ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်မကို နာမကျန်းဖြစ်ခြင်း စမ်းသပ်မှုတစ်လျှောက် လမ်းပြတော်မူခဲ့သည်
ရီမင်း၊ ဟူးဘေးပြည်နယ် သခင်နှင့် ပြန်လည်ဆုံစည်းရသည်ကို ကျွန်မ ဝမ်းမြောက်သည် ယခုနှစ်တွင် ကျွန်မ ၇၈ နှစ်ရှိပြီ ဖြစ်သည်၊ ပြီးလျှင် ကျွန်မသည်...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၁ ခုနှစ်၊ ဇွန်လမှာ တကယ့်အလုပ်ကို မလုပ်တဲ့အတွက် ကျွန်မတို့ အသင်းတော်က ခေါင်းဆောင်နှစ်ယောက် အထုတ်ခံခဲ့ရတယ်။ သူတို့ရဲ့ အပြုအမူကို စိစစ်တာနဲ့ပတ်သက်လို့ ကျွန်မ မိတ်သဟာယပြုနေတုန်းမှာ ညီအစ်မတစ်ယောက်က မေးခွန်းတစ်ခု ထုတ်တယ်။ “ဒီအယောင်ဆောင် ခေါင်းဆောင်နှစ်ယောက် အထုတ်မခံရခင်မှာ သူတို့ပြဿနာတွေကို ကျွန်မတို့ အတော်အတန် သတိပြုမိခဲ့ကြတယ်။ ပြီးတော့ လတ်တလောမှာ အသင်းတော်က အယောင်ဆောင် ခေါင်းဆောင်တွေကို ပိုင်းခြားသိမြင်ခြင်းအကြောင်း မိတ်သဟာယပြုနေလို့ သူတို့အပြုအမူအကြောင်း လူတိုင်းက နည်းနည်း နားလည်ကြတယ်။ အဲဒါကို ဒီခေါင်းဆောင်နှစ်ယောက် အထုတ်မခံရခင်မှာ ဘာလို့ သူတို့ပြဿနာတွေကို ဘယ်သူမှ မတိုင်ကြားခဲ့တာလဲ” တဲ့။ သူ့စကားတွေကို ကြားတော့ ကျွန်မ အရမ်းခံစားရတယ်။ ကိုယ့်ကိုယ်ကိုယ် သုံးသပ်မိတယ်။ ကျွန်မက အယောင်ဆောင် ခေါင်းဆောင်တွေကို ပိုင်းခြားသိမြင်တာနဲ့ ပတ်သက်တဲ့ သမ္မာတရား စည်းမျဉ်းတွေအများကြီးကို ကြားပြီးထားပေမဲ့ လက်တွေ့ဘဝမှာ ကျွန်မအနီးအနားက အယောင်ဆောင် ခေါင်းဆောင်တွေကို သတိရှိရှိ ပိုင်းခြားသိမြင်တာ မရှိသေးဘူး။ တစ်ခါတလေ ခေါင်းဆောင်တွေနဲ့ ပတ်သက်တဲ့ ပြဿနာတချို့ကို ကျွန်မ သတိထားမိချိန်မှာတောင် ဂရုမစိုက်တဲ့ သဘောထားမျိုး ထားခဲ့တာ။ ဒီသဘောထားက ဘုရားရဲ့ ရည်ရွယ်ချက်တွေနဲ့ မကိုက်မှန်း ကျွန်မ သဘောပေါက်လို့ ပြောင်းလဲချင်ခဲ့တယ်။ ကိုယ့်အနီးက လူတွေ၊ အဖြစ်အပျက်တွေ၊ ကိစ္စတွေကို ကျွန်မ သတိရှိရှိ ပိုင်းခြားသိမြင်ဖို့လိုတယ်။ ဘုရားရဲ့ သတ်မှတ်ချက်တွေအတိုင်း ခေါင်းဆောင်တွေရဲ့ အလုပ်ကို ကြီးကြပ်ဖို့နဲ့ ခေါင်းဆောင်တွေက စည်းမျဉ်းတွေ ဆန့်ကျင်ပြီး အလုပ်ကို လုပ်နေတာ သတိပြုမိရင် လမ်းပြမှုနဲ့ ကူညီမှု ပေးဖို့လိုတယ်။ အယောင်ဆောင် ခေါင်းဆောင် ဒါမှမဟုတ် အန္တိခရစ်တစ်ယောက်ကို ဖော်ထုတ်နိုင်ခဲ့ရင် အသင်းတော်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် အထက်ခေါင်းဆောင်ဆီ ကျွန်မ တိုင်ကြားဖို့လိုတယ်။
နောက်ပိုင်းမှာ တခြားအသင်းတော်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ အစ်မဝင်ဒီနဲ့ ကျွန်မ အတူနေတယ်။ ပထမတော့ သူက ဖော်ရွေတယ်၊ ခေါင်းဆောင်တစ်ယောက်ရဲ့ ဟိတ်ဟန်မရှိဘူး၊ ပြီးတော့ ပလဲပနံသင့်ဖို့ လွယ်တယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ဒါပေမဲ့ အချိန်တစ်ခုကြာပြီးတဲ့နောက် ညံ့ဖျင်းတဲ့ လူ့သဘာဝကို သူအသက်ရှင်နေထိုင်တာ ကျွန်မသတိပြုမိလာတယ်။ သူက အစာစားတာကို အရမ်းအာရုံစိုက်ပြီး အတော်လေး ပျင်းတဲ့ပုံရှိတယ်။ ပစ္စည်းတွေ ညစ်ပတ်တာကို သူမြင်တဲ့အခါ ဆေးကြောသန့်ရှင်းတာကို စမလုပ်ဘဲ ပါးစပ်နဲ့ပဲ ပြောတယ်။ တစ်ခါတလေ သူ့ဘာသာလုပ်ရင် လွယ်လွယ်နဲ့ ပြီးသွားနိုင်တဲ့ အလုပ်တာဝန်တွေကို သူက တခြားလူတွေကို လုပ်ခိုင်းတယ်။ သူ့နားက ညီအစ်မအားလုံး သူ့အပြုအမူကို သိပ်သဘောမကျကြဘူး။ ပထမတော့ ဝင်ဒီက သူ့လူ့သဘာဝကို အသက်ရှင်နေထိုင်တဲ့ အပိုင်းမှာပဲ ပြဿနာတွေရှိတာ၊ ဒါက စည်းမျဉ်းတွေနဲ့ မဆိုင်ဘူးလို့ ကျွန်မထင်ခဲ့တယ်။ ဒါကြောင့် အဲဒါကို စိတ်ထဲမထားခဲ့ဘူး။ နောက်ပိုင်း သူ့အခန်းထဲမှာ အွန်လိုင်းမိတ်သဟာယတွေ သူမကြာမကြာ တက်တာကို ကျွန်မသတိထားမိတယ်။ တစ်ခါတလေ သူ့လက်တော့ပ်ကို ထမင်းစားစားပွဲဆီ ယူလာပြီး မိတ်သဟာယပြုရင်းနဲ့ အစာစားတယ်။ ပြီးတော့ တစ်ခါတလေ ညဖက်မှာ ညဉ့်နက်တဲ့အထိ သူမိတ်သဟာယပြုတယ်။ ဒါပေမဲ့ ညီအစ်ကို မောင်နှမတွေက သူတို့တာဝန်တွေမှာရှိတဲ့ သူတို့ရဲ့ ပြဿနာနဲ့ အခက်အခဲတွေကို သူဖြေရှင်းခဲတယ်လို့ ပြောကြတယ်။ အစမှာ ကျွန်မခံစားမိတာက သူဟာ အသင်းတော် ခေါင်းဆောင်အနေနဲ့ အလုပ်ရဲ့ကဏ္ဍတိုင်းကို အာရုံစိုက်ရတယ်၊ အဲဒါက မလွယ်ဘူးပေါ့လေ။ သူ့အလုပ်မှာ အားနည်းချက်တချို့ရှိရင် အရေးကြီးကိစ္စတစ်ခုလို့ ကျွန်မ မထင်ခဲ့ဘူး။ ဒါကြောင့် အဲဒီအရာတွေကို ကျွန်မ အာရုံမစိုက်ခဲ့ဘူး။ ဒါပေမဲ့ နောက်တော့ တစ်ခုခု မှားနေတာကို ကျွန်မခံစားရတယ်။ အသင်းတော်ခေါင်းဆောင်အနေနဲ့ သူ့ရဲ့ အဓိကတာဝန်က သမ္မာတရားကို မိတ်သဟာယပြုပေးဖို့နဲ့ ညီအစ်ကို မောင်နှမတွေရဲ့ ပြဿနာနဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ပဲလေ။ သူက ညီအစ်ကို မောင်နှမတွေနဲ့ မကြာမကြာ အွန်လိုင်း စုဝေးပွဲတွေ လုပ်တယ်။ သူက အရမ်းအလုပ်များပုံပေါ်ပေမဲ့ တကယ့် ပြဿနာတွေကို မဖြေရှင်းပေးခဲ့ဘူး။ ဒါက တကယ့်အလုပ်ကို မလုပ်ဘဲ အနှစ်မဲ့တဲ့ အယူဝါဒတွေကို ဟောနေတာပဲ မဟုတ်လား။ တချို့အယောင်ဆောင် ခေါင်းဆောင်တွေက တစ်နေ့လုံး အွန်လိုင်းစုဝေးပွဲတွေမှာ အချိန်ကုန်ရင်း အလုပ်များပုံပေါ်ပေမဲ့ စကားလုံးနဲ့ အယူဝါဒတွေကို ပြောပြီး အပေါ်ယံအလုပ်ကိုပဲ လုပ်ကြတယ်လို့ ဘုရားရဲ့မိတ်သဟာယက ဖော်ထုတ်တာကို ကျွန်မ ပြန်သတိရမိတယ်။ သမ္မာတရား စည်းမျဉ်းတွေနဲ့ ဆက်စပ်တဲ့ အလုပ်ထဲက ပြဿနာစစ်စစ်တွေကိုတော့ သူတို့က ရှာမတွေ့နိုင်ဘူး၊ ရှင်းရှင်းလင်းလင်း မိတ်သဟာယမပြုနိုင်ကြဘူး။ ဒီတော့ အလုပ်အများကြီး နှောင့်နှေးကုန်ရော။ ဝင်ဒီက ဘုရားဖော်ထုတ်ခဲ့တဲ့ အယောင်ဆောင် ခေါင်းဆောင်တွေထဲက တစ်ယောက်များဖြစ်မလားလို့ ကျွန်မ တွေးမိတယ်။ နောက်ပိုင်းမှာ ညီအစ်မတစ်ယောက်က ဝင်ဒီအနေနဲ့ သမ္မာတရား စည်းမျဉ်းတွေကို မိတ်သဟာယမပြုနိုင်ဘူး၊ စုဝေးပွဲတွေမှာ တကယ့် ပြဿနာတွေကို မဖြေရှင်းပေးနိုင်ဘူးလို့ ပြောတာ ကြားရတယ်။ တစ်ခါ၊ အဲဒီညီအစ်မရဲ့ အခြေအနေက အတော်လေး အပျက်သဘောဆောင်ပြီး သူ့တာဝန်တွေကို ထိခိုက်ခဲ့တယ်။ ဒါကို သိတော့ ဝင်ဒီက မိတ်သဟာယမပြုဘဲ ဘုရားနှုတ်ကပတ်တော် စာပိုဒ်နှစ်ပိုဒ်၊ သုံးပိုဒ်ပဲ သူ့ဆီ ပို့ခဲ့တယ်။ စိတ်သဘောညီညီညွတ်ညွတ်နဲ့ ပူးပေါင်းမလုပ်ခဲ့ကြတဲ့ ညီအစ်မတချို့လဲ ရှိတော့ ဝင်ဒီဆီ တိုင်လိုက်ကြတယ်။ ဒါပေမဲ့ သူက ဒီပြဿနာတွေကို ဖြေရှင်းဖို့ သူတို့နဲ့ မိတ်သဟာယမဖွဲ့ခဲ့ဘူး။ နောက်ပိုင်း ကျွန်မတွေ့ရတာက ဝင်ဒီအနေနဲ့ ကိစ္စတွေကို စီစဉ်နေချိန်မှာ စဉ်းစားဆင်ခြင်တာနဲ့ စည်းမျဉ်းတွေ မရှိတာပဲ။ ဗီဒီယိုထုတ်လုပ်ရေး တာဝန်ရှိတဲ့ ညီအစ်မတစ်ယောက်ရှိတယ်။ ယုံကြည်သူသစ်တွေကို ရေလောင်းပေးဖို့အတွက်လဲ အဲဒီညီအစ်မက သင့်တော်တယ်လို့ ဝင်ဒီက တွေးတယ်။ ဒီတော့ အဲဒီညီအစ်မရဲ့ တာဝန်အခြေအနေကို ကြိုစုံစမ်းတာ ဒါမှမဟုတ် အဲဒါက သင့်တော်လားဆိုတာကို သိရဖို့ ကြီးကြပ်ရေးမှူးနဲ့ ဆွေးနွေးတာမလုပ်ဘဲ ဝင်ဒီက ယုံကြည်သူသစ်တွေကို အချိန်ပိုင်း ရေလောင်းပေးဖို့ သူ့ကို တိုက်ရိုက် တာဝန်ပေးလိုက်ရော။ ဝင်ဒီအနေနဲ့ အခြေအနေကို အရမ်းပဲလွယ်လွယ် တွေးတယ်လို့ လူတိုင်းက ခံစားခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ရေလောင်းတာဝန်ဆိုတာက ယုံကြည်သူအသစ်တွေရဲ့ အခြေအနေနဲ့ အခက်အခဲတွေကို အချိန်မီ နားလည်ပြီး ဖြေရှင်းပေးဖို့ လိုအပ်လို့ပဲ။ ဒီတာဝန်ကို ကောင်းကောင်းလုပ်ဖို့က အချိန်နဲ့ အားအင်ပမာဏ သိသိသာသာ လိုတယ်လေ။ အဲဒီညီအစ်မက ဗီဒီယိုထုတ်လုပ်ရေးမှာ ကျွမ်းကျင်တယ်။ ကောင်းကောင်း ညှိနှိုင်းဆောင်ရွက်တာ မရှိရင် ယုံကြည်သူအသစ်တွေကို ရေလောင်းပေးဖို့ သူ့ကို တာဝန်ပေးတာက သူ့ရဲ့ အဓိကတာဝန်ကို နှောင့်နှေးစေမှာပဲ။ ဒါပေမဲ့ ဝင်ဒီက ယုံကြည်သူအသစ်တွေကို ရေလောင်းပေးဖို့ သူ့ကို တာဝန်ပေးမြဲပေးခဲ့တယ်။ ဝင်ဒီရဲ့ အလုပ် စီစဉ်ပေးမှုကို မြင်ရတဲ့အခါ ကျွန်မ သိပ်ယုံရခက်ပြီး တွေးမိတယ်။ “သူက ကိစ္စတွေကို စီစဉ်တဲ့နေရာမှာ ဆက်သွယ်ပြောဆိုတာ၊ ရှာဖွေတာမရှိဘဲ အမှုမဲ့အမှတ်မဲ့ ဖြစ်လွန်းတယ်။ အဲဒါဆိုရင် အသင်းတော်အလုပ်မှာ အရေးပါတဲ့ ကိစ္စတွေကို သူဘယ်လိုကိုင်တွယ်မှာလဲ။ သူက ခေါင်းဆောင်ဖြစ်ဖို့ အစွမ်းအစနဲ့ အလုပ်လုပ်နိုင်စွမ်း ရှိရဲ့လား။ စစ်မှန်တဲ့အလုပ်ကို သူတကယ် လုပ်နိုင်ရဲ့လား” လို့ပေါ့။ ကျွန်မစိတ်ထဲ မေးခွန်းဆက်ထုတ်နေမိပြီး ဝင်ဒီမှာ ပြဿနာတချို့ရှိတယ်လို့ ရေးတေးတေး ခံစားရတယ်။ သူ့ရဲ့ တကယ့် စွမ်းဆောင်ရည်ကို စုံစမ်းပြီး နားလည်ကြအောင် အထက်ခေါင်းဆောင်တွေဆီ တိုင်ကြားဖို့ ကျွန်မတွေးမိတယ်။ ဒါပေမဲ့ နောက်တော့ စဉ်းစားမိတယ်။ “ငါ့တိုင်ကြားချက်တွေက ခိုင်လုံပြီး ဝင်ဒီက အယောင်ဆောင် ခေါင်းဆောင်တစ်ယောက် တကယ်ဖြစ်နေရင် ဒါက အသင်းတော်အလုပ်ကို ကာကွယ်တဲ့ တရားမျှတတဲ့ လုပ်ရပ်တစ်ခုပဲ။ ဒါပေမဲ့ ငါ့အမြင်က မပြည့်စုံတဲ့အပြင် သူ့မှာ ဆိုးရွားတဲ့ ပြဿနာတွေ မရှိဘဲ အလုပ်စစ်စစ်တချို့ သူလုပ်နိုင်ရင် ညီအစ်ကို မောင်နှမတွေက ငါမှာ သမ္မာတရား သိနားလည်မှု ကင်းမဲ့တယ်၊ ကြောင်းကျိုးမမြင်ဘဲ တိုင်ကြားပြီး မဆင်မခြင် စွက်ဖက်တယ်လို့ ပြောကြမလား။ အဲဒါကြောင့် နှောင့်ယှက်တာ၊ အဖျက်အမှောင့်လုပ်တာ ဖြစ်သွားရင် သူတို့က ငါ့မှာ လူ့သဘာဝဆိုးရှိပြီး ခေါင်းဆောင်တစ်ယောက်ကို ကြုံရာကျပန်း ဝေဖန်ရင်းနဲ့ မှန်မှန်ကန်ကန် မဆက်ဆံနိုင်ဘူးလို့ သူတို့ပြောကြမလား။ အဲဒါဆိုရင် အထက်ခေါင်းဆောင်တွေက ငါ့ကို ထုတ်မလား။ သူ့ပြဿနာတွေကို ငါတိုင်မှန်း ဝင်ဒီက သိသွားရင် ငါ့အပေါ် အာဃာတထားပြီး ငါ့ပြဿနာတွေကို မလွတ်တမ်း အသုံးချမလား။ ဝင်ဒီနဲ့ ငါက အတူနေကြပြီး နေ့တိုင်း တစ်ယောက်နဲ့တစ်ယောက် တွေ့နေရတာ။ အဲဒါက ဘယ်လောက် ကသိကအောက်ဖြစ်လိုက်မလဲ” လို့ပေါ့။ ဒီကိစ္စတွေကို တွေးမိတဲ့အခါ ကျွန်မတုံ့ဆိုင်းသွားပြီး ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်လိုက်တယ်။ “ငါမြင်ခဲ့တာက အဓိက ပြဿနာတွေ မဟုတ်ပါဘူးလေ၊ လူ့သဘာဝကို အသက်ရှင်နေထိုင်တာနဲ့ အလုပ်စွမ်းဆောင်ရည်မှာရှိတဲ့ အသေးစား အပြစ်အနာအဆာလေးတွေပါ။ နေ့တိုင်း အွန်လိုင်းမိတ်သဟာယတွေ သူတက်နေတာကို ကြည့်ရတာ သူ့မှာ ဝန်တာစိတ်တချို့ ရှိပုံရပါတယ်။ ထားလိုက်ပါ။ သူ့ကို မတိုင်တော့ပါဘူး။ သူက တကယ့်အလုပ်ကို တကယ်ပဲ မလုပ်ရင် သူ့အသင်းတော်မှာရှိတဲ့ ညီအစ်ကို မောင်နှမတွေက တိုင်ကြမှာပါ။ သူ့အလုပ်ကို ခေါင်းဆောင်နဲ့ အမှုဆောင်တွေက လိုက်စစ်ပြီး ကြီးကြပ်ပေးမှာဖြစ်လို့ သူ့ပြဿနာတွေကို သူတို့ နားလည်လောက်ပါတယ်။ ငါ့အနေနဲ့ သိပ်အများကြီး စိုးရိမ်နေတာ၊ စွက်ဖက်နေတာကို ရပ်သင့်တယ်” လို့ပေါ့။ အပြန်ပြန်အလှန်လှန် စဉ်းစားပြီးတော့ သူ့ပြဿနာတွေကို မတိုင်ကြားဖို့ ကျွန်မ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ လွှတ်ထားလိုက်ဖို့ ကျွန်မဆုံးဖြတ်လိုက်ချိန်မှာ ကျွန်မစိတ်ထဲ မသက်မသာဖြစ်ပြီး အသိစိတ်က သောကဖြစ်လာရော။ သူ့ရဲ့ တကယ့်အလုပ်ကို မလုပ်တဲ့ သရုပ်သကန်တချို့ကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ခဲ့ပြီး ပြဿနာတစ်ခုအနေနဲ့ သတိပြုမိခဲ့ပေမဲ့ အဲဒါကို ကျွန်မက ရှောင်ရှားပြီး ဘေးချိတ်ချင်နေတယ်။ ဒါက တာဝန်မဲ့နေတာပဲ။ သူက တကယ်ကို လက်တွေ့အလုပ်မလုပ်တဲ့ အယောင်ဆောင် ခေါင်းဆောင်ဖြစ်နေရင် ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို တိုက်ရိုက် ထိခိုက်ပြီး အသင်းတော်အလုပ်ကို နှောင့်နှေးစေမှာပဲ။ ကျွန်မကိုယ်ကျွန်မ သုံးသပ်မိတယ်။ ကျွန်မ ဘာလို့ ဝင်ဒီရဲ့ ပြဿနာတွေကို တိုင်ဖို့ ဝန်လေးနေခဲ့တာလဲ။ ဘာကို ကျွန်မ စိုးရိမ်နေခဲ့တာလဲ။ ဘယ်ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက ကျွန်မကို ထိန်းချုပ်နေခဲ့တာလဲပေါ့။
နောက်တော့ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ရတယ်။ “လူသား၏ လောကီဆိုင်ရာ ဆက်ဆံရေးများအတွက် အတွေးအခေါ်များထဲတွင် အပေါ်လွင်ဆုံးဖြစ်သော သွင်ပြင်လက္ခဏာသည် ဉာဏ်နီဉာဏ်နက်များခြင်းပင် ဖြစ်၏။ လူတို့သည် ၎င်းတို့ ဉာဏ်နီဉာဏ်နက်မများလျှင် အခြားသူများအား စိတ်အနှောင့်အယှက် ပေးသောသူ ဖြစ်လာဖွယ်ရှိပြီး မိမိတို့ကိုယ်ကို ကာကွယ်နိုင်မည်မဟုတ်ဟု တွေးထင်ကြ၏။ ၎င်းတို့သည် မည်သူ့ကိုမျှ မနာကျင်စေအောင် သို့မဟုတ် စိတ်အနှောင့်အယှက် မပေးမိအောင် အတော်အသင့် ဉာဏ်နီဉာဏ်နက်များရမည်၊ ထိုသို့အားဖြင့် သူတို့ကိုယ်သူတို့ ဘေးကင်းအောင် ထိန်းသိမ်းကြကာ သူတို့၏ အသက်မွေးမှုအား ကာကွယ်ကြပြီး အခြားလူများကြားတွင် ခိုင်ခံ့သောအခြေကုပ် ရရှိနိုင်ကြသည်ဟု သူတို့ထင်မှတ်ကြ၏။ ဘာသာတရားမရှိသူများအားလုံးက စာတန်၏ အတွေးအခေါ်များဖြင့် အသက်ရှင်ကြသည်။ ၎င်းတို့အားလုံးသည် လူ့အကြိုက်လိုက်သူများဖြစ်ပြီး မည်သူ့ကိုမျှ စိတ်ဆိုးအောင် မပြုလုပ်ကြပေ။ သင်သည် ဘုရားအိမ်တော်သို့ လာပြီးဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးဖြစ်ကာ ဘုရားအိမ်တော်၏ တရားဒေသနာများကို ကြားနာပြီးဖြစ်သည်။ ဤသို့ဆိုလျှင် သင်သည် အဘယ်ကြောင့် သမ္မာတရားကို မလိုက်စားနိုင်ဘဲ၊ စိတ်နှလုံးမှ စကားမပြောနိုင်ဘဲ ရိုးသားသူတစ်ဦးမဖြစ်နိုင်ဘဲ ရှိရသနည်း။ သင်သည် အဘယ်ကြောင့် အစဉ်သဖြင့် လူ့အကြိုက်လိုက်သူဖြစ်နေရသနည်း။ လူ့အကြိုက်လိုက်သူများသည် ၎င်းတို့၏ အကျိုးစီးပွားကိုသာ ကာကွယ်သည်။ အသင်းတော်၏ အကျိုးစီးပွားကို မကာကွယ်ပေ။ တစ်ယောက်ယောက်က မကောင်းမှုပြုလုပ်ပြီး အသင်းတော်၏ အကျိုးစီးပွားအား ထိခိုက်နစ်နာစေသည်ကို ၎င်းတို့မြင်သောအခါ လျစ်လျူရှုကြသည်။ ၎င်းတို့သည် လူ့အကြိုက်လိုက်သူများ ဖြစ်လိုကြသည်။ ပြီးလျှင် မည်သူ့ကိုမျှ စိတ်ဆိုးအောင်မပြုပေ။ ဤသည်မှာ တာဝန်မသိတတ်ခြင်းဖြစ်သည်။ ဤသို့သော လူစားမျိုးသည် ဉာဏ်များလွန်းပြီး မယုံကြည်ထိုက်ပေ။ လူအချို့သည် ၎င်းတို့၏ ကိုယ်ပိုင်ပကာသနနှင့် ဂုဏ်ကို ကာကွယ်ရန်၊ ၎င်းတို့၏ ကျော်ဇောမှုနှင့် အဆင့်အတန်းကို ထိန်းသိမ်းရန်အတွက် မည်မျှပင် ပေးဆပ်ရပါစေ သူတစ်ပါးတို့အား ကူညီပြီး ၎င်းတို့မိတ်ဆွေများအတွက် အနစ်နာခံရန် လိုလားကြသည်။ သို့သော် ဘုရားအိမ်တော်၏ အကျိုးစီးပွား၊ သမ္မာတရားနှင့် တရားမျှတမှုကို ကာကွယ်ဖို့ လိုလာသောအခါတွင်မူ ၎င်းတို့၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များ မရှိတော့ဘဲ ယင်းတို့သည် လုံးဝ ပျောက်ကွယ်သွားသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သောအခါတွင် လုံးဝ မလုပ်ဆောင်ကြပေ။ ဘာများ ဖြစ်နေသနည်း။ ၎င်းတို့၏ သိက္ခာနှင့် ဂုဏ်ကို ကာကွယ်ရန်အတွက် ၎င်းတို့သည် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ပြီး မည်သည့်ဆင်းရဲဒုက္ခကိုမဆို ခါးစည်းခံကြလိမ့်မည်။ သို့သော် တကယ့်အလုပ်ကို လုပ်ဆောင်ရန်နှင့် လက်တွေ့ကျသော ကိစ္စများကို ကိုင်တွယ်ရန်၊ အသင်းတော်၏ အလုပ်နှင့် အပြုသဘောဆောင်သောအရာများကို ကာကွယ်ရန်၊ ပြီးလျှင် ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ပြီး ပံ့ပိုးပေးရန် လိုအပ်လာသောအခါတွင်မူ ၎င်းတို့သည် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ပြီး မည်သည့်ဆင်းရဲဒုက္ခကိုမဆို ခါးစည်းခံရန် အဘယ်ကြောင့် အားအင်မရှိကြတော့သနည်း။ ဤသည်မှာ မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်သည်။ အမှန်တကယ်တွင် ၎င်းတို့၌ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော စိတ်သဘောထားမျိုး ရှိကြသည်။ ၎င်းတို့၏ စိတ်သဘောထားသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည်ဟု အဘယ်ကြောင့်ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ခု၌ ဘုရားကို သက်သေခံခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားရွေးချယ်ထားသောလူများကို ကာကွယ်ခြင်း၊ စာတန်၏ အကြံအစည်များကို ဆန့်ကျင်တိုက်ခိုက်ခြင်း၊ သို့မဟုတ် အသင်းတော်၏ အလုပ်ကို ကာကွယ်ခြင်းတို့ ပါဝင်သောအခါတိုင်းတွင် ၎င်းတို့သည် ထွက်ပြေးပုန်းကွယ်ကြပြီး မည်သည့်သင့်တင့်လျောက်ပတ်သောကိစ္စကိုမျှ အာရုံစိုက် လုပ်ဆောင်ခြင်း မရှိကြပေ။ ၎င်းတို့၏ သူရသတ္တိနှင့် ဆင်းရဲဒုက္ခကို ခါးစည်းခံသည့် စိတ်ဓာတ်သည် အဘယ်မှာနည်း။ ဤအရာများကို မည်သည့်နေရာတွင် ၎င်းတို့ အသုံးပြုကြသနည်း။ ဤသည်မှာ မြင်ရန် လွယ်ကူသည်။ လူတစ်ယောက်က ၎င်းတို့အနေဖြင့် အလွန်တစ်ကိုယ်ကောင်းမဆန်သင့်ကြောင်း၊ မယုတ်ညံ့သင့်ကြောင်းနှင့် မိမိတို့ကိုယ်ကို မကာကွယ်သင့်ကြောင်း၊ ပြီးလျှင် ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို ကာကွယ်သင့်ကြောင်း ပြောလျက် ၎င်းတို့ကို ပြစ်တင်ရှုတ်ချလျှင်ပင် ၎င်းတို့က အမှန်တကယ် ဂရုစိုက်ခြင်းမရှိပေ။ ၎င်းတို့က ‘ထိုအရာများကို ငါမလုပ်။ ထိုအရာများက ငါနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိ။ ထိုသို့ပြုမူခြင်းသည် ငါ၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက် လိုက်စားခြင်းတွင် မည်သည့်ကောင်းကျိုး ရှိမည်နည်း’ ဟု မိမိတို့ကိုယ်ကို ပြောဆိုကြသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသူမဟုတ်ပေ။ ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကိုသာ ရှာဖွေလိုကြ၏။ ပြီးလျှင် ၎င်းတို့အား ဘုရားသခင် ပေးအပ်ထားသော အလုပ်ကို လုံးဝ လုပ်ဆောင်ခြင်းမရှိပေ။ ထို့ကြောင့် ၎င်းတို့သည် အသင်းတော်အလုပ်ကို လုပ်ဆောင်ရန် လိုအပ်သောအခါ ထွက်ပြေးဖို့ကိုသာ ရွေးချယ်ကြသည်။ ဤအရာက ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် အပြုသဘောဆောင်သောအရာများကို မနှစ်သက်ကြကြောင်းနှင့် သမ္မာတရားကို စိတ်မဝင်စားကြကြောင်း ဆိုလိုပေသည်။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့်သက်ဆိုင်သော ရှင်းလင်းသော သရုပ်သကန်တစ်ခုဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) “လူအများစုသည် သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိကြသော်လည်း၊ များသောအားဖြင့် ၎င်းတို့သည် ထိုသို့ လုပ်ဆောင်ရန် ဆုံးဖြတ်ချက်နှင့် စိတ်ဆန္ဒ ရှိရုံမျှရှိကြလေသည်။ သမ္မာတရားသည် ၎င်းတို့၏အသက် မဖြစ်လာသေးပေ။ အကျိုးဆက်အနေဖြင့်၊ ဆိုးယုတ်သော အင်အားစုများကို ၎င်းတို့ အမှတ်မထင်တွေ့ရသည့်အခါ သို့မဟုတ် ဆိုးယုတ်သော လူတို့က ဒုစရိုက်မှုများ ကျူးလွန်နေသည် သို့မဟုတ် ခေါင်းဆောင် အတုအယောင်များနှင့် အန္တိခရစ်တို့က အခြေခံသဘောတရားများကို ချိုးဖောက်သည့် နည်းလမ်းဖြင့် အမှုအရာများ လုပ်ဆောင်နေကြ၍ ထိုသို့ဖြင့် အသင်းတော်၏ အမှုကို နှောင့်ယှက်ပြီး ဘုရားသခင် ရွေးကောက်ထားသူတို့ကို အန္တရာယ်ဖြစ်စေသည်ကို ကြုံရသည့်အခါ၊ ၎င်းတို့သည် ထရပ်ပြီး ထုတ်ပြောဖို့သတ္တိ မရှိတော့ပေ။ သင်တို့ သတ္တိမရှိသည့်အချိန်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်တို့ ကြောက်တတ်သည် သို့မဟုတ် စိတ်ထဲရှိသမျှ မဖော်ပြတတ်ဟု ဆိုလိုသလော။ သို့မဟုတ် သင်က နားမလည်သကဲ့သို့၊ ထုတ်ပြောရဲခြင်း မရှိသောကြောင့် ဖြစ်သလော။ မဟုတ်ပေ။ ဤသည်မှာ အဓိကအားဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ဘောင်ခတ်ခြင်းခံရသည့် အကျိုးဆက်ဖြစ်သည်။ သင်ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲမှ တစ်ခုသည် လှည့်ဖြားတတ်သော စိတ်သဘောထားဖြစ်သည်။ သင့်၌ တစ်စုံတစ်ခုဖြစ်ပျက်သောအခါ သင်ပထမဆုံးတွေးသောအရာမှာ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများဖြစ်သည်။ သင်ပထမဆုံး ထည့်တွက်သောအရာမှာ အကျိုးဆက်များ၊ ဤအရာက သင့်အတွက် အကျိုးရှိမရှိဖြစ်သည်။ ဤသည်မှာ လှည့်ဖြားတတ်သောစိတ်သဘောထားမဟုတ်လော။ နောက်ထပ်တစ်ခုမှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ သင်က၊ ‘ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ဆုံးရှုံးခြင်းတစ်ခုသည် ငါနှင့် အဘယ်ပတ်သက်စရာ ရှိသနည်း။ ငါသည် ခေါင်းဆောင်တစ်ဦး မဟုတ်၊ သို့ဖြစ်၍အဘယ်ကြောင့် ငါ ဂရုစိုက်သင့်သနည်း။ ထိုအရာသည် ငါနှင့် မည်သို့မျှ မပတ်သက်ပါ။ ယင်းသည် ငါ၏ တာဝန် မဟုတ်’ ဟု တွေးသည်။ ထိုအတွေးများနှင့် စကားများသည် သင် သတိရှိစွာ တွေးတောသည့် အရာတစ်ခု မဟုတ်သော်လည်း သင်၏မသိစိတ်က ဖြစ်ပေါ်စေခြင်း ဖြစ်ကာ၊ ယင်းသည် လူများ ပြဿနာတစ်ခုကြုံတွေ့သည့်အခါ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖော်ထုတ်ခဲ့တယ်။ ကျွန်မက တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်ခဲ့တာ။ ဝင်ဒီက တကယ့်ပြဿနာတွေကို မဖြေရှင်းခဲ့တာ ဒါမှမဟုတ် ကိစ္စအတော်များများမှာ တကယ့်အလုပ်ကို မလုပ်တာအပြင် သူ့လုပ်ရပ်တွေက အသင်းတော်ရဲ့ အကျိုးစီးပွားကို ထိခိုက်နှင့်နေခဲ့တာ ကျွန်မမြင်တာပဲ။ ဒါပေမဲ့ သူကို မမှန်မကန် ကျွန်မတိုင်ကြားမိရင် ညီအစ်ကိုမောင်နှမတွေက ကျွန်မကို မကောင်းထင်ကြမှာ၊ ကျွန်မအထုတ်ခံရမှာကို ကျွန်မ စိုးရိမ်ခဲ့ပြီး ဝင်ဒီကို စိတ်အနှောင့်အယှက်ပေးပြီး ကျွန်မတို့ဆက်ဆံရေး ထိခိုက်ကုန်လို့ ရှေ့ဆက် အဆင်ပြေဖို့ ခက်သွားမှာ ပိုတောင် ကြောက်ခဲ့တယ်။ ဒါကြောင့် သူ့ကို တိုင်ကြားဖို့ ကျွန်မ မလိုမလားဖြစ်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ်ကျိုးစီးပွားကို ကာကွယ်ဖို့ မြင်ခဲ့တဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး ကျွန်မ ဆက်နှုတ်ဆိတ်နေခဲ့တယ်။ သမ္မာတရားကို လက်တွေ့မလုပ်ခဲ့ဘူး၊ အသင်းတော် အလုပ်ကို လုံးဝ မကာကွယ်ခဲ့ဘူး။ အဲဒါက ဘုရားအတွက် တကယ်ကို စက်ဆုပ်စရာ၊ မုန်းစရာပဲ။ ဝင်ဒီက သူ့လုပ်ရပ်တွေမှာ စည်းမျဉ်းကင်းမဲ့ခဲ့ပုံ၊ သူ့အလုပ်မှာ ဦးစားပေးရမဲ့အရာတွေကို မခွဲခြားနိုင်ခဲ့တဲ့ပြင် တကယ့်အလုပ် မလုပ်နိုင်ခဲ့ပုံကို ကျွန်မစဉ်းစားမိတဲ့အခါ သူက အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်ဖြစ်တာကို ၁၀၀% မသေချာနိုင်ခဲ့ပေမဲ့ သူ့ပြဿနာတွေက ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုနဲ့ အသင်းတော်အလုပ်ကို ထိခိုက်နှင့်နေခဲ့တာ ကျွန်မ မြင်နိုင်ခဲ့တယ်။ ဒီပြဿနာတွေကို အထက်ခေါင်းဆောင်တွေဆီ ကျွန်မ မြန်နိုင်သမျှမြန်မြန် တိုင်ကြားသင့်တယ်။ သူတို့တွေ အခြေအနေ နားလည်ပြီး စုံးစမ်းအတည်ပြုနိုင်အောင်ပေါ့။ သူက အယောင်ဆောင် ခေါင်းဆောင်ဖြစ်တာ ခိုင်မာသွားရင် စည်းမျဉ်းတွေအတိုင်း အထုတ်ခံရသင့်တယ်။ သူ့အလုပ်မှာ သွေဖည်မှုတချို့ ရှိတာသက်သက်ဆိုရင် ခေါင်းဆောင်တွေက ဒီပြဿနာတွေနဲ့ပတ်သက်လို့ မိတ်သဟာယပြုရာကနေ သူ့ကို ကူညီလို့ရတယ်လေ။ မဟုတ်လို့ကတော့ သူဒီလို ဆက်အလုပ်လုပ်နေရင် အသင်းတော်အလုပ် နှောင့်နှေးပြီး ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှု ထိခိုက်မှာပဲ။ ဒါပေမဲ့ ဝင်ဒီရဲ့ ပြဿနာတွေက ကျွန်မနဲ့ တိုက်ရိုက် မဆက်စပ်ဘူး၊ ပြီးတော့ အဲဒါတွေကို တလွဲတိုင်ကြားတာက ကျွန်မရဲ့ ကိုယ်ပိုင် ဝင့်ဝါမှုနဲ့ အနာဂတ်ကို ထိခိုက်နစ်နာစေမယ်လို့ အရင်က ကျွန်မ ထင်ခဲ့တယ်။ သူ့ပြဿနာတွေကို ကျွန်မ မရိပ်စားမိခဲ့တော့ “အဲဒါတွေကို ငါမရိပ်စားမိခဲ့တဲ့အပြင် တလွဲတိုင်မိမှာ စိုးတယ်” ဆိုတာကို ဆင်ခြေအဖြစ် သုံးပြီး အထက်ခေါင်းဆောင်တွေဆီ သူ့ကို မတိုင်ခဲ့ဘူး။ သူက တကယ့်အလုပ်ကို မလုပ်တဲ့ အယောင်ဆောင် ခေါင်းဆောင် တကယ်ဟုတ်ရင် တခြားညီအစ်ကို မောင်နှမတွေက သူ့ကို တိုင်မှာပါဆိုတဲ့ ဆင်ခြေကိုလဲ ကျွန်မပေးခဲ့တယ်။ ကျွန်မက “စိတ်အနှောင့်အယှက်ပေးတဲ့ ကိစ္စ” ကို တခြားလူတွေပေါ် တွန်းတင်ပြီး သူရဲဘောကြောင်သူလို ပုန်းချင်ခဲ့တယ်။ ဝင်ဒီနဲ့ ကျွန်မရဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့၊ ကျွန်မရဲ့ ကိုယ်ပိုင်ဝင့်ဝါမှု၊ ရှေ့ရေးနဲ့ ကံကြမ္မာတွေကို ကာကွယ်ဖို့ အသင်းတော်ရဲ့ အကျိုးစီးပွားကို လုံးဝ မစဉ်းစားခဲ့ဘူး၊ အသင်းတော်အလုပ်ကို လုံးဝ မကာကွယ်ခဲ့ဘူး။ ကျွန်မ အရမ်းအရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်ခဲ့တာပါ။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော”၊ “အသိတရားရှိသော လူများသည် မိမိကိုယ်ကို ကာကွယ်ရာတွင် တော်၍ အပြစ်တင်ခံရမှုမှ လွတ်မြောက်ရန်သာ ကြိုးစားသည်” ဆိုတာနဲ့ “ပုဂ္ဂိုလ်ရေးအရ မထိခိုက်ပါက အကြောင်းကိစ္စများကို လက်လွှတ်လိုက်ပါ” ဆိုတဲ့ စာတန်ရဲ့ အတွေးအခေါ်တွေကို လိုက်လျှောက်ခဲ့တယ်။ ဒီအရာတွေက ကျွန်မစိတ်နှလုံးထဲ နက်နက်ရှိုင်းရှိုင်း အမြစ်စွဲနေပြီး အတွေးတွေကို စိုးမိုးထားတော့ ကျွန်မဟာ ပြောဆိုလုပ်ကိုင်တာတွေမှာ တစ်ကိုယ်ရေ အကျိုးအမြတ်တွေကို အမြဲစဉ်းစားရင်း သတိထားလွန်ပြီး မပြတ်မသား ဖြစ်လာခဲ့တယ်။ ခေါင်းဆောင်တစ်ယောက်နဲ့ဆိုင်တဲ့ ပြဿနာတွေ ကျွန်မတွေ့ချိန်မှာတောင် သူ့ကို တိုင်ဖို့ မလိုလားခဲ့ဘူး။ အသင်းတော်ရဲ့ အကျိုးစီးပွား ထိခိုက်နေချိန်မှာ ဖြစ်ပျက်သမျှကို ဒီတိုင်း ထိုင်ကြည့်နေခဲ့တယ်။ စာတန်ဆန်တဲ့ စိတ်သဘောထား၊ အတွေးအခေါ်တွေနဲ့ အသက်ရှင်တာက ကျွန်မကို တကယ် စက်ဆုပ်စရာနဲ့ ရွံစရာဖြစ်စေခဲ့တဲ့အပြင် ကျွန်မက ဂုဏ်သိက္ခာ ဒါမှမဟုတ် လူသား ပုံသဏ္ဌာန် လုံးဝ ကင်းမဲ့တာကို မြင်ခဲ့ရတယ်။ ဒီပုံစံနဲ့ ကျွန်မ ဆက်နေပြီး နောင်တမရရင် ဘုရားရဲ့ ပစ်ပယ်ပြီး ဖယ်ရှားရှင်းလင်းတာကိုပဲ ခံရမှာပဲ။ ဒီအတွေးတွေကြောင့် ကျွန်မကြောက်လန့်သွားပြီး စာတန်ဆန်တဲ့ စိတ်သဘောထားရဲ့ အချုပ်အနှောင်တွေကနေ အမြန် ရုန်းထွက်ရမယ်၊ အဲဒါရဲ့ ထိန်းချုပ်တာကို ခံလို့မရတော့ဘူးဆိုတာ သဘောပေါက်ခဲ့တယ်။
ကျွန်မသုံးသပ်တဲ့အခါ ကျွန်မမှာ မှားယွင်းတဲ့ အမြင်ရှုထောင့်တစ်ခု ရှိခဲ့တာကိုလဲ သဘောပေါက်ခဲ့တယ်။ ကျွန်မက ကိစ္စတွေကို မှန်မှန်ကန်ကန်၊ ပြည့်ပြည့်စုံစုံ မမြင်မှာကို စိုးရိမ်ခဲ့ပြီး တစ်ခုခုကို တလွဲ တိုင်ကြားမိခဲ့ရင် နှောင့်ယှက်မှုတွေနဲ့ အဖျက်အမှောင့်တွေ ဖြစ်စေမှာကို စိုးရိမ်ခဲ့တယ်။ ဒါကြောင့် ဝင်ဒီရဲ့ ပြဿနာတွေကို မတိုင်ကြားရဲခဲ့ဘူး။ နောက်ပိုင်း ကိုယ့်စိတ်နှလုံးကို ငြိမ်အောင်ထားပြီး တွေးဆခဲ့တယ်။ “ဒီအမြင်ရှုထောင့်က မှန်ရဲ့လား။ သမ္မာတရား စည်းမျဉ်းတွေနဲ့ ကိုက်ညီရဲ့လား” လို့ပေါ့။ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မသတိရသွားတယ်။ “ဘုရားသခင်၏ အိမ်တော်က ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ပေးထားသော ပါရမီရှိသော လူများသည် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းအချိန်ကာလတွင်၊ သို့မဟုတ် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းအချိန်ကာလမတိုင်မီတွင် သူ၏အလုပ်ကို တာဝန်ယူဆောင်ရွက်နိုင်စွမ်း၊ သူ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်စွမ်း လုံလောက်စွာရှိသည်ဟု ညွှန်းဆိုသလော။ မညွှန်းဆိုပေ။ ထို့ကြောင့် ပျိုးထောင်ခြင်းအချိန်ကာလတွင် ဤလူတို့သည် ပြုပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ဖော်ထုတ်ခြင်းနှင့် ထုတ်ပယ်ခြင်းကိုပင် တွေ့ကြုံရမည်မှာ ရှောင်လွှဲ၍ မရနိုင်ပေ။ ဤသည်မှာ ပုံမှန်ဖြစ်၏၊ ဤသည်မှာ လေ့ကျင့်ပေးခြင်းနှင့် ပျိုးထောင်ပေးခြင်းဖြစ်သည်။ ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ခြင်းခံရသောသူတို့အပေါ် လူတို့သည် ကြီးမားသော မျှော်လင့်ချက်များ၊ သို့မဟုတ် လက်တွေ့မကျသော တောင်းဆိုမှုများ မထားရှိရပေ။ ဤသည်မှာ ကျိုးကြောင်းသင့်လျော်မှု ရှိမည်မဟုတ်၊ ၎င်းတို့အပေါ် မတရားရာလည်း ကျပေမည်။ သင်တို့သည် ၎င်းတို့၏ အလုပ်ကို ကြီးကြပ်နိုင်သည်။ ၎င်းတို့၏ အလုပ်လမ်းကြောင်းတွင် အခြေခံသဘောတရားများကို ချိုးဖောက်သည့် ပြဿနာများ၊ သို့မဟုတ် အမှုကိစ္စများကို သင် ရှာဖွေတွေ့ရှိလျှင် ဤကိစ္စများကို ဖြေရှင်းရန်အတွက် ပြဿနာကို ထုတ်ဖော်ပြောဆိုပြီး သမ္မာတရားကို ရှာဖွေနိုင်သည်။ သင်မလုပ်သင့်သည့်အရာမှာ ၎င်းတို့ကို အကဲဖြတ်ခြင်း၊ ရှုတ်ချခြင်း၊ တိုက်ခိုက်ခြင်း၊ သို့မဟုတ် ကြဉ်ခြင်းတို့ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ပျိုးထောင်ခြင်းကာလတွင်သာ ရှိနေသောသူများ ဖြစ်နေ၍ ၎င်းတို့ကို စုံလင်ဖြောင့်မတ်သောလူများအဖြစ်၊ သို့မဟုတ် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သောသူများအဖြစ် ရှုမြင်ရန် မဆိုထားနှင့်၊ စုံလင်အောင် ပြုခြင်းခံရပြီးဖြစ်သောသူများအနေဖြင့်ပင် မရှုမြင်သင့်ပေ။...ဤသို့ဆိုလျှင် ထိုသူတို့အပေါ် အကျိုးအကြောင်း အသင့်လျော်ဆုံး ဆက်ဆံနည်းမှာ အဘယ်နည်း။ ထိုသူတို့ကို သာမန်လူများအဖြစ် မှတ်ယူရန်ဖြစ်ပြီး ပြဿနာတစ်ခုနှင့်ပတ်သက်၍ လူတစ်ဦးကို ရှာဖွေရန် လိုအပ်သည့်အခါတွင် ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ပြီး တစ်ယောက်၏ အားသာချက်ထံမှ တစ်ယောက်သင်ယူရန်၊ အချင်းချင်း အားဖြည့်ပေးရန်ဖြစ်သည်။ ထို့အပြင် ခေါင်းဆောင်များ၊ အမှုဆောင်များသည် တကယ့်အလုပ်ကို လုပ်ဆောင်ခြင်းရှိမရှိ၊ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနိုင်ခြင်းရှိမရှိကို ကြီးကြပ်ရန်မှာ လူတိုင်း၏ တာဝန်ဖြစ်သည်။ ဤအရာတို့သည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်က စံနှုန်းပြည့်ခြင်း ရှိမရှိဆိုသည်ကို တိုင်းတာရန် စံနှုန်းများ၊ စည်းမျဉ်းများဖြစ်သည်။ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်သည် ကိုင်တွယ်ဖြေရှင်းခြင်း၊ အထွေထွေပြဿနာများကို ဖြေရှင်းခြင်းကို စွမ်းဆောင်နိုင်လျှင် ၎င်းတို့သည် အရည်အချင်းရှိသည်။ သို့သော် သာမန်ပြဿနာများကိုပင် ကိုင်တွယ်ပြီး မဖြေရှင်းနိုင်လျှင် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်ဖြစ်ဖို့ မသင့်တော်သကဲ့သို့ ၎င်း၏ ရာထူးမှ အလျင်အမြန် ဖယ်ရှားရမည်ဖြစ်သည်။ အခြားလူတစ်ယောက်ကို ရွေးချယ်ရမည်ဖြစ်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို မနှောင်းနှေးစေရ။ ဘုရားအိမ်တော်၏အလုပ်ကို နှောင့်နှေးစေခြင်းသည် မိမိကိုယ်ကိုနှင့် သူတစ်ပါးတို့ကို ထိခိုက်စေခြင်းဖြစ်သည်။ မည်သူ့အတွက်မျှ မကောင်းပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၅)) ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို ကိုင်တွယ်ဖြေရှင်းခြင်းနဲ့ဆိုင်တဲ့ စည်းမျဉ်းတွေကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မနားလည်သွားတယ်။ ခေါင်းဆောင်နဲ့ အမှုဆောင်တွေက လေ့ကျင့်တဲ့ ကာလမှာပဲ ရှိသေးတယ်။ သူတို့က ကယ်တင်ခြင်း ဒါမှမဟုတ် စုံလင်ခြင်း မရသေးတဲ့အပြင် သူတို့လဲ ဖောက်ပြန်ပျက်စီးတဲ့ လူတွေပဲ။ သူတို့ကို ကျွန်မတို့ မှန်မှန်ကန်ကန် ဆက်ဆံဖို့လိုတယ်။ လေ့ကျင့်တဲ့ ကာလတိုတောင်းလို့ ခေါင်းဆောင်တစ်ယောက်က ဖောက်ပြန်ပျက်စီးမှုကိုပဲ ထုတ်ဖော်ပြရင် ဒါမှမဟုတ် အလုပ်သွေဖည်မှုတွေရှိပြီး အဲဒါက ကြီးမားတဲ့ ပြဿနာတွေ မဟုတ်ရင် သူတို့ကို ချစ်ခြင်းနဲ့ ကူညီ၊ ပြုပြင်ပေးသင့်တယ်။ ဒါပေမဲ့ ခေါင်းဆောင် ဒါမှမဟုတ် အမှုဆောင်တစ်ယော်က ညံ့ဖျင်းတဲ့ အစွမ်းအစရှိရင်၊ အလုပ်စွမ်းဆောင်ရည် ကင်းမဲ့တဲ့အပြင် တကယ့် အလုပ်မလုပ်နိုင်ရင်၊ ဒါမှမဟုတ် ခေါင်းဆောင်တစ်ယောက်က သူ့လူ့သဘာဝမှာ ပြဿနာတွေရှိပြီး လမ်းမှားကို လျှောက်ရင်၊ တကယ့် အလုပ်ကို မလုပ်ရင် အဲဒီလို ခေါင်းဆောင်တစ်ယောက်ကို ဆက်အသုံးပြုတာက ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုနဲ့ အသင်းတော်အလုပ်ကို နှောင့်နှေးစေမှာပဲ။ အဲဒီလို အယောင်ဆောင် ခေါင်းဆောင်တွေကို ရှာတွေ့တဲ့အခါ သူတို့ကို ကျွန်မတို့ ဖော်ထုတ်၊ တိုင်ကြားသင့်တယ်။ တစ်ခုခုကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ရင် ကျွန်မတို့ ဒီအတိုင်း အခံ့သားထိုင်ပြီး လျစ်လျူရှုလို့ရတယ် ဒါမှမဟုတ် သမ္မာတရားကို လက်တွေ့လုပ်စရာ မလိုဘူးလို့ ဘုရားက လုံးဝ မပြောခဲ့ဘူး။ အဲဒီအစား ကျွန်မတို့ ရှင်းရှင်းလင်းလင်း မသိမြင်နိုင်တဲ့ အခက်အခဲတွေနဲ့ ပြဿနာတွေအတွက် မိတ်သဟာယပြုဖို့ သမ္မာတရား နားလည်တဲ့သူတွေကို ရှာသင့်တယ်၊ သမ္မာတရား စည်းမျဉ်းတွေကို ရှာသင့်တယ်၊ ဒါမှမဟုတ် ဒီအရာတွေကို အထက်ခေါင်းဆောင်တွေဆီ တိုင်ကြားသင့်တယ်။ တစ်ခုခုကို ကျွန်မတို့ တလွဲတိုင်မိရင်တောင် ကိစ္စမရှိဘူး။ အရေးအကြီးဆုံးကတော့ ပြဿနာတွေ ပြေလည်သွားဖို့ပဲ။ ကျွန်မတို့က တစ်ခုခုကို ရှင်းရှင်းလင်းလင်း မမြင်နိုင်လို့ ဒါမှမဟုတ် တစ်ခုခုကို တလွဲတိုင်ကြားမိမှာကို ကြောက်လို့ ဒီအတိုင်း အခံ့သားထိုင်ပြီး ဘာမှမလုပ်တဲ့အပြင် အဖြစ်အပျက်တွေက သူ့ဘာသာဖြစ်ရင်းနဲ့ အသင်းတော်ရဲ့ အကျိုးစီးပွားကို ထိခိုက်ပြီး အသင်းတော် အလုပ်ကို နှောင့်နှေးစေပြီးတော့ အခြေအနေက ပိုဆိုသွားခဲ့ရင် တစ်ခုခုပြောဖို့ အရမ်းနောက်ကျသွားမှာ၊ ထိခိုက်နစ်နာမှုကလဲ ပြင်မရဖြစ်လာလိမ့်မယ်။ အရင်က ဘယ်အရာတွေကို နှောင့်ယှက်မှုနဲ့ အဖျက်အမှောင့်လို့ မှတ်နိုင်သလဲ ကျွန်မ မရှင်းခဲ့ပေမဲ့ နောက်ပိုင်း ရှာဖွေပြီး မိတ်သဟာယပြုရာကတစ်ဆင့် ကျွန်မ ပိုနားလည်သွားတယ်။ လူတစ်ယောက်ရဲ့ လုပ်ရပ်ကို နှောင့်ယှက်မှုနဲ့ အဖျက်အမှောင့်အနေနဲ့ ထည့်တွက်လို့ ရမရဆိုတာက သူရည်ရွယ်ချက်တွေ မှန်မမှန်ဆိုတာနဲ့ သူတိုင်ကြားတဲ့ ပြဿနာတွေက မှန်မမှန်၊ အသင်းတော်ရဲ့ အကျိုးစီးပွား ဒါမှမဟုတ် စည်းမျဉ်းတွေ ပါဝင်ခြင်းရှိမရှိဆိုတဲ့အပေါ် အဓိက မူတည်တယ်။ သူ့ရည်ရွယ်ချက်တွေ မှန်ရင်၊ တိုင်ကြားထားတဲ့အရာက မှန်ပြီး အသင်းတော်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက်ဖြစ်ရင် ခေါင်းဆောင်တစ်ယောက်က အဲဒီအချိန်မှာ အယောင်ဆောင် ဟုတ်မဟုတ်ဆိုတာကို သူမမြင်ရင်တောင် အချက်အလက်တွေကို အခြေခံပြီး သူမြင်တဲ့ ပြဿနာတွေကို တိုင်ကြားတာက အသင်းတော်အလုပ်ကို ကာကွယ်တာဖြစ်ပြီး အနှောင့်အယှက်နဲ့ အဖျက်အမှောင့် မဟုတ်ဘူး။ ဒါပေမဲ့ သူရည်ရွယ်ချက်တွေ မှားပြီး သူ့မှာ တန်ခိုးအာဏာအတွက် ပြိုင်ဆိုင်တာ၊ တစ်ဆိတ်ကို တစ်အိတ်လုပ်ဖို့ ခေါင်းဆောင်တွေကို ဖြုတ်ချပြီး သူတို့နေရာကို ယူဖို့အတွက် ခေါင်းဆောင်တွေရဲ့ အလုပ်သွေဖည်မှုတွေကို မလွတ်တမ်း အသုံးချတာ ဒါမှမဟုတ် ခေါင်းဆောင်ဆီက ပြုပြင်မှုကြောင့် မကျေမချမ်းမှုထားရှိတာ ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်တွေကို ဖွင့်ချဖို့အတွက် ခေါင်းဆောင်ကို တိုက်ခိုက်ပြီး ဝေဖန်ဖို့ အပြစ်တွေရှာပြီး အချက်အလက်တွေကို လိုရာဆွဲ မမှန်မကန်ပြောတာ၊ ဒါမှမဟုတ် ခေါင်းဆောင်ကို သူကိုယ်တိုင်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားအတိုင်း ချစ်တီးခေါင်းသန်းရှာလုပ်တာ၊ ခေါင်းဆောင်ရဲ့ ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ပြချက်တွေ၊ သူတို့တာဝန်တွေမှာရှိတဲ့ သွေဖည်မှုတွေ၊ ပြဿနာတွေ၊ ချို့တဲ့မှုတွေ၊ အားနည်းချက်တွေကို မလွတ်တမ်း အသုံးချတာအပြင် အချိန်တိုင်းမှာ ကန့်ကွက်ချက်တွေ တင်ပြပြီး လက်မလွှတ်ဘဲ ဩဇာရှာတွေ့ဖို့ ကြိုးစားတာတွေလို ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေရှိရင် ဒါက အဖျက်အမှောင့်နဲ့ နှောင့်ယှက်မှု မည်တယ်။ ဒါကို သဘောပေါက်သွားတော့ ပုံမှန် ရှာဖွေပြီး ပြဿနာတွေ တိုင်တာနဲ့ နှောင့်ယှက်ပြီး အဖျက်အမှောင့် လုပ်တာကြားက ခြားနားချက်အပေါ် ကျွန်မ ပိုသိနားလည်မှုရခဲ့တယ်။
စည်းမျဉ်းတွေကို နားလည်သွားတဲ့နောက်မှာ ဝင်ဒီရဲ့ ပြဿနာတွေကို ကျွန်မ ထပ်တွေးမိတယ်။ ညံ့ဖျင်းတဲ့ လူ့သဘာဝကို သူအသက်ရှင်နေထိုင်တာဟာ ကြီးမားတဲ့ ပြဿနာ မဟုတ်လို့ အခွင့်အခါကောင်းမှာ သင့်တော်တဲ့ လမ်းညွှန်ကူညီမှုပေးပြီး ဖြေရှင်းလို့ရတယ်။ ဒါပေမဲ့ သူ့ရဲ့ အလျင်စလိုဖြစ်ပြီး စည်းမျဉ်းမရှိတဲ့ စီစဉ်ပေးမှုတွေက ညီအစ်ကို မောင်နှမတွေရဲ့ တာဝန်နဲ့ အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ခဲ့တယ်။ သူက သူ့ရဲ့ အဓိကတာဝန်တွေကိုလဲ အာရုံမစိုက်ခဲ့ဘူး၊ စစ်မှန်တဲ့ ဝန်တာထားစိတ် ကင်းမဲ့ပြီး သူကြီးကြပ်တဲ့အလုပ်မှာ ရလဒ်တွေ မရနိုင်ခဲ့တဲ့အပြင် ညီအစ်ကို မောင်နှမတွေရဲ့ အခြေအနေတွေနဲ့ ပြဿနာတွေကို မဖြေရှင်းခဲ့ဘူး။ ဒီကိစ္စတွေက တကယ့်အလုပ်ကို သူလုပ်နိုင်ခြင်းရှိမရှိ၊ လုပ်ထားခြင်းရှိမရှိဆိုတာတွေနဲ့ ဆက်စပ်တယ်။ ဒီအရာတွေကို ကျွန်မ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့တဲ့အပြင် သူ့ကို အယောင်ဆောင် ခေါင်းဆောင်အနေနဲ့ အမည်မတပ်နိုင်ပေမဲ့ တိုင်ကြားချက်လုပ်ပြီး လမ်းညွှန်မှု ရှာလို့ရတယ်။ ကျွန်မရဲ့ ရည်ရွယ်ချက်က သူ့ကို အခက်တွေ့အောင်လုပ်ဖို့ ဒါမှမဟုတ် သူ့အပေါ် ဩဇာရဖို့ မဟုတ်တဲ့အတွက် ဒီလိုလက်တွေ့လုပ်တာက သင့်တော်တယ်။ ကျွန်မက ဒီကိစ္စကို ဖြစ်သလိုပြီးသွားစေဖို့အတွက် “တစ်ခုခုကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ရင် အဲဒါကို တလွဲတိုင်ကြားတာက အဖျက်အမှောင့်နဲ့ အနှောင့်အယှက်ဖြစ်စေမယ်” ဆိုတာကို ဆင်ခြေအနေနဲ့ သုံးလို့မရဘူး။ အဲဒါက အသင်းတော်အလုပ်အတွက် တာဝန်မဲ့ရာကျမှာဖြစ်ပြီး အသင်းတော်ရဲ အကျိုးစီးပွားကို မကာကွယ်တဲ့၊ သမ္မာတရားကို လက်တွေ့မလုပ်တဲ့ သရုပ်သကန်တစ်ခု ဖြစ်မှာပဲ။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကနေ နောက်တစ်ပိုဒ်ကို ကျွန်မဖတ်ခဲ့တယ်။ “သမ္မာတရားသည် သင့်တွင် အသက်ဖြစ်လာပြီးသည်နှင့် သင်သည် ဘုရားသခင်အပေါ် ပြစ်မှားစော်ကားသော၊ ဘုရားသခင်အား မကြောက်ရွံ့သော၊ မိမိ၏တာဝန်ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေ ပြုသော၊ သို့မဟုတ် အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သောသူကို သတိပြုမိသောအခါ သင်သည် သမ္မာတရားစည်းမျဉ်းနှင့်အညီ တုံ့ပြန်လိမ့်မည်။ ထိုသူအား လိုအပ်သလို ခွဲခြားပြီး ဖော်ထုတ်နိုင်လိမ့်မည်။...သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတစ်ဦးဖြစ်လျှင်၊ သင် သမ္မာတရားနှင့် အသက် မရရှိသေးလျှင်ပင် အနည်းဆုံးအနေဖြင့် သင်သည် ဘုရားသခင်၏ဘက်မှ စကားပြောကာ ပြုမူလိမ့်မည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ထိခိုက်နေသည်ကို သင်မြင်သည့်အခါ အနည်းဆုံးအနေဖြင့် သင်သည် အကြောင်းမဲ့သက်သက် ရပ်နေမည် မဟုတ်ပေ။ သင် မသိကျိုးကျွန်ပြုလိုသည့်ဆန္ဒရှိသည့်အခါတွင် သင်သည် အပြစ်ရှိသည်ဟု ခံစားရမည် ဖြစ်ပြီး အနေရခက်လိမ့်မည်၊ ပြီးလျှင် ‘ဘုရားသခင့်အိမ်တော်၏ အကျိုးစီးပွားများ မထိခိုက်စေရန်နှင့် အသင်းတော်အသက်တာ အနှောင့်အယှက် မဖြစ်စေဖို့အလို့ငှာ၊ ငါ ဤနေရာတွင် ထိုင်ပြီး မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ နေ၍မရချေ၊ ငါ ထရပ်ပြီး တစ်စုံတစ်ခု ပြောရမည်၊ ငါတာဝန်ယူရမည်။ ဤဆိုးယုတ်သော အပြုအမူကို ငါ ဖော်ထုတ်ရမည်၊ ငါ တားရမည်’ ဟု သင့်ကိုယ်သင် ပြောလိမ့်မည်။ သမ္မာတရားက သင်၏ အသက်ဖြစ်လာလျှင်၊ သင်၌ ဤသတ္တိနှင့် သန္နိဋ္ဌာန် ရှိပြီး ကိစ္စရပ်ကို လုံးဝ သိနားလည်နိုင်စွမ်း ရှိလိမ့်မည်သာမက၊ ဘုရားသခင်၏အမှုနှင့် သူ၏အိမ်တော် အကျိုးစီးပွားများအတွက် ယူသင့်သည့် တာဝန်ကိုလည်း သင် ဖြည့်ဆည်းလိမ့်မည် ဖြစ်ပြီး ထိုသို့ဖြင့် သင်၏ တာဝန်သည် ကျေပွန်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်သွားတယ်။ သမ္မာတရား စစ်မှန်မှုတွေ ရှိတဲ့သူတွေက ဘုရားကိုကြောက်တဲ့ စိတ်နှလုံး ပိုင်ဆိုင်ကြတယ်။ အခြေအနေတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့က သမ္မာတရား စည်းမျဉ်းတွေအတိုင်း ပြုမူကြတယ်။ အသင်းတော်ရဲ့ အကျိုးစီးပွားကို ထိခိုက်တဲ့ ပြဿနာတွေ ဒါမှမဟုတ် အသင်းတော် အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်တဲ့ ပြဿနာတွေကို မြင်တဲ့အခါ သူတို့က ရပ်ကြည့်မနေဘူး ဒါမှမဟုတ် လျစ်လျူမရှုဘူး။ တခြားလူတွေနဲ့ သူတို့ရဲ့ ဆက်ဆံရေး ထိန်းသိမ်းတာ ဒါမှမဟုတ် သူတို့ကိုယ်ပိုင် အကျိုးစီးပွား ကာကွယ်တာကို ဦးစားမပေးဘူး။ အဲဒီအစား အသင်းတော်ရဲ့ အကျိုးစီးပွားနဲ့ အလုပ်ကို ကာကွယ်ရေးအပေါ် အာရုံစိုက်ကြတယ်။ သူတို့က အပျက်သဘောဆောင်တဲ့ အရာတွေကို ဖော်ထုတ်ပြီး စည်းမျဉ်းတွေအတိုင်း ပြုမူဖို့ သတ္တိရှိကြတယ်။ ပြီးတော့ ဝန်တာစိတ်ရှိပြီး သူတို့တာဝန်တွေမှာ တာဝန်ယူတတ်ကြတယ်။ အခု ဝင်ဒီနဲ့ပတ်သက်တဲ့ ပြဿနာတွေကို ကျွန်မမြင်အောင် ဘုရားက စီစဉ်ပေးပြီးပြီဖြစ်လို့ အဲဒါတွေကို ကျွန်မလိုက်စစ်ပြီး ဖြေရှင်းရမဲ့ တာဝန်ရှိတယ်။ ကျွန်မ မသိကျိုးကျွန်ပြုလို့ မရဘူး။ ဒီပြဿနာတွေကို ကျွန်မဖော်ထုတ်ပြီး အထက်ခေါင်းဆောင်တွေဆီကနေ လမ်းညွှန်မှုရှာရမယ်။ ညီအစ်ကို မောင်နှမတွေက ကျွန်မကို ဘယ်လိုပဲ မြင်ကောင်းမြင်ပါစေ၊ ဒါမှမဟုတ် ဖိနှိပ်ညဉ်းဆဲမှုကို ကျွန်မရင်ဆိုင်ရနိုင်ခြေ ရှိပါစေ သမ္မာတရား စည်းမျဉ်းတွေအတိုင်း ကျွန်မ ပြုမူရမယ်။ ဘုရားကို ကျွန်မ ယုံကြည်ချက်ရှိသင့်ပြီး သူ့ရဲ့ ဖြောင့်မတ်ခြင်းကို ယုံကြည်သင့်တယ်။ စိတ်ထဲမှာ အဲလိုတွေးပြီး ကိုယ့်စိုးရိမ်စိတ်တွေကို ကျွန်မလက်လွှတ်လိုက်တယ်။ နောက်ပိုင်းမှာ ပြဿနာတွေကို တိုင်ကြားဖို့ အထက်ခေါင်းဆောင်ဆီ ကျွန်မချဉ်းကပ်ခဲ့တယ်။ ခေါင်းဆောင်က ကျွန်မမြင်ခဲ့သမျှကို ပွင့်ပွင့်လင်းလင်း ပြောဖို့ အားပေးရင်းနဲ့ စိတ်ရှည်ရှည်ထားပြီး သေချာနားထောင်ပေးခဲ့တယ်။ ဘုရားအိမ်တော်က အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေကို တကယ်ဖော်ထုတ်ပြီး တိုင်ကြားနိုင်သူတွေကို အထူးအားပေးထောက်ခံတယ်ဆိုတာနဲ့ အဲဒီလိုလူတွေကြောင့် ဘုရားက စိတ်သက်သာရာရတယ်လို့ သူက ပြောတယ်။ ဒါကြောင့် ဝင်ဒီရဲ့ ပြဿနာတွေအားလုံးကို ကျွန်မ အသေးစိတ်ပြောလိုက်တယ်။ ခေါင်းဆောင်ကလဲ ဝင်ဒီနဲ့ပတ်သက်ပြီး ပြဿနာတွရှိတယ်လို့ ခံစားရတယ်။ ဝင်ဒီ့အလုပ်ကို သူစစ်ဆေးတိုင်း ဝင်ဒီက အပြုသဘောဆောင်တဲ့ အစီရင်ခံချက်တွေကို ပေးခဲ့ပေမဲ့ တကယ့် တိုးတက်မှု မရှိဘူးလို့ သူက ပြောတယ်။ ဝင်ဒီရဲ့ စွမ်းဆောင်ရည်ကိုလဲ စစ်ကြည့်ဖို့ ခေါင်းဆောင်က စဉ်းစားထားတယ်။
နောက်နေ့မှာ ခေါင်းဆောင်က ဝင်ဒီကို သိတဲ့ ညီအစ်ကို မောင်နှမတွေကို ဆန်းစစ်ချက်တွေ ရေးခိုင်းတယ်။ ရလဒ်ကတော့ အံ့အားသင့်စရာပဲ။ ဝင်ဒီရဲ့ ပြဿနာတွေက ကျွန်မ စိတ်ကူးမိခဲ့တာထက် အများကြီး ပိုဆိုးနေခဲ့တယ်။ ဝင်ဒီက နေ့တိုင်း အလုပ်များတဲ့ပုံ၊ အွန်လိုင်း စုဝေးပွဲတွေ တက်ရောက်တဲ့ပုံပေါ်ခဲ့ပေမဲ့၊ စုဝေးပွဲတွေအတွက် ပုံမှန်အားဖြင့် အချိန်မီပြီး စုဝေးပွဲတွေမှာ အချိန်အများကြီး ကုန်တဲ့ပုံပေါ်ပေမဲ့ သူ့မိတ်သဟာယက စကားလုံးနဲ့ အယူဝါဒတွေပဲဖြစ်ပြီး တကယ့်ပြဿနာတွေကို မဖြေရှင်းပေးနိုင်ဘူးဆိုတာကို ညီအစ်ကို မောင်နှမတွေရဲ့ ဆန်းစစ်ချက်တွေကနေ ကျွန်မတွေ့ရတယ်။ တစ်ခါ၊ အပျက်သဘော အခြေအနေထဲ ရောက်နေတဲ့ ညီအစ်မတစ်ယောက်က မိတ်သဟာယပြုဖို့ သူ့ကို တက်တက်ကြွကြွ ရှာခဲ့တယ်။ မက်ဆေ့အတော်များများ ပို့ထားပေမဲ့ ဝင်ဒီက သူ့ကို လုံးဝ လာမကူခဲ့ဘူး။ နောက်ဆုံး သူတို့တွေ့ဖို့ ချိန်းကြတော့ မိတ်သဟာယတောင် မစခင်မှာ ဝင်ဒီက အဲဒီညီအစ်မကို ထားခဲ့ပြီး ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို သွားကိုင်တွယ်နေခဲ့တယ်။ အထူး အေးစက်စက်နိုင်မှုနဲ့ တစ်ကိုယ်ကောင်းဆန်မှုကို ပြနေခဲ့တယ်။ သူက ညီအစ်ကို မောင်နှမတွေရဲ့ တာဝန်တွေကို စစ်ဆေးခဲတယ်၊ လိုက်စစ်ခဲတယ်။ ရံဖန်ရံခါ လိုက်စစ်တော့လဲ ဟန်ပြပဲ လုပ်တယ်။ ပြဿနာနဲ့ အခက်အခဲ အမျိုးမျိုးကို သူက တက်တက်ကြွကြွ မပိုင်းခြားခဲ့ဘူး၊ မဖြေရှင်းခဲ့ဘူး။ ခေါင်းဆောင်တစ်ယောက်ရဲ့ အခန်းကဏ္ဍကို သူလုံးဝ မဖြည့်ဆည်းခဲ့ဘူး။ ညီအစ်ကို မောင်နှမတွေရဲ့ တာဝန်တွေမှာ ညံ့ဖျင်းတဲ့ ရလဒ်တွေကို သူမြင်တဲ့အခါ စက်ရုံတစ်ရုံက အလုပ်သမားခေါင်းလို အသိပေးရုံ၊ နှိုးဆော်ရုံပဲ လုပ်တယ်။ သူတို့တာဝန်တွေ ဘယ်မှာ တန့်နေတယ်၊ ဖြေရှင်းချက်တွေကို ဘယ်လို ရှာရမယ်ဆိုတာတွေလို တကယ့် ပြဿနာတွေကိုတော့ သူက လုံးဝ အလေးမထားခဲ့ဘူး။ ဒါ့အပြင် ဝန်ထမ်း တာဝန်ပြောင်းတာတွေမှာ စည်းမျဉ်းတွေ ကင်းမဲ့ခဲ့တယ်။ သူက အဓိက ဧဝံဂေလိ အမှုဆောင်နှစ်ယောက်ကို အထွေထွေ အရေးကိစ္စ တာဝန်တွေ လုပ်ဖို့ တာဝန်ပြောင်းလိုက်လို့ မကြာခင်မှာပဲ ဧဝံဂေလိအလုပ် ထိခိုက်ကုန်တော့ သူ့တို့ကို နဂိုတာဝန်ဆီ ပြန်ပြောင်းပေးရရော။ ရေလောင်းပေးတဲ့သူတွေကို ရှာတဲ့နေရာမှာလဲ သူက အဲဒီအတိုင်းလုပ်တယ်။ ညီအစ်ကို မောင်နှမတွေရဲ့ တာဝန်တွေကို လုံးဝ ထည့်မတွက်တဲ့အပြင် စေ့စေ့စပ်စပ် စဉ်းစားဆင်ခြင်တာမရှိဘဲ သင့်တော်တယ်လို့ သူထင်တဲ့ ဘယ်သူကိုမဆို ရွေးလိုက်တယ်။ ဒီတော့ ညီအစ်ကို မောင်နှမတွေရဲ့ တာဝန်တွေ အဖျက်အမှောင့်လုပ်ခံရပြီး အသင်းတော်ရဲ့ အလုပ်လဲ နှောင့်ယှက်ခံရရော။ သူ့အပြုအမူတစ်ခုစီကို ညီအစ်ကို မောင်နှမတွေရဲ့ ဖော်ထုတ်မှုကနေ ဝင်ဒီဟာ သူတာဝန်ယူထားတဲ့ အသင်းတော်ရဲ့ အလုပ်ကို တိုးတက်အောင် မလုပ်နိုင်ခဲ့ရုံမက ဟန့်ပါ ဟန့်တားခဲ့တာ ရှင်းသွားတယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ် ကျွန်မဖတ်ခဲ့တယ်။ အဲဒါက ဝင်ဒီရဲ့ အပြုအမူတွေနဲ့ဆိုင်တဲ့ အနှစ်သာရကို ပိုနားလည်အောင် ကျွန်မကို ကူညီခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည် “ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို ခေါင်းဆောင်တစ်ဦးက ဖြည့်ဆည်းနေခြင်း ရှိမရှိကိုဖြစ်စေ၊ ၎င်းသည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဟုတ်မဟုတ်ကိုဖြစ်စေ မည်သို့ အကဲဖြတ်သင့်သနည်း။ အခြေခံအကျဆုံး အဆင့်အနေဖြင့် ၎င်းတို့က စစ်မှန်သည့် အလုပ်ကို လုပ်နိုင်စွမ်းရှိမရှိ၊ ၎င်းတို့တွင် ဤအစွမ်းအစ ရှိမရှိဟူသည်တို့ကို ကြည့်ရမည်ဖြစ်သည်။ ထို့နောက် ၎င်းတို့အနေဖြင့် ဤအလုပ်ကို ကောင်းစွာ လုပ်ဆောင်ရန် ဝန်တာထားခြင်း ရှိမရှိဟူသည်ကို ကြည့်သင့်သည်။ ၎င်းတို့ ပြောသည့်အရာများက မည်မျှနားကြားကောင်းပြီး ၎င်းတို့က အယူဝါဒများကို နားလည်သည့်ပုံ မည်မျှပေါက်သည်ကို လျစ်လျူရှုပြီး အပြင်ပန်း ကိစ္စရပ်များကို ကိုင်တွယ်ချိန်တွင် ၎င်းတို့ မည်သို့ ပါရမီရှိပြီး ဆုကျေးဇူးရှိသည်ကို လျစ်လျူရှုလော့။ ဤအရာများက အရေးမကြီးပေ။ အရေးအကြီးဆုံးအရာမှာ ၎င်းတို့သည် အသင်းတော်၏ အခြေခံအကျဆုံးသောအလုပ်ကိစ္စများကို ကောင်းစွာလုပ်ဆောင်နိုင်ခြင်း ရှိမရှိ၊ သမ္မာတရားကို အသုံးပြု၍ ပြဿနာများကို ဖြေရှင်းနိုင်ခြင်း ရှိမရှိဆိုသည်နှင့် ၎င်းတို့သည် လူများကို သမ္မာတရား စစ်မှန်မှုထဲသို့ ဦးဆောင်နိုင်ခြင်း ရှိမရှိတို့ဖြစ်သည်။ ဤသည်မှာ အခြေခံအကျဆုံးနှင့် အလိုအပ်ဆုံးသောအလုပ်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ဤစစ်မှန်သည့်အလုပ်ကိစ္စများကို လုပ်နိုင်စွမ်း မရှိပါက ၎င်းတို့၏ အစွမ်းအစ မည်မျှကောင်းမွန်သည်ဖြစ်စေ၊ ၎င်းတို့ မည်မျှ ပါရမီရှိသည်ဖြစ်စေ၊ ဆင်းရဲဒုက္ခကို မည်မျှကြံ့ကြံ့ခံနိုင်ပြီး အဖိုးအခ ပေးဆပ်နိုင်သည်ဖြစ်စေ အယောင်ဆောင် ခေါင်းဆောင်များ ဖြစ်နေဆဲဖြစ်သည်။ လူအချို့က ‘၎င်းတို့ ယခုတွင် တကယ့်အလုပ်တစ်ခုမျှ မလုပ်ကြသည်ကို မေ့ထားလော့။ ၎င်းတို့သည် အစွမ်းအစကောင်းရှိပြီး တတ်စွမ်းနိုင်သည်။ ၎င်းတို့သည် ခဏတာမျှ လေ့ကျင့်ပြီး တကယ့်အလုပ်ကို လုပ်နိုင်ဖို့ သေချာသည်။ ထို့အပြင် သူသည် မကောင်းသောအရာတစ်ခုမျှ မပြုလုပ်ခဲ့သကဲ့သို့ မကောင်းမှုကို မပြုလုပ်ခဲ့ သို့မဟုတ် အနှောင့်အယှက်ဖြစ်စေ၊ အဖျက်အမှောင့်လုပ်ခြင်းဖြစ်စေ မဖြစ်ပေါ်စေခဲ့ပေ။ သူသည် အယောင်ဆောင်ခေါင်းဆောင်ဖြစ်သည်ဟု ကိုယ်တော်မည်သို့ ဆိုနိုင်သနည်း’ ဟူ၍ ပြောကြသည်။ ဤအရာကို ငါတို့ အဘယ်သို့ ရှင်းပြနိုင်သနည်း။ သင် မည်မျှပါရမီရှိသည်၊ သင့်အနေဖြင့် မည်သည့်အစွမ်းအစနှင့် ပညာရေး အဆင့်ကိုပိုင်ဆိုင်သည်၊ ဆောင်ပုဒ်မည်မျှကို သင် ကြွေးကြော်နိုင်သည် သို့မဟုတ် စကားများနှင့် အယူဝါဒမည်မျှ သင် နားလည်သဘောပေါက်သည်ဟူသည်တို့မှာ အရေးမကြီးပေ။ သင် မည်မျှအလုပ်များသည်ဖြစ်စေ၊ တစ်နေ့တာတွင် သင် မည်မျှပင်ပန်းနွမ်းနယ်သည်ဖြစ်စေ၊ သင် ခရီးမည်မျှဝေးဝေး သွားပြီးသည်ဖြစ်စေ၊ အသင်းတော် မည်မျှ သင် လည်ပတ်သည်ဖြစ်စေ၊ အန္တရာယ်မည်မျှကို သင် စွန့်စားပြီး ဆင်းရဲဒုက္ခ မည်မျှ ခါးစည်းခံသည်ဖြစ်စေ ဤအရာတစ်ခုမျှ အရေးမကြီးပေ။ အရေးကြီးသည့်အရာမှာ အလုပ်အစီအစဉ်များကို အခြေခံ၍ သင်၏ တာဝန်ကို သင် ထမ်းဆောင်နေခြင်း ရှိမရှိ၊ ထိုအစီအစဉ်များကို သင် မှန်ကန်တိကျစွာ အကောင်အထည်ဖော်နေခြင်းရှိမရှိ၊ သင်၏ ခေါင်းဆောင်မှုအတောအတွင်းတွင်၊ သင်သည် သင်တာဝန်ရှိသည့် သတ်သတ်မှတ်မှတ် ဖြစ်သော အလုပ်တိုင်းတွင် ပါဝင်နေခြင်း ရှိမရှိ၊ ပြီးလျှင် စစ်မှန်သော ပြဿနာမည်မျှကို သင် အမှန်တကယ် ဖြေရှင်းပြီးခြင်း ရှိမရှိ၊ သင်၏ ခေါင်းဆောင်မှုနှင့် လမ်းညွှန်မှုတို့ကြောင့် လူမည်မျှက သမ္မာတရား စည်းမျဉ်းများကို နားလည်လာပြီးဖြစ်သည်ဟူသည်နှင့် အသင်းတော်၏ အလုပ်က မည်မျှ ခရီးရောက်ပြီး တိုးတက်သည်ဟူသည်တို့ ဖြစ်သည်။ အရေးကြီးသည်မှာ ဤရလဒ်များကို သင် စွမ်းဆောင်ရရှိပြီးခြင်း ရှိမရှိဖြစ်သည်။ သင် ပါဝင်သည့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ် မည်သည့်အရာဖြစ်စေ အရေးကြီးသည့်အရာမှာ သင်သည် ကြီးကြီးကျယ်ကျယ် ပြုမူပြီး အမိန့်များ ထုတ်ပြန်နေခြင်းထက် အလုပ်ကို တစိုက်မတ်မတ် နောက်ဆက်တွဲလိုက်လုပ်ကာ ညွှန်ကြားနေခြင်း ရှိမရှိဟူ၍ ဖြစ်သည်။ ဤအရာအပြင် နောက်ထပ် အရေးကြီးသည့်အရာမှာ သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် သင်၌ အသက်ဝင်ရောက်မှု ရှိမရှိ၊ ကိစ္စရပ်များကို စည်းမျဉ်းများနှင့်အညီ သင် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း ရှိမရှိ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် သက်သေခံချက်တစ်ခုကို သင် ပိုင်ဆိုင်ခြင်း ရှိမရှိဟူသည်နှင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့ ရင်ဆိုင်ရသည့် စစ်မှန်သော ပြဿနာများကို သင် ကိုင်တွယ်ကာ ဖြေရှင်းနိုင်ခြင်း ရှိမရှိဟူသည်တို့ ဖြစ်သည်။ ဤအရာများနှင့် အခြားအလားတူ အရာများအားလုံးသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးက မိမိ တာဝန်များကို ဖြည့်ဆည်းခြင်းရှိမရှိဟူသည်ကို အကဲဖြတ်ခြင်းအတွက် စံသတ်မှတ်ချက်များဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၉)) “အယောင်ဆောင် ခေါင်းဆောင်များသည် အခြေခံအားဖြင့် အသင်းတော်၏ ပဓာနကျသော၊ အရေးပါသည့် အလုပ်ကို ဆောင်ရွက်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် ရိုးရှင်းသော၊ ယေဘုယျကျ အရေးကိစ္စအချို့ကိုသာ ကိုင်တွယ်ဖြေရှင်းကြသည်။ ၎င်းတို့၏ အလုပ်သည် အသင်းတော်၏ အလုပ်တွင် ယေဘုယျအားဖြင့် အရေးပါသော သို့မဟုတ် အဆုံးအဖြတ်ပေးနိုင်သော အခန်းကဏ္ဍတစ်ခုကို ပါဝင်လုပ်ဆောင်ခြင်း မရှိသကဲ့သို့ စစ်မှန်သည့် ရလဒ်များလည်း မထွက်ပေါ်စေပေ။ ၎င်းတို့၏ မိတ်သဟာယသည် အခြေခံအားဖြင့် သုံးဖန်များ၍ ရိုးအီနေပြီဖြစ်ကာ မဆန်းတော့သည့် အကြောင်းအရာ အနည်းငယ်ကိုသာ ခြုံငုံပြီး ထပ်ကာတလဲလဲ ပြောဆိုထားသည့် စကားများနှင့် အယူဝါဒများချည်းသာ ဖြစ်ပြီး အလွန်ပင် ပေါ့တန်၊ ကျယ်ပြန့်ပြီး အသေးစိတ်အချက်များ ကင်းမဲ့နေသည်။ ၎င်းတို့၏ မိတ်သဟာယသည် လူတို့က တစ်စုံတစ်ခုကို အရှိအတိုင်း ဖတ်ရှုခြင်းဖြင့် နားလည်နိုင်သော အရာများသာ ပါဝင်သည်။ ဤအယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှုတွင် ရှိသည့် စစ်မှန်သော ပြဿနာများကို လုံးဝ ဖြေရှင်းပေးနိုင်စွမ်းမရှိကြပေ။ အထူးသဖြင့် လူတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်ခြင်းများကို သာ၍ပင် ဖြေရှင်းပေးနိုင်စွမ်း မရှိကြပေ။ အဓိကအရာမှာ အယောင်ဆောင် ခေါင်းဆောင်များသည် ဧဝံဂေလိအလုပ်၊ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ် သို့မဟုတ် စာနှင့်ပတ်သက်သော အလုပ်ကဲ့သို့သော ဘုရားအိမ်တော်က စီစဉ်ပေးသည့် မရှိမဖြစ်လိုအပ်သော အလုပ်ကို တကယ် တာဝန်မယူနိုင်ကြပေ။ အထူးသဖြင့် အတတ်ပညာဆိုင်ရာ အသိပညာပါဝင်သည့် အလုပ်နှင့် ပတ်သက်လာသည့်အခါ အယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့အနေဖြင့် ဤနယ်ပယ်များတွင် လူပြိန်းများသာဖြစ်သည်ကို အတော်လေး ရှင်းလင်းစွာ သိရှိကောင်းသိရှိနိုင်သော်လည်း ယင်းတို့ကို ၎င်းတို့ မလေ့လာသကဲ့သို့ သုတေသနပြုခြင်းလည်း မရှိသည့်အပြင် အခြားလူတို့အား တိကျသည့် လမ်းညွှန်ချက် သာ၍ပင် မပေးနိုင်ကြပေ၊ သို့မဟုတ် ၎င်းတို့နှင့် ဆက်စပ်သည့် မည်သည့် ပြဿနာများကိုမျှ သာ၍ပင် မဖြေရှင်းနိုင်ကြပေ။ သို့တိုင် ၎င်းတို့သည် အနှစ်မဲ့သည့် သဘောတရားများအကြောင်းကို အတောမသတ် ဆွေးနွေးပြောဆိုကာ စကားများနှင့် အယူဝါဒများကို ပြောဆိုလျက် စုဝေးပွဲများကို အရှက်မဲ့စွာ ပြုလုပ်နေကြဆဲဖြစ်သည်။ ၎င်းတို့အနေဖြင့် ဤအလုပ်မျိုးအား မလုပ်ဆောင်နိုင်သည်ကို အယောင်ဆောင် ခေါင်းဆောင်များက ကောင်းစွာ သိရှိကြသည့်တိုင် ကျွမ်းကျင်သူများအဖြစ် ဟန်ဆောင်ကြသည်၊ စိတ်ကြီးဝင်လျက် ပြုမူကာ အခြားသူများကို အပြစ်ဆိုဝေဖန်ရန် ကြီးကျယ်ခမ်းနားသည့် အယူဝါဒများကို အမြဲ အသုံးပြုကြလေသည်။ ၎င်းတို့သည် မည်သူ၏ မေးခွန်းများကိုမျှ မဖြေနိုင်သည့်တိုင် ထိုသူတို့အနေဖြင့် အဘယ်ကြောင့် ထိုအတတ်ပညာကို သင်ယူခြင်း မရှိကြကြောင်း၊ သမ္မာတရားကို အဘယ်ကြောင့် မရှာကြကြောင်းနှင့် မိမိတို့ကိုယ်ပိုင် ပြဿနာများကို အဘယ်ကြောင့် မဖြေရှင်းနိုင်ကြကြောင်းတို့ကို မေးမြန်းလျက် အခြားသူများကို အပြစ်ဆိုဝေဖန်ရန် မူမမှန်သော အကြောင်းပြချက်များနှင့် ဆင်ခြေများကို ရှာကြလေသည်။ ဤနယ်ပယ်များတွင် လူပြိန်းများဖြစ်ကြပြီး မည်သည့် ပြဿနာကိုမျှ မဖြေရှင်းနိုင်ကြသည့် ဤအယောင်ဆောင် ခေါင်းဆောင်များသည် အထက်စီးမှနေ၍ အခြားသူများကို ဩဝါဒပေးနေကြဆဲ ဖြစ်သည်။ အပေါ်ယံအားဖြင့် ၎င်းတို့အနေဖြင့် အလုပ်များစွာ လုပ်နိုင်ပြီး အလွန် တတ်စွမ်းနိုင်သည့်အလား အခြားလူတို့အဖို့ ၎င်းတို့က အလွန် အလုပ်များသည့်ပုံပေါ်သော်လည်း အမှန်တွင် ၎င်းတို့က မည်သည့်အရာမျှ မဟုတ်ချေ။ အယောင်ဆောင် ခေါင်းဆောင်များသည် သိသာထင်ရှားစွာပင် စစ်မှန်သည့်အလုပ်ကို မလုပ်နိုင်ကြသည့်တိုင် ၎င်းတို့သည် မိမိတို့ဘာသာ စိတ်ထက်သန်စွာ အလုပ်များကြလျက် စစ်မှန်သည့် ပြဿနာတစ်ခုကိုမျှ ဖြေရှင်းနိုင်ခြင်းမရှိဘဲ စုဝေးပွဲများ၌ မပြောင်းလဲသည့် အသုံးများလွန်း၍ ရိုးအီနေပြီဖြစ်သော အသုံးအနှုန်းများကို အကြိမ်ကြိမ်အဖန်ဖန် ထပ်တလဲလဲ ရေရွတ်လျက် အမြဲတစေ ပြောဆိုကြလေသည်။ လူတို့သည် ဤအရာကို အလွန် စိတ်ကုန်သွားကြပြီး ယင်းမှ တည်ဆောက်စရာတစ်ခုတလေမျှ လုံးဝ မရရှိနိုင်ကြပေ။ ဤအလုပ်မျိုးသည် အလွန် ထိရောက်မှုနည်းပြီး ရလဒ်များ မဖြစ်ထွန်းပေ။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များ အလုပ်လုပ်ပုံဖြစ်ပြီး ထိုအရာကြောင့် အသင်းတော်၏ အလုပ် နှောင့်နှေးသွားရသည်။ သို့တိုင် အယောင်ဆောင် ခေါင်းဆောင်များသည် အသင်းတော်အလုပ်၏ ကဏ္ဍတစ်ခုကိုမျှ ကောင်းစွာ လုပ်ဆောင်ပြီးစီးခြင်း မရှိချိန်တွင် ၎င်းတို့က ကြီးမားသော အလုပ်ကို လုပ်ဆောင်နေသည်ဟူ၍လည်းကောင်း၊ ၎င်းတို့ အလွန် တတ်စွမ်းနိုင်သည်ဟူ၍လည်းကောင်း ခံစားကြရဆဲဖြစ်သည်။ ၎င်းတို့ တာဝန်နယ်ပယ်တွင် အကျုံးဝင်သည့် ခေါင်းဆောင်များနှင့် အမှုဆောင်များက စံနှုန်းပြည့်ခြင်း ရှိမရှိဟူသည်ကို ၎င်းတို့ မသိကြသကဲ့သို့ အဖွဲ့ အမျိုးမျိုး၏ ခေါင်းဆောင်များနှင့် ကြီးကြပ်ရေးမှူးများက ၎င်းတို့၏ အလုပ်ကို တာဝန်ယူနိုင်ကြခြင်း ရှိမရှိဟူသည်ကိုလည်း မသိကြပေ။ ပြီးလျှင် ညီအစ်ကို မောင်နှမများ၏ တာဝန်များကို ထမ်းဆောင်မှုတွင် ပြဿနာများ ပေါ်ပေါက်ခြင်း ရှိမရှိဟူသည်ကို ၎င်းတို့က ဂရုမစိုက်သည့်အပြင် မေးမြန်းခြင်းလည်း မရှိကြပေ။ တိုတိုပြောရလျှင် အယောင်ဆောင် ခေါင်းဆောင်များသည် မိမိတို့၏အလုပ်တွင်ရှိသည့် မည်သည့် ပြဿနာများကိုမျှ မဖြေရှင်းနိုင်ကြသည့်တိုင် အားသွန်ခွန်စိုက် အလုပ်များမြဲ များနေကြလေသည်။ အခြားလူတို့၏ ရှုထောင့်အမြင်မှကြည့်လျှင် အယောင်ဆောင် ခေါင်းဆောင်များသည် အဖိုးအခပေးရန် လိုလားလျက် ဆင်းရဲဒုက္ခကို ကြုံတွေ့နိုင်ကြပြီး နေ့စဉ် အလုပ်များရင်း အချိန်ကုန်ဆုံးကြလေသည်။ စားဖို့ အချိန်ရောက်သည့်အခါ ၎င်းတို့ကို ထမင်းစားပွဲသို့ ခေါ်ရန် လိုအပ်ပြီး ညအတော်မိုးချုပ်မှ အိပ်ရာဝင်ကြသည်။ သို့သော် ၎င်းတို့ အလုပ်၏ ရလဒ်များမှာ တကယ့်ကို ကောင်းမွန်ခြင်း မရှိပေ။...အလုပ်တွင် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး အချိန်အတန်ကြာ ရှိခြင်း၏ အသိသာဆုံးသော အကျိုးဆက်မှာ လူအများစုက သမ္မာတရားကို နားမလည်နိုင်ကြခြင်း၊ တစ်ဦးတစ်ယောက်က ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြသည့်အခါတိုင်း သို့မဟုတ် အယူအဆများ ဖြစ်ပေါ်သည့်အခါတိုင်း မည်သို့ ပိုင်းခြားသိမြင်ရမည်ကို မသိကြသည့်အပြင် မိမိတို့တာဝန်များကို ထမ်းဆောင်ရာတွင် ထိန်းသိမ်းသင့်သည့် သမ္မာတရား စည်းမျဉ်းများကို ၎င်းတို့ ဧကန်မုချ နားမလည်ကြခြင်း ဖြစ်သည်။ မိမိတို့ တာဝန်များကို ထမ်းဆောင်သူများနှင့် မထမ်းဆောင်သူများသည် အားလုံး နှေးကွေးလေးကန်ကြ၏၊ ထိန်းမနိုင်သိမ်းမရဖြစ်ပြီး စည်းကမ်းမဲ့ကြကာ ပြန့်ကျဲနေသည့် သဲများကဲ့သို့ ဖရိုဖရဲဖြစ်ကြလေသည်။ ၎င်းတို့ထဲမှ အများစုသည် အနည်းငယ်သော စကားများနှင့် အယူဝါဒများကို ပြောကောင်းပြောနိုင်ကြသော်လည်း မိမိတို့တာဝန်များကို ထမ်းဆောင်နေစဉ်တွင် စည်းမျဉ်းစည်းကမ်းများကိုသာ ၎င်းတို့ လိုက်နာကြသည်။ ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားအား မည်သို့ ရှာဖွေရမည်ကို ၎င်းတို့ မသိကြပေ။ အယောင်ဆောင် ခေါင်းဆောင်များ ကိုယ်တိုင်က ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားအား မည်သို့ ရှာဖွေရမည်ကို မသိကြသည့်အတွက် အခြားသူတို့အား ထိုသို့လုပ်ဆောင်ရန် မည်သို့ ဦးဆောင်နိုင်ကြမည်နည်း။ အခြားသူများထံ မည်သည့်အရာ ကျရောက်သည်ဖြစ်စေ အယောင်ဆောင် ခေါင်းဆောင်များက ‘ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျွန်ုပ်တို့ အလေးထားရမည်’၊ ‘ကျွန်ုပ်တို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ကျွန်ုပ်တို့ သစ္စာစောင့်သိရမည်’၊ ‘ကျွန်ုပ်တို့ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ မည်သို့ ဆုတောင်းရမည်ကို ကျွန်ုပ်တို့ သိရမည်ဖြစ်ပြီး သမ္မာတရား စည်းမျဉ်းများကို ကျွန်ုပ်တို့ ရှာဖွေရမည်’ဟု ဆိုလျက် တိုက်တွန်းရုံသာ တိုက်တွန်းနိုင်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များက ဤဆောင်ပုဒ်များနှင့် အယူဝါဒများကို မကြာခဏ ဟစ်ကြွေးကြပြီး ထိုအရာက မည်သည့် ရလဒ်မျှ လုံးဝ မဖြစ်ထွန်းပေ။ ယင်းတို့ကို လူတို့က ကြားပြီးနောက်တွင် သမ္မာတရား စည်းမျဉ်းများက မည်သည့်အရာ ဖြစ်သည်ကို ၎င်းတို့ နားမလည်ကြသေးသည့်အပြင် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ကင်းမဲ့ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၃)) ဝင်ဒီရဲ့ အပြုအမူက ဘုရားနှုတ်ကပတ်တော်တွေ ဖော်ထုတ်တဲ့အတိုင်းပါပဲ။ သူက အလုပ်များပုံပေါ်ဖို့၊ ဟန်ဆောင်လုပ်ပြတာ၊ လုပ်ရိုးလုပ်စဉ်တွေကို လိုက်နာစောင့်ထိန်းတာကိုပဲ အာရုံစိုက်ပြီး တာဝန်ကို ထမ်းဆောင်တဲ့နေရာမှာ ဆောင်ပုဒ်တွေ၊ စကားတွေနဲ့ အယူဝါဒတွေကို ရေရွတ်တာကိုပဲ အလေးထားခဲ့တယ်။ သူက ညီအစ်ကို မောင်နှမတွေနဲ့ ရောရောနှောနှော မနေခဲ့ဘူး။ ပြီးတော့ သူတို့ရဲ့ တကယ့် အခြေအနေတွေနဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို ရှာဖို့မပြောနဲ့၊ အဲဒါတွေကို စစ်ဆေးဖို့ ပျက်ကွက်ခဲ့တယ်။ သူက လူတွေရဲ့ အခြေအနေတွေကို တကယ် နားမလည်ဘဲနဲ့ အထက်ကနေ အမိန့်တွေထုတ်နေတဲ့ ကွန်မြူနစ်ပါတီ အရာရှိတစ်ယောက်လို ဖြစ်ခဲ့တယ်။ သူဟာ စစ်မှန်တဲ့ အလုပ်ကို မလုပ်ခဲ့တဲ့ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်မှန်း သိသာထင်ရှားခဲ့တယ်။ နောက်ပိုင်းမှာ ဝင်ဒီ့အပြုအမူတွေကို ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ ပိုင်းခြားသိမြင်ဖို့ ခေါင်းဆောင်က စုဝေးပွဲတစ်ခု လုပ်တယ်။ လူတိုင်းက အယောင်ဆောင် ခေါင်းဆောင်တွေကို ပိုင်းခြားသိမြင်ခြင်းအတွက် စည်းမျဉ်းတွေအပေါ် ပိုရှင်းလင်းတဲ့ သိနားလည်မှု ရခဲ့ကြတယ်။ ခေါင်းဆောင်တစ်ယောက်က စစ်မှန်တဲ့ အလုပ် လုပ်ခြင်းရှိမရှိဆိုတာကို ဆုံးဖြတ်ဖို့ စံသတ်မှတ်ချက်တွေက သူတို့ ဘယ်လောက်အလုပ်များပုံပေါ်တယ်၊ ဆောင်ပုဒ်တွေကို ဘယ်လောက် ကျယ်ကျယ်အော်တယ်ဆိုတာတွေ မဟုတ်ဘဲ စစ်မှန်တဲ့ ပြဿနာတွေကို သူတို့ ဖြေရှင်းနိုင်ပြီး သူတို့အလုပ်မှာ စစ်မှန်တဲ့ ရလဒ်တွေ ရရှိနိုင်ခြင်း ရှိမရှိဆိုတာဖြစ်မှန်းကို သူတို့ သဘောပေါက်သွားကြတယ်။ နောက်ဆုံးမှာ လူတိုင်းက ဝင်ဒီကို ထုတ်ဖို့ တညီတညွတ်တည်း သဘောတူခဲ့ကြတယ်။ ဒီရလဒ်ကို မြင်တော့ ကျွန်မ သိပ်စိတ်လှုပ်ရှားရတယ်။ ဒါပေမဲ့ သူ့ပြဿနာတွေကို ပိုပြီးစောစော မတိုင်ကြားခဲ့တာကိုလဲ နောင်တရမိတယ်။ အဲဒါတွေကို ကျွန်မစောစော တိုင်ကြားခဲ့ရင် အသင်းတော်အလုပ် နစ်နာရတာတွေကို ရှောင်ရှားနိုင်ခဲ့မှာပဲ။
ဒီအတွေ့အကြုံကတစ်ဆင့် အယောင်ဆောင် ခေါင်းဆောင်တွေကို ပိုပြီး ကောင်းကောင်း သိမြင်ဖို့ ကျွန်မသင်ယူခဲ့တဲ့အပြင် ကျွန်မကိုယ်ပိုင် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအပေါ် အသိတချို့ ရခဲ့တယ်။ ကျွန်မဟာ ကိုယ့်ကိုယ်ကိုယ် အမြဲ ကာကွယ်ရင်း အရေးပါလွန်းတဲ့ အချိန်တွေမှာ ကိုယ်ကျိုးစီးပွားကို ကာကွယ်ဖို့ အသင်းတော်ရဲ့ အကျိုးစီးပွားကိုတောင် စတေးပြီးတော့ တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်ခဲ့ပုံကို ကျွန်မမြင်ခဲ့ရတယ်။ ကျွန်မအထဲက ဒီစာတန်ဆန်တဲ့ စိတ်သဘောထားတွေကို မဖြေရှင်းရင် ဘုရားရဲ့ ပစ်ပယ်တာ၊ ဖယ်ရှားရှင်းလင်းတာကို ကျွန်မသေချာပေါက် ခံရမှာပဲ။ မှားယွင်းတဲ့ အမြင်ရှုထောင့်ကိုလဲ ကျွန်မပြုပြင်ခဲ့တယ်။ အရင်တုန်းက ကျွန်မရဲ့ အမြင်ရှုထောင့်တွေက မပြည့်စုံမှာ၊ တစ်ခုခုကို တလွဲ တိုင်ကြားမိရင် ကျွန်မ တာဝန်ယူရမှာကို ကြောက်ပြီးတော့ ဘယ်အရာကိုမဆို အထက်ခေါင်းဆောင်ဆီ မတိုင်ကြားခင် ကျွန်မအနေနဲ့ ၁၀၀% သေချာဖို့နဲ့ အမှားကင်းဖို့ လိုအပ်သလိုမျိုးနဲ့ ကျွန်မ ရှင်းရှင်းလင်းလင်း မသိမြင်တဲ့ ကိစ္စတွေကို မတိုင်ကြားရဲခဲ့ဘူး။ ဒါပေမဲ့ ဒီလို လက်တွေ့လုပ်တဲ့အခါ အယောင်ဆောင် ခေါင်းဆောင်တွေ၊ အန္တိခရစ်တွေ၊ ဆိုးယုတ်တဲ့ လူတွေ၊ မယုံကြည်သူတွေ အများကြီးက ပိုင်းခြားသိမြင်ခြင်းခံရမှာမဟုတ်သလို အချန်မီ ကိုင်တွယ်ဖြေရှင်းတာ ခံရမှာမဟုတ်ဘူး။ အသင်းတော်အလုပ်ကို သိသာတဲ့ ဆုံးရှုံးမှုတွေ သူတို့ဖြစ်စေတဲ့အချိန် ဒါမှမဟုတ် မကောင်းမှုမျိုးစုံ ကျူးလွန်လို့ လူတကာ ယမ်းပုံမီးကျဖြစ်ချိန်ရောက်ရင် သူတို့ကို ထုတ်ဖို့၊ ရှင်းလင်းပစ်ဖို့က အရမ်းနောက်ကျသွားပြီဖြစ်ပြီး ထိခိုက်နစ်နာမှုက ဖြစ်နှင့်ပြီးနေပြီဖြစ်မှာပဲ။ “တစ်ခုခုကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ရင် အဲဒါကို တလွဲတိုင်ကြားတာက အဖျက်အမှောင့်နဲ့ အနှောင့်အယှက် ဖြစ်စေမယ်” ဆိုတဲ့ ကျွန်မရဲ့ အရင်က ပူပန်စိတ်က အဓိပ္ပာယ်မရှိတာကို ကျွန်မမြင်ရတယ်။ အဲဒါက လောကီ ဆက်ဆံရေးတွေအတွက် ဉာဏ်များ၊ စာတန်ဆန်တဲ့ အတွေးအခေါ်လဲဖြစ်ပြီး သမ္မာတရား စည်းမျဉ်းတွေနဲ့ မကိုက်ဘူး။ ဒီအတွေ့အကြုံကတစ်ဆင့် ကျွန်မတကယ် ခံစားလိုက်ရတာက ဘုရားအိမ်တော်ကို သမ္မာတရားနဲ့ ဖြောင့်မတ်ခြင်းက အုပ်စိုးတယ်၊ အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေက ဘုရားအိမ်တော်မှာ ရပ်တည်လို့မရဘူး၊ ဘုရားအိမ်တော်က အယောင်ဆောင် ခေါင်းဆောင်တွေကို ဖော်ထုတ်၊ တိုင်ကြားတဲ့ တရားတဲ့ လုပ်ရပ်တွေကို ထောက်ခံအတည်ပြုတယ်ဆိုတာပဲ။ သမ္မာတရားကို လက်တွေ့လုပ်ပြီး အသင်းတော်ရဲ့ အကျိုးစီးပွားကို ကာကွယ်တဲ့သူတစ်ယောက် ဖြစ်ခြင်းအားဖြင့်ပဲ လူတစ်ယောက်က ဘုရားရဲ့ရည်ရွယ်ချက်တွေနဲ့ ကိုက်ညီမှုရှိနိုင်တယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ရီမင်း၊ ဟူးဘေးပြည်နယ် သခင်နှင့် ပြန်လည်ဆုံစည်းရသည်ကို ကျွန်မ ဝမ်းမြောက်သည် ယခုနှစ်တွင် ကျွန်မ ၇၈ နှစ်ရှိပြီ ဖြစ်သည်၊ ပြီးလျှင် ကျွန်မသည်...
ဝန်ဝန်၊ ချန်းချူ မြို့၊ ဂျီလင်းစီရင်စု ကျွန်တော့်အမြင်တွင်တော့ ဖောက်ပြန်ပျက်ဆီးမှု တစ်စုံတစ်ရာ မမြင်ရသည့် အပြင်ပန်း...
ကျွန်မက သာမန်လယ်သမားမိသားစုမှာ မွေးဖွားခဲ့တာပါ။ စားဝတ်နေရေးဖူလုံဖို့ ကျွန်မမိဘတွေက ကောက်ပဲသီးနှံစိုက်ပျိုးရေးကို အမှီပြုခဲ့ရတယ်။...
လျန်ကျီ၊ အန်းဟွေစီရင်စု ကျွန်တော့် နာမည် လျန်ကျီဖြစ်ပြီး နောက်ဆုံးသော ကာလ ဘုရားသခင်၏ ကယ်တင်ခြင်းကို လွန်ခဲ့သော ခြောက်နှစ်က ကျွန်တော်...