ဝန်ထုပ်ဝန်ပိုးတစ်ခုက ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်
ယုန်ရွှေ တောင်ကိုရီးယားနိုင်ငံ သိပ်မကြာသေးတဲ့ အသင်းတော် ရွေးကောက်ပွဲတစ်ခုမှာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မ အရွေးခံခဲ့ရပါတယ်။ ဒါကို...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတုန်းက ကျွန်မ တရားဟောဆရာမ တာဝန်ကို ထမ်းဆောင်နေခဲ့တယ်။ အဲဒီအချိန်မှာ အန္တိခရစ်တွေ နှောင့်ယှက်တာ၊ အဖျက်အမှောင့်လုပ်တာတွေကြောင့် ကျွန်မတာဝန်ယူထားတဲ့ အသင်းတော်တချို့ရဲ့ အလုပ်တွေက ရပ်တန့်သွားခဲ့တယ်။ ကျွန်မနဲ့အတူ ပူးပေါင်းဆောင်ရွက်တဲ့ ညီအစ်မနှစ်ယောက်နဲ့ ကျွန်မက ဒီတာဝန်ကို ထမ်းဆောင်ကာစပဲ ရှိသေးပြီး အဲဒီအသင်းတော်တွေက လူတွေနဲ့လည်း မရင်းနှီးကြသေးဘူး၊ ပြီးတော့ ကျွန်မတာဝန်ယူထားရတဲ့ အတိုင်းအတာကလည်း အရမ်းကျယ်ပြန့်နေတော့ ဘာလုပ်ရမှန်းမသိဘဲ ဖြစ်ခဲ့ရသလို ဒီတာဝန်တွေအားလုံးကို ကျွန်မ ပခုံးပြောင်းမထမ်းနိုင်ဘူးလို့ ခံစားရပြီး နောက်ဆုတ်ချင်ခဲ့တယ်။ ဒါပေမဲ့ နောက်တော့ ကိုယ့်ဘာသာကိုယ် တွေးလိုက်တယ်၊ “ငါက ဘုရားနှုတ်ကပတ်တော်တွေကို အများကြီး စားသောက်ထားတာလေ၊ အရေးကြီးဆုံး အချိန်ကျမှ ကိုယ့်နေရာကို စွန့်ခွာချင်နေတာပဲ။ ဒါက ရှက်စရာ မဟုတ်ဘူးလား” လို့ပေါ့။ ဒါကြောင့် ကျွန်မရဲ့ စိတ်အခြေအနေကို ပြုပြင်ပြောင်းလဲလိုက်ပြီး ကျွန်မတို့ ပူးပေါင်းဆောင်ရွက်တဲ့ ညီအစ်မတွေ အချင်းချင်း ဖေးမကူညီကြ၊ မိတ်သဟာယပြုကြရင်း အခြေအနေကို ပိုရင်းနှီးတဲ့ ညီအစ်ကိုမောင်နှမတွေကို အကူအညီတောင်းခဲ့ကြတယ်။ အချိန်တစ်ခုအထိ ပူးပေါင်းဆောင်ရွက်ပြီးတဲ့နောက်မှာ အန္တိခရစ်ဂိုဏ်းကို ကျွန်မတို့ ဖြေရှင်းလိုက်နိုင်ပြီး အလုပ်တွေက တိုးတက်တဲ့ လက္ခဏာတွေ စပြလာတယ်။ ဒီအတွေ့အကြုံကို ဖြတ်သန်းပြီးတဲ့နောက်မှာ ဒါက ကျွန်မတစ်ယောက်တည်း စွမ်းဆောင်နိုင်တဲ့အရာ မဟုတ်ဘဲ ဒါတွေအားလုံးက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကြောင့်ရတဲ့ ရလဒ်တွေဆိုတာကို ကျွန်မ မြင်လာခဲ့တယ်။ မကြာခင်မှာပဲ စီစီပီရဲ့ သဲကြီးမဲကြီး ဖမ်းဆီးညှဉ်းပန်းနှိပ်စက်တာကို အသင်းတော်က ခံခဲ့ရတယ်။ တာဝန်ထမ်းဆောင်နေတဲ့ ညီအစ်ကိုမောင်နှမတွေ တည်းခိုနေတဲ့ အိမ်တွေက မလုံခြုံတော့တဲ့အတွက် ဒီလူတွေကို အရေးတကြီး နေရာရွှေ့ပြောင်းပေးဖို့ လိုလာတယ်။ ဒီသတင်းကို ကြားတော့ ကျွန်မ စိတ်ထိခိုက်သွားပြီး အခုချိန်မှာ ဒီလူတွေကို ရွှေ့ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ခံစားလိုက်ရတယ်။ တာဝန်ထမ်းဆောင်နေတဲ့ ညီအစ်ကိုမောင်နှမတွေ အများကြီးကို နေရာရွှေ့ပေးဖို့ လိုပေမဲ့ သူတို့အားလုံးအတွက် ဧည့်ခံတဲ့အိမ်တွေအများကြီးကို တစ်ခါတည်းနဲ့ ကျွန်မ ဘယ်မှာ သွားရှာရမလဲ။ ကျွန်မ အကြပ်ရိုက်သွားပြီး ဘာလုပ်ရမှန်း တကယ်ကို မသိတော့ဘူး။ ဒါပေမဲ့ “ဒါက ညီအစ်ကိုမောင်နှမတွေရဲ့ လုံခြုံရေးနဲ့ အသင်းတော်ရဲ့ အကျိုးစီးပွားတွေနဲ့ သက်ဆိုင်တဲ့ ကိစ္စပဲ။ သူတို့ကို မရွှေ့ပေးဘဲ နေလို့မှ မရတာ” လို့ ကိုယ့်ဘာသာကိုယ် တွေးမိတယ်။ နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်ရတယ်။ “အရာရာသည် ဘုရားသခင်၏ လက်တွင်ရှိကြောင်းနှင့် လူတို့သည် ပူးပေါင်းဆောင်ရွက်ကြခြင်းသာ ဖြစ်ကြောင်း သင်ယုံကြည်ရမည်။ သင် ရိုးသားစစ်မှန်ပါက ဘုရားသခင်က ဤအရာကို မြင်လိမ့်မည်ဖြစ်သည်၊ သင့်အတွက် အခြေအနေတိုင်းတွင် ထွက်ပေါက်တစ်ခု ဖွင့်ပေးလိမ့်မည်ဖြစ်ပြီး မည်သည့် အခက်အခဲမျှ မကျော်လွှားနိုင်စရာ ရှိမည်မဟုတ်ပေ။ သင်သည် ဤယုံကြည်ခြင်း ရှိရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်း၌ အရေးအကြီးဆုံးသောအရာမှာ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သူ၏နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းဖြစ်သည်) အဲဒါကို ဖတ်ပြီးတဲ့အခါ အမှောင်ထုထဲမှာ အလင်းတန်းတစ်ခုကို မြင်လိုက်ရသလို ခံစားလိုက်ရပြီး ကျွန်မစိတ်နှလုံးက ချက်ချင်း လင်းလက်သွားသလို ယုံကြည်ခြင်းတွေ ပိုခိုင်မာလာတယ်။ ဧည့်ခံတဲ့အိမ်တွေ ရှာတဲ့ကိစ္စကို ပူးပေါင်းလုပ်ဆောင်တဲ့ ညီအစ်မတွေနဲ့ ကျွန်မ တိုင်ပင်ဆွေးနွေးခဲ့တယ်။ သုံးရက်ကြာတော့ အသင်းတော်တစ်ခုက ညီအစ်မတစ်ယောက် စာရေးလာတယ်။ ဧည့်ခံအိမ်တချို့ ရှာတွေ့ထားပြီဖြစ်ကြောင်းနဲ့ ညီအစ်ကိုမောင်နှမတွေကလည်း သူတို့အိမ်တွေကို တက်တက်ကြွကြွ ပေးသုံးနေကြောင်း ပြောလာတယ်။ ကျွန်မ အရမ်းတို့ထိမိသွားပြီး မျက်ရည်တွေ ပါးပေါ် စီးကျလာတယ်။ ဒီအသင်းတော်ကနေ ဧည့်ခံတဲ့အိမ်တွေ ဒီလောက်အများကြီး တစ်ခါတည်းနဲ့ ထောက်ပံ့ပေးနိုင်မယ်လို့ ကျွန်မ မထင်ထားခဲ့မိဘူး။ ဘုရားသခင်က ကျွန်မတို့ဘေးနားမှာရှိပြီး လမ်းပြနေတယ်၊ ကျွန်မတို့ကသာ စစ်မှန်တဲ့စိတ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ဘုရားသခင်ရဲ့ ကောင်းမှုတော်တွေကို မြင်တွေ့ရမယ်ဆိုတာ ကျွန်မ တကယ် ခံစားခဲ့ရတယ်။ ဒီနောက်မှာတော့ ကျွန်မတို့ရဲ့ ယုံကြည်ခြင်းတွေ ပိုခိုင်မာလာပြီး နေရာရွှေ့ပြောင်းတဲ့ တာဝန်ကို ချောချောမွေ့မွေ့ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့ကြတယ်။ အခက်အခဲတွေ ထပ်ခါတလဲလဲ ကြုံရပေမဲ့ အလုပ်တွေက ချောချောမွေ့မွေ့ တိုးတက်နေတာကို မြင်တော့ ကျွန်မ အရမ်းပျော်ခဲ့တယ်။ ဘုရားသခင်ကို ကျေးဇူးတင်မိနေရင်းနဲ့ ကိုယ့်ရဲ့ ပေးဆပ်အနစ်နာခံမှုတွေကိုလည်း ကျွန်မ စပြီး ရေတွက်လာမိတယ်။ ဒီရလဒ်က ဘုရားသခင်ရဲ့ အမှုတော်ကြောင့် ရခဲ့တယ်ဆိုတာ မှန်ပေမဲ့ ကျွန်မရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုသာ မပါရင် ဒီလိုပြီးမြောက်နိုင်မှာ မဟုတ်ဘူးလို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ကျွန်မ ဘုရားသခင်ကို ယုံကြည်တာ မကြာသေးပေမဲ့ ဒီအလုပ်မှာ ဒီလိုရလဒ်တွေ ထွက်လာတယ်ဆိုတဲ့ အချက်က ကျွန်မမှာ သမ္မာတရား လက်တွေ့ကျမှု တချို့ ရှိနေတယ်ဆိုတာ သက်သေပြနေတာပဲ။ မဟုတ်ရင် ဒီလောက်ခက်ခဲတဲ့ တာဝန်ကို ဘယ်လိုလုပ် ဒီလောက် အောင်မြင်အောင် လုပ်နိုင်မှာလဲပေါ့။ အဲဒီလို တွေးမိလေလေ၊ ကျွန်မရဲ့ ပေးဆပ်အနစ်နာခံမှုတွေက ကြီးမားတယ်၊ ကျွန်မက ရှားပါးတဲ့ ပင်ကိုစွမ်းရည်ရှိသူ တစ်ယောက်ပဲလို့ ပိုထင်လာလေလေ ဖြစ်လာတယ်။ အထူးသဖြင့် ခေါင်းဆောင်က ကျွန်မတို့ရဲ့ အလုပ်လုပ်နိုင်စွမ်းကို ချီးမွမ်းတဲ့အခါ ကျွန်မမှာ သမ္မာတရား လက်တွေ့ကျမှု ရှိတယ်၊ အသင်းတော်မှာ ကျွန်မလောက် တော်တဲ့လူ ဘယ်သူမှမရှိဘူးလို့တောင် ပိုပြီး ယုံကြည်လာတော့တယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်မ မောက်မောက်မာမာဖြစ်လာတယ်။ အခွင့်အရေးရတိုင်း ကျွန်မရဲ့ တွေ့ကြုံမှုတွေကို ပြန်ပြောပြပြီး လူတိုင်းကို အဲဒါတွေအကြောင်း အသေးစိတ် ကွက်ကွက်ကွင်းကွင်း ပြောပြတော့တာပဲ။ ကျွန်မမှာ သမ္မာတရား လက်တွေ့ကျမှု ရှိတယ်ဆိုတာနဲ့ ကျွန်မကြုံတွေ့ရတဲ့ အမှုအရာတွေကို ဘယ်လို တွေ့ကြုံရမလဲဆိုတာ ကျွန်မ သိတယ်ဆိုတာကို ညီအစ်ကိုမောင်နှမတွေကို သိစေချင်ခဲ့တာလေ။
တစ်ခါတုန်းက အသင်းတော်တချို့က ခေါင်းဆောင်တွေနဲ့ ကျွန်မ စုဝေးပွဲလုပ်နေတုန်း အလုပ်အကောင်အထည်ဖော်ဆောင်နေတုန်း ခေါင်းဆောင်တစ်ယောက်က “ကျွန်မတို့ အသင်းတော်အခြေအနေကို အစ်မ မသိပါဘူး၊ သင်းထောက်တစ်ယောက် ရွေးဖို့တောင် ခက်နေတာ။ ဒီအလုပ်က အရမ်းခက်တာပဲ” လို့ ဘာမှမတတ်နိုင်တဲ့ပုံစံနဲ့ ပြောတယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ်တွေးလိုက်တယ်။ “နင်တို့က အဲဒါကို အခက်အခဲလို့ ခေါ်တာလား။ ငါ ကြုံခဲ့ရတဲ့ အခက်အခဲတွေက နင်တို့ဟာထက် အများကြီး ပိုကြီးတယ်။ အခက်အခဲတွေကို ငါ ဘယ်လို ကျော်ဖြတ်ခဲ့တယ်ဆိုတာ နင်တို့ကို ငါ မိတ်သဟာယပြုပေးမှ ဖြစ်မယ်။ ဒါမှ ငါ့မှာ သမ္မာတရား လက်တွေ့ကျမှု ရှိတယ်၊ ပြီးတော့ ကြုံတွေ့ရတဲ့ အမှုအရာတွေကို ဘယ်လို တွေ့ကြုံရမလဲဆိုတာ ငါ သိတယ်ဆိုတာကို နင်တို့ မြင်ကြမှာပေါ့” လို့လေ။ ဒါကြောင့် ကျွန်မ တာဝန်စယူတုန်းက အခက်အခဲတွေ ကြုံခဲ့ရပုံ၊ ဘုရားသခင်ကို ဘယ်လို မျှော်ကြည့်ပြီး အားကိုးခဲ့ပုံ၊ ကိုယ်တော်က ကျွန်မကို ဘယ်လို လမ်းပြခဲ့ပုံတွေကို အစကနေ အဆုံးထိ အသေးစိတ် တစ်ခုမှ မကျန်အောင် ရှင်းပြခဲ့ပါတယ်။ အဲဒီအကြောင်းတွေ ပြောတဲ့အချိန်မှာ အဲဒီခက်ခဲတဲ့အချိန်တွေတုန်းက ကျွန်မရဲ့ အပျက်သဘောဆောင်တာတွေနဲ့ အားနည်းချက်တွေကိုတော့ ဖော့ပြောခဲ့တယ်။ ကျွန်မမှာ အားနည်းချက်တွေရှိတယ်ဆိုတာ ညီအစ်ကိုမောင်နှမတွေကို မမြင်စေချင်ဘူးလေ။ ပြောပြီးသွားတဲ့အခါ ညီအစ်မတွေအားလုံးက ကျွန်မကို လေးစားအားကျတဲ့ အကြည့်တွေနဲ့ ကြည့်ကြတယ်။ ညီအစ်မတစ်ယောက်ဆိုရင် အားကျတဲ့လေသံနဲ့ “အစ်မက ဘုရားသခင်ကို အားကိုးတတ်ပြီး ကြုံတွေ့ရတဲ့ အမှုအရာတွေကို တွေ့ကြုံတတ်တာပဲနော်။ ကျွန်မကတော့ တုံးလွန်းလို့ ကိုယ့်ကိုယ်ကိုယ်မုန်းမိတယ်။ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဘုရားသခင်ကို ဘယ်လိုအားကိုးရမလဲ၊ အဲဒါတွေကို ဘယ်လို တွေ့ကြုံရမလဲဆိုတာ မသိဘူး” လို့ ပြောတယ်။ တခြားညီအစ်မတွေကလည်း ထောက်ခံတဲ့အနေနဲ့ ခေါင်းငြိမ့်ကြတယ်။ ကျွန်မ တော်တော်ပျော်သွားပြီး တွေးလိုက်တယ်။ “ငါက နင်တို့အားလုံးထက် သာတာပေါ့။ ဒီအခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့တာက ငါ ဦးဆောင်တာကောင်းလို့သက်သက်ပဲလေ၊ မဟုတ်ရင် ငါက ဘယ်လိုလုပ် တရားဟောဆရာမ ဖြစ်နိုင်မှာလဲ” လို့ တွေးမိတယ်။ ဒါပေမဲ့ ကျွန်မက တည်ငြိမ်ချင်ယောင်ဆောင်ပြီး အဲဒီညီအစ်မကို မိတ်သဟာယပြုလိုက်တယ်၊ “ဘုရားသခင်က ဘယ်သူ့ကိုမှ မျက်နှာမလိုက်ပါဘူး၊ သူ့ကို ရှာဖွေနေသရွေ့ သူ လမ်းပြမှာပါ။ ကျွန်မတို့က လက်တွေ့မလုပ်ဆောင်ဘဲ ကြွေးကြော်သံတွေချည်း အော်နေလို့ မရဘူးလေ” လို့ပေါ့။ ကျွန်မက ကိုယ့်ဂုဏ်ကိုယ်ဖော်ဖို့ကို အာရုံစိုက်နေပြီး ညီအစ်ကိုမောင်နှမတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်၊ ဒါမှမဟုတ် လက်တွေ့လုပ်ဆောင်ရမဲ့ လမ်းကြောင်းကို မိတ်သဟာယ မပြုပေးခဲ့တဲ့အတွက် စုဝေးပွဲပြီးတဲ့နောက်မှာတောင် သူတို့ ဘယ်လို လက်တွေ့လုပ်ဆောင်ရမလဲဆိုတာ မသိကြသေးဘူး။
အဲဒီကာလအတွင်းမှာ ကျွန်မတို့ကို ဧည့်ခံပေးနေတဲ့ ညီအစ်မက ခဏခဏ ကြွားလုံးထုတ်တတ်တာကို သတိထားမိတယ်။ ပြီးတော့ ကျွန်မတို့က ဘုရားသခင်ကို ယုံကြည်တာ မကြာသေးလို့ အတွေ့အကြုံ မရှိဘူးဆိုပြီး တစ်ခါတလေ ကျွန်မတို့ကို နှိမ်ပြီး ပြောတတ်တာကို သတိထားမိတယ်။ တစ်ခါတုန်းကဆို ကိစ္စအသေးအဖွဲလေးတစ်ခုနဲ့ သူ ကျွန်မတို့ကို တော်တော် ဒေါသထွက်သွားတယ်။ ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ညီအစ်မတွေက သူ့ကို မိတ်သဟာယပြုပေးပေမဲ့ ပိုပြောလေ သူက ပိုဒေါသထွက်လေပဲ။ သူက “ငါ ဒီတာဝန်ကို ဆက်မထမ်းဆောင်နိုင်တော့ဘူး။ နင်တို့ တခြားလူ ရှာကြတော့” လို့တောင် ပြောလာတယ်။ နောက်ပိုင်းမှာ အဲဒီ ဧည့်ခံတဲ့ ညီအစ်မက ဟိုတစ်နေ့က ဒေါသပေါက်ကွဲမိတဲ့အပေါ် ကျွန်မကို လာတောင်းပန်တယ်။ သူ့ဒေါသက ဒီကိစ္စတစ်ခုတည်းကြောင့်ပဲ မဟုတ်ဘူးဆိုတာ ကျွန်မ ခံစားမိပေမဲ့ ပြဿနာအကြောင်းရင်းမှန်က ဘာလဲဆိုတာကိုတော့ သေချာ မမြင်နိုင်ခဲ့ဘူး။ သူနဲ့ စကားပြောကြည့်တော့မှ သူက အဖွဲ့ခေါင်းဆောင် မဖြစ်ဘဲ ဧည့်ခံဝတ်ပြုတဲ့တာဝန်မှာ ခန့်အပ်ခံရတဲ့အပေါ် မကျေနပ်လို့ ဖြစ်ရတာဆိုတာကို သိလိုက်ရတယ်။ ဒါနဲ့ သူ ကြွားလုံးထုတ်တာတွေ၊ ကျွန်မတို့ကို နှိမ်ပြီး ဘောင်ခတ်တာတွေကို ကျွန်မ ထောက်ပြလိုက်တယ်။ ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ညီအစ်မတွေ ပြန်ရောက်လာတဲ့အခါ ဧည့်ခံတဲ့ ညီအစ်မကို ကျွန်မ ဘယ်လို ပိုင်းခြားသိမြင်ခဲ့လဲ၊ သူ့ကို ဘယ်လို ဖော်ထုတ်လိုက်လဲဆိုတာ သူတို့ကို ပြုံးပြီး ကြွားပြောလိုက်တယ်။ ပြီးတော့ ကျွန်မနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ ညီအစ်မတွေကိုလည်း အပြစ်တင်လိုက်တယ်၊ “ရှင်တို့ သူ့ကို မိတ်သဟာယပြုတုန်းက သူ လုံးဝ နားမထောင်တာကို သတိမထားမိဘူးလား။ ဒါပေမဲ့ ရှင်တို့က ဆက်ပြီးမိတ်သဟာယပြုနေတာပဲ” လို့ပေါ့။ သူတို့က ကျွန်မကို အရမ်းလေးစားသွားပြီး ကိစ္စတွေကို ကျွန်မ တကယ် ထိုးထွင်းမြင်တတ်တယ်လို့ ပြောကြတယ်။ ကျွန်မ တော်တော်လေး ကျေနပ်သွားပြီး သမ္မာတရားကို နားလည်သဘောပေါက်ပြီး ပိုင်းခြားသိမြင်မှု ရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်မှတ်ခဲ့တယ်။ နောက်တစ်ခါကျတော့ စာနဲ့ပတ်သက်တဲ့အလုပ် ကြီးကြပ်ရေးမှူးနဲ့ ကျွန်မ စုဝေးပွဲတစ်ခု တက်တယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးလိုက်မိတယ်၊ “ငါ ဒီကြီးကြပ်ရေးမှူးကို တကယ်ပဲ ကောင်းကောင်း မသိသေးသလို သူကလည်း ငါ့ရဲ့ အလုပ်လုပ်နိုင်စွမ်းကို မသိသေးဘူး။ လူတွေကို ငါ ဘယ်လို ပိုင်းခြားသိမြင်နိုင်တယ်ဆိုတာကို ပြောပြခွင့်ရမဲ့ အကောင်းအရာတစ်ခု ရှာရမယ်၊ ဒါမှ သူ ငါ့ကို အထင်ကြီးမှာ” လို့လေ။ အဲဒီအချိန်မှာပဲ သူက ဧည့်ခံတဲ့ ညီအစ်မအကြောင်း စပြောလာတော့ ကျွန်မလည်း ဒီအကြောင်းအရာကို အခွင့်ကောင်းယူပြီး “သူက အဆင့်အတန်းကို လိုက်စားတယ်ဆိုတဲ့ အနှစ်သာရကို ကျွန်မ အကဲခတ်မိထားတာ ကြာပြီ၊ ဒါပေမဲ့ ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ညီအစ်မတွေကတော့ သူ့ကို ဆက်ပြီးတော့ပဲ မိတ်သဟာယ ပြုနေကြသေးတယ်” လို့ ပြောလိုက်တယ်။ ကြီးကြပ်ရေးမှူးက သဘောတူတဲ့အနေနဲ့ ခေါင်းငြိမ့်တယ်။ နောက်ပိုင်းကျတော့ ကိစ္စတစ်ခုခု ပေါ်လာတိုင်း ကြီးကြပ်ရေးမှူးက ကျွန်မနဲ့ပဲ တိုက်ရိုက်ဆွေးနွေးတော့တာပဲ။ ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ညီအစ်မတွေနဲ့ ဆွေးနွေးပြီးရင်တောင်မှ သူက ကျွန်မရဲ့ သဘောထားကိုပဲ ပေးသေးတာပဲ။ သဘာဝကျကျပဲ ကျွန်မက ဦးဆောင်တဲ့ အခန်းကဏ္ဍကို ယူလိုက်ပြီး အလုပ်အများစုကို ကျွန်မပဲ စီစဉ်ဖြစ်သွားတယ်။ တစ်ခါတုန်းက ညီအစ်မတစ်ယောက်က ကျွန်မကို “ရှင်တို့သုံးယောက် ပူးပေါင်းဆောင်ရွက်နေတာဆိုပေမဲ့ ဘာလို့ ရှင်ကပဲ ဆရာကြီးလုပ်နေသလို ခံစားရတာလဲ” လို့ ပြောတယ်။ အဲဒါကို ကြားတော့ ကျွန်မ တုန်လှုပ်သွားပြီး “သူ ဘယ်လိုလုပ် ဒီလိုပြောနိုင်ရတာလဲ။ ငါတို့သုံးယောက်က ပူးပေါင်းဆောင်ရွက်နေရတာလေ၊ ငါက ဆရာကြီးလုပ်နေတယ်လို့ သူ ဘယ်လိုလုပ် ပြောနိုင်တာလဲ။ ငါက အရမ်း မာနထောင်လွှားပြီး အမြဲတမ်း ငါ့ကိုယ်ငါ ဂုဏ်ဖော်မိနေလို့များလား။ ဘုရားသခင်က ဒီညီအစ်မကို သုံးပြီး ငါ့ကို သတိပေးနေတာလား” ပေါ့။ ကျွန်မ နည်းနည်း ကြောက်သွားပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တာမျိုး မလုပ်ခဲ့ဘူး။ အဲဒီနောက်ပိုင်းမှာလည်း အရင်အတိုင်းပဲ ဆက်ပြုမူပြီး ရောက်လေရာမှာ ကိုယ့်ဂုဏ်ကိုယ်ဖော်ခဲ့တယ်။
ဒီလိုအခြေအနေမျိုးနဲ့ အသက်ရှင်နေရတာကြောင့် ဘုရားသခင်က သူ့မျက်နှာတော်ကို ကျွန်မ မမြင်ရအောင် ကွယ်ဝှက်ထားတယ်လို့ ခံစားရတယ်။ စုဝေးပွဲတွေမှာ မိတ်သဟာယပြုတဲ့အခါ ကျွန်မရဲ့ ဝိညာဉ်က ခြောက်သွေ့နေတယ်လို့ ခံစားရပြီး ဘာပြဿနာကိုမှ ပိုင်းခြားမမြင်နိုင်တော့ဘူး။ ကျွန်မရဲ့ အလုပ်မှာလည်း အမှားတွေနဲ့ ပြည့်နေတယ်။ အထက်ခေါင်းဆောင်တွေက ကျွန်မ တောက်လျှောက် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး ဂုဏ်ဖော်တာတွေ၊ ပူးပေါင်းဆောင်ရွက်တဲ့ ညီအစ်မနှစ်ယောက်ကို ရုပ်ပြလောက်ပဲထားပြီး အလုပ်ကိစ္စ ဆုံးဖြတ်ချက်တွေအားလုံးကို ကိုယ့်သဘောနဲ့ကိုယ် လုပ်နေတာတွေကို ဖော်ထုတ်ခဲ့တယ်။ ကျွန်မက အန္တိခရစ် လမ်းကြောင်းကို လျှောက်နေတယ်လို့ ပြောပြီး သူတို့ ကျွန်မကို ဖြုတ်ချလိုက်တယ်။ တာဝန် ဆုံးရှုံးသွားပြီးနောက်မှာ မျှော်လင့်ချက်မဲ့သွားသလို ခံစားရပြီး တော်တော်လေး နာကျင်ရတယ်။ တခဏအတွင်းမှာပဲ ကောင်းကင်ကနေ မြေကြီးပေါ် ပြုတ်ကျသွားသလို ခံစားလိုက်ရပြီး ကျွန်မ လုံးဝ လက်မခံနိုင်ခဲ့ဘူး။ ဘယ်လိုပဲ စဉ်းစားစဉ်းစား ကျွန်မလို ဝန်တာထားတဲ့စိတ်နဲ့ သမ္မာတရား လက်တွေ့ကျမှု ရှိတဲ့လူတစ်ယောက်က ဘာကြောင့် ဖြုတ်ချခံရတာလဲဆိုတာကို နားမလည်နိုင်ခဲ့ဘူး။ အသင်းတော်ရဲ့ အလုပ်တွေမှာ ကျွန်မက အမြဲတမ်း ရှေ့တန်းကနေ ပါဝင်ခဲ့တာကို တွေးမိပေမဲ့ ဒီလိုအဆုံးသတ်သွားရပြီ။ အရမ်းကို မတရားသလို ခံစားရပြီး မကျေမနပ် ဖြစ်ခဲ့ရတဲ့အတွက် ညဘက်တွေမှာ အိပ်မပျော်ခဲ့ဘူး။ ကျွန်မရဲ့ နာကျင်မှုတွေကြားကနေ ဘုရားသခင်ရှေ့မှောက်လာပြီး ကျွန်မ တစိုက်မတ်မတ် ဆုတောင်းခဲ့တယ်၊ သင်ခန်းစာယူနိုင်ဖို့အတွက် ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို နားလည်အောင် လမ်းပြပေးဖို့နဲ့ ဉာဏ်အလင်းပေးဖို့ တောင်းလျှောက်ခဲ့တယ်။
တစ်နေ့မှာ ဝတ်ပြုနေတုန်း ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်ရတယ်။ “ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း၊ မိမိတို့ကိုယ်ကို ဝါကြွားခြင်း၊ လူအများ အထင်ကြီးပြီး ကိုးကွယ်အောင် ကြိုးစားခြင်းဟူသည့် ဤအရာတို့ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ ဤသည်မှာ လူများသည် ၎င်းတို့၏ စာတန်ဆန်သော သဘာဝများ၏အုပ်စိုးခြင်းကို ခံရသောအခါ အလိုအလျောက် တုံ့ပြန်ကြသည့် ပုံစံဖြစ်ပြီး ယင်းက ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ် တစ်ရပ်လုံးအဖို့ ဖြစ်လေ့ရှိသည်။ လူများသည် ပုံမှန်အားဖြင့် မည်သို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသနည်း။ ၎င်းတို့သည် လူအများအား ၎င်းတို့ကို အထင်ကြီးပြီး ကိုးကွယ်စေရန် လုပ်ဆောင်ဖို့ဖြစ်သည့် ထိုရည်မှန်းချက်ကို မည်သို့စွမ်းဆောင်ရရှိသနည်း။ ၎င်းတို့သည် အလုပ်မည်မျှ လုပ်ဆောင်ပြီးဖြစ်ကြောင်း၊ ၎င်းတို့ မည်မျှဒုက္ခခံစားပြီး ဖြစ်ကြောင်း၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်မျှ အသုံးခံပြီး ဖြစ်ကြောင်းနှင့်၊ အဖိုးအခမည်မျှကို ပေးဆပ်ပြီး ဖြစ်ကြောင်းတို့ကို သက်သေခံကြသည်။ သူတို့သည် လူတို့၏ စိတ်နှလုံးများတွင် ပို၍ မြင့်မားပြီး ခိုင်မာကာ လုံခြုံသော နေရာတစ်ခုကို ရရှိရန်အလို့ငှာ မိမိတို့၏ အရင်းအနှီးကို ထုတ်ဖော်ပြောဆိုခြင်းဖြင့် မိမိကိုယ်ကို ချီးမြှောက်ကြပြီး ထိုသို့ဖြင့် လူအများက သူတို့ကို တန်ဖိုးထား၊ အထင်ကြီး၊ မနာလိုဖြစ်စေရန်၊ ထို့ပြင် ကိုးကွယ်သည်အထိ ကိုးစားကာ သူတို့နောက်သို့ လိုက်လာစေရန် ဖြစ်ပေသည်။ လူတို့သည် ဤဦးတည်ချက်ကို ရရှိရန် လူတို့သည် အပေါ်ယံတွင် ဘုရားသခင်ကို သက်သေခံသည့်အရာများစွာကို လုပ်ဆောင်ကြသော်လည်း အခြေခံအားဖြင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်။ ထိုနည်းအားဖြင့် ပြုမူဆောင်ရွက်ခြင်းဖြင့် ၎င်းတို့သည် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သလော။ ၎င်းတို့သည် ဆင်ခြင်တုံတရားနယ်ပယ်ကို ကျော်လွန်သွားကြပြီး အရှက်မရှိကြ။ ၎င်းတို့သည် ဘုရားသခင်အတွက် ၎င်းတို့ လုပ်ဆောင်သည့်အရာနှင့် သူ့အတွက် ၎င်းတို့မည်မျှ ဒုက္ခခံစားပြီး ဖြစ်သည်တို့ကို မရှက်မကြောက် သက်သေခံကြသည်။ ၎င်းတို့သည် ၎င်းတို့၏ဆုကျေးဇူးများ၊ ပင်ကိုစွမ်းရည်၊ အတွေ့အကြုံ အထူးကျွမ်းကျင်မှုများ၊ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် ၎င်းတို့၏ပါးနပ်သော နည်းစနစ်များ၊ လူများကို လှည့်စားဖို့ ၎င်းတို့အသုံးပြုသည့် နည်းလမ်းများ စသည်တို့ကိုပင် ကြွားလုံးထုတ်သည်။ ၎င်းတို့၏ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံရန် သူတို့၏ နည်းလမ်းများအနက် တစ်ခုမှာ မိမိကိုယ်ကို ထုတ်ဖော်ကြွားဝါကာ အခြားသူများကို နှိမ့်ချခြင်း ဖြစ်သည်။ ထို့ပြင် သူတို့သည် မိမိတို့၏ အားနည်းချက်များ၊ ချို့ယွင်းချက်များနှင့် လိုအပ်နေမှုများကို လူတို့ထံမှ ဖုံးကွယ်ထားပြီး မိမိတို့၏ ထူးချွန်ပြောင်မြောက်မှုများကိုသာ အစဉ်ပြသခြင်းဖြင့် မိမိကိုယ်ကို အယောင်ဆောင်၍ အလှဆင်ကြသည်။ သူတို့သည် အပျက်သဘောဆောင်သော ခံစားချက်များ ဖြစ်ပေါ်လာသည့်အခါတွင်ပင် အခြားသူများကို ပြောပြရန် မဝံ့ကြသည့်အပြင် သူတို့နှင့် ပွင့်ပွင့်လင်းလင်း ဖွင့်ဟ၍ မိတ်သဟာယဖွဲ့ရန်လည်း သတ္တိမရှိကြချေ။ ၎င်းတို့ တစ်စုံတစ်ခု အမှားပြုလုပ်သည့်အခါ၊ ယင်းကို ဖုံးထားဖို့နှင့် ထိမ်ချန်ကွယ်ဝှက်ထားဖို့ အစွမ်းကုန် ကြိုးစားကြသည်။ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့် ကာလတွင် ၎င်းတို့ကြောင့် အသင်းတော်၏ အလုပ်အပေါ် ဖြစ်ပေါ်စေခဲ့သည့် ထိခိုက်နစ်နာမှုကို ၎င်းတို့ မည်သည့်အခါမျှ မပြောပြပေ။ ၎င်းတို့က အသေးစား ဖြည့်ဆည်းမှုအချို့ကို ပြုလုပ်ပြီးသည့်အခါ သို့မဟုတ် အောင်မြင်မှုလေးအချို့ စွမ်းဆောင်ရရှိပြီးသည့်အခါ ယင်းကို အလျင်အမြန် ကြွားဝါကြသည်။ ၎င်းတို့သည် မည်မျှစွမ်းဆောင်နိုင်သည်၊ ၎င်းတို့၏အစွမ်းအစ မည်မျှမြင့်မားသည်၊ ၎င်းတို့သည် မည်မျှထူးခြားသည်၊ ပြီးလျှင် ၎င်းတို့သည် သာမန်လူများထက် မည်မျှတော်သည်တို့ကို တစ်ကမ္ဘာလုံးကို အသိပေးဖို့ အသည်းအသန်ဖြစ်ကြသည်။ ဤသည်တို့မှာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်း နည်းလမ်းများ မဟုတ်သလော။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောလူတစ်ယောက်က လုပ်ဆောင်သော အရာတစ်ခုဟုတ်သလော။ မဟုတ်ပေ။ ထို့ကြောင့် လူများက ဤသည်ကို လုပ်ဆောင်သည့်အခါ မည်သည့်စိတ်သဘောထားကို ပုံမှန်အားဖြင့် ထုတ်ဖော်ပြသနည်း။ မာနထောင်လွှားခြင်း ဖြစ်သည်။ ဤသည်မှာ ဖွင့်ပြသော အဓိက စိတ်သဘောထားများထဲမှ တစ်ခုဖြစ်သည်၊ ထို့နောက်တွင် လှည့်စားတတ်ခြင်းပါရှိကာ၊ ယင်းနောက်တွင် အခြားလူများက ၎င်းတို့ကို အလွန်တန်ဖိုးထားစေဖို့ ဖြစ်နိုင်သည့်အရာမှန်သမျှကို အစွမ်းကုန် လုပ်ဆောင်ခြင်း ပါဝင်ပေသည်။ ၎င်းတို့၏ စကားများသည် စဉ်းလဲသော ကြံရွယ်ချက်များနှင့် အကြံအစည်များ ပါဝင်နေပြီး မိမိတို့ကိုယ်ကို ကြွားဝါနေသည့်တိုင် ၎င်းတို့သည် ဤအချက်ကို ဖုံးကွယ်ချင်ကြသည်။ ၎င်းတို့ ပြောသည့်အရာ၏ ရလဒ်မှာ ၎င်းတို့သည် အခြားသူများထက် သာလွန်ပြီး မည်သူမျှ ၎င်းတို့နှင့် တန်းတူမဟုတ်ကြောင်း၊ အခြားလူတိုင်းသည် ၎င်းတို့ထက် နိမ့်ပါးကြောင်းကို လူများအား ခံစားစေမြဲ ဖြစ်သည်။ ပြီးလျှင် ဤရလဒ်ကို မသမာသော နည်းလမ်းများမှတစ်ဆင့် စွမ်းဆောင်ရရှိထားခြင်းဖြစ်သည် မဟုတ်သလော။ ထိုသို့သော နည်းလမ်းများ၏ နောက်ကွယ်တွင်မည်သည့် စိတ်သဘောထား ရှိသနည်း။ ကောက်ကျစ်စဉ်းလဲခြင်း၏ အရိပ်အယောင် တစ်ခုတလေ ရှိသလော။ (ရှိပါသည်။) ဤသည်မှာ ကောက်ကျစ်သော စိတ်သဘောထား အမျိုးအစားတစ်ခု ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မရဲ့ အခြေအနေအတိအကျကို ဖော်ထုတ်ထားတယ်။ အသင်းတော် ခေါင်းဆောင်တွေနဲ့ စုဝေးပွဲတွေ တက်တုန်းက သူတို့မှာ အခက်အခဲတွေ ရှိနေတာကို မြင်တဲ့အခါ အဖြေရှာဖို့ မိတ်သဟာယပြုပေးတာကို အခွင့်ကောင်းယူပြီး ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ဖို့နဲ့ ဂုဏ်ဖော်ဖို့ လုပ်ခဲ့တာတွေကို ကျွန်မ ဆင်ခြင်သုံးသပ်မိတယ်။ သမ္မာတရားကို ဘယ်လိုရှာဖွေပြီး ဘုရားသခင်ဆီ ဘယ်လိုဆုတောင်းခဲ့တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုပဲ ကျွန်မက အလေးပေးပြောပြခဲ့ပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ရချိန်မှာ ခံစားခဲ့ရတဲ့ အပျက်သဘောဆောင်မှုတွေနဲ့ အားနည်းချက်တွေကိုတော့ လုံးဝ ထည့်မပြောဘဲ ဖုံးကွယ်ထားခဲ့တာလေ။ ဧည့်ခံတဲ့ ညီအစ်မကို ပိုင်းခြားသိမြင်တဲ့ကိစ္စမှာဆိုရင် ပူးပေါင်းဆောင်ရွက်တဲ့ ညီအစ်မတွေ ကျွန်မကို အားကျလာအောင်လို့ ကျွန်မက ကိစ္စကို သေချာ ပိုင်းခြားသိမြင်မှု မရှိခဲ့တာကို တမင်တကာ ဖော့ပြောပြီး ကျွန်မ ဘယ်လို ပိုင်းခြားသိမြင်ခဲ့တယ်ဆိုတာကိုပဲ ပြောခဲ့တယ်။ ကျွန်မက သမ္မာတရား နားလည်သဘောပေါက်ပြီး ကိစ္စတွေကို ပိုင်းခြားသိမြင်နိုင်တယ်၊ သူတို့ထက် ပိုတော်တယ်လို့ ပူးပေါင်းဆောင်ရွက်တဲ့ ညီအစ်မတွေ ထင်အောင်လို့ ကျွန်မ ဒီလိုလုပ်ခဲ့တာပါ။ စာနဲ့ပတ်သက်တဲ့အလုပ် ကြီးကြပ်ရေးမှူးနဲ့ တွေ့တုန်းကဆိုရင် ကျွန်မက ပိုတောင် ဉာဏ်များသေးတယ်။ ကိုယ့်ကိုယ်ကိုယ်ကို ဂုဏ်ဖော်ဖို့ အခွင့်အရေးတွေချည်း ရှာခဲ့တာ။ ကျွန်မ ပြောတဲ့စကားတွေထဲမှာ ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်တဲ့ ညီအစ်မနှစ်ယောက်ကို ကျွန်မထက် နိမ့်ကျသလိုဖြစ်အောင် တမင်တကာ နှိမ်ပြီး ပြောခဲ့တာလေ။ ညီအစ်ကိုမောင်နှမတွေရှေ့မှာ ကျွန်မက အမြဲတမ်း ကိုယ့်ကိုယ်ကိုယ်ကို ဂုဏ်ဖော်နေခဲ့လို့ သူတို့ ပြဿနာတွေ ကြုံရတဲ့အခါ ဘုရားသခင်ကို မမျှော်ကိုးတော့ဘဲ၊ သမ္မာတရား စည်းမျဉ်းတွေကို မရှာဖွေတော့ဘဲ အဲဒီအစား မိတ်သဟာယပြုဖို့နဲ့ အဖြေရှာဖို့အတွက် ကျွန်မကိုပဲ အားကိုးလာကြတယ်။ ဒါက ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ညီအစ်မတွေကို ရုပ်ပြသက်သက် ဖြစ်သွားစေခဲ့တယ်။ သူတပါးရဲ့ အထင်ကြီးလေးစားမှုကို ရဖို့အတွက် ကျွန်မက ကိုယ့်ကိုယ်ကိုယ် ဂုဏ်ဖော်ဖို့ အခွင့်အရေး တစ်ခုလေးတောင် လက်လွတ်မခံခဲ့ဘဲ ကျွန်မရဲ့ လုပ်ရပ်တိုင်းနဲ့ စကားတိုင်းဟာ ကျွန်မရဲ့ မရိုးသားတဲ့ ရည်ရွယ်ချက်တွေကြောင့် ဖြစ်ခဲ့တာပါ။ ကျွန်မက တကယ်ကို စက်ဆုပ်စရာကောင်းပြီး ဆိုးညစ်လိုက်တာ။ လူရဲ့ စိတ်နှလုံးဟာ ဘုရားသခင်ရဲ့ ဗိမာန်တော်ဖြစ်ပြီး လူတွေက ဘုရားသခင်ကို ကိုးကွယ်သင့်တယ်လေ။ ဒါပေမဲ့ ကျွန်မကကျတော့ လူတွေ ကျွန်မကို ကိုးကွယ်လာအောင် ကြိုးစားခဲ့တယ်။ ကျွန်မက ဓားပြတစ်ယောက်လို ပြုမူနေတာ မဟုတ်ဘူးလား။ ကျွန်မရဲ့ လုပ်ရပ်တွေ၊ အပြုအမူတွေအရဆိုရင် ကျွန်မဟာ ကျိန်ခြင်းခံရပြီး အပြစ်ဒဏ်ပေးခံရဖို့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်က ကျွန်မရဲ့ လုပ်ရပ်တွေအတိုင်း အပြစ်ဒဏ်မပေးဘဲ အဲဒီအစား နောင်တရဖို့ အခွင့်အရေး ပေးခဲ့တယ်။ ကျွန်မရဲ့ စိတ်နှလုံးထဲမှာ နောင်တတွေ၊ အပြစ်ရှိစိတ်တွေနဲ့ ပြည့်နေခဲ့တယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “အလုပ်နှင့်ပတ်သက်၍ လူသားသည် အလုပ်ဆိုသည်မှာ ဘုရားသခင်အတွက် ဟိုဟိုသည်သည် ပြေးခြင်း၊ နေရာတိုင်း၌ တရားဟောခြင်းနှင့် သူ့အတွက် အသုံးခံခြင်းဖြစ်သည်ဟု ယုံကြည်သည်။ ထိုသို့ ယုံကြည်ခြင်းသည် မှန်သော်လည်း တစ်ဖက်သတ် ဆန်လွန်းလှသည်။ ဘုရားသခင်က လူကို တောင်းဆိုသည့်အရာမှာ သူ့အတွက် ဟိုပြေးသည်ပြေးလုပ်ရန်သာ မဟုတ်ပေ၊ ထိုထက် ကျော်လွန်၍ ဤအမှုသည် ဝိညာဉ်တော်အတွင်း၌ အမှုတော်ဆောင်ဖို့နှင့် ထောက်ပံ့မှုတို့နှင့်ပါ သက်ဆိုင်သည်။...ဘုရားသခင်အတွက် ဟိုဟိုသည်သည် ပြေးလွှားပြီး နေရာအားလုံး၌ တရားဟောခြင်းတို့ကိုသာ အာရုံစိုက်ပြီး ၎င်းတို့၏ ကိုယ်ပိုင် အတွေ့အကြုံကို သတိမထားမိသူများ၊ ၎င်းတို့၏ ဝိညာဉ်အသက်တာသို့ ဝင်ရောက်ခြင်းကို လျစ်လျူရှုထားသောသူ များစွာ ရှိသည်။ ယင်းသည် ဘုရားသခင်ကို အစေခံသူများအား ဘုရားသခင်ကို ခုခံသူများ ဖြစ်လာစေသည့် အကြောင်းအရင်း ဖြစ်သည်။ နှစ်ပေါင်းများစွာကြာအောင် ဘုရားသခင်ကို အစေခံနေခဲ့သူများနှင့် လူသားတို့အပေါ် အမှုတော်ဆောင်နေခဲ့ သူများသည် အလုပ်လုပ်ခြင်းနှင့် တရားဟောခြင်းကို ဝင်ရောက်မှု အဖြစ်သာ သတ်မှတ်ခဲ့ကြပြီး၊ မည်သူကမျှ ၎င်းတို့၏ ဝိညာဉ်ရေးရာ နှင့်ဆိုင်သော ကိုယ်ပိုင်အတွေ့အကြုံကို အရေးကြီးသော ဝင်ရောက်မှုအဖြစ် မသတ်မှတ်ခဲ့ကြပေ။ ထိုသို့ သတ်မှတ်မည့်အစား၊ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကရသည့် ဉာဏ်အလင်းပေးခြင်းကို အခြားသူများကို သင်ကြားပေးရန်အတွက် အရင်းအနှီးအဖြစ် သတ်မှတ်ခဲ့ကြသည်။ တရားဟောသောအခါ၌ သူတို့သည် အလွန်အမင်း ဝန်ပိနေကြလျက် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လက်ခံကြပြီး၊ ဤနည်းအားဖြင့် သူတို့သည်သန့်ရှင်းသော ဝိညာဉ်တော်၏အသံကို ထွက်လာ စေသည်။ ဤအချိန်၌၊ အလုပ်လုပ်သော သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ၎င်းတို့၏ ကိုယ်ပိုင်ဝိညာဉ်ရေးရာ အတွေ့အကြုံကဲ့သို့ ခံစားရပြီး ကိုယ့်ကိုယ်ကို အလွန်အမင်း အားရ ကျေနပ်နေကြသည်။ သူတို့ ပြောနေသည့် စကားများအားလုံးသည် သူတို့၏ ကိုယ်ပိုင်အဖြစ် သူတို့ ခံစားရသော်လည်း သူတို့၏ ကိုယ်ပိုင်အတွေ့အကြုံသည် သူတို့ ပြောပြသလောက် မရှင်း သလိုလည်း ခံစားရသည်။ ထို့အပြင် စကားမပြောမီတွင် သူတို့ မည်သည့်အရာ ပြောမည်ကို အရိပ်အမြွက်ပင် မသိကြ။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်က သူတို့အတွင်း၌ အလုပ်လုပ် သောအခါ သူတို့၏စကားများသည် သူတို့ထံမှ အဆက်မပြတ် တရစပ် ထွက်လာတတ်သည်။ သင်သည် ထိုသို့ တစ်ကြိမ် တရားဟောဖူးပြီးချိန်တွင် သင်၏ ဝိညာဉ်အသက်တာအစစ်သည် အရင်က သင်ထင်ထားသလောက် မသေးငယ်ဟု ခံစားရပြီး၊ ထို့နောက်တွင် သန့်ရှင်းသော ဝိညာဉ်တော်က သင်၌ အကြိမ်ကြိမ် အလုပ်လုပ် ပြီးသောအခြေအနေတွင်ကဲ့သို့ သင့်မှာ ဝိညာဉ်အသက်တာ ရှိပြီးဖြစ်သည်ဟု ဆုံးဖြတ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် သင်၏ ကိုယ်ပိုင် ဝင်ရောက်မှုနှင့် သင်၏ဖြစ်တည်မှုဖြစ်သည်ဟု လွဲမှားစွာ ယုံကြည်တတ်သည်။ သင်သည် ထိုသို့ အစဉ်အမြဲ တွေ့ကြုံခံစားရသောအခါ သင်၏ ကိုယ်ပိုင် ဝင်ရောက်မှုနှင့် ပတ်သက်ပြီး လျော့တိလျော့ရဲ ဖြစ်လာတတ်သည်၊ သင်သည် သတိမထားမိဘဲ ပျင်းရိလာတတ်ပြီး၊ သင်ကိုယ်တိုင်၏ဝင်ရောက်မှုကို အရေးကြီးသည်ဟု လုံးဝ သဘောမထားဘဲ နေလာတတ်သည်။ ဤအကြောင်းကြောင့် သင်သည် အခြားသူတို့အပေါ် အမှုတော်ဆောင်သောအခါ၌ သင်၏ ဝိညာဉ်အသက်တာနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်ရမည်။ ထိုသို့ သိမြင်ခြင်းက သင်၏ ဝင်ရောက်မှုကို သာ၍ လွယ်ကူချောမောစေလိမ့်မည် ဖြစ်ပြီး သင်၏ အတွေ့အကြုံကို သာ၍ အကျိုးရှိစေလိမ့်မည်။ လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မိမိတို့ကိုယ်တိုင်၏ အတွေ့အကြုံအဖြစ် သတ်မှတ်သောအခါ ယင်းသည် ဆုတ်ယုတ်မှု၏ အစဖြစ်သွားသည်။ ထို့ကြောင့် သင်တို့သည် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ သင်တို့၏ ဝင်ရောက်မှုကို အရေးကြီးသော သင်ခန်းစာတစ်ခုအဖြစ် သင်တို့ မှတ်ယူသင့်သည်ဟု ငါပြောခြင်း ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၂)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်လိုက်တာက ကျွန်မ အလုပ်လုပ်နိုင်တာ၊ တရားဟောနိုင်တာ၊ ပိုင်းခြားသိမြင်မှု တချို့ရှိတာ၊ ပြဿနာတချို့ကို ဖြေရှင်းနိုင်တာတွေ ရှိပေမဲ့ ဒါတွေအားလုံးဟာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကြောင့် ဖြစ်ရတာတွေပါ၊ ပြီးတော့ ဒီအရာတွေက ကျွန်မရဲ့ စစ်မှန်တဲ့ ဝိညာဉ်ရင့်ကျက်မှုကို ကိုယ်စားမပြုပါဘူး။ ကျွန်မ တရားဟောဆရာမ စဖြစ်လာခါစအချိန်ကို ပြန်တွေးကြည့်မိတယ်။ အသင်းတော်တချို့ရဲ့ အလုပ်တွေ ရပ်တန့်သွားခဲ့ပြီး အဲဒီတုန်းက ကျွန်မ ဘာလုပ်ရမှန်း မသိခဲ့ပါဘူး။ စိတ်နှလုံးအကြွင်းမဲ့ ဆုတောင်းပြီး ဘုရားသခင်ကို ဟစ်ခေါ်မှသာ ဘုရားသခင်က ညီအစ်ကိုမောင်နှမတွေကတစ်ဆင့် ကျွန်မတို့ကို ကူညီပေးခဲ့တာပါ။ ပြီးတော့ လူတိုင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ ကျွန်မတို့ဟာ အန္တိခရစ်ဂိုဏ်းကို အောင်အောင်မြင်မြင်နဲ့ ရှင်းလင်းပစ်နိုင်ခဲ့ကြတာပါ။ နောက်ပိုင်းမှာ စီစီပီရဲ့ ဖမ်းဆီးမှုတွေကြောင့် ညီအစ်ကိုမောင်နှမတွေကို နေရာရွှေ့ပြောင်းဖို့ ကျွန်မတို့ စီစဉ်ခဲ့ရတယ်။ ကျွန်မတို့ အခက်အခဲတွေကြားမှာ နေထိုင်ခဲ့ရပေမဲ့ ကျွန်မတို့ကို ယုံကြည်ခြင်း ပေးခဲ့တာက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် လမ်းပြမှုပါ၊ ပြီးတော့ ဧည့်ခံတဲ့အိမ်တွေကို တက်တက်ကြွကြွ ပံ့ပိုးပေးခဲ့တာက ညီအစ်ကိုမောင်နှမတွေပါ။ ဒါဟာ ဘုရားသခင်က သူ့ရဲ့ ကိုယ်ပိုင်အမှုတော်ကို ကာကွယ်နေတာပါ။ ပိုင်းခြားသိမြင်မှုအပိုင်းမှာဆိုရင် ကျွန်မက ပိုတောင် အားနည်းချက်တွေ ရှိနေပါသေးတယ်။ နောက်ပိုင်းမှာ ဘုရားသခင်က အခြေအနေတွေ စီစဉ်ပေးပြီး ကျွန်မကို အရာရာ ဖော်ပြပေးလို့၊ နှုတ်ကပတ်တော်တွေနဲ့ လမ်းပြပေးလို့သာ ဧည့်ခံတဲ့ ညီအစ်မကို ကျွန်မ ပိုင်းခြားသိမြင်နိုင်ခဲ့တာပါ။ ဒါတွေအားလုံးက ဘုရားသခင်ရဲ့ အမှုတော်ကြောင့် ရတဲ့ရလဒ်တွေပါ၊ ဒါပေမဲ့ ကျွန်မက အရာရာကို ကိုယ့်စွမ်းဆောင်ချက်လို့ သတ်မှတ်ပြီး ရောက်လေရာမှာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ဖော်ပြီး ကြွားလုံးထုတ်ခဲ့တယ်။ ကျွန်မကို ဘုရားသခင် ရွံမုန်းအောင် တကယ် လုပ်မိခဲ့တာပဲ။ အခုတော့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ကျွန်မ ဆုံးရှုံးလိုက်ရပြီ။ ကျွန်မ အမှောင်ထဲ ရောက်နေပြီး ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ဘူး။ အလုပ်အမျိုးမျိုးရဲ့ ထိရောက်မှုကလည်း သိသိသာသာ ကျဆင်းသွားတယ်။ ပြဿနာတွေကို ဖြေရှင်းဖို့ ကျွန်မ အရင်ကထက် ပိုကြိုးစားပြီး လုပ်ပေမဲ့ အမှားတွေပဲ ဆက်တိုက်လုပ်မိနေပြီး အလုပ်မှာ ဟာကွက်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ဒီအသင်းတော်တွေမှာ ကျွန်မ ကြီးကြပ်ပြီး လေ့ကျင့်ပေးနေတာ တစ်နှစ်ရှိပြီဆိုပေမဲ့ ကျွန်မအလုပ်ရဲ့ အဆုံးသတ်က ဒီလိုဖြစ်သွားတယ်။ ကျွန်မမှာ သမ္မာတရား လက်တွေ့ကျမှု လုံးဝမရှိဘူးဆိုတာ ကျွန်မ မြင်လိုက်ရတယ်။ ကျွန်မဟာ မိုက်မဲပြီး ကန်းနေခဲ့လို့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို အသိအမှတ်မပြုနိုင်ခဲ့ဘူး။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကြောင့်ရတဲ့ ရလဒ်တွေကို ကျွန်မရဲ့ စစ်မှန်တဲ့ ဝိညာဉ်ရင့်ကျက်မှုလို့ အထင်မှားခဲ့ပြီး ကျွန်မမှာ သမ္မာတရား လက်တွေ့ကျမှု ရှိတယ်လို့ ထင်ခဲ့မိတယ်။ ဒါကြောင့် ဒီအရာတွေကို အရင်းအနှီးပြုပြီး သူများရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ဖော်ခဲ့တယ်။ ကျွန်မ တကယ်ကို အရှက်မရှိခဲ့တာပဲ။ အလုပ်ကို ကျွန်မ ဘယ်လောက်တောင် ထိခိုက်ပျက်စီးစေခဲ့တယ်ဆိုတာကို မြင်ပြီး ကျွန်မ အရမ်းနောင်တရပြီး အပြစ်ရှိစိတ် ခံစားရတယ်။ ဒါနဲ့ ကျွန်မ ဘုရားသခင်ဆီ အမြန်ဆုံး ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ သမီး သတိမထားမိဘဲ မကောင်းမှုတွေ အများကြီး လုပ်မိခဲ့ပါတယ်။ ကိုယ်တော့်ရဲ့ ရိုက်နှက်ဆုံးမခြင်းနဲ့ ဆုံးမပဲ့ပြင်ခြင်းသာ သမီးအပေါ် မကျရောက်ခဲ့ရင် သမီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မိမှာ မမဟုတ်ပါဘူး။ ဖြုတ်ချခံရတာက သမီးကို တကယ် ကယ်တင်လိုက်တာပါ။ ဘုရားသခင်၊ သမီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး ကိုယ်တော့်ရှေ့မှာ နောင်တရပါ့မယ်” လို့ပေါ့။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရသည့်အတွက်၊ လူများ၏သဘာဝသည် တဖြည်းဖြည်း ပိုဆိုးရွားလာပြီး ပုံမှန်လူတို့ ပိုင်ဆိုင်သည့် အသိစိတ်ကို ၎င်းတို့ တဖြည်းဖြည်း ဆုံးရှုံးခဲ့ကြသည်။ ယခုတွင် ၎င်းတို့သည် လူသား၏နေရာတွင် လူသားများကဲ့သို့ ကျင့်ကြံပြုမူခြင်း မရှိကြတော့ဘဲ၊ ပြင်းပြသောဆန္ဒများဖြင့် ပြည့်လျက်ရှိသည်။ ၎င်းတို့သည် လူ၏ အဆင့်အတန်းကို ကျော်လွန်ပြီးကြသော်လည်း သာ၍မြင့်မားဖို့ တမ်းတနေကြဆဲ ဖြစ်သည်။ ဤ ‘ပို၍မြင့်မားသော’ အရာက အဘယ်အရာကို ရည်ညွှန်းသနည်း။ သူတို့သည် ဘုရားသခင်ကို ကျော်လွန်ရန်၊ ကောင်းကင်ကို ကျော်လွန်ရန်နှင့် အခြားအရာခပ်သိမ်းကို ကျော်လွန်ရန် ဆန္ဒရှိကြသည်။ လူတို့သည် ဤသို့သော စိတ်သဘောထားများကို အဘယ်ကြောင့် ထုတ်ဖော်ရသည်ဆိုသည့် အရင်းခံအကြောင်းရင်းတွင် မည်သည့်အရာရှိသနည်း။ အရာရာကို ခြုံငုံသုံးသပ်ရလျှင်၊ လူသား၏ သဘာဝမှာ လွန်ကဲစွာ မာနထောင်လွှားသည်။ ‘မာနထောင်လွှားခြင်း’ ဟူသော စကား၏ အဓိပ္ပာယ်ကို လူအများစုက နားလည်ကြသည်။ ယင်းသည် ရှုတ်ချချိုးနှိမ်သော ဝေါဟာရတစ်ခုဖြစ်သည်။ လူတစ်ယောက်က မာနထောင်လွှားခြင်းကို ထုတ်ဖော်ပြလျှင် အခြားလူများက ထိုသူသည် လူကောင်းတစ်ယောက်မဟုတ်ဟု ထင်ကြသည်။ လူတစ်ယောက်က အလွန်အမင်း မာနထောင်လွှားသည့် အချိန်တိုင်းတွင် အခြားလူများက ထိုသူသည် ဆိုးယုတ်သောသူတစ်ဦးဖြစ်သည်ဟု အစဉ် ယူဆကြသည်။ မည်သူကမျှ ဤဝေါဟာရကို ၎င်းတို့နှင့် တွဲဖက်မထားလိုကြပေ။ သို့သော် အမှန်တွင် လူတိုင်းက မာနထောင်လွှားကြပြီး ဖောက်ပြန်ပျက်စီးသော လူသားများအားလုံး၌ ဤအနှစ်သာရ ရှိကြသည်။ လူအချို့က ‘ကျွန်ုပ်သည် စိုးစဉ်းမျှ မာနထောင်လွှားခြင်း မရှိပေ။ ကျွန်ုပ်သည် ကောင်းကင်တမန်မင်း မည်သည့်အခါကမျှ မဖြစ်လိုသကဲ့သို့ ဘုရားသခင်ကိုလည်း သာလွန်လိုခြင်း မရှိဖူးပေ သို့မဟုတ် အခြားအရာအားလုံးကိုလည်း သာလွန်လိုခြင်း မရှိဖူးပေ။ ကျွန်ုပ်သည် အထူးသဖြင့် လိမ္မာပြီး တာဝန်သိတတ်သည့် သူတစ်ယောက် အမြဲဖြစ်နေခဲ့ပါသည်။’ ဟု ပြောကြသည်။ သေချာပေါက် မဟုတ်ပေ။ ဤစကားများက မမှန်ကန်ပေ။ လူတို့သည် သဘာဝနှင့် အနှစ်သာရတွင် တိုး၍ မာနထောင်လွှားလာသည်နှင့်တစ်ပြိုင်နက်၊ သူတို့သည် ဘုရားသခင်အား မကြာခဏ ပုန်ကန်ပြီး အာခံနိုင်ကြသည်၊ သူ၏ နှုတ်ကပတ်တော်များကို အရေးမစိုက်ဘဲ၊ သူ့အကြောင်း အယူအဆများကို ထားရှိကြသည်၊ သူ့ကို သစ္စာဖောက်သည့်အရာများ လုပ်ဆောင်ကြပြီး မိမိတို့ကိုယ်ကို ချီးမြှောက်ပြီး သက်သေခံသည့် အရာများကို ပြုလုပ်နိုင်ကြသည်။ သင်သည် မာနထောင်လွှားခြင်းမရှိဟု ပြောသော်လည်း အသင်းတော်တစ်ပါးကို သင့်အား ပေးပြီး ဦးဆောင်ခွင့်ပြုသည် ဆိုကြပါစို့၊ ငါသည် သင့်ကို ပြုပြင်ခြင်း မရှိခဲ့သကဲ့သို့၊ ဘုရားသခင်၏ မိသားစုထဲမှ မည်သူမျှ သင့်ကို ဝေဖန်ခြင်း၊ ကူညီခြင်းမရှိခဲ့ဟု ဆိုကြပါစို့။ ထိုအသင်းတော်ကို ခဏကြာ ဦးဆောင်ပြီးသည့်နောက်တွင် သင်သည် သင့်အား လူတို့လေးစားပြီး ကြောက်ရွံ့သည့် အဆင့်အထိပင် ၎င်းတို့ကို သင့်ခြေသို့ ဆောင်ကြဉ်းမည်ဖြစ်ပြီး၊ သင်၏ ရှေ့တွင် နာခံစေမည် ဖြစ်သည်။ အဘယ်ကြောင့် သင်ထိုသို့ပြုမိမည်နည်း။ ဤသည်ကို သင်၏သဘာဝက သတ်မှတ်ပေမည်။ ယင်းမှာ သဘာဝအလျောက် ထုတ်ဖော်ခြင်းမှတစ်ပါး အခြားအရာဖြစ်မည် မဟုတ်ပေ။ သင်သည် ဤအရာကို အခြားသူများထံမှ မလိုအပ်ပေ၊ သို့မဟုတ် ၎င်းတို့က သင့်အား သင်ပေးဖို့ လိုအပ်မှုတစ်စုံတစ်ရာ မရှိပေ။ သင်သည် ဤအရာတစ်ခုကို လုပ်ဆောင်ဖို့ အခြားသူများက သင့်အား ညွှန်ကြားဖို့၊ သို့မဟုတ် အတင်းအကျပ်ခိုင်းဖို့ မလိုအပ်ပေ။ ဤသို့သော အခြေအနေမျိုးသည် အလိုအလျောက် ဖြစ်လာပေသည်။ သင်လုပ်သမျှသည် လူတို့ကို သင့်အား ချီးမြှောက်စေခြင်း၊ သင့်အား ချီးမွမ်းစေခြင်း၊ သင့်အား ကိုးကွယ်စေခြင်း၊ သင့်အား နာခံစေခြင်းနှင့် အရာခပ်သိမ်းတွင် သင်ပြောသည့်အရာကို နားထောင်စေခြင်းတို့ဖြစ်သည်။ သင့်အား ခေါင်းဆောင်ဖြစ်ခွင့်ပေးခြင်းသည် ဤအခြေအနေကို အလိုအလျောက် ဖြစ်စေသည်။ ယင်းကို ပြောင်းလဲ၍ မရနိုင်ချေ။ ဤအခြေအနေများမှာ အဘယ်သို့ဖြစ်လာသနည်း။ ယင်းတို့ကို လူသား၏ မာနထောင်လွှားသော သဘာဝက ချမှတ်ထားခြင်း ဖြစ်သည်။ မာနထောင်လွှားမှု၏သရုပ်သကန်မှာ ဘုရားသခင်ကို ပုန်ကန်ခြင်းနှင့် ဆန့်ကျင်ခြင်းဖြစ်၏။ လူတို့မာနထောင်လွှား၍ စိတ်ကြီးဝင်ကာ မိမိဘာသာ ဖြောင့်မတ်သည်ဟု ထင်နေသောအခါ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ သီးခြား နိုင်ငံတော်များကို တည်ထောင်ကာ ၎င်းတို့လိုချင်သည့်အတိုင်း လုပ်ဆောင်လေ့ရှိကြ၏။ အခြားသူများကိုလည်း ၎င်းတို့၏ လက်ထဲသို့ဆွဲသွင်းကာ ၎င်းတို့၏ ပိုက်ထွေးမှုအတွင်း ဆွဲသွင်းကြ၏။ လူတို့သည် ဤကဲ့သို့ မာနထောင်လွှားသောအရာများကို လုပ်ကိုင်နိုင်သောကြောင့်၊ ယင်းမှာ ၎င်းတို့၏ မာနထောင်လွှားသော သဘာဝ၏ အနှစ်သာရမှာ စာတန်၏ အနှစ်သာရဖြစ်သည်ကိုသာ သက်သေပြသည်။ ယင်းမှာ ကောင်းကင်တမန်မင်း၏အနှစ်သာရဖြစ်သည်။ ၎င်းတို့၏ မာနထောင်လွှားမှုနှင့် စိတ်ကြီးဝင်မှုသည် အဆင့်တစ်ရပ်သို့ ရောက်သည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာတစ်နေရာမရှိတော့ဘဲ ဘုရားသခင်ကို ဘေးဖယ်ထားသည်။ ထို့နောက်တွင် ၎င်းတို့သည် ဘုရားဖြစ်လိုသည်။ လူတို့ကို ၎င်းတို့အား နာခံစေချင်သည်။ ၎င်းတို့သည် ကောင်းကင်တမန်မင်းဖြစ်လာသည်။ သင်၌ ဤသို့ ဆိုးယုတ်သည့် မာနထောင်လွှားသော သဘာဝရှိပါက သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် နေရာရှိမည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်လျှင်ပင် ဘုရားသခင်သည် သင့်အား အသိအမှတ်ပြုတော့မည်မဟုတ်ဘဲ သင့်အား ဆိုးယုတ်သောသူတစ်ဦးအဖြစ် ရှုမြင်ပြီး ဖယ်ရှားရှင်းလင်းလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ၏ မာနထောင်လွှားသော သဘာဝတစ်ခုသည် ဘုရားသခင်အပေါ် သူ၏ခုခံခြင်း၏ အရင်းအမြစ်ဖြစ်၏) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကနေ ကျွန်မ မြင်လိုက်ရတာက လူတွေဟာ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးတဲ့နောက်မှာ သူတို့ဆီမှာ စာတန်ဆန်တဲ့ သဘာဝ ဖြစ်လာတယ်။ ပြီးတော့ အဲဒီ မာနထောင်လွှားမှုက သူတို့ကို ဆင်ခြင်တုံတရား ကင်းမဲ့စေပြီး ဘုရားသခင်ကို ကိုးကွယ်ဖို့ ဖန်ဆင်းခံတစ်ဦးရဲ့ နေရာမှာ ရပ်တည်ဖို့ မလိုမလားဖြစ်စေပါတယ်။ ကျွန်မရဲ့ မာနထောင်လွှားတဲ့ သဘာဝက လွှမ်းမိုးထားလို့ ကျွန်မက သူများ ချီးမွမ်းတာ၊ အထင်ကြီးလေးစားတာတွေကို နှစ်သက်ခဲ့တယ်။ အသင်းတော်နှစ်ခုသုံးခုမှာ ပြဿနာတချို့ကို ဖြေရှင်းပေးပြီးတဲ့နောက်မှာ ကျွန်မမှာ သမ္မာတရား လက်တွေ့ကျမှု ရှိတယ်လို့ စထင်လာပြီး မာနထောင်လွှားလာတယ်။ ဘယ်သူနဲ့ပဲ ဆက်ဆံရပါစေ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ဖော်ဖို့နဲ့ ကြွားလုံးထုတ်ဖို့ အခွင့်အရေးကိုပဲ အမြဲရှာခဲ့တယ်။ ဒါက ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ညီအစ်မတွေကို ကျွန်မအပေါ် အားကျလာစေခဲ့ပြီး ပြဿနာတစ်ခုခု ပေါ်လာတိုင်း အဖြေရှာဖို့အတွက် ကျွန်မကိုပဲ အားကိုးလာကြတယ်။ သူတို့ရဲ့ ဒီလိုအခြေအနေက မှားနေမှန်း ကျွန်မ သိပေမဲ့ သူတို့ကို မကူညီခဲ့သလို မိတ်သဟာယလည်း မပြုပေးခဲ့ဘူး၊ ဆန့်ကျင်ဘက်အနေနဲ့ လူတွေရဲ့ အားကိုးတာကို ခံရတဲ့အပေါ် ကျွန်မ တကယ် သာယာနေခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေ ပြဿနာတွေ၊ အခက်အခဲတွေ ကြုံရတဲ့အခါ ဖြေရှင်းဖို့အတွက် ကျွန်မက သမ္မာတရားကို ရှာဖွေပေးတာ၊ မိတ်သဟာယပြုပေးတာ မလုပ်ဘဲ အဲဒီအစား ကိုယ့်ရဲ့ ဆုကျေးဇူးတွေနဲ့ အစွမ်းကိုပဲ ထုတ်ကြွားခဲ့တယ်။ ကျွန်မရဲ့ အောင်မြင်မှုတွေနဲ့ ကောင်းကွက်တွေကိုပဲ ဂုဏ်ဖော်ပြီး ကျွန်မရဲ့ အပျက်သဘောဆောင်တာတွေ၊ အားနည်းချက်တွေနဲ့ ပတ်သက်ပြီး ဘာမှ ထုတ်မပြောခဲ့ဘူး။ လူတိုင်းက ကျွန်မကို သူတို့ထက် သာတယ်လို့ထင်ပြီး အားကိုးလာအောင်လို့ ညီအစ်ကိုမောင်နှမတွေရှေ့မှာ ပူးပေါင်းဆောင်ရွက်တဲ့ ညီအစ်မနှစ်ယောက်ကို နှိမ့်ချပြီး ကိုယ့်ကိုယ်ကိုယ် အမွှန်းတင်ခဲ့တယ်။ ကိစ္စတွေ ပေါ်လာတိုင်း သူတို့က အဆုံးအဖြတ်ပေးဖို့ ကျွန်မဆီပဲ လှည့်လာကြတော့ နောက်ဆုံးမှာ ပူးပေါင်းဆောင်ရွက်တဲ့ ညီအစ်မတွေကို ရုပ်ပြသက်သက် ဖြစ်သွားအောင် လုပ်ခဲ့မိတယ်။ အဲဒီတုန်းကတောင် ကျွန်မ မကြောက်ခဲ့ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ညီအစ်ကိုမောင်နှမတွေ ကျွန်မကို အားကိုးတာက မှန်ကန်တယ်လို့ ထင်ပြီး ဒီအရာတွေအားလုံးကို ကျွန်မ သာယာနေခဲ့တယ်။ ညီအစ်မတစ်ယောက်က ကျွန်မကို သတိပေးတုန်းကတောင် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တာမျိုး မလုပ်ခဲ့ဘူး။ ကျွန်မဟာ နိမ့်ကျပြီး အရေးမပါတဲ့ ဖန်ဆင်းခံတစ်ယောက်သာ ဖြစ်ပေမဲ့ ကိုယ့်ရဲ့ ပင်ကိုလက္ခဏာနဲ့ အဆင့်အတန်းကို အသိအမှတ်မပြုခဲ့ဘူး။ ဖန်ဆင်းခံတစ်ယောက်ရဲ့ နေရာမှာရပ်ပြီး ဘုရားသခင်ကို ကိုးကွယ်မဲ့အစား ကိုယ့်ဂုဏ်ကိုယ်ဖော်ပြီး လူတွေကို ကျွန်မရှေ့မှောက် ရောက်လာအောင် ကြိုးစားခဲ့တယ်။ ကျွန်မ ဆင်ခြင်တုံတရား ပျောက်ဆုံးလောက်တဲ့အထိ အရမ်း မာနထောင်လွှားခဲ့တာပဲ။ ဒီလောက်ကြီးမားတဲ့ မကောင်းမှုကြီးကို ကျူးလွန်ပြီးတာတောင်မှ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတုန်းပဲ။ ကျွန်မ တကယ်ကို အရှက်မရှိဘူး၊ ယုတ်ညံ့ပြီး စက်ဆုပ်စရာကောင်းလိုက်တာ။ မြေကြီးထဲသာ တိုးဝင်ပြီး ပုန်းနေချင်စိတ် ပေါက်မိတယ်။ ဘုရားသခင်ကို ရင်ဆိုင်ဖို့ရော၊ ညီအစ်ကိုမောင်နှမတွေကို ရင်ဆိုင်ဖို့ရော အရမ်းရှက်မိတယ်။ ဒီအချိန်ကျမှ ဖြုတ်ချခံရတာက ကျွန်မကို ကာကွယ်ပေးလိုက်တာပဲဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ အကယ်၍သာ ကျွန်မ ဖြုတ်ချမခံရဘဲ ဒုစရိုက်မှုတွေကို ဆက်လုပ်နေမယ်ဆိုရင် ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားအတိုင်း ဆက်အသက်ရှင်ပြီး အဆင့်အတန်းကို လိုက်စားတဲ့ လမ်းကြောင်းအမှားပေါ် ဆက်လျှောက်နေမိမှာ။ နောက်ဆုံးမှာ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိပြီး အပြစ်ပေးခံရဖို့ ငရဲထဲ ပစ်ချခံရမှာ။ ဒီလို ဖြုတ်ချခံရတာက တကယ်တော့ ကယ်တင်ခြင်း တစ်မျိုးပဲဆိုတာ ကျွန်မ မြင်လိုက်ရပြီး ကျွန်မစိတ်နှလုံးထဲမှာ ဘုရားသခင်ကို ကျေးဇူးတင်တဲ့စိတ်တွေနဲ့ ပြည့်သွားတယ်။
နောက်ပိုင်းမှာ ဘုရားသခင်ကို ဘယ်လို ချီးမြှောက်ပြီး သက်သေခံလို့ ရနိုင်မလဲဆိုတာကို ကျွန်မ ရှာဖွေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်ရတယ်။ “ဘုရားသခင်အတွက် သက်သေခံသောအခါတွင် ဘုရားသခင် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမပုံ၊ လူတို့ကို စစ်ဆေးရန်နှင့် သူတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် မည်သည့်စမ်းသပ်မှုများအား သူအသုံးပြုသည့် အကြောင်းတို့ကို အဓိက ပြောသင့်သည်။ သင်တို့၏ အတွေ့အကြုံထဲတွင် ဖောက်ပြန်ပျက်စီးခြင်း မည်မျှ ထုတ်ဖော်ထားကြောင်း၊ သင်တို့ အဘယ်မျှ ဒုက္ခခံခဲ့ပြီးဖြစ်ကြောင်း၊ ဘုရားသခင်ကို ခုခံဖို့ သင်တို့ အမှုကိစ္စမည်မျှ ပြုလုပ်ပြီးကြောင်းကိုလည်းကောင်း ပြောသင့်သည်၊ သင်တို့၌ ဘုရားသခင်၏အမှုအပေါ် စစ်မှန်သောသိခြင်း အဘယ်မျှ ရှိကြောင်းနှင့် ဘုရားသခင်အတွက် အဘယ်သို့ သက်သေခံပြီး သူ၏ချစ်ခြင်းမေတ္တာကို အဘယ်သို့ ပြန်ပေးဆပ်သင့်ကြောင်းတို့ကိုလည်း ပြောသင့်သည်။ သင်တို့သည် ရိုးရှင်းသောပုံစံဖြင့် ပြောလျက် ပို၍ အနှစ်သာရရှိရှိ ပြောသင့်သည်။ အနှစ်သာရမဲ့သော သီအိုရီများအကြောင်းကို မပြောလေနှင့်။ ပိုမို၍ လက်တွေ့ကျအောင် ပြောလော့။ နှလုံးသားထဲမှ စကားပြောလော့။ ဤသည်မှာ အမှုကိစ္စများကို သင်တွေ့ကြုံသင့်ပုံ ဖြစ်သည်။ ဝါကြွားရန် အားထုတ်သည့်အနေဖြင့် လေးနက်ဟန်ရှိသော၊ အနှစ်သာရမဲ့သော သီအိုရီများနှင့် မိမိကိုယ်ကို မပြင်ဆင်လေနှင့်။ ဤသို့ပြုခြင်းက သင်တို့ကို အတော်ပင် စိတ်ကြီးဝင်ပြီး အသိတရားမဲ့ဟန် ပေါ်စေမည်။ သင်သည် သင်၏ တကယ့် အတွေ့အကြုံမှ စစ်မှန်သောအရာများအကြောင်းကို ပို၍ပြောသင့်ပြီး စိတ်နှလုံးထဲမှ ပို၍ စကားပြောသင့်သည်။ ဤသည်မှာ အခြားသူများအတွက် အကျိုးပြုဆုံးဖြစ်ပြီး သူတို့တွေ့မြင်ရန် အသင့်လျော်ဆုံးဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်) ဘုရားသခင်ကို ဘယ်လို ချီးမြှောက်ပြီး သက်သေခံရမလဲဆိုတဲ့ လမ်းကြောင်းကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ညွှန်ပြပေးခဲ့တယ်။ အဲဒါကတော့ ကိစ္စတွေ ကြုံရတဲ့အခါ ကျွန်မ ထုတ်ဖော်မိတဲ့ ဖောက်ပြန်ပျက်စီးခြင်းတွေအကြောင်း၊ ဘုရားသခင်ကို ကျွန်မ ဘယ်လို အတိုက်အခံလုပ်ပြီး ပုန်ကန်ခဲ့သလဲဆိုတဲ့အကြောင်း၊ ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့ သမ္မာတရားကို ဘယ်လို ရှာဖွေခဲ့သလဲဆိုတဲ့အကြောင်း၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ သဘာဝ အနှစ်သာရကို ဖွင့်ဟဝန်ခံပြီး ဖော်ထုတ်ဖို့၊ ပြီးတော့ ကျွန်မကို သန့်စင်ပြီး ပြောင်းလဲစေဖို့ ဘုရားသခင်က သူ့ရဲ့ နှုတ်ကပတ်တော်တွေကို ဘယ်လိုအသုံးပြုခဲ့တယ်ဆိုတာကို သက်သေခံဖို့ပါပဲ။ ဒီလိုမျိုး မိတ်သဟာယပြုခြင်းက ဘုရားသခင်ကို ချီးမြှောက်ရာ၊ သက်သေခံရာ ရောက်ပါတယ်။ ကိုယ့်ရဲ့ အတွေ့အကြုံတွေကို ပြောပြတဲ့အခါ ကျွန်မ စိတ်နှလုံးထဲက အပျက်သဘောဆောင်တာတွေနဲ့ အားနည်းချက်တွေအကြောင်း ပြောပြသင့်တယ်။ ပြီးတော့ ဘုရားသခင်က ကျွန်မကို ဘယ်လို ဉာဏ်အလင်းပေးပြီး လမ်းပြပေးခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ်နဲ့ ပတ်သက်ပြီး ဘာတွေ နားလည်လာခဲ့တယ်၊ ဘယ်လို လက်တွေ့လုပ်ဆောင်ရမဲ့ လမ်းကြောင်းတွေ တွေ့ခဲ့ရတယ် ဆိုတာတွေကို ပြောပြသင့်တယ်။ ဒါက ဘုရားသခင်ရဲ့ လမ်းပြမှုသာမရှိရင် လူက ဘာကိုမှ ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ဘူးဆိုတာရယ်၊ ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိပြီး ဘုရားသခင်ကို လူတွေ သိကျွမ်းလာစေနိုင်တာက ဘုရားသခင်ပဲ ဖြစ်တယ်ဆိုတာရယ်ကို ညီအစ်ကိုမောင်နှမတွေ မြင်လာစေမှာပါ။ ဒီလိုလုပ်မှသာ ဘုရားသခင်ကို တကယ် ချီးမြှောက်ရာ၊ သက်သေခံရာ ရောက်မှာပါ။ ကိုယ့်ရဲ့ အတွေ့အကြုံတွေကို ပြောပြခဲ့ပုံကို ဆင်ခြင်သုံးသပ်မိတဲ့အခါ ကျွန်မရဲ့ ရည်ရွယ်ချက်တွေက သူများ ကျွန်မကို အထင်ကြီးလေးစားလာအောင် လုပ်ဖို့ဖြစ်ပြီး ကျွန်မရဲ့ အပျက်သဘောဆောင်တာတွေ၊ အားနည်းချက်တွေကိုတော့ တမင်တကာ ဖော့ပြောခဲ့မှန်း သဘောပေါက်လိုက်တယ်။ အခက်အခဲကြုံရချိန်မှာ ဘုရားသခင်ကို ဘယ်လို မျှော်ကြည့်ပြီး အားကိုးခဲ့တယ်၊ ဘုရားသခင်က ကျွန်မကို ဘယ်လို လမ်းပြခဲ့တယ်ဆိုတာတွေကိုပဲ အကျယ်တဝင့် ပြောခဲ့တာလေ။ ရလဒ်အနေနဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်မဟာ ကြုံတွေ့ရတဲ့အရာတွေကို ဘယ်လို တွေ့ကြုံရမလဲဆိုတာ သိတယ်လို့မြင်ပြီး ကျွန်မကို အထင်ကြီးလေးစားခဲ့ကြပေမဲ့ ဘုရားသခင်နဲ့ပတ်သက်ပြီး ဘာအသိပညာကိုမှ သူတို့ မရရှိခဲ့ကြဘူး။ ကျွန်မက အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး ကိုယ့်ဂုဏ်ကိုယ်ဖော်နေခဲ့လို့ ဘုရားသခင် ကျွန်မကို ရွံရှာသွားခဲ့တာပါ။ ကျွန်မ အရမ်းနောင်တရပြီး ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကိုယ်တော့်ရဲ့ ဒဏ်ခတ်ခြင်းနဲ့ ဆုံးမပဲ့ပြင်ခြင်းကြောင့် ထုံထိုင်းနေတဲ့ သမီးရဲ့ စိတ်နှလုံးက နိုးထလာခဲ့ပါတယ်၊ ပြီးတော့ သမီးက တောက်လျှောက်ဆိုသလို ကိုယ်တော့်ကို အတိုက်အခံလုပ်ပြီး ပုန်ကန်နေခဲ့မှန်း နောက်ဆုံးမှာ မြင်လာခဲ့ရတယ်။ နောင်မှာ တာဝန်တွေ ထမ်းဆောင်ဖို့ အခွင့်အရေး ထပ်ရမယ်ဆိုရင် သမီးရဲ့ မှားယွင်းတဲ့ လိုက်စားမှုကို သေချာပေါက် ပြောင်းလဲပါ့မယ်၊ ကိုယ့်ရဲ့ မှန်ကန်တဲ့နေရာမှာ ရပ်တည်ပြီး ဖန်ဆင်းခံတစ်ယောက်အနေနဲ့ နာခံမှုရှိရှိ ပြုမူပါ့မယ်” လို့ပေါ့။
၂၀၂၁ ခုနှစ်၊ မေလမှာ ခေါင်းဆောင်တွေက ပြဿနာတစ်ခုကို ဖြေရှင်းဖို့အတွက် ကျွန်မကို အသင်းတော်တစ်ခုဆီ သွားဖို့ စီစဉ်ပေးခဲ့ပါတယ်။ အဲဒီအသင်းတော်မှာ မာလီလို့ခေါ်တဲ့ ဆိုးယုတ်တဲ့သူတစ်ယောက် ရှိနေပြီး သူက ရွေးကောက်ခံ ခေါင်းဆောင်အသစ်တစ်ယောက်ကို တိုက်ခိုက်နေပြီး အဲဒီခေါင်းဆောင်ကို အပျက်သဘောဆောင်အောင် လုပ်နေတဲ့သူပေါ့။ ကျွန်မ ရောက်သွားပြီးတဲ့နောက်မှာ မာလီက ခေါင်းဆောင်တစ်ယောက်ကို တိုက်ခိုက်ခဲ့လို့ ၂၀၁၈ ခုနှစ်တုန်းက ဆင်ခြင်သုံးသပ်ဖို့ သီးခြားခွဲထားတာကို ခံခဲ့ရဖူးပေမဲ့ သူက အရင်အတိုင်းပဲဆိုတာကို သိလိုက်ရတယ်။ သူဟာ ဆိုးယုတ်တဲ့သူတစ်ယောက်လို့ ကျွန်မ ခံစားရပေမဲ့ အမှားလုပ်မိမှာ ကြောက်လို့ သူ့ရဲ့ တစိုက်မတ်မတ်အပြုအမူတွေကို အထက်ခေါင်းဆောင်တွေဆီ တင်ပြခဲ့တယ်။ စည်းမျဉ်းတွေအရ မာလီက ဆိုးယုတ်တဲ့သူတစ်ယောက်ဖြစ်လို့ သူ့အကြောင်း အချက်အလက်တွေကို စုစည်းသင့်ပြီး သူ့ကို ရှင်းလင်းပစ်သင့်တယ်လို့ ခေါင်းဆောင်တွေက မိတ်သဟာယပြုပြီး စာပြန်ခဲ့တယ်။ ဒါနဲ့ ကျွန်မလည်း လူတိုင်းနဲ့ ပိုင်းခြားသိမြင်မှုအကြောင်း မိတ်သဟာယပြုပြီး ဒီ ဆိုးယုတ်တဲ့သူကို ရှင်းလင်းပစ်လိုက်တယ်။ ဒီနောက်မှာတော့ ညီအစ်ကိုမောင်နှမတွေရဲ့ အသင်းတော် အသက်တာက ပုံမှန်ပြန်ဖြစ်သွားပြီး အသင်းတော် အလုပ်လည်း ပုံမှန်လည်ပတ်လာတယ်။ စုဝေးပွဲတစ်ခုမှာ ညီအစ်မ ဖန်ရှင်းက ကျွန်မကို “အစ်မမှာ သမ္မာတရား လက်တွေ့ကျမှု တကယ်ရှိတာပဲ။ မာလီက ဆိုးယုတ်တဲ့လူတစ်ယောက်ဆိုတာကို အစ်မ ရောက်ရောက်ချင်း ပိုင်းခြားသိမြင်နိုင်ပြီး ဒီကိစ္စကို အချိန်မီ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တယ်။ အစ်မသာ မလာရင် ကျွန်မ တကယ်ပဲ ဒီအလုပ်ကို လုပ်နိုင်မှာ မဟုတ်ဘူး” လို့ ပြောတယ်။ သူ ဒီလိုပြောတာကို ကြားပြီးတဲ့နောက် ကျွန်မဘာသာကျွန်မ တွေးလိုက်မိတယ်။ “ငါသာ မလာရင် သူတို့ တကယ်ပဲ ဒီ ဆိုးယုတ်တဲ့သူကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ အသင်းတော် အသက်တာလည်း ပုံမှန်ပြန်ဖြစ်နိုင်မှာ မဟုတ်ဘူး” လို့ပေါ့။ ဒါပေမဲ့ ဒီလိုတွေးမိလိုက်တာနဲ့ ဒီရလဒ်ကို ဖြစ်ပေါ်စေခဲ့တာက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ် ဖြစ်ပြီး ကျွန်မကတော့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာ၊ ဘုရားသခင်ရဲ့ ဘုန်းတော်ကို ခိုးယူနေတာဖြစ်မှန်း ချက်ချင်း သဘောပေါက်လိုက်တယ်။ ဒါဟာ အရင်တုန်းက ကျွန်မ ကျရှုံးခဲ့တဲ့ပုံစံပဲ၊ ဒါကြောင့် ကိုယ့်ဂုဏ်ကိုယ်ဖော်တာမျိုး ထပ်လုပ်ခွင့်ပြုလို့မဖြစ်တော့ဘူး။ ဒါနဲ့ ကျွန်မက မာလီနဲ့ပတ်သက်တဲ့ ဒီကိစ္စကို အစတုန်းက ကျွန်မလည်း ထိုးထွင်းမမြင်နိုင်ခဲ့လို့ လမ်းပြမှုပေးဖို့ အထက်ခေါင်းဆောင်တွေဆီ စာရေးခဲ့ရကြောင်း၊ ခေါင်းဆောင်တွေက စည်းမျဉ်းတွေကို အခြေခံပြီး မိတ်သဟာယပြုပေးမှသာ မာလီဟာ ဆိုးယုတ်တဲ့လူတစ်ယောက်ဆိုတာကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့ကြောင်း ပြောပြလိုက်တယ်။ မိတ်သဟာယပြုပြီးတဲ့နောက်မှာ ဖန်ရှင်း နားလည်သွားတယ်။ ပြီးတော့ သူက လူတွေကို ကိုးကွယ်တတ်တဲ့ အကျင့်ရှိကြောင်းနဲ့ ဒါကို ပြုပြင်ပြောင်းလဲရမှာဖြစ်ကြောင်း ပြောတယ်။
ဒီအတွေ့အကြုံကို ဖြတ်သန်းပြီးတဲ့နောက်မှာ ကျွန်မမှာ ဘုရားသခင်ကို ကျေးဇူးတင်တဲ့စိတ်တွေနဲ့ ပြည့်နေခဲ့တယ်။ ဒီလို ကျရှုံးပြီး လဲပြိုမှုသာမရှိရင်၊ နောက်ပြီး ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်တာတွေသာ မရှိခဲ့ရင် ကျွန်မ လျှောက်နေတဲ့ လမ်းကြောင်း အမှားကို သတိပြုမိမှာမဟုတ်သလို ကျွန်မရဲ့ မာနထောင်လွှားပြီး ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ သဘာဝကိုလည်း စစ်မှန်တဲ့ နားလည်မှု ရရှိမှာ မဟုတ်ပါဘူး။ ဒီအတွေ့အကြုံက ကျွန်မရဲ့ အသက် ဝင်ရောက်မှုမှာ အဖိုးတန်တဲ့ ရတနာတစ်ခု ဖြစ်လာခဲ့ပြီး ကျွန်မရဲ့ ယုံကြည်ခြင်း ခရီးလမ်းမှာ အလှည့်အပြောင်း တစ်ခုဖြစ်လာခဲ့တယ်၊ ကျွန်မရဲ့ မှားယွင်းတဲ့ လိုက်စားမှုကို ပြုပြင်ပေးခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒါက ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံတာနဲ့ပတ်သက်တဲ့ သမ္မာတရားကို နည်းနည်းပိုနားလည်ဖို့ ကူညီပေးခဲ့ပြီး ဒီအရာနဲ့ပတ်သက်တဲ့ လက်တွေ့လုပ်ဆောင်ရမဲ့ လမ်းကြောင်းကို ကျွန်မ ရရှိခဲ့ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ယုန်ရွှေ တောင်ကိုရီးယားနိုင်ငံ သိပ်မကြာသေးတဲ့ အသင်းတော် ရွေးကောက်ပွဲတစ်ခုမှာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မ အရွေးခံခဲ့ရပါတယ်။ ဒါကို...
ကျွန်မငယ်ငယ်တုန်းက အမေက ကျွန်မကို ခဏခဏပြောတယ်။ “သူများတွေနဲ့ ဆက်ဆံတဲ့အခါ သတိရှိရမယ်။ မအနဲ့။ စိတ်ထဲပေါ်လာတာမှန်သမျှကို မပြောနဲ့။...
၂၀၂၁ ခုနှစ် ဇန်နဝါရီမှာ၊ ကျွန်တော့် အဖွဲ့ဝင် စစ်သားတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ဧဝံဂေလိကို ကျွန်တော့်ဆီ ဝေမျှခဲ့တယ်။ အဲဒီနောက်...
ရွှင်လု တရုတ်နိုင်ငံ၂၀၂၁ခုနှစ်၊ ဧပြီလမှာ ကျွန်မက ဧဝံဂေလိ မျှဝေရင်းနဲ့ အစ်မချန်နဲ့အတူ အလုပ်လုပ်တယ်။ ကျွန်မက ဒီအလုပ်နဲ့ပတ်သက်ပြီး...