အနုတ်သဘော ဖြန့်ဝေမှုကို စိတ်ဖြာကြည့်ခြင်း

22.05.2022

ပြီးခဲ့တဲ့ ဒီဇင်ဘာလ တစ်ရက်၊ အစည်းအဝေးပြီးတော့၊ ခေါင်းဆောင်က ချန်လင်းကို ထုတ်လိုက်ပြီလို့ ပြောလာတယ်။ သူက ပင်ပန်းတယ်လို့ ခဏခဏ ညည်းပြီး အချောင်ခိုလို့၊ အဖိုးအခ မပေးချင်လို့၊ သူ့တာဝန်မှာ ဘာရလဒ်မှ မရလို့တဲ့လေ။ သူ့မှာ လူ့သဘာဝဆိုးလည်း ရှိတယ်၊ ညီအစ်ကို မောင်နှမတွေအကြား အနုတ်သဘောတွေ ဖြန့်ပြီး သူ့တာဝန်မှာ အနှောင့်အယှက်ပေးတယ်။ ဒါတွေကြောင့် သူ့ကို ထုတ်လိုက်ပြီတဲ့။ အဖွဲ့ခေါင်းဆောင်က သူဘာဆိုလိုချင်လဲ ဆိုတာကို ဥပမာပေးပြီး ပြောပြတယ်။ ချန်လင်းက လူသစ်တွေကို ရေလောင်းတာ သုံး၊ လေးလကြာပေမဲ့ ရလဒ်တွေ မရဘူး၊ လူသစ်တွေရဲ့ ပြဿနာတွေကိုလည်း မဖြေရှင်းပေးတော့ သူတို့က အနုတ်သဘောနဲ့ အားနည်းမှုထဲ ပိတ်မိနေတာ။ ဒီတော့ သူ့တာဝန်ထမ်းဆောင်ပုံကြောင့် သူ့ကို ထုတ်ပစ်ဖို့ အသင်းတော်က ဆုံးဖြတ်လိုက်တာတဲ့။ အစည်းအဝေးမှာ ချန်လင်းက ပြောတယ်။ “ထက်ထက်သန်သန် ကျွန်မတာဝန်ထမ်းခဲ့တာကို ဒီလိုကျေးစွပ်ကြတယ်တဲ့လား။ လူသစ်တွေကို ရေလောင်းခွင့် ဘာလို့ မပေးတာလဲ။ ကျွန်မဘာမှားနေလို့လဲ။ ဒီတာဝန်ထမ်းဖို့ ကျွန်မက တစ်နည်းနည်းနဲ့ မသင့်တော်လို့လား။ ဒီတာဝန်ကို ဘယ်တော့မှ ထပ်မလုပ်တော့ဘူး။ ရှက်ဖို့ကောင်းလိုက်တာ။ ဘုရားက ဘာလို့ဒီလိုလုပ်နေလဲ မသိပေမဲ့ သူ့မေတ္တာကို ကျွန်မ ခံစားလို့မရဘူး” တဲ့။ ဒီလိုလည်း ပြောသေးတယ်။ “ကိုယ့်အလုပ်ကို ခပ်ရှော်ရှော် လုပ်ကြတဲ့ လူတွေက လက်တွေ့ကျင့်ခွင့် ရတုန်းဖြစ်ပေမဲ့ ကျွန်မကျတော့ ဘာလို့မရတာလဲ” တဲ့။ ခေါင်းဆောင်က ချန်လင်းနဲ့ မိတ်သဟာယပြုပြီး စကားတွေနဲ့ အနုတ်သဘော သူဖြန့်ပုံကို ဆန်းစစ်ပြပေမဲ့ သူက လက်မခံနိုင်သေးဘူး။ သူ့ယိုယွင်းမှုအကြောင်းပဲ ပြောတာ၊ အနုတ်သဘော မဖြန့်ပါဘူးလို့ သူပြောတယ်။ ရှုတ်ချခံရတယ်လို့ သူခံစားရတာ။ စိတ်နာနာနဲ့ သူပြောတယ်။ “အစည်းအဝေးတွေမှာ ကိုယ့်အခြေအနေကို ပြောတာက အနုတ်သဘော ဖြန့်တာဆိုရင် ဘယ်လိုမိတ်သဟာယပြုရမလဲ ကျွန်မ မသိတော့ဘူး” တဲ့။ အဲဒါကို ကြားတော့ ကျွန်တော် သိပ်ခေါင်းရှုပ်သွားတယ်။ ချန်လင်းက ဘယ်စကားစပ်နဲ့ ဒီစကားတွေ ပြောတာလဲပေါ့။ အစည်းအဝေးတွေမှာ သူထုတ်ပြတဲ့ ယိုယွင်းမှုကို ပြောနေတာလား၊ ကိုယ်ပိုင်ရည်မှန်းချက်၊ ပန်းတိုင်နဲ့ အနုတ်သဘော သူတမင်ဖြန့်နေတာလား။ ဒီစကားတွေအရပဲဆိုရင် အနုတ်သဘော သူဖြန့်တယ်လို့ ပြောတာက တိကျရဲ့လားပေါ့။ အဲဒီတုန်းက သိပ်ခေါင်းရှုပ်သွားတာ။ ခေါင်းဆောင်က ချန်လင်းကို အထင်မှားပြီး တလွဲထင်နေတာလားလို့ မပြတ်တွေးနေမိတယ်။ ကိစ္စတွေ ဖြစ်တဲ့အခါ ဘုရားအလိုတော်ကို လူတွေမသိဘဲ အထင်လွဲပြီး ညည်းညူနိုင်တာပဲ။ အစည်းအဝေးတွေမှာ ကိုယ့်အခြေအနေကို မိတ်သဟာယပြုတာက ပုံမှန်ပဲ မဟုတ်လား။ ဒါက တကယ်ပဲ အနုတ်သဘော ဖြန့်တာလားပေါ့။ အဲဒီတုန်းက အသေးစိတ်အချက်တွေနဲ့ သူ့ကို အဲဒီလိုသတ်မှတ်တဲ့ အကြောင်းရင်းကို ပိုသိရဖို့ ခေါင်းဆောင်တွေကို တကယ်မေးချင်ခဲ့ပေမဲ့ တုံ့ဆိုင်းနေခဲ့တယ်။ ဒီလိုတွေးမိတာ။ “ချန်လင်းနဲ့ သုံး၊ လေးကြိမ်ပဲ ငါတွေ့ဖူးတာ၊ သူ့အကြောင်း ငါသိပ်မသိဘူး။ လူအများကြီးက သူနဲ့အတူ တာဝန်ထမ်းကြတာပဲ။ သူ့အကြောင်းကို သူတို့က ငါ့ထက် ပိုသိမှာပဲ မဟုတ်လား။ ချန်လင်းက မှားထုတ်ခံရတာဆိုရင် သူတို့တွေ တစ်ခုခုပြောကြမှာပဲ။ ငါစိတ်ပူစရာ မလိုပါဘူး” ပေါ့။

နောက်နေ့ရောက်တော့ ဒီကိစ္စကို ဆက်တွေးနေမိပြီး စိတ်အေးအေး မထားနိုင်ဘူး ဖြစ်နေတယ်။ ဒီလိုမျိုး တွေးနေမိတာလေ။ “ချန်လင်းကို သူ့အပြုအမူကြောင့် ထုတ်ပစ်တာက တကယ်ဖြစ်သင့်ရဲ့လား။ အနုတ်သဘော သူဖြန့်တယ်လို့ ပြောတာကရော တကယ်တိကျရဲ့လား။ လူကောင်းတစ်ယောက်ကို ထုတ်ပစ်တာက ဆိုးယုတ်တဲ့ အမှုပဲ။ ငါခေါင်းရှုပ်နေတာဆိုတော့ လိုက်မမေးမြန်း၊ မရှာဖွေရင် ရမ်းသန်းပြီး မိုးခါးရေ သောက်သလို ဖြစ်နေပြီလား။ ဒီကိစ္စကို ဒီလိုကိုင်တွယ်တာက တာဝန်မဲ့ရာ ကျနေလား” ပေါ့။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို အမှတ်ရသွားတယ်။ “ကယ်တင်ခြင်းကို ရရှိသောလမ်းကြောင်းတွင် သမ္မာတရားကို လက်ခံပြီး လိုက်စားခြင်းထက် ပို၍ စစ်မှန်သော၊ သို့မဟုတ် လက်တွေ့ကျသောလမ်းကြောင်းမရှိပေ။ သင်သည် သမ္မာတရားကို မရရှိနိုင်လျှင် ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှုသည် အနှစ်မရှိပေ။ အနှစ်သာရမရှိသော အယူဝါဒစကားများကို အစဉ်ပြောသူများ၊ ဆောင်ပုဒ်များကို သံယောင်လိုက်သူများ၊ စကားကြီး စကားကျယ်များကိုပြောသူများ၊ စည်းကမ်းများကို နာခံပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတွင် မည်သည့်အခါမျှ အာရုံမစိုက်သူများသည် နှစ်မည်မျှ ယုံကြည်ပါစေ မည်သည့်အရာကိုမျှ မရရှိပေ။ တစ်စုံတစ်ခုကို ရရှိသောသူများသည် မည်သူဖြစ်သနည်း။ မိမိတို့၏ တာဝန်ကို ရိုးသားစစ်မှန်စွာ ထမ်းဆောင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားသူများ၊ ဘုရားသခင်က ၎င်းတို့ထံ ပေးအပ်ထားသောအရာကို ၎င်းတို့၏ တာဝန်အဖြစ် ဆက်ဆံသူများ၊ ဘုရားသခင်အတွက် အသုံးခံလျက် ၎င်းတို့၏ တစ်ဘဝလုံးကို ဝမ်းမြောက်စွာ ကုန်ဆုံးစေပြီး မိမိတို့အကျိုးအတွက် မကြံစည်သူများ၊ အသိတရားနှင့် လက်တွေ့ကျသော စိတ်သဘောရှိပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို နာခံသူများဖြစ်ကြသည်။ ၎င်းတို့သည် တာဝန်ထမ်းဆောင်စဉ်တွင် သမ္မာတရားကို စည်းမျဉ်းများကို နားလည်သဘောပေါက်နိုင်ကြပြီး အရာရာကို မှန်ကန်စွာ လုပ်ဆောင်ရန် ကြိုးစားကြသောကြောင့် ဘုရားသခင်အပေါ် သက်သေခံသည့် အကျိုးကို ရရှိပြီး ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းခွင့်ရရှိသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် အခက်အခဲများကို ကြုံရသောအခါ ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းပြီး ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ရန် ကြိုးစားကြသည်။ ၎င်းတို့သည် ဘုရားသခင်ထံမှလာသည့် စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို နာခံနိုင်ကြပြီး ၎င်းတို့ လုပ်ဆောင်သမျှ အားလုံးတွင် သမ္မာတရားကို ရှာဖွေကာ လက်တွေ့လုပ်ဆောင်ကြသည်။ ၎င်းတို့သည် ဆောင်ပုဒ်များကို သံယောင်လိုက်ခြင်း၊ သို့မဟုတ် စကားကြီးစကားကျယ်များ ပြောဆိုခြင်းမရှိကြဘဲ အသိတရားရှိရှိနှင့် လက်တွေ့ကျသော စိတ်နေသဘောထားဖြင့် အမှုအရာများကို လုပ်ဆောင်ခြင်း၊ စည်းမျဉ်းများကို စေ့စပ်တိကျစွာ လိုက်နာခြင်းတို့ကိုသာ အာရုံစိုက်သည်။ ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်သမျှ အရာရာတိုင်းတွင် ကြိုးစားကြသည်။ အရာရာကို နားလည်ရန် ကြိုးစားကြသည်။ အကြောင်းကိစ္စများစွာတွင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ ထို့နောက်တွင် အသိပညာနှင့် နားလည်မှုကို ရရှိကြသည်။ ပြီးလျှင် ၎င်းတို့သည် သင်ခန်းစာများကို သင်ယူနိုင်ပြီး အမှန်တကယ် တစ်စုံတစ်ခုကို ရရှိကြသည်။ ၎င်းတို့က မမှန်ကန်သည့် အတွေးများရှိသောအခါ ယင်းတို့ကို ဖြေရှင်းရန် ဘုရားသခင်ကို ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေကြသည်။ မည်သည့်သမ္မာတရားများကို ၎င်းတို့ နားလည်ပါစေ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ယင်းတို့ကို တန်ဖိုးထားမှုရှိကြပြီး ၎င်းတို့၏ အတွေ့အကြုံများနှင့် သက်သေခံချက်ကို ပြောဆိုနိုင်ကြသည်။ ဤသို့သောလူများသည် အဆုံးတွင် သမ္မာတရားကို ရရှိကြသည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်ခြင်းတွင် အသက်တာထဲ ဝင်ရောက်ခြင်းက အရေးကြီးဆုံးဖြစ်သည်”) နှုတ်ကပတ်တော်ကြောင့် သဘောပေါက်သွားတယ်။ တာဝန်သိတဲ့လူဟာ ကိုယ့်ဝန်းကျင်က အမှုကိစ္စတွေကနေ သမ္မာတရားကို ရှာနိုင်ပြီး သင်ခန်းစာတွေ ယူနိုင်တယ်ဆိုတာပေါ့။ သူတို့က သူတို့အတွေ့အကြုံကနေ အကျိုးခံစားရတာ။ ကျွန်တော်နေ့တိုင်း မြင်နေ၊ ကြားနေသမျှက ဘုရားစီစဉ်ပေးတဲ့ ပတ်ဝန်းကျင်တွေပဲ၊ အဲဒီမှာ ကျွန်တော်သင်ယူသင့်တဲ့ သင်ခန်းစာတွေ ပါတယ်။ ဒါပေမဲ့ အရင်က အထုတ်ခံ၊ အရှင်းခံရတဲ့ လူတွေရဲ့ အပြုအမူတွေကို မိတ်သဟာယပြုကြတဲ့အခါ ဒီတိုင်း နားထောင်ပြီး မေ့သွားတယ်။ လုံးဝအတည်မမှတ်ခဲ့တော့ ဘာမှ ကျွန်တော်မရခဲ့ဘူး။ ဒီတစ်ခါလည်း ကိုယ်နဲ့မဆိုင်သလို သဘောထားပြီး ခေါင်းရှုပ်ရှုပ်နဲ့ ဆက်နေမယ်ဆိုရင် ဒီအတွေ့အကြုံပြီးတဲ့အခါ ကျွန်တော်ဘာကို ရမှာတဲ့လဲ။ တွေးပြီးသွားတော့ ဒီတစ်ခါ သမ္မာတရားကို ရှာပြီး လိုက်မေးမှ ဖြစ်မယ်လို့ ခံစားလိုက်ရတယ်။ သူ့ကို ထုတ်တာက မှန်နေရင်တောင် အခြေပြု စည်းမျဉ်းတွေကို ငါသင်ယူနိုင်မှာပဲပေါ့။ သမ္မာတရားကို နားလည်ပြီး ချင့်ချိန်နိုင်စွမ်းကို သင်ယူနိုင်ရင် အချည်းနှီး ဖြစ်မှာ မဟုတ်ဘူးလေ။

အဲဒီညမှာ ချန်လင်းအထုတ်ခံရတာကို ဘယ်လိုသဘောရလဲလို့ ညီအစ်မကျောက်ကို မေးလိုက်တယ်။ ချန်လင်းအပေါ် သူ့အကဲဖြတ်ချက်ကို နားလည်ချင်လို့လေ။ သူက ပြောတယ်။ “ချန်လင်းက အသင်းတော်စီစဉ်ပေးသမျှ လုပ်တာ၊ လူတိုင်းနဲ့လည်း အဆင်ပြေတယ်။ သူထုတ်ပြတဲ့ ယိုယွင်းမှုအကြောင်း အစည်းအဝေးမှာ သူပြောပြတယ်။ ဘုရားအပေါ် သူအထင်လွဲတာ၊ မကျေနပ်တာတွေ ရှိလို့ အဲဒါတွေ သူပြောခဲ့တာပဲ။ အနုတ်သဘော သူဖြန့်တယ်လို့ ကျွန်မ မထင်ပါဘူး” တဲ့။ အဲဒီနောက် ညီအစ်မ နောက်တစ်ယောက်ကို မေးကြည့်တယ်။ သူ့အမြင်လည်း အစ်မကျောက်နဲ့ အတူတူပဲ။ ချန်လင်းနဲ့ သူပုံမှန်ဆက်ဆံရတာ အဆင်ပြေတယ်၊ သူအထုတ်ခံရလို့ အံ့သြနေတာတဲ့လေ။ ဒီလိုတွေးမိတာ။ ညီအစ်မနှစ်ယောက်လုံးက ချန်လင်းနဲ့ ရင်းနှီးတယ်၊ သူအဆင်ပြေတယ်လို့လည်း အကဲဖြတ်ကြတယ်။ လူတွေနဲ့ သူအဆင်ပြေသလို အသင်းတော် စီစဉ်ပေးသမျှ သူလုပ်တယ်၊ လူ့သဘာဝဆိုး ရှိပုံ မပေါ်ဘူးတဲ့။ ဒီတော့ သူက လူ့သဘာဝဆိုး ရှိပြီး အနုတ်သဘော ဖြန့်တယ်လို့ ခေါင်းဆောင်က ဘာကြောင့်ပြောတာလဲပေါ့။ ဒါ့အပြင် ချန်လင်းမှာ အဲဒီစကားတွေ ပြောရတဲ့ အကြောင်းရင်းတွေ ရှိတယ်လေ။ ကိုယ်က အထုတ်ခံရပြီး ဘုရားအလိုတော်ကို နားမလည်နိုင်ရင် အထင်လွဲမှု၊ မကျေနပ်မှုတချို့ ရှိမှာက ပုံမှန်ပဲ မဟုတ်လား။ ဒါကို အစည်းအဝေးမှာ ရင်ဖွင့်ပြီး မိတ်သဟာယပြုရင် ဘယ်လိုလုပ် အနုတ်သဘော ဖြန့်တာ ဖြစ်မှာလဲပေါ့။ ကျွန်တော်ဖြင့် လုံးဝနားမလည်ခဲ့ဘူး။ ဒီတော့ ဆုတောင်း၊ ရှာဖွေဖို့ ဘုရားရှေ့ တိုးဝင်ခဲ့တယ်။

တစ်နေ့တော့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်မိရော။ “ရှေးဦးစွာ အပျက်သဘောဆောင်မှု ပွင့်လင်းစွာ ဖော်ထုတ်ပြခြင်းကို မည်မျှ နားလည်ပြီး ခွဲခြားဖော်ထုတ်သင့်သည်၊ လူတို့၏ အပျက်သဘောဆောင်မှုကို မည်သို့ ခွဲခြားသိမြင်သင့်သည်၊ ၎င်းတို့ထဲရှိ မည်သည့် မှတ်ချက်များနှင့် သရုပ်သကန်များက အပျက်သဘောဆောင်မှုကို ပွင့်လင်းစွာ ဖော်ပြသည်တို့ကို ကြည့်ကြပါစို့။ အရေးကြီးဆုံးအနေဖြင့် လူတို့ပွင့်လင်းစွာ ဖော်ထုတ်သည့် အပျက်သဘောဆောင်မှုသည် အပြုသဘောမဆောင်ပေ။ ယင်းသည် သမ္မာတရားနှင့် ဆန့်ကျင်ကွဲလွဲသည့် ဘေးဖြစ်စေတတ်သောအရာတစ်ခုဖြစ်သည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားမှ ဖြစ်ပေါ်သောအရာတစ်ခု ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို နာခံရာတွင် အခက်အခဲများဖြစ်ပေါ်စေသည်။ ဤအခက်အခဲများကြောင့် အပျက်သဘောဆောင်သောအတွေးများနှင့် အခြားအပျက်သဘောဆောင်သောအရာများက လူတို့တွင် ထုတ်ဖော်ပြသည်။ လူတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ကြိုးစားသည့် အခြေအနေတွင် ဤအရာများဖြစ်ပေါ်သည်။ ဤအရာတို့သည် လူတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ကြိုးစားသည့်အခါ လူတို့အပေါ် သက်ရောက်ပြီး နှောင့်ယှက်သော အတွေးများနှင့် အမြင်ရှုထောင့်များဖြစ်ပြီး အလုံးစုံ အပျက်သဘောဆောင်သောအရာများဖြစ်သည်။ ဤအပျက်သဘောဆောင်သောအတွေးများသည် လူသား၏ အယူအဆများနှင့် မည်မျှကိုက်ညီပါစေ၊ မည်မျှ ကျိုးကြောင်းသင့်သည့်ပုံစံရှိပါစေ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်ကို တွေ့ကြုံပြီး သိခြင်းမှလာဖို့မဆိုထားနှင့်၊ ဘုရားနှုတ်ကပတ်တော်ကို နားလည်ခြင်းမှ လာခြင်းမဟုတ်ပေ။ ဤအစား ၎င်းတို့သည် လူသား၏ စိတ်မှ ဖြစ်ပေါ်ပြီး သမ္မာတရားနှင့် လုံးဝ သဘောတူညီခြင်းမရှိပေ။ ထို့ကြောင့် ၎င်းတို့သည် အပျက်သဘောဆောင်သောအရာများ၊ ဘေးဖြစ်စေတတ်သောအရာများဖြစ်သည်။ အပျက်သဘောဆောင်မှုကို ပွင့်လင်းစွာ ဖော်ပြသောလူတို့၏ ရည်ရွယ်ချက်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့၏ ပျက်ကွက်မှုအတွက် မှန်ကန်သော အကြောင်းပြချက်များစွာ ရှာတွေ့ရန်ဖြစ်သည်။ အခြားလူတို့၏ သနားကြင်နာမှုနှင့် နားလည်မှုကို ရရှိရန်ဖြစ်သည်။ ဤအပြုအမူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် လူတို့၏ စတင်လုပ်ဆောင်မှုကို မတူညီသော အတိုင်းအတာများဖြင့် လွှမ်းမိုးပြီး တိုက်ခိုက်သည်။ လူများစွာကိုပင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှ တားဆီးနိုင်သည်။ ဤအကျိုးဆက်များနှင့် ဘေးဖြစ်စေတတ်သောသက်ရောက်မှုသည် ဤအပျက်သဘောဆောင်သောအရာများကို ဘေးဖြစ်စေတတ်ခြင်း၊ ဘုရားသခင်ကို အာခံခြင်း၊ သမ္မာတရားကို လုံးဝ ရန်လိုခြင်းအဖြစ် သတ်မှတ်ခြင်းက ပို၍ပင် သင့်တော်လေသည်။ အချို့လူများသည် အပျက်သဘောဆောင်မှု၏ အနှစ်သာရကို မမြင်နိုင်ဖြစ်ပြီး မကြာခဏ အပျက်သဘောဆောင်ခြင်းသည် သာမန်ဖြစ်သည်၊ ၎င်းတို့၏ သမ္မာတရားလိုက်စားမှုအပေါ် အလွန်အမင်းသက်ရောက်မှုမရှိဟု ထင်ကြသည်။ ဤသည်မှာ မှားယွင်းသည်။ အမှန်တကယ်တွင် ယင်းသည် အလွန်ကြီးသော သက်ရောက်မှုရှိသည်။ အပျက်သဘောဆောင်မှုက ခံယူရန် များလွန်းနေလျှင် အလွယ်တကူပင် သစ္စာဖောက်ခြင်းဖြစ်လာနိုင်သည်။ ဤဆိုးဝါးသော အကျိုးဆက်သည် အပျက်သဘောဆောင်မှုကြောင့်သာ ဖြစ်သည်။ ဤသို့ဆိုလျှင် အပျက်သဘောဆောင်မှုကို ထုတ်လွှတ်ခြင်းကို မည်သို့ ခွဲခြားသတ်မှတ်ပြီး နားလည်သင့်သနည်း။ ရိုးရှင်းစွာဆိုရလျှင် အပျက်သဘောဆောင်ခြင်းကို ပွင့်လင်းစွာဖော်ပြခြင်းသည် လူတို့ကို လှည့်စားပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းကို ရပ်တန့်စေခြင်းဖြစ်သည်။ ယင်းသည် လူတို့ကို လှည်စားပြီး အမှားပြုလုပ်မိစေရန်အတွက် သိမ်မွေ့သော နည်းဗျူဟာများ၊ သာမန်ဖြစ်ပုံရသည့် နည်းလမ်းများကို အသုံးပြုခြင်းဖြစ်သည်။ ဤသည်မှာ ၎င်းတို့ကို ထိခိုက်နစ်နာစေသလော။ ဤသည်မှာ အမှန်တကယ်တွင် လူတို့ကို ကြီးမားစွာ ထိခိုက်နစ်နာစေသည်။ ထို့ကြောင့် အပျက်သဘောဆောင်မှုကို ပွင့်လင်းစွာ ဖော်ပြခြင်းသည် ဘေးဖြစ်စေတတ်သော အရာတစ်ခုဖြစ်သည်။ ယင်းကို ဘုရားသခင်က ရှုတ်ချသည်။ ဤသည်မှာ အပျက်သဘောဆောင်မှုကို ပွင့်လင်းစွာ ဖော်ထုတ်ခြင်းအား အရိုးရှင်းဆုံး အနက်ပြန်ဆိုခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် အပျက်သဘောဆောင်မှုကို ပွင့်လင်းစွာ ဖော်ထုတ်ခြင်း၏ အပျက်သဘောဆောင်သော အစိတ်အပိုင်းများမှာ အဘယ်နည်း။ မည်သည့်အရာများက အပျက်သဘောဆောင်ပြီး လူတို့အပေါ် ဘေးဖြစ်စေတတ်သော သက်ရောက်မှုရှိရန်၊ အနှောင့်အယှက်နှင့် ထိခိုက်မှုဖြစ်စေရန် ဖြစ်နိုင်သနည်း။ အပျက်သဘောဆောင်မှုတွင် မည်သည့်အရာပါဝင်သနည်း။ လူတို့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ် ရှင်းလင်းစွာ နားလည်မှုရှိလျှင် ၎င်းတို့ မိတ်သဟာယပြုသော စကားများက အပျက်သဘောဆောင်မှု တစ်ခုတလေ ပါဝင်မည်လော။ လူတို့တွင် ဘုရားသခင်က ချပြခဲ့သော အခြေအနေများအပေါ်တွင် စစ်မှန်သော နာခံခြင်းသဘောထားရှိလျှင် ဤအခြေအနေများအပေါ် ၎င်းတို့၏ သိမြင်မှုတွင် အပျက်သဘောဆောင်ခြင်းတစ်ခုတလေ ပါဝင်မည်လော။ ၎င်းတို့ ကြုံတွေ့ပြီး သိသည့်အရာကို လူတိုင်းနှင့် မျှဝေသည့်အခါ အပျက်သဘောဆောင်မှုတစ်ခုတလေ ပါဝင်မည်လော။ သေချာပေါက် ပါဝင်မည်မဟုတ်ပေ။(အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၁၇)) ဘုရားနှုတ်ကပတ်တော်ကနေ နားလည်လိုက်တယ်။ လူတွေက ဘုရားအလုပ်၊ ဘုရားစီစဉ်ပေးတဲ့ ပတ်ဝန်းကျင်နဲ့ အမှုကိစ္စတွေကို လက်မခံနိုင်တဲ့အခါ ရှာဖွေနာခံတဲ့ သဘောထား မရှိဘူး၊ မကျေမနပ်ဖြစ်လာတယ်၊ ညည်းညူလာတယ်၊ ဘုရားကို အာခံကန့်ကွက်တာတွေတောင် လုပ်လာတယ်။ ဒါတွေအားလုံးက အနုတ်သဘော အခြေအနေတွေပဲ။ လူတွေက ဒီအနုတ်သဘော အခြေအနေတွေမှာ ရှင်သန်နေပြီး သမ္မာတရားကို မရှာ၊ မှားနေတဲ့ ကိုယ့်အမြင်တွေကို မသုံးသပ်၊ မစိတ်ဖြာဘဲ အဲဒီအစား ဘုရားအိမ်တော်ရဲ့ အမှုအပေါ် သူတို့မကျေနပ်ချက်ကို တခြားလူတွေဆီ ဖွင့်ချပြပြီး ဘုရားအပေါ် အထင်လွဲတာ၊ မကျေနပ်တာတွေကို လိုက်ဖြန့်ရင် ဒီလိုပြောတာက အနုတ်သဘောကို ဖြန့်တာပဲ။ နှုတ်ကပတ်တော်ကို တွေးဆကြည့်တော့ ချန်လင်းက တာဝန်ထမ်းရာမှာ မထိရောက်ခဲ့တာ သဘောပေါက်သွားတယ်။ သူအထုတ်ခံရတာကို အသိစိတ်ရှိတဲ့ လူတိုင်းက ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းလို့ မြင်ကြမှာပဲ။ ကိုယ့်ကိုယ်ကိုယ် အေးဆေးသုံးသပ်ပြီး သင်ခန်းစာယူဖို့ ကြိုးစားကြမှာ၊ သူတို့ဘာလို့မထိရောက်ခဲ့လဲ၊ ပြဿနာက ဘာလဲ၊ သူတို့ဘယ်လိုရှုံးနိမ့်ခဲ့တာလဲကို တွေးကြမှာ။ သမ္မာတရားကို တကယ်လိုက်စားတဲ့ လူက ဒီမေးခွန်းတွေကို ဂရုတစိုက် သုံးသပ်မှာပဲ။ ဘုရားအလိုတော်ကို နားမလည်ရင်တောင်၊ အယူအဆတို့၊ အထင်လွဲမှုတို့ ရှိရင်တောင် အနည်းဆုံးတော့ အဲဒါတွေကို မဖြန့်ဘဲ သူတို့ရဲ့ အနုတ်သဘော အခြေအနေကို ဖြေရှင်းဖို့ ဘုရားကို ဆုတောင်းပြီး သမ္မာတရား ရှာကြမှာ။ ညီအစ်မချန်လင်းကျတော့ သူ့ကိုယ်သူ နားလည်အောင် မသုံးသပ်၊ ဘုရားအလိုတော်ကို မရှာသလို သင်ယူနိုင်တဲ့ သင်ခန်းစာတွေလည်း မရှာခဲ့ဘူး။ အဲဒီအစား အသင်းတော် စီစဉ်ပေးတာတွေကို ခုခံတယ်၊ မနာခံဘဲ စောဒကတက်တယ်၊ ဘုရားနဲ့ပတ်သက်တဲ့ သူ့အယူအဆတွေ၊ အထင်လွဲတာတွေကို အစည်းအဝေးတွေမှာ ဖြန့်တယ်။ သူ့မိတ်သဟာယမှာ သူ့အမြင်မှားတွေကို မဝန်ခံ၊ မစိတ်ဖြာသလို လက်တွေ့ကျင့်ဖို့ လမ်းကြောင်းနဲ့ ဝင်ရောက်မှုကိုလည်း မရှာတွေ့ခဲ့ဘူး။ ရှာဖွေ၊ သုံးသပ်တဲ့ သဘောထားတောင် သူ့မှာ မရှိခဲ့တာ။ ညီအစ်ကို မောင်နှမတွေ ကြားခဲ့ရတာက ဘုရားအပေါ် သူ့အယူအဆနဲ့ အထင်လွဲမှုတွေ၊ သူ့နာကြည်းချက်နဲ့ မကျေနပ်ချက်တွေ၊ ဘုရားနဲ့ ဘုရားအိမ်တော်ရဲ့ စီစဉ်ပေးမှုတွေက မတရားဘူးဆိုတဲ့ သူ့ပြောဆိုချက်တွေ၊ သူများကို အခွင့်အရေးတွေ ပေးပြီး သူ့ကိုကျ ဘာလို့မပေးတာလဲဆိုတဲ့ မေးခွန်းတွေ၊ သူ့ကို ဘုရားဒီလို မဆက်ဆံသင့်ဘူးဆိုတဲ့ သူ့ညည်းညူချက်တွေပဲ။ “ဒီတာဝန်ကို ဘယ်တော့မှ ထပ်မလုပ်တော့ဘူး။ ရှက်ဖို့ကောင်းလိုက်တာ။ ဘုရားမေတ္တာကို ကျွန်မခံစားလို့ မရဘူး” ဆိုတာတွေလို ပြောဆိုချက်တွေတောင် ပါသေးတယ်။ အပေါ်ယံမှာ သူက ယိုယွင်းနေတဲ့ သူ့အခြေအနေကို ရင်ဖွင့်ပြနေပုံ ပေါက်ပေမဲ့ သူ့စကားတွေရဲ့ နောက်ကွယ်မှာ သူက ဘုရားကို ဒေါသတကြီး ငြင်းခုံပြီး ကန့်ကွက်နေတာ။ ဘုရားက သူ့ကို ကျေးဇူးတော်နဲ့ ကောင်းချီးတွေ မချပေးလို့ သူ့ရလဒ်တွေ ညံ့နေတာ၊ ဘုရားက မတရားလို့၊ မေတ္တာမရှိလို့ သူအစားထိုးခံရတာဆိုပြီး သူထင်တာ။ သူ့ခြေလှမ်းမှားတွေနဲ့ ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းခံရတာတွေကို ရှက်စရာလို့ မြင်ပြီး သူ့တာဝန်ကြောင့် သူမွန်းကျပ်၊ ချုပ်တည်းနေရတယ်လို့ ထင်တာ။ အရှက်ကွဲမဲ့အစား တာဝန်ကို မထမ်းဘဲ သူနေသွားချင်တာ။ သူ့စကားရဲ့ အနှစ်ချုပ်ကို ကြည့်ရင် ဒါဟာ ရင်ဖွင့်ပြီး ယိုယွင်းတဲ့ သူ့အခြေအနေကို ဝေမျှရုံသက်သက် လုံးဝမဟုတ်ဘူး။ အနုတ်သဘောနဲ့ အယူအဆတွေ လုံးဝဖြန့်ဝေတာပဲ။ ဘုရားကို ငြင်းခုန်၊ ကန့်ကွက်ပြီး ခုခံတာပဲ။ နောက်တော့ ကျွန်တော်သိရတယ်၊ ဒါတွေ ချန်လင်းပြောပြီးတဲ့နောက် ညီအစ်ကို မောင်နှမတချို့က သူ့ကို စာနာပြီး သူ့ဘက် နေပေးကြတာတဲ့လေ။ တာဝန်ကနေ လတ်တလော ထုတ်ခံထားရတဲ့ တခြားလူတွေလည်း သူ့စကားတွေ ကြားပြီးတဲ့နောက် သူ့အမြင်တွေကို လက်ခံပြီး ဘုရားအိမ်တော်က မတရားဘူးလို့ ဝေဖန်ကြတယ်။ ဒီလိုပြောတာ၊ “ရေလောင်းအလုပ်ကို ခပ်ရှော်ရှော် လုပ်ကြတဲ့ တခြားလူတွေက လက်တွေ့ကျင့်ခွင့် ရှိကြသေးတာကို ဘုရားအိမ်တော်က ငါတို့ကိုကျ ဘာလို့အခွင့်အရေး မပေးတာလဲ” တဲ့။ အသင်းတော် စီစဉ်ပေးတာတွေကို သူတို့မေးခွန်းထုတ်ပြီး သမ္မာတရားကို မရှာနိုင်၊ သင်ခန်းစာတွေ မယူနိုင်ကြဘူး။ ချင့်ချိန်နိုင်စွမ်း မရှိတဲ့လူတွေက ချန်လင်းရဲ့စကားကြောင့် ခေါင်းရှုပ်သွားကြတာ တွေ့လိုက်ရတယ်။ ဒါက အသင်းတော် အသက်တာကို အနှောင့်အယှက်ပေးတာ။ နောက်တော့ သိလိုက်ရတယ်။ မထိရောက်တဲ့ လူတချို့က လက်တွေ့ကျင့်ခွင့် ရပြီး သူကျတော့ မရဘူးဆိုတဲ့ ချန်လင်းစကားက အဖြစ်မှန်တွေနဲ့ လုံးဝမကိုက်တာကိုပေါ့။ ညီအစ်ကို မောင်နှမတချို့က အလုပ်စတာ မကြာသေးလို့ အလုပ်နဲ့ မရင်းနှီးကြတော့ အစမှာ သိပ်မထိရောက်ကြဘူး။ ဒါပေမဲ့ သမ္မာတရား စည်းမျဉ်းတွေကို မိတ်သဟာယပြုခြင်းကတစ်ဆင့် သူတို့နားလည်ပြီး ဝင်ရောက်နိုင်တယ်၊ တိုးတက်လာပြီး ပျိုးထောင်ပေးလို့ရမဲ့ အလားအလာ ရှိလာတယ်။ တခြားလူတွေကတော့ သူတို့တာဝန်မှာ တိမ်းစောင်းမှု၊ ရှုံးနိမ့်မှုတွေ ရှိပေမဲ့ မိတ်သဟာယပြု၊ ကူညီပေးပြီးတဲ့နောက် သူတို့ကိုယ်သူတို့ သုံးသပ်နိုင်တယ်၊ စည်းမျဉ်းတွေ ရှာပြီး ပြောင်းလဲနိုင်တယ်၊ မကြာခင်မှာပဲ တိုးတက်အောင် လုပ်နိုင်ကြတယ်။ ချန်လင်း လူသစ်တွေကို ရေစလောင်းပြီးနောက် ခေါင်းဆောင်တွေက သူ့ကို အကြိမ်ကြိမ် ကူညီပြီး လက်တွေ့ကျင့်ချိန် အလုံအလောက် ပေးပေမဲ့ စိတ်ထက်သန်တာ၊ ကြိုးစားလုပ်တာ လုံးဝမရှိခဲ့ဘူး။ သူ့ပြဿနာတွေကို ညီအစ်ကို မောင်နှမတွေ ထောက်ပြတဲ့အခါလည်း အလေးအနက် မထားဘူး။ နှစ်ရှည် လက်တွေ့ကျင့်ပြီးတာတောင် မတိုးတက်လာတဲ့အပြင် လူသစ်တွေရဲ့ အခက်အခဲတွေကို မဖြေရှင်းနိုင်သေးတော့ အသင်းတော်က သူ့ကို ထုတ်ပစ်လိုက်တာ။ ဒါပေမဲ့ သူ့ကိုယ်သူ သုံးသပ်တာ၊ သူဘာကြောင့်ရှုံးနိမ့်ရလဲ နားလည်ဖို့ ကြိုးစားတာ လုံးဝမရှိသလို သူ့တာဝန်မှာ ရှုံးနိမ့်လို့ ဘုရားအပေါ် အကြွေးတင်စိတ်လည်း မရှိဘူး။ အဲဒီအစား ဘုရားအိမ်တော်က သူ့ကို အခွင့်အရေးမပေးဘူး၊ ဘုရားက မတရားဘူးလို့ ပြောပြီး ဘုရားမှာ မေတ္တာမရှိဘူးလို့ စောဒကတက်ခဲ့တယ်။ ဒါက သူ့ဇာတ်ကြောင်းနဲ့ ကိုက်အောင် အချက်အလက်တွေကို မတော်တရော် လှည့်ပစ်တာပဲ။ ဒါကို သိသွားတော့ ကျွန်တော်အရင်က ချင့်ချိန်နိုင်စွမ်း မရှိခဲ့ပုံကို တွေးမိတယ်။ အနုတ်သဘောနဲ့ အယူအဆတွေ ချန်လင်းဖြန့်တဲ့ အထင်းသား ပြဿနာကို သေချာ မမြင်နိုင်ခဲ့ဘူး။ ဒါက အသင်းတော်ရဲ့အမှား ဖြစ်နိုင်တယ်လို့ တကယ်ထင်ပြီး တည့်မတ်ပေးချင်ခဲ့တယ်။ ကျွန်တော်က တကယ်ပညာမဲ့ပြီး မျက်ကန်းခဲ့တာပါ။

နောက်တော့ နှုတ်ကပတ်တော် တစ်ပိုဒ်ကို တွေးမိတယ်။ “အခြေခံအားဖြင့် ဤအရာများသည် အပျက်သဘောဆောင်မှုကို ပွင့်လင်းစွာ ဖော်ပြသော လူတို့၏ အမျိုးမျိုးသော အခြေအနေများနှင့် သရုပ်သကန်များဖြစ်သည်။ ၎င်းတို့၏ အဆင့်အတန်း၊ ဂုဏ်သိက္ခာ၊ အကျိုးစီးပွားများအပြင် လိုအင်ဆန္ဒများ၊ မက်မောမှုများ စသည်တို့သည် မပြည့်စုံသောအခါ၊ ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးထင်မြင်ချက်များ၊ ၎င်းတို့၏ အကျိုးစီးပွားများပါဝင်သောအရာများနှင့် ဆန့်ကျင်သော အရာများကို ဘုရားသခင်က လုပ်ဆောင်သောအခါ ၎င်းတို့သည် အာခံခြင်း၊ မကျေမနပ်ဖြစ်ခြင်းကဲ့သို့သော ခံစားချက်များ၏ လွှမ်းမိုးမှုကို ခံရသည်။ ဤအာခံခြင်းနှင့် မကျေမနပ်ဖြစ်ခြင်းများ ရှိသောအခါ ၎င်းတို့၏စိတ်သည် ဆင်ခြေများ၊ မူမမှန်သောအကြောင်းပြချက်များ၊ ကျိုးကြောင်းပြချက်များ၊ ခုခံကာကွယ်မှုများနှင့် အခြား စိတ်ထိခိုက်သောအတွေးများ စတင်ဖြစ်ပေါ်လာသည်။ ဤသို့သော စိတ်ထိခိုက်သောအတွေးများဖြစ်ပေါ်လာသောအခါ ဘုရားသခင်ကို ချီးမွမ်းခြင်း၊ နာခံခြင်း၊ ထို့အပြင် ရှာဖွေခြင်းတို့ပြုရမည့်အစား ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးထင်မြင်မှုများ၊ ယူဆချက်များနှင့် ထင်မြင်ချက်များ၊ သို့မဟုတ် စိတ်မြန်လက်မြန်လုပ်ဆောင်ခြင်းများကို အသုံးပြုလျက် ဘုရားသခင်ကို ဆန့်ကျင်တိုက်ခိုက်ကြသည်။ ၎င်းတို့က မည်သို့ ပြန်လည်တိုက်ခိုက်ကြသနည်း။ ၎င်းတို့၏ အာခံခြင်း၊ မကျေနပ်ဖြစ်ခြင်းခံစားချက်များကို ဖြန့်ကြပြီး ၎င်းတို့၏ အတွေးများနှင့် ထင်မြင်ချက်များကို ဘုရားသခင်အတွက် ရှင်းလင်းစေရန် ဤအရာကို အသုံးပြုကြသည်။ ၎င်းတို့၏ အလိုဆန္ဒများကို ဖြည့်ဆည်းရန်အတွက် ၎င်းတို့၏ ဆန္ဒများနှင့် တောင်းဆိုမှုများနှင့်အညီ ဘုရားသခင်က လုပ်ဆောင်စေဖို့ ကြိုးစားကြသည်။ ထိုအခါမှသာ ၎င်းတို့က စိတ်သက်သာရာရကြသည်။ အထူးသဖြင့် ဘုရားသခင်သည် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမရန်၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သန့်စင်ရန်၊ လူတို့ကို စာတန်၏ လွှမ်းမိုးမှုမှ ကယ်တင်ရန် သမ္မာတရားများစွာကို ဖော်ပြခဲ့သည်။ ပြီးလျှင် လူများ နေ့နေ့၊ ညညမျှော်လင့်သော ကောင်းကင်ဘုံသို့ ချီဆောင်ခံရခြင်း စိတ်ကူးယဉ်မှု ကွဲကြေသွားလျက်၊ လူမည်မျှ၏ ကောင်းချီးခံစားရရန် အိပ်မက်များသည် ဤသမ္မာတရားများအားဖြင့် အဆုံးသတ်သွားခဲ့ရသည်ကို မည်သူသိနိုင်မည်နည်း။ ဤအရာကို ပြုပြင်ရန်၊ ပြောင်းလဲပစ်ရန် ၎င်းတို့တတ်နိုင်သမျှအရာရာတိုင်းကို လုပ်ဆောင်ချင်ကြသည်။ သို့သော် ၎င်းတို့သည် အစွမ်းမရှိပေ။ ၎င်းတို့သည် အပျက်သဘောဆောင်ခြင်း၊ မကျေမနပ်ဖြစ်ခြင်းတို့နှင့်အတူ ကပ်ဘေးအတွင်းသို့သာ သက်ဆင်းသွားနိုင်သည်။ ၎င်းတို့သည် ဘုရားသခင်စီစဉ်ခဲ့သောအရာအားလုံးကို နာခံရန် ငြင်းဆန်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် လုပ်ဆောင်သောအရာသည် ၎င်းတို့၏ အယူအဆများ၊ အကျိုးစီးပွားများ၊ စဉ်းစားပုံများနှင့် ကွဲလွဲနေသောကြောင့်ဖြစ်သည်။ အထူးသဖြင့် အသင်းတော်က လူများစွာကို သန့်စင်ပြီး ထုတ်ပယ်သည့်အမှုကို လုပ်ဆောင်သောအခါ ဘုရားသခင်က သူတို့ကို မချစ်၊ ဘုရားသခင်က မှားယွင်းသောအရာကို လုပ်ဆောင်သည်၊ ၎င်းတို့သည် တရားမမျှတစွာ ဆက်ဆံခံရသည်ဟု ဤလူတို့က ထင်ကြသောကြောင့် ၎င်းတို့သည် စည်းလုံးပေါင်းစည်းကာ ဆန့်ကျင်လိုကြသည်။ ဘုရားသခင်က သမ္မာတရားဖြစ်သည်ကို ၎င်းတို့ ငြင်းဆန်ဖို့ ကြိုးစားကြသည်။ ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာနှင့် အနှစ်သာရကို ငြင်းဆန်ကြသည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ငြင်းဆန်ကြသည်။ အရာအားလုံးအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ၏ အမှန်တရားကိုလည်း ၎င်းတို့ ငြင်းဆန်သည်မှာ မှန်ပေသည်။ ဤအရာအားလုံးကို မည်သည့်နည်းလမ်းများဖြင့် ၎င်းတို့ငြင်းဆန်ကြသနည်း။ အာခံခြင်းနှင့် ဆန့်ကျင်ခြင်းမှတစ်ဆင့်ဖြစ်သည်။ ဆိုလိုသည်မှာ ‘ဘုရားသခင် လုပ်ဆောင်သောအရာသည် ငါ၏ အယူအဆများနှင့် ကွဲလွဲနေသည်။ ထို့ကြောင့် ငါ မနာခံပေ။ ကိုယ်တော်က သမ္မာတရားဖြစ်သည်ဟု ငါမယုံကြည်။ ငါသည် ကိုယ်တော်နှင့် ငြင်းခုံမည်။ အသင်းတော်ရှိလူများသို့ ဤအယူအဆများကို ဖြန့်မည်။ ငါပြောချင်သည့်အရာကို ပြောမည်။ အကျိုးဆက်က မည်သည့်အရာဖြစ်သည်ကို ငါ ဂရုမစိုက်။ ငါသည် လွတ်လပ်စွာပြောဆိုခွင့်ရှိသည်။ ငါ့ကို ပါးစပ်ပိတ်ခိုင်း၍ မရ။ ငါပြောချင်သည့်အရာကို ပြောမည်။ ကိုယ်တော် ဘာလုပ်နိုင်သနည်း။’ ဟူ၍ ဖြစ်သည်။ ဤလွဲမှားသော တစ်ကိုယ်ရေထင်မြင်ချက်နှင့် အယူအဆများကို လူအများသိအောင်ပြုလုပ်ရန် ဤလူတို့က မလျှော့တမ်းလုပ်ဆောင်သည့်အခါ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်နားလည်မှုကို ပြောနေခြင်းဖြစ်သလော။ ၎င်းတို့က သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းလော။ လုံးဝ မဟုတ်ပေ။ ၎င်းတို့သည် အပျက်သဘောဆောင်မှုကို ဖြန့်ဝေနေခြင်းဖြစ်သည်။ မကောင်းသော အတွေးမှားများကို ဝါဒဖြန့်နေခြင်းဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးခြင်းကို သိရန်၊ သို့မဟုတ် ဖော်ထုတ်ရန်၊ သို့မဟုတ် ၎င်းတို့လုပ်ဆောင်ခဲ့သည့် သမ္မာတရားနှင့်ကွဲလွဲသောအရာများကို ဖော်ထုတ်ရန် ကြိုးစားနေခြင်းမဟုတ်သကဲ့သို့ ၎င်းတို့လုပ်ဆောင်နေသည့် အမှားများကို ထုတ်ဖော်နေခြင်းမဟုတ်ပေ။ ထိုအစား ၎င်းတို့မှန်ကန်သည်ကို သက်သေပြရန် ၎င်းတို့၏ အမှားများကို ကျိုးကြောင်းသင့်ရှင်းပြပြီး ကာကွယ်ရန် အစွမ်းကုန် လုပ်ဆောင်နေခြင်းဖြစ်သည်။ တစ်ချိန်တည်းတွင်လည်း သဘာဝမကျသော ဝေဖန်အပြစ်တင်မှုများကို ပြုလ ပ်သည်။ ဘေးဖြစ်စေတတ်သော၊ လွဲမှားသော အယူအဆများ၊ အသိအမြင်များအပြင် သွေဖည်သော၊ ကောက်ကျစ်ဆိုးယုတ်သော စကားများကိုပါ လူအများသိအောင်ပြုလုပ်သည်။ သက်ရောက်မှုအနေဖြင့် ဘုရားသခင် ရွေးချယ်ထားသောလူများနှင့်အသင်းတော်အပေါ်သို့ အနှောင့်အယှက်ဖြစ်ခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်းတို့ ဖြစ်ပေါ်သည်။ အချို့လူများကို အပျက်သဘောဆောင်ပြီး စိတ်ရှုပ်ထွေးသည့်အခြေအနေသို့ပင် သက်ဆင်းစေသည်။ ဤအရာအားလုံးသည် အပျက်သဘောဆောင်မှုကို ပွင့်လင်းစွာ ဖော်ထုတ်သော လူတို့အားဖြင့် ဖြစ်ပေါ်သော ဘေးဖြစ်စေသည့် သက်ရောက်မှုများဖြစ်သည်။(အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၁၇)) နှုတ်ကပတ်တော် ဖော်ပြတာကနေ ကျွန်တော်သိသွားတယ်။ အပျက်သဘော၊ အယူအဆတွေ ဖြန့်နေသူတွေက ပြဿနာတွေ့ရင် ဘုရားအစီအစဉ်ကိုမနာခံဘူး။ ဘုရားဆီက အရာတွေကို လက်မခံဘူး၊ သူတို့အမြင်က မယုံကြည်သူတွေလိုပဲ။ သူတို့က မယုံကြည်သူတွေ၊ နတ်ဆိုးတွေပဲ။ ကိစ္စတွေ ဖြစ်ပျက်တဲ့အခါ သမ္မာတရားကို ရှာရမဲ့အစား ကိုယ်ပိုင်အယူအဆနဲ့ ယုံကြည်မှုတွေကို သူတို့အားကိုးတယ်။ ကိစ္စတွေက သူတို့ဆန္ဒအတိုင်း မဖြစ်တဲ့အခါ၊ သူတို့အကျိုးစီးပွားကို ထိခိုက်လာတဲ့အခါ ကျိန်းသေ ဘုရားကို စောဒကတက်ပြီး အာခံတယ်၊ စိတ်ထင်ရာ ဝေဖန်ပြီး ညီအစ်ကို မောင်နှမတွေအကြား အယူအဆတွေ ဖြန့်တယ်၊ သူတို့စိတ်ကြိုက် ပြောပြီး စိတ်ထဲမှာ ဘုရားကို ကြောက်စိတ် လုံးဝမရှိဘူး။ အနုတ်သဘောနဲ့ အယူအဆတွေ ချန်လင်းဖြန့်တဲ့ အဖြစ်ရဲ့ အချုပ်ကို ကျွန်တော်မမြင်နိုင်ခဲ့ဘူး။ အဓိကက အနုတ်သဘော ဖြန့်တာဟာ ဘာလဲဆိုတာကို ကျွန်တော်နားမလည်လို့ပဲ၊ အစည်းအဝေးမှာ အနုတ်သဘော မှတ်ချက်တွေ သူပေးတာကို ယိုယွင်းတဲ့ သူ့ထုတ်ဖော်ချက်အကြောင်း ရင်ဖွင့်နေတာဆိုပြီး သဘောထားခဲ့တယ်။ အနုတ်သဘောဆောင်ပြီး အားနည်းတာ၊ အဲဒီလိုအချိန်တွေမှာ ဘုရားအပေါ် အယူအဆတွေ ရှိတာက ပုံမှန်ပဲ ထင်ခဲ့တာ။ ချန်လင်းက သူ့အခြေအနေအကြောင်း ပြောရင်း သူ့စိတ်ထဲက အယူအဆတွေ ဖွင့်ချပြတဲ့အခါ ဒါပုံမှန်ပဲလို့ တွေးခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ယိုယွင်းမှုအကြောင်း ရင်ဖွင့်တာနဲ့ အနုတ်သဘော၊ အယူအဆတွေ ဖြန့်တာက လုံးဝမတူတဲ့ အရာတွေပဲ။ ကိစ္စတွေက ကိုယ့်ဆန္ဒအတိုင်း မဖြစ်တဲ့အခါ ဘုရားအပေါ် အယူအဆတွေ၊ အထင်လွဲမှုတွေ ပေါ်လာနိုင်တယ်။ ဒါပေမဲ့ ဘုရားကို တကယ်ယုံကြည်ရင်၊ ဆင်ခြင်တုံတရားနဲ့ အသိစိတ်ရှိရင်၊ ဘုရားကို ကြောက်စိတ်ရှိရင် ဘုရားအလိုတော်ကို နားမလည်ရင်တောင် ဆုတောင်း၊ ရှာဖွေမှာပဲ။ သဘောရှိ ပြောမှာ မဟုတ်ဘူး။ ဘုရားဆီက လက်ခံနိုင်မယ်၊ သင်ခန်းစာ ယူနိုင်မယ်၊ ကိုယ့်အယူအဆတွေ ဖြေရှင်းဖို့ သမ္မာတရားကို ရှာနိုင်မှာပဲ။ ဒီအယူအဆတွေက ဘယ်နေရာ မှားနေလဲဆိုတာ မိတ်သဟာယဖွဲ့ရင်း စိတ်ဖြာမှာပဲ၊ ကိုယ့်ယိုယွင်းမှုကို ဖွင့်ပြ၊ ဝန်ခံပြီး အကျည်းတန်တဲ့ ကိုယ့်ရုပ်ကို ဖွင့်ချပြမှာပဲ။ ကိုယ့်မိတ်သဟာယကို ညီအစ်ကို မောင်နှမတွေ ကြားတဲ့အခါ လှည့်စားခံရမှာ မဟုတ်သလို ဘုရားအပေါ် အထင်လွဲတာ၊ စောဒက တက်တာတွေ ရှိလာမှာ မဟုတ်ဘူး။ အဲဒီအစား သမ္မာတရားကို နားလည်နိုင်ပြီး အမြင်မှားတွေကို ချင့်ချိန်၊ ငြင်းပယ်နိုင်ကြမှာ။ ကိုယ့်မိတ်သဟာယက အပြုသဘော ရလဒ်တွေပဲ ရမှာ။ ရင်ဖွင့်၊ မိတ်သဟာယပြုတယ်ဆိုတာ ဒါကို ပြောတာပဲ။ အနုတ်သဘောနဲ့ အယူအဆတွေ ဖြန့်တာရဲ့ အနှစ်ချုပ်က မတူဘူး။ အပေါ်ယံမှာ ကိုယ့်အခြေအနေအကြောင်း ပြောနေတာ၊ ကိုယ့်ယိုယွင်းမှုကို ရင်ဖွင့်ပြနေတာလို့ ထင်ရပေမဲ့ ရည်ရွယ်ချက်က သမ္မာတရားကို ရှာဖို့၊ ဘုရားအလိုတော်ကို နားလည်ဖို့၊ ကိုယ့်ပြဿနာတွေကို ဖြေရှင်းဖို့ မဟုတ်ဘူး။ အဲဒီအစား မိတ်သဟာယဖွဲ့နေတုန်း အနုတ်သဘော ခံစားချက်တွေနဲ့ မကျေနပ်ချက်တွေကို ဖွင့်ချပြဖို့ အဲဒါတွေကို သုံးတာ၊ ဘုရားဖန်တီးပေးတဲ့ ပတ်ဝန်းကျင်တွေကို စောဒကတက်ပြပြီး သူတို့အခက်တွေ့အောင် သူများတွေ လုပ်တယ်လို့ ထင်ကြတာ၊ ဘုရားအပေါ် အယူအဆတွေ၊ အထင်လွဲမှုတွေတောင် ဖြန့်ပြီး ယုတ္တိမတန်တဲ့ အနုတ်သဘော အမြင်တွေ ဖြန့်ကြတာ။ ဒါပေမဲ့ သူတို့က ယိုယွင်းတဲ့ သူတို့စိတ်သဘောထားကို လုံးဝမဝန်ခံဘူး၊ ကိုယ့်ကိုယ်ကိုယ် မဆင်ခြင်၊ သင်ခန်းစာ မယူဘူး။ လူတချို့ဆို သူတို့ပြဿနာတွေအကြောင်း ပြောတောင် မပြောဘဲ တကယ့်အကြောင်းရင်းတွေကြောင့် သူတို့ရှုံးရတာလို့ မှတ်ယူကြတယ်။ အဲဒီလို မိတ်သဟာယတွေကို လူတွေ ကြားပြီးတဲ့နောက် သမ္မာတရားကို နားမလည်ရင်၊ ဂရုတစိုက် မချင့်ချိန်ရင် အလွယ်ကလေး လှည့်စားခံရနိုင်တယ်၊ ဒီလိုနဲ့ ဟောတဲ့လူကို စာနာပြီး ဘုရားကို ဆန့်ကျင်လို့ အဲဒီလူဘက် နေပေးကြရော။ ဘုရားနဲ့ ဘုရားအိမ်တော်ကို အထင်လွဲပြီး စောဒကတက်ကြရော။ ဒါ့အပြင် တစ်ယောက်ယောက်က အနုတ်သဘောနဲ့ အယူအဆတွေ ဖြန့်နေသလားဆိုတာကို စကားစပ်နဲ့ သူ့စကားတွေမှာ ရည်ရွယ်ချက်တွေ ရှိသလားအပေါ် မူတည်ပြီး ကျွန်တော်အကဲဖြတ်လေ့ ရှိခဲ့တယ်။ ဒါက ကျွန်တော်ဟာ သမ္မာတရားကို နားမလည်ဘူး၊ ကိစ္စတွေကို ဘယ်လိုရှုမြင်ရမလဲ မသိဘူးဆိုတာ ပြတာပဲ။ တကယ်တော့ လူတစ်ယောက်ဟာ အနုတ်သဘောကို ဖြန့်နေသလား ချင့်ချိန်ဖို့ အဓိကကျတာက သူ့ရဲ့ ရည်ရွယ်ချက်တို့၊ ဘယ်စကားစပ်နဲ့ သူပြောနေတာလဲတို့ မဟုတ်ဘဲ သူပြောနေတာတွေရဲ့ အနှစ်ချုပ်နဲ့ အကျိုးဆက်တွေပဲ။ ဘုရားအပေါ် မကျေနပ်ချက်ကို ထုတ်ပြဖို့ စကားပြောရင်၊ ဘုရားနဲ့ပတ်သက်တဲ့ အယူအဆတွေ ဖြန့်ပြီး သူ့ဘေးနားက လူတွေအပေါ် အနုတ်သဘော သက်ရောက်မှု ဖြစ်စေရင်၊ ဒီလိုနဲ့ လူတွေက ဘုရားကို အထင်လွဲ၊ အပြစ်တင်၊ ဘုရားအိမ်တော်ကို ကန့်ကွက်ပြီး အနုတ်သဘောထဲ ကျဆင်းသွားရင် သူ့အနေနဲ့ ဒါကို တမင်လုပ်လုပ်၊ မလုပ်လုပ် သူ့စကားတွေက အနုတ်သဘော ဖြန့်ပြီး အသင်းတော် အသက်တာကို နှောင့်ယှက်နေတာပဲ။

ဒီတစ်ကြိမ် ချန်လင်းကိစ္စမှာ ကျွန်တော်ချင့်ချိန်နိုင်စွမ်း မရှိခဲ့တာက အနုတ်သဘော ဖြန့်တယ်ဆိုတာ ဘာလဲမသိတဲ့အပြင် လူ့သဘာဝအကောင်းနဲ့ အဆိုးကြား တိတိကျကျ မခွဲခြားနိုင်ခဲ့လို့ပဲ။ နောက်တော့ သမ္မာတရားရဲ့ ဒီရှုထောင့်ကို နားလည်စေတဲ့ နှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ခဲ့ရတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူတို့အပေါ်တွင် မတူညီသောအရာများ ဖြစ်ပျက်သည့်အခါ ၎င်းတို့တွင် ကောင်းသော လူ့သဘာဝနှင့် ဆိုးသော လူ့သဘာဝကြား ကွာခြားမှုကိုပြသော သရုပ်သကန်မျိုးစုံရှိကြသည်။ ဤသို့ဆိုလျှင် လူ့သဘာဝကို တိုင်းတာသော စံများမှာ အဘယ်နည်း။ လူတစ်ယောက်သည် မည်သည့်လူအမျိုးအစား ဖြစ်သည်နှင့် ၎င်းတို့ ကယ်တင်ခံရနိုင်ခြင်းရှိမရှိကို မည်သို့ တိုင်းတာသင့်သနည်း။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရားကို ချစ်ခြင်းရှိမရှိ၊ သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်သည်။ လူတို့အားလုံးသည် ၎င်းတို့အထဲ၌ အယူအဆများ၊ ပုန်ကန်မှုများရှိကြသည်။ ၎င်းတို့အားလုံးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိကြသည်။ ထို့ကြောင့် ဘုရားသခင် တောင်းဆိုသောအရာသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများနှင့် ကွဲလွဲနေသည့်အချိန်များကို ကြုံတွေ့ရမည်ဖြစ်ပြီး ၎င်းတို့သည် ရွေးချယ်မှုတစ်ခု ပြုရမည်။ ဤအရာများသည် ၎င်းတို့အားလုံး မကြာခဏ ကြုံတွေ့မည့်အရာများဖြစ်သည်။ မည်သူကမျှ ဤအရာတို့ကို မရှောင်ကြဉ်နိုင်ပေ။ လူတိုင်းသည် ဘုရားသခင်ကို အဓိပ္ပာယ်ကောက်လွဲပြီး ဘုရားသခင်အပေါ် အယူအဆများရှိသည့်အချိန်၊ သို့မဟုတ် မကျေမနပ် ဖြစ်သည့်အချိန်၊ သို့မဟုတ် ပြန်လည်တွန်းကန်သည့်၊ သို့မဟုတ် ဘုရားအပေါ် ဆန့်ကျင်သည့်အချိန်များလည်း ရှိလိမ့်မည်။ သို့သော် လူတို့သည် သမ္မာတရားအပေါ် မတူညီသော သဘောထားများရှိသောကြောင့် ၎င်းတို့ ချဉ်းကပ်သည့်နည်းလမ်းသည် ကွဲပြားသည်။ လူအချို့သည် ၎င်းတို့၏ အယူအဆများကို မည်သည့်အခါမျှ မပြောဆိုပေ။ သို့သော် သမ္မာတရားကို ရှာဖွေပြီး ထိုအယူအဆများကို ၎င်းတို့ဘာသာ ဖြေရှင်းကြသည်။ ထိုအယူအဆများကို အဘယ်ကြောင့် ၎င်းတို့က မပြောကြသနည်း။ (၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသည်။) မှန်ပေသည်။ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသည်။ ထုတ်ဖော်ပြောဆိုခြင်းသည် အပျက်သဘောဆောင်သော သက်ရောက်မှုရှိမည်ကို ကြောက်ရွံ့ကြပြီး အခြားမည်သူ့ကိုမျှ သက်ရောက်မှုမရှိဘဲ ၎င်းတို့ စိတ်နှလုံးတွင် ဤအရာကို ဖြေရှင်းဖို့ကိုသာ ကြိုးစားကြသည်။ အလားတူအခြေအနေတွင်ရှိသော အခြားလူများကို ၎င်းတို့ တွေ့ကြုံသောအခါ ၎င်းတို့ကို ကူညီရန် မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံများကို အသုံးပြုကြသည်။ ဤသည်မှာ ကြင်နာမှုရှိခြင်း ဖြစ်သည်။ ကြင်နာမှုရှိသော လူတို့သည် အခြားလူများအပေါ် ချစ်ခင်ကြသည်။ သူတစ်ပါးတို့၏ အခက်အခဲများကို ကူညီဖြေရှင်းပေးရန် လိုလားကြသည်။ ၎င်းတို့သည် အမှုအရာများကို လုပ်ဆောင်ပြီး သူတစ်ပါးတို့ကို ကူညီသောအခါ စည်းမျဉ်းများရှိကြသည်။ ၎င်းတို့သည် သူတစ်ပါးတို့ အကျိုးဖြစ်စေရန်အတွက် ပြဿနာများကို ကူညီဖြေရှင်းပေးကြပြီး သူတစ်ပါးတို့အတွက် အကျိုးမဖြစ်သော မည်သည့်အရာကိုမျှ ၎င်းတို့ မပြောကြပေ။ ဤသည်မှာ ချစ်ခြင်းဖြစ်သည်။ ဤသို့သောလူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိပြီး ၎င်းတို့၏ လုပ်ရပ်များသည် စည်းမျဉ်းနှင့်ညီကာ ဉာဏ်ပညာရှိသည်။ ဤအရာတို့သည် လူတို့၏ လူ့သဘာဝက ကောင်းသည်၊ မကောင်းသည်ကို တိုင်းတာသော စံများဖြစ်သည်။ အပျက်သဘောဆောင်သော အရာများသည် မည်သည့်အတွက်မျှ အကျိုးမဖြစ်သည်ကို ၎င်းတို့ သိကြသည်။ ဤအရာတို့ကို သူတစ်ပါးတို့ကြားအောင် ပြောဆိုလျှင် သူတစ်ပါးတို့အပေါ် သက်ရောက်မှုရှိမည်ကို သိကြသည်။ ထို့ကြောင့် ၎င်းတို့သည် စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ဆုတောင်းပြီး ဖြေရှင်းချက်အတွက် သမ္မာတရားကို ရှာဖွေဖို့ ရွေးချယ်ကြသည်။ ၎င်းတို့တွင် မည်သည့်အယူအဆအမျိုးအစားများရှိပါစေ ၎င်းတို့သည် ဘုရားသခင်အပေါ် နာခံသော စိတ်နှလုံးဖြင့် ထိုအရာများကို ချဉ်းကပ်ပြီး ကိုင်တွယ်နိုင်ကြသည်။ ထို့နောက် သမ္မာတရားအပေါ် နားလည်မှုကို ရရှိကြသည်။ ဘုရားသခင်ကို အပြည့်အဝ နာခံနိုင်ကြသည်။ ဤနည်းအားဖြင့် ၎င်းတို့သည် အယူအဆများ ပိုပို၍ နည်းလာလိမ့်မည်။ သို့သော် အချို့လူများမှာ အသိစိတ်မရှိပေ။ ၎င်းတို့တွင် အယူအဆများ ရှိသည့်အခါ ထိုအရာများကို မည်သူမဆိုနှင့် လူတိုင်းနှင့် မိတ်သဟာယဖွဲ့ခြင်းကို နှစ်သက်ကြသည်။ သို့သော် ဤသည်မှာ ပြဿနာကို မဖြေရှင်းဘဲ သူတစ်ပါးတို့ကို အယူအဆများဖြစ်စေသည်။ ဤသည်မှာ ၎င်းတို့ကို မထိခိုက်စေသလော။ အချို့လူတို့သည် အယူအဆများရှိသည့်အခါ ညီအစ်ကိုမောင်နှမများကို မပြောကြပေ။ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို အရှိအတိုင်းပြောနိုင်ကြပြီး ၎င်းတို့ကို ဆန့်ကျင်ပြီး ဤအရာတို့ကို အသုံးချမည်ကို ကြောက်ရွံ့ကြသည်။ သို့သော် နေအိမ်တွင် ၎င်းတို့သည် စိတ်မလုံမလဲဖြစ်ခြင်းမရှိဘဲ ပြောဆိုကြသည်။ ၎င်းတို့ ပြောလိုသည့်အရာ မှန်သမျှကို ပြောသည်။ ၎င်းတို့မိသားစုထဲရှိ မယုံကြည်သူများကို ညီအစ်ကိုမောင်နှမများကဲ့သို့ ဆက်ဆံသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် မည်သည့်အကျိုးဆက်များရရှိလိမ့်မည်ဆိုသည်ကို မည်သို့မျှ မစဉ်းစားပေ။ ဤသည်မှာ စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်သလော။ ဥပမာ ၎င်းတို့၏ ဆွေမျိုးများထဲတွင် ဘုရားသခင်ကို ယုံကြည်သူနှင့် မယုံကြည်သူများရှိနိုင်သည်၊ သို့မဟုတ် တစ်ဝက်ယုံကြည်ပြီး တစ်ဝက် သံသယရှိသည့်သူများရှိနိုင်သည်။ ၎င်းတို့တွင် အယူအဆများရှိသောအခါ မိသားစုဝင်များကြားတွင် ထိုအယူအဆများကို ဖြန့်ကြပြီး ရလဒ်အနေဖြင့် ဤလူများအားလုံးက ၎င်းတို့နှင့်အတူ အောက်သို့ ဆွဲချခြင်းခံရသည်။ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ၊ နားလည်မှုလွဲခြင်းများ စတင်ရှိလာကြသည်။ အယူအဆများနှင့် နားလည်မှုလွဲခြင်းတို့သည် ပင်ကိုအားဖြင့် စိတ်ရှုပ်ဖွယ်ရာဖြစ်သည်။ ထိုအရာများ ပျံ့နှံ့သွားသည်နှင့်တစ်ပြိုင်နက် ထိုအရာများကို အရှိအတိုင်း မသိနိုင်သောသူတို့သည် ထိခိုက်မှုရှိနိုင်သည်။ အထူးသဖြင့် နားဝေတိမ်တောင် ဖြစ်သူတို့သည် ထိုအရာများကို ကြားပြီးနောက်တွင် ပို၍ပင် ရှုပ်ထွေးသွားနိုင်ခြေရှိသည်။ သမ္မာတရားကိုနားလည်ပြီး ထိုအရာများကို ခွဲခြားဖော်ထုတ်နိုင်စွမ်း ရှိသောသူတို့သည်သာ ဤဆန့်ကျင်ဘက်အရာများ ဖြစ်သော အယူအဆများ၊ အပျက်သဘောဆောင်မှုများနှင့် နားလည်မှုလွဲခြင်းများကို ငြင်းပယ်နိုင်ကြကာ ဘုရားသခင်ကို ကွယ်ကာခြင်းကို ခံရသည်။ လူအများစုသည် ဤသို့သော ဝိညာဉ်ရင့်ကျက်မှု ကင်းမဲ့ကြသည်။ ဤအရာများက မှားယွင်းသည်ဟု အချို့က ခံစားမိနိုင်သည်။ ဤသည်မှာ အတော်အတန် အထင်ကြီးလောက်ဖွယ်ရာ ရှိနေပြီးသားဖြစ်သည်။ သို့သော် ဤအရာများကို အရှိအတိုင်း လုံးဝမသိနိုင်ကြပေ။ ထို့ကြောင့် အယူအဆများနှင့် အပျက်သဘောဆောင်မှုများကို မကြာခဏ ဖြန့်ဝေသောသူများရှိသောအခါ လူအများစုသည် ဤအပျက်သဘောဆောင်သောအရာများ၏ နှောင့်ယှက်ခြင်းကို ခံရပြီး အားနည်းကာ အပျက်သဘောဆောင်လာကြသည်။ ဤသည်မှာ သေချာသည်။ ဤအပျက်သဘောဆောင်သော၊ ဆန့်ကျင်ဘက် ဖြစ်သောအရာများသည် ယုံကြည်သူအသစ်များကို မရှင်းမလင်းဖြစ်စေပြီး နစ်နာစေရန် ကြီးမားသော အစွမ်းရှိကြသည်။ အခြေခံအုတ်မြစ် ရှိနှင့်ပြီးသောသူတို့အပေါ်တွင် သက်ရောက်မှု အနည်းငယ်သာရှိသည်။ အချိန်တစ်ခုကြာပြီးနောက်တွင် ထိုလူတို့သည် သမ္မာတရားကို နားလည်နိုင်ကြပြီး မိမိတို့ကိုယ်ကို ပြောင်းလဲနိုင်ကြသည်။ သို့သော် အခြေခံအုတ်မြစ်မရှိသော ယုံကြည်သူအသစ်များက ဤအပျက်သဘောဆောင်သောအရာများကို ကြားပြီးနောက်တွင် ၎င်းတို့သည် အပျက်သဘောဆောင်ပြီး အားနည်းလာနိုင်ကြသည်။ သမ္မာတရားကို မချစ်သောသူတို့သည် နောက်ဆုတ်ပြီး ဘုရားသခင်ကို ယုံကြည်ခြင်းကိုပင် ရပ်တန့်နိုင်ကြသည်။ ထိုမကောင်းမှုပြုသူများသည် အယူအဆများကိုပင် ဖြန့်ဝေနိုင်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်နိုင်ကြသည်။ စိတ်မလုံမလဲဖြစ်ခြင်းမရှိဘဲ အပျက်သဘောဆောင်မှုနှင့် အယူအဆများကို ဖြန့်ဝေသောသူတို့သည် မည်သို့သောလူများဖြစ်သနည်း။ ၎င်းတို့အားလုံးက မကောင်းမှုပြုသူများဖြစ်သည်။ ၎င်းတို့အားလုံးသည် မကောင်းဆိုးဝါးများဖြစ်ပြီး ထုတ်ဖော်ခြင်းခံရကာ ဖယ်ရှားခံရမည်ဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘုရားသခင်အပေါ် လူသားထားရှိသင့်သည့် သဘောထား”) နှုတ်ကပတ်တော်ကနေ နားလည်လိုက်တယ်။ လူတစ်ယောက်မှာ လူ့သဘာဝအကောင်း ရှိသလား၊ အဆိုးရှိသလားဆိုတာ လူတွေနဲ့ သူတို့အဆင်ပြေကြသလားတို့၊ သူတို့ဘယ်လောက် စိတ်ထက်သန်ပုံ ပေါက်သလဲတို့၊ ကောင်းတာတွေ ဘယ်လောက် လုပ်ထားတယ်တို့၊ လူဘယ်နှယောက်က သူတို့ကို ထောက်ခံသလဲတို့ပေါ် မမူတည်ဘူး။ အရေးကြီးတာက ဘုရားနဲ့ သမ္မာတရားအပေါ် သူတို့ဆက်ဆံပုံပဲ၊ တာဝန်အပေါ် သူတို့ရဲ့ သဘောထားနဲ့ သမ္မာတရားကို သူတို့ချစ်၊ မချစ်၊ လက်ခံနိုင်ခြင်း ရှိ၊ မရှိတို့ပဲ။ ချန်လင်းက အထုတ်ခံရပေမဲ့ ဒီလို ကြီးမားတဲ့ ဆုတ်ဆိုင်းမှုကို ရင်ဆိုင်ရတဲ့အခါ သမ္မာတရားကို လုံးဝမရှာသလို ဘုရားကိုလည်း မကြောက်ခဲ့ဘူး။ အနုတ်သဘောနဲ့ အယူအဆတွေတောင် ဖြန့်ခဲ့လို့ တခြားလူတွေက သူ့လိုပဲ ဘုရားနဲ့ ဘုရားအိမ်တော် စီစဉ်ပေးတာတွေကို စောဒကတက်ကုန်တယ်။ ခေါင်းဆောင်ရဲ့ ဖော်ထုတ်မှုနဲ့ ဆန်းစစ်မှုကိုလည်း လက်မခံဘဲ ရှင်းချက်ထုတ်ဖို့ ကြိုးစားခဲ့တယ်။ ဒီအပြုအမူတစ်ခုတည်းနဲ့တင် သမ္မာတရားကို သူလက်မခံဘဲ လူ့သဘာဝဆိုး ရှိတယ်ဆိုတာ ပြနေတာပဲ။ သူ့နှလုံးသားက မမှန်ဘူး။ ဘုရားဘက်၊ ဘုရားအိမ်တော်ဘက် မဦးတည်ထားဘူး။ ကိစ္စတွေက သူ့စိတ်ကြိုက် မဖြစ်တဲ့အခါ ဘုရားကို ကန့်ကွက်ပြီး စောဒကတက်တယ်။ ဒါက ဆိုးယုတ်တဲ့ သူ့သဘာဝရယ်၊ အသိစိတ် လုံးဝမရှိတာနဲ့ သူ့နှလုံးမှာ ဘုရားကို ကြောက်စိတ် လုံးဝမရှိတာရယ်ကို လှစ်ဟပြတာပဲ။ ဒါတွေကို ချင့်ချိန်လို့ ချန်လင်းရဲ့ အပြုအမူကို နှုတ်ကပတ်တော်သုံးပြီး စိတ်ဖြာကြည့်တော့ ကျွန်တော့်စိတ်က အများကြီး ပိုရှင်းလာတယ်။ ချန်လင်းရဲ့ သရုပ်မှန်ကိုလည်း တိတိကျကျ မြင်နိုင်သွားတယ်။ သူက လူ့သဘာဝဆိုးနဲ့ သမ္မာတရားကို စက်ဆုပ်တဲ့ သဘာဝရှိတဲ့ မယုံကြည်သူပဲ။ ဘုရားအလုပ်က သူ့အယူအဆတွေနဲ့ မကိုက်တော့တာနဲ့ ဘုရားကို အပြစ်တင်၊ မုန်းတီးပြီး ပွက်ပွက်ညံအောင် ကန့်ကွက်တယ်။ အသင်းတော်က သူ့ကို သမ္မာတရား စည်းမျဉ်းတွေနဲ့အညီ မျှမျှတတနဲ့ မှန်မှန်ကန်ကန် ကိုင်တွယ်လိုက်တာ တွေ့ခဲ့ရတယ်။

ချန်လင်းက ဒီလိုလည်း ပြောတယ်။ အစည်းအဝေးတွေမှာ ကိုယ့်အခြေအနေကို ဆွေးနွေးတာက အနုတ်သဘော ဖြန့်တာဆိုရင် ဘယ်လိုမိတ်သဟာယဖွဲ့ရမလဲ သူမသိတော့ဘူးလို့လေ။ သမ္မာတရားကို သူလုံးဝ လက်မခံတာ ကျွန်တော်တွေ့ခဲ့ရတယ်။ အနုတ်သဘော သူဖြန့်တော့ တခြားလူတွေက အဲဒါကို ထိုးထွင်းမြင်ပြီး သူ့ကို တားဖို့၊ ချုပ်ထိန်းဖို့ လုပ်တာပဲ။ ဒါကို သူက သူ့ကိုယ်သူ မသုံးသပ်တဲ့အပြင် ဘယ်လိုမိတ်သဟာယဖွဲ့ရမလဲ မသိဘူးလို့ပါ ပြောသွားတယ်။ သူဆိုလိုချင်တာက တခြားလူတွေ သူ့ကို ဘောင်ခတ်နေကြလို့ နောက်ထပ် ရင်မဖွင့်ရဲ၊ မိတ်သဟာယ မပြုရဲတော့ဘူးပေါ့။ တခြားလူတွေရဲ့ ပြဿနာတွေအပေါ် လူတွေအာရုံစိုက်အောင်လို့ သူများတွေကို သူလက်ညှိုးလိုက်ထိုးနေတာ။ မဟုတ်တဲ့ တန်ပြန်စွပ်စွဲချက်တွေ သူပြောနေခဲ့တာ။ တခြားလူတွေက သူ့စကားတွေ ကြားပြီး မချင့်ချိန်ရင် ခေါင်းရှုပ်သွားကြရော။ ဒီအခြေအနေ ပေါ်လာရင် လူတွေက ဘယ်လိုလက်တွေ့ကျင့်ရမလဲ မသိကြဘူး။ ဒီတော့ အနုတ်သဘော ဖြန့်တာကို ရှောင်ဖို့ နောင်မှာ ဘယ်လိုရင်ဖွင့်ပြီး မိတ်သဟာယ ပြုရမလဲ။ နောက်တော့ ဒီအပိုင်းမှာ လက်တွေ့ကျင့်ဖို့ လမ်းကြောင်းကို ရှာကြည့်တော့ ဒီကျမ်းပိုဒ်ကို ဖတ်မိသွားတယ်။ “လူတို့တွင် ဆိုးယုတ်သော သဘာဝရှိသောအခါ၊ ၎င်းတို့၏ ဆိုးယုတ်သောသဘာဝဖြင့် အသက်ရှင်သောအခါ၊ အပျက်သဘောဆောင်သော အခြေအနေကို ရှောင်ကြဉ်ရန် ၎င်းတို့အတွက် အလွန်ခက်ခဲသည်။ အထူးသဖြင့် ဤသို့သော အပျက်သဘောဆောင်မှုသည် သမ္မာတရားကို ၎င်းတို့ နားမလည်သည့်အခါ ဖြစ်ပေါ်လေ့ရှိသောအရာဖြစ်သည်။ လူတိုင်းတွင် အပျက်သဘောဆောင်သော အချိန်များရှိကြသည်။ လူအချို့သည် အချိန်အများစုတွင် အပျက်သဘောဆောင်ကြပြီး အချို့မှာ ဖြစ်ခဲလှသည်။ အချို့မှာ အချိန်ကြာရှည်စွာ အပျက်သဘောဆောင်ပြီး အချို့မှာ အကျဉ်းချုံးသာဖြစ်သည်။ လူတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် ကွဲပြားသည်။ ထို့ကြောင့် ၎င်းတို့၏ အပျက်သဘောဆောင်သော အခြေအနေများသည်လည်း ကွဲပြားသည်။...မကြာခဏ အပျက်သဘောဆောင်ခြင်း ပြဿနာကို မည်သို့ ဖြေရှင်းနိုင်မည်နည်း။ လူတို့သည် သမ္မာတရားကို မည်သို့ရှာရမည်ကို မသိလျှင် ၎င်းတို့သည် မြဲမြံစွာ ရပ်တည်နိုင်လိမ့်မည်မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့ စားသောက်ရမည်ကို ၎င်းတို့ မသိလျှင်၊ ဘုရားသခင်ကို မည်သို့ဆုတောင်းရမည်ကို မသိလျှင် ၎င်းတို့သည် ဒုက္ခများစွာ ကျရောက်လေပြီဖြစ်သည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ ကူညီပံ့ပိုးမှုကိုသာ အမှီပြုနိုင်သည်။ ပြီးလျှင် မည်သူကမျှ ၎င်းတို့ကို မကူညီနိုင်လျှင်၊ သို့မဟုတ် ဤအကူအညီကို ၎င်းတို့က လက်မခံလျှင် ပြင်းထန်စွာ အပျက်သဘောဆောင်လာဖို့ အလားအလာရှိသည်။ ၎င်းတို့သည် ယုံကြည်ခြင်းကိုပင် ရပ်တန့်နိုင်သည်။ လူတို့သည် အယူအဆများ အစဉ်ရှိခြင်းမှာ၊ အစဉ် အပျက်သဘောဆောင်ခြင်းမှာလည်း မည်မျှ အန္တရာယ်များလွန်းသည်ကို ကြည့်လော့။ ၎င်းတို့အား သမ္မာတရား မည်မျှကို မိတ်သဟာယဖွဲ့ပါစေ သမ္မာတရားကိုလက်ခံဖို့ ငြင်းဆန်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများက မှန်ကန်သည်ဟု အစဉ် ထင်ကြသည်။ ဤလူတို့သည် အလွန်အနှောင့်အယှက်ပေးသည်။ သို့သော် သင်သည် မည်မျှ အပျက်သဘောဆောင်ပါစေ၊ သင့်တွင် အယူအဆများရှိခြင်းသက်သက်ကြောင့် ထိုအယူအဆများသည် သမ္မာတရားနှင့်ညီသည်ဟု အဓိပ္ပာယ်မရကြောင်းကို သင်၏ စိတ်နှလုံးတွင် နားလည်သင့်သည်။ ဤသည်မှာ သင့်နားလည်မှု၏ ပြဿနာတစ်ခုဖြစ်သည်။ သင့်တွင် အသိစိတ်အနည်းငယ်ရှိလျှင် အယူအဆများကို မဖြန့်သင့်ပေ။ ဤသည်မှာ အနည်းဆုံးအနေဖြင့် လူတို့ လိုက်နာသင့်သောအရာဖြစ်သည်။ သင်သည် ဘုရားသခင်အပေါ် ကြောက်ရွံ့မှုတစ်ခုတလေရှိလျှင်၊ သင်သည် ဘုရားသခင်၏ နောက်လိုက်ဖြစ်သည်ကို အသိအမှတ်ပြုနိုင်လျှင် သမ္မာတရားကို သင်ရှာဖွေသင့်သည်။ သင်၏ ကိုယ်ပိုင်အယူအဆများကို ဖြေရှင်းသင့်သည်။ သမ္မာတရားကို နာခံနိုင်သင့်သည်။ အနှောင့်အယှက်များ၊ အာရုံပျက်စေမှုများ ဖြစ်ပေါ်စေသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်သင့်ပေ။...ပြီးလျှင် သင်သည် ဘုရားသခင်ကို အဓိပ္ပာယ်ကောက်လွဲပြီး အပျက်သဘောဆောင်ကာ ဘုရားသခင်ကို ညည်းညူသည်။ ဤအခြေအနေမျိုးတွင် သင်သည် မည်သို့ လုပ်ဆောင်သင့်သနည်း။ ဤသည်မှာ ကိုင်တွယ်ရန် လွယ်ကူသည်။ သမ္မာတရားကို နားလည်သောသူ အနည်းငယ်ကို ရှာပြီး သင့်စိတ်နှလုံးတွင်ရှိသောအရာကို ၎င်းတို့အား ပြောရင်း၊ ၎င်းတို့နှင့် မိတ်သဟာယဖွဲ့၍ ရှာဖွေလော့။ ပို၍ပင် အရေးကြီးသည်မှာ ဘုရားရှေ့သို့လာပြီး ဘုရားထံသို့ မှန်မှန်ကန်ကန် ဆုတောင်းကာ ဤ အပျက်သဘောဆောင်မှု၊ အားနည်းမှု၊ သင်နားမလည်သော၊ မကျော်လွှားနိုင်သောအရာများအားလုံးကို ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့လော့။ ၎င်းတို့ကို မဖုံးကွယ်နှင့်။ သင့်တွင် ပြောဆို၍ မရနိုင်သော၊ အခြားမည်သူ့ကိုမျှ မပြောပြနိုင်သောအရာများရှိလျှင် ဘုရားရှေ့ကိုလာပြီး ဘုရားသခင်ထံဆုတောင်းရန် ပို၍ပင် လိုအပ်သည်။(အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၁၇)) နှုတ်ကပတ်တော်ကနေ နားလည်သွားတယ်။ လူတွေက ယိုယွင်းမှုနဲ့ အနုတ်သဘော အခြေအနေတွေ ထုတ်ပြနိုင်တယ်၊ ကိုယ်မကြိုက်တဲ့ ပတ်ဝန်းကျင်တွေနဲ့ ကြုံရရင် ဘုရားကို စောဒကတက်နိုင်တယ်။ ဒီအနုတ်သဘော အခြေအနေတွေ ရှိလာရင် ဘုရားကို ကြောက်တဲ့စိတ် ရှိရမယ်၊ ကိုယ့်နှုတ်လျှာကို စောင့်ထိန်းဖို့ သင်ယူရမယ်၊ ကိုယ်မသိတာ၊ နားမလည်တာကို နေရာတကာ လိုက်မဖြန့်ရဘူး၊ တခြားလူတွေ အနှောင့်အယှက်ဖြစ်အောင် မလုပ်ရဘူး။ ဒါက အခြေခံအဆင့်ပဲ။ တစ်ချိန်တည်းမှာပဲ ဘုရားရှေ့ တိုးဝင်ပြီး ဆုတောင်းရမယ်၊ နှုတ်ကပတ်တော်ကို စားသောက်ရမယ်၊ ကိစ္စတွေ ဖြေရှင်းဖို့ သမ္မာတရားကို ရှာရမယ်၊ အနုတ်သဘောနဲ့ အယူအဆတွေကနေ အမြန်ဆုံး လွတ်လာရမယ်။ ဒါကို ကိုယ့်ဘာသာ မဖြေရှင်းနိုင်ရင် ခေါင်းဆောင်တွေ၊ သမ္မာတရား နားလည်တဲ့ လူတွေနဲ့ မိတ်သဟာယပြုဖို့ ကြိုးပမ်းရမယ်။ ဒါက ပြဿနာတွေ ဖြေရှင်းဖို့ သမ္မာတရားကို ပုံမှန်ရှာ ဖွေတာပဲ၊ အနုတ်သဘောဖြန့်တာ မဟုတ်ဘူး။ ဒါပေမဲ့ သင့်တော်တဲ့ လူနဲ့တော့ ရှာဖွေရမယ်။ ယုံကြည်သူသစ်တချို့က သမ္မာတရားကို နားမလည်ဘူး၊ ဝိညာဉ်အသက်တာ သေးလွန်းလို့ ချင့်ချိန်နိုင်စွမ်း မရှိဘူး။ သူတို့ကို ရင်ဖွင့်ပြီး မိတ်သဟာယပြုတာက ကိုယ့်ကို အကူအညီမဖြစ်တဲ့အပြင် သူတို့လည်း အယူအဆနဲ့ အထင်လွဲမှုတွေ သွတ်သွင်းခံရနိုင်တယ်။ ဒီလိုမိတ်သဟာယဖွဲ့တာက လူတွေကို သိပ်မတည်ဆောက်ပေးဘဲ လဲကျစရာ ဖြစ်စေတယ်။ ဘယ်လောက်အနုတ်သဘောဆောင်ပါစေ၊ ဘယ်အယူအဆနဲ့ အထင်လွဲမှုတွေ ရှိပါစေ ကျွန်တော်တို့အားလုံး ဘုရားရှေ့ တိုးဝင်ပြီး ဘုရားနဲ့ ဆုတောင်း၊ ရှာဖွေရမယ်၊ နှုတ်ကပတ်တော်ထဲမှာ သမ္မာတရားကို ရှာရမယ်၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းကို ရှာရမယ်။ သမ္မာတရားကို နားလည်ပြီး ကိုယ့်အယူအဆနဲ့ အထင်လွဲမှုတွေကို ဖြေရှင်းနိုင်သွားတာနဲ့ ကိုယ့်အတွေ့အကြုံကို တခြားလူတွေနဲ့ ဝေမျှလို့ ရပြီ။ သမ္မာတရားကို ရှာခဲ့တဲ့ပုံ၊ ကိုယ့်အမြင်မှားတွေကို သိသွားတဲ့ပုံ၊ အနုတ်သဘောဆောင်တာတွေကို ထိုးထွင်းမြင်ဖို့ သင်ယူခဲ့ပုံ၊ ဘုရားအလိုတော်ကို နားလည်ပြီး ဘုရားအပေါ် အယူအဆနဲ့ အထင်လွဲမှုတွေ ဖြေရှင်းခဲ့ပုံတွေကို မိတ်သဟာယ ပြုလို့ရတယ်။ ဒါက ရင်ဖွင့်ပြီး မိတ်သဟာယဖွဲ့မှု အမှန်ပဲ၊ ဒါက ဘုရားကို သက်သေခံတာပဲ။ ဒီလို ရင်ဖွင့်တာက လူတွေကို တည်ဆောက်ပေးတယ်။ ဒါကို နားလည်သွားတော့ လက်တွေ့ကျင့်ဖို့ လမ်းကြောင်း ရသွားတာပဲ။

အနုတ်သဘော ဖြန့်တာနဲ့ သာမန်ရင်ဖွင့်တာတွေအကြား ကွာခြားချက်ကို ဒီအတွေ့အကြုံက ကျွန်တော့်ကို သင်ပေးခဲ့တယ်။ လူ့သဘာဝ အကောင်းနဲ့ အဆိုးကို အကဲဖြတ်ဖို့ စည်းမျည်းနဲ့ အသင်းတော်ထဲက လူမသိတဲ့ မယုံကြည်သူတွေကို ချင့်ချိန်နိုင်စွမ်းတချို့လည်း ပေးခဲ့တယ်။ သိပ်အကျိုးများခဲ့တယ်လို့ ထင်ပါတယ်။ ကျေးဇူးတော်ပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုနည်းပါးခြင်းကနေ ကျွန်မ ရုန်းထွက်ခဲ့ပုံ

ကျွန်မ ကလေးဘဝတုန်းက စကားပြောရတာ၊ လူတွေကို နှုတ်ဆက်ရတာကို မကြိုက်လို့ ကျွန်မ မိဘတွေက သူတို့ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေကို ခဏခဏပြောတယ်။...

ဘုရားသခင်ကို အထင်လွဲခြင်းဖြစ်ရသည့် ကျွန်မ၏ ပူပန်သောက နေ့ရက်များ

ကျွန်မက ၂၀၁၇ ခုနှစ်မှာ အသင်းတော်ခေါင်းဆောင်တစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ပထမတော့ ကိုယ့်တာဝန်မှာ ရလဒ်နည်းနည်း ထွက်ခဲ့တယ်။ ဒါပေမဲ့...

ကြီးကြပ်မှုကို ကျွန်တော် လက်မခံရသည့် အကြောင်းပြချက်

ဖာဖီးရပ့်စ် အာဖရိကတိုက် ကျွန်တော်က အသင်းတော်မှာ လူသစ်တွေကို တစ်နှစ်ကျော် ရေလောင်းနေခဲ့ပါတယ်။ ကျွန်တော်တာဝန်ထမ်းဆောင်တဲ့တစ်လျှောက်မှာ...

အယောင်ဆောင်ခြင်းနှင့် ဖုံးကွယ်ခြင်း၏ အဖိုးအခများ

လီလီယက် ဟွန်ဒူရပ်နိုင်ငံ ၂၀၁၈ခုနှစ်၊ အောက်တိုဘာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။