ဘုရားအပေါ် မှီခိုခြင်းက အကြီးမားဆုံးသော ဉာဏ်ပညာဖြစ်၏
၂၀၁၁ ခုနှစ်ရဲ့ ဆောင်းဦးရာသီမှာ၊ ဖန်မင်းဆိုတဲ့ ရွာသူတစ်ယောက်နဲ့ ဆုံခဲ့တယ်။ သူက လူ့သဘာဝကောင်းရှိပြီး အရမ်းကြင်နာတတ်တယ်။ သခင့်ကို ယုံကြည်တာ အနှစ် ၂၀ ကျော်ပြီဖြစ်သလို၊ စုဝေးပွဲတွေ ဆက်တက်ပြီး ကျမ်းစာကို ဖတ်နေတယ်။ စစ်မှန်တဲ့ ယုံကြည်သူတစ်ယောက်ဖြစ်လို့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိကို သူ့ဆီ ကျွန်မ ဟောချင်ခဲ့တယ်။ အဲဒီတုန်းက ဘုရားကို ကျွန်မ ယုံကြည်တာ မကြာသေးသလို၊ သမ္မာတရားကို နားလည်တာ အရမ်းနည်းသေးလို့၊ ဖန်မင်းဆီ နောက်ဆုံးသော ကာလထဲက ဘုရားရဲ့ အမှုတော်ကို သက်သေခံပေးဖို့ အစ်မလီကို ကျွန်မ တောင်းဆိုခဲ့တယ်။ ဖန်မင်းက နောက်ဆုံးသော ကာလထဲက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို စုံစမ်းစစ်ဆေးဖို့ ချက်ချင်း ဆုံးဖြတ်ခဲ့တယ်။ အဲဒီတုန်းက ကျွန်မ အရမ်းဝမ်းသာခဲ့တယ်။ ဒါပေမဲ့ ရက်အနည်းငယ်အကြာမှာ၊ ဖန်မင်းဆီ သွားလည်တော့၊ သူက ဆက်မစုံစမ်းချင်တော့ဘူးတဲ့။ ဖန်မင်းက ပြောတယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ ဖတ်ပြီး အရမ်းကောင်းတယ်လို့ ခံစားရတယ်။ ဒါကြောင့် ငါ့အမေကို ဖုန်းခေါ်ပြီး သခင့်ရဲ့ ပြန်ကြွလာခြင်း သတင်းကောင်းကို ပြောပြခဲ့တယ်။ အမေက နင်ယုံကြည်တာ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းဖြစ်ပြီး မယုံကြည်သင့်ဘူး။ ဘုရားနှုတ်ကပတ်တော်နဲ့ အမှုတော် အားလုံးက ကျမ်းစာထဲမှာရှိပြီး၊ ကျမ်းစာပြင်ပမှာ ဘုရားနှုတ်ကပတ်တော်နဲ့ အမှုတော်တစ်ခုမှ မရှိဘူး၊ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းရဲ့ တရားဟောချက်က ကျမ်းစာကနေ သွေဖည်ပြီး၊ သခင့်ရဲ့ ပြန်ကြွလာခြင်းဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောတယ်” တဲ့။ ဖန်မင်းက သူ့အမေရဲ့ လှည့်ဖြားတာ ခံရမှန်း တွေ့ရလို့ ကျွန်မ စိုးရိမ်တကြီး ပြောလိုက်တယ်။ “ကျမ်းစာထဲမှာ ဘုရားနှုတ်ကပတ်တော်နဲ့ အမှုတော်ရှိပြီး၊ ကျမ်းစာပြင်ပမှာ အဲဒါတွေ မဖြစ်ပေါ်ဘူးလို့ ယုံကြည်ရင်၊ ဒါက ဘုရားကို ကျမ်းစာထဲမှာ ရှိတဲ့အရာနဲ့ ဘောင်ခတ်နေတာ မဟုတ်လား။ ကျမ်းစာပြင်ပမှာ အမှုသစ်ကို ဘုရားမလုပ်နိုင်သလို၊ ဘာနှုတ်ကပတ်တော် အသစ်မှ မပြောနိုင်ဘူးဆိုတာ ဖြစ်နိုင်မလား။ ဘုရားက ဖန်ဆင်းရှင်၊ အသက်ရဲ့ အရင်းအမြစ်ပဲ။ သူက အနန္တတန်ခိုးရှိတယ်၊ ဉာဏ်ပညာရှိပြီး ကွဲပြားခြားနားတယ်။ ဘုရားရဲ့ ဖြစ်တည်မှုတစ်ခုလုံးကို ကျမ်းစာတစ်ခုတည်းက ကိုယ်စားပြုနိုင်လား။ ဘုရားနှုတ်ကပတ်တော်နဲ့ အမှုတော်က ကျမ်းစာထဲ မှတ်တမ်းတင်ထားတာတွေပဲ ဘယ်လိုလုပ် ဖြစ်နိုင်တာလဲ။ ဘုရားအမှုတော်က အမြဲ သစ်လွင်ပြီး လုံးဝ ဟောင်းမသွားဘူး။ သူ့အမှုတော်ရဲ့ အဆင့်တိုင်းက အရင်အမှုအပေါ် တည်ဆောက်ထားပြီး၊ အဆင့်တိုင်းမှာ ပိုသစ်လွင်၊ မြင့်မားတဲ့ အမှုကို သူ ပြုတယ်။ ပညတ်တော်ခေတ်မှာ၊ လူတွေကို ကမ္ဘာမြေပေါ် အသက်ရှင်ရာမှာ ဦးဆောင်ဖို့ ဘုရားက ပညတ်တရား ထုတ်ပြန်ခဲ့တယ်။ ကျေးဇူးတော်ခေတ်မှာ၊ ပညတ်တော်ခေတ်ရဲ့ အမှုကို ဘုရားက ထပ်မလုပ်ခဲ့ဘူး။ အဲဒီအစား၊ ပညတ်တော်ခေတ်ရဲ့ အမှုတော်အရ ရွေးနှုတ်ခြင်းအမှုကို သူ ပြုခဲ့တယ်။ ဒါက ဓမ္မဟောင်းကျမ်းထဲမှာ မှတ်တမ်းတင်ထားတဲ့ အမှုသစ်လား။ မဟုတ်ဘူး။ ဓမ္မဟောင်းကျမ်းကို စောင့်ထိန်းသူတွေက သခင်ယေရှုရဲ့ အမှုသစ်ကို လက်မခံခဲ့ကြသလို၊ အားလုံးက ဘုရားရဲ့ စွန့်ပစ်၊ ထုတ်ပယ်ခြင်း ခံခဲ့ရတယ်။ နောက်ဆုံးသော ကာလထဲက ဒီအမှုတော် အဆင့်အတွက်လည်း အဲဒီအတိုင်းပါပဲ။ ကယ်တင်ခြင်းအမှုအတွက် ဘုရားရဲ့ အကြံအစည်တော်ကို အခြေခံပြီး၊ လူတွေ သန့်စင်ခံရအောင် လူတွေရဲ့ အပြစ်ပြဿနာကို လုံးဝ ဖြေရှင်းပေးဖို့ လူတွေရဲ့ လိုအပ်ချက်တွေနဲ့အညီ တရားစီရင်ခြင်းအမှုကို သူ လုပ်ဆောင်တယ်။ သိုးသငယ်ရဲ့ ခြေလှမ်းတွေနောက်လိုက်ပြီး ဘုရားရဲ့ အမှုသစ်ကို လက်ခံခြင်းအားဖြင့်ပဲ၊ ဘုရားရဲ့ ကယ်တင်ခြင်းကို ရရှိပြီး ဘုရားရဲ့ နိုင်ငံတော်ထဲ ဝင်ရောက်နိုင်တယ်”လို့ပေါ့။ “နင့်အမေက ဘုရားရဲ့ အမှုသစ်ကို မမြင်ရသေးလို့၊ နင့်ကို အဲဒါတွေ ပြောနေတာ။ အရင်ဆုံး နင် စုံစမ်းစစ်ဆေးသင့်တယ်။ ကြောင်းကျိုးမမြင်ဘဲ မဆုံးဖြတ်နဲ့။ သခင့်ရဲ့ ပြန်ကြွလာခြင်းနဲ့ လွဲသွားရင်၊ ဘုရားရဲ့ ကယ်တင်တာခံရဖို့ နင် အခွင့်အရေးရှိတော့မှာ မဟုတ်ဘူး”လို့ပေါ့။ ဒါပေမဲ့ ကျွန်မ ဘာပဲပြောပြော၊ သူ နားမထောင်ဘူး။ တခြားညီအစ်မတစ်ယောက်ကို ကျွန်မ မိတ်သဟာယပြုခိုင်းချင်ခဲ့ပေမဲ့၊ ဖန်မင်းက သူတို့ကိုတွေ့ဖို့လက်မခံဘဲ၊ ကျွန်မကိုပဲ တွေ့တယ်။ ရက်နည်းနည်းကြာရင် ဇာတိမြို့ကို သူပြန်သွားတော့မှာဖြစ်ပြီး ရထားလက်မှတ်တောင် ဝယ်ထားပြီးပြီလို့လည်း ပြောတယ်။ သူ အရမ်းစိတ်အနှောင့်အယှက်ဖြစ်ပြီး တုန်လှုပ်နေခဲ့တယ်။ ဇာတိမြို့ကို သူ ပြန်သွားခဲ့ရင်၊ သူ့ရဲ့ သင်းအုပ်နဲ့ တရားဟောဆရာတွေက သူ့ကို ပိုလို့တောင် စိတ်အနှောင့်အယှက်ပေးမှာပဲ မဟုတ်လား။ ကျွန်မလည်း စိုးရိမ်သွားတယ်။ ဒါပေမဲ့ ဖန်မင်းက ဆုံးဖြတ်ပြီးသားဖြစ်ပြီး ကျွန်မမှာ ရွေးစရာမရှိခဲ့ဘူး။ အဲဒီအချိန်မှာ ကျွန်မပြောစရာရှိတာကို ဖန်မင်း နားမထောင်မှာ သိလို့ ကျွန်မ ထွက်သွားလိုက်ရတယ်။
အိမ်ပြန်ရောက်ပြီးတဲ့နောက်၊ ဖန်မင်း သူ့ဇာတိမြို့ကို ပြန်သွားတာနဲ့ သူ့ဆီ တရားဟောရဖို့ မျှော်လင့်ချက် ဘယ်လောက်နည်းသွားမယ်ဆိုတာ တွေးမိတဲ့အခါ၊ ကျွန်မမှာ နည်းပါးတဲ့ ယုံကြည်ချက်ရှိပြီး ဧဝံဂေလိဟောတာ အရမ်းခက်တယ်လို့ ခံစားခဲ့ရတယ်။ တွေးလေ၊ ဆိုးဆိုးရွားရွား ခံစားရလေပဲ။ အပျက်သဘော ဆောင်တော့မဲ့အချိန်မှာပဲ၊ ဘုရားနှုတ်ကပတ်တော်ကို သတိရမိတယ်။ “ကျေးဇူးတော်ခေတ်တွင်၊ ယေရှုသည် လူသားများအတွက် သနားပြီး ကျေးဇူးတော် ထားရှိခဲ့သည်။ သိုးတစ်ရာထဲမှ တစ်ကောင် ပျောက်ဆုံးသွားပါက၊ တစ်ကောင်ကို ရှာဖွေဖို့ ကိုးဆယ့်ကိုးကောင်ကို သူထားခဲ့မည် ဖြစ်သည်။ ဤစာကြောင်းသည် သဘာဝလှုပ်ရှားမှုနှင့် ကျိုးကြောင်း ဆက်စပ်သော လုပ်ရပ်တစ်မျိုး၊ သို့မဟုတ် စည်းမျဉ်းတစ်ခုကို ကိုယ်စားမပြုပေ။ ယင်းက လူများကို ကယ်တင်ဖို့ ဘုရားသခင်၏ အရေးပေါ်ရည်ရွယ်ချက်အပြင်၊ ၎င်းတို့အတွက် သူ၏ နက်ရှိုင်းသော ချစ်ခြင်းမေတ္တာကို ပြသသည်။ ယင်းက အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းတစ်ခု မဟုတ်ပေ။ ယင်းက စိတ်သဘောထားတစ်မျိုး စိတ်နေစိတ်ထားတစ်မျိုးဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေက အရမ်းတို့ထိစရာပဲ။ သိုးတစ်ရာထဲက တစ်ကောင် ပျောက်ရင်တောင်၊ ပျောက်တဲ့ သိုးတစ်ကောင်ကို ရှာဖို့ ကိုးဆယ့်ကိုးကောင်းကို ဘုရားက စွန့်မှာ။ လူတွေကို ကယ်တင်ဖို့ ဘုရားရဲ့ ဆန္ဒက လေးနက်ပြီး စစ်မှန်တာ တွေ့ရတယ်။ သူ့ကို တကယ်ယုံကြည်သူတွေကို ဘုရားက တစ်ယောက်မှ မဆုံးရှုံးချင်ဘူး။ လူတွေအတွက် ဘုရားရဲ့ မေတ္တာက အရမ်းကြီးမားတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်စဉ်းစားရင်းနဲ့ ရှက်မိတယ်။ ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့၊ ကမ္ဘာမြေပေါ် ဘုရားက လူ့ဇာတိခံလာပြီး အရေးပါတဲ့ အဖိုးအခပေးခဲ့တယ်။ အားလုံးက ဘုရားကို အစစ်အမှန် ယုံကြည်သူတွေက ဘုရားရှေ့ကိုလာပြီး သူ့ရဲ့ ကယ်တင်ခြင်းကို လက်ခံမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ ဒါပေမဲ့ ကျွန်မက တရားဟောတာ အခက်အခဲရှိတဲ့အခါ၊ နောက်ဆုတ်ပြီး မတက်မကြွ ဖြစ်လာခဲ့တယ်။ ဘုရားရဲ့ အလိုတော်ကို ကျွန်မ မထောက်ထားလွန်းခဲ့တာပဲ။ ဖန်မင်းက လှည့်ဖြားခံရပြီး စိတ်အနှောင့်အယှက်ဖြစ်သလို၊ ဘာသာတရေး အယူအဆတချို့ ရှိခဲ့ပေမဲ့၊ ဘုရားကို စစ်မှန်တဲ့ ယုံကြည်သူတစ်ယောက်ပဲလေ။ သူ သမ္မာတရားနားလည်အောင်၊ သူ့အယူအဆတွေကို ဖယ်ရှင်းပြီး ဘုရားဆီ ပြန်လာအောင်လို့ အကောင်းဆုံး ကူညီခဲ့ရမှာလေ။ ဒါက ကျွန်မရဲ့ တာဝန်ပဲ။ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ သတိရမိတယ်။ “လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ကိုင်ဆောင်ထားပြီး၊ လူသား၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေက စိတ်ချယုံကြည်မှုနဲ့ ခွန်အားပေးတယ်။ လူတွေရဲ့ အတွေးနဲ့ စိတ်ကူးတွေအပါအဝင် အရာအားလုံး ဘုရားလက်ထဲမှာ ရှိတယ်။ လူ့အမြင်မှာ၊ ဖန်မင်းက အခု စိတ်အနှောင့်အယှက်ဖြစ်တယ်၊ သူ့ဇာတိမြို့ကို ပြန်သွားခဲ့ပြီး၊ သူ့ဆီ ဧဝံဂေလိဟောဖို့ မျှော်လင့်ချက် နည်းပါးသွားခဲ့ပေမဲ့၊ ဘုရားက အရာရာပေါ် အချုပ်အခြာအာဏာ ရှိတယ်။ သူက ဘုရားရဲ့ သိုးဖြစ်တယ်ဆိုရင်၊ ဘုရားရဲ့ အသံကို နားလည်မှာပဲ။ ကျွန်မလုပ်နိုင်သမျှက အကောင်းဆုံး ကြိုးစားပူးပေါင်းလုပ်ဆောင်ဖို့ဖြစ်ပြီး၊ ကိစ္စအဆုံးသတ်တဲ့အထိ၊ ကျွန်မ လက်လျှော့လို့မဖြစ်ဘူး။ ဒါကို သတိပြုမိလိုက်တာနဲ့ ဘုရားဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ဖန်မင်းက စိတ်အနှောင့်အယှက်ဖြစ်ပြီး အခု စစ်မှန်တဲ့ လမ်းခရီးကို မစုံစမ်းရဲပါဘူး။ သူ့ကို ကိုယ်တော့်လက်ထဲ အပ်နှံပါတယ်။ သူဟာ ကိုယ်တော့်သိုးဆိုရင်၊ သူ့ဆီ ဧဝံဂေလိဟောဖို့ အကောင်းဆုံးလုပ်ချင်ပါတယ်”လို့ပေါ့။ အဲဒီနောက်မှာ၊ ဖန်မင်းက သူ့ရထားအချိန်က ည၉:၁၀ မိနစ်လို့ ယုံကြည်ခဲ့ပေမဲ့၊ တကယ်တော့ မနက် ၉:၁၀ မိနစ်ဖြစ်နေခဲ့လို့၊ သူ ထွက်မသွားနိုင်ခဲ့ဘူး။ လူတွေရဲ့ စိတ်နှလုံးနဲ့ စိတ်ဝိညာဉ်တွေက ဘုရားလက်ထဲမှာရှိပြီး၊ အရာရာကို ညွှန်ကြားပြီး စီစဉ်သူဟာ ဘုရားဖြစ်မှန်း ကျွန်မ မြင်ခဲ့ရတယ်။ စိတ်နှလုံးထဲမှာ ဘုရားကို အကြိမ်ကြိမ် ကျေးဇူးတင်မိသလို၊ ဖန်မင်းဆီ ဧဝံဂေလိဟောဖို့ကို ပိုလို့စိတ်ချယုံကြည်မှု ခံစားခဲ့ရတယ်။
အဲဒီနောက် ဖန်မင်းကို ကျွန်မ သွားတွေ့ပြီး၊ အယူအဆတွေကို သူဖက်တွယ်တုန်းပဲ ဆိုတာကို မြင်တော့၊ သူ့ကို နှုတ်ကပတ်တော်တွေ ဖတ်ပြခဲ့တယ်။ “ငါတို့သည် ဘုရားသခင်၏ ခြေရာများကို ရှာဖွေနေကြသည့်၊ ဘုရားသခင်၏အလို၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏မိန့်မြွက်ချက်များကို ငါတို့ရှာဖွေအပ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် မိန့်ကြားသည့် အသစ်သော နှုတ်ကပတ်တော်များရှိသော မည်သည့် နေရာ၌မဆို ဘုရားသခင်၏ အသံရှိပြီး၊ ဘုရားသခင်၏ ခြေလှမ်းများ ရှိသော မည်သည့်နေရာ၌မဆိုလည်း ဘုရားသခင်၏ လုပ်ဆောင်မှုများ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဖော်ပြချက်ရှိသော နေရာတိုင်း၌ ဘုရားသခင်ပေါ်ထွန်းပြီး၊ ဘုရားသခင်ပေါ်ထွန်းသော နေရာတိုင်း၌ လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ တည်ရှိသည်။ ဘုရားသခင်၏ ခြေရာများကို ရှာသောအခါ၌ ‘ဘုရားသခင်သည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။’ ဟူသည့် နှုတ်ကပတ်တော်များကို သင်တို့ လျစ်လျူရှုခဲ့ကြသည်။ ထို့ကြောင့် များစွာသောလူတို့သည် သမ္မာတရားကို ရရှိသောအခါ၌ ပင်လျှင်၊ ဘုရားသခင်၏ ခြေရာများကို သူတို့ရှာတွေ့ပြီဟု မယုံကြည်ကြသည့်အပြင်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သာ၍ပင် အသိအမှတ် မပြုကြပေ။ အလွန်ပင် စိုးရိမ်ဖွယ်ကောင်းလှသော အမှားပေတကား။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို လူတို့၏ အယူအဆများနှင့် ချိန်ညှိ၍ မရနိုင်ချေ၊ လူသား၏ စေခိုင်းချက်ကြောင့် ပေါ်ထွန်းသည့် ဘုရားသခင် လုံးဝမဟုတ်ပါ။ ဘုရားသခင်သည် မိမိ၏အလုပ်ကို လုပ်သောအခါ၌၊ မိမိကိုယ်ပိုင် ရွေးချယ်ချက်များနှင့် မိမိကိုယ်ပိုင်အစီအစဉ်များကို ချမှတ်သည်။ ထို့အပြင် သူ၌ မိမိကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် မိမိကိုယ်ပိုင် နည်းစနစ်များ ရှိသည်။ မည်သည့်အလုပ်ကို သူလုပ်သည်ဖြစ်စေ၊ လူနှင့်တိုင်ပင်ဖို့ သို့မဟုတ် လူ့ထံမှ အကြံဉာဏ်တောင်းဖို့ မလိုအပ်ပေ၊ အယောက်စီတိုင်းကို သူ၏အလုပ်အကြောင်း အသိပေးဖို့လည်း သာ၍ပင် မလိုအပ်ပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား ဖြစ်သည့်အပြင် လူတိုင်း အသိအမှတ်ပြုသင့်သည့် အချက်ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သင်တို့မြင်တွေ့လိုလျှင်၊ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လိုလျှင်၊ ရှေးဦးစွာ သင်၏ ကိုယ်ပိုင် အယူအဆများကို ထားခဲ့ရမည်ဖြစ်သည်။ ဘုရားသခင်ကို သင်၏ ကိုယ်ပိုင် အကန့်အသတ်များထဲတွင် ထားပြီး သင်၏ကိုယ်ပိုင် အယူအဆများအတွင်း သူ့ကို ကန့်သတ် ထားရန်တို့ကို မဆိုထားနှင့်၊ ဘုရားသခင်ကို ဟိုအရာလုပ်၊ သည်အရာလုပ်ဟုပင် မတောင်းဆိုရပေ။ ထိုအစား ဘုရားသခင်၏ ခြေရာများကို သင်တို့ မည်သို့ရှာဖွေရမည်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မည်သို့ လက်ခံရမည်၊ ပြီးလျှင် ဘုရားသခင်၏ အသစ်သော အလုပ်ကို မည်သို့ နာခံရမည်တို့ကို သင့်ကိုယ်သင် တောင်းဆိုသင့်သည်၊ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၁)- ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏) ဘုရားနှုတ်ကပတ်တော်ဖတ်ပြီးတဲ့နောက်၊ သူ့ကို ကျွန်မ မိတ်သဟာယပြုခဲ့တယ်။ “သခင့်ရဲ့ ပြန်ကြွလာခြင်းကို ငါတို့ ကြိုဆိုချင်ရင်၊ ကိုယ့်အယူအဆတွေကို လက်လွှတ်ဖို့ သင်ရမယ်။ ဘုရားအကြံအစည်က လူ့အကြံအစည်တွေကို ကျော်လွန်တာ နင်သိပါတယ်။ လူ့အယူအဆတွေနဲ့ စိတ်ကူးအတိုင်း ဘုရား အလုပ်မလုပ်ဘူး။ ဘုရားနှုတ်ကပတ်တော်နဲ့ အမှုတော် အားလုံး ကျမ်းစာထဲမှာဖြစ်ပြီး ကျမ်းစာပြင်ပမှာ ဘာမှမဖြစ်ပေါ်ဘူးလို့ နင်ထင်ပေမဲ့၊ ဒါက ဘုရားနှုတ်ကပတ်တော်မှာ အခြေပြုချက်ရှိလား။ မရှိဘူးလေ။ အဲဒါဆိုရင် အဲဒါက လူ့အယူအဆနဲ့ စိတ်ကူးတွေပေါ် အခြေခံတာ မဟုတ်လား။ သခင်ယေရှု အမှုပြုဖို့ ကြွလာခဲ့ချိန်မှာ၊ သခင်ယေရှုက သမ္မာတရား ဘယ်လောက် ဖော်ပြတယ်ဆိုတာကို ဖာရိရှဲတွေက မကြည့်ခဲ့ဘူး။ အဲဒီအစား၊ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေနဲ့ အမှုတော်က ကျမ်းစာကို ကျော်လွန်တယ်လို့ တွေးရင်းနဲ့ ဓမ္မဟောင်းကျမ်းကို ဖက်တွယ်ခဲ့ကြတယ်။ ဒါကြောင့် သခင်ယေရှုကို ရှုတ်ချဖို့ ဆင်ခြေအနေနဲ့ ဒါကို သူတို့ သုံးခဲ့ကြပြီး၊ နောက်ဆုံးမှာ၊ ကားတိုင်မှာ သခင့်ကို သံမှိုရိုက်တဲ့ အရမ်းယုတ်မာတဲ့ အပြစ်ကို ကျူးလွန်ခဲ့ကြတယ်။ ဖာရိရှဲတွေရဲ့ ကျရှုံးမှုကနေ ငါတို့ သင်ခန်းစာယူဖို့လိုတယ်။ ဘုရားနှုတ်ကပတ်တော်နဲ့ အမှုတော်က ကျမ်းစာမပြောနဲ့ ဘယ်လူပုဂ္ဂိုလ်၊ ဘယ်အရာရဲ့ ကန့်သတ်တာကိုမှ လုံးဝ မခံရပါဘူး။ ဘုရားက သူ့ရဲ့ စီမံခန့်ခွဲမှု အစီအစဉ်နဲ့ လူသားမျိုးနွယ်ရဲ့ ကယ်တင်ခြင်း လိုအက်ချက်တွေနဲ့အညီ ပိုများတဲ့ နှုတ်ကပတ်တော်တွေ အမြဲပြောပြီး နောက်ထပ် အမှုသစ်ပြုတယ်။ ဒါကြောင့်၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှု ဟုတ်မဟုတ် ဆုံးဖြတ်ဖို့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ အမှုတော်က ကျမ်းစာကို ကျော်လွန်ခြင်း ရှိမရှိဆိုတာကို ကြည့်လို့မရဘူး။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရား ဟုတ်မဟုတ်ဆိုတာနဲ့၊ လူသားမျိုးနွယ်ကို ကယ်တင်တဲ့ အမှု သူ လုပ်နိုင်ခြင်းရှိမရှိဆိုတာကို ကြည့်ရမယ်၊ ဘာလို့လဲဆိုတော့ ဘုရားကသာ သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ဖြစ်သလို၊ ဘုရားကသာ လူသားမျိုးနွယ်ကို ကယ်တင်နိုင်လို့ပဲ။ နင်က အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ပြီးပြီဖြစ်သလို၊ အနန္တတန်ခိုးရှင် ဘုရားသခင် နှုတ်ကပတ်တော်ရဲ့ ဩဇာအာဏာနဲ့ တန်ခိုးကို နင် သိမှတ်တယ်။ ဒါ့အပြင်၊ သူ့နှုတ်ကပတ်တော်တွေက ဘုရားရဲ့ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၊ ကျမ်းစာရဲ့ နက်နဲမှုတွေ၊ ကောင်းကင်နိုင်ငံတော်ထဲ ဘယ်သူဝင်နိုင်တယ်ဆိုတာနဲ့ လူသားမျိုးနွယ်ရဲ့ အနာဂတ် ခရီးပန်းတိုင်တွေကို ထုတ်ဖော်ပြတယ်။ ဒီသမ္မာတရားရဲ့ နက်နဲမှုတွေကို ဘယ်သူမှ မသိသလို၊ ဘုရားကပဲ အဲဒါတွေပဲ ထုတ်ဖော်ပြနိုင်တာ...”လို့ပေါ့။ ဒါပေမဲ့ မိတ်သဟာယကို ကျွန်မ အပြီးမသတ်နိုင်ခင်မှာ၊ ဖန်မင်းက ကြားဖြတ်ပြီး ကျွန်မကို နောက်ထပ်ဘာမှ ပြောခွင့်မပေးတော့ဘူး။ ကျွန်မတွေးမိတယ်၊ “ငါသမ္မာတရား နားလည်တာ အရမ်းနည်းပြီး ငါ့မိသဟာယက မရှင်းလင်းတာ ကြောင့်များလား”လို့ပေါ့။ အဲဒီနောက်မှာ အစ်မလီကို ဖန်မင်းပေါ် ထပ်ပြီး မိတ်သဟာယပြုပေးစေချင်ခဲ့ပေမဲ့၊ ဖန်မင်းက လုပ်ခွင့်မပေးခဲ့ဘူး။ ကျွန်မ အရမ်းစိုးရိမ်ခဲ့တယ်။ ဘုရားကို ကျွန်မယုံကြည်တာ မကြာသေးသလို၊ သမ္မာတရား နည်းနည်းပဲ နားလည်တာလေ။ ဒါပေမဲ့ ဖန်မင်းကတော့ သခင့်ကို အနှစ် ၂၀ကျော်ယုံကြည်ခဲ့ပြီး၊ သူ့ပြဿနာတွေကို ကျွန်မ မဖြေရှင်းနိုင်ခဲ့ဘူး။ ဒီအခက်အခဲတွေကို ရင်ဆိုင်ရာမှာ၊ ကျွန်မ နောက်ဆုတ်ချင်မိခဲ့တယ်။ ကျွန်မတွေးမိတယ်၊ “သူ့ကို ငါတကယ် တရားမဟောနိုင်ရင်၊ ရပ်လိုက်တော့မယ်။ ဒါ ခက်ခဲလွန်းတယ်”လို့ပေါ့။ တွေးလေ၊ အပျက်သဘောဆောင်လေ ဖြစ်ပြီး၊ အိမ်အပြန်လမ်းမှာ၊ ဘာစိတ်ဓာတ်လှုံ့ဆော်မှုမှ မရှိခဲ့ဘူး။
နောက်ပိုင်း၊ စုဝေးပွဲတစ်ခုမှာ၊ ကျွန်မအခြေအနေကို ညီအစ်ကို မောင်နှမတွေက သိသွားပြီး၊ ကျွန်မကို ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ပြကြတယ်။ “‘ယုံကြည်ခြင်း’ ဟူသည့် ဤစကားလုံးက မည်သည်ကို ရည်ညွှန်းသနည်း။ ယုံကြည်ခြင်းဆိုသည်မှာ တစ်စုံတစ်ရာကို လူသားတို့ မမြင်နိုင် သို့မဟုတ် မထိတွေ့နိုင်သည့် အခါတွင်လည်းကောင်း၊ ဘုရားသခင်၏ အမှုက လူသား၏ အယူအဆများနှင့် မကိုက်ညီသည့် အခါတွင်လည်းကောင်း၊ ၎င်းကို လူသားတို့ လက်လှမ်းမမီသည့် အခါတွင်လည်းကောင်း သူတို့၌ရှိသင့်သော စစ်မှန်သည့် ယုံကြည်ချက်နှင့် ရိုးသားမှန်ကန်သည့် စိတ်နှလုံးပင်ဖြစ်သည်။ ဤသည်မှာ ငါပြောပြသော ယုံကြည်ခြင်းဖြစ်သည်။ လူတို့သည် ဆင်းရဲဒုက္ခနှင့် စစ်ဆေးခံရသည့် အချိန်များအတွင်းတွင် ယုံကြည်ခြင်းလိုအပ်လျက်ရှိပြီး၊ ယုံကြည်ခြင်းဟူသည် စစ်ဆေးခြင်းနှင့် ယှဉ်တွဲ၍လာသည့် အရာဖြစ်သည်။ စစ်ဆေးခြင်းနှင့် ယုံကြည်ခြင်းတို့မှာ ခွဲခြား၍မရပေ။ ဘုရားသခင် မည်သို့ပင် အမှုပြုသည်ဖြစ်စေ၊ သင်၏ပတ်ဝန်းကျင်မှာ မည်သည့်ပတ်ဝန်းကျင်ဖြစ်စေ သင်သည် အသက်ကို ရရှိအောင် အားထုတ်ပြီး သမ္မာတရားကို ရှာဖွေနိုင်သည်၊ ဘုရားသခင်၏အမှုအား သိကျွမ်းခြင်းကို ရှာဖွေနိုင်ပြီး၊ သူ၏လုပ်ရပ်များအား နားလည်ခြင်းကို ရရှိနိုင်သည်၊ ထို့ပြင် သင်သည် သမ္မာတရားနှင့်အညီ ပြုမူကျင့်ကြံနိုင်လေသည်။ ထိုသို့ပြုခြင်းမှာ စစ်မှန်သော ယုံကြည်မှု ရှိခြင်းသဘောဖြစ်ပြီး၊ ထိုသို့ပြုခြင်းက သင်သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း မပျောက်ဆုံးသေးကြောင်းကို ပြသပါသည်။ သင်သည် စစ်ဆေးခြင်းမှတစ်ဆင့် သမ္မာတရားကို ရရှိအောင် မလျှော့တမ်း အားထုတ်နိုင်မှသာ၊ သင်သည် ဘုရားသခင်ကို စစ်မှန်စွာချစ်နိုင်ပြီး သူ့အပေါ် သံသယများ ဖြစ်မလာမှသာ၊ မည်သည့်အရာကို သူပြုသည်ဖြစ်စေ သင်သည် သူ့ကို ကျေနပ်စေရန် သမ္မာတရားကို ဆက်လက်၍ လက်တွေ့ကျင့်သုံးမှသာ၊ ထို့ပြင် သင်သည် သူ၏အလိုတော်ကို သေသေချာချာ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေပြီး သူ၏အလိုအတော်ကို အရေးထားနိုင်မှသာ၊ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်း ရှိနိုင်လေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) ဘုရားနှုတ်ကပတ်တော် ဖတ်ပြီးတော့ ညီအစ်မတစ်ယောက်က မိတ်သဟာယပြုခဲ့တယ်။ “ဧဝံဂေလိ ဟောရာမှာ အခက်အခဲတွေ ရှိတဲ့အခါ မတက်မကြွဖြစ်ပြီး နုတ်ထွက်ကြရင်၊ အဓိကအားဖြင့် ဘုရားအလိုတော်ကို ကျွန်မတို့ နားမလည်ကြလို့ပဲ။ တကယ်တော့၊ ကျွန်မတို့ရဲ့ ယုံကြည်ခြင်း စုံလင်စေုခြင်းခံရပြီး၊ ဘုရားပေါ် မှီခိုဖို့ သင်ယူနိုင်အောင် ဘုရားက ဒီအခက်အခဲတွေကို ကျွန်မတို့ဆီ ရောက်လာခွင့်ပေးတာဖြစ်ပြီး၊ တစ်ချိန်တည်းမှာပဲ ဒီအခက်အခဲတွေကတစ်ဆင့်၊ သမ္မာတရားနဲ့ ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်နိုင်ပြီး၊ ဘုရားအမှုတော်ကို သက်သေခံဖို့ သင်ယူနိုင်ကြတယ်”တဲ့။ ဘုရားနှုတ်ကပတ်တော်အပေါ် သူ့ရဲ့ မိတ်သဟာယကတစ်ဆင့်၊ ဧဝံဂေလိဟောရာမှာ ရင်ဆိုင်ရတဲ့ အခက်အခဲတွေမှာ ဘုရားရဲ့ ကောင်းမြတ်တဲ့ ရည်ရွယ်ချက်တွေရှိမှန်း ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မရဲ့ ယုံကြည်ခြင်းကို စုံလင်စေဖို့နဲ့ ပိုများတဲ့ သမ္မာတရားကို နားလည်စေဖို့ ဘုရားက ဒါကို အသုံးပြုချင်ခဲ့တာပဲ။ ဒါပေမဲ့ ကျွန်မ အခက်အခဲတွေရှိတော့၊ ဖန်မင်းရဲ့ အယူအဆတွေ ဖြေရှင်းပြီး သူ့ကို ဘုရားရှေ့ခေါ်ဆောင်ရအောင် သမ္မာတရားကို ရှာဖို့ ဘုရားအပေါ် မှီခိုတာကို စဉ်းစားမဲ့အစား၊ နှုတ်ထွက်ပြီး လက်လျှော့ချင်ရင်းနဲ့ အခက်အခဲထဲမှာ နွံနစ်နေခဲ့တယ်။ ထပ်ပြီး အားထုတ်တာ၊ အဖိုးအခပေးတာတွေ မလုပ်ချင်ခဲ့သလို၊ ဘုရားအလိုတော်ကို လုံးဝ မထောက်ထားခဲ့ဘူး။ အမှန်တရားတွေက ထုတ်ဖော်ပြတဲ့အခါ၊ ကျွန်မမှာ ဘုရားကို ယုံကြည်ခြင်း လုံးဝမရှိခဲ့သလို၊ ဝိညာဉ်ရင့်ကျက်မှုက သနားစရာကောင်းအောင် သေးငယ်မှန်း နောက်ဆုံး တွေ့လိုက်ရတယ်။ ဘုရားနှုတ်ကပတ်တော်ကို သတိရမိတယ်။ “လူတို့က ပူးပေါင်းဆောင်ရွက်လေလေ၊ ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်သက်ဆိုင်သည့် စံချိန်စံနှုန်းများကို ရရှိရန် အားထုတ်လေလေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်က သာ၍ ကြီးမားလေလေ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့အရှိတရားကို သိရှိပုံ) မှန်တယ်။ လူတွေပိုပြီး ပူးပေါင်းဆောင်ရွက်လေ၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ် သူတို့မှာ ရှိလေပဲ။ ဖန်မင်းက သခင့်ကို အနှစ် ၂၀ ကျော် ယုံကြည်ခဲ့ပြီး ကျမ်းစာအသိပညာ ရှိခဲ့ပေမဲ့၊ ကျွန်မမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ရှိတယ်။ ဘုရားနှုတ်ကပတ်တော်က သမ္မာတရားဖြစ်ပြီး လူတွေရဲ့ ပြဿနာအားလုံးကို ဖြေရှင်းနိုင်တယ်။ ဘုရားအပေါ် ကျွန်မ တကယ် မှီခိုပြီး အဖိုးအခပေးသရွေ့၊ ဘုရားက သူ့ကို ဉာဏ်အလင်းပေးမှာပဲ။
အဲဒီနောက်မှာ၊ ဖန်မင်း စွဲကိုင်တဲ့ အယူအဆတွေနဲ့ ပတ်သက်လို့ သမ္မာတရား နားလည်သူတွေနဲ့ ကျွန်မ ရှာဖွေခဲ့ပြီး၊ ညီအစ်ကို မောင်နှမတွေက ဆက်နွှယ်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကူရှာပေးကြတယ်။ အဲဒီနောက် ဖန်မင်းအိမ်ကို ကျွန်မ ထပ်သွားပြီး၊ သူဆီ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြခဲ့တယ်။ “ဘုရားသခင်၏ အမှုတွင် အယူဝါဒများကို အသုံးချဖို့ရန် လိုအပ်သလော။ ထို့အပြင် ဘုရားသခင်သည် ပရောဖက်များ၏ ကြိုတင်ဟောကိန်းများနှင့် အညီ လုပ်ကိုင်ရမည်လော။ အမှန်စင်စစ် ပိုကြီးမြတ်သည်က မည်သည့်အရာနည်း- ဘုရားသခင်လော၊ သမ္မာကျမ်းစာလော။ ဘုရားသခင်သည် မည်သည့်အတွက်ကြောင့် သမ္မာကျမ်းစာနှင့်အညီ အမှုပြုရမည်နည်း။ ဘုရားသခင်သည် သမ္မာကျမ်းစာကို ကျော်လွန်ခွင့် မရှိခြင်းကြောင့်များ ဖြစ်နိုင်သလော။ ဘုရားသခင်သည် သမ္မာကျမ်းစာမှ သွေဖည်လျက် အခြားအမှုကို မပြုနိုင်ပေဘူးလော။ ယေရှုနှင့် သူ၏ တပည့်များက ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ကြသည်မှာ အဘယ့်ကြောင့်နည်း။ ယေရှုသည် ဥပုသ်နေ့အရနှင့် ဓမ္မဟောင်းကျမ်းလာ ပညတ်များအတိုင်း လက်တွေ့လုပ်ဆောင်ခဲ့မည် ဆိုပါက၊ သူလာပြီးနောက် ယေရှုသည် ဥပုသ်နေ့ကို မစောင့်ထိန်းခဲ့ဘဲနှင့် ယင်းအစား ခြေကိုဆေးကြောခြင်း၊ ခေါင်းကိုဖုံးအုပ်ခြင်း၊ မုန့်ကိုချိုးဖဲ့ခြင်းနှင့် စပျစ်ရည်ကို သောက်သုံးခြင်း ပြုလုပ်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ထိုအချက်များ အားလုံးသည် ဓမ္မဟောင်းကျမ်းလာ ပညတ်များ၌ ကင်းမဲ့နေသည် မဟုတ်လော။ ယေရှုက ဓမ္မဟောင်းကျမ်းကို လေးစားခဲ့သည်ဆိုလျှင်၊ သူသည် ထိုအယူဝါဒများကို ချိုးဖောက်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ဦးစွာလာသည်မှာ ဘုရားသခင်လော၊ သမ္မာကျမ်းစာလော ဆိုသည်ကို သင် သိသင့်သည်။ ဥပုသ်နေ့၏ သခင်ဖြစ်လျက်၊ သူသည် သမ္မာကျမ်းစာ၏ သခင်ပါ မဖြစ်နိုင်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)) “သင်က ပညတ်တော်ခေတ်၏ အလုပ်ကို ကြည့်လိုပြီး၊ ဣသရေလအမျိုးသားများ ယေဟောဝါ၏ လမ်းခရီးကို မည်သို့ လိုက်နာခဲ့ကြကြောင်းကို ကြည့်လိုလျှင်၊ သင်သည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုရမည်။ သင်သည် ကျေးဇူးတော်ခေတ်၏ အလုပ်ကို နားလည်လိုလျှင်၊ ဓမ္မသစ်ကျမ်းကို ဖတ်ရှုရမည်။ သို့သော်လည်း နောက်ဆုံးသောကာလ၏ အမှုကို သင် မည်သို့ မြင်သနည်း။ သင်သည် ယနေ့၏ဘုရားသခင်၏ ဦးဆောင်မှုကို လက်ခံလျက် ယနေ့၏အမှုတော်ထဲကို ဝင်ရောက်ကြရမည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် အမှုသစ်ဖြစ်ပြီး၊ မည်သူမျှ ယခင်က သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင် မထားခဲ့သောကြောင့် ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်သည် လူ့ဇာတိခံယူပြီး တရုတ်နိုင်ငံ၌ အခြားရွေးကောက်ခံရသူများကို ရွေးထားပြီ ဖြစ်သည်။ ဘုရားသခင်သည် ထိုလူများ၌ အမှုပြုသည်၊ သူသည် ကမ္ဘာကြီးပေါ်က သူ၏အမှုတော်မှ ဆက်လက်ဆောင်ရွက်ပြီး၊ ကျေးဇူးတော်ခေတ်၏အမှုတော်မှ ဆက်ပြီး ဆောင်ရွက်သည်။ ယနေ့၏အမှုတော်သည် လူသားတို့ မည်သည့်အခါကမျှ မလျှောက်ဖူးသေးသည့် လမ်းကြောင်းဖြစ်ပြီး မည်သူကမှ မမြင်ဖူးသည့် လမ်းခရီးဖြစ်သည်။ ယင်းသည် ယခင် မည်သည့်အခါမျှ မလုပ်ခဲ့ဖူးသည့် အမှုတော်ဖြစ်သည်၊ ယင်းသည် ကမ္ဘာကြီးပေါ်က ဘုရားသခင်၏ နောက်ဆုံးအမှုတော် ဖြစ်သည်။ ထို့ကြောင့် ယခင် မည်သည့်အခါမျှ မလုပ်ခဲ့ဖူးသည့် အလုပ်သည် သမိုင်းမဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် ပစ္စုပ္ပန်သည် ပစ္စုပ္ပန်သာဖြစ်ပြီး၊ အတိတ်ဖြစ်သွားရန် လိုသေး၍ ဖြစ်သည်။ ဘုရားသခင်သည် ပိုကြီးမားသည့်၊ ပိုသစ်သည့်အမှုကို ဣသရေလ၏ ပြင်ပ၊ ကမ္ဘာကြီးပေါ်မှာ ပြုလုပ်ခဲ့ပြီးကြောင်း၊ ထိုအမှုသည် ဣသရေလ၏ နယ်ပယ်အပြင်ထိ ကျော်လွန်နှင့်ပြီး၊ ပရောဖက်များ၏ ကြိုတင်ဟောကြားချက်များကို ကျော်လွန်လျက် ရောက်ရှိနှင့်ပြီးဖြစ်ကြောင်း၊ ယင်းသည် ပရောဖက်ပြုချက်များ၌ မပါဝင်သည့် အသစ်သော အံ့သြဖွယ်အမှု၊ ဣသရေလအပြင်ရှိ ပိုမိုသစ်လွင်သည့် အမှု၊ လူသားများ မည်သည့်အခါတွင်မျှ သိနားလည်နိုင်မည် မဟုတ်သကဲ့သို့ စိတ်ကူးနိုင်ကြမည် မဟုတ်သည့် အမှုဖြစ်ကြောင်းကို လူများက မသိကြပေ။ သမ္မာကျမ်းစာထဲ၌ ယင်းကဲ့သို့သောအမှု၏ ပြည့်စုံစွာ ရှင်းလင်းဖော်ပြထားသော မှတ်တမ်းများ မည်သို့ ပါဝင်နိုင်မည်နည်း။ မည်သူသည် ယနေ့အမှု၏ တစ်ချက်ချင်းစီကို မည်သည့် အရာကိုမျှ ထိန်ချန်မထားဘဲ၊ ကြိုတင်ပြီး မှတ်တမ်းတင်ပေးနိုင်ခဲ့မည်နည်း။ မည်သူကများ ဟောင်းနွမ်းလှသည့် ထိုစာအုပ်ထဲ၌ ယခုကဲ့သို့ ပိုမို ကြီးမြတ်ပြီး ပို၍ ဉာဏ်ပညာရှိကာ၊ အစဉ်အလာကို အာခံသည့် အမှုကို မှတ်တမ်းတင်ပေးနိုင်ခဲ့မည်နည်း။ ယနေ့အမှုသည် သမိုင်းမဟုတ်ပေ၊ သို့ဖြစ်၍ သင်က ယနေ့၏လမ်းကြောင်း အသစ်အတိုင်း လျှောက်သွားချင်ပါက၊ သင်သည် သမ္မာကျမ်းစာမှ သွေဖည်ရမည်ဖြစ်သည်၊ သင်သည် သမ္မာကျမ်းစာထဲက အနာဂတ္တိကျမ်း စာအုပ်များ သို့မဟုတ် သမိုင်းကို ကျော်လွန်ပြီးသွားရမည်။ သို့ဖြစ်မှသာ သင်သည် လမ်းကြောင်းအသစ်ကို မှန်ကန်စွာ လျှောက်နိုင်မည် ဖြစ်သည်၊ ထို့အပြင် ထိုအခါကျမှသာ သင်သည် လောကသစ်နှင့် အမှုသစ်ထဲကို ဝင်ရောက်နိုင်မည် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁)) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတဲ့နောက်မှာ၊ သူနဲ့ မိတ်သဟာယပြုခဲ့တယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ အမှုတော်က ကျမ်းစာထဲမှာ မရှိတဲ့အတွက်၊ ပြန်ကြွလာတဲ့ သခင်ယေရှု မဟုတ်ဘူးလို့ နင်ယုံကြည်တယ်။ ဒါက ကျမ်းစာထဲမှာ ရှိတာနဲ့ ဘုရားကို ကန့်သတ်နေတာ၊ ဘောင်ခတ်နေတာပဲ”လို့ပေါ့။ “ဘုရားက အရင်လာတာလား၊ ကျမ်းစာ အရင်လာတာလား။ ကောင်းကင်၊ မြေကြီးနဲ့ အရာခပ်သိမ်းကို ဘုရားပထမဆုံး ဖန်ဆင်းခဲ့ချိန်မှာ ကျမ်းစာရှိခဲ့လား။ အာဗြဟံက ကျမ်းစာမရှိခဲ့ဘူး။ ကျမ်းစာအတိုင်း ဘုရားကို ယုံကြည်ခဲ့တာ မဟုတ်ဘူး။ အာဗြဟံက ဘုရားကို မယုံကြည်ခဲ့ဘူးလို့ ငါတို့ ပြောလို့ရလား။ ကျမ်းစာက ဘုရားအမှုတော်ရဲ့ သမိုင်းဆိုင်ရာ မှတ်တမ်းပဲဖြစ်တာကို ငါတို့ နားလည်ရမယ်။ ဘုရားက သူ့အမှုကို ပြီးစီးပြီးတဲ့နောက်မှာ၊ နောက်ပိုင်း စာရေးဆရာတွေရဲ့ စုစည်း၊ စာတည်းဖြတ်ပြီးတဲ့နောက်မှာ အဲဒါကို ဖန်တီးခဲ့တာ။ သခင်ယေရှုက အမှုပြုဖို့ ကြွလာခဲ့ချိန်မှာ၊ ဓမ္မသစ်ကျမ်းဆိုတာ မရှိခဲ့ဘူး။ လူတွေက ဓမ္မဟောင်းကျမ်းကိုပဲ ဖတ်ခဲ့ကြတာ။ ဓမ္မဟောင်းနဲ့ ဓမ္မသစ်ကျမ်းတွေက သခင်ယေရှု အမှုပြုပြီးတဲ့နောက် ရာစုနှစ်နဲ့ချီအကြာမှာ ဖြစ်လာခဲ့တာ။ ဒါက ဘုရားနှုတ်ကပတ်တော်နဲ့ အမှုတော် အရင်လာပြီးတော့ ကျမ်းစာကို ရေးခဲ့မှန်း သက်သေပြတယ်။ ဒါက အမှန်တရားပဲ။ ဘုရားက နောက်ဆုံးသော ကာလမှာ ပေါ်ထွန်းပြီး အမှုပြုတယ်၊ ဒါကြောင့် သူ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကျမ်းစာထဲမှာ ဘယ်လိုလုပ် ကြိုမှတ်တမ်းတင်ထားနိုင်မှာလဲ လို့ပေါ့။ သခင့်ကို ကြိုဆိုချင်တယ်ဆိုရင်၊ ကျမ်းစာကို ကျော်လွန်ပြီးသွားရမှာဖြစ်ပြီး၊ ဘုရားရဲ့ လက်ရှိနှုတ်ကပတ်တော်နဲ့ အမှုတော်ကို ရှာဖွေ၊ စုံစမ်းရမယ်။ ဒါက ဘုရားခြေလှမ်းတွေနောက် လိုက်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ” လို့။ ဒီအရာတွေကို ဖန်မင်းဆီ မိတ်သဟာယပြုပြီးတဲ့နောက်မှာ၊ တချို့ကို သူ နားလည်ပုံပေါ်ခဲ့ပေမဲ့၊ မရှင်းမလင်းဖြစ်နေတုန်းပဲဖြစ်ပြီး၊ “အနန္တတန်ခိုးရှင် ဘုရားသခင် ပြောတာ မှန်ပါတယ်။ ဘုရားအမှုတော် အရင်လာပြီး နောက်မှ ကျမ်းစာလာတာ မှန်သလို၊ ဘုရားက ကျမ်းစာထက် ပိုကြီးမားမှန်း နားလည်ပါတယ်။ ဒါပေမဲ့ ကျမ်းစာကို ဆယ်စုနှစ်ချီ ငါ ဖတ်နေခဲ့ပြီးပြီဖြစ်သလို၊ အဲဒါကို ဒီအတိုင်း လက်မလွှတ်နိုင်ဘူး။ ငါ ကျမ်းစာကို ဖတ်ဖို့လိုသေးတယ်”တဲ့။ အဲဒီနောက်၊ ဖန်မင်းက ကျွန်မကို မေးခွန်းသစ်တချို့ မေးတယ်။ ဒါတွေကို ကြားရတာ ပထမတော့ နည်းနည်း စိတ်ရှုပ်စရာဖြစ်တယ်။ သူ့မေးခွန်းတွေကို ဖြေပေးဖို့ ဘယ်သမ္မာတရား ရှုထောင့်တွေကို မိတ်သဟာယပြုရမယ်မှန်း မသိခဲ့ဘူး။ အိမ်ပြန်ရောက်ပြီးတဲ့နောက်မှာ၊ ကျွန်မကို ဉာဏ်အလင်းပေး၊ လမ်းပြဖို့ ဘုရားဆီ တောင်းလျှောက်ဆုတောင်းခဲ့တယ်။ အဲဒီနောက် ဖန်မင်းကို ကျွန်မ ထပ်မိတ်သဟာယပြုချင်ခဲ့တယ်။ တစ်နေ့မှာ၊ ဖန်မင်းအိမ်ကို ကျွန်မ သွားပြီး၊ ဖွင့်ထားတဲ့ ကျမ်းစာနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် စာအုပ်ကို ပြတင်းခုံပေါ်မှာ တွေ့ရတယ်။ ဖန်မင်းက လက်မခံဘူးလို့ ပြောခဲ့ပေမဲ့၊ သူ့စိတ်နှလုံးမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို စုံစမ်းစစ်ဆေးချင်ခဲ့မှန်း ကျွန်မ သဘောပေါက်ခဲ့ပြီး၊ သူ့အတွက် မျှော်လင့်ချက်တချို့ တွေ့ခဲ့တယ်။
နောက်ပိုင်းမှာ၊ ဖန်မင်းက နေမကောင်းဖြစ်ပြီး ဆေးရုံတင်ရတယ်။ သူ့ကို စောင့်ရှောက်ပြီး ဘုရားနှုတ်ကပတ်တော် ဖတ်ပြဖို့ အလုပ်ကနေ ကျွန်မခွင့်ယူခဲ့တယ်။ ကျွန်မ ခွင့်မကြာခဏယူနေတာကို သူငှေးက မြင်လို့၊ ကျွန်မကို ဆူဖို့ ဆင်ခြေတွေ တမင်သူရှာတယ်။ ပထမတော့ အဲဒါကို ကျွန်မ ခံနိုင်ခဲ့တယ်။ နည်းနည်း ဆင်းရဲဒုက္ခခံခဲ့ရပေမဲ့၊ ဖန်မင်းက စစ်မှန်တဲ့ လမ်းခရီးကို လက်ခံနိုင်သရွေ့ အဆင်ပြေတယ်လို့ ခံစားခဲ့တယ်။ ဒါပေမဲ့ ဖန်မင်းဆီ ဘုရားနှုတ်ကပတ်တော် အကြိမ်တော်တော်များများ ဖတ်ပြပြီးတဲ့နောက်မှာ၊ စုံစမ်းဖို့ သူ လက်မခံဖြစ်နေတုန်းပဲ။ ဒီအချိန်မှာ ကျွန်မ နည်းနည်း စိတ်ဓာတ်ကျသွားတယ်။ အဲဒီလောက် အဖိုးအခပေးခဲ့ပေမဲ့၊ သူက ဆက်ပြီး ငြင်းနေတယ်လို့ ကျွန်မ ခံစားခဲ့တယ်။ သူလက်ခံတဲ့အထိ ကျွန်မ ဘယ်လောက်ကြာကြာ ဟောရမှာလဲပေါ့။ တွေးလေ၊ စိတ်ဓာတ်ကျလေဖြစ်ပြီး ပူပေါင်းလုပ်လိုစိတ် လျော့လေပဲ။ အဲဒီနောက် ဘုရားနှုတ်ကပတ်တော်မှာ ဖတ်ရတယ်။ “သင် ထမ်းထားရသည့် ဝန်ထုပ်ဝန်ပိုးများ၊ သင်၏ စေခိုင်းချက်တာဝန်နှင့် သင်၏ တာဝန်ဝတ္တရားများကို သင်သိရှိသလော။ သမိုင်းတွင်သည့် တာဝန်နှင့်သက်ဆိုင်သော သင်၏အသိစိတ် ဘယ်မှာနည်း။ နောင်လာမည့်ခေတ်တွင် သခင်အဖြစ် သင် မည်သို့ ပြည့်ပြည့်ဝဝ အစေခံမည်နည်း။ သခင်ဖြစ်ခြင်း၏ ခိုင်မာသောအသိစိတ်တစ်ခု သင်၌ ရှိသလော။ အရာခပ်သိမ်းတို့၏ သခင်ကို သင် မည်သို့ ရှင်းပြမည်နည်း။ ယင်းသည် အသက်ရှင်သော သတ္တဝါအားလုံးနှင့် ကမ္ဘာလောကထဲရှိ ရုပ်ဝတ္ထုအရာအားလုံး၏ သခင် အမှန်တကယ် ဟုတ်သလော။ အမှု၏ နောက်တစ်ဆင့် တိုးတက်မှုအတွက် သင်၌ မည်သည့်အစီအစဉ်များ ရှိသနည်း။ သင့်ကို ၎င်းတို့၏ သိုးထိန်းအဖြစ် လူမည်မျှက စောင့်မျှော်နေကြပါသနည်း။ သင်၏အလုပ်တာဝန်သည် ကြီးလေးသောအရာတစ်ခုလော။ ၎င်းတို့သည်- လမ်း အဘယ်မှာ ရှိသနည်းဟု အမှောင်ထဲတွင် မြည်တမ်းလျက်- ဆင်းရဲ မွဲတေကြသည်၊ သနားဖွယ် ဖြစ်ကြသည်၊ မျက်စိကန်းကြပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေကြပေသည်။ ဥက္ကာပျံကဲ့သို့ ရုတ်တရက် သက်ဆင်းပြီး လူကို နှစ်ပေါင်းများစွာ ဖိနှိပ်ထားသည့် အမှောင်ထု၏အင်အားများကို ဖြိုခွင်းဖို့ အလင်းကို ၎င်းတို့ တမ်းတလေစွ။ ၎င်းတို့ စိုးရိမ်တကြီး မျှော်လင့်သည့် အရာနှင့် ဤအရာအတွက် နေ့ရောညပါ ၎င်းတို့ အောက်မေ့တမ်းတကြပုံ အဆုံးစွန်အတိုင်းအတာကို မည်သူသိနိုင်သနည်း။ အလင်းရောင် ဖြတ်သန်းလင်းလက်သည့် နေ့တွင်ပင်၊ အလွန်အမင်း ဆင်းရဲဒုက္ခ ခံစားနေရသော ဤလူတို့သည် လွတ်မြောက်ရန် မျှော်လင့်ချက်မရှိဘဲ၊ မှောင်မိုက်သော အကျဉ်းတိုက်တစ်ခုထဲတွင် အကျဉ်းကျခံရလျက် ရှိနေကြ၏။ မည်သည့်အခါတွင် ၎င်းတို့ မငိုတော့ဘဲနေမည်နည်း။ မည်သည့်အခါတွင်မျှ အနားပေးခြင်းမခံခဲ့ရသော ဤနုနယ်သော ဝိညာဉ်များ၏ ကံအကြောင်းမလှသည့်ဖြစ်ရပ်မှာ ဆိုးရွားလှပြီး ရက်စက်သော အနှောင်အဖွဲ့များနှင့် အေးစက်သော သမိုင်းတို့ဖြင့် ဤအခြေအနေတွင် ၎င်းတို့ ချည်နှောင်ခံထားရသည်မှာ ကြာမြင့်ပြီဖြစ်သည်။ ၎င်းတို့၏ မြည်တမ်းခြင်းအသံကို မည်သူ ကြားဖူးသနည်း။ ၎င်းတို့၏ စိတ်မချမ်းမြေ့သော အခြေအနေကို မည်သူ မျက်မြင်တွေ့ဖူးသနည်း။ ဘုရားသခင်၏ စိတ်နှလုံးသည် မည်မျှ ဝမ်းနည်းကြေကွဲပြီး စိုးရိမ်ပူပန်သည်ကို သင်တွေးမိဖူးသလော။ သူကိုယ်တိုင်၏ လက်ဖြင့် ဖန်ဆင်းခဲ့သော အပြစ်မဲ့လူသားမျိုးနွယ်သည် ထိုသို့သော ညှဉ်းဆဲမှု ခံစားနေရသည်ကို သူ မည်သို့ မြင်ရက်နိုင်မည်နည်း။ တကယ်တမ်းမူ၊ လူသားများသည် အဆိပ်ခတ်ခံထားရသည့် သားကောင်များ ဖြစ်ကြပေသည်။ လူသားသည် ဤနေ့အထိ ရှင်ကျန်ခဲ့သော်လည်း၊ လူသားမျိုးနွယ်သည် အချိန်ကြာမြင့်စွာ ဆိုးယုတ်သူတစ်ဦး၏ အဆိပ်ခတ်ခံထားရသည်ကို မည်သူ သိခဲ့လိမ့်မည်နည်း။ သင်သည် သားကောင်များထဲမှ တစ်ဦးဖြစ်သည်ကို သင် မေ့လျော့ပြီလော။ သင်သည် ဤအသက်ရှင်ကျန်ရစ်သူများကို ကယ်တင်ဖို့ သင်၏ဘုရားသခင်ကို ချစ်ခြင်းကြောင့် ကြိုးပမ်းရန် လိုလားလျက် မရှိသလော။ လူသားမျိုးနွယ်ကို သူကိုယ်တိုင်၏ သွေးသားသဖွယ် ချစ်ခင်သည့် ဘုရားသခင်ကို ပြန်လည်ပေးဆပ်ရန် သင်၏ အားအင်ဟူသမျှကို ဆက်ကပ်ဖို့ သင် လိုလားခြင်း မရှိသလော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏အနာဂတ်တာဝန်ကို မည်သို့ အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း) ဘုရားနှုတ်ကပတ်တော်ကနေ သူ့ရဲ့ အရေးပေါ်ဆန္ဒကို ခံစားလို့ရတယ်။ စာတန်ရဲ့ အုပ်စိုးမှုအောက်မှာ အသက်ရှင်ပြီး ဘုရားရှေ့မလာသူတွေအတွက် ဘုရားက စိုးရိမ်၊ သောကဖြစ်ပြီး၊ နောက်ဆုံးသော ကာလမှာ လူတွေက ကယ်တင်ခြင်းရနိုင်ကြမယ်လို့ ဘုရားမျှော်လင့်တယ်။ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံပြီးသူတစ်ယောက်အနေနဲ့၊ ဘုရားရှေ့မှောက် မလာကြသေးသူတွေကို ဘုရားရဲ့ ကယ်တင်ခြင်းကို လက်ခံဖို့ ဘုရားအိမ်တော်ထဲ ကျွန်မ ခေါ်ဆောင်ရမယ်ဆိုတာ သိခဲ့တယ်။ ဒါ ကျွန်မရဲ့တာဝန်ပဲ။ ကျေးဇူးတော်ခေတ်မှာ၊ ဧဝံဂေလိဖြန့်ဖို့ လူတွေအများကြီး အသက်စွန့်ခဲ့ကြတယ်။ နောက်ဆုံးမှာ၊ ဧဝံဂေလိက ကမ္ဘာလောကရဲ့ နေရာအနှံ့ကို ပျံ့သွားပြီး အားလုံးက သိခဲ့ကြတယ်။ ဘုရားရဲ့ စေခိုင်းချက် ဖြည့်ဆည်းဖို့ သင်္ဘောဆောက်ခဲ့တဲ့ နောဧကိုလည်း တွေးမိတယ်။ တောက်လျှောက် အနှစ် ၁၂၀ ကြာခဲ့ပြီး၊ အဒီကာလအတောအတွင် ခက်အခဲတွေ၊ လှောင်ပြောင်မှုတွေနဲ့ အသရေဖျက်မှုကို သူရင်ဆိုင်ရပေမဲ့၊ သူ လက်မလျှော့ခဲ့ဘူး။ နောက်ဆုံးမှာ၊ ဘုရားရဲ့ စေခိုင်းချက်ကို သူ ပြီးစီးခဲ့ပြီး ဘုရားရဲ့ ထောက်ခံမှုကို ရခဲ့တယ်။ နောဧမှာ ဘုရားအပေါ် အဲဒီလောက် ကြီးမားတဲ့ ယုံကြည်ခြင်း ရှိခဲ့တယ်။ ဧဝံဂေလိ ဟောရာမှာ ကျွန်မ အခက်အခဲတချို့ရှိပြီး ဆင်းရဲဒုက္ခတချို့ကို သည်းခံခဲ့ရပေမဲ့၊ ဒါတွေက ခေတ်ကာလတွေတစ်လျှောက် သန့်ရှင်းသူတွေ ပေးဆပ်ခဲ့တဲ့ အဖိုးအခနဲ့ တခြားစီပဲ။ ညီအစ်ကို မောင်နှမတွေက ကျွန်မဆီ ဧဝံဂေလိ ဟောခဲ့ကြချိန်ကို ပြန်တွေးမိတယ်။ သူတို့ကို ကျွန်မလည်း ထပ်တလဲလဲ ငြင်းခဲ့သလို၊ ကျွန်မလက်မခံခင် သူတို့ ကျွန်မကို အကြိမ်တော်တော်များများ ဟောခဲ့ရတာလေ။ အခု ဖန်မင်းနဲ့ ပတ်သက်ပြီး ကျွန်မက သူတို့လောက် ချစ်ခြင်းမေတ္တာနဲ့ ဘာလို့ သူ့ကို မဆက်ဆံနိုင်ခဲ့တာလဲ။ သမ္မာတရားကို သူနားမလည်သေးသလို၊ ဘာသာရေး အယူအဆတွေရဲ့ ကျေးကျွန်ဘဝမှာ ရှိနေခဲ့တာလေ။ ဒီတော့ ခုခံတတ်တာက သူ့အတွက် ပုံမှန်ပဲ မဟုတ်လား။ နည်းနည်း ခက်ခဲတာကြောင့်ပဲ သူ့အပေါ် ကျွန်မ လက်လျှော့လိုက်လို့ မဖြစ်ဘူး။ ဒါကို သတိပြုမိတာနဲ့၊ အရမ်းနောင်တရပြီးတော့ ကျွန်မ ဘုရားဆီ သစ္စာဆိုလိုက်တယ်။ ဧဝံဂေလိဟောနေတုန်း ဘာအခက်အခဲတွေပဲ ကြုံရပါစေ၊ ပူးပေါင်းလုပ်ပြီး ဧဝံဂေလိ ဖြန့်ဖို့ ကျွန်မ အကောင်းဆုံးလုပ်မယ်လို့ပေါ့။ ဒါက ကျွန်မရဲ့ တာဝန်နဲ့ ဝတ္တရားဖြစ်တယ်။
နောက်ပိုင်းမှာ ဖန်မင်းကို ကျွန်မ ဆက်စောင့်ရှောက်ပြီး သူ့ဆီ ဘုရားနှုတ်ကပတ်တော် ဆက်ဖတ်ခဲ့တယ်။ တစ်နေ့ ကျွန်မကို သူက ပြောတယ်။ “ဒီအတောအတွင် နင်ဖတ်ပြတဲ့ ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့်၊ နားလည်မိတယ်။ လူတွေက ဘုရားကို ကျမ်းစာထဲရှိတာနဲ့ ဘောင်မခတ်သင့်ဘူးဆိုတာပေါ့။ ဘုရားအမှုတော်က အမြဲ သစ်လွင်ပြီး လုံးဝ အိုဟောင်းမသွားသလို၊ ကျမ်းစာမှာ ပါရှိတာက ဘုရားရဲ့ပြီးခဲ့တဲ့ အမှုတော်ပဲ။ ဘုရားက ပြန်ကြွလာပြီး ကျမ်းစာမှာ မှတ်တမ်းတင်ထားတာတွေကို လုပ်ခဲ့ရင်၊ ဘုရားအမှုတော်က ထပ်လုပ်တာဖြစ်မှာပဲ။ အဲဒါက သူ့အဓိပ္ပာယ်ကို အဲဒီလိုနဲ့ ဆုံးရှုံးသွားမှာ။ ဘုရားက လူတွေကို တရားစီရင်ခြင်း ကြုံခွင့်ပေးပြီး၊ သခင်ယေရှုရဲ့ ရွေးနှုတ်ခြင်းအမှုကို လက်ခံခြင်းအရ သန့်စင်ခံခွင့်ပေးရင်းနဲ့ ကျမ်းစာကို ကျော်လွန်ပြီး အမှုသစ်ပြုတဲ့အခါမှပဲ သူတို့တကယ် ကယ်တင်ခံရနိုင်တယ်။ ဘုရားရဲ့ ပြီးခဲ့တဲ့ အမှုကို ငါ ဖက်တွယ်နေတုန်းပဲဆိုရင်၊ တစ်သက်လုံး ကျမ်းစာကို ဖတ်ရင်တောင်၊ သမ္မာတရားနဲ့ အသက်ကို လုံးဝ ရမှာမဟုတ်ဘူး။ ငါ ဘုရားရဲ့ ခြေလှမ်းတွေနောက်လိုက်ပြီး ဘုရားရဲ့ နောက်ဆုံးသော ကာလထဲက ကယ်တင်ခြင်းကို လက်ခံရမယ်”တဲ့။ ဖန်မင်းက နောက်ဆုံးတော့ အသိဝင်လာမှန်း မြင်ရတော့၊ ကျွန်မ အရမ်းဝမ်းသာသွားတယ်။ ဘုရားရဲ့သိုးက ဘုရားအသံကြားတာကိုလည်း မြင်ခဲ့တယ်။ စာတန်က သူတို့ကို ဘယ်လောက်ပဲ နှောင့်ယှက်ပါစေ၊ ဘာအယူအဆတွေပဲ သူတို့ ရှိပါစေ၊ နောက်ဆုံးမှာ၊ သမ္မာတရားကို သူတို့ လက်ခံပြီး ဘုရားရှေ့လာမှာပဲ။ အဲဒီနောက်၊ ဘုရားနှုတ်ကပတ်တော်ကို ဖန်မင်းက တက်တက်ကြွကြွ စဖတ်ပြီး စုဝေးပွဲတွေ တက်လာသလို၊ သူနာမကျန်းဖြစ်တာ တဖြည်းဖြည်း စပြီး တိုးတက်ကောင်းမွန်လာတယ်။ ဖန်မင်းရဲ့ အခက်အခဲတွေနဲ့ စိတ်ကူးတွေကို ဖြေရှင်းဖို့ အစ်မလီက ဘုရားနှုတ်ကပတ်တော်နဲ့ ပတ်သက်လို့ မိတ်သဟာယအများကြီး ပေးခဲ့သလို၊ နောက်ဆုံးသော ကာလထဲက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်နဲ့ ပတ်သက်လို့ ဖန်မင်းက မြန်မြန်ဆန်ဆန် သေချာလာခဲ့တယ်။ ကျွန်မကိုလည်း သူက ပြောတယ်။ “အရင်က နင် ငါ့ကို ဘုရားနှုတ်ကပတ်တော် ဖတ်ပြတော့၊ အပြင်ပန်းမှာ နင့်ကို လျစ်လျူရှုခဲ့ပေမဲ့၊ တကယ်တော့ တချို့ကို ငါ နားထောင်နေခဲ့ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရားရှိတာ ခံစားရပေမဲ့၊ ငါမှားသွားနိုင်တာကို ကြောက်လို့ လက်မခံရဲခဲ့တာပဲ။ အခု ငါနားလည်ပြီဖြစ်သလို လက်ခံဖို့ လိုလားနေပြီ”တဲ့။ ဘုရားအမှုတော်အကြောင်း ဖန်မင်း သေချာသွားတာ မြင်ရတော့ အရမ်းဝမ်းသာမိတဲ့အပြင်၊ အရမ်းလည်း တို့ထိခံခဲ့ရတယ်။ လူတစ်ဦးစီက ဘုရားအိမ်တော်ထဲ ပြန်လာမဲ့အချိန်ကို ဘုရားက သတ်မှတ်ထားသလို၊ ဘုရားအပေါ် အစစ်အမှန် ကျွန်မတို့ မှီခိုသရွေ့၊ ဘုရားရဲ့ လုပ်ဆောင်ချက်တွေ မြင်နိုင်တယ်။ နောက်ပိုင်းမှာ၊ ဖန်မင်းက သူ့မိတ်ဆွေတွေနဲ့ အသိတွေဆီ ဧဝံဂေလိ ဖြန့်ဖို့ ကမ်းလှမ်းခဲ့တယ်။ ကာလတစ်ခုကြာ ပူးပေါင်းလုပ်ပြီးတဲ့နောက်မှာ၊ လူဆယ်လေးယောက်က နောက်ဆုံးသော ကာလထဲက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံခဲ့ကြတယ်။
ဧဝံဂေလိဟောတဲ့ ဒီအတွေ့အကြုံကတစ်ဆင့်၊ ဘုရားရဲ့ လုပ်ဆောင်ချက်တွေကို အစစ်အမှန် တွေ့ခဲ့တယ်။ ဒီအတောအတွင်းမှာ၊ အခက်အခဲတွေ အများကြီး ကြုံခဲ့ရသလို၊ တစ်ခါတလေ အားနည်းပြီး နှုတ်ထွက်ချင်ခဲ့ပေမဲ့၊ ဘုရားက ကျွန်မရဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းကို စုံလင်စေဖို့ ဒါကို အသုံးပြုပြီး၊ ပိုများတဲ့ သမ္မာတရားနဲ့ ကျွန်မကို ပြင်ဆင်စေပုံကို ကျွန်မ တွေ့ကြုံခဲ့ရတယ်။ ဘုရားကို မှီခိုပြီး မျှော်ကြည့်ခြင်းက အကြီးမားဆုံး ဉာဏ်ပညာဖြစ်ပုံကိုလည်း တွေ့ကြုံခဲ့တယ်။ အခု၊ ဧဝံဂေလိဟောပြီး ဘုရားအတွက် သက်သေခံဖို့ ပိုတောင် စိတ်ဆုံးဖြတ်ထားတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။