ကျွန်မ သူရဲဘောကြောင်သူ မဟုတ်တော့ဘူး

18.02.2026

ဆာဘရီနာ၊ ပြင်သစ်နိုင်ငံ

၂၀၂၂ ခုနှစ်၊ ဇူလိုင်လတုန်းက အသင်းတော်မှာ ယုံကြည်သူအသစ်တွေကို ကျွန်မ ရေလောင်းပေးနေခဲ့ပါတယ်။ လူစီယာက ရေလောင်းရေး သင်းထောက်ဖြစ်ပြီး ကျွန်မရဲ့အလုပ်ကို တာဝန်ယူရသူပါ။ အသင်းတော်ခေါင်းဆောင် ရုသက လူစီယာ့ကို သဘောကျပြီး သူက အစွမ်းအစကောင်းတယ်၊ လုပ်ကိုင်ကိုင်ရည်ကလည်း အားကောင်းတယ်ဆိုပြီး ကျွန်မရှေ့မှာ သူ့ကို ခဏခဏ ချီးကျူးတတ်တဲ့အပြင် သူ့ကို အသင်းတော် ရေလောင်းရေးလုပ်ငန်းရဲ့ ကျောရိုးမဏ္ဍိုင်အနေနဲ့လည်း ရည်ညွှန်းတတ်တယ်။ ဒါကြောင့် ကျွန်မလည်း လူစီယာ့ကို အထင်ကြီးလေးစားခဲ့တာပေါ့။ ဒါပေမဲ့ လူစီယာနဲ့ အချိန်အတိုင်းအတာတစ်ခုထိ ထိတွေ့ဆက်ဆံပြီးတဲ့နောက်မှာ သူက ကိစ္စတွေကို ကိုင်တွယ်ရာမှာ သမ္မာတရားစည်းမျဉ်းတွေကို မရှာဖွေဘဲ အလုပ်လုပ်တဲ့သူတွေကို နေရာပြောင်းတာတွေကို သူ့သဘောနဲ့သူ လုပ်တာ တွေ့လာရတယ်။ သူစီစဉ်ပေးတဲ့ ရေလောင်းသူတွေက စည်းမျဉ်းတွေနဲ့ မကိုက်ညီတာမျိုး အကြိမ်ကြိမ်ရှိခဲ့ပြီး တစ်လတောင်မပြည့်ခင် သူတို့ကို လူစားလဲပစ်လိုက်ရော။ ရေလောင်းသူတွေကို ခဏခဏ လဲလှယ်တာက ယုံကြည်သူအသစ်တွေကို ရေလောင်းတဲ့အလုပ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ပါတယ်။ ဒါ့အပြင် သူ့အလုပ်မှာ သူက ကြွေးကြော်သံတွေပဲ အော်နေပြီး ဟန်ပြအလုပ်တွေကိုပဲ လုပ်နေတတ်တယ်၊ ကျွန်မတို့ရဲ့ လက်တွေ့အခက်အခဲတွေကို မဖြေရှင်းပေးဘူး။ ကျွန်မတို့ရဲ့ ရေလောင်းခြင်းရလဒ်တွေက တခြားအသင်းတော်တွေလောက် မကောင်းတဲ့အခါတိုင်း သူက အရမ်းဒေါသထွက်ပြီး လူကြီးက ကလေးကို ဆူပူကြိမ်းမောင်းသလိုမျိုး ကျွန်မတို့ ဆက်တိုက် ဆူတော့တာပဲ။ ညီအစ်ကိုမောင်နှမတွေက သူ့ကြောင့် ပိုပိုပြီး ဘောင်ခတ်ခံလာရတယ်၊ သူ့ကိုမြင်ရင် စကားမပြောရဲကြဘဲ အကြီးအကျယ် ဖိနှိပ်ချုပ်ချယ်ခံရသလို ခံစားကြရတယ်။ ခေါင်းဆောင်ရုသက လူစီယာရဲ့ အပြုအမူတွေကို သိပေမဲ့ သူ့ပြဿနာတွေကို မိတ်သဟာယပြုပြီး ဘယ်တုန်းကမှ မဖြေရှင်းပေးခဲ့ဘူး။

၂၀၂၃ ခုနှစ်၊ မေလတုန်းက စုဝေးပွဲတစ်ခုမှာ အထက်အဆင့်ခေါင်းဆောင်တွေက အန္တိခရစ်တွေ၊ အယောင်ဆောင်ခေါင်းဆောင်တွေနဲ့ ဆိုးယုတ်တဲ့လူတွေကို ပိုင်းခြားသိမြင်ခြင်းနဲ့ပတ်သက်တဲ့ သမ္မာတရားကို ကျွန်မတို့နဲ့ မိတ်သဟာယပြုခဲ့ကြတယ်။ ပြီးတော့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့၊ ကျွန်မတို့တွေ့ရတဲ့ အန္တိခရစ်တွေ၊ အယောင်ဆောင်ခေါင်းဆောင်တွေနဲ့ ဆိုးယုတ်တဲ့လူတွေရဲ့ အပြုအမူတွေနဲ့ သရုပ်သကန်မှန်သမျှကို ဖော်ထုတ်ဖို့ ကျွန်မတို့ကို တိုက်တွန်းအားပေးခဲ့တယ်။ စုဝေးပွဲပြီးတော့ ညီအစ်ကိုဂျက်စပါက ကျွန်မဆီလာပြီး ပြောတယ်၊ “ရေလောင်းရေး သင်းထောက် လူစီယာက စည်းမျဉ်းတွေကို မလိုက်နာဘဲ လူရွေးတာ၊ လူသုံးတာတွေမှာ မဆင်မခြင်လုပ်တယ်၊ ညီအစ်ကိုမောင်နှမတွေကိုလည်း ခဏခဏ ဆူပူကြိမ်းမောင်းတယ်။ သူ့အကြောင်း အစ်မပြောပြတဲ့ ပြဿနာတွေကို ကျွန်တော် ကြားပြီးပါပြီ။ အစ်မက လူစီယာနဲ့ ပိုပြီး ထိတွေ့ဆက်ဆံရတော့ သူ့အပြုအမူတွေကို ပိုရင်းနှီးတာပဲ၊ ဒီကိစ္စတွေကို အစ်မ တိုင်ကြားဖို့ ကျွန်တော် အကြံပြုချင်တယ်။ ဒါက တရားမျှတတဲ့ လုပ်ရပ်တစ်ခုပါ” တဲ့။ ဂျက်စပါ့စကားကို ကြားလိုက်ရတော့ လူစီယာရဲ့ ပြဿနာတွေကို တိုင်သင့်တယ်လို့ ကျွန်မလည်း ခံစားမိပြီး အဲဒီနေ့မှာပဲ တိုင်စာတင်ဖို့ သဘောတူလိုက်တယ်။ စာရေးတော့မယ်လုပ်တုန်း ရုသနဲ့ လူစီယာက ကျွန်မရဲ့အလုပ်ကို တိုက်ရိုက်ကြီးကြပ်နေတာကို ရုတ်တရက် သတိရသွားတယ်။ တိုင်စာတင်လိုက်ရင် အဲဒီစာက သူတို့လက်ထဲပဲ ရောက်သွားမှာလေ။ လူစီယာက ပုံမှန်ဆိုရင် တော်တော်လေး ကြီးစိုးခြယ်လှယ်တတ်သူဖြစ်ပြီး ကျွန်မက ကိုယ့်တာဝန်မှာ တာဝန်မဲ့တယ်၊ ကိုယ့်အလုပ်မှာ ရလဒ်ထွက်ဖို့ အာရုံမစိုက်ဘူးဆိုပြီး ခဏခဏ စွပ်စွဲတတ်တာ။ သူ့ကို ကျွန်မ တိုင်မှန်းသာ သူသိသွားရင် ကျွန်မကို အပြစ်ပေးမလား၊ ကျွန်မကို ခက်ခဲအောင် လုပ်မလား၊ ဒါမှမဟုတ် ကျွန်မကို ဖြုတ်ချတာတို့၊ အလုပ်ပြောင်းတာတို့တောင် လုပ်မလားပေါ့။ ဒီအရာတွေကြောင့် ကျွန်မ အရမ်းကြောက်ပြီး တွေဝေသွားတယ်။ ပြီးတော့ ကိုယ့်ဘာသာ တွေးလိုက်မိတယ်၊ “မသိချင်ယောင်ဆောင်နေလိုက်တာက ပိုကောင်းပါလိမ့်မယ်။ သူတို့ကို ပြဿနာရှာတာက ကိုယ့်ဒုက္ခကိုယ်ရှာတာ ဖြစ်နေပါ့မယ်။ တာဝန်ထမ်းဆောင်ရမဲ့ အခွင့်အရေးကို ကျွန်မ အဆုံးရှုံးမခံချင်ဘူး။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့က ပိုအရေးကြီးတယ်လေ” လို့ပေါ့။ ဒါ့အပြင် အဲဒီနေ့က လုပ်စရာတွေ အများကြီး ရှိနေတာကြောင့် အလုပ်ရှုပ်တာကို ဆင်ခြေအဖြစ်သုံးပြီး တိုင်စာမရေးဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ နောက်တစ်နေ့ကျတော့ တိုင်စာတင်ပြီးပြီလားလို့ မေးတဲ့ စာတစ်စောင်ကို ဂျက်စပါ ပို့လာတယ်။ စာကို မြင်လိုက်ရတဲ့အခါ မျက်နှာပူထူသွားပြီး စိတ်ထဲမှာ အရမ်းရှက်သွားတယ်။ “မတင်ရသေးဘူး” ဆိုတဲ့ စကားတစ်ခွန်းပဲ ကျွန်မ ပြန်ပို့လိုက်တယ်။ ဂျက်စပါက ဘာမှထပ်မပြောပါဘူး။

နောက်ရက်တွေမှာ ကျွန်မ စိတ်အရမ်းမသန့်ဖြစ်ပြီး အပြစ်ရှိသလို ခံစားနေရတယ်။ ဝတ်ပြုချိန်မှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်ရတယ်။ “သင်၏ အသက်တာ၌ အပြစ်တင်စွပ်စွဲခံရခြင်း မကြာခဏရှိပါက၊ သင် စိတ်မအေးရပါက၊ သင်သည် ငြိမ်သက်ခြင်း သို့မဟုတ် ဝမ်းမြောက်ခြင်း မရှိပါက၊ ပြီးလျှင် အမှုအရာအမျိုးစုံနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ခြင်းနှင့် သောကရောက်ခြင်းတို့၏ မကြာခဏ ဖိစီးခြင်းခံရပါက ဤသည်မှာ အဘယ်အရာကို ဖော်ပြသနည်း။ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြောင်း၊ ဘုရားသခင်အတွက် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ မရပ်တည်ကြောင်းကို ဖော်ပြရုံမျှသာတည်း။ သင်သည် စာတန်၏ စိတ်သဘောထား အလယ်တွင် အသက်ရှင်သည့်အခါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မကြာခဏ ပျက်ကွက်နိုင်ချေရှိပြီး သမ္မာတရားကို သစ္စာဖောက်ဖို့၊ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာဖို့ ဖြစ်နိုင်ချေရှိလေသည်။ သင်သည် သင်၏ပုံရိပ်၊ သင်၏နာမည်နှင့် ဂုဏ်အဆင့်အတန်း၊ ပြီးလျှင် သင်၏အကျိုးစီးပွားများကိုသာ ထိန်းသိမ်းသည်။ သင့်အတွက်သာ သင် အစဉ်သဖြင့် အသက်ရှင်ခြင်းက သင့်အား အစဉ် ကြီးစွာသော နာကျင်မှု ဖြစ်စေသည်။ အလွန်များစွာသော တစ်ကိုယ်ကောင်းဆန်သည့် လိုအင်ဆန္ဒများ၊ အနှောင်အဖွဲ့များ၊ ချုပ်နှောင်မှုများ၊ ဒွိဟများနှင့် စိတ်အနှောင့်အယှက်များစွာတို့ သင့်ထံတွင် ရှိသည်မှာ သင်၌ ငြိမ်သက်ခြင်း၊ သို့မဟုတ် ဝမ်းမြောက်ခြင်းတို့ စိုးစဉ်းမျှ မရှိချေ။ ဖောက်ပြန်ပျက်စီးသော ဇာတိပကတိအတွက် အသက်ရှင်ခြင်းသည် အလွန်အမင်း ဒုက္ခခံစားရခြင်း ဖြစ်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အသက်ဝင်ရောက်ခြင်းသည် တာဝန် ထမ်းဆောင်ခြင်းဖြင့် စတင်သည်) ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်ချက်ကြောင့် ကျွန်မရဲ့ ဘဝင်မကျတာနဲ့ အပြစ်ရှိသလို ခံစားရတာတွေဟာ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘဲ ကိုယ့်အကျိုးစီးပွားကို ကာကွယ်လို့၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လို့ ဖြစ်ရမှန်း ကျွန်မ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားတယ်။ အယောင်ဆောင်ခေါင်းဆောင်တွေ၊ အန္တိခရစ်တွေနဲ့ ဆိုးယုတ်တဲ့လူတွေကို ဖော်ထုတ်တိုင်ကြားတာဟာ ဘုရားရွေးချယ်ထားသူတိုင်းရဲ့ တာဝန်ဖြစ်ပြီး လက်တွေ့လုပ်ဆောင်သင့်တဲ့ သမ္မာတရားရဲ့ ကဏ္ဍတစ်ခုဖြစ်မှန်း ကျွန်မ ကောင်းကောင်းသိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အန္တိခရစ်တွေနဲ့ ဆိုးယုတ်တဲ့လူတွေကြောင့် အသင်းတော်အလုပ်အပေါ် ထိခိုက်ပျက်စီးမှုက အရမ်းကြီးမားလွန်းလို့ အသိစိတ်နဲ့ ဆင်ခြင်တုံတရားရှိတဲ့သူ ဘယ်သူမဆို အသင်းတော်အလုပ်ကို ကာကွယ်ဖို့အတွက် သူတို့ကို တိုင်ကြားပြီး ဖော်ထုတ်သင့်တာပါ။ ဒါပေမဲ့ ပြဿနာတွေကို တွေ့ရှိချိန်မှာတောင် သူတို့ကို တိုင်ကြားဖို့ ကျွန်မ သတ္တိမရှိခဲ့ဘူး။ ကျွန်မရဲ့ တိုင်စာကို မြင်ပြီးနောက်မှာ ရုသနဲ့ လူစီယာက ကျွန်မကို ဖိနှိပ်ပြီး လက်တုံ့ပြန်မှာ စိုးရိမ်လို့ အသင်းတော်အလုပ်ကို ကာကွယ်ဖို့ထက် လူ့အကြိုက်လိုက်သူ ဖြစ်ဖို့ကို ကျွန်မ ပိုလိုလားခဲ့တယ်၊ ပြီးတော့ ကိုယ့်တာဝန်တွေကို ဘယ်လိုကောင်းကောင်းဖြည့်ဆည်းပြီး သက်သေခံချက်မှာ ဘယ်လို ခိုင်မာစွာ ရပ်တည်ရမလဲဆိုတာကို မစဉ်းစားခဲ့ဘူး။ ကျွန်မက အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလိုက်တာရှင်။ ဒါကို သဘောပေါက်လိုက်တဲ့အခါ ကျွန်မ ဘုရားသခင်ဆီ တိတ်တဆိတ် ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်၊ တိုင်စာရေးဖို့ သတ္တိမရှိခဲ့တဲ့အတွက် သမီး အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းပါတယ်။ သမီး အကြီးအကျယ် အပြစ်ရှိသလို ခံစားရပါတယ်။ အို ဘုရားသခင်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ သမီးကို ယုံကြည်ခြင်းနဲ့ သတ္တိ ပေးသနားတော်မူပါ” လို့ပေါ့။

နောက်ရက်တွေမှာ လူစီယာနဲ့ပတ်သက်တဲ့ ပြဿနာတွေကို ကျွန်မ ပိုလို့တောင် သတိထားမိလာတယ်။ အလုပ်အစီရင်ခံစာတစ်ခုမှာ သူက လူသစ်ငါးယောက်ဟာ သမ္မာတရားကို မငတ်မွတ်ဘူး၊ စုဝေးပွဲတွေကို ပုံမှန်မတက်ဘူး၊ ဒါကြောင့် သူတို့ကို ရေလောင်းတာနဲ့ ထောက်ပံ့တာကို ရပ်ဖို့ သူ စီစဉ်ထားတယ်လို့ ပြောတယ်။ တကယ်တမ်းကျတော့ ဒီလူသစ်တချို့က နေမကောင်းဖြစ်နေတာ၊ တချို့က အလုပ်ရှုပ်နေတာ၊ တချို့ကျတော့လည်း ဖြေရှင်းဖို့လိုတဲ့ တကယ့် မိသားစုပြဿနာတွေ ရှိနေတာပါ၊ အဲဒါတွေက စုဝေးပွဲတွေကို ပုံမှန်တက်ဖို့ ယာယီ ဟန့်တားနေတာဖြစ်ပြီး လူသစ်တွေကိုယ်တိုင်ကလည်း ဒါနဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်နေကြတာပါ။ လူသစ်တွေ စုဝေးပွဲ ပုံမှန်မတက်တာက လူစီယာရဲ့ အလုပ်ရလဒ်တွေကို ထိခိုက်စေတာကြောင့် ရေလောင်းဖို့နဲ့ ထောက်ပံ့ဖို့လိုအပ်တဲ့ ဒီလူသစ်တွေကို သူက ဒီတိုင်း လက်လျှော့လိုက်တာပါ။ ဒါက စည်းမျဉ်းတွေကို ရှင်းရှင်းလင်းလင်း ချိုးဖောက်ရာကျပြီး တာဝန်မဲ့ရာကျတယ်လို့ ကျွန်မတို့ ခံစားရတာကြောင့် အဖြစ်မှန်တွေနဲ့ မကိုက်ညီတဲ့ လူစီယာရဲ့ အစီရင်ခံစာအပိုင်းကို ကျွန်မတို့ ပြင်လိုက်ကြတယ်။ အဲဒီအပြောင်းအလဲတွေကို လူစီယာမြင်တော့ ဒေါသပေါက်ကွဲပြီး ဘာလို့ အဲဒီလိုပြင်တာလဲဆိုပြီး ကျွန်မတို့ကို ဖိစစ်တော့တာပဲ။ ဘာကြောင့်လဲဆိုတာ ကျွန်မ ရှင်းပြလိုက်တော့ လူစီယာက ပိုတောင် ဒေါသထွက်သွားပြီး ကျွန်မကို ဆူပါလေရော၊ “နင်က ဘာလို့ သူရဲကောင်းလုပ်ဖို့ ကြိုးစားနေရတာလဲ။ လူတိုင်း စည်းမျဉ်းတွေကို သိတယ်၊ နင်တစ်ယောက်တည်း နားမလည်တာ။ နင်က ဘာရေလောင်းခြင်းအလုပ်ကို လုပ်နေတာမို့လို့လဲ” တဲ့။ ကျွန်မ လုံးဝ ကြောင်သွားတယ်။ စည်းမျဉ်းတွေအရဆိုရင် အဲဒီလူသစ်ငါးယောက်က သမ္မာတရားကို မငတ်မွတ်တဲ့သူတွေ မဟုတ်ပါဘူး၊ သူတို့က ရေလောင်းဖို့နဲ့ ထောက်ပံ့ဖို့ လိုအပ်တဲ့သူတွေပါ၊ ပြီးတော့ အဖြစ်မှန်တွေနဲ့ မကိုက်ညီတဲ့ အကြောင်းအရာကို ကျွန်မတို့ ပြင်ဆင်တာက သင့်တော်ပါတယ်။ ဒါကို ဘာလို့ လူစီယာက အဲဒီလောက် ဒေါသထွက်ပြီး ကျွန်မကို သူရဲကောင်းလုပ်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲရတာလဲ။ သူ့နဲ့ပတ်သက်လို့ တစ်ခုခု မှားနေပြီလို့ ကျွန်မ ခံစားလိုက်ရတယ်။ သူက ရေလောင်းရေး သင်းထောက်လေ၊ ဒီတော့ သူသာ စည်းမျဉ်းမရှိဘဲ ပြုမူရင် ရေလောင်းခြင်းအလုပ်ကို ထိခိုက်မှာဖြစ်ပြီး အကျိုးဆက်တွေက ဆိုးရွားနိုင်တယ်။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက တိုင်စာရေးဖို့ ကျွန်မ သတ္တိမရှိခဲ့ပုံနဲ့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်မဲ့ အခွင့်အရေးကို လက်လွှတ်ခဲ့ပုံအကြောင်း တွေးမိလိုက်တော့ ကျွန်မမှာ အကြွေးတင်နေသလို ခံစားချက်မျိုး ဖြစ်ကျန်ရစ်ခဲ့တယ်။ ဒီတစ်ခါတော့ အထက်လူကြီးတွေကို သူ့ပြဿနာတွေအကြောင်း ကျွန်မ တိုင်မှဖြစ်မယ်။ ဒါပေမဲ့ အတွေးတစ်ချက် ဝင်လာပြန်တယ်၊ “လူစီယာရဲ့ ပြဿနာတွေကို တိုင်ဖို့ ခေါင်းဆောင်ရုသဆီ ကျွန်မ တိုက်ရိုက်သွားရင် လူစီယာကို ခက်ခဲအောင်လုပ်ဖို့ ကျွန်မ တမင်သက်သက် လုပ်နေတယ်လို့ သူ ထင်သွားမလား” ပေါ့။ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက လူစီယာ ကျွန်မတို့ အသင်းတော်ကို စရောက်လာတော့ ရုသက အရမ်းသဘောကျပြီး လူစီယာက အစွမ်းအစ ကောင်းတယ်၊ လုပ်ရည်ကိုင်ရည် အားကောင်းတယ်၊ အသင်းတော်ရဲ့ ကျောရိုးမဏ္ဍိုင်ပဲလို့ ပြောခဲ့တာကို ကျွန်မ သတိရသွားတယ်။ ဒါ့အပြင် လူစီယာက စည်းမျဉ်းမရှိဘဲ ပြုမူတာ၊ သူများကို ဖိနှိပ်ပြီး ဩဝါဒခြွေတတ်တာတွေကို ရုသက ကောင်းကောင်းသိပေမဲ့ လူစီယာရဲ့ ပြဿနာတွေကို အမြဲတမ်း မသိချင်ယောင် ဆောင်ခဲ့တာလေ။ ရုသက လူစီယာကို ဒီလောက် အထင်ကြီးတာဆိုတော့ ကျွန်မရဲ့ တိုင်စာကို အလေးထားပါ့မလား။ လူစီယာကို ဖုံးကွယ်ပေးပြီး ကျွန်မကို ခက်ခဲအောင်လုပ်မလား၊ ကျွန်မ တာဝန်မထမ်းဆောင်နိုင်အောင် တားဆီးမလားပေါ့။ ဒီအရာတွေကို တွေးမိတော့ ကျွန်မမှာ စိုးရိမ်ပူပန်မှုတွေ ပြည့်လာပြီး လူစီယာရဲ့ ပြဿနာတွေကို ရုသဆီ တင်ပြသင့်မသင့် မသေချာတော့ဘူး။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ထပ်ကြိုးစားနေပြန်ပြီဆိုတာကို သတိထားမိလိုက်တယ်။ ဒါနဲ့ အဲဒီညနေမှာပဲ ကျွန်မရဲ့ အခြေအနေနဲ့ ဆက်စပ်တဲ့ သက်ဆိုင်ရာ အတွေ့အကြုံ သက်သေခံချက် ဆောင်းပါးတွေကို ရှာဖတ်ခဲ့တယ်။ အဲဒီထဲက တစ်ခုမှာ ကိုးကားထားတဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်က ကျွန်မရဲ့ စိတ်နှလုံးကို တကယ် တို့ထိစေခဲ့တယ်။ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်ရတယ်။ “သင်တို့အားလုံးက ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အရေးထားကာ၊ အသင်းတော်၏ သက်သေခံချက်ကို ကာကွယ်ပြောဆိုမည်ဟု ပြောကြသော်လည်း၊ သင်တို့ထဲမှ မည်သူသည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် အရေးထားခဲ့ကြပြီနည်း။ သင့်ကိုယ်သင် မေးလော့။ သင်သည် ဘုရားသခင်၏ ဝန်ထုပ် ဝန်ပိုးကို ထည့်သွင်းစဉ်းစားမှု ပြသပြီးသော သူတစ်စုံတစ်ဦးလော။ ဘုရားသခင်အတွက် ဖြောင့်မတ်ခြင်းတရားကို သင်လက်တွေ့ လုပ်ဆောင်နိုင်သလော။ ငါ့အတွက် သင်ထရပ်ကာ ပြောဆိုနိုင်သလော။ သင်သည် သမ္မာတရားကို တည်ကြည်ခိုင်မာစွာ လက်တွေ့လုပ်ဆောင် နိုင်သလော။ စာတန်၏ လုပ်ရပ်အားလုံးကို ဆန့်ကျင်တိုက်ခိုက်ရလောက်အောင် သင်သည် ရဲရင့်သလော။ သင်သည် သင်၏ ခံစားချက်များကို ဘေးဖယ်ကာ ငါ၏ သမ္မာတရားအတွက် စာတန်ကို ဖော်ထုတ်ပေးနိုင်မည်လော။ သင့်အထဲတွင် ငါ၏ အလိုတော် အထမြောက်အောင် လုပ်ဆောင်ခွင့် သင် ပေးနိုင်သလော။ အရေးအပါဆုံးသော အခိုက်အတန့်များတွင် သင်၏နှလုံးသားကို သင် ဆက်ကပ်ပြီးပြီလော။ သင်သည် ငါ၏ရည်ရွယ်ချက်များကို လိုက်လျှောက်သောသူတစ်ဦးလော။ ဤမေးခွန်းများကို သင့်ကိုယ်သင် မေးပြီး ၎င်းတို့နှင့်ပတ်သက်၍ မကြာခဏ စဉ်းစားလော့။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) ဘုရားသခင်ရဲ့ မေးခွန်းထုတ်တဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကို အရမ်းအရှက်ရစေပြီး အကြီးအကျယ် အပြစ်ရှိသလို ခံစားရစေပါတယ်။ လူစီယာက သူ့တာဝန်မှာ စည်းမျဉ်းတွေကို မလိုက်နာဘဲ၊ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ တဇောက်ကန်းဖြစ်တဲ့အပေါ် အခြေခံပြီး ညီအစ်ကိုမောင်နှမတွေကို ခဏခဏ ဆူပူကြိမ်းမောင်းနေတာကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ခဲ့တယ်။ လူစီယာရဲ့ ပြဿနာတွေကို ကျွန်မ နည်းနည်း ပိုင်းခြားသိမြင်ခဲ့ပြီး ရုသကို တိုင်ချင်ပေမဲ့ လူစီယာက လက်တုံ့ပြန်ပြီး ကျွန်မကို ခက်ခဲအောင်လုပ်မှာ စိုးရိမ်ခဲ့တယ်၊ ပြီးတော့ ရုသက လူစီယာကို ကာကွယ်ပေးပြီး ကျွန်မကို ဖိနှိပ်မှာ၊ ဘေးဖယ်ထားမှာကို ကြောက်ခဲ့တယ်။ ရလဒ်အနေနဲ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ်ပဲ ကာကွယ်ပြီး ပြဿနာတွေကို မတိုင်ခဲ့ဘူး။ အဲဒီအချိန်ကာလအတွင်းမှာ ကျွန်မရဲ့ စိတ်နှလုံးက ကိုယ့်အကျိုးစီးပွားကို ကာကွယ်ဖို့ပဲ အမြဲအာရုံစိုက်နေပြီး ဘုရားသခင်ရဲ့ ဝန်ထုပ်ဝန်ပိုးကို ထည့်မစဉ်းစားခဲ့ဘူး၊ ပြီးတော့ အသင်းတော်အလုပ်ကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့တယ်။ အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ ကျွန်မ ထပ်ခါတလဲလဲ နောက်တွန့်ခဲ့ပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့ဘူး၊ စည်းမျဉ်းတွေကို မစောင့်ထိန်းခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ကြည့်လိုက်တော့ သူ့ရဲ့ ရည်ရွယ်ချက်ကို ကျွန်မ နားမလည်သွားပြီး လက်တွေ့လုပ်ဆောင်ရမဲ့ လမ်းကြောင်း ရသွားတယ်။ ဒါနဲ့ ကျွန်မ သတ္တိမွေးပြီး လူစီယာရဲ့ ပြဿနာတွေကို ရုသဆီ တိုင်ခဲ့တယ်။

နောက်တစ်နေ့မှာ ရုသက ကျွန်မနဲ့ တခြားအဖွဲ့ခေါင်းဆောင်တချို့ကို လူစီယာနဲ့ပတ်သက်တဲ့ အကဲဖြတ်ချက်တွေ ရေးခိုင်းတယ်။ ကျွန်မ သတိထားမိတဲ့ ပြဿနာအားလုံးကို တတ်နိုင်သမျှ အသေးစိတ် ချရေးခဲ့ပေမဲ့ ကျွန်မမှာ စိုးရိမ်စိတ်တချို့ ရှိနေတုန်းပဲ၊ ရုသက လူစီယာကို ကာကွယ်ပေးပြီး ကျွန်မကို ဘေးဖယ်ထားမှာ၊ ဖိနှိပ်မှာကို စိုးရိမ်နေတုန်းပဲလေ။ ဒါနဲ့ အကဲဖြတ်ချက်ထဲမှာ “ဒီပြဿနာတွေကို ကျွန်မ လုံးဝ ရှင်းရှင်းလင်းလင်း မမြင်သေးပါဘူး၊ ဒါကြောင့် လူတိုင်း အတူတူ အကဲဖြတ်လို့ရအောင် တင်ပြလိုက်တာပါ” ဆိုတဲ့ စာတစ်ကြောင်းထည့်ပြီး ကိုယ့်အတွက် လွတ်ပေါက်ချန်ထားလိုက်တယ်။ လူစီယာနဲ့ပတ်သက်တဲ့ အကဲဖြတ်ချက်တွေကို ရုသ စုစည်းပြီးတာနဲ့ လူစီယာကို ဖြုတ်ချလိမ့်မယ်လို့ ကျွန်မ ထင်ခဲ့တာ၊ ဒါပေမဲ့ ရက်တွေသာ ကုန်သွားတယ် ဘာမှဖြစ်မလာဘူး။ ကျွန်မ ပြန်ပြီး စိုးရိမ်လာတယ်၊ “လူတိုင်းက လူစီယာ့အကြောင်း အကဲဖြတ်ချက်တွေ ရေးပြီးကြပြီ၊ သူ့ကို ဖြုတ်ချဖို့ မထိုက်တန်ဘူးဆိုရင်တောင် သူ့ပြဿနာတွေကို သူသဘောပေါက်အောင် ဖော်ထုတ်ပြီး ထောက်ပြသင့်တာပဲလေ။ ဒါပေမဲ့ ဘာအရိပ်အယောင်မှ မတွေ့ရသေးဘူး။ ခေါင်းဆောင်က ငါ့အကဲဖြတ်ချက် မှားနေတယ်လို့ ထင်နေတာများလား။ သူ ငါ့ကို ထုတ်ပစ်တော့မှာလား” လို့ တွေးမိတယ်။ နောက်ရက်နည်းနည်းကြာတော့ တခြားရေလောင်းသူတွေနဲ့ ကျွန်မက စုဝေးပွဲ ပုံမှန်မတက်တဲ့ လူသစ်တွေကို ဆက်ပြီး ထောက်ပံ့ပေးနေတာကို လူစီယာ တွေ့သွားတယ်၊ သူ အရမ်းစိတ်ဆိုးပြီး စုဝေးပွဲ ပုံမှန်မတက်တဲ့သူတွေ ဘာလို့ အသင်းတော်မှာ ရှိနေသေးတာလဲဆိုပြီး ကျွန်မတို့ကို တရစပ် စစ်မေးတော့တာပဲ၊ ကျွန်မတို့က ကိုယ့်သဘောနဲ့ကိုယ် လုပ်နေတယ်ဆိုပြီး စွပ်စွဲသေးတယ်။ အမှုဆောင်အစည်းအဝေးတစ်ခုမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မတို့ကို ထပ်ဆူပြန်တယ်၊ စုဝေးပွဲ ပုံမှန်မတက်တဲ့ ဒီလူသစ်တွေကို လက်လျှော့လိုက်ဖို့ ကျွန်မတို့ကို ဖိအားပေးတယ်။ လူစီယာရဲ့ ပြဿနာတွေက တော်တော်လေး ကြီးလေးတယ်လို့ ကျွန်မ ခံစားရတယ်၊ ဒါပေမဲ့ နောက်ပိုင်းမှာ သူက အထုတ်မခံရတဲ့အပြင် အရေးကြီးတဲ့ အလုပ်တစ်ခုကို ကြီးကြပ်ဖို့ ရာထူးတိုးပေးခံရတာကို မြင်လိုက်တဲ့အခါ ပိုင်းခြားသိမြင်မှု မရှိလို့များ ငါ မှားတိုင်မိတာလားဆိုပြီး သံသယဝင်မိတယ်။ အဲဒီကာလအတွင်းမှာ ကျွန်မ အရမ်းမွန်းကြပ်ပြီး စိတ်ဓာတ်ကျခဲ့ရတယ်၊ ဒီလိုအခြေအနေမျိုး ကြုံရတာနဲ့ပတ်သက်ပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က တကယ်တမ်း ဘာလဲ၊ ဒါကို ဘယ်လိုတွေ့ကြုံရမလဲဆိုတာ ကျွန်မ နားမလည်ခဲ့ဘူး။ အထူးသဖြင့် လူစီယာက အခု အဆင့်အတန်း ပိုမြင့်နေပြီဆိုတော့ သူ့ပြဿနာတွေကို ကျွန်မ တိုင်ခဲ့မှန်း သူ တကယ်သိသွားရင် အချိန်မရွေး ကျွန်မကို တာဝန်ပြောင်းတာမျိုး၊ ဖြုတ်ချတာမျိုး လုပ်နိုင်တယ်၊ အသင်းတော်ကနေ ရှင်းလင်းပစ်တာတောင် လုပ်နိုင်တယ်လေ။ ဒီအရာတွေကို တွေးမိတော့ ကျွန်မ အရမ်းစိုးရိမ်ပြီး ကြောက်လန့်သွားတယ်၊ လူစီယာ့ကို ဆက်ပြီး ပိုင်းခြားသိမြင်ဖို့ မလုပ်ချင်တော့ဘူး။

ဇူလိုင်လရဲ့ တစ်ရက်မှာ အထက်အဆင့်ခေါင်းဆောင်တွေက လူစီယာ့အခြေအနေကို စုံစမ်းဖို့ ညီအစ်ကိုနှစ်ယောက်ကို ကျွန်မဆီ လွှတ်လိုက်တယ်။ တိုင်စာကို ကျွန်မ မရေးမှန်း သိလိုက်ရတဲ့အခါ ညီအစ်ကိုဂျက်စပါက သူစုစည်းထားတဲ့ အချက်အလက်တွေကို အထက်ခေါင်းဆောင်တွေဆီ တိုင်လိုက်မှန်း အဲဒီတော့မှ ကျွန်မ သိလိုက်ရတယ်။ လူစီယာရဲ့ အပြုအမူတွေအားလုံးကို အဲဒီညီအစ်ကိုနှစ်ယောက်ဆီ ကျွန်မ ပြောပြလိုက်တယ်။ ဒါကိုကြားပြီးနောက် သူတို့ အရမ်းအံ့သြသွားပြီး ပြောတယ်၊ “ရုသက ခင်ဗျားတို့အားလုံးကို လူစီယာ့အကြောင်း အကဲဖြတ်ချက်တွေ ရေးခိုင်းတယ်ဆို၊ ဒါဆို ဘာလို့ တစ်လနီးပါးလောက်ကြာတဲ့အထိ ဘာမှ အရေးမယူရသေးတာလဲ” တဲ့။ နောက်ဆုံးမှာ ညီအစ်ကိုနှစ်ယောက်က ကျွန်မကို မေးတယ်၊ “ကြောက်လို့ တိုင်စာမရေးခဲ့တာလား” တဲ့။ ညီအစ်ကိုတွေရဲ့ မေးခွန်းကို ကြားလိုက်ရတော့ ကျွန်မ အကြီးအကျယ် ရှက်ရွံ့ပြီး အပြစ်ရှိသလို ခံစားလိုက်ရတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲ အမြဲကြိုးစားနေခဲ့တဲ့ ကျွန်မဟာ ဘယ်လောက်တောင် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းခဲ့လဲဆိုတာ သဘောပေါက်လိုက်တယ်။ ကျွန်မ သတ္တိမရှိသလို ခံစားလိုက်ရတယ်။ အခြေအနေကို တိုင်ပြီးတဲ့နောက် လူစီယာက အထုတ်မခံရတဲ့အပြင် ရာထူးတိုးသွားတာကို မြင်လိုက်ရတော့ ကျွန်မ ထပ်မတိုင်ရဲတော့ဘူး။ တကယ်တမ်းကျတော့ လူစီယာ့မှာ ပြဿနာတွေ ရှိတယ်ဆိုတာ၊ သူ့ရဲ့ အမြင်သဘောထားတွေနဲ့ လုပ်ရပ်တော်တော်များများက သမ္မာတရားစည်းမျဉ်းတွေနဲ့ မကိုက်ညီဘူးဆိုတာ ကျွန်မ ကောင်းကောင်း သိခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင် အလုပ်စွမ်းဆောင်ရည်၊ နာမည်ဂုဏ်သတင်းနဲ့ ရာထူးအတွက် သူများကို ဖိနှိပ်ပြီး ဆူပူကြိမ်းမောင်းတတ်တယ်၊ ပြီးတော့ လက်တွေ့ပြဿနာတွေကို မဖြေရှင်းပေးဘူး။ ရေလောင်းဖို့နဲ့ ထောက်ပံ့ဖို့လိုအပ်တဲ့ လူသစ်အတော်များများကိုတောင် သူ ပစ်ထားခဲ့တယ်။ သူ့ပြဿနာတွေကို ကျွန်မ ထောက်ပြတဲ့အခါ ကျွန်မကိုတောင် ပြန်ဆူပြီး သူရဲကောင်းလုပ်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲခဲ့သေးတာ။ ဒါပေမဲ့ သူ့ရဲ့ အဆင့်အတန်းနဲ့ အာဏာကို ကြောက်တာ၊ ဖိနှိပ်ခံရမှာ၊ ညှဉန်းပန်းခံရမှာကို ကြောက်တာတွေကြောင့် ကျွန်မ သမ္မာတရားစည်းမျဉ်းတွေကို မလိုက်နာနိုင်ခဲ့ဘူး၊ သူ့ကို ဖော်ထုတ်ဖို့နဲ့ တိုင်ကြားဖို့ သတ္တိမရှိခဲ့ဘူးဆိုတာ မြင်ခဲ့ရတယ်။ အဲဒီညက ကျွန်မ တော်တော်နဲ့ အိပ်မပျော်ဘူး။ လွန်ခဲ့တဲ့ တစ်လခွဲလောက်လုံးလုံး ကျွန်မဟာ ဖိနှိပ်ချုပ်ချယ်တာ၊ စိတ်မချမ်းမသာဖြစ်တာနဲ့ အတွင်းစိတ် ပဋိပက္ခဖြစ်တာတွေထဲမှာ နေခဲ့ရပုံကို တွေးမိတယ်။ ပြဿနာတွေကို မြင်ပေမဲ့ ကျွန်မ ထုတ်မပြောရဲခဲ့ဘူး၊ နောက်ဆုံး ပြဿနာတွေကို တိုင်လိုက်ပြန်တော့လည်း ဖိနှိပ်ခံရမှာကို ကြောက်နေခဲ့ပြန်တယ်။ ဒီအခြေအနေက ထပ်ခါတလဲလဲ ဖြစ်နေခဲ့တယ်။ ပြဿနာက တကယ်တမ်း ဘာလဲ။ ကျွန်မ အခြေအနေနဲ့ ဆက်စပ်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖတ်ခဲ့တယ်။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်ရတယ်။ “ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးကို ဆက်ဆံပုံနှင့်ပတ်သက်၍ လူတို့၌ ရှိသင့်သည့် သဘောထားမှာ အဘယ်နည်း။ ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုတော်ဆောင်တစ်ဦး လုပ်ဆောင်သည့်အရာ မှန်ကန်ပြီး သမ္မာတရားနှင့်ညီပါက၊ ၎င်းတို့ကို သင် နာခံနိုင်သည်။ ၎င်းတို့ လုပ်ဆောင်သည့်အရာ မှားယွင်းပြီး သမ္မာတရားနှင့်မညီပါက၊ ၎င်းတို့ကို သင်မနာခံသင့်ဘဲ ၎င်းတို့ကို သင်ဖော်ထုတ်နိုင်ပြီး၊ ဆန့်ကျင်ကာ ကွဲပြားသော အယူအဆကို တင်ပြနိုင်သည်။ ၎င်းတို့သည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်လျှင်၊ သို့မဟုတ် အသင်းတော်အလုပ်ကို အနှောင့်အယှက်ဖြစ်သော မကောင်းမှုများကို လုပ်ဆောင်သည့်အပြင် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၊ အယောင်ဆောင် အမှုတော်ဆောင်တစ်ဦး၊ သို့မဟုတ် အန္တိခရစ်တစ်ဦးအဖြစ် ထုတ်ဖော်ပြခံရပါက သင်သည် သူ့ကို ပိုင်းခြားသိမြင်ကာ ဖော်ထုတ်ပြီး တိုင်ကြားနိုင်သည်။ သို့သော် ဘုရားသခင် ရွေးချယ်ထားသော လူအချို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့ အထူးသဖြင့် သူရဲဘောကြောင်ကြ၏၊ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များ၏ ဖိနှိပ်ခြင်းနှင့်ညှဉ်းပန်းခြင်းတို့ကို ခံရမည်စိုးသောကြောင့် စည်းမျဉ်းများကို မထိန်းသိမ်းရဲကြပေ။ ၎င်းတို့က ‘ခေါင်းဆောင်က ကျွန်ုပ်ကို ထုတ်လိုက်ပါက ကျွန်ုပ် အဆုံးသတ်ပြီ။ သူက အယောက်တိုင်းအား ကျွန်ုပ်ကို ဖော်ထုတ်စေပါက သို့မဟုတ် ကျွန်ုပ်ကို ပစ်ပယ်စေပါက ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်နိုင်တော့မည် မဟုတ်။ အသင်းတော်မှ ကျွန်ုပ် ထုတ်ပယ်ပါက ဘုရားသခင်က ကျွန်ုပ်ကို လိုချင်မည်မဟုတ်သလို ကျွန်ုပ်ကို ကယ်တင်မည်မဟုတ်ပါ။ ပြီးလျှင် ကျွန်ုပ်၏ ယုံကြည်ခြင်းသည် အလဟဿ ဖြစ်ပြီးဖြစ်လိမ့်မည် မဟုတ်လော’ ဟု ပြောကြသည်။ ထိုသို့သောအတွေးအခေါ်သည် ရယ်ဖွယ်မကောင်းပေသလော။ ထိုသို့သော လူများသည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း ရှိသလော။ အယောင်ဆောင်ခေါင်းဆောင်၊ သို့မဟုတ် အန္တိခရစ်သည် သင့်ကို နှင်ထုတ်သောအခါ ဘုရားသခင်ကို ကိုယ်စားပြုမည်လော။ အယောင်ဆောင်ခေါင်းဆောင်၊ သို့မဟုတ် အန္တိခရစ်က သင့်အား ညှဉ်းပန်းပြီး နှင်ထုတ်သောအခါ ဤသည်မှာ စာတန်က လုပ်ဆောင်ခြင်းဖြစ်သည်။ ဘုရားသခင်နှင့် လုံးဝ မသက်ဆိုင်ပေ။ လူတို့သည် အသင်းတော်မှ ရှင်းလင်းပစ်ခြင်း၊ သို့မဟုတ် နှင်ထုတ်ခြင်းခံရသောအခါ ဤသည်မှာ အသင်းတော်နှင့် ဘုရားသခင် ရွေးချယ်ထားသော သူများအားလုံးကြား ပူးတွဲဆုံးဖြတ်ချက်တစ်ခု ရှိသောအခါ ရှင်းလင်းပစ်မှုနှင့် နှင်ထုတ်မှုသည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များ၊ ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရားစည်းမျဉ်းများနှင့် အလုံးစုံကိုက်ညီသည့်အခါမှသာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ညီသည်။ အယောင်ဆောင် ခေါင်းဆောင်၊ သို့မဟုတ် အန္တိခရစ်တစ်ဦးက နှင်ထုတ်ခြင်းကို ခံရခြင်းသည် သင်က ကယ်တင်မခံရနိုင်ခြင်း ဖြစ်သည်ဟု အဘယ်သို့ အဓိပ္ပာယ် ရနိုင်မည်နည်း။ ဤသည်မှာ စာတန်နှင့် အန္တိခရစ်၏ ညှဉ်းပန်းနှိပ်စက်ခြင်းဖြစ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို သင်ခံရမည်မဟုတ်ဟု မဆိုလိုပေ။ သင်ကယ်တင်ခံရနိုင်ခြင်း ရှိမရှိသည် ဘုရားသခင်အပေါ်တွင် မူတည်သည်။ သင်သည် ဘုရားသခင်၏ ကယ်တင်ခြင်း ခံရနိုင်ခြင်းရှိမရှိကို မည်သည့်လူသားကမျှ ဆုံးဖြတ်ရန် အရည်အချင်းမပြည့်မီပေ။ ဤအရာကို သင် ရှင်းလင်းစွာသိထားရမည်။ အယောင်ဆောင်ခေါင်းဆောင်နှင့် အန္တိခရစ်က သင့်အား နှင်ထုတ်ခြင်းကို ဘုရားသခင်က နှင်ထုတ်ခြင်းအဖြစ် မှတ်ယူခြင်းသည် ဘုရားသခင်ကို အနက်အဓိပ္ပာယ် ကောက်လွဲခြင်း မဟုတ်လော။ ဟုတ်ပေသည်။ ဤသည်မှာ ဘုရားသခင်ကို အနက်အဓိပ္ပာယ်ကောက်လွဲရုံသာ မဟုတ်ဘဲ ဘုရားသခင်အား ပုန်ကန်ခြင်းလည်း ဖြစ်သည်။ ဘုရားသခင်အား ပြစ်မှားစော်ကားခြင်းမျိုးလည်း ဖြစ်သည်။ ဘုရားသခင်အား ဤသို့ အနက်အဓိပ္ပာယ်ကောက်လွဲခြင်းသည် မသိနားမလည်ခြင်း၊ မိုက်မဲခြင်း မဟုတ်သလော။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးက သို့မဟုတ် အန္တိခရစ်တစ်ဦးက သင့်အား ထုတ်ပယ်သည့်အခါ သင်သည် အဘယ်ကြောင့် သမ္မာတရားကို မရှာဖွေသနည်း။ သင်သည် ပိုင်းခြားသိမြင်မှုတစ်ခုခု ရရှိရန်အတွက် သမ္မာတရားအား နားလည်သူတစ်ယောက်ယောက်ကို အဘယ်ကြောင့် မရှာဖွေသနည်း။ သင်သည် ဤအရာကို အထက်သို့ အဘယ်ကြောင့် မတိုင်ကြားသနည်း။ ဤအရာက သင်သည် ဘုရားသခင်၏အိမ်တော်၌ သမ္မာတရားက အထွတ်အထိပ်အုပ်စိုးသည်ကို မယုံကြည်ကြောင်း သက်သေပြနေသည်၊ ယင်းက သင်သည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း မရှိကြောင်း၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတစ်ဦး မဟုတ်ကြောင်း သက်သေပြနေသည်။ သင်သည် ဘုရားသခင်၏ အနန္တတန်ခိုးရှိခြင်းကို ယုံကြည်ပါက အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏၊ သို့မဟုတ် အန္တိခရစ်တစ်ဦး၏လက်တုံ့ပြန်ခြင်းကို အဘယ်ကြောင့် ကြောက်ရွံ့သနည်း။ ၎င်းတို့သည် သင်၏ကံကြမ္မာကို သတ်မှတ်နိုင်သလော။ သင်သည် ချင့်ချိန်နိုင်စွမ်းရှိပြီး ၎င်းတို့၏လုပ်ရပ်များကသမ္မာတရားနှင့် မကိုက်ညီသည်ကို သတိပြုမိနိုင်စွမ်းရှိပါက သမ္မာတရားကို နားလည်သည့် ဘုရားသခင် ရွေးချယ်ထားသောသူများနှင့် အဘယ်ကြောင့် မိတ်သဟာယမပြုသနည်း။ သင့်၌ နှုတ်ရှိသည်၊ သို့ဆိုလျှင် အဘယ့်ကြောင့် ထုတ်မပြောရဲရသနည်း။ အယောင်ဆောင်ခေါင်းဆောင်ကို၊ သို့မဟုတ် အန္တိခရစ်ကို အဘယ်ကြောင့် သင်အလွန် ကြောက်ရွံ့ရသနည်း။ ဤအရာက သင်သည် သူရဲဘောနည်းကာ အသုံးမကျသူတစ်ဦး၊ စာတန်၏ လက်ပါးစေတစ်ဦးဖြစ်ကြောင်း သက်သေပြပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၃- သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ဖယ်ကြဉ်ပြီး တိုက်ခိုက်ကြသည်) လူစီယာ့ကို တိုင်ဖို့ ကျွန်မ ထပ်ခါတလဲလဲ တွန့်ဆုတ်နေတာ၊ စိုးရိမ်ပူပန်မှုတွေ များနေတာတွေဟာ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေအပေါ်ထားတဲ့ ကျွန်မရဲ့ သဘောထားနဲ့ အမြင် မှားယွင်းနေတာကြောင့် ဖြစ်မှန်း ဒီကာလတစ်လျှောက်လုံး ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို သဘောပေါက်စေခဲ့တယ်။ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို ကျွန်မ အထင်ကြီးလေးစားလွန်းတယ်၊ သူတို့မှာ ရာထူးနဲ့ အာဏာရှိတယ်၊ သူတို့ကို စော်ကားမိရင် ပြဿနာတက်ပြီး ကျွန်မ တာဝန်တွေ ဆုံးရှုံးရတာမျိုး၊ အသင်းတော်ကနေ ရှင်းလင်းပစ်တာမျိုး ခံရတာတွေတောင် ဖြစ်နိုင်တယ်လို့ ယုံကြည်ထားခဲ့တာ။ အဲဒီလိုဆိုရင် ကျွန်မ ကယ်တင်ခံရမဲ့ အခွင့်အရေး ဆုံးရှုံးသွားမှာပေါ့။ ဒါကြောင့် လူစီယာ့ပြဿနာတွေကို ရှင်းရှင်းလင်းလင်း မြင်ပြီး တိုင်ချင်တာတောင်မှ အခက်တွေ့မှာ၊ ဖိနှိပ်ခံရမှာ ဒါမှမဟုတ် လက်တုံ့ပြန်ခံရမှာကို ကြောက်လို့ ကျွန်မ အမြဲ နောက်တွန့်ခဲ့ပြီး မတိုင်ရဲခဲ့ဘူး။ ရုသဆီ လူစီယာ့ပြဿနာတွေကို တိုင်တုန်းကတောင် ကျွန်မ သံသယတချို့ ရှိနေတုန်းပဲ၊ ပြီးတော့ မရိုးသားဘဲ ဝေ့လည်ကြောင်ပတ် ပြောခဲ့သေးတယ်၊ လူစီယာ့ပြဿနာတွေကို ကျွန်မ ရှင်းရှင်းလင်းလင်း မမြင်သေးပါဘူး၊ အားလုံးအတူတူ အကဲဖြတ်ကြတာပေါ့ဆိုပြီးတော့လေ။ အထူးသဖြင့် လူစီယာ့ပြဿနာတွေကို ကျွန်မ တိုင်ပြီးတဲ့နောက်မှာ သူက အထုတ်မခံရတဲ့အပြင် ရာထူးတိုးသွားတာ၊ ကျွန်မကိုတောင် နည်းနည်း ပစ်မှတ်ထားတာကို မြင်လိုက်ရတော့ ကျွန်မ ပိုလို့တောင် ကြောက်သွားတယ်။ သူ့ကို ပိုင်းခြားသိမြင်တာ၊ တိုင်ကြားတာတွေ ရပ်လိုက်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ ဒီနည်းနဲ့မှ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဖိနှိပ်မခံရအောင် ကာကွယ်နိုင်ပြီး တာဝန်တွေကို ထိန်းသိမ်းနိုင်မှာလေ။ ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်ချက်ကနေတစ်ဆင့် ကျွန်မ ဘယ်လောက်တောင် မသိနားမလည်ဘဲ မိုက်မဲခဲ့လဲဆိုတာ သဘောပေါက်လိုက်တယ်။ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေရဲ့ ဖြုတ်ချတာ၊ ဖိနှိပ်တာကို ခံရရင် ကယ်တင်ခံရမဲ့ အခွင့်အရေး ဆုံးရှုံးမယ်လို့ ကျွန်မ ယုံကြည်ထားခဲ့တာကိုး။ ဒီအမြင်က လုံးဝ အဓိပ္ပာယ်မရှိပါဘူး။ ဘုရားသခင်ကို ကျွန်မ စစ်မှန်တဲ့ ယုံကြည်ခြင်း မရှိခဲ့ဘူး၊ ဘုရားအိမ်တော်မှာ သမ္မာတရားက အုပ်စိုးတယ်ဆိုတာကို မယုံကြည်ခဲ့ဘူး။ ဘုရားသခင်ကို ယုံကြည်ပေမဲ့ ကျွန်မကံကြမ္မာက သူ့လက်ထဲမှာ ရှိတယ်ဆိုတာကို မယုံကြည်ခဲ့ဘူး၊ အယောင်ဆောင်ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေက ကျွန်မရဲ့ ပန်းတိုင်ကို ဆုံးဖြတ်နိုင်တယ်လို့တောင် ထင်ခဲ့တာ။ အယောင်ဆောင်ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေကို ဘုရားသခင်ထက်တောင် ပိုကြီးမြတ်တယ်လို့ ကျွန်မ သဘောထားခဲ့တယ်။ ဒါက တကယ်ကို ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်းပါပဲ။

နောက်ပိုင်းမှာ လူစီယာ့အကြောင်းကို ဂျက်စပါနဲ့ ကျွန်မ ပြောဖြစ်တယ်၊ ဒီအခြေအနေက ကျွန်မတို့ရဲ့ အားနည်းချက်တွေကို ဖြည့်ဆည်းပေးဖို့ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုဖြစ်တယ်၊ ဒါ့အပြင် ဘုရားသခင်ရဲ့ ရည်ရွယ်ချက် ပါဝင်တယ်လို့ ကျွန်မတို့နှစ်ယောက်လုံး ခံစားရတယ်။ ဂျက်စပါက ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မနဲ့ ဝေမျှခဲ့တယ်။ “ဆိုးယုတ်သောလူများနှင့် မယုံကြည်သူမျိုးစုံတို့သည် ထွက်ပေါ်လာပြီး နတ်ဆိုးများနှင့် စာတန်များအဖြစ် အခန်းကဏ္ဍအမျိုးမျိုးကို ပါဝင်လုပ်ဆောင်ကြသည့်အပြင် အလုပ်အစီအစဉ်များအား ဆန့်ကျင်ကာ အလုံးစုံကွဲပြားသောအရာတစ်ခုကို လုပ်ဆောင်ကြသောအခါ၊ ဘုရားအိမ်တော်ကို လိမ်ညာပြီး လှည့်စားသောအခါ၊ ၎င်းတို့သည် ဘုရားအမှုတော်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ကာ ဘုရားသခင်၏ အမည်နာမကို အရှက်ရစေသည့်အရာများကို လုပ်ဆောင်၍ ဘုရားအိမ်တော်၊ အသင်းတော်တို့ကို နာမည်ဖျက်သောအခါ သင်သည် ဤအရာကို မြင်သည့်အချိန်၌ စိတ်ဆိုးရုံမှလွဲ၍ မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ သို့တိုင် တရားမျှတမှုကို ထိန်းသိမ်းရန်၊ ဆိုးယုတ်သော လူများကို ဖော်ထုတ်ရန်၊ အသင်းတော်၏ အလုပ်ကို ထိန်းသိမ်းရန်၊ ဆိုးယုတ်သော လူများကို ကိုင်တွယ်ပြီး ဖြေရှင်းရန်နှင့် အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ပြီး ဘုရားအိမ်တော်၊ အသင်းတော်တို့ကို နာမည်ဖျက်ခြင်းမှ ၎င်းတို့အား တားဆီးရန် သင် မရပ်တည်ခဲ့ပေ။ ဤအရာများကို မလုပ်ဆောင်ခြင်းအားဖြင့် သင်သည် သက်သေခံရန် ပျက်ကွက်ခဲ့သည်။ လူအချို့က ‘ကျွန်ုပ်သည် ဤအရာများကို မလုပ်ဆောင်ရဲပါ။ လူများစွာကို ကျွန်ုပ် ကိုင်တွယ်လျှင် ၎င်းတို့အား ကျွန်ုပ်စိတ်ဆိုးအောင်လုပ်မိမည်ကို စိုးရွံ့သည်။ ၎င်းတို့က ကျွန်ုပ်ကို ဒဏ်ခတ်ပြီး ရာထူးမှ ထုတ်ပယ်ရန်အတွက် ဝိုင်းဖွဲ့လုပ်ဆောင်လျှင် မည်သည့်အရာကို ကျွန်ုပ် လုပ်ဆောင်ရမည်နည်း’ ဟု ဆိုသည်။ ငါ့ကို ပြောလော့။ ၎င်းတို့သည် ကြောက်ရွံ့ပြီး တွန့်ဆုတ်သလော။ ၎င်းတို့သည် သမ္မာတရားမရှိသလော။ လူတို့ကို ခွဲခြားမသိမြင်နိုင်သလော၊ သို့မဟုတ် စာတန်၏ အဖျက်အမှောင့်လုပ်ခြင်းကို မသိမြင်နိုင်သလော၊ သို့မဟုတ် ၎င်းတို့သည် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုတွင် သစ္စာမရှိဘဲ မိမိတို့ကိုယ်ကို ကာကွယ်နေခြင်းသာ ဖြစ်သလော။ ဤနေရာတွင် အမှန်တကယ် ပြဿနာမှာ အဘယ်နည်း။ ဤအရာကို သင်စဉ်းစားကြည့်ဖူးသလော။ သင်သည် ပင်ကိုအားဖြင့် တွန့်ဆုတ်ခြင်း၊ အကြမ်းမခံခြင်း၊ သူရဲဘောကြောင်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ရှိသည့်တိုင် ဘုရားသခင်အား နှစ်များစွာ ယုံကြည်ပြီးနောက် သမ္မာတရားအချို့အပေါ် နားလည်မှုကို အခြေခံပြီး သင့်၌ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းဖြစ်လျှင် သင်၏လူ့အားနည်းမှု၊ တွန့်ဆုတ်မှု၊ အကြမ်းမခံမှုအချို့ကို ကျော်လွှားနိုင်မည် ဖြစ်သကဲ့သို့ ဆိုးယုတ်သောလူများအား မကြောက်ရွံ့တော့မည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် သင်တို့သည် ဆိုးယုတ်သောလူများအား ကိုင်တွယ်ပြီး ရင်ဆိုင်နိုင်စွမ်းမရှိခြင်း၏ အရင်းအမြစ်မှာ အဘယ်နည်း။ သင်၏ လူ့သဘာဝက ပင်ကိုအားဖြင့် သူရဲဘောကြောင်ခြင်း၊ တွန့်ဆုတ်ခြင်း၊ ကြောက်တတ်ခြင်း ဖြစ်သလော။ ဤသည်မှာ အကြောင်းရင်း မဟုတ်သကဲ့သို့ ပြဿနာ၏ အနှစ်သာရလည်း မဟုတ်။ ပြဿနာ၏ အနှစ်သာရမှာ လူတို့သည် ဘုရားသခင်အပေါ် သစ္စာမရှိခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကာကွယ်သည်။ ၎င်းတို့ကိုယ်တိုင်ဘေးကင်းလုံခြုံမှု၊ ၎င်းတို့၏ ဂုဏ်၊ အဆင့်အတန်းနှင့် ၎င်းတို့၏ လွတ်မြောက်ရာလမ်းတို့ကို ကာကွယ်သည်။ ၎င်းတို့၏ သစ္စာမရှိခြင်းသည် ၎င်းတို့က အစဉ်သဖြင့် မိမိတို့ကိုယ်ကို ကာကွယ်ပြီး တစ်စုံတစ်ခုကို ရင်ဆိုင်ရသောအခါတိုင်းတွင် လိပ်က သူ၏အခွံထဲသို့ ပြန်ဝင်သကဲ့သို့ နောက်ဆုတ်ခြင်း၊ ခေါင်းကို အပြင်သို့ ပြန်မထုတ်မီတွင် ကိစ္စများပြီးသွားသည်အထိ စောင့်ခြင်း၌ ပေါ်လွင်သည်။ ၎င်းတို့သည် မည်သည့်အရာနှင့် ကြုံရသည်ဖြစ်စေ အစဉ်သဖြင့် သတိထားနေကြသည်။ စိတ်သောက၊ စိုးရိမ်မှုနှင့် ပူပန်မှုများစွာရှိသည်။ အသင်းတော်၏အလုပ်ကို ရပ်တည်ပြီး မခုခံနိုင်ပေ။ ဤတွင် ပြဿနာသည် အဘယ်နည်း။ ယုံကြည်ခြင်း ကင်းမဲ့မှုမဟုတ်သလော။ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းမရှိ။ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ရှိသည်ဟု သင် မယုံကြည်။ ပြီးလျှင် သင်၏အသက်၊ သင်၏အရာရာတိုင်းသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်ကို သင်မယုံကြည်ပေ။ ‘ဘုရားသခင်၏ ခွင့်ပြုချက်မရှိဘဲ စာတန်သည် သင့်ကိုယ်ခန္ဓာပေါ်မှ အမွေးတစ်မျှင်ကိုပင် မထိရဲပေ’ ဟု ဘုရားသခင် ပြောသည့်အရာကို သင်မယုံကြည်ပေ။ သင်သည် ကိုယ့်မျက်စိကိုယ် အားကိုးပြီး အချက်အလက်များကို အကဲဖြတ်သည်။ သင်သည် သင်၏ ကိုယ်ပိုင်တွက်ချက်မှုများအပေါ် အခြေခံပြီး အကဲဖြတ်ကာ အစဉ်သဖြင့် သင့်ကိုယ်သင် ကာကွယ်နေသည်။ လူတစ်ယောက်၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ဟု သင် မယုံကြည်ပေ။ သင်သည် စာတန်ကို ကြောက်သည်။ ဆိုးယုတ်သော အင်အားစုများနှင့် ဆိုးယုတ်သောလူများကို ကြောက်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်မှုကင်းမဲ့ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အဘယ်ကြောင့် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းမရှိသနည်း။ လူတို့၏ အတွေ့အကြုံများသည် အလွန်ပေါ့တန်ပြီး ဤအရာများကို ၎င်းတို့ မသိမြင်နိုင်သောကြောင့်ဖြစ်သလော၊ သို့မဟုတ် သမ္မာတရားကို အလွန်နည်းပါးစွာ နားလည်သောကြောင့် ဖြစ်သလော။ အကြောင်းရင်းမှာ အဘယ်နည်း။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် တစ်ခုခု သက်ဆိုင်သလော။ လူတို့သည် အလွန်ဉာဏ်များသောကြောင့်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် အမှုအရာမည်မျှကို ကြုံတွေ့ရသည်ဖြစ်စေ၊ ၎င်းတို့ရှေ့တွင် အချက်အလက်မည်မျှကို ထားရှိသည်ဖြစ်စေ၊ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်မှုဖြစ်သည်ကိုလည်းကောင်း၊ လူတစ်ယောက်၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်ကိုလည်းကောင်း မယုံကြည်ပေ။ ဤသည်မှာ တစ်ချက်ဖြစ်သည်။ အခြားသော ကြီးမားသည့် ပြဿနာမှာ လူတို့သည် မိမိတို့ကိုယ်ကို အလွန်ဂရုစိုက်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အတွက်လည်းကောင်း၊ ဘုရားအမှုတော်အတွက်လည်းကောင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများအတွက်လည်းကောင်း၊ ဘုရားသခင်၏ အမည်နာမအတွက်လည်းကောင်း၊ ဘုရားသခင်၏ ဘုန်းတော်အတွက်လည်းကောင်း မည်သည့်အဖိုးအခမျှ ပေးဆပ်လိုစိတ် မရှိ၊ သို့မဟုတ် အနစ်နာခံလိုစိတ် မရှိပေ။ ၎င်းတို့သည် အန္တရာယ်အနည်းဆုံးသော အရာတစ်ခုမျှကိုပင် လုပ်ဆောင်လိုစိတ်မရှိ။ လူတို့သည် မိမိတို့ကိုယ်ကို ဂရုစိုက်လွန်းသည်။ လူတို့သည် သေခြင်းတရား၊ အရှက်ရခြင်း၊ ဆိုးယုတ်သောလူများ၏ ပိတ်ဆို့ခံရခြင်း၊ မည်သည့်အကျပ်အတည်းမျိုးမဆိုသို့ ကျရောက်ခြင်းတို့ကို ကြောက်သောကြောင့် ၎င်းတို့သည် မည်သည့်အန္တရာယ်ရှိသော အခြေအနေသို့မဆို မဝင်ရောက်စေရန် ကြိုးပမ်းလျက် ၎င်းတို့၏ ကိုယ်ပိုင်အသွေးအသားကို ထိန်းသိမ်းဖို့ အစွမ်းကုန် လုပ်ဆောင်ကြသည်။...မည်သည့်အခြေအနေ၊ သို့မဟုတ် အမှုကိစ္စများကို သင်ရင်ဆိုင်ရသည်ဖြစ်စေ ယင်းတို့ကို ဤနည်းလမ်း၊ နည်းဗျူဟာနှင့် မဟာဗျူဟာများအား အသုံးပြုပြီး သင်ချဉ်းကပ်သည်။ ပြီးလျှင် သင်သည် ဘုရားသခင်အပေါ် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ မရပ်တည်နိုင်ပေ။ အခြေအနေက မည်သို့ဖြစ်စေ သင်သည် အရည်အချင်းပြည့်မီသော ခေါင်းဆောင်၊ အမှုဆောင် မဖြစ်နိုင်၊ ဘဏ္ဍာစိုးတစ်ယောက်၏ အရည်အသွေး၊ သို့မဟုတ် လုပ်ဆောင်မှုများကို မပြသနိုင်သကဲ့သို့ အလုံးစုံ သစ္စာရှိမှုကို မပြသနိုင်ပေ။ ဤသို့အားဖြင့် သင်၏ သက်သေခံချက်ကို ဆုံးရှုံးရသည်။ အမှုကိစ္စမည်မျှကို သင်ရင်ဆိုင်ရသည်ဖြစ်စေ သစ္စာရှိခြင်းနှင့် သင်၏တာဝန်ကို လိုက်နာဆောင်ရွက်ရန်အတွက် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းကို အားကိုးရန် မတတ်နိုင်ပေ။ အကျိုးဆက်အနေဖြင့် နောက်ဆုံးရလဒ်မှာ မည်သည့်အရာကိုမျှ သင်မရခြင်း ဖြစ်သည်။ သင့်အတွက် ဘုရားသခင်က စီစဉ်ညွှန်ကြားခဲ့သော အခြေအနေတိုင်းတွင်၊ စာတန်ကို သင်ဆန့်ကျင်တိုက်ခိုက်သောအခါတွင် သင်၏ ရွေးချယ်မှုမှာ အစဉ်သဖြင့် နောက်ဆုတ်ရန်နှင့် ရုန်းထွက်လွတ်မြောက်ရန် ဖြစ်သည်။ ဘုရားသခင်က သင့်အတွက် တွေ့ကြုံရန် ညွှန်ပြသည့်၊ သို့မဟုတ် ပြင်ဆင်သည့် လမ်းကြောင်းနောက်သို့ သင်မလိုက်ပေ။ ထို့ကြောင့် ဤတိုက်ပွဲအလယ်တွင် သင်သည် သင်ရရှိသင့်သည့် သမ္မာတရား၊ နားလည်မှုနှင့် အတွေ့အကြုံများကို လက်လွတ်ဆုံးရှုံးရသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မရဲ့ စိတ်နှလုံးကို တကယ် တို့ထိစေခဲ့တယ်။ ဘုရားသခင် ဖော်ထုတ်လိုက်တာက ကျွန်မရဲ့ အခြေအနေအတိုင်းပါပဲ။ အထူးသဖြင့် ဆိုးယုတ်တဲ့လူတွေ မကောင်းမှုလုပ်တာကို မြင်ရတဲ့အခါ ကျွန်မတို့က သူတို့ကို မဖော်ထုတ်ရဲဘဲ အသင်းတော်အလုပ်ကို ကာကွယ်ဖို့ ပျက်ကွက်တာကို ဘုရားသခင်က ဖော်ထုတ်ခဲ့တယ်။ ဒါက အားနည်းတာ၊ ကြောက်ရွံ့တာ သက်သက်မဟုတ်ပါဘူး။ ပြဿနာရဲ့ အနှစ်သာရက ဘုရားသခင်အပေါ် သစ္စာမစောင့်သိတာပါ။ ဒါကြောင့် ကျွန်မတို့က ကိုယ့်အနာဂတ်နဲ့ လုံခြုံရေးကို ထည့်တွက်ပြီး ကိုယ့်ကိုယ်ကိုယ်ပဲ အမြဲကာကွယ်နေကြတာပေါ့။ ဒါ့အပြင် အဲဒီလိုလူတွေမှာ ဘုရားသခင်အပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်း မရှိဘူး၊ ဘုရားသခင်ရဲ့ အနန္တတန်ခိုးနဲ့ အချုပ်အခြာအာဏာကို မယုံကြည်ဘူးဆိုတာကိုလည်း ဘုရားသခင်က ဖော်ထုတ်ခဲ့တယ်။ သူတို့က သူတို့မြင်ရတဲ့အရာနဲ့ ကိုယ်ပိုင်တွက်ချက်မှုတွေအပေါ်မှာပဲ အခြေခံပြီး ကိစ္စတွေကို ဆုံးဖြတ်ကြတယ်။ မကောင်းတဲ့ အင်အားစုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဘုရားသခင်က သူတို့ကို မကာကွယ်ပေးနိုင်လောက်ဘူး၊ ဘုရားသခင်က ကိုယ့်လောက် စိတ်မချရဘူးလို့ ထင်ပြီး ထွက်ပြေးပုန်းရှောင်ကြတယ်၊ ဒါကြောင့် ဘုရားသခင်ဆီမှာ ကိုယ့်ကိုယ်ကိုယ် အပ်နှံဖို့ သတ္တိမရှိကြဘူး။ လူတွေရဲ့ စိတ်နှလုံးက တွက်ချက်မှုတွေ၊ လှည့်ဖြားမှုတွေနဲ့ ပြည့်နှက်နေလိုက်တာ။ နောက်တစ်ချက်က လူတွေဟာ ကိုယ့်ကိုယ်ကိုယ် အရမ်းဂရုစိုက်ကြတယ်၊ အသင်းတော်အလုပ်ကို ကာကွယ်ဖို့ ဘာအဖိုးအခမှ မပေးချင်ကြဘူး၊ ဘာပေးဆပ်မှုမှ မလုပ်ချင်ကြဘူး။ အဲဒီလိုလူတွေက လုံးဝကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းပါတယ်။ ဒါက ကျွန်မဆီမှာရှိတဲ့ သေနိုင်လောက်တဲ့ အားနည်းချက်ပါပဲ။ ကျွန်မတို့ကို ကယ်တင်ရအောင် ဘုရားသခင်က မြေကြီးပေါ်မှာ အလုပ်လုပ်ဖို့ လူ့ဇာတိနှစ်ကြိမ် ခံယူခဲ့တယ်၊ ကြီးမားတဲ့ အရှက်ခွဲခံရမှုတွေကို လိုလိုလားလား သည်းခံပြီး အလွန်တရာ ကြိုးပမ်းအားထုတ်ခဲ့တယ်၊ အရာအားလုံး ပေးဆပ်ခဲ့တယ်ဆိုတာကို ကျွန်မ ဆင်ခြင်တွေးတောမိတယ်။ အရှက်ခွဲခံရတာ၊ အသရေဖျက်ခံရတာ၊ ညှဉ်းပန်းနှိပ်စက်ခံရတာနဲ့ ဆင်းရဲဒုက္ခတွေကြောင့် လူသားမျိုးနွယ်ကို ကယ်တင်တဲ့ သူ့အလုပ်ကို ဘုရားသခင် ဘယ်တော့မှ နောက်မဆုတ်ခဲ့ဘူး၊ မရပ်တန့်ခဲ့ဘူး။ ဘုရားသခင်က တစ်စက်မှ မညည်းညူဘဲ အမြဲတမ်း တိတ်တဆိတ် ပေးဆပ်ခဲ့ပါတယ်။ ဘုရားသခင်က ဒီအရာအားလုံးကို သူ့အတွက် လုပ်ခဲ့တာ မဟုတ်ဘူး၊ လူဆီကနေ တစ်စုံတစ်ရာ ရဖို့လည်း မဟုတ်ဘူး၊ စာတန်ရဲ့ အကြီးအကျယ် ဖောက်ပြန်ပျက်စီးစေခြင်းခံထားရတဲ့ ကျွန်မတို့လူသားတွေကို ကယ်တင်ဖို့အတွက်ပဲ လုပ်ခဲ့တာပါ။ ဘုရားသခင်ရဲ့ အနှစ်သာရက အရမ်းလှပပြီး အတ္တကင်းမဲ့လိုက်တာ။ ကျွန်မ ယုံကြည်လာတဲ့ နှစ်တွေတစ်လျှောက် ဘုရားသခင်က သူ့နှုတ်ကပတ်တော်တွေနဲ့ ကျွန်မကို ဘယ်လို ဆက်တိုက် ရေလောင်းပြီး ထောက်ပံ့ပေးခဲ့ပုံ၊ လူ၊ ဖြစ်ရပ်နဲ့ အမှုအရာတွေ၊ အခြေအနေ အများကြီးကို ကျွန်မ တွေ့ကြုံရအောင် ဘယ်လို စီစဉ်ပေးခဲ့ပုံတွေကို ကျွန်မ သတိရလိုက်တယ်။ သမ္မာတရားကို နားလည်ဖို့၊ လက်တွေ့ကျမှုထဲ ဝင်ရောက်ဖို့နဲ့ သမ္မာတရား စည်းမျဉ်းတွေအတိုင်း ကျင့်ကြံပြုမူပြီး လုပ်ဆောင်တတ်လာအောင် လမ်းပြပြီး ဦးဆောင်ဖို့ အခု အယောင်ဆောင်ခေါင်းဆောင်တွေနဲ့ ဆိုးယုတ်တဲ့လူတွေက အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နေချိန်မှာ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ ကျွန်မ ရှေ့ထွက်လာရမဲ့ အချိန်အတိအကျပါပဲ။ ဒါတောင်မှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ကျွန်မက အတွေးတွေကို ဘုရားသခင်ဆီကနေ ဖုံးကွယ်ခဲ့တယ်၊ သူ့ကို လှည့်ဖြားခဲ့တယ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ကိုယ့်အကျိုးစီးပွားတွေကို မစွန့်လွှတ်ချင်ခဲ့ဘူး။ ကျွန်မက တကယ်ကို အရမ်းလှည့်ဖြားတတ်တယ်၊ အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့လိုက်တာ။ ကျွန်မ ဘုရားသခင်ဆီ တိတ်တဆိတ် ဆုတောင်းပြီး အခုကစလို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်တဲ့၊ အသင်းတော်အလုပ်ကို ကာကွယ်ပေးနိုင်တဲ့ တရားမျှတစိတ်ရှိသူ ဖြစ်လာဖို့ လိုက်စားမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။

နောက်ရက်နည်းနည်းကြာတော့ အသင်းတော်က လူစီယာကို ကြီးကြပ်ရေးမှူးနေရာကနေ ဖြုတ်ချလိုက်တယ်၊ ဒါပေမဲ့ ရေလောင်းရေး သင်းထောက် ရာထူးကိုတော့ ဆက်ထားပေးတယ်။ စုဝေးပွဲအတွင်းမှာ လူစီယာက ကိုယ့်ကိုယ်ကိုယ် သိနားလည်မှု သိပ်မရှိတာကို ကျွန်မ တွေ့လိုက်ရတယ်။ သူ ဖြုတ်ချခံရတာက လုပ်ငန်းအတွေ့အကြုံ မရှိလို့ပါဆိုတာကိုပဲ သူက ဇွတ်ပြောနေတယ်။ သူ့ရဲ့ အရင်အပြုအမူတွေကို ကျွန်မ တွေးကြည့်ပြီး သူက ရေလောင်းရေး သင်းထောက်ဖြစ်ဖို့ မသင့်တော်တော့ဘူး၊ လက်ရှိ စီစဉ်ထားတာက မသင့်လျော်ဘူးလို့ ခံစားလိုက်ရတယ်။ ဒီတစ်ခါတော့ အရင်တစ်ခေါက်ကလို ကိုယ့်ကိုယ်ကိုယ် ကျွန်မ မကာကွယ်ချင်တော့ဘူး။ လူစီယာ့ပြဿနာတွေကို တိုင်ကြားဖို့ ရှေ့ထွက်လာမယ်လို့ ကျွန်မ ဆုံးဖြတ်ချက်ချလိုက်တယ်။ ဒါနဲ့ လူစီယာ့အကြောင်း အရင်က ကျွန်မကို မေးခဲ့တဲ့ ညီအစ်ကိုနှစ်ယောက်ဆီသွားပြီး သူ့အခြေအနေကို တိုင်ကြားလိုက်တယ်။ ဒီတစ်ခါ တိုင်စာထဲမှာ ကျွန်မအမြင်ကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့တယ်။ လူစီယာဟာ အန္တိခရစ်လမ်းကြောင်းကို လိုက်နေတယ်၊ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်ဖြစ်ဖို့ မသင့်တော်ဘူး၊ ဒါကြောင့် သူ့ကို ဖြုတ်ချသင့်တယ်လို့ ကျွန်မ ယုံကြည်တယ်။ တစ်ချိန်တည်းမှာပဲ ခေါင်းဆောင်ရုသက လူစီယာကို တမင်သက်သက် ဘယ်လိုဖုံးကွယ်ပေးပြီး ကာကွယ်ပေးခဲ့တယ်ဆိုတာကိုလည်း ကျွန်မ တိုင်ကြားလိုက်တယ်။ ဒီလို လက်တွေ့လုပ်ဆောင်ပြီးနောက်မှာ ကျွန်မ စိတ်ထဲမှာ ငြိမ်းချမ်းပြီး စိတ်ချလက်ချရှိသလို ခံစားရတယ်။ နောက်ပိုင်းမှာ လူစီယာက သူ့တာဝန်တွေမှာ မဆင်မခြင်လုပ်တတ်တဲ့၊ လူတွေကို အပေါ်စီးကနေ မကြာခဏ ဆူပူကြိမ်းမောင်းတဲ့၊ သမ္မာတရားကို လက်ခံတာကို လုံးဝ မပြတဲ့၊ ပြီးတော့ သူ့ကိုတိုင်တဲ့သူတွေကိုတောင် ဗြောင်ကျကျ ဖိနှိပ်တဲ့ သူ့ရဲ့ တစ်သမတ်တည်း အပြုအမူအရ သူဟာ အနှစ်သာရမှာ ဆိုးယုတ်တဲ့လူတစ်ယောက် ဖြစ်တဲ့အတွက် နောက်ဆုံးမှာ သီးခြားဖယ်ထားတာကို ခံလိုက်ရတယ်။ ရုသလည်း လက်တွေ့ကျတဲ့ အလုပ်ကို မလုပ်တာ၊ ဆိုးယုတ်တဲ့လူတစ်ယောက်ကို ကာကွယ်ပေးတာတို့ကြောင့် ဖြုတ်ချခံလိုက်ရတယ်။

ပြန်ကြည့်လိုက်ရင် ဒီအဖြစ်အပျက်တွေကြားမှာ ကျွန်မ အများကြီး ဖြတ်သန်းခဲ့ရတယ်၊ အများကြီး ထုတ်ဖော်ခံခဲ့ရတယ်ဆိုတာ တွေ့ရတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းရဲ့ ခါးသီးတဲ့ အကျိုးဆက်ကို ကျွန်မ မြည်းစမ်းခဲ့ရတယ်၊ ဒါက ကျွန်မအတွက် သင်ခန်းစာကြီးတစ်ခုပါပဲ။ တစ်ချိန်တည်းမှာပဲ ဘုရားသခင်ရဲ့ သန့်ရှင်းပြီး ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ကျွန်မ တကယ် တွေ့ကြုံခံစားခဲ့ရတယ်၊ ဘုရားသခင်က ရိုးသားတဲ့လူတွေကို နှစ်သက်ပြီး လှည့်ဖြားတတ်တဲ့လူတွေကို ရွံမုန်းတယ်ဆိုတာ၊ လူတစ်ယောက်စီရဲ့ လုပ်ရပ်တွေနဲ့ သူတို့ရွေးချယ်တဲ့ လမ်းကြောင်းအပေါ် မူတည်ပြီး သူတို့ရဲ့ အဆုံးသတ်ကို ဘုရားသခင်က ဆုံးဖြတ်မယ်ဆိုတာကို ကျွန်မ တကယ် မြင်တွေ့ခဲ့ရတယ်။ ဒီအကျိုးကျေးဇူးတွေကို ရရှိခွင့်ပေးတဲ့အတွက် ဘုရားသခင်ကို ကျွန်မ ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင် အလွန် ဖြောင့်မတ်သည်

ကျန်းလင် ဂျပန်နိုင်ငံ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင်၊ အသင်းတော်အလုပ်ကို ကျွန်တော် ကွပ်ကဲနေချိန်တွင် ခေါင်းဆောင်ယန်ကျူးနှင့် ဆုံခဲ့ရသည်။ သူက...

အခက်အခဲမှတစ်ဆင့် ဖြစ်ပေါ်သည့် အကျိုးအမြတ်များ

ရော်ဘင်ဆန် ဗင်နီဇွဲလားနိုင်ငံ၂၀၁၉ ခုနှစ် အကုန်တွင်၊ အမျိုးတစ်ယောက်က ကျွန်တော့်ကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ ဧဝံဂေလိ...

ကျွန်မ လေးစားအားကျခဲ့တဲ့ ခေါင်းဆောင်တစ်ယောက် ဖြုတ်ချခံရပြီးနောက်

လီလန်၊ တရုတ်ပြည်။လီချန်က အသင်းတော် ခေါင်းဆောင်တစ်ယောက်ပါ၊ သူက လူတွေကို ရှင်းလင်းပစ်တဲ့၊ နှင်ထုတ်တဲ့အလုပ်ကို အဓိကတာဝန်ယူရပြီး...

ထုတ်ဖော်ခံရခြင်းနှင့် ဖယ်ရှားရှင်းလင်းခံရခြင်းများစွာကို မျက်မြင်ကြုံတွေ့ပြီးနောက်တွင်

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီမှာ၊ ယုဒတစ်ယောက်ရဲ့ သစ္စာဖောက်မှုကြောင့်၊ ကျွန်မရဲ့ ဘုရားကို ယုံကြည်ခြင်းနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ အိမ်ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။