ကျွန်တော် ကိုယ့်တာဝန်ကို မှန်မှန်ကန်ကန် သဘောထားတတ်လာပြီ

03.04.2026

တယ်ရီ၊ အီတလီနိုင်ငံ

၂၀၂၄ ခုနှစ်မှာ၊ ခေါင်းဆောင်က ကျွန်တော့်ကို အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတွေမှာ သရုပ်ဆောင်ဖို့ စီစဉ်ပေးခဲ့တယ်။ ဘုရားသခင်ရဲ့ အမှုတော် နောက်ဆုံးအဆင့်မှာ ဒီလောက်အရေးကြီးတဲ့ တာဝန်ကို ထမ်းဆောင်နိုင်ခွင့်ရတဲ့အတွက် ကျွန်တော် အရမ်းပျော်ခဲ့ပြီး၊ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်မယ်လို့ ဆုံးဖြတ်ခဲ့တာပေါ့။ အစပိုင်းမှာတော့ ကျွန်တော်က နောက်ခံသရုပ်ဆောင်အနေနဲ့ပဲ ပါဝင်ခဲ့ပေမဲ့ နောက်ပိုင်းကျတော့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တွေကို ဝေမျှရတဲ့ အဓိကဇာတ်ဆောင်အနေနဲ့လည်း သရုပ်ဆောင်ခွင့် ရခဲ့တယ်။ ကျွန်တော့်ထက် အားသာချက်ရှိတဲ့ သရုပ်ဆောင်တွေ အဖွဲ့ထဲ ရောက်လာကြတော့ ကျွန်တော် အဓိကဇာတ်ဆောင် လုပ်ရတာ ပိုပိုပြီး နည်းလာတာကို တွေ့လိုက်ရတယ်။ တစ်ခါတုန်းက အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတစ်ခုမှာ အစက ကျွန်တော့်ကို အဓိကဇာတ်ဆောင်လုပ်ဖို့ စီစဉ်ထားပေမဲ့ နောက်ပိုင်းမှာ ညီအစ်ကိုအဲလ်ဘတ်ကို အဲဒီနေရာ ပေးလိုက်တယ်။ အဲဒီအချိန်မှာ အကျပ်အတည်းဖြစ်တဲ့စိတ်က လူကို လွှမ်းမိုးသွားတယ်။ သရုပ်ဆောင်တဲ့နေရာမှာ ကျွန်တော်က တခြားလူတွေလောက် မတော်မှန်းသိတော့ ခေါင်းဆောင်က တဖြည်းဖြည်းနဲ့ ကျွန်တော့်ကို သရုပ်ဆောင်အနေနဲ့ လုံးဝ မသုံးတော့မှာကို စိုးရိမ်မိတယ်။ အဲဒီအခါကျရင် ကျွန်တော် ဘာလုပ်ရမလဲ။ လူတိုင်းက ကျွန်တော့်ကို ဘယ်လိုမြင်ကြမလဲပေါ့။ အဲဒီနောက် ရိုက်ကူးရေးဇယားကို ကျွန်တော် နောက်ထပ် နှစ်ခါသုံးခါ သွားကြည့်မိပေမဲ့ အဲဒီဇာတ်ညွှန်းရဲ့ နောက်မှာ ညီအစ်ကိုအဲလ်ဘတ်နာမည်ကိုပဲ ရေးထားတုန်းဆိုတာ တွေ့လိုက်ရတယ်။ ကျွန်တော် နည်းနည်း စိတ်ပျက်မိပေမဲ့ ခဏပါပဲ။ အောက်တိုဘာလမှာ ခေါင်းဆောင်က ကျွန်တော့်ကို သရုပ်ဆောင်တာဝန်အပြင် မီးဖိုချောင်မှာ ထမင်းချက်ကူဖို့ စီစဉ်ပေးတယ်။ အဲဒီတုန်းကတော့ ဒီစီစဉ်မှုက တော်တော်ကောင်းတယ်၊ တာဝန်ပိုလုပ်ရတာပေါ့လို့ တွေးမိသား။ ဒါပေမဲ့ ကျွန်တော် တကယ်တမ်း မီးဖိုချောင်ကို ရောက်သွားပြီး အေပရွန်ဝတ်ပြီး စဟင်းချက်တဲ့အခါမှာ နည်းနည်း စိတ်အချဉ်ပေါက်သွားတယ်။ ကျွန်တော် ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ဒီနှစ်တွေအတွင်း ငါက သရုပ်ဆောင်တာဝန်ကိုပဲ အမြဲ အဓိက လုပ်လာခဲ့တာ။ ရုပ်ရှင်တွေမှာ အဓိကဇာတ်ဆောင် မလုပ်ဖူးပေမဲ့ ရုပ်ရှင်တော်တော်များများမှာ ပါဝင်ခဲ့ဖူးတော့ ဝါရင့်သရုပ်ဆောင်တစ်ယောက်လို့ သတ်မှတ်နိုင်တာပဲ။ ဘယ်သွားသွား ညီအစ်ကိုမောင်နှမတွေက ငါ့ကို မှတ်မိကြတယ်။ ဒါပေမဲ့ အခု ငါ့ကို ကြည့်ဦး။ ထမင်းချက် ဖြစ်သွားပြီ။ ထမင်းချက်တာကလည်း တာဝန်တစ်ခုဖြစ်တုန်းပဲ ဆိုပေမဲ့ အရမ်း အရေးမပါသလို ခံစားရတယ်။ ဒါက သူများတွေရဲ့ လေးစားမှု၊ အထင်ကြီးမှုကို ရနိုင်တဲ့အရာ မဟုတ်ဘူးလေ” လို့ပေါ့။ နောက်ပိုင်းကျတော့ အဖွဲ့ထဲက အမှုဆောင်တချို့ အပြင်ထွက်ပြီး ကိစ္စတွေ လုပ်ရတာမျိုး ခဏခဏ ရှိတယ်။ ရိုက်ကွင်းပြင်ဆင်ရေး တာဝန်ခံညီအစ်ကို မရှိတဲ့အခါ ခေါင်းဆောင်က ကျွန်တော့်ကို ရိုက်ကွင်းပြင်ခိုင်းတယ်။ ဇာတ်ဝင်ပစ္စည်း တာဝန်ခံညီအစ်မ မရှိတဲ့အခါကျရင်လည်း ခေါင်းဆောင်က ကျွန်တော့်ကို ပစ္စည်းတွေ ပြင်ဆင်ခိုင်းတာပဲ။ ကျွန်တော် ပိုပြီးတော့တောင် စိတ်ဓာတ်ကျမိတာပေါ့။ “လူလိုတဲ့နေရာတိုင်း ငါ့ကိုပဲ လွှတ်နေတာပဲ။ အဲဒါဆို ငါက ဘာဖြစ်သွားပြီလဲ။ ငါ့ကို လူစားထိုးအနေနဲ့ပဲ လူတိုင်းက ထင်လာကြတော့မှာလား” ပေါ့။

တစ်ခါတုန်းက ကျွန်တော်တို့ သရုပ်ဆောင်တွေ အတူတူ အလုပ်ပိုင်း လေ့လာကြရင်း စကားပြောခန်း တစ်ခုကို အလှည့်ကျ လေ့ကျင့်ကြတယ်။ ကျွန်တော် တကယ် စိတ်လှုပ်ရှားပြီး ကိုယ်လုပ်တာ မကောင်းလို့ အရှက်ကွဲမှာ စိုးရိမ်ခဲ့တယ်။ နောက်ဆုံးတော့ ကျွန်တော် ကြောက်တဲ့အတိုင်းပဲ၊ ကျွန်တော်ပြောတာ အားလုံးထဲမှာ အဆိုးဆုံး ဖြစ်ခဲ့တယ်။ ကျွန်တော် စိတ်ထဲမှာ ညည်းညူမိတယ်၊ “အစကတည်းက ငါ့အရည်အချင်းက ညံ့ပါတယ်ဆိုမှ အခုဆို တစ်နေကုန် ထမင်းချက်လိုက်၊ ရိုက်ကွင်းပြင်လိုက်နဲ့ အချိန်ကုန်ပြီး လေ့ကျင့်ချိန်ကို မရှိဘူး။ ငါ့ရဲ့ သရုပ်ဆောင်စွမ်းရည်တွေက ပိုပြီးတော့တောင် ဆိုးလာမှာ မဟုတ်ဘူးလား” လို့ပေါ့။ ကိုယ့်ကိုယ်ကိုယ် သတိမထားမိဘဲ ကျွန်တော် နည်းနည်း စိတ်မချမ်းမသာဖြစ်လာတယ်။ နေ့လည်တိုင်းမှာ တခြားသရုပ်ဆောင်တွေက အတူတူ အကလေ့ကျင့်ကြတယ်။ သူတို့တွေ ပျော်ပျော်ရွှင်ရွှင် ကနေကြတာကို မြင်ရပြီး ကျွန်တော်ကတော့ မီးဖိုချောင်ထဲမှာ ထမင်းချက်ရင်း သောင်တင်နေရတော့ လူက ပိုပြီးတော့တောင် မွန်းကြပ်လာတယ်။ အနေရခက်တာမျိုး မဖြစ်ရအောင် သူတို့ကို ရှောင်ပဲ ရှောင်နေချင်ခဲ့တယ်။ နိုဝင်ဘာလမှာ ကျွန်တော်တို့ ရိုက်ကွင်းအသစ်တစ်ခုကို ပြောင်းကြတော့ ခေါင်းဆောင်က ကျွန်တော့်ကို ရိုက်ကွင်း အရင်သွားပြင်ဆင်ခိုင်းပြီး နောက်ပိုင်း အဖွဲ့ထဲက အထွေထွေကိစ္စတွေကိုလည်း တာဝန်ယူရမယ်လို့ ပြောတယ်။ လူတိုင်းက နေ့တိုင်း အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတွေ ရိုက်ဖို့ အသည်းအသန် လုပ်နေကြတာကို မြင်ရပြီး ကျွန်တော်ကတော့ ဒီလို တောက်တိုမည်ရ အလုပ်တွေနဲ့ပဲ သောင်တင်နေတော့ ကျွန်တော် တွေးမိတယ်၊ “ငါ့အစွမ်းက ညံ့လို့ သရုပ်ဆောင် မလုပ်နိုင်ဘူး၊ ပျိုးထောင်ဖို့ မတန်ဘူးလို့ လူတိုင်း ထင်နေကြတာ နေမှာ။ အဲဒါကြောင့် ခေါင်းဆောင်က ငါ့ကို ဒီလို အထွေထွေအလုပ်တွေပဲ ခိုင်းနေတာ ဖြစ်ရမယ်” လို့ပေါ့။ ပိုပြီး တွေးလေလေ၊ ပိုရှက်စရာကောင်းလာလေလေပဲ။ တစ်ခါတုန်းက စုဝေးပွဲတစ်ခုမှာ၊ ကျွန်တော် လက်ပ်တော့ပ်ကိုင်ပြီး သရုပ်ဆောင်တွေရုံးခန်းထဲ ဝင်သွားတော့ လူတိုင်း ထိုင်နေကြပြီဆိုတာ တွေ့လိုက်တယ်။ ကျွန်တော် တိုးတိုးလေး မေးလိုက်တယ်၊ “နေရာလွတ် ရှိသေးလား” လို့ပေါ့။ ညီအစ်မတစ်ယောက်က မြန်မြန်ပဲ ပြန်ဖြေတယ်၊ “ဪ၊ ညီအစ်ကိုတယ်ရီ ရှိသေးတာပဲ။ အစ်ကို့ကို အကုန် မေ့နေကြတာ” တဲ့။ သူ သဘောရိုးနဲ့ပြောမှန်းသိပေမဲ့ ကျွန်တော် စိတ်မသက်မသာဖြစ်သွားတယ်။ “ငါက တစ်နေကုန် တောက်တိုမည်ရ အလုပ်တွေပဲ လုပ်နေတာ။ အမေ့ခံရတာ မဆန်းပါဘူးလေ” လို့ တွေးမိတယ်။ အဖွဲ့ထဲက တခြားညီအစ်ကိုနှစ်ယောက်က ဒါရိုက်တာနဲ့ အဖွဲ့ခေါင်းဆောင် ဖြစ်သွားပြီး၊ ကျွန်တော်ကတော့ တစ်နေကုန် ထမင်းချက်၊ သန့်ရှင်းရေးလုပ်၊ ပစ္စည်းတွေ ရွှေ့တာနဲ့ပဲ သောင်တင်နေတာကို မြင်ရတော့ တော်တော် ခက်ခဲပါတယ်။ ကွာခြားချက်က အရမ်းကြီးလွန်းတယ်လေ။ ကျွန်တော် ခေါင်းဆောင်အပေါ် အမြင်စောင်းတာမျိုးတောင် ဖြစ်လာတယ်။ “ငါ့ကို သရုပ်ဆောင်လုပ်ဖို့ မသင့်တော်ဘူးလို့ ထင်ရင်လည်း ဒဲ့ပြောလိုက်ပါလား။ လူသစ်တွေကို ငါ ရေသွားလောင်းပေးနိုင်တာပဲ။ အနည်းဆုံးတော့ အဲဒါက နည်းနည်း နားထောင်လို့ ကောင်းသေးတယ်၊ ဒီမှာ မျက်နှာငယ်မနေရတော့ဘူး” လို့ တွေးမိတယ်။ အဲဒီနောက်မှာ မနက်ခင်း အသံလေ့ကျင့်တာတွေ ကျွန်တော် ရပ်လိုက်ပြီး သရုပ်ဆောင်ပညာ လေ့လာဖို့ လုံးဝ စိတ်မဝင်စားတော့ဘူး။ အရင်က အသံထိန်းဖို့ အစပ်မစားဘဲ ရှောင်ပေမဲ့၊ အခုတော့ မဆင်ခြင်တော့ဘဲ စပြီး စားလာတယ်။ ရလဒ်ကတော့ အပူကန်ပြီး နှုတ်ခမ်းမှာ အနာတွေပေါက်လို့ ရိုက်ကူးရေး အရည်အသွေးကို ထိခိုက်စေခဲ့တယ်။ မရိုက်ခင်မှာ ဇာတ်ကောင်ရဲ့ ခံစားချက်တွေကို ဘာစဉ်းစားဆင်ခြင်တာမျိုးတစ်ခုမှ သေချာ မလုပ်တော့ဘဲ၊ ပြောရမယ့် စကားတွေကို စက်ရုပ်လိုပဲ အလွတ်ကျက်တော့တာ။ အကျိုးဆက်အနေနဲ့ ကျွန်တော် စိတ်ဓာတ်ကျနေလို့ အလုပ်ကြန့်ကြာပြီး ရိုက်ကူးရေးရလဒ်ကို ထိခိုက်တာမျိုး ခဏခဏ ဖြစ်ခဲ့တယ်။ အဲဒီတုန်းက ကျွန်တော် တစ်နေကုန် စိတ်နဲ့ကိုယ်နဲ့ မကပ်ဘဲ နေခဲ့တာ။ တစ်ခါတလေ ကိုယ့်တာဝန်ကို ထမ်းဆောင်နေတာ အဓိပ္ပာယ်မရှိဘူးလို့ ခံစားရပြီး၊ “ဘာပဲဖြစ်ဖြစ်၊ ဒီအဖွဲ့ထဲမှာ ငါက မရှိမဖြစ် မဟုတ်ဘူး။ နေ့တိုင်း ဒီလို တောက်တိုမည်ရ အလုပ်တွေ လုပ်နေမဲ့အစား၊ အချိန်ပြည့်တာဝန် မထမ်းဆောင်တော့ဘဲ အလုပ်ထွက်လုပ်ရင်း အချိန်ပိုင်းပဲ တာဝန်နည်းနည်း ထမ်းဆောင်လိုက်တော့မယ်” လို့တောင် တွေးမိတယ်။

တစ်နေ့ကျတော့ ဇာတ်ဝင်ပစ္စည်းတွေ စီစဉ်နေရင်း၊ ရုတ်တရက် ကျွန်တော့်နှလုံးမှာ ပြင်းထန်တဲ့မသက်သာမှုကို ခံစားလိုက်ရတယ်။ အဲဒီတော့မှ အဲဒီအချိန်က ကျွန်တော့်အခြေအနေကို စပြီး ဆင်ခြင်သုံးသပ်မိတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော့်အခြေအနေကို တိုက်ရိုက်ပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို တွေ့လိုက်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သမ္မာတရားကို ရှာဖွေရမည့်အစား လူအများစုတွင် ၎င်းတို့၏ ကိုယ်ပိုင်သေးနုပ်သော လုပ်ငန်းစဉ်များရှိသည်။ ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများ၊ ဂုဏ်သိက္ခာ၊ အခြားသူများ၏ စိတ်ထဲတွင် ၎င်းတို့ရှိနေသည့် နေရာ သို့မဟုတ် အဆင့်အတန်းတို့သည် ၎င်းတို့အတွက် အလွန်အရေးကြီးသည်။ ၎င်းတို့ မြတ်နိုးသည်မှာ ဤအရာများသာ ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို လုံးဝ လက်မလွတ်စတမ်း ဖက်တွယ်ထားကြပြီး ၎င်းတို့၏ အသက်စင်စစ်တမျှ မှတ်ယူကြသည်။ ၎င်းတို့ကို ဘုရားသခင်က မည်သို့မြင်သည်၊ သို့မဟုတ် သဘောထားသည်မှာ သာမည အရေးကြီးသောအရာ ဖြစ်သည်။ အချိန်တစ်ခဏတွင် ၎င်းတို့သည် ယင်းကို လျစ်လျူရှုကြသည်။ အချိန်တစ်ခဏတွင် ၎င်းတို့သည် အဖွဲ့၏ အကြီးအကဲဖြစ်ခြင်းရှိမရှိ၊ အခြားလူတို့သည် ၎င်းတို့ကို အထင်ကြီးလေးစားပြီး ၎င်းတို့၏ စကားများသည် ဩဇာလွှမ်းမိုးနိုင်ခြင်း ရှိမရှိတို့ကိုသာ ထည့်တွက်စဉ်းစားသည်။ ၎င်းတို့ ဦးစွာအလေးထားသည့်ကိစ္စမှာ ထိုရာထူးကို နေရာယူရန်ဖြစ်သည်။ ၎င်းတို့သည် အဖွဲ့တစ်ခုတွင် ရှိသောအခါ လူအားလုံးနီးပါးက ဤအဆင့်အတန်းမျိုး၊ ဤအခွင့်အလမ်းမျိုးကို ရှာဖွေကြသည်။ ၎င်းတို့က အလွန်ပါရမီရှိပါက၊ အကြီးဆုံးသောသူဖြစ်ချင်ကြသည်မှာ အမှန်ဖြစ်၏။ ၎င်းတို့သည် အလယ်အလတ် အရည်အချင်းရှိလျှင် အဖွဲ့ထဲက ပိုမြင့်သော နေရာတွင် ရှိချင်ကြဆဲဖြစ်သည်။ ၎င်းတို့သည် အဖွဲ့တွင် နိမ့်သည့်နေရာ၌ရှိပြီး ပုံမှန်အစွမ်းအစနှင့် အရည်အချင်းရှိလျှင် ၎င်းတို့သည်သူတစ်ပါးက ၎င်းတို့အား အထင်ကြီး လေးစားသည်ကိုလည်း လိုချင်ကြလိမ့်မည်၊ မိမိတို့ကို အခြားသူများ အထင်သေးစေချင်ကြမည် မဟုတ်ပေ။ ဤလူတို့၏ ဂုဏ်သိက္ခာသည် ၎င်းတို့ သတ်မှတ်ထားသည့် စံနှုန်းဖြစ်သည်။ ဤအရာတို့ကို ၎င်းတို့က ကိုင်စွဲထားရသည်။ ၎င်းတို့တွင် သမာဓိမရှိနိုင်ကြသည့်အပြင် ဘုရားသခင်၏ နှစ်သက်သဘောကျမှု သို့မဟုတ် လက်ခံမှုကိုလည်း ၎င်းတို့မပိုင်ဆိုင်နိုင်ကြပေ။ သို့သော် ၎င်းတို့သည် အခြားသူများကြားတွင် ၎င်းတို့ရရှိဖို့ ကြိုးပမ်းထားသည့် အလေးထားခံရမှုကိုဖြစ်စေ၊ အဆင့်အတန်းကိုဖြစ်စေ၊ အထင်ကြီးမှုကိုဖြစ်စေ လုံးဝဥဿုံ အဆုံးရှုံးမခံနိုင်ကြ။ ဤသည်မှာ စာတန်၏ စိတ်သဘောထားပင် ဖြစ်သည်။ သို့ရာတွင် လူတို့သည် ဤအရာကို သတိမပြုမိကြပေ။ ၎င်းတို့သည် အဆုံးထိ ဤသိက္ခာ တစ်ပိုင်းတစ်စကို ဖက်တွယ်ထားရမည်ဆိုသည်မှာ ၎င်းတို့၏ ယုံကြည်မှုဖြစ်သည်။ ဤအချည်းနှီးဖြစ်ပြီး အပေါ်ယံဖြစ်သော အရာများကို အပြည့်အဝ စွန့်လွှတ်ပြီး ဘေးဖယ်လိုက်သည့်အခါမှသာ ၎င်းတို့သည် စစ်မှန်သော လူတစ်ဦးဖြစ်လာမည်ကို ၎င်းတို့ သတိမပြုမိကြပေ။ လူတစ်ဦးသည် စွန့်ပစ်သင့်သည့် ဤအရာများကို အသက်ကဲ့သို့ ကာကွယ်စောင့်ရှောက်နေလျှင် သူ့ဘဝကား ဆုံးပြီဖြစ်သည်။ မည်သည့်အရာကို ဆုံးရှုံးရတော့မည်ကို ၎င်းတို့ မသိကြပေ။ ထို့ကြောင့် ၎င်းတို့ ပြုမူဆောင်ရွက်သောအခါတွင် တစ်စုံတစ်ခုကို အစဉ်သဖြင့် ပြန်စွဲကိုင်ထားသည်။ မိမိတို့၏ ကိုယ်ပိုင်ဂုဏ်နှင့် အဆင့်အတန်းကို ကာကွယ်ရန် အစဉ် ကြိုးစားကြသည်။ ၎င်းတို့ကိုယ်တိုင်၏ ရည်ရွယ်ချက်ပန်းတိုင်များအတွက်သာ ပြောဆိုလျက် ၎င်းတို့၏ ကိုယ်ပိုင်အတုအယောင်ကာကွယ်မှုအတွက် ဤအရာတို့ကို ဦးစားပေးကြသည်။ ၎င်းတို့လုပ်သမျှ အရာရာတိုင်းသည် ၎င်းတို့ကိုယ်တိုင်အတွက်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်က ပြောတယ်၊ ကျွန်တော်တို့ရဲ့ အစွမ်းအစ၊ ပါရမီတွေက ဘယ်လိုပဲရှိရှိ၊ ကျွန်တော်တို့အားလုံးက လူအုပ်ထဲမှာ နေရာတစ်ခုရချင်ကြတယ်၊ သူများတွေရဲ့ အထင်ကြီးလေးစားမှုကို ခံချင်ကြတယ် တဲ့။ အရည်အချင်းရှိတဲ့သူတွေက ထိပ်ဆုံးနေရာကို ယူချင်ကြသလို၊ ထူးထူးခြားခြား အရည်အချင်း မရှိဘဲ အစွမ်းအစ သာမန်ပဲ ရှိတဲ့သူတွေကလည်း အလေးထားခံချင်ကြတယ်၊ အထင်ကြီးခံချင်ကြတယ်။ ဒါတွေအားလုံးက စာတန်ဆန်တဲ့ စိတ်သဘောထားရဲ့ တွန်းအားပေးမှုကြောင့်ပါပဲ။ ခေါင်းဆောင်က ကျွန်တော့်ကို သရုပ်ဆောင်လုပ်ဖို့ စီစဉ်ပေးတုန်းက၊ ကျွန်တော်က ဒီလောက်အရေးကြီးတဲ့ တာဝန်ကို ထမ်းဆောင်နိုင်ခွင့်ရတဲ့အတွက် အရမ်းကို ကျေနပ်ခဲ့တယ်၊ အရမ်းတက်ကြွပြီး ဝန်တာထားခဲ့တယ်။ ဒါပေမဲ့ အလုပ်လိုအပ်ချက်အရ ခေါင်းဆောင်က ကျွန်တော့်ကို ထမင်းချက်ဖို့၊ ဒါမှမဟုတ် ယာယီအနေနဲ့ ရိုက်ကွင်းပြင်ဖို့၊ ပစ္စည်းရွှေ့ခိုင်းဖို့ စီစဉ်ပေးတဲ့အခါမျိုးမှာ၊ ဒါတွေက တောက်တိုမည်ရ အလုပ်တွေပဲလို့ ကျွန်တော် ခံစားရတယ်၊ ပြီးတော့ တခြားသရုပ်ဆောင်တွေနဲ့ယှဉ်ရင် ကျွန်တော်က အဖွဲ့ထဲမှာ မရှိမဖြစ် မဟုတ်တဲ့လူတစ်ယောက် ဖြစ်သွားပြီလို့ ခံစားခဲ့ရတယ်။ ဒါနဲ့ ကျွန်တော်က စိတ်မချမ်းမသာဖြစ်တဲ့ ခံစားချက်တွေထဲမှာ နေပြီး ကိုယ့်တာဝန်ကို ဝတ်ကျေတမ်းကျေ စလုပ်လာတယ်၊ ပြီးပြီးရော သဘောမျိုးပေါ့။ ဇာတ်ကောင်ရဲ့ ခံစားချက်တွေကို ကြိုပြီး စဉ်းစားဖို့ မကြိုးစားဘဲ၊ စကားတွေကိုပဲ အလွတ်ကျက်ခဲ့တယ်။ ရိုက်ကူးရေးမှာ ပိုကောင်းတဲ့ ရလဒ်ရဖို့ ဘယ်လိုလုပ်ရမလဲ စဉ်းစားဖို့ စိတ်နှလုံးမရှိခဲ့ဘူး။ ဘုရားလုပ်ဆောင်တဲ့အရာအပေါ် ကျွန်တော် လုံးဝ ကျိုးနွံနာခံမှု မပြခဲ့ဘူး။ အဖွဲ့ထဲမှာ အရေးမပါဆုံးလူ ဖြစ်ရတာကို မလိုလားဘဲ၊ အထင်ကြီးခံရဖို့၊ အလေးထားခံရဖို့ကိုပဲ အမြဲ လိုက်စားခဲ့တယ်။ ကျွန်တော် လုံးဝ ဆင်ခြင်တုံတရား ကင်းမဲ့ခဲ့တာပဲ။ ကျွန်တော့် သရုပ်ဆောင်အရည်အချင်း ညံ့ပြီး ပိုပြီးလေ့ကျင့်သင့်ခဲ့မှန်း သိပေမဲ့၊ မလေ့ကျင့်တဲ့အပြင်၊ ကြိုးစားဖို့ကိုပါ လက်လျှော့လိုက်တယ်။ အချိန်ပြည့် တာဝန်ထမ်းဆောင်တာကို ရပ်ဖို့တောင် စဉ်းစားခဲ့သေးတာ။ ဂုဏ်နာမည်နဲ့ အဆင့်အတန်းအတွက် လိုအင်ဆန္ဒက တကယ်ကို ကြီးမားလွန်းခဲ့တာပဲ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ပိုဖတ်ဖြစ်ပြီး၊ ကိုယ့်ရဲ့ သဘာဝ အနှစ်သာရကို နားလည်မှုတချို့ ရခဲ့တယ်။ ဘုရားသခင်က ပြောသည် “အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို ၎င်းတို့ လိုက်စားပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့ဘဝ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသောအဆင့်အတန်းရှိခြင်းကို ဗဟိုပြုထားသည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော ရုပ်သွင်နှင့် အနှစ်သာရတို့ ဖြစ်သည်။ ၎င်းတို့ကို တောင်များ၏အတွင်းပိုင်း အလွန်ရှေးကျသော တောထဲ၌ သွားထားလျှင်ပင် ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားခြင်းကို ဘေးဖယ်ထားမည် မဟုတ်သေးပေ။ ၎င်းတို့ကို မည်သည့်လူအုပ်စုတွင်မဆို ထည့်ထားလျှင် ၎င်းတို့တွေးနိုင်သမျှသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်။ အန္တိခရစ်များသည်လည်း ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားမှုကို ဘုရားသခင်အပေါ် ယုံကြည်မှုနှင့် ညီတူညီမျှဖြစ်သည်ဟု မြင်ပြီး ဤအရာနှစ်ခုကို တန်းတူရည်တူ ထားရှိလေသည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်း လမ်းကြောင်းကို ၎င်းတို့လျှောက်စဉ်တွင် ၎င်းတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကိုလည်း လိုက်စားသည်ဟု ဆိုလိုသည်။ အန္တိခရစ်တို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ယုံကြည်ခြင်း၌ သမ္မာတရားကို လိုက်စားခြင်းသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းဖြစ်ကာ၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းက သမ္မာတရားကို လိုက်စားခြင်းလည်းဖြစ်ပြီး ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ရရှိခြင်းက သမ္မာတရားနှင့် အသက်ကို ရရှိခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ် သို့မဟုတ် အဆင့်အတန်းမရှိ၊ မည်သူကမျှ ၎င်းတို့ကို မမျှော်ကိုး၊ သို့မဟုတ် အထင်မကြီး၊ သို့မဟုတ် မလိုက်နာဟု ၎င်းတို့က ခံစားရလျှင် ၎င်းတို့အလွန် စိတ်ပျက်ကြသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် အဓိပ္ပာယ်မရှိ၊ ယင်းတွင် တန်ဖိုးမရှိဟု ၎င်းတို့ ယုံကြည်ကြသည်၊ ‘ဘုရားသခင်၌ ထိုသို့သော ယုံကြည်ခြင်းသည် ကျရှုံးမှုတစ်ခု ဖြစ်သလော။ ငါသည် မျှော်လင့်ချက် မမဲ့သလော’ ဟု မိမိတို့ကိုယ်ကို ဆိုကြသည်။ ၎င်းတို့သည် ဤအရာများကို ၎င်းတို့စိတ်နှလုံးထဲတွင် မကြာခဏ တွက်ချက်ကြသည်။ ဘုရားအိမ်တော်တွင် ၎င်းတို့ကိုယ်တိုင်အတွက် နေရာတစ်နေရာကို မည်သို့ ရရှိအောင် ကြိုးစားနိုင်မည်၊ အသင်းတော်တွင် မြင့်မြတ်သည့် ဂုဏ်သတင်းကို မည်သို့ရရှိနိုင်သည်၊ ၎င်းတို့ စကားပြောသည့်အခါ လူတို့က နားထောင်အောင် မည်သို့လုပ်ဆောင်နိုင်သည်နှင့် ၎င်းတို့ပြုမူလုပ်ဆောင်သည့်အခါ မိမိတို့အား ပံ့ပိုးကြအောင် မည်သို့လုပ်ဆောင်နိုင်သည်၊ ၎င်းတို့ မည်သည့်နေရာသို့ရောက်ပါစေ လူများက ၎င်းတို့နောက်လိုက်အောင် မည်သို့လုပ်ဆောင်နိုင်သည်၊ အသင်းတော်တွင် ဩဇာညောင်းမှု မည်သို့ရရှိနိုင်သည်၊ ပြီးလျှင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း မည်သို့ရရှိနိုင်သည် ဟူသည့် ဤအရာများကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် အလွန်ပင် အာရုံစိုက်ကြသည်။ ဤအရာများသည် ထိုသို့သောသူများ လိုက်စားသည့်အရာများဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) အန္တိခရစ်တွေက ဂုဏ်နာမည်နဲ့ အဆင့်အတန်းကို သူတို့အသက်လို တန်ဖိုးထားတယ်လို့ ဘုရားသခင်က ဖော်ထုတ်ထားတယ်။ သူတို့ ဘယ်လူအုပ်စုထဲ ရောက်ရောက်၊ အမြဲတမ်း နေရာရချင်ကြတယ်၊ အထင်ကြီးခံချင်ကြတယ်။ သူတို့ရဲ့ ဂုဏ်နာမည်နဲ့ အဆင့်အတန်း ဆုံးရှုံးသွားတာနဲ့၊ သူတို့အသက်ကို နှုတ်ယူခံလိုက်ရသလို ဖြစ်သွားတာ။ ဘုရားသခင်ကို ယုံကြည်တာ အဓိပ္ပာယ်မရှိဘူးလို့တောင် သူတို့ ခံစားရနိုင်ပြီး၊ အချိန်မရွေး ဘုရားသခင်ကို သစ္စာဖောက်ပြီး ထွက်သွားနိုင်စွမ်း ရှိကြတယ်။ ကျွန်တော်က အဲဒီလိုလူစားမျိုး ဖြစ်နေတာပဲ မဟုတ်ဘူးလား။ အရင်တုန်းက ကျွန်တော် သရုပ်ဆောင်တာဝန်ကိုပဲ အမြဲလုပ်နေတုန်းက၊ လူတိုင်း ကျွန်တော့်ကို အထင်ကြီးလေးစားခဲ့ကြပြီး တခြားလူတွေနဲ့ အတူရှိတဲ့အခါ ကျွန်တော် သာတယ်ဆိုတဲ့ ခံစားချက်မျိုး ရှိခဲ့တယ်။ ခေါင်းဆောင်က ကျွန်တော့်ကို အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတွေမှာ ပါဝင်ဖို့ စီစဉ်တုန်းက၊ ကျွန်တော် အရမ်းပျော်ခဲ့တယ်။ ကျွန်တော့်ကို အများကြီး တန်ဖိုးထားတယ်လို့ ခံစားရပြီး ကိုယ့်တာဝန်မှာ ခွန်အားတွေ အပြည့်ရှိခဲ့တာ။ ဒါပေမဲ့ ကျွန်တော့်ကို ထမင်းချက်ခိုင်းတဲ့အခါ၊ ဒါမှမဟုတ် ရိုက်ကွင်းပြင်ခိုင်းတဲ့အခါကျတော့ ကျွန်တော့်ကို တန်ဖိုးမထားတော့ဘူးလို့ ခံစားခဲ့ရတယ်။ တစ်နေကုန် စိတ်ဆင်းရဲပြီး ဘာလုပ်လုပ် အဓိပ္ပာယ်မရှိဘူးလို့ ခံစားခဲ့ရတယ်။ ဘုရားသခင်က ပြောသည် “၎င်းတို့ကို တောင်များ၏အတွင်းပိုင်း အလွန်ရှေးကျသော တောထဲ၌ သွားထားလျှင်ပင် ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားခြင်းကို ဘေးဖယ်ထားမည် မဟုတ်သေးပေ။ ၎င်းတို့ကို မည်သည့်လူအုပ်စုတွင်မဆို ထည့်ထားလျှင် ၎င်းတို့တွေးနိုင်သမျှသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်။” ဒီစကားတွေက အရမ်း လက်တွေ့ကျတာပဲ။ ဂုဏ်နာမည်နဲ့ အဆင့်အတန်းကို ကျွန်တော် တန်ဖိုးထားတာက ခဏတာ မဟုတ်ဘူး၊ ကျွန်တော့်အရိုးထဲ စွဲနေတဲ့အရာပဲ။ ကျွန်တော် ဘယ်လူအုပ်စုထဲ ရောက်ရောက်၊ ဘာပဲလုပ်လုပ်၊ ကျွန်တော် ပထမဆုံး စဉ်းစားတာက ကျွန်တော့် ဂုဏ်နာမည်နဲ့ အဆင့်အတန်းပဲ။ ကျွန်တော် အကောင်းဆုံး မဖြစ်နိုင်ရင်တောင်၊ အနည်းဆုံးတော့ ကျွန်တော်က အရေးပါတယ်လို့ ခံစားရမှ ဖြစ်မှာ။ မဟုတ်ရင် အသက်ရှင်ရတာ အဓိပ္ပာယ်မရှိသလိုပဲ အရမ်း နာကျင်ခံစားရတယ်။ ကျွန်တော် စဉ်းစားလာမိတယ်၊ ဘာဖြစ်လို့ ငါက ဂုဏ်နာမည်နဲ့ အဆင့်အတန်းကို ဒီလောက် ဂရုစိုက်ခဲ့ရတာလဲ။ ဘာဖြစ်လို့လဲဆိုတော့ “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏” တို့၊ “လူတို့သည် ၎င်းတို့နှင့်တစ်ခေတ်တည်း မွေးသူများထက် ပိုမိုသာလွန်ရန် အစဉ်ကြိုးစားသင့်သည်” တို့လို စာတန်ရဲ့ အဆိပ်အတောက်တွေနဲ့ ကျွန်တော် နက်နက်ရှိုင်းရှိုင်း ပုံသွင်းခံထားရပြီး လွှမ်းမိုးခံထားရလို့ပဲ။ ကျွန်တော် ဘယ်လူအုပ်စုထဲ ရောက်ရောက်၊ တန်ဖိုးထားခံရမှ၊ အထင်ကြီးခံရမှ ဖြစ်မယ်၊ အဲဒါကမှ ဘဝကို အလဟဿ မဖြစ်စေမယ့် တစ်ခုတည်းသော နည်းပဲလို့ ယုံကြည်ခဲ့တာ။ ငယ်ငယ်ကတည်းက ကျွန်တော်က အရမ်း ပြိုင်ဆိုင်တတ်ပြီး သိက္ခာဆည်ဖို့ကို အရမ်း စိတ်ပူခဲ့တယ်၊ ဘာလုပ်လုပ် အထင်သေးမခံချင်ခဲ့တာကို ကျွန်တော် မှတ်မိတယ်။ ငယ်ငယ်တုန်းက အိမ်က ဆင်းရဲတော့ ကျွန်တော် စာကြိုးစားခဲ့တယ်။ မူလတန်းကနေ အထက်တန်းအထိ ဆယ်နှစ်လုံးလုံး အတန်းခေါင်းဆောင် ဖြစ်ခဲ့တယ်။ အိမ်က နံရံတွေပေါ်မှာ ကျွန်တော့်ရဲ့ ဆုလက်မှတ် အမျိုးမျိုးနဲ့ ပြည့်နေတာပဲ။ ဆရာတွေ၊ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေ အားလုံးက ကျွန်တော့်ကို ချီးကျူးကြပြီး၊ အတန်းဖော်တွေကလည်း ကျွန်တော့်ကို အားကျကြတယ်။ အဲဒီဂုဏ်ရောင်အောက်မှာ ကျွန်တော် နေထိုင်ခဲ့ပြီး အရမ်းလည်း ဂုဏ်ယူခဲ့တယ်၊ အမြဲတမ်း ခေါင်းမော့ ရင်ကော့ပြီး လမ်းလျှောက်ခဲ့တာ။ ဒါပေမဲ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမဖြေခင်လေးမှာပဲ၊ ရောဂါတစ်ခုကြောင့် ကျောင်းထွက်လိုက်ရတယ်။ အဲဒီတုန်းက ဒီရက်စက်တဲ့ အမှန်တရားကို ကျွန်တော် လက်မခံနိုင်ခဲ့ဘူး။ အဲဒီအချိန်ကစပြီး ကျွန်တော် လုံးဝ စိတ်မချမ်းမသာဖြစ်လာခဲ့ပြီး ပြန်မထူနိုင်ခဲ့ဘူး။ ဘုရားသခင်ကို စယုံကြည်ပြီးတဲ့နောက်မှာလည်း သူများတွေ အထင်ကြီးလေးစားတာကိုပဲ ကျွန်တော် လိုက်စားတုန်းပဲ။ ကျွန်တော့် အစွမ်းအစနဲ့ ကျွမ်းကျင်မှုက သာမန်ပဲရှိပြီး အရေးကြီးတဲ့အလုပ်ကို မလုပ်နိုင်တာတောင်မှ၊ ကျွန်တော်က အရေးပါတဲ့လူတစ်ယောက် ဖြစ်ချင်တုန်းပဲ၊ အထင်သေး မခံချင်ဘူး။ ခေါင်းဆောင်က ကျွန်တော့်ကို အထွေထွေအလုပ်တွေပဲ ပေးနေတဲ့အခါ၊ ကျွန်တော့်ရဲ့ မာနဘဝင်က မပြည့်ဝတော့ဘဲ အပျက်သဘောဆောင်တဲ့ အခြေအနေထဲမှာ ရှင်သန်ခဲ့ရတယ်။ ကျွန်တော် မကျေမနပ်ဖြစ်ပြီး လက်ခံဖို့ မလိုလားခဲ့ဘူး၊ ခေါင်းဆောင်အပေါ် အမြင်စောင်းတာမျိုးတောင် ရှိခဲ့တယ်။ ကိုယ့်တာဝန်မှာ ဝတ်ကျေတမ်းကျေ ဖြစ်လာပြီး အချိန်ပိုင်း အလုပ်လုပ်ဖို့တောင် စဉ်းစားခဲ့တယ်။ ဒါက ဘုရား စီစဉ်ပေးထားတဲ့ ဝန်းကျင်ကနေ ကျွန်တော် ထွက်ပြေးနေတာပဲ၊ အနှစ်သာရအရဆိုရင် ဘုရားသခင်ကို သစ္စာဖောက်နေတာပဲ။ ကျွန်တော် ကိုယ့်တာဝန်ကို ထမ်းဆောင်နေတာက သမ္မာတရားကို ရှာဖွေပြီး ကယ်တင်ခြင်း ရဖို့အတွက် မဟုတ်ဘဲ၊ ဂုဏ်နာမည်နဲ့ အဆင့်အတန်းကို လိုက်စားဖို့ ဖြစ်နေတယ်ဆိုတာ မြင်သွားတယ်။ ကျွန်တော်က အန္တိခရစ်တစ်ယောက်ရဲ့ လမ်းကြောင်းကို လျှောက်နေခဲ့တာ။ ကျွန်တော်သာ နောင်တရပြီး မပြောင်းလဲရင်၊ အနှေးနဲ့အမြန် ဘုရားရဲ့ ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းတာကို ခံရမှာပဲ။ အဲဒီနောက်ပိုင်း ကျွန်တော် ဘုရားသခင်ဆီ ခဏခဏ ဆုတောင်းတယ်၊ ကျွန်တော့်ရဲ့ မမှန်ကန်တဲ့ အခြေအနေကို ပြောင်းလဲဦးဆောင်ပေးဖို့ တောင်းလျှောက်ခဲ့တယ်။

တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်ပြီးတော့၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီဖို့အတွက် ဘုရားသခင်ကို ယုံကြည်ရာမှာ ကျွန်တော် ဘယ်လမ်းကြောင်းကို လျှောက်သင့်တယ်ဆိုတာ နားလည်သွားတယ်။ ဘုရားသခင်က ပြောသည် “အချို့လူတို့သည် အထင်ကြီးဖွယ်ကောင်းပြီး ကြီးကျယ်ခမ်းနားသော တာဝန်များကို လုပ်နေကာ သူတို့ကို အခြားသူများ အထင်ကြီးအားကျလာအောင် လုပ်နေရုံမျှဖြင့် စိတ်ချမ်းသာနေကြသည်။ ဤသည်ကား အသုံးဝင်ပါ၏လော။ ဤသည်ကား သင်၏ နောက်ဆုံး အဆုံးသတ်မဟုတ်သလို နောက်ဆုံး ဆုလာဘ်လည်း မဟုတ်။ ထို့ပြင် ယင်းသည် သင်၏ ပန်းတိုင်လည်း မုချ မဟုတ်။ ထို့ကြောင့် သင်မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ယင်းသည် ယာယီမျှသာဖြစ်သည်။ ထာဝစဉ်အတွက် မဟုတ်။ ယင်းသည် ဘုရားသခင်က သင့်အပေါ် အပ်နှင်းထားသော အသိအမှတ်ပြုခြင်း မဟုတ်။ သင့်ကို ချီးမြှင့်ထားသော ဆုလာဘ်လည်း မဟုတ်ပေ။ နောက်ဆုံးတွင် လူတို့ အနေဖြင့် ကယ်တင်ခြင်းကို ရနိုင်မရနိုင်ခြင်းက သူတို့ မည်သည့်တာဝန်ကို လုပ်ဆောင်သည် ဟူသည့်အပေါ် မူတည်ခြင်း မရှိဘဲ၊ သူတို့သည် သမ္မာတရားကို နားလည်ပြီး ရရှိနိုင်ခြင်း ရှိမရှိနှင့် အဆုံးတွင် ၎င်းတို့သည် ဘုရားသခင်အပေါ် အလုံးစုံ ကျိုးနွံနာခံနိုင်ခြင်းရှိမရှိ၊ ဘုရားစီစဉ်ညွှန်ကြားခြင်း၏ ပြုသမျှကိုခံပြီး ၎င်းတို့၏ အနာဂတ်နှင့် ကံတရားကို ထည့်မစဉ်းစားဘဲ စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦးဖြစ်လာခြင်းရှိမရှိအပေါ်တွင် မူတည်သည်။ ဘုရားသခင်သည် ဖြောင့်မတ်ပြီး သန့်ရှင်းသည်။ ဤသည်မှာ လူသားမျိုးနွယ်ခပ်သိမ်းကို သူတိုင်းတာသည့် စံနှုန်းများ ဖြစ်သည်။ ဤစံနှုန်းများမှာ ပြောင်းလဲ၍မရ။ ဤသည်ကို သင်မှတ်ထားရမည်။ ဤစံနှုန်းများကို သင်၏ စိတ်တွင် ကမ္ပည်းထိုးထားလော့။ ထို့ပြင် မစစ်မှန်သည့် အရာအချို့ကို လိုက်စားရန် အခြားလမ်းကြောင်းတစ်ခုခု ရှာဖွေခြင်းအား မည်သည့်အခါတွင်မျှ မစဉ်းစားနှင့်။ ကယ်တင်ခြင်းရရှိလိုသောသူ အားလုံးနှင့် သက်ဆိုင်သည့် ဘုရားသခင် သတ်မှတ်ထားသော စံနှုန်းများမှာ ထာဝရ ပြောင်းလဲခြင်း မရှိပေ။ သင် မည်သူမည်ဝါ ဖြစ်စေကာမူ ယင်းတို့က အမြဲတမ်း ဤအတိုင်းဖြစ်သည်။ ဘုရားသခင် တောင်းဆိုသော စံနှုန်းများအတိုင်း ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့်သာ ကယ်တင်ခြင်းကို သင် ရရှိနိုင်သည်။ သင်က မရေမရာဖြစ်သောအရာများကို လိုက်စားဖို့ အခြားလမ်းကြောင်းကို ရှာဖွေပြီး သင်သည် ကံကောင်းပြီး အောင်မြင်လိမ့်မည်ဟု စိတ်ကူးလျှင် သင်သည် ဘုရားသခင်ကို အာခံပြီး သစ္စာဖောက်သောသူတစ်ယောက်ဖြစ်ကာ ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းကို သေချာပေါက် ခံရမည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး)ဘုရားသခင်ရှေ့တွင် သင်ပြောသည့်အရာ၊ သို့မဟုတ် ကတိပြုသည့်အရာကို သူက မကြည့်ပေ။ သင်လုပ်ဆောင်သည့်အရာသည် သမ္မာတရား စစ်မှန်မှု ရှိမရှိကို သူ ကြည့်သည်။ ထို့ပြင် သင်၏ လုပ်ရပ်များသည် မည်မျှမြင့်သည်၊ နက်နဲသည်၊ သို့မဟုတ် အင်အားကြီးသည်ကို ဘုရားသခင်က ဂရုမစိုက်ပေ။ ပြီးလျှင် သင်သည် သေးငယ်သောအရာတစ်ခုကို လုပ်ဆောင်လျှင်ပင် ဘုရားသခင်က သင်၏ လှုပ်ရှားမှုတိုင်း ရိုးသားစစ်မှန်မှုကို မြင်လျှင် သူက ‘ဤလူသည် ငါ့အား ရိုးသားစစ်မှန်စွာ ယုံကြည်သည်။ သူသည် မည်သည့်အခါမျှ ကြွားလုံးထုတ်ခြင်း မရှိ။ သူ၏ အဆင့်အတန်းနှင့်အညီ ပြုမူနေထိုင်သည်။ သူသည် ဘုရားအိမ်တော်အဖို့ ကြီးမားစွာ ပံ့ပိုးခြင်းမလုပ်နိုင်သော်လည်း အစွမ်းအစနည်းပါးနိုင်သော်လည်း သူလုပ်သမျှတွင် တည်ကြည်ခိုင်မာပြီး ရိုးသားစစ်မှန်မှုရှိသည်’ ဟု ပြောဆိုလိမ့်မည်။ ဤ ‘ရိုးသားစစ်မှန်မှု’ တွင် မည်သည့်အရာ ပါဝင်သနည်း။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ ကျိုးနွံနာခံခြင်းအပြင် စစ်မှန်သောယုံကြည်ခြင်းနှင့် ချစ်ခြင်းပါဝင်သည်။ ဘုရားသခင်မြင်လိုသော အရာမှန်သမျှ ပါဝင်သည်။ အခြားလူများအဖို့ ဤသို့သောသူများသည် ထူးခြားမှုမရှိ ပုံပေါက်နိုင်ပြီး ၎င်းသည် အစားအစာချက်ပြုတ်သောသူ၊ သို့မဟုတ် သန့်ရှင်းရေးလုပ်သော သူတစ်ယောက်၊ သာမန်တာဝန်တစ်ခုကို ထမ်းဆောင်သော သူတစ်ယောက်လည်း ဖြစ်နိုင်သည်။ ဤသို့သောလူများသည် အခြားလူများအဖို့ ထူးခြားမှုမရှိပေ။ ကြီးမြတ်သည့် မည်သည့်အရာကိုမျှ မဖြစ်မြောက်ခဲ့သလို လေးစားထိုက်သော၊ အထင်ကြီးစရာဖြစ်သော၊ သို့မဟုတ် အားကျစရာ ဖြစ်သောအရာတစ်ခုမျှ မရှိပေ။ ၎င်းတို့သည် သာမန်လူများသာ ဖြစ်သည်။ သို့တိုင်အောင် ဘုရားသခင် တောင်းဆိုသောအရာ အားလုံးကို ၎င်းတို့တွင် တွေ့ရှိရပြီး ၎င်းတို့သည် ထိုအရာအားလုံးနှင့်အညီ အသက်ရှင်နေထိုင်ပြီး ဘုရားသခင်ထံ အရာအားလုံး ပေးအပ်သည်။ ငါ့ကို ပြောလော့။ ဘုရားသခင်က မည်သည့်အရာကို နောက်ထပ် အလိုရှိသနည်း။ သူသည် ၎င်းတို့နှင့်ပတ်သက်၍ စိတ်ကျေနပ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဒီနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ဖတ်ပြီးတဲ့နောက် ကျွန်တော့်စိတ်နှလုံးက အများကြီး လင်းထိန်သွားတယ်။ ကိုယ့်တာဝန်မှာ သူများတွေရဲ့ အထင်ကြီးမှုကို ရမရဆိုတာ အရေးမကြီးပါဘူး။ အဲဒါက ကျွန်တော်တို့ရဲ့ နောက်ဆုံး အဆုံးသတ်နဲ့ ပန်းတိုင်ကို မဆုံးဖြတ်ပေးပါဘူး။ ကိုယ့်တာဝန်ကို ထမ်းဆောင်တာက ကျွန်တော်တို့ သမ္မာတရားကို လိုက်စား၊ ရရှိနိုင်မယ့် လမ်းကြောင်းတစ်ခုသက်သက်ပါပဲ။ ဘုရားသခင်က ကျွန်တော်တို့ကို ကြီးကျယ်ခမ်းနားတဲ့ အရာတွေ လုပ်ဖို့ မလိုသလို၊ အဆင့်အတန်း မြင့်မြင့် ရဖို့လည်း မတောင်းဆိုပါဘူး။ ဘုရားသခင် မျှော်လင့်တာက ကျွန်တော်တို့ ကိုယ်နဲ့သင့်တော်တဲ့နေရာအတိုင်း ပြုမူနေထိုင်ပြီး၊ ကိုယ့်တာဝန်ကို လက်တွေ့ကျကျ ထမ်းဆောင်ဖို့၊ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ဖို့နဲ့ ကိုယ်တော့်အပေါ် စစ်မှန်တဲ့ ကျိုးနွံနာခံမှု ပြဖို့ပါပဲ။ ကျွန်တော့် သရုပ်ဆောင် အရည်အချင်းက သာမန်ပဲရှိလို့၊ ပိုပြီး အရည်အချင်းရှိတဲ့ ညီအစ်ကိုမောင်နှမတွေကို အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတွေမှာ သရုပ်ဆောင်ခိုင်းတာက ပိုကောင်းတဲ့ ရလဒ် ထွက်စေမယ်၊ အဲဒါက ဧဝံဂေလိအလုပ်အတွက် အကျိုးရှိတယ်ဆိုတာလည်း ကျွန်တော် သဘောပေါက်သွားတယ်။ ဒါ့အပြင် ကျွန်တော်က အရင်တုန်းက အိမ်ပြင်တဲ့အလုပ် လုပ်ဖူးတော့၊ ခေါင်းဆောင်က ကျွန်တော့်ကို ရိုက်ကွင်းပြင်တဲ့နေရာမှာ ကူညီခိုင်းတာက ကျွန်တော့်ကျွမ်းကျင်မှုအပေါ် အခြေခံပြီး စီစဉ်တာဆိုတော့ တကယ်ကို တော်တော်လေး သင့်တော်ပါတယ်။ အသင်းတော်က လူတစ်ယောက်ချင်းစီရဲ့ တာဝန်ကို ဘယ်လိုစီစဉ်ပေးသလဲဆိုတာနဲ့ ပတ်သက်ပြီး စည်းမျဉ်းတွေ ရှိပေမဲ့၊ ကျွန်တော်ကတော့ ဂုဏ်နာမည်နဲ့ အဆင့်အတန်းကို လိုက်စားဖို့၊ လူတွေ အထင်ကြီးလေးစားအောင် လုပ်ဖို့ပဲ စိတ်စွဲနေပြီး၊ ကိုယ့်ရဲ့အကျိုးအကြောင်းမညီညွတ်တဲ့ တောင်းဆိုမှုတွေကိုပဲ အမြဲ တေးထားခဲ့တယ်။ ကျွန်တော် လုံးဝ ဆင်ခြင်တုံတရား ကင်းမဲ့ခဲ့တာပဲ။ တကယ်တမ်းမှာတော့ ခေါင်းဆောင် ကျွန်တော့်ကို ပေးအပ်ခဲ့တဲ့ အလုပ်တွေက မထင်မရှား အသေးအဖွဲအလုပ်တွေ ဖြစ်နေပေမဲ့၊ ဒါတွေက ကျွန်တော် ထမ်းဆောင်သင့်တဲ့ တာဝန်တွေဖြစ်နေတုန်းပါပဲ၊ ကျွန်တော် သေသေချာချာ ထမ်းဆောင်ခဲ့သင့်တာပေါ့။ ပြီးတော့ ဘယ်တာဝန်ကိုပဲ လုပ်လုပ်၊ လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ရမယ့် သမ္မာတရား စည်းမျဉ်းတွေ ရှိပါတယ်။ ကျွန်တော်သာ ကျိုးနွံနာခံပြီး ကိုယ့်အစွမ်းရှိသရွေ့ ပူးပေါင်းဆောင်ရွက်ခဲ့ရင်၊ အသင်းတော်အလုပ်အတွက် အထောက်အကူ ပြုနိုင်ရုံမကဘူး၊ သမ္မာတရားကို ရှာဖွေနားလည်ဖို့ အခွင့်အရေးတွေ ပိုရခဲ့မှာပါ။ ဥပမာ၊ ရိုက်ကွင်းပြင်တဲ့နေရာမှာ ပစ္စည်းတွေကို ဘယ်လိုခြွေတာရမလဲ၊ ကင်မရာ၊ မီး အဖွဲ့တွေနဲ့ သဟဇာတဖြစ်အောင် ပူးပေါင်းဆောင်ရွက်ပြီး ရိုက်ကွင်းကို ပိုပြီးဆွဲဆောင်မှုရှိအောင် ဘယ်လို လုပ်ရမလဲဆိုတာ စဉ်းစားရတယ်လေ။ အထွေထွေတာဝန် ဆိုရင်လည်း ပစ္စည်းအမျိုးမျိုးကို ဘယ်လို စနစ်တကျ စီမံခန့်ခွဲမလဲ၊ အကျိုးရှိရှိ သုံးမလဲ ဆိုတာတွေ ပါတယ်။ ထမင်းချက်တဲ့အခါ အာဟာရရှိအောင်၊ သန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုချက်ရမလဲ ဆိုတာ စဉ်းစားရတယ်။ တာဝန်တိုင်းမှာ ကဏ္ဍပေါင်းစုံက စည်းမျဉ်းတွေ ပါဝင်ပြီးတော့၊ စံနှုန်းပြည့် ဖြည်းဆည်းဖို့ဆိုတာ မလွယ်ပါဘူး။ အရင်က ဂုဏ်နာမည်နဲ့ အဆင့်အတန်းကို လိုက်စားရင်း ကျွန်တော် လမ်းကြောင်း မှားလျှောက်ခဲ့တယ်။ ကျွန်တော့် အသက် ဝင်ရောက်မှု ဆုံးရှုံးရုံတင်မကဘူး၊ တာဝန်အပေါ်မှာလည်း အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတချို့ ရှိခဲ့တယ်။ အခုတော့ ကိုယ့်တာဝန်ကို ထမ်းဆောင်ရတဲ့ အခွင့်အရေးကို ကျွန်တော် တန်ဖိုးထားသင့်တယ်၊ ကျွန်တော့်တာဝန်ကို ထမ်းဆောင်နေချိန်မှာ ကျွန်တော့်ရဲ့ အသက်ဝင်ရောက်မှု၊ သမ္မာတရားကို ရှာဖွေမှုနဲ့ စည်းမျဉ်းတွေအတိုင်း လုပ်ဆောင်ခြင်းအပေါ်မှာ အာရုံစိုက်သင့်တယ်။ နောက်ပိုင်းမှာ ကျွန်တော့်ကို တကယ် ထိမိစေတဲ့ ကိစ္စတစ်ခု ဖြစ်ခဲ့တယ်။ သရုပ်ဆောင်တစ်ယောက်က သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား ပြင်းထန်လွန်းလို့ ဖြုတ်ချခံလိုက်ရတယ်။ သူက သူများအကြံပေးတာကို လက်မခံဘူး၊ ညီအစ်ကိုမောင်နှမတွေနဲ့ သဟဇာတဖြစ်အောင် မပူးပေါင်းနိုင်ဘူး၊ ခဏခဏ မိတ်သဟာယပြုပေးတာတောင် ပြုပြင်ပြောင်းလဲဖို့ ငြင်းဆန်ခဲ့လို့ သူ့တာဝန်ရဲ့ ရလဒ်ကို ထိခိုက်စေခဲ့တယ်။ ဒီကိစ္စကြောင့် ကျွန်တော် လေးလေးနက်နက်တွေးမိသွားတယ်။ ဒီသရုပ်ဆောင်ရဲ့ အရည်အချင်းက တော်တော်ကောင်းပေမဲ့၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား ပြင်းထန်လွန်းပြီး ဖြေရှင်းဖို့ သမ္မာတရားကို ဘယ်တော့မှ မရှာဖွေခဲ့ဘူး။ နောက်ဆုံးတော့ ဖြုတ်ချခံလိုက်ရတယ်။ ကိုယ့်တာဝန်မှာ လျှောက်လှမ်းတဲ့ လမ်းကြောင်းက တကယ် အရေးကြီးမှန်း ကျွန်တော် မြင်လိုက်ရတယ်။ သမ္မာတရားကို မလိုက်စားရင်၊ အဆင့်အတန်း ဘယ်လောက်မြင့်မြင့်၊ အထင်ကြီးလေးစားမှု ဘယ်လောက်ရရ၊ နောက်ဆုံးကျရင် ကျရှုံးရမှာပဲ။ ကျွန်တော် ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်၊ ကျွန်တော် နောင်တရဖို့ လိုလားပါတယ်။ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ဆက်ပြီး မလိုက်စားချင်တော့ပါဘူး။ ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျွန်တော် ကျိုးနွံနာခံဖို့ လိုလားနေပါတယ်” လို့ပေါ့။

မကြာခင်မှာပဲ၊ ခေါင်းဆောင်က ကျွန်တော့်ကို မီးဖိုချောင်မှာ အချိန်ပြည့် ထမင်းချက်ဖို့ ဆန္ဒရှိလားလို့ မေးလာတယ်။ ကျွန်တော် ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “အရင်တုန်းက ငါက ယာယီ ကူပေးရုံပဲ။ အခု သဘောတူလိုက်ရင်၊ ရေရှည် ချက်ရတော့မယ်။ အဲဒါဆို နောက်ပိုင်း သရုပ်ဆောင် လုပ်ခွင့် ဘယ်တော့မှ မရတော့ဘူးဆိုတဲ့ သဘောလား။ လူတိုင်းက ငါ့ကို ဘယ်လို ထင်ကြမလဲ။ ငါ့အရည်အချင်း မမီလို့ ဖယ်ရှားရှင်းလင်းခံရတယ်လို့ ထင်သွားကြမလား” လို့ပေါ့။ ကျွန်တော် မရေမရာဖြစ်ခဲ့ပေမဲ့၊ ဒါက ကျွန်တော် ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိ ဘုရားက စမ်းသပ်နေတာပဲဆိုတာ သဘောပေါက်လိုက်တယ်။ ဒါနဲ့ ကျွန်တော် အဲဒီတာဝန်ကို လက်ခံလိုက်တယ်။ နောက်ပိုင်းမှာ ခေါင်းဆောင်က ကျွန်တော့်ကို သရုပ်ဆောင်၊ ထမင်းချက်၊ အထွေထွေတာဝန်ဆိုတဲ့ တာဝန်သုံးခုလုံးကို မျှလုပ်ခိုင်းပြီး၊ အရေးကြီးမှုနဲ့ အလျင်လိုမှုအပေါ် မူတည်ပြီး လိုက်လျောညီထွေ ညှိနှိုင်းဆောင်ရွက်ခိုင်းတယ်။ အဲဒီရက်တွေမှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်တော် ခဏခဏ သတိရမိတယ်။ “ဖန်ဆင်းခံများအနေဖြင့် သင်တို့၏ လုပ်ငန်းဆောင်တာမှာ အဘယ်နည်း။ ဤသည်မှာ လူတစ်ဦး၏ လက်တွေ့လုပ်ဆောင်မှု၊ တာဝန်တို့နှင့် ဆက်နွှယ်ပေသည်။ သင်သည် ဖန်ဆင်းခံတစ်ဦးဖြစ်ပြီး ဘုရားသခင်က သင့်ကို တေးသီချင်းနှင့်ဆိုင်သည့် ဆုကျေးဇူးပေးကာ ဘုရားအိမ်တော်က သင် သီချင်းဆိုဖို့အတွက် စီစဉ်ပါက ကောင်းစွာ သီဆိုရမည်ဖြစ်သည်။ သင်သည် ဧဝံဂေလိတရားဟောခြင်း ဆုကျေးဇူးရှိပြီး ဘုရားအိမ်တော်က ဧဝံဂေလိ တရားဟောရန် သင့်အတွက် စီစဉ်ပေးပါက သင်သည် ယင်းကို ကောင်းစွာ လုပ်ဆောင်သင့်ပေသည်။ ဘုရားသခင်၏ ရွေးချယ်ထားသောလူတို့က သင့်ကို ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်သည့်အခါ သင့်အနေဖြင့် ခေါင်းဆောင်မှုနှင့်ဆိုင်သည့် တာဝန်ပေးစေခိုင်းချက်ကို ယူသင့်ပြီး ဘုရားနှုတ်ကပတ်တော်များကို စားသောက်ရန်၊ သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုရန်နှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် ဘုရားသခင်၏ ရွေးချယ်ထားသောလူတို့ကို ဦးဆောင်သင့်သည်။ ထိုသို့လုပ်ဆောင်ရာတွင် သင်၏ တာဝန်ကို ကောင်းစွာ သင် ဆောင်ရွက်ပြီးဖြစ်လိမ့်မည်။ လူကို ဘုရားသခင် ပေးသည့် တာဝန်ပေးစေခိုင်းချက်သည် အလွန့်အလွန် အရေးကြီးပြီး အဓိပ္ပာယ်ရှိ၏။ ထို့ကြောင့် ဤစေခိုင်းချက်တာဝန်ကို သင် မည်သို့ ယူပြီး မိမိလုပ်ငန်းဆောင်တာကို ဖြည့်ဆည်းသင့်သနည်း။ ဤသည်မှာ သင် ရင်ဆိုင်သည့် အကြီးမားဆုံး ပြဿနာများထဲမှ တစ်ခုဖြစ်ပြီး ရွေးချယ်မှုတစ်ခု သင် ပြုလုပ်ရမည်။ ယင်းမှာ သမ္မာတရားကို သင် ရရှိနိုင်ပြီး ဘုရားသခင်၏ စုံလင်စေခြင်းခံရနိုင်ခြင်း ရှိမရှိဆိုသည်ကို ဆုံးဖြတ်သည့် အရေးပါသော အခိုက်အတန့်တစ်ခု ဖြစ်သည်ဟု ဆို၍ရနိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို နားလည်ခြင်းအားဖြင့်သာ ဘုရားသခင်၏လုပ်ဆောင်ချက်များကို သိနိုင်သည်) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်တော် နားလည်လိုက်တာက၊ ဘုရားအိမ်တော်မှာ ဘယ်တာဝန်ကိုပဲ ထမ်းဆောင်ရပါစေ၊ ကွာခြားချက်က လုပ်ဆောင်ချက်နဲ့ အခေါ်အဝေါ်ပဲ ရှိတယ်။ ဘာတာဝန်ပဲဖြစ်ဖြစ်၊ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်တော်တို့ရဲ့ ပင်ကိုလက္ခဏာနဲ့ အနှစ်သာရက မပြောင်းလဲပါဘူး။ လူသစ်တွေကို ရေလောင်းပေးဖို့ ကျွန်တော့်ကို လိုတဲ့အခါ၊ ကျွန်တော်က ရေလောင်းသူ ဖြစ်မယ်။ သရုပ်ဆောင်ဖို့ လိုတဲ့အခါ၊ ကျွန်တော်က သရုပ်ဆောင် ဖြစ်မယ်။ ရိုက်ကွင်းပြင်ဖို့ လိုတဲ့အခါ၊ ကျွန်တော်က ရိုက်ကွင်းပြင်သူ ဖြစ်မယ်။ ထမင်းချက်ဖို့ လိုတဲ့အခါ၊ ကျွန်တော်က ထောက်ပံ့ရေးအမှုဆောင် ဖြစ်မယ်။ ကျွန်တော့်တာဝန် ဘယ်လိုပဲ ပြောင်းလဲပါစေ၊ ကျွန်တော်ကတော့ ဖန်ဆင်းခံတစ်ယောက်ဖြစ်တုန်းပါပဲ။ ကျွန်တော် လုပ်သင့်တာက လက်ခံပြီး ကျိုးနွံနာခံဖို့၊ ကိုယ့်စိတ်နှလုံးအကြွင်းမဲ့၊ ကိုယ့်ခွန်အားရှိသရွေ့ ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းဖို့ပါပဲ။ ဒါ့အပြင် ကျွန်တော်က ဒီ တောက်တိုမည်ရ အလုပ်တွေကို လုပ်ပေးတဲ့အခါ၊ ညီအစ်ကိုမောင်နှမတွေက သူတို့တာဝန်တွေအတွက် အားအင်နဲ့ အချိန် ပိုရကြတာပေါ့။ ဒါက ကျွန်တော့်ဘက်ကနေ တစ်တပ်တစ်အား ပါဝင်တာ မဟုတ်ဘူးလား။ ဒါကြောင့် ကျွန်တော် ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ ကျွန်တော့်ရဲ့ နာမည်နဲ့ အဆင့်အတန်းကို လက်လွှတ်ဖို့၊ သူများတွေရဲ့ အထင်ကြီးလေးစားမှုကို ဆက်မရှာဖွေဖို့ ကျွန်တော် လိုလားပါတယ်။ ကျွန်တော် ဘယ်တာဝန်ကိုပဲ ထမ်းဆောင်ရပါစေ၊ ကျိုးနွံနာခံဖို့ လိုလားပါတယ်” လို့ပေါ့။ အဲဒီအချိန်ကစပြီး တာဝန်ထမ်းဆောင်တဲ့အခါ သူများတွေ ကျွန်တော့်ကို ဘယ်လိုမြင်လဲဆိုတာ ကျွန်တော် ဂရုမစိုက်တော့ဘူး။ အဲဒီအစား နေ့တိုင်း ဘုရားသခင် စီစဉ်ပေးတဲ့ ဝန်းကျင်အခြေအနေတွေကို တွေ့ကြုံခံစားရာမှာ စိတ်နှလုံး နှစ်မြုပ်လိုက်တယ်။ ကျွန်တော့်တာဝန်မှာ ကျွန်တော် ဘယ်လိုဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ထုတ်ဖော်ခဲ့မိလဲဆိုတာကို ဆင်ခြင်သုံးသပ်ခဲ့တယ်။ တစ်ခါတလေ ကျွန်တော်က မရည်ရွယ်ဘဲ လိမ်ညာမိတာကို တွေ့တဲ့အခါမှာ၊ ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေအတိုင်း ရိုးသားတဲ့လူ ဖြစ်ဖို့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်တယ်။ တစ်ခါတလေ သူများတွေ ကျွန်တော့်စကားကိုပဲ နားထောင်စေချင်တာ၊ သူများ အကြံပေးတာကို လက်မခံနိုင်တာမျိုး သတိထားမိတဲ့အခါ၊ ကျွန်တော့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို ဆင်ခြင်သုံးသပ်ပြီး သိအောင်လုပ်တယ်။ အထွေထွေတာဝန်မှာက အသေးအဖွဲ အလုပ်တွေ အများကြီး ပါဝင်တော့၊ အဲဒါတွေအားလုံးကို ကိုင်တွယ်နိုင်အောင် အချိန်ကို ဘယ်လို အကျိုးသင့်အကြောင်းသင့် စီမံခန့်ခွဲရမလဲဆိုတာ ကျွန်တော် စဉ်းစားတယ်။ ထမင်းချက်တာကို ခဏလောက် လေ့ကျင့်ပြီးတဲ့နောက်မှာ၊ ကျွန်တော် အခြေခံ ဟင်းချက်နည်းတချို့ကို တတ်မြောက်သွားမှန်း သဘောပေါက်မိတယ်။ မီးဖိုချောင်သုံး ပစ္စည်းတချို့ သုံးရတာ သိပ်အဆင်မပြေတာ တွေ့တော့၊ ပိုကောင်းအောင် တချို့ ပြင်ဆင်မွမ်းမံမှုလေးတွေ လုပ်ပေးလိုက်တာ၊ အားလုံးက သုံးရတာ ပိုကောင်းတယ်လို့ ပြောကြတယ်။ နောက်ပိုင်းမှာ ကျွန်တော်နဲ့ လိုက်ဖက်တဲ့ ဇာတ်ညွှန်းရှိလာတော့ ဒါရိုက်တာက ကျွန်တော့်ကို အဓိကဇာတ်ဆောင်အနေနဲ့ သရုပ်ဆောင်ခိုင်းပြီး လေ့ကျင့်ဖို့ အခွင့်အရေးတွေ ပေးလာတယ်။ ကျွန်တော့်စိတ်နှလုံးထဲမှာ ဘုရားသခင်ကို အရမ်း ကျေးဇူးတင်မိတယ်။ ကျွန်တော် ကိုယ့်စိတ်သဘောထားကို ပြောင်းလဲပြီး ကိစ္စတိုင်းကို ဒီလို သဘောထားအသစ်နဲ့ ကိုင်တွယ်တဲ့အခါ၊ သူများတွေ ကျွန်တော့်အပေါ် ဘယ်လိုမြင်လဲ ဆိုတာကို ထည့်မတွက်တော့ဘူး။ အဲဒီအစား အလုပ်တာဝန်တိုင်းကို တာဝန်ယူမှုတစ်ခုအနေနဲ့ လှိုက်လှိုက်လှဲလှဲ လက်ခံလိုက်တယ်။ ဒီနည်းအတိုင်း လက်တွေ့လုပ်ဆောင်လိုက်တော့၊ ကျွန်တော့်စိတ်နှလုံးက ဘုရားသခင်နဲ့ ပိုနီးကပ်လာတယ်လို့ ခံစားရတယ်။ ကျွန်တော့်ရဲ့ အသက် ဝင်ရောက်မှုရော၊ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုမှာပါ အကျိုးအမြတ်တချို့ ရရှိခဲ့ပြီး၊ ရင်ထဲမှာ ထူးခြားတဲ့ ငြိမ်သက်အေးချမ်းမှုနဲ့ မွေ့လျော်မှုကို ခံစားခဲ့ရတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဒါတွေအားလုံးက ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးမင်္ဂလာတွေပါပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကြောင်သူတော်တစ်ယောက်၏ နောင်တ

ရှင်ယူရီ တောင်ကိုးရီးယားနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်ကို အစေခံခြင်းသည် ရိုးစင်းသည့် အလုပ်မဟုတ်ချေ။ မိမိတို့၏...

လူသစ်တွေကို လေ့ကျင့်ပေးရင်း ကျွန်တော် ထုတ်ဖော်ခံရတယ်

ရှောင်ဇောင် ဂရိနိုင်ငံ နိုင်ငံတော်ဧဝံဂေလိတရား ပျံ့နှံ့လာတာနဲ့အမျှ၊ ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ကို စုံစမ်းတဲ့လူတွေက တစ်နေ့တခြား...

ဂျွိုင်း၏ ဇာတ်လမ်း

ဂျွိုင်း ဖိလစ်ပိုင်နိုင်ငံဒီနေ့ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်က ဂျွိုင်းလို့အမည်ရပါတယ်။ သူက ဖိလစ်ပိုင်က ညီမတစ်ယောက်ပါ။ အရင်တုန်းက သူက လူတွေကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။