ရှောင်လွှဲမရသော တာဝန်
ဂလတာ ဖိလစ်ပိုင်နိုင်ငံ ၂၀၂၀၊ စက်တင်ဘာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ အဲဒီနောက်မှာ...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၀ တုန်းက နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကျွန်မ လိုက်စားရင်း၊ တခြားသူတွေကို တိုက်ခိုက်ဖယ်ကြဉ်ရင်း ကိုယ့်တာဝန်ကို ထမ်းဆောင်ခဲ့တယ်။ အဲဒါက အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့လို့ ကျွန်မ ဖြုတ်ချခံခဲ့ရတယ်။ ကျွန်မ အရမ်း အပျက်သဘောဆောင်သွားတယ်။ ကြီးမားတဲ့ ဒုစရိုက်မှုကို လုပ်ခဲ့မိလို့ နှင်ထုတ်ခံရနိုင်တယ်၊ နောက်ပြီး ကယ်တင်ခံရဖို့ မျှော်လင့်ချက် မရှိတော့ဘူးလို့ တွေးနေမိခဲ့တယ်။ နောက်ပိုင်းမှာ နောက်ပိုင်းမှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မှုတချို့ လုပ်ခဲ့တာနဲ့ ကျွန်မရဲ့ အပြုအမူနဲ့ ကျွန်မ လျှောက်လှမ်းနေတဲ့ လမ်းကြောင်းကို နားလည်သွားမှန်း ခေါင်းဆောင်တွေမြင်တော့ ကျွန်မ တာဝန်တွေ ပြန်ပြီး ထမ်းဆောင်ဖို့ စီစဉ်ပေးခဲ့ကြပါတယ်။ ကျွန်မ အရမ်းအံ့သြသွားတယ်။ ဘုရားအိမ်တော်က ကျွန်မကို တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးပေးနေသေးတာမြင်တော့ မျက်လုံးထဲ မျက်ရည်ဝဲလာပြီး စိတ်နှလုံးထဲမှာ ဘုရားကို ကျေးဇူးတင်စိတ်နဲ့ ပြည့်သွားတာပေါ့။ စိတ်နှလုံးထဲမှာ ကျွန်မ ဆုံးဖြတ်လိုက်တယ်၊ “ငါ့ရဲ့ အရင်က ပြစ်မှားမှုတွေကို ဖာထေးဖို့ ငါ့တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်ရမယ်။ အရင်ကလိုမျိုး နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားပြီး လမ်းကြောင်းအမှားကို မလျှောက်တော့ဘူး” လို့ပေါ့။
နောက်တော့ အသင်းတော်နှစ်ခုက ဧဝံဂေလိအလုပ်အတွက် ကျွန်မ တာဝန်ပေးခံရတယ်။ အစတုန်းက ဧဝံဂေလိဟောပြောတဲ့ စည်းမျဉ်းတွေကို ကျွန်မ သဘောမပေါက်ဘူး။ အလုပ်မှာ ပြဿနာတွေ၊ အခက်အခဲတွေ အများကြီးကြုံရပြီး ဘယ်လိုဖြေရှင်းရမှန်း မသိခဲ့ဘူး။ ဒါနဲ့ စိတ်နှလုံးထဲမှာ ဘုရားကို ဆုတောင်းတယ်။ အချိန်ရတိုင်း စဉ်းစားဆင်ခြင်ပြီး စည်းမျဉ်းတွေကို ရှာဖွေဖို့ ကြိုးစားအားထုတ်ခဲ့တယ်။ စုဝေးပွဲတွေမှာ ညီအစ်ကိုမောင်နှမတွေက ဧဝံဂေလိဟောပြောရင်း ရခဲ့တဲ့ အတွေ့အကြုံတွေ၊ အကျိုးကျေးဇူးတွေကို ဝေမျှတာ နားထောင်ခဲ့တယ်။ ကျွန်မ အားကျမိတာပေါ့။ “သူများတွေက တာဝန်တွေ ထမ်းဆောင်ရင်း ဘုရားရဲ့လမ်းပြမှုကို ရနိုင်ပေမဲ့ ငါကတော့ မတူဘူး၊ ကြီးလေးတဲ့ ပြစ်မှားမှုတွေကို ကျူးလွန်ထားတဲ့သူပဲ” လို့ တွေးမိတာကိုး။ ဘုရားက နောင်တရဖို့ အခွင့်အရေးပေးထားတုန်းမို့လို့ ငါက သူများထက် ပိုကြိုးစားရမယ်၊ နောက်ထပ် အမှားလုပ်လို့မဖြစ်ဘူးလို့ ခံစားမိတယ်။ ကျွန်မ နေ့တိုင်း အသင်းတော်တွေကို ကူးချည်သန်းချည် သွားလာခဲ့တယ်။ ခေါင်းမူးတာ ပြန်ထရင်တောင် မနားဘဲ တာဝန်ကို ဇွဲရှိရှိ ထမ်းဆောင်ခဲ့တယ်။ တွေးမိတာက၊ “ငါ့တာဝန်တွေမှာ ပိုအားစိုက်ထုတ်ပြီး ဒုစရိုက်မလုပ်သရွေ့၊ အဖျက်အမှောင့် မလုပ်၊ မနှောင့်ယှက်သရွေ့ ငါ့ရဲ့ အရင်က ပြစ်မှားမှုတွေကို ဖာထေးနိုင်မယ်၊ ကယ်တင်ခံရဖို့ အခွင့်အရေး ရှိဦးမှာပဲ” လို့ပေါ့။ ခဏကြာတော့ ကျွန်မတာဝန်ယူထားတဲ့ ဧဝံဂေလိအလုပ်က ရလဒ်တချို့ စထွက်လာတယ်။ လူသစ်တွေလည်း စုဝေးပွဲတွေကို ပုံမှန်တက်နိုင်လာတယ်။ ဒီအချိန်မှာ ဧဝံဂေလိဟောပြောလို့ ရခဲ့တဲ့အရာတွေကို ပြောပြတော့ ကြီးကြပ်ရေးမှူးက ကျွန်မရဲ့ မိတ်သဟာယကို သဘောတူတယ်။ ကျွန်မ အရမ်းပျော်သွားတယ်၊ တွေးမိတာက၊ “ငါ့တာဝန်တွေမှာ ငါ ကြိုးစားလုပ်ခဲ့လို့ ညီအစ်ကိုမောင်နှမတွေရဲ့ အသိအမှတ်ပြုတာ ခံရပြီ။ စုဝေးပွဲ မိတ်သဟာယပြုတဲ့အချိန်မှာလည်း ဉာဏ်အလင်းရတယ်။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းပြမှုကိုလည်း ခံစားမိနေပြီ။ လက်ရှိအခြေအနေကို ထိန်းထားနိုင်သရွေ့၊ တာဝန်တွေကို ပိုပြီး လုံ့လရှိရှိ ထမ်းဆောင်သရွေ့၊ အဖျက်အမှောင့် မလုပ်၊ မနှောင့်ယှက်သရွေ့၊ ကောင်းမှုတွေကို ပိုပြင်ဆင်သရွေ့တော့ နောက်ဆုံးကျရင် ဘုရားက ငါ့ရဲ့ အရင်က ပြစ်မှားမှုတွေကို ထည့်တွက်မှာ မဟုတ်လောက်ဘူး” လို့ပေါ့။ နောက်ပိုင်းမှာ ခေါင်းဆောင်တွေက ပိုများတဲ့ အသင်းတော်တွေမှာ ဧဝံဂေလိအလုပ်ကို တာဝန်ယူဖို့ စီစဉ်ပေးတယ်။ ဒီအသင်းတော်တချို့က အိမ်နဲ့ အရမ်းဝေးမှန်း သိလိုက်ရတယ်။ ကျန်းမာရေးက မကောင်း၊ ဒီအတိုင်းဆက်သွားရင် သေချာပေါက် ခြေကုန်လက်ပန်းကျတော့မယ်ဆိုတာ တွေးမိပြီး ခေါင်းဆောင်တွေကို ကျွန်မ အခြေအနေ ပြောပြဖို့ စဉ်းစားမိတယ်။ ဒါပေမဲ့ “တာဝန်တွေကို ငြင်းလိုက်ရင် ဘုရားက ငါ့ကို ဘယ်လိုမြင်မလဲ” လို့ တွေးမိပြန်ရော။ ဒါနဲ့ ဘာမှမပြောဘဲ နေလိုက်တယ်။ နောက်တော့ အလုပ်နဲ့ မြန်မြန်အသားကျအောင် မိုးလင်းမိုးချုပ် အလုပ်လုပ်တယ်။ နေမကောင်းဖြစ်ရင်တောင် ကိုယ့်ကိုယ်ကိုယ် အတင်းတွန်းအားပေးပြီး ဆက်လုပ်တယ်။ တစ်ခါတလေ စုဝေးပွဲသွားဖို့ ညီအစ်မတွေရဲ့ ဆိုင်ကယ်ကို လိုက်စီးရတယ်။ ခဏခဏ ညဥ့်နက်တဲ့အထိ နေခဲ့တော့ ကျွန်မ ကျန်းမာရေးက ပိုဆိုးလာတယ်။ တစ်ကိုယ်လုံး အားမရှိသလို ခံစားရပြီး ခြေလက်တွေ မသယ်ချင်လောက်အောင် ဖြစ်သွားတယ်။ အိပ်ရာခေါင်းရင်းကို မှီပြီးတော့ပဲ အတင်းအားတင်းပြီး စုဝေးပွဲတွေ တက်နိုင်ခဲ့တယ်။ တကယ်တမ်းက ကျွန်မ အရမ်းအားနည်းနေလို့ အိမ်ပြန်ပြီး အနားယူချင်ခဲ့တာပါ။ ဒါပေမဲ့ အသင်းတော်အလုပ်က လူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေတာမြင်တော့ စိတ်ပူမိတယ်၊ ကိုယ့်ဘာသာကိုယ် တွေးမိတာက၊ “ဒီလို အရေးကြီးတဲ့အချိန်မှာ ငါသာ အိမ်ပြန်အနားယူပြီး တာဝန်တွေကို လက်လွှတ်လိုက်ရင် ဘုရားက ငါ့ကို ဘယ်လိုမြင်မလဲ။ ငါ့မှာ ကောင်းမွန်တဲ့ ရှေ့ရေး ရှိပါဦးမလား။ ငါ ကယ်တင်ခံရဖို့ ဖြစ်နိုင်ပါဦးမလား” လို့ပေါ့။ ဒါကြောင့် အခြေအနေတွေ ဘယ်လောက်ခက်ခဲလာပါစေ ကျွန်မ တာဝန်တွေကို ဆက်ထမ်းဆောင်ခဲ့တယ်။ နောက်ပိုင်း ဆေးကုသမှု ခံယူပြီးတော့ ကျွန်မအခြေအနေ တဖြည်းဖြည်း သက်သာလာတယ်။
နှစ်လသုံးလကြာတော့ ဧဝံဂေလိအလုပ်ရဲ့ ကြီးကြပ်ရေးမှူးအနေနဲ့ ကျွန်မ ရွေးချယ်ခံရတယ်။ ဒီတာဝန်နဲ့ ရင်ဆိုင်ရတော့ ကျွန်မ ကျန်းမာရေးမကောင်းလို့ အလုပ်တာဝန် မနိုင်မှာကို စိတ်ပူမိတယ်။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်၊ “နေမကောင်းဖြစ်နေရင်းနဲ့တောင် ငါ့တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်နိုင်ရင် ဘုရားက ငါ့ရဲ့ အရင်က ပြစ်မှားမှုတွေကို ခွင့်လွှတ်ပေးလောက်မှာပဲ။ အဲဒါဆိုရင် ငါ ကယ်တင်ခံရဖို့ အခွင့်အရေးရမှာပဲ” လို့ပေါ့။ ဒီလိုစိတ်ကူးနဲ့ ဒီတာဝန်ကို တာဝန်ယူဖို့ လိုလားခဲ့တယ်။ တစ်ခါတုန်းက စုဝေးပွဲတစ်ခုတက်ဖို့ ခေါင်းဆောင်တွေက အသိပေးလာတယ်။ ဒါပေမဲ့ စုဝေးပွဲမတိုင်ခင် နေ့လည်ခင်းမှာပဲ ကျွန်မအခြေအနေ ရုတ်တရက် ပိုဆိုးလာတယ်။ ဗိုက်အရမ်းအောင့်ပြီး တစ်ကိုယ်လုံး အားမရှိသလို ခံစားရတယ်၊ ခေါင်းလည်းကိုက်ပြီး လုံးဝကို မလှုပ်နိုင်သလောက် ဖြစ်သွားတယ်။ ဆရာဝန်က ကျွန်မကို ဆေးသွင်းပြီး အိပ်ရာထဲမှာ နားရမယ်လို့ ပြောတယ်။ အဲဒီအချိန်မှာ ကျွန်မ စိတ်တွေရှုပ်ထွေးနေပြီး စဉ်းစားမိတယ်။ “ငါ့ရောဂါက ဘာလို့ ထပ်ပြီး ပိုဆိုးလာတာလဲ။ အခု ငါ့တာဝန်တွေက အရမ်းများနေတာ။ ငါနဲ့ အတူအလုပ်လုပ်တဲ့ ညီအစ်မတွေဆို နေ့တိုင်း ဧဝံဂေလိကို မပြတ်တမ်း ဟောနေရတာ၊ ငါကျမှ ဒီလိုအရေးကြီးတဲ့အချိန်မှာ တာဝန်မထမ်းဆောင်နိုင် ဖြစ်နေတယ်။ ဘုရားက ငါ့ကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းဖို့ ဒီပတ်ဝန်းကျင်အခြေအနေကို အသုံးပြုနေတာလား။ ငါသာ တာဝန် တကယ် မထမ်းဆောင်နိုင်တော့ရင် ငါ့မှာ ဘယ်လိုလုပ် အနာဂတ် ရှိတော့မှာလဲ” လို့ပေါ့။ ဒါကို တွေးမိလိုက်တာနဲ့တင် ဘုရားရဲ့ စွန့်ပစ်တာ ခံရသလိုမျိုး ကျွန်မ အရမ်းစိတ်ဆင်းရဲမိတယ်။ ဆေးသွင်းထားလို့ ကျွန်မ ထိုင်းမှိုင်းလာပြီး အဲဒီညမှာပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတယ်။ နောက်တစ်နေ့မနက်ကျတော့ ဒီကိစ္စကို စိတ်နှလုံးထဲမှာ တွေးတောဆင်ခြင်ရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရုတ်တရက် သတိရလိုက်တယ်။ “လူသားသည် စာတန်၏ လွှမ်းမိုးမူအောက်သို့ အလွယ်ဆုံး ကျရောက်နိုင်သည်မှာ ခါးသီးသော စစ်ဆေးမှု အတောအတွင်းတွင် ဖြစ်သည်၊ ထို့ကြောင့် ထိုသို့စစ်ဆေးခြင်း အတောအတွင်းတွင် သင်သည် ဘုရားသခင်ကို မည်သို့ ချစ်သင့်သနည်း။ သင်သည် သင်၏ စိတ်နှလုံးကို ဘုရားသခင်၏ ရှေ့မှောက်တွင် ချထားရင်းနှင့် သင်၏ နောက်ဆုံးအချိန်ကို သူ့ထံ ဆက်ကပ်ရင်း၊ သင်၏ စိတ်စွမ်းအားကို လှုံ့ဆော်သင့်ပေသည်။ ဘုရားသခင်က သင့်ကို မည်သို့ စစ်ဆေးသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်အောင် လုပ်ဆောင်ရန် သမ္မာတရားကို လက်တွေ့ လုပ်ဆောင်နိုင်သင့်ပြီး ဘုရားသခင်ကို ရှာဖွေရန်နှင့် မိတ်သဟာယဖွဲ့ခြင်းကို ရှာဖွေရန် သင်ကိုယ်တိုင် လုပ်ဆောင်သင့်သည်။ ဤသို့သောအချိန်များတွင် သင်သည် မတုန်မလှုပ် ဖြစ်လေလေ အပျက်သဘောဆောင်လာလေ ဖြစ်လိမ့်မည်ဖြစ်ပြီး သင့်အတွက် ဆုတ်ယုတ်ဖို့ ပိုလွယ်ကူလေလေ ဖြစ်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်လိုက်တာက လူတစ်ယောက်ဟာ စစ်ဆေးခြင်း ဝေဒနာကို ပိုခံစားရလေလေ၊ သမ္မာတရားနဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ပိုရှာဖွေသင့်လေလေ ဆိုတာပါပဲ။ ကျွန်မရဲ့ အနာဂတ်နဲ့ ပန်းတိုင်ကို ထည့်စဉ်းစားလို့မရတော့ဘူး။ ဘုရားကို ပိုဆုတောင်းရမယ်၊ ကျွန်မအတွက် ကောင်းမွန်တဲ့ အနာဂတ်နဲ့ ပန်းတိုင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကျွန်မ စိတ်နှလုံးကို ဘုရားရှေ့မှာ ထားဖို့ လိုလားပြီး ဘုရားက ဘယ်လိုပဲ အလုပ်လုပ်ပါစေ ကျွန်မ ကျိုးနွံနာခံလိုစိတ်ရှိခဲ့တယ်။ ဘုရားသခင်က ကျွန်မကို စောင့်ကြည့်နေသလိုမျိုး၊ ကျွန်မ မတ်တပ်ရပ်ပြီး ရှေ့ဆက်ဖို့ စောင့်ဆိုင်းနေသလိုမျိုး ကျွန်မ ခံစားခဲ့ရတယ်။ ကျွန်မ စိတ်နှလုံး တဖြည်းဖြည်း တည်ငြိမ်လာတယ်၊ စိတ်က ပိုအေးချမ်းလာပြီး ဒီလိုပတ်ဝန်းကျင်အခြေအနေမှာ သမ္မာတရားကို ရှာဖွေဖို့ လိုလားခဲ့တယ်။
တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ပြီး ကျွန်မအခြေအနေနဲ့ပတ်သက်တဲ့ နားလည်မှုတချို့ ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ပေါလုသည် မိမိကိုယ်တိုင်၏ ပုန်ကန်ခြင်းကို သိရန် မဆိုထားနှင့်၊ မိမိ ကိုယ်တိုင်၏ အနှစ်သာရ သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်းကို မသိခဲ့ချေ။ သူသည် ခရစ်တော်နှင့် သက်ဆိုင်သည့် သူ၏ စက်ဆုပ်ဖွယ် အာခံမှုကို မဖော်ပြခဲ့သကဲ့သို့၊ သူသည် လွန်ကဲစွာ နောင်တရခြင်းလည်း မရှိခဲ့ပေ။ အကျဉ်းရုံး ရှင်းပြချက်တစ်ခုကိုသာ သူပေးခဲ့ပြီး၊ သူ၏ စိတ်နှလုံးသားထဲတွင် ဘုရားသခင်ကို အပြည့်အဝ အလျှော့ပေးခြင်း မရှိခဲ့ပေ။ သူသည် ဒမာသက်မြို့သို့ သွားရာလမ်းတွင် လဲကျခဲ့သော်လည်း၊ သူသည် မိမိ၏စိတ်တွင်း ကို မဆန်းစစ်ခဲ့ချေ။ သူသည် အလုပ်လုပ်မြဲ လုပ်နေရုံမျှနှင့် ရောင့်ရဲခဲ့ပြီး၊ မိမိကိုယ်ကို သိခြင်းနှင့် သူ၏ စိတ်သဘောထားဟောင်းအား ပြောင်းလဲခြင်းတို့ကို အရေးပါဆုံးသော ကိစ္စရပ်များအဖြစ် သူ မမှတ်ယူခဲ့ချေ။ သမ္မာတရားအား ပြောဆိုခြင်းမျှဖြင့်၊ သူ၏ ကိုယ်ပိုင် အသိစိတ်အတွက် ဖြည့်ဆည်းသည့်အနေဖြင့် အခြားသူများအား ထောက်ပံ့ပေးခြင်းမျှဖြင့်၊ သူ့ကိုယ်သူ ဖြေသိမ့်ရန်နှင့် အတိတ်မှ သူ၏ အပြစ်များကို မိမိဘာသာ ဖြေလွှတ်ရန် ခရစ်တော်၏ နောက်လိုက်များအား နှိပ်စက်ညှဉ်းပန်းမှု မပြုတော့ခြင်းမျှဖြင့် သူသည် ကျေနပ်နေခဲ့သည်။ သူ လိုက်စားခဲ့သော ပန်းတိုင်သည် အနာဂတ် သရဖူနှင့် အချိန်ပိုင်းမျှသာခံသော အလုပ်ထက် ဘာမျှမပိုပေ၊ သူ လိုက်စားခဲ့သော ပန်းတိုင်သည် ကြွယ်ဝသော ကျေးဇူးတော် ဖြစ်သည်။ သူသည် လုံလောက်သော သမ္မာတရားကို မလိုက်စားခဲ့သကဲ့သို့ ယခင်က သူနားမလည်ခဲ့သော သမ္မာတရားထဲသို့လည်း သာ၍ နက်ရှိုင်းစွာ တိုးတက်ရန် မလိုက်စားခဲ့ချေ။ ထို့ကြောင့် မိမိကိုယ်တိုင်နှင့် ပတ်သက်သည့် သူ၏ သိမြင်ခြင်းသည် အတုအယောင် ဖြစ်သည်ဟု ပြော၍ရပြီး၊ သူသည် ပြစ်တင်ဆုံးမခြင်း သို့မဟုတ် တရားစီရင်ခြင်းကို လက်မခံခဲ့ချေ။ သူ အလုပ်လုပ်နိုင်ခဲ့သည်မှာ သူသည် မိမိကိုယ်တိုင်၏ သဘာဝ သို့မဟုတ် အနှစ်သာရနှင့် ပတ်သက်၍ အသိပညာကို ပိုင်ဆိုင်ထားသည်ဟု မဆိုလိုပေ။ သူ၏ အာရုံစိုက်မှုမှာ အပြင်ပန်း အလေ့အထများသာ ဖြစ်ခဲ့သည်။ ထို့အပြင် သူကြိုးပမ်းခဲ့သည့်အရာမှာ ပြောင်းလဲမှု မဟုတ်ဘဲ သိမြင်ခြင်း ဖြစ်ခဲ့သည်။ သူ၏ အလုပ်သည် ဒမာသက်သို့ သွားရာလမ်းပေါ်တွင် ယေရှု၏ ပေါ်ထွန်းခြင်း ရလဒ် လုံးလုံးဖြစ်ခဲ့သည်။ ယင်းမှာ သူသည် မူလက လုပ်ဆောင်ရန် စိတ်ဆုံးဖြတ်ခဲ့သည့်အရာ မဟုတ်သကဲ့သို့၊ ယင်းမှာ သူ၏ စိတ်သဘောထားဟောင်းကို ပြုပြင်ခြင်းအား လက်ခံပြီးသည့်နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အလုပ်လည်း မဟုတ်ခဲ့ချေ။ သူသည် မည်သို့ အလုပ်လုပ်ခဲ့သည် ဖြစ်စေ၊ သူ၏ ဟောင်းသော စိတ်သဘောထားသည် မပြောင်းလဲခဲ့ချေ၊ ထို့ကြောင့် သူ၏ အလုပ်သည် သူ၏အတိတ်က အပြစ်များကို မဖြေလွှတ်ခဲ့ဘဲ၊ ထိုအချိန်က အသင်းတော်များအလယ် အချို့သော အခန်းကဏ္ဍ၌ အသုံးဝင်ခဲ့ရုံမျှ ဖြစ်ခဲ့သည်။ ဤကဲ့သို့သော မိမိ၏ စိတ်သဘောထားဟောင်းကို ပြောင်းလဲခြင်း မရှိသည့် လူတစ်ယောက်အနေနှင့် ဆိုလိုသည်မှာ၊ ကယ်တင်ခြင်းအား မရရှိခဲ့သကဲ့သို့ သာ၍ပင် သမ္မာတရား မရှိသောသူတစ်ဦးအနေဖြင့် သူသည် သခင်ယေရှုက လက်ခံသော သူများထဲမှ တစ်ဦး ဖြစ်လာနိုင်စွမ်း လုံးဝ မရှိခဲ့ပေ။...သူ အမြဲ ယုံကြည်ခဲ့သည်မှာ- ‘ငါသည် အလုပ်လုပ်နိုင်စွမ်း ရှိသည်၊ ငါသည် လူအများစုထက် သာလွန်သည်။ ကြီးစွာသော အလင်းသည် ငါ့အပေါ် ထွန်းလင်းခဲ့ပြီး၊ ငါသည် ကြီးစွာသော အလင်းကို မြင်ခဲ့ရသည့်အတွက်၊ ငါသည် မည်သူနှင့်မျှမတူပဲ သခင်၏ ဝန်ထုပ်ကို ထောက်ထားညှာတာပြီး၊ မည်သူမျှ ငါ့လောက် နက်ရှိုင်းစွာ နောင်တရခြင်းမရှိပေ၊ ထို့ကြောင့် ငါ၏ နောင်တသည် အခြားမည်သူမဆိုထက် သာ၍ နက်ရှိုင်းသည်။’ ဟူ၍ ဖြစ်သည်။ ထိုအချိန်တွင် ဤသည်မှာ သူ၏ စိတ်နှလုံးအတွင်း တွေးခဲ့သောအရာ ဖြစ်သည်။ သူ့အလုပ်၏ အဆုံးတွင် ပေါလုက ‘တိုက်လှန်ခြင်းကို ငါပြုပြီ၊ ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးပြီ၊ ဓမ္မသရဖူသည် ငါ့အဘို့ သိုထားလျက်ရှိ၏။’ ဟု ပြောခဲ့သည်။ သူ၏ တိုက်လှန်ခြင်း၊ အလုပ်နှင့် လမ်းကြောင်းသည် ဓမ္မသရဖူအတွက် လုံးဝ ဖြစ်ခဲ့ပြီး၊ သူသည် တက်ကြွစွာ တစ်ဟုန်ထိုးမလုပ်ဆောင်ခဲ့ချေ။ သူသည် သူ၏အလုပ်တွင် ဝတ်ကျေတမ်းကျေ မဟုတ်ခဲ့သော်ငြားလည်း၊ သူ၏ အလုပ်သည် သူ၏ အမှားများကို ထေမိစေရန်အလို့ငှာ၊ သူ၏ သြတ္တပ္ပစိတ်၏ စွပ်စွဲချက်များကို ထေမိစေရန်အလို့ငှာမျှသာ ဖြစ်ခဲ့သည်။ သူတောင့်တသည့် ဓမ္မသရဖူအား သာ၍ မြန်ဆန်စွာ ရရှိနိုင်ရန်အလို့ငှာ၊ သူသည် သူ၏ အလုပ်ကို ပြည့်စုံစေရန်၊ သူ၏ပြေးရသောလမ်းကို အဆုံးတိုင် ပြေးရန်နှင့် သူ၏ တိုက်လှန်ခြင်းကို ဖြစ်နိုင်သမျှ မြန်မြန် ပြုရန်သာ သူ မျှော်လင့်ခဲ့သည်။ သူတောင့်တခဲ့သည့်အရာမှာ သူ၏ အတွေ့အကြုံများနှင့် စစ်မှန်သော အသိပညာဖြင့် သခင်ယေရှုအား တွေ့ဆုံရန် မဟုတ်ခဲ့ဘဲ၊ သူသည် သခင်ယေရှုနှင့် ဆုံတွေ့သောအခါ သူ၏အလုပ်က ကြိုးပမ်းရရှိခဲ့သော ဆုလာဘ်များကို လက်ခံ ရယူရန်အလို့ငှာ၊ သူ၏ အလုပ်ကို ဖြစ်နိုင်သမျှ မြန်မြန် ပြီးစီးရန်သာ ဖြစ်ခဲ့သည်။ သူသည် မိမိကိုယ်ကိုယ် နှစ်သိမ့်ရန်၊ အနာဂတ်သရဖူနှင့် အလဲအလှယ်လုပ်ရာတွင် ညှိနှိုင်းရန် သူ၏ အလုပ်ကို အသုံးချခဲ့သည်။ သူဖွေရှာခဲ့သောအရာမှာ သမ္မာတရား သို့မဟုတ် ဘုရားသခင် မဟုတ်ခဲ့ဘဲ၊ သရဖူကိုသာ ဖြစ်ခဲ့သည်။ ထိုသို့သော လိုက်စားခြင်းသည် အဘယ်သို့ စံချိန်မီနိုင်မည်နည်း။ သူ၏ ကြံရွယ်ချက်၊ သူ၏ အလုပ်၊ သူပေးဆပ်ခဲ့သော အဖိုးအခနှင့် သူ၏ ကြိုးထုတ်မှု အားလုံး သူ၏ အံ့ဖွယ် စိတ်ကူးယဉ်မှုများသည် အားလုံးကို ပျံ့နှံ့သွားခဲ့ပြီး၊ သူသည် သူကိုယ်တိုင်၏ စိတ်ဆန္ဒများအတိုင်း လုံးလုံးလျားလျား အလုပ်လုပ်ခဲ့လေသည်။ သူ၏ အလုပ်တစ်ခုလုံးတွင်၊ သူပေးဆပ်ခဲ့သော အဖိုးအခ၌ လိုလိုလားလားရှိခြင်း စိုးစဉ်းမျှ မရှိခဲ့ပေ။ သူသည် အပေးအယူလုပ်ခြင်းတွင် ပါဝင်ပတ်သက်ရုံမျှ ပတ်သက်ခဲ့သည်။ အားထုတ်မှုများကို သူ၏ တာဝန်အား ဆောင်ရွက်ရန်အလို့ငှာ လိုလိုလားလား ပြုလုပ်ခဲ့သည် မဟုတ်ဘဲ၊ အပေးအယူ၏ ရည်မှန်းချက်ကို အောင်မြင်ရရှိနိုင်ရန်အလို့ငှာ လိုလိုလားလား ပြုလုပ်ခဲ့ခြင်း ဖြစ်ပေသည်။ ထိုသို့သော ကြိုးထုတ်မှုများသည် ထိုက်တန်ခြင်းတစ်ခုတလေ ရှိပါသလော။ သူ၏ မဖြူစင်သော အားထုတ်မှုများကို မည်သူက ချီးကျူးမည်နည်း။ ထိုသို့သော အားထုတ်မှုများတွင် စိတ်ဝင်စားမှုတစ်ခုတလေ မည်သူ ရှိပါသနည်း။ သူ၏ အလုပ်သည် အနာဂတ်အတွက် အိပ်မက်များနှင့် ပြည့်သည်၊ အံ့ဖွယ်အစီအစဉ်များနှင့် ပြည့်နေပြီး၊ လူသား၏ စိတ်သဘောထားကို ပြောင်းလဲပေးရန် လမ်းကြောင်း မပါရှိခဲ့ချေ။ ထို့ကြောင့် သူ၏ စေတနာအများစုမှာ ဟန်ဆောင်ခြင်းတစ်ခု ဖြစ်ခဲ့သည်။ သူ၏ အလုပ်သည် အသက်ကို ထောက်ပံ့မပေးခဲ့ဘဲ၊ ရည်မွန်မှု အတုအယောင် တစ်ခုသာ ဖြစ်ခဲ့သည်။ ယင်းသည် အပေးအယူ ပြုလုပ်ခြင်း ဖြစ်ခဲ့သည်။ ဤကဲ့သို့သော အလုပ်သည် အဘယ်သို့ လူကို သူ၏ နဂိုမူလ တာဝန်အား ပြန်လည်ရရှိခြင်း လမ်းကြောင်းဆီသို့ ဦးဆောင်နိုင်မည်နည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် မိမိလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) သခင်ယေရှုကို ညှဉ်းပန်းနှိပ်စက်ပြီး တပည့်တော်တွေကို ဖမ်းဆီးခဲ့တဲ့ သူ့ရဲ့ အတိတ်က ဒုစရိုက်အမှုတွေနဲ့ပတ်သက်ပြီး ပေါလုမှာ စစ်မှန်တဲ့ နားလည်မှုမရှိခဲ့ဘူး၊ ဘုရားကို အတိုက်အခံလုပ်တဲ့ သူ့ရဲ့ အနှစ်သာရကိုလည်း သူ တကယ် နားမလည်ခဲ့ဘူး ဆိုတာကို ဘုရားက ဖော်ထုတ်ထားတယ်။ သူမှားကြောင်း သိရုံ၊ နောင်မှာ ဘုရားကို အတိုက်အံလုပ်တဲ့ အဲဒီလိုအရာတွေ မလုပ်တော့ဘူးလို့ သိရုံနဲ့တင် သူကျေနပ်ခဲ့တာ။ ပြီးတော့ အပေါ်ယံ စွန့်လွှတ်အသုံးခံတာ၊ အပင်ပန်းခံ အလုပ်လုပ်တာတွေကတစ်ဆင့် သူ့အပြစ်တွေအတွက် ဖာထေးဖို့ ကြိုးစားခဲ့တယ်။ အဆုံးမှာတော့ သူ့အတွက် ဖြောင့်မတ်ခြင်း သရဖူတစ်ခု သီးသန့်ရှိတယ်လို့တောင် သူက အခိုင်အမာ ပြောခဲ့တယ်။ ပေါလုရဲ့ စွန့်လွှတ်အသုံးခံတဲ့ လုပ်ရပ်တွေဟာ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်တာ မဟုတ်ဘူး၊ စစ်မှန်တဲ့ နောင်တလည်း မဟုတ်ဘူး၊ သူ့အပြစ်တွေအတွက် ဖာထေးဖို့နဲ့ ဖြောင့်မတ်ခြင်းသရဖူ ရဖို့ အလုပ်ကို အသုံးပြုပြီး အလဲအလှယ်လုပ်ဖို့ ကြိုးစားတာပဲ ဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ ဒါဟာ အရေခြုံမှုဖြစ်သလို ဘုရားသခင်ကို လှည့်ဖြားပြီး အပေးအယူလုပ်ဖို့ ကြိုးစားတာပါပဲ။ ကျွန်မရဲ့ အတိတ်က တာဝန်တွေကို ဆင်ခြင်သုံးသပ်ကြည့်မိတယ်။ အဲဒီတုန်းက ကျွန်မက နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားပြီး အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ကာ နှောင့်ယှက်ခဲ့တယ်။ ပြစ်မှားခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ ပြစ်မှားမှုတွေကို လေးလေးနက်နက် ဆင်ခြင်သုံးသပ်မှု မရှိခဲ့ဘူး၊ မသိခဲ့ဘူး။ အဲဒီအတွက်ကြောင့် ဘုရားအပေါ်၊ ဒါမှမဟုတ် ညီအစ်ကိုမောင်နှမတွေအပေါ် အကြွေးတင်သလိုလည်း မခံစားခဲ့ရဘူး။ အသင်းတော်အလုပ်အပေါ် ထိခိုက်ပျက်စီးသွားတာနဲ့ ညီအစ်ကိုမောင်နှမတွေအပေါ် သက်ရောက်မှုရှိတာကိုပဲ ကျွန်မ မြင်ခဲ့တာ။ ကျွန်မ ဘုရားကို အာခံခဲ့မှန်း၊ ဒီအတိုင်းသာ ဆက်သွားရင် သူ့ရဲ့ အပြစ်ဒဏ်ပေးတာကို ခံရမယ်ဆိုတာကို သဘောပေါက်ပြီး ကြောက်ရွံ့လာတယ်။ ဒါကြောင့် တာဝန်တွေကို ပြန်ထမ်းဆောင်ရတဲ့အခါ ကျွန်မ ကြိုးစားလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးခံတယ်။ အသင်းတော်က စီစဉ်ပေးတဲ့ ဘယ်တာဝန်ကိုမဆို လက်ခံပြီး ကျိုးနွံနာခံခဲ့တယ်။ မတ်တပ်တောင် မရပ်နိုင်လောက်အောင် နေမကောင်းဖြစ်တဲ့အချိန်မှာတောင် တာဝန်ကို ဇွဲရှိရှိ ဆက်ပြီးထမ်းဆောင်ခဲ့တုန်းပဲ။ ကျွန်မရဲ့ ပေးဆပ်မှုအားလုံးက ကျွန်မအပြစ်တွေအတွက် ဖာထေးဖို့ပဲ။ တစ်နေ့ကျရင် ဘုရားရဲ့ ခွင့်လွှတ်ခြင်းနဲ့ ဆုလာဘ်တွေနဲ့ လဲလှယ်နိုင်မှာပဲဆိုတဲ့ အလကားမျှော်လင့်ချက်နဲ့ပေါ့။ ကျွန်မရဲ့ ပေးဆပ်မှုတွေ၊ အသုံးခံခြင်းတွေနဲ့ ကြိုးစားလုပ်ဆောင်မှုတွေက စစ်မှန်မှုမရှိဘူးဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်တာက ဝေလာဝေးပေါ့။ ပေါလုလိုပဲ ကျွန်မရဲ့ ဒီလုပ်ရပ်တွေက အပြစ်တွေအတွက် ဖာထေးဖို့နဲ့ အတိတ်က ပြစ်မှားမှုတွေကို ပြန်ပေးဆပ်ဖို့ ရည်ရွယ်တာ။ ပြီးတော့ အဲဒါတွေက နောက်ဆုံးမှာ ကောင်းမွန်တဲ့ ရလဒ်နဲ့ ပန်းတိုင်ကို လိုက်စားဖို့ပဲ။ ဘုရားရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေနဲ့၊ ကောင်းမွန်တဲ့ ရလဒ်နဲ့ ပန်းတိုင်ကို ရဖို့ အလကား မျှော်လင့်ရင်း အလဲအလှယ်လုပ်နိုင်ဖို့ အပေါ်ယံ ပေးဆပ်မှုတွေ၊ အသုံးခံခြင်းတွေနဲ့ ကြိုးစားလုပ်ဆောင်မှုတွေကို အသုံးပြုခဲ့တယ်။ အဲဒါက ဘုရားနဲ့ အကျိုးစီးပွားဆက်ဆံရေး သက်သက် ဖြစ်သွားစေတယ်။ ကျွန်မရဲ့ အတိတ်က အဖျက်အမှောင့်လုပ်ခြင်းနဲ့ နှောင့်ယှက်ခြင်းတွေက ကျွန်မကို နှင်ထုတ်ခံရလုနီးပါး ဖြစ်စေခဲ့ပုံကို ကျွန်မ ဆင်ခြင်သုံးသပ်မိတယ်။ ဘာလို့လဲဆိုတော့ ဘုရားကို စယုံကတည်းက ကျွန်မက နာမည်၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကို လိုက်စားခဲ့လို့ပဲ။ ကျွန်မနဲ့ တွဲဖက်လုပ်ရတဲ့ ညီအစ်မ ရှောင်ယွီက ကျွန်မထက် သာနေတာကို မြင်တော့ ကျွန်မ အရောင်မှိန်သွားသလို၊ ကျွန်မရဲ့ အရှိန်အဝါ အလုခံလိုက်ရသလို ခံစားရတယ်။ အဲဒါက သူ့အပေါ် မနာလိုဖြစ်စေတဲ့၊ ငြင်းပယ်တဲ့၊ ဝေဖန်တဲ့ ခံစားချက်တွေ ဖြစ်စေခဲ့တယ်။ ရှောင်ယွီက ခေါင်းဆောင်အသစ်ဖြစ်ပြီး အလုပ်နဲ့ လုံးဝ မရင်းနှီးသေးဘူးဆိုတာ ကျွန်မ သိတယ်။ ဒါကြောင့် အလုပ်ကိစ္စတွေကို ကြည့်ဖို့ စုဝေးပွဲတက်ရမယ်လို့ အထက်ခေါင်းဆောင်ပိုင်းက အသိပေးတဲ့အခါ ကျွန်မက သူ့ကို တမင်သက်သက် တက်ခိုင်းလိုက်တယ်။ အဲဒီအချိန်မှာ သူ ဘာမှမပြောနိုင်ရင် အရှက်ကွဲမှာပဲ၊ ခေါင်းဆောင်တွေကလည်း သူ သိပ်မတော်မှန်း မြင်သွားပြီး သူ မထင်ပေါ်နိုင်တော့ဘူးလို့ တွေးပြီးတော့ပေါ့။ ကျွန်မရဲ့ အလုပ်ပြဿနာတွေကို ရှောင်ယွီ ထောက်ပြတဲ့အခါ ကျွန်မ မျက်နှာပျက်သလို ခံစားရတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မဲ့အစား သူ့ရဲ့ ဖောက်ပြန်ပျက်စီးမှုကိုပဲ ဆွဲကိုင်ပြီး နေရာအနှံ့ ဖြန့်ဝေခဲ့တယ်၊ တခြားသူတွေ သူ့ကို ဝိုင်းပယ်အောင် လုပ်ခဲ့တယ်။ နောက်ပိုင်းမှာ လုံခြုံရေး အခြေအနေ စိုးရိမ်ရလို့ ကျွန်မ အိမ်မှာပဲ တာဝန်ထမ်းဆောင်နိုင်ခဲ့တယ်။ ရှောင်ယွီကတော့ အလုပ်အတွက် နေ့တိုင်း အပြင်ထွက်တယ်၊ ညီအစ်ကိုမောင်နှမတွေကလည်း သူနဲ့ မိတ်သဟာယပြုဖို့ လိုလားကြတယ်။ အဲဒီအခါ သူက ကျွန်မရဲ့ အရှိန်အဝါကို လုယူသွားပြီလို့ ပိုပြီးတော့တောင် ပြင်းပြင်းထန်ထန် ခံစားရတယ်။ ဒါနဲ့ ကျွန်မရဲ့ မနာလိုစိတ် ပိုကြီးထွားလာပြီး သူ့အပေါ်ထားတဲ့ အစွဲတွေလည်း ပိုများလာတယ်။ အသင်းတော် နှစ်ပတ်လည် ရွေးကောက်ပွဲလုပ်တဲ့အချိန်ကျတော့ ရှောင်ယွီက ရွေးကောက်ပွဲဝင်ဖို့ မသင့်တော်ဘူးလို့ ပြောပြီး သူ့ပြဿနာတွေကို ဆွဲကိုင်ပြီး ချဲ့ကားပြောခဲ့တယ်။ ဒီလိုနည်းနဲ့ ကျွန်မရဲ့ အဆင့်အတန်းကို ဘယ်သူမှ မခြိမ်းခြောက်ဖို့ မျှော်လင့်ခဲ့တယ်။ ကျွန်မက ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို အဖျက်အမှောင့်လုပ်ခဲ့ပြီး ရှောင်ယွီကို အကြီးအကျယ် ထိခိုက်စေခဲ့တယ်။ ဒီလုပ်ရပ်တွေက ကျွန်မရဲ့ မလိုမုန်းထားတဲ့ စိတ်သဘောထားကို ထုတ်ဖော်လိုက်တာပဲ။ ပြီးတော့ ကျွန်မက အန္တိခရစ်တစ်ယောက်ရဲ့ လမ်းကြောင်းပေါ် ရောက်နေမှန်း သက်သေပြလိုက်တာပဲ။ ဘုရားကို ဆန့်ကျင်တဲ့ ကျွန်မရဲ့ စာတန်ဆန်တဲ့ သဘာဝကို သိမြင်ဖို့ ဒီကိစ္စတွေကို ကျွန်မ ဆင်ခြင်သုံးသပ်မှု မလုပ်ခဲ့ဘူး။ နောင်တမရခဲ့သလို မပြောင်းလဲခဲ့ဘူး။ အဲဒီအစား ကောင်းမွန်တဲ့ ပန်းတိုင်နဲ့ အလဲအလှယ်လုပ်ဖို့ မျှော်လင့်ရင်း အပေါ်ယံ ဒုက္ခခံတာ၊ အသုံးခံတာတွေကတစ်ဆင့် ကျွန်မရဲ့ ပြစ်မှားမှုတွေကို ဖာထေးဖို့ ကြိုးစားခဲ့တယ်။ ကျွန်မက ဘုရားနဲ့ တိတ်တဆိတ် အလဲအလှယ်လုပ်ဖို့ ကြိုးစားနေခဲ့တာ။ အနှစ်သာရအားဖြင့် ဒါက ဘုရားကို လှည့်စားဖို့ ကြိုးစားတာပဲ။ ဒီလမ်းကြောင်းအတိုင်း ဆက်သွားရင် ကျွန်မအပြစ်တွေအတွက် ဖာထေးနိုင်မှာ မဟုတ်ဘဲ ဒုစရိုက်အမှုတွေပဲ စုပုံလာမှာပါ။ နောက်ဆုံးမှာ ဘုရားကို အတိုက်အခံလုပ်တဲ့အတွက် သူ့ရဲ့ အပြစ်ဒဏ်ပေးတာကို ခံရမှာပါပဲ။ နှစ်တွေအများကြီး ဘုရားကို ယုံကြည်သက်ဝင်ပြီး ကျွန်မလျှောက်ခဲ့တဲ့လမ်းကို ပြန်ကြည့်လိုက်တော့ ဒီနှစ်တွေတစ်လျှောက် ကျွန်မရဲ့ လိုက်စားမှုက လုံးဝ အဓိပ္ပာယ်မရှိဘူးလို့ ရုတ်တရက် ခံစားလိုက်ရတယ်။ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ရွံရှာမုန်းတီးမိတယ်။ ကိုယ့်ခေါင်းကိုယ် အားနဲ့ပဲ ရိုက်ပစ်ချင်မိတော့တယ်။ ဘာဖြစ်လို့များ သမ္မာတရားကို မလိုက်စားခဲ့ရတာလဲ။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ပိုဖတ်ပြီးတော့ ကိုယ့်ရဲ့ သဘာဝ အနှစ်သာရနဲ့ ပတ်သက်တဲ့ နားလည်မှုတချို့ ရခဲ့တယ်။ ဘုရားသခင်က ပြောသည် “ယနေ့ခေတ်တွင်၊ လူအများစုသည် ဤအခြေအနေမျိုးတွင် ရှိကြ၏။ ကောင်းချီးမင်္ဂလာများကို ရရှိဖို့ရန်အလို့ငှာ၊ ဘုရားသခင်အတွက် ကျွန်ုပ် မိမိကိုယ်ကိုယ် အသုံးတော်ခံရမည်ဖြစ်ပြီး သူ့အတွက် အဖိုးအခပေးရမည်။ ကောင်းချီးမင်္ဂလာများရရှိဖို့ရန်အလို့ငှာ၊ ဘုရားသခင်အတွက် ကျွန်ုပ် အရာရာ စွန့်လွှတ်ရမည်။ ကျွန်ုပ်ကို ပေးအပ်ထားသည့်အရာကို ကျွန်ုပ် ပြည့်စုံစေရမည်ဖြစ်ပြီး ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် ကောင်းစွာ ဆောင်ရွက်ရမည်ဟူ၍ ဖြစ်သည်။ ဤအခြေအနေကို ကောင်းချီးမင်္ဂလာများ ရရှိဖို့ ရည်ရွယ်ချက်က စိုးမိုးထားလေသည်။ ယင်းမှာ ဘုရားသခင်ထံမှ ဆုလာဘ်များ ရရှိခြင်းနှင့် သရဖူရရှိခြင်းနှင့်ဆိုင်သော ရည်ရွယ်ချက်အတွက်အလို့ငှာ သူ့အတွက် မိမိကိုယ်ကိုယ် လုံးလုံးလျားလျား အသုံးခံခြင်းနှင့်ဆိုင်သော သာဓကတစ်ခု ဖြစ်သည်။ ထိုသို့သော လူတို့သည် မိမိတို့၏ စိတ်နှလုံးများထဲတွင် သမ္မာတရားမရှိကြသကဲ့သို့၊ ၎င်းတို့၏ သိနားလည်မှုမှာ ၎င်းတို့ သွားသည့် နေရာတကာတွင် ၎င်းတို့ ကြွားဝါကြသည့် အနည်းငယ်သော စကားများနှင့် အယူဝါဒများသာ ပါရှိသည်မှာ သေချာပေ၏။ ၎င်းတို့၏ လမ်းကြောင်းသည် ပေါလု၏ လမ်းကြောင်းဖြစ်သည်။ ထိုသို့သောလူတို့၏ ယုံကြည်ခြင်းသည် အတောမသတ်သော အားသွန်ခွန်စိုက် အလုပ် ဆောင်ရွက်ချက် တစ်ခုဖြစ်ပြီး စိတ်ထဲတွင် ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်အပေါ် ၎င်းတို့သစ္စာရှိခြင်းကို ထိုအရာက ပိုမိုသက်သေပြလေဟု ခံစားကြသည်။ ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်က သေချာပေါက် ပိုမိုစိတ်ကျေနပ်မှုရှိလေ ဖြစ်လိမ့်မည်ဖြစ်ပြီး ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သရဖူပေးခံရဖို့ ၎င်းတို့ ပိုမိုထိုက်တန်လေ ဖြစ်လိမ့်မည်ဖြစ်ကာ၊ သာ၍ ကြီးမားသော ကောင်းချီးမင်္ဂလာများကို ၎င်းတို့ ရရှိကြလိမ့်မည်ဟု ခံစားကြလေသည်။ ခရစ်တော်အတွက် ၎င်းတို့ ဆင်းရဲဒုက္ခခံနိုင်လျှင်၊ တရားဟောနိုင်ပြီး အသေခံနိုင်လျှင်၊ ၎င်းတို့၏ ကိုယ်ပိုင်ဘဝများကို ၎င်းတို့ စတေးခံနိုင်လျှင်၊ ၎င်းတို့ကို ဘုရားသခင် ပေးအပ်ထားသည့် တာဝန်များအားလုံးကို ပြည့်စုံစေနိုင်လျှင်၊ ၎င်းတို့သည် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာများ ရရှိသူများဖြစ်ပြီး ၎င်းတို့သည် သရဖူများ အပေးခံရဖို့ သေချာလိမ့်မည်ဟု ၎င်းတို့ တွေးကြလေသည်။ ဤသည်မှာ ပေါလု စိတ်ကူးခဲ့သည့် အရာနှင့် သူ ကြိုးစားခဲ့သည့်အရာ အတိအကျ ဖြစ်သည်။ ဤသည်မှာ သူ လျှောက်လှမ်းခဲ့သည့် တိကျသော လမ်းကြောင်း ဖြစ်ပြီး၊ ပေါလုက ဘုရားသခင်ကို အစေခံရန် အလုပ်လုပ်ခဲ့သည်မှာ ထိုသို့သော အတွေးများ၏ လမ်းညွှန်မှုအောက်တွင် ဖြစ်သည်။ ထို အတွေးများနှင့် ရည်ရွယ်ချက်များက ဆိုးယုတ်သော သဘာဝမှ ပေါ်ပေါက်ပေသည် မဟုတ်လော။ ယင်းမှာ ကမ္ဘာမြေပေါ်တွင်ရှိစဉ် အသိပညာကို လိုက်စားရမည်ဖြစ်ပြီး၊ ယင်းကို ရရှိပြီးသည့်နောက်တွင် လူအုပ်မှ ၎င်းတို့ ထင်ပေါ်နိုင်သည်၊ အရာရှိများ ဖြစ်လာနိုင်ပြီး အဆင့်အတန်း ရှိနိုင်သည်ဟု ယုံကြည်ကြသည့် လောကီလူသားများကဲ့သို့သာ ဖြစ်ပေသည်။ ၎င်းတို့သည် အဆင့်အတန်း ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ ရည်မှန်းချက်များကို ၎င်းတို့ ပြည့်မြောက်စေနိုင်ပြီး ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများနှင့် မိသားစု နေထိုင်မှုစနစ်တို့ကို ကြီးပွားသော အဆင့်တစ်ခုသို့ မီအောင် လုပ်ဆောင်နိုင်သည်ဟု ၎င်းတို့က ထင်ကြသည်။ ဘာသာတရားမရှိသူများအားလုံးသည် ဤလမ်းကြောင်းကို လျှောက်လှမ်းကြသည် မဟုတ်လော။ ဤစာတန်ဆန်သော သဘာဝ၏ ကြီးစိုးခြင်းခံရသူများသည် ၎င်းတို့၏ ယုံကြည်ခြင်းတွင် ပေါလုကဲ့သို့သာ ဖြစ်နိုင်သည်။ ၎င်းတို့က တွေးကြသည်။ ‘ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အသုံးတော်ခံဖို့ အရာရာကို ငါ စွန့်ပစ်ရမည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် ငါ သစ္စာစောင့်သိရမည်ဖြစ်ပြီး၊ နောက်ဆုံးတွင် ကြီးမြတ်သော ဆုလာဘ်များနှင့် ကြီးမြတ်သော သရဖူများကို ရရှိလိမ့်မည်။’ ဤသည်မှာ လောကီအရာများကို လိုက်စားကြသည့် လောကီလူတို့၏ သဘောထားအတိုင်း ဖြစ်ပေသည်။ ၎င်းတို့သည် လုံးဝ ကွဲပြားခြင်းမရှိသကဲ့သို့ တူညီသည့် သဘာဝကို ၎င်းတို့ ခံစားရသည်။ လူတို့သည် ဤဆိုးယုတ်သော သဘာဝမျိုး ရှိကြသည့်အခါ၊ အပြင်လောကထဲတွင်၊ ၎င်းတို့သည် အသိပညာ၊ ပညာ၊ ဂုဏ်အဆင့်အတန်းတို့ကို ရရှိရန်နှင့် လူအုပ်မှ ထင်ပေါ်ဖို့ ကြိုးစားကြလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်လျှင် ကြီးမားသော သရဖူများ နှင့် ကြီးမားသော ကောင်းချီးမင်္ဂလာများကို ရရှိဖို့ ၎င်းတို့ ကြိုးစားကြလိမ့်မည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်သည့်အခါတွင် သမ္မာတရားကို မလိုက်စားကြလျှင်၊ ဤလမ်းကြောင်းကို ၎င်းတို့ လျှောက်ဖို့ သေချာသည်။ ဤသည်မှာ မပြောင်းလဲသော အမှန်တရား၊ ယင်းသည် သဘာဝ ဥပဒေသတစ်ခုဖြစ်သည်။ သမ္မာတရားကို မလိုက်စားသည့်လူများ လျှောက်သည့်လမ်းကြောင်းသည် ပေတရု၏ လမ်းကြောင်းကို လုံးလုံး ဆန့်ကျင်သည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း) ဘုရား ဖော်ထုတ်ထားတဲ့ ကျွန်မရဲ့ အခြေအနေကို ကျွန်မ မြင်သွားတယ်။ ကောင်းချီးရဖို့အတွက် တာဝန်ထမ်းဆောင်ဖို့ အရာအားလုံးကို ကျွန်မ စွန့်လွှတ်ခဲ့တယ်။ ကောင်းချီးရဖို့အတွက် ဒုက္ခခံပြီး အဖိုးအခပေးဆပ်ခဲ့တယ်။ နေမကောင်းဖြစ်နေတာတောင် တာဝန်ကို ဇွဲရှိရှိ ထမ်းဆောင်ခဲ့တယ်၊ ကောင်းချီးရဖို့အတွက် တာဝန်ကို ကောင်းကောင်းထမ်းဆောင်နိုင်ဖို့ တတ်နိုင်သမျှ အကုန်လုပ်ခဲ့တယ်။ ကောင်းချီးရဖို့အတွက် အထူးတလည် နာခံပြီး လိုက်လျောခဲ့တယ်။ ကျွန်မ လုပ်ခဲ့သမျှ အရာတိုင်းက ကောင်းချီးမင်္ဂလာတွေ ရလိုတဲ့ ဆန္ဒက လှုံ့ဆော်ပေးခဲ့တာ။ တာဝန်ထမ်းဆောင်ရင်း အသင်းတော်အလုပ်ကို နှောင့်ယှက်မိတုန်းက ဘုရားရှေ့မှာ အစွန်းအထင်းတွေ ကျန်ရစ်ခဲ့ပြီး ပြစ်မှားမိပြီလို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ပြန်မဖာထေးရင် ဘုရားရဲ့ အပြစ်ဒဏ်ပေးတာကို ခံရမယ်လို့ တွေးခဲ့တယ်။ ဒါကြောင့် တာဝန်ကို မပေါ့ဆရဲခဲ့ဘူး။ တာဝန်ထမ်းဆောင်ရင်း ခေါင်းမူးလာတဲ့အခါ ဆေးသောက်ရင်း တာဝန်ထမ်းဆောင်ခဲ့တယ်။ ဒါက ဘုရားအပေါ် သစ္စာစောင့်သိခြင်းပဲလို့ ထင်ခဲ့တာ။ တာဝန်မှာ ရလဒ်တချို့မြင်ရပြီး ဘုရားရဲ့ လမ်းပြမှုကို မြင်ရတဲ့အခါ ကောင်းချီးတွေက လက်တစ်ကမ်းမှာပဲ ရှိတော့တယ်လို့ ခံစားရတယ်။ ဒါနဲ့ တာဝန်အပေါ် စိတ်ထက်သန်မှုက ပိုပြင်းပြလာပြီး နေမကောင်းဖြစ်ရင်တောင် မညည်းညူဘဲ မကြာမကြာ အလုပ်လုပ်ခဲ့တယ်။ ဒီလိုဒုက္ခခံတာက ကျွန်မရဲ့ အရင်းအနှီးဖြစ်လာပြီး ကျွန်မ ပေးဆပ်ခဲ့သမျှပြီးရင် ဘုရားက ကျွန်မကို အသိအမှတ်ပြုပြီး ကျေးဇူးပြုသင့်တယ်လို့ ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်း ရောဂါပိုဆိုးလာတဲ့အခါ ကျွန်မ စိတ်မချမ်းမသာဖြစ်ပြီး စောဒကတက်လာတယ်။ “ငါက တာဝန်ထမ်းဆောင်ချင်ရက်နဲ့ ဘာလို့ ဒီလောက်နေမကောင်းဖြစ်ရတာလဲ။ ငါ တာဝန်မထမ်းဆောင်နိုင်ရင် ဘယ်လိုလုပ် ကယ်တင်ခံရမှာလဲ” လို့ တွေးပြီးတော့ပေါ့။ ကျွန်မရဲ့ အတိတ်က ပြစ်မှားမှုတွေက ဘုရားနဲ့ ကျွန်မကြားမှာ နက်ရှိုင်းတဲ့ ကွာဟချက်တစ်ခုလို ဖြစ်နေတယ်။ ကယ်တင်ခံရဖို့ အခွင့်အရေးက ဝေကွာနေသလို ခံစားရစေတယ်။ ပြန်ဖာထေးဖို့အတွက် အလုပ်ပိုလုပ်မှသာ အဲဒီကွာဟချက်ကို ပေါင်းကူးပေးနိုင်မယ်၊ ဘုရားရဲ့ သနားကရုဏာကို နောက်တစ်ခါပြန်ရပြီး ကယ်တင်ခံရမယ်လို့ ယုံကြည်ခဲ့တာ။ အဲဒီအချိန်မှာ ကျွန်မ သဘောပေါက်လိုက်တယ်။ ကျွန်မက သမ္မာတရားကို လုံးဝ နားမလည်ခဲ့ဘူး၊ ဘုရားနဲ့ပတ်သက်တဲ့ စစ်မှန်တဲ့ နားလည်မှုလည်း မရှိခဲ့ဘူး။ တာဝန်ထမ်းဆောင်ရင်း ဒုက္ခပိုခံလေလေ ဘုရားကို ပိုကျေနပ်စေနိုင်လေလေလို့ ကျွန်မ မှားပြီးယုံကြည်ခဲ့တယ်။ ဒါကြောင့် ခန္ဓာကိုယ်က ခံနိုင်ရည် အကန့်အသတ်ကို ကျော်လွန်နေတာတောင် ကျွန်မ မနားခဲ့ဘူး။ နေမကောင်းဖြစ်ရက်နဲ့ အလုပ်လုပ်ရင် ဘုရားက ကျွန်မရဲ့ ဒုက္ခခံတာကို မြင်ပြီး အသိအမှတ်ပြုမယ်၊ ကောင်းချီးပေးမယ်လို့ ထင်ခဲ့တာ။ အမှန်တရားကတော့ လူတွေအပေါ်ထားတဲ့ ဘုရားရဲ့ သတ်မှတ်ချက်တွေက မမြင့်ပါဘူး။ လူတွေရဲ့ စွမ်းနိုင်ရည်အတွင်းကနေ တာဝန်တွေ ထမ်းဆောင်ဖို့ပဲ သူတောင်းဆိုတာပါ။ ဒါတောင်မှ ကျွန်မရဲ့ အတွေးတွေက ဝေဝါးနေခဲ့သလိုပါပဲ၊ ကိုယ့်ရဲ့ အယူအဆတွေ၊ စိတ်ကူးထင်မြင်ချက်တွေအတိုင်း မနားတမ်း လက်တွေ့လုပ်ဆောင်ခဲ့တယ်။ နောက်ဆုံး ခန္ဓာကိုယ်က ခံနိုင်ရည် အကန့်အသတ်ကို ကျော်လွန်ပြီး ခြေကုန်လမ်းပန်းကျသွားတဲ့အခါကျတော့ ကျွန်မကို မကာကွယ်ဘူးဆိုပြီး ဘုရားကို စောဒကတက်သေးတာပဲ။ အပြစ်အားလုံးကို ဘုရားအပေါ် ပုံချခဲ့တယ်။ ကျွန်မက တကယ်ကို ဆင်ခြင်တုံတရားမရှိဘဲ အခြေအမြစ်မရှိ စွပ်စွဲနေခဲ့တာပဲ။ ကျွန်မ ကြုံတွေ့ရတဲ့ ရောဂါက ဘုရားက ကျွန်မကို ဖယ်ရှားရှင်းလင်းနေတဲ့ နည်းလမ်းမဟုတ်ဘဲ ကျွန်မရဲ့ မှားယွင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ လမ်းကြောင်းအမှားအပေါ် ထင်ဟပ်မှုတစ်ခုပဲ ဆိုတာကိုလည်း သဘောပေါက်လိုက်တယ်။ ဘုရားက ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ အားနည်းချက်တွေကို ထုတ်ဖော်ဖို့၊ ကျွန်မကို ကိုယ့်ကိုယ်ကိုယ် သိမြင်ပြီး ဆင်ခြင်သုံးသပ်ခွင့်ပေးဖို့ ဒီပတ်ဝန်းကျင်ကို အသုံးပြုနေတာ။ ဘုရားက ကျွန်မကို ကယ်တင်နေတာ။ ဒါပေမဲ့ ကျွန်မက ဘုရားရဲ့ အဓိပ္ပာယ်ကို မရှာဖွေဘဲ သူ့ကို အထင်လွဲပြီး စောဒကတက်ခဲ့တယ်။ ကျွန်မမှာ အသိစိတ်နဲ့ ဆင်ခြင်တုံတရား တကယ်ကို ကင်းမဲ့နေခဲ့တာ။ ကျွန်မ စိတ်နှလုံးထဲမှာ အရမ်းနောင်တရပြီး ဘုရားကို အော်ဟစ်ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ဒီလွန်ခဲ့တဲ့တစ်နှစ်အတွင်းမှာ ကိုယ်တော်က သမီးကို သန့်စင်စေဖို့နဲ့ ကယ်တင်ဖို့ အခြေအနေတွေကို စီစဉ်ပေးနေခဲ့ပေမဲ့ သမီးက ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို လုံးဝ မရှာဖွေခဲ့ပါဘူး။ အဲဒီအစား ကောင်းချီးတွေကိုပဲ အမြဲလိုက်စားပြီး ကိုယ်တော့်ကို အထင်တောင် လွဲခဲ့ပါသေးတယ်။ သမီးက အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းပါတယ်။ ကိုယ်တော့်အပေါ် သမီး အများကြီး အကြွေးတင်နေပါတယ်။ သမီး နောင်တရပြီး ပြောင်းလဲဖို့ လိုလားနေပါတယ်” လို့ပေါ့။
နောက်ပိုင်းမှာ ကျွန်မအတွက် တော်တော်အထောက်အကူဖြစ်စေတဲ့ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတစ်ပုဒ်ကို ကြားလိုက်ရတယ်။
အောင်မြင်ခြင်း ကျရှုံးခြင်းဆိုတာ လူသားတို့ကြိုးစားမှုပေါ် မူတည်
၁ ဘုရားသခင်သည် လူ၏ ချစ်ခြင်းနှင့် ထိုက်တန်သည့်အတွက် ဖန်ဆင်းခံတစ်ဦးအနေနှင့် လူသည် ဖန်ဆင်းရှင်ကို သိကျွမ်းရန်နှင့် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် လိုက်စားသင့်ပြီး အရေးအကြီးဆုံးမှာ အခြားမည်သည့် ရွေးချယ်မှုမျှ မပြုဘဲ ဘုရားသခင်ကို ချစ်ရန် လိုက်စားသင့်ပေသည်။ ဘုရားသခင်အား ချစ်ရန် လိုက်စားသောသူတို့သည် မည်သည့်ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များကိုမျှဖြစ်စေ၊ မည်သည့်ပုဂ္ဂိုလ်ရေး မျှော်လင့်ချက်များကိုမျှဖြစ်စေ မလိုက်စားသင့်ပေ။ ဤသည်မှာ အမှန်ကန်ဆုံးသော လိုက်စားခြင်းနည်းလမ်းဖြစ်သည်။ သင် လိုက်စားသော အရာသည် သမ္မာတရားဖြစ်ပါက၊ ပြီးလျှင် သင် လက်တွေ့လုပ်ဆောင်သောအရာသည် သမ္မာတရားဖြစ်ပါက၊ ပြီးလျှင် သင် ရရှိသော အရာသည် သင်၏ စိတ်သဘောထားထဲ ပြောင်းလဲခြင်းတစ်ခု ဖြစ်ပါက သင် နင်းလျှောက်သော လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းတစ်ခု ဖြစ်သည်။
၂ သင် လိုက်စားသည့် အရာသည် ဇာတိပကတိ၏ ကောင်းချီးမင်္ဂလာများ ဖြစ်ပြီး သင် လက်တွေ့လုပ်ဆောင်သော အရာသည် သင်၏ ကိုယ်ပိုင် အယူအဆများနှင့်ဆိုင်သော သမ္မာတရားဖြစ်ပါက၊ ပြီးလျှင် သင်၏ စိတ်သဘောထားတွင် ပြောင်းလဲခြင်း မရှိသကဲ့သို့ သင်သည် လူ့ဇာတိ၌ ရှိသည့် ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံခြင်း မရှိဘဲ မရေရာမှု၌ သင် အသက်ရှင်ဆဲ ဖြစ်ပါက သင် လျှောက်လှမ်းသည့် လမ်းကြောင်းသည် ရှုံးနိမ့်မှု လမ်းကြောင်း ဖြစ်သည့်အတွက် သင် လိုက်စားသောအရာသည် သင့်ကို ငရဲသို့ ဧကန်မုချ ခေါ်ဆောင် သွားလိမ့်မည် ဖြစ်သည်။ သင်သည် စုံလင်အောင်ပြုခြင်း ခံရမည် ဟုတ်မဟုတ်၊ ဖယ်ရှားရှင်းလင်းခြင်း ခံရမည် ဟုတ်မဟုတ် ဟူသည်မှာ သင်ကိုယ်တိုင်၏ လိုက်စားခြင်းအပေါ် မူတည်သည်၊ ယင်းမှာ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် မိမိလျှောက်လှမ်းသော လမ်းကြောင်းအပေါ်တွင် မူတည်သည်ဟုလည်း ဆိုရမည် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် မိမိလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်
အဲဒီ ဓမ္မတေးကို ထပ်ခါတလဲလဲ နားထောင်ရင်း ကျွန်မ စိတ်နှလုံးက လင်းလက်သွားသလို ခံစားရတယ်။ ကျွန်မ သဘောပေါက်လိုက်တာက...လူတစ်ယောက် အလုပ်ဘယ်လောက်လုပ်တယ်၊ အပေါ်ယံ ဒုက္ခခံတာရဲ့ အတိုင်းအတာက ဘယ်လောက်ရှိတယ်ဆိုတာကို ဘုရားက ထည့်မစဉ်းစားပါဘူး။ အဲဒီအစား လူတစ်ယောက်ဟာ ဘုရားကို ချစ်ဖို့နဲ့ ကျေနပ်စေဖို့ လိုက်စားသလား၊ သမ္မာတရား စည်းမျဉ်းတွေအတိုင်း တာဝန်ထမ်းဆောင်သလား၊ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား ပြောင်းလဲသလား ဆိုတာကိုပဲ ဘုရားက စဉ်းစားပါတယ်။ ပေတရုလိုပေါ့။ သူက သမ္မာတရားကို လိုက်စားပြီး နောက်ဆုံးမှာ ဘုရားကို အစွမ်းကုန်ချစ်တဲ့အဆင့်၊ သေတဲ့အထိ ဘုရားကို နာခံတဲ့အဆင့်ကို ရောက်ရှိခဲ့တယ်။ အဲဒီလိုနဲ့ ဖန်ဆင်းခံတစ်ယောက်ရဲ့ သင့်လျော်တဲ့ ပုံသဏ္ဌာန်ကို ရှင်သန်နေထိုင်ပြခဲ့တယ်။ ဒါက ဘုရား အသိအမှတ်ပြုတဲ့အရာပဲ။ ဒါပေမဲ့ လူတစ်ယောက်က ကောင်းချီးတွေကိုပဲ ဆက်တိုက်လိုက်စားပြီး သမ္မာတရားကို မရှာဖွေဘဲ၊ တာဝန်တွေမှာ စည်းမျဉ်းအတိုင်း မလုပ်ဆောင်ဘဲ ဘုရားအတွက် အလုပ်လုပ်တာနဲ့ ဒုက္ခခံတာကိုပဲ အာရုံစိုက်နေမယ်ဆိုရင်၊ ပြီးတော့ ဘုရားကို တောင်းဆိုမှုတွေလုပ်ပြီး သူနဲ့ အလဲအလှယ်လုပ်နိုင်နေသေးရင်၊ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားမှာ အပြောင်းအလဲမရှိရင် ဒါက ကျရှုံးမှုဆီသွားတဲ့ လမ်းကြောင်းပါပဲ။ ဒီနေ့ ဘုရားရဲ့အမှုတော်က လူသားတွေရဲ့ အသိစိတ်နဲ့ ဆင်ခြင်တုံတရားကို ပြန်လည်ထိန်းသိမ်းဖို့ဖြစ်တယ်၊ ဒါမှ လူတွေက ဘုရားစကားကို နားထောင်နိုင်မယ်၊ ဘုရားကို နာခံပြီး ကိုးကွယ်နိုင်မယ် ဆိုတာကိုလည်း ကျွန်မ နားလည်ခဲ့တယ်။ ဒါက ဖန်ဆင်းခံတစ်ယောက်ရဲ့ သင့်လျော်တဲ့ ပုံသဏ္ဌာန်ပါပဲ။ ဒါကို အသိအမှတ်ပြုလိုက်တော့ ကျွန်မ စိတ်သက်သာရာရသွားပြီး ကျွန်မရဲ့လမ်းကြောင်းမှာ လျှောက်လှမ်းရမဲ့ နောက်ထပ်ခြေလှမ်းတွေကို ဘယ်လိုဆက်လှမ်းသင့်လဲဆိုတာ နားလည်သွားတယ်။ နောက်ပိုင်း တာဝန်ထမ်းဆောင်တဲ့အချိန်မှာ တစ်ခုခုကြုံရတိုင်း ကျွန်မ ကိုယ့်ကိုယ်ကိုယ် သတိရှိရှိ ဆင်ခြင်သုံးသပ်တယ်။ ကျွန်မမှာ ဘယ်လိုမှားယွင်းတဲ့ အမြင်တွေရှိသလဲ၊ ဘယ်လို ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ထုတ်ဖော်မိသလဲဆိုတာ စဉ်းစားတယ်။ တွဲဖက်ညီအစ်မတွေကို ကျွန်မအခြေအနေအကြောင်း ဖွင့်ပြောပြီး လက်တွေ့လုပ်ဆောင်ဖို့နဲ့ ဝင်ရောက်ဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖွေတယ်။ ဒီလို လက်တွေ့လုပ်ဆောင်တာကနေတစ်ဆင့် ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ပတ်သက်ပြီး နားလည်မှုတချို့ ရလာတယ်၊ အလုပ်ရလဒ်တွေလည်း တိုးတက်လာတယ်။
နောက်တော့ ကျွန်မရဲ့ ပြစ်မှားမှုတွေရဲ့ ဘောင်ခတ်မှုကို ဘယ်လိုများ အမြဲခံနေခဲ့ရတာလဲလို့ ကိုယ့်ကိုယ်ကိုယ်မေးမိပြီး၊ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်သင့်သလဲလို့ စဉ်းစားမိတယ်။ တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်မိပြီး လက်တွေ့လုပ်ဆောင်ရမဲ့ လမ်းကြောင်းတစ်ခု တွေ့သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ကြီးမားသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ အချို့သော ပြစ်မှားမှု၊ သို့မဟုတ် အခြားသောအရာကို ကျူးလွန်မိပြီး ဖြစ်သည့် လူများစွာရှိသည်မှာ သေချာသော်လည်း ဆိုးရွားသည့် ပြစ်မှားမှုများ၊ ကိုယ်ကျင့်တရား နယ်ပယ်များကို ကျော်လွန်သည့် ပြစ်မှားမှုမျိုးကို ကျူးလွန်မိသူ အလွန်နည်းပါးနိုင်သည်။ အခြားသော ပြစ်မှားမှု အမျိုးမျိုး ကျူးလွန်သူများအကြောင်းကို ဤနေရာတွင် ငါတို့ ပြောမည်မဟုတ်။ ဆိုးရွားသည့် ပြစ်မှားမှုများ ကျူးလွန်မိသူများနှင့် ကိုယ်ကျင့်တရားနှင့် လူ့ကျင့်ဝတ် နယ်ပယ်များကို ကျော်လွန်သည့် ပြစ်မှားမှုမျိုးကို ကျူးလွန်မိသည့် လူများ မည်သည့်အရာ လုပ်ဆောင်သင့်သည်ဆိုသည်ကိုသာ ငါတို့ ပြောဆိုဆွေးနွေးမည် ဖြစ်သည်။ ဤနေရာတွင် ကိုယ်ကျင့်တရား နယ်ပယ်များကို ကျော်လွန်သည့် ပြစ်မှားမှုများအကြောင်း ငါ ပြောနေခြင်းဖြစ်သဖြင့် ဆိုးရွားသည့် ပြစ်မှားမှုများ ကျုးလွန်မိသည့် လူများအတွက်မူ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်းနှင့် သူ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်နေခြင်းတို့ မပါဝင်ပေ။ သင်တို့ နားလည်ကြသလော။ ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏ အနှစ်သာရ၊ သို့မဟုတ် သူ၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းကို ပုန်ကန်ပြစ်မှားသည့် ပြစ်မှားမှုများအကြောင်းကို ငါ ပြောဆိုနေခြင်း မဟုတ်သကဲ့သို့ ဘုရားသခင်ကို ပြစ်မှားစော်ကားသည့် ပြစ်မှားမှုများအကြောင်း ငါ ပြောနေခြင်း မဟုတ်ပေ။ ငါ ပြောဆိုနေသည်မှာ ကိုယ်ကျင့်တရား နယ်ပယ်များကို ကျော်လွန်သည့် ပြစ်မှားမှုများအကြောင်း ဖြစ်သည်။ ဤကဲ့သို့သော ပြစ်မှားမှုများ ကျူးလွန်မိပြီးဖြစ်သည့် ထိုလူများက မိမိတို့၏ စိတ်မချမ်းမြေ့ခြင်းစိတ်ခံစားချက်ကို မည်သို့ ဖြေရှင်းနိုင်သည်ဆိုသည်နှင့် ပတ်သက်၍ ပြောရမည့်အရာ တစ်စုံတစ်ခုလည်း ရှိပေသည်။ ထိုသို့သော လူများသည် ၎င်းတို့ လျှောက်လှမ်းနိုင်သည့် လမ်းကြောင်းနှစ်ခုရှိပြီး ထိုအရာမှာ ရိုးရှင်းသည့် ကိစ္စရပ်တစ်ခု ဖြစ်သည်။ ပထမဦးစွာ သင်လုပ်ဆောင်ခဲ့သည့်အရာကို သင် လက်လွှတ်နိုင်သည်၊ သို့မဟုတ် သင့်တွင် အခြားလူတစ်ဦးကို သင် တောင်းပန်ပြီး ၎င်းတို့ကို ပြုမှားမိခြင်းအတွက် ကျေလည်အောင် ပေးဆပ်ရန် အခွင့်အရေးရှိသည်ဟု သင့် စိတ်နှလုံးတွင် ခံစားရပါက ၎င်းတို့ကို သင် ပြုမှားမိခြင်းအတွက် ကျေလည်အောင် သွားရောက် ပေးဆပ်ကာ တောင်းပန်နိုင်သည်။ ပြီးလျှင် အေးချမ်းခြင်းနှင့် သောကကင်းဝေးခြင်း ခံစားချက်များ သင့်စိတ်ဝိညာဉ်ထံ ပြန်လည်ရောက်လာလိမ့်မည်။ ဤအရာကို လုပ်ဆောင်ရန် သင် အခွင့်အရေးမရှိပါက၊ ဤသည်မှာ မဖြစ်နိုင်ပါက၊ သင်၏ အတွင်းကျကျ စိတ်နှလုံးတွင် သင်၏ကိုယ်ပိုင် ပြဿနာကို အမှန်တကယ် သိရှိလာခြင်း မရှိပါက၊ သင် လုပ်ဆောင်မိပြီးဖြစ်သည့် ဤအရာ မည်မျှဆိုးရွားလှသည်ကို သင် သဘောပေါက်ပြီး သင် အမှန်တကယ် နောင်တရပါက ဝန်ချပြီး နောင်တရရန် ဘုရားသခင်၏ ရှေ့မှောက်သို့ သင် လာသင့်ပေသည်။ သင်လုပ်ဆောင်မိသည့် အရာကို သင် တွေးပြီး စွပ်စွဲခံရသည်ဟု ခံစားရသည့်အခါတိုင်း ယင်းမှာ ဝန်ချပြီး နောင်တရရန် ဘုရားသခင် ရှေ့မှောက်သို့ သင် လာသင့်သည့် အချိန် အတိအကျဖြစ်သည်။ ဘုရားသခင်၏ အပြစ်ဖြေခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ကို ရရှိရန် သင်၏ ရိုးသားစစ်မှန်မှုနှင့် စစ်မှန်သော ခံစားချက်များကို သင် ယူဆောင်လာရမည်။ ပြီးလျှင် ဘုရားသခင်၏ အပြစ်ဖြေခြင်းနှင့် ခွင့်လွှတ်ခြင်းကို သင်မည်သို့ ရရှိနိုင်သနည်း။ ဤသည်မှာ သင်၏ စိတ်နှလုံးအပေါ် မူတည်သည်။ ယင်းမှာ ပြစ်မှားမှုဖြစ်စေ၊ အပြစ်တရားတစ်ခုဖြစ်စေ သင်သည် ရိုးသားစစ်မှန်စွာ ဝန်ခံကာ သင်၏ အမှားနှင့် ပြဿနာတို့ကို အမှန်တကယ် အသိအမှတ်ပြု၍ သင် လုပ်ဆောင်ခဲ့သည့်အရာကို ဝန်ခံလျှင်၊ စစ်မှန်သော ဝန်ခံချက် သဘောထားတစ်ခုကို ခံယူပြီး သင်လုပ်ဆောင်ခဲ့သည့်အရာအတွက် တကယ့်အမုန်းတရားကို ခံစားရကာ သင့်ကိုယ်သင် အမှန်တကယ် ပြောင်းလဲ၍ ထိုမှားယွင်းသည့်အရာကို မည်သည့်အခါမျှ ထပ်မလုပ်လျှင် ဘုရားသခင်၏ အပြစ်ဖြေပေးခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ကို သင် လက်ခံရရှိသည့်နေ့တစ်ရက် နောက်ဆုံးတွင် ရောက်လာလိမ့်မည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် သင် ယခင်က ပြုခဲ့သော မသိနားမလည်ဘဲ မိုက်မဲပြီး ညစ်ညူးသော အရာများကို အခြေခံ၍ သင်၏ အဆုံးသတ်ကို သတ်မှတ်တော့မည် မဟုတ်ဟူ၍ ဖြစ်သည်။ ဤအဆင့်သို့ သင်ရောက်ရှိသည့်အခါ ထိုကိစ္စကို ဘုရားသခင် လုံးဝ မေ့လျော့လိမ့်မည်။ သင်သည် ကွာခြားမှု အနည်းငယ်မျှမရှိဘဲ အခြားသော ပုံမှန်လူများကဲ့သို့သာ ဖြစ်လိမ့်မည်။ သို့ရာတွင် ဤအရာအတွက် အကြောင်းပြချက်မှာ သင်သည် ရိုးသားစစ်မှန်ရမည်ဖြစ်ပြီး ဒါဝိဒ်ကဲ့သို့ စစ်မှန်သော နောင်တ သဘောထားတစ်ခု ရှိရမည်ဖြစ်သည်။ ဒါဝိဒ်သည် သူကျူးလွန်မိခဲ့သည့် ပြစ်မှားမှုအတွက် မည်မျှ မျက်ရည်ကျခဲ့ပါသနည်း။ မရေမတွက်နိုင်သည့် မျက်ရည်များ ဖြစ်သည်။ သူ အကြိမ်မည်မျှ ငိုကြွေးခဲ့ပါသနည်း။ အကြိမ် မရေမတွက်နိုင်အောင် ဖြစ်သည်။ သူ ငိုကြွေးခဲ့သည့် မျက်ရည်များကို ဤစကားများဖြင့် ဖော်ပြနိုင်သည်။ ‘အကျွန်ုပ်ခုတင်ကို ကိုယ်မျက်ရည်၌ တညဉ့်လုံးမျှောသည်’ဟူ၍ ဖြစ်သည်။ သင်၏ ပြစ်မှားမှု မည်မျှ ဆိုးရွားသည်ကို ငါ မသိ။ အမှန်တကယ် ဆိုးရွားပါက သင်၏ မျက်ရည်များ၌ သင့်ခုတင် မျောပါသည်အထိ ငိုကြွေးရန် သင်လိုကောင်းလိုအပ်နိုင်သည်။ ဘုရားသခင်၏ ခွင့်လွှတ်ခြင်း မရရှိနိုင်မီ ထိုအဆင့်ထိ သင် ဝန်ချပြီး နောင်တရရန် လိုအပ်နိုင်သည်။ ဤအရာကို သင် မလုပ်ဆောင်ပါက သင်၏ ပြစ်မှားမှုသည် ဘုရားသခင်၏ အမြင်တွင် အပြစ်တစ်ခု ဖြစ်လာမည် စိုးရပြီး ထိုအရာအပေါ် သင် အပြစ်ဖြေလွှတ်ခြင်း ခံရလိမ့်မည် မဟုတ်။ ထို့နောက်တွင် သင်ဒုက္ခရောက်လိမ့်မည်ဖြစ်ပြီး ဤအရာနှင့် ပတ်သက်၍ နောက်ထပ် တစ်ခုတလေ ပြောဆိုခြင်းတွင် အဓိပ္ပာယ်ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်၏ အပြစ်ဖြေခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ကို ရရှိခြင်းအတွက် ပထမခြေလှမ်းမှာ သင်သည် ရိုးသားစစ်မှန်ရမည်ဖြစ်ပြီး အမှန်တကယ် ဝန်ချကာ နောင်တရရန် လက်တွေ့ကျသည့် လုပ်ရပ်ကို လုပ်ဆောင်ရမည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်လိုက်တာက...ကိုယ့်ရဲ့ ပြစ်မှားမှုတွေကို ကိုင်တွယ်တဲ့အခါ အရင်ဆုံး ဘုရားရှေ့ကို လာရမယ်၊ ဘုရားဆီ ဝန်ခံပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ရမယ်။ ပြီးရင် ကိုယ့်ကိုယ်ကိုယ် စစ်မှန်တဲ့ နားလည်မှုနဲ့ မုန်းတီးမှု ရရှိဖို့အတွက် ကိုယ့်ရဲ့ ပြစ်မှားမှုတွေနဲ့ပတ်သက်ပြီး သမ္မာတရားကို ရှာဖွေရမယ်။ ဒါမှသာ တကယ် နောင်တရနိုင်မယ်။ ဒါဝိဒ်လိုပေါ့။ သူ ပြစ်မှားမိပြီးတဲ့နောက်မှာ သူ့လုပ်ရပ်အတွက် စစ်မှန်တဲ့ နောင်တရခဲ့တယ်။ သူ ဘုရားဆီ နောင်တရပြီး ဘယ်တော့မှ ထပ်မလုပ်တော့ဘူး။ ဒီလို ရိုးသားစစ်မှန်တဲ့ နောင်တရတဲ့ စိတ်နှလုံးက အရမ်းအဖိုးတန်တာပဲ။ ကျွန်မရဲ့ ပြစ်မှားမှုတွေကို ဆက်ပြီး မရှောင်လွှဲနိုင်တော့ဘူး။ ဘုရားဆီ အပြစ်တွေကို ဝန်ခံပြီး နောင်တရမှဖြစ်မယ်။ နောင်မှာ ဒီလိုအပြုအမူမျိုး ထပ်မလုပ်မိအောင် သေချာလုပ်ရမယ်။ နောက်ပိုင်း တာဝန်ထမ်းဆောင်ရင်း နာမည်နဲ့ အဆင့်အတန်းကို ကျွန်မ လိုက်စားနေမိတာ တွေ့တဲ့အခါ ဘုရားကို ကျွန်မ ဆုတောင်းတယ်။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေအတိုင်း ထပ်မလုပ်မိအောင် ကျွန်မကို ကျိန်ဆဲပြီး အပြစ်ဒဏ်ပေးဖို့ တောင်းလျှောက်တယ်။ ဒီလို လက်တွေ့လုပ်ဆောင်တာကနေတစ်ဆင့် ကိုယ့်ဇာတိပကတိကို ပုန်ကန်လိုစိတ် ပိုခိုင်မာလာတယ်။ အရင်တုန်းက သူများတွေ ကျွန်မကို ဘယ်လိုမြင်မလဲဆိုတာ ကျွန်မ အရမ်းဂရုစိုက်ခဲ့တယ်။ သူများတွေရဲ့ စိတ်နှလုံးထဲက ကျွန်မပုံရိပ်ကို အမြဲ ကာကွယ်ချင်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ ကျွန်မ သတိရှိရှိ ဖွင့်ပြောပြီး ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်တယ်။ ဒီလို လက်တွေ့လုပ်ဆောင်တာကနေတစ်ဆင့် စိတ်နှလုံးထဲမှာ သက်သာရာရပြီး ငြိမ်သက်အေးချမ်းတယ်လို့ ခံစားရတယ်။ တာဝန်မှာ ပြဿနာတွေကြုံရတဲ့အခါ အခုဆိုရင် ဘုရားနှုတ်ကပတ်တော်နဲ့ စည်းမျဉ်းတွေကို ကျွန်မ သတိရှိရှိ ရှာဖွေနိုင်ပြီ။ အတိတ်က ပြစ်မှားမှုတွေရဲ့ ဘောင်ခတ်တာကို မခံရတော့ဘဲ စိတ်နှလုံးထဲမှာ ပိုပြီး လွတ်မြောက်တယ်လို့ ခံစားရတယ်။
ဒီရောဂါက ကျွန်မရဲ့ မှားယွင်းတဲ့ အမြင်တွေကို ထုတ်ဖော်ပေးခဲ့တယ်။ ယုံကြည်ခြင်းမှာ ကျွန်မလျှောက်ခဲ့တဲ့ လမ်းကြောင်းအမှားကို မြင်အောင် လုပ်ပေးခဲ့တယ်။ ဒီအခြေအနေတွေသာ မရှိခဲ့ရင် ကျွန်မမှာ ကိုယ့်ကိုယ်ကိုယ် သတိပြုမိမှာမဟုတ်ဘဲ ဒီလမ်းကြောင်းအတိုင်း ဆက်လျှောက်မိမှာပဲ။ နောက်ဆုံး ဘာမှမရဘဲ ဖယ်ရှားရှင်းလင်းခံရမှာ။ ရှေ့ဆက်ပြီး ဘုရားနှုတ်ကပတ်တော်တွေအတိုင်း လက်တွေ့လုပ်ဆောင်ဖို့၊ ဘုရားရဲ့ စိတ်နှလုံးကို ကျေနပ်စေဖို့နဲ့ သူ့ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့အတွက် ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ ကျွန်မ လိုလားနေပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ဂလတာ ဖိလစ်ပိုင်နိုင်ငံ ၂၀၂၀၊ စက်တင်ဘာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ အဲဒီနောက်မှာ...
ယုန်ရွှေ တောင်ကိုရီးယားနိုင်ငံ သိပ်မကြာသေးတဲ့ အသင်းတော် ရွေးကောက်ပွဲတစ်ခုမှာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မ အရွေးခံခဲ့ရပါတယ်။ ဒါကို...
မော့ဝင် စပိန်နိုင်ငံ၂၀၁၈ခုနှစ်တွင် ကျွန်တော်က အသင်းတော်မှာ ဧဝံဂေလိတရား ဟောဖို့ တာဝန်ယူထားရသည့်အချိန်ဖြစ်ပြီး နောက်ပိုင်းမှာ ထိုတာဝန်အတွက်...
လီကျစ် တရုတ်နိုင်ငံ ဒီနှစ် ဧပြီလ တစ်ညနေမှာ ခေါင်းဆောင်က ကျွန်မကို ရုတ်တရက်ပြောတယ်။ ယုံကြည်လာတာ နှစ်ငါးဆယ်ကျော်ရှိတဲ့ အသက်ကြီးတဲ့...