အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို တိုင်ကြားခြင်း ဇာတ်လမ်းတစ်ပုဒ်
၂၀၁၀ ခုနှစ်မှာ၊ ကျွန်မက အသင်းတော်မှာ စာတည်းဖြတ်တဲ့ တာဝန်ကို လုပ်နေခဲ့တယ်။ အသင်းတော် ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အစ်မလီနဲ့ ကျွန်မရဲ့ ဆက်ဆံရေးမှာ၊ သူက ဘုရားကိုစယုံပြီးတဲ့နောက် ရက်တချို့အကြာမှာပဲ အသင်းတော် ခေါင်းဆောင်အနေနဲ့ အရွေးခံခဲ့ရတယ်လို့ သိရတယ်။ သူက ကျွန်မတို့ကို မကြာခဏ ပြောတယ်၊ “ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက၊ ဘုရားက ကျွန်မကို အမြဲ ကျေးဇူးပြုခဲ့တယ်။ ကျွန်မရဲ့ ခေါင်းဆောင်တွေက ကျွန်မကို အခက်အခဲတွေရှိနေတဲ့ အသင်းတော်တွေဆီ အမြဲ လွှဲပြောင်းပေးတယ်။ တစ်ခါတလေ ကျွန်မ မသွားချင်ခဲ့ဘူး။ ဒါပေမယ့် ဒါက ဘုရားရဲ့ စေခိုင်းချက်မှန်း သိလို့ ကျွန်မရဲ့ ဇာတိအကျိုးစီးပွားတွေကို ထည့်မစဉ်းစားခဲ့ဘူး။ ဘုရားကို ကျွန်မ သစ္စာစောင့်သိရမယ်လေ။ ဒါကြောင့် ကျွန်မ လက်ခံလိုက်တယ်။ ကျွန်မ သွားတဲ့ အသင်းတော်တိုင်းမှာ၊ ကျွန်မ အလှည့်တွေကို ကျွန်မ လုပ်ပြီး၊ ပရမ်းပတာ ဖြစ်နေတဲ့ အသင်းတော်တစ်ခုက ပုံမှန် ပြန်ဖြစ်သွားတယ်။ ပြီးတော့ အသင်းတော် အသက်တာနဲ့ ဧဝံဂေလိအလုပ်က ထိထိရောက်ရောက် ပြန်ဖြစ်သွားတယ်။ တစ်ခါတလေ အခက်အခဲတွေနဲ့ ကျွန်မ ကြုံရပေမယ့်၊ ဘုရားဆီ ဆုတောင်းပြီး ရှေ့ဆက်ဖို့လမ်းကို ဘုရားက ဖွင့်ပေးတယ်။ အရာရာက ချောချောမွေ့မွေ့ ဖြစ်သွားတယ်။ ဘုရားရဲ့ အလုပ်က အရမ်း အံ့ဩစရာကောင်းတာကို မြင်ရတယ်...”တဲ့။ အဲဒီတုန်းက၊ အစ်မလီရဲ့ အတွေ့အကြုံကို ကြားရတော့ သူ့ကို လေးစားမခဲ့တယ်။ သူက ဝန်ထုပ်ကို ထမ်းနိုင်ပြီး အစွမ်းအစရှိတဲ့ အမှုတော်ဆောင်လို့ ထင်မိခဲ့တယ်။ ကျွန်မ သတိရတယ်၊ တစ်ခါ အစည်းအဝေး မတိုင်ခင်၊ ကျွန်မက သာမန်ကာလျှံကာ စကားစမြည်ပြောနေခဲ့ပြီး၊ အစ်မလီက ကျွန်မကို ကြားဖြတ်ပြောလိုက်တယ်၊ “ဒီမှာ အချိန်က တန်ဖိုးရှိလို့ အစည်းအဝေးမှာ အာလာပသလ္လာပ မပြောကြစို့နဲ့။ ဘုရားနှုတ်ကပတ်တော်အပေါ် မိတ်သဟာပြုဖို့ ဒီအချိန်ကို သုံးကြရအောင်”တဲ့။ သူအဲဒါပြောတာ ကြားရတော့ ကျွန်မ နည်းနည်း စိတ်အနှောင့်အယှက်ဖြစ်ပေမယ့် သူ့ကို ပိုပြီးတောင် လေးစားမိသွားတယ်။ ကျွန်မ တွေးမိတယ်၊ “နှစ်ကာလတွေ တစ်လျှောက်မှာ ခေါင်းဆောင်အများကြီးနဲ့ ငါ ဆုံဖူးတယ်။ ဒါပေမယ့် အစ်မလီက ငါ ပထမဆုံး တွေ့ဖူးတဲ့ အရမ်းလေးနက်ပြီး၊ အရမ်း ဘုရားတရားကိုင်ရှိုင်းသလို၊ သမ္မာတရား အားထုတ်မှုကို အရမ်း ဆက်ကပ်ထားတဲ့ သူပဲ” လို့ပေါ့။ သူ့ကို ကျွန်မ ပိုလို့တောင် အထင်ကြီးပြီး လေးစားခဲ့တယ်။ ဒါပေမယ့် သူနဲ့ အချိန်အကြာကြီး ဆက်ဆံပြီးတဲ့နောက်မှာ၊ သူ့မိတ်သဟာယက အတော်လေး ယုတ္တိရှိပြီး အပြင်ပန်းမှာ သူက သမ္မာတရား အားထုတ်တဲ့သူလို ဖြစ်ပုံပေါ်ပေမယ့်၊ ဘုရားနှုတ်ကပတ်တော်အရ သူ့ကိုယ်သူ ဘယ်လိုဆင်ခြင်သုံးသပ်ပြီး သိလာခဲ့တယ်ဆိုတာကို၊ ဘုရားနှုတ်ကပတ်တော်နဲ့ဆိုင်တဲ့ သူ့ရဲ့ လက်တွေ့ကျတဲ့ အတွေ့အကြုံကို မိတ်သဟာယပြုတာ အရမ်းရှားတာကို ကျွန်မ သတိပြုမိလိုက်တယ်။ သူ့ရဲ့ မိတ်သဟာယ အများစုက သူ့ကို တခြားလူတွေ အထင်ကြီးအောင် သူဟာ ယဉ်ကျေးတဲ့သူဖြစ်ပြီး ဘုရားအိမ်တော်က အရေးကြီးတဲ့ အခန်းကဏ္ဍမှာ အသုံးပြုတဲ့သူဖြစ်မှန်း တခြားလူတွေ ထင်စေဖို့ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်ပြီး ကြွားတဲ့ ပုံစံအမျိုးမျိုး ဖြစ်နေတယ်။ ဒါပေမယ့် အဲဒါထက် ဆိုးတာက ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေ ပါဝင်တဲ့ အဓိကကိစ္စတချို့မှာ၊ သူက သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့တာပဲ။ ပြီးတော့ သိသိကြီးနဲ့ လိမ်တယ်၊ လှည့်ဖြားတယ်၊ တာဝန်ကို ခေါင်းရှောင်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကြိုးစားတယ်။ ကျွန်မ သတိရတယ်၊ တစ်ခါ အစ်မလီရဲ့ အလုပ်အတွက် တာဝန်ရှိတဲ့ ခေါင်းဆောင် အစ်ကို ဆွန်က အသင်းတော်ထဲမှာ မကောင်းမှုတွေ ကျူးလွန်မိတယ်။ သူက ဘုရားရဲ့ လှူဖွယ်ပစ္စည်းတွေကို အလွဲသုံးစားလုပ်ပြီး အပိုင်စီးတယ်။ သူ့ကို အန္တိခရစ်လို့ နာမည်ပေးခံရပြီး နှင်ထုတ်ခံခဲ့ရတယ်။ အစ်ကို ဆွန်ရဲ့ မကောင်းတဲ့ လုပ်ရပ်တွေကို အစ်မလီက သိခဲ့ပြီး၊ တကယ်တော့ သူက အဲဒီကိစ္စတွေမှာ ပါနေခဲ့တာပါ။ ဒါပေမယ့် အစ်ကိုဆွန် နှင်ထုတ်ခံရတဲ့နောက်၊ သူ့ရဲ့ မကောင်းမှုတွေအကြောင်း ကျွန်မတို့ ပြောဆိုဆွေးနွေးခဲ့ကြပြီး၊ အစ်မလီက အစ်ကိုဆွန်ရဲ့ မကောင်းမှုမှာ သူပါဝင်တာကို ငြင်းရုံတင်မက၊ သူ့ကိုယ်သူ မဆင်ခြင်ခဲ့သလို၊ ဘုရားဆီ နောင်တမရခဲ့ဘူး၊ ပြီးတော့ လုံးဝ အဲဒီကိစ္စနဲ့ ကင်းရှင်းသလိုမျိုး၊ အဲဒါနဲ့ပတ်သက်လို့ ဘာကိုမှ မသိခဲ့သလို မပါခဲ့သလိုမျိုး သူ့ကိုယ်သူ သရုပ်ဆောင်ပြနေခဲ့တယ်။ အဲဒီအချိန်မှာ၊ အစ်မလီက အပြောနဲ့အလုပ် မညီမှန်း ကျွန်မ သိသွားတယ်။ သူက သူတော်ကောင်းယောင်ဆောင်တဲ့သူပဲ။ အစ်မလီက သူ့ကိုယ်သူ ဟန်ဆောင်ပြီး စကားမြင့်မြင့်တွေနဲ့ လှည့်ဖြားရာမှာ ကျွမ်းတော့ သူ့နာမည်ကို ပြောတဲ့အခါ တချို့ ညီအစ်ကို မောင်နှမတွေရဲ့ မျက်နှာတွေမှာ လေးစား၊ ကြည်ညိုတဲ့ အမူအရာတစ်ခု ပေါ်လာတယ်။ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ ကျွန်မက အစ်မလီရဲ့ အပြုအမူနဲ့ သူ့အလုပ်နဲ့ မိတ်သဟာယ အကျိုးဆက်တွေကို မြင်တဲ့အခါ၊ အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေကို သိမြင်ခြင်း အခြေခံသဘောတရားတွေကို သုံးခဲ့ကြပြီး၊ အစ်မလီကို အယောင်ဆောင် ခေါင်းဆောင်လို့ ဆုံးဖြတ်လိုက်ကြတယ်။ ပြီးတော့ အစ်မလီနဲ့ပတ်သက်တဲ့ ဒီပြဿနာတွေကို တိုင်ကြားတဲ့ စာတစ်စောင် ခေါင်းဆောင်တွေဆီ ရေးလိုက်တယ်။
စာကို ပို့ပြီးတဲ့နောက်၊ အစ်မလီနဲ့ပတ်သက်လို့ ကျွန်မတို့ ပြောတာကို ခေါင်းဆောင်တွေက အတည်ပြုစစ်ဆေးဖို့အတွက် ကျွန်မတို့ စောင့်ခဲ့ပေမယ့် လဝက်ကြာတဲ့အထိ ကျွန်မတို့ ပြန်စာ မရသေးဘူး။ ဒါနဲ့ပတ်သက်လို့ ကျွန်မလုပ်ဖော်ကိုင်ဖက်နဲ့ ကျွန်မက သိချင်နေခဲ့ကြပြီး၊ တစ်နေ့မှာ အစ်မလီက ကျွန်မတို့နဲ့ အစည်းအဝေးကို ပျော်ပျော်ရွှင်ရွှင်လာပြီး၊ ခေါင်းဆောင်တွေက သူ့ကို ပျိုးထောင်ပေးဖို့ ရည်ရွယ်ကြတယ်လို့ ပြောတယ်။ ကျွန်မ မယုံနိုင်ခဲ့ဘူး။ “ထုတ်ပယ်မယ့်အစား၊ ဒီအယောင်ဆောင် ခေါင်းဆောင်က ပျိုးထောင်ခံရပြီး အရေးပါတဲ့ ကဏ္ဍတွေမှာ အသုံးပြုခံရတယ်။ ငါတို့က သမ္မာတရားရဲ့ အခြေခံသဘောတရားတွေကို နားမလည်သလို ချင့်ချိန်နိုင်စွမ်းမရှိလို့ သူ့ကို မမှန်မကန် သတင်းပို့မိခဲ့တာများလား” လို့ တွေးမိတယ်။ တစ်လကျော်ကြာပြီးတဲ့နောက်၊ အစ်မလီ ထပ်လာပြီး အသင်းတော်က ခေါင်းဆောင်သစ်တွေ ရွေးဖို့ စီစဉ်နေတဲ့အကြောင်းနဲ့ ညီအစ်ကို မောင်နှမ အများစုက သူ့အပေါ် အပြုသဘောဆောင်တဲ့ သုံးသပ်ချက်ရှိပြီး ခေါင်းဆောင်အနေနဲ့ ရွေးချင်ကြတဲ့အကြောင်း ပြောတယ်။ အဲဒါကို ကြားတော့၊ ကျွန်မ ကြက်သေသေသွားတယ်။ “အစ်မလီက မရိုးသလို ကောက်ကျစ်တယ်။ သူက ခေါင်းဆောင်ဖြစ်ဖို့ လုံးဝ မသင့်တော်ဘူး။ အစ်မလီကို တိုင်ကြားဖို့ နောက်ထပ် စာတစ်စောင် ရေးသင့်တယ်”လို့ တွေးမိတယ်။ ဒါပေမယ့် စာကိုရေးဖို့ အသင့်ဖြစ်နေတုန်းမှာ ကျွန်မ ဝန်လေးနေခဲ့တယ်။ အဲဒီအချိန်မှာ လူအများကြီးက အစ်မလီအပေါ် သိမြင်မှုမရှိကြသလို၊ သူ့ရဲ့ အယောင်ဆောင် အပြင်ပန်း ပုံပန်းနဲ့ လှည့်ဖြားခံရတာလေ။ သူ့ကို တိုင်ကြားဖို့ ကျွန်မ စာတစ်စောင် ထပ်ရေးပြီး၊ ခေါင်းဆောင်တွေက တကယ့် အခြေအနေကို နားမလည်ကြရင်၊ ကျွန်မက အစ်မလီအပေါ် မလိုမုန်းတီးစိတ် ထားနေတယ်လို့ ထင်ကြမလား ပေါ့။ အဲဒါအပြင်၊ စာကိုရေးတာ ကျွန်မမှန်း အစ်မလီသိသွားရင်၊ အဲဒါကို သူ မကျေမချမ်းနိုင်ဖြစ်ပြီး ကျွန်မကို တမင်ဖျက်ဆီးဖို့ တိတ်တဆိတ် ကြိုးစားနေမလား ပေါ့။ ဒါ့အပြင်၊ ကျွန်မတို့ ထုတ်ပြန်တဲ့ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေ၊ တရားဒေသနာတွေနဲ့ မိတ်သဟာယတွေက သူကနေတဆင့် သွားရတာလေ၊ ဒီတော့ သူ့ကို ကျွန်မတို့ စိတ်ဆိုးအောင်လုပ်မိရင်၊ သူ ကျွန်မတို့ကို တနည်းနည်းနဲ့ တက်တက်ကြွကြွ ဖိနှိပ်စရာ လိုမှာမဟုတ်ဘူး၊ ကျွန်မတို့ကို လျစ်လျူရှုလိုက်ရုံလိုက်ရုံနဲ့ ကျွန်မတို့ သေရေးရှင်ရေး အကျပ်အတည်းထဲ ရောက်ဖို့ လုံလောက်တယ်။ အဲဒါတွေကို တွေးမိတာက ကျွန်မကို အရမ်း ဇဝေဇဝါ ဖြစ်စေခဲ့တယ်။ သူ့ကို ကျွန်မ ထပ်တိုင်ကြားသင့်လား၊ ဒါမှမဟုတ် သူ့အကြောင်း မေ့လိုက်သင့်လားပေါ့။ ကျွန်မရဲ့ ကိုယ်ကျိုးစီးပွားတွေ၊ အနာဂတ်နဲ့ ကံကြမ္မာတွေကို ထည့်စဉ်းစားတဲ့အခါ၊ ကျွန်မကို ချည်နှောင်ပြီး ဘောင်ခတ်နေတဲ့ မမြင်ရတဲ့ အမှောင်လွှမ်းမိုးမှုတစ်ခု ရှိသလိုမျိုး ခံစားခဲ့ရတယ်။ သူ့ရဲ့ ဖိနှိပ်မှုကနေ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့၊ နည်းနည်းကြိုးစားလိုက်ရပြီး နောက်ဆုံးမှာ လက်လျှော့လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ခဏတော့ သူ့ကို တိုင်ကြားတာ မေ့ထားလိုက်ဖို့ ကျွန်မ ဆုံးဖြတ်ခဲ့တယ်။ “အနည်းဆုံးတော့ ငါတို့မှာ အခု အစ်မလီအပေါ် ထိုးထွင်းသိမြင်မှုရှိပြီး သူ့ရဲ့ လှည့်ဖြားတာ ခံရတော့မှာ မဟုတ်ဘူး။ ဒီတော့ ခုချိန်မှာ ဒါက လုံလောက်မှာပါလေ။ တစ်နေ့မှာ၊ ဘုရားက ကိစ္စတွေကို ထုတ်ဖော်မှာဖြစ်သလို လူတိုင်းက အစ်မလီနဲ့စပ်လျဉ်းပြီး ထိုးထွင်းသိမြင်မှုရပြီး သူ့ကို အရှိအတိုင်း မြင်ကောင်းမြင်ကြမှာပါ။ အဲဒီနေ့ ရောက်လာတဲ့အခါ၊ ဖြစ်သင့်တဲ့အတိုင်း သူ အစားထိုးခံရမှာပါလေ” ဆိုပြီး ကျွန်မ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်တယ်။
တစ်လကျော်ကြာပြီးတဲ့နောက်၊ ညီအစ်မနှစ်ယောက်ဆီက စာတစ်စောင် ကျွန်မတို့ ရတယ်။ သူတို့ရဲ့စာ ပြောတာက အစ်မလီဟာ အယောင်ဆောင် ခေါင်းဆောင်မှန်း သူတို့ ရိပ်မိပြီး သူ့ကို တိုင်ကြားချင်တယ်တဲ့။ ပြီးတော့ ကျွန်မတို့ရဲ့ အကြံဉာဏ်တွေကို တောင်းထားပြီး အကြံပေးစရာတစ်ခုခု ရှိမရှိ မေးထားတယ်။ နောက်ဆုံးအခေါက် အစ်မလီကို ကျွန်မတို့ တိုင်ကြားခဲ့ကတည်းက ပြန်စာမရသေးပုံကို ကျွန်မ တွေးမိတယ်။ သူ့ကို ထပ်တိုင်ကြားရင်၊ ကျွန်မတို့က ခေါင်းဆောင်ကို တိုက်ခိုက်ဖို့ အုပ်စုဖွဲ့ပြီး အသင်းတော် အလုပ်ကို နှောင့်ယှက်နေကြတယ်လို့ ခေါင်းဆောင်တွေက ပြောကြမလားပေါ့။ အဲဒီလို ဖြစ်ရင်၊ အစ်မလီ အထုတ်မခံရခင်၊ သူ့ကို တိုင်ကြားခဲ့တဲ့ ကျွန်မတို့က အစားထိုးခံရပြီး အိမ်အပို့ခံရမယ့် အလားအလာ အရမ်းရှိတယ်။ ဒါကို စိတ်ထဲမှာတွေးရင်းနဲ့ ကျွန်မ လုပ်ဖော်ကိုင်ဖက်နဲ့ ကျွန်မက၊ “ရှင်တို့ဘာသာ သူ့ကို တိုင်ကြားနိုင်တယ်။ ကျွန်မတို့ သူ့ကို အရင်က တစ်ခါ တိုင်ခဲ့တယ်၊ ဒီတော့ ဒီတစ်ခါ သူ့ကို ထပ်ပြီး မတိုင်ကြားတော့ဘူး”လို့ ပြောထားတဲ့ စာတစ်စောင်နဲ့ အဲဒီညီအစ်မ နှစ်ယောက်ကို ပြန်ဖြေလိုက်တယ်။ ပြန်ဖြေပြီးတဲ့နောက်၊ ကျွန်မ အရမ်း နောင်တရမိတယ်။ တာဝန်ကို ကျွန်မ ရှောင်လွဲနေပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လှည့်ကွက်တွေ ကစားနေမှန်း သဘောပေါက်မိတယ်။ အဲဒါက အမှောင်စွမ်းအားကို ရင်ဆိုင်ရာမှာ သူရဲဘောကြောင်ပြီး နောက်ဆုတ်တာပဲ။ ကျွန်မရဲ့ အတွင်းစိတ် ရှုတ်ချခံရမှုကနေ ကိုယ့်ကိုယ်ကိုယ် လွတ်အောင်၊ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ဖို့ အရင်က အကြောင်းပြချက်တွေကိုပဲ သုံးလိုက်တယ်။ “ခုချိန်မှာတော့၊ လူအများကြီးက အစ်မလီအပေါ် သိမြင်မှု မရှိကြဘူး။ သူ့ကို ငါတို့ မရမက ဆက်တိုင်ပြီး သူအထုတ်ခံရဖို့အတွက် ထောက်ခံနေရင်၊ ညီအစ်ကို မောင်နှမတွေက ခွင့်ပြုမှာ မဟုတ်ဘူး။ သူ့ကို ကာကွယ်ဖို့ ကြိုးစားကြမှာပဲ။ ညီအစ်ကို မောင်နှမတွေ ထိုးထွင်းသိမြင်မှု ရှိတဲ့အထိ ငါတို့ စောင့်သင့်တယ်။ မှန်ကန်တဲ့ အချိန်ရောက်တဲ့အခါ၊ သူ့ အလိုလို အစားထိုးခံရမှာပါ”လို့ပေါ့။ ကျွန်မ တွေးမိတာ အဲဒါဖြစ်ပေမယ့်၊ အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေကို ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော် စာပိုဒ်တွေ မြင်တဲ့အခါတိုင်း၊ ကိုယ့်အသိစိတ်ရဲ့ ရှုတ်ချတာ ခံရတယ်။ ကျွန်မရှေ့က အယောင်ဆောင် ခေါင်းဆောင် ပြဿနာကို မဖြေရှင်းရင်၊ စာတန်က အသင်းတော် အလုပ်ကို နှောင့်ယှက်၊ ဖျက်ဆီးနေတဲ့အချိန်မှာ ကျွန်မက သူ့ကို သည်းခံနေပြီး အကာအကွယ် ပေးနေတာ မဟုတ်လား။ အထူးသဖြင့် ကျွန်မတို့ကို ဧည့်ခံတဲ့ ညီအစ်ကို မောင်နှမတွေက လီကို လေးစားကြတာ မြင်ရတဲ့အခါ၊ သူ့ကို အယောင်ဆောင် ခေါင်းဆောင်အဖြစ် ကျွန်မတို့ ဖော်ထုတ်လိုက်တာနဲ့၊ သူတို့က ချင့်ချိန်နိုင်စွမ်း ရှိမှာမဟုတ်ရုံမက၊ ကျွန်မတို့ကိုလည်း မကျေမချမ်းဖြစ်ပြီး အပြစ်တင်ကြမှာဖြစ်သလို၊ အစ်မလီကို ကျွန်မတို့ တမင်တိုက်ခိုက်နေတာလို့ ထင်ကြမှာ။ ဒီအယောင်ဆောင် ခေါင်းဆောင်က လူတွေကို အရမ်းလှည့်ဖြားထားတာ မြင်ရပြီး အသင်းတော်ထဲက ညီအစ်ကို မောင်နှမ ဘယ်နှစ်ယောက်ကများ ဒီလှည်းဖြားမှု ခံရသူတွေ ဖြစ်မလဲဆိုတာ မသိတဲ့အခါ၊ အယောင်ဆောင် ခေါင်းဆောင်တွေက ဘုရားရွေးချယ်ထားသူတွေရဲ့ အသက် ဝင်ရောက်မှုအတွက် အဟန့်အတားနဲ့ ခလုပ်တံသင်းဖြစ်မှန်း ပိုလို့တောင် ခံစားရတယ်။ အဲဒီအချိန်မှာ၊ အစ်မလီကို ဖြစ်နိုင်သမျှ မြန်မြန် အစားထိုးတာကလွဲလို့ ဘာကိုမှ ကျွန်မ မလိုချင်ဘူး၊ ဒါပေမယ့် သူ့ကို ထပ်တိုင်ကြားစာ ရေးဖို့ သတ္တိ ကျွန်မမှာ မရှိခဲ့ဘူး။ ကျွန်မတို့ကို ဧည့်ခံနေတဲ့ ညီအစ်ကို မောင်နှမတွေကို စိတ်ဆိုးစေမိမှာကို သက်သက် ရှောင်ရှားရင်းနဲ့ပဲ၊ အစ်မလီရဲ့ အပြုအမူကို မဖော်ထုတ်ရဲခဲ့ဘူး။ ဒါပေမယ့် စိတ်နှလုံးထဲမှာတော့ အစ်မလီကို ကိုယ့်ဘာသာ ရှုတ်ချပြီး စွပ်စွဲနေခဲ့တယ်။ ဘယ်လိုဖြစ်ပြီး ကျွန်မ အရမ်း သူရဲဘောကြောင်ပြီး အသုံးမကျ ဖြစ်နိုင်ရတာလဲလို့ တွေးမိတယ်။ အယောင်ဆောင် ခေါင်းဆောင်က အသင်းတော် အလုပ်ကို နှောင့်ယှက်နေတာ ကျွန်မ မြင်ခဲ့ပြီး မတိုင်ကြားရဲဘူး။ အမှန်တရားကိုတောင် မပြောရဲခဲ့ဘူး။ ကျွန်မက စာတန်ရဲ့ ကျွန်ပဲ မဟုတ်လား။ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ တွေးမိတယ်။ “သင်တို့အားလုံးက ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အရေးထားကာ၊ အသင်းတော်၏ သက်သေခံချက်ကို ကာကွယ်ပြောဆိုမည်ဟု ပြောကြသော်လည်း၊ သင်တို့ထဲမှ မည်သူသည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် အရေးထားခဲ့ကြပြီနည်း။ သင့်ကိုယ်သင် မေးလော့- သင်သည် ဘုရားသခင်၏ ဝန်ထုပ် ဝန်ပိုးကို ထည့်သွင်းစဉ်းစားမှု ပြသပြီးသော သူတစ်စုံတစ်ဦးလော။ ဘုရားသခင်အတွက် ဖြောင့်မတ်ခြင်းတရားကို သင်လက်တွေ့ လုပ်ဆောင်နိုင်သလော။ ငါ့အတွက် သင်ထရပ်ကာ ပြောဆိုနိုင်သလော။ သင်သည် သမ္မာတရားကို တည်ကြည်ခိုင်မာစွာ လက်တွေ့လုပ်ဆောင် နိုင်သလော။ စာတန်၏ လုပ်ရပ်အားလုံးကို ဆန့်ကျင်တိုက်ခိုက်ရလောက်အောင် သင်သည် ရဲရင့်သလော။ သင်သည် သင်၏ စိတ်ခံစားမှုများကို ဘေးဖယ်ကာ၊ ငါ၏ သမ္မာတရားအတွက် စာတန်ကို ဖော်ထုတ်ပေးနိုင်မည်လော။ သင့်အထဲတွင် ငါ၏ ရည်ရွယ်ချက်များ ပြည့်စုံစေခွင့် သင် ပေးနိုင်သလော။ အရေးအပါဆုံးသော အခိုက်အတန့်များတွင် သင်၏နှလုံးသားကို သင် ဆက်ကပ်ပြီးပြီလော။ သင်သည် ငါ၏အလိုကို လုပ်ဆောင်သောသူ တစ်စုံတစ်ဦးလော။ ဤမေးခွန်းများကို သင့်ကိုယ်သင် မေးပြီး ၎င်းတို့နှင့်ပတ်သက်၍ မကြာခဏ စဉ်းစားလော့။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) ဘုရားနှုတ်ကပတ်တော် ထုတ်ဖော်ပြတဲ့ အရာက ကျွန်မကို ကသိကအောက်ဖြစ်စေပြီး အရှက်ရစေတယ်။ ပုံမှန်အားဖြင့်၊ ကျွန်မက ဘုရားရဲ့အလိုတော်ကို ထောက်ထားပြီး သူ့အတွက် သက်သေရပ်တည်မယ်ဆိုပြီး ပေါ်ပင်ရေပန်းစား စကားလုံးတွေကို အော်တဲ့နေရာမှာ တော်တယ်၊ ပြီးတော့ ဘုရားကို ချစ်ပြီး စိတ်ကျေနပ်စေချင်တယ်လို့ ပြောရင်းနဲ့ မကြာခဏ ဆုတောင်းတယ်၊ ဒါပေမယ့် တကယ် တစ်ခုခုဖြစ်လို့ ထရပ်ပြီး ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ ကျွန်မ ပန်ကြားခံရတာနဲ့၊ ကျွန်မ ခေါင်းမဖော်ဝံ့ဘဲ ရှိနေခဲ့တယ်။ ဘုရားရဲ့ လေးနက်တဲ့ ဆန္ဒက အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေကို ထုတ်ပစ်ဖို့မှန်း ရှင်းရှင်းလင်းလင်း သိခဲ့ပြီး၊ အစ်မလီနဲ့ပတ်သက်လို့ သိမြင်မှု ကျွန်မ ရှိခဲ့ပေမယ့်၊ ဖိနှိပ်ခံရပြီး အထုတ်ခံရမှာ စိုးလို့၊ သူ့ကို အသင်းတော်ထဲက ညီအစ်ကို မောင်နှမတွေကို ဆက်အန္တရာယ်ပေးပြီး လှည့်ဖြားခွင့်ပေးမိခဲ့သလို၊ သူ့ကို မတိုင်ကြားရဲခဲ့ဘူး။ ပိုဆိုးတာက ကျွန်မကို ဧည့်ခံတဲ့ ညီအစ်ကို မောင်နှမတွေက အစ်မလီရဲ့ လှည့်ဖြားခံရတာကို မြင်တော့၊ အယောင်ဆောင် ခေါင်းဆောင်အပေါ် ထိုးထွင်းသိမြင်မှု ရဖို့ ဘယ်လိုကူညီမယ်ဆိုတာ မတွေးခဲ့တဲ့ အချက်ပဲ။ အဲဒီအစား၊ ကျွန်မ လက်လျှော့လိုက်တယ်။ အစ်မလီကို ဖော်ထုတ်တာက သူတို့ကို မပျော်မရွှင်ဖြစ်စေမှာနဲ့ ကျွန်မတို့ကို ဧည့်မခံတော့မှာကို ကြောက်တဲ့အတွက်၊ ကျွန်မရဲ့ ဇာတိ အကျိုးစီးပွားတွေ မထိခိုက်တာ သေချာစေဖို့၊ အစ်မလီရဲ့ အယောင်ဆောင် ခေါင်းဆောင်မှု အပြုအမူနဲ့ပတ်သက်ပြီး ကျွန်မ နှုတ်ဆိတ်နေခဲ့တယ်။ ကျွန်မရဲ့ အပြုအမူတွေအပေါ် သုံးသပ်ခဲ့ပြီး ကျွန်မက တကယ်တစ်ကိုယ်ကောင်းဆန်၊ စက်ဆုပ်စရာဖြစ်မှန်း တွေ့ခဲ့ရတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့၊ အယောင်ဆောင် ခေါင်းဆောင်ကို အသင်းတော်ထဲမှာ အာဏာစွဲကိုင်ခွင့်ပေးပြီး ဒါကို ကျွန်မက ဘာမှမလုပ်ဘဲ အသင်းတော် အလုပ်ကို နှောင့်ယှက်ခွင့်ပေးခဲ့တယ်။ ကျွန်မကို ဘုရားပေးတဲ့ အရာတိုင်းကို ကျွန်မ ခံစားခဲ့ပြီး ကျွန်မညီအစ်ကို မောင်နှမတွေရဲ့ ဧည့်ခံပြီး စောင့်ရှောက်တာခံခဲ့တယ်၊ ဒါတောင် ဘုရားအိမ်တော်ရဲ့ အလုပ်ကို ကျွန်မ မကာကွယ်ခဲ့ဘူး။ ကျွန်မနဲ့ ဘာမှမပတ်သက်သလို ကျွန်မရဲ့ တာဝန်မဟုတ်သလိုမျိုး ပြုမူခဲ့တယ်။ ဒါကို အသိစိတ်၊ ဒါမှမဟုတ် ဆင်ခြင်တုံတရားလို့ ဘယ်လိုခေါ်နိုင်မှာလဲ။ ကျွန်မ အခြေအနေနဲ့ အပြုအမူအပေါ် ကျွန်မ သုံးသပ်ခဲ့ပြီးတော့ အရမ်းအပြစ်ရှိသလို ခံစားရပြီး ရှက်မိတယ်။ တကယ်တော့ ကျွန်မက တစ်ကိုယ်ကောင်းဆန်တဲ့သူ၊ စက်ဆုပ်စရာ၊ ကောက်ကျစ်ပြီး လှည့်ဖြားတတ်တဲ့သူမှန်း တွေ့ရတယ်။ ဘုရားရှေ့မှာ လုံးဝ အသက်မရှင်ထိုက်တာပါ။
အဲဒီနောက် ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်ရတယ်။ “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို ဘုရားသခင်၏မိသားစုက ဆက်ရှိနေဖို့ ခွင့်မပြုသကဲ့သို့၊ အသင်းတော်ကို ရည်ရွယ်ချက်ရှိရှိ ဖြိုခွဲသူများကိုလည်း ရှိနေခွင့်မပြုပေ။ သို့သော် ယခုအချိန်သည် နှင်ထုတ်ခြင်းအမှုပြုရန် အချိန်မဟုတ်။ ထိုကဲ့သို့သော သူတို့သည် နောက်ဆုံးတွင် ဖော်ထုတ်ခံရမည်ဖြစ်ပြီး သုတ်သင်ဖယ်ရှင်း ခံရမည်သာ ဖြစ်သည်။ အသုံးမဝင်သော မည်သည့်အလုပ်ကိုမျှ ဤလူတို့အပေါ်၌ လုပ်တော့မည်မဟုတ်။ စာတန်နှင့် သက်ဆိုင်သောသူများသည် သမ္မာတရားဘက်တွင် မရပ်တည်နိုင်သော်လည်း၊ သမ္မာတရားကို ရှာသောသူများကမူ သမ္မာတရားဘက်တွင် ရပ်တည်နိုင်ကြသည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သော သူများသည် သမ္မာတရားလမ်းကို ကြားရဖို့ရန် မထိုက်တန်၊ သမ္မာတရားကို သက်သေခံဖို့ရန်လည်း မထိုက်တန်ပေ။ သမ္မာတရားသည် သူတို့ ကြားဖို့ လုံးဝမဟုတ်ချေ။ ယင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော သူများအတွက် ရည်ရွယ်ထားခြင်း ဖြစ်လေသည်။ လူတိုင်း၏နိဂုံးကို ဖွင့်မပြမီ၊ အသင်းတော်ကို နှောင့်ယှက်သောသူများနှင့် အမှုတော်ကို အဆက်ပြတ်စေသောသူများသည် နောက်မှ ကိုင်တွယ်ဖြေရှင်းဖို့ရန် ယခု ပထမဦးစွာ ဘေးဖယ်ခံရမည်ဖြစ်သည်။ အမှုတော် ပြီးဆုံးသွားသည်နှင့် ဤလူများသည် အသီးသီး ဖော်ထုတ်ခံရမည်၊ ထို့နောက် ၎င်းတို့ သုတ်သင်ဖယ်ရှင်း ခံရပေလိမ့်မည်။ လောလောဆယ်တွင် သမ္မာတရားကို ထောက်ပံ့ပေးစဉ်အတွင်း ၎င်းတို့ လျစ်လျူရှုခံရလိမ့်မည်။ လူသားမျိုးနွယ်အား သမ္မာတရား တစ်ခုလုံးကို ဖွင့်ပြသောအခါ ထိုလူများသည် ဖယ်ရှားခံရမည်ဖြစ်သည်။ ထိုအချိန်သည် လူအားလုံးကို မိမိတို့၏ အမျိုးအစားအလိုက် အတန်းအစားသတ်မှတ်မည့် အချိန်လည်းဖြစ်သည်။ ပိုင်းခြားသိမြင်မှုမရှိသောသူများ၏ သေးနုပ်သည့် လှည့်စားမှုများသည် ဆိုးယုတ်သူများ၏ လက်၌ ၎င်းတို့ပျက်စီးခြင်းဆီသို့ ဆိုက်ရောက်စေလိမ့်မည်၊ သူတို့သည် မကောင်းသောလူများအားဖြင့် အဝေးသို့ သွေးဆောင် ခံရလိမ့်မည်ဖြစ်ပြီး ဘယ်သောအခါမျှ ပြန်လာနိုင်မည် မဟုတ်ချေ။ ၎င်းတို့သည် သမ္မာတရားကို မချစ်သောကြောင့်၊ သမ္မာတရားဘက်က ရပ်တည်နိုင်စွမ်း မရှိသောကြောင့်၊ မကောင်းသောလူများနောက် လိုက်လျှောက်ပြီး၊ မကောင်းသည့်လူများဘက်က ရပ်တည်သောကြောင့်၊ မကောင်းသောလူများနှင့် ပူးပေါင်းကြံစည်ပြီး ဘုရားသခင်ကို အာခံသောကြောင့် ထိုသို့သော ဆက်ဆံခြင်းသည် ၎င်းတို့ ထိုက်တန်သောအရာ ဖြစ်သည်။ ထိုမကောင်းသောလူများ ရောင်ပြန်ဟပ်သည့်အရာသည် မကောင်းမှုဖြစ်သည်ကို သူတို့သည် ကောင်းစွာ သိသော်လည်း၊ သူတို့နောက် လိုက်ဖို့ မိမိတို့၏နှလုံးသားများကို မာကျောစေကြပြီး သမ္မာတရားကို ကျောခိုင်း ကြလေသည်။ သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်ဘဲ ဖျက်ဆီးတတ်ပြီး စက်ဆုပ်ဖွယ်အရာများကိုလုပ်သော ဤသူများအားလုံးသည် မကောင်းမှု ကျူးလွန်နေကြသည် မဟုတ်လော။ ထိုလူများအကြား၌ မိမိတို့ကိုယ်မိမိ ဘုရင်များအဖြစ် ပုံဖမ်းကြသော သူများနှင့် ၎င်းတို့နောက်သို့ တကောက်ကောက်လိုက်သော အခြားသူများ ရှိကြသော်လည်း၊ ထိုသူတို့၏ ဘုရားသခင်ကို အာခံသော သဘာဝဗီဇများသည် အားလုံးအတူတူပင် မဟုတ်လော။ ဘုရားသခင်သည် သူတို့ကို မကယ်တင်ဟု အခိုင်အမာပြောရန် သူတို့၌ မည်သည့် အကြောင်းပြချက်ရှိနိုင်သနည်း။ ဘုရားသခင်က မဖြောင့်မတ်ဟု အခိုင်အမာပြောရန် သူတို့၌ မည်သည့် အကြောင်းပြချက်ရှိနိုင်သနည်း။ သူတို့ကို ဖျက်ဆီးနေသည်မှာ သူတို့ကိုယ်တိုင်၏ မကောင်းမှုပင် မဟုတ်လော။ သူတို့ကို ငရဲဆီ ဆွဲခေါ်နေသည်မှာ သူတို့ကိုယ်တိုင်၏ ပုန်ကန်မှုပင် မဟုတ်လော။ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်သောသူများသည် အဆုံးတွင် သမ္မာတရားကြောင့် ကယ်တင်ခံရမည်ဖြစ်ပြီး စုံလင်အောင် ပြုခြင်း ခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများသည် အဆုံးတွင် သမ္မာတရားကြောင့် မိမိတို့ကိုယ်ကိုယ် ပျက်စီးစေကြလိမ့်မည်။ ဤသည်တို့မှာ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်သောသူများနှင့် လက်တွေ့ မလုပ်ဆောင်သောသူတို့ကို စောင့်နေသော နိဂုံးတို့ပင်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်၊ ကျွန်မက ဘုရားနှုတ်ကပတ်တော် ထုတ်ဖော်ပြတဲ့ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်တဲ့ လူစားမျိုးမှန်း တွေ့ရတယ်။ ကျွန်မက ဘုရားစက်ဆုပ်တဲ့ လူတစ်ယောက်ပဲ။ အရာရာမှာ၊ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းပြီး ကာကွယ်ဖို့ ကြိုးစားတယ်။ အယောင်ဆောင် ခေါင်းဆောင်နဲ့ ရင်ဆိုင်လျက်နဲ့ သမ္မာတရားကို လက်တွေ့မလုပ်ဝံ့သလို သူ့ကို မတိုင်ဝံ့ခဲ့ဘူး။ ကျွန်မက တကယ်ကို စာတန်ဆီ ဒူးထောက်ပြီး ဘုရားကို ခုခံဖို့ စာတန်နဲ့ ပေါင်းကြံနေခဲ့တာ မဟုတ်လား။ အပြင်ပန်းမှာ၊ ကျွန်မက အစ်မလီနဲ့ မရပ်တည်သလို သူ့ကို ကာကွယ်ပေးနေတာ မဟုတ်ပေမယ့်၊ အယောင်ဆောင် ခေါင်းဆောင်ကို ကျွန်မ တွေ့ခဲ့ပြီး သူ့ကို ကျွန်မ မတိုင်ကြား၊ မဖော်ထုတ်ခဲ့ဘူး။ သူ့ကို အသင်းတော်ထဲက ညီအစ်ကို မောင်နှမတွေကို ဇဝေဇဝါဖြစ်စေခွင့်ပေးပြီး လှည့်ဖြားခွင့်ပေးခဲ့သလို၊ အသင်းတော် အလုပ်ကို နှောင့်ယှက်၊ ဖျက်ဆီးခွင့်ပေးခဲ့တယ်။ ဒီလိုလုပ်ခြင်းအားဖြင့်၊ ကျွန်မက စာတန်ဘက်မှာ ရပ်တည်ပြီး စာတန်ရဲ့ မကောင်းတဲ့ အင်အားတွေကို ကူညီနေတာပဲ။ ဘုရားနှုတ်ကပတ်တော်က ပြောတယ်။ “ထိုမကောင်းသောလူများ ရောင်ပြန်ဟပ်သည့်အရာသည် မကောင်းမှုဖြစ်သည်ကို သူတို့သည် ကောင်းစွာ သိသော်လည်း၊ သူတို့နောက် လိုက်ဖို့ မိမိတို့၏နှလုံးသားများကို မာကျောစေကြပြီး သမ္မာတရားကို ကျောခိုင်း ကြလေသည်။ သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်ဘဲ ဖျက်ဆီးတတ်ပြီး စက်ဆုပ်ဖွယ်အရာများကိုလုပ်သော ဤသူများအားလုံးသည် မကောင်းမှု ကျူးလွန်နေကြသည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်) ဘုရားနှုတ်ကပတ်တော်က ကျွန်မလုပ်ခဲ့တာကို အတိအကျ ထုတ်ဖော်ပြတယ်။ သခင်ယေရှုက ဒီလိုပြောခဲ့ပုံကို ကျွန်မ တွေးမိတယ်၊ “ငါ့ဘက်၌ မနေသောသူသည် ငါ့ရန်ဘက်ဖြစ်၏။ ငါနှင့်အတူ မစုမသိမ်းသောသူသည် ကြဲဖြန့်သောသူ ဖြစ်၏။” (ရှင်မဿဲခရစ်ဝင် ၁၂:၃၀) ဘုရားနဲ့ စာတန်ကြားက တိုက်ပွဲမှာ၊ ဘုရားဘက်မရပ်တည်တာက စာတန်ဘက်ရပ်တာပဲ။ ကြားနေဆိုတာ မရှိဘူး။ ဒါပေမယ့် ကျွန်မက ပါးနပ်ဖို့၊ ကြားနေဖို့၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကြိုးစားနေခဲ့တယ်။ ဒါက စာတန်ဘက်ရွေးပြီး ဘုရားကို သစ္စာဖောက်တာနဲ့ ဘာကွာလို့လဲ။ အရင်က၊ လူအများကြီးက အစ်မလီအပေါ် ထိုးထွင်းသိမြင်မှု မရှိပေမယ့်၊ ဘုရားက သူ့ကို လုံးဝ ထုတ်ဖော်ပြပြီး အချိန်ကျတာနဲ့ အလိုလို သူ အစားထိုးခံရမယ်လို့ တွေးမိခဲ့တယ်။ အပြင်ပန်းမှာ၊ အဲဒီ စိတ်ကူးက အရမ်း ကျိုးကြောင်းသင့်ပုံပေါ်ပေမယ့်၊ တကယ်တော့ ကျွန်မတာဝန်ကို ကျွန်မ ရှောင်နေခဲ့တာပဲ။ အဲဒါက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ရှောင်ရှားတဲ့ ဆင်ခြေတစ်ခုပါပဲ။ ကျွန်မ လုပ်ခဲ့တဲ့ အရာရဲ့ အနှစ်သာရက အသင်းတော်ထဲက အယောင်ဆောင် ခေါင်းဆောင်ရဲ့ ဆိုးယုတ်မှုနဲ့ နှောင့်ယှက်မှုကို လျစ်လျူရှုဖို့ ဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ၊ ကျွန်မရဲ့ ညီအစ်ကို မောင်နှမတွေက အယောင်ဆောင် ခေါင်းဆောင်နဲ့ အန္တိခရစ်တွေရဲ့ လှည့်ဖြား၊ ထိန်းချုပ်တာ ခံရနိုင်တယ်ဆိုတာနဲ့ စာတန်ရဲ့ အမှောင်စွမ်းအားအောက် နေထိုင််တဲ့အခါ လွတ်လမ်းမရှိတာကို တွေ့ရတယ်။ အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေ လုပ်တဲ့ ဒီမကောင်းမှုက အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေအပေါ် ထိုးထွင်းသိမြင်မှုရှိပေမယ့် သူတို့ကို မတိုင်ကြား၊ မဖော်ထုတ်တဲ့ ကျွန်မတို့ကြောင့်လည်း ဖြစ်တာပါ။ ကျွန်မကို အယောင်ဆောင် ခေါင်းဆောင်ရဲ့ ကြံရာပါလို့ ခေါ်ရင် လွန်မှာ မဟုတ်ဘူး။ ဒါတွေအားလုံးကို တွေးမိတာက ကျွန်မကို စိတ်မချမ်းမသာ ဖြစ်စေတယ်။ သိပ်တစ်ကိုယ်ကောင်းဆန်၊ စက်ဆုပ်စရာဖြစ်ပြီး၊ အားနည်း၊ ညံ့ဖျင်းတဲ့ အတွက် ကျွန်မကိုယ်ကျွန်မ မုန်းမိတယ်။ ကျွန်မက အချည်းနှီး၊ အသုံးမကျတဲ့ ကျွန်တစ်ယောက်ပဲ။ မကောင်းမှုနဲ့ တိုက်ပွဲမှာ ကျွန်မ သက်သေခံချက် လုံးဝ မရှိခဲ့ဘူး။ ကျွန်မက ဘုရားမုန်းတဲ့ အရာ ဖြစ်လာခဲ့ပြီ။ ဘုရားရှေ့ ကျွန်မလာပြီး နောင်တရဖို့ ဆုတောင်းတယ်။ အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေရဲ့ အမှောင်အင်အားကို ထိုးဖောက်ကျော်လွှားဖို့၊ ဘုရားဘက်မှာ တကယ်ရပ်တည်ဖို့နဲ့ စာတန်ရဲ့ အင်အားစုတွေကို “ငြင်း”ဖို့ ခွန်အားအတွက် ဘုရားဆီ တောင်းလျှောက်ခဲ့တယ်။ အဲဒီအချိန်မှာ၊ နောက်ထပ် သက်သေရှာတွေ့ပြီးတဲ့နောက် အစ်မလီကို တိုင်ကြားတဲ့ စာရေးချင်ခဲ့တယ်။ ဒါပေမယ့် မရေးနိုင်ခင်မှာ၊ အသင်းတော်က စုံစမ်းစစ်ဆေးခဲ့ပြီး အစ်မလီက အန္တိခရစ်လမ်းကြောင်း လျှောက်တဲ့ အယောင်ဆောင် ခေါင်းဆောင်ပဲလို့ ဆုံးဖြတ်ခဲ့ပြီး၊ သူ့တာဝန်တွေမှာ သူ့ကို လူစားလဲခဲ့တယ်။ အဲဒီအခါမှပဲ သူ့ကို တိုင်ကြားဖို့ဖြစ်တဲ့ ကျွန်မတို့ရဲ့ နဂိုစာကို တခြားအယောင်ဆောင် ခေါင်းဆောင်က ကြားဖြတ်ယူ၊ ထိန်းသိမ်းထားခဲ့မှန်း သိလိုက်ရတယ်။ အဲဒီအယောင်ဆောင် ခေါင်းဆောင်လည်း လက်တွေ့ကျတဲ့ အလုပ်မလုပ်တဲ့အတွက် အစားထိုးခံခဲ့ရတယ်။ အဲဒီတုန်းက ဒီသတင်းကြားတော့ ကျွန်မတို့ အရမ်းပျော်ခဲ့ကြတယ်၊ ဒါပေမယ့် အကြွေးတစ်ခုတင်သလိုမျိုး အပြစ်ရှိသလိုလည်း ကျွန်မ ခံစားရတယ်၊ ဘာလို့လဲဆိုတော့ ဘုရားအိမ်တော် အလုပ်ကို ကာကွယ်ဖို့၊ ဒီပတ်ဝန်းကျင်မှာ သက်သေရပ်တည်ဖို့ ပျက်ကွက်ခဲ့လို့ပါ။
အစ်မလီ အစားထိုးခံရတဲ့နောက်မှာ၊ အသင်းတော် ခေါင်းဆောင်သစ်က အသင်းတော် အလုပ်တွေကို လွှဲယူခဲ့ပြီး၊ အဲဒါ ဒီကိစ္စရဲ့ အဆုံးသတ်ပဲလို့ ကျွန်မ ထင်ခဲ့တယ်၊ ဒါပေမယ့် အဲဒီလို ဖြစ်မလာခဲ့ဘူး။ နောက်တစ်လကျော်ကြာပြီးတော့ တစ်ရက်မှာ ကျွန်မနဲ့ တွဲဖက်တဲ့ ညီမက အပြင်က ပြန်လာပြီး ပြောတယ်၊ အစ်မလီက အစားထိုးခံရတဲ့နောက်မှာ ခေါင်းမာနေတုန်းပဲတဲ့။ သူက ညီအစ်ကို မောင်နှမတွေကြားမှာ သူတို့ကို လှည့်ဖြားပြီး သူတို့ရဲ့ စာနာမှုကို ရဖို့ အယူအဆတွေ ဖြန့်နေတုန်းပဲဖြစ်သလို၊ ခေါင်းဆောင်သစ်က ပြန်ရုတ်သိမ်းခံရပြီး ခေါင်းဆောင်အနေနဲ့ သူ့ရာထူး ပြန်ရနိုင်ဖို့ သူကိုယ်တိုင်ရဲ့ အနီးအနားမှာ အုပ်စုတစ်ခု ဖွဲ့နေခဲ့တယ်တဲ့။ ဒီအကြောင်း ကျွန်မကြားတော့၊ ကျွန်မ အံ့သြမှင်သက်သွားတယ်။ ကျွန်မ ဘာလုပ်နိုင်မလဲ ပေါ့။ အစ်မလီရဲ့ မကောင်းတဲ့ အပြုအမူကို ကျွန်မတို့ ခေါင်းဆောင်တွေဆီ ဖြစ်နိုင်သမျှ မြန်မြန် ပြောပြဖို့ ကျွန်မ နည်းလမ်းရှာရမယ်။ ကံကောင်းထောက်မစွာနဲ့၊ အသင်းတော် ခေါင်းဆောင်သစ်တွေနဲ့ တွေ့ဆုံဖို့ အခွင့်အရေးတစ်ခု ရခဲ့ပြီး၊ သူတို့ကလည်း အစ်မလီရဲ့ အခြေအနေကို သူတို့ခေါင်းဆောင်တွေဆီ တိုင်ကြားစာရေးဖို့ ဆွေးနွေးနေကြတာဖြစ်သလို၊ အခြေအနေကို ဘယ်လို ရှင်းရှင်းလင်းလင်း ရှင်းပြရမယ်ဆိုတာကို ဆုံးဖြတ်ဖို့ ကြိုးစားနေကြတာ။ ကျွန်မတို့က စာရေးဖို့ လွယ်မှာဖြစ်တယ်လို့ ပြောပြပြီး၊ ကျွန်မတို့ကို ရေးခွင့်ပေးဖို့ အကြံပြုလိုက်တော့၊ သူတို့က ဝမ်းမြောက်ဝမ်းသာ သဘောတူခဲ့ကြတယ်။ နောက်နေ့မှာ၊ ကျွန်မအဖော်နဲ့ ကျွန်မ တိုင်ကြားစာ ရေးပြီးသွားပြီး ပြန်လည်ဆန်းစစ်ပြီး အတည်ပြုဖို့ ခေါင်းဆောင်တွေဆီ ပို့ဖို့ အသင့်ဖြစ်ပြီးတဲ့နောက်မှာ၊ ကျွန်မ အဖော်က ရုတ်တရက် ပြောတယ်၊ “စာပေါ်မှာ ကျွန်မတို့ နာမည်တွေကိုလည်း ထိုးလိုက်”တဲ့။ အဲဒါကို ကြားတဲ့အခါ ကျွန်မ ကြက်သေသေသွားတယ်။ သူတို့ကို စာကူရေးပေးဖို့ပဲ တွေးခဲ့တာလေ။ အဲဒီမှာ ကျွန်မနာမည်ထိုးဖို့ မစဉ်းစားခဲ့မိဘူး။ ကျွန်မအဖော်က အဲဒီလို ပြောတော့၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုစိတ်က ပေါ်လာပြန်တယ်။ “အစ်မလီနဲ့ သူ့အုပ်စုက ရက်စက်တယ်၊ ယုတ်မာတယ်၊ ပြီးတော့ တခြားလူတွေကို ဘယ်လိုလှည့်ဖြားရမယ်ဆိုတာ သိကြတယ်။ ဒီတစ်ခါ သူတို့ကို ကျွန်မတို့ မထုတ်ပယ်နိုင်ရင်၊ ပြီးတော့ လီက အာဏာကို ပြန်ရဖို့ တစ်နည်းနည်းနဲ့ စီမံနိုင်ပြီး အသင်းတော် ခေါင်းဆောင်ပြန်ဖြစ်လာရင်၊ ငါတို့ ဘာများ ဖြစ်သွားမလဲ။ သူ မကျေမချမ်းဖြစ်တဲ့သူတွေကို နှင်ထုတ်ပြီး သူ့ အာဏာကို အလွဲသုံးစားလုပ်တဲ့ အစ်မလီရဲ့ သမိုင်းကို ထည့်စဉ်းစားကြည့်တော့၊ သူ အာဏာပြန်ရခဲ့ရင်၊ ကျွန်မတို့ကို ကျွန်မတို့တာဝန်တွေမှာ သေချာပေါက် အစားထိုးမှာပဲ၊ အိမ်ပြန်ခိုင်းမှာ၊ နှင်တောင်နှင်ထုတ်ပစ်မှာပဲ။ အဲဒါသာ ဖြစ်ရင်၊ ဘုရားကို ကျွန်မ အချည်းနှီးယုံကြည်တာ ဖြစ်မှာ မဟုတ်လား။ ကယ်တင်ခြင်းကို ကျွန်မ ရရောရပါ့မလား။ ဒါပေမယ့် စာကို လက်မှတ်မထိုးဘဲနဲ့ဆိုရင်၊ ကျွန်မတို့က ကိုယ်စားရေးတာဖြစ်လို့ ယုံကြည်စိတ်ချစရာဖြစ်မှာမဟုတ်ဘူး။ ကျွန်မ ခဏတွေးပြီးတဲ့နောက် ကျွန်မအဖော်ကို ပြောလိုက်တယ်၊ ဒါဆိုရင် ကိုယ်စားအနေနဲ့ စာကို လက်မှတ်ထိုးရအောင်”လို့ပေါ့။ အမှန်က ကျွန်မ ကြောက်တဲ့အရာ တကယ်ဖြစ်ခဲ့ရင်၊ ကျွန်မကိုယ်ကျွန်မ ကာကွယ်နိုင်အောင်လို့ ဒီကိစ္စကနေ ခပ်ဝေးဝေး ကျွန်မ နေချင်ခဲ့တာပါ။ ကျွန်မ နှိပ်ကွပ်ခံရရင်တောင်၊ သိပ် ပြင်းထန်မှာ မဟုတ်ဘူးလေ။ အဲဒီအချိန်မှာ ကျွန်မအဖော်က ကျွန်မကို ကိုင်တွယ်ဖြေရှင်းတယ်၊ “ဒီစာပေါ် အစ်မရဲ့ နာမည် ထည့်ဖို့ ဘာလို့ အရမ်းခက်နေရတာလဲ။ အစ်မ အရမ်းဉာဏ်နီဉာဏ်နက် များတာပဲ”တဲ့။ အဲဒီ မှတ်ချက်က ကျွန်မစိတ်နှလုံးထဲကို နက်နက်ထိခိုက်နာကျင်သွားစေတယ်။ ဘုရားက ကျွန်မကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ကျွန်မကိုယ်ကျွန်မ ကာကွယ်ဖို့ မကြိုးစားဖို့၊ နောက်ထပ် ဉာဏ်နီဉာဏ်နက် မများဖို့၊ သမ္မာတရားကို ကျွန်မ လက်တွေ့လုပ်ပြီး၊ ရိုးသားသူတစ်ယောက်ဖြစ်ရမယ်ဆိုတာကို သတိပေးဖို့ ကျွန်မအဖော်ကို သုံးနေမှန်း သဘောပေါက်လိုက်တယ်။
နောက်ပိုင်းမှာ၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ခဲ့တယ်။ ကိုယ့်ကိုယ်ကို မေးကြည့်တယ်၊ ကျွန်မရဲ့ အယူအဆကို ဖော်ပြဖို့ လိုအပ်တဲ့ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားပါဝင်နေတဲ့ ကိစ္စတစ်ခုခု ဖြစ်တဲ့အခါတိုင်း၊ ကျွန်မ ဘာလို့ ကြောက်လာရတာလဲ၊ နောက်ပြန်ဆုတ်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဘာလို့ ကြိုးစားရတာလဲ။ ဒါကို ကျွန်မလုပ်တဲ့အခါ ဘယ်သဘာဝက ကျွန်မကို ထိန်းချုပ်နေခဲ့တာလဲလို့ပေါ့။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “စာတန်သည် နိုင်ငံတော်အစိုးရများ၊ ကျော်ကြားသူများနှင့် ကြီးမြတ်သူများ၏ ပညာရေးနှင့် လွှမ်းမိုးမှုမှတစ်ဆင့် လူတို့ကို ဖျက်ဆီးသည်။ သူတို့၏ ဆိုးယုတ်သော စကားများသည် လူသား၏ ဘဝနှင့် သဘာဝဗီဇ ဖြစ်လာပြီးဖြစ်သည်။ ‘လူတိုင်းက ကိုယ့်အတွက်ပဲ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော’ ဆိုသည်မှာ လူတိုင်းအထဲသို့ သွတ်သွင်းပေးထားသကဲ့သို့ လူသား၏ဘဝ ဖြစ်လာခဲ့သည့် လူသိများသော စာတန်နှင့်ဆိုင်သည့် ဆိုရိုးတစ်ခုဖြစ်သည်။ ဤကဲ့သို့သော ရှင်သန်ခြင်းအတွက် အခြားသော ဒဿနများနှင့်ဆိုင်သည့် စကားလုံးများလည်း ရှိသည်။ စာတန်သည် လူတို့ကို ပညာပေးဖို့၊ လှည့်စားဖို့နှင့် ဖောက်ပြန်ပျက်စီးစေဖို့ နိုင်ငံတစ်နိုင်ငံစီ၏ ရိုးရာယဉ်ကျေးမှုကို အသုံးပြုလျက် လူသားမျိုးနွယ်ကို အတိုင်းမသိ ပျက်စီးခြင်း၏ ချောက်နက်ထဲသို့ ကျဆင်းကာ ဝါးမျိုခံရစေပြီး အဆုံးတွင် လူတို့သည် စာတန်ကိုအစေခံ၍ ဘုရားသခင်ကို ခုခံသောကြောင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံကြရသည်။ လူ့အဖွဲ့အစည်းထဲ၌ ဆယ်စုနှစ်ချီ၍ တက်ကြွလှုပ်ရှားလာပြီးဖြစ်သော လူတစ်ဦးအား- ‘သင့်အနေဖြင့် လောကကြီးထဲ၌ ကြာမြင့်စွာ အသက်ရှင်လာခဲ့ပြီး များစွာ စွမ်းဆောင်ရရှိပြီးသည်ကို ထောက်ဆလျှင်၊ သင်လက်ခံထားသည့် အဓိကထင်ရှားသော ဆိုရိုးများ အဘယ်နည်း။’ ဟူ၍ မေးသည်ဟု စိတ်ကူးကြည့်လော့။ ‘“အရာရှိများသည် တံစိုးလက်ဆောင် ပေးသူများအတွက် အမှုအရာများကို ခက်ခဲအောင် မလုပ်၊ ထို့ပြင် ခယဝယ မလုပ်သောသူတို့သည် မည်သည့်အရာမျှ မပြီးမြောက်နိုင်။” ဟူသည်မှာ အရေးအကြီးဆုံးတစ်ခုပင် ဖြစ်သည်’ ဟု သူပြောကောင်း ပြောလိမ့်မည်။ ဤစကားများသည် ထိုလူ၏သဘာဝဗီဇကို ကိုယ်စားပြုသည် မဟုတ်လော။ ရာထူးရရန် မည်သည့်နည်းလမ်းကိုမဆို မရိုးမဖြောင့် အသုံးပြုခြင်းသည် သူ၏သဘာဝဗီဇ ဖြစ်လာပြီး၊ အရာရှိတစ်ဦးဖြစ်ခြင်းနှင့် သက်မွေးမှုလုပ်ငန်းတို့သည် သူ၏အသက် ဖြစ်နေသည်။ လူတို့၏ အသက်တာ၌၊ သူတို့၏ အမူအကျင့်နှင့် အပြုအမူထဲတွင် စာတန်၏ အဆိပ်များစွာ ရှိနေသေးသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝနီးပါး ပိုင်ဆိုင်ခြင်းမရှိကြချေ။ ဥပမာအားဖြင့် သူတို့၏ အသက်ရှင်သန်ခြင်း အတွက် သဘောတရားခံယူချက်များ၊ သူတို့၏ အမှုအရာများကို ဆောင်ရွက်သည့် နည်းလမ်းများနှင့် သူတို့၏နီတိများ၊ အားလုံးတို့သည် အဆင်းနီသော နဂါးကြီး၏ အဆိပ်များနှင့် ပြည့်နှက်နေပြီး၊ ၎င်းတို့အားလုံးသည် စာတန်ထံမှ လာကြသည်။ ထို့ကြောင့် လူတို့၏ အရိုးများနှင့် အသွေးတို့၌ စီးဆင်းကြသော အရာအားလုံးသည် စာတန်၏ အရာများ အားလုံး ဖြစ်ပေသည်။...လူသားသည် စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။ စာတန်၏ အဆိပ်သည် ခပ်သိမ်းသော လူပုဂ္ဂိုလ်တိုင်း၏ အသွေးထဲ၌ စီးဆင်းနေပြီး လူသား၏ သဘာဝဗီဇသည် ဖောက်ပြန်ကာ ဆိုးယုတ်၍ ခေတ်နောက်ပြန်ဆွဲတတ်ပြီး စာတန်၏ ဒဿနများနှင့် ပြည့်နှက်နေ၍ ထိုဒဿနများထဲ၌ နစ်မြုပ်နေ၏၊ ၎င်းတစ်ရပ်လုံးသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သော သဘာဝဗီဇတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့်ပင် လူတို့သည် ဘုရားသခင်ကို ခုခံကြပြီး ဆန့်ကျင်ကြခြင်း ဖြစ်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”) ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဖတ်တဲ့အခါ၊ ကျွန်မ သဘာဝက “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏”၊ “ပြဿနာနည်းလေ ပိုကောင်းလေ”၊ “မိမိကိုယ်ကို ကာကွယ်ရန် ဆိတ်ဆိတ်ငြိမ်နေ၍ အပြစ်တင်ခံရမှုမှ လွတ်မြောက်ရန်သာ ကြိုးစားပါ” ဆိုသလို ဆိုးယုတ်တဲ့ ဆင်ခြင်တွေးခေါ်မှုစနစ်၊ နိယာမတွေ၊ လောကီအတွေးအခေါ်တွေနဲ့ ပြည့်နေတာကြောင့်၊ အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေကို ကျွန်မ ရင်မဆိုင်ရဲခဲ့တာဖြစ်မှန်း ကျွန်မ တွေ့ရတယ်။ “လူအသီးသီးသည် မိမိတို့တံခါးဝမှ နှင်းများကိုသာ လှည်းကျင်း၏။ အိမ်နီးချင်း၏ခေါင်မိုးပေါ်မှ နှင်းခဲများအတွက် ဒုက္ခမခံပေ” ဆိုတာလည်း ရှိတယ်။ ကျွန်မက ဒီဆိုးယုတ်တဲ့ အဆိပ်တွေနဲ့ အသက်ရှင်ခဲ့လို့၊ အထူးသဖြင့် ကျွန်မ တစ်ကိုယ်ကောင်းဆန်၊ စက်ဆုပ်စရာဖြစ်ခဲ့ပြီး၊ သူရဲဘောကြောင်သလို၊ လှည့်ဖြားတတ်ခဲ့တာပဲ။ အရာအားလုံးမှာ ကျွန်မပထမဆုံး စဉ်းစားမိတာက ကျွန်မရဲ့ အရှုံး၊ အမြတ်တွေပဲ။ အစ်မလီကို ကျွန်မ ပထမဆုံး တိုင်ကြားချင်ခဲ့ချိန်မှာ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ချင်လို့ မလုပ်ရဲခဲ့ပုံကို ပြန်သတိရမိတယ်။ အခု၊ အစ်မလီက အာဏာအတွက် ပြိုင်ဖို့ အသင်းတော်ထဲမှာ အုပ်စုဖွဲ့နေပြီး၊ အသင်းတော်အလုပ်ကို နှောင့်ယှက်၊ ဖျက်ဆီးနေတယ်၊ ပြီးတော့ ကျွန်မ ထရပ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဖို့ သတ္တိ မရှိသေးဘူး။ လိပ်လို ခေါင်းဝှက်ဖို့ ကိုယ့်အခွံထဲ ခေါင်းကို ဆွဲသွင်းခဲ့တယ်၊ ခေါင်းကို ပြလိုက်တာနဲ့၊ အယောင်ဆောင် ခေါင်းဆောင်နဲ့ အန္တိခရစ်က တွေ့သွားရင် အပြစ်ပေးခံရမှာ ကြောက်လှန့်ခဲ့တယ်။ ဘုရားအလိုတော်က ကျော်ကြားမှုနဲ့ အခွင့်အလမ်းအတွက် ယှဉ်ပြိုင်ပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်တဲ့ ဒီဆိုးယုတ်တဲ့ အမျိုးအစားနဲ့ အန္တိခရစ် မကောင်းဆိုးဝါးတွေ အသင်းတော်က နှင်ထုတ်ခံရဖို့ပဲ။ အဲဒါမှ ဘုရားရွေးချယ်ထားတဲ့သူတွေ လှည့်ဖြားခံရတာကနေ ကွယ်ကာခံရနိုင်ပြီး အသင်းတော်အလုပ် နှောင့်ယှက်မခံရမှာလေ။ ဒါပေမယ့် ကိစ္စတွေနဲ့ပတ်သက်လို့ ကျွန်မ အမြဲ သိပ်စိုးရိမ်မိခဲ့တယ်။ ကျွန်မ ပူပန်မှုတွေထဲမှာ ဘုရားအလိုတော်ကို ထောက်ထားတာ ဘာမှမရှိဘူး။ ကျွန်မရဲ့ ကိုယ်ကျိုးစီးပွားတွေက ထိခိုက်တာကနေ ဘယ်လိုတားဆီးရမယ် ဆိုတာပဲ တွေးခဲ့တယ်။ ကျွန်မ အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာဖြစ်ခဲ့တာပါ။ နာမည်အရ၊ ဘုရားကို ကျွန်မ ယုံကြည်ပြီး သူ့နောက်လိုက်ခဲ့ပေမယ့်၊ ကျွန်မ စိတ်နှလုံးထဲမှာ ဘုရားအတွက် နေရာလုံးဝ မရှိခဲ့ဘူး။ ဘုရားအိမ်တော်ကိုတောင် လူမှုအဖွဲ့အစည်းလို၊ မျှတမှု၊ ဒါမှမဟုတ် ဖြောင့်မတ်ခြင်း မရှိတဲ့ နေရာတစ်ခု၊ ကျွန်မ အမြဲ သတိထားရပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သင်ယူရမယ့် နေရာ၊ မဟုတ်ရင် ဖိနှိပ်ခံရပြီး အပြစ်ပေးခံရမယ့် ဘေးကနေ ပြေးရမယ့်နေရာအဖြစ် မြင်ခဲ့တယ်၊ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ စာတန်ရဲ့ အတွေးအခေါ်တွေကို သုံးဖို့ ကျွန်မ ရွေးချယ်ခဲ့တာပဲ။ ဒါပေမယ့် အဲဒီရှုထောင့်အမြင်က ပြစ်မှား စော်ကားခြင်းကလွဲပြီး ဘာမှမဟုတ်ခဲ့ဘူး။ ဘုရားအိမ်တော်က အပြင်လောက မဟုတ်ဘူး။ ဆိုးယုတ်သူတွေက လောကမှာ အုပ်စိုးတယ်၊ မကောင်းမှုက သောင်းကျန်းပြီး ကောင်းတဲ့သူတွေ အနိုင်ကျင့်၊ ဖိနှိပ်ခံရရုံပဲရှိတယ်၊ ဒါပေမယ့် ဘုရားအိမ်တော်ကို ခရစ်တော်၊ သမ္မာတရားနဲ့ ဖြောင့်မတ်ခြင်းက အုပ်စိုးပါတယ်။ အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေက ဘုရားအိမ်တော်မှာ ရပ်တည်ဖို့ နေရာမရှိဘူး၊ ပြီးတော့ ဘုရားရွေးချယ်ထားတဲ့လူတွေက သမ္မာတရား သိနားလည်မှုနဲ့ ထိုးထွင်းသိမြင်မှုကို ရတာနဲ့အမျှ အဲဒီလူတွေ ထုတ်ဖော်ပြခံရတယ်၊ တိုင်ကြားခံရတယ်၊ ဖော်ထုတ်ခံရတယ်၊ နှင်ထုတ်ခံရပြီး ဖယ်ရှင်းခံရတယ်။ ဒါဘုရားရဲ့ ဖြောင့်မတ်ခြင်းတရားပဲ။ ဘုရားနှုတ်ကပတ်တော်တွေက ပြောတယ်၊ “ဆိုးညစ်သောသူများသည် အပြစ်ဒဏ်ပေးခြင်းကို မုချခံကြရလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆိုးညစ်သောသူများသည် အပြစ်ဒဏ်ပေးခြင်းကို မုချခံကြရလိမ့်မည်) ဘုရားနှုတ်ကပတ်တော်က သမ္မာတရားဖြစ်ပြီး ဘုရားအမှုတော်ရဲ့ လက်တွေကျတဲ့ သက်သေဖြစ်တယ်။ ဒါနဲ့ပတ်သက်လို့ နှစ်ဝက်ကျော်ပြန်တွေးကြည့်တော့၊ အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေ အစားထိုးခံရပြီး နှင်ထုတ်ခံရတဲ့ တကယ့်ဥပမာတွေကိုလည်း ကျွန်မ မြင်ခဲ့ပြီးပြီ။ ဒါ ဘုရားရဲ့ ဖြောင့်မတ်ခြင်း မဟုတ်ခဲ့ဘူးလား။ ဒါပေမယ့် အဲဒီအချိန်မှာ၊ ကျွန်မက လုံးဝ ကျိုးကြောင်းမမြင်ခဲ့ဘူး။ ကျွန်မရဲ့ ကိုယ်ကျိုးစီးပွားတွေကိုပဲ စဉ်းစားခဲ့တယ်။ ဘုရားကို ယုံကြည်ခဲ့ပေမယ့်၊ သူ့နှုတ်ကပတ်တော်၊ သူ့ရဲ့ သစ္စာ၊ ဒါမှမဟုတ် သူ့ရဲ့ ဖြောင့်မတ်ခြင်းကို မယုံကြည်ခဲ့ဘူး။ မယုံကြည်သူတွေရဲ့ ရှုထောင့်ကနေတောင် ဘုရားကို မြင်ခဲ့တယ်။ ကျွန်မက မယုံကြည်သူကလွဲလို့ ဘာမှမဟုတ်သလို၊ ကျွန်မ လုပ်ခဲ့တာက ဘုရားရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့မှန်း တွေ့ခဲ့ရတယ်။ ကျွန်မက ဆိုးယုတ်တဲ့ အတွေးအခေါ်တွေ၊ နိယာမတွေနဲ့ ဆက်အသက်ရှင်ခဲ့ရင်၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို မလိုက်စားခဲ့သလို၊ သမ္မာတရားကို လက်တွေ့မလုပ်ခဲ့ရင်၊ နောက်ဆုံးမှာ ဘုရားရဲ့ ရှုတ်ချတာခံရပြီး ဖယ်ရှင်းခံရမှာပါ။ ဒီအရာတွေကို တွေးမိတာနဲ့အမျှ၊ ကျွန်မတာဝန်တွေနဲ့ ဝတ္တရားတွေကို အစွမ်းကုန် ဖြည့်ဆည်းသင့်ပြီး၊ တစ်နေ့မှာ အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေရဲ့ ဖိနှိပ်တာ၊ နှင်ထုတ်တာ ခံခဲ့ရရင်တောင်၊ သင်ယူဖို့ ကျွန်မအတွက် သင်ခန်းစာနဲ့ဘုရားရဲ့ ရည်ရွယ်ချက်ကောင်းတွေ ရှိမယ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ ဒါကို ကျွန်မ နားလည်လိုက်တာနဲ့၊ ရိုးသားပွင့်လင်းတဲ့စိတ်နဲ့၊ တိုင်ကြားစာမှာ ကျွန်မနာမည်ကို ထိုးလိုက်တယ်။ အဲဒီအချိန်မှာ၊ ကျွန်မ လုံခြုံဘေးကင်းပြီး အေးချမ်းသွားတာ ခံစားရသလို၊ ဂုဏ်ယူတဲ့ စိတ်တစ်ခုလည်း ခံစားရတယ်။ နောက်ဆုံးတော့ ကျွန်မ ထရပ်ပြီး သိက္ခာရှိတဲ့ လူတစ်ယောက်ဖြစ်လာခဲ့ပြီလို့ ခံစားရတယ်။
တစ်လလောက် ကြာပြီးတဲ့နောက်၊ နောက်ဆုံး ကျွန်မတို့ စောင့်နေခဲ့တဲ့ သတင်းကောင်း ရောက်လာတယ်။ အစ်မလီက မကောင်းတဲ့ လုပ်ရပ်တွေ အများကြီးလုပ်ထားပြီး ပြောင်းလဲဖို့ လက်မခံလို့၊ သူ့ကို အန္တိခရစ်အနေနဲ့ သတ်မှတ်ကြသလို၊ အသင်းတော်ကနေ လုံးဝ နှင်ထုတ်လိုက်ကြတယ်။ အစ်မလီရဲ့ မကောင်းတဲ့လုပ်ရပ်တွေနဲ့ အသင်းတော်အလုပ်ကို နှောင့်ယှက်ရာမှာ သူ့နောက်လိုက်တဲ့ မကောင်းမှု ပြုသူတွေလည်း နှင်ထုတ်ခံရတယ်။ နောင်တရတဲ့ အမူအရာတွေ ပြခဲ့သူတချို့က မကောင်းမှုပြုသူတွေအနေနဲ့ အတန်းအစား ခွဲမခံရသလို၊ အသင်းတော်ထဲမှာ နေခွင့်ပေးခံရပြီး နောင်တရဖို့ အခွင့်အရေး ပေးခံရတယ်။ လအတန်ကြာ ဆက်ဖြစ်နေခဲ့တဲ့ ပရမ်းပတာအခြေအနေက နောက်ဆုံးမှာ အဆုံးသတ်လာခဲ့သလို၊ ပုံမှန်အသင်းတော် အသက်တာ ပြန်ဖြစ်လာတယ်။ ဒီရလဒ်ကို မြင်ရတော့ ကျွန်မ အရမ်းပျော်တယ်၊ ဒါပေမယ့် နောင်တနဲ့ ဝမ်းနည်းမှုကိုလည်း ခံစားရတယ်၊ ဘာလို့လဲဆိုတော့ အယောင်ဆောင် ခေါင်းဆောင်နဲ့ အန္တိခရစ်ကို တိုင်ကြားတဲ့ ကိစ္စမှာ၊ အစစ်အမှန် သက်သေရပ်တည်ဖို့ ကျွန်မ ပျက်ကွက်ခဲ့လို့ပဲ။ ကျွန်မအထဲမှာ ဖော်ထုတ်ခံခဲ့ရတာက ကောက်ကျစ်ဆိုးယုတ်တဲ့ စိတ်သဘောထား၊ တစ်ကိုယ်ကောင်းဆန်မှု၊ စက်ဆုပ်ဖွယ်ဖြစ်ခြင်း နဲ့ ကျွန်မကိုယ်ကျွန်မ ကာကွယ်ချင်စိတ်တွေပါပဲ။ ဘုရားရဲ့ ဖြောင့်မတ်ခြင်းနဲ့ ဘုရားအိမ်တော်ထဲမှာ သမ္မာတရားရဲ့ အုပ်စိုးမှုကိုတောင် ကျွန်မ သံသယဝင်ခဲ့တယ်။ ကျွန်မရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းက မယုံကြည်သူ ဖြစ်တုန်းပဲ။ ကျွန်မ အရမ်းကို ဖောက်ပြန်ပျက်စီးပြီး ဘုရားကို အများကြီး အကြွေးတင်ရှိတာ တွေ့ရတယ်။ ဒါကြောင့် သစ္စာတစ်ခု ကျွန်မ ကျိန်ဆိုခဲ့တယ်၊ ဒီလိုကိစ္စတစ်ခုခု နောက်တစ်ခါ ဖြစ်တဲ့အခါ၊ ဘုရားဘက်မှာ ကျွန်မ ရပ်မယ်လို့ပေါ့။
လေးနှစ်ကြာပြီးတဲ့နောက်၊ ဆင်တူတဲ့အရာတစ်ခု ထပ်ဖြစ်တဲ့အခါကျွန်မ အံ့ဩသွားတယ်။ ကျွန်မရဲ့ အသင်းတော် ခေါင်းဆောင်တွေဖြစ်တဲ့ အစ်ကို ဝန်နဲ့ တခြားနှစ်ယောက်က၊ ကျမ်းဟောင်းတရားတွေကို ပြောပြီး လက်တွေ့ကျတဲ့ အလုပ်မလုပ်လို့ အယောင်ဆောင် ခေါင်းဆောင်အနေနဲ့ ရှုတ်ချခံရပြီး ထုတ်ပယ်ခံခဲ့ရတယ်၊ ပြီးတော့ ဘုရားအိမ်တော်က ခေါင်းဆောင်နှစ်ယောက်ကို တာဝန်လွှဲယူဖို့ ကျွန်မတို့ အသင်းတော်ဆီ ပို့ခဲ့တယ်။ ဒီညီအစ်မနှစ်ယောက် လာတဲ့အခါ၊ အစ်ကို ဝမ်က၊ ကျွန်မတို့ အသင်းတော်က “ဒါနအကူအညီတွေ” မယူဘူးလို့ပြောတယ်။ အဲဒါက သူ့အနေနဲ့ အပြင်က လွှဲပြောင်းပေးတဲ့ ညီအစ်မနှစ်ယောက်ကို ကျွန်မတို့ ခေါင်းဆောင်တွေအနေနဲ့ လက်မခံသလို၊ အာဏာကို သူ ပြန်ယူချင်တဲ့ သဘောပါပဲ။ သူနဲ့ သင်းထောက်တချို့က ခေါင်းဆောင်သစ်နှစ်ယောက်ကို တိုက်ခိုက်ဖို့ ဆင်ခြေတွေ စရှာကြတယ်။ ပြီးတော့ တခြား ညီအစ်ကို မောင်နှမတွေကို သူတို့ဘက်ရပ်ဖို့နဲ့ ခေါင်းဆောင်သစ်တွေနဲ့ ပတ်သက်လို့ တိုင်ကြားစာရေးဖို့ မြှောက်ထိုးပင့်ကော် လုပ်ကြတယ်။ နောက်ပိုင်းမှာ၊ ခေါင်းဆောင်သစ်တွေကို ကူတိုင်ကြားပေးဖို့ ကျွန်မကိုလည်း တောင်းဆိုကြတယ်။ အဲဒီတုန်းက၊ သူတို့ရေးတဲ့ တိုင်ကြားစာကို ကျွန်မ ဖတ်ကြည့်တော့၊ သူတို့ပေးထားတဲ့ မကောင်းတဲ့လုပ်ရပ်လို့ခေါ်တဲ့ အရာတချို့က မကောင်းတဲ့လုပ်ရပ် လုံးဝ မဟုတ်ဘဲ၊ တကယ်တော့ ဖောက်ပြန်ပျက်စီးခြင်းကို ပုံမှန်ဖော်ထုတ်တာ ဖြစ်မှန်း တွေ့ရတယ်။ တခြားဟာတွေက လုံးလုံးလျားလျား ပုံကြီးချဲ့တာဖြစ်ပြီး တချို့က အချက်အလက်တွေကို လိုရာဆွဲပြောတဲ့ သိသိသာသာ မမှန်ကန်တဲ့ စွပ်စွဲမှုတွေနဲ့ အလိမ်အညာတွေပဲ။ စာထဲက သူတို့ ရှုတ်ချထားတွေက အလွန်အကျွံတွေဖြစ်ပြီး ကျိုးကြောင်းမဲ့တယ်။ ကြမ်းတမ်းတယ်။ အဲဒီအခါ သူတို့တိုင်ကြားစာရဲ့ရည်ရွယ်ချက်က ဘုရားအိမ်တော်ရဲ့ အလုပ်ကို ကာကွယ်ဖို့၊ အယောင်ဆောင် ခေါင်းဆောင်တွေကို နှင်ထုတ်ဖို့၊ ဘုရားရွေးချယ်ထားသူတွေကို ကာကွယ်ဖို့ မဟုတ်ဘဲ၊ အာဏာသိမ်းဖို့၊ အသင်းတော် ခေါင်းဆောင်တွေအနေနဲ့ သူတို့ရာထူးတွေကို ပြန်ယူဖို့၊ အသင်းတော်ကို ထိန်းချုပ်ပြီး ဘုရားရွေးချယ်ထားသူတွေကို ထိန်းချုပ်ဖို့မှန်း သဘောပေါက်လိုက်တယ်။ နောက်ပိုင်းမှာ၊ အန္တိခရစ်တွေကို ပိုင်းခြားသိမြင်တဲ့ အခြေခံသဘောတရားတွေအရ၊ သူတို့ဟာ အန္တိခရစ်တွေပဲလို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ ပထမတော့၊ ပြဿနာနဲ့ ကင်းကင်းရှင်းရှင်း နေချင်ခဲ့တယ်၊ ဘာလို့လဲဆိုတော့ အစားထိုးခံရတဲ့ ခေါင်းဆောင်တွေကလွဲလို့၊ တိုင်ကြားစာမှာ ပါတဲ့တခြားသူတွေက လတ်တလောမှာ သင်းထောက်တွေ၊ အဖွဲ့ခေါင်းဆောင်တွေအနေနဲ့ အစေခံနေကြချိန်မှာ၊ ကျွန်မက ပြောစရာ အဆင့်အတန်း ဘာမှမရှိတဲ့ သာမန် ယုံကြည်သူတစ်ယောက် ဖြစ်လို့ပဲ၊ ဒီတော့ ကျွန်မ စိတ်အနှောင့်အယှက်ပေးလို့ ရတဲ့ လူမရှိသလောက်ပဲလေ။ ဒါပေမယ့် အရင်နှစ်တချို့က အစ်မလီက ဘယ်လို တိုင်ကြားခံရပြီး နှင်ထုတ်ခံခဲ့ရပြီး၊ စစ်မှန်တဲ့ သက်သေခံချက် ကျွန်မ မရှိခဲ့ပုံကို တွေးမိတော့ ထပ်ပြီး မပုန်းဖို့၊ နောက်မဆုတ်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့်၊ ကျွန်မ အနီးအနားက ညီအစ်ကို မောင်နှမတွေနဲ့ မိတ်သဟာယပြုခဲ့တယ်၊ ဒါမှ ဒီတိုင်ကြားစာကို ရေးခဲ့သူတွေရဲ့ တကယ့် ရည်မှန်းချက်တွေနဲ့ ရည်ရွယ်ချက်တွေကို သူတို့ ရှင်းရှင်းလင်းလင်း နားလည်ပြီး၊ သူတို့အကြောင်း ချင့်ချိန်နိုင်စွမ်း ရှိကြမှာလေ။ အဲဒီနောက်၊ အာဏာအတွက် ယှဉ်ပြိုင်ဖို့ သူတို့လုပ်ခဲ့တဲ့ မကောင်းတဲ့ လုပ်ရပ်တွေကို ကျွန်မ ဖော်ထုတ်ပြီး သူတို့ကို ဘုရားအိမ်တော်ဆီ တိုင်ကြားခဲ့တယ်။ အဲဒီနောက်မှာ၊ ဘုရားအိမ်တော်က အခြေအနေကို စုံစမ်းစစ်ဆေးပြီး အတည်ပြုခဲ့တယ်၊ ဒီလူတွေက အန္တိခရစ်တွေဖြစ်တယ်လို့ သတ်မှတ်ခဲ့ပြီး အသင်းတော်ကနေ နှင်ထုတ်ခဲ့တယ်။ ဒီအန္တိခရစ် အုပ်စုကို နှင်ထုတ်တဲ့ အသိပေးစာမှာ ကျွန်မ ပေးခဲ့တဲ့ အထောက်အထားတချို့ ပါတာကို တွေ့တော့ ကျွန်မ အရမ်းပျော်မိသလို အရမ်းလည်း ကျေနပ်နှစ်သိမ့်မိတယ်။ ဒီကိစ္စမှာ ကျွန်မရဲ့ တာဝန်တွေနဲ့ လျော်ညီအောင် အသက်ရှင်ရာမှာ ကျွန်မ ဂုဏ်ယူရတယ်။
ဒီအရာတွေကို တွေ့ကြုံရတာက ဘုရားအမှုတော်ရဲ့ ထူးကဲတဲ့ ဉာဏ်ပညာကို မြင်ခွင့်ပေးခဲ့တယ်။ ကျွန်မတို့တွေ ထိုးထွင်းသိမြင်မှု ဖြစ်ပေါ်နိုင်ဖို့ အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေကို ဘုရားက စီစဉ်တာ။ အာဏာအတွက် ယှဉ်ပြိုင်ဖို့ တခြားလူတွေကို အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေ လှည့်ဖြားပုံ၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို သူတို့ နှောင့်ယှက်၊ ဖျက်ဆီးပုံ၊ ပြီးတော့ တစ်ဆင့်ပြီးတစ်ဆင့် သူတို့ ထုတ်ဖော်ပြခံရပြီး နှင်ထုတ်ခံရပုံကို ကျွန်မတို့ ရှင်းရှင်းလင်းလင်း နားလည်လိုက်တာနဲ့၊ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထား အပေါ် အသိတချို့ကို ကျွန်မတို့ ရတယ်၊ ဘုရားရဲ့ အိမ်တော်ကို ခရစ်တော်နဲ့ သမ္မာတရားက အုပ်စိုးပုံကို တွေ့ရတယ်။ ဘုရားရဲ့ ဖြောင့်မတ်ခြင်းနဲ့ သန့်ရှင်းခြင်းက ဘယ်ပုန်ကန်ပြစ်မှားမှုကိုမှ သည်းမခံတာ မြင်ရတယ်၊ ပြီးတော့ ဘုရားကို ကြောက်ရွံ့တဲ့ စိတ်နှလုံးတွေ ဖြစ်ပေါ်ကြတယ်။ သူတို့ ကျရှုံးတဲ့ အတွေ့အကြုံက အန္တိခရစ်ရဲ့ လမ်းကြောင်း မလျှောက်ဖို့ ကျွန်မတို့ကို သတိပေးချက်တစ်ခုအနေနဲ့ လည်း အသုံးတော်ခံတယ်၊ ဒါပေမယ့် ပိုအရေးကြီးတာက၊ အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေ ပေါ်ထွန်းတဲ့အခါ၊ သမ္မာတရားကို ကျွန်မတို့ လက်တွေ့လုပ်သင့်ပြီး ဘုရားအိမ်တော်ရဲ့ အလုပ်ကို ကာကွယ်သင့်တယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။