတို့၏ တာဝန်များကို သင့်တင့်လျောက်ပတ်စွာ ဆောင်ရွက်နိုင်လေလေ ဖြစ်ပါက၊ ထိုအခါတွင်မှသာ ၎င်းတို့ကို ဘုရားသခင် အမှတ်ရမည် ဖြစ်သည်။ ထိုအရာအားလုံးသည် ကောင်းမွန်သော လုပ်ဆောင်ချက်များ ဖြစ်ကြပေသည်။ လူတို့ မည်သည့်တာဝန်ကို ထမ်းဆောင်ကြသည်၊ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်အရာသည် သာ၍ အရေးကြီးသနည်း- ၎င်းတို့၏ ဘဝင်မြင့်ခြင်းနှင့် မာနလော၊ သို့မဟုတ် ဘုရားသခင်၏ ဘုန်းအသရေလော။ မည်သည့်အရာကို လူတို့ ရွေးချယ်သင့်သနည်း။ (ဘုရားသခင်၏ ဘုန်းအသရေဖြစ်ပါသည်။) မည်သည့်အရာသည် သာ၍ အရေးကြီးသနည်း- သင်၏ တာဝန်ဝတ္တရားများလော၊ သို့မဟုတ် သင်၏ ကိုယ်ပိုင်အကျိုးများလော။ သင်၏တာဝန်များကို ဖြည့်ဆည်းခြင်းသည် အရေးအကြီးဆုံးသောအရာ ဖြစ်ပြီး၊ သင်သည် ထိုအရာများအတွက် တာဝန်ရှိပေသည်။...သင်သည် သမ္မာတရားစည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်သောအခါ အပြုသဘောဆောင်သော သက်ရောက်မှုရှိလိမ့်မည်ဖြစ်ပြီး ဘုရားသခင်အတွက် သင် သက်သေခံလိမ့်မည်။ ယင်းမှာ စာတန်ကို အရှက်ရစေပြီး ဘုရားသခင်အတွက် သက်သေခံသည့် နည်းလမ်းတစ်ခုဖြစ်သည်။ ဘုရားသခင်အတွက် သက်သေခံရန်နှင့် စာတန်ကို စွန့်လွှတ်ပြီး ငြင်းပယ်ဖို့ သင်၏ စိတ်ပြတ်သားမှုကို စာတန်အား မြင်စေရန် အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြုခြင်း- ဤသည်မှာ စာတန်ကို အရှက်ရစေခြင်းနှင့် ဘုရားသခင်အတွက် သက်သေခံခြင်းဖြစ်သည်။ ဤသည်မှာ အပြုသဘောဆောင်သောအရာတစ်ခုဖြစ်ပြီး ဘုရားအလိုတော်နဲ့ ကိုက်ညီသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ သမ္မာတရားကို ရယူခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ရယူခြင်းဖြစ်၏)တစ်စုံတစ်ဦးက သမ္မာတရားကို လိုက်စားသောအခါ၊ ၎င်းသည် ဘုရားသခင်၏ အလိုတော်ကို အရေးထားနိုင်ပြီး ဘုရားသခင်၏ ဝန်တာကို သတိရှိနေသည်။ သူ၏ တာဝန်ကို ထမ်းဆောင်သောအခါ အရေးကိစ္စတိုင်းတွင် အသင်းတော်၏ အလုပ်ကို ထိန်းသိမ်းသည်။ သူသည် ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံနိုင်ကြသည်၊ သူသည် ညီအစ်ကိုမောင်နှမများအတွက် အကျိုးကျေးဇူးကို ဆောင်ကြဉ်းပေးသည်၊ ပြီးလျှင် ၎င်းတို့ကို ထောက်ပံ့သည်။ ပံ့ပိုးပေးသည်။ ဘုရားသခင်က ဂုဏ်ကျက်သရေနှင့် သက်သေခံချက်ကို ရရှိပြီး ယင်းကြောင့် စာတန်ကို အရှက်ရစေသည်။ ထိုသူ၏ အားထုတ်မှုရလဒ်အနေဖြင့် ဘုရားသခင်သည် သူ့အား အမှန်တကယ် ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်နိုင်စွမ်းရှိသည့်၊ သူ့အား ကိုးကွယ်နိုင်သည့် ဖန်ဆင်းခံတစ်ဦးကို ရရှိသည်။ ထိုသူ၏ အားထုတ်မှု ရလဒ်အနေဖြင့် ဘုရားသခင်၏ အလိုတော်ကိုလည်း လုပ်ဆောင်ကာ ဘုရားသခင်၏ အမှုတော်မှာ တိုးတက်နိုင်လေသည်။ ဘုရားသခင်၏အမြင်၌ ထိုကဲ့သို့သော အားထုတ်မှုမှာ အပြုသဘောဆောင်ကာ၊ ယင်းသည် တည်ကြည်သည်၊ ဤသို့သော လိုက်စားမှုသည် ဘုရားသခင်ရွေးချယ်ထားသောသူများအတွက် ကြီးမားသော အကျိုးဖြစ်စေသည့်အပြင် အသင်းတော်အလုပ်အဖို့ လုံးလုံးလျားလျား အကျိုးဖြစ်စေသည်။ ယင်းသည် အမှုအရာများကို ရှေ့ဆက်ရာတွင် ကူညီပေးပြီး ဘုရားသခင် ချီးမွမ်းခြင်းကို ခံရသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၃)၊ အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ကြည့်တော့၊ ကျွန်တော့်ရင်ထဲမှာ နိုးကြားသွားတယ်။ ဖန်ဆင်းခံတစ်ယောက် ဖြစ်တဲ့ ကျွန်တော်က ဂုဏ်အဆင့်အတန်းနောက် မလိုက်သင့်ဘူး။ ကိုယ့်တာဝန်ကိုပဲ လုပ်သင့်တယ်။ အရေးကြီးတဲ့ အချိန်တစ်ခုကို ရောက်လေလေ၊ ကိုယ်ကျိုးနဲ့ ပကာသနကို ပိုစွန့်လွှတ်ပြီး၊ ကိုယ့်တာဝန်ကို ပိုကောင်းအောင် လုပ်သင့်လေပဲ။ ဒါက ကောင်းမှုတစ်ခုပဲလေ။ အခုဆို နိုင်ငံတော်ဧဝံဂေလိတရားက ပျံ့နှံ့နေတယ်၊ ဧဝံဂေလိတရားကို ဟောပြောပြီး ဘုရားကို သက်သေခံမယ့် လူတွေ ပိုပြီး ထွက်ပေါ်လာဖို့ကို ဘုရားက မျှော်လင့်ပါတယ်။ ဒါမှ အမှောင်ထုထဲ ရှင်သန်သူတွေက ဘုရားရဲ့အသံကို ကြားနိုင်မယ်၊ ဘုရားရှေ့မှောက် ရောက်ရှိပြီး၊ ဘုရားရဲ့ကယ်တင်ခြင်းကို လက်ခံနိုင်ကြမယ်။ တစ်ချိန်တည်းမှာပဲ ဧဝံဂေလိ ဖြန့်ဝေမှုမှာ ကိုယ်စီတာဝန်တွေကို ယူနိုင်တဲ့ လူသစ်တွေ ပိုများလာဖို့ကို ဘုရားက မျှော်လင့်ပါတယ်။ ဒီလိုနဲ့ လူသစ်တွေကို ပျိုးထောင်ပေးတာက ကျွန်တော့်အရေးကြီးဆုံးအလုပ် ဖြစ်ခဲ့တာပါ။ ကိုယ့်အတွက်ကိုယ် တစ်ကိုယ်ကောင်းဆန်ဆန်နဲ့ ရွံစရာကောင်းအောင် နေလို့မရတော့ဘူး။ မှားယွင်းတဲ့ ကိုယ့်အားထုတ်မှုတွေ၊ စိတ်ကူးတွေကို ပြန်ပြင်ခဲ့ရတယ်၊ ဘုရားရှေ့မှောက်မှာ စစ်မှန်ရိုးသားတဲ့ စိတ်နှလုံးနဲ့ နေထိုင်ခဲ့ရတယ်။ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေဖြစ်ဖြစ်၊ ကိုယ့်ညီအစ်ကိုမောင်နှမတွေဖြစ်ဖြစ် ကိုယ့်ကို ဘယ်လိုပဲထင်ထင်၊ လူသစ်တွေကို လက်တွေ့ကျကျ လေ့ကျင့်ပေးဖို့၊ ကိုယ့်တာဝန်ကို ကောင်းအောင် လုပ်ဖို့ပဲ ဆန္ဒရှိတော့တယ်။

အဲဒီနောက်မှာ ကျွန်တော်က ညီအစ်ကိုမောင်နှမတွေကို ပွင့်ပွင့်လင်းလင်းနဲ့ မိတ်သဟာယ ပေးတယ်။ လူသစ်တွေကို ပျိုးထောင်ပေးရင်း ကျွန်တော့်ဆီမှာ ပေါ်ခဲ့တဲ့ ယိုယွင်းမှုနဲ့ မှားယွင်းတဲ့ အားထုတ်မှုအမြင်တွေကို စိစစ်ပြတယ်။ တိုးတက်ဖို့ အလားအလာရှိတဲ့ လူသစ်တွေကို လေ့ကျင့်ပေးဖို့လည်း ကြိုပြီး တာဝန်ယူတယ်။ ဒီလူသစ်တွေထဲမှာ၊ ညီအစ်ကိုတစ်ယောက်က နေ့တိုင်း အလုပ်များလွန်းတော့၊ စည်းဝေးပွဲတိုင်းကို တာဝန်မယူနိုင်ပြန်ဘူး။ ဒီလူသစ်ကို ပျိုးထောင်ဖို့ အချိန်ရော ခွန်အားပါ ပိုပြီးလိုမယ်ဆိုတာ ကျွန်တော် သိတယ်။ ဒါပေမဲ့ ဟိုအရင်လို ကျွန်တော် မဆန့်ကျင်မိဘူး။ ကိုယ် ပျိုးထောင်ပေးနေတဲ့ လူသစ်တွေကို ဒီအချိန်မှာ ပိုပြီး စိတ်ရှည်မှု ရှိသွားပြီ။ သူတို့မှာ ဘယ်လိုအခက်အခဲတွေရှိရှိ၊ ကျွန်တော်က အကောင်းဆုံးဖြစ်အောင် ကူညီပေးလိုက်တယ်။ လကုန်တဲ့အချိန်လည်း ရောက်ရော၊ သူတို့ ရေလောင်းတဲ့ရလဒ်တွေက ကျွန်တော့်ထက် ပိုကောင်းနေတယ်ဗျ။ ကျွန်တော် အရမ်း ပျော်သွားတာ။ ဒီရလဒ်ကို မြင်တော့မှ ကျွန်တော်လည်း စိတ်အေးလက်အေးနဲ့ ငြိမ်းချမ်းသွားတယ်။ ကိုယ့်အလုပ်မှာ ဘယ်လောက် အောင်မြင်တယ်ဆိုတာကိုပဲ ဘုရားက အလိုရှိတာမဟုတ်မှန်း နားလည်သွားတယ်။ ကျွန်တော့်အနေနဲ့ ကိုယ့်တာဝန်မှာ သူ့အလိုတော်ကို အလေးထားနိုင်ဖို့၊ ကိုယ်ကျိုးအတွက် မကြံစည်ဖို့၊ ကိုယ့်တာဝန်တွေကို ကျေအောင် လုပ်နိုင်ဖို့၊ ပြီးတော့ လူသစ်တွေအနေနဲ့ သူတို့တာဝန်တွေကို လုပ်နိုင်အောင် လေ့ကျင့်ပေးဖို့ဆိုတာတွေကို ဘုရားက ပိုပြီး မျှော်လင့်တာပါ။ အဲဒီလမှာ ကျွန်တော် ရေလောင်းတဲ့ ရလဒ်တွေက အဖွဲ့ထဲက တခြားလူတွေလောက် မကောင်းပေမဲ့၊ ကျွန်တော် ဟိုအရင်လို စိတ်မချမ်းမသာ မဖြစ်တော့ဘူး။ ဂုဏ်အဆင့်အတန်းကို လိုချင်တဲ့ဆန္ဒကလည်း သိပ်မပြင်းထန်တော့ဘူး။ လူသစ်တွေကို ပျိုးထောင်ပေးတဲ့အလုပ်မှာလည်း ပိုပြီးတော့ ဖိဖိစီးစီး ဖြစ်သွားတယ်။ ဒါက ကျွန်တော့်အတွင်းထဲက ဘုရားအမှုတော်ရဲ့ အကျိုးရလဒ်ပဲဆိုတာ ကျွန်တော် သိသွားတယ်လေ။ ဘုရားသခင်ရဲ့ကျေးဇူးပါ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကြွားဝါခြင်းက ဖြစ်စေသည့် ထိခိုက်နစ်နာမှု

လောဝ့်ရီ စပိန်နိုင်ငံလွန်ခဲ့သည့် နှစ်အနည်းငယ်က၊ ကျွန်မနှင့် သက်တူရွယ်တူ ညီအစ်ကို မောင်နှမအချို့နှင့်အတူ ရေလောင်းခြင်း တာဝန်ကို ကျွန်မ...

ကြီးကြပ်မှုကို ကျွန်တော် လက်မခံရသည့် အကြောင်းပြချက်

ဖာဖီးရပ့်စ် အာဖရိကတိုက် ကျွန်တော်က အသင်းတော်မှာ လူသစ်တွေကို တစ်နှစ်ကျော် ရေလောင်းနေခဲ့ပါတယ်။ ကျွန်တော်တာဝန်ထမ်းဆောင်တဲ့တစ်လျှောက်မှာ...

မကောင်းမှုပြုသူကို ရိပ်စားမိခြင်းမှ ကျွန်တော်ရရှိခဲ့သည့်အရာ

ကျန်းယိ ဂျပန်နိုင်ငံ ၂၀၁၅၊ သြဂုတ်လမှာ အစ်မချန်းက လက်တွေ့အလုပ်ကိုမလုပ်လို့ အထုတ်ခံရတာကို ကျွန်တော် သိလိုက်ရတယ်။ သူက ကျော်ကြားမှုနဲ့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။