ဘုရားနှုတ်ကပတ်တော်မှတစ်ဆင့် လူတို့ကို ရှုမြင်ခြင်းသည်သာ မှန်ကန်တိကျသည်
ရှန့်ရှင်း တောင်ကိုရီးယားနိုင်ငံ ဒီနှစ် မတ်လ ရက်တစ်ရက်မှာ၊ အသင်းတော်က ကျွန်မအစ်မကို သုံးသပ်ခိုင်းဖို့ သီးခြားခွဲထားတယ်တဲ့။ ကျွန်မ...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၁၈ ခုနှစ်၊ မေလမှာ ကျွန်တော် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်ကို လက်ခံခဲ့တယ်။ တစ်နှစ်ကြာတော့ ကျွန်တော့်ကို အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ပြီး၊ လေးနှစ်ကြာတော့ ကင်မရွန်းနိုင်ငံမှာ အသင်းတော်ကြီးကြပ်ရေးမှူးအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရတယ်။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် သိပ်တော်တယ်၊ တခြားလူတွေထက် သာနေသလိုမျိုးပဲ ထင်ခဲ့တယ်။ ကျွန်တော့်အယူအဆထဲမှာတော့ ဘုရားသခင်က အဆင့်အတန်းရှိတဲ့သူတွေကို ပိုပြီးတန်ဖိုးထားတယ်၊ ဒီလူတွေက တခြားသူတွေထက် ပိုတန်ဖိုးရှိပြီး၊ ကယ်တင်ခြင်းခံရဖို့ အခွင့်အလမ်း ပိုများတယ်လို့ ထင်ခဲ့တယ်။ ခေါင်းဆောင်လုပ်ခဲ့တဲ့ ဒီနှစ်အနည်းငယ်အတွင်းမှာ ကျွန်တော် အများကြီးရရှိခဲ့တော့၊ ကျွန်တော်က ကိုယ့်ရဲ့ကယ်တင်ခြင်းအတွက် စိတ်ချတယ်လို့ ခံစားခဲ့ရတယ်။ ဒါကြောင့် ကျွန်တော့်တာဝန်မှာ ပိုပြီးစိတ်အားထက်သန်ခဲ့တယ်။ ညဘက် တခြားသူတွေ အိပ်ပျော်နေတဲ့အချိန်မှာတောင် ကျွန်တော်က ကိုယ့်တာဝန်ကို ထမ်းဆောင်နေတုန်းပဲ။ ကျွန်တော်က တခြားသူတွေထက် အဖိုးအခ ပိုပေးဆပ်ပြီး တာဝန်တွေ ပိုထမ်းဆောင်တဲ့အတွက် ဘုရားသခင်က ကျွန်တော့်ကို ပိုပြီး ကောင်းချီးပေးလိမ့်မယ်လို့ ထင်ခဲ့တယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်တော်က အမြဲတမ်း ဂုဏ်ယူဝင့်ကြွားပြီး ကိုယ်က သာတယ်ဆိုတဲ့စိတ်နဲ့ လမ်းလျှောက်ခဲ့တယ်။ ခေါင်းဆောင်အဖြစ် ဆက်ရှိနေသရွေ့ ကျွန်တော့်ကယ်တင်ခြင်းက အာမခံချက်ရှိတယ်လို့ ကျွန်တော် ထင်ခဲ့တယ်။ ဒါပေမဲ့ ကိစ္စတွေက ကျွန်တော်မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘူး။
ဧဝံဂေလိအလုပ်က လူအရေးတကြီး လိုအပ်နေတာကြောင့် ကျွန်တော့်ကို ဧဝံဂေလိတရားဖြန့်ဖို့ စေလွှတ်ခဲ့တယ်။ ဒီအလုပ်မှာ အရာအားလုံး အဆင်ပြေချောမွေ့ခဲ့ပြီး ကျွန်တော့်တာဝန်မှာလည်း တော်တော်လေး ကောင်းတဲ့ရလဒ်တွေ ရခဲ့တယ်။ မကြာခင်မှာပဲ ကျွန်တော့်ကို အဖွဲ့ခေါင်းဆောင်အဖြစ် ရာထူးတိုးပေးခဲ့တယ်။ ရာထူးတိုးခံရလို့ ကျွန်တော် အရမ်းပျော်ခဲ့ရတာပေါ့။ ကျွန်တော်က အဖွဲ့ခေါင်းဆောင်ရော အသင်းတော်ကြီးကြပ်ရေးမှူးပါ ဖြစ်ခဲ့တယ်။ ကျွန်တော်က ကယ်တင်ခြင်းနဲ့ ပိုနီးစပ်လာသလို၊ ကျွန်တော့်ပန်းတိုင်ကလည်း ပိုပြီးစိတ်ချရတယ်လို့ ခံစားခဲ့ရတယ်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအစောပိုင်းမှာ၊ ကျွန်တော့်ကို နယူးလိုက်အသင်းတော်မှာ တာဝန်ထမ်းဆောင်ဖို့ ပြောင်းရွှေ့ခဲ့တယ်။ အဲဒီမှာ သူတို့မှာ ဧဝံဂေလိအဖွဲ့ခေါင်းဆောင်တွေနဲ့ အသင်းတော်ကြီးကြပ်ရေးမှူးတွေ ရှိပြီးသား။ ဒါကြောင့်၊ ကျွန်တော်က သာမန်ဧဝံဂေလိဖြန့်ဝေသူတစ်ယောက်ပဲ၊ ဧဝံဂေလိအဖွဲ့ခေါင်းဆောင်နဲ့ အသင်းတော်ကြီးကြပ်ရေးမှူးဆိုတဲ့ ကျွန်တော့်ရာထူးဂုဏ်ပုဒ်တွေကို ဆုံးရှုံးခဲ့ရတယ်။ ဒီလိုအပြောင်းအလဲတွေနဲ့ ရင်ဆိုင်ရတော့၊ ကျွန်တော့်အဆင့်အတန်းက ကျဆင်းသွားတယ်လို့ ခံစားခဲ့ရတယ်။ ကိုယ်က သာတယ်ဆိုတဲ့စိတ် ပျောက်သွားပြီး ကယ်တင်ခြင်းရဖို့အခွင့်အလမ်းကိုတောင် ဆုံးရှုံးသွားနိုင်တယ်လို့ ခံစားခဲ့ရတယ်။ အဲဒီနောက်မှာတော့ ကျွန်တော့်တာဝန်မှာ စိတ်အားထက်သန်မှု ပျောက်ဆုံးသွားပြီး ကျွန်တော် နှုတ်ဆိတ်ပြီးတော့ နေချင်စိတ်ပဲ ရှိတော့တယ်။ အဆင့်အတန်းရှိတုန်းကတော့ ကျွန်တော်က ဝင့်ကြွားပြီး အရမ်းဂုဏ်ယူပြီး လမ်းလျှောက်ခဲ့ပေမဲ့ အဆင့်အတန်းမရှိတော့တဲ့အခါ စိတ်အားထက်သန်မှု ပျောက်ဆုံးသွားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် မျှော်လင့်ချက်ကို ဆက်ပြီး စွဲကိုင်ထားတယ်၊ “ငါ အခုမှရောက်တာဆိုတော့ နယူးလိုက်အသင်းတော်က ညီအစ်ကိုမောင်နှမတွေက ငါ့ကို မသိသေးဘူး။ ငါ့တာဝန်မှာ ကြိုးကြိုးစားစား ဆက်လုပ်နေသရွေ့၊ ငါ့ရဲ့အစွမ်းအစနဲ့ အလုပ်လုပ်နိုင်စွမ်းတွေနဲ့ဆိုရင် ငါ့ပတ်ဝန်းကျင်ကလူတွေရဲ့ အာရုံစိုက်မှုကို သေချာပေါက် ရမှာပဲ၊ အနှေးနဲ့အမြန်ဆိုသလို ငါ ခေါင်းဆောင်အဖြစ် ပြန်ရွေးကောက်ခံရမှာပဲ။ ငါ ကယ်တင်ခြင်းရဖို့ မျှော်လင့်ချက် ရှိပါသေးတယ်။” ဒီလိုတွေးမိတော့ ကျွန်တော် သိပ်ပြီးအပျက်သဘောမဆောင်တော့ဘဲ ကိုယ့်တာဝန်ကို ဆက်ထမ်းဆောင်ခဲ့တယ်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းမှာ၊ နယူးလိုက်အသင်းတော်က အသင်းတော်ကြီးကြပ်ရေးမှူးတွေကို ပြန်ရွေးကောက်တင်မြှောက်ဖို့ လိုအပ်ခဲ့တယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာ၊ ကျွန်တော် အရမ်းကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိခဲ့ပြီး၊ သေချာပေါက် ရွေးကောက်ခံရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်က နှစ်ပေါင်းများစွာ ခေါင်းဆောင်လုပ်ခဲ့ပြီး ဒီဘက်မှာ အရည်အချင်းတွေရှိတယ်ဆိုတာ လူတိုင်းသိလို့ပဲ။ ဒါပေမဲ့ မမျှော်လင့်ဘဲ မဲတွေကို ဖော်ပြတဲ့အခါမှာ ကျွန်တော် မဲနှစ်မဲပဲ ရခဲ့မှန်း သိလိုက်ရတယ်။ ကျွန်တော် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တယ်။ ကျွန်တော် အရမ်းကို ကသိကအောက်ဖြစ်ခဲ့ရတယ်။ ကျွန်တော် လုံးဝတန်ဖိုးမရှိတော့သလို၊ အတောင်အမွေးတွေ အကုန်ဆွဲနှုတ်ခံထားရတဲ့ ငှက်တစ်ကောင်လို ခံစားခဲ့ရတယ်၊ တခြားသူတွေ ကျွန်တော့်ကို ကြည့်တာကို ကျွန်တော် မခံရပ်နိုင်ခဲ့ဘူး။ အဲဒီအချိန်အတောအတွင်းမှာ ကျွန်တော် အရမ်းအပျက်သဘောဆောင်ခဲ့ပြီး ဘုရားသခင်အပေါ် နားလည်မှုလွဲမှားမှုတွေ ရှိခဲ့တယ်။ အဆင့်အတန်းရှိမှ ကိုယ့်တာဝန်ကို ပိုကောင်းကောင်းထမ်းဆောင်နိုင်ပြီး၊ ဘုရားသခင်ရဲ့ အသိအမှတ်ပြုမှုကို ရနိုင်မယ်လို့ ကျွန်တော် ထင်ခဲ့တယ်။ အခု ကျွန်တော့်မှာ အဆင့်အတန်းမရှိတော့တဲ့အတွက် ဘုရားသခင်က ကျွန်တော့်ကို ကယ်တင်တော့မှာမဟုတ်ဘူး၊ ပြီးတော့ ကိုယ့်ရဲ့ကောင်းတဲ့ပန်းတိုင်လည်း ဆုံးရှုံးသွားပြီလို့ ထင်ခဲ့တယ်။ ကျွန်တော် အဖွဲ့လိုက်စုဝေးပွဲတွေကို မတက်ချင်တော့ဘူး၊ ညီအစ်ကိုမောင်နှမတွေဆီက စာတွေကိုလည်း ပြန်မဖြေချင်တော့ဘူး၊ ကျွန်တော် ပုန်းနေပြီး ကိုယ့်ဘာသာသီးသန့်နေချင်စိတ်ပဲ ရှိတော့တယ်။ ကျွန်တော် စုဝေးပွဲတွေကို အင်တင်တင်နဲ့ တက်ခဲ့ပြီး အဲဒီစုဝေးပွဲတွေမှာ မိတ်သဟာယဖွဲ့တာကို တက်တက်ကြွကြွ မပါဝင်ခဲ့ဘူး။ ကျွန်တော်က လူတွေ ကျွန်တော့်တည်ရှိမှုကို သတိပြုမိမှာကို မလိုချင်ခဲ့ဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော့်မှာ ဘာအဆင့်အတန်းမှ မရှိတော့လို့ပေါ့။ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို ဘေးဖယ်ခံထားရတဲ့ ခေါင်းဆောင်ဟောင်းတစ်ယောက်အနေနဲ့ပဲ သတိရနေမှာကို ကျွန်တော် ကြောက်ခဲ့တယ်။ ကျွန်တော် ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ဖို့၊ ဆုတောင်းဖို့တောင် စိတ်မပါခဲ့ဘူး၊ ဆုတောင်းရင်တောင် အဖြစ်သဘောပဲလုပ်ပြီး ဘုရားသခင်ကို ဘာပြောရမှန်းမသိခဲ့ဘူး။ ကျွန်တော့်တာဝန်မှာ ကျွန်တော် တက်ကြွမှုမရှိခဲ့ဘူး၊ တစ်ခါတလေ စိတ်ငြိမ်အောင်မထားနိုင်ဘူး၊ ကျွန်တော် သတင်းဝက်ဘ်ဆိုက်တွေ၊ နိုင်ငံရေးဝက်ဘ်ဆိုက်တွေနဲ့ တိရစ္ဆာန်ဗီဒီယိုတွေကို ကြည့်ခဲ့တယ်။ ဒီအရာတွေကို ကြည့်ပြီးတဲ့နောက်မှာ ဘာမှမရလိုက်သလို ခံစားခဲ့ရပြီး စိတ်ထဲမှာ ဟာတာတာဖြစ်နေခဲ့တယ်။ ကျွန်တော့်အခြေအနေက မမှန်ဘူးလို့ ခံစားခဲ့ရတယ်၊ ရွေးကောက်ပွဲမှာ ကျွန်တော်ရှုံးနိမ့်ခဲ့တဲ့နောက်ကွယ်မှာ ဘုရားသခင်ရဲ့ရည်ရွယ်ချက် ရှိနိုင်တယ်လို့ ကျွန်တော် ထင်ခဲ့တယ်။ ဒါကြောင့် ဘုရားသခင်ကို ကျွန်တော် ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ အခု ကျွန်တော် တာဝန်တွေထမ်းဆောင်ဖို့ စိတ်ငြိမ်အောင်မထားနိုင်ဘူး၊ ကိုယ်တော်နဲ့တောင် ခပ်ခွာခွာနေချင်စိတ် ဖြစ်နေပါတယ်။ ကျွန်တော် ဘာလို့ဒီလိုဖြစ်နေမှန်း နားမလည်နိုင်ပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်အခြေအနေကို နားလည်အောင် ဉာဏ်အလင်းပေး လမ်းပြတော်မူပါ။”
အဲဒီနောက်မှာတော့ ကျွန်တော့်အခြေအနေအကြောင်း ညီအစ်ကိုမဿဲကို ပြောပြတော့၊ သူက ကျွန်တော့်ကို ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ် ဖတ်ခိုင်းခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်တို့၏ လိုက်စားခြင်းတွင် တစ်ဦးချင်းစီ၌ များစွာသော အယူအဆများ၊ မျှော်လင့်ချက်များနှင့် အနာဂတ်များ ရှိကြသည်။ လက်ရှိအမှုမှာ ရာထူးအဆင့်အတန်းအပေါ် သင်တို့၏ တပ်မက်မှုနှင့် သင်တို့၏ လွန်ကဲသော အလိုဆန္ဒများကို ပြုပြင်ရန်အတွက် ဖြစ်သည်။ မျှော်လင့်ချက်များ၊ အဆင့်အတန်းနှင့် အယူအဆများ အားလုံးသည် စာတန်ဆန်သော စိတ်သဘောထား၏ ဂန္တဝင် ကိုယ်စားပြုချက်များ ဖြစ်သည်။ လူတို့၏ စိတ်နှလုံးများထဲတွင် ဤအရာများ တည်ရှိနေရသည့် အကြောင်းရင်းမှာ စာတန်၏ အဆိပ်အတောက်သည် လူတို့၏ အတွေးအခေါ်များအား အမြဲတစေ ပျက်စီးယိုယွင်းစေနေခြင်းကြောင့်ဖြစ်ပြီး လူတို့သည် စာတန်၏ ဤစုံစမ်းနှောင့်ယှက်မှုများကို အမြဲတစေ မဖယ်ရှား နိုင်ခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် အပြစ်တရားကြားတွင် အသက်ရှင်နေကြသော်လည်း၊ ၎င်းအား အပြစ်ဟု မယုံကြည်ကြ သကဲ့သို့၊ ၎င်းတို့သည်၊ ‘ငါတို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သူသည် ငါတို့အပေါ် ကောင်းချီး မင်္ဂလာများကိုပေးပြီး ငါတို့အတွက် အရာခပ်သိမ်းကို သင့်တော်သလို စီစဉ်ပေးရမည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် ငါတို့သည် အခြားသူများထက် သာလွန်ကာ ငါတို့၌ အခြားသူများထက် သာလွန်သော အဆင့်အတန်းနှင့် အနာဂတ်တစ်ခု ရှိရမည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် သူသည် ငါတို့အား အကန့်အသတ်မရှိသော ကောင်းချီးမင်္ဂလာများကို ပေးကို ပေးရမည်။ သို့မဟုတ်ပါက ၎င်းကို ဘုရားသခင်အား ယုံကြည်ခြင်းဟု ခေါ်လိမ့်မည် မဟုတ်’...သင်တို့၏ လက်ရှိအတွေးအခေါ်များနှင့် ရှုထောင့်အမြင်များမှာ ‘ငါသည် ဘုရားသခင်ကို ယုံကြည်သည့် အတွက် ငါ့အား ကောင်းချီးမင်္ဂလာများကိုသာ သွန်းလောင်း ပေးသင့်ပြီး ငါ၏ အဆင့်အတန်းသည် မည်သည့်အခါမျှ ကျဆင်းခြင်း မရှိမည့်အကြောင်းနှင့် ၎င်းသည် မယုံကြည်သူများ၏ အဆင့်အတန်းထက် ပို၍ မြင့်မားသည်မှာ သေချာစေသင့်သည်။’ ဟူ၍ ဤကဲ့သို့ပင် ဖြစ်သည် မဟုတ်လော။ သင်တို့သည် ထိုကဲ့သို့ ရှုထောင့်အမြင်မျိုးကို တစ်နှစ် သို့မဟုတ် နှစ်နှစ်သာမဟုတ်ဘဲ နှစ်ပေါင်းများစွာ သင်တို့အထဲ၌ သိုထားကြလေပြီ။ သင်တို့၏ အလဲအလှယ် သဘောတွေးခေါ်ပုံသည် အလွန်အကျွံ တိုးတက်လျက်ရှိသည်။ သင်တို့သည် ယနေ့ ဤအဆင့်သို့ ရောက်ခဲ့ကြသော်လည်း၊ တစ်နေ့ သင်၏ အဆင့်အတန်း ဆုံးရှုံးသွားကာ သင်၏နာမည် ပျက်စီးသွားမည်ကို ကြီးမားစွာပူပင်၍၊ သင်တို့သည် အဆင့်အတန်းကို လက်မလွှတ်သေးဘဲ၊ ၎င်းကို နေ့စဉ် စုံစမ်းမေးမြန်းရန်နှင့် လေ့လာရန် အမြဲတစေ ရုန်းကန်သည်။ လူတို့သည် ၎င်းတို့၏ သက်သောင့်သက်သာ ရှိလိုသောဆန္ဒကို မည်သည့်အခါမျှ ဘေးဖယ်ထားခဲ့ခြင်း မရှိကြပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း) “ယခုတွင် သင်တို့သည် နောက်လိုက်များ ဖြစ်ကြပြီး အမှု၏ ဤအဆင့်ကို သိနားလည်မှုအချို့ ရရှိကြပြီးဖြစ်သည်။ သို့သော်၊ အဆင့်အတန်းအတွက် သင်တို့၏ တပ်မက်မှုကို သင်တို့ ဘေးမဖယ်ထားကြသေး။ သင်တို့၏ အဆင့်အတန်း မြင့်မားသည့်အခါ သင်တို့ ကောင်းစွာ လိုက်စားကြသော်လည်း၊ သင်တို့၏ အဆင့်အတန်း နိမ့်သည့်အခါ သင်တို့ မလိုက်စား ကြတော့ပေ။ အဆင့်အတန်းနှင့်ဆိုင်သော အကျိုးအမြတ်များမှာ သင်တို့၏ စိတ်ထဲ၌ အမြဲရှိနေသည်။ လူအများစုသည် အပျက်သဘောဆောင်ခြင်းမှ အဘယ်ကြောင့် မိမိတို့ကိုယ်ကိုယ် မဖယ်ရှားနိုင်ကြပါသနည်း။ အဖြေမှာ စိတ်ပျက်ဖွယ်ရာ တက်လမ်းများကြောင့် အမြဲတစေ ဖြစ်သည် မဟုတ်လော။...ဤနည်းလမ်းဖြင့် သင်ရှာဖွေလေလေ ရိတ်သိမ်းမှု နည်းလေလေ ဖြစ်လိမ့်မည်။ အဆင့်အတန်းအတွက် လူတစ်ဦး၏ အလိုဆန္ဒ ကြီးမားလေလေ၊ ၎င်းတို့အား ပို၍ပြင်းထန်စွာ ပြုပြင်ရန် လိုလေလေ ဖြစ်ပြီး ၎င်းတို့သည် ကြီးမားသော စစ်ဆေးခြင်းကို ကြုံရလေလေဖြစ်သည်။ ထိုသို့သော လူတို့သည် အသုံးမကျသောသူများ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဤအရာများကို လုံးလုံးလျားလျား လက်လွှတ်ရန်အလို့ငှာ ၎င်းတို့အား လုံလောက်စွာ ပြုပြင်ပြီး တရားစီရင်ရမည် ဖြစ်သည်။ အကယ်၍ သင်တို့သည် ဤနည်းဖြင့် အဆုံးတိုင်အောင် လိုက်စားပါက၊ မည်သည့် အရာကိုမျှ ရိတ်သိမ်းရမည် မဟုတ်ပေ။ အသက်ကို မလိုက်စားသောသူများသည် ပြောင်းလဲခြင်း မခံရနိုင်သကဲ့သို့၊ သမ္မာတရားကို ဆာငတ်ခြင်းမရှိသော သူများသည် သမ္မာတရားကို မရနိုင်ကြပေ။ သင်သည် ကိုယ်တိုင်ကိုယ်ကျ ပြောင်းလဲခြင်းနှင့် ဝင်ရောက်ခြင်းကို လိုက်စားခြင်းအား အာရုံမစိုက်ဘဲ၊ ယင်းအစား လွန်ကဲသော တပ်မက်မှုများနှင့် ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းမေတ္တာကို ကန့်သတ်ပြီး သူ့ထံ တိုးဝင်ချဉ်းကပ်ခြင်းကို တားဆီးသော အရာများအပေါ် သင် အမြဲတစေ အာရုံစိုက်၏။ ထိုအရာများသည် သင့်အား ပြောင်းလဲစေနိုင်သလော။ ၎င်းတို့သည် သင့်အား နိုင်ငံတော်ထဲသို့ ခေါ်ဆောင်လာနိုင်သလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခဲ့တယ်။ အသင်းတော်ကို ဝင်ကတည်းက ကျွန်တော် အမြဲတမ်း ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ပြီး၊ ကျွန်တော့်မှာ အဆင့်အတန်းရှိတာက ကျွန်တော့်ကယ်တင်ခြင်းအတွက် အာမခံတယ်လို့ ယုံကြည်ခဲ့တယ်။ နှစ်တွေကြာလာတာနဲ့အမျှ ကျွန်တော် အဆင့်အတန်းကို ပိုပိုပြီး အာရုံစိုက်လာခဲ့တယ်။ ကျွန်တော် ရာထူးပိုတိုးလေလေ၊ ဘုရားသခင်က ကျွန်တော့်ကို ပိုတန်ဖိုးထားပြီး အသိအမှတ်ပြုတယ်လို့ ခံစားရလေလေပဲ၊ အဲဒါက ကျွန်တော့်တာဝန်မှာ ဒုက္ခဆင်းရဲခံပြီး အဖိုးအခပေးဆပ်နိုင်အောင် လုပ်ပေးခဲ့တယ်။ ဘုရားသခင်က ဒီနေ့ သူ့အလုပ်ကို အဆုံးသတ်လိုက်ရင် ကျွန်တော် ကယ်တင်ခြင်းခံရလောက်တယ်လို့တောင် ထင်ခဲ့မိတယ်။ ရွေးကောက်ပွဲအတွင်းမှာ၊ ကျွန်တော် ရွေးကောက်ခံရဖို့ မျှော်လင့်ခဲ့ပြီး၊ အရင်က ခေါင်းဆောင်ဖြစ်ခဲ့ဖူးတာကြောင့် တခြားသူတွေထက် ပိုပြီးအရည်အချင်းရှိတယ်လို့ ကျွန်တော် ခံစားခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး အဆင့်အတန်းမရခဲ့ဘူး။ ကျွန်တော်က ကျရှုံးသူတစ်ယောက်လို ခံစားခဲ့ရပြီး ကယ်တင်ခြင်းရဖို့ မျှော်လင့်ချက်ကို ဆုံးရှုံးခဲ့တယ်၊ ကျွန်တော့်တာဝန်ကို ထမ်းဆောင်ဖို့ စိတ်အားထက်သန်မှုလည်း ပျောက်ဆုံးသွားခဲ့တယ်။ ကျွန်တော် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို မဖတ်တော့ဘူး၊ ညီအစ်ကိုမောင်နှမတွေဆီက စာတွေကိုလည်း လျစ်လျူရှုခဲ့တယ်၊ အစည်းအဝေးတွေကိုလည်း တက်ချင်မှတက်ခဲ့ပြီး ဧဝံဂေလိ အလားအလာရှိသူတွေကိုလည်း အချိန်နဲ့တပြေးညီ နောက်ဆက်တွဲ လိုက်မစစ်ဆေးခဲ့ဘူး။ ကျွန်တော် ညီအစ်ကိုမောင်နှမတွေနဲ့ စကားမပြောချင်တော့ဘူး၊ ဆက်သွယ်ချင်စိတ်လည်း မရှိတော့ဘူး၊ တစ်ယောက်တည်းပဲ နေချင်ခဲ့တယ်။ ကျွန်တော် ဘုရားသခင်ရှေ့မှာ ကျွန်တော့်စိတ်နှလုံးကို ငြိမ်သက်အောင်မထားနိုင်ခဲ့ဘူး၊ သမ္မာတရားကို လိုက်စားလိုစိတ်လည်း ပျောက်ဆုံးသွားခဲ့တယ်၊ လောကီရုပ်ရှင်တွေတောင် ကြည့်ခဲ့တယ်။ ကျွန်တော့်စိတ်နှလုံးက မှောင်သည်ထက်မှောင်လာခဲ့ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်ကို ဆုံးရှုံးခဲ့ပြီလို့ ခံစားခဲ့ရတယ်။ ဘုရားသခင်က ပြောသည် “သင်သည် ကိုယ်တိုင်ကိုယ်ကျ ပြောင်းလဲခြင်းနှင့် ဝင်ရောက်ခြင်းကို လိုက်စားခြင်းအား အာရုံမစိုက်ဘဲ၊ ယင်းအစား လွန်ကဲသော တပ်မက်မှုများနှင့် ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းမေတ္တာကို ကန့်သတ်ပြီး သူ့ထံ တိုးဝင်ချဉ်းကပ်ခြင်းကို တားဆီးသော အရာများအပေါ် သင် အမြဲတစေ အာရုံစိုက်၏။ ထိုအရာများသည် သင့်အား ပြောင်းလဲစေနိုင်သလော။ ၎င်းတို့သည် သင့်အား နိုင်ငံတော်ထဲသို့ ခေါ်ဆောင်လာနိုင်သလော။” အဆင့်အတန်းကို လိုက်စားခြင်းက ကျွန်တော့်ကို သမ္မာတရား ဒါမှမဟုတ် ကောင်းမွန်တဲ့ပန်းတိုင်ကို မပေးနိုင်ဘူး၊ အဆင့်အတန်းရှိခြင်းကလည်း ကျွန်တော့်ကို ဘုရားသခင်ရဲ့နိုင်ငံတော်ထဲကို ဝင်ခွင့်မပေးနိုင်ဘူး။ ဘာလို့လဲဆိုတော့ အဆင့်အတန်းကို လိုက်စားခြင်းဟာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား ဖြစ်ပြီး စာတန်ဆီကလာတာကြောင့်၊ အဲဒါက ကျွန်တော့်ရဲ့သမ္မာတရားလိုက်စားမှုကို အဟန့်အတားဖြစ်စေပြီး ဘုရားသခင်နဲ့ ဝေးကွာသွားအောင်၊ ကိုယ်တော့်ကို ဆန့်ကျင်တဲ့အထိတောင် ဖြစ်စေလို့ပဲ။ နောက်ဆုံးမှာတော့ ဒါက ကျွန်တော့်ရဲ့ပျက်စီးခြင်းဆီကိုပဲ ဦးတည်နိုင်တယ်။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်ကို ဒီရွေးကောက်ပွဲရှုံးနိမ့်မှုမှာ ဘုရားသခင်ရဲ့ရည်ရွယ်ချက်ရှိတယ်ဆိုတာ မြင်စေခဲ့တယ်။ အဆင့်အတန်းအတွက် ကျွန်တော့်ရဲ့ လိုအင်ဆန္ဒကို ပြုပြင်ဖို့၊ အဆင့်အတန်းအတွက် ကိုယ့်အလိုကိုယ်လိုက်တဲ့ လိုအင်ဆန္ဒကို စွန့်လွှတ်အောင်လုပ်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်အောင် ဘုရားသခင်က ဒီရှုံးနိမ့်မှုကို အသုံးပြုနေခဲ့တာပါ။ ဘုရားသခင်ရဲ့ စေတနာပါတဲ့ရည်ရွယ်ချက်ကို နားလည်တော့၊ ကျွန်တော် ဘုရားသခင်ကို ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ကျွန်တော် နောင်တရချင်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကိုယ်ကျွန်တော် သိနိုင်အောင် လမ်းပြတော်မူပါ။”
အဲဒီနောက်မှာတော့၊ ကျွန်တော် ဘုရားနှုတ်ကပတ်တော်တချို့နဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ဆောင်းပါးတချို့ကို ဖတ်ခဲ့တယ်။ ကျွန်တော် ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်၊ “ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်ပါက ၎င်းတို့ကယ်တင်ခြင်းခံရဖို့ အလားအလာရှိသည်ဟု လူအချို့က ယုံကြည်ကြသည်။ လူအချို့ကမူ ဝိညာဉ်ရေးရာ အယူဝါဒများစွာကို ၎င်းတို့ နားလည်ပါက ၎င်းတို့ကယ်တင်ခြင်းခံရဖို့ အလားအလာ ရှိသည်ဟု ယုံကြည်ကြသည်၊ သို့မဟုတ် အချို့က ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သေချာပေါက် ကယ်တင်ခြင်းခံရမည်ဟု တွေးထင်ကြသည်။ ဤအရာ အားလုံးသည် လူသား၏ အယူအဆများနှင့် စိတ်ကူးတို့ ဖြစ်ကြသည်။ အဓိကဖြစ်သောအရာမှာ ကယ်တင်ခြင်းသည် အဘယ်အရာကို ဆိုလိုကြောင်း လူများနားလည်ရမည် ဖြစ်သည်။ ကယ်တင်ခံရခြင်းဟူသည်မှာ အဓိကအားဖြင့် အပြစ်မှ လွတ်မြောက်ဖို့နှင့် စာတန်၏စွမ်းအားမှ လွတ်မြောက်ခြင်း၊ ပြီးလျှင် ဘုရားသခင်ထံသို့ စစ်မှန်စွာ ပြန်လှည့်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်းတို့ကို ဆိုလိုသည်။ အပြစ်နှင့် စာတန်၏ စွမ်းအားတို့မှ လွတ်မြောက်ဖို့ သင်သည် အဘယ်အရာကို ပိုင်ဆိုင်ရမည်နည်း။ သမ္မာတရား ဖြစ်သည်။ လူများသည် သမ္မာတရားကို ရရှိဖို့ မျှော်လင့်ပါက ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များစွာဖြင့် ပြင်ဆင်ရမည်၊ ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်ပြီး လက်တွေ့ကျမှုကို ဝင်ရောက်နိုင်ဖို့အလို့ငှာ ထိုနှုတ်ကပတ်တော်များကို တွေ့ကြုံပြီး လက်တွေ့လုပ်ဆောင်နိုင်ရမည်။ သို့မှသာလျှင် ၎င်းတို့ ကယ်တင်ခြင်း ခံရနိုင်သည်။ လူတစ်ဦးက ကယ်တင်ခံရနိုင်ခြင်း ရှိမရှိသည် ဘုရားသခင်ကို ၎င်းမည်မျှ ကြာအောင်ယုံကြည်ခဲ့သည်၊ မည်မျှ အသိပညာရှိသည်၊ ၎င်းသည် ဆုကျေးဇူးများ၊ သို့မဟုတ် ကျွမ်းကျင်မှုများ ပိုင်ဆိုင်ခြင်း ရှိမရှိ၊ သို့မဟုတ် ၎င်းတို့ မည်မျှဒုက္ခခံသည်တို့နှင့် မသက်ဆိုင်ပေ။ ကယ်တင်ခြင်းနှင့် တိုက်ရိုက် ဆက်နွှယ်မှုရှိသည့် တစ်ခုတည်းသော အရာမှာ လူတစ်ဦးအနေဖြင့် သမ္မာတရားကို ရနိုင်ခြင်း ရှိမရှိ ဖြစ်ပေသည်။ ထို့ကြောင့် ယခုအခါတွင် သင်သည် သမ္မာတရားမည်မျှကို စစ်မှန်စွာ နားလည်ပြီးဖြစ်သနည်း။ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော် မည်မျှက သင်၏အသက် ဖြစ်လာပြီး ဖြစ်သနည်း။ ဘုရားသခင်၏ တောင်းဆိုချက်များ အားလုံးထဲမှ သင်သည် မည်သည့်အရာကို ဝင်ရောက်မှု ရရှိပြီးဖြစ်သနည်း။ သင်၏ ဘုရားသခင်ကို ယုံကြည်သည့် နှစ်များအတောအတွင်းတွင် ဘုရားနှုတ်ကပတ်တော်၏ လက်တွေ့ကျမှုထဲသို့ သင် မည်မျှ ဝင်ရောက်ပြီးပြီနည်း။ သင်မသိပါက၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှု တစ်ခုတလေထဲ ဝင်ရောက်ခြင်းကို သင် စွမ်းဆောင် ရရှိပြီးခြင်း မရှိသေးပါက ရှင်းရှင်းပြောရလျှင် သင်သည် ကယ်တင်ခြင်း မျှော်လင့်ချက် မရှိပေ။ သင်သည် ကယ်တင်ခြင်းခံရဖို့ မဖြစ်နိုင်ပေ။ သင်သည် မြင့်မားသော အသိပညာအတိုင်းအတာကို ပိုင်ဆိုင်သည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်ပြီးဖြစ်စေ၊ ကောင်းမွန်သော အသွင်အပြင် ရှိသည်ဖြစ်စေ၊ စကားပြောကောင်းပြီး နှစ်အတော်ကြာအောင် ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ပြီးသည်ဖြစ်စေ အရေးမကြီးပေ။ သမ္မာတရားကို မလိုက်စားသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို ကောင်းမွန်စွာ လက်တွေ့လုပ်ဆောင်ခြင်း၊ သို့မဟုတ် တွေ့ကြုံခြင်း မရှိသကဲ့သို့ စစ်မှန်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် သင်၌ မရှိပါက သင့်အတွက် ကယ်တင်ခံရဖို့ မျှော်လင့်ချက် မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်) “ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို အသက်၊ ဝါရင့်ခြင်း၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအနေဖြင့် ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာတို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ၊ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏ အလိုတော်ကို မလိုက်သူအားလုံး အပြစ်ပေးခြင်း ခံရမည်ကို သင်တို့ သဘောပေါက်ရမည်။ ဤသည်မှာ မည်သည့်လူတစ်ဦးကမျှ မပြောင်းလဲနိုင်သည့် အရာတစ်ခုဖြစ်သည်။ ထို့ကြောင့် အပြစ်ပေးခံရသူအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်တော်မူခြင်းကြောင့်လည်းကောင်း၊ ၎င်းတို့၏ များလှစွာသော ဆိုးယုတ်သည့် လုပ်ရပ်များကြောင့် ဒဏ်ခတ်ခြင်း အဖြစ်လည်းကောင်း ဤသို့ အပြစ်ပေးခံရခြင်း ဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်တော် နားလည်ခဲ့တာက ဘုရားသခင်က လူတိုင်းကို မျှမျှတတဆက်ဆံတယ်၊ ဘုရားသခင်က လူတစ်ယောက်ရဲ့အဆုံးသတ်ကို သူတို့မှာ သမ္မာတရားရှိမရှိအပေါ်မူတည်ပြီး ဆုံးဖြတ်တယ်ဆိုတာပါပဲ။ လူတွေက ဘုရားသခင်ရဲ့အသိအမှတ်ပြုမှုကိုရပြီး ကယ်တင်ခြင်းခံရတာ၊ သူတို့က ခေါင်းဆောင်ဖြစ်လို့ ဒါမှမဟုတ် ရာထူးတစ်ခုခုရှိလို့မဟုတ်ဘဲ၊ သူတို့က သမ္မာတရားကို လိုက်စားပြီး နောက်ဆုံးမှာ သမ္မာတရားကို ရရှိလို့ပဲဖြစ်တယ်။ ကျွန်တော်က သုံးလေးနှစ်လောက် ခေါင်းဆောင်လုပ်ခဲ့ပြီး အဆင့်အတန်းရှိခဲ့လို့ ဘုရားသခင်က အသိအမှတ်ပြုတာကို ခံရလိမ့်မယ်၊ ဘုရားသခင်ရဲ့ မျက်နှာသာပေးတာနဲ့ အထူးအခွင့်အရေးပေးတာကို ခံရတယ်၊ ဘုရားသခင်ရဲ့နိုင်ငံတော်မှာ နေရာတစ်ခုရပြီးသားဖြစ်လို့၊ ကယ်တင်ခြင်းခံရပြီး သူ့နိုင်ငံတော်ထဲ ဝင်ရောက်နိုင်တယ်လို့ ကျွန်တော် ထင်ခဲ့တယ်။ ဒါက ကျွန်တော့်ရဲ့ မှားယွင်းတဲ့အမြင်တစ်ခုပါပဲ။ တကယ်တော့ အသင်းတော်မှာ ရာထူးရှိတာက ကယ်တင်ခြင်းရဖို့အတွက် သတ်မှတ်ချက်တစ်ခု မဟုတ်ပါဘူး၊ အဆင့်အတန်းရှိတာကတခြားသူတွေထက် ပိုတန်ဖိုးရှိတယ်၊ ဒါမှမဟုတ် ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ရဖို့ အလားအလာ ပိုများတယ်လို့ ဆိုလိုတာလည်း မဟုတ်ပါဘူး။ ဘုရားအိမ်တော်မှာ အဆင့်အတန်းခွဲခြားမှုမရှိဘူး။ လူတိုင်းက ဘုရားသခင်ရှေ့မှာ တန်းတူညီမျှပဲ။ ဘယ်တာဝန်ကိုပဲထမ်းဆောင်ပါစေ၊ လူတစ်ယောက်က သမ္မာတရားကို စိတ်ရင်းမှန်နဲ့ လိုက်စားသရွေ့၊ သူ့ရဲ့ဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားတွေကို ဖယ်ရှားပြီး ဘုရားသခင်ကို ကျိုးနွံနာခံတဲ့သူ ဖြစ်လာသရွေ့ သူတို့ ဘုရားသခင်ရဲ့ကယ်တင်ခြင်းကို ရရှိနိုင်တယ်။ အဖွဲ့ခေါင်းဆောင်ပဲဖြစ်ဖြစ်၊ အသင်းတော်ခေါင်းဆောင်ပဲဖြစ်ဖြစ် ဒါက သမ္မာတရားကို ရရှိဖို့ ဘုရားသခင်က ပေးအပ်တဲ့ အခွင့်အရေးတစ်ခုပါပဲ။ အဲဒါက ကျွန်တော်တို့ကို ကိုယ့်တာဝန်တွေကို ထမ်းဆောင်တာကတစ်ဆင့် ဘုရားသခင်ရဲ့အလုပ်ကို ကြုံတွေ့ခံစားနိုင်စေတယ်၊ သမ္မာတရားတွေကို ပိုပြီးနားလည်စေတယ်၊ ပိုပြီးမြန်မြန်ဆန်ဆန် ကြီးထွားစေတယ်။ ဒါပေမဲ့ အဖွဲ့ခေါင်းဆောင်၊ အသင်းတော်ခေါင်းဆောင်ဖြစ်ရုံနဲ့ ကယ်တင်ခြင်းကို အာမခံတယ်လို့တော့ မဆိုလိုဘူး။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့နှစ်တွေကို ဆင်ခြင်သုံးသပ်တဲ့အခါ၊ ဒုက္ခဆင်းရဲခံပြီး အဖိုးအခပေးဆပ်ခဲ့တယ်၊ အစည်းအဝေးတိုင်းကို အချိန်အခါမရွေး ကျွန်တော် တက်ရောက်ခဲ့တယ်၊ တစ်ခါတလေ တခြားသူတွေ အိပ်ပျော်နေတဲ့အချိန်မှာ ညဉ့်နက်တဲ့အထိ အလုပ်လုပ်ခဲ့တယ်၊ အလုပ်ကို အမြန်ဆုံးပြီးမြောက်အောင် ဇွဲရှိရှိလုပ်ဆောင်ခဲ့တယ်၊ ဒါကြောင့် ကိုယ့်တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်နေပြီး၊ ကိုယ်က ဘုရားသခင်ကို ချစ်တယ်လို့ ကျွန်တော် ထင်ခဲ့တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီး ကျွန်တော့်ရဲ့အဆင့်အတန်းကို ဆုံးရှုံးလိုက်ရတဲ့အခါ၊ ကျွန်တော့်ရဲ့ပုန်ကန်မှုနဲ့ ဘုရားသခင်အပေါ်ထားတဲ့ နားလည်မှုလွဲမှားမှုတွေက ထုတ်ဖော်တာ ခံခဲ့ရတယ်။ ကျွန်တော် ကယ်တင်ခြင်းနဲ့လွဲချော်ပြီလို့ ထင်ခဲ့တယ်၊ ဒါကြောင့် သမ္မာတရားကို လိုက်စားတာကို စွန့်လွှတ်ခဲ့တယ်၊ တာဝန်တွေမှာ အပျက်သဘောဆောင်ပြီး ခိုကပ်ခဲ့တယ်၊ ဘုရားနှုတ်ကပတ်တော်တွေကို မဖတ်ချင်တော့ဘူး၊ လောကီရုပ်ရှင်တွေတောင် ကြည့်ခဲ့တယ်။ ကျွန်တော် သမ္မာတရားကို မချစ်ဘူးဆိုတာကို ကျွန်တော် တွေ့ခဲ့ရတယ်၊ ကျွန်တော့်ရဲ့တာဝန်မှာ တက်ကြွမှုရှိခဲ့တာက ကောင်းမွန်တဲ့ပန်းတိုင်ကို ရရှိဖို့အတွက်ပဲ၊ သမ္မာတရားကို ရရှိဖို့မဟုတ်ဘူး၊ ဒါကြောင့် ဘုရားသခင်ကို ယုံကြည်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ ကျွန်တော် သမ္မာတရားအများကြီး မရရှိခဲ့ဘူး။ ဒီရွေးကောက်ပွဲရှုံးနိမ့်မှုက ကျွန်တော့်ရဲ့ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ခဲ့တယ်၊ အရင်က ကျွန်တော်လုပ်ခဲ့သမျှအားလုံးဟာ၊ အဆင့်အတန်းနဲ့ ကောင်းမွန်တဲ့ပန်းတိုင်အတွက်ပဲဖြစ်တယ်၊ ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေခဲ့တာပဲဆိုတာကို ကျွန်တော် နားလည်စေခဲ့တယ်။ အမှန်တရားကတော့၊ ကျွန်တော် ထင်သလို ဘုရားသခင်ကို ကျွန်တော် မချစ်ခဲ့ဘူး၊ ကျွန်တော် ဘုရားသခင်ကို ပုန်ကန်နေခဲ့တယ်၊ သူ့နှုတ်ကပတ်တော်တွေကို နားမထောင်ခဲ့ဘူး၊ ကျွန်တော့်ရဲ့အဆင့်အတန်း ဆုံးရှုံးသွားလို့ ဘုရားသခင်နဲ့တောင် ခပ်ခွာခွာနေခဲ့ပြီး ကိုယ့်တာဝန်တွေကို မထမ်းဆောင်ချင်တော့ဘူး။ သခင်ယေရှုပြောခဲ့တာကို ကျွန်တော် သတိရလိုက်တယ် “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၇:၂၁) ဘုရားသခင်က သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်ရဲ့ လမ်းခရီးအတိုင်း လိုက်လျှောက်တဲ့သူတွေကို လိုချင်တယ်။ ဒီလိုလူတွေက ကယ်တင်ခြင်းခံရပြီး ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ အရည်အချင်းပြည့်မီတယ်။ အရင်က၊ ကျွန်တော် အမြဲတမ်း အလုပ်များနေခဲ့တယ်၊ စုဝေးပွဲတိုင်းကို တက်ရောက်ခဲ့တယ်၊ လူတိုင်းကို ကျွန်တော်က ကိုယ့်တာဝန်တွေမှာ ဇွဲရှိရှိနဲ့ တာဝန်သိတတ်တယ်ဆိုတဲ့ ခံစားချက်ကို ပေးခဲ့တယ်၊ ဒါပေမဲ့ ဒါတွေအားလုံးက လှည့်စားမှုသက်သက်ပဲ။ ကျွန်တော်က ကောင်းချီးတွေရရှိဖို့ရည်ရွယ်ချက်နဲ့ ကိုယ့်တာဝန်တွေကို ထမ်းဆောင်နေခဲ့တာ၊ အဲဒါက ဘုရားသခင်ရဲ့အလိုတော်ကို လိုက်လျှောက်နေတာမဟုတ်တဲ့အပြင် ကိုယ်တော့်ကို ကျေနပ်စေမှာလည်းမဟုတ်ဘူး၊ ကိုယ်တော်ရဲ့အသိအမှတ်ပြုမှုကိုလည်း ရရှိမှာမဟုတ်ဘူး။ မျက်ရည်တွေဝဲပြီး ကျွန်တော် ဘုရားသခင်ကို ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ကျွန်တော် ပြောင်းလဲပြီး ကိုယ်တော့်ဆီ ပြန်လှည့်ချင်ပါတယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြုပြင်ပြီး တရားစီရင်တော်မူပါ၊ အဲဒီလိုနဲ့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ်အလိုလိုက်တဲ့အတွေးတွေနဲ့ တောင်းဆိုမှုတွေကို လက်လွှတ်နိုင်မှာပါ၊ ကိုယ်တော်က ကျွန်တော့်ကို ဘယ်နေရာမှာပဲထားပါစေ၊ လူတွေက အနိမ့်ဆုံးနေရာလို့ မြင်ရင်တောင် ကျွန်တော် လက်ခံပါ့မယ်၊ ကိုယ်တော်ရဲ့အစီအစဉ်အားလုံးကို ကျွန်တော် ကျိုးနွံနာခံဖို့ ဆန္ဒရှိပါတယ်။”
တစ်နေ့မှာ ကျွန်တော် ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်။ “ဘုရားသခင်သည် လူ၏ ချစ်ခြင်းနှင့် ထိုက်တန်သည့်အတွက်၊ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါ တစ်ဦးအနေနှင့်၊ လူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် ကြိုးစားသင့်ပြီး၊ အခြားမည်သည့် ရွေးချယ်မှုမျှ မပြုဘဲ ဘုရားသခင်ကို ချစ်ရန် ကြိုးစားသင့်ပေသည်။ ဘုရားသခင်အား ချစ်ရန် ကြိုးစားသောသူတို့သည် မည်သည့်ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များ ကိုမျှ မရှာဖွေသင့်ပေ သို့မဟုတ် ၎င်းတို့ ကိုယ်ရေးကိုယ်တာ တောင့်တသည့်အရာများကို မရှာဖွေသင့်ပေ။ ဤသည်မှာ လိုက်စားခြင်း၏ အမှန်ကန်ဆုံးသော နည်းလမ်း ဖြစ်သည်။ သင် ဖွေရှာသော အရာသည် သမ္မာတရားဖြစ်ပါက၊ ပြီးလျှင် သင်လက်တွေ့လုပ်ဆောင်သောအရာသည် သမ္မာတရား ဖြစ်ပါက၊ ပြီးလျှင် သင် ကြိုးပမ်းရရှိသော အရာသည် သင်၏ စိတ်သဘောထားထဲ ပြောင်းလဲခြင်းတစ်ခု ဖြစ်ပါက၊ သင် နင်းလျှောက်သော လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းတစ်ခု ဖြစ်သည်။ သင်ဖွေရှာသည့် အရာသည် ဇာတိပကတိ၏ ကောင်းချီးမင်္ဂလာများ ဖြစ်ပြီး၊ သင်လက်တွေ့ လုပ်ဆောင်သော အရာသည် သင်၏ ကိုယ်ပိုင် အယူအဆများနှင့်ဆိုင်သော သမ္မာတရားဖြစ်ပါက၊ ပြီးလျှင် သင်၏ စိတ်သဘောထားတွင် ပြောင်းလဲခြင်း မရှိသကဲ့သို့၊ သင်သည် လူ့ဇာတိ၌ ရှိသည့် ဘုရားသခင်ကို လုံးဝ နာခံခြင်း မရှိဘဲ၊ မရေရာမှု၌ သင် အသက်ရှင်ဆဲ ဖြစ်ပါက၊ သင် လျှောက်လှမ်းသော လမ်းကြောင်းသည် ရှုံးနိမ့်မှု လမ်းကြောင်း ဖြစ်သည့်အတွက်၊ သင် ဖွေရှာသော အရာသည် သင့်ကို ငရဲသို့ ဧကန်မုချ ခေါ်ဆောင် သွားလိမ့်မည် ဖြစ်သည်။ သင်သည် စုံလင်စေခြင်း ခံရမည် သို့မဟုတ် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်မှာ သင်ကိုယ်တိုင်၏ လိုက်စားခြင်းအပေါ် မူတည်သည်၊ ယင်းမှာ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူ လျှောက်လှမ်းသော လမ်းကြောင်းအပေါ်တွင် မူတည်သည်ဟုလည်း ဆိုရမည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်ကို လက်တွေ့ကျင့်သုံးဖို့ လမ်းကြောင်းတစ်ခု ပေးခဲ့တယ်။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်အတိုင်း ကျွန်တော် သမ္မာတရားကို လိုက်စားရမယ်၊ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ရမယ်၊ ဘာဆုလာဘ်မှ မတောင်းဘဲ။ အရင်က အဆင့်အတန်းရှိတာက ကျွန်တော် ကယ်တင်ခြင်းရဖို့ အထောက်အကူဖြစ်လိမ့်မယ်၊ ခေါင်းဆောင်ဆိုတဲ့ အဆင့်အတန်းကို ရပြီး ထိန်းသိမ်းထားတာက ကျွန်တော့်အတွက် ကောင်းမွန်တဲ့အဆုံးသတ်ကို အာမခံလိမ့်မယ်လို့ပဲ ကျွန်တော်ထင်ခဲ့တာ။ ဒါကြောင့် သမ္မာတရားကို ရှာဖွေရမဲ့အစား အဆင့်အတန်းနဲ့ ဂုဏ်သတင်းကိုပဲ ကျွန်တော် စိတ်နှလုံးအကြွင်းမဲ့ လိုက်စားခဲ့တယ်၊ အဲဒါကြောင့် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပေမဲ့ ကျွန်တော်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားက မပြောင်းလဲဘဲ ရှိနေခဲ့တယ်။ ကျွန်တော်ရဲ့ လိုက်စားမှုကိုသာ မပြုပြင်ခဲ့ရင်၊ ဘုရားသခင်က ကျွန်တော့်ကို သေချာပေါက် ဖယ်ရှားရှင်းလင်းမှာပဲ။ ကျွန်တော်လည်း နားလည်ခဲ့တယ်၊ အသင်းတော်မှာ တာဝန်အမျိုးမျိုးရှိတယ်၊ လူတိုင်းက ကိုယ့်ရဲ့အခြေအနေတွေနဲ့ အလုပ်ရဲ့လိုအပ်ချက်တွေအလိုက် ကိုယ့်တာဝန်တွေကို ထမ်းဆောင်ကြတယ်၊ ဘယ်လိုတာဝန်မျိုးပဲဖြစ်ဖြစ်၊ အဲဒါက ကျွန်တော်တို့ လုပ်သင့်တဲ့အရာတစ်ခုပဲ၊ အဲဒါအားလုံးက လူတွေကို သမ္မာတရားကို လက်တွေ့ကျင့်သုံးပြီး စိတ်သဘောထားမှာ ပြောင်းလဲမှုတစ်ခုရရှိအောင် လုပ်ဆောင်ပေးဖို့ ရည်ရွယ်ချက်နဲ့ပဲ ဖြစ်တယ်။ ဒါက ကိုယ်အင်္ဂါအစိတ်အပိုင်းတွေအများကြီးနဲ့ ဖွဲ့စည်းထားတဲ့ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်လိုပဲ။ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုစီမှာ သူ့ရဲ့ လုပ်ဆောင်ချက်ရှိတယ်၊ ဘယ်ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုကမှ တခြားတစ်ခုထက် ပိုအသုံးဝင်တယ်ဆိုတာ မရှိဘူး။ လုပ်ဆောင်ချက်အားလုံးက ခန္ဓာကိုယ်ရှင်သန်ဖို့အတွက် လိုအပ်ပြီး ဘယ်ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုမှ မရှိလို့ မဖြစ်ဘူး။ တာဝန်တွေကို အဆင့်မြင့်တာ၊ အဆင့်နိမ့်တာရယ်လို့ ခွဲခြားမထားဘူး။ အထူးအလုပ်တစ်ခုလုပ်တာ ဒါမှမဟုတ် ခေါင်းဆောင်တစ်ယောက်ဖြစ်တာက တခြားသူတွေထက် ပိုမြင့်မြတ်တယ်လို့ မဆိုလိုဘူး၊ တခြားသူတွေထက် သာလွန်တယ်၊ ဒါမှမဟုတ် ကယ်တင်ခြင်းခံရဖို့ ပိုဖြစ်နိုင်တယ်၊ ဒီလိုတွေးတာက မှားတယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့တောင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ရင် ကျွန်တော် သမ္မာတရားကို မရရှိနိုင်သလို ကယ်တင်ခြင်းလည်း မခံရနိုင်ဘူး။ ဒါကို နားလည်ပြီးတဲ့နောက်မှာ၊ ကျွန်တော် အဆင့်အတန်းအတွက် အမြဲကြိုးစားခဲ့တာကို နောင်တရခဲ့ပြီး၊ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော် အပျက်သဘောမဆောင်တော့ဘူး၊ လောကီရုပ်ရှင်တွေလည်း မကြည့်တော့ဘူး၊ ကျွန်တော် စုဝေးပွဲတွေကို ပုံမှန်တက်ပြီး ကိုယ့်ကိုယ်ကိုယ်သိကျွမ်းမှုအကြောင်း ခဏခဏ မိတ်သဟာယဖွဲ့ခဲ့တယ်၊ ကိုယ့်တာဝန်အပေါ်ထားတဲ့သဘောထားကိုလည်း ပြောင်းလဲခဲ့ပြီး ဧဝံဂေလိတရားဖြန့်ဝေရာမှာ တက်တက်ကြွကြွဖြစ်လာခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေနဲ့လည်း ဘုရားနှုတ်ကပတ်တော်တွေကို မျှဝေခဲ့တယ်၊ သူတို့ရဲ့ ပုံမှန်မဟုတ်တဲ့အခြေအနေတွေကို ဖြေရှင်းရာမှာ ကူညီပေးခဲ့တယ်၊ ကျွန်တော်ရဲ့ တာဝန်ရဲ့ထိရောက်မှုလည်း တိုးတက်လာခဲ့တယ်။
၂၀၂၃ ခုနှစ်၊ ဇွန်လကုန်ပိုင်းမှာ နောက်ထပ်အသင်းတော်တစ်ခု တည်ထောင်ပြီး ခေါင်းဆောင်တွေနဲ့ သင်းထောက်တွေ ရွေးကောက်တင်မြှောက်ဖို့ လိုအပ်ခဲ့တယ်။ ကျွန်တော် တွေးမိတယ်၊ “ငါ ဘုရားသခင်ကို ယုံကြည်တာ အချိန်ကြာပြီ၊ အရင်ကလည်း အသင်းတော်ခေါင်းဆောင်လုပ်ခဲ့ဖူးတော့ ရွေးကောက်ခံရဖို့ အလားအလာအများဆုံးပဲ။” ဒါပေမဲ့ နောက်ဆုံးမှာတော့ ကျွန်တော် ဧဝံဂေလိသင်းထောက်အဖြစ်ပဲ ရွေးကောက်တင်မြှောက်ခံခဲ့ရတယ်။ ကျွန်တော်ရဲ့ ပထမဆုံးအတွေးက ကယ်တင်ခြင်းရဖို့ ကျွန်တော်ရဲ့ မျှော်လင့်ချက်က လျော့နည်းသွားပြီလို့ပဲ၊ အထူးသဖြင့် ကျွန်တော့်ထက် ဘုရားသခင်ကို ယုံကြည်တာ နှစ်နည်းနည်းပဲ ရှိသေးတဲ့ ညီမတစ်ယောက် အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရတာကို မြင်လိုက်ရတဲ့အခါမှာ ကျွန်တော် အရမ်းစိတ်မကောင်းဖြစ်ခဲ့တယ်။ အနာဂတ်မှာ လူသစ်တွေ အသင်းတော်ထဲကို ပိုပြီးဝင်လာကြမယ်၊ သူတို့က ကျွန်တော့်ကို ကျော်တက်သွားကြမယ်၊ အချိန်ကြာလာတာနဲ့အမျှ ကျွန်တော့်အတွက် နေရာ ရှိတော့မှာ မဟုတ်ဘူး လို့လည်း တွေးမိခဲ့တယ်။ ဒီအရာတွေကို စဉ်းစားရင်း ကျွန်တော် အရမ်းစိတ်မကောင်းဖြစ်ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ စိတ်အားထက်သန်မှုတွေ ထပ်ပြီး ပျောက်ဆုံးသွားခဲ့တယ်။ ကျွန်တော် ဘုရားသခင်ကို ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ဒီအခြေအနေတွေကြောင့် ကျွန်တော်ရဲ့ စိတ်နှလုံး အနှောင့်ယှက်မခံရအောင် ကျေးဇူးပြုပြီး စောင့်ရှောက်တော်မူပါ။ အနာဂတ်အလားအလာတွေနဲ့ အဆင့်အတန်းကို လိုက်စားမှုကို ကျွန်တော် လက်လွှတ်ဖို့၊ ကိုယ်တော်ရဲ့ အစီအစဉ်အားလုံးကို ကျိုးနွံနာခံပြီး၊ ကိုယ်တော်ကို ကျေနပ်စေဖို့အတွက်ပဲ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ ကျွန်တော် ဆန္ဒရှိနေပါတယ်။ ကျွန်တော်သာ အဆင့်အတန်းကို လိုက်စားတဲ့စိတ်ကို ဆက်ပြီးဖက်တွယ်ထားဦးမယ်ဆိုရင်၊ ကိုယ်တော် ကျွန်တော့်ကို ဆုံးမပဲ့ပြင်တော်မူပါ” လို့ပေါ့။ ကျွန်တော် ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်။ “နောက်ဆုံးတွင် လူတို့အနေဖြင့် ကယ်တင်ခြင်းကို ရနိုင်မရနိုင်ခြင်းက သူတို့ မည်သည့်တာဝန်ကို လုပ်ဆောင်သည် ဟူသည့်အပေါ် မူတည်ခြင်း မရှိဘဲ၊ သူတို့သည် သမ္မာတရားကို နားလည်ပြီး ရရှိနိုင်ခြင်း ရှိမရှိနှင့် အဆုံးတွင် ၎င်းတို့သည် ဘုရားသခင်အပေါ် အလုံးစုံ နာခံနိုင်ခြင်းရှိမရှိ၊ ဘုရားစီစဉ်ညွှန်ကြားခြင်း၏ ပြုသမျှကိုခံပြီး ၎င်းတို့၏ အနာဂတ်နှင့် ကံတရားကို ထည့်မစဉ်းစားဘဲအရည်အသွေးပြည့်မီသည့် ဖန်ဆင်းခံတစ်ယောက်ဖြစ်လာခြင်းရှိမရှိအပေါ်တွင် မူတည်သည်။ ဘုရားသခင်သည် ဖြောင့်မတ်ပြီး သန့်ရှင်းသည်။ ဤသည်မှာ လူသားမျိုးနွယ်ခပ်သိမ်းကို သူတိုင်းတာသည့် စံနှုန်းများ ဖြစ်သည်။ ဤစံနှုန်းများမှာ ပြောင်းလဲ၍မရ။ ဤသည်ကို သင်မှတ်ထားရမည်။ ဤစံနှုန်းများကို သင်၏ စိတ်တွင် ကမ္ပည်းထိုးထားလော့။ ထို့ပြင် အခြားလမ်းကြောင်းတစ်ခုခု ရှာဖွေခြင်း သို့မဟုတ် မစစ်မှန်သည့် အရာအချို့ကို လိုက်စားခြင်းအကြောင်း မည်သည့်အခါတွင်မျှ မစဉ်းစားနှင့်။ ကယ်တင်ခြင်းရရှိလိုသောသူ အားလုံးနှင့်သက်ဆိုင်သည့် ဘုရားသခင် ရှိသော သတ်မှတ်ချက်များနှင့် စံနှုန်းများမှာ ထာဝရ ပြောင်းလဲခြင်း မရှိပေ။ သင် မည်သူမည်ဝါ ဖြစ်စေကာမူ ယင်းတို့က အမြဲတမ်း ဤအတိုင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားသခင်ဟာ ဖြောင့်မတ်ပြီး သန့်ရှင်းတယ်၊ လူတစ်ယောက်ချင်းစီရဲ့ ပန်းတိုင်ကို သူတို့ သမ္မာတရားရရှိခဲ့သလားဆိုတာအပေါ်မူတည်ပြီး ဘုရားသခင်က ဆုံးဖြတ်တယ်။ ကျွန်တော်လည်း ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေအတိုင်း လိုက်စားသင့်တယ်၊ အဆင့်အတန်းနဲ့ ပန်းတိုင်ကို လိုက်စားတဲ့ဆန္ဒကို လက်လွှတ်သင့်တယ်၊ ကိုယ့်တာဝန်တွေကို စိတ်နှလုံးအကြွင်းမဲ့ ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းပြီး သမ္မာတရားကို လိုက်စားသင့်တယ်။ ဒါက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီတယ်။ ကျွန်တော်ရဲ့ အလုပ်လုပ်နိုင်စွမ်းက နည်းနည်းညံ့တယ်၊ အခု ဧဝံဂေလိသင်းထောက်အဖြစ် ရွေးကောက်တင်မြှောက်ခံရတာက ဘုရားသခင်က ပေးအပ်တဲ့ နောက်ထပ်လက်တွေ့လုပ်ဆောင်ဖို့အခွင့်အရေးတစ်ခုပဲ။ ကျွန်တော် ဒီအခွင့်အရေးကို တန်ဖိုးထားရမယ်၊ ကိုယ့်တာဝန်တွေကို စိတ်နှလုံးအကြွင်းမဲ့ ဆက်ကပ်အပ်နှံရမယ်၊ သမ္မာတရားကို လိုက်စားပြီး ရရှိအောင်လုပ်ရမယ်၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားကို ဖြေရှင်းပြီး ဘုရားသခင်ရဲ့ စိတ်နှလုံးကို ကျေနပ်စေဖို့ ကိုယ့်တာဝန်တွေကို ကောင်ကောင်း ဖြည့်ဆည်းရမယ်။ ဒါက အရေးအကြီးဆုံးအရာပဲ။ အဲဒီနောက်မှာတော့ ကျွန်တော် ကိုယ့်တာဝန်တွေကို စိတ်နှလုံးအကြွင်းမဲ့ ဆက်ကပ်အပ်နှံခဲ့တယ်၊ ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ပြောင်းလဲမှုတွေအားလုံးက ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းညွှန်မှုကြောင့်ပါပဲ။ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအတွက် ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ရှန့်ရှင်း တောင်ကိုရီးယားနိုင်ငံ ဒီနှစ် မတ်လ ရက်တစ်ရက်မှာ၊ အသင်းတော်က ကျွန်မအစ်မကို သုံးသပ်ခိုင်းဖို့ သီးခြားခွဲထားတယ်တဲ့။ ကျွန်မ...
ရှောင်ဖန် တရုတ်နိုင်ငံ ၂၀၁၉ ဩဂုတ်လမှာ ကျွန်မ ဗီဒီယိုထုတ်လုပ်ရေးတာဝန်ကို ယူခဲ့ပြီး အလုပ်မှာ ကြီးကြပ်ရတယ်။ အဲဒီအချိန်မှာအဖွဲ့ထဲက ဘယ်သူမဆိုထက်...
ရှိတမ်း အမေရိကန်နိုင်ငံ ၂၀၂၁ခုနှစ်၊ ဧပြီလမှာ ကျွန်မက ချန်ရွီနဲ့ တခြားအစ်မသုံးလေးယောက်နဲ့အတူ အိမ်တစ်အိမ်မှာနေတယ်။ အစပိုင်းမှာ ချန်ရွီက...
၂၀၂၃ခုနှစ်၊ ဧပြီလတုန်းက ကျွန်မဟာ အသင်းတော်မှာ ဧဝံဂေလိအလုပ်အတွက် တာဝန်ယူခဲ့ပါတယ်။ အချိန်တစ်ခု ကြာပြီးတဲ့နောက်မှာ ခေါင်းဆောင်က ကျွန်မတို့နဲ့...