လူ့အကြိုက်ဆောင်သူ တစ်ယောက်၏ တုပဟန်ဆောင်မှု

23.01.2022

ချန်ချွေ တရုတ်နိုင်ငံ

တစ်ကမ္ဘာလုံးပြန့်နှံ့တဲ့ ကပ်ရောဂါ ကြောင့် ၂၀၂၀ခုနှစ်မှာ ကျွန်မ ကျောင်းမတက်နိုင်ခဲ့ဘူး။ ဒါကြောင့် အသင်းတော်က ကျွန်မနဲ့အတူစုပြီး နှုတ်ကပတ် တော်ကို စားသောက်ဖို့ အမလီယူ အတွက် စီစဉ်ပေးခဲ့တယ်။ အစ်မလီယူဟာ ကျွန်မတို့ရဲ့ အ သင်းတော်မှာ ဧဝံဂေလိသင်း ထောက်ပါ။ နှစ်လကြာပြီးတဲ့နောက်မှာ သူဟာ တကယ်ပဲ သူရဲ့တာဝန် တွေမှာ တာဝန်သိပြီး အရမ်း ချစ်ခင်တတ်တာကို ကျွန်မ တွေ့ခဲ့ရတယ်။ တကယ်လို့ ညီအစ်ကိုမောင်နှမ တွေမှာ ဒုက္ခ ဒါမှမဟုတ် အခက် အခဲတွေရှိခဲ့ရင် သူဟာ အမြဲပဲ မိဿဟာရပြုပြီး ဒါတွေကို ဖြေရှင်းဖို့ နှုတ်ကပတ် တော်ကို ရှာခဲ့ပြီး သူတို့ကို စိတ် ရှည်ရှည်နဲ့ ကူညီပြီး အားပေးခဲ့ တယ်။ သူဟာ သက်သေခံချက်ဆောင်း ပါး အများကြီးကိုလည်း ရေးခဲ့ တယ်။ သူ့ရဲ့လိုက်စားမှုမှာ အားကြီးတယ် လို့ ကျွန်မ ခံစားမိတယ်။ ဒါ့အပြင် ကျွန်မ အခြေအနေက သိပ်မကောင်းခဲ့ပေမယ့် အစ်မလီယူက ကျွန်မကို အများ ကြီး ကူညီခဲ့ပြီး ကျွန်မအပေါ် အရမ်းကောင်းခဲ့တယ်။ သူ့ကို ကျွန်မ အထင်ကြီးလေးစားတယ်။

သူ့ကိုသိတာ ခဏကြာတော့ တွေ့ဆုံပွဲတွေမှာ ကိစ္စတွေသူ့မှာ ဖြစ်ပျက်တဲ့အခါ တိုးတက်မှုရှိတဲ့ ဝင်ရောက်မှုနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ကိုယ်ပိုင် အောင်မြင်မှုတွေ အ ကြောင်း ပြောရတာကို သူအမြဲ နှစ်သက်ခဲ့ပေမယ့် သူဖော်ပြခဲ့တဲ့ ဖောက်ပြန်ပျက်စီး တဲ့ စိတ်သဘောထားတွေ၊ အကျိုးဆက်တွေနဲ့ နှုတ်ကပတ်တော်ကို ဖတ်ခြင်း အားဖြင့် သူဘယ်လို ဆင်ခြင်ခဲ့ တယ် ကိုယ့်ကိုယ်ကို သိနားလည် မှု ဘယ်လိုရခဲ့တယ် နောက်ပြီး ဖောက်ပြန်ပျက်စီးခြင်းကို ဘယ် လို ဖြေရှင်းခဲ့သလဲ ဆိုတာကို အမြဲ ဖော့ပြောတယ်လို့ ထင်ရ တာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ သူ့မှာ ဝိညာဉ်ရင့်ကျက်မှုရှိတဲ့ ပုံစံမျိုး၊ သူဟာ သူ့ရဲ့လိုက်စားမှု မှာ စိတ်နှစ်မြှပ်ထားပြီး သူ့ဆီမှာ ဖောက်ပြန်ပျက်စီးမှု ဒါမှမဟုတ် အမှားမရှိခဲ့တဲ့ ပုံမျိုး ပေါက်နေတယ်။ အစ်မလီယူရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး လက်မခံနိုင်စရာ တစ်ခုခုရှိသလိုမျိုး ကျွန်မ အမြဲ တမ်း ခံစားမိတယ် ဒီလို မိဿဟာရ ပြုမှုမျိုးဟာ စစ် မှန်တဲ့ မိမိကိုယ်ကို သိနားလည်မှု မဟုတ်ဘူး။ ဒါဟာ ဘယ်သူ့အတွက်မှ အကျိုး မပြုဘူး ဒါမှမဟုတ် အကျင့် ကောင်းကို မြှင့်တင်မပေးဘူး။ တွေ့ဆုံပွဲနေရာတချို့အတွက် သူ့ ဆီမှာ တာဝန်ရှိတယ်လို့ စဉ်းစား ရင်း ချင့်ချိန်နိုင်စွမ်းမရှိတဲ့ ညီအစ်ကို မောင်နှမတွေဟာ သူ့ကို အထင်ကြီးလေးစားလိမ့်မယ် ဆိုတာ ကျွန်မ သိခဲ့ တယ်။ ဒီလိုသာ ဆက်ဖြစ်မယ်ဆိုရင် သူတို့တွေ သူ့ဘက်ပါသွားလိမ့်မယ်။ နောက်ပြီးတော့ တွေ့ဆုံပွဲတွေဟာ နှုတ်ကပတ် တော်ကိုဖတ်ပြီး ကျွန်မတို့ရဲ့ ကိုယ်ပိုင် အတွေ့အကြုံတွေ အပေါ် မိဿဟာရပြုဖို့ ကျွန်တို့ရဲ့ အသက်ဝင်ရောက်မှုနဲ့ ပတ်သက်ပြီး တစ်ယောက်နဲ့တစ် ယေက် ကူညီဖို့ ဖြစ်တယ်။ ဒါပေမဲ့ အစ်မလီယူက တွေ့ဆုံပွဲ မှာ မိဿဟာရပြုချိန် အများကြီး ကို လက်ဝါးကြီးအုပ်ထားတယ်။ ဒါဟာ ညီအစ်ကိုမောင်နှမတွေရဲ့ အသင်းတော် အသက်တာကို ဆိုး ဆိုးဝါးဝါး ထိခိုက်စေခဲ့တယ်။ ဒီလို မိတ်ဿဟာရပြုမှုမျိုးအပေါ် အကန့်အသတ်တွေ ရှိသင့်တဲ့ အကြောင်း သူ့ကို ပြောသင့်တယ်လို့ ကျွန်မ တွေးခဲ့တယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေး မိတယ်။ အစ်မလီယူဟာ ယုံကြည်သူ ဖြစ် လာတာ ငါ့ထက်ကြာနေပြီ ဒါ ကြောင့် တကယ်လို့များ ငါသူ့ကို တိုက်ရိုက် သွားဝေဖန်ရင် ကိုယ့်နေရာကိုယ်မသိဘဲ တမင်သက် သက် သူ့ကို ရန်တွေ့နေတယ်များ ပြောမလား ဒါဟာ သူ့အတွက် ကသိက အောက် ဖြစ်သွားမလား ဒီကိစ္စပြီးတဲ့နောက် သူငါ့ကို ဘယ် လိုထင်သွားမလဲပေါ့ ဒါကြောင့် ကျွန်မ ဘာမှမပြောခဲ့ ဘူး။

တစ်နေ့မှာ အစ်မလီယူဟာ ကျွန်မတို့နဲ့ တွေ့ဆုံပွဲ တစ်ခု လုပ်ခဲ့တယ် နောက်ပြီး အကယ်၍ ကျွန်မတို့ ဟာ သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်ရင် ဒါမှမဟုတ် ကျွန်မတို့ရဲ့ ဖောက် ပြန်ပျက်စီးတဲ့ စိတ်သဘောထား တွေကို မပြောင်းလဲရင် ဘုရား သခင်က ကျွန်မတို့ကို ဘယ်လို စွန့်ပစ်ပြီး ဖယ်ထုတ်မလဲဆိုတာနဲ့ ပတ်သက်တဲ့ ကျမ်းပိုဒ်တချို့ကို ဖတ်တယ် ဒါဟာ တကယ်ပဲ ကျွန်မတို့အား လုံးအတွက် နှလုံးသားဆီ တည့် တည့် ရောက်သွားတယ် ဒီကျမ်းပိုဒ်တွေကို ဖတ်ပြီးတဲ့ နောက်မှာ အစ်မလီယူဟာ ကျွန်မ တို့ကို တစ်ခုပြီးတစ်ခု ပြောပြရင်း သူ့ရဲ့ အတွေ့အကြုံအမျိုးမျိုးကို ထပ်ပြောပြန်တယ် ဒါပေမဲ့ သူဖော်ပြခဲ့တဲ့ သူ့ရဲ့ ကိုယ် တိုင် ဖောက်ပြန်ပျက်စီးမှုနဲ့ ပတ် သက်တဲ့ ကဏ္ဍတွေအကြောင်း ဒါမှမဟုတ် သူဘယ်လိုဆင်ခြင်ခဲ့ ပြီး ဘာကို သင်ယူခဲ့လဲဆိုတာ တစ်ခါမှမပြောခဲ့ဘူး ကျွန်မ တကယ်ပဲ သူ့ရဲ့ပြဿနာ ကို တိုက်ရိုက် ထောက်ပြချင်ခဲ့ တယ် ဒါပေမဲ့ အစ်မလင်းက သဘောတူ လို့ သူ့ခေါင်းကို ထက်ထက်သန် သန် ညိတ်နေချိန်မှာ, ကျွန်မဘေးက အစ်မလီက ဘာမှ မပြောတာကို ကျွန်မ တွေ့တယ် တကယ်လို့ ကျွန်မဟာ အစ်မ လီယူနဲ့ ပတ်သက်လို့ တစ်ခုခုကို တည့်တည့်ပြောလိုက်ရင် သူ့ကို အကျည်းတန်အောင် လုပ်ဖို့ သက်သက် ကျွန်မက ကြိုးစားနေ တယ်လို့ သူထင်သွားမှာကို ကျွန်မ စိတ်ပူမိတယ် တကယ်လို့ ကျွန်မတို့ နှစ်ယောက် ပဲဆိုရင်တော့ ကျွန်မ သူ့ကို ညင်ညင်သာသာ သတိပေးလို့ ရနိုင်ပေမယ့် အဲ့ဒီမှာ တခြားညီမနှစ်ယောက် ရှိနေတယ်။ “တကယ်လို့ ခုချိန်မှာ တစ်ခုခု ပြောလိုက်ရင် အစ်မလီယူကို အရှက်ရစေမလား”လို့ ကျွန်မ တွေးမိတယ် ဒါဟာ ကျွန်မတို့ရဲ့ခင်မင်မှုကို ပျက်စီးစေမလား သူ ကျွန်မကို ဆက်ဆံပုံ စပြီး ပြောင်းသွားမလား ဒါပေမဲ့ ဘုရားသခင်က မျှမျှတတ အသိရှိတဲ့ ရိုးသားတဲ့လူတွေကို နှစ်သက်တယ် ဒါကြောင့် ကျွန်မက ပြဿနာ တစ်ခုကိုတွေ့ပြီး ထုတ်မပြောရင် ဒါဟာ ဘုရားသခင်ရဲ့ အလိုတော် နဲ့ ဆန့်ကျင်တာပဲ...ပေ့ါ။ တကယ်တော့ ကျွန်မ တော်တော်ဒွိဟဖြစ်နေပြီး အဲဒီ တွေ့ဆုံပွဲက ကျွန်မအတွက် သည်းမခံနိုင်စရာ ဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ နှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မတွေ့တယ်။ “ဘုရားသခင်အတွက် သက်သေခံသောအခါတွင် ဘုရားသခင် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမပုံ၊ လူတို့ကို စစ်ဆေးရန်နှင့် သူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် မည်သည့်စမ်းသပ်မှုများအား သူအသုံးပြုသည့် အကြောင်းတို့ကို ပို၍ အဓိက ပြောသင့်သည်။ သင်တို့၏ အတွေ့အကြုံထဲတွင် ဖောက်ပြန်ပျက်စီးခြင်း မည်မျှ ထုတ်ဖော်ထားကြောင်း၊ သင်တို့ အဘယ်မျှ ခံစားခဲ့ပြီးကြောင်းနှင့် နောက်ဆုံးတွင် ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို အဘယ်သို့ ခံခဲ့ရကြောင်းကိုလည်းကောင်း ပြောသင့်သည်၊ သင်တို့၌ ဘုရားသခင်၏အမှုအပေါ် စစ်မှန်သောသိခြင်း အဘယ်မျှ ရှိကြောင်းနှင့် ဘုရားသခင်အတွက် အဘယ်သို့ သက်သေခံပြီး သူ၏ချစ်ခြင်းမေတ္တာကို အဘယ်သို့ ပြန်ပေးဆပ်သင့်ကြောင်းတို့ကိုလည်း ပြောသင့်သည်။ သင်တို့သည် ဤကဲ့သို့သော စကားအသုံးအနှုန်းမျိုးကို ရိုးရှင်းသောပုံစံဖြင့် ပြောလျက် ပို၍ အနှစ်သာရရှိရှိ ပြောသင့်သည်။ အနှစ်သာရမဲ့သော သီအိုရီများအကြောင်းကို မပြောလေနှင့်။ ပိုမို၍ လက်တွေ့ကျအောင် ပြောလော့။ နှလုံးသားထဲမှ စကားပြောလော့။ ဤသည်မှာ သင်တွေ့ကြုံသင့်ပုံ ဖြစ်သည်။ ဝါကြွားရန် အားထုတ်သည့်အနေဖြင့် လေးနက်ဟန်ရှိသော၊ အနှစ်သာရမဲ့သော သီအိုရီများနှင့် မိမိကိုယ်ကို မပြင်ဆင်လေနှင့်။ ဤသို့ပြုခြင်းက သင်တို့ကို အတော်ပင် စိတ်ကြီးဝင်ပြီး အသိတရားမဲ့ဟန် ပေါ်စေမည်။ သင်သည် စစ်မှန်ပြီး နှလုံးသားထဲမှဖြစ်သည့် သင်၏ တကယ့် အတွေ့အကြုံမှ စစ်မှန်သောအရာများကို ပို၍ပြောသင့်သည်။ ဤသည်မှာ အခြားသူများအတွက် အကျိုးပြုဆုံးဖြစ်ပြီး သူတို့တွေ့မြင်ရန် အသင့်လျော်ဆုံးဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်”) စစ်မှန်တဲ့ အတွေ့အကြုံနဲ့ သက်သေခံချက် ဆိုတာ နှုတ်ကပတ်‌တော်အပေါ် အခြေခံ ပြီး ဘယ်ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို မိတ် ဆွေပြသတယ် ဘုရားသခင်ရဲ့ အမှုတော်အပေါ် မိတ်ဆွေရဲ့ နားလည်မှုနဲ့ နှုတ်ကပတ်တော်ထဲမှာ လက်တွေ့ လုပ်ဆောင်မှု လမ်းတစ်ခုကို မိတ် ဆွေရှာတွေ့တဲ့ နေရာနဲ့ပတ်သက် တဲ့ ဗဟုသုတဖြစ်ရမယ်လို့ နှုတ် ကပတ်တော်က ဆိုတယ်။ ဒီကျမ်းပိုဒ်က အစ်မလီယူရဲ့ အခြေအနေကို တည့်တည့်ပြော သွားတာ။ ဒါကြောင့် ဒီကျမ်းပိုဒ်ကို ကွန်ပျူ တာထဲမှာဟိုက်လိုက်လုပ်ထားလိုက်တယ်။ အစ်မလီယူကို ဒီနည်းနဲ့ ထောက် ပြဖို့ အတွေ့အကြုံနဲ့ ပတ်သက်လို့ သူ့ရဲ့ မိဿဟာရပြုမှုထဲက ခြေလှမ်းအမှားကို သတိမူမိအောင် လုပ်ဖို့ မျှော်လင့်ရင်းနဲ့ပေါ့ ဒီနည်းနဲ့ သူ့ကို တည့်တည့်ဝေဖန်စ ရာမလိုတော့ဘူး နောက်ပြီး သူ့ကို စော်ကားတာကို ရှောင်နိုင်မယ် ဒါပေမဲ့ အစ်မလီယူက ကျွန်မ ဘာကိုဆိုလိုတယ်ဆိုတာ လုံးဝ သဘောမပေါက်ခဲ့ဘူး။ ကျွန်မ အဲဒါကို တင်ပြချင်ပေမဲ့ သူလက်မခံမှာကို စိုးရိမ်တာ ကြောင့် ကျွန်မ ပါးပါးနပ်နပ် ပြော ခဲ့တယ် “နှုတ်ကပတ်တော်အားဖြင့် ကျွန်မတို့ ကိုယ့်အကြောင်းကို မသိနိုင်သေးဘူး လက်တွေ့ လုပ်ဆောင်မှု လမ်း တွေကို ဘယ်ကျမ်းပိုဒ်မှာ ကျွန်မ တို့ ရှာတွေ့လဲဆိုတာ ကျွန်မတို့ မဆွေးနွေးနိုင်ဘူး”လို့ အဲဒီလို ပြောပြပြီးတာတောင်မှ ကျွန်မ ဘာကိုဝေဖန်နေလဲ ဆိုတာ သူ နားမလည်သေးဘူး။ ကျွန်မတွေးမိတယ် “ဒါ သူ့ကို ထောက်ပြတာပဲလို့ ယူဆလို့ရတယ်။ တကယ်လို့ သူ့ရဲ့ ကိုယ်ပိုင်ပြဿ နာကို သူ မမြင်သေးဘူးဆိုရင် ဒီကိစ္စ ငါနဲ့ မဆိုင်တော့ဘူး” လို့ ပေါ့။

အဲဒါပြီးတဲ့နောက် အသင်းတော် ခေါင်းဆောင်တွေက ညီအစ်ကို မောင်နှမတွေကို သင်းထောက် တွေအပေါ် အကဲဖြတ်ချက်တွေ ကို ရေးခိုင်းပြီး အဲဒါတွေအားလုံးကို စုသိမ်းဖို့ ကျွန်မကို စီစဉ်တယ် ကျွန်မ အစ်လီယူနဲ့ပတ်သက်ပြီး ရိုးသားတဲ့ အကဲဖြတ်မှုကို ရေး ချင်ပေမယ့် ညီအစ်ကိုမောင်နှမ အများစုဟာ ကဏ္ဍတစ်ချို့မှာ သူနဲ့ပတ်သက် ပြီး အကောင်းမြင်တဲ့ ကိစ္စတွေ ပြောတာကို ကျွန်မ တွေ့ခဲ့တယ် သူနဲ့ပတ်သက်ပြီး မကောင်းပြော တဲ့သူ အရမ်းနည်းတယ် အစ်မလီယူနဲ့ တွေ့တာ သိပ်မကြာသေးဘဲနဲ့ သူ့ရဲ့ကောင်းကျိုးတွေကိုပဲရေးတဲ့ ညီမတစ်ယောက်တောင်ရှိတယ်။ ကျွန်မ တွေးတယ် “တကယ်လို့သူ့ကို ဝေဖန်မယ့်သူ က ငါတစ်ယောက်တည်းဆိုရင် ငါတို့ကြားမှာ အာဃာတတစ်ခုခု ရှိနေတယ်လို့ ငါကသူ့ကို တမင်သက်သက် ပစ်မှတ်ထားနေတယ်လို့ ခေါင်း ဆောင်ထင်လိမ့်မလား သူ့အကြောင်းကို ပိုသိရအောင် အသင်းတော် ခေါင်းဆောင်တွေ က အလည်ရောက်လာပြီး သူ့နောက်ကွယ်မှာ ငါဒီဟာတွေ ပြောတာကို အစ်မလီယူသိသွား ရင် ဘယ်လိုဖြစ်မလဲ ဒါဆို သူငါ့ကို မုန်းသွားမလား တကယ်လို့ အဲ့ဒီလိုဆို ဒီကိစ္စက ငါတို့နှစ်ယေက်စလုံးကို ချောင်ပိတ်စေမှာ မဟုတ်ဘူး လား” လို့ပေါ့။ အဲဒီနောက် အစ်မလီယူရဲ့ အမူအ ကျင့် အချို့နဲ့ ပတ်သက်ပြီး ကျွန်မ ရေးခဲ့ပေမယ့် ကျွန်မရဲ့ကိုယ်ပိုင် ဝိညာဉ်ရင့်ကျက်မှု က နည်းပြီး ကျွန်မရဲ့ အမြင်က လက် ခံစရာ မရှိလောက်ဘူးလို့လဲ ဗြောင် ပြောခဲ့တယ်။

တွေ့ဆုံပွဲတစ်ခုမှာ- ဒီကာလ အတောအတွင်း ကျွန်မရဲ့ အတွေ့ အကြုံနဲ့ပတ်သက်ပြီး ဖွင့်ပြောမိတယ် အဲဒီက ညီအစ်မတစ်ယောက်က ဒါဟာ လူ့အကြိုက်ဆောင်တဲ့ လူတစ်ယောက်ရဲ့ အမူအကျင့် ဖြစ်တယ်လို့ ပြောတယ် နောက်ပြီး “လူ့အကြိုက်ဆောင် တဲ့ သူတွေဟာ ဖျက်လိုဖျက်စီး စိတ်ရှိတယ်”လို့ ပြောတယ်။ “ဖျက်လိုဖျက်စီးစိတ်ရှိတယ်”လို့ သူပြောတာကို ကျွန်မ ကြားရတာ စိတ်ထိခိုက်ပြီး စိတ်ဆင်းရဲစေ တယ် ဒါပေမဲ့ အစ်မလီယူရဲ့ ပြဿနာနဲ့ ပတ်သက်ပြီး ကျွန်မသိခဲ့တာ ကြာပေမယ့် သူနဲ့ခင်မင်မှုကို ကာကွယ်ဖို့ ဘာမှ မပြောဘဲ နေ့ရွှေ့လရွှေ့ ရွှေ့ခဲ့ တယ်လို့ ကျွန်မဆင်ခြင်မိတယ် သူ့ရဲ့ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီး မှုကို သိလာပြီး သူ့ရဲ့ ပြဿနာကို ဖြေရှင်းဖို့ ကျွန်မရဲ့ အစ်မကို ကျွန်မ မကူညီခဲ့ဘူး နောက်ပြီး ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေဟာ ချင့်ချိန်နိုင်စွမ်း မဲ့ပြီး လှည့်စားခံရလို့ သူ့ကို ကြည်ညိုကြတာ ဆည်းကပ် ကြတာ အရမ်းထိခိုက်နစ်နာစေမယ့် ကိစ္စ တစ်ခုကို ကျွန်မလုပ်ခဲ့တယ် ဒါက ကျွန်မကို ဖျက်လိုဖျက်ဆီး စိတ် ရှိတဲ့ လူတစ်ယောက် မဖြစ်စေ ဘူးလား ကျွန်မ နည်းနည်းနောင်တရပြီး နောက် တော့ ဘုရားသခင်ရဲ့ နှုတ်ကပတ် တော်ထဲက ဒီကျမ်းပိုဒ်ကို ဖတ်ခဲ့ တယ် “ဟု ဆိုလျှင်၊ တစ်စုံတစ်ဦး၌ ပြဿနာရှိနေသည်ကို သင် ရှင်းလင်းစွာ တွေ့မြင်နိုင်သော်လည်း၊ ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ဖို့ငှာ ထိုသူအား ပွင့်ပွင့်လင်းလင်း မပြောသည့်အခါ၊ ယင်းကို အဘယ်အရာ ခေါ်သနည်း။ ဤသည်မှာ ဘဝနေထိုင်မှုဆိုင်ရာ ဒဿနကို ဖြစ်သည်။ နောက်ထပ် ချဉ်းကပ်နည်းတစ်ခုမှာ ‘ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုက ယခုတွင် သေးငယ်ပြီး သင်၏ ပြဿနာများကို လုံးစေ့ပတ်စေ့ နားမလည်ပါ။ နားလည်သောအခါ ကျွန်ုပ် သင့်ကို ပြောပါမည်။’ ဟု ပြောခြင်း ဖြစ်သည်။ ဤသည်မှာ တစ်ပါးသူများကို အရူးလုပ်ရန် ကြိုးစားနေခြင်း မဟုတ်သလော။ သင်သည် မည်သည့်အရာကိုမျှ အမှန်တကယ် လုံးစေ့ပတ်စေ့ လုံးဝ နားမလည်နိုင်သလော။ သင်သည် ထိုကိစ္စအပေါ် ထင်မြင်ချက် လုံးဝ မရှိဘဲ နေနိုင်သလော။ သင်၌ ထင်မြင်ချက်များ ရှိပါသည်။ သူတို့က စိတ်ဆိုးစရာ ဖြစ်စေမည် ကြောက်သောကြောင့် သင် မပြောခြင်းသာ ဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လေ့လာလိုက်စားခြင်းအားဖြင့်သာ ဘုရားသခင်အပေါ် မိမိတို့၏အယူအဆများနှင့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းနိုင်၏”) နှုတ်ကပတ်တော်ဖတ်ရတာ တော် တော်စိတ်ဆင်းရဲစေပြီး ကိုယ့် ကိုယ်ကို အပြစ်တင်မှုကို အတော် လေးခံစားမိတယ် ဟိုးအရင်ကတည်းက အစ်မလီယူဟာ သူ့ကိုယ်သူ အမြဲတမ်း ဂုဏ်တင်ချီးကျူးပြီး တွေ့ဆုံပွဲတွေမှာ ကြွားတာ နောက်ပြီး ဒီမိတ်ဿဟာရပြုမှု မျိုးဟာ ညီအစ်ကိုမောင်နှမတွေ ရဲ့ အသက်ဝင်ရောက်မှု အတွက် လုံးဝအကျိုးမပြုတာကို ကျွန်မ တွေ့ခဲ့တယ်။ ဒါဟာ တွေ့ဆုံပွဲတွေမှာလဲ အချိန်တွေ တော်တော်ကုန်တယ်။ နောက်ပြီး မှန်ကန်တဲ့ အသင်းတော်အသက်တာကို ထိခိုက်ပြီး သွားပြီ အဲဒီလိုဖြစ်နေပေမယ့် ကျွန်မတို့ ရဲ့ ခင်မင်မှုကိုကာကွယ်ဖို့ ကျွန်မ ရဲ့ နှုတ်ကိုဆက်ပိတ်ထားခဲ့တယ် ကျွန်မရဲ့ အကဲဖြတ်ချက်ကို ရေးနေတုန်းမှာ သူ့ကိုယ်သူ ဘယ်လိုဂုဏ်တင်ချီးကျူးတာကို ကျွန်မဖော်ထုတ်ခဲ့ချင်ပေမယ့် လူတိုင်းက သူ့အကြောင်းကောင်းတာတွေကို ပြောနေကြတာကို ကျွန်မတွေ့တဲ့ အခါ ကျွန်မစော်ကားမိမှာကြောက်ရင်း သူတို့နဲ့သဘောတူလိုက်တယ် သူ့ရဲ့ အမူအကျင့်အချို့အကြောင်း ကျွန်မရေးခဲ့ပေမယ့် ကျွန်မရဲ့ ကိုယ်ပိုင်၀ိညာဉ်ရင့်ကျက်မှုက နည်းပြီး ကျွန်မဆီမှာ ထိုးထွင်း အမြင်မရှိပါဘူးလို့လဲ ပြောခဲ့တယ် ဒါပေမယ့် တစ်ချိန်လုံးဘာဖြစ်နေ လဲဆိုတာကို ကျွန်မ ရှင်းရှင်းလင်း လင်းမြင်နိုင်ခဲ့ပြီး ကျွန်မမှာ ကိုယ်ပိုင်ထင်မြင်ချက်တွေရှိခဲ့ တယ် ဒါပေမဲ့ သူတစ်ပါးကို စော်ကားမိ မှာကို ကျွန်မရဲ့ ကြောက်ရွံ့မှုက မျှတတဲ့ စကားတစ်ခွန်းကို ယတိပြတ်ပြောဖို့ အရမ်းကိုချီတုံ ချတုံ ဖြစ်စေခဲ့တယ် နှုတ်ကပတ်တော်က ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုကို အချိန်တိုင်းမှာ ဖော်ပြခဲ့ပြီး ကျွန်မရဲ့ အတွေးတွေကို အတိအကျ ဖော်ပြခဲ့တယ် ကျွန်မအပြစ်ရှိမှုနဲ့ အရှက်ရမှုကို ခံစားခဲ့ရတယ် အစ်မလီယူရဲ့ အမှားတွေကို ထောက်ပြတာဟာ သူ့ကို စော်ကားမိမှာကြောက်ပြီး ကျွန်မရဲ့ ထင်မြင်ချက်တွေကို တည့်‌တည့်မပြောရဲခဲ့ဘူး ကျွန်မရဲ့ တုံ့ပြန်မှုတွေက မယုံ ကြည်သူတစ်ယောက်ရဲ့ ရှုထောင့် က ဖြစ်နေတယ် ကျွန်မက ဘယ်လိုယုံကြည်သူမျိုး လဲ။

အဲဒီနောက် နှုတ်ကပတ်တော် ဟောပြောပွဲဗီဒီယိုတစ်ခုကို ကျွန်မ ကြည့်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူအများစုသည် သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိကြသော်လည်း၊ များသောအားဖြင့် ၎င်းတို့သည် ထိုသို့ လုပ်ဆောင်ရန် ဆုံးဖြတ်ချက်နှင့် စိတ်ဆန္ဒ ရှိရုံမျှရှိကြလေသည်။ သမ္မာတရားသည် ၎င်းတို့၏အသက် မဖြစ်လာသေးပေ။ အကျိုးဆက်အနေဖြင့်၊ ဆိုးယုတ်သော အင်အားစုများကို ၎င်းတို့ အမှတ်မထင်တွေ့ရသည့်အခါ သို့မဟုတ် ကောက်ကျစ်စဉ်းလဲပြီး ဆိုးသွမ်းသော လူတို့က ဒုစရိုက်မှုများ ကျူးလွန်နေသည် သို့မဟုတ် ခေါင်းဆောင် အတုအယောင်များနှင့် အန္တိခရစ်တို့က အခြေခံသဘောတရားများကို ချိုးဖောက်သည့် နည်းလမ်းဖြင့် အမှုအရာများ လုပ်ဆောင်နေကြ၍ ထိုသို့ဖြင့် ဘုရားသခင်၏အိမ်တော်၏ အမှုကို ဆုံးရှုံးမှုများဖြစ်စေပြီး ဘုရားသခင်ရွေးကောက်ထားသူတို့ကို အန္တရာယ်ဖြစ်စေသည်ကို ကြုံရသည့်အခါ၊ ၎င်းတို့သည် ထရပ်ပြီး ထုတ်ပြောဖို့သတ္တိ မရှိတော့ပေ။ သင်တို့ သတ္တိမရှိသည့်အချိန်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်တို့ ကြောက်တတ်သည် သို့မဟုတ် စိတ်ထဲရှိသမျှ မဖော်ပြတတ်ဟု ဆိုလိုသလော။ သို့မဟုတ် သင်က နားမလည်သကဲ့သို့၊ ထုတ်ပြောရဲခြင်း မရှိသောကြောင့် ဖြစ်သလော။ ဤအရာများထဲမှ မည်သည့်အရာမျှ မဟုတ်ပေ။ ယင်းမှာ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစား အချို့၏ ထိန်းချုပ်ခြင်းကို ခံရနေခြင်း ဖြစ်သည်။ ဤစိတ်သဘောထားများထဲမှ တစ်ခုမှာ ကလိမ်ကကျစ်အပြုအမူ ဖြစ်သည်။ သင်က၊ ‘ကျွန်ုပ် ထုတ်ပြောလိုက်လျှင်၊ ကျွန်ုပ်ကို မည်သို့ အကျိုးပြုမည်နည်း။ ကျွန်ုပ် ထုတ်ပြောလိုက်ပြီး တစ်စုံတစ်ဦးကို သဘောမကျဖြစ်စေပါက၊ အနာဂတ်တွင် ကျွန်ုပ်တို့ မည်သို့ အဆင်ပြေမည်နည်း’ ဟု တွေးရင်း၊ သင့်ကိုယ်သင် ဦးစွာပထမ စဉ်းစားလေသည်။ ဤသည်မှာ ကလိမ်ကကျစ် စိတ်နေစိတ်ထားဖြစ်၏၊ မှန်သည်လော။ ဤသည်မှာ ကလိမ်ကကျစ် စိတ်သဘောထား၏ အကျိုးဆက်မဟုတ်လော။ နောက်ထပ်တစ်ခုမှာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် စိတ်သဘောထားတစ်ခု ဖြစ်သည်။ သင်က၊ ‘ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ဆုံးရှုံးခြင်းတစ်ခုသည် ငါနှင့် အဘယ်ပတ်သက်စရာ ရှိသနည်း။ အဘယ်ကြောင့် ငါ ဂရုစိုက်သင့်သနည်း။ ထိုအရာသည် ငါနှင့် မည်သို့မျှ မပတ်သက်ပါ။ ယင်းကို ငါမြင်ကာ ဖြစ်ပျက်နေသည်ကို ကြားလျှင်ပင်၊ မည်သည့်အရာကိုမျှ လုပ်ဆောင်ဖို့ မလိုအပ်ပါ။ ယင်းသည် ငါ၏ တာဝန် မဟုတ်- ငါသည် ခေါင်းဆောင်တစ်ဦး မဟုတ်’ဟု တွေးသည်။ ထိုသို့သော အရာများသည် သင်၏ မသိစိတ်မှ ပေါက်ဖွားသည့်အလား၊ ပြီးလျှင် သင်၏ စိတ်နှလုံးတွင် ယင်းတို့က အမြဲတမ်းနေရာများ ယူထားကြသည့်အလား- သင်၏ အတွင်းတွင် ရှိကြလေသည်၊ ယင်းတို့သည် လူသား၏ ဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားများ ဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများက သင်၏ အတွေးများကို ထိန်းချုပ်ပြီး သင်၏ လက်များနှင့် ခြေများကို ချည်နှောင်ကာ သင်၏ နှုတ်ကို ထိန်းချုပ်လေသည်။ သင်၏ စိတ်နှလုံးထဲရှိ တစ်စုံတစ်ရာကို သင် ပြောလိုသည့်အခါတွင်၊ စကားလုံးများက သင်၏ နှုတ်ခမ်းများဆီသို့ ရောက်ရှိသော်လည်း သင် မပြောပေ၊ သို့မဟုတ် သင် ပြောဆိုပါက၊ သင်၏ စကားများသည် သင်လှည့်ပတ်လမ်းကြောင်းစရာ နေရာပေးလျက် ဝေ့လည်ကြောင်ပတ် ဖြစ်လေသည်- သင်သည် လုံးဝ ရှင်းရှင်းလင်းလင်း မပြောဆိုပေ။ သင့်ကို ကြားပြီးသည့်နောက်တွင် အခြားသူများသည် မည်သည့်အရာမျှ မခံစားရကြသကဲ့သို့၊ သင် ပြောပြီးသည့် အရာက ပြဿနာကို မဖြေရှင်းသေးပေ။ သင်က၊ ‘ကောင်းပြီ၊ ငါ ထုတ်ပြောခဲ့သည်။ ငါ၏ အသိစိတ်က အေးချမ်းသည်။ ငါ၏ တာဝန်ကို ငါ ဖြည့်ဆည်းပြီးပြီ’ ဟု မိမိကိုယ်ကိုယ် တွေးလေသည်။ အမှန်တွင်၊ သင်ပြောသင့်သည့် အရာအားလုံး သင် မပြောသေးသည်ကို၊ သင် ပြောပြီးသည့်အရာသည် အကျိုးသက်ရောက်မှုရှိသကဲ့သို့၊ ဘုရားအိမ်တော်၏ အမှုအပေါ် ထိခိုက်နစ်နာစေခြင်း ရှိနေသေးသည်ကို သင်၏ စိတ်နှလုံးထဲတွင် သင် သိပေသည်။ သင်၏ တာဝန်ကို သင် မဖြည့်ဆည်းသေးပေ၊ သို့သော် သင်က သင်၏ တာဝန်ကို သင် ဖြည့်ဆည်းပြီးဖြစ်သည်၊ သို့မဟုတ် ဖြစ်ပျက်နေခဲ့သည့်အရာသည် သင့်အဖို့ မရှင်းလင်းခဲ့ပါဟု ပေါ်ပေါ်ထင်ထင် ဆိုသည်။ ဤသည်မှာ မှန်ကန်သလော။ ဤသည်မှာ သင်အမှန်တကယ် ထင်သောအရာဟုတ်သလော။ ဤသို့ဆိုလျှင် သင်သည် သင်၏ ဆိုးယုတ်သော စိတ်သဘောထားတို့၏ ထိန်းချုပ်မှုအောက်လုံးဝ ရောက်ရှိနေသည် မဟုတ်သလော။ သင်စဉ်းစားပြီးပြောဆိုသည့်အရာသည် စစ်မှန်မှုနှင့် တစ်ခါတရံတွင် နီးစပ်နိုင်သည်။ သို့သော် အရေးကြီးသည့် အချိန်အခိုက်အတန့်များတွင် သင်သည် မိမိကိုယ်ကိုယ်နှင့်ဆိုင်သည့် လွဲမှားသော ကာကွယ်မှုများကိုပင် လုပ်ကြံပြောဆိုလျက် လိမ်ညာလှည့်စားဆဲဖြစ်သည်။ ဤသည်မှာ သင်၏နှုတ်သည် သင်၏ ဆိုးယုတ်သောစိတ်သဘောထားတို့၏ ထိန်းချုပ်ခြင်း ခံရသည်ကို သက်သေပြသည်။ သင်သည် အမှန်တကယ်ထင်သည့်အရာကို မည်သည့်အခါမျှ မပြောပေ။ အားလုံးကို သင်၏ ဦးနှောက်က၊ သင်၏ စိတ်ထဲတွင် ကြိုတင် တည်းဖြတ်ပြင်ဆင်ထားသည်။ သင်ပြောသမျှအရာတိုင်းသည် မုသားဖြစ်သည်။ အမှန်တရားများနှင့် ဆန့်ကျင်သည်။ အားလုံးက သင်၏ ကိုယ်ပိုင် အတုအယောင်ကာကွယ်မှုတွင်ရှိပြီး သင်၏ ကိုယ်ပိုင် အကျိုးကျေးဇူးအတွက်ဖြစ်သည်။ လူအချို့သည် အယုံသွင်းခံရပြီး ဤသည်မှာ သင့်အတွက် လုံလောက်သည်။ သင်၏ စကားများနှင့် လုပ်ရပ်များသည် သင်၏ ရည်ရွယ်ချက်များကို ရရှိခဲ့ပြီဖြစ်သည်။ ဤသည်မှာ သင်၏ စိတ်နှလုံးတွင် ရှိသည့်အရာဖြစ်သည်။ ဤသည်တို့မှာ သင်၏ စိတ်သဘောထားများဖြစ်သည်။ သင်သည် သင်ကိုယ်တိုင်၏ ဆိုးယုတ်သော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်းကို အလုံးစုံ ခံထားရသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်”) နှုတ်ကပတ်တော်က ကျွန်မရဲ့ အခြေအနေအမှန်ကို ဖော်ပြခဲ့ တယ် အသင်းတော်အသက်တာကို ဆိုးဆိုးရွားရွား‌နှောင့်ယှက်ရင်း အစ်မလီယူဟာ တွေ့ဆုံပွဲတွေက သူ့ရဲ့ မိဿဟာရပြုမှုမှာ သူ့ကိုယ် သူ ဂုဏ်တင်ချီးမွမ်းတာကလွဲပြီး ဘာမှမလုပ်တာကို ကျွန်မမြင်ခဲ့ ပြီး ကျွန်မတစ်ခုခုကို သိသိသာသာ ပြောလို့ ရနိုင်ပေမယ့် ကျွန်မရဲ့ တခြားလူတွေကို စော် ကားမိမှာကို ကြောက်ရွံ့မှုက အဲ့ ဒီအပေါ်မှာ အဖြစ်သည်းနေရင်း ကျွန်မကို ချည်နှောင်ခဲ့တယ် နောက်ပြီး ကျွန်မ မှန်ကန်တဲ့ စကားတစ်ခွန်း မှ မပြောရဲခဲ့ဘူး ကျွန်မဟာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ ထိန်းချုပ်မှု ကို အပြည့်အဝခံခဲ့ရပြီး ကျွန်မရဲ့ နှုတ်ကိုပိတ်စေခဲ့တာကြောင့် မှန်ကန်တဲ့ ဒါမှမဟုတ် အပြုသ ဘောဆောင်တဲ့ စကားတစ်ခွန်း မှ မပြောနိုင်ခဲ့ဘူး။ ကျွန်မ အစ်မကို ပြောတဲ့အခါမှာ ဘာအထောက်အကူမှမဖြစ်အောင် ကျွန်မ တကယ်ပြောချင်တာနဲ့ မတူတာကို လှည့်ပြောလိုက်တယ်။ ပြောင်းပြီး လျှော့ပြောလိုက်တယ်။ အမြင်အားဖြင့် လူကောင်းတစ် ယောက်ရဲ့ ပုံရိပ်ရှိနေတဲ့ ကျွန်မကိုယ် ကျွန်မ ရွံမိတယ် ဒါပေမဲ့ အတွင်းမှာတော့ တစ်ခြား သူတွေ ကျွန်မအကြောင်း အကောင်းပြောအောင် သူတို့နဲ့ ခင်မင်မှုကို ဘယ်လိုကာကွယ်ရမ လဲလို့ တွေးရင်း ကျွန်မဟာ အ ခိုက်အတန့်တိုင်းကို ကုန်လွန်စေ ခဲ့တယ် ကျွန်မရဲ့ ကိုယ်ပိုင်အဆင့်အတန်း နဲ့ ပုံရိပ်ကို ကာကွယ်ဖို့အတွက် ညီအစ်ကိုမောင်နှမတွေရဲ့ ဘဝတွေ ဒုက္ခခံရတာကိုမြင်ဖို့ ကျွန်မအလိုရှိနေခဲ့တယ် ကျွန်မက တစ်ကိုယ်ကောင်းဆန် ခဲ့တယ် လိမ်လည်ခဲ့တယ်၊ ကြင်နာမှုအလုံးစုံနဲ့ ဆင်ခြင်တုံတ ရား ကင်းမဲ့ခဲ့တယ်ဆိုတာ ကျွန်မ တွေ့ခဲ့ရတယ်။

အဲဒီအချိန်မှာ ကျွန်မရဲ့ လူ့အ ကြိုက်လိုက်တဲ့ အမူအကျင့် အားလုံးကို ပြန်တွေးရင်း လိပ်ပြာမလုံမှုကို နက်နက်ရှိုင်း ရှိုင်း ခံစားခဲ့ရတယ် သမ္မာတရားကို လုံးဝ လက်တွေ့မ လုပ်ဆောင်ဘဲ ကျွန်မရဲ့ ကိုယ် ကျိုးတွေကို ကာကွယ်ဖို့ သမ္မာတရားကို နောက်မှရတဲ့ အကြံတစ်ခုလိုဖြစ်စေရင်း အဆုံး သတ်ရလိမ့်မယ်လို့ ဘယ်တုန်းက မှ မမျှော်လင့်ခဲ့ဘူး နှုတ်ကပတ်တော်ထဲက ဒီကျမ်းပိုဒ်ကို ကျွန်မ သတိရခဲ့ တယ် “ဘုရားသခင်အတွက် ဖြောင့်မတ်ခြင်းတရားကို သင်လက်တွေ့ လုပ်ဆောင်နိုင်သလော။ ငါ့အတွက် သင်ထရပ်ကာ ပြောဆိုနိုင်သလော။ သင်သည် သမ္မာတရားကို တည်ကြည်ခိုင်မာစွာ လက်တွေ့လုပ်ဆောင် နိုင်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) နောက်တော့ နှုတ်ပတ်တော်ထဲက ဒီကျမ်းပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ် “၎င်းတို့သည် သမ္မာတရား မကင်းမဲ့သင့်သကဲ့သို့ သူတော်ကောင်းယောင်ဆောင်ခြင်းနှင့် မဖြောင့်မတ်ခြင်းတို့ကိုလည်း မသိုထားသင့်ပေ- မှန်ကန်သော ရပ်တည်ချက်တွင် ၎င်းတို့ ခိုင်ခိုင်မာမာ ရပ်တည်သင့်၏။ ၎င်းတို့သည် မျောပါသွားရုံသက်သက် မဖြစ်သင့်ဘဲ၊ တရားမျှတမှုနှင့် သမ္မာတရားအတွက် စွန့်လွှတ်မှုများ ပြုရသည့် စိတ်ဓာတ်နှင့် ရုန်းကန်ရဲသည့် စိတ်ဓာတ်တို့ ရှိသင့်သည်။ လူငယ်များအနေဖြင့် အမှောင် အင်အားစု၏ ဖိနှိပ်မှုကို အရှုံးမပေးရန်နှင့် ၎င်းတို့ ဖြစ်တည်ခြင်း၏ အဓိပ္ပါယ်ကို ပြောင်းလဲပစ်ရန် သတ္တိရှိသင့်သည်။ လူငယ်တို့သည် ဒုက္ခဆင်းရဲခြင်းအား မိမိတို့ဘာသာ ကြိတ်မှိတ်လက်မခံသင့်ဘဲ ၎င်းတို့၏ညီအစ်ကို မောင်နှမများအတွက် ခွင့်လွှတ်ခြင်းစိတ်ဓာတ်ဖြင့် ပွင့်ပွင့်လင်းလင်း ရှိသင့်ပေသည်။ မှန်ပေသည်၊ ဤအရာများသည် လူတိုင်းအပေါ် ငါ၏သတ်မှတ်ချက်များနှင့် လူတိုင်းအတွက် ငါ၏အကြံပြုချက်ဖြစ်သည်။ သို့သော် ထို့ထက်ပင်ပို၍၊ ဤအရာများသည် လူငယ်အားလုံးအတွက် ငါ၏ နှစ်သိမ့်မှုပေးသော နှုတ်ကပတ်တော်များ ဖြစ်ကြသည်။ ငါ၏နှုတ်ကပတ်တော်များအတိုင်း သင်တို့ လက်တွေ့လုပ်ဆောင်သင့်ပေသည်။ အထူးသဖြင့် လူငယ်တို့သည် အကြောင်းကိစ္စများတွင် ထိုးထွင်းသိမြင်မှုကို ကျင့်သုံးရန်နှင့် တရားမျှတမှုနှင့် သမ္မာတရားကို ရှာဖွေရန် သန္နိဋ္ဌာန်မရှိဘဲ မဖြစ်သင့်ပေ။ သင်တို့သည် လှပ၍ ကောင်းမွန်သော အရာအားလုံးကို လိုက်စားသင့်ပြီး၊ အပြုသဘောဆောင်သော အရာများအားလုံး၏ လက်တွေ့အရှိတရားကို ရရှိသင့်ပေသည်။ သင်တို့ အသက်တာအပေါ် သင်တို့ တာဝန်ယူသင့်ပြီး၊ ယင်းကို ပေါ့ပေါ့တန်တန် မမှတ်ယူရ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူငယ်နှင့် သက်ကြီးရွယ်အိုတို့အတွက် နှုတ်ကပတ်တော်များ) ကျွန်မတို့ အမှားကနေ အမှန်ပြင် နိုင်ဖို့၊ မှန်ကန်တဲ့ ရပ်တည်ချက်ကို ခံယူနိုင်ဖို့ လူအုပ်နောက်ကို ကျိုး ကြောင်းမမြင်ဘဲ မလိုက်ဖို့ နောက်ပြီး တရားမျှတမှုနဲ့ ကိုယ် ကျင့်တရားတွေကို ထိန်းသိမ်းဖို့ ဘုရားသခင် အလိုတော်ရှိတယ်။ ကျွန်မ အဖို့ကတော့ ကျွန်မ အစ်မလီယူရဲ့ ပြဿနာကို မြင်ခဲ့ ပေမယ့် ကျွန်မဟာ ရိုးသားတဲ့ ပုဂ္ဂိုလ်တစ် ဦး မဟုတ်ခဲ့ဘူး။ အစ်မရဲ့ ပြဿနာကို ပွင့်ပွင့် လင်းလင်း ထောက်မပြခဲ့သလို သူ့ကို ကူညီဖို့ ချစ်ချစ်ခင်ခင် မကြိုးစားခဲ့ဘူး ဒီအစား ကျွန်မက လူ့အကြိုက် ဆောင်တဲ့ သူတစ်ယောက်ဖြစ်ပြီး လှည့်ဖျားခဲ့တာမို့ အဆုံးမှာ သူ့ရဲ့ ကိုယ်ပိုင် ပြဿနာကို သူသိအောင် ကူညီဖို့ ပျက်ကွက်ခဲ့တုန်းပဲ ကျွန်မ သူ့ကို ဒီလိုပဲ ထိခိုက်စေနေ တာ မဟုတ်ဘူးလား။ ကျွန်မရဲ့ ကိုယ့်ကိုယ်ကို အပြစ် တင်မှုက ကြီးထွားလာခဲ့တယ် လူ့အကြိုက်ဆောင်တဲ့သူ ဖြစ်ဖို့ ကျွန်မကိုယ်ကျွန်မ ခွင့်မပြုနိုင်ဘူး၊ သမ္မာတရားကို လက်တွေ့လုပ် ဆောင်ပြီး ရိုးသားတဲ့ လူတစ် ယောက်ဖြစ်ဖို့ ကျွန်မ လိုအပ်ခဲ့ တယ်။

အစ်မလီယူနဲ့ တွေ့ဆုံပွဲတစ်ခုမှာ ကျွန်မက သူ့မှာရှိနေတဲ့ ပြဿနာ အကြောင်းကို ပြောပြခဲ့တယ် သူ့ရဲ့ မိဿဟာရပြုမှုမှာ သူဟာ ကောင်းကွက်တွေကိုပဲ ပြောခဲ့ တယ် ဒါပေမဲ့ ဖော်ပြတဲ့သူ့ရဲ့ ဖောက်ပြန် ပျက်စီးမှုရဲ့ ဖြစ်စဉ်ကို ဘယ်တုန်း ကမှ မဆွေးနွေးခဲ့ဘူး ဒါဟာ တခြားသူတွေသူ့ကို ကြည် ညိုပြီး သူ့နောက်လိုက်အောင် လုပ်မယ့် အလားအလာ ရှိတယ် ဒါဟာ ဘုရားသခင်ကို ဆန့်ကျင် နေတာပဲလို့။ ဘုရားသခင်ရဲ့ သမ္မာတရားနဲ့ သက်သေခံချက်အပေါ် မိဿ ဟာရပြုတာဟာ ကျွန်မတို့ကိုယ် တိုင် ပြသတဲ့ ဖောက်ပြန်ပျက်စီး မှု အပေါ်မှာ အခြေခံဖို့ လိုတယ် အဲ့ဒီနောက် စိတ်ဖြာဆွေးနွေးပြီး ကိုယ့်ကိုယ်ကို နားလည်ဖို့ နှုတ်က ပတ်တော်နဲ့ ပေါင်းစပ်ပြီး နှုတ်က ပတ်တော်က ကျွန်မတို့ကို ဘယ် လို ပြောင်းလဲစေခဲ့လဲ ဆိုတာကို ဆွေးနွေးရမယ်လို့လဲ ပြောခဲ့ တယ် ဒီစာတန်နဲ့ ဆိုင်တဲ့ စိတ်သဘောထားနဲ့ အသိပညာတွေ အပေါ် ထိုးထွင်းအမြင်ရပြီး နှုတ်ကပတ်တော်ဟာ လူတွေကို ဘယ်လိုအမှန်တကယ် ပြောင်းလဲ စေနိုင်လဲဆိုတာ လူတွေမြင်ဖို့ ဒီနည်းနဲ့ ကျွန်မတို့ ကူညီနိုင်တယ် ဒီအရာ တစ်ခုတည်းကသာ ဘုရားသခင်ကို ချီးမြှောက်ခြင်းနဲ့ ဘုရားသခင်အတွက် သက်သေခံ ခြင်း ဖြစ်တယ်။ ကျွန်မ ပြောပြီးတော့ အစ်မလီယူ ဟာ ဒီပြဿနာတွေ ရှိနေတာကို ဝန်ခံခဲ့တယ် ဂုဏ်ဒြပ်အတွက် သူ့ရဲ့အာသီသ ကို ဘယ်လို ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး အသေးစိတ် ပြော ခဲ့တယ် သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ အတွေးတွေနဲ့ အကြံအစည်တွေ ကို ဆွေးနွေးခဲ့တယ် ဒါကို ကျွန်မထောက်ပြတာဟာ ကောင်းမွန်ပြီး အသုံးကျတယ်လို့ ပြောတယ် နောက်ပြီး ဒီထက်မကြာမကြာ သူ့ကို သတိပေးဖို့ ကျွန်မကို တောင်းဆိုတယ်။ သူ အဲ့ဒီစကားပြောတာ ကြားရ တာ ကျွန်မကို အရှက်ရစေခဲ့ တယ် တည့်တည့်ထောက်ပြတာ သူ့အ တွက် သိသိသာသာ အသုံးကျပေ မယ့် ပွင့်ပွင့်လင်းလင်း ပြောခြင်းအား ဖြင့် သူ့ကို စော်ကားမိမှာနဲ့ ပတ် သက်ပြီး ကျွန်မစိတ်ပူခဲ့တယ် နောက်ပြီး သူ ကျွန်မနဲ့ ပတ်သက် ပြီး ဆိုးဆိုးဝါးဝါး ထင်သွားမှာကို စိတ်ပူခဲ့တယ် လက်စသတ်တော့ ကျွန်မထင်ခဲ့ တဲ့အတိုင်း သူဟာ သမ္မာတရား ကို လက်မခံနိုင် မဖြစ်ခဲ့ဘူး ပြဿနာက သရဲဘောကြောင် လွန်းတဲ့၊ စဉ်းလဲပြီး လှည့်ဖျားတဲ့ ကျွန်မဖြစ်တယ် ဒါကိုလုပ်ပြီးမှသာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဟာ တခြားသူတွေအတွက် အသုံးကျ ရုံမကဘဲ ကျွန်မရဲ့ နှလုံးသားကို ငြိမ်သက် စေတယ်ဆိုတာ ကျွန်မ တွေ့ခဲ့ တယ်။

နောက်တော့ ကျွန်မ ဝတ်ပြုကိုး ကွယ်နေတုန်း နှုတ်ကပတ်တော် ဟောပြောချက်နှစ်ခုကို ကြည့်ခဲ့ တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ထို့ထက် ယင်းမှာ လူတို့သည် မိမိတို့ကိုယ်ပိုင် အကျိုးအမြတ်များနောက်ကို လိုက်ရင်း ဘုရားသခင့်အိမ်တော်၏ အလုပ်ကို ထိခိုက်နစ်နာစေကြသောကြောင့် ဖြစ်သည်၊ ညီအစ်ကိုမောင်နှမများ၏ ပုံမှန်ဝင်ရောက်မှုကို အနှောင့်အယှက် ပေးကြပြီးလျှင် လူတို့၌ ပုံမှန် အသင်းတော်အသက်တာနှင့် ပုံမှန် ဝိညာဉ်ရေးအသက်တာ မရှိရန်ပင် ဟန့်တားကြသည်။ ပို၍ပင် စိုးရိမ်ရသောအရာမှာ လူတို့က မိမိတို့ကိုယ်ပိုင် ကျော်ကြားမှု၊ အခွင့်အလမ်းနှင့် ဂုဏ်အဆင့်အတန်းတို့နောက် လိုက်သောအခါ ထိုသို့သော အပြုအမူမျိုးကို ဘုရားသခင့်အမှုတော်၏ ပုံမှန်တိုးတက်မှုအား အဆုံးစွန် အတိုင်းအတာအထိ ထိခိုက်နစ်နာစေပြီး တားဆီးပိတ်ပင်ရာနှင့် လူတို့အလယ်တွင် ဘုရားသခင်၏ အလိုတော်အား ပုံမှန်လုပ်ဆောင်ခြင်းမှ ဟန့်တားရာ၌ စာတန်နှင့်အတူ ပူးပေါင်းနေခြင်းအဖြစ် လက္ခဏာဖော်ပြနိုင်ပေသည်။ ဤသည်မှာ မိမိတို့၏ကိုယ်ပိုင်အကျိုးအမြတ်များနောက် လူတို့လိုက်ခြင်း၏ သဘောသဘာဝပင်ဖြစ်သည်။...တစ်စုံတစ်ဦးက သမ္မာတရားကို လိုက်စားသောအခါ၊ ၎င်းသည် ဘုရားသခင်၏ အလိုတော်ကို အရေးထားနိုင်ပြီး ဘုရားသခင်၏ ဝန်တာကို သတိရှိနေသည်။ သူတို့၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ပတ်သက်သော အရာတိုင်းက ဘုရားသခင့်အိမ်တော်၏ အလုပ်ကို ထိန်းသိမ်းပေးသည်၊ သူသည် ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံနိုင်ကြသည်၊ သူသည် ညီအစ်ကိုမောင်နှမများအတွက် အကျိုးကျေးဇူးကို ဆောင်ကြဉ်းပေးသည်၊ ပြီးလျှင် ဘုရားသခင်သည် ဂုဏ်အသရေနှင့် သက်သေခံချက်ကို ရရှိကာ စာတန်အတွက်မူ အရှက်တရားကို ဆောင်ကြဉ်းပေးလေသည်။ ထိုသူ၏ အားထုတ်မှုရလဒ်အနေဖြင့် ဘုရားသခင်သည် သူ့အား အမှန်တကယ် ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်နိုင်စွမ်းရှိသည့်၊ သူ့အား ကိုးကွယ်နိုင်သည့် ဖန်ဆင်းခံတစ်ဦးကို ရရှိသည်။ ထိုသူ၏ အားထုတ်မှုရလဒ်အနေဖြင့် ဘုရားသခင်၏ အလိုတော်အတွက် နည်းလမ်းလည်း ရှင်းလင်းလာကာ ဘုရားသခင်၏ အမှုတော်မှာ တိုးတက်နိုင်လေသည်။ ဘုရားသခင်၏အမြင်၌ ထိုကဲ့သို့သော အားထုတ်မှုမှာ အပြုသဘောဆောင်ကာ၊ ယင်းသည် တည်ကြည်သည်၊ ဘုရားသခင်၏အိမ်တော်နှင့် အသင်းတော်အတွက် အကြီးဆုံးသော အကျိုးကျေးဇူးပင် ဖြစ်လေသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၁)”)အကယ်၍ သင်သည် ဘုရားသခင်ခိုင်းသမျှကို လုပ်ဆောင်နိုင်စွမ်းမရှိ၊ ဘုရားသခင်စီစဉ်သမျှ၊ သို့မဟုတ် သင့်အား သတ်မှတ်ပြဋ္ဌာန်းသမျှကို နာခံနိုင်စွမ်းမရှိပါက သင်သည် ဘုရားသခင်၏နောက်သို့ မလိုက်ပေ— စာတန်၏နောက်သို့ လိုက်နေခြင်းဖြစ်သည်။ သို့ဆိုလျှင် စာတန်သည် အဘယ်မှာနည်း။ လူတို့၏ စိတ်နှလုံးထဲတွင်ပင်တည်း။ စာတန်၏ ဒဿနများ၊ ဥပဒေသများနှင့် အဆိပ်များသည် လူတို့၏စိတ်နှလုံးထဲတွင် ရှိနေကြသည်။ ယင်းတို့သည် ထိုနေရာတွင် အခြေအမြစ်တွယ်ပြီး ၎င်းတို့၏စိတ်နှလုံးများကို ယင်းတို့၏နေအိမ်အဖြစ် ပြုလုပ်ပြီးဖြစ်သည်။ သင်တို့သည် မကြာခဏ မိမိကိုယ်ကို ကြည့်ရှုဆင်ခြင်၍ သင်တို့၏ ကိုယ်ပိုင်အတွေးများထဲ၌ရှိသော အရာများကို ခွဲခြမ်းစိတ်ဖြာရမည်။ သင်တို့အထဲမှ မည်သည့်အရာများက အသက်ရှင်မှုအတွက် ဒဿနအမြင်များ ဖြစ်သည်၊ မည်သည်တို့က အများကြိုက် ဆိုရိုးစကားများဖြစ်သည်၊ မည်သည်တို့က ရိုးရာထုံးတမ်းဓလေ့ဖြစ်ပြီး မည်သည်တို့က ဦးနှောက်အသိပညာမှ လာသည်ကို သိရမည်။ သင်တို့သည် ဤအရာများမှ မည်သည့်အရာကို မှန်ကန်ပြီး သမ္မာတရားနှင့်အညီ ဖြစ်သည်ဟု အမြဲတမ်း ယုံကြည်သည်၊ မည်သည့်အရာကို သမ္မာတရားသဖွယ် သင်လိုက်နာပြီးလျှင် မည်သည့်အရာကို သမ္မာတရားအား အစားထိုးခွင့်ပေးသည်ကို သိရပေမည်။ ဤအရာတို့မှာ သင်ခွဲခြမ်းစိတ်ဖြာရမည့် အရာများ ဖြစ်လေသည်။ အထူးသဖြင့် မှန်ကန်ပြီး တန်ဖိုးရှိသည်ဟု သင်ယုံကြည်သော အရာများကို သမ္မာတရားကဲ့သို့ သင်သဘောထားပေသည်။ ထိုသို့သောအရာများကို ဖော်ထုတ်ရန် မလွယ်ကူပေ။ သို့သော် ဖော်ထုတ်သည်နှင့်တစ်ပြိုင်နက် သင်သည် ကြီးမားသော အတားအဆီးတစ်ခုကို ထိုးဖောက်ကျော်လွှားပြီး ဖြစ်လိမ့်မည်။ ဤအရာများက လူတို့အား သမ္မာတရားကို လက်တွေ့ဖော်ဆောင်ခြင်းမှ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်သဘောပေါက်ခြင်းနှင့် ဘုရားသခင်ကို နာခံခြင်းမှ ဟန့်တားလေသည်။ အကယ်၍ သင်သည် စိတ်ရှုပ်ထွေးကာ လုပ်စရာမရှိဘဲ တစ်နေ့လုံး အချိန်ကုန်နေပါက၊ အကယ်၍ သင်သည် ဤအရာများကို ဆင်ခြင်သုံးသပ်ခြင်းမရှိသလို၊ ဤပြဿနာများကို ဖြေရှင်းခြင်း၌ အာရုံစိုက်ခြင်း မရှိပါက၊ ဤသည်မှာ သင်၏စိတ်ဓာတ်ကျဆင်းမှု၏ ဇာစ်မြစ်ဖြစ်သည်၊ ဤသည်မှာ အဆိပ်ဖြစ်သည် ယင်းတို့ကို မဖယ်ရှားလျှင်၊ သင်သည် ဘုရားသခင်နောက်သို့ အမှန်တကယ် လိုက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း၊ ဘုရားသခင်ကို နာခံနိုင်စွမ်းနှင့် ကယ်တင်ခြင်း ရရှိနိုင်စွမ်းတို့လည်း ရှိလိမ့်မည် မဟုတ်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘာသာတရား၌ ယုံကြည်မှုသည် ကယ်တင်ခြင်းသို့ မည်သည့်အခါတွင်မျှ ဆိုက်ရောက်စေမည်မဟုတ်”) ဒီနေရာမှာ နှုတ်ကပတ်တော်ကို ဆင်ခြင်ကြည့်တော့ ကျွန်မ လူ့အကြိုက်လိုက်တဲ့သူ ဖြစ်လာတာဟာ ကျွန်မရဲ့ စိတ်အတွင်းထဲမှာ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏” “မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုဖြစ်စေ၏” “ပွင့်လင်းခြင်းသည် အခြားသူများကို စိတ်အနှောင့်အယှက်ဖြစ်စေသဖြင့် အခြားသူများ၏ခံစားချက်များ၊ ဆင်ခြင်တုံတရားများနှင့် သဟဇာတဖြစ်ရန် ကောင်းသောစကားများကို ပြောပါ”လိုမျိုးအတွေးအခေါ်တွေ နဲ့ အလားတူ စာတန်နဲ့ဆိုင်တဲ့ ဒဿနတွေဟာ လွှမ်းမိုးထားလို့ ဖြစ်တယ်ဆိုတာကို သဘော ပေါက်ခဲ့တယ်။ ဒါတွေကို အမှီပြုပြီးအသက်ရှင် တာက ကျွန်မကို အင်မတန်တစ် ကိုယ်ကောင်းဆန်အောင် ကိုယ်ကျိုးပဲကြည့်အောင်စဉ်းလဲ ပြီး ဖောက်ပြန်အောင်လုပ်ခဲ့တယ် ကျွန်မပြောတဲ့လုပ်တဲ့အရာတိုင်း မှာ အဲဒီအရာဟာ ကျွန်မရဲ့ ကိုယ် ကျိုးကိုအကျိုးပြုမလားလို့ စဉ်းစားခဲ့တယ် ကျွန်မအစ်မလီယူရဲ့ ပြဿနာကို မြင်ခဲ့ပြီး အဲဒါကို ထောက်ပြချင် ခဲ့တယ် ဘုရားသခင်ရဲ့အလိုတော်အတိုင်း ပြုလုပ်ချင်ခဲ့ပြီး မျှတတဲ့ အသိရှိ တဲ့လူတစ်ယောက် ဖြစ်ချင်ခဲ့ တယ် ဒါပေမဲ့ မျက်နှာပျက်မှာကိုရှောင် ပြီး ကျွန်မတို့ခင်မင်မှုပျက်စီးသွား မှာကိုကြောက်ရင်း သူ့ရဲ့ အမှားတွေကို တည့်တည့်ထောက်ပြဖို့ သတ္တိကင်းမဲ့ရင်း အသင်းတော်အသက်တာ ဒုက္ခ ရောက်ချိန်မှာ သိသိကြီးနဲ့ ရပ်ကြည့်နေခဲ့တယ်။ ကိုယ့်ဘာသာကိုယ် ရုန်းကန်ပြီး လိပ်ပြာမလုံခဲ့တာတောင်မှ အသက်ရှင်ဖို့အတွက် ဒီဒဿန တွေက ကျွန်မကို ပိတ်မိစေပြီး ဘောင်ခတ်တုန်းပဲ နောက်ပြီး ကျွန်မက ဘယ်ရပ်တည်ချက်မျိုး ကိုမှ ခံယူမှာ မဟုတ်ဘူး တကယ်လို့ ဒီစာတန်နဲ့ဆိုင်တဲ့ အဆိပ်အတောက်တွေ အတိုင်း သာ အသက်ရှင်ရင် သမ္မာတရား ကို ဘယ်တော့မှ လက်တွေ့လုပ် ဆောင်နိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်မ သဘောပေါက်ခဲ့တယ် ဘာကြောင့်လဲဆိုတော့ ကျွန်မရဲ့ ချဉ်းကပ်မှုက တကယ့် အဓိက နေရာမှာ မှားခဲ့လို့ဖြစ်တယ်။ ဘုရားသခင်ရဲ့ အလိုတော်က ကျွန်မတို့ ရိုးသားတဲ့ လူတွေ ဖြစ်ဖို့ ကျွန်မတို့ရဲ့ ညီအစ်ကိုမောင်နှမ တွေကို ကူညီနိုင်ဖို့ တစ်ယောက်နဲ့ တစ်ယောက် အမှားထောက်ပြဖို့ ကျွန်မတို့အားလုံး သမ္မာတရားကို လိုက်စားနိုင်ပြီး ကျွန်မတို့ရဲ့ အသက်တာစိတ်သဘောထားမှာ ပြောင်းလဲမှုနဲ့ သန့်စင်မှုရဖို့ ဖြစ် တယ် ဒါပေမဲ့ ကျွန်မက ဒီစာတန်နဲ့ဆိုင် တဲ့ ရှုထောင့်တွေနဲ့ အမြင်တွေအ တိုင်း အသက်ရှင်ခဲ့ပြီး “မိတ်ဆွေကောင်းများ၏ အပြစ် များအပေါ် နှုတ်ဆိတ်နေပေးခြင်း သည် ကြာရှည်၍ကောင်းမွန် သော ခင်မင်မှုဖြစ်စေ၏” နဲ့ “ပွင့်လင်းခြင်းသည် အခြားသူ များကို စိတ်အနှောင့်အယှက် ဖြစ်စေသဖြင့် အခြားသူများ၏ ခံစားချက်များ၊ ဆင်ခြင်တုံတရား များနှင့် သဟဇာတဖြစ်ရန် ကောင်းသော စကားများကို ပြော ပါ” ဆိုတာတွေဟာ မှန်တယ်လို့ အမြဲယုံကြည်ခဲ့ပြီး အဲဒါတွေကို သမ္မာတရားအလား ထိန်းသိမ်းခဲ့တယ်။ တကယ်လို့ ကျွန်မ တခြားလူတွေ ရဲ့ ပြဿနာတွေကို တွေ့တဲ့အခါ မထောက်ပြခဲ့ရင် ဒါမှမဟုတ် အဲ ဒါတွေနဲ့ ပတ်သက်ပြီး မပြောခဲ့ ရင် တခြားလူတွေနဲ့ အဆင်ပြေ နိုင်တယ်လို့ ထင့်ခဲ့တယ် ကျွန်မဟာ လူကောင်းတစ် ယောက်လို့ ထင်ခဲ့တယ် ကျွန်မဟာ လုံးဝ အဓိပ္ပာယ်မရှိခဲ့ပါဘူး။ တကယ်လို့ ကျွန်မသာ သမ္မာ တရားကို လက်ကိုင်ပြုခဲ့ရင်၊ နှုတ် ကပတ်တော်အတိုင်း ရိုးသားတဲ့ လူတစ်ယောက်ဖြစ်အောင် လက် တွေ့လုပ်ဆောင်ခဲ့ပြီး ကျွန်မအစ်မရဲ့ ပြဿနာကို ဒီထက်စောစော ထောက်ပြခဲ့ရင် သူဟာ ဒီကိစ္စနဲ့ပတ်သက်လို့ စော စောသတိမူပြီး ဒါကို ပြောင်းလဲခဲ့ မှာပဲ ဒါဟာ သူ့ရဲ့ အသက်တာအတွက် အသုံးကျပြီး အသင်းတော် အသက်တာအတွက် အကျိုးပြု မှာ ဖြစ်တယ်။ ဒါဆို ကျွန်မဟာ ဘာလို့ ကျွန်မရဲ့ ကိုယ်ကျိုးကို ကာကွယ်ဖို့ ကြိုး စားပြီး သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်ခဲ့တာလဲ ဒီဟာက အသင်းတော်အသက် တာကို ဖျက်ဆီးရာမှာ အလိုတူ အလိုပါလုပ်ရင်း ကျွန်မကို စာတန်ရဲ့ ကြံရာပါ မဖြစ်စေဘူး လား ကျွန်မရဲ့ ကိုယ်ကျိုးကို ကာကွယ် တာဟာ ကောက်ကျစ်စဉ်းလဲမှု သက်သက်ပဲ။ လူ့အကြိုက်ဆောင်သူ တစ် ယောက်ရဲ့ အကျိုးဆက်ဟာ အသင်းတော်ရဲ့ အလုပ်ကို ဖျက် ဆီးပြီး နှောက်ယှက်နေတယ် ဆိုတာ နောက်ဆုံးမှာ ကျွန်မ သဘောပေါက်ခဲ့တယ် သမ္မာတရားကို လိုက်စားပြီး ရိုး သားတဲ့သူဖြစ်အောင် လက်တွေ့ လုပ်ဆောင်ခြင်းကသာ အပြုသဘောဆောင်တဲ့ လိုက်စား မှုဖြစ်ပြီး မှန်ကန်တဲ့ ခင်မင်မှုရှိဖို့ ကျွန်မတို့ရဲ့ ညီအစ်ကိုမောင်နှမ တွေကို ခွင့်ပြုတယ် နောက်ပြီး ဘုရားသခင်ရဲ့ အလို တော်နဲ့ ကိုက်ညီတယ်။

လူ့အကြိုက်ဆောင်တဲ့ သူတွေ ဟာ အမှန်တကယ် ကောင်းတဲ့သူ တွေ မဟုတ်ဘူး ဆိုတာ နားလည် ဖို့ ကျွန်မကို ကူညီပြီး တစ်ကိုယ်ကောင်းဆန်ခြင်းနဲ့ ဖောက်ပြန်ခြင်းနဲ့ ပတ်သက်တဲ့ ကျွန်မရဲ့ ကိုယ်ပိုင်စာတန်နဲ့ဆိုင်တဲ့ စိတ်သဘောထားတွေ အ ကြောင်း နားလည်မှု အချို့ကို ကျွန်မကိုပေးတဲ့ ဘုရားသခင်ရဲ့ ဉာဏ်အလင်းနဲ့ လမ်းညွှန်မှုအတွက် ကျွန်မ ကျေး ဇူးတင်ပါတယ် သမ္မာတရားကို လက်တွေ့လုပ် ဆောင်ခြင်းနဲ့ ရိုးသားတဲ့ လူတစ် ယောက်ဖြစ်ခြင်းက ငြိမ်းချမ်းစေ မယ့်၊ သောကကင်းစေမယ့် တစ် ခုတည်းသော နည်းလမ်းဆိုတာ ကို ကျွန်မကိုယ်တိုင် တွေ့ကြုံခဲ့ တယ် အနာဂတ်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနဲ့ ဘုရားသခင်ကို ကျေနပ်စေတဲ့ ရိုးသားတဲ့ လူတစ်ယောက်ဖြစ် ခြင်း အပေါ်မှာ ကျွန်မ အာရုံစိုက် မှာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သင့်ကိုယ်သင် အမှန်တကယ် သိရန် မလွယ်ကူပေ

ဇန်ယူရီ၊ ဟန်ဂျိုးမြို့၊ ဂျယ်ဂျန်းမြို့နယ် ဘုရားသခင်သည် ရိုးသားသော သူများကို နှစ်သက်တော်မူပြီး၊ လှည့်ဖြားတတ်သောသူများကို မုန်းတီးကြောင်း၊...

အသင်းတော်အလုပ်ကို ကာကွယ်ခြင်းက ကျွန်မ၏ တာဝန်ဖြစ်သည်

ယီးရွှင် ဂျပန်နိုင်ငံ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ အသင်းတော်က ခေါင်းဆောင်သစ်ရွေးကောက်ဖို့ လိုအပ်ခဲ့တယ်။ တစ်နေ့မှာ၊ ခေါင်းဆောင်တွေက၊...

အခက်အခဲများက ကျွန်ုပ်၏တာဝန်ကို ကျွန်ုပ်ထမ်းဆောင်ခြင်းအား မတားဆီးနိုင်

ယန်ဖင်း တရုတ်နိုင်ငံ အသင်းတော် ခေါင်းဆောင်အနေနဲ့ အရွေးခံလိုက်ရတဲ့နောက်မှာပဲ ဒီအရာ ဖြစ်ခဲ့တာ မှတ်မိတယ်။ အဲဒီကာလ အတောအတွင်းမှာ၊ စီစီပီက...

ဒီလေ့လာသင်ယူမှုတွေကို ကျွန်တော် ဆက်မလုပ်တော့ပါဘူး

သီဝေ အိန္ဒိယနိုင်ငံ ကျွန်တော်က ခရစ်ယာန်မိသားစုတစ်ခုမှာ မွေးခဲ့တာပါ။ မိဘတွေက လယ်သမားတွေ။ ကျွန်တော်တို့မိသားစုက စပါးနဲ့ ဟင်းသီးဟင်းရွက်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။