အန္တိခရစ်စိတ်သဘောထားများအပေါ် ကျွန်ုပ်၏ နည်းပါးသော အသိ

08.02.2023

ဉယားဒီ ပြင်သစ်နိုင်ငံ

၂၀၂၁ ခုနှစ်မှာ အသင်းတော် ခေါင်းဆောင်အနေနဲ့ ကျွန်မ အရွေးခံခဲ့ရတယ်။ ရေလောင်းတဲ့အလုပ်နဲ့ ပတ်သက်လို့ ကျွန်မ အတန်ကြာ ပြဿနာရှိနေခဲ့တယ်။ တချို့ ရေလောင်းတဲ့သူတွေက စုဝေးပွဲတွေကို ပုံမှန်မလာကြသလို၊ တက်တဲ့အခါမှာလည်း၊ မိတ်သဟာယမပြုကြသလောက်ပဲ။ ပြဿနာကို ဘယ်လို ကိုင်တွယ်ရန်မှန်း ကျွန် မသိခဲ့ဘူး၊ ဒါကြောင့် ဒီအခက်အခဲကို ခေါင်းဆောင်ဖြစ်တဲ့ အစ်မလူစီဆီ ပြောပြခဲ့တယ်။ တစ်နေ့မှာ သူက ကျွန်မတို့ စုဝေးပွဲအုပ်စုထဲကို တရားဟောဆရာဖြစ်တဲ့ အစ်ကို မက်သယူးကို ထည့်တယ်။ ကျွန်မထက် သမ္မာတရားကို အစ်ကိုမက်သယူး နားလည်မှန်း ကျွန်မ သိခဲ့သလို၊ အရင်က ကျွန်မအလုပ်မှာ သူ ကျွန်မကို ကူညီခဲ့တာလေ။ ဒါပေမဲ့ ကျွန်မတို့အဖွဲ့ကို သူ ပူးပေါင်းတာကို မြင်ရတာ ကျွန်မ မကျေမနပ်ဖြစ်မိသလို၊ အရင်ဆုံးတွေးမိတာက ကျွန်မအလုပ်ကို ကြီးကြပ်ဖို့များ သူလာခဲ့တာလားပေါ့။ ပြဿနာတွေကို သူ တွေ့ပြီး ကျွန်မကို ဖော်ထုတ်ရင်၊ ကျွန်မ သိက္ခာကျပြီး တခြားလူတွေက ခေါင်းဆောင်အနေနဲ့ ကျွန်မကို သိပ်မတွေးကြတော့မှာ စိုးရိမ်မိလို့ ကျွန်မအလုပ်ကို သူ့ကို မကြီးကြပ်စေချင်ခဲ့ဘူး။ နောက်ပိုင်းမှာ အစ်မလူစီက အစ်ကို မက်သယူးကို အသင်းတော်ထဲက တခြားအဓိကအဖွဲ့ တော်တော်များများမှာ ထည့်ထားပြီး၊ ညီအစ်ကို မောင်နှမအားလုံးက သူ့ကို ကြိုဆိုတဲ့စာတွေ ပို့ကြတာ သတိထားမိတယ်။ ဒါက ကျွန်မကို ပိုတောင် စိတ်ပျက်စေတယ်။ ကျွန်မနေရာကို သူလာတာ ဖြစ်နိုင်တယ်လို့ ခံစားခဲ့တယ်။

အဲဒီညနေမှာ ယုံကြည်သူသစ်တွေအတွက် အစ်ကိုမက်သယူးက စုဝေးပွဲတစ်ခုကို တက်ခဲ့တယ်။ သူ့မိတ်သဟာယကို သူတို့အာရုံတစူးတစိုက် နားထောင်ပြီး သူ့ကို ထက်ထက်သန်သန် ဆက်ဆံကြပေမဲ့၊ ကျွန်မရဲ့ မိတ်သဟာယအပေါ် စိတ်မဝင်စားတဲ့ပုံပဲ။ မက်သယူးကို ကျွန်မ တကယ် မနာလိုဖြစ်မိပြီး ဘာမှ ထပ်မပြောချင်တော့ဘူး။ အဲဒီမှာသူနဲ့အတူရှိတော့၊ ဘယ်သူမှ ကျွန်မကို မလိုအပ်တော့ဘူးလို့ ခံစားရတယ်။ မက်သယူးရဲ့ မိတ်သဟာယကို ကြားပြီးတော့ လူတိုင်း အရမ်းဝမ်းသာပြီး ဘုရားကို ဆက်ကျေးဇူးတင်နေကြတယ်။ တချို့က စုဝေးပွဲတွေမှာ အရင်က အရမ်းဉာဏ်အလင်းပေးတာ လုံးဝ မခံစားခဲ့ရသလို၊ သူ့မိတ်သဟာယကနေ အများကြီး ရခဲ့ကြတယ်လို့တောင် ပြောကြတယ်။ ညီအစ်ကို မောင်နှမတွေ အဲဒီလိုပြောတာ ကြားရတော့ ကျွန်မ တကယ်စိတ်ဆိုးမိပြီး၊ ကျွန်မက သူတို့နဲ့ ဘာမိတ်သဟာယမှ မဝေမျှခဲ့ဖူးသလိုမျိုး ကျွန်မ ရှိတာကို သူတို့ အာရုံမစိုက်ကြဘူးလို့ ခံစားရတယ်။ အရှက်ရမိသလို၊ ညီအစ်ကို မောင်နှမတွေက ကျွန်မမိတ်သဟာယပြုနေခဲ့တာတွေ အားလုံးကို မေးလိုက်ကြပြီလို့ ခံစားရင်းနဲ့ သူတို့အပေါ် မကျေမချမ်းတောင် ဖြစ်မိခဲ့တယ်။ စုဝေးပွဲကို အပြီးသတ်နေတုန်းမှာ၊ ကျွန်မတို့အတွက် မက်သယူးက တချို့အရာတွေကို အကျဉ်းချုပ်ပြောတယ်။ ကျွန်မ ထုတ်မပြောချင်သလို၊ သူ့ကို လူတိုင်းချီးမွမ်းတာ တကယ် မကြားချင်ခဲ့ဘူး။ စုဝေးပွဲကို အမြန်ဆုံး အဆုံးသတ်ပြီး အားလုံးဆီကနေ ထွက်သွားလိုက်ချင်ခဲ့တယ်။ အဲဒီအချိန်မှာပဲ၊ စုဝေးပွဲအပေါ် ဘာတွေးမိလဲလို့ မက်သယူးက ကျွန်မကို မေးတယ်။ ဆွေးနွေးမှုမှာ ဝင်မပါချင်ခဲ့လို့၊ ဝတ်ကျေတမ်းကျေ ကိစ္စနှစ်ခုကိုပဲ ကျွန်မ ပြောလိုက်တယ်။ အဲဒီအခါ မက်သယူးက သူ ရှာတွေ့ခဲ့တဲ့ ပြဿနာတချို့ကို ပြောပြတယ်။ ကျွန်မရဲ့ မိတ်သဟာယက အတော့်ကို ကျယ်ပြန့်ပြီး မရှင်းဘူး၊ တခြားလူတွေက နားမလည်သလို၊ ဘယ်သူမှလည်း မတုံ့ပြန်ခဲ့ကြကြောင်းနဲ့ အဲဒီလို စုဝေးပွဲမျိုးက အကျိုးမရှိဘူးလို့ ပြောတယ်။ ကျွန်မ သူပြောတာကို ကြားတော့ တကယ် အာခံမိခဲ့တယ်။ ငါ့ပြဿနာကို သူ ဘာလို့ ထုတ်ပြောရတာလဲ။ သူ ငါ့ကို ပစ်မှတ်ထားဖို့ သေချာပေါက် လာခဲ့တာပဲ ဖြစ်ရမယ်။ သူ ငါ့ကို ထုတ်တော့မယ်ဆိုရင်၊ တိုက်ရိုက် ပြောသင့်တယ်လို့ပေါ့။ မက်သယူးပေါ် ကျွန်မ အမြင်စောင်းခဲ့တယ်။

နောက်ပိုင်းမှာ၊ စုဝေးပွဲတွေအတွက် ယုံကြည်သူအသစ်တွေရဲ့ ပြဿနာတွေနဲ့ ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော်ပိုဒ်တွေကို ရှာဖို့ အစ်ကို မက်သယူးက အကြံပေးတယ်။ မိတ်သဟာယမှာ ကျွန်မတို့ ပိုအဆင်ပြေနိုင်မှာဖြစ်ပြီး၊ ဘုရားနှုတ်ကပတ်တော်တွေကို သူတို့ နားလည်စေဖို့ ဥပမာတချို့ သုံးနိုင်မယ်၊ ပုံပြင်လေးတွေ ဝေမျှနိုင်မယ်ပေါ့။ အဲဒီလိုမိတ်သဟာယပြုတာက အရမ်း အသေးစိတ်ကျလွန်းပြီး စိတ်ထဲမှာ သဘောမတူခဲ့ပေမဲ့၊ သူ့အကြံပြုချက်တွေကို လူတိုင်းက တကယ် နှစ်သက်ခဲ့ကြတယ်။ ညနေပိုင်းမှာ၊ နောက်ထပ် စုဝေးပွဲကို ကျွန်မတို့ အတူလုပ်ကြပြီး၊ မက်သယူးက ကျွန်မကို ထပ်ပြီး ထောက်ပြမှာကို စိုးရိမ်မိတယ်။ သူ့မိတ်သဟာယနဲ့ပတ်သက်တဲ့ ပြဿနာတွေကိုလည်း မှတ်သားပြီး စုဝေးပွဲကို အပြီးသတ်နေတုန်းမှာ ထောက်ပြလို့ရမယ်လို့ တွက်မိတယ်။ ဒါပေမဲ့ အံ့ဩစရာကောင်းတာက၊ အဲဒီလိုစုဝေးပွဲမျိုးကို ယုံကြည်သူသစ်တွေက ကြိုက်ကြသလို၊ မိတ်သဟာယမှာ ဥပမာတွေ တင်ပြတာက ဘုရားနှုတ်ကပတ်တော်ကို ပိုနားလည်စေခဲ့တယ်။ အကျိုးများတဲ့ စုဝေးပွဲဖြစ်ခဲ့တယ်။ ကျွန်မ အပြစ်ရှာလို့မရခဲ့ဘူး။ ဒါပေမဲ့ တက်ရောက်သူတွေကို မက်သယူးက မေးခွန်းတွေမေးတော့၊ တချို့က မဖြေကြဘူး၊ ကသိကအောက်ဖြစ်တဲ့ အချိန်တစ်ခု ဖြစ်သွားတယ်။ ကျွန်မ တကယ် ကျေနပ်အားရမိသလို၊ နောက်ဆုံးတော့ သူ့ရဲ့ပြဿနာတစ်ခုကို တွေ့ပြီလို့ ခံစားခဲ့ရတယ်။ သူ့ကိုလည်း ထောက်ပြလို့ရအောင် သူ့ရဲ့ ဒီအားနည်းချက်ကို မှတ်ထားလိုက်တယ်။ ကျွန်မရဲ့ မိတ်သဟာယအချိန် ရောက်လာတဲ့အခါ၊ ကျွန်မနားလည်တဲ့အရာရဲ့ အဓိကအချက်တွေကို အကောင်းဆုံး ဝေမျှချင်ခဲ့တယ်၊ အစ်ကို မက်သယူးထက်သာအောင်လုပ်ပြီး တခြားလူတွေ အထင်ကြီးအောင် အကောင်းဆုံး လုပ်ချင်ခဲ့တယ်။ ဒါပေမဲ့ မသိလိုက်ခင်မှာ၊ မတူကွဲပြားတဲ့ အကြောင်းအရာတစ်ခုကို ကျွန်မ မိတ်သဟာယပြုနေမိတယ်။ အဲဒါလည်း တကယ်အရေးကြီးပြီး၊ သူတို့ နားလည်ရမဲ့အရာတစ်ခုလို့ ခံစားခဲ့လို့၊ ကျွန်မဆက်ပြောနေလိုက်တယ်။ စုဝေးပွဲကို အဆုံးသတ်ပြီးတဲ့နောက်မှာ၊ အစ်ကို မက်သယူးက ကျွန်မရဲ့ ပြဿနာတွေကို ထပ်ဖော်ထုတ်တယ်။ ကျွန်မမိတ်သဟာယမှာ အကြောင်းအရာ သွေဖည်သွားခဲ့တယ်၊ အဲဒါက အဲဒီနေ့ စုဝေးပွဲရဲ့ အဓိကအကြောင်းအရာကို လူတိုင်း နားလည်ဖို့ ခက်သွားစေခဲ့တယ်တဲ့။ ကျွန်မတို့ စုဝေးပွဲရဲ့ အကြောင်းအရာကို အလေးအနက်တွေးဖို့လည်း ကျွန်မကို အသိပေးခဲ့တယ်။ ညီအစ်မတစ်ယောက်ကလည်း ကျွန်မမိတ်သဟာယက ရှည်လွန်းပြီး၊ အဓိက အချက်ကို သဘောမပေါက်နိုင်ဘူးတဲ့။ ဒီအရာအားလုံးက ကျွန်မကို စိတ်ဆင်းရဲခြင်းထဲ ကျရောက်သွားစေခဲ့ပြီး၊ ကျွန်မ စမငိုဘဲမနေနိုင်ခဲ့ဘူး။ ကျွန်မ တွေးနေမိတယ်၊ ငါ့အမှားတွေကို သူ ဘာလို့ ဆက်ပြောနေရတာလဲ။ အဲဒီနောက်မှာ တခြားလူတွေက ငါ့ကို ဘာများထင်ကြမလဲ။ ငါ့ကို လေးစားကြပါဦးမလား။ အဲဒီတုန်းက အစ်ကိုမက်သယူးကို ကျွန်မ တကယ်ဒေါသထွက်ခဲ့ပြီး၊ သူက ကျွန်မအတွက် ကိစ္စတွေကို တမင်ခက်အောင်လုပ်နေတယ်၊ ကျွန်မ ပြစ်ချက်တွေကို လူတိုင်းကို မြင်စေချင်တယ်လို့ ခံစားခဲ့ရတယ်။ သူ့ကို ကျွန်မ ထွက်သွားစေချင်ခဲ့မိတယ်၊ ကျွန်မတို့ စုဝေးပွဲကို ထပ်မပါဝင်စေချင်တော့ဘူး။ ဒါပေမဲ့ အဲဒီလို တွေးမနေသင့်ဘူးဆိုတဲ့ အသိတချို့လည်း ရှိခဲ့တယ်။ ကျွန်မ ဘုရားဆီ ဆုတောင်းခဲ့တယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်၊ ဒီအရာမှာ ကျွန်မအတွက် သင်ယူရမဲ့ သင်ခန်းစာတစ်ခု ရှိတယ်လို့ သိခဲ့ပေမဲ့၊ အစ်ကိုမက်သယူးကို ကျွန်မ တကယ် ဒေါသထွက်ခဲ့ပါတယ်။ သူ့အကြံတွေကို လက်ခံဖို့ ကျွန်မအတွက် အရမ်းခက်ပါတယ်။ ဒီအခြေအနေကို ကျွန်မ ဘယ်လို နားလည်သင့်လဲ။ ဘုရားသခင်၊ ကျွန်မကို ငြိမ်သက်စွာ နေဖို့ ကူညီပြီး ကိုယ့်ကိုယ်ကိုယ် သိဖို့၊ ကိုယ်တော့်ကို ပုန်ကန်ပြစ်မှားတာ တစ်ခုမှမလုပ်မိဖို့ လမ်းပြတော်မူပါ”လို့ပေါ့။

နောက်နေ့မှာ၊ ကျွန်မပြဿနာကို ကိုင်တွယ်ဖို့ ဘုရားနှုတ်ကပတ်တော်ကို ရှာကြည့်တယ်။ ကျွန်မ ကျမ်းနှစ်ပိုဒ်ဖတ်ခဲ့တယ်။ “အခြားသူများသည် မိမိတို့ထက် ပို၍ သာလွန်ပြီး ပို၍ မြင့်မားမည်ကိုလည်းကောင်း၊ မိမိတို့က ပစ်ပယ်ခြင်းခံရစဉ်တွင် အခြားသူများက ရိုသေကြည်ညိုခြင်း ခံရမည်ကိုလည်းကောင်း အစဉ် စိုးရွံ့နေသည့်သူအချို့ ရှိကြသည်။ ဤအရာက သူတို့ကို အခြားသူများအား တိုက်ခိုက်ပြီး ဖယ်ကြဉ်စေသည်။ ဤသည်မှာ မိမိတို့ကိုယ်တိုင်ထက် တတ်စွမ်းနိုင်သူတို့ကို မနာလိုဝန်တိုခြင်း ကိစ္စရပ်တစ်ခု မဟုတ်လော။ ထိုသို့သော အပြုအမူက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်ပါသနည်း။ ယင်းမှာ မလိုမုန်းထားစိတ် ဖြစ်၏။ ကိုယ်ကျိုးအတွက်ကိုသာ စဉ်းစားခြင်း၊ မိမိ၏ကိုယ်ပိုင် စိတ်ဆန္ဒများကိုသာ ဖြည့်ဆည်းခြင်း၊ အခြားသူများအတွက် စာနာထောက်ထားမှု လုံးဝမပြခြင်း၊ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးများကို မစဉ်းစားခြင်း- ဤသို့သော လူတို့သည် ဆိုးသော စိတ်သဘောထားတစ်ခု ပိုင်ဆိုင်ပြီး သူတို့အတွက် ဘုရားသခင်တွင် ချစ်ခြင်းမေတ္တာမရှိပါ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာလွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်)ဂုဏ်သတင်း၊ အဆင့်အတန်း၊ သို့မဟုတ် ၎င်းတို့ကို ထိတွေ့မှုပေးနိုင်သောအရာပါဝင်သော အရာတစ်ခုခုတွင် ဥပမာအားဖြင့် ဘုရားသခင်၏ အိမ်တော်သည် ပါရမီရှိသူ အမျိုးမျိုးတို့ကို ပြုစုပျိုးထောင်ရန် စီစဉ်သည်ဟု လူတို့က ကြားသည့်အခါ လူတိုင်းက ရင်ခုန်စိတ်လှုပ်ရှားကာ သင်တို့တစ်ဦးချင်းစီတိုင်းက မိမိကိုယ်ကိုယ်အတွက် အစဉ်နာမည်တစ်ခုရရှိလိုပြီး အသိအမှတ်ပြုခြင်း ခံရလိုသည်။ လူတိုင်းက အဆင့်အတန်းနှင့် ဂုဏ်သတင်းအတွက် ယှဉ်ပြိုင်လိုကြသည်။ ၎င်းတို့သည် ဤအရာကို ရှက်ကြသည်။ သို့သော် ဤသို့မပြုလုပ်လျှင် ၎င်းတို့က မကျေနပ်ကြချေ။ ၎င်းတို့သည် လူတစ်ယောက်က ထင်ပေါ်သည်ကို မြင်သည့်အခါ မနာလိုမုန်းတီးပြီး မကျေမနပ်ဖြစ်ကြသည်။ ဤသည်မှာ မမျှတဟု ခံစားကြသည်။ ‘အဘယ်ကြောင့် ငါက မထင်ပေါ်နိုင်သနည်း။ အဘယ်ကြောင့် အခြားလူတို့က ဂုဏ်ကျက်သရေကို အမြဲ ရရှိသနည်း။ အဘယ်ကြောင့် ငါ့အလှည့် လုံးဝ မရောက်သနည်း။’ ဟု စဉ်းစားကြသည်။ ထို့နောက် ၎င်းတို့သည် မကျေမချမ်းမှု ခံစားရ ပြီးနောက်တွင် ယင်းကို ၎င်းတို့က ချုပ်တည်းရန် ကြိုးစားသော်လည်းမတတ်နိုင်ပေ။ ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းပြီး တစ်ခဏမျှ သက်သာသလို ခံစားရသော်လည်း နောက်ပိုင်းတွင်၊ ဤကဲ့သို့သော ကိစ္စရပ်မျိုးကို တစ်ဖန် ကြုံရာတွင် ၎င်းတို့သည် ယင်းကို မကျော်လွှားနိုင်ဆဲဖြစ်၏။ ဤအရာက ရင့်ကျက်မှုမရှိသည့် ဝိညာဉ်အသက်တာ အခြေအနေကို ပြသသည် မဟုတ်လော။ လူတို့သည် ထိုသို့သော အခြေအနေတွေထဲ ကျဆင်းရသောအခါ ၎င်းတို့သည် စာတန်၏ ထောင်ချောက်အတွင်းသို့ ကျဆင်းပြီးဖြစ်သည် မဟုတ်လော။ ဤသည်တို့မှာ လူသားများကို ချည်နှောင်သော စာတန်၏ ဖောက်ပြန်ပျက်စီးသည့် သဘာဝ၏ အချုပ်အနှောင်များ ဖြစ်ကြသည်။ အကယ်၍သာ လူတစ်ဦးသည် ထိုဖောက်ပြန်ပျက်စီးသော စိတ်နေသဘောထားများကို ဖြတ်ချပြီးပါက သူသည် လွတ်လပ်ကာ လွတ်မြောက်သွားပြီ မဟုတ်ပါလော။ စဉ်းစားကြည့်လော့။ ထင်ပေါ်ကျော်စောမှုနှင့် အကျိုးအမြတ်အတွက် သူတစ်ပါးတို့အား ချနင်းသော အခြေအနေများကို ရှောင်ကြဉ်ရန်၊ ဤဖောက်ပြန်ပျက်စီးသော အခြေအနေများမှ မိမိကိုယ်ကို လွတ်မြောက်စေရန်၊ ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့၏ ဖိအားများနှင့် အချုပ်အနှောင်များမှ မိမိကိုယ်ကို လွတ်မြောက်စေရန် မည်သည့်သမ္မာတရားများကို သင် နားလည်ရမည်နည်း။ လွတ်လပ်မှုနှင့် လွတ်မြောက်စေမှုကို ရရှိရန် သမ္မာတရား၏ မည်သည့်စစ်မှန်မှုများကို သင် ပိုင်ဆိုင်ရမည်နည်း။ ရှေးဦးစွာ စာတန်သည် လူတို့ကို ဖောက်ပြန်ပျက်စီးစေရန်၊ ထောင်ဖမ်းရန်၊ နှိပ်စက်ရန်၊ အဆင့်အတန်းနိမ့်ကျစေပြီး အပြစ်ထဲသို့ ကျဆင်းစေရန် အဆင့်အတန်းနှင့် ဂုဏ်သတင်းကို အသုံးပြုသည်ကို သင် မြင်ရမည်။ ထို့အပြင် သမ္မာတရားကို လက်ခံခြင်းအားဖြင့်သာ လူတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို စွန့်လွှတ်နိုင်ပြီး ဘေးဖယ်ထားနိုင်သည်။...သင်သည် အခြားသူတို့ကို ထောက်ခံဖို့ နှင့် သူတို့ကို ထင်ပေါ်ခွင့်ပေးဖို့ရန် ဤအရာများကို လက်လွှတ်ဖို့နှင့် ဘေးဖယ်ထားဖို့ သင်ယူရမည်။ ထင်ပေါ်ဖို့ သို့မဟုတ် ဂုဏ်အသရေကို ရရှိရန် အခွင့်အရေးတစ်ခုကို သင် ကြုံရသည့်အခိုက်တွင် အခွင့်အရေးယူဖို့ မကြိုပမ်းနှင့်၊ သို့မဟုတ် လောမကြီးနှင့်။ ဤအရာများကို သင် ဘေးဖယ်ထားနိုင်ရမည်။ သို့သော် သင်၏ တာဝန်ကို ဆောင်ရွက်ခြင်းအား နှောင့်နှေးရမည်မဟုတ်။ တိတ်တဆိတ် မထင်ပေါ်ခြင်းဖြင့် အလုပ်လုပ်ပြီး သင်၏ တာဝန်ကို သစ္စာစောင့်သိစွာ ဆောင်ရွက်စဉ် အခြားသူများကို မကြွားဝါသော လူတစ်ဦး ဖြစ်လော့။ သင်၏ သိက္ခာနှင့် အဆင့်အတန်းတို့ကို သင် လက်လွှတ်လေလေ၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို သင် လက်လွှတ်လေလေ၊ ပိုငြိမ်းချမ်းမှုရှိလေလေ ဖြစ်လာလိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံးအတွင်း၌ အလင်းပိုရှိလေ ဖြစ်ကာ သင်၏အခြေအနေ ပိုတိုးတက်လာလေလေ ဖြစ်လိမ့်မည်။ သင် ပိုမိုကြိုးပမ်းပြီး ယှဉ်ပြိုင်လေလေ၊ သင်၏ အခြေအနေက ပိုမိုမှောင်မိုက်လေလေ ဖြစ်လိမ့်မည်။ သင်မယုံလျှင် စမ်းကြည့်လော့။ ဤဖောက်ပြန်ပျက်စီးသောအခြေအနေမျိုးကို သင် ပြောင်းလဲလိုပြီး ဤအရာများအားဖြင့် အထိန်းအချုပ်မခံလိုလျှင်၊ သင်သည် သမ္မာတရားကို ရှာဖွေရမည်။ ဤအရာများ၏ အနှစ်သာရကို ရှင်းလင်းစွာနားလည်ပြီး ဤအရာတို့ကို ဘေးဖယ်ကာ စွန့်လွှတ်ရမည်။ သို့မဟုတ်လျှင်၊ သင် ပိုမို ကြိုးပမ်းလေလေ၊ အမှောင်ထုက သင့်ကို ဝိုင်းရံ လေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ မနာလို ဝန်တိုမှုနှင့် မုန်းတီးမှုတို့ကို သာ၍ သင်ခံစားရလေလေဖြစ်ကာ သင်၏ ရယူလိုသည့်စိတ်ဆန္ဒက ပို၍သာ သန်မာလာလိမ့်မည်ဖြစ်သည်။ သင်၏ ရယူလိုသည့်ဆန္ဒ ပိုမိုသန်မာလေလေ၊ ထိုသို့လုပ်ဆောင်နိုင်စွမ်း လျော့နည်းလေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး သင် မရရှိနိုင်သည်နှင့်အမျှ သင်၏ မုန်းတီးမှု တိုးပွားလေလေ ဖြစ်လိမ့်မည်။ သင်၏ မုန်းတီးမှု တိုးပွားသည်နှင့်အမျှသင်သည် အတွင်း၌ ပိုတိုး၍ မှောင်မိုက်လေလေ ဖြစ်မည်။ အတွင်း၌ သင် မှောင်မိုက်လေလေ၊ သင်၏တာဝန်ကို ပိုမိုညံ့ဖျင်းစွာ သင်ဆောင်ရွက်လေလေဖြစ်ပြီး၊ သင်၏တာဝန်ကို ပိုမိုညံ့ဖျင်းစွာ သင်ဆောင်ရွက်လေလေ၊ ဘုရားသခင်၏ အိမ်တော်အတွက် သင် အသုံးဝင်မှု လျော့နည်းလေလေ ဖြစ်လိမ့်မည်။ ဤသည်မှာ ချိတ်ဆက်ထားသော ရုန်းမထွက်နိုင်သည့် ဝဲသြဃ ဖြစ်သည်။ သင်သည် သင်၏တာဝန်ကို မည်သည့်အခါတွင်မျှ ကောင်းစွာ မဆောင်ရွက်နိုင်ပါက၊ တဖြည်းဖြည်း ထုတ်ပယ်ခံရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာလွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေက မနာလိုဖြစ်ပြီး အားကျတဲ့ အပြုအမူတွေကို တကယ်ရှင်းအောင် ဖော်ပြတယ်။ လူတွေက သူတို့ထက် တော်တဲ့သူတိုင်းကို မနာလိုကြ၊ ငြင်းပယ်ကြပြီး တိုက်ခိုက်ဖို့ အသင့်ပဲ။ အဲဒါ ဆိုးယုတ်တဲ့ စိတ်သဘောထားပေါ့။ ကျွန်မက အဲဒီအတိုင်းကို ဖြစ်ခဲ့တာ၊ အရမ်းမနာလိုဖြစ်ခဲ့တာ။ တခြားလူတွေက အစ်ကို မက်သယူးရဲ့ မိတ်သဟာယနဲ့ အကြံပြုချက်တွေကို အမြဲ ထောက်ခံတာကို မြင်တော့၊ ကျွန်မ သူနဲ့ ပြိုင်ဆိုင်ချင်ခဲ့တယ်။ အဲဒါက ကျွန်မကို စိတ်မချမ်းမြေ့ဖြစ်စေပြီး၊ အမှောင်ထဲရောက်စေရင်းနဲ့ မကောင်းတဲ့ အခြေအနေမှာ ရှိစေခဲ့တာပဲ။ အစ်ကိုမက်သယူး ရောက်မလာခင်က၊ စုဝေးပွဲတွေကို ကျွန်မ အမြဲ သဘာပတိလုပ်ခဲ့တယ်။ ရေလောင်းသူတွေက သူတို့ကြုံရတဲ့ ပြဿနာတွေနဲ့ပတ်သက်လို့ ကျွန်မကို လာမေးမြန်းကြပြီး အားလုံးက လေးစားကြတယ်။ စုဝေးပွဲမှာ ဘာမိတ်သဟာယပြုရမယ်ဆိုတာနဲ့ ပတ်သက်လို့ ကျွန်မ ဖြည့်ပြောတာကို သူတို့ အရမ်းတောင်းဆိုခဲ့ကြသလို၊ သူတို့ကို ပြဿနာတွေ ကူဖြေရှင်းပေဖို့၊ စုဝေးပွဲတွေမှာ ကျွန်မရဲ့ မိတ်သဟာယကို သူတို့ မျှော်လင့်စောင့်စားခဲ့ကြတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ၊ ကျွန်မမိတ်သဟာယက သူတို့ ပြဿနာတွေကို မပြင်ပေးလို့၊ လူသစ်တွေကို သူတို့ ရေလောင်းတာ မတိုးတက်နိုင်ကြတော့ဘူး။ အပျက်သဘောဆောင်လာကြပြီး၊ စုဝေးပွဲတွေမှာ စကားမပြောချင်ခဲ့ကြဘူး။ အစ်ကို မက်သယူးရောက်လာပြီး ရေလောင်းခြင်းအတွက် သူတို့ကို စစ်မှန်တဲ့ လမ်းပြမှုပေးပြီး လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း ပြတဲ့နောက်မှာ၊ သူတို့ တကယ့်အကူအညီရပြီး အဲဒီကနေ အကျိုးရှိခဲ့ကြတာ။ သူ့မိတ်သဟာယကို သူတို့အားလုံးက ကြားချင်ခဲ့ကြတယ်။ အဲဒါနဲ့ ပတ်သက်လို့ သူတို့ ဝမ်းသာခဲ့ကြမှာပဲ။ ကိုယ့်ပြဿနာတွေနဲ့ အားနည်းချက်တွေကို သုံးသပ်ဖို့ အဲဒါကို ကျွန်မ သုံးလို့ရတယ်။ ဒါပေမဲ့ အဲဒီအစား၊ ကိုယ့်ကိုယ်ကိုယ် မသုံးသပ်နိုင်ခဲ့ရုံမက၊ နာမည်နဲ့ အဆင့်အတန်းအတွက်ပဲ ဆက်တိုက်ခိုက်နေမိခဲ့တယ်။ ကျွန်မ သိသိသာသာကို အများကြီး ချို့တဲ့ခဲ့ပြီး လက်တွေ့အလုပ်ကို ပြီးအောင်မလုပ်နိုင်ခဲ့ဘဲ၊ တခြားဘယ်သူ့ဆီကမှ ရေလောင်းပြီး ထောက်ပံ့တာကို မလိုချင်ခဲ့ဘူး။ လူတိုင်း ကျွန်မကို အထင်ကြီးပြီး ကျွန်မပြောတာကိုပဲ နားထောင်အောင်လို့ အသင်းတော်မှာ တစ်ဦးတည်းသော ခေါင်းဆောင်ဖြစ်ချင်ခဲ့တယ်။ ကိုယ့်နာမည်နဲ့ အဆင့်အတန်းကိုပဲ အာရုံစိုက်ခဲ့ပေမဲ့၊ အသင်းတော်အလုပ်ကို မစဉ်းစားခဲ့ဘူး။ အဲဒီအခြေအနေက အဆင့်အတန်းအတွက် ကျွန်မရဲ့ဆန္ဒနဲ့ ဖောက်ပြန်ပျက်စီးခြင်းကို လုံးလုံးလျားလျား ဖော်ထုတ်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် တကယ်သုံးသပ်အောင် ဉာဏ်အလင်းပေးဖို့ ဘုရားဆီ တောင်းလျှောက် ဆုတောင်းခဲ့တယ်။

သုံးလအကြာမှာ အလားတူ ကိစ္စတစ်ခု ဖြစ်တော့ ကျွန်မ အံ့ဩသွားတယ်။ အလုပ်အစည်းအဝေးတစ်ခုမှာ၊ အစ်ကိုမက်သယူးက အသင်းသားသစ်တွေ နေကောင်းကြလားလို့ ကျွန်မကို မေးတယ်။ ကျွန်မ နည်းနည်း ဒေါသထွက်သွားတယ်။ တရားဟောဆရာအနေနဲ့၊ အသင်းတော်ရဲ့ အခြေအနေတိုင်းကို သူ အကျွမ်းဝင်သင့်တယ်လို့ ကျွန်မတွေးမိတယ်။ ဒီတော့ ဘာလို့ ငါ့ကို မေးနေတာလဲလို့ပေါ့။ လူအများကြီးရှေ့မှာ ထုတ်ပြောဖို့ ကျွန်မကို မေးလိုက်ခြင်းအားဖြင့် ကျွန်မ ရေလောင်းတဲ့အလုပ် ကောင်းကောင်း မလုပ်နိုင်တာကို ဝန်ခံအောင် တမင် ကျွန်မကို သူ သိက္ခာချနေတာ မဟုတ်လားပေါ့။ သူ့မေးခွန်းကို အသေးစိတ်တစ်ခုမှ မပြောပြဘဲ ကျွန်မ စိတ်မြန်လက်မြန်နဲ့ အမြန်ဖြေလိုက်တယ်။ အခက်အခဲတချို့ကို သေချာပြောပြပြီး၊ အဲဒါတွေကို ဘယ်လိုကိုင်တွယ်ရမလဲလို့ သူ့ကို မေးလိုက်တယ်။ ဒါပေမဲ့ ကျွန်မ စကားပြောတာပြီးသွားတာနဲ့ နောင်တရမိတယ်။ ကျွန်မက အစ်ကိုမက်သယူးအတွက် ကိစ္စတွေကို ခက်အောင် တမင်ကြိုးစားနေတာဖြစ်ပြီး၊ အဲဒါက လုပ်ဖို့ ရှက်စရာကောင်းတဲ့အရာပဲ။ ကျွန်မ တွေးနေမိတယ်၊ တခြားလူတွေရဲ့ရှေ့မှာ ကိုယ့်အားနည်းချက်တွေကို ဖော်ထုတ်တဲ့ အချိန်မှာ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘဲ ဘာလို့ သူ့အပေါ် မကျေမချမ်းဖြစ်လာပြီး၊ လက်စားချေဖို့ လူတိုင်းရှေ့မှာ သူ့ကို ဖော်ထုတ်ဖို့ မိတ်သဟာယမှာ သူ့ပြဿနာတွေကိုတောင် မှတ်သားချင်ခဲ့တာလဲလို့ပေါ့။ အဲဒါ အန္တရာယ်များတဲ့ အခြေအနေတစ်ခုမှန်း သိခဲ့ပေမဲ့၊ အစ်ကို မက်သယူးကို ကျွန်မ အရမ်းဒေါသထွက်ရလဲဆိုတာ မသိခဲ့ဘူး။ တစ်ညနေမှာ၊ “ဝေဖန်ထောက်ပြခံရ၍ ကျွန်မ၏ ဇာတိရုပ် ပေါ်သွားခဲ့သည်”လို့ ခေါ်တဲ့ သက်သေခံချက်ဆောင်းပါးတစ်ခု ဖတ်ခဲ့တယ်။ အဲဒါက ဘုရားနှုတ်ကပတ်တော်တချို့ကို ကိုးကားထားပြီး ကျွန်မကို ပိုနားလည်သွားစေခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အမြင်မတူသူတစ်ဦးကို တိုက်ခိုက်ပြီး ကြဉ်ထားသည့်အခါ အန္တိခရစ်တစ်ဦး၏ အဓိကရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းတို့က အသင်းတော်ထဲ၌ မိမိတို့၏ကိုယ်ပိုင် သဘောထားနှင့် ဆန့်ကျင်သော သဘောထားလုံးဝ မရှိသည့်အခြေအနေတစ်ခု၊ ၎င်းတို့၏အာဏာ၊ ၎င်းတို့၏ ခေါင်းဆောင်မှုရာထူးနှင့် ၎င်းတို့၏စကားများက အကြွင်းမဲ့ဖြစ်သည့် အခြေအနေတစ်ခုကို ဖန်တီးရန် ကြိုးစားကြ၏။ လူတိုင်းက ၎င်းတို့ကို အလေးဂရုပြုရပြီး ၎င်းတို့သည် ထင်မြင်ချက်မတူညီလျှင်ပင် ယင်းကို မဖော်ပြရဘဲ စိတ်ထဲတွင် ကြီးထွားလာစေသည်။ ၎င်းတို့နှင့် ပြောင်ပြောင်တင်းတင်း သဘောထားကွဲလွဲရဲသောသူ မည်သူမဆိုသည် အန္တိခရစ်၏ ရန်သူဖြစ်လာသည်။ ထိုသူတို့အတွက် အခက်အခဲဖြစ်စေရန် မည်သည့်နည်းလမ်းကိုမဆို စဉ်းစားကြလိမ့်ဖြစ်ပြီး ၎င်းတို့ကို ပျောက်ကွယ်သွားစေရန် အမြန်ပင် ပြုလုပ်လိုကြသည်။ ဤသည်မှာ အန္တိခရစ်များက ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ထိန်းသိမ်းပြီး ၎င်းတို့၏ အာဏာကို ကာကွယ်ရန်အတွက် သဘောထားကွဲလွဲသူတစ်ဦးကို တိုက်ခိုက်ပြီး ဖယ်ကြဉ်သည့် နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ ၎င်းတို့က ‘သင်၌ မတူညီသည့် ထင်မြင်ချက်များ ရှိသည်မှာ အဆင်ပြေသည်၊ သို့ရာတွင် ငါ၏အာဏာနှင့် ဂုဏ်အဆင့်အတန်းကို ထိခိုက်စေဖို့မဆိုထားနှင့်၊ ထိုထင်မြင်ချက်များကို သင့်သဘောရှိ လျှောက်ပြောနေ၍ မရပေ။ သင့်မှာ ပြောစရာရှိပါက ငါ့ကို နှစ်ကိုယ်ကြား ပြောနိုင်သည်။ လူတိုင်းရှေ့တွင် သင်ပြောပြီး ငါမျက်နှာပျက်ရအောင် လုပ်ပါက သင်သည် သင့်ကိုပစ်ပယ်ဖို့ တောင်းဆိုနေခြင်းဖြစ်ပြီး သင့်ကို ငါထိန်းရလိမ့်မည်’ ဟု ထင်ကြသည်။ ဤသည်မှာ အဘယ်စိတ်သဘောထားမျိုးဖြစ်သနည်း။ အန္တိခရစ်တို့သည် အခြားသူများကို လွတ်လပ်စွာ စကားပြောခွင့်မပေးချေ။ သူတို့၌— အန္တိခရစ်အကြောင်းဖြစ်စေ၊ အခြားအရာ တစ်ခုတလေအကြောင်းဖြစ်စေ— ထင်မြင်ယူဆချက်တစ်ခု ရှိပါက သူတို့စိတ်ထဲ၌ ထားထားရသည်။ သူတို့သည် အန္တိခရစ်၏မျက်နှာကို ဆင်ခြင်ထောက်ထားရသည်။ မထောက်ထားပါက အန္တိခရစ်သည် သူတို့ကို ရန်သူတစ်ဦးအဖြစ် နာမည်ဆိုးတပ်ကာ သူတို့ကို တိုက်ခိုက်ပြီး ကြဉ်ထားလိမ့်မည်။ ဤသည်မှာ အဘယ်သဘာဝမျိုးနည်း။ ယင်းသည် အန္တိခရစ်တစ်ဦး၏ သဘာဝဖြစ်သည်။ ၎င်းတို့သည် ဤအရာကို အဘယ်ကြောင့် ပြုသနည်း။ ၎င်းတို့သည် အသင်းတော်တွင် မည်သည့်အမြင်မတူသော ပြောဆိုမှုကိုမျှ ခွင့်မပြုပေ။ အသင်းတော်တွင် သဘောထားကွဲလွဲသူတစ်ယောက်မျှ ခွင့်မပြုပေ။ ၎င်းတို့သည် ဘုရားသခင်ရွေးချယ်ထားသောသူများကို သမ္မာတရားကို ပွင့်ပွင့်လင်းလင်း မိတ်သဟာယဖွဲ့ပြီး လူများကို ခွဲခြားဖော်ထုတ်ရန် ခွင့်မပြုပေ။ ၎င်းတို့အကြောက်ဆုံးအရာသည် လူတို့၏ ဖော်ထုတ်ခြင်း၊ မည်သူမည်ဝါဖြစ်ကြောင်းခွဲခြားသတ်မှတ်ခြင်းကိုခံရခြင်းဖြစ်သည်။ ၎င်းတို့သည် လူတို့၏ စိတ်နှလုံးထဲတွင်ရှိသော ၎င်းတို့၏ အာဏာနှင့် အဆင့်အတန်းကို ခိုင်မာစေရန် အစဉ်ကြိုးစားနေကြသည်။ ဤအရာများသည် မည်သည့်အခါမျှ ယိုင်နဲ့၍မဖြစ်ဟု ၎င်းတို့က ခံစားကြရသည်။ ၎င်းတို့သည် ၎င်းတို့၏ မာန၊ ဂုဏ်သတင်း၊ သို့မဟုတ် ခေါင်းဆောင်အဖြစ် အဆင့်အတန်းနှင့် တန်ဖိုးတို့ကို ခြိမ်းခြောက်သော၊ သို့မဟုတ် ထိခိုက်သော မည်သည့်အရာကိုမျှ လုံးဝ သည်းမခံနိုင်ကြပေ။ ဤသည်မှာ အန္တိခရစ်တို့၏ ဆိုးဝါးသော သဘာဝဆိုင်ရာ သရုပ်သကန်တစ်ခု ဖြစ်သည်မဟုတ်လော။ ၎င်းတို့သည် မိမိတို့ပိုင်ဆိုင်နှင့်ပြီးဖြစ်သည့် အာဏာဖြင့် မတင်းတိမ်နိုင်ဘဲ ယင်းကို ခိုင်မြဲစေပြီး လုံခြုံစေကာ ရာသက်ပန် စိုးမိုးခြယ်လှယ်မှုကို ရှာဖွေသည်။ ၎င်းတို့သည် အခြားသူများ၏အပြုအမူကို ထိန်းချုပ်လိုသည်သာမက၊ သူတို့၏စိတ်နှလုံးကိုလည်း ထိန်းချုပ်လိုသည်။ အန္တိခရစ်တို့၏ လုပ်နည်းလုပ်ဟန်သည် ၎င်းတို့၏ အာဏာနှင့် ဂုဏ်အဆင့်အတန်းကို ထိန်းသိမ်းရန်သက်သက်ဖြစ်သည်။ ယင်းက အာဏာကို ထိန်းသိမ်းဖို့ ၎င်းတို့ အလိုဆန္ဒ၏ ရလဒ် လုံးလုံးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၂) ကျွန်မရဲ့ အခြေအနေက ဘုရားဖော်ထုတ်တဲ့ အတိုင်း အတိအကျ ဖြစ်ခဲ့တာပါ။ ကျွန်မရဲ့ အပြစ်တွေနဲ့ အားနည်းချက်တွေကို မက်သယူးက ထုတ်ဖော်ပြချိန်မှာ၊ သူ့ကို ကျွန်မ ချေပပြီး လက်စားချေချင်ခဲ့တယ်။ အဲဒါတွေက အန္တိခရစ် အပြုအမူတွေပဲ။ အဆင့်အတန်းကို ကျွန်မ ချစ်ပြီး မာနထောင်လွှားမှန်း ကျွန်မ သိနှင့်ပြီးသား ဖြစ်ခဲ့ပေမဲ့၊ စစ်မှန်တဲ့ ကိုယ့်ကိုယ်ကိုယ် အသိတစ်ခုမှ မရှိခဲ့ဘူး။ ကျွန်မစိတ်နှလုံးထဲမှာ၊ အသင်းတော် ခေါင်းဆောင်ဖြစ်တာက ကျွန်မ စွမ်းဆောင်နိုင်ပြီး အစွမ်းအစရှိတဲ့ သဘောဖြစ်ပြီး၊ ကျွန်မတာဝန်မှာ အပြစ်အနာအဆာတွေ ရှိခဲ့ပေမဲ့၊ အသင်းတော်အလုပ်ကို လုပ်နိုင်တုန်းပဲဖြစ်ပြီး အထုတ်ခံရမှာ မဟုတ်ဘူးလို့ ကျွန်မ တွေးခဲ့တယ်။ အစ်ကိုမက်သယူးက စုဝေးပွဲအဖွဲ့ တစ်ခုပြီးတစ်ခုထဲ အထည့်ခံရတာကို မြင်ရတော့၊ ကျွန်မကို အစားထိုးဖို့ ပြိုင်ဖက်တစ်ယောက် ရုတ်တရက် ပေါ်လာတဲ့အလား၊ ကျွန်မရာထူး ခြိမ်းခြောက်ခံရသလို ခံစားခဲ့တယ်။ သူ့ကို ကျွန်မ မုန်းပြီး ငြင်းပယ်ခဲ့တယ်။ ညီအစ်ကို မောင်နှမတွေ လိုအပ်တဲ့အရာကို ကျွန်မ နည်းနည်းမှ ဂရုမစိုက်ခဲ့သလို၊ အသင်းတော်အလုပ်ကို မစဉ်းစားခဲ့ဘူး။ ကိုယ့်ရာထူး လုံခြုံစိတ်ချအောင် ထိန်းသိမ်းဖို့ အစ်ကို မက်သယူကို အစွဲကြီးကြီးနဲ့ပဲ ကျွန်မ တိုက်ခိုက်ခဲ့တယ်။ အဲဒါ ဆိုးယုတ်တဲ့ စိတ်သဘောထားပဲ။ ကျွန်မပြဿနာတွေကို သူက ထောက်ပြခဲ့တယ်။ ကျွန်မ လက်မခံနိုင်ခဲ့လို့၊ သူ့ကို ဆန့်ကျင်ခဲ့တယ်။ သူ့အပေါ် လက်စားတောင်ချေချင်ခဲ့ပြီး မြင်မကောင်းအောင် ဖြစ်စေချင်ခဲ့တယ်။ ကျွန်မအမှားတွေကို သူ ထပ်ထောက်ပြတော့ ကျွန်မ အရှက်ကွဲသွားပြီး၊ သူ့ကို ဖယ်ရှားဖို့ ပိုလို့တောင် လိုချင်လာရင်းနဲ့ သူ့ကို ဒေါသထွက်လာခဲ့တယ်။ ဒါပေမဲ့ တကယ်တော့၊ သမ္မာတရားကို ကျွန်မ လက်တွေ့လုပ်နေခဲ့တာပဲ။ ကျွန်မအလုပ်မှာ သတိမမူမိတာတွေ တကယ်ရှိပြီး ကျွန်မ သဘောမပေါက်တဲ့ စည်းမျဉ်းတွေ အများကြီးပဲ။ အဲဒါကြောင့် အလုပ်လုပ်ဖို့ ပိုကောင်းတဲ့ နည်းလမ်းကို သူ သင်ပေးနေခဲ့တာပဲ။ ဒါပေမဲ့ သူ့ကို ကြိုဆိုမဲ့အစား၊ လူတိုင်းရှေ့မှာ သူ့ကို ထောက်ပြနိုင်အောင် သူ့ပြဿနာတွေကို ရှာဖို့ ဆက်ကြိုးစားခဲ့တယ်။ ကျွန်မအလုပ်အကြောင်းကို သူမေးတော့ သူနဲ့ပတ်သက်ပြီး အသေးစိတ်တစ်ခုမှ ကျွန်မ မဝေမျှခဲ့ဘဲ၊ သူအကြည့်ရဆိုးအောင် မေးခွန်းတွေ တမင် မေးခဲ့တယ်။ အရင်က၊ ကျွန်မ သူ့ကို မနာလိုဖြစ်တာပဲလို့ တွေးခဲ့တယ်။ ဒါပေမဲ့ အန္တိခရစ် စိတ်သဘောထားကို ကျွန်မ ပြနေခဲ့မှန်း ဘုရားနှုတ်ကပတ်တော်ရဲ့ ထုတ်ဖော်ပြခြင်းကတစ်ဆင့် ကျွန်မ သဘောပေါက်ခဲ့တယ်။ သူ့ကို ကျွန်မ ဒေါသတကြီး ရမ်းချင်ခဲ့ပြီး ကိုယ့်နာမည်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ လက်စားချေချင်ခဲ့တယ်။ အခွင့်အရေးရခဲ့ရင်၊ ပိုတောင်ဆိုးတဲ့ အရာတစ်ခုကို လုပ်ခဲ့မိမှာ သေချာသလောက်ပဲ။ ကျွန်မရဲ့ အန္တိခရစ် စိတ်သဘောထားကို မြင်တော့၊ ကျွန်မ လန့်ပြီး ကြောက်သွားတယ်။ အဲဒီလိုသာ ဆက်ဖြစ်ရင်၊ ဘုရားက အန္တိရစ်တွေကို ကယ်တင်မှာ မဟုတ်လို့ ဘုရားက ကျွန်မကို သေချာပေါက် ထုတ်ပယ်မှာပဲ။ နောင်တနဲ့ ဘုရားဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်၊ ခေါင်းဆောင် အလုပ်ကို ကျွန်မ ကောင်းကောင်း မလုပ်ခဲ့ဘူး။ ကိုယ့်နာမည်နဲ့ အဆင့်အတန်းအတွက် စိတ်အကြွင်းမဲ့ ကျွန်မ တိုက်ခိုက်ခဲ့ပြီး၊ ဒေါသတကြီးရမ်းပြီး လက်စားချေတာတွေလို မကောင်းတာကိုတောင် လုပ်နိုင်စွမ်းရှိခဲ့တယ်။ ကိုယ့်အပြုအမူနဲ့ စာတန်ရဲ့ အခန်းကဏ္ဍကို ကျွန်မ ယူခဲ့တယ်။ ဘုရားသခင်၊ ကျွန်မ နောင်တရချင်ပါတယ်”လို့ပေါ့။

အဲဒီနောက်မှာ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို နည်းနည်း ပိုရှင်းအောင် မြင်စေခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ခဲ့ရတယ်။ “မိမိတို့၏အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို အန္တိခရစ်များ၏ ချစ်မြတ်နိုးခြင်းက သာမန်လူများထက် လွန်ကဲပြီး ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားနှင့် အနှစ်သာရအတွင်း ရှိသည့်အရာတစ်ခု ဖြစ်သည်။ ယင်းက ခဏတာ စိတ်ဝင်စားမှုတစ်ခု မဟုတ်သကဲ့သို့ ၎င်းတို့ပတ်ဝန်းကျင်၏ ယာယီ အကျိုးသက်ရောက်မှုလည်း မဟုတ်ပေ— ယင်းက ၎င်းတို့၏အသက်၊ ၎င်းတို့၏အရိုးအတွင်းရှိ အရာတစ်ခုဖြစ်သောကြောင့် ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ ဤအရာမှာ အန္တိခရစ်တစ်ဦးလုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက်စဉ်းစားသည့် အချက်သည် ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သာ ဖြစ်သည်ဟု ဆိုလိုပေသည်။ အန္တိခရစ်တစ်ဦးအတွက် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့က ၎င်းတို့၏ အသက်ဖြစ်သကဲ့သို့ ၎င်းတို့၏ တစ်သက်တာ ပန်းတိုင်လည်း ဖြစ်သည်။ ၎င်းတို့လုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက် စဉ်းစားသည့်အချက်က ‘ငါ၏အဆင့်အတန်းက ဘာဖြစ်သွားမည်နည်း။ ငါ၏ဂုဏ်ဒြပ်ကရော ဘာဖြစ်သွားမည်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းက ငါ့ကို ဂုဏ်ဒြပ်ရစေမည်လော။ ယင်းက လူများ၏စိတ်များထဲရှိ ငါ၏အဆင့်အတန်းကို မြှင့်တင်ပေးမည်လော’ ဖြစ်၏။ ယင်းမှာ ၎င်းတို့ ပထမဆုံးတွေးသည့် အရာဖြစ်သည်၊ ယင်းက ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ ရှိခြင်း၏ လုံလောက်သော သက်သေဖြစ်သည်။ သို့မဟုတ်ပါက ၎င်းတို့သည် ဤပြဿနာများကို စဉ်းစားမည် မဟုတ်ချေ။ အန္တိခရစ်တစ်ဦးအတွက် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့က ၎င်းတို့အတွက် မရှိလည်း နေနိုင်သည့် အပယိကတစ်ခုဖြစ်ဖို့ မဆိုထားနှင့်၊ အပိုဆောင်း လိုအပ်ချက်တစ်ခု မဟုတ်ချေ။ ယင်းတို့သည် အန္တိခရစ်တို့ သဘာဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်၊ ယင်းတို့က ၎င်းတို့၏အရိုးများ၊ ၎င်းတို့၏ သွေးများထဲတွင် ရှိနေသည်၊ ယင်းတို့က ၎င်းတို့အတွက် မွေးရာပါ ဖြစ်သည်။ အန္တိခရစ်များက အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့ကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထား မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများ၊ ၎င်းတို့၏ နေ့စဉ် အခြေအနေ၊ ၎င်းတို့စွမ်းဆောင်ရရှိဖို့ နေ့စဉ် ကြိုးစားအားထုတ်သည့် အရာတို့နှင့် အတွင်းကျကျ ဆက်နွှယ်နေသည်။ ထို့ကြောင့် အန္တိခရစ်များအတွက် အဆင့်အတန်းနှင့် ဂုဏ်ဒြပ်တို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို စွမ်းဆောင်ရရှိဖို့ ၎င်းတို့ကြိုးစားအားထုတ်ပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့အသက်တာ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသည့် ရာထူးအဆင့်အတန်းရှိခြင်းကို ဗဟိုပြုလည်ပတ်သည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော သဘောသဘာဝနှင့် အနှစ်သာရတို့ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်က ကျွန်မ တစ်လျှောက်လုံး လိုက်စားနေခဲ့တဲ့အရာ၊ ကျွန်မရဲ့ သဘာဝနဲ့ အနှစ်သာရကို ထုတ်ဖော်ပြခဲ့တယ်။ ကျွန်မ ဂရုအစိုက်ဆုံးက ကိုယ့်နာမည်နဲ့ အဆင့်အတန်းဖြစ်ခဲ့တယ်။ တခြားလူတွေနဲ့ ကျွန်မရဲ့ ဆက်ဆံရေးနဲ့ ကျွန်မလုပ်သမျှတိုင်းမှာ၊ ထင်မြင်ချက်ကောင်း ချန်ထားဖို့၊ တခြားလူတွေရဲ့ လေးစားမှုရဖို့ကို အမြဲ တွေးနေခဲ့တယ်။ အဲဒါက ငယ်ငယ်ကတည်းက ကျွန်မ သွန်သင်ခံခဲ့ရပုံဖြစ်ပြီး အကောင်းဆုံးဖြစ်ဖို့ ကျွန်မအမြဲ ကြိုစားခဲ့တယ်။ အထက်တန်းကျောင်းမှာ၊ အတန်းထဲမှာ မပြောင်မြောက်ဆုံး၊ အထင်ပေါ်ဆုံးဖြစ်အောင် အားထုတ်ရာမှာ တခြားလူတွေနဲ့ ကျွန်မ စဉ်ဆက်မပြတ် ပြိုင်ဆိုင်နေခဲ့တာလေ။ အဲဒါမှ တခြားလူတွေက ကျွန်မကို လေးစားပြီး အထင်ကြီးကြမှာလေ။ အသင်းတော်မှာ ပါဝင်ပြီးတဲ့နောက်၊ ကိုယ့်နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အပြည့်အဝ အာရုံစိုက်နေဆဲဖြစ်ခဲ့တယ်၊ တခြားလူတွေရဲ့ လေးစားမှုကို အမြဲ လိုချင်နေခဲ့တယ်။ ကျွန်မမှာ အထူးစွမ်းဆောင်ရည်တွေ ရှိပြီး ကိစ္စတွေကို မြန်မြန်ဆန်ဆန်နဲ့ ကောင်းကောင်းမွန်မွန် ပြီးအောင်လုပ်နိုင်လို့ အသင်းတော်က တာဝန်တစ်ခု ပေးအပ်တာလို့ တွေးခဲ့တယ်။ နောက်ပိုင်း ခေါင်းဆောင်ဖြစ်လာတဲ့အခါ၊ ပိုတောင် မာနထောင်လွှားပြီး ကိုယ့်ဘာသာ ကြီးကျယ်နေခဲ့တယ်။ မိတ်သဟာယကတစ်ဆင့် အမြဲ ကိုယ့်စွမ်းဆောင်ရည်တွေကို ကြွားချင်ခဲ့ပေမဲ့၊ တာဝန်မှာ ကိုယ့်အပြစ်တွေကို သင်ယူတာနဲ့ ပြုပြင်တာကို အာရုံမစိုက်ခဲ့ဘူး။ ကျွန်မရဲ့ အားနည်းချက်တွေကို အစ်ကိုမက်သယူးက ထောက်ပြတော့၊ သိက္ခာနဲ့ ညီအစ်ကို မောင်နှမတွေရဲ့ လေးစားမှု ဆုံးရှုံးရသလို ခံစားခဲ့တယ်။ အဲဒါကို ကျွန်မ လက်မခံနိုင်ခဲ့လို့၊ သူ့ကို ဒေါသတကြီးရမ်းပြီး လက်စားချေချင်ခဲ့တယ်။ ကျွန်မလုပ်သမျှက ကိုယ့်နာမည်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ ဖြစ်ခဲ့မှန်း ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ရာကနေ မြင်ခဲ့တယ်။ အဲဒါက ဘုရားအတွက် စက်ဆုပ်စရာပါ။ အဲဒီဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကနေ ကျွန်မကို ကယ်တင်ဖို့ ဘုရားကို တောင်းလျှောက်ခဲ့တယ်။

အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တချို့ကို ညီအစ်ကို မောင်နှမတွေက ပို့ပေးခဲ့တယ်။ “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရင်းအမြစ်ဖြစ်သည်။ လူတို့သည် ပို၍ မာနထောင်လွှားလေ သူတို့သည် ပို၍ ဆင်ခြင်တုံတရားမဲ့လေဖြစ်ကာ၊ သူတို့ ပို၍ ဆင်ခြင်တုံတရားမဲ့လေ ဘုရားသခင်ကို ပို၍ဆန့်ကျင်လေ ဖြစ်တတ်သည်။ ဤပြဿနာက အဘယ်မျှ ဆိုးရွားလိုက်သနည်း။ မာနထောင်လွှားသော စိတ်သဘောထားနှင့် လူတို့သည် အခြားလူတိုင်းကို သူတို့၏အောက်၌ ရှိသည်ဟု ယူဆကြသည့်အပြင်၊ အဆိုးဆုံးမှာ သူတို့သည် ဘုရားကိုပင် တင်စီးနေကြပြီး သူတို့၏ စိတ်နှလုံးအတွင်းတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိချေ။ လူတို့သည် ဘုရားသခင်၌ ယုံကြည်သက်ဝင်ပြီး သူ့ကို လိုက်လျှောက်ကြသည့်ပုံ ပေါ်သော်လည်း၊ သူတို့သည် သူ့ကို ဘုရားသခင်အဖြစ် လုံးဝမဆက်ဆံကြချေ။ သူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ထားသည်ဟု အမြဲထင်မြင်ကြပြီး မိမိတို့ကိုယ်ကို အလွန်အထင်ကြီးတတ်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ အနှစ်သာရနှင့် အရင်းအမြစ်ဖြစ်ပြီး၊ ယင်းက စာတန်ထံမှ လာလေသည်။ ထို့ကြောင့် မာနထောင်လွှားခြင်း ပြဿနာကို ဖြေရှင်းရမည်။ လူတစ်ဦးသည် အခြားလူများထက် ပိုသာသည်ဟူသော ထင်မြင်ချက်မှာ အသေးအဖွဲကိစ္စ ဖြစ်သည်။ အရေးပါသောအချက်မှာ လူတစ်ဦး၏ မာနထောင်လွှားသော စိတ်သဘောထားက ဘုရားသခင်၊ သူ၏အုပ်ချုပ်မှုနှင့် သူ၏စီမံချက်များအပေါ် နာခံခြင်းမှ သူ့ကို ဟန့်တားနေခြင်းပင် ဖြစ်သည်၊ ထိုကဲ့သို့သောသူသည် အခြားသူများအပေါ် အာဏာရှိရေးအတွက် ဘုရားသခင်နှင့်ယှဉ်ပြိုင်လိုစိတ် အမြဲရှိနေသည်။ ထိုကဲ့သို့သောလူက ဘုရားသခင်အားချစ်ခြင်း သို့မဟုတ် သူ့အားနာခံခြင်းကို မဆိုထားနှင့်၊ ဘုရားသခင်အားကြောက်ရွံ့ခြင်း စိုးစဉ်းမျှ မရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး)မည်သူတစ်ယောက်ကိုမျှ မိမိတို့ကိုယ်ကိုယ် စုံလင်သည် သို့မဟုတ် ဂုဏ်ရှိပြီး မြင့်မြတ်သည် သို့မဟုတ် အခြားသူများနှင့် ကွဲပြားခြားနားသည်ဟု မတွေးထင်စေနှင့်။ ဤအရာအားလုံးသည် လူသား၏ မာနထောင်လွှားသော စိတ်သဘောထားနှင့် မသိနားမလည်ခြင်းတို့အားဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ မိမိကိုယ်ကို ကွဲပြားခြားနားသည်ဟု အမြဲတမ်း တွေးထင်ခြင်း— ဤသည်မှာ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုက ဖြစ်စေသည်။ မိမိတို့၏ အားနည်းချက်များကို မည်သည့် အခါမျှ လက်ခံနိုင်ခြင်းမရှိဘဲ၊ မိမိတို့၏ အမှားများနှင့် ရှုံးနိမ့်မှုများကို မည်သည့်အခါမျှ ထိပ်တိုက် ရင်ဆိုင်နိုင်ခြင်း မရှိခြင်း— ဤအရာကို မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခု အားဖြင့် ဖြစ်စေသည်။ အခြားသူများကို မိမိထက် မည်သည့်အခါမျှ ပို၍မြင့်မားခွင့်မပြု၊ သို့မဟုတ် မိမိထက် ပို၍သာခွင့်မပြု— ဤအရာကို မာန ထောင်လွှားသည့် စိတ်သဘောထားတစ်ခု အားဖြင့် ဖြစ်စေသည်။ အခြားသူများကို မိမိတို့ထက်ပို၍ သာလွန်သွားဖို့ဖြစ်စေ၊ အင်အားကောင်းသွားဖို့ဖြစ်စေ မည်သည့်အခါမျှ ခွင့်မပြုပေ— ဤအရာကို မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုက ဖြစ်စေသည်။ အခြားသူများကို မိမိထက် ပို၍ကောင်းသော အတွေးအခေါ်များ၊ အကြံပြုချက်များနှင့် အမြင်ရှုထောင့်များ မည်သည့်အခါမျှ ရှိခွင့်မပြု၊ ပြီးလျှင် ၎င်းတို့က ခွင့်ပြုသည့်အခါတွင်လည်း အပျက်သဘောဆောင်လာကာ၊ စကားပြောဖို့ ဆန္ဒမရှိဘဲ၊ စိတ်သောကရောက်ပြီး၊ စိတ်ပျက် အားလျော့ကာ စိတ်ညစ်လာကြသည်— ဤအရာများ အားလုံးသည် မာနထောင်လွှားသည့် စိတ်သဘောထားကြောင့် ဖြစ်ပေါ်ခြင်း ဖြစ်သည်။ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုသည် သင့်ကို အခြားသူများ၏ လမ်းပြမှုကို လက်ခံနိုင်စွမ်း မရှိစေဘဲ၊ သင်ကိုယ်တိုင်၏ အားနည်းချက်များကို ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်း မရှိဖြစ်စေကာ၊ သင်ကိုယ်တိုင်၏ ရှုံးနိမ့်ခြင်းများနှင့် အမှားများကို လက်ခံနိုင်စွမ်း မရှိစေဘဲ၊ သင်၏ ဂုဏ်သတင်းကို ကာကွယ်စေနိုင်သည်။ ထို့အပြင် တစ်စုံတစ်ယောက်က သင့်ထက် ပိုသာသည့်အခါ၊ ယင်းက သင်၏ စိတ်နှလုံးတွင် အမုန်းတရားနှင့် မနာလိုစိတ်များ ဖြစ်ပေါ်စေနိုင်ပြီး၊ သင်သည် ဘောင်ခတ်ခံရနိုင်သည်မှာ သင်၏တာဝန်ကို ထမ်းဆောင်ဖို့ ဆန္ဒမရှိတော့ဘဲ၊ ထိုတာဝန်ကို ထမ်းဆောင်ရာတွင် ကရော်ကမည်နိုင်လာသည် အထိပင် ဖြစ်တော့သည်။ မာနထောင်လွှားသည့် စိတ်သဘောထားတစ်ခုသည် ဤအပြုအမူများနှင့် အလေ့အကျင့်များကို သင်၌ ဖြစ်ပေါ်စေသည်။ သင်တို့သည် ဤအသေးစိတ် အချက်အလက်များ အားလုံးကို နည်းနည်းချင်း ပိုမိုပိုမိုနက်ရှိုင်းစွာ တူးဆွရှာဖွေနိုင်ကာ၊ ယင်းတို့ကို ထိုးဖောက်ကျော်လွှား သွားနိုင်စွမ်းရှိပြီး ယင်းတို့ကို နားလည်သဘောပေါက် နိုင်စွမ်းရှိပါက၊ ပြီးလျှင် ဤအတွေးအခေါ်များကို ဖြည်းဖြည်းချင်း စွန့်လွှတ်နိုင်စွမ်းရှိပြီး၊ ဤမှားယွင်းသော အယူအဆများကို ဖြည်းဖြည်းချင်း စွန့်လွှတ်နိုင်စွမ်းရှိပြီး၊ ၎င်းတို့အားဖြင့် ဘောင်ခတ်ခြင်း မခံရပါက၊ ပြီးလျှင် သင်၏တာဝန်ကို ထမ်းဆောင်ရာတွင်၊ သင့်အတွက် သင့်တော်သည့် ရာထူးအဆင့်အတန်းကို ရှာဖွေနိုင်ပြီး အခြေခံ သဘောတရားများအတိုင်း ပြုမူကာ သင် ထမ်းဆောင်နိုင်ပြီး ထမ်းဆောင်သင့်သည့် တာဝန်ကို ထမ်းဆောင်ပါက၊ အချိန်ကြာလာသည်နှင့်အမျှ သင်တို့၏ တာဝန်များကို ပိုမိုကောင်းမွန်စွာ ထမ်းဆောင်နိုင်လိမ့်မည်။ ဤသည်မှာ သမ္မာတရား၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်မှုဖြစ်သည်။ သင်သည် သမ္မာတရား၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်နိုင်ပါက၊ အခြားသူများအတွက် သင်သည် လူသားပုံသဏ္ဌာန်တစ်ခု ရှိပုံပေါ်လိမ့်မည်ဖြစ်ပြီး၊ လူများက ‘ဒီလူက သူ့ရာထူးအဆင့်အတန်းအတိုင်း သူ့ကိုယ်သူ ပြုမူနေထိုင်ပြီး သူက သူ့ရဲ့ တာဝန်ကို စဉ်းစားချင့်ချိန်တတ်တဲ့ နည်းလမ်းတစ်ခုနဲ့ ထမ်းဆောင်နေတယ်။ သူက သူ့ရဲ့ တာဝန်ကို ထမ်းဆောင်ဖို့ သဘာဝကျခြင်း၊ ဒေါသထွက်လွယ်ခြင်း၊ ဒါမှမဟုတ် သူ့ရဲ့ ဖောက်ပြန်ပျက်စီးပြီး စာတန်ဆန်တဲ့ စိတ်သဘောထားတို့ပေါ်မှာ မှီခိုခြင်း မရှိဘူး။ သူက ထိန်းထိန်းသိမ်းသိမ်း ပြုမူတယ်၊ သူ့မှာ ဘုရားသခင်ကို ချစ်ကြောက်ရိုသေတဲ့ စိတ်နှလုံးတစ်ခု ရှိတယ်၊ သူက သမ္မာတရားကို ချစ်စိတ်ရှိပြီး၊ သူကိုယ်တိုင်ရဲ့ ဇာတိပကတိနဲ့ သူ့ရဲ့ နှစ်သက်လိုလားမှုတွေကို စွန့်လွှတ်ထားပြီးပြီလို့ သူ့ရဲ့ အပြုအမူနဲ့ အမူအရာတွေက ဖွင့်ပြနေတယ်။’ ဟု ပြောလိမ့်မည်။ မိမိကိုယ်ကိုယ် ဤသို့ ပြုမူနေထိုင်ခြင်းသည် ချီးကျူးဖွယ်ကောင်းလိုက်လေတကား။ သင်၏ အားနည်းချက်များကို အခြားသူများက တင်ပြလာသည့် အခါသမယများတွင် သင်သည် သင်၏ အားနည်းချက်များနှင့် ပျော့ကွက်များကို လက်ခံနိုင်စွမ်း ရှိရုံသာမက၊ အကောင်းမြင်ကာ၊ သင်၏ အားနည်းချက်များနှင့် ပျော့ကွက်များကို ဣန္ဒြေဖြင့် ရင်ဆိုင်နိုင်လေသည်။ သင်၏ စိတ်အခြေအနေသည် အစွန်းရောက်မှုများ၊ စိတ်ပြင်းထန်မှုများ ကင်းဝေးလျက် အတော်အတန် ပုံမှန်ဖြစ်လေသည်။ ဤသည်မှာ လူသားပုံသဏ္ဌာန် တစ်ခုရှိခြင်း ဆိုသည့်အရာ မဟုတ်လော။ ထိုကဲ့သို့သော လူများသာလျှင် ကောင်းမွန်သော အသိစိတ်ရှိလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိကိုယ်ကိုယ် ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် အခြေခံသဘောတရားများ) ပြဿနာရဲ့ ဖြစ်ကြောင်းရင်းမြစ်ကို ဘုရားနှုတ်ကပတ်တော်တွေက ဖော်ထုတ်တယ်။ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းတွေက မာနထောင်လွှားတဲ့ သဘာဝကနေ အရင်းခံတာပဲ။ ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားက အစ်ကိုမက်သယူးကို ကျွန်မ မနာလိုဖြစ်၊ အာခံပြီး သူ့အကြံတွေကို လက်မခံခဲ့တဲ့အကြောင်းရင်း ဖြစ်တယ်။ မာနထောင်လွှားမှုမှာ ကျွန်မ အသက်ရှင်ခဲ့ပြီး၊ ကိုယ့်အမှားတွေကို မမြင်နိုင်ခဲ့ဘူး။ သူ့အကြံပြုချက်တွေက ကျွန်မအတွက် အကျိုးရှိပေမဲ့၊ လက်မခံနိုင်ခဲ့ဘူး။ ကိုယ့်နာမည်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ အားထုတ်ရာမှာ သူ့အကူအညီနဲ့ လမ်းပြမှုကို ကျွန်မ လက်ခံဖို့ ငြင်းခဲ့တယ်။ ကိုယ့်တာဝန်ကို ကောင်းကောင်း လုပ်ဖို့ ဘာကို လုပ်သင့်တယ်ဆိုတာကို ဘယ်လိုမှ မတွေးခဲ့ဘူး။ အလုပ်မှာ သိသိသာသာ အခက်အခဲတွေရှိပြီး ကျွန်မ ကောင်းကောင်း လုပ်မနေခဲ့ဘဲ၊ မာနထောင်လွှားပြီး အာခံတတ်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် သိစိတ်တစ်ခုတစ်လေမှ တကယ်ကို မရှိခဲ့တာပါ။ ကျွန်မတာဝန်မှာရှိတဲ့ အပြစ်အနာအဆာတွေ ဖြစ်တဲ့ လက်တွေ့ပြဿနာတွေကို အစ်ကို မက်သယူးက ထောက်ပြခဲ့တယ်။ အဲဒါကို ကျွန်မ လက်မခံခဲ့ဘူး၊ ကိုယ့်ကိုယ်ကိုယ် မသုံးသပ်ဘဲ၊ အဲဒီအစား သူ့ကို အပြစ်ရှာခဲ့တယ်။ ဒါပေမဲ့ တကယ်တော့၊ သူ့မိတ်သဟာယက ယုံကြည်သူသစ်တွေရဲ့ သမ္မာတရား သိနားလည်မှုအတွက် တကယ် လက်တွေ့ကျခဲ့တယ်၊ အရင်က ကျွန်မ ကမကထလုပ်ခဲ့တဲ့ စုဝေးပွဲတွေထက် သူတို့အတွက် ပိုအထောက်အကူဖြစ်ပြီး အကျိုးရှိခဲ့တယ်။ အမှန်တရားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ကျွန်မထက် အစ်ကိုမက်သယူး ပိုကျွမ်းကျင်မှန်း ကျွန်မ အသိအမှတ်မပြုနိုင်ခဲ့ဘဲ၊ သူ့ကို မကျေမချမ်းဖြစ်ပြီး မနာလိုဖြစ်ခဲ့တယ်။ တကယ် မာနထောင်လွှားခဲ့တယ်၊ ကိုယ့်ဘာသာ ကြီးကျယ်ပြီး ယုတ္တိမတန်ဖြစ်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးလွန်းခဲ့တာ။ အားလုံးထဲကနေ အကောင်းဆုံး အမြဲ ဖြစ်ချင်ခဲ့ပြီး တခြားလူတွေရဲ့ မြှောက်စားတာ ခံချင်ခဲ့တယ်။ အဲဒါက ကောင်းကင်တမန်မင်းရဲ့ စိတ်သဘောထားဖြစ်ပြီး ဘုရားကို ဆန့်ကျင်တယ်။ ကျွန်မ စိတ်နှလုံးထဲမှာ ဆုတောင်းမိတယ်၊ သမ္မာတရားလိုက်စားပြီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ပြောင်းလဲဖို့ ယုတ္တိတန်တဲ့ လူဖြစ်ဖို့ အသင့်ဖြစ်ခဲ့တယ်။

နောက်ပိုင်း ကျွန်မဝတ်ပြုဆုတောင်းရာမှာ၊ ဒါကို ဘုရားနှုတ်ကပတ်တော်ထဲမှာ ဖတ်ရတယ်။ “ဤသည်မှာ အသင်းတော်တွင် သင်၌ရှိရမည့် သွင်ပြင်အခြေအနေမျိုး ဖြစ်သည်- လူတိုင်းက သမ္မာတရားကို အာရုံစိုက်ပြီး ယင်းကို ကြိုးပမ်းရရှိဖို့ အားထုတ်ကြသည်။ လူများသည် မည်မျှ ကြီးသည် ငယ်သည်က အရေးမကြီးပေ၊ သို့မဟုတ် ၎င်းတို့သည် ဝါရင့်ယုံကြည်သူများ ဟုတ်မဟုတ်ကလည်း အရေးမကြီးသကဲ့သို့၊ ၎င်းတို့၌ မြင့်မားသော အစွမ်းအစရှိခြင်း၊ သို့မဟုတ် ညံ့ဖျင်းသော အစွမ်းအစရှိခြင်းကလည်း အရေးမကြီးပေ။ ဤအရာများသည် အရေးမကြီးပေ။ သမ္မာတရားရှေ့တွင် လူတိုင်းက တန်းတူဖြစ်သည်။ သင်ကြည့်ရမည့်အရာများမှာ မည်သူက မှန်ကန်စွာ၊ သမ္မာတရားနှင့် ကိုက်ညီစွာ စကားပြောကြောင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မည်သူက စဉ်းစားကြောင်း၊ ဘုရားအိမ်တော်၏အလုပ်၌ မည်သူက အကြီးမားဆုံးသော ဝန်ကို ထမ်းကြောင်း၊ မည်သူက သမ္မာတရားကို ပို၍ရှင်းလင်းစွာ နားလည်ကြောင်း၊ မည်သူက ဖြောင့်မတ်ခြင်း အသိစိတ်ကို မျှဝေကြောင်းနှင့် မည်သူက အဖိုးအခပေးဆပ်ဖို့ လိုလားကြောင်းတို့ဖြစ်သည်။ ထိုသို့သောလူများသည် ၎င်းတို့၏ ညီအစ်ကို မောင်နှမများ၏ ထောက်ပံ့ခြင်းခံရသင့်ပြီး ဩဘာပေးခြင်း ခံရသင့်သည်။ သမ္မာတရား လိုက်စားခြင်းမှ လာသည့် ဤတည်ကြည်သောစိတ်သည် အသင်းတော်၌ လွှမ်းမိုးရမည်။ ဤနည်းဖြင့် သင်၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိလိမ့်မည် ဖြစ်ပြီး ဘုရားသခင်က ကောင်းကြီးမင်္ဂလာများနှင့် လမ်းညွှန်ချက်တို့ကို ပေးအပ်လိမ့်မည်။ အသင်းတော် အတွင်း၌ ပျံ့နှံ့နေသည့် သွင်ပြင်အခြေအနေသည် သူတစ်ပါးအကြောင်း အတင်းအဖျင်ပြောခြင်း၊ အချင်းချင်းစိတ်ဆိုးကာ အပြစ်တင်ခြင်း၊ အချင်းချင်း အာဃာတအစွဲအလမ်းထားခြင်း၊ အချင်းချင်း မနာလိုဖြစ်ခြင်းနှင့် အချင်းချင်း အငြင်းပွားခြင်းတို့ ဖြစ်ပါက၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့၌ သေချာပေါက် အလုပ်လုပ်မည် မဟုတ်ပေ။ အချင်းချင်း ခုခံတွန်းလှန်ပြီး တိတ်တဆိတ် ခိုက်ရန်ဖြစ်ပွားခြင်း၊ လှည့်စားခြင်း၊ လိမ်လည်ခြင်းနှင့် အချင်းချင်း မတော်မတရား လျှို့ဝှက်ပူးပေါင်းကြံစည်ခြင်း- ဤသည်မှာ ဆိုးယုတ်မှု၏ သွင်ပြင်အခြေအနေ ဖြစ်သည်။ ထိုသို့သော သွင်ပြင်အခြေအနေတစ်ခုက အသင်းတော်ထဲ၌ ပျံ့နှံ့နေပါက၊ သန့်ရှင်းသောဝိညာဉ်တော်သည် သူ၏အလုပ်ကို သေချာပေါက် လုပ်လိမ့်မည် မဟုတ်ချေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ စိတ်နှလုံးနှင့် ဝိညာဉ် အကြွင်းမဲ့ဖြင့် မိမိ၏တာဝန်ကို ထမ်းဆောင်သည့်သူသာလျှင် ဘုရားသခင်ကို ချစ်သည့်သူဖြစ်သည်)ယနေ့တွင် ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို လက်မခံနိုင်သောသူများသည် ဘုရားသခင်၏ ထောက်ခံမှုကို ရရှိနိုင်မည်မဟုတ်ပေ၊ ထို့အပြင် လူ့ဇာတိခံ ဘုရားသခင်ကို မသိသောသူတို့သည် စုံလင်စေခြင်း မခံရနိုင်ပေ။ သင်၏လုပ်ဆောင်ချက်များ အားလုံးကို ဘုရားသခင်၏ရှေ့တော်သို့ ယူဆောင် လာနိုင်မည်လော ဟူသည်ကို ကြည့်လော့။ သင်၏ လုပ်ဆောင်ချက်များ အားလုံးကို ဘုရားသခင်၏ ရှေ့တော်သို့ မယူဆောင် လာနိုင်ပါက၊ သင်သည် ဒုစရိုက်ကိုပြုသောသူတစ်ဦး ဖြစ်ကြောင်း ယင်းက ပြနေသည်။ ဒုစရိုက်ကိုပြုသောသူများသည် စုံလင်စေခြင်း ခံရနိုင်မည်လော။ သင်ပြုသမျှအားလုံး၊ လုပ်ရပ်များအားလုံး၊ ရည်ရွယ်ချက် အားလုံးနှင့် တုံ့ပြန်မှုများအားလုံးကို ဘုရားသခင်ရှေ့သို့ ယူဆောင် လာရမည်။ သင်၏ နေ့စဉ် ဝိညာဉ်ရေးရာအသက်တာတွင်ပင်- သင်၏ ဆုတောင်းခြင်းများ၊ ဘုရားသခင်နှင့်နီးကပ်မှုများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ သင်၏ ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယပြုခြင်း၊ ထို့ပြင် အသင်းတော်အတွင်းရှိ သင်၏အသက်တာနှင့် သင်၏ တွဲဖက်ဆောင်ရွက်၍ အစေခံခြင်းတို့ကို ဘုရားသခင်၏ စေ့စေ့စပ်စပ်စစ်ဆေးခြင်းကို ခံရန်အတွက် သူ၏ ရှေ့တော်သို့ ယူဆောင်လာနိုင်သည်။ သင့်အား ဘဝတွင် ရင့်ကျက်သူတစ်ဦး ဖြစ်လာစေရန် ကူညီမည့် အရာသည် ထိုကဲ့သို့သော လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် သူ၏စိတ်တော်နှင့် ထိတွေ့သောသူတို့ကို စုံလင်စေသည်) ဘုရားနှုတ်ကပတ်တော်တွေက နှစ်သိမ်မှုနဲ့ လက်တွေ့လုပ်ဆောင်တဲ့ လမ်းကြောင်းကို ပေးခဲ့တယ်။ ဘုရားက အသင်းတော်ထဲမှာ မနာလိုဖြစ်ဖို့၊ ပြိုင်ဆိုင်တတ်ဖို့ တောင်းဆိုတာမဟုတ်ဘဲ သမ္မာတရားလိုက်စားတာကို အာရုံစိုက်ဖို့ တောင်းဆိုတာပါ။ ပြောတဲ့စကားတွေက သမ္မာတရားနဲ့ ကိုက်ညီတဲ့ သူ ဘယ်သူကိုမဆို ကျွန်မတို့ နားထောင်သင့်တယ်။ ယုံကြည်သူသစ်တွေကို ရေလောင်းတဲ့အလုပ် ကောင်းကောင်း လုပ်အောင် ကူညီဖို့ အစ်ကို မက်သယူးက ကျွန်မရဲ့ အားနည်းချက်တွေကို ဖော်ထုတ်ခဲ့တာပါ။ လူလူချင်း ဆက်ဆံရေးတွေကို သူ ကာကွယ်မနေခဲ့ဘူး။ လူတွေကို သူတို့ကိုယ်သူတို့ သိအောင် လမ်းပြရင်းနဲ့ ပြဿနာတွေ့တဲ့အခါ သူ မိတ်သဟာယဝေမျှခဲ့တယ်။ ဖောက်ပြန်ပျက်စီးခြင်းကို သူ ပြတဲ့အခါ၊ လူတွေ သူ့ကို လေးစားအောင် မကြိုးစားဘဲ၊ အဲဒီအကြောင်းကို သူ ထုတ်ပြတယ်။ သမ္မာတရားကို လိုက်စားပြီး အသင်းတော်အလုပ်ကို ထိန်းသိမ်းနိုင်ခဲ့တယ်။ ကိုယ့်အပြစ်အနာအဆာတွေကို ဖာထေးဖို့ သူ့ဆီကနေ ကျွန်မ သင်ယူသင့်တယ်။ မနာလို မဖြစ်သင့်ဘူး၊ အာခံပြီး၊ လက်စားချေဖို့အတွက် သူနဲ့ပတ်သက်လို့ အပြစ်ရှာဖို့တောင် မကြိုးစားသင့်ဘူး။ နည်းပေးလမ်းပြမှုတွေနဲ့ ထောက်ပြတာတွေ ရရှိတာက ကျွန်မအတွက် ဘုရားရဲ့ ကွယ်ကာမှုနဲ့ ကယ်တင်ခြင်းဖြစ်မှန်းလည်း မြင်ခဲ့တယ်၊ ကိုယ့်ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို သိစေပြီး ကိုယ့်အမှားတွေကို ပြင်စေခဲ့ရင်းနဲ့ပေါ့။ စည်းမျဉ်းတွေနဲ့ ကိုက်ညီတဲ့ အရာတွေ လုပ်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဘုရားက ကျွန်မတို့ကို စောင့်ကြည့်နေတယ်။ ဘုရားရဲ့ စိစစ်မှုကို လက်ခံဖို့၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ဆန်းစစ်ပြီး ပြောင်းလဲမှုကို မြန်မြန်ဆန်ဆန် လုပ်ဖို့နဲ့ စည်းမျဉ်းအတိုင်း ဆောင်ရွက်ဖို့ အသင့်ပဲလို့ ကျွန်မ ခံစားရတယ်။

အစ်ကိုမက်သယူးကို ကျွန်မ မနာလိုမဖြစ်တော့ဘူး။ သူ့မိတ်သဟာယနဲ့ နည်းပေးလမ်းပြမှုတွေကို ကျွန်မ လက်ခံနိုင်တယ်။ စုဝေးပွဲတွေမှာ တခြားလူတွေကို ကျွန်မ မေးခွန်းမေးတဲ့အခါ၊ ညီအစ်ကို မောင်နှမတွေအတွက် ပိုရှင်းအောင်လို့ ကိုယ်ပြောချင်တာကို စုစည်းတယ်။ သူတို့ နှုတ်ဆိတ်ပြီး မိတ်သဟာယမှာ တက်တက်ကြွကြွ မပါဝင်တဲ့အခါ၊ တုံ့ပြန်မှုရှိတဲ့ ဆက်သွယ်ပြောဆိုမှုအပေါ် ပိုအာရုံစိုက်တယ်။ စုဝေးပွဲကို ပိုထိရောက်အောင်လုပ်ဖို့၊ တခြားလူတွေရဲ့ လက်တွေ့ကျတဲ့ ပြဿနာတွေက ဘာဖြစ်တယ်ဆိုတာ ရှာတွေ့ဖို့၊ အဲဒါတွေကို ဘုရားနှုတ်ကပတ်တော်နဲ့ ပတ်သက်တဲ့ မိတ်သဟာယကတစ်ဆင့် ကိုင်တွယ်ဖို့ ပိုကြိုတင်ပြီး သူတို့နဲ့ ဆက်သွယ်တယ်။ ယေဘုယျအနေနဲ့ သူတို့အခက်အခဲတွေကို ဖြေရှင်းရာမှာ ပိုအထောက်အကူဖြစ်အောင် ဘုရားနှုတ်ကပတ်တော်တွေကို ပိုဖတ်ပြီး သမ္မာတရားနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ဖို့လည်း ကြိုးစားတယ်။ ကျွန်မလုပ်ခဲ့တဲ့ ဒီအပြောင်းအလဲလေးက ဘုရားရဲ့ ကယ်တင်ခြင်းပါပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အမှုထမ်းများကို ချိန်ညှိခြင်းအား ရင်ဆိုင်ရခြင်းက ကျွန်မကို ဖော်ထုတ်ခဲ့သည်

ကျိုးကျင့် တရုတ်နိုင်ငံ ၂၀၂၁ခုနှစ်၊ မတ်လမှာ ကျွန်မက အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်ကို ဦးဆောင်ရတယ်။ ကျွန်မက ကျွန်မတာဝန်နယ်ပယ်က ကြီးပြီး...

အခြားသူတို့၏ လေးစားမှုကို လိုက်စားခြင်းမှ ကျွန်ုပ်ရရှိသည့်အရာ

ရှန့်ရှီး တရုတ်နိုင်ငံ ပြီးခဲ့တဲ့ အောက်တိုဘာတုန်းက ကျွန်မတာဝန်ကို လုပ်ဖို့ အသင်းတော်ကို သွားခဲ့တယ်။ အသင်းတော် ခေါင်းဆောင် အစ်မလျန်က...

ဤလမ်းကြောင်းပေါ် ကျွန်ုပ် ဆုံးဖြတ်ချက်ခိုင်မာသည်

ဟန်ချန် တရုတ်နိုင်ငံ ဟိုတစ်နှစ်က ဧဝံဂေလိဟောမှုနဲ့ အစ်မအဖမ်းခံရတယ်။ အစ်မကို ကွန်မြူနစ်ပါတီက အစွန်းရောက်ဂိုဏ်းကို စုစည်းအသုံးပြုပြီး...

အလိမ်အညာစကားလုံးများ၏နောက်ကွယ်တွင် မည်သည့်အရာများ ရှိနေသနည်း

ဟယ်ဇေမြို့၊ ရှန်ဒုန်းနယ်မှ ရှောင်ကျင်း ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်မတို့ကို ရိုးသားပြီး အမှန်အတိုင်း တိတိကျကျ ပြောဖို့ မိန့်တော်မူသည်ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။