စိတ်နှလုံး၏ အထုံးအနှောင်များကို ဖြေခြင်း

23.01.2022

ချန်ယီ တရုတ်နိုင်ငံ

ပြီးခဲ့တဲ့ နွေဦးတုန်းက အသင်းတော်ထဲမှာ ကျွန်မက ဧဝံဂေလိ တာဝန် ယူနေတုန်းမှာ ဖြစ်ခဲ့တာပါ။ အဲဒီတုန်းက၊ အစ်မ ဝမ်က ဧဝံဂေလိ သင်းထောက်အနေနဲ့ အရွေးခံခဲ့ရတယ်။ ဒီတော့ တာဝန်တွေနဲ့ပတ်သက်လို့ ကျွန်မတို့ အမြဲ ဆက်သွယ်ရတယ်။ အချိန်နည်းနည်း ကြာပြီးတဲ့နောက်၊ သူက စိတ်ထဲရှိတဲ့အတိုင်း ပြောတတ်တဲ့ ရိုးဖြောင့်တဲ့လူတစ်ယောက်မှန်း သိခဲ့ရတယ်။ ကျွန်မနဲ့ပတ်သက်လို့ ပြဿနာ တစ်မျိုးမျိုး တွေ့တဲ့အခါတိုင်း၊ မကွယ်မဝှက်၊ ကြမ်းတမ်းတဲ့ လေသံမျိုးနဲ့ပဲ သူ ဖော်ပြခဲ့တယ်။ ကျွန်မတို့အလုပ်နဲ့ပတ်သက်ပြီး သူက ဆက်ဆောင်ရွက်ပြီး အသေးစိတ်မှာကြားတဲ့အခါ၊ တစ်ခါတစ်လေ တခြားညီအစ်ကို မောင်နှမတွေရဲ့ ရှေ့တည့်တည့်မှာပဲ ကျွန်မ အလုပ်ထဲက ပြဿနာတွေကို တိုက်ရိုက် ထောက်ပြတတ်တယ်။ အဲဒါက အနေခက်တဲ့ အခြေအနေတစ်ခုထဲ ကျွန်မကို တကယ်ရောက်စေတယ်လို့ ခံစားခဲ့ရတယ်။ ပထမတော့ အံကြိတ်ပြီး သူ့ရဲ့ အပြစ်ဖော်ဆုံးမတာတွေကို လက်ခံနိုင်ခဲ့ပြီး၊ ဒါက သူ့တာဝန်မှာ ဝန်ထမ်းတာ ဖြစ်မှန်း နားလည်ခဲ့ပါတယ်။ ဒါပေမယ့် ဆက်ဖြစ်မြဲဖြစ်နေတဲ့အခါ၊ ကျွန်မအနေနဲ့၊ “တာဝန်မှာ ငါ စိတ်ပါလက်ပါ လုပ်ခဲ့တယ်။ ငါ အမှားလုပ်နေတာကိုပဲ နင် ဘာလို့ မြင်နေတာလဲ” လို့ တွေးရင်းနဲ့ အဲဒါကို နောက်ထပ် လက်မခံနိုင်တော့ပါဘူး။ အလုပ်အစည်းအဝေးတစ်ခုမှာ၊ ကျွန်မနဲ့ ဧဝံဂေလိ မျှဝေတဲ့ သူတစ်ယောက်အကြောင်း မေးနေတဲ့ သူ့ကို ပြန်ဖြေတဲ့အနေနဲ့၊ ကျွန်မက၊ “ကျွန်မ သူနဲ့ သွားပြီး အကြိမ် အနည်းငယ် မိတ်သဟာယပြုခဲ့ပေမယ့် သူ့မှာ အယူအဆအများကြီးရှိပြီး၊ သိပ်လက်မခံတတ်တဲ့အတွက်၊ ကျွန်မ မသွားတော့ဘူး” လို့ ပြောခဲ့တယ်။ အစ်မ ဝမ်က လူတိုင်းရှေ့မှာပဲ ကျွန်မကို ကြိမ်းမောင်းခဲ့တယ်။ “သူ့ကို ရှင့်ရဲ့ ကိုယ်ပိုင် စိတ်ကူးအပေါ် အခြေခံပြီး ဘောင်ခတ်နေတာပဲ မဟုတ်လား။ ရှင်က အလုပ်ကို တကယ်အားမှမစိုက်တာ၊ ဒီတော့ သူ ဧဝံဂေလိ လက်မခံမှာကို ရှင်ဘယ်လို သိနိုင်ရတာလဲ။ သူက ဧဝံဂေလိ ဟောပြောရမယ့် အခြေခံသဘောတရားတွေနဲ့ ကိုက်ညီသရွေ့၊ ရှင် ချက်ချင်းသွားပြီး သူနဲ့ သက်သေခံချက် မျှဝေသင့်တယ်။ ရှင် အရမ်းကို အရေးမထားသလို တာဝန်မဲ့ရင်၊ ရှင့်တာဝန်ကို ဘယ်လို ကောင်းကောင်း လုပ်နိုင်မှာလဲ” လို့ပေါ့။ သူ့ရဲ့ ရှစ်ခေါက်ချိုး မျက်နှာကို မြင်ပြီး တင်းမာတဲ့ လေးသံကို ကြားတော့၊ ကျွန်မ လုံးဝ စိတ်ကုန်သွားတယ်။ တခြားညီအစ်ကို မောင်နှမတွေအားလုံး ကျွန်မကို ကြည့်နေလျက်နဲ့ ကျွန်မ အရမ်း အရှက်ရခဲ့တယ်၊ ပြီးတော့ ကျွန်မက မှားတဲ့ဘက်မှာမှန်း သိခဲ့ပေမယ့်၊ သူက ကျွန်မကို လူတိုင်းရှေ့မှာ ဝေဖန်စရာ တကယ်လိုလို့လား။ အားလုံးက ကျွန်မဟာ တာဝန်မဲ့တယ်၊ ဝန်ထုပ်ကို မထမ်းဘူးလို့ ထင်ကြမှာ မဟုတ်လား။ သူတို့က ကျွန်မကို အတော်လေး အထင်ကြီးခဲ့ကြတာလေ၊ ဒါပေမယ့် လူတစ်ယောက်ကို လျစ်လျူရှုခွင့်ပေးတာကြောင့်ပဲ ကျွန်မကို လုံးဝ အရှက်တကွဲဖြစ်စေရင်းနဲ့ နာမည်ကို မတော်မတရား ပျက်စေခဲ့တယ်။ အဲဒီနောက်မှာ တခြားညီအစ်ကို မောင်နှမတွေကို ကျွန်မ ဘယ်လို စေ့စေ့ကြည့်ရမလဲ မသိတော့ဘူး။ မျက်နှာနည်းနည်း အဖတ်ဆယ်ဖို့ ကြိုးစားတဲ့အနေနဲ့ ကျွန်မရဲ့ ကိစ္စကို ကန့်ကွက်ဖို့ နည်းနည်း ပြောလိုက်တယ်၊ ဒါပေမယ့် အစ်မဝမ်က တဲ့တိုးပြောခဲ့တယ်- “ညီမ၊ ညီမရဲ့ အပိုင်းနဲ့ပတ်သက်လို့ အားနည်းချက်တွေကို အစ်မ ထောက်ပြရမယ်။ ပြဿနာတွေ ထွက်ပေါ်တဲ့အခါ ညီမက ကိုယ့်ကိုယ်ကိုယ်အတွက် ဆင်ခြေတွေ လုပ်တတ်မှန်း၊ အကူအညီ ဒါမှမဟုတ် တုန့်ပြန်ချက်ကို လက်မခံချင်မှန်း အစ်မသိခဲ့ရတယ်။ အဲဒါက ဘယ်လိုဖြစ်ပြီး ညီမရဲ့ တာဝန်ကို လုပ်ဖို့ နည်းလမ်းတစ်ခုခု ဖြစ်ရတာလဲ”လို့ပေါ့။ ဒါကို ကြားတော့ ပိုပြီးတောင် ကျွန်မကို စိတ်ပျက်စေခဲ့ပြီး ကျွန်မက၊ “ရှင်က အရမ်းခြယ်လှယ်လွန်းတယ်။ တခြားလူတွေရဲ့ ခံစားချက်တွေကို ရှင် ဘယ်လိုဖြစ်ပြီး ထည့်မစဉ်းစားနိုင်ရတာလဲ။ ရှင်က လူတိုင်းရှေ့မှာ ကျွန်မကို နာမည်ပျက်စေပြီး၊ အကြည့်ရဆိုးတဲ့ပုံ ပေါက်အောင် တမင်လုပ်နေတာပဲ။ ဒီတော့ အခု လူတိုင်းက ကျွန်မတာဝန်မှာ ကျွန်မ တာဝန်မဲ့ရုံမက ကိုယ့်ကိုယ်ကိုယ်အတွက် ဆင်ခြေလုပ်တတ်တဲ့ နာမည်ဂုဏ်သတင်းလည်း ရှိတော့မှာပဲ။ တခြားလူတွေက ကျွန်မကို ဘာများ ထင်ကြမလဲ။ ဒါပြီးတဲ့နောက် ဘယ်သူက ကျွန်မကို ယုံကြည်နိုင်မလဲ၊ အကောင်းတွေးနိုင်မှာလဲ။” ကျွန်မမျက်နှာ နီရဲလာပြီး စိတ်ဆိုးပြီး မတရားခံရသလိုပါ ကျွန်မ ခံစားခဲ့ရတယ်။ အစ်မဝမ်ကို မကျေမချမ်းဖြစ်တဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး၊ ဘာတစ်ခုမှ မပြောခဲ့ပေမယ့်၊ သူ့ကြောင့် ကျွန်မ တကယ် မကျေမနပ်ဖြစ်ပြီး ဒေါသထွက်မိခဲ့တယ်။ သူ့ကို ကျွန်မ မကြည့်ချင်ဘူး၊ သူပြောရမယ့်စကားကို နားမထောင်ချင်ခဲ့ဘူး။

အဲဒီနောက် အစ်မဝမ်နဲ့ပတ်သက်လို့ အနာပေါ်တုပ်ကျသလို ဆတ်ဆတ်ထိမခံနိုင်ဖြစ်ခဲ့တယ်။ သူပြောမယ့်အရာ ဘာကိုမှ ကျွန်မ နားမထောင်ချင်ခဲ့ဘူး၊ သူ့ရဲ့ မျက်နှာကို မမြင်ချင်ခဲ့ဘူး။ ကျွန်မနဲ့ အလုပ်ကိစ္စတွေ ဆွေးနွေးဖို့ သူ ကြိုးစားတဲ့အခါတိုင်း၊ လက်မခံတဲ့ မျက်နှာထားနဲ့ တိတ်တိတ်နေခဲ့တယ်။ တကယ်ကို ရွေးစရာမရှိတဲ့အခါ၊ ဝတ်ကျေတမ်းကျေ အဖြေတစ်ခုကို သူ့ကို အင်တင်တင်နဲ့ ပေးခဲ့တယ်။ ကျွန်မတာဝန်မှာ ပြဿနာတစ်ခုတစ်လေ သူ ထောက်ပြတဲ့အခါ ကျွန်မ ခုခံတတ်ပြီး ဆိုဆုံးမရခက်ခဲ့တယ်- ကျွန်မက တိတ်တဆိတ် အာခံခဲ့တာပါ။ တစ်ခါတစ်လေ အခြားသူတွေနဲ့ စုဝေးပွဲတွေမှာ၊ လူတိုင်းက သူ့ကို မာနထောင်လွှားသလို မြင်ပြီး သူ့အကြောင်း လျှော့တွေးကြဖို့ ကျွန်မရဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ ဟန်ဆောင် မိတ်သဟာယ မျှဝေမှုအောက်မှာ အစ်မဝမ်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ထုတ်ဖို့ ကျွန်မ အားထုတ်ခဲ့တယ်။ သူ့အနေနဲ့ ကျွန်မကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အတွက်၊ လူတိုင်းရှေ့မှာ အကြည့်ရဆိုးစေတဲ့အတွက် တစ်ချိန်လုံး အရှက်ခွဲခံရတဲ့ အရသာကို ခံစားလို့ရအောင်လို့ လူတိုင်းက သူ့ကို ဝေဖန်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ သူ့အပေါ် အုပ်စုဖွဲ့ကြမှာကို မျှော်လင့်နေမိခဲ့တယ်။ ဒါကို ကျွန်မလုပ်တဲ့အကျိုးဆက်အနေနဲ့၊ တချို့ ညီအစ်ကို မောင်နှမတွေက အစ်မဝမ်ကို မလိုမုန်းထားစိတ် တကယ် ရှိလာခဲ့ကြပြီး၊ သူတို့တာဝန်မှာ အခက်အခဲကြုံရတဲ့အခါ သူ့ကို မရှာချင်ကြတော့ဘူး။ သူ့ကို အတော်အတန် စရှောင်ဖယ်လာခဲ့ကြတယ်။ ဒါကို မြင်ရတာက ကျွန်မကို နည်းနည်း နေမထိထိုင်မထိနဲ့ အပြစ်ရှိသလို ခံစားစေခဲ့တယ်။ သူက တဲ့တိုးပြောတတ်ပေမယ့် သူ့ရဲ့ တာဝန်မှာ တကယ်ကို ကျေပွန်တယ်လို့ ခံစားမိခဲ့သလို၊ သူ့ကို ကြည်ဖို့၊ ရှောင်ဖယ်ဖို့ တခြားသူတွေ အားလုံးကို ကျွန်မဘက် ဆွဲခေါ်တာက ကျွန်မအလုပ်အတွက် အကူအညီ ဖြစ်မနေခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မကို သူ ပွင့်ပွင့်လင်းလင်း အပြစ်ဖော်ဆုံးမခဲ့တာကို တွေမိတဲ့အခိုက်မှာ ကျွန်မ အစွဲကြီးလာခဲ့ပြီး ကျွန်မစိတ်နှလုံးထဲက အဲဒီအတားအဆီးကို လက်ကိုမလွှတ်နိုင်ခဲ့ပါဘူး။ နောက်ပိုင်းမှာ၊ သူ့ကို ကျွန်မ ဖြုတ်နေခဲ့တာကို မြင်တော့ အစ်မဝမ်က ကျွန်မနဲ့ မိတ်သဟာယပြုတာကို ရပ်လိုက်ပြီး၊ ကျွန်မတို့ စကားပြောကြတဲ့အခါမှာ၊ ကျွန်မကို အဓိပ္ပာယ်ကောက်ဖို့ အမြဲ ကြိုးစားခဲ့တယ်။ အဲဒါ တကယ်ကို အနေခက်ခဲ့ပါတယ်။ ဒါက ကျွန်မရဲ့ အသိစိတ်ကို သောကရောက်စေခဲ့ပြီး၊ ကျွန်မ လုပ်တာ အရမ်းလွန်နေပြီလား၊ သူ့ကို အဲဒီလိုနဲ့ တကယ် ထိခိုက်စေမိပြီလားလို့ တွေးမိခဲ့တယ်။ ဒါပေမယ့် နောက်တော့ လူတိုင်းရှေ့မှာ ဘယ်လောက် အကြည့်ရဆိုးအောင် သူ လုပ်ခဲ့တယ်ဆိုတာကို သတိရမိပြီး ကျွန်မရဲ့ ဒေါသက ပြန်ထလာခဲ့တယ်။ ကျွန်မ သူ့ကို အချိန်ပေးမြဲ မပေးချင်ခဲ့ဘူး။ ဒီလိုနဲ့ ဘုရားသခင်ဆီ ဆုတောင်းရာမှာ ပြောစရာ ဘာမှမရှိဘဲနဲ့ ကျွန်မတာဝန်မှာ ကျွန်မရဲ့ စွမ်းဆောင်မှုက ပိုပိုပြီး တစ်စတစ်စ လျော့ပါးလာနေတာကို မြင်ရင်းနဲ့ အမှောင်ထဲမှာ အသက်ရှင်နေမှန်း ကိုယ့်ကိုယ်ကိုယ် သိလိုက်ရတယ်။

တစ်ချိန်မှာ၊ ခေါင်းဆောင်တစ်ဦးက အစ်မဝမ်နဲ့ပတ်သက်လို့ သုံးသပ်ချက် ရေးဖို့ စေခိုင်းရင်းနဲ့ ကျွန်မတို့အဖွဲ့ဆီ စာရေးခဲ့တယ်။ သုံးသပ်ချက်က မျှတပြီး ဓမ္မဓိဋ္ဌာန်ကျသင့်မှန်း စိတ်နှလုံးထဲမှာ ကျွန်မ သိခဲ့ပေမယ့်၊ သူ့ကို ကျွန်မ မလိုမုန်းထားစိတ် ရှိတုန်းပဲ။ ဒါကြောင့် သူ့မှာ ချစ်ခြင်းမေတ္တာ မရှိဘူး၊ သူ့ရဲ့ အစကားနဲ့ လုပ်ရပ်တွေက လူတွေအတွက် အကျိုးမဖြစ်ဘူး၊ သူက ထိခိုက်စေတယ်လို့ပြောပြီး၊ သူနဲ့ပတ်သက်တဲ့ ကျွန်မရဲ့ မကျေနပ်ချက်တွေနဲ့ မလိုမုန်းထားတာတွေ အားလုံးကို ရေးခဲ့တယ်။ သုံးသပ်ချက်ကို ဖတ်ပြီးရင်၊ ခေါင်းဆောင်က သူ့ကို ဆူကောင်းဆူမယ်၊ သူ့အနေနဲ့ အရှက်ကွဲတဲ့ အရသာ ခံစားကောင်းခံစားရမယ်လို့ ကျွန်မ တွေးနေခဲ့တယ်။ ဒါမှမဟုတ် သူ အထုတ်ခံရကောင်း ခံရနိုင်ပြီး၊ အဲဒါက သူနဲ့ ပတ်သက်တစ်ခုခု ပတ်သက်ရတဲ့ ဒုက္ခကနေ ကျွန်မကို ကယ်မယ်လို့ပေါ့။ ဒါပေမယ့် သုံးသပ်ချက်ကို ရေးပြီးတဲ့နောက်၊ အနောင့်အယှက်ဖြစ်ရတဲ့ ဒီစိုးရိမ်ပူပန်တဲ့ ခံစားချက် ရှိခဲ့တယ်- အသိစိတ်ရဲ့ စွပ်စွဲတာကို ကျွန်မ ခံစားရတယ်။ သူ့တာဝန်မှာ အစ်မဝမ် လုပ်သမျှ အရာမျိုးစုံကို ကျွန်မ ပြန်မစဉ်းစားဘဲ မနေနိုင်ခဲ့သလို၊ လက်တွေ့ကျတဲ့အလုပ် သူ တကယ်လုပ်နိုင်ခဲ့ပုံနဲ့ သူ့တာဝန်မှာ လေးနက်ပြီး တာဝန်သိတတ်ခဲ့တာကို တွေးမိတယ်။ သူ သင်းထောက်ဖြစ်လာကတည်းက အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်က အများကြီး ပိုအောင်မြင်ခဲ့ပြီဖြစ်ပေမယ့်၊ အဲဒီအရာတွေကို ကျွန်မရဲ့ အစီရင်ခံစာမှာ ဖော့ပြောရုံပြောခဲ့တယ်။ အဲဒါက သူ့အတွက် လုံးဝ မတရားဘူးလေ။ အဲဒါကို တွေးလေလေ ပိုဆိုးဆိုးရွားရွား ခံစားရလေဖြစ်လို့၊ ဘုရားရှေ့မှာ ဆုတောင်းခြင်းနဲ့ ကျွန်မ သွားခဲ့တယ်- “အို ဘုရားသခင်၊ ကျွန်မ စိတ်နှလုံးက အမှောင်နဲ့ စိတ်ဆင်းရဲမှုနဲ့ မွန်ထူးနေပါတယ်။ ကျွန်မလုပ်နေတာ မှားမှန်း ကျွန်မ သိပါတယ်၊ ဒါပေမယ့် အစ်မဝမ်ကို ကောင်းကောင်း ကျွန်မ ဆက်ကို မဆက်ဆံနိုင်ပါဘူး။ ကျွန်မ သင်ဖို့လိုတဲ့ သင်ခန်းစာက ဘာများလဲ။ ဘုရားသခင်၊ ဒီမှားယွင်းတဲ့ အခြေအနေကနေ ကျွန်မ ထွက်လာနိုင်ဖို့ ကျွန်မရဲ့ အားနည်းချက်နဲ့ ဖောက်ပြန်ပျက်စီးခြင်းကို သိအောင် ကျေးဇူးပြုပြီး ကျွန်မကို အသိဉာဏ်ပွင့်လင်းစေပါ” လို့ပေါ့။

ဆုတောင်းပြီးတဲ့နောက် ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ဒါကို ဖတ်ခဲ့ရတယ်။ “သင်တို့၏နေ့စဉ်အသက်တာတွင် မည်သည့်အခြေအနေများနှင့် အခြေအနေမည်မျှ၌ သင်တို့သည် ဘုရားသခင်ကို ကြောက်ရွံ့သူဖြစ်ပြီး မည်သည့်အရာများ၌ ဘုရားသခင်ကို ကြောက်ရွံ့သူ မဖြစ်သနည်း။ သင်တို့သည် လူများကို မုန်းတီးနိုင်စွမ်းရှိသလော။ သင်တို့သည် တစ်စုံတစ်ဦးကို မုန်းတီးသည့်အခါ ထိုလူကို ချေမှုန်းခြင်း၊ သို့မဟုတ် လက်စားချေခြင်းတို့ လုပ်နိုင်သလော။ (လုပ်နိုင်ပါသည်။) သို့ဆိုလျှင် သင်တို့သည် အတော်အတန် ကြောက်ဖို့ကောင်းသည်တကား။ သင်တို့သည် ဘုရားသခင်ကို ကြောက်ရွံ့သူများ မဟုတ်။ သင့်အနေဖြင့် ထိုသို့သော အမှုအရာများကို လုပ်ဆောင်နိုင်ခြင်းက သင်၏စိတ်သဘောထားသည် အတော်အတန် လေးနက်သည့် အတိုင်းအတာအထိပင် အတော်ယုတ်မာနေကြောင်း ဆိုလိုသည်။...လူများသည် သင်တို့၏ အကြိုက်မဟုတ်ကြသောကြောင့် သို့မဟုတ် ၎င်းတို့က သင်နှင့် အဆင်မပြေကြသောကြောင့် ၎င်းတို့ကို အပြစ်ပေးဖို့ နည်းလမ်းများစွာ သင်တို့ အကြံထုတ်နိုင်စွမ်း ရှိကြသလော။ ထိုသို့သော အရာမျိုးကို ယခင်က သင်တို့ လုပ်ဆောင်ဖူးကြပါသလော။ ထိုအရာ မည်မျှ သင်တို့ လုပ်ဆောင်ပြီးကြပြီနည်း။ သင်တို့သည် လူတို့ကို အမြဲ သွယ်ဝိုက်၍ သိမ်ငယ်နေစေခဲ့သည်၊ ထိခိုက်နာကြည်းစေသော ဝေဖန်ချက်များ ပြုလုပ်နေခဲ့ပြီး ၎င်းတို့ကို ထေ့ငေါ့နေခဲ့ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သော အရာများကို လုပ်ဆောင်နေခဲ့ချိန်တွင် သင်တို့သည် မည်သည့်အခြေအနေများတွင် ရှိခဲ့ကြသနည်း။ ထိုအချိန်တွင်၊ သင်တို့သည် မကျေနပ်ချက်ဖွင့်ပြောနေခဲ့ကြပြီး ပျော်ရွှင်ခဲ့ကြပေသည်။ သင်တို့ အသားစီးရထားခဲ့ကြသည်။ သို့သော်၊ နောက်ပိုင်းတွင်၊ သင်တို့က၊ ‘လွန်စွာစက်ဆုပ်ဖွယ် အရာတစ်ခုကို ငါ လုပ်ဆောင်ခဲ့သည်။ ငါသည် ဘုရားသခင်ကို ကြောက်ရွံ့သောသူ မဟုတ်သကဲ့သို့၊ ထိုလူကို အလွန် မတရား ငါ ဆက်ဆံမိလေပြီ’ ဟု မိမိတို့ကိုယ်ကိုယ် တွေးခဲ့သည်။ စိတ်ထဲတွင်၊ အပြစ်ရှိခြင်းကို သင် ခံစားခဲ့ရပါသလော။ (ခံစားရပါသည်။) သင်တို့သည် ဘုရားသခင်ကို ကြောက်ရွံ့သောသူများ မဟုတ်သော်လည်း၊ သင်တို့သည် အနည်းဆုံးအနေဖြင့် အသိတရား ခံစားချက်တစ်စုံတစ်ရာ ရှိလေသည်။ ထို့ကြောင့်၊ သင်သည် အနာဂတ်တွင် ဤအရာမျိုးကို တစ်ဖန် လုပ်ဆောင်နိုင်စွမ်း ရှိသေးသလော။ ထိုသူတို့ကို ဒုက္ခပေးရင်းနှင့် ၎င်းတို့ကို သင် အထင်သေးသည့်အခါတိုင်းနှင့် ၎င်းတို့နှင့် အဆင်မပြေသည့်အခါတိုင်း၊ သို့မဟုတ် သင့်ကို ၎င်းတို့ မနာခံသည့်အခါတိုင်း သို့မဟုတ် နားမထာင်သည့်အခါတိုင်းတွင် အာဏာပြရင်း၊ ၎င်းတို့ကို တိုက်ခိုက်ခြင်းနှင့် လက်တုန့်ပြန်ရန် ကြိုးစားခြင်းတို့ကို သင် စဉ်းစားနိုင်သလော။ သင်က၊ ‘ငါ လုပ်စေချင်သည့်အရာကို သင် မလုပ်ဆောင်ပါက၊ မည်သူမျှမသိဘဲ သင့်ကို အပြစ်ပေးဖို့ အခွင့်အရေးတစ်ခု ငါ ရှာမည်။ မည်သူမျှ သိမည်မဟုတ်ဘဲ ငါ့ရှေ့ သင် ကျိုးနွံနာခံအောင် ငါ လုပ်မည်။ ငါ၏ အာဏာကို သင့်အား ပြမည်။ ထို့နောက်တွင်၊ မည်သူမျှ ငါ့ကို ဒုက္ခပေးဝံ့မည်မဟုတ်’ ဟု ပြောလိမ့်မည်။ ငါ့ကို ပြောလော့- ထိုသို့သော အရာတစ်ခုကို လုပ်ဆောင်သော လူတစ်ဦးသည် မည်သည့် လူ့သဘာဝမျိုးကို ပိုင်ဆိုင်သနည်း။ ၎င်းတို့၏ လူ့သဘာဝအရ၊ သူသည် မလိုမုန်းထားသောသူ ဖြစ်ပေသည်။ သမ္မာတရားနှင့်ယှဉ်၍ တိုင်းတာပါက၊ သူသည် ဘုရားသခင်ကို မကြောက်ရွံ့ပေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်သောလမ်းမှန်သို့ မဝင်ရောက်မီ လူတို့၌ရှိသော သတ်မှတ်ချက်ငါးချက်”) ဘုရားနှုတ်ကပတ်တော်ထဲမှာ ဒါကို ဖတ်မိတာက ကျွန်မအတွက် တကယ် ထိမိစရာ ဖြစ်ခဲ့တယ်။ အဲဒီအချိန်ကာလတစ်လျှောက်ကို ပြန်တွေးကြည့်တော့၊ အစ်မဝမ်က ကျွန်မရဲ့ အမှားတွေကို တခြားသူတွေရဲ့ ရှေ့မှာ အရမ်းကို တိုက်ရိုက် ထောက်ပြခဲ့လို့၊ ကျွန်မကို ကိုင်တွယ်ဖြေရှင်းခဲ့လို့ သူ့အပေါ် ကျွန်မ မလိုမုန်းထားစိတ် ရှိလာခဲ့တာပါ။ သူက ကျွန်မကို အရှက်ရစေခဲ့သလို၊ ကျွန်မအပေါ် တခြားသူတွေ ရှိထားတဲ့ ပုံရိပ် ပျက်စီးသွားသလို ခံစားခဲ့ရတယ်။ အဲဒီအချိန်ကစပြီး၊ သူဘာပဲပြောပြာ ကျွန်မ စိတ်ဆိုးပြီး ဆန့်ကျင်ခဲ့သလို၊ သူနဲ့ပတ်သက်လို့ မကျေနပ်ချက်တွေနဲ့ ပြည့်ခဲ့တယ်။ စုဝေးပွဲတွေမှာတောင် ကျွန်မရဲ့ မကျေနပ်ချက်တွေနဲ့ မလိုမုန်းထားမှုတွေကို ဖွင့်ဟခဲ့တယ်။ သူ့ရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို မျှမျှတတ အကဲဖြတ်မယ့်အစား သုံးသပ်ချက် လုပ်ငန်းစဉ်ကို ကိုယ်ရေးကိုယ်တာ လက်စားချေမှုအတွက် သုံးခဲ့တယ်။ ကျွန်မရဲ့ မလိုမုန်းထားတာတွေနဲ့ မကျေနပ်ချက်တွေအားလုံးကိုပဲ ရေးခဲ့တယ်၊ သူ့ကို အကြည့်ရဆိုးစေပြီး ခေါင်းဆောင်က သူ့ကို ထုတ်မယ်၊ ဒါမှမဟုတ် အနည်းဆုံးတော့ သူ့ကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းမယ်လို့ မျှော်လင့်ရင်းနဲ့ပေါ့။ ကျွန်မရဲ့ မျိုသိပ်ထားတဲ့ ခံစားချက်တချို့ကို ဖွင့်ချဖို့ ဖြစ်ခဲ့တယ်။ သူ့ကို ကျွန်မ မလိုမုန်းတီးမှု သိုထားခဲ့ပြီး ကျွန်မရဲ့ သိက္ခာကို သူထိလိုက်စေလို့ လက်စားချေဖို့အတွက် ဒေါသတကြီး ရမ်းခဲ့တယ်။ နောင်မှာ သူ ကျွန်မကို ထော်လော်ကန့်လန့် မလုပ်ရဲဖို့ ကျွန်မရဲ့ အာဏာကို ပြချင်ခဲ့တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် လုံးဝ မထိန်းနိုင်အောင် ဖြစ်ခဲ့တယ်။ မလိုမုန်းထားတဲ့ စိတ်သဘောထားတစ်ခုကို ကျွန်မ ပြနေခဲ့တာပါ။ ကျွန်မက ဘုရားကို ကြောက်ရွံ့မှု တစိုးတစိမှတောင် မရှိဘဲ၊ ကိုယ်ကြိုက်တဲ့အရာ ဘယ်အရာကိုမဆို လုပ်ဆောင်ပြောဆိုရင်းနဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားနဲ့ အသက်ရှင်နေခဲ့တယ်။ အစ်မဝမ်က တာဝန်မှာ ကျွန်မရဲ့ အမှားတွေနဲ့ အားနည်းချက်တွေကို ဖော်ထုတ်နေခဲ့ချိန်မှာ၊ ဒါက ဘုရားအိမ်တော် အလုပ်အတွက် သူ့တာဝန်ကို သူယူနေတာဖြစ်ပြီး၊ ကျွန်မကို ကိုယ့်ကိုယ်ကိုယ် သိခွင့်ပေးရင်းနဲ့ သူကူညီပေးနေတာဖြစ်မှန်း ကျွန်မ နားလည်ခဲ့ရတယ်။ ဒါပေမယ့် ကျွန်မက ပြန်တိုက်ခိုက်ပြီး သူ့ကို ကြဉ်ခဲ့တယ်၊ သူ့ကို နာကျင်စေပြီး တားဆီးနေရုံမက၊ သူ့ရဲ့အလုပ်ကို မထီမဲ့မြင်ပြုဖို့ ညီအစ်ကို မောင်နှမတချို့ကိုလည်း ဩဇာသက်ရောက်နေခဲ့တယ်။ အဲဒါက ကျွန်မတို့ရဲ့ ဧဝံဂေလိ အလုပ်အပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတစ်ခု ရှိခဲ့တယ်။ ဘုရားရဲ့ အိမ်တော်ကို ကျွန်မက နှောင့်ယှက်ပြီး ဟန့်တားနေတာလို့ မဆိုလိုဘူးလား။ ကျွန်မက အရမ်း စက်ဆုပ်စရာကောင်းပြီး မလိုမုန်းထားစိတ် ရှိခဲ့တယ်။

နောက်ပိုင်းတွင်၊ ဒီဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်ကို ဖတ်ခဲ့ရတယ်။ “လူတို့က ‘သင်က ကြင်နာသနားမှု မရှိလျှင်၊ ငါသည်လည်း တရားမျှတမှုရှိမည် မဟုတ်ပေ။ သင်က ငါ့အပေါ် ရိုင်းလျှင်၊ ငါကလည်း သင့်အပေါ်ရိုင်းမည်။ သင်က ငါ့ကို လေးစားစွာမဆက်ဆံလျှင် ငါကလည်း သင့်ကို အဘယ်ကြောင့် လေးစားစွာဆက်ဆံရမည်နည်း’ ဟုတွေးကြ၏။ ယင်းသည် မည်သို့သော တွေးတောမှုမျိုးပါလိမ့်။ ထိုအတွေးမှာ လက်တုန့်ပြန်သော တွေးတောနည်း မဟုတ်ပေဘူးလော။ သာမန်လူတစ်ဦး၏ အမြင်များတွင် ဤသဘောထားအမြင်မျိုး ဖြစ်နိုင်ချေရှိသည် မဟုတ်လော။ ‘မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း’၊ ‘ပါးကိုက်၊ နားကိုက်’ စသည်တို့ အားလုံးသည် မယုံကြည်သူများကြားတွင် ခိုင်မာသော အကြောင်းပြချက်များသာဖြစ်ပြီး လူသားအယူအဆများနှင့် လုံးလုံးကိုက်ညီသည်။ သို့ရာတွင်၊ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့်၊ ဆိုလိုသည်မှာ သမ္မာတရားကို နားလည်ရန်နှင့် စိတ်သဘောထားအတွင်း ပြောင်းလဲမှုဖြစ်ရန် ကြိုးစားသူတစ်ဦးအနေဖြင့် ယင်းကဲ့သို့သော စကားလုံးများကို မှန်သည်ဟု ပြောမည်လော၊ မှားသည်ဟု ပြောမည်လော။ ၎င်းတို့ကို ပိုင်းခြားသိမြင်ရန် သင်ဘာလုပ်သင့်သနည်း။ ယင်းကဲ့သို့သောအရာများ ဘယ်ကလာသနည်း။ စာတန်၏ အငြိုးထားသော ပင်ကိုသဘာဝမှ လာသည်။ ယင်းတို့ထဲတွင် အဆိပ်ပါ၀င်သည်၊ ထို့ပြင် အငြိုးထားခြင်းနှင့် အကျည်းတန်ခြင်းတို့ဖြင့်ပြီးသော စာတန်၏ ဇာတိရုပ်အမှန် ပါ၀င်သည်။ ၎င်းတို့တွင် ထိုသဘောသဘာ၀၏ တကယ့်အနှစ်သာရ ပါ၀င်သည်။ ယင်းသဘောသဘာဝ၏ အနှစ်သာရထဲ ပါဝင်သော ရှုထောင့်များ၊ အတွေးများ၊ ဖော်ပြချက်များနှင့် ပြောစကားသာမက လုပ်ရပ်များ၏ လက္ခဏာမှာ အဘယ်နည်း။ ၎င်းတို့သည် စာတန်၏လက္ခဏာများ မဟုတ်သလော။ စာတန်၏၎င်းသွင်ပြင်လက္ခဏာများ သည် လူသားနှင့် မကိုက်ညီပေဘူးလော။ ၎င်းတို့သည် သမ္မာတရားနှင့် ကိုက်ညီသလော၊ သို့မဟုတ် သမ္မာတရား၏ လက်တွေ့တရားနှင့် ကိုက်ညီသလော။ ၎င်းတို့သည် ဘုရားသခင်၏နောက်လိုက်များ လုပ်သင့်သည့် လုပ်ရပ်များလော။ သူတို့ပိုင်ဆိုင်သင့်သော အတွေးအမြင်ရှုထောင့်များ ဖြစ်သလော။ (မဟုတ်ပါ။)(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းမှသာလျှင် သင်သည် အပျက်သဘောဆောင်သည့် အခြေအနေမှ လွတ်မြောက်နိုင်သည်”)ယနေ့ သင်တို့အား ပြုထားသော တောင်းဆိုချက်ဖြစ်သည့် သဟဇာတကျစွာ အတူတကွ အလုပ်လုပ်ခြင်းမှာ ဣသရေလ အမျိုးသားများအား ယေဟောဝါ တောင်းဆိုခဲ့သည့် အစေခံခြင်းနှင့် အလားတူသည်- သို့မဟုတ်ပါက အစေခံမှုပြုခြင်းကိုသာ ရပ်လိုက်လော့။...ဘုရားသခင်ကို အစေခံသောသူများအဖြစ် သင်တို့တစ်ဦးစီသည် မိမိအကျိုးကိုသာလျှင် ထည့်တွက်မည့်အစား၊ သင်ပြုသော အရာတိုင်းတွင် အသင်းတော်၏အကျိုးကို ကာကွယ်နိုင်ရမည်။ အချင်းချင်း အားလျော့စေလျက် တစ်ဦးတည်း လုပ်ဆောင်နေသည်မှာ လက်ခံနိုင်စရာမရှိပေ။ ထိုသို့ပြုမူသော လူများမှာ ဘုရားသခင်ကို အစေခံရန် မသင့်တော်ချေ။ ထိုကဲ့သို့သော လူများတွင် ဆိုးရွားသော စိတ်သဘောထားရှိကာ သူတို့အထဲ၌ လူ့သဘောသဘာဝ တစ်စက်မျှမရှိပေ။ သူတို့သည် ရာနှုန်းပြည့် စာတန်ဖြစ်ကြတကား။ သူတို့သည် သားရဲများတည်း။ ယခုပင်လျှင် ထိုကဲ့သို့သောအရာများမှာ သင်တို့အထဲတွင် ပေါ်ပေါက်ဆဲဖြစ်သည်။ ယိုးမယ်ဖွဲ့စရာများကို တမင်တကာ ရှာဖွေပြီး အသေးအဖွဲကိစ္စအချို့ကို ငြင်းခုံကြစဉ် မျက်နှာတစ်ခုလုံး နီမြန်းလာကာ၊ မည်သူမျှ မိမိကိုယ်ကိုယ် လက်လျှော့လိုစိတ်မရှိ၊ လူတိုင်း သူ့အတွင်းစိတ်ကူးများကို တစ်ပါးသူထံမှ ဖုံးကွယ်ထားလျက် တစ်ဖက်သားကို မမှိတ်မသုန် စောင့်ကြည့်ပြီး အမြဲတမ်း သတိထားနေလျက်၊ မိတ်သဟာယ ပြုစဉ် အချင်းချင်း တိုက်ခိုက်သည်အထိပင် ဖြစ်ကြသည်။ ဤသို့သော စိတ်သဘောထားမျိုးမှာ ဘုရားသခင်အတွက် အစေခံခြင်းနှင့် သင့်လျော်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဣသရေလအမျိုးသားများ အစေခံခဲ့သကဲ့သို့ အစေခံလော့) ဘုရားနှုတ်ကပတ်တော်တွေရဲ့ ထုတ်ဖော်ချက်နဲ့ တရားစီရင်ခြင်းက အငြိုးကြီးကြီးနဲ့ ပြုမူနိုင်စွမ်းရှိတယ်- စာတန်က၊ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏”၊ “မျက်စိအတွက် မျက်စိ၊ သွားအတွက် သွား”၊ “တိုက်ခိုက်မခံရလျှင် ကျွန်ုပ်တို့ တိုက်ခိုက်မည်မဟုတ်ပါ။ ကျွန်ုပ်တို့ တိုက်ခိုက်ခံရလျှင် တန်ပြန်တိုက်ခိုက်မည်မှာ သေချာ၏”၊ “သစ္စာဖောက်ခံရမည့်အစား ကျွန်ုပ်ကိုယ်တိုင်က သစ္စာဖောက်မည်”၊ အစရှိတဲ့ သူ့ရဲ့လောကီ အတွေးအခေါ်မျိုးစုံနဲ့ ကျွန်မကို စွဲမှတ်စေခဲ့တာဟာ ကျွန်မရဲ့ ပညာရေးနဲ့ ပတ်ဝန်းကျင်ဝင်ဆံ့စေမှု ကနေတစ်ဆင့် ဖြစ်ခဲ့တာပါ။ ဒီအရာကို အပြုသဘောဆောင်တဲ့ အရာတွေအဖြစ် ကျွန်မ မြင်လာခဲ့ပြီး အဲဒါတွေနဲ့ ဘဝကို ရှင်သန်ခဲ့တယ်။ အရာရာတိုင်းကို ကျွန်မကို ဗဟိုပြုစေချင်ခဲ့တယ်။ ကိစ္စတွေကို ကျွန်မအတွက် နှစ်လိုဖွယ်ဖြစ်စေဖို့ တခြားသူတွေကို သူတို့ရဲ့ စကားနဲ့ လုပ်ရပ်တွေမှာ ကျွန်မကို ထည့်တွက်စေချင်ခဲ့တယ်။ တခြားသူတွေကို ကျွန်မ မရိုးသားစေချင်ဘူး၊ မှန်ကန်တဲ့ တုံ့ပြန်ချက် မပေးစေချင်ခဲ့သလို၊ အထူးသဖြင့် ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို မဖော်ထုတ်စေချင်ခဲ့ဘူး။ ကျွန်မရဲ့ အကျိုးစီးပွားတွေအပေါ် တစ်ယောက်ယောက်က ထိပါးလိုက်တာနဲ့ ကျွန်မက ဒေါသတကြီးရမ်းပြီး ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်နဲ့ လက်စားချေပြီး ကျွန်မ ရန်လိုသွားမှာပါ။ ကျွန်မရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားက ကျွန်မကို ထိန်းချုပ်နေခဲ့တယ်၊ ကျွန်မကို မာနထောင်လွှားစေတယ်၊ တစ်ကိုယ်ကောင်းဆန်စေပြီး လူသားသဏ္ဍာန် တစ်ခုမှမရှိဘဲ မလိုမုန်းထားနေစေခဲ့တယ်။ အဲဒါက ဘုရားအတွက် စက်ဆုပ်စရာဖြစ်ပြီး၊ လူတွေအတွက် ရွံရှာစရာပါ။ ကျွန်မတို့အနေနဲ့ ညီအစ်ကို မောင်နှမတွေနဲ့ ညီညီညွှတ်ညွှတ်နဲ့ အဆင်ပြေဖို့ ဘုရားသခင်က တောင်းဆိုတယ်။ အဲဒါက အရာခပ်သိမ်းမှာ ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မရဲ့ အပြုအမူအတွက် စံနှုန်းအနေနဲ့ စွဲကိုင်ပြီး အကျိုးအမြတ် တစ်ခုခု ဒါမှမဟုတ် ကိုယ့်မျက်နှာပျက်ရတာကို ထည့်သွင်းမစဉ်းစားဘဲ၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ဦးစားပေးရင်းနဲ့ ကျွန်မရဲ့ စကားနဲ့ လုပ်ရပ်တွေမှာ ဘုရားကိုကြောက်ရွံ့တဲ့ စိတ်နှလုံး ထိန်းသိမ်းသင့်တာကို ဆိုလိုတာပါ။ အဲဒါက စိတ်နှလုံး တစ်လုံးတစ်ဝတည်းနဲ့ ကျွန်မတို့ တာဝန်ကို ကောင်းကောင်း လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါတယ်။ ဒါပေမယ့် ဆိုးယုတ်တဲ့ အဆိပ်တွေနဲ့ ကျွန်မ ရှင်သန်ခဲ့ပြီး ကျွန်မရဲ့ နာမည်ဂုဏ်သတင်းကို အမြဲ ကာကွယ်ချင်ခဲ့တယ်။ တာဝန်မှာ ကျွန်မက အိုးနင်းခွက်နင်း လုပ်နေခဲ့တာ ကောင်းကောင်း သိခဲ့ပေမယ့်၊ အဲဒါကို ဖော်ပြနေတဲ့ တစ်ယောက်ယောက်ကို ကျွန်မ သည်းမခံနိုင်ခဲ့ဘူး။ အစ်မ ဝမ်ရဲ့ အကူအညီနဲ့ ထောက်ပြတာတွေကို ကျွန်မကို အရှက်ရစေတဲ့ အရာတစ်ခုအနေနဲ့ ယူခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့ ကျွန်မ ငြင်းခဲ့ရုံမက၊ သူ့ကို စက်ဆုပ်လာပြီး လက်စားချေခဲ့မိတယ်။ ကျွန်မက လူ့သဘာဝ အရမ်းကင်းမဲ့တာ၊ အရမ်း မလျော်ကန်တာကို ကိုယ့်ကိုယ်ကိုယ် သိခဲ့ရတယ်။ သမ္မာတရားကို အရမ်း ဆန့်ကျင်၊ အရမ်း ငြီးငွေ့နေတဲ့ ကျွန်မရဲ့ ဆိုးယုတ်တဲ့ သဘာဝကိုလည်း မြင်ခဲ့ရတယ်။ အခြေခံအားဖြင့်၊ ကျွန်မက သမ္မာတရားနဲ့ ဘုရားအတွက် ရန်သူတစ်ပါး ဖြစ်ခဲ့တယ်။ နောင်တရဖို့ ငြင်းဦးမယ်ဆိုရင်၊ ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှား မိမှာဖြစ်ပြီး သူ့ကို စက်ဆုပ်စေမှာဖြစ်သလို ဖယ်ရှင်းတာ ခံရမှာပါ။ ဒါကို နားလည်တဲ့အခါ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်မိခဲ့ပြီး၊ အစ်မဝမ်အပေါ် ကျွန်မရဲ့ မလိုမုန်းထားစိတ်တွေကို လက်လွှတ်ဖို့၊ သူ့ရဲ့ ပြုပြင်တာနဲ့ ကိုင်တွယ်ဖြေရှင်းတာကို လက်ခံဖို့၊ ကျွန်မတို့ရဲ့ တာဝန်ကို အတွဲညီညီ ထမ်းဆောင်ရင်း သူနဲ့ အတူပူးပေါင်း အလုပ်လုပ်ဖို့ လိုလားရင်းနဲ့၊ ကျွန်မ ဘုရားဆီ နောင်တနဲ့ ဆုတောင်းခဲ့တယ်။

နောက်တော့၊ တခြားသူတွေနဲ့ လိုက်ဖက်ညီညီ ဘယ်လို အလုပ်လုပ်ရမယ်ဆိုတာနဲ့ ပတ်သက်တဲ့ သမ္မာတရားတွေထဲ ရှာဖွေဝင်ရောက်နေတုန်းမှာ၊ ဘုရားနှုတ်ကပတ်တော် ဖတ်ရွတ်ခြင်း ဗီဒီယိုတစ်ခုကို ကြည့်ခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ချစ်ခြင်းမေတ္တာနှင့် မုန်းတီးမှုတို့မှာ ပုံမှန် လူ့သဘာဝက ပိုင်ဆိုင်သင့်သည့် အရာများဖြစ်သော်လည်း၊ သင် ချစ်သည့်အရာနှင့် မုန်းသည့်အရာများကြား ရှင်းရှင်းလင်းလင်း သင် ခွဲခြားရပေမည်။ သင်၏ စိတ်နှလုံးတွင်၊ ဘုရားသခင်ကို သင် ချစ်သင့်သည်၊ သမ္မာတရားကို ချစ်သင့်သည်၊ အပြုသဘောဆောင်သည့် အရာများကို ချစ်သင့်ပြီး၊ သင်၏ ညီအစ်ကို မောင်နှမများကို ချစ်သင့်သည်၊ နတ်ဆိုးစာတန်ကိုမူ သင် မုန်းသင့်သည်၊ အပျက်သဘောဆောင်သော အရာများကို သင် မုန်းသင့်သည်၊ အန္တိခရစ်များကို မုန်းသင့်ပြီး ဆိုးယုတ်သော လူတို့ကို မုန်းသင့်သည်။ သင်၏ ညီအစ်ကို မောင်နှမများအတွက် မုန်းတီးမှုကို သင် သိုထားပါက၊ သင်သည် ၎င်းတို့ကို ဖိနှိပ်လေ့ရှိလိမ့်မည် ဖြစ်ပြီး ၎င်းတို့အပေါ် လက်တုန့်ပြန်လိမ့်မည် ဖြစ်သည်။ ဤသည်မှာ အလွန် ထိတ်လန့်စရာ ဖြစ်ပေမည်။ လူအချို့သည် မုန်းတီးမှု အတွေးများနှင့် ဆိုးယုတ်သည့် စိတ်ကူးများသာ ရှိကြ၏။ တစ်ခဏ ကြာပြီးနောက်၊ ထိုသို့သော လူတို့သည် ၎င်းတို့ မုန်းတီးသည့် လူနှင့် အဆင်မပြေနိုင်တော့ပါက ထိုသူနှင့် ကင်းအောင် စတင်၍ နေလိမ့်မည် သို့သော်၊ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်ရှိပြီး သူ့ကို ကြည်ညိုကြသောကြောင့်၊ ဤအရာကို ၎င်းတို့၏ တာဝန်များအား သက်ရောက်ခွင့် မပေးကြပေ၊ သို့မဟုတ် ၎င်းတို့၏ ပုံမှန်လူလူချင်း ဆက်ဆံရေးများကို လွှမ်းမိုးခွင့် မပေးကြချေ။ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားခြင်း မပြုချင်ကြသကဲ့သို့၊ ထိုသို့ လုပ်ဆောင်မိမည်ကို စိုးရွံ့ကြလေသည်။ ဤလူတို့သည် တစ်စုံတစ်ဦးနှင့် ပတ်သက်သည့် အမြင်အချို့ သိုထားကောင်းသိုးထားမည် ဖြစ်သော်လည်း၊ ထိုအတွေးများကို လုံးဝ မလုပ်ဆောင်ကြပေ၊ သို့မဟုတ် ဘုရားသခင်ကို ပြစ်မှားရန် လိုလားခြင်းမရှိဘဲ မပြောသင့်သည့် စကားတစ်လုံးကိုမျှပင် လုံးဝ မပြောဆိုကြချေ။ ဤသည်မှာ မည်သည့် အပြုအမူမျိုးနည်း။ ဤသည်မှာ မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းနှင့် အမှုအရာများကို ကိုယ်ကျင့်တရားနှင့် သမာသမတ်ကျမှုဖြင့် ကိုင်တွယ်ခြင်း ဥပမာတစ်ခု ဖြစ်ပေသည်။ သင်သည် တစ်စုံတစ်ဦး၏ ပင်ကိုစရိုက်နှင့် သဟဇာတဖြစ်ကောင်း ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့၊ သူ့ကို သင် မနှစ်သက်ကောင်း မနှစ်သက်နိုင်သော်လည်း၊ သူနှင့်အတူ သင် အလုပ်လုပ်သည့်အခါ၊ သင်သည် သမာသမတ်ကျမြဲကျကာ သင်၏တာဝန်ကို လုပ်ဆောင်ရာတွင် သင်၏ စိတ်ပျက်မှုများအတွက် ဒေါသထွက်မည်မဟုတ်၊ သင်၏ တာဝန်ကို စတေးလိမ့်မည် မဟုတ်၊ သို့မဟုတ် သင်၏စိတ်ပျက်မှုများကြောင့် ဘုရားသခင်၏မိသားစု အကျိုးစီးပွားများအပေါ် ဆိုးရွားစွာ ပြုမူလိမ့်မည်မဟုတ်ပေ။ သင်သည် အမှုအရာများကို အခြေခံသဘောတရားအတိုင်း လုပ်ဆောင်နိုင်သည်။ ထိုသို့ဖြစ်သည့်အတွက် သင်သည် ဘုရားသခင်အတွက် အခြေခံ ကြည်ညိုမှုတစ်ခု ရှိပေသည်။ သင်သည် ထို့ထက် အနည်းငယ် သာ၍ရှိပါက၊ တစ်စုံတစ်ဦးသည် အပြစ်အနာအဆာများ သို့မဟုတ် အားနည်းချက်များ အချို့ ရှိသည်ကို သင် မြင်သည့်အခါ- သူက သင့်ကို ပြစ်မှားလျှင်ပင် သို့မဟုတ် သင်၏ ကိုယ်ကျိုးများကို ထိခိုက်စေလျှင်ပင်- သူ့ကို သင်ကူညီနိုင်ဆဲ ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းက သာ၍ပင် ကောင်းလိမ့်မည်။ ယင်းမှာ သင်သည် လူ့သဘာဝ၊ သမ္မာတရား၏ စစ်မှန်မှုနှင့် ဘုရားသခင်ကို ကြည်ညိုခြင်းပိုင်ဆိုင်သော လူတစ်ဦးဖြစ်သည်ဟု ဆိုလိုပေလိမ့်မည်။ သင်သည် သင်၏လက်ရှိ ဝိညာဉ်ရင့်ကျက်မှုဖြင့် ဤသည်ကို မစွမ်းဆောင်မရရှိနိုင်သော်လည်း အခြေခံသဘောတရားအတိုင်း အမှုအရာများကို လုပ်ဆောင်နိုင်ကာ ပြုမူနေထိုင်နိုင်ပြီး လူများကို ဆက်ဆံနိုင်ပါက ဤသည်ကိုလည်း ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအဖြစ် ထည့်တွက်နိုင်သည်။ ဤသည်မှာ အခြေခံအကျဆုံးဖြစ်၏။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်သောလမ်းမှန်သို့ မဝင်ရောက်မီ လူတို့၌ရှိသော သတ်မှတ်ချက်ငါးချက်”) အချစ်နဲ့ အမုန်းကြား ကျွန်မတို့ ခွဲခြားပြီး ကိုယ်ကျင့်တရားရှိတဲ့ နည်းလမ်းနဲ့ တခြားသူတွေကို ဆက်ဆံဖို့ ဘုရားက တောင်းဆိုတယ်။ တခြားလူက ဆိုးယုတ်တဲ့လူ၊ အန္တိခရစ်တစ်ယောက် ဖြစ်ရင်၊ သူတို့ကို မညှာတာဘဲ ဖော်ထုတ်၊ ငြင်းပယ်သင့်တယ်။ တခြားလူက သမ္မာတရားကို ချစ်တဲ့သူ တစ်ယောက်ယောက် ဖြစ်ရင်၊ မာနထောင်လွှားတာ နည်းနည်း ရှိပြီး၊ အပြစ်အနာအဆာနဲ့ အားနည်းချက် တချို့ရှိရင်တောင်၊ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်တွေကို ဖြောင့်ဖြောင့်ထားပြီး သူတို့ကို သည်းခံခြင်း၊ ချစ်ခြင်းမေတ္တာနဲ့ ဆက်ဆံသင့်တယ်။ အစ်မဝမ်အကြောင်း စဉ်းစားကြည့်တော့၊ သူက တကယ် ပွင့်လင်းပြီး အရှိအတိုင်း ပြောခဲ့ပေမယ့်၊ အဲဒီတုန်းက ကျွန်မအတွက် ခံယူဖို့ တကယ်ကို ခက်ခဲခဲ့တယ်၊ အမှန်တရားနဲ့အညီ အချိန်ယူစဉ်စားကြည့်တော့၊ သူမှန်နေခဲ့တာ ကျွန်မ နားလည်ခဲ့ရတယ်။ ကျွန်မ မမြင်ခဲ့တဲ့ ကျွန်မရဲ့ ပျက်ကွက်မှုကို သူ ထောက်ပြနေခဲ့တာပါ။ အဲဒါက ကျွန်မရဲ့ မာနကို ထိခိုက်စေခဲ့ပြီး၊ ကျွန်မအတွက် စိတ်ပျက်စရာနဲ့ စိတ်ဆင်းရဲစရာ ဖြစ်ခဲ့ပေမယ့်၊ ဘုရားက ကျွန်မရဲ့ ဘဝင်မြင့်ခြင်းကို ဖြေရှင်းဖို့ အဲဒီအခြေအနေမျိုးကို အသုံးပြုနေခဲ့တာပါ။ အစ်မဝမ်က ကျွန်မကို ကိုင်တွယ်ဖြေရှင်းပြီး ကျွန်မရဲ့တာဝန်ကို စောင့်ကြည့်နေတာကနေတစ်ဆင့် ဘုရားက ကျွန်မကို ကျွန်မတာဝန်မှာ ပိုစစ်မှန်ပြီး လက်တွေ့ကျအောင် စေ့ဆော်ပေးနေခဲ့တာပါ။ အဲဒါက ကျွန်မရဲ့ တာဝန်ထဲက ကျွန်မရဲ့ အားနည်းချက်တွေကို အချိန်မီနည်းလမ်းနဲ့ ကျွန်မကို ပြုပြင်ခွင့်ပေးခဲ့တယ်။ ဒါက ကျွန်မအတွက် တကယ် အကျိုးပြုတဲ့အရာဖြစ်ခဲ့တယ်။ တခြားသူတွေဆီက ထောက်ပြချက်၊ ဒါမှမဟုတ် အကူအညီ မရှိခဲ့ရင်း၊ ကျွန်မရဲ့ အသက်ဝင်ရောက်မှု၊ ဒါမှမဟုတ် ကျွန်မရဲ့တာဝန်မှာ ဘာတိုးတက်မှုမှ လုပ်နိုင်ခဲ့မှာ မဟုတ်ဘူး။ အစ်မဝန်က ကျွန်မကို စော်ကားရာရောက်မှာ မကြောက်ခဲ့ဘဲ၊ ကျွန်မရဲ့ အပြစ်တွေကို ပွင့်ပွင့်လင်းလင်းပဲ ထောက်ပြခဲ့တယ်- ဒါက ဖြောင့်မတ်ခြင်း အသိစိတ်ဖြစ်ပြီး၊ ကျွန်မအတွက် ချစ်ခြင်းနဲ့ ထောက်မမှုကနေ လုပ်ခဲ့တာပါ။ သူ့ရဲ့တာဝန်ကိုလည်း ဝန်တာထားစိတ်နဲ့ သူ ချဉ်းကပ်ခဲ့ပြီး လက်တွေ့ကျတဲ့အလုပ် လုပ်ခဲ့တယ်။ ဒါပေမယ့် ကျွန်မက သူ့ကို ဒေါသတကြီး ရမ်းခဲ့ပြီး သူ့အပေါ် လက်စားချေခဲ့တယ်။ ကျွန်မက လူသားလို့ဆိုဖို့တောင် အနိုင်နိုင်ပါပဲ။

နောက်ပိုင်းမှာ ကျွန်မ တွေ့ခဲ့တဲ့ နောက်ထပ် ဘုရားနှုတ်ကပတ်တော် ဖတ်ရွတ်ခြင်း ဗီဒီယိုတစ်ခု ရှိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူတစ်ပါး၏ အမှားပေါ်တွင် အမြဲ အာရုံမစိုက်နှင့်၊ သို့ရာတွင် မိမိကိုယ်မိမိ မကြာခဏ ပြန်လည်သုံးသပ်လော့၊ ပြီးလျှင် အခြားသူများကို နှောင့်ယှက်ခြင်း၊ သို့မဟုတ် ထိခိုက်ခြင်း ဖြစ်စေသည့် သင်တို့လုပ်ဆောင်ခဲ့သည့်အရာကို နောက်ပိုင်းတွင် ၎င်းတို့အား ဝန်ခံဖို့ အခြေအနေကို ဖန်တီးယူလော့။ သင်တို့ကိုယ်သင်တို့ ဖွင့်ဟဖို့နှင့် မိတ်သဟာယပြုဖို့ သင်ယူပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ မည်သို့ လက်တွေ့ကျကျ မိတ်သဟာယပြုရမည်ကို အတူတကွ မကြာခဏ ဆွေးနွေးလော့။ သင်တို့အသက်တာ၏ ပတ်ဝန်းကျင်သည် မကြာခဏ ထိုသို့ဖြစ်သည့်အခါ ညီအစ်ကိုမောင်နှမများကြား ဆက်ဆံရေးသည် ပုံမှန်ဖြစ်လာသည်— မယုံကြည်သူများကြားမှ ဆက်ဆံရေးများကဲ့သို့ ရှုပ်ထွေးခြင်း၊ ညံ့ဖျင်းခြင်း၊ အေးစက်ခြင်း၊ သို့မဟုတ် ရက်စက်ခြင်း မရှိတော့။ သင်တို့သည် ထိုသို့သော ဆက်ဆံရေးများကို အာရုံထဲမှ ဖြည်းဖြည်းချင်း ဖျောက်ပစ်လိမ့်မည်။ ညီအစ်ကိုမောင်နှမများသည် အချင်းချင်း သာ၍ နီးကပ်ပြီး ရင်းနှီးလာသည်။ သင်တို့သည် အချင်းချင်း ထောက်ပံ့နိုင်ပြီး အချင်းချင်း ချစ်နိုင်သည်။ သင်တို့၏စိတ်နှလုံးများတွင် စေတနာရှိလာသည်၊ သို့မဟုတ် သင်တို့သည် အချင်းချင်းအပေါ် သည်းခံနိုင်စွမ်းနှင့် သနားကရုဏာထားနိုင်စွမ်းရှိသည့် စိတ်နေစိတ်ထားတစ်ခု ရှိလာသည်၊ ပြီးလျှင် သင်တို့သည် အချင်းချင်း ခိုက်ရန်ဖြစ်ခြင်း၊ အချင်းချင်း နင်းခြေခြင်း၊ အချင်းချင်း မနာလိုဖြစ်ခြင်း၊ တိတ်တဆိတ် ယှဉ်ပြိုင်ခြင်း၊ အချင်းချင်း မမြင်ကွယ်ရာတွင် အထင်အမြင်သေးစိတ်ကိုဖြစ်စေ၊ ပမာမထားစိတ်ကိုဖြစ်စေ သိုထားခြင်း၊ သို့မဟုတ် အချင်းချင်း မနာခံခြင်း အခြေအနေနှင့် သဘောထားတစ်ခုထက် အချင်းချင်း ထောက်ကူပြီး စောင့်ရှောက်ကြသည်။...ထို့ကြောင့် ညီအစ်ကိုမောင်နှမများနှင့် မည်သို့သင့်မြတ်ဖို့ကို ပထမဦးစွာ သင်ယူရမည်။ သင်တို့သည် အချင်းချင်း သည်းခံရမည်၊ အချင်းချင်း သက်ညှာရမည်၊ အချင်းချင်းနှင့် ပတ်သက်၍ မည်သည့်အရာက ထူးခြားချက်ဖြစ်သည်၊ အချင်းချင်း၏ အားသာချက်များက မည်သည့်အရာဖြစ်သည်တို့ကို မြင်နိုင်ရမည်— ပြီးလျှင် အခြားသူများ၏ ထင်မြင်ချက်များကို လက်ခံရန်နှင့် မိမိကိုယ်မိမိ ဆင်ခြင်သုံးသပ်ခြင်းကို ဆောင်ရွက်ဖို့နှင့် မိမိကိုယ်မိမိ သိကျွမ်းခြင်းကို ရရှိဖို့ မိမိ၏ အတွင်းနက်ရှိုင်းရာထဲသို့ ဆုတ်ခွာနေရန် သင်ယူရမည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ခြင်းနှင့်သက်ဆိုင်သည့် လက်တွေ့လုပ်ဆောင်မှုအတွက် ပဓာနအကျဆုံး အခြေခံသဘောတရား”) တစ်ယောက်ယောက်က ကျွန်မကို ဝေဖန်ပြီး ဦးဆောင်လမ်းပြမှု ပေးတဲ့အခါ၊ သူတို့လေသံ၊ သဘောထား ဘာပဲဖြစ်နေပါစေ၊ ပြီးတော့ အဲဒါက ကျွန်မရဲ့ အတွေးနဲ့ ကိုက်သည်ဖြစ်စေ၊ မကိုက်သည်ဖြစ်စေ၊ ကျွန်မရဲ့ အတ္တကို ဘေးဖယ်ထားပြီး လက်ခံသင့်တယ်လို့ ဘုရားနှုတ်ကပတ်တော်တွေက ပြပါတယ်။ အဲဒီတုန်းက အဓိပ္ပာယ်မရှိတဲ့ အရာတစ်ခုခု ဖြစ်တယ်ဆိုရင်တောင်၊ သူတို့အပေါ် လက်စားချေဖို့ ကျွန်မ ဒေါသတကြီး မရမ်းသင့်ဘဲ၊ ဘုရားရှေ့ကို ဆုတောင်၊ ရှာဖွေဖို့ လာသင့်တယ်။ ကျွန်မကို ပေးအပ်ထားတဲ့ ဘယ်အရာမဆိုဟာ ဘုရားခွင့်ပြုထားတဲ့ အရာတစ်ခုဖြစ်မှန်း ကျွန်မ ယုံကြည်ကိုးစားသင့်တယ်။ အဲဒါက ကျွန်မရဲ့ အသက်ဝင်ရောက်မှုအတွက်၊ သင်ခန်းစာတစ်ခု ကျွန်မ သင်ယူဖို့အတွက် လိုအပ်တဲ့ အရာတစ်ခုပါ၊ ဒါကြောင့် ပထမဆုံး ကျွန်မ လုပ်ဖို့လိုတာက ကျိုးနွံနာခံပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်နေတုန်း၊ ကျွန်မရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ဘုရားဆီက သက်ဆိုင်တဲ့ နှုတ်ကပတ်တော်တွေကို ရှာဖွေဖို့ပါ။ တခြားသူတွေနဲ့ ကျွန်မ အပြန်အလှန် ဆက်ဆံရာမှာ၊ သူတို့ရဲ့ အားသာချက်တွေကိုလည်း ပိုထည့်တွက်သင့်သလို၊ သဘောထားကွဲလွဲမှု တစ်ခုခုဖြစ်ခဲ့ရင်၊ ပထမဆုံး ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး သမ္မာတရားကို ရှာဖွေသင့်တယ်။ ကျွန်မရဲ့ အမှားကို ဆန္ဒအလျောက် ကျွန်မ သိမှတ်ရမှာဖြစ်ပြီး၊ ကျွန်မရဲ့ စိတ်နှလုံးထဲ သူတို့ မြင်နိုင်ဖို့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုအကြောင်းကို တခြားလူဆီ ဖွင့်ဟရမယ်။ ဒါက လိုက်ဖက်ညီတဲ့ ပူးပေါင်းဆောင်ရွက်မှုအပြင် ကျွန်မ ဝင်ရောက်ဖို့လိုတဲ့ အခြေခံသဘောတရားကို ရရှိဖို့အတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခု ဖြစ်တယ်။

နောက်ပိုင်းမှာ၊ အစ်မဝမ်ကို ရှာဖွေတာနဲ့ အဆုံးသတ်ခဲ့ရပြီး၊ ကျွန်မ ထုတ်ဖော်ပြခဲ့တဲ့ ဖောက်ပြန်ပျက်စီးခြင်း အကြောင်းနဲ့အဲဒါကို ကျွန်မ ဘယ်လို ဖြေရှင်းခဲ့ပုံကို သူ့ဆီ ဖွင့်ဟခဲ့တယ်။ အဲဒါက သိပ်ကို လွတ်လပ်တဲ့ ခံစားချက်ပါ၊ ပြီးတော့ ကျွန်မတို့ကြားက အတားအဆီးတွေ ပပျောက်သွားခဲ့တယ်။ အဲဒီအချိန်ကတည်းက ကျွန်မတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ၊ တစ်ခါတစ်လေ ကျွန်မရဲ့ အတ္တကို ထိခိုက်စေတဲ့ တကယ်တိုက်ရိုက်ကျတဲ့ နည်းလမ်းနဲ့ တစ်ခုခု ပြောပြီး ကျွန်မက ခုခံတဲ့ ခံစားချက်တချို့ စရှိလာပေမယ့်၊ ဘုရားသခင်ဆီ ကျွန်မ အပြေးအလွှား သွားဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ် ဘေးဖယ်ထားတယ်။ ဒါကို ဘုရားက ခွင့်ပြုမှန်း ကျွန်မ သိတယ်လေ။ ဒါကြောင့် ကျွန်မက ကျွန်မရဲ့ ပြဿနာတွေကို စစ်ဆေးပြီး သူ့ရဲ့ ရှုထောင့်အမြင်ကို လက်ခံလိုက်တယ်။ ဒါကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်၊ သူ့အပေါ် ကျွန်မရဲ့ မလိုမုန်းထားမှုတွေ ပျောက်ကွယ်သွားပြီဖြစ်သလို၊ ကျွန်မတို့ရဲ့ ဆက်ဆံရေးက အများကြီး ပိုပူပင်ကြောင့်ကြမဲ့လာတာကို ခံစားရတယ်။ တာဝန်ကို ကျွန်မတို့ အတူကောင်းကောင်း လုပ်ကြပြီး၊ ကျွန်မတို့ရဲ့ ဧဝံဂေလိအလုပ်မှာ တဖြည်းဖြည်းနဲ့ ပိုအောင်မြင်မှု မြင်တွေ့ရပြီးပါပြီ။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို လက်ခံခြင်းနဲ့ပဲ၊ ကျွန်မတို့ရဲ့ အပြုအမူကို ဘုရားနှုတ်ကပတ်တော်တွေအပေါ် အခြေခံခြင်းနဲ့ပဲ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ဖြေရှင်းပြီး၊ ပုံမှန် လူ့သဘာဝအတိုင်း အသက်ရှင် နေထိုင်နိုင်မှန်း ဒီအတွေ့ကြုံက သွန်သင်ခဲ့တယ်။ ကျွန်မအတွက် သူ့ရဲ့ ကယ်တင်ခြင်းအတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အယောင်ဆောင်ခြင်းနှင့် ဖုံးကွယ်ခြင်း၏ အဖိုးအခများ

လီလီယက် ဟွန်ဒူရပ်နိုင်ငံ ၂၀၁၈ခုနှစ်၊ အောက်တိုဘာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။...

ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းအား ကိုင်တွယ်ရန် နည်းလမ်း

— ဝတ်ပြုခြင်းဆိုင်ရာ ဒိုင်ယာရီတစ်ပုဒ် ရှီးဖန် တောင်ကိုရီးယားနိုင်ငံ ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့၊ မိုးတိမ်ကင်းစင် ဒီနေ့...

ကျွန်မတာဝန်မှာ အဖိုးအခ မပေးဆပ်ချင်ခဲ့တဲ့ အကြောင်းရင်း

ချန်ကျင့် ကိုးရီးယားနိုင်ငံ ကျွန်မက ဂရတ်ဖစ်ဒီဇိုင်းမှာ လုပ်နေတာပါ။ အဖွဲ့ခေါင်းဆောင်က ကျွန်မကို ပုံအသစ်တစ်ခုဖန်တီးဖို့ တာဝန်ပေးတယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။