ဧဝံဂေလိတရားကို မျှဝေခြင်း အတွေ့အကြုံတစ်ခု

10.03.2022

ဖူစူး တောင်ကိုရီးယားနိုင်ငံ

ကျွန်မက အန္တတန်ခိုးရှင်ဘုရားရဲ့ နောက်ဆုံးသောကာလအမှုတော်ကို လက်ခံပြီးတဲ့နောက်ပိုင်း ဧဝံဂေလိတရားစဟောဖြစ်ခဲ့တယ်။ ကျွန်မ တိတ်တိတ်ကလေး ဆုံးဖြတ်ထားတာက ဘယ်လိုအခက်အခဲနဲ့ပဲကြုံကြု တာဝန်ကို ကောင်းကောင်း ထမ်းဆောင်မယ် ဒါမှဘုရားရဲ့သိုးတွေက ဘုရားရဲ့အသံကိုကြားပြီး ဘုရားရှေ့မှောက်ရောက်လာနိုင်မယ်ဆိုပြီးတော့ပေါ့။

၂၀၁၈ခုနှစ် ဖေဖော်ဝါရီလမှာ ဖိလစ်ပိုင်ကအစ်ကိုမဲလ်နဲ့ အွန်လိုင်းမှာဆုံဖြစ်ခဲ့တယ်။ သူက ဓမ္မကျောင်းမှာ နေတာ အစပိုင်းမှာတော့ ကျွန်မတို့လည်း ပညာရှိနဲ့ မိုက်မဲတဲ့ သတို့သမီးတွေ၊ ချီဆောင်ခြင်းအကြောင်း စတာတွေ အများကြီးပြောဖြစ်ခဲ့ကြတယ် ကျွန်မ အစ်ကိုမဲလ်ကိုမေးခဲ့တယ်လူတစ်ယောက်က ကောင်းကင်နိုင်ငံတော်ကိုသွားလို့ရမယ့်အချိန် ရောက်လာတဲ့အခါ “ကျွန်မတို့လို သခင့်အပေါ်ယုံကြည်သူတိုင်းက နောက်ဆုံးမှာ ကောင်းကင်နိုင်ငံတော်ကိုရောက်မယ်လို့ယုံကြည်လား” လို့လေ သူက ဂုဏ်ယူစွာနဲ့ပဲ “ဒါပေါ့ ဧဖက် သြဝါဒစာ ၂:၈-၉ မှာ ပေါလုက ‘ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။’ လို့ ပြောထားတယ်။ ကျွန်တော်တို့က ယုံကြည်ခြင်းနဲ့ ဖြောင့်မတ်ရာရောက်ပြီးပြီဖြစ်သလို ကျွန်တော်အဆုံးထိတောင့်ခံနိုင်ရင် ကယ်တင်ခြင်းခံရမှာပါ။ သခင်ပြန်လာတဲ့အခါ ကျွန်တော်တို့ကိုကောင်းကင်နိုင်ငံဆီ တန်းခေါ်သွားပါလိမ့်မယ်။ အဲဒါကို ကျွန်တော်တို့သံသယ တစ်ခုတစ်လေ ဖြစ်မိရင် သခင်ယေရှုရဲ့ ကယ်တင်ခြင်းကို ငြင်းပယ်တာဖြစ်ပြီး ယုံကြည်မှုကင်းမဲ့တာပါပဲ” တဲ့။ သူအဲဒီလိုပြောပြီးတော့ ကျွန်မက “ကျွန်မတို့က ယုံကြည်ခြင်းနဲ့ ဖြောင့်မတ်ရာရောက်ပြီး ကျေးဇူးတော်ကြောင့် ကယ်တင်ခံရတယ်လို့ ရှင်ပြောတယ်၊ ဒီအတွက် သမ္မာကျမ်း အခြေပြုချက် ရှိလား။ အဲဒါကို သခင်ယေရှု ပြောခဲ့လား။ သန့်ရှင်းသောဝိဉာဉ်တော်ပြောခဲ့တာလား။ ကျမ်းစာက ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်ရာရောက်ပြီး ကယ်တင်ခံရမယ်လို့ ဖော်ပြပေမယ့်၊ ဒါပေမဲ့အဲဒါတွေက ကျွန်မတို့ကို နိုင်ငံတော်ထဲ ရောက်စေမယ်လို့ မပြောထားဘူး။ အဲဒီလိုပြောတာက အခြေအမြစ်မရှိဘူး။ အဲဒါက လူတွေရဲ့အယူအဆ သက်သက်ပဲမဟုတ်ဘူးလား။”

မဲလ်တစ်ယောက် မှင်သက်ပြီးတော့ ဗလုံးဗထွေးနဲ့ တိုးတိုးလေးပြောတယ်၊ “ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာရောက်ခြင်းက နိုင်ငံတော်ထဲ ဝင်ရောက်တာကို မဆိုလိုဘူးတဲ့လား” တဲ့။ အဲဒါနဲ့ ကျွန်မသူ့ကို သမ္မာကျမ်းစာထဲက စာပိုဒ်တချို့ပို့ပေးခဲ့တယ်။ “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁)ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မရောက်ရကြ။(ရှင်မဿဲခရစ်ဝင် ၁၈:၃)အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသားမရှိ။(ဗျာဒိတ်ကျမ်း ၁၄:၅)ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။(ဝတ်ပြုရာကျမ်း ၁၁:၄၅-၄၆) ပြီးတော့၊ “သခင့် နှုတ်ကပတ်တော်တွေက နိုင်ငံတော်ထဲ ဝင်ရောက်ခြင်းအတွက် သတ်မှတ်ချက်တွေနဲ့ပတ်သက်လို့ အရမ်းရှင်းတယ်။ သခင်က သန့်ရှင်းပါတယ်။ ပြီးတော့ သူက ကျွန်မတို့ကို ကလေးသူငယ်တွေလို ဖြူစင်၊ ရိုးသားပြီး မာယာကင်းဖို့၊ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှား၊ သန့်စင်ဖို့၊ ဘုရားကို နာခံပြီး သူ့အလိုတော်ကို လုပ်ဆောင်တဲ့ လူတွေ ဖြစ်လာဖို့ တောင်းဆိုတယ်။ အဲဒါကသာ လူတစ်ယောက်ကို နိုင်ငံတော်အတွက် သင့်တော်စေတာပါ။ ပြီးတော့ ကျွန်မတို့က အဲဒီ သတ်မှတ်ချက်ကို ပြည့်မီကြရဲ့လား။ ဘယ်တော့မှ မလိမ်ဘူးလို့‌ ပြောရဲလား။ အပြစ် လုံးဝကင်းပြီးတော့ သန့်စင်ခြင်းခံပြီးပြီလို့ ပြောရဲမလား” မဲလ် ဘာမှပြန်မပြောခဲ့ဘူး။ ကျွန်မကဆက်ပြီး “ကျွန်မတို့ သခင်ကိုဝန်ချပြီး နောင်တရရင် ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်ရာရောက်ပြီး ကျေးဇူးတော်အားဖြင့် ကယ်တင်ခံရမယ်။ အဲဒီလောက်က မှန်ပါတယ်။ ဒါပေမဲ့ ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်ရာရောက်ပြီး ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်တာက တကယ်ဘာကို ဆိုလိုတာလဲ။ ပညတ်တော်ခေတ်မှာ လူတွေရဲ့ ဘဝတွေအတွက် လမ်းပြမှုပေးဖို့ ဘုရားက မောရှေကတစ်ဆင့် ပညတ်တရားနဲ့ ပညတ်တော်တွေကို ထုတ်ပြန်ခဲ့တယ်။ ဒါပေမဲ့ အဲဒီခေတ်ကုန်တော့ ပညတ်တော်တွေကို ဘယ်သူမှမလိုက်နာနိုင်ကြတော့ဘူး။ အကုန်လုံးက အပြစ်တွေ ပိုပိုပြီးကျူးလွန်လာခဲ့ကြတယ်။ လူတိုင်းက ပညတ်တရားအောက်မှာ စီရင်ခံရမယ့်၊ အသေသတ်ခံရမယ့် အန္တရာယ်နဲ့ ကြုံခဲ့ရတယ်။ အဲဒါက ဘုရားသခင် လူ့ဇာတိခံပြီး လူသားတွေရဲ့ အပြစ်ဖြေရာယဇ်အဖြစ် ကားစင်အတင်ခံရပြီး၊ ပညတ်တရားကနေ လူကို ကယ်လွှတ်ရတဲ့ နောက်ခံအကြောင်းရင်း ဖြစ်တယ်။ အဲဒီနောက်မှာတော့ လူတွေက သခင်ယေရှုကို ကယ်တင်ရှင်အဖြစ်လက်ခံပြီး ဝန်ခံနောင်တရသရွေ့၊ သူတို့အပြစ်တွေ ခွင့်လွှတ်ခံရပြီး ပညတ်တရား မစောင့်ထိန်းတဲ့အတွက် စီရင်မခံရတော့ဘူး။ အဲဒါက ကျွန်မတို့ကို သခင်က အပြစ်သားလို မမြင်တော့ဘူးလို့ ဆိုလိုတာပါ။ သခင့်ရဲ့ရွေးနှုတ်ခြင်းကြောင့် ကျွန်မတို့ဟာ ဖြောင့်မတ်သောသူလို့ ခေါ်လို့ရတယ်။ ပြီးတော့ ဘုရားသခင်ရဲ့ရှေ့မှောက်မှာ ဝတ်ပြုဆုတောင်းခွင့်ရခဲ့သလို သခင်ပေးအပ်တဲ့ ပျော်ရွှင်ခြင်း၊ ငြိမ်းသက်ခြင်းနဲ့ ကျေးဇူးတော်ကိုလည်း မွေ့လျော်ရတယ်။ အဲဒါကြောင့် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာရောက်ပြီး ကျေးဇူးတော်ကြောင့် ကယ်တင်ခံရတယ်ဆိုတာ ယုံကြည်ခြင်းကတစ်ဆင့် အပြစ်တွေ ခွင့်လွှတ်ခံရပြီး၊ ပညတ်တရားအောက်မှာ စီရင်မခံရတော့ဘူးလို့ ဆိုလိုတာပါ။ ဒါပေမဲ့ ကျွန်မတို့က အပြစ်တွေကင်းပြီး သန့်စင်သွားတာမဟုတ်ဘူး၊ ကျွန်မတို့က တကယ်ဖြောင့်မတ်ပြီးတော့ နိုင်ငံတော်ကို ရောက်ထိုက်တဲ့သူတွေ ဖြစ်သွားတာမဟုတ်ပါဘူး။” လို့ကျွန်မဆက်ပြီး မိတ်သဟာယဖွဲ့ခဲ့တယ်။

မဲလ်ကအံ့သြသွားပြီးတော့ “ဒါဆို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာရောက်တယ်ဆိုတာ ကျွန်တော်တို့ရဲ့ အပြစ်တွေကို ခွင့်လွှတ်ခံရပြီး၊ သခင်က အပြစ်ရှိတယ်လို့ မမြင်တော့တာကို ဆိုလိုတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ဖြောင့်မတ်ပြီး နိုင်ငံတော်ထဲ ဝင်နိုင်တယ်လို့ မဆိုလိုဘူးပဲ။ ကျွန်တော်တို့ သင်းအုပ်ဆရာကတော့ အဲဒီအကြောင်း တစ်ခါမှမပြောဖူးဘူး” လို့ပြောတယ်။ အဲဒါနဲ့ ကျွန်မလည်း အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲက ဒီစာပိုဒ်တွေကို သူ့ကိုဖတ်ပြခဲ့တယ်။ “ထိုအချိန်က ယေရှု၏ အမှုမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနှုတ်ရန် ဖြစ်သည်။ သူ့ကို ယုံကြည်သူအားလုံးတို့၏ အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသည်၊ သူ့ကို ယုံကြည်နေသရွေ့ သူက သင့်ကို ရွေးနှုတ်မည်၊ သင်သည် သူ့ကို ယုံကြည်ပါက သင်သည် အပြစ်နှင့်မသက်ဆိုင်တော့ဘဲ၊ သင်၏အပြစ်များ အားလုံး ဖြေလွှတ်ခြင်းခံရသည်။ ဤသည်မှာ ကယ်တင်ခံရခြင်းနှင့် ယုံကြည်ခြင်းအားဖြင့် လျော်ကန်စေခြင်းဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ သို့သော် ယုံကြည်ခဲ့ကြသည့် သူများအတွင်း၌ ဘုရားသခင်ကို ပုန်ကန်၍ ဆန့်ကျင်သည့်အရာ ကျန်နေသေးပြီး၊ ၎င်းကို တဖြည်းဖြည်းချင်း ဖယ်ရှားပစ်ရန် လိုခဲ့ပါသေးသည်။ ကယ်တင်ခြင်းဟူသည်မှာ လူသားသည် ယေရှု၏ ရယူခြင်းကို အပြည့်အဝ ခံခဲ့ပြီးပြီဟု ဆိုလိုခြင်းမဟုတ်ဘဲ၊ လူသားသည် သူသည်အပြစ်တရားနှင့် မသက်ဆိုင်တော့ဘဲ၊ သူ၏ အပြစ်များခွင့်လွှတ်ခံရခြင်းကို ဆိုလိုသည်။ သင်ယုံကြည်ပြီဆိုပါက အပြစ်တရားနှင့် နောက်တစ်ဖန် မည်သည့်အခါမျှ သက်ဆိုင်တော့မည် မဟုတ်ချေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂))လူသားအားလုံးသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်းကို ခံရပြီးဖြစ်ကောင်း ဖြစ်နိုင်သည့်အတွက်၊ ဘုရားသခင်သည် လူ၏ ဒုစရိုက်ကျူးလွန်ခြင်းများကို မအောက်မေ့ခြင်းနှင့် လူသားကို သူ၏ ဒုစရိုက်ကျူးလွန်ခြင်းများနှင့်အညီ မဆက်ဆံခြင်းဟုသာ မှတ်ယူ၍ရနိုင်ပေသည်။ သို့ရာတွင် ဇာတိ၏ ခန္ဓာဖြင့် အသက်ရှင်သည့် လူသားသည် အပြစ်မှ လွှတ်မြောက်ခြင်း မခံရသေးသည့်အခါ၊ သူသည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားကို မပြီးနိုင် မဆုံးနိုင် ထုတ်ဖော်ပြလျက်၊ အပြစ်ကိုသာ ဆက်လုပ်နိုင်သည်။ ဤအရာက အပြစ်ပြုခြင်းနှင့် ခွင့်လွှတ်ခြင်းနှင့်ဆိုင်သည့် အဆုံးမရှိသော သံသရာတစ်ခု ဖြစ်သည့် လူများ အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။ လူသားမျိုးနွယ် အများစုသည် ညနေတွင် အပြစ်ဝန်ချရန်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ ဤနည်းဖြင့် အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ ထိရောက်သော်လည်း၊ ယင်းသည် လူကို အပြစ်မှ ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။ လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိဆဲဖြစ်သည့်အတွက်၊ ကယ်တင်ခြင်း အမှု၏ ထက်ဝက်သာ ပြီးစီးသေးသည်။...လူသားအတွက် သူ၏ အပြစ်များကို သတိပြုမိလာရန်မှာ မလွယ်ကူချေ။ သူသည် သူကိုယ်တိုင်၏ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားသော သဘာဝကို သတိမပြုမိနိုင်သကဲ့သို့၊ ဤရလဒ်ကို ရရှိဖို့အလို့ငှာ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအပေါ် သူ မှီခိုရမည်ဖြစ်သည်။ ထိုသို့ဖြင့်သာ လူသည် ဤအချိန်မှစ၍ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲလာနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))နောက်ဆုံးသောကာလအတွင်းတွင် ယေရှု ဆင်းသက် လာမည်ကိုသာ သင်သိသည်၊ သို့သော် သူ မည်သို့ အတိအကျ ဆင်းသက်လာမည်နည်း။ ရွေးနုတ်ခြင်းခံရပြီးစဖြစ်ပြီး မပြောင်းလဲသေးသော၊ သို့မဟုတ် ဘုရားသခင်အားဖြင့် စုံလင်ခြင်းသို့ မရောက်သေးသော သင်တို့ကဲ့သို့ အပြစ်သားတစ်ဦးအနေဖြင့်၊ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်သလော။ လူဟောင်းအတိုင်း ရှိနေဆဲဖြစ်သည့် သင့်အတွက်၊ သင်သည် ယေရှုအားဖြင့် ကယ်တင်ခံခဲ့ရသည်ဆိုသည်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့် သင်သည် အပြစ်သားအဖြစ် ယူဆမခံရသည်မှာ မှန်သော်လည်း၊ ဤအရာက သင်သည် အပြစ်မရှိသကဲ့သို့ မစင်ကြယ်သောသူ မဟုတ်သည်ကို သက်သေမပြပေ။ သင်သည် မပြောင်းလဲသေးပါက၊ မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်ခြင်း ရှိနိုင်မည်နည်း။ အတွင်း၌ သင်သည် မစင်ကြယ်ခြင်း၊ အတ္တနှင့် ဆိုးရွားယုတ်မာခြင်းတို့ဖြင့် ပတ်ချာဝိုင်းနေသည့်တိုင်အောင် သင်သည် ယေရှုနှင့်အတူ ဆင်းသက်လိုနေဆဲဖြစ်သည်၊ သင်ထိုမျှ ကံကောင်းသလော။ သင်သည် ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် အဆင့်တစ်ခု ချန်လှပ်မိပြီ ဖြစ်သည်။ သင်သည် ရွေးနုတ်ခြင်း ခံရရုံသာ ရှိသေးသော်လည်း၊ မပြောင်းလဲသေးပေ။ သင့်အတွက် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ရန်မှာ၊ ဘုရားသခင်သည် သင့်ကို ပြောင်းလဲစေခြင်းနှင့် သန့်စင်စေခြင်းအမှုကို ကိုယ်တိုင် လုပ်ရပေမည်။ သင်သည် ရွေးနုတ်ခြင်းသာ ခံရပါက၊ မွန်မြတ်သန့်ရှင်းခြင်းကို ရယူနိုင်စွမ်းရှိမည် မဟုတ်ပေ။ ဤနည်းဖြင့် သင်သည် ပြောင်းလဲခြင်းနှင့် စုံလင်စေခြင်း၏ အဓိကအဆင့်ဖြစ်သော လူကို စီမံခန့်ခွဲသည့် ဘုရားသခင်၏အမှုတွင် အဆင့်တစ်ဆင့်ကို သင်လွတ်သွားခဲ့သည့် အတွက် သင်သည် ဘုရားသခင်၏ ကောင်းမြတ်သော ကောင်းချီးများကို ဝေမျှရန် အရည်အသွေးပြည့်မီလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ရွေးနုတ်ခံရပြီးစ အပြစ်သားတစ်ဦးဖြစ်သည့် သင်သည် ဘုရားသခင်၏ အမွေဥစ္စာကို တိုက်ရိုက်အမွေဆက်ခံနိုင်စွမ်း မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍)

ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့ “ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုက ရွေးနှုတ်ခြင်းအမှုကို လူသားတွေရဲ့လိုအပ်ချက်အပေါ်မူတည်ပြီး လုပ်ဆောင်ခဲ့တယ်။ အပြစ်ကို သိမှတ်ခြင်းအပေါ် အခြေခံပြီး လူတွေက ဝန်ချ၊ နောင်တရနိုင်ဖို့၊ သခင့်ကို ချစ်နိုင်အောင် ကြိုးစားဖို့၊ ဆားနဲ့ အလင်းဖြစ်ပြီး၊ မိမိကိုယ်ကိုယ်ကို ချစ်သလို သူတပါးကို ချစ်ဖို့နဲ့ နောက်ထပ် အများကြီး လုပ်နိုင်ဖို့ နောင်တလမ်းကို ဖော်ပြခဲ့တယ်။ အမူအကျင့်ကောင်းတွေကို လူတွေသိသွားတာက ရွေးနုတ်ခြင်းအမှုရဲ့ ရလဒ်ပါပဲ။ သခင်ယေရှုရဲ့ ရွေးနုတ်တာကို ကျွန်မတို့ ခံရချိန်မှာ၊ ကျွန်မတို့ အပြစ်တွေ ခွင့်လွှတ်ခံရပြီး၊ သူကကျွန်မတို့ကို အပြစ်ရှိတယ်လို့မမြင်ပါဘူး။ ဒါပေမဲ့ အဲဒါက ကျွန်မတို့အပြစ်တွေကင်းပြီးတော့ သန့်စင်ခြင်းခံရတယ်လို့ပြောတာမဟုတ်ပါဘူး၊ ဘာလို့လဲဆိုရင် ကျွန်မတို့ရဲ့ အပြစ်နဲ့ပြည့်တဲ့ သဘာဝက အခိုင်အမာအမြစ်တွယ်နေဆဲဖြစ်ပြီး၊ မာနထောင်လွှားတာ၊ ကောက်ကျစ်တာ၊ လှည့်ဖြားတာ၊ ဆိုးယုတ်တာတို့၊ ရက်စက်တာတို့လို ဖောက်ပြန်ပျက်စီးတတ်တဲ့ သဘောထားတွေကိုလည်း ကျွန်မတို့ အမြဲတမ်းဖော်ပြနေကြတာပဲ။ ဥပမာအနေနဲ့ ကျွန်မတို့မှာ ဆုကျေးဇူးတစ်ခု၊ အားသာချက်တစ်ခု ဒါမှမဟုတ် အစွမ်းအစတစ်ခုခုရှိရင် အရမ်းတော်တယ် ထင်တတ်ကြတယ်။ ကျွန်မတို့က မောက်မာပြီး သူများတွေကို အထင်သေးတတ်ကြတယ်။ စွန့်လွှတ်မှုတွေ လုပ်တဲ့အခါ၊ ဒါမှမဟုတ် အလုပ်မှာ နည်းနည်း ဒုက္ခခံရတဲ့အခါ၊ သူများတွေ လေးစားအောင်လို့ ကိုယ့်ကိုယ်ကိုယ် မကြွားဝါပဲ မနေနိုင်ကြဘူး။ တစ်ယောက်ယောက်က ကိုယ့်ထက်သာနေတာကိုတွေ့ရင် သူတို့အပေါ် မနာလိုဖြစ်ပြီး မုန်းတတ်ကြတယ်။ ကျွန်မတို့အကျိုးကိုထိခိုက်လာရင် လိမ်ညာလှည့်ဖြားကြမှာပဲ။ ဆင်းရဲဒုက္ခတွေ၊ စမ်းသပ်မှုတွေ၊ ကပ်ဘေးတွေ၊ ရောဂါဘယတွေနဲ့ မိသားစုပြဿနာတွေ ရင်ဆိုင်ရာမှာ၊ တစ်ခါတလေကျရင် ကျွန်မတို့က ဘုရားသခင်ကို အထင်လွဲပြီး အပြစ်တင်ကြတယ်၊ သစ္စာဖောက်ပြီး ငြင်းငယ်လိုက်တာမျိုးတောင်ရှိတယ်။ အဲဒါတွေအားလုံးက ကျွန်မတို့ဟာ အပြစ်ရဲ့ ချည်နှောင်တာ ခံရဆဲဖြစ်ပြီး၊ အပြစ်လုပ်ပြီး ဘုရားသခင်ကို အာခံနိုင်သေးတာကို ပြပါတယ်။ နှစ်ပေါင်းနှစ်ထောင်ကြာ၊ လူတွေဟာ အပြစ်ကျူးလွန်ပြီး ဝန်ချတဲ့ သံသရာမှာ အသက်ရှင်ခဲ့ကြပြီးတော့ ဘယ်သူကမှ အပြစ်နဲ့မကင်းလွတ်ခဲ့ဘူး။ အဲဒါကိုအထင်အရှားတွေ့နိုင်တယ်။” လို့မိတ်သဟာယမှာ ကျွန်မပြောခဲ့ပါတယ်။ “မလိမ်မညာ၊ အမှားမလုပ်ဘဲ သန့်စင်ခြင်းခံရဖို့ဆိုတဲ့ သခင် တောင်းဆိုတဲ့အရာနဲ့ ကျွန်မတို့ ကိုယ့်ကိုယ့်ကိုယ်ယှဉ်ကြည့်ရင်၊ တော်တော်လေးဝေးပါသေးတယ်။ ဘုရားသခင်ကို ဘုန်းထင်ရှားစေနိုင်ဖို့၊ ဒါမှမဟုတ် သက်သေခံဖို့ မဖြစ်နိုင်သေးဘူး။ ကျွန်မတို့လိုလူတွေက ဘယ်လိုလုပ်ပြီးတော့ နိုင်ငံတော်ကိုဝင်ခွင့်ရပါ့မလဲ။ သခင်ယေရှု ပြောခဲ့သည်မှာ- ‘ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။(ရှင်ယောဟန်ခရစ်ဝင် ၈:၃၃-၃၅) ဒီတော့ ကျွန်မတို့က သန့်စင်ခြင်းခံပြီးတော့ နိုင်ငံတော်ကိုရောက်ချင်ရင် ကျွန်မတို့ရဲ့ အပြစ်ကို ဖယ်ရှားပေးဖို့၊ ဆိုးယုတ်တဲ့ ကျွန်မတို့ရဲ့ စိတ်သဘောထားတွေကို ဖြေရှင်းပေးပြီး၊ ကျွန်မတို့ရဲ့ အပြစ်နဲ့ ဘုရားအပေါ် ဆန်ကျင်တာတွေကို အမြစ်ကနေ လုံးဝ နုတ်ပစ်ဖို့ နောက်ဆုံးသော ကာလမှာ ဘုရားသခင် ပြန်ကြွလာပြီး အမှုပြုဖို့ လိုပါတယ်။”

အဲဒီလိုမိတ်သဟာယဖွဲ့ပြီးတော့ မဲလ်ကသူသဘောပေါက်သွားပြီ၊ သခင်ယေရှုက ရွေးနုတ်ခြင်းအမှုကိုပဲ လုပ်ဆောင်ခဲ့တယ်၊ ပြီးတော့ ကျွန်တော်တို့က ယုံကြည်ခြင်းနဲ့ ဖြောင့်မတ်ရာရောက်ပေမယ့်၊ ကျွန်တော်တို့ အပြစ်လုပ်နေဆဲဖြစ်ပြီး အပြစ်ရဲ့ ချည်နှောင်တာ ခံရတုန်းပဲ။ အဲဒါကြောင့် နိုင်ငံတော်ကိုမရောက်နိုင်ဘူးလို့ပြောတယ်။ ဒါပေမဲ့ နည်းနည်းစဉ်းစားလိုက်ပြီးတော့ သူကမေးတယ်၊ “နောက်ဆုံးသောကာလ ကယ်တင်ခြင်းအမှုရဲ့ နောက်တစ်ဆင့်ကို သခင်ကလုပ်ဆောင်မယ်လို့ အစ်မကပြောတယ်နော်။ အဲဒါက သခင်ယေရှုရဲ့ကယ်တင်ခြင်းကို ငြင်းဆန်သလိုဖြစ်မနေဘူးလား။ ယုံကြည်ခြင်းကနေတစ်ဆင့် ကျွန်တော်တို့ရဲ့အပြစ်တွေ ခွင့်လွှတ်ခံရပြီးပြီလေ၊ အဲဒီတော့ ကျွန်တော်တို့က မဖြောင့်မတ်ဘူးဆိုရင်တောင် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းက ပြီးပြည့်စုံပါတယ်။ သခင်ယေရှုရဲ အမှု ပြီးစီးခြင်းက အဲဒါကို ဖြေရှင်းပေးခဲ့တယ်။ ဒီတော့ နောက်ထပ် ကယ်တင်ခြင်း မရှိတော့ပါဘူး။ ကျွန်တော်တို့က ကယ်တယ်ခံရပြီးဖြစ်တဲ့အတွက် ထပ်ကယ်တင်ခံလို့မရတာ့ဘူး။ အဲဒီလိုသာဆို သခင်ရဲ့ကယ်တင်ခြင်းက အချည်းနှီးဖြစ်သွားမှာပေါ့။ အစ်မကြည့်ရတာ သခင့်ရဲ့ကယ်တင်ခြင်းကို မယုံကြည်လို့ ဒီလိုသံသယတွေရှိနေတာနေမယ်” တဲ့။

အဲဒီမှာ “အစ်ကိုမဲလ်က ငယ်သေးပေမယ့် အယူအဆအခိုင်အမာရှိတယ် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာရောက်ခြင်းနဲ့ နိုင်ငံတော်ထဲ ဝင်ခွင့်မရဘူးဆိုတာကို သူလက်ခံတယ်၊ ဒါပေမဲ့ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ကယ်တင်ခြင်းအမှုကို သူလက်မခံနိုင်ဘူး” လို့ကျွန်မတွေးမိတယ်။ ကျွန်မဘုရားသခင်ကို ဆုတောင်းပြီးတော့ သူ့ရဲ့လမ်းညွှန်မှုကို တောင်းခံခဲ့ပါတယ်။ ဆုတောင်းပြီးတော့ “နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ အမှုတော် နောက်တစ်ဆင့်ကို လုပ်ဆောင်လိမ့်မယ်လို့ သမ္မာကျမ်းစာမှာ ပရောဖက်ပြုထားတယ်။ ကောရိန္တုဩဝါဒစာဒုတိယစောင် ၁:၁၀ မှာ ‘ထိုဘုရားသခင်သည် ငါတို့ကိုထိုမျှလောက် ကြီးစွာသော သေဘေးမှ ကယ်လွှတ်တော်မူပြီ။ ယခု၌ လည်း ကယ်လွှတ်တော်မူသေး၏။’ လို့ပြောထားတယ်။ ဟေဗြဲသြဝါဒစာ ၉း၂၈ မှာလည်း ‘ထိုနည်းတူ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှာ တခါတည်းကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန် ထိုသခင်ကို မျှော်လင့်လျက် နေသောသူတို့ကို ကယ်တင်ခြင်းအလို့ငှာ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတံ့။’ လို့ပြောထားပါသေးတယ်။ ရှင်ပေတရုသြဝါဒစာပဌမစောင် ၁:၄-၅ မှာ ‘နောက်ဆုံးသောကာလ၌ ထင်ရှားစေခြင်းငှာ ပြင်ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်း၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့။’ မှာပြောထားတယ်။ ပြီးတော့ ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈ မှာ ‘ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။’ မှာပြောထားတယ်။ ရှင်ပေတရုဩဝါဒစာပဌမစောင် ၄း၁၇ မှာ ‘ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။’ ဒီကျမ်းစာပိုဒ်တွေမှာ ‘ယခု၌လည်း ကယ်လွှတ်တော်မူသေး၏။’ ‘နောက်တဖန် ထိုသခင်ကို မျှော်လင့်လျက် နေသောသူတို့ကို ကယ်တင်ခြင်းအလို့ငှာ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတံ့’ တို့ ‘နောက်ဆုံးသောကာလ၌ ထင်ရှားစေခြင်းငှာ ပြင်ဆင်သော ကယ်တင်ခြင်း’ နဲ့ ‘ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။’ တို့ပြောထားပါတယ်။ အဲဒါတွေအကုန်လုံးက ဘုရားသခင်ဟာ နောက်ဆုံးသောကာလမှာ အမှုတော်ရဲ့ နောက်တစ်ဆင့်ကို ပြုလုပ်မယ်လို့ ဆိုလိုပြီး၊ ကျွန်မတို့ရဲ့အပြစ်တွေကို ရွေးနုတ်မှာမဟုတ်ဘဲ တရားစီရင်၊ သန့်စင်စေပြီး ကျွန်မတို့ကို အပြည့်အဝ ကယ်တင်မှာပါ။ သခင်ယေရှုရဲ့ရွေးနုတ်ခြင်းအမှုက ကျွန်မတို့ရဲ့အပြစ်တွေကနေ လွှတ်ငြိမ်းခွင့်ပေးခဲ့ပြီး၊ နောက်ဆုံးသောကာလမှာ ဘုရားသခင်က ကျွန်မတို့ရဲ့ အပြစ်နဲ့ပြည့်တဲ့ သဘာဝကို အပြီးတိုင် ဖြေရှင်းပေးဖို့၊ အပြစ်ကနေ ကျွန်မတို့ကို အပြည့်အဝ လွတ်မြောက်စေပြီး သန့်စင်စေဖို့ တရားစီရင်ခြင်း အမှုကို လုပ်ဆောင်မှာပါ။”

မဲလ်ကအံ့သြပြီးပြောတယ်၊ “အဲဒီတော့ ဘုရားသခင်က နောက်ဆုံးသောကာလမှာ တရားစီရင်တဲ့အလုပ်နဲ့ သန့်စင်စေခြင်းကိုလုပ်ဆောင်ပြီးတော့ ကယ်တင်ခြင်းနောက်တစ်ဆင့် ရှိနေသေးတာပေါ့။ ဘုရားသခင်က အဲဒီတရားစီရင်တဲ့အလုပ်ကို ဘယ်လိုလုပ်ဆောင်မလဲဆိုတာ ပြောပြပါဦး” တဲ့။

အဲဒါနဲ့ ကျွန်မ ဒီမိတ်သဟာယကို မျှဝေခဲ့တယ်၊ “ဟေဗြဲ သြဝါဒစာ ၄း၁၂ မှာ ‘ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာ တို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့် စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်းခြား ၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်းသိမြင်တတ်၏’ လို့ပြောထားတယ်။” အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တချို့ကို သူ့ကို ကျွန်မ ဖတ်ပြခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထားပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)ဤခေတ်အတောအတွင်း ဘုရားသခင် လုပ်ဆောင်သော အမှုသည် အဓိကအားဖြင့် လူသား၏အသက်တာအတွက် နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးခြင်း၊ လူသား၏ သဘာဝ အနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို ဖော်ထုတ်ခြင်းနှင့် ဘာသာရေးဆိုင်ရာ အယူအဆများ၊ မတော်မတရား ရှေးဆန်သော အတွေးအခေါ်၊ ခေတ်မမီတော့သော အတွေးအခေါ်နှင့် လူသား၏ အသိပညာနှင့် ယဉ်ကျေးမှုများကို ဖယ်ရှားခြင်းတို့ဖြစ်သည်။ ဤအရာများအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ဖော်ထုတ်ခြင်းမှတစ်ဆင့် သန့်စင်စေရမည် ဖြစ်သည်။ နောက်ဆုံးသောကာလတွင်၊ ဘုရားသခင်သည် လူသားကို စုံလင်စေရန် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများကို အသုံးမပြုဘဲ၊ သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ဘုရားသခင်၏ ဉာဏ်ပညာနှင့် ချစ်ဖွယ်ဖြစ်ခြင်းတို့ကို မြင်လာစေရန်နှင့် ဘုရားသခင်၏ စိတ်သဘောထားကို နားလည်လာစေရန်၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် လူသားသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ရှုမြင်ရန်အလို့ငှာ၊ ဘုရားသခင်သည် လူသားကို ဖော်ထုတ်ရန်၊ လူသားကို တရားစီရင်ရန်၊ လူသားကို ပြစ်တင်ဆုံးမရန်နှင့် လူသားကို စုံလင်စေရန် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း) ဒါကိုဖတ်ပြီးတော့ ကျွန်မ မိတ်သဟာယဆက်ဖွဲ့ခဲ့တယ်။ “နောက်ဆုံးသော ကာလမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ပြန်ကြွလာတဲ့ သခင်ယေရှုဟာ လူ့ဇာတိခံပြီး ကမ္ဘာမြေကို ကြွလာပြီးပြီဖြစ်သလို၊ တရားစီရင်ခြင်း အမှုကို လုပ်ဆောင်ဖို့ သမ္မာတရားကို သူ အသုံးပြုနေတယ်။ လူသားမျိုးနွယ်ကို သန့်စင်စေပြီး၊ အပြည့်အဝကယ်တင်တဲ့ သမ္မာတရားတွေ အကုန်လုံးကို သူကဖော်ပြတယ်၊ လူတွေရဲ့ဆိုးယုတ်တဲ့စိတ်သဘောထားတွေကို ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာတယ်၊ ဘုရားအပေါ် ကျွန်မတို့ အယူအဆတွေနဲ့ အဓိပ္ပာယ်မရှိတဲ့ နားလည်မှုတွေအပြင်၊ ကျွန်မတို့ထဲမှာ စွဲကိုင်ထားတဲ့ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေ၊ အဆိပ်တွေနဲ့ ရှုထောင့်အမြင်တွေကို ဖော်ထုတ်တယ်။ ဒီလိုနဲ့ သမ္မာတရားမျိုးစုံကို ကျွန်မတို့ နားလည်နိုင်ကြတယ်၊ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့စိတ်သဘောထား၊ သူ့ရဲ့သန့်ရှင်းပြီး လှပတဲ့အနှစ်သာရ၊ သူ့ရဲ့အနန္တတန်ခိုးနဲ့ ဉာဏ်ပညာတွေကို သိနိုင်ကြတယ်။ ကျွန်မတို့ဘယ်တုန်းကမှ သတိမထားမိခဲ့တဲ့ ဖောက်ပြန်ပျက်စီးမှုတွေကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ထုတ်ဖော်ပြလိုက်ပြီး၊ သူ့နှုတ်ကပတ်တော်ထဲမှာ ထုတ်ဖော်ပြတဲ့ အရာကနေတစ်ဆင့် ဘုရားကိုရော ကိုယ့်ကိုယ်ကိုယ်ကိုပါ သိနိုင်ကြတယ်။ အဲဒီနောက် ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတတ်တဲ့ စိတ်သဘောထားတွေ ဖြည်းဖြည်း သန့်စင်ခံရပြီး ပြောင်းလဲသွားတယ်။ ကျွန်မတို့တွေ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ အများကြီးကို ဖတ်၊ သမ္မာတရားတွေကို နားလည်ပြီး၊ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာရောက်ပြီး၊ ကျေးဇူးတော်အားဖြင့် ကယ်တင်ခံရခြင်းနဲ့ဆိုင်တဲ့ ကျွန်မတို့ရဲ့အယူအဆတွေအပေါ် ထိုးထွင်းသိမြင်မှု ရှိတာနဲ့တစ်ပြိုင်နက်၊ ကျွန်မတို့မှာ ညစ်ညမ်းမှုနဲ့ ဖောက်ပြန်ပျက်စီးမှုတွေ ရှိပေမယ့် နိုင်ငံတော်ထဲကို ရောက်ချင်တာက မာနထောင်လွှားရာရောက်ပြီး၊ မလျော်ကန်ဘူးဆိုတာ မြင်ကြတယ်။ အဲဒီနောက် ဘုရားဆီ ကျွန်မတို့ အမှန်တကယ် စနောင်တရကြပြီး၊ ဒါက ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းကို ကျွန်မတို့ စလက်ခံကြပြီဆိုတဲ့ သဘောပါပဲ” လို့ ပြောလိုက်တယ်။

အဲဒါကိုကြားတော့ မဲလ်ကပြုံးပြီးတော့ပြောတယ်၊ “ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကို ကျွန်တော်ခံစားမိတယ်။ ကျွန်တော် သခင်ယေရှုကို ယုံကြည်သက်ဝင်ခဲ့တဲ့ နှစ်ကာလအကုန်လုံးကို ပြန်ကြည့်မယ်ဆိုရင် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာရောက်ပြီး၊ ကျေးဇူးတော်ကြောင့် ကယ်တင်ခံရတာဟာ နိုင်ငံတော်ထဲကို ကျွန်တော် ရောက်နိုင်တယ်ဆိုတဲ့ သဘောလို့ ထင်ခဲ့ပြီး အဲဒါကို လုံးဝသံသယမရှိခဲ့ပါဘူး။ အခုတော့ ကျွန်တော့်ယုံကြည်မှုက ကျွန်တော့်ရဲ့ကိုယ်ပိုင် အယူအဆနဲ့ စိတ်ကူးတွေအပေါ်မှာ အခြေခံထားပြီးတော့ အဲဒါက ဘုရားသခင်အလိုတော်နဲ့ လုံးဝမကိုက်ညီတာကို သိသွားပါပြီ။” လို့ပြောတယ်။

ကျွန်မက “ဟုတ်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကသာ ဒီအရာအားလုံးကို ထုတ်ဖော်မပြခဲ့ရင်၊ ကျွန်မတို့ဘယ်သူမှ ဒါကိုနားလည်မှာမဟုတ်ပါဘူး” လို့ပြောခဲ့တယ်။ အဲဒါပြီးတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲက နောက်ထပ်စာပိုဒ်တစ်ပိုဒ် သူ့ကိုဖတ်ပြခဲ့တယ်။ “သိမ်းပိုက်ခြင်းအလုပ်က အဘယ်ကြောင့် နောက်ဆုံးအဆင့် ဖြစ်သနည်း။ ထိုအရာမှာ လူတန်းစားအသီးသီး မည်သို့ဇာတ်သိမ်းမည်ကို ထင်ရှားစေဖို့ အတိအကျပင် မဟုတ်လော။ ထိုအရာမှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သော သိမ်းပိုက်ခြင်းလုပ်ငန်းစဉ်အတွင်း၊ လူတိုင်းကို မိမိ၏ သရုပ်မှန်အား ပြသခွင့်ပြုပြီး၊ ထိုနောက်တွင် အမျိုးအစားအတိုင်း ခွဲခြားခြင်းခံရစေဖို့ မဟုတ်သလော။ ဤသည်မှာ လူသားမျိုးနွယ်ကို သိမ်းပိုက်သည်ဟု ဆိုသည်ထက်၊ လူအဆင့်အတန်း အသီးသီး အဘယ်သို့ ဇာတ်သိမ်းမည်ကို ပြသည်ဟုဆိုလျှင် ပိုကောင်းလိမ့်မည်။ ဤသည်မှာ လူတို့၏အပြစ်များကို တရားစီရင်ခြင်းနှင့် ၎င်းနောက် လူ့အဆင့်အတန်းများအမျိုးမျိုးကို ဖော်ပြပြီး၊ ထိုသို့ဖြင့် ၎င်းတို့ ဆိုးယုတ်သည် သို့မဟုတ် ဖြောင့်မတ်သည်ကို ဆုံးဖြတ်ပေးခြင်း ဖြစ်သည်။ သိမ်းပိုက်ခြင်းအလုပ်ပြီးသည့်နောက်တွင် အကောင်းအတွက် ဆုလာဘ်ပေးခြင်းနှင့် အဆိုးအတွက် ပြစ်ဒဏ်ပေးခြင်းအလုပ် လာသည်။ အပြည့်အဝနာခံသောလူများ၊ ဆိုလိုသည်မှာ လုံးလုံးလျားလျား သိမ်းပိုက်ခံရသူများသည် စကြဝဠာတစ်ခုလုံးသို့ ဘုရားသခင်၏အလုပ်အား ဖြန့်ဝေခြင်းဟူသည့် နောက်တစ်ဆင့်၌ နေရာချထားခံကြရမည်၊ သိမ်းပိုက်မခံရသောသူတို့သည် မှောင်မိုက်၌ နေရာချထားခံရမည်ဖြစ်ပြီး ဘေးဒုက္ခနှင့် တွေ့ကြုံကြရမည်ဖြစ်သည်။ ဤသို့ ခွဲခြားသတ်မှတ်ခံရမည်၊ အဆိုးလုပ်သူများသည် နောက်တစ်ဖန် မည်သည့်အခါတွင်မျှ နေ၏အလင်း မရှိဘဲ၊ ဆိုးညစ်မှုနှင့် စုဖွဲ့ခံကြရမည်၊ ဖြောင့်မတ်သူတို့သည် အလင်းကိုရရှိကာ အလင်းထဲ၌ ထာဝရအသက်ရှင်သွားဖို့ ကောင်းမြတ်မှုနှင့် စုဖွဲ့ခံကြရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)) “ဘုရားရဲ့နှုတ်ကပတ်တော်တွေကတစ်ဆင့် တရားစီရင်ခြင်းနဲ့ ဖော်ထုတ်ခြင်းအားဖြင့် လူတွေရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ သန့်စင်ခံရပြီး၊ တကယ် ဖြောင့်မတ်တဲ့သူတွေ ဖြစ်လာတာပါ။ ကပ်ဘေးကြီးတွေမှာ သူတို့ ကွယ်ကာခံရသလို ရှင်သန်နိုင်ပြီး နိုင်ငံတော်ထဲ ဝင်ရောက်နိုင်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့တရားစီရင်ခြင်းအလုပ်ကို ငြင်းပယ်ပြီး ကျေးဇူးတော်နဲ့ ကယ်တင်ခံရခြင်းကိုပဲ တွေးသူတွေကတော့ ဘုရားသခင်ရဲ့ ဖော်ထုတ်ရှင်းလင်းခြင်းကိုခံရပါလိမ့်မယ်။ ကပ်ဘေးကြီးတွေကျရောက်လာတဲ့အခါ သူတို့တွေငိုကြွေးကြရလိမ့်မယ်။ အဲဒါက ဗျာဒိတ်ကျမ်း ၂၂း၁၁ မှာပါတဲ့ ‘မတရားသောသူကသည် မတရားသဖြင့် ပြုစေ ဦး။ ညစ်ညူးသော သူသည် ညစ်ညူးစေဦး။ ဖြောင့်မတ် သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။’ ဆိုတဲ့ ပရောဖက်ပြုချက်ကို ပြည့်စုံစေတယ်။ ဖြောင့်မတ်သူတွေနဲ့ မဖြောင့်မတ်သူတွေကို အဲဒီလိုခွဲခြားမယ်၊ ပြီးရင် ဘုရားက လူကောင်းတွေကို ဆုချပြီး မကောင်းတဲ့လူတွေကို အပြစ်ပေးမယ်၊ သူတို့လုပ်တဲ့အရာအတိုင်း လူတွေကို ကိုင်တွယ်ဖြေရှင်းမယ်” လို့ ကျွန်မ သူ့ကိုပြောလိုက်တယ်။

မဲလ် အားရဝမ်းသာနဲ့ပြန်ပြောတယ်၊ “အဲဒါဆို နောက်ဆုံးသောကာလ တရားစီရင်တဲ့အလုပ်က လူတွေကို သန့်စင်စေဖို့တင်မဟုတ်ဘဲ မတူညီတဲ့လူအမျိုးမျိုးကိုပါ ဖော်ထုတ်ဖို့ပေါ့။ ဘုရားရဲ့အမှုတော်က တကယ်ကို အမြော်အမြင်ရှိလှပါတယ်။ ကျွန်တော်တို့ သင်းအုပ်ဆရာ အမြဲဟောတဲ့ ယုံကြည်မှုအားဖြင့် ဖြောင့်မတ်ရာရောက်ပြီး ကျေးဇူးတော်အားခြင့် ကယ်တင်ခံရခြင်းဆိုတာ မဟုတ်ဘူးပဲ။ ကျွန်တော် ဘယ်တုန်းကမှ ထိုးထွင်းသိမြင်မှု မရှိခဲ့ဘူးပဲ။ သခင်ရဲ့ကယ်တင်ခြင်းက ပြည့်စုံနှင့်ပြီးပြီ၊ နောက်ထပ် ကယ်တင်ခြင်း မရှိတော့ဘူး၊ အဲဒီ ဖြောင့်မတ်ရာရောက်ခြင်း၊ ကယ်တင်ခြင်းနဲ့ပဲ နိုင်ငံတော်ရောက်နိုင်တယ်လို့ တွေးရင်းနဲ့ အယူအဆတွေကိုပဲ ဖက်တွယ်နေမိခဲ့တယ်။ အခုပြန်တွေးကြည့်တော့ ရှက်ဖို့ကောင်းပါတယ်။ ဒါတွေကို ကြားခွင့်ပေးတဲ့ သခင့်ရဲ့ကရုဏာကို ကျေးဇူးတင်ပါတယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်တဲ့အမှုကို လက်ခံဖို့ ကျွန်တော် လိုလားပါတယ်” တဲ့။

ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်တဲ့ အမှုကို သူလက်ခံချင်တာကိုတွေ့တော့ ကျွန်မဝမ်းသာသွားတယ်။ ဒါပေမဲ့ နောက်ရက်နည်းနည်းကြာလို့ ကျွန်မတို့တွေ့တော့ မဲလ်က သူ့သင်းအုပ်ဆရာအိမ်ကိုသွားပြီးတော့ ကျွန်မနဲ့မိတ်သဟာယဖွဲ့ခဲ့တာကိုပြောပြခဲ့တဲ့အကြောင်းကို သိရတော့ ကျွန်မအံ့အားသင့်ခဲ့ရတယ်။ သူ့သင်းအုပ်ဆရာက ကျွန်မမှားနေတယ်၊ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာရောက်ပြီး ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းခံရတာက မှန်တယ်၊ ပြီးတော့ နောက်ဆုံးသောကာလမှာ ဘုရားရဲ့ တရားစီရင်တာကို ခံစရာမလိုဘူးလို့ ပြောတယ်တဲ့။ ကျွန်မနဲ့ အဆက်အသွယ်မလုပ်တော့ဖို့လည်းပြောတယ်တဲ့။ သူအဲဒီလိုပြောတဲ့အချိန်မှာ စိတ်ညစ်နေတာကို ကျွန်မသတိထားမိတယ်။ ပြီးတော့ အခုဆိုရင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်မှုကို သူလက်ခံဖို့ မသေချာတော့တာကိုလည်းတွေ့ရတယ်။ ကျွန်မဘုရားသခင်ကို မြန်မြန်ဆုတောင်းပြီး သက်သေခံရာမှာ ကျွန်မကို လမ်းပြပေးဖို့ တောင်းလျှောက်ခဲ့တယ်။ အဲဒီနောက်မှာတော့ ဘုရားသခင်နှုတ်ကပတ်တော်တွေထဲက စာပိုဒ်တစ်ခုကို တွေးမိခဲ့တယ်။ “ဘုရားသခင်အတွက် သက်သေခံသောအခါတွင် ဘုရားသခင် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမပုံ၊ လူတို့ကို စစ်ဆေးရန်နှင့် သူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် မည်သည့်စမ်းသပ်မှုများအား သူအသုံးပြုသည့် အကြောင်းတို့ကို ပို၍ အဓိက ပြောသင့်သည်။ သင်တို့၏ အတွေ့အကြုံထဲတွင် ဖောက်ပြန်ပျက်စီးခြင်း မည်မျှ ထုတ်ဖော်ထားကြောင်း၊ သင်တို့ အဘယ်မျှ ခံစားခဲ့ပြီးကြောင်းနှင့် နောက်ဆုံးတွင် ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို အဘယ်သို့ ခံခဲ့ရကြောင်းကိုလည်းကောင်း ပြောသင့်သည်၊ သင်တို့၌ ဘုရားသခင်၏အမှုအပေါ် စစ်မှန်သောသိခြင်း အဘယ်မျှ ရှိကြောင်းနှင့် ဘုရားသခင်အတွက် အဘယ်သို့ သက်သေခံပြီး သူ၏ချစ်ခြင်းမေတ္တာကို အဘယ်သို့ ပြန်ပေးဆပ်သင့်ကြောင်းတို့ကိုလည်း ပြောသင့်သည်။ သင်တို့သည် ဤကဲ့သို့သော စကားအသုံးအနှုန်းမျိုးကို ရိုးရှင်းသောပုံစံဖြင့် ပြောလျက် ပို၍ အနှစ်သာရရှိရှိ ပြောသင့်သည်။ အနှစ်သာရမဲ့သော သီအိုရီများအကြောင်းကို မပြောလေနှင့်။ ပိုမို၍ လက်တွေ့ကျအောင် ပြောလော့။ နှလုံးသားထဲမှ စကားပြောလော့။ ဤသည်မှာ သင်တွေ့ကြုံသင့်ပုံ ဖြစ်သည်။ ဝါကြွားရန် အားထုတ်သည့်အနေဖြင့် လေးနက်ဟန်ရှိသော၊ အနှစ်သာရမဲ့သော သီအိုရီများနှင့် မိမိကိုယ်ကို မပြင်ဆင်လေနှင့်။ ဤသို့ပြုခြင်းက သင်တို့ကို အတော်ပင် စိတ်ကြီးဝင်ပြီး အသိတရားမဲ့ဟန် ပေါ်စေမည်။ သင်သည် စစ်မှန်ပြီး နှလုံးသားထဲမှဖြစ်သည့် သင်၏ တကယ့် အတွေ့အကြုံမှ စစ်မှန်သောအရာများကို ပို၍ပြောသင့်သည်။ ဤသည်မှာ အခြားသူများအတွက် အကျိုးပြုဆုံးဖြစ်ပြီး သူတို့တွေ့မြင်ရန် အသင့်လျော်ဆုံးဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်”) အဲဒါ အမှန်ပဲ။ သက်သေခံတာက လူတွေကို ဘုရားရဲ့ နောက်ဆုံးသော ကာလအမှုတော် အကြောင်း ပြောရုံသက်သက် မဟုတ်ဘူး။ ဘုရားရဲ့ တရားစီရင်ခြင်း အမှုတော်ဟာ အမှန်တကယ် လူတွေကိုကယ်တင်ပြီးတော့ သန့်စင်စေနိုင်တယ်ဆိုတာကို သက်သေခံဖို့ ကျွန်မတို့ရဲ့ အတွေ့အကြုံတွေကို သုံးဖို့က သော့ချက်ပါပဲ။ ဘုရားသခင်ရဲ့တရားစီရင်မှုနဲ့ ကျွန်မကြုံတွေ့ဖူးတာပဲ၊ ကျွန်မရဲ့အတွေ့အကြုံတွေအကြောင်း သူ့ကိုပြောပြရမှာပေါ့လို့ တွေးမိတယ်။ ဒီအတွေးက ကျွန်မကို စိတ်ငြိမ်သွားစေခဲ့ပြီး ရှေ့ဆက်သွားဖို့ လမ်းကိုပေးခဲ့တယ်။

ကျွန်မ မဲလ်ကို “နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ ကယ်တင်ခြင်းနောက်တစ်ဆင့်ကို လုပ်ဆောင်တယ်။ သခင်ပြန်ကြွလာပြီး တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ပြီး၊ အဲဒါက ဘယ်သူမှငြင်းလို့မရတဲ့ အမှန်တရားပဲ။ စာတန်ရဲ့ ဖောက်ပြန်ဖျက်ဆီးတာခံရပြီး တဲ့နောက် ကျွန်မတို့က သမ္မာတရားကို သဘာဝအတိုင်း မချစ်သလို၊ အဲဒီအတိုင်း လက်တွေ့မလုပ်ဆောင်နိုင်တော့ဘူး။ တချို့လူတွေက သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်ကြတယ်၊ အစာရှောင်ပြီး ဆုတောင်းနိုင်တယ်၊ ဒါပေမဲ့ ဘယ်သူမှတော့ အပြစ်နဲ့မကင်းကြပါဘူး။ သူတို့က၊ ‘လူတစ်ယောက်ရဲ့ သဘာဝထက် တောင်တွေနဲ့ မြစ်တွေကို ရွေ့စေတာက ပိုလွယ်တယ်လို့’ ပြောကြသလိုပေါ့။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ သန့်စင်စေခြင်းနဲ့ တရားစီရင်ခြင်းကိုလက်မခံရင်တော့ ကျွန်မတို့ရဲ့ ဆိုးယုတ်တဲ့သဘာဝက ခိုင်ခိုင်မာမာ အမြစ်တွယ်နေဦးမှာပဲ။ အချိန်မရွေး အဲဒီဆိုးယုတ်တဲ့ စိတ်သဘောထားတွေကို ထုတ်ဖော်ပြမိမယ်၊ ဘုရားကို ခုခံစေပြီး ပုန်တောင်ပုန်ကန်စေမှာပါ။ ဥပမာ ကျွန်မကိုပဲကြည့် ကျွန်မက တော်တော်လေးမာနကြီးတဲ့သူပါ။ ကျွန်မမှာ အစွမ်းအစတချို့ရှိတယ်၊ သခင့်ကို အစေခံဖို့ အများကြီး လုပ်ဆောင်ခဲ့သလို စွန့်လွှတ်မှုတွေလည်း လုပ်ခဲ့တယ်။ ကျွန်မက ဘုရားသခင်ကို ပျော်ရွှင်စေတဲ့သူလို့ ကိုယ့်ကိုယ့်ကိုယ် အမြဲတမ်းထင်ခဲ့ပေမယ့် သခင်ယေရှု ပြန်ကြွလာပြီး၊ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှု လုပ်ဆောင်နေတယ်ဆိုတဲ့ သက်သေခံချက်ကိုကြားရတဲ့အခါမှာ ကျွန်မလက်မခံခဲ့ဘူး။ ကျွန်မတို့က ယုံကြည်ခြင်းနဲ့ ဖြောင့်မတ်ရာရောက်ပြီး ကျေးဇူးတော်အားဖြင့် ကယ်တင်ခံရတယ်လို့ပဲ ထင်ခဲ့တယ်။ အဲဒါကြောင့် ‘မဖြစ်နိုင်ဘူး။ ဘုရားက နောက်ထပ်အမှု ပြုတော့မှာ မဟုတ်ဘူး။ သူ့ရဲ့တရားစီရင်ခြင်းအလုပ်ကို လက်ခံစရာမလိုဘူး’ လို့ စဉ်းတောင် မစဉ်းစားဘဲ ပြန်ပြောခဲ့တယ်။ အဲဒါပြီးတော့ ညီအစ်ကိုမောင်နှမတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တွေကို မိတ်သဟာယဖွဲ့ ဆက်မျှဝေခဲ့ပြီးတော့ နောက်ဆုံးမှာတော့ ကျွန်မရဲ့အယူအဆတွေ မှန်သွားခဲ့ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးတဲ့နောက်၊ တစ်ရက်မှာ ကျွန်မဝတ်ပြုဆုတောင်းရင်း အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲက ကျွန်မကို တကယ် အရှက်ရစေခဲ့တဲ့ စာပိုဒ်တစ်ချို့ကို ဖတ်ခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- ‘သင်သည် ကောင်းကင်ထက် အနည်းငယ်မျှသာ နိမ့်ကျသော်လည်း ကမ္ဘာမြေထက် အဆုံးမရှိ မြင့်မားသော မွေးရာပါ ပါရမီရှင်တစ်ဦးဖြစ်သည်ဟု မထင်လေနှင့်။ သင်သည် အခြားမည်သူမဆိုထက် တော်နေရန်ဝေးစွ၊ ငါ၏လုပ်ရပ်များကို အသေးစိတ်အကျဆုံးကအစ ရိပ်စားနိုင်ပုံရနေဘိသည့်အလား မိမိကိုယ်ကိုယ် အလွန်အထင်ကြီးကာ သိမ်ငယ်စိတ် လုံးဝမရှိဖူးသည့်အတွက် သင်သည် ကမ္ဘာမြေပေါ်မှ ဆင်ခြင်တုံတရား ရှိသည့် မည်သူမဆိုထက် သာ၍မိုက်မဲနေပုံမှာ ချစ်စဖွယ်ပင် ကောင်းနေသေးတော့သည်ဟု ဆိုနိုင်ပေသည်။ အမှန်တွင်၊ သင်သည် ငါလုပ်ဆောင်ရန် ကြံရွယ်ထားသောအရာကို မသိသကဲ့သို့၊ ယခု ငါလုပ်ဆောင်နေသည့်အရာကို သာ၍ပင် သတိမမူမိသည့်အတွက် အခြေခံအားဖြင့် ဆင်ခြင်တုံတရား ကင်းမဲ့နေသူတစ်ဦး ဖြစ်ပေသည်။ ထို့ကြောင့် လူ့ဘဝအပေါ် သိမြင်နားလည်ခြင်း ရေးရေးမျှပင် မရှိသော်လည်း၊ မြေကို ထွန်ယက်စိုက်ပျိုးစဉ် ကောင်းကင်ဘုံ၏ ကောင်းချီးမင်္ဂလာများအပေါ် လုံးဝမှီခိုအားထားသော လယ်သမားဖြစ်သည့် မြေပေါ်၌ ပင်ပင်ပန်းပန်းအလုပ်လုပ်နေသည့် လယ်သမားအိုတစ်ဦးနှင့်ပင် သင်သည် တန်းတူမဟုတ်ဟု ငါဆို၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မသင်ယူသောကြောင့် ပညာမဲ့မြဲ မဲ့နေသောသူများ- ၎င်းတို့သည် သားရဲတိရစ္ဆာန်များ ဖြစ်ကြသည် မဟုတ်လော)“မဖြစ်နိုင်” ဟူသည့် သင်တို့၏ အမြင်များကို စွန့်လွှတ်လော့။ လူများအနေဖြင့် တစ်စုံတစ်ခုကို မဖြစ်နိုင်ဟု ယုံကြည်လေလေ၊ ယင်းမှာ ဖြစ်နိုင်ခြေ များလေလေဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ဉာဏ်ပညာသည် ကောင်းကင်ထက် မားမားစွင့်စွင့် မြင့်မားပေ၏၊ ဘုရားသခင်၏ အကြံအစည်များသည်လည်း လူ၏ အကြံအစည်များထက် သာ၍မြင့်မားကာ ဘုရားသခင်၏ အလုပ်သည် လူ့အတွေးအခေါ်နှင့် အယူအဆတို့၏ အကန့်အသတ်များကို သာလွန်သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ခုသည် မဖြစ်နိုင်ဟု ထင်ရလေလေ၊ ယင်း၌ ရှာဖွေနိုင်သည့် သမ္မာတရား သာ၍များလေလေ ဖြစ်သည်။ တစ်စုံတစ်ခုသည် လူတို့၏ အယူအဆများနှင့် စိတ်ကူးတို့ကို ကျော်လွန်ကာ တည်ရှိလေလေ၊ ယင်း၌ ဘုရားသခင်၏ အလိုတော် သာ၍ပါလေလေဖြစ်သည်။’ ‘ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သင်တို့မြင်တွေ့လိုလျှင်၊ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လိုလျှင်၊ ရှေးဦးစွာ သင်၏ ကိုယ်ပိုင် အယူအဆများကို ထားခဲ့ရမည်ဖြစ်သည်။ ဘုရားသခင်ကို သင်၏ ကိုယ်ပိုင် အကန့်အသတ်များထဲတွင် ထားပြီး သင်၏ကိုယ်ပိုင် အယူအဆများအတွင်း သူ့ကို ကန့်သတ် ထားရန်တို့ကို မဆိုထားနှင့်၊ ဘုရားသခင်ကို ဟိုအရာလုပ်၊ သည်အရာလုပ်ဟုပင် မတောင်းဆိုရပေ။ ထိုအစား ဘုရားသခင်၏ ခြေရာများကို သင်တို့ မည်သို့ရှာဖွေရမည်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မည်သို့ လက်ခံရမည်၊ ပြီးလျှင် ဘုရားသခင်၏ အသစ်သော အလုပ်ကို မည်သို့ နာခံရမည်တို့ကို သင့်ကိုယ်သင် တောင်းဆိုသင့်သည်၊ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ လူသည် သမ္မာတရား မဟုတ်သည့်အပြင် သမ္မာတရားကိုလည်း မပိုင်ဆိုင်သောကြောင့် သူ့အနေဖြင့် ရှာဖွေကာ လက်ခံပြီး နာခံသင့်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၁)- ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏)

အဲဒီနောက် ကျွန်မက သူ့ကို၊ “ဘုရားရဲ့နှုတ်ကပတ်တော်တွေကို ဖတ်လိုက်ရတာ ကျွန်မကို တော်တော်လေး တုန်လှုပ်သွားစေပါတယ်။ ကျွန်မဘယ်လောက် မာန်မာနကြီးလဲဆိုတာ သိခဲ့ရတယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော် ကျွန်မဆီရောက်လာတဲ့အခါမှာ အဲဒါကို ရှာဖွေတာ၊ စစ်ဆေးတာမလုပ်ခဲ့ဘူး။ ဘုရားသခင်ရဲ့အသံဟုတ်လား မဟုတ်လားဆိုတာကိုသိဖို့ သူ့ရဲ့နှုတ်ကပတ်တော်တွေကို လေးလေးနက်နက် မဖတ်ခဲ့ဘူး။ မသိရင်ကျွန်မက ဘုရားသခင်ရဲ့လုပ်ဆောင်မှုတွေကို အကုန်သိနေသလိုလိုနဲ့ ဘုရားသခင်က ဘာမှမလုပ်ဆောင်တော့ဘူးလို့ မာန်မာနကြီးစွာနဲ့ ပြောခဲ့ပါတယ်။ ကျွန်မက စာတန်ရဲ့ ဖောက်ပြန်ဖျက်ဆီးခြင်းကိုခံရတဲ့ သူတစ်ယောက်ပါပဲ။ ဘုရားသခင်ရဲ့အမှုတော်ကို ကျွန်မ ဘယ်လိုလုပ်နားလည်နိုင်ပါ့မလဲ။ ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်ပြီးတော့ သူလုပ်ဆောင်တဲ့ အလုပ်မှန်သမျှက သူ့ရဲ့စီမံခန့်ခွဲမှုအစီအစဉ်နဲ့ အညီပဲဖြစ်ပါတယ်။ မသိရင် ဘုရားသခင်ကပဲ သူ့ရဲ့လုပ်ဆောင်မှုတွေအတွက် ကျွန်မဆီမှာ ခွင့်ပြုချက်တောင်းရမလိုလို၊ ကျွန်မရဲ့ အယူအဆတွေနဲ့ ကိုက်ညီအောင်ပဲလုပ်ရမလိုလို။ မဖြစ်နိုင်ဘူးလို့ အခိုင်အမာပြောတာက ဘုရားသခင်ကို ကျွန်မ ဘောင်ခတ်နေတာပါ။ ပြီးတော့ ကျွန်မက ဘုရားကို ခုခံပြီး ရှုတ်ချနေတာကိုလည်း ပြလိုက်တာပါ။ အဲဒါက မေရှိယလာဖို့ အမြဲ စောင့်ဆိုင်းကြပေမယ့်၊ သခင်ယေရှု တကယ်ပေါ်ထွန်းပြီး အမှုပြုတဲ့အချိန်မှာ သူ့ကို မသိခဲ့ကြတဲ့ ဖာရိရှဲတွေလိုပါပဲ။ သူတို့ရဲ့ အယူအဆတွေပေါ် အခြေခံပြီး ကိုယ်တော့်ကို ဝေဖန် ရှုတ်ချခဲ့ကြသလို၊ ကားတိုင်မှာတောင် သံမှိုရိုက်ခံစေခဲ့ကြတယ်။ ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိပြီး နောက်ဆုံးမှာ သူ့ရဲ့ အပြစ်ပေးတာ ခံခဲ့ကြရတယ်။ ကျွန်မရဲ့အပြုအမူက သခင်ယေရှုကိုဆန့်ကျင်ခဲ့တဲ့ ဖာရိရှဲတွေနဲ့ ဘာမှမကွာပါဘူး။ ဒါကို သဘောပေါက်သွားတော့၊ သခင့်ရဲ့ ကျေးဇူးတော်ကို မွေ့လျော်ပြီး ကောင်းတဲ့အရာတစ်ချို့ လုပ်တာက စိတ်သဘောထားပြောင်းလဲမှုကို အစားမထိုးနိုင်မှန်းလည်း နားလည်သွားတယ်။ ဘုရားသခင်ရဲ့ တရားစီရင်မှုနဲ့ သန့်စင်စေမှုသာမရှိခဲ့ရင် ကျွန်မ မကြိုက်တာ တစ်ခုခု ဖြစ်လိုက်တာနဲ့ ဆင်ခြင်တုံတရား အားလုံး မရှိတော့တဲ့အထိတောင် ကျွန်မရဲ့ မာနထောင်လွှားမှုက ထဖောက်မှာပဲ။ ကျွန်မက ဘုရားကိုခုခံပြီး ရှုတ်ချနေတုန်းမှာပဲ မှန်တဲ့ လမ်းကို ကာကွယ်ပြီး ဘုရားကို ဆက်ကပ်နေတယ်လို့ ထင်ခဲ့မိတယ်။ ကျွန်မက သိမြင်နားလည်မှု လုံးဝ ရှိမနေခဲ့ဘူး။ အဲဒါ အရမ်းကြောင်းစရာကောင်းတယ်။ ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုကနေတစ်ဆင့် ကျွန်မရဲ့မာနထောင်လွှားတဲ့ စိတ်သဘောထားကို နားလည်လာပြီးတော့ မာန်မာနထောင်လွှားမိတော့မယ်ဆိုရင် ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုတွေကိုဖတ်ပြီး ကိုယ့်ကိုယ့်ကိုယ်ပြန်သုံးသပ်ပါတယ်။ ကျွန်မ မသိလိုက်ခင်မှာပဲ ပိုပြီး နှိမ့်ချတဲ့သူတစ်ယောက်ဖြစ်လာသလို၊ ကျွန်မရဲ့မွေးရာပါ အသိတရားနဲ့ အသိစိတ်တွေကို ပြန်ရရှိခဲ့ပါတယ်။ ကျွန်မ မဖြစ်ချင်တာတွေဖြစ်လာရင် ရမ်းသမ်းတွေးပြီး အထင်အမြင်သေးတာတို့၊ ကိုယ့်အယူအဆကိုပဲဆုပ်ကိုင်ထားတာတို့ မလုပ်တော့ဘဲနဲ့ သမ္မာတရားကို လိုက်စားလာနိုင်ပါတယ်။ ဘုရားကိုလည်း ပိုကြောက်ရွံ့ တတ်လာပြီး၊ လူသားဆန်မှုကိုဖြည်းဖြည်းချင်းရရှိခဲ့ပါတယ်။ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုဆိုတာ တဖြည်းဖြည်းပြောင်းလဲခြင်းနဲ့ သန့်စင်သွားစေခြင်းပဲဆိုတာကို ကျွန်မ နားလည်လာခဲ့တယ်။ ပြီးတော့ ဒါက ဘုရားရဲ့နှုတ်ကပတ်တော်တွေကတစ်ဆင့် ကျွန်မတို့ရဲ့ဆိုးယုတ်တဲ့စိတ်သဘောထားတွေကို ပြောင်းလဲစေတဲ့ ဖြစ်စဉ်ပါပဲ။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ပြင်းထန်ပြီး အချက်ကျတယ်၊ ဒါပေမယ့် ဒါက လူသားမျိုးအတွက် သူ့ရဲ့ ပိုကြီးမားတဲ့ ပိုလို့တောင် နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာပါ။ ‘ဆေးခါးသောက်မှ ဝေဒနာပျောက်မယ်’ ဆိုသလိုပါပဲ။ ဘုရားက ကျွန်မတို့ကို ဒီလို တရားစီရင်ပြီး ဖော်ထုတ်တာက၊ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ပိုပြောင်းလဲစေဖို့ပါ။ ဘုရားက ကျွန်မတို့ကို အရမ်းချစ်လို့ ဒါကို လုပ်တာပါ။ အဲဒါတွေကို နားလည်သွားတော့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုတွေကို လက်ခံဖို့၊ ကျွန်မရဲ့ မာနထောင်လွှားမှုကို ဖြစ်နိုင်သမျှ မြန်မြန် စွန့်ပစ်ဖို့နဲ့ လူသားသဏ္ဍာန်ကို အသက်ရှင်နေထိုင်ဖို့ ကျွန်မ ပိုပြီး ဆန္ဒရှိလာခဲ့ပါတယ်။ ဘုရားရဲ့ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုက ကျွန်မတို့ ဘဝမှာ လိုအပ်တဲ့အရာ အတိအကျဖြစ်ပြီး၊ ဒီလို တရားစီရင်မှုမျိုးကပဲ ကျွန်မတို့ကို ကယ်တင်နိုင်မှန်းလည်း ကျွန်မ နားလည်လာခဲ့တယ်။ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုတွေဆိုတာ တကယ်ကို ကျွန်မတို့အတွက် ကယ်တင်ခြင်းဖြစ်ပြီးတော့ အဲဒီမေတ္တာတရားက ကျေးဇူးတော်တို့၊ အပြစ်ဖြေရာယဇ်တို့ထက် ပိုကြီးမားပါတယ်” လို့ပြောခဲ့တယ်။

ကျွန်မရဲ့မိတ်သဟာယဖွဲ့တာကို ကြားပြီးတော့ မဲလ်က ဝမ်းသာအားရနဲ့ “ကျွန်တော် သခင်ယေရှုကို ယုံကြည်သက်ဝင်ခဲ့တဲ့ ကာလတလျှောက်လုံးမှာ တခြားအသင်းတော်ရဲ့ အသင်းသားတစ်ယောက်က သူတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုအကြောင်းပြောတာကို တစ်ခါမှမကြားခဲ့ဖူးဘူး။ သူတို့ဘယ်လိုတော်ကြောင်းပဲ ကြွားကြတာ။ အကုန်လုံးက အပြင်ပန်းမှာသာ သည်းခံဖို့ကို လက်တွေ့လုပ်ဆောင်ပြီးတော့ သူတို့ရဲ့အကျိုးစီးပွားနဲ့ ပတ်သက်လာတာနဲ့ အဲဒီမေတ္တာတွေက ပျောက်ကုန်ကြတာပဲ။ ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုသာမရှိခဲ့ရင် ကျွန်တော်တို့ရဲ့ ဆိုးယုတ်တဲ့စိတ်သဘောထားတွေကြောင့် ကိုယ့်ကိုယ့်ကိုယ် ဘယ်တော့မှသိမှာမဟုတ်ဘဲ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို နားမထောင်တာတို့ သူ့ကိုမနာခံတာတို့ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်သလို သူများတွေကို တကယ်ချစ်နိုင်မှာ မဟုတ်ဘူး။ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုဆိုတာ လူသားမျိုးနွယ်အတွက် ဘုရားသခင်ရဲ့ကယ်တင်ခြင်းပဲဖြစ်ပြီးတော့ ကျွန်တော်တို့လိုအပ်နေတာလည်း အဲဒါပါပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက တကယ့်သမ္မာတရားတွေပါပဲ။ ကျွန်တော်သူများတွေရဲ့ စကားတွေကိုနားမယောင်တော့ပါဘူး။ အနန္တတန်ခိုးရှင်ဘုရားသခင်နဲ့ သူ့ရဲ့နှုတ်ကပတ်တော်တွေကိုပဲ ယုံကြည်ပါတော့မယ်” လို့ပြောတယ်။ အဲဒီလိုပြောပြီးတော့ သူကကျွန်မတို့ရဲ့ ချက်ဂရု(ပ်)နာမည်ကို “ကျွန်တော့်ရဲ့တကယ့်မိသားစု” လို့ပြောင်းလိုက်တယ်။ လူကြီးတစ်ယောက်ဖြစ်ပေမယ့်လည်း ချုံးပွဲချငိုပြီးတော့ပြောတယ်၊ “ကျွန်တော်ဘုရားသခင်ကို ရှာတွေ့ခဲ့ပြီ။ ကျွန်တော့်ရဲ့မိသားစုကိုရှာတွေ့ခဲ့ပါပြီ။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဖတ်လို့ရတဲ့နေရာတိုင်းဟာ ကျွန်တော့်ရဲ့မိသားစုပါပဲ။” တဲ့ သူဒါပြောတာ ကြားရ‌တော့ ကျွန်မ တကယ်တို့ထိခြင်း ခံရတယ်။

မဲလ်နဲ့ ဧဝံဂေလိတရားကိုမျှဝေတဲ့ အတွေ့အကြုံက ကျွန်မကို သမ္မတရား နားမလည်ရင်၊ လူတွေဟာ ဘာသာရေး အယူအဆနဲ့ အတွေးမှားမျိုးစုံရဲ့ အယုံသွင်းပြီး ပိတ်လှောင်တာ ခံရနိုင်မှန်း နက်နဲတဲ့ နားလည်မှု ပေးခဲ့တယ်။ ကျွန်မတို့ဘုရားကို ယုံကြည်အားထားဖို့ တကယ်လိုတယ်။ သူတို့ဆီ ဘုရားရဲ့နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့ သမ္မာတရားကို မိတ်သဟာယဖွဲ့ဖို့ လိုတယ်၊ ဘုရားရဲ့ကယ်တင်ခြင်းကို သက်သေခံဖို့ သူ့ရဲ့အမှုတော်ကို တွေ့ကြုံရာက ရတဲ့ စစ်မှန်တဲ့ သိနားလည်မှုတွေကို အသုံးပြုဖို့လိုတယ်။ ဘုရားသခင်ရဲ့ရှေ့မှောက်ကို အမှန်တကယ်ရောက်နိုင်ဖို့ လူတွေဟာ သမ္မတရားကိုနားလည်ပြီးတော့ သူတို့ရဲ့အယူအဆတွေကို ရှင်းရှင်းလင်းလင်း သဘောပေါက်ဖို့လိုပါတယ်။ လူသားတွေကိုကယ်တင်ဖို့ ဘုရားသခင်ရဲ့လုပ်ဆောင်မှုဟာ ဘယ်လောက်ခက်ခဲလဲဆိုတာကိုလည်း ကျွန်မကြုံတွေ့ခဲ့ရပါတယ်။ ဘုရားနဲ့အတူ အလုပ်လုပ်ပြီး သူ့ကို နှစ်သိမ့်စေဖို့ အစစ်အမှန် ယုံကြည်ခြင်းရှိတဲ့ ပိုများတဲ့ လူတွေကို သူ့ဆီ ပို့ဆောင်ပေးချင်ပါတယ်။

အရှေ့သို့- အလှည့်အပြောင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်ကို ယုံကြည်စဉ်တွင် လူပုဂ္ဂိုလ်တစ်ယောက်နောက်သို့လိုက်ခြင်းအား ဆင်ခြင်သုံးသပ်ခြင်း

ရှောင်လု တရုတ်နိုင်ငံ ၂၀၁၈၊ နိုဝင်ဘာလမှာ အထက်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ လီကျန်က ကျွန်မတို့အလုပ်ကို ကြီးကြပ်ဖို့ ကျွန်မတို့အသင်းတော်ဆီလာတယ်။...

ကျွန်မ၏ ရာထူးဂုဏ်ဒြပ် အား ဆုံးရှုံး ပြီးနောက်

ဟူမင်း၊ ဟိုင်နန်စီရင်စု ခေါင်းဆောင် နေရာကို အခြားလူတစ်ယောက်ဖြင့် အစားထိုး ခန့်အပ် ခြင်း ခံရသော သူတစ်ဦး တစ်ယောက် ကိုတွေ့မြင်ရသည့်အပြင်၊...

လက်စားချေမှု အရယူပြီးနောက် နိုးထခြင်း

ကျွန်မ အသင်းတော်မှာ ခေါင်းဆောင်အဖြစ် ခဏတာ အစေခံခဲ့တယ်။ ဧဝံဂေလိ သင်းထောက်ဖြစ်တဲ့ အစ်မကျန်းက သူ့တာဝန်အတွက် ဝန်တာထားပြီး တကယ်ကို တက်ကြွခဲ့တယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။