အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို တိုင်ကြားခြင်း ဇာတ်လမ်းတစ်ပုဒ်
လျိုယန် တောင်ကိုရီးယားနိုင်ငံ၂၀၁၀ ခုနှစ်မှာ၊ ကျွန်မက အသင်းတော်မှာ စာတည်းဖြတ်တဲ့ တာဝန်ကို လုပ်နေခဲ့တယ်။ အသင်းတော် ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၃ ခုနှစ်၊ ဧပြီလတုန်းက အသင်းတော်မှာ တရားဟောဆရာမ တာဝန်ကို ကျွန်မ ထမ်းဆောင်နေခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မ တာဝန်ယူထားတဲ့ အသင်းတော် အချို့က စီစီပီရဲ့ ဖမ်းဆီးမှုကို တစ်ခုပြီးတစ်ခု ခံခဲ့ရပါတယ်။ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေ အများကြီး အဖမ်းခံနေရတော့ ကျွန်မနဲ့ တွဲဖက်ညီအစ်ကိုဝမ်ဟွေတို့က ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို ရွှေ့ဖို့အတွက် ညီအစ်ကိုမောင်နှမတွေကို မြန်မြန်ဆန်ဆန် ဆက်သွယ်ခဲ့ကြတယ်။ နောက်ဆက်တွဲအလုပ်တွေ ကိုယ်တွယ်လို့ ပြီးကာစပဲ ရှိသေးတယ်၊ နောက်ထပ် ကြီးကြပ်ရေးမှူးနှစ်ယောက် အဖမ်းခံရတယ်ဆိုတဲ့ သတင်း ရုတ်တရက် ကြားလိုက်ရတယ်။ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်ခံရတာကြောင့် ကျွန်မတို့ နေရာတွေ ခဏခဏ ပြောင်းခဲ့ရတယ်။ အဲဒီအချိန်အတွင်းမှာ အသင်းတော်အသီးသီးက ညီအစ်ကိုမောင်နှမတွေ ဆက်တိုက် အဖမ်းခံနေရပြီး အသင်းတော်ရဲ့ အလုပ်အမျိုးမျိုးက ပုံမှန်အတိုင်း မတိုးတက်နိုင်ခဲ့ဘူး။ အဖမ်းခံရတဲ့ ညီအစ်ကိုမောင်နှမတွေဆိုရင် ရဲတွေရဲ့ ညှဉ်းဆဲတာကို ခံခဲ့ကြရတယ်။ ညီအစ်မတစ်ယောက်ဆိုရင် ရဲတွေရဲ့ ညှဉ်းဆဲတာကို မခံနိုင်တော့လို့ ရွေးချယ်စရာမရှိဘဲ တိုက်ပေါ်ကနေ ခုန်ချပြီး သေဆုံးသွားရှာတယ်။ ဒီသတင်းတွေကို တစ်ခုပြီးတစ်ခု ကြားရတော့ ကျွန်မ အရမ်းစိတ်ပူလာပြီး ကိုယ့်အကျပ်အတည်းအတွက် ခဏခဏတွေးပူမိတယ်။ “ငါက ရဲအလိုရှိတဲ့သူ၊ အဖမ်းခံရပြီး ငါ့ကို ခေါင်းဆောင်မှန်းသာ သူတို့ သိသွားရင် သူတို့ ငါ့ကို ပိုပြီး ရက်ရက်စက်စက် ညှဉ်းဆဲမှာ သေချာတယ်။ ညှဉ်းဆဲခံရလို့သာ သေသွားရင် ကယ်တင်ခံရဖို့ အခွင့်အရေး ဆုံးရှုံးသွားမှာ မဟုတ်လား” လို့ပေါ့။ ဒါကို တွေးမိတဲ့အခါ နေ့တိုင်း ကျွန်မရဲ့ စိတ်နှလုံးက တင်းကျပ်နေသလို ခံစားခဲ့ရပါတယ်။ အဲဒီအချိန်မှာ လုံခြုံရေးအရ ခြိမ်းခြောက်မှုတွေရယ်၊ အလုပ်ဖိအားတွေရယ် ဒဏ်နှစ်ခုကြောင့် ကျွန်မမှာ ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေခဲ့တယ်။
စက်တင်ဘာလရောက်တော့ နောက်ထပ် တွဲဖက်ညီအစ်မတစ်ယောက်ဖြစ်တဲ့ ဝမ်ရှီး အဖမ်းခံရတယ်လို့ သိလိုက်ရတယ်။ ကျွန်မတို့က တာဝန်တွေ အတူတူထမ်းဆောင်ခဲ့တာ နှစ်တွေအများကြီး ကြာပြီဆိုတော့ သူက ကျွန်မနဲ့ရော ဝမ်ဟွေနဲ့ရော အရမ်း ရင်းနှီးရုံတင်မကဘူး၊ အသင်းတော်အကြောင်းလည်း အတော်လေး သိတယ်။ ညီအစ်ကိုမောင်နှမတွေ၊ ဧည့်ခံတဲ့မိသားစုတွေ တော်တော်များများကို သူသိထားတယ်။ နောက်ဆက်တွဲပြဿနာတွေကို ရှင်းရင်း ကျွန်မတို့ ခေါင်းရှုပ်နေတုန်းမှာပဲ ညီအစ်ကိုမောင်နှမတွေဆီက သတင်းနောက်တစ်ခု ရလိုက်တယ်။ ဝမ်ရှီးက ကျွန်မနဲ့ ဝမ်ဟွေကို သစ္စာဖောက်လိုက်ပြီတဲ့။ ရဲတွေက ကျွန်မတို့ရဲ့ ပုံပန်းသဏ္ဌာန်ကို ပုံတူဆွဲထားပြီး ဖမ်းဖို့အတွက် လိုက်ရှာနေကြပြီတဲ့။ သတိထားကြဖို့နဲ့ ဂရုစိုက်ကြဖို့ သူတို့က သတိပေးတယ်။ ဒီသတင်းကို ကြားကြားချင်း ကျွန်မချက်ချင်း ထိတ်လန့်သွားတယ်။ အဆင်းနီတဲ့နဂါးကြီးက ယုံကြည်သူတွေကို ဖမ်းရင် သေတဲ့အထိ ညှဉ်းဆဲနှိပ်စက်တာ၊ အသက် ၇၀၊ ၈၀ အရွယ် အဘိုးအဘွားတွေကိုတောင် မချမ်းသာပေးဘူး။ အခု ဝမ်ဟွေနဲ့ ကျွန်မကို အသင်းတော်ခေါင်းဆောင်တွေမှန်း သူတို့ သိသွားပြီဆိုတော့ ကျွန်မတို့ကို လွယ်လွယ်နဲ့ လက်လွှတ်မှာ မဟုတ်ဘူး။ အဆင်းနီတဲ့နဂါးကြီးရဲ့ စောင့်ကြည့်ကင်မရာတွေကလည်း လမ်းမတွေနဲ့ လမ်းကြားတွေမှာ နေရာအနှံ့ပဲ။ စီစီတီဗီကနေများ ငါတို့ကို တွေ့သွားမလားပေါ့။ ကျွန်မရဲ့ ကျန်းမာရေးအခြေအနေကလည်း အမြဲတမ်း နည်းနည်းအားနည်းနေတာ။ အဖမ်းခံရရင် ညှဉ်းဆဲတာကို ငါ ခံနိုင်ပါ့မလား။ ညှဉ်းဆဲခံရလို့သာ သေသွားရင် နိုင်ငံတော်ရဲ့ အလှအပကို ငါ မြင်ရတော့မှာ မဟုတ်ဘူး။ အရင်က အဖမ်းခံရတဲ့ လုပ်ဖော်ကိုင်ဖက်တချို့ကို တွေးမိတယ်။ သူတို့အားလုံး ဆယ်နှစ်ကျော် ထောင်ဒဏ်ချခံရတာ။ ကျွန်မက သူတို့ထက်တောင် ခေါင်းဆောင်ဖြစ်တာ ပိုကြာသေးတယ်။ ကျွန်မသာ အဖမ်းခံရရင် ပြစ်ဒဏ်က သေချာပေါက် ပိုကြာမှာ။ အသက်ကလည်း ၆၀ ကျော်နေပြီဆိုတော့ အဖမ်းခံရပြီး ဆယ်နှစ်ကျော် ထောင်ဒဏ်ချခံရရင် ထောင်ထဲကနေ အရှင်ထွက်လာနိုင်ပါ့မလား မသိဘူး။ တစ်ခါတလေ ကျွန်မ တွေးမိတယ်။ “ငါသာ ခေါင်းဆောင်တာဝန် မထမ်းဆောင်ရရင် ပိုကောင်းမှာ။ အဖမ်းခံရရင်တောင် ဒီလောက် ပြင်းထန်တဲ့ ပြစ်ဒဏ်မျိုးနဲ့ ရင်ဆိုင်ရမှာ မဟုတ်ဘူး” လို့ပေါ့။ အဲဒီအချိန်တုန်းက ကျွန်မမှာ နေ့တိုင်း ရင်တမမနဲ့ ဖြစ်နေရတာ။ ကိုယ့်တာဝန်ကို ထမ်းဆောင်နေရင်းနဲ့တောင် စိတ်မငြိမ်နိုင်ဘူး။ အထူးသဖြင့် ယုံကြည်သူတွေကို စောင့်ကြည့်ဖို့၊ ရှာဖို့နဲ့ ဖမ်းဖို့အတွက် စီစီပီက ဒရုန်းတွေကို ခဏခဏ သုံးတယ်လို့ ကြားရတဲ့အခါ အဲဒီနောက်ပိုင်း အပြင်မှာ ဘာဖြစ်နေလဲဆိုတာကို ကျွန်မ အထူးတလည် နားစွင့်နေမိလာပြန်ရော။ တစ်ခါတလေ အပြင်က ထူးဆန်းတဲ့ အသံတချို့ ကြားလိုက်ရင် ဒရုန်းများလားဆိုပြီး အပြေးအလွှား သွားကြည့်မိတယ်။ တစ်ခါတလေကျရင် လှေကားခွင်ထဲက ခြေသံတွေ၊ ဒါမှမဟုတ် အဆောက်အဦးကြီးကြပ်ရေးမှူး တံခါးလာခေါက်သံ ကြားရင် ကျွန်မ ရင်တွေတဒိန်းဒိန်းခုန်ပြီး ကျွန်မတို့ကို လာဖမ်းတဲ့ ရဲတွေများလားဆိုပြီး စိုးရိမ်မိတယ်။ အဲဒီအချိန်တုန်းက ကျွန်မတာဝန်မှာ စိတ်မပါတော့ဘဲ အလုပ်ကို နောက်ဆက်တွဲ လိုက်ကြည့်တဲ့အခါမှာလည်း အသေးစိတ်တွေကို အရင်လောက် အာရုံမစိုက်မိခဲ့ဘူး။ အလုပ်အမျိုးမျိုးရဲ့ ရလဒ်တွေလည်း ထိခိုက်လာသလို ကျွန်မ အဓိက တာဝန်ယူထားတဲ့ စာနဲ့ပတ်သက်တဲ့အလုပ်လည်း ရလဒ်တွေ ပိုဆိုးလာတယ်။ ကျွန်မ နည်းနည်း စိတ်ပူမိပေမဲ့ စာရေးပြီး မေးရုံလောက်ပဲ လုပ်ခဲ့တယ်။ ပြဿနာက ဘယ်မှာလဲ၊ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို သိအောင်လုပ်ဖို့နဲ့ ရှာဖွေဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့ဘူး။ တစ်နေ့ကျတော့ စာတစ်စောင် လက်ခံရရှိတယ်။ ချန်နန်အသင်းတော်ခေါင်းဆောင်က တကယ့်အလုပ် မလုပ်ဘူး၊ တကယ့်ပြဿနာတွေကို မဖြေရှင်းဘူးဆိုပြီး အဲဒီစာထဲမှာ တိုင်ထားတယ်။ စာထဲမှာပါတဲ့ ခေါင်းဆောင်ရဲ့ လုပ်ဆောင်ချက်အကြောင်း ဖတ်လိုက်ရတော့ ကျွန်မ နည်းနည်း အံ့သြသွားတယ်။ ချန်နန်အသင်းတော်ရဲ့ အလုပ်ကို ကျွန်မ အမြဲတမ်း နောက်ဆက်တွဲ လိုက်ကြည့်ခဲ့ပေမဲ့ အသင်းတော်ခေါင်းဆောင်က တကယ့်အလုပ် မလုပ်ဘူးဆိုတာကို ကျွန်မ သဘောမပေါက်ခဲ့ဘူး။ အဲဒီအချိန်ကျမှပဲ ဘုရားသခင်ရှေ့မှောက်ကို ရောက်လာပြီး ဆုတောင်းပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မိတယ်။ အန္တရာယ်နဲ့နီးနေလို့ ခြောက်လလုံးလုံး အိမ်ခဏခဏ ရွှေ့နေခဲ့ရတာ၊ ရဲတွေရဲ့ ဖမ်းတာ၊ ရိုက်သတ်တာ ခံရရင် ကျွန်မ ကယ်တင်မခံရဘဲ ကောင်းကင်နိုင်ငံတော်ထဲ မဝင်ရမှာ အမြဲတမ်း စိုးရိမ်နေခဲ့တာတွေကို ကျွန်မ သဘောပေါက်သွားတယ်။ စိုးရိမ်မှုတွေ၊ ပူပန်မှုတွေကြားမှာ ရှင်သန်နေခဲ့ပြီး ကိုယ့်တာဝန်ရဲ့ အသေးစိတ်တွေကို အာရုံစိုက်နိုင်တာမျိုး မရှိသလောက်ပါပဲ။ အခု ချန်နန်အသင်းတော်မှာ မဖြေရှင်းရသေးတဲ့ ပြဿနာတွေ အများကြီး ရှိနေသလို စာနဲ့ပတ်သက်တဲ့အလုပ်ရဲ့ ရလဒ်တွေကလည်း ဆက်တိုက် ကျဆင်းနေတယ်။ ဒါတွေအားလုံးက ကျွန်မ တွန့်ဆုတ်နေပြီး ကြောက်နေခဲ့လို့၊ တကယ့်အလုပ်မလုပ်ခဲ့လို့ပါပဲ။ ဒီအကြောင်း တွေးမိတော့ ကျွန်မ အရမ်းစိတ်ဆင်းရဲရပြီး ဘုရားသခင်ရှေ့မှောက်မှာ လာဆုတောင်းမိတယ်။ “ချစ်ရတဲ့ ဘုရားသခင်၊ ဒီအချိန်တစ်လျှောက်လုံး သမီးဟာ ကြောက်ရွံ့တွန့်ဆုတ်မှုတွေနဲ့ အသက်ရှင်နေခဲ့ပြီး ကိုယ့်တာဝန်မှာ ပြဿနာတွေ အများကြီး ပေါ်နေတာတောင် ထုံထိုင်းပြီး သတိမမူမိခဲ့ပါဘူး။ ချစ်ရတဲ့ ဘုရားသခင်၊ သမ္မာတရားကို ရှာဖွေဖို့၊ မှားယွင်းတဲ့ အခြေအနေတွေထဲကနေ ရုန်းထွက်ပြီး ကိုယ့်တာဝန်မှာ စိတ်နှစ်နိုင်ဖို့ သမီးကို ဦးဆောင်ပေးတော်မူပါ” ပေါ့။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေ့လိုက်ရတယ်။ “စာတန်က မည်မျှပင် ‘အလွန့်အလွန် အာဏာရှိ’ ပါစေ၊ မည်မျှပင် ရဲတင်းပြီး ရည်မှန်းချက် ကြီးမားပါစေ၊ ထိခိုက်မှုများ ပေးနိုင်သော ၎င်း၏အစွမ်းက မည်မျှပင်ကြီးမားပါစေ၊ လူသားကို ၎င်း၏ ဖောက်ပြန်ပျက်စီးစေနိုင်စွမ်းနှင့် မျှားခေါ်နိုင်စွမ်းတို့က မည်မျှပင် ကျယ်ပြန့်ပါစေ၊ လူသားကို ၎င်းခြိမ်းခြောက်သည့် ပရိယာယ်များနှင့် လှည့်ကွက်များက မည်မျှပါးနပ်နေပါစေ၊ ၎င်းဖြစ်တည်နေသည့် ပုံစံက မည်မျှပင် မဆုံးနိုင်အောင် ပြောင်းလဲ၍ရနေပါစေ စာတန်သည် သက်ရှိအရာတစ်ခုကို တစ်ခါမျှ မဖန်ဆင်းနိုင်ခဲ့ပေ။ အရာအားလုံးဖြစ်တည်မှုအတွက် နိယာမများ၊ သို့မဟုတ် စည်းမျဉ်းတို့ကို တစ်ခါမျှ ၎င်းမချပေးနိုင်ခဲ့ပေ။ သို့မဟုတ် သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ မည်သည့်အရာဝတ္ထုကိုမျှ ၎င်း အုပ်စိုးပြီး အချုပ်အခြာအာဏာ ကိုင်စွဲနိုင်စွမ်း တစ်ခါမျှ မရှိခဲ့ပေ။ စကြဝဠာနှင့် မိုးမျက်နှာကြက်အတွင်းတွင် စာတန်ထံမှ ပေါက်ဖွားလာသည့်၊ သို့မဟုတ် ၎င်းကြောင့် ဖြစ်တည်နေသည့် လူပုဂ္ဂိုလ်တစ်ယောက်တလေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုတလေမျှ မရှိပေ။ လူတစ်ဦးမျှ သို့မဟုတ် အရာဝတ္ထုတစ်ခုမျှ ၎င်း၏ အချုပ်အခြာအာဏာအောက်တွင်ဖြစ်စေ၊ ၎င်း၏ အုပ်စိုးခံရခြင်းဖြစ်စေ မရှိချေ။ ဆန့်ကျင်ဘက်အနေနှင့် ၎င်းသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နေရရုံသာမကဘဲ ဘုရားသခင်၏ အမိန့်များနှင့် ခိုင်းစေမှုများအားလုံးကို ကျိုးနွံနာခံရသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ စာတန်သည် ကုန်းမြေပေါ်မှ ရေတစ်စက်၊ သို့မဟုတ် သဲတစ်ပွင့်ကိုပင် အလွယ်တကူ မထိနိုင်ပေ။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကိုမဆိုထားနှင့်၊ စာတန်သည် ကုန်းမြေပေါ်က ပုရွက်ဆိတ်များကိုပင်လျှင် ထိပါးပိုင်ခွင့်မရှိပေ။ ဘုရားသခင်၏ အမြင်တွင် စာတန်သည် တောင်ပေါ်က နှင်းပန်းများ၊ လေထဲတွင် ပျံနေသည့်ငှက်များ၊ ပင်လယ်ထဲက ငါးများနှင့် ကမ္ဘာမြေကြီးပေါ်က လောက်များထက် နိမ့်ကျသည်။ အရာအားလုံးထဲတွင် ၎င်း၏ကဏ္ဍသည် အရာအားလုံးကို အစေခံရန်၊ လူသားမျိုးနွယ်အတွက် အစေခံရန်နှင့် ဘုရားသခင်၏အမှုနှင့် သူ၏စီမံခန့်ခွဲမှု အစီအစဉ်တို့ကို အစေခံရန်ဖြစ်သည်။ ၎င်း၏သဘာဝက မည်မျှပင် မလိုမုန်းထားတတ်ပါစေ၊ ၎င်း၏အနှစ်သာရက မည်မျှပင် ကောက်ကျစ်ဆိုးယုတ်ပါစေ ၎င်းလုပ်နိုင်သည့် တစ်ခုတည်းသောအရာက ဘုရားသခင်အတွက် အစေခံမှုပေးခြင်းဟူသည့် ၎င်း၏ တာဝန်ကို ကျေပွန်စွာ လိုက်နာရန်နှင့် အဖြည့်ခံတစ်ဦးအနေဖြင့် ကောင်းမွန်စွာ အစေခံရန် ဖြစ်၏။ ယင်းမှာ စာတန်၏ အခြေအမြစ်နှင့် မူလနေရာဖြစ်သည်။ သူ၏ အနှစ်သာရသည် အသက်နှင့် ဆက်စပ်မှုမရှိပေ။ တန်ခိုးနှင့် ဆက်စပ်မှုမရှိပေ။ သြဇာအာဏာနှင့် ဆက်စပ်မှုမရှိပေ။ ၎င်းသည် ဘုရားသခင်၏ လက်ထဲမှ ကစားစရာတစ်ခုမျှသာဖြစ်သည်။ အစေခံမှုအတွက် ဘုရားသခင် အသုံးချသည့် စက်ယန္တရားတစ်လုံးသာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) ဘုရားနှုတ်ကပတ်တော်ကနေ ဘုရားသခင်ဟာ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိပြီး စာတန်ဟာ ဘုရားသခင်လက်ထဲက စစ်ရုပ်တစ်ရုပ်သာ ဖြစ်တယ်ဆိုတာကို ကျွန်မ သဘောပေါက်လိုက်တယ်။ စာတန်က ဘယ်လောက်ပဲ ထင်ရာစိုင်းပြီး ရဲတင်းနေပါစေ၊ ဘုရားသခင်ရဲ့ ခွင့်ပြုချက်မရှိဘဲ ကုန်းမြေပေါ်က ရေတစ်စက်၊ သဲတစ်ပွင့်ကိုတောင် မထိရဲဘူး။ ဒါကို သဘောပေါက်လိုက်တဲ့အခါ ကျွန်မ အဖမ်းခံရမလား၊ မခံရဘူးလားဆိုတာ ဘုရားသခင်လက်ထဲမှာ ရှိတယ်ဆိုတဲ့ ယုံကြည်ခြင်း ကျွန်မမှာ ရှိလာတယ်။ ဘုရားသခင်ရဲ့ ခွင့်ပြုချက်မရှိဘဲ အဆင်းနီသောနဂါးကြီးက ဘယ်လောက်ပဲ အဆင့်မြင့်တဲ့ စောင့်ကြည့်ရေး ကိရိယာတွေ သုံးပါစေ၊ ကျွန်မကို ဖမ်းနိုင်မှာ မဟုတ်ဘူး။ ယုဒတွေ သစ္စာဖောက်တာကို သုံးလေးခါ ခံခဲ့ရတဲ့ ၂၀၁၈ ခုနှစ်တုန်းက အဖြစ်အပျက်ကို ပြန်တွေးမိတယ်။ အဲဒီအချိန်မှာ ရဲတွေက ကျွန်မကို ဖမ်းဆီးဖို့အတွက် အသိပေးချက် ထုတ်ပြန်နိုင်အောင် နာမည်ကြီး ပန်းချီဆရာတစ်ယောက်ကို ကျွန်မရဲ့ ပုံ ဆွဲခိုင်းခဲ့တယ်။ ဒါပေမဲ့ ဒီနေ့အထိ သူတို့ ကျွန်မကို မဖမ်းနိုင်သေးဘူး။ နောက်ပြီးတော့ ဝမ်ဟွေနဲ့ ကျွန်မတို့နှစ်ယောက်စလုံးက အန္တရာယ်ခံတွင်းဝ ရောက်နေလို့ ဒီအချိန်တစ်လျှောက်လုံး အိမ်ခဏခဏ ရွှေ့နေခဲ့ရတာ။ အဖမ်းခံရလုနီးပါး ဖြစ်ခဲ့တာကလည်း သုံးလေးခါပဲ။ ဒါပေမဲ့ ဘုရားသခင်ရဲ့ ကာကွယ်မှုကြောင့် ကျွန်မတို့ ကံကောင်းထောက်မပြီး လွတ်မြောက်ခဲ့တယ်။ အဲဒီနောက်မှာ ဒံယေလအကြောင်း တွေးမိတယ်။ ဘုရားသခင်ကို ကိုးကွယ်တာကို သူ ဇွဲမလျှော့ခဲ့လို့ ခြင်္သေ့တွင်းထဲ ပစ်ချခံခဲ့ရတာလေ။ သူ့အသက်ဟာ ဘုရားသခင်လက်ထဲမှာ ရှိတယ်ဆိုတာကို သူ ယုံကြည်ခဲ့ပြီး ဘုရားသခင်ရဲ့ ခွင့်ပြုချက်မရှိဘဲ ခြင်္သေ့တွေက သူ့ကို ကိုက်မှာ မဟုတ်ဘူးလို့ သူ ယုံကြည်ခဲ့တယ်။ ဒံယေလရဲ့ ဘုရားသခင်အပေါ် ယုံကြည်ခြင်းက သူ့ကို ကာကွယ်မှု ရရှိစေခဲ့တယ်။ ငတ်ပြတ်နေတဲ့ ခြင်္သေ့တွေနဲ့အတူ ခြင်္သေ့တွင်းထဲ ရောက်နေပေမဲ့ သူ့ခေါင်းပေါ်က ဆံပင်တစ်မျှင်တောင် မထိခိုက်ခဲ့ဘူး။ ဒါ့အပြင် ဒံယေလရဲ့ သူငယ်ချင်းသုံးယောက်မှာလည်း ဘုရားသခင်အပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်း ရှိခဲ့တယ်။ ရုပ်တုကို ကိုးကွယ်တာ၊ ဘုရားသခင်ကို သစ္စာဖောက်တာတွေ လုပ်မဲ့အစား အသေခံဖို့ ဆန္ဒရှိကြတယ်။ မီးဖိုထဲ ပစ်ချခံရပေမဲ့ အထိအခိုက်မရှိဘဲ ပြန်ထွက်လာနိုင်ခဲ့ကြတယ်။ ကျွန်မလည်း သူတို့နမူနာကို လိုက်ပြီး ဘုရားသခင်အပေါ် ယုံကြည်ခြင်း ရှိရမယ်။ ဒီအကြောင်း တွေးမိတော့ ကျွန်မ သိပ်မစိုးရိမ်တော့သလို မကြောက်တော့ဘူး။ ကိုယ့်တာဝန်မှာ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်နိုင်ဖို့အတွက် စိတ်နှလုံး ငြိမ်သက်အောင် ထားပေးဖို့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။
တစ်နေ့ကျတော့ ညီအစ်မတစ်ယောက်က အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတစ်ခု ကျွန်မကို ဝေမျှပေးတယ်။ ဗီဒီယိုထဲမှာပါတဲ့ ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်က ကျွန်မကို တကယ်ပဲ တို့ထိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အန္တိခရစ်များသည် ကောင်းချီးများရရှိရန် ဘုရားသခင်ကို ယုံကြည်ကြသည်။ ဘုရားအိမ်တော် သို့မဟုတ် ဘုရားသခင်၏ အကျိုးစီးပွားများနှင့် ဆက်စပ်သည့် မည်သည့်အရာကိုမျှ ၎င်းတို့ လုံးဝ စိတ်မဝင်စားကြပေ။ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမဆို ၎င်းတို့၏ တစ်ကိုယ်ရေ အကျိုးစီးပွားများကို ဗဟိုပြုသည်။ ဘုရားအိမ်တော်၏ အလုပ်သည် ၎င်းတို့၏ တစ်ကိုယ်ရေ အကျိုးစီးပွားများ ပါဝင်ခြင်းမရှိလျှင် ၎င်းတို့ တကယ်ကိုပင် အရေးမစိုက်ကြသကဲ့သို့ စုံစမ်းခြင်းမပြုကြပေ။ ၎င်းတို့ တစ်ကိုယ်ကောင်းဆန်လိုက်လိမ့်မည့် ဖြစ်ခြင်းပါတကား။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) “၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးကို စဉ်းစားခြင်းအပြင် အချို့သော အန္တိခရစ်များက မည်သည့်အရာကိုပါ စဉ်းစားကြသနည်း။ ၎င်းတို့က ‘ယခုအခါတွင် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်သည် သဘောကျစရာ မကောင်းပါ။ ထို့ကြောင့် ကျွန်ုပ်တို့၏ မျက်နှာများပြခြင်းကိုလည်းကောင်း၊ ဧဝံဂေလိတရားဟောခြင်းကိုလည်းကောင်း လျှော့ကြစို့။ ထိုသို့ဖြင့် ကျွန်ုပ်တို့သည် အဖမ်းခံရမည့် အလားအလာနည်းပြီး အသင်းတော်၏ အလုပ် ဖျက်ဆီးခံရမည် မဟုတ်ပါ။ အဖမ်းခံရမည်ကို ကျွန်ုပ်တို့ ရှောင်ရှားလျှင် ယုဒအဖြစ် ပြောင်းသွားမည်မဟုတ်ဘဲ ထို့နောက်တွင် အနာဂတ်၌ ကျွန်ုပ်တို့ ဆက်လက်၍ တည်ရှိနေနိုင်မည် မဟုတ်လော’ဟု ပြောကြသည်။ ညီအစ်ကို မောင်နှမများကို အထင်အမြင်မှားစေရန် ထိုသို့သော ဆင်ခြေများကို အသုံးပြုသည့် အန္တိခရစ်များ ရှိသည် မဟုတ်လော။...ခေါင်းဆောင်များအဖြစ် ၎င်းတို့ အစေခံကြသည့်အခါ ၎င်းတို့၏ ဇာတိပကတိ ပျော်ရွှင်ခြင်းအကြောင်းသာ မွေ့လျော်ခံစားကြပြီး တကယ့်အလုပ်တွင် ပါဝင်ပတ်သက်ခြင်း မရှိကြပေ။ အမျိုးမျိုးသော အသင်းတော်များနှင့် စာအဆက်အသွယ် အနည်းအကျဉ်းတွင် ပါဝင်ပတ်သက်ခြင်းမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မလုပ်ဆောင်ကြပေ။ နေရာတစ်ခုခုတွင် ၎င်းတို့ ပုန်းကွယ်ပြီး မိမိဘာသာ သီးခြားခွဲနေလျက် မည်သူနှင့်မျှ တွေ့ဆုံခြင်းမရှိကြသကဲ့သို့ ညီအစ်ကို မောင်နှမများက ၎င်းတို့၏ ခေါင်းဆောင် အဘယ်သူဖြစ်သည်ကို မသိကြပေ။ ယင်းမှာ ၎င်းတို့ ကြောက်ရွံ့သည့် အတိုင်းအတာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ခေါင်းဆောင်များဖြစ်သည်မှာ အမည်ခံသာဖြစ်သည်ဟု ဆိုခြင်းက မှန်ကန်သည် မဟုတ်လော။ (မှန်ကန်ပါသည်။) ခေါင်းဆောင်များအဖြစ် မည်သည့် လက်တွေ့အလုပ်တွင်မျှ ၎င်းတို့ ပါဝင်ခြင်းမရှိကြ။ မိမိတို့ဘာသာ ပုန်းကွယ်ဖို့အကြောင်းသာ ၎င်းတို့ ဂရုစိုက်ကြသည်။ အခြားသူတို့က ‘ခေါင်းဆောင်ဖြစ်ခြင်းက အဘယ်သို့နည်း’ ဟု ၎င်းတို့ကို မေးလျှင် ၎င်းတို့က ‘ကျွန်ုပ်သည် အလွန့်အလွန် အလုပ်များပြီး ဘေးကင်းရေးအတွက် အိမ်ဆက်တိုက်ပြောင်းနေရသည်။ ဤပတ်ဝန်းကျင်သည် အလွန် စိတ်အနှောင့်အယှက်ဖြစ်လွန်းသောကြောင့် ကျွန်ုပ်၏ အလုပ်ကိုပင် ကျွန်ုပ် အာရုံမစိုက်နိုင်ပါ’ဟု ပြောလိမ့်မည်။ မျက်လုံးများစွာက ၎င်းတို့ကို စောင့်ကြည့်နေသည်ဟု ၎င်းတို့ အမြဲ ခံစားရပြီး ပုန်းကွယ်ရန် မည်သည့်နေရာ ဘေးကင်းလုံခြုံသည်ကို မသိကြချေ။ ရုပ်ဖျက်ခြင်း၊ မတူကွဲပြားသော နေရာများတွင် မိမိတို့ဘာသာ ပုန်းကွယ်ခြင်းနှင့် တစ်နေရာတွင် ရှိမနေခြင်းတို့မှလွဲ၍ နေ့စဉ် လက်တွေ့ကျသည့် မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ကြချေ။ ထိုသို့သော ခေါင်းဆောင်များ တည်ရှိသလော။ (တည်ရှိပါသည်။) မည်သည့် စည်းမျဉ်းများကို ၎င်းတို့ လိုက်လျှောက်ကြသနည်း။ ဤလူများက ‘ဉာဏ်များသော ယုန်တစ်ကောင်တွင် မြေတွင်းသုံးခုရှိသည်။ ယုန်တစ်ကောင်အတွက် သားရဲတစ်ကောင်၏ တိုက်ခိုက်မှုကို ကာကွယ်ရန်၊ သူ့ဘာသာ ပုန်းကွယ်ရန် မြေတွင်းသုံးတွင်းကို ပြင်ဆင်ထား၏။ လူတစ်ဦးသည် အန္တရာယ်ကြုံပြီး ထွက်ပြေးလွတ်မြောက်ရမည်ဖြစ်သော်လည်း ပုန်းကွယ်ရမည့်နေရာ တစ်နေရာမျှ မရှိလျှင် ယင်းမှာ လက်ခံနိုင်ဖွယ်ရှိသလော။ ယုန်များမှ ကျွန်ုပ်တို့ သင်ယူရမည်။ ဘုရား ဖန်ဆင်းထားသည့် တိရစ္ဆာန်များတွင် ဤရှင်သန်ရေး စွမ်းရည်ရှိပြီး လူတို့က ၎င်းတို့ထံမှ သင်ယူသင့်သည်’ဟု ပြောကြသည်။ ခေါင်းဆောင်မှု အခန်းကဏ္ဍကို ယူရသည့်အတွက် ဤအယူဝါဒကို ၎င်းတို့ သဘောပေါက်လာကြပြီး သမ္မာတရားကို ၎င်းတို့ နားလည်ပြီးဖြစ်သည်ဟုပင် ယုံကြည်ကြလေသည်။ အမှန်တွင် ၎င်းတို့က အလွန့်အလွန် ကြောက်လန့်ကြသည်။ ၎င်းနေထိုင်သည့် နေရာက ဘေးကင်းလုံခြုံခြင်း မရှိသောကြောင့် ရဲများထံ တိုင်ကြားခြင်းခံရသည့် ခေါင်းဆောင်တစ်ဦးအကြောင်းကိုဖြစ်စေ၊ မိမိတို့၏တာဝန်များကို လုပ်ဆောင်ရန် မကြာခဏ အပြင်ထွက်လွန်းပြီး အလွန်များသော လူတို့နှင့် ဆက်ဆံခဲ့ရသောကြောင့် အဆင်းနီသော နဂါးကြီး၏ သူလျှိုများက ပစ်မှတ်ထားခြင်း ခံရသည့် ခေါင်းဆောင်တစ်ဦးအကြောင်းကိုဖြစ်စေ၊ ဤလူများက ဖမ်းဆီးခြင်းခံရကာ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပုံကိုဖြစ်စေ ၎င်းတို့ ကြားရသည်နှင့်တစ်ပြိုင်နက် ချက်ချင်း ကြောက်လန့်လာကြသည်။ ၎င်းတို့က ‘အို မဖြစ်ပါ၊ အဖမ်းခံရမည့် နောက်တစ်ယောက်မှာ ငါများ ဖြစ်လိမ့်မည်လော။ ဤအရာမှ ငါ သင်ယူရမည်။ ငါ အလွန် မတက်ကြွသင့်ပါ။ အသင်းတော် အလုပ်အချို့ကို လုပ်ဆောင်ခြင်းအား ငါ ရှောင်ရှား၍ရနိုင်လျှင် ငါ ရှောင်ရှားလိုက်မည်။ ငါ့မျက်နှာပြခြင်းကို ရှောင်ရှား၍ရနိုင်လျှင် ငါ ရှောင်ရှားလိုက်မည်။ ငါ့အလုပ်ကို ငါ ဖြစ်နိုင်သမျှ နည်းအောင်လုပ်မည်၊ အပြင်ထွက်ခြင်းကို ရှောင်မည်၊ မည်သူမဆိုနှင့် ဆက်ဆံခြင်းကို ရှောင်မည်ဖြစ်ပြီး ငါ ခေါင်းဆောင်ဖြစ်ကြောင်း မည်သူမျှမသိသည်ကို သေချာအောင်လုပ်မည်။ ယနေ့ခေတ်တွင် အခြားတစ်ဦးတစ်ယောက်ကို မည်သူက ဂရုစိုက်ဖို့ တတ်နိုင်မည်နည်း။ အသက်ရှင်နေဖို့သည်ပင် စိန်ခေါ်မှုတစ်ခု ဖြစ်နှင့်ပေပြီ’ဟု တွေးကြသည်။ ခေါင်းဆောင်တစ်ဦး၏ အခန်းကဏ္ဍကို ယူကတည်းက အိတ်တစ်ခုကို သယ်ဆောင်ပြီး ပုန်းကွယ်ခြင်းမှလွဲ၍ မည်သည့်အလုပ်ကိုမျှ ၎င်းတို့ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် အဖမ်းခံရကာ ပြစ်ဒဏ်ချမှတ်ခံရမည်ကို အမြဲကြောက်သောစိတ်ဖြင့် ရင်တမမ အသက်ရှင်နေကြသည်။ တစ်စုံတစ်ဦးက ‘သင် အဖမ်းခံရလျှင် အသတ်ခံရလိမ့်မည်။ သင် ခေါင်းဆောင်တစ်ဦး မဟုတ်လျှင်၊ သာမန် ယုံကြည်သူတစ်ဦးသာဖြစ်လျှင် ဒဏ်ငွေအနည်းငယ်မျှ ပေးပြီးနောက်တွင် လွတ်ကောင်းလွတ်မည် ဖြစ်သော်လည်း သင့်အနေဖြင့် ခေါင်းဆောင်တစ်ဦးဖြစ်သည့်အတွက် ပြောရခက်ပေသည်။ အလွန် အန္တရာယ်များသည်။ အဖမ်းခံရသည့် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်အချို့သည် မည်သည့် သတင်းအချက်အလက်ကိုမဆို ပေးဖို့ ငြင်းဆန်ကြပြီး ရဲများက သေသည်အထိ ရိုက်နှက်ခြင်းကို ခံရကြသည်’ဟု ပြောသည်ကို ကြားကြသည်ဆိုပါစို့။ တစ်စုံတစ်ဦးက သေသည်ထိ ရိုက်နှက်ခံရသည်ကို ၎င်းတို့ ကြားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ အကြောက်တရားက ပြင်းထန်လာပြီး အလုပ်လုပ်ရန် သာ၍ပင် ကြောက်ရွံ့လာကြသည်။ နေ့စဉ် ၎င်းတို့တွေးသမျှအကြောင်းမှာ အဖမ်းခံရခြင်းအား မည်သို့ ရှောင်ရှားရမည်၊ မိမိတို့မျက်နှာများ ပြခြင်းအား မည်သို့ ရှောင်ရှားရမည်၊ စောင့်ကြည့်ခံရခြင်းအား မည်သို့ ရှောင်ရှားရမည်ဆိုသည်နှင့် ၎င်းတို့၏ ညီအစ်ကို မောင်နှမများနှင့် ထိတွေ့ဆက်ဆံရခြင်းအား မည်သို့ ရှောင်ရှားရမည်ဟူသည်တို့ ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို ဦးနှောက်ခြောက်ခံ စဉ်းစားကြပြီး မိမိတို့၏ တာဝန်များကို လုံးဝ မေ့လျော့ကြသည်။ ဤသည်တို့မှာ သစ္စာစောင့်သိသော လူများ ဖြစ်ကြသလော။ ဤကဲ့သို့သော လူများသည် အလုပ်တစ်ခုတလေကို ကိုင်တွယ်နိုင်ကြသလော။ (မကိုင်တွယ်နိုင်ကြပါ။)” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) ကောင်းချီးမင်္ဂလာ ရဖို့အတွက် အန္တိခရစ်တွေက ဘုရားသခင်ကို ယုံကြည်ကြတယ်ဆိုတာကို ဘုရားသခင်က ဖော်ထုတ်ထားတယ်။ သူတို့က ကိုယ့်အကျိုးစီးပွားနဲ့ ဘေးကင်းလုံခြုံမှုကို တခြားဘယ်အရာထက်မဆို ပိုအရေးကြီးတယ်လို့ ယူမှတ်ကြတယ်။ အန္တရာယ်များတဲ့ ပတ်ဝန်းကျင်နဲ့ ရင်ဆိုင်ရတာနဲ့ အန္တိခရစ်တွေက ကိုယ့်လုံခြုံရေးအတွက် ထွက်ပြေးပုန်းရှောင်ပြီး တာဝန်တွေကို ဘေးချိတ်နိုင်ကြတယ်၊ လစ်လျူရှုထားနိုင်ကြတယ်။ အန္တိခရစ်ဖြစ်ခြင်းရဲ့ ဒီသရုပ်သကန်တွေကို ဘုရားသခင်က ဘယ်လိုဖော်ထုတ်ထားလဲဆိုတာ မြင်လိုက်ရတော့ အဲဒီအချိန်ကာလတစ်လျှောက်လုံးမှာ ရှိခဲ့တဲ့ ကိုယ့်အခြေအနေကို ပြန်တွေးမိတယ်။ အစတုန်းက ပတ်ဝန်းကျင် သိပ်အန္တရာယ်မများခင်မှာ ဧဝံဂေလိတရားဟောဖို့ ညီအစ်ကိုမောင်နှမတွေကို ကျွန်မ တက်တက်ကြွကြွ ဦးဆောင်နိုင်ခဲ့သေးသလို ကျွန်မရဲ့ အလုပ်ကလည်း ရလဒ်တချို့ ထွက်ခဲ့သေးတယ်။ ဒါပေမဲ့ အသင်းတော်က အကြီးအကျယ် ဖမ်းဆီးမှုတွေနဲ့ ရင်ဆိုင်ရပြီး ကျွန်မလည်း ယုဒတစ်ယောက်ရဲ့ သစ္စာဖောက်တာ ခံလိုက်ရတဲ့အခါမှာတော့ အဖမ်းခံရပြီး ရိုက်သတ်ခံရရင် ကောင်းမွန်တဲ့ အဆုံးသတ်၊ ကောင်းမွန်တဲ့ ပန်းတိုင် ရမှာမဟုတ်ဘူးလို့ စိုးရိမ်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် တစ်နေကုန် ကိုယ့်ကိုယ်ကိုယ် လုံခြုံအောင်နေဖို့ကိုပဲ တွေးပြီး အလုပ်တွေကို ဝီရိယရှိရှိနဲ့ နောက်ဆက်တွဲ လိုက်မကြည့်တော့ဘူး။ စာနဲ့ပတ်သက်တဲ့အလုပ်ကလည်း သုံးလေးလကြာတဲ့အထိ ဘာရလဒ်မှ မထွက်ခဲ့ဘူး။ ပြဿနာတွေ ဘယ်မှာရှိလဲ၊ ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုလည်း သေသေချာချာ သိအောင် မကြိုးစားခဲ့ဘူး။ ဒါ့အပြင် ချန်နန်အသင်းတော်ရဲ့ အလုပ်ကို နောက်ဆက်တွဲ လိုက်ကြည့်ဖို့လည်း ဝီရိယမရှိခဲ့ဘူး။ ခေါင်းဆောင်တုက တကယ့်အလုပ်မလုပ်တာကို သတိမထားမိခဲ့သလို အချိန်မီလည်း မဖြုတ်ချခဲ့ဘူး။ ဒါက အသင်းတော်ရဲ့ အလုပ်အမျိုးမျိုးကို အဟန့်အတား ဖြစ်စေခဲ့တယ်။ အဖမ်းခံရပြီး ပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်ခံရမှာ ကြောက်လို့ ခေါင်းဆောင်ဖြစ်ရတာကို နောင်တရတဲ့ စိတ်တောင် ဝင်လာမိတယ်။ ဒီအကြောင်းတွေအားလုံး တွေးမိတော့မှ တာဝန်ထမ်းဆောင်တာ၊ ဆင်းရဲဒုက္ခခံတာနဲ့ ကိုယ့်ကိုယ်ကိုယ် အသုံးခံတာတွေ လုပ်ခဲ့တဲ့ ကျွန်မရဲ့ နှစ်တွေအများကြီးက ကောင်းချီးမင်္ဂလာတွေနဲ့ အကျိုးအမြတ်တွေ ရရှိရေးဆိုတဲ့ အခြေခံအုတ်မြစ်ပေါ်မှာ တည်ဆောက်ထားမှန်း နောက်ဆုံးမှာ သဘောပေါက်လိုက်တယ်။ အခု အသင်းတော်အများကြီး အဖမ်းအဆီးတွေနဲ့ ကြုံနေရတော့ အသင်းတော်အလုပ်မှာ ပူးပေါင်းဆောင်ရွက်မယ့်လူတွေ လိုအပ်နေတယ်။ အထူးသဖြင့် ကျွန်မ တာဝန်ယူထားတဲ့ ချန်နန်အသင်းတော်မှာ အဖွဲ့ဝင်အသစ်တွေ အများကြီးရှိပြီး မှန်တဲ့လမ်းခရီးပေါ်မှာ ခိုင်မာတဲ့ အခြေခံအုတ်မြစ် မချရသေးဘူး။ အဆင်းနီတဲ့နဂါးကြီးရဲ့ ညှဉ်းဆဲနှိပ်စက်တာ၊ ဖမ်းဆီးတာတွေ ခံရမှာ ကြောက်လို့ သူတို့က စုဝေးဖို့ ကြောက်ရွံ့ထိတ်လန့်နေကြပြီး ထောက်ပံ့မှုနဲ့ ရေလောင်းပေးမှု အရေးတကြီး လိုအပ်နေတာ။ အသင်းတော် ခေါင်းဆောင်တွေနဲ့ အမှုဆောင်တချို့ အဖမ်းခံရပြီး အလုပ်မှာ ပူးပေါင်းဆောင်ရွက်မဲ့လူ မရှိဘူး။ ရွေးကောက်ပွဲအသစ်တွေ လုပ်ဖို့လည်း အရေးတကြီး လိုအပ်နေတယ်။ တရားဟောဆရာမတစ်ယောက်အနေနဲ့ ဒီအချိန်မှာ ကျွန်မက တာဝန်ယူပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို အလေးထားသင့်တယ်။ ဘုရားသခင် မိန့်တော်မူသလိုပါပဲ။ “ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သော သူတို့ကို ဘုရားသခင်၏ကြီးမားသော တာဝန်ပေးစေခိုင်းချက်နှင့် ဝန်ထုပ်ကို ပေးအပ်ထားသောကြောင့် ထိုသူတို့သည် ဘုရားသခင်ကို တိုက်ရိုက် အစေခံနိုင်သည်။ ထိုသူတို့သည် ဘုရားသခင်၏ စိတ်နှလုံးနှင့်ညီညွတ်နိုင်ကာ ဘုရားသခင်၏ ဝန်ထုပ်ကို ၎င်းတို့၏ဝန်ထုပ်အဖြစ် မှတ်ယူကြပြီး ၎င်းတို့သည် ၎င်းတို့၏ အနာဂတ် ရှေ့ရေးနှင့်သက်ဆိုင်သော အကျိုးအမြတ်၊ သို့မဟုတ် ဆုံးရှုံးမှုကို ထည့်သွင်းမစဉ်းစားပေ။ ၎င်းတရှေ့ရေးများမှာမည်သည့်အရာကိုမျှ ရမည်မဟုတ်သကဲ့သို့ မည်သည်ကိုမျှရရန် မရှိသည့်အခါတွင်ပင်လျှင် ထိုသူတို့သည် ဘုရားသခင်ကို ချစ်သော စိတ်နှလုံးဖြင့် ဘုရားသခင်ကို အစဉ်အမြဲ ယုံကြည်ကြလိမ့်မည်။ ထို့ကြောင့် ထိုကဲ့သို့သောသူသည် ဘုရားသခင်၏ ရင်းနှီးကျွမ်းဝင်သူ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ အစေခံနည်း) ဘုရားသခင်ကို တကယ် သစ္စာစောင့်သိတဲ့သူတွေက ကိုယ့်ဘေးကင်းလုံခြုံမှု၊ ဒါမှမဟုတ် အနာဂတ်အလားအလာကို ထည့်မတွက်ဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ တွေ့လိုက်ရတယ်။ အဲဒီအစား ဘုရားသခင် အရေးကြီးတယ်လို့ ယူမှတ်တဲ့အရာမှန်သမျှကို သူတို့လည်း အရေးကြီးတယ်လို့ ယူမှတ်ကြတယ်။ ပတ်ဝန်းကျင်က ပိုအန္တရာယ်များလေလေ ကိုယ့်တာဝန်ကို ကောင်းကောင်း ဘယ်လိုထမ်းဆောင်ရမလဲဆိုတာ၊ အားနည်းတဲ့ ညီအစ်ကိုမောင်နှမတွေကို ဘယ်လို ထောက်ပံ့ပြီး အသင်းတော်အလုပ်ကို သေသေချာချာ ကာကွယ်ရမလဲဆိုတာကို အဖြေရှာဖို့ ကြိုးစားလေလေပဲ။ ဒါပေမဲ့ ကျွန်မကျတော့ ကိုယ့်အသက်၊ အဆုံးသတ်နဲ့ ပန်းတိုင်ကို ထိခိုက်နိုင်တဲ့ အန္တရာယ်များတဲ့ ပတ်ဝန်းကျင် ရောက်နေတဲ့အချိန်မှာ ကိုယ့်တာဝန်ကို ဘေးချိတ်ထားခဲ့ပြီး ခေါင်းဆောင်တာဝန် ထမ်းဆောင်ရတာကိုတောင် နောင်တရခဲ့တယ်။ အပေါ်ယံကြည့်ရင်တော့ ကျွန်မက အရှုံးပေးလိုက်ပုံ မပေါ်ပေမဲ့ ကျွန်မရဲ့ စိတ်နှလုံးက တာဝန်မှာ လုံးဝကို မရှိခဲ့ဘူး။ အလုပ်မှာ အားနည်းချက် အများကြီး ပေါ်လာပေမဲ့ ကျွန်မ သတိမထားမိခဲ့ဘူး။ ကျွန်မ တကယ့်အလုပ် လုပ်မနေခဲ့တာပဲ။ ဒီနေ့မှာ ဘုရားသခင်က ခေါင်းဆောင်တာဝန်တွေ ထမ်းဆောင်ဖို့ ကျွန်မကို ချီးမြှောက်ထားတာက ကျွန်မ ဒီတာဝန်ကို ယူပြီး အသင်းတော်အလုပ်ကို ကောင်းကောင်းလုပ်နိုင်ဖို့၊ ပြီးတော့ ဒီတာဝန်ထမ်းဆောင်ရင်းနဲ့ သမ္မာတရား ရှုထောင့်အမျိုးမျိုးကို ကျွန်မ ရရှိစေဖို့ မျှော်လင့်ချက်နဲ့ပါ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ကျွန်မက တာဝန်မှာ သစ္စာမရှိခဲ့ရုံတင်မကဘဲ အလုပ်ကိုပါ နှောင့်နှေးစေခဲ့တယ်။ ဒီကိစ္စမှာ ကျွန်မမှာ အသိစိတ် နည်းနည်းလေးတောင် ရှိခဲ့ရဲ့လား။ အရင်တုန်းကတော့ ဘုရားသခင်ကို ယုံကြည်တာ နှစ်တွေအများကြီး ကြာပြီဖြစ်လို့၊ ပြီးတော့ မိသားစုကို စွန့်လွှတ်နိုင်ခဲ့လို့၊ ဇာတိပကတိ သာယာမှုတွေကို လက်လွှတ်နိုင်ခဲ့ပြီး တာဝန်ထမ်းဆောင်ရာမှာ ဒုက္ခခံနိုင်ခဲ့လို့၊ အဖိုးအခပေးဆပ်နိုင်ခဲ့လို့ ကျွန်မကို ဘုရားသခင်ကို တကယ်ယုံကြည်ပြီး သမ္မာတရား လိုက်စားတဲ့သူတစ်ယောက်လို့ သတ်မှတ်နိုင်တယ်လို့ ခံစားခဲ့ရဖူးတယ်။ အခုတော့ ဒီပတ်ဝန်းကျင်က ထုတ်ဖော်လိုက်တာကြောင့် နောက်ဆုံးမှာ ကျွန်မရဲ့ ဝိညာဉ်ရင့်ကျက်မှုအမှန်ကို ရှင်းရှင်းလင်းလင်း မြင်ခွင့်ရလိုက်တယ်။ ဘုရားသခင်ရှေ့မှောက် ရောက်လာပြီး ကျွန်မ ဆုတောင်းခဲ့တယ်။ “ချစ်ရတဲ့ ဘုရားသခင်၊ ယုဒတစ်ယောက်ရဲ့ သစ္စာဖောက်တာကို ခံလိုက်ရမှန်း သိလိုက်ရတဲ့အခါ သမီးက ကိုယ့်ကိုယ်ကိုယ်ပဲ ကာကွယ်တဲ့ အခြေအနေမှာ အသက်ရှင်နေခဲ့ပါတယ်။ သမီး တာဝန်မှာ လုံ့လဝီရိယ မရှိခဲ့ဘဲ အလုပ်ကို အဟန့်အတား ဖြစ်စေခဲ့ပါတယ်။ သမီး အရမ်း အပြစ်ရှိတယ်လို့ ခံစားရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပါတယ်။ ချစ်ရတဲ့ ဘုရားသခင်၊ သမီးက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ရွံရှာစရာကောင်းတယ်၊ ပြီးတော့ ဒီအခြေအနေမှာ ဆက်ပြီး မနေချင်တော့ဘူးဆိုတာ သမီး သဘောပေါက်ပါပြီ။ နောက်နောင်မှာ သမီးရဲ့ အခြေအနေကို ပြုပြင်ပြောင်းလဲပြီး အလုပ်ကို ကောင်းကောင်း လုပ်ချင်ပါတယ်။ သမီးကို လမ်းပြပေးတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ကျွန်မစိတ်နှလုံးက နည်းနည်း ပိုတည်ငြိမ်သွားတယ်။ ကျွန်မတို့ အလုပ်ထဲက ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ဝမ်ဟွေနဲ့ အမြန်ဆုံး ဆွေးနွေးလိုက်တယ်။ အရင်ဆုံး ချန်နန်အသင်းတော်က ပေးပို့လာတဲ့ တိုင်ကြားစာကို စစ်ဆေးအတည်ပြုပြီး စည်းမျဉ်းတွေနဲ့အညီ ခေါင်းဆောင်တုကို ဖြုတ်ချလိုက်တယ်။ စာနဲ့ပတ်သက်တဲ့အလုပ်မှာတော့ အလုပ်လုပ်တဲ့သူတွေက စည်းကမ်းမရှိတာ၊ ကိုယ့်တာဝန်တွေ ထမ်းဆောင်ဖို့ ဝန်တာမထားတာ၊ ပြီးတော့တစ်ယောက်နဲ့တစ်ယောက် သဟဇာတဖြစ်အောင် အလုပ်မလုပ်ကြတာတွေကြောင့်လည်း ကောင်းမွန်တဲ့ ရလဒ်တွေ မထွက်ပေါ်တာ ဖြစ်မှန်း ကျွန်မ တွေ့လိုက်ပါတယ်။ နောက်ပိုင်းမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ကြီးကြပ်ရေးမှူးနဲ့ မိတ်သဟာယပြုပြီး ဖြေရှင်းခဲ့တယ်။ အချိန်အတိုင်းအတာတစ်ခုထိ ကြီးကြပ်ပြီး နောက်ဆက်တွဲ လိုက်ကြည့်ပြီးတဲ့နောက်မှာ စာနဲ့ပတ်သက်တဲ့အလုပ်ရဲ့ ရလဒ်တွေ တိုးတက်လာတယ်။ ဒါကို မြင်လိုက်ရတော့ အရင်ကသာ ကိုယ့်တာဝန်မှာ ကျွန်မ ပိုပြီး လုံ့လဝီရိယ ရှိခဲ့ရင် အလုပ်က ဒီလောက် ကြာကြာ နှောင့်နှေးခဲ့မှာ မဟုတ်ဘူးလို့ မတွေးဘဲ မနေနိုင်တော့ဘူး။ ဒါကြောင့် ကျွန်မ ပိုပြီး အပြစ်ရှိသလို ခံစားရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ ပြီးတော့ နောင်မှာ ကိုယ့်တာဝန်ကို သေချာပေါက် ကောင်းကောင်းမွန်မွန် ထမ်းဆောင်မယ်လို့ တိတ်တိတ်လေး ဆုံးဖြတ်လိုက်တယ်။
၂၀၂၄၊ ဖေဖော်ဝါရီလထဲက တစ်ရက်မှာ ဝမ်ရှီး ထပ်ပြီး အဖမ်းခံရတယ်၊ ကျွန်မနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တချို့ကို ဖော်လိုက်တယ်၊ ပြီးတော့ အဆင်းနီသောနဂါးကြီးက ကျွန်မပုံကို ထပ်ပြီး ပုံတူဆွဲထားတယ်ဆိုတဲ့ သတင်းကို ညီအစ်ကိုမောင်နှမတွေဆီကနေ ရလိုက်တယ်။ ရက်နည်းနည်း ကြာတော့ အခုတလော ကျွန်မတို့အတွက် ကားမောင်းပေးနေတဲ့ ညီအစ်မ ယန်ရွှာ ရဲဖမ်းတာ ခံလိုက်ရတယ်လို့ ကြားလိုက်ရတယ်။ ဒီသတင်းတွေ အကုန်လုံးကို ဆက်တိုက် ကြားလိုက်ရတော့ ကျွန်မမှာ ရင်တမမနဲ့ ဖြစ်နေရပြန်ရော။ လူတစ်ယောက်ကို မဖမ်းခင် အချိန်အတိုင်းအတာတစ်ခုထိ နောက်ယောင်ခံလိုက်ပြီး စုံစမ်းတာ၊ ပြီးတော့ ပစ်မှတ်ကို သေချာပြီဆိုမှ ဖမ်းတာက အဆင်းနီတဲ့နဂါးကြီးရဲ့ လုပ်နေကျ နည်းလမ်းပဲလေ။ မကြာသေးခင်တုန်းက ယန်ရွှာက ကျွန်မတို့ကို နှစ်ခေါက် လိုက်ပို့ပေးဖူးတယ်။ အဖမ်းမခံရခင်ကတည်းက ရဲတွေက သူ့နောက်ယောင်ခံလိုက်နေခဲ့တာဆိုရင် ကျွန်မတို့ရဲ့ နောက်ဆုံးအကြိမ် နေရာပြောင်းတာတွေကို ရဲတွေက အားလုံး မြင်နေခဲ့တာလား။ အခု ယန်ရွှာ အဖမ်းခံလိုက်ရပြီ၊ ဝမ်ရှီးကလည်း ကျွန်မအကြောင်း အသေးစိတ်အချက်အလက်တချို့ကို ဖော်လိုက်ပြီဆိုတော့ ကျွန်မသာ အဖမ်းခံရရင် ရဲတွေက ကျွန်မကို သေချာပေါက် ညှဉ်းဆဲတော့မှာ။ ညှဉ်းဆဲခံရလို့သာ သေသွားရင် ကျွန်မရဲ့ ကယ်တင်ခြင်းမျှော်လင့်ချက်တွေ ပျောက်ဆုံးသွားမှာ သေချာပြီ မဟုတ်လား။ ဒီအကြောင်း တွေးလေလေ ကျွန်မ ပိုစိတ်ပူလေလေ ဖြစ်လာတယ်။ ဒါကြောင့် ဒီပတ်ဝန်းကျင်မှာ ကိုယ့်သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင် ဦးဆောင်ပေးဖို့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းပြီး တောင်းလျှောက်ခဲ့တယ်။ ဆုတောင်းပြီးတဲ့အခါ ကျွန်မစိတ်နှလုံးက နည်းနည်း ပိုတည်ငြိမ်သွားတယ်။ အဲဒီအချိန်ဝန်းကျင်တုန်းက ဖတ်ခဲ့ဖူးတဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို သတိရမိလို့ ပြန်ရှာပြီး ဖတ်လိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သခင်ယေရှု၏ ထိုတပည့်တော်များသည် မည်သို့ သေဆုံးကြသနည်း။ တပည့်တော်များကြားတွင် မသေမချင်း ကျောက်တုံးဖြင့် ထုသတ်ခံခဲ့ရသူများ၊ မြင်းနောက်မှ ကြိုးဖြင့် ဆွဲခံရသူများ၊ ဇောက်ထိုးမိုးမျှော် ကားစင်တင်ခံရသူများ၊ မြင်းငါးကောင်ဖြင့် ကိုယ်လက်အင်္ဂါများကို တစ်စစီ ဆွဲဖျက်ခံရသူများ ရှိကြသည်။ သေခြင်းတရားမျိုးစုံသည် ၎င်းတို့ပေါ် ကျရောက်ခဲ့သည်။ ၎င်းတို့၏ သေခြင်းတရားများအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့သည် ၎င်းတို့၏ ပြစ်မှုများအတွက် ဥပဒေနှင့်လျော်ညီစွာ ကွပ်မျက်ခံရခြင်းလော။ မဟုတ်ပေ၊ ၎င်းတို့သည် သခင်၏ ဧဝံဂေလိကို ဖြန့်ဝေပြီး ကမ္ဘာသူကမ္ဘာသားများ၏ ငြင်းပယ်ခြင်းကို ခံရသောကြောင့် ပြစ်တင်ရှုတ်ချခြင်း၊ ရိုက်နှက်ခြင်း၊ ဆူပူကြိမ်းမောင်းခြင်းနှင့် အသေသတ်ခြင်းတို့ကို ခံခဲ့ရသည်။ ယင်းမှာ ၎င်းတို့ မာတုရဖြစ်ခဲ့သည့် ပုံစံဖြစ်သည်။...အမှန်တကယ်တွင် ဤသည်မှာ ၎င်းတို့၏ ခန္ဓာကိုယ်များ သေဆုံးပြီး ကွယ်လွန်သွားသည့်ပုံစံ ဖြစ်သည်။ ဤသည်မှာ လူ့လောကမှ ၎င်းတို့ ထွက်ခွာသွားသည့် ပုံစံဖြစ်သည်၊ သို့ရာတွင် ယင်းက ၎င်းတို့၏ အဆုံးသတ်နှင့် တူညီသည်ဟု မဆိုလိုပေ။ ၎င်းတို့၏ သေခြင်းတရားနှင့် ထွက်ခွာခြင်းတို့၏ နည်းလမ်းများမှာ မည်သို့ဖြစ်ပါစေ၊ ယင်းတို့က မည်သို့ဖြစ်ပျက်ခဲ့ပါစေ၊ ဘုရားသခင်က ထိုအသက်များ၏၊ ထိုဖန်ဆင်းခံသတ္တဝါများ၏ နောက်ဆုံး အဆုံးသတ်များကို သတ်မှတ်ခဲ့သည့်ပုံစံ မဟုတ်ပေ။ ဤသည်မှာ သင် မဖြစ်မနေ ရှင်းလင်းစွာ တွေ့ရမည့်အရာ တစ်စုံတစ်ခုဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့က ဤလောကကို ပြစ်တင်ရှုတ်ချဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့ ဤနည်းလမ်းများကို အတိအကျအားဖြင့် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဤဖန်ဆင်းခံ သတ္တဝါများက ၎င်းတို့၏ အဖိုးအတန်ဆုံးသော အသက်များကို အသုံးပြုခဲ့သည်။ ၎င်းတို့က ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့၊ ဘုရားသခင်၏ကြီးမြတ်သော တန်ခိုးကို သက်သေခံဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် မှန်ကန်ကြောင်း၊ သခင်ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း၊ သူသည် သခင်နှင့် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်ကြောင်းတို့ကို စာတန်နှင့် လောကတို့အား ကြေညာဖို့ ၎င်းတို့အသက်၏နောက်ဆုံးအခိုက်အတန့်ကို အသုံးပြုခဲ့ကြသည်။ ၎င်းတို့ အသက်များ၏ နောက်ဆုံး အခိုက်အတန့်အထိတွင်ပင် ၎င်းတို့သည် သခင်ယေရှု၏ နာမတော်ကို မည်သည့်အခါမျှ မငြင်းပယ်ခဲ့ပေ၊ ဤသည်မှာ ဤလောကအပေါ် တရားစီရင်ခြင်းပုံစံတစ်မျိုး မဟုတ်သလော။ ၎င်းတို့က လောကကြီးကို ကြေညာဖို့၊ သခင်ယေရှုသည် သခင်ဖြစ်သည်၊ သခင်ယေရှုသည် ခရစ်တော် ဖြစ်သည်၊ သူသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်သည်၊ လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူပြုလုပ်ခဲ့သည့် ရွေးနုတ်ခြင်းအမှုတော်သည် ဤလူသားမျိုးနွယ် တစ်ရပ်လုံးကို ဆက်လက် ရှင်သန်ခွင့်ပြုကြောင်းကို လူသားတို့အား အတည်ပြုဖို့ ၎င်းတို့၏အသက်များကို အသုံးပြုခဲ့သည်။ ဤအဖြစ်မှန်သည် ထာဝရမပြောင်းလဲပေ။ သခင်ယေရှု၏ ဧဝံဂေလိတရားကို ဖြန့်ချိခြင်းအတွက် မာတုရဖြစ်ခဲ့သောသူတို့သည် ၎င်းတို့၏တာဝန်ကို မည်သည့်အတိုင်းအတာအထိ ထမ်းဆောင်ခဲ့သနည်း။ ယင်းက အဆုံးစွန်အတိုင်းအတာအထိ ဖြစ်ခဲ့သလော။ အဆုံးစွန်အတိုင်းအတာကို မည်သို့ထင်ရှားစေခဲ့သနည်း။ (၎င်းတို့က ၎င်းတို့၏ အသက်များကို ပူဇော်ဆက်ကပ်ကြသည်။) မှန်ပေသည်၊ ၎င်းတို့သည် ၎င်းတို့၏အသက်များဖြင့် အဖိုးအခကို ပေးဆပ်ခဲ့သည်။ မိသားစု၊ ကြွယ်ဝခြင်းနှင့် ဤအသက်တာ၏ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုများသည် အပြင်ပန်းအရာများသာ ဖြစ်သည်။ ကိုယ်နှင့်ဆက်စပ်သည့် တစ်ခုတည်းသော အရာမှာ အသက်ဖြစ်သည်။ အသက်ရှင်သည့် လူတိုင်းအတွက် အသက်သည် တန်ဖိုးအထားထိုက်ဆုံးသော အရာ၊ အဖိုးတန်ဆုံးသော အရာဖြစ်ပြီး ဖြစ်ချင်တော့ ဤလူများသည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းနှင့်ပတ်သက်၍ အတည်ပြုချက် အနေဖြင့်လည်းကောင်း၊ သက်သေခံချက် အနေဖြင့်လည်းကောင်း ၎င်းတို့၏ အဖိုးအတန်ဆုံး ပိုင်ဆိုင်မှုဖြစ်သည့် အသက်ကို ပူဇော်ဆက်ကပ်နိုင်ခဲ့ကြသည်။ ၎င်းတို့ သေဆုံးသည့် နေ့ရက်အထိ ၎င်းတို့သည် ဘုရားသခင်၏နာမတော်ကို မငြင်းပယ်ခဲ့ကြသကဲ့သို့ ဘုရားသခင်၏ အမှုတော်ကိုလည်း မငြင်းပယ်ခဲ့ကြဘဲ ဤအဖြစ်မှန် တည်ရှိမှုအတွက် သက်သေခံဖို့ ၎င်းတို့အသက်၏ နောက်ဆုံးအခိုက်အတန့်များကို အသုံးပြုခဲ့ကြသည်။ ဤသည်မှာ အမြင့်မားဆုံး သက်သေခံသည့် ပုံစံမဟုတ်လော။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ထမ်းဆောင်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်သည်။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်း ဆိုသည့်အရာဖြစ်သည်။ စာတန်က ၎င်းတို့ကို ခြိမ်းခြောက်ပြီး ခြောက်လှန့်ကာ အဆုံး၌ စာတန်သည် သူတို့၏ အသက်ကို အဖိုးအခ ပေးစေသည့်အခါတွင်ပင် ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို မစွန့်ပစ်ခဲ့ပေ။ ဤသည်မှာ တစ်စုံတစ်ဦး၏ တာဝန်ကို အဆုံးစွန်သော အတိုင်းအတာအထိ ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းဖြစ်ပေသည်။ ဤအရာနှင့်ပတ်သက်၍ ငါ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်ကို သက်သေခံဖို့နှင့် သူ၏ဧဝံဂေလိတရားအား ဖြန့်ချိဖို့ တစ်ထေရာတည်းသော နည်းစနစ်ကို သင်တို့ အသုံးပြုစေဖို့ ငါရည်ရွယ်သလော။ ထိုသို့ ပြုလုပ်ရန် မလိုအပ်သော်လည်း ဤသည်မှာ သင်၏တာဝန် ဖြစ်ကြောင်း၊ ဘုရားသခင်က သင့်အား လိုအပ်ပါက ယင်းကို မလွဲမသွေ တာဝန်ရှိသည့်အရာတစ်ခုအဖြစ် သင် လက်ခံသင့်ကြောင်းကို သင်နားလည်ရမည်။ ယနေ့လူများသည် ၎င်းတို့ထဲ၌ ကြောက်စိတ်နှင့် စိုးရိမ်မှုတို့ ရှိကြသော်လည်း ထိုခံစားချက်များသည် မည်သည့်အသုံးတည့်မှုရှိသနည်း။ ဘုရားသခင်က သင့်အား ဤသည်ကို လုပ်စေဖို့ လိုအပ်ခြင်းမရှိပါက ယင်းနှင့်ပတ်သက်၍ စိုးရိမ်နေခြင်းမှာ မည်သည့် အသုံးတည့်မှုရှိသနည်း။ ဘုရားသခင်က သင့်အား ဤသည်ကို လုပ်ဖို့ လိုအပ်ပါက သင်သည် သင်၏တာဝန်ကို ခေါင်းမရှောင်သင့်သကဲ့သို့ မငြင်းပယ်သင့်ပေ။ သင်သည် တက်ကြွစွာ ပူးပေါင်းသင့်ပြီး စိတ်ပူခြင်းမရှိဘဲ လက်ခံသင့်သည်။ တစ်စုံတစ်ဦးသည် မည်သို့သေဆုံးပါစေ ၎င်းသည် စာတန်ရှေ့မှောက်တွင် မသေဆုံးသင့်ပေ၊ ပြီးလျှင် စာတန်၏လက်ထဲတွင် မသေဆုံးသင့်ပေ။ တစ်စုံတစ်ဦးက သေဆုံးတော့မည်ဖြစ်ပါက ၎င်းသည် ဘုရားသခင်၏လက်ထဲတွင် သေဆုံးသင့်သည်။ လူများသည် ဘုရားသခင်ထံမှ လာကြသည်၊ ပြီးလျှင် ဘုရားသခင်ထံသို့ ၎င်းတို့ ပြန်ကြသည်။ ယင်းမှာ ဖန်ဆင်းခံတစ်ဦး ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရားနှင့် သဘောထားတို့ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဧဝံဂေလိတရားဟောခြင်းသည် ယုံကြည်သူများအားလုံး ကောင်းမွန်စွာ ဖြည့်ဆည်းရမည့် တာဝန်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော် ဖတ်ပြီးတဲ့နောက်မှာ စိတ်သက်သာရာရသွားသလို ခံစားလိုက်ရတယ်။ သခင်ယေရှုရဲ့ တပည့်တော်တွေဟာ ဘုရားသခင်ရဲ့ ဧဝံဂေလိတရားကို ဖြန့်ဝေခဲ့လို့ ညှဉ်းဆဲခံခဲ့ရတယ်။ တချို့က မြင်းငါးကောင်နဲ့ ဆွဲဖြဲပြီး သတ်တာကို ခံခဲ့ရတယ်၊ တချို့က ခဲနဲ့ပေါက်သတ်တာ ခံခဲ့ရတယ်၊ တချို့က ခေါင်းဖြတ်သတ်တာ ခံခဲ့ရတယ်၊ တချို့ကျတော့ ဇောက်ထိုး ကားစင်တင် အသတ်ခံရတယ်။ ညှဉ်းဆဲခံရလို့ဆိုပြီး ဧဝံဂေလိတရားဟောတာကို သူတို့ ဘယ်တော့မှ မစွန့်လွှတ်ခဲ့သလို သေတဲ့အထိ ဘုရားသခင်ရဲ့ နာမတော်ကို ဘယ်တော့မှ မငြင်းပယ်ခဲ့ကြဘူး။ ဘုရားသခင်အတွက် ထင်ရှားတဲ့ သက်သေခံချက်ပေးဖို့ သူတို့ရဲ့အသက်ကို အသုံးပြုခဲ့ကြတယ်။ လူ့အမြင်မှာတော့ သူတို့ရဲ့ ခန္ဓာကိုယ်တွေ သေဆုံးသွားပေမဲ့ သူတို့ရဲ့ ဝိညာဉ်တွေကတော့ ဖန်ဆင်းရှင်ရဲ့ ရှေ့မှောက်ကို ပြန်ရောက်သွားကြပြီလေ။ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်။ “မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၁၀:၃၉) သခင်ယေရှုရဲ့ စကားတွေက အရမ်းရှင်းလင်းပါတယ်။ ဘုရားသခင်ကို ယုံကြည်လို့၊ ဒါမှမဟုတ် ကိုယ့်တာဝန်ကို ထမ်းဆောင်လို့ အသက်ဆုံးရှုံးရမယ်ဆိုရင် ခန္ဓာကိုယ်က သေသွားပေမဲ့ ဝိညာဉ်ကတော့ ဘုရားသခင်ထဲမှာ ကယ်တင်ခံရမှာဖြစ်ပြီး စစ်မှန်တဲ့ အသက်ကို ရရှိမှာပါ။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ဘုရားသခင် စီစဉ်ထားတဲ့ ပတ်ဝန်းကျင်ကို ကျွန်မ ခြွင်းချက်မရှိ ကျိုးနွံနာခံသင့်တယ်။ အဆင်းနီတဲ့နဂါးကြီးရဲ့ ဖမ်းဆီးတာ ခံရဖို့ ဘုရားသခင်ကသာ ခွင့်ပြုမယ်ဆိုရင် ဘုရားသခင်အတွက် သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ ကျွန်မရဲ့အသက်ကို ဘေးချထားသင့်ပြီး ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းသင့်တယ်။ အဆင်းနီတဲ့နဂါးကြီးက ကျွန်မကို တကယ်ပဲ သေတဲ့အထိ ညှဉ်းဆဲရင်တောင် အဲဒါက စာတန်ကို အရှက်ရစေတဲ့ သက်သေခံချက် ဖြစ်မှာပါ။ အဲဒါက တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိမှာပါ။ အရင်ကလိုပဲ ကိုယ့်အသက်ကို ကယ်ဖို့ပဲ တွေးပြီး ဂုဏ်သိက္ခာမရှိဘဲ သေမထူး နေမထူး ဆက်ပြီး အသက်ရှင်နေမယ်ဆိုရင် ကိုယ့်ဇာတိပကတိကို ကာကွယ်ရင်တောင် ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို ဖြည့်ဆည်းမှာ မဟုတ်သလို ဘုရားသခင်အတွက် သက်သေခံမှာလည်း မဟုတ်ဘူး။ အဲဒါကမှ ကယ်တင်ခံရဖို့ အခွင့်အရေးကို တကယ် ဆုံးရှုံးလိုက်တာပဲ။ ဒါကို နားလည်သွားတော့ ကျွန်မ မကြောက်တော့သလို မတွန့်ဆုတ်တော့ဘူး။ အခု ကျွန်မက အဆင်းနီတဲ့နဂါးကြီး ဖမ်းတာကို မခံရသေးဘူး၊ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ အခွင့်အရေးတွေ ရှိနေသေးတယ်၊ ဒါကြောင့် ကျွန်မ ထမ်းဆောင်သင့်တဲ့ တာဝန်တွေကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်သင့်တယ်။ အထူးသဖြင့် ဒီရက်ပိုင်း အဖမ်းအဆီးတွေကြောင့် အသင်းတော်တချို့ရဲ့ အလုပ်က အပြည့်အဝ ပြန်နာလန်မထူသေးဘူး။ ညီအစ်ကိုမောင်နှမတချို့က အပျက်သဘောဆောင်မှုနဲ့ အားနည်းမှုတွေထဲမှာ အသက်ရှင်နေရတုန်းပဲ၊ ပြီးတော့ အဆင်းနီတဲ့နဂါးကြီးကလည်း ညီအစ်ကိုမောင်နှမတွေကို တကောက်ကောက်လိုက်ပြီး ဖမ်းနေတုန်းပဲ။ လူတိုင်း ဘုရားသခင်ကို မှီခိုနိုင်ဖို့၊ ကိုယ့်တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်နိုင်ဖို့နဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့အတွက် ကျွန်မ အစွမ်းကုန် ကြိုးစားပြီး ညီအစ်ကိုမောင်နှမတွေနဲ့အတူ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို မိတ်သဟာယပြုသင့်တယ်။ ဒီအကြောင်း တွေးမိတော့ ကျွန်မ ဉာဏ်အလင်းရသွားသလို ခံစားလိုက်ရတယ်။ အဲဒီနောက်မှာ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းခဲ့ပြီး ကိုယ့်တာဝန်တွေမှာ သတိရှိရှိနဲ့ စိတ်နှစ်ထားခဲ့ပါတယ်။ အသင်းတော်အလုပ်က ပြဿနာတွေနဲ့ ပတ်သက်ရင်တော့ ဖြေရှင်းဖို့အတွက် ဝမ်ဟွေနဲ့ ဆွေးနွေးပြီး မိတ်သဟာယပြုခဲ့တယ်။ ပြီးတော့ ရလဒ်ကောင်း မထွက်တဲ့ အသင်းတော်တစ်သင်းချင်းစီနဲ့ မိတ်သဟာယပြုဖို့ စာတွေ ရေးခဲ့တယ်။ အချိန်တစ်ခု ကြာပြီးတဲ့နောက်မှာ အလုပ်အမျိုးမျိုးမှာ တိုးတက်မှုတချို့ တွေ့လာရပြီး ကျွန်မ အရမ်း ကျေနပ်အားရမိတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
လျိုယန် တောင်ကိုရီးယားနိုင်ငံ၂၀၁၀ ခုနှစ်မှာ၊ ကျွန်မက အသင်းတော်မှာ စာတည်းဖြတ်တဲ့ တာဝန်ကို လုပ်နေခဲ့တယ်။ အသင်းတော် ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့...
ရီနင် တရုတ်နိုင်ငံ သိပ်မကြာသေးတဲ့အချိန်က အသင်းတော်ရဲ့ အလုပ်တချို့ကို ကြီးကြပ်ဖို့ အသင်းတော် ခေါင်းဆောင်အနေနဲ့ ကျွန်မ အရွေးခံခဲ့ရတယ်။...
ကျွန်မက မြန်မာကပါ။ ၂၀၁၉ခုနှစ် မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ ဘုရားက ကျွန်မတို့ကို...
ရှမ်းရီ ဂျပန်နိုင်ငံ တစ်ခါတုန်းက ကျွန်မတို့အလုပ်ကို အနှစ်ချုပ်တော့ ကျွန်မတို့ရဲ့ ဧဝံဂေလိအလုပ်က အဲဒီလအစပိုင်းမှာ သိပ်အဆင်မပြေဘူးလို့...