ကျွန်တော် ကိုယ့်တာဝန်ကို မှန်မှန်ကန်ကန် သဘောထားတတ်လာပြီ
တယ်ရီ၊ အီတလီနိုင်ငံ၂၀၂၄ ခုနှစ်မှာ၊ ခေါင်းဆောင်က ကျွန်တော့်ကို အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတွေမှာ သရုပ်ဆောင်ဖို့ စီစဉ်ပေးခဲ့တယ်။...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၁၅ ခုနှစ်တုန်းက ခေါင်းဆောင်တွေက ကျွန်မကို စာနဲ့ပတ်သက်တဲ့ တာဝန်တွေ ထမ်းဆောင်ဖို့ စီစဉ်ပေးခဲ့တယ်။ အဲဒီအချိန်တုန်းက အဖွဲ့ခေါင်းဆောင် ချန်နိုဟာ တာဝန်ထမ်းဆောင်ရာမှာ သဘောထားမကောင်းလို့ ခေါင်းဆောင်တွေရဲ့ ပြုပြင်တာကို ခံထားရတယ်။ ခေါင်းဆောင်တွေက သူ့နေရာမှာ အစားထိုးဖို့ ကျွန်မကို စီစဉ်ပေးတာလို့ သူက ထင်နေတော့ အချိန်တိုင်း ကျွန်မကို အခက်တွေ့အောင် လုပ်တော့တာပဲ။ စုဝေးပွဲတွေမှာဆိုရင် တရားဟောချက်တွေနဲ့ပတ်သက်တဲ့ ပြဿနာတွေကို သူက ခဏခဏ မေးခွန်းထုတ်တတ်တယ်။ ကျွန်မ မဖြေနိုင်ရင် “နင့်မှာ အစွမ်းအစ မရှိဘူးလား။ တခြားဘာကိစ္စကြောင့်များ နင့်ကို ခေါင်းဆောင်တွေက လာခိုင်းရမှာလဲ” ဆိုပြီး ချန်နိုက သရော်တတ်တယ်။ သူ့စကားတွေကို နားထောင်ရတာ ကျွန်မစိတ်ထဲမှာ အရမ်းကို ဘောင်ခတ်ခံရသလို ခံစားရတယ်။ စုဝေးပွဲတိုင်းက ညှဉ်းပန်းနှိပ်စက်မှုတစ်ခုလိုပါပဲ။ ကျွန်မရဲ့ အခြေအနေက ဆိုးနေတော့ တရားဟောချက်တွေကို စစ်ဆေးတဲ့အခါ ဘာအကြံဉာဏ်မှ မထွက်လာတဲ့အပြင် စည်းမျဉ်းတွေနဲ့လည်း ကိုယ့်ကိုယ်ကိုယ် မပြင်ဆင်ထားနိုင်ခဲ့ဘူး။ ဒီတာဝန်ကို ထမ်းဆောင်ရတာ အရမ်းခက်ခဲပြီး ကျွန်မ မနိုင်ဘူးလို့ ခံစားခဲ့ရတယ်။ ကျွန်မစိတ်တွေ အရမ်းဆင်းရဲပြီး အိမ်ပြန်ချင်စိတ်တောင် ပေါက်လာတယ်။ ကျွန်မရဲ့ အခြေအနေ အဆိုးရွားဆုံးဖြစ်နေချိန်မှာပဲ ကျွန်မနဲ့ တွဲဖက်လုပ်ကိုင်ရတဲ့ ညီအစ်မ ယန်ကွမ်က ကျွန်မရဲ့ အခြေအနေဆိုးနေတာကို မြင်တော့ ကျွန်မနဲ့ စိတ်ရှည်လက်ရှည် မိတ်သဟာယဖွဲ့ပြီး ကူညီပေးခဲ့တယ်။ တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးကို လက်မလျှော့ဖို့လည်း သူက အားပေးခဲ့ပြီး နားမလည်တာရှိရင် သူနဲ့ မိတ်သဟာယဖွဲ့ပြီး ဆွေးနွေးလို့ရကြောင်း၊ ကျွန်မတို့ အတူတူ အလုပ်လုပ်ကြမယ်လို့လည်း ပြောခဲ့တယ်။ ယန်ကွမ်က ကျွန်မနဲ့ အများကြီး မိတ်သဟာယဖွဲ့ပေးခဲ့လို့ ကျွန်မစိတ်ထဲမှာ အများကြီး ရှင်းလင်းသွားပြီး ဉာဏ်ပွင့်သွားသလို ခံစားရတယ်။ ကျွန်မရဲ့ တာဝန်ကို ဆက်ထမ်းဆောင်ချင်တဲ့ ဆန္ဒလည်း ပြန်ဖြစ်လာတယ်။ နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် စည်းမျဉ်းတွေနဲ့ ပြင်ဆင်ရာမှာ အချိန်နဲ့ အားထုတ်မှုတွေပေးပြီး နားမလည်တာ မှန်သမျှကို ယန်ကွမ်နဲ့ မိတ်သဟာယဖွဲ့တယ်။ တဖြည်းဖြည်းနဲ့ ကျွန်မတာဝန်ကို ထမ်းဆောင်ရာမှာ လမ်းကြောင်းတချို့ကို တွေ့လာရပြီး ယန်ကွမ်ကို အရမ်းကျေးဇူးတင်မိတယ်။ နောက်ပိုင်းမှာ ချန်နို ဖြုတ်ချခံရပြီး ညီအစ်ကိုမောင်နှမတွေက ကျွန်မကို အဖွဲ့ခေါင်းဆောင်အဖြစ် အကြံပြုကြတယ်။ ကျွန်မက ဒီတာဝန်ကို မနိုင်မှာစိုးလို့ ငြင်းချင်ပေမဲ့ ယန်ကွမ်က ကျွန်မကို ထပ်ပြီး အားပေးခဲ့တယ်။ ကျွန်မ မလုပ်နိုင်တဲ့အရာမှန်သမျှကို တခြားအဖွဲ့သားတွေနဲ့ အတူတူ ဆွေးနွေးကြမယ်၊ သူလည်း ကူညီမယ်လို့ ပြောခဲ့တယ်။ ဒါကြောင့် ကျွန်မ အဖွဲ့ခေါင်းဆောင်တာဝန်ကို လက်ခံလိုက်တယ်။ ဒီကာလအတွင်းမှာ ယန်ကွမ်က ကျွန်မရဲ့ တာဝန်ထမ်းဆောင်ရမယ့် လမ်းကြောင်းတွေကို ခဏခဏ ဆွေးနွေးပေးခဲ့လို့ အလုပ်က တော်တော်လေး ချောချောမွေ့မွေ့ ဖြစ်လာတယ်။ ယန်ကွမ်ကို ကျွန်မ အင်မတန် ကျေးဇူးတင်မိပြီး ဒီကျေးဇူးကို ရင်ထဲမှာ မှတ်ထားရမယ်လို့ ခံစားခဲ့ရတယ်။ နောင်တစ်ချိန် သူ့မှာ ပြဿနာတစ်ခုခုရှိလာရင် သူ့ကို ကူညီဖို့ ကျွန်မ အစွမ်းကုန် ကြိုးစားရမယ်။ ကျွန်မ ကျေးဇူးကန်းလို့ မရဘူးလေ။
နည်းနည်းကြာတော့ ယန်ကွမ်က အိမ်ခဏပြန်ခဲ့တယ် ဒါပေမဲ့ သူ့သားက သူ တာဝန်ထပ်ထမ်းဆောင်ဖို့ ထွက်လာတာကို သဘောမတူဘူး။ သူအသက်ကြီးလာတဲ့အခါ ပြုစုစောင့်ရှောက်မှာ မဟုတ်ဘူးလို့တောင် ပြောလိုက်တော့ ယန်ကွမ်က ဘောင်ခတ်ခံရသလို ခံစားလိုက်ရတယ်။ သူဟာ အပျက်သဘောဆောင်တဲ့ အခြေအနေမှာ အမြဲတမ်း နေထိုင်နေပြီး တာဝန်ထမ်းဆောင်ရာမှာ ဝန်တာထားစိတ် မရှိတော့ဘူး။ သူ့ကို ကျွန်မ သုံးလေးကြိမ် မိတ်သဟာယဖွဲ့ပြီး ကူညီခဲ့ပေမဲ့ သူက အခြေအနေကို နည်းနည်းလေးမှ မပြောင်းလဲနိုင်ခဲ့ဘူး။ နောက်ပိုင်းမှာ ခေါင်းဆောင်တွေဆီက စာတစ်စောင် ရောက်လာတယ် ယန်ကွမ်ရဲ့ အခြေအနေက အလုပ်ကို ဆိုးဆိုးရွားရွား ကြန့်ကြာအောင လုပ်နေပြီဖို့လို့ မကြာခင်မှာ အခြေအနေမပြောင်းလဲဘူးဆိုရင် သူ့ကို ဖြုတ်ချသင့်တယ်လို့ ဆိုထားတယ်။ စာကိုဖတ်ပြီးတော့ ကျွန်မ အရမ်း စိုးရိမ်သွားတယ်။ ကျွန်မ အခက်အခဲဖြစ်တုန်းက ယန်ကွမ်က အများကြီး ကူညီပေးခဲ့တာကို တွေးမိပြီး ဒီအချိန်မှာ သူ့ကို အများကြီး ကူညီပေးရမယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီနောက်မှာ ယန်ကွမ်ကိုရှာပြီး သူနဲ့ မိတ်သဟာယဖွဲ့တယ်။ သူက သူ့အခြေအနေ နည်းနည်းပိုကောင်းလာပြီလို့ ပြောတော့ ကျွန်မ နည်းနည်း စိတ်အေးသွားတယ်။ နောက်တစ်ခါမှာ ယန်ကွမ်ဆီမှာ အရေးတကြီး စစ်ဆေးဖို့လိုနေတဲ့ တရားဟောချက်တချို့ ရှိနေပေမဲ့ လဝက်ကြာတဲ့အထိ သူ စစ်ဆေးလို့ မပြီးသေးဘူး။ ယန်ကွမ်ရဲ့ စိတ်နှလုံးက သူ့တာဝန်မှာ မရှိဘူးဆိုတာကို ကျွန်မ မြင်လိုက်တယ်၊ ဒီအတိုင်းသာ ဆက်သွားရင် အလုပ်တွေ နောက်ကျကုန်လိမ့်မယ်။ တခြားတစ်ယောက်ယောက်ကို လုပ်ခိုင်းဖို့ ကျွန်မ တွေးမိပေမဲ့ ဒါပေမဲ့လည်း ကျွန်မ တွေးမိတာက “ယန်ကွမ်သာ ဒီတရားဟောချက်တွေကို စစ်ဆေးပြီးသွားရင် သူ့တာဝန်မှာ ရလဒ်တချို့ ရသွားတယ်လို့ သတ်မှတ်ခံရပြီး သူ့ကို တာဝန်ကနေ အပြောင်းခံရမှာ မဟုတ်တော့ဘူး။ ဒီအချိန်မှာ သူ့ကို ငါ ကူညီပေးရမယ်” လို့ပေါ့။ ဒါနဲ့ ယန်ကွမ်ဆီသွားပြီး တာဝန်အပေါ်ထားတဲ့ သူ့သဘောထားကို ပြောင်းလဲဖို့နဲ့ တရားဟောချက်တွေကို အလောသုံးဆယ် စစ်ဆေးဖို့ မိတ်သဟာယဖွဲ့ခဲ့တယ်။ ဒါပေမဲ့ ရက်အနည်းငယ် ထပ်ကြာသွားတာတောင် ဘာတိုးတက်မှုမှ မရှိသေးဘူး။ တိကျတဲ့ အကြောင်းရင်းကို ကျွန်မ သူ့ကို မေးကြည့်ပေမဲ့ သူက ရိုးရိုးသားသား မဖြေဘူး။ တရားဟောချက်တွေကို သူ့ကို ဆက်လုပ်ခိုင်းလို့ မရတော့ဘူးဆိုတာ ကျွန်မ သဘောပေါက်သွားပြီး တခြားတစ်ယောက်ကို လုပ်ခိုင်းဖို့ အမြန်စီစဉ်လိုက်တယ်။ အလုပ်တွေ နှောင့်နှေးသွားတာကို မြင်တော့ ကိုယ့်ကိုယ်ကိုယ် အရမ်း အပြစ်တင်မိတယ်။ ယန်ကွမ်ဟာ သူ့ရဲ့ အခြေအနေကို တစ်လျှောက်လုံး မပြောင်းလဲနိုင်ခဲ့တဲ့အတွက် သူ့ကို ဖြုတ်ချရမယ်ဆိုတာ ကျွန်မ သိတယ်။ ဒါပေမဲ့ “သူ့အခြေအနေက အစကတည်းက မကောင်းတာ။ သူ ဖြုတ်ချခံရပြီးတဲ့နောက်မှာ အတွေ့အကြုံကတစ်ဆင့် သူ မကျော်ဖြတ်နိုင်ရင် ဘယ်လိုလုပ်မလဲ” လို့ ကျွန်မ တွေးမိပြန်တယ်။ ကျွန်မ စိတ်မမာနိုင်ခဲ့ဘူး၊ စိတ်ထဲမှာလည်း လွန်ဆွဲနေခဲ့တယ်။ အဲဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် တခြားအလုပ်တစ်ခုအတွက် လူလိုနေတာနဲ့ ယန်ကွမ်ကို အဲဒီကိုသွားလုပ်ဖို့ ကျွန်မ စီစဉ်ပေးလိုက်တယ်။ အဲဒီနောက်တော့ သူ့သတင်း ဘာမှ မကြားရတော့ဘူး။
တစ်နှစ်ကြာတဲ့အခါ ကျွန်မဟာ အသင်းတော် ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရတယ်။ တစ်ခါက အလုပ်အစီရင်ခံစာတစ်ခုကို ဖတ်နေရင်းနဲ့ ယန်ကွမ်ဟာ သူ့တာဝန်ကို ထမ်းဆောင်ရာမှာ အရမ်းကို အပျက်သဘောဆောင်တယ်၊ အိမ်ကို ခဏခဏပြန်ပြီး သူ့အလုပ်တွေအကုန်လုံးကို တွဲဖက်ဆီ ပုံချထားတယ်ဆိုတာကို သိလိုက်ရတယ်။ ဒါ့အပြင် ယန်ကွမ်ရဲ့ ကိုယ်ပိုင်လုံခြုံရေးအတွက်လည်း အန္တရာယ်ရှိနေပြီး အဲဒီလို ခေါက်တုံ့ခေါက်ပြန် သွားလာနေတာက ဘေးမကင်းဘူးလေ။ ဒါနဲ့ပတ်သက်ပြီး သူ့ကို မိတ်သဟာယဖွဲ့ပေးခဲ့ပေမဲ့ သူက လက်မခံခဲ့ဘူး။ ယန်ကွမ်ရဲ့ အပြုအမူတွေက အရင်အတိုင်းပဲဖြစ်ပြီး နည်းနည်းလေးမှ မပြောင်းလဲဘူးဆိုတာကို ဖတ်လိုက်ရတာနဲ့တစ်ပြိုင်နက် ယန်ကွမ်ကို တာဝန်ကနေ အပြောင်းခံရဖို့ လို၊ မလို ဆိုတာကို ကျွန်မတွဲဖက် ညီအစ်မနဲ့ ဆွေးနွေးဖို့ တွေးလိုက်တယ်။ ဒါပေမဲ့ ကျွန်မ အခက်အခဲဆုံး အချိန်တုန်းက ယန်ကွမ်က ကျွန်မကို အများကြီး ကူညီပေးခဲ့တာကို ချက်ချင်း သွားတွေးမိတယ်။ အခု ကျွန်မ ခေါင်းဆောင်ဖြစ်လာတာနဲ့ သူ့ကို ဖြုတ်ချချင်နေတာလေ။ သူသာ သိသွားရင် ကျွန်မကို အသိစိတ်မရှိဘူး၊ ကျေးဇူးမသိတတ်ဘူးလို့ ပြောမှာ မဟုတ်ဘူးလား။ နောင်တစ်ချိန် တွေ့ကြတဲ့အခါ ကျွန်မ သူ့ကို မျက်နှာပြရဲမှာ မဟုတ်ဘူး။ ဒါကြောင့် ဒီကိစ္စကို ကျွန်မတွဲဖက် ညီအစ်မကို မပြောပြချင်တော့ဘူး။ နောက်ပိုင်း ယန်ကွမ်နဲ့တွေ့တဲ့အခါ ဒီလိုမျိုး တာဝန်ထမ်းဆောင်ခြင်းရဲ့ သဘောသဘာဝနဲ့ အကျိုးဆက်တွေအကြောင်းကို သူနဲ့ မိတ်သဟာယဖွဲ့ခဲ့ပြီး အခြေအနေကို မပြောင်းလဲဘူးဆိုရင် သူ ဖြုတ်ချခံရမယ်လို့ သတိပေးခဲ့တယ်။ ကျွန်မရှေ့မှာတော့ ယန်ကွမ်က ချက်ချင်းပဲ သဘောတူခဲ့တယ်။ ဒါပေမဲ့ တစ်လတောင် မပြည့်သေးခင်မှာပဲ ယန်ကွမ်နဲ့ တွဲဖက်လုပ်နေတဲ့ ညီအစ်မဆီကနေ ယန်ကွမ်ဟာ သူ့အလုပ်ကို ပစ်ထားတတ်တုန်းပဲ၊ ပြီးတော့ ဒါက အလုပ်ကို ဆိုးဆိုးရွားရွား နှောင့်နှေးစေခဲ့တယ်ဆိုပြီး ရေးထားတဲ့ စာတစ်စောင် ရောက်လာလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး။ ကျွန်မစိတ်နှလုံးထဲမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်တွေ အများကြီး ခံစားလိုက်ရတယ်။ သူ့ကိုသာ ကျွန်မ ချက်ချင်း ဖြုတ်ချခဲ့မယ်ဆိုရင် သူက အလုပ်တွေကို နောက်ထပ် တစ်လတိတိ နှောင့်နှေးအောင် လုပ်နိုင်ခဲ့မှာ မဟုတ်ဘူး။ ယန်ကွမ်ရဲ့ အပြုအမူက တစ်သမတ်တည်းဖြစ်နေပြီး သုံးလေးကြိမ်လောက် ကူညီပေးရုံနဲ့ ပြောင်းလဲသွားမှာ မဟုတ်ဘူးဆိုတာကို သဘောပေါက်သွားပြီး သူ့ကို ဖြုတ်ချဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။
အဲဒီနောက်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခဲ့တယ်။ ယန်ကွမ်နဲ့ပတ်သက်တဲ့ ကိစ္စရပ်တိုင်းကို စည်းမျဉ်းတွေနဲ့အညီ ကျွန်မ ဘာလို့ မဖြေရှင်းနိုင်ခဲ့တာလဲ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “လူအချို့သည် အလွန့်အလွန် စိတ်အာရုံခံစားချက် ပြင်းပြကြလေသည်။ နေ့စဉ် ၎င်းတို့ ပြောဆိုသမျှတွင်လည်းကောင်း၊ ၎င်းတို့ ကျင့်ကြံပြုမူပုံနှင့် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပုံတို့တွင်လည်းကောင်း ၎င်းတို့သည် မိမိတို့၏ ခံစားချက်များဖြင့် အသက်ရှင်နေထိုင်ကြ၏။ ၎င်းတို့သည် ထိုလူ့အတွက် ခံစားရ၊ သည်လူ့အတွက် ခံစားရပြီး ဆက်ဆံရေးများနှင့် ခံစားချက်များဆိုင်ရာ ကိစ္စရပ်များ၌ အာရုံစိုက်ရင်းဖြင့်သာ ၎င်းတို့၏ နေ့ရက်များကို ကုန်ဆုံးစေကြ၏။ ၎င်းတို့ ကြုံတွေ့သည့်အရာတိုင်း၌ ခံစားချက် နယ်ပယ်ထဲတွင် ၎င်းတို့ အသက်ရှင်ကြလေသည်။ ထိုသို့သော လူတစ်ဦး၏ မယုံကြည်သူ ဆွေမျိုး သေဆုံးသောအခါတွင် သူသည် သုံးရက်ကြာ ငိုကြွေးမည်ဖြစ်ပြီး အလောင်းကို မြေမြှုပ်သင်္ဂြိုဟ်ရန် ခွင့်မပြုပေ။ ၎င်းသည် ကွယ်လွန်သူအတွက် ခံစားချက်များ ရှိနေဆဲ ဖြစ်သည်။ ၎င်း၏ စိတ်ခံစားချက်များသည် အလွန်ပြင်းထန်လှ၏။ စိတ်ခံစားချက်များသည် ဤလူ၏ ဆိုးရွားလွန်းသော ချို့ယွင်းချက် ဖြစ်သည်ဟု ဆိုနိုင်သည်။ သူသည် အရာရာတိုင်းတွင် သူ့စိတ်ခံစားချက်များ၏ ဘောင်ခတ်ခြင်းကို ခံရသည်။ သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိပေ၊ သို့မဟုတ် အခြေခံသဘောတရားအတိုင်း ပြုမူနိုင်စွမ်း မရှိပေ။ ပြီးလျှင် သူသည် ဘုရားသခင်ကို မကြာခဏ ဆန့်ကျင်ပုန်ကန်တတ်သည်။ စိတ်ခံစားချက်များသည် ၎င်းတို့၏ အကြီးမားဆုံး အားနည်းချက်၊ ၎င်းတို့၏ ဆိုးရွားလွန်းသော ချို့ယွင်းချက်ဖြစ်သည်။ ၎င်းတို့၏ စိတ်ခံစားချက်များက ၎င်းတို့ကို အတိဒုက္ခရောက်အောင် လုံးလုံး လုပ်နိုင်ပြီး လုံးဝ ဖျက်ဆီးပစ်နိုင်သည်။ အလွန်အကျွံ သံယောဇဉ်တွယ်တာသော လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိပေ၊ သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်စွမ်း မရှိပေ။ ၎င်းတို့သည် ဇာတိပကတိနှင့် အာရုံများနေကြသည်။ မိုက်မဲပြီး နားဝေတိမ်တောင် ဖြစ်နေကြသည်။ အလွန်အမင်း သံယောဇဉ်တွယ်တာခြင်းသည် ထိုသို့သော လူစား၏ သဘာဝပင် ဖြစ်ပြီး ဤလူစားသည် သူ၏ စိတ်ခံစားချက်များအတိုင်း အသက်ရှင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း) “မည်သည့်အရာက ခံစားချက်များကို ပုံဖော်သနည်း။ အပြုသဘောဆောင်သည့်အရာတစ်ခုမျှ မဟုတ်သည်မှာ သေချာသည်။ ယင်းသည် ဇာတိပကတိဆိုင်ရာ ဆက်ဆံရေးများကို အာရုံစိုက်ခြင်းဖြစ်ပြီး ဇာတိပကတိ၏ မက်မောမှုကို ဖြည့်ဆည်းပေးခြင်းဖြစ်သည်။ မျက်နှာသာပေးခြင်း၊ အခြားလူများ၏ အားနည်းချက်များအတွက် ခုခံကာကွယ်ပြောဆိုခြင်း၊ လွန်စွာချစ်ခင်ခြင်း၊ ဖူးဖူးမှုတ်ထားခြင်း၊ အလိုလိုက်ခြင်းတို့အားလုံးသည် ခံစားချက်များဖြစ်သည်။ လူအချို့သည် ခံစားချက်များကို အလွန်အရေးပေးကြသည်။ ၎င်းတို့အပေါ်တွင် ဖြစ်ပျက်သည့်အရာမှန်သမျှကို ၎င်းတို့၏ ခံစားချက်များအရ တုံ့ပြန်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဤသည်မှာ မှားယွင်းသည်ကို ကောင်းစွာ သိသည်။ သို့တိုင်အောင် စည်းမျဉ်းအတိုင်း ဆောင်ရွက်ဖို့ မဆိုထားနှင့်။ အရှိအတိုင်းမြင်ရန်ပင် မစွမ်းဆောင်နိုင်သေးပေ။ လူတို့သည် ခံစားချက်များ၏ ဘောင်ခတ်ခြင်းကို အစဉ်ခံရသောအခါတွင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း ရှိသလော။ ဤသည်မှာ အလွန်အမင်း ခက်ခဲသည်။ လူများစွာက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မတတ်စွမ်းနိုင်ခြင်းမှာ ခံစားချက်များအပေါ်တွင် မူတည်သည်။ ၎င်းတို့သည် ခံစားချက်များကို အထူးအရေးကြီးသည်ဟု မှတ်ယူသည်။ ခံစားချက်များကို ဦးစားပေးသည်။ ၎င်းတို့သည် သမ္မာတရားကို ချစ်သောလူများဖြစ်သလော။ သေချာပေါက်မဟုတ်ပေ။ အနှစ်သာရအရ ခံစားချက်များသည် မည်သည့်အရာနည်း။ ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစားတစ်ခုဖြစ်သည်။ ခံစားချက်များ၏ သရုပ်သကန်များကို စကားလုံးအချို့ကို အသုံးပြုခြင်းအားဖြင့် ဖော်ပြနိုင်သည်။ မျက်နှာသာပေးခြင်း၊ အခြားသူများကို စည်းမျဉ်းနှင့်မညီဘဲ ကာကွယ်ပေးခြင်း၊ ဇာတိပကတိဆိုင်ရာ ဆက်ဆံရေးများကို ထိန်းသိမ်းခြင်း၊ ဘက်လိုက်ခြင်း၊ ဤအရာတို့သည် ခံစားချက်များဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားလက်တွေ့ကျမှု ဆိုသည်မှာ အဘယ်နည်း။) အရမ်းကို သံယောဇဉ်တွယ်တာတဲ့ လူတွေဟာ ကိစ္စရပ်တိုင်းမှာ ခံစားချက်တွေရဲ့ ဘောင်ခတ်တာကို ခံရတယ်လို့ ဘုရားသခင်က ဖော်ထုတ်ထားတယ်။ သူတို့ဟာ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်တဲ့အပြင် စည်းမျဉ်းတွေနဲ့အညီလည်း ကိစ္စတွေကို မလုပ်ဆောင်နိုင်ကြဘူး။ သူတို့လုပ်နေတဲ့အရာက မှားယွင်းနေတယ်ဆိုတာကို သူတို့စိတ်ထဲမှာ ကောင်းကောင်း သိနေရင်တောင် သူတို့ရဲ့အလုပ်ကို မျှမျှတတ မကိုင်တွယ်နိုင်ကြဘူး။ ကျွန်မဟာ အရမ်းကို သံယောဇဉ်တွယ်တာတဲ့တဲ့ လူတစ်ယောက်ဖြစ်ပြီး ယန်ကွမ်နဲ့ ဆက်ဆံရာမှာ ကျွန်မရဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြခဲ့တယ်။ စာနဲ့ပတ်သက်တဲ့ တာဝန်တွေကို စထမ်းဆောင်ခါစတုန်းက ကျွန်မဟာ အပျက်သဘောဆောင်မှုတွေထဲမှာ ခဏခဏ အသက်ရှင်နေထိုင်ခဲ့ပြီး ကျွန်မရဲ့တာဝန်ကို စွန့်ပစ်ဖို့ တွေးခဲ့တယ်။ ယန်ကွမ်ကသာ ကျွန်မ တာဝန်ထမ်းဆောင်ဖို့ ယုံကြည်ခြင်းရှိလာအောင် အကြိမ်ကြိမ် စိတ်ရှည်လက်ရှည် ကူညီပေးခဲ့တာပါ။ သူက ကျွန်မအပေါ် ကောင်းခဲ့ပြီး ကျေးဇူးရှိခဲ့တယ်လို့ ခံစားခဲ့ရတယ်။ ကျွန်မ အဖွဲ့ခေါင်းဆောင် ဖြစ်လာပြီးတဲ့နောက်မှာ ယန်ကွမ်ဟာ မိသားစုအပေါ်ထားတဲ့ သူ့ရဲ့ ချစ်ခင်တွယ်တာမှုကြားထဲမှာ အမြဲတမ်း အသက်ရှင်နေထိုင်နေတာကို မြင်ခဲ့ရပြီး အဲဒါက အလုပ်ကို အဟန့်အတား ဖြစ်စေခဲ့တယ်။ ဒါပေမဲ့ သူ့ကို ကျွန်မ မဖြုတ်ချခဲ့ဘဲ သူ့ကိုတောင် ကာကွယ်ပေးခဲ့သေးတယ်။ သူ့ရဲ့ အခြေအနေမှန်ကို ခေါင်းဆောင်တွေဆီ အစီရင်ခံတင်ပြတာမျိုး မရှိခဲ့ဘဲ တာဝန်တွေ ဆက်ထမ်းဆောင်နိုင်ဖို့ သူ့ကို အခွင့်အရေးတွေ ထပ်ခါတလဲလဲ ပေးခဲ့တယ်။ ရလဒ်အနေနဲ့ ဒါက အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ အသင်းတော်မှာ ကျွန်မ ခေါင်းဆောင်ဖြစ်လာပြီးတဲ့နောက် ယန်ကွမ်ဟာ သူ့တာဝန်မှာ တစ်လျှောက်လုံး ဝန်တာထားစိတ် မရှိတာကြောင့် ဖြုတ်ချသင့်တယ်ဆိုတာကို မြင်ခဲ့ရပေမဲ့ သူ ကျွန်မအပေါ် ပြသခဲ့တဲ့ ကျေးဇူးကို ကျွန်မ ထောက်ထားနေခဲ့တယ်။ ကျွန်မကို သူပေးခဲ့တဲ့ အကူအညီတွေကို တွေးမိတဲ့အခါ သူ့ကို မဖြုတ်ချရက်ခဲ့ဘဲ ခံစားချက်တွေအပေါ် အခြေခံပြီး သူ့ကို ဆက်ကာကွယ်ပေးနေခဲ့တယ်။ ကျွန်မက ယန်ကွမ်ကို အခွင့်အရေးတွေ ထပ်ခါတလဲလဲ ပေးနေခဲ့ပေမဲ့ ဒါက အလုပ်အတွက် အဟန့်အတားဖြစ်ခြင်းနဲ့ နှောင့်ယှက်ခြင်းတွေကိုပဲ ဖြစ်စေခဲ့တယ်။ ခံစားချက်တွေအပေါ် အခြေခံပြီး လုပ်ဆောင်တာဟာ ဘုရားသခင်ကို အတိုက်အခံလုပ်တာနဲ့ သစ္စာဖောက်တာကိုပဲ ဖြစ်စေနိုင်တယ်ဆိုတာကို ကျွန်မ သဘောပေါက်လိုက်တယ်။ ကျွန်မရဲ့ အပြုအမူအတွက် ကိုယ့်ကိုယ်ကိုယ် ပြင်းပြင်းထန်ထန် အပြစ်တင်မိပြီး လူ့ဇာတိဆိုင်ရာ ခံစားချက်တွေထဲမှာ အသက်ရှင်နေထိုင်ရင်း အသင်းတော်အလုပ်ကို မကာကွယ်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်လည်း မုန်းတီးမိတယ်။ ဒါနဲ့ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ် “အို ဘုရားသခင်၊ သမီး ခံစားချက်တွေအပေါ် အခြေခံပြီး မလုပ်ဆောင်ချင်တော့ပါဘူး။ စည်းမျဉ်းတွေနဲ့အညီ လက်တွေ့လုပ်ဆောင်ပြီး အသင်းတော်အလုပ်ကို ကာကွယ်ရပါမယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ဖို့ သမီးကို လမ်းပြတော်မူပါ” လို့ပေါ့။ အဲဒီနောက်မှာ ဒီကိစ္စကို ကျွန်မတွဲဖက် ညီအစ်မနဲ့ ဆွေးနွေးပြီး ယန်ကွမ်ကို ဖြုတ်ချလိုက်တယ်။ အဲဒီတော့မှပဲ ကျွန်မစိတ်ထဲမှာ အေးချမ်းသွားတော့တယ်။
အဲဒီနောက်မှာ “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဆိုတဲ့ ရိုးရာအယူအဆကို ဖော်ထုတ်ထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ရပြီး ကျွန်မရဲ့ အခြေအနေနဲ့ပတ်သက်လို့ နားလည်သဘောပေါက်မှု တချို့ ရရှိခဲ့တယ်။ ဘုရားသခင်က ပြောသည် “‘တစ်လုတ်စားဖူး သူ့ကျေးဇူး’ ဆိုသည့် အယူအဆသည် တရုတ်ရိုးရာယဉ်ကျေးမှုတွင် လူတစ်ယောက်က ကိုယ်ကျင့်တရားရှိသည်၊ မရှိသည်ကို အကဲဖြတ်သည့် အကောင်းဆုံးသော စံသတ်မှတ်ချက်တစ်ခုဖြစ်သည်။ လူတစ်ယောက်က ကောင်းသော၊ သို့မဟုတ် ဆိုးသော လူ့သဘာဝရှိသလော၊ မွန်မြတ်ခြင်းရှိမရှိ ဆိုသည်ကို အကဲဖြတ်သောအခါ စံအမှတ်တစ်ခုမှာ သူရရှိသော အခွင့်အရေး၊ သို့မဟုတ် အကူအညီကို ပြန်လည်ပေးဆပ်ခြင်းရှိမရှိ၊ ‘တစ်လုတ်စားဖူး သူ့ကျေးဇူး’ ဆိုသည်ကို ကျင့်သုံးသောသူဟုတ်မဟုတ်ဟူ၍ ဖြစ်သည်။ တရုတ်ရိုးရာယဉ်ကျေးမှုအတွင်းတွင်၊ ဧကန်အမှန် လူသားရိုးရာယဉ်ကျေးမှုတစ်ခုလုံးအတွင်းတွင် လူတို့သည် ဤအရာကို သူတော်ကောင်းတရား၏ အရေးကြီးသောအတိုင်းအတာအဖြစ် မှတ်ယူကြသည်။ လူတစ်ယောက်က ‘တစ်လုတ်စားဖူး သူ့ကျေးဇူး’ ဆိုသည်ကို မကျင့်သုံးလျှင် ထိုသူသည် ကျေးဇူးမသိတတ်သူဖြစ်ပြီး အသိစိတ်ကင်းမဲ့ကာ ပေါင်းသင်းဆက်ဆံရန် မထိုက်တန်ဟု ယူဆကြသည်။ ၎င်းတို့ကို အားလုံးက အထင်အမြင်သေးသည်။ ပစ်ပယ်သည်၊ သို့မဟုတ် ငြင်းဆန်ကြသည်။ အခြားတစ်ဖက်တွင် လူတစ်ယောက်က ‘တစ်လုတ်စားဖူး သူ့ကျေးဇူး’ ဆိုသည်ကို ကျင့်သုံးလျှင်၊ ထိုသူသည် ကျေးဇူးသိတတ်ပြီး တတ်နိုင်သမျှ နည်းလမ်းတိုင်းဖြင့် အခွင့်အရေးနှင့် အကူအညီကို ပြန်ပေးလျှင် ထိုသူကို အသိစိတ်နှင့် လူ့သဘာဝရှိသည့်သူအဖြစ် မှတ်ယူသည်။ တစ်စုံတစ်ယောက်က အခြားလူတစ်ယောက်ထံမှ အကျိုးအမြတ်၊ သို့မဟုတ် အကူအညီတစ်ခုကို လက်ခံရရှိသော်လည်း ပြန်လည်မပေးဆပ်လျှင်၊ သို့မဟုတ် ရိုးရှင်းသည့် ‘ကျေးဇူးတင်ပါတယ်။’ ဟူသည့်စကားဖြင့် အနည်းငယ် ကျေးဇူးသိတတ်မှုကို ဖော်ပြပြီး ထို့ထက် မည်သည့်အရာမျှမပိုလျှင် အခြားလူက မည်သို့ ထင်မည်နည်း။ စိတ်အနှောင့်အယှက် ဖြစ်ကောင်းဖြစ်မည်လော။ ထိုသူက ‘ဒီလူက ကူညီပေးဖို့ မတန်ဘူး။ လူကောင်းမဟုတ်ဘူး။ ငါက သူ့ကို အများကြီးကူညီပြီး သူက ဒီလိုတုံ့ပြန်တာဆိုရင် သူက အသိတရား၊ ဒါမှမဟုတ် လူ့သဘာဝမရှိဘူး။ ပေါင်းဖို့ မတန်ဘူး’ ဟူ၍ စဉ်းစားကောင်း စဉ်းစားမည်လော။ ထိုသူသည် ဤသို့သောလူစားမျိုးနှင့် တဖန် ကြုံတွေ့လျှင် ထိုသူကို ကူညီဦးမည်လော။ အနည်းဆုံးအနေဖြင့် ကူညီလိုစိတ်ရှိမည်မဟုတ်ပေ။ သင်တို့သည် အလားတူ အခြေအနေများတွင် အမှန်တကယ် ကူညီသင့်သည်၊ မကူညီသင့်သည်ကို တွေးတောမည်မဟုတ်လော။ သင်၏ ယခင်အတွေ့အကြုံမှ သင်သိလိုက်ရသော သင်ခန်းစာသည် ‘ငါ ဘယ်သူကိုမဆို ကူညီပေးလိုက်လို့မဖြစ်ဘူး။ “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဆိုတာကို နားလည်ရမယ်။ သူတို့က ငါ ပေးတဲ့အကူအညီအတွက် ပြန်ပေးဆပ်မှာမဟုတ်တဲ့ ကျေးဇူးမသိတတ်တဲ့သူမျိုးဆိုရင် မကူညီတာကောင်းတယ်’ ဟူ၍ ဖြစ်ပေမည်။ ထိုကိစ္စတွင် သင်တို့၏ အမြင်မှာ ထိုသို့ဖြစ်မည်မဟုတ်လော။ (ဟုတ်ပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၇)) “သမ္မာတရားကို သဘောမပေါက်မီတွင် သင်၏ အသိစိတ်ဖြင့် သင်အသက်ရှင်ခဲ့ပြီး မည်သူက သင့်ကို ကြင်နာမှု ပေးသည်ဖြစ်စေ၊ သင့်ကို ကူညီသည်ဖြစ်စေ ၎င်းတို့က ဆိုးယုတ်သော လူများ သို့မဟုတ် လူဆိုးဂိုဏ်းဝင်များ ဖြစ်နေလျှင်ပင် ၎င်းတို့ကို သင် သေချာပေါက် ပြန်ကျေးဇူးဆပ်ခဲ့သည်။ သင်၏ မိတ်ဆွေများကို ရေကုန်ရေခန်း ကာကွယ်ပေးရန်နှင့် ၎င်းတို့အတွက် သင်၏ အသက်ကို စွန့်စားရန်ပင် လိုအပ်သည်ဟု သင်ခံစားခဲ့ရသည်။ အမျိုးသားများသည် ပြန်ကျေးဇူးဆပ်သည့်အနေနှင့် မိမိတို့၏ ကျေးဇူးရှင်များထံ ကျွန်ခံသင့်သည်၊ အမျိုးသမီးများကမူ အိမ်ထောင်ပြုဖို့ ကတိပေးသင့်ကာ ကျေးဇူးရှင်တို့အတွက် ကလေးများ မွေးပေးသင့်သည်ဟူသည်မှာ ရိုးရာယဉ်ကျေးမှုက လူတို့အား လက်ခံရရှိသည့် ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်ဆပ်ရန် ညွှန်ကြားလျက် လူတို့အပေါ် စွဲမှတ်စေသည့် အယူအဆဖြစ်သည်။ အကျိုးဆက်အနေဖြင့် လူတို့က ‘ကြင်နာမှုကို ပြန်ဆပ်ပေးသည့် လူများသာ အသိစိတ်ရှိသည်။ ကြင်နာမှုကို ပြန်ကျေးဇူးမဆပ်ပါက အသိစိတ်မဲ့ကာ လူမဆန်သောသူ ဖြစ်ရမည်’ ဟု တွေးကြလေသည်။ ဤအယူအဆသည် လူတို့၏ စိတ်နှလုံးတွင် ခိုင်မာစွာ အမြစ်တွယ်ထား၏။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၇)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ယန်ကွမ် ကျွန်မအပေါ် ပြသခဲ့တဲ့ ကြင်နာမှုကို အမြဲတမ်း ထောက်ထားပြီး သူ့ကို မဖြုတ်ချခဲ့တာဟာ “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဆိုတဲ့ ရိုးရာယဉ်ကျေးမှု အယူအဆရဲ့ ချည်နှောင်တာကို ခံနေရလို့ဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မ ငယ်ငယ်လေးတုန်းက အဖွားပြောတာကို ခဏခဏ ကြားဖူးတယ် “ကိုယ့်ကျင့်ကြံပြုမူမှုမှာ ကျေးဇူးတရားကို နားလည်ဖို့ လိုတယ်။ ‘တစ်လုတ်စားဖူး သူ့ကျေးဇူး’ ဆိုတာကို သိဖို့ လိုတယ်။ တစ်လုတ်စားဖူး သူ့ကျေးဇူးဆိုတာကို နင်မသိရင် နင်ဟာ ကျေးဇူးကန်းတဲ့သူဖြစ်သွားပြီး ဘယ်သူကမှ နင်နဲ့ ပေါင်းသင်းဆက်ဆံချင်မှာ မဟုတ်ဘူး” တဲ့။ ကျွန်မအမေကလည်း ဒီလိုပဲ ကျင့်ကြံပြုမူခဲ့တယ်။ ကျွန်မ မောင်လေး နေမကောင်းဖြစ်တုန်းက ကျွန်မတို့မိသားစု စုဆောင်းထားတဲ့ ငွေတွေအကုန်လုံး သုံးလိုက်တာကို မှတ်မိသေးတယ်။ ရွာထဲက လူတွေအကုန်လုံးက ကျွန်မတို့ မိသားစုကို ကူညီဖို့ ငွေကြေးတွေ စုဆောင်းပေးခဲ့ကြတယ်။ ကျွန်မအမေက ရွာသားတွေရဲ့ ကျေးဇူးကို မှတ်ထားပြီး နှစ်တိုင်း ဆောင်းဦးရိတ်သိမ်းချိန်ရောက်ရင် တခြားရွာသားတွေရဲ့ အလုပ်တွေကို သွားကူညီပေးနိုင်ဖို့ ကိုယ့်မိသားစုအလုပ်ကို အမြန်ပြီးအောင် လုပ်တတ်တယ်။ ရွာထဲက လူတွေအကုန်လုံးက ကျွန်မအမေဟာ လူ့သဘာဝကောင်းပြီး ပေါင်းသင်းဆက်ဆံရကျိုးနပ်တယ်လို့ ပြောကြတယ်။ အဲဒီတုန်းက အမေက ကျွန်မကို ခဏခဏ ပြောပြတယ်၊ ကျွန်မတို့ အခက်အခဲဖြစ်နေချိန်မှာ တခြားရွာသားတွေက ကူညီပေးခဲ့လို့ ကျွန်မတို့က ကျေးဇူးတင်ရမယ်တဲ့။ တစ်ယောက်ယောက် အခက်အခဲဖြစ်နေတဲ့အခါတိုင်း ကူညီဖို့ လက်ကမ်းပေးသင့်ပြီး အသိစိတ် လုံးဝ မကင်းမဲ့သင့်ဘူးလို့ ဆိုတယ်။ တဖြည်းဖြည်းနဲ့ ဒီအရာက ကျွန်မရဲ့အတွေးထဲမှာ စွဲနေပြီး “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဆိုတာကို နားလည်တဲ့သူတွေမှသာ လူကောင်းတွေဖြစ်တယ်၊ ကျေးဇူးကို ပြန်ပေးဆပ်ဖို့ အရေးကြီးပုံကို နားမလည်တဲ့သူဟာ အသိစိတ်မရှိဘဲ ပေါင်းသင်းဆက်ဆံဖို့ မထိုက်တန်ဘူးလို့ ကျွန်မကိုယ်တိုင်လည်း ယုံကြည်လာခဲ့တယ်။ ဘုရားသခင်ကို စတင်ယုံကြည်ပြီးတဲ့နောက်မှာ ကျွန်မ အခက်အခဲဖြစ်တိုင်း၊ ဒါမှမဟုတ် အပျက်သဘောဆောင်ပြီး အားနည်းနေချိန်တိုင်း ယန်ကွမ်က ကျွန်မကို အကြိမ်ကြိမ် ကူညီပြီး ထောက်ပံ့ပေးခဲ့တယ်။ အကျိုးဆက်အနေနဲ့ ဒီကျေးဇူးကို ပြန်ပေးဆပ်ရမယ်လို့ ကျွန်မ ထင်ခဲ့တာကြောင့် သူ့ကို ဖြုတ်ချဖို့ လိုအပ်ချိန်မှာ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး သူ့ကို ကာကွယ်ပေးခဲ့တယ်။ သူ့ကို အခွင့်အရေးတွေ ထပ်ခါတလဲလဲ ပေးခဲ့တာကြောင့် အသင်းတော်အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ ကျွန်မ ကျေးဇူးဆပ်လိုက်ပေမဲ့ အသင်းတော်အလုပ်ကတော့ အနှောင့်အယှက်ပေးခံရတယ်။ ကျွန်မဟာ “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဆိုတဲ့ ရိုးရာယဉ်ကျေးမှု အယူအဆနဲ့ပဲ အသက်ရှင်နေထိုင်နေခဲ့ပြီး၊ ကိုယ့်ကျင့်ကြံပြုမူပုံ၊ ဒါမှမဟုတ် ကိစ္စတွေကို လုပ်ဆောင်ပုံတွေမှာ စည်းမျဉ်းဆိုတာ နည်းနည်းလေးမှ မရှိခဲ့ဘူး။ “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဆိုတဲ့ အမြင်ဟာ အပြုသဘောဆောင်တဲ့အရာ မဟုတ်တဲ့အပြင် သမ္မာတရားနဲ့လည်း မကိုက်ညီဘူးဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။
ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်ရတော့ “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဆိုတဲ့ အယူအဆရဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တာကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်လာရတယ်။ ဘုရားသခင်က ပြောသည် “လူအဖွဲ့အစည်းအတွင်းနှင့် လူသားမျိုးနွယ်ကြားတွင် ‘လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်ရမည်’ ဆိုသည့်အရာကဲ့သို့သော ကိုယ့်ကျင့်တရားအပြုအမူအပေါ် ထုတ်ပြန်ချက်များသည် လူတို့အား ၎င်းတို့၏ တာဝန်သည် အတိအကျ မည်သည့်အရာ ဖြစ်သည်ကို မပြောပြပေ။ ထိုအစား လူတို့ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဤသနားကြင်နာမှု လုပ်ရပ်များ ၎င်းတို့အပေါ် ကျရောက်သည့် အခြေအနေ၊ သို့မဟုတ် ဆက်စပ်အကြောင်းအရာက မည်သို့ရှိသည်ဖြစ်စေ ဤအရာများသည် လူတို့အား နည်းလမ်းတစ်ခုဖြင့် ပြုမူစဉ်းစားရန် ချည်နှောင်သော၊ သို့မဟုတ် ဖိအားပေးသော နည်းလမ်းတစ်ခု ဖြစ်သည်။ ရှေးတရုတ်ပြည်တွင် ကျေးဇူးပြန်ဆပ်ခြင်းနှင့်ဆိုင်သည့် ဥပမာများစွာရှိသည်။ ဥပမာ ဆာလောင်နေသော သူတောင်းစား ကောင်လေးတစ်ယောက်ကို မိသားစုတစ်စုက ယူဆောင်ပြီး ကျွေးမွေးသည်။ အဝတ်ဆင်ပေးသည်။ ကိုယ်ခံပညာများ လေ့ကျင့်ပေးပြီး၊ အသိပညာမျိုးစုံကို သင်ကြားပေးသည်။ သူကြီးလာသည်အထိ စောင့်ပြီးနောက် သူ့အား ဝင်ငွေအရင်းအမြစ်အဖြစ် စ၍ အသုံးပြုသည်။ မကောင်းမှုလုပ်ရန်၊ လူများအား သတ်ရန်၊ သူမလုပ်လိုသည့်အရာများကို လုပ်ရန် စေလွှတ်သည်။ သူလက်ခံရရှိသည့် အကူအညီများအရ သူ၏ ဇာတ်လမ်းကို ကြည့်လျှင် သူ ကယ်တင်ခံရခြင်းသည် ကောင်းသည့်အရာဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် သူ့အား လုပ်ဆောင်ရန် အတင်းခိုင်းစေသည့်အရာကို ထည့်တွက်လျှင် ဤသည်မှာ အမှန်တကယ်တွင် ကောင်းသလော၊ ဆိုးသလော။ (ဆိုးသည်။) သို့သော် ‘လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်ရမည်’ ကဲ့သို့သော ရိုးရာယဉ်ကျေးမှု၏ သတ်မှတ်ချက်အောက်တွင် လူတို့သည် ဤအရာကို မခွဲခြားနိုင်ပေ။ အပေါ်ယံတွင် ထိုကလေးသည် မကောင်းမှုများကို လုပ်ဆောင်ပြီး လူတို့အား ထိခိုက်ခြင်း၊ လူသတ်သမားဖြစ်ခြင်း၊ လူအများစုက လုပ်ဆောင်ရန် ဆန္ဒရှိမည်မဟုတ်သည့်အရာများကို လုပ်ဆောင်ရန်မှလွဲ၍ ရွေးချယ်စရာမရှိသည့် ပုံစံရှိသည်။ သို့သော် သူ၏ အရှင်သခင်၏ အမိန့်အရ မကောင်းသောအရာများကို ပြုလုပ်ပြီး သတ်ဖြတ်သည့် အချက်သည် စိတ်အတွင်း၌ သူ၏ ကြင်နာမှုအတွက် ပြန်ပေးဆပ်ရန် ဆန္ဒမှ လာသည်မဟုတ်လော။ အထူးသဖြင့် ‘လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်ရမည်’ ဟူသကဲ့သို့သော တရုတ်ရိုးရာ ယဉ်ကျေးမှု၏ သတ်မှတ်ချက်ကြောင့် လူတို့သည် ဤအယူအဆများ၏ လွှမ်းမိုးထိန်းချုပ်ခြင်းကို မဖြစ်မနေခံရသည်။ လူတို့ပြုမူပုံ၊ ဤလုပ်ရပ်များနောက်ရှိ ရည်ရွယ်ချက်နှင့် အရင်းခံကြောင်းများသည် ဤအရာများ၏ သေချာပေါက် ချုပ်ချယ်ခြင်းကို ခံရသည်။ ထိုကလေးသည် ထိုအခြေအနေသို့ အပို့ခံရသောအခါ သူ၏ ပထမဆုံးအတွေးသည် မည်သည့်အရာ ဖြစ်မည်နည်း။ ‘ငါ့ကို ဒီမိသားစုက ကယ်တင်ခဲ့တယ်။ သူတို့က ငါ့အပေါ် ကောင်းတယ်။ ငါ ကျေးဇူးမသိတတ်လို့မဖြစ်ဘူး။ သူတို့ ကြင်နာမှုကို ပြန်ပေးဆပ်ရမယ်။ ငါ သူတို့ကို အသက်ကြွေး တင်ထားတယ်။ ဒါကြောင့် ငါ့အသက်ကို သူတို့အတွက် အပ်နှံရမယ်။ သူတို့ငါ့ကို ခိုင်းတာမှန်သမျှကို လုပ်သင့်တယ်။ မကောင်းမှုလုပ်ပြီး လူတွေကို သတ်ဖို့ဆိုရင်တောင်မှပေါ့။ မှန်သလား၊ မှားသလားဆိုတာ စဉ်းစားလို့မရဘူး။ သူတို့ကြင်နာမှုကိုပဲ ပြန်ပေးဆပ်ရမယ်။ ငါ မလုပ်ရင် လူသားဟု ခေါ်ထိုက်ပါဦးမလား’ဟူ၍ ဖြစ်သည်။ ရလဒ်အနေဖြင့် ထိုမိသားစုက သူ့အား တစ်စုံတစ်ယောက်ကို သတ်စေလိုသည့်၊ သို့မဟုတ် မကောင်းသည့်အရာတစ်ခုကို လုပ်စေလိုသည့် အချိန်တိုင်းတွင် သူက တုံ့ဆိုင်းခြင်း၊ သို့မဟုတ် သံသယတစ်ခုမျှ မရှိဘဲ လုပ်ဆောင်သည်။ ထို့ကြောင့် သူ၏ ပြုမူဆောင်ရွက်မှုများ၊ ပြန်လှန်မေးခွန်းမထုတ်သည့် နာခံမှုအားလုံးတို့သည် ‘လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်ရမည်’ ဆိုသည့် အယူအဆနှင့် အမြင်၏ အမိန့်ပေးခြင်းကို ခံရသည်မဟုတ်လော။ သူသည် ထိုကိုယ်ကျင့်တရားစံကို ဖြည့်ဆည်းနေခြင်းမဟုတ်သလော။ (ဟုတ်သည်။) ဤဥပမာမှ မည်သည့်အရာကို သင်မြင်သနည်း။ ‘လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်သင့်သည်’ ဆိုသည်မှာ ကောင်းသည့်အရာ ဟုတ်သလော၊ မဟုတ်သလော။ (မဟုတ်ပါ။ ထိုအရာတွင် စည်းမျဉ်းမရှိပါ။) အမှန်တကယ်တွင် ကြင်နာမှုကို ပြန်လည်ပေးဆပ်သောသူတွင် စည်းမျဉ်းတစ်ခုရှိသည်။ အတိအကျပြောရသော် ‘လက်ခံရရှိသော ကြင်နာမှုကို ကျေးဇူးသိတတ်စွာ ပြန်လည်ပေးဆပ်သင့်သည်’ ဟူ၍ ဖြစ်သည်။ တစ်စုံတစ်ယောက်က သင့်ကို ကြင်နာမှုပြုလျှင် အပြန်အလှန်အနေဖြင့် သင်သည် ဤသို့ လုပ်ဆောင်ရမည်။ သင်သည် ဤသို့လုပ်ဆောင်ရန် ပျက်ကွက်လျှင် သင်က လူသားမဟုတ်ပေ။ ဤအတွက် သင်က ရှုတ်ချခံရလျှင် သင်ပြောနိုင်သည့်အရာ တစ်ခုမျှမရှိပေ။ ‘ညောင်စေ့လောက် ကျေးဇူးပြုခံရလျှင် ညောင်ပင်ကြီးလောက် ပြန်ဆပ်သင့်သည်’ ဟူသော ဆိုရိုးစကားရှိသည်။ သို့သော် ဤဖြစ်ရပ်တွင် ထိုကလေးက သေးငယ်သည့် ကြင်နာမှု လုပ်ရပ်တစ်ခုကို ရရှိခြင်းမဟုတ်ဘဲ ဘဝကို ကယ်တင်ပေးသော ကြင်နာမှုကို လက်ခံရရှိခဲ့ခြင်း ဖြစ်သောကြောင့် အပြန်အလှန်အနေဖြင့် ဘဝဖြင့် ပြန်ပေးဆပ်ရမည့် အကြောင်းရင်း သာ၍ ရှိပေသည်။ ကြင်နာမှုကို ပြန်ပေးဆပ်သည့် အကန့်အသတ်၊ သို့မဟုတ် စည်းမျဉ်းများကို သူမသိပေ။ သူ၏ အသက်ကို ဤမိသားစုကပေးထားသည်ဟု သူယုံကြည်သည်။ ထို့ကြောင့် အပြန်အလှန်အနေဖြင့် သူ၏ အသက်ကို ၎င်းတို့ထံ ဆက်ကပ်အပ်နှံရပြီး လူသတ်ခြင်း၊ သို့မဟုတ် အခြားမကောင်းမှုများအပါအဝင် သူ့အပေါ် ၎င်းတို့ တောင်းဆိုသမျှကို လုပ်ဆောင်ရသည်။ ကြင်နာမှုကို ပြန်ပေးဆပ်သည့် ဤနည်းလမ်းသည် စည်းမျဉ်း၊ သို့မဟုတ် ကန့်သတ်ချက်မရှိပေ။ သူသည် မကောင်းမှုပြုသူများကို ကြံရာပါတစ်ဦးအဖြစ် အလုပ်အကျွေးပြုခဲ့ပြီး ထိုသို့လုပ်ဆောင်ရာတွင် သူ့ကိုယ်သူ ပျက်စီးစေခဲ့သည်။ ကြင်နာခြင်းကို ဤသို့ ပြန်ပေးဆပ်ခြင်းမှာ သူ့အတွက် မှန်ကန်သလော။ မည်သို့ မှန်ကန်မည်နည်း။ ယင်းသည် အမှုအရာများကို လုပ်ဆောင်သည့် မိုက်မဲသော နည်းလမ်းတစ်ခု ဖြစ်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၇)) စာတန်က “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဆိုတဲ့ အယူအဆကို သွတ်သွင်းတာ ခံလိုက်ရပြီဆိုရင် လူတွေဟာ ဘာကိုမှ ဂရုမစိုက်ဘဲ၊ အမှားအမှန်ကို မခွဲခြားတော့ဘဲ ဒီကျေးဇူးကို ဇွတ်ပြန်ပေးဆပ်ကြတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့် ကျွန်မ မြင်တွေ့ခဲ့ရတယ်။ သူတို့ဟာ စည်းမျဉ်းမရှိဘဲ၊ သူတို့ရဲ့ အသိတရားမှာ လုံးဝကို လိပ်ပြာမသန့်တာမျိုး မရှိဘဲ ပြုမူကြတယ်။ ကျွန်မဟာ “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဆိုတဲ့ အယူအဆနဲ့ အသက်ရှင်နေထိုင်ခဲ့တာပါ။ ယန်ကွမ် ကျွန်မကို ပေးခဲ့တဲ့ အကူအညီအတွက် ပြန်ပေးဆပ်ဖို့ သူ့ကို မဖြုတ်ချခဲ့တဲ့အပြင်၊ သူဟာ တာဝန်တွေ လုပ်ဆောင်ဖို့ မသင့်တော်ဘူးဆိုတာကို သေသေချာချာ သိနေရက်နဲ့တောင် သူ့ကို ကူညီပြီး အခွင့်အရေးတွေ ထပ်ခါတလဲလဲ ပေးခဲ့တယ်။ အကျိုးဆက်အနေနဲ့ အသင်းတော်အလုပ် နှောင့်နှေးခဲ့ရတယ်။ ကျွန်မဟာ “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဆိုတဲ့ အယူအဆရဲ့ ချည်နှောင်တာနဲ့ ချုပ်ထိန်းတာကို ခံခဲ့ရပြီး အမှားနဲ့အမှန်ကို ခွဲခြားသိမြင်နိုင်တဲ့ စွမ်းရည် မရှိခဲ့ဘူး။ ကျွန်မ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး လုပ်ဆောင်ခဲ့လို့ အသင်းတော်အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ ကျွန်မ အရမ်းကို နားဝေတိမ်တောင် ဖြစ်နေခဲ့တာပဲ။ ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်ချက်သာ မရှိခဲ့ရင်၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ ဒါကို ပိုင်းခြားသိမြင်တာမျိုး မရှိခဲ့ရင် ကိုယ်လုပ်ခဲ့တာ မှန်တယ်လို့ ကျွန်မ ယုံကြည်နေဦးမှာပဲ။ ရိုးရာယဉ်ကျေးမှုရဲ့ ထိခိုက်နစ်နာစေတာကို ခံရမှန်းမသိဘဲပေါ့။
၂၀၂၃ ခုနှစ်၊ ဧပြီလရဲ့ တစ်နေ့မှာတော့ ခေါင်းဆောင်တွေက ယန်ကွမ်နဲ့ပတ်သက်တဲ့ အကဲဖြတ်ချက် ရေးဖို့ ကျွန်မကို စာတစ်စောင် ပို့လာတယ်။ မကြာသေးခင်က ကျွန်မတွဲဖက် ပြောပြတာကို သွားတွေးမိတယ်။ ယန်ကွမ်အတွက် တာဝန်တွေ စီစဉ်ပေးတဲ့အခါ သူ လက်မခံတဲ့အပြင် တာဝန်တွေကို ထမ်းဆောင်ခိုင်းတာက သူ့ရဲ့ လွတ်လပ်ခွင့်ကို ငြင်းပယ်တာပဲလို့ သူပြောခဲ့ကြောင်း အရင်က သူ့တာဝန်ထမ်းဆောင်တုန်းက ပြုမူခဲ့တဲ့ အပြုအမူတချို့အပြင် အခုအချိန်အထိလည်း ယန်ကွမ်ဟာ သူ့တာဝန်တွေကို မထမ်းဆောင်ခဲ့ဘူးလေ။ ဒီအကြောင်းတွေ အကုန်လုံးကို ကျွန်မရေးလိုက်ရင် ယန်ကွမ်ဟာ ရှင်းလင်းပစ်ခံရဖို့ အလားအလာ အရမ်းများတယ်ဆိုတာ ကျွန်မ သိတယ်။ သူ့အပြုအမူတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ကျွန်မ ပေးလိုက်တယ်ဆိုတာကို သူသာသိသွားရင် ကျွန်မကို မုန်းသွားမလား။ ကျွန်မဟာ လူ့မေတ္တာတရားမရှိဘူးလို့များ ထင်သွားမလား။ ဒါပေမဲ့ ကျွန်မသာ ဒါတွေကို မရေးခဲ့ဘူးဆိုရင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ အခွင့်အရေးကို ဆုံးရှုံးရလိမ့်မယ်။ ဒါဟာ ဘုရားသခင်ကို ပုန်ကန်ပြစ်မှားတာပဲလေ။ အဲဒီညက အိပ်ရာထဲမှာ ဟိုဘက်ဒီဘက် လူးလှိမ့်ရင်းနဲ့ ကျွန်မ အိပ်လို့ကို မရခဲ့ဘူး။ ကျွန်မ ရှာဖွေပြီး စဉ်းစားသုံးသပ်နေတုန်းမှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို သတိရသွားလို့ ရှာဖတ်လိုက်တယ်။ ဘုရားသခင်က ပြောသည် “တစ်ခါတစ်ရံ ဘုရားသခင်သည် လူတို့ကို ကူညီရန် စာတန်၏ အစေခံမှုကို အသုံးပြုလိမ့်မည်။ သို့သော်လည်း ထိုသို့သော ကိစ္စများတွင် ငါတို့သည် ဘုရားသခင်ကို အသေအချာ ကျေးဇူးတင်ရမည်ဖြစ်ပြီး စာတန်ကို ကျေးဇူးပြန်ဆပ်ရမည် မဟုတ်။ ဤသည်မှာ စည်းမျဉ်းနှင့်ဆိုင်သော ကိစ္စဖြစ်သည်။ စုံစမ်းသွေးဆောင်ခြင်းသည် ကြင်နာမှု ပေးသနားသည့် ဆိုးယုတ်သော လူတစ်ဦးအသွင်ဖြင့် လာသည့်အခါ အတိအကျ မည်သူက သင့်ကို ကူညီမစနေပြီး အကူအညီပေးနေသည်၊ သင်၏ ကိုယ်ပိုင် အခြေအနေက မည်သို့ရှိသည်၊ သင် လျှောက်နိုင်သည့် အခြားလမ်းကြောင်းများ ရှိမရှိဆိုသည်တို့နှင့်ပတ်သက်၍ သင် ပထမဦးစွာ ရှင်းလင်းအောင် လုပ်ထားရမည်ဖြစ်သည်။ သင်သည် ထိုသို့သော အခြေအနေများကို ပြောင်းလွယ်ပြင်လွယ်ပုံစံဖြင့် ကိုင်တွယ်ဖြေရှင်းရမည်။ ဘုရားသခင်က သင့်ကို ကယ်တင်ချင်ပါက ယင်းကို ပြီးမြောက်ရန် မည်သူ၏ အစေခံမှုများကို သူ အသုံးပြုသည်ဖြစ်စေ ပထမဦးစွာ ဘုရားသခင်ကို သင် ကျေးဇူးတင်ပြီး ယင်းကို ဘုရားသခင်ထံမှ ခံယူသင့်ပေသည်။ ကျေးဇူးတင်စိတ်ဖြင့် တစ်စုံတစ်ဦးထံ မိမိ၏ ဘဝကို ပေးအပ်ဖို့ မဆိုထားနှင့်၊ သင်၏ ကျေးဇူးတင်စိတ်ကို လူတို့ထံ အဓိက မရှေးရှုထားသင့်ပေ။ ဤသည်မှာ ကြီးလေးသော အမှားတစ်ခု ဖြစ်သည်။ အရေးကြီးသည့်အရာမှာ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ကို ကျေးဇူးတင်ရှိပြီး ယင်းကို ဘုရားသခင်ထံမှ သင် ခံယူခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၇)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ကျွန်မစိတ်ထဲမှာ ရုတ်တရက် လွတ်မြောက်သွားသလို ခံစားလိုက်ရတယ်။ ယန်ကွမ်ကို ကျွန်မ အမြဲတမ်း ကျေးဇူးတင်နေခဲ့ပြီး အဲဒီတုန်းက ကျွန်မတာဝန်ကို မစွန့်ပစ်ခဲ့ရတဲ့ အကြောင်းရင်းဟာ ယန်ကွမ်က ကျွန်မကို မိတ်သဟာယဖွဲ့ပေးပြီး ကူညီခဲ့လို့ပဲဆိုပြီး ယုံကြည်နေခဲ့တာ။ ကျွန်မရင်ထဲမှာ ဒီကျေးဇူးကို ဘယ်တုန်းကမှ မမေ့နိုင်ခဲ့ဘဲ သူ့ကို ပြန်ပေးဆပ်ချင်နေခဲ့တယ်။ ကျွန်မက တကယ်ကို မိုက်မဲပြီး မျက်ကန်းဖြစ်ခဲ့တာပဲ။ လူတစ်ယောက် ဘယ်တာဝန်ကို ထမ်းဆောင်နိုင်တယ်၊ သတ်မှတ်ထားတဲ့ တာဝန်တစ်ခုကို ဘယ်အချိန်မှာ ထမ်းဆောင်ရမယ်ဆိုတာကို ဘုရားသခင်က အချုပ်အခြာအာဏာ ကိုင်စွဲထားပြီး အမိန့်နဲ့ ကြိုတင်ပြဋ္ဌာန်းထားတာလေ။ ယန်ကွမ် ကျွန်မကို ကူညီခဲ့တာဟာ ဘုရားသခင်က စီစဉ်ညွှန်ကြားခဲ့ပြီး ပြင်ဆင်ခဲ့တာပါ။ ဒီကျေးဇူးအားလုံးကို ယန်ကွမ်လုပ်တာပါလို့ ကျွန်မ မသတ်မှတ်ခဲ့သင့်ဘူး။ ကျွန်မ ကျေးဇူးတင်သင့်တာက ဘုရားသခင်ကိုပါ။
ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်ခဲ့တယ်။ “လက်တွေ့တွင်မူ ယင်းတို့ကို သင် ပြန်ကျေးဇူးဆပ်သည်ဖြစ်စေ၊ မဆပ်သည်ဖြစ်စေ သင်သည် လူသား ဖြစ်နေဆဲဖြစ်ပြီး ပုံမှန် လူ့သဘာဝ ဘောင်အတွင်း အသက်ရှင်နေဆဲ ဖြစ်သည်။ ထိုသို့သော ပြန်ကျေးဇူးဆပ်ခြင်းသည် အမှုအရာတစ်ခုကိုမျှ ပြောင်းလဲပေးလိမ့်မည် မဟုတ်။ သင် ကောင်းမွန်စွာ ပြန်ကျေးဇူးဆပ်ရုံသက်သက်နှင့် သင်၏ လူ့သဘာဝသည် ပြောင်းလဲမှုကို ကြုံရလိမ့်မည် မဟုတ်သကဲ့သို့ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည်လည်း ချိုးနှိမ်ခြင်းကို ခံရလိမ့်မည် မဟုတ်။ ထိုနည်းတူ သင် ဆိုးရွားစွာ ပြန်ကျေးဇူးဆပ်ရုံသက်သက်နှင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပိုမိုဆိုးရွားလာလိမ့်မည် မဟုတ်ပေ။ ကြင်နာမှုကို သင် ပြန်ကျေးဇူးဆပ်ပြီး ပေးအပ်ခြင်း ရှိမရှိဆိုသည့် အချက်က သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် မည်သည့် ဆက်စပ်မှုမျှ လုံးဝ မရှိပေ။ ဆက်စပ်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ငါ့အတွက် ဤ ‘ကြင်နာမှု’မျိုး မရှိသည်မှာ အမှန်ဖြစ်ပြီး၊ သင်တို့အတွက်လည်း ထိုသို့ဖြစ်ရန် ငါမျှော်လင့်သည်။ ဤသို့ဆိုလျှင် မည်သို့ သင်မှတ်ယူသင့်သနည်း။ ရိုးရှင်းစွာဖြင့် ယင်းကို ဝတ္တရားတစ်ခုနှင့် တာဝန်တစ်ခု၊ ဗီဇများရှိသည့် လူတစ်ဦး လုပ်ဆောင်သင့်သည့် တစ်စုံတစ်ရာအဖြစ် မှတ်ယူလော့။ လူသားအနေဖြင့် ထိုအရာကို သင်၏ တာဝန်၊ ဝတ္တရားအဖြစ် မှတ်ယူပြီး အစွမ်းရှိသမျှဖြင့် လုပ်ဆောင်သင့်သည်။ ထိုမျှသာဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၇)) “လူတို့သည် အခြားလူများကို မည်သည့်စည်းမျဉ်းနှင့် ဆက်ဆံရန် ဘုရားနှုတ်ကပတ်တော်များက တောင်းဆိုသနည်း။ ဘုရားသခင်ချစ်သောအရာကို ချစ်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းလော့။ ဤသည်မှာ လူတို့ စောင့်ထိန်းလိုက်နာသင့်သည့် စည်းမျဉ်းဖြစ်၏။ ဘုရားသခင်သည် သမ္မာတရားကို လိုက်စားပြီး သူ၏ အလိုတော်ကို လိုက်လျှောက်နိုင်သောသူများကို ချစ်သည်။ ဤလူတို့သည်လည်း ကျွန်ုပ်တို့ ချစ်သင့်သောလူများဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို မလိုက်လျှောက်နိုင်သောသူ၊ ဘုရားသခင်ကို မုန်းတီးပြီး၊ ပုန်ကန်သောသူ၊ ဤလူတို့သည် ဘုရားသခင်၏ အလွန်မုန်းတီးခြင်းကို ခံရသည်။ ကျွန်ုပ်တို့သည်လည်း ၎င်းတို့ကို အလွန်မုန်းတီးသင့်၏။ ဤသည်မှာ လူသားအပေါ် ဘုရားသခင် တောင်းဆိုသောအရာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ကိုယ်ပိုင် မှားယွင်းသောအမြင်များကို သိကျွမ်းခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို စဉ်းစားသုံးသပ်ပြီးတဲ့နောက် ဘုရားသခင်နဲ့ပတ်သက်ရင် လူ့လောကမှာလို “ကျေးဇူး” ဆိုတာမျိုး လုံးဝမရှိဘူးဆိုတာကို ကျွန်မ နားလည်သွားတယ်။ ကိုယ့်ကို ကူညီခဲ့ဖူးတဲ့လူတွေကို မျက်စိစုံမှိတ် ကျေးဇူးမဆပ်သင့်ဘူး။ အဲဒီအစား ကိုယ့်တာဝန်ဝတ္တရားတွေကို အစွမ်းကုန် ဖြည့်ဆည်းသင့်ပေမဲ့ သမ္မာတရား စည်းမျဉ်းကိုတော့ မချိုးဖောက်ရဘူး။ တစ်စုံတစ်ခုဟာ သမ္မာတရား စည်းမျဉ်းကို ချိုးဖောက်နေရင် အဲဒါကို လုပ်ဖို့ ငြင်းဆန်သင့်ပြီး ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေနဲ့အညီ လက်တွေ့လုပ်ဆောင်သင့်တယ်။ သမ္မာတရားကို လိုက်စားပြီး ကိုယ့်တာဝန်ကို ထမ်းချင်တဲ့သူတွေနဲ့ပတ်သက်လို့တော့ သူတို့ဟာ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြရင်တောင် သူတို့က နောင်တရပြီး ပြောင်းလဲချင်စိတ် ရှိနေသရွေ့ သူတို့ကို မေတ္တာထားတဲ့ စိတ်နှလုံးနဲ့ ကူညီဖို့ အတတ်နိုင်ဆုံး ကြိုးစားသင့်တယ်။ သူတို့ ကိုယ့်ကို ကူညီခဲ့ဖူးတာမျိုး ရှိမရှိ၊ ဒါမှမဟုတ် ကိုယ့်အပေါ် ကျေးဇူးရှိမရှိဆိုတာကို မကြည့်သင့်ဘူး။ သမ္မာတရားကို မလိုက်စားတဲ့၊ သူတို့တာဝန်ကို ထမ်းဆောင်ချင်စိတ်မရှိတဲ့၊ ထပ်တလဲလဲ မိတ်သဟာယဖွဲ့ပေးတာတောင်မှ နောင်တမရဘဲ မပြောင်းလဲတဲ့၊ မကောင်းမှုတွေကိုတောင် ဆက်လုပ်နေတဲ့ လူတွေကတော့ ဘုရားသခင် မုန်းတာ ခံရတဲ့သူတွေပဲ။ သူတို့ကို ကျွန်မတို့လည်း ငြင်းပယ်ပြီး မုန်းတီးသင့်တယ်။ ယန်ကွမ်နဲ့ပတ်သက်လို့ ပြောရရင် သူ့ကို ကျွန်မ အများကြီး ကူညီခဲ့ပေမဲ့ သူက လုံးဝကို ဝင်ရောက်မှု မရှိခဲ့ဘူး။ နှစ်ချီလာတဲ့နောက်မှာတောင် သူ့ဆီမှာ နည်းနည်းလေးမှ ပြောင်းလဲမှု မရှိခဲ့ဘူး။ သူဟာ ဘုရားသခင်ကို နှစ်ချီ ယုံကြည်ခဲ့ပေမဲ့ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်တဲ့အပြင် သူ့တာဝန်ကို ထမ်းဆောင်ချင်စိတ်လည်း မရှိဘူး။ သူဟာ ဘုရားသခင်ရဲ့ အမှုတော်ကနေ ထုတ်ဖော်လိုက်တဲ့ မယုံကြည်သူတွေထဲက တစ်ယောက်ပါ။ ကျွန်မဟာ စည်းမျဉ်းတွေနဲ့အညီ လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင် ချစ်မြတ်နိုးတာကို ချစ်မြတ်နိုးပြီး၊ ကိုယ်တော် ရွံမုန်းတာကို ရွံမုန်းရမယ်။ ဒါကြောင့် ယန်ကွမ်နဲ့ပတ်သက်တဲ့ အကဲဖြတ်ချက်ကို ကျွန်မ ရေးလိုက်တယ်။ အကဲဖြတ်ချက်ကို ပေးပို့ပြီးတဲ့နောက်မှာတော့ ကျွန်မစိတ်ထဲမှာ အေးချမ်းသွားတယ်။ နောက်ပိုင်းမှာ ယန်ကွမ်ဟာ ရှင်းလင်းပစ်ခံလိုက်ရတယ်။
ဒီကာလထဲက ကျွန်မရဲ့ အတွေ့အကြုံတွေကတစ်ဆင့် “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဆိုတဲ့ ရိုးရာအယူအဆနဲ့ပတ်သက်လို့ ပိုင်းခြားသိမြင်နိုင်စွမ်း တချို့ ရရှိခဲ့ပြီး ဘုရားသခင်က ရိုးရာယဉ်ကျေးမှုရဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့အရာတွေကို စိတ်ဖြာလေ့လာဆွေးနွေးပုံက လူသားကို ကယ်တင်ခြင်းပဲဆိုတာကို တွေ့ကြုံခံစားခဲ့ရတယ်။ ကျွန်မသာ ဘုရားနှုတ်ကပတ်တော်တွေကို မဖတ်ခဲ့ဘူးဆိုရင် “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဆိုတဲ့ ရိုးရာအယူအဆနဲ့ပဲ အမြဲတမ်း အသက်ရှင်နေထိုင်နေမိမှာဖြစ်ပြီး၊ သမ္မာတရားကို ချိုးဖောက်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ ကိစ္စ ဘယ်လောက်တောင် များများ လုပ်ခဲ့မိမလဲဆိုတာကို သိမှာမဟုတ်ဘူး။ ကျွန်မ ဒီလိုအပြောင်းအလဲလေး လုပ်နိုင်ခဲ့တာဟာ ဘုရားနှုတ်ကပတ်တော်တွေကနေ ရရှိတဲ့ ရလဒ်တစ်ခုပါပဲ။ ဘုရားသခင် ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
တယ်ရီ၊ အီတလီနိုင်ငံ၂၀၂၄ ခုနှစ်မှာ၊ ခေါင်းဆောင်က ကျွန်တော့်ကို အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတွေမှာ သရုပ်ဆောင်ဖို့ စီစဉ်ပေးခဲ့တယ်။...
ထျန်ရှင်း၊ တရုတ်ပြည်အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်မိန့်ထားသည့် နှုတ်ကပတ်တော်များသည် အပြင်ပန်းအသွင်အပြင်တွင်...
ရှန့်ရှင်း တောင်ကိုရီးယားနိုင်ငံ ဒီနှစ် မတ်လ ရက်တစ်ရက်မှာ၊ အသင်းတော်က ကျွန်မအစ်မကို သုံးသပ်ခိုင်းဖို့ သီးခြားခွဲထားတယ်တဲ့။ ကျွန်မ...
ကျင်းရှင်း၊ တရုတ်နိုင်ငံ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှာ ကျွန်မက လျူရွှမ်၊ ကျန်းချီတို့နဲ့ ဗီဒီယိုတွေဖန်တီးဖို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။ ကျွန်မက...