ကလေးရနိုင်၊ မရနိုင်ဆိုတာကို ကျွန်မ မစိုးရိမ်တော့ပါ
ကျိဟွေး၊ တရုတ်ပြည်အိမ်ထောင်ကျပြီးနောက်ပိုင်း ကျွန်မရဲ့ တာဝန်တွေမှာ တော်တော်လေး အလုပ်များတော့ ကျွန်မတွေးမိတယ်၊ ကိုယ်ဝန်ရပြီး...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
အရင်တုန်းက ကိုယ့်တာဝန်နဲ့ပတ်သက်ပြီး ကျွန်မမှာ ဒီလိုအယူအဆတစ်ခု ရှိခဲ့ဖူးတယ်။ ကျွန်မမှာ ရည်ရွယ်ချက်ကောင်းရှိပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းချင်စိတ်ရှိသရွေ့၊ အဲဒီ ရည်ရွယ်ချက်ကောင်းကြောင့် ဘုရားသခင်က အသိအမှတ်ပြုပြီး လက်ခံမယ်၊ နောက်ပြီး ကိုယ့်တာဝန်မှာ ရလဒ်ကောင်းတွေနဲ့ ကောင်းချီးပေးမှာပဲလို့ ကျွန်မ ထင်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်မ ဘယ်လောက်ပဲ ကြိုးစားပါစေ ဝေဖန်ခံရတာ၊ ပြစ်တင်ခံရတာ၊ ပြီးတော့ ပြုပြင်တာတွေတောင် ခံရတဲ့အခါမှာတော့ ကျွန်မ မတရားခံရတယ်လို့ ခံစားမိတယ်။ တွေးမိတာက “ဘုရားသခင်က လူတွေရဲ့ အတွင်းစိတ်နှလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးတယ် မဟုတ်ဘူးလား။ ဘာလို့များ ငါ့ရဲ့ ရည်ရွယ်ချက်ကောင်းတွေက အေးစက်စက်တုံ့ပြန်မှု ကြုံရတာလဲ” ပေါ့။ အဲဒီနောက်ပိုင်း ကျွန်မ ကိုယ့်တာဝန်မှာ အပျက်သဘောဆောင်လာတယ်၊ မတက်ကြွတော့ဘဲ လွန်လွန်ကဲကဲ သတိထားလာဖြစ်တယ်။ ဒီလိုအခြေအနေမျိုးကို စိတ်ပျက်လက်ပျက်နဲ့ ခဏခဏလက်ခံခဲ့ပြီး ဒီလိုတာဝန်ထမ်းဆောင်တာ ဘယ်နေရာမှားနေလဲဆိုတာ ဘယ်တုန်းကမှ ရှင်းရှင်းလင်းလင်း မသိခဲ့ဘူး။ အဲဒါက ကျွန်မစိတ်ထဲမှာ အဖုအထစ်တစ်ခု ဖြစ်လာတယ်။ မကြာသေးခင်က အတွေ့အကြုံတွေမှာ ကျွန်မ ဆုတောင်းပြီး ရှာဖွေမှသာ ဒီကိစ္စနဲ့ပတ်သက်ပြီး နားလည်မှုတချို့ ရလာခဲ့တယ်။
ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ အသင်းတော်က ဗီဒီယိုအလုပ်ကို ကျွန်မ ကြီးကြပ်ခဲ့တယ်။ ၂၀၂၄၊ မေလမှာတော့ ဓမ္မတေးဗီဒီယိုတစ်ခုမှာ သုံးထားတဲ့ ရုပ်သံဖိုင်တွေက အဲဒီဓမ္မတေးရဲ့ အဓိကအကြောင်းအရာနဲ့ မကိုက်ညီလို့ ပြန်လုပ်ဖို့လိုတယ်ဆိုတာကို ခေါင်းဆောင်က တွေ့သွားတယ်။ နောက်ပိုင်းမှာ ကျွန်မ အဲဒီဗီဒီယိုကို ကြည့်ကြည့်တယ်။ ဗီဒီယိုအဖွဲ့ သုံးထားတဲ့ ရုပ်သံဖိုင်တချို့က တော်တော်ဆန်းသစ်တာကို တွေ့ရပေမဲ့ သီချင်းက ပေးချင်တဲ့ ခံစားချက်နဲ့တော့ မကိုက်ညီဘူးလေ။ သူတို့က ဆန်းသစ်တီထွင်ချင်ပုံရပေမဲ့ စည်းမျဉ်းတွေကို နားလည်သဘောပေါက်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ကျွန်မ ထင်လိုက်တယ်။ နောက်တစ်နေ့မှာ ခေါင်းဆောင်က ဗီဒီယိုနဲ့ပတ်သက်တဲ့ ပြဿနာတွေကို အသေးစိတ် မိတ်သဟာယဖွဲ့ပေးပြီး ဗီဒီယိုထုတ်လုပ်ရေးအဖွဲ့ကိုလည်း ပြုပြင်ပေးခဲ့တယ်။ သူပြောတဲ့ အဓိကအချက်တစ်ချက်က ကျွန်မရင်ထဲ တော်တော်ထိသွားတယ်။ သူတို့တာဝန်တွေမှာ ဘာစည်းမျဉ်းမှ မရှိဘူး၊ သမ္မာတရားကို နားမလည်ဘူး၊ အမှုအရာတွေကို ရှင်းရှင်းလင်းလင်း ပိုင်းခြားသိမြင်နိုင်စွမ်းမရှိဘဲ ရှာဖွေမှုလည်း မရှိဘူးလို့ ခေါင်းဆောင်က ပြောတယ်။ သူတို့က ကိုယ့်အယူအဆတွေ၊ စိတ်ကူးယဉ်မှုတွေ၊ ရည်ရွယ်ချက်ကောင်းတွေအရပဲ လုပ်ဆောင်ခဲ့ကြပြီး ရလဒ်အနေနဲ့ အဖျက်အမှောင့်လုပ်တာနဲ့ နှောင့်ယှက်တာတွေ ဖြစ်စေခဲ့တယ်တဲ့။ ဒါကို ကြားလိုက်ရတော့ “ဒါ ငါ့တာဝန်မှာ ငါခဏခဏ လုပ်မိတတ်တဲ့ အမှား မဟုတ်ဘူးလား” လို့ တွေးမိတယ်။ ကျွန်မတို့ အခုတလော ထုတ်လုပ်တဲ့ ဗီဒီယိုတွေက တင်ဆက်မှုပုံစံအပိုင်းမှာ တော်တော်လေး ရိုးအီနေပြီး ဆန်းသစ်တီထွင်ဖို့လိုတယ်လို့ ညီအစ်ကိုမောင်နှမတော်တော်များများက အကြံပြုကြတယ်။ ကျွန်မ တွေးမိတယ်၊ “ဒါ အမှန်ပဲ၊ ငါတို့ဗီဒီယိုတွေမှာ ဒီပြဿနာ ရှိနေတာ။ ဒါကြောင့် လေ့လာသင်ယူပြီး ရဲရဲဝံ့ဝံ့ ဖောက်ထွက်ကြည့်ရအောင်။ ငါတို့က ဖန်တီးနိုင်စွမ်းရှိပြီး အတိတ်မှာပဲ ပိတ်မိမနေဘူးဆိုတာ လူတိုင်းကို ပြကြတာပေါ့” ပေါ့။ အဲဒါနဲ့ ပုံစံအပိုင်းမှာ ဆန်းသစ်တီထွင်နိုင်မယ်လို့ တွေးပြီး ကိုးကားစရာ ဗီဒီယိုတချို့ကို ကျွန်မ ရှာဖွေခဲ့တယ်။ မူကြမ်းတွေကို ညီအစ်ကိုမောင်နှမတချို့ဆီ ပြတဲ့အခါ သူတို့က တော်တော်လေး ဆန်းသစ်တယ်လို့ ပြောကြတယ်။ ဒီတစ်ခါ ပုံစံသစ်တချို့ သုံးထားတာကြောင့် “ခေါင်းဆောင်ကို တစ်ချက်လောက် ပေးကြည့်ပြီး စစ်ခိုင်းသင့်တယ်” လို့ ကျွန်မ တွေးမိတယ်။ ဒါပေမဲ့ နောက်တော့ “ခေါင်းဆောင်က စည်းမျဉ်းနဲ့ပတ်သက်တဲ့ ပြဿနာတချို့ တွေ့ပြီး ဒီပုံစံတွေကို ပယ်ချလိုက်ရင် ဘယ်လိုလုပ်မလဲ။ ခေါင်းဆောင်ကို မပြတော့ဘဲ ကိုယ်တွေ အဆင်ပြေတယ်ထင်ရင် ဒီအတိုင်း တင်လိုက်တာ ကောင်းမလား” လို့ စိတ်ပူမိပြန်ရော။ ဒါပေမဲ့ ဒီလိုလုပ်ဖို့ကျတော့လည်း စိတ်မအေးတာနဲ့ ဗီဒီယိုကို ပြန်စစ်ဆေးဖို့ ခေါင်းဆောင်ဆီ ကြောက်ကြောက်လန့်လန့်နဲ့ တင်ပြလိုက်တယ်။ နောက်ဆုံးကျတော့ ခေါင်းဆောင်က ပြဿနာအများကြီး ထောက်ပြပါလေရော။ ပုံစံတချို့က အဓိကအကြောင်းအရာနဲ့ မကိုက်ညီဘူးလို့ သူက ပြောသလို ကျွန်မတို့ စိတ်ကူးတွေက ရိုးရှင်းလွန်းပြီး ပိုင်းခြားသိမြင်မှု ကင်းမဲ့နေတယ်လို့လည်း ပြောတယ်။ ကျွန်မ တော်တော်လေး စိတ်ဓာတ်ကျသွားတယ်။ ဗီဒီယိုမှာ ပြဿနာတွေ ရှိနေသေးမှန်း သိပေမဲ့ ကျွန်မတို့ ရည်ရွယ်ချက်က ကောင်းပြီး ဆန်းသစ်တီထွင်ချင်ခဲ့တာလေ။ စိတ်အားထက်သန်မှုအပြည့်နဲ့ အလုပ်ကို ကောင်းကောင်း လုပ်ချင်ခဲ့တာပါ။ ကျွန်မတို့ စိတ်သက်သာရာရအောင် ခေါင်းဆောင်က ဘာလို့ အားပေးစကား နှစ်ခွန်းသုံးခွန်းလောက် မပြောနိုင်ရတာလဲ။
အဲဒီနောက်မှာ ကျွန်မ တွေးဆမိတယ်။ “ကိုယ့်တာဝန်မှာ ခေါင်းဆောင်ရဲ့ ပြစ်တင်ဝေဖန်တာ၊ ပြုပြင်တာ ခံရတဲ့အခါ ဘာလို့များ ငါ မတရားခံရတယ်လို့ ခံစားမိပြီး ခေါင်းဆောင်က ငါ့ကို နားမလည်ဘူးလို့တောင် ထင်မိရတာလဲ” ပေါ့။ ကိုယ့်တာဝန်မှာ ဘယ်နေရာမှားခဲ့လဲဆိုတာ နားလည်ဖို့ ရှာဖွေရင်း ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ ဝတ်ပြုနေတုန်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သင်ပြုလိုသည်အတိုင်း ပြုရင်း၊ သင် လုပ်၍ပျော်သည့်အရာမှန်သမျှ၊ သို့မဟုတ် သင့်ကို အကောင်းမြင်စေမည့် အရာမှန်သမျှကိုသာ လုပ်ဆောင်ရင်း သင်၏ ကိုယ်ပိုင်နှစ်သက်မှုများအရ လုံးဝ ပြု၍မရပေ။ ဤသည်မှာ မိမိ၏ကိုယ်ပိုင်ဆန္ဒနှင့်အညီ ပြုမူခြင်းဖြစ်သည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် ဤသည်မှာ ဘုရားတောင်းဆိုသည့်အရာဖြစ်ကြောင်းနှင့် ယင်းက ဘုရားကို ပျော်ရွှင်စေမည့်အရာဖြစ်ကြောင်းတို့ကို တွေးလျက် သင်၏ကိုယ်ပိုင် နှစ်သက်မှုများကို အားကိုးပါက၊ ပြီးလျှင် အကယ်၍ သင်သည် သင်၏ကိုယ်ပိုင်နှစ်သက်မှုများကို ဘုရားသခင်အပေါ် အတင်းအကျပ် သတ်မှတ်ခြင်း သို့မဟုတ် ၎င်းတို့အား သမ္မာတရားကဲ့သို့ လက်တွေ့လုပ်ဆောင်ပါက၊ ၎င်းတို့မှာ သမ္မာတရားစည်းမျဉ်းများဖြစ်သည့်အလား ၎င်းတို့အား လိုက်နာပါက ဤသည်မှာ အမှားတစ်ခု မဟုတ်လော။ ဤသည်မှာ သင်၏တာဝန်ကို ထမ်းဆောင်နေခြင်း မဟုတ်၊ ထို့အပြင် သင်၏တာဝန်ကို ဤကဲ့သို့ ထမ်းဆောင်နေခြင်းကို ဘုရားသခင်မှ အမှတ်ရမည် မဟုတ်ပေ။ လူအချို့တို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့ ၎င်းတို့၏ တာဝန်များကို ကောင်းစွာ ဖြည့်ဆည်းခြင်းမှာ မည်သည့်အရာကို ဆိုလိုသည်ကို သူတို့ မသိကြ။ ၎င်းတို့သည် ကြိုးစားအားထုတ်ပြီး မိမိတို့၏ စိတ်နှလုံးကို ယင်းတွင် ထားရှိပြီးဖြစ်ကာ မိမိတို့၏ ဇာတိပကတိကို ပုန်ကန်ကာ ဆင်းရဲဒုက္ခခံစားပြီး ဖြစ်သော်ငြားလည်း ၎င်းတို့သည် အဘယ်ကြောင့်များ မိမိတို့၏ တာဝန်ကို စံနှုန်းပြည့်မီသည့် နည်းလမ်းဖြင့် မည်သည့်အခါမျှ မထမ်းဆောင်နိုင်ရသနည်းဟု ၎င်းတို့ ခံစားကြသည်။ ဘုရားသခင်သည် အဘယ်ကြောင့် အစဉ်အမြဲ စိတ်မကျေမနပ်ဖြစ်နေသနည်း။ ဤလူတို့သည် မည်သည့်နေရာတွင် မှားယွင်းခဲ့ကြပြီနည်း။ ၎င်းတို့၏ အမှားမှာ ဘုရားသခင်၏ သတ်မှတ်ချက်များကို ရှာဖွေရန် မကြိုးစားဘဲ ယင်းအစား မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးများအတိုင်း ပြုမူကြခြင်း ဖြစ်သည်။ ဤသည်မှာ အကြောင်းရင်းဖြစ်၏။ ၎င်းတို့၏ ကိုယ်ပိုင် စိတ်ဆန္ဒများ၊ နှစ်သက်မှုများနှင့် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များကို သမ္မာတရားအဖြစ် ၎င်းတို့ သဘောထားခဲ့ကြသည်။ ပြီးလျှင် သူတို့သည် ထိုအရာများကို ဘုရားသခင် နှစ်သက်သည့် အရာဖြစ်သကဲ့သို့၊ သူ၏ စံနှုန်းများနှင့် သတ်မှတ်ချက်များ ဖြစ်သည့်အလား သဘောထားကြသည်။ သူတို့သည် မှန်ကန်၊ ကောင်းမြတ်ပြီး လှပသည်ဟု သူတို့ ယုံကြည်သည့်အရာများကို သမ္မာတရားအဖြစ် မြင်ကြလေသည်။ ဤသည်မှာ မှားယွင်း၏။ အမှန်တွင် လူတို့သည် တစ်စုံတစ်ရာ မှန်ကန်သည်၊ ပြီးလျှင် ယင်းသည် သမ္မာတရားနှင့် ကိုက်ညီသည်ဟု တစ်ခါတစ်ရံ ထင်ကောင်းထင်ကြမည် ဖြစ်သော်လည်း ယင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည်ဟု သေချာပေါက် မဆိုလိုပေ။ တစ်စုံတစ်ရာ မှန်ကန်သည်ဟု လူတို့ တွေးထင်လေလေ၊ ၎င်းတို့အနေဖြင့် သတိရှိသင့်လေလေဖြစ်ပြီး ၎င်းတို့ စဉ်းစားနေသည့်အရာသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ပြည့်မီခြင်းရှိမရှိ သိဖို့ရန် သမ္မာတရားကို ရှာဖွေသင့်လေလေ ဖြစ်သည်။ ယင်းသည် သူ၏ သတ်မှတ်ချက်များနှင့် အတိအကျပင် ဆန့်ကျင်ပြီး သူ၏ နှုတ်ကပတ်တော်များနှင့် ဆန့်ကျင်လျက်ရှိပါက ထိုအရာမှန်ကန်သည်ဟု သင် တွေးထင်သည်လျှင်ပင် ယင်းက လက်ခံနိုင်ဖွယ် မရှိပေ၊ ယင်းသည် လူသားအတွေးသာ ဖြစ်ပြီး သင် မှန်ကန်သည်ဟု မည်သို့ တွေးထင်ပါစေ သမ္မာတရားနှင့် ကိုက်ညီလိမ့်မည်မဟုတ်ပေ။ တစ်စုံတစ်ခုသည် မှန်သည် သို့မဟုတ် မှားသည်ကို ဘုရားနှုတ်ကပတ်တော်များကို အခြေခံ၍ ဆုံးဖြတ်ရမည်ဖြစ်သည်။ တစ်စုံတစ်ရာကို သင် မှန်ကန်သည်ဟု မည်မျှ တွေးထင်ပါစေ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ယင်းအတွက် အခြေပြုချက် မရှိပါက ယင်းသည် မှားယွင်းနေပြီး ယင်းကို သင် စွန့်ပစ်ရမည်။ သမ္မာတရားနှင့် ကိုက်ညီသည့်အခါမှသာ လက်ခံနိုင်စရာရှိ၏၊ ဤနည်းလမ်းဖြင့် သမ္မာတရား စည်းမျဉ်းများကို ထိန်းသိမ်းခြင်းအားဖြင့်သာ သင်၏တာဝန် ထမ်းဆောင်ခြင်းသည် စံနှုန်း ပြည့်မီနိုင်သည်။ တာဝန်ဆိုသည်မှာ အဘယ်နည်း။ လူတို့ထံ ဘုရားသခင်က အပ်နှင်းသည့် စေခိုင်းချက်တစ်ခုဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဘုရားသခင်ရွေးချယ်ထားသောလူတိုင်း ခံယူသင့်သည့် တာဝန်၊ ဝတ္တရားတစ်ခုဖြစ်သည်။ တာဝန်သည် သင်၏ အသက်မွေးမှုဖြစ်သလော။ ပုဂ္ဂိုလ်ရေးဆိုင်ရာ မိသားစု ကိစ္စတစ်ခုဖြစ်သလော။ သင်သည် တာဝန်ပေးအပ်ခြင်း ခံရသည်နှင့်တစ်ပြိုင်နက် ဤတာဝန်သည် သင်၏ကိုယ်ပိုင် အလုပ်ကိစ္စဖြစ်လာသည်ဟု ပြောလျှင် မှန်နိုင်သလော။ ဤကဲ့သို့ လုံးဝ မဟုတ်ပေ။ ဤသို့ဆိုလျှင် သင်၏ တာဝန်ကို မည်သို့ဖြည့်ဆည်းသင့်သနည်း။ ဘုရားသခင်၏ တောင်းဆိုချက်များ၊ နှုတ်ကပတ်တော်များနှင့် စံနှုန်းများနှင့်အညီ ပြုမူခြင်းအားဖြင့် သင်၏ အပြုအမူကို လူသား၏ တစ်ဖက်သတ်ဆန်သော ဆန္ဒများအပေါ်အခြေခံခြင်းထက် သမ္မာတရားစည်းမျဉ်းများအပေါ် အခြေခံခြင်းအားဖြင့် ဖြည့်ဆည်းသင့်သည်။ လူအချို့က ‘ကျွန်ုပ်ကို တာဝန်ပေးအပ်ပြီးသည်နှင့်တစ်ပြိုင်နက် ယင်းမှာ ကျွန်ုပ်၏ ကိုယ်ပိုင် အလုပ်ကိစ္စ ဖြစ်သည်မဟုတ်လော။ ကျွန်ုပ်၏တာဝန်သည် ကျွန်ုပ်၏ အလုပ်တာဝန် ဖြစ်ပြီး ကျွန်ုပ်အား အလုပ်တာဝန်ပေးအပ်ခြင်း ခံရသည့်အရာသည် ကျွန်ုပ်၏ကိုယ်ပိုင် အလုပ်ကိစ္စ ဖြစ်သည် မဟုတ်လော။ ကျွန်ုပ်၏တာဝန်ကို ကျွန်ုပ်၏ကိုယ်ပိုင် အလုပ်ကိစ္စအဖြစ် ကိုင်တွယ်ပါက ကျွန်ုပ်သည် ယင်းကို ကောင်းမွန်စွာ လုပ်ဆောင်မည်ဟု ဆိုလိုသည်မဟုတ်လော။ ယင်းကို ကျွန်ုပ်၏ကိုယ်ပိုင် အလုပ်ကိစ္စအဖြစ် သဘောထားမဆက်ဆံပါက ယင်းကို ကျွန်ုပ် ကောင်းစွာ လုပ်ဆောင်မည်လော’ ဟု ပြောကြသည်။ ဤစကားများသည် မှန်သလော၊ မှားသလော။ ယင်းတို့မှာ မှားယွင်းပေသည်။ ယင်းတို့သည် သမ္မာတရားနှင့် ဆန့်ကျင်နေသည်။ တာဝန်သည် သင်၏ကိုယ်ပိုင် အလုပ်ကိစ္စမဟုတ်ပေ၊ ယင်းသည် ဘုရား၏ အလုပ်ကိစ္စဖြစ်သည်၊ ယင်းသည် ဘုရားအမှု၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး ဘုရားသခင် တောင်းဆိုသည့်အတိုင်း သင်လုပ်ဆောင်ရမည်၊ ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးဖြင့် သင်၏တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့်သာ သင်သည် စံနှုန်းနှင့် ကိုက်ညီနိုင်သည်။ သင်၏ ကိုယ်ပိုင်အယူအဆများ၊ စိတ်ကူးများနှင့်အညီ သင်၏ ကိုယ်ပိုင် လိုအင်ဆန္ဒများနှင့်အညီ တာဝန်ကို အစဉ် ထမ်းဆောင်လျှင် သင်သည် မည်သည့်အခါမျှ စံနှုန်းပြည့်မီမည် မဟုတ်ပေ။ သင်ဆန္ဒရှိသည့်အတိုင်း တာဝန်ကို ထမ်းဆောင်ခြင်းသက်သက်သည် တာဝန်ကို ထမ်းဆောင်ခြင်းမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သင်လုပ်ဆောင်နေသည့်အရာသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုနယ်ပယ်အတွင်းတွင် မရှိပေ။ ယင်းသည် ဘုရားအိမ်တော်၏ အလုပ်မဟုတ်ပေ။ ယင်းအစား သင်သည် သင်၏ ကိုယ်ပိုင် လုပ်ငန်းကို ဆောင်ရွက်နေခြင်းဖြစ်ပြီး သင်၏ ကိုယ်ပိုင်လုပ်ငန်းများကို ဆောင်ရွက်နေခြင်း ဖြစ်သောကြောင့် ဤသည်ကို ဘုရားသခင်က အမှတ်မထားပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မရဲ့ စိတ်နေစိတ်ထား ဘုရားသခင် ဖော်ထုတ်ထားတဲ့အတိုင်း အတိအကျပဲဆိုတာ နားလည်သွားတယ်။ ကျွန်မက ခွန်အားစိုက်ထုတ်၊ စိတ်နှလုံးသွင်းပြီး အမှုအရာတွေကို သဘောပေါက်အောင် အဖိုးအခပေးဆပ်နေသရွေ့ ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းနေတာဖြစ်လို့ ဘုရားသခင် ကျေနပ်သင့်တယ်လို့ ထင်ခဲ့တာပေါ့။ ဒါပေမဲ့ ကျွန်မရဲ့ “ရည်ရွယ်ချက်ကောင်းတွေ” က စည်းမျဉ်းတွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ ဆိုတာကိုတော့ ထည့်မစဉ်းစားခဲ့ဘူး။ တစ်ခါတလေ စိတ်ပါလက်ပါဖြစ်ပြီး သင့်တော်တယ်၊ ကောင်းတယ် ထင်တဲ့အရာကို စည်းမျဉ်းတွေကို သေသေချာချာ မရှာဖွေဘဲ၊ ဒါမှမဟုတ် စိတ်ကိုတည်ငြိမ်အောင်ထားပြီး အချက်အလက်တွေရှာတာ၊ လေ့လာတာ၊ အနှစ်ချုပ်တာမျိုး မလုပ်ဘဲ ချက်ချင်း လုပ်ပစ်လိုက်တာပဲ။ ရလဒ်အနေနဲ့ ကျွန်မ ထုတ်လုပ်လိုက်တဲ့ အလုပ်တွေက စည်းမျဉ်းတွေနဲ့ မကိုက်ညီတာ များတယ်။ ဥပမာ၊ ဓမ္မတေးဗီဒီယိုတွေ လုပ်တဲ့အခါ ဘာသာတရား မရှိသူတွေက လူတွေရဲ့ အာရုံစိုက်မှုရဖို့နဲ့ ဝင်ကြည့်တဲ့နှုန်း များလာဖို့ကိုပဲ အဓိကထားပြီး ဗီဒီယိုတွေ ပိုဆွဲဆောင်မှုရှိသွားအောင် ဇာတ်ဝင်ခန်း အကူးအပြောင်းတွေ အများကြီးသုံးတာ၊ အဆင့်မြင့် တည်းဖြတ်နည်းတွေ သုံးတာမျိုး လုပ်ကြတယ်။ ဒါပေမဲ့ ကျွန်မတို့ ဗီဒီယိုလုပ်ရတဲ့ အဓိကရည်ရွယ်ချက်က လူတွေ စိတ်ငြိမ်အောင်နဲ့ ဘုရားနှုတ်ကပတ်တော်တွေကို နားထောင်လာအောင် ကူညီပေးဖို့လေ။ ဒါက ဘုရားနှုတ်ကပတ်တော်တွေကို ဖြန့်ချိဖို့နဲ့ ကိုယ်တော့်အတွက် သက်သေခံဖို့ပဲ။ ကိုယ့်အကြိုက်၊ ဒါမှမဟုတ် ဘာသာတရား မရှိသူတွေရဲ့ စံသတ်မှတ်ချက်တွေကို ကိုယ့်တာဝန်ထမ်းဆောင်တဲ့ စည်းမျဉ်းတွေအနေနဲ့ သတ်မှတ်လိုက်ရင် လမ်းလွဲခြင်းတွေ ခဏခဏ ဖြစ်လာတတ်ပြီး ရလဒ်က ဘုရားသခင်အတွက် သက်သေမခံဖြစ်တော့ဘူး။ ပြီးတော့ ကျွန်မရဲ့ အစွမ်းအစက အကန့်အသတ်ရှိသလို ပိုင်းခြားသိမြင်နိုင်စွမ်းလည်း ကင်းမဲ့နေတယ်။ ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းချင်တယ်၊ အမှုအရာတွေ လုပ်ဆောင်တဲ့အခါ စည်းမျဉ်းတွေကို လိုက်နာချင်တယ်၊ ထပ်ခါတလဲလဲ မဖြစ်အောင် ဆန်းသစ်တီထွင်ချင်တယ်ဆိုပေမဲ့ သမ္မာတရားကို နားမလည်ဘဲ အမှုအရာတွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တဲ့အတွက် စည်းမျဉ်းတွေအပေါ် နားလည်မှုမှာ လမ်းလွဲခြင်းတွေ ခဏခဏ ဖြစ်ပြီး အလုပ်ရလဒ်တွေက မကောင်းဘူးလေ။ ဥပမာအနေနဲ့ ဒီတစ်ခေါက်မှာဆို ဗီဒီယိုပုံစံကို ဆန်းသစ်တီထွင်ချင်ပေမဲ့ အချက်အသစ်တချို့ သိလာတဲ့အခါ ဗီဒီယိုမှာ အလောတကြီး ထည့်သုံးမိတယ်။ တကယ်တမ်းကျတော့ သင်ယူခဲ့တဲ့အရာရဲ့ အခြေခံလောက်ပဲ နားလည်ထားပြီး အမြင်ပိုင်းဆိုင်ရာ တင်ဆက်မှုပုံစံက ဗီဒီယိုရဲ့ အဓိကအကြောင်းအရာနဲ့ ကိုက်ညီမှု ရှိ၊ မရှိ၊ ဒါမှမဟုတ် နည်းစနစ်တချို့က စည်းမျဉ်းတွေနဲ့အညီ သုံးထားတာ ဟုတ်၊ မဟုတ် ဆိုတာတွေကို ထည့်မစဉ်းစားခဲ့ဘူး။ ရလဒ်ကတော့ ဗီဒီယိုရဲ့ ထိရောက်မှု အားနည်းသွားပြီး အခြေခံအမှားတွေတောင် ပါသွားတာပေါ့။ ခေါင်းဆောင်က ကျွန်မ ပြဿနာတွေကို ထောက်ပြပြီး စဉ်းစားတွေးခေါ်ပုံ ရိုးရှင်းလွန်းတယ်၊ ပိုင်းခြားသိမြင်မှု ကင်းမဲ့နေတယ်လို့ ပြောတဲ့အခါ ကျွန်မ မတရားခံရတယ်လို့တောင် ခံစားမိပြီး ခေါင်းဆောင်က စာနာမှုမရှိဘူးလို့တောင် ထင်လိုက်သေးတယ်။ ကျွန်မ ရည်ရွယ်ချက်က ကောင်းတာပဲ၊ ဒါကြောင့် လမ်းလွဲတာတွေ၊ ပြဿနာတွေ ရှိနေရင်တောင် ခေါင်းဆောင်က ကျွန်မရဲ့ ရည်ရွယ်ချက်ကောင်းတွေအတွက် နှစ်သိမ့်စကားလေး ဘာလေး ပြောသင့်တာပေါ့လို့ ခံစားမိတာ။ ဒီအချိန်မှာ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ့ရဲ့ ဒီလိုတောင်းဆိုမှုက စည်းမျဉ်းတွေနဲ့ ကိုက်ညီရဲ့လား” ပေါ့။ ဘုရားအိမ်တော်မှာ အမှုအရာတွေကို စည်းမျဉ်းတွေအတိုင်း သေသေချာချာ အာရုံစိုက်လုပ်ဆောင်ဖို့ လိုပြီး၊ မှန်ရင် မှန်တယ်၊ မှားရင် မှားတယ်လေ။ ကျွန်မ ထုတ်လုပ်လိုက်တဲ့ အလုပ်တွေက စည်းမျဉ်းတွေနဲ့ ကိုက်ညီပြီး ရလဒ်ကောင်းတွေ ရတယ်ဆိုရင် အသင်းတော်က အလိုလို လက်ခံမှာပဲ။ ဒါပေမဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ဘုရားသခင်အတွက် သက်သေမခံနိုင်ဘူးဆိုရင်တော့ ခေါင်းဆောင်က အဲဒါတွေကို သုံးမှာမဟုတ်သလို ကျွန်မရဲ့ ပြဿနာတွေကိုလည်း ရှင်းရှင်းလင်းလင်း ထောက်ပြမှာပဲ။ ဒီလို တဲ့တိုးထောက်ပြတာက ကျွန်မရဲ့ အားနည်းချက်တွေကို ဖော်ထုတ်ဖို့၊ ဒါမှမဟုတ် ကျွန်မကို တိုက်ခိုက်ဖို့ မဟုတ်ဘဲ၊ ကိုယ့်ရဲ့ ချို့ယွင်းချက်တွေနဲ့ အားနည်းချက်တွေကို ရှင်းရှင်းလင်းလင်း မြင်တွေ့ဖို့နဲ့ နောင်ကျရင် စည်းမျဉ်းတွေကို ပိုရှာဖွေပြီး ကိုယ့်ရဲ့ ကျွမ်းကျင်မှုပိုင်းကို တိုးတက်အောင် ပိုအားထုတ်နိုင်ဖို့ ကူညီပေးတာပါပဲ။ ဒီလိုနည်းနဲ့ ပိုကောင်းတဲ့ ဗီဒီယိုတွေ ဖန်တီးနိုင်လာမှာပေါ့။ ဒီလို ထောက်ပြတာတွေ၊ ပြုပြင်ခြင်းတွေက လူတွေ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ ကူညီပေးတဲ့ အကောင်းဆုံး နည်းလမ်းတွေပဲ။ ဒါပေမဲ့ ကျွန်မက အမှားအမှန်ကို မခွဲခြားတတ်ဘဲ နှစ်သိမ့်နားလည်ပေးတဲ့ စကားမျိုးတွေ ကြားချင်နေခဲ့တာလေ။ ခေါင်းဆောင်က နည်းနည်းလေး ပြင်းပြင်းထန်ထန် ပြောလိုက်တာနဲ့ အတိုက်အခံဖြစ်မိတယ်။ ကျွန်မ ရည်ရွယ်ချက်သာ ကောင်းနေရင် အမှားလုပ်မိရင်တောင် အဝေဖန်မခံရသင့်ဘူး၊ မျက်နှာထောက်ထားပေးသင့်တယ်လို့ တွေးမိသလိုမျိုးပေါ့။ ဒါဟာ လောကီဆိုင်ရာ ဆက်ဆံမှုတွေအတွက် စာတန်ရဲ့ အတွေးအခေါ် မဟုတ်ဘူးလား။ စဉ်းစားကြည့်ရင် ဒီလိုတောင်းဆိုမှုတွေက ဆင်ခြင်တုံတရား တကယ်ပဲ ကင်းမဲ့နေပြီး သမ္မာတရားကို လက်ခံတဲ့သူတစ်ယောက်ရဲ့ အပြုအမူမျိုး မဟုတ်ဘူးလေ။ ကျွန်မတို့ တာဝန်တွေက ကိုယ်ရေးကိုယ်တာ ကိစ္စတွေ မဟုတ်ဘူးလေ။ တာဝန်တိုင်းဟာ ဘုရားအိမ်တော်ရဲ့ အလုပ်နဲ့ ဘုရားသခင်အတွက် သက်သေခံခြင်းတို့နဲ့ သက်ဆိုင်နေတာမို့ သတိထားပြီး ဂရုတစိုက်နဲ့ ကိုင်တွယ်ရမယ်။ ပြီးတော့ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံးနဲ့ ပိုရှာဖွေရမယ်၊ တခြားသူတွေကို ပိုတိုင်ပင်ရမယ်။ ဒါမှသာ ကိုယ့်အယူအဆတွေ၊ စိတ်ကူးယဉ်မှုတွေအပေါ် အခြေခံပြီး ဘုရားသခင်ကို အရှက်ရစေမယ့် အလုပ်တွေ ဖန်တီးမိတာကို ရှောင်ရှားနိုင်မှာပေါ့။ စည်းမျဉ်းတွေကို မရှာဖွေဘဲ ရည်ရွယ်ချက်ကောင်းတွေနဲ့ စိတ်အားထက်သန်မှုအပေါ်မှာပဲ မှီခိုနေတာက လူတစ်ယောက်ကို သူ့တာဝန်တွေမှာ အဖျက်အမှောင့်လုပ်ခြင်းတွေနဲ့ နှောင့်ယှက်ခြင်းတွေ ဖြစ်စေဖို့ လွယ်ကူတယ်လေ။
နောက်ပိုင်းမှာ ကျွန်မ တွေးဆမိတယ်၊ “ကိုယ့်တာဝန်မှာ ကိစ္စတွေ ကြုံရတဲ့အခါ စည်းမျဉ်းတွေကို ရှာဖွေသင့်မှန်း သိပေမဲ့ တစ်ခါတလေကျရင် တော်တော်ကောင်းတယ်လို့ ထင်တဲ့အရာကို စည်းမျဉ်းတွေမရှာဖွေချင်ဘဲ ချက်ချင်း လုပ်ပစ်လိုက်တာမျိုး ရှိတယ်။ ငါ ဘာလို့ ဒီလောက်တောင် ကိုယ့်အလိုကိုယ် လိုက်နေမိရတာလဲ” ပေါ့။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပြီးတဲ့နောက်မှာ ကိုယ့်တာဝန်အပေါ်ထားတဲ့ ရည်ရွယ်ချက်တွေနဲ့ပတ်သက်ပြီး နားလည်မှုတချို့ ရလာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားအိမ်တော်တွင် အစဉ်သဖြင့် မိမိ၏ ကျွမ်းကျင်မှုကို ပြသပြီး မိမိ၏ အရည်အချင်းများကို ကြွားဝါလိုခြင်းသည် မှန်ကန်သော စမှတ်ဖြစ်သလော။ (မဟုတ်ပါ။) မည်သို့ မမှန်ကန်ခြင်း ဖြစ်သနည်း။ ကျေးဇူးပြု၍ အကြောင်းရင်းကို ရှင်းပြလော့။ (၎င်းတို့၏ ရည်ရွယ်ချက်သည် ကြွားဝါပြီး မိမိတို့ကိုယ်ကို အသိအမှတ်ပြုခံရစေရန်ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အသက်မွေးအလုပ်နောက်သို့ လိုက်နေခြင်းဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို မည်သို့ ကောင်းစွာ ထမ်းဆောင်ရမည်၊ သို့မဟုတ် ဘုရားအိမ်တော်၏ အလုပ်ကို အကျိုးဖြစ်စေမည့် ပုံစံဖြင့် မည်သို့ ပြုမူဆောင်ရွက်ရမည်ဆိုသည်ကို မစဉ်းစားပေ။ ထိုအစား ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ပေးခြင်း၊ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေခြင်းမရှိဘဲ ၎င်းတို့၏ ကိုယ်ပိုင်နှစ်သက်မှုများနှင့်အညီ ပြုမူဆောင်ရွက်လိုကြသည်။) အခြားလူများက ဤအမှုကိစ္စကို မည်သို့ရှုမြင်သနည်း။ (တစ်စုံတစ်ခု ဖြစ်သည့်အခါတိုင်းတွင် အစဉ်သဖြင့် ကြွားဝါခြင်းသည် ဆိုးယုတ်သော စိတ်သဘောထားဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို မည်သို့ထမ်းဆောင်ပြီး ဘုရားသခင်အပေါ် မည်သို့သက်သေခံရမည်ကို မစဉ်းစားပေ။ ၎င်းတို့သည် အစဉ်သဖြင့် မိမိတို့ကိုယ်ကို သက်သေခံလိုကြသည်။ ဤလမ်းကြောင်းသည် ပင်ကိုအားဖြင့် မှားယွင်းသည်။) ဤစမှတ်သည် ပင်ကိုအားဖြင့် မမှန်ကန်ပေ။ ဤသည်မှာ သေချာသည်။ ဤသို့ဆိုလျှင် မည်သို့ မမှန်ကန်ခြင်းဖြစ်သနည်း။ ဤသည်မှာ သင်တို့အားလုံး မချေပနိုင်သည့် ပြဿနာတစ်ခုဖြစ်သည်။ သင်တို့အားလုံးသည် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားနေရသည့် ပုံစံရှိသည်။ သင်တို့အားလုံးသည် သင်တို့၏ အရည်အချင်းများကို ထုတ်ဖော်ပြသရန်အတွက် သင်တို့၏ ကျွမ်းကျင်မှုကို ပြသလိုသည့် ပုံစံရှိသည်။ ဤသို့ မဟုတ်သလော။ ဘာသာတရားမရှိသူများကြားတွင် ဆိုရိုးစကားတစ်ခုရှိသည်။ မည်သည့်ဆိုရိုးစကား ဖြစ်သနည်း။ ‘အဘွားအိုသည် နှုတ်ခမ်းနီဆိုးခြင်းမှာ သင် ကြည့်စရာတစ်ခုခုရှိစေရန်ဖြစ်သည်’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ ‘သင်၏ အရည်အချင်းများကို ထုတ်ဖော်ပြသခြင်း’ ဆိုသည့် အဓိပ္ပာယ်မဟုတ်လော။ (ဟုတ်သည်။) သင်၏ အရည်အချင်းများကို ထုတ်ဖော်ပြသခြင်းဆိုသည်မှာ သင်၏ လုပ်ဆောင်နိုင်စွမ်းကို ပြသပြီး ကြွားဝါလိုခြင်း၊ သူတစ်ပါးတို့ကြားတွင် သိက္ခာနှင့် အဆင့်အတန်းရလိုခြင်း၊ အထင်ကြီးလေးစားခံရလိုခြင်းကို ဆိုလိုသည်။ အနည်းဆုံးအနေဖြင့် ယင်းသည် ‘ငါ့တွင် စစ်မှန်သော ကျွမ်းကျင်မှုအချို့ရှိသည်။ ငါသည် သာမန်လူမဟုတ်ပေ။ ငါ့အား အထင်မသေးနှင့်။ ငါသည် ပါရမီရှိသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်’ ဟူ၍ သူတစ်ပါးတို့အား အသိပေးအကြောင်းကြားရန် မိမိ၏ အရည်အချင်းများကို ထုတ်ဖော်ပြသဖို့ အခွင့်အရေးကို အသုံးပြုလိုခြင်း ဖြစ်သည်။ အနည်းဆုံးအနေဖြင့် ဤသည်မှာ ယင်းနောက်ကွယ်ရှိ အဓိပ္ပာယ်ဖြစ်သည်။ ဤသို့ဆိုလျှင် တစ်စုံတစ်ယောက်က ဤသို့သော ရည်ရွယ်ချက်များရှိပြီး သူ၏ အရည်အချင်းများကို အစဉ်သဖြင့် ထုတ်ဖော်ပြသလိုလျှင် ဤအရာ၏ သဘောသဘာဝမှာ အဘယ်နည်း။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အသက်မွေးအလုပ်နောက်သို့ လိုက်လိုသည်။ ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းကို စီမံလိုသည်။ အခြားလူများကြားတွင် ခြေကုပ်ရရှိပြီး သိက္ခာရှိလိုသည်။ ဤမျှ ရိုးရှင်းသည်။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခြင်း၊ သို့မဟုတ် ဘုရားအိမ်တော်အတွက် လုပ်ဆောင်ခြင်း မဟုတ်ပေ။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေခြင်း မဟုတ်သကဲ့သို့ ဘုရားအိမ်တော်၏ စည်းမျဉ်းများ၊ သတ်မှတ်ချက်များနှင့်အညီ ပြုမူဆောင်ရွက်ခြင်းလည်း မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။ မိမိတို့ကိုယ်ကို ပို၍ များပြားသော လူများ၏ အသိအမှတ်ပြုခံရရန်၊ မိမိတို့၏ တန်ဖိုးနှင့် ဂုဏ်သတင်းကို မြှင့်တင်ရန် ဖြစ်သည်။ လူတို့က ၎င်းတို့အား ကြီးကြပ်ရေးမှူး၊ သို့မဟုတ် ခေါင်းဆောင်အဖြစ် တင်မြှောက်ရန် ၎င်းတို့က လုပ်ဆောင်နေခြင်းဖြစ်သည်။ ၎င်းတို့သည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်အဖြစ် တင်မြှောက်ခံရသည်နှင့် ၎င်းတို့တွင် အဆင့်အတန်းရှိမည် မဟုတ်လော။ ဤသို့ဆိုလျှင် ၎င်းတို့သည် ထင်ပေါ်မည်မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ လိုက်စားမှုဖြစ်သည်။ ၎င်းတို့၏ စမှတ်မှာ ဤမျှ ရိုးရှင်းသည်။ ယင်းသည် အဆင့်အတန်းနောက်လိုက်ခြင်းထက် မပိုပေ။ ၎င်းတို့သည် အဆင့်အတန်းနောက်သို့ ရည်ရွယ်ချက်ရှိရှိဖြင့် လိုက်နေခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်ကို၊ သို့မဟုတ် အကျိုးစီးပွားကို ကာကွယ်နေခြင်းမဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၆)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ မြင်လိုက်ရတာက လူတစ်ယောက်ရဲ့ တာဝန်မှာထားတဲ့ ရည်ရွယ်ချက်တွေနဲ့ စေ့ဆော်ချက်တွေက အရမ်းအရေးကြီးတယ်ဆိုတာပါပဲ။ လူတစ်ယောက်က သူ့တာဝန်ကို ကြွားဝါဖို့၊ လူတွေ အားကျလာအောင် သူ့အရည်အချင်းတွေကို ထုတ်ပြဖို့နဲ့ သူ့ဂုဏ်သတင်း မြှင့်တင်ဖို့ နည်းလမ်းတစ်ခုအနေနဲ့ သုံးမယ်ဆိုရင် အဆင်အခြင်မဲ့ လုပ်ဆောင်ဖို့များပြီး သူ့အတွေးတွေက သူ့ဂုဏ်သတင်းနဲ့ အဆင့်အတန်းအပေါ်မှာပဲ အာရုံရောက်နေမှာပဲ။ အဲဒီလိုနည်းနဲ့ တာဝန်ထမ်းဆောင်တာက အနှစ်သာရအရတော့ ကိုယ့်ကိုယ်ပိုင်လုပ်ငန်းကို လုပ်ဆောင်နေတာပါပဲ။ နောက်ပြီး ကျွန်မ ဆင်ခြင်သုံးသပ်မိတယ်၊ “ငါတာဝန်ထမ်းဆောင်တဲ့နေရာမှာ ဘာလို့ ပြဿနာတွေ ဒီလောက် အများကြီး ပေါ်လာရတာလဲ” ပေါ့။ အဲဒါက ဘာလို့လဲဆိုရင်တော့ ကျွန်မ ရည်ရွယ်ချက်တွေမှာ ပြဿနာရှိနေလို့လေ။ ကိုယ့်တာဝန်မှာ ဘုရားသခင်အတွက် ဘယ်လိုသက်သေခံမလဲ၊ ဒါမှမဟုတ် ပိုကောင်းတဲ့ရလဒ်တွေ ဘယ်လိုရအောင်ယူမလဲဆိုတာကို ကျွန်မ မစဉ်းစားခဲ့ဘူး။ အဲဒီအစား ကျွန်မက စိတ်ကူးစိတ်သန်းတွေ၊ ဖန်တီးနိုင်စွမ်းတွေရှိတဲ့သူတစ်ယောက် ဖြစ်ကြောင်းနဲ့ အတွေးအခေါ်ဟောင်းတွေထဲမှာပဲ ပိတ်မိမနေဘူးဆိုတာကို သက်သေပြဖို့ ကိုယ့်အလုပ်ကို အသုံးပြုချင်ခဲ့တာ။ ဒါတွေအားလုံးက တခြားသူတွေရဲ့ ချီးမွမ်းတာကို ခံချင်လို့လေ။ ဥပမာ၊ မကြာသေးခင်က ညီအစ်ကိုမောင်နှမတချို့က ကျွန်မတို့ကို အကြံပြုချက်တချို့ ပေးခဲ့တယ်၊ ကျွန်မတို့ ထုတ်လုပ်နေတဲ့ ဗီဒီယိုပုံစံတွေက စုံလင်မှု မရှိဘူးဆိုပြီးတော့ပေါ့။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ ဆန်းသစ်တီထွင်မှု မလုပ်သေးရင် ငါ့ကို ဖန်တီးနိုင်စွမ်းမရှိဘူးလို့ သူတို့ ထင်ကြမလား” ပေါ့။ သူတို့ အဲဒီလို မထင်ရအောင် ဗီဒီယိုတွေကို စလေ့လာတော့တယ်၊ လူကြိုက်များပုံရပြီး ဝင်ကြည့်တဲ့နှုန်း များတဲ့ ပုံစံတွေကို ရွေးထုတ်တယ်၊ ပြီးတော့ လူတွေ ကျွန်မကို အမြင်သစ်နဲ့ မြင်လာအောင် နောက်ထပ်ထုတ်မယ့် ဗီဒီယိုမှာ ဖောက်ထွက်မှုတွေ လုပ်ကြည့်ဖို့ စဉ်းစားခဲ့တယ်။ ဗီဒီယိုနမူနာတွေကို ညီအစ်ကိုမောင်နှမတချို့ဆီ ပြတဲ့အခါ သူတို့က တော်တော်လေး ဆန်းသစ်တယ်လို့ ပြောကြတော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တော်တော်ကျေနပ်သွားပြီး လူများများ ဒီဗီဒီယိုကို အမြန်ဆုံး တွေ့စေချင်စိတ် ပြင်းပြသွားတယ်။ ခေါင်းဆောင်ဆီကိုတောင် ပြန်စစ်ဆေးဖို့ မတင်ပြချင်ခဲ့ဘူး၊ ဘာလို့လဲဆိုတော့ သူ ကြည့်ပြီးရင် စည်းမျဉ်းဆိုင်ရာ ပြဿနာတချို့ကို ထောက်ပြပြီး ဗီဒီယိုတင်ခွင့်မရမှာ စိုးရိမ်လို့လေ။ သူ့ဆီကနေ ရှာဖွေချင်စိတ် လုံးဝမရှိခဲ့ဘူး။ ဒါတွေအားလုံးကို ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်မ ကြောက်စိတ်ဝင်သွားတယ်။ ကိုယ့်တာဝန်မှာထားတဲ့ ရည်ရွယ်ချက်တွေ မှားနေမှန်း၊ ကျွန်မ အရမ်းကို ကိုယ့်သဘောဆန္ဒအတိုင်း လုပ်ချင်နေမှန်း သဘောပေါက်လိုက်တယ်။ ပြဿနာရှိတဲ့ ဗီဒီယိုတစ်ခုကို ကျွန်မ တင်မိလုနီးပါး ဖြစ်သွားတယ်၊ ဒါက ဘုရားသခင်အတွက် သက်သေမခံနိုင်ရုံတင်မကဘဲ အဲဒီအစား ကိုယ်တော့်ကို ဂုဏ်သရေပျက်စေမှာလေ။ အဲဒါရဲ့ အကျိုးဆက်တွေက တွေးကြည့်လို့တောင် ရမှာမဟုတ်ဘူး။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို သတိရမိတယ်။ “ဘုရားသခင်ကို လူ၏အစေခံခြင်းတွင် မပြုအပ်ဟု တားမြစ်ထားသော အကြီးမားဆုံးအရာမှာ မည်သည့်အရာ ဖြစ်သည်ကို သင်တို့သိသလော။ ခေါင်းဆောင်များနှင့် အမှုဆောင်အချို့တို့သည် အမြဲတစေ ကွဲပြားခြားနားဖို့၊ ကျန်သည့် လူများထက် သာလွန်ဖို့၊ ကြွားဝါဖို့နှင့် ၎င်းတို့သည် မည်မျှအမှန်တကယ် စွမ်းဆောင်နိုင်ကြောင်းကို ဘုရားသခင် မြင်စေရန်အလို့ငှာ လှည့်ကွက်အသစ်အချို့ကို ရှာဖွေဖို့ အစဉ် ကြိုးစားကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားထဲ ဝင်ရောက်ခြင်းအပေါ် အာရုံမစိုက်ကြချေ။ ဤသည်မှာ ပြုမူလုပ်ဆောင်ဖို့ အမိုက်မဲဆုံး နည်းလမ်းဖြစ်သည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားကို ထုတ်ဖော်ခြင်း အတိအကျပင် မဟုတ်သလော။...သို့ဖြစ်၍ မည်သည့်အခါမျှ သင်လုပ်ချင်သည့်အရာကို စိတ်မြန်လက်မြန် မလုပ်လေနှင့်။ အကျိုးဆက်ကို သင်အဘယ်နည်းဖြင့် မစဉ်းစားဘဲ နေနိုင်သနည်း။ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိပြီး သူ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ကာ တစ်ဆက်တည်းတွင် ဖယ်ရှားရှင်းလင်းခြင်းခံရလေလျှင် သင့်အတွက် ပြောစရာ ကျန်တော့မည်မဟုတ်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) လူတစ်ယောက် သူ့တာဝန်မှာ အရှောင်ကြဉ်ရဆုံးအရာက အမြဲတမ်း ထူးခြားချင်တာနဲ့ ကြွားဝါချင်တာပဲလို့ ဘုရားသခင်က မိန့်ဆိုထားတယ်။ သူတို့ ဘယ်လောက် စွမ်းဆောင်နိုင်ရည်ရှိပြီး ကျွမ်းကျင်ကြောင်း ပြဖို့အတွက် လူတွေက ကိုယ့်သဘောဆန္ဒအပေါ် အခြေခံပြီး ကန်းကုန်အောင်၊ စိတ်လိုက်မာန်ပါ ပြုမူတတ်ကြတယ်။ ဒါက မာနထောင်လွှားတဲ့ စိတ်သဘောထားရဲ့ ထုတ်ဖော်မှုတစ်ခုပဲ။ ဒီတစ်ခေါက် ကျွန်မတို့ ဗီဒီယိုလုပ်တုန်းကလိုမျိုးပေါ့၊ သမ္မာတရားကို နားမလည်ဘဲ သက်ဆိုင်ရာ ကျွမ်းကျင်မှုတွေကို အပေါ်ယံလောက်ပဲ သိထားပြီး အစီအစဉ်ပုံစံတွေ၊ တင်ဆက်မှုနည်းလမ်းတွေ အများကြီးကို သေသေချာချာ မလေ့လာဘဲ ကိုယ့်စိတ်ထဲ ကောင်းတယ်ထင်တာနဲ့ပဲ စိတ်ကူးတွေကို ယူသုံးလိုက်တာလေ။ အထူးသဖြင့် ဗီဒီယိုအတွက် ဖန်တီးနိုင်စွမ်းရှိတယ်၊ ဒါမှမဟုတ် စိတ်ကူးကောင်းတယ်လို့ ထင်ရတဲ့ စိတ်ကူးတချို့ ရလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် တော်တော်ကျေနပ်ပြီး ယုံကြည်မှုအပြည့် ရှိခဲ့တယ်၊ ပြီးတော့ ဒီဗီဒီယိုလက်ရာက လူတွေ ကျွန်မကို အမြင်သစ်နဲ့ မြင်လာစေမှာ သေချာတယ်လို့ တွေးခဲ့တာ။ ကျွန်မသာ ပိုပြီး ဆင်ခြင်တုံတရားရှိခဲ့ရင်၊ ပြီးတော့ သမ္မာတရားကို နားလည်မှု ကင်းမဲ့တာနဲ့ အမှုအရာတွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တာကို အသိအမှတ်ပြုခဲ့ရင် ပုံစံသစ်တစ်ခု မစမ်းခင်မှာ သေသေချာချာ လေ့လာပြီး တခြားသူတွေကို တိုင်ပင်မှာပေါ့၊ ပြီးတော့ မတင်ခင်မှာ ပြဿနာမရှိတာ သေချာအောင်လို့ ဗီဒီယိုကို ထပ်ခါတလဲလဲ ပြန်စစ်ဆေးပြီး လုပ်ပြီးတဲ့နောက်မှာလည်း ပိုရှာဖွေမှာပေါ့။ ဒါပေမဲ့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ကန်းကုန်အောင် ယုံကြည်နေခဲ့တာ၊ ဒါက မိုက်မဲမှုနဲ့ အသိဉာဏ်ကင်းမဲ့မှုရဲ့ လက္ခဏာတစ်ခုပဲလေ။ ကျွန်မ တကယ်ပဲ မာနထောင်လွှားပြီး အသိဉာဏ်ကင်းမဲ့ခဲ့တာပဲ။ ကျွန်မ ကိုယ့်စွမ်းဆောင်နိုင်ရည်ကို နားမလည်ခဲ့သလို အမှုအရာတွေ လုပ်တဲ့အခါမှာလည်း မရှာဖွေခဲ့ဘူး။ ကိုယ့်အကြိုက်အပေါ် အခြေခံပြီး တာဝန်ထမ်းဆောင်လို့ အဖျက်အမှောင့်လုပ်ခြင်းတွေ အလွယ်တကူ ဖြစ်စေခဲ့တယ်။ ဒီလိုနည်းနဲ့ တာဝန်ထမ်းဆောင်တာ တကယ် အန္တရာယ်များလိုက်တာ။
ဝတ်ပြုတဲ့အချိန်မှာ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ဖတ်လိုက်ရတော့ လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းက ကျွန်မအတွက် ပိုရှင်းလင်းသွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်သည် သမ္မာတရား စည်းမျဉ်းများကို အခြေခံ၍ ပြုမူဆောင်ရွက်ရန် ပျက်ကွက်ပြီး ထိုအစား မယုံကြည်သူများ၏ မမှန်ကန်သည့် အတွေးများနှင့် ရှုထောင့်အမြင်များအပေါ် သင်၏ လုပ်ရပ်များကို အခြေပြုလျက် ထိုအရာများအပေါ် မှီခိုလျှင် သင်၏ အားထုတ်မှုသည် အချည်းနှီးဖြစ်လိမ့်မည်။ သင်သည် ကြီးမားသည့် အဖိုးအခတစ်ခုကို ပေးပြီး အားထုတ်မှုများစွာ ရင်းနှီးခဲ့လျှင်ပင် သင်၏ နောက်ဆုံးရလဒ်က အချည်းနှီးဖြစ်နေလိမ့်ဦးမည်ဖြစ်သည်။ ဤကိစ္စရပ်ကို ဘုရားသခင်က မည်သို့ ရှုမြင်သနည်း။ သူ မည်သို့ ဖော်ပြသနည်း။ မည်သို့ ကိုင်တွယ်ဖြေရှင်းသနည်း။ အနည်းဆုံးအနေဖြင့် သင်၏ လုပ်ဆောင်ချက်များက မကောင်းပေ။ ယင်းတို့သည် ဘုရားသခင်ကို သက်သေခံခြင်းမရှိ၊ သို့မဟုတ် သူ့ကို ဘုန်းအသရေ မဆောင်ကြဉ်းသကဲ့သို့ သင် ပေးခဲ့သည့် အဖိုးအခနှင့် စိတ်အားထုတ်မှုတို့သည် အောက်မေ့ခံရလိမ့်မည်မဟုတ်။ အားလုံး အချည်းနှီးဖြစ်၏။ သင် နားလည်သလော။ (နားလည်ပါသည်။) မည်သည့်အရာကိုမျှ သင် မလုပ်ဆောင်မီတွင် သေချာစွာ စဉ်းစားရန် အချိန်ယူလော့။ အခြားသူများနှင့် သာ၍ မိတ်သဟာယပြုလော့။ ပြုမူဆောင်ရွက်ခြင်းမရှိမီ စည်းမျဉ်းများနှင့် ပတ်သက်၍ ရှင်းလင်းမှုကို ရှာဖွေကာ သင်၏ ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် စိတ်ဆန္ဒတို့၏ လှုံ့ဆော်ခြင်းခံရလျက် တဇောက်ကန်း သို့မဟုတ် စိတ်လိုက်မာန်ပါ မပြုမူနှင့်။ ရလဒ်က မည်သည့်အရာဖြစ်လင့်ကစား အဆုံးတွင် ထိုအရာကို သင့်ဘာသာ သည်းညည်းခံရမည်ဖြစ်ပြီး ရလဒ်က မည်သည့်အရာဖြစ်စေ၊ ဘုရားသခင်ထံမှ ဆုံးဖြတ်ချက် ရှိလိမ့်မည်။ သင်၏ လုပ်ရပ်များက အချည်းနှီးဖြစ်လိမ့်မည်မဟုတ်ကြောင်း၊ ဘုရားသခင်က အောက်မေ့လိမ့်မည် ဖြစ်ကြောင်း၊ သို့မဟုတ် ထို့ထက်ပို၍ပင် ယင်းတို့က ဘုရားသခင် နှစ်သက်သဘောကျသည့် ကောင်းမှုများ ဖြစ်လာလိမ့်မည်ဟု သင် မျှော်လင့်လျှင် စည်းမျဉ်းများကို သာ၍ မကြာခဏ သင် ရှာဖွေသင့်ပေသည်။ ဤအရာများကို သင် အရေးမစိုက်လျှင် သင်၏ လုပ်ဆောင်ချက်များက ကောင်းမွန်သည်ဖြစ်စေ၊ မကောင်းမွန်သည်ဖြစ်စေ၊ ယင်းတို့ကို ဘုရားသခင်က နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ သင့်အဖို့ အရေးမကြီးသကဲ့သို့ သင် အပြစ်ပေးခံရမည်၊ မခံရမည်ကိုပင် အရေးမစိုက်ဘဲ ‘ကိစ္စမရှိပါ၊ ယခုတွင် ထိုအရာကို ကျွန်ုပ် မည်သို့မျှ မြင်ရမည်၊ သို့မဟုတ် ခံစားရမည်မဟုတ်ပါ’ဟု တွေးလျှင်၊ သင့်ထံတွင် ဤအတွေးများနှင့် ရှုထောင့်အမြင်များရှိလျှင် သင် ပြုမူဆောင်ရွက်သည့်အခါ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိလိမ့်မည် မဟုတ်။ သင်သည် မည်သည့်အရာကိုမျှ အလေးထားခြင်း သို့မဟုတ် ချုပ်ထိန်းခြင်းမရှိဘဲ ရဲတင်း၍ ထိန်းမနိုင်သိမ်းမရဖြစ်ကာ မဆင်မခြင်လုပ်မိလိမ့်မည်။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိလျှင် ပြုမူဆောင်ရွက်သည့်အခါ သင် လျှောက်သည့်လမ်းကြောင်းသည် သွေဖည်ရန် အလွန်အလားအလာ ရှိလိမ့်မည်။ လူသား သဘာဝနှင့် ဗီဇများအရ နောက်ဆုံးရလဒ်မှာ သင်၏ လုပ်ရပ်များက ဘုရားသခင်၏ ဝမ်းမြောက်ခြင်း သို့မဟုတ် အောက်မေ့သတိရခြင်းကို ရရှိရန် အရေးနိမ့်နိုင်ရုံမက အနှောင့်အယှက်များ၊ အတားအဆီးများနှင့် မကောင်းမှုများလည်း ဖြစ်လာကြပေသည်။ ထို့ကြောင့် သင်၏ နောက်ဆုံး အဆုံးသတ်က မည်သည့်အရာဖြစ်လိမ့်မည်ဆိုသည်နှင့် ဘုရားသခင်က မည်သို့ သဘောထားကာ ကိုင်တွယ်လိမ့်မည်ဆိုသည်မှာ အတော်လေး သိသာထင်ရှားပေသည်။ ထို့ကြောင့် မည်သည့်အရာကိုမျှ သင် မလုပ်ဆောင်မီတွင် မည်သည့်ကိစ္စရပ်ကိုမျှ မကိုင်တွယ်မီ သင် လိုလားသည့်အရာနှင့်ပတ်သက်၍ ဦးစွာ ဆင်ခြင်စဉ်းစားသင့်ကာ ဤကိစ္စရပ်၏ နောက်ဆုံးရလဒ်က မည်သည့်အရာ ဖြစ်လိမ့်မည်ကို စေ့စေ့စပ်စပ် စဉ်းစားသင့်သည်။ ထို့နောက်တွင်မျှ ဆက်လုပ်ဆောင်သင့်သည်။ သို့ဆိုလျှင် ဤကိစ္စသည် မည်သည့်အရာနှင့် ပတ်သက်သနည်း။ တစ်ခုခုကို သင် လုပ်ဆောင်သည့်အခါ သင်၏ သဘောထား၊ သင် လိုက်လျှောက်သည့် စည်းမျဉ်းများနှင့် ပတ်သက်ပေသည်။ အကောင်းဆုံး သဘောထားမှာ စည်းမျဉ်းများကို သာ၍ မကြာခဏ ရှာဖွေရန်နှင့် သင်၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို သင်၏ ကိုယ်ပိုင် သိနားလည်မှုများ၊ နှစ်သက်မှုများ၊ ရည်ရွယ်ချက်များ၊ စိတ်ဆန္ဒများ သို့မဟုတ် လက်ငင်း အကျိုးစီးပွားတို့အပေါ် အခြေမခံရန်ဖြစ်သည်။ ထိုအစား သင့်အနေဖြင့် စည်းမျဉ်းများကို ရှာဖွေရမည်၊ ညီအစ်ကို မောင်နှမများရှေ့တွင် ကိစ္စရပ်များကို သာ၍ မကြာခဏ ယူဆောင်ရင်းနှင့် တာဝန်များကို ထမ်းဆောင်ရန် သင်နှင့်အတူ အလုပ်လုပ်နေကြသည့် ထိုညီအစ်ကို မောင်နှမများနှင့် မိတ်သဟာယပြုကာ ရှာဖွေရင်း ဘုရားသခင်ရှေ့တွင် သာ၍ မကြာခဏ ဆုတောင်းကာ ရှာဖွေရမည်။ သင် ပြုမူဆောင်ရွက်ခြင်း မပြုမီ စည်းမျဉ်းများကို မှန်ကန်စေလော့။ စိတ်လိုက်မာန်ပါ မပြုမူနှင့်၊ မပြတ်မသား မလုပ်နှင့်။ ဘုရားသခင်ကို သင် အဘယ်ကြောင့် ယုံကြည်သနည်း။ သင်သည် အစာတစ်နပ်ရရန်၊ အချိန်ကုန်ဆုံးရန်၊ ခေတ်အလိုက် ဝတ်စားဆင်ယင်မှုကို အမီလိုက်ရန်၊ သို့မဟုတ် သင်၏ ဝိညာဉ်ရေးရာ လိုအပ်ချက်များကို ဖြည့်ဆည်းရန် ထိုအရာကို သင် လုပ်ဆောင်ခြင်း မဟုတ်ပေ။ ကယ်တင်ခံရရန်အလို့ငှာ သင် လုပ်ဆောင်ခြင်း ဖြစ်ပေသည်။ သို့ဆိုလျှင် သင် မည်သို့ ကယ်တင်ခံရနိုင်သနည်း။ တစ်ခုခုကို သင် လုပ်ဆောင်သည့်အခါ ကယ်တင်ခြင်း၊ ဘုရားသခင်၏ သတ်မှတ်ချက်များအပြင် သမ္မာတရားနှင့် ဆက်စပ်သင့်သည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၅)) “ဤသည်မှာ ဘုရားအိမ်တော်ဖြစ်သောကြောင့် ဤနေရာတွင် လူတို့ ထမ်းဆောင်သင့်သည့် တာဝန်များကို ထမ်းဆောင်ခြင်းကသာ ၎င်းတို့အတွက် မှန်ကန်ပြီး သင့်လျော်သည်။ သို့သော် လူတို့သည် ဤအရာများကို မိမိတို့ကိုယ်ကိုအတွက် လုပ်ဆောင်ခြင်းမဟုတ်ပေ။ မိမိတို့၏ နေ့စဉ် ဖြစ်တည်မှု၊ ဘဝ၊ မိသားစု၊ သို့မဟုတ် အသက်မွေးအလုပ်အတွက် လုပ်ဆောင်ခြင်းမဟုတ်ပေ။ ဤသို့ဆိုလျှင် မည်သည့်အရာအတွက် လုပ်ဆောင်သနည်း။ ဘုရားသခင်၏ အမှုတော်အတွက်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် ဖြစ်သည်။ ဤအရာတွင် ပါဝင်သည်မှာ မည်သည့်အသေးစိတ် ပညာရပ်၊ သို့မဟုတ် အလုပ်မျိုးဖြစ်စေ၊ ပုဒ်ဖြတ်ပုဒ်ရပ် သင်္ကေတ၊ သို့မဟုတ် ပုံစံချမှတ်ခြင်းတမျှ သေးငယ်သည်ဖြစ်စေ၊ အလုပ်၏ အသေးစိတ်ကိစ္စတစ်ခုတမျှ အရေးပါသည်ဖြစ်စေ အားလုံးက ဘုရားအမှုတော်၏ နယ်ပယ်အတွင်းတွင် ပါဝင်သည်။ ထို့ကြောင့် သင့်၌ အသိစိတ်ရှိလျှင် သင်သည် ‘ဤအလုပ်ကို ငါ အဘယ်သို့ လုပ်ဆောင်သင့်သနည်း။ ဘုရားသခင်၏ သတ်မှတ်ချက်များက အဘယ်နည်း။ ဘုရားအိမ်တော်က မည်သည့် စည်းမျဉ်းများကို ချမှတ်ထားသနည်း’ ဟူ၍ သင့်ကိုယ်သင် ဦးစွာ မေးသင့်သည်။ ထို့နောက်တွင် ဆက်စပ်မှုရှိသော စည်းမျဉ်းများကို တစ်ခုချင်း စာရင်းပြုလုပ်ပြီး စည်းကမ်းစည်းမျဉ်းတစ်ခုစီနှင့်အညီ တင်းကျပ်စွာ ပြုမူဆောင်ရွက်လော့။ စည်းမျဉ်းများနှင့်ညီပြီး ထိုစည်းမျဉ်းများ၏ နယ်ပယ်ကို မကျော်သရွေ့ သင်လုပ်ဆောင်သမျှတိုင်းက သင့်တင့်လျောက်ပတ်လိမ့်မည်။ သင်သည် သင့်တာဝန်ကို ထမ်းဆောင်နေသည်ဟု ဘုရားသခင်က မှတ်ယူပြီး သတ်မှတ်လိမ့်မည်။ ဤသည်မှာ လူတို့ နားလည်သင့်သည့်အရာတစ်ခု မဟုတ်သလော။ (ဟုတ်သည်။) သင်သည် ဤအရာကို နားလည်လျှင် သင်သည် အမှုအရာများကို မည်သို့ လုပ်ဆောင်လိုသည်၊ သို့မဟုတ် မည်သည့်အရာကို လုပ်ဆောင်လိုသည်ဆိုသည်ကို အစဉ်သဖြင့် တွေးတောမနေသင့်ပေ။ ဤသို့စဉ်းစားခြင်း၊ ပြုမူဆောင်ရွက်ခြင်းသည် အသိစိတ်ကင်းမဲ့သည်။ အသိစိတ်ကင်းမဲ့သောအရာများကို လုပ်ဆောင်သင့်သလော။ မလုပ်ဆောင်သင့်ပေ။ သင်သည် ထိုအရာများကို လုပ်ဆောင်လိုလျှင် မည်သို့ ပြုလုပ်သင့်သနည်း။ (မိမိကိုယ်ကို ပုန်ကန်သင့်သည်။) သင်သည် သင့်ကိုယ်သင် ပုန်ကန်ပြီး လက်လွှတ်သင့်သည်။ သင်၏ တာဝန်နှင့် ဘုရားအိမ်တော်၏ သတ်မှတ်ချက်များ၊ စည်းမျဉ်းများကို ဦးစားပေးသင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၆)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ စိတ်နှလုံး လင်းလက်သွားပြီး ဘယ်လိုအရာက ကောင်းမှုတစ်ခုလဲဆိုတာ နားလည်သွားတယ်။ ပြောရရင် အဲဒါက စည်းမျဉ်းတွေ၊ ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေနဲ့အညီ လုပ်ဆောင်တာ၊ အဲဒီလိုနည်းနဲ့ ဘုရားသခင်အတွက် သက်သေခံပြီး ဘုန်းထင်ရှားစေတာပေါ့။ ဒီလို အပြုသဘောဆောင်တဲ့ ရလဒ်တွေ ရရှိမှသာ အဲဒီလုပ်ရပ်ကို ကောင်းမှုလို့ ခေါ်နိုင်မှာဖြစ်ပြီး၊ အဲဒီအခါကျမှသာ ဘုရားသခင်က အသိအမှတ်ပြုပြီး လက်သင့်ခံမှာလေ။ သမ္မာတရား စည်းမျဉ်းတွေကို မရှာဖွေဘဲ ကိုယ့်သဘောဆန္ဒ၊ ဒါမှမဟုတ် စိတ်အားထက်သန်မှုအပေါ် အခြေခံပြီး ကန်းကုန်အောင် လုပ်ဆောင်မယ်ဆိုရင် ဘယ်လောက်ပဲ ကြိုးစားအားထုတ်ပါစေ၊ ဘယ်လောက်ပဲ အဖိုးအခပေးဆပ်ပါစေ၊ အဲဒါတွေအားလုံးက အချည်းနှီးဖြစ်ပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ လုံးဝ ကိုက်ညီမှာ မဟုတ်ဘူး။ စည်းမျဉ်းတွေကို ဆန့်ကျင်ပြီး အနှောင့်အယှက်တွေနဲ့ အဖျက်အမှောင့်လုပ်တာတွေတောင် ဖြစ်စေနိုင်တယ်လေ။ အမှုအရာတွေလုပ်ဆောင်တဲ့အခါ လူတစ်ယောက်ရဲ့ ရည်ရွယ်ချက်တွေက အဓိကကျတယ်၊ ပြီးတော့ သူလျှောက်တဲ့ လမ်းကြောင်းကလည်း အရမ်းအရေးကြီးတယ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ ပြီးတော့ ဘုရားအိမ်တော်မှာ တာဝန်ထမ်းဆောင်တာက ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ကိုင်တွယ်တာ မဟုတ်တဲ့အတွက် ကိုယ့်သဘောဆန္ဒအတိုင်းပဲ လုပ်လို့မရဘူး။ ဘုရားသခင် မိန့်ဆိုထားသလိုပဲ၊ ပုဒ်ဖြတ်ပုဒ်ရပ်လေးတစ်ခု၊ ဒါမှမဟုတ် ပုံစံတစ်ခုလောက် သေးငယ်တဲ့အရာလေး ဖြစ်ရင်တောင်မှ သက်ဆိုင်ရာ စည်းမျဉ်းတွေကို ရှာဖွေရမယ်။ ဒါက လူတစ်ယောက် သူ့တာဝန်အပေါ်ထားတဲ့ သဘောထားနဲ့ သူတို့မှာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိ၊ မရှိ ဆိုတာနဲ့ ဆက်စပ်နေတယ်။ ဒါကြောင့် ဘာမဆို မလုပ်ခင်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်စည်းမျဉ်းတွေ ပါဝင်နေလဲ၊ ဘုရားသခင်က ဘာတောင်းဆိုထားလဲ၊ ဘုရားသခင် ကျေနပ်အောင် အလုပ်ကို ဘယ်လိုလုပ်ဆောင်နိုင်မလဲ၊ ပြီးတော့ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ဘယ်လို ရယူနိုင်မလဲဆိုတာတွေကို အရင်ဆုံး ဆင်ခြင်သုံးသပ်ရမယ်။ ဒီပြဿနာတွေကို ပိုပြီး ဆင်ခြင်သုံးသပ်ခြင်းအားဖြင့် ဆုတောင်းပြီး ပိုပြင်းပြတဲ့ ရှာဖွေလိုစိတ်နဲ့ သတိကြီးကြီး ပြုမူလုပ်ဆောင်နိုင်မှာဖြစ်သလို သက်ဆိုင်ရာ စည်းမျဉ်းတွေကိုလည်း သတိရှိရှိ ရှာဖွေဖြစ်မယ်။ လောလောဆယ် ရှင်းလင်းတဲ့ စည်းမျဉ်းတွေကို မတွေ့ရသေးရင်တောင်မှ သမ္မာတရားကို နားလည်တဲ့သူ၊ ဒါမှမဟုတ် ဒီကျွမ်းကျင်မှုတွေနဲ့ပတ်သက်ပြီး အတွေ့အကြုံရှိတဲ့သူတွေဆီကနေ မိတ်သဟာယကို ပိုရှာဖွေနိုင်ပြီး လုပ်ဆောင်ဖို့အတွက် အတော်အတန် သင့်တော်တဲ့ လမ်းကြောင်းတစ်ခုကို ရှာဖွေနိုင်တယ်။ လူအများစုက ကိစ္စတစ်ခုကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူးဆိုရင် အထက်ကနေ ရှာဖွေနိုင်တယ်၊ ပြီးတော့ ကိုယ့်အစွမ်းအစ အကန့်အသတ်ဘောင်အတွင်းမှာ အကောင်းဆုံး လုပ်ဆောင်သင့်တယ်။ နောက်ပိုင်းမှာ လမ်းလွဲတာတွေ တွေ့ရရင် အနှစ်ချုပ်ပြီး ပြုပြင်သင့်တယ်။ ဒီလိုနည်းနဲ့ဆိုရင် ကျွန်မတို့ရဲ့ တာဝန်ထမ်းဆောင်မှုက တော်တော်လေး တိကျမှန်ကန်လာမယ်။ နောက်ပိုင်း ကျွန်မ တာဝန်ထမ်းဆောင်တဲ့အခါ ဘုရားသခင်ဆီ သတိရှိရှိ ဆုတောင်းခဲ့တယ်၊ ပြီးတော့ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ဘယ်လိုရယူမလဲဆိုတာ ရှာဖွေခဲ့တယ်။ အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ် တော်တော်ကျေနပ်ပြီး ကောင်းတယ်လို့ ခံစားရတဲ့ အမှုအရာတွေမှာဆို ကိုယ့်ကိုယ်ကိုယ် လွန်ကဲတဲ့ ယုံကြည်မှုမျိုး မထားတော့ဘဲ တခြားသူသုံးလေးယောက်ဆီကနေ အတည်ပြုချက် ရယူဖို့ ရှာဖွေဖြစ်တယ်။ အများစုက သင့်တော်တယ်လို့ သဘောတူရင် အဲဒီအတိုင်း ဆက်လုပ်တယ်။ ဒီလိုနည်းနဲ့ တာဝန်ထမ်းဆောင်လိုက်တော့ ကျွန်မ စိတ်ပိုအေးချမ်းလာတယ်။ ဥပမာ၊ မကြာသေးခင်က ပိုစတာပုံစံသစ်တစ်ခုကို ကျွန်မတို့ စမ်းကြည့်ပြီး အချက်အသစ်တချို့ကို ထည့်သွင်းခဲ့ကြတယ်။ အစီအစဉ်အကြမ်း တချို့ အရင်ဆွဲဖို့အတွက် ညီအစ်ကိုမောင်နှမတွေနဲ့ တိုင်ပင်ဆွေးနွေးခဲ့တယ်။ ကျွန်မတို့ သွားနေတဲ့ ဦးတည်ချက်က သင့်လျော်မှု ရှိ၊ မရှိ မသေချာတဲ့အတွက် ခေါင်းဆောင်ဆီကနေ ရှာဖွေခဲ့တယ်။ ထုတ်လုပ်နေတဲ့ လုပ်ငန်းစဉ်အတွင်းမှာ တချို့လူတွေက မေးခွန်းတွေ ထုတ်ကြတယ်၊ နောက်ပြီး ကျွန်မတို့ မရှင်းလင်းတဲ့ ပြဿနာတွေအတွက် ဆက်ပြီး ရှာဖွေခဲ့ကြတယ်။ ကျွန်မတို့ ရှာဖွေတဲ့အခါမှာ ခေါင်းဆောင်က ပိုစတာတွေမှာရှိတဲ့ ပြဿနာတချို့ကို ထောက်ပြတယ်၊ ဒါကြောင့် ဒီနယ်ပယ်နဲ့သက်ဆိုင်တဲ့ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အရည်အချင်းတွေနဲ့ ဗဟုသုတတွေကို လေ့လာခဲ့ကြပြီး နောက်ဆုံးမှာတော့ ကျွန်မတို့ ဖန်တီးလိုက်တဲ့ ပိုစတာတွေက အတော်လေး ပိုသင့်တော်လာတယ်။
ဒီအတွေ့အကြုံကတစ်ဆင့် လူတစ်ယောက် ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့ လုပ်ငန်းစဉ်ဟာ သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေတဲ့ လုပ်ငန်းစဉ်ဖြစ်ပြီး တာဝန်ထမ်းဆောင်တဲ့အခါ ဘုရားသခင်ကို ကြောက်ရွံ့တဲ့စိတ်နှလုံး ရှိသင့်ပြီး မှန်ကန်တဲ့ စည်းမျဉ်းတွေကို ရှာဖွေသင့်မှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ ဒီလိုလုပ်မှသာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့အညီ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါက စိတ်အေးချမ်းမှုကို ရရှိစေရုံတင်မကဘဲ ကိုယ့်ရဲ့ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အရည်အချင်းတွေ တိုးတက်ဖို့လည်း အခွင့်ပေးတယ်။ အရေးကြီးဆုံးကတော့ ရှာဖွေခြင်းအားဖြင့် လူတစ်ယောက်က ဘုရားသခင်ရှေ့မှောက်မှာ စိတ်တည်ငြိမ်ပြီး အချိန်ပိုပေးဖြစ်တယ်၊ ကိုယ် လုပ်သင့်လုပ်ထိုက်တဲ့အလုပ်အပေါ် ပိုအာရုံစိုက်လာပြီး ဘုရားသခင်နဲ့ ဆက်ဆံရေးလည်း ပိုနီးစပ်လာတယ်။ ဒါတွေက စည်းမျဉ်းတွေနဲ့အညီ လုပ်ဆောင်ခြင်းကနေ ရတဲ့ အသီးအပွင့်တွေပဲ။ ဘုရားသခင် ကျေးဇူးတော်ပါပဲ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ကျိဟွေး၊ တရုတ်ပြည်အိမ်ထောင်ကျပြီးနောက်ပိုင်း ကျွန်မရဲ့ တာဝန်တွေမှာ တော်တော်လေး အလုပ်များတော့ ကျွန်မတွေးမိတယ်၊ ကိုယ်ဝန်ရပြီး...
ယန်ရီး တရုတ်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင်တို့၏ ကံကြမ္မာအတွက် ဘုရားသခင်၏ လက်သင့်ခံမှုကို သင်တို့ရှာဖွေသင့်သည်။...
ရှောင်ဟန် တရုတ်နိုင်ငံ တစ်ခါတုန်းက သမီးရဲ့ ကြီးကြပ်သူက အစ်မရှန့်ကျင်ကို သမီးနဲ့ ဗီဒီယိုတွေလုပ်ဖို့ တာဝန်ပေးခဲ့တယ်။ ရှန့်ကျင်က တော်တော်လေး...
ဒီနှစ်တွေထဲမှာ ကျွန်တော် သွေးတွေတိုးပြီး ကျန်းမာရေး တော်တော်ညံ့တာ။ အိမ်မှာပဲ အနားယူနေရတာ များပါတယ်။ ကိုယ်နိုင်တဲ့တာဝန်တချို့ပဲ လုပ်ခဲ့တယ်။...