လက်စားချေမှု အရယူပြီးနောက် နိုးထခြင်း

04.06.2022

ကျွန်မ အသင်းတော်မှာ ခေါင်းဆောင်အဖြစ် ခဏတာ အစေခံခဲ့တယ်။ ဧဝံဂေလိ သင်းထောက်ဖြစ်တဲ့ အစ်မကျန်းက သူ့တာဝန်အတွက် ဝန်တာထားပြီး တကယ်ကို တက်ကြွခဲ့တယ်။ ဒါပေမဲ့ တော်တော် ပွင့်လင်းပြီး လေသံမာလေ့ရှိတယ်။ တစ်ခါတလေ ကျွန်မမှာ သူသတိထားမိတဲ့ ပြဿနာတွေကို အရမ်းကို တိုက်ရိုက် ထောက်ပြတတ်တယ်။ ကျွန်မက လူတွေကို ပြင်းပြင်းထန်ထန် ကြိမ်းမောင်းပြီး သူတို့ စိတ်ကျဉ်းကျပ်ရတယ်လို့ သူက ပြောတယ်။ ပထမတော့ အပြုသဘောဆောင်တဲ့ သဘောထားနဲ့ လက်ခံနိုင်ခဲ့တယ်။ သူပြောတာက ကြားကောင်းပုံမရပေမဲ့ အားလုံးမှန်တယ်လို့ ခံစားခဲ့တယ်၊ ဒါကြောင့် လက်ခံပြီး ကျွန်မကိုယ်ကျွန်မ သုံးသပ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ခဏကြာပြီးတဲ့နောက်မှာ၊ လူတိုင်းရှေ့မှာ ကျွန်မရဲ့ ပုံရိပ်ကို အလေးမထားဘဲ ကျွန်မတာဝန်ထဲက ပြဿနာတွေကို သူထောက်ပြတာ မြင်ရတဲ့ အချိန်ကြာလာတော့ ကျွန်မ ဘယ်လိုမှကို လက်မခံနိုင်တော့ဘူး။ ပြီးတော့ သူ့ကို အမြင်စောင်းလာခဲ့တယ်။

တစ်ခါ၊ သင်းထောက်တချို့နဲ့ စုဝေးပွဲတစ်ခုမှာ၊ ဘယ်သူမှ စကားပြောတာ မြင်လို့၊ ဘာမေးခွန်း၊ ပြဿနာကိုဖြစ်ဖြစ် တင်ပြဖို့ ကျွန်မ ဖိတ်ခေါ်ခဲ့တယ်။ အစ်ကျန်းက တိုတိုတုတ်တုတ်ပဲ၊ “မိတ်သဟာယမှာ ကျွန်မ အရမ်းလေကြောရှည်တဲ့အခါ ရှင်မကြိုက်ဘူး။ ရှင့်ကြောင့် ကျွန်မ စိတ်ကျဉ်းကျပ်ရတယ်”တဲ့။ တခြား ညီအစ်ကို မောင်နှမ တစ်ချို့လည်း ကျွန်မကြောင့် ထိန်းချုပ်ခံရသလို ခံစားခဲ့ရတယ်လို့ သူက ပြောတယ်။ တခြားလူတချို့က သဘောတူပြီး ခေါင်းညိတ်ကြတာကို ကျွန် မမြင်ရတယ်။ ကျွန်မ မျက်နှာထူပူလာသလို ခံစားရတယ်။ သိက္ခာဆယ်ဖို့၊ ကြမ်းကြမ်းတမ်းတမ်း စကားပြောတာက ကျွန်မအတွက် ရိုင်းတယ်ဟုဆိုရင်းနဲ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ရှင်းချက်ထုတ်ခဲ့တယ်။ အဲဒါက ကျွန်မလေသံနဲ့ မပတ်သက်ဘဲ၊ မာနထောင်လွှားတဲ့ သဘာဝကနေ အရင်းခံတာလို့ သူက ပြောတယ်။ အစ်မကျန်းက ကျွန်မရဲ့ ဂုဏ်သိက္ခာကို ထည့်မတွက်ခဲ့ဘူး၊ ကျွန်မ စိတ်ထဲ လုံးဝ ပရမ်းပတာ ဖြစ်သွားခဲ့တယ်။ ကျွန်မ တွေးနေမိတာက သူက မိတ်သဟာယမှာ လေကြောရှည်တာ မှန်တယ်၊ ဒီတော့ သူ ဘာလို့ ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ဘဲ၊ ကျွန်မနဲ့ပတ်သက်လို့ ပြဿနာတွေကိုပဲ ဖန်တီးရတာလဲပေါ့။ သူက ကျွန်မကို ဆန့်ကျင်တာ တစ်ခုခုရှိပြီး၊ တခြားလူတွေရှေ့မှာ ကျွန်မကို အကြည့်ရဆိုးစေချင်တာ ဖြစ်ရမယ်ပေါ့။ သူတို့က ကျွန်မနဲ့ပတ်သက်လို့ စိတ်အနှောင့်အယှက် ဖြစ်ပြီး လူတွေကို ကျွန်မက ဆူသလို မာနထောင်လွှားတယ်လို့ ပြောကြမလား။ ဒီအတွေးတွေက သူ့အပေါ် ကျွန်မရဲ့ အမြင်စောင်းတာကို တကယ် တွန်းအားပေးခဲ့တယ်။

တချို့ သင်းထောက်တွေနဲ့ တခြားစုဝေးပွဲမှာ၊ ကျွန်မက ကိုယ့်ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်း မဟုတ်ဘဲ၊ အပြုသဘောဆောင်တာတွေကိုပဲ မိတ်သဟာယပြုကြောင်းနဲ့ ကျွန်မ မာနထောင်လွှားပြီး လူတွေကို ဘောင်ခတ်တတ်ပုံတွေကို မပြောင်းလဲသေးဘူးလို့ သူက ပြောခဲ့တယ်။ ကျွန်မရဲ့ အားသာချက်တွေအကြောင်း ဘာမှမပြောဘဲ ကျွန်မရဲ့ အပြစ်အနာအဆာတွေကို ပြောသလို ကျွန်မ ခံစားခဲ့ရတယ်။ ကျွန်မ အဲဒီလို တကယ်ပဲ မကောင်းခဲ့တာ ဖြစ်နိုင်လား။ တခြားလူတွေက ကျွန်မအပေါ် အမြင်မကောင်းကြမှာ သေချာတယ်၊ ပြီးတော့ ခေါင်းဆောင်က သိသွားရင်၊ အဲဒီအချိန်အားလုံးနောက်မှာ ကျွန်မ မပြောင်းလဲသေးသလို၊ ညီအစ်ကို မောင်နှမတွေနဲ့ အဆင်မပြေဘူးလို့ ပြောချင်ပြောမှာလေ၊ အဲဒီတော့ ကျွန်မ ထုတ်ပယ်ခံသွားရနိုင်တယ်။ အဲဒါကို တဝဲလည်လည် တွေးလေ၊ အစ်မကျန်နဲ့ပတ်သက်လို့ ခံစားရပိုဆိုးလေပဲ။ သူက ကျွန်မကို လူသိရှင်ကြား ခေါ်လေ့ရှိပြီး ကျွန်မက သူ့ကို ငြင်းခုံလေ့မရှိဘဲ အမြဲ အလျှော့ပေးခဲ့တယ်။ သူက အရမ်းကျေးဇူးကန်းပြီး လွန်လွန်းတယ်။ ကျွန်မကို ဘယ်လိုပုံဖြစ်သွားစေမလဲ ထည့်မတွက်ဘဲ ကျွန်မရဲ့ ပြဿနာအများကြီးကို သူ တင်ပြခဲ့တယ်။ သူ့ပြဿနာတွေကိုလည်း ဖော်ထုတ်ဖို့၊ သူ့ကို ကျဉ်းထဲကျပ်ထဲရောက်စေဖို့ သင့်တော်တဲ့ အခွင့်အရေး ရှာရမယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။ ဒီအတွေးနဲ့၊ နှုတ်ဆိတ်ပြီး စကားမပြောခဲ့ဘူး။

နောက်ပိုင်း စုဝေးပွဲတစ်ခုမှာ၊ အစ်မကျန်း စီစဉ်တဲ့ ဧဝံဂေလိအလုပ်က ရလဒ်တွေ ရမနေသလို၊ သူ့တာဝန်မှာ ပြဿနာတချို့ ရှိတာကို ကျွန်မ သိလိုက်ရတယ်။ အဲဒါကို ပွင့်ပွင့်လင်းလင်း ထောက်ပြပြီး သူ့ကို အကြည့်ရဆိုးစေချင်ခဲ့ပေမဲ့၊ ကျွန်မ မလုပ်နိုင်ခင်မှာပဲ၊ ဧဝံဂေလိဖြန့်ဖို့ ကျွန်မရဲ့ လတ်တလော အားထုတ်မှုအကြောင်း သူ မေးခဲ့တယ်။ ကျွန်မ အကျပ်ရိုက်သွားပြီး တကယ်ကို ခွကျသွားတယ်။ ဧဝံဂေလိအလုပ် အဆင်မပြေရင်၊ ကျွန်မကို မညာဘဲ၊ ကိုယ့်ကိုယ်ကိုယ် သူ သုံးသပ်သင့်တယ်လို့ ကျွန်မ ခံစားရတယ်လေ။ ကျွန်မက အသင်းတော်အလုပ်နဲ့ အလုပ်များပြီး တရားဟောမနေခဲ့တာ သူသိတာပဲ၊ ဒီတော့ အဲဒီလို မေးလိုက်ခြင်းအားဖြင့်၊ သူက ကျွန်မကို အကြည့်ရဆိုးစေဖို့ ကြိုးစားနေတာ မဟုတ်လား။ သူက ကျွန်မကို အခက်တွေ့အောင် အမြဲ ကြိုးစားနေခဲ့တာ၊ အဲဒါကို ကျွန်မ ငုံ့ခံမနေနိုင်ဘူး။ သူ့ပြဿနာနဲ့ပတ်သက်လို့ သူ့ကိုလည်း ကျွန်မ ပွင့်ပွင့်လင်းလင်း ပြောသင့်တယ်၊ ဒါမှ သူ ခေါင်းမမော့နိုင်မှာလေ။ နောက်ပိုင်းမှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေ သိုထားရင်းနဲ့ သင်းထောက်တစ်ယောက်ကို ကျွန်မပြောခဲ့တယ်၊ “အစ်မကျန်းရဲ့ ဧဝံဂေလိအလုပ်နဲ့ပတ်သက်လို့ ပြဿနာတွေ ရှိပြီး သူက ဝေဖန်တာကို လက်မခံချင်ဘူး။ ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ချင်ခဲ့ဘဲ၊ တခြားလူတွေရဲ့ ပြဿနာတွေကို အမြဲ ဖော်တယ်” လို့ပေါ့။ အဲဒီအချိန်က အပြစ်ရှိသလို ခံစားခဲ့ရပေမဲ့၊ နောက်တော့၊ သူက အရင်ဆုံး ကျွန်မကို ဝေဖန်ပြီး အခက်တွေ့စေခဲ့တာဖြစ်လို့ ကျွန်မဆီက အဲဒါနဲ့ သူတန်တယ်လို့ တွေးမိတယ်။ နောက်ပိုင်းမှာ၊ သူ့အပေါ် ကျွန်မရဲ့ အမြင်စောင်းတာကို ဖြန့်ဝေဖို့ စုဝေးပွဲတွေမှာ ကျွန်မရဲ့ အခြေအနေ မျှဝေဖို့ အခွင့်အရေးကို သုံးခဲ့တယ်။ ကျွန်မက၊ “ပြီးခဲ့တဲ့ စုဝေးပွဲမှာ ဧဝံဂေလိအလုပ်အကြောင်း ကျွန်မ မေးတော့၊ အစ်မကျန်းက သူဘာလို့ လက်တွေ့အလုပ်လုပ်မနေခဲ့လဲဆိုတာနဲ့ ပတ်သက်လို့ ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ခဲ့ဘဲ၊ ဧဝံဂေလိကို ကျွန်မ ဝေမျှပုံကို သူ မေးခဲ့တယ်။ ပြဿနာတွေကို ရင်ဆိုင်ရာမှာ သင်ခန်းစာတွေ သူ မသင်ယူခဲ့သလိုမျိုး သူ့အပေါ် အမြင်စောင်းတာ ကျွန်မ ဖြစ်ပေါ်ခဲ့တယ်။” တခြားတချို့လူတွေကလည်း ဒါကို ကြားပြီး အစ်မကျန်းက ကိုယ့်ကိုယ်ကိုယ် သိစိတ် ကင်းမဲ့တယ်လို့ တွေးခဲ့ကြတယ်။ အဲဒီအချိန်ကစပြီး ညီအစ်ကို မောင်နှမတွေက သမ္မာတရားကို သူ လက်မခံမှန်း သိသွားကြမှာဖြစ်ပြီး၊ သူ့ကို စမနှစ်သက်သလို ဝိုင်းပယ်လာကြမယ်လို့ အဲဒီတုန်းက ကျွန်မ တကယ်ကို ပျော်သွားခဲ့တယ်။ အဲဒီလိုနဲ့ သူပြောတာကို သူတို့ ယုံမှာ မဟုတ်သလို၊ အရင်က ကျွန်မရဲ့ ပြဿနာကို သူ ဖော်ထုတ်တုန်းက မမျှတခဲ့ဘူးလို့ ခံစားကြမှာလေ။ အဲဒီအခါ ညီအစ်ကို မောင်နှမတွေရဲ့ အမြင်မှာ ကျွန်မရဲ့ ပုံရိပ်ကို ကျွန်မ ထိန်းသိမ်းရမှာပေါ့။ ကိစ္စတွေကို ခေါင်းဆောင်က စစ်ဆေးတဲ့အခါမှာ၊ အစ်မကျန်းက မတော်သလို၊ အဲဒါ ကျွန်မရဲ့ ပြဿနာမဟုတ်ဘူးလို့ တခြားလူတွေက ပြောကြမှာပဲ။

အဲဒီအချိန်အတောအတွင်းမှာ၊ အစ်မကျန်းရဲ့ ပြဿနာတွေကို ကျွန်မ မြင်တဲ့အခါ၊ အရင်လို မကူညီတော့သလို၊ သူ့အလုပ်ကို လိုက်မလုပ်၊ မကြီးကြပ်ပေးတော့ဘူး။ ကျွန်မ တွေးမိတယ်၊ ကိစ္စတွေ ဘယ်လိုဖြစ်နေတယ်ဆိုတာကို ခေါင်းဆောင်က လာကြည့်ပြီး အစ်မကျန်းက တကယ့် အလုပ်လုပ်မနေမှန်း မြင်တဲ့အခါ၊ သူ့ကို ကိုင်တွယ်ဖြေရှင်းမယ်၊ ထုတ်တောင်ထုတ်ပယ်နိုင်တယ်လို့ပေါ့။ ကျွန်မတို့ ဧဝံဂေလိအလုပ် အဆင်ပြေမနေရတဲ့ အကြောင်းရင်းကို မကြာခင်မှာ ခေါင်းဆောင်က လာစစ်ဆေးတယ်။ အစ်မကျန်းက လက်တွေ့အလုပ် မလုပ်တာ၊ ကြီးကြပ်မှု လက်မခံတာကို ခေါင်းဆောင်က မြင်ပြီးတဲ့နောက် သူ့ကို ထုတ်ပယ်အောင်လို့ အစ်မကျန်းရဲ့ ပြဿနာတွေအကြောင်း ပြောပြဖို့ အဲဒီအခွင့်အရေးကို ကျွန်မ အသုံးချချင်ခဲ့တယ်။ အဲဒီနောက်မှာ သူ့ကို ရှောင်နေလိုက်လို့ရတယ်။ ဒါကြောင့် အစ်မကျန်းက ဘယ်လို သင်ယူခဲ့၊ နောင်တရခဲ့ပြီး ပြောင်းလဲခဲ့တယ်ဆိုတာတွေ အားလုံးကို မပြောဘဲ၊ သူ့တာဝန်မှာရှိတဲ့ သူ့ပြဿနာတွေအကြောင်းကိုပဲ ခေါင်းဆောင်ကို ကျွန်မ ပြောပြခဲ့တယ်။ ခေါင်းဆောင်က ကျွန်မပြောတာ နားထောင်ပြီး အစ်မကျန်းမှာ ဆိုးရွားတဲ့ ပြဿနာတွေ ရှိတယ်လို့ ခံစားခဲ့တာကြောင့်၊ သူအပေါ် အခြားသူတွေရဲ့ အကဲဖြတ်ချက်တွေကို စုဆောင်းဖို့နဲ့ ကိစ္စတွေကို နားလည်ပြီးတဲ့နောက်မှာ ကိုင်တွယ်ဖို့ ကျွန်မကို ခိုင်းခဲ့တယ်။ အဲဒီနောက် စုဝေးပွဲတစ်ခုမှာ၊ အစ်မကျန်းကို တကယ် ပြင်းပြင်းထန်ထန် ကျွန်မ ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ သူက ရလဒ်တွေ ရမနေခဲ့သလို၊ သူ့အလုပ်အကြောင်း တခြားလူတွေကို မေးခွင့်မပေးဘူးလို့ ကျွန်မပြောခဲ့တယ်။ သူက ခေါင်းဆောင်တွေရဲ့ ကြီးကြပ်မှုကို လက်မခံဘဲ၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို နှောင့်ယှက်နေတယ်လို့ပေါ့။ တခြားလူတွေရဲ့ ခံစားချက်တွေကို ထည့်မတွက်ဘဲ စကားပြောပြီး မကောင်းတဲ့ လူ့သဘာဝရှိတယ်လို့လည်း ကျွန်မပြောတယ်။ အဲဒါကို ကြားတော့ အစ်မကျန်းက တကယ် စိတ်မကောင်း ဖြစ်သွားတယ်။ သမ္မာတရားကို သူ လက်မခံနိုင်မှတော့၊ နာကျင်စရာ ကိစ္စတွေ ပြောမှတော့၊ မကောင်းတဲ့ လူ့သဘာဝရှိပြီး၊ ဘာလက်တွေ့အလုပ်ကိုမှ မလုပ်နိုင်မှတော့ သူ အထုတ်ခံရသင့်တယ်လို့ တွေးခဲ့တယ်။ အဲဒီနောက်မှာ အပျက်သဘောဆောင်တဲ့ အခြေအနေမှာ သူ ပိတ်မိနေခဲ့တာဟာ သူ မပြောင်းလဲနိုင်ခဲ့သလို၊ ကျွန်မတို့ ဧဝံဂေလိအလုပ်က ထိခိုက်ခဲ့တယ်။ အဲဒီလိုနာကျင်မှုနဲ့ သူ့ကို မြင်ရတာ တကယ် ခက်ခဲလှပါတယ်။ ကျွန်မ လွန်သွားပြီလားလို့ တွေးမိခဲ့ပေမဲ့၊ အရင်က သူ ကျွန်မကို နာကျင်၊ အရှက်ရစေရင်းနဲ့ အရမ်းအခက်တွေ့စေခဲ့ပုံအကြောင်းကို တွေးမိတော့၊ သိက္ခာနည်းနည်း ဆုံးရှုံးရတာကို သူ့ကို ကျွန်မ မြည်းစမ်းစေချင်ခဲ့တယ်။ သူ အထုတ်ခံခဲ့ရမယ်ဆိုရင်၊ သူ့မှာ မကောင်းတဲ့ လူ့သဘာဝရှိမှန်း တခြားလူတွေက သိသွားမှာဖြစ်ပြီး ကျွန်မ ပြဿနာဟုတ်မှာ မဟုတ်ဘူးလေ။ နောက်ပိုင်းမှာ သူ့အပေါ် သုံးသပ်ချက်တွေကို တခြားလူတွေကို ကျွန်မ ရေးခိုင်းခဲ့တယ်။ သူအထုတ်ခံရလောက်အောင် သူ့ပြဿနာတွေအကြောင်း မရေးကြမှာ စိတ်ပူလို့၊ သူတို့ရှေ့မှာ သူ့အပြစ်တွေနဲ့ပတ်သက်လို့ ကျွန်မ ဆက်ပြောရင်း ပြောနေမိခဲ့တယ်။ တကယ့်ပြဿနာတွေကို သူဖြေရှင်းပေးခဲ့ခြင်း ရှိမရှိဆိုတဲ့အကြောင်းကိုလည်း ကျွန်မ ရည်ရွယ်ချက်ရှိရှိ မေးခဲ့တယ်၊ တကယ့်အလုပ်ကို သူ လုပ်မနေခဲ့တဲ့အကြောင်း သက်သေအထောက်အထား ရှာတွေ့ဖို့ ရည်ရွယ်ချက် သက်သက်နဲ့ပေါ့။

အထက်ခေါင်းဆောင်ဖြစ်တဲ့ အစ်မလျူက အခြေအနေကို နားလည်သွားတဲ့နောက်မှာ ကျွန်မကို သူ ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ “အစ်မကျန်းက ရှင့်ပြဿနာတွေကို ထောက်ပြခဲ့ပြီး ရှင်က လက်မခံခဲ့ဘူး။ ပြီးတော့ တစ်စိတ်ကို တစ်အိတ်လုပ်ပြီး ခေါင်းဆောင်ရှေ့မှာ သူ့ကို ဝေဖန်ခဲ့တယ်။ သူ့ကို ရှင် ဖိနှိပ်ပြီး ခက်ခဲအောင် လုပ်နေတာပဲ။ ရှင်က သူ့ကို အထုတ်ခံစေချင်တယ်၊ ဟုတ်တယ်နော်။ အစ်ကျန်းက တဲ့တိုးဖြစ်ပေမဲ့ သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက်မရှိဘူး။ ရှင်က မာနထောင်လွှားပြီး လူတွေကို ဝေဖန်ချင်တယ်၊ ထိန်းချုပ်ချင်တယ်လို့ တခြားလူတွေက ပြောကြတယ်။ ဘာလို့ အကြံပြုချက်တွေနဲ့ အကူအညီကို လက်မခံချင်ဘဲ၊ တခြားလူတွေကိုတောင် ဖိနှိပ်ရတာလဲ။” ကျွန်မက နည်းနည်း အာခံတတ်တယ်။ ကျွန်မ တွေးမိတယ်၊ “အားလုံးက ငါ့ပြဿနာ မဖြစ်နိုင်ဘူး၊ အစ်မကျန်းလည်း အမှားတချို့ ရှိရမယ်။ ကိစ္စတွေကို မစစ်ဆေးဘဲ သူ့ဖက်မှာပဲ ရှင် နေတယ်ပေါ့” လို့ပေါ့။ သူ့ပြဿနာနဲ့သက်ဆိုင်ပြီး ကျွန်မ နောက်ထပ်တချို့ ပြောပြခဲ့ပေမဲ့၊ ကိုယ့်ကိုယ်ပိုင် ပြဿနာတွေကို မမြင်ဘူးလို့ ခေါင်းဆောင်က ထင်မှာစိုးလို့၊ ကိုယ့်ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်း တချို့နဲ့ ပတ်သက်လို့ အတိုချုပ် ပြောလိုက်တယ်။ ကျွန်မကိုယ်ကျွန်မ လုံးဝ နားမလည်မှန်း အစ်မလျူက မြင်လို့၊ အန္တိခရစ်တွေက ဝေဖန်မှုကို ငြင်းပယ်ပုံ၊ အမြင်မတူသူတွေကို ဖယ်ကြဉ်ပြီး တခြားလူတွေကို ဖိနှိပ်ပုံကို ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ဖို့ ကျွန်မကို ပြောခဲ့တယ်။ ကျွန်မရဲ့ ကိုယ်ပိုင် သိက္ခာနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ ဒါကို ကျွန်မ လုပ်နေခဲ့ပုံ၊ ကျွန်မက အန္တိခရစ်ရဲ့ လမ်းကြောင်းပေါ် ရှိနေခဲ့ကြောင်းလည်း သူက စိတ်ဖြာဆွေးနွေးပေးခဲ့တယ်။ အစ်မကျန်းနဲ့ ဘုရားအိမ်တော် ထိခိုက်တာကို မြင်ရတာ နာကျင်စရာပါပဲ။ ကျွန်မ ပြောင်းလဲပြီး နောင်တမရရင်၊ အထုတ်ခံရမယ်လို့ သူပြောတယ်။ အဲဒါကြောင့် ကျွန်မ လန့်သွားတယ်။ ကျွန်မ ဖော်ထုတ်ခံရပြီး ဖယ်ရှင်းခံရတယ်ဆိုတဲ့ ခံစားချက်ရှိခဲ့လို့၊ အပျက်သဘောဆောင်တဲ့ အခြေအနေထဲ ကျဆင်းသွားတယ်။ တခဏကြာ၊ တာဝန်မှာ ဟန်ဆောင်လုပ်ပြရုံ လုပ်ပြခဲ့တယ်။ မကောင်းတဲ့ အခြေအနေမှာရှိတဲ့ ညီအစ်ကို မောင်နှမတွေကို မိတ်သဟာမပြုချင်သလို မကူညီချင်ခဲ့ဘူး။ ပြီးတော့ ကျွန်မတို့ အသင်းတော် ပရောဂျက်တွေက ဘာမှ ဖြစ်ထွန်းမနေခဲ့ဘူး။ နောက်ပိုင်းမှာ၊ အတော်များများ အားကုန်လာခဲ့ပြီး နောက်ဆုံးမှာ သဘောပေါက်သွားတယ်၊ ဝေဖန်မှုကနေ သင်ခန်းစာ မယူဘဲ၊ အပျက်သဘောဆောင်ပြီး အာခံခဲ့တာ မှားတယ်လို့ပေါ့။ အစ်မကျန်နဲ့ ကျွန်မ ဆက်ဆံခဲ့ပုံနဲ့ပတ်သက်ပြီး ကျွန်မ နောက်ဆုံးမှာ စတွေးလာမိတယ်။ ဒါကြောင့် ကျွန်မ ဆုတောင်းပြီး သုံးသပ်ခဲ့တယ်။

နောက်တော့ ဒါကို ဘုရားနှုတ်ကပတ်တော်မှာ ဖတ်ခဲ့ရတယ်။ “အန္တိခရစ်တစ်ဦးသည် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရသောအခါ ယင်းကို မည်သူကလုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်အရာနှင့် သက်ဆိုင်သည်ဖြစ်စေ၊ အမှုကိစ္စအတွက် ၎င်းတို့ကို အပြစ်တင်သည့် ပမာဏက မည်မျှရှိသည်ဖြစ်စေ၊ အမှားက မည်မျှ ပေါ်လွင်သည်ဖြစ်စေ၊ ဆိုးယုတ်မှု မည်မျှကို ၎င်းတို့ကျူးလွန်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ ဆိုးယုတ်မှုက အသင်းတော်အတွက် မည်သည့်အကျိုးဆက်များကို ဖန်တီးသည်ဖြစ်စေ အန္တိခရစ်သည် ဤအရာတစ်ခုတစ်လေကိုမျှ ထည့်မစဉ်းစားပေ။ အန္တိခရစ်တစ်ဦးအဖို့၊ သူ့ကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းနေသူသည် သူတစ်ဦးတည်းကိုသာ ပြောဆိုနေခြင်း၊ သို့မဟုတ် သူ့ကို အပြစ်ဒဏ်ပေးရန် အမှားများကို တမင်သက်သက်ရှာနေခြင်းဖြစ်သည်။ အန္တိခရစ်များက ၎င်းတို့သည် အနိုင်ကျင့်ခံရပြီး အရှက်ခွဲခံရသည်၊ လူသားဆန်စွာ ဆက်ဆံခံရခြင်းမရှိသကဲ့သို့၊ သိမ်ငယ်အောင်ပြုလုပ်ခံရပြီး အထင်သေးခံရသည်ဟူ၍ ပြောဆိုသည်အထိပင် ပြုလုပ်ကြသည်။ အန္တိခရစ်များသည် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရပြီးနောက်တွင် ၎င်းတို့ အမှန်တကယ် မှားယွင်းစွာ လုပ်ဆောင်ခဲ့သည်မှာ မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးကို ၎င်းတို့ ဖွင့်ပြခဲ့သည်ကိုလည်းကောင်း၊ ထိုအရေးကိစ္စတွင် စည်းမျဉ်းများကို ၎င်းတို့ ရှာဖွေခဲ့ခြင်းရှိမရှိကိုလည်းကောင်း၊ သို့မဟုတ် သမ္မာတရားစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းရှိမရှိ၊ သို့မဟုတ် ၎င်းတို့တာဝန်ကို ဖြည့်ဆည်းခဲ့ခြင်းရှိမရှိကိုလည်းကောင်း မည်သည့်အခါမျှ ဆင်ခြင်စဉ်းစားကြည့်ခြင်းမရှိပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဆန်းစစ်ခြင်း၊ ဤအရာတစ်ခုတလေနှင့်ပတ်သက်ပြီး ဆင်ခြင်ခြင်းမရှိသကဲ့သို့ ဤပြဿနာများကိုလည်း တွေးဆခြင်းမရှိပေ။ ထိုအစား ၎င်းတို့သည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းကို လူသားရှုထောင့်တစ်ခုမှ ချဉ်းကပ်ပြီး၊ ၎င်းတို့၏ ချဉ်းကပ်ပုံသည် စိတ်လိုက်မာန်ပါဖြစ်သည်။ အန္တိခရစ်များသည် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရသည့်အချိန်တိုင်းတွင် ဒေါသ၊ မကျေမနပ်ဖြစ်မှု၊ အားမရမှုများဖြင့် ပြည့်နေပြီး မည်သူ့ဆီက အကြံဉာဏ်ကိုမျှ နားထောင်မည်မဟုတ်ပေ။ ၎င်းတို့ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရခြင်းကို လက်ခံရန် ငြင်းဆန်ကြပြီး၊ မိမိတို့ကိုယ်ကိုယ်နှင့်ပတ်သက်၍ သင်ယူလေ့လာပြီး စဉ်းစားဆင်ခြင်ရန်၊ ဝတ်ကျေတန်းကျေလုပ်ဆောင်ခြင်း၊ သို့မဟုတ် ဂရုမစိုက်ခြင်း၊ သို့မဟုတ် တာဝန်တွင် ဒေါသတကြီးရမ်းကားခြင်းကဲ့သို့သော စည်းမျဉ်းများကို ချိုးဖောက်သည့် ၎င်းတို့ လုပ်ရပ်များကို ကိုင်တွယ်ရန်အတွက် ဘုရားရှေ့မှောက်သို့ ပြန်လာရန် မတတ်နိုင်ကြသကဲ့သို့ ၎င်းတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုဖြေရှင်းရန် ဤအခွင်အရေးကိုလည်း အသုံးမပြုကြပေ။ ထိုအစား မိမိတို့ကိုယ်ကိုယ် ခုခံရန်၊ မိမိတို့ကိုယ်ကိုယ် သက်သေထူရန် ဆင်ခြေများရှာကြပြီး သဘောထားကွဲလွဲမှုကို ဆွပေးကာ သူတစ်ပါးတို့ကို လှုံ့ဆော်သည့်အရာများကိုပင် ပြောကြလိမ့်မည်။...ခြုံငုံကြည့်လျှင် ၎င်းတို့ပြောသည့်အရာနှင့် ၎င်းတို့လုပ်ဆောင်သည့်အရာနှစ်ခုစလုံးတွင် အန္တိခရစ်များသည် သမ္မာတရားကို မည်သည့်အခါမျှ လက်မခံပေ။ သမ္မာတရားကို လက်မခံခြင်း စိတ်သဘောထားသည် အဘယ်နည်း။ ယင်းသည် သမ္မာတရားကို စိတ်ကုန်ခြင်းမဟုတ်လော။ ထိုသို့ပင် အတိအကျဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “ရာထူးဂုဏ်သိန် မရှိသောအခါ၊ သို့မဟုတ် ကောင်းချီးရရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်”) ဘုရားနှုတ်ကပတ်တော်ကနေ တွေ့ရတာက အန္တိခရစ်တွေဟာ သမ္မာတရားကို ငြီးငွေ့၊ မုန်းတီးတယ်ဆိုတာပဲ။ သူတို့ ကိုင်တွယ်ဖြေရှင်းခံရတဲ့အခါ ဘုရားဆီက အဲဒါကို လက်မခံကြသလို၊ သမ္မာတရားကို လုံးဝ မရှာ၊ သူတို့ပြဿနာတွေအပေါ် မသုံးသပ်ကြဘဲ၊ အကျေနပ်ချက်တွေနဲ့ အားမရတာတွေ ပြည့်ပြီး သူတို့ကိုယ်သူတို့ ရှင်းချက်ထုတ်၊ ခုခံကာကွယ်ဖို့ အစွမ်းကုန် လုပ်ကြတယ်။ တခြားလူတွေက ခက်အောင်လုပ်နေကြပြီး သူတို့အပေါ် အရှက်ခွဲ၊ အထင်သေးရင်းနဲ့ သူတို့အမှားတွေကို မလွတ်တမ်း အသုံးချတယ်လို့ တွေးကြတယ်။ ဒါကြောင့် အမှန်တရားကို သူတို့ ငြင်းဆန်ကြတယ်။ ကျွန်မလည်း အဲဒီအတိုင်းပဲ။ ကျွန်မရဲ့ မာနထောင်လွှားမှုနဲ့ အလုပ်မှာရှိတဲ့ ပြဿနာတွေကို အစ်မကျန်းက ထောက်ပြတော့၊ ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ခဲ့ဘူး။ ကျွန်မကို အကြည့်ရဆိုးစေဖို့ ကြိုးစားရင်းနဲ့ ကျွန်မနဲ့ပတ်သက်လို့ အမှားရှာနေတာလို့ ကျွန်မ ထင်ခဲ့တယ်။ ဒါကြောင့် သူ့ကို ပြန်တုံ့ပြန်ခဲ့တယ်၊ ဒေါသနဲ့ အပြစ်ပေးခဲ့တယ်။ အစ်ကျန်းကို ဖိနှိပ်ပြီး မကောင်းတဲ့ လူ့သဘာဝရှိတဲ့အတွက်၊ အန္တိခရစ်ရဲ့ လမ်းကြောင်း လျှောက်နေတဲ့အတွက် ကျွန်မကို အထက်ခေါင်းဆောင်က ဖော်ထုတ်တော့၊ ပိုလို့တောင် ကျွန်မ မကျေမနပ်ဖြစ်ပြီး ကိုယ့်ကိစ္စကို ငြင်းခုံနေတုန်းပဲ။ အစ်မကျန်းကို သူ မျက်နှာသာပေးတယ်လို့ တွေးခဲ့တာကြောင့် အပျက်သဘောဆောင်ပြီး အဲဒါကို ကျွန်မ ဆင်ကန်းတောတိုးခဲ့တယ်။ အန္တိခရစ် မြင်တဲ့အတိုင်း အတိအကျ ဝေဖန်မှုကို ကျွန်မ မြင်ခဲ့ပြီး အမှန်တရားကို ငြီးငွေ့တဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားကို ကျွန်မ ထုတ်ဖော်ပြနေခဲ့မိမှန်း သဘောပေါက်သွားတယ်။ အဲဒီအချိန်မှာ၊ အန္တရာယ်များတဲ့ အခြေအနေမှာ ကျွန်မ ရှိခဲ့သလို ခံစားရတယ်။ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး ချက်ချင်း နောင်တရချင်ခဲ့တယ်၊ မမှန်တဲ့ လမ်းကထွက်လိုက်ချင်ခဲ့တယ်။

နောက်ပိုင်း ကျွန်မရဲ့ ဝတ်ပြုဆုတောင်းခြင်းမှာ စာတစ်ပိုဒ်ဖတ်ခဲ့တယ်။ “လူများသည် သင်တို့၏ အကြိုက်မဟုတ်ကြသောကြောင့် သို့မဟုတ် ၎င်းတို့က သင်နှင့် အဆင်မပြေကြသောကြောင့် ၎င်းတို့ကို အပြစ်ပေးဖို့ နည်းလမ်းများစွာ သင်တို့ အကြံထုတ်နိုင်စွမ်း ရှိကြသလော။ ထိုသို့သော အရာမျိုးကို ယခင်က သင်တို့ လုပ်ဆောင်ဖူးကြပါသလော။ ထိုအရာ မည်မျှ သင်တို့ လုပ်ဆောင်ပြီးကြပြီနည်း။ သင်တို့သည် လူတို့ကို အမြဲ သွယ်ဝိုက်၍ သိမ်ငယ်နေစေခဲ့သည်၊ ထိခိုက်နာကြည်းစေသော ဝေဖန်ချက်များ ပြုလုပ်နေခဲ့ပြီး ၎င်းတို့ကို ထေ့ငေါ့နေခဲ့ကြသည် မဟုတ်လော။ ထိုသို့သော အရာများကို လုပ်ဆောင်နေခဲ့ချိန်တွင် သင်တို့သည် မည်သည့်အခြေအနေများတွင် ရှိခဲ့ကြသနည်း။ ထိုအချိန်တွင်၊ သင်တို့သည် မကျေနပ်ချက်ဖွင့်ပြောနေခဲ့ကြပြီး ပျော်ရွှင်ခဲ့ကြပေသည်။ သင်တို့ အသားစီးရထားခဲ့ကြသည်။ သို့သော်၊ နောက်ပိုင်းတွင်၊ သင်တို့က၊ ‘လွန်စွာစက်ဆုပ်ဖွယ် အရာတစ်ခုကို ငါ လုပ်ဆောင်ခဲ့သည်။ ငါသည် ဘုရားသခင်ကို ကြောက်ရွံ့သောသူ မဟုတ်သကဲ့သို့၊ ထိုလူကို အလွန် မတရား ငါ ဆက်ဆံမိလေပြီ’ ဟု မိမိတို့ကိုယ်ကိုယ် တွေးခဲ့သည်။ စိတ်ထဲတွင်၊ အပြစ်ရှိခြင်းကို သင် ခံစားခဲ့ရပါသလော။ (ခံစားရပါသည်။) သင်တို့သည် ဘုရားသခင်ကို ကြောက်ရွံ့သောသူများ မဟုတ်သော်လည်း၊ သင်တို့သည် အနည်းဆုံးအနေဖြင့် အသိတရား ခံစားချက်တစ်စုံတစ်ရာ ရှိလေသည်။ ထို့ကြောင့်၊ သင်သည် အနာဂတ်တွင် ဤအရာမျိုးကို တစ်ဖန် လုပ်ဆောင်နိုင်စွမ်း ရှိသေးသလော။ ၎င်းတို့ကို သင် အထင်သေးသည့်အခါတိုင်းနှင့် ၎င်းတို့နှင့် အဆင်မပြေသည့်အခါတိုင်း၊ သို့မဟုတ် သင့်ကို ၎င်းတို့ မနာခံသည့်အခါတိုင်း သို့မဟုတ် နားမထာင်သည့်အခါတိုင်းတွင် ၎င်းတို့ကို တိုက်ခိုက်ခြင်းနှင့် လက်တုန့်ပြန်ရန် ကြိုးစားခြင်းတို့ကို သင် စဉ်းစားနိုင်သလော။ ဤသို့သောအရာတစ်ခုခုကို သင်တို့ လုပ်ဆောင်ခဲ့ဖူးသလော။ ထိုသို့သော အရာတစ်ခုကို လုပ်ဆောင်သော လူတစ်ဦးသည် မည်သည့် လူ့သဘာဝမျိုးကို ပိုင်ဆိုင်သနည်း။ ၎င်းတို့၏ လူ့သဘာဝအရ၊ သူသည် မလိုမုန်းထားသောသူ ဖြစ်ပေသည်။ သမ္မာတရားနှင့်ယှဉ်၍ တိုင်းတာပါက၊ သူသည် ဘုရားသခင်ကို မကြောက်ရွံ့ပေ။ သူ၏စကားနှင့် လုပ်ရပ်များတွင် သူ၌ အခြေခံသဘောတရားများ လုံးဝ မရှိပေ။ သူသည် လက်လွတ်စပယ် ပြုမူပြီး သူ့သဘောရှိ လုပ်ဆောင်သည်။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့်စပ်လျဉ်း၍ ထိုသို့သော လူများသည် ဝင်ရောက်မှုတစ်ခုခုကို စွမ်းဆောင်ရရှိပြီးဖြစ်သလော။ လုံးဝမဟုတ်ပေ။ အဖြေမှာ ရာနှုန်းပြည့်ပင် ‘မဟုတ်’ ဟု ဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်သောလမ်းမှန်သို့ မဝင်ရောက်မီ လူတို့၌ရှိသော သတ်မှတ်ချက်ငါးချက်”) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ အခြေအနေ အတိအကျကို ထုတ်ဖော်ပြခဲ့တယ်။ ကျွန်မက ဘုရားအတွက် ကြောက်ရွံ့မှု လုံးဝ ကင်းမဲ့ပြီး ရက်စက်တဲ့ လူ့သဘာဝရှိခဲ့တယ်။ ကျွန်မကို စိတ်ဆိုးစေတဲ့သူ ဘယ်သူကိုမဆို ကျွန်မ ဒေါသတကြီး ရမ်းပြီး လက်စားချေခဲ့တယ်။ ကျွန်မရဲ့ ပြဿနာတွေနဲ့ပတ်သက်လို့ အစ်ကျန်းက အရမ်းတဲ့တိုးဖြစ်လွန်းတော့၊ သင်းထောက်တွေရှေ့မှာ သိက္ခာဆုံးရှုံးစေသလို ကျွန်မ ခံစားခဲ့တယ်။ ပထမတော့ ထိန်းချုပ်ပြီး ကိုယ့်ကိုယ်ကိုယ် အတင်း လက်ခံစေနိုင်ခဲ့ပေမဲ့၊ အကြိမ်တော်တော်များများ ဖြစ်ပြီးတဲ့နောက်မှာ သူ့အပေါ် ကျွန်မ ခံစားချက်တင်းမာခဲ့တယ်။ သူနဲ့ပတ်သက်လို့ အပြစ်ရှာပြီး လက်စားချေချင်ခဲ့သလို၊ သိက္ခာဆုံးရှုံးရတာကို မြည်းစမ်းစေချင်ခဲ့တယ်။ သူ့အလုပ်မှာ ပြဿနာတစ်ခုတွေ့တော့၊ ကျွန်မ မကူညီခဲ့သလို၊ သူ့ကို ဆူပြီး အကြည့်ရဆိုးအောင် လုပ်ဖို့တောင် အဲဒီအခွင့်အရေးကို သုံးခဲ့တယ်။ ကိုယ့်သဘောအတိုင်း မဖြစ်တဲ့အခါ၊ ပိုစိတ်အနှောင့်အယှက်ဖြစ်ပြီး သူ့ကို ညီအစ်ကို မောင်နှမတွေက မနှစ်သက်ဘဲ၊ ဖယ်ကြည်အောင်လို့ ကွယ်ရာမှာ သူ့ကို ဝေဖန်ခဲ့တယ်။ သူ့ပြဿနာတွေအကြောင်း ခေါင်းဆောင်ဆီ ကျွန်မ တမင်ပြောခဲ့တယ်။ သူက အစ်မကျန်းက ဝေဖန်ပြီး ထုတ်ပယ်မယ်လို့ မျှော်လင့်ရင်းနဲ့ပေါ့။ အဲဒီတုန်းက သူ့အနေနဲ့ ကျွန်မနဲ့ပတ်သက်လို့ ထပ်ပြဿနာ ဖြစ်စေမှာမဟုတ်သလို၊ ကျွန်မအပေါ် ညီအစ်ကို မောင်နှမတွေရဲ့ အမြင်ကို အဖတ်ဆယ်နိုင်မယ်လို့ တွေးခဲ့တယ်။ ကျွန်မလုပ်ရပ်တွေက အစ်မကျန်းအတွက် အရမ်းကိုပဲ ဝမ်းနည်း၊ နာကျင်စရာ ဖြစ်ခဲ့ရုံသာမက၊ ဧဝံဂေလိအလုပ်ကို တကယ် အနှောင့်အယှက် ပေးခဲ့တယ်။ ကျွန်မမှာ တကယ် အန္တရာယ်ပေးမဲ့သဘောရှိတဲ့ ရက်စက်တဲ့ သဘာဝရှိမှန်း တွေ့ရတယ်။ ပုန်ကန်ပြစ်မှားမှု နည်းနည်းမှ ကျွန်မ မကိုင်တွယ်နိုင်ခဲ့ဘူး၊ လူ့သဘာဝ လုံးဝ ကင်းမဲ့ခဲ့တယ်။ ခေါင်းဆောင်အနေနဲ့ အစေခံဖို့ ဘုရားက ကျွန်မကို မြှင့်တင်ခဲ့တဲ့အကြောင်း တွေးမိတယ်။ အဲဒါက ကျွန်မတို့ အချင်းချင်း ကူညီပြီး အသက်စိတ်သဘောထားတွေ ပြောင်းလဲနိုင်အောင် ကျွန်မတို့တာဝန်မှာ တခြားလူတွေနဲ့ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ပဲ။ ဒါပေမဲ့ ကိုယ့်သိက္ခာနဲ့ အဆင့်အတန်းအတွက် ပြဿနာကို လှုံ့ဆော်ပြီး တခြားလူတွေကို ခံစားချက်မြင့်တင်ပေးရင်းနဲ့ အစ်မကျန်းအပေါ် ဒေါသတကြီးရမ်းပြီး လက်စားချေခဲ့တယ်။ ညီအစ်ကို မောင်နှမတွေကို နာကျင်စေခဲ့ပြီး ဘုရားအိမ်တော်ရဲ့ အလုပ်ကို တကယ် တားဆီးခဲ့တယ်။ ကျွန်မ တကယ်ကို မကောင်းမှု လုပ်နေခဲ့မှန်း တွေ့ရတယ်။

နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခြင်းအားဖြင့်၊ ကျွန်မရဲ့ ရက်စက်တဲ့ သဘာဝအပေါ် သိနားလည်မှုတချို့ ရခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “တိုက်ခိုက်ခြင်းနှင့် လက်စားချေခြင်းသည် မလိုမုန်းထားသော ဆိုးယုတ်သည့် သဘာဝမှလာသည့် လုပ်ရပ်နှင့် ထုတ်ဖော်ပြခြင်း အမျိုးအစားတစ်ခုဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစားတစ်ခုလည်း ဖြစ်သည်။ လူတို့က ဤသို့စဉ်းစားကြ၏။ ‘ကျွန်ုပ်အပေါ် သင်မကြင်နာလျှင် သင့်အပေါ် ကျွန်ုပ်တရားမျှတမည် မဟုတ်။ ကျွန်ုပ်ကို သိက္ခာနှင့် သင်မဆက်ဆံလျှင် ကျွန်ုပ်သည်လည်း သင့်ကို အဘယ်ကြောင့် သိက္ခာနှင့် ဆက်ဆံရမည်နည်း’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ အဘယ်သို့သော စဉ်းစားပုံမျိုးနည်း။ ယင်းသည် အငြိုးကြီးသော စဉ်းစားနည်းမဟုတ်သလော။ သာမန်လူတစ်ယောက်၏ အမြင်များတွင် ဤရှုထောင့်အမြင်မျိုးသည် အလုပ်ဖြစ်နိုင်ချေ မရှိသလော။ ယင်းက ယုတ္တိမရှိသလော။ ‘ငါ့ကို လာမတိုက်ခိုက်လျှင် ငါလည်း တိုက်ခိုက်မည် မဟုတ်။ လာတိုက်ခိုက်ပါမူ သေချာပေါက် ပြန်လည်တိုက်ခိုက်မည်’၊ ပြီးလျှင် ‘သင်လုပ်သည့်အတိုင်း ပြန်ခံရခြင်းဖြစ်သည်’ ဤကဲ့သို့သော အရာတို့ကို မယုံကြည်သူများက မကြာခဏ ပြောဆိုကြသည်။ ၎င်းတို့အကြားတွင် ဤအရာအားလုံးတို့သည် ခိုင်လုံပြီး လူ့အယူအဆများနှင့် လုံးလုံးကိုက်ညီသော အကြောင်းပြချက်များ ဖြစ်၏။ သို့တိုင်အောင် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို လိုက်စားသူတို့သည် ဤစကားများကို အဘယ်သို့ ရှုမြင်သင့်သနည်း။ ဤအယူအဆများမှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် မမှန်ကန်သနည်း။ ယင်းတို့ကို မည်သို့အမျိုးအစား ခွဲခြားသင့်သနည်း။ ဤအရာတို့သည် မည်သည့်နေရာမှ လာသနည်း။ (စာတန်ထံမှ လာပါသည်။) ၎င်းတို့သည် စာတန်ထံမှ လာ၏၊ ဤအရာကို သံသယဖြစ်စရာ မရှိပေ။ စာတန်၏ မည်သည့်စိတ်သဘောထားမှ ယင်းတို့လာသနည်း။ စာတန်၏ မလိုမုန်းထားသော သဘာဝမှ လာသည်။ ယင်းတို့တွင် အဆိပ်ပါဝင်သည်။ ယင်းတို့တွင် စာတန်၏ မလိုမုန်းထားမှုနှင့် အကျည်းတန်မှုအားလုံးပါသည့် သရုပ်မှန်ပါဝင်သည်။ ထိုသဘာဝ၏ တကယ့်အဖြစ်အနေ ပါဝင်သည်။ ထိုသဘာဝ၏ အဖြစ်အနေ ပါဝင်သော အမြင်ရှုထောင့်များ၊ အတွေးများ၊ ဖော်ပြချက်များ၊ စကားများနှင့် လုပ်ရပ်များပင်ဖြစ်သော အရာတို့၏ သဘာဝမှာ အဘယ်နည်း။ ယင်းတို့သည် စာတန်နှင့် သက်ဆိုင်သည် မဟုတ်လော။ စာတန်၏ ဤသွင်ပြင်လက္ခဏာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ကိုက်ညီသလော။ သမ္မာတရားနှင့် ကိုက်ညီသလော။ ယင်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အခြေပြုထားချက်ရှိသလော။ (မရှိပါ။) ယင်းတို့သည် ဘုရားသခင်၏ နောက်တော်သို့ လိုက်သူများ လုပ်ဆောင်သင့်သည့်အရာ ဟုတ်သလော။ ၎င်းတို့ပိုင်ဆိုင်သင့်သည့် အတွေးအမြင်များ ဟုတ်သလော။ (မဟုတ်ပါ။)(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းမှသာလျှင် သင်သည် အပျက်သဘောဆောင်သည့် အခြေအနေမှ လွတ်မြောက်နိုင်သည်”)အန္တိခရစ်များတွင် ရက်စက်သော သဘာဝတစ်ခုရှိသည်။ ဤအဓိက စိတ်သဘောထားသည် မည်သည့်လူစားမျိုးတွင် ရှိသနည်း။ (ဆိုးယုတ်သောလူများ။) မှန်သည်။ ဆိုးယုတ်သောသူ၏ စိတ်သဘောထားနှင့်ဆိုင်သော အဓိကသွင်ပြင်လက္ခဏာမှာ ရက်စက်ခြင်းဖြစ်သည်။ ရက်စက်သောသူတစ်ယောက်သည် ရည်ရွယ်ချက်ကောင်းမွန်သော တိုက်တွန်းအားပေးခြင်း၊ စွပ်စွဲခြင်း၊ သင်ကြားပေးခြင်း၊ သို့မဟုတ် ကူညီခြင်းတစ်မျိုးမျိုးကို ရင်ဆိုင်ရသည့်အခါတွင် ၎င်းတို့၏ သဘောထားက ကျေးဇူးမတင်ရန်၊ သို့မဟုတ် နှိမ့်ချစွာ လက်မခံရန်ဖြစ်ပြီး ယင်းအစား ဒေါသထွက်ရန်၊ အလွန်အမင်း မုန်းတီးခြင်းဖြစ်ရန်၊ ရန်လိုခြင်းနှင့် လက်စားချေသည့် ဆန္ဒပင် ဖြစ်သည်။...၎င်းတို့က မုန်းတီးမှုကြောင့် အခြားလူအပေါ် လက်တုံ့ပြန်သောအခါ အာဃာတဟောင်းတစ်ခုရှိသောကြောင့်မဟုတ်ဘဲ ထိုသူက သူ၏အမှားများကို ဖော်ထုတ်ခဲ့သောကြောင့်ဖြစ်သည်မှာ မှန်ပေသည်။ ဤသည်မှာ မည်သူက ထိုသို့လုပ်ဆောင်သည်ဖြစ်စေ၊ အန္တိခရစ်နှင့် ၎င်းတို့ ဆက်ဆံရေးက မည်သို့ရှိသည်ဖြစ်စေ၊ ၎င်းတို့ကို ဖော်ထုတ်သည့်လုပ်ရပ်မျှက ၎င်းတို့၏ မုန်းတီးမှုကို ဖြစ်ပေါ်စေနိုင်ပြီး ၎င်းတို့၏ လက်စားချေမှုအား လှုံ့ဆော်နိုင်သည််ကို ပြသည်။ မည်သူဖြစ်စေ၊ ထိုသို့လုပ်ဆောင်သူသည် သမ္မာတရားကို နားလည်သူဖြစ်စေ၊ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသောသူများထဲမှ သာမန်အဖွဲ့ဝင်တစ်ယောက်ဖြစ်စေ အရေးမကြီးပေ။ တစ်စုံတစ်ယောက်က အန္တိခရစ်ကို ဖော်ထုတ်၊ ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းလျှင် ၎င်းတို့သည် ထိုသူကို ရန်သူအဖြစ် ဆက်ဆံမည်ဖြစ်ပြီး ‘တစ်စုံတစ်ယောက်က ငါ့ကို ကိုင်တွယ်ဖြေရှင်းလျှင် သူတို့အပေါ် ကြမ်းတမ်းမည်။ တစ်စုံတစ်ယောက်က ငါ့ကို ကိုင်တွယ်ဖြေရှင်းလျှင်၊ ပြုပြင်လျှင်၊ ငါ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်လျှင်၊ ဘုရားအိမ်တော်မှ ထုတ်ပယ်ခံရအောင် ပြုလုပ်လျှင်၊ ငါ၏ ကောင်းချီးဝေစုကို လုယူလျှင်၊ ထိုသူတို့ကို ငါ မည်သည့်အခါမျှ အလွတ်ပေးမည်မဟုတ် ဟူ၍ပင် ပွင့်လင်းစွာ ပြောဆိုလိမ့်မည်။ ငါသည် အပြင်လောက၌လည်း ထိုကဲ့သို့ပင် ဖြစ်သည်— မည်သူမျှ ငါ့ကို ပြဿနာမရှာရဲ၊ ငါ့ကို ဒုက္ခပေးရဲသည့်သူ မမွေးလာသေး’ ဟူ၍ ပြောသာသူများပင် ရှိကြသည်။ ဤသည်တို့မှာ အန္တိခရစ်များက ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရခြင်းကို ရင်ဆိုင်ရသည့်အခါတွင် ပြောဆိုသည့် စိတ်ဆိုးသော စကားလုံးအမျိုးအစားဖြစ်သည်။ ဤစိတ်ဆိုးသော စကားများကို ၎င်းတို့ ပြောဆိုသည့်အခါ သူတစ်ပါးတို့ကို ခြိမ်းခြောက်ရန်မဟုတ်သကဲ့သို့ မိမိတို့ကိုယ်ကိုယ် ကာကွယ်ရန် ထွက်ပေါက်ရှာခြင်းလည်း မဟုတ်ပေ။ ဤသည်မှာ စစ်မှန်သည့် ကောက်ကျစ်ဆိုးယုတ်မှု အတိတ်နိမိတ်များဖြစ်ပြီး၊ ၎င်းတို့တတ်နိုင်သည့် မည်သည့်နည်းလမ်းကိုမဆို အောက်တန်းကျစွာ လုပ်ဆောင်နိုင်သည်။ ဤသည်မှာ အန္တိခရစ်များ၏ ရက်စက်သော စိတ်သဘောထားဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၈)”) အန္တိခရစ်တွေဟာ ရက်စက်ပြီး၊ သူတို့ကို တစ်ယေက်ယောက်က ရန်စရင်၊ သူတို့ရဲ့ သိက္ခာ၊ အဆင့်အတန်းကို ထိခိုက်ရင်၊ ရန်သူအနေနဲ့ မြင်ပြီး အဲဒီလူတွေအပေါ် လက်စားချေမယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ တွေ့ရတယ်။ တကယ့် မကောင်းဆိုးဝါးပဲ။ အန္တိခရစ်ရဲ့ စိတ်သဘောထားနဲ့ အပြုအမူကို ကျွန်မရဲ့ဟာနဲ့ နှိုင်းကြည့်တော့၊ ကျွန်မက အတူတူပဲ မဟုတ်လား။ “ကျွန်ုပ်တို့ တိုက်ခိုက်ခံရလျှင် တန်ပြန်တိုက်ခိုက်မည်မှာ သေချာ၏” “မျက်စိအတွက် မျက်စိ၊ သွားအတွက် သွား” ဆိုတာနဲ့ “လုပ်ချင်ကိုင်ချင်စိတ် ရှိသောသူသည် ပိုခိုင်းခံရ၏” ဆိုတာတွေအားလုံးက မှန်တယ်လို့ ကျွန်မ တွေးခဲ့တဲ့ ဆိုးယုတ်တဲ့ အဆိပ်တွေပဲ။ ကျွန်မရဲ့ ပြဿနာကို အစ်မကျန်းက အကြိမ်တော်တော်များများ ထောက်ပြခဲ့ပြီး ကျွန်မကို မြင်မကောင်းအောင် လုပ်ခဲ့တယ်၊ ဒါကြောင့် သူ့ကို လက်စားချေတာက အဆင်ပြေတယ်လို့ ကျွန်မ တွေးမိခဲ့တယ်။ ကျွန်မ ပြန်မတိုက်ခိုက်ရင်၊ ကျွန်မကို အနိုင်ကျင့်လို့ရပြီး စီးပိုးလို့ရတယ်လို့ လူတွေက ထင်သွားမှာ။ လူတိုင်းရှေ့မှာ သူ ကျွန်မကို အမြဲ ဖော်ထုတ်မှာ၊ ကျွန်မမှာ မကောင်းတဲ့ လူ့သဘာဝရှိတယ်လို့ ခေါင်းဆောင်က ထင်ပြီး ထုတ်ပယ်မှာ၊ ပြီးတဲ့နောက် ကျွန်မရဲ့ အနာဂတ်နဲ့ ရာထူးက မလုံခြုံတော့မှာကို ကျွန်မ ကြောက်ခဲ့တယ်။ ကျွန်မရှိတဲ့ ပြဿနာကို အစ်မကျန်းက ဖော်ထုတ်နေမှန်း မြင်ခဲ့ပေမဲ့၊ ကိုယ့်ကိုယ်ကိုယ် လုံးဝ မသုံးသပ်ခဲ့ဘူး။ အဲဒီအစား သူ့ကို ရန်သူလို ဆက်ဆံရင်းနဲ့ ဒေါသတကြီး ရမ်းပြီး သူ့ကို ဖယ်ကြဉ်ချင်ခဲ့တယ်။ အစ်မကျန်းက သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ အခြအနေမှာ စိတ်မချမ်းမြေ့သလို၊ သူ့တာဝန်က ထိခိုက်တာကို မြင်နေတာတောင် ကျွန်မ ဂရုမစိုက်ခဲ့ဘူး။ အသင်းတော်ရဲ့ မလုပ်ကို ထည့်တွက်ခြင်း မရှိဘဲ၊ သူ့ကို ကျွန်မ ဘယ်လောက်နာကျင်စေမှန်းကို လုံးဝ အရေးမစိုက်ဘဲ၊ ကိုယ့်ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ကျွန်မ သူ့ကို ပြစ်တင်ဝေဖန်ခဲ့တယ်။ ကျွန်မ အရမ်း မလိုမုန်းထားခဲ့တာပါ။ လူ့သဘာဝ တစ်ခုမှမရှိဘဲ ရက်စက်၊ ဆိုးယုတ်တဲ့ စိတ်သဘောထားနဲ့ အသက်ရှင် နေထိုင်ရင်း ဒီဆိုးယုတ်တဲ့ အဆိပ်တွေနဲ့ ကျွန်မ အသက်ရှင်နေမိခဲ့တယ်။ အရင်က ကြုံဖူးတဲ့ အန္တိခရစ်တစ်ယောက်ကို သတိရမိတယ်။ လူတွေကို သူ့ကို ချီးမွမ်းတာ၊ ကြင်ကြင်နာနာ စကားပြောတာကို သူလည်း နှစ်သက်ခဲ့တယ်၊ ဒါပေမဲ့ သူ့ရဲ့ သိက္ခာနဲ့ အဆင့်အတန်းကို ထိခိုက်စေရင်းနဲ့ ညီအစ်ကို မောင်နှမတွေက သူ့ကို ဖော်ထုတ်တဲ့အခါမှာ၊ တခြားလူတွေကို အပျက်သဘောဆောင်ပြီး အားနည်းစေရင်းနဲ့ သူ ဒေါသတကြီး ရမ်းခဲ့တယ်၊ လက်စားချေခဲ့တယ်၊ သူတို့ကို အခက်တွေ့အောင် လုပ်ခဲ့တယ်။ သူ့ကို ဖော်ထုတ်နေတဲ့ ခေါင်းဆောင်တွေကို သူ လက်မခံခဲ့သလို၊ အယူအဆတွေ ဖြန့်ပြီး ဝေဖန်တိကပြုရင်းနဲ့ သူတို့ကို ဆန့်ကျင်ဖို့ ကိစ္စတွေ ရှာခဲ့တယ်။ သူ အရမ်း အနှောင့်အယှက်ဖြစ်ခဲ့တာဟာဆိုရင် အသင်းတော်အလုပ်က ပုံမှန်အတိုင်း ဆက်မသွားနိုင်ခဲ့ဘူး။ အကြိမ်တော်တော်များများ ခေါင်းဆောင်တွေက သူ့ကို မိတ်သဟာပြုပြီး ကူညီခဲ့ပေမဲ့ သူက နောင်တမရချင်ခဲ့ဘူး။ မကောင်းမှု အများကြီးလုပ်တဲ့အတွက် နောက်ဆုံးမှာ အသင်းတော်ကနေ နှင်ထုတ်ခံလိုက်ရတယ်။ ကျွန်မက အစ်မကျန်းအပေါ် လက်စားချေရင်းနဲ့ သူ့လောက် ရက်စက်ခဲ့တာပဲ မဟုတ်လား။ ကိုယ့်ကိုယ်ပိုင် အပြုအမူအတွက် စက်ဆုပ်ပြီး မနှစ်မြို့ ဖြစ်မိတယ်။ အမှန်တကယ် နောင်တရပြီး ပြောင်းလဲဖို့နဲ့ မတူကွဲပြားတဲ့ လူစားမျိုး ဖြစ်ဖို့ ကျွန်မ ဆုံးဖြတ်ခဲ့တယ်။

တခြားလူတွေကို ဆက်ဆံခြင်းနဲ့ ညီအစ်ကို၊ ညီအစ်မတစ်ယောက်အပေါ် ကိစ္စတွေကို အမြင်စောင်းလာတဲ့အခါ ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ စည်းမျဉ်းတွေကို ရှာခဲ့တယ်။ နှုတ်ကပတ်တော်တချို့ကို ဖတ်ခဲ့တယ်။ “ဘုရားသခင်၏အိမ်တော်တွင် လူတို့ကို ဆက်ဆံပုံအတွက် စည်းမျဉ်းများက အဘယ်နည်း။ လူတိုင်းကို သမ္မာတရားစည်းမျဉ်းများနှင့်အညီ ဆက်ဆံသင့်သည်။ ညီအစ်ကိုမောင်နှမတစ်ယောက်စီတိုင်းအား မျှမျှတတ ဆက်ဆံသင့်သည်။ ၎င်းတို့ကို မည်သို့ မျှမျှတတ ဆက်ဆံရမည်နည်း။ ဤအရာကို ဘုရားနှုတ်ကပတ်တော်အပေါ်၊ ဘုရားသခင်က မည်သူတို့ကို ကယ်တင်သည်ဆိုသည့်အပေါ်၊ ဘုရားသခင်က မည်သူ့ကို စွန့်ပယ်သည်၊ မည်သည့်အရာကို နှစ်သက်သည်၊ မည်သည့်အရာကို မုန်းတီးသည်ဆိုသည်တို့အပေါ်တွင် အခြေခံရမည်။ ဤအရာတို့သည် သမ္မာတရား စည်းမျဉ်းများဖြစ်သည်။ ညီအစ်ကိုမောင်နှမများကို ချစ်ခင်သော ကူညီမှုဖြင့်၊ အပြန်အလှန်လက်ခံမှုနှင့် စိတ်ရှည်မှုဖြင့် ဆက်ဆံသင့်သည်။ မကောင်းမှုပြုသူများနှင့် မယုံကြည်သူများကို ခွဲခြားဖော်ထုတ်ပြီး သီးခြားခွဲထားကာ ဝေးဝေးရှောင်သင့်သည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့်သာ လူတို့ကို စည်းမျဉ်းနှင့် ဆက်ဆံခြင်းဖြစ်သည်။ ညီအစ်ကိုမောင်နှမတိုင်းတွင် အားသာချက်၊ အားနည်းချက်များရှိကြပြီး အားလုံးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိကြသည်။ ထို့ကြောင့် လူတို့သည် အတူတကွရှိသောအခါ အချင်းချင်း ချစ်ခင်စွာကူညီသင့်သည်။ လက်ခံပြီး စိတ်ရှည်သင့်ကာ အထအနမကောက်သင့်ပေ၊ သို့မဟုတ် အလွန်အမင်း မကြမ်းတမ်းသင့်ပေ။...မသိနားမလည်ဘဲ မိုက်မဲသော လူတို့ကို ဘုရားသခင်က မည်သို့ ဆက်ဆံသည်၊ မရင့်ကျက်သည့် ဝိညာဉ်အသက်တာရှိသူတို့ကို သူ မည်သို့ ဆက်ဆံသည်၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ပုံမှန်သရုပ်သကန်များကို သူ မည်သို့ ဆက်ဆံပုံနှင့် မလိုမုန်းထားသော သူတို့ကို သူ ဆက်ဆံပုံတို့ကို သင် ကြည့်ရှုလေ့လာရမည်။ ဘုရားသခင်သည် လူအမျိုးမျိုးကို နည်းလမ်းအမျိုးမျိုးဖြင့် ဆက်ဆံပြီး၊ မတူညီသော လူတို့၏ အခြေအနေ အမြောက်အများကို စီမံခန့်ခွဲနည်းအမျိုးမျိုးလည်း သူ့ထံတွင် ရှိ၏။ ဤသမ္မာတရားများကို သင်နားလည်ပြီးသည်နှင့်၊ ထိုအခါတွင် အမှုအရာများကို သင် မည်သို့ တွေ့ကြုံခံစားဖို့ကိုလည်းကောင်း၊ လူတို့ကို စည်းမျဉ်းများနှင့်အညီ မည်သို့ ဆက်ဆံဖို့ကိုလည်းကောင်း သင် သိလိမ့်မည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားကို ရရှိရန်၊ သင့်အနေဖြင့် သင့်ဝန်းကျင်ရှိ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်”)လူတိုင်းနှင့် သဟဇာတဖြစ်စွာ အလုပ်လုပ်ရန် သင်ယူလော့။ သမ္မာတရား၊ ဘုရားနှုတ်ကပတ်တော်၊ စည်းမျဉ်းများဖြင့် သူတစ်ပါးတို့နှင့် ဆက်ဆံပြီး စိတ်ခံစားချက်ဖြင့်၊ သို့မဟုတ် စိတ်မြန်လက်မြန်ဖြင့် မဆက်ဆံနှင့်။ ဤသို့ဖြင့် အသင်းတော်တွင် သမ္မာတရား စိုးမိုးမည်မဟုတ်လော။ သမ္မာတရားက စိုးမိုးသရွေ့ အမှုအရာများက မျှတပြီး ကျိုးကြောင်းသင့်လျော်မည်မဟုတ်လော။ သဟဇာတဖြစ်စွာ ညှိုနှိုင်းဆောင်ရွက်ခြင်းသည် လူတိုင်းအတွက် အကျိုးဖြစ်စေသည်ဟု သင်တို့ မထင်သလော။ အမှုအရာများကို ဤသို့ လုပ်ဆောင်ခြင်းသည် သင်တို့အတွက် အလွန်အကျိုးဖြစ်စေသည်။ ရှေးဦးစွာ သင့်တာဝန်များကို သင်ထမ်းဆောင်သည်နှင့်အမျှ သင့်အတွက် အပြုသဘောဆောင်စွာ စိတ်ဓာတ်မြှင့်တင်ပေးပြီး အဓိပ္ပာယ်ရှိသည်။ ထို့အပြင် သင်တို့ကို အမှားများမပြုလုပ်မိစေရန်၊ အနှောင့်အယှက်အဖျက်အဆီးများ မဖြစ်ပေါ်စေရန်၊ အန္တိခရစ်လမ်းကြာင်းကို မလျှောက်စေရန် တားဆီးပေးသည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်”) ဒီအရာကနေ၊ ဘုရားက လူအမျိုးအစားအားလုံးကို သမ္မာတရား စည်းမျဉ်းတွေနဲ့အညီ ဆက်ဆံဖို့ ကျွန်မတို့ကို ပြောမှန်း တွေ့ရတယ်။ သမ္မာတရားကို လက်ခံနိုင်တဲ့ စစ်မှန်တဲ့ ယုံကြည်သူတွေက ကျွန်မတို့အတွက် မာနထောင်လွှားတာ၊ တဲ့တိုးဖြစ်လွန်းပြီး နာကျင်စရာဖြစ်တာတွေလို ဖောက်ပြန်ပျက်စီးခြင်း နည်းနည်းကို ထုတ်ဖော်ပြရင်၊ ကျွန်မတို့က သည်းခံ၊ စိတ်ရှည်သင့်တယ်၊ သူတို့ကို ကူညီပြီး မေတ္တာနဲ့ မိတ်သဟာပြုသင့်တယ်၊ သူတို့အမှားတွေအပေါ် အလွန်အကျွံ အာရုံမစိုက်သင့်တယ်။ ဒါပေမဲ့ ဝေဖန်တိကပြုတတ်ပြီး ဒေါသတကြီး ရမ်းတဲ့၊ အဆင့်အတန်းအတွက် ယှဉ်ပြိုင်ရာမှာ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို တိုက်ခိုက်တဲ့ မကောင်းမှုပြုသူ၊ အန္တိခရစ်တွေကတော့ ဖော်ထုတ်ခံရမယ်၊ စိတ်ဖြာဆွေးနွေးခံရပြီး နှင်ထုတ်ခံရမှာပဲ။ အစ်မကျန်းက ဖြောင့်မတ်တဲ့ အသိစိတ်ရှိတဲ့၊ အသင်းတော်အလုပ်ကို ထိန်းသိမ်းတဲ့ စစ်မှန်တဲ့ ယုံကြည်သူတစ်ယောက်ဖြစ်မှန်း ကျွန်မ သိခဲ့တယ်။ သူက ကြမ်းတမ်းတဲ့ လေးသံနဲ့ အမှန်အတိုင်း ပြောတတ်တာပဲရှိပေမဲ့ မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူး။ ကျွန်မရဲ့ ပြဿနာတွေကို ထောက်ပြတာက မှန်တဲ့ လမ်းကြောင်းကနေ ကျွန်မ မသွေဖည်အောင်နဲ့ အသင်းတော်အလုပ်ကို မထိခိုက်အောင်လို့ ကျွန်မရဲ့ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို နားလည်စေဖို့ပဲ။ စုဝေးပွဲတွေမှာ ကျွန်မရဲ့အမှားတွေကို ဖော်ပြတာက ကျွန်မအလုပ်ထဲက အားနည်းချက်တွေကို မြင်အောင်နဲ့ ကျွန်မတာဝန်မှာ သမ္မာတရား စည်းမျဉ်းတွေကို လိုက်လျှောက်အောင်လို့ပါ။ အဲဒါက အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်နေခဲ့တာပဲ။ ဒါကို လုပ်ရာမှာ ဖောက်ပြန်ပျက်စီးခြင်း အချို့ကို သူ ပြခဲ့ပေမဲ့၊ ကျွန်မအနေနဲ့ နားလည်နေသင့်တယ်၊ စိတ်ရှည်ပြီး သူ့အပေါ် မျှတသင့်တယ်။ အမှန်တော့၊ တခြားလူတွေရဲ့ ကြီးကြပ်တာနဲ့ အကြုံပြုချက်တွေက တကယ် ကျွန်မကို အကျိုးပြုတယ်။ ကျွန်မမှာ မာနထောင်လွှားတဲ့ သဘာဝ ရှိတယ်။ တခြားလူတွေကို ကျွန်မ အမြဲ အထင်သေးပြီး သူတို့ကို ဆူဖို့ ကျွန်မရဲ့ ရာထူးကို သုံးခဲ့တယ်။ သူတို့အတွက် အဲဒါက နာကျင်စရာနဲ့ စိတ်ကျဉ်းကျပ်စရာ ဖြစ်ခဲ့ပြီး ကျွန်မက အဲဒါကို မမြင်ခဲ့ဘူး။ ကျွန်မကို အစ်မကျန်း ဖော်ထုတ်ပြီး ဒီကိစ္စတွေကို ထောက်ပြတာက ကျွန်မကို ကူညီခဲ့ပြီး ဘုရားအိမ်တော်ရဲ့ အလုပ်ကို အကျိုးပြုခဲ့တယ်။ ဒါပေမဲ့ ကျွန်မက သူ့ကို ကြဉ်ချင်လျက်နဲ့ ဒေါသတကြီး ရမ်းပြီး လက်စားချေခဲ့တယ်။ ကျွန်မက လူ့သဘာဝ တစ်ခုမမရှိဘဲ အရမ်း ရက်စက်ခဲ့တယ်။ ဒါက ကျွန်မအတွက် မြင်ရတာ စိတ်မချမ်းသာစရာပဲ၊ အစ်မကျန်းကို ကျွန်မ တကယ် အကြွေးတင်သလို ခံစားခဲ့ရတယ်။ အဲဒီနောက်မှာ၊ ကျွန်မစိတ်နှလုံးကို သူ့ဆီ ဖွင့်ဟခဲ့တယ်။ ကျွန်မရဲ့ သိက္ခာနဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့ ဒေါသတကြီးရမ်းပြီး လက်စားချရင်း၊ သူ့ကို နာကျင်စေရင်းနဲ့ သူ့ရဲ့ ထောက်ပြချက်တွေနဲ့ အကူအညီကို လက်ခံဖို့ ငြင်းခဲ့ပုံနဲ့ ကျွန်မ မာနထောင်လွှားပြီး မလိုမုန်းထားခဲ့ပုံအကြောင်းကို ပြောပြခဲ့တယ်။ အဲဒီအရာအားလုံးအတွက် အစ်မကျန်းက ကျွန်မအပေါ် အာဃာတမထားခဲ့ဘဲ သူ့ကိုယ်ပိုင် မာနထောင်လွှားမှု၊ တခြားလူတွေရဲ့ ခံစားချက်ကို ထည့်မတွက်ဘဲ စကားပြောခဲ့တာကြောင့် အဲဒါက သူတို့ကို မကူညီ၊ မတည်ဆောက်ပေးခဲ့ကြောင်းကို မြင်ခဲ့တယ်။ ဒီပွင့်လင်းတဲ့ မိတ်သဟာယက ကျွန်မတို့နှစ်ယောက်ကြားက အတားအဆီးကို ပပျောက်သွားစေခဲ့ပြီး ကျွန်မတို့ ပိုရင်းနှီးသွားခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်ရာကနေ ငြိမ်သက်ခြင်းရဲ့ စစ်မှန်တဲ့ အရသာအပြင်၊ အဲဒါက ကျွန်မနဲ့ တခြားလူတွေအတွက် ကောင်းမှန်း မြည်းစမ်းခဲ့ရတယ်။

နောက်ပိုင်းမှာ ကျွန်မ တွေးမိတယ်၊ အနာဂတ်မှာ တခြားလူတွေက ကျွန်မကို ဖော်ထုတ်ပြီး ကိစ္စတွေ ထောက်ပြတဲ့အခါ၊ ကျွန်မရဲ့ မာနထိခိုက်ပြီး ရက်စက်တဲ့ အတွေးရှိတဲ့အခါ၊ ကျွန်မ ဘာလုပ်သင့်လဲ။ အဲဒီအခါ ဘုရားနှုတ်ကပတ်တော်တချို့ ကျွန်မ ဖတ်ခဲ့တယ်။ “လူအများစုသည် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရသောအခါ ယင်းသည် ၎င်းတို့က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ခြင်းကြောင့် ဖြစ်နိုင်သည်။ မသိနားမလည်ခြင်းကြောင့် မှားယွင်းသောအရာတစ်ခုခုကို လုပ်မိပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သစ္စာဖောက်သောကြောင့်လည်း ဖြစ်နိုင်သည်။ ၎င်းတို့၏ တာဝန်ကို ဖြစ်သလိုလုပ်ဆောင်ဖို့ ကြိုးပမ်းမှုများသည် ဘုရားအိမ်တော်၏ အလုပ်ကို ထိခိုက်စေသောကြောင့်လည်း ဖြစ်နိုင်သည်။ အဆိုးဝါးဆုံးဖြစ်သော အကြောင်းပြချက်မှာ လူတို့သည် အကန့်အသတ်မရှိဘဲ ၎င်းတို့ ဆန္ဒရှိသည့်အတိုင်း ပြောင်းပြောင်တင်းတင်းလုပ်ဆောင်ပြီး စည်းမျဉ်းများကို ချိုးဖောက်ကာ ဘုရားအိမ်တော်၏အလုပ်ကို နှောင့်ယှက်ဖျက်ဆီးသောအခါတွင် ဖြစ်သည်။ ဤသည်တို့မှာ လူတို့ ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရသည့် အဓိက အကြောင်းရင်းများဖြစ်သည်။ လူတစ်ယောက်ကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ခံရခြင်းဖြစ်စေသည့် အခြေအနေများက မည်သို့ရှိသည်ဖြစ်စေ ယင်းအပေါ်တွင် အရေးအပါဆုံးသဘောထားက မည်သည့်အရာနည်း။ ရှေးဦးစွာ ယင်းကို လက်ခံရမည်။ သင့်ကို မည်သူက ကိုင်တွယ်ဖြေရှင်းနေသည်ဖြစ်စေ၊ မည်သည့်အကြောင်းပြချက်ဖြစ်စေ၊ ကြမ်းတမ်းသည့်ပုံစံရှိသည်ဖြစ်စေ၊ သို့မဟုတ် လေသံနှင့် စကားအသုံးအနှုန်းက မည်သို့ဖြစ်စေ ယင်းကို လက်ခံသင့်သည်။ ထို့နောက်တွင် မည်သည့်အရာကို သင် မှားယွင်းစွာ လုပ်ဆောင်ခဲ့ကြောင်း၊ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင်ဖော်ထုတ်ခဲ့ကြောင်းနှင့် သမ္မာတရားစည်းမျဉ်းများနှင့်အညီ သင်ဆောင်ရွက်ခဲ့ခြင်းရှိမရှိတို့ကို သင် သတိပြုမိသင့်သည်။ သင်သည် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခြင်းခံရသောအခါ ရှေးဦးစွာ ဤသည်မှာ သင်ထားရှိသင့်သည့် သဘောထားဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၈)”)သင်၏ ညီအစ်ကို မောင်နှမများအတွက် မုန်းတီးမှုကို သင် သိုထားပါက၊ သင်သည် ၎င်းတို့ကို ဖိနှိပ်လေ့ရှိလိမ့်မည် ဖြစ်ပြီး ၎င်းတို့အပေါ် လက်တုန့်ပြန်လိမ့်မည် ဖြစ်သည်။ ဤသည်မှာ အလွန်ပင် ကြောက်မက်ဖွယ်ရာဖြစ်လိမ့်မည်။ ယင်းသည် ဆိုးယုတ်သောသူတစ်ယောက်၏ စိတ်သဘောထားဖြစ်သည်။ လူအချို့မှာ ရိုးရှင်းစွာပင် မုန်းတီးသော အတွေးများ၊ စိတ်ကူးများ၊ ဆိုးယုတ်သော စိတ်ကူးများရှိကြသည်။ သို့သော် မည်သည့်ဆိုးယုတ်သောအရာကိုမျှ လုံးဝ လုပ်ဆောင်ကြလိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် တစ်ယောက်ယောက်နှင့် အဆင်ပြေလျှင် လုပ်ဆောင်ကြမည်ဖြစ်ပြီး မလုပ်ဆောင်နိုင်လျှင် ထိုသူနှင့် အဝေးတွင်နေလိမ့်မည်ဖြစ်သည်။ ယင်းသည် ၎င်းတို့တာဝန်အပေါ် သက်ရောက်မှုရှိမည်မဟုတ်၊ သို့မဟုတ် ၎င်းတို့၏ သာမန် အပြန်အလှန်ဆက်ဆံရေးအပေါ် လွှမ်းမိုးမှုရှိမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့စိတ်နှလုံးတွင် ဘုရားသခင်ရှိပြီး ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားခြင်း မပြုချင်ကြသကဲ့သို့၊ ထိုသို့ လုပ်ဆောင်မိမည်ကို စိုးရွံ့ကြလေသည်။ ဤလူတို့သည် မမှန်ကန်သော အတွေးနှင့် အယူအဆအချို့ထားရှိနိုင်သော်လည်း ယင်းတို့ကို ငြင်းပယ်နိုင်၊ စွန့်ပစ်နိုင်သည်။ ၎င်းတို့၏ လုပ်ရပ်များတွင် အကန့်အသတ်ရှိကြသကဲ့သို့၊ လွန်ကျူးသော စကားတစ်လုံးမျှပင် မထွက်ဆိုကြပေ။ ဤအမှုကိစ္စတွင် ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားရန် မလိုလားကြပေ။ ဤသို့ ပြောဆိုပြုမူသောသူသည် စည်းမျဉ်းရှိပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူဖြစ်သည်။ သင်သည် တစ်စုံတစ်ဦး၏ ပင်ကိုစရိုက်နှင့် သဟဇာတဖြစ်ကောင်း ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့ကို သင် မနှစ်သက်ကောင်း မနှစ်သက်နိုင်သော်လည်း၊ ၎င်းတို့နှင့်အတူ သင် အလုပ်လုပ်သည့်အခါ၊ သင်သည် သမာသမတ်ကျမြဲကျကာ သင်၏တာဝန်ကို လုပ်ဆောင်ရာတွင် သင်၏ စိတ်ပျက်မှုများအတွက် ဒေါသထွက်မည်မဟုတ်၊ သင်၏ တာဝန်ကို စတေးလိမ့်မည် မဟုတ်၊ သို့မဟုတ် သင်၏စိတ်ပျက်မှုများကြောင့် ဘုရားသခင်၏မိသားစု အကျိုးစီးပွားများအပေါ် ဆိုးရွားစွာ ပြုမူလိမ့်မည်မဟုတ်ပေ။ သင်သည် အမှုအရာများကို အခြေခံသဘောတရားအတိုင်း လုပ်ဆောင်နိုင်သည်။ ဤသည်မှာ မည်သည့်အရာကို ပြသခြင်းဖြစ်သနည်း။ ဘုရားသခင်အပေါ် အခြေခံကြောက်ရွံ့မှုရှိခြင်းကို ပြသသည်။ သင်သည် ထိုထက်အနည်းငယ်ပို၍ ရှိလျှင် တစ်စုံတစ်ဦးသည် အမှား၊ သို့မဟုတ် အားနည်းချက်အချို့ရှိသည်ကို သင်မြင်သောအခါ ထိုသူသည် သင့်ကို မကျေမနပ်ဖြစ်စေလျှင်ပင်၊ သို့မဟုတ် သင့်အပေါ် အမြင်စောင်းလျှင်ပင် ထိုသူကို မှန်မှန်ကန်ကန်ဆက်ဆံပြီး ချစ်ခင်စွာ ကူညီရန် သင်တတ်နိုင်ဆဲဖြစ်သည်။ ဤသည်မှာ သင့်၌ ချစ်ခြင်းရှိသည်၊ သင်သည် လူ့သဘာဝကိုပိုင်ဆိုင်သော သူတစ်ယောက်ဖြစ်သည်၊ သင်သည် ကြင်နာပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သောသူဖြစ်သည်၊ သမ္မာတရား၏ စစ်မှန်မှုများကို ပိုင်ဆိုင်သော ရိုးသားသူတစ်ယောက်ဖြစ်သည်၊ ဘုရားသခင်အပေါ် ကြောက်ရွံ့မှုရှိသောသူဖြစ်သည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ သင်သည် ဝိညာဉ်ရင့်ကျက်မှုနည်းပါးသေးသော်လည်း အလိုဆန္ဒရှိပြီး၊ သမ္မာတရားအတွက် ကြိုးပမ်းဖို့နှင့် အမှုအရာများကို စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ရန် ကြိုးပမ်းဖို့ လိုလားကာ သင်သည် စည်းမျဉ်းနှင့်အညီ အမှုအရာများကို ကိုင်တွယ်ဖြေရှင်းပြီး သူတစ်ပါးတို့အပေါ် ပြုမူနိုင်လျှင် ဤသည်မှာလည်း ဘုရားသခင်အပေါ် အနည်းငယ်ကြောက်ရွံ့မှုရှိအဖြစ် အကျုံးဝင်သည်။ ဤသည်မှာ အခြေခံအကျဆုံးဖြစ်သည်။ သင်သည် ဤအရာကို မစွမ်းဆောင်မရရှိနိုင်ဘဲ သင့်ကိုယ်သင် မထိန်းချုပ်နိုင်ပါက သင်သည် ကြီးစွာသော အန္တရာယ်ရှိနေပြီး အတော်ကြောက်ဖို့ကောင်းနေသည်။ သင့်ကို ရာထူးတစ်ခုပေးအပ်ပါက သင်သည် လူများကို အပြစ်ပေးပြီး ၎င်းတို့အကျပ်ရိုက်အောင် လုပ်နိုင်သည်။ ထို့နောက်တွင် သင်သည် အချိန်မရွေး အန္တိခရစ်တစ်ဦးဖြစ်သွားနိုင်ဖွယ် ရှိလိမ့်မည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်သောလမ်းမှန်သို့ မဝင်ရောက်မီ လူတို့၌ရှိသော သတ်မှတ်ချက်ငါးချက်”) ဘုရားနှုတ်ကပတ်တော်တွေက လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းပေးတယ်။ ကျွန်မက ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းခံရရင်၊ ကျွန်မနဲ့ ပတ်သက်လို့ ပြဿနာတချို့ ရှိခဲ့မှာပဲလေ။ ဒါမှမဟုတ် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ကျွန်မ ထုတ်ဖော်ပြခဲ့တာ၊ အသင်းတော်အလုပ်ကို နှောင့်ယှက်ခဲ့တာပဲ ဖြစ်မှာ။ တစ်ယောက်ယောက် ဘာလေသံပဲ သုံးသုံ၊ သူတို့ စကားတွေက ဘယ်လိုပဲ မကောင်းပါစေ၊ ကျွန်မအနေနဲ့ ပထမဆုံး လက်ခံပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်သင့်တယ်။ ကျွန်မရဲ့ မာနက ဖြစ်စဉ်မှာ ထိခိုက်ခဲ့ရင်တောင်၊ အဲဒါက ကျွန်မကို မြင်မကောင်းဖြစ်စေပြီး ကျွန်မ အာခံချင်ခဲ့ရင်၊ ဘုရားအတွက် ကြောက်ရွံ့မှု ကျွန်မ ရှိသင့်ပြီး တခြားလူတွေအတွက် သည်းခံခြင်းနဲ့ စိတ်ရှည်ခြင်း ရှိသင့်တယ်။ ဖောက်ပြန်ပျက်စီးခြင်းနဲ့ ဒေါသတကြီး ရမ်းပြီး လက်စားချေလို့ မရဘူး။ ဒီအရာအားလုံးကို နားလည်လိုက်တာနဲ့၊ သမ္မာတရားကို လက်တွေ့လုပ်ပြီး ဝင်ရောက်ဖို့ ကျွန်မ အားထုတ်ခဲ့တယ်။ အဲဒီနောက် ကျွန်မတာဝန်မှာ၊ ကျွန်မရဲ့ ပြဿနာတွေကို တခြားလူတွေ ထောက်ပြပြီး ကျွန်မမာနကို ထိခိုက်တဲ့အခါ၊ အဲဒါကို ပထမဆုံး သေချာလက်ခံပြီး၊ ကျွန်မမှာ ရက်စက်တဲ့ အတွေးတချို့ ရှိရင်တောင်၊ ဆုတောင်းနိုင်ခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် စွန့်လွတ်နိုင်ခဲ့တယ်၊ ကိုယ့်အတွေးတွေရဲ့ ထိန်းချုပ်တာ မခံရသလို အသင်းတော် အလုပ်ကို ဦးစားပေးနိုင်ခဲ့တယ်။ ပိုကောင်းတဲ့ ရလဒ်တွေကို ဘယ်လိုရမလဲဆိုတာ ညီအစ်ကို မောင်နှမတွေနဲ့လည်း ဆွေးနွေးပြီး အတူ အဖြေရှာနိုင်ခဲ့တယ်။ ကိစ္စတွေကို ဒီလို ကာလတစ်ခုကြာ လုပ်ပြီးတဲ့နောက်မှာ၊ တခြားလူတွေရဲ့ ကြီးကြပ်မှုနဲ့ ဝေဖန်မှုက ကျွန်မအတွက် ဘယ်လို အရမ်းကို အကျိုးပြုမှန်း ကျွန်မ တကယ် မြင်ခဲ့တယ်။ ဒါက ကျွန်မကို သမ္မာတရား စည်းမျဉ်းတွေကို အကောင်အထည်ဖော်နိုင်စေခဲ့ပြီး မကောင်းမှုနဲ့ ဘုရားကို ဆန့်ကျင်တာကို ရှောင်ရှားစေနိုင်ခဲ့တယ်။ ဘုရားကျေးဇူးတော်ပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်နောက်လိုက်ခြင်းမှ ကျွန်ုပ်ကို မည်သည့်အရာက ဟန့်တားနေသည်း

ချန်မင် တရုတ်နိုင်ငံ အဲဒါက ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ဖြစ်ပြီး၊ ကျွန်မတို့ ဘုရားကျောင်းက ခေါင်းဆောင် နှစ်ယောက် ဖမ်းဆီးခံခဲ့ရတယ်။...

သက်သာမှုကို တပ်မက်ခြင်းသည် မည်သည့်အရာကိုမျှ မရရှိစေပါ

ရှောင်ရွေ့ ဆွီဒင်နိုင်ငံ အရင်နှစ် ဇူလိုင်လတုန်းက ဗီဒီယိုအလုပ်ကို ကျွန်မ ဦးဆောင်ရတယ်။ အစပိုင်းမှာ ညီအစ်ကိုမောင်နှမတွေရဲ့အလုပ်ကို ကျွန်မ...

လူမုန်းမခံချင်သူများက ဘုရားသခင်၏ကယ်တင်ခြင်းကို ခံရနိုင်ပါသလား

ဟောင်ကျန့် တရုတ်နိုင်ငံကျွန်တော်က ကံကြွေးချစနစ်နှင့် ရှုပ်ထွေးသည့် လူမှုဆက်ဆံရေးများရှိသည့်၊ ဆင်းရဲပြီး ခေတ်နောက်ကျနေသည့် ရွာတစ်ရွာက...

ဘုရားသခင်ထံသို့ ကျွန်မ၏နှလုံးသား ပေးအပ်ခြင်း

ရှင်းချဲ့ တောင်ကိုးရီးယားနိုင်ငံ၂၀၁၈ခုနှစ် ဇွန်လတွင် ကောင်းကင်နိုင်ငံတော်သီချင်း ဂီတသရုပ်ပြပွဲအတွက် အစမ်းလေ့ကျင့်ခဲ့သည်။ စင်ပေါ်တွင်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။