ကျရှုံးမှုများနှင့် ဆုတ်ဆိုင်းမှုများမှတစ်ဆင့် သင်ယူရသည့် သင်ခန်းစာများ

13.12.2022

ချန်ရှင်း တောင်ကိုရီးယားနိုင်ငံ

အသင်းတော်ခေါင်းဆောင်အနေနဲ့ ကျွန်မ အစေခံတဲ့အချိန်အတွင်းမှာ ဝမ်ဟွာက ကျွန်မအလုပ်ကို ဦးဆောင်ရတယ်။ သူက အသင်းတော်အလုပ်ကို ဘယ်လိုစီမံတယ်ဆိုတာ ခဏခဏပြောတယ်။ သူက သူ့အသင်းတော်မှာ ဦးဆောင်ရုံတင်မဟုတ်ဘူး။ အခြားအသင်းတော်တချို့ရဲ့အလုပ်ကိုလည်း ကြီးကြပ်ရတယ်။ အထက်ပိုင်းခေါင်းဆောင်တွေက သူ့ကို ဉာဏ်ရှိလို့၊ အစွမ်းအစကောင်းလို့၊ ကျွမ်းကျင်တဲ့ခေါင်းဆောင်ဖြစ်လို့ဆိုပြီး ချီးမွမ်းကြတယ်။ သူ့အလုပ်မှာ အောင်မြင်တဲ့အကြောင်းရင်းက အဓိကက သူကိုယ်တိုင်ရဲ့ အသက်ဝင်ရောက်မှုကို အာရုံစိုက်လို့ဆိုပြီး သူက ပြောတယ်။ သူက ပြောသေးတယ်။ သူကျောင်းတက်တဲ့နှစ်တွေမှာ သူက စာစီစာကုံးရေးရတာ ပျော်ပြီးတော့ စာရေးကောင်းသူတစ်ယောက်ဖြစ်တယ်၊ ဒါကြောင့် ခေါင်းဆောင်တွေ၊ အမှုဆောင်တွေနဲ့ ဆက်သွယ်တဲ့ သူရေးတဲ့စာတွေက တည်းဖြတ်ဖို့ သိပ်မလိုဘူး၊ ရှုပ်ထွေးတဲ့ ပြဿနာတွေကို ရှင်းလင်းပြီး စကားပြောကောင်းတဲ့ပုံစံနဲ့ ပြောပြနိုင်တယ် တဲ့။ ဘုရားသခင်က သူ့ကို ဒီကျွမ်းကျင်မှုတွေကို ပေးအပ်ခဲ့ပြီး အခု သူက ဒါတွေကို အသုံးချနေတာလို့ သူကပြောတယ်။ သူ ကျွန်မကို ဒီလိုပြောပြတော့ တော်တော်အားကျမိတယ်။ သူ့ရဲ့ အစွမ်းအစကောင်း၊ အထင်ကြီးလောက်တဲ့ အလုပ်စွမ်းဆောင်မှုနဲ့ သမ္မာတရားရှာဖွေတာတွေကို လေးစားမိတယ်။

ဒါပေမဲ့ သူနဲ့ နှစ်လကြာအလုပ်လုပ်ပြီးတဲ့နောက်မှာ သူက စုဝေးပွဲတွေတက်ရမယ့်အစား ဧည့်ခံတဲ့အိမ်မှာပဲ ခဏခဏနေတာကို ကျွန်မ သတိထားမိတယ်။ ကျွန်မ သူ့ကို မေးတယ်။ “အစ်မက ဘာလို့ စုဝေးပွဲတွေကို မလာတာလဲ” ပေါ့။ သူက ပြန်ပြောတယ်။ “ကျွန်မက သူများတွေနဲ့ ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယပြုနိုင်ပြီး သူတို့ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ဘုရားနှုတ်ကပတ်တော်ကို စားသောက်ပြီး ကိုယ့်ကိုယ်ကိုယ် သမ္မာတရားနဲ့ ပြင်ဆင်ပါတယ်” တဲ့။ ကျွန်မ ကိုယ့်ဘာသာ စဉ်းစားလိုက်တယ်။ “အခုက ဧဝံဂေလိဖြန့်ဝေဖို့အချိန်ပဲ။ ဧဝံဂေလိအလုပ်က အစ်မရဲ့ အဓိက တာဝန်လေ။ ဒါတောင်မှ ဒီလိုအလုပ်ရှုပ်တဲ့အချိန်မှာ အစ်မက အိမ်မှာ ထိုင်နေသေးတယ်။ အစ်မက လက်တွေ့အလုပ်လုပ်ဖို့ပျက်ကွက်နေပြီး ကိုယ့်အဆင့်အတန်းရဲ့ အကျိုးတွေမှာ လောဘတကြီး ပျော်မွေ့နေတာမဟုတ်ဘူးလား” ပေါ့။ ဒါပေမဲ့ ကျွန်မ ထပ်တွေးမိတယ်။ “သူက တော်တော်ကောင်းတဲ့ အစွမ်းအစရှိပြီး အချိန်အကြာကြီး ခေါင်းဆောင်ဖြစ်နေတာ။ အထက်ပိုင်းခေါင်းဆောင်တွေကတောင် သူက အစွမ်းအစကောင်းရှိတယ်၊ ဉာဏ်ပညာနဲ့ အလုပ်အရည်အချင်းကောင်းရှိတယ်လို့ ပြောကြတယ်။ သူက သူ့အဆင့်အတန်းရဲ့ အကျိုးကျေးဇူးတွေမှာ နည်းနည်းပျော်မွေ့ရင်တောင် ဘာဖြစ်လဲ။ ငါတို့အားလုံး ဖောက်ပြန်ပျက်စီးမှုရှိတာပဲဆိုတော့ ဒါကို ရံဖန်ရံခါ ပြသတာက လုံးဝ သာမန်ပါပဲ။ ဒီအလကားစဉ်းစားနေတာတွေအားလုံးကို ငါရပ်သင့်တယ်” ပေါ့။ အဲဒီလိုနဲ့ပဲ ဒီကိစ္စကိုထားလိုက်ပြီး နေနေလိုက်တယ်။ အဲဒီအချိန်ကာလအတွင်းမှာ ကျွန်မနဲ့ တွဲဖက်အမှုဆောင်တချို့က ဧဝံဂေလိအလုပ်က လူတိုင်းကို မိတ်သဟာယဖွဲ့ပြီး စိတ်အားတက်အောင်လုပ်ပေးဖို့ အဖွဲ့တစ်ခုစီနဲ့ စုဝေးပွဲတွေလုပ်တယ်။ ကျွန်မက မိတ်သဟာယဖွဲ့လေလေ၊ ပိုပြီး ရှင်းလင်းလာလေပဲ။ ဧဝံဂေလိဖြန့်ဝေခြင်းစည်းမျဉ်းတွေကို နည်းနည်းရှင်းလာပြီး လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခုရတယ်။ စုဝေးပွဲတွေမှာ ကျွန်မတို့ရတဲ့ ရလဒ်တွေကို ဝမ်ဟွာကို ပြောပြတယ်။ ဒါပေမဲ့ ကျွန်မတို့ အံ့သြသွားတာက သူက အထင်မကြီးတဲ့ပုံစံရှိပြီး လုပ်ယူထားတဲ့ အပြုံးနဲ့ ပြောတယ်။ “အစ်မတို့လုပ်တဲ့ဒီဟာတွေကို ဧဝံဂေလိဖြန့်နေတဲ့သူတွေက လုပ်သင့်တာ။ ဒီလိုအလုပ်မျိုးက ကလေးကစားစရာသာသာပဲရှိတယ်။ စုဝေးပွဲတွေမှာ သမ္မာတရားရှာဖွေခြင်းနဲ့ အသက်ဝင်ရောက်မှုအကြောင်း မိတ်သဟာယကို အစ်မတို့ အာရုံစိုက်သင့်တယ်။ ဒါဆို ဧဝံဂေလိအလုပ်မှာရှိတဲ့ အောင်မြင်မှုက သူ့ဘာသာ ရောက်လာမှာ” တဲ့။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကျွန်မက သူ့ကို သိပ်မရိပ်စားမိဘူး။ သူပြောတာကို ကြားပြီးတော့ ကျွန်မ ကိုယ်ပိုင်အမြင်အတိုင်း လိုက်မလုပ်ရဲတော့ဘူး။ ဒွိဟဖြစ်ပြီး လမ်းပျောက်နေတယ်။ ဘယ်လိုရှေ့ဆက်ရမယ်ဆိုတာ မသိတော့ဘူး။ ကျွန်မက သူပြောသလိုမလုပ်ဘဲ တစ်ခုခုမှားသွားပြီး ဧဝံဂေလိအလုပ်ကို ထိခိုက်ရင် ဒါ ကျွန်မအမှားပဲလို့ ညီအစ်ကိုမောင်နှမတွေက ပြောကြမယ်။ ဧဝံဂေလိအလုပ်ကို နှောင့်ယှက်တားဆီးတာက မကောင်းမှုလုပ်တဲ့အမျိုးအစားတစ်ခုပဲ။ လူစားထိုးခံရရင် ဒါက အပြစ်ဒဏ်ပေါ့သေးတယ်။ ပိုဆိုးရင် အထုတ်ခံရနိုင်တယ်။ “ထားလိုက်တော့” ဆိုပြီး တွေးမိတယ်။ “သူပြောသလိုပဲ လုပ်လိုက်မယ်” ပေါ့။

နောက်တစ်နေ့ စုဝေးပွဲတစ်ခုလုပ်နေတုန်းမှာ သူများတွေက ဧဝံဂေလိဖြန့်ဝေရာမှာ သူတို့ကြုံရတဲ့ လက်တွေ့ပြဿနာတချို့ကို ပြောပြတော့ သူတို့ရင်ဆိုင်ရတဲ့ တကယ့်အခြေအနေတွေနဲ့အညီ ဖြေရှင်းဖို့အတွက် ကျွန်မက ပြဿနာတွေကို ကူညီစိစစ်ပြီး နည်းလမ်းတွေရှာမပေးခဲ့ဘူး။ အဲဒီအစား ဒီအမှုတွေ၊ ပြဿနာတွေကို ရှောင်နေလိုက်ပြီး ဒီပြဿနာတွေတစ်လျှောက်မှာ ကိုယ့်ကိုယ်ကိုယ် နဲ့ပတ်သက်ပြီး သူတို့ ဘာတွေသင်ယူရလဲလို့ မေးလိုက်တယ်။ အသက်ဝင်ရောက်မှုကို အာရုံစိုက်မှသာ တာဝန်တွေမှာ ရလဒ်တွေရနိုင်တယ်လို့လည်း ကျွန်မ ပြောလိုက်တယ်။ ဒါကိုကြားပြီးတော့ ညီအစ်ကိုမောင်နှမတွေက အချင်းချင်းပဲ ပြန်ကြည့်ကြပြီး မချင့်မရဲဖြစ်နေတာ မြင်နိုင်တယ်။ စုဝေးပွဲတွေက နောက်သုံးလေးရက်အထိ ဒီလိုပုံစံနဲ့ ဆက်သွားတယ်။ ဒီလိုပုံစံနဲ့ ကျွန်မ မိတ်သဟာယပြုလေလေ၊ ပိုပင်ပန်းလေလေပဲ။ ကျွန်မ မိတ်သဟာယက ငြီးငွေ့စရာ၊ ပျင်းစရာကောင်းတယ်။ ကျွန်မမှာ သိပ်ပြောစရာမရှိဘူး။ စုဝေးပွဲတွေမှာ ခေါင်းဆောင်တာ ဦးတည်ချက်မဲ့နေတယ်။ ကျွန်မ တော်တော်စိတ်ညစ်မိပြီး စုဝေးပွဲတွေက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှု ကင်းမဲ့တဲ့ပုံစံရှိတယ်။ ကျွန်မ တွဲဖက်တွေကလည်း ဒီလိုပဲ ခံစားမိတယ်။ နောက်ပိုင်းမှာ ဝမ်ဟွာကိုရှာပြီး သူနဲ့ မိတ်သဟာယဖွဲ့ကြတယ်။ ဒီလိုအလုပ်လုပ်တာက နည်းနည်းပြဿနာဖြစ်တတ်တယ်ဆိုပြီး ကျွန်မတို့ စိတ်ပူတာကို ထုတ်ပြောတယ်။ ဒါပေမဲ့ ဝမ်ဟွာက အသက်ဝင်ရောက်မှုကို ကျွန်မတို့ မိတ်သဟာယပြုသရွေ့ ဧဝံဂေလိအလုပ်က ထိရောက်မှာပဲဆိုပြီး သူ့ယုံကြည်မှုအတိုင်းဆက်လုပ်တယ်။ ကျွန်မတို့က အတွေ့အကြုံမရှိဘူး၊ အသိအမြင်မရှိဘူး၊ ကျွန်မတို့အလုပ်ကိုပဲ အာရုံစိုက်ပြီး သမ္မာတရားကိုရှာဖို့ ပျက်ကွယ်တယ်လို့လည်း သူကပြောတယ်။ သူက ဒီလိုပြောပြီးတဲ့နောက်မှာ ဘယ်လိုရှေ့ဆက်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး ကျွန်မ လမ်းပျောက်သွားပြန်တယ်။ ကျွန်မ စဉ်းစားတယ်။ “သူက အစွမ်းအစကောင်းရှိတယ်။ မတူတဲ့ ပရောဂျက်တွေအများကြီးကို ဦးဆောင်ပြီး အထက်ခေါင်းဆောင်တွေက သူ့ကို အထင်ကြီးတယ်။ ဒီတော့ သူပြောသလိုပဲ ငါလုပ်သင့်တယ်။ တကယ်တော့လည်း ငါက အစွမ်းအစနည်းတယ်။ အတွေ့အကြုံ၊ အသိအမြင်မရှိဘူး။ ရှုထောင့်တိုင်းမှာ ငါက သူ့ထက်နိမ့်တယ်” ပေါ့။ အဲဒါနဲ့ နောက်ဆုံးတော့ သူ့အမိန့်တွေအတိုင်း ဆက်လုပ်တယ်။

အဲဒီအချိန်အတွင်းမှာ တခြားအသင်းတော်တွေက ဧဝံဂေလိဖြန့်ဝေရာမှာ သူတို့ရလဒ်တွေက နှစ်ဆဖြစ်လာတယ်။ ဒါပေမဲ့ ကျွန်မတို့ အသင်းတော်က ရလောက်ပိုကောင်းဖို့ထက် တကယ်တမ်း ပိုတောင်ဆိုးလာတယ်။ ကျွန်မ တော်တော်စိတ်ညစ်မိပြီး ဘယ်လိုရှေ့ဆက်သင့်တယ်ဆိုတာ လုံးဝ မသိဘူး။ အဲဒီအချိန်မှာပဲ တွဲဖက်အမှုဆောင် စုဝေးပွဲလုပ်တယ်။ ကျွန်မတို့အသင်းတော်က ဧဝံဂေလိဖြန့်ဝေတာမှာ ဘာလို့ ရလဒ်ကောင်းတွေမရတာလဲဆိုတာကို တခြားအသင်းတော်တွေက ခေါင်းဆောင်တွေက ကြားတော့ ဝမ်ဟွာကို သူ့ရာထူးရဲ့ အကျိုးတွေမှာ ပျော်မွေ့နေပြီး လက်တွေ့အလုပ်ကို မလုပ်တဲ့အတွက် ဝေဖန်ကြတယ်။ လက်မခံဘူး။ သူက စငိုပြီးတော့ သူ့ကိုယ်သူ ခုခံဖို့ ကြိုးစားတယ်။ ဧဝံဂေလိအလုပ်ရဲ့ရလဒ် ဆိုးနေတာက သူ့ရဲ့အမှားပဲမဟုတ်ဘဲနဲ့ တခြားတွဲဖက်အမှုဆောင်တွေကိုလည်း အပြစ်တင်ရမယ်ဆိုပြီး သူက ပြောတယ်။ ကျွန်မတို့က သူနဲ့မိတ်သဟာယဖွဲ့ပြီး သူ့လုပ်ရပ်တွေကို ပြန်သုံးသပ်ဖို့ ပြောဖို့ ကြိုးစားတယ်။ ဒါပေမဲ့ သူက လက်ကိုမခံဘဲ ဆက်ငိုနေပြီး မကျေမနပ်ပြောနေတယ်။ စုဝေးပွဲအတွက် လုံးဝ အနှောင့်အယှက်ဖြစ်သွားတယ်။ ဒီလို ပေါ်လွင်လာတာကိုမြင်တော့ ကျွန်မ တွေးမိတယ်။ “ကျွန်မတို့က အလုပ်အစီအစဉ်တွေအတိုင်း မိတ်သဟာယဖွဲ့ပြီး ဧဝံဂေလိကို ဦးဆောင်ခဲ့တယ်။ ဒါပေမဲ့ အစ်မက ကျွန်မတို့ကို ပိတ်ဆို့နေပြီး အသက်ဝင်ရောက်မှုကို အာရုံစိုက်ဖို့လိုတယ်လို့ ပြောတယ်။ ဒီလိုမပြောခဲ့ဘူးလား။ အသက်ဝင်ရောက်မှုကို အာရုံစိုက်သင့်တယ်လို့ ပြောဆိုပြီးတော့ ဧဝံဂေလိအလုပ်မှာ လက်တွေ့ပြဿနာတွေကို ဖြေရှင်းဖို့ လျစ်လျူရှုတယ်။ အစ်မက ဒီလိုလုပ်ခဲ့တာမဟုတ်ဘူးလား။ ဒီကိစ္စရဲ့ အမှန်တရားတွေကို ရှင်းရှင်းလင်းလင်း မြင်ရတယ်။ အစ်မက ကိုယ်လုပ်ခဲ့တာကို အသိအမှတ်မပြုဘဲ သူများကိုတောင် လွှဲချဖို့ ကြိုးစားတယ်။ သမ္မာတရားကို လက်ခံဖို့ ပျက်ကွက်နေတာမဟုတ်ဘူးလား” ပေါ့။ အထက်ခေါင်းဆောင်တွေကို သူ့အခြေအနေအကြောင်း သတင်းပို့ပြီး သူက သင့်တော်တဲ့သူလားဆိုတာ အကဲဖြတ်ခိုင်းဖို့ ကျွန်မ စီစဉ်တယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ်။ သူက မကောင်းတဲ့အခြေအနေမှာ ရှိနေပြီး ကိုင်တွယ်ဖြေရှင်းခံရပြီးတော့ သူ့ရဲ့ ဂုဏ်နဲ့ အဆင့်အတန်းကို တိုက်ရိုက်စော်ကားတာလို့ သူက မှတ်ယူတယ်၊ ဒါကြောင့် သူက ဒီလို အရမ်းတုံ့ပြန်တာဖြစ်မယ်ပေါ့။ သူက မကောင်းတဲ့အခြေအနေမှာ ကျရောက်နေတာ သက်သက်ဖြစ်ပြီး ကျွန်မက အထက်ခေါင်းဆောင်တွေဆီကို သူ့အခြေအနေကို တိုင်လိုက်ရင် ကျွန်မက သမ္မာတရားနဲ့ ပိုင်းခြားသိမြင်မှုမရှိဘူး၊ လူတွေကို မျှမျှတတ မဆက်ဆံနိုင်ဘူးလို့ ထင်မှာလား။ ဝမ်ဟွာက သိသွားရင် ကျွန်မက သူ့ကို တမင်သက်သက် အဆင်မပြေဖြစ်အောင်လုပ်နေတာလို့ ထင်မှာလား။ ကျွန်မကို သူက သီးခြားခွဲထားပြီး ခက်ခဲအောင်လုပ်မှာလား။ ဒီအတွက်နဲ့ ကျွန်မကို လူစားလဲဖို့ ကြိုးစားမှာလား။ အရင်ဆုံး ကျွန်မ သူနဲ့ မိတ်သဟာယဖွဲ့ပြီး အဲဒီကနေ ဆက်လုပ်သင့်တယ်လို့ စဉ်းစားမိတယ်။ မိတ်သဟာယဖွဲ့ပြီး သူ့အကြောင်းကို ကောင်းကောင်းရိပ်စားမိတာနဲ့ လိုအပ်ရင် ကျွန်မ တိုင်ကြားနိုင်သေးတာပဲ ပေါ့။

တွဲဖက်အမှုဆောင်စုဝေးပွဲရဲ့ ဒုတိယနေ့မှာ ဝမ်ဟွာက အစ်မတစ်ယောက်ရဲ့ရှေ့မှာ အဲဒီအစ်မရဲ့ တွဲဖက်ကို ဝေဖန်အပြစ်တင်တာလုပ်ပြီး သူတို့နှစ်ယောက်ကြားမှာ အငြင်းပွားအောင် ဆွနေတာကို ကျွန်မကြားလိုက်ရတယ်။ ကျွန်မသူ့ကို သတိပေးလိုက်တယ်။ “အဲဒီအစ်မနှစ်ယောက်က နားလည်မှုလွဲတာတွေနည်းနည်းရှိနေပြီးသား။ ဒီလိုမိတ်သဟာယဖွဲ့တာက မီးလောင်ရာလေပင့်တာပဲဖြစ်မှာ။ နောက်ကျရင် သူတို့က ဘယ်လိုဆက်ပြီး ပူးတွဲဆောင်ရွက်မလဲ” ပေါ့။ သူက လက်မခံဘဲ သူ့ကိုယ်သူ ဆက်ပြီး ခုခံပြောတယ်။ “ကျွန်မပြောသမျှက မှန်တယ်။ ကျွန်မက ရိုးသားတဲ့သူပါ။ ကျွန်မ မြင်သလိုပြောတာပဲ။ စိတ်ထဲရှိတဲ့အတိုင်းပြောတယ်” တဲ့။ ကျွန်မက ပြောတယ်။ “ဒါက ကိုယ်မြင်သလို ပြောတာမဟုတ်ဘူး။ အဲဒီအစ်မကို အစ်မပြောတဲ့ပုံစံက အဖြစ်မှန်၊ အရှိအတိုင်းမဟုတ်ဘူး။ အစ်မက ဝေဖန်အပြစ်တင်နေတာပဲ။ အစ်မပြောတဲ့ဟာက အဲဒီအစ်မကို ဘယ်လိုထိခိုက်နိုင်တယ်၊ အသင်းတော်အလုပ်အပေါ် ဘာသက်ရောက်မှုရှိနိုင်တယ်ဆိုတာ အစ်မ ထည့်မစဉ်းစားဘူး။ ဒီကနေ ထွက်လာနိုင်တဲ့ ရလဒ်အားလုံးက သူတို့ဆက်ဆံရေးက ယိုယွင်းလာမယ်၊ ကောင်းကောင်းပူးတွဲပြီးလုပ်နိုင်မှာမဟုတ်ဘူးဆိုတာပဲ။ ဒါက သဘောထားကွဲလွဲအောင် မျိုးစေ့ချတယ်လို့ ခေါ်တယ်” ပေါ့။ ကျွန်မ အံ့သြသွားရတာက သူက ပြန်ပြောတယ်။ “ကျွန်မက သူတို့ထင်တာကို မပြောတဲ့ အမြဲတမ်း မပြတ်သားတဲ့၊ အလုပ်မှာ ပွင့်လင်းမြင်သာမှုမရှိဘဲ မရိုးသားဘဲ ဉာဏ်များတဲ့တချို့လူတွေလိုမဟုတ်ဘူး” တဲ့။ သူက လူတွေကို မသိမသာ စောင်းပြောပြီး တိုက်ခိုက်နေတာပဲ။ သူ့မှာ ပေါ့လို့မရတဲ့ ပြဿနာတွေရှိနေတယ်။ အဲဒီအချိန်တုန်းက ကျွန်မ သူ့ကို မတိုင်ချင်ဘူး။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်။ “ငါဒီနေ့လုပ်သမျှက သူ့ကို အကြံနည်းနည်းပေးတာပဲ။ သူက ငါ့ကို ချက်ချင်း တိုက်ခိုက်တယ်။ သူ့ပြဿနာတွေကို ငါတိုင်တာကို သူသိသွားရင် ရှက်ပြီးတော့ စိတ်တိုလာပြီး လက်စားချေမှာလား။ ကျွန်မက မရိုးသားဘူး၊ ဉာဏ်များတယ်လို့ မြင်တယ်လို့ သူပြောပြီးပြီ။ သူက ဆက်ပြီးတော့ အမှန်တွေကို ပြောင်းပြန်လှန်ပြီး ငါက ဉာဏ်များတယ်လို့စွပ်စွဲပြီး ငါ့ကို လူစားလဲရင် ဘယ်လိုလုပ်မလဲ။ စီစီပီရဲတွေက ငါ့နောက်ကိုလိုက်နေတုန်းပဲဆိုတော့ ငါ အိမ်ပြန်လို့မရဘူး။ ငါက လူစားလဲခံရပြီး အိမ်က စုဝေးပွဲတွေကို ပြန်မလာနိုင်ရင် ဘယ်ကိုသွားနိုင်မှာလဲ” ပေါ့။ အဲဒီညမှာ ကျွန်မ တကယ်ကို စိတ်ညစ်မိတယ်။ အတွေးတွေက ယောက်ယက်ခတ်နေပြီး တစ်ညလုံး နည်းနည်းလေးမှ အိပ်မရဘူး။ နောက်ဆုံးတော့ သူ့ကို မတိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်တော့ နောက်နေ့မနက်မှာ ကျွန်မရဲ့ နှစ်ထပ်ကုတင်ရဲ့ ကုတင်တိုင်နဲ့ ခေါင်းနဲ့ အရမ်းဆောင့်မိပြီး မူးဝေသွားတယ်။ သုံးလေးရက်လောက်အထိ မပျောက်သွားတဲ့ ဘုကြီးနှစ်ခုဖြစ်သွားတယ်။ ကျွန်မ ကိုယ့်ဘာသာ စဉ်းစားတယ်။ “ဘုရားက ငါ့ကို ပဲ့ပြင်ဆုံးမနေတာလား” ပေါ့။ ဒါပေမဲ့ အဲဒီတုန်းက ကျွန်မ အတွေးတွေက ယောက်ယက်ခတ်နေပြီး ဝိညာဉ်ပိုင်းမှာ ထုံထိုင်းနေသလိုခံစားရတယ်။ အဲဒါနဲ့ ကိုယ့်ကိုယ်ကိုယ် လုံးဝ မသုံးသပ်ခဲ့ဘူး။ အဲဒီအချိန်ကာလနေ့ရက်တွေမှာ ကျွန်မက ဖုတ်ကောင်တစ်ကောင်လို လျှောက်သွားနေပြီး သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှု ပျောက်နေသလို ခံစားရတယ်။

ကျွန်မ အံ့သြသွားရတာက တွဲဖက်အမှုဆောင်အစည်းအဝေးပြီးပြီးချင်းမှာပဲ အထက်ခေါင်းဆောင်တွေက လွှတ်လိုက်တဲ့ ညီအစ်ကိုမောင်နှမတချို့က ဝမ်ဟွာရဲ့ အခြေအနေကို စုံစမ်းဖို့ ရောက်လာတယ်။ အဲဒါနဲ့ ကျွန်မ သိသမျှကို သူတို့ကို ပြောပြလိုက်တယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းတယ်။ “ပြဿနာတစ်ခုရှိတာကို အစ်မက ရှင်းရှင်းလင်းလင်းသိတယ်။ ဒါဆို ကိုယ်မြင်တာကို ဘာလို့ မတင်ပြတာလဲ။ ပြဿနာရဲ့ အနှစ်သာရကို နားမလည်နိုင်ရင်တောင် အနည်းဆုံးတော့ ကိုယ်မြင်ခဲ့တာ၊ ကိုယ်သိတာနဲ့ သူ့အပြုအမူတွေရဲ့ အသေးစိတ်အချက်တွေကို အထက်ခေါင်းဆောင်တွေကို တင်ပြလို့ရတယ်။ သူ့ပြဿနာတွေကို တင်ပြသင့်တယ်ဆိုတာ အစ်မသိတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အစ်မက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းပြမှုကို လျစ်လျူရှုပြီး သမ္မာတရားကို လက်တွေ့လုပ်ဖို့ ပျက်ကွက်တယ်။ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို နည်းနည်းလေးမှ မကာကွယ်ခဲ့ဘူး။ အစ်မက တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတာပဲ” တဲ့။ ဒီလိုမျိုး ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ခံရပြီးတဲ့နောက်မှာ ကျွန်မ တကယ်ကို နောင်တရပြီး ဝမ်းနည်းမိတယ်။ အရမ်းရှက်မိတယ်။ ကျွန်မ ဘုရားသခင်ကို ဆုတောင်းတယ်။ “ဘုရားသခင်၊ ကိုယ်တော်အိမ်တော်ရဲ့ အကျိုးစီးပွားကို သမီး မကာကွယ်ခဲ့ဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ ဘယ်နေရာမှာ မှားသွားသလဲဆိုတာ သမီး မသိပါဘူး။ ကိုယ့်ကိုယ်ကိုယ် သိဖို့ သမီးကို ဉာဏ်အလင်းဖွင့်ပြပြီး လမ်းပြတော်မူပါ။ နောင်တရလိုပါတယ်” ဆိုပြီး ပြောလိုက်တယ်။

အဲဒီနောက်မှာ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မ တွေ့တယ်။ “အသင်းတော်၏ ခေါင်းဆောင်များနှင့် အမှုထမ်းများသည် သူတို့၏ အလုပ်၌ စည်းမျဉ်းနှစ်ခုကို အာရုံစိုက်ရမည်- တစ်ခုမှာ ထိုအလုပ်၏ လုပ်ထုံးလုပ်နည်းများမှ သတ်မှတ်ထားသည့် အခြေခံသဘောတရားများနှင့် အညီ သူတို့၏ အလုပ်ကို အတိအကျ လုပ်ဆောင်ရန်ဖြစ်ပြီး ထိုအခြေခံသဘောတရားများကို မည်သည့်အခါမျှ မချိုးဖောက်ဘဲ၊ သူတို့ စိတ်ကူးနိုင်လောက်သည့် အရာ သို့မဟုတ် သူတို့၏ ကိုယ်ပိုင် မည်သည့် စိတ်ကူးများအပေါ်မျှ သူတို့၏အလုပ်ကို အခြေမခံဘဲ လုပ်ဆောင်ရန်ဖြစ်သည်။ သူတို့ လုပ်ဆောင်သမျှတိုင်းတွင် သူတို့သည် အသင်းတော်၏ အမှုတော်အပေါ် အလေးထားခြင်းကို ပြသင့်ပြီး၊ ဘုရားအိမ်တော်၏အကျိုးကို အမြဲ ရှေ့တန်းတင်သင့်သည်။ နောက်ထပ် အချက်မှာ- ပြီးလျှင် ဤအရာသည် အရေးအပါဆုံးဖြစ်သည်- အရာခပ်သိမ်းတွင် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုအား လိုက်လျှောက်ခြင်းကို သူတို့ အာရုံစိုက်ရမည် ဖြစ်ကာ၊ အရာရာတိုင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တိကျစွာ လိုက်နာခြင်းအားဖြင့် လုပ်ဆောင်ရမည် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို ဆန့်ကျင်နိုင်စွမ်း ရှိသေးသည်ဆိုပါက၊ သို့မဟုတ် ၎င်းတို့သည် ၎င်းတို့ကိုယ်ပိုင်ထင်မြင်ချက်များကို ဇွတ်တရွတ်လိုက်လျှောက်ကာ အမှုများကို ၎င်းတို့ကိုယ်ပိုင် စိတ်ကူးစိတ်သန်းအရ လုပ်ဆောင်သည်ဆိုပါက၊ ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ဘုရားသခင်အပေါ် အပြင်းထန်ဆုံးသော ဆန့်ကျင်မှုတစ်ခုကို ဖြစ်စေလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းကို မကြာခဏ ၎င်းတို့လျစ်လျူရှုနေခြင်းက လမ်းဆုံးတစ်ခုသို့သာ ခေါ်ဆောင်သွားလိမ့်မည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဆုံးရှုံးလျှင်၊ ၎င်းတို့အလုပ်လုပ်နိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ တစ်နည်းနည်းဖြင့် အလုပ်လုပ်ရန် ၎င်းတို့ကကြံဆောင်နိုင်ပါကလည်း အဘယ်အရာကိုမျှ ၎င်းတို့ ပြီးမြောက်လိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ) ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ရင်းနဲ့ အလုပ်မှာ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေကို ဘုရားသခင် တောင်းဆိုတာက အလုပ်အစီအစဉ်တွေအတိုင်းအတိအကျလုပ်ပြီး ဘုရားအိမ်တော်ရဲ့ စည်းမျဉ်းတွေကို လိုက်နာဖို့ပဲဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ သူတို့က စည်းမျဉ်းတွေနဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းပြမှုကို ဆန့်ကျင်ပြီး ကိုယ့်လမ်းအတိုင်းသွားရင် အလုပ်မှာ ကိုယ်ပိုင်စိတ်ကူးတွေကိုပဲ ခေါင်းမာပြီး ဖက်တွယ်ထားရင် ဒါဟာ ဘုရားကို ပြင်းပြင်းထန်ထန် အာခံခြင်းဖြစ်ပါတယ်။ အဲဒီအခါကျမှပဲ ကျွန်မက ဘာကြောင့် သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလုပ် ပျောက်ဆုံးပြီး မှောင်မိုက်ထဲကို ကျရောက်သွားသလဲဆိုတာကို သဘောပေါက်သွားတယ်။ ဝမ်ဟွာက အသင်းတော်ကို မသွားဘဲ ဧဝံဂေလိအလုပ်တွေ လုပ်နေတဲ့အပေါ် ကျွန်မမြင်ခဲ့ပုံကို ပြန်စဉ်းစားကြည့်တော့ ဒါက အလုပ်အစီအစဉ်တွေကို ဆန့်ကျင်နေတာကို သဘောပေါက်သွားတယ်။ သူပြောသလို ကျွန်မလုပ်ပြီးတဲ့နောက်မှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုကို ကျွန်မ သိသိသာသာ ဆုံးရှုံးသွားပြီး ရလဒ်တွေမရနိုင်ခဲ့ဘူး။ ဒါပေမဲ့ သူက အစွမ်းအစကောင်းရှိပြီး ထိရောက်မှုရှိတဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ ကျွန်မ ယုံတာကြောင့် သူ့နောက်ကိုလိုက်ပြီး အလုပ်အစီအစဉ်တွေကို ချိုးဖောက်ခဲ့တယ်။ ရလဒ်အနေနဲ့ ဧဝံဂေလိအလုပ်ကို ထိခိုက်သွားတယ်။ ဝမ်ဟွာက ဘယ်နှစ်ကြိမ်မှားနေပါစေ သူ့ကိုယ်သူ သုံးသပ်မှာမဟုတ်ဘူး၊ သူက အခြေအနေကိုတောင် ပြောင်းပြန်လှန်ပြီး သူများတွေကို တိုက်ခိုက်ပြီး သမ္မာတရားကို လုံးဝ လက်ခံမှာမဟုတ်ဘူးဆိုတာ ကျွန်မ မြင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မက သူစိတ်ဆိုးအောင်လုပ်မိပြီး လူစားလဲခံရမှာကြောက်ပြီး သူ့ပြဿနာကို မတင်ပြခဲ့ဘဲ ဘုရားက ပဲ့ပြင်ဆုံးမတာခံရပြီးတဲ့နောက်မှာတောင် ကျွန်မပုံစံတွေကို ပြုပြင်ဖို့ ပျက်ကွက်ခဲ့တယ်။ အလုပ်အစီအစဉ်တွေနဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့လမ်းပြမှုကို ကျွန်မ ဆန့်ကျင်ပြီး ဘုရားသခင်ကို ပိုပြီးတော့တောင် အာခံခဲ့တယ်။ ဘုရားသခင်က သူ့မျက်နှာကို ကျွန်မဆီကနေ ဘယ်လို မဖုံးကွယ်ဘဲနေမလဲ။ ဘုရားနှုတ်ကပတ်တော်ကနေ ဉာဏ်အလင်းဖွင့်ပြမှုမရခဲ့ဘူး။ မိတ်သဟာယမှာ ပြောစရာ ဘာမှမရှိခဲ့ဘူး။ ကျွန်မတာဝန်တွေမှာ လမ်းကြောင်းမရှာနိုင်ဖြစ်ပြီး လုံးဝ မှောင်မိုက်ထဲကို နှစ်မြုပ်သွားခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ကပြောသလိုပဲ။ ကျွန်မက လမ်းဆုံးကို ရောက်သွားတာ။ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ကျွန်မ ရင်မဆိုင်ရခဲ့ဘူးလား။

နောက်တော့ ဒါတွေအားလုံးကို ကျွန်မ သုံးသပ်နေတုန်းမှာ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို တွေ့မိတယ်။ “စိစိတ်ရှုပ်ထွေးခြင်းများဖြစ်ပေါ်သောအခါ သင်သည် အခက်အခဲဖြင့် ဝိုင်းရံခံရပါသလား။ ဤသည်မှာ သင်သည် အခက်အခဲနှင့် ဝိုင်းနေခြင်းခံရပြီး ရွေးချယ်မှုတစ်ခုကို ရင်ဆိုင်ရသည့်သဘော်ဖြစ်သည်။ ဤပြဿနာ၏ အရင်းအမြစ်ကို သင်မမြင်နိုင်လျှင် ပြဿနာကို ဖြေရှင်းရန် နည်းလမ်းရှိမည်မဟုတ်ပေ။ ထိုသို့သော အခြေအနေဖြစ်ပေါ်လာသောအခါတွင် ပြဿနာကို လျင်မြန်စွာ ဖြေရှင်းရန် ခေါင်းဆောင်နှင့် အမှုဆောင်များသည် အခြေအနေအဘက်ဘက်နှင့် လူအများစု၏ အမြင်၊ သဘောထားများကို ဆင်ခြင်သုံးသပ်ပြီး ဤအရာကို အထက်သို့တင်ပြကာ အဖြေတစ်ခုရှာသင့်သည်။ သင်တို့သည် စိတ်ရှုပ်ထွေးမှုကို မကြာခဏ ကြုံရသလော။ (ကြုံရသည်။) စိတ်ရှုပ်ထွေးခြင်းနှင့် မကြာခဏ ရင်ဆိုင်ရခြင်းသည် ပြဿနာတစ်ခုဖြစ်သည်။ တစ်စုံတစ်ခုဖြစ်ပျက်ပြီး သင်က ယင်းကိုကိုင်တွယ်ရန် မှန်ကန်သောနည်းလမ်းကို မသိသကဲ့သို့၊ သင့်အတွက် ကျိုးကြောင်းသင့်ပုံရသည့် ဖြေရှင်းချက်တစ်ခုကို တစ်စုံတစ်ယောက်က အဆိုပြုပြီးနောက် အခြားတစ်ယောက်ကလည်း ကျိုးကြောင်းသင့်သည်ဟု သင်ခံစားရသော အခြားဖြေရှင်းချက်တစ်ခုကို အဆိုပြုကာ မည်သည့်ဖြေရှင်းချက်က ပို၍ သင့်တော်သည်ကို သင်မမြင်နိုင်လျှင်၊ လူတိုင်း၏ ထင်မြင်ချက်များက ကွဲပြားပြီး ပြဿနာ၏ အရင်းအမြစ်နှင့် အနှစ်သာရကို မည်သူကမျှ သဘောမပေါက်နိုင်လျှင် ပြဿနာကို ဖြေရှင်းရာ၌ လွဲမှားမှုများဖြစ်ပေါ်လိမ့်မည်။ ထို့ကြောင့် ပြဿနာကို ဖြေရှင်းရမည်ဆိုလျှင် အရင်းအမြစ်နှင့် အနှစ်သာရနောက်သို့လိုက်ရန်မှာ အလွန်အရေးပါပြီး အလွန်အရေးကြီးသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ကွာခြားမှုကို မခွဲခြားနိုင်လျှင်၊ ပြဿနာ၏ အနှစ်သာရကို သဘောပေါက်နိုင်စွမ်းမရှိလျှင်၊ မှန်ကန်သော ကောက်ချက်ကို မချနိုင်လျှင်၊ ၎င်းတို့သည် ဤအရာကို အထက်သို့ ချက်ချင်းတင်ပြပြီး အဖြေတစ်ခုကိုရှာသင့်သည်။ ဤသည်မှာ အလွန်အမင်း လိုအပ်သည်။ ဤသည်မှာ တစ်စိတ်ကို တစ်အိတ်လုပ်ခြင်းမဟုတ်ပေ။ ပြဿနာကို မဖြေရှင်းနိုင်လျှင် ဆိုးဝါးသော အကျိုးဆက်များဖြစ်ပေါ်လိမ့်မည်။ ယင်းကအသင်းတော်အလုပ်ကို ထိခိုက်လိမ့်မည်။ ဤအရာကို သင်တို့ ရှင်းလင်းစွာ သိရမည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၄)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခြင်းကတစ်ဆင့် ကျွန်မ နားလည်သွားတာက ကျွန်မတို့တာဝန်တွေမှာ ဘယ်လိုဖြေရှင်းရမှန်းမသိတဲ့ တွဲဖက်အမှုဆောင်တွေကြား ကွဲလွဲမှုတွေလိုမျိုး ပြဿနာတွေ ကြုံရတဲ့အခါ ဒါမှမဟုတ် အရေးကြီးတဲ့နေရာတွေက လူတွေမှာ ပြဿနာတွေကို တွေ့ရပေမဲ့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘဲ ဘယ်လိုဖြေရှင်းရမှန်း မသိဘဲနဲ့ စိတ်ရှုပ်ထွေးတာတွေ၊ တခြားပြဿနာတွေ ဖြစ်လာရင် အထက်ခေါင်းဆောင်တွေဆီကို အချိန်မီ တင်ပြသင့်ပြီး ဖြေရှင်းချက် ရှာသင့်တယ် ဆိုတာပဲ။ ပြဿနာတွေကို တင်ပြတာက လူတွေမှာရှိတဲ့ အမှားတွေကို ထောက်တာ၊ လူတွေကို တိုင်တာနဲ့မဆိုင်ဘူး။ ပုံကြီးချဲ့တာလည်းမဟုတ်ဘူး။ ရည်ရွယ်ချက်က လူတွေ သူတို့ဘာသာ နားမလည်နိုင်တဲ့ ပြဿနာတွေကို ကူဖြေရှင်းပေးဖို့၊ အလုပ်နဲ့ လူတွေရဲ့ အသက်ဝင်ရောက်မှုမှာ နှောင့်နှေးတာတွေမဖြစ်အောင်လုပ်ဖို့ပဲ။ ကျွန်မကတော့ ပြဿနာတွေ ဘယ်လောက်ပဲ ရင်ဆိုင်ရပြီး ဘယ်လောက် အရေးကြီးနေပါစေ ပြဿနာတွေကို တင်ပြတာက ကျွန်မရဲ့ အကျိုးစီးပွား၊ အနာဂတ်အလားအလာတွေကို ခြိမ်းခြောက်ရင် အဲဒီလိုလုပ်မယ့်အစား အလုပ်ကိုပဲ နှောင့်နှေးအောင်လုပ်ပြီး ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို ထိခိုက်စေတယ်။ ဝမ်ဟွာက အလုပ်အစီအစဉ်တွေကို ဆန့်ကျင်လုပ်နေပြီး ဧဝံဂေလိအလုပ်ကို ကြီးကြပ်ဖို့ ပျက်ကွက်နေတာကို ကျွန်မ မြင်တဲ့အခါ ပြဿနာကို ကျွန်မ အပြည့်အဝ နားမလည်ပေမဲ့ တစ်ခုခုလွဲနေတယ်၊ သူက စည်းကျော်နေပြီး သူ့အခြေအနေကို အထက်ခေါင်းဆောင်တွေဆီကို တင်ပြသင့်တယ်လို့ ခံစားမိတယ်။ ဒါပေမဲ့ ကျွန်မက သူ့အမိန့်တွေအတိုင်းလိုက်မလုပ်ရင် တာဝန်ခံရမှာကို စိတ်ပူပြီးတော့ သူပြောသလို လုပ်ခဲ့တယ်။ ဝမ်ဟွာက ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရပြီးတဲ့နောက် မကျေမနပ်ပြောဆိုနေတုန်းမှာ သူက မကောင်းတဲ့အခြေအနေမှာရှိနေသလားဆိုတာ၊ ဒါမှမဟုတ် သူ့ရဲ့ တကယ့်အနှစ်သာရကနေ သမ္မာတရားကို ငြင်းဆန်ပြီး မုန်းတီးသလားဆိုတာ ကျွန်မ မသေချာပေမဲ့ အချိန်မီ တင်ပြလို့ရတယ်၊ မသင့်တော်တဲ့သူကို အသုံးပြုတာကြောင့် ဘုရားအိမ်တော်ရဲ့အလုပ် နှောင့်နှေးတာမဖြစ်ဖို့အတွက် စုံစမ်းပြီး ရိပ်စားမိဖို့အတွက် လူတစ်ယောက်ကို အထက်ခေါင်းဆောင်တွေကို စေလွှတ်ခိုင်းလို့ရတယ်။ ဒါပေမဲ့ ကျွန်မက သူ့အကြောင်းတင်ပြတာက မှားသွားရင် ကျွန်မက ပိုင်းခြားသိမြင်မှုမရှိဘူးလို့ အထက်ခေါင်းဆောင်တွေက ထင်မှာကို စိုးရိမ်ခဲ့တယ်။ နောက်ပိုင်းမှာ ဝမ်ဟွာက ကျွန်မကို ဖိနှပ်မှာကို ကြောက်ခဲ့တယ်။ ဒါကြောင့် သူ့ပြဿနာကို တင်ပြတာကို ဆက်ပြီး ရွှေ့ဆိုင်းနေခဲ့တာပေါ့။ ကျွန်မက တာဝန်သိတတ်ပြီး ဘုရားအိမ်တော်ရဲ့ အလုပ်ကို ကာကွယ်ပေးခဲ့ရင် ပြဿနာရဲ့ အနှစ်သာရကို သဘောပေါက်နိုင်ပြီး သမ္မာတရားကို ကျွန်မ နားလည်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျွန်မက ဘယ်အရာရဲ့ ကန့်သတ်ခြင်းကိုမှ ခံရမှာမဟုတ်ဘဲ အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ နည်းလမ်းတစ်ခုရှာတွေ့မှာပဲ။ ဒါပေမဲ့ အဲဒီအစား ကျွန်မက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်၊ မလှုပ်မယှက် ရပ်ကြည့်နေခဲ့တယ်။ သေချာသိမြင်ပြီးတာနဲ့ တင်ပြမယ်လို့ပြောပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြေပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မ သေချာသိမြင်ပြီးတဲ့အထိစောင့်ခဲ့ရင် အရမ်းနောက်ကျသွားမှာမဟုတ်ဘူးလား။ ဒါဆိုရင် ဧဝံဂေလိအလုပ်က ပိုပြီးတောင် ဆိုးဆိုးရွားရွား ထိခိုက်မှာမဟုတ်ဘူးလား။ ဒီအချိန်မှာပဲ ကျွန်မတို့က စိတ်ရှုပ်ထွေးပြီး အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါ သမ္မာတရားကို ရှာဖွေဖို့က ဘယ်လောက် အရေးကြီးတယ်ဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ကာကွယ်ခြင်းကို စိတ်နှစ်လုပ်ကိုင်ခြင်းက တကယ်အရေးကြီးပါတယ်။

ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကျွန်မက ဝမ်ဟွာရဲ့ ပြဿနာကို တင်ပြဖို့ကို ရွေ့ဆိုင်းနေတယ်။ ဒါကြောင့်မို့ ဧဝံဂေလိအလုပ်က အရမ်းထိခိုက်သွားတယ်။ ကျွန်မ အရမ်းကို နောင်တရမိတယ်။ နောက်ပိုင်းမှာ အန္တိခရစ်တွေကို ဘုရားက ဖော်ထုတ်ပြတဲ့ အပိုဒ်တချို့ကို တွေ့မိတယ်။ “အန္တိခရစ်တို့ ၏ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့က မည်သို့ သူ့ဘာသာ ပေါ်လွင်သနည်း။ ၎င်းတို့၏ အဆင့်အတန်း၊ သို့မဟုတ် ဂုဏ်သတင်းကို အကျိုးပြုသည့် အရာမှန်သမျှတွင် ၎င်းတို့သည် လိုအပ်သည့်အရာတိုင်းကို လုပ်ဆောင်ရန်၊ ပြောဆိုရန် အားထုတ်ကြသည်။ မည်သည့်ဆင်းရဲဒုက္ခကိုမဆို လိုလိုလားလား သည်းခံကြသည်။ သို့သော် ဘုရားသခင်၏ အိမ်တော်ကစီစဉ်သော အလုပ်နှင့်ပတ်သက်သည့်နေရာတွင်၊ သို့မဟုတ် ဘုရားသခင်ရွေးချယ်ထားသောလူတို့၏ အသက်တာကြီးထွားမှုကို အကျိုးဖြစ်စေသည့် အလုပ်နှင့် ပတ်သက်သည့်နေရာတွင် ၎င်းတို့က လုံးလုံး လျစ်လျူရှုကြသည်။ မကောင်းမှုပြုသူများကနှောင့်ယှက်သည့်အခါ၊ ကြားဝင်သည့်အခါ၊ မကောင်းမှုမျိုးစုံကို ကျူးလွန်သည်ပြီး ထိုသို့ဖြင့် အသင်းတော်အလုပ်ကို အလွန်အမင်းထိခိုက်သည့်အခါတွင်ပင် ၎င်းတို့သည် ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်သကဲ့သို့ မထုံတက်သေးဖြင့်၊ အရေးမစိုက်စွာဖြင့် နေသည်။ ပြီးလျှင် တစ်စုံတစ်ဦးက မကောင်းမှုပြုသူများ၏ ဆိုးယုတ်သော လုပ်ဆောင်မှုများကို သိရှိသွားပြီး ယင်းကို တိုင်ကြားပါက မည်သည့်အရာကိုမျှ မမြင်ခဲ့မိကြောင်း ၎င်းတို့ပြောဆိုကာ မသိနားမလည်ယောင် ဆောင်လေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၃)၊ နောက်ဆက်တွဲ လေး- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)) “လူအချို့သည် သမ္မာတရားများစွာကို နားမလည်ကြပေ။ ၎င်းတို့သည် ၎င်းတို့လုပ်သမျှတွင် စည်းမျဉ်းများကို နားမလည်ကြပေ။ ပြဿနာများကို ကြုံတွေ့သောအခါ ကိုင်တွယ်ရန် မှန်ကန်သည့်နည်းလမ်းကို မသိကြပေ။ လူတို့သည် ဤအခြေအနေတွင် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ အနိမ့်ဆုံးသော စံနှုန်းမှာ အသိတရားနှင့်အညီ လုပ်ဆောင်ရန်ဖြစ်သည်။ ဤသည်မှာ အခြေခံဖြစ်သည်။ သင်သည် အသိတရားနှင့်အညီ မည်သို့ လုပ်ဆောင်မည်နည်း။ ရိုးသားစစ်မှန်မှုနှင့် ဆောင်ရွက်ပြီး ဘုရားသခင်၏ ကြင်နာမှုနှင့် ထိုက်တန်ရမည်။ ဘုရားသခင်က သင့်ကို ဤအသက်ကိုပေးအပ်ခဲ့ခြင်းနှင့်၊ ကယ်တင်ခြင်းရရှိရန်အတွက် ဤဘုရားသခင်ပေးသော အခွင့်အရေးနှင့် ထိုက်တန်ရမည်။ ဤသည်မှာ အသိတရားနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်သလော။ သင်သည် စံနှုန်းများထဲမှ ဤမရှိမဖြစ်လိုအပ်သော အနိမ့်ဆုံးစံနှုန်းကို ပြည့်မီသည်နှင့်တစ်ပြိုင်နက်၊ သင်သည် ကွယ်ကာခြင်းကို ရရှိပြီးဖြစ်လိမ့်မည်။ ကြီးကျယ်သော အမှားများကို ကျူးလွန်မည်မဟုတ်ပေ။ ထိုအခါ သင်သည် ဘုရားသခင်ကို မနာခံရန်၊ သို့မဟုတ် သင်၏တာဝန်များကို အချောင်ခိုရန် အမှုအရာများကို အလွန်လွယ်ကူစွာ လုပ်ဆောင်လိမ့်မည်မဟုတ်သကဲ့သို့ ဝတ်ကျေတမ်းကျေ ပုံစံတစ်ခုဖြင့်‌ပြုမူဖို့ သိပ်အလားအလာရှိလိမ့်မည်မဟုတ်ပေ။ သင်သည် သင်၏ကိုယ်ပိုင်ရာထူး၊ ကျော်ကြားမှု၊ အခွင့်အလမ်းနှင့် အနာဂတ်တို့အတွက် အလွန် ကြံစည်တတ်လေ့ရှိလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အသိတရားက ဆောင်ရွက်သည့် အခန်းကဏ္ဍဖြစ်သည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရား နှစ်ခုလုံးတို့သည် လူတစ်ဦး၏ လူ့သဘာဝ၏ အစိတ်အပိုင်းများ ဖြစ်သင့်သည်။ ယင်းတို့နှစ်ခုလုံးသည် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံး ဖြစ်သည်။ အသိစိတ် ကင်းမဲ့ပြီး သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားမရှိသူသည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ ယေဘုယျအားဖြင့် ပြောရလျှင်၊ သူသည် လူ့သဘာဝကင်းမဲ့သူ ဖြစ်သည်၊ ညံ့ဖျင်းသော လူ့သဘာဝကို ပိုင်ဆိုင်သည့်လူတစ်ဦး ဖြစ်သည်။ ပို၍ အသေးစိတ်ကြည့်လျှင် ဤလူသည် လူ့သဘာဝ ပျောက်ဆုံးနေသည့် မည်သည့်သရုပ်သကန်ကို ထုတ်ဖော်ပြသနည်း။ ဤကဲ့သို့သောလူတို့တွင် မည်သည့်စရိုက်လက္ခဏာများကို တွေ့ရပြီး မည်သည့် သီးသန့် သရုပ်သကန်တို့ကို တင်ပြသည်ဆိုသည်ကို ပိုင်းခြားစိစစ်ကြည့်ပါ။ (သူတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ကြမ်းတမ်းသည်။) တစ်ကိုယ်ကောင်းဆန်ပြီး ကြမ်းတမ်းသည့် လူများသည် မိမိတို့၏ လုပ်ဆောင်ချက်များတွင် ဝတ်ကျေတမ်းကျေဖြစ်ကြပြီး ၎င်းတို့ကို ပုဂ္ဂိုလ်ရေးအရ မပတ်သက်သည့် မည်သည့်အရာကိုမဆို အဖက်မလုပ်ဘဲ နေတတ်ကြသည်။ ဘုရားသခင်၏အိမ်တော်၏ အကျိုးများကို ၎င်းတို့ အရေးမထားကြသကဲ့သို့၊ ဘုရားသခင်၏ အလိုတော်ကိုလည်း အရေးထားခြင်း မပြကြပေ။ ဘုရားသခင်အတွက် သက်သေခံခြင်း သို့မဟုတ် ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ခြင်း ဝန်ထုပ်ကို သူတို့ တာဝန်မယူကြသကဲ့သို့၊ တာဝန်သိစိတ် မရှိကြပေ။...၎င်းတို့သည် မည်သည့် တာဝန်ကို ထမ်းဆောင်နေပါစေ မည်သည့် တာဝန်ဝတ္တရားကိုမျှ မယူသည့် လူအချို့လည်း ရှိပေသည်။ ၎င်းတို့သည် မိမိတို့ရှာဖွေတွေ့ရှိသည့် ပြဿနာများကိုလည်း ၎င်းတို့၏ အထက်လူကြီးများထံ မတိုင်ကြားကြပေ။ လူများက စွက်ဖက်တတ်ခြင်းနှင့် အနှောင့်အယှက် ဖြစ်စေခြင်းတို့ ဖြစ်သည်ကို မြင်သည့်အခါ၊ ၎င်းတို့ လျစ်လျူရှုကြသည်။ ကောက်ကျစ်သည့် လူများက မကောင်းမှုပြုနေသည်ကို ၎င်းတို့မြင်သည့်အခါတွင်၊ ထိုလူများကို ၎င်းတို့ တားဆီးဖို့ မကြိုးစားကြပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကိုသော်လည်းကောင်း၊ ၎င်းတို့၏တာဝန်နှင့် ဝတ္တရားတို့က အဘယ်အရာ ဖြစ်သည်ကိုသော်လည်းကောင်း စိုးစဉ်းမျှ ထည့်တွက်စဉ်းစားခြင်း မရှိကြချေ။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင်၊ ဤကဲ့သို့သော လူများသည် တကယ့်အလုပ် တစ်ခုမျှ မလုပ်ကြပေ။ ၎င်းတို့သည် သက်သောင့်သက်သာရှိခြင်းအတွက် လောဘကြီးသော ‘မှန်ပါ့သမားများ’ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် ဝင့်ဝါမှု၊ သိက္ခာ၊ ဂုဏ်အဆင့်အတန်းနှင့် အကျိုးစီးပွားတို့အတွက်သာ ပြောဆို၊ ပြုမူကြပြီး၊ ၎င်းတို့အတွက် အကျိုးရှိသည့် မည်သည့်အရာမဆိုအတွက် ၎င်းတို့၏အချိန်နှင့် ကြိုးစားအားထုတ်မှုတို့ကို ပေးအပ်မြှုပ်နှံကြမည်မှာ သေချာလေသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ရာတွင် မိမိသည် သမ္မာတရားကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခြင်းကတစ်ဆင့် ကျွန်မ နားလည်သွားတာက ကျွန်မတို့ တာဝန်တွေမှာ ကျွန်မတို့ အပြည့်အဝ နားမလည်တဲ့၊ ဘယ်လိုဖြေရှင်းရမှန်းမသိတဲ့ ပြဿနာတွေကို ခဏခဏ ရင်ဆိုင်ရမယ်၊ ဒါပေမဲ့ လူ့သဘာဝရှိသူတွေက ကောင်းမွန်တဲ့ အသိစိတ်နဲ့ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ကာကွယ်ကြတယ် ဆိုတာပဲ။ အသိစိတ်နဲ့ ဆင်ခြင်တုံတရားမရှိသူတွေက သူတို့ရဲ့ ကိုယ်ပိုင် ဂုဏ်သိက္ခာ၊ အဆင့်အတန်းနဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ဝင်စားမှုကိုပဲ ထည့်စဉ်းစားတယ်။ သူတို့ သတိထားမိတဲ့ပြဿနာတွေကို မတင်ပြဘဲ အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတယ်။ ကျွန်မက အဲဒီလိုမျိုး အတိအကျပဲ။ ကျွန်မက ကိုယ့်ရဲ့ ဂုဏ်သတင်း၊ အဆင့်အတန်းနဲ့ အနာဂတ်အလားအလာတွေကို ထိန်းသိမ်းဖို့အတွက် ဝမ်ဟွာက ဘုရားအိမ်တော်ရဲ့အလုပ်ကို နှောင့်ယှက်နေတာကို တင်ပြဖို့ ရွှေ့ဆိုင်းနေခဲ့တယ်။ ကျွန်မက “မိမိကိုယ်ကို ကာကွယ်ရန် ဆိတ်ဆိတ်ငြိမ်နေ၍ အပြစ်တင်ခံရမှုမှ လွတ်မြောက်ရန်သာ ကြိုးစားပါ” “တစ်စုံတစ်ရာမှားယွင်းသည်ကို သိသည့်အခါ၊ နည်းနည်းပြောသည်က ပိုကောင်း၏” ဆိုတာမျိုး ဆိုးယုတ်တဲ့ အဆိပ်တွေနဲ့ အသက်ရှင်နေခဲ့တာပါ။ ကျွန်မက ဝမ်ဟွာရဲ့ ပြဿနာတွေကို တင်ပြခဲ့ရင် ဖိနှိပ်ခံရမှာ၊ လူစားလဲခံရမှာကို ကြောက်တယ်။ ဒါကြောင့် ကျွန်မက “လူတိုင်းက ဖောက်ပြန်ပျက်စီးတယ်”၊ “သူက မကောင်းတဲ့အခြေအနေမှာရှိနေတာဖြစ်ချင်ဖြစ်မယ်”၊ “ငါ ပိုနားလည်လာတာနဲ့ ပြဿနာကို တင်ပြလိုက်မယ်” ဆိုတာမျိုး ကျိုးကြောင်းသင့်သလိုထင်ရတဲ့ ဆင်ခြေတွေ ပေးတယ်။ ဒီဆင်ခြေတွေက မှန်သလို ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီး တာဝန်ကိုရှောင်ဖို့ ကြိုးစားနေတာပါပဲ။ ကျွန်မက ကိုယ့်ရဲ့ ဂုဏ်သတင်း၊ အဆင့်အတန်း၊ အနာဂတ်အလားအလာတွေနဲ့ ခရီးပန်းတိုင်ကိုပဲ ဂရုစိုက်ပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကိုထည့်တွက်ပြီး အကျိုးစီးပွားကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့တယ်။ ကျွန်မက အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး လူသားမဆန်ခဲ့တာပါ။ ကျွန်မက တကယ်ကို ကိုယ့်ကိုကျွေးတဲ့လက်ကို ပြန်ကိုက်နေခဲ့တာ။ ကျွန်မက သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အလုပ် ဆုံးရှုံးသွားပြီး ဘုရားရဲ့ ပြစ်တင်ဆုံးမမှုကို ကြုံခဲ့ရတယ်။ ဒါက သူ့ရဲ့ ဖြောင့်မတ်ခြင်းပဲ။

နောက်ပိုင်းမှာ ကျွန်မက ဝမ်ဟွာရဲ့ ပြဿနာတွေကို ဘာလို့ ရွှေ့ဆိုင်းနေရတာလဲဆိုတာကို သုံးသပ်တယ်။ တခြားရှုထောင့်တစ်ခုကတော့ သူ့ကို ကျွန်မ မရိပ်စားမိတာပဲ။ ဘုရားနှုတ်ကပတ်တော်ရဲ့ ရှင်းလင်းဖော်ပြခြင်းကတစ်ဆင့် ဝမ်ဟွာရဲ့ အပြုအမူအပေါ် ကျွန်မ ရိပ်စားမှုနဲ့ နားလည်မှုကို ရရှိခဲ့တယ်။ ဘုရားသခင်က ပြောသည်- “၎င်းတို့၏ မိမိကိုယ်ကို ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း နည်းစနစ်သည် မိမိတို့ကိုယ်ကိုယ် မာန်မာနထုတ်လျက် ဝင့်ဝါပြပြီး အခြားသူများကို သေးသိမ်စေဖို့ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ဉာဏ်ထက်မြက်ခြင်းများကိုသာ အစဉ် မြင်တွေ့ဖို့အလို့ငှာ၊ ၎င်းတို့၏ပျော့ကွက်များ၊ အားနည်းချက်များ၊ ချို့ယွင်းချက်များကို လူများမသိစေဖို့ ဖုံးကွယ်လျက်၊ မိမိတို့ကိုယ်ကိုယ် စိတ်ရင်းကိုဖုံးကွယ်ပြီး အခြေအနေမှန်ကို ဖုံးကွယ်ကြသည်။ ၎င်းတို့က အပျက်သဘောဆောင်ခြင်းကို ခံစားရသည့်အခါ အခြားလူများကိုပင် မပြောဝံ့ပေ။ ၎င်းတို့က သူတို့ကို ရင်ဖွင့်ပြီး မိတ်သဟာယပြုဖို့ သတ္တိမရှိကြပေ။ ပြီးလျှင် ၎င်းတို့ တစ်စုံတစ်ခု အမှားပြုလုပ်သည့်အခါ၊ ယင်းကို ဖုံးထားဖို့နှင့် ထိမ်ချန်ကွယ်ဝှက်ထားဖို့ အစွမ်းကုန် ကြိုးစားကြသည်။ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့် ကာလတွင် ၎င်းတို့ကြောင့် အသင်းတော်၏ အလုပ်အပေါ် ဖြစ်ပေါ်စေခဲ့သည့် ထိခိုက်နစ်နာမှုကို ၎င်းတို့ မည်သည့်အခါမျှ မပြောပြပေ။ ၎င်းတို့က အသေးစား ဖြည့်ဆည်းမှုအချို့ကို ပြုလုပ်ပြီးသည့်အခါ သို့မဟုတ် အောင်မြင်မှုလေးအချို့ စွမ်းဆောင်ရရှိပြီးသည့်အခါ၊ ယင်းကို အလျင်အမြန် ကြွားဝါကြသည်။ ၎င်းတို့သည် မည်မျှ စွမ်းဆောင်နိုင်သည်၊ ၎င်းတို့၏အစွမ်းအစ မည်မျှ မြင့်မားသည်၊ ၎င်းတို့သည် မည်မျှ ထူးခြားသည်၊ ပြီးလျှင် ၎င်းတို့သည် သာမန်လူများထက် မည်မျှတော်သည်တို့ကို တစ်ကမ္ဘာလုံးကို အသိပေးဖို့ မစောင့်နိုင်ကြပေ။ ဤသည်မှာ မိမိတို့ကိုယ်ကို ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း နည်းလမ်းတစ်ခု မဟုတ်သလော။ မိမိကိုယ်ကို ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောလူတစ်ယောက်က လုပ်ဆောင်သော အရာတစ်ခုဟုတ်သလော။ မဟုတ်ပေ။ ထို့ကြောင့် လူများက ဤသည်ကို လုပ်ဆောင်သည့်အခါ၊ မည်သည့် စိတ်သဘောထားကို ပုံမှန်အားဖြင့် ထုတ်ဖော်ပြသနည်း။ မာနထောင်လွှားခြင်းသည် ဖွင့်ပြသော အဓိက စိတ်သဘောထားများထဲမှ တစ်ခုဖြစ်သည်၊ ထို့နောက်တွင် လှည့်စားတတ်ခြင်းပါရှိကာ၊ ယင်းနောက်တွင် အခြားလူများက ၎င်းတို့ကို အလွန်တန်ဖိုးထားစေဖို့ ဖြစ်နိုင်သည့်အရာမှန်သမျှကို အစွမ်းကုန် လုပ်ဆောင်ခြင်း ပါဝင်ပေသည်။ ၎င်းတို့၏ ဇာတ်ကြောင်းများသည် လုံးလုံး ကောင်းမွန်ပြည့်စုံသည်။ ၎င်းတို့၏စကားများသည် ကြံရွယ်ချက်များနှင့် အကြံအစည်များ ပါဝင်နေသည့်တိုင် ၎င်းတို့ ကြွားဝါနေသည် ဆိုသည့်အချက်ကို ဖုန်းကွယ်ချင်ကြသည်။ ၎င်းတို့ ပြောသည့်အရာ၏ ရလဒ်မှာ ၎င်းတို့သည် အခြားသူများထက် သာလွန်ပြီး၊ မည်သူမျှ ၎င်းတို့နှင့် တန်းတူမဟုတ်ကြောင်း၊ အခြားလူတိုင်းသည် ၎င်းတို့ထက် နိမ့်ပါးကြောင်းကို လူများအား ခံစားစေမြဲ ဖြစ်သည်။ ပြီးလျှင် ဤရလဒ်ကို လျှို့ဝှက်သော နည်းလမ်းများမှတစ်ဆင့် စွမ်းဆောင်ရရှိထားခြင်းဖြစ်သည် မဟုတ်သလော။ ထိုသို့သောနည်းလမ်းများ၏ နောက်ကွယ်တွင်မည်သည့် စိတ်သဘောထား ရှိသနည်း။ ကောက်ကျစ်စဉ်းလဲခြင်း၏ အရိပ်အယောင် တစ်ခုတလေ ရှိသလော။ ဤသည်မှာ ကောက်ကျစ်သော စိတ်သဘောထား အမျိုးအစားတစ်ခုဖြစ်သည်။ ၎င်းတို့ အသုံးပြုသည့် ဤနည်းလမ်းများသည် လှည့်စားတတ်သော စိတ်သဘောထား တစ်ခုအားဖြင့် လမ်းညွှန်ခြင်းခံရသည်ကို တွေ့မြင်နိုင်သည်။ ဤသို့ဆိုလျှင် ယင်းက ကောက်ကျစ်စဉ်းလဲသည်ဟု ငါအဘယ့်ကြောင့် ပြောသနည်း။ ဤသည်က ကောက်ကျစ်စဉ်းလဲခြင်းနှင့် မည်သည့် ဆက်သွယ်မှု ရှိသနည်း။ သင်တို့ မည်သို့ထင်သနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း၌ ၎င်းတို့၏ ရည်မှန်းချက်များနှင့် ပတ်သက်ပြီး ပွင့်လင်းစွာ ပြောဆိုနိုင်သလော။ ၎င်းတို့ မပြောဆိုနိုင်ကြပေ။ ၎င်းတို့၏စိတ်နှလုံးများ၏ နက်ရှိုင်းရာတွင် လိုအင်ဆန္ဒတစ်ခု အစဉ်ရှိပြီး ၎င်းတို့ ပြောဆိုပြီး လုပ်ဆောင်သည့်အရာသည် ထိုလိုအင်ဆန္ဒကို ထောက်ကူနေသောကြောင့်၊ ၎င်းတို့ပြောသည့် အရာနှင့် လုပ်ဆောင်သည့်အရာနှင့်သက်ဆိုင်သည့် ရည်မှန်းချက်များနှင့် ကြံရွယ်ချက်များကို အလွန်လျှို့ဝှက်ထားသည်။ ဥပမာအားဖြင့် ၎င်းတို့သည် ဤရည်မှန်းချက်များကို စွမ်းဆောင်ရရှိဖို့ မှားယွင်းသော လမ်းညွှန်ချက်များ သို့မဟုတ် ကလိမ်ကကျစ် နည်းဗျူဟာများကို အသုံးပြုလိမ့်မည်။ ထိုသို့သော သိုဝှက်ခြင်းသည် သဘာဝအားဖြင့် လှည့်ဖြားတတ်သည် မဟုတ်လော။ ပြီးလျှင် ထိုသို့သော လှည့်ဖြားတတ်ခြင်းကို ကောက်ကျစ်စဉ်းလဲခြင်းဟု မခေါ်နိုင်သလော။ ခေါ်နိုင်သည်။ ယင်းကို အမှန်ပင် ကောက်ကျစ်စဉ်းလဲခြင်းဟု ခေါ်နိုင်ပြီး၊ ယင်းက လှည့်စားတတ်ခြင်းထက် သာ၍ ပြင်းထန်ပေသည်။ ၎င်းတို့သည် ၎င်းတို့၏ ပန်းတိုင်များကို ရရှိရန် နည်းလမ်း သို့မဟုတ် နည်းစနစ်တစ်ခုခုကို အသုံးပြုသည်။ ဤစိတ်သဘောထားသည် လှည့်ဖြားခြင်းဖြစ်သည်။ သို့ရာတွင် လူတွေကို ၎င်းတို့နောက်သို့ အစဉ်လိုက်စေရန်၊ အထင်ကြီးလေးစားစေရန်၊ ကိုးကွယ်စေရန်ဖြစ်သော ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲမှ အရှက်ကင်းမဲ့သော ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့သည် ၎င်းတို့ကို အုပ်စိုးလေ့ရှိသည်။ ဤအတွက်ကြောင့် ၎င်းတို့သည် နေရာတကာတွင် မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ကာ သက်သေခံကြပြီး ဤအရာများကို မရိုးသားစွာ၊ မရှက်မကြောက် လုပ်ဆောင်ကြသည်။ ဤစိတ်သဘောထားသည် အဘယ်နည်း။ ဤသည်မှာ မကောင်းမှုကို ဖြစ်စေသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၃)၊ အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်) အန္တိခရစ်တွေက မာနထောင်လွှားပြီးဆိုးယုတ်တဲ့ စိတ်သဘောထားရှိပုံကို ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် ကျွန်မ မြင်ခဲ့တယ်။ သူတို့က ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး သက်သေခံဖို့အတွက် နည်းလမ်းမျိုးစုံကို အသုံးပြုပြီး တခြားလူတိုင်းထက်ပိုပြီး သူတို့ကို တဖြည်းဖြည်းနဲ့၊ အမှတ်တမဲ့နဲ့ လေးစားလာအောင် လူတွေကို လုပ်တယ်။ လူတွေကို ထောင်ဖမ်းပြီး ထိန်းချုပ်ဖို့ဖြစ်တဲ့ သူတို့ရဲ့ ပန်းတိုင် ဖြစ်မြောက်ဖို့အတွက်ပေါ့။ ဘုရားနှုတ်ကပတ်တော်က ကျွန်မကို ဝမ်ဟွာရဲ့နည်းလမ်းတွေနဲ့ ရည်ရွယ်ချက်တွေကို နည်းနည်းရိပ်စားမိအောင်လုပ်ပေးတယ်။ ကျွန်မ သူနဲ့ဆက်ဆံခဲ့တာတွေကို ပြန်စဉ်းစားကြည့်တော့ သူက အလုပ်ကို ဘယ်လိုစီမံတယ်၊ အထက်ခေါင်းဆောင်တွေက သူ့ကို ဘယ်လိုချီးမွမ်းတယ်ဆိုတောတွေကို ခဏခဏ ကြွားပြောတယ်။ သူ ဖော်ပြတာကတစ်ဆင့် သူ့ကိုကြည့်ရတာ အသက်ဝင်ရောက်မှုကို အရမ်းအလေးထားတဲ့ပုံပေါ်ပြီး သမ္မာတရားကို ရှာဖွေတဲ့သူ ဖြစ်တဲ့ပုံပေါ်တယ်။ သူက စာတွေကို တည်းဖြတ်စရာသိပ်မလိုတဲ့ သပ်ရပ်ပြေပြစ်တဲ့စကားပြေပုံစံနဲ့ ရေးတယ်လို့ပြောဆိုပြီးတော့လည်း သူ့ပါရမီတွေကို ကြွားတယ်။ ဒါကြောင့်မို့ သူများတွေက နေရာတိုင်းမှာ သူ့ထက်နိမ့်ကျတယ်၊ သူနဲ့ယှဉ်လို့မရဘူးလို့ ခံစားမိကြတယ်။ ဝမ်ဟွာက သူ့ကိုယ်သူ ကြွားဝါပြီး ပြောဆိုဖို့အတွက် နည်းလမ်းမျိုးစုံကို အသုံးပြုတယ်။ ဒါပေမဲ့ သူကိုယ်တိုင်ရဲ့ ဖောက်ပြန်ပျက်စီးမှုကို လုံးဝ ဖော်ထုတ်မပြဘူး။ သူက အမှန်တွေကိုတောင် ပြောင်းပြန်လှန်ပြီး သူ့ကိုယ်သူ ဖုံးဖိပြီးတော့ သူ့ကိုယ်သူ လုံးဝ ဟန်လုပ်ပြတယ်။ ဒီနည်းနဲ့ သူ့ရဲ့ အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေ၊ သူ့ရဲ့ မရိုးသားတဲ့ ရည်ရွယ်ချက်တွေကို ဘယ်သူမှ မမြင်နိုင်အောင်ပေါ့။ တကယ်တော့ စည်းမျဉ်းနဲ့အညီ လူတွေကို မရွေးချယ်တဲ့အတွက်၊ သူ့တာဝန်တွေမှာ မဆင်မခြင်လုပ်ဆောင်တဲ့အတွက် အထက်ခေါင်းဆောင်တွေက သူ့ကို ခဏခဏ ကိုင်တွယ်ဖြေရှင်းခဲ့ပါတယ်။ ဒါပေမဲ့ သူက ဒါကို လုံးဝ မပြောပြဘူး။ အထက်ခေါင်းဆောင်တွေက သူ့ကို ချီးမွမ်းပြီး အထင်ကြီးတာတွေကိုပဲ ပြောတယ်။ သူ့ကိုယ်သူ ကြည့်အကောင်းဆုံးအချက်တွေကိုပဲ လူတွေကို ပြတယ်။ အသင်းတော်ကို လာရမယ့်အစား အိမ်မှာပဲ ခဏခဏနေတယ်။ လူတွေရဲ့ ပြဿနာတွေကို ပိုပြီးကောင်းကောင်း ဖြေရှင်းနိုင်အောင် သူ့ကိုယ်သူ သမ္မာတရားနဲ့ ပြင်ဆင်နေတာလို့ ပြောတယ်။ တကယ်တော့ သူက သူ့အဆင့်အတန်းရဲ့ အကျိုးကျေးဇူးတွေမှာပဲ ပျော်မွေ့နေတာ။ သူက ဧဝံဂေလိအလုပ်မှာရှိနေတဲ့ လက်တွေ့အလုပ် ဘာမှမလုပ်ဘူး။ ဘာ တကယ့်ပြဿနာကိုမှ မဖြေရှင်းဘူးဆိုတာ ရှင်းပါတယ်။ ဒါပေမဲ့ သူက စုဝေးပွဲအချိန်တွေမှာ ဧဝံဂေလိအလုပ်က ပြဿနာတွေကို ဖြေရှင်းနေတာက လူတွေက အလုပ်အပေါ်ပဲ အရေးစိုက်နေပြီး အသက်ဝင်ရောက်မှုကို အရေးမစိုက်ဘူးဆိုတဲ့ အတွေးမှားကို ဖြန့်တယ်။ တခြားလူတွေရဲ့ လက်တွေ့အလုပ်ကို ကလေးကစားစရာအဖြစ် သတ်မှတ်ပြီး သူများတွေကိုလည်း အမြဲတမ်း တိုက်ခိုက်ပြီး ချိုးနှိမ်ပြောတယ်။ သူက ညီအစ်ကိုမောင်နှမတွေကြားမှာ သဘောထားကွဲလွဲအောင် သွေးထိုးပေးပြီး ဆက်ဆံရေးတွေကို ဖျက်ဆီးတယ်။ သူများတွေကို တိတ်တဆိတ်နဲ့ အားနည်းအောင်လုပ်တယ်။ ဒါတောင်မှ သူက ရိုးသားပြီး တဲ့တိုးပြောတတ်သူလို့ ပြောတယ်။ ဝမ်ဟွာရဲ့ လုပ်ရပ်တွေအားလုံးက အန္တရာယ်ရှိပြီး ဉာဏ်များပါတယ်။ ဘုရားသခင်ကသာ မဖော်ထုတ်ခဲ့ရင် အရူးလုပ်ခံရပြီး သူ့ကို လေးစားချစ်ခင်မိဖို့ လွယ်မှာပဲ။ ဒါတွေအားလုံးကို သဘောပေါက်ပြီး နောက်ဆုံးမှာ ကျွန်မ အသိစိတ်ဝင်လာတယ်။ ဝမ်ဟွာရဲ့ အန္တိခရစ် အနှစ်သာရကို နည်းနည်း ရိပ်စားမိလာတယ်။

ကျွန်မ သုံးသပ်ရင်းနဲ့ သူ့ကို ကျွန်မ ရိပ်စားခြင်းမရှိတဲ့ နောက်အကြောင်းပြချက်တစ်ခုက ဖောက်ပြန်ပျက်စီးခြင်းရဲ့ သီးခြားဖြစ်ရပ်နဲ့ ဖောက်ပြန်ပျက်စီးတဲ့ သဘာဝနဲ့ အနှစ်သာရကြားကို ကျွန်မ မခွဲခြားနိုင်တာကြောင့်ပဲဆိုတာ သဘောပေါက်ခဲ့တယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ တွေ့ခဲ့ပါတယ်။ “စာတန်၏ ဖျက်ဆီးခြင်း ခံထားရသော လူအားလုံး၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်။ အချို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသာရှိသော်လည်း၊ အခြားသူများ၌မူ ထိုကဲ့သို့ မဟုတ်ကြပေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြသည်သာမက သူတို့၏ သဘာဝသည်လည်း အလွန်အမင်း မလိုမုန်းထားတတ်ကြသည်။ ၎င်းတို့၏ အပြောအဆိုနှင့် အပြုအမူများက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးကာ ဆိုးယုတ်သော စိတ်သဘောထားများကို ဖော်ပြသည်သာမက ဤလူများသည် နတ်ဆိုးစာတန် စစ်စစ်လည်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်)ဘုရားသခင်က အန္တိခရစ်များကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသနည်း။ ၎င်းတို့သည် သမ္မာတရားကို မုန်းတီးပြီး ဘုရားသခင်အပေါ် ရန်လိုသည်။ ဘုရားသခင်၏ ရန်သူများဖြစ်သည်။ သမ္မာတရားကို ရန်လိုခြင်း၊ ဘုရားသခင်ကို မုန်းတီးခြင်း၊ အပြုသဘောဆောင်သောအရာအားလုံးကို မုန်းတီးခြင်း၊ ဤသည်မှာ သာမန်လူတို့၏ ခဏတာ အားနည်းချက်၊ မသိနားမလည်ခြင်းမဟုတ်သကဲ့သို့ တစ်ခဏမျှဖြစ်သော မှားယွင်းသည့် အတွေး၊ သို့မဟုတ် မှားယွင်းနေသောအမြင်များ၊ သို့မဟုတ် သမ္မာတရားနှင့် သဟဇာတမဖြစ်သော အဓိပ္ပာယ်မရှိသည့်နားလည်မှုလည်း မဟုတ်ပေ။ ဤသည်မှာ ပြဿနာမဟုတ်ပေ။ ၎င်းတို့သည် အန္တိခရစ်များ၊ ဘုရားသခင်၏ ရန်သူများဖြစ်ပြီး၊ ၎င်းတို့၏ အခန်းကဏ္ဍသည် အပြုသဘောဆောင်သောအရာအားလုံးကို မုန်းတီးခြင်းဖြစ်သည်။ သမ္မာတရားအားလုံးကို မုန်းတီးခြင်း၊ ဘုရားသခင်ကို မုန်းတီးခြင်း၊ ဘုရားသခင်ကို ရန်လိုခြင်းဖြစ်သည်။ ဘုရားသခင်က ထိုသို့သော အခန်းကဏ္ဍကို မည်သို့ရှုမြင်သနည်း။ ဘုရားသခင်၏ ကယ်တင်ခြင်း ရှိမည်မဟုတ်ပေ။ ဤလူတို့သည် သမ္မာတရားကို အထင်သေးသည်။ သမ္မာတရားကို မုန်းတီးသည်။ ယင်းမှာ အန္တိခရစ်၏ သဘာဝဖြစ်သည်။ ဤအရာကို သင်တို့ နားလည်သလော။ ဤတွင် ဖော်ထုတ်ပြသောအရာမှာ ဆိုးယုတ်မှု၊ မလိုမုန်းထားမှု၊ သမ္မာတရားကို စိတ်ကုန်ခြင်းဖြစ်သည်။ ဤအရာတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံးတွင် အဆိုးဝါးဆုံး ဆိုးယုတ်သည့် စိတ်သဘောထားများဖြစ်သည်။ စာတန်၏ ဝိသေသလက္ခဏာများဖြစ်သော အရာများဖြစ်ပြီး၊ စာတန်၏ အနှစ်သာရအများဆုံး ရှိသည်။ ယင်းတို့သည် သာမန်ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်တွင် ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမဟုတ်ပေ။ အန္တိခရစ်များသည် ဘုရားသခင်ကို ရန်လိုသည့် အင်အားစုတစ်စုဖြစ်သည်။ ၎င်းတို့သည် အသင်းတော်ကို နှောင့်ယှက်ပြီး ထိန်းချုပ်ရန် ကြိုးစားနိုင်ခြေရှိသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို အားနည်းအောင်လုပ်ပြီး ကြားဝင်နှောင့်ယှက်တတ်သည်။ ဤအရာတို့သည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိသော သာမန်လူများက လုပ်ဆောင်သည့်အရာများမဟုတ်၊ အန္တိခရစ်များသာ ဤအရာကို လုပ်ဆောင်သည်။ သင်တို့သည် ဤအရာကို ပေါ့တန်စွာ သဘောမထားရ။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၃)၊ အချက် ၆- သူတို့သည် ထူးဆန်းပြီး ပဟေဠိဆန်သော နည်းလမ်းများဖြင့် ပြုမူကြ၏၊ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ကြ၏၊ အခြားသူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ကြ၊ ထို့ပြင် အခြားသူများအား သူတို့ကို အတင်းအကျပ် နာခံစေ၏) စာတန်ရဲ့ ဖျက်ဆီးခြင်းကိုခံပြီးသူအားလုံးက ဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားတစ်ခုရှိတယ်၊ ဒါပေမဲ့ တချို့လူတွေက လူ့သဘာဝရှိတယ်၊ အသိစိတ်နဲ့ ဆင်ခြင်တုံတရားရှိတယ်၊ သမ္မာတရားကို လက်ခံနိုင်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်က ကျွန်မကို နားလည်အောင် ကူညီပေးခဲ့တယ်။ သူတို့တာဝန်မှာ အမှားတွေလုပ်ရင် ဖော်ထုတ်ခံရ၊ ကိုင်တွယ်ဖြေရှင်းခံရပြီး ပြုပြင်ခံရရင် အရှက်ရတာ၊ အတိုက်အခံဖြစ်တာ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာတွေ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ နောက်ပိုင်းမှာ သူတို့ကိုယ်သူတို့ သုံးသပ်တဲ့အခါမှာ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ သဘာဝနဲ့ အားနည်းချက်ရှိတဲ့နည်းလမ်းတွေကို မုန်းတီးလာတယ်။ အသင်းတော်အလုပ်ကို သူတို့ ဘယ်လိုပိတ်ဆို့ခဲ့တယ်ဆိုတာကို သဘောပေါက်ပြီး သူတို့ကိုယ်သူတို့ မုန်းတီးလာနိုင်တယ်။ နောင်တရပြီး ပြောင်းလဲခြင်းကို ရရှိနိုင်ကြတယ်။ ဒါပေမဲ့ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရှိရုံတင်မဘဲ မလိုမုန်းထားတဲ့ သဘာဝလည်းရှိတဲ့၊ သမ္မာတရားကို နည်းနည်းလေးမှ လက်မခံဘဲ မုန်းတောင်မုန်းတီးတဲ့သူ တချို့ရှိတယ်။ သူတို့က မကောင်းမှုဘယ်လောက်လုပ်ပါစေ၊ အသင်းတော်အလုပ်ကို ဘယ်လောက်ထိခိုက်ပါစေ သူတို့ နည်းနည်းလေးမှ မခံစားရဘဲ ကိုယ့်ကိုယ်ကိုယ် လုံးဝ မသုံးသပ်ကြဘူး။ နည်းနည်းလေးမှတောင် အပြစ်ရှိသလို မခံစားကြဘူး။ ဘယ်လောက်ပဲ ကိုင်တွယ်ဖြေရှင်းပြီး ဖော်ထုတ်ခံရပါစေ သူတို့အမှားတွေကို လုံးဝ အသိအမှတ်မပြုဘူး၊ ထုတ်ဖော်ခံရတဲ့အခါမှာ ရိုးရှင်းတဲ့အမှန်တွေကို လုံးဝ လက်မခံဘူး။ ဘုရားသခင်က သူတို့ကို ကိုင်တွယ်ဖြေရှင်းတဲ့၊ ပြုပြင်တဲ့၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမတဲ့ပုံစံကို သူတို့ မုန်းတီးကြတယ်။ သမ္မာတရားနဲ့ အပြုသဘောဆောင်တဲ့အရာတွေအပေါ် သူတို့သဘောထားကို အခြေခံကြည့်ရင် သူတို့တွေက ဘုရားသခင်အပေါ် ရန်လိုတာ ရှင်းတယ်။ သူတို့တွေက ဘုရားရဲ့ ထာဝရရန်သူတွေပဲ။ ဝမ်ဟွာရဲ့ အပြုအမူကို ပြန်စဉ်းစားကြည့်တော့ သူက လက်တွေ့အလုပ်ကိုမလုပ်တာ ရှင်းတယ်။ မာနထောင်လွှားတယ်။ သူ့ရဲ့ ကိုယ်ပိုင်အယူအဆတွေကို ထိန်းသိမ်းပြီး ဧဝံဂေလိအလုပ်ကို တားဆီးတယ်။ တခြားခေါင်းဆောင်တွေက သူ့ကို ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းတော့ သူတို့ပြောတာကို သူလက်မခံရုံတင်မဟုတ်ဘဲ အခြေအမြစ်မရှိတဲ့ ငြင်းခုံမှုတွေလုပ်တယ်။ အပြစ်လွှဲချဖို့ ကြိုးစားတယ်။ အဲဒီလိုနဲ့ စုဝေးပွဲတစ်ခုလုံးကို အနှောင့်အယှက်ဖြစ်စေတယ်။ သူက သူများတွေကို ဝေဖန်အပြစ်တင်နေပြီး ညီအစ်ကိုမောင်နှမတွေကြားမှာ သဘောထားကွဲလွဲအောင်သွေးထိုးနေတယ်လို့ ကျွန်မ သူ့ကို သတိပေးတော့ သူက ဒါကို လက်မခံရုံမကဘဲ အခြေအနေကို ပြောင်းပြန်လှန်ပြီး ကျွန်မကို တိုက်ခိုက်တယ်။ ရှုတ်ချတယ်။ အသက်ဝင်ရောက်မှုကို အာရုံစိုက်ခြင်းအကြောင်းကို သူက အမြဲတမ်းပြောပြီး သူက သမ္မာတရားကို ရှာနေတယ်လို့ လူတွေထင်အောင်လုပ်တယ်။ ဒါပေမဲ့ တကယ်တမ်းတော့ သူက ဘုရားအိမ်တော်ရဲ့ အလုပ်အစီအစဉ်တွေနဲ့ ဘုရားအလိုတော်ကို အထူး စက်ဆုပ်ရွံရှာပြီး ဆန့်ကျင်တယ်။ သူက ဖော်ထုတ်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရတဲ့အခါမှာလုံးဝ မနာခံဘူး။ စိတ်ဆိုးပြီး ပြန်တွန်းလှန်တာတောင်လုပ်တယ်။ ဘယ်လောက်ပဲ အမှားတွေလုပ်ပါစေ၊ ဘုရားအိမ်တော်ရဲ့အလုပ်ကို ဘယ်လောက်ထိခိုက်ခဲ့ပါစေ သူက ဒါတွေကို လုံးဝ အသိအမှတ်မပြုဘူး။ နောင်တမရဘူး၊ အကြွေးတင်သလို မခံစားရဘူး။ အသိစိတ်လုံးဝ ကင်းမဲ့တယ်။ သူကိုယ်တိုင်ရဲ့ အကျိုးစီးပွားတွေကိုပဲ စောင့်ရှောက်တယ်။ သူ့အဆင့်အတန်းကို ခြိမ်းခြောက်တဲ့အရာတစ်ခုခုပြောလိုက်ရင် သူက စိတ်ဆိုးပြီး အခြေအမြစ်မရှိတဲ့ တန်ပြန်စွပ်စွဲတာတွေလုပ်တယ်။ သမ္မာတရားနဲ့ အပြုသဘောဆောင်တာတွေကို လုံးဝ လက်မခံဘူး။ သူနဲ့ မိတ်သဟာယဖွဲ့ဖို့၊ သူ့ကို ပြုပြင်ဖို့ ကြိုးစားတဲ့သူတိုင်းကို ရန်သူတစ်ယောက်လို ဆက်ဆံတယ်။ သူ့ကို ဖော်ထုတ်ဖို့ ကြိုးစားတဲ့ဘယ်သူကိုမဆို တိုက်ခိုက်တယ်။ သမ္မာတရားကို သူ တကယ်မုန်းတာ၊ သမ္မာတရားကို လက်တွေ့လုပ်တဲ့သူတွေကိုမုန်းပြီး တရားမျှတတဲ့အသိစိတ်နဲ့ သူ့ကို ဖော်ထုတ်သူတွေကို မုန်းတာကိုကြည့်ရင် သူက ဘုရားကို သူ့ရန်သူအဖြစ် မှတ်ယူနေတာမဟုတ်ဘူးလား။ ဘုရားနှုတ်ကပတ်တော်က ပြောသလိုပဲ။ “ဤသည်မှာ သာမန်လူတို့၏ ခဏတာ အားနည်းချက်၊ မသိနားမလည်ခြင်းမဟုတ်သကဲ့သို့ တစ်ခဏမျှဖြစ်သော မှားယွင်းသည့် အတွေး၊ သို့မဟုတ် မှားယွင်းနေသောအမြင်များ၊ သို့မဟုတ် သမ္မာတရားနှင့် သဟဇာတမဖြစ်သော အဓိပ္ပာယ်မရှိသည့်နားလည်မှုလည်း မဟုတ်ပေ။ ဤသည်မှာ ပြဿနာမဟုတ်ပေ။ ၎င်းတို့သည် အန္တိခရစ်များ၊ ဘုရားသခင်၏ ရန်သူများဖြစ်ပြီး၊ ၎င်းတို့၏ အခန်းကဏ္ဍသည် အပြုသဘောဆောင်သောအရာအားလုံးကို မုန်းတီးခြင်းဖြစ်သည်။ သမ္မာတရားအားလုံးကို မုန်းတီးခြင်း၊ ဘုရားသခင်ကို မုန်းတီးခြင်း၊ ဘုရားသခင်ကို ရန်လိုခြင်းဖြစ်သည်။” ဝမ်ဟွာက လူစားလဲခံရပြီးတော့ သူက အလျှော့မပေးသေးဘဲ သူမကောင်းမှုလုပ်တာကို အသိအမှတ်မပြုဘူး။ သူက “ကျွန်မက ဘုရားရှေ့မှာလုပ်တာ။ သူများတွေ ဘာထင်လဲဆိုတာ ဂရုမစိုက်ဘူး” လို့တောင်ပြောတယ်။ သူက တကယ်ကို လုံးဝ နောင်တရတဲ့၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်တဲ့ပုံစံမရှိဘူး။ သူ့သဘာဝက မလိုမုန်းထားပြီး သမ္မာတရားကို မုန်းတီးတယ်။ သူက စံပြအန္တိခရစ်တစ်ယောက်မဟုတ်ဘူးလား။ ဒီလိုလူတွေက ဘုရားအိမ်တော်ရဲ့အလုပ်ကို ကြားဝင်နှောင့်ယှက်တာပဲဖြစ်စေတယ်။

နောက်ပိုင်းမှာ ညီအစ်ကိုမောင်နှမအများစုက ဝမ်ဟွာကို အသင်းတော်ကနေ ထုတ်ဖို့ မဲပေးခဲ့ကြတယ်။ သူ့ကို လူစားထိုးရင်းနဲ့ အလုပ်အစီအစဉ်တွေကို အခြေခံပြီး ဧဝံဂေလိအလုပ်ကို လွယ်ကူချောမွေ့စေဖို့ မိတ်သဟာယလည်း ပေးခဲ့တယ်။ အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်က မကြာခင်မှာ သိသိသာသာ ပိုကောင်းတဲ့ ရလဒ်တွေ ရခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မ ပိုပြီးတော့တောင် အကြွေးတင်သလို ခံစားရတယ်။ အရမ်း တစ်ကိုယ်ကောင်းဆန်တဲ့အတွက်၊ ကိုယ့်အတွက်ပဲ ကြည့်တဲ့အတွက်၊ အသင်းတော်အလုပ်ကို ကာကွယ်မပေးတဲ့အတွက် အန္တိခရစ်တစ်ယောက်ကို မကောင်းမှုလုပ်ဖို့ ခွင့်ပြုပြီး အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်ကို နှောင့်ယှက်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းတီးမိတယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကျိန်ဆိုခဲ့တယ်။ အနာဂတ်မှာ အသင်းတော်အလုပ်ကို တစ်ယောက်ယောက်က နှောင့်ယှက်နေတာကို ကျွန်မ သတိထားမိတဲ့အချိန်တိုင်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး အသင်းတော်အလုပ်ကို ကာကွယ်မယ် ဆိုပြီးတော့။ သူတို့အဆင့်အတန်းက ဘယ်လောက်မြင့်ပါစေ၊ ဘယ်လောက်ပဲ အလုပ်တွေလုပ်ခဲ့ပါစေ အယူဝါဒကို ဘယ်လောက်လက်ခံယုံကြည်အောင် ပြောပါစေ ဘုရားအိမ်တော်ရဲ့အလုပ်ကို သူတို့ နှောင့်ယှက်သရွေ့ သမ္မာတရားစည်းမျဉ်းတွေအတိုင်း ရပ်တည်မယ်။ သူများတွေက ကျွန်မကို မာနထောင်လွှားတယ်လို့ပြောရင်၊ ဒါမှမဟုတ် မကောင်းမှုပြုသူ၊ အန္တိခရစ်အဖြစ် ရှုတ်ချရင်တောင် ဘုရားအိမ်တော်ရဲ့အလုပ်ကို ကျွန်မ ကာကွယ်ပေးမယ်။ အခြေအနေကို ကျွန်မ သိပ်နားမလည်ရင်တောင် ကျွန်မမြင်ခဲ့တာကို အထက်ခေါင်းဆောင်တွေဆီ သတင်းပို့မယ်။ ကျွန်မ ဘုရားကို ဆုတောင်းပြီး ပြောလိုက်တယ်။ ပြဿနာတစ်ခုကို သတိထားမိတဲ့အခါမှာ ဘုရားအိမ်တော်ရဲ့အလုပ်ကို ကျွန်မ မကာကွယ်ရင် ဘုရားရဲ့ ပဲ့ပြင်ဆုံးမခြင်းကို ကျွန်မ ခံလိုပါတယ် ဆိုပြီးတော့။

သုံးလေးလကြာပြီးတော့ တချို့လူတွေက သတင်းပို့တယ်။ တခြားအသင်းတော်က လီနာဆိုတဲ့ ခေါင်းဆောင်က လက်တွေ့အလုပ်ကိုမလုပ်ဘူး၊ အယောင်ဆောင်ခေါင်းဆောင်နဲ့ အမှုဆောင်တွေကို လူစားထိုးဖို့ ပျက်ကွက်ပြီး မကောင်းမှုပြုသူတွေကိုတောင် ရာထူးတိုးပေးတယ် တဲ့။ ဒီလူတွေက စည်းမျဉ်းနဲ့အညီ အလုပ်မလုပ်ဘဲ ရလဒ်အနေနဲ့ ဘုရားသခင်ရဲ့ လှူဖွယ်ပစ္စည်းတွေ ထိခိုက်သွားတယ်။ လီနာက အထူးသဖြင့် ကြွားဝါပြီး သူများတွေကို ချိုးနှိမ်တတ်တယ်။ ညီအစ်ကိုမောင်နှမတွေအားလုံးက သူ့ကို လေးစားကြတယ်။ သူ့တွဲဖက်အမှုဆောင်တွေက သူ့ပြဿနာတွေကို ခဏခဏ ထောက်ပြပေမဲ့ သူတို့ပြောတာတွေကို သူက လက်မခံဘူး။ နောက်ပြီးတော့ အထက်ခေါင်းဆောင်တွေကိုလည်း သူက ဝေဖန်အပြစ်တင်တယ်။ ဒါကြောင့်မို့ သူ့အလုပ်ဖော်တွေ၊ တွဲဖက်အမှုဆောင်တွေက သူတို့အပေါ် အမြင်စောင်းလာတယ်။ အထက်ခေါင်းဆောင်တွေက အလုပ်ကို ကူညီဆောင်ရွက်ဖို့ လူတစ်ယောက်စေလွှတ်တဲ့အခါမှာ သူက အဲဒီလူကို ဖယ်ကြဉ်ထားတယ်။ သူက ပူးပေါင်းပြီး မလုပ်ရုံမကဘဲ ဝေဖန်အပြစ်တင်ပြီး အလုပ်ကို တမင်ဖျက်ဆီးတယ်။ ခေါင်းဆောင်တွေ လွှတ်လိုက်တဲ့သူက ပြဿနာတွေကို မဖြေရှင်းနိုင်ဘူးလို့ ပြောတယ်။ ဒါက အလုပ်မပြီးဘူးဆိုတဲ့ သဘောပဲ။ ဒါတွေအားလုံးကို ကြားပြီးတော့ ဒီလူက အန္တိခရစ်ပဲ ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ အဲဒါနဲ့ သူ့ကို အမြန်လူစားလဲဖို့အကြောင်းကို တွဲဖက်အမှုဆောင်တွေနဲ့ ကျွန်မပြောလိုက်တယ်။ ဒါပေမဲ့ လီနာက ကျွန်မတွဲဖက်ရဲ့ ညီမဖြစ်နေတာကို သိရတော့ ကျွန်မ တွန့်ဆုတ်သွားတယ်။ လီနာကိုကျွန်မ လူစားထိုးလိုက်ရင် ကျွန်မတွဲဖက်က ကျွန်မကို ဘယ်လိုထင်မလဲ။ ကျွန်မက လီနာကို ရန်သွားတွေ့တယ်လို့ ပြောမှာလား။ ကျွန်မခေါင်းထဲမှာ အပြန်အလှန်စဉ်းစားတယ်။ ပိုပိုပြီး ဝေခွဲမရဖြစ်လာပြီး ဘာလုပ်ရမှန်းမသိဘူး။ အဲဒီအချိန်မှာပဲ ကျွန်မရဲ့ စိတ်အခြေအနေနဲ့ ရည်ရွယ်ချက်တွေက တစ်မျိုးဖြစ်နေတယ်ဆိုတာ သဘောပေါက်လိုက်တယ်။ ကျွန်မက ကိုယ့်အကျိုးစီးပွားတွေကို ထပ်ပြီး ကာကွယ်ဖို့ ကြိုးစားနေတာပဲ။ အရင်တစ်ခေါက်က ကျွန်မက ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ အရမ်းအရေးစိုက်နေတော့ အန္တိခရစ်ကိုအချိန်မီ မဖော်ထုတ်ခဲ့ဘဲ ဘုရားအိမ်တော်ရဲ့အလုပ်ကို ပြင်းပြင်းထန်ထန်ထိခိုက်ခဲ့တာကို ကျွန်မ သတိရတယ်။ ကျွန်မ လုံးဝ ပြန်မပြင်နိုင်တော့တဲ့ ပြစ်မှားမှုတစ်ခုပေါ့။ ကိုယ့်အကျိုးစီးပွားကို ထပ်ပြီး ကာကွယ်ဖို့မဖြစ်ဘူး။ သမ္မာတရားကို လက်တွေ့လုပ်ပြီး ဘုရားအိမ်တော်ရဲ့ အလုပ်ကို ကာကွယ်ရမယ်။ သူများတွေက ကျွန်မကို ဘယ်လိုထင်ပါစေ။ ဘုရားအလိုတော်ကို ဖြည့်ဆည်းဖို့က ပဓာနပဲ။ အဲဒါနဲ့ ကျွန်မ တွဲဖက်အမှုဆောင်တွေနဲ့ ကျွန်မက လီနာကို စည်းမျဉ်းနဲ့အညီ ထုတ်လိုက်တယ်။ နောက်ပိုင်းမှာ လီနာဟာ သူများတွေကို လှည့်စားပြီး အမိဖမ်းဖို့အတွက် သူ့ကိုယ်သူ ဆက်တိုက် ဂုဏ်တင်နေပြီး ကြွားဝါတယ်၊ အသင်းတော်ကို ထိန်းချုပ်ပြီး အမှီအခိုကင်းတဲ့ နယ်မြေတစ်ခုတည်ထောင်တယ်ဆိုတာ စုံစမ်းတာတွေလုပ်ပြီး ပေါ်လာတယ်။ သူက အန္တိခရစ်တစ်ယောက်ပဲ။ အသင်းတော်က လူအများစုက သူ့ကို ထုတ်ဖို့ မဲပေးခဲ့ကြတယ်။ ကိုယ့်ဇာတိပကတိကို စွန့်လွှတ်ခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ခြင်း၊ စည်းမျဉ်းနဲ့အညီ လုပ်ဆောင်ခြင်းက ကျွန်မကို ငြိမ်သက်ခြင်း၊ ရောင့်ရဲခြင်းနဲ့ ဝမ်းမြောက်ခြင်းကို သယ်ဆောင်ပေးတာကို ကျွန်မ ကြုံတွေ့ခဲ့ပါတယ်။ သမ္မာတရားကို လက်တွေ့လုပ်ခြင်းအားဖြင့်ပဲ သက်သေခံနိုင်ပြီး စာတန်ကို အရှက်ရစေနိုင်တယ်ဆိုတာလည်း ကျွန်မ သဘောပေါက်ခဲ့ပါတယ်။ ဘုရားရဲ့လမ်းပြမှုအတွက် ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

လူပီသအောင် နေထိုင်ဖို့ တစ်ခုတည်းသောနည်းလမ်း

ရှင်းချန် တရုတ်နိုင်ငံဂျပန်စာရေးဆရာတစ်ယောက်ရဲ့ ဝတ္ထုတစ်ပုဒ်ကို ကျွန်မ ဖတ်ဖူးတယ်။ အရောင်းစာရေးတစ်ယောက်အကြောင်းပေါ့။ သူက ဆံပင်မသန်တဲ့...

ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းအား ကိုင်တွယ်ရန် နည်းလမ်း

— ဝတ်ပြုခြင်းဆိုင်ရာ ဒိုင်ယာရီတစ်ပုဒ် ရှီးဖန် တောင်ကိုရီးယားနိုင်ငံ ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့၊ မိုးတိမ်ကင်းစင် ဒီနေ့...

အဆင့်အတန်းကို လက်လွှတ်ရာတွင် ကျွန်ုပ် လွတ်မြောက်သည်

ဟောင်လီ တရုတ်နိုင်ငံ ၂၀၁၉ ခုနှစ် ဩဂုတ်လမှာ ခေါင်ဆောင်ရာထူးတစ်ခု ကျွန်မယူခဲ့တယ်။ တစ်ကြိမ် စုဝေးပွဲတစ်ခုမှ ကျွန်မရဲ့ မိတ်သဟာယကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။