ဖိနှိပ်မှုနှင့် ဆင်းရဲဒုက္ခများက ကျွန်မကို ထုတ်ဖော်ခဲ့ပါတယ်

06.06.2026

ချင်းယို၊ တရုတ်ပြည်

အသင်းတော်တချို့ရဲ့ သန့်စင်ခြင်းအလုပ်ကို ကျွန်မ တာဝန်ယူထားရတယ်။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လရဲ့ နေ့တစ်နေ့မှာ ရန်ရှင်းဆီကနေ ကိစ္စတချို့ သိရဖို့အတွက် သူ့အိမ်ကို ကျွန်မ သွားခဲ့တယ်။ တံခါးလာဖွင့်ပေးတာက သူ့အမျိုးသားပါ။ သူက ကျွန်မကို ကြောက်ကြောက်လန့်လန့်နဲ့ တိုးတိုးလေး မေးတယ်။ “ဘယ်သူ့ကို ရှာတာလဲ” တဲ့။ ကျွန်မလည်း ဉာဏ်ဆင်ပြီး “အစ်မကို လာရှာတာပါ” လို့ ဖြေလိုက်တာပေါ့။ သူက “အပြင်သွားတယ်” လို့ ချက်ချင်းပြန်ပြောတယ်။ ပြောပြီးတော့ သူက တံခါးပိတ်လိုက်တယ်။ သူ တံခါးပိတ်လိုက်တဲ့အချိန်မှာပဲ ဧည့်ခန်းထဲမှာ အသက် ၃၀၊ ၄၀ အရွယ် လူနှစ်ယောက် ထိုင်နေတာကို တံခါးကြားကနေ ကျွန်မ လှမ်းမြင်လိုက်ရတယ်။ သူတို့နှစ်ယောက်လုံးက ကျွန်မကို ပြိုင်တူ လှမ်းကြည့်နေကြတာ။ ကျွန်မ လန့်သွားတယ်။ “ဟိုလူနှစ်ယောက် ကြည့်တဲ့အကြည့်က သာမန်လူတွေနဲ့ မတူဘူး။ ရန်လိုတဲ့အကြည့်နဲ့ ငါ့ကို အကဲခတ်နေကြတာ။ ရဲတွေများလား” ပေါ့။ ကြောက်စိတ်တွေ ဒုန်းခနဲ စောင့်တက်လာပြီး ကျွန်မလည်း အမြန်ထွက်လာခဲ့တယ်။

ဧည့်ခံအိမ်ကို ပြန်ရောက်တော့ ညီအစ်မတစ်ယောက် ပြာပြာသလဲ ရောက်လာပြီး အသင်းတော်ခေါင်းဆောင်နှစ်ယောက် အဖမ်းခံလိုက်ရတယ်လို့ သူ အခုလေးတင် ကြားခဲ့ကြောင်း ပြောတယ်။ ကျွန်မ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားတယ်။ “ဒုက္ခပါပဲ။ ရန်ရှင်းလည်း အဖမ်းခံလိုက်ရပြီ ထင်တယ်။ သူ့အိမ်မှာ စောစောက ငါတွေ့ခဲ့တဲ့ သူစိမ်းနှစ်ယောက်က စောင့်ကြည့်နေတဲ့ ရဲတွေ ဖြစ်ဖို့များတယ်” ပေါ့။ ကျွန်မ စိတ်ထဲမှာ တော်တော် ထိတ်လန့်သွားတယ်။ အဲဒီနောက် ချက်ချင်းဆိုသလိုပဲ မနက် နှစ်နာရီ၊ သုံးနာရီလောက်မှာ ညီအစ်ကိုမောင်နှမ တချို့လည်း အဖမ်းခံလိုက်ရတယ်လို့ ကျွန်မ သိလိုက်ရတယ်။ ညီအစ်ကိုမောင်နှမတွေ အများကြီး တစ်ပြိုင်နက် အဖမ်းခံလိုက်ရတော့ ကျွန်မ ရင်တွေ တဒိတ်ဒိတ်ခုန်ပြီး ကြောက်လာတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ရဲတွေက လူတွေမှတ်မိအောင် ကျွန်မဓာတ်ပုံကို ကိုင်ပြီး လိုက်မေးခဲ့ဖူးတာကို ကျွန်မ တွေးမိတယ်။ အဖမ်းခံရတဲ့ ညီအစ်ကိုမောင်နှမတွေကလည်း ကျွန်မ အခုနေနေတဲ့အိမ်ကို သိကြတယ်။ ကျွန်မ ဒီမှာ ဆက်နေရင် အချိန်မရွေး အဖမ်းခံရနိုင်တယ်ဆိုတော့ ကျွန်မ ပစ္စည်းတွေကို ယူပြီး ထွက်ဖို့ ပြင်ဆင်လိုက်တယ်။ အဲဒီအချိန်မှာပဲ ညီအစ်မတစ်ယောက် အလောတကြီး ရောက်လာပြီး အသင်းတော်က ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေ၊ ဧဝံဂေလိအလုပ်နဲ့ ရေလောင်းခြင်းအလုပ်က ကြီးကြပ်ရေးမှူးတွေ အကုန်လုံး အဖမ်းခံလိုက်ရပြီလို့ လာပြောတယ်။ ဒီအိမ်ကနေ မြန်မြန်ထွက်သွားဖို့ သူက ကျွန်မကို ပြောတယ်။ အဲဒါကြားတော့ ကျွန်မ လန့်ပြီး ကြောင်အမ်းအမ်း ဖြစ်သွားတာပေါ့။ “လူတွေ အများကြီး အဖမ်းခံလိုက်ရတော့ နောက်ဆက်တွဲအလုပ်တွေကို ဘယ်သူလုပ်မလဲ။ ညီအစ်ကိုမောင်နှမတွေ ရှောင်တိမ်းလို့ရအောင် သူတို့ကို သွားသတိပေးဖို့တစ်ယောက်ယောက်ကို ငါ အမြန်ရှာမှ ဖြစ်မယ်” ပေါ့။ ဒါပေမဲ့ နောက်ထပ်အတွေးတစ်ခု ဝင်လာတယ်။ “အဖမ်းခံရတဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ ငါက အနီးကပ် အဆက်အသွယ်ရှိတယ်၊ ပြီးတော့ ရဲတွေဆီမှာ ငါ့ဓာတ်ပုံ ရှိတယ်။ ရဲတွေသာ ငါ့ကို ဖမ်းမိရင် သေအောင် မရိုက်ရင်တောင် ဒုက္ခိတဖြစ်တဲ့အထိ ရိုက်မှာ။ ငါ အမြန် ပုန်းရှောင်မှ ဖြစ်မယ်” ပေါ့။ ဒါနဲ့ ကျွန်မလည်း ဆွေမျိုးတစ်ယောက်အိမ်ကို သွားခဲ့တယ်။ လောလောဆယ်တော့ ဘေးကင်းသွားပေမဲ့ ကျွန်မစိတ်ထဲမှာ အမြဲတမ်း စိတ်မအေးဖြစ်နေတယ်။ “အသင်းတော်အခြေအနေ ဘယ်လိုနေလဲ။ တခြားဘယ်သူတွေ အဖမ်းခံရသေးလဲ။ ဒီတစ်ခါ အဖမ်းခံရတာတွေအကုန်လုံးက ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေဆိုတော့ နောက်ဆက်တွဲအလုပ်တွေကို ဘယ်သူလုပ်နေလဲ။ ငါကလည်း အသင်းတော်အဖွဲ့ဝင်တစ်ယောက်ပဲလေ၊ တကယ်ဒီအတိုင်းကြီး ပုန်းနေလိုက်တော့မှာလား” ပေါ့။ ကျွန်မ ရင်ထဲမှာ တော်တော်လေး ဂယောက်ဂယက် ဖြစ်နေတယ်။

နောက်တစ်နေ့မှာ အထက်ခေါင်းဆောင်တွေက ကျွန်မကို နောက်ဆက်တွဲအလုပ်တွေကို ကိုင်တွယ်ဖို့ ပြောတဲ့ စာတစ်စောင် ကျွန်မ ရခဲ့တယ်။ အဲဒီတုန်းက ကျွန်မ စိတ်ထဲမှာ နည်းနည်း ကြောက်သွားတယ်။ “ညီအစ်ကိုမောင်နှမတွေ အများကြီး အဖမ်းခံထားရတာ။ ဒါက တကယ့် မုန်တိုင်းအလယ်ကို ရောက်နေတာပဲ။ ဒီအချိန်မှာ နောက်ဆက်တွဲအလုပ်ကို ကိုင်တွယ်တာက ရှေ့တန်းတက်သလိုဖြစ်မနေဘူးလား။ ဒါ့အပြင် ရဲတွေဆီမှာ ငါ့ဓာတ်ပုံက ရှိနေတာ။ သူတို့သာ ငါ့ကို ချိန်လိုက်ပြီဆိုတာနဲ့ ငါ ဘယ်လိုလုပ် လွတ်မြောက်နိုင်မှာလဲ။ ငါ့ကျန်းမာရေးကလည်း ကောင်းတာ မဟုတ်ဘူး။ အဖမ်းခံရရင် နတ်ဆိုးတွေရဲ့ နှိပ်စက်မှုကို ငါ ဘယ်လိုခံနိုင်မှာလဲ၊ ရိုက်သတ်တာ ခံလိုက်ရမှာပဲ မဟုတ်ဘူးလား။ ငါသာ သေသွားရင် ယုံကြည်ခဲ့တဲ့ နှစ်တွေအားလုံး အချည်းနှီးဖြစ်သွားမှာ မဟုတ်ဘူးလား” ပေါ့။ ဒီလိုတွေးမိလိုက်တော့ ကျွန်မ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားတာပေါ့။ ဒါပေမဲ့ အသင်းတော်က ရပ်ဆိုင်းလုနီးပါး ဖြစ်နေချိန်မှာ ကိုယ့်တာဝန်ကို ငြင်းပယ်လိုက်ရင်၊ ဒီလို အရေးကြီးတဲ့အချိန်မှာ စစ်ပြေးတစ်ယောက် ဖြစ်သွားတယ်ဆိုတာကို ငြင်းလို့ရမှာမဟုတ်ဘူး။ ဆက်တိုက်ကို ဝေခွဲမရဖြစ်နေတော့ ကျွန်မ စိတ်နှလုံးကို နှစ်ခြမ်းဆွဲခွာနေသလို ခံစားရတယ်။ နောက်ပိုင်းမှာ ခေါင်းဆောင်တွေဆီ ကျွန်မ စာပြန်လိုက်တယ်။ ကျွန်မရဲ့ လုံခြုံရေးအတွက် အန္တရာယ်ရှိနိုင်တယ်ဆိုတဲ့အကြောင်း ထည့်ရေးလိုက်တာပေါ့။ ပြီးတော့ “ကျွန်မကို ဒီအလုပ် လုပ်ခိုင်းလို့ အဆင်ပြေမပြေ ခေါင်းဆောင်တို့ပဲ ဆုံးဖြတ်ပေးပါ။ ကျွန်မနဲ့ သင့်တော်တယ် ထင်ရင်တော့ ကျွန်မ သွားပါမယ်” လို့လည်း ရေးလိုက်တယ်။ ကျွန်မရဲ့ ရည်ရွယ်ချက်က ကျွန်မရဲ့ လုံခြုံရေးအတွက် အန္တရာယ်ရှိတယ်ဆိုတာ၊ ကျွန်မကို မလွှတ်ဖို့ စီစဉ်စေချင်တာဆိုတာကို သူတို့ကို ပြောဖို့ပဲ။ ဒီစာကို ပို့ပြီးတဲ့အခါ ကျွန်မစိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ “ဒီစာရေးတာက ငါ လှည့်ဖြားနေတာ မဟုတ်ဘူးလား။ ဘုရားအိမ်တော်က ငါ့ကို ဒီလောက်နှစ်တွေအကြာကြီး ပျိုးထောင်ပေးခဲ့တာ၊ ဒါပေမဲ့ ဒီလို အရေးကြီးတဲ့အချိန်ကျမှ ငါက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကြိုးစားနေတာ။ ဒါ လူ့သဘာဝရှိတဲ့လူ လုပ်ရပ်လား။ ‘ဒုက္ခရောက်ချိန်မှာမှ တကယ့်စိတ်ရင်းမှန်ကို မြင်ရတယ်’ ဆိုတဲ့ စကားလိုပဲလေ။ အခု အသင်းတော်မှာ လူတွေအများကြီး အဖမ်းခံထားရပြီး နောက်ဆက်တွဲအလုပ်တွေကို လုပ်ဖို့ အရေးတကြီး လိုအပ်နေတာ။ ဒါပေမဲ့ ငါက ကိုယ့်တာဝန်ကို ငြင်းပယ်နေတာ၊ ဒါက တကယ်ကို လူသားတစ်ယောက် လုပ်မဲ့ဟာတစ်ခု လုံးဝ မဟုတ်ဘူး” ပေါ့။ ဒါပေမဲ့ ကျွန်မစိတ်ထဲမှာ နည်းနည်း ကြောက်နေတုန်းပဲ၊ ဒါနဲ့ ဘုရားသခင်ဆီ ကျွန်မ တောင်းလျှောက်ခဲ့တယ်။ ထကြွပြီး အသင်းတော်အလုပ်ကို ကာကွယ်ဖို့အတွက် ယုံကြည်ခြင်းပေးသနားဖို့ တောင်းခံခဲ့တယ်။ ဆုတောင်းပြီးတဲ့နောက် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “ဘုရားသခင်နောက်သို့ အမှန်တကယ် လိုက်လျှောက် သူများသည် ၎င်းတို့အလုပ်ကို စမ်းသပ်ခြင်းအား ခံနိုင်ရည် ရှိကြသည်၊ သို့ရာတွင် ဘုရားသခင်နောက်သို့ အမှန်တကယ် မလိုက်လျှောက်သူများမှာ ဘုရားသခင်၏ မည်သည့်စစ်ဆေးမှုကိုမျှ ခံရပ်နိုင်စွမ်းမရှိကြပေ။ အနှေးနှင့်အမြန် ၎င်းတို့သည် နှင်ထုတ်ခံရကြလိမ့်မည်ဖြစ်သော်လည်း၊ အောင်နိုင်သူများသည် နိုင်ငံတော်တွင် ကျန်ရှိကြလိမ့်မည်။ လူသားက ဘုရားသခင်ကို အမှန်တကယ် ရှာဖွေသည်၊ မရှာဖွေသည်ကို သူ၏အလုပ်ကို စမ်းသပ်ခြင်းအားဖြင့်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ စမ်းသပ်မှုများအားဖြင့်၊ ဆုံးဖြတ်ခြင်းဖြစ်ကာ လူကိုယ်တိုင် ကောက်ချက်ချသည့်အရာနှင့် လားလားမျှ မသက်ဆိုင်ပေ။ ဘုရားသခင်သည် မည်သည့်လူကိုမျှ ပေါ့ပေါ့တန်တန် မငြင်းပယ်ပေ။ သူလုပ်ဆောင်သမျှသည် လူသားကို လုံးဝ လက်ခံယုံကြည်စေနိုင်သည်။ သူသည် လူသားက မမြင်နိုင်သည့် မည်သည့်အရာကိုမျှ၊ သို့မဟုတ် လူသားကို လက်ခံမယုံကြည်စေနိုင်သည့် မည်သည့်အမှုကိုမျှ မလုပ်ဆောင်ပေ။ လူသား၏ ယုံကြည်ခြင်းက မှန်သည်၊ မှားသည်ဆိုသည်ကို အမှန်တရားများအားဖြင့် သက်သေပြခြင်း ဖြစ်ပြီး၊ လူသားက ‌ကောက်ချက်ချ၍ မရနိုင်ပေ။ ‘ဂျုံစပါးပင်ကို တောပင်များအဖြစ်သို့ မပြုလုပ်နိုင်သကဲ့သို့၊ တောပင်များကိုလည်း ဂျုံစပါးပင်အဖြစ်သို့ မပြုလုပ်နိုင်ပါ’ ဆိုသည်မှာ ယုံမှားဖွယ်ရာ မရှိပေ။ ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသူများအားလုံးသည် နောက်ဆုံးတွင် နိုင်ငံတော်ထဲ ကျန်ရှိကြလိမ့်မည် ဖြစ်ပြီး၊ သူ့ကို အမှန်တကယ် ချစ်မြတ်နိုးသည့် မည်သူကိုမဆို ဘုရားသခင်က ညံ့ဖျင်းစွာ ဆက်ဆံမည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ နားလည်သွားတယ်။ လူတွေမှာ စစ်မှန်တဲ့ ယုံကြည်ခြင်း ရှိသလား၊ အတုအယောင် ယုံကြည်ခြင်းရှိသလားဆိုတာကို စမ်းသပ်ဖို့ အဆင်းနီသော နဂါးကြီးရဲ့ ဖိနှိပ်မှုနဲ့ ဖမ်းဆီးမှုတွေကို ဘုရားသခင် အသုံးပြုနေတာပဲ။ စစ်မှန်တဲ့ ယုံကြည်ခြင်း ရှိတဲ့သူတွေက ဆင်းရဲဒုက္ခ ကြုံရတဲ့အချိန်မှာ အသင်းတော်အလုပ်ကို ကာကွယ်နိုင်ပြီး သူတို့ရဲ့ တာဝန်တွေကို ဖြည့်ဆည်းနိုင်တယ်။ အတုအယောင် ယုံကြည်ခြင်း ရှိတဲ့သူတွေကျတော့ သာမန်အချိန်တွေမှာ ကိုယ့်အကျိုးစီးပွားကို မထိခိုက်သရွေ့ ဘုရားသခင်အတွက် အသုံးခံနိုင်ကြပေမဲ့၊ အန္တရာယ်ရှိတဲ့ ပတ်ဝန်းကျင်နဲ့ ရင်ဆိုင်ရတဲ့အခါကျတော့ ကြောက်ရွံ့ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲ တွေးကြတယ်။ အသင်းတော်အလုပ်ကို လုံးဝ ထည့်မစဉ်းစားကြဘူး။ ဒီလိုလူမျိုးတွေက ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းတာ ခံရတယ်။ ဒါကို ကျွန်မရဲ့ အပြုအမူနဲ့ နှိုင်းယှဉ်ကြည့်လိုက်တယ်။ ကျွန်မ ဘုရားသခင်ကို ယုံကြည်လာတာ နှစ်တွေအကြာကြီး ရှိပြီ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကိုလည်း အများကြီး စားသောက်ခဲ့ပြီးပြီ၊ ပြီးတော့ ဆင်းရဲဒုက္ခတွေ၊ စမ်းသပ်မှုတွေ ရောက်လာတဲ့အခါ ကိုယ့်တာဝန်ကို ဘယ်လို စွဲစွဲမြဲမြဲ လုပ်ရမယ်၊ ဘုရားသခင်အတွက် ဘယ်လို သက်သေခံရမယ်ဆိုတာတွေကို ညီအစ်ကိုမောင်နှမတွေနဲ့ ခဏခဏ မိတ်သဟာယ ပြုခဲ့ဖူးတာ။ ဒါပေမဲ့ အသင်းတော်က အခုလို အဖမ်းအဆီးလှိုင်းလုံးကြီးနဲ့ ရင်ဆိုင်ရပြီး ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေ၊ ညီအစ်ကိုမောင်နှမ အများကြီး အဖမ်းခံရတဲ့အခါ ကျွန်မ ပထမဆုံး တွေးမိတာက အမြန် ပုန်းရှောင်ဖို့ပဲ။ အထက်ခေါင်းဆောင်တွေက နောက်ဆက်တွဲအလုပ်တွေကို ကိုင်တွယ်ခိုင်းတဲ့အခါမှာလည်း ကျွန်မ တွန့်ဆုတ်ခဲ့တယ်လေ၊ ဒီတာဝန်ကို လုပ်ရတာ အရမ်း အန္တရာယ်များတယ်လို့ တွေးပြီး လုံခြုံရေးအန္တရာယ် ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းပယ်ခဲ့တာ။ အသင်းတော်မှာ ဒီလောက်ကြီးမားတဲ့ အခြေအနေဆိုး ကြုံနေရတာကို ကျွန်မ တွေးမိတယ်။ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေ အကုန် အဖမ်းခံထားရတာ။ အသင်းတော်ရဲ့ အလှူငွေတွေနဲ့ ပစ္စည်းတွေကို ချက်ချင်း မရွှေ့ပြောင်းရင် ရဲတွေ သိမ်းသွားမှာ။ ပြီးတော့ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေ အဖမ်းခံရမှန်း မသိသေးတဲ့ ညီအစ်ကိုမောင်နှမတွေလည်း အများကြီး ရှိသေးတယ်။ သူတို့ကို အချိန်မီ အကြောင်းမကြားရင် သူတို့လည်း အဖမ်းခံရနိုင်ခြေ ရှိတယ်။ ဒါပေမဲ့ ဒီလို အရေးကြီးတဲ့အချိန်မှာ ကျွန်မက တစ်ကြိမ်ပြီးတစ်ကြိမ် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့နဲ့ တာဝန်ကို ငြင်းပယ်ဖို့ပဲ ရွေးချယ်ခဲ့တယ်။ ကျွန်မက အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလိုက်တာ၊ လူ့သဘာဝလည်း ကင်းမဲ့တယ်။ ကျွန်မက ဘုရားသခင်ရှေ့မှာ အသက်ရှင်ဖို့ တကယ် မထိုက်တန်ပါဘူး။ ဒီလို တွေးမိလိုက်တော့ ကျွန်မ လုပ်ခဲ့တာတွေ အားလုံးအတွက် အကြွေးတင်သလို ခံစားရပြီး နောင်တရမိတယ်၊ ကိုယ့်ကိုယ်ကိုယ် မကာကွယ်ချင်တော့ဘူး။ နောက်ပိုင်းမှာ အဲဒီအချိန်က ကျွန်မရဲ့ စက်ဆုပ်စရာ ရည်ရွယ်ချက်တွေအကြောင်းပြောဖို့ အထက်ခေါင်းဆောင်တွေဆီကို စာတစ်စောင်ရေးခဲ့ပြီး နောက်ဆက်တွဲအလုပ်ကို ကျွန်မ ကိုင်တွယ်ချင်စိတ်ရှိပါတယ်လို့ ပြောခဲ့တယ်။

ပြီးတော့ ကျွန်မ ရုပ်ဖျက်ပြီး ညီအစ်ကိုမောင်နှမတွေနဲ့ သွားတွေ့တယ်၊ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို ဘယ်လို ရွှေ့ပြောင်းမလဲဆိုတာ ဆွေးနွေးဖို့ပါ။ လုံခြုံရေး အန္တရာယ်ရှိတဲ့ ညီအစ်ကိုမောင်နှမတွေကိုလည်း အမြန် ပုန်းရှောင်ကြဖို့ အကြောင်းကြားလိုက်တယ်။ အားနည်းပြီး အပျက်သဘောဆောင်နေတဲ့သူတွေ၊ ကြောက်ရွံ့နေတဲ့သူတွေကိုလည်း စာရေးပြီး မိတ်သဟာယ ပြုပေးတယ်၊ ဘုရားသခင်ကို အားကိုးပြီး အသင်းတော် အသက်တာမှာ အသက်ရှင်ဖို့၊ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ သူတို့ကို အားပေးခဲ့တယ်။ နောက်ဆက်တွဲအလုပ်တွေကို ကျွန်မ တက်တက်ကြွကြွ ကိုင်တွယ်နေတုန်းမှာပဲ ကျွန်မကို ထပ်ပြီး ထုတ်ဖော်လိုက်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်လာပြန်တယ်။ စာအုပ်တွေကို ထိန်းသိမ်းထားတဲ့ ညီအစ်ကိုတစ်ယောက်ရဲ့ ဇနီးနဲ့ သမီး အဖမ်းခံလိုက်ရတယ်လို့ ကျွန်မ သိလိုက်ရတယ်။ အခြေအနေက အရမ်း အရေးကြီးနေပြီ။ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို အမြန်ဆုံး ရွှေ့ပြောင်းမှ ဖြစ်တော့မယ်။ ဒါကို ကြားတော့ ကျွန်မ အရမ်း စိုးရိမ်သွားတယ်။ ဒီစာအုပ်တွေသာ ရဲလက်ထဲ ရောက်သွားရင် ဆုံးရှုံးမှုက တော်တော် ကြီးမားမှာ။ အမြန်ဆုံး ရွှေ့ပြောင်းဖို့ နည်းလမ်းရှာမှ ဖြစ်မယ်။ ဒါနဲ့ အခြေအနေမှန်ကို သိရအောင် စာအုပ်တွေ ထိန်းသိမ်းထားတဲ့ ညီအစ်ကိုနဲ့ သွားတွေ့ဖို့ ကျွန်မ စီစဉ်လိုက်တယ်။ အဲဒီနောက် ချက်ချင်းဆိုသလိုပဲ၊ အဖမ်းခံရပြီး ပြန်လွတ်လာတဲ့ ညီအစ်ကိုမောင်နှမတွေဆီကနေ ကျွန်မ သတင်းတစ်ခု ကြားလိုက်ရတယ်။ အဖမ်းခံရတဲ့သူတချို့က စာတန်ရဲ့ အကြံအစည်တွေကို မမြင်နိုင်ဘဲ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို သစ္စာဖောက်ပြီး ဖော်ကောင်လုပ်ကုန်ပြီတဲ့။ စာအုပ်တွေ ထိန်းသိမ်းထားတဲ့ ညီအစ်ကိုရဲ့ သမီးက သတင်းအချက်အလက် အများဆုံး ရောင်းစားခဲ့တာတဲ့။ ဒါကို ကြားတော့ ကျွန်မ အရမ်း ကြောက်သွားတယ်။ “ဒီရက်ပိုင်း ငါက စောင့်ကြည့်ခံနေရတဲ့ကြားက လျှောက်သွားနေတာလေ။ တစ်ယောက်ယောက်များ ငါ့ကို ဖော်ထုတ်လိုက်ရင် ငါတော့ သွားပြီမဟုတ်ဘူးလား” ပေါ့။ ဒါကို တွေးမိပြီး ကျွန်မ နောက်တွန့်သွားတယ်။ အဲဒီအချိန်မှာ ညီအစ်မ လီရွှမ် တခြားဒေသကနေ ပြန်ရောက်လာတယ်လို့ ကျွန်မ ကြားလိုက်တယ်။ သူက အရင်တုန်းက နောက်ဆက်တွဲအလုပ်တွေကို ကိုင်တွယ်ခဲ့ဖူးတာ ကျွန်မ သိထားတော့ သူ့ကိုပဲ ကျွန်မတာဝန် လွှဲပေးချင်လိုက်တယ်။ ဒါနဲ့ ကျွန်မရဲ့ တွဲဖက် ညီအစ်မ ဝမ်ရှင်းကို ပြောလိုက်တယ်။ “နောက်ဆက်တွဲအလုပ်ကို လီရွှမ်ကိုပဲ ကိုင်တွယ်ခိုင်းလိုက်ရင် မကောင်းဘူးလား။ သူက လုံခြုံရေး အန္တရာယ် မရှိဘူးလေ၊ ပြီးတော့ အရင်ကလည်း ဒီအလုပ်ကို ကိုင်တွယ်ဖူးတာပဲ” ပေါ့။ ဝမ်ရှင်းက အံ့သြသွားပြီး “အစ်မ ဘယ်လိုလုပ် ဒီလိုတွေးရတာလဲ။ သူက တခြားတာဝန်တွေ လုပ်နေတုန်းလေ။ ဒါ သင့်တော်ပါ့မလား” လို့ ပြောတယ်။ ဝမ်ရှင်းရဲ့ မေးခွန်းကို ကြားတော့မှ တကယ် မသင့်တော်မှန်း ကျွန်မ သတိထားမိလိုက်တယ်။ “ဒါ ငါ့တာဝန်မှန်း ရှင်းနေတာပဲ၊ ဒါပေမဲ့ အသင်းတော်ရဲ့ အကျိုးစီးပွားကို တစ်စက်မှ မငဲ့ဘဲ သူများဆီ လွှဲချဖို့ ငါ ကြိုးစားနေတုန်းပဲ။ ဒါပေမဲ့ ဒီတာဝန်ကို ဆက်လုပ်ရင် အဖမ်းခံရမှာ ငါ ကြောက်တယ်။ နတ်ဆိုးရဲ့ အကြံအစည်တွေကို မမြင်နိုင်ဘဲ ဘုရားသခင်ကို သစ္စာဖောက်လိုက်ရင်၊ ပြန်လည်နလန်ထူနိုင်တော့မှာ မဟုတ်ဘဲ ထာဝရ ပျက်စီးမဲ့သဘောပဲ။ ကယ်တင်ခြင်းရဖို့ အခွင့်အရေး ငါ လုံးဝ ဆုံးရှုံးသွားမှာပဲ” ပေါ့။ တွေးလေလေ၊ ကျွန်မ ပိုကြောက်လေပဲ။ ဒါနဲ့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းလိုက်တယ်။ “ချစ်လှစွာသော ဘုရားသခင်၊ အန္တရာယ် ရောက်လာတဲ့အခါ သမီး နောက်ဆုတ်ချင်နေပါတယ်။ သမီးကို လမ်းပြပေးပြီး ယုံကြည်ခြင်းနဲ့ ခွန်အား ပေးသနားတော်မူပါ” ပေါ့။

ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “လူတို့သည် ၎င်းတို့၏အသက်များကို စွန့်လွှတ်ရန် အဆင်သင့်ဖြစ်သည့်အခါ အရာရာသည် အသေးအဖွဲ ဖြစ်လာပြီး မည်သူမျှ ၎င်းတို့ကို အနိုင်မယူနိုင်တော့ချေ။ အသက်ထက် မည်သည့်အရာသည် သာ၍အရေးကြီးနိုင်မည်နည်း။ ထို့ကြောင့် စာတန်သည် လူတို့အထဲတွင် နောက်ထပ် မည်သည့်အရာမျှ လုပ်ဆောင်နိုင်စွမ်း ရှိမလာပေ၊ လူနှင့် ပတ်သက်၍ ၎င်းလုပ်ဆောင်နိုင်သည့်အရာ တစ်ခုမျှ မရှိပေ။ ‘ဇာတိပကတိ’ ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ဇာတိပကတိသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရသည်ဟု ဆိုထားသော်လည်း၊ လူတို့သည် မိမိတို့ကိုယ်ကိုယ် အမှန်တကယ် ဆက်ကပ်အပ်နှံပြီး စာတန်၏ တိုက်တွန်းခြင်း မခံရပါက၊ မည်သူမျှ ၎င်းတို့ကို ခက်ခဲအောင် ပြုလုပ်နိုင်ခြင်းမရှိချေ။ ပြီးလျှင် ဤအချိန်တွင် ဇာတိပကတိသည် ယင်းနောက်ထပ် အလုပ်တာဝန်ု ဆောင်ရွက်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ ဝိညာဉ်၏ လမ်းညွှန်မှုကို တရားဝင် စတင်ရရှိလိမ့်မည်။ ဤသည်မှာ လိုအပ်သော လုပ်ငန်းစဉ်တစ်ခုဖြစ်၏၊ ယင်းသည် တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်ပေါ်ရပေမည်။ သို့မဟုတ်ပါက ဘုရားသခင်သည် ခေါင်းမာသော ဇာတိပကတိထဲတွင် အမှုပြရန် နည်းလမ်းရှိမည် မဟုတ်ပေ။ ယင်းမှာ ဘုရားသခင်၏ ဉာဏ်ပညာဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို ထုတ်ဖော်ချက်များ၊ အခန်း (၃၆)) ကျွန်မ ကြောက်ရွံ့ပြီး တုန်လှုပ်နေရတာက ဘာကြောင့်လဲဆိုတာ၊ နေ့တိုင်း စောင့်ကြည့်ကင်မရာတွေအောက်မှာ သွားလာလှုပ်ရှားနေရင် အချိန်မရွေး အဖမ်းခံရနိုင်တယ်လို့ ကျွန်မ ကြောက်နေခဲ့တာက ဘာကြောင့်လဲဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့တယ်။ အဓိက အကြောင်းရင်းက ကျွန်မ အသက်ကို အရမ်းချစ်မြတ်နိုးလွန်းပြီး အဖမ်းခံရမှာ၊ ရိုက်သတ်ခံရမှာကို ကြောက်နေလို့ပဲ။ သေမှာကြောက်တဲ့စိတ်က ကျွန်မရဲ့ အားနည်းချက် ဖြစ်နေပြီ။ မဖမ်းခံရခင်ကတည်းက ကျွန်မ ဒီလောက် ကြောက်နေတာ၊ အဖမ်းခံရရင် ကျွန်မ သက်သေခံချက်မှာ လုံးဝ ရပ်တည်နိုင်မှာ မဟုတ်ဘူး။ ယုဒ ဖြစ်သွားတဲ့ လူတွေကို ကျွန်မ တွေးမိတယ်။ သူတို့က ကိုယ်လွတ်ရုန်းဖို့အတွက် ညီအစ်ကိုမောင်နှမတွေနဲ့ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ရောင်းစားဖို့ ဝန်မလေးကြဘူး။ စာတန်ရှေ့မှာ လက်နက်ချပြီး ဘုရားသခင်ကို သစ္စာဖောက်ခဲ့ကြတယ်၊ စာတန်ရဲ့ လှောင်ပြောင်တာကို ခံခဲ့ကြရတယ်။ ဒီလို အသက်ရှင်ရတာ ဘာအဓိပ္ပာယ် ရှိလို့လဲ။ သခင်ယေရှု ပြောခဲ့သည်မှာ “အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာအလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၁၆:၂၅) သခင်ယေရှုကို ကြေညာပြီး သက်သေခံလို့ ခဲနဲ့ ပေါက်သတ်ခံခဲ့ရတဲ့ သတေဖန်လိုမျိုး၊ ဒါမှမဟုတ် ဘုရားသခင်အတွက် လက်ဝါးကပ်တိုင်မှာ ပြောင်းပြန် ရိုက်ထားခြင်းခံရတဲ့ ပေတရုလိုမျိုး ဘုရားသခင်အတွက် မာတုရဖြစ်ခဲ့တဲ့သူတွေက ဘုရားသခင်အတွက် သက်သေခံဖို့ သူတို့အသက်တွေကို စွန့်ခဲ့ကြတာ။ သူတို့ရဲ့ ဇာတိပကတိ သေဆုံးသွားပေမဲ့ ဘုရားသခင်ရဲ့ အသိအမှတ်ပြုတာကို သူတို့ ရခဲ့ကြတယ်။ အဆင်းနီသော နဂါးကြီးရဲ့ ရက်စက်တဲ့ နှိပ်စက်ညှဉ်းပန်းမှုကို ခံရပြီးနောက် ဘုရားသခင်အတွက် မာတုရဖြစ်ခဲ့တဲ့ ညီအစ်ကိုမောင်နှမတွေလည်း ရှိတယ်။ သူတို့ရဲ့ ဇာတိပကတိ သေဆုံးသွားပေမဲ့၊ သူတို့ရဲ့ သက်သေခံချက်က စာတန်ကို အောင်နိုင်တဲ့ သက်သေအထောက်အထား ဖြစ်လာခဲ့တယ်၊ သူတို့ရဲ့ ဝိညာဉ်တွေက ဖန်ဆင်းရှင်ရှေ့ကို ပြန်ရောက်သွားကြတယ်။ သူတို့က ဖြောင့်မတ်ခြင်းအတွက် နှိပ်စက်ခံခဲ့ရတာ၊ သူတို့ရဲ့ သေခြင်းက တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်တော့ သေခြင်းတရားရဲ့ ချုပ်နှောင်မှုကို ခံနေရတုန်းပဲ၊ ဘုရားသခင်အပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်း မရှိဘူး။ ကျွန်မအသက်ကို ဘုရားသခင် ပေးထားတာ၊ ကျွန်မရဲ့ အသက်ရှင်ခြင်းနဲ့ သေခြင်းက ဘုရားသခင် လက်ထဲမှာပဲ ရှိတယ်။ ကျွန်မကို အဖမ်းခံရဖို့ ဘုရားသခင် ခွင့်ပြုရင် ဒါက ဘုရားသခင်က အမိန့်နဲ့ပြဋ္ဌာန်းထားတာပဲ။ ဘုရားသခင် ခွင့်မပြုရင်လည်း ဒါက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာပဲ။ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေကို ကျွန်မ ကျိုးနွံနာခံသင့်တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်တယ်။ “တရုတ်ပြည်မတွင် အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်ကို ယုံကြည်သူတို့အား အန္တရာယ်များသော ပတ်ဝန်းကျင်များတွင် မကြာခဏ ထားရှိလျက် တစ်စိုက်မတ်မတ်နှင့် ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်၊ ဖမ်းဆီးပြီး နှိပ်စက်ညှဉ်းပန်းခဲ့သည်။ သာဓကအနေဖြင့် အစိုးရက ယုံကြည်သူများကို ဖမ်းဆီးရန် မူမမှန်သော အကြောင်းပြချက် အမျိုးမျိုးကို အသုံးပြုသည်။ အန္တိခရစ်တစ်ဦး နေထိုင်သည့် နယ်မြေတစ်ခုကို ၎င်းတို့ ရှာတွေ့သည့်အခါတိုင်းတွင် အန္တိခရစ်က စဉ်းစားသည့် ပထမဆုံးသောအရာမှာ အဘယ်နည်း။ အသင်းတော်၏ အလုပ်ကို ကောင်းမွန်စွာ စီစဉ်ခြင်းအကြောင်းမဟုတ်ဘဲ ဤအန္တရာယ်များသော အခြေအနေမှ မည်သို့ လွတ်မြောက်ရမည်ဟူ၍ ဖြစ်သည်။ အသင်းတော်က ဖိနှိပ်မှုနှင့် အဖမ်းအဆီးများကို ရင်ဆိုင်ရသည့်အခါ အန္တိခရစ်များသည် နောက်ဆက်တွဲအလုပ်တွင် လုံးဝ ပါဝင်ခြင်း မရှိကြချေ။ အရေးကြီးသည့် အသင်းတော် အရင်းအမြစ်များ သို့မဟုတ် အမှုတော်ဆောင်များအတွက် အစီအစဉ်များကို ၎င်းတို့ မပြုလုပ်ကြချေ။ ထိုအစား ၎င်းတို့ကိုယ်တိုင်အတွက် ဘေးကင်းသော နေရာတစ်ခု အရယူပြီး ပြီးစေလိုက်ဖို့ ဆင်ခြေများနှင့် အကြောင်းပြချက်များကို ရှာကြသည်။ ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးက အာမခံချက်ရှိသည်နှင့်တစ်ပြိုင်နက် အသင်းတော်အလုပ်၊ အမှုတော်ဆောင်များ၊ သို့မဟုတ် အရင်းအမြစ်များကို စီစဉ်ရာတွင် ၎င်းတို့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်သည်မှာ ရှားလှသည့်အပြင် ကိစ္စရပ်ကို စုံစမ်းမေးမြန်းခြင်းလည်း မရှိ သို့မဟုတ် သတ်သတ်မှတ်မှတ်ဖြစ်သော အစီအစဉ် တစ်ခုမျှလည်း ပြုလုပ်ခြင်း မရှိကြချေ။ ဤအရာကြောင့် အသင်းတော်၏ အရင်းအမြစ်များနှင့် ဘဏ္ဍာငွေများက ဘေးကင်းလုံခြုံသည့် နေရာများသို့ ချက်ချင်း ရွှေ့ပြောင်းခြင်းမခံရဘဲ နောက်ဆုံးတွင် အသင်းတော်အတွက် သိသာထင်ရှားသော ဆုံးရှုံးမှုများဖြစ်စေကာ ပိုများသည့် ညီအစ်ကို မောင်နှမများ ဖမ်းဆီးခံရသည့်အဖြစ်သို့ ရောက်စေလျက် အဆင်းနီသော နဂါးကြီး၏ အများအပြား လုယက်ခြင်းနှင့် သိမ်းဆည်းခြင်းတို့ကို ခံသွားရလေသည်။ ဤသည်မှာ အန္တိခရစ်များက အလုပ်နှင့်ပတ်သက်သည့် ၎င်းတို့တာဝန်ကို ခေါင်းရှောင်ခြင်း ရလဒ်ဖြစ်သည်။ အန္တိခရစ်များ၏ စိတ်နှလုံးအတွင်းထဲတွင် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးက အစဉ်သဖြင့် ဦးစားပေးဖြစ်သည်။ ထိုအရာမှာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့အတွက် အမြဲပူပန်စရာတစ်ခုဖြစ်သည့် ပြဿနာတစ်ခု ဖြစ်သည်။ ၎င်းတို့က ‘ငါ ဒုက္ခမရောက်ရ။ မည်သူ အမိခံရသည်ဖြစ်စေ ငါဖြစ်၍ မရပါ။ ငါ အသက်ရှင်နေမှဖြစ်မည်။ ဘုရား၏ အမှု ပြီးစီးသည့်အခါ ဘုရား၏ ဘုန်းအသရေကို မျှဝေခံစားရန် ငါ စောင့်နေဆဲဖြစ်သည်။ ငါ အမိခံရလျှင် ယုဒကဲ့သို့ ပြုမူမည်ဖြစ်ပြီး ငါ့အတွက် ဇာတ်သိမ်းသွားလိမ့်မည်။ ငါ့အတွက် ကောင်းမွန်သည့် အဆုံးသတ် ရှိမည်မဟုတ်ပါ။ ငါ အပြစ်ဒဏ်ပေးခြင်း ခံရလိမ့်မည်ဖြစ်သည်’ဟု မိမိတို့ဘာသာ တွေးကြသည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် နေရာသစ်တစ်နေရာသို့ အလုပ်လုပ်ဖို့ သွားသည့်အခါတိုင်းတွင် မည်သူထံတွင် အစိုးရ၏ ရှာဖွေစစ်ဆေးခြင်းမှ ၎င်းတို့ ပုန်းကွယ်ကာ ဘေးကင်းလုံးခြုံမှု ခံစားရနိုင်သည့် အလုံခြုံဆုံးနှင့် အာဏာအရှိဆုံးသော အိမ်ထောင်စုရှိသည်ကို ပထမဆုံး စုံစမ်းမေးမြန်းကြသည်။...မိမိတို့ကိုယ်ကို တည်ငြိမ်စေပြီး ထိခိုက်နစ်နာမည့်နည်းလမ်းမှ လွတ်မြောက်သည်၊ အန္တရာယ်လွန်သွားပြီဟု ခံစားရပြီးနောက်တွင် အန္တိခရစ်တို့သည် အပေါ်ယံဆန်သော အလုပ်တစ်ခုခုကို ဆက်လုပ်ကြသည်။ အန္တိခရစ်များသည် ၎င်းတို့၏ အစီအစဉ်များတွင် အတော်လေး စေ့စပ်တိကျကြသော်လည်း ထိုအရာက မည်သူနှင့် ၎င်းတို့ ဆက်ဆံရသည်ဟူသည့်အပေါ် မူတည်သည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အလွန် ဂရုစိုက်စွာ စဉ်းစားကြသော်လည်း အသင်းတော် အလုပ် သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် တာဝန်များနှင့်ပတ်သက်လာသည့်အခါ ၎င်းတို့၏ ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်မှုနှင့် စက်ဆုပ်ဖွယ်ဖြစ်ခြင်းတို့ကို ပြသကြပြီး အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား အရိပ်အယောင်တစ်ခုပင်မရှိဘဲ တာဝန်ယူမှု မပြကြပေ။ ၎င်းတို့အနေဖြင့် အန္တိခရစ်များအဖြစ် သရုပ်ဖော်ခံရခြင်းမှာ ဤအပြုအမူများကြောင့် အတိအကျ ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) အန္တရာယ် ရောက်လာတဲ့အခါ အန္တိခရစ်တွေက ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွား ဒါမှမဟုတ် ညီအစ်ကိုမောင်နှမတွေရဲ့ ဘေးကင်းရေးကို ဘယ်တော့မှ ထည့်မစဉ်းစားဘူးလို့ ဘုရားသခင် ပြောထားတယ်။ အဲဒီအစား သူတို့က ကိုယ့်အကျိုးစီးပွားနဲ့ လုံခြုံရေးကိုပဲ ပထမ ဦးစားပေးတယ်။ သူတို့က အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတယ်။ အရင်တုန်းက ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ဖူးပေမဲ့ ကိုယ့်ကိုယ်ကိုယ်နဲ့ ဘယ်တုန်းကမှ မချိတ်ဆက်ခဲ့ဖူးဘူး။ ကျွန်မက ဘုရားသခင်ကို တကယ် ယုံကြည်တဲ့သူ၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်တဲ့သူလို့ ကိုယ့်ကိုယ်ကိုယ် ထင်ခဲ့တာ။ အဖြစ်မှန်တွေက ကျွန်မကို ဖော်ထုတ်လိုက်တော့မှ ကျွန်မ ဘယ်လောက်တောင် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတယ်ဆိုတာ၊ အသင်းတော်အလုပ်ကို တစ်စက်မှ မကာကွယ်ခဲ့ဘူးဆိုတာကိုပါ မြင်လာရတယ်။ လူတချို့က ယုဒ ဖြစ်သွားပြီလို့ ကြားလိုက်ရတဲ့အခါ၊ ကျွန်မသာ နောက်ဆက်တွဲအလုပ်ကို ကိုင်တွယ်ပြီး လူတွေအများကြီးနဲ့ ထိတွေ့ရင် အဖော်ခံရမှာကို စိုးရိမ်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ပုန်းရှောင်လို့ရအောင် ဒီတာဝန်ကို သူများဆီ လွှဲချချင်ခဲ့တယ်။ ကျွန်မ ထုတ်ဖော်ပြသခဲ့တာက အန္တိခရစ်ရဲ့ စိတ်သဘောထား ဖြစ်နေတာကို မြင်လိုက်ရတယ်။ ကိုယ့်ဇာတိပကတိ အကျိုးစီးပွားအတွက် စက်ဆုပ်စရာကောင်းတဲ့ အကြံအစည်တွေ အမျိုးမျိုး ရှိခဲ့တာကိုး။ ကျွန်မက တကယ်ကို တစ်ကိုယ်ကောင်းဆန်တယ်၊ စက်ဆုပ်စရာကောင်းပြီး ယုတ်မာတာပဲ။ ဘုရားအိမ်တော်က ကျွန်မကို ဒီလောက်နှစ်တွေအကြာကြီး ပျိုးထောင်ပေးခဲ့တာ၊ ဘုရားသခင်ရဲ့ သမ္မာတရား ထောက်ပံ့မှုတွေ အများကြီးကို ကျွန်မ ခံစားခဲ့ရတာ၊ ဒါပေမဲ့ အရေးကြီးတဲ့အချိန်ကျတော့ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို လျစ်လျူရှုလိုက်တယ်။ ကျွန်မမှာ အသိစိတ် တကယ် မရှိပါလား။ ဘုရားသခင်က ကျွန်မတို့ကို ကယ်တင်ဖို့အတွက် လူဇာတိခံပြီး နတ်ဆိုး အုပ်စိုးတဲ့ တရုတ်ပြည်ကို ကြွဆင်းလာတာကို တွေးမိတယ်။ ကိုယ်တော်က အချိန်မရွေး၊ နေရာမရွေး အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတာတောင် ကိုယ်တော်ရဲ့ တစ်ကိုယ်ရေ လုံခြုံမှုကို ဘယ်တုန်းကမှ ထည့်မစဉ်းစားခဲ့ဘူး။ အသင်းတော်တွေကြားထဲ လျှောက်သွားပြီး ကျွန်မတို့ကို ရေလောင်းဖို့၊ ထောက်ပံ့ဖို့ သမ္မာတရားကို ဖော်ပြနေတုန်းပဲ။ ဒါပေမဲ့ ကျွန်မကျတော့ ဒီလို ဆိုးရွားတဲ့ ပတ်ဝန်းကျင်မှာ အဖမ်းမခံရဖို့၊ ရိုက်သတ်မခံရဖို့လောက်ပဲ တွေးနေခဲ့တာ။ အသင်းတော်အလုပ်ကို လုံးဝ ထည့်မစဉ်းစားခဲ့ဘူး။ ဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်း တစ်စက်မှ မရှိခဲ့ဘူး။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မရဲ့ အပြုအမူအတွက် ရှက်မိတယ်။ ဘုရားသခင်ရှေ့မှာ ကျွန်မ ဆုံးဖြတ်ချက်ချလိုက်တယ်။ “ချစ်လှစွာသော ဘုရားသခင်၊ သမီး မှားသွားပါတယ်။ ဒီလို အရေးကြီးတဲ့အချိန်မှာ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို လျစ်လျူရှုပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ မကြိုးစားသင့်ပါဘူး။ သမီးမှာ အသိစိတ် အရမ်း ကင်းမဲ့ခဲ့ပါတယ်။ ချစ်လှစွာသော ဘုရားသခင်၊ နောက်ဆက်တွဲအလုပ်ကို ကိုင်တွယ်ရတာ ဘယ်လောက်ပဲ အန္တရာယ်များပါစေ၊ ရဲတွေက သမီးကို ဖမ်းပြီး ရိုက်သတ်ရင်တောင် သမီးရဲ့တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ချင်ပါတယ်” ပေါ့။

နောက်ပိုင်းမှာ ကျွန်မရဲ့ တွဲဖက်ညီအစ်မနဲ့ ကိစ္စတွေ တိုင်ပင်ပြီးတာနဲ့ ဘာတွေဖြစ်နေသလဲဆိုတာကို သိရဖို့ စာအုပ်တွေ ထိန်းသိမ်းထားတဲ့ ညီအစ်ကိုနဲ့ လူပြတ်တဲ့ နေရာတစ်ခုမှာ ချိန်းတွေ့ဖို့ စီစဉ်လိုက်တယ်။ အဲဒီအချိန်မှာ သူ့ဇနီးက ပြန်လွတ်လာပြီ၊ သူ့သမီးက ဘာတွေကို ဖော်ပြောခဲ့သလဲဆိုတဲ့ အသေးစိတ်ကို သူ ပြောပြတယ်။ သူ့သမီးက လူတွေကို ဖော်ရုံတင်မကဘူး၊ ရဲတွေအတွက် အတွင်းလူ လုပ်ပေးဖို့ပါ သဘောတူခဲ့တာတဲ့။ ရဲတွေက သူ့သမီးကို ပြောလိုက်သေးတယ်၊ “နင့်အိမ်ကို နောက်ထပ် နှစ်ရက်လောက် ထပ်ရှာရင် တခြားဟာတွေ ထပ်တွေ့မယ်လို့ ငါတို့ အာမခံတယ်” တဲ့။ ဒါကို ကြားတော့ ကျွန်မ ရင်ထဲမှာ မီးလောင်သလို ပူပန်သွားတယ်။ “စာအုပ်တွေကို အမြန်ဆုံး ရွှေ့ပြောင်းမှ ဖြစ်မယ်။ အရင်တုန်းက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေတာကြောင့် စာအုပ်တွေ ရွှေ့ဖို့ အကောင်းဆုံး အခွင့်အရေးကို လက်လွှတ်ခဲ့မိပြီ။ ဒီတစ်ခါတော့ ထပ်အချိန်ဆွဲလို့ မရတော့ဘူး။ အသက်ပေးရရင်တောင် စာအုပ်တွေကို ရွှေ့ပြောင်းမယ်” ပေါ့။ ဒါနဲ့ စာအုပ်တွေ ရွှေ့ပြောင်းဖို့ အချိန်တစ်ခု သူတို့နဲ့ ညှိလိုက်တယ်။ စာအုပ်တွေ ရွှေ့ပြောင်းမဲ့အချိန်ကျမှ သူတို့အိမ်ရှေ့မှာ ကျဉ်းမြောင်းတဲ့ လမ်းကြားလေးတစ်ခု ရှိနေတာကို ကျွန်မ မထင်မှတ်ထားမိဘူး။ ကားကို ခက်ခက်ခဲခဲ မောင်းသွင်းလိုက်ရတယ်၊ ဒါပေမဲ့ ခြံတံခါးဝ ရောက်တော့ ကားက ပိတ်မိသွားပြီး ရှေ့တိုးလို့မရ၊ နောက်ဆုတ်လို့မရ ဖြစ်နေတာ။ အိမ်နီးချင်းရဲ့ ခွေးကလည်း တရစပ် ဟောင်နေတာ။ ကျွန်မ ရင်ထဲမှာ ထိတ်လန့်ပြီး ကြောက်နေမိတယ်။ “အိမ်နီးချင်းကများ သွားတိုင်လိုက်ရင် ရဲတွေက မိနစ်ပိုင်းအတွင်း ရောက်လာတော့မှာ။ အဲဒီကျရင် ဘယ်လိုလုပ်မလဲ” ပေါ့။ ကျွန်မ စိတ်ထဲမှာ ဘုရားသခင်ဆီ တိတ်တဆိတ် ဆုတောင်းလိုက်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရလိုက်တယ်။ “ဤအရာ၊ ထိုအရာကို မကြောက်နှင့်၊ ကောင်းကင်ဗိုလ်ခြေတို့၏ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင်နှင့်အတူ ဧကန်အမှန် ရှိလိမ့်မည်။ သူသည် သင်တို့အတွက် အထောက်အပံ့ အင်အားစု ဖြစ်ပြီး သူသည် သင်၏ ဒိုင်းလွှားဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၆)) ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိပြီး သူ့ရဲ့အလုပ်ကို ကာကွယ်လိမ့်မယ်ဆိုတဲ့ ယုံကြည်ခြင်းကို ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ပေးခဲ့တယ်။ ဆုတောင်းပြီးတဲ့နောက်မှာ ပိတ်မိနေတဲ့ ကားကို လမ်းကြောင်းချိန်ပြီး နောက်ပြန်ဆုတ် ထွက်နိုင်ခဲ့တယ်။ ဒီလိုနဲ့ စာအုပ်တွေတင်ထားတဲ့ ကားနှစ်စီးစာကို ကျွန်မတို့ သယ်ထုတ်နိုင်ခဲ့တယ်။ စာအုပ်တွေ စထုပ်ပိုးတာကနေ နောက်ဆုံးခေါက် ပြီးတဲ့အထိ တစ်နာရီလောက် ကြာတယ်။ အိမ်နီးချင်းရဲ့ ခွေးကတော့ တောက်လျှောက် ဟောင်နေတာပဲ၊ ဒါပေမဲ့ အိမ်နီးချင်းကတော့ လုံးဝ ထွက်မလာခဲ့ဘူး။ နောက်ပိုင်းမှာ တခြား ထိန်းသိမ်းသူတစ်ယောက်ရဲ့ အိမ်က စာအုပ်တွေကိုလည်း ဘေးကင်းတဲ့ နေရာတစ်ခုဆီ အဆင်ပြေချောမွေ့စွာ ရွှေ့ပြောင်းနိုင်ခဲ့တယ်။

ဒီအတွေ့အကြုံပြီးတဲ့နောက်မှာ ကျွန်မရဲ့ ကိုယ်ကျိုးကြည့်ပြီး စက်ဆုပ်စရာကောင်းတဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားကို နားလည်မှုတချို့ ရရှိခဲ့တယ်။ လူတစ်ယောက်ရဲ့ ကံကြမ္မာနဲ့ အဆုံးသတ်က ဘုရားသခင် လက်ထဲမှာ ရှိတယ်ဆိုတာကိုလည်း နားလည်ခဲ့တယ်။ လူတစ်ယောက် လုပ်သင့်တာက ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ပါပဲ။ အဖမ်းခံရပြီး ထောင်ကျရင်တောင်၊ ရိုက်သတ်ခံရရင်တောင်မှ၊ အဲဒါက အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိပါတယ်။ ကိုယ့်အသက်ကို စွန့်ဖို့ အသင့်ပြင်ထားပြီး ကိုယ့်အကျိုးအမြတ်နဲ့ ဆုံးရှုံးမှုတွေကို ထည့်မစဉ်းစားတော့တဲ့အခါ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို ကျွန်မ မြင်ခဲ့ရတယ်။ ဘုရားသခင်အပေါ် ယုံကြည်ခြင်း ပိုရရှိခဲ့ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အသင်းတော်အလုပ်ကို ကာကွယ်ခြင်းက ကျွန်မ၏ တာဝန်ဖြစ်သည်

ယီးရွှင် ဂျပန်နိုင်ငံ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ အသင်းတော်က ခေါင်းဆောင်သစ်ရွေးကောက်ဖို့ လိုအပ်ခဲ့တယ်။ တစ်နေ့မှာ၊ ခေါင်းဆောင်တွေက၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။