အန္တိခရစ်တစ်ဦး၏ ဘက်တွင် ရပ်တည်လုနီး ဖြစ်ခဲ့သည်
ဂျက်စီကာ ဖိလစ်ပိုင်နိုင်ငံ ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မဦးလေးက တရုတ်တိုင်းရင်းဆေးဆရာ တစ်ယောက်ပါ။ ကျွန်မ ၁၀ နှစ်သမီးအရွယ်တုန်းက မတော်တဆမှုတစ်ခု ဖြစ်ပြီး သွေးအန်တာ မရပ်ခဲ့ဘူး။ အဲဒီ အသည်းအသန်ဖြစ်နေတဲ့အချိန်မှာ ကျွန်မအသက်ကို ကယ်ခဲ့တာက ဦးလေးပါပဲ။ ဒီ အသက်ကယ်တဲ့ ကျေးဇူးကို ကျွန်မ အမြဲ သတိရခဲ့ပြီး တွေးမိတာက ကြီးလာရင် ဦးလေးကို သေချာပေါက် ကျေးဇူးဆပ်ရမယ် ဆိုတာပါပဲ။ ၂၀၀၈ ခုနှစ်မှာ အဖေက ရောဂါနဲ့ ဆုံးသွားတယ်။ ကျွန်မတို့ တစ်မိသားစုလုံး ဝမ်းနည်းပူဆွေးနေရချိန်မှာ ဦးလေးက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိတရားကို ကျွန်မတို့ကို ဟောပြောပေးခဲ့တယ်။ ဒါက ကျွန်မတို့အတွက် မှီခိုအားထားစရာတစ်ခုခု ပေးရုံသာမက သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်း ရရှိဖို့ အခွင့်အရေးပါ ရရှိစေခဲ့လို့ ဦးလေးကို ကျွန်မ ပိုပြီးတော့တောင် ကျေးဇူးတင်မိတယ်။ အဖေဆုံးသွားတော့ အမေခမျာ ကျွန်မတို့ မောင်နှမသုံးယောက်ရဲ့ ပညာရေးစရိတ်ကို ကျခံဖို့ ခက်ခဲခဲ့တယ်။ အဲဒီတော့ ဦးလေးက ကျွန်မကို သူ့အိမ် ခေါ်ထားခဲ့တယ်။ အဲဒီမှာ ဘုရားကို ယုံကြည်လို့ရင်း သူနဲ့အတူ ဆေးပညာကိုလည်း သင်ယူနိုင်ခဲ့တယ်။ ကျွန်မက သူ့ဆီမှာပဲ နေ၊ သူ့ဆီမှာပဲ စားသောက်ခဲ့တာပါ။ ကျွန်မ ကျန်းမာရေး သိပ်မကောင်းတော့ ဦးလေးက ကျွန်မအတွက် အာဟာရဖြစ်မယ့် အစားအစာတွေ မကြာခဏ ပြင်ဆင်ပေးတယ်။ ကျွန်မကို သမီးအရင်းတစ်ယောက်လို ဆက်ဆံတော့ သူ့အပေါ် ကျွန်မ ကျေးဇူးတွေအများကြီးတင်ပြီး နောင်တစ်ချိန် ဒုက္ခအခက်အခဲတစ်ခုခု သူ ကြုံရရင် ကျွန်မ ကူညီနိုင်သရွေ့ တတ်နိုင်သမျှ အကုန်လုပ်ပေးမယ်လို့ တွေးခဲ့တယ်။
၂၀၁၁ ခုနှစ်မှာတော့ အသင်းတော်က ဦးလေးကို ဆိုးယုတ်သောသူအဖြစ် သတ်မှတ်လိုက်တယ်။ သူက မာနထောင်လွှားပြီး စိတ်ကြီးဝင်တယ်၊ အကြောင်းမဲ့ သက်သက် ပြဿနာရှာပြီး သမ္မာတရားကို လုံးဝ လက်မခံဘူး။ သူ့ကို အကြံပြုတဲ့သူတွေကို ဒုက္ခပေးပြီး ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို မကြာခဏ ဝေဖန်၊ တိုက်ခိုက်ပြီး ပြစ်တင်ရှုတ်ချတတ်တယ်။ ညီအစ်ကို မောင်နှမတွေနဲ့ ခေါင်းဆောင်တွေကြားမှာ ပဋိပက္ခတွေကို လှုံ့ဆော်တယ်။ အဲဒါက အသင်းတော်အသက်တာနဲ့ အလုပ်ကို ပြင်းထန်တဲ့ နှောင့်ယှက်မှုဖြစ်စေခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက သူ့ရဲ့ ဖိနှိပ်မှုကို ခံရလွန်းလို့ သူ့ကို မဆက်ဆံရဲကြဘူး။ ထပ်တလဲလဲ မိတ်သဟာယပြုပေးခဲ့ပေမဲ့ သူက နောင်တရဖို့ ငြင်းဆန်ခဲ့တယ်။ အသင်းတော်က သူ့ကို နှင်ထုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီအချိန်မှာ ခေါင်းဆောင်က လက်မှတ်ထိုးဖို့ ကျွန်မ သဘောတူလားလို့ မေးတော့ ကျွန်မ တကယ်ကို ဗျာများသွားတယ်။ ဦးလေးရဲ့ အပြုအမူက အရမ်း သိသာထင်ရှားပါတယ်။ ကျွန်မကိုယ်တိုင်တောင် သူ့ရဲ့ အထင်သေးပြီး၊ တိုက်ခိုက်တာတွေကြောင့် မျက်ရည်ကျတဲ့အထိ ဖြစ်ခဲ့ရတာလေ။ ဒါပေမဲ့ ကျွန်မ တွေးမိတယ်၊ “ငါ လက်မှတ်ထိုးလိုက်လို့ သူသိသွားရင် ငါ့ကို ဘယ်လိုမြင်မလဲ။ ငယ်ငယ်တုန်းက ဦးလေးက ငါ့အသက်ကို ကယ်ခဲ့တယ်၊ ဧဝံဂေလိတရား ဟောပေးခဲ့ပြီး ဆေးပညာလည်း သင်ပေးခဲ့တယ်။ သူက ကျွန်မကို နည်းလမ်းပေါင်းများစွာနဲ့ ကောင်းခဲ့တာဖြစ်ပြီး၊ ငါသာ လက်မှတ်ထိုးလိုက်ရင် ငါ့ကို သနားအကြင်နာမဲ့တယ်၊ ကျေးဇူးကန်းတယ်လို့ သူပြောမလား” လို့ပေါ့။ ဒါပေမဲ့ အဲဒီအချိန်မှာ ခေါင်းဆောင်က ကျွန်မကို တကယ် တို့ထိတဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ပြခဲ့တယ်။ ဘုရားသခင်က ပြောသည် “လူတို့သည် အခြားလူများကို မည်သည့်စည်းမျဉ်းနှင့် ဆက်ဆံရန် ဘုရားနှုတ်ကပတ်တော်များက တောင်းဆိုသနည်း။ ဘုရားသခင်ချစ်သောအရာကို ချစ်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းလော့။ ဤသည်မှာ လူတို့ စောင့်ထိန်းလိုက်နာသင့်သည့် စည်းမျဉ်းဖြစ်၏။ ဘုရားသခင်သည် သမ္မာတရားကို လိုက်စားပြီး သူ၏ အလိုတော်ကို လိုက်လျှောက်နိုင်သောသူများကို ချစ်သည်။ ဤလူတို့သည်လည်း ကျွန်ုပ်တို့ ချစ်သင့်သောလူများဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို မလိုက်လျှောက်နိုင်သောသူ၊ ဘုရားသခင်ကို မုန်းတီးပြီး၊ ပုန်ကန်သောသူ၊ ဤလူတို့သည် ဘုရားသခင်၏ အလွန်မုန်းတီးခြင်းကို ခံရသည်။ ကျွန်ုပ်တို့သည်လည်း ၎င်းတို့ကို အလွန်မုန်းတီးသင့်၏။ ဤသည်မှာ လူသားအပေါ် ဘုရားသခင် တောင်းဆိုသောအရာ ဖြစ်သည်။...ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုက ပြောခဲ့သည်။ ‘ကိုယ်တော်က၊ ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၏။’ ‘ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော် အလိုတော်အတိုင်း လိုက်လျှောက်သောသူ မည်သူမဆိုသည် ထိုသူသည် ငါ၏ညီအစ်ကို၊ ညီအစ်မနှင့် မိခင်ပင်တည်း။’ ဟူ၍ဖြစ်သည်။ ဤစကားများသည် ကျေးဇူးတော်ခေတ်တွင် တည်ရှိနှင့်ပြီးဖြစ်သည်။ ယခုအခါတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ပို၍ပင် ရှင်းလင်းလေသည်။ ‘ဘုရားသခင် ချစ်သောအရာကို ချစ်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းလော့’ ဤစကားများသည် လိုရင်းကို ထိရောက်သည်။ သို့တိုင်အောင် လူတို့သည် ဤစကားများ၏ အဓိပ္ပာယ်အစစ်အမှန်ကို မကြာခဏဆိုသလို သဘောပေါက်နိုင်ခြင်း မရှိကြပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင် မှားယွင်းသောအမြင်များကို သိကျွမ်းခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတော့ ကျွန်မ အတော်အတန် အပြစ်ရှိသလို ခံစားလိုက်ရတယ်။ ဦးလေးက ဆိုးယုတ်တဲ့သူ တစ်ယောက်လို ပြုမူနေတာ ရှင်းနေတာတောင်မှ ကျွန်မက လက်မှတ်မထိုးချင်သေးဘူး ဖြစ်နေတယ်။ အသင်းတော်မှာ သူ့ရဲ့ ဆက်တိုက် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နေတာတွေကို ကျွန်မ သည်းခံပေးနေတာ မဟုတ်လား။ ကျွန်မအနေနဲ့ ချစ်ခင်မှုအပေါ် အခြေခံပြီး မပြုမူသင့်ဘဲ “ဘုရားသခင်ချစ်သောအရာကို ချစ်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းလော့။” ဆိုတဲ့ ဘုရားနှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်သင့်တယ်။ အဲဒီနောက် ကျွန်မ လက်မှတ်ထိုးလိုက်တယ်။
၂၀၁၂ ခုနှစ်မှာ အသင်းတော်က ဦးလေးကို နှင်ထုတ်လိုက်တဲ့ ကြေညာစာ ထုတ်ပြန်လိုက်တော့ သူ့ကို ရင်ဆိုင်ရမှာ ကျွန်မ အမြဲ ကြောက်နေခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မ လက်မှတ်ထိုးလိုက်တာကို ဦးလေး သိသွားတဲ့အခါ ပိုင်းခြားသိမြင်မှု မရှိဘူးဆိုပြီး ကျွန်မကို ဆူပူကြိမ်းမောင်းပြီး ငတုံးမလို့ ခေါ်ခဲ့တယ်။ သူ အဲဒီလိုပြောတာကြားတော့ သူ့ရဲ့ ဒုစရိုက်အမှုတွေကို သူ လုံးဝ ဆင်ခြင်သုံးသပ်တာ၊ နားလည်တာ မရှိဘူးဆိုတာ ကျွန်မ သိလိုက်ရတယ်။ ဒါပေမဲ့ လက်မှတ်ထိုးလိုက်တာက သူ့အပေါ် ကျွန်မ အရမ်း သနားအကြင်နာမဲ့ရာကျပြီး ကျေးဇူးကန်းရာများ ရောက်နေမလားလို့ တွေးနေမိတုန်းပါပဲ။ နောက်ပိုင်းမှာ ကျွန်မတာဝန်ရဲ့ လိုအပ်ချက်အရ ဦးလေးအိမ်ကနေ ကျွန်မ ထွက်လာခဲ့တယ်။ ဦးလေးကို ကျွန်မ မရင်ဆိုင်ရတော့ပေမဲ့ သူ ဆူပူကြိမ်းမောင်းခဲ့တဲ့ စကားတွေက ကျွန်မစိတ်ထဲမှာ စွဲထင်ကျန်ရစ်နေတုန်းပဲ။ အထူးသဖြင့် နောက်ပိုင်းမှာ ကျွန်မကို ဦးလေးအပေါ် ပိုပြီး ကျေးဇူးကြွေးတင်သလို ခံစားရစေတဲ့ ကိစ္စတစ်ခု ဖြစ်လာခဲ့ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့အရာတစ်ခု ကျွန်မ လုပ်မိသွားခဲ့တယ်။
၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာပေါ့၊ ကျွန်မက အိမ်နဲ့အဝေးမှာ တာဝန်ထမ်းဆောင်နေခဲ့ပြီး ပြင်းထန်တဲ့ နမိုးနီးယားနဲ့ အဆုတ်ရေဝင်တဲ့ရောဂါကြောင့် ညီအစ်ကိုမောင်နှမတွေက ဆေးရုံပို့ပေးခဲ့ရတယ်။ ဦးလေးက ဆေးရုံကို အပြေးရောက်လာပြီး ငွေရောလူရော အားစိုက်ထုတ်ပြီး ကျွန်မကို မနားတမ်း ပြုစုစောင့်ရှောက်ပေးခဲ့တယ်။ ကျွန်မ သွေးပေါင်ချိန်က အန္တရာယ်ရှိလောက်အောင် ကျနေတော့ သူက အကြောနှိပ်ကုသပေးတယ်။ ကျွန်မ ဆေးရုံက ဆင်းပြီးတဲ့နောက်မှာလည်း ပြန်လည်ကျန်းမာလာအောင်ဆိုပြီး တရုတ်တိုင်းရင်းဆေးတွေတောင် ပြင်ဆင်ပေးခဲ့တယ်။ သူ နှင်ထုတ်ခံရဖို့ ကျွန်မ လက်မှတ်ထိုးခဲ့တာတောင်မှ သူက ကျွန်မအပေါ် ကောင်းနေတုန်းပဲဆိုတာ မြင်တော့ သူ့အပေါ် ကျွန်မရဲ့ အပြစ်ရှိတဲ့စိတ်က ပိုကြီးထွားလာတယ်။ အဲဒီအချိန်အတောအတွင်းမှာ ဦးလေးက ပြီးခဲ့တဲ့နှစ်တွေမှာ သူ နှင်ထုတ်ခံရပြီးတဲ့နောက်ပိုင်းမှာတောင် ဧဝံဂေလိတရားကို ဘယ်လို ဆက်ပြီး ဟောပြောခဲ့တယ်၊ လူတချို့ကို ဘုရားသခင်ရှေ့မှောက် ခေါ်ဆောင်ပေးခဲ့တယ်ဆိုတာတွေ ကျွန်မကို ပြောပြတယ်။ ဧဝံဂေလိတရား ဟောပြောလို့ စီစီပီရဲ့ ဖမ်းဆီးတာကိုတောင် ခံခဲ့ရတယ်၊ အိမ်က မွှေနှောက်ရှာဖွေခံရပြီး ပစ္စည်းတွေ အသိမ်းခံရတဲ့အပြင် ဆေးဆိုင်ပါ ပိတ်လိုက်ရတယ်တဲ့။ ယွမ်ငွေ တစ်သိန်းကျော်လောက် ဆုံးရှုံးခဲ့ရတယ်။ အဆင်းနီသော နဂါးကြီးရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံရပေမဲ့ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေ ဘယ်မှာ သိမ်းထားတယ်ဆိုတာကို သူ မဖွင့်ပြောခဲ့ဘူးတဲ့။ ဒါပေမဲ့ စီစီပီက သူ့ကို ဓာတ်ပုံတွေပြပြီး ညီအစ်ကိုမောင်နှမတွေကို ခွဲခြားခိုင်းတဲ့အခါ အစ်မတစ်ယောက်က ခေါင်းဆောင်ဖြစ်တယ်ဆိုတာကို သူ အတည်ပြုပေးခဲ့တယ်။ အဲဒါက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူ့ကို နှင်ထုတ်ခဲ့တဲ့ ခေါင်းဆောင်ပါ။ အဲဒါတွေအကုန် ပြောပြပြီးတဲ့နောက်မှာ ကျွန်မကို အသိစိတ်မရှိဘူးဆိုပြီး သူက ပြစ်တင်ဝေဖန်ပါတော့တယ်။ ကျွန်မကို သမီးရင်းတစ်ယောက်လို သဘောထားပြီး အဖေတစ်ယောက်လို ဂရုစိုက်ခဲ့ပေမဲ့ ကျွန်မက အပြန်အလှန်အနေနဲ့ လူ့ရဲ့ခံစားချက်တွေမရှိဘဲ သွေးအေးသတ္တဝါတစ်ကောင်လို ပြုမူခဲ့တယ်ပေါ့။ သူ အဲဒီအကြောင်းတွေ ပြောတာကြားရတော့ သူ့အပေါ် ကျွန်မ ကျေးဇူးကြွေးတင်သလို ခံစားရပြီး ကိုယ်ချင်းစာမိတယ်။ အဲဒီအချိန်ဝန်းကျင်မှာပဲ အထက်အရပ် ခေါင်းဆောင်တွေ ပြောတာ ကျွန်မ တိုက်တိုက်ဆိုင်ဆိုင် ကြားလိုက်ရတယ်။ နှင်ထုတ်ခံထားရတဲ့သူတွေအနေနဲ့ နောင်တရပြီး ဘုရားသခင်ကို ဆက်လက်ယုံကြည်မယ်၊ ဧဝံဂေလိတရား ဆက်ဟောနေမယ်ဆိုရင် အသင်းတော်က ပြန်လက်ခံပေးလို့ရတယ်ဆိုတာပေါ့။ ဒါကြောင့် ကျွန်မဦးလေးကို ကျွန်မ သတိရသွားတယ်။ သူ နှင်ထုတ်ခံထားရပေမဲ့ ဒီပြီးခဲ့တဲ့နှစ်တွေမှာ ဧဝံဂေလိတရားကို ဟောပြောနေခဲ့တာပဲလို့ ကျွန်မ တွေးမိတယ်။ စီစီပီရဲ့ ဖမ်းဆီး စစ်ဆေးမေးမြန်းတာ ခံရတုန်းကလည်း ဘုရားသခင်ကို သူ မငြင်းပယ်ခဲ့ဘူးလေ။ ဒါဆို ဦးလေးကို အသင်းတော်က ပြန်လက်ခံပေးဖို့ ဖြစ်နိုင်တယ် မဟုတ်လား။ သူက ဧဝံဂေလိတရား ဟောပြောပြီး အတိတ်က အမှားတွေအတွက် ပြန်ပေးဆပ်ဖို့ အလုပ်လုပ်ပေးမယ်ဆိုရင်တောင် အဆင်ပြေမှာပါ။ အဲဒီနောက်မှာ တခြားသူတွေက သူနဲ့အတူ ဘုရားနှုတ်ကပတ်တော်တွေကို ပိုပြီး မိတ်သဟာယ ပြုပေးမယ်ဆိုရင် သူ လုပ်ခဲ့တဲ့ မကောင်းမှုတွေကို တဖြည်းဖြည်း ဆင်ခြင်သုံးသပ်နိုင်မယ်၊ နောင်တရပြီး ပြောင်းလဲနိုင်မယ် မဟုတ်လား။ သူ့ကို အသင်းတော်က ပြန်လက်ခံလာအောင် ကျွန်မ လုပ်ပေးနိုင်ရင် ကျွန်မမှာ အသိစိတ် နည်းနည်းရှိပြီး အဲဒီလို ကျေးဇူးကန်းတဲ့သူတစ်ယောက် မဟုတ်ဘူးဆိုတာကို သူ မြင်မှာပဲ မဟုတ်လားပေါ့။ ဒီအတွေး ဝင်လာတဲ့အခါမှာ အမှားပြင်ပြီး သူ့ကျေးဇူးကို ပြန်ဆပ်ဖို့ အခွင့်အရေးရှာတွေ့သလိုမျိုး ကျွန်မ ခံစားခဲ့ရတယ်။ ဒါကြောင့် ဦးလေးရဲ့ ကောင်းတဲ့ အပြုအမူတွေအကြောင်း ခေါင်းဆောင်ဆီကို ကျွန်မ စာရေးပြီး အစီရင်ခံလိုက်တယ်။ ဒါပေမဲ့ ရဲတွေဆီမှာ အသင်းတော်ခေါင်းဆောင်ရဲ့ ဓာတ်ပုံကို သူ ဖော်ထုတ်ပေးခဲ့တာတွေ၊ ကျွန်မရှေ့မှာ ညည်းညူပြီး ဆူပူကြိမ်းမောင်းတာတွေကိုတော့ အားလုံး ချန်လှန်ထားလိုက်တယ်။ နောက်ပိုင်းမှာ ဦးလေးက အသင်းတော်ထဲ ပြန်လက်ခံဖို့အတွက် စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုရှိရဲ့လားဆိုတာကို သွားကြည့်ဖို့အတွက် သူ့ဆီသွားပြီး တွေ့ဆုံဖို့ ခေါင်းဆောင်တွေက လူတစ်ယောက်ကို စီစဉ်ပေးခဲ့တယ်။ ရက်အနည်းငယ်ကြာတော့ အစ်မတစ်ယောက်က ကျွန်မကို ပြောပြတယ်။ “ညီမဦးလေးဆီ သွားပြီး သူ ဘယ်လို ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆင်ခြင်သုံးသပ်ပြီး သိအောင် ကြိုးစားခဲ့လဲလို့ မေးတဲ့အခါ သူက ဒေါသတကြီးနဲ့ ‘မင်းတို့က အဖြစ်မှန်တွေကို စုံစမ်းဖို့ လာတာ လုံးဝ မဟုတ်ဘူး။ မင်းတို့နဲ့ ခေါင်းဆောင်တွေက အချင်းချင်း ဖုံးဖိပေးနေကြတာ၊ မင်းတို့အားလုံး ဒါကို အတူဝိုင်းလုပ်နေကြတာ’ လို့ ပြောတယ်။ သူက အစ်မတို့ကို ရိုက်တော့မယ့်ပုံ ပေါက်နေလို့ ညီမအဒေါ်ကပဲ သူ့ကို ဝိုင်းပြောပြီး ဆွဲထားရတယ်။ ပြီးတော့ သူက လက်တွေ ဝှေ့ယမ်းပြီး အတိတ်က အကြောင်းတွေကို အော်ဟစ်ကြိမ်းမောင်း ပြောဆိုတော့တာပဲ၊ အပြစ်တွေ ရှာပြီး လက်မလွှတ်ဘဲ၊ ခေါင်းဆောင်တွေကို တိုက်ခိုက်ပြီး ဝေဖန်တာတွေ လုပ်တယ်။ သူ့မှာ ကိုယ့်ကိုယ်ကိုယ် သိနားလည်မှု လုံးဝ မရှိသလို အသင်းတော်က ပြန်လက်ခံဖို့ မသင့်တော်ဘူးဆိုတာ အစ်မတို့ တွေ့ခဲ့ရတယ်” တဲ့။ အဲဒီအချိန်မှာ အဲဒီအစ်မက ကျွန်မဦးလေးရဲ့ အနှစ်သာရကို ပိုင်းခြားသိမြင်ပြီး ထွင်းဖောက်သိမြင်ဖို့နဲ့ပတ်သက်လို့ ကျွန်မကို မိတ်သဟာယ ပြုပေးပြီး ဒီကိစ္စကို ဘယ်လို နားလည်သလဲလို့ မေးတယ်။ ဦးလေးရဲ့ အပြုအမူကို ရင်ဆိုင်လိုက်ရတော့ ကျွန်မ ဘာမှ မပြောနိုင်ခဲ့ဘူး။ သူက ပြန်လက်ခံဖို့ တကယ်ကို မသင့်တော်ခဲ့တာပဲ။
နောက်ပိုင်းမှာ ကျွန်မရဲ့ ပြဿနာတွေနဲ့ ဆက်စပ်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာတယ်။ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့ရတယ်။ “စာတန်၏ ဖျက်ဆီးခြင်း ခံထားရသော လူအားလုံး၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်။ အချို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသာရှိသော်လည်း၊ အခြားသူများ၌မူ ထိုကဲ့သို့ မဟုတ်ကြပေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားများ ရှိကြသည်သာမက သူတို့၏ သဘာဝသည်လည်း အလွန်အမင်း မလိုမုန်းထားတတ်ကြသည်။ ၎င်းတို့၏ အပြောအဆိုနှင့် အပြုအမူများက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးကာ စာတန်၏ စိတ်သဘောထားများကို ဖော်ပြသည်သာမက ဤလူများသည် နတ်ဆိုးများနှင့် စာတန်များ စစ်စစ်လည်း ဖြစ်သည်။ သူတို့၏အပြုအမူသည် ဘုရားသခင်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည်၊ ညီအစ်ကို မောင်နှမများ၏ အသက်ဝင်ရောက်မှုကို နှောင့်ယှက်ပြီး၊ အသင်းတော်၏ သာမန်အသက်တာကို ဖျက်ဆီးသည်။ သိုးရေခြုံထားသည့် ဤဝံပုလွေများသည် အနှေးနှင့်အမြန် ဖယ်ရှားခံရမည်ဖြစ်သည်။ စာတန်၏ ဤအစေခံများအပေါ် မညှာတာသည့် သဘောထား၊ ငြင်းပယ်သည့် သဘောထားကို ထားရှိရမည်။ ဤသည်သာ ဘုရားသခင်ဘက်၌ ရပ်တည်ခြင်းဖြစ်ပြီး ထိုသို့လုပ်ရန် ပျက်ကွက်သော သူများသည် စာတန်နှင့် ဒုစရိုက်နွံထဲတွင် မွေ့လျော်နေသူများ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်) “ဘုရားသခင်၌ မယုံကြည်သည့် ခုခံသူများ မဟုတ်ပါက၊ မည်သူသည် စာတန်ဖြစ်သနည်း၊ မည်သူတို့မှာ မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ မည်သူတို့မှာ ဘုရားသခင်၏ ရန်သူများ ဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်သောသူများ ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့သည် ယုံကြည်ခြင်း ရှိသည်ဟု အခိုင်အမာ ပြောဆိုသော်လည်း သမ္မာတရား ကင်းမဲ့သောသူများ မဟုတ်လော။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရန်မျှ ကြိုးစားကြသော်လည်း၊ ဘုရားသခင်အတွက် သက်သေမခံနိုင်သူများ ဖြစ်ကြသည် မဟုတ်လော။ သင်သည် ယနေ့ ထိုမကောင်းဆိုးဝါးများနှင့် ရောနှောဆဲဖြစ်ပြီး ၎င်းတို့အပေါ် အသိတရား၊ ချစ်ခြင်းမေတ္တာတို့ဖြင့် ဆက်ဆံနိုင်ဆဲ ဖြစ်သည်၊ သို့သော် ဤကိစ္စတွင် သင်သည် စာတန်အပေါ် ကောင်းသော ရည်ရွယ်ချက်များကို လက်ကမ်းပေးနေခြင်း မဟုတ်လော။ သင်သည် မကောင်းဆိုးဝါးများနှင့် ပေါင်းဖော်နေခြင်းဖြစ်သည် မဟုတ်လော။ အကယ်၍ ယနေ့ကာလတွင် လူတို့သည် အကောင်းနှင့်အဆိုးကို ခွဲခြားနိုင်ခြင်း မရှိသေးသကဲ့သို့ ဘုရားသခင်၏ရည်ရွယ်ချက်များကို ရှာဖွေရန် မည်သည့်ဆန္ဒမျှ မရှိဘဲ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မိမိတို့ကိုယ်ပိုင်အဖြစ် မည်သည့်နည်းနှင့်မျှ ခံယူနိုင်ခြင်း မရှိဘဲ၊ ဆက်လက်၍ ကျိုးကြောင်းမမြင်ဘဲ ချစ်တတ်ပြီး သနားကရုဏာစိတ်ရှိနေသည့် အခြေအနေအထိ ရောက်လာပြီးဖြစ်ပါက ၎င်းတို့၏ အဆုံးသတ်များသည် ပို၍ပင် စုတ်ချာလိမ့်မည်။ လူ့ဇာတိ၌ ရှိသော ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည် ဘုရားသခင်၏ ရန်သူ ဖြစ်သည်။ သင်သည် ရန်သူအပေါ် အသိစိတ်နှင့် ချစ်ခြင်းမေတ္တာ ထားရှိနိုင်ပါက၊ သင်၌ တရားမျှတစိတ် ကင်းမဲ့သည် မဟုတ်လော။ ငါ စက်ဆုပ်ရွံရှာပြီး ငါ သဘောမတွေ့သော သူတို့နှင့် သင်သည် သဟဇာတ ဖြစ်ပြီး၊ ၎င်းတို့အပေါ် ချစ်ခြင်းမေတ္တာ သို့မဟုတ် ပုဂ္ဂိုလ်ရေး ခံစားချက်များ ထားရှိနေသေးပါက၊ သင်သည် ပုန်ကန်သောသူဖြစ်သည် မဟုတ်လော။ သင်သည် တမင်တကာ ဘုရားသခင်ကို အတိုက်အခံလုပ်နေခြင်း မဟုတ်လော။ ထိုသို့သော လူတစ်ဦးသည် သမ္မာတရားကို အမှန်တကယ်ပင် ပိုင်ဆိုင်သလော။ လူတို့သည် ရန်သူများအပေါ် အသိစိတ်၊ မကောင်းဆိုးဝါးများအတွက် ချစ်ခြင်းမေတ္တာနှင့် စာတန်အတွက် သနားကရုဏာ ထားရှိပါက၊ ၎င်းတို့သည် ဘုရားသခင်၏အမှုကို တမင်တကာ နှောင့်ယှက်နေကြသည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နက်နက်ရှိုင်းရှိုင်း တရားစီရင်သလို ခံစားရစေတယ်။ ကျွန်မဦးလေးက နှစ်အတော်ကြာ နှင်ထုတ်ခံရပြီးသားလေ။ သူ့မှာ အသိစိတ်နဲ့ ဆင်ခြင်တုံတရား နည်းနည်းလောက်ရှိမယ်ဆိုရင် လူတွေကို ထိခိုက်နစ်နာစေတာ၊ အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်တာ၊ ဘုရားသခင်ကို ဆန့်ကျင်တာတွေ အများကြီးလုပ်ပြီးတဲ့နောက်မှာ အပြစ်ရှိစိတ် ခံစားရမှာပါ။ သူ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မယ်၊ စိတ်မကောင်းဖြစ်ပြီး နောင်တရခဲ့မှာပေါ့။ အထူးသဖြင့် ဒီကာလအတွင်းမှာ ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်မက သူနဲ့ မိတ်သဟာယ ပြုပေးပြီး သူ့ပြဿနာတွေကို ထောက်ပြပေးခဲ့ပေမဲ့ သူ့မှာ ကိုယ့်ကိုယ်ကိုယ် သိနားလည်မှု ဘာဆိုဘာမှ မရှိခဲ့ဘူး။ ပြီးခဲ့တဲ့နှစ်အနည်းငယ်မှာ ကျွန်မကို မုန်းတီးရုံသာမက ခေါင်းဆောင်ကို ပိုလို့တောင် မုန်းတီးခဲ့ပါတယ်။ သူ နှင်ထုတ်ခံရတာက တခြားလူတွေကြောင့် သက်သက်ပဲလို့ သူ ယုံကြည်နေပြီး သူ့ကို နှင်ထုတ်ခဲ့တဲ့ ခေါင်းဆောင်အပေါ် မကျေမချမ်းဖြစ်ခဲ့ပြီး ရဲတွေဆီမှာ ခေါင်းဆောင်ရဲ့ ဓာတ်ပုံကိုတောင် ဖော်ထုတ်ပေးခဲ့တယ်။ အဲဒီနောက်မှာ ခေါင်းဆောင်က အယောင်ဆောင်နဲ့ အန္တိခရစ် ဖြစ်တယ်ဆိုပြီး ပြစ်တင်ရှုတ်ချရင်းနဲ့ ခေါင်းဆောင်အပေါ် သူ့ရဲ့ အာဃာတတွေကို ဆက်ပြီး ဖြန့်ဝေခဲ့တယ်။ သူ့မှာ ဆိုးယုတ်တဲ့သူရဲ့ အနှစ်သာရ ရှိတယ်၊ သူ့သဘာဝက သမ္မာတရားကို အရမ်း မနှစ်မြို့တဲ့အပြင် မုန်းတီးတယ်ဆိုတာနဲ့ သူ ဘယ်တော့မှ နောင်တရပြီး ပြောင်းလဲမှာ မဟုတ်ဘူးဆိုတာတွေက ရှင်းနေပါတယ်။ အဲဒီလို တကယ် ဆိုးယုတ်တဲ့လူတစ်ယောက်နဲ့ ရင်ဆိုင်ရတဲ့အခါ၊ ကျွန်မက အသိစိတ်ရှိဖို့နဲ့ ကျေးဇူးဆပ်ဖို့ကိုပဲ ဆက်အလေးထားနေခဲ့တယ်၊ သူ့ဘက်ကနေ ကာကွယ်ပေးပြီး သူ့အကြောင်း ကောင်းတာတွေ လိုက်ပြောနေခဲ့တယ်၊ အသင်းတော်က သူ့ကို ပြန်လက်ခံလာဖို့ မျှော်လင့်ချက်နဲ့ပေါ့။ ကျွန်မ တကယ်ကို ကြောင်းကျိုးမမြင်ဖြစ်ပြီး မိုက်မဲခဲ့တာပါ၊ အကောင်းနဲ့အဆိုးကို မခွဲခြားနိုင်ခဲ့ဘူး။ ကျွန်မက စာတန်ကို မျက်နှာလိုမျက်နှာရလုပ်ပြီး ဆိုးယုတ်တဲ့သူတွေဘက်က ရပ်တည်တဲ့အပြင် ဘုရားသခင်ကို အတိုက်အခံလုပ်နေတာ မဟုတ်လား။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ပြီးတော့ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ကျွန်မ နားလည်မှုတချို့ရခဲ့တယ်။ အဲဒီအခါကျမှ ကျွန်မဦးလေးကို အသင်းတော်ထဲ ပြန်လက်မခံသင့်ဘူးဆိုတာကို ပိုပြီး ပြင်းပြင်းထန်ထန် ခံစားလာရတယ်။ ဘုရားသခင်က ပြောသည် “သင်၏ ကြိုးစားလုပ်ဆောင်မှု မည်မျှပင် ချီးမွမ်းထိုက်သည်၊ သင်၏ အရည်အချင်းများ မည်မျှ အထင်ကြီးစရာဖြစ်သည်၊ သင်သည် ငါ့နောက်သို့ မည်မျှ နီးကပ်စွာ လိုက်သည်၊ သင်သည် မည်မျှ ကျော်ကြားသည်၊ သို့မဟုတ် သင်၏ သဘောထားကို သင် မည်မျှတိုးတက်စေပြီးဖြစ်သည်တို့ကို ငါဂရုမစိုက်ပေ။ သင်သည် ငါ၏တောင်းဆိုချက်များကို မဖြည့်ဆည်း သေးသရွေ့၊ ငါ၏ချီးမွမ်းခြင်းကို သင် လုံးဝ ရရှိနိုင်မည် မဟုတ်။ သင်တို့၏ ထိုစိတ်ကူးများနှင့် တွက်ချက်မှုများအားလုံးကို အမြန်ဆုံး ပယ်ဖျက်ပြီး ငါ၏သတ်မှတ်ချက်များကို လေးလေးနက်နက် စတင်သဘောထားလော့။ သို့မဟုတ်လျှင် ငါ၏အမှုကို အဆုံးတိုင်စေရန်အလို့ငှာ အယောက်တိုင်းကို ပြာအဖြစ်သို့ ငါပြောင်းလဲပစ်မည်ဖြစ်ပြီး၊ အဆိုးဆုံးအနေဖြင့် ငါ၏နှစ်ပေါင်းများစွာ အမှုနှင့် ဆင်းရဲဒုက္ခခံစားခြင်းကို အချည်းနှီးအဖြစ်သို့ ပြောင်းလဲပစ်မည် ဖြစ်သည်၊ အကြောင်းမှာ ငါ၏နိုင်ငံတော်ထဲသို့ ငါ၏ရန်သူများနှင့် ဆိုးယုတ်မှုအနံ့ထွက်ကာ စာတန်၏ ယခင် တစ်ပုံစံတည်းသော ပုံသဏ္ဌာန် ရှိဆဲဖြစ်သော လူတို့ကို ငါမခေါ်ဆောင်နိုင်သည့်အတွက်၊ သို့မဟုတ် ၎င်းတို့ကို နောက်တစ်ခေတ်ထဲသို့ ခေါ်ဆောင်မသွားနိုင်သည့်အတွက်ပင်တည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပြစ်မှားခြင်းများက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ဘုရားသခင်ရဲ့ သန့်ရှင်းပြီး ဖြောင့်မတ်တဲ့၊ ပုန်ကန်ပြစ်မှားလို့ မရနိုင်တဲ့ စိတ်သဘောထားကို ကျွန်မ ခံစားမိသလို လူတွေကို ဆက်ဆံဖို့အတွက် ဘုရားသခင်ထားရှိတဲ့ စည်းမျဉ်းတွေကိုလည်း နားလည်လာပါတယ်။ နှင်ထုတ်ခံထားရတဲ့သူတွေအနေနဲ့ ဘုရားသခင်ကို ဆက်ယုံကြည်ရင်၊ ဧဝံဂေလိကို ဆက်ဟောပြီး နောင်တရကြောင်း ပြသရင်၊ သူတို့ကို အသင်းတော်ထဲ ပြန်လက်ခံလို့ရတယ်လို့ အထက်အဆင့် ခေါင်းဆောင်တွေ ပြောတာကို ကျွန်မ ကြားရတုန်းက၊ ဒါကို ဦးလေးရဲ့ အပြင်ပန်း အပြုအမူနဲ့ ယှဉ်ကြည့်ခဲ့တယ်။ သူ နှင်ထုတ်ခံရပြီးတဲ့နောက်မှာ ဧဝံဂေလိတရားကို ဆက်ဟောပြောခဲ့တယ်၊ အဆင်းနီတဲ့ နဂါးကြီးရဲ့ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်မှုအောက်မှာ ဘုရားသခင်ကို မငြင်းပယ်ခဲ့ဘူးဆိုပြီး ကျွန်မ တွေးခဲ့တယ်။ ဒါကြောင့် သူ့မှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆင်ခြင်သုံးသပ်မှုနဲ့ သိနားလည်မှု မရှိပေမဲ့ သူ့ကို ပြန်လက်ခံလို့ ရနိုင်သေးတယ်လို့ ကျွန်မ ထင်ခဲ့တာပါ။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာတော့၊ ကျွန်မ သဘောပေါက်လာတယ်။ လူတွေကို တိုင်းတာဖို့ ဘုရားသခင်မှာ စံနှုန်းတွေ ရှိသလို လူတွေကို လက်ခံဖို့ အသင်းတော်မှာလည်း စည်းမျဉ်းတွေ ရှိတယ်ဆိုတာကိုပေါ့။ အထူးသဖြင့် အတိတ်က မကောင်းမှုပြုလို့ နှင်ထုတ်ခံရသူတွေအတွက်ဆိုရင် သူတို့ရဲ့ ဒုစရိုက်အမှုတွေကို တကယ် နားလည်သဘောပေါက်ပြီး နောင်တရတဲ့အပြင် ပြောင်းလဲသွားခြင်း ရှိမရှိဆိုတာကို အကဲဖြတ်ဖို့က အရေးကြီးပါတယ်။ သူတို့ မပြောင်းလဲရင် အသင်းတော်က ဘယ်တော့မှ ပြန်လက်ခံလို့ မရပါဘူး။ ကျွန်မဦးလေး နှင်ထုတ်ခံရပြီးတဲ့နောက်မှာ ဧဝံဂေလိတရားကို ဆက်ဟောပြောပြီး ကောင်းတဲ့ အပြုအမူတချို့ ပြခဲ့ပေမဲ့ သူ့ရဲ့ အတိတ်က ဒုစရိုက်အမှုတွေနဲ့ ဖောက်ပြန်ပျက်စီးတဲ့ သဘာဝကို နည်းနည်းလေးတောင် ပြန်လည်ဆင်ခြင်သုံးသပ်တာ၊ နားလည်တာ မရှိခဲ့ပါဘူး။ တခြားသူတွေက သူနဲ့ ဘယ်လောက်ပဲ မိတ်သဟာယ ပြုပေးပြီး သူ့ပြဿနာတွေကို ထောက်ပြပါစေ၊ ဒါမှမဟုတ် သူ့ကို ပြုပြင်ပြီး ဖော်ထုတ်ပါစေ၊ သူ ဘာကိုမှ သဘောပေါက်လာတာ မရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖို့ သူ့ကို တိုက်တွန်းတဲ့ ဘယ်သူ့ကိုမဆို ရန်လိုပြီး ခေါင်းဆောင်တွေအပေါ် အာဃာတတွေ ဖြန့်ဝေတယ်၊ လူတွေကို အထင်အမြင်မှားစေတယ်၊ ပြီးတော့ အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ပါတယ်။ အဲဒီလို သိသာထင်ရှားတဲ့ ဆိုးယုတ်တဲ့သူနဲ့ နတ်ဆိုးတစ်ကောင် နှင်ထုတ်ခံရတာက ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကြောင့် သက်သက်ပါပဲ။ ဘုရားသခင်က ဒီလိုပြောတဲ့အတိုင်းပါပဲ။ “အကြောင်းမှာ ငါ၏နိုင်ငံတော်ထဲသို့ ငါ၏ရန်သူများနှင့် ဆိုးယုတ်မှုအနံ့ထွက်ကာ စာတန်၏ ယခင် တစ်ပုံစံတည်းသော ပုံသဏ္ဌာန် ရှိဆဲဖြစ်သော လူတို့ကို ငါမခေါ်ဆောင်နိုင်သည့်အတွက်၊ သို့မဟုတ် ၎င်းတို့ကို နောက်တစ်ခေတ်ထဲသို့ ခေါ်ဆောင်မသွားနိုင်သည့်အတွက်ပင်တည်း။” ဒါပေမဲ့ ကျွန်မကတော့ သူ့ဘက်က ပြောပေးနေတုန်းပဲ၊ သူ့ကို အသင်းတော်က ပြန်လက်ခံစေချင်နေတုန်းပဲ။ ကျွန်မ ဘုရားသခင်ကို ဆန့်ကျင်နေတာ မဟုတ်လား။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မ သမ္မာတရားကို နားမလည်တဲ့အပြင် အရမ်းကို မသိနားမလည်ဖြစ်ပြီး မိုက်မဲခဲ့တယ်ဆိုတာကို ပိုလို့တောင် ခံစားရတယ်။
နောက်ပိုင်းမှာ ရောဂါကနေ ပြန်လည်ကျန်းမာလာအောင် အနားယူဖို့ လိုနေသေးတာကြောင့် ဦးလေးနဲ့ ကျွန်မ မကြာခဏ ထိတွေ့ဆက်ဆံဖြစ်တယ်။ သူ့အပြုအမူက ပိုလို့တောင် ဆိုးလာတယ်။ ခေါင်းဆောင်တွေကို ဝေဖန်တာ တင်မကဘဲ သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုတဲ့လူကိုပါ အထက်စီးဆန်ဆန် ပြောတယ်။ ဒီအရာကြောင့် သမ္မာတရားကို မုန်းတီးပြီး ဘုရားရဲ့ ရန်သူဖြစ်တဲ့ သူ့ရဲ့ အနှစ်သာရကို ကျွန်မ ပိုလို့တောင် ရှင်းရှင်းလင်းလင်း မြင်သွားတယ်။ တစ်ချိန်က သူ့အတွက် ပြောပေးခဲ့မိလို့လည်း ကျွန်မ အပြစ်ရှိသလို ခံစားရပြီး နောင်တရမိပါတယ်။ ကိုယ့်ကိုယ်ကိုယ် မမေးဘဲ မနေနိုင်ခဲ့ဘူး၊ “ဒီလို လုံးဝဥဿုံ ဆိုးယုတ်တဲ့သူရဲ့ ကျေးဇူးကို ဘာလို့ ငါက အမြဲ ပြန်ဆပ်ချင်နေရတာလဲ”လို့ပေါ့။ အရင်တုန်းကတော့ အကြောင်းရင်းကို ကျွန်မ ရှာမတွေ့ခဲ့ဘူး၊ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ပြီး ပြဿနာရဲ့ အရင်းအမြစ်ကို တွေ့တဲ့အချိန်ကျမှ အကြောင်းရင်းကို ကျွန်မ ရှာတွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူအဖွဲ့အစည်းအတွင်းနှင့် လူသားမျိုးနွယ်ကြားတွင် ‘လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်ရမည်’ ဆိုသည့်အရာကဲ့သို့သော ကိုယ့်ကျင့်တရားအပြုအမူအပေါ် ထုတ်ပြန်ချက်များသည် လူတို့အား ၎င်းတို့၏ တာဝန်သည် အတိအကျ မည်သည့်အရာ ဖြစ်သည်ကို မပြောပြပေ။ ထိုအစား လူတို့ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဤသနားကြင်နာမှု လုပ်ရပ်များ ၎င်းတို့အပေါ် ကျရောက်သည့် အခြေအနေ၊ သို့မဟုတ် ဆက်စပ်အကြောင်းအရာက မည်သို့ရှိသည်ဖြစ်စေ ဤအရာများသည် လူတို့အား နည်းလမ်းတစ်ခုဖြင့် ပြုမူစဉ်းစားရန် ချည်နှောင်သော၊ သို့မဟုတ် ဖိအားပေးသော နည်းလမ်းတစ်ခု ဖြစ်သည်။ ရှေးတရုတ်ပြည်တွင် ကျေးဇူးပြန်ဆပ်ခြင်းနှင့်ဆိုင်သည့် ဥပမာများစွာရှိသည်။ ဥပမာ ဆာလောင်နေသော သူတောင်းစား ကောင်လေးတစ်ယောက်ကို မိသားစုတစ်စုက ယူဆောင်ပြီး ကျွေးမွေးသည်။ အဝတ်ဆင်ပေးသည်။ ကိုယ်ခံပညာများ လေ့ကျင့်ပေးပြီး၊ အသိပညာမျိုးစုံကို သင်ကြားပေးသည်။ သူကြီးလာသည်အထိ စောင့်ပြီးနောက် သူ့အား ဝင်ငွေအရင်းအမြစ်အဖြစ် စ၍ အသုံးပြုသည်။ မကောင်းမှုလုပ်ရန်၊ လူများအား သတ်ရန်၊ သူမလုပ်လိုသည့်အရာများကို လုပ်ရန် စေလွှတ်သည်။ သူလက်ခံရရှိသည့် အကူအညီများအရ သူ၏ ဇာတ်လမ်းကို ကြည့်လျှင် သူ ကယ်တင်ခံရခြင်းသည် ကောင်းသည့်အရာဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် သူ့အား လုပ်ဆောင်ရန် အတင်းခိုင်းစေသည့်အရာကို ထည့်တွက်လျှင် ဤသည်မှာ အမှန်တကယ်တွင် ကောင်းသလော၊ ဆိုးသလော။ (ဆိုးသည်။) သို့သော် ‘လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်ရမည်’ ကဲ့သို့သော ရိုးရာယဉ်ကျေးမှု၏ သတ်မှတ်ချက်အောက်တွင် လူတို့သည် ဤအရာကို မခွဲခြားနိုင်ပေ။ အပေါ်ယံတွင် ထိုကလေးသည် မကောင်းမှုများကို လုပ်ဆောင်ပြီး လူတို့အား ထိခိုက်ခြင်း၊ လူသတ်သမားဖြစ်ခြင်း၊ လူအများစုက လုပ်ဆောင်ရန် ဆန္ဒရှိမည်မဟုတ်သည့်အရာများကို လုပ်ဆောင်ရန်မှလွဲ၍ ရွေးချယ်စရာမရှိသည့် ပုံစံရှိသည်။ သို့သော် သူ၏ အရှင်သခင်၏ အမိန့်အရ မကောင်းသောအရာများကို ပြုလုပ်ပြီး သတ်ဖြတ်သည့် အချက်သည် စိတ်အတွင်း၌ သူ၏ ကြင်နာမှုအတွက် ပြန်ပေးဆပ်ရန် ဆန္ဒမှ လာသည်မဟုတ်လော။ အထူးသဖြင့် ‘လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်ရမည်’ ဟူသကဲ့သို့သော တရုတ်ရိုးရာ ယဉ်ကျေးမှု၏ သတ်မှတ်ချက်ကြောင့် လူတို့သည် ဤအယူအဆများ၏ လွှမ်းမိုးထိန်းချုပ်ခြင်းကို မဖြစ်မနေခံရသည်။ လူတို့ပြုမူပုံ၊ ဤလုပ်ရပ်များနောက်ရှိ ရည်ရွယ်ချက်နှင့် အရင်းခံကြောင်းများသည် ဤအရာများ၏ သေချာပေါက် ချုပ်ချယ်ခြင်းကို ခံရသည်။ ထိုကလေးသည် ထိုအခြေအနေသို့ အပို့ခံရသောအခါ သူ၏ ပထမဆုံးအတွေးသည် မည်သည့်အရာ ဖြစ်မည်နည်း။ ‘ငါ့ကို ဒီမိသားစုက ကယ်တင်ခဲ့တယ်။ သူတို့က ငါ့အပေါ် ကောင်းတယ်။ ငါ ကျေးဇူးမသိတတ်လို့မဖြစ်ဘူး။ သူတို့ ကြင်နာမှုကို ပြန်ပေးဆပ်ရမယ်။ ငါ သူတို့ကို အသက်ကြွေး တင်ထားတယ်။ ဒါကြောင့် ငါ့အသက်ကို သူတို့အတွက် အပ်နှံရမယ်။ သူတို့ငါ့ကို ခိုင်းတာမှန်သမျှကို လုပ်သင့်တယ်။ မကောင်းမှုလုပ်ပြီး လူတွေကို သတ်ဖို့ဆိုရင်တောင်မှပေါ့။ မှန်သလား၊ မှားသလားဆိုတာ စဉ်းစားလို့မရဘူး။ သူတို့ကြင်နာမှုကိုပဲ ပြန်ပေးဆပ်ရမယ်။ ငါ မလုပ်ရင် လူသားဟု ခေါ်ထိုက်ပါဦးမလား’ဟူ၍ ဖြစ်သည်။ ရလဒ်အနေဖြင့် ထိုမိသားစုက သူ့အား တစ်စုံတစ်ယောက်ကို သတ်စေလိုသည့်၊ သို့မဟုတ် မကောင်းသည့်အရာတစ်ခုကို လုပ်စေလိုသည့် အချိန်တိုင်းတွင် သူက တုံ့ဆိုင်းခြင်း၊ သို့မဟုတ် သံသယတစ်ခုမျှ မရှိဘဲ လုပ်ဆောင်သည်။ ထို့ကြောင့် သူ၏ ပြုမူဆောင်ရွက်မှုများ၊ ပြန်လှန်မေးခွန်းမထုတ်သည့် နာခံမှုအားလုံးတို့သည် ‘လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်ရမည်’ ဆိုသည့် အယူအဆနှင့် အမြင်၏ အမိန့်ပေးခြင်းကို ခံရသည်မဟုတ်လော။ သူသည် ထိုကိုယ်ကျင့်တရားစံကို ဖြည့်ဆည်းနေခြင်းမဟုတ်သလော။ (ဟုတ်သည်။) ဤဥပမာမှ မည်သည့်အရာကို သင်မြင်သနည်း။ ‘လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်သင့်သည်’ ဆိုသည်မှာ ကောင်းသည့်အရာ ဟုတ်သလော၊ မဟုတ်သလော။ (မဟုတ်ပါ။ ထိုအရာတွင် စည်းမျဉ်းမရှိပါ။) အမှန်တကယ်တွင် ကြင်နာမှုကို ပြန်လည်ပေးဆပ်သောသူတွင် စည်းမျဉ်းတစ်ခုရှိသည်။ အတိအကျပြောရသော် ‘လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်သင့်သည်’ ဟူ၍ ဖြစ်သည်။ တစ်စုံတစ်ယောက်က သင့်ကို ကြင်နာမှုပြုလျှင် အပြန်အလှန်အနေဖြင့် သင်သည် ဤသို့ လုပ်ဆောင်ရမည်။ သင်သည် ဤသို့လုပ်ဆောင်ရန် ပျက်ကွက်လျှင် သင်က လူသားမဟုတ်ပေ။ ဤအတွက် သင်က ရှုတ်ချခံရလျှင် သင်ပြောနိုင်သည့်အရာ တစ်ခုမျှမရှိပေ။ ‘ညောင်စေ့လောက် ကျေးဇူးပြုခံရလျှင် ညောင်ပင်ကြီးလောက် ပြန်ဆပ်သင့်သည်’ ဟူသော ဆိုရိုးစကားရှိသည်။ သို့သော် ဤဖြစ်ရပ်တွင် ထိုကလေးက သေးငယ်သည့် ကြင်နာမှု လုပ်ရပ်တစ်ခုကို ရရှိခြင်းမဟုတ်ဘဲ ဘဝကို ကယ်တင်ပေးသော ကြင်နာမှုကို လက်ခံရရှိခဲ့ခြင်း ဖြစ်သောကြောင့် အပြန်အလှန်အနေဖြင့် ဘဝဖြင့် ပြန်ပေးဆပ်ရမည့် အကြောင်းရင်း သာ၍ ရှိပေသည်။ ကြင်နာမှုကို ပြန်ပေးဆပ်သည့် အကန့်အသတ်၊ သို့မဟုတ် စည်းမျဉ်းများကို သူမသိပေ။ သူ၏ အသက်ကို ဤမိသားစုကပေးထားသည်ဟု သူယုံကြည်သည်။ ထို့ကြောင့် အပြန်အလှန်အနေဖြင့် သူ၏ အသက်ကို ၎င်းတို့ထံ ဆက်ကပ်အပ်နှံရပြီး လူသတ်ခြင်း၊ သို့မဟုတ် အခြားမကောင်းမှုများအပါအဝင် သူ့အပေါ် ၎င်းတို့ တောင်းဆိုသမျှကို လုပ်ဆောင်ရသည်။ ကြင်နာမှုကို ပြန်ပေးဆပ်သည့် ဤနည်းလမ်းသည် စည်းမျဉ်း၊ သို့မဟုတ် ကန့်သတ်ချက်မရှိပေ။ သူသည် မကောင်းမှုပြုသူများကို ကြံရာပါတစ်ဦးအဖြစ် အလုပ်အကျွေးပြုခဲ့ပြီး ထိုသို့လုပ်ဆောင်ရာတွင် သူ့ကိုယ်သူ ပျက်စီးစေခဲ့သည်။ ကြင်နာခြင်းကို ဤသို့ ပြန်ပေးဆပ်ခြင်းမှာ သူ့အတွက် မှန်ကန်သလော။ မည်သို့ မှန်ကန်မည်နည်း။ ယင်းသည် အမှုအရာများကို လုပ်ဆောင်သည့် မိုက်မဲသော နည်းလမ်းတစ်ခု ဖြစ်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၇)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ သတိပြုမိသွားတယ်။ ကျွန်မက ဦးလေးအပေါ် အမြဲတမ်း ကျေးဇူးကြွေးတင်ပြီး၊ အပြစ်ရှိသလို ခံစားနေရတာ၊ အမှားကို ပြန်ပြင်ချင်ပြီး သူ့ကျေးဇူးကို ပြန်ဆပ်ချင်နေခဲ့တာတွေက အဓိကကတော့ “တစ်လုတ်စားဖူး သူ့ကျေးဇူး”၊ “ညောင်စေ့လောက် ကျေးဇူးပြုခံရရင် ညောင်ပင်ကြီးလောက် ကျေးဇူးပြန်ဆပ်ရမည်” ဆိုတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အတွေးအခေါ်တွေရဲ့ ချည်နှောင်တာ၊ ဘောင်ခတ်တာကို ကျွန်မ ခံထားရလို့ပါပဲ။ ကျွန်မ အလိုအပ်ဆုံးအချိန်မှာ တစ်ယောက်ယောက်က ကူညီခဲ့ရင်၊ ဒါမှမဟုတ် အသက်အန္တရာယ် ကြုံနေရချိန်မှာ ကျွန်မအသက်ကို ကယ်ခဲ့ရင် ဒီကျေးဇူးကို တစ်သက်လုံး မှတ်ထားပြီး နောင်တစ်ချိန်မှာ ကောင်းကောင်း ပြန်ဆပ်ရမယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ဒါကို လုပ်မှသာ ကျွန်မမှာ အသိစိတ်နဲ့ လူ့သဘာဝ ရှိမယ်ပေါ့။ ကျေးဇူးဆပ်ဖို့ မသိရင် ကျွန်မက ကျေးဇူးကန်းတဲ့သူ၊ လူ့သဘာဝမရှိတဲ့သူ ဖြစ်သွားပြီး လူတွေရဲ့ ပစ်ပယ်တာ၊ ကျေးဇူးကန်းတဲ့ကောင်လို့ ခေါ်တာကို ခံရမယ်လေ။ ဥပမာအနေနဲ့ ကျွန်မအမေကိုပဲ ကြည့်။ သူ့မှာ မောင်နှမ လေးယောက်ရှိပြီး အတိတ်တုန်းက သူတို့မိသားစုက ငွေကြေး ကျပ်တည်းခဲ့တယ်။ ဦးလေးအကြီးဆုံးရဲ့ ပညာရေးကို ထောက်ပံ့ဖို့အတွက် ဦးလေးအငယ်ဆုံးနဲ့ ကျွန်မအမေက ပညာဆက်သင်မယ့် အခွင့်အရေးကို စွန့်လွှတ်ခဲ့ရတယ်။ နောက်ဆုံးမှာ ဦးလေးအကြီးဆုံးက တည်ငြိမ်တဲ့ အလုပ်တစ်ခု ရသွားတော့ သူက မောင်နှမတွေကို ပြန်ထောက်ပံ့မယ်လို့ အစတုန်းကတော့ မိသားစုက မျှော်လင့်ခဲ့ကြတာပေါ့။ ဒါပေမဲ့ သူက မောင်နှမတွေကို မကူညီတဲ့အပြင် သူ့အမေအရင်းကိုတောင် မထောက်ပံ့ခဲ့ဘူး။ ဆွေမျိုးမိတ်ဆွေတွေ အားလုံးက သူ့ကို ကျေးဇူးကန်းတဲ့သူလို့ ခေါ်ကြပြီး လူတိုင်း ဝိုင်းပစ်ပယ်တဲ့သူ ဖြစ်သွားတယ်။ အဲဒီလို ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရတော့ နောင်တစ်ချိန်ကျရင် ကျွန်မက အသိစိတ်ရှိတဲ့သူ၊ ကျေးဇူးဆပ်ဖို့ သိတတ်တဲ့သူ ဖြစ်ရမယ်လို့ ခံစားခဲ့တယ်။ အဲဒီလို အတွေးအခေါ်တွေရဲ့ လွှမ်းမိုးမှုကြောင့် ကိစ္စတွေ ကြုံလာတဲ့အခါ အမှားအမှန်ကို မခွဲခြားနိုင်သလို၊ ဘယ်လိုလူမျိုးကို ကျေးဇူးဆပ်နေလဲဆိုတာကိုလည်း ပိုင်းခြားမသိမြင်ခဲ့ဘူး။ ကျွန်မရဲ့ လုပ်ရပ်တွေက သမ္မာတရား စည်းမျဉ်းတွေနဲ့ ညီမညီဆိုတာကိုလည်း ဂရုမစိုက်ခဲ့ဘူး။ တစ်ယောက်ယောက်က ကျွန်မအပေါ် ကျေးဇူးပြုဖူးသရွေ့ အဲဒါကို မှတ်ထားပြီး ပြန်ဆပ်ချင်စိတ် ဖြစ်နေခဲ့တယ်။ ဦးလေးကိစ္စလိုပါပဲ၊ သူ့ကို နှင်ထုတ်ဖို့ ကျွန်မ လက်မှတ်ထိုးရမယ့်အချိန်တုန်းက သူက ကျွန်မအသက်ကို ကယ်ခဲ့ဖူးတယ်၊ ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိတရားကို ဟောပြောပေးခဲ့ပြီး သားသမီးအရင်းလို ဆက်ဆံခဲ့တာကြောင့် ဒီကျေးဇူးတရားက ကျွန်မကို လက်မှတ်ထိုးဖို့ ခက်ခဲစေခဲ့တယ်။ အဲဒီလို လက်မှတ်ထိုးလိုက်တာက ကျွန်မကို အသိစိတ်မရှိတဲ့၊ ကျေးဇူးကန်းတဲ့သူ ဖြစ်သွားစေမှာကို ကျွန်မ ကြောက်ခဲ့တယ်။ နောက်ဆုံးမှာ လက်မှတ်ထိုးလိုက်ပေမဲ့ ကျွန်မရဲ့ အသိစိတ်က အဲဒါကို မေ့လို့မရတဲ့အပြင်၊ သူ့အပေါ် ကျေးဇူးကြွေးတင်နေသလို ခံစားခဲ့ရတယ်။ ပြီးတော့ အိမ်နဲ့အဝေးမှာ တာဝန်ထမ်းဆောင်နေတုန်း နေမကောင်းဖြစ်တော့ ဦးလေးက အပြေးအလွှား ရောက်လာပြီး ကျွန်မကို ပြုစုဖို့အတွက် ငွေအားရောလူအားရော စိုက်ထုတ်ခဲ့တယ်၊ အဲဒါက ကျွန်မကို ပိုလို့တောင် အပြစ်ရှိသလို ခံစားစေခဲ့တယ်။ ဒါကြောင့် လူတွေကို လက်ခံတဲ့ စည်းမျဉ်းတွေနဲ့ပတ်သက်ပြီး အထက်အရပ် ခေါင်းဆောင်တွေရဲ့ မိတ်သဟာယကို ကြားပြီးတဲ့နောက်မှာ၊ ဒီအခွင့်အရေးကို အသုံးချပြီး ဦးလေးကို ကျေးဇူးဆပ်ချင်ခဲ့တယ်။ အကျိုးဆက်အနေနဲ့ကတော့ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ သူလုပ်ခဲ့တဲ့ မကောင်းမှုကို ဦးလေးက ဆင်ခြင်သုံးသပ်တာ၊ နားလည်တာ မရှိဘူးဆိုတာ ရှင်းနေခဲ့ပြီး သူ နှင်ထုတ်ခံရတာနဲ့ပတ်သက်လို့ အငြိုးထားတဲ့အပြင် သူ့ကို နှင်ထုတ်ခဲ့တဲ့ အသင်းတော်ခေါင်းဆောင်ကို အဆင်းနီတဲ့ နဂါးကြီးဆီမှာ ဖော်ထုတ်ပေးခဲ့တာတွေ ရှိနေခဲ့ပေမဲ့ “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဆိုတဲ့ အတွေးအခေါ်ရဲ့ ထိန်းချုပ်တာကို ကျွန်မ ခံခဲ့ရလို့ ခေါင်းဆောင်တွေရှေ့မှာ သူ့အကြောင်း ကောင်းတာတွေ ပြောခဲ့တယ်။ သူ့ကို အသင်းတော်က ပြန်လက်ခံပြီး ကျွန်မရဲ့ ကျေးဇူးကြွေးကို ပြန်ဆပ်ခွင့်ရဖို့ မျှော်လင့်ရင်းနဲ့ သူ့ရဲ့ မကောင်းတဲ့ အပြုအမူတွေကို ဖုံးဖိပြီး ဖုံးကွယ်ပေးခဲ့မိတယ်။ “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဆိုတဲ့ ရိုးရာအတွေးအခေါ်က ကျွန်မကို ဘောင်ခတ်ထားပြီး အကောင်းနဲ့အဆိုး၊ အမှားနဲ့အမှန်ကို မခွဲခြားနိုင်အောင် လုပ်နေတယ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ အဲဒါက ကျွန်မကို စည်းမျဉ်းတွေ၊ ကိုယ်ကျင့်တရား အဓိက စံနှုန်း မရှိဘဲ ပြုမူစေခဲ့တယ်။ အခုက အသင်းတော်ကို သန့်စင်ပြီး ဆိုးယုတ်တဲ့သူတွေ၊ အန္တိခရစ်တွေနဲ့ မယုံကြည်သူတွေကို ဖယ်ရှားနေတဲ့ အချိန် ဖြစ်ပါတယ်။ ကျွန်မက အသိစိတ်ရှိဖို့နဲ့ ဆိုးယုတ်တဲ့သူတွေရဲ့ ကျေးဇူးကို ပြန်ဆပ်ဖို့ပဲ ဆက်ပြီး အာရုံစိုက်နေမယ်၊ သူတို့ကို အသင်းတော်က ပြန်လက်ခံလာစေချင်နေမယ်ဆိုရင် ကျွန်မက ဆိုးယုတ်သောသူတွေရဲ့ ကြံရာပါ ဖြစ်ပြီး အဖျက်အမှောင့်လုပ်တာတွေ၊ နှောင့်ယှက်တာတွေကို ဖြစ်စေတာ မဟုတ်လား။ “သူတောင်းစားက ကျေးဇူးဆပ်ဖို့ လူသတ်တာ” လို့ ဘုရားသခင်ပြောတဲ့အရာနဲ့ ကျွန်မရဲ့ အပြုအမူက သဘာဝအရ ဘာများ ကွာခြားတာ တစ်ခုခုရှိလို့လဲ။ ဒါကို နားလည်လိုက်တော့ “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဆိုတဲ့ ရိုးရာကိုယ်ကျင့်တရား အတွေးအခေါ်ရဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့မှုနဲ့ အဆိပ်အတောက်ကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။ ဒါဟာ လုံးဝ အထင်အမြင်မှားစေတဲ့အပြင် ဖောက်ပြန်ပျက်စီးစေတဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အယူအဆတစ်ခုပါပဲ။
နောက်ပိုင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို ပိုဖတ်ဖြစ်တယ်။ “‘တစ်လုတ်စားဖူး သူ့ကျေးဇူး’ ဆိုသည့် ရိုးရာယဉ်ကျေးမှုအယူအဆကို ပိုင်းခြားသိမြင်ဖို့ လိုသည်။ အရေးကြီးဆုံးအပိုင်းမှာ ‘ကြင်နာမှု’ ဆိုသည့် စကားဖြစ်သည်။ ဤကြင်နာမှုကို မည်သို့ ရှုမြင်သင့်သနည်း။ ထိုအရာက ‘ကြင်နာခြင်း’၏ မည်သည့်ရှုထောင့်နှင့် သဘာဝကို ရည်ညွှန်းသနည်း။ ‘တစ်လုတ်စားဖူး သူ့ကျေးဇူး’ ဆိုသည့်အရာ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ လူတို့အနေဖြင့် ဤမေးခွန်းများကို အဖြေရှာရမည် ဖြစ်ပြီး မည်သည့် အခြေအနေအောက်တွင်မျှ ဤကျေးဇူးဆပ်ခြင်း အယူအဆ၏ ဘောင်ခတ်ခြင်း မခံရပေ။ သမ္မာတရား လိုက်စားသူ မည်သူမဆိုအတွက်၊ ဤသည်မှာ လုံးဝ ပဓာနကျပေသည်။ လူသား၏ အယူအဆများအရ ‘ကြင်နာခြင်း’ ဆိုသည်မှာ အဘယ်နည်း။ သာ၍သေးငယ်သောအဆင့်တွင် ကြင်နာခြင်းသည် သင်ဒုက္ခရောက်သောအခါ တစ်စုံတစ်ယောက်က ကူညီခြင်းဖြစ်သည်။ ဥပမာ သင် ဆာလောင်နေသောအခါတွင် တစ်စုံတစ်ယောက်က သင့်အား ထမင်းတစ်ဇလုံပေးခြင်း၊ သို့မဟုတ် သင် ရေအလွန်ငတ်နေသောအချိန်တွင် ရေတစ်ဘူးပေးခြင်း၊ သို့မဟုတ် သင်လဲကျပြီး ပြန်မထနိုင်သောအခါတွင် သင့်အား ထနိုင်ရန် ကူညီပေးခြင်းတို့ ဖြစ်သည်။ ဤအရာများအားလုံးက ကြင်နာခြင်း အပြုအမူများ ဖြစ်သည်။ ကြီးမားသော ကြင်နာခြင်းအပြုအမူမှာ စိုးရိမ်ဖွယ်ကောင်းသော အကျပ်အတည်း၌ သင်ရှိနေသောအခါတွင် တစ်စုံတစ်ယောက်က သင့်အား ကယ်တင်ခြင်းဖြစ်သည်။ ဤသည်မှာ အသက် ကယ်သော ကြင်နာခြင်းဖြစ်သည်။ သင်သည် သေလောက်သည့် အန္တရာယ်ရှိပြီး တစ်စုံတစ်ဦးက သင့်အား သေခြင်းကို ရှောင်ရှားရန် ကူညီသည့်အခါ၊ ၎င်းတို့သည် အခြေခံအားဖြင့် သင့်အသက်ကို ကယ်တင်ပေးခြင်းဖြစ်သည်။ ဤအရာများသည် လူတို့က ‘ကြင်နာမှု’ အဖြစ် မြင်သော အရာအချို့ဖြစ်သည်။ ဤကြင်နာခြင်းမျိုးသည် သေးနုပ်သော၊ ရုပ်ဝတ္ထုဆန်သော အကူအညီတိုင်းထက် သာလွန်သည်။ ဤသည်မှာ ငွေကြေး၊ သို့မဟုတ် ရုပ်ဝတ္ထုများနှင့် တိုင်းတာ၍မရသော ကြီးမြတ်သည့် ကြင်နာခြင်းဖြစ်သည်။ ထိုအရာကို လက်ခံရရှိသောသူတို့သည် ကျေးဇူးတင်စကား အနည်းငယ်မျှဖြင့် ဖော်ပြရန် မဖြစ်နိုင်သော ကျေးဇူးတင်ရှိခြင်းမျိုးကို ခံစားရသည်။ သို့သော် လူတို့အနေဖြင့် ဤနည်းဖြင့် ကြင်နာခြင်းကို တိုင်းတာခြင်းသည် တိကျမှန်ကန်သလော။ (မတိကျပါ။) အဘယ်ကြောင့် တိကျမှန်ကန်ခြင်းမရှိဟု သင် ပြောသနည်း။ (ဤတိုင်းတာမှုသည် ရိုးရာယဉ်ကျေးမှု၏ စံနှုန်းများတွင် အခြေခံထားသောကြောင့် ဖြစ်သည်။) ဤသည်မှာ သီအိုရီနှင့် အယူဝါဒကို အခြေခံသော အဖြေဖြစ်ပြီး မှန်သည့်ပုံစံရှိနိုင်သော်လည်း ထိုကိစ္စ၏ အနှစ်သာရသို့ မရောက်ရှိပေ။ ဤသို့ဆိုလျှင် ဤအရာကို လက်တွေ့ကျသည့် အသုံးအနှုန်းဖြင့် မည်သို့ရှင်းပြ၍ရနိုင်သနည်း။ ထိုအကြောင်းကို သေချာ စဉ်းစားလော့။ မကြာသေးခင်က လူတစ်ဦးသည် သူ၏ ပိုက်ဆံအိတ်ကျပြီး သတိမထားမိသည့် အွန်လိုင်းဗီဒီယိုတစ်ခုအကြောင်းကို ငါ ကြားရသည်။ ပိုက်ဆံအိတ်ကို ထိုသူ့နောက်လိုက်သော ခွေးငယ်တစ်ကောင်က ကောက်ယူလိုက်ပြီး ထိုလူက ဤအရာကို မြင်သောအခါ ခွေးအား သူ၏ ပိုက်ဆံအိတ်ကို ခိုးသည့်အတွက် ရိုက်သည်။ အဓိပ္ပာယ်မဲ့သည်မဟုတ်လော။ ထိုလူသည် ခွေးလောက် ကိုယ်ကျင့်တရားမရှိပေ။ ခွေး၏ လုပ်ရပ်များသည် လူသား၏ ကိုယ်ကျင့်တရားစံနှုန်းများနှင့် လုံးဝ ကိုက်ညီသည်။ လူသားက ‘ပိုက်ဆံအိတ်ကျခဲ့တယ်’ ဟု အော်ခေါ်မည်ဖြစ်သည်။ သို့သော် ခွေးက စကားမပြောနိုင်သောကြောင့် ပိုက်ဆံအိတ်ကို တိတ်တဆိတ်ကောက်ယူပြီး ထိုလူနောက်သို့ ပြေးလိုက်သွားသည်။ ဤသို့ဆိုလျှင် ခွေးတစ်ကောင်သည် ရိုးရာယဉ်ကျေးမှုက အားပေးသော အပြုအမူကောင်းအချို့ကို လုပ်ဆောင်နိုင်လျှင် ဤအရာက လူသားများနှင့် ပတ်သက်ပြီး မည်သည့်အရာကို ပြောသနည်း။ လူသားများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားဖြင့် မွေးဖွားလာသည်။ ထို့ကြောင့် ၎င်းတို့အားလုံးသည် ဤအရာများကို ပို၍ လုပ်ဆောင်နိုင်စွမ်းရှိသည်။ တစ်စုံတစ်ယောက်က ၎င်းတို့၏ အသိစိတ်အပေါ် နားလည်ခံယူတတ်ခြင်းရှိသရွေ့ ဤတာဝန်နှင့် ဝတ္တရားမျိုးကို ဖြည့်ဆည်းနိုင်သည်။ အလုပ်ကြိုးစားလုပ်ရန်၊ သို့မဟုတ် အဖိုးအခပေးဆပ်ရန် မလိုအပ်ပေ။ အားစိုက်မှုအနည်းငယ်သာ လိုအပ်ပြီး အကူအညီဖြစ်သည့်အရာ၊ အခြားလူများအတွက် အကျိုးရှိသည့်အရာတစ်ခုကို လုပ်ဆောင်ခြင်းနှင့်သာ ဆိုင်သည်။ သို့သော် ဤလုပ်ဆောင်မှု၏ သဘောသဘာဝကို ‘ကြင်နာမှု’ အဖြစ် အမှန်တကယ် အသိအမှတ်ပြုသလော။ ကြင်နာမှုပြုခြင်း အဆင့်သို့ ရောက်သလော။ (မရောက်ပါ။) မရောက်သောကြောင့် လူတို့က ပြန်လည်ပေးဆပ်ရန် ပြောဖို့ လိုအပ်သလော။ လိုအပ်မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၇)) “ဘုရားသခင်က သင့်ကို ကယ်တင်ချင်ပါက ယင်းကို ပြီးမြောက်ရန် မည်သူ၏ အစေခံမှုများကို သူ အသုံးပြုသည်ဖြစ်စေ ပထမဦးစွာ ဘုရားသခင်ကို သင် ကျေးဇူးတင်ပြီး ယင်းကို ဘုရားသခင်ထံမှ ခံယူသင့်ပေသည်။ ကျေးဇူးတင်စိတ်ဖြင့် တစ်စုံတစ်ဦးထံ မိမိ၏ ဘဝကို ပေးအပ်ဖို့ မဆိုထားနှင့်၊ သင်၏ ကျေးဇူးတင်စိတ်ကို လူတို့ထံ အဓိက မရှေးရှုထားသင့်ပေ။ ဤသည်မှာ ကြီးလေးသော အမှားတစ်ခု ဖြစ်သည်။ အရေးကြီးသည့်အရာမှာ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ကို ကျေးဇူးတင်ရှိပြီး ယင်းကို ဘုရားသခင်ထံမှ သင် ခံယူခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၇)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဆိုတဲ့ စကားစုထဲက “ကျေးဇူး” ဆိုတာနဲ့ပတ်သက်ပြီး နားလည်မှုအသစ်နဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အသစ်ကို ကျွန်မ ရရှိခဲ့တယ်။ ကျွန်မ အခက်အခဲတွေ၊ အန္တရာယ်တွေ ရင်ဆိုင်ရတဲ့အခါ ဒါမှမဟုတ် အသက်အန္တရာယ်ရှိနေချိန်မှာ တစ်ယောက်ယောက်က ကျွန်မကို ကူညီပေးခဲ့ရင်၊ အသက်ကိုတောင် ကယ်တင်ပေးခဲ့ရင်၊ အဲဒါက နောင်တစ်ချိန်မှာ ကျွန်မ သတိရပြီး ပြန်ဆပ်သင့်တဲ့ ကြီးမားတဲ့ ကျေးဇူးတရားတစ်ခုပဲလို့ ကျွန်မ တွေးလေ့ရှိခဲ့တယ်။ အခုတော့ ဘုရားနှုတ်ကပတ်တော်ကနေတစ်ဆင့် ဒီအရာတွေ အားလုံးကို ကျေးဇူးလို့ ခေါ်လို့ မရဘူးဆိုတာ ကျွန်မ သဘောပေါက်သွားတယ်၊ ဒါတွေက လူတွေရဲ့ အလိုအလျောက်တုံ့ပြန်တာတွေ၊ အသိစိတ်ရှိတဲ့ ဘယ်သူမဆို လုပ်နိုင်တဲ့ အရာတွေ သက်သက်ပါပဲ။ ကျွန်မဦးလေးဆိုရင်လည်း ဆရာဝန်တစ်ယောက်အနေနဲ့ ကျွန်မ အန္တရာယ်ဖြစ်နေတာကို မြင်တဲ့အခါ အသက်ကယ်ပေးတာက ပုံမှန်ကိစ္စဖြစ်ပြီး သူ့ရဲ့ တာဝန်ပါပဲ။ ဒါ့အပြင် ကျွန်မရဲ့ ဒီထွက်သက်ဝင်သက်က ဘုရားသခင်ဆီက လာတာပါ၊ ကျွန်မရဲ့ အသက်ရှင်ခြင်းနဲ့ သေခြင်းက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာအောက်မှာ ရှိပါတယ်။ ဦးလေးက ကယ်လိုက်လို့ချည်းပဲ ကျွန်မ အသက်ရှင်နေတာ မဟုတ်ပါဘူး။ အဖေဆုံးသွားပြီးတဲ့နောက် ကျွန်မအမေက ကလေးအများကြီးကို ကျွေးမွေးဖို့ စရိတ်စကို ကာမိဖို့ ရုန်းကန်နေရချိန်မှာ ဦးလေးက ကျွန်မကို သူနဲ့အတူ ဆေးပညာ သင်ခိုင်းပြီး သူ့အိမ်မှာပဲ စားသောက်နေထိုင်စေခဲ့တဲ့အပြင်၊ ကျွန်မ ကျန်းမာရေး မကောင်းတာ မြင်လို့ အာဟာရဖြစ်မယ့် အစားအစာတွေ ကျွေးခဲ့တယ်။ နောက်နှစ်အနည်းငယ်ကြာလို့ ကျွန်မ ဆေးရုံတက်ရတဲ့အခါမှာလည်း သူက ပြုစုစောင့်ရှောက်ပေးခဲ့တယ်။ ဒီအရာအားလုံးဟာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုတွေ ဖြစ်ပြီး ဒါတွေကို ဘုရားသခင်ဆီကနေ ကျွန်မ ခံယူသင့်ပါတယ်။ ပြီးတော့ ဦးလေးက ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိတရားကို ကျွန်မတို့ကို ဟောပြောပေးခဲ့တာ၊ ဒါကလည်း ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုပါပဲ။ ကျွန်မ ကျေးဇူးတင်သင့်တဲ့အရှင်က ဘုရားသခင်ပါပဲ။ ဒါကို နားလည်သွားတဲ့အခါ ဦးလေးအပေါ် ကျွန်မ ခံစားနေရတဲ့ အပြစ်ရှိစိတ်တွေ နောက်ဆုံးမှာ သက်သာသွားတော့တယ်။
ဒီအတွေ့အကြုံကနေတစ်ဆင့်၊ “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဆိုတဲ့ ရိုးရာကိုယ်ကျင့်တရား အတွေးအခေါ်ရဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့မှုအပြင်၊ အဲဒါက လူတွေကို ချည်နှောင်ပြီး ထိခိုက်စေပုံကိုပါ ကျွန်မ ရှင်းရှင်းလင်းလင်း မြင်လာရတယ်။ ဒါသာ မရှိရင် ကျွန်မက စည်းမျဉ်းတွေ၊ ကိုယ်ကျင့်တရား အဓိက စံနှုန်းမရှိဘဲ ကျေးဇူးကို လက်လွတ်စပယ် ပြန်ဆပ်နေမိမှာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် သတိမထားမိဘဲ ဘုရားသခင်ကိုတောင် အတိုက်အခံလုပ်နေမိမှာပါ။ ဒီလိုအသတိတရားရလာစေခဲ့တာက ဘုရားနှုတ်ကပတ်တော်တွေပါပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ဂျက်စီကာ ဖိလစ်ပိုင်နိုင်ငံ ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။...
လီချမ်း တရုတ်နိုင်ငံ ၂၀၂၀ခုနှစ်၊ သြဂုတ်လနောက်ပိုင်းမှာ ကျွန်မက အသင်းတော်ခေါင်းဆောင်အဖြစ် အရွေးခံရပြီး ရှင်းယန်နဲ့ တွဲလုပ်ရတယ်။...
ကျင့်ခေါက် အမေရိကန်နိုင်ငံ၂၀၂၀ ခုနှစ် နွေရာသီမှာ အစ်မဝမ်နဲ့ ကျွန်မက အဆင့်မီ ဗီဒီယိုတွေကို ဆေးရောင်ခွဲဖို့ အတူလုပ်ကြတယ်။ ကျွန်မက...
ဂျုံးကျင် အယ်ဒီတာ့မှတ်ချက်- “ကျွန်မ ဘုရားသခင်ကို ယုံကြည်တယ်၊ ဒီတော့ ဘာလို့ ဒီနာမကျန်းမှုမျိုးကို ကျွန်မ ခံစားရတာလဲ။ ဘာလို့ ဘုရားသခင်က...