တာဝန်ကို ကောင်းစွာလုပ်ဆောင်ရန် စည်းမျဉ်းများကို စွဲမြဲလော့

23.01.2022

ရွီနော့ တရုတ်နိုင်ငံ

၂၀၁၉ ခုနှစ် ဩဂုတ်လမှာ ဖြစ်ခဲ့တာ။ အသင်းတော်တစ်ခုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ အစ်မလင်းက နုတ်ထွက်စာရေးခဲ့ပြီး ကျွန်မရဲ့ ခေါင်းဆောင်က ကျွန်မ ဒီအသင်းတော်ကို လာပြီးစုံစမ်းစစ်ဆေးရအောင် စီစဉ်ပေးခဲ့တယ်။ အစ်မလင်းက တကယ်ကို လက်တွေ့အလုပ်မလုပ်နိုင်ရင်၊ သူ အထုတ်ခံရမှာဖြစ်ပြီး လူသစ်ရွေးရမှာပါ။ ကျွန်မ ရောက်ပြီးတဲ့နောက်၊ အဲဒီက သင်းထောက်တွေက အစ်မလင်းရဲ့ အခြေအနေတွေကို ပြောပြတယ်။ သူတို့ ပြောတာက၊ “အသင်းတော်ကို ဦးဆောင်ဖို့ အစ်မလင်း အရွေးခံခဲ့ရကတည်းကနေ နှစ်လအကြာမှာ၊ တစ်ခုခုက သူ့မိသားစု အကျိုးစီးပွား၊ ဒါမှမဟုတ် ကိုယ်ရေးကိုယ်တာ ကိစ္စပါဝင်ပတ်သက်တဲ့အခါ၊ အသင်းတော် အလုပ်ကို ဘေးဖယ်ပြီး၊ အားလုံးကို ကိုင်တွယ်ဖြေရှင်းဖို့ သူ့အဖော်နဲ့ ထားခဲ့တယ်။ ဒါကြောင့် သူ့အဖော်ရဲ့ အလုပ်ပမာဏက များသွားပြီး ကိစ္စတွေကို ကောင်းကောင်းမွန်မွန် လုပ်ဖို့ မဖြစ်နိုင်တော့ဘူး။ အထူးသဖြင့် အရေးပေါ် ကိစ္စတွေမှာ၊ သူ အချိန်မီ မကိုင်တွယ်ဘူး။ သူ့အဖော်က အရမ်းကို ဖိအားများပြီး နည်းနည်း အပျက်သဘောဆောင်လာတယ်။ အထက်ခေါင်းဆောင်တွေက အစ်မလင်းကို အကူအညီနဲ့ အထောက်အပံ့ အကြိမ်ပေါင်းများစွာ ပေးခဲ့ပေမဲ့၊ သူ တိုးတက်အောင် မလုပ်နိုင်ခဲ့ဘူး။ အစည်းအဝေးတွေမှာ ဘုရားနှုတ်ကပတ်တော်အပေါ် သူ့ရဲ့ မိတ်သဟာယမှာ အစ်မလင်းက ဉာဏ်အလင်းပေးမှုလည်း မရှိဘူး။ ဒီတော့ ကျွန်မတို့ ညီအစ်ကို မောင်နှမတွေက အထောက်အပံ့ မဲ့ကြသလို၊ တချို့က အစည်းအဝေး လာဖို့ ဝန်လေးနေကြတယ်။ ညီအစ်ကို မောင်နှမတွေရဲ့ တကယ့်ပြဿနာတွေကို အစ်မလင်းက ဖြေရှင်းမပေးနိုင်လို့၊ သူတို့ကို တွေ့ရဖို့ သူကြောက်နေသလို လာလည်း မလာချင်ဘူး။ ညီအစ်ကို မောင်နှမတွေမှာ အခြေအနေတွေ၊ အခက်အခဲတွေ ရှိတဲ့အခါ၊ ကူညီဖို့ သမ္မာတရားအပေါ် မိတ်သဟာယ မပြုနိုင်ဘူး၊ အယူဝါဒ စကားတွေနဲ့ပဲ အားပေးတယ်၊ ဒါမှမဟုတ် ကိစ္စတွေကို ဖြေရှင်းဖို့ သူ့ကိုယ်ပိုင် နည်းလမ်းတွေ၊ လောကီ အတွေးအခေါ်တွေကို သုံးတယ်။ နာမကျန်းဖြစ်လို့ အပျက်သဘောဆောင်တဲ့ အခြေအနေမှာ သူတို့ရှိတဲ့အခါ၊ ဘယ်ဆရာဝန်တွေကို သွားပြရမယ်၊ ပြီးတော့ ဘယ်ကျန်းမာရေး ထုတ်ကုန်တွေကို သုံးဆောင်ရမယ်ဆိုတာပဲ ပြောတယ်။ ဒါပေမဲ့ ဘုရားရှေ့ကို သွားဖို့၊ ဘုရားအလိုတော်ကို ရှာဖို့နဲ့ သင်ခန်းစာတွေ ယူဖို့ ဦးဆောင်လမ်းပြတာ မလုပ်ဘူး။ ပြီးတော့ အစည်းအဝေးတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေအကြောင်း လူတချို့ ဆွေးနွေးတဲ့အခါ၊ သူတို့ကို ဖော်ထုတ်၊ တားဆီးဖို့ အစ်မလင်းက ချင့်ချိန်နိုင်စွမ်း မရှိရုံမက၊ တကယ်တမ်းမှာ သူကပါ ဝင်ပါပြီး ညီအစ်ကို မောင်နှမတွေကိုလည်း အဲဒီအတိုင်းလုပ်ဖို့ ဖိတ်ခေါ်လိုက်သေးတယ်။ သူ့ကို သမ္မာတရား လိုက်စားတာနဲ့ တာဝန်တွေ ဖြည့်ဆည်းတာတွေအပေါ် အာရုံစိုက်ဖို့ ညီအစ်ကို မောင်နှမတချို့က အကြိမ်ပေါင်းများစွာ သတိပေးခဲ့ပေမဲ့၊ ငွေမက်တယ်လို့ သူ့ရဲ့ ညီအစ်ကို မောင်နှမတွေ ပြောမှာကို ကြောက်လို့ သူက တိတ်တဆိတ် ရင်းနှီးမြှုပ်နှံခဲ့ပြီး၊ ၄သိန်း ကျော် ဆုံးရှုံးသွားခဲ့တယ်၊ အဲဒါက သူ့ကို သူ့ရဲ့ တာဝန်တွေမှာ ပိုလို့တောင် အာရုံပျက်စေခဲ့တယ်”တဲ့။ အစ်မလင်းက သူ့တာဝန်တွေကို လျစ်လျူရှုနေသလို၊ လက်တွေ့ကျတဲ့ အလုပ်ကို လုပ်မနေခဲ့ဘူး၊ ဒီတော့ အဲဒီက အသင်းတော် အသက်တာဟာ မထိရောက်ခဲ့သလို၊ ညီအစ်ကို မောင်နှမတွေက အပျက်သဘောဆောင်ပြီး အားနည်းကြတယ်။

အခြေအနေအပေါ် သူတို့ သတင်းပို့တာ ကြားပြီးတဲ့နောက်မှာ၊ ကျွန်မ တွေးမိတယ်။ “အစ်မလင်းက သမ္မာတရားကို မလိုက်စားဘူး၊ လက်တွေ့အလုပ် မလုပ်ဘူး၊ ပြီးတော့ ကိစ္စတွေအပေါ် သူ့အမြင်တွေက မယုံကြည်သူတစ်ယောက်လိုပဲ။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ဒီလိုနဲ့ သူ မရနိုင်ဘူး။ သူ ဘယ်လိုဖြစ်ပြီး အသင်းတော်ကို အဲဒီလို ဦးဆောင်နိုင်တာလဲ။ သူ့ရဲ့ နှုတ်ထွက်စာ မပါဘဲနဲ့တောင်၊ သူ့အပြုအမူအတွက် အယောင်ဆောင် ခေါင်းဆောင်အနေနဲ့ အထုတ်ခံရမှာပဲ”လို့ပေါ့။ ဒီတော့ တစ်ယောက်ယောက်မှာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ် ရှိမရှိ သိမြင်ဖို့ စည်းမျဉ်းတွေကို ရှာခဲ့ပြီး အဲဒါရယ်၊ သူ့ အပြုအမူရယ်အပေါ် အခြေခံပြီး ကျွန်မ မိတ်သဟာယပြုပေးခဲ့တယ်။ ကျွန်မ ပြီးသွားတော့၊ သင်းထောက် တော်တော်များများက လက်ခံမှုနဲ့ ခေါင်းညိတ်ကြပြီး၊ အစ်မလင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ် မရှိဘူးလို့ ပြောကြတယ်။ ဒါပေမဲ့ အစ်မလင်းကို သူ့တာဝန်ကနေ ထုတ်ပယ်ဖို့အကြောင်းနဲ့ပတ်သက်လို့ ကျွန်မ ပြောတဲ့အခါ၊ ဒီသင်းထောက်တွေ ပြောတာက၊ အစ်မလင်းမှာ လူ့သဘာဝကောင်းရှိတယ်၊ “ဘာအခက်အခဲအတွက်မဆို ညီအစ်ကို မောင်နှမတွေကို သူ တတ်နိုင်သမျှ ကူညီသလို၊ ဖော်ရွေပြီး မဟန်ဆောင်တတ်ဘူး”တဲ့။ သူ့မှာ အစွမ်းအစကောင်းရှိတယ်၊ လိမ္မာပါးနပ်တယ်၊ ဘုရားနှုတ်ကပတ်တော်ကို မြန်မြန် လက်ခံနိုင်ပြီး၊ သူ့ညီအစ်ကို မောင်နှမတွေမှာ ဘာပြဿနာပဲရှိရှိ၊ သူတို့ကို နှစ်သိမ့်ပေးနိုင်တယ်လို့လည်း ပြောကြတယ်။ သူ အထုတ်ခံလိုက်ရရင်၊ အသင်းတော်က တခြားသင့်တော်တဲ့ ခေါင်းဆောင်ကို တွေ့နိုင်မှာ မဟုတ်ဘူးတဲ့။ သင်းထောက်တွေထဲက တစ်ယောက်ကလည်း ပြောတယ်၊ “အစ်မလင်းက ယာယီ အခြေအနေဆိုးမှာ ရှိတာပဲ ဖြစ်မှာပါ။ အရင်ဆုံး သူနဲ့ မိတ်သဟာယပြုပြီး ကူညီဖို့ ကြိုးစားရအောင်”တဲ့။ တခြား သင်းထောက်အားလုံးနီးပါးက သဘောတူကြတယ်။ တိုတိုပြောရရင်၊ အစ်လင်းကို ထုတ်ပယ်မှာကို သူတို့ လက်မခံကြတာ။ အချိန်ကာလ အကြာကြီး သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို မရရှိသလို လက်တွေ့အလုပ် သူတို့ မလုပ်နိုင်ရင်၊ ခေါင်းဆောင်တွေနဲ့ အမှုတော်ဆောင်တွေဟာ အစားထိုးခံရသင့်တယ်လေ။ သူတို့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကင်းမဲ့ပြီး ကျွန်မတို့က သူတို့ကို ထိန်းသိမ်းထားရင်၊ ဘုရားလိုချင်တာကို ကျွန်မတို့ ဆန့်ကျင်နေတာ မဟုတ်လား။ ဒီသင်းထောက်တွေက လူတွေရဲ့ ဇာတိပကတိအတွက် အစ်မလင်း ဂရုစိုက်နိုင်တာ၊ ပြီးတော့ အတိုင်းအတာတစ်ခု သူ ချစ်ခင်တတ်ပြီး ချက်ချာပါးနပ်ပြီး အစွမ်းအစ တချို့ရှိတာကိုပဲ မြင်ပေမဲ့၊ သူက သမ္မာတရား လိုက်စားတဲ့သူ တစ်ယောက် ဟုတ်မဟုတ်၊ လက်တွေ့အလုပ်ကို သူ လုပ်နိုင်ခြင်း ရှိမရှိဆိုတာကို မမြင်နိုင်တော့ဘူး။ လူတွေကို ရွေးချယ်ဖို့ ဘုရားအိမ်တော်ရဲ့ စံနှုန်းတွေကို သူတို့ သုံးမနေခဲ့ကြဘူး။ အစ်မလင်းက သမ္မာတရားကို မလိုက်စားခဲ့သလို၊ မယုံကြည်သူတွေရဲ့ အမြင်တွေအတိုင်းကို အမြင်တွေ ရှိခဲ့တဲ့ လူတစ်ယောက် ဖြစ်ခဲ့တာ သိသာတယ်။ ကိစ္စတွေ ဖြစ်ပျက်တဲ့အခါ သမ္မာတရားအပေါ် သူ မိတ်သဟာယ မပြုခဲ့သလို၊ ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုနဲ့ဆိုင်တဲ့ လက်တွေ့ကျတဲ့ ပြဿနာတွေကို လုံးဝ မဖြေရှင်းနိုင်ခဲ့ဘူး။ သူဟာ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်လို ထုတ်ဖော်ခံခဲ့ရတယ်။ သူ့တာဝန်တွေမှာ သူ ဆက်ရှိခဲ့ရင်၊ အသင်းတော် အလုပ်ကို ဟန့်တား၊ နှောင့်ယှက်ရုံပဲ ဖြစ်မှာဖြစ်ပြီး၊ သူ့ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို တားဆီးနေမိမှာပဲ။

ကျွန်မရဲ့ မိတ်သဟာယအပြီးမှာ၊ သင်းထောက်တွေအားလုံး နှုတ်ဆိတ်သွားကြပေမဲ့၊ သူ့ကို ထုတ်ပယ်တာနဲ့ ပတ်သက်လို့ သူတို့ သဘောမတူကြသေးတာ မြင်ရတယ်။ ကျွန်မတွေးမိတယ်၊ “ဒီမှာ ငါ့အမြင်ကို မရမကပြောပြီး၊ သမ္မာတရားနဲ့ အစ်မလင်းကို သိမြင်ခြင်းအပေါ် ဆက်မိတ်သဟာယပြုနေရင်၊ ဒီသင်းထောက်တွေက ငါ မာနထောင်လွှားလွန်းပြီး တစ်ဖက်သတ်ဆန်သလို၊ တခြားလူတွေရဲ့ ထင်မြင်ချက်တွေကို လက်မခံဘူးလို့ ပြောကြမလား”ပေါ့။ ခုလေးတင် ရောက်ပြီး ဒီသင်းထောက်တွေနဲ့ ကျွန်မရဲ့ ဆက်ဆံရေးကို ဖျက်ဆီးမိရင် ကျွန်မရဲ့ ကျန်တဲ့အလုပ်က ပိုခက်သွားမှာလည်း စိုးရိမ်မိတယ်။ ဒါကို တွေးမိတဲ့အခါ၊ အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ဆိုင်တဲ့ စည်းမျဉ်းတွေအပေါ် သင်းထောက်တွေနဲ့ ကျွန်မ မိတ်သဟာယပြုတာ ရပ်လိုက်ပြီး၊ ကိုယ့်အထက်က ခေါင်းဆောင်တွေဆီ အသင်းတော်ရဲ့ အခြေအနေကို အကြောင်းကြားလိုက်တယ်။ ကျွန်မ တွေးမိတာက၊ “ငါ့အမြင်နဲ့ပတ်သက်လို့ ခေါင်းဆောင်တွေ သဘောတူရင်၊ အစ်မလင်းကို ထုတ်မယ်၊ ပြီးတော့ အဲဒီသင်းထောက်တွေက ငါ့အပေါ် မကောင်းမြင်မှာ မဟုတ်တော့ဘူး”လို့ပေါ့။ အဲဒီနောက်မှာ၊ အစ်မလင်းအပေါ် သူတို့ရဲ့ အမြင်တွေကို သိရဖို့ အဲဒီအသင်းတော်က တခြားညီအစ်မတွေဆီ ကျွန်မ သွားခဲ့ပေမဲ့၊ ဒီညီအစ်မတွေလည်း သူ့အပေါ် ချင့်ချိန်နိုင်စွမ်း မရှိတာကို တွေ့လိုက်ရတယ်။ သူတို့အားလုံးက သူဟာ ချစ်ခင်တတ်တယ်၊ သူတို့ အခက်အခဲတွေကို နားလည်ပြီး လိမ္မာပါးနပ်သလို အစွမ်းအစရှိတယ်ဆိုပြီး သူ့ကို အကောင်းပဲ ပြောကြတယ်။ သူတို့အမြင်တွေက သင်းထောက်တွေနဲ့ အတူတူပဲ။ ဒါကို မြင်တော့၊ အစ်မလင်းကို သိမြင်ဖို့ သမ္မာတရားအပေါ် ကျွန်မ မိတ်သဟာယ မပြုရဲတော့ဘူး။ ကျွန်မက မာနထောင်လွှားတယ်၊ ကိုယ့်ဘာသာ ကြီးကျယ်ပြီး တခြားလူတွေရဲ့ အမြင်ကို လျစ်လျူရှုတယ်လို့ ပြောမှာနဲ့ ကျွန်မအပေါ် မကောင်းမြင်မှာ ကြောက်ခဲ့တယ်။ ဒါကြောင့် အဖြေပါလာမယ့် ကျွန်မခေါင်းဆောင်ရဲ့ စာကိုပဲ စောင့်လိုက်တယ်။ အဲဒီလိုနဲ့၊ အစ်မလင်းကို ထုတ်ပယ်တဲ့ ကိစ္စနဲ့ပတ်သက်လို့ ကျွန်မ ဝန်မပိတော့ဘူး။ ဒီညီအစ်ကို မောင်နှမတွေက သမ္မာတရား ကင်းမဲ့ပြီး မချင့်ချိန်နိုင်ဘူးလို့ ရှင်းရှင်းလင်းလင်း မြင်ပေမဲ့၊ သူတို့နဲ့ မိတ်သဟာယပြုဖို့ ဆန္ဒမရှိခဲ့ဘူး။ အဲဒီရက်အတောအတွင်းမှာ၊ ဝိညာဉ်ရေးရာ မှောင်မိုက်မှုကို ခံစားရပြီး ဘုရားရဲ့ မျက်မှောက်တော်ကို မခံစားခဲ့ရဘူး။ ကျွန်မရဲ့ အခြေအနေက မမှန်မှန်း သဘောပေါက်ခဲ့တယ်၊ ဒါကြောင့် ကျွန်မရဲ့ အခြေအနေကို သိနိုင်အောင် ဘုရားရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြမှုကို တောင်းလျှောက်ဖို့ သူ့ရှေ့ကို သွားဆုတောင်းခဲ့တယ်။ ရက်နည်းနည်း ကြာပြီးတဲ့နောက်၊ ကျွန်မရဲ့ ခေါင်းဆောင်က ကျွန်မနဲ့တွေ့ခွင့်တောင်းတယ်။ ဘုရားနှုတ်ကပတ်တော် ဆောင်းပါးတစ်ပုဒ်ရဲ့ စာတစ်ပိုဒ်ကို ကျွန်မတို့ ဖတ်ခဲ့ကြတယ်— “ဘုရားသခင်ကို ယုံကြည်ခြင်းတွင် အရေးကြီးဆုံးအပိုင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်” တဲ့။ “မည်သည့်တာဝန်ဖြစ်ပါစေ၊ ဘုရားအိမ်တော်တွင် သင်ထမ်းဆောင်သည့် တာဝန်တိုင်းအတွက် အခြေခံသဘောတရားကို သင်နားလည်ရမည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းက အခြေခံသဘောတရားအတိုင်း ပြုမူဆောင်ရွက်ခြင်းကို ဆိုလိုသည်။ တစ်စုံတစ်ခုသည် သင့်အဖို့ မရှင်းလင်းပါက၊ အဘယ်အရာသည် လုပ်ဆောင်ဖို့ သင့်တော်သည့်အရာမှန်း မသေချာပါက၊ အများသဘောဆန္ဒကို ရရှိဖို့ မိတ်သဟာယကို အသုံးပြုပါ။ အသင်းတော်၏အလုပ်နှင့် ညီအစ်ကိုမောင်နှမတို့ကို အကျိုးအရှိစေဆုံး ဖြစ်သည့်အရာကို ဆုံးဖြတ်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ယင်းကို လုပ်ဆောင်လော့။ စည်းမျဉ်းများအားဖြင့် အချည်နှောင်မခံနှင့်၊ အချိန်မဆွဲနှင့်၊ မစောင့်ဆိုင်းနှင့်၊ မတုန်မလှုပ် စောင့်ကြည့်သူ မဖြစ်စေနှင့်။ သင်သည် မတုန်မလှုပ်စောင့်ကြည့်သူတစ်ဦးသာ အစဉ်ဖြစ်ပါက— တစ်စုံတစ်ဦး ဆုံးဖြတ်ချက်ချသည့်အခါ သင်၏ထင်မြင်ချက်ကို ထပ်ဆောင်းပေးခြင်းနှင့် အချိန်ဆွဲနေပြီး ထိုသူက မဆုံးဖြတ်သေးသည့်အခါ စောင့်ဆိုင်းခြင်း— သင်လုပ်သမျှ မည်သည့်အလုပ်ကိုမဆို ပျက်စီးစေခြင်းဖြင့် အဆုံးသတ်ရလိမ့်မည်။ သင့်အတွက် ရှင်းလင်းသည့်အရာများအတွက်၊ ဤသည်မှာ လုပ်ဆောင်ဖို့ သင့်တော်သည့်အရာ ဖြစ်သည်ဟုလည်းကောင်း၊ ဤနည်းလမ်းဖြင့် သင်လုပ်ဆောင်သင့်သည်ဟုလည်းကောင်း၊ ပြီးလျှင် ဘုရားသခင်က သင့်အား ဤနည်းလမ်းဖြင့် လုပ်ဆောင်ဖို့ လမ်းပြသည်ဟုလည်းကောင်း လူတိုင်းက ပြောလျှင်၊ ဤသည်မှာ သင်လုပ်ဆောင်သင့်သည့်နည်းလမ်းဖြစ်သည်— တာဝန်ယူဖို့ကိုဖြစ်စေ၊ အခြားသူများအား စိတ်အနှောင့်အယှက်ဖြစ်စေမည်ကိုဖြစ်စေ၊ မည်သည့်အကျိုးဆက်များ ဖြစ်နိုင်သည်ကို ဖြစ်စေ မကြောက်နှင့်။ လူများက စဉ်းလဲပြီး မရိုးသားသည့်အခါ ဘုရားသခင်မြင်သည်၊ သူစောင့်ကြည့်နေသည်။ သင်တွေးသမျှ၊ သမ္မာတရားအတိုင်း သင်မပြုမူသည့်အခါတိုင်း၊ သင်၌ ဆက်ကပ်မှုမရှိသည့်အခါ၊ တစ်ချိန်ချိန်တွင် သင်၏ကိုယ်ပိုင် ညစ်ညမ်းမှုဖြစ်ခြင်း ရှိသည့်အခါ၊ ပြီးလျှင် သင်၏ကိုယ်ပိုင်အတွေးများနှင့် အကြံဉာဏ်များရှိသည့်အခါ၊ ဘုရားသခင်သည် စောင့်ကြည့်နေပြီး သူသိသည်၊ နောက်တစ်ကြိမ် သင်တစ်စုံတစ်ခုကို ပြုလုပ်သည့်အခါ၊ သင့်နံဘေးတွင် သူရှိလိမ့်မည် မဟုတ်ချေ။ အဘယ့်ကြောင့်မရှိသနည်း။ အကြောင်းမှာ သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်ထံမှ သင့်အား ကွဲကွာစေသည့် အရာများ အစဉ်ရှိနေသောကြောင့်ဖြစ်သည်။ ဤအရာများကား အဘယ်နည်း။ သင်၏ကိုယ်ပိုင်အတွေး၊ သင်၏ကိုယ်ပိုင် မာန်မာနနှင့် စိတ်ဝင်စားမှုများ၊ ပြီးလျှင် သင်၏ကိုယ်ပိုင် သဘောထား သေးသိမ်မှုတို့ဖြစ်သည်။ လူများ၏စိတ်နှလုံးထဲတွင် ဘုရားသခင်ထံမှ ၎င်းတို့ကို ကွဲကွာစေသည့်အရာများ ရှိနေပြီး ၎င်းတို့သည် ဤအရာများဖြင့် အစဉ် အလုပ်ရှုပ်နေသည့်အခါ၊ ဤသည်မှာ ပြဿနာဖြစ်သည်။ သင်၌ ညံ့ဖျင်းသော အစွမ်းအစနှင့် မစို့မပို့ အတွေ့အကြုံသာ ရှိသော်လည်း၊ သမ္မာတရားကို လိုက်စားလိုပြီး ဘုရားသခင်နှင့်အမြဲ တစ်စိတ်တစ်ဝမ်းတည်းဖြစ်ပါက၊ သေးသိမ်သော လှည့်ကွက်များ မလုပ်ဆောင်ဘဲ၊ သင့်ကို ဘုရားပေးအပ်ထားသည့် အရာကို သင်အစွမ်းကုန် ဆောင်ရွက်နိုင်ပါက၊ ဤအရာကို ဘုရားသခင် မြင်လိမ့်မည်။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ကို အစဉ် ပိုင်းကန့်ထားပါက၊ သင်သည် သေးသိမ်သော အတွေးများ အစဉ်သိုထားပါက၊ သင်၏ကိုယ်ပိုင်အကျိုးစီးပွားနှင့် မာန်မာနတို့အတွက် အစဉ် အသက်ရှင်ပါက၊ ဤအရာများကို သင်၏စိတ်နှလုံးထဲတွင် အစဉ်တွက်ချက်နေပါက၊ ယင်းတို့ကို စိတ်စွဲနေပါက၊ ဘုရားသခင်သည် သင်နှင့်ပတ်သက်၍ ကျေနပ်အားရမည် မဟုတ်သကဲ့သို့၊ သင်လုပ်ဆောင်သည့်အရာ အများစုတွင် အရှုပ်အထွေး ဖြစ်စေလိမ့်မည်။ ယင်းမှာ သင်သည် အသုံးပြုဖို့ မလွယ်ကူသောကြောင့် ဖြစ်သည်။ သင်သည် ဆက်ကပ်မှုမရှိ၊ သမ္မာတရားကို မချစ်ပေ၊ သင်သည် ဘုရားသခင်ကို အစဉ်လှည့်စားနေကာ၊ ဘုရားအိမ်တော်အတွက် အမှုအရာများကို သင်ကိုင်တွယ်ရာတွင် မရိုးသားပေ။ သင်၏စိတ်နှလုံးသည် ရိုးသားသည့် စိတ်နှလုံးမဟုတ်ပေ။ သင်၏ စိတ်နှလုံးတစ်ခုလုံးကို သင်မပေးထားပေ၊ သင်၏စိတ်နှလုံးတစ်ခုလုံးကို မထည့်ထားဘဲ၊ သင်သည် အနည်းငယ်သာ အားစိုက်ထုတ်သည်။ ဤသည်မှာ အလုပ်ဖြစ်မည်မဟုတ်။ ဘုရားသခင်သည် လူတို့စိတ်နှလုံးများကို စောင့်ကြည့်သည်။ သင် နောင်တမရလျှင်၊ အသက်ထဲသို့ ဝင်ရောက်ရမည် မဟုတ်သကဲ့သို့၊ သင်၏အသက်တာသည် မည်သည့်အခါမျှ ကြီးထွားလိမ့်မည် မဟုတ်သောကြောင့်၊ သင်သည် ဘုရားသခင်၏ထောက်ခံမှုကို ရလိမ့်မည် မဟုတ်ပေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ သိလိုက်ရတာက၊ ဘုရားအိမ်တော်ရဲ့ တာဝန်တွေထဲက အရာရာတိုင်းကို သမ္မာတရားရဲ့ စည်းမျဉ်းတွေပေါ် အခြေခံသင့်တယ်ဆိုတာပဲ။ ကျွန်မတို့ ရှင်းရှင်းလင်းလင်း မမြင်နိုင်တဲ့ ကိစ္စတွေမှာ၊ ကျွန်မတို့ ဆွေးနွေးလို့ရတယ်၊ အများသဘောကို ရယူပြီး အသင်းတော်အလုပ်ကို အကျိုးအပြုဆုံးဖြစ်တဲ့ ဘယ်အရာကိုမဆို လုပ်လို့ရတယ်။ ရှင်းရှင်းလင်းလင်း မြင်နိုင်တဲ့ ကိစ္စတွေမှာတော့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားအလိုတော်ကို ထောက်ထားဖို့ စည်းမျဉ်းတွေအတိုင်း ဆောင်ရွက်ဖို့လိုတယ်။ ဒါပေမဲ့ ကျွန်မတို့က ရိုးသားတဲ့ စိတ်နှလုံးမရှိရင်၊ ဘုရားရှေ့မှာ လှည့်စားပြီး၊ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ကြိုးစားရင်၊ သမ္မာတရားကို နားလည်ပေမဲ့ လက်တွေ့မလုပ်ဆောင်သလို၊ ဘုရားကို သစ္စာစောင့်သိမှု၊ အရေးထားမှု မပြရင်၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ဘယ်တော့မှ ရမှာမဟုတ်သလို၊ ကျွန်မတို့ တာဝန်တွေမှာ ဘုရားရဲ့ ကောင်းချီးကို ဘယ်တော့မှ ရမှာမဟုတ်ဘူး။ အစ်မလင်းရဲ့ အခြေအနေကို သင်းထောက်တွေ သတင်းပို့တာကို နားထောင်နေတာနဲ့အမျှ အစ်မလင်းက သမ္မာတရားကို လိုက်စားတဲ့သူတစ်ယောက် မဟုတ်တာ၊ လက်တွေ့အလုပ်ကို လုံးဝ မလုပ်ဆောင်သလို၊ လူစားထိုးဖို့ လိုတဲ့ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက် ဖြစ်မှန်း သိခဲ့ပေမဲ့၊ သင်းထောက်တွေ သဘောမတူမှာကို မြင်တော့၊ ကျွန်မ မာနထောင်လွှားပြီး ကိုယ့်ဘာသာ ကြီးကျယ်တယ်လို့ပြောမှာ စိုးခဲ့တယ်၊ ဒါကြောင့် သမ္မာတရားရဲ့ စည်းမျဉ်းတွေကို မထိန်းသိမ်းရဲခဲ့သလို၊ အယောင်ဆောင် ခေါင်းဆောင်တွေကို သိမြင်တာနဲ့ဆိုင်တဲ့ သမ္မာတရားအကြောင်း သူတို့နဲ့ မိတ်သဟာယ မပြုချင်ခဲ့ဘူး။ ကျွန်မရဲ့ ခေါင်းဆောင်ဆီ တိုင်ကြားဖို့ စာတစ်စောင် ရေးတော့၊ အပြင်ပန်းမှာ ကျွန်မက ကိုယ့်တာဝန်တွေနဲ့ ပတ်သက်လို့ အလေးအနက်ထားခဲ့ပေမဲ့၊ တကယ်တော့ ရှေ့ဆက်လှမ်းဖို့ ကျွန်မ တွန့်ဆုတ်နေခဲ့တာပါ။ ဘာလို့လဲဆိုတော့ ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေက ကျွန်မကို မကောင်းမြင်မှာ ကြောက်ခဲ့လို့ပဲ။ ကျွန်မတာဝန်မှာ၊ ကိုယ့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ စဉ်းစားခဲ့တယ်၊ အဲဒီအတွက် အသင်းတော် အလုပ်ကို နှောင့်ယှက်နေပြီး ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို ဟန့်တားနေတဲ့ အယောင်ဆောင်ခေါင်းဆောင်ကို သည်းခံခဲ့တယ်။ ကျွန်မ တကယ်ကို တစ်ကိုယ်ကောင်းဆန်တယ်၊ စက်ဆုပ်စရာဖြစ်ပြီး ဉာဏ်များမှန်း တွေ့ရတယ်။ ဘုရားက လူတွေရဲ့ နှလုံးနဲ့ စိတ်တွေကို စစ်ဆေးပြီး၊ ကျွန်မရဲ့ အတွေးတွေက တခြားလူတွေကို လှည့်ဖြားနိုင်ပေမဲ့ ဘုရားကိုတော့ မရဘူး။ အဲဒီအချိန်အတောအတွင်းမှာ၊ ကျွန်မရဲ့ စိတ်ဝိညာဉ်က မှောင်မိုက်ပြီး ဘုရားရဲ့ မျက်မှောက်တော်ကို မခံစားနိုင်ခဲ့ဘူး။ ဒါက ကျွန်မအတွက် တကယ်ကို ဘုရားရဲ့ ဖြောင့်မတ်တဲ့ ပြစ်တင်ဆုံးမခြင်းဖြစ်ခဲ့တယ်။

အဲဒီအချိန်မှာပဲ၊ အသင်းတော်တစ်ခုမှာ အန္တိခရစ်တစ်ယောက် မကောင်းမှုလုပ်နေတာကို သိသွားကြပေမဲ့၊ ဘယ်သူကမှ မတိုင်ကြား၊ မဖော်ထုတ်ခဲ့ဘူးဆိုတဲ့အကြောင်းကို ကြားရတယ်။ ဒီအန္တိခရစ် နှင်ထုတ်ခံခဲ့ရချိန်မှာတောင်၊ အသင်းသားတွေက သူ့ကို ဖုံးကွယ်ပြီး အကာအကွယ်ပေးခဲ့ကြတယ်။ ဒါက ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့ပြီး၊ အသင်းတော်ထဲက လူတိုင်း သုံးသပ်ဖို့ သီးခြားထားတာ ခံခဲ့ရတယ်။ အဲဒီရလဒ်နဲ့ပတ်သက်လို့ ကြားလိုက်ရတဲ့အခါ၊ ကျွန်မစိတ်နှလုံးက ကြောက်စိတ်နဲ့ တုန်လှုပ်သွားတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အထပ်ထပ် အခါခါ မေးကြည့်တယ်၊ အယောင်ဆောင် ခေါင်းဆောင်ကို ကျွန်မ ရှာတွေ့ခဲ့ချိန်မှာ ဘာလို့ မထုတ်ပယ်နိုင်ခဲ့လဲပေါ့။ အထူးသဖြင့် ဒီလိုပြောတဲ့ ဘုရားနှုတ်ကပတ်တော်ကို စဉ်းစားရင်းနဲ့ပေါ့။ “သမ္မာတရားက သင်၏ အသက်ဖြစ်လာသည့်အခါ၊ တစ်စုံတစ်ဦးက ဘုရားသခင်ကို ပြစ်မှားစော်ကားပါက၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိပါက၊ မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းရာတွင် ပေါ့ဆပါက၊ အသင်းတော်၏အလုပ်ကို နှောင့်ယှက်ဖြစ်စေခြင်း သို့မဟုတ် ဟန့်တားခြင်းတို့ကို ဖြစ်စေပြီး ဤအရာကို မြင်သည့်အခါ သင်သည် လိုအပ်သည့်အခါ ယင်းကို ခွဲခြားသိမြင်ပြီး ဖော်ထုတ်ကာ၊ သမ္မာတရား အခြေခံသဘောတရားနှင့်အညီ ယင်းကို ချဉ်းကပ်နိုင်ပေသည်။ သမ္မာတရားသည် သင်၏ အသက် ဖြစ်မလာသေးသကဲ့သို့ သင်သည် သင်၏ စာတန်ဆန်သော စိတ်သဘောထားအတွင်းတွင် အသက်ရှင်ဆဲဖြစ်ပါက၊ ဘုရားသခင်၏ အိမ်တော်၏အမှုကို တုန့်ဆိုင်းခြင်းနှင့် အနှောင့်အယှက်များ ဖြစ်စေသည့် ဆိုးယုတ်သော လူများနှင့် နတ်ဆိုးများကို သင် ကြုံရသည့်အခါ၊ သင်သည် မသိကျိုးကျွန်ပြုလိမ့်မည်ဖြစ်ပြီး ဂရုစိုက်လိမ့်မည်မဟုတ်။ သင်၏ အသိစိတ်မှ အပြစ်တင်ခြင်းမရှိဘဲ၊ ယင်းတို့ကို သင် ဘေးဖယ်ထားလိုက်လိမ့်မည်ဖြစ်သည်။ ဘုရားအိမ်တော်၏ အမှုကို အနှောင့်အယှက်ဖြစ်စေနေသည့် သူတစ်ဦးသည် သင်နှင့် မည်သည့်ပတ်သက်မှုမျှ မရှိဟုပင် သင် တွေးလိမ့်မည်။ ဘုရားသခင်၏ အမှုအဖို့ မည်မျှကြီးမားသည့် ဆုံးရှုံးမှုဖြစ်စေ၊ သင်သည် သင်၏ အသိစိတ်မှ အပြစ်တင်ခြင်း ခံစားရလိမ့်မည်မဟုတ်၊ ယင်းမှာ သင်သည် မိမိ၏ စာတန်သော စိတ်သဘောထားဖြင့် အသက်ရှင်သည့် သူတစ်ဦး ဖြစ်လိမ့်မည်ဟု ဆိုလိုသည်။ စာတန်သည် သင့်ကို ထိန်းချုပ်ပြီး သင့်အား လူသားလည်း အတော်အတန် မဟုတ်သကဲ့သို့ မကောင်းဆိုးဝါးလည်း အတော်အတန် မဟုတ်သည့် တစ်စုံတစ်ရာအဖြစ် အသက်ရှင်စေသည်။ ဘုရားသခင် ပိုင်ဆိုင်သည့်အရာကို သင် စားသည်၊ ဘုရားသခင် ပိုင်ဆိုင်သည့်အရာကို သင် သောက်ပြီး သူ့ထံမှ လာသည့်အရာအားလုံးကို သင် မွေ့လျော်ခံစားသော်လည်း၊ ဘုရားအိမ်တော်၏ အမှုက ဆုံးရှုံးမှု တစ်စုံတစ်ရာ ခံစားရသည့်အခါ၊ ယင်းသည် သင်နှင့် မည်သည့် ပတ်သက်မှုမျှမရှိဟု သင် ထင်ပြီး ထိုအရာ ဖြစ်ပျက်သည်ကို သင် မြင်သည့်အခါ၊ သင်သည် ‘တံတောင်ကိုတွန်းထုတ်’က ခြင်းပင် ပြုပြီး ဘုရားသခင်၏ဘက်တွင် မနေသကဲ့သို့ ဘုရားသခင်၏အမှု သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မထိန်းသိမ်းကြချေ။ ဤသည်မှာ စာတန်သည် သင့်အပေါ် တန်ခိုးအာဏာရှိသည်ဟု ဆိုလို၏၊ ဟုတ်သည် မဟုတ်လော။ ထိုသို့သော လူများသည် လူသားများကဲ့သို့ အသက်ရှင်ကြသလော။ ၎င်းတို့သည် လူသားများ မဟုတ်၊ မကောင်းဆိုးဝါးများ ဖြစ်သည်မှာ သိသာထင်ရှားပေ၏။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်”) ဘုရားနှုတ်ကပတ်တော် စာကြောင်းတိုင်းက ကျွန်မစိတ်နှလုံးကို ထိုးဖောက်ပြီး ကျွန်မ လန့်သွားတယ်။ ကျွန်မနဲ့ပတ်သက်လို့ ဘုရားက ဒေါသထွက်နေသလိုမျိုးပဲ။ အသင်းတော်ထဲက အယောင်ဆောင် ခေါင်းဆောင်တစ်ယောက် အလုပ်ကို နှောင့်ယှက်နေပြီး၊ အဲဒါက ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို ဟန့်တားတာ ရှင်းရှင်းလင်းလင်း မြင်ခဲ့ပေမဲ့၊ သင်းထောက်တွေ၊ ညီအစ်ကို မောင်နှမတွေနဲ့ ကျွန်မရဲ့ ဆက်ဆံရေးကို ကာကွယ်ဖို့ အယောင်ဆောင် ခေါင်းဆောင်ကို မဖော်ထုတ်၊ မကိုင်တွယ်ရဲခဲ့သလို၊ သူတို့ကို သိမြင်တတ်အောင် ကူညီဖို့ သမ္မာတရားအပေါ် မိတ်သဟာယမပြုခဲ့ဘူး။ ကျွန်မက အယောင်ဆောင် ခေါင်းဆောင်အတွက် အကာကွယ်တစ်ခု၊ စာတန်ရဲ့ ကြံရာပါဖြစ်လာခဲ့ပြီပဲ။ ကျွန်မလုပ်နေတာက မကောင်းမှုပဲ။ စဉ်းသာစဉ်းစားကြည့်၊ ဘုရားက ကျွန်မတို့ကို ရေလောင်းပြီး ထောက်ပံ့ပေးဖို့ လူ့ဇာတိခံပြီး သမ္မာတရားအများကြီး ဖော်ပြခဲ့သလို၊ ကျွန်မမှာရှိသမျှကို ဘုရားဆီက ရခဲ့တာလေ၊ ဒါပေမဲ့ ဘုရားအိမ်တော်ရဲ့ အလုပ် ထိခိုက်ခံရတော့၊ အိမ်တော်အလုပ်ကို နှောင့်ယှက်နေတဲ့ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်ကို သည်းခံဖို့ ရွေးချယ်ခဲ့တယ်။ အဲဒီအခိုက်အတန့်မှာ ကျွန်မ ဘယ်လောက် ကျေးဇူးကန်းမှန်းကို တွေ့လိုက်ရတယ်။ ကျွန်မက အသိစိတ်၊ ဆင်ခြင်တုံတရားအားလုံး မရှိသလို၊ လူ့သဘာဝ တစ်စက်မှ မရှိခဲ့တာပါ။ ကျွန်မက ဘုရားအတွက် စိတ်ပျက်စရာတစ်ခုပါ။

အဲဒီနောက်မှာ၊ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို သတိရသွားတယ်၊ “သင်တို့အားလုံးက ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အရေးထားကာ၊ အသင်းတော်၏ သက်သေခံချက်ကို ကာကွယ်ပြောဆိုမည်ဟု ပြောကြသော်လည်း၊ သင်တို့ထဲမှ မည်သူသည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် အရေးထားခဲ့ကြပြီနည်း။ သင့်ကိုယ်သင် မေးလော့- သင်သည် ဘုရားသခင်၏ ဝန်ထုပ် ဝန်ပိုးကို ထည့်သွင်းစဉ်းစားမှု ပြသပြီးသော သူတစ်စုံတစ်ဦးလော။ ဘုရားသခင်အတွက် ဖြောင့်မတ်ခြင်းတရားကို သင်လက်တွေ့ လုပ်ဆောင်နိုင်သလော။ ငါ့အတွက် သင်ထရပ်ကာ ပြောဆိုနိုင်သလော။ သင်သည် သမ္မာတရားကို တည်ကြည်ခိုင်မာစွာ လက်တွေ့လုပ်ဆောင် နိုင်သလော။ စာတန်၏ လုပ်ရပ်အားလုံးကို ဆန့်ကျင်တိုက်ခိုက်ရလောက်အောင် သင်သည် ရဲရင့်သလော။ သင်သည် သင်၏ စိတ်ခံစားမှုများကို ဘေးဖယ်ကာ၊ ငါ၏ သမ္မာတရားအတွက် စာတန်ကို ဖော်ထုတ်ပေးနိုင်မည်လော။ သင့်အထဲတွင် ငါ၏ ရည်ရွယ်ချက်များ ပြည့်စုံစေခွင့် သင် ပေးနိုင်သလော။ အရေးအပါဆုံးသော အခိုက်အတန့်များတွင် သင်၏နှလုံးသားကို သင် ဆက်ကပ်ပြီးပြီလော။ သင်သည် ငါ၏အလိုကို လုပ်ဆောင်သောသူ တစ်စုံတစ်ဦးလော။ ဤမေးခွန်းများကို သင့်ကိုယ်သင် မေးပြီး ၎င်းတို့နှင့်ပတ်သက်၍ မကြာခဏ စဉ်းစားလော့။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) ဘုရားနှုတ်ကပတ်တော် စာကြောင်းတိုင်းကနေ သူ့အလိုတော်ကို ကျွန်မ နားလည်သွားတယ်။ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက် ဒီအသင်းတော်ထဲမှာ ပေါ်လာခဲ့ပြီး၊ ကျွန်မတို့ သူ့ဘက်မှာ ရပ်ဖို့၊ သူ့အလိုတော်ကို ထောက်ထားဖို့နဲ့ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ဘုရားက မျှော်လင့်နေခဲ့တာပဲ။ ကျွန်မအနေနဲ့ လိုအပ်ရင် အယောင်ဆောင် ခေါင်းဆောင်ကို မြန်မြန်ထုတ်ပယ်နိုင်ဖို့၊ မှန်ကန်တဲ့ လူကို ရွေးဖို့ စည်းမျဉ်းတွေကို အသုံးပြုပြီး ညီအစ်ကို မောင်နှမတွေကို ကောင်းမွန်တဲ့ အသင်းတော် အသက်တာပေးနိုင်အောင်လို့ အသင်းတော်က ကျွန်မအတွက် ဒီတာဝန်ကို စီစဉ်ခဲ့တာလေ။ ကျွန်မက ကိုယ့်ရဲ့ အကျိုးအမြတ်အတွက် အမြဲ စဉ်းစားပြီး စီစဉ်နေခဲ့ရင်၊ ပြီးတော့ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ မရပ်တည်နိုင်ခဲ့ရင်၊ ဘုရားရဲ့ ငြင်းပယ်တာကို သေချာပေါက် ခံရမှာပဲ။ အစ်မလင်းက သမ္မာတရားကို မလိုက်စားသလို၊ ကိစ္စတွေအပေါ် သူ့အမြင်တွေက မပြောင်းလဲသေးမှန်း ကျွန်မ သဘောပေါက်ခဲ့တယ်၊ ဒီတော့ သူ့ညီအစ်ကို မောင်နှမတွေကို သူ ဘယ်လို ရေလောင်းပေးနိုင်မှာလဲ။ ဒီလိုလူတစ်ယောက်ကို နေခွင့်ပေးခဲ့မိရင်၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို သူတို့ ဆက်နှောင့်ယှက်ပြီး လူတွေရဲ့ အသက်ဝင်ရောက်မှုကို ဆက်ဟန့်တားရုံပဲ ဖြစ်မှာ။ ဒါကို သဘောပေါက်လိုက်တာနဲ့၊ အစ်မလင်းကို ထုတ်ပယ်တဲ့အတွက် မာနထောင်လွှားပြီး ကိုယ့်ဘာသာ ကြီးကျယ်တယ်လို့ အခေါ်ခံရတာနဲ့ပတ်သက်လို့ ကျွန်မ စိတ်မပူတော့ဘူး။ ဘာလို့လဲဆိုတော့ အဲဒီလိုလုပ်တာက မာနထောင်လွှားတာနဲ့ ကိုယ့်ကိုယ်ကိုယ် ကြီးကျယ်တာ မဟုတ်ဘဲ၊ စည်းမျဉ်းတွေကို ထိန်းသိမ်းတာ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားအိမ်တော်အလုပ်ကို ကာကွယ်တာဖြစ်မှန်း ကျွန်မ ရှင်းရှင်းလင်းလင်း သိခဲ့လို့ပဲ။ ဘုရားနှုတ်ကပတ်တော် အခြေပြုချက် ဒါမှမဟုတ် သမ္မာတရားမရှိဘဲ ပြုမူတဲ့သူတွေသာ သူတို့ကြိုက်တာလုပ်ပြီး ကိုယ့်ရဲ့ ကိုယ်ပိုင် အယူအဆနဲ့ စိတ်ကူးတွေကို ဖက်တွယ်ကြတာ၊ မာနထောင်လွှားတာ၊ ကိုယ့်ဘာသာကြီးကျယ်ပြီး သမ္မာတရားကို ဆန့်ကျင်တာပါ။

ဒါကြောင့် အဲဒီနောက်မှာ၊ အစ်မလင်းကို မထုတ်ပယ်ခြင်းရဲ့ အကျိုးဆက်တွေနဲ့ပတ်သက်လို့ သူတို့နဲ့ မိတ်သဟာယပြုဖို့၊ ပြီးတော့ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေက လက်တွေ့ကျတဲ့ အလုပ်ကို ပြုမူသင့်ပုံ၊ လူ့သဘာဝကောင်းက ဘာဖြစ်တယ်၊ အစွမ်းအစကောင်းက ဘယ်အရာဖြစ်ပြီး၊ ချစ်ခင်တတ်တဲ့ နှလုံးသားက ဘာဖြစ်တယ်ဆိုတဲ့အပေါ် မိတ်သဟာယပြုဖို့ ဘုရားနှုတ်ကပတ်တော်ကို အသုံးပြုခဲ့တယ်။ ကျွန်မရဲ့ မိတ်သဟာယပြီးတဲ့နောက်မှာ၊ ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေက အစ်မလင်းကို သိမြင်နိုင်သွားကြတယ်။ ဘုရားအိမ်တော်ထဲက ရွှေ့ပြောင်းတာတွေ၊ ထုတ်ပယ်တာတွေအတွက် စည်းမျဉ်းတွေရှိမှန်းလည်း သိသွားကြတယ်။ ဘုရားအိမ်တော်က လူတစ်ယောက်ရဲ့ ဆုကျေးဇူးတွေ၊ အစွမ်းအစကို မကြည့်ဘဲ၊ သမ္မာတရားကို လိုက်စားနိုင်ခြင်းရှိမရှိ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး လက်တွေ့ကျတဲ့အလုပ်ကို လုပ်နိုင်ခြင်း ရှိမရှိကို ကြည့်တာပါ။ အစ်မလင်းက အယောင်ဆောင် ခေါင်းဆောင်ဖြစ်ပြီး ထုတ်ပယ်ဖို့လိုတယ်။ အဲဒီနောက် အစ်မလင်းနဲ့ မိတ်သဟာယပြုဖို့ ကျွန်မသွားခဲ့ပေမဲ့၊ သူက အခြေခံအားဖြင့် ထုံထိုင်းတာကို သိခဲ့ရတယ်။ သူက အပြစ်ရှိသလို မခံစားရဘူး၊ သူ့ကိုယ်သူ လုံးဝ အပြစ်တင်ခဲ့ဘူး။ အဲဒီ စကားစမြည်ပြောနေတဲ့အတောအတွင်းမှာ သူ့ကို ကျွန်မ ထုတ်ပယ်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ၊ ရွေးကောက်ပွဲတွေအတွက် စည်းမျဉ်းတွေနဲ့ပတ်သက်ပြီး ညီအစ်ကို မောင်နှမတွေနဲ့ ကျွန်မ မိတ်သဟာယပြုခဲ့ပြီး၊ အသင်းတော် ခေါင်းဆောင်သစ်တစ်ယောက်ကို ကျွန်မတို့ ရွေးချယ်ခဲ့ကြတယ်။

ရွေးကောက်တဲ့အလုပ် ပြီးသွားတော့၊ အစ်ကို ရှောင်လေရဲ့ အပြုအမူတချို့ကို ညီအစ်ကို မောင်နှမတွေ တိုင်ကြားခဲ့ပုံကို တွေးမိတယ်။ သမ္မာတရားကို သူ လုံးဝ မလိုက်စားဘူး၊ အမြင်တွေ မပြောင်းလဲဘဲ ဘုရားကို နှစ်နဲ့ချီ သူယုံကြည်ခဲ့တယ်၊ လောကီအရာတွေနဲ့ ငွေကို တပ်မက်တယ်၊ ချမ်းသာဖို့နဲ့ သာမန်တဲ့ ထူးကဲတဲ့ ဘဝတစ်ခု အသက်ရှင်ဖို့ကိုပဲ စိတ်ဝင်စားတယ်လို့ သူတို့ ပြောကြတယ်။ သူ့ကို တာဝန်ပေးတဲ့အခါတိုင်းမှာ၊ ငွေရှာဖို့ စီးပွားရေးလုပ်ရင်းနဲ့ သူက အလုပ်များတယ်၊ သူ့တာဝန်တွေကို ဆောင်ရွက်ရာမှာ မပျော်ဘူး၊ အဲဒါအပြင်၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ငွေရှာတဲ့ စီမံချက်တွေကို အသင်းတော်ထဲက လူတွေဆီ ရောင်းခဲ့တယ်။ သူ့အပြုအမူက အသင်းတော်အသက်တာမှာ အတားအဆီးတွေနဲ့ အနှောင့်အယှက် ဖြစ်စေခဲ့တယ်။ ကျွန်မတွေးမိတယ်၊ “သူ့ကို ကျွန်မ သွားမိတ်သဟာယပြုပေးပြီး သတိပေးတာ ပိုကောင်းမယ်”လို့ပေါ။ အစည်းအဝေးနေ့မှာ၊ အိမ်ကို သူ တမင်မလာဘဲ အစည်းအဝေးကို လစ်ပြေးခဲ့တယ်။ သူ ပြန်လာဖို့အတွက် ကျွန်မ ညနေထိ စောင့်နေခဲ့ရတာ။ ကျွန်မသူ့ကို မေးခဲ့တယ်၊ “အသင်းတော် အသက်တာမှာ အစ်ကို ဖြစ်စေခဲ့တဲ့ အနှောင့်အယှက်တွေကို အစ်ကို ဘယ်လိုမြင်လဲ။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီး နားလည်ဖို့ ကြိုးစားပြီးပြီလား”လို့ပေါ့။ သူက သူ့လုပ်ရပ်တွေအတွက် နားလည်မှု မရှိခဲ့သလို့ လုံးဝ နောင်တမရခဲ့ဘူး၊ ပြီးတော့ သူ့မှာ အထင်လွဲတာတွေနဲ့ မကျေနပ်တာတွေ အများကြီးပဲ။ ဘုရားကို သူ နှစ်နဲ့ချီ ယုံကြည်ခဲ့ပေမဲ့ ဘာမှ မရခဲ့ဘူးတဲ့။ သူ့သားက သူ့ကို မနာခံဘူး၊ သူ့မိန်းမက သူ့ကို အထင်လွဲခဲ့တယ်ဆိုပြီးပေါ့။...သူက တခြားလူတွေအပေါ် လုံးလုံး အပြစ်ဖို့ခဲ့ပြီး သူကိုယ်တိုင်ရဲ့ ပြဿနာတွေနဲ့ပတ်သက်လို့ တစ်ခွန်းမှ မဟခဲ့ဘူး။ သူနဲ့ ကျွန်မ မိတ်သဟာယဖွဲ့တာနဲ့အမျှ၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး သိလာဖို့ သူ့ကို လမ်းပြခဲ့ပေမဲ့ သူက အရမ်း အတိုက်အခံလုပ်ခဲ့တယ်။ သူက ပြောလည်းပြောတယ်၊ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာက ဘာအသုံးဝင်လို့လဲ”တဲ့။ တစ်ခါ သူ့ရဲ့ မယုံကြည်သူ အပြုအမူတွေကို ညီအစ်မ တစ်ယောက်က ဘုရားနှုတ်ကပတ်တော်တွေသုံးပြီး ထောက်ပြခဲ့ပေမဲ့၊ သူ လုံးဝ နားမလည်၊ နောင်တမရခဲ့တာ မှတ်မိသေးတယ်။ ရှောင်လေက သမ္မာတရားကို လုံးဝ မလိုက်စားသလို၊ မယုံကြည်သူလို အပြုအမူ တော်တော်များများ ရှိခဲ့တယ်။ စည်းမျဉ်းတွေအရ၊ သမ္မာတရားကို မလိုက်စားသူ၊ ကိုယ့်တာဝန်တွေကို မဆောင်ရွက်သလို၊ အသင်းတော် အသက်တာကို နှောင့်ယှက်သူတစ်ယောက်အတွက် တစ်ယောက်တည်း အစည်းအဝေးတွေ စီစဉ်ပေးဖို့ လိုတယ်။ သူတို့ကို အသင်းတော် အသက်တာ နှောင့်ယှက်ခွင့် ပေးလို့မရဘူး။ ရှောင်လေလို လူတစ်ယောက်ကို တစ်ယောက်တည်း အစည်းအဝေးတွေ လုပ်ပေးသင့်တယ်၊ မဟုတ်ရင် ချင့်ချိန်နိုင်စွမ်းမဲ့တဲ့ ဝိညာဉ်ရင့်ကျက်မှု နည်းသူတွေကို သူတို့ လွှမ်းမိုးပြီး နှောင့်ယှက်မှာပဲ။ ဒီတော့ အသင်းတော် ခေါင်းဆောင်နဲ့ သင်းထောက်တွေကို ကျွန်မ မိတ်သဟာယပြုပေးပြီး ချင့်ချိန်နိုင်စွမ်း ပေးခဲ့တယ်။ လူတိုင်းက ရှောင်လေအနေနဲ့ တစ်ယောက်တည်း အစည်းအဝေးတွေ တက်သင့်ပြီး သုံးသပ်ဖို့ အချိန်ပေးသင့်တယ်လို့ သဘောတူခဲ့ကြတယ်။ ဒါပေမဲ့ ရက်တချို့ကြာပြီးတဲ့နောက်မှာ၊ ရှောင်လေက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ချင်ပေမဲ့၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ထိန်းချုပ်တာခံရပြီး မလုပ်နိုင်ခဲ့ဘူး၊ ဒီတော့ သူ့အနေနဲ့ တစ်ကိုယ်တည်း တွေ့ဆုံတာတွေ လုပ်ဖို့ မထိုက်တန်ဘူးလို့ ပြောထားတဲ့ စာတစ်စောင်ကို ညီအစ်မတစ်ယောက်က ကျွန်မဆီ ပို့ခဲ့တယ်။ စာကို တွေ့တော့ ကျွန်မ ချီတုံချတုံ ဖြစ်သွားတယ်။ ရှောင်လေက နောင်တရပြီး ပြောင်းလဲချင်ခဲ့ရင်၊ တစ်ကိုယ်တည်းတွေ့ဆုံဖို့အတွက် ကျွန်မ စီစဉ်တာနဲ့ သူ့ကို သုံးသပ်စေတာက ပိုပြီးတောင် သူ့ကို အပျက်သဘောဆောင်စေမလား။ ဒါကို လုပ်ဖို့က ကျွန်မရဲ့ အကြံပြုချက်ဖြစ်တယ်လို့ ရှောင်လေနဲ့ တခြားလူတွေ သိသွားရင်၊ ကျွန်မက လူတွေကို နောင်တရဖို့ အချိန်မပေးဘူးလို့ ပြောကြမလား။ ကျွန်မက ဒီအသင်းတော်က လတ်တလောမှ ရောက်ခဲ့တာလေ၊ ဒါပေမဲ့ ကျွန်မက အယောင်ဆောင် ခေါင်းဆောင်တွေကို ထုတ်ပယ်ပြီး မယုံကြည်သူတွေကို ကိုင်တွယ်နေတယ်။ ကျွန်မက သူတို့ကို ထိတ်လန့်အောင် လုပ်ဖို့ ကြိုးစားနေပြီး တော်တော် မငဲ့ညှာဘူးလို့ ညီအစ်ကို မောင်နှမတွေက ပြောကြမလား။ ရှောင်လေက စကားပြောကောင်းပြီး လူတွေကို ဘယ်လိုသိမ်းသွင်းရမယ်ဆိုတာ သိတာကိုလည်း ကျွန်မ စဉ်းစားမိတယ်။ သူနဲ့ မိတ်သဟာယပြုပြီး သူ့ကို ဖော်ထုတ်ဖို့ ကျွန်မ သွားတဲ့အခါ၊ သူ သဘောမတူဘဲ ကျွန်မကို ဆန့်ကျင်ရင်၊ ကျွန်မကို စိတ်ဆိုးရင်၊ ဘာလုပ်ရမလဲပေါ့။ ဒီအရာတွေကို တွေးမိတဲ့အခါ၊ ကိုယ့်ဘာသာ အခက်တွေ့ရပြန်တယ်၊ ဒါကြောင့် သမ္မာတရားရဲ့ စည်းမျဉ်းတွေအတိုင်း ပြုမူနိုင်အောင်လို့ သူ့အလိုတော်ကို နားလည်အောင် လမ်းပြပေးဖို့ တောင်းလျှောက်မယ်ဆိုပြီး ဘုရားရှေ့ကို သွားဆုတောင်းခဲ့တယ်။

အဲဒီနောက်မှာ၊ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ် ဖတ်ရတယ်။ “အသင်းတော်သည် တည်ဆောက်ဆဲဖြစ်ပြီး၊ စာတန်သည် အသင်းတော်ကို ဖြိုချရန် အစွမ်းကုန် ကြိုးစားနေသည်။ ၎င်းသည် ငါ၏ တည်ဆောက်ခြင်းကို ဖြစ်နိုင်သမျှသော မည်သည့် နည်းလမ်းမဆိုဖြင့် ဖြိုချလို၏။ ဤအကြောင်းကြောင့်၊ အသင်းတော်ကို လျင်မြန်စွာ သန့်စင်ရမည်ဖြစ်သည်။ ဆိုးယုတ်မှုနှင့်ဆိုင်သည့် အသုံးမဝင်သည့်အရာ အနည်းငယ်မျှ မကျန်ကြွင်းစေရ။ အသင်းတော်သည် ဆက်လက် စင်ကြယ်လာကာ ယခင်အတိုင်း အပြစ်အနာအဆာ ကင်းမဲ့သည်အထိ သန့်စင်ခြင်းခံရမည်။ သင်တို့သည် နိုးထကြရမည်ဖြစ်ပြီး၊ အချိန်တိုင်း၌ စောင့်စားနေကာ၊ ငါ၏ရှေ့မှောက်တွင် သာ၍ ဆုတောင်းကြရမည်။ သင်တို့သည် စာတန်၏ အမျိုးမျိုးသော အကြံများနှင့် ကောက်ကျစ်သော အကြံအစည်များကို သတိပြုရမည်၊ ဝိညာဉ်များကို သိရမည်၊ လူတို့ကို သိရမည်ဖြစ်ပြီး၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာမျိုးစုံတို့ကို ရိပ်စားမိနိုင်ရမည်။ ငါ၏ နှုတ်ကပတ်တော်များကိုလည်း သင်တို့ သာ၍ စားသောက်ရမည် ဖြစ်ပြီး၊ ပို၍အရေးကြီးသည်မှာ၊ သင်တို့အနေဖြင့် ထိုနှုတ်ကပတ်တော်များကို မိမိတို့ဘာသာ စားသောက်နိုင်ရမည် ဖြစ်သည်။ သင်တို့၏ ဝိညာဉ်ရေးရာ မျက်စိများကို ငါဖွင့်ပေးနိုင်ဖို့နှင့် စိတ်ဝိညာဉ်အတွင်း တည်ရှိသော နက်နဲမှုများအားလုံးကို သင်တို့အား မြင်တွေ့ခွင့်ပေးနိုင်ဖို့အလို့ငှာ၊ သင်တို့သည် သမ္မာတရားအားလုံးဖြင့် မိမိတို့ကိုယ်ကိုယ် ပြင်ဆင်ထားကြပြီး၊ ငါ၏ ရှေ့မှောက်သို့ လာကြလော့...အသင်းတော်သည် ၎င်း၏ တည်ဆောက်ခြင်း အဆင့်ထဲသို့ ဝင်ရောက်သည့်အချိန်တွင်၊ သန့်ရှင်းသူများသည် တိုက်ပွဲဆီသို့ ချီတက်ကြသည်။ စာတန်၏ အမျိုးမျိုးသော အကျည်းတန်သည့် မျက်နှာပေါက်တို့ကို သင်တို့ရှေ့တွင် ချပြထား၏။ သင်တို့သည် ရပ်တန့်ကာ နောက်သို့ ပြန်ရွေ့သွားကြသလော၊ သို့မဟုတ် သင်တို့သည် ငါ့ကို အားထားရင်း မတ်တပ်ရပ်ပြီး ရှေ့ဆက်သွားကြသလော။ စာတန်၏ ဖောက်ပြန်ပျက်စီးပြီး အကျည်းတန်သော မျက်နှာပေါက်များကို စေ့စေ့စပ်စပ် ဖော်ထုတ်လော့၊ ၎င်း စိတ်မချမ်းသာဖြစ်မည်ကို လုံးဝ မစိုးရိမ်လေနှင့်၊ ပြီးလျှင် သက်ညှာခြင်းမရှိလေနှင့်။ စာတန်ကို သေသည့်တိုင်အောင် တိုက်ခိုက်လော့။ ငါသည် သင်၏ အထောက်အပံ့ ဖြစ်ပြီး၊ သင်သည် ယောက်ျားသား၏ စိတ်ဓါတ်ရှိရမည်။ စာတန်သည် ၎င်း၏ နောက်ဆုံးသော မချိတင်ကဲ သေဆုံးခြင်း၌ ရုတ်တရက် ဒေါသတကြီး တိုက်ခိုက်နေသော်လည်း၊ ၎င်းသည် ငါ၏ တရားစီရင်ခြင်းမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်သေးပေ။ စာတန်သည် ငါ၏ ခြေအောက်တွင် ရှိနေပြီး၊ သင်တို့၏ ခြေအောက်တွင်လည်း အနင်းခံရလျက်ရှိသည်— ဤသည်မှာ အမှန်တရားဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၇)) ဘုရားနှုတ်ကပတ်တော်ကနေ သိရတာက၊ လူတွေကို ကယ်တင်ဖို့ ဘုရားအမှုပြုသလိုပဲ၊ စာတန်ကလည်း ဘုရားအမှုတော်ကို နှောင့်ယှက်ဖို့ အစွမ်းကုန် လုပ်တယ်ဆိုတာပဲ။ ဘုရားက အသင်းတော်ထဲမှာ အယောင်ဆောင် ခေါင်းဆောင်တွေ၊ အန္တိခရစ်တွေ၊ မကောင်းမှုပြုသူတွေနဲ့ မယုံကြည်သူတွေကို ပေါ်လာခွင့်ပြုတယ်၊ ဒါမှ ကျွန်မတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် သမ္မာတရားနဲ့ ပြင်ဆင်နိုင်မှာ၊ ကျွန်မတို့ အနားက လူတွေ၊ ကိစ္စတွေနဲ့ အကြောင်းအရာတွေကို သမ္မာတရားရဲ့ စည်းမျဉ်းတွေ သုံးရင်းနဲ့ သိမြင်နိုင်မှာ၊ ဘာတွေက ဘုရားဆီက လာပြီး ဘာတွေက စာတန်ဆီက လာတယ်ဆိုတာ နားလည်နိုင်မှာ၊ ဘုရားဘက်ရပ်နိုင်ကြမှာ၊ စာတန်ရဲ့ အပျက်သဘောဆောင်တဲ့ အရာအားလုံးကို သိမြင်ပြီး ငြင်းပယ်နိုင်မှာဖြစ်သလို၊ စာတန်ကို သက်ညှာတော့မှာ မဟုတ်ဘူးလေ။ ရှောင်လေအကြောင်း ထပ်စဉ်းစားမိတယ်၊ သမ္မာတရားကို သူ လုံးဝ မလိုက်စား၊ လက်တွေ့မလုပ်ဆောင်ခဲ့ပုံ၊ နှစ်နဲ့ချီ ဘုရားကို ယုံကြည်ခဲ့ပေမဲ့ မယုံကြည်သူရဲ့ အမြင်တွေကို ကိုင်စွဲထားတုန်းပဲဖြစ်ပုံနဲ့ သူ့ညီအစ်ကို မောင်နှမတွေက သူနဲ့ မိတ်သဟာယပြုချိန်မှာ၊ သူတို့ကို အသင့်ချေပဖို့ အတွေးမှားတွေ အမြဲ ရှိခဲ့ပုံတွေပေါ့။ အသင်းတော် အသက်တာမှာ၊ သမ္မာတရားနဲ့ မဆက်နွှယ်တဲ့ အရာတွေကို သူ အမြဲ ပြောခဲ့တယ်၊ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကို လုံးဝ မလုပ်ဆောင်ခဲ့သလို၊ သူ့လုပ်ရပ်တွေအတွက် နည်းနည်းမှ သိနားလည်မှု၊ ဒါမှမဟုတ် နောင်တ မရှိခဲ့ဘူး။ ရှောင်လေလို လူတစ်ယောက်နဲ့ ပတ်သက်တဲ့နေရာမှာ၊ သူ့ကိုချက်ချင်း ကိုင်တွယ်ပြီး တစ်ကိုယ်တည်း တွေ့ဆုံတာတွေ မလုပ်ရင်၊ ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို သူ ပိုလို့တောင် ဟန့်တားမှာဖြစ်ပြီး၊ ဝိညာဉ်ရင့်ကျက်မှု နည်းတဲ့ ညီအစ်ကို မောင်နှမတွေကို ဝေခွဲမရဖြစ်စေမှာပါ။ မယုံကြည်သူတွေကို ကိုင်တွယ်ခြင်းအတွက် ဘုရားအိမ်တော်မှာ ဒီစည်းမျဉ်းရှိမှန်း သဘောပေါက်လိုက်တယ်၊ ဘာလို့လဲဆိုတော့ မယုံကြည်သူတွေနဲ့ စိတ်ရင်းအတိုင်း ယုံကြည်ပြီး သမ္မာတရားကို ချစ်တဲ့ ညီအစ်ကို မောင်နှမတွေဟာ လုံးဝ မတူတဲ့ လူအမျိုးအစားတွေပဲလေ။ အသင်းတော်ထဲမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကို မလုပ်ဆောင်တဲ့ သူတွေအတွက် သီးခြား အစည်းအဝေးတွေဆိုတာက သူတို့ရဲ့ မကောင်းတဲ့ လုပ်ဆောင်ချက်တွေကို ကန့်သတ်ဖို့၊ အသင်းတော် အသက်တာကို သူတို့ မနှောင့်ယှက်နိုင်တာ သေချာစေဖို့နဲ့ တခြားလူတွေကို ပိုပြီး သမ္မာတရား ကောင်းကောင်း လိုက်စားခွင့်ပေးပြီး ကယ်တင်ခံရစေဖို့ပဲ။ ကျွန်မတာဝန်က ခေါင်းဆောင်တစ်ယောက်မို့လို့ စည်းမျဉ်းတွေအတိုင်း မယုံကြည်သူတွေကို ကိုင်တွယ်ရမယ်။ ကျွန်မက ကိုယ်ကျိုးစီးပွားကို ကာကွယ်ပြီး တခြားလူတွေကို စိတ်အနှောင့်အယှက် မပေးအောင် ကိုယ့်တာဝန်ကို နောက်တွန့်ပြီး လျစ်လျူရှုရင်၊ စာတန်အတွက် ကျွန်မ ဖုံးကွယ်ပေးနေပြီး မယုံကြည်သူတွေကို သည်းခံနေတာ၊ အသင်းတော်ထဲက ညီအစ်ကို မောင်နှမတွေကို နှောင့်ယှက်နေတာပဲ မဟုတ်လား။ နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ တွေ့ခဲ့ပြီး၊ သမ္မာတရားကို ကျွန်မ လက်တွေ့မလုပ်နိုင်၊ စည်းမျဉ်းတွေကို မထိန်းသိမ်းနိုင်ရတဲ့ အကြောင်းရင်းကို သိခဲ့ရတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “လူအများစုသည် သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိကြသော်လည်း၊ များသောအားဖြင့် ၎င်းတို့သည် ထိုသို့ လုပ်ဆောင်ရန် ဆုံးဖြတ်ချက်နှင့် စိတ်ဆန္ဒ ရှိရုံမျှရှိကြလေသည်။ သမ္မာတရားသည် ၎င်းတို့၏အသက် မဖြစ်လာသေးပေ။ အကျိုးဆက်အနေဖြင့်၊ ဆိုးယုတ်သော အင်အားစုများကို ၎င်းတို့ အမှတ်မထင်တွေ့ရသည့်အခါ သို့မဟုတ် ကောက်ကျစ်စဉ်းလဲပြီး ဆိုးသွမ်းသော လူတို့က ဒုစရိုက်မှုများ ကျူးလွန်နေသည် သို့မဟုတ် ခေါင်းဆောင် အတုအယောင်များနှင့် အန္တိခရစ်တို့က အခြေခံသဘောတရားများကို ချိုးဖောက်သည့် နည်းလမ်းဖြင့် အမှုအရာများ လုပ်ဆောင်နေကြ၍ ထိုသို့ဖြင့် ဘုရားသခင်၏အိမ်တော်၏ အမှုကို ဆုံးရှုံးမှုများဖြစ်စေပြီး ဘုရားသခင်ရွေးကောက်ထားသူတို့ကို အန္တရာယ်ဖြစ်စေသည်ကို ကြုံရသည့်အခါ၊ ၎င်းတို့သည် ထရပ်ပြီး ထုတ်ပြောဖို့သတ္တိ မရှိတော့ပေ။ သင်တို့ သတ္တိမရှိသည့်အချိန်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်တို့ ကြောက်တတ်သည် သို့မဟုတ် စိတ်ထဲရှိသမျှ မဖော်ပြတတ်ဟု ဆိုလိုသလော။ သို့မဟုတ် သင်က နားမလည်သကဲ့သို့၊ ထုတ်ပြောရဲခြင်း မရှိသောကြောင့် ဖြစ်သလော။ ဤအရာများထဲမှ မည်သည့်အရာမျှ မဟုတ်ပေ။ ယင်းမှာ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစား အချို့၏ ထိန်းချုပ်ခြင်းကို ခံရနေခြင်း ဖြစ်သည်။ ဤစိတ်သဘောထားများထဲမှ တစ်ခုမှာ ကလိမ်ကကျစ်အပြုအမူ ဖြစ်သည်။ သင်က၊ ‘ကျွန်ုပ် ထုတ်ပြောလိုက်လျှင်၊ ကျွန်ုပ်ကို မည်သို့ အကျိုးပြုမည်နည်း။ ကျွန်ုပ် ထုတ်ပြောလိုက်ပြီး တစ်စုံတစ်ဦးကို သဘောမကျဖြစ်စေပါက၊ အနာဂတ်တွင် ကျွန်ုပ်တို့ မည်သို့ အဆင်ပြေမည်နည်း’ ဟု တွေးရင်း၊ သင့်ကိုယ်သင် ဦးစွာပထမ စဉ်းစားလေသည်။ ဤသည်မှာ ကလိမ်ကကျစ် စိတ်နေစိတ်ထားဖြစ်၏၊ မှန်သည်လော။ ဤသည်မှာ ကလိမ်ကကျစ် စိတ်သဘောထား၏ အကျိုးဆက်မဟုတ်လော။ နောက်ထပ်တစ်ခုမှာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် စိတ်သဘောထားတစ်ခု ဖြစ်သည်။ သင်က၊ ‘ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ဆုံးရှုံးခြင်းတစ်ခုသည် ငါနှင့် အဘယ်ပတ်သက်စရာ ရှိသနည်း။ အဘယ်ကြောင့် ငါ ဂရုစိုက်သင့်သနည်း။ ထိုအရာသည် ငါနှင့် မည်သို့မျှ မပတ်သက်ပါ။ ယင်းကို ငါမြင်ကာ ဖြစ်ပျက်နေသည်ကို ကြားလျှင်ပင်၊ မည်သည့်အရာကိုမျှ လုပ်ဆောင်ဖို့ မလိုအပ်ပါ။ ယင်းသည် ငါ၏ တာဝန် မဟုတ်— ငါသည် ခေါင်းဆောင်တစ်ဦး မဟုတ်’ဟု တွေးသည်။ ထိုသို့သော အရာများသည် သင်၏ မသိစိတ်မှ ပေါက်ဖွားသည့်အလား၊ ပြီးလျှင် သင်၏ စိတ်နှလုံးတွင် ယင်းတို့က အမြဲတမ်းနေရာများ ယူထားကြသည့်အလား— သင်၏ အတွင်းတွင် ရှိကြလေသည်၊ ယင်းတို့သည် လူသား၏ ဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားများ ဖြစ်သည်။...သင်သည် အမှန်တကယ်ထင်သည့်အရာကို မည်သည့်အခါမျှ မပြောပေ။ အားလုံးကို သင်၏ ဦးနှောက်က၊ သင်၏ စိတ်ထဲတွင် ကြိုတင် တည်းဖြတ်ပြင်ဆင်ထားသည်။ သင်ပြောသမျှအရာတိုင်းသည် မုသားဖြစ်သည်။ အမှန်တရားများနှင့် ဆန့်ကျင်သည်။ အားလုံးက သင်၏ ကိုယ်ပိုင် အတုအယောင်ကာကွယ်မှုတွင်ရှိပြီး သင်၏ ကိုယ်ပိုင် အကျိုးကျေးဇူးအတွက်ဖြစ်သည်။ လူအချို့သည် အယုံသွင်းခံရပြီး ဤသည်မှာ သင့်အတွက် လုံလောက်သည်။ သင်၏ စကားများနှင့် လုပ်ရပ်များသည် သင်၏ ရည်ရွယ်ချက်များကို ရရှိခဲ့ပြီဖြစ်သည်။ ဤသည်မှာ သင်၏ စိတ်နှလုံးတွင် ရှိသည့်အရာဖြစ်သည်။ ဤသည်တို့မှာ သင်၏ စိတ်သဘောထားများဖြစ်သည်။ သင်သည် သင်ကိုယ်တိုင်၏ ဆိုးယုတ်သော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်းကို အလုံးစုံ ခံထားရသည်။ သင်ပြောသည့်၊ လုပ်ဆောင်သည့်အရာအပေါ်တွင် သင်သည် ဩဇာမရှိပေ။ သင်အလိုရှိလျှင်ပင် သမ္မာတရားကို သင်မပြောဆိုနိုင်ပေ၊ သို့မဟုတ် သင်အမှန်တကယ်ထင်သည့်အရာကို မပြောနိုင်ပေ။ သင်အလိုရှိလျှင်ပင် သမ္မာတရားကို သင်လက်တွေ့မလုပ်ဆောင်နိုင်ပေ။ သင်အလိုရှိလျှင်ပင် သင်၏ တာဝန်များကို မဖြည့်ဆည်းနိုင်ပေ။ သင်ပြောသမျှ၊ လုပ်သမျှ၊ လက်တွေ့လုပ်ဆောင်သမျှ အရာတိုင်းသည် မုသားဖြစ်သည်။ သင်သည် ပေါ့ပေါ့တန်တန်နိုင်ပြီး ဝတ်ကျေတမ်းကျေလုပ်သည်။ သိသာထင်ရှားစွာပင်၊ သင်သည် သင်၏ ဆိုးယုတ်သော စိတ်သဘောထား၏ ချည်နှောင်ခြင်း၊ ထိန်းချုပ်ခြင်းကို အလုံးစုံ ခံထားရသည်။ သင်သည် သမ္မာတရားကို လက်ခံပြီး သမ္မာတရားအတွက် ကြိုးပမ်းလိုစိတ်ရှိနိုင်သည်။ သို့သော် ဤသည်မှာ သင့်အပေါ်တွင် မမူတည်ပေ။ သင်သည် ဖောက်ပြန်ပျက်စီးသော ဇာတိပကတိ၏ ရုပ်သေးရုပ်တစ်ရုပ်ကလွဲ၍ အခြားမည်သည့်အရာမျှ မဟုတ်ပေ။ သင်သည် စာတန်၏ တန်ဆာပလာတစ်ခုဖြစ်လာသည်။ သင်၏ ဆိုးယုတ်သော စိတ်သဘောထားက သင့်ကိုပြောဆိုသည့်အရာမှန်သမျှကို သင်လုပ်ဆောင်ပြောဆိုသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်”) ကိုယ့်ရဲ့ အပြုအမူအပေါ် ပြန်တွေးမိတယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ လိုတဲ့အခါတိုင်းမှာ၊ ကျွန်မက ကိုယ့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ စိတ်ဝင်စားခဲ့တယ်။ သိပ်တစ်ကိုယ်ကောင်းဆန်ပြီး ဉာဏ်များခဲ့တယ်။ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏”ဆိုတာနဲ့၊ “မိမိကိုယ်ကိုယ် ကာကွယ်ပါ၊ အပြစ်တင်ခြင်းကို ရှောင်လွဲဖို့သာ ကြိုးစားပါ”တို့လို ဆိုးယုတ်တဲ့ အတွေးအခေါ်တွေက ကျွန်မစိတ်ထဲမှာ အမြစ်တွယ်နှင့်နေခဲ့ပြီ။ ဒီအရာတွေနဲ့ ကျွန်မ အသက်ရှင်ခဲ့လို့၊ သမ္မာတရားရဲ့ စည်းမျဉ်းတွေကို မထိန်းသိမ်းရဲခဲ့ဘူး။ အစ်မလင်းကို ထုတ်ပယ်တဲ့ ကိစ္စမှာ၊ ကျွန်မ မာနထောင်လွှားပြီး ကိုယ့်ဘာသာ ကြီးကျယ်နေတယ်လို့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ပြောမှာ စိုးခဲ့တယ်၊ ဒါကြောင့် စည်းမျဉ်းတွေကို မထိန်းသိမ်းရဲခဲ့တာ။ ဘုရားအိမ်တော်ရဲ့ အလုပ်ကို အဆုံးရှုံးခံပြီး ကိုယ့်ပုံရိပ်ကို ကျွန်မ ကာကွယ်ခဲ့သလို၊ အစ်မလင်းကို အချိန်မီ မထုတ်ပယ်နိုင်ခဲ့ဘူး။ အဲဒါအပြင်၊ ရှောင်လေရဲ့ အပြုအမူက အသင်းတော် အသက်တာကို နှောင့်ယှက်နေခဲ့ပြီးသားလေ၊ ဒီတော့ စည်းမျဉ်းတွေအရ၊ တစ်ကိုယ်တည်း တွေ့ဆုံတာတွေ သူ တက်ဖို့ လိုတယ်။ တခြားလူတွေက ကောင်းမွန်တဲ့ အသင်းတော် အသက်တာရှိပြီး ဝေခွဲမရတာ၊ နှောင့်ယှက်ခံရတာတို့ မရှိတာ သေချာစေဖို့ လိုတယ်။ ဒါက ရှောင်လေနဲ့ အသင်းတော်ထဲက တခြားလူတွေရဲ့ အသက်ဝင်ရောက်မှု နှစ်ခုလုံးအတွက် အထောက်အကူဖြစ်မှာပဲ။ ဒါပေမဲ့လည်း ညီအစ်ကို မောင်နှမတွေက ကျွန်မဟာ လူတွေကို နောင်တရဖို့ အခွင့်အရေးမပေးခဲ့ဘူး၊ လူတွေရဲ့ အားနည်းချက်တွေကို မစဉ်းစားခဲ့ဘူးလို့ ပြောမှာ၊ အဲဒါက သူတို့ စိတ်ထဲက ကျွန်မရဲ့ ပုံရိပ်နဲ့ အဆင့်အတန်းကို ထိခိုက်မှာ ကြောက်ခဲ့တယ်။ ဒါကြောင့် အသင်းတော် အသက်တာကို ထိခိုက်ခွင့်ပေးဖို့ လိုလားနေခဲ့ပြီး စည်းမျဉ်းတွေကို မထိန်းသိမ်းနိုင်ခဲ့သလို၊ သမ္မာတရားကို လက်တွေ့မလုပ်နိုင်ခဲ့ဘူး။ ကျွန်မအတွက် အရေးကြီးသမျှက ကိုယ့်ပုံရိပ်နဲ့ အဆင့်အတန်းကို ဘယ်လို ကာကွယ်မယ်ဆိုတာပဲ အသင်းတော် အလုပ်၊ ဒါမှမဟုတ် ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေ ဘယ်လိုထိခိုက်ခဲ့တယ်ဆိုတာကို ဂရုမစိုက်ခဲ့ဘူး။ ကျွန်မကိုကျွန်မ ဘယ်လိုဖြစ်ပြီး ဘုရားကို အစစ်အမှန် ယုံကြည်သူလို့ ခေါ်နိုင်မှာလဲ။ အဲဒီအခါမှပဲ ကျွန်မက ဆိုးယုတ်တဲ့ အတွေးအခေါ်တွေနဲ့ နက်နက်ရှိုင်းရှိုင်း အဆိပ်ခတ်ခံခဲ့ရမှန်း သဘောပေါက်သွားတယ်။ ကျွန်မက တစ်ကိုယ်ကောင်းဆန်၊ လှည့်စားတတ်ပြီး၊ လူ့ပုံသဏ္ဌာန် လုံးဝ မရှိခဲ့ဘူး။ သမ္မာတရားရဲ့ စည်းမျဉ်းတွေကို ထိန်းသိမ်းရဲပြီး တရားမျှတစိတ်ရှိသူတွေ၊ အပြုသဘောဆောင်တာတွေ အားလုံးကို ထိန်းသိမ်းပြီး အပျက်သဘောဆောင်တာတွေ အားလုံးကို ငြင်းပယ်ဖို့ သတ္တိရှိသူတွေကို ဘုရားက နှစ်သက်တယ်။ ဒါတွေက ကျွန်မတို့အတွက် ဘုရားရဲ့ သတ်မှတ်ချက်တွေပဲ။ ရှောင်လေ ကိစ္စက ကျွန်မကို ဘုရားစစ်ဆေးနေတာပဲ။ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ကျွန်မ ကာကွယ်နိုင်ခြင်း ရှိမရှိဆိုတာကို သူ စစ်ဆေးနေတာ။ ကျွန်မတွေးမိတယ်၊ “ငါ့အနေနဲ့ တရားမျှတစိတ်ရှိတဲ့ သူတစ်ယောက် ဖြစ်ရမယ်။ တခြားလူတွေ ငါ့အပေါ် ဘာပဲထင်ပါစေ၊ သမ္မာတရားရဲ့ စည်းမျဉ်းတွေကို ထိန်းသိမ်းရမယ်”လို့ပေါ့။ အဲဒီနောက်မှာ မိတ်သဟာယကတစ်ဆင့်၊ တခြားလူတွေက ရှောင်လေရဲ့ မယုံကြည်သူ အပြုအမူကို သိမြင်ဖို့ သင်ယူခဲ့ကြပြီး၊ ရှောင်လေအတွက် တစ်ကိုယ်တည်း အစည်းအဝေးတွေနဲ့ အကဲခတ်ခြင်းအတွက် စီစဉ်ပေးဖို့ ညီအစ်ကို မောင်နှမ ၈၀ရာနှုန်း က သဘောတူခဲ့ကြတယ်။ နောက်ထပ်ပြီး ကျွန်မ ရှောင်လေနဲ့ မိတ်သဟာယပြုဖို့ သွားခဲ့တယ်။ သူ့ရဲ့ မပြောင်းလဲတဲ့အပြုအမူကို သုံးပြီး သူ့ပြဿနာကို ဖော်ထုတ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မ စကားတောင်မဆုံးသေးဘူး သူက ကိုယ့်ကိုယ်ကိုယ် စကာကွယ်ပြီး ချေပတော့တာပဲ။ ညီအစ်ကိုမောင်နှမတွေက လိုလိုလားလား ရင်းနှီးမြှုပ်နှံခဲ့တာ၊ သူနဲ့ ဘာမှမဆိုင်ဘူးဆိုပဲ။ သူဒီလို ပြုမူတဲ့အခါ၊ မယုံကြည်သူဖြစ်တာကို သက်သေပြတာပဲ။ ဒါကြောင့်၊ တစ်ကိုယ်တည်း စည်းဝေးတာတွေ လုပ်ဖို့နဲ့ အချိန်ကာလတစ်ခုကြာ စောင့်ကြည့်ဖို့ သူ့အတွက် ကျွန်မ စီစဉ်ပေးခဲ့တယ်။ ပြီးတော့ သူ့အနေနဲ့ အသိရတာ၊ နောင်တရတာ မပြသေးဘူးဆိုရင်၊ အသင်းတော်ကနေ ရှင်းထုတ်ခံရမှာပဲ။ သမ္မာတရားရဲ့ စည်းမျဉ်းတွေအတိုင်း လက်တွေ့လုပ်ဆောင်တဲ့နောက်မှာ၊ ဖော်ပြလို့မရတဲ့ ငြိမ်းချမ်းတဲ့ခံစားချက်နဲ့ ဝမ်းမြောက်ခြင်းကို စိတ်နှလုံးထဲမှာ ခံစားခဲ့ရတယ်။

အဲဒီအတွေ့အကြုံနောက်မှာ၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို စနားလည်လာခဲ့တယ်။ ကျွန်မရဲ့ ကိုယ်ကျိုးစီးပွားတွေကို လက်လွှတ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခဲ့သလို၊ လူ့ပုံသဏ္ဌာန်နဲ့ နည်းနည်း အသက်ရှင်နေထိုင်နိုင်ခဲ့တယ်။ ဒီအရာအားလုံးက ဘုရားရဲ့ ကယ်တင်ခြင်းပါ။ ဘုရားအိမ်တော်က လောကနဲ့ မတူတာကိုလည်း တွေ့ရတယ်။ ဘုရားအိမ်တော်မှာ သမ္မာတရားက အုပ်စိုးတယ်။ သမ္မာတရားကို ကျွန်မတို့ လက်တွေ့လုပ်ဆောင်ပြီး စည်းမျဉ်းနဲ့ ဆောင်ရွက်တဲ့အခါ၊ ဘုရားရဲ့ ကောင်းချီးနဲ့ လမ်းပြခြင်းကို ရကြတယ်။ ဘုရားကျေးဇူးတော်ပဲ။

အောက်ခြေမှတ်စု(များ)-

က။ “မိမိ၏ တံတောင်ကို တွန်းထုတ်သည်” ဆိုသည်မှာ တရုတ် ဥပစာစကားတစ်ခု ဖြစ်သည်၊ ယင်းမှာ လူတစ်ဦးသည် အခြားသူများအား ထိုသူနှင့် ရင်းနှီးသောလူများ၊ ဥပမာအားဖြင့် မိဘများ၊ သားသမီးများ၊ ဆွေမျိုးများ သို့မဟုတ် တစ်အူတုံဆင်း ညီရင်းအစ်ကို မောင်နှမများကို အထိခိုက်ခံလျက် ကူညီနေသည်ဟု ဆိုလိုသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ချစ်ခင်တွယ်တာမှုက သင့်စိတ်ကို မဖုံးလွှမ်းပါစေနှင့်

ရှင်းကျင့် တရုတ်နိုင်ငံ ၂၀၁၅ ခုနှစ် ဇွန်လတုန်းကပါ။ ကျွန်မက ဧဝံဂေလိသင်းထောက်အနေနဲ့ အစေခံဖို့ အသင်းတော်တစ်ခုကို သွားရတယ်။ လိကျီဆိုတဲ့...

စိတ်နှလုံး၏ လွတ်မြောက်ခြင်း

ကျန်ရှင်း အမေရိကန်နိုင်ငံ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ မှာ ကျွန်မ ခင်ပွန်းနဲ့ ကျွန်မတို့က နိုင်ငံခြားမှာ ရှိနေတုန်း ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ...

ကြီးကြပ်မှုကို ကျွန်တော် လက်မခံရသည့် အကြောင်းပြချက်

ဖာဖီးရပ့်စ် အာဖရိကတိုက် ကျွန်တော်က အသင်းတော်မှာ လူသစ်တွေကို တစ်နှစ်ကျော် ရေလောင်းနေခဲ့ပါတယ်။ ကျွန်တော်တာဝန်ထမ်းဆောင်တဲ့တစ်လျှောက်မှာ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။